← Chapters

အခန်း ၁၆၂၄

Vol. 109 Ch. 1624

အခန်း ၁၆၂၄

Vol. 109 Ch. 1624

အခန်း (၁၆၂၄) သူ့သေဆုံးမှုအတွက် အကွက်ဆင်ခြင်း (၂)

ဝူဇူးက တည်ငြိမ်နေခဲ့သည်။ သူက ပြုံးတောင် ပြုံးလိုက်သေး၏။

ချီရှန့်က ဝူဇူး၏ တုံ့ပြန်မှုများအပေါ် အနည်းငယ်မျှပင် အံ့အားသင့်ခြင်း မရှိခဲ့ပေ။ သူက ဤသို့ဖြစ်လာမည်ကို မျှော်လင့်ထားပြီး ဖြစ်၏။

ဝူဇူးက ငြင်းဆိုခြင်း သို့မဟုတ် ဆင်ခြေပေးခြင်းများ မပြုလုပ်ခဲ့ချေ။ ထို့အစား သူက လက်ခုပ်တီးကာ ရိုးသားစွာ ပြောလိုက်သည်။

"မင်းက တကယ်ကို ပါရမီရှင်ပဲ။ မင်းရဲ့ အသက်အရွယ်ထက် ပိုပြီး ဉာဏ်ပညာ ကြီးမားတယ်"

"ခင်ဗျားက ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ"

ဝူဇူးက ဆက်ပြောလိုက်၏။

"ကံဆိုးတာက ဉာဏ်ကောင်းတဲ့ လူတွေက ဒီလောကမှာ အသက်ရှည်ရှည် မနေရဘူး။ ဒီကိစ္စတွေကို မင်း ဘယ်လို သိသွားလဲဆိုတာကို ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်း တစ်ခုတော့ နားလည်ထားရမယ်။ အထွတ်အမြတ်ခန်းမက ငါ့ကို မသတ်နိုင်သလို မင်းလည်း ဒီနေရာမှာပဲ သေရလိမ့်မယ်။ စကားမစပ် မင်း ပြောသွားတဲ့ အကြောင်းပြချက်တွေက... မလုံလောက်သေးဘူး"

ဝူဇူးက သဘာဝကျစွာပင် သူ၏ ကံကြမ္မာကို လွယ်လွယ်ကူကူ လက်ခံမည် မဟုတ်ပေ။

ချီရှန့်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

"အကြောင်းပြချက်တွေက မလုံလောက်ဘူးဆိုတော့လည်း ကျွန်တော်တို့ရဲ့ လက်သီးတွေနဲ့ပဲ ဖြည့်ဆည်းကြတာပေါ့" ထို့နောက် သူက လက်ဖျစ်တီးလိုက်ပြီးနောက် ထပ်ပြောလိုက်၏။

"ချန်ပေ့ဝူဇူး... ခင်ဗျားရဲ့ နောက်ဆုံး အခိုက်အတန့်တွေကို တန်ဖိုးထားလိုက်ပါ"

ထို့နောက် ချီရှန့်က လှည့်ကာ အပြင်သို့ ထွက်သွားလိုက်သည်။

ချီရှန့်က ခန်းမအဝင်ဝသို့ ရောက်ခါနီးတွင် ဝူဇူးက လက်ကိုမြှောက်ကာ အေးစက်စွာ ပြောလိုက်၏။

"သေစမ်း"

အနက်ရောင် လက်ဝါးရိုက်ချက်တစ်ခုက ချီရှန့်၏ ကျောဘက်သို့ ပစ်မှတ်ထားကာ ထွက်ပေါ်လာသည်။ အရေးပါသော အခိုက်အတန့်တွင် ရွှေရောင် စိတ်ဝိညာဉ် သဏ္ဌာန်တစ်ခု ပေါ်လာကာ ကြီးမားသော အနက်ရောင် လက်ဝါးရိုက်ချက်ကြီးကို ကာကွယ်လိုက်၏။

