အခန်း (၁၂၃၇-၁၂၃၉)
Vol. 83 Ch. 1237-1239
အခန်း (၁၂၃၇) သက်တမ်း
“ကျုပ် အခုမှတ်မိသွားပြီ” ခုံဝမ်က သူ့ခေါင်းကိုရိုက်ပြီး ပြောလိုက်လေ၏။
“မျှော်နန်းသခင်ရဲ့စကားက ကျုပ် ဖတ်ထားတာနဲ့ဆင်တယ်”
ရှောင်ယွမ်အာက မျက်စောင်းထိုးလိုက်၏။ “ရှင့်အသံ တိုးလို့ရမလား။ ရှင် ကျွန်မကို လန့်သွားစေတာ”
“ဝောာင်းပန်ပါတယ် ... တောင်းပန်ပါတယ်။ ကျုပ်ကိုကျုပ် မထိန်းလိုက်နိုင်ဘူး”
ခုံဝမ်၏အမြင်တွင် လုကျိုးက ပိုတောင်အစွမ်းထက်လာ၏။
“ဒီသေစေနိုင်တဲ့နေရာက ကျင့်ကြံသူတွေရဲ့မွေးဖွားဇယားချပ်လိုပဲ။ သူတို့ကို မသတ်ခင် ဒီနေရာကို ဖျက်ဆီးရမယ်။ ဒီနေရာက ပုံသဏ္ဌာန်တွေကို ကြည့်ကြည့်။ ရှစ်စွင်းပြောသလိုပဲ သုံးလက်မအကွာတိုင်းမှာ အမှတ်အသားရှိတယ်” မင်ရှစ်ရင်သည် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်၏ လက်မောင်းကို ဖယ်ပြီး ချိုင်းမြှောက်ဖို့ သူ၏ခွဲခွာချိတ်ကောက်ကို သုံးလိုက်သည်။
လူတိုင်းသည် ဟင်းလင်ပြင်ရင်ဘတ်မျိုးနွယ်ဝင်၏ ချိုင်းအောက်၌ စက်ဝိုင်းငယ်လေးခုကို တွေ့လိုက်ရသည်။ အရွယ်အစားက ပုံမှန်မဟုတ်သော်ငြား တစ်ခုနှင့်တစ်ခု သုံးလက်မစီအကွာ၌ ရှိနေ၏။
“အံ့ဩစရာပဲ ... စတုတ္ထသခင်လေး ခင်ဗျားက တကယ့်ကိုလျှင်လိုက်တာ” ခုံဝမ်က မင်ရှစ်ရင်ဘက် လှည့်ပြီး လက်သီးဆုပ်လျက်ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ ကျုပ်က ဗဟုသုတရှိတဲ့သူတစ်ယောက်လေ” မင်ရှစ်ရင်က ပြောပြီး ခုံဝမ်၏ပခုံးကို ပုတ်လိုက်၏။ ပြီးနောက် သူက လက်ညှိုးထိုးပြလျက် ပြောလိုက်၏။
“ခင်ဗျား အတော်လေးစိတ်ဝင်စားနေတာ သတိပြုမိတယ်။ ကျုပ်က ခင်ဗျားလိုရိုးသားတဲ့လူကို သဘောအကျဆုံးပဲ။ ကျုပ်လက်နက်ကို တွေ့ချင်လား။ ဒါကို ခွဲခွာချိတ်ကောက်လို့ခေါ်တယ်။ ကောင်းကင်သိုင်းကျောင်းတော်ရဲ့အကူအညီနဲ့ ၁၅ရက်ကြာအောင် မီးဝိညာဉ်ကျောက်တုံးရဲ့အကူအညီနဲ့ သွန်းလုပ်ထားတာ။ မီးနဲ့သန့်စင်ထားပြီး ၃၀၀ကီလိုဂရမ်ရှိတဲ့ သံနဲ့သန့်စင်ပြီး သွန်းလုပ်ထားတယ်။ ခင်ဗျား ဘယ်လိုထင်လဲ လှတယ်လို့မထင်ဘူးလား”
“တကယ်လှတာပေါ့ဗျာ” ခုံဝမ်က ထုတ်ပြောလိုက်၏။
“ပုံသဏ္ဌာန်တွေကို ကြည့်ကြည့် အထာမကျလွန်းဘူးလား။ ဒီကိုကြည့်ဦး ... ချိတ်ကောက်ရဲ့အနှစ်သာရက ချိတ်ကောက်ရဲ့ဓားသွားပဲလေ။ ခင်ဗျား ထိကြည့်လို့ရတယ်”
“...”
လူတိုင်းက ဆွံ့အသွားကာ ခေါင်းခါလိုက်၏။ မင်ရှစ်ရင်က ကြွားလုံးထုတ်နေပြန်သည်။
ထိုစဉ် နောက်ဆုံးဟင်းလင်းပြင်မျိုးနွယ်ဝင် ဂေါ်ဒယ်က ကြောက်ကြောက်လန့်လန့်ဖြင့် မေးလိုက်သည်။
“ခင်ဗျားက ဘယ် ဘယ်သူလဲ”
လုကျိုးက မြေပြင်ပေါ်တွင် လဲကျနေသည့် ဂေါ်ဒယ်ကို ငုံ့ကြည့်ပြီးပြောလိုက်သည်။
“ဒါက မင်း ရှိသင့်တဲ့နေရာမဟုတ်ဘူး”
“နေ့မြင်ညပျောက်လောကထဲက အချိန်စီးဆင်းမှုက ပြင်ပလောကနဲ့ယှဉ်ရင် ပိုမြန်ဆန်တယ်။ မင်းတို့မှာ မွေးဖွားဇယားချပ် မရှိဘူး။ ဒီမှာဆက်နေမယ်ဆိုရင် အသက်ရှည်တော့မှာမဟုတ်ဘူး” လုကျိုးက ပြောလိုက်၏။
ဂေါ်ဒယ်၏စကားများက သူ၏လည်ချောင်းထဲ၌ တစ်ဆို့နေပုံပေါ်သည်။ ခဏကြာပြီးနောက် သူက နောက်ဆုံး၌ သူ၏ကံကြမ္မာကို လက်လျှော့လိုက်ပုံပေါ်ကာ ပြောလိုက်လေ၏။ “ဒီလိုသာဆို”
လုကျိုးက မေးလိုက်တော့သည်။ “မင်း ဒီမှာရှိနေတာ ဘယ်လောက်ကြာပြီလဲ”
ဂေါ်ဒယ်က လုကျိုး၏မေးခွန်းကို ပြန်မပြောခဲ့ပေ။ သူ၏အသက်ဓာတ်ခမ်းခြောက်နေတာကို ခံစားမိပြီး အရှိန်က မြန်ဆန်သထက်မြန်ဆန်လာ၏။ အစိမ်းရောင်သွေးများကလည်း သူ၏သေစေနိုင်သော နေရာမှ စီးကျလာသည်။
“မင်း ငါ့မေးခွန်းမဖြေတော့ဘူးလား” လုကျိုးက ဂေါ်ဒယ်ကို ကြည့်လိုက်၏။
နေ့မြင်ညပျောက်မြို့ထဲ၌ နောက်ထပ် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်များ ထပ်ရှိသေးတာ သေချာသည်။
“လွန်ခဲ့တဲ့နှစ်ပေါင်း သုံး သုံးရာတုန်းက ...” ဂေါ်ဒယ်က ပြန်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာတုန်းက မင်း ဒါကို သတိမပြုမိတာ အံ့ဩစရာမရှိဘူးပဲ။ မင်းရဲ့ကျင့်ကြံမှုတိုးတက်မှုအတွက် မင်းရဲ့သက်တမ်းကို စတေးချင်တဲ့ပုံပဲ” လုကျိုးက ပြောလိုက်၏။
ဆိုရိုးစကားရှိသည့်အတိုင်း ကံကောင်းမှုသည် ရဲစွမ်းသတ္တိရှိသူကို ချီးမြှင့်၏။၏
ဤကမ္ဘာပေါ်၌ လူမျိုးစုံရှိပြီး သူတို့အသက်ဝယ်ရန် ပိုက်ဆံသုံးစွဲကြပြီး တချို့က ပိုက်ဆံရှာရန် အသက်ကိုသုံး၏။
ထိုစဉ် ဂေါ်ဒယ်က မျက်လုံးရုတ်တရက်ပြူးကျယ်လာပြီး သွေးများက ယခင်ကထက်ပိုလျင်မြန်စွာ စီးကျလာ၏။ ပြီးနောက် သူ၏ခန္ဓာကိုယ်တောင့်တင်းသွားတော့သည်။
“တင်း ... ဘုံတစ်ထောင်လေပွေ ရင်ဘတ်လင်းဟင်းပြင်မျိုးနွယ်ဝင်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၅၀၀။ နယ်မြေအပို ကုသိုလ်မှတ် ၁၅၀၀။ မျိုးနွယ်အပိုကုသိုလ်မှတ် ၁၀၀၀”
