← Chapters

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁) မဟာသမာဓိဓာရနီ

လူငယ်က ပြုံးပြီးပြောလိုက်၏။ “ဘာကြောင့်ထွက်ပြေးမှာလဲ”

ရှောင်ယွမ်အာက ပြန်ပြောဟန်ပြင်လိုက်သော်ငြား သူမကိုယ်သူမ ထုတ်ဖော်ခြင်းမပြုနိုင်မှန်း ရုတ်တရက် သတိရသွားသည့်အခါ လျှာဖျားထိပ်ကိုရောက်လာသည့် စကားများကို မျိုချလိုက်တော့သည်။

လူငယ်က ရှောင်ယွမ်အာ တွေဝေနေတာကို မြင်သည့်အချိန်၌ သူက ပြုံးပြီးဆက်ပြောလိုက်၏။

“ငါ မင်းကို တစ်ညလုံးလေ့လာနေခဲ့တာ မင်း ငါ့ကို အရူးလုပ်လို့မရဘူး မိန်းကလေး မင်းက နတ်ဒေဝါဦးတည်နယ်ပယ်ပဲ။ အဖိုးအိုရဲ့ ခန္ဓာကိုယ်က ကျန်းမာတယ်။ သူ့ရဲ့ကျင့်ကြံဆင့်က အာရုံခံသိပ်သည်းခြင်းနယ်ပယ် အလယ်ဆင့်မှာ ရှိတာ”

သူက လက်ဟန်အမူအရာပြလျက်ပြောလိုက်သည်။

“ဒါပေမဲ့ ဒါက အဓိကအချက်မဟုတ်ဘူး။ ငါတို့ပြောနေတာကို ဆက်ပြောရရင် ဒါကို နောက်ဆုံးဆင့်ထိ ရောက်အောင်ကျင့်ကြံခဲ့တဲ့လူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ နတ်ဆိုး ယွီရှန်းရုန်ပဲ”

“တတိယ တစ်ယောက်ကရော”

“တတိယ တစ်ယောက်က ဝေးတယ်လို့ ထင်ရပေမဲ့ တကယ်တော့ နီးစပ်တယ်”

“မင်းက ဓားရူးချန်ဝမ်ကျယ်လား” လုကျိုးက မေးပြီး ဇဝေဇဝါြဖစ်သွား၏။

“မဟုတ်ဘူး မဟုတ်ဘူး ချန်ဝမ်ကျယ်က ဓားရေးပြရတာကို သိပ်ကိုစွဲလန်းတာ ဒါပေမဲ့သူက ဓားတွေကို မချစ်ဘူး။ ကျုပ်က မတူဘူး။ ကျုပ်က ဓားတွေကို ချစ်တယ်။ ဓားရေးပြရတာလည်း နှစ်သက်တယ်။ ချန်ဝမ်ကျယ်လို လူတစ်ယောက်က သူ့ရဲ့အခြေအနေနဲ့ ရပ်တည်ချက် မရေရာတဲ့သူပဲ။ သူလို လူတစ်ယောက်က အငြိုးအတေးကြောင့် အနှေးနဲ့အမြန်သေမှာပဲ” လူငယ်က ပြောလိုက်သည်။

ထိုစကားကို ကြားသည်နှင့် သူက ထိုလူငယ်မည်သူမှန်း သိသွားသည်။ သူက မုတ်ဆိတ်ကို သပ်လျက်ပြောလိုက်၏။ “ဓားတွေကို အရိုးထဲကနေ ချစ်မြတ်နိုးတဲ့သူ ကျန်းအိုက်ကျန့်”

ကျန်းအိုက်ကျန့်သည် ဓားများပေါ် နက်ရှိုင်းစွာ ချစ်ခင်မှုကို ထင်ဟပ်စေရန် သူ၏အမည်ကို ပြောင်းလဲခဲ့သည်။ ကျင့်ကြံခြင်းလောကထဲတွင် ထိုသို့ပြုလုပ်သည့်သူက သူတစ်ဦးသာဖြစ်ရပေမည်။ ဓားနောက်လိုက်ခြင်းက စွဲလန်းမှုတစ်ခုနီးပါးဖြစ်နေ၏။ သူက ပါရမီရှင် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်ပေသည်။ ကျင့်ကြံခြင်းလောက၏ သစ္စာဖောက်သော လမ်းကြောင်းပေါ်၌ ရှင်သန်နိုင်ရန် လိုက်လျောညီထွေဖြစ်ခဲ့သည်။ သူ၏အရည်အချင်းများက မြင့်မားလွန်းသောကြောင့် ကျို့ဖင်းကို သတ်ဖြတ်ခဲ့သည့် အကျော်အမော်ထံမှ လွတ်မြောက်နိုင်ခဲ့ပုံကို ကြည့်ခြင်းအားဖြင့် သူ၏အရည်အချင်းက မြင့်မားတာ သိသာနေပေ၏။ သူ့၌ စွဲလန်းမှုနှစ်ခု ရှိသည်။ ပထမတစ်ခုက ဓားများအပေါ် သူ၏ ချစ်မြတ်နိုးမှုဖြစ်ပြီး ဒုတိယက ပြဿနာ၏ အဝေးတွင်နေတာပဲ ဖြစ်သည်။ သူ၏ ဒုတိယစွဲလန်းမှုက သူ့ အသက်ရှင်စေရန်အတွက် အရေးပါသည့်အခန်းကဏ္ဍ၌ပါဝင်၏။ မည်သည့်ဘက်တွင်မှမပါဘဲ နှစ်ပေါင်းများစွာ ရှင်သန်နိုင်ခြင်းဖြစ်သည်။

“ခင်ဗျားက ချဲ့ကားပြောနေတာပဲ” ကျန်းအိုက်ကျန့်က ပြုံးပြီးပြောလိုက်သည်။

လုကျိုးက ခေါင်းအနည်းငယ်မော့လျက် သူ့လက်ထဲရှိ အမည်မဲ့ကို ကြည့်လိုက်သည်။ ဓားက တိုပြီးထူးကဲပေ၏။

ကျန်းအိုက်ကျန့်ကလည်း မြင်သည့်အချိန်၌ မှင်သက်သွားသည်။ သူ၏ မျက်လုံးများက ပြူးကျယ်သွားပြီး ဓားကို စိုက်ကြည့်နေ၏။ ယင်းက အမှန်တကယ်လှပသည်။ ဓား၏အရှည်နှင့် ပုံစံက သူနှစ်သက်သည့် အရာမျိုးဖြစ်သည်။ သူ့အသံထဲ၌ စိတ်လှုပ်ရှားမှု တစွန်းတစပေါ်နေသည်။ “လူ လူကြီးမင်း”

လုကျိုးက လက်ကို ဝှေ့ယမ်းလိုက်ရာ အမည်မဲ့က ပျောက်ကွယ်သွားတော့သည်။ သူက မျက်နှာသေဖြင့် ပြောလိုက်၏။ “မင်းအသက်ရှင်ချင်တယ်ဆိုရင် ဒီဓားကို မတပ်မက်တာပိုကောင်းမယ်”

“ဒေါင် ဒေါင် ဒေါင်”

ထိုစဉ် အထွတ်အမြတ်ယဇ်ပလ္လင်မှ ခေါင်းလောင်းသံကို ကြားလိုက်ရ၏။

လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။ အထွတ်အမြတ်ယဇ်ပလ္လင်သည် သမာသမတ်ဂိုဏ်းနှင့် မိစ္ဆာလမ်းကြောင်းရှိသူများ၏ ကြီးမြတ်သော အခမ်းအနားကျင်းပသည့် နေရာဖြစ်သည်။ ဤနေရာ၌ အဘယ်ကြောင့် ဗုဒ္ဓ၏ ခေါင်းလောင်းတော်အသံရှိနေရသနည်း။

ကျန်းအိုက်ကျန့်က တအံ့တဩပြောလိုက်သည်။

“လူကြီးမင်း အထွတ်အမြတ်ယဇ်ပလ္လင်မှာ ထူးဆန်းတဲ့သူတွေနဲ့ ပြည့်နေတာ။ ကျင့်ကြံတဲ့သူတွေနဲ့ မိစ္ဆာလမ်းကြောင်းက သူတွေက ဒီနေရာမှာစုဝေးနေတော့ အင်မတန် အန္တရာယ်များတဲ့နေရာတစ်ခု ဖြစ်မှာပဲ။ အဲဒီနေရာကို မသွားဖို့အကြံပေးလိုက်မယ်။ သူတို့ ဒီတစ်ခေါက်ရွေးချယ်ထားတဲ့ သူတော်စင် သမီးတော်က ရွှေနန်းဥယျာဉ်တောင်ရဲ့ မိစ္ဆာဝေဟင်မျှော်နန်းက ပဉ္စမမြောက်တပည့်ဆိုပဲ” သူက ရယ်မောပြီး ဆက်ပြောလိုက်၏။

“ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်လဲ။ မိစ္ဆာတစ်ကောင်က သူတော်စင်သမီးတော်အဖြစ် ရွေးချယ်ခံရတာ”

လုကျိုးက သူ့ကို လျစ်လျူရှုထားသည်။

ကျန်းအိုက်ကျန့်က ထပ်ပြောလိုက်ပြန်၏။

“ဒါပေမဲ့ အဲဒီကိုသွားပြီး ခင်ဗျားသတ်သေဖို့ တကယ်စီစဉ်ထားတယ်ဆိုရင် ခင်ဗျားရဲ့ဓားကို ကျုပ်ရနိုင်မှာပေါ့ လူကြီးမင်းရဲ့။ အဲဒီအချိန်ကျ ခင်ဗျားရဲ့ အလောင်းကို စုထားပေးပြီး ဒြပ်စင်တွေ သဟဇာတဖြစ်တဲ့ ရတနာကျွန်းတစ်ကျွန်းပေါ်မှာ ခင်ဗျားကို မြှုပ်ပေးမယ်”