ရွှေရောင် စိတ်ဝိညာဉ် သဏ္ဌာန်၏ အထက်တွင် ကတုံးနှင့် ကျင့်ကြံသူတစ်ဦး ပေါ်လာခဲ့သည်။ သူက ပြုံးကာ ပျင်းရိပျင်းတွဲ ပြောလိုက်သည်။

"မင်းတို့အားလုံးက အဓိပ္ပာယ်မရှိတာတွေကို တကယ် ပြောတတ်ကြတာပဲ။ စကားတွေ အများကြီး ပြောနေကြလို့ ငါ လှုပ်ရှားခွင့် မရတော့ဘူးလားလို့ တော်တော်လေး စိုးရိမ်နေခဲ့တာ"

"ကျွေ့ချန်"

ဝီ ဝီ ဝီ

တာအိုခန်းမထဲတွင် စိတ်ဝိညာဉ် သဏ္ဌာန်များ တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။

ဝူဇူးက သဘောပေါက်သွားတော့၏။

"အထွတ်အမြတ်ခန်းမက အထွတ်အထိပ် သက်ရှိ လေးပါးလား"

ထို့နောက် ဝူဇူးက တဟားဟား ရယ်မောလိုက်သည်။

"မင်ရှင်း... မင်းက ငါ့ကို တကယ် အထင်ကြီးနေတာပဲ”

"ဝူဇူး... လောကကြီး တစ်ခုလုံးနဲ့ မင်းရဲ့ သနားစရာကောင်းတဲ့ မျိုးဆက်တွေအတွက် မင်း ပြန်မခုခံတာ အကောင်းဆုံးပဲ" ကျွေ့ချန်က ဝိုင်တစ်ခွက်ကို သောက်လိုက်ရင်း လေးနက်စွာ ပြောလိုက်၏။

"ဓားကိုချပြီး နောင်တရလိုက်ပါ။ အမိတဘ"

ဝူဇူးက ဩရှရှအသံဖြင့် ပြောလိုက်သည်။

"အဲဒီတုန်းက ဆိုးယုတ်သူတစ်ပါးနဲ့ တိုက်ခဲ့တဲ့ တိုက်ပွဲက လောကကြီးကို တုန်လှုပ်သွားစေခဲ့တယ်။ ဒီနေ့တော့ ငါက အထွတ်အထိပ် လေးပါးကို ရင်ဆိုင်မယ်။ ဘယ်သူနိုင်မလဲဆိုတာ မသိနိုင်သေးဘူး။ မင်းတို့နိုင်မယ်လို့ အရမ်းကြီး သေချာမနေပါနဲ့"

ဝူဇူးက အလွန် ယုံကြည်မှုရှိပုံပေါ်နေသည်။ အနက်ရောင် ဓာတ်ငွေ့များက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာကာ အနက်ရောင် နဂါးတစ်ကောင်နှင့် တူနေပေသည်။

"ဆိုးယုတ်သူတစ်ပါးက မတူဘူး။ သူက အစွမ်းထက်တယ်၊ ဒါပေမဲ့ မင်းကတော့... မင်းက မထိုက်တန်ဘူး” ကျွေ့ချန်က ပြောလိုက်၏။

အခြားသော အထွတ်အထိပ် သက်ရှိများလည်း ပေါ်လာကြသည်။

တစ်ချိန်တည်းမှာပင် တာအိုခန်းမအထက်တွင် ရွှေရောင်အလင်းတန်းများ လင်းလက်သွားပြီးနောက် အောက်သို့ ဆင်းသက်လာကာ အရာအားလုံးကို ဖိနှိပ်လိုက်တော့၏။

ဤသည်ကို မြင်သောအခါ ဝူဇူးက တုန်ရီသောအသံဖြင့် ပြောလိုက်သည်။

"တ..တရားမျှတမှု ချိန်ခွင်”

