အခန်း (၉၃၄-၉၃၆)
Vol. 63 Ch. 934-936
အခန်း (၉၃၄) ဒီလက်ဝါးချက်ကို ယူလိုက်
အနက်ရောင်ကြာက အတော်အတန် ကြီးမားပြီး ဖိနှိပ်သည့် အငွေ့အသက်မျိုး ထုတ်လွှင့်နေသည်။ မြို့တစ်မြို့လုံးကို လွှမ်းခြုံထားသည့် အနက်ရောင် တိမ်တိုက်လိုမျိုး ဖြစ်နေလေ၏။ အကယ်၍ သိသာထင်ရှားသည့် ကြာပွင့်သဏ္ဌာန်နှင့် တောက်ပနေသည့် အနက်ရောင် အလင်းတန်းကြောင့်သာ မဟုတ်လျှင် တိမ်မဲများဟုပင် အထင်မှားသွားနိုင်သည်။
အနက်ရောင်ကြာ လှုပ်ရှားလာသည့်အခါ ပွင့်ချပ်ဆယ်လွှာ လှည့်ပတ်လာပြီး လမ်းကြောင်းရှိ တိမ်တိုက်များအား ကင်းစင်သွားစေသည်။
...
ထိုစဥ် အနက်ရောင် အစောင့်အရှောက် ၄ယောက်က ပြန်သွားဖို့ အလျင်မလိုကြပေ။ သူတို့က ဝှက်ဖဲကိုယ်စီ ရှိကြသော်လည်း လုကျိုးနှင့် ထပ်မံ မတွေ့ဆုံလိုပေ။ သူတို့က ပျံသန်းလာရင်းဖြင့် အကဲဖြတ်သူက သူတို့ကို မည်သို့အပြစ်ပေးမည်ကို တွေးနေကြသည်။ အကယ်၍ သူတို့သာ ဤကပ်ဘေးတွင် အသက်ရှင်သန်ခဲ့ပါက ဤကျရှုံးသွားသည့် တာဝန်ကို မည်သို့ ပြန်လည်အကြောင်းကြားရမည်နည်း။
၄ယောက်သားက စိတ်ပူပန်နေကြသည်။ ထို့အပြင် သူတို့ထဲမှ လူ ၂ယောက်က သေဆုံးသွားခဲ့၏။ လေထုက မည်သို့စိတ်အေးချမ်းသာမည်နည်း။
ထိုစဥ် ၄ယောက်သားက စွမ်းအားအလှုပ်အခတ်ကို ခံစားမိလိုက်ကာ တစ်ပြိုင်နက် အဝင်ဝကို လှမ်းကြည့်လိုက်ကြသည်။ သူတို့က ပေ ၇၅၀မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်လိုက်သည့်အခါ အားလုံးက အံ့အားသင့်သွားကြ၏။
ပေ ၇၅၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်က သူတို့၏ စိတ်ဝိညာဥ်သဏ္ဌာန်အားလုံးကို ဖိနှိပ်ထားသည်။
ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းပြီးသည့်နောက်တွင် မွေးဖွားဇယားချပ်တစ်ခုချင်းစီက စိတ်ဝိညာဥ်သဏ္ဌာန်ကို ပေ ၅၀စီ မြင့်တက်လာစေလိမ့်မည်။ ၆ ခုမြောက် မွေးဖွားဇယားချပ်ကို ရောက်ရှိပြီးသည့်နောက်တွင် မွေးဖွားဇယားချပ်စစ်ဆေးမှုကို အောင်မြင်ရမည်။ အကယ်၍ ထိုစမ်းသပ်မှုကို အောင်မြင်ပါက စိတ်ဝိညာဥ်သဏ္ဌာန်သည် နောက်ထပ်ပေ ၃၀ ပိုမိုမြင့်မားလာနိုင်သည်။ ထိုအရာအပြင် စမ်းသပ်ချက်အောင်မြင်ပြီးသည့်နောက် မွေးဖွားဇယားချပ် ပေါင်းစည်းရေးစွမ်းအင်ဟု ခေါ်ဆိုသည့် စွမ်းအင်မျိုးကို ရရှိနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ကျရှုံးသွားပါက ၇ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်မည် မဟုတ်ပေ။ တစ်ဖက်တွင် မွေးဖွားနန်းဆောင်ရှိသည့် သူများက သေးငယ်သည့်အတွက် စမ်းသပ်ချက်ယူဖို့ အခွင့်အရေးပင် မရှိကြပေ။
အနက်ရောင် အစောင့်အရှောက်များက အနီရောင်ကြာနယ်မြေတွင် အတော်လေး အားကောင်းကြသည်။ သို့သော်လည်း သူတို့က အနက်ရောင်မျှော်စင် အဖွဲ့အစည်းတွင် သာမန်မျှသာဖြစ်၏။ သခင်ဝူလိုမျိုးသူက သူတို့ မော့ကြည့်ရသည့် ပါရမီရှင်တစ်ယောက်ဖြစ်ပေသည်။
အနက်ရောင် အစောင့်အရှောက် ၄ယောက်က အသိပြန်ဝင်လာသည့်အခါ စိတ်ရှုပ်ထွေးသွားကြ၏။
“သခင်ဝူက ဘာလို့ပြန်သွားတာလဲ”
“သူက ဘာလို့အဲဒီလောက်တောင် အလျင်လိုနေရတာလဲ”
ခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အဝင်ဝက အခုမှ ပွင့်လာကာစပဲ ရှိသေးတယ်။ သခင်ဝူက တစ်ခုခု အရေးကြီးတာ လုပ်စရာ ရှိတာနေမယ်။ ငါတို့အတွက် ကောင်းတာပေါ့။ ငါတို့တွေ အခု အားပြန်ဖြည့်မဲ့ နေရာရှာသင့်ပြီ”
“ကျုပ်တို့တွေ အလကား ဒဏ်ရာရလိုက်သလို ဖြစ်မသွားဘူးလား”
“အရင်ဆုံး အနက်ရောင်မျှော်စင် အဖွဲ့အစည်းကို အကြောင်းကြားရမယ်”
“ဟုတ်ကဲ့”
ဘယ်ဘက်တွင် ရပ်နေသည့် အနက်ရောင် အစောင့်အရှောက်က အနက်ရောင်အဆောင်တစ်ခုကို ထုတ်လိုက်သည်။ သူက အသက်သွင်းတော့မည့်ဆဲဆဲတွင် အနက်ရောင်ကြာက ရုတ်ခြည်းဆိုသလို လည်ပတ်တာ ရပ်သွားလေ၏။
“အဲဒါက ဘာလဲ”
အနက်ရောင် အစောင့်အရှောက် တစ်ယောက်က ရှင်းပြလိုက်သည်။
“အဲဒါ သူ မလား”
“သေခြင်းနဲ့ ရှင်ခြင်းကို ကံကြမ္မာက ဆုံးဖြတ်ပေးတာ။ ငါက သူ့ကို ဖျောင်းဖျဖို့ ကြိုးစားပြီးသွားပြီ။ သူ နားမထောင်ရင်တော့ သူ့သေခြင်းတရားအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့တော့”
အနက်ရောင် အစောင့်အရှောက်က လုကျိုးသည် တိကျန်းကို စီးနင်းလျက် ပျံသန်းလာသည်ကို မြင်လိုက်ရသည်။ ထိုအားနည်းလှသည့် ခန္ဓာကိုယ်က လျှပ်စီးလို မြန်ဆန်သည့် စီးတော်သားရဲကို စီးနင်းရင်း သူ့ရှေ့တွင် ကတော့ပုံသဏ္ဌာန် စွမ်းအားတစ်ခု ရှိနေသည်။
...
