← Chapters

အဓိပ္ပာယ် မရှိတာ

Vol. 4 Ch. 51

အဓိပ္ပာယ် မရှိတာ

Vol. 4 Ch. 51

အခန်း (၅၁) အဓိပ္ပာယ် မရှိတာ

ရုတ်တရက် ပေါ်ပေါက်လာသော ကုသိုလ်မှတ်က လုကျိုးက အံအားသင့်သွားစေသည်။

“ရိုသေလေးစားတာလား၊ အခုဆို အဲဒီတပည့်ဆိုးတွေအားလုံးက ကောင်းမှုတွေ လုပ်နေပြီလား”

သူက စဉ်းစားနေစဉ်တွင် ရှောင်ယွမ်အာသည် အပြေးဘက်မှ ပြေးဝင်လာ၏။

“ရှစ်စွင်း စန်းရှစ်ရှိုးက တစ်ယောာက်ယောက်ကို သတ်လိုက်တယ်”

လုကျိုးက ကိုယ်မတ်သွားကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ “ဘာဖြစ်တာလဲ”

ရှောင်ယွမ်အာသည် တောင်ခြေတွင် သူမ ကြားခဲ့ မြင်ခဲ့သည်များကို သူ့ကို ပြန်ပြောပြသည်။ သူမ ပြောတာ နားထောင်ပြီးနောက် လုကျိုးက မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ လရောင်ဆွတ်နန်းတော်မှ အမျိုးသမီးကျင့်ကြံသူများသည် ယဲ့ထျန်းရှင်း၏ လက်အောက်ငယ်သားများ ဖြစ်ကြသည်။ သူတို့က ယခုအချိန်တွင် ခေါင်းဆောင်မဲ့နေပြီး သူတို့၏ ခေါင်းဆောင်ကို တောင်နောက်တွင် ပိတ်ထားသည်။ ထိုသို့တိုင် သူတို့က ရွှေနန်းဥယျာဉ်တောင်ကို လာရဲသေးသည်။ ထိုနေရာရှိ လူအချို့က သူတို့ထက် ပိုသတ္တိရှိနေပုံရသည်။

သို့သော် သူတို့က အမျိုးသမီးကျင့်ကြံသူ တစ်စုမျှသာ ဖြစ်ပြီး သူတို့ထဲတွင် အသန်မာဆုံးကာ နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူကိုယ်တိုင် အရာအားလုံးကို ဖြေရှင်းရမည်ဆိုလျှင် သူ့ကဲ့သို့ အဘိုးကြီးအတွက် အလွန်ပင်ပန်းနေချေမည်ဟု လုကျိုး တွေးမိလိုက်သည်။

“အသေးအမွှားကိစ္စလေးပဲ၊ မင်းဘာသာ ဖြေရှင်းလိုက်” သူက ညင်သာစွာ ပြောလိုက်သည်။

“အိုး... ကောင်းကောင်းအနားယူပါ ရှစ်စွင်း၊ ရှစ်ရှိုးကို တပည့် စောင့်ကြည့်ထားပါ့မယ်” ရှောင်ယွမ်အာက ပြောသည်။

လုကျိုးက ထိုင်ခုံတွင် မှီပြီး နဖူးပေါ် လက်တင်ကာ ဆက်လက် အနားယူလေသည်။

“ငါ့ခေါင်းက ဒီရက်တွေမှာ ကံစမ်းမဲနဲ့ပဲ တဝဲလည်လည် ဖြစ်နေတာ၊ ငါ ခဏအနားယူဖို့ လိုနေပြီ၊ ဒီလို အသေးအမွှားကိစ္စကို ဖြေရှင်းဖို့ အချိန်ရှိရင် ကံစမ်းမဲတွေရဲ့ ပုံစံကို ဖော်ထုတ်ဖို့ အချိန်သုံးကောင်း သုံးဖြစ်မှာပေါ့”

ရွှေနန်းဥယျာဉ်တောင်၏ တောင်ခြေတွင်...

