← Chapters

အခန်း (၁၃၈၁-၁၃၈၃)

Vol. 93 Ch. 1381-1383

အခန်း (၁၃၈၁-၁၃၈၃)

Vol. 93 Ch. 1381-1383

အခန်း (၁၃၈၁) ဖန်းလိုင်၊ ကောင်းကင်ဝါးမျိုဝေလကို သတ်ဖြတ်ခြင်း

အမည်မဲ့ဖြင့် ဖော်ထုတ်ထားသည့် ပေတစ်သောင်းခန့်ရှိသည့်ဓားကို ဧရာမ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ကိုင်ဆောင်ထားလျက် ဧရာမကြမ်းတမ်းခက်ထန်သားရဲ၏ ခန္ဓာကိုယ်ကို လျင်မြန်ဖျတ်လတ်စွာ သက်ညှာမှုမရှိ ပိုင်းဖြတ်လိုက်၏။ ၎င်းသည် သားရဲဧကရာဇ်၏ခန္ဓာ သုံးပုံတစ်ပုံနီးပါးကို ဖြတ်တောက်လိုက်သည်။

၎င်းက ဒေါသတကြီး ကြုံးဝါးလိုက်၏။

အသံလှိုင်းများ ဝေ့တက်လာပြီး အလယ်တွင် ပင်လယ်သားရဲဧကရာဇ်ကို ဗဟိုပြုလျက် မုန်တိုင်းက ပေါ်ထွက်လာသည်။

လုကျိုးက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်နှင့် အမည်မဲ့ကို သိမ်းလိုက်သည်။ အဝေးသို့တွန်းပို့လိုက်၏။ မျက်စိတစ်မှိတ်အတွင်း သူ လေထဲ ပိုမြင့်သွားတော့သည်။ သူက လက်မြှောက်လျက် ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်ကာ ယွီကျန့်ဟိုင်၏ ကြာပွင့်ရှေ့တွင် ထားလိုက်သည်။

အချင်းပေတစ်သောင်းခန့်မြင့်သည်ဟု ထင်ရသော ကြယ်တာရာဒိုင်ခွက်သည် အသံလှိုင်းအားကို အပြည့်အဝ ပိတ်ဆို့လိုက်၏။

အသံလှိုင်းတို့၏ အားသာချက်က သူတို့သည် အရာအားလုံးကို ဖြတ်ကျော်နိုင်တာပဲဖြစ်သည်။ လုကျိုးသည် အသံလှိုင်းမှအဖျက်စွမ်းအားအများစုကို ပိတ်ဆို့ခဲ့သော်ငြား ကျန်ရှိသည့်ဖိအားသည် ယွီကျန့်ဟိုင်နှင့် ဖန်းလိုင်ဂိုဏ်းသားတစ်ထောင်ခန့်ကို နောက်သို့ လွင့်ထွက်သွားစေသည်။ သူတို့ ပြိုလဲတော့မည့်ပုံ ပေါ်သည်။

မိုးကြိုးသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားခဲ့သည်။ ဆရာသခင်တစ်ပါးတောင် ဒေါသထွက်နေသော သားရဲဧကရာဇ်ကို လျှော့တွက်၍မရပေ။

ထိုစဉ် ချင်နိုင်ဟယ်က သူ၏ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်ပြီး ယွီကျန့်ဟိုင်နှင့်ပူးပေါင်းကာ အသံလှိုင်းကို ပိတ်ဆို့ရန်အတွက် ခံစစ်ဒုတိယလှိုင်းကို ဖွဲ့တည်ခဲ့သည်။

လုကျိုးသည် ဧရာမဝေလနှင့်တူသည့် ကြမ်းတမ်းခက်ထန်သားရဲကို ကြည့်လိုက်သည်။ သူ့ကြောင့် ထိခိုက်သွားသည့်အစိတ်အပိုင်းက ပင်လယ်ထဲပြုတ်ကျသွားပြီး ရေကိုနီမြန်းသွားစေသည်။

ပင်လယ်၏ နိယာမသည် ငါးကြီးက ငါးလေးကိုစား၏။ ဝေလငါးကဲ့သို့ ကြမ်းတမ်းခက်ထန်သားရဲ၏ ခန္ဓာသုံးပုံတစ်ပုံသည် ပင်လယ်ထဲကျသွားသောအခါ မရေမတွက်နိုင်သော ပင်လယ်သားရဲများသည် ၎င်းဆီ ကူးခတ်သွားကာ အသားကို ကိုက်ဖဲ့လျက် စားသုံးကြသည်။

ပင်လယ်က ဆက်လက်ဆူပွက်နေပြီး သွေးများက ဆက်လက်နီမြန်းနေတော့သည်။ မျက်စိတဆုံး မြင်သမျှ နီမြန်းနေလေ၏။

ဗွမ်း

ဝေလကဲ့သို့ ကြမ်းတမ်းခက်ထန်သားရဲက ပင်လယ်ထဲ ပြုတ်ကျသွား၏။ ၎င်းက ဒေါသတကြီး ကူးခတ်နေကာ ပင်လယ်သားရဲနှင့် သားရဲဘုရင်များကို လေထဲလွင့်သွားစေသည်။

လုကျိုးသည် ပင်လယ်သားရဲများ ရူးသွပ်ကုန်သည်ဟု ထင်သော်ငြား အနီးကပ်ကြည့်လိုက်ချိန်၌ ဤသို့မဟုတ်မှန်း သိလိုက်ရသည်။

ပင်လယ်ရေနှင့် ဝေဟင်ထဲရှိ သွေးစက်တို့က သွေးမြောင်းများစွာအဖြစ် ဖွဲ့တည်ပြီး အလင်းရောင်မှိန်မှိန် ပေါ်ထွက်နေတာ တွေ့လိုက်ရသည်။

“နတ်ခြင်္သေ့” လုကျိုးက ညင်သာစွာ ခေါ်လိုက်သည်။

နတ်ခြင်္သေ့က အသင့်ပြင်ပြီးသားဖြစ်သည်။ ၎င်းက အော်မြည်သံတစ်ချက် ပြုလျက် အဖြူရောင်အလင်းလုံးကို လုကျိုးဆီ ထွေးထုတ်လိုက်သည်။ အလင်းလုံးက လုကျိုးကို လွှမ်းခြုံကာ ၎င်း၏ ကောင်းကင်စွမ်းအား အားလုံးနီးပါးကို ချက်ချင်းပြန်လည်ဖြည့်တင်းပေးသည်။ နတ်ခြင်္သေ့သည် ဒုတိယမြောက်သားရဲအဆီအနှစ်ကို စားပြီးနောက် ၎င်းသည် အနားယူရန်မလိုဘဲ သူ၏ကောင်းကင်စွမ်းအားကို နှစ်ကြိမ်ဖြည့်တင်းပေးနိုင်မည်ဖြစ်သည်။

နတ်ခြင်္သေ့အပြင် လုကျိုးက သူ၏ကောင်းကင်စွမ်းအားကို ဖြည့်တင်းပေးနိုင်သည့် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်လည်း ရှိသည်။

“မင်း ဘယ်လောက်ကြာကြာခံမလဲ ကြည့်ချင်သေးတယ်” လုကျိုးက ရှေ့သို့တက်သွား၏။ တစ်ချိန်တည်းတွင် ကောင်းကင်စွမ်းအားတဝက်ကျော်မြှုပ်နှံထားသည့် ခရမ်းရောင် တောက်ပသံကျောက်က သူ့လက်ထဲတွင် ပေါ်လာတော့သည်။

ခရမ်းရောင်တောက်ပသံကျောက်သည် ညအမှောင်ယံကောင်းကင်ထဲတွင် လတစ်စင်းပမာ သို့မဟုတ် တုနှိုင်းမဲ့ပုလဲပမာ တလက်လက်တောက်ပနေ၏။ ကောင်းကင်စွမ်းအားဖြင့် ဤအဆုံးမဲ့အဆင့်၏ စွမ်းရည်သည် အဆပေါင်းများစွာ တိုးလာတော့သည်။

“အကြွင်းမဲ့သုညလား” တစ်စုံတစ်ယောက်က မေးလိုက်သည်။

“အကြွင်းမဲ့သုညလောက် မရိုးရှင်းဘူး”

ထိုလူများ ပြောမပြီးသေးခင် ပါးစပ်အဟောင်းသားဖြစ်ကုန်၏။ သူတို့မျက်စိလှည့်စားနေသည်ဟု တွေးမိသွားသောကြောင့်ဖြစ်သည်။

ခရမ်းရောင်တောက်ပသံကျောက်သည် လေဟာနယ်ကို ဆုတ်ဖြဲသွားပုံပေါ်ကာ လုကျိုးသည် ၎င်းကို လက်ဖြင့် ကိုင်ထားလျက် အရာအားလုံးကို တားမြစ်ရန် တာအိုစွမ်းအားကို အသုံးပြုနေသည်။

သာမန်ဆရာသခင်တို့သည် အလွန်ဆုံးမှ အချိန်စီးဆင်းမှုကို စက္ကန့်အနည်းငယ်သာ ရပ်တန့်နိုင်တာ ဖြစ်သည်။ သို့သော် မဟာဆရာသခင်များအတွက်မူ အချိန်ဆွဲတာက ပိုကြာသည်။

ပင်လယ်သည် ယခုအချိန်၌ ရေခဲပန်းချီကားတစ်ချပ်ပမာပင်။ သွေးများက လေထဲတွင် အေးခဲကုန်ပြီး အနီရောင်ပင်လယ်ကလည်းခဲကာ ခြေပြတ်လက်ပြတ်များစွာသည် ပင်လယ်ထဲမျောလွင့်ပြီးခဲ့နေသည်။ အရာအားလုံး ခဲကုန်သည်။

လုကျိုးသည် ပင်လယ်သားရဲများကို ဖြတ်ကျော်သွား၏။ သူက ပင်လယ်ရေမျက်နှာပြင်နား ကပ်လာချိန်တွင် လက်ကိုတွန်းချလိုက်သည်။

ပြီးနောက် အချိန်က စတင်စီးဆင်းလာပြန်၏။

အချိန်နေ့များက ပုံမှန်အတိုင်းပြန်ဖြစ်လာချိန်တွင် ၎င်းက လုကျိုး၏အာရုံကို ထိခိုက်မှု မဖြစ်စေခဲ့ပေ။ တစ်ခုတည်းသောအရာက မျက်စိတစ်မှတ်အတွင်း သူသည် ပင်လယ်သားရဲများ ဘေးသို့ ရောက်လာတာပဲဖြစ်သည်။

ရေခဲက ဆက်လက်ပြန့်ကားနေ၏။ ယခင်ကထက်တောင် ပိုပြင်းထန်သည်။ ဝေဟင်ထဲတွင် ပင်လယ်သားရဲအားလုံး ချက်ချင်းခဲကုန်၏။

သွေးများအားလုံး ခဲသွားပြီးနောက် သူတို့သည် အေးခဲနေသော ပင်လယ်မျက်နှာပြင်ပေါ် ကျသွားသည်။

ခဲနေသော ပင်လယ်သားရဲများသည် ပင်လယ်၏ခဲနေသောမျက်နှာပြင်ပေါ် ကျသွားသောအခါ ကွဲကြေသွား၏။ ထိုအကွက်ဖြင့် လုကျိုးသည် ပင်လယ်သားရဲတစ်သောင်းကျော်ကို သတ်ခဲ့သည်။

လုကျိုးသည် သူ၏ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်ပြီး ခေါင်းပေါ်မြှောက်တင်ကာ ရေခဲကို ပိတ်ဆို့လိုက်ပြီး ဝေဟင်မှကျဆင်းလာရာတိုင်းတို့ကို ပိတ်ဆို့ထားသည်။ ခဏအကြာတွင် ပင်လယ်၏ ခဲနေသော မျက်နှာပြင်သည် ပင်လယ်သားရဲများ၏အသေကောင်များဖြင့် ပြည့်နေတော့ပသည်။

လုကျိုးက လက်မြှောက်လိုက်သည်။ သူသည် သူ့တစ်ဦးတည်းသာလျှင် အဖက်မလုပ်သည့်အသွင်ဖြင့် ရပ်နေလျက် အထိအခိုက်မရှိရပ်နေတာဖြစ်သည်။

တိမ်တိုက်များကွဲအက်သွားကာ နေထွက်လာရာ ရောင်ခြည်သည် ခဲနေသော ပင်လယ်ရေမျက်နှာပြင်ဆီ တောက်ပနေစေ၏။

လုကျိုးက တိတ်တဆိတ်စောင့်ဆိုင်းနေကာ ပင်လယ်သားရဲများဆီမှ လှုပ်ရှားမှုကို နားထောင်နေသည်။ အချိန်အတော်ကြာအောင် အသံမထွက်လာခဲ့ပေ။

မိစ္ဆာဝေဟင်မျှော်နန်းမှလူနှင့် အဝေးကနေကြည့်နေသည့် ဖန်းလိုင်ဂိုဏ်းသားတို့သည် ထုံကျဉ်နေပြီ ဖြစ်သည်။ သူတို့သည် လုကျိုး၏စွမ်းရည်ကို ဖော်ပြရန် မည်သည့်စကားလုံးကို အသုံးပြုစေကာမူ မလုံလောက် မှေးမှိန်နေပုံပေါ်၏။ အဆုံးကျ တိတ်တဆိတ်ကြည့်နေတာက အကောင်းဆုံးဟု တွေးမိသွားသည်။

နောက်ထပ် ၁၅မိနစ် ကုန်လွန်ပြီးနောက် ပင်လယ်ရေမျက်နှာပြင်အောက်တွင် လှုပ်ရှားသံ မကြားရသေးပေ။

