← Chapters

အခန်း (၆၂၅-၆၂၇)

Vol. 42 Ch. 625-627

အခန်း (၆၂၅-၆၂၇)

Vol. 42 Ch. 625-627

အခန်း (၆၂၅) အဖြူရောင်မြင်းက အက်ကွဲကြောင်းကို လှစ်ခနဲဖြတ်

လျန့်စီရင်စုမြို့၏ မြို့ရိုးပေါ်တွင် ဖြစ်သည်။

စီးဝူယာ့က ကျန်းအိုက်ကျန့်ဘေးတွင် ရပ်နေလေ၏။

ကျန်းအိုက်ကျန့်က လျော့တိလျော့ရဲပခုံးဖြင့်ရပ်နေသည်မှာ သူ့ကို ပြက်ရယ်ပြုနေဟန်တူသည်။

“သူတို့ကြားထဲ သွေးထိုးတာက ဉာဏ်ရှိတဲ့လုပ်ရပ်ပဲ။ မဟာနတ်ဆရာ ဘာစီရာ သေသွားပြီ။ ခင်ဗျားရဲ့ လူတွေက သတင်းအမှားပို့မိသေးလား၊ ပြောရရင် လူတွေရဲ့နှလုံးသားက အလွယ်တကူ ယိမ်းယိုင်တာ”

“သတင်းမှား မရှိနိုင်ဘူး။ ကျုပ်မှာ အရင်းအမြစ်တစ်ခုပဲရှိတယ်လို့ပြောခဲ့လို့လား”

စီးဝူယာ့က မေးလိုက်သည်။

“…” ကျန်းအိုက်ကျန့်က သူ့ကိုလက်မထောင်ပြလိုက်သည်။

စီးဝူယာ့သည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မဟူရာကွန်ရက်ကို တည်ထောင်ခဲ့စဉ်က တူညီသည့် တုံ့ပြန်မှုမျိုး ကြုံတွေ့ခဲ့ရသည်။ သူ့၌ ကိုယ်ပိုင်တွက်ချက်မှုမျိုးရှိတာက သဘာဝကျ၏။ ဤနည်းဖြင့် သူသည် သူ့အချက်အလက်အပေါ် အလွန်ယုံကြည်ချက်ရှိသည်။

“ဒါပေမဲ့ ဘာစီရာသေဆုံးတာက ရုတ်ခြည်းဆန်လွန်းနေတယ်။ ကျုပ်ရဲ့လူတွေက နတ်ဆရာတွေလို အတိတ်ကို ကြည့်ဖို့အရည်အချင်းလည်းမရှိဘူး” စီးဝူယာ့ကပြောလိုက်သည်။

“မင်း ဘာကိုစိုးရိမ်နေတာလဲ”

“ပထမအချက်က ကျုပ်ရဲ့အာ့ရှစ်ရှိုးဒုက္ခတွေ့နေမှာကို စိုးရိမ်တယ်။ တစ်ချိန်တည်းမှာပဲ ကျုပ်ရဲ့အာ့ရှစ်ရှိုးကို ဒုက္ခပေးနိုင်တဲ့သူက ဒီကမ္ဘာမှာ များများစားစား မရှိဘူး။ ဒုတိယအချက်က အချိန်ကြာလေ ကျုပ်တို့တွေ အရေးနိမ့်နေပဲ။ လို့လန်သားတွေက ဝံပုလွေဘုရင်ကို ကိုးကွယ်တာ။ ရွှေကြာဖြတ်တောက်တာက သူတို့အတွက် အကျိုးရှိတယ်” စီးဝူယာ့ကပြောလိုက်၏။

“သူတို့ရောက်လာတဲ့အချိန် ငါတို့ သူတို့ကို ဖြေရှင်းတာပေါ့။ သူတို့ကို ကြောက်နေစရာမလိုဘူး”

ကျန်းအိုက်ကျန့် ပြောပြီးသည်နှင့် မြို့ရိုးထိပ်မှစစ်သည်တစ်ယောက်က လှမ်းအော်လိုက်၏။

“ရထားလုံးပျံ ရောက်လာနေပြီ” စီးဝူယာ့က ရထားလုံးပျံကို လှည့်ကြည့်လိုက်၏။ သူ ပြန်လှည့်လိုက်သောအခါ ကျန်းအိုက်ကျန့်က ပျောက်သွားပြီဖြစ်သည်။

ကျန်းအိုက်ကျန့်သည် မြို့ရိုးပေါ်မှခုန်ချကာ အောက်ရှိ လူအုပ်ကြီးထဲပျောက်ကွယ်သွားတော့၏။

စီးဝူယာ့သည် ကူကယ်ရာမဲ့စွာခေါင်းခါလိုက်သည်။ သူသည် သူတို့အတူရှိနေစဉ်၌ သူတို့ အရည်အချင်းများကို မျက်မြင်တွေ့ခဲ့ပြီးဖြစ်သည်။ ကျန်းအိုက်ကျန့်သည် သူနှင့် မသက်ဆိုင်သည့်ကိစ္စရပ်များ၌ ဝင်မပါအောင် ရှောင်ရန်ကြိုးစားသည့်သူမှန်း သူ သိသည်။

စီးဝူယာ့သည် ရထားလုံးပျံ၏အမြီးတန်းရှည်ကိုမြင်သောအခါ မိစ္ဆာဝေဟင်မျှော်နန်း၏ရထားလုံးမှန်း သိလိုက်၏။ ထို့ကြောင့် သူကအမိန့်ပေးလိုက်၏။ “ရထားလုံးကို ကြိုဆိုကြ”

တိမ်ခွင်းရထားလုံးသည် လျန့်စီရင်စုနားရောက်သောအခါ မြို့ထဲရှိကျင့်ကြံသူများသည် မော့ကြည့်လိုက်ကြသည်။

စစ်သူကြီး၏စံအိမ်၌ ကျင့်ကြံသူများစွာက ပျံသန်းလာပြီး လေထဲ၌ အစီအရင်များဖွဲ့စည်းလိုက်ကာ ချဉ်းကပ်လာသည့်ရထားလုံးကို ကြိုဆိုလိုက်သည်။

အမြင်အာရုံကောင်းသည့်သူများက တိမ်ခွင်းရထားလုံးကို ချက်ချင်းမှတ်မိကြသည်။ သူတို့ တအံ့တဩ ထုတ်ဖော်ပြောလိုက်၏။

“အံ့ဩစရာပဲ ... ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့တိမ်ခွင်းရထားလုံးပဲ"

“မိစ္ဆာဝေဟင်မျှော်နန်းက လျန့်စီရင်စုကို ကြည့်ရှုစောင့်ရှောက်နေတာ ဘာမှစိတ်ပူစရာမလိုတော့ဘူး”

သာမန်ပြည်သူများက ပျော်ရွှင်စွာခုန်ပေါက်ကြတော့သည်။

အတိတ်တုန်းက ထိုသာမန်ပြည်သူများသည် မိစ္ဆာလမ်းစဉ်ကို ကြိုဆိုရလိမ့်မည်ဟု မည်သူမှမမှန်းဆခဲ့မိပေ။ ယခုမှသာ မိစ္ဆာလမ်းစဉ်တွင် မှန်ကန်ဖြောင့်မတ်သည့်လူများ ရှိနေကြောင်း သူတို့သိလာတာဖြစ်သည်။

ယွီကျန့်ဟိုင်ကို ကူညီပေးသူအနေဖြင့် စီးဝူယာ့သည် ယွီကျန့်ဟိုင်က မည်ကဲ့သို့သောဂိုဏ်းမျိုး တည်ဆောက်ချင်မှန်း သိသည်။ သူက လူတို့၏စိတ်နှလုံးကိုရင်းနှီးအောင် ထိန်းသိမ်းရန် သူ၏ဂိုဏ်းသားများကို ညွှန်ကြားပေး၏။ တိုင်းပြည်ကို သိမ်းပိုက်ရန် လွယ်ကူသော်ငြား ကာကွယ်ရန် ခက်ခဲလွန်းလှပေ၏။ သူတို့သည် အံ့ဖွယ်မြို့တော်ကို ယူလိုက်သောကြောင့် အတိတ်တုန်းက ငရဲဂိုဏ်းဖြစ်၍မရတော့ပေ။

စစ်သူကြီး၏စံအိမ်ထဲတွင်ဖြစ်သည်။

လုကျိုးသည် စစ်သူကြီး၏စံအိမ်ထဲဝင်လျှင်ဝင်ချင်း ထိုင်ခုံတစ်လုံးယူလိုက်၏။ သူက ကျန်သည့်သူများ သူ့ကို အရိုအသေပေးနေတာကို မြင်သောအခါလက်ဝေ့ယမ်းလိုက်၏။

