← Chapters

အခန်း (၁၀၀၆-၁၀၀၈)

Vol. 68 Ch. 1006-1008

အခန်း (၁၀၀၆-၁၀၀၈)

Vol. 68 Ch. 1006-1008

အခန်း (၁၀၀၆) ပြိုင်ပွဲကို ပြောင်းပြန်လှန်ခြင်း

ရှစ်ယို့ရန်က တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။

"ခင်ဗျားရဲ့ မွေးဖွားဇယားချပ် စွမ်းအားက ဘာလို့အဆုံးမဲ့ဖြစ်နေရတာလဲ”

လုကျိုးက ရှစ်ယို့ရန်ကို ပြန်ဖြေဖို့ စိတ်မရှည်ပေ။ ထိုစဥ် လုကျိုးနှင့် မနီးမဝေးတွင် ရပ်နေသည့် ကျင့်ကြံသူတစ်ဦးက သတ္တိစုစည်းကာ ပြောလိုက်၏။

"ချန်းပေ့ … ဖူယီကို သတ်လိုက်ပါ”

လုကျိုးက လှည့်ကာ

"ဖူယီလား”

"ဖူယီက သားရဲဒီရေလှိုင်းကို အမိန့်ပေးနေတဲ့ သားရဲဘုရင်ပါ။ ဟမ် ဘယ်ရောက်သွားပါလိမ့် စောစောလေးကတောင် ဒီမှာရှိနေသေးတယ်” ကျင့်ကြံသူက စိုးရိမ်စွာ ပြောလိုက်သည်။

"မင်း သေချာရဲ့လား”

"ကျွန်တော် သေချာပါတယ်” ကျင့်ကြံသူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကောင်းပြီ” လုကျိုး၏ အမူအရာက သားရဲဒီရေလှိုင်းကို ကြည့်နေရင်း တည်ငြိမ်နေလေ၏။

အဆုံးမဲ့ မွေးဖွားဇယားချပ် စွမ်းအားရှိ တိုက်ကွက်၏ အောက်တွင် ခက်ထန်သားရဲများက အမြီးကုတ်ကာ ထွက်ပြေးသွားကြသည်။

လုကျိုးက ပြောလိုက်၏။

"အားလုံးကို ဒီနေရာက အခုဘေးကင်းသွားပြီဆိုတာကို ပြောလိုက်"

"ဟုတ်ကဲ့" ထိုကျင့်ကြံသူက မျက်ရည်များပင် ဝဲလာလေသည်။

လုကျိုးက သူ့ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်နှင့်အတူ သားရဲဒီရေလှိုင်းဆီ ပြေးဝင်သွားလိုက်သည်။

တစ်ချိန်တည်းဆိုသလို ကောင်းကင်မှ နောက်ထပ် အလင်းတိုင်လုံးလှိုင်းများ ထွက်ပေါ်လာပြီး ကောင်းကင် အချက်ပြမီးလိုမျိုး လင်းလက်သွားသည်။

"အာ ငါတကယ်ကို ဂုဏ်ယူမိတယ်။ အဲဒီ ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူက ငါ့ကို စကားပြောသွားခဲ့တာပဲ” ကျင့်ကြံသူက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

"မွေးဖွားဇယားချပ် ဘယ်လောက်ရှိတယ်ဆိုတာကို သေသေချာချာ မမြင်လိုက်ရဘူး”

"အများကြီးရှိမှာတော့ သံသယဖြစ်ဖို့ မလိုဘူး”

ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူတစ်ယောက်တည်းဖြင့် တိုက်ပွဲစီးချောင်းကို ပြောင်းလဲလိုက်နိုင်သည်။

တောင်ဘက်ဂိတ်ပေါက်တွင် ကျင့်ကြံသူအားလုံးက စုဝေးကာ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူကို ဦးညွှတ်လိုက်ကြသည်။

လုကျိုးက မရပ်မနား ဆက်၍ လိုက်နေသည်။ သူ့၏ အာရုံနှင့် စွမ်းအားမြင့်မားမှုဖြင့် ခက်ထန်သားရဲများကို သတ်ကာ ကုသိုလ်ရမှတ် အမြောက်အမြား ရယူနိုင်ခဲ့သည်။ ခက်ထန်သားရဲ တစ်ဝက်ကျော်က ကုသိုလ်ရမှတ် မပေးနိုင်သော်လည်း သူ့ကို ဆုပေးနိုင်သည့် သားရဲများက လက်ခံနိုင်လောက်ဖွယ် ကုသိုလ်ရမှတ် ရှိသည်။

ထိုအရာအပြင် သူက အခြေခံ အသက်ဓာတ် နှလုံးသား ၆ခုကိုလည်း ရရှိလိုက်၏။ ထိုအသက်ဓာတ် နှလုံးသား ၆ခုက သူ့ကို ကုသိုလ်ရမှတ် ၃၆၀၀၀ ပေးလေသည်။ သူက လူ ၅သောင်း ကိုးကွယ်သည်ကို ခံရသည့်အခါ ကုသိုလ်ရမှတ် ရရှိလိုက်သည်။

ခက်ထန်သားရဲများက အတော်လေး ဉာဏ်ကောင်းကြဟန်ပေါ်သည်။ သူတို့က ဖမ်းဆီးခံရခြင်းကို ရှောင်ရှားဖို့ အဘက်ဘက်သို့ ထွက်ပြေးသွားကြသည်။

ကံဆိုးစွာဖြင့် လုကျိုးက ခက်ထန်သားရဲများကို ဝေးဝေးထွက်ပြေးဖို့ အခွင့်အရေး မပေးပေ။ သူက မဟာနည်းစနစ်များကို ဆက်တိုက်ထုတ်သုံးပြီး အရှေ့အနောက် ကူးသန်းကာ လိုက်လံဖမ်းဆီးခဲ့သည်။ သူက မွေးဖွားဇယားချပ် စွမ်းအားများကို အကြိမ်တချို့ အသုံးပြုပြီး အားကောင်းသည့် မွေးဖွားဇယားချပ် သားရဲများကို ရင်ဆိုင်လိုက်သည်။

ခဏအကြာတွင် လုကျိုးက အချိန်ကို စစ်ဆေးကြည့်ကာ သူ့တွင် ၅မိနစ် ကျန်ရှိတော့ကြောင်း တွေ့လိုက်ရသည်။ ထိုအချိန်တွင် ခက်ထန်သားရဲ အများစုက သူ့မွေးဖွားဇယားချပ် စွမ်းအားဖြင့် အသက်ခံလိုက်ရပြီးပြီ ဖြစ်သည်။

"ဖူယီ" လုကျိုးက အမြန်အဆန် ရှာဖွေလိုက်သည်။ သူက ၁မိနစ်ကြာ ရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။

"ခင်ဗျားက သားရဲဘုရင်ကို ရချင်တာလား။ ရှာတွေ့မှာ မဟုတ်ဘူး” ရှစ်ယို့ရန်က ရယ်မောလိုက်သည်။ ထိုစဥ် သူက လက်လျှော့လိုက်ပြီး သူ့သေခြင်းတရားကို လက်ခံထားပြီးပြီဖြစ်၏။

လုကျိုးက ရှစ်ယို့ရန်ကို ကြည့်ကာ ပြောလိုက်၏။

"အစတုန်းကတော့ မင်းရဲ့အသက်ကို ချမ်းသာပေးမလို့ဘဲ ဒါပေမဲ့ အခုတော့ အဲဒီလို လုပ်စရာမလိုလောက်တော့ဘူး”

"ခဏနေပါအုံး”

လုကျိုးက မစောင့်နိုင်တော့ပေ။ သူက အချိန်ပြတ်လက်နေပြီဖြစ်၏။ သူက ရှစ်ယို့ရန်ကို လေထဲမြှောက်ကာ ပျံသန်းလာလိုက်သည်။ ထို့နောက် သူက လက်ဝါးချက်ဖြင့် ရိုက်နှက်လိုက်သည်။

ဝှစ်

ပေသောင်းချီ ကျယ်ဝန်းသည့် ကြယ်တာရာ ဒိုင်ခွက်ကြီးက တောင်ပိုင်းတောင်မြို့အထက် ဖုံးလွှမ်းသွားလေ၏။ ထို့နောက် ချက်ချင်းဆိုသလို အားကောင်းသည့် အလင်းတိုင်လုံးများ ထွက်ပေါ်လာသည်။

ဘန်း ဘန်း ဘန်း

ထိုသို့ဖြင့် ရှစ်ယို့ရန်၏ ခန္ဓာကိုယ်က ထိုအလင်းတိုင်းလုံးများကို ထိုးဖောက်သွားကာ ကောင်းကင်မှ ပြုတ်ကျလာခဲ့သည်။ သူ ပြုတ်ကျလာသည့်အခါ ထိုကြယ်တာရာ ဒိုင်ခွက်မှ ထွက်ပေါ်နေသည့် အလင်းတန်းများကို ကြည့်လိုက်မိသည်။ သူက ဤပုံစံမျိုးနှင့် သေဆုံးရသည်မှာ ထိုက်တန်သည်ဟု ခံစားမိလိုက်သည်။ အနည်းဆုံးတော့ သူက ဘဝ၌ ကြီးကျယ်ခမ်းနားလှသော မြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။

မီတာသန်းချီက အလင်းတိုင်လုံးများဖြင့် ပြည့်နှက်နေလေ၏။ နောက်ဆုံးတွင် သူက လုကျိုးသည် ထိုအရာကို အဘယ့်ကြောင့် လုပ်ခဲ့မှန်း နားလည်သွားခဲ့သည်။ ဖူယီက ဤသို့သော အခြေအနေမျိုးတွင် မည်သို့ပုန်းအောင်းနေနိုင်မည်နည်း။

ထင်ထားသည့်အတိုင်း ဖူယီက မြေကြီးမှ ခုန်ထွက်လာကာ ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးတော့သည်။

