← Chapters

အခန်း (၆၆၁-၆၆၃)

Vol. 45 Ch. 661-663

အခန်း (၆၆၁-၆၆၃)

Vol. 45 Ch. 661-663

အခန်း (၆၆၁) ပွင့်ချပ်ရှစ်လွှာဂိုဏ်းချုပ်

ကုသိုလ်မှတ်= ၇၄၆၀၃မှတ်

စိတ်ဝိညာဉ်သဏ္ဌာန်= ဒုက္ခမိုင်တစ်ရာရှုကွင်း

ကျန်ရှိသောသက်တမ်း ၄၀၅၂၁ရက်

ကျန်ရှိသောပစ္စည်း= အသေရိုက်ချက်ကတ် ၁ကတ်၊ အတိုက်အခိုက်ဒဏ်ပြင်းကာကွယ်ကတ် ၆၂ ကတ် (အလိုအလျောက်သုံး) ချုပ်နှောင်ခြင်းလှောင်ချိုင့်ကတ် ၃ကတ်၊ နတ်ခြင်္သေ့ (အနားယူနေ)၊ ပိအန်း၊ ကျိလျန်၊ အရေးပေါ်ကုသရေးကတ် ၁ကတ်၊ မိုးကြိုးသွား ၁ကတ်၊ ရုပ်ဖျက်ကတ် ၁ကတ်၊ ရွှေရောင်ထိုက်ရွှီကြေးမုံ၊ အသွင်ပြောင်းလဲခြင်းကတ် ၃ကတ်၊ အကြောင်းပြန်လှန်ကတ် ၆၃ကတ်၊ တောက်ပကျောက်တုံး ၁ခု။

လက်နက်= အမည်မဲ့၊ အသက်ဖြတ်တောက်သူ၊ ကျောက်စိမ်းမြင်းမြီးတုတ်၊ အစက်အပြောက်မဲ့ဓားမြှောင်၊ အဆင့်မြင့်လေဟာနယ် ထိခိုက်တား။

လို့လန်မှ လျန့်စီရင်စုအထိ သူသည် ကုသိုလ်မှတ် ခုနစ်သောင်းနီးပါးရခဲ့၏။

ကုသိုလ်မှတ်တစ်သိန်း မရသည့်အကြောင်းအရင်းမှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူများ မရှိသောကြောင့်ဖြစ်သည်။ နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းအတွက် ဆုလာဘ်သည် တစ်ယောက်ကို ဆယ်မှတ်ဆီသာရ၏။ ဗြဟ္မာပင်လယ်နယ်ပယ်အောက်ရှိ ကျင့်ကြံသူများကို ထည့်မတွက်ပေ။ ထိုအကြောင်းအရင်းကြောင့် သူသည် ရန်သူများစွာကို သတ်ဖြတ်ခဲ့သော်ငြား သူ၏ကုသိုလ်မှတ်က အတော်လေးနည်းပါး၏။

“အင်း ... ကုသိုလ်မှတ်ငါးသောင်းကို သုံးပြီး ကံစမ်းမဲနှိုက်ပြီး ကျန်တာတွေကို ကတ်ဝယ်ဖို့ သုံးလိုက်မယ်” လုကျိုးက ပြောလိုက်၏။

လုကျိုးသည် အသုံးပစ္စည်းကတ် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။ တွေဝေမနေဘဲ ရွှေရောင်ပွင့်ချပ်တစ်ခုကို ဝယ်ယူခဲ့၏။ သူ၏ကျင့်ကြံဆင့်ကို မမြှင့်တင်ခင် သူသည် အသေရိုက်ချက်ကတ်စုထားဖို့ ဆုံးဖြတ်လိုက်၏။

လုကျိုးသည် အသေရိုက်ချက်ကတ်အတွက် တန်ကြေးကို စစ်ဆေးလိုက်၏။ ယင်းက တစ်ကတ်ကို တစ်သောင်းဖြစ်သည်။

“ဝယ်မယ်”

အသေရိုက်ချက်ကတ်တစ်ကတ် ဝယ်ပြီးနောက် လုကျိုးသည် ဈေးနှုန်းကိုကြည့်လိုက်ရာ ၎င်းသည် ထင်ထားပြီးဖြစ်သော်ငြား မျက်မှောင်ကျုံ့သွား၏။ ဈေးသည် ကုသိုလ်မှတ် သောင်းနှစ်ထောင် တက်သွား၏။ ကျန်သည့်အသုံးပစ္စည်းကတ်များ၏တန်ကြေးကလည်း တက်သွားသည်။

လုကျိုးသည် အနည်းငယ်ဆွံ့အသွားတော့သည်။

တန်ကြေးက မြင့်သည်ထက် မြင့်တက်လာ၏။ သူသည် ကျင့်ကြံဆင့်တက်ချိန်၌ သို့မဟုတ် ကတ်တစ်ကတ်ဝယ်ချိန်၌ ဈေးတက်လာ၏။

“တင်း ... လူပေါင်း ၁၅၀၀စီမှ အစစ်အမှန်ကိုးကွယ်ခွင့်ရရှိပါတယ်။ ဆုလာဘ်ကုသိုလ်မှတ် ၁၅၀၀၀”

“တင်း ... လူ ၁၀၀၀စီမှ အစစ်အမှန်ကိုးကွယ်ခွင့်ရရှိပါတယ်။ ဆုလာဘ်ကုသိုလ်မှတ် ၁၀၀၀၀”

“တင်း ... လူပေါင်း ၅၆၄ယောက်ဆီမှ အစစ်အမှန်ကိုးကွယ်ခွင့်ရရှိပါတယ်။ ဆုလာဘ်ကုသိုလ်မှတ် ၅၆၄၀မှတ်”

“တင်း ... လူပေါင်း ၃၄၆ယောက်ဆီမှ အစစ်အမှန်ကိုးကွယ်ခွင့်ရရှိပါတယ်။ ဆုလာဘ်ကုသိုလ်မှတ် ၃၄၆၀မှတ်”

လုကျိုးသည် ထိုအသိပေးသံများကိုကြားသောအခါ အနည်းငယ်မှင်တက်သွား၏။ ခဏကြာပြီးနောက် ယင်းက ပုံမှန်ပဲဟု တွေးလိုက်သည်။ ဆိုရလျှင် လျန့်စီရင်စုမြို့ထဲ၌ တိုင်းသူပြည်သားများစွာ ရှိသည်။ သူသည် သူ၏မည်သည့်တပည့်ကများ တိုင်းသူပြည်သားများ၏ ကိုးကွယ်ခြင်းခံရလဲဆိုတာ သိချင်မိသည်။ အရေအတွက်က နိမ့်လွန်းသည်ဟု ခံစားမိ၏။ သာမန်ပြည်သူများသည် စစ်ပွဲပြီးနောက် မြို့သို့ ပြန်ရမှာကို ကြောက်လန့်နေသောကြောင့် ဖြစ်လောက်သည်။ ကံဆိုးသည်မှာ သူ့ကို ယုံကြည်ကိုးကွယ်လာအောင် ဖိအားမပေးနိုင်ပေ။ သူသည် မည်သည့်နည်းနှင့်မဆို ယင်းက ဘာမှမရှိတာထက်ပိုကောင်း၏။

ကုသိုလ်မှတ်= ၉၉၆၀၃

“...” လုကျိုးသည် သူ၏လက်ရှိအမှတ်များကို မြင်သောအခါ ဒေါသထွက်သွား၏။ သူသည် အစောတုန်းက အသေရိုက်ချက်ကတ်မဝယ်ခဲ့လျှင် ရွှေရောင်ပွင့်ချပ်ကတ်နှစ်ကတ် ဝယ်နိုင်ပြီး ပွင့်ချပ်ရှစ်လွှာအဆင့်သို့ရောက်နိုင်လိမ့်မည်။

လုကျိုးသည် စိတ်တည်ငြိမ်အောင် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ ကျိန်ဆဲချင်လာ၏။ သူ၏အထောက်အထားအသစ်ကို အသားကျနေပြီး သူ၏သဘောထားက ပိုတည်ငြိမ်လာတာ ဖြစ်လာလိမ့်မည်။

“ထားလိုက်တော့ ... ကုသိုလ်မှတ် လေးရာလောက် လိုနေတာက ကိစ္စကြီးမှမဟုတ်တာ”

ကျွီ

ထိုစဉ် တံခါးပွင့်လာ၏။

ကျူးဟုန်ကုန်းသည် တလေးတစား လမ်းလျှောက်လာသည်။ သူက ကြမ်းပြင်ပေါ် ဝပ်တွားကာ ပြောလိုက်တော့၏။