ကျန်းအိုက်ကျန့်ပြောပြီးသည်နှင့်ရှောင်ယွမ်အာက စိတ်လွတ်သွားတော့သည်။

“သူ့ကို သမီးဖြေရှင်းလိုက်မယ်” သူမ၏ ခန္ဓာကိုယ်က ပေါ့ပါးပြီး သူမ၏ကြီးမြတ်ခမ်းနားမှုက ကောင်းကင်နှင့် ယှဉ်နိုင်ပေသည်။ ရက်စက်ကြမ်းကြုတ်သော ကနဦးချီများက ချက်ချင်းပင် ပေါ်ထွက်လာတော့၏။

ကျန်းအိုက်ကျန့်က ဝင်လာသော စွမ်းအင်လှိုင်းများကို ရှောင်တိမ်းလျက် နောက်ဆုတ်လိုက်သည်။ သူက အတန်ငယ်ဆွံ့အ သွားပေတော့သည်။

“တက်ကြွလိုက်တဲ့ မိန်းမငယ်လေးပဲ။ မင်းက သာမန်နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူတစ်ယောက် ဖြစ်ပုံမပေါ်ဘူး”

ရှောင်ယွမ်အာက နှာခေါင်းရှုံ့လိုက်၏။

“ရှင့်ကို ရိုက်ပစ်မယ်။ ဒါမှ ရှင့်ရဲ့သွားတွေကို မြေကြီးပေါ်ကနေ ကောက်လို့ရမှာပေါ့”

“မိန်းကလေး ငါ့ရဲ့ဓားသုံးရအောင် မလုပ်နဲ့” ကျန်းအိုက်ကျန့်က ထပ်မံနောက်ဆုတ်သွားပြန်သည်။

ဒေါင် ဒေါင်

အထွတ်အမြတ်ယဇ်ပလ္လင်မှ ခေါင်းလောင်းသံက ထပ်မံပေါ်ထွက်လာပြန်၏။ ယင်းကား တဖြည်းဖြည်း တိုးလာတော့၏။

လုကျိုးက ကျန်းအိုက်ကျန့်ကို အထင်အမြင်သေးစွာ ဖျတ်ခနဲ ကြည့်လိုက်၏။

သူက ဓားတွေကို ချစ်မြတ်နိုးတဲ့ ယုတ်မာတဲ့ကျင့်ကြံသူတစ်ယောက်ပဲလေ။ ကတ်တစ်ကတ်ကို သူ့ဆီမှာ ဖြုန်းဖို့မလိုအပ်ဘူး။

သူက ရှောင်ယွမ်အာကို ပြောလိုက်၏။

”ယွမ်အာ ငါတို့ သွားရမယ်”

ရုတ်တရက်တွင် အနီးအနားရှိ တောအုပ်မှ ဟိန်းသံတသံထွက်လာသည်။

စီးတော်ယာဉ် ပီအန်က သူတို့ဆီသို့ တဟုန်ထိုးဝင်လာတော့သည်။ ၎င်း၏ ဟိန်းသံက တောအုပ်ထဲရှိ သားရဲများကို ကြောက်လန့်တကြား ပြေးလွှားသွားစေ၏။ သားရဲဘုရင်၏ အရှိန်အဝါက ကျောစိမ့်စေတော့သည်။

ကျန်းအိုက်ကျန့်ကလည်း ဒဏ္ဍာရီလာ စီးတော်ယာဉ်ကို မြင်သည့်အချိန်၌ ထိတ်လန့်အံ့အားသင့်သွားတော့သည်။ သူက မြန်မြန်ဆန်ဆန်ပင် လက်ကို ပြန်ရုပ်လျက် ခြေဖျားထောက်လိုက်တော့၏။ သူက လျှပ်ပြက်သည့်အရှိန်ဖြင့် နောက်သို့ မြန်မြန်ဆန်ဆန်ဆုပ်ကာ ရှောင်ယွမ်အာ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်တော့၏။ “ဒီတော့ မင်းက လက်ရွေးစင်တစ်ယောက်”

ဒဏ္ဍာရီလာစီးတော်ယာဉ်ကို ပိုင်ဆိုင်သည့်သူများသည် လူအများကို တုန်လှုပ်နိုင်စွမ်းရှိသည့် အမည်ပိုင်ဆိုင်သော အကျော်အမော်များဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ ထိုအဖိုးကြီးက ကျင့်ကြံဆင့်အားနည်းတာ ဖြစ်နိုင်သော်ငြား သူ့၏နောက်ခံက ထင်ရသကဲ့သို့ ရိုးရှင်းပုံ မဟုတ်ပေ။

ကျန်းအိုက်ကျန့်က ဓားများကို ချစ်မြတ်နိုးသည့်တိုင် သူ၏အသက်ကို ပိုချစ်မြတ်နိုး၏။ သူက လက်သီးဆုပ်လျက် လေထဲ၌ပျံဝဲလိုက်သည်။

“ဆရာကြီး အထွတ်အမြတ်ယဇ်ကလ္လင်က အန္တရာယ်များတဲ့နေရာပဲ။ တခြားနေရာကိုသွားပါလား”

“ငါ့ဘာသာငါ ဂရုစိုက်နိုင်တယ်” လုကျိုးက ပေါ့ပါးသော လှုပ်ရှားမှုဖြင့် ပိအန်းပေါ်ခုန်တက်လိုက်တော့သည်။

ပိအန်းက ၎င်း၏ အစွယ်များကို ပြလိုက်၏။

ရှောင်ယွမ်အာသည် ကျန်းအိုက်ကျန့်ကို ဖျတ်ခနဲကြည့်ပြီးနောက် နှာမှုတ်ကာ ပိအန်းပေါ်သို့ ခုန်တက်သွားလိုက်တော့သည်။

ကျန်းအိုက်ကျန့်သည် သူတို့နှစ်ယောက် အထွတ်အမြတ်ယဇ်ပလ္လင်ဆီသို့ အရှိန်ဖြင့် ထွက်သွားတာကိုသာကြည့်နေနိုင်သည်။ သူက မင်းဆီကို ပို့လျက်အတွေးဆီသို့နစ်နေတော့သည်။

ငါလိုက်သင့်လား။ ငါအဲဒီလူဆိုးကြီးနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ။

သူက ဘေးကျပ်နံကျပ်ဖြစ်နေသည်။ ဆုံးဖြတ်ချက်မချခင်အထိ သူအချိန်တချို့ယူခဲ့ရသည်။

“သူတို့ အချင်းများတဲ့အထဲ ငါဝင်ပါမှာ မဟုတ်ဘူး။ ဒါငါလုပ်ရမှာပဲ။ သေတဲ့အခါမှာ အလောင်းကို သွားသိမ်းရုံပေါ့” ပြီးနောက် သူသည် သူတို့ နှစ်ယောက်နှင့် မလှမ်းမကမ်းမှ လိုက်လာခဲ့သည်။

ဒေါင် ဒေါင် ဒေါင်

အထွတ်အမြတ်ယဇ်ပလ္လင်တွင်ဖြစ်သည်။

မဟာနတ္ထိဘုရားကျောင်း၏ ရထားလုံးပျံက လေထဲ၌ပျံနေပြီး သူတို့၏လက်များက ပူးကပ်လျက် ဂါထာများကို ရွတ်ဆိုနေကြသော ကိုယ်တော်၁၂ယောက်ရှိပေ၏။ သူတို့ရွတ်ဆိုသည့် အသံက လေထဲတွင် ပဲ့တင်သံထပ်နေတော့သည်။

လုကျိုးနှင့်ရှောင်ယွမ်အာတို့က အတန်ငယ်လှမ်းသည့်နေရာတွင်ရှိနေသေးသော်ငြား ဂါထာရွတ်ဆိုသံက သူတို့နားထဲတွင် ခြင်များ တဝီဝီအသံနှင့် တူနေပေတော့သည်။ သူတို့က ထိုကိုယ်တော်များဆီ မသွားခဲ့ဘဲ အထွတ်အမြတ်ယဇ်ပလ္လင်ဆီသို့သွားလိုက်သည်။

အထွတ်အမြတ်ယဇ်ပလ္လင်ရှိ အဆောက်အအုံက နေရာကြီးမားစွာယူထားပေသည်။ အရှေ့မျက်နှာစာက တံခါး ၄၈ချပ်ဖြင့် ဧရိယာကို ဝန်းရံလျက် ကွင်းတစ်ခုဖွဲ့ထားသည်။ ရင်ပြင်က အရပ်မျက်နှာအနှံ့ မိုင်ချီ ကျယ်ဝန်းပေ၏။ သာမန်လူများက အကြောင်းပြချက်မရှိဘဲ ထိုနေရာသို့ ဝင်ရောက်ခွင့်မရှိပေ။

လုကျိုးသည် အထွတ်အမြတ်ယဇ်ပလ္လင်ဆီ ခြေလှမ်း လှမ်းလိုက်သည့် အချိန်၌ ခေါင်းလောင်းသံက ထပ်မံပေါ်ထွက်လာပြန်၏။

ယင်းက စိတ်ပျက်စရာကောင်းလွန်းသည်။

လုကျိုးက လက်ကို အနည်းမြှောက်လိုက်ကာ "ဗုဒ္ဓ၏ မဟာသမာဓိဓာရနီ"

