← Chapters

အခန်း (၉၀၁-၉၀၃)

Vol. 61 Ch. 901-903

အခန်း (၉၀၁-၉၀၃)

Vol. 61 Ch. 901-903

အခန်း (၉၀၁) ဒါ ဘယ်လိုမြားမျိုးလဲ

တော်ဝင်ရဲမက်များသည် လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကျော်တည်းက မမြင်ဖူးသည့် ပေ၄၅၀ခန့် မြင့်သည့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို မော့ကြည့်လိုက်ကြသည်။

နေရောင်အောက်၌ ရွှေရောင် ကြယ်တာရာ ဒိုင်ခွက်သည် လည်ပတ်နေပြီး လူတို့ကို တုန်ယင်စေ၏။ ကြယ်တာရာ ဒိုင်ခွက်ပေါ်ရှိ တြိဂံ၃၆ခုသည် ရံဖန်ရံခါ၌ ဖြတ်ကနဲ လင်းနေသည်။

သူတော်စင်ကဲ့သို့ အဘိုးအိုသည် စိတ်ဝိညာဉ်သဏ္ဌာန်နားတွင် ရပ်နေလျက် အထွတ်အထိပ်ကောင်းကင် နန်းဆောင်ရှေ့ရှိ ရှားဟို့ရှန်းကို ငုံံ့ကြည့်လိုက်သည်။

ရှားဟို့ရှန်းသည် မျက်လုံးအပြူးသားဖြင့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို စိုက်ကြည့်နေသည်။

ယခုအချိန်တွင် သူရင်ထဲရှိ နောက်ဆုံးသော သံသယမြှင့်သည် ခြေရာလက်ရာ မကျန်ဘဲ ပျောက်ဆုံးသွားပြီ ဖြစ်သည်။ သူက အဆင့်အတန်း မြင့်မားပြီး တော်ဝင်ရဲမက် တစ်သိန်းကို အမိန့်ပေးနိုင်စွမ်း ရှိသော်ငြား ယခုအချိန်၌ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။

ပြေး

ဝှစ်

ရှားဟို့ရှန်းသည် သူ့၏ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ပေ။ သူသည် လျှပ်ပြတ်သော အရှိန်ဖြင့် ထွက်ပြေးကာ အနောက်တွင် ပုံရိပ်ယောင်များ ချန်ရစ်ခဲ့၏။

ဆန့်ကျင်ဘက် အနေဖြင့် ရှားဟို့ရှန်းဘေးရှိ အသေခံ စစ်သည်နှစ်ဦးသည် မပြေးခဲ့ပေ။ သူတို့က တစ်ညီတစ်ညွတ်တည်း အော်ပြောလိုက်၏။

“အရှင်ရှားဟို့ ပြေး”

အသေခံစစ်သည် နှစ်ဦးက သူတို့ စိတ်ဝိညာဉ်သဏ္ဌာန်များကို လျင်မြန်စွာ ဖွဲ့တည်လိုက်သည်။

ပေတစ်ရာခန့် မြင့်မားသည့် အနီရောင်ကြာပွင့် စိတ်ဝိညာဉ်သဏ္ဌာန် နှစ်ခုသည် ဝေဟင်ထဲ၌ ပေါ်ထွက်လာပြီး ရှေ့သို့ တစ်ဟုန်ထိုး တက်လာတော့သည်။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန် အမြင့်၏ လေးပုံတစ်ပုံမျှသာ ရှိသော စိတ်ဝိညာဉ်သဏ္ဌာန် နှစ်ခုသည် အင်မတန် သေးငယ်ပုံ ပေါ်နေ၏။

လုကျိုးသည် သူတို့ကို ကြည့်တောင် မကြည့်ပဲ ရှေ့ဆက်တိုးသွားလိုက်သည်။

အသေခံ စစ်သည်တော်နှစ်ဦး၏ မျက်လုံးက နီရဲနေလျက် သူတို့၏ ချီပင်လယ်ကို စတင်လောင်ကျွမ်းပစ်လိုက်သည်။ သို့သော်ငြား သူတို့များစွာ မလှုပ်နိုင်သေးခင် လုကျိုးက သူ၏ လက်ကို ဖိချလိုက်ကာ ကောင်းကင်မှ ရွှေရောင်လက်ဝါး စည်းတံဆိပ်နှစ်ခုကို ထုတ်သုံးလိုက်၏။

စွန့်ပစ်ခံ ဉာဏ်ပညာ

တစ်ချိန်တည်းတွင် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူနှစ်ဦးသည် သူတို့စွမ်းအင်များ လျော့ပါးသွားအောင် လုပ်ပြီး သတ်သေဖို့ ရွေးချယ်လိုက်သည်။

ဖုန်း ဖုန်း

“တင်း ပစ်မှတ်တစ်ယောက် သတ်လိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၅၀၀၊ နယ်မြေအပို ဆုလာဘ် ကုသိုလ်မှတ် ၅၀၀”

“တင်း ပစ်မှတ်တစ်ယောက် သတ်လိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၅၀၀၊ နယ်မြေအပို ဆုလာဘ် ကုသိုလ်မှတ် ၅၀၀”

အထွတ်အထိပ်ကောင်းကင် နန်းတော်၏ အပြင်ဘက်ရှိ မြေပြင်သည် ကြိုတင်လမ်းရှင်းပြီးသား ဖြစ်သွား၏။ ယခုအချိန်တွင် ပေတစ်ရာခန့် ရှိသည့် လက်ဝါးသဏ္ဌာန် တွင်းနှစ်တွင်းမှအပ ကျန်တာ မကျန်ပေ။ တွင်းပေါက်၏ အလယ်တွင် အသားစပုံ ရှိနေ၏။

လစ်ကနဲပင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွား၏။

ထိုကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်ရပ်ကြောင့် တော်ဝင်နန်းတော်ရှိ သိုင်းပညာရှင်များသည် ချက်ချင်း ရောက်လာသည်။ တာ့ထန်၏ တော်ဝင်နန်းတော်ထဲတွင် သိုင်းပညာရှင်များသည် မိုးကောင်ကင်ထဲရှိ တိမ်တိုက်များပမာ များပြားလှပေ၏။

ထိုသိုင်းပညာရှင်များသည် အပေါက်နှစ်ပေါက်ဘေးသို့ ရောက်သောအခါ အထဲ၌ သူတို့မြင်လိုက်ရသော အရာကြောင့် ရွံ့ရှာကုန်သည်။ သူတို့သည် မျက်တော်တစ်ချက် မခတ်ပဲ ကျင့်ကြံသူများကို သတ်ခဲ့သူများ ဖြစ်လျှင်တောင် ထိုမြင်ကွင်းကို တွေ့သောအခါ မျက်မှောင်မတွန့်ပဲ မနေနိုင်တော့ပေ။

ထိုစဉ် လုကျိုးသည် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ခပ်နှိမ့်နှိမ့် ပျံသန်းနေ၏။ သူသည် ရှားဟို့ရှန်း၏ အရှိန်ကို စိတ်ထဲ အံ့ဩနေတော့သည်။

သူသည် ဆက်လက် ပျံသန်းနေခဲ့ပြီး တော်ဝင်နန်းတော်ရှိ အထိန်းတာ်များ၊ ရံရွှေတော်များကို အာရုံမစိုက်ခဲ့ပေ။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်သူတိုင်း မည်သည့် အသက်အရွယ်ဖြစ်စေ၊ မည်သည့် လိင်အမျိုးအစား ဖြစ်စေ အားလုံးက မြေပြင်ပေါ် လဲပြိုကျကာ ကြောက်လန့်မှုကြောင့် တုန်ယင်ကုန်၏။

ရောက်လာကြသည့် သိုင်းပညာရှင်တစ်ချို့သည် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်သောအခါ ချက်ချင်း လက်လျှော့လိုက်ကြသည်။ လူအများစုသည် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန် ကျင့်ကြံသူသည် ယွီချန်းရှုကို သတ်ခဲ့ကြောင်း ကောလဟာလများက အမှန်ဖြစ်ကြောင်း ယခုမှ ယုံကြည်သွားတော့၏။

လုကျိုးသည် သူ့ဆီမှ ထွက်ပြေးသွားသည့် အရိပ်ကို ကြည့်ပြီး ရွှေရောင် ထိုက်ရွှီကြေးမုံကို ထုတ်လိုက်သည်။ လုကျိုးသည် ကြေးမုံကို ထိုပုံရိပ်ပေါ်လင်းထိန်သွားစေ၏။

အလင်းတန်းသည် ပေါ်ထွက်လာပြီးနောက် ပုံရိပ်ကို ချက်ချင်း လင်းထိန်သွားစေသည်။

ရွှေရောင် ထိုက်ရွှီကြေးမုံကနေ လုကျိုးက ရှားဟို့ရှန်း၏ ခန္ဓာကိုယ်ပေါ်၌ အနက်ရောင် အရိပ်တစ်ခု တွေ့လိုက်ရသည်။

ရုပ်သေး အစေခံနည်းလား။ ထွက်ပြေးရာမှာ ကျွမ်းကျင်တဲ့ ရုပ်သေးလား။

ယွီချန်းရှု၏ ရုပ်သေးသည် ခုခံရာ၌ ကောင်းသည်။ ဓား၊ လှံတို့ ထိုးမပေါက်နိုင်လျှင် ရှားဟို့ရှန်း၏ ရုပ်သေးသည် လေနှင့် အရိပ်ကဲ့သို့ ရွှေ့လျားနေ၏။