“နှုတ်ခွန်းဆက်သပါတယ် ရှစ်စွင်း"

လုကျိုးသည် သူ၏အတွေးများကို သိမ်းဆည်းကာ လောင်ပါ့ကိုလေ့လာလိုက်၏။ သူ၏စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာသည်။

အချိန်အတိုင်းအတာတစ်ခုအထိအခန်းက တိတ်ဆိတ်နေတော့သည်။

ကျူးဟုန်ကုန်းသည် သူ့ရှစ်စွင်း ထူးထူးဆန်းဆန်း တိတ်ဆိတ်နေတာကို တွေးပြီး သူ မသက်မသာ ဖြစ်လာလေရာ ရှစ်စွင်းကို တစ်ချက်ခိုးကြည့်ပြီး မဝံ့မရဲခေါ်လိုက်၏။ “ရှစ်စွင်း”

လုကျိုးက မေးလိုက်၏။

“မင်းရဲ့ကျင့်ကြံဆင့်က ဘယ်လောက်လဲ”

“ကျွန်တော်က အခုပြန်လည်ကျင့်ကြံပြီးတဲ့နောက် ပွင့်ချပ်သုံးလွှာအဆင့်မှာပဲ ရှိပါသေးတယ်။ နောက်ပိုင်း ကျွန်တော့်အဖေရဲ့အကူအညီနဲ့ နည်းနည်း တိုးတက်လာပါပြီ”

“ဪ” လုကျိုးသည် မျက်နှာသေဖြင့် မေးလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်တွေထဲမှာ ဘယ်သူ့ရဲ့ကျင့်ကြံဆင့်က အနိမ့်ဆုံးလဲ”

“အဲဒါက ရှောင်ရှစ်မေ့ ခရုလေးပေါ့” ကျူးဟုန်ကုန်းက ပြုံးပြီးပြောလိုက်၏။

“ရှောင်ရှစ်မေ့က မိစ္ဆာဝေဟင်မျှော်နန်းကို လတ်တလောကမှ ဝင်လာတာဆိုတော့ သူ့ရဲ့အမှားမဟုတ်ဘူး။ စတင်ကျင့်ကြံတာ တစ်နှစ်တောင် မပြည့်သေးဘူးလေ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကို ဝင်ဖို့ သိပ်မကြာလောက်ဘူး။ ကျိုရှစ်မေ့ကတောင် သူနဲ့ မယှဉ်နိုင်ဘူး”

“ဒါဆို နောက်ဆုံးရဲ့ဒုတိယက ဘယ်သူလဲ” လုကျိုးက မေးလိုက်၏။

“အမ်း” ကျူးဟုန်ကုန်းသည် သူ့ရှစ်စွင်း၏မေးခွန်းအတွက် အကြောင်းအရင်းကို ခန့်မှန်းလိုက်သည်။ သူ၏ရှစ်စွင်းသည် တပည့်များ၏ ကျင့်ကြံဆင့်အကြောင်း အဘယ်ကြောင့် ရုတ်တရက် မေးသနည်း။

သူ့အထက်ရှိ ရှစ်ရှိုးခုနစ်ယောက်ကို ဖွင့်ပြောရန် မလိုပေ။ သူ့ထက်များစွာ နက်နဲ၏။ သူ၏ကျို့ရှစ်မေ့က ဘိုးဘေးလေး ဖြစ်သည်။ သူ့ကိုယ်သူ သူမနှင့်တောင် မယှဉ်နိုင်ပေ။ သူသည် ခရုလေးကို ထုတ်ပြောပြီးဖြစ်သောကြောင့် လူတစ်ယောက်သာ ကျန်တော့သည်။

ကျူးဟုန်ကုန်း၏စိတ်ထဲတွင် အမည်တစ်ခုပေါ်လာသောအခါ သူ လည်ချောင်းရှင်းပြီးနောက် တည်ကြည်စွာပြန်ပြောလိုက်၏။ “ရှစ်စွင်းရဲ့အမေးကို အကြောင်းပြန်ပါတယ်။ တာ့ရှစ်ရှိုးပါ။ ဒါပေမဲ့ ဒါလည်း သူ့အမှားမဟုတ်ဘူး။ ပြောရရင် မှတ်ဉာဏ်ပြန်မရသေးတာကြောင့် သူ့ရဲ့ကျင့်ကြံဆင့်က သိမ်မွေ့ငြိမ်သက်နေတာပါ”

“ဒါဆို နောက်ဆုံးကရေရင် တတိယကကော” လုကျိုးကထပ်မေးလိုက်၏။

ကျူးဟုန်ကုန်းသည် ထိတ်လန့်အံ့အားသင့်သွား၏။ သူသည် နောက်ဆုံးတော့ သူ့ရှစ်စွင်း၏ မေးခွန်းမည်သည့်နေရာကို ဦးတည်နေမှန်းသိသွားသည်။ သူ အမြန်ပြောလိုက်သည်။

“တပည့်တုံးအတာပါ။ တပည့်ဂုဏ်မယူနေသင့်ဘူး။ တပည့်တစ်လွှာပဲတိုးတက်လာသေးတယ်။ တပည့်အမြဲတမ်းကြွားဝါနေမိတယ်။ ဒီကိစ္စပြီးရင် ကြိုးစားကျင့်ကြံပါ့မယ်လို့ ကတိပေးပါတယ်”

“တင်း ... ကျူးဟုန်ကုန်းကို သင်ပြပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် နှစ်ရာ”

“မင်းရဲ့တာ့ရှစ်ရှိုးရဲ့ကျင့်ကြံဆင့်က မင်းထက်အများကြီးပိုနက်နဲတယ်” လုကျိုးကပြောလိုက်၏။

“တပည့်အမှားလုပ်မိမှန်း သိပါပြီ။ တပည့်က ဒုတိယအားအနည်းဆုံးပါ” ကျုးဟုန်ကုန်းသည် ထိုနှိုင်းယှဉ်မှုက လုံလောက်အောင်မသန်မာဟု ခံစားမိလိုက်သည်။ အလေ့အကျင့်အတိုင်း သူ့ကိုယ်သူ မြန်မြန်ဆန်ဆန်ရိုက်ချလိုက်၏။

“နောက်ကွယ်မှာ တာ့ရှစ်ရှိုးအကြောင်းပြောမိတာ မှားပါတယ်။ အပြစ်ပေးခံရသင့်ပါတယ်”

“တင်း ... ကျူးဟုန်ကုန်းကို အပြစ်ပေးပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် နှစ်ရာ” လုကျိုးသည် အသိပေးသံနှစ်သံကိုကြားပြီးနောက် နေထိုင်ရကောင်းသွားတော့သည်။

ကြည့်ရတာ သူတို့ရဲ့ကျင့်ကြံဆင့်နဲ့ အနေအထားအကြောင်း ငါ့တပည့်တွေနဲ့ မကြာမကြာပြောသင့်တယ်။

သူ့တပည့်များ၏ ဒွိဟဖြစ်မှုများကို ဖြေရှင်းပေးခြင်းက ဆရာတစ်ယောက်၏တာဝန်မည်ပေ၏။ သင်ယူပေးခြင်းက အဆုံးမရှိ ဗဟုသုတအတွက် အမြဲတမ်းနေရာရှိသည်။

“မင်း သတိပြုမိတာကောင်းတယ်။ ထွက်သွားလို့ရပြီ” လုကျိုးကပြောပြီး သူ၏လက်ကို ဝေ့ယမ်းလိုက်တော့သည်။

“ဒါဆို တပည့် အခုသွားပါတော့မယ်ရှစ်စွင်း” ကျူးဟုန်ကုန်းသည် တလေးတစားဖြင့် အခန်းထဲမှ ထွက်သွားတော့၏။ သူ အခန်းအပြင်သို့ ရောက်သောအခါ ခေါင်းကုတ်လိုက်သည်။

ရှစ်စွင်း ဘာဖြစ်တာလဲ။ ငါ ဘာကြောင့် ရုတ်တရက်ကြီး ဒီနေရာကို ရောက်လာပါလိမ့်။ အဆူခံရဖို့ရောက်လာတာလား။

အဆူခံရပြီးနောက် သူ၏ရှစ်စွင်းကို လာရှာရသည့်အကြောင်းအရင်းကို မေ့လျော့သွားတော့သည်။

အခန်းထဲတွင်ဖြစ်သည်။

လုကျိုးသည် အသုံးပစ္စည်းများကို ဖွင့်လိုက်၏။ တွေဝေမနေဘဲ နောက်ထပ်ရွှေကြာဝယ်လိုက်၏။

“တင်း ... ကုသိုလ်မှတ်တစ်သိန်းသုံးပြီးပါပြီ။ ပွင့်ချပ်နှစ်လွှာရရှိပါပြီ”

