အခန်း (၁၅၀၄-၁၅၀၆)
Vol. 101 Ch. 1504-1506
အခန်း (၁၅၀၄) ခွန်အားပြသခြင်း ၁
“ဝူရှစ်ရှိုးက ဒီကိစ္စမှာ တကယ်မှားပါတယ်။ ဒါပေမဲ့ သူ့ရဲ့မွေးဖွားဇယားချပ်သုံးခုကို ဖျက်ဆီးလိုက်တာက ပြင်းထန်လွန်းတယ်။ သူက တာ့ဟန်ရဲ့ထောက်တိုင်တွေထဲက တစ်ခုဖြစ်တဲ့ ဆရာသခင်တစ်ပါးပဲ။ သူက တာ့ဟန်ရဲ့ဆရာသခင်ခုနစ်ယောက်ထဲက တစ်ယောက်။ သူ့ရဲ့မွေးဖွားဇယားချပ်သုံးခုကိုဖျက်ဆီးပြီး သူ့ကို သုံးရက်အတွင်းပြန်လည်ဖွဲ့တည်ခွင့်တားမြစ်လိုက်မယ်ဆိုရင် သူ့ကိုသတ်တာနဲ့မခြားတော့ဘူး”
“ကျန်းရှောင်ရော့ မြန်မြန်ထပြီး ဆရာ့ကိုကန်တော့ပြီး ဝန်ချတောင်းပန်လိုက်။ မင်းရဲ့အမှားကို ဝန်ခံပြီး မိစ္ဆာဝေဟင်မျှော်နန်းက တတိယသခင်လေးကို တောင်းပန်လိုက်” ဟွားယင်က ပြောလိုက်၏။ တပည့်ကြီးလေးယောက်အနေဖြင့် သူ၏စကားသံက ယခုအချိန်၌ မိုးခြိမ်းသံပမာပင်။
ထိုစဉ် ကျန်းရှောင်ရော့၏စိတ်ခံစားချက်များက ရှုပ်ထွေးနေသည်။ အတိတ်တုန်းက သူအမှားလုပ်မိသည့်အချိန်၌ သူ၏ဆရာက သူ့ကိုဝေဖန်ပြစ်တင်ကာ သူ့ကိုသင်ပြပေးမည်။ အလွန်ဆုံးမှ သူ့ကိုတုတ်ဖြင့်ရိုက်နှက်ရုံသာရှိမည်။ သူ၏ဆရာက အပြင်လူအတွက် မွေးဖွားဇယားချပ်သုံးခုကို ဖျက်ဆီးလိမ့်မည်ဟု မထင်ထားပေ။ သူ အင်မတန် မတရားခံရသလို ခံစားရပြီး ဒေါသထွက်သွားလေ၏။ မည်သို့ပင်ဆိုစေ သူ ရှေ့သို့တိုးသွားလျက် ဒူးထောက်ကာအစွန်းနားရောက်ချိန်၌ သူ တောင်းပန်လိုက်၏။
“ကျွန်တော် မှားသွားပါတယ်ဆရာ။ ကျွန်တော့်ကို ခွင့်လွတ်ပေးဖို့ တောင်းပန်ပါတယ်။ ဆရာ အခုအမှားသိပါပြီ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ချန်ဖုသည် ကျန်းရှောင်ရော့ကို ကြည့်လိုက်၏။ အတိတ်တုန်းက သူ၏ခန္ဓာကိုယ်အဆင်ပြေနေချိန်၌ သူ၏ခွန်အားတို့ဖြင့် သူ၏တပည့်ကိုထိန်းချုပ်ထားနိုင်သည်။ သို့သော် ယခုသူက အချိန်စေ့ခါနီးပြီဖြစ်ရာ မည်သူကများ သူ၏တပည့်ကိုထိန်းချုပ်နိုင်မည်နည်း။ ဆောင်းဦးနှင်းစက်တောင်ကျရှုံးသွားတာကို မလိုချင်ပေ။ တာ့ဟန်ကို ဖရိုဖရဲမဖြစ်ချင်ပေ။ ဆိုရလျှင် သူ၏တပည့်များက ကသောင်းကနင်းဖြစ်မှုများ ဆောင်ယူလာမှန်း သိနေ၏။ ဆောင်းဦးနှင်းစက်တောင်က ဤထာဝရ အရှက်တကွဲအကျိုးနည်းခြင်းကို ခံစားရမှာကို သူ မလိုချင်ပေ။
ကျန်းရှောင်ရော့က ကန်တော့ပြီး သူ၏အမှားများကို ဝန်ခံနေစဉ် ချန်ဖုက ငြိမ်သက်စွာကြည့်နေလေ၏။
ထိုစဉ် ဆောင်းဦးနှင်းစက်တောင်အပြင်ဖက်ရှိ မိုးကုပ်စက်ဝိုင်းမှ ခမ်းနားထည်ဝါသော အသံတစ်သံရုတ်တရက် ပေါ်လာသည်။
“မဟာသူတော်စင်ချန် ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ”
ကျန်သည့်သူများက ခေါင်းမော့လိုက်ကြသည်။
ချန်ဖုက မော့တောင်မကြည့်ဘဲ ပြောလိုက်၏။ “ဝေ့ချန်လား”
ဝေဟင်ထဲ၌ ရထားလုံးပျံက ပျံဝဲနေသည်။ ကျင့်ကြံသူများနှင့်စစ်သည်တစ်စုက ရထားလုံးပျံကို ဝိုင်းထားကြလေ၏။ ထိုစဉ် ချန်ဖု၏လက်ထောက်က ဦးညွှတ်လျက်ပြောလိုက်သည်။ “သူတို့က တော်ဝင်ခုံရုံးကပါ”
ချန်ဖုက တည်ငြိမ်စွာပြောလိုက်သည်။ “သူတို့ဒီရောက်နေပြီဆိုတော့ ဆင်းလာခိုင်းလိုက်”
ချန်ဖုသည် မဟာလေဟာနယ်ဧကရာဇ်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးချိန်မှစပြီး တော်ဝင်ခုံရုံးမှလူများသည် သူ့အခြေအနေအကြောင်း မေးမြန်းနေခဲ့သည်။ တော်ဝင်ခုံရုံးသည် အစတုန်းက သူ ဒဏ်ရာရထားကြောင်း မည်သို့ရှာတွေ့သွားသည်မသိ။ အဆုံးကျ မဟာလေဟာနယ်မှလူတို့သည် သွေးထိုးရန်အတွက် သတင်းပေါက်ကြားစေခဲ့တာဖြစ်ရမည်ဟု ယူဆခဲ့သည်။
မဟာလေဟာနယ်သည် နယ်မြေကိုးခု၏ရေးရာကို ဝင်စွက်ဖက်တာရှားသည်။ သို့သော် ယခုအခေါက်၌ မဟာလေဟာနယ်ဧကရာဇ်ကိုယ်တိုင် လှုပ်ရှားလာ၏။ စည်းမျဉ်းဟုခေါ်သည့်အရာများက အစောတည်းက ယူဆောင်ခံရပြီးဖြစ်သည်။