“ကိုယ်တော်တစ်စုက ဒီမှာ ဘာလာလုပ်တာလဲ” ရှောင်ယွမ်အာက ရေရွတ်ပြောလိုက်သည်။

မဟာသမာဓိဓာရနီ၌ အစွမ်းထက်ပြီးရန်သူကို ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အာနိသင်ပိုင်ဆိုင်ထားသည့် ကျမ်းများစွာရွတ်ဖတ်ခြင်းဖြင့်သာ ထိုကဲ့သို့ အောင်မြင်မှုရရှိနိုင်တာပဲဖြစ်၏။ မဟာနတ္ထိဘုရားကျောင်း၏ ထိပ်ပြောင်ကြီးများသာလျှင် ထိုကဲ့သို့ ဆွဲထုတ်နိုင်ပေသည်။

“အေးအေးဆေးဆေးစောင့်နေ။ မဟာသမာဓိဓာရနီက တဆက်တည်း ငါးကြိမ်ပဲရွတ်နိုင်တာ” လုကျိုးက ရပ်နေသေးဆဲဖြစ်သည်။ လေထဲရှိ ရထာလုံးပျံကို ကြည့်လိုက်သည်။ ယင်းက ပစ္စည်းကောင်းတစ်ခုဆိုတာ သက်သေပြနေပေ၏။

မဟာသမာဓိဓာရနီသည် ကျင့်ကြံသူ အများစုကို ခြိမ်းခြောက်နိုင်စွမ်းရှိနေပေ၏။ ယင်းက သူ၏အသေရိုက်ချက်ဖြစ်သည့် ပစ်မှတ်များစွာကို တပြိုင်နက်တည်း မရိုက်မိနိုင်မှာကို စိုးရိမ်ပူပန်နေရခြင်း အား ဖြေရှင်းပေးခဲ့သည်။ သို့သော် မဟာနတ္ထိဘုရားကျောင်းက လူ့လောက၏အရေးကိစ္စများနှင့် ပုံမှန်ဆို ပါဝင်ပတ်သက်ခြင်း မရှိရ။ အဘယ်ကြောင့် ဤနေရာ၌ ပေါ်လာရသည့် အကြောင်းအရင်းကို သူအမှန်တကယ် သိချင်နေသည်။

ခေါင်းလောင်းသံက ထပ်မံ မြည်လာပြန်၏။

မဟာသမာဓိဓာရနီအသံက ပွဲကျင်းပနေသော ယင်ကောင်အုပ်စုနှယ်ဖြစ်နေ၏။

လုကျိုးက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်တော့သည်။

မဟာသမာဓိဓာရနီကို နှစ်ခြိုက်စွာနားဆင်လိုသည့်သူ ရှိရဲ့လားဟု သူတွေးနေမိသည်။ အတန်ငယ် ကြာပြီးနောက် မဟာသမာဓိဓာရနီ၏ အသံက နောက်ဆုံးတော့ လျော့သွားတော့သည်။

အထွတ်အမြတ်ယဇ်ပလ္လင်ကလည်း တိတ်ဆိတ်သွားတော့၏။

“သွားကြမယ်” လုကျိုးက ပြောလိုက်ပြီး သူနှင့် ရှောင်ယွမ်အာက အထွတ်အမြတ်ယဇ်ပလ္လင်၏ အလယ်ဆီသို့ ဦးတည်သွားလိုက်သည်။

သူတို့ရင်ပြင်နားကပ်လာချိန်တွင်တောင် သူတို့ကို မည်သူမျှ သတိပြုမိပုံမပေါ်ပေ။ သူတို့က လူအုပ်ကြီးနှင့် အောင်မြင်စွာရောယှက်နိုင်ခဲ့သည်။

ရှောင်ယွမ်အာက အနီးရှိ ရထားလုံးပျံကို လက်ညှိုးထိုးပြပြီးပြောလိုက်၏။ “အဲ့တာက မိစ္ဆာဘုရားကျောင်းက ရထားလုံးပျံပဲ"

မိစ္ဆာဘုရားကျောင်းအပြင် သမာသမတ်ဂိုဏ်းမှ အလံများနှင့် ကျင့်မင်တာအိုဂိုဏ်း၏ အလံများကလည်း အထွတ်အမြတ်ယဇ်ပလ္လင်၏ ရင်ပြင်နားတွင်ရှိနေသည်။

ထင်သည့်အတိုင်းပေ။ လမ်းမှန်နှင့် မိစ္ဆာလမ်းကြောင်းမှကျင့်ကြံသူများအားလုံးက သူတို့ မျက်နှာထက်တွင် ချဉ်စုတ်သည့်အမူအရာမျိုး ရှိနေပေ၏။ သူတို့က ပြစ်တင်ရှုံ့ချလျက် ကြည့်နေကြတာပဲဖြစ်သည်။ သူတို့က ဒေါတကြီးဖြင့်ကြည့်နေကြ၏။

လုကျိုး၏ အကြည့်က အထွတ်အမြတ်ယဇ်ပလ္လင်ဆီ ရောက်သွား၏။ အမှန်တရားမျက်လုံးဖြင့် လူတိုင်းက ရန်သူဟုထင်ရပေသည်။ သူမည်သူမည်ဝါဖြစ်ကြောင်းပေါ်သွားခဲ့လျှင် မည်သို့ဆက်ဖြစ်မည်မှန်း မတွေးရဲတော့ပေ။ စင်းလုံးချောကတ်နှင့် အသေရိုက်ချက်ကတ်များက သူ့အသက်ကို အကောင်းပကတိအတိုင်းလွတ်မြောက်စေရန် သူ့အတွင်လုံလောက်တာထက်ပိုနေသော်ငြား ကျောင်းယွဲ့ကို ခေါ်သွားရန်အတွက်မူ ခက်ခဲပေလိမ့်မည်။

ထိုစဉ် အထွတ်အမြတ်ယဇ်ပလ္လင်ထက်ရှိ ရထားလုံးထဲမှ ရဟန်းတစ်ပါးထွက်လာပြီး ဖြည်းဖြည်းချင်း ဆင်းသက်လာတော့၏။ သူက လက်အုပ်ချီထားလျက် သူ၏ သင်္ကန်းက ရွှေရောင်ဖြင့် တဖိတ်ဖိတ် တောက်နေတော့သည်။

တစ်စုံတစ်ယောက်က တအံ့အဩ အော်ပြောလိုက်၏။ “မဟာနတ္ထိဘုရားကျောင်းက ခုံရွှမ်းလား”

ခုံရွှမ်းက တဖြည်းဖြည်းသက်ဆင်းလာပြီး ပြောလိုက်သည်။ “ ကိုယ်တော်က လက်ရှိကြီးမြတ်သော အခမ်းအနားရဲ့ သူတော်စင် သမီးတော် ကျောင်းယွဲ့ကို မဟာနတ္ထိဘုရားကျောင်းက ခေါ်သွားမယ်။ မင်းတို့ နားလည်ပြီး ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်”

ဝတ်ရုံရှည်နှင့်လူက ခုံရွှမ်းကို လက်ညှိုးထိုးပြီးနောက် အခဲမကြေစွာပြောလိုက်သည်။

“မြည်းကတုံး မင်း ခေါ်သွားချင်တယ်ဆိုတာနဲ့ပဲ ငါတို့က မင်းကို သူတော်စင် သမီးတော်ကို ခေါ်သွားခွင့် ဘယ်လိုလုပ် ပေးနိုင်မှာလဲ၊ ငါတို့ရဲ့ သမာသမတ်ဂိုဏ်းကို ဘာမှတ်နေလဲ”

…

အခန်း (၆၂) မဟာနတ္ထိဘုရားကျောင်း၏ အင်အား

အခမ်းအနားကား မဟာနတ္ထိဘုရားကျောင်း မရောက်လာခင်ကတည်းက အရေးကြီးသည့် အနေအထားသို့ ရောက်နေကြောင်း သိသာလေသည်။

လုကျိုးက ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သော်လည်း ကျောင်းယွဲ့ကို မမြင်မိပေ။ သို့သော်လည်း မဟာနတ္ထိဘုရားကျောင်း၊ သမာသမတ်ဂိုဏ်း၊ ကျင့်မင်တာအိုဂိုဏ်းနှင့် မိစ္ဆာဘုရားကျောင်းတို့ ဤနေရာတွင် ရှိနေသောကြောင့် ကျောင်းယွဲ့သည်လည်း စင်မြင့်ပေါ်တွင် ရှိရမည်ဟု အသေအချာသိလိုက်သည်။

ရှောင်ယွမ်အာ၏ အမူအရာကား စိတ်လှုပ်ရှားနေလေ၏။ သူမက ဆူဆူညံညံကို သဘောကျကာ မကြောက်မရွံ့ လျှောက်ပတ်ကြည့်နေသည်။

လုကျိုးက ဘေးပတ်ဝန်းကျင်ကို လေ့လာနေစဉ် လူတစ်ယောက် သူ့ဆီ လျှောက်လှမ်းလာလေ၏။

“ ဆရာကြီး နောက်ဆုတ်နေသင့်တယ် ”

“ ကျန်းအိုက်ကျန့်လား ” လုကျိုးက ဘာပြောရမှန်းပင် မသိတော့ချေ။ ဤလူ၏ ဓားအပေါ် ရူးရူးမူးမူး စွဲလမ်းမှုက အမှန်ဖြစ်ပုံပေါ်၏။ သို့သော်လည်း သူ့အသက်ကို အတူတူ တန်ဖိုးထားသော လူတစ်ယောက်အတွက် ဤနေရာသို့ ရောက်လာလိမ့်မည်ဟု မထင်ထားမိပေ။

