အခန်း (၇၃၉-၇၄၁)
Vol. 50 Ch. 739-741
အခန်း (၇၃၉) ဂိုဏ်းချုပ်ရောက်လာခြင်း
ကျီဖုန်းရှင်းသည် တောင်ပေါ်သို့ အလျင်စလို ပျံသန်းသွားလေ၏။
ယွီရှန်းရုန်နှင့် ယွီယွီကျန့်ဟိုင်သည် ဘုရားကျောင်းသခင် ရှားချန်းချိုးနှင့် လက်ရည်ချင်းယှဉ်ချိန်မှစပြီး ကျီဖုန်းရှင်းသည် အတွင်းစည်းတပည့်တစ်ယောက်အဖြစ် အဆင့်မြင့်တက်သွား၏။ သူက ယခုဆို တရားမျှတရေးခန်းမဆောင်ထဲ ဝင်ခွင့်ရှိနေပြီဖြစ်သည်။
“ကြယ်ပျံအိမ်တော်က တစ်ယောက်ယောက် ရောက်လာတာလား” ရှားချန်းချိုး၏ အမူအရာက တည်တင်းနေ၏။
နောက်ဆုံးတစ်ခေါက် ကြယ်ပျံအိမ်တော်၏ လျမ်းကျစ်တောက်သည် သူ့လူများကို ဤနေရာသို့ ခေါ်လာပြီး သူတို့ကို ယွီရှန်းရုန်နှင့် ယွီယွီကျန့်ဟိုင်က သတ်လိုက်၏။ နဝမဘုံကျောင်း၏ ကျူးရွှမ်သည် ကြယ်ပျံအိမ်တော်က မိုးမခတစ်ထောင်ဘုရားကျောင်းကို ပြဿနာရှာရဲမှာ မဟုတ်ဟု ဆိုခဲ့သည်။ အမှန်တကယ်တွင် ကြယ်ပျံအိမ်တော်က ပြဿနာလာရှာလျှင် နဝမဘုံကျောင်းက ကူညီရန် ရှေ့တောင်ထွက်ရပ်ပါမည်လော။
“ကျွန်တော် မသိဘူး၊ အဘိုးအိုတစ်ယောက်ပဲ၊ ဒါပေမဲ့ သူက ရန်လိုနေတဲ့ပုံ” ကျီဖုန်းရှင်းက စိုးရိမ်ပူပန်စွာ ပြောလိုက်၏။
ထျန်းပုကျီက အရိုအသေပေးလိုက်သည်။
“ဘုရားကျောင်းသခင်၊ ဒီကိစ္စက ဘုရားကျောင်းရဲ့ ရှင်သန်ရေးနဲ့ သက်ဆိုင်နေပါတယ်၊ နဝမဘုံကျောင်းကို သွားသင့်လား”
“မဟုတ်ဘူး” ရှားချန်းချိုးက ထလျှောက်ကာ စိုးရိမ်တကြီးပြောလိုက်၏။
“ငါတို့ နဝမဘုံကျောင်းကို ယုံလို့မရသေးဘူး၊ ယွီယွီကျန့်ဟိုင်က အခုသူတို့ရဲ့ လက်ထဲမှာ၊ ငါတို့တွေက ပူးပေါင်းထားတယ်ဆိုရင်တောင် သူတို့တွေက ငါတို့တွေကို ဂရုစိုက်မှာ မဟုတ်ဘူး”
သူသည် ဒူးတစ်ဖက်ထောက်နေသော ကျီဖုန်းရှင်းကို လှည့်ကြည့်ပြီးပြောလိုက်၏။
“မင်း ယွီရှန်းရုန်ကို ရှာတွေ့လား”
“ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်အောင်ကြိုးပမ်းနေတဲ့အချိန် နှောင့်ယှက်ခံလိုက်ရတဲ့အချိန်ကစပြီး ကျွန်တော်တို့ သူ့ကို မတွေ့တော့ပါဘူး”
နှစ်ယောက်က သက်ပြင်းချလိုက်သည်။ သူတို့သိသမျှက ယွီရှန်းရုန်သည် ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရောက်ရှိရန် ကြိုးပမ်းနေစဉ် သူတို့က သားရဲကြီးကို ဖြေရှင်းချိန်၌ နှောက်ယှက်ခံလိုက်ရသည်။ သူတို့သည် နဝမမြောက် ပွင့်ချပ်သို့မဟုတ် ပွင့်ချပ်ကိုးလွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို မတွေ့ခဲ့ရပေ။
အကြီးအကဲ ရွှီစုအသတ်ခံခဲ့ရမှန်း ရှားချန်းချိုးသိသည်။ အကြောင်းမှာ သူသည် ယွီရှန်းရုန်ကို ချုံခိုတိုက်ခိုက်ပြီး သတ်ဖြတ်ရန် ကြိုးစားခဲ့သောကြောင့် ဖြစ်သည်။ ယွီရှန်းရုန်သည် ထိုအကြောင်းအရင်းကြောင့် မိုးမခတစ်ထောင်ဘုရားကျောင်းမှ ထွက်သွားလျှင် သူတို့ လက်ခံနိုင်ပေ၏။
“ငါနဲ့လိုက်ခဲ့၊ ရောက်လာတဲ့လူကို တွေ့ကြတာပေါ့၊ ကောင်းချီးတစ်ခုဆိုရင် ကပ်ဘေးဖြစ်မှာ မဟုတ်ဘူး၊ ကပ်ဘေးဆိုရင်လည်း ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး” ရှားချန်းချိုးက သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလျက် အပြင်ဘက်သို့ ပျံသန်းသွားတော့သည်။
မျှတရေးခန်းမဆောင်ရှေ့၌ တပည့်များက ပျံထွက်လာတော့သည်။
တောင်ခြေတွင်ဖြစ်သည်။
ဝူဝူက ရှုမျှော်ဆောင်ထဲကနေ ထွက်လာ၏။ သူမသည် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသော အဘိုးအိုကို မေးလိုက်လေ၏။
“ရှင်က ဘယ်သူလဲ၊ မိုးမခတစ်ထောင်ဘုရားကျောင်းကို ဘာလာလုပ်တာလဲ”
လုကျိုးသည် သူမကို ချက်ချင်း မဖြေပေ။ ဆင်းသက်ပြီးနောက် သူက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးပြီး မိုးမခတစ်ထောင် တောင်တန်းကို မော့ကြည့်လိုက်၏။ ဤနေရာသို့ရောက်ရန် အရပ်မျက်နှာများ မေးခဲ့ရသည်။ ကံကောင်းသည်မှာ မိုးမခတစ်ထောင် ဘုရားကျောင်း၏ တည်နေရာကို ရှာဖို့ မခက်ခဲပေ။ အားလုံးကို ခြုံငုံပြောရလျှင် သူတို့ခရီးစဉ်က အတော်လေး ချောမွေ့ခဲ့ပေ၏။ သူကခေါင်းငြိမ့်ပြီး ကျေနပ်သွားတော့သည်။
“ဒီနေရာက ဝေးပြီး အချက်အချာကျတဲ့နေရာ၊ တကယ်ကို အကွက်ကောင်းပဲ”
ဝူဝူသည် အသံမြှင့်လျက်ပြောလိုက်သည်။
“ဟေ့ ဟေ့ ဟေ့ ကျွန်မရှင့်ကို စကားပြောနေတယ်လေ”
ရှောင်ယွမ်အာက လှမ်းကြည့်လာ၏။ ဝူဝူက သူမနှင့် သက်တူရွယ်တူ ဖြစ်လောက်သည်ကို မြင်သောအခါ သူမမျက်မှောင်ကြုတ်ပြီး မေးလိုက်တော့သည်။
“ငါ့ကို ရှစ်စွင်းကို ဒီလိုခေါ်လို့ရတယ်များ ထင်နေလား၊ မိန်းမငယ်လေး မင်းကို မေးလိုက်မယ်၊ နောက်ကျောမှာ ဓားရှည်တစ်လက်ကို လွယ်ထားပြီး ချောမောခံ့ညားတဲ့ ပိန်သွယ်သွယ် အမျိုးသားတစ်ယောက်ကို တွေ့မိလား၊ သူ့ဓားစွမ်းရည်က အံ့ဩစရာကောင်းတယ်”
ဝူဝူသည် ထိုစကားကို ကြားသောအခါ သူမ၏သံသယများ အတည်ပြုလိုက်ပြီဖြစ်သည်။ သူမက ချက်ချင်း ဟန်ဆောင်လိုက်၏။
“ငါက မိန်းမငယ်လေး မဟုတ်ဘူး၊ နင်တို့ပြောတဲ့ ဓားသမားက ဒီမှာမရှိဘူး၊ သူ့ကို မတွေ့ဖူးဘူး”
“သူ့ကို မတွေ့ဖူးဘူးလား” ရှောင်ယွမ်အာက စဉ်းစားလိုက်၏။
