အခန်း (၆၀၁-၆၀၃)
Vol. 41 Ch. 601-603
အခန်း (၆၀၁) သူတို့ကိုမျက်ခြေဖြတ်
ဟွားချုံးယန်သည် အံ့ဖွယ်မြို့တော်ရှိ အခြေအနေကို ခုနစ်စင်ကြယ်နန်းတော်ဆီ ရှင်းပြလိုက်၏။
တာ့ကျန်းနန်းဆောင်က တိတ်ဆိတ်နေလေသည်။
လုကျိုးက မေးလိုက်သည်။ “ကျိုးယို့ချိုက် ဘာအကြံဉာဏ်ရှိလဲ”
ကျိုးယို့ချိုက်က အရိုအသေပေးလျက်ပြောလိုက်သည်။
“တခြားမျိုးနွယ်က သူလျှိုတွေက အံ့ဖွယ်မြို့တော်ထဲမှာ ပြဿနာရှာနေတာက တကယ်ခက်ခဲတဲ့ ဒုက္ခတစ်ခုပဲ။ အရင်တုန်းက အံ့ဖွယ်မြို့တော်ထဲဝင်တဲ့သူတိုင်း စစ်ဆေးရတယ်။ လတ်တလော အာဏာသိမ်းမှုက သူတို့ကို မြို့ထဲဝင်ဖို့ အခွင့်အရေးပေးလိုက်တာပဲ၊ ဒီကိစ္စကိုဖြေရှင်းချင်တယ်ဆိုရင် သူတို့ပုန်းနေတဲ့နေရာတိုင်းကနေ ဆွဲထုတ်ဖို့ အိမ်တိုင်းကို လူတွေစေလွှတ်ဖို့ပဲရှိတော့တယ်”
ဟွားချုံးယန်က ပြော၏။ “ဒါဖြစ်နိုင်ပေမဲ့ နှေးလွန်းတယ်။ တခြားမျိုးနွယ်တွေက သူလျှိုတွေက နေ့တိုင်း အရပ်သားငါးယောက် သတ်မယ်လို့ကြေညာပြီးသား။ ဒီနည်းလမ်းက အံ့ဖွယ်မြို့တော်ရဲ့အရွယ်အစားနဲ့ဆို အနည်းဆုံးသုံးရက်ကနေ ငါးရက်လောက်အချိန်ယူရမှာ စိုးရတယ်”
ကျိုးယို့ချိုက်က ခေါင်းညိတ်လိုက်၏။ "ဒါမှမဟုတ် သူတို့ကို မြို့ထဲကနေမောင်းထုတ်ပြီး ဂိတ်လေးပေါက်ကို စောင့်ကြပ်မယ်။ မြို့ထဲကို ဝင်တဲ့သူတိုင်းကို အထောက်အထားစစ်ဆေးရမယ်”
“ဒါ အလုပ်မဖြစ်ဘူး။ သူတို့အထောက်အထားကို စစ်ဆေးဖို့က အင်မတန်ရှုပ်ထွေးတယ်။ ဒါက ရုံးတော်ရဲ့ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တယ်။ အခုငရဲဂိုဏ်းက အံ့ဖွယ်မြို့တော်ကို လက်လွှဲယူလိုက်ပြီဆိုတော့ သူတို့က ကျုပ်တို့နဲ့ဝေးဝေးနေကြမှာ” ဟွားချုံးယန်ကပြောလိုက်၏။
ထိုစကားကို ကြားသောအခါ တွမ့်မူရှန်းက သူ၏နယ်ရှင်လှံဖြင့် ကြမ်းပြင်ကို ဆောင့်ချပြီး ပြောလိုက်၏။ "ဘာမှကောင်းကျိုးမရှိတဲ့ တော်ဝင်ရုံးတော်ပဲ။ သူတို့တွေ ဘာမှမလုပ်ဘူးဆိုရင် သူတို့ကို ဘာလုပ်ဖို့ထားနေဦးမှာလဲ။ အခုပဲကျုပ်ရဲ့လှံနဲ့အဆုံးသတ်လိုက်မယ်”
“သူတို့ကို သတ်ရတာကလွယ်တယ်။ ဒါပေမဲ့ အညံ့ခံရအောင်လုပ်ရတာက ခက်ခဲတယ်”
ဟွားချုံးယန်က ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။ “သူတို့အညံ့ခံဖို့ကို နောက်ရက်အတွက် ထားလိုက်တာပေါ့”
လုကျိုးက ကျိုးယို့ချိုက်ကိုကြည့်ပြီးပြောလိုက်သည်။
“ကျိုးယို့ချိုက်”
“ဟုတ်ကဲ့ ချန်းပေ့ကျိ”
“မင်းရဲ့ကျောင်းတော်မှာ အဆုံးသတ်ဆယ်ပါးအစီအရင်ကို အသက်သွင်းနိုင်တဲ့သူရှိလား”
ထိုစကားကိုကြားသောအခါ ကျိုးယို့ချိုက်က ယုံကြည်ချက်ချက်ရှိရှိဖြင့် ပြောလိုက်၏။
"အဆုံးသတ်ဆယ်ပါးအစီအရင်ကို လမ်းညွှန်ဖို့အတွက် နတ်ဒေဝါဦးတည်နယ်ပယ်တွေပဲ လိုအပ်တာပါ။ အလွယ်တကူ လုပ်လို့ရပါတယ်”
“ကိုးခုကိုအသက်သွင်းပြီးတော့ လူတိုင်းကို မြို့ထဲထားထားလိုက်။ ဒါဆိုဖြစ်နိုင်လား” လုကျိုးက မေးလိုက်၏။
“ရပါတယ်” ကျိုးယို့ချိုက်က ပြန်ပြောလိုက်သည်။
“ကောင်းတယ်” လုကျိုးက ထရပ်လိုက်တော့သည်။ “ဟွားချုံးယန် အံ့ဖွယ်မြို့တော်ထဲမှာ ငရဲဂိုဏ်းသားဘယ်လောက်ရှိလဲ”
“ဒီနေရာမှာ ဂိုဏ်းသားရှစ်ထောင်ရှိပါတယ်။ သူတို့ကို အရပ်မျက်နှာလေးခုစီ ညီညီမျှမျှ ခွဲထားပါတယ်" ဟွားချုံးယန်ကပြန်ပြောလိုက်၏။
“တော်ဝင်အစောင့်တွေကကော”
“တော်ဝင်အစောင့်က လူခြောက်ထောင်လောက်လွှတ်နိုင်ပါတယ်”
ယခင်က အံ့ဖွယ်မြို့၏ခုခံမှုနှင့်ယှဉ်လျှင် ယခုများစွာ အားနည်းသွားပြီဖြစ်သည်။ တခြားမျိုးနွယ်များ ထိုမျှမောက်မာထောင်လွှားနေတာ အံ့ဩစရာမရှိတော့ပေ။
လုကျိုး၏စိတ်ထဲတွေးလိုက်တော့သည်။ သူတို့သည် အားနည်းနေသော်ငြား အဆုံးသတ်ဆယ်ပါး အစီအရင်သည် နှစ်နာရီသာတောင့်ခံနိုင်၏။ သူ့တပည့်များ၏အကူအညီဖြင့် ထိုကြွက်များကို ရှင်းထုတ်ဖို့က မဖြစ်လောက်ပေ။
လုကျိုးက အေးတိအေးစက် ပြောလိုက်သည်။ “နေ့လယ်မှာ ဒီသူလျှိုတွေကို ငါတို့နှင်ထုတ်ရမယ်။ ပြင်ထားကြ”
“နားလည်ပါပြီ”
ကျန်သည့်သူများက အရိုအသေပေးလိုက်သည်။
လုကျိုးက ခေါ်လိုက်၏။ “ဟွားချုံးယန်”
“အမိန့်ရှိပါ ချန်းပေ့ကျိ”
လုကျိုးက လက်တစ်ဖက်ကိုရုတ်တရက်မြှောက်လိုက်၏။ အရေးပေါ်ကုသရေးကတ်က သူ့လက်ဖဝါးထဲတွင် ပေါ်လာသည်။ သူက လက်သီးကျစ်ကျစ်ဆုပ်လိုက်ပြီး ကတ်၏စွမ်းအားကို ထုတ်ယူလိုက်သည်။ သူ၏လက်ဖဝါးကိုရှေ့တိုးလိုက်ရာ ဘေးအန္တရာယ်မှ ကယ်ဆယ်ရေး မဟာကရုဏာလှေသည် ဟွားချုံးယန်ဆီသို့ အလင်းရောင်ခြည်တန်းပမာ ကျဆင်းလာသည်။
လုကျိုးသည် နွေးထွေးမှုကို ချက်ချင်းခံစားလိုက်ရသည်။ သူ၏အတွင်းဒဏ်ရာများသည် လျင်မြန်စွာကုသပျောက်ကင်းသွား၏။ သူပျော်ရွှင်သွားတော့သည်။ သူ အချိန်ဖြုန်းမနေဘဲ ဒူးထောက်ကာ ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုက်တော့သည်။ “ကျေးဇူးတင်ပါတယ် ချန်းပေ့ကျိ”
“အလုပ်သွားလုပ်”
မွန်းတည့်ချိန်တွင် အံ့ဖွယ်မြို့တော်ထဲရှိလူများက စိုးရိမ်ပူပန်နေ၏။
“ငါတို့ပြောင်းမယ်လို့ပြောသားပဲ။ မြန်လေကောင်းလေပဲ။ ပြောရရင် ငရဲဂိုဏ်းက မိစ္ဆာဂိုဏ်းထင်တာပဲ။ သူတို့တွေက အရပ်သားတွေရဲ့အသက်ကို ဂရုမစိုက်ဘူး”
တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။ “ငရဲဂိုဏ်းက ယန်စီရင်စုကို တိုက်ခိုက်တဲ့အချိန် သူတို့အားလုံးက ပြည်သူပြည်သားတွေကို ကာကွယ်ပေးခဲ့တယ်။ သူတို့တွေက အင်ပါယာကို သိမ်းပိုက်ပြီးတဲ့နောက် ဘယ်လိုလုပ်ပြောင်းလဲသွားရတာလဲ”
