← Chapters

အခန်း (၁၃၈၄-၁၃၈၆)

Vol. 93 Ch. 1384-1386

အခန်း (၁၃၈၄-၁၃၈၆)

Vol. 93 Ch. 1384-1386

အခန်း (၁၃၈၄) ပြာအဖြစ် လောင်ကျွမ်းခြင်း

ငြိမ်းချမ်းတောင်နှင့် ကျွန်းက လှုပ်ခတ်လာသည်။

မျက်စိတစ်မှိတ်အတွင်း လင်ကွမ်းက မြေအောက်နန်းဆောင်မှ ပျံသန်းထွက်လာလေ၏။ သူ့တောင်ပံက မြေကြီးပေါ် မီတာသုံးသောင်းရှည်လျားသည့် ခြစ်ရာကြီး ကျန်ရစ်ခဲ့သည်။ ကောင်းကင်အထက် ပျံသန်းလာသည့်အခါ ကျွန်းတစ်ခုလုံးကို ပင့်တင်လိုက်၏။ သူ့လမ်းကို မည်သူကမှမတားဆီးနိုင်ကြပေ။

အသက်တစ်ရှိက်စာအတွင်း ထိုအရာက စီးဝူယာ့၊ ယန်လျန်ရှန့်နှင့် ငြိမ်းချမ်းရေးငှက်အပေါ်၌ ပေါ်ထွက်လာသည်။

မီးတောက်များက ညကောင်းကင်ယံ၌ လည်ပတ်နေပြီး လင်ကွမ်းက စီးဝူယာ့၊ ယန်လျန်ရှန့်နှင့် ငြိမ်းချမ်းရေးငှက်တို့အပေါ်မှ ဖြတ်သန်းသွားလေသည်။

“အား” ထိုစဉ် ယန်လျန်ရှန့်က မီးတောက်များမှ ဝါးမျိုခံလိုက်ရ၏။

ငြိမ်းချမ်းရေးတောင်ကလည်း ယခုအခိုက်အတန့်ထဲ မီးပင်လယ်ထဲတွင် နစ်မြုပ်သွားလေသည်။ ကျောက်တုံးများက တရှဲရှဲမြည်ရင်း လောင်ကျွမ်းသွားလေ၏။

လင်ကွမ်းက သူ့တောင်ပံကို ပြန်ရုတ်သိမ်းပြီး အောက်မှလူအားလုံးကို ကြည့်လိုက်သည်။

ယန်လျန်ရှန့်က ဆက်လက်ပြီးနာကျင်စွာ အော်ငြီးနေသည်။ မီးတောက်များက သူ့အဝတ်နှင့် ခန္ဓာကိုယ်အပေါ် ကျရောက်နေလေသည်။ သူတို့က မဲတူးနေလေ၏။

ဝှစ်

ယန်လျန်ရှန့်က နာကျင်မှုကို တောင့်ခံထားကာ ကောင်းကင်ယံအထက် ပျံသန်းလိုက်သည်။

“လင်ကွမ်း .. မင်းက တကယ်ကို နတ်ဆိုးပဲ”

လင်ကွမ်းက ဘာမှမပြောပေ။ သူက ဥက္ကာပျံအလား မီးတောက်လက်သီးကိုသာ ထုတ်လွှတ်လိုက်သည်။

ဘန်း

“အား ငါ့လက်” ယန်လျန်ရှန့်၏ လက်မောင်းက ကျိုးသွားလေသည်။

ယင်ကွမ်း၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များက မီးတောက်ဖြင့် လွှမ်းခြုံထားသည့် မီးတောက်ဇာမဏီနှင့် ကွဲပြား၏။ ယင်ကွမ်း၏ မီးတောက်က အစွန်အဖျားနားကိုသာ လောင်ကျွမ်းနိုင်သည်။

ထိုကောင်းကင်ယံ၌ မီးခိုးများ ထွက်ပေါ်လာပြီးသည့်နောက်တွင် မီးတောက်များက ဆက်လက်လောင်ကျွမ်းနေသည်။ လင်ကွမ်းက ယန်လျန်ရှန့်ဝန်းကျင်တွင် ရှေ့နောက်တောင်မြောက် ပျံသန်းနေသည်။ သူ့တိုက်ကွက်တစ်ခုချင်းစီက ယန်လျန်ရှန့်၏ အရေးကြီးသည့် အင်္ဂါရပ်များဆီ ကျရောက်လာလေ၏။

အဖန်ရည်အိုးခန့် ကြာမြင့်ပြီးသည့်နောက်တွင် ယန်လျန်ရှန့်၏ ခန္ဓာကိုယ်က သွေးသံရဲရဲအပေါက်များဖြင့် ပြည့်နှက်လာသည်။ မီးတောက်များက သူ့ကို ဆက်လက်ဝါးမျိုနေဆဲသာ ဖြစ်၏။

လင်ကွမ်းက ထပ်မံပေါ်ထွက်လာပြီး ငြိမ်းချမ်းရေးတောင်အပေါ်ဘက် ရောက်ရှိလာသည်။ သူက ဘာမှမပြောပေ။ သူက မီးတောက်များဖြင့် ထိတွေ့ခြင်းမခံရသေးသည့် စီးဝူယာ့ကိုသာ ကြည့်လိုက်၏။ ထို့နောက် ငြိမ်းချမ်းရေးငှက်ကို ပြန်လည်ကြည့်လိုက်သည်။

ငြိမ်းချမ်းရေးငှက်က စူးစူးရှရှ အော်ဟစ်လိုက်၏။ တောင်ပံကိုခတ်ပြီး လူသားဘာသာစကားဖြင့် ပြောလာသည်။

“လင်ကွမ်း”

လင်ကွမ်းကလည်း နောက်ဆုံးတွင် စကားပြောလာခဲ့၏။

“ဘာလို့လဲ”

“မင်းကို ပိတ်ဆို့ထားတာ နှစ်တွေအများကြီးကြာနေပြီ။ အရင်ကလိုမျိုး အားကောင်းမယ်များ ထင်နေလား”

ဝှစ်

ငြိမ်းချမ်းရေးငှက်က တောင်ပံဖြန့်ကာ လင်ကွမ်းဆီ ကောင်းကင်ယံထဲ ပျံသန်းလာသည်။

ထိုစဉ် မီးတောက်များမှ ဝန်းရံခံထားရသည့် စီးဝူယာ့က သူ့ခေါင်းအထက်မှ တိုက်ပွဲကို မော့ကြည့်လိုက်၏။ ငြိမ်းချမ်းရေးငှက်က အဖြူရောင်မျှော်စင်အဖွဲ့အစည်းရှိစဉ်အခါက စွမ်းအား ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့သည်ဆိုလျှင် ယခုအခါ စွမ်းအားအကုန် ထုတ်သုံးထားခြင်းဖြစ်၏။

သူ့ကျင့်ကြံဆင့်ဖြင့် စီးဝူယာ့က ထိုနှစ်ဦး၏ လှုပ်ရှားမှုများကို အပြည့်အဝ မဖမ်းဆုပ်နိုင်ပေ။ ထိပ်တိုက်တွေ့ဆုံသံများကိုသာ ကြားနေရလေ၏။

ထို့နောက် မီးတောက်များက ဘယ်ညာအပေါ်အောက် ပေါ်ထွက်လာလေသည်။

ကောင်းကင်တစ်ခုလုံးက လင်ကွမ်းနှင့် ငြိမ်းချမ်းရေးငှက်တို့အတွက် တိုက်ပွဲကွင်းပြင် ဖြစ်သွားလေသည်။

ထိုအရာက စီးဝူယာ့၏ လောကအမြင်ကို ပြောင်းလဲသွားစေ၏။ သူက လူသားများသည် မည်မျှသေးနုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ကမ္ဘာပေါ်တွင်ရှိသည့် အရာအားလုံးက လူသားများထက် ပိုမိုအားကောင်းနေသကဲ့သို့ ဖြစ်၏။ သူက မင်ရှစ်ရင်သည် သူတို့၏ ရှစ်စွင်းနှင့် နတ်သားရဲမီးတောက်ဇာမဏီအကြောင်း ပြောခဲ့ဖူးသည်ကို ကြားခဲ့ရသည်။ ထိုတိုက်ပွဲက မည်မျှပင် ကြီးကျယ်ခမ်းနားကြောင်း စိတ်ကူးကြည့်၍ ရပေသည်။ သို့သော်လည်း ဤတိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ပြီးသည့်နောက်တွင် တုန်တုန်ယင်ယင် ဖြစ်သွားမိ၏။

“အဲဒါဆိုတော့ ဒါက မီးဒေဝါလား” စီးဝူယာ့၏ အကြည့်များက တောက်ပလာပြီး သူ့စိတ်ထဲတွင် အိပ်မက်ထဲမှ ပုံရိပ်များ ပြန်လည်ထွက်ပေါ်လာသည်။

မီးတောက်၊ တောင်ပံ၊ မီးဒေဝါ

မရဏ၊ အလောင်းနှင့် သွေးမြစ်

ဘန်း ဘန်း ဘန်း

အချိန်တစ်ခုကြာမြင့်ပြီးသည့်နောက်တွင် မဟူရာကောင်းကင်က လင်ကွမ်း၏ တောင်ပံကြောင့် ထပ်မံ လင်းလက်လာပြန်သည်။ တောင်ပံခတ်လိုက်သည့်အခါ မီးတောက်များက ရေတံခွန်လိုမျိုး ကျဆင်းလာ၏။

ကျွန်းနှင့် တောင်က ငြိမ်းချမ်းရေးငှက်နှင့်အတူ လောင်ကျွမ်းခံလိုက်ရသည်။

ငြိမ်းချမ်းရေးငှက်က ဝမ်းနည်းတသဖြစ်စွာဖြင့် ရေရွတ်လိုက်သည်။

“လင်ကွမ်း”

မီးတောက်များက ငြိမ်းချမ်းရေးငှက်၏ တောင်ပံအပေါ် ကျရောက်လာပြီး အဆုံးစွန်ထိ လောင်ကျွမ်းနေသည်။

ဝှစ်

တိတ်ဆိတ်မှုနှင့် အမှောင်ထုက ပြန်လည်ရောက်ရှိလာ၏။

လင်ကွမ်းနှင့် ငြိမ်းချမ်းရေးငှက်တို့ကို မမြင်ရတော့ပေ။

“ဘာတွေဖြစ်သွားတာလဲ” စီးဝူယာ့က စိတ်ရှုပ်နေမိ၏။ လင်ကွမ်းနှင့် ငြိမ်းချမ်းရေးငှက်တို့၏ စွမ်းအားက သူ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီဆိုလျှင်ပင် သူ့သတိမထားမိစေဘဲ ရုတ်တရက် ပျောက်ကွယ်မသွားနိုင်ခြင်း မဖြစ်နိုင်ပေ။ သူက ထဖို့ရာ ရုန်းကန်နေရပြီးသည့်နောက်တွင် မီးတောက်များဆီ လက်ဝှေ့လိုက်၏။ ထိုမီးတောက်များက သူ့ကို မထိခိုက်နိုင်ကြောင်း တွေ့ရှိသွား၏။

“အဲဒါဆိုတော့ အဲဒီအိပ်မက်တွေက တကယ်အစစ်အမှန်လား”

စီးဝူယာ့က မယုံကြည်နိုင်စွာ မျက်မှောင်ကြုတ်လိုက်သည်။ သူက ခေါင်းကို မော့ကြည့်လိုက်သည့်အခါ ဗလာကျင်းနေသည့် ကောင်းကင်ယံကိုသာ တွေ့လိုက်သည်။

“အဲဒါက အဓိပ္ပာယ်မရှိဘူး”

စီးဝူယာ့၏ အသံ ကျရောက်လာသည်နှင့် ကောင်းကင်ယံထဲ အသံကျယ်ကျယ်တစ်သံ ပဲ့တင်ထွက်လာသည်။

လင်ကွမ်းနှင့် ငြိမ်းချမ်းရေးငှက်တို့က ထပ်မံပေါ်ထွက်လာပြီး ကောင်းကင်ယံ၌ တိုက်ခိုက်နေကြလေ၏။

ငြိမ်းချမ်းရေးငှက်က ဘယ်ဖက်တွင် ရှိနေသည်။ ထိုအရာက ကောင်းကင်ယံ၌ ပြည့်နှက်နေသည့် ဧရာမငှက်ကြီးနှင့်တူသည့် စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

“ဒါက…”