လုကျိုးသည် သူ၏ကုသိုလ်မှတ်များကို စစ်ဆေးကြည့်လိုက်၏။
ကျန်ရှိသော ကုသိုလ်မှတ် ၁၁၁၇၆၀
“သူ ဒီအတိုင်း သေသွားတာလား”
ရှောင်ယွမ်အာက မဝံ့မရဲလျှောက်လာ၏။ အနည်းငယ်ရွံ့ရှာနေသေးပုံဖြင့် နောက်သို့ပြန်ပြေးလာသည်။
“ရှေ့ဆက်သွားမယ်” လုကျိုးက ပြောလိုက်တော့သည်။
လူတိုင်းက လုကျိုးနောက်လိုက်ပြီး နေ့မြင်ညပျောက်မြို့အတွင်းသို့ သွားလိုက်၏။
မြို့တွင်းသို့ သွားနေစဉ် သူတို့က အကိုင်းအခက်များဖြင့် မြင့်မားလှသော ရှေးသစ်ပင်များ၊ နေရာအနှံ့ တကွဲတပြား ဖြစ်နေသော အရိုးခြောက်များကို တွေ့လိုက်ရသည်။
ရံဖန်ရံခါ၌ ပြင်ပထက်ပိုကြီးမားသည့် ကြမ်းတမ်းခက်ထန်သားရဲများ ပျံသန်းသွားတာကိုလည်း တွေ့ရသည်။
တစ်ချိန်တည်းတွင် နေ့မြင်ညပျောက်မြို့၏ အခြားတစ်ဖက်သို့ လူလေးယောက် ရောက်လာ၏။ သူတို့အားလုံးက ဆံပင်ဖြူဖြင့်အဖိုးအိုများဖြစ်သည်။ သူတို့ထဲမှနှစ်ယောက်သည် မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားလျက် ကျန်နှစ်ယောက်က အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသည်။
“ငါတို့တွေ နေ့မြင်ညပျောက်မြို့ကိုရောက်ပြီ”
ကျန်သည့်အဖိုးအိုသုံးဦးက ခေါင်းညိတ်ပြီး နေ့မြင်ညပျောက်မြို့ကို ကြည့်လိုက်သည်။
“လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သိန်းနှစ်သောင်းတုန်းက နေ့မြင်ညပျောက်မြို့က အမည်မသိကုန်းမြေထဲမှာ ကျင့်ကြံခြင်းအတွက် မွန်မြတ်တဲ့မြေတစ်ခုဖြစ်ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း ကျင့်ကြံသူတော်တော်များများ လေ့ကျင့်ဖို့ ဒီနေရာကို ရောက်လာပြီး သူတို့ခွန်အားကို မြှင့်တင်ကြတယ်။ နှစ်ပေါင်းသုံးသောင်းတိုင်းမှာ မဟာလေဟာနယ်မျိုးစေ့ မရင့်မှည့်ခင် နှစ်ပေါင်းသုံးသောင်းတိုင်း နေ့မြင်ညပျောက်မြို့က ပိုတောင်စည်ကားသေးတယ်။ အခု နေ့မြင်ညပျောက်မြို့ကို လာတဲ့သူ သိပ်မများလောက်ဘူး”
“ဂရုစိုက်ကြရအောင်။ အစွမ်းထက်တဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေကို ရှောင်ကြတာပေါ့”
“ဒါက ကြမ်းတမ်းခက်ထန်သားရဲတွေ ဘယ်လောက်သန်မာလဲဆိုတာ မူတည်နေတယ်။ သူတို့က သားရဲဧကရာဇ်ထက်အားနည်းရင် ငါတို့ ဖြေရှင်းနိုင်တယ်။ ငါတို့ ဒီကိုလာနေတုန်း သားရဲဘုရင်တွေအများကြီးနဲ့ ကြုံတွေ့ခဲ့ရတာ ငါ လက်ယားနေပြီ။’
အကြီးအကဲလေးဦးက ရယ်မောလိုက်၏။ သို့သော် ခဏအကြာ၌ သက်ပြင်းချလိုက်ကြသည်။
“တစ်စုံတစ်ယောက်က ဆရာသခင်ယဲ့ရဲ့ မွေးဖွားဇယားချပ်ကို ဖျက်ဆီးနိုင်ခဲ့တာကို တွေးကြည့်မိရင် သူ ဒီတစ်ခေါက် မလွတ်မြောက်နိုင်တာကို ကြည့်ရင် ယဲ့မျိုးနွယ်က ဆုံးရှုံးသွားမှာ စိုးရတယ်။ ငါတို့ ဒီတစ်ခေါက်တာဝန်က အရေးကြီးတယ်”
“ယဲ့ကျန်းက အမြဲတစေခေါင်းမာပြီး ငါတို့အကြံဉာဏ်ကို နားထောင်လိုစိတ် မရှိဘူး။ တပည့် ၃၆ယောက်ရဲ့ သေခြင်းတရားနဲ့ ခုနစ်စင်ကြယ်အလံဖျက်ဆီးခံရမှုက သူ့ကို သင်ခန်းစာပေးနိုင်မယ်လို့ မျှော်လင့်ရတာပဲ”
“အခုမတည်မြဲခြင်းတိုင်လုံးကို အာရုံစိုက်ကြတာပေါ့။ ငါ့ဆီမှာ သက်တမ်း ၅၀၀၀ရှိတဲ့ မြင့်မြတ်တဲ့ အရာဝတ္ထုတစ်ခုရှိတယ်။ မြင့်မြတ်တဲ့တိုင်လုံးကို ယူဖို့လုံလောက်မှာပဲ”
“ဟုတ်ပြီ”
အကြီးအကဲလေးဦးက ခေါင်းညိတ်ပြီးနောက် မတည်မြဲခြင်းတိုင်လုံးရှိရာ အမှောင်ထုထဲသို့ ဝင်သွားတော့သည်။
လုကျိုးနှင့်ကျန်သည့်သူများက သိပ်မလှုပ်ရှားခဲ့သော်ငြား သူတို့သည် နေ့မြင်ညပျောက်မြို့ အတွင်းပိုင်းသို့ ရောက်ရန် အချိန်သိပ်မယူခဲ့ရပေ။ ခရီးစဉ်တစ်လျှောက်၌ သူတို့သည် အခြားသော ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်များ မတွေ့ခဲ့ရပေ။
သူတို့က မြို့ထဲကို ရောက်လာစဉ် လုကျိုးသည် ရုတ်တရက် လက်မြှောက်ကာ ပြောလိုက်၏။ "ရပ်ကြ”
လူတိုင်းက ဇဝေဇဝါဖြစ်သွားကြသည်။
“ရှစ်စွင်း ဘာမှားလို့လဲ”
“အချိန်စီးဆင်းမှု တိုးသွားပြီ” လုကျိုးက ပြောလိုက်၏။ စနစ်မျက်နှာပြင်ပေါ်ရှိ သူ၏သက်တမ်းကို ကြည့်လိုက်ရာ တစ်ရက်လျော့သွားတာ တွေ့လိုက်ရ၏။
တစ်ရက်လျှင်ကွာဟချက်ကို လူအများစုရှာတွေ့ဖို့က ရှာတွေ့ရန်ခက်ခဲလိမ့်မည်။ ဆိုရလျှင် သူတို့က အလွန်အသက်ရှည်သည်။
“အချိန်စီးဆင်းမှု ပိုမြန်လာတာလား”
မင်ရှစ်ရင်က ပြေးထွက်သွားပြီးနောက် မြေပြင်ပေါ်လက်ဖြင့်ရိုက်လိုက်၏။
နွယ်ပင်များက ပကတိမျက်လုံးများဖြင့် မြင်နိုင်သောနှုန်းဖြင့် ပေါက်ရောက်လာတော့သည်။
ပြီးနောက် မင်ရှစ်ရင်သည် နောက်ဆုတ်ပြီးနောက် ကြီးထွားနှုန်းကို စစ်ဆေးရန် နွယ်ပင်များကို ပေါက်ရောက်စေ၏။ တကယ်နှေးသွားတော့သည်။
မင်ရှစ်ရင်က မျက်မှောင်ကျုံ့မိသွားသည်။ “ရှစ်စွင်း အချိန်စီးဆင်းမှုက ...”