“အသုံးပြုမယ်”

ရွှေကြာပွင့်ချပ်များထဲမှာ တစ်ခုသည် ကြယ်အလင်းစက်များအဖြစ် လျင်မြန်စွာ ပျော်ဝင်သွားပြီးနောက် လုကျိုး၏စွမ်းအင်ဗဟိုချက် ချီပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။ သူ၏ စိတ်ဝိညာဉ်ကို ချဲ့ထွင်ပြီးနောက် ၎င်းကို ပြန်ကျုံ့ကာ သူ၏လက်ဖဝါးပေါ်တွင် ပျံဝဲနေတော့၏။ သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ထဲရှိကနဦးချီများ တိုးလာသည်နှင့် သူ နောက်ထပ်ပွင့်ချပ်အသစ် ပေါက်တော့မှာကို အာရုံခံနိုင်ပြီဖြစ်သည်။

သူ၏မျက်လုံးများသည် တောက်ပနေသော ရွှေရောင်အောက်၌ လျင်မြန်စွာလည်ပတ်နေသော ပွင့်ချပ်ကို အာရုံစိုက်လိုက်၏။ ပွင့်ချပ်ခြောက်လွှာကလည်း လည်ပတ်နေသည်။

မကြာမီ၌ အလင်းကွင်းများက စိတ်ဝိညာဉ်သဏ္ဌာန်ကနေ နှေးကျသွားတော့သည်။

လုကျိုး၏စိတ်ထဲတွင် များစွာသောကျင့်စဉ်များ ပွင့်ချပ်ဖူးပွင့်သည့်အတွေ့အကြုံများ ရှိနေ၏။ သို့သော်ငြား ရွှေကြာကို အသုံးပြုသည့်အတွေ့အကြုံမရှိပေ။ သူ့၌ စနစ်မရှိလျှင် သူသည် ပွင့်ချပ်များ ထိုမျှမြန်မြန်ပေါက်ဖို့က မဖြစ်နိုင်ပေ။

အလင်းကွင်းများသည် စိတ်ဝိညာဉ်သဏ္ဌာန်၏ ခါးမှ ခြေထောက်ဆီသို့ တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။

ဝှစ်

လေထဲ၌ အသံတစ်သံပေါ်ထွက်လာသည်။ ရွှေကြာ၏ထောင့်မှ ပွင့်ချပ်တစ်လွှာဖူးပွင့်လာတာကို တွေ့လိုက်ရသည်။

ပွင့်ချပ်သည် ရွှေရောင်တောက်ပနေ၏။ မကြာမီ၌ အနားတွင် ကျန်သည့်ပွင့်ချပ်များနှင့် တူလာတော့သည်။

သူ၏ရွှေကြာသည် ယခုပွင့်ချပ်ခုနစ်လွှာရွှေကြာဖြစ်သွားလေပြီ။

ထိုစဉ် လုကျိုး၏အခန်းအပြင်ဖက်ရှိ ကနဦးချီဝေ့တက်လာမှုသည် သူ့တပည့်များ၏အာရုံစိုက်မှုကို ရသွားသည်။

ခြံဝန်း၏ဝင်ပေါက်၌ ငရဲဂိုဏ်းသားများ စောင့်နေလေ၏။ သူတို့သည် မည်သူ့ကိုမှ အနားကပ်ခွင့် မပေးပေ။

“ဂိုဏ်းချုပ်က တံခါးပိတ်ကျင့်ကြံနေတာ နေရာကိုကောင်းကောင်းစောင့်ကြပ်”

“ဂိုဏ်းချုပ်က တမူထူးခြားတာတွေကို စမ်းကြည့်ရတာ နှစ်သက်တယ်လို့ကြားထားတယ်။ ဘာပဲဖြစ်လာဖြစ်လာ အနားမကပ်နဲ့”

သဘာဝအားဖြင့် ကိစ္စမရှိသူများက အနားမကပ်နိုင်ပေ။

မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များနှင့် အနည်းစုသာလျှင် အနားတွင်ရှိနေ၏။ သူတို့သည် လုကျိုးနေထိုင်ရာ ခြံဝန်းကိုလှည့်ကြည့်လိုက်၏။

ကျူးထျန်းယွမ်က သက်ပြင်းချပြီးပြောလိုက်သည်။ "အစ်ကိုကျိက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်နေပြီပဲ ဘာကြောင့်များ သူက ပွင့်ချပ်ပွင့်တဲ့နည်းလမ်းကိုကျင့်ကြံနေရတာလဲ”

“သူက ပွင့်ချပ်ဆယ်လွှာအဆင့်အတွက် ပြင်ဆင်နေတာများလား” ကျူးဟုန်ကုန်းသည် တွက်ချက်လိုက်တော့သည်။

“မင်းပြောတာ အဓိကကျတယ်” ကျူးဟုန်ကုန်းသည် ဆွံ့အသွားတော့သည်။

“လောင်ပါ့ အစောတုန်းက ရှစ်စွင်းရဲ့အခန်းထဲ မင်းရောက်ခဲ့တာ တစ်ခုခုထူးခြားတာ သတိပြုမိလား”

တွမ့်မူရှန်းက မေးလိုက်၏။

“ဟမ် ... ဘာမှမရှိဘူး။ အားလုံးပုံမှန်လိုပဲ။ ရှစ်စွင်းက ကျွန်တော့ကို ချီးကျူးခဲ့တာ ဒါပဲလေ” ကျူးဟုန်ကုန်းက မျက်နှာတည်ဖြင့်ပြောလိုက်သည်။

ကျူးထျန်းယွမ်က ပြောလိုက်သည်။ "ငါ့သား ငါ သူ့ကိုပြောခိုင်းတာ ပြောလိုက်ရဲ့လား”

“အဖေ အဲ့ဒီအကြောင်း ကျွန်တော်မေ့သွားတာလို့ ပြောရင် ယုံမှာလား”

…

အခန်း (၆၆၂) အထွတ်အထိပ်သို့ ပြန်ရောက်ခြင်း

ကျူးထန်းယွမ်က မျက်လုံးဝေ့ကြည့်လိုက်သည်။ သူက သင်ခန်းစာပေးတော့မည့်ဆဲဆဲတွင် ချောင်းဆိုးသွားတော့သည်။ တိုင်းပြည်ခုနှစ်ခုနှင့် တိုက်ပွဲက သူ့အား ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်။ တစ်ယောက်ယောက်ကို သင်ခန်းစာပေးဖို့ မဆိုထားနှင့် မတ်တတ်ရပ်နိုင်သည်ကပင် အံ့ဖွယ် ဖြစ်နေလေပြီ။

ကျူးဟုန်ကုန်းက ဆွံ့အနေမိသည်။ သူက ပြောလိုက်၏။

“ရှစ်စွင်းက ကျွန်တော်ကို နားပူအောင် ပြောပြီးပြီ။ အခု အဖေကပါ ပြောချင်နေတာလား”

ကျူးထန်းယွမ်က ပြောလိုက်၏။ “သူက မင်းကို ချီးကျူးလိုက်တာ မဟုတ်ဘူးလား”

“ချီးမကျူးခင် အရင် ဆုံးမသေးတာပေါ့ ”

“ငါ့သား မင်း အခွင့်အရေးရှိရင် မင်းရှစ်စွင်းဆီ ဒီကိစ္စကို ပြောလိုက်။ မင်း ရှေးဟောင်းသူတော်စင်ဂိုဏ်းကို လွှဲပြောင်းယူမှာကို စောင့်နေတယ်” ကျူးထန်းယွမ်က ပြောလိုက်သည်။

“ကျွန်တော် သိပါတယ် ” ကျူးဟုန်ကုန်းက စိတ်မပါစွာ ပြောလိုက်သည်။

တခြားလူများက လုကျိုး နေထိုင်ရာ ခြံဝန်း၏ ဝေဟင်ထဲ မော့ကြည့်လိုက်ကြသည်။ စွမ်းအား ထွက်ပေါ်လာမှုက သူတို့အား ပါးစပ်ဟောင်းလောင်း ဖြစ်သွားစေသည်။ သူတို့က လုကျိုးသည် ထိုပုံစံဖြင့် စွမ်းအားစုဝေးသည်ကို မြင်ဖူးကြသော်လည်း ရပ်ကာ ကြည့်နေကြဆဲ ဖြစ်၏။ သူတို့က သူ့ကျင့်ကြံရေးမှ အတွေ့အကြုံ ရလိုကြသည်။ အထူးသဖြင့် အသက်ဓာတ် စုဝေးသည့်အချိန်မှ အကျိုးမြတ်ရသူမှာ အကြီးအကဲလေးဦး ဖြစ်သည်။ ထိုအရာအပြင် ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ကလည်း ယခင် ပွင့်ချပ်တစ်လွှာအဆင့်ကို ရရှိခဲ့ကြ၏။