ရှားဟို့ရှန်းက တုန်ယင်နေတော့သည်။ သူသည် အလင်းတန်းအောက် ဖော်ထုတ်ခံလိုက်ရသည့် ရုပ်သေးကို ကြည့်ပြီး ကြောက်လန့်နေတော့သည်။

“မြန်မြန် မြန်မြန်”

လုကျိုးသည် ခေါင်းအနည်းငယ် ခါလိုက်၏။ သူရှေ့ဆက် သွားနေလျှင် တော်ဝင်ရုံးတော်၏ နယ်ပယ်ထဲမှ ထွက်ခွာသွားလိမ့်မည်။ သူ ရပ်တန့်ရတော့မှာ ဖြစ်သည်။

ယခုအချိန်တွင် တော်ဝင်ရုံးတော်ထဲမှ လူများစွာသည် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်၏ ထိပ်ကို မြင်နိုင်ပြီ ဖြစ်သည်။

လုကျိုးသည် ဘယ်လက်ကို မြှောက်လိုက်၏။ ခဏအကြာတွင် သူ၏ လက်ထဲ၌ အမည်မဲ့က ပေါ်လာ၏။ အတွေးတစ်ချက်ဖြင့် ၎င်းသည် လေးတစ်ဆင့် အသွင်ပြောင်းလဲသွားတော့သည်။

သူသည် ပွင့်ချပ်ဆယ်လွှာ အဆင့်တွင် ရှိစဉ်က အမည်မဲ့၏စွမ်းအား လွှမ်းမိုးအဆင့် လက်နက်များနှင့် ယှဉ်နိုင်ခဲ့သည်။ ယခု သူ ပိုသန်မာလာသောကြောင့် အမည်မဲ့၏ စွမ်းအားသည် တိုးလာရုံသာ ရှိသည်။ လျော့သွားမှာ မဟုတ်ပေ။

လုကျိုးသည် လူကြီးတစ်ယောက် အရပ်အမြင့် နှစ်ဆခန့်ရှိသည့် လေးကို ကိုင်ဆောင်ထားကာ ညာလက်ဖြင့် စွမ်းအင်မြားကို ဖွဲ့တည်လိုက်သည်။ လေးနှင့်မြား နှစ်ခုသည် သူ ယခင်တုန်းက သုံးခဲ့သည်ထက် ပိုထူ၏။

ဝှစ်

လေထဲ၌ စွမ်းအင်များ ပေါ်ထွက်လာပြီး ပစ်ခွင်းသွားတော့သည်။ ၎င်း၏ ထပ်ဖျားသည် အပြာရောင်အလင်း တောက်ပနေပြီး အထွတ်အထိပ် ဆန်းကြယ်စွမ်းအားများ ရှိနေ၏။

ထိုဖြစ်ရပ်များအားလုံး ပြီးအောင် ဆောင်ရွက်ရန် အသက်တစ်ရှိုက်စာသာ အချိန်ယူခဲ့ရသည်။ သူက လေထဲ လွင့်နေသည့် မြားကို ကြည့်လိုက်သည်။

ထိုစဉ် လေထဲရှိ လေတိုးသံသည် ရှားဟို့ရှန်း၏ အာရုံစိုက်မှုကို ရသွား၏။ သူအသက်အန္တရာယ် ကြုံချိန်၌ ကျောစိမ့်လာ၏။

“နတ်လေးရှင်လား”

သို့သော်ငြား သူ့ရှေ့ရှိ မြို့ရိုးကို မြင်သောအခါ ရှားဟို့ရှန်း၏ မျက်နှာ၌ ပျော်ရွှင်နေသော အမူအရာ ပေါ်လာ၏။

ထိုအတိုင်းပင် ရှားဟို့ရှန်းသည် ပေတစ်ဒါဇင်ခန့် ထူသည့် နံရံကို ဖြတ်ကျော်ပြီး မြို့ရိုးအပြင်ဘက်၌ ပေါ်လာသည်။

ဖြတ်ကျော်ခါနီး အချိန်တွင် အစီအရင်က လင်းလာပြန်၏။

ရှားဟို့ရှန်းက ရွှင်မြူးစွာ ပြောလိုက်၏။

“ငါက ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်ရဲ့ လက်ကနေ လွတ်မြောက်တဲ့ ပထမဦးဆုံးလူ ဖြစ်မှာပဲ”

သူသည် မြင့်မားလှသော မြို့ရိုးကို လှည့်ကြည့်တော့မည် အချိန်၌

ဘန်း

သူ လှည့်လိုက်သောအချိန်တွင် မြင့်မားလှသော မြို့ရိုးကို တစ်ချက် ကြည့်လိုက်မိ၏။ စွမ်းအင်များသည် ပေတစ်ဒါဇင်ခန့်ထူသည့် မြို့ရိုးကို ဖောက်ထွက်လျက် ၎င်းပေါ်ရှိ အစီအရင်ကို ဖျက်ဆီးလိုက်တော့သည်။

စွမ်းအင်များသည် စိုးစဉ်းမျှ နှေးဖင့်သွားခြင်း မရှိပဲ ရှားဟို့ရှန်း၏ နှလုံးကို တိတိကျကျ ထိုးဖောက်သွား၏။

ရှားဟို့ရှန်းသည် နာကျင်မှုကြောင့် သူ၏ခန္ဓာကိုယ်သည် တောင့်တင်းသွားတော့သည်။

“ ... “

ရှားဟို့ရှန်း၏ မျက်နှာပေါ်တွင် အံဩဆွံ့အသည့် အမူအရာကို မြင်နေရသည်။ သူက နံရံရှိ အပေါက်ကိုသာ စိုက်ကြည့်နေသည်။ အပေါက်ထဲကနေ အထွတ်အထိပ်ကောင်းကင် နန်းတော်ထဲကိုတောင် မြင်နေရသည်။ ယင်းက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ၎င်းသည် မည်သို့မြားမျိုးနည်း။

ခဏအကြာတွင် ရှားဟို့ရှန်းက ခေါင်းကိုငုံံ့ထားလျက် သူ၏ရင်ဘတ်၌ ကပ်တွယ်နေသော မြားကို ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ သွေးများ ခမ်းခြောက်နေပြီး ပန်းထွက်နေတာကို ခံစားမိသည်။

တစ်ချိန်တည်းတွင် စွမ်းအင်မြား ထိပ်ဖျားရှိ အပြာရောင်အလင်းသည် ရှားဟို့ရှန်း၏ နောက်၌ ပျောက်ကွယ်သွားသည်။ တစ်ဖက်တွင်မူ စွမ်းအင်များက မပျောက်သွားပေ။

“ဗြစ် ဗြစ် ဗြစ်”

ရှားဟို့ရှန်းသည် သူ၏ ခန္ဓာကိုယ်ထဲရှိ ရုပ်သေးကို စိတ်ပျက်အားငယ်စွာ ဆော်ဩလိုက်၏။ သူ၏ရုပ်သေးမှာ လှုပ်ရှားမှု မရှိပေ။ ဖော်ပြ၍ မရသော အကြောက်တရားသည် သူ့ရင်ထဲ၌ ပေါ်ထွက်လာ၏။

ရုပ်သေး သေသွားပြီလား။

ရှားဟို့ရှန်းသည် ယင်းက မည်သို့ ဖြစ်နိုင်မည်မှန်း မသိပေ။ ရုပ်သေး သေသွားခဲ့လျှင် သူအဘယ်ကြောင့် ရင်နာမည်နည်း။ မည်သို့ပင်ဆိုစေ သူ့၌ နောက်ဆုံးထွက်သက် ကျန်သေးသည်ဟု ခံစားရကာ ထွက်ပြေးချင်သည်။

ထိုစဉ် လုကျိုး၏ ထူးမခြားနားအသံက ပေါ်ထွက်လာ၏။

“ငါ့ဆီကနေ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး”

“တင်း ရုပ်သေးတစ်ကောင် သတ်လိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၆၀၀၀”

ရုပ်သေးသည် မွေးဖွားဇယားချက်နှင့် မတူညီနပေ။ ရုပ်သေးသည် သူ၏သခင်၏ အသက်ကို ရှည်စေပြီး သူတို့သခင်ကို ခံနိုင်ရည်ရှိစေ၏။ သို့သော်ငြား အကြွင်းမဲ့ခွန်အားနှင့် ရင်ဆိုင်ရချိန် ရုပ်သေးက သူ့အသက်ကို စတေးလျှင်တောင် ထိခိုက်မှု အားလုံးကို စုပ်ယူနိုင်မှာ မဟုတ်ပေ။

ရှားဟို့ရှန်း၏ ဒဏ်ရာမှ သွေးများ ဆက်တိုက် ပန်းထွက်နေ၏။ သူသည် မြို့ရိုးရှေ့တွင် ရပ်နေသည့် သူတော်စင်ကဲ့သို့ အဘိုးအိုကို ကြည့်လိုက်သည်။

လုကျိုးသည် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်မှ ဆုတ်ခွာလျက် သူ၏လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

စွန့်ပစ်ခံ ဉာဏ်ပညာအတွက် သင်္ကေတများသည် လက်ချောင်း နားတစိုက်၌ ပေါ်လာပြီးနောက် ရွှေရောင်လက်ဝါး စည်းတံဆိပ်ကို ပစ်ထုတ်လိုက်သည်။

