← Chapters

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အခန်း (၃၅၅) သူလာသည့်နေရာကို ပြန်သွားခြင်း

ထိုစဉ် တွမ့်မူရှန်းက အထဲသို့ လျှောက်လာလေ၏။ လူတိုင်း ဒူးထောက်နေတာကို မြင်သောအခါ သူက သက်ပြင်းချလိုက်တော့သည်။

“စန်းရှစ်ရှိုး ရှစ်ရှိုးမှာ အစီအစဉ် ရှိလား”

မင်ရှစ်ရင်က မေးလိုက်သည်။

“တကယ်တော့ ရှစ်စွင်းပြောတာ မှန်တယ်။ မိစ္ဆာဝေဟင်မျှော်နန်း တည်ထောင်တဲ့အချိန်ကစပြီး ရှစ်စွင်းကသာ သနားညှာတာမှုရှိတာ ဒါမှမဟုတ် စိတ်သဘောထား ပျော့ပျောင်းခဲ့မယ် ဆိုရင် ဒီနေ့ ဒီနေရာမှာ ငါတို့ ရှိနေတော့မှာ မဟုတ်ဘူး။ ရှစ်စွင်းက အဲဒီတုန်းက ရွှေနန်းဥယျာဉ်တောင်ကို ထိပ်သီးဂိုဏ်းကြီးဆယ်ဂိုဏ်း ဝိုင်းထားတဲ့အချိန်တုန်းက ကိုယ်တိုင်ပဲ ခံတိုက်ခဲ့ရတာ မဟုတ်ဘူးလား”

မင်ရှစ်ရင်က သက်ပြင်းချပြီး ခေါင်းညိတ်လိုက်၏။

“ဒါပေမဲ့ ကျွန်တော်တို့တွေ ဒီအတိုင်း မနေနိုင်ဘူးလေ”

ကျောင်းယွဲ့က ပြော၏။

“စစ်ရှစ်ရှိုး တစ်ခုခု တွေးပါအုံး”

“နည်းလမ်းတစ်ခု ရှိတယ်။ ဒါပေမဲ့ ခက်ခဲလိမ့်မယ်”

မင်ရှစ်ရင်က လှည့်ပတ်ကြည့်လိုက်၏။ ကျန်သည့်သူများက မင်ရှစ်ရင်ကို ကြည့်လိုက်သည်။ မင်ရှစ်ရင်က ပြော၏။

“မယ်တော်ကြီးက ရှစ်စွင်းကို လက်ဆောင်အဖြစ် အသက်ရှည်ဆေးလုံးတစ်လုံး ပေးထားတယ်။ ပြီးတော့ ဆေးလုံးက ရှစ်စွင်းပိုင်တာပဲ။ အခုအချိန်မှာ အာ့ရှစ်ရှိုးကို ကယ်နိုင်တဲ့ တစ်ခုတည်းသောအရာက အဲဒီဆေးလုံး။ ဒါပေမဲ့ ရှစ်စွင်းကလည်း အသက်အရွယ်ကြီးရင့်နေပြီ။ သူက ဒီဆေးလုံးကို တန်ဖိုးထားမှာပဲ။ ငါတို့က ရှစ်စွင်းကို ဆေးလုံး လက်လျှော့အောင် ဖိအားပေးဖို့ပဲ ရှိတယ်။ ငါတို့တွေ ရှစ်စွင်းကြိမ်းမောင်းတာ မခံရရင် အံ့ဩစရာ ကောင်းနေမှာပဲ။ ထတော့ လူတိုင်းပဲ သွားကြရအောင်”

လူတိုင်းက မင်ရှစ်ရင်၏စကားကို ခေါင်းညိတ်လိုက်၏။ မျှော်နန်းသခင်၏မဟာအကန့်အသတ်က နီးကပ်နေပြီဖြစ်သည်။ သူ့အသက်ကို ဆွဲဆန့်ရန် နည်းလမ်းတစ်ခုကို အမြဲတမ်း ရှာနေတာ ဖြစ်သည်။ အသက်ရှည်ဆေးလုံးသည် သူ့အတွက် အကူအညီများစွာ မဖြစ်နိုင်သည့်တိုင် ၎င်းကို လက်လွှတ်လိုက်ရန် အကြောင်းအရင်းမလုံလောက်သေးပေ။

မျှော်နန်းအပြင်ဘက်တွင် ဖြစ်သည်။

မင်ရှစ်ရင်က ပြော၏။

“ဘာကိစ္စမှ မရှိတော့ရင် ဒီနေ့ သွားလိုက်ကြတာပေါ့။ ရှောင်ရှစ်မေ့ ငါနဲ့အတူ ပြန်လည်သုံးသပ်ရေးဂူကို လိုက်ခဲ့”

“ဟုတ်..”

ကျန်သည့်သူများက ကောင်းစွာ ပူးပေါင်း၏။ လူတိုင်း ထွက်သွားကြတော့သည်။ မင်ရှစ်ရင်နှင့် ရှောင်ယွမ်အာသည် အနောက်ဘက်မျှော်နန်းအပြင်ဘက်ရှိ စင်္ကြန်လမ်း တောက်လျှောက် တောင်အနောက်ဘက်ဆီသို့ လျှောက်သွားလိုက်လေ၏။ သူတို့က ပြန်လည်သုံးသပ်ရေးဂူသို့ ရောက်သွားကြသည်။

မင်ရှစ်ရင်က အရိုအသေပေးပြီး ပြောလိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ်.. အာ့ရှစ်ရှိုး..”

ရှောင်ယွမ်အာကလည်း လိုက်ပြော၏။

“နှုတ်ခွန်းဆက်ပါတယ် အာ့ရှစ်ရှိုး..”

ယခုအခေါက်တွင် ယွီရှန်းရုန်က ထွက်မလာပေ။ ထိုအစား သူက ပြောလိုက်၏။

“ဝင်လာခဲ့”

သူ၏အသံသည် ခါတိုင်းလိုပင် သိမ်မွေ့ပြီး ညင်သာ၏။ ကျင့်ကြံသူများအနေဖြင့် မင်ရှစ်ရင်နှင့် ရှောင်ယွမ်အာသည် သူ၏တိုးသဲ့သဲ့ လေသံကို ကြားနိုင်သည်။

နှစ်ယောက်သားက ပြန်လည်သုံးသပ်ရေးဂူထဲ ဝင်သွားကြသည်။ သူတို့၏ အာ့ရှစ်ရှိုး တင်ပျဉ်ခွေချိတ် ထိုင်နေတာကို မြင်သောအခါ သူတို့က အရိုအသေ ထပ်ပေးလိုက်၏။

“စစ်ရှစ်တိ၊ ရှောင်ရှစ်မေ့ ထိုင်ကြအုံး”

ယွီရှန်းရုန်က ပြုံးလိုက်၏။

“အာ့ရှစ်ရှိုး ဘာကြောင့် ဒီလောက်အထိ လုပ်ရတာလဲ”

မင်ရှစ်ရင်က မထိုင်ဘဲ မေးလိုက်တော့သည်။

ယွီရှန်းရုန်က မင်ရှစ်ရင်ကို မော့ကြည့်ပြီး ပြောလိုက်၏။

“ငါတို့တွေက ဆရာတူတပည့်တွေပဲ ကွေ့ဝိုက်ပြောနေဖို့ မလိုဘူး။ မင်းစိတ်ထဲ ရှိတာပြော..”

မင်ရှစ်ရင်က အသက်ပြင်းပြင်း တစ်ချက် ရှုပြီး သတ္တိမွေးကာ ပြောလိုက်တော့၏။

“အာ့ရှစ်ရှိုး ကျွန်‌တော်ပြောတာ နားထောင် ရှစ်စွင်းက ရှစ်ရှိုးတို့ နှစ်ယောက်ကြားက ဆက်နွယ်မှုကို တန်ဖိုးထားတာ ကျွန်တော် တွေ့ရတယ်။ မဟုတ်ရင် သူက ဒီနေရာမှာ ရှစ်ရှိုးကို ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်ပေးမှာ မဟုတ်ဘူး”

သူသည် ပြန်လည်သုံးသပ်ရေးဂူ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ အေးစက်ပြီး ကျောချမ်းဖွယ်ကောင်းသည်။ သို့သော်ငြား ယခင်အပြစ်ပေးမှုများနှင့် ယှဉ်လျှင် ယင်းက ပေါ့ပါး၏။

“မင်း ဘာပြောစရာ ရှိသေးလဲ”

“ရှစ်စွင်းမှာ အသက်ရှည်ဆေးလုံးတစ်လုံး ရှိတယ်။ ဒါက ရှစ်ရှိုးရဲ့ပြဿနာကို ဖြေရှင်းနိုင်လောက်မှာ။ အရင်တုန်းက ဘာဖြစ်ခဲ့မှန်း မသိပေမဲ့ အဲဒါက ရှစ်ရှိုးရဲ့အသက်ထက် ပိုအရေးကြီးလို့လား”

ယွီရှန်းရုန်က တိတ်သွားတော့သည်။ မင်ရှစ်ရင်သည် အာ့ရှစ်ရှိုးက သူ၏အကြံဉာဏ်ကို မဆန့်ကျင်ဟု ခံစားမိလိုက်သည်။ ထို့ကြောင့် စိတ်အားထက်သန်စွာ ဆက်ပြောလေ၏။

“ရှစ်စွင်းက အရင်တုန်းကနဲ့မတူတော့ဘူး။ သူက ကျွန်တော့်ကို ခွဲခွာချိတ်ကောက် ပေးရုံတင်မကဘူး။ ရှောင်ရှစ်မေ့ကို နိဗ္ဗာနခါးစည်း တောင်ပေးထားတယ်။ လောင်ပါ့ဆို လက်ဝှေ့အိတ်တစ်စုံတောင် ရထားတာ”