“ကျားသစ်တစ်ကောင်က သူ့ရဲ့အစက်အပြောက်တွေကို ညတွင်းချင်း မပြောင်းနိုင်ဘူးလို့ ဆိုလိုတာပဲလေ။ မြို့က ရက်ပိုင်းအတွင်းဗလာကျင်းတော့မယ်ဆိုတာ ငါ လောင်းရဲတယ်။ ငါတို့တွေ ဒီမှာနေပြီး တခြားမျိုးနွယ်တွေလာသတ်မှာကို စောင့်နေရမှာလား”
အံ့ဖွယ်မြို့တော်ရှိနေရာအနှံ့တွင် တူညီသည့်စကားပြောသံကိုကြားရသည်။ မိစ္ဆာဝေဟင်မျှော်နန်းသည် တစ်ခုခုလုပ်မလား။ သို့မဟုတ် မျက်တွင်းနက်မျိုးနွယ်လုလီကို လွှတ်မလားဟု လူတိုင်းတွေးနေကြသည်။ ကျင့်ကြံသူများက ကူကယ်မဲ့စွာခေါင်းခါလိုက်၏။
“ငရဲဂိုဏ်းက အစွမ်းထက်တယ်ဆိုပေမဲ့ တခြားမျိုးနွယ်တွေက ပြေးလွှားနေသေးတုန်းပဲ။ သူတို့ကို မဖြေရှင်းနိုင်ရင် ဖရိုဖရဲပဲဖြစ်မှာ အဲ့ဒီအချိန်ကျ ငါတို့အားလုံးပျောက်ကွယ်သွားလိမ့်မယ်"
“ဒါက တခြားမျိုးနွယ်ရဲ့ ရည်ရွယ်ချက် မဟုတ်ဘူးလား”
လူတိုင်းက အပူတပြင်းဆွေးနွေးနေကြစဉ် တစ်စုံတစ်ယောက်က အံ့ဖွယ်မြို့ကို လက်ညှိုးထိုးပြလိုက်၏။
“သူ ထွက်လာပြီ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ဂိုဏ်းချုပ် ထွက်လာပြီ”
“သူ ထွက်လာပြီလား”
“တစ်ချက်သွားကြည့်ရအောင်”
ထိုစဉ်ကျင့်ကြံသူများစွာနှင့် တိုင်းသူပြည်သားများစွာသည် တော်ဝင်မြို့၏ရှေ့၌ စုဝေးလာကြသည်။ ပိုပိုများပြားသည့်ကျင့်ကြံသူများက သူတို့ဆီကို အဝေးကနေပျံသန်းလာသည်။ တော်ဝင်အစောင့်များမရှိဘဲ အံ့ဖွယ်မြို့တော်ထဲတွင် ပျံသန်းခြင်းကို တားမြစ်ထားခြင်းက အကျိုးသက်ရောက်မရှိတော့ပေ။
လုကျိုးက လက်တစ်ဖက်ကိုအနောက်ပစ်ထားလျက် မြို့ရိုးပေါ်တွင်ရပ်နေကာ ကျန်သည့်သူများကို ငုံ့ကြည့်လိုက်၏။
တွမ့်မူရှန်း၊ ယဲ့ထျန်းရှင်း၊ ကျောင်းယွဲ့၊ ရှောင်ယွမ်အာနှင့် ခရုလေးက သူ့နောက်တွင်ရပ်နေသည်။
လုကျိုးသည် လူအများကြားထဲ၌ သူလျှိုအချို့ကို ရှာတွေ့ခဲ့ပြီးဖြစ်သည်။ သို့သော် သူက အလျင်မလိုပေ။ သူက လူအုပ်ကြီး၏အရွယ်အစားကိုကျေနပ်သွားစဉ် လက်ဝေ့ယမ်းလိုက်၏။
ထိုအချက်ပြမှုဖြင့် ဟွားချုံးယန်က ရှေ့တိုးလိုက်သည်။ သူက အသံလှိုင်းလွှင့်ကာ ပြောလိုက်တော့၏။
“သူလျှိုတွေက အံ့ဖွယ်မြို့တော်ထဲမှ သောင်းကျန်းပြီး ကသောင်းကနင်း ဖြစ်အောင်လုပ်နေတယ်။ သူတို့တွေက လူ့ကျင့်ဝတ်ကိုဆန့်ကျင်ပြီး အပြစ်ကင်းတဲ့လူတွေရဲ့အသက်ကိုယူတယ်။ ကရုဏာရှိတဲ့ ချန်းပေ့ကျိက မင်းတို့အခု အညံ့ခံဖို့အခွင့်အရေးပေးမယ်။ အညံ့ခံတဲ့သူတိုင်း အကောင်းပကတိအလောင်းနဲ့ ထွက်ခွင့်ရမယ်”
အရပ်သားအချို့က ဒူးထောက်လျက် ကန်တော့လိုက်သည်။ “ကျေးဇူးပြုပြီး တစ်ခုခုလုပ်ပေးပါ။ ဂိုဏ်းချုပ်”
“ကျေးဇူးပြုပြီး တစ်ခုခုလုပ်ပေးပါ။ ဂိုဏ်းချုပ်”
ဟွားချုံးယန်သည် လေထဲပျံဝဲနေသော ကျင့်ကြံသူများ၏မျက်နှာကို စစ်ဆေးလိုက်၏။ “ဒီလိုအချိန်မှာ ငါတို့တွေ ကွဲပြားခြားနားတာကို ဘေးချိတ်ထားပြီး မြို့ရဲ့သူလျှိုတွေကို ရှင်းထုတ်ကြရမယ်”
လေထဲတွင်ပျံဝဲနေသော ကျင့်ကြံသူများထဲမှ တစ်ယောက်ကပြောလိုက်သည်။ “မင်း ပြောတော့ လွယ်တယ်။ ငါတို့ကြားထဲမှာ အဲ့ဒီသူလျှိုတွေရှိနေတာ။ သူတို့ကိုဘယ်လိုလုပ်ခွဲထုတ်နိုင်မှာလဲ။ မင်းထက်တောင် ငါ သူတို့ကို ပိုတောင်သတ်ချင်သေးတယ်”
သူလျှိုများသည် တာ့ယန်၏တစ်မိုးအောက်၌ နေထိုင်ခွင့်မပြုနိုင်ပေ။ ထို့အပြင် သူတို့သည် ကျန်သည့်သူများ၏အသက်များကို ကောက်ရိုးပမာ သဘောထားနေသည်။
“ချန်းပေ့ကျိ ကျွန်တော်တို့တွေ မိစ္ဆာဝေဟင်မျှော်နန်းကိုအမြဲတမ်းကြောက်ရွံ့ပြီး လေးစားခဲ့ပါတယ်။ ကျွန်တော်တို့ ချန်းပေ့ကို တကယ်လေးစားပါတယ်။ အပြည့်အဝထောက်ခံပေးပြီး သူလျှိုတွေကို မောင်းထုတ်ဖို့ ချန်းပေ့ရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်”
အောက်ကနေအသံတစ်သံပေါ်ထွက်လာသည်။ “ချန်းပေ့ကျိ ကျေးဇူးပြုပြီး အလုံးစုံအခြေအနေတွေကို စဉ်းစားပေးပါ။ သူလျှိုငါးယောက်ကိုလွှတ်ပြီး ကျွန်တော်တို့ကို အာမခံပေးပါ။ သူလျှိုတွေကို ဖြည်းဖြည်းချင်းနှင်ထုတ်လိုက်လို့ရပါတယ်”
လုကျိုးသည် ထိုလူကိုငုံ့ကြည့်လိုက်၏။ သူသည် မျက်တွင်းနက်မျိုးနွယ်တစ်ယောက်ဖြစ်၏။ သူက အလျင်စလိုမလှုပ်ရှားပေ။ ကျန်သည့်သူများသည် သူက မျက်တွင်းနက်မျိုးနွယ်မှန်းမသိပေ။ ထို့ကြောင့် ယခုအချိန်တွင် သူ လှုပ်ရှားတာက မသင့်တော်ပေ။
ထိုစဉ် ကျောင်းတော်သားတပည့်တစ်ယောက်က ပျံသန်းလာ၏။ သူက အရိုအသေပေးလျက် ပြောလိုက်တော့သည်။ “ချန်းပေ့ကျိ ပြင်ဆင်မှုတွေပြီးပါပြီ”
လုကျိုးသည် ရှေ့ရှိကျင့်ကြံသူများကိုကြည့်လျက် ဂုဏ်ယူစွာပြောလိုက်သည်။ “မင်းတို့ကို အခွင့်အရေးပေးခဲ့ပြီးပြီ။ အစီအရင်ကိုအသက်သွင်းလိုက်တော့” ကျောင်းတော်သားတပည့်က အော်လိုက်တော့သည်။ “အစီအရင်ကို အသက်သွင်းကြ” သူ၏အသံက မြို့ထဲ ပဲ့တင်သံထွက်သွားလေ၏။
လို့လန်မှသူလျှိုများ မျက်တွင်းနက်မျိုးနွယ်နှင့် လို့လန်မှ သူလျှိုများ၏အမူအရာက ခက်ထန်လာသည်။
ဝှစ် ဝှစ် ဝှစ်
စွမ်းအင်သံများက မြို့တစ်ခုလုံးပြည့်သွားလေသည်။
လုံလောက်သွားချေပြီ။ ဝေဟင်ထဲ၌ ကားလိပ်တစ်ခုကဲ့သို့အရံအတားတစ်ခုပေါ်လာသည်။ အံ့ဖွယ်မြို့တော်ထဲရှိ မြို့ဂိတ်လေးခုနှင့် မြို့ရိုးများသည် အရံအတားတစ်ခုနှင့် ချက်ချင်း အကာခံလိုက်ရသည်။