မင်ရှစ်ရင်က ကောက်ကျစ်စွာ ပြုံးပြီး “ဘာကြောင့်လဲ။ ခင်ဗျားက ကျုပ်ရှိတာကို မပျော်လို့လား”

ယင်းက ဝတ်ရုံနက် ကျင့်ကြံသူက စိတ်ပျက်အံ့အားသင့်သွားစေသည်။ သူက တစ်စုံတစ်ခု ပြောတော့မည့်အချိန်တွင် သူ့နောက်မှ မင်ပြာရောင်နဂါးရထားလုံး၏ ကြည်လင်သော ခေါင်းလောင်းသံ ထွက်လာတော့သည်။ သူက သူ၏ မကျေနပ်မှုကို မျိုသိပ်ပြီး ရထားလုံးဆီ ပြန်ပျံသွားကာ ကျန်သည့် ဝတ်ရုံနက် ကျင့်ကြံသူများကလည်း အဆင့်အလိုက် တန်းစီကာ အမိန့်ကို ဆိတ်ငြိမ်စွာ စောင့်နေ၏။

ပြီးနောက် ရထားလုံးထဲမှ အသံတစ်သံ ထွက်လာသည်။ “စတုတ္ထသခင်လေး ခင်ဗျားရဲ့ ဆရာကို တွေ့လို့ရမလား”

အသံက သိပ်မကျယ်သော်ငြား ထွက်ပေါ်လာသည့် စွမ်းအင်က ချီသွေးကြောရှစ်ကြော ဗြဟ္မာပင်လယ်ကျင့်ကြံသူတစ်ဦးကို ဝေဒနာ ခံစားရစေနိုင်သည်။

မင်ရှစ်ရင်က စိတ်ပျက်လက်ပျက် ပြန်ပြောလိုက်သည်။

“ကျုပ်ရဲ့ရှစ်စွင်က ခင်ဗျားလို ဘာကောင်မှမဟုတ်တဲ့သူကို ဧည့်ခံမှာ မဟုတ်ဘူး”

“…”

ရထားလုံးက တိတ်ဆိတ်သွားသည်။ ကျန်သည့် ဝတ်ရုံနက် ကျင့်ကြံသူများက မလှုပ်ရှားသော်ငြား သူတို့အားလုံး ဒေါသူပုန်ထနေကြောင်း သူ ခံစားမိသည်။

“ဒီနေ့ ငါ စိတ်ကောင်းဝင်နေတယ်ဆိုတော့ မင်းတို့တွေကို အခု လာရာလမ်းကနေ ပြန်လှည့်သွားခွင့် ပေးမယ်”

မင်ရှစ်ရင်က အမှန်တကယ်ပင် ယနေ့ စိတ်ကောင်းဝင်နေသည်။ သူက အမှန်အတိုင်း ပြောနေတာ ဖြစ်သည်။ ထိုသို့တိုင် ထိုစကားက ကျန်သည့်သူများ၏ နားထဲ စော်ကားချက်တစ်ခုသဖွယ် ဖြစ်သွားသည်။

သူက လှည့်ပြီး အရံအတားကို ဖြတ်သန်းသွားတော့မည့် အချိန်တွင် အသံစွမ်းအင် ထွက်ပေါ်လာတာကို ကြားလိုက်ရသည်။

ဗီး...

လရောင်ဆွတ်နန်းတော်၏ အမျိုးသမီးကျင့်ကြံသူများသည် မြေကြီးပေါ် လဲပြိုကျသွားပြီး နဂါးရထားလုံးအထက်ရှိ အနက်ရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြောက်လန့်တကြား ကြည့်နေကြ၏။

“ဟမ်” မင်ရှစ်ရင်က မော့ကြည့်လိုက်ရာ ပေငါးဆယ်ခန့်မြင့်ပြီး အောက်တွင် ကြာလေးရွက် ရှိသည့် မင်ပြာရောင် ဒုက္ခတစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင့်လိုက်ရသည်။ စိတ်ဝိညာဉ်သဏ္ဌာန်၏ စွမ်းအားအောက်တွင် ရထားလုံးတစ်ဝိုက်ရှိ အနက်ရောင်ဝတ် ကျင့်ကြံသူများနားတွင် မှော်ထွက်ပေါ်လာပြီး သူတို့၏ ရောင်ဝါများကို အဆအနည်းငယ် ပိုသန်မာသွားစေသည်။

“စတုတ္ထသခင်လေး အခု ခင်ဗျားရဲ့ ဆရာကို တွေ့ဖို့ အရည်အချင်း မီပြီလား”