“ဟုတ်တယ်”

ရှောင်ယွမ်အာက သူ၏နိဗ္ဗာနခါးစည်းကို ဝေ့ယမ်းပြလိုက်၏။ နိဗ္ဗာနခါးစည်းသည် သူမရှေ့၌ လွန့်လူးနေ၏။ ယင်းက အရည်အသွေးမြင့် ကောင်းကင်အဆင့် လက်နက်ပဲ ဖြစ်သည်။ ၎င်းနှင့် သူမ၏ ခင်တွယ်မှုက အမြင့်ဆုံးအဆင့် မရှိသော်ငြား ယွီရှန်းရုန်သည် ထိုလက်နက်၏ ထူးကဲမှုကို ခံစားမိသည်။ ယွီရှန်းရုန်က သူတို့နှစ်ယောက်ကို ကြည့်ပြီးနောက် ပြောလိုက်၏။

“ရှစ်စွင်းက မင်းကို သတ်ချင်နေတယ် ဆိုရင် မင်း ဘယ်လို ခံစားရမလဲ”

“အဓိကက အခု ရှစ်ရှိုး ငြိမ်းငြိမ်းချမ်းချမ်း နေနေရတာပဲလေ”

မင်ရှစ်ရင်က ပြောလိုက်၏။ ယွီရှန်းရုန်က တိတ်သွားတော့သည်။

မင်ရှစ်ရင်က ပြောလိုက်သည်။

“အာ့ရှစ်ရှိုး ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောတာ ခွင့်လွှတ်ပေးပါ။ ရှစ်စွင်းရဲ့ကျင့်ကြံဆင့်နဲ့ သူသာ ခင်ဗျားကို သတ်ချင်တယ် ဆိုရင် အစောတည်းက သေနေလောက်ရောပေါ့။ ဒီနေ့အထိ အသက်ရှင်နေမှာ မဟုတ်ဘူး”

ထိုစကားများသည် ယွီရှန်းရုန်ကို ရန်စမိလောက်မှန်း သူသိသည်။ သို့သော်ငြား အချို့သော ကိစ္စများကို ရှင်းရှင်းလင်းလင်း ပြောတာက ပိုကောင်းမည်။ သူ၏စကားများက အချက်အချာကျ၏။

ယွီရှန်းရုန်က နှလုံးတစ်ချက် ခုန်သွားလေ၏။ သူသည် ယခင်က မသိလိုက် မသိဘာသာ နေခဲ့၏။ ယခုမူ မျက်နှာထက်တွင် မျက်မှောင်ကြုတ်မှုတစ်ချက် ပေါ်လာလေ၏။

“ကျွန်တော့်ကို မယုံဘူးလား အာ့ရှစ်ရှိုး”

မင်ရှစ်ရင်က မေးလိုက်၏။ ခဏအကြာတွင် သူက ပြောလိုက်၏။

“စစ်ရှစ်တိ ရှောင်ရှစ်မေ့ မင်းတို့အခု သွားလို့ရပြီ”

“ဟုတ်ပြီ”

မင်ရှစ်ရင်က သူ့ကို ဖျောင်းဖျရန် ဆက်ပြီး မကြိုးပမ်းတော့ပေ။ သူက ရှောင်ယွမ်အာကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။ နှစ်ယောက်လုံးက ပြန်လည်သုံးသပ်ရေးဂူထဲကနေ ထွက်သွားပြီး တောင်ဘက်မျှော်နန်းဆီသို့ သွားလိုက်၏။

ရှောင်ယွမ်အာက မေးလိုက်သည်။

“စစ်ရှစ်ရှိုး.. အာ့ရှစ်ရှိုးက သေမှာလား”

“သူ သေမှာ မဟုတ်ဘူး”

“ဘာကြောင့်လဲ”

“အာ့ရှစ်ရှိုးက စိတ်သဘောထား သေးနုပ်တဲ့သူ မဟုတ်ဘူး။ ခေါင်းမာတဲ့သူ မဟုတ်ဘူး။ ခုနတုန်းက ငါက ရှင်းရှင်းလင်းလင်း ပြောပြီးသား အခု ရှစ်စွင်းအပေါ်ပဲ မူတည်သွားပြီ”

မင်ရှစ်ရင်က ပြောလိုက်၏။

“အင်း..”

ညတာက ကျရောက်လာ၏။ လုကျိုးသည် သူ၏ကျင့်ကြံအဆင့်၌ ချိုးဖျက်တက်တော့မည့် အနေအထားသို့ ရောက်ပြီဟု ခံစားမိသည်။ သူ၏ကျင့်စဉ်ကို မြှင့်တင်ရန် မခက်ခဲသော်ငြား ထိုသို့ ပြုလုပ်ရန် ဉာဏ်အလင်းပွင့်မှု လိုအပ်နေသည်။ သူ၏မှတ်ဉာဏ်များကို ရှာဖွေပြီး ပွင့်ချပ်ကိုးလွှာအဆင့်၏ လျှို့ဝှက်ချက်များကို ရှာဖွေရမည့် ကျန်ရှိသည့် သက်တမ်းကို သူ တစ်ချက် ကြည့်လိုက်၏။

ကျန်ရှိသောသက်တမ်း ၆၈၆၄ ရက်။

ယခုအချိန်တွင် သူ သိထားပုံအရ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရရှိဖို့က သူ၏သက်တမ်းကို တိုတောင်းစေတာ သေချာ၏။ ထိုသည့်အတိုင်းဆိုလျှင် ရက်ခြောက်ထောင် သို့မဟုတ် ထိုရက်များက မလုံလောက်ပေ။

ကုသိုလ်အမှတ် ၂၄၂၅၀။

သူသည် ကမ္ဘာဆယ်ခုကို ရနိုင်ခဲ့လျှင် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်သို့ ဝင်ရောက်နိုင်ပြီး ပွင့်ချက်များ စတင်ပေါက်လာနိုင်၏။ တစ်ချက်စဉ်းစားပြီးနောက် လုကျိုးသည် ကံစမ်းမဲ ဆယ်ခု ဆက်တိုက်နှိုက်လိုက်၏။

သူ၏ကံကောင်းမှတ်က ယခု ၂၀တွင် ရှိသည်။

လူသားများ၏ ခံစားချက်က ထူးဆန်းသည်။ ကျေးဇူးတင်ပါသည် ဟူသော စကားလုံးကို ကြားလိုက်တိုင်း သူသည် နောက်ထပ် ကံစမ်းမဲ နှိုက်ရာ၌ အောင်မြင်တော့မည်ဟု အမြဲတမ်း ခံစားမိတာပဲ ဖြစ်သည်။

ကံစမျးမဲ။

“တင်း ကုသိုလ်မှတ်ငါးဆယ် သုံးလိုက်ပါပြီ။ ကံကောင်းမှတ် ၂၀ သုံးလိုက်ပါပြီ။ အကြောင်းပြန်လှန်ကတ် ဆယ်ကတ် ရပါပြီ”

ကောင်းတယ်။ ငါက အာဖရိက မျိုးနွယ်စု အကြီးအကဲတစ်ယောက် မဟုတ်ဘူး။ လက်ရှိတွင် လုကျိုးက ကျေးဇူးတင်ပါသည် ဟူသော အရာအပြင် ကျန်သည့် ရလဒ်များကို လက်ခံနိုင်သည်ဟု ခံစားမိ၏။ သူ့၌ အကြောင်းပြန်လှန်ကတ်များ ပိုရှိတာ ကောင်းမွန်သည်။ သူသည် ပွင့်ချပ်ကိုးလွှာအဆင့်ကို ချိုးဖျက်တက်ရန် ကြိုးပမ်းရာ၌ သူ၏ပြင်ဆင်မှုကို ထိုကတ်များက ကူညီပေးနိုင်လိမ့်မည်။

ငါ အခု ရပ်လိုက်သင့်ပြီ။ ကံစမ်းမဲ နှိုက်ပြီးနောက် လုကျိုးသည် သူ၏အသုံးပစ္စည်းများကို ကြည့်လိုက်သည်။ ယခု သူ၌ အကြောင်းပြန်လှန်ကတ် ၃၂ကတ် ရှိနေပြီဖြစ်သည်။

“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”

ယွီရှန်းရုန်၏ အသံက သူ့ဆီ ရောက်လာ၏။ သူက ဒူးထောက်နေသည်။ လုကျိုး၏အမူအရာက စိတ်မပါ လက်မပါ ဖြစ်နေ၏။ သူက အပြင်မထွက်ပေ။ တင်ပျဉ်ခွေချိတ် ထိုင်လျက်သားဖြင့် မုတ်ဆိတ်သပ်ကာ မေးလိုက်၏။

“မင်း စဉ်းစားပြီးပြီလား”

“ကျွန်တော် အသက်ရှင်ချင်ပါတယ်”

ယွီရှန်းရုန်က ပြန်ပြော၏။ သူ၏လေသံက ယခု တက်ကြွမှု ပိုရှိလာပုံပေါ်၏။

“ဝင်လာခဲ့”

သူ့ရှစ်စွင်း၏ ခွင့်ပြုချက်ဖြင့် ယွီရှန်းရုန်သည် တံခါးတွန်းဖွင့်ကာ ဝင်လာတော့၏။

“ဂျွတ်..”