စီးဝူယာ့က ဆံပင်များဖြင့် ထောင်မတ်သွားသလို ခံစားလိုက်ရသည်။

တခြားတစ်ဖက်တွင် လင်ကွမ်းကလည်း စူးစူးရှရှတောက်ပနေသည့် စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ကောင်းကင်သဏ္ဌာန်တွေက လူသားတွေပဲ သုံးနိုင်တာ မဟုတ်ဘူးလား…

ဝုန်း

နှစ်ဦးသားက ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး ပေတစ်သောင်းမျှ လွင့်စဉ်သွားကြပြန်သည်။

အခြေအနေဆိုးရွားနေသော်လည်း ငြိမ်းချမ်းရေးငှက်၏ အကြည့်များက သတ်ဖြတ်ငွေ့ဖြင့် တောက်ပနေဆဲသာ ဖြစ်၏။

“မင်းက အတိတ်တုန်းက လင်ကွမ်း မဟုတ်တော့ဘူး”

“မင်းကလည်း အတိတ်တုန်းက ငြိမ်းချမ်းရေးငှက် မဟုတ်တော့ဘူး” လင်ကွမ်းကလည်း ပြန်ပြောလိုက်သည်။

ထို့နောက် ဥက္ကာပျံအလား ပြောင်းလဲလိုက်သလိုမျိုး ငြိမ်းချမ်းရေးငှက်ဆီ ပြေးဝင်လာသည်။ ထိုအရာက ဤတစ်ကြိမ် ငြိမ်းချမ်းငှက်ကို ဖျက်ဆီးဖို့ ဆုံးဖြတ်ချက်ချထားဟန်ပေါ်၏။ သို့သော်လည်း လင်ကွမ်းက ငြိမ်းချမ်းရေးငှက်သည် ပြန်လည်မတိုက်ခိုက်ဘဲ နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။

ထိုအရာက စီးဝူယာ့ဆီ ပြေးဝင်သွား၏။

“သေလိုက်တော့”

လင်ကွမ်းက တောင်ပံကို ရုတ်သိမ်းပြီး ပြန်လည်ခတ်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်မှ သွေးစက်များက မီးမိုးအဖြစ် ပြောင်းလဲသွားသည်။

အာကာပြင်ကပင် အေးခဲသွားဟန်ပေါ်၏။

လင်ကွမ်းက သူ့အသက်ကို တန်ကြေးအနေနှင့် အသုံးပြုကာ မဟာစည်းမျဉ်းမှ နည်းစနစ်တစ်ခုဖြင့် အာကာပြင်ကို အတင်းအကြပ်အေးခဲစေဖို့ ထိန်းချုပ်လိုက်သည်။ ငြိမ်းချမ်းရေးငှက်၏ ရှေ့မှောက် ရောက်ရှိလာလေသည်။

ဘန်း

ငြိမ်းချမ်းရေးငှက်က လွင့်စဉ်သွားသည့်အခါ အရိုးများကြေမွသွားသလို ခံစားလိုက်ရသည်။ နောက်ဆုံးတော့ မပြီမပြင် အသံများ ထွက်ပေါ်လာလေ၏။

ဘန်း

ငြိမ်းချမ်းရေးငှက်က မြေပြင်ပေါ် ကျရောက်လာပြီး ပေတစ်သောင်းကြာနက်သည့် တွင်းနက်ကြီး ချန်ထားခဲ့သည်။

“အရူး” ငြိမ်းချမ်းရေးငှက်က ပြောလိုက်သည်။ သို့သော်လည်း ထိုအရာက မလှုပ်ရှားနိုင်တော့ပေ။

တိုက်ပွဲက သိပ်မကြာမြင့်ခဲ့ပေ။ သို့သော်လည်း သူတို့တိုက်ခိုက်သည့်အခါ ကမ္ဘာကြီးကိုပင် လှုပ်ခတ်သွားနိုင်စွမ်း ရှိသည်။ ထိုအရာက လူများအား တုန်လှုပ်သွားစေသည်။ စီးဝူယာ့က စိတ်ထဲမှ တုန်လှုပ်မှုကို ဖိနှိပ်ထားပြီး လင်ကွမ်း၏ အရပ်ရှည်ရှည် ကြွက်သားပြိုင်းပြိုင်း ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။

လင်ကွမ်းက အချိန်အတော်ကြာ မလှုပ်ရှားခဲ့ပေ။

လင်ကွမ်း၏ ခန္ဓာကိုယ်အပေါ်မှ မီးတောက်များကလည်း ရုတ်ခြည်းဆိုသလို ငြိမ်းသက်သွားလေ၏။ စီးဝူယာ့က တစ်စုံတစ်ခု လွဲမှားနေကြောင်း သဘောပေါက်သွားခဲ့သည်။ သူက နာကျင်မှုကို တောင့်ခံပြီး လင်ကွမ်းရှေ့မှောက် သွားလိုက်သည်။ လင်ကွမ်းသည် ကျောက်တုံးအဖြစ် ပြန်လည်ပြောင်းလဲသွားသည်ကို မြင်သည့်အခါ မျက်လုံးအပြူးသား ဖြစ်သွားလေ၏။

လင်ကွမ်းက လက်သီးကို လေထဲမြောက်လျက် မလှုပ်မယှက်ရပ်တန့်နေလေ၏။

စီးဝူယာ့က ရှေ့ကို တွားသွားပြီး ပြောလိုက်သည်။

“မဖြစ်ဘူး။ မင်း သေလို့မဖြစ်ဘူး”

စီးဝူယာ့က အတင်းအကြပ် လင်ကွမ်း၏ ခန္ဓာကိုယ်အပေါ် သွေးတစ်ပွက် အန်လိုက်ရသည်။ ထိုအရာ အလုပ်မဖြစ်ကြောင်း မြင်သည့်အခါ သူက နောက်ထပ် သွေးတစ်ပွက်ကို ထပ်မံအန်ထုတ်လိုက်ပြန်သည်။ နောက်ဆုံးတွင် လင်ကွမ်း၏ မျက်ဝန်း၌ အားနည်းဖျော့တော့သည့် အလင်းရောင် ပြန်လည်ပေါ်ထွက်လာသည်ကို မြင်လိုက်သည်။

ထိုစဉ် လင်ကွမ်းက စီးဝူယာ့ဆီ လက်ညှိုးထိုးလာသည်။ သူ့မျက်ဝန်းထဲမှ အားနည်းဖျော့တော့သည့် အလင်းရောင်က မှေးမှိန်သွားပြီး ပြောလိုက်သည်။

“မင်းရဲ့ စွမ်းအားကို မဖြုန်းနဲ့”

“ခင်ဗျားက မီးငှက်ဘုရင်နဲ့ မီးဒေဝါလား။ ကျုပ်က ဘယ်သူလဲ” စီးဝူယာ့က မေးလိုက်သည်။ ဤသည်က ထိုမေးခွန်း၏ အဖြေကိုရှာဖို့ ဤနေရာဆီ လာရောက်သည့် အကြောင်းအရင်းတစ်ခုဖြစ်ပေသည်။

လင်ကွမ်းက စီးဝူယာ့ကို စိုက်ကြည့်လိုက်၏။ ဤတစ်ကြိမ် သူက ကျောက်တုံးအဖြစ် ခြေထောက်မှစပြီး ဖြည်းဖြည်းချင်း ပြောင်းလဲသွားလေသည်။ စီးဝူယာ့က စိုးရိမ်စွာ ပြောလိုက်သည်။

“ကျုပ်ကို ပြော။ ကျုပ်က ဘယ်သူလဲ။ မဟာလေဟာနယ်က ဘယ်မှာလဲ”

ထိုစဉ် လင်ကွမ်း၏ ခါးမှ ရင်ဘတ်အထိ ကျောက်တုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။

စီးဝူယာ့က လက်မလျှော့လိုသေးပေ။ သူက လက်ကောက်ဝတ်ကို ဖြတ်လိုက်ပြီး သွေးများကို ထပ်မံဖြန်းပက်လိုက်သည်။

လင်ကွမ်းက ခေါင်းအသာယမ်းပြီးသည့်နောက်တွင် သူ့မျက်ဝန်းများက ဖြည်းဖြည်းချင်း အသက်မဲ့သွားလေ၏။ ထို့နောက် သူက ပြောလာသည်။

“ကောင်းကောင်းနေထိုင်ပါ”

ထို့နောက် လင်ကွမ်း၏ ညာလက်က စီးဝူယာ့၏ ခေါင်းထက် ကျရောက်လာသည်။ ဤတစ်ကြိမ် သူက အပြည့်အဝ ကျောက်တုံးအဖြစ် ကျရောက်သွားပြီဖြစ်၏။

ဝုန်း

လင်ကွမ်းက အက်ကွဲလာပြီး မြေပြင်ပေါ်တွင် သဲပုံအဖြစ် ပြောင်းလဲသွားလေသည်။

...

အခန်း (၁၃၈၅) အားနည်းသူ၏ ရုန်းကန်ရမှု

လင်ကွမ်း၏ ဧရာမလက်သည် စီးဝူယာ့၏ခေါင်းပေါ် ဖိချထားသေးသည်။ လင်ကွမ်း၏လက်က သူ့ခေါင်းပေါ်မှ လျှောကျသွားသည့်အချိန်တွင် သူ့ခေါင်းပေါ်၌ ကြောက်မက်ဖွယ်သွေးအရာ ကျန်ရစ်ခဲ့ပြီးနောက် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။

စီးဝူယာ့က မှင်တက်သွားလေ၏။ သူသည် လင်ကွမ်းကို အမြန်ဖမ်းဆုပ်ရန် ကြိုးစားခဲ့သော်ငြား သူသည် လက်တစ်ဆုပ်စာ သဲနှင့်ဖုန်များကိုသာ ဖမ်းဆုပ်နိုင်ခဲ့၏။

ငြိမ်းချမ်းတောင်က မှောင်မည်းတိတ်ဆိတ်နေသည်။ ဝေဟင်ထက်တွင်ရှိနေသောလက အမှောင်ထုအနည်းငယ်ကို ဖယ်ရှားပေးနေပြီး ပင်လယ်မျက်နှာပြင်၏အလှတရားကို ရောင်ပြန်ဟပ်နေစေသည်။

စီးဝူယာ့သည် ခါးကိုင်းလိုက်ပြီး သဲနှင့်ဖုန်မှုန့်များကို ရှာဖွေခဲ့သော်ငြား ဘာမှမတွေ့ခဲ့ပေ။ ဘာမှမကျန်။ သူ အလျင်စလို ထရပ်လိုက်ပြီး သူရရှိခဲ့သည့် နာကျင်မှုကိုတောင် မေ့လျော့သွားကာ ငြိမ်းချမ်းရေးငှက်ဆီ ပြေးသွားလိုက်၏။ သူက ငြိမ်းချမ်းရေးငှက်ကို ဖမ်းဆုပ်လျက် ဒေါသတကြီး လှုပ်ခါကာ အော်ပြောလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ ပြော”

ငြိမ်းချမ်းရေးငှက်က မလှုပ်နိုင်တော့ပေ။

စီးဝူယာ့သည် ငြိမ်းချမ်းရေးငှက်၏ ကိုယ်ပေါ်ရှိသွေးပေါက်ကို မြင်လိုက်ရ၏။ ၎င်း၏သွေးသည် လရောင်အောက်တွင် ခရမ်းရင့်ရောင် ဖြစ်နေပြီး အနီတောက်တောက် မဟုတ်ပေ။

တင်းကြပ်စွာပိတ်ထားသည့် ငြိမ်းချမ်းရေးငှက်၏နှုတ်သီးက ရုတ်တရက်ပွင့်လာသည်။ ၎င်းက နောက်ဆုံးထွက်သက်ကို ရှူထုတ်လိုက်ပြီး ‌ခေါင်းအနည်းငယ်စောင်းကျသွားလေ၏။

စီးဝူယာ့က ဆက်တိုက်အော်နေသည်။ “ငါ့ကိုဖြေ။ ငါ မေးတာဖြေ”

သူ၏အသံက ငြိမ်းချမ်းရေးတောင်နှင့်ပတ်ဝန်းကျင်ကို ထိုးဖောက်သွားသည်။ အထီးကျန်သည့် အေးစက်သောညတာမှာ သူ၏အသံသည်ပုံမှန်မဟုတ် ဖျော့တော့ကာ စိတ်ပျက်အားငယ်စေသည်။