အပေါ်ကနေကြည့်နေသော လူတို့သည် သူတို့၏စပ်စုချင်စိတ်ကို မထိန်းထားနိုင်တော့ချေ။

“သေသွားပြီလား” ခုံဝမ်က မေးကာ ဇဝေဇဝါဖြစ်နေ၏။ “ဒီလိုအလွယ်တကူ သေမှာမဟုတ်ဘူး။ ပင်လယ်သားရဲဧကရာဇ်က အနည်းဆုံးနှလုံးသား၃ခု ရှိတယ်။ ဒါပေမဲ့ ကြာကြာမရှင်နိုင်ဘူး။ သူ့ခန္ဓာကိုယ်အောက်ပိုင်းက ခဲသွားပြီး။ သေဖို့က အချိန်အတိုင်းအတာတစ်ခုပဲလိုတယ်”

လူတိုင်းက ခေါင်းညိတ်လျက် စိတ်ရှည်လက်ရှည်စောင့်နေသည်။

နောက်ထပ် ၁၅မိနစ်တာ တိတ်တဆိတ် ကုန်လွန်သွား၏။

ကျွတ်

ရေခဲပေါ်၌ အက်ကွဲကြောင်းများ ဖွဲ့တည်လာပြန်၏။

လုကျိုးက မျက်မှောင်အနည်းငယ် ကျုံ့မိသွားသည်။ ဝေလကဲ့သို့ကြမ်းတမ်းခက်ထန်သားရဲ၏ ခေါင်းမာမှုက သူ ထင်ထားသည်ထက် ကျော်လွန်နေသည်။

ပင်လယ်ရေများက အက်ကွဲကြောင်းထဲမှ စတင်ပန်းထွက်လာပြီး အက်ကွဲကြောင်းများရှိ သွေးများကို စတင်ဆေးချနေသည်။

ပြီးနောက် ပေတစ်သောင်းခန့်ကျယ်သည့် ဧရာမအက်ကွဲကြောင်းတစ်ခုပေါ်လာပြီး ၎င်းသည် ကျုံးတစ်ခုနှင့် တူသွားလေ၏။

လုကျိုးက လက်နောက်ပစ်လျက် ရပ်နေသေးဆဲဖြစ်ကာ လုံးဝသက်ရောက်မှု မရှိပေ။ သူသည် အက်ကွဲကြောင်းကနေ ပင်လယ်သားရဲကိုကြည့်နေ၏။

နောက်ဆုံးတွင် ၎င်း၏ဧရာမခန္ဓာ ပေါ်လာပြီး ရေခဲလွှာကိုဖွဲ့လိုက်၏။ ၎င်း၏ခေါင်းက ပေရာချီကျယ်ကာ ကောင်းကင်ကိုလွှမ်းထားနိုင်စွမ်း ရှိသည်။

လုကျိုးသည် ဖြည်းဖြည်းချင်းလှုပ်ရှားလျက် နောက်ဆုံးတွင်ဝေလကဲ့သို့ကြမ်းတမ်းခက်ထန်သားရဲရှေ့၌ ရပ်လိုက်သည်။

ဝေလကဲ့သို့ ကြမ်းတမ်းခက်ထန်သားရဲ၏မျက်လုံးက သွေးနီရောင်သန်းနေ၏။ ၎င်း၏မျက်လုံးများက ကြီးမားသည်။ ၎င်း၏မျက်လုံးက သူ့ရှေ့ရှိသေးငယ်သည့် လူသားများကိုကြည့်ချိန်တွင် လည်နေသည်။ ပြီးနောက် ၎င်းက စတင်ဆုပ်ခွာသွား၏။

လုကျိုးက လေသံအတက်အကျမရှိ မေးလိုက်သည်။ “လူသားနယ်မြေကို ဘာလို့တိုက်ခိုက်တာလဲ”

ဝေလကဲ့သို့ ကြမ်းတမ်းခက်ထန်သားရဲ၏ ၎င်း၏ဧရာမမေးရိုးကို ဖွင့်လိုက်ပိတ်လိုက်လုပ်ကာ အသံပြုချင်နေသော်ငြား သွေးသာလျှင် ထွေးထုတ်မိသည်။

ဖုတ်

အောက်မေးရိုးက ပင်လယ်ရေထဲနစ်နေသေးဆဲဖြစ်၏။ ၎င်း၏ မေးရိုးအဖွင့်အပိတ်သည် ပင်လယ်ရေများကို မွှေနှောက်လိုက်သည်။

၎င်း၏ခန္ဓာသည် မည်းနက်လျက် ဆူးတောင်သည် ထက်မြည့်သော ဓားများပမာပင်။

ခုံဝမ်သည် သေခါနီးဝေလကဲ့သို့ ကြမ်းတမ်းခက်ထန်သားရဲကို ကြည့်မိသောအခါ သက်ပြင်းချပြီး ပြောလိုက်တော့၏။ “ဒီတော့ဒါက ကောင်းကင်ဝါးမျိုဝေလပဲ”

“ကောင်းကင်ဝါးမျိုဝေလလား”

“ဝေလလို ကြမ်းတမ်းခက်ထန်သားရဲမျိုးစုံရှိတယ်။ ဒါက အသန်မာဆုံးပင်လယ်သားရဲတွေထဲက တမျိုးပဲ။ သူ့အရွယ်အစားက ဒဏ္ဍာရီလာခွန်းပြီးရင် ဒုတိယပဲ” ခုံဝမ်က ပြောလိုက်၏။

“ခွန်းလား”

“ရှေးမှတ်တမ်းတွေအရ မြောက်ဖက်အစွန်းမှာလင်းပိုင်သံအရွယ်အစားလောက်ရှိတဲ့ သားရဲတစ်ကောင် ရှိတယ်။ သူ့ရဲ့အရွယ်အစားက ကျုပ်တို့ထင်မှတ်ထားတာထက် ကျော်လွန်တယ်။ သူ့ကို ခွန်းလို့ ခေါ်တယ်။ သူက ပေပေါင်းထောင်ချီကျယ်ဝန်းတဲ့ သားရဲဧကရာဇ်တွေက ပိုကြီးမားတယ်” ခုံဝမ်က ပြောလိုက်၏။

“အဲ့လောက်ကြီးတယ်လား” ရှောင်ယွမ်အာက အထိတ်တလန့်ပြောမိသွားသည်။

ခုံဝမ်က ပြောလိုက်လေ၏။ “လူတိုင်းက ခွန်းကိုမမြင်ဖူးကြဘူး။ ခွန်းကလည်း ပင်လယ်ရဲ့မျှခြေကို စောင့်ရှောက်တဲ့ မျှခြေထိန်းသိမ်းသူတစ်ယောက်လို့ ကောလာဟလရှိတယ်။ ဒါပေမဲ့ မဟာလေဟာနယ်ကလူတွေကို အမိန့်နာခံပါ့မလား။ ပြောရရင် မဟာလေဟာနယ်က ပင်လယ်ထဲမှာမဟုတ်ဘူးလေ။ ဟုတ်တယ်မလား”

“ပင်လယ်အောက်မှာတည်ရှိဖို့က တကယ်မဖြစ်နိုင်ဘူးလား” ရှောင်ယွမ်အာက မေးလိုက်၏။

“လူသားတွေက အဆုံးကျ လူသားတွေပဲလေ။ သူတို့ပင်လယ်အောက်မှာအချိန်ကြာမြင့်စွာ မရှင်နိုင်ဘူး။ ဉာဏ်ရည်မြင့်ရေသတ္တဝါတွေက လူသားဘာသာကိုသင်ယူကြတယ်။ လူသားနဲ့ ဆင်တဲ့လူတွေကို ရေသူတွေလို့ခေါ်တယ်။ ဒါပေမဲ့ ပင်လယ်သားရဲတွေက ပင်လယ်သားရဲတွေဖြစ်နေဦးမှာပဲ။ သူတို့က လူသားတွေမဟုတ်ဘူး” ခုံဝမ်က ပြောလိုက်၏။

“အစ်ကိုခုံပြောတာကို ထောက်ခံတယ်” ချင်နိုင်ဟယ်က ပြောလိုက်၏။ “ရှေးခေတ်ကာလတည်းက မဟာလေဟာနယ်မပျောက်ကွယ်ခင်တည်းက လူသားတွေက မဟာလေဟာနယ်ထဲမှာ ထူးဆန်းတဲ့မျိုးနွယ်စု မျိုးစုံကို မောင်းထုတ်ခဲ့ကြတာ။ အဲ့ဒီလူပုံစံမျိုးနွယ်က လူတွေက လူသားမျိုးနွယ်စုထက် ပိုသန်မာတယ်။ သူတို့က အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး လူသားမျိုးနွယ်စုကို အမြစ်ပြတ် သုတ်သင်ဖို့ ကြိုးစားခဲ့တာ”

ချင်နိုင်ဟယ်၏ စကားတို့သည် ဟင်းလင်ပြင်ရင်ဘတ်မျိုးနွယ်စုများအကြောင်းကို ကျန်သည့်လူများဆီ သတိရသွားစေ၏။

“ဟုတ်ပြီ ငါတို့ခေါင်းစဉ်က ချော်ကုန်ပြီ။ တိုက်ပွဲကိုကြည့်ကြတာပေါ့”

လူတိုင်းက သူတို့အတွေးကိုဖယ်ရှားလျက် ငုံ့ကြည့်လိုက်၏။

ကောင်းကင်ဝါးမျိုဝေလသည် ဆူညံသံတစ်သံ ပြုပြီးနောက် ဘေးဖက်ကို ရုတ်တရက် လိမ့်ကျသွားတော့သည်။

“တင်း … ကောင်းကင်ဝါးမျိုဝေလကို သတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် နှစ်သောင်း”

...

အခန်း (၁၃၈၂) ဘုရင်ဟောင်း

ကောင်းကင်ဝါးမျိုရေး ဝေလငါး၏ မျက်ဝန်းက မှေးမှိန်သွားလေသည်။

သစ်ပင် ပြိုလဲသွားသည့်အခါ မျောက်များက ထွက်ပြေးသွားကြသည်ဟူသော စကားပုံအတိုင်း ကောင်းကင်ဝါးမျိုဝေလငါး၏ အငွေ့အသက်က မိုင်တစ်ထောင်ဝန်းကျင် ပျံ့နှံ့သွားသည့်အခါ ပင်လယ်သားရဲများကလည်း အဖက်ဖက်သို့ ပျံ့နှံ့ ထွက်သွားကြသည်။ ပင်လယ်သားရဲများ ထွက်ခွာသွားသည့်အခါ ပင်လယ်မျက်နှာပြင်က ချက်ချင်းငြိမ်ကျသွားလေ၏။ ပင်လယ်က ပုံမှန် ပြန်ဖြစ်သွားဖို့ သိပ်မကြာမြင့်လိုက်ပေ။

တိမ်များက ကင်းဝေးသွားပြီး နေရောင်က ပင်လယ်ပြင်ပေါ် ဖြာကျလာသည်။ မျှခြေမညီမျှမှုကြောင့် ကောင်းကင်ယံရှိ မြူခိုးများက ယခင်ကလောက် မသိပ်သည်းတော့ပေ။

လုကျိုးက ပြောလိုက်၏။

“ရှင်းလိုက်တော့”

ယခု မျှော်နန်းသခင်၏ အလုပ်ကိစ္စ ပြီးပြီဖြစ်သည့်အတွက် ယခု မိစ္ဆာဝေဟင်မျှော်နန်းမှ တခြားသူများအတွက် စတင်လှုပ်ရှားရမည့်အချိန် ကျရောက်လာလေပြီ။

အားလုံးက လုကျိုး၏ တိုက်ပွဲကို ကြည့်ရင်း တိုက်ခိုက်လိုစိတ် ကြီးထွားလာလေသည်။ သူတို့က ထွက်မပြေးရသေးသည့် ပင်လယ်သားရဲများဆီ သွားကာ တိုက်ခိုက်ကြ၏။

ဤသို့ဖြင့် နောက်ထပ် သွေးသံရဲရဲတိုက်ပွဲတစ်ခုက ထပ်မံဖြစ်ပျက်လာသည်။

ရှေးခေတ်အချိန်ကတည်းက လူသားနှင့် ခက်ထန်သားရဲများက ပဋိပက္ခကို မဖြေရှင်းနိုင်ခဲ့ကြပေ။

လူသားများဖြစ်သည့် အထွတ်အထိပ်သက်ရှိများနှင့် သားရဲများက မည်သို့ပင် သဘောတူညီချက်များကို ပြုလုပ်စေကာမူ သဘာဝက ထိုအရာကို ဖျက်ဆီးပစ်ပြီး ပဋိပက္ခက အချိန်ကြာသည်နှင့်အမျှ မြင့်တက်လာလေ့ရှိသည်။ အစပိုင်းတွင် တစ်ဖက်သတ် သတ်ဖြတ်ခြင်းသာ ဖြစ်၏။

ဖန်းလိုင်ဂိုဏ်းသားများ၏ ကျင့်ကြံဆင့်က မမြင့်မားသော်လည်း သူတို့က အားလုံးထက် အလုပ်ကြိုးစားသည်။ သူတို့က သေးငယ်သည့် ပင်လယ်သားရဲများကို သတ်ဖြတ်ခဲ့သည်။ သူတို့၏ အမုန်းတရားနှင့် ဒေါသက အကောင်းဆုံးလုပ်ဖို့ရာအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်၏။

တခြားတစ်ဖက်တွင် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကမူ လုပ်ရမည့်တာဝန်ကို ကောင်းကောင်း သိထားကြလေ၏။ တချို့က အသက်ဓာတ်နှလုံးသားများကို စုဆောင်းပြီး တချို့ကမူ အလောင်းများကြားမှ အသက်ဓာတ်နှလုံးသားများကို ကောက်ယူနေကြသည်။ တချို့ကမူ ကျန်ရှိနေသည့် သားရဲများကို သတ်ဖြတ်ရင်း တချို့ကမူ အဘက်ဘက်သို့ ထွက်ပြေးသွားသည့် အရာများကို ပိတ်ဆို့နေသည်။