ခရုလေးက မေးလိုက်တော့သည်။
“ဒီလိုဆိုရင် ခါးမှာ ဓားမော့ချိတ်ဆွဲထားတဲ့ ဓားမော့သိုင်းသမားတစ်ယောက်ကို တွေ့မိလား၊ သူက အရပ်ရှည်ပြီး ကြံ့ခိုင်တယ်၊ ဓားမော့ကျွမ်းကျင်တယ်၊ သူက အဲဒီဓားသိုင်းသမားနဲ့ ယှဉ်နိုင်တယ်”
ဝူဝူက ရင်ထဲထိတ်ခနဲ ဖြစ်သွားလေ၏။ ဤလူများသည် သူမ၏ အကိုကြီးနှင့် အကြီးဆုံးအကိုကြီးကို လာရှာသူများမှန်း အတည်ပြုလိုက်နိုင်ပြီဖြစ်သည်။ သူမအကြည့်လွှဲကာ ပြောလိုက်၏။
“သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး”
ခရုလေးက စိတ်ပျက်သွားပုံပေါ်၏။ သူမက လှည့်ပတ်ကာ မေးလိုက်တော့သည်။
“ရှစ်စွင်း သူတို့ ဒုက္ခရောက်နေတာတော့ မဟုတ်လောက်ပါဘူးနော်”
လုကျိုးက ခေါင်းခါပြီးနောက် ပြောလိုက်သည်။
“စိတ်ပူဖို့ မလိုဘူး”
ရှောင်ယွမ်အာသည် ယခင်ကကဲ့သို့ တုံးတုံးအအ မိန်းမပျိုလေးတစ်ယောက် မဟုတ်တော့ပေ။ ဝူဝူက သူတို့ကို စိတ်မပါ လက်မပါ ပြောနေတာကို မြင်ပြီး သူမစိတ်ပျက်သွားတော့၏။
“ရှစ်စွင်း မိုးမခတစ်ထောင် ဘုရားကျောင်းထဲ အားသုံးပြီး ဝင်သင့်လား”
အားသုံးပြီး ဝင်မှာလား။ ထိုစကားကို ကြားပြီး ဝူဝူသည် ကျောမတ်သွားတော့၏။ ဒီအစ်မက ကြမ်းလိုက်တာ။
ရှောင်ယွမ်အာပြောပြီးချိန်၌ မိုးမခတစ်ထောင် ဘုရားကျောင်းမှ ကျင့်ကြံသူများစွာ အောက်သို့ ဆင်းသက် ပျံသန်းလာ၏။
ခေါင်းဆောင်က မိုးမခတစ်ထောင် ဘုရားကျောင်း၏ ဘုရားကျောင်းသခင် ရှားချန်းချိုးပဲ ဖြစ်သည်။ သူ့ဘေး၌ အကြီးအကဲ ထျန်းပုကျီပါလာ၏။
ရှားချန်းချိုးသည် လုကျိုးကို မြင်သောအခါ ဇဝေဇဝါဖြစ်သွားသည်။ သူသည် ဤအဘိုးအိုကို ယခင်က တစ်ခါမှ မတွေ့ဖူးပေ။ သူအရိုအသေပေးလျက် မေးလိုက်၏။
“လူကြီးမင်း ဒီမှာ ဘာကိစ္စများ ရှိလို့ပါလဲ”
လုကျိုးက မုတ်ဆိတ်သပ်လျက် ရှားချန်းချိုးကို ကြည့်လိုက်သည်။ သူက ပြောလိုက်၏။
“ကျုပ်တစ်ယောက်ယောက်ကို ရှာနေတာ”
“ကြယ်ပျံအိမ်တော် ကိုယ်စား ရှာတာလား၊ ကောင်းကင်သိုင်းခုံရုံးကိုယ်စား ရှာတာလား” ယင်းက ရှားချန်းချိုး စိတ်အပူဆုံးအရာဖြစ်သည်။
လုကျိုးသည် ထိုအကြောင်းကို ခဏတာ စဉ်းစားလိုက်သည်။ လက်ရှိတွင် သူက မိုးမခတစ်ထောင် ဘုရားကျောင်းအကြောင်း သိပ်မသိပေ။ ယွီရှန်းရုန်နှင့် ယွီယွီကျန့်ဟိုင်က နဝမဘုံကျောင်းအကြီးအကဲနှင့် မိုးမခတစ်ထောင် ဘုရားကျောင်းနားတွင် တိုက်ခိုက်ခဲ့သည်။ ဤလူများ မတွေ့မိဖို့က မဖြစ်နိုင်ပေ။ ဆိုရလျှင် မိုးမခတစ်ထောင် ဘုရားကျောင်း ဂိုဏ်းသားများသည် အနီရောင်ကြာနယ်မြေမှ ဖြစ်ကြ၏။ သူတို့သည် ယွီရှန်းရုန်နှင့် ယွီယွီကျန့်ဟိုင်တို့ကို ဖမ်းထားတာ ဖြစ်လောက်သည်။
‘ငါ့ရဲ့ အထောက်အထားကို မဖော်ထုတ်ခင် သူတို့ဆီက အချက်အလက်တွေ တူးထုတ်ရမယ်’ အဆုံးကျ လုကျိုးက ပြောလိုက်သည်။
“ငါရှာနေတဲ့ လူနှစ်ယောက်က ရွှေကြာနယ်မြေကပဲ၊ သူတို့ကို ငါ ခေါ်သွားမှာ”
ထိုစကားကိုကြားသောအခါ ရှားချန်းချိုးက သူ့ဘာသာသူ တွေးလိုက်၏။
“ထင်တဲ့အတိုင်း သူတို့က ရည်ရွယ်ချက်ကောင်းနဲ့ ရောက်လာတာ မဟုတ်ဘူးပဲ၊ ဒီအဘိုးကြီးက ကောင်းကင်သိုင်းခုံရုံး ဒါမှမဟုတ် နန်းတော်ကနေ လွှတ်လိုက်တဲ့ သိုင်းပညာရှင်ပဲ ဖြစ်ရမယ်”
“စိတ်မကောင်းပါဘူး၊ အရင်တုန်းက ရွှေကြာနယ်မြေအကြောင်း ဘာမှမကြားဖူးဘူး၊ လူကြီးမင်း ထွက်သွားဖို့ ပြောပါရစေ” ရှားချန်းချိုးက လက်ဟန်တစ်ခု ပြလိုက်၏။
“သူတို့ကို တစ်ခါမှ မတွေ့ဖူးဘူးလား၊ သူတို့က နယ်ခြားတွေနော်” လုကျိုးသည် ရှားချန်းချိုးကို မယုံပေ။
ရှားချန်းချိုးက ပြန်မပြောနိုင်သေးခင် ထျန်းပုကျီက အရိုအသေပေးကာ ပြောလိုက်၏။
“ဘုရားကျောင်းသခင်က တံခါးပိတ်ကျင့်ကြံလေ့ရှိပါတယ်၊ လောကီရေးရာကို သိပ်မသိဘူး၊ တစ်ဖက်မှာတော့ ကျုပ် ကောလာဟလတချို့ ကြားမိတယ်”
“ပြော”
“နဝမဘုံကျောင်းက ရွှေကြာနယ်မြေက နယ်ခြားသားတစ်ယောက်ကို ဖမ်းသွားတယ်လို့ ပြောတယ်၊ နဝမဘုံကျောင်းကို သွားလို့ရပါတယ်ဆရာကြီး”
ထျန်းပုကျီက ပြောလိုက်၏။ သူသည် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်လိုက်တာပဲဖြစ်သည်။ သူသည် ကပ်ဘေးကို နဝမဘုံကျောင်းဆီ လွှဲပေးလိုက်ပြီး တစ်ပြိုင်တည်းတွင် မိုးမခတစ်ထောင် ဘုရားကျောင်းသည် ဤကပ်ဘေးမှ လွတ်မြောက်လိမ့်မည်။
“နဝမဘုံကျောင်းလား” လုကျိုးသည် ယခုအချိန်၌ အမည်ကို ကြိမ်ဖန်များစွာ ကြားနေရပြီဖြစ်သည်။
“အစောတုန်းက ဘာကြောင့်မပြောတာလဲ”
ထျန်းပုကျီက ထိတ်လန့်အံ့အားသင့်သွား၏။ ‘ဒီအဘိုးကြီးရဲ့ အပြုအမူက... ‘
လုကျိုးသည် မြေပြင်ပေါ်ကနေ ခုန်တက်လျက် လေထဲပျံဝဲနေကာ စာဝါငှက်တစ်ကောင်ပမာ ပေါ့ပါးနေ၏။ သူက ရှားချန်းချိုးကို ကြည့်ပြီးပြောလိုက်သည်။
“မင်းကို မေးခွန်းမေးမယ်၊ မှန်မှန်ကန်ကန်ဖြေ၊ မင်းရဲ့စကားမှာ အမှားတစ်ခုပါခဲ့ရင်တောင် မင်းတို့ဘုရားကျောင်းက လူအားလုံးကို သတ်ပစ်မယ်” သူ၏အသံက အဝေးထိတိုင် ရောက်သွားသည်။
ရှားချန်းချိုးက ထိတ်လန့်သွားလေ၏။ သူက ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်တင်မကဘူး သူ သူက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်လား။