ငါ့မေးခွန်းကို ဘယ်သူမှ မဖြေနိုင်ဘူး။ ထိုအတွေးဖြင့် ဆင်ခြင်တုံတရားရှိကာ သတိတရားကို ထိန်းသိမ်းနိုင်သည်ဟု နာမည်ကျော်ကြားသော စီးဝူယာ့သည် သူ ရူးသွပ်သွားပုံပေါ်၏။ သူ လက်မြှောက်ကာ စွမ်းအင်ဓားတစ်ခုကို ဖွဲ့တည်လျက် ငြိမ်းချမ်းရေးငှက်၏ခန္ဓာကိုယ်ကို ရူးသွပ်စွာပိုင်းဖြတ်တော့သည်။ သူသည် အပိုင်းတစ်ထောင်ခန့် လှီးဖြတ်ခဲ့၏။

စီးဝူယာ့ မောပန်းလာသည့်အချိန်တွင် နောက်ဆုံး၌ ရပ်တန့်သွားကာ မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ အသံလှိုင်းများ၊ သားရဲတို့၏အော်သံများနှင့် ညလေတိုက်ခတ်သံက သူ့ကို အသိစိတ် ပြန်ကပ်လာစေသည်။

သူသည် ခေါင်းမော့လိုက်ပြီး ငြိမ်းချမ်းရေးငှက်အလောင်း၏ အပိုင်းအစများနှင့် လင်ကွမ်းဖြစ်ခဲ့ဖူးသည့် သဲမှုန်များ၊ ဖုန်မှုန့်များကို ကြည့်လိုက်မိသည်။ ပြီးနောက် သူသည် ငြိမ်းချမ်းရေးငှက်၏ အကြွင်းအကျန်နားတွင် အသက်ဓာတ်နှလုံးသားသုံးခုရှိနေတာကို တွေ့လိုက်ရသည်။ နှစ်ခုက လင်ကွမ်း၏ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ပျက်စီးနေပြီဖြစ်သည်။ လင်ကွမ်းကမူ အသက်ဓာတ်နှလုံးသာဟူ၍မရှိတော့ဘဲ သဲနှင့်ဖုန်မှုန့်များသာရှိသည်။

လူသားတို့၏ကျင့်ကြံမှုသည် ကြမ်းတမ်းခက်ထန်သားရဲများကို သတ်ဖြတ်ပြီး သူတို့၏အသက်ဓာတ်နှလုံးသားကို ယူဆောင်ထားတာဖြစ်သည်။ ကြမ်းတမ်းခက်ထန်သားရဲတို့သည် ကြီးမားသည့်နယ်မြေကို ပိုင်စိုးပြီး လောကကြီး၏အဆီအနှစ်နှင့် အသက်စွမ်းအင်ကို စုပ်ယူ၏။ ထို့အပြင် သူတို့က လူသားများကိုလည်း စားသုံးကြသည်။

လင်ကွမ်း၌ အသက်ဓာတ်နှလုံးသားမကျန်ခဲ့ပေ။ ယင်းက သူသည် လူသားတစ်ယောက်ဖြစ်ကြောင်း ညွှန်ပြနေ၏။

စီးဝူယာ့သည် သူ့ဖာသာသူရေရွတ်ပြောလိုက်ပြီး အစောတုန်းက စကားကို ပြန်တွေးမိသွား၏။ “ငါက မီးဒေဝါရဲ့မျိုးဆက်လား”

ခဏအကြာတွင် သူက အသက်ပြင်းပြင်းရှူသွင်းလျက် ထရပ်လိုက်သည်။ အသက်ဓာတ်နှလုံးသားကို သိမ်းပြီးနောက် မြေအောက်နန်းတော်ဆီသို့သွားလိုက်၏။ သို့သော်ငြား သူသည် လင်ကွမ်း၏ အကြွင်းအကျန်ကို ဖြတ်လျှောက်သွားမိချိန်တွင် တောင့်တင်းသွားသည်။ အစောတုန်းက သူ ကြားခဲ့တာမှန်လျှင် လင်ကွမ်းကို မြှုပ်နှံသင့်သည် မဟုတ်ပါလော။ သေသူက အရေးပါ၏။ သူသည် လင်ကွမ်းနှင့်မည်သည့်ဆက်နွယ်မှုမှမရှိခဲ့လျှင် လင်ကွမ်းက သူ့အသက်ကိုကယ်တင်ခဲ့တာ သံသယဖြစ်ဖွယ်မရှိ။ သူသည် လင်ကွမ်း၏ကယ်တင်မှုကြောင့်သာ အသက်ရှင်ခဲ့တာဖြစ်သည်။

ထိုသို့တွေးမိပြီး စီးဝူယာ့ကလှည့်လာသည်။ သူက သဲနှင့်ဖုန်မှုန့်များကို စုဆောင်းတော့မည့်အချိန်တွင် လေပြင်းတိုက်ခတ်သွားပြီး သဲနှင့်ဖုန်မှုန့်များလေထဲလွင့်သွားစေ၏။

စီးဝူယာ့က မှင်တက်သွားတော့သည်။ သူက အတွေးအမြန်စုစည်းလျက် မြေအောက်နန်းတော်ဆီသို့ အလျင်စလိုသွားလိုက်၏။ သူ ရောက်လာချိန်တွင် ဧရာမအရိုး‌ခြောက်က လက်ကိုဝေ့ယမ်းလျက် လူသုံးယောက်ကို တိုက်ခိုက်နေတာတွေ့လိုက်ရ၏။

ဟွမ်ရှစ်ကျဲက အရိုးခြောက်ပေါ်ပျံသန်းကာ စွမ်းအင်စည်းတံဆိပ်များထုတ်သုံးလိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

အရိုးခြောက်က ဘာမှမဖြစ်ရုံသာမက ဟွမ်ရှစ်ကျဲကိုတောင်လွင့်ထွက်သွားစေ၏။

“ဆရာ” ကျန်းအိုက်ကျန့်က ပျံသန်းသွားလျက် ဟွမ်ရှစ်ကျဲကို လှမ်းဖမ်းလိုက်သည်။

ထိုစဉ် လီကျင်းယီက ဧရာမအရိုးခြောက်နှင့်တိုက်ခိုက်နေသည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ကံဆိုးသည်မှာ သုံးယောက်သားသည် ဘုံတစ်ထောင်လေပွေအဆင့်ကို မဝင်ရောက်သေးပေ။ သူတို့က လွင့်ထွက်သွားပြီး သွေးတစ်ပွက်အန်ကုန်၏။

စီးဝူယာ့က အော်ပြောလိုက်သည်။ “ကျုပ် ဖြေရှင်းလိုက်မယ်”

စီးဝူယာ့က ဒေါင်းမြီးယပ်ကိုထုတ်လိုက်၏။ ပြီးနောက် သူ့ကျောပေါ်တွင်တင်ကာ လေထဲ၌ ရွှေရောင်တောင်ပံတစ်စုံကို ဖြန့်ကျက်လိုက်တော့သည်။

ယင်းအခိုက်အတန့်တွင် စီးဝူယာ့က မီးဒေဝါနှင့် ဆင်တူနေကြောင်း တွေ့လိုက်ရသည့်အခါ ထိတ်လန့်သွားတော့သည်။

ကျန်းအိုက်ကျန့်က ရယ်မောလျက် ပြောလိုက်လေ၏။ “မင်းက တကယ်လင်ကွမ်းနဲ့တူတယ်”

စီးဝူယာ့သည် တောင်ပံတဖျပ်ဖျပ်ခတ်ကာ အရိုးခြောက်ထိပ်ပေါ်ပျံသန်းသွား၏။ ပြီးနောက် သူသည် ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လျက် ၎င်းကိုတွန်းချလိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

မွေးဖွားဇယားချပ်နှစ်ခု၏စွမ်းအားက အရိုးခြောက်ပေါ်ကျရောက်သွား၏။

“မွေးဖွားဇယားချပ် နှစ်ခုလား။ ညီအစ်ကို လာလိုက်တော့ မင်းလုပ်နိုင်တယ်” ကျန်းအိုက်ကျန့်က ဘေးကနေ တျီကျီပြောနေတော့သည်။

စီးဝူယာ့က လေထဲပျံသန်းလိုက်ပြီးနောက် သူ၏တောင်ပံမှ မရေမတွက်နိုင်သော ရွှေရောင်အပ်တို့က ပေါ်ထွက်လာသည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

အရိုးခြောက်က အထိခိုက်မရှိပေ။

ဟွမ်ရှစ်ကျဲက သူ၏ရင်ဘတ်ကို ဆုပ်ကိုင်ထားလျက် ပြောလိုက်သည်။ “ငါတို့ ယန်လျန်ရှန့်ဘက်ကို စောင့်ကြပ်နေမယ်။ သူက အင်မတန်အစွမ်းထက်တယ်။ ထိပ်တိုက်မတွေ့နဲ့”

စီးဝူယာ့သည် ကြယ်တာရာဒိုင်ခွက်ကို သိမ်းလိုက်၏။ သူသည် တောင်ပံတဖျပ်ဖျပ်ခတ်ကာ အဝေးသို့ ပျံသန်းသွား၏။ “ကျွန်းသခင်ဟွမ်ပြောတာမှန်တယ်။ ကျန်းအိုက်ကျန့် အရိုးခြောက်နောက်က ကျောက်ဖျာကို ဖျက်ဆီးပစ်”

“ဟုတ်ပြီ” ကျန်းအိုက်ကျန့်သည် နဂါးတေးသံကိုဆွဲထုတ်လျက် ကျောက်ဖြာဆီပျံသန်းသွားတော့သည်။

ဖုန်း

ကျောက်ပြားက အလင်းတစ်ချက်ပေါ်လာ၏။ ပြီးနောက် ကျောက်ပြားပေါ်၌ ရွှေရောင်သင်္ကေတများစွာ ပေါ်လာပြီးနောက် လျင်မြန်စွာပျောက်ကွယ်သွားတော့သည်။ ပြီးနောက် ၎င်းက စတင်လှုပ်ရှားတော့၏။

စီးဝူယာ့သည် သူ၏ကြယ်တာရာဒိုင်ခွက်ကိုဆွဲထုတ်လာပြန်သည်။ “သတိထား။ သူတို့တွေ အသက်ဝင်လာနိုင်တယ်။ လမ်းရှာထား”

သုံးယောက်သားသည် ဒဏ်ရာရထားသည့်ခန္ဓာကိုယ်ကိုသယ်လျက် ဘေးတစ်ဖက်သို့ ရှောင်ရှားလိုက်၏။

စီးဝူယာ့သည် ဘာမှမကျန်တော့သည်အထိ အရိုးခြောက်ကို တိုက်ခိုက်နေသည်။ သူ မြေပြင်ပေါ်ဆင်းသက်ပြီးနောက် သက်ပြင်းချကာ မေးလိုက်တော့သည်။ “ခင်ဗျားတို့အားလုံး အဆင်ပြေလား”

“ငါတို့ပြေတယ်။ မီးဒေဝါရဲ့ကျေးဇူးကြောင့်ပဲ။ မဟုတ်ရင် ငါတို့အားလုံးသေမှာ” ဟွမ်ရှစ်ကျဲက ပြောလိုက်ပြီး နာကျင်မှုကို တောင့်ခံလိုက်၏။ “တကယ်ကြောက်ဖို့ကောင်းတာပဲ။ နောက်တစ်ခေါက် ဘယ်လိုပဲမြက်လုံးပေးပေး ဒီလိုမလုပ်တော့ဘူး” ကျန်းအိုက်ကျန့်က ပြုံးလျက်ပြောလိုက်သည်။

“မင်း ငါ့ကို ကောင်းကင်သိုင်းကျောင်းတော်ထဲက ဓားအားလုံးမပေးရင် မတရားဘူး”

“ငါ မင်းကို ပေးမှာ” စီးဝူယာ့က အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် မင်းက မြေ‌အောက်နန်းတော်ထဲက ဓားကိုမလိုချင်ဘူးမလား”

“ငါ လိုချင်တာပေါ့ကွ။ အဲ့တာတွေကို မေ့တော့မလို့” ကျန်းအိုက်ကျန့်က ပြောလိုက်၏။ ပြီးနောက် သူက မြေအောက်နန်းတော်ထဲပျံသန်းကာ အနက်ရောင်သေတ္တာကို ဆွဲထုတ်လိုက်သည်။

ကျန်းအိုက်ကျန့်သည် ဓားကိုဆွဲထုတ်တော့မည့်အချိန်တွင် အဝေးကနေ အသံတစ်သံထွက်ပေါ်လာ၏။

“နှမြောစရာပဲ။ လင်ကွမ်းက အရူးပဲ”

လေးယောက်သားက အသံလာရာဖက်ကို လှည့်ကြည့်လိုက်သည်။ သူတို့သည် မီးကျွမ်းနေသော ယန်လျန်ရှန့် တွားသွားလာတို့ကို တွေ့လိုက်ရ၏။ သူ၏မျက်နှာက ပေပွနေပြီး ခန္ဓာကိုယ်အောက်ပိုင်းမရှိတော့ပေ။