ကျန်းအိုက်ကျန့်က ယဇ်ပလ္လင်အထက်ရှိ ကျင့်ကြံသူများကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဆရာကြီးရဲ့ ဓားကြောင့်သာ မဟုတ်ရင် ကျုပ် ဒီလိုမျိုးနေရာကို လာမှမဟုတ်ဘူး ”

လုကျိုး၏ အမူအရာက တည်ငြိမ်နေကာ ကျန်းအိုက်ကျန့်ကို ဘာမှပြန်မဖြေပေ။ သူက နေရာအလယ်သို့ ဆင်းသက်လာသည့် ကိုယ်တော်ခုံရွှမ်းကိုသာ ကြည့်နေသည်။

ကျန်းအိုက်ကျန့်က အလောတကြီး ပြောလိုက်သည်။

“ အခွင့်အရေးရတုန်း မြန်မြန် ထွက်သွားသင့်တယ် … ”

“ အဟင်း ” လုကျိုးက ကျန်းအိုက်ကျန့်၏ သတိပေးမှုနှင့် ပတ်သက်၍ သံသယဝင်လာမိသည်။ သူက ကျန်းအိုက်ကျန့်သည် သူ့ကို အကုန်မပြောပြထားကြောင်း ခံစားလာရ၏။

ကျန်းအိုက်ကျန့်က ဘေးပတ်လည်ကို တစ်ချက်ကြည့်ပြီး တိုးတိုးပြောလိုက်သည်။

“ ခဏလေးအတွင်း အဲဒီကိုယ်တော်တွေက ဒီနေရာကို စည်းချကြလိမ့်မယ်။ ဆရာကြီး ဒီယဇ်ပလ္လင်က ဟန်ဆောင်ပြယုဂ်တစ်ခု … သူတော်စင်သမီးတော်က ငါးစာပဲ … ”

လုကျိုးက သံသယများလာသည်။ သူက ခပ်တည်တည်သာ မေးလိုက်၏။

“ ဒါက ထောင်ချောက်မှန်း ဘယ်လိုလုပ်သိလဲ ”

“ တကယ်လို့ ဓားကို ရောင်းရင် ပြောပြမယ် … ခင်ဗျားက အာရုံခံသိပ်သည်းခြင်းနယ်ပယ်အဆင့်ပဲ ရှိသေးတာ အခု ထွက်မသွားရင် ခင်ဗျားကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်တော့ဘူး”

သူက နေဝင်တာကို ကြည့်ရင်း ဆက်ပြောလိုက်သည်။

“ ဒါက အသက်ရှင်ဖို့ နောက်ဆုံးအခွင့်အရေးပဲ ”

လုကျိုးက ကျန်းအိုက်ကျန့် စကားများက ရယ်စရာကောင်းကြောင်း ထင်မိသည်။ သူက မုတ်ဆိတ်မွေးကို အသာသပ်ကာ “ ငါ့ကို သေစေချင်နေတာ မဟုတ်ဘူးလား ”

“ အာ မဟုတ် မဟုတ်ပါဘူး … အသက်ကို အားလုံးထက်ပိုပြီး တန်ဖိုးထားပါတယ်။ ကျုပ်က ဓားလိုချင်ပေမဲ့ ဖြောင့်မတ်တဲ့လူက ဓားကို သမာသမတ်နည်းနဲ့ပဲ ရသင့်တယ်လေ။ ခင်ဗျား ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက် …” ကျန်းအိုက်ကျန့်က ဘေးညာကြည့်ကာ ခေါင်းတခါခါဖြင့် “ သူတို့အားလုံးက သက်တမ်းတိုနေကြတာမျိုးလေ။ ခင်ဗျားက လူကောင်းပါ။ ဆရာကြီး လူကောင်းတွေက အသက်ရှည်ရှည်နေသင့်တယ် ”

“ ငါက လူကောင်းလား ” လုကျိုးက ထိုစကားကြောင့် အနည်းငယ်တွန့်ဆုတ်သွားမိသည်။

ကျန်းအိုက်ကျန့်က ပြုံးကာ “ အဲဒီဓားက ရတနာတစ်ပါးလေ … ပိုင်ရှင်ဆိုတော့ လူဆိုး မဖြစ်တာ သေချာတယ် ”

အဲဒါ ဘယ်လိုသဘောတရားတုံး …

လုကျိုးက မုတ်ဆိတ်မွေးကို သပ်ကာ “ ဒီနေရာမှာ ပညာရှင်အများကြီး ရှိနေတာလေ။ မဟာနတ္ထိဘုရားကျောင်းက သူတို့ကို ဘယ်လိုများ ဖြေရှင်းနိုင်မှာလဲ ”

ကျန်းအိုက်ကျန့်က ခေါင်းခါလိုက်သည်။ ထို့နောက် သူက သမာသမတ်ဂိုဏ်းနှင့် ကျင့်မင်တာအိုဂိုဏ်းတို့အား လက်ညိုးထိုးပြလိုက်ပြီးနောက် “ ဆရာကြီး ကြည့်ကြည့် … သမာသမတ်ဂိုဏ်းနဲ့ ကျင့်မင်တာအိုဂိုဏ်းက အကြီးအကဲတွေ ဒီမှာမရှိဘူးလေ။ မိစ္ဆာဘုရားကျောင်းရဲ့ တတိယကျောင်းထိုင်ပဲ ရှိတာ … သူတို့ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး ”

လုကျိုးက အလံနှစ်ခုကို ကြည့်လိုက်သည့်အခါ နေရာအများစုက ကွက်လပ်ဖြစ်နေကြောင်း သိလိုက်ရသည်။

ကျန်းအိုက်ကျန့်က မျက်မှောင်ကြုတ်ကာ “ သူတို့ကို ပညာရှင်တွေက တားထားတာ နေမယ်။ ဒီကို ရောက်မလာဘဲ သူတို့အသက် သူတို့ထိန်းထားနိုင်တာ ကံကောင်းနေပြီ ”

လုကျိုးက ကျန်းအိုက်ကျန့်အား ခြောက်ကပ်ကပ်ကြည့်လိုက်သည်။

‘ ဒီကောင်လေးက သတင်းအချက်အလက်စုံသားပဲ … ကျင့်ကြံရေးလောကမှာ နာမည်တစ်လုံး ရလာတာ မဆန်းတော့ပါဘူး ’

ထိုစဉ် ယဇ်ပလ္လင်အလယ်၌ ခုံရွှမ်းက သမာသမတ်ဂိုဏ်းမှ တပည့်များကို ဦးညွှတ်လိုက်ကာ လက်မြောက်ပြလိုက်ပြီးနောက် “ ကျောင်းယွဲ့က မိစ္ဆာဝေဟင်မျှော်နန်းက တပည့်ပဲ၊ အပြစ်တွေ အများကြီး ကျူးလွန်ခဲ့တယ်၊ လွန်လေပြီးတဲ့နှစ်တွေမှာ ဆရာတော်ခုံမင်က သူမရဲ့ လက်ထဲမှာ အသက်ဆုံးရှုံးခဲ့တယ် … မဟာနတ္ထိဘုရားကျောင်းက ဗုဒ္ဓအရှင်မြတ်ဆီ သူမရဲ့ အပြစ်ကြွေးဆပ်ပြီး လူသားအဖြစ် ပြန်လည်ဝင်စားလာဖို့အတွက် အပြစ်ကြွေး ရှင်းလင်းပေးမယ် ”

သမာသမတ်ဂိုဏ်းသားများက ဒေါသတကြီး ချေပလိုက်ကြသည်။

“မိစ္ဆာလမ်းစဉ်က ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ ရန်သူတော်ပဲ။ မဟာနတ္ထိဘုရားကျောင်းက ဒီကိစ္စကို ဝင်မပါခဲ့ပေမဲ့ အခုမှ ရုတ်တရက်ကြီး ပေါ်လာပြီး သက်ညှာပြနေတာလား။ ကျုပ် တွေးမိလိုက်တာတော့ ဒါပဲ ” သူက စကားဆုံးဆုံးချင်း တံတွေးထွေးလိုက်သည်။

ထိုအရာကို မြင်ပြီး သမာသမတ်ဂိုဏ်းသားများက ရယ်မောလိုက်ကြသော်လည်း မိစ္ဆာဘုရားကျောင်းကတော့ တိတ်ဆိတ်နေလေ၏။

လုကျိုးလည်း ကြည့်လိုက်သည်။ မိစ္ဆာဘုရားကျောင်း၏ ဒုတိယကျောင်းထိုင် ကျို့ရှင်းချန်ကို သူ သတ်လိုက်ပြီ ဖြစ်ရာ သူတို့အနေနှင့် မိစ္ဆာဝေဟင်မျှော်နန်းကို မုန်းတီးသည်မှာ ဖြစ်သင့်ပေသည်။ သူတို့အနေနှင့် ကျောင်းယွဲ့အပေါ် အပြစ်လွှဲချသည်မှာ ဖြစ်သင့်ပေသည်။ မိစ္ဆာဘုရားကျောင်းက သူတို့၏ တတိယကျောင်းထိုင်ကို လွှတ်လိုက်သည့်အတွက် အံ့ဩနေမိသည်။ သူက ဤလူကို မှတ်ဉာဏ်ထဲ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဤလူကား ကျိထျန်းတောက် မှတ်သားထားလောက်အောင်အထိ ထင်ရှားမှုမရှိ၍သာ ဖြစ်ရမည်။

ထိုစဉ် ခုံရွှမ်းက ဒေါသထွက်ဟန် မပေါ်ပေ။ သူက ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မထူးမခြားနား ပြောလိုက်သည်။

“ ဒီကိုယ်တော်က ဒီနေ့ ဒကာ့ဆီက သဘောတူချက် လာတောင်းတာ မဟုတ်ဘူး။ ဒီဆုံးဖြတ်ချက်ကို အသိပေးဖို့ ရောက်လာတာ … မဟာနတ္ထိဘုရားကျောင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ကျောင်းယွဲ့ကို ခေါ်သွားရမယ် ”