……….…

ခဏကြာမြင့်ပြီးနောက် ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

အခန်းအတွင်း

လုကျိုးက သူ့ရွှေကြာပေါ်မှ ပွင့်ချပ်ခုနှစ်လွှာကို ကြည့်လိုက်ပြီး ကျေနပ်နေမိသည်။ ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ တာ့ယန်ရှိ ကျင့်ကြံသူအများစုအတွက် ထိုအရာက အမှန်တကယ် နက်နဲသည့် ကျင့်ကြံဆင့်တစ်ခု ဖြစ်၏။ ထိုအရာက အဆင့်အတန်း၊ ချမ်းသာကြွယ်ဝမှုနှင့် ဂုဏ်ကျက်သရေများပါ ဆောင်ကျဉ်းပေးလာနိုင်သည်။ အကျိုးခံစားခွင့်များက အဆုံးသတ် မဟုတ်သေးပေ။ မည်သည့်ဂိုဏ်းတွင် ဖြစ်စေကာမူ ထိုသို့သော ကျင့်ကြံဆင့်နှင့် လူတိုင်းက အကြီးအကဲအဖြစ် လက်ခံကြလိမ့်မည်။ သို့သော် သူ့အတွက် မလုံလောက်သေးပေ။

သူက ပွင့်ချပ်ရှစ်လွှာ အထွတ်အထိပ်တွင် ရပ်တည်ခဲ့ဖူးသည့် မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင် ဖြစ်၏။ သူက ကမ္ဘာ၏ အကြီးမြတ်ဆုံး ပါရမီရှင် ဖြစ်ခဲ့သည်။

လုကျိုးက သူ့ကျင့်ကြံဆင့် တိုးမြှင့်နေခြင်းအား မရပ်တန့်လိုက်ပေ။ သူ့စိတ်ထဲ အသုံးပြုဖို့သာ ရေရွတ်နေမိ၏။

ရွှေကြာပွင့်ချပ်လွှာက ကြယ်တာရာအလင်းအဖြစ် ပျော်ဝင်သွားပြီး သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်အတွင်း စီးဝင်သွားသည့်အခါ စနစ်ပေါ်ရှိ ရွှေကြာပွင့်ချပ်လွှာက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။

ကောင်းပြီ စနစ်က ကပ်စေးအိုးပဲ …

သူ့ကိုယ်သူပဲ အားကိုးရမယ် …

သူက ပွင့်ချပ်ရှစ်လွှာမှ ကိုးလွှာ ရောက်ဖို့ ကိုယ့်အားကို ကိုးရမည် ဖြစ်ကြောင်း အရိပ်အယောင်မှန်း သိသာလှသည်။

ပွင့်ချပ်ကိုးလွှာက ဘယ်လိုမျိုးလဲ …

လုကျိုး အထွတ်အထိပ်သဏ္ဌာန်ကတ်ကို အသုံးပြုစဉ် ကြုံတွေ့ရသည့် ပွင့်ချပ်ကိုးလွှာကို ကိုးကားချက်အနေနှင့် ယူ၍ မရပေ။ ကန့်သတ်ချက်မဲ့ စွမ်းအား ရှိဖို့ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။

ကျန့်ဝမ်ရွှီက ထိတ်ထိတ်ပျာပျာ ဖြစ်ကာ တွေးတောနိုင်စွမ်းအား ဆုံးရှုံးလိုက်ရသည်။ သို့သော်လည်း ကျန့်ဝမ်ရွှီသာ သေချာတွေးတောကြည့်ပါက နယ်ပယ်အဆင့် မည်သို့ဖြစ်စေကာမူ စွမ်းအား ထောက်ပံ့မှု ကန့်သတ်ချက် ရှိစမြဲ ဖြစ်၏။

ထိုစဉ် ခြံဝန်းအထက် စွမ်းအားများ စုဝေးလာသည်။ ယခင်ထက် ပိုမိုသိပ်သည်းနေ၏။

လုကျိုးက သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်သည် စောစောလေးက ပွင့်ချပ်ခုနှစ်လွှာအဆင့် ရရှိစဉ်ကထက် ပိုမို သိပ်သည်းလာကြောင်း ခံစားမိလိုက်သည်။

ပွင့်ချပ်ငါးလွှာမှ အပိုပွင့်ချပ်တစ်လွှာ တိုးလာခြင်းသည် ကျင့်ကြံသူများအတွက် များစွာ တိုးတက်သွားခြင်း ဖြစ်၏။ ပုံမှန်အားဖြင့် ပွင့်ချပ်ခုနှစ်လွှာမှ ရှစ်လွှာအဆင့် အပြောင်းအလဲသည် ကြီးမားလှသည်။

လုကျိုးက သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံဆင့်ခေါ်လိုက်သည်။ သူ့လက်ဝါးထက်တွင် အသေးစား ရွှေကြာလေးက ပေါ်ထွက်လာသည်။ တစ်ချိန်တည်းဆိုသလို ရွှေရောင်စွမ်းအား သူ့လက်ကောက်ဝတ်အထိ ဖြာကျနေ၏။ အောက်ခြေရှိ ရွှေကြာက ယခင်ထက် ပို၍ မြန်မြန်ဆန်ဆန် လှည့်ပတ်နေသည်။

သူက ရွှေကြာသည် အားပြည့်လာပြီး အလင်းကွင်းများကြောင်း ပိုမို တောက်ပလာသလို ခံစားလိုက်ရသည်။ ဤသည်က အဆင့်တက်လှမ်းသည့် လက္ခဏာ ဖြစ်၏။

ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံဆင့်က မြင့်လာလေလေ တိုးတက်ဖို့ ပိုမို ခက်ခဲလာလေလေ ဖြစ်၏။ လုကျိုးလိုမျိုး မည်သူကများ ပွင့်ချပ်နှစ်လွှာ ဆက်တိုက် ထွက်လာနိုင်မည်နည်း။ သို့သော်လည်း သူက သာမန်ကျင့်ကြံသူ မဟုတ်ပေ။

အကယ်၍ သူသာ ကျိထျန်းတောက်၏ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံဆင့်ကို ကိုးကားချက်အနေနှင့် အသုံးပြုလျှင် သူ ကူးပြောင်းလာစဉ်ကတည်းက ကုန်ဆုံးခဲ့ရသော အချိန်သည် ဘဝ၏ နိမ့်ကျမှတ်အဖြစ်သာ ရှိနေလိမ့်မည်။ သူက ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်လာလျှင်ပင် ယခင်အခြေအနေသို့ ပြန်လည်ပြောင်းလိုက်ရသည့် ပမာဏမျှသာ ဖြစ်၏။ တခြားသူများ၏ အမြင်၌ သူသည် ပွင့်ချပ်ကိုးလွှာအဆင့် ဖြစ်နေလေပြီ။ ထို့ကြောင့် ပွင့်ချပ်ရှစ်လွှအဆင့်က မလုံလောက်သေးပေ။

အလင်းကွင်းများ ဆင်းသက်လာပြီး စိတ်ဝိညာဉ်သဏ္ဌာန်၏ အောက်ခြေ ရွှေကြာထဲ နှစ်မြှပ်သွားသည်။ ထိုစဉ် ရွှေကြာက စတင် အသံမြည်လာ၏။

ခဏအကြာတွင် သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်က တောင့်မခံနိုင်လောက်အောင် ပူလာသည်။ သူ့ကမ္ဘာဦးချီလည်း ပြန်လည် ပြည့်ဝသွားပြီ ဖြစ်၏။ သူ့ပွင့်ချပ်ခုနှစ်လွှာအဆင့်သည်လည်း အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေလေပြီ။

လုကျိုးက ထိုအလင်းကွင်း ဆင်းလာသည့်အခါတိုင်း သူ့ကိုယ်ပိုင် ကျင့်ကြံဆင့်သည် တိုးမြင့်သွားကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