လုကျိုးက ဖူယီနောက်လိုက်ကာ လက်ဖြင့် ဆွဲလိုက်သည်။

သူ့အတွက် ၂မိနစ်ခန့်မျှဖြင့် လုံလောက်သေးသည်။

"ကောင်စုတ် မင်းဘယ်ကို သွားမှာလဲ”

လုကျိုးက ဖူယီကို ဆယ်ကြိမ်မက ရိုက်နှက်လိုက်ပြီးသည့်နောက်တွင် မြေပြင်ပေါ် ကိုင်ပေါက်လိုက်သည်။ သူတို့ စွမ်းအားကြားရှိ ကွာဟချက်က အင်မတန် ကြီးမားလွန်းလှသည်။

"မင်းက ဖူယီမလား” လုကျိုးက ခက်ထန်သားရဲကို ကြည့်လိုက်သည်။

ခက်ထန်သားရဲက ထူးထူးဆန်းဆန်း အော်သံတစ်ခု ထုတ်လွှင့်လာပြီး ရုန်းကန်နေလေ၏။ သူ့မျက်ဝန်းမှ အကြောက်တရားနှင့် မလိုလားမှုတို့ကို မြင်တွေ့နိုင်သည်။ ထိုအရာက ခေါင်းယမ်းလျက် လုကျိုးကို ကြည့်နေ၏။

လုကျိုးက နားမလည်နိုင်ဖြစ်သွားကာ မေးလိုက်သည်။

"အသက်ဓာတ် နှလုံးသားလား။ မင်းက ယင်ကျောက်ကို သိတာလား”

သူက ယင်ကျောက်၏ အသက်ဓာတ် နှလုံးသားသည် ထိုခက်ထန်သားရဲ၏ အာရုံကို ဖမ်းစားသွားနိုင်ကြောင်း တွေးလိုက်မိသည်။ ထို့နောက် သူက ယင်ကျောက်၏ အသက်ဓာတ် နှလုံးသားကို ထုတ်ယူလိုက်၏။

ယင်ကျောက်၏ အသက်ဓာတ် နှလုံးသားကို မြင်တွေ့ပြီးသည့်နောက်တွင် ဖူယီက ထူးထူးဆန်းဆန်း အော်သံတစ်ခု ထပ်မံထုတ်လွှင့်လာခဲ့သည်။

"မင်းက ဘာလို့ ဆူညံနေတာလဲ။ သူက မသေသေးဘူး”

"..."

ဖူယီက လုကျိုး၏ စကားကို ကြားပြီးသည့်နောက်တွင် တည်ငြိမ်လာလေ၏။ ထို့နောက် အမြီးကို ကွေးကာ ငါးသေတစ်ကောင်လိုမျိုး စိတ်ဓာတ်ကျသွားဟန်ပေါ်သည်။

လုကျိူးက လှုပ်ရှားတော့မည့်ဆဲဆဲတွင် ဖူယီက ရုတ်တရက် ခုန်ကာ လျှပ်စီးလိုအလျင်ဖြင့် ပျံသန်းလိုက်သည်။

"အသုံးမဝင်ဘူး” လုကျိုးက ဖူယီရှေ့မှောက် လပ်တပြက် ပေါ်ထွက်လာခဲ့သည်။

ဝုန်း

ဖူယီက ချက်ချင်းဆိုသလို လဲကျသွား၏။ သူ့ဦးခေါင်းက သက်ရောက်မှုကြောင့် သွေးထွက်လာခဲ့သည်။

အကယ်၍ အဆင့်မြင့် အထွတ်အထိပ် သဏ္ဌာန်ကတ်ကြောင့်သာ မဟုတ်လျှင် လုကျိုးက ဖူယီကို သူ့မွေးဖွားဇယားချပ် ၄ခုတည်းဖြင့် ရှာနိုင်မည် မဟုတ်ပေ။ သူ့မြင့်မားသည့် အာရုံခံနှုန်းနှင့် ကန့်သတ်မဲ့ ကနဦးချီတို့ကြောင့် ဖူယီက လွှတ်မြောက်နိုင်ခဲ့လျှင်ပင် ထူးဆန်းနေလိမ့်မည်။

လုကျိုးက လက်ဝါးရိုက်ချက်နှင့်အတူ နောက်ထပ် လက်ဝါးချက် ဆယ်ချက်ကို ဆက်တိုက်ထုတ်လွှင့်လိုက်သည်။

"တင် ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁သောင်း ရရှိပါတယ်”

ကုသိုလ်ရမှတ် ၁သောင်းက လုကျိုးသည် ပစ်မှတ်တစ်ခုကို သတ်နိုင်သည့်အတွက် ရရှိနိုင်သည့် အမြင့်ဆုံး အရေအတွက်တစ်ခု ဖြစ်ပေသည်။ လုကျိုးက ခေါင်းအသာယမ်းလိုက်၏။ ဖူယီက ယင်ကျောက်နှင့် သိနေဟန်ပေါ်သည်။

"ငါနဲ့တွေ့သွားတာ ကံဆိုးတာပဲ”

လုကျိုးက အချိန်ကို ကြည့်ကာ ၁မိနစ်ခန့်သာ ကျန်တော့ကြောင်း တွေ့လိုက်ရသည်။ ၁မိနစ်ခန့်က သူ့အနေဖြင့် ဖရိုဖရဲ ကုန်းမြေဆီ ပြန်သွားဖို့ မလုံလောက်တော့ပေ။ သို့သော်လည်း သူက ထို၁မိနစ်ခန့်ကို အချိန်မဖြုန်းလိုပေ။ အဆုံးသတ်တွင် သူက မွေးဖွားဇယားချပ် ၁၂ခုကို လေ့လာဖို့ ဆုံးဖြတ်လိုက်သည်။ သူက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ထိန်းချုပ်ပြီး မွေးဖွားဇယားချပ်နှင့် သူတို့၏ စွမ်းဆောင်ရည်များကို လေ့လာကြည့်လိုက်သည်။

ဘန်း ဘန်း ဘန်း

အလင်းတိုင်လုံးများက မြေကြီးပေါ် ကျရောက်လာ၏။

တောင်ပိုင်းတောင်မြို့ရှိ ကျင့်ကြံသူများက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ကြည့်နေရင်း အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။

"ဒီဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူက အတော်လေးကို ရက်စက်တာပဲ။ သူက ခက်ထန်သားရဲတွေရဲ့ အလောင်းကိုတောင် ချမ်းသာမပေးဘူး”

"ဟုတ်တယ်။ သူက တချို့ဉာဏ်ကောင်းတဲ့ သားရဲတွေက သေချင်ယောင်ဆောင်နေမှာကို စိုးတာနေမယ်။ ဒီလိုမျိုး ပုဂ္ဂိုလ်မျိုးက ငါတို့ အနီရောင်ကြာနယ်မြေကို ကာကွယ်ပေးနေတယ်ဆိုတော့ တကယ်ကို ကောင်းချီးပေးခံရတာပဲ”

"ငါတို့တွေ တကယ်ကို ကံကောင်းတယ်”

ဤတစ်ကြိမ်တွင် ထိုဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က အနီရောင်ဖြစ်နေလား ရွှေရောင်ဖြစ်နေလား ဂရုမစိုက်ကြတော့ပေ။ ခက်ထန်သားရဲများနှင့် ရင်ဆိုင်ရသည့်အခါ အနက်ရောင်ဖြစ်စေ မီးခိုရောင်ဖြစ်စေ ကူညီပေးနေသရွေ့ သူတို့က တောင်ပိုင်းတောင်မြို့၏ ကျေးဇူးရှင်သာ ဖြစ်လိမ့်မည်။

လူများစွာက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ရှေ့နောက်ပြေးလွှားနေသည်ကို ကြည့်နေကြ၏။ စိတ်ဝိညာဥ်သဏ္ဌာန်က ကံမီးတောက်ဖြင့် တောက်ပနေပြီး ခက်ထန်သားရဲများ၏ အလောင်းများကို လောင်ကျွမ်းပစ်နေသည်။ သူတို့က ကြာကြာကြည့်လေလေ ပိုမိုအံ့အားသင့်မိလေလေဖြစ်သည်။ ထိုပညာရှင်က အင်မတန် စေ့စပ်လှသည်။

သိပ်မကြာခင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က အလျင်အမြန် ကျုံ့လာလေသည်။ ပေ ၁၀၅၀ မှ ပေ ၄၅၀အထိ ကျုံ့သွားလေ၏။ မျက်စိတစ်မှိတ်အတွင်း ထိုအရာက လေထုထဲ ပျောက်ကွယ်သွားခဲ့သည်။ သက်သောင့်သက်သာ မဖြစ်သည့် အခြေအနေကြောင့် စိတ်ဝိညာဥ်သဏ္ဌာန်ပိုင်ရှင်က ရုတ်ချည်း လဲကျလာခဲ့သည်။ သို့သော်လည်း သူက မြေပြင်ပေါ် မထိတွေ့ခင် သေသေသပ်သပ် ဆင်းသက်လိုက်သည်။

"ဒီလိုတိကျတဲ့ ထိန်းချုပ်မှုမျိုးကို ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ဆိုတဲ့အတိုင်းပဲ။ တကယ်လို့ ငါသာ အဲဒီလိုထိန်းချုပ်မှုမျိုး ရခဲ့မည်ဆိုရင် ငါနဲ့ သက်တမ်းနှစ် ၁၀၀ ကို လက်လျှော့ရဲတယ်”

တစ်ယောက်ယောက်က ပြောလိုက်သည်။

"မင်းအတွက် မဖြစ်နိုင်ဘူး။ အဲဒီပညာရှင်က စောစောလေးတုန်းက ပတ်ဝန်းကျင်က ကနဦးချီတွေ အားလုံးကို စုစည်းပြီးတော့ အချိန်ကိုက် ထုတ်လွှင့်ခဲ့တာ။ ထပ်ခါထပ်ခါ လေ့ကျင့်မှုမရှိဘဲနဲ့ ဒီလို တိကျတဲ့ ထိန်းချုပ်မှုမျိုးကို ရရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ကျင့်ကြံသူအားလုံးက သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။