ဖြောင့်မတ်ခြင်းလမ်းစဉ်မှ ပုံရိပ်တစ်ခု ရုတ်ခြည်း ထွက်ပေါ်လာလေ၏။

“ ကောင်းပြီလေ … အဲဆိုရင်တော့ အားသုံးမှပဲ ရမယ်”

သူ့လက်ထဲမှ ဓားမှာ လင်းလက်လာပြီး ဘေးပတ်လည်၌ ဓားစွမ်းအားများ ထုတ်ဖော်လိုက်၏။

လူအုပ်ကြီးက ထိုရုတ်ခြည်းတိုက်ခိုက်မှုကြောင့် ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြသည်။

ကျန်းအိုက်ကျန့်က ထိုပုံရိပ်ကို ကြည့်ကာ ခေါင်းယမ်းလိုက်ပြီး “ သူ့အသက်သူ အလကားစတေးနေတဲ့ အမြောက်စာသာသာပါပဲ။ မဟာသမာဓိဓာရနီက ပစ်မှတ်ကို အားနည်းစေတယ်။ အဲဒီလူတွေရဲ့ သွေးချီတွေ ကစဉ့်ကလျား ဖြစ်တာနဲ့ဆိုရင် သူတို့စွမ်းအား ၃၀ ရာခိုင်နှုန်းလောက် ထုတ်သုံးနိုင်ရင်ကို ချီးကျူးလိုက်ဦးမယ်”

လုကျိုးက အစီအစဉ်ကို အေးအေးဆေးဆေး ကြည့်နေသည်။ ကျောင်းယွဲ့ မပါလျှင် သူနှင့် ပတ်သက်စရာ မရှိပေ။

တစ်ဖက်တွင် ရှောင်ယွမ်အာက အဖြစ်အပျက်အသစ်ကြောင့် ပိုမို စိတ်လှုပ်ရှားမိလာသည်။ သူမက ဖြောင့်မတ်ခြင်းလမ်းစဉ်မှ ကျင့်ကြံသူတစ်ယောက်အလား သမာသမတ်ဂိုဏ်းများဘက်မှ အားပေးနေသေး၏။

ထိုစဉ် ရှေ့ထွက်လာသော ကျင့်ကြံသူက ခုံရွှမ်းဆီ ဓားစွမ်းအားလှိုင်း ပစ်လွှတ်လိုက်သည်။

လေထုထဲ တဝှီးဝှီးမြည်လာပြီး ခုံရွှမ်း၏ သင်္ကန်းက ရွှေရောင်များ တောက်ပလာသည်။ သူက ဆယ်ပေလောက် မြင့်မားသွားဟန် ပေါ်၏။

“ရဟန္တာရွှေကိုယ်ထည်လား ”

ဝုန်း …

လေထုထဲ ကျယ်ကျယ်လောင်လောင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ကျင့်ကြံသူလည်း ရဟန္တာရွှေကိုယ်ထည်ကြောင့် လွှင့်စင်သွားလေသည်။ လေထဲ ကျွမ်းထိုးမှောက်ယားထိုးဖြစ်သွားကာ မတ်မတ်ပင် မရပ်နိုင်တော့ပေ။ သူ့လက်ထဲရှိ ဓားက အားသက်ရောက်မှုကြောင့် တုန်ခါနေဆဲ ဖြစ်ပြီး သူ့လက်မောင်းကား ထုံထိုင်းသွားလေပြီ။

ခုံရွှမ်းက လက်တစ်ဖက် ဆန့်ထုတ်ကာ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

“ ဒကာလေး … ဘာလို့များ ဒေါသထွက်နေမှာလဲ။ ဒီမိစ္ဆာက မိစ္ဆာဝေဟင်မျှော်နန်းကလေ။ မိစ္ဆာဂိုဏ်းချုပ်ကို ထိပ်သီးဆရာကြီးဆယ်ယောက် ဝိုင်းတိုက်တာတောင် ရှုံးနိမ့်ခဲ့ရတာ။ ကောင်းကင်ဓားဂိုဏ်းချုပ် လော့ချန်းဖုန်းတောင် သေဆုံးခဲ့ရတယ်။ ဒီမိစ္ဆာမျိုးကို မဟာနတ္ထိဘုရားကျောင်းဆီ အပ်လိုက်မှ အားလုံးဘေးကင်းနိုင်လိမ့်မယ် ”

တခြားနည်းဖြင့်ဆိုရလျှင် ခုံရွှမ်း ဆိုလိုချင်သည်က ကျိထျန်းတောက် ရောက်လာခဲ့လျှင် မည်သူကများ ကျိထျန်းတောက်ကို တားဆီးနိုင်မည်နည်း။

“ ခင်ဗျားက အပေါက်ဆိုးတယ် … တကယ်လို့ ဖြောင့်မတ်ခြင်းလမ်းစဉ်ကသာ သူ့ကို မထိန်းထားနိုင်ရင် မဟာနတ္ထိဘုရားကျောင်းကရော ထိန်းထားနိုင်မယ် ထင်နေလား ”

ခုံရွှမ်း၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ ကျောင်းထိုင်က ဆယ်စုနှစ်တစ်ခုကြာ လေ့ကျင့်နေပြီးတော့ ကျင့်ကြံဆင့် တော်တော်တိုးတက်သွားပြီ။ ကိုယ်တော်တို့ မိစ္ဆာအိုကြီးကို ဖြေရှင်းနိုင်မှာပါ ”

ခုံရွှမ်း၏ စကားများက ရေကန်ထဲ ကျောက်တုံးပစ်ချလိုက်သည့်အလား နေရာရှိ အားလုံးကို ဆူညံပွက်လောရိုက်သွားစေသည်။ အများစုက အထိတ်တလန့် ဖြစ်သွားကြသည်။ လွန်ခဲ့သော ဆယ်စုနှစ်ခန့်က မဟာနတ္ထိဘုရားကျောင်း၏ ခုံယွမ်သည် ပွင့်ချပ်ခြောက်လွှာ ရွှေကိုယ်ထည်ကို ရရှိထားပြီးပြီ ဖြစ်၏။ သူတို့က သူသည် တစ်ချိန်လုံး လေ့ကျင့်နေလိမ့်မည်မှန်း မထင်ထားခဲ့ကြပေ။

ကျင့်မင်တာအိုဂိုဏ်းမှ တစ်ယောက်က မတ်တတ်ရပ်ကာ လက်နှစ်ဖက်ယှက်လိုက်ပြီး ခုံယွမ်ထံ အရိုအသေပေးကာ “ ဆရာတော်ခုံယွမ်က မိစ္ဆာအိုကြီးကို ဖြေရှင်းနိုင်တယ်ဆိုရင် ကျင့်မင်တာအိုဂိုဏ်းက ဒီမိစ္ဆာကျောင်းယွဲ့ကို မဟာနတ္ထိဘုရားကျောင်းဆီ လွဲပေးဖို့ သဘောတူပါတယ် ”

ဖြောင့်မတ်ခြင်းလမ်းစဉ်မှ လူများလည်း ကြောင်အမ်းကုန်ကြသည်။

ကျင့်မင်တာအိုဂိုဏ်းနှင့် သမာသမတ်ဂိုဏ်းတို့သည် အဆင့်တူ ဖြစ်သော်လည်း တာဝန်ယူထားသူများက လက်ရှိ မရှိနေကြပေ။ အကယ်၍ သူတို့သာ သဘောတူလိုက်လျှင် သေဆုံးသွားသော တပည့်များကို မည်သို့ ရှင်းပြရမည်နည်း။

ခုံရွှမ်းက ခေါင်းညိတ်ကာ “ ဒီကိုယ်တော်ကြီးက ကျင့်မင်တာအိုဂိုဏ်းက ဒကာလေးတို့ကို ကျေးဇူတင်ပါတယ်။ မဟာနတ္ထိဘုရားကျောင်းက ဒကာတို့ကို စိတ်မပျက်စေရပါဘူး။ မိစ္ဆာကို သေချာပေါက် ပြုပြင်ပြောင်းလဲပေးပါ့မယ် ”

ထိုစဉ် ခုံရွှမ်းနောက်မှ အသံနက်နက် ထွက်ပေါ်လာသည်။

“ ကျောင်းယွဲ့ကို ခေါ်သွားချင်ရင် ငါ့ခွင့်ပြုချက်ရော တောင်းပြီးပြီလား ”

ခုံရွှမ်းက မိစ္ဆာဘုရားကျောင်းဘက် လှည့်ကာ “ ဒီကိုယ်တော် ဒီနေရာကို ရောက်လာတာက ညှိနှိုင်းဖို့ မဟုတ်ဘူးလို့ ပြောထားပြီးသားပါ။ ဒီနေရာကို ဆုံးဖြတ်ချက် လာရောက်အသိပေးရုံသက်သက်ပါ …”

သူက ညင်ညင်သာသာ ပြောနေသော်လည်း နားထောင်သူများအတွက် နားစည်ကုတ်ခြစ်နေသလိုမျိုး ခံစားနေရသည်။