ထိုစဥ် အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ အကဲဖြတ်သူ ၄ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ဝူကွမ်းဖျင်က မွေးဖွားဇယားချပ် ၈ခုပိုင်ရှင်ဖြစ်ပြီး အနက်ရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်အထက် စိတ်လှုပ်ရှားသည့် အမူအရာမျိုးဖြင့် ရပ်နေသည်။ ရုတ်ခြည်းဆိုသလို သူက သူ့စိတ်ဝိညာဥ်သဏ္ဌာန်အောက်မှ လှုပ်ရှားမှုကို အာရုံခံလာမိ၍ မျက်မှောင်ကြုတ်လိုက်သည်။
“ဟမ် ဘုံတစ်ထောင်လေပွေအဆင့်လား။ စိတ်ဝင်စားစရာပဲ”
...
တစ်ချိန်တည်းဆိုသလို လုကျိုးက မွေးဖွားဇယားချပ် ၈ခုပညာရှင်ကို မမြင်တွေ့ရသေးသောကြောင့် ဆက်လက် တက်လာသည်။ သူက သေချာသည့် အနေအထားတစ်ခုသို့ ရောက်ရှိသည့်အခါ တိကျန်းကို ပြောလိုက်၏။
“ငါ ပြန်လာတာကို စောင့်နေ”
ဂတ်
ကောင်းကင်တွင် မိုးခြိမ်းလုမတတ် အသံတစ်သံ ထွက်ပေါ်လာသည်။
တိကျန်းက အင်မတန် နာခံလှ၏။ သူက လျှပ်စီးလိုအလျင်ဖြင့် ပျံသန်းထွက်သွားသည်။ ယခုတွင် မည်သူ့ကိုမှ သယ်ဆောင်မထားသည့်အတွက် သူ့အမြန်နှုန်းသည် ယခင်ထက်ပင် ပိုမို မြန်ဆန်နေလေ၏။ မျက်စိတစ်မှိတ်အတွင်း သူက အဝေးတစ်နေရာသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
လုကျိုးက ဆက်လက် ပျံသန်းလာလိုက်သည်။ သူက အနက်ရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်၏ အောက်ခြေမှ ပေဒါဇင်အကွာတွင် အပေါ်မှ မိုးခြိမ်းလုမတတ် အသံတစ်သံကို ကြားလိုက်ရ၏။
“အားနည်းလိုက်တာ”
ထို့နောက် လုကျိုးဝန်းကျင်တွင် ပုံရိပ်သောင်းချီ ထွက်ပေါ်လာပြီး စတင်တိုက်ခိုက်လာသည်။ သူ့အလိုလိုသိစိတ်က ထိုအရိပ်များသည် အင်မတန် အန္တရာယ်များကြောင်း ပြောပြနေလေ၏။ သူက ဘယ်ဘက်လက်ကို ဆုပ်လိုက်ပြီး ရွှေရောင်ဗုဒ္ဓခန္ဓာကို ထုတ်ဖော်လိုက်သည်။
ရွှေရောင်ဗုဒ္ဓခန္ဓာက ယခင်နှင့် ကွဲပြားနေပြီး ကြာပုလ္လင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက်ရှိကာ ကြာက ရွှေရောင်အလင်းများဖြင့် တောက်ပနေလေ၏။
ဝုန်း ဝုန်း
အရိပ်များ၏ တိုက်ကွက်များက ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ဆီ မုန်တိုင်းအလား ကျရောက်လာသည်။ အနက်ရောင် လက်ဝါးစည်းတံဆိပ် မြောက်များစွာက ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်အပေါ် ကျရောက်လာပြီး မနက်ခင်းခေါင်းလောင်းသံလိုမျိုး အသံမျိုး ထွက်ပေါ်လာစေသည်။ ထိုအသံက အဘက်ဘက် ပျံ့နှံ့သွားပြီး မြေပြင်နှင့် ဝေဟင်ရှိ သားရဲများကိုပင် လန့်ဖျပ်သွားစေ၏။
တခြားတစ်ဖက်တွင် အနက်ရောင် အစောင့်အရှောက် ၄ယောက်က စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေကြသည်။ သူတို့က ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်သည် ထိုအရိပ်မှ တိုက်ကွက်များကို တောင့်ခံနေသည်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေလေသည်။
ဝူကွမ်းဖျင်က အားကောင်းသည့် ကျင့်စဥ်ကို ထုတ်သုံးထားသည့်အတွက် ထိုလူအိုကြီးကို အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သည့်အတွက် အနည်းငယ် အံ့အားသင့်သွားမိသည်။ သူ့လက်ဝါးချက်များက ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်နှင့် ထိသည့်အခါ အာတာပူစီလိုမျိုး ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ သူ့ခန္ဓာကိုယ်က တောင့်တင်းသွားပြီးသည့်နောက်တွင် အလျင်အမြန် ဆင်းသက်လာကာ လုကျိုးရှေ့မှောက် ပေါ်ထွက်လာသည်။ သူက မေးလိုက်၏။
“မင်းက ငါ့ရဲ့ လက်ဝါးစည်းတံဆိပ်တွေကို တားဆီးနိုင်တာလား”
လုကျိုးက စောင့်ဆိုင်းမနေဘဲ ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။
အဆင့်မြင့် အသေရိုက်ချက်ကတ်က ကြယ်တာရာ အလင်းပျောက်များအဖြစ် ချက်ချင်း ပျောက်ကွယ်သွားသည်။
“ဒီလက်ဝါးချက်ကို ယူလိုက်” နာရီလက်တံအတိုင်း လှည့်ပတ်နေသည့် ဝဲကတော့တစ်ခုက ပေါ်ထွက်လာကာ ကြောက်မက်ဖွယ် လက်ဝါးစည်းတံဆိပ် တစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။
အရွယ်အစားအပြင် ထိုအရာက သာမန်ကျင့်ကြံသူ ထုတ်လွှင့်သည့် လက်ဝါးစည်းတံဆိပ်နှင့် ကွဲပြားမှု မရှိပေ။ ထိုအရာက အတော်လေး ရိုးရှင်းနေ၏။
ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် ဝူကွမ်းဖျင်၏ အကြည့်များက မနှစ်မြို့မှု ဖြတ်သန်းသွား၏။ ထို့နောက် သူက ရှေ့တိုးကာ လုကျိုး၏ လက်ဝါးစည်းတံဆိပ်ထက် ကြီးမားသည့် အနက်ရောင် လက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်လွှင့်လိုက်သည်။
ဝှစ်
“ဟမ်” ဝူကွမ်းဖျင်က မျက်မှောင်ကြုတ်လိုက်သည်။
ရွှေရောင် လက်ဝါးစည်းတံဆိပ်က အနက်ရောင် လက်ဝါးစည်းတံဆိပ်၏ သက်ရောက်မှုကို မခံရဘဲ အလွယ်တကူ ဖြတ်သန်းလာလေ၏။
ထို့နောက် ဝူကွမ်းဖျင်က သူ့ပေ ၇၅၀ မြင့်မားသည့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို သူ့ရှေ့သို့ ရွေ့လျားကာ ထိုရိုးရှင်းဟန်ပေါ်သည့် ရွှေရောင် လက်ဝါးစည်းတံဆိပ်ကို ကာကွယ်လိုက်သည်။
သို့သော်လည်း ရွှေရောင် လက်ဝါးစည်းတံဆိပ်က ရပ်တန့်မသွားပေ။
ဘန်း
ရွှေရောင် လက်ဝါးစည်းတံဆိပ်က အနက်ရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်အပေါ် ကျရောက်လာ၏။ စိတ်ဝိညာဥ်သဏ္ဌာန်က ဖျတ်ခနဲ လက်သွားပြီးသည့်နောက်တွင် အက်ကြောင်းများ စတင်ထွက်ပေါ်လာသည်။
ဝူကွမ်းဖျင်၏ အမူအရာက ရုတ်ခြည်းဆိုသလို ပြောင်းလဲသွား၏။ သူက အလျင်စလို နောက်ဆုတ်လိုက်ရပြီး သွေးအန်လိုက်ရသည်။
ရုတ်ခြည်းဆိုသလို ပေ ၇၅၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်မှ ဖန်ကွဲသံများ ထွက်ပေါ်လာသည်။
ရွှေရောင် လက်ဝါးစည်းတံဆိပ်က ဆက်လက်ပျံသန်းလာပြီး ဝူကွမ်းဖျင်ဆီ ကျရောက်လာသည်။
...
