အခန်း (၁၄၅၀-၁၄၅၂)
Vol. 97 Ch. 1450-1452
အခန်း (၁၄၅၀) စတုတ္ထမြောက် မွေးဖွားစမ်းသပ်ချက်
ကျန့်ဝမ်ရွှီသည် တရားမျှတရေးချိန်ခွင် ဘေးတွင် ရပ်နေပြီး အသေအချာ စစ်ဆေးနေသည်။
“ကမ္ဘာလောကကြီးမှာ အမြဲတမ်း မျှတမှု ရှိနေသင့်တယ်။ ဒီချိန်ခွင်နဲ့ဆိုရင် မိုးမြေကို တိုင်းတာနိုင်ပြီး ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို သေချာစေနိုင်တယ်”
“ကောင်းသား”
ရေလှိုင်းကဲ့သို့ လှိုင်းထနေသော ပုံရိပ်တစ်ခုသည် အထွတ်အမြတ်ခန်းမ၏ လှေကားထစ်များအထက် သုံးပေအကွာတွင် ဝဲပျံနေသည်။
ကျန့်ဝမ်ရွှီက ဦးညွှတ်ကာ အရိုအသေပြုလိုက်သည်။
“ခန်းမသခင်”
ရေကဲ့သို့သော ထိုပုံရိပ်သည် အထွတ်အမြတ်ခန်းမ၏ ခန်းမသခင် ဖြစ်၏။
“ဒီနေ့ ဘာကိစ္စနဲ့ လာတာလဲ” ခန်းမသခင်က မေးလိုက်သည်။
“ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ၃,၀၀၀ သုတ်သင်ခံခဲ့ရပါတယ်။ ခန်းမသခင် ကျုပ်အတွက် တရားမျှတမှုကို ရှာဖွေပေးဖို့ မျှော်လင့်ပါတယ်”
“ဒီကိစ္စကို ငါ သိပြီးသားပါ” ခန်းမသခင်က အေးဆေးတည်ငြိမ်စွာ ပြောသည်။
“အရင်တုန်းက ငွေရောင်ချပ်ဝတ် အစောင့်အရှောက်တွေနဲ့ မဟူရာအစောင့်အရှောက်တွေ တိုက်ခိုက်ခဲ့လို့ အကျအဆုံး များခဲ့တယ်။ ပြီးတော့ ငွေရောင်ချပ်ဝတ်အစောင့်အရှောက်တွေက နတ်သားရဲရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်။ ဘဝဆိုတာ တကယ်ကို ကြိုတင်ခန့်မှန်းလို့ မရနိုင်ဘူး”
ကျန့်ဝမ်ရွှီက မေးလိုက်သည်။
“ခန်းမဆယ်ခုက ခက်ထန်သားရဲတွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် မရှိဘူးလား။ နတ်သားရဲက ဘာလို့ ငွေရောင်ချပ်ဝတ်အစောင့်အရှောက်တွေကို သတ်ရတာလဲ”
ခန်းမသခင်က သက်ပြင်းချလိုက်သည်။
“လွန်ခဲ့တဲ့ နှစ် ၁၀၀,၀၀၀ က မြေကြီး ကွဲထွက်ခဲ့တယ်။ မဟာလေဟာနယ်က ဖျက်ဆီးခြင်းတိုင်တွေကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး ကောင်းကင်ကို တက်သွားခဲ့တယ်။ အဲဒီကတည်းက လူသားတွေက သားရဲတွေနဲ့ အခြားမျိုးနွယ်တွေနဲ့ ခွဲခြားခံခဲ့ရတယ်။ ခန်းမဆယ်ခုမှာ သဘောတူညီချက် ရှိတာတော့ မှန်တယ်။ ဒါပေမဲ့ သဘောတူညီချက် ဆိုတာ သဘောတူညီချက်သက်သက်ပဲ။ ခက်ထန်သားရဲ အားလုံးကို ကန့်သတ်လို့ မရဘူး”
“ဒါဆို ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ၃,၀၀၀ ရဲ့ အသက်ဆုံးရှုံးမှုက အချည်းနှီး ဖြစ်ရတော့မှာလား”
ကျန့်ဝမ်ရွှီက ထုတ်ပြောလိုက်၍ သူ လက်မခံနိုင်ဖြစ်နေသည်မှာ ထင်ရှားသည်။
“မဟူရာအစောင့်အရှောက်တွေနဲ့ ငါကိုယ်တိုင် ညှိနှိုင်း ဆွေးနွေးပါ့မယ်။ အမည်မသိကုန်းမြေအတွက်ကတော့…” ခန်းမသခင် ခေတ္တရပ်နားပြီးမှ ဆက်ပြောသည်။ “ခဏလေး စောင့်ရဦးမယ်”
“စောင့်ရမယ်” ကျန့်ဝမ်ရွှီက ရှုပ်ထွေးသွားသည်။
“အခု မျှခြေမညီမျှမှုက ပိုဆိုးလာပြီ။ ခန်းမဆယ်ခုက ပိုပြီး အကျိုးအကြောင်းမဲ့ လာပြီး အထွတ်အမြတ်ခန်းမကို လုံးဝ ဂရုမစိုက်တော့ဘူး။ ကျုပ်တို့ ဆက်စောင့်နေရင် သူတို့ပုန်ကန်လာမှာကို ကျုပ် ကြောက်တယ်”
ခန်းမသခင်သည် ကျန့်ဝမ်ရွှီ၏ စကားများကို ကြားရသောအခါ အေးဆေးတည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် ကျန့်ဝမ်ရွှီကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်ကာ “ပုန်ကန်ချင်တာလား”
ကျန့်ဝမ်ရွှီက ပြောလိုက်သည်။
“ရွမ်ယီနန်းတော်ရဲ့ မဟူရာအစောင့်အရှောက်တွေက ငွေရောင်ချပ်ဝတ်အစောင့်အရှောက်တွေကို တိုက်ခိုက်ရဲတယ်ဆိုရင် အနာဂတ်မှာ အထွတ်အမြတ်ခန်းမ ကို တိုက်ခိုက်ရဲမှာ မဟုတ်ဘူးလို့ ဘယ်သူက ပြောနိုင်မလဲ။ နှစ် ၁၀၀,၀၀၀ ကြာခဲ့ပြီ။ အထွတ်အမြတ်ခန်းမက ခန်းမဆယ်ခုရဲ့ အထက်မှာ ရှိပြီး မဟာလေဟာနယ် ကို အုပ်စိုးတယ်။ အခု နှစ် ၁၀၀,၀၀၀ ကုန်လွန်သွားပြီဆိုတော့ ခန်းမဆယ်ခုက ပြောင်းလဲမှုကို လိုချင်နေလောက်ပြီလို့ ကျုပ် ထင်ပါတယ်။ ခန်းမသခင် ပြန်စဉ်းစားပေးဖို့ မျှော်လင့်ပါတယ်”
ခန်းမသခင်က ကျန့်ဝမ်ရွှီကို တိတ်ဆိတ်စွာ ကြည့်လိုက်ရာ ကျန့်ဝမ်ရွှီသည် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။
ခဏအကြာတွင် ခန်းမသခင်က ပြောလိုက်သည်။
“နှစ် ၄၀၀ ကျော်သွားပြီ၊ ဒါပေမဲ့ နောက်ဆုံး မဟာလေဟာနယ်မျိုးစေ့တွေက ပျောက်ဆုံးနေဆဲပဲ။ အမည်မသိကုန်းမြေမှာ မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်တဲ့ ရွှေကြာကျင့်ကြံသူ ရှိတယ်ဆိုတဲ့ သတင်းကို တစ်စုံတစ်ယောက်က ရရှိခဲ့တယ်။ ဒါကို သိထားလား”
ကျန့်ဝမ်ရွှီက ခေါင်းခါပြပြီး ရိုးသားစွာ ဖြေသည်။
“ဒီအကြောင်းကို ကျုပ် မသိပါဘူး”
“မဟာလေဟာနယ်မျိုးစေ့ကို နှစ် ၄၀၀ ပိုင်ဆိုင်ပြီးတဲ့နောက်မှာ ယုတ္တိရှိရှိ နယ်မြေကိုးခု တစ်လျှောက်လုံး သူ့နာမည် ကျော်ကြားသင့်တယ်။ ဒါ့အပြင် မျှခြေမညီမျှမှုက ပိုဆိုးလာပေမဲ့ ဘာလို့ နယ်မြေကိုးခုက ဆက်ပြီး ငြိမ်းချမ်းနေရတာလဲ”
“ခန်းမသခင်ကတောင် ဒီအဖြေကို မသိဘူးဆိုရင် ကျုပ် ဘယ်လိုသိနိုင်မလဲ” ကျန့်ဝမ်ရွှီက ပြန်ဖြေသည်။
“မင်းတို့အားလုံးက မင်းတို့ရဲ့ပုံရိပ်ယောင်တွေကို နယ်မြေကိုးခုဆီ ပို့ရတာ ကြိုက်ကြတယ်။ ဒါဆို ဘာလို့ ဒီအကြောင်းကို မသိရတာလဲ” ခန်းမသခင်က မေးသည်။
ကျန့်ဝမ်ရွှီက အလျင်အမြန် ပြောလိုက်သည်။
“ခန်းမဆယ်ခုက လူတွေအကြောင်းကိုတော့ ကျုပ် မသိဘူး။ ဒါပေမဲ့ မျှခြေညီမျှမှုကို ထိန်းသိမ်းဖို့အတွက် ရွှေကြာနယ်မြေကိုပဲ ပုံရိပ်ယောင် ပို့ခဲ့တယ်။ နယ်မြေကိုးခုက ကန့်သတ်ချက်ကို မချိုးဖောက်ဘူးဆိုတာ သေချာချင်လို့ပါ”
ခန်းမသခင်က ခေါင်းညိတ်ပြီးနောက် မေးသည်။
“ဒါဆို မဟာလေဟာနယ်မျိုးစေ့ ဆယ်ခုက ဘယ်မှာလဲ”
“ဒီကိစ္စ …” ကျန့်ဝမ်ရွှီက ခေတ္တမျှ စဉ်းစားပြီးမှ “မဟာလေဟာနယ်မျိုးစေ့ကို ရရှိခဲ့တဲ့သူတွေက ပုန်းအောင်းပြီး ကျင့်ကြံ နေတာ ဖြစ်နိုင်တယ်”
“ကမ္ဘာက ကျယ်ပြောတယ်။ ဒါပေမဲ့ တရားမျှတရေး ချိန်ခွင်နဲ့ အရာရာကို ချိန်တွယ်ထားတယ်။ သူတို့ ဘယ်မှာ ပုန်းအောင်းနိုင်မှာလဲ” ခန်းမသခင်က မေးသည်။