ထိုအကြောင်းဘာဆိုဘာမှမသိသည် အံ့ဖွယ်မြို့တော်ထဲရှိ အရပ်သားများနှင့် ကျင့်ကြံသူများက ထွက်လာပြီး ကောင်းကင်ကို ဇဝေဇဝါကြည့်လိုက်ကြသည်။
အံ့ဖွယ်မြို့တော်ထိပ်၌ ကျိုးယို့ချိုက်က ခုနစ်စင်ကြယ်ကျောင်းတပည့်ဆယ်ယောက်ကို ဦးဆောင်လျက် အဆုံးသတ်ဆယ်ပါးအစီအရင်ကို ပြီးမြောက်အောင်ခင်းကျင်းလိုက်သည်။
လုကျိုးက အမိန့်ပေးလိုက်သည်။ “လုလီနဲ့တခြားသူတွေကို ဒီခေါ်လာခဲ့”
“နားလည်ပါပြီ”
ခဏအကြာတွင် လို့လီနှင့်သူ၏အဖော်အပေါင်းလေးဦးတို့သည် တော်ဝင်မြို့သို့ ခေါ်ဆောင်ခံလိုက်ရကာ အရပ်သားရှေ့နား၌ ချထားလိုက်သည်။
လုကျိုးက ထူးမခြားနားပြောလိုက်သည်။ "ငါက ခြိမ်းခြောက်ခံရတာကို အမုန်းဆုံးပဲ။ သူတို့ကို ခေါင်းဖြတ်လိုက်”
အာဏာပါးကွက်သားသည် တွေဝေမနေဘဲ ဓားသွားကိုလွဲထုတ်လိုက်၏။
ခေါင်းများပြုတ်ကျကုန်သည်။ ခေါင်းက လူအများဆီလွင့်သွား၏။
ကျင့်ကြံသူများနှင့် အရပ်သားများက မျက်လုံးများပြူးကျယ်ကုန်၏။
“ချန်းပေ့ကျိ ခင်ဗျား ... ခင်ဗျား သူလျှိုတွေကို ဒေါသထွက်စေမှာမလား။ လူ ... လူတွေက ဘာလုပ်သင့်လဲ”
“ဒါက အဆင်အခြင်မဲ့လွန်းတယ်မလား” တစ်စုံတစ်ယောက်က ရေရွတ်ပြောလိုက်သည်။
လုကျိုးက ကြည်လင်သောအသံဖြင့်ပြောလိုက်၏။ “တခြားမျိုးနွယ်ကသူလျှိုတွေက လူတွေရဲ့ အသက်ကိုနင်းချေပြီးပြဿနာရှာတယ်။ ငါ့ရဲ့သတ္တိကိုလျော့ရဲစေဖို့ သူတို့စိတ်ဓာတ်ခွန်အားကို ငါ ဘယ်လိုလုပ်မြှင့်တင်ပေးနိုင်မှာလဲ” သူသည် တိတ်ဆိတ်နေသောလူများကို မြင်သောအခါ ထပ်ပြောလိုက်၏။ “သူတို့ကို အသက်ရှင်ခွင့်ပေးထားမယ်ဆိုရင် သေသွားတဲ့လူတွေကို ဘယ်လိုရင်ဆိုင်ရမလဲ”
သူ ပြောတာမှန်သည်။ သူလျှိုများက မောက်မာထောင်လွှားလွန်းသည်။
ဆုရရှိသည့် ကုသိုလ်မှတ်အနည်းအကျဉ်းမရှိပင်လျှင် သူသည် လူအများရှေ့၌ သူလျှိုများကိုခေါင်းဖြတ်ရမည်မှန်း သူ သိနေသည်။ ထိုသို့မပြုလုပ်လျှင် သူသည် တခြားမျိုးနွယ်များကို မည်ကဲ့သို့ခြိမ်းခြောက်ရမည်နည်း။
…
အခန်း (၆၀၂) စီရင်စုကိုးခု တုန်ခါလာသောကြောင့် ကမ္ဘာကြီးက သက်ရှိအားလုံးအပေါ် ထွန်းလင်းတောက်ပလာအံ့ (အပိုင်း ၁)
မိစ္ဆာဝေဟင်မျှော်နန်းသခင်သည် ပြည်သူများကြား ပုန်းအောင်းနေသည့် သူလျှိုများနှင့် ရင်ဆိုင်လိမ့်မည်ဟု မည်သူကမှ ထင်မထားကြပေ။
သူလျှိုများ၊ ပြည်သူများနှင့် ကျင့်ကြံသူများစွာက တော်ဝင်မြို့တော်မှ လုကျိုးအား ကြည့်နေကြသည်။ သူတို့က သူ့တပည့်များကို အမိန့်တစ်ခုတည်း ပေးရုံဖြင့် ကမ္ဘာကို ဇောက်ထိုးမိုးမျှော် လုပ်ပစ်နိုင်သည့် ကမ္ဘာ့အကြီးမြတ်ဆုံး မိစ္ဆာကို ကြည့်နေကြခြင်း ဖြစ်၏။ သူတို့က သူသည် မိစ္ဆာဖြစ်ကြောင်း ရုတ်တရက် အမှတ်ရသွားကြသည်။ ကလေးဆန်ဆန် သူလျှိုများက သာမန်ပြည်သူများအသက်ဖြင့် မိစ္ဆာအိုကြီးကို ခြိမ်းခြောက်နိုင်မည်ဟု ထင်နေကြလျှင် တစ်မိုးအောက် အရယ်ရဆုံး ပြက်လုံး ဖြစ်သွားမည် မဟုတ်ပါလော။
တချို့က သွေးဆာသည့် မျက်ဝန်းများ ရှိနေကြစဉ် တချို့က ကြောက်ရွံ့နေကြသည်။ တချို့ကမူ စိုးရိမ်နေကြသည်။
ကွပ်မျက်သူသည် ဓားကို ဆက်လက်၍ ခုတ်ချလိုက်ပြီး နန်းတော်ထဲ ဖမ်းမိထားသည့် နောက်ဆုံး သူလျှိုနှစ်ယောက်အား သတ်လိုက်သည်။ သူတို့ဦးခေါင်းက မြေပေါ် လိမ့်ကျလာပြီး သွေးစီးကြောင်း ချန်ထားခဲ့လေသည်။ သွေးများက စမ်းချောင်းလိုမျိုးဖြစ်သလို ရွံ့စရာကောင်းသည့် နွယ်ပင်များကဲ့သို့ ဖြစ်နေသည်။ သူတို့ကို ကြည့်ရသည်မှာ ကြောက်ဖို့ကောင်းလှသည်။
ထိုစဉ် သူလျှိုများစွာက ယနေ့ည မည်သို့ ပြန်လည်လက်စားချေသင့်ကြောင်း စဉ်းစားနေကြသည်။ သူတို့က တစ်ရက်ကို ပြည်သူငါးယောက်သာ မသတ်ဖြတ်တော့ပေ။ သူတို့က အံ့ဖွယ်မြို့တော်တစ်ခုလုံးကို ငရဲအဖြစ် ပြောင်းလဲပြီး ပြည်သူများကို တန်ကြေးပေးဆပ်ခိုင်းပစ်မည်။
မိစ္ဆာဝေဟင်မျှော်နန်းက အမှန်တကယ် အားကောင်းလွန်းလှသည်။ မည်သူမှ မရင်ဆိုင်ရဲလောက်အောင်အထိ အားကောင်းလွန်လှသည်။ သို့သော်လည်း သူတို့က ပုန်းအောင်းနေနိုင်သည် မဟုတ်ပါလော။
မိစ္ဆာဝေဟင်မျှော်နန်းက သတ္တိရှိလျှင် မြို့ထဲမှ လူအားလုံးကို သတ်ပစ်သင့်သည်။ ဤနည်းဖြင့် သူတို့က သူလျှိုတစ်ယောက်မှ လွတ်သွားမည် မဟုတ်ပေ။ မိစ္ဆာအိုကြီးကျိက ဒီလိုလုပ်ရဲမည်လား။
ငရဲဂိုဏ်းက ယန်စီရင်စုမြို့ရဲ့ လူတွေကိုယ်စား မတောင်းဆိုဖူးဘူးလား …
မိစ္ဆာလမ်းစဉ်က ဘယ်တုန်းကမှ မဖြောင့်မတ်ပေ။ သူတို့စိတ်ထဲ လက်စားချေလိုသည့် အစီအစဉ်များက ပြည်သူများအတွက် အိပ်မက်ဆိုး ဖြစ်လာလိမ့်မည်။
လက်ရှိ ပြည်သူတွေက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် နောက်ဆုတ်လိုက်ကြသည်။ တချို့က သွေးပျက်ဖွယ် မြင်ကွင်းမျိုးကို ခံနိုင်ရည် မရှိကြဘဲ အန်ကြတော့၏။
……………
တော်ဝင်မြို့တော် ထိပ်ပိုင်းတွင်
ကျိုးယို့ချိုက်က အတည်ပြုချက်ရပြီးသည့်နောက် အသံကြည်ကြည်လင်လင်ဖြင့် ပြောလိုက်သည် “ ကျုပ်က ခုနှစ်စင်ကြယ်ကျောင်းတော်ရဲ့ ကျောင်းအုပ်ဖြစ်ပြီးတော့ အံ့ဖွယ်မြိုတော်ရဲ့ အဆုံးသတ်ဆယ်ပါး အစီအရင်ရဲ့ လမ်းညွှန်လည်း ဟုတ်ပါတယ်။ ခင်ဗျားတို့အားလုံးက မိစ္ဆာဝေဟင်မျှော်နန်းကို သတိထားကြတယ်ဆိုတာ သိပါတယ်။ ကျုပ်က သူတို့နဲ့ ဘာလို့ပေါင်းနေတာလဲဆိုတာ သိချင်နေကြမှာပဲ …