“ကောင်းကင်ဝါးမျိုဝေလငါးက ဖြေရှင်းဖို့ မလွယ်ကူဘူးပဲ” ခုံဝမ်က ပြောလိုက်သည်။ သူက လက်ထဲတွင် ဓားမော့တစ်ချောင်းကို ကိုင်ဆောင်ထားပြီး ကောင်းကင်ဝါးမျိုဝေလငါးကို ပိုင်းခုတ်ဖို့ ကြိုးစားလိုက်သော်လည်း ဘယ်နေရာက စရမှန်း မသိပေ။

“မင်းဆီမှာ မွေးဖွားဇယားချပ် ၆ခုနီးပါး ရှိတယ်လေ။ ဒါတောင် အလောင်းကိုတောင် မဖြေရှင်းနိုင်ဘူးလား” ယန်ကျန်းလော့က စနောက်စွာ ပြောလိုက်သည်။

“အဲ့လိုမဟုတ်ပါဘူး” ခုံဝမ်က မလုံမလဲပြောလိုက်၏။ ထို့နောက် သူက ကောင်းကင်ဝါးမျိုရေး ဝေလငါး၏ ခန္ဓာကိုယ်အပေါ် ခုန်တက်သွားလိုက်ပြီး သူ့ဧရာမဓားမော့ကို သိမ်းဆည်းလိုက်သည်။ သူက ထိုအရာ၏ အသက်ဓာတ်နှလုံးသားကို စိတ်အားထက်သန်စွာ ရှာဖွေလိုက်၏။ သူတစ်ယောက်တည်းကသာ မိစ္ဆာဝေဟင်မျှော်နန်းမှ ထိုအလုပ်ကို လုပ်ကိုင်နိုင်သည်။ လက်ရှိနေရာတွင်ရှိသည့်သူများအနက် သူက ခက်ထန်သားရဲများအကြောင်းကို သိထားဆုံးသူ ဖြစ်၏။

ခုံဝမ်ကဲ့သို့ ကျင့်ကြံသူများက ကျင့်ကြံရေးလောက၌ ရှိပေသည်။ သူတို့က ကျင့်ကြံဆင့် မမြင့်မားကြသော်လည်း သူတို့က မိုးမြေကြားတွင်ရှိသည့် ရတနာများ၊ ခက်ထန်သားရဲများနှင့် အသက်ဓာတ်နှလုံးသားများအကြောင်း ကောင်းမွန်စွာ သိထားကြသည်။

ကောင်းကင်ဝါးမျိုဝေလငါး၏ ခန္ဓာကိုယ်က ဧရာမကြီး ဖြစ်သော်လည်း ခုံဝမ်၏ ပိုင်းဖြတ်ခြင်းနှင့်အတူ ထိုအရာ၏ ရင်ဘတ်က စတင်ပွင့်လာသည်။

“ကျစ် အသားက တကယ်ကို ကျစ်နေတာပဲ” ခုံဝမ်က ကောင်းကင်ဝါးမျိုဝေလငါးကို ပိုင်းဖြတ်ရင်း ကျိန်ဆဲလိုက်သည်။

ခဏအကြာတွင် ခုံဝမ်က ကောင်းကင်ဝါးမျိုခြင်းဝေလငါး၏ ခန္ဓာကိုယ်ကို တွင်းတူးသည့် ကြွက်သဖွယ် ရှာဖွေလိုက်သည်။

သူ့ညီအစ်ကိုများကလည်း စွမ်းအင်စည်းတံဆိပ်များကို သုံးကာ ပင်လယ်ရေများအား ထိန်းထားပေးကြသည်။

သူက များစွာ အားစိုက်ထုတ်ပြီးသည့်နောက်တွင် ကောင်းကင်ဝါးမျိုဝေလငါး၏ အသက်ဓာတ်နှလုံးသားကို ရှာဖွေတွေ့ရှိသွားလေ၏။ သူက ဧရာမအသက်ဓာတ်နှလုံးသားများကို သယ်ဆောင်ပြီး ထွက်ပေါ်လာသည်။

ထို့နောက် သူက ပြောလိုက်သည်။

“ရခဲ့ပြီ”

ဤသို့ဖြင့် သူ့ညီအစ်ကိုများကလည်း သူတို့၏ စွမ်းအင်စည်းတံဆိပ်များကို သိမ်းဆည်းလိုက်ကြသည်။

ခုံဝမ်က အသက်ဓာတ်နှလုံးသားများကို ဆေးကြောပြီးသည့်နောက်တွင် လုကျိုးဆီ ပျံသန်းရောက်ရှိလာ၏။

“မျှော်နန်းသခင် အသက်ဓာတ်နှလုံးသား လေးခုကို တွေ့မယ်လို့ ထင်မထားမိဘူး။ သူတို့က နည်းနည်းလေး ကြီးတယ်”

ကောင်းကင်ဘုံက ထိုသို့လုပ်ထားခြင်း ဖြစ်နိုင်သည်။ ခက်ထန်သားရဲများက မည်မျှပင် ကြီးမားစေကာမူ သူတို့၏ အသက်ဓာတ်နှလုံးသားများက လူသား၏ ခေါင်းလောက်သာ ကြီးမားကြ၏။ မည်သို့ပင်ဆိုစေကာမူ ထိုအရွယ်အစားရှိသည့် အသက်ဓာတ်နှလုံးသားဖြင့် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ မလွယ်ကူလှပေ။ အရင်ဆုံးကြာပွင့်ကို ကြီးစေပြီး ထိုဧရာမအသက်ဓာတ်နှလုံးသားကို အသုံးပြုဖို့ ကိစ္စအမျိုးမျိုးကို တောင့်ခံနိုင်ရမည်။

ကောင်းကင်ဝါးမျိုရေး ဝေလငါးက ကြီးမားသည့်အတွက် အသက်ဓာတ်နှလုံးသားက ကြီးနေသည်က အံ့အားသင့်ဖို့ မကောင်းပေ။

လုကျိုးက ခေါင်းညိတ်လိုက်၏။

သိပ်မကြာခင် မိစ္ဆာဝေဟင်မျှော်နန်းမှလူများကလည်း အသက်ဓာတ်နှလုံးသားများကို စုဆောင်းပြီးသွားကြသည်။ သူတို့အတွက် တာဝန်ပြီးမြောက်ဖို့ နှစ်နာရီမျှ ကြာမြင့်ခဲ့၏။

လုလီက ရှင်းလင်းပြီးသည့်နောက်တွင် ပြောလိုက်သည်။

“မျှော်နန်းသခင် ဒီတစ်ကြိမ် ကျွန်တော်တို့တွေ သားရဲဧကရာဇ်ဆီကနေ အသက်ဓာတ်နှလုံးသားလေးခု၊ သားရဲဘုရင်ဆီက အသက်ဓာတ်နှလုံးသား ၆ခု၊ အဆင့်မြင့် အသက်ဓာတ်နှလုံးသား ၁၀ခု၊ အလယ်အလတ် အသက်ဓာတ်နှလုံးသား ၄၂ခုနဲ့ အဆင့်နိမ့် အသက်ဓာတ်နှလုံးသား ၁၅၅ ခု ရလိုက်ပါတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ဆီမှာ ကျန်တဲ့ သားရဲငယ်တွေဆီကနေ သာမန်အသက်ဓာတ်နှလုံးသား ၈၀၀ နီးပါးလည်း ရလိုက်သေးတယ်”

ထိုအရေအတွက်ကို ကြားကာ အားလုံးက ပါးစပ်အဟောင်းသား ဖြစ်သွားကြလေ၏။

ချင်နိုင်ဟယ်ကိုယ်တိုင်ကပင် ဤသို့များပြားလှသည့် အသက်ဓာတ်နှလုံးသားများကို မမြင်တွေ့ခဲ့ဖူးပေ။ ချင်မျိုးနွယ်၏ ဆရာသခင်ဖြစ်သည့် ချင်ရန်ယွဲ့က အင်မတန် အားကောင်းလှ၏။ သို့သော်လည်း သူက ထိုသားရဲဧကရာဇ်များကို အနိုင်ပိုင်းနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပေ။

ခုံဝမ်က ရယ်မောလိုက်၏။

“ကျုပ်တို့တွေ ချက်ကောင်းမိတာပဲ”

“အဲ့လိုတွေ ပြောမနေနဲ့ဦး” ယန်ကျန်းလော့က မျက်လုံးမှိတ်ကာ ပြောလိုက်သည်။

ခုံဝမ်က ရယ်မောလိုက်၏။

“ခင်ဗျားက ဘယ်လက်ရုံးယန်လေ။ ကျုပ်က ပြောမိလို့လေ မတတ်နိုင်ဘူး”

ခုံဝမ်နှင့် သူ့ညီအစ်ကိုများက အပျော်ရွှင်ဆုံးနှင့် စိတ်လှုပ်ရှားဆုံး ဖြစ်နေကြလေသည်။ သူတို့က အချိန်အတော်ကြာ အသက်ကို စွန့်စားပြီး ရတနာများကို ရှာဖွေရင်းဖြင့် ရှင်သန်ဖို့ ကြိုးစားခဲ့ရသည်။ အတိတ်တွင် သူတို့က ထိုသို့များပြားလှသည့် ရတနာမျိုးကို အိပ်မက်ပင် မမက်ရဲကြပေ။

လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“သူတို့ကို ကောင်းကောင်းသိမ်းထားလိုက်”

“ဟုတ်ကဲ့”

ခုံဝမ်နှင့် သူ့ညီအစ်ကိုများက မဟာဆရာသခင်တစ်ယောက်နောက်လိုက်သည်က အမှန်တကယ် ကောင်းကြောင်း တွေးမိသွား၏။ သူတို့က ကောင်းမွန်စွာ နေရပြီး သက်သောင့်သက်သာ ဘဝ၌ နေထိုင်နိုင်ကြသည်။

တိုက်ပွဲ၏ ဆုလာဘ်များကို သိမ်းဆည်းပြီးသည့်နောက်တွင် အားလုံးက ကောင်းကင်အထက် ပျံသန်းလိုက်ကြ၏။

အမျိုးသမီးဟွမ်းနှင့် ဖန်းလိုင်ဂိုဏ်းမှ တပည့်များက သိပ်မပျော်ရွှင်နိုင်ကြတော့ပေ။ လူများစွာက သေဆုံးသွားကြပြီး ဖန်းလိုင်ကျွန်းကလည်း နစ်မြုပ်သွားခဲ့သည်။ သူတို့က ပင်လယ်ထဲတွင် ရှိသည့် ပင်လယ်သားရဲများကို သတ်ရမည်ဆိုလျှင်ပင် သူတို့ဆုံးရှုံးသွားနိုင်သည့် အရာကို ပြန်လည်ရနိုင်မည် မဟုတ်ပေ။

………………………..

ဖန်းလိုင်ကျွန်း၌

ပင်လယ်သားရဲများက ထွက်သွားပြီဖြစ်သည့်အတွက် အလောင်းများကလည်း ပင်လယ်ရေမျက်နှာပြင်အောက် နစ်မြုပ်သွားလေသည်။ ပင်လယ်ရေမျက်နှာပြင်ကလည်း သိသာစွာ လျော့ကျသွားပြီး နစ်မြုပ်သွားသည့် ကျွန်းများ ပြန်လည်ပေါ်ထွက်လာသည်။

အမျိုးသမီးဟွမ်းနှင့် ဖန်းလိုင်ဂိုဏ်းမှ တပည့်များက သက်ပြင်းချလိုက်ပြီး တစ်ခါက သူတို့အိမ်ဖြစ်ခဲ့ဖူးသည့်နေရာကို ကြည့်လိုက်ကြသည်။

လုကျိုးက ပြောလိုက်၏။

“အသက်ရှင်နေသရွေ့ အိမ်ဆိုတာ ဆောက်လို့ရပါတယ်။ ဘာမှသက်ပြင်းချနေဖို့ မလိုဘူး”

အမျိုးသမီးဟွမ်းက ပြောလိုက်သည်။

“ဖန်းလိုင်ကျွန်းက မိစ္ဆာဝေဟင်မျှော်နန်းလိုမျိုးမဟုတ်ဘူး။ ကြာလာတာနဲ့အမျှ လူတွေက ပြောင်းလဲသွားတယ်။ ဖန်းလိုင်ကျွန်းက တာ့ယန်ထဲမှာ နဂိုလေးစားဖို့ကောင်းတဲ့ ဂုဏ်ကျက်သရေကို ပြန်လည်မရယူနိုင်လောက်တော့ဘူး”

“စွမ်းအားက ကြီးမားလေလေ စွမ်းဆောင်ရည်က ပိုမိုကြီးမားလာလေလေပဲ” လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်သည်။

အမျိုးသမီးဟွမ်းက ခေါင်းညိတ်လိုက်၏။

ဖန်းလိုင်ကျွန်းက မိစ္ဆာဝေဟင်မျှော်နန်းနှင့် နှစ်များစွာ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားနိုင်သည့်အတွက် ဖန်းလိုင်ကျွန်းက ကောင်းမွန်သည်ဟု ဆိုနိုင်ပေသည်။ သို့သော်လည်း မိစ္ဆာဝေဟင်မျှော်နန်းက မိစ္ဆာဝေဟင်မျှော်နန်းသာဖြစ်ပြီး ဖန်းလိုင်ကျွန်းက ဖန်းလိုင်ကျွန်းသာ ဖြစ်ပေသည်။ သူတို့၏ ဆက်ဆံရေးက မည်မျှပင် ကောင်းစေကာမူ တစ်ဦးအပေါ် မှီခိုရမည်ဆိုသည့်အခါ ကွဲပြားသွားလေ၏။ ယခု ဖန်းလိုင်ကျွန်းက နစ်မြုပ်သွားပြီဖြစ်သည့်အတွက် အမျိုးသမီးဟွမ်းက ကိစ္စများစွာကို စိုးရိမ်လာမိသည်။

ခဏအကြာတွင် အမျိုးသမီးဟွမ်းက ပြောလိုက်၏။

“မျှော်နန်းသခင်ကျိရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်”

ဖန်းလိုင်ဂိုဏ်းမှ တပည့်များကလည်း လုကျိုးထံ ဦးညွှတ်လိုက်ကြသည်။

ထိုစဉ် ယွီကျန့်ဟိုင်က လှမ်းခေါ်ကာ လုကျိုးအား သတိပေးလိုက်သည်။

“ရှစ်စွင်း ကျွန်တော်တို့ သွားရမဲ့ အချိန်ကျပြီ”

ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် လုကျိုးက ပြောလိုက်သည်။

“ယန်ကျန်းလော့၊ လုလီ၊ ခုံဝမ်နဲ့ မင်းတို့အားလုံးက ဒီမှာနေပြီးတော့ ဖန်းလိုင်ကျွန်းကို ကူညီပေးကြ”

“ဟုတ်ကဲ့ပါ”

ခုံဝမ်နှင့် သူ့ညီအစ်ကိုများက စိတ်သက်သာရာရသွားကြလေသည်။ သူတို့က တိုက်ခိုက်ရသည်ကို မကြိုက်ကြပေ။ သူတို့က အသက်ဓာတ်နှလုံးသားများကို ပိုမိုရှာဖွေလိုမိ၏။ ဤသည်က သူတို့အတွက် ပိုမိုစိတ်ဝင်စားဖို့ကောင်းသည်။

“ကျန်တဲ့သူအားလုံးက ငါနဲ့အတူ ငြိမ်းချမ်းရေးတောင်ဆီ လိုက်ခဲ့ကြ”

“ဟုတ်ကဲ့”

………………………………..