လုကျိုးက အလင်းရောင်အောက်၌ တင်းမာခက်ထန်ပြီး ခြိမ်းခြောက်နိုင်ပုံရသည်။ သူက မျက်နှာချင်းဆိုင်ရှိ ခုံကို လက်ညှိုးထိုးပြလိုက်သည်။

“ထိုင်”

ထိုအကြောင်းကို တွေးမိပြီး ယွီရှန်းရုန်သည် ယခင်က သူ၏ရှစ်စွင်းနှင့်အတူ ထိုင်ပြီး တစ်ခါမှ စကားမပြောဖူးကြောင်း သဘောပေါက်သွား၏။ ဖြစ်နိုင်တာက စစ်ရှစ်တိ ပြောတာ မှန်လောက်တယ်။ သူ၏ရှစ်စွင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ပြီး သူ့ဘေး၌ သက်တော်ရှည်ဓားကို ချထားလိုက်သည်။

လုကျိုး၏အကြည့်က နက်ရှိုင်းသွားလေ၏။ သူက ယွီရှန်းရုန်ကို ကြည့်ပြီး ပြောလိုက်သည်။

“အဲဒီတုန်းက ငါ မင်းကို တကယ်သတ်ဖို့ ရည်ရွယ်ခဲ့တာလား”

ထိုမေးခွန်းက မျှော်နန်းအတွင်းရှိ အနေထားကို ချက်ချင်း တောင့်တင်းသွားစေသည်။ သို့သော် ယွီရှန်းရုန်က တွန့်ဆုတ်သွားပုံမရပေ။ သူက ချက်ချင်း ခေါင်းညိတ်လိုက်၏။

“အကြောင်းအရင်းကရော..”

“ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရချင်လို့ပါ”

ယွီရှန်းရုန်သည် သူ၏လက်ချောင်း တုန်ယင်နေတာကို ခံစားမိ၏။ သူက ရှေ့ဆက်ပြောလိုက်၏။

“တာ့ရှစ်ရှိုးနဲ့ ကျွန်တော်က ထွက်သွားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး”

လုကျိုး၏ အမူအရာက တည်ငြိမ်နေ၏။ သို့သော် စိတ်ထဲတွင်မူ သူက အံ့ဩနေလေသည်။

ကိုယ့်ရဲ့တပည့်ရင်းတွေကို သတ်ပြီး ပွင့်ချပ်ကိုးလွှာအဆင့်ကို ရအောင် ကြိုးပမ်းတာလား။ ဒါ ဘယ်လို သဘောတရားမျိုးလဲ။

ပိုရှုပ်ထွေးသည့် ဖြစ်စဉ်များ ပါဝင်နေတာ သိသာ၏။

ယွီရှန်းရုန်က လုကျိုး၏ အကြည့်ကို မြင်လိုက်ရသောအခါ ရိုးသားစွာ ပြောလိုက်သည်။

“မဟာနွယ်မျိုးနွယ်ရဲ့လူတွေက နေ့မှာ ရှင်သန်ပြီး ညကျ သေဆုံးကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ စွမ်းရည်တစ်ခု ရှိတယ်”

သူက ခဏတာ ရပ်တန့်ပြီးနောက် ဆက်ပြော၏။

“ကျွန်တော်တို့က အသက်ရှည်ဖို့အတွက် သက်တမ်းကို ဆွဲဆန့်နိုင်တယ်လေ။ ဖြစ်နိုင်တာက အဲဒီစွမ်းရည်ကို ရှစ်စွင်းလိုချင်နေတာ”

ထိုစကားကို ကြားလိုက်ရသောအခါ လုကျိုးက ထူးဆန်းသည်ဟု မထင်ပေ။ ယခင်က သူ၏ကိုယ်ပိုင်မှန်းဆချက် ရှိခဲ့၏။ ယခု သူ၏ခန့်မှန်းချက်များ အတည်ပြုလိုက်ပြီဖြစ်သည်။

“ယွီကျန့်ဟိုင်ကရော အဲလိုပဲလား”

“ကျွန်တော် သိသမျှက တာ့ရှစ်ရှိုးက မှားတယ် ဆိုတာပါပဲ။ တခြားအကြောင်းတွေကတော့ သူ့ကို ကျွန်တော်တို့ မေးမှရမှာ”

ဆရာတပည့်နှစ်ယောက်လုံးသည် တစ်ဖက်လူ စဉ်းစားနေတာ သိ၏။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ယွီရှန်းရုန်က ပြောလိုက်သည်။

“ချီရှစ်တိ ပြောတာက ရှစ်စွင်းက ရှစ်စွင်းရဲ့ မှတ်ဉာဏ်တွေကို သလင်းတစ်ခုထဲမှာ ပိတ်ထားတယ်တဲ့။ သလင်းထဲမှာ ရှစ်စွင်းရှာနေတဲ့ အဖြေရှိလောက်တယ်”

အခန်းက အင်မတန် တိတ်ဆိတ်သွား၏။ ဒီတော့ မှတ်ဉာဏ်ပျောက်ဆုံးနေတာ ဒီအကြောင်းအရင်းကြောင့်ကိုး။ လုကျိုးက အလိုလိုပင် မုတ်ဆိတ်သပ်ပြီးနောက် မေးလိုက်၏။

“အဲဒီသလင်းက ဘယ်မှာလဲ”

“ကျွန်တော် မသိပါဘူး”

ယွီရှန်းရုန်က ဖြေလိုက်၏။

“ဒါပေမဲ့ အရင်တုန်းက ရှစ်စွင်းက နေရာတွေအများကြီး ခရီးဆက်ခဲ့တာ။ ရုံပေ့ကနေ ရုံရှီအထိ”

လုကျိုးက မေးလိုက်၏။

“ငါ မှတ်ဉာဏ် ပြန်ရလာတာနဲ့ မင်းကို သတ်ဖို့ ကြိုးစားမှာကို မစိုးရိမ်ဘူးလား”

“စစ်ရှစ်တိက ပြောတယ်။ ရှစ်စွင်းရဲ့ကျင့်ကြံဆင့်နဲ့ဆို ကျွန်တော်နဲ့ တာ့ရှစ်ရှိုးကို တကယ် သတ်ချင်တယ် ဆိုရင် ရိုးရှင်းတဲ့အလုပ်ပဲတဲ့”

ယွီရှန်းရုန်က ပြန်ပြော၏။

“ကိစ္စရပ်တွေ အများကြီးရှိတယ်”

လုကျိုးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဆက်ပြော”

“ရှစ်စွင်းက တာ့ရှစ်ရှိုးကို ရိုက်ရတာ သဘောကျပြီး သူ့ကို အမြဲတမ်း ပဲ့ထိန်းခိုင်းတယ်။ ကျွန်တော်နဲ့ ဓားရေးယှဉ်တဲ့ ချီရှစ်တိကိုတော့ ရှစ်စွင်းရဲ့ခြေထောက်ကို မကြာခဏ နှိပ်နယ်ခိုင်းခဲ့တာ ရှစ်စွင်းက..”

သူပြောတာ မပြီးသေးခင် လုကျိုးက သူ့ကို ဖြတ်ပြောရန် လက်တစ်ဖက် မြောက်လိုက်၏။

“ပွင့်ချပ်ကိုးလွှာအဆင့်နဲ့ မဆိုင်တဲ့ကိစ္စတွေ ပြောစရာ မလိုဘူး”

“နားလည်ပါပြီ”

ယွီရှန်းရုန်က ထပ်မပြောတော့ပေ။

သူ့ပုံစံအရ ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်း ပြောတာ ပြီးသွားပြီလား။ လုကျိုးက ယွီရှန်းရုန်ကို ကြည့်နေသည်။ သူက ယွီရှန်းရုန် ဆက်ပြောမှာကို စောင့်ဆိုင်းနေ၏။ သူကြည့်နေချိန် ယွီရှန်းရုန်က ခေါင်းငုံ့သွားတော့သည်။ သူ၏ကိုယ်ပိုင်အဝတ်အစားနှင့် ဆံပင်ကို အကဲဖြတ်နေ၏။ သူက နေမကောင်းသလို ခံစားလာရသည်။ အဓိပ္ပာယ်ရှိတာပဲ။ ယွီရှန်းရုန်က ပွင့်ချပ်ကိုးလွှာအဆင့်ရဲ့ လျှို့ဝှက်ချက်ကို သိတယ်ဆိုရင် သူက ပွင့်ချပ်ရှစ်လွှာအဆင့်မှာ ရှိအုံးမှာ မဟုတ်ဘူး။ ဆံပင်တွေ ဖြူနေတဲ့အခြေအနေဆို ဝေလာဝေးပေါ့။

အခန်းက ထပ်မံ တိတ်ဆိတ်သွားပြန်သည်။ အချိန်မည်မျှ ကြာသွားသည်မသိ။ ယွီရှန်းရုန်က ရှေ့သို့ တိုးလာတော့သည်။ သူက တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ပြောလိုက်တော့သည်။

“ကျွန်တော် အသက်ရှင်ချင်တယ်”

ထူးဆန်းလိုက်တာ။ လုကျိုးက သူ့ကို ပေးသည့်အကြည့်က အခဲမကျေမှု မဟုတ်ဘဲ စိတ်ချသေချာစေမှု ဖြစ်သည်။

ဖျားနာခြင်းနှင့် သေဆုံးခြင်းသည် ဘဝသံသရာ၏ အစိတ်အပိုင်းအားလုံးပဲ ဖြစ်သည်။ လူတိုင်း သေဆုံးရပေမည်။ သို့သော်ငြား အသက်ရှင်ခြင်းသည် ဆက်လက်ရှင်သန်နေထိုင်ရန် မျှော်လင့်ချက်ပဲ ဖြစ်သည်။

“မင်း တွေးတတ်တာ ငါ ဝမ်းသာတယ်”

လုကျိုးက လက်ဝေ့ယမ်းလိုက်၏။ သူ့ဘေးရှိ ပိုးသေတ္တာသည် ယွီရှန်းရုန်ဘေးသို့ ပျံသန်းသွားတော့သည်။