ဘုရင်က အစေခံတွေကို လေးစားမှုနဲ့ ဆက်ဆံမှ အစေခံတွေက သစ္စာရှိမှု ပြန်ပေးဆပ်ကြမှာပါ။ ဒါပေမဲ့ ဧကရာဇ်က နန်းတက်ကတည်းက တိုင်းပြည်ကို မအုပ်ချုပ်ခဲ့သလို ညီလာခံလည်း မတက်ခဲ့ဖူးဘူး။ ခုနှစ်စင်ကြယ်ကျောင်းတော်က သူ့အပြစ်ကြွေးဆယ်ခုကို ထုတ်ဖော်ပြသဖို့ ရောက်နေတာပါ”
ခုနှစ်စင်ကြယ်ကျောင်းတော်၏ တပည့်များက မြို့ဂိတ်ပေါက်များ အပြင်ဘက်တွင် ပေါ်လာကြပြီး ဧကရာဇ်၏ အပြစ်ကြွေးစာရင်းအား ကိုင်ဆောင်ထားကြသည်။ တချို့စာရင်းများကို ကြော်ငြာသင်ပုန်းပေါ်တွင် ကပ်ထားကြသည်။
“ပထမက သူက ဦးနှောက်မရှိတဲ့ အာဏာရှင်တစ်ယောက်၊ ဒုတိယက သူက အပြစ်မဲ့တဲ့လူတွေကို သတ်ခဲ့တယ်။ တတိယက သူက တာဝန်မသိတတ်ဘူး။ လေးချက်မြောက်က သူက တော်လှန်ဖို့ ပြင်နေတယ်။ ငါးချက်မြောက် သူက တရားမမျှတဘူး။ ခြောက်ချက်မြောက် သူက ကျင့်ဝတ်မရှိဘူး။ ခုနှစ်ချက်မြောက် သူက တော်ဝင်မျိုးနွယ်ကို သတ်ခဲ့တယ်။ ရှစ်ချက်မြောက် သူက ရွှေကြာဖြတ်တောက်ဖို့ လေ့လာရေးအတွက် ကျင့်ကြံသူတွေကို အတင်းကျပ် အဓမ္မ အသုံးပြုဖိအားပေးခဲ့တယ်။ ကိုးချက်မြောက် သူက အုပ်ချုပ်သူအယောင်ဆောင်ခဲ့တယ်။ ဆယ်ချက်မြောက် သူက အုပ်ချုပ်သူကို သတ်ခဲ့တယ်။
(သူ့အပြစ်ကြွေး အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်၏။ စာလုံးရေ တစ်သောင်း ချန်လှပ်ထားသည်)”
ထိုစာရင်းကို ဖြန့်ဝေပြီးသည့်နောက် ဖတ်လိုက်သူများက ကိုယ့်မျက်လုံးကို ယုံဖို့ ခက်နေကြသည်။ အားလုံးက သူတို့ဘာသာ ဆွေးနွေးနေကြ၏။
“ဧကရာဇ်အတုတဲ့လား။ သူက အတုကြီးလား။ အယောင်ဆောင်လား … ဘယ် …. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
စာက အုပ်ချုပ်သူ အယောင်ဆောင်ပြီး အုပ်ချုပ်သူကို သတ်ခဲ့သည့် အပြစ်ကြွေးကို စူးစိုက်ထားသည်။ ထိုကြေညာမှုက မိုးကြိုးခြိမ်းလိုက်သကဲ့သို့ တုန်လှုပ်ဖွယ် ဖြစ်နေ၏။
သူ့အား ဆန့်ကျင်ဖို့ အင်အားစု ရောက်မလာခင်ကတည်းက လျိုကုအကြောင်း တူညီသည့် ကောလဟာလများ ထွက်လာခဲ့ဖူးသည်။ ယခု သူတို့က တော်ဝင်မြို့တော်ကို ကြေညာလိုက်ပြီဖြစ်ရာ အင်အားစုဘက်က ပိုအားသာသွားသည်။ ထို့အပြင် ခုနှစ်စင်ကြယ်ကျောင်းတော်မှ ကြေညာလိုက်ခြင်း ဖြစ်၏။
လူတစ်ယောက်သည် လူများစွာဆီမှ သံသယဝင်ခံလိုက်ရသည့်အခါ အမှန်တရားက အရေးမပါတော့ပေ။ မည်သူကမှ ထိုလူအုပ်ကြီး၏ ပါးစပ်ကို မပိတ်နိုင်ကြတော့ပေ။ လူများက သူတို့အချင်းချင်း ဆက်လက် ဆွေးနွေးနေကြသည်။
ခဏအကြာတွင် တစ်ယောက်က ကျယ်ကျယ်လောင်လောင် ပြောလိုက်၏။ “ ကျိချန်းပေ့ …. ခင်ဗျား အဲဒီလူငါးယောက်ကို သတ်လိုက်တာ ကောင်းတယ်လို့ ဝန်ခံပေမဲ့ ကျွန်တော်တို့ရဲ့ ဘေးကင်းမှုကို ဘယ်လိုအာမ ခံပေးမှာလဲ။ ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေမှာလား”
“သူလျှိုတွေကို ဘယ်လိုထုတ်ဖော်မှာလဲ။ အားလုံးကို စုံစမ်းမှာလား”
နောက်တစ်ယောက်က ပြောလိုက်သည်။ “ အခု ကျွန်တော် သေချာတာက သူတို့တွေ လက်စားချေကြတော့မယ်ဆိုတာပဲ။ တော်ဝင်မြို့တော်ရဲ့ အဆုံးသတ်ဆယ်ပါး အစီအရင်ကို ဖြေလျော့ပြီး ကျွန်တော်တို့ကို သွားခွင့်ပေးလိုက်ပါ”
လူများက အံ့ဖွယ်မြို့တော်တွင် ဆက်နေဖို့ ကြောက်ရွံ့နေကြသည်။
“ငါတို့တွေ အံ့ဖွယ်မြို့တော်ကနေ မြန်မြန် ထွက်သွားရမယ်”
တချို့က မိစ္ဆာဝေဟင်မျှော်နန်းသည် တစ်ခုခုလုပ်ပေးဖို့ မျှော်လင့်နေကြသည်။ သူတို့က ယခုအခါ တုန်လှုပ်နေမှန်း သိသာလှသည်။
“ မင်းတို့ အံ့ဖွယ်မြို့တော်ကနေ ထွက်သွားတာနဲ့ မင်းတို့နောက် လိုက်မလာဘူးလို့ သေချာရဲ့လား။ အပြင်ဘက်မှာ သတ်ရတာ ပိုလွယ်ဦးမယ်။ မင်းတို့က ဘယ်ပြေးကြမလို့လဲ။ ကျင့်ကြံသူတွေကို မင်းတို့နောက်လိုက်ပြီး ကာကွယ်ပေးဖို့ မျှော်လင့်နေကြတာလား”
ထိုစကားများကိုကြားကာ ပြည်သူများက ပိုကြောက်လာကြသည်။ ထိုမတိုင်ခင် သူတို့ လူသားမြို့သည် သူတို့အခြေရာ နေရာနှင့် သူတို့ဘဝရှင်သန်ရာ နေရာ ဖြစ်၏။ သို့သော်လည်း ယခုတွင် သူတို့အတွက် နေရာမရှိတော့ပေ။
ဘန်း
တွမ့်မူရှန်းက ပျံသန်းလာပြီး နယ်ရှင်လှံဖြင့် မြေကြီးကို ထိုးစိုက်ချလိုက်သည် “ စိတ်အေးအေးထားကြ”
သူ့အကြည့်က စူးရှလှသည်။
သူ့ရှေ့ရှိ လူအုပ်ကြီးက နောက်ဆုတ်လိုက်ကြ၏။
ထိုစဉ် အဆုံးသတ်ဆယ်ပါး အစီအရင်၏ ကိုးလွှာသာ အသက်ဝင်သေးသည်။ နောက်ဆုံး အသက်မသွင်းရသေးသည့် အလွှာက ကမ္ဘာဦးချီတချို့ ဝင်ရောက်လာစေနိုင်ပြီး အံ့ဖွယ်မြို့တော်ရှိ ကျင့်ကြံသူများက ကမ္ဘာဦးချီ အနည်းငယ် အသုံးပြုခွင့်ပြုထားသည်။
“ကျုပ်ရှစ်စွင်းက ဒီနေ့ ကြွက်တွေကို ဆွဲထုတ်မယ်လို့ ပြောထားပြီးသားလေ”
“ဆရာ … ဆရာရဲ့ ရှစ်စွင်းက ဘယ်လိုလုပ်မှာလဲ။ ကြုံရာကျပန်း လူတစ်ယောက်ကို လက်ညှိုးထိုးပြီး သူက သူလျှိုလို့ ကြေညာလိုက်မှာလား”
လူများက အချင်းချင်း တီးတိုးပြောကုန်ကြသည်။
ထိုစဉ် လုကျိုးက လက်ဝေ့လိုက်သည့်အခါ ရွှေရောင်ထိုက်ရွီကြေးမုံက ပေါ်ထွက်လာသည်။
ကြေးမုံမှ အသံထွက်လာ၏။
သူက ကြေးမုံကို လှည့်လိုက်စဉ် အလင်းတန်း တောက်ပလာသည်။ ထိုအလင်းတန်းက တွမ့်မူရှန်းအား လှောင်ပြောင်နေသည့် လူအပေါ် ကျရောက်သွား၏။ ထိုအခိုက်အတန့်တွင် အားလုံးရှေ့မှောက် ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန် ထွက်ပေါ်လာသည်။
“ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်ပဲ။ သူက ရို့လီကပဲ ”