ဂျွတ်

လေထုထဲ အက်ကွဲသံလိုမျိုးကို ကြားလိုက်ရသည်။

လုကျိုး စိတ်ထဲ တစ်စုံတစ်ခုဖြစ်လာကာ ရွှေကြာကို ကြည့်လိုက်သည်။

ရွှေကြာက လှည့်ပတ်နှုန်း လျော့ကျသွားသည်။ ယခုအခါ အရွယ်အစား ပိုကြီးမားလာပြီး ယခင် နေရာလွတ်တွင် ပွင့်ချပ်အသစ်တစ်လွှာ ပေါ်ထွက်လာသည်။ ဆိုလိုသည်မှာ လုကျိုးက ပွင့်ချပ်ရှစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့်သို့ ပြန်ရောက်သွားလေပြီ။

တစ်ချိန်တည်းဆိုသလို သူ့ချီပင်လယ်၏ နံရံများသည် ကျိုးပျက်သွားသလို ခံစားလိုက်ရ၏။ ယခင်ထက် ပိုမိုကြီးမားကျယ်ပြန့်လာ၏။

သူက ပွင့်ချပ်ခြောက်လွှာ သို့မဟုတ် ခုနှစ်လွှာများထက် အတော်လေး အားကောင်းကြောင်း ခံစားနိုင်သည်။

လုကျိုးက လက်သီးဆုပ်လိုက်သည့်အခါ ရွှေကြာက ပျောက်ကွယ်သွားသည်။

သူက အပြင်သို့ ချက်ချင်း ထွက်မလာသေးပေ။ ထို့အစား သူက မျက်လုံးမှိတ်ကာ ပွင့်ချပ်ရှစ်လွှာအဆင့်ဖြင့် ရင်းနှီးအောင် အချိန်ယူလိုက်သည်။

……………..

ထိုစဉ်

မိစ္ဆာဝေဟင်မျှော်နန်း၏ ရထားလုံးပျံက လျန့်စီရင်စုဆီ ဦးတည်လျက် ကောင်းကင်ကျုံးကို ကျော်ဖြတ်နေလေပြီ။

ပဲ့ထိန်းကိုင်ထားသည့် မင်ရှစ်ရင်က ရှေ့ကို လှမ်းကြည့်လိုက်ရင်း ပြောလိုက်၏။

“ ကောင်းကင်ကျုံးကျော်ရင် ကျွန်တော်တို့ လျန့်စီရင်စုဆီ မကြာခင် ရောက်လိမ့်မယ် ”

လန်လော့၊ ဖန်လီထန်းနှင့် ယွီကျန့်ဟိုင်တို့က ကုန်းပတ်ပေါ်ရှိ မလှုပ်မယှက် ခရီးသည်နှစ်ဦးဖြစ်သည့် အန်းကွေ့နှင့် လန်ဟိုင်တို့ကို ကြည့်လိုက်ကြသည်။ တစ်ယောက်က လို့လန်၏ ဘုရင် ဖြစ်ကာ ကျန်တစ်ယောက်က ဘိုနာမိသားစု၏ ခေါင်းဆောင် ဖြစ်ပေသည်။

လုကျိုးက တိုင်းပြည်လေးခု၏ မဟာမိတ် အင်အားကို ဖျက်ဆီးပစ်လိုက်ကတည်းက ကျန်သူများက မိစ္ဆာဝေဟင်မျှော်နန်းအတွက် ပြိုင်ဘက် မဟုတ်တော့ပေ။ သူတို့က ပြိုင်ဘက် ဖြစ်နိုင်လျှင်ပင် အလွယ်တကူ လှုပ်ရှားလာမည် မဟုတ်ချေ။

အန်းကွေ့က သူ့အပြစ်ကြွေးကို ချေဖျက်ဖို့ လန်ဟိုင်ကို ခေါ်ဆောင်လာခြင်း ဖြစ်၏။ သူတို့က လုကျိုးအား ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ဖို့ ပြင်ဆင်ထားကြသည်။

“ လေးစားရပါသော အကြီးအကဲတို့ ဆရာကြီးနဲ့ တွေ့တဲ့အခါ ကျုပ်တို့အတွက် စကားကောင်းလေး ပြောပေးပါဦး ” အန်းကွေ့က ဖားယားနေသည့်လေသံဖြင့် ပြောလိုက်သည်။

“ဟုတ်တာပေါ့ ဟုတ်တာပေါ့ ” လန်လော့က ပြန်ဖြေလိုက်သည်။

ထိုအရာကို ကြားပြီး ဖန်လီထန်းက ပြန်မေးလိုက်သည်။ “လောင်လန် … မင်း သူတို့အတွက် တောင်းဆိုပေးဖို့ စဉ်းစားနေတာ မဟုတ်ဘူးမလား။ သူ့လိုမျိုး မျက်နှာနှစ်ဖက်နဲ့လူကို တစ်ချက်တည်းနဲ့ သတ်ပစ်သင့်တာ ”

“ …” ထိုအရာကို ကြားပြီး အန်းကွေ့၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။

မင်ရှစ်ရင်ကမူ အန်းကွေ့ကို ဂရုမစိုက်ပေ။ ထို့အစား သူက ကောင်းကင်ကျုံးမှ အလောင်းများကို လက်ညှိုးထိုးလိုက်ရင်း ပြောလိုက်သည်။ “ကြည့်ကြဦး”

ထိုအရာက လန်လော့၊ ဖန်လီထန်းနှင့် ယွီကျန့်ဟိုင်တို့၏ အာရုံကို ဖမ်းစားသွားသည်။ သူတို့က မင်ရှစ်ရင် ညွှန်ပြရာဘက် ကြည့်လိုက်ကြသည်။

သစ်ပင်များက လဲကျနေပြီး အလောင်းများက နေရာအနှံ့ ပြန့်ကျဲနေသည်။

ကောင်းကင်ကျုံးမှ လျန့်စီရင်စုအထိ တစ်စုံတစ်ခုက ကုန်းမြေကို ဝင်တိုက်သွားဟန်ပေါ်သည်။ ချိုင့်တွင်းကြီးငါးခုက လျန့်စီရင်စုအထိ အရှင်းသားကြီး ကျန်ရှိနေသည်။

တိမ်ခွင်းရထားလုံးပျံက ထိုအမှတ်အသားနောက်မှ လိုက်လာလိုက်သည်။

လန်လော့က ပြောလိုက်၏ “ မဟာမိတ် တိုင်းပြည်ခုနှစ်ခုက လျန့်စီရင်စုဆီ ရောက်ပြီးလောက်ပြီ။ ရှေ့မှ ပြဿနာ ဖြစ်လာနိုင်တယ်။ ငါတို့တွေ သတိထားသင့်တယ် ”

လေးယောက်သား လျန့်စီရင်စုအကြောင်း စိုးရိမ်နေသည်မှာ သုံးရက် ကုန်ဆုံးသွားလေပြီ။ ထို့ကြောင့် သူတို့က လို့လန်ရှိ ကိစ္စများကို ဖြေရှင်းပြီးသည်နှင့် လျန့်စီရင်စုဆီ မရပ်မနား ပျံသန်းလာကြခြင်း ဖြစ်၏။ လမ်းတစ်လျှောက်လုံး သူတို့က မြေပေါ်မှ တိုက်ပွဲအရိပ်အယောင်များကို ကြည့်နေမိသည်။ နယ်မြေတစ်လျှောက်လုံး အပေါက်များဖြင့် ပြည့်နှက်နေ၏။

ထိုမြင်ကွင်းကို မြင်နေရသည့် အန်းကွေ့နှင့် လန်ဟိုင်တို့က တုန်တုန်ယင်ယင် ဖြစ်လာကြသည်။

ရထားလုံးပျံကို အရှိန်လျှော့ချလိုက်၏။

တိုက်ပွဲပြီး အခြေအနေက အားလုံးကို ခဏတာ ဆွံအသွားစေသည်။

စစ်ပွဲက ရက်စက်လှသည်။ ဝံပုလွေရိုင်းလို ရည်ရွယ်ချက်ရှိသည့် လူရိုင်းများက ထိုအရာကို ဘယ်တော့မှ နားလည်မည် မဟုတ်ပေ။ သူတို့က စစ်ပွဲမှ အကျိုးမြတ်ရယူဖို့သာ ကြိုးစားကြလေ့ရှိ၏။

အဆုံးသတ်တွင် သူတို့က ဘာပြန်ရခဲ့သနည်း။

ဘန်း

“အား … ”