ဖုန်း

ယင်းသည် မြေပြင်ပေါ် မပြုတ်ကျသွားပဲ လူကြီးတစ်ယောက် အရပ်အမြင့်ဆီ ဦးတည်သွား၏။

အနီးရှိ အဆောက်အအုံများကို စွမ်းအင်လှိုင်းများ ရိုက်ခတ်သွားသည်။

ကံကောင်းသည်မှာ အနား၌ လူများစွာ မရှိပေ။ မည်သို့ပင်ဆိုစေ ရုတ်ရုတ်သဲ့သဲ့ ဖြစ်ရပ်ကြီးသည် အနီရောင်ကြာ ကျင့်ကြံသူများစွာကို အာရုံစိုက်မိသွားစေ၏။ သူတို့သည်လည်း အဝေးကနေ လှမ်းကြည့်ရင်း ဆွေးနွေးနေကြ၏။ မည်သူမှ အနားမကပ်ရဲချေ။

“နန်းတော်မြို့ရိုးပေါ်က အဘိုးကြီးက ဘယ်သူလဲ”

“မြေပြင်ပေါ်မှာ တစ်ယောက်ယောက် ရှိနေတယ်”

“မဟုတ်ဘူး နေဦး မြေပြင်ပေါ်မှာ လူနှစ်ယောက်”

တစ်ချိန်တည်းတွင် လုကျိုးက လက်ဝါးရိုက်ချက်သည် ရှားဟို့ရှန်း၏အသက်ကို သေချာပေါက် နုတ်ယူနိုင်သည်ဟု ထင်ခဲ့သည်။ ဖုန်မှုန့်များ လွှင့်ပြယ်သွားချိန်၌ သူက ငုံ့ကြည့်လိုက်၏။

ရှားဟို့ရှန်းဘေး၌ လူတစ်ယောက် ရပ်နေသည်။ သူက လက်နောက်ပစ်ထားလျက် မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။

“ငါတို့ ထပ်တွေ့ကြပြန်ပြီ”

…

အခန်း (၉၀၂) သူက ပိုပြီးတော့တောင် အားကောင်းလာတဲ့ပုံပဲ

လုကျိုးက တခြားသူ၏ သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရစဥ် အံ့သြခြင်း မရှိပေ။ ယီယောင်မှလွဲ၍ ရှားဟို့ရှန်းအတွက် သေစေလောက်သည့် လက်ဝါးချက်ကို မည်သူကများ တားဆီးနိုင်မည်နည်း။

ယီယောင်က နောက်ထပ် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ကောင်းကင်ကို ချိန်ရွယ်လိုက်၏။ သူ့တခြားလက်တစ်ဖက်ကမူ ကျိုးသွားလေသည်။

ထိုစဥ် ရှားဟို့ရှန်း၏ ရင်ဘတ်ရှိ စွမ်းအင်မြားက ပျောက်ကွယ်သွား၏။ သူ့မျက်နှာအထက် ပျော်ရွှင်သည့် အမူအရာမျိုး ပေါ်ထွက်လာကာ ဒဏ်ရာရ ရင်ဘတ်ကို ဖိလိုက်ရင်း ဒူးတစ်ဖက် ထောက်ကာ ပြောလိုက်သည်။

“အရှင်ယီ ကျွန်တော်အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ထင်ထားသည့်အတိုင်း ယီယောင်က မြို့တော်မှ လူများနှင့် ပူးပေါင်းထားလေ၏။

လုကျိုးက အံ့အားသင့်ခြင်း မရှိပေ။ သူက ယီယောင်နှင့် ရှားဟို့ရှန်းကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။ စွမ်းအင်မြားက အနည်းငယ် လိုအပ်နေလေ၏။ မဟုတ်ပါက ဒီအရာသည် လူ ၂ယောက်ကို တစ်ခါတည်း သတ်နိုင်လောက်သည်။ ရုပ်သေးရုပ်တွင် အသက်များစွာ ရှိသည်ကိုသာ အပြစ်တင်ရမည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်က အထွတ်အထိပ် ဆန်းကြယ်စွမ်းအား၏ စမ်းသပ်မှု အသေးစားလေးသာ ဖြစ်၏။

ထိုစွမ်းအင်မြားဖြင့် လုကျိုးက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားအပေါ် အကြမ်းဖျင်း မှန်းဆနိုင်သွားသည်။

ထိုစဥ် ယီယောင်က ရှားဟို့ရှန်းကို ကြည့်ကာ ပြောလိုက်သည်။

“မင်းက တကယ်ကို အသုံးမကျတာပဲ။ ဒီမြားတောင် မရှောင်နိုင်ဘူးလား။ ငါက မင်းကို အဲဒီရုပ်သေးရုပ် ပေးခဲ့တယ်ဆိုတာကို တွေးကြည့်လိုက်ရင် ... “

“အ … အရှင်ယီ ကျွန်တော်က ... “

“ထွက်သွားစမ်း” ယီယောင်က အော်ပြောလိုက်သည်။

ရှားဟို့ရှန်း၏ ဒဏ်ရာများက ပြင်းထန်လွန်းလှသည့်အတွက် လမ်းမနည်းလျှောက်နိုင်ရုံမျှသာ ဖြစ်၏။ သူက ခန္ဓာကိုယ်ကို ဘေးဘက် ဖြည်းဖြည်းချင်း တရွတ်ဆွဲသွားလိုက်သည်။

လုကျိုးက မုတ်ဆိတ်သပ်ကာ ယီယောင်အား ငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ယီယောင်လား။ မင်းကို ဒီမှာတွေ့ရမယ်လို့ ထင်မထားဘူး။ အတော်လေး ကျေနပ်မိသား”

ဤသည်က အမှန်တကယ် အံ့သြဖို့ ကောင်းပေသည်။ လုကျိုးက သူသည် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို စမ်းသပ်ဖို့ မလုံလောက်မည်ကို စိုးရိမ်နေခဲ့၏။

ယီယောင်က သူ့လက်ကို ပြန်ရုတ်သိမ်းကာ မေးလိုက်သည်။

“မွေးဖွားဇယားချပ် ၂ခုနဲ့ သူတွေက ဘယ်တုန်းကများ အဲဒီလောက် မောက်မာလာရတာလဲ”

လုကျိုးက ပြောလိုက်သည်။

“ကြည့်ရတာ အရင်တစ်ခေါက် ပေးခဲ့တဲ့ သင်ခန်းစာက မလုံလောက်သေးဘူးပဲ”

ယီယောင်က ပြန်လည်ချေပလိုက်၏။

“အဲဒီတစ်ခေါက်က သတိလက်လွတ်ဖြစ်သွားရုံပဲ”

လုကျိုးက ပြောလိုက်သည်။

“မင်းရဲ့ မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးလိုက်တော့ ၄ခုပဲ ကျန်တော့တာမလား။ ငါ့အတွက် ဘယ်လိုလုပ် ပြိုင်ဘက်ဖြစ်မှာလဲ”

“မွေးဖွားဇယားချပ် ၄ခုက မင်းရဲ့ ၂ခုကို ဖြေရှင်းဖို့ လုံလောက်တယ်။ မင်းက အဲဒီရဲရဲနီ ရစ်ငှက်ရဲ့ အသက်ဓာတ် နှလုံးသားကို အသုံးပြုနိုင်မဲ့နည်းလမ်း ရှိမှာ မဟုတ်ဘူး။ အဆုံးသတ်တော့ ငါ့ဆီ ပြန်ပေးရမှာပဲ”

လုကျိုးက ခေါင်းအသာယမ်းကာ ပြောလိုက်သည်။

“တုံးအလိုက်တာ”

ယီယောင်က မျက်မှောင်ကြုတ်ကာ “ငါ့ကို ငတုံးလို့ ခေါ်တာလား”

လုကျိုးက မုတ်ဆိတ်သပ်ရင်း ငုံ့ကြည့်လိုက်သည်။

“အော် မင်းက ကောင်းကင်ဘုံ မသွားချင်ဘဲနဲ့ ငရဲပဲ ခုန်ဆင်းချင်နေတာကို”

“လျှောက်ပြီး လေပေါမနေနဲ့။ ဒီနေ့ မင်းအသက်ကို မယူရရင် ငါ့နှလုံးသားက အမုန်းတရားကို ချေဖျက်နိုင်မှာ မဟုတ်ဘူး။ မင်းက ငါ့မွေးဖွားဇယားချပ် ၁ခုကို ဖျက်ဆီးပစ်တယ်ဆိုမှတော့ မင်းရဲ့ မွေးဖွားဇယားချပ် အားလုံးကို ဖျက်ဆီးပစ်ရမယ်” ယီယောင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

ဘန်း

ယီယောင်က ခြေစောင့်ကန်ကာ လုကျိုးရှိသည့် ဝေဟင်ထဲ ရောက်ရှိလာသည်။

ထိုအမြန်နှုန်းကို မြင်ကာ အဝေးမှ ကျင့်ကြံသူများက မျက်လုံးအပြူးသား ဖြစ်သွားကြ၏။

...