“ငါ ဘာမြင်လိုက်တာလဲ။ အမလေးလေး သူက ရို့လီသူလျှိုပဲ”
လူအုပ်ကြီးက ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြောက်ကြောက်လန့်လန့် ကြည့်ရင်း နောက်ဆုတ်လိုက်ကြသည်။
ခုနှစ်စင်ကြယ်ကျောင်းတော်၏ ကျောင်းအုပ် ကျိုးယို့ချိုက်က ကြေးမုံကို မြင်သည့်အခါ တအံ့တဩ ရေရွတ်လိုက်၏ “ရွှေရောင်ထိုက်ရွီကြေးမုံလား”
ရွှေရောင်ထိုက်ရွီကြေးမုံသည် လူတစ်ယောက်၏ ပုံစံနှင့် ကျင့်ကြံဆင့်ကို ထုတ်ဖော်ပေးနိုင်သည်။ ဤသည်က ထိုက်ရွီကျောင်းတော်၏ ရတနာ ဖြစ်၏။
တခြားလူများက အံ့ဩနေကြစဉ် တွမ့်မူရှန်းက နယ်ရှင်လှံကို မြှောက်ကာ ဒေါသတကြီး အော်ပြောလိုက်သည် “သေစမ်း”
သူက နယ်ရှင်လှံကို ဝေ့ယမ်းလိုက်သည့်အခါ လှံအရိပ်ထောင်ချီက ရို့လီ သူလျှိုဆီ ဝင်ရောက်သွားသည်။
ဘန်း ဘန်း ဘန်း
သူလျှို၏ အမူအရာကလည်း အံ့အားသင့်နေလေသည်။ သူက ပြောစရာပျောက်ဆုံးနေပြီး သူ့ဇစ်မြစ် ထုတ်ဖော်ခံလိုက်ရသည့်အတွက် ပျာယာခတ်သွားသည်။ သူက ကာကွယ်ရေးစွမ်းအားကို အသက်သွင်းလိုသော်လည်း အဆုံးသတ်ကိုးပါး အစီအရင်အတွင်း ကမ္ဘာဦးချီ ပမာဏအနည်းငယ်သာ တွေ့လိုက်ရသည်။
တွမ့်မူရှန်း၏ တိုက်ကွက်က အတော်လေး ကြမ်းတမ်းကာ လွှမ်းမိုးနိုင်စွမ်းကြီးလှသည်။ သူက တစ်ဖက်လူကို အနားယူခွင့် မပေးပေ။ “ မပြည့်စုံသောနတ်ဒေဝါ ဖျန်ဖြေခြင်း”
သူက လေထဲ ရုတ်တရက် ခုန်ဝင်လိုက်ပြီး နယ်ရှင်လှံဖြင့် ထိုးစိုက်ချလိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးယောက်က ထိုအရာကို မြင်သည့်အခါ ရွှေနန်းဥယျာဉ်တောင်ပေါ်ရှိ လေ့ကျင့်ရေးကွင်းမှ မြင်ကွင်းကို ပြန်မြင်ယောင်လာမိကြသည်။ ထိုစဉ်က တွမ့်မူရှန်း၏ အရည်အချင်းသည် အရွယ်မရောက်သေးပေ။ ဟိတ်ဟန်ကြီးသော်လည်း အနှစ်သာရ မပါပေ။ သို့သော် ယခုတွင် သူ့နည်းစနစ်က ပိုမိုကောင်းမွန်လာ၏။ လှံအရိပ်များက တစ်ဖက်လူအပေါ် ကျရောက်သွားသည့်အခါ လှံထိပ်ဖျားတွင် ရွှေရောင်စွမ်းအားတစ်ခု ပေါ်ထွက်လာသည်။
ဘန်း
ရို့လီသူလျှိုက နယ်ရှင်လှံဖြင့် ထိုးစိုက်ခံလိုက်ရပြီး သူ့ခြေထောက်များ မြေကြီးထဲ နှစ်ဝင်သွားသည်။
နယ်ရှင်လှံက သက်ညှာမှု မရှိဘဲ ဆက်လက် ကျဆင်းလာသည်။
ဘန်း
သူလျှိုက ယခုအခါ ဒူးထောက်လျက်သား ဖြစ်နေသည်။ မြေပေါ်ရှိ ကျောက်ပြားများလည်း ကွဲအက်လာ၏။
ဤသို့ဖြင့် တိုက်ပွဲက ပြီးဆုံးသွားသည်။
တွမ့်မူရှန်းက နယ်ရှင်လှံကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
“စန်းရှစ်ရှိုး တကယ်ကို အမိုက်စားပဲ”
“ စန်းရှစ်ရှိုးရဲ့ လှံနည်းစနစ်က ပိုပိုပြီး အားကောင်းလာတယ်”
တွမ့်မူရှန်းက ချီးကျူးမှုများကို ခံယူပြီးနောက် တခြားလူများကို လျစ်လျူရှုကာ ဂုဏ်ယူစွာဖြင့် ရှေ့တိုးလာသည်။
ဒူးထောက်နေသည့် ရို့လီ သူလျှို၏ အကြည့်များက ကြောက်ရွံ့မှုအပြည့် ဖြစ်နေလေ၏။
“ ရှစ်စွင်းက ပြောထားတယ် … ဒီနေ့ ကြွက်တွေကို အကုန်ထုတ်ဖော်ပစ်မယ်လို့ ”
လုကျိုးလက်ထဲမှ ရွှေရောင်ကြေးမုံကို မြင်လိုက်သည့်သူတိုင်းက ထိုမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ပြီးသည့်နောက်တွင် နားလည်သွားကြသည်။
ပြည်သူများက သဘောပေါက်သွားကာ သူတို့ဘာသာ ဝပ်တွားလိုက်ကြသည်။
“မိစ္ဆာဝေဟင်မျှော်နန်း ကူညီပေးကြပါ ”
“မိစ္ဆာဝေဟင်မျှော်နန်း ကူညီပေးကြပါ ”
လူများစွာက အော်လိုက်သည့်အတွက် တခြားမျိုးနွယ် သူလျှိုများက ထိတ်လန့်လာကြသည်။ သူတို့က လိုက်ကာနှင့်တူသည့် အကာအရံကို ကြည့်လိုက်သည်။
နှစ်နာရီတည်းပါ … သူတို့တွေ နှစ်နာရီ အသက်ရှင်နိုင်ရင် ရပြီ …
အံ့ဖွယ်မြို့တော်က ကြီးမားလေရာ သူတို့အနေနှင့် ပုန်းအောင်းဖို့ နေရာများစွာ ရှိ၏။
ထိုစဉ် လုကျိုးက ပြောလိုက်သည် “ကျင့်ကြံသူတွေက ရွှေရောင်ကြေးမုံရှေ့ကနေ မဖုံးကွယ်ထားနိုင်ဘူး … ငါက အံ့ဖွယ်မြို့တော်ကို တာဝန်ယူထားမှတော့ လူတွေကို ဘယ်လိုလုပ် ထိခိုက်ခွင့်ပြုမှာလဲ”
ပွင့်ချပ်ငါးလွှာ လုကျိုးက ကမ္ဘာဦးချီ လှည့်ပတ်ရင်း အသံကို မြင့်ပြောလိုက်သည်။
ပြည်သူရာချီက ဒူးထောက်ကာ ကျေးဇူးတင်ကုန်ကြသည်။
“မျှော်နန်းသခင်ကို ကျေးဇူးတင်ပါတယ် ”
“မျှော်နန်းသခင်ကို ကျေးဇူးတင်ပါတယ် ”
“တင်း … လူ ၃၅၀ ဆီမှ အလေးအနက် ဝပ်တွားမှုကို လက်ခံရရှိတဲ့အတွက် ကုသိုလ်ရမှတ် ၃၅၀၀ ဆုလာဘ် ရရှိပါတယ်”
ကျိုးယို့ချိုက်က ချက်ချင်း ဦးညွှတ်ကာ ပြောလိုက်သည် “ ကျိချန်းပေ့ … ဒီကြေးမုံကို လက်ဝယ်ပိုင်ထားလိမ့်မယ်လို့ မသိခဲ့ဘူး။ ဒီလိုဆိုတော့ အခု အချိန်ဆွဲစရာ မလိုတော့ဘူး။ ကျုပ်တို့တွေ သူလျှိုတွေ မြန်မြန်ရှာလိုက်ကြရအောင် ”
ဖန်လီထန်းက ပြောလိုက်သည် “ နှစ်နာရီအတွင်း သူလျှိုအားလုံးရဲ့ နေရာကို လိုက်ရှာဖို့ နည်းနည်းခက်မယ်တူတယ်”
သို့သော်လည်း သူတို့အနေနှင့် သူတို့အားလုံးကို ခေါ်ထုတ်ရုံမှအပ ရွေးချယ်စရာ မရှိပေ။ မဟုတ်ပါက သူလျှိုများသည် ပြန်လည်လက်စားချေကြလိမ့်မည်။
လုကျိုးက ခေါင်းညိတ်လိုက်ပြီးနောက် ကောင်းကင်မှ လိုက်ကာနှင့်တူသည့် အကာအရံအား ကြည့်လိုက်သည်။
ကျိုးယို့ချိုက်က လူအုပ်ကို ကြည့်လိုက်ပြီး “ တခြားမျိုးနွယ်တွေက ပြဿနာရှာနေကြတာ။ တာ့ယန်ကျင့်ကြံသူတွေက ရန်သူကို နှိမ်နင်းဖို့ အတူတူ လုပ်ဆောင်သင့်တယ်”