“မလိုဘူး”

စီးဝူယာ့က မေးလိုက်၏။ “ရှစ်စွင်း အံ့ဖွယ်မြို့တော်ထဲမှာကြည့်ရှုပေးဖို့ ပြင်ဆင်နေတယ်ထင်နေတာ။ လျန့်စီရင်စုကို ဘာကြောင့်များရောက်လာတာလဲ” သူ၏အမြင်တွင် သူ လျန့်စီရင်စုကို ဂရုစိုက်လျှင်လည်း ပြဿနာရှိမှာမဟုတ်ပေ။ ထို့အပြင် ဖန်းလိုင်ဂိုဏ်း၊ ဖူးပွင့်အင်အားစု၊ အဆိပ်ဂိုဏ်း၊ မိစ္ဆာတစ်သောင်းဂိုဏ်းနှင့် ကျန်သည့်အင်အားစုများက ဤနေရာတွင် စခန်းချထားသည်။

လုကျိုးက စီးဝူယာ့ကိုကြည့်ပြီးပြောလိုက်သည်။ “ငါ မင်းရဲ့စာကိုဖတ်ပြီးပြီ။ လျန့်စီရင်စုရဲ့အခြေအနေက ဘာလဲ”

စီးဝူယာ့သည် လျန့်စီရင်စု၏လက်ရှိအခြေအနေကို သူ၏ရှစ်စွင်းဆီရှင်းပြလိုက်သည်။ သူ၏စီမံခန့်ခွဲမှုအောက်၌ လျန့်စီရင်စုသည် ချီတက်ရန် ပြင်ဆင်ပြီးဖြစ်ကာ ခိုင်မာစွာခုခံမှုကိုလည်း ထိန်းသိမ်းထား၏။ သူသည် သူလျှိုများကို ထိန်းသိမ်းရာ၌လည်း အရည်အချင်းရှိလှပေသည်။ သုတေသနပြုလုပ်ရာတွင် သူ၏အရည်အချင်းဖြင့် လျန့်စီရင်စုထဲရှိလူတိုင်းကို သူက ထောက်လှမ်းနိုင်သည်။ လုကျိုးသည် ထိုစကားကိုကြားသောအခါ မော်ဒန်ကမ္ဘာရှိမှတ်ပုံတင် နံပါတ်များအကြောင်း သူ အမှတ်ရသွား၏။ ငါ့ရဲ့ဒီတပည့်က လော့အမျိုးသမီးနဲ့ တကယ်ယှဉ်နိုင်တာပဲ။

သူ၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် လုကျိုးသည် ခေါင်းညိတ်လိုက်၏။ အရာအားလုံးတည်ငြိမ်နေသည်။ ကာရိုးက ပြောင်ပြောင်တင်းတင်း စူးစမ်းရှာဖွေမှာမဟုတ်။

လုကျိုးက မေးလိုက်သည်” လို့လန်ထဲမှာ မင်းရဲ့အရင်းအမြစ်တွေက ယွီရှန်းရုန်နဲ့ ယွီကျန့်ဟိုင် ဘယ်မှာလဲဆိုတာသိလား”

စီးဝူယာ့က ခေါင်းခါလိုက်၏။

“အရင်ရက်တွေတုန်းက သူတို့ကိုရှာဖို့ ကျွန်တော့်ရဲ့လူတွေကို လွှတ်ခဲ့တယ်။ လွှတ်ထားတုန်း တော်တော်များများကို ကျွန်တော် ဆုံးရှုံးသွားတာ။ အခုတော့ ဘာသဲလွန်စမှမရှိဘူး”

ဖန်လီထန်းက ပြောလိုက်၏။ “ကျုပ်အရင်တုန်းက ကောင်းကင်ကျုံးကို ဖြတ်ကျော်ဖူးတယ်။ တောင်တန်းတွေရဲ့မြောက်ဖက်ခြမ်းမှာ အနောက်အရပ်ရဲ့ငါးမိုင်လောက်ဝေးတဲ့ ပေတစ်သောင်းနက်တဲ့ချောက်နက်တစ်ခုရှိတယ်။ အဲဒီနေရာဆီ မင်းရဲ့လူတွေ ပို့ခဲ့လား”

စီးဝူယာ့က ခေါင်းညိတ်လိုက်၏။ “အဲဒီချောက်နက်က လို့လန်ရဲ့နယ်မြေလေ။ ကျုပ်ရဲ့လူတွေက အဲဒါကို အလွယ်တကူ မစစ်ဆေးနိုင်ဘူး။ ဒါပေမဲ့ တချို့ကိုပို့ထားတယ်။ သူတို့က စစ်ဆေးဖို့ ကောင်းကင်ကျုံးနား လှည့်လည်သွားလာနေတာ”

ထိုစကားကို လုကျိုးကြားသောအခါ သူ အမိန့်ပေးလိုက်၏။

“မင်းတို့တွေအားလုံး ယွီရှန်းရုန်နဲ့ ယွီကျန့်ဟိုင်ကို ရှာရမယ်”

“ဟုတ်ကဲ့ ရှစ်စွင်း”

“နားလည်ပါပြီ”

ဤနည်းဖြင့် မိစ္ဆာဝေဟင်မျှော်နန်းသည် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်ကို ဆက်လက်ရှာဖွေသည်။ သူတို့သည် ကောင်းကင်ကျုံးမှ တာ့ယန်၏အရှေ့အရပ်ဆီသို့ စတင်ရှာဖွေတော့၏။ သူတို့သည် လို့လန်များနောက် လိုက်ရန် ကျင့်ကြံသူများကို ပို့ခဲ့၏။ ပြီးနောက် သူတို့သည် မြောက်ဖက်ကျုံးနားဆီ ကျင့်ကြံသူများ ပို့ပြီး ထိုနေရာကိုစစ်ဆေးခိုင်းလိုက်၏။

မျက်စိတစ်မှိတ်အတွင်း အချိန်ကုန်သွားပြီး သူတို့မသိလိုက်ခင်၌ တစ်လတာအချိန်ကုန်သွားသည်။

ထိုကာလအတွင်းမိစ္ဆာဝေဟင်မျှော်နန်းသည် နည်းလမ်းမျိုးစုံသုံးကာ ရန်သူ့စခန်းဆီသို့ဖောက်ဝင်ရန် သူလျှိုများစွာကိုလည်း သုံးခဲ့သည်။

လို့လန်၏ ရှေးဟောင်းမြို့နှင့် ရို့လီ၏တော်ဝင်မြို့တော်ကို ဖောက်ဝင်ရန် ကျင့်ကြံသူများလည်း ပို့ခဲ့သည်။ သူတို့သည် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်အကြောင်းရှာဖွေချင်တာပဲဖြစ်သည်။ ကံဆိုးသည်မှာ သူတို့၏အားထုတ်မှုက အချည်းနှီးဖြစ်နေ၏။

စစ်သူကြီး၏စံအိမ်ထဲတွင်ဖြစ်သည်။

စီးဝူယာ့နှင့် ကျန်သည့်သူများက ခေါင်းငုံ့ထား၏။ သူတို့စကားမပြောရဲပေ။

လုကျိုးသည် မုတ်ဆိတ်သပ်လျက် သူတို့ကို လေ့လာလိုက်သည်။

လွန်ခဲ့သည့်တစ်လ၌ ဖန်လီထန်း၊ လန်လော့၊ တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ ရှောင်ယွမ်အာ၊ ခရုလေး၊ ဖန်းလိုင်ဂိုဏ်း၊ အဆိပ်တစ်သောင်းဂိုဏ်း၊ ဖူးပွင့်အင်အားစု၊ မိစ္ဆာဂိုဏ်းနှင့် ကျန်သည့်သူများသည် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်၏တည်နေရာကို မရှာနိုင်ခဲ့ပေ။ သူတို့နှစ်ယောက်၏ အရိပ်အယောင်ကိုတောင် မတွေ့ပေ။

စုံစမ်းစစ်ဆေးမှုက နံရံကို ထိသွား၏။

အတော်ကြာ တိတ်ဆိတ်နေပြီးနောက် စီးဝူယာ့သည် တိတ်ဆိတ်မှုကို ပထမဆုံးဖြိုခွင်းလိုက်၏။ သူက ပြောလိုက်၏။ "ရှစ်စွင်း ကျွန်တော် ပြောစရာရှိပါတယ်”

“ဆိုစေ”