“စိတ်အေးအေးထားပါ လူကြီးမင်း၊ မိုးမခတစ်ထောင် ဘုရားကျောင်းက အမှန်တရား မဖုံးကွယ်ရဲပါဘူး၊ ပွင့်ချပ်ရှစ်လွှာ ရွှေကြာကျင့်ကြံသူတစ်ယောက်ကို တစ်ခါမှ မတွေ့ဖူးပါဘူး” ရှားချန်းချိုးက အလျင်စလို ရှင်းပြလိုက်သည်။
“သူတို့တွေက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတွေလို့ ငါမပြောခဲ့ဖူးဘူး၊ အဲဒါကို ဘယ်လိုလုပ်သိလဲ” လုကျိုး၏ အသံက နက်ရှိုင်းလှလေ၏။
“…”
ရှားချန်းချိုးက စိတ်လေးသွားတော့သည်။ မကောင်းတော့ဘူး။
လုကျိုးသည် တခဏတာတွေးတောပြီးနောက် ရှေ့သို့ပျံသန်းလိုက်၏။
ရှားချန်းချိုး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားတော့သည်။ သူက လက်ဝါးနှစ်ဖက် ပူးကပ်လျက် ရှေ့သို့ တွန်းထုတ်လိုက်၏။
လုကျိုးသည် ရှားချန်းချိုးရှေ့၌ ပေါ်လာသည်။ သူ၏ ရင့်ရော်နေသော လက်သည် ကောင်းကင်ချိတ်သဏ္ဌာန် လက်ငါးချောင်းနှင့် တူ၏။ သူ၏လက်ဝါးဆီသို့ တွန်းကန်ခံလိုက်ရသည့်ပမာ မည်သည့်စွမ်းအင်ကိုမဆို အသုံးပြုနိုင်ပုံရသည်။ ရှားချန်းချိုး၏ စွမ်းအင်ကို ဖြိုခွဲချိန်၌ သူ၏လက်ဖဝါးသည် အပြာရောင် ရောင်ခြည်ဖြင့် တောက်ပသွား၏။
ဘန်း
ရှားချန်းချိုးက နောက်သို့လွင့်ထွက်သွား၏။ သူ၏လက်က ချက်ချင်းထုံကျဉ်သွားကာ သူ၏သွေးအဆီအနှစ်များ ဆန်တက်လာတော့သည်။
ကျန်သည့်သူများက ထိတ်လန့်ကုန်၏။ မိုးမခတစ်ထောင် ဘုရားကျောင်း၏ ခမ်းနားသော ဘုရားကျောင်းသခင်သည် သာမန်ရိုက်ချက်တစ်ချက်ကြောင့် နောက်သို့ အတွန်းခံလိုက်ရသည်။
ရှားချန်းချိုးက နာကျင်သွား၏။ သူ၏ယုံကြည်ချက်နှင့် ဂုဏ်သိက္ခာတို့သည် ယွီရှန်းရုန်၊ ယွီယွီကျန့်ဟိုင်၊ လျမ်းကျစ်တောက်၊ ကျူးရွှမ်တို့ကြောင့် ယုတ်လျော့နေပြီးသား ဖြစ်သည်။ ယခု ဤအဘိုးအို ။ သူလက်ခံနိုင်ရန် ခက်ခဲနေ၏။ သူတို့အားလုံးက သူ့ကို အလွယ်တကူ အနိုင်ကျင့်နိုင်ကြသည်။ သူမည်ကဲ့သို့ မထိခိုက်ပဲ နေမည်နည်း။ ပွင့်ချပ်ရှစ်လွှာနှင့်တစ်ဝက် ကျင့်ကြံသူတစ်ဦး၏ ဂိုဏ်သိက္ခာအတွက် နေရာမရှိတော့ပြီလော။
လုကျိုးသည် ရှားချန်းချိုးကို ကြည့်ပြီး ချီးကျူးလိုက်၏။
“မင်းက ငါ့ဆီက ရိုက်ချက်တစ်ချက် ခံပြီးရတာတောင် ရပ်နေနိုင်သေးတယ်၊ မင်းရဲ့ကျင့်ကြံဆင့်က မဆိုးဘူးပဲ”
ရှားချန်းချိုး၏ အမူအရာက သုန်မုန်နေ၏။ သို့သော် လူများစွာက ကြည့်နေလေရာ ကျောမတ်ထားရ၏။
“ကြင်နာတဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်း၊ ကျုပ်တို့ ရွှေကြာကျင့်ကြံသူတစ်ယောက်ကို တစ်ခါမှ မတွေ့ဖူးဘူး၊ ပွင့်ချပ်ရှစ်လွှာရွှေကြာအကြောင်းကတော့ ကောလာဟလတွေထဲကနေ ကြားမိတာပါ”
လုကျိုးက လက်နောက်ပစ်လျက် လေထဲရပ်နေကာ ပြောလိုက်သည်။
“ငါ လူလိမ်တွေကို မကြိုက်ဘူး”
ထျန်းပုကျီက ရှားချန်းချိုးရှေ့သို့သွားကာ ပြောလိုက်သည်။
“လူကြီးမင်း၊ လူကြီးမင်းရဲ့ ကျင့်စဉ်တေွက ထိတ်လန့်ပြီး နက်နဲဖို့ကောင်းပါတယ်၊ ဘာကြောင့်များ ကျုပ်တို့ကို အနိုင်ကျင့်ရတာလဲ”
ကျီဖုန်းရှင်းက ရှေ့သို့ပျံသန်းကာ ရှားချန်းချိုးကို အရိုအသေပေးလိုက်သည်။
“မိုးမခတစ်ထောင် ဘုရားကျောင်းနဲ့ ဘာမှမဆိုင်ဘူး၊ ဒါတွေအားလုံးကို စခဲ့တဲ့လူက ကျွန်တော်ပါပဲ၊ ဆရာကြီးတို့ရှာနေတဲ့လူကို ကျွန်တော်သိပါတယ်”
ကျီဖုန်းရှင်းက ပြောပြီးနောက် တောအုပ်ထဲကနေ ပုံရိပ်တစ်ရိပ် သူတို့ဆီပျံသန်းလာ၏။ ယင်းကိုမြင်သောအခါ သူက မျက်လုံးချက်ချင်း ပြူးကျယ်သွားကာ အော်ပြောလိုက်တော့သည်။
“အစ်ကိုကြီး ပြေးတော့”
လှုပ်ရှားမှုတစ်ချက် ပေါက်ကွဲသွားပြီး သူသည် ယွီရှန်းရုန်ရှေ့သို့ ပျံသန်းသွားလေ၏။
…
အခန်း (၇၄၀) သူတို့ပြောသလို အားကောင်းတယ်
ကျီဖုန်းရှင်းက ယွီရှန်းရုန်အား တူညီသည့်အမှား နှစ်ခါမလုပ်မိစေရန် တားဆီးဖို့ ဆုံးဖြတ်ထားသည်။ သူ့အလိုလိုသိစိတ်က ထိုလူအိုကြီးသည် ဖြေရှင်းဖို့ လွယ်ကူသည့်သူ မဟုတ်ကြောင်း ပြောပြနေ၏။ ထိုလူအိုကြီးက မည်သူပင် ဖြစ်စေကာမူ၊ မည်သည့်နေရာမှ ရောက်လာစေကာမူ မိုးမတစ်ထောင်ဘုရားကျောင်းမှ လူတွေ ဖြေရှင်းနိုင်သည့်သူ မဟုတ်ပေ။ အကောင်းဆုံးအရာက ထွက်ပြေးဖို့သာ ဖြစ်၏။
သူ့ကျင့်ကြံဆင့်နှင့် အမြန်နှုန်းက ယွီရှန်းရုန်နှင့် မယှဥ်နိုင်ပေ။ သူက ယွီရှန်းရုန်၏ လမ်းတွင် အဟန့်အတားသာ ဖြစ်နေလိမ့်မည်။ ထို့ကြောင့် ပြောလိုက်၏။
" အဲ့ဒါက အဆင့်မြင့် ကျင့်ကြံသူပဲ။ ထွက်ပြေးတော့ "
လုကျိုးက လှမ်းကြည့်လိုက်သည့်အခါ ကျီဖုန်းရှင်းသည် သူတို့ဆီ ပြေးဝင်လာနေသည့် လူတစ်ယောက်ကို ကားဆီးထားသည်ကို မြင်လိုက်ရ၏။ သူက လက်မြှောက်ကာ လက်ဝါးချက် ထုတ်လွှတ်လိုက်သည်။
လေထုထဲ ရွှေရောင် လက်ဝါးစည်းတံဆိပ်က ထွက်ပေါ်လာသည်။
" ဗုဒ္ဓဘာသာလား .. ဘာလို့ ရွှေရောင်ဖြစ်နေတာလဲ" ထျန်းပုကျီက အမှန်တကယ် တုန်လှုပ်နေမိသည်။
ရှားချန်းချိုးကလည်း ထိုရွှေရောင်လက်ဝါးစည်းတံဆိပ်ကြောင့် အံ့အားသင့်နေမိသည်။
သူက ကောင်းကင်သိုင်းခုံရုံး၊ ကြယ်ပျံအိမ်တော်၊ နန်းတော်က မဟုတ်ဘူးပဲ...
