← Chapters

ထိုက်ဟူ ဝန်ဆောင်မှုဧရိယာ

Vol. 8 Ch. 115

ထိုက်ဟူ ဝန်ဆောင်မှုဧရိယာ

Vol. 8 Ch. 115

အဖွဲ့များသည် တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။

မထွက်ခွာမီ ချမ်းဟွေးသည် ပိုင်ယို့ဝေကို ဝင်္ကပါမှ ဦးဆောင်ထုတ်ပေးသည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် ဖောင်းကားနေသည့် မှိုတစ်လုံးကို ပေးသည်။

ကျန်းထျန်းယန်သည် ချမ်းဟွေး တစ်ဦးတည်း ခရီးသွားရန် အန္တရာယ်ရှိမည်ကို စိုးရိမ်သဖြင့် ချမ်းဟွေးကို ဖားရွှံ့တစ်တုံး ပေးလိုက်သည်။

ထို့နောက် ချမ်းဟွေးသည် မြောက်ဘက်သို့ ထွက်ခွာသွားတော့သည်။

ကျန်းထျန်းယန်သည်လည်း သူ၏ အတန်းဖော်များကို တောင်ဘက်သို့ ခေါ်သွားသည်။

ရှန်မို၊ ပိုင်ယို့ဝေ၊ တန်ရှောင်နှင့် ချန်းဝေခိုင်တို့သည် ဟန်ကျိုးသို့ ကားမောင်းသွားကြသည်။

ယန်ကျိုးမှ ဟန်ကျိုးသို့ ခရီးသည် ၂၉၇ ကီလိုမီတာရှိပြီး မောင်းချိန်သည် ၃ နာရီ ၃၉ မိနစ်ခန့် ကြာမြင့်သည်။

ဒါက ကမ္ဘာပျက်ကပ်မတိုင်ခင် အချိန်တုန်းကဖြစ်သည်။

အခုအချိန်မှာတော့ ပိတ်ဆို့နေသည့် အဝေးပြေးလမ်းမများနှင့် မဆုံးနိုင်သည့် အရုပ်များက သူတို့ကို စိုးရိမ်ပူပန်စေဖို့ လုံလောက်နေပြီဖြစ်သည်။

တစ်ခုတည်းသော အဆင်ပြေမှုကတော့ သူတို့၏ ကိုယ်ကာယ ကြံ့ခိုင်မှုက အများကြီး တိုးတက်လာတာပဲဖြစ်သည်။ လမ်းပေါ်က ယာဉ်ကြောပိတ်ဆို့မှုက သိပ်မပြင်းထန်ဘူးဆိုလျှင် ရှန်မိုနှင့် တန်ရှောင်တို့သည် ကားများကို လက်ဗလာနှင့် ရွှေ့ပြီး လမ်းရှင်းနိုင်လေသည်။

ဆရာချန်း၏ခွန်အားသည်လည်း အများကြီး တိုးလာသည်။ အားကောင်းသည့် လူငယ်နှင့်ယှဉ်လို့မရသော်လည်း သူ၏ ကိုယ်ကာယ ကြံ့ခိုင်မှုက အနည်းဆုံး နှစ် ၂၀ လောက် ပိုငယ်သွားတာဖြစ်သည်။ ခါးနာတာ၊ ခြေထောက်နာတာတွေ မရှိတော့ပေ။ ခေါင်းမူးတာ အသက်ရှုမဝတာတွေလည်း မရှိတော့ပေ။

ဒီပြောင်းလဲမှု၏တိုက်ရိုက်အကျိုးသက်ရောက်မှုကတော့ လူတိုင်းက ပိုပြီး အကောင်းမြင်လာကြကာ အရုပ်ဂိမ်းတွေကို ခံနိုင်ရည်ရှိလာပုံရလေသည်။

ပိုင်ယို့ဝေသည် ဒီပြောင်းလဲမှုက ကောင်းလား၊ ဆိုးလား မသိပေ။

ကောင်းသည့်ဘက်ကကြည့်လျှင် လူတိုင်းက ကမ္ဘာပျက်ကပ်နှင့် ပိုလိုက်လျောညီထွေဖြစ်လာတာ ဖြစ်နိုင်သည်။