…

ကြီးကျယ်ခမ်းနားသော သို့မဟုတ် ကမ္ဘာမြေကို တုန်လှုပ်စေသော တိုက်ပွဲမျိုး မရှိခဲ့ချေ။ ရွှမ်းမုန့်ခန်းမကို လင်းထိန်သွားစေသော တောက်ပသည့် အလင်းတိုင်ကြီး တစ်တိုင်သာ ရှိခဲ့ပေသည်။

ကောင်းကင်ယံတွင် ဝဲပျံနေသော ချီရှန့်က ရွှမ်းမုန့်ခန်းမကို မျက်နှာသေဖြင့် ကြည့်နေခဲ့သည်။

ထိုအလင်းတိုင်က တောက်ပနေခဲ့၏။ ၎င်းတွင် ပြောပြ၍မရနိုင်လောက်သော စွမ်းအားများ ပါဝင်နေပုံရပြီး ရွှမ်းမုန့်ခန်းမ တစ်ခုလုံးကို ပြည့်နှက်သွားစေသည်။

ရွှမ်းမုန့်ခန်းမ၏ ပတ်လည် မိုင် ၃,၀၀၀ အချင်းဝက်အတွင်းရှိ ကျင့်ကြံသူအားလုံးက ရွှေရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ကြ၏။

ချီရှန့်က အလင်းတိုင်ကို အချိန်အကြာကြီး ကြည့်နေပြီးနောက် ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

"ဒါက ခင်ဗျားကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာပဲ"

ဤအခိုက်အတန့်တွင် ချီရှန့် အရွယ်ခန့်ရှိသော လူတစ်ဦးက သူ၏ဘေးတွင် ပေါ်လာခဲ့သည်။ ထိုလူက အရိုအသေပေးကာ မေးလိုက်၏။

"ဝူဇူးက ခင်ဗျားကို သတ်မှာ မကြောက်ဘူးလား"

"သူက ကျုပ်ကို မသတ်နိုင်ပါဘူး" ချီရှန့်က ပြန်ဖြေလိုက်သည်။

"အို"

နောက်ထပ် ၁၅ မိနစ် ကြာသွားပြီးနောက် အလင်းတိုင်က ပျောက်ကွယ်သွားခဲ့၏။ အထွတ်အမြတ်ခန်းမ၏ အထွတ်အထိပ် လေးပါးနှင့် တရားမျှတမှု ချိန်ခွင်တို့က သူတို့၏ အလုပ်ကို ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။

မဟာလေဟာနယ်၏ တစ်ဦးတည်းသော မဟာနတ်ဆရာကြီး ဝူဇူးသည် ဤသို့ပင် ကျဆုံးသွားခဲ့လေတော့သည်။

နေရာတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။

…

နေ့တစ်ဝက် ကြာပြီးနောက်

ရွှမ်းယီနန်းတော်၏ အနက်ရောင်ခန်းမတွင် ဖြစ်သည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းက ရှောင်ယွမ်အာနှင့် ခရုလေးတို့ကို နှုတ်ဆက်လိုက်ကြသည်။

ရှောင်ယွမ်အာနှင့် ခရုလေးတို့ကလည်း လူတိုင်းကို ပျော်ရွှင်စွာ ပြန်လည် နှုတ်ဆက်လိုက်ကြ၏။

အလွန် စည်ကားသိုက်မြိုက်နေခဲ့ပေသည်။

ရွှမ်းယီက လူတိုင်းကို ကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။

"အဲဒီကောင်မလေးရဲ့ ဘဝက ဒီလောက် ခါးသီးလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။ ကံကောင်းလို့ ဆရာက သူ့ကို ခေါ်ထားခဲ့တာ။ အဲဒီလိုမှ မဟုတ်ရင်..."