“ဆရာသခင်တွေပဲ အချိန်ကို ထိန်းချုပ်နိုင်တာ။ အချိန်ကို နှေးတာ အရှိန်တင်တာတွေက တာအိုရဲ့စွမ်းအားပဲ။ နေ့မြင်ညပျောက်မြို့ကြီးက ငါတို့သက်တမ်းကို စုပ်ယူနေတာ”
“သက်တမ်းကို စုပ်ယူတာလား”
လူတိုင်း အံ့ဩသွားတော့သည်။
ရှောင်ယွမ်အာက သူမ၏ပါးကို အမြန်ထိလိုက်၏။ ကံကောင်းသည်မှာ အရာအားလုံးက ပုံမှန်အတိုင်းခံစားရသည်။ သူမရင်ဘတ်ကို ပုတ်လျက်စိတ်တည်ငြိမ်စေရန် ကြိုးစားလိုက်၏။ သူမ အသက်ကြီးလျှင် အဆင်မပြေ။
“ဒီနေ့မြင်ညပျောက်မြို့က သူ့ရဲ့နာမည်အတိုင်းပဲ”
“တကယ်တော့ ဒီနေရာမှ နာမည်မရှိဘူး။ သူ့ရဲ့ဝိသေသလက္ခဏာကြောင့် ဒီကိုလာတဲ့သူတွေက နာမည်ပေးလိုက်တာ”
မင်ရှစ်ရင်က ရှေ့ကိုလက်ညှိုးထိုးပြလျက် ပြောလိုက်၏။ “ကျွန်တော်တို့ ရှေ့ဆက်သွားမယ်ဆိုရင် စုပ်ယူတဲ့နှုန်းက နှစ်ဆဖြစ်သွားမှာ။ ရှစ်စွင်း အခု ဘာဆက်လုပ်သင့်လဲ”
ဒါက အဆုံးသတ်သွားသလိုပဲ။ ဆက်သွားတာက သတ်သေတာနဲ့မခြားဘူး။ ... လုကျိုးက မုတ်ဆိတ်သပ်လျက် အတွေးနစ်နေ၏။ နှစ်တချို့ဆုံးရှုံးမှုက လက်မခံနိုင်တာမဟုတ်။ မဟာအခွင့်အလမ်းများသည် စတေးမှသာရရှိလာတာဖြစ်သည်။
...
အခန်း (၁၂၃၈) နေ့မြင်ညပျောက်မြို့၏ ပညာရှင်
လုကျိုးက ဆုံးဖြတ်ချက်ချရန် အလျင်မလိုပေ။ ဆိုရလျှင် ဤကိစ္စ၌ လူတိုင်း ပါဝင်နေသည်။သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချရန် လိုအပ်သည်။
လူတိုင်း၏ပါရမီက ကွဲပြားခြားနားပေ၏။ ဤအရာကနေ လူတိုင်းအကျိုးအမြတ်ရနိုင်တာ မဟုတ်ပေ။ တချို့ဆို နေ့မြင်ညပျောက်မြို့၏ အပျက်အစီးမှ ဘာမှမရဘဲ အသက်ဆုံးရှုံးသွားလောက်သည်။
လုကျိုးသည် မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့ကို လှည့်ကြည့်ပြီးပြောလိုက်သည်။ "ရှေ့ဆက်လျှောက်ရင် ကြုံရမဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ငါ မပြောတော့ဘူး။ မင်းတို့ ဆက်သွားမလား နေခဲ့မလားဆိုတာရွေး။ မင်းတို့ ရွေးချယ်မှုအတွက် မင်းတို့ကို အပြစ်မတင်ဘူး”
လုကျိုး ဤမျှလေးနက်တည်ကြည်စွာ မပြောခဲ့တာ ကြာလှပြီဖြစ်သည်။ ဆိုရလျှင် နေ့မြင်ညပျောက်မြို့က မသေချာမရေရာမှုများ ပြည့်နေ၏။ သူ လူတိုင်းအတွက် တာဝန်ယူရန် လိုအပ်သည်။ သို့သော်ငြား နေ့မြင်ညပျောက်မြို့အတွင်းပိုင်း၌ သက်တမ်းများစွာ ဆုံးရှုံးခံခြင်းသည် ကောင်းကျိုးများစွာ ဆောင်ယူလာပေးနိုင်တာ သံသယဖြစ်ဖွယ်မရှိ။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က တုံ့ဆိုင်းမနေဘဲ လုကျိုးဘေးသို့သွားလိုက်သည်။
“ကျွန်တော် ဘယ်လိုမရှိလို့ရမှာလဲ” မင်ရှစ်ရင်က အပြုံးတစ်ပွင့်ဖြင့်ပြောလျက် ချုံးချီနှင့် လျှောက်သွားလိုက်သည်။
“ကျုပ်တို့ရဲ့သက်တမ်း နည်းနည်းလေး ဆုံးရှုံးရုံပဲကိုး" ခုံဝမ်က ညီနောင်သုံးဖော်ကို ကြည့်လိုက်သည်။ ပြီးနောက် သူတို့လေးဦးက တုံ့ဆိုင်းမနေဘဲ လုကျိုးဆီသွားလိုက်၏။
သူတို့၏ ပျမ်းမျှကျင့်ကြံဆင့်သည် မွေးဖွားဇယားချပ်လေးခု ဘုံတစ်ထောင်လေပွေအဆင့်တွင် ရှိသောကြောင့် သက်တမ်း ၄၆၀၀ခန့်တွင် ရှိသည်။
အစ၌ ရှောင်ယွမ်အာနှင့် ခရုလေးသည် တုံ့ဆိုင်းနေသေး၏။ သို့သော် သူတို့ရှစ်စွင်းနှင့် ရှစ်ရှိုးတို့က ရှေ့သို့ရဲတင်းစွာ သွားတာတွေ့ပြီး သူတို့နောက်မှလိုက်သွားလေ၏။ ဆိုရလျှင် သူတို့ရှစ်စွင်း၊ ရှစ်ရှိုးတို့နှင့် ရှိနေချိန်၌ မည်သည်ကို ကြောက်ရမည်နည်း။
ယန်ကျန်းလော့က ပြုံးလျက်ပြောလိုက်သည်။ “သွားကြမယ် ... လောင်လု”
လုလီက ပြောလိုက်၏။ "ကောင်းပြီ”
“ငါ မေ့တော့မလို့ မင်းမှာ မွေးဖွားဇယားချပ် ၅ခုပဲရှိပြီး ဒဏ်ရာရထားသေးတာ။ လုဝူနဲ့နေရင် အကောင်းဆုံးပဲ။ လုဝူက ဆရာသခင်နီးပါး သန်မာတယ်။ ဒီတော့ သူ့ဘေးမှာနေရင် ဘေးကင်းမှာ သေချာတယ်”
ယန်ကျန်းလော့၏ ရန်စသောစကားများကို ကြားသောအခါ အနည်းငယ်တုံ့ဆိုင်းနေသော လုလီက ပြောလိုက်၏။
“အရင်တုန်းက ငါ သေမလိုဖြစ်ခဲ့တာ။ နောက်ထပ်တစ်ရက် ထပ်ရှင်သန်ရတာက ကောင်းချီးလိုပဲ။ ဘာများကြောက်နေစရာရှိမှာလဲ” လုလီက လျှောက်သွားလိုက်၏။
ယန်ကျန်းလော့က ဘာမှမပြောတော့ပေ။ သူက လုလီ၏ပခုံးကို ပုတ်ပြီးနောက်ကျန်သည့်သူများဆီ သွားလိုက်တော့သည်။
“ဒါက သေရေးရှင်ရေးကိစ္စ မဟုတ်ဘူး .... ဒီလောက်အလေးထားမနေနဲ့” မင်ရှစ်ရင်က ပြုံးလျက်ပြောလိုက်၏။
လုကျိုးက မုတ်ဆိတ်သပ်ကာ လုလီကိုကြည့်ပြီးပြောလိုက်တော့သည်။
“မင်းရဲ့မွေးဖွားနန်းဆောင်ကိုပြ”
လုလီက ခေါင်းညိတ်ပြီး သူ၏ကြာပွင့်ကို ဖွဲ့တည်လိုက်၏။
လူတိုင်းက လှမ်းကြည့်လိုက်တော့သည်။
အနက်ရောင်ကြာပလင်၌ မွေးဖွားဇယားချပ်ငါးခုကို ဝေဝေဝါးဝါးတွေ့ရသည်။ လုလီက ပြန်လည်သက်သာလာတာ သိသာ၏။ သို့သော် သူ၏မွေးဖွားနန်းဆောင်သည် မွေးဖွားဇယားချပ်ငါးခုသာ ထိန်းထားတာသိသာ၏။ နောက်ထပ်မွေးဖွားဇယားချပ်တစ်ခု အသက်သွင်းနိုင်ရန် နေရာမရှိပေ။