ငြိမ်းချမ်းရေးတောင်

နေရောင်၏ အလင်းတန်းက သွေးရောင်လိုမျိုး ဖြစ်နေသည်။

စီးဝူယာ့၊ ဟွမ်းရှစ်ကျဲ၊ လီကျင်းယီနှင့် ကျန်းအိုက်ကျန့်တို့က ငြိမ်းချမ်းရေးတောင်ဆီ ခပ်နိမ့်နိမ့် ပျံသန်းလာကြ၏။

ကျန်းအိုက်ကျန့်က ပြောလိုက်၏။

“အဝေးတစ်နေရာမှ ကြည့်ရင် သေးသလိုဖြစ်ပေမဲ့ ဒီလောက်ကြီး ကြီးလိမ့်မယ်လို့ မထင်မှတ်ထားဘူး။ ငါတို့တွေ နေ့တစ်ဝက်တောင် ပျံသန်းလာပေမဲ့ အခုထိ နားရမဲ့နေရာတောင် မတွေ့သေးဘူး”

ကောင်းကင်က မှောင်သွားတော့မည်ဖြစ်ကာ သူတို့က တတ်နိုင်သမျှမြန်မြန် အနားယူရတော့မည့်နေရာကို ရှာဖွေဖို့ လိုအပ်နေသည်။

သူတို့က ငြိမ်းချမ်းရေးတောင်ဆီ ရောက်လာစဉ်အခါက ကောင်းကင်လွန်းကို သိမ်းဆည်းပြီး တောင်ဆီ စတင်ပျံသန်းလာကြသည်။

ငြိမ်းချမ်းရေးတောင်က သူတို့ထင်ထားသည်ထက် ပိုမိုကြီးမားနေလေ၏။ ငြိမ်းချမ်းတောင်ပေါ်တွင် ထူးဆန်းကာ မတ်စောက်သည့် ကျောက်တုံးများရှိနေပြီး သစ်ပင်ဟူ၍ မရှိပေ။ ဤသည်က ပျံသန်းလာပြီးသည့်နောက်တွင် ပထမဦးဆုံးထင်မြင်ချက်က လူသူကင်းမဲ့နေသည့် နေရာတစ်ခုဟူ၍သာ ဖြစ်၏။

“အဲဒါက ဘာလဲ” ကျန်းအိုက်ကျန့်က အနီးနားတွင်းတစ်ခုကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

စီးဝူယာ့က လှမ်းကြည့်လိုက်၏။

“ကြည့်ရတာ ခြောက်ကပ်သွားတဲ့ ရေတွင်းထင်တယ်”

“ဒီလိုမျိုး ရေတွင်းက ဘယ်လိုလုပ်ရှိမှာလဲ” ကျန်းအိုက်ကျန့်က ခေါင်းယမ်းလိုက်ပြီး စီးဝူယာ့၏ အပြောကို သဘောမတူပေ။

“အဲဒါက ရေတွင်းနဲ့ မတူဘူး။ တည်ဆောက်ထားပုံက အတော်လေး ရှုပ်ထွေးတယ်။ ဒါပေမဲ့ ဆက်သွားကြရအောင်”

သူက အဝေးတစ်နေရာဆီ ပျံသန်းသွားပြီးသည့်နောက်တွင် နောက်ထပ် ရေတွင်းတစ်ခုကို မြင်လိုက်ရသည်။ သူတို့က အနီးကပ်သွားကြည့်သည့်အခါ စိတ်ရှုပ်ထွေးသွားကြ၏။ သို့သော်လည်း သူတို့က ဘာမှမူမမှန်သည့်အရာ မတွေ့ရသည့်အတွက် ဆက်လက် ပျံသန်းသွားလိုက်ကြသည်။

…………………………………

တစ်နာရီခန့်ကြာမြင့်ပြီးသည့်နောက်တွင် နေဝင်သွားပြီး အမှောင်ထုက ကျဆင်းလာ၏။

“နောက်ထပ် အနက်ရောင်ရေတွင်းတစ်ခုပဲ။ ငါတို့တွေ ဘယ်နှစ်ခုတောင် မြင်ပြီးသွားပြီလဲ။ ဒါက ၅ခုမြောက်မလား။ တကယ်လို့ အဲဒါက ဧရာမပျားအုံဖြစ်နေရင် ဘယ်လိုလုပ်မလဲ” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

ဟွမ်းရှစ်ကျဲက ကျန်းအိုက်ကျန့်ကို စိုက်ကြည့်ကာ ပြောလိုက်၏။

“မင်း တကယ်ကို လေပေါတာပဲ”

လီကျင်းယီက ပြုံးကာ ပြောလိုက်၏။

“တကယ်လို့ အဲ့လိုစဉ်းစားတယ်ဆိုရင်တော့ ဒါက ပျားအုံနဲ့တော့ မတူပါဘူး။ ကျွန်မ သေချာရေတွက်ပြီးသွားပြီ။ ကျွန်မတို့ ရေတွင်း ၆ခုကို ဖြတ်လာတာ။ ကျွန်မသာ မမှားဘူးဆိုရင် နောက်ထပ် ဆယ်မိုင်အကွာမှာ နောက်တစ်ခု ရှိလိမ့်မယ်။ ပြီးတော့ ထပ်ပြီး ထပ်ပြီး ရှိနေဦးမယ်လို့ ထင်တယ်”

စီးဝူယာ့က အတွေးနက်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။

ကျန်းအိုက်ကျန်းက အသံတိုးတိုးဖြင့် မေးလိုက်၏။

“မင်းက ဒီနေရာအကြောင်း အိပ်မက်မက်ဖူးတယ်လို့ ပြောတာမဟုတ်ဘူးလား။ ငါတို့ကို ဘာလို့ဘာမှမပြောတာလဲ”

“အိပ်မက်မက်တဲ့အခါမှာ မင်း အားလုံးကို မှတ်မိလို့လား” စီးဝူယာ့က ပြန်ပြီးမေးလိုက်သည်။

ကျန်းအိုက်ကျန့်က ခေါင်းငုံ့လိုက်၏။

“မမှတ်မိဘူးပဲ”

“အဲဒါဆိုရင် အဲဒီမှာ အဖြေရပြီလေ”

“…”

ထိုစဉ် ဟွမ်းရှစ်ကျဲက ရှေ့တိုးလာလေသည်။

“သတိထား”

လေက ခပ်ပြင်းပြင်း တိုက်ခတ်သွားလေ၏။ ညလေက နေ့လေပြေနှင့် ယှဉ်လိုက်သည့်အခါ ပိုမိုအားပြင်းလှသည်။ ထိုအရာက ဆက်လက် တိုက်ခတ်နေပြီး သဲမုန်တိုင်းတစ်ခုလိုမျိုး စတင်ဖြစ်ပေါ်လာသည်။

“ရှေ့မှာ တစ်ခုခုရှိနေတဲ့ပုံပဲ”

မီတာတစ်ရာဝန်းကျင်အကွာတွင် ခပ်ဖျော့ဖျော့ပုံရိပ်တစ်ခုကို မြင်တွေ့နိုင်သည်။ ထိုအရာက အတော်လေး ရှည်လျား၏။

စီးဝူယာ့က မျက်မှောင်ကြုတ်ပြီး ပျံသန်းသွားလိုက်သည်။

တခြားသုံးယောက်က သူ့နောက်မှ လိုက်ပါသွားကြ၏။

သူတို့က ထိုအရာ၏ ရှေ့သို့ ရောက်ရှိလာသည့်အခါ အံ့အားသင့်သွားကြလေသည်။ ထိုအရာက ပေတစ်ထောင်မြင့်မားသည့် အရိုးခြောက်ကြီး ဖြစ်၏။ အရိုးခြောက်က တင်ပျဉ်ခွေထိုင်နေပြီး လက်ကိုဒူးပေါ်တင်လျက် ရှိနေသည်။ ထိုအရာ၏ ကျောက မတ်မတ်ဖြစ်နေပြီး ခေါင်းက ငိုက်စိုက်ဖြစ်နေသည်။

“အဲဒါက လူသားလား” ကျန်းအိုက်ကျန့်က မေးလိုက်သည်။

ထိုအရာက လူ့အရိုးခြောက်နှင့် အတော်လေး ဆင်တူ၏။

“လူသားက ဘယ်လိုလုပ် အဲ့လောက်ကြီးမှာလဲ” ဟွမ်းရှစ်ကျဲက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ခက်ထန်သားရဲများအတွက် ပေတစ်ထောင် မြင့်မားဖို့က မထူးဆန်းသော်လည်း ပေတစ်ထောင်မြင့်မားသည့်လူသားဟူ၍မကြားဖူးပေ။

စီးဝူယာ့က ခေါင်းညိတ်လိုက်သည်။ သူက အရိုးခြောက်ကို သေသေချာချာ လေ့လာကြည့်လိုက်၏။ အရွယ်အစားအပြင် ထိုအရိုးခြောက်က လူသားတစ်ယောက် ဖြစ်ကြောင်း သံသယမရှိပေ။

အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် သူက အရိုးခြောက်ဝန်းကျင်တွင် ပြန့်ကျဲနေသည့် အရိုးခြောက်ငယ်လေးများကို အာရုံစိုက်လိုက်သည်။ ထို့နောက် သူက ထပ်မံ ပျံသန်းသွားပြီးသည့်နောက်တွင် ထိုအရိုးခြောက်နှင့် တစ်မီတာအကွာတွင် ရပ်တန့်လိုက်သည်။ ထိုစဉ် သူက ထိုအရိုးခြောက်၏ ရှေ့ဦးခေါင်းခွံပေါ်တွင် ရေးထွင်းထားသည့် မီးတောက်ဟူသော သင်္ကေတကို မြင်လိုက်ရသည်။

စီး၀ူယာ့က လက်ဝှေ့ယမ်းပြီး ဖုန်များကို ကင်းရှင်းလိုက်၏။ မီးတောက်ဟူသည့် သင်္ကေတက အနက်ရောင်ဖြစ်နေပြီး နဂိုအရောင်ကိုမူ မပြောနိုင်ပေ။

“နောက်မှာ တစ်ခုခုရှိနေတယ်” ကျန်းအိုက်ကျန့်က အော်ပြောလိုက်သည်။ ထိုစဉ် သူက စီးဝူယာ့အနား ရောက်ရှိလာကာ ရေရွတ်လိုက်၏။

“လူသေ မြှုပ်ထားတဲ့ မြေအောက်လိုဏ်ဂူလား”

“မြေအောက်လိုဏ်ဂူတဲ့လား” စီးဝူယာ့က ခေါင်းရှုပ်သွားလေသည်။

“အဲဒီအရင်က တွေ့ဖူးထားတဲ့ ရေတွင်းတွေလိုမျိုးပဲ။ ဒီတစ်ခေါက်က ပိုပြီးကြီးတယ်။ သူက မြေအောက်လိုဏ်ဂူ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ အဝင်ဝကိုတော့ စည်းပိတ်ထားတဲ့ပုံပဲ” လီကျင်းယီက ရှင်းပြလိုက်သည်။

စီးဝူယာ့က အပြေးအလွှားသွားကာ မြေအောက်လိုဏ်ခေါင်းထံ အဝင်ဝနှင့်တူသည့် ကျောက်တံခါးတစ်ခုကို မြင်လိုက်ရသည်။

ကျန်းအိုက်ကျန့်က ခေါင်းယမ်းပြီး ပြောလိုက်သည်။

“ဒါက ငါ့ရဲ့ ပုံစံနဲ့တော့ မကိုက်ညီဘူး။ ငါ ထွက်သွားချင်ပြီ။ ငါ လက်ထပ်ချင်သေးတယ်”

“…”

စီးဝူယာ့က ကျန်းအိုက်ကျန့်ကို လျစ်လျူရှုထားလေသည်။ ထိုအစား သူက ရှေ့တိုးကာ တံခါးပေါ်မှ စာလုံးများကို လေ့လာကြည့်လိုက်၏။