ထိုစဥ် လုကျိုးက ဆင်းသက်လာပြီးသည့်နောက်တွင် သူက ကျတ်တီးတိုက်ပွဲ ကွင်းပြင်နှင့် မီးလောင်ထားရသည့် ခက်ထန်သားရဲ အလောင်းများကို ကြည့်ကာ ကျိန်ဆဲလိုက်သည်။

သူက အစောပိုင်းလေးက အချိန်သတိလက်လွတ် ဖြစ်သွားခဲ့မိသည်။

လုကျိုးက ဖူယီ၏ အသက်ဓာတ် နှလုံးသားကို သိမ်းဆည်းပြီးသည့်နောက်တွင် တိုက်ပွဲကွင်းပြင်တွင် ရှာတွေ့ရသည့် အသက်ဓာတ် နှလုံးသားများကို သိမ်းဆည်းလိုက်၏။

ထိုအရာကို မြင်ကာ မြို့တံတိုင်းပေါ်ရှိ ကျင့်ကြံသူတစ်ထောင်ကျော်က အပြေးအလွှား ရောက်လာကြသည်။ သူတို့က မီတာတစ်ရာ အကွာအဝေးတွင် ရှိသည့်အခါ အားလုံးက ဒူးထောက်လိုက်ကြ၏။

"အသက်ကယ်ပေးတဲ့အတွက် လောင်ချန်းပေ့ကို ကျေးဇူးတင်ပါတယ်”

လုကျိုးက သူတို့ကို တစ်ချက်ကြည့်ကာ လက်ဝှေ့လိုက်သည်။

"ထပြီးတော့ ပြောကြပါ”

"လောင်ချန်းပေ့ ဒီလိုညစ်ပတ်တဲ့ အလုပ်တွေကို ကျွန်တော်တို့ဆီ အပ်ထားလိုက်ပါ။ ကျွန်တော်တို့တွေ အသက်ဓာတ် နှလုံးသားကို ကူပြီးတော့ သိမ်းပေးပါ့မယ်။ ခဏလောက် စောင့်ပါအုံး”

ဤသို့ဖြင့် ကျင့်ကြံသူအယောက်ထောင်ချီက အဘက်ဘက်သို့ ပျံသန်းသွားကာ အသက်ဓာတ် နှလုံးသားများကို စတင်ရှာဖွေလိုက်ကြသည်။ မွေးဖွားဇယားချပ် သားရဲများစွာရှိသည့်အတွက် သူတို့က အလောင်းများကို တစ်ခုပြီးတစ်ခု ရှာဖွေရလေ၏။

အတိတ်တုန်းက တောင်ပိုင်းတိုင်းပြည်တွင် သားရဲဒီရေလှိုင်း ရှိခဲ့ဖူးသည်။ ထိုခင်အချိန်က အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ခက်ထန်သားရဲအားလုံးကို သုတ်သင်ပစ်ခဲ့သော်လည်း မွေးဖွားဇယားချပ် သားရဲများမှ အသက်ဓာတ် နှလုံးသားဆယ်ခုကိုသာ သိမ်းယူနိုင်ခဲ့သည်။

ကံကောင်းစွာဖြင့် မွေးဖွားဇယားချပ် သားရဲများကို ခွဲခြားဖို့ သိပ်မခက်ခဲပေ။ ၁၅မိနစ်အတွင်း ကျင့်ကြံသူတစ်ထောင်ကျော်က ရှာဖွေမှု အဆုံးသတ်သွားခဲ့သည်။

ထို့နောက် အဖွဲ့ခေါင်းဆောင်က မွေးဖွားဇယားချပ် နှလုံးသား ၅ခုကို ရိုရိုကျိုးကျိုး ပေးအပ်လာသည်။

သူစောစောလေးက ရရှိထားသည့် အသက်ဓာတ် နှလုံးသားအပြင် လုကျိုးက ဤသားရဲဒီရေလှိုင်းမှ အသက်ဓာတ် နှလုံးသား ၁၂ ခုကို ရရှိလိုက်၏။ အတိတ်တုန်းက တောင်ပိုင်းတိုင်းပြည်တွင် ရှိခဲ့သည့် သားရဲဒီရေလှိုင်းထက် ပိုမိုအားကောင်းကြောင်း သိသာလှသည်။

"ကောင်းပြီ” လုကျိုးက အသက်ဓာတ် နှလုံးသားများကို အိတ်တစ်လုံးအတွင်း သိမ်းဆည်းလိုက်သည်။

မျက်ဝန်းထောင်ချီက သူ့ကို အားကျစွာ ကြည့်နေကြလေ၏။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက နှစ်များစွာ သိမ်းပိုက်ထားသည့် အရင်းအမြစ်ထဲမှ ၁၂ခုက သူတို့မျက်စိရှေ့မှောက် ပေါ်ထွက်လာခဲ့သည်။ သူတို့က မည်သည့်အတွေးမျှ မရှိဘူးဟု ပြောလျှင် လိမ်ညာနေခြင်းသာဖြစ်ရမည်။ သို့သော်လည်း သူတို့က ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူဆီမှ မည်သို့တောင်းဆိုရဲမည်နည်း။ ထို့အပြင် ခက်ထန်သားရဲအားလုံးကို ထိုပညာရှင်က သတ်ခဲ့ခြင်းဖြစ်သည်။

"မင်းတို့က လိုချင်တာလား” လုကျိုးက ထိုကျင့်ကြံသူများကို ကြည့်ကာ မေးလိုက်သည်။

"မဟုတ်ပါဘူး” ကျင့်ကြံသူများက ခေါင်းခါကာ ပြောလိုက်ကြသည်။ သူတို့က လိုချင်သည်ဟု အဘယ်ကြောင့် ဖြေရဲမည်နည်း။

လုကျိုးက ပြန်ဖြေလိုက်သည်။

"မင်းတို့ မလိုချင်ရင်လည်း ထားလိုက်ပါ” လုကျိုးက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။

ကျင့်ကြံသူများက လက်ဝှေ့ကာ မတောင်းဆိုရဲကြပေ။

လုကျိုးက မထူးမခြားနား ပြောလိုက်၏။

"မင်းတို့ မလိုချင်ဘူးဆိုလည်း ထားလိုက်တော့။ ပြီးတော့ ငါလည်း အသက်ဓာတ် နှလုံးသား လိုနေတာ။ မင်းတို့တွေအားလုံး ကိုယ့်ဘာသာကိုယ် ဂရုစိုက်ကြ”

အားလုံး "..."

…

အခန်း (၁၀၀၇) မင်း အသက်ရှင်ရတာ ငြီးငွေ့နေတာပဲဖြစ်ရမယ်။

လုကျိုးက လေထဲပျံသန်းလျက် အဝေးသို့ ပျံသန်းသွားတော့သည်။

တောင်ပိုင်းတောင်တန်းမြို့ရှိ ကျင့်ကြံသူထောင်ချီက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဆွံ့အသွားတော့သည်။ သူတို့က အသိစိတ်ပြန်ကပ်လာချိန်၌ လုကျိုးသည် အသိစိတ် ပျောက်ကွယ်သွားပြီးဖြစ်၏။

“ငါတို့တွေ အသက်ဓာတ်နှလုံးသားရမဲ့အရေး လွဲချော်သွားတာလား”

“ငါ ငါ အဲ့လိုထင်တာပဲ”

လုကျိုးသည် သားရဲဒီရေကို ဖြေရှင်းပြီးနောက် သူ တခြားအတွေးမတွေးနိုင်တော့ပေ။ ဆိုရလျှင် လူသားမျိုးနွယ် မွေးဖွားလာချိန်မှစပြီး ကပ်ဘေးများ အမြဲတစေရှိသည်။ သူတို့က သဘာဝဖြစ်စေ၊ မြေငလျင်၊ ဆူနာမီ သို့မဟုတ် စစ်ပွဲများကဲ့သို့ လူလုပ်ကပ်ဘေးများဖြစ်စေ သမိုင်းကြောင်းထဲ၌ သွေးများဖြင့် အမြဲတစေ ပြည့်နေတာပဲဖြစ်သည်။

အမြဲတစေ မှုန်မှိုင်းနေသည့် တောင်ပိုင်းတိုင်းပြည်တွင်ဖြစ်သည်။

ယွီရှန်းရုန်က သက်တော်ရှည်ဓားကိုကိုင်ထားလျက် နဉ်ဝမ်ချင်းကို ကြည့်ကာပြောလိုက်သည်။

“မင်း မလှုပ်ရင် ပိုကောင်းမယ်”

နဉ်ဝမ်ချင်းကလည်း လှုပ်ရှားဖို့ ရည်ရွယ်ချက် မရှိပေ။ ဝူဘုရင်နှင့် လော့ဟွမ်းတို့၏ သွေးသံတရဲရဲ တိုက်ပွဲကာလအတွင်း သူသည် ပွတ်ကာသီကာ အနိုင်ရသွားတာပဲ ဖြစ်၏။ သူသည် လော့ဟွမ်းကို သတ်နိုင်ခဲ့သော်ငြား ဒဏ်ရာရသွားသော ဝူဘုရင်က ထွက်ပြေးသွားခဲ့သည်။ ပြောရန်မလို သူလည်း ဒဏ်ရာရထားလေ၏။ ထိုစဉ်က သူသည် ယင်ကျောက်၏ အသက်ဓာတ်နှလုံးသားကို အောင်မြင်စွာ ရယူနိုင်ခဲ့ပြီဟု ထင်ခဲ့၏။ ၎င်းက အတုဖြစ်မည်မှန်း ဘယ်သူက သိမည်နည်း။ ထိုတွင်မက သူ့ရှေ့ရှိလူကတောင် အတုအယောင်ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်ဖြစ်နေသည်။

နဉ်ဝမ်ချင်းသည် သူ့ရင်ဘတ်ပေါ်ရှိ လက်ဝါးရာကို ငုံ့ကြည့်လိုက်၏။ သူသည် လုကျိုးကို ရှာရန် တောင်တန်းဒေသသို့ သွားစဉ်က ဤလက်ဝါးချက်ကို ရလာခြင်းဖြစ်သည်။ ယွီရှန်းရုန်ကြောင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် ကျန်ခဲ့သည့် ဓားရာများကို ကြည့်မိချိန်၌ ခေါင်းခါမိသွားသည်။ သူက မချိပြုံးဖြင့် မေးလိုက်လေ၏။