ထိုစဥ် အထွတ်အထိပ် ကောင်းကင်နန်းဆောင်တွင် ကျင့်ကြံသူများစွာ ရောက်ရှိလာကြသည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့သားများ၊ လီယွင်ကျန်းနှင့် အရာရှိများကလည်း အထွတ်အထိပ် ကောင်းကင်နန်းဆောင်ဆီ ရောက်ရှိလာကြသည်။

အားလုံးက မြေပြင်ပေါ်မှ လက်ဝါးရာ တွင်းနက်ကြီးကို မြင်လိုက်ရပြီး တုန်တုန်ယင်ယင် ဖြစ်သွားကြ၏။

ထိုစဥ် မင်းဆရာ ကောကျန်းဖျင်က မသိနားမလည်၍ မေးလိုက်သည်။

“လုချန်းပေ့က ဘာလုပ်နေတာလဲ”

“မေးဖို့ လိုလို့လား။ ကျိချန်းပေ့က လုပ်ကြံသတ်ဖြတ်သူကို ဖမ်းဆီးနေတာပေါ့။ ခင်ဗျားက ဘာမှမသိပါဘူး” သူ့ဓားကို ကိုင်ဆောင်ထားသည့် ကျန်းအိုက်ကျန့်က ဝင်ပြောလိုက်သည်။

“အား ပြည်သူတွေကပါ ဘယ်လိုလုပ် ဒီရောက်နေတာလဲ။ နောက်ဆုတ်ကြ။ နန်းဆောင်က ပညာရှင်တွေက မင်းကို ဘေးကင်းအောင် ထားထားလိမ့်မယ်။ အဲဒါက ကျိချန်းပေ့ မဟုတ်ဘူး လုချန်းပေ့” ကောကျန်းဖျင်က ပြောလိုက်သည်။

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်”

တခြားတစ်ဖက်တွင် လီယွင်ကျန်း၊ ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် စီးဝူယာ့တို့က ရှေ့ဆုံးတွင် ရပ်ကာ ယီယောင် ပျံသန်းထွက်လာသည်ကိုသာ ကြည့်နေကြသည်။

ယီယောင်က နန်းဆောင်ရှေ့မှောက် ရောက်လာသည့်အခါ လက်ဝါးချက် ရိုက်ထုတ်လိုက်၏။

လုကျိုးက ယီယောင်၏ တိုက်ကွက်ကို လက်ဝါးတစ်ချက်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

ဘန်း

ရွှေရောင်နှင့် အနက်ရောင် လက်ဝါးစည်းတံဆိပ်တို့က ထိပ်တိုက်တွေ့ဆုံသွား၏။

အားလုံးက တအံ့တသြ ရေရွတ်လိုက်ကြသည်။

“အနက်ရောင်ကြာပဲ”

“အနက်ရောင်ကြာ”

အရာရှိများက ကျန်းယွမ်ရန်ကို ထောက်ခံပေးသည့် အကြောင်းရင်းတစ်ချက် ရှိလေသည်။ လျို့ဝှက်အနက်ရောင်ကြာနယ်မြေ ဖြစ်၏။ အနက်ရောင်ကြာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ကောင်းကင်ချားတောင်နယ်နိမိတ်ဝန်းကျင်တွင် ပေါ်ထွက်လာသည်ဟု ကောလဟာလများ ထွက်ပေါ်လာသော်လည်း မည်သူကမှ တိုင်းပြည်ရေးရာ ကြေညာချက်ခန်းမရှေ့ မပြောရဲကြပေ။ အနက်ရောင်ကြာ ကျင့်ကြံသူက အဆုံးသတ်တွင် ပေါ်ထွက်လာလိမ့်မည်ဟု မည်သူကများ ထင်ထားမည်နည်း။

“ဆရာဘိုးဘိုး” လီယွင်ကျန်းက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

“မစိုးရိမ်နဲ့” စီးဝူယာ့က လှည့်ကာ ပြောလိုက်ပြီး လှမ်းခေါ်လိုက်သည်။

“တာ့ရှစ်ရှိုး အာ့ရှစ်ရှိုး”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် ဘေးတစ်ဖက်တစ်ချက်သို့ လျှောက်လှမ်းသွားကြသည်။

...

ထိုစဥ် လုကျိုးက ယီယောင်၏ တိုက်ကွက်ကို ရင်ဆိုင်ဖို့ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို အသုံးမပြုဘဲ သူ့ကျင့်ကြံဆင့်ကိုသာ အသုံးပြု၍ တိုက်ခိုက်လိုက်သည်။

လက်ဝါးချက် ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက်တွင် လုကျိုးက ဧရာမ အားလှိုင်းတစ်ခု သူ့ဆီ ကျရောက်သလို ခံစားလိုက်ရ၏။

ဝှစ် ဝှစ်

ပြိုင်ဘက် ၂ယောက်က သူတို့၏ စိတ်ဝိညာဥ်သဏ္ဌာန်ကို တစ်ပြိုင်နက် ဖော်ထုတ်လိုက်ကြသည်။

ရွှေရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ပေ ၄၀၀ မြင့်မားစဥ် အနက်ရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ပေ ၄၅၀ မြင့်မား၏။

ထိုအရာကို မြင်ကာ အားလုံးက စိတ်လှုပ်ရှားလာပြီး သွေးများပင် ဆူပွက်လာသလို ခံစားလိုက်ရသည်။သို့သော်လည်း မျက်လုံးကောင်းသည့် သူများကမူ စိုးရိမ်သည့် အမူအရာများ ရှိလာကြသည်။ သူတို့က ကြယ်တာရာ ဒိုင်ခွက်နှင့် မွေးဖွားဇယားချပ် အရေအတွက်ကြား ကွာဟချက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြ၏။ ထိုအချက် ၂ခုတည်းကပင် အနက်ရောင်ကြာ ကျင့်ကြံသူက ပိုမိုအားကောင်းကြောင်း သိသာလှသည်။

ယီယောင်က သူ့လက်ဝါး စည်းတံဆိပ် လုကျိုး၏ လက်ဝါး စည်းတံဆိပ်ကို တွန်းထုတ်လိုက်ပြီးသည့်နောက်တွင် ခပ်မြင့်မြင့် ပျံသန်းလိုက်သည်။

အားလုံးက အသက်အောင့်ကာ ကြည့်နေကြ၏။ သူတို့က ဤသို့ မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးကြပေ။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ၂ခု ထိပ်တိုက်တွေ့ဆုံသည်မှာ မည်မျှရှားပါးသည့် မြင်ကွင်း ဖြစ်မည်နည်း။ ထိုမြင်ကွင်းမှ အကြည့်လွဲဖို့ပင် ခက်လှသည်။

ထိုစဥ် ယီယောင်က မျက်မှောင်ကြုတ်လိုက်ပြီး

“မွေးဖွားဇယားချပ် ၃ခုလား။ ဘယ်လိုလုပ်လိုက်တာလဲ”

ယီယောင်က လုကျိုးသည် ရဲရဲနီရစ်ငှက် အသက်ဓာတ် နှလုံးသားကို အသုံးပြုနိုင်ခဲ့သည်ကို မည်သို့စိတ်မရှုပ်ထွေးဘဲ နေမည်နည်း။

“ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကတိပေးမယ်ဆိုရင် ဖြေပေးမယ်” လုကျိုက နောက်ပြန်ပျံသန်းလိုက်သည်။

“ကံဆိုးတာက မွေးဖွားဇယားချပ်တွေက မလုံလောက်သေးဘူး” ယီယောင်က ပြောလိုက်သည်။ နောက်အခိုက်အတန့်လေးတွင် သူ့ကမ္ဘာဦးချီက ထွက်ပေါ်လာပြီး အမိုးခုံးတစ်ခု ဖြစ်ပေါ်လာသည်။

လုကျိုးက ယီယောင်သည် သူ့ရှေ့ပေါ်ထွက်လာဖို့ မည်သည့်အရာက ယုံကြည်ချက် ရလာသလဲဟု စဥ်းစားနေမိ၏။ သူက ထိုကိစ္စကို ကြာကြာမစဥ်းစားဘဲ ပြောလိုက်သည်။

“သွား”

လုကျိုး၏ လက်က အပြာရောင် အလန်းတန်း တောက်ပလာကာ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို အသုံးပြုပြီး လက်ဝါးကို ဖိချလိုက်သည်။

“မင်းက မောက်မာလွန်းတယ်”

ယီယောင်က ထိုက်တောင်တန်း သူ့ဆီ ကျရောက်လာသလိုမျိုး ဖိအားပြင်းပြင်းကို ရုတ်ခြည်းခံစားလိုက်ရ၏။ ကောင်းကင်ချားတောင်ကြားအောက် သူ ခံစားခဲ့ရသည့် ဖိနှိပ်ခံ ခံစားချက်က တစ်ဖန်ပြန်လည် ပေါ်ထွက်လာသည်။ ပို၍ အရေးကြီးသည်က ထိုဖိနှိပ်ထားခံရသည့် ခံစားချက်သည် ယခင်ထက်ပင် ပိုမိုအားကောင်းလာလေ၏။

ဘန်း

ယီယောင်က သူ့အမှားမှ သင်ယူခဲ့သည်။ ထိုသို့ဆိုလျှင်ပင် သူက လက်ဝါးချက်ကို ရိုက်ထုတ်လိုက်သောကြောင့် အဖိခံလိုက်ရသည်။ သူက ကြယ်ကြွေလာသလိုမျိုး ပြုတ်ကျလေ၏။

ဝုန်း

ယီယောင်က မြေပြင်ပေါ် အပြင်းအထန် ကျရောက်လာပြီး ဖုန်မှုန့်များ ထသွားစေသည်။

ထိုစဥ် လုကျိုးက ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။ သူ့လက်ဝါးချက်၏ အင်အားက အမည်မဲ့ကို လေးအဖြစ် ပစ်ခတ်လိုက်စဥ်အခါကထက် အနည်းငယ် ပိုသုံးထားသည်။ သူက ရလဒ်သည် ကျေနပ်ဖို့ ကောင်းသည်ဟု ထင်မိ၏။