ရိုးရိုးသားသားပြောရလျှင် ဒါက ဂိမ်းက သူတို့ကို ယဉ်ပါးအောင် လုပ်သည့် ပထမဆုံး ခြေလှမ်းဖြစ်နိုင်လေသည်။

ပါးရိုက်ပြီးမှ သကြားလုံးပေးသလို ခံစားရသည်။

ချန်းရှန်း အမြန်လမ်းမပေါ် ရောက်ပြီးနောက် ခရီးက ချောမွေ့သွားသည်။

ယာဉ်ကြောပိတ်ဆို့မှုမရှိတော့ဘဲ အရုပ်များကိုလည်း မတွေ့ရတော့ပေ။

ညရောက်သည့်အခါ ထိုက်ဟူအိုင်ကို ဖြတ်ပြီး ထိုက်ဟူ ဝန်ဆောင်မှုဧရိယာတွင် ရပ်နားသည်။

လက တောက်ပလင်းထိန်နေပြီး ညကောင်းကင်က မြင့်မားနေသည်။ လူတိုင်းသည် ဝန်ဆောင်မှုဧရိယာ၏ ကွင်းပြင်တွင် မီးပုံဖိုပြီး ရေနွေးတည်ကာ ညစာ ချက်ပြုတ်ကြသည်။

တန်ရှောင်သည် မီးထဲသို့ သစ်ကိုင်းများကို ပစ်ထည့်ရင်း တီးတိုးပြောသည်။ “ဝင်္ကပါထဲမှာပဲ ပိုကောင်းတယ်၊ ဖရဲသီးတွေ၊ ဘာဘီကျူးတွေ၊ မိုက်ခရိုဝေ့ဖ်တွေ ရှိတယ်... အခုတော့ ဒီဘဝကို ပြန်ရောက်သွားပြီ။ ဟူး ဟန်ကျိုးက ဝင်္ကပါက ဘယ်လိုလဲ မသိဘူး...”

ဆရာချန်းက အနီးအနားတွင် ပဲစိမ်းဟင်းချိုချက်ရင်း ပြုံးကာ မေးသည်။ “ရှောင်တန်၊ မကြောက်ဘူးလား”

တန်ရှောင်က ချက်ချင်းပြန်ဖြေသည်။ “ကြောက်တယ်”

သူသည်ပြောပြီးနောက် ခဏမျှ တောင့်တင်းသွားသည်။ ထို့နောက် ပြန်ပြုံးပြန်သည်။ “ဒါပေမယ့် အခု ထွက်လာတော့ သိပ်မကြောက်တော့ဘူး ထင်တယ်... ဟေ့! မစဉ်းစားနဲ့တော့! ကမ္ဘာကြီးကို ရင်ဆိုင်တဲ့အခါ လေတွေ မိုးတွေဒဏ်ကို ခံနိုင်ရမယ်။ ဒါက ဘာမလို့လဲ။ မိုးဖွဲဖွဲလေးပဲကို ~~ အစ်ကိုမိုကို ကြည့်။ သူ့မျက်နှာက ဘယ်တော့မှ မပြောင်းလဲဘူး။ စကားပုံကဘာလဲ မသိဘူး။ တောင်လို တည်ငြိမ်တယ်၊ သူ့မျက်နှာက ဘယ်တော့မှ မပြောင်းဘူးဆိုတာ”

ဆရာချန်းက ပြုံးပြီး “အဲဒါက တိုင်ရှန်းတောင်ကြီး မင်းရှေ့မှာ ပြိုကျရင်တောင် မင်းမျက်နှာက မပြောင်းလဲဘူး။ သမင်တစ်ကောင် မင်းဘေးနားမှာ ရုတ်တရက် ပေါ်လာရင်တောင် မင်းမျက်လုံးက မမှိတ်ဘူးလို့ ဆိုလိုတာပဲ”

တန်ရှောင်က သူ့ကို ချီးကျူးလိုက်သည်။ “ဆရာတွေက တကယ် မတူဘူး။ တကယ်ကို ယဉ်ကျေးသိမ်မွေ့တယ်”

ဆရာချန်းက နားထောင်ပြီး အနည်းငယ် ဝမ်းနည်းသွားသည်။ “အခုခေတ်မှာ ဗဟုသုတထက် အရည်အချင်းက ပိုအရေးကြီးတယ်။ ငါက သင်ပေးတတ်ရုံပဲ၊ တခြား ဘာမှ မသိဘူး...”