“ယန်လျန်ရှန့်လား” စီးဝူယာ့က နောက်ဆုတ်သွားလေ၏။

“သူ အသက်ရှင်နေသေးတာလား” ကျန်းအိုက်ကျန့်သည် အန်ချင်လာတော့သည်။

“လင်ကွမ်းက ငြိမ်းချမ်းရေးငှက်မျိုးနွယ်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီးတဲ့နောက် သူ့ရဲ့စစ်မှန်တဲ့မီးကို ဖြေရှင်းဖို့နည်းလမ်းတွေကို စဉ်းစားခဲ့တာ။ မထင်မှတ်ထားတာက သူ့မှာရှိနေသေးတာပဲ” ယန်လျန်ရှန့်က ပြောလိုက်၏။ ပြီးနောက် သူ၏အသံတွင် အမုန်းတရားတို့ပြည့်နေကာ ဆက်ပြောလိုက်သည်။ “မင်း အသက်ရှင်နေနိုင်ပေမယ့် အခုတော့ ငါ မင်းကို ငါနဲ့သေစေချင်တယ်”

ထိုသို့ပြောပြီးနောက် ယန်လျန်ရှန့်သည် မြေပြင်ပေါ် လက်နှင့်ရိုက်ချကာ စီးဝူယာ့ဆီ မြှားတစ်စင်းပမာ တိုးဝင်သွားတော့သည်။ စီးဝူယာ့သည် တောင်ပံတဖျပ်ဖျပ်ခတ်လျက် နောက်သို့ပျံသန်းသွားကာ ယန်လျန်ရှန့်၏ တိုက်ခိုက်မှုကို ရှောင်လိုက်တော့သည်။

ယင်းကိုမြင်သောအခါ ယန်လျန်ရှန့်၏အသံတွင် အမုန်းတရားများပိုတောင်ပြည့်လာလေ၏။ “မီးဒေဝါရဲ့မျိုးဆက်ဟုတ်လား”

စီးဝူယာ့သည် ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်ပြီးပြောလိုက်၏။ “ခင်ဗျား ပျံသန်းမှုအဆုံးမှာ မြှားတစ်စင်းလိုပဲ။ ဘာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခံနေလဲ”

ယန်လျန်ရှန့်က နှာခေါင်းရှုံ့လိုက်၏။ “မင်း ငါ့ကို အထင်သေးနေတာပဲ။ ငါက ဒုတိယမြောက်မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ပြီးပြီ။ မင်းသိလား။ လင်ကွမ်းက ငါ့ရဲ့ကျင့်ကြံဆင့်ကို ပထမမွေးဖွားစမ်းသပ်မှုပဲရှိတဲ့လူအထိ လျော့ချခဲ့ရင်တောင် ငါက မင်းလိုအမှိုက်ထက်သာနေတုန်းပဲ”

ယန်လျန်ရှန့်က မြေပြင်ပေါ်ဆင်းသက်လိုက်ချိန် သူက မြေပြင်ပေါ်လက်ဖြင့်ရိုက်ချလိုက်သည်။ စီးဝူယာ့ရှေ့သို့ သွားလိုက်ပြန်၏။ စွမ်းအင်စည်းတံဆိပ်တစ်ခုနှင့် ကြယ်တာရာဒိုင်ခွက်တစ်ခုက သူ့ရှေ့၌ တပြိုင်နက်တည်း‌ပေါ်လာသည်။

ကြယ်တာရာဒိုင်ခွက်ပေါ်တွင် မွေးဖွားဇယားချပ် ၇ခု၈ခု ခန့်က မှိန်နေပြီး မီးတောက်များကြောင့် လောင်ကျွမ်းနေပြီဖြစ်သည်။ ကျန်ရှိသည့်မွေးဖွားဇယားချပ် သုံးလေးခုက ပြိုကွဲတော့မည့်မယောင် တောက်ပနေ၏။

ယင်းကို မြင်သောအခါ ကျန်းအိုက်ကျန့်သည် သက်ပြင်းချပြီး သူ့ဖာသာသူပြောလိုက်တော့သည်။ “သူက တကယ်ခေါင်းမာတာပဲ”

စီးဝူယာ့သည် ယန်လျန်ရှန့်နှင့်တိုက်ခိုက်ရန် မကြိုးစားခဲ့ပေ။ ထိုအစား သူက တောင်ပံကိုသုံးလျက် တိမ်းရှောင်နေ၏။ သူ၏ပန်းတိုင်က ယန်လျန်ရှန့်ကို မောပန်းပြီး သေစေတာဖြစ်သည်။ သူ နောင်တရနေမိ၏။ ငါသာ တိကျန်းကိုခေါ်လာခဲ့ရင် ...

ယန်လျန်ရှန့်သည် စီးဝူယာ့နောက်လိုက်လာပြီးနောက် စီးဝူယာ့၏ကောက်ကျစ်မှုကို သတိပြုမိသွားသည်။ ပြီးနောက် သူသည် ချက်ချင်းပစ်မှတ်ပြောင်းကာ ကျန်းအိုက်ကျန့်၊ လီကျင်းယီနှင့် ဟွမ်ရှစ်ကျဲတို့ဆီ သွားလိုက်သည်။ သူက ‌အော်ပြောလိုက်လေ၏။ “သူ့မှာ တောင်ပံပါပေမယ့် မင်းတို့မှာ မရှိဘူး”

ယန်လျန်ရှန့် ပထမဆုံးခုန်အုပ်လိုက်သည့်သူက ဟွမ်ရှစ်ကျဲပဲဖြစ်သည်။

ဘီး

ဟွမ်ရှစ်ကျဲသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို အလိုလိုဆင့်ခေါ်လိုက်မိ၏။

ဘန်း

ယန်လျန်ရှန့်က စိတ်ဝိညာဉ်သဏ္ဌာန်နှင့်တိုက်မိသွားသည်။

ဟွမ်ရှစ်ကျဲက လွင့်ထွက်သွားစဉ် စိတ်ဝိညာဉ်သဏ္ဌာန်၏ကိုယ်ပေါ်၌ အပေါက်တစ်ပေါက်ပေါ်လာပြီး မြေအောက်နန်းတော်ဝင်ပေါက်နှင့် တိုက်မိသွား၏။ သူ၏ အဝတ်အစားက သွေးများ ရွှဲနစ်သွားတော့သည်။

လီကျင်းယီနှင့် ကျန်းအိုက်ကျန့်က အော်လိုက်၏။ “ဆရာ”

“ငါ့ကို စိတ်ထဲမထားနဲ့ ... သွား” ဟွမ်ရှစ်ကျဲက အော်ပြောလိုက်သည်။ “မင်းတို့တွေ တစ်ယောက်မှ ထွက်သွားနိုင်မှာမဟုတ်ဘူး” ယန်လျန်ရှန့်က ရယ်မောလိုက်၏။ သူ၏ခန္ဓာကိုယ်အောက်ပိုင်း ဆုံးရှုံးထားသော်ငြား သူ၏အပေါ်ပိုင်းက သန်မာပြီး သူ၏လက်များက မြန်ဆန်သည်။ သူ၏တိုက်ခိုက်မှုများက ဖြေရှင်းရခက်ခဲ၏။ သူက ဟွမ်ရှစ်ကျဲဆီ ခုန်အုပ်လိုက်ပြန်သည်။

လီကျင်းယီက ပျံသန်းလိုက်၏။ ပြီးနောက် သူသည် ဖန်းလိုင်၏အစိမ်းရောင်ငှက်နည်းစနစ်ကို ရွတ်ဆိုကာ ယန်လျန်ရှန့်ကို ခဏတဖြုတ်ပိတ်ဆို့လိုက်သည်။

သို့သော်ငြား ယန်လျန်ရှန့်သည် လီကျင်းယီ၏ပိတ်ဆို့မှုအား ထောပတ်ကို ပိုင်းဖြတ်သောဓားပူပူပမာ ဖြတ်ကျော်လိုက်၏။ သူက သူမရှေ့ရောက်လာချိန်တွင် သူ၏လက်ကို တွန်းထုတ်လိုက်သည်။

“ရှစ်မေ့ ရှောင်လိုက်”

လီကျင်းယီသည် ဘေးသို့လည်ထွက်သွားစဉ် ကျန်းအိုက်ကျန့်က ခုန်ဝင်လျက် သူ့ရှေ့တွင်ပိတ်ဆို့ရန် နဂါးတေးသံကို ကိုင်ထားသည်။

ဘန်း

ယန်လျန်ရှန့်၏လက်က နဂါးတေးသံကို ထိမိသွားချိန်တွင် ကျန်းအိုက်ကျန့်၏ရင်ဘတ်ကို ထိသွားကာ သူ့ကိုသွေးအန်စေ၏။

ယန်လျန်ရှန့်၏ သတ်ဖြတ်လိုစိတ်က ပေါ်ထွက်လာတော့သည်။

ထိုစဉ် စီးဝူယာ့ကဝေဟင်မှ ဆင်းသက်လာသည်။ သုံးယောက်အခက်တွေ့နေတာကို သူ မည်ကဲ့သို့ကြည့်နေနိုင်မည်နည်း။ သူသည် ယန်လျန်ရှန့်၏ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်မည့် စွမ်းအင်အပ်တစ်သောင်းကျော်ကို ထုတ်သုံးလိုက်သည်။

ယန်လျန်ရှန့်သည် လှုပ်ရှားမှုမရှိ။ ဟွမ်ရှစ်ကျဲနှင့် ကျန်သည့်သူများကို ဆက်လက်ခုန်အုပ်နေသည်။

စီးဝူယာ့က ဆင်းသက်ပြီး သူ‌၏တောင်ပံကို ရုတ်သိမ်းလိုက်၏။ ပြီးနောက် သူ၏ဒေါင်းမြီးယပ်ကိုသုံးကာ ယန်လျန်ရှန့်နှင့် ပြင်းထန်စွာ တိုက်ပွဲဆင်နွဲတော့သည်။

ဘန်း ဘန်း ဘန်း

လေးယောက်တွင် စီးဝူယာ့သာလျှင် ယန်လျန်ရှန့်နှင့်တိုက်ခိုက်နိုင်၏။ သူတို့နှစ်ယောက်လုံးဒဏ်ရာရနေသော်ငြား ယန်လျန်ရှန့်၏ဒဏ်ရာက ပိုပြင်းထန်သည်။ မည်သို့ပင်ဆိုစေ တိုက်ပွဲက ပြင်းထန်လှ၏။

နှစ်ယောက်သားအချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့သည်။

တစ်နာရီကြာပြီးနောက် နောက်ဆုံး၌ ယန်လျန်ရှန့်သည် သေခြင်းတရား၏ခြိမ်းခြောက်မှုကို ခံစားလိုက်ရသောအခါ ဟိန်းဟောက်လိုက်၏။ သူ၏ကိုယ်ထဲမှ သွေးနီရောင်စည်းတံဆိပ်များသည် စီးဝူယာ့ဆီ တိုးဝင်သွားတော့သည်။

စီးဝူယာ့က နောက်ဆုတ်လျက် သူနှင့်အတူ ဟွမ်ရှစ်ကျဲကို ခေါ်လာသည်။ လီကျင်းယီက မြေအောက်နန်းတော်ပေါ် ခုန်တက်လိုက်သည်။

“ငါတို့ကို စိတ်မပူနဲ့။ သွား” ဟွမ်ရှစ်ကျဲက လီကျင်းယီကို လှမ်းဆွဲလျက် နောက်သို့ပျံသန်းသွား၏။

“မင်းတို့ကထွက်ပြေးချင်တယ်ပေါ့” ယန်လျန်ရှန့်သည် လေထဲခုန်တက်လိုက်ချိန် သူ၏ခန္ဓာကိုယ်ထဲမှ သွေးနီရောင်စွမ်းအင်စည်းတံဆိပ်များ ပိုမိုပေါ်ထွက်လာ၏။

စီးဝူယာ့သည် ‌ဒေါင်းမြီးယပ်ကို တောင်ပံအဖြစ်ပြန်ပြောင်းလိုက်၏။ သူက တောင်ပံတဖျပ်ဖျပ်ခတ်ကာ အနီရောင်စွမ်းအင်စည်းတံဆိပ်ကိုတားရန် မရေမတွက်နိုင်သော စွမ်းအင်မြှားတို့ကို ထုတ်သုံးရန် ကြိုးစားလိုက်၏။