“ကျွန်တော်တို့တွေ ကောင်းကင်ကျုံးရဲ့ အရှေ့နဲ့အနောက်ကို ရှာပြီးပြီ။ ဘာမှရှာမတွေ့ဘူး။ ရို့လီနဲ့ လို့လန်ရဲ့ မဟာမိတ်တပ်ဖွဲ့က အရှေ့အရပ်မှာစခန်းချထားတာ။ ဒါပေမဲ့ ကျွန်တော့်ရဲ့သူလျှိုတွေက တာ့ရှစ်ရှိုးကော အာ့ရှစ်ရှိုးကိုကော မတွေ့ဘူးလို့ သတင်းပို့တယ်။ လို့လန်ရဲ့ ရှေးဟောင်းမြို့နဲ့ ရို့လီရဲ့ တော်ဝင်မြို့တော်ကဝေးလွန်းတယ်။ ဒီလောက်အကွာအဝေးကို သတင်းပို့ဖို့ဆိုတာတောင် မလွယ်လှဘူး။ တစ်ယောက်ယောက်ကို သတင်းပို့ခဲ့မယ်ဆိုရင်တောင် အသွားအပြန် အဆင်ပြေမှာမဟုတ်ဘူး။ တာ့ရှစ်ရှိုးနဲ့အာ့ရှစ်ရှိုး တစ်ခုခုဖြစ်နေခဲ့ရင် အထူးသဖြင့် သူတို့ပုန်းနေရတဲ့အချိန်။ ကျွန်တော်တို့ သူ့ကိုရှာမတွေ့မှာ စိုးရိမ်ရတယ်” စီးဝူယာ့က ပြောလိုက်၏။

“ဒါက မင်း...” လုကျိုးကပြောလိုက်၏။ စီးဝူယာ့က အရင်တုန်းက သိပ်ယုံကြည်ချက်ရှိနေခဲ့တာမလား။

စီးဝူယာ့က ဒူးတစ်ဖက်ထောက်လျက်ပြောလိုက်၏။ "ကျွန်တော်မှားမှန်း သိပါပြီရှစ်စွင်း။ ကျွန်တော် သိခဲ့ရင် အာ့ရှစ်ရှိုးကို ကျွန်တော်ကိုယ်တိုင်လိုက်ရှာမှာပါ။ ကျွန်တော် အပြစ်လက်ခံပါ့မယ်”

ကျန်းအိုက်ကျန့်က ပြောလိုက်၏။ “စီးဝူယာ့ကို အပြစ်တင်လို့မရဘူး ချန်းပေ့ကျိ။ လို့လန်ရဲ့လူတွေက စုန်းအတတ်မှာကျွမ်းတယ်။ သူ့ရဲ့လူတွေက အဆင့်နိမ့်ကျင့်ကြံသူတွေ သူတို့ရနိုင်တဲ့ သတင်းအချက်လက်က ကန့်သတ်ချက်ရှိတယ်။ အဲ့ဒီကာရိုးကလည်း ပါးနပ်တဲ့လူတစ်ယောက်။ ကျွန်တော့်လူတွေလည်း သုံးရက်မပြည့်မီမှာ ဖော်ထုတ်ခံလိုက်ရတယ်။ သူတို့အသက်ဘေးအတွက် ထွက်ပြေးနေရမှာ”

သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များကိုမဆင့်ခေါ်နိုင်ပေ။ သို့သော် တာ့ယန်တစ်ယောက်အဖို့ သူတို့တိုက်ခိုက်ခံရလျှင် စိတ်ဝိညာဉ်သဏ္ဌာန်များ ဆင့်ခေါ်ဖို့ကခက်ခဲလှသည်။ သူတို့က အားနည်းသည့်ကျင့်ကြံဆင့်ရှိလျှင်တောင် ပိုတောင်မှန်ကန်လှသည်။

ဖန်လီထန်းက တအံ့တဩထုတ်ပြော၏။ “သူတို့တွေ ချောက်ထဲများ ကျသွားသလား”

ကျန်သည့်သူများသည် ဖန်လီထန်းကိုကြည့်လိုက်၏။

စီးဝူယာ့ကပြောလိုက်၏။ "ဒါဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲ့ဒီချောက်က အဆုံးမရှိပုံပဲ။ အဲ့ဒီကို ကျတဲ့သူတွေက သေမှာပဲ။ ပွင့်ချပ်ရှစ်လွှာရတဲ့လူတွေတောင် အဆင်အခြင်မဲ့ခုန်မဆင်းရဲဘူး။ ဒါ့အပြင် အဲ့ဒါက လို့လန်ရဲ့ပိုင်နက်။ ကျွန်တော်တို့လူတွေ သွားနိုင်ဖို့ ခက်ခဲလှတယ်”

ထိုစဉ်မင်ရှစ်ရင်ကပြော၏။ “သူတို့တွေက တာ့ရှစ်ရှိုးနဲ့အာ့ရှစ်ရှိုးကို ဘာမှလုပ်နိုင်မယ်မထင်ဘူး”

“ပြော” လုကျိုးသည် မင်ရှစ်ရင်လောင်စစ်ကိုကြည့်လိုက်၏။

မင်ရှစ်ရင်က ပြော၏။ “အားလုံးက ကျီလျန့်အကြောင်းမေ့နေတာပဲ” အားလုံးက ပြုံးပြီး မျှော်လင့်ချက်ပေါ်လာ၏။

သာမန်အခြေအနေအောက်တွင် သူတို့၏ရန်သူများသည် သူတို့ညီအစ်ကိုနှစ်ယောက်၌ ကျီလျန့်ရှိနေသောကြောင့် သူတို့နောက်လိုက်ရန် ခက်ခဲလှသည်။ သို့သော် သူတို့ပြန်မလာတာ ထူးဆန်းသည်။

“ကျီလျန့်က ကျွန်တော်တို့ပြောတာကို နားလည်တယ်။ ပြန်လာခဲ့မယ်ဆိုရင် ဘာဖြစ်လဲဆိုတာ သေချာပေါက် မေးနိုင်မှာပဲ” မင်ရှစ်ရင်ကပြော၏။

လုကျိုးက ခေါင်းညိတ်လိုက်သည်။ လောင်စစ်သည် သူ့ကိုဘယ်တော့မှ စိတ်မပျက်စေခဲ့ပေ။

ပြီးနောက် လုကျိုးသည် ကျီလျန့်ကို ဆင့်ခေါ်ရန်ကြိုးစားလိုက်သည်။ သူ အကြိမ်ပေါင်းများစွာ ခေါ်ခဲ့၏။ သို့သော် အကြောင်းပြန်မှုမရှိပေ။ ပုံမှန်ဆို သခင်ကို အသိအမှတ်ပြုထားသော စီးတော်သားရဲသည် ပိုင်ရှင်ကို အသိအမှတ်ပြုထားသည့်လက်နက်တစ်ခုနှင့် တူပေ၏။ စီးတော်သားရဲနှင့် သခင်ကြား ထူးကဲသည့် ချည်နှောင်မှုတစ်မျိုးရှိသည်။

လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့လိုက်၏။ သူက မျက်လုံးမှိတ်ကာ နားကိုလှုပ်ရှားလိုက်သည်။ သူသည် လျန့်စီရင်စုတောက်လျောက် သူ၏အကြားစွမ်းအားကို ဆန့်တန်းလိုက်သည်။

အပြောစွမ်းအား

“ကျီလျန့်”

ထိုစဉ် ကောင်းကင်ကျုံးနှင့် နွံတောကြား၌ ကျီလျန့်က ရပ်တန့်သွားသည်။ လေထဲတွင် ပျံဝဲနေ၏။ ၎င်းသည် သခင်ခေါ်သံကိုမကြားခင်အထိ ကောင်းကင်ကျုံးနှင့် နွံတောကြားရှေ့နောက် ခရီးနှင်နေတော့သည်။

ဟီး .....