ဝူဝူက ထိုလူအိုကြီးကို ကြည့်လိုက်၏။ ထိုလူအိုကြီးက မုတ်ဆိတ်သပ်ကာ ထူးမခြားနား အမူအရာမျိုး ဆင်မြန်းထားသည်။
လက်ဝါးချက်က ရှေ့ကို ထွက်ပေါ်လာ၏။
ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူက လှုပ်ရှားသည့်အခါ ပွင့်ချပ်ရှစ်လွှာ ကျီဖုန်းရှင်းပင် ခက်ခက်ခဲခဲ တားဆီးနိုင်ရုံမျှ ဖြစ်၏။
လက်ဝါးချက်က ကျဆင်းတော့မည့်ဆဲဆဲတွင် ယွီရှန်းရုန်က မဟာနည်းစနစ်ကို ထုတ်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ သူက ကျီဖုန်းရှင်းအနား ချဉ်းကပ်လာပြီး သက်တော်ရှည်ဓားကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ တားလိုက်သည်။
ဘန်း
ယွီရှန်းရုန်က လက်ဝါးချက်ကို တားဆီးလိုက်ရင်း ကျီဖုန်းရှင်းဆီ လွင့်ထွက်သွား၏။ နှစ်ဦးသားက တစ်ချိန်တည်းဆိုသလို လွင့်ထွက်သွားကြသည်။
လက်ဝါးစည်းတံဆိပ်က သက်တော်ရှည်ဓားနှင့် ထိပ်တိုက်တွေ့သွားသည်။
သူတို့က မီတာအနည်းငယ် လွင့်စဉ်သွားပြီးသည့်နောက်တွင် အရှိန်လျော့သွား၏။
လုကျိုးက ထပ်မံ မထုတ်လွှတ်တော့ပေ။ သူက ရောက်ရှိလာသူကို မြင်ပြီး ကျီဖုန်းရှင်း၏ ရည်ရွယ်ချက်ကိုလည်း နားလည်လိုက်သည်။
တခြားသူများက အံ့အားသင့်နေကြ၏။
ကျီဖုန်းရှင်းက လှည့်ကြည့်ကာ တစ်စုံတစ်ခု ပြောတော့မည့်ဆဲဆဲတွင် ယွီရှန်းရုန်က လက်မြှောက်ကာ သူ့အား တိတ်တိတ်နေဖို့ အချက်ပြလာသည်။ ထို့နောက် သူက သူ့ရှေ့မှ လူအိုကြီးကို ကြည့်ကာ သက်တော်ရှည်ဓားကို ကျောတွင် ပြန်ထားလိုက်ပြီး လေးလေးစားစား ဒူးတစ်ဖက် ထောက်ရင်း ပြောလိုက်သည်။
“ရှစ်စွင်းကို ဂါရဝ ပြုပါတယ် "
ယွီရှန်းရုန်၏ အမူအရာက ပုံမှန်အတိုင်း ကျန်ရှိနေ၏။ ဤသည်က တည်ငြိမ်ကာ ညင်သာသည့် မတုန်လှုပ်နိုင်ဖွယ် ယုံကြည်ချက်မျိုးကို ပိုင်ဆိုင်ထားသည်။ မည်သည့်အချိန် မည်သည့်အခြေအနေတွင် ဖြစ်စေကာမူ သူက အတူတူသာ ဖြစ်နေလိမ့်မည်။
ရှားချန်းချိုး၊ ထျန်းပုကျီ၊ ဝူဝူ " .... "
ကျီဖုန်းရှင်း " ... "
လုကျိုးက လှုပ်ရှားလိုက်ပြီဖြစ်၍ သူ့ဇာစ်မြစ်ကို ဖုံးကွယ်ထားဖို့ ဆန္ဒမရှိကြောင်း ဆိုလိုနေသည်။
ယွီရှန်းရုန်၏ နှုတ်ဆက်မှုက ထိုလူအိုကြီး၏ ဇာစ်မြစ်ကို အတည်ပြုပြီးသား ဖြစ်သွားသည်။
ကျီဖုန်းရှင်းက အမှန်တကယ် အံ့အားသင့်ကာ ဆွံ့အနေမိသည်။ သူက ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့ဆီမှာ ဓားရေးနှင့် ဓားမော့ပညာရပ်ကို သင်ကြားခဲ့စဥ်အခါက သူတို့နှစ်ဦးသည် သူတို့၏ ရှစ်စွင်းအကြောင်း အမြဲလိုလို ပြောဆိုနေသည်ကို ကြားဖူးသည်။ သူတို့နှစ်ဦးလုံးက ကျင့်ကြံရေးပေါ်တွင် ကွဲပြားသည့်အမြင်မျိုး ရှိကာ တစ်ယောက်နှင့် တစ်ယောက် မကြာခဏ စကားများလေ့ရှိသော်လည်း သူတို့နှစ်ဦးလုံး သဘောတူသည့် အရာတစ်ခုတော့ ရှိလေသည်။ ထိုအကြောင်းအရာမှာ သူတို့၏ ဆရာသည် အားအကောင်းဆုံး ဖြစ်၏။ သူတို့ လုပ်ဆောင်သည့် ကိစ္စအားလုံးတွင် သတင်းစကားတစ်ခုသာ ရှိသည်။ သူတို့၏ ဆရာသည် ပြိုင်ဘက်ကင်း ဖြစ်၏။
ကျီဖုန်းရှင်းက တံတွေး မျိုချလိုက်မိသည်။ သူက ထိုလူအိုကြီးအား လှမ်းကြည့်လိုက်မိ၏။ သူက အသိပြန်ဝင်လာသည့်အခါ သူ့ခေါင်းထဲ မေးခွန်းတစ်ခု ပေါ်ထွက်လာသည်။
ဒီလူအိုကြီးက တကယ်ပြိုင်ဘက်ကင်း ဟုတ်ပါ့မလား...
လုကျိုးက မုတ်ဆိတ်အသာသပ်ပြီး ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ အဆုံးမဲ့ပင်လယ်ကို ဖြတ်ကျော်လာပြီး အချိန်အတော်ကြာ ပျံသန်းလာပြီးသည့်နောက်တွင် သူတို့က တခြားတစ်ဘက်ကို ရောက်ရှိခဲ့ပြီး ယွီရှန်းရုန်နှင့် တွေ့ဆုံးခဲ့ရသည်။
သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏” ထပါ "
ယွီရှန်းရုန်က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
ထိုစဥ် ရှောင်ယွမ်အာနှင့် ခရုလေးတို့က သူတို့၏ ဆရာအနား ရောက်ရှိလာကာ တစ်ပြိုင်နက် နှုတ်ဆက်လိုက်ကြသည်” အာ့ရှစ်ရှိုး "
ယွီရှန်းရုန်က ထိုမိန်းကလေး ၂ယောက်ကို မြင်လိုက်သည့်အခါ ပြုံးလိုက်ပြီး " ရှစ်မေ့တို့ ထပ်တွေ့ပြန်ပြီ"
လုကျိုးက ပြောလိုက်၏” မင်းက ငါ့တိုက်ကွက်ကို လွယ်လွယ်လေး တားဆီးနိုင်တယ်ဆိုတော့ မင်းရဲ့ ကျင့်ကြံဆင့်က မြင့်လာပြီလား "
ယွီရှန်းရုန်က ခေါင်းညိတ်လိုက်သည်။
လုကျိုးက ယွီရှန်းရုန်ဘေးမှ အံ့အားသင့်နေသည့် ကျီဖုန်းရှင်းကို ကြည့်လိုက်သည်။
ယွီရှန်းရုန်က သူ့ဆရာကို နားလည်သည့်အတွက် ရှင်းပြလိုက်သည်။
" ကျွန်တော်က အနီရောင်ကြာနယ်မြေကို ရောက်ကတည်းက မိုးမခတစ်ထောင်ဘုရားကျောင်းမှာ နေနေတာပါ။ ကျီဖုန်းရှင်းရဲ့ ကျင့်ကြံဆင့်က အားနည်းပေမဲ့ သူက သမာသမတ်ကျတဲ့သူပါ”
လုကျိုးက ယခု ထိုကိစ္စကို နားလည်သွားသည်။
ကျီဖုန်းရှင်းက တောင့်တောင့်ကြီး ရှေ့ထွက်ရပ်လာကာ လုကျိုးအား ဦးညွှတ်လိုက်ပြီး ပြောလိုက်၏။
” လောင် … လောင် … လောင်ချန်းပေ့ကို ဂါ … ဂါရဝပြုပါတယ်”
သူက ခက်ခက်ခဲခဲ ပြောလိုက်ရ၏။
ယခုတွင် မိုးမခတစ်ထောင်ဘုရားကျောင်း၏ ကျောင်းထိုင် ရှားချန်းချိုးက လုကျိုးနှင့် ယွီရှန်းရုန်တို့ကြားမှ ဆက်ဆံရေးကို သိသွားလေပြီ။ သူက လေးစားကြောက်ရွံ့နေပြီး လုကျိုးထံ မြန်မြန်နှုတ်ဆက်လာ၏။
" ခင်ဗျားက အဝေးက မိတ်ဆွေကိုး … မိုးမခတစ်ထောင်ဘုရားကျောင်းက ကြိုဆိုပါတယ်"
ရှားချန်းချိုးက ရွေးချယ်စရာ မရှိပေ။ သူက ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့ဘက်တွင် ရပ်တည်ဖို့ ရွေးချယ်လိုက်ကတည်းက ဤသို့ ကံကြမ္မာဖန်လာခဲ့ပြီးသား ဖြစ်၏။