ထိုစဥ် အဝေးတစ်နေရာမှ စောင့်ကြည့်နေသည့် အနက်ရောင် အစောင့်အရှောက် ၄ယောက်က ထိုမြင်ကွင်းကို မျက်တောင်မခတ်ဘဲ ကြည့်နေကြသည်။ ရွှေရောင် လက်ဝါးစည်းတံဆိပ်က တိမ်တိုက်များအကြား ပျံသန်းလာစဥ် သူတို့၏ မြင်ကွင်းကို ပိတ်ဆို့လိုက်သောကြောင့် နှမြောတသဖြစ်ကာ သက်ပြင်းချလိုက်ကြသည်။ စိတ်လှုပ်ရှားစရာကောင်းသည့် တိုက်ပွဲတစ်ခုကို မမြင်တွေ့နိုင်တော့ပေ။
သူတို့က အာရုံမစိုက်ခဲ့ကြပေ။ ဝူကွမ်းဖျင်၏ လက်ဝါးစည်းတံဆိပ်က ထိုလူအိုကြီး၏ အရေးကြီးသည့် နေရာများကို ထိမှန်ပြီး သူ့မွေးဖွားဇယားချပ်ကို ဖျက်ဆီးပစ်ခဲ့လိမ့်မည်ဟု ယူဆထားကြသည်။ ရွှေရောင် လက်ဝါးစည်းတံဆိပ်က တိမ်တိုက်များကြား ပျောက်ကွယ်သွားသည့်အတွက် ထိုလူအိုကြီးသည် သေဆုံးသွားပြီဟုပင် ယုံကြည်သွားခဲ့ကြ၏။ ထိုလူအိုကြီး၏ ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်က မွေးဖွားဇယားချပ် ၈ခုရှိသည့် ပညာရှင်ဆီမှ တိုက်ကွက်ကို မည်သို့ခုခံနိုင်မည်နည်း။
ကြည့်လိုက်ပါအုံး။ လူအိုကြီးက သူမသေခင် စိတ်ဝိညာဥ်သဏ္ဌာန် ထုတ်ဖော်ဖို့ အခွင့်အရေးတောင် ရမသွားရှာဘူး ...
မွေးဖွားဇယားချပ် ၈ခု ပညာရှင်နဲ့ ရင်ဆိုင်ရတာ တကယ့်ကို အသုံးမဝင်တဲ့ ရုန်းကန်မှုတစ်ခုပဲ ...
သို့သော်လည်း သိပ်မကြာခင် သူတို့က ထိုလူအိုကြီးသည် မသေဆုံးသေးကြောင်း သိသွားသည့်အခါ အံ့အားသင့်သွားကြ၏။ ထိုအစား သူက ဝေဟင်အထက် မားမားမတ်မတ် ရပ်နေဆဲ ဖြစ်သည်။
ထိုစဥ် တစ်စုံတစ်ခု လွဲမှားသွားကြောင်း သဘောပေါက်သွားကြ၏။
ဝူကွမ်းဖျင်၏ စိတ်သဘောထားဖြင့် ဤသို့အားနည်းသည့် ကျင့်ကြံသူတစ်ယောက်က အချိန်တော်ကြာ ရပ်နေသည်ကို မည်သို့သည်းခံနိုင်မည်နည်း။ သို့သော် ဝူကွမ်းဖျင်က ထိုလူအိုကြီးကို သတ်ပြီးလောက်လေပြီ။
...
ဝုန်း
ဝူကွမ်းဖျင်က သူ့ဆီ ချဉ်းကပ်လာသည့် ရွှေရောင် လက်ဝါးစည်းတံဆိပ်ကို မယုံကြည်နိုင်စွာ ကြည့်နေမိ၏။ သူက လက်ဝါးထဲ စွမ်းအားများကို စုစည်းကာ ထုတ်လွှင့်လိုက်သည်။
ဂျွတ်
ဝူကွမ်းဖျင်၏ လက်ဝါးက ရွှေရောင် လက်ဝါးစည်းတံဆိပ်နှင့် ထိပ်တိုက်တွေ့သည့်အခါ လေထဲတွင် အက်သံတစ်ခု ထွက်ပေါ်လာသည်။ သူ့လက် ၂ဖက်လုံးက ကျိုးသွားလေပြီ။
ရွှေရောင် လက်ဝါးစည်းတံဆိပ်က ဆက်လက်ရောက်ရှိလာပြီး ဝူကွမ်းဖျင်၏ ခန္ဓာကိုယ်အပေါ် ကျရောက်သွားသည်။
...
အဝေးတစ်နေရာတွင်
တိမ်တိုက်များကြား လျှပ်စီးများ တဖျပ်ဖျပ် လက်နေလေ၏။ ထို့နောက် မိုးကြိုးနှင့် အော်သံကြီးကို ကြားလိုက်ရသည်။
တိတ်ဆိတ်မှု ပြန်ရောက်လာသည့်အခါ
“...”
“သခင်ဝူက ဘာဖြစ်သွားတာလဲ”
“အဝင်ဝက ပိတ်သွားပြီလား”
အနက်ရောင် အစောင့်အရှောက် ၄ယောက်က ကောင်းကင်ကို စိတ်ရှုပ်ထွေးစွာဖြင့် လှမ်းကြည့်လိုက်ကြသည်။
...
“ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁သောင်း ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ငါးထောင် ရရှိပါတယ်”
စီးဝူယာ့က အရာအားလုံးကို မြင်လိုက်ရသည်။ သူက ထိုလက်ဝါးချက် ဝူကွမ်းဖျင်ပေါ် ကျရောက်သွားသည့်အခါ သူ့ဝိညာဥ်ပင် ကြေမွသွားသလို ခံစားလိုက်ရ၏။ တစ်ချိန်တည်းဆိုသလို သူ့ရှစ်စွင်း၏ နက်နဲလွန်းလှသည့် စွမ်းအားကြောင့် အံ့အားသင့်သွားမိပြန်သည်။
လက်ဝါးချက်တစ်ချက်က မွေးဖွားဇယားချပ် ၈ခုပညာရှင်ကို သတ်နိုင်တယ်တဲ့လား။ တကယ့်ကို အံ့မခန်းပါပဲ ...
…
အခန်း (၉၃၅) လောင်ချီ၏အတွေးများနှင့် သင်္ကေတလမ်းကြောင်း
လုကျိုး၏အမြင်ကနေ သူသည် ရွှေရောင်လက်ဝါးစည်းတံဆိပ် ပစ်ထုတ်လိုက်တာကို မြင်လိုက်ရ၏။ ၎င်းသည် ပစ်မှတ်ပေါ် ရောက်သွားပြီးသောအခါ သနားစဖွယ်အော်သံက ထွက်ပေါ်လာပြီး အရာအားလုံးက ပျောက်ကွယ်သွားတော့သည်။
အဆင့်မြင့် အသေရိုက်ချက်ကတ်ကို အသုံးပြုတာက ဆုံးရှုံးနစ်နာသောငြား လိုအပ်သည့်အကွက်ဖြစ်သည်။ ၎င်းကို သူ အသုံးမပြုခဲ့ပါက ပိုကြီးမားသည့် ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။ လုကျိုးက ကတ်၏အာနိသင်ကို အတော်လေးကျေနပ်နေ၏။
“ရှစ်စွင်း” စီးဝူယာ့၏ အသံသည် အပေါ်မှ ပေါ်ထွက်လာ၏။
လုကျိုးက ပျံသန်းသွားတော့သည်။
စီးဝူယာ့က လွတ်မြောက်ပြီးဖြစ်ကာ လေထဲပျံသန်းနေ၏။
သူ၏ရှစ်စွင်းရောက်လာတာကို မြင်သောအခါ သူသည် လေထဲတွင် ဒူးထောက်လျက် နောင်တရနေသော အမူအရာဖြင့်ပြောလိုက်၏။
“မှားပါတယ်။ ရှစ်စွင်းကို ထိခိုက်စေလုနီးပါး ဖြစ်ခဲ့ပါတယ်။ ကျေးဇူးပြုပြီး အပြစ်ပေးပါ ရှစ်စွင်း”
စီးဝူယာ့က ပြောပြီးသည်နှင့် တံတွေးမြိုချလိုက်သည်။ သူသည် သူ့ရှစ်စွင်း၏ တစ်ဖက်သတ် တိုက်ပွဲကို မျက်မြင်တွေ့ခဲ့၏။ သူ့ရှစ်စွင်း၏ လက်ဝါးရိုက်ချက်က ကြောက်စရာကောင်းသည်။ သူ၏ရှစ်စွင်း သန်မာမှန်း သိပြီးသားဖြစ်သော်ငြား သူ့ရှစ်စွင်း၏ ခွန်အား နက်နဲပုံနှင့် ဆန်းကြယ်ပုံကို သဘောပေါက်သွားတာ ပထမဆုံးအကြိမ်ပဲဖြစ်သည်။ ဆိုရိုးစကားရှိသည့်အတိုင်း ယုံကြည်ချက်သည် ခွန်အားမှလာသည်။ သူ၏ရှစ်စွင်းက အမြဲတစေ ယုံကြည်ချက်ရှိနေပြီး မည်သည့်အခြေအနေ ရင်ဆိုင်ရစေကာမူ ပျာယာခတ်ခြင်း မရှိတာ အံ့ဩစရာမရှိပေ။ ယဲ့ကျန်းဖြစ်စေ၊ ယွီချန်းရှုဖြစ်စေ၊ ရှောင်းဟူရှန်းဖြစ်စေ မဟာမြို့စားကြီးများ သို့မဟုတ် အနက်ရောင်အစောင့်အရှောက်များဖြစ်စေ သူတို့က ရှစ်စွင်းရှေ့၌ ဘာမှမဟုတ်ပေ။
လုကျိုးသည် စီးဝူယာ့ကို အပြစ်မမြင်ဘဲ မုန်တိုင်းထန်နေသော ကောင်းကင်ကို ကြည့်ပြီး မေးလိုက်၏။
“မင်း ဘာတွေ့ခဲ့လဲ”
စီးဝူယာ့က ပြောလိုက်သည်။ “ရှစ်စွင်း ... ရှစ်စွင်း အနက်ရောင်အစောင့်အရှောက်တွေနဲ့ တိုက်ခိုက်နေတုန်း ဒီနေရာမှ လှုပ်ရှားမှုတချို့ကို သတိပြုမိပါတယ်။ အနက်ရောင်အစောင့်အရှောက်တွေဆီ စစ်ကူတွေရောက်လာမှာ ကာကွယ်ဖို့အတွက် တိကျန်းနဲ့ ကျွန်တော် ပျံသန်းလာတာပါ။ ဒီသင်္ကေတလမ်းကြောင်းကို တွေ့လိုက်တယ်။ အန္တရာယ်များမှန်း သိပေမဲ့ ...”
လုကျိုးက လက်တစ်ဖက်မြှောက်လိုက်၏။
ကောင်းကင်က တည်ငြိမ်သွားပြီး အပြာရောင်ပြန်ဖြစ်လာသည်။ ဘာမှမရှိတော့ဘဲ အပြာရောင်ကောင်းကင်ထဲ၌ အဖြူရောင်တိမ်တိုက်များသာ ရှိနေ၏။
လုကျိုးက မေးကာ ဇဝေဇဝါဖြစ်နေတော့သည်။ “သင်္ကေတလမ်းကြောင်းက ဘာလဲ”
စီးဝူယာ့က ရှင်းပြလိုက်၏။
“လွန်ခဲ့တဲ့၆လအတွင်းမှာ ကျင့်ကြံပြီး လီယွင်ကျန်းကို သင်ပြပေးတာအပြင် ကျွန်တော်က ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးထဲမှာ အချိန်တော်တော်များများသုံးခဲ့ပါတယ်။ ဒီမှာ ရှိနေတုန်း လော့ရွှမ်းချန်ထားခဲ့တဲ့ သုတေသနထဲကနေ သင်္ကေတလမ်းကြောင်း အကြောင်းဖတ်ခဲ့တယ်။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက လူတွေပြောပြချက်အရ လော့ရွှမ်းက ရှေးဟောင်းအုတ်ဂူကို တူးဖော်တဲ့အချိန် သင်္ကေတလမ်းကြောင်းကို ပထမဆုံးဖြတ်ဖူးတာတဲ့။ ပြီးတော့ သင်္ကေတလမ်းကြောင်းကို သုတေသနလုပ်ဖို့ နှစ်မြှုပ်ထားပြီး ကောင်းကင်ကို ကျော်လွန်ပြီး လောကရဲ့တည်ရှိမှုကို အတည်ပြုခဲ့တယ်”
“သင်္ကေတလမ်းကြောင်းက ကောင်းကင်အလွန်လောကရဲ့ တည်ရှိမှုကို ဘယ်လို သက်သေပြလိုက်တာလဲ”
“သင်္ကေတလမ်းကြောင်းက လူတစ်ယောက်ကို အင်မတန်မြန်ဆန်တဲ့အရှိန်နဲ့ ပျံသန်းခွင့်ပေးတယ်”
“ပျံသန်းတာလား။ တိကျန်းထက်ပိုမြန်တာလား”
“တိကျန်းထက်ပိုမြန်တယ်။ အဲဒါကို ကြည့်ဖို့ သဘောတရားကို အသုံးပြုလို့မရဘူး။ ဒီလိုမျိုး ...” စီးဝူယာ့သည့် အရိုးရှင်းဆုံးနည်းလမ်းဖြင့် ရှင်းပြရန် ကြိုးစားလိုက်သည်။ သူသည် တခဏတာ ရုန်းကန်နေပြီး လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ဆုပ်လိုက်ပြီးနောက် သူတို့ကိုမြှောက်လိုက်၏။
“ဘယ်ကနေညာကို အကွာအဝေးက ရွှေကြာနယ်မြေနဲ့ အနီရောင်ကြာနယ်မြေမှာကြားမှာ တည်ရှိတဲ့ အဆုံးမဲ့သမုဒ္ဒရာထက် အကွာအဝေးပိုကြီးမားတယ်။ ဒါပေမဲ့ သင်္ကေတလမ်းကြောင်းနဲ့ဆိုရင် ရှစ်စွင်းက ...”