“မင်းကို ဒီအသက်ရှည်ဆေးလုံး ချီးမြှင့်မယ်။ ဒါနဲ့ဆို မင်း အသက်ဆက်ရှင်မယ်လို့ မျှော်လင့်တယ်”

သူက ဆက်ရှင်ဟူသောစကားကို ဖိပြောခဲ့၏။ ယွီရှန်းရုန်က အလိုလို တုန်ယင်သွားသည်။ သူကို မျှော်လင့်ချက် ပေးနိုင်သော ထိုစကားလုံးများကို ကြားသည့်အချိန်၌ သူ့စိတ်ထဲ တစ်စုံတစ်ခုက ဝင်ရောက်လာ၏။ သူက ထိုင်ကန်တော့လိုက်သည်။ မျက်နှာချိုသွေးမှု သို့မဟုတ် အလွန်အကြူး အပြုအမူများ ပါမနေပေ။ မလိုလားအပ်သည့် ရှင်းပြချက်များ အမူအရာများ မလိုအပ်ချေ။

“ဒီတပည့်က ရှစ်စွင်းပေးသမျှကို လေးစားပါတယ်”

သူပြောလိုက်သမျှက ထိုစကားတစ်ခွန်းသာ ဖြစ်သည်။

…

အခန်း(၃၅၆) သူ အေးနေတာ ဖြစ်မယ်

လူတစ်ယောက်၏ ရှင်သန်လိုစိတ်ကို ပြန်လည်အသက်သွင်းဖို့အတွက် ရှေ့ခရီးလမ်းက မည်မျှမှောင်မိုက်နေစေကာမူ လမ်းကို ထွင်သွားဖို့က မည်မျှအရေးကြီးကြောင်း ပြောပြရမည်။ မျှော်လင့်ချက်က ရှေ့ဆက်လျှောက်လှမ်းဖို့ အကောင်းဆုံး ခွန်အား ဖြစ်၏။ လုကျိုးက ယွီရှန်းရုန်တစ်ယောက် သူ့ရှေ့ ဝပ်တွားနေသည်ကို မြင်ရသည်မှာ အနည်းငယ် စိတ်ထိခိုက်မိ၏။

သူက ခဏကြာတိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။

“ထ ”

ယွီရှန်းရုန်က မတ်မတ်ရပ်ကာ အနက်ရောင်ပိုးသေတ္တာကို ယူလိုက်သည်။

လုကျိုးက ပြောလိုက်သည်။

“ဒီဆေးလုံးက ထူးခြားတယ်။ မင်း သက်တမ်း နှစ်၂၀၀ လောက် ရလိမ့်မယ် ”

“နှစ် ၂၀၀ ဆို လုံလောက်ပါပြီ” ယွီရှန်းရုန်က လောဘမကြီးပေ။ သူ ကျန်းလျန်ကို သတ်လိုက်စဉ်က သက်တော်ရှည်ဓားမှ လျော့ပါးသွားသည့် စွမ်းအားက သက်တမ်း ၂၀၀ နှင့် ညီမျှပေသည်။

လုကျိုးက ပြောလိုက်သည်။

“ မလုံလောက်သေးဘူး။ အဝေးကြီးလိုသေးတယ်။ မင်း နှစ် ၂၀၀ အတွင်း ပွင့်ချပ်ကိုးလွှာအဆင့်ကို ဘယ်လိုရောက်အောင် လုပ်မှာလဲ ”

ယွီရှန်းရုန်က ကြောင်သွားလေသည်။

လုကျိုးက ဆက်ပြောလိုက်၏။

“ မင်း ပြောတော့ ပွင့်ချပ်ကိုးလွှာအဆင့် တံခါးနောက်မှ အဆုံးမဲ့အမှောင်ထုအပြင် ဘာမှမရှိဘူးဆို … ဒါပေမဲ့ ငါတော့ အဲလိုမထင်ဘူး ”

ဖြတ်လမ်းဟူ၍ မရှိပေ။ ပွင့်ချပ်တစ်လွှာမှ ပွင့်ချပ်ရှစ်လွှာအထိ ခရီးလမ်းက အစကတည်းက အတားအဆီးအပြည့် ဖြစ်၏။ ပွင့်ချပ်ရှစ်လွှာမှ ကိုးလွှာသို့ မည်ကဲ့သို့ အလွယ်တကူ ရောက်နိုင်မည်နည်း။

ယွီရှန်းရုန်က အံ့ဩသွားလေသည်။ ပြန်လည်သုံးသပ်ရေးဂူဝမှာ သူ့ရှစ်စွင်း ပြောခဲ့သည့် ပွင့်ချပ်ကိုးလွှာအဆင့် အကြောင်းက သွေးပူ၍သာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ တကယ်တမ်း သူ ထင်ထားသလောက် ရိုးရှင်းပုံမပေါ်ပေ။

လုကျိုးက ယွီရှန်းရုန် မျက်နှာထက် စိတ်ရှုပ်ထွေးသည့် အမူအရာများကို မြင်လိုက်သော်လည်း သူက ဘာမှမပြောပေ။ ထို့အစား သူက သေတ္တာကို လက်ညှိုးထိုးပြလိုက်ပြီး “ဆေးလုံးကို သောက်လိုက် ”

ယွီရှန်းရုန်က သေတ္တာကို ဖွင့်လိုက်သည့်အခါ မည်းမှောင်ကာ တောက်ပနေသည့် အသက်ရှည်ဆေးလုံးကို မြင်လိုက်ရပြီး ဆေးရနံ့က နှာဝအထိ ရောက်ရှိလာသည်။ ရနံ့က သင်းနေပြီး သူ့စိတ်နှလုံးသားကို နွေးထွေးသွားစေ၏။ တစ်ချိန်တည်းဆိုသလို ပြင်းထန်သည့် စွမ်းအားအတက်အကျလည်း ဖြစ်လာသည်။

ယွီရှန်းရုန်က အနည်းငယ် အံ့ဩသွားမိသည်။

“အသစ်ဖော်စပ်ထားတဲ့ ဆေးလုံးပဲ ”

အသက်ရှည်ဆေးလုံးက လူတစ်ယောက်၏ သက်တမ်းကို ဆွဲဆန့်ပေးနိုင်ခြင်းမှာ စွမ်းအားအမြောက်အများ ပါဝင်နေ၍ ဖြစ်သည်။ သို့သော် ထိုစွမ်းအားများက အချိန်နှင့်အမျှ လျော့ပါးလာတတ်သည်။ သက်တမ်းရင့်လေ အဖိုးတန်လေဟူသော သေရည်နှင့် မတူပေ။ အသက်ရှည်ဆေးလုံးက ကြာကြာသိမ်းထားလေလေ တန်ဖိုးလျော့ကျသွားလေလေ ဖြစ်၏။ သူက ဒီအသက်ရှည်ဆေးလုံးသည် အသစ်ဖြစ်နေလိမ့်မည်ဟု မထင်ထားမိပေ။ အသက်ရှည်ဆေးလုံး ဖော်စပ်ခြင်းက အားစိုက်ထုတ်မှု အမြောက်အများ လိုအပ်လှသည်။ သူက ထိုအရာကို ကောင်းကောင်းသိထား၏။

“သောက်လိုက်“ လုကျိုးက ပြောလိုက်သည်။

ယွီရှန်းရုန်က တုံ့ဆိုင်းမနေပေ။ သူက ဆေးလုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။ အစပိုင်းတွင် နွေးထွေးမှုကို ခံစားလိုက်ရပြီး ဆေးလုံးက လျှာနှင့် ထိတွေ့သွားသည်နှင့် ခြစ်ခြစ်တောက် အပူဓာတ် ဖြစ်လာသည်။ ထိုဆေးလုံးက အသက်ဝင်လာသည့်အခါ ဗိုက်ထဲ လျှောဆင်းသွားလေ၏။ သူက အရသာခံဖို့ အချိန်ပင် မရလိုက်ဘဲ လည်ချောင်းထဲ တန်းရောက်သွားသည်။ ခဏအကြာတွင် ခြစ်ခြစ်တောက် အပူဓာတ်က သူ့ဝမ်းဗိုက်ထဲ ထိုးစိမ့်လာသည်။ ဆေးအာနိသင်က အလုပ်ဖြစ်လာလေပြီ။

ထိုစဉ် လုကျိုးက ယွီရှန်းရုန် ခန္ဓာပေါ် လက်တင်လိုက်ပြီး “မလှုပ်နဲ့”

ယွီရှန်းရုန်က လှုပ်ချင်လျှင်ပင် မလှုပ်နိုင်ပေ။ သူ့ကျင့်ကြံဆင့် စည်းပိတ်ခံထားရပြီး ဆေးလုံးမှ စွမ်းအားအမြောက်အများ ထွက်နေလေရာ သူက မလှုပ်မယှက် ဖြစ်နေမိသည်။

လုကျိုးက လေကို ဝေ့လိုက်သည်။

ယွီရှန်းရုန်ဆီ အေးစက်စက် လေပြေလေး ဖြတ်တိုက်သွားသည်။ သူက သူ့ရှစ်စွင်းသည် ချုပ်နှောင်ရေး မန္တန်ပြန်ဖြေပေးနေကြောင်း သိလိုက်၏။

လက်ဝါးတစ်ချက်ဖြင့် ချုပ်နှောင်ရေး မန္တန်သည် ပျောက်ကွယ်သွားပြီး ခြစ်ခြစ်တောက် အပူဓာတ် ခံစားချက်က ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။