လုကျိုးက ခေါင်းညိတ်လိုက်၏။

"ကံကြမ္မာဆိုတာ အဲဒီလိုပါပဲ။ ဖြစ်နိုင်တာက ကောင်းကင်ဘုံက ငါတို့ကို ကစားနေတာပဲ ဖြစ်လိမ့်မယ်"

ရွှမ်းယီက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဆရာက ဝူရှင်းကို ဘာလို့ မသတ်ခဲ့တာလဲ"

လုကျိုးက ပြန်ဖြေလိုက်၏။

"တချို့ကိစ္စတွေက ငါ ကိုယ်တိုင် ပါဝင်စွက်ဖက်ဖို့ မလိုဘူးလေ။ အဲဒီ ရှန်းကျန်းဆီမှာ အနည်းအကျဉ်းလောက်ပဲ ဖြစ်ဖြစ် အသိတရား ရှိသေးတယ်ဆိုရင် ဘာလုပ်ရမလဲဆိုတာ သူ သိပါလိမ့်မယ်"

"ဆရာ ပြောတာ မှန်ပါတယ်" ရွှမ်းယီက ပြောလိုက်သည်။ ထို့နောက် သူက စိုးရိမ်တကြီး ထပ်ပြောလိုက်၏။

"တကယ်လို့ ရွှမ်းမုန့်ခန်းမက ရောက်လာမယ်ဆိုရင် မျှော်နန်းသခင်လုက ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ"

"ငါက ရွှမ်းမုန့်ခန်းမအကြောင်းကို ဘယ်တုန်းကမှ သိပ်မတွေးခဲ့ဖူးဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀,၀၀၀ တုန်းကလည်း အတူတူပဲ၊ အခုလည်း အတူတူပဲ" လုကျိုးက ပြန်ဖြေလိုက်သည်။

လက်ရှိအချိန်တွင် ဝူဇူး တစ်ယောက်တည်းသာ လုကျိုးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသူ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ အခြားသူများမှာမူ သူနှင့် လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိကြချေ။ ထို့ပြင် ဝူဇူးသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀,၀၀၀ က ဆိုးယုတ်သူတစ်ပါး၏ ပြင်းထန်စွာ ဒဏ်ရာရစေမှုကို ခံခဲ့ရပြီး ကျဆင်းနေခဲ့ပြီ ဖြစ်သည်။

ဤအခိုက်အတန့်တွင် ကျင့်ကြံသူတစ်ဦး အလျင်အမြန် ရောက်လာခဲ့၏။ သူက အရိုအသေပေးကာ ပြောလိုက်သည်။

"အရှင်မင်းကြီး... အခြေအနေ မဟန်ဘူး"

"ပြောစမ်း"

"မဟာလေဟာနယ်ရဲ့ မဟာနတ်ဆရာကြီး ဝူဇူး... သူ.. သူ မရှိတော့ဘူး" ဟု ကျင့်ကြံသူက ပြောလိုက်၏။

"ဘာ” ရွှမ်းယီက အံ့သြစွာဖြင့် အော်ဟစ်လိုက်သည်။

"ဝူဇူး သေသွားပြီ” ကျင့်ကြံသူက ပို၍ တိုက်ရိုက်ကျသော နည်းလမ်းဖြင့် ပြောလိုက်၏။

"ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ" ရွှမ်းယီက မေးလိုက်သည်။

"လွန်ခဲ့တဲ့ ခြောက်နာရီတုန်းကပါ"