မိစ္ဆာဘုရားကျောင်း၏ တတိယကျောင်းထိုင်က မျက်ခုံးပင့်ကာ အေးစက်စက် ပြောလိုက်သည် “ ကြောင်သူတော် ကတုံးတွေ …. မဟာနတ္ထိဘုရားကျောင်းက ဒီစင်မြင့်ဝန်းကျင်မှာ မဟာသမာဓိဓာရနီ စီးဖြန်းဖို့ ကြံထားပြီးသားပါ။ ဒီလိုမျိုး လှည့်ကွက်တွေက ကစားပြီး မင်းဘာသာ လေးစားခံထိုက်တယ် ထင်နေတုန်းလား” သူက ဆက်မပြောဘဲ ခဏရပ်လိုက်ပြီး “ မဟာနတ္ထိဘုရားကျောင်းက အသက်အားလုံးကို ဆိုးသည်ဖြစ်စေ၊ ကောင်းသည် ဖြစ်စေ အားလုံးကို ညီတူညီမျှပဲလို့ သတ်မှတ်ထားတာလေ။ လောကီရေးရာကိစ္စတွေမှာ ဝင်မပါခဲ့ဘူး … ဒီနေ့ကျမှ တခြားလုပ်စရာ မရှိတော့ဘူးလား ”

ခုံရွှမ်းက ညာဘက်လက်ကို ဆန့်တန်းကာ “ ဒကာလေးသွမ့် … ဒီကိုယ်တော်ကို တားချင်တာလား ”

“ သနားစရာ ကိုယ်တော် … ကိုယ်တော်က သောက်စရာကို လက်လွတ်ဆုံးရှုံးခံခိုင်းဖို့ ပေါင်မုန့်တစ်လုံးကို ငြင်းနေတာနဲ့တူတယ်” မိစ္ဆာဘုရားကျောင်း တတိယကျောင်းထိုင်က လက်ဝေ့လိုက်သည်နှင့် သူ့နောက်မှ အနက်ဝတ်ကျင့်ကြံသူများစွာ ထွက်ပေါ်လာသည်။

ခုံရွှမ်းက အေးအေးဆေးဆေး ရပ်ကာ အသစ်ရောက်လာသူများကို ကြိုဆိုသည့် အနေအထားဖြင့် လက်ဆန့်ထုတ်လိုက်၏။ သူက စိုးရိမ်နေပုံ မပေါ်သလို သူ့အပြုအမူတို့မှာလည်း ဝင့်ကြွားနေခြင်း မရှိသလို နှိမ့်ချထားခြင်းလည်း မရှိချေ။

“ ရဟန္တာရွှေကိုယ်ထည်” ပေနှစ်ဆယ်မြင့်မားသော ရွှေရောင်ကိုယ်ထည်ကြီးမှ စွမ်းအားများ ထုတ်လွှင့်နေပြီး သင်္ကန်းမှာလည်း လေထဲ လွှင့်နေသည်။

ကျန်းအိုက်ကျန့်က မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့ဩတကြီးဖြင့် “ ရဟန္တာရွှေကိုယ်ထည်က နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့်ရဲ့ ပွင့်ချပ်နှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်နဲ့တောင် အတူတူလောက်ပဲ။ ဒီကတုံးကိုယ်တော်က သာမန်ကိုယ်တော် မဟုတ်ဘူးပဲ … ဆရာကြီး မြန်မြန်နောက်ဆုတ်လိုက်တော့။ မိစ္ဆာဘုရားကျောင်းက ပြင်ဆင်ပြီး ရောက်လာတာ သိသာတယ်။ တကယ်လို့ ကိုယ်တော်သာ ဇင်အမှတ်အသားကို အသုံးပြုလိုက်ရင် ခင်ဗျားရဲ့ အာရုံခံသိပ်သည်းခြင်းနယ်ပယ်အဆင့်လေးနဲ့ ထိခိုက်သွားနိုင်တယ်” သူက ပြောလိုက်ရင်း လုကျိုး၏ လက်မောင်းကို ချိတ်ကာ နောက်ဆွဲလိုက်သည်။

…

အခန်း (၆၃) ဗြဟ္မာသားချော့တေး

ကျန်းအိုက်ကျန့်သည် ရွှေရောင်အလင်းတန်းကြောင့် အနက်ရောင်ဝတ်ကျင့်ကြံသူအချို့ လွင့်ထွက်သွားသည့် အချိန်၌ သူလှည့်ရန်အချိန်တောင် မရခဲ့ပေ။ သူတို့က တိုက်ခိုက်ရန် အခွင့်အရေးတောင် မရှိခဲ့တာဖြစ်သည်။

သမာသမတ်လမ်းကြောင်း၏ ကျင့်ကြံသူများအမူအရာက အနည်းငယ်ပြောင်းလဲသွားတော့သည်။

မိစ္ဆာဘုရာကျောင်းမှ လူများက မော့ကြည့်လာတော့သည်။ သူတို့လွှတ်ခဲ့သည့် လူငါးယောက်က နတ်ဒေဝါဦးတည်နယ်ပယ်တွင်ရှိသည့်သူများ ဖြစ်ကြ၏။ သူတို့က မိစ္ဆာဘုရားကျောင်း၏ ယခုအခေါက်ပွဲ၌ အဓိက အဖွဲ့လည်းဖြစ်ပေသည်။ သူတို့အားလုံးကို ခုံရွမ်းက တစ်ချက်တည်းဖြင့်ဖယ်ရှားလိမ့်မည်ဟု သူတို့ မထင်ထားချေ။

မိစ္ဆာဘုရားကျောင်း၏ တတိယကျောင်းထိုင် သွမ့်ရှင်းကမူ တုံ့ဆိုင်းခြင်းမရှိသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ သူက သူ၏ထိုင်ခုံ၌ တည်ငြိမ်စွာထိုင်နေပြီး ရင်ပြင်ထဲရှိ ခုံရွှမ်းကို စိုက်ကြည့်နေတော့သည်။ သူ၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုသည့်ဆန္ဒကို မြင်နိုင်ပေ၏။

ကျင့်မင်တာအိုဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။

“ခုံရွှမ်းက ဒီလောက်မြင့်မားတဲ့ ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားတယ်ဆိုတော့ ကိုယ်တော်ခုံယွမ်သာ ဒီမှာရှိနေမယ်ဆိုရင် ဘယ်လိုဖြစ်မလဲ ငါတောင် မမှန်းဆနိုင်ဘူး”

လုကျိုး၏ မှတ်ဉာဏ်အရ မဟာနတ္ထိဘုရားကျောင်းက လောက၏အရေးအရာများနှင့် ဝေးဝေးနေတာ အမှန်ပဲဖြစ်သည်။ ကျင့်ကြံခြင်းလောကထဲ၌ ကုန်လွန်ခဲ့သည့် ပြီးခဲ့သည့် ဖြစ်ရပ်များအတွင်း မဟာနတ္ထိဘုရားကျောင်းက အမြဲတမ်းနီးပါးဘေးထွက်နေခဲ့သည်။ မဟာနတ္ထိဘုရားကျောင်း၏ ကိုယ်တော်က ဇင်ဘုရားကျောင်း၏ ပါရမီရှင်တစ်ဦးဖြစ်သည်။ သူက ဇင်ဂိုဏ်းနှင့်ပတ်သက်ပြီး ဆန္ဒပြင်းပြလွန်းသောကြောင့် ရဟန်းတစ်ပါးချက်ချင်းဖြစ်လာခဲ့သည်ဟု ဆိုကြပေသည်။ သို့သော် ကောလာဟလများသည် ကောလာဟလမျှသာဖြစ်၏။ ထိုစဉ်က ကျောင်းယွဲ့သည် မဟာနတ္ထိဘုရားကျောင်း၏ ခုံမင်နှင့် ရင်ဆိုင်တွေ့ခဲ့သည်။ သူတို့တိုက်ခိုက်ခဲ့ကြကာ ကျောင်းယွဲ့က ခုံမင်ကို သတ်ဖြတ်ခဲ့သည်။ သူက ဆန်းကြယ်ကောင်းကင်သူတော်ဝင်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးဆိုလျှင် ကျောင်းယွဲ့က သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ပေ။ မဟာနတ္ထိဘုရားကျောင်းသည် ယခုအခေါက်၌ ကြီးမြတ်သော အခမ်းအနားကို နှောင့်ယှက်ရန် ရွေးချယ်ခဲ့သောကြောင့် သူတို့သည် မိစ္ဆာဝေဟင်မျှော်နန်းကို သူတို့၏ ရန်သူအဖြစ် ကြေညာတာ ရှင်းလင်းနေပေ၏။

ထိုစဉ် မိစ္ဆာဘုရားကျောင်း၏ တတိယကျောင်းထိုင် သွမ့်ရှင်းက ရှုံးနိမ့်သွားသည့် လက်အောက်ငယ်သားများကို တစ်ချက်ကြည့်ပြီးနောက် သာမန်ကာလျှံကာ ပြောလိုက်၏။

“ခုံရွှမ်း ရိုးသားတဲ့သူတစ်ယောက်က ဘာကောက်ကျစ်မှုမှမရှိဘူး။ မင်းက ကျင့်မင်တာအိုဂိုဏ်းနဲ့ သမာသမတ်ဂိုဏ်းတွေရဲ့ အကြီးအကဲတွေကို ထိန်းထားတဲ့သူမလား”

ခုံရွှမ်းက ခေါင်းခါလိုက်၏။ “မဟာနတ္ထိဘုရားကျောင်းက ပွင့်လင်းပြီး ဖြောင့်မတ်တဲ့ ကျောင်းတော်ကို ဖွင့်ထားတာ။ ဒီလို နည်းလမ်းတွေ ဘာကြောင့်ကျင့်သုံးရမှာလဲ"

“ပွင့်လင်းပြီးဖြောင့်မတ်တာတဲ့လား။ သူတော်စင်ယဇ်ပလ္လင်အပြင်ဖက်မှာ ကိုယ်တော်တွေကို ခေါ်ထားတာ မင်းမဟုတ်ဘူးလား” သွမ့်ရှင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်တော့၏။