ချန်ဖုသည် ပြည်သူပြည်သားများ ဒုက္ခမခံရအောင် ကာကွယ်ရန်အတွက် တာ့ဟန်၏အရေးကိစ္စများကို ဂရုတစိုက်ဖြေရှင်းရမည်မှန်း သိနေသည်။ လွန်ခဲ့သည့်အနှစ် ၂၀အတွင်း သူသည် သူ၏လက်ထောက်ကို လုကျိုးအား နေရာအနှံ့ရှာဖွေခိုင်းခဲ့သည်။ ကြိုးစားပမ်းစားအားစိုက်ထုတ်ပြီးနောက် နောက်ဆုံးတွင် လုကျိုးကို ရှာတွေ့ခဲ့သည်။ နယ်မြေကိုးခုလုံး၌ လုကျိုးသာလျှင် ဆောင်းဦးနှင်းစက်တောင်နှင့် တာ့ဟန်အား လာမည့်ကပ်ဘေးကို ကျော်သွားအောင် ကူညီပေးနိုင်သူဖြစ်၏။ ထိုစဉ် ဟွားယင်က ပြောလိုက်၏။ “ဒီကို မသက်ဆိုင်တဲ့သူတွေ ဖိတ်ဖို့မလိုဘူး”
ဟွားယင်၏အသံ ပေါ်ထွက်လာပြီးသည်နှင့် ရထားလုံးပျံထဲမှ သက်ဆိုင်ရာလူနှစ်ယောက် ပေါ်ထွက်လာပြီး လေ့ကျင့်ရေးခန်းမရှေ့သို့ ဆင်းသက်လာသည်။ သူတို့နှစ်ယောက်လုံးက ခမ်းနားထည်ဝါသည့်လူရွယ်နှစ်ယောက် ဖြစ်သည်။ သူတို့နှစ်ယောက်လုံးချပ်ဝတ်များ ဝတ်ဆင်ထား၏။ ဘယ်ဖက်တစ်ယောက်သည် အနည်းငယ် ပိုရင့်ကျက်ပုံပေါ်ပြီး ညာဖက်တစ်ယောက်က အနည်းငယ်ပိုငယ်ရွယ်၏။ သူတို့နှစ်ယောက်လုံးက တရွယ်တည်းဖြစ်နေပုံပေါ်သည်။ လူငယ်နှစ်ယောက်က ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး အခြေအနေကို ခြုံငုံသုံးသပ်လိုက်၏။ သူသည် ကွဲအက်နေသောမြေပြင်နှင့် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကျန်းရှောင်ရော့ကို မြင်သောအခါ ချန်ဖုကို ဦးညွှတ်လျက်ပြောလိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ် မဟာသူတော်စင်ချန်”
ချန်ဖုက ခေါင်းညိတ်လိုက်၏။ “ဝေ့ချန်း၊ စုပျယ်”
ဝေ့ချန်းနှင့် စုပျယ်သည် ဆောင်းဦးနှင်းစက်တောင်မှမဟုတ်သည့် တာ့ဟန်၌ရှိသည့် ဆရာသခင်နှစ်ပါး ဖြစ်သည်။ ချန်ဖုက နှုတ်ခွန်းဆက်ပြီးနောက် သူတို့နှစ်ယောက်သည် ဆောင်းဦးနှင်းစက်တောင်၏ ကျန်သည့်တပည့်များကို အနည်းငယ်ဦးညွှတ်လိုက်၏။ ပြီးနောက် သူသည် ညာဖက်ခြမ်းရှိတပည့်တစ်ယောက်ကို ဦးညွှတ်တော့မည့်အချိန်၌ သူတို့ကလှမ်းခေါ်လိုက်သည်။
“အရှင်မင်းကြီး”
လုကျိုးက လှမ်းကြည့်လိုက်သည်။ ချန်ဖု၏တပည့်များထဲမှ တစ်ယောက်သည် တာ့ဟန်၏ ဧကရာဇ်တစ်ယောက် ဖြစ်သည့်အချက်ကို သူ မေ့လုနီးပါးဖြစ်ခဲ့သည်။ အစကနေအဆုံးထိ ဧကရာဇ်သည် အလွန်သိုသိုသိပ်သိပ်နေကာ ဆရာသိပ်မပြောခဲ့ပေ။ သူသည် အရာအားလုံးကို တည်ငြိမ်စွာကြည့်နေလေ၏။
လုကျိုးသည် သူ့ကို သတိမထားခဲ့ပေ။
ယခုတာ့ဟန်၏ဧကရာဇ်ကို ထပ်ကြည့်မိချိန်၌ တဖက်လူသည် မရိုးရှင်းဟု တွေးမိသည်။ တဖက်လူက စိတ်ရှည်သီးခံပုံပေါ်ပြီး မည်သို့သိုသိုသိပ်သိပ်နေရမည်ဆိုတာကို သိသည်။
ထို့အပြင် တာ့ဟန်၏ဧကရာဇ်သည် သူ၏တပည့်များနှင့်ခမ်းနားထည်ဝါစွာ ပြုမူပုံမပေါ်။ သို့သော် အစောတုန်းက သူသည် ကျန်းရှောင်ရော့အတွက် စကားမပြောပေးဘဲ ဒူးထောက်ရုံသာထောက်ခဲ့သည်။
“ဆောင်းဦးနှင်းစက်တောင်မှာ ဧကရာဇ်မရှိဘူး” တာ့ဟန်၏ဧကရာဇ်လျိုကျန်းက ပြောလိုက်၏။
ဝေ့ချန်းနှင့် စုပျယ်က ခေါင်းညိတ်လိုက်သည်။
ကျင့်ကြံခြင်းလောကထဲတွင် လူ့လောကရှိအဆင့်အတန်းနှင့် ဂုဏ်သိမ်အဆင့်သည် ဘာမှမဟုတ်ပေ။
ဝေ့ချန်းနှင့်စုပျယ်သည် ဆရာသခင်များဖြစ်၏။ တာ့ဟန်တွင် သူတို့က လျိုကျန်းနှင့်တူညီသည်။
တာ့ဟန်တွင် အင်အားအကြီးဆုံးနှင့်လွှမ်းမိုးအနိုင်ဆုံးလူမှာ ချန်ဖုဖြစ်သည်။
ထိုစဉ် လုကျိုးက နောက်ဆုံး၌ ပြောလိုက်တော့သည်။ “တာ့ဟန်ရဲ့ဧကရာဇ်လား”
ချန်ဖုက ပြောလိုက်သည်။ “ဒီအကြောင်း အစောတည်းက ခင်ဗျား သိသင့်တယ်”
“တာ့ဟန်ရဲ့ကြီးမြတ်လိုက်တဲ့ ဧကရာဇ်ပဲ” လုကျိုးက လေသံအတက်အကျမရှိပြောလိုက်သည်။