ယီယောင်က မော့ကြည့်ကာ ပြောလိုက်သည်။

“တကယ့်ကို လှည့်ကွက်ကောင်းပဲ”

ထိုစဥ် ရှားဟို့ရှန်းက အော်ပြောလိုက်သည်။

“အရှင်ယီ သတိထား”

လုကျိုးက ပြောလိုက်သည်။

“ယီယောင် ငါ့အမြင်မှာ မင်းက သေလူ ဖြစ်ပြီးသားပဲ”

“အဲဒီလိုလား။ အဲဒါဆိုရင်လည်း သတ်ကြည့်လိုက်လေ” ယီယောင်က သူ့လက်ကို ရုတ်ခြည်းဆွဲယူသည့် အမူအရာမျိုး ပြုမူလိုက်သည်။

ဤသို့ဖြင့် ရှားဟို့ရှန်းက သူ့ခန္ဓာကိုယ် ထိန်းချုပ်မှု ပျောက်ဆုံးသွားပြီး ချက်ချင်းဆိုသလို လွင့်ထွက်သွား၏။ သူက ကြောက်ကြောက်လန့်လန့် အော်ပြောလိုက်သည်။

“အရှင်ယီ ဘာလုပ်နေတာလဲ”

ရှားဟို့ရှန်းက ယီယောင်ရှေ့ ရောက်ရှိလာသည့်အခါ ယီယောင်က ရှားဟို့ရှန်းကို လည်ပင်းမှ ကိုင်စွဲပြီး ကောင်းကင်ဆီ ဆွဲခေါ်သွားသည်။ တစ်ခုတည်းသော ခြားနားချက်က ဤတစ်ကြိမ် တစ်စုံတစ်ယောက်က သူ့ကို ခေါ်ဆောင်သွားခြင်း ဖြစ်၏။ သူက အမြင့်တစ်နေရာ ရောက်ရှိသည့်အခါ သူ့စိတ်ဝိညာဥ်သဏ္ဌာန်အောက်ရှိ ကြယ်တာရာ ဒိုင်ခွက်သည် စတင်လည်ပတ်လာသည်။

“ဟမ်”

လုကျိုးက စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်၏။ သူက ယီယောင်သည် ရှားဟို့ရှန်းကို ကောင်းကင်အထက် ခေါ်ဆောင်သွားသည့် အကြောင်းအရင်းကို နားမလည်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက ကြယ်တာရာ ဒိုင်ခွက်ပေါ်ရှိ တြိဂံများ လင်းလက်လာသည်ကို မြင်လိုက်ရစဥ် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ထုတ်သုံးဖို့ တုံ့ဆိုင်းခြင်း မရှိပေ။

မဟာအမှောင် ကောင်းကင်လက်ဝါး

တစ်ချိန်တည်းဆိုသလို အနက်ရောင် ကြယ်တာရာ ဒိုင်ခွက်မှ မဟူရာ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

“အား” ဒဏ်ရာအပြင်းအထန် ရရှိထားသည့် ပွင့်ချပ်ဆယ်လွှာ ရှားဟို့ရှန်းသည် နာကျင်မှုပြင်းထန်စွာဖြင့် အော်ညည်းလိုက်ရသည်။

“သွားတော့” ယီယောင်က အော်ပြောလိုက်ပြီး ရှားဟို့ရှန်းကို တွန်းလွှတ်လိုက်၏။

ဝုန်း

အလင်းတန်းက ရှားဟို့ရှန်းအပေါ် ဖြာကျလာပြီးသည့်နောက်တွင် သူက အပြာရောင် လက်ဝါးစည်းတံဆိပ်နှင့် ထိပ်တိုက်တွေ့ဆုံသွားပြီး သွေးမြူအဖြစ် ပေါက်ကွဲထွက်သွားသည်။

“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၅၅၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”

ယီယောင်က မျက်မှောင်ကြုတ်လိုက်၏။ သူ့ကြယ်တာရာ ဒိုင်ခွက်မှ အလင်းတန်းကို တစ်စုံတစ်ခုက ဖိနှိပ်ထားဟန်ပေါ်သည်။ ထို့နောက် သူက သွေးမြူများကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူက မွေးဖွားဇယားချပ် စွမ်းအားကို အသုံးပြု၍ ရှားဟို့ရှန်း၏ စွမ်းအားကို မြှင့်တင်ပေးခဲ့သည်။ ထို့အပြင် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူအနေဖြင့် ရှားဟို့ရှန်းက အစကတည်းက အားမနည်းပေ။ လုကျိုးနှင့် ရင်ဆိုင်သည့်အခါ ရှားဟို့ရှန်းက လက်ရည်တူ သို့မဟုတ် အရေးသာချက်ပင် ရှိနေနိုင်သည်။

ထိုစဥ် ယီယောင်က သွေးမြူများဆီမှ အန္တရာယ်ဖြာထွက်လာသည်ကို ခံစားမိလိုက်သည်။ ထို့နောက် အပြာရောင် လက်ဝါးစည်းတံဆိပ်က သွေးမြူများကို ဖြတ်ကာ သူ့မွေးဖွားဇယားချပ် စွမ်းအား၏ အလင်းရောင်ကို တားဆီးနေသည်ကို မြင်လိုက်ရသည်။ ထိုအလင်းတန်းအားလုံး လုပ်နိုင်သည်က ထိုလက်ဝါးချက်ကို နှေးကွေးသွားစေနိုင်ရုံမျှသာ ဖြစ်၏။

သွားပြီ ...

ယီယောင်က လုကျိုး၏ အပြာရောင် လက်ဝါးစည်းတံဆိပ်သည် ယခင်ထက် ပိုမိုအားကောင်းလာကြောင်း တွေ့ရှိသွား၏။ အရောင်ကပင် ယခင်ထက် ပိုမိုရင့်လာဟန်ပေါ်ပြီး ကောင်းကင်ရောင်ကဲ့သို့ ဖြစ်နေသည်။ သူက စိတ်ရှုပ်ထွေးစွာဖြင့် တွေးလိုက်မိသည်။ လူတစ်ယောက်က အချိန်တိုတွင်း မည်မျှအားကောင်းလာနိုင်မည်နည်း။

ယီယောင်က ရှောင်ရှားတော့မည့်ဆဲဆဲတွင် လက်ဝါးစည်းတံဆိပ်က ရုတ်ခြည်းဆိုသလို အရွယ်အစား ကြီးမားလာကြောင်း သဘောပေါက်သွားခဲ့၏။

ဝုန်း

လက်ဝါးစည်းတံဆိပ်က ယီယောင်ပေါ် ကျရောက်လာသည်။ သူက ရှောင်ရှားဖို့ အချိန်ပင် မရှိလိုက်ပေ။

မဟာအမှောင် ကောင်းကင်လက်ဝါးက ယီယောင်၏ ခန္ဓာကိုယ်အပေါ် ကျရောက်လာသည်။

တစ်ချိန်တည်းဆိုသလို ယီယောင်၏ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က သူနှင့် မပေါင်းစပ်ခင် ကျုံ့သွားလေ၏။ ထို့နောက် စူးစူးဝါးဝါး အသံတစ်ခု ထွက်ပေါ်လာသည်။

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၆၀၀၀ ရရှိပါတယ်”

ဝုန်း

လက်ဝါးချက်က မြေပြင်ပေါ် ကျရောက်သည်အထိ ဖိနှိပ်လိုက်သည်။

...

အဝေးမှ ကြည့်နေသည့် ကျင့်ကြံသူများက ဧရာမ လက်ဝါးကြီးကို မြင်သည့်အခါ အသက်အောင့်လိုက်ပြီး မယုံကြည်နိုင်စွာ ဖြစ်နေကြသည်။ လူအများစုက စိတ်ရှုပ်ထွေးနေကြ၏။ ဘယ်နေရာကကြည့်ကြည့် အနက်ရောင်ကြာ ကျင့်ကြံသူက ပိုမိုအားကောင်းမှန်းသိသာလှသည်။ သို့သော်လည်း အဘယ့်ကြောင့် လူအိုကြီးက တစ်ချိန်လုံး အရေးသာနေခဲ့သနည်း။ လက်ဝါးစည်းတံဆိပ်က အနက်ရောင်ကြာ ကျင့်ကြံသူကို အမှန်တကယ် သင်ခန်းစာတစ်ခု ပေးခဲ့သည်။

...