တပည့်များကလည်း လိုက်လံကာ ဦးညွှတ်လိုက်ကြသည်။
လုကျိုးက သူတို့ကို လျစ်လျူရှုထား၏။ ထို့အစား သူက ယွီရှန်းရုန်ကို ကြည့်ကာ မေးလိုက်သည်။
” မင်းရဲ့ တာ့ရှစ်ရှိုးကရော "
ယွီရှန်းရုန်က ခေါင်းအသာ ငုံ့ထားပြီးနောက် စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။
” ကျွန်တော် သူ့ကို မကာကွယ်နိုင်ခဲ့ဘူး။ ကျွန်တော် ဘယ်လို ပြစ်ဒဏ်မျိုးမဆို ခံယူဖို့ လိုလားပါတယ်”
ရှားချန်းချိုးက သူတို့အားလုံးသည် တောင်ခြေတွင် ရပ်နေဖို့ရာ မသင့်တော်ကြောင်း သိ၍ ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။
” အားလုံး ခန်းမထဲ သွားကြရအောင်လား။ ပြန်လည်ဆုံစည်းတာဆိုတော့ အေးအေးဆေးဆေး စကားဝိုင်းမျိုး ရှိသင့်တယ်လေ”
လုကျိုးက ရှားချန်းချိုးအား ကြည့်ကာ မေးလိုက်၏” မင်းက ဒီနေရာက ကျောင်းထိုင်လား "
" ဟုတ်ပါတယ် "
" မင်းက ပါရမီရှိတဲ့သူကို မြင်တတ်သားပဲ။ ဒီလူငယ်လေး ကျီဖုန်းရှင်းက မင်းရဲ့ တပည့်လား"
လုကျိုးက မေးလိုက်သည်။
" ဟုတ်ပါတယ်။ သူက မိုးမခတစ်ထောင်ဘုရားကျောင်းရဲ့ တပည့်တစ်ယောက်ပါ။ ဒီလိုပြောရတာတော့ မျက်နှာပူဖို့တော့ ကောင်းပါရဲ့” ရှားချန်းချိုးက အဖြစ်အပျက်နှင့် ပတ်သက်ပြီး အနည်းငယ် မျက်နှာပူနေမိသည်။
သူက လူအိုကြီး၏ တပည့်နှင့် သူ့ကိုယ်ပိုင် တပည့်တို့ကို နှိုင်းယှဥ်ကြည့်သည့်အခါ ကွာခြားချက်က မိုးမြေလောက် ကြီးမားနေ၏။
သို့သော် လုကျိုးက ကျီဖုန်းရှင်းအား ကြည့်လာကာ မုတ်ဆိတ်သပ်လိုက်ပြီး ပြောလိုက်သည်။
" လူငယ်လေး မင်းက အကျင့်စရိုက်ကောင်း ရှိတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက ဒီအရာကို တန်ဖိုးအထားဆုံးပဲ။ တကယ်လို့ မင်း လိုလားတယ်ဆိုရင် မင်းကို ခြွင်းချက်အနေနဲ့ ထားပြီးတော့ မိစ္ဆာဝေဟင်မျှော်နန်းမှာ လက်ခံပေးမယ်။ မင်းက ဖန်ကျုံးနဲ့ ကျိုးကျစ်ဖုန်းတို့လို အဆင့်တူတူ ဖြစ်လာလိမ့်မယ်”
ကျီဖုန်းရှင်း " ... "
ကျီဖုန်းရှင်းက အမှန်တကယ် ဆွံ့အနေမိသည်။
" ခင်ဗျား စိတ်ထဲထားလား " လုကျိုးက ရှားချန်းချိုးအား လှမ်းကြည့်လိုက်သည်။
ရှားချန်းချိုး၏ အမူအရာက တောင့်တင်းနေ၏။ သူက နေရခက်စွာ ရယ်မောလိုက်ပြီး လက်ဝေ့ကာ ပြောလိုက်သည်” မဟုတ်ပါဘူး "
အကယ်၍ တခြားတစ်ယောက်ယောက်က သူ့တပည့်ကို ခိုးယူလိုပါက သူသည် ထိုသူကို သေသည်အထိ ရိုက်နှက်မိလိမ့်မည်။
ကျီဖုန်းရှင်းက ဦးညွှတ်ကာ ပြောလိုက်၏။
" ကျွန်တော် ကျင့်ကြံရေးလမ်းစဥ်ကို လျှောက်လှမ်းနိုင်ခဲ့တာက မိုးမခတစ်ထောင်ဘုရားကျောင်းရဲ့ ကျေးဇူးကြောင့်ပါ။ ကျွန်တော် ဘုရားကျောင်းကို ဝင်ကတည်းက သစ္စာဖောက်ဖို့ မတွေးဖူးပါဘူး။ လောင်ချန်းပေ့လည်း ကိုယ်တိုင် ပြောခဲ့တာဆိုတော့ ကျွန်တော်ရဲ့ အကျင့်စရိုက်ကို သဘောကျတာ မလား။ တကယ်လို့ လောင်ချန်းပေ့နဲ့ တူတူလိုက်သွားမယ်ဆိုရင် ကျွန်တော့်အကြောင်း မှားယွင်းသုံးသပ်မိတယ်ဆိုတာကို ဖြစ်သွားပါလိမ့်မယ်”
ထို့နောက် သူက အသံမြှင့်ကာ ပြောလိုက်သည်” လောင်ချန်းပေ့ရဲ့ ကြင်နာတဲ့ အပြုအမူအတွက် ကျေးဇူးတင်ပါတယ် "
စိတ်ဝင်စားစရာပဲ...
လုကျိုးအနေနှင့် အငြင်းခံရသည်မှာ နှစ်ကြိမ် ရှိသွားလေပြီ။ သို့သော်လည်း ကျီဖုန်းရှင်း ပြောသည်က အချက်အလက်ကျ၏။ ကျီဖုန်းရှင်းက မလိုလားအပ်သည့်အတွက် သူ့အား အတင်းအကျပ် ဖိအားပေး၍ မကောင်းပေ။ အကယ်၍ ဖရဲသီးကို အတင်းမှည့်အောင် လုပ်ပါက အရသာကောင်းမည် မဟုတ်ပေ။
ထို့အပြင် မိစ္ဆာဝေဟင်မျှော်နန်းက လူအင်အား ပြတ်လပ်မနေပေ။
ဝူဝူအတွက်မူ သူမ၏ အကျင့်စရိုက်က ကောင်းမွန်သော်လည်း သူမကို ထည့်မပြောသွားပေ။ ကြည့်ရသည်မှာ သူမကို မျက်စိလျှမ်းသွားဟန်ပေါ်၏။
ရှားချန်းချိုးက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လှည့်ကာပြောလိုက်၏” အားလုံး ကျုပ်နောက်လိုက်ခဲ့ကြပါ "
သူတို့က တရားမျှတရေး ခန်းမဆောင်အတွင်း ဝင်ရောက်သွားကြသည်။
သူတို့၏ လေးစားမှုကို ပြသဖို့ မိုးမခတစ်ထောင်ဘုရားကျောင်း၏ အကြီးအကဲများက လာရောက်ကြသည်။
ရှောင်ယွမ်အာက ဝင်ထိုင်လိုက်ပြီးနောက် ပြောလိုက်သည်” အာ့ရှစ်ရှိုး … ရှစ်စွင်းက အာ့ရှစ်ရှိုးကို ရှာဖို့ အများကြီး ဖြတ်ကျော်ခဲ့ရတာ”
ထို့နောက် သူမက အဆုံးမဲ့ပင်လယ်မှတစ်ဆင့် အချိန်အတော်ကြာ ပျံသန်းခဲ့ရသည့် ခရီးစဥ်အကြောင်းကို အသေးစိတ်ပြန်လည် ပြောပြလေသည်။
တခြားသူများက ထိုဇာတ်ကြောင်းကို ကြားသည့်အခါ စိုးရိမ်လာကြ၏။
အစပိုင်းတွင် ဟွီရှန်းရုန်က များများစားစား မတွေးခဲ့မိပေ။ သူ့ရှစ်စွင်း၏ ကျင့်ကြံဆင့်ဖြင့် အနီရောင်ကြာနယ်မြေသို့ လာနိုင်သည်မှာ မထူးဆန်းလှပေ။ သို့သော်လည်း သူ့ကျိုးရှစ်မေ့၏ စကားများကို ကြားပြီးသည့်နောက်တွင် သူ့ရှစ်စွင်းသည် ရေနက်ဆန်းကြယ်ဂူမှ ရောက်လာခြင်း မဟုတ်ဘဲ အဆုံးမဲ့ပင်လယ်မှ ဖြတ်ကျော်လာခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ သူက ထိုအရာနှင့် ပတ်သက်ပြီး အမှန်တကယ် အံ့အားသင့်နေမိသည်။
အဆုံးမဲ့ပင်လယ်သည် ဖြတ်ကျော်ဖို့ မဖြစ်နိုင်လောက်မှန်း သိလေသည်။ မည်သူကမှ ရေထဲတွင် ပုန်းအောင်းနေသည့် အန္တရာယ်ကို မသိကြပေ။
သူ့ရှစ်စွင်းက သူ့အတွက် ဤဒုက္ခများကို ဖြတ်ကျော်ဖို့ ဆန္ဒရှိသည်ကို တွေးကြည့်မိလိုက်လျှင် ...