“ငြိမ်းချမ်းရေးတောင်လို နေရာမျိုးလား” ကျန့်ဝမ်ရွှီက ပြန်ဖြေသည်။
“ဖြစ်နိုင်ပါတယ်…” ခန်းမသခင်သည် နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။
“အရင်ရက်ပိုင်းတုန်းက သတင်းကြားတာ ရှိလား”
“မရှိပါဘူး” ကျန့်ဝမ်ရွှီ စိတ်ရှုပ်ထွေးနေသည်။
“တစ်စုံတစ်ယောက်က သူ ပြန်လာပြီလို့ ပြောတယ်”
ကျန့်ဝမ်ရွှီသည် ခန်းမသခင်၏ စကားများကြောင့် ထိတ်လန့်သွားသည်။ ထို့နောက် သူသည် မျက်မှောင်ကြုတ်ကာ “ဘယ်သူက အဓိပ္ပာယ်မရှိတာ ပြောနေတာလဲ။ သူ ပြန်လာဖို့ မဖြစ်နိုင် ဘူး။ သူ့ကို ငရဲကို ပို့လိုက်တာ … ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်ဘူး”
ကျန့်ဝမ်ရွှီ၏ စကားဆုံးပြီးနောက် တိတ်ဆိတ်ခြင်းသာ ကျန်ခဲ့သည်။
ခန်းမသခင်က ဘာမှ မပြောဘဲ သူ့လက်များကို နောက်ပစ်လျက် ခန်းမရှေ့တွင် ရပ်နေသည်။
ကျန့်ဝမ်ရွှီသည် ထွက်ခွာလိုခြင်းမရှိဘဲ နေရာတွင် ရပ်နေသည်။ သူသည် ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ၃,၀၀၀ သေဆုံးခြင်းအတွက် တရားမျှတမှုကို ရှာဖွေရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ခန်းမသခင်က မရေမရာစွာဖြင့် ပြောသည်။
“ကျန်းတုံရှန့် သေသွားပြီ။ ဒီ သင်ခန်းစာကို ကောင်းကောင်း မှတ်ထားသင့်တယ်”
ဟူး
ရေလှိုင်းကဲ့သို့ လှိုင်းထနေသော ပုံရိပ်သည် လေထဲတွင် ပျောက်ကွယ်သွားသည်။
ကျန့်ဝမ်ရွှီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အထွတ်အမြတ်ခန်းမ၏ ဝင်ပေါက်ကို ကြည့်လိုက်သည်။ သူ့ရင်ဘတ်အတွင်း၌ နှလုံးခုန်သံ ပြင်းထန်စွာ ထွက်ပေါ်နေပြီး အပ်များပေါ်တွင် ရပ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် တည်ငြိမ်အေးဆေးမှု ရရှိသောအခါ ဦးညွှတ်ကာ ပြောလိုက်သည်။
“ခန်းမသခင်ရဲ့ ဆုံးမဩဝါဒတွေကို ကျုပ် မှတ်သားထားပါ့မယ်”
ထို့နောက် ကျန့်ဝမ်ရွှီလည်း ထွက်ခွာသွားသည်။
ခဏအကြာတွင် အထွတ်အမြတ်ခန်းမမှ အသံ တစ်သံ ထွက်ပေါ်လာသည်။
“မြင့်မြတ်မိန်းမပျို”
လန်ရှီဟယ်သည် အဝေးမှ ပျံသန်းလာပြီး အထွတ်အမြတ်ခန်းမရှေ့တွင် ဆင်းသက်လိုက်သည်။ သူမက ပြုံးလျက် “ခန်းမသခင်ဆီကနေ တကယ်ကို ပုန်းလို့ မရပါဘူး”
“တာအိုသူတော်စင် ဖြစ်သွားတာကို ဂုဏ်ယူပါတယ်”
“ကျေးဇူးတင်ပါတယ် ခန်းမသခင်။ ခန်းမသခင်ရဲ့ ကြင်နာမှုကြောင့်သာ ကျွန်မ ဒီလောက်အောင်မြင်မှုတွေ ရခဲ့တာပါ”
“ချုံကွမ်းသာ ရှိနေသေးရင် အရမ်းပျော်မှာပဲ” ခန်းမသခင်က ညင်သာစွာ ပြောသည်။
လန်ရှီဟယ်က ခေါင်းညိတ်လိုက်သည်။
“ရှီဟယ်က အထွတ်အထိပ်သက်ရှိ ဖြစ်လာဖို့အတွက် အများကြီး လိုသေးတယ်။ ဒါပေမဲ့ မကြာခင်မှာ ဖြစ်လာဖို့ ကြိုးစားပါ့မယ်”
“မင်းကို မဟာလေဟာနယ်မျိုးစေ့ကို အရင်တုန်းက ပေးခဲ့တဲ့ အကြောင်းရင်းက မင်းရဲ့ အရည်အချင်းနဲ့ စရိုက်ကြောင့်ပဲ။ မင်း ငါ့ကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်”
ခန်းမသခင်က တိုက်ရိုက် ပြောသည်။
လန်ရှီဟယ်က ပြောသည်။
“ခန်းမသခင်ရဲ့ မျှော်မှန်းချက်နဲ့ ကြင်နာမှုကို ပြည့်မီအောင် ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်”
ကျေနပ်အားရပြီး ညင်သာသော ရယ်သံ တစ်သံက ခန်းမထဲမှ ထွက်ပေါ်လာသည်။
“ကောင်းပြီ၊ သွားပါ။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အရိုက်အရာဆက်ခံသူကိစ္စနဲ့ ပတ်သက်ပြီး အရမ်းကြီး အလျင်စလို မလုပ်သင့်ဘူး”
လန်ရှီဟယ်က ထိုစကားများကို ကြားသောအခါ တစ်ချက်တုန်ယင်သွားလေ၏။ သူမက အသိပြန်ကပ်လာသည့်အခါ ပြန်ဖြေလိုက်၏။
“နားလည်ပါတယ်”
ထို့နောက် လန်ရှီဟယ်က သံသယစိတ်ဖြင့် ထွက်ခွာလာလိုက်သည်။
*************
အမည်မသိကုန်းမြေတွင်
နတ်သားရဲမီးတောက်ဇာမဏီ၏ ပုံမှန်မဟုတ်သော အရှိန်ကြောင့် သွန့်ကျန်း၏ တောင်ဘက် မိုင် ၃၀၀ အကွာသို့ ရောက်ရှိရန် တစ်လထက် မနည်းသာ အချိန်ယူခဲ့သည်။
အခြားသော ခက်ထန်သားရဲများကို ထည့်ပြောစရာမလိုပေ။ တူညီသောသားရဲများပင်လျှင် သူတို့၏ ခရီးစဉ်အတွင်း မီးတောက်ဇာမဏီကို ရှောင်ရှားခဲ့ကြသည်။
သူတို့သည် သွန့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးသို့ ချက်ချင်း မသွားခဲ့ကြပေ။ ထို့အစား ပျက်စီးနေသော အပြိုအပျက်များကြားမှာ ရပ်တန့်ခဲ့ကြသည်။
လုကျိုးက မီးတောက်ဇာမဏီ၏ အသက်ဓာတ်နှလုံးသားကို အသုံးပြုပြီး သူ့မွေးဖွားဇယားချပ်ကို ဦးစွာအသက်သွင်းရန် စီစဉ်ခဲ့ပြီးနောက် မီးတောက်ဇာမဏီဆီ အမြန်ဆုံး ပြန်ပေးနိုင်ရန် ဖြစ်သည်။
နေရာမချမီတွင် သူတို့သည် အပြိုအပျက်များကြား လုံခြုံစေရန် အချိန်အကြာကြီး ရှာဖွေခဲ့ကြသည်။ ထို့နောက် လုကျိုးက ကျောက်ဟုန်ဖူကို သင်္ကေတလမ်းကြောင်း တစ်ခုကို တည်ဆောက်စေပြီး သူတို့ကို ဖုံးကွယ်ထားရန် အစီအရင်တစ်ခု တည်ဆောက်ခိုင်းခဲ့သည်။
ထိုအရာများအားလုံးကို ပြုလုပ်ပြီးမှသာ လူတိုင်း အနားယူ ခဲ့ကြသည်။
မီးတောက်ဇာမဏီက သူ့အသက်ဓာတ်နှလုံးသားကို ပြန်လည်မရရှိသေးသောကြောင့် မည်သို့ ထွက်ခွာနိုင်မည်နည်း။ ထို့ကြောင့် သူသည် အနီးနားတွင် တိတ်ဆိတ်စွာ စောင့်ကြပ်နေခဲ့သည်။
ဤသို့ဖြင့် မိစ္ဆာဝေဟင်မျှော်နန်းသည် အပို ဆုကြေးအဖြစ် ရှယ်ကိုယ်ရံတော်တစ်ဦးကို ရရှိခဲ့သည်။
ညအချိန်
လုကျိုးက လူတိုင်းကို ထွက်သွားခွင့်ပြုပြီးနောက် သူ တစ်ယောက်တည်း ကျင့်ကြံရန် စတင်ခဲ့သည်။
သူက ၂၄ ခုမြောက် မွေးဖွားဇယားချပ်ကို ဤမျှလျင်မြန်စွာ အသက်သွင်းရန် မမျှော်လင့်ခဲ့ပေ။ စတုတ္ထမြောက် မွေးဖွားစမ်းသပ်ချက်နှင့် အနီးဆုံး မွေးဖွားဇယားချပ်ကို အသက်သွင်းရန် ခက်ခဲလိမ့်မည်။
အစီအရင်များက သူ့အခြေခံအုတ်မြစ်ကို အတိုင်းအတာတစ်ခုအထိ တည်ငြိမ်အောင် ကူညီပေးခဲ့သော်လည်း သူသည် အလွန်စော နေသေးသည်ဟု ခံစားနေရဆဲ ဖြစ်သည်။
ရှောင်ယွမ်အာ အတွက်ကိုတော့ စိတ်မပူပါဘူး။
ငါ သူမကို ပြုစုပျိုးထောင်ခဲ့တာ မဟုတ်ဘူးဆိုရင်တော့ သူမကို အဖျက်ကောင် ဒါမှမဟုတ် လှည့်စားသူတစ်ဦးအဖြစ် တွေးမိလိမ့်မယ် ….