ကြယ်တာရာဒိုင်ခွက်များနည်းတူ မိမိသည် မိမိ၏ကြာပွင့်အရွယ်အစားကို ထိန်းချုပ်နိုင်၏။ သို့သော် ၎င်းက မိမိ၏မွေးဖွားနန်းဆောင်ကို သက်ရောက်စေမှာမဟုတ်။ ကြာပွင့်ကြီးထားလာတာနှင့်အမျှ မွေးဖွားနန်းဆောင်ပေါ်ရှိ ဒေသများကလည်း ကြီးထွားလာလိမ့်မည်။ တစ်နည်းအားဖြင့် မိမိကြာပွင့်၏အရွယ်အစားကို ထိန်းချုပ်နိုင်ရုံမျှဖြင့် မွေးဖွားဇယားချပ်များ ထပ်ပြီးအသက်သွင်းနိုင်မှာ မဟုတ်ပေ။
လုလီ၏မွေးဖွားနန်းဆောင်သည် မွေးဖွားဇယားချပ်ငါးခုသာ ထိန်းထားနိုင်၏။ ၎င်းက သူ၏ကျင့်ကြံဆင့် အကန့်အသတ်ဖြစ်သည်။ သူ တစ်သက်လုံး ဤနယ်ပယ်တွင် နေရလိမ့်မည်။
လုကျိုးက ပြောလိုက်သည်။
“မဟာလေဟာနယ်စွမ်းအင်က မင်းရဲ့အကန့်အသတ်ကို မြှင့်ပေးနိုင်တယ်။ သိပ်စိတ်ပူစရာမလိုဘူး” လုလီက ခေါင်းညိတ်လိုက်၏။ သူသည် ယခင်က မျှော်လင့်ချက်များများစားစားမရှိပေ။ ဆိုရလျှင် အစွမ်းထက်သည့် စစ်သည်တော်များစွာက ယခင်က မဟာလေဟာနယ်စူးစမ်းရှာဖွေရေး၌ ပါဝင်ခဲ့ကြပြီး အများစုကျရှုံးခဲ့ကြသည်။ သို့သော် မည်သူကမှ မဟာလေဟာနယ်စွမ်းအင် မရရှိခဲ့ကြပေ။ မဟာလေဟာနယ်စွမ်းအင်အကြောင်း သူ မည်ကဲ့သို့ တွေးနိုင်မည်နည်း။ သို့သော် သူ့ဘိုးဘေး၏စကားကိုနားထောင်ပြီးနောက် မျှော်လင့်ချက်အရိပ်အယောင်များ မြင်လိုက်ရပြီဖြစ်သည်။
ထိုစဉ် မင်ရှစ်ရင်က သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။
“ဒါတွေကိုကြည့်ရင် အမည်မသိကုန်းမြေက ကောလဟလတွေထဲကထက် ပိုအန္တရာယ်များတာပဲ။ အမည်မသိကုန်းမြေအတွင်းပိုင်းက ပိုတောင် အန္တရာယ်များလောက်တယ်။ အဲ့ဒီတုန်းက မဟာလေဟာနယ်စူးစမ်းရှာဖွေရေးမှာ ပါဝင်ခဲ့တဲ့ အသန်မာဆုံးလူဖြစ်တဲ့ လန်ရှီဟယ်က မွေးဖွားဇယားချပ် ၁၃ခု ရှိခဲ့တာ။ ဒါဆို သူတို့အန္တရာယ်ကို ဘယ်လိုဖြေရှင်းခဲ့လဲ”
“မဟာလေဟာနယ် စူးစမ်းရှာဖွေရေးလား” ခုံဝမ်က ဇဝေဇဝါဖြစ်သွားလေ၏။
“အစိမ်းရောင်ကြာနယ်မြေမှာ အဲ့လိုကိစ္စမရှိဘူးလား” ခုံဝမ်က ခေါင်းခါလိုက်၏။
ကြည့်ရသည်မှာ အနက်ရောင်ကြာနယ်မြေနှင့် အဖြူရောင်ကြာနယ်မြေသာလျှင် ဤကဲ့သို့ အစီအစဉ်များ ရှိပုံပေါ်သည်။ ကျိထျန်းတောက်ကမူ အသင်းမပါဘဲ ဤအမည်မသိကုန်းမြေသို့ တစ်ကိုယ်တည်း ရောက်လာတာဖြစ်ရမည်။
မိစ္ဆာဝေဟင်မျှော်နန်း၏လူတို့က ရှေ့ဆက်လျှောက်သွားလျက် နေ့မြင်ညပျောက်မြို့၏ အပျက်အစီးနယ်မြေရောက်သည်အထိ သွားလိုက်ကြသည်။
ဤနေရာရှိအဆောက်အအုံများက သူတို့တွေးထားသည်ထက် ပိုတောင် ပျက်စီးနေသည်။ ဖတ်၍မရသည့်သင်္ကေတမျိုးစုံကို အဆောက်အအုံများ၏နံရံများပေါ်တွင် ထွင်းထုထားသည်။
ယန်ကျန်းလော့သည် တိုင်ထိပ်သို့ပျံသန်းသွားပြီး ပတ်ကြည့်လိုက်သည်။
“လူသားတွေ နေထိုင်ခဲ့တဲ့နေရာနဲ့တူတယ်”
“ဒီအပျက်အစီးနယ်မြေတွေက တစ်ခုခုတော့ရှိရမယ်။ ဒီနေရာတွေက တည်ရှိလာတာ ကြာလှပြီ။ ဒါပေမဲ့ အဆောက်အအုံတွေက ဖုန်မဖြစ်သွားသေးဘူး”
နေ့မြင်ညပျောက်မြို့ကြီး၏ မြေပြင်မျက်နှာသွင်ပြင်က အနိမ့်ပိုင်းတွင်ရှိသည်။ တောင်တန်းများ၊ တောအုပ်များ ဝန်းရံထားသောကြောင့် လေဝင်ဖို့ခက်ခဲ၏။
အနီးကပ် စစ်ဆေးကြည့်လိုက်ချိန်တွင် နံရံပေါ်ရှိသင်္ကေတများက လွန်ခဲ့သည့်နှစ်ပေါင်း တစ်သိန်းကျော်က ဖြစ်ဟန်တူသည့် တောင်တန်းများနှင့် မြစ်များ၏ပုံဖြစ်သည်။
ခုံဝမ်က နေရာလွတ်တစ်ခုဆီသွားပြီး ခြေရာခံအဆောင်များစွာ ကျဲလိုက်၏။ ခဏကြာပြီးနောက် သူက ပြောလိုက်သည်။ “ဘယ်ဘက်ကို”
လူတိုင်းက ဘယ်ဘက်သို့သွားကာ မီတာ ၅၀၀၀ကျော်အကွာအထိ ခရီးနှင်ပြီးနောက် မြေပြင်ပေါ်တွင် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်များစွာကို တွေ့လိုက်ရ၏။
ခုံဝမ်က ရှေ့သို့ခုန်တက်ကာ ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်များကို စစ်ဆေးကြည့်ပြီး ပြောလိုက်သည်။ “မျှော်နန်းသခင် ... သူတို့အားလုံးသေပြီ”
မြေပြင်ပေါ်တွင် သူတို့အလောင်းများပြန့်ကျဲနေပြီး ကျန်ရှိခဲ့သည်က တွင်းပေါက်များပြည့်နေ၏။
မင်ရှစ်ရင်က ချုံးချီကိုစီးလျက်လှည့်ပတ်သွားနေသည်။ ခဏအကြာ၌ သူကလှမ်းခေါ်လိုက်သည်။
“သူတို့ထဲက တချို့ဒီမှာ။ သူတို့လည်းသေပြီ”
ကျန်သည့်သူများက ရှာဖွေမှုဧရိယာကို ဖြန့်ကျက်တော့သည်။
“ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်တွေရဲ့ အလောင်းတွေအများကြီးပဲ ငါးရာလောက်ရှိမယ်”
လူတိုင်းက အသက်ပြင်းပြင်းရှူလိုက်မိပြီး လုကျိုးကို ကြည့်လိုက်၏။ သူတို့အားလုံး ထိုအကြောင်းကို အနည်းငယ်စိတ်ပူနေသည်။
လုကျိုးသည် ပတ်ဝန်းကျင်ကိုလေ့လာရန် ကောင်းကင်ကျမ်းစာစွမ်းအားကို အသက်သွင်းတော့မည့်အချိန်တွင် အပေါ်ကနေ တိုက်ခိုက်သံသဲ့သဲ့ပေါ်ထွက်လာ၏။