“ဒကာက မဟာနတ္ထိဘုရားကျောင်းကို နားလည်မှုလွဲနေတဲ့ပုံပဲ။ ကိုယ်တော့်ကို ဆက်တားမယ်ဆိုရင် ဒကာသွမ့် ကိုယ်တော်က မင်းနဲ့ လိုက်ပါ ဆော့ကစားပေးရမှာပေါ့”

နှစ်ဖက်လုံးသည် ဓားများဆွဲထုတ်ပြီး လေးကြိုးညှိမည့် အချိန်ကို စောင့်ဆိုင်းနေတာဖြစ်သည်။ တစ်ချိန်ထဲတွင် ကျန်းအိုက်ကျန့်က ညင်သာစွာရယ်မောကာ ပြောလိုက်၏။

“ဆရာကြီး ကျုပ် ခင်ဗျားကို မပြောခဲ့ဘူးလား။ အဲ့ဒီဓားရူး ချန်ဝမ်ကျဲ့က မပြတ်မသားရပ်တည်မှုရှိနေတာ။ သူက သမာသမတ်ဂိုဏ်းနဲ့ ကျင့်မင်တာအိုဂိုဏ်းက လက်ရွေးစင်တွေ အများကြီးကို သတ်ခဲ့တယ်။ သူအခု ရှေ့တိုးရင် ဂိုဏ်းနှစ်ဂိုဏ်းက သူ့ကို ပြာဖြစ်အောင်လုပ်ချင်မှာ သေချာတယ်”

လုကျိုးက ဇဝေဇဝါဖြစ်နေ၏။

“ချန်းဝမ်ကျဲက ရပ်တည်မှု မရေရာဘူးတဲ့လား”

“ဆရာကြီး စဉ်းစားကြည့်လေ။ ကျုပ်ဆီ ဒီဓားရောင်းပေးလိုက်ရင် ဆရာကြီး သိချင်သမျှအားလုံး ပြောပြနိုင်တယ်” ကျန်းအိုက်ကျန့်က ပါးစပ်ကို လက်ဖြင့်အုပ်ပြီးနောက် အမောတကောလေသံဖြင့် ပြောလိုက်၏။

“သမာသမတ်ဂိုဏ်းရဲ့ဆရာ ကျန့်ယွမ်ရှန့်ရဲ့ဇနီးက ဘယ်သူနဲ့တွေ့နေတယ်ဆိုတာတောင် ကျုပ်သိတယ်” သူက လုကျိုးကို မျက်စိမှိတ်ပြပြီးနောက် သူ့အမူအရာက ကောင်းကင်အောက်၌ သူမသိသည့်အရာ မရှိကြောင်းပြောပြနေပုံရသည်။

လုကျိုးသည် ကျန်းအိုက်ကျန့်ကြောင့် ထပ်မံဆွံ့အသွားပြန်၏။ သို့သော် သူက တည်တင်းသော မျက်နှာထားသာ ထိန်းထားဆဲဖြစ်သည်။

“ဒီမသိတတ်တဲ့သူ ကျန့်ယွမ်ရှန်းက ငါ့ကို အကြိမ်ပေါင်းများစွာ ကျိမ်ဆဲနေတာ။ သူ့ဇနီးက အပြင်မှာ ရှုပ်နေတာ အပြစ်ပေးမှုတစ်ခုလား” ထိုမသင့်လျော်သောအတွေးများ မဖယ်ရှားခင် ချောင်းဟန့်လိုက်ပြီးနောက် ရင်ပြင်ကို ဆက်လက်အာရုံစိုက်လိုက်သည်။

ထိုစဉ် မိစ္ဆာဘုရားကျောင်း၏ တတိယကျောင်းထိုင် သွမ့်ရှင်းက ဖြည်းဖြည်းချင်း ခြေကြွလိုက်တော့၏။ သူ၏လက်နှစ်ဖက်ကို မြှောက်လိုက်ရာ သူ့နောက်တွင်ရပ်လာသည့် လက်အောက်ငယ်သားတစ်ဦးက သူ၏အနက်ရောင်ဝတ်ရုံကို တလေးတစား လှမ်းပစ်ပေးလိုက်တော့သည်။

ကြည့်နေသည့်သူများက ယခုအခါ သွမ့်ရှင်း၏ သွင်ပြင်ကို ရှင်းရှင်းလင်းလင်းတွေ့သွားပြီးဖြစ်သည်။ သူက ပါးလျသော နှုတ်ခမ်း အေးစက်သော မျက်ဝန်းများရှိသည့် လူငယ်တစ်ဦးဖြစ်သည်။

“ကတုံးမျောက် ကျောင်းယွဲ့ကို ခေါ်သွားခွင့် မပေးနိုင်ဘူး” သွမ့်ရှင်းက သူရှိနေသည့်နေရာမှ ပျောက်ကွယ်သွားတော့သည်။ သူပြန်ပေါ်လာသည့် အချိန်၌ ခုံရွှမ်းရှေ့တွင် ရပ်နေပြီးဖြစ်သည်။

“နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်” သွမ့်ရှင်းက လက်ရွေးစင်တစ်ဦးဖြစ်တာကို ကြည့်နေသည့် သူများက တချက်ကြည့်ရုံဖြင့် မြင်လိုက်ရသည်။ သူတို့၏ အမူအရာများက ဖြည်းဖြည်းချင်းပြောင်းလဲကုန်၏။ သူတော်စင် ယဇ်ပလ္လင်ရှိ ကြီးမြတ်သော အခမ်းအနားကျင်းပသည့် အချိန်၌ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူတစ်ဦးကို မြင်တွေ့ရလိမ့်မည်ဟု သူတို့ မထင်ထားကြပေ။

မိစ္ဆာဘုရားကျောင်းက ကျို့ရှင်းချန် သေချိန်မှစပြီး ကျောင်းယွဲ့ကို ဖြေရှင်းရန် အတော်လေးအားထားနေတာ သိသာနေပေ၏။ သွမ့်ရှင်းက အလျှော့ပေးလိုက်ရန် ငြင်းဆိုနေတာ အံ့ဩစရာမရှိပေ။ ကျို့ရှင်းချန်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်၏ ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်ပြီး မိစ္ဆာအတတ်ကို ပွင့်ချပ်လေးလွှာ ရွှေကြာအဆင့်ထိသာ ကျင့်ကြံနိုင်ခဲ့သည့်သူဖြစ်၏။ သို့သော် သူက မိစ္ဆာဝေဟင်မျှော်နန်းထဲ၌ သေဆုံးသွားခဲ့သည်။ သူတို့က မည်သို့ဒေါသမထွက်ပဲနေမည်နည်း။

“ရဟန္တာရွှေကိုယ်ထည်” ခုံရွှမ်းက သူ၏ ရွှေရောင်ကိုယ်ထည်ကို ထပ်မံအသက်သွင်းလိုက်ပြန်၏။ သူ၏ သင်္ယန်းက လေထဲတွင် တဖျတ်ဖျတ်လွှင့်နေပြီး သူ၏စွမ်းအင်လှိုင်းများကြောင့် ဖြစ်ပေ၏။

ပြီးနောက် သွမ့်ရှင်း၏ ခန္ဓာကိုယ်က ၁၀၊ ၁၀၀၊ ၁၀၀၀ ကွဲထွက်သွားပုံရ၏။ သူတို့က ခုံရွှမ်းကို ဝန်းရံထားပြီး တပြိုင်နက်တည်း တိုက်ခိုက်တော့သည်။

ကြည့်နေသည့်သူများက မှင်သက်သွား၏။ ဒါက ဘယ်လိုသိုင်းမျိုးလဲ။ သူတို့ ဒီသိုင်းမျိုးကို အရင်က ဘာကြောင့်မတွေ့ဖူးရတာလဲ။

မိစ္ဆာဘုရားကျောင်းမှ လက်အောက်ငယ်သားများကတောင် ခေါင်းခါပြီး အံ့ဩနေကြသည်။ သူတို့သည် ထိုကဲ့သို့ မင်သက်ဖွယ်ကောင်းသည့် ဒီသိုင်းမျိုးကို ယခင်က တခါမှမတွေ့ခဲ့ဖူးပေ။

လမ်းမှန်နှင့် မိစ္ဆာလမ်းကြောင်းမှ ကျင့်ကြံသူများအားလုံးက လျင်မြန်ဖျတ်လတ်သည့် သိုင်းပညာများကို ကျင့်ကြံတာရှားသည်။ ထိုပုံရိပ်ယောင်များက မယုံနိုင်စရာကောင်းအောင် မြန်ဆန်သည့်အရှိန်ဖြင့် လှုပ်ရှားနေတာပဲဖြစ်၏။

“တောက်ကျင့်စဉ် တောက်ကွယ်ပျောက်မှု” လုကျိုးက မုတ်ဆိတ်ကို ပွတ်သပ်ကာ ပြောလိုက်သည်။

ကျန်းအိုက်ကျန့်က အနည်းငယ်အံ့ဩသွား၏။ “ဆရာကြီး ဒီကျင့်စဉ်ကို သိရဲ့လား”

“ဒီကျင့်စဉ်က တောက်အဖွဲ့အစည်းကပဲ။ ဖူယွီဆီပျံ့နှံ့ပြီးတဲ့နောက် တဖြည်းဖြည်းချင်း ပျောက်ဆုံးသွားတဲ့ သိုင်းဖြစ်သွားတော့တယ်” လုကျိုးက ပြော၏။