“အဲဒါက နေရာရွေ့ပြောင်းပို့ဆောင်ရေးပုံစံမျိုးလား” လုကျိုးသည် စီးဝူယာ့ရှာနေသည့် စကားလုံးကို သိသွားသည်။
စီးဝူယာ့၏မျက်လုံးက ချက်ချင်းလက်သွား၏။ သူ၏ရှစ်စွင်းကိုကြည့်ကာ စိတ်အားထက်သန်စွာ ပြောလိုက်၏။
“ဟုတ်တယ် ... အဲဒါ နေရာရွေ့ပြောင်းပို့ဆောင်ရေးလိုမျိုးပဲ။ သင်္ကေတလမ်းကြောင်းက အလုပ်ဖြစ်ဖို့ လိုအပ်ချက် မြင့်မားတယ်။ စွမ်းအင်ကုန်ဆုံးမှုကလည်း အင်မတန်မြင့်ပြီး နေရာကလည်း သင့်တော်မှရမယ်။ ကောင်းကင်အလွန်လောကအတွက် မဟုတ်ဘူးဆိုရင် လော့ရွှမ်းက သင်္ကေတလမ်းကြောင်းကို လေ့လာပြီးလောက်ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ပိုင်းကျ တော်ဝင်မိသားစုက သုတေသနကို ရပ်လိုက်တာ။ နောက်တော့ လော့ရွှမ်းက ရေနက်ဆန်းကြယ်ဂူထဲမှာ သင်္ကေတလမ်းကြောင်းကို ဖန်တီးဖို့ သင်္ကေတတွေကို အသုံးပြုခဲ့တယ်။ ဒါက သူ ရွှေကြာနယ်မြေကို ရောက်ခဲ့တဲ့ပုံပဲ။ ဒီဟာက ကောင်းကင်အလွန်လောကတည်ရှိမှုကိုလည်း သက်သေပြလိုက်တယ်”
စီးဝူယာ့သည် အသက်တစ်ချက်ရှူပြီးနောက် ဆက်ပြောလိုက်သည်။
“ရှစ်စွင်း အစောတုန်းက တွေးခဲ့သလိုပဲ သင်္ကေတလမ်းကြောင်းက စွမ်းအင်ကုန်ဆုံးမှုမြင့်မားပြီး တည်နေရာနဲ့ပတ်သက်တဲ့ တင်းကြပ်တဲ့လိုအပ်ချက် ရှိရုံတင်မကဘူး အသုံးပြုသူရဲ့ လိုအပ်ချက်ကလည်း မြင့်မားတယ်။ အနီရောင်ကြာနယ်မြေက ကျင့်ကြံသူတွေကို သတိမထားစေချင်တာ ဖြစ်လောက်တယ်။ ဒါကြောင့် သူတို့တွေက သုတေသနကို ဖိနှိပ်ထားတာ။ ရှစ်စွင်းက အနက်ရောင်ကြာနယ်မြေက အနီရောင်ကြာနယ်မြေထဲက မွေးဖွားဇယားချပ် သားရဲတွေကို လက်ဝါးကြီးအုပ်ထားတာ အချိန်အတော်ကြာကြောင်း အတည်ပြုလိုက်ပြီး ရွှေကြာနယ်မြေကို လက်ဝါးကြီးအုပ်ဖို့ စီစဉ်နေကြောင်း အတည်ပြုလိုက်တဲ့ အချိန်တုန်းက သူတို့တွေက ဒီလောက်အကွာအဝေးကြီးကို ဖြတ်ကျော်လာတဲ့အချိန် ဘယ်လိုလုပ်မလဲ တွေးကြည့်ခဲ့တာ။ မွေးဖွားဇယားချပ်ရှစ်ခု၊ ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင် ဆိုရင်တောင် အဆုံးမဲ့သမုဒ္ဒရာကို ဖြတ်ကျော်ဖို့ အချိန်ငါးရက် ယူရဦးမယ်။ ငါးရက်က မွေးဖွားဇယားချပ်သားရဲအဖို့ သားရဲကို တစ်စုံတစ်ယောက်ဖမ်းသွားပြီး အနက်ရောင်ကြာနယ်မြေက တစ်ယောက်ယောက်ရောက်မလာခင် မွေးဖွားဇယားချပ်သားရဲကို ဖမ်းသွားဖို့ လုံလောက်တယ်။ ဒါ့အပြင် ရှစ်စွင်းက ကောင်းကင်ခြားတောင်တန်းဒေသထဲမှာ အနက်ရောင်ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူနဲ့ တွေ့တဲ့အကြောင်း ကျွန်တော် နားထောင်ပြီးတော့ ရွှေကြာနယ်မြေရဲ့ကောင်းကင်ကျုံးက ချိုင့်ဝှမ်းနဲ့အတော်လေးဆင်တူမှန်း သဘောပေါက်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနက်ရောင်ကြာနယ်မြေအဖို့ ချော်ရည်ကနေ ဖြတ်ကျော်တာထက် အဆုံးမဲ့သမုဒ္ဒရာကို ခရီးနှင်တာကို ပိုပြီးလွယ်ကူတယ်။ ဒါက အဓိပ္ပါယ်မရှိဘူးလေ။ ဒါကြောင့် ကျွန်တော် စွန့်စားပြီးတော့ တစ်ခုခုများ သိမလားဆိုပြီး ဒီကို ရောက်လာတာ” စီးဝူယာ့က ပြောပြီးနောက် ငြိမ်သက်အေးချမ်းသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။
လုကျိုးက မေးလိုက်၏။ “မင်း သေချာလား”
“သေချာပါတယ်။ ဒါက သင်္ကေတလမ်းကြောင်းပါ”
“သူ မင်းကို သတ်လိုက်မှာ မကြောက်ဘူးလား” လုကျိုးက မေးလိုက်၏။
စီးဝူယာ့က ရိုးရိုးသားသားပြန်ဖြေ၏။ “သူ ကျွန်တော့်ကို မသတ်ဘူးလို့ လောင်းကြေး ထပ်ထားတာပါ”
လုကျိုး “...”