“တောင်ဖက်မှာ ချီသုံးမျှင်၊ အနီရောင်နတ်ဘုရားနန်းဆောင်၊ မီးစီရင်စု၊ တောင်ဖက်ရဲ့ အရှေ့ရေတွင်းရဲ့ ကြယ်စင် ၈ခု၊ ကောင်းကင်ဘုံ တောင်ဘက်ဂိတ်”

နောက်တွင်ရေးထွင်းထားသည့် စကားလုံးများက အချိန်ကာလကြာမြင့်မှုကြောင့် မမြင်ရတော့ပေ။

“အဲဒါက ဘာကိုပြောတာလဲ” ဟွမ်းရှစ်ကျဲက စိတ်ရှုပ်ထွေးသွားလေ၏။

စီးဝူယာ့က ပြောလိုက်သည်။

“ကျုပ်လည်း သေချာမသိဘူး။ အရင်ဆုံး တစ်ချက်လောက် ကြည့်ကြည့်ရအောင်။ တကယ်လို့ ကြောက်တယ်ဆိုရင် အပြင်ဘက်မှာ စောင့်လို့ရတယ်”

စီးဝူယာ့က တံခါးကို တွန်းဖွင့်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း နည်းနည်းလေးမှပင် မလှုပ်ပေ။ တခြားသူများနှင့် ယှဉ်ပါက သူသည် ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာ၌ အားသုံးရသည်ကို သဘောကျသည့်သူ မဟုတ်ပေ။ ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး အစီအရင်၏ သဲလွန်စကို ရှာဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ဘာမှမတွေ့ရပေ။

“အဲဒါက မပွင့်ဘူးလား။ မင်း မဖွင့်နိုင်လည်း ထားလိုက်ပါတော့။ အဲဒါက မှောင်မည်းနေတာ။ အထဲမှာ ပိုပြီးတော့တောင် မှောင်မည်းနေဦးမယ်” ကျန်းအိုက်ကျန့်က ပြုံးကာ ပြောလိုက်သည်။

စီးဝူယာ့က ပျံသန်းပြီးသည့်နောက်တွင် ဘေးပတ်လည်ကို ရပ်တန့်ပြီးသည့်နောက်တွင် နဂိုနေရာသို့ ရောက်ရှိသွားသည်။ ထို့နောက် သူက ပြောလိုက်၏။

“အဲဒါက မြေအောက်နန်းဆောင်တစ်ခုလို့ ထင်တယ်”

“မြေအောက်နန်းဆောင်ဆိုတာ ဘယ်လိုလုပ် သိလဲ”

“မျက်လုံးနဲ့ ကြည့်လိုက်တာပေါ့” စီးဝူယာ့က ပြန်ပြောလိုက်သည်။ ထို့နောက် သူက ဧရာမအရိုးခြောက်၏ ဦးခေါင်းခွံရှေ့ ထူးဆန်းသည့် အနီရောင်အလင်းတန်းကို မြင်တွေ့လိုက်ရသည်။ ထိုအရာက ခေတ္တမျှသာ ကြာမြင့်သော်လည်း သူက အရိုးခြောက်ဆီ လက်ကို ဆန့်ထုတ်လိုက်သည်။

ထိုစဉ် မီးတောက်သင်္ကေတက အနီရောင်ဖြင့် တောက်ပလာလေ၏။

ဝှစ်

ဧရာမအရိုးခြောက်ကြီးက ရုတ်ခြည်း လက်မြှောက်လာလေသည်။

စီးဝူယာ့က ပျံသန်းကာ တိုက်ကွက်ကို ရှောင်ရှားလိုက်၏။

ဟွမ်းရှစ်ကျဲ၊ ကျန်းအိုက်ကျန့်နှင့် လီကျင်းယီတို့ကလည်း အလျင်အမြန် နောက်ဆုတ်လိုက်ကြသည်။

အရိုးခြောက်က လက်ကို ထပ်မံဝှေ့ယမ်းလိုက်သည်။

ဝှစ်

စီးဝူယာ့က ဆက်တိုက် ရှောင်ရှားနေပြီး အရိုးခြောက်မှ ဖုန်များကို မှုတ်ထုတ်နေသည်။

မကြာခင် အနီရောင်စာလုံးက အရိုးခြောက်ပေါ်၌ လင်းလက်လာလေ၏။ သူတို့က အရိုးခြောက်၏ အစိတ်အပိုင်းတိုင်းကို ဆက်သွယ်ပေးထားလေသည်။

“အဲဒါက ဘာကြီးလဲ” ကျန်းအိုက်ကျန့်က မေးလိုက်သည်။

“ရှောင်ကြ” စီးဝူယာ့က ရှေ့နောက် ပျံသန်းနေရင်း ပြောလိုက်သည်။

ဘန်း

အရိုးခြောက်က လက်နှစ်ဖက်အား ပူးကပ်ကာ စီးဝူယာ့အား ဖမ်းဆီးဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုအရာက လွင့်ထွက်သွားပြီး လက်ဝါးပူးကပ်သွားသည်။ ထို့နောက် ကျောက်တံခါးက ဖြည်းဖြည်းချင်း ပွင့်သွားလေသည်။

စီးဝူယာ့က မြေပြင်ပေါ် ရောက်ရှိလာပြီး အရိုးခြောက်က လှုပ်ရှားမှုကင်းမဲ့နေသည်ကို အတည်ပြုပြီးသည့်နောက်တွင် သူက ပြောလိုက်သည်။

“ကျုပ်နောက်ကို လိုက်ခဲ့ကြ”

ကျန်းအိုက်ကျန့်က စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။

“အဲ့လိုလုပ်ရမယ်ဆိုတာ ဘယ်လိုလုပ်သိလဲ”

“အိပ်မက်မက်ထားတာ” စီးဝူယာ့က ပြန်ဖြေလိုက်သည်။

“မင်း ငါ့ရဲ့ဉာဏ်ရည်ကို ထပ်ပြီး စော်ကားမယ်ဆိုရင် ငါ ချက်ချင်း ထွက်သွားမယ်” ကျန်းအိုက်ကျန့်က စီးဝူယာ့နောက် လိုက်သွားရင်း ပြောလိုက်သည်။

“အဲ့ဒါဆိုလည်း ထွက်သွားလေ” စီးဝူယာ့က ပြန်လည်ချေပလိုက်သည်။

ကျန်းအိုက်ကျန့်က မှောင်မည်းနေသည့် ကောင်းကင်ယံနှင့် ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ ပြောလိုက်၏။

“အဲဒါဆိုလည်း ဆက်ပြီးတော့ပဲ ငါ့ရဲ့ ဉာဏ်ရည်ကို ထပ်ပြီးတော့ပဲ ပြောလိုက်ပါတော့”

စီးဝူယာ့က ကျောက်တံခါးအတွင်း ဝင်ရောက်သွားလေသည်။

အတိအကျပြောရမည်ဆိုလျှင် ထိုအရာက ဘဲဥသဏ္ဌာန် သုံးဖက်မြင် အာကာပြင်တစ်ခု ဖြစ်၏။

သူတို့က မြေအောက်နန်းဆောင်အတွင်း ဝင်ရောက်သွားသည့်အခါ ကျန်းအိုက်ကျန့်က သူ မြင်လိုက်ရသည့်အရာကြောင့် အံ့အားသင့်သွားလေသည်။ နံရံပေါ်တွင် ဓားမျိုးစုံ ချိတ်ဆွဲထားလေ၏။ ဓားရှည်၊ ဓားတိုနှင့် ဓားဟု မှတ်ယူနိုင်သည့်အရာအားလုံးပါရှိနေသည်။

ကျန်းအိုက်ကျန့်က ထိုဓားများကို ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်သည်။ ထိုမြင်ကွင်းက သူ့အကြောက်တရားကို ချက်ချင်း ဖယ်ရှားပေးလိုက်၏။ သူက နေရာတစ်ခုဆီသွားကာ ဓားများကို သေချာကြည့်လိုက်သည်။

ထိုနေရာတွင် ဓားအိမ်နှင့် ဓားမျိုးစုံကို မြင်တွေ့နိုင်လေ၏။ ဓားထောင်ချီကို ဤမြေအောက်နန်းဆောင်အတွင်း အချိန်အတော်ကြာ မြှုပ်နှံထားသော်လည်း သူတို့က သူတို့၏ တောက်ပမှုနှင့် ဆွဲဆောင်မှုတို့က ပျောက်ဆုံးသွားခြင်းမရှိပေ။

မြေအောက်က သူတို့အထက်က သလင်းကျောက်ကြောင့် မှေးမှိန်စွာ တောက်ပနေသည်။ အလင်းတန်းက ဓားသွားကို ရောင်ပြန်ဟပ်စေ၏။

“ရတနာ ရှာတွေ့ပြီ” ဟွမ်းရှစ်ကျဲက မြေပြင်ပေါ်တွင်ရှိနေသည့် ရွှေ၊ ငွေ၊ ရတနာ၊ ကျောက်စိမ်း၊ ညပုလဲနှင့် ရတနာမျိုးစုံကို ကြည့်ကာ ပြောလိုက်သည်။

ဤသည်က ဓားများသာပင် မကပေ။ ဓားမော့၊ လှံ၊ တုတ်၊ ပုဆိန်လှံရှည်အစရှိသည့် လက်နက်မျိုးစုံလည်း ရှိလေ၏။ သူတို့အားလုံးက အကောင်းအတိုင်း ဖြစ်နေလေသည်။ တစ်ခုချင်းစီက ရတနာဖြစ်၏။ အနိမ့်ဆုံးအဆင့်ကပင် မြေကမ္ဘာအဆင့် ဖြစ်သည်။

စီးဝူယာ့က ဟွမ်းရှစ်ကျဲအနား ရောက်လာကာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးတောင်မှာ ဘာလို့ ရတနာတွေ ရှိနေတာလဲ။ ကျင့်ကြံသူတွေက သာမာန်ပစ္စည်းတွေနောက်ကို လိုက်ဖို့ လက်လျှော့ပြီးသွားပြီ။ ဒီဟာတွေရဲ့ အသုံးပြုမှုက ဘာလဲ”

စီးဝူယာ့က ထိုအရာများကို စိတ်မဝင်စားပေ။ သူက ခြေဖျားအသာထောက်ကာ အနက်ပိုင်းထဲ ဝင်ရောက်လိုက်၏။ ထို့နောက် သူက အံ့အားသင့်ဖွယ် ပစ္စည်းတစ်ခုကို မြင်လိုက်ရသည်။ သူက တိုက်ခိုက်ဖို့ရာ အဆင်သင့်ဖြစ်နေဟန်ပေါ်သည့် တောင်ပံများကို ရုတ်သိမ်းထားသော ခပ်မြင့်မြင့်ရုပ်ထုတစ်ခုကို မြင်လိုက်ရသည်။

စီးဝူယာ့က တောင်ပံအလယ်ကို အကြည့်ရောက်သွားလေ၏။ သူက ခက်ထန်သားရဲတချို့ကို မြင်ရလိမ့်မည်ဟု ထင်မထားခဲ့သော်လည်း ထိုတောင်ပံများက လူတစ်ယောက်၏ အပိုင်ဖြစ်နေကြောင်း သိသည့်အခါ သူ့မှန်းဆချက်နှင့် လွဲချော်သွားလေသည်။

...

အခန်း (၁၃၈၃) မီးဒေဝါ

ရုပ်ထုသည် အရည်အချင်းမြင့်မားသည့် ပန်းပုဆရာ၏လက်ရာကဲ့သို့ပင် ရှင်းလင်းနေသည်။ ၎င်းက လူသားတစ်ယောက်အပေါ် အင်္ဂတေတစ်လွှားလောင်းထားသလိုပင်။

ရုပ်တု၏မျက်လုံးများက အနည်းငယ်မှိတ်နေလျက် လက်နှစ်ဖက်ချထားသည်။ ၎င်း၏ပခုံးက ပြန့်ကျယ်ပေ၏။ ၎င်းကိုယ်ပေါ်၏ဘေးတစ်ဖက်တစ်ချက်ပေါ်ရှိ လမ်းကြောင်းက ကျဉ်းမြောင်းပြီး စတုရန်းဖြစ်သည်။

စီးဝူယာ့က မှင်တက်နေပြီးနောက် သူ့ကိုယ်သူ သတိဝင်စေရန် ခေါင်းခါလိုက်၏။ သူ ဆင်ခြင်တုံတရားရှိရှိစဉ်းစားရမည်။ သူ စတင်မရှာဖွေခင် ဘယ်ညာကြည့်လိုက်လေ၏။ သူ ရုပ်တုတဝိုက်ကြည့်လိုက်သော်ငြား သတိပြုစရာဘာမှမတွေ့လောက်ပေ။

ထိုစဉ် ကျန်းအိုက်ကျန့်သည် နောက်ဆုံး၌ရောက်လာပြီး ရုပ်တုကို တွေ့သွားလေ၏။ သူ ထိတ်လန့်လွန်းသဖြင့် အချိန်အတော်ကြာအောင် ပါးစပ်မစေ့နိုင်ဖြစ်သွားသည်။ သူ မြင်ခဲ့ဖူးသည့်ရတနာများထက်တောင် ပိုပြီးထိတ်လန့်ဖွယ်ကောင်းပေ၏။

“ဒါ ဘာလဲ” ကျန်းအိုက်ကျန့်၏ ထုတ်ဖော်ပြောကြားသံက ဝမ်ရှစ်ကျဲနှင့် လီကျင်းယီကို အံ့ဩသွားစေ၏။ သူတို့ရုပ်တုကိုမြင်သောအခါ အထင်ကြီးသွားကြသည်။ ထိုကဲ့သို့ရုပ်တုမျိုး တစ်ခါမှမတွေ့ခဲ့ဖူးပေ။ ထို့ကြောင့် မည်သို့သောရုပ်တု ဖြစ်မည်မှန်း သူတို့မသိကြချေ။

တောက်လောင်နေသော မျက်ဝန်းသုံးစုံက ဖြေရှင်းချက်အတွက် စီးဝူယာ့ကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။