လျိုကျန်းက ရှေ့တိုးလာကာ လုကျိုးကို ပြောလိုက်၏။ “ဒီမှာ ဧကရာဇ်မရှိဘူး။ ကျင့်ကြံသူတွေပဲ ရှိတယ်။ ချန်းပေ့ ဒီကိစ္စကို ကျော်သွားပေးဖို့မျှော်လင့်ပါတယ်” လျိုကျန်းက အလွန်ဟန်ဆောင်ကောင်းလှသည်ဟု လုကျိုး တွေးမိသွားသည်။
ချန်ဖုက ပြောလိုက်၏။ “လောကကြီးရဲ့ဘေးကင်းမှုနဲ့ ငြိမ်းချမ်းမှုအတွက် သူ့ကိုတပည့်အဖြစ် လက်ခံခဲ့တာ။ ဆောင်းဦးနှင်းစက်တောင်က အကူအညီနဲ့ တာ့ဟန်က လူတွေက ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်စားသောက်နိုင်လိမ့်မယ်။ စုပျယ် ဆောင်းဦးနှင်းစက်တောင်ကို ဘာလို့ရောက်လာတာလဲ”
စုပျယ်က ပြောလိုက်၏။ “သူတော်စင်ချန် နေမကောင်းဘူးကြားလို့ လာလည်တာပါ။ ဒါ့အပြင် အရှင်မင်းကြီးက ဆောင်းဦးနှင်းစက်တောင်ထဲ ရောက်နေတာကြာပါပြီ။ တိုင်းပြည်က သူ့ရဲ့အုပ်စိုးသူ တရက်တောင်မရှိလို့ မရပါဘူး”
ချန်ဖုက ခေါင်းညိတ်လိုက်၏။ “ဒီကိစ္စအပြင် ဘာရှိသေးလဲ”
လာလည်ခြင်းသည် တစ်ခုသောအကြောင်းအရင်းမဖြစ်တန်ရာ။ ဆိုရလျှင် ဆရာသခင်နှစ်ပါးက ဧကရာဇ်ကို ခေါ်ရန် အဘယ်ကြောင့် ရောက်လာရသနည်း။
စုပျယ်က ပြန်ပြောလိုက်၏။ “ကျန်းရှောင်ရော့ကို သက်ညှာပေးဖို့ သူတော်စင်ချန်ကို ပြောချင်ပါတယ်”
“အကြောင်းအရင်းက” ချန်ဖုက မေးလိုက်၏။ အစ၌ သူသည် အနည်းငယ်စိတ်လှုပ်ရှားသွားကာ ကျန်းရှောင်ရော့ကို အပြစ်ပေးဖို့ တုန့်ဆိုင်းနေခဲ့သည်။ သို့သော် စုပျယ်၏စကားများကို ကြားပြီး သူသည် သူ၏တပည့်ကို သက်ညှာပေးချင်စိတ်မရှိတော့ပေ။
…
အခန်း (၁၅၀၅) ခွန်အားပြသခြင်း ၂
စုပျယ်က မေးလိုက်သည်။
“အရှင်မင်းကြီး သူတော်စင်ကို မပြောရသေးဘူးလား”
ချန်ဖုသည် တာ့ဟန်၏ဧကရာဇ်လည်းဖြစ်သည့် သူ၏တတိယမြောက်တပည့် လျိုကျန်းကိုကြည့်ကာ မျက်မှောင်ကျုံ့ပြီးပြောလိုက်သည်။
“ပြော”
“လောကီကိစ္စက ကျင့်ကြံခြင်းလောကနဲ့ ဘာမှမဆိုင်ဘူး။ ဆရာ ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်” လျှိုကျန်းက ပြောလိုက်၏။
“အဲ့ဒီတုန်းက လူတွေရဲ့အကျိုးနဲ့ တိုင်းပြည်ရဲ့အကျိုးအတွက် ထီးနန်းပလ္လင်ကို ဆက်ခံပြီး အကြံအစည်မများဖို့ အာဏာမမက်ဖို့ ငါ မှာခဲ့တယ်” ချန်ဖုက ပြောလိုက်၏။
“ဆရာ့စကားတွေကို မှတ်ထားပြီး မမေ့ရဲပါဘူး” လျိုကျန်းကပြောလိုက်သည်။ ထိုစဉ် လုကျိုးသည် လျိုကျန်း၏ အပြုအမူ သဘောထားနှင့် စကားပြောဆိုပုံကို တိတ်တဆိတ်လေ့လာနေ၏။ ထိုကဲ့သို့အခြေအနေအောက်၌ လျိုကျန်းက အလွန်တည်ငြိမ်နေသေးသည်။ သူသည် လက်ရည်ယှဉ်သည့်အဖြစ်အပျက်ကြောင့် သက်ရောက်မခံရပေ။ သူ၏အလိုလိုသိစိတ်အရ လျိုကျန်း တစ်ခုခုမှားယွင်းနေသည်ဟု သူ ပြောနိုင်သည်။
ထင်သည့်အတိုင်းပင်ဖြစ်သည်။
လျိုကျန်းက ပြောလိုက်သည်။ “ဝူရှစ်ရှိုးက ရှားပါးတဲ့ဆရာသခင်တစ်ပါးလို့ ခံစားမိတယ်။ ပါရမီက တာ့ဟန်အတွက် အရေးပါတယ်။ သူ့ရဲ့မွေးဖွားဇယားချပ်တွေ ဆုံးရှုံးသွားရင် တာ့ဟန်အတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လာလိမ့်မယ်။ ရှစ်စွင်း သက်ညှာပေးဖို့မျှော်လင့်ပါတယ်”
“နောက်ဆုံးတော့ သူ့အတွက် မင်း တောင်းပန်ပြီလား” ချန်ဖုက ပြောလိုက်၏။
“ဒီတော့ ဆရာက ဒီဟာကိုမှန်းဆထားပြီးသားပေါ့” လျိုကျန်းက ပြောလိုက်၏။
“မင်းက တာ့ဟန်ရဲ့ဧကရာဇ်တစ်ပါးဆိုပေမယ့် ကျန်းရှောင်ရော့ရဲ့ ရှစ်တိလည်းဟုတ်တယ်။ ဆောင်းဦးနှင်းစက်တောင်မှာ ဧကရာဇ်မရှိဘူး။ မင်း နားလည်လား” ချန်ဖုက မေးလိုက်၏။
“ကျွန်တော် နားလည်ပါတယ်”
“လျိုကျန်း” ချန်ဖုက လေသံအတက်အကျမရှိပြောလိုက်သည်။
“မင်းနဲ့ကျန်းရှောင်ရော့ အတူအပြစ်ပေးခံရမယ်။ မင်းတို့တစ်ယောက်စီ မွေးဖွားဇယားချပ်သုံးခု ဖျက်ဆီးခံရမယ်။ ဟွားရင် မင်းက ငါ့ရဲ့တပည့်ကြီးဆိုတော့ ငါ့ကိုယ်စား အပြစ်ပေးပေး”
“...”