စီးဝူယာ့က ရှင်းပြလိုက်၏။
“ပထမအချက်က လုလီနဲ့ တုကျန်းရဲ့ တုံ့ပြန်မှုအရ ကျွန်တော့်မှာ မဟာလေဟာနယ်စွမ်းအင်ရှိတာ အတည်ပြုခဲ့တယ်။ အဲဒါဘာမှန်း သေချာမသိပေမဲ့ ထူးခြားတယ်ဆိုတာ သိသာတယ်။ ဒုတိယအချက်က ကျွန်တော် ရှစ်ကျဲကျောင်းယွဲ့ကို ကြိမ်ဖန်များစွာ ဆက်သွယ်ခဲ့ပြီး အဲဒီလျန်ရှင်းက သူမရဲ့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားတာအပြင် မဟာလေဟာနယ်စွမ်းအင်ကို ရယူဖို့ ကြိုးစားနေကြောင်းလည်း သိလိုက်ရတယ်။ လုလီ၊ လျန်ရှင်း၊ တိကျန်း ဘယ်သူပဲဖြစ်ဖြစ် သူတို့တုံ့ပြန်မှုအရ မဟာလေဟာနယ်စွမ်းအင်က အံ့ဩစရာကောင်းတယ်။ ရတနာတွေ အားလုံးထက်သာတဲ့ ရတနာတစ်မျိုးလိုပဲ။ ဒါကြောင့် ဒီလူက ကျွန်တော့်ကို သတ်မှာမဟုတ်ကြောင်း သေချာနေတာ။ အလွန်ဆုံးမှ သူ ကျွန်တော့ကို ဖမ်းဆီးပြီး အကျဉ်းချထားပြီးတော့ ကျွန်တော့်ဆီကနေ မဟာလေဟာနယ်စွမ်းအင်ကို ယူဖို့ကြိုးစားလိမ့်မယ်။ တကယ်တော့ ကျွန်တော် အဖမ်းခံလိုက်လည်းကောင်းတာပဲ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲ ဖောက်ဝင်ပြီး အထဲကနေ ရှစ်စွင်းနဲ့ ပူးပေါင်းလို့ရတယ်”
“အလိုလေး” ထိုစကားကို ကြားသောအခါ လုကျိုးသည် စီးဝူယာ့ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ပြီး ပြောလိုက်လေ၏။
“မင်း ပြောပုံအရ ငါက မင်းရဲ့အစီအစဉ်ကို ဖျက်ဆီးခဲ့တဲ့ပုံပဲ” စီးဝူယာ့က ဒူးထပ်ထောက်လိုက်၏။
“ကျွန်တော် အဲ့လို မရည်ရွယ်ပါဘူး ... ရှစ်စွင်း”
“ဟုတ်ပြီ။ ထပြီး စကားပြော” လုကျိုးက ပြောလိုက်၏။
“မင်း မှန်ပေမဲ့ နည်းနည်းစွန့်စားရာရောက်လွန်းတယ်။ ဒီအနက်ရောင်ကြာကျင့်ကြံသူက သူ့အတွက် ဘာကောင်းမှန်းမသိရင် မင်း အချည်းနှီးသေသွားမှာမလား။ သူက ညှဉ်းပန်းရတာကို သဘောကျတဲ့အရူးဆိုရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒီအချိန်ကျ မင်း သူ့ကို ဘယ်လိုဖြေရှင်းမလဲ” ၀ူကွမ်းဖျင်က အမျိုးသားများကို ကြိုက်လျှင် မည်သို့ဖြစ်မည်နည်းဟု မပြောမိအောင် သူ့ကိုယ်သူ တားလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် ရှစ်စွင်း။ ကျွန်တော့်အမှားကို သိပါပြီ” စီးဝူယာ့က ပြောလိုက်၏။
လုကျိုးက ကြည်လင်နေသော ကောင်းကင်ကို ကြည့်ပြီး မေးလိုက်သည်။ “မင်း သင်္ကေတလမ်းကြောင်းတစ်ခု ဖန်တီးနိုင်လား”
စီးဝူယာ့၏ မျက်နှာပေါ်၌ အနေခက်သည့်အမူအရာက ပေါ်လာ၏။ “ကျွန်တော် တစ်ယောက်တည်း မတတ်နိုင်မှာ စိုးရိမ်မိတယ်။ သင်္ကေတလမ်းကြောင်းကို ဖန်တီးတဲ့အခါ ခက်ခဲမှုက ကောင်းကင်လွန်း တည်ဆောက်တာထက် အဆတစ်ထောင်ပိုခက်ခဲတယ်”
“ကောင်းကင်စူးစမ်းရှာဖွေရေးအဖွဲ့သားတွေကို ထည့်တွက်လိုက်မယ်ဆိုရင်ကော” လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။
“သူတို့ကို ထည့်တွက်ရင် မျှော်လင့်ချက်တချို့ရှိပါတယ်။ ဒါပေမဲ့ အချိန်တချို့ ယူရဦးမှာပါ။ အသေးစိတ်ပုံစံတချို့၊ စွမ်းအင်ပံ့ပိုးဖို့ နည်းလမ်းနဲ့ တခြားအချက်အလက်တွေကို ရမယ်ဆိုရင် ပိုလွယ်ကူသွားလိမ့်မယ်” စီးဝူယာ့က ပြောလိုက်၏။
လုကျိုးက တိတ်ဆိတ်သွားတော့သည်။ ငါ့အတွက် အသင့်ပြင်ပြီးသားတစ်ခုရှိတယ်လို့ ဘာလို့ ငါ့ကို မပြောလိုက်တာလဲ။
အဆုံးကျ လုကျိုးသည် ဤကိစ္စကို ရပ်တန့်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
“သင်္ကေတလမ်းကြောင်းကို မင်းဆီအပ်ထားလိုက်မယ်။ တခြားကိစ္စတွေအတွက် ငါ နည်းလမ်းတစ်ခု စဉ်းစားလိုက်မယ်” လုကျိုးက ပြောလိုက်သည်။
စီးဝူယာ့က အပျော်လွန်သွား၏။ “နားလည်ပါပြီ”
“ဒါကလွဲရင် ဒီနေ့ကိစ္စထဲက ရေးကြီးခွင်ကျယ်မလုပ်နဲ့တော့။ ငါ ထင်ပေါ်ကျော်ကြားတဲ့သူ မဖြစ်ချင်ဘူး” လုကျိုးက ပြောလိုက်၏။
“နားလည်ပါပြီ”
လုကျိုး လှည့်လိုက်သည့်အချိန်တွင် အဝေး၌ ရုပ်တုများပမာ ရပ်နေသေးသော အနက်ရောင် အစောင့်အရှောက်လေးဦးကို တွေ့လိုက်ရသည်။ သူ မျက်မှောင်အနည်းငယ်ကျုံ့လိုက်၏။ သူ၏ အသေရိုက်ချက်ကတ်များကို အသုံးပြုခဲ့ပြီးဖြစ်သည်။ ယခု မည်သို့တိုက်ခိုက်ရတော့မည်နည်း။ နောက်ထပ်အသေရိုက်ချက်ကတ် ဝယ်ရမည်လား။
မဟုတ်ဘူး … ဒါမဟုတ်ဘူး။ သူတို့ကြောက်လန့်ပြီး သူတို့ထွက်ပြေးချင်တဲ့ပုံပဲ။
ယင်းကို မြင်သောအခါ လုကျိုးသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။
“မွေးဖွားဇယားချပ်ရှစ်ခုရှိတဲ့ အရှင်ဝူ။ မင်းတို့ရဲ့ အရှင်ဝူကို ငါ သတ်လိုက်ပြီ။ ငါ့ရှေ့မှာ ရာရာစစ မောက်မာထောင်လွှားရဲတယ်လား”
စီးဝူယာ့ “...”