ကျီလျန့်က မော့ကြည့်လိုက်၏။ နွံတောဆီသို့မသွားတော့ပေ။ ထိုအစား တာ့ယန်ဆီသို့ အရှိန်ဖြင့်နှင်လာတော့သည်။

…

အခန်း (၆၂၆) လက်ဝါးတစ်ချက်တည်းဖြင့် မန္တန်ကို ချိုးဖောက်ခြင်း

ကောင်းကင်ကျုံး အနောက်ဘက်တောအုပ် အပြင်ဘက်တွင် လိုလန်၏ နယ်နမိတ် တပ်စခန်းက စစ်သူကြီးဘာစီရာ၏ သေဆုံးမှုကြောင့် ကြေကွဲဝမ်းနည်းနေကြသည်။

လိုလန် ကျင့်ကြံသူအများစုက ကျီလျန့်၏ မာဆတ်ဆတ် အော်သံကြောင့် ဝေဟင်ထဲ မော့ကြည့်လိုက်ကြသည်။

မိုးထိလုမတတ် သစ်ပင်များကြားတွင် ကျီလျန့်၏ မြင်းခွာက အလင်းရောင်ဖြင့် တောက်ပနေသည်။

“ အဲဒါ ဓားနတ်ဆိုးရဲ့ စီးတော်သားရဲပဲ။ ဖမ်းကြ ”

စုန်းအတတ် ကျင့်ကြံသူများက ကျီလျန့်ကို ချက်ချင်း မှတ်မိလိုက်ကြသည်။ ဤသည်က သူတို့ကို ငန်းရိုင်း လိုက်အောင် လုပ်ခဲ့သည့် မြင်း ဖြစ်၏။

နယ်စပ် စစ်သူကြီးဘာစီရာ၏ သေဆုံးမှုက ထိုမြင်း၏ သခင်နှင့် ဆက်နွယ်နေသည်။

စုန်းအတတ် ကျင့်ကြံသူများက စုဝေးလိုက်ကြသည်။ သူတို့က အရေအတွက်အားဖြင့် အားသာ၏။ သူတို့က မြင်းတစ်ကောင်ကို ရင်ဆိုင်ဖို့ လိုလားချက်များများစားစား ရှိပုံမပေါ်ပေ။

စုန်းအတတ် ကျင့်ကြံသူများက အရှိန်အပြည့်ဖြင့် ကောင်းကင်ကျုံးဆီ ပျံသန်းလာကြသည်။

တစ်ချိန်တည်းဆိုသလို ရို့လီနှင့် လိုလန်ဘက်မှ လူအများအပြားက ကောင်းကင်ကျုံး အရှေ့ဘက်ရှိ တောင်ပူစာပေါ်တွင် အခြေချထားကြသည်။

လိုလန် ကျင့်ကြံသူများစွာက ကျီလျန့်ကို ဝိုင်းဖို့ရာ ကြိုးစားလာကြသည်။

သူတို့က တစ်ချိန်တည်းဆိုသလို ပျံသန်းလာကြသည်။

အနောက်မှ စုန်းအတတ် ကျင့်ကြံသူများက တန်းစီလျက် ရှေ့တိုးလာစဉ် အရှေ့ဘက်မှ ကျင့်ကြံသူများက တစ်တန်းတည်း အနေအထားဖြင့် ပျံသန်းလာကြသည်။

ထိုအရာဖြင့် ကျီလျန့်က မည်မျှမြန်မြန် သွားနိုင်စေကာမူ လိုလန် ကျင့်ကြံသူများဆီ ပြေးမိသွားမည်သာ ဖြစ်၏။

ဟီး

ကျီလျန့်က မူမမှန်မှုကို သတိထားမိလိုက်သည်။ သူက ခွာမြှောက်ကာ လေထဲတွင် ရပ်တန့်သွားသည်။ သူက စုန်းအတတ် ကျင့်ကြံသူများ လမ်းပိတ်ထားသည်ကို မြင်လိုက်ရ၏။

ကျင့်ကြံသူတိုင်းက လက်ထဲတွင် ခရမ်းရောင်သတ္တုလုံးကို ကိုင်ဆောင်ထားကြသည်။ သူတို့က ခရမ်းရောင် ဝတ်ရုံများလည်း ဝတ်ဆင်ထားကြသည်။ သူတို့လက်ထဲမှ ခရမ်းရောင်အငွေ့က ဖြည်းဖြည်းချင်း လွှင့်ထွက်လာသည်။ ခရမ်းရောင်စက်လုံးက ခရမ်းရောင်သံကြိုးဖြင့် ဆက်နွယ်ထားဟန်ပေါ်နေ၏။

ကျီလျန့်အနောက်မှ စုန်းအတတ် ကျင့်ကြံသူများကလည်း အတူတူ လုပ်ဆောင်လိုက်ကြသည်။

သူတို့က မြင်းအား ညှပ်တိုက်လိုက်ကြသည်။ ယခု သားရဲက ထွက်ပြေးစရာ မရှိတော့ပေ။

ကျီလျန့်က အင်မတန် ဉာဏ်ကောင်း၏။ သူက လက်ရှိအခြေအနေကို အလျှင်အမြန် သုံးသပ်ကာ အံ့လောက်ဖွယ် လှုပ်ရှားမှုမျိုး ပြုလုပ်လာသည်။ သူက ကောင်းကင်အထက် မြင့်မြင့်ပျံဖို့ ရွေးချယ်လိုက်သည်။ သူက ရပ်နေသည့် အနေအထားကို ထိန်းထားရင်း ခွာသံထွက်လာသည်။

“ တာ့ယန်ရဲ့ ဓားနတ်ဆိုးက လိုလန်ကနေ ရို့လီဆီ ရောက်လာတာ မထူးဆန်းတော့ဘူး။ ဒါက ဘယ်လိုတောင် ရှားပါးတဲ့ စီးတော်သားရဲမျိုးလဲ”

“ငါတို့တွေ ဘယ်လိုဖြစ်ဖြစ် အမိဖမ်းရမယ်။ ငါတို့တွေ ယဉ်ပါးအောင် လုပ်နိုင်ရင် သူက ငါတို့အတွက် အလုပ်လုပ်ပေးလိမ့်မယ်။ ငါတို့ ယဉ်ပါးအောင် မလုပ်နိုင်ရင်တော့ သတ်ပစ်ကြတာပေါ့”

“ကောင်းပြီ”

နတ်ဆရာများက ဝေဟင်ထဲ ပျံသန်းလာကြသည်။

ကျင့်ကြံသူနှစ်တန်းက ကျီလျန့်နောက်မှ လိုက်ပါလာကြသည်။

ခရမ်းရောင် အငွေ့တိမ်တိုက်များလည်း မြင့်တက်လာသည်။ သူတို့က ခရမ်းရောင် ကောင်းကင်လိုက်ကာရိုးမျိုး ဖြစ်နေသည်။ ကြည့်ရသည်မှာ ခမ်းနားအံ့ဖွယ် မြင်ကွင်းမျိုး ဖြစ်၏။

ကျီလျန့်က ပျာယာခတ်နေခြင်း မရှိပေ။ သူက ကောင်းကင်ကျုံး၏ အမြင့်ဆုံးအနေအထားသို့ အံ့မခန်းအလျှင်ဖြင့် ရောက်ရှိသွားသည်။

ဤသည်က ကောင်းကင်ကျုံး၏ တောင်ဘက်ပိုင်း မဟုတ်ပေ။ သူက စုန်းအတတ် ကျင့်ကြံသူများကို ဒီလိုနည်းလမ်းဖြင့် ခါထုတ်ပစ်ဖို့ မဖြစ်နိင်မှန်း သိနေဟန်ပေါ်၏။ ထို့ကြောင့် သူက မြင့်သထက် မြင့်မြင့် ပျံသန်းလိုက်သည်။ သူက သင့်တော်သည့် အနေအထားသို့ ရောက်သွားသည့်အခါ လေထုက ပါးလွှာလာပြီး ကမ္ဘာဦးချီက နည်းပါးလာသည်။ ထိုအရာက အသက်ရှုဖို့ ခက်လာစေ၏။ သူက ဆက်၍ မြင့်မြင့် မပျံသန်းတော့ဘဲ တန်းတန်းသာ ပျံသန်းလိုက်သည်။

“ငါတို့တွေ ထပ်သွားလို့ မရတော့ဘူး။ ကမ္ဘာဦးချီက နည်းလာပြီ ”

အကယ်၍ သူတို့ မြင့်မြင့် ပျံသန်းလိုက်လျှင် ကမ္ဘာဦးချီကို ရယူနိုင်တော့မည် မဟုတ်ပေ။ ကမ္ဘာဦးချီမရှိဘဲ ကျင့်ကြံသူများက သေမျိုးများထက် အနည်းငယ်မျှ ကြံ့ခိုင်ရုံသာ ဖြစ်၏။ ဤသည်က စုန်းအတတ် ကျင့်ကြံသူများအတွက်လည်း အတူတူသာ ဖြစ်၏။

ကျီလျန့်က ထိုအရာ၏ သက်ရောက်မှုကို ခံရဟန်မပေါ်ပေ။ သူက ဆက်လက် ပျံသန်းနေသည်။ ခဏအကြာတွင် သူ့အမြီးက ကောင်းကင်တွင် လေးကိုင်းပြတ်သဏ္ဍာန် တစ်ခုဆွဲကာ ကျင့်ကြံသူများထံ ပို့လွှတ်လိုက်သည်။

“တားကြ”

“ပြန်တိုက်ကြ ”