“မင်းက တကယ်ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်ပဲလား”

ယွီရှန်းရုန်က ခပ်ရေးရေးပြုံးလျက် နဉ်ဝမ်ချင်း၏ မေးခွန်းကို မတုန့်ပြန်ခဲ့ပေ။

တစ်ဖက်တွင်မူ တွင်းနား၌ ရပ်နေသော ရှောင်ယွင်ဟယ်က အဖြူရောင်အဖွဲ့အစည်း၏ ပထမအကြီးအကဲ ရွှီချန်းကို ကြည့်နေသည်။

ရွှီချန်းသည် သတိပြန်လည်လာပြီးဖြစ်၏။ ယခုအချိန်၌ ဝေဟင်ကို သူ မှင်သက်စွာ ကြည့်နေမိသည်။ အစောတုန်းက သူ မတုန့်ပြန်နိုင်ခဲ့ပေ။ အဆုံးကျသူသည် မွေးဖွားဇယားချပ် ငါးခုဖြင့်သာ ထွက်ခွာလာရ၏။ ၎င်းက သေခြင်းတရားထက်တောင်ပိုဆိုးသည်။ ထိုစဉ် ရှောင်ယွင်ဟယ်က မေးလိုက်သည်။ “ရွှီချန်း မင်း နောင်တရနေလား”

ရွှီချန်းက အသက်ပြင်းပြင်းရှူပြီးနောက် နောက်ဆုံးတွင် ပြောလိုက်တော့သည်။

“ရှောင် ရှောင်ယွင်ဟယ် မင်း မင်းက တကယ်ရွံ့ရှာစက်ဆုပ်ဖို့ ကောင်းတယ်”

“မင်းရဲ့အမြင်မှာ ရိုးသားတဲ့လူတွေက ကောက်ကျစ်တဲ့လူဆိုးတွေ ဖြစ်နေတာပဲ။ ကြင်နာတတ်တာက ကောက်ကျစ်တဲ့အကြံအစည်လို့ ထင်ရတယ်။ မင်းရဲ့မျက်လုံးထဲမှာ မျက်ချေးပဲရှိနေရင် တစ်လောကလုံးကို မျက်ချေးပဲမြင်နေမှာပေါ့” ရှောင်ယွင်ဟယ်သည် ပြောပြီးနောက် ခေါင်းခါကာ သက်ပြင်းချလိုက်သည်။

“မင်းက ဒီလိုကြောင်သူတော်ပဲလေ။ မင်း ဒီလောက်ကောင်းနေရင် ဘာကြောင့် ဒီလို အဆုံးသတ်သွားမှာလဲ” ရွှီချန်းက နှာခေါင်းရှုံ့လိုက်လေ၏။

“ငါ တော်လွန်းလို့ ဒီလိုအဆုံးသတ်သွားတာပေါ့။ ငါ သူများကို ယုံကြည်လွန်းလို့ ဒီလိုအဆုံးသတ်သွားတာပဲရှိတယ်။ တစ်ခါတစ်လေကျ မင်းရဲ့ကြင်နာမှုက မင်းကို ထိခိုက်စေနိုင်တယ်” ရှောင်ယွင်ဟယ်က သက်ပြင်းချပြီးပြောလိုက်၏။

ရွှီချန်းက တံတွေးထွေးပြီးနောက် ပြောလိုက်သည်။

“ရှောင်ယွင်ဟယ် မင်းက သိပ်ကြင်နာလွန်းတဲ့ပုံနဲ့ စကားမပြောစမ်းနဲ့။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အဖွဲ့သားဘယ်လောက်များမျာ မင်း လက်ထဲမှာ သေခဲ့လဲ”

“အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက အစတည်းက ရန်သူတွေပဲလေ။ သေခြင်းတရားနဲ့ဒဏ်ရာရမှာက မလွဲမသွေပဲ။ စဉ်းစားကြည့်ကြည့်လေ ငါ မျှော်စင်သခင်ဖြစ်တုန်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်းကိုဘယ်လိုဆက်ဆံလဲ။ ရှားချန်းရုန်က မျှော်စင်သခင်ဖြစ်ပြီးနောက် အဖြူရောင်မျှော်စင်အဖွဲ့အစည်းကိုဘယ်လိုဆက်ဆံလဲ” ရှောင်ယွင်ဟယ်က စကားပြောနေစဉ် သူ၏အသံက ပိုကျယ်လာ၏။

“မင်း အဖြေကို သိပြီးသားပဲ။ ဒါနဲ့များ မင်းကိုယ်မင်း ဘာကြောင့်လိမ်ညာနေရတာလဲ”

ရွှီချန်းက တိတ်ဆိတ်သွားလေ၏။ အတိတ်တုန်းက ရှောင်ယွင်ဟယ်သေပြီဟု ယူဆရချိန်တွင် အဖြူရောင်မျှော်စင်အဖွဲ့အစည်းသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို ကူညီရန် လက်ကမ်းခဲ့၏။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းနှင့် အနက်ရောင်မျှော်စင်အဖွဲ့အစည်းတို့ ငြိမ်းငြိမ်းချမ်းချမ်းယှဉ်တွဲနေနိုင်ရန် လူတိုင်းက မျှော်လင့်ခဲ့သည်။ သို့သော် ရှားချန်းရုန်က မျှော်စင်သခင်ဖြစ်လာပြီးနောက် အခြေအနေပိုဆိုးရွားလာတာ နှမြောစရာကောင်းလှပေ၏။ ရှားချန်းရုန်သည် အနီရောင်ကြာနယ်မြေတစ်ခုလုံးကို ထိန်းချုပ်ခဲ့ရံသာမက အဖွဲ့အစည်းနှစ်ခုကြား သဘောတူညီချက်ကို လျစ်လျူရှုထားပြီး အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ နောက်ကွယ်၌ ကိစ္စရပ်များစွာ ပြုလုပ်ခဲ့သည်။

“အလိုလေးလေး ... ငါတို့တွေက ဘက်မတူဘူး။ ငါတို့တွေက ရန်သူတွေပဲ” ရွှီချန်းက လက်ခုပ်တီးလိုက်၏။ ပြီးနောက် သူသည် မီတာဒါဇင်ရှည်သော တွင်းနက်ထဲမှ ထွက်လာတော့သည်။

ဘန်း ဘန်း ဘန်း

ရှောင်ယွင်ဟယ်သည် ခုခံပြီးတိုက်ခိုက်ရန် လက်မြှောက်လိုက်၏။ စွမ်းအင်စည်းတံဆိပ်များ လေထဲပြန့်လွင့်နေသည်။ မြေပြင်က အနည်းငယ်လှုပ်ခါနေသည်။

မီတာဒါဇင်ချီလှိုင်းထပြီးနောက် ရှောင်ယွင်ဟယ်က နောက်ဆုတ်ပြီး ခြေဆောင့်လိုက်ရာ မြေပြင်ကို အက်ကွဲစေ၏။ ထို့နောက် သူ၏လက်ကို မြှောက်လိုက်ကာ လက်ထဲ၌ အနက်ရောင်ကြယ်တာရာဒိုင်ခွက်က ပေါ်လာလေ၏။

ဖုန်း

ရွှီချန်းသည် နောက်သို့ ခြေလှမ်းအနည်းငယ်ယိုင်သွားပြီးနောက် မြဲမြံစွာ ရပ်လိုက်နိုင်၏။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ပြီး ဘယ်ညာကို ကြည့်လိုက်သည်။ လက်ရှိတွင် ဤနေရာ၌ အသန်မာဆုံးသူက ရှောင်ယွင်ဟယ်ပဲဖြစ်သည်။ သို့သော် သူ၏လက်ရှိခွန်အား၊ ဒဏ်ရာတို့ဖြင့် သူက ရှောင်ယွင်ဟယ်ကို မယှဉ်နိုင်။ သူ ထွက်ပြေးရန် စဉ်းစားရမည်။

ခဏတဖြုတ်စဉ်းစားပြီးနောက် ရွှီချန်းက ရှေ့တိုးကာ သူ့လက်ထဲ စက်ဝိုင်းတစ်ခုရေးဆွဲလိုက်သည်။ ပြီးနောက် စွမ်းအင်ဓားများသည် အဖြူရောင်စက်ဝိုင်းအတွင်းပေါ်လာပြီးနောက် ပေါက်ကွဲရေး စွမ်းအားများဖြင့် ပစ်ခတ်လိုက်သည်။

ရှောင်ယွင်ဟယ်သည် သူ၏ကြယ်တာရာဒိုင်ခွက်ကို တွန်းတိုက်လိုက်ပြီးနောက် စွမ်းအင်ဓားများကို ပိတ်ဆို့လိုက်လေ၏။

ယင်းကို မြင်သောအခါ ရွှီချန်းက နောက်ဆုတ်ပျံသန်းသွားလျက် အော်ပြောလိုက်သည်။

“နဉ်ဝမ်ချင်း အဲ့ဒီမှာ ဘာလုပ်နေလဲ”

ရွှီချန်းသည် ယခုအချိန်၌ အခြေအနေကို ပြန်လှည့်နိုင်ရန် တစ်ခုတည်းသော မျှော်လင့်ချက်က နဉ်ဝမ်ချင်းမှန်း သိနေလေ၏။ နဉ်ဝမ်ချင်း၌ ဝှက်ဖဲတစ်ခုရှိနေသေးကြောင်း သူ သိသည်။

နဉ်ဝမ်ချင်းကမူ အတွေးနစ်နေပြီး သူ ပြောတာကို မကြားပေ။ ရှောင်ယွင်ဟယ်က အော်ပြောလိုက်သည်။

“မင်းကို ဒီနေ့ထွက်ပြေးခွင့်ပေးလိုက်ရင် အစ်ကိုလုကို စိတ်ပျက်စေမှာ မဟုတ်ဘူးလား”