လုကျိုးက ဦးဆောင်လျက် လေထဲပျံသန်းသွားသည်။
ဝှစ် ဝှစ် ဝှစ်
ကျန်သည့်သူများက လိုက်ပါလာတော့သည်။
မကြာမီ၌ ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင် ၁၀ယောက်ကျော်နှင့် လူသားကျင့်ကြံသူ တစ်ဒါဇင်ခန့် ကြောက်လန့်တကြားပြေးနေတာကို တွေ့လိုက်ရသည်။
ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်များက သုံးစုခွဲပြေးပြီး သုံးယောက်ပါသည်။ အကြီးတစ်ယောက်က အသေးတစ်ယောက်ကို ထမ်းပြီး ဖားများပမာ ခုန်နေ၏။
ကျန်တစ်ဖက်တွင်မူ လူသားကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက်တွဲလျက် အဝေးသို့ ပျံသန်းသွားကြသည်။ သူတို့ခန္ဓာကိုယ်ထဲ၌ သွေးများစိုရွှဲနေတော့သည်။
လူသားကျင့်ကြံသူများနှင့် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်များ၌ တူညီသည့်အမူအရာရှိ၏။ ယင်းက အကြောက်တရားပဲ ဖြစ်သည်။
စုန်းမအသံနှင့်တူသည့် စူးရှသောအသံတစ်သံက လေထဲပေါ်ထွက်လာပြီး ထွက်ပြေးနေသည့် လူသားကျင့်ကြံသူများနှင့် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်များကို လိုက်ဖမ်းမည့် အသံလှိုင်းတစ်ခု ဖွဲ့တည်လိုက်၏။ သူတို့အားလုံးက ကြောက်လန့်ကုန်ကြသည်။
လုကျိုးက သူ၏လက်ထဲ ကောင်းကင်စွမ်းအားကိုသွင်းလျက် ထွက်ပြေးနေသော ကျင့်ကြံသူတစ်ယောက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ”
“နေ့မြင်ညပျောက်မြို့ရဲ့သခင် ... နေ့မြင်ညပျောက်မြို့ရဲ့သခင်” ထိုလူက ထပ်တလဲလဲ ပြောနေတော့သည်။
လုကျိုးက ထိုလူကို လွှတ်ပေးလိုက်၏။ ထိုလူက လွတ်သွားသည်နှင့် လှည့်မကြည့်ဘဲ ထွက်ပြေးတော့သည်။
လေထဲ၌ စူးရှသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ယင်းက ယခင်ကထက်တောင်ပိုပြီး စူးရှသည်။
ယန်ကျန်းလော့နှင့် လုလီတို့က နားပိတ်ထားလျက် မျက်မှောင်ကျုံ့မိသွားသည်။
ခုံဝမ်နှင့်ညီနောင်သုံးဖော်တို့က မီတာတစ်ရာကျော်အကွာကို ခုန်ကျော်လျက် လုလီရှေ့၌ ရပ်လိုက်၏။ သက်ရောက်မခံရသည့်လူများက ယန်ကျန်းလော့၊ လုလီ၊ ခုံဝမ်နှင့် သူ၏ညီနောင်သုံးဦးကို ကြည့်လိုက်၏။ ခုံဝမ်၏အမူအရာက လေးနက်တည်ကြည်နေကာ ရုတ်ရုတ်သဲသဲဖြစ်ရာဖက်ကို ကြည့်ပြီး ပြောလိုက်သည်။
“ယုံဟယ်”
လုလီက တအံ့တဩ ပြောလိုက်၏။ “ယုံဟယ်လား ... သူက စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမှာ ကျွမ်းကျင်တယ်မလား”
“ဟုတ်တယ် ... ယုံဟယ်က လူသားတွေရဲ့အားနည်းချက်ကို မြင်နိုင်ပြီး ခြိမ်းခြောက်ပြီးတိုက်ခိုက်ဖို့ အပျက်သဘောစွမ်းအင်တွေကို ထုတ်လွှတ်နိုင်တယ်။ အားနည်းတဲ့သူတွေက စိတ်လွတ်သွားမှာ” ခုံဝမ်က ပြောလိုက်၏။
“ယုံဟယ်ရဲ့အစောတုန်းက အော်သံက ခြိမ်းခြောက်ဖို့ပဲ။ အဲဒါက လူသားတွေရဲ့အကြောက်တရားကို တိုးစေယ်။ သူက သတ်ဖြတ်ဖို့ရည်ရွယ်ချက်တော့ မရှိလောက်သေးဘူး”
အော်သံနှစ်သံ ပေါ်ထွက်လာပြီးနောက် တိတ်ဆိတ်မှုက ပြန်ရောက်လာ၏။
လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်တော့သည်။
“ဒီကြမ်းတမ်းခက်ထန်သားရဲ ဘယ်လောက်အစွမ်းထက်လဲ မြင်ချင်တယ်”
လုကျိုး၏အသံပေါ်ထွက်လာသည်နှင့် ပုံရိပ်လေးခုကို အဝေး၌ မှုန်ဝါးဝါးမြင်ရသည်။
လုကျိုးက သူတို့ကို တစ်ချက်ကြည့်ပြီးပြောလိုက်၏။ “ကပ်လိုက်ခဲ့ကြ”
လူတိုင်းက လုကျိုးနောက် ကပ်လိုက်သွားသည်။ ခုံဝမ်ကလည်း ဆုံးဖြတ်ချက်ပြတ်သားစွာ ပျံသန်းလိုက်၏။ လုကျိုးသည် လူတိုင်းကို ဦးဆောင်သွားပြီး နေ့မြင်ညပျောက်မြို့လယ်ခေါင်ရှိ ဝေဟင်အထက်သို့ ပျံသန်းသွားသည်။
သူတို့က ကောင်းကင်ကနေ ငုံ့ကြည့်လိုက်သောအခါ ဂူဗိမာန်တစ်ခုနှင့်တူသည့် လေးထောင့် အဆောက်အအုံတစ်ခုကို တွေ့လိုက်ရသည်။ ၎င်း၌ နွယ်ပင်များ၊ အစိမ်းရောင်မြူများ လွှမ်းခြုံနေသည်။ ၎င်းသည် အော်သံများထွက်ပေါ်လာရာ နေရာဖြစ်ပုံပေါ်သည်။
“ယုံဟယ်က ဂူဗိမာန်ထဲမှာ ရှိလောက်တယ်။ ထူးဆန်းလိုက်တာ။ နေ့မြင်ညပျောက်မြို့ထဲမှာ ဂူဗိမာန်တစ်ခု ဘယ်အချိန်က ပေါ်လာလဲ”
“ခင်ဗျား ဒီကို အရင်ကရောက်ဖူးလား” မင်ရှစ်ရင်က မေးလိုက်၏။
“အမ်း .... မရောက်ဖူးဘူး။ ဒါပေမဲ့ ဒီနေရာအကြောင်း အများကြီးကြားဖူးတယ်” ခုံဝမ်က ပြောလိုက်တော့သည်။
မီတာတစ်ထောင်အကွာ မိုးကုပ်စက်ဝိုင်းလေးတွင် မှုန်ဝါးဝါးပုံရိပ်လေးခုက ပိုမိုထင်ရှားလာတော့သည်။ အဘိုးအိုလေးဦးတွင် နှစ်ယောက်က အနက်ရောင်၊ နှစ်ယောက်က မီးခိုးရောင်ဝတ်ထားလျက် လုကျိုးနှင့် ကျန်သည့်သူများကို မျက်နှာချင်းဆိုင်လိုက်သည်။ သူတို့က တည်ငြိမ်နေကာ လုကျိုးနှင့် ကျန်သည့်သူများကို တိတ်တဆိတ် လေ့လာလိုက်၏။
လုကျိုးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ “ခင်ဗျားတို့က ဘယ်သူတွေလဲ”
...