ဘန်း ဘန်း ဘန်း

အရေအတွက်က များသော်ငြား အပ်များက သေးငယ်လွန်းပြီး စွမ်းအင်စည်းတံဆိပ်က များပြားလွန်းနေ၏။ စွမ်းအင်စည်းတံဆိပ်တို့သည် ပင့်ကူအိမ်ပမာ အရပ်မျက်နှာအနှံ့မှကျ‌ရောက်လာပြီး မီတာတစ်ထောင်အတွင်း မလွတ်မြောက်နိုင်သော ကွန်ယက်တစ်ခုကို ဖွဲ့တည်လိုက်၏။ ကျောက်တုံးကျောက်ခဲများ၊ ရတနာများနှင့် စွမ်းအင်စည်းတံဆိပ်နှင့်ထိမိသည့်ဓားတို့က ချက်ချင်းပင် ကပ်ကုန်၏။

ယန်လျန်ရှန့်သည် သူရူးတစ်ယောက်ပမာ ရယ်မောနေတော့သည်။ သူ့အမူအရာက ခက်ထန်နေကာ ပြောလိုက်လေ၏။ “လင်ကွမ်း မင်းရဲ့မျိုးဆက်ကိုသတ်တာ မင်း ကြည့်နေဖို့မျှော်လင့်တယ်”

ပြီးနောက် စွမ်းအင်မျှင်သည် သူတို့လေးယောက်ဆီတိုးဝင်သွား၏။

ဝှစ် ဝှစ် ဝှစ်

စီးဝူယာ့သည် ပုရွက်ဆိတ်တစ်သောင်းသူ၏ခန္ဓာကိုယ်ကို ကိုက်ဝါးနေသလို ခံစားရ၏။ အင်မတန်နာကျင်မှုကြောင့် ချွေး‌စေးများပြန်လာတော့သည်။ သူ၏တောင်ပံပျောက်ကွယ်သွားပြီး မြေပြင်ပေါ် ပြုတ်ကျသွားလေ၏။ အနီရောင်စွမ်းအင်မျှင်ကြောင့် သူ၏ခန္ဓာကိုယ်သည် ချည်နှောင်ခံလိုက်ရသည်။

ဟွမ်ရှစ်ကျဲက ခေါင်းမော့ပြီး လှမ်းအော်လိုက်သည်။ “စီးဝူယာ့”

လီကျင်းယီလည်း ကူကယ်ရာမဲ့နေသည်။

ကျန်းအိုက်ကျန့်က မြေပြင်ပေါ်လှဲနေကာ အနီရောင်စွမ်းအင်မျှင်ဆီကနေ ရုန်းမထွက်နိုင်ပေ။

သူတို့ထွက်ပေါက်မရှိအောင် ချောင်ပိတ်ခံထားရသည်။

စီးဝူယာ့က စတင်ရယ်မောလေ၏။ ရယ်မောနေစဉ် မျက်ရည်များကျလာသည်။

ယန်လျန်ရှန့်က ဒေါသတကြီးပြောလိုက်၏။ “မင်း ဘာတွေရယ်နေတာလဲ”

“မင်းရဲ့သနားစရာကောင်းပြီး မိုးနဲ့မြေကို မသိတဲ့မင်းကို ရယ်နေတာလေ။ ငါ့ကိုသတ်နိုင်မယ်လို့ထင်နေတယ်‌ပေါ့” စီးဝူယာ့က ပြောလိုက်၏။ သူ၏မျက်လုံးက ထိုအချိန်တွင် အနီရောင်အလင်းများရောဝင်လာ၏။ သူ၏စွမ်းအားနှင့် ခွန်အားကို မြှင့်တင်နေပုံပေါ်သည်။ သူက မီးဒေဝါဖြစ်သွားသည့်ပမာပင်။

ယန်လျန်ရှန့်က ပြောလိုက်လေ၏။ “ဟိတ်ကောင် ... ဒီနေရာဘာလဲ မေ့သွားပြီလား။ ဒါက ငြိမ်းချမ်းရေးတောင် မင်းက လင်ကွမ်းနှစ်ပေါင်းတစ်သိန်းနီးပါး ချိပ်ပိတ်ခံထားရတဲ့ မြေအောက်နန်းတော်ထဲ ရောက်နေတာ။ မင်းကိုယ်မင်း ဘယ်သူထင်နေလဲ။ သေပေတော့”

အနီရောင်စွမ်းအင်မျှင်သည် စီးဝူယာ့၏ရင်ဘတ်ကို ထိုးဖောက်သွားပြီး သူ၏မျက်လုံးထဲရှိ အနီရောင်အလင်းက မှေးမှိန်သွားသည်။ သူကရက်စက်စွာ ပြောလိုက်လေ၏။ “လုပ်ရဲတယ်ပေါ့”

“မင်း စိတ်တိုင်းကျ ပေါက်ကွဲလိုက်။ အားနည်းသူရဲ့ရုန်းကန်မှုပဲဖြစ်နေမှာ။ အခု သေလိုက်တော့”

နောက်ထပ်အနီရောင်စွမ်းအင်မျှင်သည် စီးဝူယာ့၏ရင်ဘတ်ကို ထိုးဖောက်သွား၏။

သူ၏ရင်ဘတ်မှသွေးများ စီးကျလာသည်။

ယန်လျန်ရှန့်သည် မီးဒေဝါ၏မျိုးဆက်သည် အလွယ်တကူသေမှာမဟုတ်မှန်း သိသည်။ သူက စွမ်းအင်မျှင်တစ်ထောင်ခန့်ကို သုံးပြီး ဖုန်မှုန့်များ၊ ကျောက်စကျောက်နများကို ရှင်းလိုက်၏။ ဤနည်းဖြင့် မြေအောက်နန်းတော်ထဲရှိ သင်္ကေတများ လင်းလာတော့သည်။

လင်ကွမ်းကို ပထမဆုံးမြင်တွေ့ခဲ့ရာနေရာ လင်းထိန်နေတာ တွေ့လိုက်ရ၏။ စီးဝူယာ့၏အသိစိတ်က အနည်းငယ်ပိုကြည်လင်လာပြီး သူ၏တကိုယ်လုံးသည် အလင်းများပေါ်ထွက်လာ၏။

အနီရောင်မျှင်တို့သည် တင်းကြပ်စွာအဆွဲခံထားရသည်။

ယင်းက အရင်ဆုံးလက်‌လျော့သည့်ပေါ် မူတည်နေ၏။ စိတ်စွမ်းအားသည် ရလဒ်ကို ဆုံးဖြတ်ပေးမည့်သော့ချက်ပေ။

“ငါ သေရင် မင်း ငါနဲ့သေရမယ်။ သေဖို့တန်တယ်” ယန်လျန်ရှန့်က အံကြိတ်ပြီးရယ်မောလိုက်၏။

ထိုစဉ် ကျန်းအိုက်ကျန့်သည် စွမ်းအားအကုန်ဖြင့် နဂါးတေးသံကို လွှဲယမ်းလိုက်သည်။

ဘန်း ဘန်း ဘန်း

အနီ‌ရောင်စွမ်းအင်မျှင်များကို ဖြတ်တောက်ပြီးနောက် သူက သွေးတစ်ပွက်အန်ကာ ပြောလိုက်တော့၏။ “သူ့ကိုလွှတ်လိုက်”

“ဘာလဲ မင်း ငါ့ကိုတားနေတာလား” ယန်လျန်ရှန့်က နှာခေါင်းရှုံ့လိုက်လေ၏။

ဝှစ်

အနီရောင်စွမ်းအင်မျှင်သည် ကျန်းအိုက်ကျန့်ဆီပျံသန်းသွား၏။ သို့သော် သူက နဂါးတေးသံကို မျက်နှာသေဖြင့် လွှဲယမ်းကာ စွမ်းအင်မျှင်ကိုဖြတ်တောက်လိုက်သည်။

“ဟမ်” ယန်လျန်ရှန့်သည် တစ်စုံတစ်ခုလွဲချော်နေတာ ခံစားမိ၏။

ကျန်းအိုက်ကျန့်သည် နဂါးတေးသံကို မြေပြင်ပေါ်ထိုးစိုက်လိုက်သည်။ သူက အသက်ပြင်းပြင်း ရှူပြီးနောက် အနက်ရောင်သေတ္တာကို ဆွဲထုတ်လိုက်သည်။ ယင်းကိုမြင်သောအခါ ဟွမ်ရှစ်ကျဲက စိုးရိမ်ပူပန်စွာအော်ပြောလိုက်သည်။ “ကျန်းအိုက်ကျန့် အဲ့တာကိုဖယ်ထားလိုက်”

ကျန်းအိုက်ကျန့်က ပြုံးဖြဲဖြဲဖြင့်ပြောလိုက်သည်။ “ဆရာအဆင်ပြေပါတယ်”

“မင်းက ဘုံတစ်ထောင်လေပွေအဆင့်မှာ မဟုတ်ဘူး။ မင်း ဓားသေတ္တာကို ထိန်းချုပ်လို့မရဘူး”

“တာ့ရှစ်ရှိုး” လီကျင်းယီသည် ဆက်တိုက်ခေါင်းခါနေလျက် မျက်လုံးက နီမြန်းနေ၏။

ကျန်းအိုက်ကျန့်က ရယ်မောလျက်ပြောလိုက်သည်။ “အဆင်ပြေတယ်လို့ပြောသားပဲ။ ဆရာ ကျွန်တော်လျှို့ဝှက်ချက် ပြောပြမယ်။ အစောတုန်းက ကျွန်တော် ဘုံတစ်ထောင်လေပွေအဆင့် ဖြတ်ကျော်သွားတာ”

ဘီး

ကျန်းအိုက်ကျန့်၏ စိတ်ဝိညာဉ်သဏ္ဌာန်က သူ့နားတွင်ပေါ်လာသည်။ သူ၏အသက်စွမ်းအင် အတက်အကျ များစွာပေါ်လာလျက် အရှိန်အဝါရုတ်တရက်ပြောင်းလဲသွားသည်။ ပြီးနောက် သူ၏ကျင့်ကြံမှုသည် ချက်ချင်းမြင့်တက်သွားသည်။

ဓားသေတ္တာက မြည်ဟီးလာ၏။ တစ်ချိန်တည်းတွင် မြေအောက်နန်းတော်ထဲရှိ ဓားအားလုံး တဝီဝီမြည်လာကာ တစ်ခုနှင့်တစ်ခုတိုက်မိပြီး နွေဦးလေထဲတွင် မြည်နေသည့်‌ ခေါင်းလောင်းသံပမာ ဖြစ်နေတော့သည်။

...

အခန်း (၁၃၈၆) ပေါ်ထွက်လာခြင်း

ကျန်းအိုက်ကျန့်ရှေ့တွင် ရှိနေသည့် အနက်ရောင်သစ်သားက တဂျောင်းဂျောင်း မြည်နေလေသည်။

ခန္ဓာကိုယ်အောက်ပိုင်းကို ဆုံးရှုံးထားရသည့် ယန်လျန်ရှန့်က ကျန်းအိုက်ကျန့်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။ ထို့နောက် သူက အံ့အားသင့်သွားလေ၏။

“မင်းက ဘုံတစ်ထောင်လေပွေအဆင့်ကို ရောက်ကာစပဲ ရှိသေးတာ။ ဒီလိုအထွတ်အမြတ်အမွေအနှစ်ကို ထိန်းချုပ်နိုင်ပြီလား”

အထွတ်အမြတ်အမွေအနှစ် အမျိုးအစား နှစ်ခု ရှိ၏။ တစ်ခုက ကွဲပြားသည့် အဆင့်မျိုး ဖြစ်ကာ တစ်ခုကမူ အဆင့်မပါရှိသည့် အရာ ဖြစ်၏။ အဆင့်ပါရှိသည့် အထွတ်အမြတ် အမွေအနှစ်ကို ပြောရမည်ဆိုလျှင် မတည်မြဲခြင်းတိုင်လုံး ဖြစ်ပေသည်။ ထိုအရာက လက်နက်အဖြစ် အသုံးပြုရနိုင်သည့် အရန်လုပ်ဆောင်ချက် တစ်ခု ပါရှိသည်။ အဆင့်မပါရှိသည့် ဒုတိယအမျိုးအစားကမူ အရန်လုပ်ဆောင်ချက်သာ ရှိသည့် ပစ္စည်းတစ်ခု ဖြစ်၏။ ပြောရမည်ဆိုလျှင် အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်း ဖြစ်ပေသည်။

အထွတ်အမြတ် အမွေအနှစ်များက မည်သို့ပင် အမျိုးအစားဖြစ်စေကာမူ အပြည့်အဝကို ထုတ်သုံးနိုင်ဖို့အတွက် ဘုံတစ်ထောင်လေပွေအဆင့် ရှိရမည် ဖြစ်၏။ ကျင့်ကြံဆင့် မြင့်မားလေလေ ထုတ်သုံးနိုင်သည့် စွမ်းအားက ပိုမိုကြီးမားလာလေလေ ဖြစ်သည်။