စီးဝူယာ့က အပေါ်အောက်ဘယ်ညာကြည့်လိုက်၏။ ပြီးနောက် သူက ခေါင်းခါကာ ပြောလိုက်တော့သည်။ “ကျုပ် မသိဘူးပြောရင် ခင်ဗျားတို့ယုံမှာလား”

“ယုံတယ်” သူတို့သုံးယောက်က တုန့်ဆိုင်းခြင်းမရှိ တညီတညွတ်တည်းပြန်ပြောလိုက်၏။

“…”

ကြည့်ရတာ ငါ့ကိုယ်ငါ အထင်ကြီးလွန်းတဲ့ပုံပဲ။

စီးဝူယာ့က သက်ပြင်းချလိုက်၏။ “ငြိမ်းချမ်းရေးငှက်၊ ငြိမ်းချမ်းရေးတောင် ဒါက ငြိမ်းချမ်းရေးငှက်ကျက်စားရာ နေရာဖြစ်မယ်”

စီးဝူယာ့သည် သူ အဖြူရောင်မျှော်စင်အဖွဲ့အစည်း၌ သူ ငြိမ်းချမ်းရေးငှက်ကို တွေ့စဉ်အချိန်ကို မှတ်မိသေးသည်။ ငြိမ်းချမ်းရေးငှက်က သူ့ကိုကြည့်ချိန်တွင် ၎င်း၏မျက်လုံးထဲ အလင်းတန်းလှစ်ခနဲပေါ်ခဲ့ကြောင်း မည်သူမှမသိပေ။ ၎င်း၏အမြင်တွင် သူက အဆုံးမဲ့သမုဒ္ဒရာထဲရှိ အထီးကျန်ကျွန်းတစ်ကျွန်း၏ပုံရိပ်ကို မြင်ခဲ့ရသည်။

သူ ကောင်းကင်သိုင်းကျောင်းတော်သို့ပြန်လာစဉ် ရှေးစာအုပ်များစွာကို စူးစမ်းခဲ့၏။ ရှာတွေ့သော်အခါ သူသည် အနက်ရောင်ကြာနယ်မြေနှင့် အဖြူရောင်ကြာနယ်မြေထဲရှိ ဆိုင်ရာတော်ဝင်နန်းတော်ထဲရှိ ရှေးစာအုပ်ကိုရှာဖို့ လူတိုင်းကိုအကူအညီတောင် တောင်းခဲ့သေး၏။ သူ သဲလွန်စတချို့ရှာဖွေရန်လိုအပ်နေသေးသည်။

“ငြိမ်းချမ်းရေး နတ်ငှက်လား။ ဒါက ငြိမ်းချမ်းရေးနတ်ငှက်ဖြစ်ခဲ့တာလား” ကျန်းအိုက်ကျန့်က အထိတ်တလန့်မေးလိုက်သည်။

စီးဝူယာ့က ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး”

“ဒီတော့ ငြိမ်းချမ်းရေးနတ်ငှက်ရဲ့အသိုက်ဖြစ်ခဲ့ဖူးတာ။ ဒါပေမဲ့ ငြိမ်းချမ်းရေးနတ်ငှက်တော့ မဟုတ်ဘူး။ အွန်း … ဒီရုပ်တုက ငှက်လူသား” ကျန်းအိုက်ကျန့်သည် ရုပ်တုနှင့်၎င်း၏တောင်ပံကိုကြည့်ကာ ပြောလိုက်တော့သည်။

“…”

စီးဝူယာ့က ဆွံ့အသွား၏။

ကျန်းအိုက်ကျန့်က စီးဝူယာ့ကို တံတောင်ဖြင့်အသာတွတ်လျက် ပြောလိုက်တော့၏။

“သူ့ရဲ့တောင်ပံဖြန့်ချထားပုံက မင်းရဲ့တောင်ပံနဲ့ နည်းနည်းဆင်တူတာ သတိပြုမိလား”

“ငါလား” စီးဝူယာ့က မျက်မှောင်ကျုံ့မိသွား၏။

“မင်း သိပါတယ်။ မင်းရဲ့ဒေါင်းမြီးယပ်ကို အသုံးပြုတဲ့အချိန်လေ” ကျန်းအိုက်ကျန့်က ပြောလိုက်၏။

ဟွမ်ရှစ်ကျဲက ချက်ချင်းပင် ပြစ်တင်ရှုံ့ချလျက်ပြောလိုက်သည်။ “ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ။ တချို့ကိစ္စတွေက သတိလက်လွတ်နောက်လို့ရတာမဟုတ်ဘူး”

“ပြေပါတယ်။ ကျွန်တော်က သတ္တမသခင်လေးနဲ့ဆက်ဆံရေးကောင်းတာပဲကိုး” ကျန်းအိုက်ကျန့်က ပြောပြီးရှေ့တိုးလိုက်ရာ စီးဝူယာ့၏ပခုံးကို ဖက်လိုက်သည်။

စီးဝူယာ့က ကျန်းအိုက်ကျန့်၏လက်ကိုတွန်းထုတ်လျက်ပြောလိုက်တော့သည်။ “နည်းနည်းတူသလိုပဲ”

“ဟုတ်သား။ ဒီတော့ဒါက ငြိမ်းချမ်းရေးနတ်ငှက်မဟုတ်ဘူး။ ဒါပေမဲ့ လူသားမှာ ဘယ်လိုလုပ်တောင်ပံ ရှိနေတာလဲ” ကျန်းအိုက်ကျန့်က မေးလိုက်သည်။

စီးဝူယာ့က ယုံကြည်ချက်ရှိရှိ ပြန်ပြောလိုက်၏။ “ရှေးရှေးကာလတုန်းက လူသားတွေနဲ့ ကြမ်းတမ်းခက်ထန်သားရဲကြား ပိုင်းခြားမှုက အခုလောက်ထိမရှင်းလင်းသေးဘူး။ မဟာလေဟာနယ်ထဲမှာ လူသားမျက်နှာနဲ့မြင်းခန္ဓာကိုယ်ပိုင်ဆိုင်တဲ့ ယင်ကျောက်ရှိတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းက အောက်ပိုင်းကငါးဖြစ်နေတဲ့ ရေသူတွေလည်းရှိတယ်။ မဟာအသွင်ပျက်မျိုးနွယ်စု ခြောက်စုက လူတွေလည်းရှိတယ်။ မြေကွဲပြီးတော့ နယ်မြေကိုးခု ပေါ်ထွက်လာတာ။ အစိမ်းရောင်ကြာနယ်မြေက အရင်ဆုံးကွဲထွက်သွားပြီး အစိမ်းရင့်ရောင်ကြာနယ်မြေ၊ ပြီးတော့ တတိယနဲ့စတုတ္ထက အနက်ရောင်နဲ့အဖြူရောင် ကြာနယ်မြေပေါ်လာတယ်။ ပဉ္စမနဲ့ ဆဌမက အနီရောင်ကြာနယ်မြေနဲ့ခရမ်းရောင်ကြာနယ်မြေ၊ သတ္တမက ရွှေကြာနယ်မြေ၊ အဌမ အဝါရောင်ကြာနယ်မြေ”

“သူတို့က တပြိုင်နက်တည်း ပေါ်လာတာ မဟုတ်ဘူးပေါ့” ကျန်းအိုက်ကျန့်က မေးလျက် အနည်းငယ်အံ့ဩသွားတော့သည်။

စီးဝူယာ့က ခေါင်းခါပြီးပြောလိုက်သည်။ “တွက်ချက်နေရုံပဲ။ ဒါကြောင့် ဒီရောက်လာတာပေါ့”

“ငြိမ်းချမ်းရေးတောင်က ဒီမှာရှိနေတာ နှစ်ပေါင်းတစ်သောင်းကျော်ကြာပြီ။ အမည်မသိကုန်းမြေ ဒါမှမဟုတ် မဟာလေဟာနယ်နဲ့ဘာဆိုင်လို့လဲ” ကျန်းအိုက်ကျန့်က မေးလိုက်၏။

စီးဝူယာ့က မေးသည်။ “အကယ်၍ ငြိမ်းချမ်းရေးတောင်က မဟာလေဟာနယ်ရဲ့ တစိတ်တပိုင်းဖြစ်နေရင်ကော”

ကျန်းအိုက်ကျန့်၊ ဟွမ်ရှစ်ကျဲနှင့် လီကျင်းရီတို့က ထိတ်လန့်သွား၏။ စီးဝူယာ့မှန်းဆချက်ကြောင့် သူတို့ထိတ်လန့်သွားတာပဲဖြစ်သည်။ သူတို့သည် ကုန်းမြေမခွဲခင်က ဖြစ်ခဲ့သည့်အရာနှင့်ပတ်သက်ပြီး သိပ်မသိပေ။ သူတို့စိတ်ထဲ ငြိမ်းချမ်းရေးတောင်သည် ကုန်းမြေကွဲထွက်စဉ်က ပင်လယ်ဆီ ပဲ့ကျသွားသည့် မြေအပိုင်းအစတစ်ခုပမာပဲဖြစ်သည်။

ကျန်းအိုက်ကျန့်၏အမူအရာက လေးနက်တည်ကြည်နေလျက် မေးလိုက်သည်။

“မင်းမှာသက်သေရှိလား”

“ဘာသက်သေမှမရှိဘူး။ မှန်းဆရုံပဲ” စီးဝူယာ့ကရိုးသားစွာပြောလိုက်၏။

“…”

သုံးယောက်သား ဆွံ့အသွားတော့သည်။

ကျန်းအိုက်ကျန့်သည် မြေအောက်နန်းတော်နားတဝိုက် ပျံသန်းသွား၏။ ရတနာများနှင့် လက်နက်များမှအပ မူမမှန်တာ ဘာမှမရှိပေ။

ထိုစဉ် စီးဝူယာ့က အော်လိုက်၏။ “နောက်ဆုတ်”

သုံးယောက်သားက ချက်ချင်းဆုတ်လိုက်တော့သည်။

ကျန်းအိုက်ကျန့်က မေးလိုက်တော့သည်။ “ဒါ မဟာလေဟာနယ်ဆီဝင်ပေါက်လို့ ထင်တယ်လို့ ငါ့ကိုမပြောနဲ့နော်”

စီးဝူယာ့က ကျန်းအိုက်ကျန့်ကိုတချက်ကြည့်ပြီးပြောလိုက်သည်။ “ငါ သံသယဝင်မိတယ်”

ထိုသို့ပြောပြီးနောက် စီးဝူယာ့သည် သူ့လက်ကို တွန်းထုတ်လိုက်၏။ လက်ဝါးစည်းတံဆိပ်သည် ရုပ်တုပေါ်ကျသွားသော်ငြား ရုပ်တုကရွေ့လျားမှုမရှိပေ။ “အတော်မာတာပဲ”

ကျန်းအိုက်ကျန့်သည် နဂါးတေးသံကိုဆွဲထုတ်ပြီး ရုပ်တုဆီ၎င်းဖြင့်ပိုင်းဖြတ်ချလိုက်သည်။

ဘန်း

မီးပွင့်များ လွင့်စဉ်သွားသော်ငြား ရုပ်တုပေါ်၌ ခြစ်ရာတစ်ခုတောင်မမြင်နိုင်ပေ။

“မာလွန်းလို့ ငါ့ရဲ့အနှိုင်းမဲ့အဆင့်ဓားချက်ကိုတောင် ခံနိုင်ရည်ရှိတယ်လား” ကျန်းအိုက်ကျန့်သည် ယင်းကိုယုံနိုင်ရန် ခက်ခဲနေ၏။ ထို့ကြောင့် ရှေ့တိုးသွားကာ ရုပ်တုကိုထပ်မံပိုင်းဖြတ်လိုက်သည်။

ဘန်း

ယခင်နည်းတူ ခြစ်ရာတစ်ရာတောင် မမြင်ရပေ။

“တော်လောက်ပြီ” ဟွမ်ရှစ်ကျဲက ကျန်းအိုက်ကျန့်ကိုတားလိုက်၏။ “ဖြိုခွင်းဖို့သာ လွယ်နေမယ်ဆိုရင် နှစ်ပေါင်းသောင်းချီကြာအောင် ဘာယိုယွင်းမှု လက္ခဏာမှမပြဘဲ ဘယ်လိုလုပ်ဒီမှာရှိနေမှာလဲ”

အချိန်သည် အရာအားလုံး၏ရန်သူတော်ဖြစ်သည်။ ကျောက်တုံးများသည်လည်း ခြွင်းချက်မဟုတ်။ အချိန်ကာလတိုက်စားမှုကိုလည်း ခံရမည်။

“ဆရာပြောတာမှန်တယ်” ကျန်းအိုက်ကျန့်က နဂါးတေးသံကိုသိမ်းလိုက်၏။ “ဒါဆိုရင် ဒါက ငြိမ်းချမ်းရေးငှက် ဒါမှမဟုတ် ငှက်လူသားမဟုတ်ရင် ဘာများလဲ”

စီးဝူယာ့က ပြောလိုက်၏။ “ကျုပ် ငြိမ်းချမ်းရေးငှက်ကို အရင်က တွေ့ဖူးတယ်။ သူ့ရဲ့ကိုယ်ထည်က သိပ်မကြီးဘူး။ အနီရောင်။ ထင်တာမမှားရင် ဒီကျောက်ရုပ်တုက မီးငှက်ဘုရင်ဖြစ်လောက်တယ်”

“မီးငှက်လား” ဟွမ်ရှစ်ကျဲကပြောလိုက်၏။ “သတ္တမသခင်လေးက စာအတော်ဖတ်ပြီး ဗဟုသုတ ကြွယ်ဝတာ သံသယမရှိပါဘူး။ ဒါပေမဲ့ ကျုပ် သိသလောက်တော့ မီးငှက်က လူသားတွေနဲ့မတူပါဘူး”