လူတိုင်း မှင်တက်သွားတော့သည်။
ကျန်းရှောင်ရော့နှင့် လျိုကျန်းက မှင်တက်သွားတော့၏။ သူတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ချန်ဖု၏တပည့်များသည် ချန်ဖုပြုလုပ်ရန် ကြိုးစားနေသည့်အရာကို မဖော်ထုတ်နိုင်ပေ။ ဟွားရင်က ဦးညွှတ်လျက် မေးလိုက်တော့သည်။
“ဘာလို့လဲ ဆရာ”
တနည်းအားဖြင့် ဤအပြစ်ပေးမှုအတွက် အကြောင်းအရင်းတစ်ခုရှိရမည်။
ချန်ဖုက မေးလိုက်၏။ “မင်းတို့အားလုံးက ငါ ဘာဖြစ်နေမှန်းမသိဘူးလို့ ထင်နေတာလား”
လေ့ကျင့်ရေးခန်းမအတွင်းအပြင်နှစ်ရပ်လုံး တိတ်ဆိတ်သွားတော့သည်။
“မင်းတို့ ငါ့ကို အမှောင်ထဲမှာ ထားနိုင်မယ်လို့ ထင်နေလား”
ရုတ်တရက်
“ရာရာစစ”
လျန်ယွီဖုန်းနှင့် ယွင်ထုံးရှောင်က ရုတ်တရက်လှည့်လာလျက် ကျန်းရှောင်ရော့နှင့် လျိုကျန်းကို တိုက်ခိုက်တော့သည်။
“သူတို့ကို ထိန်းထား”
ဆရာသခင်နှစ်ပါး လှုပ်ရှားချိန်၌ လေဟာနယ်က အေးခဲသွားပုံပေါ်၏။ သေရေးရှင်ရေးအခိုက်အတန့်တွင် ဝေ့ချန်းနှင့်စုပျယ်က လျှပ်တပြက်ဖြင့် ယွင်ထုံးရှောင်နှင့် လျန်ယွီဖုန်းကို ပိတ်ဆို့ကာကွယ်လိုက်၏။
လျန်ယွီဖုန်းက ဆောင်းဦးနှင်းစက်တောင်၏ ဒုတိယမြောက်တပည့်ဖြစ်ပြီး ယွင်ထုံးရှောင်က ဆောင်းဦးနှင်းစက်တောင်၏ စတုတ္ထမြောက် တပည့်ဖြစ်၏။ သူတို့၏ ဆရာတူတပည့်များကို အဘယ်ကြောင့် ရုတ်တရက်တိုက်ခိုက်သနည်း။
“ထွက်သွား ဒါ မင်းတို့ကိစ္စမဟုတ်ဘူး” ယွင်ထုံးရှောင်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။
စုပျယ်က ပြန်ပြောလိုက်၏။ “အရှင်မင်းကြီးကို ဘယ်သူမှတိုက်ခိုက်လို့မရဘူး”
“ဒီမှာ ဧကရာဇ်မရှိဘူး။ ကျုပ်ရဲ့ချီရှစ်တိပဲရှိတယ်။ ဘေးဖယ်နေ”
“ဧကရာဇ်တစ်ခုခုဖြစ်သွားရင် လောကကြီး ပရမ်းပတာဖြစ်သွားမယ်” စုပျယ်က ပြောလိုက်၏။
“ပရမ်းပတာဖြစ်ရင်လည်း ဖြစ်ပစေ။ ဒါ့အပြင် ဆောင်းဦးနှင်းစက်တောင်ရှိနေသရွေ့ ဖြစ်မှာမဟုတ်ဘူး။ ဆောင်းဦးနှင်းစက်တောင်က လောကကြီးကို ဖွဲ့စည်းနိုင်ပြီး ငြိမ်းချမ်းမှုဆောင်ယူပေးနိုင်လိမ့်မယ်” ယွင်ထုံးရှောင်က ပြောလိုက်၏။
နှစ်ဖက်က ထိပ်တိုက်ရင်ဆိုင်ကြတော့သည်။
စကားအနည်းငယ်ဖြင့် လုကျိုးက အဖြစ်အပျက်ကိုသဘောပေါက်သွား၏။ ၎င်းသည် အတွင်းပိုင်းပဋိပက္ခဖြစ်၏။ လိုရင်းပြောရလျှင် အကြီးများက အငယ်များဆီကနေ လောကကို လက်ဝါးကြီးအုပ်ချင်၏။ သို့သော် သူတို့၏ဆရာ သက်ရှိထင်ရှားရှိနေသောကြောင့် သူတို့မလုပ်နိုင်ပေ။
လုကျိုးက ခေါင်းညိတ်လိုက်၏။ “ငါ သိပြီ”
လုကျိုး၏လေးနက်သောအသံက လေထဲပျံ့နှံ့လာချိန်၌ လူတိုင်းရပ်တန့်သွားကြသည်။
ချန်ဖုက ခေါင်းခါပြီး ပြောလိုက်သည်။ “စုပျယ် ဝေ့ချန်း မင်းတို့တွေ တာ့ဟန်ရဲ့ထောက်တိုင် ဖြစ်နေရင်တောင် ငါ ဂရုမစိုက်ဘူး။ မင်းတို့တွေက ဆောင်းဦးနှင်းစက်တောင်ရဲ့ကိစ္စမှာ ဝင်စွက်ဖက်ခွင့်မရှိဘူး”
ပြီးနောက် သူ၏လေသံက သုန်မှုန်သွားကာ ပြောလိုက်လေ၏။ “ထွက်သွား”
ဝေ့ချန်းနှင့် စုပျယ် “...”
သူတို့နှစ်ယောက်သည် ဆရာသခင်များဖြစ်သော်ငြား ချန်ဖုနှင့်ရင်ဆိုင်ရချိန်၌ တခမ်းတနားပြုမူရန် မဖြစ်နိုင်ပေ။
လျိုကျန်းက အခဲမကျေစွာပြောလိုက်သည်။ “ဆရာ၊ တာ့ရှစ်ရှိုး၊ စန်းရှစ်ရှိုး ကျွန်တော့်အတွက် ရပ်တည်ပေးရမယ်။ ကျွန်တော့်ကိုကျွန်တော် ကာကွယ်မယ်”
ချန်ဖုသည် ရှုံ့ချလျက် ကျန်းရှောင်ရော့ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောလိုက်တော့သည်။
“မင်းက ကျင့်ဝတ်နဲ့ဂုဏ်ကျင့်သိက္ခာကို လျစ်လျူရှုထားပြီး မင်းရဲ့သမီးကို ဒီကောက်ကျစ်တဲ့တပည့်နဲ့ လက်ထပ်ပေးတာ”
တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်၏။
ဟွားယင်နှင့် ကျူးကွမ်းသည် လျိုကျန်းနှင့် ကျန်းရှောင်ရော့ကို မယုံနိုင်စွာ ကြည့်လိုက်မိ၏။
မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များက စိတ်ရှုပ်ထွေးသွားတော့သည်။
မင်ရှစ်ရင်က ခေါင်းကုတ်လျက် ပြောလိုက်တော့သည်။ “နေဦး။ ဒီလိုဆိုရင် သတ္တမတပည့်ဖြစ်တဲ့ ဧကရာဇ်က သူ့ရဲ့သမီးကို သူ့ရဲ့ပဉ္စမဆရာတူအစ်ကိုနဲ့လက်ထပ်ပေးတယ်ပေါ့ ဟုတ်လား”
ဤဆက်ဆံရေးက တကယ်ရှုပ်ထွေးပေ၏။
မင်ရှစ်ရင်သည် လျိုကျန်းကို ညွှန်ပြပြီးဆက်ပြောလိုက်သည်။ “ဒါဆို မင်းရဲ့ဝူရှစ်ရှိုးက မင်းကို ယောက္ခမလို့ ခေါ်ရမှာပေါ့။ မင်းက ဒါဆို ဝူရှစ်ရှိုးကို ဘယ်လိုခေါ်မလဲ”
လျိုကျန်းက မျက်မှောင်ကျုံ့မိသွားသည်။ ယင်းသည် သူမပြောချင်ဆုံးအကြောင်းအရာဖြစ်သည်။
ကျန်းရှောင်ရော့က ထရပ်လျက် ထပ်ပြောလိုက်သည်။ “ဆရာ ဒါကိုသတိပြုပြီးပြီဆိုတော့ ဖုံးကွယ်ထားဖို့ မလိုတော့ဘူး။ ဆက်ဆံရေးက အရေးမကြီးဘူး။ အရေးကြီးဆုံးက ကျွန်တော် ---ကို သဘောကျပြီး သူကလည်း ကျွန်တော့ကို သဘောကျတယ်”
ကျွင်းရူသည် လျိုကျန်း၏ သမီးဖြစ်သည်။
ချန်ဖုက ခေါ်လိုက်သည်။ “ဟွားယင်”
“ဟုတ်ကဲ့ ဆရာ”
“ငါ့အတွက် ဂိုဏ်းစည်းကမ်းတွေ ရွတ်ပြ” ချန်ဖုက လေးနက်သောအသံဖြင့်ပြောလိုက်သည်။
“ဒါက” ဟွားယင်က တုံ့ဆိုင်းသွား၏။ သူ ဤသို့ပြုလုပ်ခဲ့လျှင် သူတို့ဆရာထွက်သွားသည်နှင့် သူတို့ကြားရှိ သွေးကြွေးကဖြေရှင်းမရဖြစ်သွားလိမ့်မည်။