စုန်းအတတ် ကျင့်ကြံသူများစွာက ခရမ်းရောင်သတ္တုလုံးများကို ပစ်လွှတ်လိုက်ကြသည်။

ခရမ်းရောင် စုန်းစက်ကွင်းအတန်းလိုက်က လေထုထဲ ထွက်ပေါ်လာသည်။

ကျီလျန့်က အသာရှောင်လိုက်ပြီး ခပ်မြင့်မြင့် ပျံသန်းလိုက်သည်။

ဟီး

ထိုစဉ် ရှားပါးကာ အဖိုးတန်သည့် မြင်းက သူ့အနေအထားကို ထိန်းထားလိုက်သည်။ သူ့မျက်ဝန်းက ရွှေရောင်ဖြင့် တောက်ပနေသည်။ သူ့တွင် ဦးတည်ချက်တစ်ခုသာ ရှိ၏။

တာ့ယန် …

ဝှစ်

ကျီလျန့်က သူ့ကို ဖမ်းဆီးဖို့ စုန်းအတတ် ကျင့်ကြံသူများ၏ အားစိုက်မှုကို လျစ်လျူရှုကာ ကောင်းကင်ကျုံးကို ကျော်ဖြတ်လိုက်သည်။

ထိုအမြင့်ဖြင့် ကျီလျန့်အတွက် ကောင်းကင်ကျုံးကို ကျော်ဖြတ်ဖို့ လွယ်ကူလှသည်။

ကောင်းကင်ကျုံအထက်၊ နှင်းမုန်တိုင်း တစ်ခု ဖြစ်လာသည်။

ကျီလျန့်၏ နားထဲ လေများ တဝီဝီ မြည်လာကာ မြင်ကွင်းကလည်း နှင်းပွင့်များကြောင့် အတားအဆီးဖြစ်နေသည်။

လိုလန် နတ်ဆရာများက သူတို့အနေအထားကို ထိန်းညှိကာ မြင်းနောက်မှ လိုက်ပါသွားကြသည်။

“လိုက်ကြ ”

“လွတ်ပေးလို့ မဖြစ်ဘူး”

“ငါတို့ သခင်ဘာစီရာအတွက် လက်စားချေပေးရမယ်”

“လက်တုံ့ပြန်ရမယ်”

သူတို့၏ အမုန်းတရားများက ပွားလာသည်။

စစ်သူကြီးဘာစီရာက နတ်ဆရာကြီးတစ်ဦး ဖြစ်၏။ လိုလန် ကျင့်ကြံသူများ၏ အမြင်တွင် သူက နတ်ဘုရားတစ်ပါးလို ဖြစ်၏။

ကျင့်ကြံသူရာချီက လေးထောင့်အစီအရင်မှ လိုက်ဖမ်းကြသည်။ သူတို့က အတူတကွ လုပ်ဆောင်နေကြသည်။ ကျီလျန့်သည် ပေါ့ပါးကြောင်း သိထားကြသည်။ ထို့ကြောင့် သူတို့က တစ်ယောက်နှင့်တစ်ယောက် ထောက်ပံ့ပေးနိုင်သည့် မန္တန်အမျိုးမျိုးကို ထုတ်ဖော်ထားကြသည်။ သူတို့က အစီအရင်ကို ထိပ်ချွန်အဖြစ် အဆင့်မြင့်လိုက်ကြ၏။ သူတို့၏ ပူးပေါင်းထားသော မန္တန်များဖြင့် သူတို့၏ အရှိန်က ကျီလျန့်အား လိုက်မီလာသည်။

…………….

ထိုစဉ် ရို့လီမှ လူများက တပ်စခန်းမှ ကောင်းကင်ကို မော့ကြည့်နေကြသည်။

စစ်သူကြီးကာရိုးက ထိုရုတ်ရုတ်သည်းသည်း ဖြစ်မှုကို စိတ်ဝင်စားနေ၏။ သူက လေထဲ ပျံတက်ကာ စုန်းအတတ် ကျင့်ကြံသူအုပ်စုနောက်မှ လိုက်ပါသွားလိုက်သည်။ ခဏအကြာတွင် သူက သက်ပြင်းချလိုက်ပြီး “ငါက ဘာစီရာနဲ့ မတွေ့လိုက်ရပေမဲ့ ငါတို့စိတ်သဘောထားက တစ်ယောက်နဲ့တစ်ယောက် မသင့်တော်ဘူး။ ငါက သူ့အကျင့်စရိုက်ကို လေးစားမိပါတယ်။ သူ့အတွက် လက်စားချေပေးချင်တဲ့ လူအရေအတွက်က သူ့စွဲဆောင်နိုင်စွမ်းကြောင့်ဆိုတာ သိသာတယ်။ ငါ ဒီဘက်ပိုင်းမှာ သူ့ကို ရှုံးသွားတယ် ”

သူ့စကားအဆုံးတွင် သူ့ဘေးနားမှ လက်အောက်ငယ်သားတစ်ဦးက ဦးညွှတ်လိုက်ပြီး “ စစ်သူကြီး ဘာစီရာ မသေခင် သူက ရို့လီကုန်းမြေအထိ ဓားနတ်ဆိုးနောက်ကနေ လိုက်ဖမ်းခဲ့တာပါ။ သူ့ရည်ရွယ်ချက်က ဓားနတ်ဆိုးရဲ့ သေဆုံးမှုကို စစ်သူကြီးဆီ လွဲချပြီး ရို့လီနဲ့ မိစ္ဆာဝေဟင်မျှော်နန်းကြား သွေးထိုးလှုံ့ဆော်ပေးချင်နေတာပါ ”

“ အဲလိုလား” ကာရိုးက မျက်မှောင်ကြုတ်လိုက်သည်။

“ စစ်သူကြီး စုံစမ်းကြည့်လို့ ရပါတယ်။ သူက လို့လန်မှာ … ” လက်အောက်ငယ်သားက စကားဆုံးအောင် ပြောဖို့ မသေချာသည့်အလား ထစ်အထစ်အဖြင့် ပြောလိုက်သည်။

“ပြောလိုက် … မင်းကို အပြစ်မပေးဘူး”

“စစ်သူကြီးလိုမျိုး အမှိုက်ကို မလိုဘူးတဲ့။ သူက ယွီရှန်းရုန်ကို သူ့ဘာသာ သတ်နိုင်တယ်ဆိုပြီး …”

ကာရိုးက ထိုစကားများ ကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်ဝန်းအထက် ဒေါသထွက်သည့် အရိပ်အယောင် ထွက်ပေါ်လာပြီး “အဲဆို သူက သေသင့်တယ်”

ထိုသို့ပြောလိုက်ပြီးနောက် သူက အောက်ဆင်းလာလိုက်၏။

လက်အောက်ငယ်သားက နောက်မှ လိုက်ပါလာသည်။ သူက အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်၏။ အကယ်၍ အမှန်မဟုတ်လျှင်ပင် လူသေက ဘာမှမပြောနိုင်တော့ပေ။

………………

စုန်းအတတ် ကျင့်ကြံသူအုပ်စုက ကျီလျန့်နောက်မှ သည်းကြီးမည်းကြီး လိုက်ဖမ်းနေကြသည်။

ကျီလျန့်က ကောင်းကင်ကျုံး၊ နွံ့တောကြား ခရီးများစွာ သွားခဲ့ရ၍လားတော့ မသိရသော်ြငား သူ့အရှိန်က ပုံမှန်ထက် နှေးနေသည်။

“သတ်ကြ ”

“သူ ကြာကြာမခံနိုင်တော့ဘူး ”

စုန်းအတတ် ကျင့်ကြံသူများစွာက ကျီလျန့်၏ အရှိန် လျော့ကျလာသည်ကို သတိထားမိလိုက်ကြသည်။ သူတို့က မန္တန်ထဲ စွမ်းအားမျာ ပိုမိုထည့်လိုက်ကြ၏။ သူတို့က အစီအရင်ကို ထိန်းကာ ဆက်တိုက် အရှိန်မြင့်နေသည်။

ဟီး

ကျီလျန့်က ဆက်လက် ပျံသန်းနေ၏။ သူက တောင်တန်းများ၊ မြစ်များနှင့် တောအုပ်များကြား ဖြတ်သန်းလာသည်။

“သူ့ကို နှိမ်နင်းကြ”

“ဟုတ်ကဲ့ ”

စုန်းအတတ် ကျင့်ကြံသူများက သူတို့၏ စုန်းအတတ်စွမ်းအားကို ထုတ်လိုက်ကြသည်။ ခရမ်းရောင်အငွေ့က သူတို့အစီအရင်ရှေ့ ထွက်ပေါ်လာ၏။ ထို့နောက် ရှေ့ဆုံးမှ လူ၏ လက်ထဲ ခရမ်းရောင် လေးကိုင်းနှင့် မြားတစ်ချောင်း ဖြစ်တည်လာသည်။