အခန်း (၁၂၃၉) လူသားများ၏အားနည်းချက်
“ကျုပ်က ယဲ့ဝေပါ။ ဒီလူတွေက ကျုပ်ရဲ့အဖော်တွေ”
အဘိုးအိုက မေးခွန်းကိုဖြေလာသည်က အနည်းငယ် မထင်မှတ်ထားသည့်အရာဖြစ်သည်။ လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်သည်။ သူ၏အမူအရာက တူညီနေကာ ဆက်မေးလိုက်သည်။
“ဒီကို ခင်ဗျား ဘာကြောင့်ရောက်လာတာလဲ”
ယဲ့ဝေက စိတ်တိုသွားလေ၏။ သူ၏နာမည်က ခြိမ်းခြောက်နိုင်စွမ်း ရှိသည်ဟု ထင်ခဲ့သော်ငြား တစ်ဖက်လူဆီမှ တုံ့ပြန်မှုမရှိပေ။ ထို့ကြောင့် သူက ပိုကျယ်သောအသံဖြင့်ပြောလိုက်၏။
“နေ့မြင်ညပျောက်မြို့ကို မင်း ဘာကြောင့်လာတာလဲဆိုတာ မေးလို့ရမလား မိတ်ဆွေ”
နှစ်ဖက်လုံးက တစ်ဖက်၏ရည်ရွယ်ချက်ကို စစ်ဆေးရန် ကြိုးစားနေ၏။ ဆိုရလျှင် ၎င်းက အရေးပါသည့်အကျိုးအမြတ် ပဋိပက္ခဖြစ်သွားလျှင် ပြဿနာတက်သွားနိုင်၏။ ပဋိပက္ခမရှိလျှင် သူတို့အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်။ သူတို့က တစ်ယောက်လမ်း တစ်ယောက် ဖယ်နေနိုင်လိမ့်မည်။ မည်သို့ပင်ဆိုစေ နှစ်ဖက်လုံးက သူတို့ရည်ရွယ်ချက်ကို အလွယ်တကူ ထုတ်ပြမှာမဟုတ်။ လုကျိုးက ပြောလိုက်သည်။
“ဒီနေရာက ခင်ဗျား ထွက်သွားသင့်တယ်။ ဒီနေရာက ခင်ဗျားနေရမဲ့နေရာမဟုတ်ဘူး”
တစ်ဖက်လူက ကျင့်ကြံသူများစွာနှင့် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်စုကို ခြောက်လှန့်ထုတ်ရန် ယုံဟယ်ကို စေခိုင်းထားသည်ဟု မထင်ပေ။ ထိုလူများက ဆရာသခင်များနှင့်မတူ။ ယုံဟယ်က သားရဲဧကရာဇ်ဖြစ်လောက်၏။
ယဲ့ဝေက ရယ်မောလျက် ပြောလိုက်သည်။
“မိတ်ဆွေ ဘာကြောင့် ဒီလိုပြောတာလဲ”
“ဒီနေရာက အလွန်အန္တရာယ်များတယ်” လုကျိုးက ပွင့်ပွင့်လင်းလင်းပြောလိုက်၏။
“အန္တရာယ်လား” ယဲ့ဝေက ပြုံးလျက်ပြောလိုက်သည်။ “ခင်ဗျားကို အမှန်အတိုင်းပြောရရင် ကျုပ်တို့လေးယောက်က တစ်စုံတစ်ခုကိုယူဖို့ နေ့မြင်ညပျောက်မြို့ဆီ လဝက်လောက်ခရီးဆက်ခဲ့တာ”
“တစ်စုံတစ်ခုယူသွားဖို့လား”
“နေ့မြင်ညပျောက်မြို့မှာ ဘာများရှိနေနိုင်မှာလဲ။ ဒီနေရာက ရတနာတွေအားလုံးက လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သိန်းနှစ်သောင်းတည်းက ရှိနေခဲ့တာ။ ဒါ့အပြင် အတိတ်တုန်းက ဆရာသခင်တွေက အရူးတွေမှ မဟုတ်လာ။ သူတို့ ဒီနေရာမှာ ရတနာတွေဘာကြောင့် ချန်ခဲ့မှာလဲ”
ယဲ့ဝေက ပြုံးလိုက်လေ၏။
“ဟုတ်တယ် စိတ်မပူနဲ့။ ကျုပ်တို့ တခြားဘာမှမလိုချင်ဘူး”
“ကောင်းပြီလေ” လုကျိုးက သူတို့ကို ဖိတ်ခေါ်လိုက်၏။
အကြီးအကဲလေးဦးက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မလှုပ်ရှားကြဘဲ လုကျိုး သူတို့နောက်ကျောဓားနဲ့ထိုးမှာ စိုးရိမ်နေကြသည်။
လူတိုင်းက လှည့်ကြည့်လိုက်ရာ ဂူသင်္ချိုင်းထဲမှ အစိမ်းရောင်မီးခိုးများ ပေါ်ထွက်လာတာကို တွေ့လိုက်ရသည်။
ထိုစဉ် မျက်စိလျင်သော ရှောင်ယွမ်အာသည် ဂူသင်္ချိုင်းထဲရှိ ပြောင်းလဲမှုကို သတိပြုမိပြီး လက်ညှိုးထိုးပြလိုက်၏။
“အဲဒါဘာလဲ”
“လူတစ်ယောက်ရဲ့စိတ်ကို လွတ်သွားစေနိုင်တဲ့အဆိပ်ငွေ့” ခုံဝမ်က လူတိုင်းကို သတိပေးလိုက်၏။
လုကျိုးသည် ခရမ်းရောင်တောက်ပသံကျောက်ရှိ၏။ ထို့ကြောင့် သူသည် အဆိပ်အားလုံးထိခိုက်ခြင်းမရှိ ကျန်သည့်သူများကမူ ပြောရန်ခက်ခဲသည်။
အကြီးအကဲလေးဦးက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
ယဲ့ဝေက ပြောလိုက်သည်။ "ဒီတော့ ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်ရှိနေတာကိုး”
အကြီးအကဲများထဲမှတစ်ယောက် အဆောင်များထဲမှ တချို့ကို မီးမြှိုက်ပြီးနောက် ပစ်ထည့်လိုက်သည်။ ယင်းကို မြင်သောအခါ ခုံဝမ်က မျက်မှောင်ကျုံ့လိုက်၏။
“ခင်ဗျား ယုံဟယ်ကို အထိတ်တလန့်ဖြစ်စေလိမ့်မယ်”
“ယုံဟယ်လား” ယဲ့ဝေက မှင်တက်သွား၏။
“ကြမ်းတမ်းခက်ထန်သားရဲတွေ နေ့မြင်ညပျောက်မြို့ထဲ ပြေးလွှားနေတယ်လို့ ကြားမိတာ ဒီမှာ ယုံဟယ်ရှိလိမ့်မယ်လို့ မထင်ထားဘူး”