ရှောင်ယွင်ဟယ်က သူ၏ကြယ်တာရာဒိုင်ခွက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ လက်ကို မြှောက်လိုက်ချိန်တွင် သူ၏လက်ပေါ်၌ အဋ္ဌဂံလက်နက်က ပေါ်လာလေ၏။ သူ၏ခန္ဓာကိုယ်က လှစ်ခနဲဖြတ်ကျော်သွားလျက် လက်ကို ဆန့်ထုတ်လိုက်သည်။

အဋ္ဌဂံလက်နက်သည် လေပွေပမာ လျင်မြန်စွာ လည်ပတ်နေပြီး ရှေ့သို့ထွက်ပြူလာ၏။

မည်သို့ပင်ဆိုစေ ရှောင်ယွင်ဟယ်သည် တစ်ခါတုန်းက မွေးဖွားဇယားချပ်ဆယ့်နှစ်ခု သိုင်းပညာရှင်ဖြစ်ခဲ့ဖူးသည်။ သူ၏တိုက်ခိုက်ရေးအတွေ့အကြုံက ရွှီချန်းထက် မလျော့ပေ။

ရွှီချန်းက ယခုအချိန်၌ ကျောစိမ့်သွားတော့သည်။ သူက နောက်ပြန်လှည့်လျက် တိုက်ကွက်ကို ခုခံရန် သူ၏ကြယ်တာရာဒိုင်ခွက်ကို ထုတ်လိုက်သည်။

ရှောင်ယွင်ဟယ်က မေးလိုက်၏။

“မင်းက ငါ့လက်နက်ကို ပိတ်ဆို့နိုင်မယ်လို့ ထင်နေလား”

လေများတိုက်ခတ်လာပြီးနောက် အဋ္ဌဂံလက်နက်ကို ပစ်ထုတ်လိုက်သည်။ မျက်စိတမှိတ်အတွင်း ၎င်းက ရွှီချန်းရှေ့သို့ ရောက်လာလေ၏။

ဘန်း

ရွှီချန်း၏ကြယ်တာရာဒိုင်ခွက်သည် ချက်ချင်းလွင့်ထွက်သွားတော့သည်။ သက်ရောက်အားက ၎င်းကို တွန်းထုတ်လိုက်ပြီး လေထဲလွင့်ထွက်သွားစေ၏။

ရွှီချန်း လွင့်ထွက်သွားသည့်ဖက်က ယွီရှန်းရုန်ရပ်နေသည့်ဖက်ဖြစ်နေတော့သည်။ သူက ငြီးတွားလျက် သွေးတစ်ပွက်အန်ပြီးနောက် နာကျင်မှုကို တောင့်ခံကာ ယွီရှန်းရုန်ဆီ ခုန်ဝင်လိုက်၏။

“မင်းကို သာဓကပြပေးမယ်”

ဘီး

ရွှီချန်း၏ စိတ်ဝိညာဉ်သဏ္ဌာန်က လေထဲပေါ်လာ၏။ သူ၏အဖြူရောင်ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ထာန်ပေါ်ရှိ မွေးဖွားဇယားချပ် ငါးခုသည် မျက်စိကျိန်းလောက်အောင် တောက်ပနေတော့သည်။

“မကောင်းတော့ဘူး” ရှောင်ယွင်ဟယ်၏ အမူအရာသည် အနည်းငယ်ပြောင်းလဲသွားလေ၏။ သူသည် မြန်ဆန်သောအရှိန်ဖြင့် လှုပ်ရှားလိုက်သော်ငြား နောက်ကျသွားသည်။

ယွီရှန်းရုန်သည် သူ့ရှေ့သို့ ရွှီချန်းရောက်လာချိန်၌ မော့ကြည့်လိုက်၏။ လေပြင်းများက သူ၏ဆံပင်များကို ထုံးထားစေပြီး သူ၏ချောမောခံ့ညားသော မျက်နှာသွင်ပြင်ကို ထုတ်ဖော်စေတော့သည်။ ယခုအချိန်၌ သူ၏မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ကို မြင်တွေ့ရသည်။

ရွှီချန်းက ယွီရှန်းရုန်၏ တည်ငြိမ်မှုကို မြင်သောအခါ စိတ်ထဲအနည်းငယ်တုန်လှုပ်သွားသည်။ သူ စိတ်တည်ငြိမ်အောင် ဖိအားပေးပြီးနောက် နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။

“သေပေတော့”

ဘန်း

ယွီရှန်းရုန်သည် သူ့ရှေ့ရှိ သက်တော်ရှည်ဓားကို ကိုင်ထားပြီး ရွှီချန်း၏လက်ဝါးရိုက်ချက်ကို ပိတ်ဆို့လိုက်သည်။

ရွှီချန်း၏အမူအရာက မည်းမှောင်နေတော့သည်။

“ဒီတစ်ခေါက် မင်း အဲဒါကို ပိတ်ဆို့နိုင်တော့ကော ဘာအရေးလဲ။ မင်း သေဦးမှာပဲ”

သူ၏လက်ဝါးစည်းတံဆိပ်ကို သုံးပြီးနောက် ယွီရှန်းရုန်၏ ဓားဖျားထိပ်ကို ဆုပ်ကိုင်လျက် ယွီရှန်းရုန်ဆီသို့ တိုးဝင်သွားသည်။

အဋ္ဌဂံလက်နက်ကို ပြန်ယူပြီးပြီဖြစ်သော ရှောင်ယွင်ဟယ်သည် ရွှီချန်းနှင့် ယွီရှန်းရုန်ကို ခွဲရန်ကြိုးစားလိုက်သည်။

ယွီရှန်းရုန်က သူ၏ဓားကိုလွှဲယမ်းရန် ကြိုးစားသော်ငြား မလှုပ်နိုင်မှန်း ရှာတွေ့သွား၏။

ရွှီချန်းက လှောင်ပြောင်လိုက်သည်။

“မင်း ငါ့ကို သတ်နိုင်မယ်လို့ ထင်နေလား။ မင်း ငါ့ကို မသတ်နိုင်ခင် ငါ သူ့ကို အရင်သတ်လိုက်မယ်”

သူ၏ရည်ရွယ်ချက်က ယွီရှန်းရုန်ကို ဓားစားခံအဖြစ် ထိန်းထားနိုင်ရန်ဖြစ်သည်။ သို့မှသာ လွတ်မြောက်နိုင်မှာဖြစ်၏။

ထိုစဉ် ယွီရှန်းရုန်က ခေါင်းခါပြီးပြောလိုက်လေ၏။

“မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီပဲ”

“ဟမ်” ထိုစဉ် ရွှီချန်းသည် သူ့နောက်ကျော၌ တစ်စုံတစ်ခုရှိတာကို ခံစားမိသွားသည်။ သူ လှည့်ကြည့်လိုက်ချိန် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် လက်နှစ်ဖက်ဖြင့် ရွှေရောင်ဓားကို ကိုင်ထားတာကို တွေ့လိုက်ရသည်။

ဘန်း

ပထမဆုံးရိုက်ချက်သည် ရွှီချန်း၏ချီနှင့်သွေးတို့ကို ဆန်တက်လာစေပြီး သူ့တစ်ကိုယ်လုံးကို တုန်ယင်သွားစေ၏။

ဘန်း

ဒုတိယရိုက်ချက်သည် သူ၏စိတ်ကို ဗလာကျင်းသွားစေကာ သူ၏အတွင်းကလီစာများကို တုန်လှုပ်သွားစေသည်။

ဘန်း

တတိယရိုက်ချက်သည် ရွှီချန်းကို ကြောက်လန့်သွားစေသဖြင့် သူ အော်ပြောလိုက်သည်။

“မကောင်းဆိုးဝါး”

ထိုစဉ် အဋ္ဌဂံလက်နက်သည် ရွှီချန်း၏ရင်ဘတ်ပေါ်ကျလာ၏။ ယွီရှန်းရုန်သည် သက်တော်ရှည်ဓားကို ကိုင်ဆောင်ပြီးတိုက်ခိုက်လိုက်သည်။

ခဏအတွင်း ဓားတစ်သိန်းသည် ပေါ်ပေါက်လာပြီးနောက် သူ့နား၌ ရွှေရောင်ပွင့်ချပ်ဆယ်ခုက လည်ပတ်နေတော့သည်။

“ဒီအရှိန် ... သူက ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူအတုလား” ရွှီချန်းသည် နောက်ဆုံးတော့ တောင်တန်းဒေသ ပြန်ရောက်လာပြီးချိန်တွင် သူနှင့် ရှစ်ယို့ရန်ကို နဉ်ဝမ်ချင်း ပြောခဲ့သည့်စကားများကို နားလည်သွားလေ၏။ သူ သဘောပေါက်တာ နောက်ကျသွားလေပြီဖြစ်သည်။

စွမ်းအင်ဓားများ ပစ်ထုတ်လိုက်သည်နှင့် ယွီရှန်းရုန်က လျင်မြန်စွာ လှုပ်ရှားကာ တိုက်ခိုက်လေ၏။

ရွှီချန်းသည် အဋ္ဌဂံလက်နက်က သူ့ကို ထိမှန်သွားပြီးနောက် သူ၏ခန္ဓာကိုယ်ပြုတ်ကျသွားတာကို ခံစားမိသည်။ သူက ယခုအချိန်၌ အသတ်ခံရမှာကို စောင့်နေဖို့ကလွဲ ဘာမှမလုပ်နိုင်တော့ဟု ခံစားမိသည်။

လွှမ်းမိုးအဆင့် သက်တော်ရှည်ဓားမှ ကြောက်မက်ဖွယ်စွမ်းအင်ဓားတို့သည် ရွှီချန်း၏ခန္ဓာကိုယ်ပေါ် တစ်ချက်ပြီးတစ်ချက်ကျရောက်လာ၏။ ၎င်းသည် ရွှီချန်း၏ကာကွယ်ရေးစွမ်းအင်ကို တို့ဖူးပမာ အလွယ်တကူဖြတ်တောက်သွားတော့သည်။