“လူအသွင်ရနေမယ်ဆိုရင်ကော” စီးဝူယာ့က မေးပြီးနောက် ဆက်ပြောလိုက်သည်။

“ကျောက်တံခါးက စကားလုံးတွေက မီးဒေဝါလို့ပြထားတယ်”

ဝှစ်

“…”

ဝှစ်

ဝင်ပေါက်မှ လေအေးတချက်တိုက်ခိုက်လာရာ လူတိုင်းကို တုန်ယင်သွားစေ၏။

အတွေ့အကြုံရှိသော ဟွမ်ရှစ်ကျဲ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားကာ ပြောလိုက်တော့သည်။ “တစ်ယောက်ယောက်ချဉ်းကပ်လာတယ်”

လေးယောက်သားက ဝင်ပေါက်ကို တပြိုင်နက်တည်းကြည့်လိုက်သည်။

ထောက် ထောက် ထောက် ထောက်

ငြိမ်းချမ်းရေးနတ်ငှက်သည် ထိုအခိုက်အတန့်တွင် အထဲသို့ဝင်လာ၏။ ငြိမ်းချမ်းရေးနတ်ငှက်ဘေး၌ အနက်ရောင်ဝတ်ရုံဝတ်ထားသည့် ပိန်ပါးသောလူတစ်ယောက်ရှိသည်။

“ငြိမ်းချမ်းရေးနတ်ငှက်လား” စီးဝူယာ့က မျက်မှောင်ကျုံ့မိသွားသည်။

ငြိမ်းချမ်းရေးနတ်ငှက်သည် ဘယ်ညာကိုကြည့်ပြီးနောက် သူ့ရှေ့ရှိလူသားလေးယောက်ကို စပ်စုစိတ်ဖြင့်ကြည့်လိုက်၏။ ပြီးနောက် ပိန်ပါးအားနည်းသောလူက ပြောလိုက်သည်။ “သူတို့ဒီမှာ”

ဘုရားရေ … ကျန်းအိုက်ကျန့်သည် လီကျင်းယီနောက်သို့ အမြန်ရပ်လိုက်တော့၏။ စီးဝူယာ့၏ အလိုလိုသိစိတ်အရ တစ်စုံတစ်ခုလွဲချော်နေပြီဖြစ်ကြောင်း သူ့ကိုပြောပြနေ၏။ သူသည် ငြိမ်းချမ်းရေးနတ်ငှက်ကို သတိထားကြည့်လျက် မေးလိုက်သည်။ “မင်းငါ့ကို မြှားတာလား။ ဒီနေရာဆီ မြှားလိုက်တာလား”

“မင်းက ဉာဏ်ကောင်းသားပဲ” ပိန်ပါးပါး အားနည်းသောလူက ပြောလိုက်၏။ “မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ”

“ဒါက ငြိမ်းချမ်းရေးတောင်၊ ငြိမ်းချမ်းရေးနတ်ငှက်ရဲ့အိမ်ပဲ။ အကြောင်းရင်းကို သိသင့်တယ်” ပိန်ပါးသောလူက အနည်းငယ်ဦးညွှတ်လျက် ပြောလိုက်၏။ “ကျုပ်က မဟာလေဟာနယ်က သားရဲထိန်းကျောင်းသူ ယန်လျန်ရှန့်ပဲ”

စီးဝူယာ့က ဆိတ်ဆိတ်သာနေနေ၏။

ယန်လျန်ရှန့်က ဆက်ပြောသည်။

ယန်လျန်ရှန့်သည် ခဏတဖြုတ် စကားပြောရပ်ပြီးနောက် လက်နောက်ပစ်လျက် ဆက်ပြောသည်။

“မင်းနောက်က ကျောက်ရုပ်တုက မီးငှက် ဒါမှမဟုတ် မီးဒေဝါ လင်ကွမ်းရဲ့ကျောက်ရုပ်တုပဲ”

စီးဝူယာ့၊ ကျန်းအိုက်ကျန့်၊ ဟွမ်ရှစ်ကျဲနှင့် လီကျင်းရီတို့သည် ရုပ်တုကို အလိုလိုလှည့်ကြည့်မိပြီး အသက်ပြင်းပြင်းရှူလိုက်မိ၏။

ယန်လျန်ရှန့်က ဆက်ပြောလေ၏။ “လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သိန်းတုန်းက မိုးမြေကွဲထွက်သွားပြီး မိုးနဲ့မြေကို တုန်လှုပ်စေခဲ့တယ်။ လင်းကွမ်းက မဟာလေဟာနယ်ကနေ အရှေ့အရပ်ဆီခရီးနှင်ခဲ့ပြီး ငြိမ်းချမ်းရေးတောင်ပေါ် ဆင်းသက်ခဲ့တာ”

“နေဦး” စီးဝူယာ့က ဖြတ်ပြောလိုက်၏။ “ကုန်းမြေတွေကွဲတဲ့အချိန် ငြိမ်းချမ်းရေးတောင်ကို ရှာမတွေ့သေးဘူး”

ယန်လျန်ရှန့်က ခေါင်းခါပြီး ပြောလိုက်၏။ “ငြိမ်းချမ်းရေးတောင်က နယ်မြေကိုးခုထက်တောင် ပိုစောပြီးတည်ရှိခဲ့တာ”

စီးဝူယာ့က ဆွံ့အနေ၏။ နယ်မြေကိုးခုနှင့် အခြားနေရာသည် ကုန်းမြေကွဲထွက်ပြီးမှသာ ဖွဲ့တည်လာတာဟု သူ ထင်မိခဲ့သည်။ ငြိမ်းချမ်းရေးတောင်က ယခင်တည်းက ရှိနှင့်နေပြီးဖြစ်လိမ့်မည်ဟု သူ မထင်ထားပေ။ ယန်လျန်ရှန့်သည် စီးဝူယာ့ကို ကြည့်ပြီးနောက် ဆက်ပြောလိုက်၏။ “လင်းကွမ်းက ပျောက်ဆုံးသွားတဲ့မဟာလေဟာနယ်မျိုးစေ့ကို ရှာဖို့ မဟာလေဟာနယ်ဆီထွက်လာတာ။ ငြိမ်းချမ်းရေးမျိုးနွယ်က အဲ့တာတွေယူသွားတယ်လို့ သူသံသယရှိခဲ့တာ။ အဆုံးကျ ငြိမ်းချမ်းရေးမျိုးနွယ် အသတ်ခံလိုက်ရတယ်လေ”

ကျန်းအိုက်ကျန့် “…”

ကျန်းအိုက်ကျန့် ရင်ထဲရှိ နမိတ်မကောင်းသောခံစားချက်က ပိုတောင်အားကောင်းလာသည်။ ငြိမ်းချမ်းရေးငှက်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်ကိုမြင်နေရသည်။

စီးဝူယာ့က ပြောလိုက်သည်။ “မဟာလေဟာနယ်မျိုးစေ့၁၀စေ့က လွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာကမှ ဆုံးရှုံးသွားတာ။ အချိန်က မကိုက်ဘူး” စီးဝူယာ့သည် သူ့ရှစ်စွင်းက အားလုံးကို ယူသွားတာဟု ပြောမိလုနီးပါး ဖြစ်သွားသည်။

ယန်လျန်ရှန့်က ရယ်မောပြီး ပြောလိုက်၏။ “မောင်ရင် မဟာလေဟာနယ်မျိုးစေ့က နှစ်ပေါင်းသုံးသိန်းကို တစ်ကြိမ် ရင့်မှည့်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းအတွင်း မဟာလေဟာနယ်မျိုးစေ့ ၃၀မှည့်ခဲ့ပြီး ၁၈ခုပျောက်သွားတယ်”

“…”

ရှင်သန်လိုစိတ်ကြောင့်သာ ကျန်းအိုက်ကျန့်သည် မဟာလေဟာနယ်မှလူတို့သည် ထိုမျှ တန်ဖိုးရှိသည့်အရာတဝက်ကျော် ပျောက်ဆုံးသွားရသည့်အတွက် တကယ့်အမှိုက်များဟု ပြောချင်စိတ်ကို မပြောမိအောင် မနည်းတားထားမိသည်။

စီးဝူယာ့က ပြုံးပြီးပြောလိုက်လေ၏။ “မဟာလေဟာနယ်မျိုးစေ့က မိုးနဲ့မြေရဲ့စွမ်းအားအတားအဆီး၊ တာအိုစွမ်းအား၊ ကောင်းကင်မြေကြီးနေလတို့ရဲ့အဆီအနှစ်ကို ထိန်းချုပ်ထားတယ်။ ဘယ်အချိန်ကစပြီး မဟာလေဟာနယ်အပိုင် ဖြစ်သွားတာလဲ။ ပျောက်သွားတယ်ဆိုတဲ့စကားကို မသုံးသင့်ဘူးထင်တယ်။ မဟာလေဟာနယ်က ကမ္ဘာပေါ်က လူတိုင်းပိုင်ဆိုင်သင့်တဲ့အရာ ၁၂ခုကိုယူသွားတယ်လို့ပြောတာ ပိုသင့်တော်လိမ့်မယ်”

စီးဝူယာ့သည် လူတို့လည်းမသေမချင်း တကယ်နားမှာမဟုတ်ပေ။ စီးဝူယာ့ကို စိတ်ထဲ လက်မထောင်ပြပြီးနောက် ကျန်းအိုက်ကျန့်က သူ့ဖာသာသူတွေးလိုက်လေ၏။ ပြောင်မြောက်လိုက်တာ။ ဒါက ယုတ္တိကျကျ ရှင်းပြတာပဲ။ မဟာလေဟာနယ်က အစွမ်းထက်လွန်းတယ်။ ဒီတော့ သူတို့မဟာလေဟာနယ်မျိုးစေ့ ဒီလောက်အများကြီး ဘယ်လိုလုပ် ဆုံးရှုံးခံနိုင်မှာလဲ။ သူတို့တွေက မဟာလေဟာနယ်မျိုးစေ့ ၁၂ခုကိုယူသွားပြီး တခြားဟာတွေကို ရှာမတွေ့နိုင်ဘူးလို့ပြောတာ ပိုမှန်လိမ့်မယ်။

ထင်သည့်အတိုင်းပင် ယန်လျန်ရှန့်က စီးဝူယာ့ကိုကြည့်စဉ် သူ၏မျက်နှာထက်၌ မျက်မှောင်ကျုံ့သည့်အမူအရာပေါ်လာတော့၏။ ပြီးနောက် သူက ရယ်မောပြီးပြောလိုက်တော့သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒါအရေးမကြီးတော့ဘူး။ မင်းတို့အားလုံး သိထားရမှာက လင်ကွမ်းက ငြိမ်းချမ်းရေးငှက်မျိုးနွယ်စုကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာ”

“ဟမ်” ကျန်းအိုက်ကျန့်ကမေးကာ ဇဝေဇဝါဖြစ်သွားလေ၏။

“ဒါ ကျုပ်တို့နဲ့ဘာဆိုင်လို့လဲ”

ယန်လျန်ရှန့်သည် သူ၏လက်ကိုဖြည်းဖြည်းချင်းမြှောက်လျက် စီးဝူယာ့ကို ညွှန်လိုက်သည်။ “မင်းက မီးဒေဝါရဲ့မျိုးဆက်ပဲ။ မီးဘိုးဘေးရဲ့အကြွေးကိုဆပ်ဖို့ အချိန်တန်ပြီလို့ ကောင်းကင်ဘုံက ကောက်ချက်ချထားတာ”

ဝှစ်

ကျန်းအိုက်ကျန့်၊ ဟွမ်ရှစ်ကျဲနှင့် လီကျင်းယီတို့သည် စီးဝူယာ့ကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်၏။ စီးဝူယာ့၏ မျက်နှာထက်တွင် ထိတ်လန့်သောအမူအရာမြင်တွေ့ရန် မျှော်လင့်ခဲ့ကြသည်။ သို့သော် သူက တည်ငြိမ်ပြီး အလွန်အံ့ဩပုံမပေါ်ကြောင်း သိလိုက်ရသည်။

စီးဝူယာ့က သက်ပြင်းချပြီး မေးလိုက်တော့သည်။ “ခင်ဗျား ဘယ်လိုလုပ်သိလဲ”

“အနံ့ခံအာရုံ” ယန်လျန်ရှန့်သည် ငြိမ်းချမ်းရေးငှက်ကို ညွှန်ပြလျက်ပြောလိုက်သည်။

ငြိမ်းချမ်းရေးငှက်သည် ၎င်း၏နှုတ်သီးကို အနည်းငယ်ဟလျက် မောက်မာထောင်လွှားမှုများ ပြည့်နေသည့် မျက်ဝန်းတစ်စုံဖြင့် လူလေးယောက်ကိုကြည့်နေသည်။ ၎င်း၏ ချွန်ထက်သောလက်သည်းကို မြှောက်ကာ ဧရာမကျောက်ဆောင်ပေါ်တွင် တင်ထားလိုက်၏။

ဂျွတ်

ဧရာမကျောက်ဆောင်သည် ငြိမ်းချမ်းရေးငှက်၏ လက်သည်းအလေးချိန်အောက်၌ အလွယ်တကူ ပြိုကွဲသွားသည်မှာ တို့ဟူးတုံးလေးကဲ့သို့ပင် ဖြစ်နေသည်။

ကျန်းအိုက်ကျန့်က အေးခဲသွားလေ၏။

စီးဝူယာ့က မေးလိုက်၏။ “ဒီတော့ ငြိမ်းချမ်းရေးငှက်မျိုးနွယ်အတွက် လက်စားချေချင်တာကြောင့် ကျုပ်ကို သတ်ချင်တာလား”