အဆောင်ကျ ဆက်လက်ကျဆင်းနေ၏။ သူတို့လိုချင်သည့် အရာကို ရယူရန်အတွက် သူတို့သည် ကြမ်းတမ်းခက်ထန်သားရဲကို အရင်ဆုံးခြောက်လှန့်ရမည်။
အဆောင်က နေရာအနှံ့ပြန့်ကားသွားပြီးနောက် ဂူဗိမာန်ကို ဝန်းရံထားသည်။
အစိမ်းရောင်အဆိပ်ငွေ့များက လျင်မြန်စွာ စုပ်ယူခံလိုက်ရပြီး အဆောင်များဖြင့် ဖွဲ့စည်းထားသည့် ဧရာမစည်းတံဆိပ်က ၎င်းကို ချေဖျက်လိုက်၏။
ဂျိန်း
ဂူဗိမာန်လှုပ်ခါသွားပြီး ကျောက်စကျောက်နများ လွင့်ကျလာစေသည်။
ပြီးနောက် ဂူဗိမာန်ထဲမှ အရပ်မျက်နှာအနှံ့တွင် စူးရှသည့်အော်သံတစ်သံပေါ်ထွက်လာသည်။
သစ်ပင်များ လှုပ်ခါနေကာ ကျောက်နံရံပေါ်ရှိ အက်ကွဲကြောင်းက ပိုကြီးမားလာ၏။
နေ့မြင်ညပျောက်မြို့ထဲရှိ ကြမ်းတမ်းခက်ထန်သားရဲများနှင့် သားရဲပျံများက ပျံသန်းသွားလျက် ကျင့်ကြံသူတချို့က အမြီးကုပ်လျက်ထွက်ပြေးကြတော့သည်။
အဖိုးအိုလေးဦးက အသံလှိုင်းကို ပိတ်ဆို့ရန် အရံအတားတစ်ခုဖွဲ့တည်လိုက်သည်။
ခုံဝမ်နှင့် သူ၏ညီနောင်များက မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ သူတို့သည် ချွေးစေးများ ပြန်နေပြီး မျက်လုံးတွင် အကြောက်တရားများပြည့်နေလေ၏။
ယန်ကျန်းလော့နှင့် လုလီက အခြေအနေပိုကောင်းသော်ငြား သူတို့မျက်လုံးထဲ၌ အကြောက်တရား တစွန်းတစ ရှိနေသေး၏။
တစ်ဖက်တွင်မူ လုကျိုး၏တပည့်များက သက်ရောက်မှုမရှိပေ။ လုကျိုးသည် မဟာလေဟာနယ်မျိုးစေ့အကြောင်း စဉ်းစားမိသွားသည်။
ရှောင်ယွမ်အာသည် ယခင်က ယူနန်တွင် ဗုဒ္ဓ၏အသံနည်းစနစ်ကြောင့် သက်ရောက်မခံရပေ။ ထိုစဉ်က လုကျိုးသည် သူမ၏ကျင့်စဉ် အထွတ်အထိပ်သန့်စင်ကျောက်စိမ်းကို မျှဝေပေးခဲ့၏။ အထွတ်အထိပ်သန့်စင် ကျောက်စိမ်းကြောင့်ဟု ထင်ခဲ့သည်။ သို့သော် ယခုမူ မဟာလေဟာနယ်မျိုးစေ့ကြောင့်မှန်း သိသွားပြီးဖြစ်ကာ ၎င်း၏အာနိသင်က သူ ထင်ထားသည်ထက် သာလွန်နေသည်။
ရုတ်တရက် မကောင်းဆိုးရွား၏အော်သံနှင့်တူသည့် စူးရှသောအသံ၏ကြိမ်နှုန်းက အဆပေါင်းများစွာ တိုးလာသည်။ ယုံဟယ်ဒေါသထွက်နေမှန်းသိသားသည်။
မီးခိုးရောင်မြူတို့သည် ဂူဗိမာန်နားတစ်ဝိုက်စတင်စုဝေးနေရာ မီတာထောင်ချီအကွာကို စတင်လွှမ်းခြုံသွားတော့၏။
ယန်ကျန်းလော့နှင့် လုလီက ပြုတ်ကျလာတော့သည်။ သူတို့သည် ချွေးစေးများပြန်နော မျက်လုံးထဲ အကြောက်တရားများဖြင့် ပြည့်နေတော့သည်။
ခုံဝမ်နှင့် သူ၏ညီနောင်များက စိတ်လွတ်သွားပုံပေါ်ပြီး ယန်ကျန်းလော့နှင့် လုလီဖက်တိုးဝင်လျက် အော်ပြောလိုက်၏။ “ငါ့ကို မသတ်နဲ့ ... ငါ့ကို မသတ်နဲ့”
ခုံဝမ်နှင့် သူ၏ညီနောင်များသည် ယန်ကျန်းလော့နှင့်လုလီဆီ လက်ဝါးစည်းတံဆိပ်များ ပစ်ထုတ်တော့၏။
“ခုံဝမ်” ယန်ကျန်းလော့က အော်လိုက်သည်။ သို့သော် ၎င်းက ခုံဝမ်ပေါ် သက်ရောက်မှုမရှိပေ။
ထိုစဉ် လုကျိုးသည် လက်ဝါးစည်းတံဆိပ်တစ်ခု ရိုက်ချလိုက်သည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ခုံဝမ်နှင့် သူ၏ညီနောင်များသည် လက်ဝါးစည်းတံဆိပ်ကြောင့် ထိန်းချုပ်ခံလိုက်ရပုံပေါ်ပြီး စိတ်ရှုပ်သွား၏။
ခုံဝူက အော်ပြောလိုက်တော့သည်။ “ကြမ်းတမ်းခက်ထန်သားရဲတွေ ... ငါ ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင် ရိုက်တာခံလိုက်ရပြီ”
ခုံဝမ်ကလည်း ကြည့်လာချိန် ကြမ်းတမ်းခက်ထန်သားရဲအဝိုင်းခံထားရပုံပေါ်၏။
ညီနောင်လေးယောက်သည် အမည်မသိကုန်းမြေထဲ၌ နေထိုင်ခဲ့ကြပြီး သူတို့ ကြောက်ရွံ့သည့်တစ်ခုတည်းသော အရာမှာ ကြမ်းတမ်းခက်ထန်သားရဲ ဖြစ်သည်။ ယခုအချိန်တွင် သူတို့၏ အကြောက်တရားက အဆပေါင်းများစွာ တိုးလာလေ၏။
လုကျိုးက ခေါင်းခါလျက် သူတို့၏စွမ်းအားဗဟိုချက် ချီပင်လယ်ကို ချိတ်ပိတ်ကာ သူတို့ကို သတိလစ်သွားစေ၏။ သူတို့သတိလစ်နေသောကြောင့် ယုံဟယ်သည် သူတို့၏စိတ်ကို ထိန်းချုပ်နိုင်စွမ်း ရှိတော့မှာမဟုတ်။
အဖိုးအိုလေးဦးက လုကျိုးကိုကြည့်ပြီးပြောလိုက်၏။ “အကွက်ကောင်းပဲ”
သူတို့လေးယောက်သားသည် အစိမ်းရောင်ဒိုင်းအတွင်း ဘေးကင်းလုံခြုံနေပြီး သက်ရောက်မှု မရှိသောကြောင့် အခြေအနေကို တည်ငြိမ်စွာ လေ့လာနိုင်သည်။