ယွီရှန်းရုန်၏ပုံရိပ်သည် အပေါ်အောက်၊ ဘေးဘယ်ညာလှစ်ခနဲပေါ်ပေါက်လာပြီး သူ ပေါ်လာချိန်တိုင်း၌ တတ်စွမ်းသမျှဓားကိုလွဲယမ်းလိုက်သည်။ သူ၏နောက်ဆုံးတိုက်ခိုက်မှုက ရွှီချန်း၏ ရင်ဘတ်ကို ထိုးဖောက်သွားလေ၏။

ရွှီချန်းက နာကျင်စွာ အော်လျက် ဒေါသတကြီးတိုက်ခိုက်ကာ ယွီရှန်းရုန်ကို နောက်ဆုတ်အောင် ဖိအားပေးနေသည်။

ယွီရှန်းရုန်သည် ယင်းကို တွေးထင်ထားပြီးဖြစ်ပုံပေါ်သည်။ သူသည် သူ၏သက်တော်ရှည်ဓားဖြင့် ဆက်လက်တိုက်ခိုက်သည်။ တစ်ချိန်တည်းတွင် ရွှီချန်း၏နောက်၌ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ပေါ်လာပြီး သူ နောက်မဆုတ်နိုင်အောင် ကာကွယ်ထားလေ၏။

ယင်းကို မြင်သောအခါ ရှောင်ယွင်ဟယ်က ရေရွတ်ပြောလိုက်မိသည်။

“ဒါ ဘာနည်းလဲ။ ဒီဟာမျိုးအရင်က တစ်ခါမှ မတွေ့ဖူးဘူး”

ထိုစဉ် သက်တော်ရှည်ဓားသည် နောက်ဆုံး၌ ရွှီချန်း၏ရင်ဘတ်ကို ထိုးဖောက်သွားပုံပေါ်ကာ ယွီရှန်းရုန်က ဓားကို အမြန်ဆွဲထုတ်လိုက်၏။

ဤနည်းဖြင့် ရွှီချန်းသည် နောက်ထပ်မွေးဖွားဇယားချပ်တစ်ခုပျက်စီးသွားတော့သည်။ သူသည် နာကျင်စွာအော်လျက် သူ၏လက်ဝါးရိုက်ချက်ကို ပြန်လှည့်ကာ ယွီရှန်းရုန်၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖျက်ဆီးရန် ရည်ရွယ်လိုက်သည်။ ကံဆိုးသည်မှာ သူ၏တိုက်ခိုက်မှုက လွဲချော်သွားပြီး စိတ်ဝိညာဉ်သဏ္ဌာန်က လေထုထဲပျောက်ကွယ်သွား၏။

ပြီးနောက် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်က လေထဲပေါ်လာကာ ၎င်း၏လက်ထဲ ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလေ၏။

ဘန်း

ရွှီချန်းသည် နောက်ထပ်မွေးဖွားဇယားချပ်ကို ဆုံးရှုံးသွားပြီး သူ၏အရှိန်၊ ခွန်အား၊ သက်လုံတို့သည်လည်း လျော့ကျသွား၏။ သူ ထိတ်လန့်သွားတော့သည်။ သူသည် သာမန်ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်ကို ရှုံးနိမ့်သွားသည်။ မည်သို့ဖြစ်နိုင်မည်နည်း။ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန် မဟုတ်သည့် ဒုက္ခရှုကွင်းမိုင်တစ်ရာဆိုတာ သိသာ၏။ ယင်းက မည်သို့ဖြစ်နိုင်မည်နည်း။

…

အခန်း(၁၀၀၈) အောင်ပွဲနှင့် ပြန်လာခြင်း

ထိုစဥ် ရှန်ရှီ၏ မျက်လုံးအိမ်မှာ ထွက်ကျလုမတတ် ပြူးကျယ်နေသည်။ သူက ဖန်ကျုံး ပြောခဲ့ဖူးသည့် စကားကို ပြန်လည်အမှတ်ရသွား၏။

မိစ္ဆာဝေဟင်မျှော်နန်းက သူတွေကို ပုံမှန်သဘောတရားနဲ့ အကဲဖြတ်လို့မရဘူး...

သူက ယွီရှန်းရုန်ကို ကြည့်လိုက်ပြီး ထိုစကားများက အမှန်ဖြစ်ကြောင်း ခံစားလိုက်မိသည်။ သာမန် အခြေအနေအောက်တွင် ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူ အနေဖြင့် မွေးဖွားဇယားချပ် ၅ခု ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူကို အနိုင်ယူဖို့ မဖြစ်နိုင်ပေ။ ရွှီချန်းက ဒဏ်ရာရရှိထားလျှင်ပင် လုံးလုံး မဖြစ်နိုင်ပေ။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူက ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူ၏ ကာကွယ်ရေး စွမ်းအားကိုပင် ချိုးဖောက်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ယွီရှန်းရုန်က လုပ်ဆောင်နိုင်ခဲ့သည်။

ရွှီချန်းက ယွီရှန်းရုန်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွား၏။ ထို့အပြင် သူက မွေးဖွားဇယားချပ် ၇ခု ရှိထားသည့် ရှောင်ယွင်ဟယ်ကြောင့်လည်း ဒဏ်ရာရရှိထားခဲ့သည်။

ဝုန်း

ရွှီချန်းက မြေပြင်ပေါ် ပြုတ်ကျလာလေ၏။ တစ်ချိန်တည်းဆိုသလို ယွီရှန်းရုန်က လက်၀ါးကို ပူးကပ်လိုက်သည်။

ရွှေရောင်ပွင့်ချပ်ဆယ်လွှာနှင့်အတူ ကောင်းကင်၌ စွမ်းအင်ဓားများ ပြည့်နှက်သွားလေသည်။ ထို့နောက် သူတို့အားလုံးက မိုးသဖွယ် ကျရောက်လာလေ၏။

ဘန်း ဘန်း ဘန်း

အားလုံးက ရွှီချန်း၏ ရင်ဘက်ကို ထိုးစိုက်သွားကြသည်။ သူ့ဘုံတစ်ထောင်လေပွေ စိတ်၀ိညာဥ်သဏ္ဌာန်က ၃ကြိမ် ပေါ်ထွက်လာပြီးသည့်နောက်တွင် ပြန်လည်ကျုံ့၀င်သွားပြီး ခန္ဒာကိုယ်အတွင်း ၀င်ရောက်သွားသည်။ ထိုအရာက သူ့ဆီမှာ လှုပ်ရှားမှု မရှိတော့သည်အထိ ဆက်လက်ဖြစ်ပျက်နေ၏။

ယွီရှန်းရုန်က အသက်ရှည်ဓားကို ပြန်လည်သိမ်းဆည်းလိုက်သည်။ သူက ရွှီချန်း၏ အလောင်းကို ကြည့်ပြီးသည့်နောက်တွင် ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်၏။ သူက ခြေဖျားကို အသာထောက်ကာ လေထဲကို ဘာမှမဖြစ်သကဲ့သို့ ပျံသန်းလိုက်သည်။

ရှောင်ယွင်ဟယ်နှင့် နဥ်ဝမ်ချင်း "..."

ရှန်ရှီနှင့် အညတရ အဖြူရောင်ဂိုဏ်မှ လူများက ယွီရှန်းရုန်ကို ကြောင်အမ်းအမ်း အမူအရာဖြင့် ကြည့်နေကြသည်။

အဖြူရောင် မျှော်စင်အဖွဲ့အစည်းရဲ့ ပထမအကြီးအကဲက ဒီလိုမျိုးသေသွားပြီလား...

ထိုစဥ် ရှန်ရှီက ပြောလိုက်၏။

"ရုတ်ရုတ်သဲသဲ မလုပ်နဲ့။ ဒါက ပုံမှန်ပဲ"

"ပုံမှန်လား။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူက မွေးဖွားဇယားချပ် ၅ခုရှိတဲ့ သူကို သတ်လိုက်တာကို ပုံမှန်လို့ ပြောနေတာလား။ ငါ့ကို ငတုံးများ ထင်နေတာလား” ဝူချောင်က ပြန်လည် ချေပလိုက်၏။

"ရွှီချန်းက ဒဏ်ရာအပြင်းအထန် ရရှိထားတာ။ ပြီးတော့ မျှော်စင်သခင်ရှောင်ကလည်း အခြေအနေကို ၀င်ပြီး ထိန်းချုပ်ပေးထားတယ်လေ” ရှန်ရှီက ပြောလိုက်သည်။

ထိုစဥ် ယွီကျန့်ဟိုင်က ရောက်လာကာ မြေပြင်ပေါ်မှအလောင်းကို ကြည့်လိုက်သည်။

ယွီရှန်းရုန်က ယွီကျန့်ဟိုင်ကို ကြည့်ကာ ဘာမှမပြောပေ။ သို့သော်လည်း သူ့မျက်နှာအထက် စိတ်ကြီးဝင်နေသည့် အပြုံးမျိုးကို မြင်တွေ့နိုင်လေ၏။

ထိုအရာက "ဒီတိုက်ကွက်ကို ဘယ်လိုထင်လဲ" ဟု မေးနေဟန်ပေါ်သည်။

ယွီကျန့်ဟိုင်က မေးလိုက်သည်။

"အာ့ရှစ်တိ သူ့ကို သတ်နိုင်ခဲ့ပြီလို့ ထင်နေတာလား”

"အင်း"

ထို့နောက် ယွီကျန့်ဟိုင်က လက်ကို မြှောက်လိုက်သည့်အချိန် သူ့လက်ထဲ ရွှေရောင် မီးတောက်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူက ရွှေရောင် မီးတောက်ကို အလောင်းဆီ ပစ်လွှတ်လိုက်၏။

ထိုအခိုက်အတန့်တွင် ရွှေရောင် မီးတောက်က အလောင်းကို ပြာအဖြစ် လောင်ကျွမ်းပစ်ခဲ့သည်။

"..."