မင်ရှစ်ရင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ထိုလူက အလွန်သန်မာသည်။ သူ၏ ဆရာမှအပ ထိုလူကို ဖြေရှင်းနိုင်ရန် လုံလောက်အောင် သန်မာသူက တာ့ရှစ်ရှိုး(အကြီးဆုံး)နှင့် အာ့ရှစ်ရှိုး(ဒုတိယ)တို့သာလျှင် ဖြစ်သည်။ သို့သော် ရွှေနန်းဥယျာဉ်တောင်သည် အစောတည်းက ၎င်း၏ ဂုဏ်သရေ ဆုံးရှုံးခဲ့ပြီးတာ ကြာပြီဖြစ်သည်။

“အာ... နတ်ဝိညာဉ်ဝဋ်ကြွေးချေအဆင့် ပညာရှင်တစ်ယောက်ပဲ၊ ခင်ဗျားရဲ့ စွမ်းအားတွေကို ပြဖို့ ဒီရောက်လာဆိုရင် ခင်ဗျား နေရာ မှားလာမိမှာ စိုးရတယ်” သူက အေးတိအေးစက် ပြောလိုက်သည်။

“ကျုပ် အဲဒါမျိုး မလုပ်ရဲပါဘူး” အသံက ပိုကျယ်လာသည်။ “ကျုပ်က မိစ္ဆာဘုရားကျောင်က ကျို့ရှင်းချန်ပါ၊ ပြီးတော့ ချန်ပေ့ကျိနဲ့ တွေ့ခွင့်ရဖို့တောင်းဆိုတာပါ၊ စတုတ္ထသခင်လေးက ကျုပ်ကို ခင်ဗျားရဲ့ ဆရာဆီ ခေါ်သွားမယ်လို့ မျှော်လင့်ပါတယ်”

အသံ ဖျော့သွားစဉ်၌ ဝန်းရံနေသော ဝတ်ရုံနက် ကျင့်ကြံသူများသည် စတင် သက်ဆင်းလာပြီးနောက် မင်ပြာရောင် နဂါးရထားလုံးသည် မြေပြင်ပေါ် ဆင်းလာတော့သည်။ မကြာမီ၌ ကျို့ရှင်းချန်သည် ရထားလုံးထဲမှ ဖြည်းဖြည်းချင်း ထွက်လာလေ၏။ သူ့တွင် မျက်တွင်းချောင်ချောင် မျက်နှာထားနှင့် နက်ရှိုင်းသော မျက်ဝန်းတစ်စုံ ရှိနေသည်က သူ့ကို အာဟာရချို့တဲ့သော လူအိုလေးနှင့် တူနေစေသည်။

“ဒါက ကျုပ်ရဲ့ စိတ်ရင်းမှန်ကို ပြပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” သူက ပြောပြီး လက်ကာ ပြလိုက်သည်။ ထိုသို့ လက်ဟန် ပြလိုက်ရာ သူ့အနားရှိ ဝတ်ရုံနက် ကျင့်ကြ့သူ တစ်ဒါဇင်ခန့်က နောက်ဆုတ်သွားပြီး သူတို့ထဲတွင် လေးယောက်သာ ကျန်ကာ သူ၏ ဘယ်ဘက်နှင့် ညာဘက်တွင် ရပ်နေတော့သည်။ ပြီးနောက် သူသည် မင်ရှစ်ရင်ကို စိုက်ကြည့်လိုက်သည်။

မင်ရှစ်ရင်က ခေါင်းခါကာ တွေးလိုက်သည်။ ‘သူက ငါ့ကို ခြိမ်းခြောက်ဖို့ ကြောက်လန့်သွားအောင် လုပ်ဖို့ ကြိုးစားနေတာလား’

သူက ငြင်းဆန်တော့မည့်အချိန်တွင် ရှောင်ယွမ်အာ၏ အသံကို ကြားလိုက်ရသည်။

“စစ်ရှစ်ရှိုး...” ရှောင်ယွမ်အာက အရံအတား အပြင်ဘက်တွင် ပေါ်လာပြီး ပြောလိုက်သည်။

“ရှစ်စွင်းက ဒီလူတွေကို တောင်ပေါ် ခေါ်လာခိုင်းလိုက်တယ်”