ထိုစဉ် လေထဲ အသံတစ်သံ ပျံ့လွှင့်လာသည်။

ယွီကျန့်ဟိုင်က အန်းကွေ့အပေါ် ခပ်ကြမ်းကြမ်း တက်နင်းလိုက်ခြင်း ဖြစ်၏။

အန်းကွေ့က နာကျင်မှုမှ သက်သာလာပြီးနောက် သူ့မျက်နှာအထက် နားမလည်သည့် အမူအရာမျိုး ပေါ်ထွက်လာကာ “အဲဒါက … ကျုပ်နဲ့ ဘာမှမဆိုင်ပါဘူး ”

ယွီကျန့်ဟိုင်က ပြောလိုက်သည်။ “ အဲတော့ ဘာဖြစ်လဲ။ ခင်ဗျားနဲ့ မဆိုင်ရင်တောင် ခင်ဗျားအပေါ် တက်မနင်းနိုင်ဘူးလား”

“အာ … ရပါတယ် “ အန်းကွေ့က ရင်ဘတ်ကို ဖိထားလိုက်သည်။

လန်ဟိုင်က ဘေးတွင် တုန်တုန်ယင်ယင် ဖြစ်နေပြီ ကျောတွင် ချွေးများ ရွဲနှစ်နေသည်။

“ငါတို့ ရောက်ပြီ ”

တခြားလူများက လျန့်စီရင်စုကို ငုံ့ကြည့်လိုက်ကြသည်။

တိုက်ပွဲအပြီးတွင် ကျင့်ကြံသူများက မြို့ကို ပြန်လည်တည်ဆောက်ဖို့ရာအတွက် အလုပ်ရှုပ်နေကြသည်။

မြို့တံတိုင်းပေါ်တွင် ကျင့်ကြံသူများက သွေးများကို သန့်ရှင်းရေး လုပ်နေကြသည်။

တာ့ယန်၏ ကျင့်ကြံသူအုပ်စုက မြို့တံတိုင်းအောက် အလောင်းများကို သယ်ချနေကြ၏။

ဘန်း

“အား” အန်းကွေ့က ထပ်မံ အော်လိုက်ပြန်သည်။

ယွီကျန့်ဟိုင်က အန်းကွေ့ စကားကိုပင် မစောင့်ဘဲ “ကျုပ်စိတ်မသက်သာလို့ ခင်ဗျားအပေါ် တက်နင်းလိုက်တာ … စိတ်မကောင်းပါဘူး ”

“ ကျေးဇူးပြုပြီး စိတ်မကောင်း မဖြစ်ပါနဲ့”

အရှုံးသမားက အောင်မြင်သူထံ ခေါင်းညိတ်လိုက်လျောရမည် မဟုတ်ပါလော။ သူက တိုင်းပြည်တစ်ခု၏ ဘုရင် ဖြစ်နေသော်လည်း ထိုဆက်ဆံမှုမျိုးကို ကြိတ်မှိတ်သည်းခံရုံအပြင် မတတ်နိုင်ပေ။

………………

လျန့်စီရင်စုအတွင်း

လုကျိုးက မျက်လုံးဖွင့်လိုက်ပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူက ခြေလက်ဆန့်လိုက်ပြီးနောက် နောက်ပြဿနာသည် သူ့သက်တမ်း ဖြစ်ကြောင်း သိလိုက်၏။ လော့ရှစ်ယင်၏ မှတ်စုအရ ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းခြင်းသည် နှစ် ၁၂၀၀ လိုအပ်၏။ တခြားနည်းဖြင့်ဆိုရလျှင် သူက လက်ရှိ အခြေအနေကို ထိန်းထားပြီး ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်လှမ်းနိုင်ဖို့ အကြောင်းပြန်လှန်ကတ် ၈၇၆ ကတ် လိုအပ်နေသည်။ လက်ရှိ သူ့တွင် အကြောင်းပြန်လှန်ကတ် ၃၃ ကတ်သာ ရှိ၏။

သူ့ကျင့်ကြံဆင့်က ပွင့်ချပ်နှစ်လွှာ တိုးလာသောကြောင့် အကြောင်းပြန်လှန်ကတ် တန်ကြေးကလည်း တိုးသွားပြီလားဟု တွေးနေမိသည်။

သူက အကြောင်းပြန်လှန်ကတ်ကို သုံးတော့မည့်ဆဲဆဲတွင် အပြင်ဘက်မှ အသံကို ကြားလိုက်ရ၏။

“ ရှစ်စွင်း တာ့ရှစ်ရှိုး ပြန်ရောက်လာပါပြီ။ သူ

က မှတ်ဉာဏ်သလင်းကျောက်ကို အတူတူ ယူလာပါတယ်”

“သူတို့ကို လွှတ်လိုက်”

“ဟုတ်ကဲ့ သိပါပြီ ”

…

အခန်း (၆၆၃) မှတ်ဉာဏ်များ အပိုင်း ၁

ယွီကျန့်ဟိုင်သည် ရထားလုံးပျံပေါ်မှ ဆင်းလိုက်သောအခါ သူတို့ကို ကြိုဆိုကြသည့် ငရဲဂိုဏ်းမှာ တပည့်များက သူ့ကို မမှတ်မိပေ။ သူ ငယ်ရွယ်လွန်းပုံပေါ်လွန်းသောကြောင့်ဖြစ်လောက်သည်။ ထိုနည်းတူ သူသည်လည်း ငရဲဂိုဏ်းကို မမှတ်မိချေ။ မိစ္ဆာဝေဟင်မျှော်နန်းကို သူတို့ကြိုဆိုတာ ပုံမှန်ပဲဟု ထင်လိုက်သည်။

မိစ္ဆာဝေဟင်မျှော်နန်းမှရောက်လာကာစ လူတစ်စုသည် ကျန်သည့်တပည့်များနှင့်မတွေ့ခင် လုကျိုးဆီသွားလိုက်၏။

“အထဲဝင်”

မင်ရှစ်ရင်သည် ဓားစာခံနှစ်ယောက်ကိုခန်းမထဲသို့ကန်လိုက်၏။ ဓားစားခံနှစ်ယောက်က ခန်းမအလယ်တွင် ဒူးထောက်နေပြီး သူတို့မော့ကြည့်လိုက်ချိန်တွင် ရှေ့ရှိလုကျိုးကို မြင်လိုက်ရသည်။ ကြောက်လန့်မှုကြောင့် တုန်ယင်သွားတော့သည်။ သူတို့သည် ရထားလုံးပျံပေါ်၌ အချိန်အတော်ကြာ ထိုင်လိုက်ခဲ့ပြီး လို့လန်မှ လျန့်စီရင်စုဆီသို့ရောက်လာခဲ့တာဖြစ်သည်။ သို့သော် ဆရာကြီးကမူ အချိန်တိုအတွင်းပြန်ရောက်လာခဲ့၏။ သူတို့ဤနေရာသို့ ခရီးနှင်လာစဉ် မြင်ခဲ့ပုံအရ တခြားတိုင်းပြည်ခုနစ်ခု၏ မဟာမိတ်တပ်ဖွဲ့များသည် ချေမှုန်းခံလိုက်ရတာဖြစ်သည်။ လျန့်စီရင်စုတွင် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ဖြင့် ဤနေရာတွင် အလွန်ဘေးကင်းတာ သိသာသည်။

“လောင်ချန်းပေ့ အန်းကွေ့က အပြစ်ဝန်ခံဖို့ရောက်လာတာပါ”

“လန် လန်ဟိုင်”

လန်ဟိုင်စကားမပြောခင် လုကျိုးက လက်ဝေ့ယမ်းပြီးပြောလိုက်၏။ “သူ့ကို ဆွဲထုတ်သွားလိုက်"

“ဟမ်” လန်ဟိုင်၏စိတ်က ဗလာကျင်းသွားသည်။

မင်ရှစ်ရင်က မှင်တက်သွားတော့၏။ သူ သတိပြန်ဝင်လာချိန်တွင် အမြန်ပြောလိုက်၏။ “ကျွန်တော် နားလည်ပါပြီ ရှစ်စွင်း။ ဒီမျက်နှာနှစ်ဖက်နဲ့မိစ္ဆာကောင် ရှစ်စွင်းကို စကားပြောပိုင်ခွင့်မရှိဘူး။ အခု ဆွဲထုတ်သွားပြီး ခေါင်းဖြတ်လိုက်မယ်”

သူ စကားပြောချိန်တွင် ‘ခေါင်းဖြတ်’ ဟူသောစကားလုံးကို ဖိပြောရန်မမေ့ခဲ့ပေ။

ထောက်

လန်ဟိုင်က သတိလစ်သွား၏။ သို့သော် ယင်းသည် မင်ရှစ်ရင်ကို သူ့အားအပြင်သို့ဆွဲထုတ်ခြင်းကို မဟန့်တားနိုင်ပေ။