သူ့အနေနှင့် တချို့ကျင့်ကြံသူများသည် မိစ္ဆာဝေဟင်မျှော်နန်းကို ဘက်လိုက်သည့် အမြင်ဖြင့် ကြည့်နေသေးကြကြောင်း သိလေသည်။
တွမ့်မူရှန်းက နယ်ရှင်လှံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ရှေ့တိုးလာပြီး “ရှစ်စွင်း စလိုက်တော့မယ်”
မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးယောက်လည်း ခုန်ဆင်းလာကြသည်။
လုကျိုးက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏ “ကောင်းပြီ ”
အားလုံး၏ အကြည့်အောက်တွင် လုကျိုးက မြေပေါ်မှ အသာကြွကာ ပျံသန်းလိုက်သည်။
…
အခန်း (၆၀၃) စီရင်စုကိုးခု တုန်ခါလာသောကြောင့် ကမ္ဘာကြီးက သက်ရှိအားလုံးအပေါ် ထွန်းလင်းတောက်ပလာအံ့ (အပိုင်း ၂)
လုကျိုးသည် ရွှေရောင်ကြေးမုံကိုဘေးဖယ်ထားလျက် ရှေ့သို့ပျံသန်းလာသည်။
“မျှော်နန်းသခင်” မိစ္ဆာဝေဟင်မျှော်နန်း၏အကြီးအကဲလေးယောက်သည် လုကျိုးဘာလုပ်နေမှန်း နားမလည်ပေ။
“ရှစ်စွင်း” လုကျိုး၏တပည့်များကလည်း ဇဝေဇဝါဖြစ်နေကြ၏။ သူတို့သည် မြို့တွင်းရှိ လူအားလုံးပေါ်၌ ရွှေရောင်ထိုက်ရွှီကြေးမုံကိုသုံးကာ သူလျှိုကို ဖမ်းမည်မဟုတ်ပါလော။ သူ၏ရှစ်စွင်းသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို အဘယ်ကြောင့်များရုတ်တရက် ဘေးသို့ပို့လိုက်သနည်း။
ကျင့်ကြံသူများသည် လုကျိုးနောက်ပျံလိုက်လာ၏။
အကြီးအကဲလေးယောက်ကလည်းလိုက်လာသည်။
မကြာမီ၌ လုကျိုးသည် အံ့ဖွယ်မြို့တော်၏အလယ်သို့သွားလိုက်သည်။ သူက ရပ်တန့်ကာ ကောင်းကင်ထက်ရှိကားလိပ်ကဲ့သို့အရံအတားကိုကြည့်လိုက်သည်။
“မျှော်နန်းသခင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ”
“မသိဘူး”
“ငါတို့ထပ်စောင့်လို့မရတော့ဘူး။ အချိန်က လူကိုမစောင့်ဘူး”
လုကျိုးသည် ရွှေရောင်ကြေးမုံကို အသုံးမပြုခဲ့လျှင် ကျန်သည့်သူများသည် သာမန်အရပ်သားနှင့် တခြားမျိုးနွယ်ကို ခွဲခြားနိုင်ခြင်းမရှိပေ။
ကျန်သည့်သူများက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးစောင့်နေရုံသာရှိသည်။
တခြားမျိုးနွယ်စုများက ဇဝေဇဝါဖြစ်နေစဉ် လုကျိုးသည် ဝေဟင်ထဲရှိကားလိပ်ကဲ့သို့ အရံအတားဆီတဟုန်ထိုးတက်သွားလိုက်၏။ သူ လမ်းတစ်ဝက်သို့ရောက်ချိန်တွင် သူ့လက်ထဲရှိရွှေရောင်ထိုက်ရွှီကြေးမုံကို ကိုင်ထားလျက် လက်ကိုဆန့်တန်းလိုက်သည်။ သူ၏လက်ချောင်းများကြားမှ တလက်လက်တောက်ပနေသောအလင်းက ပေါ်ထွက်လာ၏။
ယင်းကို မြင်တွေ့သည့်သာမန်ပြည်သူများနှင့် ကျင့်ကြံသူများသည် ချက်ချင်းနောက်ဆုတ်လိုက်သည်။
လုကျိုးက မြင့်သည်ထက်မြင့်အောင်ပျံသန်းသွားကာ ရွှေရောင်ကြေးမုံမှ ဧရိယာ၏အလင်းသည် ပိုမိုကြီးမားလာပြီး ပတ်ဝန်းကျင်သို့ပြန့်သွား၏။
ချက်ချင်းပင် ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်များစွာပေါ်လာသည်။ ထို့အပြင် ကျားသစ်ဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်များ၊ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်များလည်းရှိသည်။ ထိုအတိုင်းပင် တခြားမျိုးနွယ်များ၏ အမျိုးမျိုးသောစိတ်ဝိညာဉ်သဏ္ဌာန်များသည် ရွှေရောင်ကြေးမုံ၏ အလင်းအောက်၌ ဖော်ထုတ်ခံလိုက်ရသည်။
ကျိုးယို့ချိုက်က ချက်ချင်းသဘောပေါက်သွားလျက် အမိန့်ပေးလိုက်သည်။ “တပည့်တို့ အမိန့်နာခံကြ။ သူလျှိုတွေကို ဖြေရှင်း”
တော်ဝင်မြို့တော်၏ထိပ်တွင်ရှိသော ကျောင်းတော်သားများက လှုပ်ရှားကြတော့သည်။
တာ့ယန်၏ကျင့်ကြံသူများသည် သူတို့ဘေးဘယ်ညာကိုကြည့်လိုက်၏။ သူတို့နှင့်ယှဉ်တွဲရှိနေသည့် သူများက တခြားမျိုးနွယ်ဖြစ်ကြောင်း ရုတ်တရက်သဘောပေါက်သွားသည်။ ထိတ်လန့်မှုကြောင့် သူတို့ဖြူဖျော့သွား၏။ သူတို့၏ဓားသွားများကိုထုတ်ကာ ပိုင်းဖြတ်ချလိုက်ကြသည်။
ယခုအချိန်တွင် အကြီးအကဲလေးဦးနှင့်တပည့်များက လုကျိုး၏လုပ်ရပ်ကို နောက်ဆုံးတော့ သဘောပေါက်သွားပြီ ဖြစ်သည်။ သူတို့ကတွေဝေနေပြီးမှ လှုပ်ရှားကြတော့သည်။
လုကျိုးက အပေါ်သို့ ပျံသန်းသွားဆဲဖြစ်သည်။ သူ၏ပုံရိပ်သည် လူတစ်ယောက်၏ လက်ဖဝါးအရွယ်အစားခန့်သာ ရှိတော့သည့်အချိန်တွင် ဝေဟင်ထဲ၌ ကားလိပ်ကဲ့သို့အရံအတားမှ ဘန်း ဟူသည့်ကျယ်လောင်သံကြီးထွက်ပေါ်လာသည်။ ပြီးနောက် အလင်းစက်ဝိုင်းက ပတ်ဝန်းကျင်သို့ပြန့်သွား၏။
လုကျိုးသည် ဝေဟင်ထဲတွင် ကားလိပ်ကဲ့သို့အရံအတားနှင့် ရွှေရောင်ကြေးမုံကိုရိုက်လိုက်သည်။ အရံအတား၏စွမ်းအားက စုစည်းသွားပြီး ရွှေရောင်ကြေးမုံက ယခုဆို အပြာရောင်အလင်းဖြင့်တောက်ပလာလျက် အံ့ဖွယ်မြို့တော်တစ်ခုလုံးကို ချက်ချင်းလင်းထိန်သွားစေ၏။
ကမ္ဘာမြေကြီးအထက်တွင် ကောင်းကင်တည်ရှိပြီး နေနှင့်လက ရှေးယခင်ကာလတည်းက ကမ္ဘာပေါ်၌ ထွန်းလင်းတောက်ပနေ၏။
ရွှေရောင်ကြေးမုံနိုးထလာစဉ်၌ အံ့ဖွယ်မြို့တော်ထဲရှိ သက်ရှိသတ္တဝါအားလုံးလင်းထိန်ကုန်၏။
“မဖြစ်နိုင်တာ”
“ဘုရားရေ ... သူလျှိုတွေအများကြီးပဲ”
“သူတို့ကိုသတ်ကြ။ လခွမ်း ... မင်း တာ့ယန်ရဲ့မြေကို ကျူးကျော်တဲ့သူတွေကို သတ်ဟ”
“သတ်ကြဟေ့”
တာ့ယန်ကျင့်ကြံသူများသည် သူတို့မြင်လိုက်ရသည့်အရာကြောင့် မှင်သက်ကုန်၏။ သူတို့သည် ဓားသွားများကို ဆွဲထုတ်ကာ တခြားမျိုးနွယ်သူလျှိုများဆီသို့ သူတို့ကို လွှဲခုတ်လိုက်ကြသည်။