ရှစ်စွင်း သိုသိုသိပ်သိပ်နေတာက ဘာဖြစ်သွားတာတုံး။
အနက်ရောင်အစောင့်အရှောက်လေးဦးက တုန်ယင်သွားပြီး သူတို့၏လှံရှည်ကို မကိုင်နိုင် ဖြစ်သွားတော့သည်။
အနက်ရောင်အစောင့်အရှောက်များ “...”
…
အခန်း (၉၃၆) လှည့်ဖြားခြင်းကလည်း အရည်အချင်းတစ်မျိုးပဲ
ဝေဟင်ရှိ တိမ်တိုက်များက အနက်ရောင် အစောင့်အရှောက်များ၏ မြင်ကွင်းကို ပိတ်ဆို့ထားလေ၏။ သူတို့က တိမ်တိုက်များကြား လင်းလက်သွားသည့် လျှပ်စီးကိုသာ မြင်လိုက်ရသည်။ သူတို့၏ အမြင်တွင် မွေးဖွားဇယားချပ် ၈ခု ပိုင်ရှင် အကဲဖြတ်သူက လမ်းကြောင်းမှတစ်ဆင့် အနက်ရောင်ကြာနယ်မြေသို့ ပြန်ရောက်ရှိသွားသင့်ပေသည်။
စိတ်ငြိမ်ငြိမ်ထား။ ဒါက အမှန်မဖြစ်နိုင်ဘူး။
သူက သခင်ဝူကို ဘယ်လိုလုပ်သတ်နိုင်မှာလဲ။
မဖြစ်နိုင်ဘူး။
အနက်ရောင် အစောင့်အရှောက်များက လုကျိုးနှင့် တိုက်ခိုက်ခဲ့ကြသည်။ အကယ်၍ သူတို့သာ အားကုန်သုံး တိုက်ခိုက်ပါက သူ့ကို အနိုင်ယူနိုင်ခြေရှိ၏။ သူ့စွမ်းအားက မွေးဖွားဇယားချပ် ၈ခုပိုင်ရှင်နှင့် အလှမ်းဝေးနေသေးသည်။ သူတို့က သူတို့ရှေ့ရှိ လူသည် ဝူကွမ်းဖျင်ကို သတ်ခဲ့သည့် လူဟု မယုံနိုင်ပေ။
ထိုစဥ် အနက်ရောင် အစောင့်အရှောက်၏ ခေါင်းဆောင်က သူ့ခန္ဓာကိုယ်တွင် အဆောင်၏ အသိပေးချက်ကို ကြားလိုက်ရသည်။ သူက အလျင်အမြန် ထုတ်ကာ အသက်သွင်းလိုက်၏။ သိပ်မကြာခင် စာရွက်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာထဲတွင် စာကြောင်း ၂ခုသာ ရေးသားထား၏။
သခင်ဝူရဲ့ အသက်ဓာတ် ကျောက်တုံးက ကြေမွသွားပြီ။ ဒီကိစ္စကို စုံစမ်းပါ။
“...”
ခေါင်းဆောင်က မျက်လုံးအပြူးသားဖြစ်သွားကာ စာရွက်ကို ကိုင်ထားသည့် လက်များပင် တုန်ယင်လာမိသည်။
အနက်ရောင် အစောင့်အရှောက်၏ တခြားခေါင်းဆောင်က ထိုမူမမှန်မှုကို ခံစားမိကာ လက်ဝှေ့လိုက်ပြီး စာရွက်ကို ယူကာ ကြည့်လိုက်၏။ ထိုသတင်းစကားကို မြင်တွေ့ပြီးသည့်နောက်တွင် သူသည်လည်း အံ့သြတုန်လှုပ်သွားလေ၏။
ထို့နောက် ကျန်ရှိနေသည့် ၂ဦးသားက စာရွက်ကို ကြည့်လိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က ခေါင်းဆောင် ၂ယောက်ထက် တုန်လှုပ်မှု မလျှော့နည်းပေ။
အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ မွေးဖွားဇယားချပ် ၈ခုပိုင်ရှင် အကဲဖြတ်သူ ဝူကွမ်းဖျင်က သေဆုံးသွားခဲ့လေပြီ။ သူ့ကို သတ်သည့်သူက သူတို့ ရှေ့အနီးနားတွင် ရပ်ကာ သူတို့ကို မီးတောက်လုမတတ် အကြည့်မျိုးဖြင့် စိုက်ကြည့်နေလေ၏။ သူတို့က မသက်မသာဖြစ်သလို ခံစားနေရသည်။ သူတို့က နှစ်ချို့သေရည်ကောင်းကို သောက်ခဲ့သည်ဟု ထင်ခဲ့မိသော်လည်း မြင်းကျင်ငယ်ကို သောက်ခဲ့သည်ဟု ရုတ်ခြည်း ပြောခံလိုက်ရသလိုမျိုးဖြစ်သည်။
လုကျိုးနှင့် စီးဝူယာ့က အနက်ရောင် အစောင့်အရှောက် ၄ယောက်ကို ကြည့်လိုက်ကြ၏။
ခဏအကြာတွင် လုကျိုးက အသံကူးပြောင်းကာ ပြောလိုက်သည်။
“ငါ့နောက်ကို လိုက်ခဲ့။ မလိုလားအပ်တာတွေ မလုပ်နဲ့”
“ဟုတ်ကဲ့” စီးဝူယာ့၏ အမူအရာက တည်ငြိမ်နေပြီး သူ့ရှစ်စွင်းနောက်မှ လိုက်လာပြီး အနက်ရောင် အစောင့်အရှောက် ၄ယောက်ဆီ ပျံသန်းလာသည်။
လုကျိုးကလည်း အမူအရာအပြောင်းအလဲ မပြပေ။ သူက ရှေ့တွင် အန္တရာယ်ရှိနေမှန်း သိထားသော်လည်း ရှေ့ဆက် တိုးလာသည်။ သူက သူတို့ကို ခြိမ်းခြောက်နိုင်လေ၏။
နောက်ဆုံးတွင် လုကျိုးက အနက်ရောင် အစောင့်အရှောက်နှင့် မီတာဒါဇင်ချီ အကွာတွင် ရပ်တန့်လိုက်သည်။ သူ့အမူအရာက သူတို့ကို ကြည့်လိုက်ပြီး “ဘာလဲ။ ငါ ဖိတ်ကြားတဲ့အထိ စောင့်နေတာလား” ဟူသော အမူအရာမျိုး ဖြစ်နေသည်။
အနက်ရောင် အစောင့်အရှောက် ၄ယောက်ကလည်း အရူး မဟုတ်ပေ။ သူတို့က လုကျိုး၏ အဓိပ္ပာယ်ကို နားလည်လိုက်၏။ သူတို့က အလျင်အမြန် ပျံသန်းလာကာ လုကျိုးနှင့် ဆယ်မီတာအကွာတွင် ရပ်တန့်လိုက်ကြသည်။ သူတို့၏ မျက်နှာတွင် ရှက်ရွံ့သည့် အမူအရာမျိုး ဖြတ်ပြေးသွားလေ၏။ စောစောလေးက သူတို့သည် တစ်ဦးနှင့် တစ်ဦး ကမ္ဘာ့ရန်ဘက်အလား တိုက်ခိုက်ခဲ့ကြပြီး ယခုအခါ မိတ်ဆွေဟောင်းတွေ ဆုံစည်းနေသကဲ့သို့ ဖြစ်နေသည်။