အန်းကွေ့သည်ခန်းမထဲ၌ ဒူးထောက်လျက်ကျန်နေ၏။

လန်လော့သည် သူ၏အိတ်ထဲမှ ပိုးသားသေတ္တာကို ထုတ်ပြီး လုကျိုးဆီသို့ဖြည်းဖြည်းချင်းလျှောက်လာသည်။ လက်နှစ်ဖက်ဖြင့် သေတ္တာအားပေးလိုက်၏။ “ဒါက ဘွန်အာမိသားစုကနေရလာတဲ့ မှတ်ဉာဏ်သလင်းပါ။ သူတို့ပြောပုံအရ ကျန့်ဝမ်ရွှီက အဲဒါကို လေ့လာနေတယ်။ ဒါပေမဲ့ အားကိုးလောက်တဲ့အချက်အလက်မရဘူး”

လုကျိုးသည် ပန်းထိုးသေတ္တာကို ယူပြီးနောက် သူ့ဘေးရှိစားပွဲပေါ်တွင်ထားလိုက်၏။ သူ၏အကြည့်က အန်းကွေ့ဆီကျရောက်သွားကာပြောလိုက်တော့သည်။ “ကျန့်ဝမ်ရွှီက လို့လန်မှာ ဘယ်လောက်ကြာအောင်နေသွားခဲ့တာလဲ”

အန်းကွေ့က အမှန်အတိုင်းဖြေသည်။

“ဆယ်စုနှစ်အနည်းငယ်လောက်။ တော်ဝင်မင်းဆရာ ... အမ်း … ကျွန်တော်ပြောတာက အဲ့ဒီယုတ်မာကောက်ကျစ်တဲ့ သစ္စာဖောက်က လှည့်လည်သွားလာနေတာ။ သူက တခြားတိုင်းပြည်တွေရဲ့ တော်ဝင်မင်းဆရာဖြစ်တယ်ဆိုတာကို ကျွန်တော် လက်တလောကမှ သိလိုက်တာ။ သူက ဒီလောက်သေးသိမ်တယ်လို့ ကျွန်တော်မထင်မိဘူး”

“ကျန့်ဝမ်ရွှီရဲ့ အဲ့ဒီကိစ္စကိုဖယ်ထားလိုက်။ မင်းရဲ့အပြစ်ကြွေးချေနိုင်မယ်လို့ တွေးနေရင် တာ့ယန်ရဲ့ဧကရာဇ်ကိုပြောလိုက်။ ငါ ဝင်စွက်ဖက်မှာမဟုတ်ဘူး” လုကျိုးက ပြောလိုက်သည်။ သူ၏စကားအရ သူက တာ့ယန်၏ဧကရာဇ်ဖြစ်လာဖို့ စိတ်မဝင်စားကြောင်း ရှင်းရှင်းလင်းလင်းညွှန်ပြနေ၏။

တိုင်းပြည်များကြားရှိ ပဋိပက္ခကိုဖြေရှင်းရန် ပညာရှင်များကို အပ်ထားရမည်။ အခွန်ပေးအပ်သည်ဖြစ်စေ၊ မြေပေးအပ်သည်ဖြစ်စေ၊ အညံ့ခံသည်ဖြစ်စေ အားလုံးက တာ့ယန်၏ဧကရာဇ်နှင့် သက်ဆိုင်သည်။

အန်းကွေ့၏မျက်နှာပေါ်၌ ချွေးသီးချွေးပေါက်များတွဲခိုလာလျက် သူကပြောလိုက်သည်။ “လောင်ချန်းပေ့ရဲ့ဆန္ဒအတိုင်းပါ” သို့သော် ပြဿနာက တာ့ယန်၏ဧကရာဇ်ကမည်သူနည်း။

ထိုစဉ် ယဲ့ထျန်းရှင်းသည် ခန်းမထဲသို့အမြန်ရောက်လာသည်။ သူမသည် သူမ၏ရှစ်စွင်းကို အရိုအသေပေးလျက်ပြောလိုက်သည်။ “ရှစ်စွင်း လတ်တလောအံ့ဖွယ်မြို့တော်မှ ဘာမှထူးထူးခြားခြား မရှိပါဘူး။ အရာရှိတွေကလည်း ကောင်းကောင်းလုပ်နေတယ်။ ငရဲဂိုဏ်းသားတွေကလည်း တာဝန်ကျေတယ်။ ဒါပေမဲ့ ဧကရာဇ်အတွက်ကတော့ ပလ္လင်အတွက် သင့်တော်တဲ့ဆက်ခံသူကို ရွေးချယ်ဖို့က ခက်ခဲနေပါတယ်”

ရုံးတော်အမှုထမ်းများ၌ သူတို့လမ်းကြောင်းရှိလျှင် သူတို့သည် ပလ္လင်ကိုဆက်ခံရန် မှန်ကန်သည့်သွေးမျိုးဆက်ဖြင့် တစုံတစ်ယောက်ကို ရွေးချယ်လိမ့်မည်။ ထိုအချက်များနှင့်ပြည့်စုံသည့်သူက တတိယ၊ စတုတ္ထနှင့် ပဉ္စမမင်းသားဖြစ်၏။

ကျန်းအိုက်ကျန့်သည် နန်းပလ္လင်ကို စိတ်မဝင်စားပေ။ စတုတ္ထမင်းသားက ပျောက်ဆုံးနေပြီး ပဉ္စမမင်းသားသည် အနည်းငယ်ထုံပေပေနိုင်၏။ သူတို့ထီးနန်းဆက်ခံရန်သဘောတူလျှင်တောင် ယွီကျန့်ဟိုင် ငရဲဂိုဏ်း၏ဂိုဏ်းချုပ်ဆီမှ ခွင့်ပြုချက်ရရန်လိုသေးသည်။ ဆိုရလျှင် သူသည် ဤမြေကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်၏။

လုကျိုးသည် ယွီကျန့်ဟိုင်ကို ကြည့်ပြီးနောက် ပြောလိုက်သည်။ "အခုတော့ အဲ့ဒီကိစ္စထားလိုက်ဦး”

“နားလည်ပါပြီ”

“သူ့ကို အခုချုပ်ထားလိုက်” လုကျိုးက သူ၏လက်ကို ဝေ့ယမ်းလိုက်၏။

အန်းကွေ့က ခေါ်သွားခံရတော့သည်။

လူတိုင်းသည် လုကျိုး၏ရည်ရွယ်ချက်ကို နားလည်သည်။ ယွီကျန့်ဟိုင်သည် သူ၏မှတ်ဉာဏ်ကို ပြန်မကောင်းသေးသောကြောင့် ယွီကျန့်ဟိုင်ကို လေးစားမှုတစ်ခုပေးထားသည်။

လုကျိုးသည် စိတ်လွတ်နေပုံပေါ်သော ယွီကျန့်ဟိုင်ကို ကြည့်ပြီးလက်ဝေ့ယမ်းလိုက်သည်။

“ဘာကိစ္စမှ မရှိရင် မင်း ထွက်သွားလို့ရပြီ”

ကျန်သည့်သူများသည် အရိုအသေပေးပြီးနောက် အခန်းထဲမှ ထွက်သွားတော့သည်။

ယွီကျန့်ဟိုင် လမ်းလျှောက်နေစဉ် သူ၏စိတ်ကလေးလံလာသည်။ သူ အခန်းထဲမှ ထွက်ချင်သည်။ သူ၏ခြေလှမ်းများက ခြေကုန်လက်ပမ်းကျပုံပေါ်သည်။

ယင်းကို မင်ရှစ်ရင်မြင်သောအခါ ယွီကျန့်ဟိုင်ကို ကူတွဲလိုက်သည်။ “တာ့ရှစ်ရှိုး အဆင်ပြေလား”

“ငါ ငါ အဆင်ပြေတယ်။ ငါ့ကို ပြန်ပို့ပေး”

“ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ ထိန်းမထားသင့်ဘူးလေ။ ပြန်သွားပြီး အနားယူကြရအောင်”

မင်ရှစ်ရင်သည် ယွီကျန့်ဟိုင်ကို တခြားခြံဝန်းဆီသို့ကူတွဲလိုက်၏။

ထိုစဉ် ကျူးဟုန်ကုန်းသည် သူတို့ဆီသို့လျှောက်လာ၏။

မင်ရှစ်ရင်က ကျူးဟုန်ကုန်းကို လှမ်းပြောလိုက်သည်။ “လောင်ပါ့ တာ့ရှစ်ရှိုးကို အခန်းပြန်ဖို့ ကူပေးလိုက်။ ငါ လုပ်စရာရှိသေးတယ်” ကျူးဟုန်ကုန်း၏မျက်နှာထက်တွင် နစ်နာသည့်အမူအရာက ပေါ်လာပြီးပြောလိုက်၏။ "ကျွန်တော်လည်း တစ်ခုခုလုပ်စရာရှိသေးတယ်”