“တိရစ္ဆာန်ကောင် … မင်း ဘယ်ပြေးမလဲ ကြည့်ရသေးတာပေါ့” သူက ဘယ်လက်ချောင်းကို လွတ်လိုက်သည့်အခါ မြားက လေဟုန်ခွင်း၍ ထွက်သွားသည်။

ဘန်း

ဤနည်းဖြင့် သူတို့၏ မန္တန်အတူတကွ ပေါင်းစပ်ထားသည်ကို ကြည့်ရသည်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။

မြားက ပစ်မှတ်ကို ထိမှန်ဖို့ သေချာလုနီးပါး ဖြစ်နေဟန်ပေါ်သည်။

ဟီး

ကျီလျန့်က ခွာကို မြောက်လိုက်၏။ မြားက ထိုအပေါ် ကျရောက်လုနီးပါး ဖြစ်သွားသည်။

တခြားလူများက မြားကျရောက်တော့မည့်ဟု သေချာနေသည့်အချိန် …

ဝှစ်

လေထဲ ပဲ့တင်သံ ထွက်ပေါ်လာသည်။

“ဘယ်သူက ငါ့မြင်းကို တိုက်ရဲတာလဲ ”

ကျီလျန့်နောက်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး လက်ဝါးမြောက်လိုက်သည်။ သူ့လက်ချောင်းက အပြာရောင် လင်းနေပြီး စုန်းအတတ် မြားကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်လိုက်သည်။ သူက အိုမင်းနေဟန်ပေါ်သော်လည်း မျက်ဝန်းများက အသက်ဝင်နေသည်။

လိုလန်မှ စုန်းအတတ် ကျင့်ကြံသူများက ထိုသို့သော အန္တရာယ်များသည့်အရာကို လုပ်နိုင်စွမ်း ရှိသည့်လူ ရှိလိမ့်မည်ဟု မထင်ထားမိပေ။ သူတို့၏ အမူအရာက ပြောင်းလဲသွားကြသည်။ အကယ်၍ သူတို့က ကောင်းကောင်းမသိထားလျှင် စိတ်ချောက်ချားနေသည်ဟုသာ ထင်မိကြလိမ့်မည်။ သူတို့က ပုံရိပ်ယောင်နှင့် လက်တွေ့ကြားမှ ကွာခြားချက်ကို သိနေရလောက်အောင် ဉာဏ်ကောင်းကြ၏။ သူတို့က မြားကို ဖမ်းဆုပ်လိုက်သည့် လူအိုကြီးသည် အမှန်ဖြစ်ကြောင်း သိကြသည်။

“အာ မဖြစ်ဘူး … ငါတို့တွေ လွန်သွားပြီ။ နောက်ဆုတ်ဖို့ အသင့်ပြင်ကြ ”

သူတို့သည် တာ့ယန်၏ နယ်နမိတ်အတွင်း မသိလိုက်ဘဲ ဝင်ရောက်မိသွားကြောင်း ရုတ်ခြည်း သဘောပေါက်သွားကြသည်။

“စိတ်ငြိမ်ငြိမ်ထား … တာ့ယန်ကျင့်ကြံသူတွေက အစကတည်းက ငါတို့ရန်သူတွေပဲ။ အစီအရင်ကို ထိန်းထားပြီးတော့ တပ်စခန်းအထိ နောက်ဆုတ်ကြ ”

“အဲဒီမြားက သူ့ကို အချိန်ဆွဲထားလိမ့်မယ်။ နောက်ဆုတ်ကြ ”

တစ်ချိန်တည်းဆိုသလို သူတို့က မြားကို ဖမ်းဆုပ်ထားသည့်လူအိုကြီးသည် လက်ဝါးကို ရှေ့အသာတွန်းထုတ်လိုက်ကြောင်း မြင်လိုက်ရသည်။

ဝုန်း

ကျင့်ကြံသူရာချီဆီမှ စုစည်းထား‌သော စွမ်းအင်မြားသည် အပြာရောင်လက်ဝါး စည်းတံဆိပ်အောက် ကြေမွသွားသည်။ အပြာရောင် လက်ဝါးစည်းတံဆိပ်က ခရမ်းရောင် စုန်းအတတ်ကို လွှင့်ပြယ်သွားစေပြီး ကျင့်ကြံသူများဆီ ဝင်ရောက်လာသည်။

ရှေ့ဆုံးမှ နတ်ဆရာက ဆံပင်များ ထောင်မတ်ကုန်သည်။ သူက အော်ပြောလိုက်သည်။

“တားဆီးကြ ”

…

အခန်း (၆၂၇) အတားအဆီးများကို ရှင်းလင်းခြင်း

စုန်းအတတ်များသည် ပြိုင်ဖက်ကင်းသည်ဟု သူတို့ထင်ခဲ့ဖူး၏။ ထိုသို့တိုင် လူအိုကြီးတစ်ယောက် ရုတ်တရက်ပေါ်လာပြီးနောက် ၎င်းသည် မယုံနိုင်စရာကောင်းလောက်အောင် ကျိုးလွယ်သွားသည်။

အပြာရောင်လက်ဝါးစည်းတံဆိပ်သည် ရုတ်တရက် သူတို့၏မှန်းဆချက်ထက်ကျော်လွန်နေ၏။

ကျင့်ကြံသူတစ်ရာကျော်က သူတို့၏လက်ဝါးများဖြင့် ထပ်ရိုက်လိုက်ပြန်သည်။ စုန်းအတတ် ခရမ်းရောင်လုံးက ရှေ့သို့တက်လာသည်။

အပြာရောင်လက်ဝါးစည်းတံဆိပ်ကလည်း ရှေ့တက်လာလျက် ခရမ်းရောင်လက်ဝါးစည်းတံဆိပ်ကို ဖျက်ဆီးလိုက်သည်။

ဦးဆောင်သည့် စုန်းအတတ်ကျင့်ကြံသူက ထိတ်လန့်မှုကြောင့် မျက်လုံး ပြူးကျယ်သွားတော့သည်။ သူသည် ဧရာမလက်ဝါးစည်းတံဆိပ်ကို မယုံနိုင်စရာကြည့်လေ၏။ သူသည် နောက်ပြန်ဆုတ်ကာ သူ၏အစီအရင်ထဲမှ ထွက်သွားချင်သည်။ သို့သော် နောက်ကျလွန်းသွားချေပြီဖြစ်သည်။

ဖုန်း

လက်ဝါးစည်းတံဆိပ်သည် နတ်ဆရာကိုထိမှန်သွား၏။

နတ်ဆရာနောက်ရှိကျန်သည့်သူများက မော့ကြည့်လိုက်သည်။ လက်ဝါးစည်းတံဆိပ်သည် နတ်ဆရာကို ထိမှန်သွားပြီး ၎င်းသည် ယင်ကောင်တစ်ကောင်ကို ရိုက်ချလိုက်သည်နှင့်တူကြောင်း တွေ့ရ၏။

ဦးနှောက်များ လွင့်စဉ်လာလေ၏။ နတ်ဆရာက ချက်ချင်းပင် အသားပုံအဖြစ်ချေမှုန်းခံလိုက်ရသည်။

လက်ဝါးစည်းတံဆိပ်၏ လမ်းကြောင်းတွင်ရှိသော စုန်းအတတ်ကျင့်ကြံသူများသည် ဒဏ်ရာရကုန်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကုန်၏။ လက်ဝါးစည်းတံဆိပ်အနည်းငယ် ရိုက်ခတ်ခံရသည့်သူများတောင် ချမ်းသာရာမရပေ။ ကျန်သည့်သူများသည် လျော့ရဲသွားသော သဲအိတ်ပမာ တကွဲတပြားဖြစ်ကုန်တော့သည်။ လက်ဝါးစည်းတံဆိပ်သည် အယောက်တစ်ရာနီးပါးကို ရှင်းထုတ်လိုက်သည်။

သိပ်သည်းလှသော အစီအရင်သည် ကြီးမားသည့်တန်ကြေးပေးဆပ်ရစေ၏။

သူတို့ပြန်လည်ဖွဲ့တည်ပြီးနောက်မော့ကြည့်လိုက်သည်။

သူတို့ပေါ်ရှိအဘိုးအိုကလည်း ခမ်းနားထည်ဝါသော သွင်ပြင်ဖြင့်ငုံ့ကြည့်နေ၏။ သူက အေးအေးလူလူ မုတ်ဆိတ်သပ်နေတော့သည်။

သူတို့က ကြောက်လန့်မှုများပြည့်နေလျက် အဘိုးအိုနောက်၌ ကျင့်ကြံသူများစွာပေါ်လာတာကို မြင်ချိန်တွင် အဘိုးအို မည်သူမည်ဝါဆိုတာ သိချင်နေသည်။ “နောက်ဆုတ်ကြ”