“ ၂၄ ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်း ပြီးတဲ့နောက်မှာ ငါ့ရဲ့မွေးဖွားနန်းဆောင် ကျယ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
လုကျိုးက စည်ကားနေသော မွေးဖွားနန်းဆောင်ကို ကြည့်ရင်း တိုးတိုး ရေရွတ်လိုက်သည်။
ထို့နောက် လုကျိုးက မီးနီရောင်အသက်ဓာတ်နှလုံးသားကို မြေကမ္ဘာဧရိယာအတွင်းရှိ ပြင်းပြမီးဟု ခေါ်သောနေရာတွင် ထည့်သွင်းလိုက်သည်။
ပုံမှန်အခြေအနေများအောက်တွင် နတ်သားရဲ၏ အသက်ဓာတ်နှလုံးသားဖြင့် မဟာမွေးဖွားဇယားချပ်တစ်ခုကို အသက်သွင်းရန် အကောင်းဆုံး ဖြစ်သည်။ အသက်ဓာတ်နှလုံးသားကို ကောင်းကင်ဧရိယာတွင် ထားရှိပါက ပို၍ပင် ကောင်းမွန်မည်။ သို့သော် လုကျိုးတွင် အသက်ဓာတ်နှလုံးသား လိုအပ်ချက် မရှိပေ။ ထို့အပြင် ပြင်းပြမီးသည် မီးတောက်ဇာမဏီ၏ အသက်ဓာတ်နှလုံးသားအတွက် အလွန်သင့်လျော် သည်။ ထိုအရာသည် ကောင်းကင်ဧရိယာတွင် အသက်သွင်း ခဲ့သည်ထက်ပင် အကျိုးကျေးဇူးများ ပိုမိုကောင်းမွန်နေသည်။
ဖျောက်ခနဲ ဆူညံသံ တစ်ခု ထွက်ပေါ်လာ၏။
ထို့နောက် လုကျိုးက အပူကို အပြင်မထွက်စေရန် ရေခဲစည်းတံဆိပ်ကို အသုံးပြုခဲ့ပြီးနောက် မွေးဖွားဇယားချပ် အသက်သွင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ကြီးမားသော နာကျင်မှုကို သက်သာစေရန် ခရမ်းရောင်တောက်ပသံကျောက်ကို အသုံးပြုခဲ့သည်။
အတစ်ကြိမ်တွင် လုကျိုးက မတည်မြဲခြင်းတိုင်လုံးကို အသုံးမပြုခဲ့ပေ။
ရှေးဟောင်းအစီအရင်ထဲ နှစ် ၁၀၀ ကြာ နေပြီးသည့်နောက် သူ့အနေနှင့် မတည်မြဲခြင်းတိုင်လုံးကို အသုံးပြုဖို့ရာနှင့် ပတ်သက်၍ ပိုမိုသတိထားလာခဲ့သည်။ ကျင့်ကြံရေးအတွက် အသက်ကို လဲလှယ်ခြင်းသည် အကြံကောင်း မဟုတ်ပေ။
“မတည်မြဲခြင်းတိုင်လုံးကို ငါ့အပြာရောင်စိတ်ဝိညာဉ်သဏ္ဍာန်ကို အဆင့်မြှင့်ဖို့အတွက် အသုံးပြုမယ်”
နောက်ထပ် ကြည်လင်သောအသံ တစ်ခု ထွက်ပေါ်လာပြီး မွေးဖွားဇယားချပ် အသက်သွင်းခြင်း သည် ဒုတိယအဆင့်သို့ ရောက်ရှိသွားကြောင်း ဖော်ပြနေသည်။
လုကျိုးက ကိစ္စများ ချောမွေ့စွာ ဖြစ်ပျက်နေခြင်းကို ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူ့မွေးဖွားနန်းဆောင်မှ မီးတောက်ဇာမဏီ၏ တစ်ဝက်တစ်ပျက် မြုပ်နေသော အသက်ဓာတ်နှလုံးသားကို ဆွဲထုတ်လိုက်သည်။
…
အခန်း (၁၄၅၁) ဂရုစိုက်
“ရှေးအစီအရင်ထဲမှာ နေတဲ့အကျိုးသက်ရောက်မှုက ငါထင်ထားတာထက် ပိုကောင်းတဲ့ပုံပဲ”
လုကျိုးသည် ရှေးအစီအရင်ထဲ၌ အချိန်ကုန်ဆုံးမှုက သူ၏ကျင့်ကြံမှုကို သက်ရောက်စေခဲ့တာကို တွေးမိလိုက်သည်။ ရှေးအစီအရင်သည် သူ့ကိုမထိခိုက်စေရုံသာမက သူ၏ကျင့်ကြံမှုကို ပိုတောင်တည်ငြိမ်အောင် လုပ်ပေးလိမ့်မည်ဟု မထင်ထားပေ။
ဆိုရလျှင် ကျင့်ကြံမှုအရှိန်မြှင့်တင်ခြင်းသည် မျိုးစေ့လျင်မြန်စွာ ကြီးထွားလာအောင် ဆွဲထုတ်ပေးသကဲ့သို့ ဖြစ်၏။ မြန်ဆန်သော်ငြား အင်မတန်မတည်မငြိမ် ဖြစ်တတ်သည်။ သို့သော် ရှေးအစီအရင်ထဲတွင်မူ သူ၏အချိန်က အဆင်မပြေမဖြစ်ခဲ့ပေ။ အချိန်နှေးသွားချိန်၌ အရှိန်မြှင့်တင်မှု၏ အပျက်သဘောသက်ရောက်မှုအားလုံးကို ဖယ်ရှားပစ်လိုက်၏။
လုကျိုးသည် မီးဇာမဏီ၏ အသက်ဓာတ်နှလုံးသားကို သိမ်းပြီးနောက် မွေးဖွားနန်းဆောင်ကို ကြည့်လိုက်သည်။ မူမမှန်တာ မရှိကြောင်း အတည်ပြုပြီးနောက် သူသည် မတည်မြဲခြင်းတိုင်လုံးကို ထုတ်လိုက်၏။ သူ့ရှေ့ရှိ မြေပြင်ပေါ် ထိုးစိုက်လိုက်သည်။
လုကျိုးသည် မတည်မြဲခြင်းတိုင်လုံးက ကမ္ဘာပေါ်ရှိဒဏ္ဍာရီလာ မျောက်ဘုရင်၏ ရွှေတုတ်တံနှင့် ဆင်နေတာကို မြင်ချိန်၌ မရယ်ဘဲ မနေနိုင်တော့ပေ။ ကံဆိုးသည်မှာ ကမ္ဘာပေါ်ရှိသူ၏နေ့ရက်များသည် ယခုအချိန်တွင် မှတ်ဉာဏ်များထက် မပိုတော့ပေ။
လုကျိုးသည် လက်ဝေ့ယမ်းလျက် သူ၏စိတ်ဝိညာဉ်ကို ဆွဲထုတ်လိုက်သည်။ သူ၏ခွန်အားက အလွန်ကောင်းမွန်ပြီး ယခုအချိန်၌ မွေးဖွားဇယားချပ်တစ်ခုသာရှိသည်ဟု ထင်မိသည်။ လုကျိုးသည် အသက်ဓာတ်နှလုံးသား မပြတ်လပ်ပေ။ အမည်မသိကုန်းမြေ၌ ရှိနေစဉ်တွင် အသက်ဓာတ်နှလုံးသားများစွာ စုဆောင်းခဲ့၏။ သူ ပြတ်လပ်နေသည်က သက်တမ်းပဲဖြစ်သည်။
မွေးဖွားဇယားချပ်အသက်သွင်းသူတိုင်းက နှစ်တစ်သောင်းကုန်ဆုံးပြီး သူသည် မွေးဖွားဇယားချပ် ၃၆ခုလုံးအသက်သွင်းချင်သည်ဆိုပါက နှစ်သုံးသိန်းခြောက်သောင်းလုံးလိုအပ်သည်။ ယင်းက နည်းပါးသည့်အရေအတွက် မဟုတ်ပေ။ ကံကောင်းသည်မှာ သူ့၌ မတည်မြဲခြင်းတိုင်လုံးရှိ၏။ ထို့ကြောင့် အသက်ဓာတ်နှင့် သက်တမ်းကို ဖြည်းဖြည်းချင်းသိုလှောင်ထားနိုင်သည်။
လုကျိုးက လက်ကောက်ဝတ်ကို လှန်လိုက်ကာ ကြာပွင့်ကို သူ့ဆီဆွဲယူလိုက်၏။ ပြီးနောက် သူသည် မွေးဖွားနန်းဆောင်ကိုကြည့်လိုက်သည်။
သူသည် ကျယ်ပြန့်ကောင်းကင်အိတ်ထဲမှ အသက်ဓာတ်နှလုံးသားတစ်ခုကို ထုတ်ပြီးနောက် မွေးဖွားနန်းဆောင်ထဲ မြှုပ်လိုက်၏။
ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်နှင့်သူ၏အတွေ့အကြုံဖြင့် သူသည် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို လေ့ကျင့်ရာ၌ ပိုလွယ်ကူလာသည်။ မီးဇာမဏီ၏အသက်ဓာတ်နှလုံးသားနှင့်မတူဘဲ သူသည် အသက်ဓာတ်နှလုံးသားကို အပြာရောင်စိတ်ဝိညာဉ််သဏ္ဌာန်ထဲ ထည့်မှာမဟုတ်ပေ။ ဆိုရလျှင် ၎င်းကုန်ကျစရိတ်က သူ့သက်တမ်းထက်ပိုများ၏။
ပြီးနောက်သူသည် စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုကို သူ၏အင်္ကျီလက်ထဲထည့်လို့ရသည့်အရွယ်အစားအထိ ကျုံ့လိုက်ပြီး မျက်လုံးမှိတ်ကာ ကောင်းကင်ကျမ်းစာကို ဆင်ခြင်သုံးသပ်တော့သည်။
အချိန်က ကုန်ဆုံးသွားလေ၏။
ငါးရက်အကြာမနက်ခင်းတွင် ဖြစ်သည်။ ခရမ်းရောင်တောက်ပသံကျောက်ဖြင့် လုကျိုးသည် သူ၏ကောင်းကင်စွမ်းအားအလုံးစုံကို ဖြည့်တင်းနိုင်ခဲ့သည်။
ယခုအချိန်၌ တွမ့်မူရှန်းနှင့် ယဲ့ထျန်းရှင်းလည်း ရောက်ပြီဖြစ်သည်။
လုကျိုး၏ ယခင်အတွေ့အကြုံအရ သူ့အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ ဒုတိယမြောက် မွေးဖွားဇယားချပ်ကို အောင်မြင်စွာအသက်သွင်းပြီးနောက် သူ၏ကောင်းကင်စွမ်းအား အကန့်အသတ် ထပ်တိုးလာလိမ့်မည်။
သူက စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုကို တချက်ထုတ်ကြည့်တော့မည့်အချိန်၌ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ လှုပ်ရှားသံကိုကြားလိုက်ရသည်။
သူက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို လှမ်းကြည့်လိုက်သည်။၏
“ဒုတိယမြောက် မွေးဖွားဇယားချပ်အသက်သွင်းတာ ပြီးသွားပြီလား”