ချန်ဖုက လှစ်ကနဲလှုပ်ရှားလိုက်သည်။ လျှပ်တပြက်အတွင်း သူက ဝေ့ချန်းနှင့် စုပျယ်ရှေ့၌ ပေါ်လာပြီး သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
သံသယဖြစ်ရန်မလို။ ဝေ့ချန်းနှင့်စုပျယ်က လွင့်ထွက်သွားတော့သည်။
ချန်ဖုက လှစ်ကနဲ လှုပ်ရှားလိုက်ရာ သူ၏နား၌ စွမ်းအင်များ ဝေ့တက်လာသည်။ သူသည် ကျန်းရှောင်ရော့နှင့် လျိုကျန်း၏လည်ပင်းကို အလွယ်တကူဆုပ်ကိုင်ထားလိုက်၏။ မည်သူမှ စကားမပြောရဲတော့ချေ။ လူတိုင်းက ချန်ဖုကို ပါးစပ်အဟောင်းသားနှင့်ကြည့်နေသည်။
ချန်ဖုက အဖက်မတန်ပြောလိုက်သည်။ “ငါ ဒဏ်ရာရနေတာကြောင့် မင်းတို့နဲ့ မယှဉ်နိုင်တော့ဘူးလို့ ထင်နေတာလား”
ထောက်
ဆောင်းဦးနှင်းစက်တောင်၏တပည့်များအားလုံး တညီတညွတ်တည်း ဒူးထောက်လိုက်၏။ သူတို့စိတ်ထဲတွင်မူ သူတို့ဖာသာစဉ်းစားလိုက်သည်။ သူ ဘယ်လိုလုပ် ဒဏ်ရာရထားတာလဲ။ သူ အားအင်ပြည့်ဖြိုးနေတာ သိသာကြီးကို။ အားနည်းချင်ယောင်ဆောင်နေတာလား။
ချန်ဖုက သက်ပြင်းချလိုက်သည်။ “ငါ အခုအိုလာပြီ။ မင်းတို့ကို မထိန်းချုပ်နိုင်တော့ဘူး။ ငါ အယုံအကြည်ရဆုံး ဟွားယင်ကိုတောင် အားကိုးလို့မရဘူး။ ငါက ဆရာတစ်ယောက်ဖြစ်ဖို့ တကယ်ကျရှုံးခဲ့တာပဲ”
...
အခန်း (၁၅၀၆) ခွန်အားပြသခြင်း (၃)
ချန်ဖုသည် ကျန်းရှောင်ရော့နှင့် လျိုကျန်းတို့ကို တင်းကျပ်စွာ ချုပ်နှောင်ထားလိုက်၏။ ဤကျေးဇူးကန်းသော တပည့်ဆိုးနှစ်ဦးသည် လောကကြီး ငြိမ်းချမ်းရေးအတွက် အဓိကသော့ချက်များဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။
ထိုစဉ် ဝေ့ချန်းနှင့် စုပျယ်တို့သည် ပြန်လည်ပျံသန်းလာပြီး မြေပြင်ပေါ်သို့ ဒူးတစ်ဖက်ထောက် ဆင်းသက်ကာ တောင်းပန်ကြတော့သည်။
“သူတော်စင်ချန်... ကျေးဇူးပြုပြီး သက်ညှာပေးပါ”
လုကျိုးက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
ဘုန်း ဘုန်း
ဝေ့ချန်းနှင့် စုပျယ်တို့သည် သွေးအန်လျက် နောက်သို့ ထပ်မံလွင့်စဉ်သွားကြပြန်သည်။
လုကျိုးက အေးစက်စွာ ဆိုလိုက်၏။ “ဒါဟာ သူတော်စင်တွေရဲ့ ကိစ္စပဲ၊ မင်းတို့ကများ ဘယ်အချိန်ကစပြီး ဝင်စွက်ဖက်ရဲနေတာလဲ”
“ကျေးဇူးတင်ပါတယ်” ချန်ဖုက ပြောလိုက်ပြီး ကျန်သူများကို လှည့်ကြည့်ကာ ဆိုလေသည်။
“အခုကစပြီး ဘယ်သူပဲဖြစ်ဖြစ် မဆင်မခြင် လုပ်ရဲရင် ငါ အလွတ်ပေးမှာ မဟုတ်ဘူး”
တစ်ဖက်တွင် လွင့်ထွက်သွားသော ဝေ့ချန်းနှင့် စုပျယ်တို့မှာ လုကျိုး၏ မယုံကြည်နိုင်လောက်အောင် ပြင်းထန်လှသော ခွန်အားကြောင့် ထိတ်လန့်တုန်လှုပ်နေကြသည်။ ချန်ဖု၏လက်များမှာ တုန်ယင်လာပြီး ပြင်းထန်စွာ ချောင်းဆိုးပြန်လေရာ ကျန်းရှောင်ရော့နှင့် လျိုကျန်းတို့ကို မတတ်သာဘဲ လွှတ်ပေးလိုက်ရတော့သည်။
ကျန်းရှောင်ရော့နှင့် လျိုကျန်းတို့ မြေပြင်ပေါ်သို့ ရောက်သည်နှင့် အလျင်အမြန် နောက်ဆုတ်လိုက်ကြ၏။ ချန်ဖုမှာမူ သွေးတစ်ပွက် ထွေးထုတ်ရသည်အထိ ချောင်းဆိုးနေရှာသည်။
“ဆရာ”
ဟွားယင်သည် ယင်းကို မြင်သောအခါ မျက်လုံးများ နီမြန်းလာပြီး အလျင်အမြန် ကူညီရန် ရှေ့တိုးလာသည်။ လျန်ယွီဖုန်းနှင့် ယွမ်ထုန်းရှောင်တို့၏ မျက်လုံးများတွင်လည်း မျက်ရည်များ ဝိုင်းနေကြပြီး အနည်းငယ်တော့ အသိတရား ရှိနေပုံရသည်။
“ဖယ်စမ်း မင်းတို့လို ကျေးဇူးကန်းတဲ့ တပည့်မျိုး ငါ့မှာ မရှိဘူး” ချန်ဖုက ဟွားယင်ကို တွန်းဖယ်လိုက်သည်။
“တပည့် မှားသွားပါတယ်” ဟွားယင်က ဝန်ခံလိုက်၏။
“မင်း တကယ်မှားမှန်း သိတယ်ဆိုရင် အဲဒီတပည့်ဆိုး နှစ်ယောက်ကို ရှင်းထုတ်ဖို့ ငါ့ကို ကူညီစမ်း”
ထိုသို့ပြောပြီး ချန်ဖုက ကျန်းရှောင်ရော့နှင့် လျိုကျန်းတို့ကို လက်ညှိုးထိုးပြလိုက်သည်။
“နားလည်ပါပြီ” ဟွားယင်သည် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ မတ်တတ်ရပ်လိုက်ပြီး ဆိုလိုက်၏။
“မင်းတို့ နှစ်ယောက်စလုံးက ဂိုဏ်းစည်းကမ်းကို အရင်ချိုးဖောက်ခဲ့တာပဲ၊ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့တော့”
ဝှစ်
ဟွားယင်သည် သူ၏ ဆရာတူညီနှစ်ယောက်ထံသို့ ပျံသန်းသွားပြီး ချက်ချင်းပင် တိုက်ခိုက်တော့သည်။ လေ့ကျင့်ရေးခန်းမတစ်ခုလုံး ကစဉ့်ကလျား ဖြစ်ကုန်၏။
“တာ့ရှစ်ရှိုး... ခင်ဗျား ကျုပ်တို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး” လျိုကျန်းက တိုက်ခိုက်ရင်း ပြောလိုက်သည်။ ထို့နောက် သူက ဆရာဖြစ်သူကို တစ်ချက်ခိုးကြည့်လိုက်ကာ လက်ထဲတွင် ကျောက်စိမ်းအဆောင်တစ်ခု ပေါ်လာပြီး အော်ဟစ်လိုက်လေသည်။
“ဝေ့ချန်း၊ စုပျယ်... သွားကြမယ်”
“သူတို့ကို အလွတ်မပေးနဲ့” ယွမ်ထုန်းရှောင်နှင့် လျန်ယွီဖုန်းတို့မှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြေးထွက်သွားကြသည်။ ထိုစဉ် ကောင်းကင်ယံရှိ ရထားလုံးပျံများမှ အလင်းမိုးများ ရွာသွန်းကျလာတော့သည်။
“မဖြစ်ဘူး” ယွမ်ထုန်းရှောင်နှင့် လျန်ယွီဖုန်းတို့က အံ့အားသင့်စွာ ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
“ချီရှစ်တိ... မင်းမှာ တကယ် နည်းလမ်းတွေ ရှိတာပဲ။ ငါတို့ကို ရင်ဆိုင်ဖို့ ဒီလက်နက်ကို ရအောင် တော်တော်အားထုတ်ခဲ့ပုံရတယ်...”