အရာအားလုံးက တဖန်ပြန်လည် ငြိမ်သက်သွားပြန်သည်။

သူ့စွမ်းအင်ဗဟိုချက်မှ ရင်းနှီးပြီးသား စွမ်းအား ထွက်ပေါ်လာသည်။ ထိုအရာက မီးတောင်ပေါက်ကွဲသလိုမျိုး ထွက်ပေါ်လာသည်။ စွမ်းအားက သူ့ချီသွေးကြောရှစ်ခုမှ ဖြတ်ကာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားလေသည်။ သူ့ပွင့်ချပ်ရှစ်လွှာစွမ်းအားဖြင့် ခြစ်ခြစ်တောက် အပူဓာတ်က ယခု လျစ်လျူရှုထားနိုင်လေပြီ။ အသက်ရှည်ဆေးလုံး၏ အာနိသင်က ပို၍ အားပြင်းလာသည်။ ထိုအရာက သူ့ခန္ဓာကိုယ်တစ်လျှောက် စိမ့်ဝင်သွားလေသည်။

လုကျိုးက ယွီရှန်းရုန်၏ ဆံပင်များသည် တဖြည်းဖြည်း နဂိုအရောင် ပြန်ပြောင်းလာကြောင်း မြင်လိုက်ရ၏။ ဆိုလိုသည်မှာ အသက်ရှည်ဆေးလုံးက အလုပ်ဖြစ်လေပြီ။

အချိန် တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။

ယွီရှန်းရုန်က ဆေးအာနိသင်များကို စုပ်ယူနေဆဲ ဖြစ်၏။

လုကျိုးက ယွီရှန်းရုန်၏ သစ္စာရှိနှုန်းကို သူ့ရှေ့ဝပ်တွားကတည်းက သတိထားမိလိုက်ပြီး လက်ရှိ ယွီရှန်းရုန်၏ သစ္စာရှိမှုက ဆက်တိုက် မြင့်တက်နေသည်။

ယောက်ျားဟူသည်မှာ ထူးဆန်းသည့် သက်ရှိများ ဖြစ်ကြသည်။ အတွေးတစ်ခုဖြင့် ဆံချည်မျှင် သို့မဟုတ် ကမ္ဘာကြီး၏ ခြားနားချက်ကိုပင် ပြောနိုင်လေသည်။ တစ်ခါတစ်ရံ အတွေးတစ်ခုက လူတစ်ယောက်ကို စိတ်ပြောင်းသွားစေနိုင်သည်။

ဒုတိယနေ့ရက်မြောက် အရုဏ်တက် ရောက်လာသည့်အခါ…

ယွီရှန်းရုန်က သူ ဆေးအာနိသင်အများစုကို စုပ်ယူပြီးသွားကြောင်း ခံစားမိလိုက်သည်။ သူက မျက်လုံးကို အသာဖွင့်ကြည့်လိုက်၏။ သူ ပထမဆုံး မြင်လိုက်သည့်အရာမှာ သူ့ရှစ်စွင်းက သူနှင့် မျက်နှာချင်းဆိုင် စားပွဲတွင် မျက်လုံးမှိတ်လျက် ထိုင်နေခြင်း ဖြစ်၏။

စားပွဲပေါ်တွင် စာအုပ်အမျိုးအစားများစွာ ရှိနေသည်။ ယွီရှန်းရုန်က ထိုအရာများသည် သက်တမ်းနှင့် သက်ဆိုင်ကြောင်း တွေ့လိုက်ရ၏။ ထို့အပြင် ပွင့်ချပ်ရှစ်လွှာအကြောင်း မြေပုံနှင့် စာအုပ်များစွာလည်း ရှိနေသေးသည်။ စာအုပ်စင်ပေါ်၌ တခြားသော အမျိုးအစားများလည်း ရှိနေသည်။

ယွီရှန်းရုန်က ကြောင်သွားလေသည်။ ညတုန်းက အလင်းရောင်မှိန်နေသောကြောင့် သူ ကောင်းကောင်း မမြင်ခဲ့ပေ။ ယခု သူက ကောင်းကောင်းမြင်သည့်အခါ သူ့ရှစ်စွင်းသည် သူ့အတွက် များစွာပြင်ဆင်ပေးထားကြောင်း သိလိုက်ရ၏။ သူ့နှလုံးကို နာကျင်စေသည်က သူ့ရှေ့ရှိ ရှစ်စွင်း၏ ပုံရိပ် ဖြစ်ပေသည်။ ဆိုလိုသည်မှာ သူ့ရှစ်စွင်းက သူ့ကို တစ်ညလုံး စောင့်နေပေးခြင်း ဖြစ်၏။

ယွီရှန်းရုန်က သူ့အင်အားအများစု ပြန်ကောင်းလာသလို ခံစားမိလိုက်သည်။ ကျန်ရှိနေသည့် ပြဿနာက သူ့အခြေအနေ ဖြစ်၏။ သူက လုကျိုးကို ထပ်မံ ကန်တော့လိုက်သည်။ သူက ဘာမှမပြောဘဲ သက်တော်ရှည်ဓားကို ဆွဲကိုင်ကာ အခန်းမှ ထွက်သွားလေသည်။ သူက အရှေ့ဘက်မျှော်နန်းဆောင်မှ ထွက်လာပြီးနောက် အားကောင်းသည့် အသံတစ်သံကို ကြားလိုက်ရသည်။

“တောင်ဘက်မျှော်နန်းဆောင်ဆီ သွားလိုက် ”

“နားလည်ပါပြီ ”ယွီရှန်းရုန်က ပြောလိုက်သည်။

လုကျိုးက မျက်လုံးကို အသာဖွင့်လိုက်သည်။ မနေ့ည တရားထိုင်တာက ပုံမှန် ဖြစ်၏။ သို့သော်လည်း သူက တာဝန်ကို သတိရလိုက်သည်။ မုရှီး၏ သက်တမ်းက ယခုအခါ ပြီးပြည့်စုံသွားလေပြီ။ သူ မှန်းဆထားသည့်အတိုင်း မုရှီးက ယွီရှန်းရုန်ကို ဆိုလိုခြင်း ဖြစ်၏။

တာဝန်က သူ့အား ကုသိုလ်ရမှတ် နှစ်ထောင် ဆုချီးမြင့်လာသည်။

ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာအသစ် တာဝန်အတွက်မူ ရှေးဟောင်းပုံကြမ်း၌ အနောက်မြောက်စွန်းစွန်းကို ညွှန်ပြနေသည်။ ကြည့်ရသည်မှာ ထိုနေရာတွင် ရှိနေနိုင်သည်။

မနက်ခင်းစောစော၌ လုကျိုးက မျက်လုံးပြန်မှိတ်ကာ ကောင်းကင်ကျမ်းကို ဆက်လက် ဆင်ခြင်နေလိုက်သည်။

တောင်ဘက်မျှော်နန်းဆောင် …

တွမ့်မူရှန်းက နယ်ရှင်လှံကို ကိုင်ဆောင်ရင်း မင်ရှစ်ရင် အခန်းရှေ့ ရပ်နေသည်။

“လောင်စစ် … ငါနဲ့ တွဲလေ့ကျင့်ပေး”

မင်ရှစ်ရင် “ … ”

အချိန်ခဏဆွဲလိုက်ပြီးနောက် မင်ရှစ်ရင်က အခန်းထဲမှ ထွက်လာလိုက်သည်။

“စန်းရှစ်ရှိုး ကျွန်တော်တို့က အဆင့်တူ မဟုတ်ဘူးလေ။ လောင်ပါ့ကို သွားရှာသင့်တယ်။ သူက ရှစ်ရှိုးအတွက် တွဲဖက်ကောင်း ဖြစ်မှာ သေချာတယ်။ သူ့ဆီမှာ ဇင်အဝတ်နဲ့ လက်ဝှေ့အိတ်တွေ ရှိတယ်ဆိုတော့ သူက အားကောင်းတယ် …”

“သူက ပွင့်ချပ်တစ်လွှာပဲ ရှိသေးတာ” တွမ့်မူရှန်းက ရှေ့တိုးကာ မင်ရှစ်ရင်အား ဆွဲလိုက်သည်။

“အဲဆို အကြီးအကဲဟွားရော ”

“ သူ့လိပ်ခွံပညာရပ်က ငါ့ကို စိတ်တိုထွက်စေလို့ ”

မင်ရှစ်ရင်က ဆွံ့အသွားလေသည်။ သူက စဉ်းစားနေမိ၏။

ကျွန်တော် ဆက်တိုက်ထွက်ပြေးနေတာကျ စိတ်မတိုဘူးလား …

အပြင်ဘက်မူ သူက ပြောလိုက်သည် “မဟုတ်သေးပါဘူး … ကျွန်တော် အာ့ရှစ်ရှိုးဆီ သွားကြည့်ရဦးမှာ။ အာ့ရှစ်ရှိုးရဲ့ ပြဿနာ ဖြေရှင်းပြီးပြီဆိုတော့ စန်းရှစ်ရှိုး သူနဲ့ လက်ရည်စမ်းလို့ ရပြီလေ”

“အာ့ရှစ်ရှိုးလား … သူ့ကျင့်ကြံဆင့်က စည်းပိတ်ထားတာဆိုတော့ အခု ငါနဲ့ ပြိုင်နိုင်မှာ မဟုတ်ဘူး” တွမ့်မူရှန်းက သူ့ပြောစကားကို ပြန်တည့်လိုက်သည် “ငါ ချီမပါဘဲ တိုက်ရရင် အလားအလာအပြည့် ထုတ်သုံးနိုင်မှာ မဟုတ်ဘူး ”

“စန်းရှစ်ရှိုး ပြောတာလည်း ဟုတ်တယ်။ အာ့ရှစ်ရှိုးက စန်းရှစ်ရှိုးအတွက် ပြိုင်ဘက် မဟုတ်ဘူး”