မတည်မြဲခြင်းတိုင်လုံးကို အာရုံခံမိသောအခါ သက်တမ်းတစ်သောင်းလျော့သွားတာ တွေ့လိုက်ရသည်။ အထဲ၌ သက်တမ်းခြောက်သောင်းခန့် ကျန်နေသေးသည်။
သူသည် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်အတွက် ဒုတိယမြောက်မွေးဖွားဇယားချပ်ကို လျင်မြန်စွာ အသက်သွင်းခဲ့သောကြောင့် နောက်တစ်ခုအသက်သွင်းရန် အခွင့်အရေးကို မည်ကဲ့သို့ လက်လွှတ်နိုင်မည်နည်း။ ထို့အပြင် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ မွေးဖွားနန်းဆောင်ကို ကြည့်ပြီးနောက် ၂၄ချပ်မြောက် အသက်သွင်းခြင်းသည် မကြာမီ၌ မပြီးလောက်မှန်း သိနေ၏။ ၂၄ခုမြောက် မွေးဖွားဇယားချပ် အချိန်တိုအတွင်း ပြီးသွားခြင်းက ယုတ္တိမရှိပေ။ “ထပ်ပြီး”
လုကျိုးသည် ကျယ်ပြန့်ကောင်းကင်အိတ်ထဲမှ နောက်ထပ်အသက်ဓာတ်နှလုံးသားကို ထုတ်ပြီး မွေးဖွားနန်းဆောင်ထဲ၌ ဆုံးဖြတ်ချက်ပြတ်သားစွာ ထည့်လိုက်သည်။
သူ ယခုလုပ်ရန်က စောင့်ဆိုင်းဖို့ပဲဖြစ်သည်။
လုပ်စရာမရှိသဖြင့် သူသည် မြေပြင်ပေါ်လှဲနေသော နတ်ခြင်္သေ့ကို ကြည့်လိုက်၏။ ၎င်းကို သားရဲအဆီအနှစ် ကျွေးရန် ဆုံးဖြတ်လိုက်သည်။
လုကျိုးသည် စနစ်မျက်နှာပြင်ကို ကြည့်လိုက်၏။
ကုသိုလ်မှတ်= ၂၉၃၃၆၈၀
သူ့၌ သုံးသန်းနီးပါးရှိသည်။ ယခင်က သူသည် ကံစမ်းမဲမှ အထွတ်အထိပ်အသွင်ကတ်များရရန် ကုသိုလ်မှတ် ငါးသိန်းကျော် သုံးခဲ့၏။ ငွေရောင်ချပ်ဝတ်အစောင့်များကို သတ်ဖြတ်ခြင်းမှ ဤမျှ ရလိမ့်မည်ဟု မထင်ထားပေ။ သူတို့ဆီမှ ကုသိုလ်မှတ် နှစ်သန်းကျော် ရလိုက်၏။ သူရထားသည့် ကုသိုလ်မှတ်များကို မြင်ချိန်၌ စိတ်ကျေနပ်သွားပြီး အဆင်ပြေသွားတော့သည်။
“သားရဲအဆီအနှစ် ၁၀ခုဝယ်မယ်”
လုကျိုးသည် မိစ္ဆာဝေဟင်မျှော်နန်း၏စီးတော်သားရဲများ ခွန်အားကို မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။ သူ့တပည့်များ၌ မဟာလေဟာနယ်မျိုးစေ့ ရှိနေသောကြောင့် သူတို့အတွက် စိတ်ပူစရာ မလိုအပ်ပေ။ စီးတော်သားရဲများက ပိုမသန်မာလာပါက ဒုက္ခရောက်လိမ့်မည်။
“တင်း ... ကုသိုလ်မှတ် တစ်သန်း သုံးပြီးပါပြီ။ သားရဲအဆီအနှစ် ၁၀ခုရရှိပါပြီ”
ပြီးနောက် သူသည် မီးဇာမဏီလေးက မိစ္ဆာဝေဟင်မျှော်နန်း၏ စီးတော်သားရဲ မဟုတ်တာကို ရုတ်တရက် သတိရသွားသည်။ သို့သော် မီးဇာမဏီက သူနှင့် ရှောင်ယွမ်အာအား အသက်ဓာတ်နှလုံးသားနှစ်ခု ငှားပေးခဲ့တာက မီးဇာမဏီလေး၏ ဖျောင်းဖျမှုနှင့် ကူညီပေးမှုကို တွေးမိသည်။ ထို့ကြောင့် သူ့အား သားရဲအဆီအနှစ်ပေးရန် ဆုံးဖြတ်လိုက်၏။
“လောင်စစ်” လုကျိုးက လှမ်းခေါ်လိုက်၏။
မီတာတစ်ထောင်အကွာရှိ သစ်ပင်ထိပ်ဖျားပေါ်တွင် အနားယူနေသော မင်ရှစ်ရင်သည် ချက်ချင်း ပြေးလာ၏။
“ရှစ်စွင်း ကျွန်တော့်ကို ရှာနေတာလား”
“ဒါက သားရဲအဆီအနှစ် တစ်ယောက်တစ်ခုစီ စီးတော်သားရဲတွေကို ပေးလိုက်” လုကျိုးသည် သားရဲအဆီအနှစ်ကိုးခု ထုတ်လိုက်သည်။
မင်ရှစ်ရင်သည် သားရဲအဆီအနှစ်ကို လှမ်းဖမ်းလိုက်သည့်အချိန်၌ စွမ်းအင်များကို ခံစားမိပြီး အံ့ဩသွားလေ၏။ “ပစ္စည်းကောင်းတွေချည်းပဲ ရှစ်စွင်း။ ဘယ်ကနေရတာလဲ”
“သုံးသာသုံးလိုက်။ ဒီလောက် မေးခွန်းတွေအများကြီး မေးဖို့မလိုဘူး” လုကျိုးက ပြောလိုက်လေ၏။
“ဟုတ် ဟုတ်ကဲ့” မင်ရှစ်ရင်က သားရဲအဆီအနှစ်ကို သိမ်းပြီးနောက် တလေးတစားပြောလိုက်သည်။
“ကျေးဇူးပါ ရှစ်စွင်း”
ဝုတ် ဝုတ်
ချုံးချီက ထိုစဉ် အဝေးကနေပြေးလာ၏။ အမြီးတနှံ့နှံ့ဖြစ်နေကာ အမြီးခါနေကာ ပြင်းထန်လွန်းသဖြင့် ပြုတ်ကျတော့သယောင်ထင်မှတ်ရသည်။
မင်ရှစ်ရင်က မျက်စောင်းထိုးလျက် ပြောလိုက်၏။ “မင်း နှာခေါင်းတကယ်ကောင်းတာပဲ”
ပြီးနောက် မင်ရှစ်ရင်သည် သားရဲအဆီအနှစ်တစ်ခု ပစ်ပေးလိုက်၏။
ချုံးချီသည် သားရဲအဆီအနှစ်ကို အချိန်အတော်ကြာသရေကျနေ၏။ ၎င်း ပါးစပ်ဖြင့်ဖမ်းပြီး တစ်ခုလုံးမျိုချလိုက်သည်။
မင်ရှစ်ရင် “...”
ဝုတ် ဝုတ် ဝုတ်
တကိုက်တည်းဖြင့် မျိုချပြီးနောက် ချုံးချီသည် မင်ရှစ်ရင်ကို ကြည့်ကာဆက်ဟောင်နေသည်။
မင်ရှစ်ရင်သည် တရားမျှတပြီး အကျင့်သိက္ခာကောင်းမွန်သူ ဖြစ်သည်။ အရင်းအမြစ်များ သိမ်းဆည်းချိန်၌ သူ့အပိုင် မဟုတ်သည့်အရာကို ဘယ်တော့မှမယူ။ ယခုအခေါက်တွင်လည်း ကွာခြားချက်မရှိ။ သူက ပြောလိုက်သည်။ “ကျန်တဲ့သားရဲအဆီအနှစ်တွေက တခြားသူတွေအတွက် အားလုံး မင်းယူလို့မရဘူး။ စားချင်စိတ်က ကြီးလွန်းတယ်”
ဝူး ဝူး
ချုံးချီက အူလိုက်ပြီးနောက် ခေါင်းငုံ့ကာ ညည်းတွားတော့သည်။ ပြီးနောက် အစွယ်ပြလျက် မင်ရှစ်ရင်ကို တိုက်ခိုက်တော့မယောင် ဖြစ်နေ၏။
မင်ရှစ်ရင်က လက်ဝေ့ယမ်းလိုက်သည်။
ဘန်း
လက်ဝါးစည်းတံဆိပ်တစ်ခု ပေါ်ထွက်လာကာ ချုံးချီကို နောက်သို့ လွင့်ထွက်သွားစေသည်။
“မင်းကို မဖြေရှင်းနိုင်ဘူးထင်နေလား”
ထိုလက်ဝါးစည်းတံဆိပ်ကြောင့် ချုံးချီက နာခံလာ၏။ မကျေမချမ်းအမူအရာကို ပြပြီးနောက် မင်ရှစ်ရင်နား ကပ်လာကာ သူ၏ခေါင်းဖြင့်တိုးဝှေ့လျက် ခြေထောက်ကို ပွတ်သပ်လာသည်။
ပြီးနောက် မင်ရှစ်ရင်သည် လုကျိုးကို အရိုအသေပေးပြီးထွက်သွားတော့သည်။
မင်ရှစ်ရင်သည် ချောက်ကမ်းပါးအစွန်း၌ ရောက်သောအခါ ယွီကျန့်ဟိုင်က သူ၏ နဂါးသွဲ့ကျောက်ဓားမော့ဖြင့် လေ့ကျင့်နေတာကို တွေ့လိုက်ရသည်။ သူက လှမ်းခေါ်လိုက်သည်။
“တာ့ရှစ်ရှိုး လှမ်းဖမ်း”
ယွီကျန့်ဟိုက် လှည့်လာပြီး သားရဲအဆီအနှစ်ကို လှမ်းဖမ်းကာ မေးလိုက်တော့သည်။ “အဲဒါ ဘာလဲ”
“သားရဲအဆီအနှစ်။ ရှစ်စွင်းက ပိအန်းဆီပေးခိုင်းလိုက်တာ။ ရတနာပဲ” မင်ရှစ်ရင်က ပြုံးပြီးပြောလိုက်၏။
ယွီကျန့်ဟိုင်သည် သားရဲအဆီအနှစ်ထဲရှိ စွမ်းအားကို ခံစားမိပြီး ခေါင်းညိတ်လိုက်သည်။ သူက သက်ပြင်းချပြီး ပြောလိုက်၏။ “ရှစ်စွင်းက စီးတော်သားရဲတွေကို တကယ် ကောင်းကောင်း ဆက်ဆံတာပဲ”
“ပိအန်း ပိုသန်မာလာရင် ရှစ်စွင်းအတွက်လည်း ကောင်းတာမဟုတ်လား” မင်ရှစ်ရင်က ပြောလိုက်၏။
“မင်းပြောတာမှန်တယ်” ယွီကျန့်ဟိုင်သည် သားရဲအဆီအနှစ်ကို သိမ်းပြီးနောက် နဂါးသွဲ့ကျောက်ဓားမော့ကို လွှဲယမ်းလိုက်သည်။ “လတ်တလောမှာ ငါ အကွက်သစ်ရထားတယ်။ စစ်ရှစ်တိ နေပြီး ငါနဲ့လေ့ကျင့်ပေး”
“အမ်း” မင်ရှစ်ရင်က အလျင်စလိုထွက်ခွာသွားပြီး ပြောလိုက်၏။ “ကျွန်တော် လုပ်စရာကိစ္စတွေ ရှိသေးတယ်။ တာ့တာ တာ့ရှစ်ရှိုး”
ဝှစ်
မင်ရှစ်ရင်က မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