“ဖူယွီလား တခြားမျိုးနွယ်စုတွေ” ကျန်းအိုက်ကျန့်၏ မျက်လုံးက ပြူးကျယ်သွားတော့သည်။ သူက မိစ္ဆာဘုရားကျောင်း၏ တတိယကျောင်းထိုင်ကို ကြည့်ပြီး တလက်လက် တောက်ပနေသည့် ပုံရိပ်များကို ကြည့်လိုက်၏။ မဟာရန်လွှမ်းမိုးသည့် လောကထဲတွင် ကျန်သည့်မျိုးနွယ်စုများအတွက် နေရာမရှိချေ။

ပုံရိပ်ထောင်ချီက ရဟန္တာရွှေကိုယ်ထည်ကို ထိုးနှက်ကြတော့သည်။

ခုံရွှမ်းက ကြီးမားသည့် ဖိအားကိုခံစားနေရသောကြောင့် သူမျက်မှောင်ကျုံသွား၏။

“မိစ္ဆာဘုရားကျောင်းရဲ့ တတိယကျောင်းထိုင်က ထင်တဲ့အတိုင်းပဲ။ ဒီရဟန်းအိုက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံဆင့်ကို လျှော့တွက်ခဲ့မိတာပဲ”

ဘန်း ဘန်း ဘန်း

အရိပ်လက်သီးများက ရွှေကိုယ်ထည်ကို ထိုးမိသွားပြီး လေလှိုင်းများပေါ်ထွက်လာကာ စွမ်းအင်က ရင်ပြင်အထက်ရှိ လေထုထဲ၌ ကန့်လန့်ဖြတ်ကွန်ယက်တစ်ခုပေါ်ထွက်လာတော့သည်။

အနားရှိလူများက ထိုအထဲ ဝင်ပါမိသွားမှာကို ရှောင်ကျဉ်ရန်အတွက် နောက်သို့အနည်းငယ် ဆုတ်လိုက်ကြသည်။

ခုံရွှမ်းက သူ့လက်ကို လှုပ်ရှားက ပြောလိုက်၏။ “ဒီလိုဆိုရင် ဒီရဟန်းအိုလည်းမထိန်းထားတော့ဘူး” ကနဦးချီများက သူ့နား၌ရစ်ဝဲလာပြီးနောက် လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်၏။

“တစ်ပါးသူ၏ သဘာဝကိုမြင်တွေ့ခြင်း” သူ၏ စိတ်နှလုံးက ကြည်လင်ပြီးတောက်ပနေသည်။ သူက ထိုက်တောင်တန်းကဲ့သို့ တည်ငြိမ်နေပေ၏။

ဇင်ဂိုဏ်း၏ ဈာနမုဒြာ

ပုံရိပ်ထောင်ချီက ချက်ချင်းပင် ဈာနမုဒြာကြောင့်ပြိုကွဲသွားတော့သည်။

လေထဲရှိ သွမ့်ရှင်းက ထိုနေရာတွင်ပင် ခဲသွားသလို ရပ်တန့်နေ၏။

တိုတောင်းသည့် အချိန်အတွင်း ခုံရွှမ်းက သူ့လက်ကို ထပ်မံလှုပ်ရှားလိုက်ပြန်၏။ ဈာနမုဒြာ ပျောက်ကွယ်သွားပြီးနောက် သူက သွမ့်ရှင်းသည် လက်ချိပ်ပိတ်မှုဖြင့် ရည်ရွယ်လိုက်တော့သည်။

မဟာမိုးကြိုးဘီးလက်သင်္ကေတလား

ဘီး

သွမ့်ရှင်းသည် မျက်မှောင်အနည်းငယ်ကြုံ့သွား၏။ သူ့လက်ကို မြှောက်ပြီးနောက် အစွမ်းထက်သော တိုက်ကွက်ကို ခုခံလိုက်သည်။

ပွင့်ချပ်လေးလွှာ ရွှေရောင်ကြာစိတ်ဝိညာဉ်သဏ္ဍာန်

မိုးကြိုးက မာကျောသည့်နံရံကို ထိမိသွားသည့်နှယ် ပြန်ကန်လာတော့၏။ ကျင့်ကြံသူများသည် တိုက်ကွက်ကို ရှောင်တိမ်းရန်အတွက် လူစုခွဲလိုက်ကြသည်။

လက်ဟန်က သူတော်စင်ယဇ်ပလ္လင်ကို ထိမှန်သွားပြီးနောက် တံခါး ၄၈ချပ်က ကြမ်းတမ်းစွာ လှုပ်ခါသွားသည်။ စွမ်းအင်လှိုင်းများကတံခါးများကို ကြမ်းတမ်းသည့်လေသဖွယ် တွန်းဖွင့်လိုက်တော့သည်။

အလယ်ရှိပင်မတံခါးက အလေးမြတ်ဆုံးဖြစ်ပေ၏။ ယင်းက အမြင့်ဆုံးနှင့် အကြီးမားဆုံး တံခါးလည်းဖြစ်သည်။ ဘန်းကနဲ ကျယ်လောင်သည့် အသံဖြင့် ကျောင်းယွဲ့ပေါ်ထွက်လာတော့သည်။

ဖြောင့်မတ်ခြင်းလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်မှ ကျင့်ကြံသူများကလှည့်ကြည့်လာကြသည်။

“သူတော်စင်သမီးတော်”

အခန်းထဲတွင် တရားဟောစဉ်လေးတစ်ခုကို မြင်နိုင်ပေသည်။ ကျောင်းယွဲ့က ထိုတရားဟောစဉ်၏ တိုင်ပေါ်၌ ကြိုးချည်ခံထားရသည်။ သူမ မျက်နှာပေါ်တွင် ဒေါသထွက်သည့် အမူအရာရှိနေသော်ငြား မရုန်းခဲ့ပေ။ သူမ မျက်ခုံးနှစ်ဖက်ကြားတွင် တောက်ပသည့် အနီရောင်ကြာပွင့်ကို မြင်တွေ့ရ၏။

“ကျောင်းယွဲ့ သူက လူဆိုးပဲ” လူအုပ်ကြီးက အထိတ်အလန့် အော်လိုက်တော့သည်။

လုကျိုးက မော့ကြည့်ပြီးကျောင်းယွဲ့ကို မြင်လိုက်ရသည်။ သူက အနားတဝိုက်၌ ကျောင်းယွဲ့၏ အငွေ့အသက်ကို အာရုံမခံနိုင်ခဲ့ပေ။ သူထင်သည့်အတိုင်း သူမ၏ ကျင့်ကြံဆင့်က ချိပ်ပိတ်ခံထားရသည်။

ခုံရွှမ်းက သူ၏ ရဟန္တာရွှေကိုယ်ထည်ကို ထိန်းသိမ်းထားပြီး ရယ်မောလိုက်၏။

“ဒကာတို့ ကိုယ်တော့်အတွက် ကိစ္စတွေကို ဘာကြောင့်များ ခက်ခဲအောင်လုပ်ရမှာလဲ”

“ကောက်ကျစ်တဲ့ ဘုန်းကြီး။ မင်းမှာရှိတာ ဒါအကုန်ပဲဆိုရင် မင်းအသက် ဖက်နဲ့ထုပ်ပြီးမပြေးခင်မှာ မင်းတို့ရဲ့ ကတုံးကြီးတွေတစ်စုကို ခေါ်လာလိုက်ဖို့ အကြံပေးလိုက်မယ်”

သွမ့်ရှင်းက ဒေါသတကြီး ရေရွတ်ပြောလိုက်၏။ သူ၏ ပွင့်ချပ်လေးလွှာ ရွှေရောင်ကြာစိတ်ဝိညာဉ်အာနိသင်အောက်၌ ယခင်ကထက်စာလျှင် ပိုမိုလွှမ်းမိုးနိုင်စွမ်းရှိလာ၏။

ခုံရွှမ်းက လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်၏။

“ဒကာက ကိုယ်တော့်ရဲ့လမ်းကြောင်းမှာ ရပ်နေဦးမှာ ဆိုမှတော့ ထပ်ပြီးမထိန်းထားတော့ဘူး”

ဖုန်း

ရဟန္တာရွှေကိုယ်ထည်ပျောက်ကွယ်ထားပြီး ခုံရွှမ်းက လက်တစ်ဖက်ဖြင့် မေးထောက်လျက် မြေပြင်တွင် ထိုင်လိုက်သည်။ ရဟန္တာရွှေကိုယ်ထည်၏ လုပ်ဆောင်ချက်ကို ယခုအချိန်၌ မြင်နိုင်ပေသည်။

သူတော်စင်ယဇ်ပလ္လင်နားတဝိုက်ရှိ ရဟန္တာများအားလုံးက သူတို့၏ ကြိမ်တုတ်များကို ဖယ်ရှားလျက် လက်အုပ်ချီလိုက်ကြသည်။ ပြီးနောက် လေထဲတွင်ပျံသန်းနေသော ရထားလုံးများရှိ ရဟန်းများကလည်း အစီရင်တစ်ခုဖွဲ့တည်လိုက်တော့သည်။ ချက်ချင်းပင် ဂါထာရွတ်ဆိုသံများက သူတော်စင်ယဇ်ပလ္လင်နား တဝိုက်၌ ပဲ့တင်သံထပ်နေတော့၏။

လုကျိုး၏ အမူအရာက တည်ငြိမ်နေသော်ငြား သူ၏စိတ်ထဲတွင်မူ အံ့ဩနေပေသည်။

ဗြဟ္မာသားချော့တေးလား ဆိုးလိုက်တာ။ ငါ့ရဲ့ ကျင့်ကြံဆင့်က အာရုံခံသိပ်သည်းခြင်းအလယ်ဆင့်မှာ ရှိနေတဲ့အချိန် ဒါကို ဘယ်လိုများ ခံနိုင်ရည်ရှိမှာလဲ။

All Chapters