ဝုန်း

ပေါက်ကွဲသံအကျယ်ကြီး ထွက်လာသည်။ နှစ်ယောက်လုံး ကြောင်အမ်းသွားကြ၏။ သူတို့က တောင်ဘက်မျှော်နန်းဆောင်ကို ကျော်၍ ကြည့်လိုက်ကြသည်။

ဘာဖြစ်တာလဲ …

မိစ္ဆာဝေဟင်မျှော်နန်းမှာ ဘယ်သူက ပြဿနာရှာရဲတာလဲ …

ခွေးတစ်ကောင်လို အိပ်ပျော်နေသည့် ကျူးဟုန်ကုန်းပင် လန့်နိုးလာသည်။

“ ဘယ်ကောင်စုတ်က ပြဿနာလာရှာရဲတာလဲ … သွားကြည့်ဦးမှ”

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းလည်း တောင်ဘက်မျှော်နန်းဆောင်မှ ထွက်လာလိုက်ကြသည်။

သူတို့ တောင်ဘက်မျှော်နန်းဆောင်မှ ထွက်လာသည့်အခါ အမျိုးသမီး တပည့်များက ရင်ပြင်အစွန်းတွင် ရပ်ကာ တစ်ခုခု ကြည့်နေသည်ကို မြင်လိုက်ရသည်။

“ အာ့ရှစ်ရှိုးလား …”

“မဖြစ်နိုင်တာ”

ရင်ပြင်အလယ်၌ ယွီရှန်းရုန်က သစ်မြစ်လို တိုင်လုံးထိပ်၌ ရပ်နေလေသည်။ သူက သက်တော်ရှည်ဓားကို ကိုင်ဆောင်ထားရင်း လေအဟုန်ကို ခံစားနေသည်။ သူ့ဆံပင်ဖြူဖြူများက ယခုအခါ မည်းနက်သွားလေပြီ။

ထိုမြင်ကွင်းကို မြင်လိုက်သူများက အံ့ဩသွားကြသည်။

“သူ့ဓားက အရမ်းကို အေးစက်နေတယ် …”

“ ပြီးတော့ သူ့ဆံပင်တွေ …. ”

“ အဲဒီမှာ ရပ်နေတာ အရမ်းကို အေးမှာပဲ ..” ဖန်ကျုံးက ရေရွတ်လိုက်သည်။

ကျိုးကျစ်ဖုန်းက မျက်လုံးဝေ့ကာ “ အကြီးအကဲဟွား ဘယ်လိုဖြစ်သွားလဲဆိုတာ မမြင်ဘူးလား။ သူ့ကျင့်ကြံဆင့်က ပြန်ရသွားပြီ။ သူ အေးနေမှာ မဟုတ်ဘူးကွ ”

တိုင်လုံးရှေ့တွင် ရပ်နေသည့် နောက်တစ်ယောက်မှာ မိစ္ဆာဝေဟင်မျှော်နန်းအတွင်း ကာကွယ်ရေးတွင် အထူးချွန်ဆုံးဖြစ်သည့် အကြီးအကဲဟွား ဖြစ်၏။

အစောပိုင်းလေးက ဟွားဝူတောက်သည် တောင်ဘက်မျှော်နန်းဆောင် အနီးရောက်ခဲ့လေသည်။ သူက ယွီရှန်းရုန်၏ ကျင့်ကြံဆင့် ပြန်ရလာကြောင်း သိသည့်အခါ စိန်ခေါ်ခဲ့သည်။ သူက ယွီရှန်းရုန်ကို မနိုင်မှန်း သိထားသော်လည်း သူ့လျို့ဟယ်စည်းတံဆိပ် ကာကွယ်နိုင်စွမ်းကို စမ်းသပ်ကြည့်ချင်မိသည်။ သို့သော်လည်း သူက တစ်ချက်ပင် မခံနိုင်ပေ။

ဟွားဝူတောက်က နာကျင်နေသည့် အမူအရာဖြင့် ယွီရှန်းရုန်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောလိုက်သည် “ နောက်တစ်ကြိမ်”

ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ သူ့အသံက ဝေဟင်ထဲမှ ထွက်ပေါ်လာသည် “ခင်ဗျားက အားနည်းတယ် … အားနည်းလွန်းလို့ ထပ်ကြိုးစားသင့်တယ်”

ဟွားဝူတောက်က နေရခက်စွာ ပြောလိုက်သည် “ငါ နှစ်ချက် မခံနိုင်ဘဲနေမယ်လို့ မထင်ဘူး ”

သူက လျို့ဟယ်စည်းတံဆိပ်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။ သင်္ကေတကိုးခုလုံးက တဖန် ပြန်လည်တောက်ပလာသည်။

အခြားသူများက ဘေးဖယ်လိုက်ကြ၏။

လျို့ဟယ်စည်းတံဆိပ်က ဟွားဝူတောက်ကို ခြုံလွှမ်းသွားသည်။ ပါကွားလည်း သူ့ခြေထောက်အောက် ပေါ်ထွက်လာ၏။

“ အကြီးအကဲဟွားရဲ့ စံနှုန်းက ဒီလောက်လျော့ကျသွားတာလား။ အခု နှစ်ချက်တည်းပဲလို့ ပြောနေတာလား ” မင်ရှစ်ရင်က ရုတ်ခြည်း ဝင်ပြောလိုက်သည်။

…

အခန်း (၃၅၇) ကျင့်ကြံခြင်းလောကကိုဖိန့်ဖိန့်တုန်သွားစေသောစာရင်း

ဟွားဝူတောက်က တုန်ယင်သွားလေ၏။ သူ၏ရင့်ရော်သောမျက်နှာပေါ်၌ ရှက်ရွံ့မှု တစွန်းတစ မြင်နေရသည်။ တစ်ချက်ခံနိုင်ရည်ရှိတာက ဘယ်အချိန်ကစပြီး သာမန်ကိစ္စလို ဖြစ်သွားတာလဲ။

ယွီရှန်းရုန်က ကျောက်တိုင်ပေါ်၌ ရပ်နေသေးဆဲဖြစ်ကာ ဟွားဝူတောက်ကိုငုံ့ကြည့်ပြီး ပြောလိုက်တော့၏။ “တစ်ချက်ကြည့်”

ကျင်း

ကနဦးချီကပေါ်ထွက်လာပြီး ၎င်း၏ဓားအိမ်ထဲမှထွက်ပေါ်လာ၏။ သက်တော်ရှည်ဓား၌ စွမ်းအားများ ယုတ်လျော့သွားသော်ငြား ၎င်း၏တမူထူးကဲသော ဝိသေသနလက္ခဏာသည် ၎င်းကို မြင်တွေ့သူများ၏စိတ်နှလုံးထဲ အကြောက်တရား ရိုက်ခတ်စေသေး၏။

အားလုံး၏အာရုံစိုက်မှုက ယခုအချိန်တွင် ယွီရှန်းရုန်ပေါ်တွင်သာရှိနေလေ၏။

ယွီရှန်းရုန်က သူ၏ချီနှင့်ဓားကို ထိန်းချုပ်ပြီး စွမ်းအင်ဓားသွားက ပေါ်လာလေ၏။ သူက ခုန်ဆင်းလာတော့သည်။ ကျောက်တိုင်ရှေ့ရှိလေသည် တွန့်ဆုတ်သွားပုံရကာ မီးစတစ်ခု ပေါ်ပေါက်လာ၏။ သူ၏ပုံရိပ်က ဝေဝါးသွားလျက် ပုံရိပ်သုံးခု ရှိနေသည်ဟု ထင်မှတ်ရသည်။

ဟွားဝူတောက်၏ မျက်လုံးက ပြူးကျယ်သွားတော့သည်။ ဒုတိယအခေါက်တိုက်ခိုက်စဉ်လည်း ထိုပုံရိပ်သုံးခုက တသားတည်းပေါင်းစည်းသွား၏။ သက်တော်ရှည်ဓားကလည်း လျှို့ဟယ်တာအိုစည်းတံဆိပ်၏ အကျယ်အဝန်းအတွင်းရောက်နေပြီဖြစ်သည်။

ယွီရှန်းရုန်က သူ့ရှေ့ရှိသက်တော်ရှည်ဓားကို မြှောက်ပြီး ဟွားဝူတောက်ကိုချိန်ရွယ်လိုက်သည်။

ဟွားဝူတောက်က နာကျင်မှုကိုခံစားလိုက်ရ၏။ သူသည် နေ့စဉ်နေ့တိုင်း တွမ့်မူရှန်းလောင်စန်းနှင့် လက်ရည်ချင်းယှဉ်ခဲ့၏။ သူ မရှုံးသော်ငြား လက်ရည်ယှဉ်ပြီးနောက် သူသည် အခြေအနေ မကောင်းခဲ့ပေ။ ယွီရှန်းရုန်နှင့် လက်ရည်ယှဉ်သည့်အချိန်၌ ယွီရှန်းရုန်နှင့် တွမ့်မူရှန်း၏ ခွန်အားကွာခြားချက် ထိုမျှကြီးမားလိမ့်မည်ဟု သူမထင်ထားပေ။ သူအမှန်တကယ်အရှက်ရမိ၏။

ကျင်း

ယီရှန်းရုန်သည် သူ၏သက်တော်ရှည်ဓားကိုပြန်ခေါ်လျက်ပြောလိုက်တော့သည်။

“ရှက်နေဖို့မလိုဘူး ... သက်တော်ရှည်ဓားက ကျုပ်နဲ့နှစ်ပေါင်းများစွာရှိလာခဲ့တာ မရေမတွက်နိုင်တဲ့ အစီအရင်တွေကို ဖောက်ဝင်ခဲ့တာ”

“…” ဒါက တခြားသူတစ်ယောက်ကိုနှစ်သိမ့်တဲ့ ယွီရှန်းရုန်ရဲ့နည်းလမ်းလား ...