ယွီကျန့်ဟိုင်က သက်ပြင်းချပြီး ခေါင်းခါလိုက်၏။ “လောင်စစ်က ပါရမီရှိတယ်။ သူ့ရဲ့ကျင့်ကြံမှုက ငါနဲ့နီးစပ်နေပြီ ဆိုပေမဲ့ အကျင့်စရိုက်က ချော်ချွတ်ချွတ်နိုင်တယ်။ နှမြောစရာပဲ အဲ့ဒီတုန်းက ငါ သူ့ကိုငရဲဂိုဏ်းကို ခေါ်သွားသင့်တာ။ ကျင့်ကြံသူတွေက အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်ရှိသင့်တယ်။ သူ တချိန်လုံး အမှောင်ထဲမှာ ပုန်းနေပြီး သူ့ရဲ့ပါရမီကို ဖြုန်းတီးနေတာပဲ”
ဟက်ချိုး
မင်ရှစ်ရင်က နှာချေတော့သည်။
အပျက်အစီးနယ်မြေ၏ တောင်ဖက်ခြမ်းတွင် ယွီရှန်းရုန်သည် မင်ရှစ်ရင်နှင့် မီတာတစ်ထောင်အကွာ၌ သက်တော်ရှည်ဓားကို စီးပြီးရှေ့နောက်ပျံသန်းနေ၏။
ယွီရှန်းရုန်ကို မြင်သောအခါ မင်ရှစ်ရင်က လှမ်းပြောလိုက်၏။ “အာ့ရှစ်တိရဲ့ဓားရေးကျွမ်းကျင်မှုက တိုးတက်လာပြန်ပြီ”
ဝှစ်
ယွီရှန်းရုန်က ပြုံးပြီးသက်တော်ရှည်ဓားကို သိမ်းလိုက်သည်။
…
အခန်း (၁၄၅၂) မဟာလေဟာနယ်မှ မဟာသူတော်စင်က မိတ်ဆွေလား ရန်သူလား
မသိနိုင်သော အချိန်ကာလတစ်ခု ကြာပြီးနောက် မီးတောက်ဇာမဏီငယ်လေးသည် နောက်ဆုံးတွင် ရှောင်ယွမ်အာ၏ ဘေးသို့ ပြန်လည် ရောက်ရှိလာသည်။
လုဝူက ခေါင်းကိုငုံ့၍ ပြောလိုက်သည်။
“မီးတောက်ဇာမဏီဟာ ပျံသန်းရာမှာ ကျွမ်းကျင်တယ်။ အဆုံးမဲ့ပင်လယ်ကို ဖြတ်ဖို့က သူ့အတွက် တကယ်ကို ကောင်းမွန်တဲ့ ရွေးချယ်မှုပဲ။ ကံမကောင်းတာက ကမ္ဘာပေါ်က သတ္တဝါတွေပဲ…”
“ဘာကို ဆိုလိုတာလဲ” တွမ့်မူရှန်းက မေးလိုက်သည်။
“လူသားတွေနဲ့ မတူဘဲ၊ ခက်ထန်သားရဲတွေမှာ အန္တရာယ်ကို သိရှိနိုင်စွမ်း ရှိတယ်။ မျှခြေမညီမျှမှု ရှိလာတဲ့အခါတိုင်း ခက်ထန်သားရဲတွေဟာ အန္တရာယ်ကို ရှောင်ရှားဖို့ ရွှေ့ပြောင်းကြလိမ့်မယ်။ ကောင်းကင်သာ တကယ်ပြိုကျမယ်ဆိုရင် အမည်မသိကုန်းမြေနဲ့ နယ်မြေကိုးခုမှာရှိတဲ့ သက်ရှိအားလုံး အကြီးမားဆုံး ထိခိုက်ကြရလိမ့်မယ်”
မင်ရှစ်ရင်က မေးလိုက်သည်။
“ဒါက သုတ်သင်ရေးအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလား”
ယန်ကျန်းလော့က ခေါင်းခါပြသည်။
“သုတ်သင်ရေးအစီအစဉ်က အနက်ရောင်မျှော်စင်အဖွဲ့အစည်းအတွက် အနီရောင်ကြာနယ်မြေကို လက်ဝါးကြီးအုပ်ဖို့သက်သက်ပဲ။ ဒါဟာ မျှခြေညီမှုကို ထိန်းသိမ်းဖို့အတွက် မတော်တဆ ဖြစ်စေ၊ မတော်တဆ မဟုတ်ဘဲဖြစ်စေ နည်းလမ်းတစ်ခုလည်း ဖြစ်တယ်။ ဒါပေမဲ့ မျှခြေမညီမျှမှု စတင်ပေါ်လာတုန်းက မဟာလေဟာနယ်က ဘာမှမလုပ်ဘဲ သူ့အလိုလို ဖြစ်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။
တစ်စိတ်တစ်ပိုင်းအနေနဲ့ သူတို့ဟာ မတည်ငြိမ်တဲ့အချက်တွေကို စောင့်ဆိုင်းဖို့ မျှော်လင့်နေတာ နေမယ်။ ဒါပေမဲ့ အခုတော့ မျှခြေမညီမျှမှုဟာ မဟာလေဟာနယ်ရဲ့ မှန်းဆချက်ထက် ပိုဆိုးလာပြီ။ မြေကြီး ကွဲထွက်နေတယ်၊ ကောင်းကင် ပြိုကျနေတယ်။ နောက်ဆုံးမှာတော့ ဒုက္ခကို အရင်ဆုံး ခံစားရမှာက မဟာလေဟာနယ်ပဲ … ကျုပ်တို့ မဟုတ်ဘူး”
လုကျိုးက ဝင်ပြောလိုက်သည်။
“အရမ်းကြီး စဉ်းစား နေစရာ မလိုပါဘူး။ အချိန်တန်ရင် ငါ တို့မှာ ဖြေရှင်းနည်း ရှိလာမှာ သဘာဝပဲ။ အမြဲတမ်း လူသားတွေက ကောင်းကင်ကို လွှမ်းမိုးနိုင်တယ် လို့ ငါ ယုံကြည်ခဲ့တယ်”
လူတိုင်းသည် လုကျိုး၏ ယုံကြည်ချက်ကြောင့် ချက်ချင်းပင် လွှမ်းမိုးခံခဲ့ရသည်။
ရှောင်ယွမ်အာ၏ ဘေးသို့ ပြန်ရောက်ပြီးနောက် အနည်းငယ်ဝမ်းနည်းနေပုံရသော မီးတောက်ဇာမဏီငယ်လေးသည် စိတ်ခံစားချက် တိုးတက်လာပုံရပြီး ရှောင်ယွမ်အာနှင့် ခရုလေးတို့ ပတ်ပတ်လည်တွင် ပျော်ရွှင်စွာ မြည်တွန် စပြုလာသည်။
ထိုအချိန်တွင် လုကျိုးက ခုံဝမ်ကို မေးလိုက်သည်။
“ဒီအချိန်အတွင်းမှာ သွင့်ကျန်းရဲ့ ဖျက်ဆီးခြင်းတိုင်လုံးလုံးမှာ ထူးဆန်းတဲ့ လှုပ်ရှားမှုတွေ ရှိခဲ့သေးလား”
“အရမ်းကို တိတ်ဆိတ်နေပါတယ် မျှော်နန်းရှစ်စွင်း”
“ကောင်းပြီ၊ ဒါဆို သွားကြစို့”
“ဟုတ်ကဲ့”
မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့ဝင်များသည် ချက်ချင်း ထွက်ခွာခဲ့ကြသည်။ မိုင် ၁၀၀ အကွာအဝေးကို ရောက်ရန် အချိန်အများကြီး မယူရပေ။
ခရီးစဉ်သည် ယခုအထိ ချောမွေ့ နေပြီး သူတို့သည် အစွမ်းထက်သော ခက်ထန်သားရဲများ နှင့် မတွေ့ရပေ။
“ခုံဝမ် … အတွင်းပိုင်းမှာ အစွမ်းထက်တဲ့ ခက်ထန်သားရဲတွေ အများကြီး ရှိတယ်လို့ ခင်ဗျား မပြောခဲ့ဘူးလား” မင်ရှစ်ရင်က မေးသည်။
ခုံဝမ်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့က မျှခြေမညီမျှမှုကြောင့် ရွှေ့ပြောင်းသွားကြတာ ဖြစ်နိုင်တယ်”
လုကျိုးက ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ပုံမှန်အတိုင်း အနက်ရောင်မြူခိုးက ကောင်းကင်ကို ဖုံးအုပ်ထားလေသည်။ ထိုအရာသည် မှောင်မိုက်ပြီး ဝမ်းနည်းဖွယ်ကောင်းလှသည်။ စိုထိုင်းပြီး မွန်းကြပ်ဖွယ် ပတ်ဝန်းကျင်သည် အမြဲတမ်း တည်ရှိနေသည်။ ဖြတ်သန်းသွားသော ခက်ထန်သားရဲများ အများအပြား ရှိသော်လည်း သူတို့ထဲက တစ်ကောင်မျှ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများအနားသို့ မချဉ်းကပ်ခဲ့ကြပေ။ ချဉ်းကပ်လာခဲ့လျှင်ပင် အဆင့်နိမ့်ခက်ထန်သားရဲများသာ ဖြစ်ကြသည်။ သူတို့သည် လုဝူနှင့် ချန်းဟွမ်ကို မြင်သည်နှင့် အမြီးကုပ်ကာ ထွက်ပြေးကြလေသည်။
ခဏအကြာတွင် သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးလုံးသည် လူတိုင်း၏ မျက်လုံး ရှေ့မှောက် ပေါ်လာသည်။
အပြိုအပျက်များမှ သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးလုံးအထိ ခရီးစဉ်သည် အလွန်ချောမွေ့နေသည်။ သူတို့သည် ကျင့်ကြံသူ တစ်ဦးနှင့်မျှ မတွေ့ရပေ။ သို့သော် ခရီးစဉ် ပို၍ ချောမွေ့လေလေ လုကျိုးက တစ်ခုခုမှားယွင်းနေသည်ဟု ပို၍ ခံစားရလေလေ ဖြစ်သည်။
သူတို့သည် ယခုအထိ ဖျက်ဆီးခြင်းတိုင်လုံး ငါးခုသို့ ရောက်ခဲ့ပြီး ဖြစ်သည်။ သူ့အတွေ့အကြုံအပေါ် အခြေခံ၍ ခရီးစဉ်ချောမွေ့နေခြင်းက တကယ်ကို ပုံမှန်မဟုတ်ပေ။ မဟာလေဟာနယ်က ဖျက်ဆီးခြင်းတိုင်လုံးများကို အလွန်တန်ဖိုးထားသည်။
ယခု ငွေရောင်ချပ်ဝတ်အစောင့်အရှောက် ၃,၀၀၀ သေဆုံးသွားပြီဖြစ်ရာ ယုတ္တိရှိရှိ ပိုမိုအစွမ်းထက်သော ကျင့်ကြံသူများကို ဖျက်ဆီးခြင်းတိုင်လုံးများဆီ ကာကွယ်ရန် စေလွှတ်သင့်ပေသည်။ တာဝန်ခံ၏ စိတ်ထဲတွင် တစ်ခုခု မှားယွင်း နေခြင်းမရှိပါက သူတို့သည် ဤနေရာသို့ လူသစ်များကို မစေလွှတ်ရမည့် အကြောင်းအရင်း မရှိပေ။
“ရပ်လိုက်” လုကျိုးက လက်ကို မြှောက်လိုက်သည်။ ပတ်ဝန်းကျင်ကို စူးစမ်းပြီးနောက် အကြားစွမ်းရည်ကို အသုံးပြုခဲ့သည်။ သူက တီးတိုးလေတိုက်ခတ်သံနှင့် မြက်ခင်းများမှ တရှပ်ရှပ်မြည်သံကို မကြားရမီ သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံး အနီးတွင် လေးလံသောအသံ ကို ကြားလိုက်ရလေ၏။ စားပွဲပေါ်မှ တစ်ခုခု ပြုတ်ကျသကဲ့သို့ ဖြစ်သည်။
