လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့ ငရဲဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဒုတိယ တပည့်ကတော့ နည်းနည်းလေး သဘောထားကွဲလွဲတာနဲ့ သူများကို သတ်ဖြတ်လေ့ရှိတဲ့ ဓားနတ်ဆိုးဖြစ်တယ်။ သူ့ကျင့်ကြံမှုအခြေခံမရှိဘဲ အဲဒီ မိစ္ဆာတပည့်တွေကို ဘယ်လို ထိန်းချုပ်ရမလဲ။ သူ့တပည့်အကြီးဆုံး ယွီကျန့်ဟိုင်က ပြောတယ်။ “ကျုပ် ဘ၀မှာ ရန်သူ တစ်ယောက်ဆို တစ်ယောက်မှ မရှိဘူး၊ ဒါပေမဲ့ ကျုပ်ရှစ်စွင်းက ကျုပ်ကို ဦးညွတ်လာအောင် လုပ်နိုင်တယ်” သူ့သတ္တမတပည့် စီးဝူယာ့က “ရှစ်စွင်း မသေသရွေ့ ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်း စားနိုင် အိပ်နိုင်မှာ မဟုတ်ဘူး” ... သူ့န၀မတပည့် ယွမ်အာကတော့ “ရှစ်စွင်းပြောသမျှ မှတ်ထားပြီး လူကောင်းတစ်ယောက် ဖြစ်အောင် လုပ်မယ်”