ဟွားဝူတောက်သည် လျှို့ဟယ်တာအိုစည်းထီးတံဆိပ်ကိုရုတ်သိမ်းပြီးနောက် နောက်ဆုတ်လိုက်၏။

အဝေးကနေကြည့်နေကြသော လန်လော့နှင့်ဖန်လီထန်းက ခေါင်းခါလိုက်လေ၏။

“လောင်လန် ... မင်းက ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်ပဲ ဒုတိယသခင်လေးနဲ့ ဘာကြောင့်မယှဉ်တာလဲ” ဖန်လီထန်းက သွေးဆောင်တော့သည်။

“ငါ့ရဲ့ကျင့်ကြံဆင့် ပြန်မရသေးဘူး ... တခြားရက်တွေမှာဆိုရင် ငါတို့လက်ရည်ယှဉ်လို့ရတယ် လောင်ဖန် ... မင်းမှာ ဟေးမုလျန်ရဲ့ ထောက်ပံ့ပေးမှုရှိနေတယ်။ မင်းရဲ့ကျင့်စဉ်က ငါ့ထက်ပိုရတာမြန်တယ် ဘာကြောင့်မကြိုးစားကြည့်တာလဲ" လန်လော့က ပြောလိုက်၏။

“ခြံဝန်းထဲမှာလေ နှစ်တစ်ရာသေရည်တကရားကျန်သေးတာကို ငါရုတ်တရက်မှတ်မိသွားလို့ လောင်လန် ... တစ်ခွက်လောက်သောက်မလား”

“သင့်တော်တဲ့ အကြံပါပဲ”

နှစ်ယောက်သားက သဘောတူညီချက်တစ်ခု လျင်မြန်စွာရပြီးနောက် ထွက်သွားကြတော့၏။ ဟွားယွဲ့ရှင်းက ဟွားဝူတောက်ကို အမြန်ကူတွဲ၏။

ဟွားဝူတောက်ကပြောလိုက်သည်။ “ငါ အဆင်ပြေတယ် ... သင်ပြပေးတာ ကျေးဇူးပါပဲ ဒုတိယသခင်လေး”

မင်ရှစ်ရင်သည် လူအုပ်ကြီးထဲကနေ ရှေ့တစ်လှမ်းတိုးကာ ဟွားဝူတောက်ကိုကြည့်လိုက်၏။

“အကြီးအကဲဟွား ... ဒီကိစ္စကြောင့် ခင်ဗျားရဲ့ရင်ထဲမှာ နောက်ထပ် အထုံးအဖွဲ့တစ်ခု မဖွဲ့ရင်ပိုကောင်းမယ်နော်၊ ကျုပ်ရဲ့ ဒုတိယအစ်ကိုက ပြန်လာဝင်ရောက်ဝိညာဉ်သုံးပါးအတွက် နာမည်ကျော်ကြားပြီးသား ခင်ဗျား ဒါကို ရင်ဆိုင်ဖို့သတ္တိရှိတာကတင် ချီးကျူးစရာကောင်းနေပြီးပြီ”

ဟွားဝူတောက်က သူ၏ပတ်ဝန်းကျင်ကိုကြည့်လိုက်သည့်အချိန်၌ လန်လော့နှင့်ဖန်လီထန်းကို မတွေ့ရတော့ပေ။ သူတို့က သူ၏အရှက်ကွဲမှုကို မျက်မြင်မတွေ့သောကြောင့် သူခံစားရတာ ပိုသက်သာသွားလေ၏။

ယွီရှန်းရုန်က အပိုစကားများပြောမနေတော့ဘဲ စကားဆိုလိုက်၏။ “ခင်ဗျားက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဂိုဏ်းသားတစ်ယောက်ဆိုမှတော့ လိုအပ်တဲ့သင်ခန်းစာတွေ ပေးမှာပေါ့”

“ကျုပ် ခင်ဗျားကို သင်ပြပေးဖို့လိုတာတွေရှိသေးလား” ယွီရှန်းရုန်က ညင်သာစွာ မေးလိုက်သည်။

ယွီရှန်းရုန်ဆိုလိုတာက သိသာ၏။ သူသည် သင်ယူချင်သည့်သူအားလုံးကို သင်ပြပေးမည်။ သို့သော် သူ၏စကားများသည် နားထောင်သူ၏ နားထဲ ရောက်သွားချိန်၌ တချို့သော အကြောင်းအရင်းကြောင့် အနည်းငယ်မှားယွင်းနေသည့်ပုံ ပေါ်လာသည်။

ထိုစဉ် မင်ရှစ်ရင်က တွမ့်မူရှန်းကို အမြန်လက်ညှိုးထိုးပြပြီးပြောလိုက်တော့၏။

“စန်းရှစ်ရှိုး”

တွမ့်မူရှန်းသည် သူ၏နယ်ရှင်လှံကို ကိုင်စွဲလျက် လူအုပ်ကြီးထဲကနေ ပေါ်ထွက်လာ၏။ သူက မင်ရှစ်ရင်၏ အင်္ကျီကော်လံကို ဆုပ်ကိုင်ကာပြောလိုက်တော့သည်။

“မင်း ငါနဲ့လက်ရည်ချင်းယှဉ်မယ်လို့ ကတိပေးထားတာ ... မင်းရဲ့ကတိကိုပယ်ဖျက်တော့မလို့လား”

“အမ်း ... မဟုတ်ဘူး ... မဟုတ်ဘူးလေ”

တွမ့်မူရှန်းသည် မင်ရှစ်ရင်ကို တောင်ဘက်မျှော်နန်းကနေ ဆွဲခေါ်သွား၏။

“ရှစ် ... ရှစ်ရှိုး ... ဖြည်း ... ဖြည်းဖြည်း”

ကျန်သည့်သူများက ဆွံ့အကုန်သည်။

ထိုစဉ်ရှောင်ယွမ်အာသည် တောင်ပိုင်းမျှော်နန်းထဲတွင်ပေါ်လာတော့သည်။ သူမက ပြောလိုက်သည်။

“မင်္ဂလာနံနက်ခင်းပါ ... အာ့ရှစ်ရှိုး”

“မင်္ဂလာနံနက်ခင်းပါ ... ရှောင်ရှစ်မေ့”

“ရှစ်စွင်းက ရှစ်ရှိုးကို တွေ့ချင်နေတယ်”

“ဟုတ်ပြီ”

မိစ္ဆာဝေဟင်မျှော်နန်း၏ခန်းမကျယ်ထဲတွင်ဖြစ်သည်။

လုကျိုးက စုတ်တံကို ဘေးတွင်ချထားလိုက်၏။ သူသည် ချရေးထားသည့်အမည်စာရင်းကို ငုံ့ကြည့်ပြီး ခေါင်းညိတ်လိုက်တော့သည်။

ယွီရှန်းရုန်၊ ရှောင်ယွမ်အာ၊ ဖန်ကျုံးနှင့် ကျန်သည့်သူများက ခန်းမကျယ်ထဲဝင်လာတော့၏။

“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”

“နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်”

လုကျိုး၏အကြည့်က ယွီရှန်းရုန်ဆီရောက်သွားကာ သူကပြောလိုက်၏။

“လက်ရည်ယှဉ်တာက ဘယ်လိုလဲ”

ယွီရှန်းရုန်က ပြောလိုက်တော့သည်။ “ကျွန်တော် တစ်ချက်တည်းနဲ့အနိုင်ရသွားပါတယ်”

ထိုစကားများကို ပြောလိုက်ချိန်၌ သူသည် အတိတ်တုန်းက မိစ္ဆာဝေဟင်မျှော်နန်း၌ ကျင့်ကြံနေပြီး သင်ယူနေသည့်ကာလကို ပြန်ရောက်သွားပြီး အောက်မေ့တမ်းတသည့်ခံစားချက်တစ်ခုပေါ်လာ၏။ ထိုစဉ်က သူသည် သစ်သားဓားကိုသာ ကိုင်ဆောင်ခဲ့သည်။ သို့သော် ၎င်းက သူ လက်ရွေးစင်များကို စိန်ခေါ်ရာ၌ သူ့ကိုမဟန့်တားနိုင်ပေ။ သူသည် တစ်ချက်တည်းဖြင့် ပြိုင်ဖက်များကို အနိုင်ယူနိုင်ခဲ့တာကို ဂုဏ်ယူဝင့်ကြွားစွာ ပြောရတာလည်းနှစ်ခြိုက်၏။ လုကျိုးကပြောသည်။

“အကြီးအကဲဟွားက ဂုဏ်သိက္ခာတစ်ခုရှိပြီးသား ... နောက်တစ်ခေါက်ကျ သူ့ကို အချက်ရေအနည်းငယ်လောက်ပိုပိုပေးလိုက်”

ကျန်သည့်သူများက ဆိတ်ဆိတ်သာနေလေ၏။

ယွီရှန်းရုန်က ခေါင်းညိတ်လိုက်သည်။ “နားလည်ပါပြီ”

ဟွားဝူတောက်က မိစ္ဆာဝေဟင်မျှော်နန်း၏ အဖိုးတန်အရည်အချင်းတစ်ခုဖြစ်သည်။

သူတို့သည် သူ၏ကျင့်ကြံမှုလမ်းကြောင်း၌ အဟန့်အတားတစ်ခုဖြစ်မလာစေရန် သူ၏ ဂုဏ်သိက္ခာကို မထိပါးစေဖို့ ဂရုစိုက်သင့်သည်။ ထိပါးပါက ဆုံးရှုံးမှုကြီးတစ်ခုဖြစ်လိမ့်မည်။