အချိန်အတိုင်းအတာတစ်ခုအထိ သွေးမိုးများရွာသွန်းကျနေပြီး လေထဲတွင် သေခြင်းတရားအငွေ့အသက်များရှိနေသည်။ တစုတစည်းတည်းလှုပ်ရှားမှုမရှိ၊ သွန်သင်မှုမရှိ။ သူတို့သည် အလိုလိုသိစိတ်အရသူလျှိုများကို သတ်နေ၏။
သူလျှိုများ၏မျက်နှာက ဖြူဆုတ်ကုန်သည်။
ဝှစ်
အံ့ဖွယ်မြို့တော်ထဲ၌ တမူထူးကဲသော စွမ်းအင်က ပေါ်လာသည်။
လုကျိုးသည် သူ၏ဆုပ်ကိုင်ထားမှုကို ဖြေလျော့လိုက်သည်။ သူကလေထဲပျံဝဲလျက် အောက်ငုံ့ကြည့်လိုက်သည်။
ရွှေရောင်ကြေးမုံသည် နောက်ထပ်လေးတစ်စင်းပမာဖြစ်နေသည်။ ၎င်းသည်ဝေဟင်ထဲ၌ ကားလိပ်ကဲ့သို့အရံအတားမှ စွမ်းအားကိုစုပ်ယူပြီး မြို့ကိုလင်းထိန်စေသည်။
ထိုစဉ် မြို့ထဲ၌ ဝပ်တွားနေသော အရပ်သားများသည် လုကျိုးကို အရိုအသေပေးလိုက်၏။
“တင်း ... လူတစ်ရာ့ငါးယောက်ဆီမှ စစ်မှန်သော အရိုအသေပေးမှုရရှိပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၁၀၅၀”
“တင်း ... လူနှစ်ရာ့သုံးယောက်ဆီမှ စစ်မှန်သော အရိုအသေပေးမှုရရှိပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၂၀၃၀”
“တင်း ... လူပေါင်းသုံးရာ့ကိုးဆယ်ဆီမှ စစ်မှန်သောအရိုအသေပေးမှုရရှိပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၃၉၀၀”
ဆက်တိုက်ပေါ်လာသည့်အသံများသည် လုကျိုးကို အံ့ဩသင့်သွားစေ၏။ ဤဖြစ်ရပ်ကနေ အမှတ်များစွာရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူသည် ထိုအရာကနေ အမှတ်များရအောင်ကြိုးစားနိုင်ခဲ့လျှင် သူလျှိုငါးယောက်အားကျန်သည့်သူများကို ဖြေရှင်းခွင့်ပေးမှာမဟုတ်။
ရွှေရောင်ကြေးမုံမှ တောက်ပသည့်အလင်းသည် အံ့ဖွယ်မြို့တော်ရှိ သေမျိုးများနှင့် ကျင့်ကြံသူများအပေါ် ထွန်းလင်းတောက်ပနေ၏။ ခြွင်းချက်မရှိ သူတို့၏အစစ်အမှန်ပေါ်လာ၏။
ရွှေရောင်ကြေးမုံက ဖော်ထုတ်ပေးသောစိတ်ဝိညာဉ်သဏ္ဌာန်များသည် အရွယ်အစားသေး၏။ အစစ်အမှန်အရွယ်အစားမဟုတ်ပေ။
ထိုစဉ် ကျင့်ကြံသူများက ဆင့်ခေါ်ခဲ့သော စိတ်ဝိညာဉ်သဏ္ဌာန်အမျိုးမျိုးသည် စွမ်းအင်များစွာကို ဖော်ထုတ်နေ၏။
အချိန်အတိုင်းတာတစ်ခုအထိ အံ့ဖွယ်မြို့တော်တစ်ခုလုံးသည် ဖရိုဖရဲဖြစ်သွားသည်။
တခြားမျိုးနွယ်၏သူလျှိုများသည် သူတို့၏အစွယ်များကိုပြလျက် သူတို့ဘေးပတ်ဝန်းကျင်ရှိ လူများအပေါ်ခုန်အုပ်လိုက်သည်။
ယင်းကို ကျော့ယွီရှုမြင်သောအခါ သူမ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လျက် နဂါးရစ်ခွေတုတ်ကို ဆောင့်ချလိုက်သည်။ သိပ်သည်းလှသော သင်္ကေတများနှင့်ရုန်းများက တောင်ဝှေးကနေ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွား၏။
တစ်ချိန်တည်းတွင် ရွှေရောင်သေရည်ဗူးသီးခြောက်သည် မြို့၏လမ်းများပေါ်ပြန့်သွား၏။ ၎င်းနှင့်ပတ်ပင်းတိုးမိသည့် တခြားမျိုးနွယ်များကို တိုက်မိသွားတော့သည်။
လန်လော့ကမူ ကျန်သည့်သူများကဲ့သို့လျှပ်တပြက်မလှုပ်ရှားပေ။ သူသည် လူအများကြား လျင်မြန်စွာဖြတ်သွား၏။ သူလှုပ်ရှားမှုတိုင်းတွင် တခြားမျိုးနွယ်ကိုဖြေရှင်းသွား၏။
လုကျိုးက ကူကယ်ရာမဲ့စွာခေါင်းခါလိုက်၏။ သူ၏တပည့်များက နှေးလွန်းသည်။ သူတို့သည် အကြီးအကဲလေးယောက်လောက်ဆုံးဖြတ်ချက်မပြတ်သား အတွေ့အကြုံမရှိပေ။
မြို့ထဲရှိ တခြားမျိုးနွယ်များသည် တန်ပြန်တိုက်ခိုက်ရန်အတွက် ကြိုးပမ်းကာ တခြားမျိုးနွယ်များသည် လမ်းလျှောက်နေသော ကုသိုလ်မှတ်ဖြစ်၏။
တွမ့်မူရှန်းနှင့်ရှောင်ယွမ်အာသည် တခြားမျိုးနွယ်စုများထက်ပိုမြန်ဆန်သည်။ သူတို့သည် လေထဲကနေခုန်ဆင်းလျက် တခြားမျိုးနွယ်များကို ဖြေရှင်းလိုက်သည်။
တော်ဝင်မြို့ထိပ်ရှိ ခရုလေးသည် မည်သို့သတ်ဖြတ်ရမည်မှန်းမသိသောကြောင့် တော်ဝင်မြို့၏ထိပ်၌သာ နေရစ်သည်။
“သာမန်ပြည်သူတွေကို ကာကွယ်ဖို့ဦးစားပေး ... နှစ်နာရီက ငါတို့အတွက်လုံလောက်ပြီ” ကျိုးယို့ချိုက်ကိုပြောလိုက်သည်။
လုကျိုးသည် နန်းတော်၌ လှုပ်ရှားနေသော လူများကိုကြည့်လိုက်သည်။ သူက ကူကယ်ရာမဲ့သလိုခံစားမိလိုက်သည်။ သူ့အပေါ်သူတို့၏ကိုးကွယ်မှုသည် ရပ်တန့်ရန် ဖိအားပေးခံလိုက်ရ၏။ လူများစွာသည် သူတို့အသက်သူတို့ကယ်တင်ရန်ရွေးချယ်ခဲ့သည်။
ရွှေရောင်ကြေးမုံက အံ့ဖွယ်မြို့ထဲ၌ တောက်ပနေစဉ် တခြားမျိုးနွယ်နှင့်ကျင့်ကြံသူများသည် ပြင်းထန်စွာတိုက်ခိုက်ကြ၏။
လုကျိုးသည် ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်များနှင့် ကျားသစ်ဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်များ အုပ်စုဖွဲ့နေတာတွေ့လိုက်ရသည်။ သူတို့၏အရေအတွက်ကြောင့် သူ အနည်းငယ်အံ့ဩသွား၏။ သူက အံ့ဖွယ်မြို့တော်ကိုငုံ့ကြည့်လျက် အဆောက်အဦးထဲတွင် ပုန်းနေစဉ် ဖော်ထုတ်ခံရမှာကိုရှောင်ရှားနိုင်မည်ဟု ထင်ခဲ့သော တခြားမျိုးနွယ်များအတွက် ကံဆိုးတာပဲဖြစ်သည်။ စိတ်ဝိညာဉ်သဏ္ဌာန်များက ဖော်ထုတ်ခံလိုက်ရသည်။
လုကျိုးက ရွှေရောင်ထိုက်ရွှီကြေးမုံကိုမော့ကြည့်လျက် ရေရွတ်ပြောလိုက်သည်။ “ငါ သိတယ်”
လုကျိုးသည် အခြေအနေကို အချိန်အတော်ကြာလေ့လာလိုက်၏။ သူ၏တပည့်များ၏ဆောင်ရွက်ချက်က ချီးကျူးခံရန်ထိုက်တန်သည်။
ကျူးဟုန်ကုန်းတစ်ယောက်တည်းသာလျှင် အနည်းငယ်တုံးအသည်။ သူသည် ပွင့်ချပ်သုံးလွှာကျင့်ကြံသူတစ်ယောက်နှင့်နီးကပ်သော ကျင့်ကြံဆင့်ရှိပြီး သို့သော် သူက တခြားမျိုးနွယ်မှ နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူများကို ခြုံခိုတိုက်ခိုက်နေသေးသည်။ သူက အနည်းငယ်စိုးရိမ်ပူပန်နေ၏။