“မရဘူး။ မသွားနဲ့ မြန်မြန်”

“ဟုတ်” ကျူးဟုန်ကုန်းသည် ရွေးချယ်စရာမရှိတော့ဘဲ ယွီကျန့်ဟိုင်ကို ကူတွဲလိုက်၏။

မင်ရှစ်ရင်သည် လှည့်ထွက်သွားတော့သည်။

ယွီကျန့်ဟိုင်သည် ကူတွဲပေးခံထားရသောကြောင့် အနေခက်နေသည်။ ထို့ကြောင့် သူက အမြန်ပြောလိုက်၏။

“ကျုပ် အဆင်ပြေပါတယ်”

“တာ့ရှစ်ရှိုး ဘာမှမမှတ်မိဘူးလား” ကျူးဟုန်ကုန်းသည် မဝံ့မရဲမေးလိုက်သည်။

ယွီကျန့်ဟိုင်က ရိုးရိုးသားသားခေါင်းညိတ်လိုက်၏။ “အင်း”

ကျူးဟုန်ကုန်း၏မျက်လုံးများက သူ၏ပတ်ဝန်းကျင်ကိုကြည့်ပြီးပြောလိုက်တော့သည်။ “တာ့ရှစ်ရှိုး ကျန်တဲ့တပည့်တွေအားလုံးထဲမှာ ကျွန်တော်တို့က အရင်းနှီးဆုံးဆက်ဆံရေးရှိတယ်”

ယခုအခေါက် လို့လန်သို့ သွားစဉ် ယွီကျန့်ဟိုင်က သူ၏တာ့ရှစ်ရှိုးဖြစ်ကြောင်း သူ အတည်ပြုခဲ့ပြီး ဖြစ်သည်။ သူ၏မှတ်ဉာဏ် တတ်နိုင်သမျှ မြန်မြန် ပြန်ရလာချင်သည်။ ယွီကျန့်ဟိုင်က သူ၏ တာ့ရှစ်ရှိုးဖြစ်ကြောင်း အတည်ပြုခဲ့ပြီးဖြစ်၏။ သူက မေးလိုက်သည်။ “အတိတ်တုန်းက ငါ ကြမ်းတမ်းခဲ့သလား”

“မဟုတ်ဘူး ... ရှစ်ရှိုးက ယဉ်ကျေးပြီးသိမ်မွေ့တယ်။ အထူးသဖြင့် ကျွန်တော့်ကိုပေါ့။ ကျွန်တော့်ကို ဂရုစိုက်တယ်” ကျူးဟုန်ကုန်းက ပြော၏။

“ကျွန်တော် ကျားတောင်ရိုးဂိုဏ်းခေါင်းဆောင် ဖြစ်တုန်းကလဲ ကျွန်တော့်ဆီ ရတနာတွေ မကြာခဏပို့ပေးတယ်။ အစ်ကိုရင်းတစ်ယောက်ထက်တောင် ကျွန်တော်နဲ့ ပိုရင်းနှီးတယ်”

ယွီကျန့်ဟိုင်က ခေါင်းညိတ်ပြီးနားထောင်နေသည်။ သူက “တခြားသူတွေကိုကော ဒီလိုဆက်ဆံသလား”

ကျူးဟုန်ကုန်းက ပြော၏။ “မဟုတ်ဘူးပေါ့။ ကျွန်တော့်ကိုပဲ အထူးတလည်ကောင်းတာ”

ယွီကျန့်ဟိုင်က ခေါင်းထပ်ညိတ်လိုက်သည်။ သူက ကျူးဟုန်ကုန်း၏ပခုံးကို ပုတ်လိုက်လေ၏။

“ကြည့်ရတာ တပည့်တွေကြားထဲမှာ ငါတို့က အရင်းနှီးဆုံးပဲ”

“ကျေးဇူးပြုပြီး ကျွန်တော့်ကို ဂရုစိုက်ပေးပါ တာ့ရှစ်ရှိုး”

“ကောင်းပြီ”

ယွီကျန့်ဟိုင်သည် အိပ်ရာပေါ်၌ လှဲလိုက်ချိန်တွင် သူ အင်မတန်ငိုက်နေပြီဖြစ်သည်။ သူ အိပ်ပျော်သွားရန် အချိန်သိပ်မလိုပေ။

ထိုစဉ် လုကျိုးသည် ပန်းထိုးသေတ္တာကိုဖွင့်လိုက်ရာ သေတ္တာထဲတွင် ပြာလဲ့လဲ့အလင်းဖြင့် တောက်ပနေသည့် သလင်းတစ်ခုပေါ်လာ၏။ ယင်းက ကြက်ဥအရွယ်အစားခန့်ရှိသည်။

“ဒါက မှတ်ဉာဏ်သလင်းလား” လုကျိုးသည် သလင်းကိုကောက်ယူလိုက်၏။ တစ်ဝက် ပိုင်းခံထားရကြောင်း သူ သတိပြုမိသွားသည်။

မှတ်ဉာဏ်သလင်း၏ဆောင်ရွက်ချက်သည် မှတ်ဉာဏ်များကို သိုလှောင်ရန်ဖြစ်သည်။ ကျန့်ဝမ်ရွှီ၏စွမ်းအားဖြင့် သူသည် သလင်းထဲရှိမှတ်ဉာဏ်များကို အဘယ်ကြောင့် အဓိပ္ပာယ်မဖော်နိုင်ရသနည်း။

ယွင်ထျန်းလော့၏ စစ်တုရင်ခုံထဲတွင် သူ၏ကိုယ်ပိုင်အဆင့်တိုးတက်ခြင်းမှတ်တမ်းကို ချိတ်ပိတ်ထားခဲ့သည်။ ၎င်းကို ဖွင့်ရန်နည်းလမ်းက လူတစ်ယောက်၏သက်တမ်းနှစ်နှစ်ဆယ်ဖြစ်၏။

အဆုံးကျ လုကျိုးသည် ကြုံရာကျပန်းမခန့်မှန်းဖို့ဆုံးဖြတ်လိုက်၏။ ကိုယ်တိုင်ကြိုးစားကြည့်လျှင် အမှန်တရားကို သိလိမ့်မည်။

သူ၏လက်ပေါ်သလင်းတစ်ခြမ်းကို ထားပြီး ကနဦးချီကိုလည်ပတ်လိုက်၏။ သူ၏ကနဦးချီက သလင်းထဲဝင်သွားချိန်တွင် လန်းဆန်းပြီးတုန်လှုပ်ဖွယ်အထိအတွေ့ကို ခံစားလိုက်ရသည်။ သူသည် ထိုအခိုက်အတန့်တွင် အဖြူရောင်အတိပြီးသော ကမ္ဘာထဲသို့ပို့ဆောင်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

“ဒါက သိုလှောင်ထားတဲ့မှတ်ဉာဏ်တွေလား” လုကျိုးသည် သလင်းကို တွန်းလိုက်စဉ် စိတ်ရှုပ်ထွေးလာ၏။

ခဏအကြာတွင် သူသည် ဖြူဖွေးပြီး ကျယ်ဝန်းလှသည့်ကမ္ဘာထဲတွင် တစ်ယောက်တည်းရှိနေ၏။ ဘာကိုမှ မမြင်နိုင်။ ဘာကိုမှ မထိနိုင်။ လုကျိုးသည် ရှေ့ဆက်လျှောက်လာသည်။ သလင်း၏အေးမြမှုက ပိုအားကောင်းလာသည်။ သူသည် အဖြူရောင်ကမ္ဘာထဲ၌ ခြေလှမ်းများကို မြန်လိုက်၏။

“နံရံတစ်ခုလား”

လုကျိုးသည် ထိုအခိုက်အတန့်တွင် သူ၏လမ်းကြောင်းကို နံရံတစ်ခုပိတ်ဆို့ထားတာ တွေ့လိုက်ရသည်။ နံရံတောက်လျှောက်သေတ္တာများစွာရှိနေပြီး သေတ္တာထဲတွင် နားမလည်နိုင်သော ရုန်းအမျိုးအစားများရှိနေသည်။

“မင်းရဲ့မှတ်ဉာဏ်ကို ချိတ်ပိတ်ထားတဲ့နည်းလမ်းပဲ” လုကျိုးက ချီးကျူးလိုက်တော့သည်။

All Chapters