လုကျိုးက ခေါင်းညိတ်လိုက်၏။ ၎င်းက ယုံဟယ်၏စွမ်းအားသာဆိုလျှင် ဖြေရှင်းရ လွယ်ကူသွားပြီဖြစ်သည်။
ဘီး
ထိုစဉ် လုလီက သူ၏ ကြယ်တာရာဒိုင်ခွက်ကို ရုတ်တရက်ဖွဲ့တည်လိုက်သည်။ သူ၏ မွေးဖွားဇယားချပ်ငါးခုသည် တောက်ပလာတော့သည်။ ပြီးနောက် သူသည် အစွမ်းကုန်ထုတ်သုံးလျက် ခေါင်းမော့ကာ အော်ပြောလိုက်၏။ "မလုပ်နဲ့ … ငါ သေချင်တယ်။ ငါ့ကိုမတားနဲ့”
၎င်းကိုမြင်သောအခါ ယန်ကျန်းလော့က လျင်မြန်စွာတုံ့ပြန်လျက် လုလီကို သတိလစ်သွားစေ၏။
လုလီ၏ကြယ်တာရာဒိုင်ခွက် ပျောက်ကွယ်သွားပြီးနောက် ယန်ကျန်းလော့က သူ၏အကြောက်တရားကို ဖိနှိပ်ရန် အသက်ပြင်းပြင်းရှူပြီးမော့ကြည့်ကာ ပြောလိုက်တော့သည်။
“ကျုပ်ကို ရိုက်လိုက်ပါ”
ယွီကျန့်ဟိုင်က မဟာအမှောင်အောက်မေ့ရာကောင်းကင်လက်ဝါးကိုသုံးလျက် ယန်ကျန်းလော့ကို သတိလစ်သွားအောင် ရိုက်လိုက်သည်။
ယဲ့ဝေသည် လုကျိုး၊ ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ မင်ရှစ်ရင်၊ ရှောင်ယွမ်အာနှင့်ခရုလေးတို့က သူတို့ကိုယ်သူတို့ ကာကွယ်ရန်မည်သည့်အရံအတားမှ အသုံးမပြုထားသော်ငြား အဆင်ပြေနေတာကို တွေ့သောအခါ အံ့ဩသွားလေ၏။
“ခင်ဗျားတို့အားလုံး အဆင်ပြေလား”
လုကျိုးက အဖိုးအိုလေးဦးကို တစ်ချက်ကြည့်ပြီးပြောလိုက်၏။ "၁၀မီတာ ဆုတ်ကြ”
“ဟုတ်ပြီ”
အဘိုးအိုလေးဦးက နောက်ဆုတ်ခွာသွားစဉ် သူတို့က လုလီ၊ ယန်ကျန်းလော့၊ ခုံဝမ်နှင့် သူ၏ညီနောင်များကို ဆွဲခေါ်သွားသည်။
“စုဝေးမယ်”
လုကျိုးက သူ၏တပည့်များကို ပြောလိုက်သည်။ ထိုစဉ် ဂူဗိမာန်ထဲမှ နောက်ထပ်စူးရှသည့်အသံတစ်သံ ပေါ်ထွက်လာသည်။ ဧရာမအရိပ်က မိုးကုပ်စက်ဝိုင်းအထိ ဦးတည်လာ၏။
ယုံဟယ်က အစွယ်အဖြီးသားဖြင့် သူ၏လက်သည်းများကို ဝေ့ယမ်းလိုက်တော့၏။ ၎င်း၏မျက်လုံးများက နီရဲပြီး ပါးစပ်ကလည်း နီမြန်းနေကာ အမွေးများက အဝါရောင်ဖြစ်၏။ ၎င်း၏ပါးစပ်က ထုတ်လွင့်သည့် စူးရှသော အော်သံသည် ယခင်ကထက် အဆပေါင်းများစွာ ပိုကျယ်သည်။ လုကျိုးသည် ကောင်းကင်စွမ်းအားနှင့်ပေါင်းစည်းထားသည့် ကာကွယ်ရေးစွမ်းအင်ကို အသက်သွင်းလိုက်ပြီး လူတိုင်းကို လွှမ်းခြုံထားလိုက်၏။ ဤနည်းဖြင့် သူတို့သည့်အသံလုံအခန်းထဲ ရောက်နေသည့်ပမာ ဘာကိုမှကြားတော့မှာ မဟုတ်။
သူတို့လှည့်ကြည့်လိုက်သည်။
ကျောက်နံရံများပြိုကွဲပြီး ပုံသဏ္ဌာန်များကို မမြင်ရတော့ပေ။ သစ်ပင်များ ပြိုလဲသွားပြီး ပတ်ဝန်းကျင်ရှိ နွယ်ပင်များကလည်း မြေပြင်ပေါ်ကျကုန်၏။
အဆိပ်ငွေ့များက ပြန့်နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ အပင်များစတင် ညှိုးရော်လာတော့သည်။
အကြီးအကဲလေးဦးက မီတာတစ်ဒါဇင်ခန့်နောက်ဆုတ်သွားပြီး ယုံဟယ်ကို အထိတ်တလန့် ကြည့်နေကြ၏။ ပြီးနောက် သူတို့က အစွမ်းထက်သည့်အသံလှိုင်းများကို ခုခံကာကွယ်ရန် လက်ဝါးများ အမြန်ပူးကပ်ထားသည်။
ယုံဟယ်က ထိန်းချုပ်မထားဘဲ ခြိမ်းခြောက်သည့်စွမ်းအင်ကို ဆက်လက်ထုတ်လွင့်နေဆဲဖြစ်သည်။
“ဒါ ဒါ သွားလို့မရဘူး။ ယုံဟယ်က သားရဲဧကရာဇ်ပဲ” ယဲ့ဝေက ပြောလိုက်၏။
“ဒါဆို ငါတို့ဒီအတိုင်းလက်လျှော့မှာလား”
“မဟုတ်ဘူး။ ကြည့် ... အဲ့ဒီအဖိုးကြီးက သူတစ်ယောက်တည်းနဲ့ လူအားလုံးကို ကာကွယ်ပေးနိုင်တယ်။ သူ့ရဲ့ခွန်အားကို လျော့တွက်လို့မရဘူး။ ဒီမှာလူတွေရှိနေသေးတဲ့အချိန် ငါတို့ ဘယ်လိုလုပ်ထွက်သွားလို့ ရမှာလဲ”
“ဘာကိုဆိုလိုတာလဲ”
“တစ်ဖက်နဲ့တစ်ဖက် ဖြေရှင်းခိုင်းလိုက်မယ်။ သူတို့အချင်းချင်း မောပန်းကြပါစေပေါ့”
“အဲ့လိုဖြစ်မလာရင်ကော”
“ဒါဆို ငါတို့ရဲ့ကံကြမ္မာကို လက်ခံရုံပဲရှိတယ်။ သူက ငါတို့ထက်ပိုသန်မာနေရင် ငါတို့တတ်နိုင်တာ ဘာမှမရှိဘူး။ ယဲ့ကျန်းက ကံဆိုးတယ်လို့ပဲပြောနိုင်တယ်” ယဲ့ဝေက ပြောလိုက်၏။
အကြီးအကဲသုံးဦးက ခေါင်းညိတ်လိုက်သည်။ ၎င်းက ယခုအချိန်တွင် အကောင်းဆုံးလှုပ်ရှားမှုဖြစ်သည်။ ပြီးနောက် အကြီးအကဲလေးဦးက လုကျိုးဖက် လှည့်ကြည့်လိုက်လေ၏၏