လုကျိုးက မုတ်ဆိတ်သပ်ကာ မေးလိုက်၏။
” မင်းရဲ့ တာ့ရှစ်ရှိုးက ဘယ်မှာလဲ "
ယွီရှန်းရုန်က ခေါင်းညိတ်ကာ သူ့ရှစ်စွင်းအား သူနှင့် ယွီကျန့်ဟိုင်သည် ကျူးရွှမ်ကို ဘယ်လိုတိုက်ခိုက်ခဲ့ကြောင်း ပြောပြလိုက်သည်။ သူက သူ့ရှစ်စွင်းအား ကြယ်ပျံအိမ်တော်သည် အကြိမ်များစွာ လာရောက်ခဲ့သည့်အကြောင်းကိုပင် ပြောပြလိုက်သည်။
ထိုအရာကို နားထောင်ပြီးသည့်နောက်တွင် လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်၏။
" ကျူးရွှမ်က တိုက်ပွဲအလယ်မှာ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်သွားတယ်။ မင်းတို့ နှစ်ယောက်က သူနဲ့ ရင်ဆိုင်ဖို့ လွယ်မှာ မဟုတ်ဘူးပဲ။ အပေါ်ယံမှာ သူက မင်းတို့နှစ်ယောက်နဲ့ အတူတူ အလုပ်လုပ်ချင်တယ်ဆိုပေမဲ့ မင်းတို့ကို အသုံးချဖို့ ကြိုးစားနေတာပဲ။ မင်းရဲ့ တာ့ရှစ်ရှိုးကလည်း အဲဒီအကြောင်းကို နားလည်လောက်တယ်။ အဲဒါကြောင့် မင်းတို့ အားလုံး ဘေးကင်းအောင် သူက လိုက်သွားလိုက်တာပဲ”
ထိုအရာကို ကြားပြီးသည့်နောက်တွင် ရှားချန်းချိုးက ပြောလိုက်သည်။
” ကျုပ် မျက်နှာပူမိပါတယ်။ ဒါတွေ အားလုံးက မိုးမခတစ်ထောင်ဘုရားကျောင်းက အားနည်းလွန်းလို့ ဖြစ်ရတာပါ။ မဟုတ်ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး”
စိတ်မရှည်သည့် ရှောင်ယွမ်အာက ပြောလိုက်သည်” ရှစ်စွင်း သူတို့က တာ့ရှစ်ရှိုးကို ဖမ်းဆီးရဲတယ်ဆိုတော့ တပည့်တို့ သူတို့ တံခါးကို ဆောင့်ကန်သင့်ပြီ။ သူတို့တွေက အဋ္ဌမမြောက်ဖြစ်ဖြစ် နဝမမြောက်ဘုံကျောင်းဖြစ်ဖြစ် ဂရုမစိုက်ဘူး”
ရှားချန်းချိုး၊ ထျန်းပုကျီ၊ ကျီဖုန်းရှင်း၊ ဝူဝူနှင့် အကြီးအကဲများက ဆွံ့အနေကြသည်။ သူတို့က ယွီရှန်းရုန်သည် ထရပ်ကာ ခပ်တည်တည်ဖြင့် ပြောလာလိမ့်မည်ဟု ထင်မထားမိကြပေ။
" ရှစ်စွင်းတို့က သူတို့ တံခါးဝဆီ သွားမယ်ဆိုရင် ကျွန်တော်လည်း လိုက်ခဲ့ပါ့မယ်”
" ... "
တကယ့်ကို အရူးတစ်သိုက်ပဲ...
ရှားချန်းချိုးက လည်ချောင်းရှင်းကာ အလျင်စလို ပြောလိုက်၏။
” လောင်ချန်းပေ့က ရွှေကြာနယ်မြေကဆိုတော့ နဝမမြောက်ဘုံကျောင်းက ခင်ဗျားတို့ ထင်ထားသလို အားမနည်းတဲ့အကြောင်းကို ပြောပြဖို့က ကျုပ်ရဲ့ တာဝန်လို့ ထင်တယ်”
ရှောင်ယွမ်အာက လက်သီးဝေ့ကာ ပြောလိုက်၏။
” အဲ့ဒါက ရှစ်စွင်းအကြောင်း မသိသေးလို့ ပြောနေတာပါ။ ရှစ်စွင်း ရိုက်ပြီးတဲ့နောက်မှာ ရပ်နေနိုင်တဲ့သူကို တစ်ယောက်မှ မမြင်ဖူးဘူး "
ကျီဖုန်းရှင်းက ယခုဖြစ်ရပ်ကို ခံစားဖူးခဲ့သလိုမျိုး ခံစားမိလိုက်သည်။ ထိုအရာက အမှန် ဖြစ်၏။ ထိုမိန်းကလေးငယ်၏ စကားများသည် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့၏ စကားနှင့် ဆင်တူနေသည်။ သူတို့၏ စကားများက ထပ်တူမကျသော်လည်း အနှစ်သာရက အတူတူသာဖြစ်၏။
တခြားတပည့်တွေ အကုန်လုံးကလည်း ဒီလိုပဲလား။ ဒီလူအိုကြီးက သူတို့ပြောသလို တကယ်ကြီး အားကောင်းနေတာများလား...
…
အခန်း (၇၄၁) ပထမဆရာတော်ကိုးပါး
ရှားချန်းချိုးက အလျင်စလို ပြောလိုက်၏။
“အဲလိုဆိုလိုတာ မဟုတ်ဘူး။ ကျုပ်တို့ရဲ့ရန်သူကို သိပြီး ကျုပ်တို့ကိုယ်ကျုပ်တို့ သိခဲ့ရင် ရှုံးမဲ့တိုက်ပွဲတွေကို ရှောင်နိုင်တယ်။ လောင်ချန်းပေ့မှာ နက်နဲတဲ့ ကျင့်ကြံဆင့် ရှိတယ်ဆိုတာသိတယ်။ ပြီးတော့ ဒီလူကြီးမင်းနှစ်ယောက်ထက်သာတယ်။ ဒါပေမဲ့ ကျုပ်တို့တွေ နဝမ ဘုံကျောင်းကို လျှော့တွက်လို့ မရဘူး”
လုကျိုးသည် မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်၏။ သူက ရှားချန်းချိုးကို ကြည့်ကာ ပြောလိုက်တော့သည်။
“ ပြောလိုက် “
ရှားချန်းချိုးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ နဝမဘုံကျောင်းက ကျန်းနန်ပတ်လမ်းမှာ ရှိတာ။ နေရာတစ်ခုလုံးကို စိုးမိုးပိုင်ခွင့်ရတဲ့ တစ်ခုတည်းသော ဂိုဏ်းပဲ။ ကျန်းနန်ပတ်လမ်းက ဂိုဏ်းလေးတွေက နဝမဘုံကျောင်းကို အညံ့ခံထားတယ်။ အဲ့ဒီမှာ ပင်မခန်းဆောင်ကိုးခုရှိပြီး ခန်းဆောင်တစ်ခုစီက ပေတစ်ထောင်ကျယ်တာ။ သူတို့တွေက ကောင်းကင်လားရာခန်းမ၊ ကျစ်ဝေခန်းမ၊ အရှေ့ပိုင်းလွင်ပြင်ခန်းမ၊ အချုပ်အခြာသဟဇာတခန်းမ၊ ငြိမ်းချမ်းရေးခန်းမ၊ ရန်ပြေခန်းမ၊ အဆုံးမဲ့ခန်းမ၊ အကျဉ်းတံခါးခန်းမနဲ့ ဆန်းကြယ်ခန်းမတို့ပဲ။ နဝမဘုံကျောင်းက သူ့အထွတ်အထိပ်ကာလမှာရှိတုန်းက သူ့ရဲ့ ပထမဆရာတော်ကိုးပါးလုံးက အကျော်အမော်တွေကြီးပဲ။ နောက်တော့ ဆုတ်ယုတ်လာတဲ့အချိန်မှာ ပထမဆရာတော်လေးပါး ပျံလွန်တော်မူသွားပြီး နေရာလွတ်လေးခုကျန်ခဲ့တာ။ ဒါတောင်မှ ကျန်ရှိတဲ့ ဆရာတော်ငါးပါးက နဝမဘုံကျောင်းကို ဒီနေ့ချိန်ထိ ရပ်တည်အောင် ထိန်းထားနိုင်တယ်”
ရှောင်ယွမ်အာက လက်ချောင်းလေးများချိုးလျက် ရေတွက်လိုက်လေ၏။
“ အံ့ဩစရာပဲ ကျွန်မတို့ မိစ္ဆာဝေဟင်မျှော်နန်းမှာ မျှော်နန်းလေးခုပဲရှိတယ်။ ဒါက နည်းလွန်းတယ်”
“ ……”
ရှားချန်းချိုးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ သူတို့က တကယ်အံ့ဩဖို့ကောင်းတယ်။ မိုးမခတစ်ထောင်ဘုရားကျောင်းက နဝမဘုံကျောင်းနဲ့ ယှဉ်ရင် ရှိခိုးကောင်နဲ့ သစ်ပင်ကြီးကို ယှဉ်သလိုပဲ”
လုကျိုးက ဇဝေဇဝါ မေးလိုက်၏။
“သူတို့ ပျံလွန်တော်မူသွားတယ်လား။ အနီရောင်ကြာနယ်မြေကလူတွေက အသက်ကြီးရင် သေတာလား”