"ဘာဖြစ်ခဲ့တာလဲ။ မင်းသိသမျှ အကုန်ပြောပြစမ်း" ရွှမ်းယီက ပြောလိုက်၏။

"အထွတ်အမြတ်ခန်းမက ဝူဇူးဟာ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး လူပေါင်း ထောင်ချီရဲ့ အသက်တွေကို နုတ်ယူခဲ့တယ်၊ မဟာအက်ကွဲတောင်ကြားက ကြမ္မာငင်တဲ့ အက်ကွဲမှုကြီးကို စီစဉ်ခဲ့ပြီး လူသားမျိုးနွယ်ကို ရှင်းလင်းဖယ်ရှားဖို့ ကြံစည်ခဲ့တယ်လို့ စွပ်စွဲပြစ်တင်လိုက်တယ်လို့ ဆိုပါတယ်။ မိုးနဲ့မြေရဲ့ ချည်နှောင်မှုတွေကို ချိုးဖျက်ဖို့အတွက် တားမြစ်ကျင့်စဉ်တွေကို အသုံးပြုဖို့ ကြိုးစားခဲ့တယ်တဲ့။ ဝူဇူးဟာ ဆိုးယုတ်သူတစ်ပါးနဲ့ တူတယ်ဆိုတဲ့ သတင်းကိုလည်း အထွတ်အမြတ်ခန်းမက ထုတ်ပြန်ခဲ့ပါတယ်။ သူ့ကို သတ်ပစ်ရမှာ ဖြစ်ပြီး လူအများရဲ့ ထာဝရ ပြစ်တင်ရှုတ်ချမှုကို ခံရမယ်လို့ ဆိုပါတယ်"

"..."

နောက်ဆုံး စကားအနည်းငယ်ကို ကြားသောအခါ ရွှမ်းယီ၏ မျက်နှာပေါ်တွင် ကသိကအောက် ဖြစ်သွားသော အမူအရာ ပေါ်လာခဲ့၏။ သူက ကမန်းကတန်း ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာ။ ဝူဇူးက ဝူဇူးပဲ။ သူ့ကို ဘယ်လိုလုပ်ပြီး ဆိုးယုတ်သူတစ်ပါးနဲ့ နှိုင်းယှဉ်လို့ ရမှာလဲ"

ကျင့်ကြံသူမှာ ရွှမ်းယီ၏ တုံ့ပြန်မှုကြောင့် ဇဝေဇဝါ ဖြစ်သွားတော့သည်။

လုကျိုးက သိချင်စိတ်ဖြင့် မေးလိုက်၏။

"အထွတ်အမြတ်ခန်းမက ဘာလို့ ရုတ်တရက်ကြီး ဝူဇူးအပေါ် ဒီစွပ်စွဲချက်တွေ စုပုံချပြီး သေဒဏ်ပေးလိုက်ရတာလဲ"

"ကျွန်တော် မသိပါဘူး။ အထွတ်အမြတ်ခန်းမက ရွှမ်းမုန့်ခန်းမဆီကို ကျင့်ကြံသူ အမြောက်အမြား စေလွှတ်လိုက်တယ်လို့ ဆိုပါတယ်။ ဝူဇူးရဲ့ ခေါင်းကို တခြားသူတွေ သတိထားမိစေဖို့အတွက် ရွှမ်းမုန့်ခန်းမရဲ့ ပင်မခန်းမဆောင် ထိပ်မှာ ချိတ်ဆွဲထားပါတယ်တဲ့"

ရွှမ်းယီက သက်ပြင်းချလိုက်သည်။

"သူ့ကို ရှင်းလင်းဖို့ အထွတ်အမြတ်ခန်းမအတွက် အရမ်း လွယ်ကူမှာပါ။ ဒါပေမဲ့ သူတို့က ဘာလို့ အခုမှ သူ့ကို တိုက်ခိုက်ခဲ့ရတာလဲ"

ရွှမ်းယီထံတွင် အဖြေမရှိသော မေးခွန်းများ များစွာ ရှိနေခဲ့ပေသည်။

လုကျိုးက မေးလိုက်၏။

"ဝူဇူးကို ဘယ်သူ သတ်တာလဲ"

"အထွတ်အမြတ်ခန်းမရဲ့ အထွတ်အထိပ် လေးပါးလို့ ကြားပါတယ်။ ဒါပေမဲ့ သက်သေတော့ မရှိပါဘူး။ ဒါက ကောလာဟလ သက်သက်ပါပဲ"

ရွှမ်းယီက ပြောလိုက်သည်။

"အိုး... ဝူဇူးက မဟာ နတ်ဘုရင် တစ်ပါးပဲ ရှိသေးတာ။ သူ့ကို ရှင်းလင်းဖို့ အထွတ်အထိပ် လေးပါးကို စေလွှတ်လိုက်တယ်ဆိုတာ တကယ်ကို အံ့ဩစရာပဲ"