လုကျိုးက ပြောလိုက်သည်။ “သူတို့ကိုဖြေရှင်း”

“ဟုတ်ပြီ ... ကျွန်တော် အရင်သွားလိုက်မယ်” မင်ရှစ်ရင်က ဦးစွာလှုပ်ရှားသူဖြစ်သည်။ သူက ရန်သူများဆီ လျှပ်ပြက်သောအရှိန်ဖြင့် တိုးဝင်သွား၏။

မကြာမီ၌ ဖန်လီထန်း၊ လန်လော့၊ ရှောင်ယွမ်အာနှင့် တွမ့်မူရှန်းတို့ကလည်း လိုက်ပါလာသည်။

ခရုလေးက လုကျိုး၏ဘေးတွင်နေ၏။ သူမသည် မည်သို့တိုက်ခိုက်ရမည်မှန်းမသိသောကြောင့် မတိုက်ခိုက်ပေ။

စုန်းအတတ်ကျင့်ကြံသူများသည် သဲမှုန်များပမာပင်။ သူတို့က ထိုလူများအတွက် ပြိုင်ဘက် မဟုတ်ပေ။

လေထဲ၌ သနားစဖွယ်အော်မြည်သံများပြည့်နေ၏။ ကောင်းကင်ဘုံမှ စုန်းအတတ် ကျင့်ကြံသူများကလည်း လျော့နည်းလာ၏။ အများစုက သေပြီဖြစ်သည်။ အဖမ်းခံထားရသည့်သူက တစ်ရာအောက်သာ ရှိ၏။

“သူတို့တွေကို လျန့်စီရင်စုရဲ့အကျဉ်းထောင်မှာ ချုပ်ထားလိုက်။ သူတို့ကျင့်ကြံဆင့်တွေကို ပိတ်ထားလိုက်” လုကျိုးက အမိန့်ပေးလိုက်သည်။

“နားလည်ပါပြီ”

ထိုစဉ် လုကျိုးသည် ကျီလျန့်ကို လက်ဝေ့ယမ်းပြလိုက်၏။

ဟီး ဟီး ဟီး

ကျီလျန့်သည် လုကျိုးဆီသို့ လိမ်လိမ်မာမာ ပျံသန်းလာသည်။ မောပန်းနေသော်ငြား သခင်ဘေးသို့ ပြန်လာရသည့်အတွက် ပျော်ရွှင်နေပုံပေါ်သည်။

လုကျိုးသည် ခရုလေးကို ကြည့်ပြီးပြောလိုက်၏။ "ငါ မေးချင်တဲ့မေးခွန်းကို ကျီလျန့်ဆီပြောလိုက်”

“ဟုတ်” ခရုလေးသည် မြင်းဆီလျှောက်သွားလိုက်၏။ သူမသည် မေးခွန်းများမေးလိုက်သည်။

ကျီလျန့်သည် ဟီရုံမျှသာဟီနေ၏။ တခါတရံတွင် သူ၏ဟီသံကရှည်သည်။ တခါတရံတွင် တိုတောင်းသည်။

ကျန်သည့်သူများသည် သူပြောတာကို နားမလည်နိုင်သောငြား မိန်းကလေးနှင့်မြင်းတစ်ကောင်သည် အပြန်အလှန်ပြောနေပုံရ၏။ ခရုလေးကရယ်တောင်ရယ်နေသည်။

“ဘာပြောတာလဲ” လုကျိုးက မေးလိုက်၏။ ငါ့ရဲ့ကိုယ်ပိုင်မြင်းနဲ့ ဆက်သွယ်ဖို့ တစ်ယောက်ယောက် လိုနေတာကို တွေးကြည့်ရင်တကယ်ကြောင်တောင်တောင်နိုင်တာပဲ။

ခရုလေးက ပြောလိုက်၏။ “အာ့ရှစ်ရှိုးက အလွန်ဝေးတဲ့နေရာတစ်ခုဆီ ခေါ်သွားတယ်လို့ပြောတယ်။ ဒါပေမဲ့ အဲ့ဒီမှာ သူတို့ကို ဖမ်းချင်တဲ့လူတွေအများကြီးရှိနေတယ်။ ဒါကြောင့် ကျီလျန့်က ရန်သူတွေကို အဝေးကိုခေါ်သွားပြီး အာ့ရှစ်ရှိုးနဲ့လူကွဲသွားတယ်”

လုကျိုးက မေးလိုက်၏။ “ယွီရှန်းရုန် ဘယ်မှာလဲဆိုတာ သိလား”

"ရန်သူတွေကို သူ မောင်းထုတ်နေတုန်း အာ့ရှစ်ရှိုးက နွံတောမှ စောင့်ကြပ်နေသေးတယ်လို့ ပြောပါတယ်။ သူပြန်လာတဲ့အချိန် အာ့ရှစ်ရှိုးမရှိတော့ဘူးတဲ့။ ဘယ်သွားလဲဆိုတာ မသိပါဘူးတဲ့”

“သူ မသိပါဘူးတဲ့” လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။ “သူ မသိဘူးတဲ့လား”

ခရုလေးက ပြောလိုက်သည်။ "ဒါပေမဲ့ သူ့ကိုဘယ်လိုရှာရမလဲ သိတယ်။ တပည့်ကို မပြောပြချင်ရုံပဲ”

“…”

ခရုလေးရယ်မောနေတာ အံ့ဩစရာမရှိပေ။ ကျီလျန့်သည် သတင်းအချက်အလက် မည်သို့ထိန်ချန်ထားရမည်မှန်း သိနေ၏။

လုကျိုးသည် ကျီလျန့်ကို ကြည့်ပြီးပြောလိုက်၏။ "မင်း ခရုလေးကို မပြောရင် ငါက အဲ့ဒီငမိုက်သားကို ဘယ်လိုလုပ်ကယ်နိုင်မှာလဲ။ အဲ့ဒီငမိုက်သားသေသွားရင် မင်း အသိစိတ်က ရှိနေမှာလား”

ဟီး ဟီး ဟီး

“အသိစိတ်မရှိဘူးလို့ပြောပါတယ်”

“…” လုကျိုးက မျက်မှောင်ကျုံ့လျက် အသံတိုးတိုးဖြင့်ပြောလိုက်၏။ "ရိုင်းလိုက်လေခြင်း” အသံလှိုင်းက တော်တော်အားကောင်းပြီး ကျီလျန့်ကို သတိပေးနေတာဖြစ်သည်။

ခရုလေးနှင့် ကျိလန်က အံ့အားသင့်သွား၏။

ကျီလျန့်က နှာမှုတ်ပြီးနောက် ဟီလိုက်သည်။

ကျန်သည့်သူများက နားမလည်နိုင်ပေ။ ခရုလေးက ပြောလိုက်၏။

“ပိအန်းက အာ့ရှစ်ရှိုးကို ရှာနိုင်တယ်လို့ပြောပါတယ်။ ပိအန်းက သူ့အနံ့နောက်လိုက်နိုင်တယ်”

ပိအန်းလား

“ကျီလျန့်က အဲ့ဒီကောင်ကြီးပိအန်းကို သဘောမကျဘူး” သူတို့သည် မတူညီသည့်မျိုးစိတ်များ ဖြစ်လျှင်တောင် တောင်တစ်တောင်ပေါ်၌ ကျားနှစ်ကောင် နေ၍မရပေ။ သူတို့နှစ်ယောက်က မတူညီသည့် မျိုးစိတ်များဖြစ်နေ၏။

လုကျိုးက ခေါင်းညိတ်ပြီးလက်ဝေ့ယမ်းလိုက်သည်။

ကျီလျန့်သည် လျန့်စီရင်စု၏တောအုပ်ဆီသို့အရှိန်ဖြင့်သွားလျက် အနားယူဖို့ နေရာရှာနေသည်။

ကျီလျန့်မရှိတော့သည့်အချိန်၌ ပိအန်းရောက်လာသည်။

ထိုစဉ် စီးဝူယာ့က ပြောလိုက်၏။ “အာ့ရှစ်ရှိုးကို ခြေရာခံဖို့ သူ့ရဲ့အနံ့ခံအာရုံကို သုံးဖို့ ကျီလျန့်ရဲ့ ပြောပြချက်က အကြံကောင်းပဲ။ လို့လန်နဲ့ လို့လန်ရဲ့လူတွေက ကောင်းကင်ကျုံးရဲ့အရှေ့ဖက်ကမှာ အစောင့်တွေအများကြီးချထားပြီးသား။ ကောင်းကင်ကျုံးကို ဖြတ်ကျော်ဖို့တာဝန်က အကြီးမားဆုံးဖြစ်နေတယ်”