လီယွင်ကျန်းက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။

“မဟာအမှောင် ကောင်းကင်လက်ဝါး”

“မဟာအမှောင် ကောင်းကင်လက်ဝါးက လက်နက်အမျိုးမျိုးနဲ့ အသုံးပြုလို့ရတဲ့ ထူးခြားတဲ့ ကျင့်ကြံရေး နည်းစနစ်တစ်ခုပဲ။ မင်းရဲ့ အကြီးဆုံး ဆရာဦးလေးက ဒီနည်းစနစ်ကို ထုတ်ဖော်ဖို့ ဓားမော့ကို အသုံးပြုတယ်” စီးဝူယာ့က ပြောလိုက်သည်။

“ဆရာဘိုးဘိုး ဒီနည်းစနစ်ကို အသုံးပြုရင် ပင်လယ်ကြီးလိုမျိုး ခံစားရပြီးတော့ အကြီးဆုံး ဆရာဦးလေး အသုံးပြုရင် ဆီးအိုင်လိုမျိုးပဲ” လီယွင်ကျန်းက ပြောလိုက်၏။

“ဟမ်” စီးဝူယာ့က လီယွင်ကျန်းကို စိုက်ကြည့်လိုက်သည်။

လီယွင်ကျန်းက သူ့ပါးစပ်ကို ပိတ်ရိုက်ကာ အလျင်အမြန် ပြောလိုက်၏။

“ကျွန်တော် မှားပြောသွားတာပါ။ ခွင့်လွှတ်ပေးပါ”

သို့သော်လည်း စီးဝူယာ့က ပြောလိုက်သည်။

“ဒီဖော်ပြချက်က အကြမ်းထည်ဆန်ပေမဲ့ မှန်တယ်။ ဒါပေမဲ့ မင်းရဲ့ ဆရာဦးလေးရှေ့မှာ မပြောဖို့ မှတ်ထား”

“ဟုတ်ကဲ့ပါ”

...

လုကျိုးက နန်းတော်တံတိုင်းပေါ် ဖြည်းဖြည်းချင်း ကျရောက်လာသည်။ သူက မုတ်ဆိတ်သပ်ကာ ငုံ့ကြည့်လိုက်၏။ သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားနှင့် ပတ်သက်ပြီး အလွန်ကျေနပ်နေမိသည်။ ထိုလက်ဝါးချက်က ယီယောင်၏ မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။

ဖုန်မှုန့်များ ကင်းစင်သွားသည့်အခါ လုကျိုးက မြေပြင်ပေါ် လဲလှောင်းပြီး သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေသည့် ယီယောင်ကို မြင်လိုက်ရသည်။

“မင်းဆီမှာ မွေးဖွားဇယားချပ် ၃ခုပဲ ကျန်တော့တယ်။ ငါ့ကို ရန်စဖို့ ဘယ်နေရာကများ သတ္တိရလာတာလဲ သိချင်မိသား”

…

အခန်း (၉၀၃) အကြွင်းမဲ့ သုညသက်ရောက်မှု

ယီယောင်သည် အနီရောင် ကြာနယ်မြေကို လွှမ်းမိုးနိုင်ရန် လုံလောက်အောင် သန်မာပေး၏။ သို့သော် လုကျိုး ယခင်က မြင်ထားပုံအရ ယီယောင်သည် သတိကြီးသည့် လူတစ်ယောက် ဖြစ်သည်။ လုံလောက်သည့် ယုံကြည်ချက် မရှိဘဲ သူ့ကို ယီယောင်က မည်ကဲ့သို့ ရန်ထပ်စမည်နည်း။

ထို့ကြောင့် လုကျိုးကလည်း အလွန် သတိထားနေသည်။ သူသည် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို အသုံးပြုနိုင်လျှင် ၎င်းကို အသုံးပြုမှာ ဖြစ်သည်။ သူသည် ယီယောင်ကို မွေးဖွားဇယားချက် ရှစ်ခုရှိသည့် ရန်သူကဲ့သို့ သ‌ဘောထား၏။

ယီယောင်သည် သူ၏မျက်နှာက သစ်ခေါက်ကဲ့သို့ ရှုပ်မဲ့နေကာ သူ၏နူတ်ခမ်းထောင့်မှ သွေးစီးကျလာလျက် နာကျင်စွာ ငြီးတွားလိုက်သည်။ နောက်ထပ် မွေးဖွားဇယားချက် ဆုံးရှုံးခြင်းသည် သူ့ကို ဒေါသထွက်စေ၏။ သူ သတိလက်လွတ် နိုင်ခဲ့သောကြောင့် ဟူ၍ ဖြည့်တွေးချင်သော်ငြား ဤအဘိုးအိုကို သူသည် ကောင်းကင်ချား အက်ကွဲဒေသထဲတွင် တစ်ခါ တိုက်ခိုက်ခဲ့ပြီး ဖြစ်၏။ သို့သော်ငြား လက်တွေ့တွင်မူ ဤအဘိုးအိုသည် သူမှန်းဆထားသည်ထက် သန်မာပုံ ရ၏။ သူ မဖော်နိုင်သလို နားလည်း မလည်ပေ။ အဘိုးအိုသည် မွေးဖွားဇယားချက် သုံးခုသာ ရှိသည်။ သို့သော် အဘိုးအို၏ ခွန်းအားသည် မွေးဖွားဇယားချက် ခြောက်ခုဖြင့် လူများထက် ပိုတောင် လွှမ်းမိုးနိုင်စွမ်း ရှိသည်။ ယင်းက ယုတ္တိမရှိ ကျိုးကြောင်း မသင့်ပေ။

ယီယောင်သည် နောက်ထပ် သွေးတစ်ဗွက် အန်လိုက်ရ၏။ သူသည် နောက်ပြန်လန်ကျ သွားပြီး မွေးဖွားဇယားချက် သုံးခု၊ ဘုံတစ်ထောင်‌လေပွေ ကျင့်ကြံသူတစ်ယောက် ဖြစ်လာတော့သည်။

ယီယောင်သည် မြေပြင်ပေါ်တွင် လှဲနေ၏။ သူသည် မြစ်ရိုးပေါ်၌ ရပ်နေသော အဘိုးအိုကို မြင်ရန် ခေါင်းမော့ဖို့ မလိုခဲ့ပေ။

သတ္တိလား၊ ယုံကြည်ချက်လား ယီယောင်က ရယ်မောလိုက်၏။

“ကုန်လွန်ခဲ့တဲ့ နှစ်တွေမှာ ဒီနေ့လို သနားစရာ အခြေအနေမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ခင်ဗျားက ဒါမျိုး ပထမဆုံး ဖြစ်စေခဲ့တဲ့သူ ပြီးတော့ ခင်ဗျားကပဲ နောက်ဆုံးဖြစ်မှာ။ ငါ့ရဲ့ သတ္တိ ဘယ်ကလာလဲ မင်း သိချင်တယ်မလား။ ဒါဆို မင်းကို ပြလိုက်မယ်”

ပြီးနောက် ယီယောင်သည် မြေပြင်ကို လက်တစ်ဖက်ဖြင့် ရိုက်ချလိုက်ပြီးနောက် ဖုတ်ကောင် တစ်ကောင်ကဲ့သို့ ရုတ်တရက် ထရပ်လိုက်သည်။

လုကျိုးက ခေါင်းခါလျက် လက်မခံဘဲ ပြောလိုက်သည်။

“မင်း အရင်တုန်းက မတွေ့ဖူးတာကြောင့် သနားစဖွယ် အခြေအနေမျိုး မရောက်ဖူးတာပဲ။ ငါ့ကို ရန်စတဲ့သူတွေ အကုန်လုံးက အမြဲတမ်း သနားစရာ အခြေအနေနဲ့ အဆုံးသတ်သွားတာ။ မင်းက ပထမဆုံး မဟုတ်သလို မင်း နောက်ဆုံး ဖြစ်မှာလည်း မဟုတ်ဘူး။ မင်းရဲ့ သတ္တိ ဘယ်နေရာက လာလဲဆိုတာ ဂရုမစိုက်ဘူး။ မင်း ဒီနေ့ သေရမယ်”

ယီယောင်က ခေါင်းမော့လျက် သတ်ဖြတ်လိုစိတ်များဖြင့် လုကျိုးကို ကြည့်လိုက်သည်။ သူ၏ အသက်ရှူနူန်းက မြန်လာပြီး ရင်ဘတ်က မြင့်လိုက်၊ နိမ့်လိုက် ဖြစ်နေသည်။ မျက်နှာပေါ်ရှိ သွေးများကို သုတ်ချပြီးနောက် အံကြိတ်လျက် ပြောတော့၏။

“ဒါဆို လာလေ ရော့”

ဝှစ်

ယီယောင်သည် သူ၏လက်ကို တွန်းထုတ်လိုက်သည်။ လေထဲတွင် နဂါးတစ်ကောင်ပမာ အနီရောင်အလင်းဖြင့် တောက်ပနေသော ချိန်းကြိုးက ပျံထွက်သွား၏။ ကနဦးချီ ရစ်ပတ်နေလျက် ၎င်းသည် လေထဲ လူးလွန့်နေကာ မြို့ရိုးဆီသို့ ဦးတည်သွားသည်။ မြို့ရိုးပေါ်ရှိ အစီအရင်များသည် ချိန်းကြိုးကို ဖယ်ရှားရန် ကြိုးစားကြရာ ချိန်းကြိုးနှင့် ရိုက်မိပြီး ပေါက်ကွဲသံများ ဖြစ်ပေါ်လာစေ၏။

ချိန်းကြိုးသည် လုကျိုးနား ရောက်တော့မည့် အချိန်တွင် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

စွမ်းအင်ဓားတစ်ခုသည် သူ၏လက်ထဲမှ ချက်ချင်းပေါ်ထွက်လာသည်။

ဘန်း

မီးပွင့်များ လွင့်စဉ်သွားပြီး လေထဲ၌ ပွတ်တိုက်သံများ ပေါ်ထွက်လာသည်။

ဘန်း

အနီရောင် ချိန်းကြိုးသည် လုကျိုး၏ လက်ထဲရှိ အမည်မဲ့နှင့် တိုက်မိသွားသည့်အခါ ကွန်ယက်တစ်ခု ဖွဲ့တည်လိုက်တော့သည်။