ရှားချန်းချိုးက အနေခက်စွာပြန်ပြောလိုက်၏။
“ ဒါက ဘဝရဲ့ လမ်းစဉ်ဆိုတော့ ပုံမှန်ပါပဲ။ အနီရောင်ကြာနယ်မြေမှ အကြီးမြတ်ဆုံး ကျင့်ကြံသူကတောင် မဟာအကန့်အသတ်သုံးထောင်ကို မကျော်လွန်နိုင်ဘူး”
လုကျိုး၏စိတ်တွင် တစ်စုံတစ်ခုကမွှေနှောက်သွားလေ၏။
‘ဒီနေရာက ရွှေကြာနယ်မြေမှာရှိတဲ့ တူညီတဲ့ မဟာအကန့်အသတ်ရှိနေတာလား။ ဒီလိုဆိုရင် ရွှေကြာနယ်မြေက နောင်ကျ တူညီတဲ့ မဟာအကန့်အသတ်ကို ကြုံတွေ့ရမှာလား။ ဒီလိုဆိုရင်တောင် အနီရောင်ကြာနယ်မြေက ရွှေကြာနယ်မြေနဲ့ယှဉ်ရင် အဆင့်တက်တာ များလွန်းတယ်’
အဆုံးကျ သူသည် ရိုးရိုးသားသား ပြောလိုက်၏။
“ အနီရောင်ကြာနယ်မြေ ကျင့်ကြံသူတွေ အသက်ရှည်တယ်လို့ ထင်ကြတာ”
ရှားချန်းချိုးက ထိတ်လန့်သွား၏။ သူ၏စိတ်ထဲတွင်မူ အံ့ဩသွားတော့သည်။
‘ဒီလောင်ချန်ပေ့က သက်တမ်းသုံးထောင်ကိုတောင် များတယ်လို့မတွေးတဲ့ပုံပဲ။ ရွှေကြာနယ်မြေက ကျင့်ကြံမှုအဆင့်က အနီရောင်ကြာနယ်မြေထက် သာလွန်တဲ့ပုံပဲ။ သူ့ရဲ့ တပည့်နှစ်ယောက်ကတောင် ဒီလောက်အစွမ်းထက်တာ လောင်ချန်ပေ့က ပွင့်ချပ်ဆယ်လွှာအဆင့် ကျော်သွားပြီလား။ ကောင်းကင်သိုင်းခုံးရုံးက အရူးတွေက လိမ်ဖို့ပဲသိတယ်။ ရွှေကြာနယ်မြေက ကျူးကျော်ချင်နေတယ်လို့ သူတို့ပြောခဲ့တာ၊ ဒါပေမဲ့ ကျူးကျော်ချင်တာက အနီရောင်ကြာနယ်မြေဆိုတာ သိသာနေရဲ့သားနဲ့ အခုသူတို့ပို့ခဲ့တဲ့သူတွေရှုံးနိမ့်သွားပြီ။ ရွှေကြာနယ်မြေက စာရင်းရှင်းဖို့ရောက်လာပြီ’
ထိုအတွေးဖြင့်သူသည် ဤအားကောင်းသည့် ကျောထောက်နောက်ခံကို ကုပ်တွယ်ထားရန် ဆုံးဖြတ်လိုက်၏။
“ ဆက်ပြော”
လုကျိုးသည် ရှားချန်းချိုးကို ဆက်ပြောခိုင်းလိုက်သည်။
“ ပထမဆရာတော်ငါးပါးအပြင် အကြီးအကဲ ဆယ့်ရှစ်ယောက်လည်း ရှိတယ်။ သုံးနှစ်တစ်ကြိမ် ပထမဆရာတော်ကို ခန်းဆောင်တစ်ခုစီ တာဝန်ယူဖို့ အကြီးအကဲတွေထဲက ရွေးချယ်တယ်။ ကျူးရွှမ်က အရင်ရက်ကပဲ တိုက်ပွဲအလယ်မှာ ပွင့်ချပ်ကိုးလွှာအဆင့်ကိုတက်သွားတာ။ ကျုပ်ရဲ့ ခန့်မှန်းမှုအရ သူက ကုသိုလ်မှတ်တွေယူဖို့ ခင်ဗျားရဲ့ အရည်ချင်းရှိတဲ့ တပည့်ကို ဖမ်းသွားပြီး ပထမဆရာတော်နေရာအတွက် လောင်းကြေး ထပ်နိုင်အောင်လို့ စီစဉ်နေတာပဲ။ ပူးပေါင်းမှုအတွက်ကတော့ “
ရှားချန်းချိုးက ခေါင်းခါလျက် ပြီးအောင် မပြောတော့ပေ။
“ ရှစ်စွင်း အားသုံးပြီးဝင်မှ ရမယ်။ တာ့ရှစ်ရှိုးအတွက် အခြေနေတွေက မကောင်းဘူး”
ရှောင်ယွမ်အာက စိုးရိမ်ပူပန်စွာ ပြောလိုက်၏။
ခရုလေးက မြေပြင်ပေါ်မှ ဆန်စေ့ကောက်နေသော ကြက်ပေါက်လေးတစ်ကောင်ပမာ ခေါင်းညိတ်လိုက်၏။
“ ကျိုးရှစ်ကျဲ ပြောတာမှန်တယ်။ အားသုံးပြီး ဝင်ရမယ်”
အကြီးအကဲများသည် မိန်းကလေးနှစ်ယောက်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်၏။
လုကျိုးသည် ရှောင်ယွမ်အာနှင့် ခရုလေးကို လျစ်လျူရှုထားကာ မေးလိုက်တော့၏။
“ နဝမဘုံကျောင်းရဲ့ သခင်က ဘယ်သူလဲ”
“ ကျန်းနန်ရဲ့ ဘုရင် စစ်ခုန်ပေချန်းပဲ”
ရှောင်ယွမ်အာ၏ အသံက စပ်စုချင်စိတ်ပေါ်နေ၏။
“ နာမည်က ခံ့လိုက်တာ။ သူ့မှာ ပွင့်ချပ်ဘယ်နှစ်လွှာရှိလဲ”
“ ပေချန်းက သူ့ရဲ့ခွန်အားကို မပြသခဲ့တာကြာပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင့်ငါးရာတုန်းက ပထမဆရာတော်ရှစ်ပါးကို တိုက်ခိုက်ပြီး အနိုင်ယူရင်း ခန်းဆောင်သခင်အသစ် ဖြစ်လာခဲ့တယ်။ အဲ့ဒီတုန်းက သူက ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီးပြီ။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က သူရဲ့ခွန်အားကို ပြသခဲ့တဲ့ နောက်ဆုံးအကြိမ်ပဲ။ သူက နယ်ခြားမျိုးနွယ်သုံးသိန်းပါတဲ့ တပ်ဖွဲ့ကို တွန်းလှန်ခဲ့တယ်။ အဲဒီကိစ္စ ပြီးတဲ့နောက် သူ့ရဲ့ နာမည်က တာ့ထန်မှာ နာမည်ကြီးလာတော့တာ”
ရှားချန်းချိုးက ပြောလိုက်၏။
ရှောင်ယွမ်အာ “ …… “
ရှားချန်းချိုး၏နောက်ရှိ အကြီးအကဲများက သက်ပြင်းချလိုက်သည်။ သူတို့အားလုံးသည် အကြီးအကဲများ ဖြစ်နေသော်ငြား တစ်ဖက်သူ၏အကြီးအကဲများက ဆင်များဖြစ်နေစဉ် သူတို့က ပုရွက်ဆိတ်များမျှသာ ဖြစ်နေ၏။ သူတို့လုံးဝမယှဉ်နိုင်ပေ။
ယွီရှန်းရုန်သည် မျက်မှောင်အနည်းငယ် ကျုံ့လိုက်၏။ ကိစ္စရပ်များက ရှားချန်းချိုး ပြောသည့်အတိုင်းသာဆိုလျှင် သူ၏တာ့ရှစ်ရှိုးသည် ခြင်္သေ့သားရဲ့တွင်းသို့ ဝင်သည်ဟု ဆိုလိုတာပဲ ဖြစ်သည်။ သူ၏ တာ့ရှစ်ရှိုးအန္တရာယ်ရှိနေလေပြီ။
လုကျိုးသည်လည်း စိတ်ထဲထိတ်လန့်သွားလေ၏။
‘နဝမဘုံကျောင်းမှာ ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက် တကယ်ရှိနေတာပဲ။ သူက ဆန်းကြယ်ကောင်းကင်အကျော်အမော်လား’
ပွင့်ချပ်ဆယ်လွှာအဆင့်ကို ကျော်လွန်လျှင် ကျင့်ကြံသူတစ်ယောက်သည် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကို ဖွဲ့တည်ပြီး ဆန်းကြယ်ကောင်းကင်နယ်ပယ်သို့ ဝင်ရောက်၏။
ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်သည် ဆန်းကြယ်ကောင်းကင်အကျော်အမော်အတွက်ထူးကဲလှပေသည်။
“ နဝမဘုံကျောင်းက ဒီလောက် သန်မာတယ်ဆိုရင် ကျုပ်တို့တပည့်ကို ဘာကြောင့်လိုအပ်မှာလဲ။ သူတို့ကို ချက်ချင်း သတ်လိုက်တာ ပိုမကောင်းဘူးလား”
လုကျိုးက တအံ့တဩကျယ်လောင်စွာမေးလိုက်၏။