နှစ်ဦးစလုံး စကားပြောနေကြစဉ် ပိုင်ယို့ဝေသည် တဲထဲမှ ထွက်လာပြီး မေးသည်။ “ဘယ်သူ ကျွန်မယုန်ကို ထိတာလဲ”

တန်ရှောင်နှင့် ဆရာချန်းတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။

မြေပုံကို ကြည့်နေသည့် ရှန်မိုလည်း လှည့်ကြည့်ပြီးမေးလာသည်။ “ဘာလို့လဲ၊ မင်းယုန် ပျောက်နေတာလား”

ပိုင်ယို့ဝေက မျက်မှောင်ကြုတ်ပြီး ပြန်‌ဖြေသည်။ “မဟုတ်ဘူး၊ တဲထဲမှာ ရှိတယ်”

လူတိုင်း ပို၍ပင် ရှုပ်ထွေးသွားကြသည်။

တွေ့တယ်ဆိုရင် ဘာလို့ မေးနေတာလဲ။

“ထားတော့” ပိုင်ယို့ဝေသည် စိတ်အနှောင့်အယှက်ဖြစ်စွာ မျက်မှောင်ကြုတ်ပြီး သူမ၏ တုတ်ဖြင့် လာကာ မီးကို ကြိမ်တုတ်တစ်ချောင်းဖြင့် ထိုးလိုက်သည်။ “ကန်စွန်းဥတွေ ကျက်ပြီလား”

“စောသေးတယ်။ သေချာကျက်ဖို့ နောက်ထပ် ခဏကြာဦးမယ်” ဆရာချန်းက သူမကို အမြန်ဆွဲထုတ်သည်။ “မီးမလောင်အောင် သတိထားပါ။ မီးပွားတွေကြောင့် အဝတ်အစားတွေ အပေါက်ဖြစ်သွားလိမ့်မယ်”

ပိုင်ယို့ဝေသည် သူမ၏ ကြိမ်တုတ်ဖြင့် ဟိုဟိုဒီဒီလျှောက်သွားရင်း ပြောသည်။ “ဗိုက်ဆာတယ်”

တန်ရှောင်က ကင်ထားသော ဝက်အူချောင်းတစ်ခုကို သူမကို ကမ်းပေးရင်း “ဒါကို အရင်စားပြီး ဗိုက်ဖြည့်လိုက်”

ပိုင်ယို့ဝေသည် ပျင်းရိသည်ဟုခံစားရပြီး ဝက်အူချောင်းကို မယူပေ။ သူမ၏ ကြိမ်တုတ်ဖြင့် ခဏမျှ လျှောက်သွားရင်း သိပ်မဝေးသည့် ထိုက်ဟူအိုင်ကို တွေ့လိုက်သည်။

လရောင်အောက်တွင် တောင်တန်း၏ရှုခင်းသည် တောက်ပနေသည်။ ရေသည်လည်း တလက်လက် တောက်ပနေကာ ကြာရွက်ကြီးတစ်ရွက်သည် ရေပေါ်တွင် ပြန့်ပြူးစွာ ဖြန့်ခင်းထားသည်။ လေညှင်းလေးများ တိုက်ခတ်သောအခါ ကြာရွက်သည် ရေလှိုင်း၏အလွှာများကဲ့သို့ ညင်သာစွာ ယိမ်းနွဲ့နေသည်။

ပိုင်ယို့ဝေသည် ရုတ်တရက် ဗိုက်ဆာလာပြီး မသိစိတ်ကပင် ရှန်မိုကို ကြည့်လိုက်သည်။ “ကြာစေ့ စားချင်တယ်”

ရှန်မို: “…”

…………….

All Chapters