လုကျိုးသည် စိတ်ကျေနပ်လျက် ခေါင်း အနည်းငယ် ညိတ်လိုက်သည်။ အမည်မဲ့သည် သူ့ကို စိတ်မပျက်စေခဲ့ပေ။

ချိန်းကြိုးသည် မြေပြင်ပေါ် အသက်ကင်းမဲ့စွာ ပြုတ်ကျသွားတော့၏။

“ဟမ်”

ယီယောင်သည် ထိုအရာကြောင့် မြင်သက်သွားတော့သည်။

ထန်း

ချိန်းကြိုးသည် မြေပြင်ပေါ် ကျယ်လောင်စွာ ပြုတ်ကျသွား၏။

ယီယောင်သည် သူ၏ချိန်းကြိုးက နှစ်ပိုင်း သေသေသပ်သပ် ပြတ်သွားတာကို တွေ့လိုက်ရသည်။

“ဒီတော့ မင်းမှာ လွမ်းမိုးအဆင့် လက်နက်တစ်ခု ရှိနေတာပဲ”

ယီယောင်သည် ယင်းကြောင့် မအံ့ဩသွားပေ။

လုကျိုး၏ အမူအရာတွင် ပြောင်းလဲမှု မရှိပေ။ အဓိပ္ပာယ် မရှိတာတွေ ငါ့မှာ လက်နက်တစ်ခုထက် ပိုရှိတယ်။ တကယ်တော့ ငါ့မှာ လက်နက်အပုံလိုက် ရှိတယ်။

ယီယောင်သည် မြေပြင်ပေါ်ရှိ ပြတ်သွားသော ချိန်းကြိုးကို ကြည့်လိုက်၏။ ပြိုင်ဘက်ကင်း အဆင့်လက်နက်သည် ဤအတိုင်း ဖျက်ဆီးခံလိုက်ရသည်။ တကယ်တော့ အဘိုးအိုလက်ထဲရှိ လက်နက်သည် လွှမ်းမိုးအဆင့် လက်နက်ထက်တောင် ပို၍သန်မာမည်ဟု သံသယ ရှိသည်။

ရန်သူနှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်နေကြသည်။ ကျင့်ကြံခြင်းအရာတွင် နှစ်ယောက်လုံး မွေးဖွားဇယားချက် သုံးခုစီရှိပြီး ညီတူမျှတူဟု ထင်ရသည်။

သို့သော် ကြည့်နေသည့် သူများကမူ ဘယ်သူက သာမှန်း မသိကြပေ။

ယီယောင်၌ ယခုအချိန်တွင် မွေးဖွားဇယားချက် သုံးခုသာ ရှိလျှင်တောင် မွေးဖွားဇယားချက် ငါးခု ရှိခဲ့ဖူးသူ အနေဖြင့် သူ၏လက်ထဲ၌ မည်ကဲ့သို့ လှည့်ကွက်များ မရှိပဲ နေမည်နည်း။ ဤအဘိုးအိုသည် မည်သည့်နည်းလမ်းမှ မရှိပဲ သူ့ကို ရန်စရလောက်အောင် တုံးအနေသည်ဟု ထင်နေသည်လား။

လုကျိုးသည် ယီယောင်ကို အပေါ်ကနေ ဆက်ငုံ့ကြည့်လျက် ပြောလိုက်သည်။

“မင်းမှာ ဘာနည်းလမ်း ရှိသေးလဲ။ အားလုံး ထုတ်သုံးလိုက် မင်းနဲ့အတူ အဆုံးထိ လိုက်ပေးမယ်”

ယီယောင်သည် အသက်ပြင်းပြင်းကို ရှူသွင်းလျက် စိတ်ပြင်ဆင်လိုက်၏။ သူ ခေါင်းမော့ကာ ပြောလိုက်တော့သည်။

“ဒါဆိုရင် မင်းကို ငါ့ရဲ့ခွန်အား အစစ်အမှန် မြင်ခွင့်ပေးမယ်”

ခဏအကြာတွင် ယီယောင်သည် သူရပ်နေသည့် နေရာကနေ ထွက်လာရာ ပုံရိပ်ယောင်များ ကျန်ရစ်နေ၏။ သူက လုကျိုးနှင့် လေထဲ တညီတည်း ဖြစ်သွားသည်။

“ဟင် “

လုကျိုးသည် ယီယောင်၏ အရှိန်အဝါ အနည်းငယ် ပြောင်းလဲသွားတာကို အာရုံခံမိသည်။ ထို့အပြင် ယီယောင်၏ အရှိန်သည် လျှပ်ပြတ်သည်ထက် အနည်းငယ် ပိုမြန်ဆန်၏။ အနည်းငယ်မျှ ဆိုလျှင်တောင် ယီယောင်သည် ပိုသန်မာလာပုံ ရသည်။

ဝှစ်

ယီယောင်၏ မျက်လုံးထဲ၌ ထူးဆန်းသော အလင်း ဖြတ်ကနဲ ပေါ်လာပြီး သူ၏ခန္ဓာကိုယ်သည် တိုက်ခိုက်လိုစိတ်များ ဖြာထွက်လာလေပြီး ရှေ့တိုးလာလေ၏။

လုကျိုးသည် သူ၏လက်ကို လှုပ်ရှားလိုက်သည်။ လိုက်ကာနှင့် တူသည် အလင်း အရံအတားတစ်ခုသည် သူ့ရှေ့၌ ချက်ချင်းပေါ်လာတော့သည်။

ဘန်း

လုကျိုးသည် သက်ရောက်အားကြောင့် နောက်သို့ လွင့်သွား၏။

ထိုစဉ် ယီယောင်သည် အသံမထွက်ဘဲ လုကျိုးနောက်၌ ပေါ်လာ၏။

“ ဈာနမုဒြာ”

ရွှေရောင် ရောင်ခြည်သည် လုကျိုး၏ ခန္ဓာကိုယ်ပေါ်၌ ပေါ်လာလေ၏။

ဘန်း

ယီယောင်သည် ဈာနမုဒြာ ဖြိုခွဲခံရသည်အထိ စွမ်းအင်ဓားဖြင့် ရွှေရောင် ရောင်ခြည်ကို ပိုင်းဖြတ်လိုက်တော့သည်။

လုကျိုးသည် သူ၏မဟာ နည်းစနစ်ကို အသုံးပြုပြီးနောက် ပျံသန်းသွားသည်။

ယီယောင်၏ အသံက လေထဲ ပေါ်ထွက်လာ၏။

“နှေးလွန်းတယ် “

လုကျိုးနောက်၌ ယီယောင်က ထပ်ပေါ်လာပြီး စွမ်းအင်ဓားကို ဝှေ့ယမ်းလိုက်သည်။

လုကျိုး၏ မဟာနည်းစနစ်သည် ပိုနှေးနေသည်ဟု တွေးလိုက်သည်။

ရွှေရောင် ဗုဒ္ဓခန္ဓာ

ဘန်း

လုကျိုး တိုက်ခိုက်စဉ် သူသည် ယီယောင်က ထိုအကွက်ကို မည်သို့ ရရှိခဲ့လဲဟု သိချင်နေသည်။ သူသည် ဤအခွင့်အရေးကို သုံးပြီး ဘုံတစ်ထောင်လေပွေ၏ တိုက်ခိုက်ရေးစွမ်းအားနှင့် ခွန်အားကို နားလည်အောင် လုပ်ရမည်။ သူ၏ မဟာနည်းစနစ်ကို တစ်ဆင့် မြှင့်တင်ထားပြီး ဖြစ်၏။ သူ၏ ကျင့်ကြံစဉ် မြှင့်တင်ရုံသာ မဟုတ်ပေ။

လေထဲတွင် ရွှေရောင်နှင့် အနက်ရောင် ဘုံတစ်ထောင် လေပွေ စိတ်ဝိညာဉ်သဏ္ဌာန် အချင်းချင်း တိုက်ခိုက်ရာမှာ ရွှေရောင်နှင့် အနက်ရောင် အလင်းတို့ လှစ်ကနဲ ပေါ်လာသည်။

လုကျိုးသည် ယင်းကို အလွန်ထူးဆန်းမှန်း ရှာတွေ့လိုက်ရသည်။ ဒါက သူ့ခွန်အားရဲ့ အကန့်အသတ်လား။

ဘန်း

တစ်နာရီကြာ ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် မြောက်ပိုင်းမှ တောင်ပိုင်းထိ နန်းတော်မြို့ရိုးသည် ရံဖန်ရံခါတွင် လက်ဝါးစည်းတံဆိပ်များကြောင့် ဖျက်ဆီးခံခဲ့ရသည်။ ကောင်းကင်ထဲ၌ တိုက်ခိုက်ခဲ့တာသာ မဟုတ်လျှင် မြို့ရိုးသည် အစကတည်းက အပြည့်အဝ ပြိုလဲလောက်ပြီ ဖြစ်သည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ အဖွဲ့သားများ၊ နန်းတော်ရှိ သိုင်းပညာရှင်များ၊ ပြည်သူများနှင့် အမှုထမ်း အရာရှိများသည် သူတို့ မျက်နှာထက်၌ မှင်သက်သည့် အမူအရာများ ဖြစ်ပေါ်နေ၏။

လီယွင်ကျန်းသည် စိုးရိမ်ပူပန်စွာ ပြောလိုက်၏။

“အနက်ရောင်ကြာ ကျင့်ကြံသူက သူ့ခွန်အားကို ထုတ်သုံးနေပြီး ဆရာဖိုးဖိုး အဆင်ပြေဖို့ မျှော်လင့်တယ်”