ကျို့ရှင်းချန်က ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။ သူသည် လေထဲတွင် ကိုယ်ဖော့နေသည့် ရှောင်ယွမ်အာကို မြင်သောအခါ ခေါင်းညိတ်ပြီး လေးစားစွာ ပြောလိုက်သည်။

“အာ န၀မ သခင်မလေးပဲ၊ ခင်ဗျားအကြောင်း ကျုပ် တော်တော် ကြားဖူးပါတယ်”

“ဪ... ငါက ဒီလောက် နာမည်ကြီးတယ်လား” ရှောင်ယွမ်အာ ရယ်မောလိုက်သည်။

“န၀မသခင်မလေးက နာမည်ကြီးတာထက် ပိုပါတယ်” ကျို့ရှင်းချန်က အမြန်ပြောလိုက်သည်။

“အသက် ဆယ်နှစ်အရွယ်မှာ ရွှေနန်းဥယျာဉ်တောင်ကို ဝင်ပြီးတဲ့နောက် ဆယ်ရက်အတွင်းမှာပဲ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်း အဆင့်ကို ရာက်ခဲ့ပြီး သုံးလအကြာမှာ အာရုံခံသိပ်သည်းခြင်းနယ်ပယ်ကို ရောက်ခဲ့တယ်၊ ဗြဟ္မာပင်လယ်နယ်ပယ်ရဲ့ ချီသွေးကြောရှစ်ကြောကို ဖွင့်ဖို့ နှစ်နှစ်ကြာခဲ့တယ်၊ သုံးနှစ်ကြာပြီးတော့ နတ်ဒေဝါဦးတည်နယ်ပယ်ကို ဝင်ရောက်နိုင်တခဲ့တာ၊ န၀မသခင်မလေးထက် ဉာဏ်ပိုထက်တဲ့သူ ဒီလောကထဲမှာ မရှိတော့ဘူးဆိုတာ သေချာတယ်”

မင်ရှစ်ရင်က ဆွံ့အနေကာ တွေးလိုက်သည်။

“သူက ရွှေကြာလေးရွက် စိတ်ဝိညာဉ်သဏ္ဌာန်ရှိတဲ့ ကျင့်ကြံသူရော တကယ်ဟုတ်ရဲ့လား၊ တခြားသူကို မျက်နှာချိုသွေးတာ ဘယ်လိုလုပ် ဒီလောက် တော်နေရတာလဲ”

ရှောင်ယွမ်အာသည် ထိုစကားများကို ကြားသောအခါ အလွန်ပျော်သွားလေသည်။ ထို့ကြောင့် သူမက ပြုံးလျက် ပြောလိုက်သည်။

“ရှင်က တကယ် အပြောကောင်းတဲ့လျှာ ရှိနေတာပဲ၊ ရှစ်စွင်းက ရှင့်ကို ခန်းမဆောင်ထဲမှာ တွေ့မယ်ပြောတယ်”

ကျို့ရှင်းချန်က ခေါင်းအနည်းငယ် ညိတ်ပြီးနောက် နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။ ထိုသို့ဖြင့် ကျင့်ကြံသူ တစ်ဒါဇင်ခန့်က နောက်သို့ တစ်လှမ်း ဆုတ်သွားကြသည်။

ပြီးနောက် မင်ရှစ်ရင်က ဦးဆောင်ချိန် သူက သူ့လူလေးဦးကို ခေါ်ကာ အရံအတားထဲ ဝင်သွားတော့သည်။ သူက အထဲသို့ ဝင်သွားချိန် တစ်ချက်ခန့် ရပ်လိုက်သည်က လရောင်ဆွတ်နန်းတော်၏ ကျင့်ကြံသူများကို ကြောက်လန့်မှုကြောင့် တုန်ယင်သွားစေသည်။ သူက သူတို့ကို နှာတစ်ချက် ရှုံ့ကြည့်ပြီးနောက် တောင်ပေါ် တက်သွားတော့သည်။

…

မိစ္ဆာဝေဟင်မျှော်နန်း၏ မဟာခန်းမထဲတွင် လုကျိုးက ပလ္လင်ထက်တွင် ထိုင်လျက် အားလုံးကို ကြည့်လိုက်သည်။ ထိုခုံတွင် သူ မထိုင်ဖြစ်တာ အတော်ကြာပြီဖြစ်သည်။ ခုံက အတော် အေးစက်ပြီး သက်သောင့်သက်သာ မရှိကြောင်း သူ သိပြီးဖြစ်သည်။ တွမ့်မူရှန်း၊ ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးတို့က သူ၏ ဘယ်ညာတွင် ရပ်နေကြသည်။