ဓားသေတ္တာက ပထမ အမျိုးအစား ဖြစ်ပေသည်။ ထိုအရာတွင် လက်နက်အနေဖြင့် အသုံးပြု၍ရနိုင်သည့် အရန်လုပ်ဆောင်ချက် ပါရှိ၏။

ကျန်းအိုက်ကျန့်က သူ့တိုက်ကွက်ကို ထုတ်ဖော်ဖို့ ပြင်ဆင်နေစဉ် ယန်လျန်ရှန့်က အနီရောင်စွမ်းအင်ကြိုးမျှင်များကို ထုတ်ဖော်လိုက်သည်။ စီးဝူယာ့ကမူ ခုခံဖို့ အကောင်းဆုံးကြိုးစားနေလေ၏။ သူက မဆုတ်သာမတိုးသာ အခြေအနေမရောက်ခင်အထိ ဆွဲလိုက်တွန်းလိုက် အနေအထားကို ကစားနေကြသည်။ ဤသို့ဖြင့် ယန်လျန်ရှန့်၏ မျက်နှာအထက် တွန့်လိမ်သည့် အမူအရာတစ်ခု ပေါ်ထွက်လာကာ သူ့မျက်နှာမှ လောင်ကျွမ်းနေသော အသားစက ပြုတ်ကျလာသည်။ ခေတ္တမျှ ကြာမြင့်ပြီးသည့်နောက်တွင် သူက ရယ်မောလိုက်၏။ သူ့ရယ်သံက နန်းဆောင်တစ်ခုလုံးကို ပဲ့တင်ထွက်လာစေသည်။

“မသိတတ်တဲ့ အရူးတွေ။ မင်းတို့အားလုံး ဒီနေ့ သေရမယ်။ အလကားနေရင်း စွမ်းအားဖြုန်းမနေနဲ့”

ဝှစ်

ဓားသေတ္တာက ဆက်လက်၍ ပြင်းထန်စွာ လှုပ်ခတ်လာသည်။

တစ်ချိန်တည်းဆိုသလို ကျန်းအိုက်ကျန့်က သွေးတစ်ပွက်အန်လိုက်ရသည်။ သူ့အသက်ဓာတ်အားက စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ထဲ ရုန်းရင်းဆန်ခတ်ဖြစ်လာစေကာ အားကောင်းသည့်ဖိအားတစ်ခုကို တောင့်ခံနေရသည်။

ဟွမ်းရှစ်ကျဲက အော်ပြောလိုက်၏။

“ရပ်လိုက်။ အခုချက်ချင်း ရပ်လိုက်တော့”

ကျန်းအိုက်ကျန်းက မရပ်ရုံသာမကဘဲ ဟွမ်းရှစ်ကျဲဆီ မျက်လုံးဝှေ့ကြည့်လိုက်သည်။

“ဆရာ ကျွန်တော်ကို အော်ပြောဖို့ ဒီလောက်စွမ်းအားအများကြီး ကျန်သေးတယ်ဆိုရင် ကျွန်တော်ကို လာပြီးကူပါ့လား” ကျန်းအိုက်ကျန့်က စီးဝူယာ့ကို ကြည့်ပြီး စိတ်ထဲမှ ညည်းတွားလိုက်သည်။

ငါတို့နှစ်ယောက်လုံး ဆရာရှိတာကို ငါတို့ဆရာတွေက ဘာလို့ ကွဲပြားနေရတာလဲ။ သူ့ဆရာကတော့ သူ့ကို ကာကွယ်ပေးပြီး ငါကတော့ ငါ့ဆရာကို ကာကွယ်ပေးရရုံတင်မကဘူး။ ငါ့ကိုပါ ဆူပူနေသေးတယ်။ တကယ်ကို ပင်ပန်းလိုက်တာ…

“ကောင်စုတ်လေး” ဟွမ်းရှစ်ကျဲက ဒေါသထွက်လာလေသည်။ သူက အော်ပြောကာ ခြေဆောင့်လိုက်၏။ သူက သူ့တပည့်ကို ကူညီဖို့ မည်သို့စွမ်းအား ရှိမည်နည်း။ ယန်လျန်ရှန့်ဆီမှ တိုက်ကွက်နှစ်ခုကို ခံစားရပြီး စကားပြောနိုင်သေးသည်ကပင် ကောင်းလှသည်ဟု မှတ်ယူ၍ရပေသည်။

လီကျင်းယီက ကျန်းအိုက်ကျန့်ကို စိတ်ရှုပ်ထွေးသည့် အမူအရာများကို လှမ်းကြည့်လိုက်၏။

“အစ်ကိုကြီး ဒီလိုဆက်ဖြစ်နေတယ်ဆိုရင် ကျင့်ကြံဆင့်က…”

ကျန်းအိုက်ကျန့်၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။

“ဒါက သေးသေးမွှားမွှားလေးပါပဲ။ ငါ ဘယ်လိုလုပ်လဲဆိုတာကို စောင့်ကြည့်ထား”

ကျန်းအိုက်ကျန့်က လက်နှစ်ဖက်ကို ပူးကပ်လိုက်သည်။

အနက်ရောင်ဓားသေတ္တာက ရှေ့နောက်ပျံသန်းပြီး ဓားများက တစ်ခုပြီးတစ်ခုဆိုသလို ထွက်ပေါ်လာကာ နဂါးတစ်ကောင်အသွင် ဖွဲ့စည်းလိုက်လေသည်။ ထိုဓားအားလုံးက စွမ်းအင်ဖြင့် ရစ်ပတ်ထားပြီး သူတို့က အတော်လေး တောက်ပစူးရှနေ၏။ သူတို့ ပျံသန်းသွားကာ မြေအောက်နန်းဆောင်တစ်ခုလုံးကို အပိုင်သိမ်းလိုက်လေသည်။

စီးဝူယာ့က ဓားသေတ္တာကို တအံ့တဩ ကြည့်ရင်း ပြောလိုက်သည်။

“မင်းက ဓားတွေ စုဆောင်းရတာ ကြိုက်တာကို စဉ်းစားနေတာ။ သေတ္တာကြောင့်လား မဆိုးဘူးပဲ။ မင်းက လျှို့ဝှက်ချက်ကို ကောင်းကောင်းထိန်းသိမ်းထားနိုင်တယ်”

“ငါ့ကို ချီးကျူးနေတာပဲ” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

ထို့နောက် သူက အာရုံစိုက်ကာ သူ့တစ်ဘဝတာ ထိန်းသိမ်းလာခဲ့ရသည့် ဓားများကို ထုတ်လိုက်သည်။

ဝှစ် ဝှစ် ဝှစ်

ဓားများက ထူးထူးဆန်းဆန်း အလင်းရောင်ဖြင့် ဖျတ်ခနဲတောက်ပသွားပြီးသည့်နောက်တွင် ဓားများက ယန်လျန်ရှန့်ဆီ ပျံသန်းသွားလေ၏။

ဓားတစ်သိန်းခန့်က ယန်လျန်ရှန့်၏ ခန္ဓာကိုယ်ဆီ တစ်ခုပြီးတစ်ခု ဝင်ရောက်သွားလေသည်။

ယန်လျန်ရှန့်က အော်ပြောလိုက်၏။

“ထွက်သွားစမ်း”

စွမ်းအင်ဓားရာချီက လွင့်စဉ်သွားသော်လည်း ကျန်ရှိနေသည့် ဓားများကမူ ယန်လျန်ရှန့်ကိုမူ အရူးအမူ တိုက်ခိုက်နေကြသည်။

ဘန်း ဘန်း ဘန်း

ကျန်းအိုက်ကျန့်နှင့် ယန်လျန်ရှန့်၏ အပေါ်ပိုင်းခန္ဓာ သွေးသံရဲရဲအပေါက်များ ရှိသည်အထိ တိုက်ခိုက်နေကြသည်။

ယန်လျန်ရှန့်က ကျန်းအိုက်ကျန့်ကို မဖြေရှင်းနိုင်တော့ပေ။ အကြောင်းအရင်းကမူ စီးဝူယာ့ကိုလည်း ထိန်းချုပ်ထားရဦးမည် ဖြစ်သည်။ ထိုသို့မဖြစ်ကြောင်း သိထားသည့်အခါ သူက အော်ပြောလိုက်သည်။

“မင်းအသက်ကို အရင်ယူမယ်”

ဤသို့ဖြင့် အနီရောင်စွမ်းအင်ကြိုးမျှင်များက ပျောက်ကွယ်သွားပြီး စီးဝူယာ့က ပျောက်ကွယ်သွားလေသည်။

ယန်လျန်ရှန့်က ဓားအစီအရင်မှ ချိုးဖောက်ကာ ကျန်းအိုက်ကျန့်ဆီ ခုန်အုပ်လိုက်၏။

“ကျန်းအိုက်ကျန့်” စီးဝူယာ့က ကျန်းအိုက်ကျန့်ကို ကယ်တင်ဖို့ အပြေးအလွှားသွားလိုက်သည်။

ဘန်း

ယန်လျန်ရှန့်က ဓားတိုက်ကွက်များကို အတင်းအကြပ်ခုခံရင်း ကျန်းအိုက်ကျန့်ဆီ ခုန်အုပ်လာလေ၏။ သူက ကျန်းအိုက်ကျန့်၏ ပုခုံးအပေါ် ထိနှက်ချက်ပေးနိုင်ခဲ့သည်။

ကျန်းအိုက်ကျန့်က လေထဲ နောက်ဆုတ်လိုက်ရပြီး သွေးတစ်ပွက်အန်လိုက်ရ၏။

တစ်ချိန်တည်းဆိုသလို ဓားသေတ္တာမှ အသံကျယ်ကြီးက ရုတ်ခြည်း ရပ်တန့်သွားလေသည်။ ထို့နောက် လေထဲတွင်ရှိနေသည့် ဓားများကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

ယန်လျန်ရှန့်က ကျန်းအိုက်ကျန့်က ထပ်မံတိုက်ခိုက်တော့မည့်ဆဲဆဲတွင် စီးဝူယာ့က ရောက်ရှိလာသည်။ သူက ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်ပြီး မွေးဖွားဇယားချပ်များကို ထုတ်ဖော်လိုက်၏။

ဘန်း ဘန်း

အလင်းတန်းနှစ်ခုက ယန်လျန့်ရှန်းအပေါ် ကျရောက်လာကာ လက်တစ်ဖက်ကျိုးသွားသည်။ သို့သော် သူက နာကျင်မှုကို ခံစားရဟန်မပေါ်ပေ။ သူက ညာဖက်လက်ကိုဝှေ့ပြီး ကြယ်တာရာဒိုင်ခွက်ဆီ လက်ဝါးစည်းတံဆိပ်ဆီ ထုတ်ဖော်လိုက်သည်။

ဘန်း

ကြယ်တာရာဒိုင်ခွက်က ချိုင့်ဝင်သွားလေ၏။ ထိုအရာက လွင့်စဉ်သွားကာ စီးဝူယာ့ကို ထိမှန်သွားပြီး မြေအောက်နန်းဆောင်ရှိ သွေးသံရဲရဲ နံရံပေါ် ထိမှန်သွားစေသည်။

ယန်လျန်ရှန့်က မြေပြင်ပေါ် ရောက်ရှိလာသည့်အခါ လက်ဖြင့်ရိုက်ချလိုက်သည်။ ယခင်ကဲ့သို့ အနီရောင်ကြိုးမျှင်များက မလွတ်မြောက်နိုင်ဖွယ်ပိုက်ကွန်အဖြစ် ရွေ့လျားလာကာ စီးဝူယာ့ကို လှောင်ပိတ်ထားလိုက်သည်။

စီးဝူယာ့က မလှုပ်ရှားနိုင်ပေ။

ထိုစဉ် အပေါ်ပိုင်းခန္ဓာသာ ကျန်ရှိတော့သည့် ယန်လျန်ရှန့်က ကနဦးချီကို ထုတ်ဖော်လိုက်သည်။ သူက စီးဝူယာ့ကို ယခုမသတ်နိုင်ကြောင်း သိထားလေ၏။ နောက်ပိုင်းမှလုပ်လျှင် အခွင့်အရေးရတော့မည် မဟုတ်ပေ။ သူက ကြိုးမျှင်များကို ထုတ်ဖော်ကာ ကျိုးနေသည့် လက်အပေါ် စုစည်းပြီး သူက ချည်နှောင်လိုက်သည်။