ရထားလုံးပျံ၏ ကိုယ်ထည်ပေါ်တွင် သင်္ကေတများ ထွင်းထုထားသည်ကို တွေ့ရ၏။ ထိုစဉ် အစီအရင်များအကြောင်း ကျွမ်းကျင်သော ကျောင်းဟုန်ဖုက ပြောလိုက်သည်။
“ဒါတွေက မဟာလေဟာနယ်က သင်္ကေတတွေနဲ့ တူတယ်”
“မဟာလေဟာနယ်က ဟုတ်လား”
“အနည်းဆုံးတော့ ကြည့်ရတာ အရမ်းဆင်တူတယ်” ဟု ကျောင်းဟုန်ဖုက ဆိုသည်။
“ဒါကြောင့်လည်း သူတို့ ဒီလောက် ယုံကြည်မှုရှိနေတာကိုး” လုကျိုးက ခေါင်းညိတ်လိုက်၏။
ထိုအချိန်တွင် ချန်ဖုက လုကျိုးကို အသနားခံသော မျက်နှာထားဖြင့် လက်သီးဆုပ်ပြလိုက်သည်။
လုကျိုးသည် ချန်ဖု စကားပြောသည်ကို မစောင့်တော့ဘဲ ပြောလိုက်သည်။
“ခင်ဗျား ဆန္ဒအတိုင်း ဖြစ်စေရမယ်”
လုကျိုးက လက်ကို မြှောက်ကာ သဲနာရီကို ပစ်လွှတ်လိုက်၏။
လျှပ်စီးတန်းများက ဆောင်းဦးနှင်းစက်တောင်၏ မိုင် ၁၀၀ ပတ်လည်အတွင်း ဖြတ်တိုက်သွားတော့သည်။
ပန်းများ၊ သစ်ပင်များ၊ ငှက်များ၊ သားရဲများ၊ ရထားလုံးပျံများ၊ စစ်သည်များနှင့် ကျင့်ကြံသူများ အားလုံး အေးခဲသွားကြလေသည်။
ဘန်း ဘန်း
လုကျိုးက ဝေ့ချန်းနှင့် စုပျယ်တို့ကို လက်ဝါးစည်းတံဆိပ် နှစ်ခုဖြင့် ရိုက်ထုတ်လိုက်၏။
ဘန်း ဘန်း
လုကျိုးက ကျန်းရှောင်ရော့နှင့် လျိုကျန်းတို့ကိုလည်း နောက်ထပ် လက်ဝါးစည်းတံဆိပ် နှစ်ခုဖြင့် ရိုက်လိုက်ပြန်သည်။ ထို့နောက် လျိုကျန်း၏လက်ထဲမှ ကျောက်စိမ်းအဆောင်ကို သိမ်းယူကာ မူလနေရာသို့ ပြန်လည်ရောက်ရှိလာ၏။
ချန်ဖု “...”
ချန်ဖုမှာ မဟာသူတော်စင်တစ်ပါး ဖြစ်သည့်အားလျော်စွာ ဤအေးခဲစေသော အာနိသင်၏ သက်ရောက်မှုကို အနည်းဆုံးသာ ခံစားရသူ ဖြစ်သည်။ လုကျိုး၏ လှုပ်ရှားမှုကို မြင်သောအခါ သူ အလွန် လေးစားသွားမိသည်။ သူကိုယ်တိုင်ပင် ဤကဲ့သို့ မလုပ်ဆောင်နိုင်မှန်း သူ သိနေသည်။
အချိန် ပြန်လည်စီးဆင်းလာသည်နှင့် ကျန်းရှောင်ရော့၊ လျိုကျန်း၊ ဝေ့ချန်းနှင့် စုပျယ်တို့သည် တစ်ပြိုင်နက်တည်း သွေးအန်လျက် မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြသည်။
“ဘာဖြစ်သွားတာလဲ” ဟွားယင်က ဇဝေဇဝါဖြင့် ဘေးဘီကို ကြည့်လိုက်သည်။ အခြားသူများလည်း ထိုနည်းလည်းကောင်းပင်...။ သူတို့အမြင်တွင် ကျန်းရှောင်ရော့တို့ လေးယောက်မှာ ရုတ်တရက် မြေပေါ်လဲကျကာ သွေးအန်သွားခြင်းသာ ဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်ယံမှ အလင်းမိုးများ ကျဆင်းနေဆဲပင်။
လုကျိုးက လက်ကို မြှောက်ကာ ပြစ်ချက်ရှိ ပြီးပြည့်စုံခြင်းကို ဟစ်အော်လိုက်၏။
ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် ကောင်းကင်သို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ရထားလုံးပျံတစ်စီးကို ထိမှန်သွားတော့သည်။
ဘုန်း
ရထားလုံးပျံသည် သင်္ကေတများနှင့်အတူ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး ကျင့်ကြံသူအားလုံး လွင့်စဉ်ကုန်ကြသည်။
ထို့နောက် လုကျိုးက အနည်းငယ် နောက်လှည့်ကာ ဆိုလိုက်၏။
“မင်းတို့က ဘာကို စောင့်နေကြတာလဲ၊ ဒီလို အသေးအဖွဲ ကိစ္စလေးကိုတောင် ငါကိုယ်တိုင် လုပ်ပေးရမှာလား”
“တပည့် လုပ်ပါ့မယ်၊ တပည့် လုပ်ပါ့မယ်” မင်ရှစ်ရင်က လေပေါ်သို့ ပျံတက်သွားရာ ဝေဟင်မှာ ဂယက်ထသွား၏။ သူကလည်း ယခုအခါ ဆရာသခင်တစ်ပါး ဖြစ်နေပြီ မဟုတ်ပါလော။
“တပည့်လည်း လုပ်မယ်” ရှောင်ယွမ်အာက အော်ဟစ်လိုက်သည်။ သူမသည် နိဗ္ဗာနခါးစည်းကို ထုတ်ဖော်ကာ ကြယ်တာရာဒိုင်ခွက်ဖြင့် အလင်းမိုးများကို ကာကွယ်ရင်း ကောင်းကင်သို့ ပျံတက်သွားတော့သည်။
ရှောင်ယွမ်အာသည် သူမ၏ မွေးဖွားဇယားချပ်များကို မဖုံးကွယ်ထားသဖြင့် အခြားသူများကလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
“သူ့မှာ တကယ်ပဲ မွေးဖွားဇယားချပ် ၂၀ ရှိတာပဲ”
“ဒီမိန်းကလေးက ကြွားနေတာ မဟုတ်ဘူးပဲ တကယ်ကြီး ၂၀ ပါလား”