သိပ်မကြာမီ၌ မင်ရှစ်ရှင်သည် ကျို့ရှင်းချန်ကို မဟာခန်းမထဲသို့ ဦးဆောင်​ ခေါ်လာသည်။

“မိစ္ဆာဘုရားကျောင်းရဲ့ ကျို့ရှင်းချန်က ကျိချန်ပေ့ကို နှုတ်ဆက်ပါတယ်” သူက လက်သီးဆုပ်လျက် နှုတ်ဆက်လိုက်သည်။

လုကျိုးက သူ့ကို တစ်ချက်ကြည့်ပြီး တစ်ခွန်းမှ မပြောခဲ့ပေ။ မဟာခန်းမက တိတ်ဆိတ်နေသည်။ မိစ္ဆာဂိုဏ်းချုပ်ကြီးက စကားမပြောရာ မည်သူမှ အသံတစ်သံမှ မထွက်ရဲ၊ လှုပ်တောင် မလှုပ်ရဲကြပေ။

ခဏအကြာတွင် သူက ပြောလိုက်သည်။ “ ထိုင်ကြ”

“ကျေးဇူးတင်ပါတယ်”

ကျို့ရှင်းချန်သည် ထိုင်ခုံတစ်လုံးတွင် ထိုင်ပြီး နောက်ဆုံးတွင် လောကကို ယိမ်းခါစေသည့် မိစ္ဆာဂိုဏ်းချုပ်ကို မော့ကြည့်ရန် အခွင့်အရေးတစ်ခု ရပြီဖြစ်သည်။ သူသည် စွမ်းဆောင်ရည်ရှိသော ပညာရှင်တစ်ဦး၏ ကျင့်ကြံဆင့်ကို အာရုံမခံရဲချေ။ ထို့ကြောင့် သူ၏ အလိုလို သိစိတ်ဖြင့်သာ အကြမ်းဖျင်း အကဲဖြတ်လိုက်သည်။ မိစ္ဆာဂိုဏ်းချုပ်၏ အရှိန်အဝါက အတော်လေး သာမန်ဆန်ပုံရသည်။ သို့သော် ကျင့်ကြံခြင်းလောကထဲတွင် လူတစ်ယောက်၏ ကျင့်ကြံအှု အခြေခံကို ဖုံးကွယ်ထားနိုင်သော ကျင့်စဉ်ရှိပေသည်။ ထို့ကြောင့် သူက မအံ့ဩသွားပေ။

ပြီးနောက် သူ၏ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ မဟာခန်းမသည် တန်ဖိုးကြီး ခမ်းနားတာမျိုး မရှိပေ။ တကယ်တော့ မည်သည့် ထူးခြားမှုမှ မရှိသည့် သာမန် ဂိုဏ်းတစ်ခုနှင့် တူနေပေသည်။

ယင်းက မိစ္ဆာဝေဟင်မျှော်နန်း၊ မရေမတွက်နိုင်သည့် လူပေါင်းများစွာကို ကြောက်လန့်စေသည် လူဆိုးများ၏ သားရဲတွင်း ဖြစ်သည်။

“မင်း ငါ့ဆီကနေ ဘာလိုချင်တာလဲ” လုကျိုက သူ့မုတ်ဆိတ်မွေးကို သပ်လျက် မေးလိုက်သည်။

ကျို့ရှင်းခန်က လက်သီးဆုပ်လျက် “ ရွှေနန်းဥယျာဉ်တောင်ရဲ့ ကြီးမြတ်တဲ့ ဂုဏ်သတင်းကို ကျွန်တော် ကြားဖူးနေတာ ကြာပါပြီ၊ ဒီနေ့ ချန်ပေ့နဲ့ ကိစ္စသုံးရပ် ဆွေးနွေးချင်လို့ပါ၊ အရင်တုန်းက လရောင်ဆွတ်နန်းတော်က မိစ္ဆာဘုရားကျောင်းကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံပါတယ်၊ ချန်ပေ့က သူတို့ရဲ့ နန်းတော်သခင်ကို ဖမ်းထားတယ်လို့ ကျွန်တော် သိလိုက်ရတယ်၊ သူက သူ့ဆရာဆီက အပြစ်ပေးမှုနဲ့ ထိုက်တန်ပါတယ်၊ ဒါပေမဲ့ ကျန်တဲ့ အမျိုးသမီးကျင့်ကြံသူတွေကို ကျွန်တော့်ဆီ ပေးဖို့ မျှော်လင့်မိပါတယ်”