ထိုစဉ် လုကျိုးက လက်ဝှေ့ယမ်းလိုက်သည်။ စားပွဲပေါ်ရှိစာရွက်သည် ယွီရှန်းရုန်ဆီသို့ ပျံသန်းသွားလေ၏။ ဖျတ်လတ်သည့်လှုပ်ရှားမှုဖြင့် ယွီရှန်းရုန်က စာရွက်ကိုဖမ်းလိုက်သည်။ သူက စာရင်းပေါ်ရှိ အမည်များကို စစ်ဆေးကြည့်လိုက်ပြီး ဘာမှန်း အကြမ်းဖျင်းနားလည်သွား၏။ လုကျိုးက လက်နောက်ပစ်ထားလျက်ပြောလိုက်တော့သည်။

“မင်းကို အပ်ချင်တဲ့တာဝန်တစ်ခုရှိတယ် ... မင်းလက်ခံမှာလား”

ယွီရှန်းရန်က တွေဝေမနေဘဲပြန်ပြောလိုက်၏။ “အမိန့်အတိုင်းပါ ရှစ်စွင်း”

“သိပ်ကောင်းတယ်” လုကျိုးသည် လှေကားကနေဆင်းလာပြီး ယွီရှန်းရုန်ရှေ့သွားကာ ပြောလိုက်တော့၏။

“ဒီစာရင်းထဲမှာရှိတဲ့ နာမည်တွေအားလုံး ဘယ်သူ့ကိုမှ အရှင်မထားနဲ့” သူ၏အသံသည် ကျယ်လည်းမကျယ် ညင်သာသည်လည်းမဟုတ် အရှိန်ကလည်း မနှေးလွန်း မြန်လည်းမမြန်လွန်းပေ။

စကားလုံးတိုင်းက လူတိုင်း၏နားဆီရှင်းရှင်းလင်းလင်းရောက်သွား၏။ ထိုစကားလုံးများကို ကြားသည့်အချိန်၌ သူတို့က အသက်ပြင်းပြင်းရှူလိုက်မိသည်။ စာရင်းပေါ်၌ မည်သူ့နာမည်ရှိမှန်း မသိသော်ငြား ယင်းက ကိစ္စမရှိပေ။ ဓားနတ်ဆိုး၏လက်ထဲတွင် နာမည်စာရင်းရောက်သွားသည်နှင့် သူတို့အားလုံးအသက်ဆုံးရှုံးသွားပေလိမ့်မည်။

ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ခွန်အားပဲလား ...

ယွီရှန်းရုန်သည် စာရင်းကိုထပ်ကြည့်ပြီးနောက်ပြောလိုက်၏။

“အားနည်းလိုက်တာ” စာရင်းပေါ်ရှိလူများက အမှန်တကယ်အားနည်းသည်။ ယခင်တုန်းကသူက သူတို့ကိုကြည့်တောင်ကြည့်မှာ မဟုတ်ပေ။ ဖြစ်နိုင်သည်က တာဝန်သည် ခြိမ်းခြောက်နိုင်စွမ်းမရှိဟု ခံစားမိသောကြောင့် ဖြစ်ဟန်တူ၏။ သူက လက်သီးဆုပ်မိုးကာပြောလိုက်တော့သည်။

“နာမည်စာရင်းထပ်ထည့်ခွင့်ပြုပါ”

ကျန်သည့်သူများက ဆွံ့အသွားတော့သည်။

လုကျိုးက စိတ်မပါလက်မပါပြန်ပြောလိုက်၏။ "ရတယ်"

ယွီရှန်းရုန်သည် စားပွဲပေါ်သို့စာရွက်ကိုယူသွားပြီးနောက် အမည်အချို့ကို စာရင်းပေါ်၌ ထပ်ထည့်လိုက်တော့သည်။ ခဏအကြာတွင် အတော်လေးရှင်းလင်းနေသောစာရွက်က နာမည်များပြည့်သွား၏။ ထိုသို့ပြုလုပ်ပြီးနောက် စာရွက်ကိုလုကျိုးအားပေးလိုက်သည်။

“ကျေးဇူးပြုပြီ တချက်ကြည့်ပါ ရှစ်စွင်း”

“မလိုအပ်ဘူး ... သူတို့ကို မင်းသတ်ဖို့လိုတယ်လို့ထင်ရင် သတ်လိုက်" လုကျိုးက ယွီရှန်းရုန်အပေါ် သူ၏ယုံကြည်မှုကိုပြသလေ၏။ ဆိုရလျှင် သူ မယုံကြည်သည့်သူကို သုံးမှာမဟုတ်ပေ။

ကျန်သည့်သူများက တိတ်ဆိတ်သွားတော့သည်။

ဖန်ကျုံး၊ ကျိုးကျစ်ဖုန်းနှင့် ကျန်သည့်သူများသည် လောကကြီးပြိုလဲခြင်း၏ အဓိပ္ပာယ်ကို နားလည်လာတော့သည်။

တဖက်တွင်မူ ရှောင်ယွမ်အာက သိချင်နေလေ၏။ သူမက ယွီရှန်းရုန်ဆီသို့လျှောက်သွားကာ ပြောလိုက်၏။

“အာ့ရှစ်ရှိုး ... ညီမကို တစ်ချက်ပေးကြည့်”

“အင်း” ယွီရှန်းရုန်က စိတ်ထဲမထားပေ။ ရှောင်ယွမ်အာအားစာရွက်ကိုပေးလိုက်၏။ ရှောင်ယွမ်အာက စာရွက်ကိုမြှောက်ပြီး ကျယ်လောင်စွာဖတ်လိုက်တော့သည်။

“သမာသမတ်ဂိုဏ်းချုပ် ကျန့်ယွမ်ရှမ်း၊ တွမ့်လင်းဂိုဏ်းခွဲသခင် ချန်ကျန့်၊ အဇဋာအကျော်အမော်ဂိုဏ်းရဲ့မဟာအကြီးအကဲ ကျန်းတောက်ယွမ်၊ ဟုန်ချူးအဖွဲ့ခွဲ မဟာအကြီးအကဲ လောင်ကျန်းချင်း၊ ကံကြမ္မာကောင်းဘုရားကျောင်းရဲ့ကျောင်းထိုင် ဗုဒ္ဓအကျော်အမော် မြောင်ကျန့်၊ ခုနစ်စင်ကြယ်မျှော်စင်ရဲ့ဟူရှန်တောက်”

အမည်တစ်ခုထုတ်ဖော်ပြောလိုက်ချိန်၌ ကျန်သည့်သူများက ရင်ထဲထိတ်ခနဲဖြစ်သွားကြ၏။ သူတို့အားလုံးသည် မှတ်သားလောက်သည့်လူများပဲဖြစ်သည်။ သူတို့အားလုံးသည် မြေပြင်ပေါ်ရှိလူများကို ထိတ်လန့်စေနိုင်သည့်သူများ၏ အမည်များပဲဖြစ်သည်။ သူတို့သည် ယခင်က ရွှေနန်းဥယျာဉ်တောင်ကို တိုက်ခိုက်ခဲ့သော ထိပ်သီးဂိုဏ်းဆယ်ဂိုဏ်း၏ အကျော်အမော်များပဲ ဖြစ်၏။

ရှောင်ယွမ်အာ၏အသံသည် ခန်းမကျယ်ထဲ၌ ခြွင်းချက်မရှိကြည်လင်ပြီးတောက်ပနေ၏။ ခဏအကြာတွင် သူမက ရပ်တန့်ကာ ယွီရှန်းရုန်ကိုကြည့်ပြီးပြောလိုက်တော့သည်။

“အာ့ရှစ်ရှိုး ... ရှစ်ရှိုးက နာမည်တွေ အများကြီးထပ်ထည့်ခဲ့တာပဲ"

ယွီရှန်းရုန်က ပြုံးရုံမျှသာ ပြုံးလိုက်၏။

‌ရှောင်ယွမ်အာက ဆက်ပြောသည်။

“ယွင်ဂိုဏ်းရဲ့ မဟာအကြီးအကဲကျောက်ချီ၊ ယွင်ဂိုဏ်းရဲ့ဒုတိယအကြီးအကဲ စွန်းဟုန်”

ယွင်ဂိုဏ်းမှလူများ၏အမည်များသည် တောင်ဘက်တာ့ယန်၏ဂိုဏ်းသုံးဂိုဏ်း၏ ခေါင်းဆောင်များပဲ ဖြစ်သည်။

နားထောင်နေသည့်သူများက နှလုံးခုန်နှုန်းမြန်လာကြ၏။ ဂိုဏ်းသုံးဂိုဏ်းသည် ထိပ်သီးဂိုဏ်းဆယ်ဂိုဏ်းထက် ပိုသန်မာ၏။ သူတို့အင်အားစု အရွယ်အစားက ထိပ်သီးဂိုဏ်းဆယ်ဂိုဏ်း ယှဉ်နိုင်သည့်အရာမဟုတ်ပေ။

အတော်ကြာဖတ်ပြီးနောက် ရှောင်ယွမ်အာသည် အမည်စာရင်းပေါ်ရှိနောက်ဆုံးနာမည်ဆီ ရောက်သွား၏။

“လော့ဂိုဏ်းရဲ့ ဒုတိယအကြီးအကဲရှန့်ယွင်ကျန်း”

ဟွားယွဲ့ရှင်းသည် ထိုအမည်ကိုကြားသည်နှင့် သူမမျက်လုံးက ပြူးကျယ်သွားကာ နောက်ဆုတ်မိသွားလေ၏။

All Chapters