ရှောင်ယွမ်အာသည် လူတိုင်း မြင်ဖူးသမျှထဲတွင် အသက်အငယ်ဆုံး ဇယားချပ် ၂၀ ပိုင်ရှင် ကျင့်ကြံသူ ဖြစ်နေသည်။
ကြယ်တာရာဒိုင်ခွက်မှာ ကောင်းကင်ယံတစ်ခုလုံးစာလောက် ကြီးမားလာပြီး ရထားလုံးပျံများကို တိုက်ခိုက်လေသည်။ ထိုကြီးမားလှသော ကြယ်တာရာဒိုင်ခွက်သည် ရထားလုံးပျံများအနီးရှိ ကျင့်ကြံသူများကို အပြင်းအထန် ထိုးနှက်လိုက်တော့သည်။
တစ်ဖက်သတ်တိုက်ပွဲဖြစ်၍ စိတ်ဝင်စားစရာ မကောင်းသော်လည်း ရှောင်ယွမ်အာကတော့ အလွန် စိတ်လှုပ်ရှားနေသည်။ သူမသည် လူအုပ်ကြားထဲတွင် ပျံသန်းနေပြီး လက်ဝါးတစ်ချက် ရိုက်လိုက်တိုင်း လူပေါင်းများစွာကို အနိုင်ယူလိုက်သည်။ သူမ၏ ပျော်ရွှင်သော ရယ်မောသံမှာ ဆည်းလည်းသံလေးပမာ ကောင်းကင်ယံ၌ ပဲ့တင်ထပ်နေလေ၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ ဟိုမှသည်သို့ ကူးလူးနေသော မင်ရှစ်ရင်ကို အာရုံစိုက်သူ နည်းပါးလှသည်။ သူ လှုပ်ရှားလိုက်တိုင်း လေဟာနယ်၌ ဂယက်များ ကျန်ရစ်ခဲ့သည်။ သူသည် တာအိုစွမ်းအားကို အသုံးပြုနေခြင်းမှာ သိသာလှသည်။
ယွမ်ထုန်းရှောင်က ရေရွတ်လိုက်၏။ “ကံကောင်းလို့ ငါ သူ့ကို မရွေးခဲ့မိတာ”
“ငါလည်း ကံကောင်းလို့ သူ့ကို မရွေးခဲ့တာပဲ” နောက်တစ်ယောက်က ထောက်ခံသည်။
ခဏအကြာတွင် ကောင်းကင်ယံမှာ ပြန်လည်ကြည်လင်သွားတော့သည်။
ဆောင်းဦးနှင်းစက်တောင်အတွင်း၌ လုကျိုးသည် ကျန်းရှောင်ရော့၊ လျိုကျန်း၊ ဝေ့ချန်းနှင့် စုပျယ်တို့ကို စိုက်ကြည့်နေသည်။ ထို့နောက် ချန်ဖုကို ပြောလိုက်၏။
“ချန်ဖု... ခင်ဗျားက မဟာသူတော်စင်တစ်ပါးပဲ၊ ခင်ဗျားရဲ့ ခွန်အားနဲ့ဆို သူတို့အားလုံးကို သတ်ပစ်ဖို့ လွယ်ကူရဲ့သားနဲ့ ဒီနေ့တော့ တော်တော်လေး အားစိုက်ထုတ်ခဲ့ရတယ်နော်...”
ချန်ဖုက သက်ပြင်းချလိုက်သည်။
လုကျိုးက ဆက်ပြောလိုက်၏။ “ဒီနေ့ ကျုပ်ကို ဖိတ်ကြားခဲ့တာဆိုတော့ ခင်ဗျားရဲ့ ဆရာတစ်ယောက် တာဝန်ကို ကျုပ် ကူညီဖြည့်ဆည်းပေးပါ့မယ်”
“ကောင်းပြီ” ချန်ဖုက အလွယ်တကူ သဘောတူလိုက်သည်။
လုကျိုး၏ လက်သည် တောင်တစ်လုံး၏ အင်အားကို သယ်ဆောင်လျက် ရှေ့သို့ တွန်းထုတ်လိုက်လေ၏။
ကျန်းရှောင်ရော့၏ ခန္ဓာကိုယ်မှာ ချက်ချင်း နောက်သို့ လွင့်ထွက်သွားသည်။
လျိုကျန်းက အော်ဟစ်လိုက်၏။
“ဆရာ... မလုပ်ပါနဲ့ တပည့်မှာ မဟာလေဟာနယ် တံဆိပ်ပြား ရှိတယ်။ မဟာလေဟာနယ် တံဆိပ်ပြား ရှိပါတယ်”
ဘန်း
ကျန်းရှောင်ရော့ လဲကျသွားသည်။ လက်ဝါးစည်းတံဆိပ်မှ အင်အားသည် သူ၏နှလုံးကို ဖောက်ထွင်းကာ အတွင်းအင်္ဂါများကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေသည်။ ထိုပြင်းထန်လှသော အင်အားက သူ့ကို အလွယ်တကူပင် ချေမှုန်းပစ်လိုက်သည်။
“တင်း မွေးဖွားဇယားချပ် တစ်ခုကို ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၁,၀၀၀”
“တင်း မွေးဖွားဇယားချပ် တစ်ခုကို ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၁,၀၀၀”
“တင်း မွေးဖွားဇယားချပ် တစ်ခုကို ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၁,၀၀၀”
လက်ဝါးတစ်ချက်က မွေးဖွားဇယားချပ် သုံးခုကို ဖျက်ဆီးလိုက်လေ၏။
ထိုအချိန်တွင် ကနဦးချီမုန်တိုင်း စတင်ဖြစ်ပေါ်လာသော်လည်း လုကျိုးက လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် အတင်းအကျပ် လူစုခွဲပစ်လိုက်သည်။
ထို့နောက် လုကျိုးက နောက်တစ်ကြိမ် လက်ဝါးရိုက်ထုတ်လိုက်ပြန်သည်။
လျိုကျန်းသည် လုကျိုး၏ လက်ထဲသို့ ချက်ချင်း ရောက်ရှိလာတော့သည်။
လုကျိုးက ဆိုလိုက်၏။ “မင်း ဆရာကို လိမ်ညာခဲ့ရုံပဲဆို ခွင့်လွှတ်နိုင်သေးတယ်၊ ဒါပေမဲ့ မင်းက မဟာလေဟာနယ်ဘက်ကို ကူးပြီး ပြင်ပက ဆရာသခင်တွေနဲ့ ပူးပေါင်းပြီးတော့ ကိုယ့်ဂိုဏ်းတူညီအစ်ကိုတွေကို ပြန်တိုက်ခိုက်ရဲတယ်ပေါ့... အကြင်နာတရား ကင်းမဲ့လိုက်တာ။ မင်းကို ဘယ်လို စီရင်ရမလဲ”