“ဒီလိုဆိုရင် ငါတို့တွေက အတားအဆီးကို ဖျက်ဆီးပစ်လိုက်မယ်”

လို့လန်၏ အခြေစိုက်စခန်းတွင်ဖြစ်သည်။ နတ်ဆရာရာချီပြန်မလာပေ။ ကျန်သည့်သူများက စိုးရိမ်ပူပန်လာ၏။

စစ်သူကြီးနှစ်ဦးက တဲအပြင်ဖက်တွင်လျှောက်နေတော့သည်။

“စစ်သူကြီး မကောင်းတော့ဘူး။ နတ်ဆရာသုံးရာလုံးမရှိတော့ဘူး”

“သူတို့ ရှုံးသွားပြီတဲ့လား”

စစ်သူကြီးက ဘာစီရာကို မေးခြင်းဖြစ်သည်။ ထိုစကားကိုကြားသောအခါ သူမျက်မှောင်ကျုံ့သွား၏။ သူအမိန့်ပေးလိုက်တော့၏။ “နောက်ဆုတ်မယ်”

လို့လန်တပ်ဖွဲ့သည် တစ်နာရီမပြည့်ခင် ကောင်းကင်ကျုံး၏အရှေ့အရပ်ဆီမှ ဆုတ်ခွာလာတော့သည်။ သူတို့သည် မြောက်အရပ်ဆီသို့ခရီးနှင်ကာ ရို့လီကနေ ကောင်းကင်ကျုံး၏ အနောက်အရပ်ဆီသို့ ပြန်သွားသည်။

...

ကာရိုး၏အခြေစိုက်စခန်းထဲတွင်ဖြစ်သည်။

“စစ်သူကြီး လို့လန်ရဲ့နတ်ဆရာသုံးရာက အဝေးထိ လိုက်သွားပြီး အားလုံး အမြစ်ပြတ်သုတ်သင်ခံလိုက်ရကြောင်း သတင်းရပါတယ်”

ထိုစကားကို ကြားသောအခါ စစ်သူကြီးကာရိုးသည် မထိတ်လန့်သွားပေ။ ထိုအစားသူက ဟားတိုက်ရယ်မောပြီး ပြောလိုက်၏။

"သူတို့ခံသင့်တယ်။ ဘာစီရာတောင် ရန်သူ့မြေထဲကို ဒီလောက်ဝေးဝေး မသွားရဲဘူး။ သူတို့က သွားတယ်တဲ့လား”

“ကျန်တဲ့သူတွေက ကောင်းကင်ကျုံးကနေ ပြန်လာနေပါပြီ”

“သူတို့ဆုတ်ခွာနေတာလား” ကာရိုးက ထိတ်လန့်သွား၏။

ထိုစဉ် လက်အောက်ငယ်သားတစ်ယောက်က ပြေးဝင်လာလျက်ပြောလိုက်သည်။

"စစ်သူကြီး မကောင်းတော့ဘူး။ တာ့ယန်ရဲ့ မြို့စောင့်တပ်စစ်သူကြီးက စခန်းအပြင်ဖက်မှာ စစ်သူကြီးကို စိန်ခေါ်နေပါပြီ”

ကာရိုးက မျက်မှောင်ကျုံ့လိုက်၏။ "ရဲတင်းလိုက်တာ။ ငါ သူတို့ကို စိန်မခေါ်တာကို ကျေးဇူးတင်သင့်တယ်။ ရာရာစစ ငါ့ကို စိန်ခေါ်ရဲတယ်လား။ ငါ သူတို့နဲ့ထွက်သွားပြီး တွေ့မယ်”

ကာရိုးသည် တဲအပြင်သို့လျှောက်သွား၏။ တဲမှမထွက်ရသေးမီ သူသည်နားထဲ တိုက်ပွဲစည်သံများကို ကြားနေရပြီဖြစ်သည်။ လို့လန်၏ အခြေစိုက်စခန်းသည် ၎င်း၏ တပ်သားများကို စိတ်ဓာတ်ခွန်အားများကို မြှင့်တင်ပေးရန် ဖြစ်သည်။ သူက ခမ်းနားထည်ဝါသည့်သွင်ပြင်ဖြင့် လျှောက်လာ၏။

သူစခန်းအပြင်ဘက်သို့ ရောက်ချိန်၌ သူ၏စစ်သူကြီးလေးယောက်က တပြိုင်နက်တည်း အရိုအသေပေးလိုက်၏။ “စစ်သူကြီး”

“အခြေအနေဘယ်လိုလဲ”

“တစ်ယောက်ယောက်က အရှင့်ကို စိန်ခေါ်နေပါတယ်”

“ဂိတ်ဖွင့်လိုက် သူတို့ကိုထွက်တွေ့မယ်”

“နားလည်ပါပြီ”

သူတို့သည် ဂိတ်ကို ဖွင့်လိုက်သည်။

ကာရိုးနှင့် သူ၏ဒုစစ်သူကြီးလေးယောက်က စစ်မြင်းပေါ်ခုန်တက်လျက် ရှေ့တန်းဆီသို့ ဦးတည်လိုက်သည်။

“ဒီနေ့က တာ့ယန်ကို ငါ သတ်ဖြတ်မဲ့နေ့ဖြစ်ရမယ်”

“သေသည်အထိ ကျွန်တော်မျိုးတို့စစ်သူကြီးနောက်လိုက်ပါ့မယ်”

အနောက်ဖက်အခြေစိုက်စခန်းကနေ သူတို့သည် နေကိုကျောခိုင်းလျက် အရှေ့အရပ်ဆီသို့ ခရီးနှင်နေ၏။

စစ်မြင်းများ၏ခွာများက ဖုန်တထောင်းထောင်းထစေတော့သည်။

ရှေ့တန်းတွင်ဖြစ်သည်။

ရို့လီသားတစ်သောင်းသည် လှံများကို ကိုင်ဆောင်လျက် အုပ်စုဖွဲ့ကာ ရှေ့သို့ချီတက်တော့သည်။

ထိုသို့တိုင် သူတို့ရှေ့၌ ရပ်နေသည့်အဖွဲ့က တစ်ရာအောက်သာရှိ၏။

“ရှစ်စွင်း ရန်စတာ အလုပ်ဖြစ်တယ်”

စီးဝူယာ့သည် လုကျိုးဆီလျှောက်သွားလိုက်၏။

“ကောင်းတယ်” လုကျိုးက လက်တစ်ဖက်ဖြင့်မုတ်ဆိတ်သပ်လျက် ကျန်လက်တစ်ဖက်ကို လက်နောက်ပစ်ထား၏။ သူ၏မျက်လုံးများက ခက်ထန်နေသည်။

ရို့လီစစ်သည်တော်တစ်သောင်းက စောင့်ဆိုင်းနေလျက် သူတို့၏ရန်သူကို မျက်နှာချင်းဆိုင်နေ၏။

“တာ့ယန်ရဲ့အကြီးအမြတ်ဆုံးလက်ရွေးစင်လား။ ငါ့ရဲ့ လူတစ်သိန်းတပ်ဖွဲ့ကို ရင်ဆိုင်နိုင်မယ်လို့ ထင်နေလား။ တာ့ယန်ရဲ့ဗျူဟာရှင် အဲ့ဒီခွေး စီးဝူယာ့ထွက်လာခဲ့”

“စစ်သူကြီးကာရိုးက ဒီကိုမကြာခင်ရောက်လာမယ်။ အခု အညံ့ခံဖို့အကြံပေးလိုက်မယ်” တစ်ဖက်မှအရာရှိကလည်း စော်ကားပြန်၏။

ထိုစဉ် လို့လန်၏စစ်သည်တစ်ယောက်က ရှေ့သို့ပြေးလာလျက် အရိုအသေပေးကာပြောလိုက်သည်။

“စစ်သူကြီးကာရိုးရောက်လာပါပြီ”

ရို့လီစစ်သည်တစ်သောင်းက လမ်းကြောင်းချက်ချင်းရှင်းပေးလိုက်၏။

အဝေးကနေ စစ်သူကြီးကာရိုးသည် သူ၏မြင်းကိုစီးလျက် ရှေ့တန်းသို့တက်လာကာ အနောက်၌ ဖုန်တထောင်းထောင်းကျန်ခဲ့၏။

ရို့လီ၏စစ်သည်များက ဒူးတစ်ဖက်ထောက်လိုက်သည်။

“ကြိုဆိုပါတယ် စစ်သူကြီးကာရိုး”

“ကြိုဆိုပါတယ် စစ်သူကြီးကာရိုး”

လို့လန်၏စစ်နတ်ဘုရား ရောက်လာချေပြီ။

All Chapters