ရှားချန်းချိုးက အနည်းငယ်မှင်တက်သွားတော့သည်။ သူကပြောလိုက်၏။
“လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာကစပြီး နဝမဘုံကျောင်းက ကျဆင်းနေပြီလေ။ ပထမကျောင်းထိုင်ကိုးပါးထဲမှာ လေးပါးက ပျံလွန်တော်မူသွားပြီး သူတို့ရဲ့ရွှေရောင်နှစ်တွေမှာ ငါးပါးပဲကျန်ခဲ့တာ။ ဒါ့အပြင် ကောင်းကင်သိုင်းခုံရုံးနဲ့ ကြယ်ပျံအိမ်တော်က မွန်းတည့်နေလိုပဲ။ သူတို့တွေက ထွန်းတောက်နေတဲ့ ဥက္ကာခဲပေါ်မှာလေ။ အထူးသဖြင့် ကောင်းကင်သိုင်းခုံရုံးအတွက် မှန်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာမှာ သူတို့ရဲ့ခွန်အားတိုးတက်မှုက သိသာထင်ရှားတယ်”
“ ကောင်းကင်သိုင်းခုံရုံး “
လုကျိုးသည် ရေရွတ်ပြောလိုက်၏။
“ ကောင်းကင်သိုင်းခုံရုံးက ကောင်းကင်လွန်းကို တီထွင်ခဲ့တယ်။ တကယ်ပဲ သူတို့တွေက ပေါ့သေးသေး
မဟုတ်ဘူး”
ထျန်းပုကျီက ထပ်ပြောလိုက်၏။
” လွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာတုန်းက အဲဒီလူထူးလူဆန်းဆီက စပြောရမှာပဲ”
“ လူထူလူဆန်းလား”
“ လွန်ခဲ့တဲ့ ရာစုနှစ်သုံးခုတုန်းက ကောင်းကင်သိုင်းခုံရုံးမှာ လူထူးလူဆန်းတစ်ယောက် ပေါ်လာတယ်။ သူနာမည်က လော့ရွှမ်း။ အဲဒီလူက အဲဒီတုန်းက ရူးမိုက်တဲ့ အကြောင်းအရာဖြစ်တဲ့ နယ်ခြားကမ္ဘာတွေရဲ့ အကြံညဏ်ရလာတဲ့ ပထမဆုံးလူပဲ။ သူက ရှောင်ကြဉ်ခံရပြီး ကောင်းကင်သိုင်းခုံရုံးကလဲ သူ့ကို ဖွက်ထားကြတယ်။ နောက်ဆုံး သူပျောက်သွားတယ်လေ။ ကောင်းကင်လွန်းက သူ့ရဲ့လက်ရာတွေထဲက တစ်ခုပဲ “
လုကျိုးသည် လော့ရှစ်ယင်အကြောင်း စဉ်းစားလိုက်ပြီး သူမ ချန်ထားရစ်ခဲ့သည့် မှတ်စုများအကြောင်း တွေးလိုက်၏။ လက်ရေးအရသူမသည် စိတ်လွတ်နေသည့်သူပုံ မပေါ်။ ထိုအစား သူမသည် စွန့်စားလိုစိတ်ရှိသည့် ညဏ်ကြီးရှင်သုတေသန ပညာရှင်တစ်ယောက် ဖြစ်သည်။ သို့သော် လူထူးလူဆန်းနှင့် သုတေသနပညာရှင်အကြား မျဉ်းတစ်ကြောင်းက အမြဲတမ်း ဝေဝါးနေတတ်၏။ နေဗဟိုပြု သီအိုရီကို အကြံညဏ်ရခဲ့သည့် နီကိုလာ့စ်ကော်ပါးနီကပ်စ်က ဥပမာကောင်းတစ်ရပ် ဖြစ်သည်။ သူ၏ကျောင်းသားဖြစ်သည့် ဘရုနိုဂျော်ဒန်းနိုးက ရှာဖွေတွေ့ရှိမှုကို ထုတ်ပြန်ခဲ့အချိန်၌ သူသည် မီးရှို့ခဲ့ရ၏။
“ ဒါကြောင့် အဆင်ခြင်မဲ့ မလှုပ်ရှားဖို့ ပြောချင်တာပါ လောင်ချန်းပေ့။ အခုချိန်မှာ လောင်ချန်ပေ့ရဲ့ အရည်အချင်းရှိတဲ့ တပည့်က အန္တရာယ်ရှိမယ်လို့ မထင်ဘူး”
ရှားချန်းချိုးက ယွီရှန်းရုန်ကို ကြည့်လိုက်၏။
“ သူတို့သာ တစ်ခုခု လုပ်ချင်ရင် ဒီတပည့်ကို ရှာဖို့အတွက် သူတို့ လူလွှတ်ပြီးလောက်ပြီ “
ကျန်သည့်သူများက ခေါင်းညိတ်လိုက်၏။ ရှောင်ယွမ်အာက နှုတ်ခမ်းစူလျက်ပြောလိုက်တော့သည်။
“ ရှစ်စွင်း တပည့်တို့ တာ့ရှစ်ရှိုးကို သွားကယ်မှာလား မကယ်ဘူးလား”
ယွီရှန်းရုန်က မျက်မှောင်ထပ်ကျုံ့လိုက်၏။ သူ၏ရှစ်စွင်း မဖြေနိုင်ခင် သူက တည်ငြိမ်စွာပြောလိုက်၏။
“ ငါတို့ရဲ့ တာ့ရှစ်ရှိုးကို ကယ်ရမှာပေါ့။ နဝမဘုံကျောင်းက သူ့ရဲ့ဆံခြည်တစ်မျှင်ထိရဲတယ်ဆိုရင် နေရာကို သွေးနဲ့ ဆေးကြောပစ်မယ်။ ကျုပ်က စိတ်ထဲရှိတဲ့ စကားကို ဝေ့ဝိုက်မပြောတတ်ဘူး။ ပွင့်လင်းတာ ခွင့်လွှတ်ပေးပါ”
မိုးမခတစ်ထောင်ဘုရားကျော င်းအကြီးအကဲများသည် ခေါင်းခါလိုက်ကြ၏။
ရှားချန်းချိုး၏စိတ်ထဲ တစ်စုံတစ်ယောက်က မွှေနှောက်သွားတော့သည်။ သူက လုကျိုးကို ကြည့်လျက် မဝံ့မရဲမေးလိုက်တော့၏။
“ လောင်ချန်ပေ့ ခင် .. ခင်ဗျား ယုံကြည်ချက်ရှိလား”
အဘိုးအိုက မည်မျှအစွမ်းထက်မှန်း သူ မသိပေ။ သို့သော် အဘိုးအိုတပည့်များ၏ သဘောထားအရ ထိုအဘိုးအိုသည် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်မည်လော။ မိုးမခတစ်ထောင်ဘုရားကျောင်း ဂိုဏ်းသားများ၏ စိတ်ထဲတွင်လည်း နောက်ထပ်မေးခွန်းတစ်ခု ရှိနေသည်။ အဘိုးအို၏ တပည့်များက ထိုမျှ အစွမ်းထက်နေလျှင် သူတို့၏ဆရာက မည်သို့ အားနည်းနိုင်မည်နည်း။
လုကျိုးသည် တည်ငြိမ်စွာ မုတ်ဆိတ်သပ်လိုက်၏။ မေးခွန်းကို မဖြေဘဲ သူကပြောလိုက်သည်။
“ ငါပင်ပန်းနေပြီ”
“…….. “
အစက စိတ်အားထက်သန်နေသော ရှားချန်းချိုးသည် လုကျိုး၏စကားကို ကြားသည်နှင့် အားလျော့သွား၏။ မျက်နှာထက်တွင် သူ၏စိတ်ပျက်မှုကို မပြဘဲ အမိန့်ပေးလိုက်သည်။
“ ငါတို့ရဲ့ဧည့်သည်တွေအတွက် အခန်းပြင်ပေးလိုက်”
“ နားလည်ပါပြီ”
ထျန်းပုကျီက မိစ္ဆာဝေဟင်မျှော်နန်းမှလူများကို မျှတရေးခန်းမသို့ ခန်းမထဲမှ ခေါ်သွားသည်။
လုကျိုးသည် ကျောမတ်မတ်ဖြင့် ဖြည်းဖြည်းချင်းထရပ်လိုက်၏။ သူ၏ဝတ်ရုံရှည်က ခြေထောက်ထိ ကျနေကာ ဆံပင်ဖြူများက ပခုံးပေါ်ရှိနေ၏။ သူက လက်နောက်ပစ်ထားလျက် လေသံအတက်အကျမရှိ ပြောလိုက်သည်။
“ ငါးရက်အတွင်း နဝမဘုံကျောင်းကို သွားမယ် လမ်းပြပေး”
ထိုသို့ပြောပြီးနောက်သူလှည့်ထွက်သွားတော့သည်။
ရှောင်ချန်းချိုးသည် သစ်သားကြက်ရုပ်တစ်ရုပ်ပမာ ကြက်သေ သေသွားတော့၏။
အကြီးအကဲများသည်လည်း လုကျိုးထွက်သွားတာကို ကြည့်နေစဉ်မှင်တက်သွားတော့သည်။ ထိုစဉ် ကျီဖုန်းရှင်းက ယွီရှန်းရုန်နှင့် ယွီယွီကျန့်ဟိုင်၏စကားကိုပြန်တွေးမိသွား၏။ သူ့ဘာသာသူ ရေရွတ်ပြောလိုက်သည်။
“ သူက တကယ်ပြိုင်ဘက်ကင်းတာလား”