သူ စကားပြောတာ ရပ်လိုက်သည်။ သို့သော် ဒုတိယအချက်ကို သူ ဆက်မပြောနိုင်သေးခင် တွမ့်မူရှန်းသည် သူ့ကို ချည်ထားသည့် ချိန်းကြိုးကို လှုပ်ခါကာ ပြောလိုက်သည်။

“လရောင်ဆွတ်နန်းတော်ကို ရွှေနန်းဥယျာဉ်တောင်ရဲ့ သစ္စာဖောက်က တည်ထောင်ခဲ့တာ၊ မင်းမှာ သူတို့ကို အပြစ်ပေးပိုင်ခွင့် မရှိဘူး”

“တတိယသခင်လေး ပြောတာ မှန်ပါတယ်” ကျို့ရှင်းချန်က ပြန်ခံမငြင်းပေ။ ထိုအစားက သူက ဆက်ပြောသည်။

“ဒုတိယတစ်ချက်ကတော့ ကျင့်မင်တာအိုဂိုဏ်းက ကျွန်တော့်ကို အပ်လိုက်တဲ့ကိစ္စတစ်ခုပါ၊ ဖန်ကျုံးက ကျင့်မင်ဂိုဏ်းရဲ့ သစ္စာဖောက်တစ်ယောက်၊ သူတို့က သူ့ကို ဖြေရှင်းပိုင်ခွင့်ကို မိစ္ဆာဘုရားကျောင်းဆီ ပေးပြီးပါပြီ၊ ချန်ပေ့ မသိတာ ဖြစ်ကောင်းဖြစ်မှာပါ၊ ဖန်ကျုံးက သိပ်မကြာခင်တုန်းက မိစ္ဆာဘုရားကျောင်းကို ဝင်လိုစိတ် ရှိခဲ့တယ်၊ စိတ်ပြောင်းတတ်တဲ့ ယောကျာ်းတစ်ယော်က မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ ရပ်နေဖို့ အရည်အချင်း မရှိပါဘူး”

တွမ့်မူရှန်းသည် ကျို့ရှင်းချန်ကို ထပ် ပြောချင်လာသည်။ သို့သော် လုကျိုးက လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်ပြီး သူ့ကို ဟန့်တားလိုက်သည်။

“ဆက်ပြော”

ကျို့ရှင်းချန်က ခေါင်းအနည်းငယ် ညွတ်ကာ ပြောလိုက်သည်။

“အကယ်၍ တတိယတစ်ချက်ကို သဘောတူမယ်ဆိုရင် အရှေ့နှစ်ချက်ကို မေ့ထားနိုင်ပါတယ်” သူက ပြောပြီး ခြေကြွကာ အသံက ပိုကျယ်လာသည်။

“ကျွန်တော်တို့ မိစ္ဆာဘုရားကျောင်းနဲ့ ရွှေနန်းဥယျာဉ်တောင်က တစ်လှေတည်းစီးတွေပါ၊ သမာသမတ်ဂိုဏ်းလို့ ခေါ်တဲ့လူတွေက မုန်းနေကြတာ၊ သူတို့ရဲ့ ထိပ်သီးဆရာကြီး ဆယ်ယောက်က ချန်ပေ့နဲ့ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ပြီး သူတို့စွမ်းအားတွေက လျော့သွားရမဲ့အစား တိုးလာပါတယ်၊ မိစ္ဆာဝေဟင်မျှော်နန်းက မိစ္ဆာဘုရားကျောင်းနဲ့ လက်တွဲလိုစိတ်ရှိရင်... ဒီလောကထဲမှာ ဘယ်သူကမှ ကျွန်တော်တို့ပြိုင်ဘက် ဖြစ်လာတော့မှာ မဟုတ်ဘူး”

“သောက်ရေးမပါတာ” တွမ့်မူရှန်းက ရုတ်တရက် ထဆဲလိုက်သည်။

All Chapters