ရှောင်ယွင်ဟယ်က မျက်လုံးအပြူးသား ဖြစ်သွားလေ၏။ ထိုအရာက ပန်းသီးသည် သစ်ပင်မှ ဝေးဝေးကြွေမကျဖူးဘူးဟူသော စကားနှင့် ကိုက်ညီနေသည် မဟုတ်ပါလော။ ဆရာတူ တပည့်ဟု ဆိုရပေမည်။ တစ်ယောက်ချင်းစီက ပိုမိုရက်စက်ကြ၏။

ယွီကျန့်ဟိုင်က ခေါင်းအသာမော့ကာ ရှင်းပြလိုက်သည်။

"ကျုပ်ကို စိတ်ထဲ မထားပါနဲ့။ အလောင်းတွေကို အသက်ပြန်သွင်းနိုင်တဲ့ စုန်းအတတ် အကြောင်းကို တွေးမိလိုက်တာ အော်ဂလီဆန်လို့ပါ”

"မင်း ပြောတာ မှန်တယ်။ ဒီလို အလောင်းပြန်လည်ကယ်တာကို ကာကွယ်ထားတာ အကောင်းဆုံးပဲ” ရှောင်ယွင်ဟယ်က ခေါင်းညိတ်ကာ သူနားလည်ကြောင်း ပြသလိုက်သည်။

ယွီရှန်းရုန်က ပြောလိုက်၏။

"တာ့ရှစ်ရှိုးက စုန်းအတတ် ကျင့်ကြံသူတွေကို အမုန်းဆုံးပဲ”

"..."

ဝူချောင်က နေရခက်စွာ ခေါင်းကို အသာကုတ်လိုက်သည်။ သူက အကြောင်းအရင်းမရှိ ပစ်မှတ် ဖြစ်နေသလို ခံစားနေရ၏။

ရှောင်ယွင်ဟယ်က ပြောလိုက်သည်။

"အစ်ကိုလုက ယင်ကျောက်ရဲ့ အသက်ဓာတ် နှလုံးသားကို ရပြီးသွားပြီဆိုတော့ ပြဿနာရှိတော့မှာ မဟုတ်ပါဘူး။ ရွှီချန်းကလည်း သေပြီ။ ရှစ်ယို့ရန်ကလည်း သေချာပေါက် အသက်ရှင်မှာ မဟုတ်လောက်ဘူး။ အခု ပြန်ရောက်လာဖို့ အချိန်ကျပြီ”

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

အညတရ အဖြူရောင်ဂိုဏ်းသားများက သဘောတူကြ၏။ သူတို့က တိုက်ပွဲကို ကြည့်နေသည့် တစ်လျှောက်လုံး ရင်တဒိတ်ဒိတ် ခုန်နေခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ သက်သောင့်သက်သာဖြစ်သည့် ခံစားချက်မျိုးတော့ မဟုတ်ပေ။ ယခုသူတို့ကို ထွက်သွားနိုင်ကြောင်း ပြောလာသည့်အခါ မနေနိုင်ဘဲ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။

ထို့နောက် ရှောင်ယွင်ဟယ်က လှည့်ကာ ခေါ်လိုက်သည်။

"နဥ်ဝမ်ချင်း"

သူ မျှော်လင့်ထားသလိုမျိုး နဥ်ဝမ်ချင်း၏ နေရာက သိပ်မကောင်းလှပေ။ သူက ပြောလိုက်သည်။

"ငါ့ကို နှိပ်စက်ချင် နှိပ်စက် သတ်ချင်ရင်သတ်။ ကြိုက်သလို လုပ်နိုင်တယ်”

ရှောင်ယွင်ဟယ်က ပြန်ဖြေလိုက်သည်။

"အဲဒါက အစ်ကိုလု ဆုံးဖြတ်ပေးလိမ့်မယ်”

နဥ်ဝမ်ချင်းက သက်ပြင်းချလိုက်၏။ အကယ်၍ သူသာ ဤသို့ဖြစ်လာမည်မှန်း သိထားခဲ့လျှင် စောစောစီးစီး မလုပ်ခဲ့မိသည့် ကိစ္စများစွာ ရှိလိမ့်မည်။

နာရီဝက် ကြာမြင့်ပြီးသည့်နောက်တွင် လုကျိုးက ပြန်ရောက်ရှိလာသည်။

တိကျန်းက သခင်ဖြစ်သူကို မြင်သည့်အခါ အနီးအနားတွင် လျှပ်စီးလို အလျင်ဖြင့် ပျံသန်းလာလေ၏။

လုကျိုးက မုတ်ဆိတ်သပ်ကာ ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။

အားလုံးက ဦးညွတ်ကာ လုကျိုးကို နှုတ်ဆက်လိုက်ကြ၏။

လုကျိုးက လက်ဝှေ့ကာ ပြောလိုက်သည်။

"လောကဝတ်တွေ ပြောဖို့ မလိုဘူး။ ရွှီချန်းက ဘယ်မှာလဲ”

လုကျိုး စောစောလေးက ကြားခဲ့သည့် ရုတ်ရုတ်သဲသဲ အသံများအရ ရွှီချန်းက သေဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ ရှောင်ယွင်ဟယ်က အဝေးတစ်နေရာမှ မီးကျွမ်းနေသည့်နေရာကို လက်ညှိုးထိုးပြလိုက်သည်။

လုကျိုးက ခေါင်းညိတ်ကာ "ကောင်းကောင်းလုပ်ထားတယ်”

"..."

ထိုစကားများက ပုံမှန်ဖြစ်သော်လည်း သူတို့က အဘယ့်ကြောင့် ကြောက်ဖို့ ကောင်းနေရသနည်း။

ရှောင်ယွင်ဟယ်က မေးလိုက်၏။

"အစ်ကိုလု ရှစ်ယို့ရန်က ဘယ်မှာလဲ”

"သေပြီ"

ထိုစကားကို ကြားကာ ရှောင်ယွင်ဟယ်၏ စိတ်ထဲမှ ဒေါသများက ပြေငြိမ်သွားလေ၏။

"ကောင်းတယ်”

ရှန်ရှီက မေးလိုက်သည်။

"တောင်ပိုင်းတောင်တန်းမြို့ရဲ့ သားရဲဒီရေလှိုင်းက အတော်လေးကို ဆိုးဝါးတာလား”

"မဟုတ်ဘူး” လုကျိုးက အသက်ဓာတ် နှလုံးသားများကို ယွီကျန့်ဟိုင်ဆီ ပစ်ပေးရင်း ပြောလိုက်သည်။ ယွီကျန့်ဟိုင်က သူ့အကြီးဆုံး တပည့်ဖြစ်သည့်အတွက် တခြားတပည့်များဆီ အသက်ဓာတ် နှလုံးသားကို ခွဲဝေပေးဖို့ ကိစ္စကို လုပ်ဆောင်ဖို့ အသင့်တော်ဆုံးသူ ဖြစ်၏။ သူက ယင်ကျောက်နှင့် ဖူယီ၏ အသက်ဓာတ် နှလုံးသားကိုတော့ သိမ်းဆည်းထားလိုက်သည်။ သူက ပြန်ရောက်သည့်အခါမှ သူတို့ကို ပြန်လည်အသုံးပြုဖို့ ကြံစည်ထား၏။

ထိုစဥ် ယွီကျန့်ဟိုင်က အိတ်ကိုဖွင့်ကာ ရေရွတ်လိုက်သည်။

"၁၁ ခုလား”

"အရေအတွက်က သိပ်မများသလို အရည်အသွေးကလည်း သိပ်မကောင်းဘူး။ ဒါပေမဲ့ အခုတော့ ဒါပဲ သုံးကြတာပေါ့” လုကျိုးက ပြောလိုက်သည်။

အညတရ အဖြူရောင်ဂိုဏ်း "..."

အသက်ဓာတ် နှလုံးသား ၁၁ခုကို နည်းနည်းလေးလို့ ယူဆတာလား။

သူတို့က တစ်ခုရဖို့ရာအတွက် သေနိုင်သည့်သူများ အကြောင်းကို စဥ်းစားမိသွားသည်။

ယင်ကျောက်နှင့် ဖူယီတို့၏ အသက်ဓာတ် နှလုံးသားနှင့် အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့မှ ပေးထားသည့် အသက်ဓာတ် နှလုံးသားများကို ထည့်ပေါင်းလိုက်လျှင် လုကျိုးတွင် အသက်ဓာတ် နှလုံးသား ၁၉ခု ရှိနေသည်။

သူတို့က စိတ်ထဲမှ သက်ပြင်းချလိုက်ကြ၏။

ထိုစဥ် ရှောင်ယွင်ဟယ်က မေးလိုက်သည်။

"အစ်ကိုလု နဥ်ဝမ်ချင်းကို ဘယ်လိုလုပ်မှာလဲ”

"သူ့ကို ခေါ်သွား" လုကျိုးက ပြောလိုက်သည်။

ရှန်ရှီက နဥ်ဝမ်ချင်းဆီ ပျံသန်းလာကာ "အကဲဖြတ်သူနဥ် ကျုပ်နောက်က လိုက်ခဲ့ပါ”

နဥ်ဝမ်ချင်းက မငြင်းဆန်ပေ။

"ဝူဘုရင် ဒါမှမဟုတ် လော့ဟွမ်တို့ လက်ထဲမှာသာ ရှုံးနိမ့်မယ်ဆိုရင် အရှုံးမပေးချင်ဘူးလို့ ခံစားမိလောက်ပေမဲ့ လောင်ချန်းပေ့ လက်ထဲမှာ ရှုံးနိမ့်သွားတာကိုတော့ ဘာမှပြောစရာ မရှိပါဘူး”

"မင်းက သိတတ်တဲ့သူပဲ။ ယင်ကျောက်ရဲ့ အသက်ဓာတ် နှလုံးသားကို တိုက်ခိုက်ဖို့ ဘာလို့များ ဖရိုဖရဲကုန်းမြေဆီ ရောက်လာတာလဲ” လုကျိုးက ခေါင်းအသာယမ်းလိုက်သည်။