ထိုစဉ် ချန်ဖုက လေသံအတက်အကျမရှိဘဲ ပြောလိုက်သည်။ “သူ့ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပစ်လိုက်ပါ”
“မလုပ်ပါနဲ့” လျိုကျန်းက အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် လျိုကျန်း၏ ကိုယ်ရှေ့မှ ထူးဆန်းသော အလင်းတစ်ခု ထွက်လာပြီး လုကျိုးထံသို့ ပစ်လွှတ်လိုက်သည်။
လုကျိုးက လက်ကို ဝှေ့ယမ်းလိုက်၏။
ဘန်း
အင်အားနှစ်ခု ထိပ်တိုက်တွေ့ဆုံချိန်တွင် အပြန်အလှန် တွန်းကန်နေကြသည်။
လျိုကျန်းက ရက်စက်စွာ ဆိုလိုက်၏။ “ခင်ဗျား ဆောင်းဦးနှင်းစက်တောင်ရဲ့ ကိစ္စမှာ ဝင်မပါသင့်ဘူး ဝင်မပါသင့်ဘူး”
မဟာလေဟာနယ် တံဆိပ်ပြားသည် အလွန်အမင်း ပြင်းထန်သော အင်အားဖြင့် ပေါက်ကွဲထွက်လာတော့သည်။ လုကျိုးသည် ထိုပေါက်ကွဲမှု အင်အားဆီမှ အန္တရာယ်ကို အာရုံခံမိလိုက်၏။ ချန်ဖုလည်း ထိုအန္တရာယ်ကို သိသဖြင့် ကြိမ်းမောင်းလိုက်သည်။
“တပည့်ယုတ်”
လုကျိုး၏ လေသံမှာ အေးစက်မြဲ အေးစက်နေဆဲပင်။ “မဟာလေဟာနယ်က ဖြစ်နေတော့ကော ဘာဖြစ်လဲ”
ခွပ်
ထိုအချိန်တွင် လုကျိုး၏ လက်ဝါးစည်းတံဆိပ်မှာ ဖျတ်ခနဲ ဝင်းလက်သွားပြီး အလင်းလုံးကို ဆုပ်ကိုင်ခြေမွှပစ်လိုက်သည်။ ထို့နောက် လက်ဝါးစည်းတံဆိပ်မှာ လက်သီးဆုပ်အသွင်ဖြင့် လျိုကျန်း၏ စွမ်းအားဗဟိုချက် ချီပင်လယ်ကို ထိုးနှက်လိုက်လေ၏။
ဘန်း
တိုက်ကွက်တစ်ကွက်တည်းဖြင့် လျိုကျန်း၏ ချီပင်လယ်မှာ ပျက်စီးသွားရတော့သည်။
“အားးး” လျိုကျန်းသည် နာကျင်စွာ အော်ဟစ်လိုက်ရသည်။
ဟွားယင်သည် ယခုအချိန်တွင် အလွန် စိတ်မသက်မသာ ဖြစ်နေရှာသည်။ လုကျိုးက နောက်ထပ်တစ်ကြိမ် လှုပ်ရှားတော့မည်ကို မြင်သောအခါ သူက ပုံမှန်မဟုတ်သော မျက်နှာထားဖြင့် ဆိုလိုက်၏။ “ကျန်တာကို တပည့်ပဲ လုပ်ပါရစေ... တပည့်ပဲ လုပ်ပါရစေ...”
မွေးဖွားဇယားချပ်အားလုံးနှင့် ကျင့်ကြံမှုကို ဖျက်ဆီးခြင်းသည် လူတစ်ယောက်ကို သတ်လိုက်သည်နှင့် မခြားပေ။ ဂိုဏ်းတူညီအစ်ကို သံယောဇဉ်မှာ အရေးကြီးသော်လည်း သူ၏ ဆရာတူညီလေးမှာ ကျူးလွန်ခဲ့သော အမှားအတွက် ပြန်ပေးဆပ်ရမည်ဖြစ်ကြောင်း ဟွားယင် သိသည်။ ဤအမှားမှာ အလွန်ကြီးမားပြီး ခွင့်လွှတ်၍ မရနိုင်ပေ။
ဟွားယင်သည် လျိုကျန်းထံသို့ ပြေးသွားပြီး လျိုကျန်း၏ ကျန်ရှိနေသော မွေးဖွားဇယားချပ်အားလုံးကို ဖျက်ဆီးပစ်လိုက်တော့သည်။ လုကျိုးက ဟွားယင်ကို စိတ်တိုင်းကျ လုပ်ခွင့်ပေးလိုက်၏။ ဘာပဲဖြစ်ဖြစ် သူက ဤကုသိုလ်မှတ်လေးများကို ဂရုမစိုက်လှပေ။ သူ့အတွက် ကူညီပေးမည့်သူ ရှိနေခြင်းက အကောင်းဆုံးဖြစ်ပြီး ဟွားယင်မှာ ဤအလုပ်အတွက် အသင့်တော်ဆုံးသူပင် ဖြစ်သည်။ ဟွားယင်သည် ချန်ဖု၏ ပထမတပည့် မဟုတ်ပါလော... ချန်ဖု မရှိတော့လျှင်တောင် ဟွားယင်က လောကကြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မည်ဆိုပါက မဆိုးလှပေ။
ကျန်းရှောင်ရော့မှာမူ မျက်နှာတစ်ခုလုံး ပြာနှမ်းနေပြီး မြေပြင်ပေါ်တွင် ထိုင်လျက် ဟွားယင်က လျိုကျန်း၏ မွေးဖွားဇယားချပ်များကို တစ်ခုမကျန် ဖျက်ဆီးနေသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။
သို့သော် ကိစ္စရပ်များက မပြီးသေးပေ။ ချန်ဖုက ဆိုလိုက်၏။
“ယွမ်ထုန်းရှောင်၊ လျန်ယွီဖုန်း... မင်းတို့ နှစ်ယောက်ကိုလည်း မွေးဖွားဇယားချပ် ဖျက်ဆီးပြီး အပြစ်ပေးမယ်။ အပြစ်ဒဏ်ကို လက်ခံလား”
လျန်ယွီဖုန်းနှင့် ယွမ်ထုန်းရှောင်တို့သည် ခုခံလိုစိတ်များ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် တညီတညွတ်တည်း လျှောက်တင်လိုက်ကြ၏။
“အပြစ်ဒဏ်ကို လက်ခံပါတယ် ဆရာ” ဤအပြစ်ဒဏ်မှာ လက်ခံနိုင်စရာ ရှိသေးသည်။ မည်သို့ပင်ဆိုစေ သူတို့မှာ မွေးဖွားဇယားချပ်များကို ပြန်လည်ဖွဲ့တည်ရန် သုံးရက် အချိန်ရသေးသည် မဟုတ်ပါလော။