ယန်လျန်ရှန့်က ခေါင်းခါပြီးပြောလိုက်လေ၏။ “လက်စားချေရုံသက်သက်ဆို အစောတည်းက မင်း သေလောက်ပြီ။ အမုန်းတရားက မင်းကို မျက်စိကန်းသွားစေလိမ့်မယ်။ လင်ကွမ်းက အဆုံးသတ်ကောင်း မရှိခဲ့ဘူး။ သူက ငြိမ်းချမ်းရေးမျိုးနွယ်အတွက် နှစ်ပေါင်းတစ်သိန်းကြာ ငြိမ်းချမ်းရေးတောင်ကို စောင့်ကြပ်ဖို့ ဒီမှာချိတ်ပိတ်ခံထားရတာ”

စီးဝူယာ့က ကျောက်ရုပ်တုဖက် လှည့်မေးလိုက်၏။ “နောက်တော့ကော”

“ငြိမ်းချမ်းရေးမျိုးနွယ်က မြေအောက်နန်းတော်ထဲမှာ ရတနာတွေအများကြီး ထားထားတဲ့အကြောင်း ဘာလို့ထားလဲသိလား” ယန်လျန်ရှန့်က မေးလိုက်၏။

စီးဝူယာ့က ခေါင်းခါလိုက်သည်။

ယန်လျန်ရှန့်က ပြောလိုက်‌တော့သည်။ “လူသားတွေမှာ သေစေနိုင်လောက်တဲ့ အားနည်းချက်တစ်ခု ရှိတယ်။ အဲ့ဒါက လောဘပဲ။ ဒီရတနာက လူသားတွေကို သူတို့အသက်စွန့်အောင်တောင် သတ္တိပေးနိုင်တယ်။ သူတို့ရဲ့သွေးအဆီအနှစ်က လင်ကွမ်းရဲ့စိတ်ကို အာဟာရဖြည့်ပေးတာ။ ဒါနဲ့ဆိုရင် သူ့ရဲ့ပြစ်မှုအတွက် ငြိမ်းချမ်းရေးတောင်ကို အချိန်ကြာမြင့်စွာ စောင့်ကြပ်နိုင်ပြီလေ”

အပြင်ဖက်၌ အရိုးခြောက်များ တကွဲတပြားစီဖြစ်နေတာ အံ့ဩစရာမဟုတ်ပေ။

ယန်လျန်ရှန့်က သက်ပြင်းချပြီးပြောလိုက်သည်။ “ငြိမ်းချမ်းရေးမျိုးနွယ်က လင်ကွမ်းကို တသက်လုံး အကျဉ်းချထားတာ။ မင်းအတွက်ကတော့ ...” သူက စီးဝူယာ့၏ဗိုက်ကို ချိန်ရွယ်လျက်ပြောလိုက်သည်။

“မဟာလေဟာနယ်မျိုးစေ့ပေးပြီးရင် မင်း ထွက်သွားလို့ရပြီ”

ကျန်းအိုက်ကျန့်၊ ဟွမ်ရှစ်ကျဲ၊ လီကျင်းယီတို့သည် စီးဝူယာ့ကို တညီတညွတ်တည်း လှည့်ကြည့်လိုက်လေ၏။ သူတို့စိတ်ထဲ တူညီသည့်အတွေးတစ်ခုပေါ်လာတော့သည်။ မဟာလေဟာနယ်မျိုးစေ့က သူ့ခန္ဓာကိုယ်ထဲမှာ ရှိတာတဲ့လား။

စီးဝူယာ့က ပြုံးပြီးပြောလိုက်၏။ “ကျုပ်ရဲ့ဆရာက လန်ရှီဟယ်နဲ့ ဆက်ဆံရေးကောင်းရှိတယ်။ ငြိမ်းချမ်းရေးငှက် ... ခင်ဗျား ဒီလိုလုပ်ချင်တာ သေချာလား”

“မင်း စိတ်ပူစရာမလိုဘူး။ ငြိမ်းချမ်းရေးနတ်ငှက်က နှစ်ပေါင်းတစ်သိန်းကြာ ရှင်သန်လာခဲ့ပြီးပြီ။ သူ့အချိန်ကုန်တော့မှာ။ မဟာလေဟာနယ်မျိုးစေ့ကပဲ သူ့အသက်ကိုရှည်စေမှာ။ ဒီနေ့ မင်း သူ့အသက်ကိုကယ်ရင် မင်းက လင်ကွမ်းအပြစ်ကိုချေနိုင်ပြီ။ လင်ကွမ်းက ဒါကိုမြင်ရင် ငြိမ်းချမ်းသွားမယ်လို့ယုံတယ်”

စီးဝူယာ့က ဆိတ်ဆိတ်သာနေလေ၏။

ယန်လျန်ရှန့်က ပြောလိုက်သည်။ “မင်း ဆန္ဒရှိရှိ မရှိရှိ ဘာမှမကွာဘူး”

လှစ်ကနဲ ငြိမ်းချမ်းရေးငှက်က စီးဝူယာ့ရှေ့တွင်ပေါ်လာ၏။ ၎င်း၏တောင်ပံကို တဖျပ်ဖျပ်ခတ်နေသည်။

ဘန်း

စီးဝူယာ့က နောက်သို့လွင့်ထွက်သွားပြီး သွေးတစ်ပွက်အန်လေ၏။

ဘန်း

သူသည် ဧရာမကျောက်ဆောင်နှင့်တိုက်မိသွားပြီး မြေပြင်ပေါ်ပြုတ်ကျသွား၏။ သူ မခုခံနိုင်တော့ပေ။ သူသည် ကျောက်ဆောင်နှင့်တိုက်မိသွားပြီး မြေပြင်ပေါ်ပြုတ်ကျသွား၏။ မခုခံနိုင်ခဲ့ပေ။

ကျန်းအိုက်ကျန့်၊ ဟွမ်ရှစ်ကျဲနှင့် လီကျင်းယီတို့က တောင့်တင်းသွားပြီး ငြိမ်းချမ်းရေးငှက်၏ခွန်အားကို အထင်းသားမြင်ရသည်။

ယန်လျန်ရှန့်က ရယ်မောပြီးပြောလိုက်၏။ “သူ့ရဲ့ခွန်အားကို မင်း တွေ့ပြီးပြီဆိုတော့ ငြိမ်းချမ်းရေးငှက်ကဘာကို စွမ်းဆောင်နိုင်မှန်း မင်း သိသင့်တယ်”

စီးဝူယာ့သည် သူ၏ရင်ဘတ်ကို ကျစ်ကျစ်ဆုပ်ထား၏။ နာကျင်မှုက ပြင်းထန်လှသည်။

ငြိမ်းချမ်းရေးငှက်က ‌ရှေ့တိုးလျက် သုံးယောက်ကိုသိမ်းကြုံးကြည့်လိုက်သည်။

ယန်လျန်ရှန့်က ပြောလိုက်လေ၏။ “မင်းတို့အားလုံး ဒီမှာအတူနေသင့်တယ်”

“ဒါ မဟုတ်ဘူးလေ” ကျန်းအိုက်ကျန့်က စောဒကတက်လိုက်လေ၏။

“လူသေတွေပဲ လျှို့ဝှက်ချက်ကိုထိန်းထားနိုင်တာ” ယန်လျန်ရှန့်သည် လက်ဝေ့ယမ်းလျက် ပြောလိုက်သည်။

ခရမ်းရောင်လက်ဝါးစည်းတံဆိပ်က သူတို့သုံးယောက်ဆီ ချက်ချင်းပစ်ထုတ်လိုက်၏။

ဘန်း ဘန်း ဘန်း

လက်ဝါးစည်းတံဆိပ်သည် သုံးယောက်ကိုရိုက်ရန် လုံလောက်အောင်ကြီးမားပြီးသားဖြစ်၏။ သူတို့ကူကယ်ရာမဲ့နေကာ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိကြပေ။ သူတို့နံရံနှင့်တိုက်မိသွားပြီး မြေပြင်ပေါ် ပြုတ်ကျကုန်၏။

“တော်တော့” စီးဝူယာ့က ပြောပြီးလက်မြှောက်လိုက်သည်။ “မင်း ပြောစရာရှိသေးလား”

“ကျုပ် သေသွားရင် မဟာလေဟာနယ်မျိုစေ့ဖျက်ဆီးခံရလိမ့်မယ်။ သူတို့ကို ထွက်သွားခွင့်ပေးလိုက်။ မဟုတ်ရင် အခုပဲ မဟာလေဟာနယ်မျိုးစေ့ကို ဖျက်ဆီးလိုက်မယ်” စီးဝူယာ့သည် သူ၏ အပေါ်ပိုင်းဝတ်ရုံကို ဆုတ်ဖြဲလျက် သူ၏ကြွက်သားများ ပြည့်နေသော ဝမ်းဗိုက်ကို ထုတ်ပြလိုက်သည်။ ပြီးနောက် သူ၏လက်ကို စွမ်းအားဗဟိုချက်ချီပင်လယ်ပေါ်တင်လိုက်သည်။

ယန်လျန်ရှန့်က မျက်မှောင်ကျုံ့မိသွား၏။ “ငြိမ်းချမ်းရေးငှက်”

ငြိမ်းချမ်းရေးငှက်သည် ၎င်း၏တောင်ပံကိုဖြန့်ကျက်လိုက်ချိန်တွင် ပေရာချီကျယ်၏။ ------ လေဟာနယ်က အေးခဲသွားပုံ၏။ အချိန်က ဆက်လက်စီးဆင်းနေသောကြောင့် လေဟာနယ်က ရပ်တန့်သွားသလိုပေ။

ဘန်း

စီးဝူယာ့သည် မည်သည့်အချိန်က ငြိမ်းချမ်းရေးငှက်သည် သူ့ရှေ့တွင်ပေါ်လာမှန်းမသိ။ ၎င်း၏တောင်ပံကို ခတ်ကာ သူ့ကိုလွင့်ထွက်သွားစေပြန်သည်။ ယခုအခါ သူက ကျောက်ရုပ်တုနှင့်တိုက်မိသွားပြီး သွေးများကျလာ၏။

ငြိမ်းချမ်းရေးငှက်၏ခွန်အားထိန်းချုပ်မှုက စင်းလုံးချောသည်။ နတ်ငှက်တစ်ကောင်ဖြစ်ရန် ထိုက်တန်ပေ၏။

“အခုသတ်သေဖို့ ခွန်အားတောင်မရှိဘူး။ မဟာလေဟာနယ်ရဲ့ရန်သူ လုပ်နိုင်တဲ့သူတိုင်း အဆုံးသတ်ကောင်း ရှိမှာမဟုတ်ဘူး။ မင်းရဲ့လင်ကွမ်းက မှန်ကန်ဖြောင့်မတ်လွန်းနေတယ်။ ဒီနေ့ကစပြီး ငြိမ်းချမ်းရေးမြေအောက်နန်းတော်က မင်းနဲ့လင်ကွမ်းရဲ့အုတ်ဂူဖြစ်မယ်” ယန်လျန်ရှန့်က ပြောပြီးလက်မြှောက်လိုက်၏။

စီးဝူယာ့က လေထဲမြှောက်တက်သွားသည်။

အစကနေအဆုံးထိ လေးယောက်က ကူကယ်ရာမဲ့နေသည်။ သူတို့က ခုခံရန်ခွန်အားမရှိကြပေ။ သူတို့ခွန်အားကွာဟချက်က ကြီးမားလွန်းနေသောကြောင့် ခုခံခြင်းက အကျိုးမရှိပေ။

စီးဝူယာ့သည် သူခေါင်းမော့ရန် ခွန်အားကုန်သုံးလိုက်၏။ သူ၏မျက်လုံးက နီမြန်းနေကာ ပြောလိုက်တော့သည်။ “မင်း လုပ်ရဲလား”

စီးဝူယာ့၏လေသံက ခမ်းနားထည်ဝါက ရဲစွမ်းသတ္တိရှိနေသည်။

ဂျွတ်

စီးဝူယာ့၏အသံသည် ကျောက်ရုပ်တုကို အက်ကွဲသံပေါ်လာစေပြီး ဆူညံသံထွက်လာစေ၏။ အသံသည် လူတိုင်း၏အာရုံစိုက်မှုကို ဖမ်းစားသွားသည်။

သူတို့ကြည့်မိချိန်တွင် စီးဝူယာ့၏သွေးက ကျောက်ရုပ်တုထဲစီးကျသွားပြီး အက်ကွဲကြောင်းထဲ ရောက်သွားတာတွေ့လိုက်ရသည်။

ယင်းကိုမြင်သောအခါ ယန်လျန်ရှန့်၏အမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး ပြောလိုက်တော့သည်။

“သွားကြမယ်”

ငြိမ်းချမ်းရေးငှက်က လှည့်ထွက်သွားလေ၏။

ယန်လျန်ရှန့်သည် စဉ်းတောင်မစဉ်းစားဘဲ စီးဝူယာ့ကိုကိုင်ကာ သူ၏မဟာနည်းစနစ်ကို ထုတ်ဖော်ပြီးထွက်သွားတော့သည်။

ဂျွတ်

ထိုအက်ကွဲသံဖြင့် ရုပ်တုနားရှိကျောက်လွှာက အပြည့်အဝ ပြိုကွဲသွားသည်။ မီးတောက်များ တောက်လောင်နေသည့် တောင်ပံတစ်စုံက ပေါ်ထွက်လာသည်။ တောင်ပံတစ်ချက်ခတ်ရုံဖြင့် ၎င်းနားရှိ ရှိသမျှအရာအားလုံးပြိုလဲကုန်သည်။

တောင်ပံထပ်ခတ်လိုက်စဉ် ၎င်း၏မျက်လုံးက မီးတောက်များဖြာထွက်နေကာ ဝေဟင်ထဲပျံတက်သွားပြီး မြေအောက်နန်းတော်ကို ဖျက်ဆီးတော့သည်။

မီးဒေဝါ ကမ္ဘာမြေသို့ပြန်လည်ရောက်ရှိလာလေပြီ။

All Chapters