“အား” အနီရောင်ကြိုးမျှင်များက စီးဝူယာ့ကို ချုပ်နှောင်သွားကာ အသွေးအသားကို ဖြတ်တောက်နေကြသည်။

လီကျင်းယီက ခေါင်းကို ယမ်းနေလေ၏။ ဤသို့သော ဆိုးရွားလှသည့်အခြေအနေက သူမ၏ ယုံကြည်မှုအား ပြိုလဲသွားစေသည်။ သူမက တိုက်ပွဲကွင်းပြင်တွင် ရန်သူကို သတ်ဖြတ်စဉ်အခါက ဤသို့မျိုးကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။ သူမက အံကြိတ်ထားပြီး သူမ၏ စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ကို ရိုက်ကာ ဆက်လက်လောင်ကျွမ်းစေလိုက်သည်။

“အစ်ကိုကြီး”

ထို့နောက် လီကျင်းယီက ကျန်းအိုက်ကျန့်ဆီ ရောက်ရှိလာသည်။ သူမ၏ ကနဦးချီကို ကျန်းအိုက်ကျန့်ဆီ လွှဲပြောင်းပေးလိုက်၏။

ကျန်းအိုက်ကျန့်က သူမကို မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်၏။

“နင် ဘာလုပ်နေတာတုန်း”

“အစ်ကိုကြီးကိုပဲ အားကိုးလို့ရမှာ” လီကျင်းယီက ပြုံးကာ ပြောလိုက်သည်။

ကျန်းအိုက်ကျန်းက ကြောင်အမ်းသွားပြီး သူက အသိပြန်ကပ်လာသည့်အခါ ခေါင်းငုံ့ပြီး သူမကို ကြည့်လိုက်သည်။

“မင်းက ရူးနေပြီ”

“အစ်ကိုကြီးနဲ့ ယှဉ်လိုက်ရင် မရူးသေးပါဘူး” လီကျင်းယီက ယန်လျန်ရှန့်ကို လှမ်းကြည့်လိုက်သည်။

ကျန်းအိုက်ကျန့်က အာရုံထွေပြားမှုအားလုံးကို ဖြတ်တောက်ပြီး စီးဝူယာ့က ပြောလိုက်သည်။

“ကတိပေးထားတဲ့ ဓားတွေကို ပေးရဦးမှာနော်”

ထို့နောက် ကျန်းအိုက်ကျန့်က ရှေ့တိုးသွားကာ တွန်းထုတ်လိုက်၏။

ထိုစဉ် ယန်လျန်ရှန့်က တိုက်ခိုက်ရမည့် နည်းလမ်း မရှိတော့ပေ။ စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်က မမှတ်မိနိုင်လောက်အောင် လောင်ကျွမ်းခံလိုက်ရသည်။ သူ့အနေဖြင့် ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်ဖို့ပင် အခက်တွေ့နေ၏။ သူက သူ့အုတ်မြစ်အပေါ် မှီခိုပြီး တောင့်ခံထားရခြင်းသာ ဖြစ်သည်။ ကျန်းအိုက်ကျန့်က ပြေးလွှားလာသည်ကို မြင်သည့်အခါ ပြောလိုက်သည်။

“ကောင်းပြီလေ။ တစ်ခုခု စတာနဲ့ ဘယ်လိုဖြစ်မလဲဆိုတာကို အဆုံးထိ ကြည့်သင့်တယ်”

ထို့နောက် ယန်လျန်ရှန့်က သူ့ကျိုးနေသည့် လက်ကို ဖြတ်တောက်လိုက်သည်။

ဘန်း

အနီရောင်ကြိုးမျှင်များဖြင့် ရစ်ပတ်ထားသည့် ကျိုးနေသည့်လက်က ကျန်းအိုက်ကျန့်ဆီ ရောက်ရှိလာပြီးသည့်နောက်တွင် ကျောက်တုံးနံရံကို ထိုးဖောက်သွားလေသည်။

ထို့နောက် ယန်လျန်ရှန့်က ကျန်းအိုက်ကျန့်ဆီ မျက်နှာမူလိုက်၏။

ကျန်းအိုက်ကျန့်က ယန်လျန်ရှန့်ကို ကြည့်ရင်း မျက်လုံးအပြူးသားဖြစ်လာသည်။ သူ့လက်က…

ဝုန်း

ကျန်းအိုက်ကျန့်က မြေပြင်ပေါ်လဲကျသွားလေ၏။

“အစ်ကိုကြီး”

“လျိုချန်” စီးဝူယာ့က တုန်တုန်ယင်ယင်ဖြစ်လာပြီး သူ့မျက်ဝန်းများက နီရဲလာသည်။

ကျန်းအိုက်ကျန့်က မြေပြင်ပေါ် လဲကျသွားသည့်အခါ ညည်းတွားလိုက်၏။ သူ့အမူအရာက နာကျင်မှု မခံစားရသလိုမျိုး ဖြစ်နေသည်။

သူ့ခန္ဓာကိုယ်က အေးခဲကာ ထုံထိုင်းနေပြီး သူ့အသိစိတ်က ဖြည်းဖြည်းချင်း လွင့်ပြယ်သွားဟန်ပေါ်သည်။

ယန်လျန်ရှန့်က ကျန်းအိုက်ကျန့်ကို ကြည့်ကာ ပြောလိုက်သည်။

“ဒီလောက်အကြာကြီး တိုက်ခိုက်နိုင်တယ်ဆိုတော့ မင်း ကောင်းကောင်း သေလို့ရပြီ”

ကျန်းအိုက်ကျန့်က သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။ သူက သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြင့် အသက်ပြင်းပြင်းရှူနေရသည်။ သူက ဟွမ်းရှစ်ကျဲတို့နှင့် လီကျင်းယီတို့၏ မျက်နှာအထက် တုန်လှုပ်နေသည့် အမူအရာကို ကြည့်ပြီး သူချစ်မြတ်နိုးရသည့် ရတနာဓားများကိုပါ ကြည့်လိုက်သည်။ ထို့နောက် သူက မြေအောက်နန်းဆောင်ထံ ဖြာကျနေသည့် လအလင်းရောင်ကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူက လေထဲတွင် ပြုံးနေသည့် မျက်နှာများကို မြင်လိုက်ရသည်။ သူက ကုတင်ပေါ်တွင် လဲလျောင်းနေပြီး ကြင်နာတတ်သည့် အပြုံးမျိုးရှိနေသော သူ့အဘွားကို ပြန်လည်မြင်လာမိသည်။

သူက ရုတ်ခြည်းဆိုသလို ခေါင်းခါကာ ပြောလိုက်သည်။

“ကျွန်တော် အဆင်ပြေပါတယ်”

သူက ခေတ္တမျှ ရုန်းကန်ပြီးသည့်နောက်တွင် ပြန်လည်ထရပ်လာသည်။ သူက ဘယ်ဖက်လက်ဖြင့် နှုတ်ခမ်းထောင့်မှ သွေးများကို ဖယ်ရှားလိုက်၏။

ယန်လျန်းရှန်းက မျက်လုံးအပြူးသားဖြင့် သူ့ရှေ့တွင် ရှိသည့်လူငယ်လေးကို ကြည့်လိုက်သည်။ သူ့ထက် အားကောင်းသည့်ရန်သူများစွာကို တွေ့ကြုံခံစားသော်လည်းဤသို့ ကြောက်ဖို့ကောင်းသည့် စိတ်ဓာတ်မာကြောသူကို ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။ သူတို့၏ စွမ်းအားကြားတွင် ကြီးမားသည့် ကွာဟချက်ရှိကြောင်း သိထားသော်လည်း တစ်ဖက်သူ၏ အရေးကြီးသည့် အင်္ဂါရပ်များကို အပြင်းအထန်ထိခိုက်စေခဲ့သည်။

တစ်ဖက်သူသည် အလွယ်တကူ သေသွားနိုင်လောက်သည့် ပုရွက်ဆိတ်မျှ သိထားသော်လည်း အဘယ်ကြောင့် ထရပ်နိုင်သေးသနည်း။

ယန်လျန်ရှန့်က နောက်ဆုတ်လိုက်သည်။ သူ့အလိုလိုသိစိတ်က ပြောပြနေလေ၏။ သူက လက်တစ်ဖက်ကို အသုံးပြုကာ လက်ပြတ်ဆီ ဦးတည်လိုက်သည်။ ထိုနေရာကို နောက်ဆုံးသော ကြိုးမျှင်ကို အသုံးပြုဖို့ စီစဉ်ထားလေ၏။

ထိုစဉ် ကျန်းအိုက်ကျန့်က လက်ကိုမြှောက်ကာ သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။ အင်မတန် အားနည်းဖျော့တော့နေသည့် လေပွေစိတ်ဝိညာဉ်သဏ္ဌာန်က သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေ၏။

ဟွမ်းရှစ်ကျဲက မျက်လုံး မှိတ်ထားလိုက်ပြီး လီကျင်းယီက အကြည့်လွှဲလိုက်သည်။

နှစ်ဦး၏ အမူအရာကို မြင်သည့်အခါ သူက အပြုံးဖြင့် ပြောလိုက်သည်။

“ဒီလိုဖြစ်နေလို့ မရဘူးလေ။ ကျွန်တော်ကို ကြည့်ပါဦး။ ကျွန်တော်က အဆုံးထိ ပြုံးထားတယ် မဟုတ်ဘူးလား”

“အစ်ကိုကြီး” လီကျင်းယီက ပြောစရာစကားများ ဆွံ့အသွားလေသည်။

ကျန်းအိုက်ကျန့်က အားတင်းပြုံးကာ ပြောလိုက်သည်။

“သေချာကြည့်ထား”

ကျန်းအိုက်ကျန့်က လက်ကိုဆန့်ထုတ်လိုက်၏။

ဓားသေတ္တာက ရှေ့နောက်တောက်ပစူးရှစွာ ပျံသန်းနေပြီး လည်ပတ်နေလေသည်။

ဤသို့ဖြင့် ကျန်းအိုက်ကျန့် စုဆောင်းခဲ့သည့်ဓားများနှင့် မြေအောက်တွင်ရှိသည့် ဓားများက လည်ပတ်လာလေ၏။

ဓားသေတ္တာက ပျံသန်းထွက်သွားစဉ် ဓားများကိုပါ တစ်ပြိုင်နက် ဆောင်ကြဉ်းသွားပြီး အနီရောင်ကြိုးမျှင်များကို ဖြတ်တောက်လိုက်သည်။

ဘန်း ဘန်း ဘန်း

အနီရောင်ကြိုးမျှင်များ ပျက်စီးသွားသည့်အခါ ဓားများက ပြိုင်တူ ပြုတ်ကျလာလေ၏။

ဤသို့ဖြင့် စီးဝူယာ့က လွတ်မြောက်သွားခဲ့သည်။ ကျန်းအိုက်ကျန့်က ရယ်မောလိုက်ပြီးသည့်နောက်တွင် ပြောလိုက်သည်။

“အသုံးမဝင်တော့ဘူး။ အခု သူ့အပေါ်ပဲ မူတည်နေတယ်”

ကျန်းအိုက်ကျန့်က နောက်ဆုတ်လိုက်၏။ သွေးများ သူ့လည်ပင်းထက်သို့ ဆန်တက်လာသည်ကို ခံစားမိလိုက်သော်လည်းမျိုချလိုက်သည်။

တစ်ချိန်တည်းဆိုသလို ဓားသေတ္တာက ကျန်းအိုက်ကျန့်အရှေ့ ကျရောက်လာလေ၏။

ယန်လျန်ရှန့်က ဒေါသထွက်လာမိသည်။ သူက အခွင့်အရေးကောင်းကိုဆုံးရှုံးလိုက်ရမှန်း သိလိုက်၏။ သူက ဒေါသဖြင့် အံကြိတ်ထားပြီး သူ့နှလုံးသားထဲ မလိုလားမှုတို့ ထွက်ပေါ်လာသည်။ သူက စွမ်းအင်အကုန်လုံးကို သူ့လက်ပြတ်ဆီ ထည့်သွင်းပြီး ကျန်းအိုက်ကျန့်ဆီ ပစ်လွှတ်လိုက်သည်။

“ကျစ်”

ဝှစ်

ကျန်းအိုက်ကျန့်က ထိုအခိုက်အတန့်၌ စွမ်းအား မရှိတော့ပေ။ သူက မရှောင်ရှားနိုင်ဘဲ ယန်လျန်ရှန့်ကိုသာ ပြုံးပြလိုက်၏။

“ခင်ဗျား ဘယ်လောက်တောင် ကူကယ်ရာမဲ့မလဲဆိုတာကို ကြည့်ချင်မိသား”