“လှုပ်ရှားမှု ရှိတယ်”
လုကျိုးက အကြားစွမ်းရည်ကို ပြန်ရုတ်သိမ်းလိုက်ပြီးသည့်နောက် ပြောလိုက်သည်။
“တိုင်လုံးရဲ့ အသိအမှတ်ပြုမှုကို မခံရသေးတဲ့သူတွေ ငါနဲ့ လိုက်ခဲ့ … ကျန်တဲ့သူတွေ စောင့်နေကြ”
“ရှစ်စွင်း ထောင်ချောက် ရှိမှာကို စိုးရိမ်နေတာလား” မင်ရှစ်ရင်က မေးသည်။
လုကျိုးက ခေါင်းညိတ်လိုက်သည်။
“ဒါဆို တပည့်တွေကလွဲပြီး အကြီးအကဲတွေနဲ့ ကျန်တဲ့သူတွေ တိုင်လုံးဆီ သွားဖို့ မလိုဘူး…” မင်ရှစ်ရင်က ပြောသည်။
“ဘာလို့လဲ” ရှောင်ယွမ်အာသည် ရှုပ်ထွေးသွားသည်။
“ဘာလို့လဲဆိုတာ သိချင်လား” မင်ရှစ်ရင်က လူတိုင်းကို လှည့်ပတ်ကြည့်ရင်း မေးသည်။
ချင်နိုင်ဟယ်က စူးစမ်းလိုစိတ်ဖြင့် ပြောလိုက်သည်။
“စတုတ္ထသခင်လေး အကြောင်းပြချက်ကို ပြောပြပါဦး”
မည်သို့ဆိုစေ သူတို့အားလုံးသည် မိစ္ဆာဝေဟင်မျှော်နန်း၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့အားလုံးသည် ဖျက်ဆီးခြင်းတိုင်လုံးများ၏ အသိအမှတ်ပြုမှုကို ခံရရန် တန်းတူအခွင့်အရေး ရှိသင့်သည်။
မင်ရှစ်ရင်က လုကျိုးကို ခွင့်ပြုချက်တောင်းခံသလို ကြည့်လိုက်သည်။
လုကျိုးက ခေါင်းညိတ်ပြသည်။
မင်ရှစ်ရင်က သူ့လက်ကို သူ့စွမ်းအင်ဗဟိုချက်ဆီ တင်လိုက်သည်။ အလင်းစက်လုံးတစ်ခုသည် သူ့ဝမ်းဗိုက်၌ လင်းလက်သွားပြီးနောက် ပျောက်ကွယ်သွားသည်။
ချင်နိုင်ဟယ်က ပြုံးလိုက်မိသည်။
“စတုတ္ထသခင်လေးမှာ မဟာလေဟာနယ်မျိုးစေ့ ရှိတယ်ဆိုတာ ကျုပ်တို့ အားလုံး သိပါတယ်”
ချင်နိုင်ဟယ်က စိတ်ထဲတွင် အနည်းငယ် စကားမပြောနိုင်ဖြစ်ပြီး ရှုပ်ထွေးနေသည်။ မင်ရှစ်ရင်က အချိန်အကြာကြီး ကြာပြီးနောက် အဘယ်ကြောင့် ဝါကြွားချင်လာရသည်ကို သူက နားမလည်ပေ။
ထို့နောက် တွမ့်မူရှန်းလည်း အလားတူပင် ပြုလုပ်ခဲ့ပြီး သူ့မဟာလေဟာနယ်မျိုးစေ့ကို ပြသခဲ့သည်။
လူတိုင်း အေးဆေးတည်ငြိမ်နေကြသည်။ သူတို့သည် ဤအကြောင်းကို သိပြီးသား ဖြစ်သည်။
နောက်ဆက်တွဲအနေဖြင့် ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ ကျောင်းယွဲ့၊ ယဲ့ထျန်းရှင်း၊ ကျူးဟုန်ကုန်း၊ ရှောင်ယွမ်အာနှင့် ခရုလေး တို့သည်လည်း အလားတူပင် ပြုလုပ်ခဲ့ကြသည်။
ဤသို့ဖြင့် မသိရှိသေးသူများသည် ပါးစပ်အဟောင်းသားဖြစ်သွားကြလေ၏။
“ဒါ…”
သူတို့သည် တပည့်အနည်းငယ်သာ မဟာလေဟာနယ်မျိုးစေ့များကို ပိုင်ဆိုင်ခြင်းသည်ပင် အထင်ကြီးစရာ ကောင်းသည်ဟု ထင်ခဲ့ကြသည်။ မဟာလေဟာနယ်မျိုးစေ့ ကိုးခုကို ဆက်တိုက် မြင်ရခြင်း၏ ထိတ်လန့်မှုကို မည်သူ ခံနိုင်ရည်ရှိမည်နည်း။
ကျင့်ကြံသူများအနေဖြင့် မဟာလေဟာနယ်မျိုးစေ့များသည် မည်မျှ အံ့သြဖွယ်ကောင်းသည်ကို မည်သို့ မသိကြမည်နည်း။ ရှေးခေတ်ကတည်းက သူတော်စင်များ အပါအဝင် ကျင့်ကြံသူ အမြောက်အမြားသည် မဟာလေဟာနယ်မျိုးစေ့များ ရရှိရန်အတွက်သာ သူတို့၏ အသက်များကို စွန့်လွှတ်ခဲ့ကြသည်။
ကိုးခုကို မဆိုထားနှင့် … မဟာလေဟာနယ်မျိုးစေ့ တစ်ခုတည်းသာ ရှိလျှင်ပင် ကျင့်ကြံရေးလောကတွင် စစ်ပွဲ တစ်ခု စတင်ရန် လုံလောက်သည်။
“က-ကိုး... မဟာလေဟာနယ်မျိုးစေ့ ကိုးခုလား” ယွမ်လန်သည် သူ့နားထင်များကို ပွတ်သပ်လိုက်ရာ အနည်းငယ် မူးဝေသကဲ့သို့ ခံစားရသည်။ သူက အိပ်မက် မက်နေသကဲ့သို့ ခံစားနေရသည်။
“တိတိကျကျပြောရရင် မျိုးစေ့ဆယ်ခု ဖြစ်ခဲ့တယ်” မင်ရှစ်ရင်က ပြောသည်။
ချင်နိုင်ဟယ်က မေးလိုက်သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“မဖြစ်နိုင်တာ ဘာမှမရှိဘူး” မင်ရှစ်ရင်က ပြန်ဖြေသည်။
“မဟာလေဟာနယ်မျိုးစေ့ ဆယ်ခုဟာ ဖျက်ဆီးခြင်းတိုင်လုံး ဆယ်ခုမှာ မွေးဖွားခဲ့တာ။ လွန်ခဲ့တဲ့ နှစ် ၄၀၀ ကျော်တုန်းက ကျင့်ကြံသူလောကက သွေးထွက်သံယို ဖြစ်နေခဲ့တယ်။ နယ်မြေကိုးခုက တိုင်တွေကို သွားဖို့အတွက် နည်းလမ်းမျိုးစုံကို စဉ်းစားခဲ့ကြတယ်။ ကျင့်ကြံသူ တစ်ဦးတည်းကို မပြောနဲ့ဦး … အားအကောင်းဆုံး အင်အားစုတောင်မှ တိုင်ဆယ်ခုလုံးဆီ သွားပြီး မျိုးစေ့ဆယ်ခုလုံးကို စုဆောင်းဖို့ ခက်ခဲလိမ့်မယ်” ယွမ်လန်က ထိတ်လန့်နေသော အမူအရာဖြင့် ပြောသည်။
ဤသည်မှာ လက်ခံရန် အလွန်ခက်ခဲလွန်းသည်။
ဖျက်ဆီးခြင်းတိုင်လုံး ဆယ်ခုလုံးသို့ သွားလာရန် နှစ်ပေါင်းများစွာ ကြာမည်။ တစ်ဦးသည် နောက်တိုင်လုံးသို့ ရောက်ရှိချိန်တွင် မဟာလေဟာနယ်မျိုးစေ့ကို တခြားလူ ယူသွားပြီးသား ဖြစ်လိမ့်မည်။
လုကျိုးတစ်ဦးတည်းက မဟာလေဟာနယ်မျိုးစေ့ဆယ်ခုလုံးကို မည်သို့ စုဆောင်း နိုင်ခဲ့သည်ကို မည်သူမျှ မတွေးနိုင်ကြပေ။ သူတို့၏ စိတ်ထဲတွင် မဖြစ်နိုင်ဘူး ဟူသော စကားလုံး တစ်လုံးတည်းသာ ရှိသည်။
ခဏအကြာတွင် ယွမ်လန်သည် သူ့စိတ်အတွင်းရှိ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး ပြောလိုက်သည်။
“စတုတ္ထသခင်လေးရဲ့ အဓိပ္ပာယ်ကို ကျွန်တော် နားလည်ပါပြီ။ တိုင်လုံးရဲ့ အသိအမှတ်ပြုမှုကို ရရှိဖို့အတွက် အကြီးမားဆုံး အချက်က မဟာလေဟာနယ်မျိုးစေ့တွေမလား”
“နည်းနည်းတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ထူးခြားတဲ့ အရည်အသွေးက အရေးမပါဘူးလို့ ဆိုလိုတာ မဟုတ်ဘူး” မင်ရှစ်ရင်က သူ့ဆံပင်ကို ခါလိုက်ပြီး
“ဥပမာအားဖြင့် ငါက ရိုးသားပြီး ကြင်နာလို့ တိုင်လုံးရဲ့ အသိအမှတ်ပြုမှုကို လွယ်လွယ်ကူကူ ရရှိခဲ့တယ်။ တကယ်တော့ ငါ့ကို အသိအမှတ်ပြုတုန်းက မဟာလေဟာနယ်မျိုးစေ့က အရေးပါမှု သိပ်မရှိဘူးလို့ ငါ ထင်တယ်”
“အား…” ယွမ်လန်က အကြည့်ရှောင်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ့ရှေ့မှ လူသည် အနာဂတ် အထွတ်အထိပ်သက်ရှိ တစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် သူက ပြောလိုက်သည်။
“စတုတ္ထသခင်လေး ပြောတာ မှန်ပါတယ်”
လုဝူက တည်ငြိမ်နေလေသည်။ သူက ဤအကြောင်းကို အတန်ကြာ သိနေခဲ့သည်။ သူက ထိုင် လိုက်ပြီး ပြောလိုက်သည်။
“ငါ့ ဘေးမှာ နေကြပါ။ ငါ လူတိုင်းကို ကာကွယ် ပေးပါ့မယ်”
လုဝူ တကယ်ဆိုလိုသည်မှာ မဟာလေဟာနယ်မျိုးစေ့ မရှိသူများသည် ရှေ့တွင် အန္တရာယ်များရှိသောကြောင့် ရိုးရိုးရှင်းရှင်း ဝင်မစွက်သင့်ပေ။ ဖျက်ဆီးခြင်းတိုင်လုံးများ၏ အသိအမှတ်ပြုမှုကို မခံရသေးသော အနာဂတ် အထွတ်အထိပ်သက်ရှိများကို ရှေ့လမ်းကို စူးစမ်းစေခြင်းသည် ပိုကောင်းသည်။
လူတိုင်းသည် သူတို့၏ ထိတ်လန့် နေသော အမူအရာများကို အလျင်အမြန် ဖယ်ရှားပြီး လုကျိုးကို ဦးညွှတ်အရိုအသေပြုကြသည်။