"ဘာပဲဖြစ်ဖြစ် သူက မဟာနတ်ဆရာကြီး တစ်ပါးလေ။ သူ့ဆီမှာ ထူးဆန်းပြီး အမှောင်ဖုံးနေတဲ့ လှည့်ကွက်တွေ အများကြီး ရှိမှာပေါ့" လုကျိုးက ပြောလိုက်၏။

"ဆရာ ပြောတာ မှန်ပါတယ်" ရွှမ်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"သူ သေသွားတာ ကောင်းပါတယ်။ ခရုလေးအတွက် တရားမျှတမှုကို ရှာဖွေပေးလိုက်တယ်လို့လည်း ယူဆလို့ ရတာပေါ့။ ဒီလောကမှာ ဝဋ်လည်တယ်ဆိုတာ တကယ် ရှိတယ်"

ရွှမ်းယီ၏ အသံကျသွားသည်နှင့် တစ်ပြိုင်နက် လီချွင်းက အဝေးမှ ပျံသန်းလာခဲ့သည်။ သူ ဆင်းသက်လာသောအခါ ပြောလိုက်၏။

"အရှင်မင်းကြီးကို သတင်းပို့ပါတယ်။ အရှင်မင်းကြီးရှန်းကျန်းက ရှန်းကျန်းခန်းမကနေ ထွက်ခွာသွားပါပြီ။ နောက်ထပ် လဝက်မပြည့်ခင် ရွှမ်းယီနန်းတော်ကို ရောက်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်"

ရွှမ်းယီက မျက်မှောင်ကြုတ်လိုက်သည်။

"ကျုပ် သူ့ကို လက်မခံဘူး။ သူ့ရဲ့ အားအင်တွေကို အလဟဿ မဖြုန်းတီးပါနဲ့လို့ သူ့ကို ပြောလိုက်။ သူ ဒီကို လာတာက အချိန်ဖြုန်းတာ သက်သက်ပဲ"

လီချွင်းက ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မေးလိုက်၏။

"အရှင်မင်းကြီးရှန်းကျန်းကို အပြင်မှာ ထားထားတာက သင့်လျော်ပါ့မလား"

"သူက အရမ်းကို အရှက်မရှိတာပဲ။ သူက လာချင်နေမှတော့ သူ့ကို ဖြည်းဖြည်းချင်း ပျံသန်းခိုင်းလိုက်ပေါ့။ သူ့ကို ဝင်ခွင့်ပြုတဲ့သူ ဘယ်သူ့ကိုမဆို ငါက လွယ်လွယ်နဲ့ လွှတ်ထားပေးမှာ မဟုတ်ဘူး" ရွှမ်းယီက ပြောလိုက်သည်။ ထို့နောက် သူက လုကျိုးဘက်သို့ လှည့်ကာ မေးလိုက်၏။

"မျှော်နန်းသခင်လု... ဒါကို ကျေနပ်ရဲ့လား"

လုကျိုးက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ခရုလေးကို လှမ်းခေါ်လိုက်၏။

ခရုလေးက လျှောက်လာကာ အရိုအသေပေးလိုက်သည်။

"ရှစ်စွင်း"

"မင်း နောင်တမရဘူးမလား" လုကျိုးက မေးလိုက်၏။

ခရုလေးက တုံ့ဆိုင်းနေခြင်း မရှိဘဲ ပြန်ဖြေလိုက်သည်။

"မရပါဘူး"

အချိန်အားဖြင့် နှစ်ပေါင်း ၁၀၀ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အခြေအနေကို ခရုလေးထက် ပိုသိသူ မည်သူမျှ မရှိချေ။

လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။

"မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါ လေးစားပါတယ်"

"ကျေးဇူးတင်ပါတယ် ဆရာ”

…

All Chapters