ဘန်း

လက်ပြတ်က ကျန်းအိုက်ကျန့်၏ ရင်ဘတ်ပေါ်ကျရောက်လာပြီး မြေပြင်ပေါ် ပြုတ်ကျသွားလေသည်။

ထိုစဉ် စီးဝူယာ့က ထလာလေ၏။ သူက တောင်ပံဖြန့်ကာ ယန်လျန်ရှန့်အား လက်သီးဖြင့် ထိုးချလိုက်ပြီး လွင့်စဉ်သွားသည်။

ဘန်း ဘန်း ဘန်း

ယန်လျန်ရှန့်က မြေပြင်ပေါ်ကျရောက်လာသည့်အခါ စီးဝူယာ့၏ လက်သီးက ယန်လျန်ရှန့်၏ ခန္ဓာကိုယ်အထက် ထပ်မံထပ်မံ ကျရောက်လာလေ၏။ သူက နည်းနည်းလေးမှ မရပ်တန့်ခဲ့ပေ။ သူက ယန်လျန်ရှန့်ကို ဘယ်နှစ်ကြိမ် ထိုးခဲ့မှန်းပင် မသိတော့ပေ။

ထို့နောက် မြေအောက်နန်းဆောင်အတွင်း ရိုက်နှက်နေသည့် အသံများက အချိန်အတော်ကြာအထိ မရပ်တန့်ခဲ့ပေ။ အသိပြန်ကပ်လာသည့်အခါ ကျန်းအိုက်ကျန့်က အလျင်အမြန် ပျံသန်းသွားလိုက်၏။

ဟွမ်းရှစ်ကျဲနှင့် လီကျင်းယီတို့က ခွန်အား မကျန်ရှိတော့ပေ။ သူတို့က ကျန်းအိုက်ကျန့်ကိုသာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေကြလေ၏။

စီးဝူယာ့က သတိမေ့နေသည့် ကျန်းအိုက်ကျန့်ကို ကူညီပေးလိုက်ပြီး နံရံအပေါ် မှီလိုက်သည်။ သူက စွမ်းအင်များကို အသုံးပြုကာ ကျန်းအိုက်ကျန့်ကို ကုစားဖို့ အကောင်းဆုံး ကြိုးစားနေလေ၏။

သူက ကျန်းအိုက်ကျန့်၏ အပေါ်ဝတ်ကို ဖယ်ရှားလိုက်သည့်အခါ ယန်လျန်ရှန့်၏ လက်က ကျန်းအိုက်ကျန့်၏ ခန္ဓာကိုယ်အထက် ဧရာမအပေါက်ကြီးများ ချန်ထားခဲ့သည်ကို တွေ့လိုက်ရသည်။ ကျန်းအိုက်ကျန်း၏ အတွင်းအင်္ဂါများက ဆိုးဆိုးရွားရွား ပျက်စီးနေကြောင်း သိလိုက်ရသည်။

စီးဝူယာ့၏ စိတ်ထဲက ဗလာကျင်းသွားလေသည်။

သူက ပြောလိုက်သည်။

“ကျန်းအိုက်ကျန့်”

သူက စိတ်ထဲတွင် ပေါ်လာသမျှ နည်းစနစ်အားလုံးကို အသုံးပြုကာ ကျန်းအိုက်ကျန့်ထံ စွမ်းအား ကုန်သုံးလျက် ကုစားပေးနေသည်။ သူက သူ့စွမ်းအင်ဗဟိုချက်ထဲရှိ ချီပင်လယ်ထဲမှ အသက်ဓာတ်စွမ်းအားကိုပါ ထုတ်ဖော်ပြီး ကျန်းအိုက်ကျန့်၏ သွေးကြောထဲထိ လွှဲပြောင်းပေးနေသည်။

ကျန်းအိုက်ကျန့်က ညည်းတွားပြီး မျက်လုံးဖွင့်လာပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

စီးဝူယာ့က နောက်လန်ကျသွားပြီး မြေပြင်ပေါ် ထိုင်လိုက်သည်။ သူက ကျန်းအိုက်ကျန့်ကို တိတ်တဆိတ်သာ ကြည့်နေလေ၏။

ကျန်းအိုက်ကျန့်က အသိပြန်ကပ်လာပြီးသည့်နောက်တွင် သူက အကောင်းဆုံးကြိုးစားပြီး ခေါင်းကို လှည့်လိုက်ရသည်။ ထို့နောက် လီကျင်းယီကို မြင်လိုက်ရ၏။ ဟွမ်းရှစ်ကျဲကိုလည်း မြင်လိုက်ရသည်။ စီးဝူယာ့ကလည်း ဤနေရာတွင် ရှိနေလေ၏။ ထို့နောက် သူ ချစ်မြတ်နိုးရသည့် ဓားများကိုလည်း ကြည့်နေခဲ့သည်။

တိုက်ပွဲအပြီးတွင် မြေအောက်နန်းဆောင်တစ်ခုလုံးက တိတ်ဆိတ်သွားလေ၏။

ကြယ်စင်များက ကောင်းကင်ယံ၌ ဆက်လက်တောက်ပနေဆဲ ဖြစ်ကာ

အနာဂတ်က အခုလိုမျိုး ငြိမ်းချမ်းနေတယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ…

လေးဦးသားက မလှုပ်ရှားနိုင်ကြတော့ပေ။ သူတို့က နေရာတွင်သာ လဲလျောင်းကာ အနားယူနေလိုက်၏။

အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် စီးဝူယာ့က တိတ်ဆိတ်မှုကို ချိုးဖောက်ကာ မေးလိုက်၏။

“မင်း သေမှာကို မကြောက်ဖူးလား”

“သေမှာကို အမြဲတမ်း ကြောက်ခဲ့တာပဲ” ကျန်းအိုက်ကျန့်က အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

“အဲ့လိုဆိုရင်ဘာလို့ တိုက်ဖို့ အဲ့လောက်တောင် လုပ်နေရတာလဲ” စီးဝူယာ့က ပြောလိုက်သည်။

ကျန်းအိုက်ကျန့်က မေးခွန်းကို တဲ့တိုးပြန်မဖြေပေ။ ထိုအစား ပြောလိုက်သည်။

“ချင်းဟယ်နန်းဆောင်မှာ လူတစ်ထောင်ကျော်က သေဆုံးသွားရတယ်။ တကယ်တော့ သူတို့က အသက်ရှင်သင့်တာ”

“မင်း နောင်တရလား” စီးဝူယာ့က မေးလိုက်သည်။

“ဘာနောင်တတုံး” ကျန်းအိုက်ကျန့်က ရယ်မောလိုက်သည်။

“တကယ်လို့ ငါသာ သတ္တိကောင်းခဲ့မယ်ဆိုရင် သူတို့မဟုတ်ဘဲ ငါကပဲ သေသွားတဲ့သူ ဖြစ်မှာ”

စီးဝူယာ့က ခေါင်းယမ်းလိုက်သည်။

“မင်း နောင်တရနေတာပဲ”

“အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတယ်” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။ သူ့အသံက ခြင်တစ်ကောင်လိုမျိုး တိုးသွားလေ၏။

စီးဝူယာ့က ကျန်းအိုက်ကျန့်အနီးရှိ နံရံပေါ် လာမှီပြီး ပြောလိုက်သည်။

“ဒီနေရာကနေ ကောင်းကင်ယံကို မြင်ရတယ်။ လူတစ်ယောက်ယောက် သေဆုံးသွားတဲ့အချိန်တိုင်း ကြယ်တွေက မှေးမှိန်သွားပြီး ကြွေကျသွားတယ်လို့ ပြောတယ်။ ကြည့်ပါဦး ကြယ်စင်တွေက ဘယ်လောက်တောင် တောက်ပနေလိုက်သလဲ။ အတော်လေးကို ကံကောင်းသားပဲ”

ကျန်းအိုက်ကျန့်က တိတ်ဆိတ်နေလေ၏။

စီးဝူယာ့က ဆက်ပြောလိုက်သည်။

“မင်းက ဘယ်လောက်တောင် စိတ်တိုဖို့ ကောင်းလဲသိလား။ မင်းက ငကြောက်။ ယောက်ျားတစ်ယောက် မဟုတ်ဘူး။ အတိတ်ကိုလည်း ရင်ဆိုင်ရဦးမှာ။ အတိတ်က အတိတ်ဆိုတာလည်း မှတ်ထား”

အချိန်က ဘယ်သောအခါမှ မကုန်ဆုံးနိုင်သည့်အလား တချို့အရာများက ဘယ်သောအခါမှ မမေ့လျော့နိုင်ပေ။

ကျန်းအိုက်ကျန့်က ရယ်မောလိုက်သည်။

စီးဝူယာ့က ကျန်းအိုက်ကျန့်ကို မြင်သည့်အခါ တိတ်ဆိတ်နေဆဲသာ ဖြစ်၏။ သူက နန်းဆောင်အပြင်ဘက်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

“ငါ မင်းကို တာ့ယန်ရဲ့ တော်ဝင်နန်းဆောင်ဆီ ခေါ်သွားပေးမယ်။ အဲဒီမှာ မင်းရဲ့ အဘွားနဲ့တွေ့ပေါ့။ ဘယ်လိုလဲ”

ထို့နောက် အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။

“ဘာလို့ အချိန်ဆွဲနေတာတုန်း။ အဲဒါဆိုရင် မြန်မြန် ဖြေလေ”

၂စက္ကန့်ကြာမြင့်ပြီးသည့်နောက်တွင် စီးဝူယာ့၏ နားနား အင်မတန် တိုးညှင်းသည့် အသံတစ်သံထွက်ပေါ်လာလေ၏။

“ကောင်းပြီလေ”

ထို့နောက် လက်က မြေပြင်ပေါ် ပြုတ်ကျလာသည်။

ကြယ်စင်များက ဆက်လက်တောက်ပနေဆဲသာ ဖြစ်၏။

လီကျင်းယီက သူမ၏ ဝမ်းနည်းမှုကို ဖိနှိပ်ကာ တိုးရှိုက်စွာ ငိုကြွေးလိုက်သည်။

………………………………………….

မနက်မိုးသောက်ယံ၌

မြေအောက်နန်းဆောင်မှ အသံများ ထွက်ပေါ်လာသည်။

လူ ၅ယောက်၊ ၆ယောက်က တစ်ယောက်ပြီး တစ်ယောက်ဆိုသလို ထွက်ပေါ်လာလေ၏။

အဖွဲ့ခေါင်းဆောင်က မီးခိုးရောင် ဆံပင်များ ရှိထားလေသည်။ သူက ဘေးပတ်ဝန်းကျင်ကို စောင့်ကြည့်ပြီး ငြိမ်းချမ်းရေးငှက်၏ အကြွင်းအကျန်များ၊ အရိုးခြောက်နှင့် ပျောက်ဆုံးနေသော ကျောက်ရုပ်ထုကို မြင်လိုက်ရသည်။

“မင်းက လင်ကွမ်းကို စည်းပြန်ဖွင့်ပေးလိုက်တာလား။ ငြိမ်းချမ်းရေးငှက်နဲ့ ယန်လျန်ရှန့်ကို မင်းသတ်လိုက်တာလား” ခေါင်းဆောင်က ခက်ထန်စွာ မေးလိုက်သည်။ သူက ပေါက်ကွဲလုမတတ် ဖြစ်နေသည့် ဒေါသကို ဖိနှိပ်ထားရဟန်ပေါ်၏။

စီးဝူယာ့က ခေါင်းယမ်းလိုက်သည်။ သူ့ထံ အန္တရာယ်တစ်ခု အလျင်အမြန် ကျရောက်လာပြီ ဖြစ်၏။ ဤသည်က သူ့ကံကြမ္မာ ဖြစ်နေနိုင်သည်။ အဆုံးသတ်၌ ခေါင်းကို မော့လိုက်၏။ သူ့အမူအရာက အေးစက်နေပြီး သူ့အကြည့်တို့က ဆုံးဖြတ်ချက်တို့ဖြင့် တောက်ပနေလေသည်။

“ဟုတ်တယ်”

“ကောင်းပြီ။ သူတို့ကို ခေါ်သွား” ခေါင်းဆောင်က ပြောလိုက်သည်။

ခေါင်းဆောင်၏ အသံ ကျရောက်လာသည်နှင့် မြေအောက်နန်းဆောင်ထဲ နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။

“ငါ့တပည့်ကို ဘယ်သူထိရဲလဲ။ ငါ့မိတ်ဆွေတွေကိုလည်း ဘယ်သူထိခိုက်အောင် လုပ်ရဲလဲ”

All Chapters