“စီးတော်သားရဲတွေကို မခေါ်သွားနဲ့”
“နားလည်ပါပြီ”
လုကျိုးက လေထဲသို့ ပျံတက်သွားရာ ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ ယဲ့ထျန်းရှင်းနှင့် ရှောင်ယွမ်အာတို့သည် သူ့နောက်မှ အနီးကပ် လိုက်ပါခဲ့ကြသည်။
သူတို့သည် သစ်တော တစ်ခုအပေါ် ပျံသန်းနေစဉ် ရှောင်ယွမ်အာက တိုးလျသော အသံဖြင့် မေးလိုက်သည်။
“ရှစ်စွင်း … သွင့်ကျန်းရဲ့ ဖျက်ဆီးခြင်းတိုင်လုံးက ချီရှစ်ရှိုးနဲ့ သက်ဆိုင်ရင် ဘယ်လိုလုပ်မလဲ”
လုကျိုးက သူတို့ ပျံသန်းနေစဉ် အမြဲတမ်း သတိ ထားနေသည်။
“ဒါဆို ငါ တို့ ထွက်သွားမယ်”
“ဟုတ်”
ရှောင်ယွမ်အာတစ်ဦးတည်းသာ ဤအကြောင်းအရာကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုရဲသည်။
ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ငါတို့ အဲဒီရောက်ရင် မြန်မြန် လုပ်ကြစို့။ အချိန်မဖြုန်းကြနဲ့”
“ကောင်းပါပြီ” ရှောင်ယွမ်အာက ခေါင်းညိတ်ပြသည်။
ခဏအကြာတွင် သူတို့သည် နောက်ဆုံး၌ သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးသို့ ရောက်ရှိလာခဲ့ကြသည်။
ဤနေရာ၌ ငြိမ်းချမ်းနေသည်။ အစီအရင်များ၊ ခက်ထန်သားရဲများ သို့မဟုတ် ကျင့်ကြံသူများ မရှိပေ။
သွေးနီရောင် ဂျင်ဆင်းနှင့် လျှို့ဝှက်ဆန်းကြယ်အသက်ဓာတ်မြက်တို့သည် နေရာတိုင်းတွင် ပေါက်ရောက်နေသည်။
ယွီရှန်းရုန်က သက်တော်ရှည်ဓားကို ဆွဲထုတ်ပြီး ပြောလိုက်သည်။
“ဒီဟာက မုန်တိုင်းမတိုင်မီ ငြိမ်သက်မှုလို ခံစားရတယ်။ ရှစ်မေ့တို့ ငါ့ နောက်မှာ နေပါ။ တစ်ခုခု ဖြစ်ရင် ငါ အစွမ်းကုန် ကာကွယ်ပေးမယ်”
“ကျေးဇူးတင်ပါတယ် အာ့ရှစ်ရှိုး”
ရှောင်ယွမ်အာနှင့် ယဲ့ထျန်းရှင်း တို့သည် တကယ်ပင် ယွီရှန်းရုန်၏ နောက်သို့ ရွေ့လျားသွားကြသည်။
ယွီကျန့်ဟိုင် “ … ”
သူတို့သည် ဆက်လက်ရှေ့သို့ သွားခဲ့ကြသည်။
“ငါတို့ တိုင်လုံးရဲ့ ဝင်ပေါက်မှာ ရောက်နေပြီ” ယွီကျန့်ဟိုင်က ပြောသည်။
လုကျိုးက ရှေ့မှ ဦးဆောင်ပြီး မြေပြင်သို့ ဆင်းသက်လိုက်ရာ ကျန်သူများသည် သူ့နောက်မှ အနီးကပ် လိုက်ပါခဲ့ကြသည်။
သူတို့က တစ်လှမ်းချင်းစီ တိုင်ဆီသို့ လျှောက်သွားကြသည်။
လုကျိုးက သွင့်ကျန်း ၏ ဖျက်ဆီးခြင်းတိုင်လုံးနှင့် ပို၍ နီးကပ်လာသော ခြေလှမ်းတိုင်းတွင် မတည်မငြိမ် ခံစားချက်သည် ပို၍ ပြင်းထန် လာသည်။
သူတို့သည် ဝင်ပေါက် မှ မီတာ ၁၀၀ ခန့် အကွာအဝေးတွင် ရှိနေစဉ် ဘယ်ဘက်ရှိ တောနက်အတွင်းမှ အသံ တစ်သံ ထွက်ပေါ်လာသည်။
“ရောင်းရင်းတို့ စကားပြောရအောင် ဒီကို လာပေးပါ”
လုကျိုးက သူ့ခြေလှမ်းများကို ရပ်လိုက်သည်။
အမည်မသိကုန်းမြေတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရခြင်းကြောင့် လူတိုင်းသည် အလွန် တည်ငြိမ် နေကြသည်။
“မင်းက ဘယ်သူလဲ” လုကျိုးက မေးသည်။
“ငါက ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အစောင့်အရှောက်ပါ။ မင်းတို့က ပထမဆုံး ဧည့်သည် အဖွဲ့ မဟုတ်သလို နောက်ဆုံးလည်း ဖြစ်မှာ မဟုတ်ပါဘူး။ မင်းတို့သာ အမြင်ရှိတယ်ဆိုရင် မျိုးစေ့ကို ကြည့်ဖို့ တိုင်လုံးထဲကို ဝင်ခွင့်ပေးပြီး မင်းတို့ရဲ့ စူးစမ်းလိုစိတ်နဲ့ လောဘကို ကျေနပ်စေနိုင်တယ်။ ဒါပေမဲ့ ဒါပဲ ခွင့်ပြုနိုင်တယ်”
အသံက ညင်သာ ပြီး ရန်လိုမှု လုံးဝ မရှိပေ။
လုကျိုးက လျှောက်သွားသည်။
မျှော်လင့်ထားသည့်အတိုင်း ထောင်ချောက် လုံးဝ မရှိပေ။
လုကျိုးသစ်တော ထဲသို့ ဝင်လိုက်သောအခါ ထူးခြားသော ခြံဝင်း တစ်ခုကို မြင်လိုက်ရသည်။ ထိုအရာက မကြီးပေ။ တောနက် သို့မဟုတ် တောင်များ အတွင်းရှိ နွေးထွေးသော မိသားစုအိမ် တစ်ခုနှင့်တူသည်။
အသက် ၆၀ အရွယ်ခန့်ရှိသော လူတစ်ဦးသည် ခြံဝင်းအတွင်းရှိ လှုပ်ခါနေသော ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ သူ့မျက်လုံးများကို မှိတ်ထားပြီး ကုလားထိုင်ကို အသာလှုပ်ခါနေသည်။
လုကျိုးက ဖျတ်ကနဲ ထိုလူ၏ ရှေ့၌ ပေါ်လာသည်။
အဖိုးအိုက လုကျိုးကို မကြည့်ဘဲ ပြောသည်။ “မင်း ရောက်လာပြီ”
“ခင်ဗျားက တိုင်လုံးကို ကာကွယ်ဖို့ မဟာလေဟာနယ်က စေလွှတ်လိုက်တဲ့ ကျင့်ကြံသူလား” လုကျိုးက ရှေ့နောက် မကြည့်ဘဲ မေးသည်။
“မင်း အဲဒီလို ထင်နိုင်ပါတယ်။ ငါ ဒီမှာ နှစ်ပေါင်းများစွာ နေခဲ့တယ်။ ဧည့်သည် လာတိုင်း ငါ သူတို့ကို ထွက်သွားဖို့ စည်းရုံးမယ်” အဖိုးအိုက ပြောသည်။
“ဘာလို့လဲ”
“လူသားတွေအတွက် မဟာလေဟာနယ်မျိုးစေ့ ဒါမှမဟုတ် မဟာလေဟာနယ် မြေကြီးကို မက်မောတာ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအရာတွေက ဘေးအန္တရာယ်ကိုပဲ ယူဆောင်လာလိမ့်မယ်။ ဒါ့အပြင် ငါ သွေးထွက်သံယိုမှုကို မကြိုက်ဘူး။ အသက်ကယ်တာက သတ်တာထက် ပိုကောင်းတယ်။ တခြား အစောင့်အရှောက် တစ်ယောက်ဆိုရင် မင်းတို့တွေ ဟိုးကတည်းက သေသွားလောက်ပြီ”
အဖိုးအိုက ပြောသည်။
ယွီကျန့်ဟိုင်က အေးစက်စွာ လှောင်ပြောင်ပြီးနောက် ပြောလိုက်သည်။
“မဟာလေဟာနယ်က လူတွေ အားလုံးဟာ ဟန်ဆောင်တတ်ကြတာပဲ။ ခင်ဗျားတို့ အားလုံး မရှုံးနိမ့်နိုင်ဘူးလို့ ထင်နေကြတာလား”
အဖိုးအိုက ပြောလိုက်သည်။
“မဟာလေဟာနယ်က တကယ်ပဲ မရှုံးနိမ့်နိုင်ပါဘူး”
“ဒါကို ယူလိုက်” ယွီကျန့်ဟိုင်က စွမ်းအင်ဓားရှည် တစ်ခုကို ထုတ်လွှတ်ရင်း ပြောသည်။
အဖိုးအိုက ကုလားထိုင်ကို ဆက်လက် လှုပ်ခါနေသည်။ သူက မကြည့်ဘဲနှင့်ပင် ပြောလိုက်သည်။
“စိတ်ဝင်စားစရာပဲ။ ဆရာသခင် တစ်ဦး မလာတာ ကြာပြီ”
ရွှစ်
အဖိုးအိုက သူ့ဝတ်ရုံလက်ကို ပျင်းရိစွာ ခါလိုက်သည်။
ယွီကျန့်ဟိုင်၏ စွမ်းအင်ဓားမော့သည် ထိုအတိုင်းပင် လေထဲတွင် ပျောက်ကွယ် သွားသည်။
“ခင်ဗျားက သူတော်စင်လား” လုကျိုးက မေးသည်။
“မျက်စိကောင်းတယ်” အဖိုးအိုက ကုလားထိုင်ကို ဆက်လက် လှုပ်ခါ နေရင်း ပြောလိုက်သည်။
“ဘယ်သူမဆို သူတော်စင်တွေပဲ။ သူတော်စင်အဆင့်အောက်ကသူတွေက ပုရွက်ဆိတ်တွေ သက်သက်ပဲ။ မင်းတို့ အခု ထွက်သွားလို့ ရပြီ။ အနာဂတ်မှာ တိုင်လုံးတွေကို မချဉ်းကပ်မိဖို့ မှတ်ထား … အနည်းဆုံးတော့ သွင့်ကျန်းရဲ့ တိုင်လုံးကို မချဉ်းကပ်ပါနဲ့”
“ဘာလို့လဲ” လုကျိုးဆက်လက် စူးစမ်း သည်။
အဖိုးအိုက ညာဘက်ရှိ ဂူသင်္ချိုင်းကျောက်တိုင်ကို လက်ညှိုးထိုးပြပြီး ပြောသည်။
“ဒုတိယအကြိမ် ချဉ်းကပ်လာရင် ငါ့ နဲ့ ထာဝရ ဒီမှာပဲနေရလိမ့်မယ်”
လုကျိုးက ခပ်ဖွဖွ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ကျုပ် ထွက်မသွား ဘူး။ ဒါကြောင့် ဒုတိယအကြိမ်ဆိုတာ မရှိဘူး။ ကျုပ် ခင်ဗျားကို အကြံဉာဏ်တစ်ခု ပေးမယ်”
ကျွီ ကျွီ ကျွီ...