စီးဝူယာ့က ပြုံးပြီး ပြောလိုက်၏။

“စိတ်မပူနဲ့ ဂရုတစိုက် ကြည့်ကြည့်။ သေချာ ကြည့်ကြည့် အနက်ရောင်ကြာ ကျင့်ကြံသူရဲ့ လှုပ်ရှားမှုက ရက်စက်ပြီး မြန်ဆန်တယ်။ သူ မြန်လွန်းလို့ အရိပ်ကိုတောင် လိုက်မှီဖို့ ခက်ခဲတယ်။ ဒါပေမဲ့လည်း ဆရာဖိုးဖိုးက ရွှေရောင် ဗုဒ္ဓခန္ဓာကို အချိန်မှီ သုံးပြီး သူ့ရဲ့တိုက်ကွက်ကို ပိတ်ဆို့လိုက်တာကို မင်းသတိမပြုမိဘူးလား”

လီယွင်ကျန်းက သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။

“သူတို့ စိတ်ဝိညာဉ် သဏ္ဌာန်က အခုဆို အမြင့်အတူတူလောက်ပဲ။ ဆရာပြောသလို အနက်ရောင်ကြာ ကျင့်ကြံသူက ဆရာဖိုးဖိုးကို အနိုင်မယူနိုင်ဘူး။ ဒါဆိုရင် ဆရာဖိုးဖိုးက တိုက်ပွဲကို ဘာကြောင့် အချိန်ဆွဲနေတာလဲ”

“ဆက်ပြီး လေ့လာ”

စီးဝူယာ့က ပြောလိုက်လေ၏။

“ငါတို့တွေ အနက်ရောင်ကြာ နယ်မြေအကြောင်း သိတာ နည်းလွန်းတယ်။ ငါတို့ကိုယ် ငါတို့သိပြီး ရန်သူကို သိမှပဲ စစ်ပွဲတစ်ရာကို အောင်နိုင်မှာ”

စီးဝူယာ့၏ စကားကို ကြားသည့်သူများက ထောက်ခံကြောင်း ခေါင်းညိတ်လိုက်ကြသည်။

“အရည်အချင်း ရှိတဲ့သူတွေက ရဲတင်းတယ်။ အကြွင်းမဲ့ ခွန်အားရှိတဲ့ သူတွေပဲ ဒါမျိုးတိုက်ခိုက်ရဲတာ။ လုချန်းပေ့က ကျုပ်တို့ မှန်းဆတာထက် ပိုသန်မာတဲ့ ပုံပဲ”

ဝမ်ယင်းသည် လေးစားမှု အပြည့်ဖြင့် ပြောလိုက်တော့သည်။

နျဲ့ချင်းယွင်က မေးစေ့ပွတ်လျက် ပြောလိုက်တော့သည်။

“ကျုပ် နားမလည်တာ တစ်ခု ရှိတယ်။ ဒီလိုသာဆိုရင် လုချန်းပေ့က ယဲ့ကျန်းနဲ့ တိုက်ခိုက်တဲ့အချိန် ပွင့်ချပ်ကိုးလွှာကို ဘာလို့ သုံးခဲ့တာလဲ။ ယဲ့ကျန်းကို လေ့လာဖို့က ထိုက်တန်တာ ဘာမှ မရှိဘူး။ လုချန်းပေ့ တိုက်ပွဲကို အချိန်ဆွဲနေဖို့ မလိုဘူးလေ။ အဲ့ဒီတုန်းက သူသာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို သုံးခဲ့မယ်ဆိုရင် လက်ဖက်ရည်တစ်အိုး ချက်စာလောက်နဲ့ ယဲ့ကျန်းကို သတ်နိုင်မှာ”

“ဘယ်လိုပဲ ဖြစ်ဖြစ် ဒါအံ့ဩဖို့ ကောင်းလွန်းတယ်”

ရှားချန်းချိုးက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“ဒါက သူ ယွီချန်းရှုကို လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ သတ်ခဲ့ပုံကို ရှင်းပြနိုင်တယ်လေ”

“ပြီးတော့ မြောက်ပိုင်းရဲ့ မဟာစစ်သူကြီးရောပဲ”

“... “

ဘုန်း

ပေါက်ကွဲသံသည် လူတိုင်း၏ အာရုံစိုက်မှုကို ရသွား၏။

ယီယောင်သည် မမြန်တော့ပေ။ လစ်ကနဲ မဖြစ်သွားတော့ပေ။ သူသည် ရပ်တန့်လျက် သူ၏ တိုက်ခိုက်မှုများကို ဆက်တိုက် ခုခံနေသော လုကျိုးကို ကြည့်လိုက်သည်။

“မင်း ဘာလုပ်နေလဲဆိုတာ ငါ မတွေ့ဘူးများ ထင်နေလား”

“ဟမ်”

လုကျိုး၏ ရှေ့တက် ချီတက်မှုနှင့် နောက်ဆုတ်မှုတို့ကို တွက်ချက်၍ ရသည်။ သူ သုံးသမျှ အကွက်တိုင်းက အင်မတန် သင့်တော်ပြီး ဟာကွက်မရှိပေ။ ယီယောင် မည်ကဲ့သို့ သိသွားသနည်း။

“ဒီတစ်ခါ မင်း သတိလက်လွတ်နိုင်တဲ့ အလှည့်ပဲ”

ယီယောင်သည် သူ၏လက်နှစ်ဖက်ကို ရုတ်တရက် ဖြန့်လိုက်တော့သည်။

လီလီရာ ဂမ်ချီသည် အနက်ရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်သို့ ပေါ်ထွက်လာပြီး လေထဲ လှည့်ပတ်နေတော့သည်။ မကြာမှီ၌ ဗဟို၌ အလင်းစက် တစ်ခု ပေါ်လာပြီး တောက်ပသည်ထက် ပိုတောက်ပလာသည်။

တစ်ချိန်တည်းတွင် မီတာတစ်ထောင် ဝန်းကျင်ရှိ အပူချိန်ကလည်း စတင်လျော့ကျလာတော့သည်။

အနီးအနား၌ ရပ်ပြီး တိုက်ပွဲကို ကြည့်နေကြသော ကျင့်ကြံစဉ်နိမ့်သည့် ကျင့်ကြံသူများသည် အေးစက်မှုကို ခံစားလိုက်ရ၏။

ရေခဲပန်းဆွဲများသည် မြေပြင်ထဲကနေ ပေါ်ထွက်လာတော့သည်။

လုကျိုးသည် မျက်မှောင် အနည်းငယ် ကျုံ့မိသွား၏။ အစောတုန်းက တိုက်ခိုက်မှုများသည် ဤအတွက် ဦးဆောင်နေပုံ ပေါ်သည်။

ယီယောင်က ပြုံးလိုက်သည်။

လေထဲ၌ အက်ကွဲသံများ ပေါ်လာတော့သည်။

“အကြွင်းမဲ့ သုည သက်ရောက်မှု”

အနက်ရောင်ကြာသည် ကြောက်မက်ဖွယ် အအေးဓာတ်စွမ်းအင်ကို ထုတ်လွှင့်ပြီး လေထဲရှိ စွမ်းအင်အားလုံးနှင့် ကနဦးချီများကို ခဲသွားစေကာ သူတို့ကို ရေခဲအဖြစ် ပြောင်းလဲလိုက်၏။

လုကျိုးသည် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို သုံးပြီး သူ၏လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဖုန်း

လုကျိုးသည် သူ့နားတစ်ဝိုက်ကို အလွယ်တကူ ရှင်းလင်းလိုက်၏။ သူ၏လက်ဝါးဖြင့် ထပ်ရိုက်လိုက်သည်။

ဖုန်း

လုကျိုးသည် နောက်ထပ်နေရာကို ရှင်းလင်းလိုက်ပြန်၏။

ယင်းကို မြင်သောအခါ ယီယောင်သည် ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။

“အသုံးမဝင်ဘူး မင်းအတွက် ဒါကို အထူးတလည် ပြင်ဆင်ထားတာ”

“ပင်လယ်ဝိညာဉ် ပုလဲလား”

စီးဝူယာ့၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။

“ဆရာ ပင်လယ်ဝိညာဉ် ပုလဲက ဘာလဲ”

“ပင်လယ်သားရဲတွေအကြောင်း ရှေးစာအုပ်တွေအရ ပင်လယ်ဝိညာဉ် ပုလဲက ပင်လယ်သားရဲရဲ့ ဘုရင်ဆီကနေ လာတာ။ ပုလဲကို မိုးမြေ၊ နေနဲ့ လရဲ့ အဆီအနှစ်ကနေ ဖွဲ့တည်ထားတာပဲ။ ဒါကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတွေက ဥတုလေးခုကို ထိန်းချုပ်နိုင်ပြီး သူတို့အသက်စွမ်းအင်ကို မြှင့်တင်ပြီး သူတို့ တိုက်ခိုက်စွမ်းအားကို တိုးမြှင့်နိုင်တယ်။ ဒါပေမဲ့ အသုံးပြုပြီးသွားရင် သူတို့ ကာလတစ်ခုအကြာ အားနည်းသွားလိမ့်မယ်”

လူတိုင်းသည် ထိုစကားကို ကြားသောအခါ ထိတ်လန့်သွားကြသည်။

All Chapters