"မျှော်စင်သခင်က လိုအပ်နေလို့ပါ” နဥ်ဝမ်ချင်းက ပြန်ဖြေလိုက်၏။

"မျှော်စင်သခင်လား။ လန်ရှီဟယ်ကို ပြောတာလား” လုကျိုးက မေးလိုက်သည်။

နဥ်ဝမ်ချင်းက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်၏။

"အနိုင်ရရှိသူက အကုန်လုံး ပိုင်ခွင့်ရှိတာပဲ။ ကျုပ်ဆီမှာ ဘာမှငြင်းဆန်စရာ မရှိပါဘူး။ လောင်ချန်းပေ့ရဲ့ ကျင့်ကြံဆင့်က နက်နဲတယ်ဆိုတာကို ဝန်ခံရပေမဲ့ မျှော်စင်သခင်လန်ကလည်း အားမနည်းဘူး”

လုကျိုးက ပြန်ဖြေလိုက်သည်။

"ငါ့ကို ဆန့်ကျင်တဲ့သူအားလုံးက သေကုန်ပြီ။ နဥ်ဝမ်ချင်း … ငါက လန်ရှီဟယ်ကို မသတ်နိုင်ဘူးများ ထင်နေလား”

"ဒါက ... "

နဥ်ဝမ်ချင်းက တုန်ယင်သွားသည်။ ထိုမတိုင်ခင်က လန်ရှီဟယ်သည် အားအကောင်းဆုံး ကျင့်ကြံသူဖြစ်လိမ့်မည်ဟု တွေးခဲ့မိသည်။ သို့သော်လည်း ယခုအခါ မသေချာတော့ပေ။

"ရှန်ရှီ" လုကျိုးက ခေါ်လိုက်သည်။

"ဒီမှာ ရှိပါတယ်”

"အနီရောင်ကြာနယ်မြေရဲ့ တော်ဝင်မြို့တော်ဆီ ဦးတည်နေတဲ့ သင်္ကေတလမ်းကြောင်းကို ဖွင့်လိုက်" လုကျိုးက ပြောလိုက်သည်။

"ဒီလက်အောက်ငယ်သားက ဘယ်လိုလုပ်ရမှန်း မသိဘူး” ရှန်ရှီက အခက်တွေ့နေသည့် အမူအရာဖြင့် ပြောလိုက်သည်။

"ကျုပ် လုပ်တတ်တယ်” ရှောင်ယွင်ဟယ်က ပြောလိုက်သည်။

"..."

လုကျိုးက အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ မျှောင်စင်သခင် ဖြစ်ခဲ့ဖူးသည့်သူသည် သူနှင့်အတူ ရှိနေကြောင်း မေ့လျော့သွားခဲ့သည်။ ရှောင်ယွင်ဟယ်က မွေးဖွားဇယားချပ် ၇ခုသာ ရှိထားသော်လည်း သူ့အတွေ့အကြုံနှင့် ဗဟုသုတများက အသာလွန်ဆုံးဖြစ်၏။ နောက်ဆုံးတွင် သူက ပြောလိုက်သည်။

"ကျေးဇူးပါ"

ရှောင်ယွင်ဟယ်က အနောက်မြောက်ကို လက်ညှိုးထိုးကာ "အဲဒီမှာ သင်္ကေတလမ်းကြောင်းရှိတယ်”

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

လုကျိုးက အညတရ အဖြူရောင်ဂိုဏ်းမှ လူများကို ကြည့်ကာ ပြောလိုက်သည်။

"မင်းတို့တွေလည်း ကိုယ့်ဘာသာကိုယ် ဂရုစိုက်ကြ”

"..."

ဒါပဲလား။

အညတရ အဖြူရောင်ဂိုဏ်းမှ ကျင့်ကြံသူထောင်ချီက မည်သို့တုံ့ပြန်ရမှန်း မသိတော့ပေ။ ချန်းယို့နှင့် အကြီးအကဲဝူတို့က လုကျိုးနှင့် တခြားသူများ၏ ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်လိုက်ကြ၏။ သူတို့က အင်မတန် ဦးနောက်ခြောက်နေကြသည်။

အကြီးအကဲဝူက ပြောလိုက်၏။

"သေခြင်းနှင့် ရှင်ခြင်းကို ကံကြမ္မာက ဆုံးဖြတ်ပေးပြီးတော့ ချမ်းသာမှုနဲ့ ဂုဏ်ကျက်သရေကို ကောင်းကင်က ဆုံးဖြတ်ပေးတယ်။ ဂိုဏ်းချုပ် နောင်တမရဘဲ နေကြစို့”

ချန်းယို့က ခေါင်းညိတ်ကာ အမိန့်ပေးလိုက်သည်။

"ပြန်ကြမယ်"

အကြီးအကဲဝူက ပြောလိုက်သည်။

"ဂိုဏ်းချုပ်ချန်း အရင်ပြန်နှင့်ပါ။ ကျုပ် တခြား လုပ်စရာလေး ရှိသေးလို့”

"ဘာများလဲ" ချန်းယို့က မျက်မှောင်ကြုတ်လိုက်၏။

အကြီးအကဲဝူက သက်ပြင်းချကာ ပြောလိုက်သည်။

"အရင်တုန်းက လုချန်းပေ့ကို ခင်ဗျားနဲ့တွေ့ဖို့ ခေါ်လာတုန်းက ပဋိပက္ခနည်းနည်း ရှိခဲ့တယ်။ အဲဒါက အညတရ အဖြူရောင်ဂိုဏ်းကို ပါဝင်ပတ်သက်နေမှာဆိုးလို့ သွားပြီး တောင်းပန်မလို့ပါ”

ချန်းယို့က ခေါင်းညိတ်ကာ အကြီးအကဲဝူ၏ ပခုံးကို ပုတ်ပေးပြီး "အကြီးအကဲဝူ ခင်ဗျားက အညတရ အဖြူရောင်ဂိုဏ်းရဲ့ ထောက်တိုင်ပဲ။ သွားလိုက်ပါ”

"ဂိုဏ်းချုပ်ချန်းကို ကျေးဇူးတင်ပါတယ်”

အညတရ အဖြူရောင်ဂိုဏ်းမှ လူများ ထွက်သွားပြီးသည့်နောက်တွင် အကြီးအကဲဝူက ဘယ်ညာကြည့်ပြီးသည့်နောက်တွင် မဟူရာတောအုပ်ထဲ ပြေးဝင်သွားသည်။

.................

နေ့တစ်ဝက် ကြာမြင့်ပြီးသည့်နောက်

ပေတစ်သောင်းမြင့်မားသည့် အဖြူရောင်မျှော်စင်အတွင်း

လန်ရှီဟယ်က ပြတင်းပေါက်အနား မတ်တတ်ရပ်ကာ ကျယ်ပြန့်လွန်းသည့် ကုန်းမြေကို ကြည့်နေသည်။

အမျိုးသမီး အစေခံတစ်ဦးက ရောက်ရှိလာကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ပထမ အကြီးအကဲရွီက သေသွားပြီဆိုတာကို အတည်ပြုလိုက်နိုင်ပါတယ်”

လေအေးအေးတစ်ချက်က လန်ရှီဟယ်၏ ဆံပင်ကို တိုက်ခတ်သွားလေသည်။ သူမ၏ တည်ငြိမ်နေသည့် အမူအရာအရ ယခုအခိုက်အတန့်တွင် ဘာစဥ်းစားနေကြောင်း ပြောဖို့ခက်လှသည်။ ခဏအကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် သူမက မေးလိုက်၏။

"နဥ်ဝမ်ချင်းက ပြန်မလာဘူးလား”

"နဥ်ဝမ်ချင်းက ပျောက်ဆုံးနေပါတယ်”

"ယင်ကျောက်ရဲ့ အသက်ဓာတ် နှလုံးသားကို ဘယ်သူ ယူသွားတာလဲ” လန်ရှီဟယ်က ညင်သာစွာ မေးလိုက်သည်။

"ဂိုဏ်းမဲ့ ကျင့်ကြံသူတွေ အများကြီးကို ပြောကြည့်ပြီးသွားပါပြီ။ အနက်ရောင်မျှော်စင် အဖွဲ့အစည်း၊ အလင်းနဲ့ အမှောင် မဟာမိတ်၊ တာ့__ရဲ့ တော်ဝင်ခုံရုံးနဲ့ အညတရ အဖြူရောင်ဂိုဏ်းတို့ ရှိခဲ့ပေမဲ့ ယင်ကျောက်ရဲ့ အသက်ဓာတ် နှလုံးသားကို ယူသွားတဲ့သူက လုမျိုးရိုးနဲ့ လုအိုကြီးတစ်ယောက်ပါ။ သူက ရွှေကြာနယ်မြေရဲ့ မိစ္ဆာဝေဟင်မျှော်နန်းကလို့ပြောတယ်။ သူ့ဆီမှာ မွေးဖွားဇယားချပ် ၁၂ခု ရှိတယ်”

အမျိုးသမီး အစေခံ၏ အသံက ဖြည်းဖြည်းချင်း တိုးသွားလေသည်။

"မွေးဖွားဇယားချပ် ၁၂ခုလား” လန်ရှီဟယ်၏ အမူအရာအထက် အံ့အားသင့်သည့် အမူအရာမျိုး ဖြတ်ပြေးသွားသည်။

အမျိုးသမီး အစေခံက ချက်ချင်းဆိုသလို ဒူးထောက်လိုက်သည်။

"မျက်မြင်သက်သေတွေလည်း အများကြီးရှိပါတယ်။ ကျွန်မ ဒီကိစ္စနဲ့ ပတ်သက်ပြီး မလိမ်ညာရဲပါဘူး”

"ကောင်းပြီ။ မင်း ထွက်သွားတော့”

"ဟုတ်ကဲ့" အမျိုးသမီး အစေခံက ရိုရိုကျိုးကျိုး အမူအရာဖြင့် ထွက်သွားလေသည်။

လန်ရှီဟယ်က အောက်ဘက်မှ မြင်ကွင်းကို ဆက်ကြည့်နေရင်း ရေရွတ်လိုက်သည်။

"မိစ္ဆာဝေဟင်မျှော်နန်း"

All Chapters