လှုပ်ခါမှုက ရုတ်တရက် ရပ်တန့်သွားသည်။
“ကျုပ်ကို တားဖို့ မကြိုးစားတာ အကောင်းဆုံးပဲ” လုကျိုးက ပြောပြီး သူ့ဝတ်ရုံလက်ကို ခါလိုက်ကာ လှည့်ထွက်သွားသည်။
ထိုအချိန်တွင် အဖိုးအိုက နောက်ဆုံးတွင် သူ့မျက်လုံးများ ကို ဖွင့်လိုက်သည်။
“ငါ့ အကြံဉာဏ်ကို နားမထောင်တဲ့သူတွေကို ဖယ်ရှားပစ်ရုံကလွဲပြီး ရွေးချယ်ခွင့် မရှိဘူး”
ဟူး
အဖိုးအိုက လှုပ်ခါနေသော ကုလားထိုင်မှ ပျောက်ကွယ် သွားသည်။ ခဏလေးအတွင်း လုကျိုးဘေးသို့ ရောက်ရှိလာပြီး သူ့လက်ကို ထုတ်လိုက်သည်။
လုကျိုးက ဤအရာကို မျှော်လင့်ထားပြီးဖြစ်ရာ နောက်တစ်လှမ်းဆုတ်လိုက်ပြီး လေထဲတွင် ပျောက်ကွယ်သွားကာ တိုက်ခိုက်မှုကို ပြည့်ပြည့်ဝဝ ရှောင်ရှားလိုက်သည်။
အဖိုးအိုက မျက်မှောင်ကြုတ်သည်။ ထိုလူက နောက်ဆုံးတွင် လုကျိုး၏ မျက်နှာကို ကြည့်လိုက်ပြီး အံ့အားသင့်စွာ ရေရွတ်လာသည်။
“မင်းလား”
သို့သော် လုကျိုးက လက်ဝါးစည်းတံဆိပ် တစ်ခုကို အဖိုးအိုဆီ ပို့လိုက်ပြီ ဖြစ်သည်။
ဒုန်း
အဖိုးအိုက သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
ဒုန်း
လက်ဝါးစည်းတံဆိပ် နှစ်ခု တိုက်မိသောအခါ နောက်ပြန်ကန်အားသည် မြောက် နှင့် တောင်သို့ လှိုင်းထသွားပြီး ပေထောင်ပေါင်းများစွာ ကျယ်ပြန့်သွားသည်။ သူက သူ့လမ်းကြောင်း တွင် ရှိရှိသမျှကို ဖြတ်တောက် ချလိုက်သည်။
အဝေးတွင် စောင့်ဆိုင်းနေသော မိစ္ဆာဝေဟင်မျှော်နန်းမှ အခြားသူများသည် နောက်ပြန်ကန်အားမှ ဆူညံသံ ကို မြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် ထရပ် ကြသည်။ သူတို့၏ မျက်နှာအမူအရာများ ချက်ချင်း တင်းမာ သွားသည်။
“သတိ ထားကြပါ။ မျှော်နန်းသခင်က ရန်သူ နဲ့ တွေ့ပြီနေမယ်” ယန်ကျန်းလော့က ပြောသည်။
လူတိုင်း သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးကို ကြည့်ရင်း ခေါင်းညိတ် ကြသည်။
အဖိုးအိုက နောက်သို့ ပြန်လှန် ခဲ့ပြီး သူ့ခြေထောက်များ ပေါ်သို့ ဆင်းသက်ပြီးနောက် ဆက်လက် တိုက်ခိုက်ခြင်း မရှိပေ။
သို့သော် လုကျိုးက အဖိုးအိုဆီ လက်ငင်း ဖျတ်ကနဲ ရောက်ရှိ လာပြီး သူ့လက်ကို ထပ်မံ မြှောက်လိုက်သည်။
“ခဏ” အဖိုးအိုက ပြောသည်။
“မဟာတာအိုသူတော်စင် လန်ရှီဟယ်တောင် ငါ့ကို မြင်ရင် လေးစားတယ်။ မင်းက ငါ့ ရှေ့မှာ ဘယ်လိုလုပ် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရဲတာလဲ” လက်ဝါးတံဆိပ် တစ်ခုသည် လုကျိုး၏ လက်ပေါ်တွင် ထပ်မံ ပုံဖော်နေပြီ ဖြစ်သည်။
“လုထျန်းထုံ ရပ်တော့” အဖိုးအိုက ဒေါသတကြီး ပြောသည်။
“ဟင်” လုကျိုးက ခေတ္တမျှ ကြောင်အသွားသည်။ သူ သတိပြန်လည်လာသောအခါ ပြောသည်။
“ခင်ဗျား လူမှားနေတယ်”
ထို့နောက် လက်ဝါးစည်းတံဆိပ် တစ်ခု ပစ်ထုတ်လိုက်သည်။ သူက တောင်တစ်လုံးနှင့်တူပြီး ဘုရားစွမ်းအားကို ထည့်သွင်း ထားသည်။
လုကျိုးတွင် မွေးဖွားဇယားချပ် ၂၄ ခု ရှိနှင့်ပြီး ဖြစ်သည်။ စတုတ္ထမြောက် မွေးဖွားစမ်းသပ်ချက်ကို အောင်မြင်သည်နှင့် သူက စစ်မှန်သော သူတော်စင်တစ်ဦး ဖြစ်လာလိမ့်မည်။
အဖိုးအိုက သူ့ပြိုင်ဘက် ဤမျှ အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူက သူ့လက်များကို ပူးလိုက်ရာ အာကာပြင်သည် အေးခဲသွားသည်။ ထို့နောက် သူက အာကာပြင်တွင် အက်ကွဲကြောင်း တစ်ခုကို အတင်းအကျပ် ဆွဲဖြဲလိုက်သကဲ့သို့ လက်ဝါးစည်းတံဆိပ်သည် ရုတ်တရက် လေထဲတွင် ပျောက်ကွယ် သွားသည်။
ထိုအတောအတွင်း လုကျိုး၏ တပည့်လေးဦးသည် ရှုပ်ထွေးစွာ ကြည့်နေကြသည်။ ဘာဖြစ်သွားသည်ကို သူတို့ မသိကြပေ။
“မဟာသူတော်စင်လား” လုကျိုးက မေးသည်။
“မဟာသူတော်စင် မဟုတ်ရင် ငါ ဒီလောက် ယုံကြည်မှု ရှိပါ့မလား” အဖိုးအိုက ညည်းညူ လိုက်သည်။
“တော်ပြီ အခုထိ မင်း ရှင်သန်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ အရင်တုန်းက ငါ အနက်ရောင်ကြာနယ်မြေကို လွှမ်းမိုးချိန်တုန်းက မင်းတစ်ယောက်တည်းသာ ငါ့ကို ဖိနှိပ် နိုင်ခဲ့တာ။ မင်း မမေ့ဘူးလား”
“ခင်ဗျား ဘယ်သူလဲ” လုကျိုးက မေးသည်။
အဖိုးအို “ … ”
အဖိုးအိုက အသက်ပြင်းပြင်း ရှူပြီးနောက် လုကျိုးရှေ့သို့ လျှောက်လာသည်။ လုကျိုးကို ခဏကြာအောင် စစ်ဆေးပြီးနောက် သူက သက်ပြင်းချ လိုက်ပြီး
“ငါ မမှားပါဘူး။ မင်းက လုထျန်းထုံပဲ”
အဖိုးအိုက သူ့လက်ကို မြှောက်လိုက်ပြီး လုကျိုးကို ပွေ့ဖက်ရန် ပြင်လိုက်စဉ်…
လုကျိုးက ဆယ်မီတာခန့် နောက်ဆုတ် လိုက်ပြီး သူ့လက်ကို မြှောက်လိုက်သည်။
“မဟာသူတော်စင် တစ်ဦးက ဘာလို့ ဒီလောက် ယုတ်ညံ့ နေရတာလဲ။ ဒါကို ယူလိုက်”
ဟူး
ရွှေရောင် လက်ဝါးတံဆိပ် တစ်ခု ပျံထွက်သွားသည်။
ထိုအချိန်တွင် အဖိုးအို၏ စိတ်ထဲတွင် သဘောပေါက်မှု ပေါ်ပေါက်လာသည်။ သူက မျက်မှောင်ကြုတ် လိုက်သည်။
“ဘာလို့ ရွှေရောင် ဖြစ်နေရတာလဲ”