ဘန်း
ကျူးဟုန်ကုန်းသည် သူတို့ထဲမှ တစ်ယောက်ကိုလက်သီးနှင့်ထိုးလိုက်သည်။ သူက ကြုံးဝါးပြောဆိုနေသည်။ သူက “ခွေးကောင် ... မင်းတို့တွေက မင်းရဲ့အဖိုးနဲ့ တူတူပုန်းတမ်းကစားဖို့ ငယ်ပါသေးတယ်ကွာ။ မင်းရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ရောင်ဝါက သိပ်သည်းလွန်းတယ်”
သူတို့ထဲမှ တစ်ယောက်ကိုသတ်ပြီးနောက် ကျူးဟုန်ကုန်းသည် ပုန်းကွယ်ရန်ကြိုးစားနေသော ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကို မြင်လိုက်၏။ သူကရယ်မောလျက်ပြေးသွားတော့သည်။
ထိုစဉ် ကောင်းကင်ထဲ၌ ပွင့်ချပ်ရှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်ကပျံသန်းလာ၏။ ၎င်း၏တည်ရှိမှုက အတော်လေးလွှမ်းမိုးနိုင်သည်။ ဝတ်ရုံဖြူ ယဲ့ထျန်းရှင်းက လက်ဝါးရိုက်ချက်တစ်ချက်ထုတ်လိုက်ရာ အမျိုးသမီးဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်က ချက်ချင်းဖျက်ဆီးခံလိုက်ရ၏။
ကျူးဟုန်ကုန်းက မော့ကြည့်ချိန်တွင် ယဲ့ထျန်းရှင်းက သွားပြီးဖြစ်သည်။ သူက ကျယ်လောင်စွာ စောဒကတက်တော့သည်။ “လျှို့ရှစ်ကျဲ ... ကျွန်တော်သတ်တာကို မခိုးနဲ့လေ”
ယဲ့ထျန်းရှင်းက ပြော၏။ “အာ့ရှစ်တိ ... နင်အရှိန်နှေးတာအတွက် ငါ့ကို အပြစ်တင်နေတာလား”
“ကျွန်တော် မတင်ပါဘူး” ကျူးဟုန်ကုန်းက လှည့်ထွက်သွားပြီး ပစ်မှတ်အသစ်ကို ရှာဖွေလေ၏။ သူကပြုံးဖြဲဖြဲဖြင့် လက်သီးကျစ်ကျစ်ဆုပ်ထားသည်။
ထိုစဉ် နောက်ကနေသူ့ဆီသို့ ကျင့်ကြံသူတစ်ယောက်က ပြေးလာ၏။ သူကအော်လိုက်၏။ “အ ... အဌမသခင်လေးလား”
“မင်း ငါ့ကိုခေါ်နေတာလား”
“အဲ့ ... အဲ့မှာ တခြားမျိုးနွယ်ကျင့်ကြံသူတစ်ယောက် ကျွန် ကျွန်တော့်ကို ကယ်ပါဦး”
“စိတ်မပူနဲ့ ငါ ဒီမှာရှိနေတယ်။ မင်းကိုကာကွယ်ပေးမယ်” ကျူးဟုန်ကုန်းက လက်ဝေ့ယမ်းလိုက်၏။
“အဲ့မှာ ပွင့်ချပ်တစ်လွှာဝံပုလွေ စိတ်ဝိညာဉ်သဏ္ဌာန် ... မြန်မြန်” ကျင့်ကြံသူသည် ထောင့်ဖက်ကို လက်ညှိုးထိုးပြလိုက်၏။ သူ ပြန်လှည့်လာချိန်၌ သူမှင်သက်သွားတော့၏။ “အ အဌမသခင်လေး သူ ဘယ်သွားတာလဲ”
လုကျိုးသည် သူ့နားရှိတိုက်ပွဲကို အာရုံမစိုက်တော့ပေ။ သူသည် တော်ဝင်မြို့၏ထိပ်နားရှိ ခရုလေးကို ကြည့်လိုက်သည်။
အနီရောင်ကြာပွင့်လား ...
လုကျိုးသည် ရွှေရောင်ကြေးမုံအောက်ရှိ ခရုလေး၏အနီရောင်ကြာပွင့်ကိုတွေ့လိုက်ရ၏။ အနီရောင်ကြာပွင့်စိတ်ဝိညာဉ်သဏ္ဌာန်သည် ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်ရှိနေသည်။
လုကျိုးက ခပ်နိမ့်နိမ့်ပျံသန်းလျက် တော်ဝင်မြို့တော်ဆီ ပျံသန်းသွားသည်။ သူက ခရုလေးဆီလျင်မြန်စွာချဉ်းကပ်သွား၏။ “မင်းရဲ့လက်ပေး”
“ဟုတ်” ခရုလေးက သူမ၏ရှစ်စွင်းကိုကြည့်လျက် ရှက်ရွံ့စွာပြောလိုက်၏။ “ရှစ်စွင်း တပည့်ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်က အနီရောင်ဖြစ်နေပြီ။ တခြားသူတွေက ဘာကြောင့်ရွှေရောင်ဖြစ်နေတာလဲ”
လုကျိုးသည် သူမကို ကြည့်လိုက်၏။ သူသည် မည်သို့ဖြေရမည်မှန်းမသိပေ။ ယင်းက သူ ခန့်မှန်းထားသည့်အတိုင်း ခရုလေးက နိုးထခြင်းဖြစ်စဉ်တွင် ရှိနေပုံပေါ်၏။ အဆုံးကျ သူက ပြောလိုက်သည်။ “မင်းရဲ့မေးခွန်းကို နောက်ချန်ထားလိုက်ဦး။ မင်းကိုယ်မင်း ကာကွယ်နိုင်စွမ်း မရှိသေးခင် မင်းရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို မဆင့်ခေါ်ရဘူး။ နားလည်လား”
“ဟုတ်”
“အဲ့တာကို မင်း ဖုံးကွယ်ထားနိုင်အောင် ငါ ကူညီပေးမယ်” လုကျိုးသည် ခရုလေး၏လက်ပေါ်သို့ သူ့လက်ကိုတင်ကာ ပေါ့ပါးစွာဆုပ်ကိုင်လိုက်၏။
အပြာရောင်အလင်းက ခရုလေးနား ချက်ချင်းရစ်ပတ်သွား၏။ ကောင်းကင်ကျမ်းစာ၏ ထူးကဲအလင်းဖြင့် အနီရောင်ကြာပွင့်သည် အလွယ်တကူဖုံးကွယ်ခံလိုက်ရတော့သည်။ လုကျိုးသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့သည်။
ကမ္ဘာကြီး၏ကျင့်ကြံသူများသည် သူတို့၏ကနဦးချီကို သုံးလျက် သူတို့၏ကျင့်ကြံဆင့်ကနေ တမူထူးကဲသောစွမ်းအားများ ထုတ်သုံးနိုင်၏။ သို့သော် သူ၏ ထူးကဲစွမ်းအားသည် ကနဦးချီထက် ပိုပုံရသည်။
လုကျိုးသည် ခရုလေး၏အနီရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကိုဖိနှိပ်ပြီးနောက် တော်ဝင်မြို့တော်၏ ထိပ်ဆီသို့ ဦးတည်လာသည့်သူထံကနေ အသံကိုကြားလိုက်ရ၏။ “မင်းက ပွင့်ချပ်ငါးလွှာပဲရှိတဲ့ ကျင့်ကြံသူ” စကားပြောသူက ထိတ်လန့်သွား၏။
လုကျိုးနှင့် ခရုလေးက ထိတ်လန့်သွားသည်။ မျက်နှာဖုံးဖြင့်ဝတ်ရုံနက်ကျင့်ကြံသူကရောက်လာ၏။ သူ၏မျက်ဝန်း၌ ဇဝေဇဝါဖြစ်မှုများပြည့်နေသည်။
ခရုလေးသည် သူမရှစ်စွင်းနောက်ကွယ်ရှိ စိတ်ဝိညာဉ်သဏ္ဌာန်လေးကိုကြည့်ပြီးပြောလိုက်သည်။
“ရှစ်စွင်း ... တကယ်ပဲ ပွင့်ချပ်ငါးလွှာကျင့်ကြံသူတစ်ယောက်ပဲ”
လုကျိုးသည် မျက်လုံးထောင့်ကနေကြည့်လိုက်သည်။ သူ ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်သည်။ သူ သတိလက်လွတ်နိုင်ခဲ့သည်။ ရွှေရောင်ထိုက်ကျိကြေးမုံသည် အရာအားလုံးကို ဖော်ထုတ်ပေး နိုင်သည်။ သူသည် ဝတ်ရုံနက်ကျင့်ကြံသူကို ကြည့်လိုက်ပြီး သူ၏ပွင့်ချပ်ခြောက်လွှာရွှေကြာကို ကြည့်လိုက်၏။ သူက တာ့ယန်မှကျင့်ကြံသူဆိုတာရှင်းနေ၏။
…