လုကျိုးက တည်တည်ငြိမ်ငြိမ် မေးလိုက်၏။
“မင်းတို့တွေ အသက်ရှင်ချင်လား”
စီးဝူယာ့က တိတ်တဆိတ်စောင့်ကြည့်နေသည်။
“တကယ်လို့ ကျုပ်တို့ အသက်မရှင်ချင်ရင် ဘယ်လိုလုပ် ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်ပါ့မလဲ”
အနက်ရောင် အစောင့်အရှောက် ၄ယောက်က ရင်ဘတ်ပေါ် လက်တင်ထားရင်း မသက်မသာဖြစ်နေသည်။
“မင်းတို့ အသက်ရှင်ချင်တယ်ဆိုရင် ငါ့မေးခွန်းတွေကို ဖြေပေး”
အနက်ရောင် အစောင့်အရှောက် ၄ယောက်က အကြည့်ချင်းဖလှယ်ပြီး ခေါင်းညိတ်လိုက်ကြသည်။
လုကျိုးက သူတို့ထဲက တစ်ယောက်ကို မေးလိုက်၏။
“မင်းနာမည်က ဘယ်သူလဲ”
သူက ယခင်တုန်းက အနက်ရောင် အစောင့်အရှောက် ၆ယောက်ကို ဦးဆောင်လာသည့်သူကို မှတ်မိလေသည်။
“ကျုပ်က အနက်ရောင် အစောင့်အရှောက်ရဲ့ ခေါင်းဆောင် ရှန်ရှစ်ပါ” ရှန်ရှစ်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
လုကျိုးက ဆက်မေးလိုက်၏။
“စောစောလေးက လူက အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အကဲဖြတ်သူလား”
ရှန်ရှစ်က ပြန်ဖြေလိုက်၏။
“ဟုတ်ပါတယ်။ သူက သခင်ဝူကွမ်းဖျင်ပါ”
လုကျိုးက တိတ်ဆိတ်သွားလေသည်။
ရှန်ရှစ်က သူ့စကားအဆုံးတွင် ပညာရှင်တစ်ယောက်ရှေ့၌ ဝူကွမ်းဖျင်ကို သခင်ဟု ခေါ်ညွှန်းဖို့ရာ မသင့်တော်ကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူက ပြောလိုက်၏။
“ဝူကွမ်းဖျင်က အနက်ရောင်မျှော်စင် အဖွဲ့အစည်းမှာ အတော်လေးကို တက်ကြွပြီးတော့ အစွန်းရောက် အဖွဲ့ရဲ့ ကိုယ်စားလှယ်လို့တောင် ပြောလို့ရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၁၀၀၀တုန်းက သူက အနီရောင်ကြာနယ်မြေကို သုတ်သင်ပစ်ဖို့ အကြံအစည်ကို ထောက်ခံခဲ့ပေမဲ့ ရှေးဦးစွဲ အဖွဲ့က ဆန့်ကျင်ခဲ့တယ်။
လွန်ခဲ့တဲ့ နှစ် ၃၀၀ခန့်ကလည်း သူက မဟာလေဟာနယ် စူးစမ်းရှာဖွေရေး ခရီးကို ပါဝင်ဆင်နွဲခဲ့ပြီးတော့ အသက်ရှင်သန်ခဲ့တဲ့ သူတချို့ထဲက တစ်ယောက်ပါပဲ။ အဲဒီနောက်ပိုင်းမှာ သူက ပိုပြီးတော့ စိတ်အားထက်သန်လာတယ်။ သူက အထက်ပိုင်းကို သူ့ကို အနီရောင်ကြာနယ်မြေဆီ လွှတ်ဖို့ ဆက်တိုက်တောင်းဆိုနေခဲ့တာ။ ဒီနေ့ သူ့ရဲ အနီရောင်ကြာနယ်မြေကို ရောက်လာခဲ့တဲ့ ပထမဆုံးရက်ပဲ”
ပထမဆုံးရက်မှာ သေသွားတာလား။ ငါ တတ်နိုင်တာမှ မရှိတာ။ ငါ သူ့ကို မသတ်ရင် သူက ငါ့ကို သတ်သွားမှာပဲ။ ကြီးနိုင်ငယ်ညှဉ်း သဘောပဲလေ။ ဘယ်သူကမှ အပြစ်တင်လို့ မရဘူး ...
လုကျိုးက ထပ်မေးလိုက်သည်။
“မဟာလေဟာနယ် စူးစမ်းရှာဖွေရေးဆိုတာ ဘာလဲ”
ရှန်ရှစ်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် ဘယ်ညာကြည့်ပြီးသည့်နောက် ပြန်ပြောလိုက်သည်။
“အတိတ်တုန်းက အနက်ရောင်မျှော်စင် အဖွဲ့အစည်း၊ တော်ဝင်မိသားစု၊ အလင်းနဲ့ အမှောင် မဟာမိတ်နဲ့ တခြားအင်အားစုတွေက ပညာရှင်တချို့ကို ရွေးချယ်ပြီးတော့ မဟာလေဟာနယ်မျိုးစေ့ကို ရှာဖို့ အမည်မသိနေရာကို စေလွှတ်ခဲ့ကြတယ်။ အဲဒါက ထိပ်တန်းလျှို့ဝှက်ချက် စူးစမ်းရှာဖွေရေးတစ်ခုပဲ။ ကျွန်တော်တောင် အဲဒီတုန်းက ရတနာအများကြီး ဖြုန်းတီးလိုက်ပေမဲ့ ဘာမှရှာမတွေ့ခဲ့ဘူး”
စီးဝူယာ့က နားမလည်နိုင် ဖြစ်သွားမိ၏။
“ခင်ဗျားက မဟာလေဟာနယ်မျိုးစေ့ အကြောင်း သိထားတာလား”
“အဲဒါက ကျင့်ကြံရေးအတွက် အကျိုးကျေးဇူးရှိတယ်လို့ ပြောတဲ့ အဖိုးတန်ရတနာတစ်ခုပဲ။ အမည်မသိနေရာမှာ ပေါက်ရောက်ပြီးတော့ အဲဒါရှိတယ်ဆိုရင် မွေးဖွားဇယားချပ် ၈ခုအထိ အသက်သွင်းနိုင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ငါက အလိမ်အညာလို့ပဲ ထင်တယ်။ ကောင်းကင်က လူသားတွေအတွက် စည်းမျဉ်းတွေ သတ်မှတ်ပြီးသားလေ။ ဘာလို့များ ဖြတ်လမ်း ပေးနေအုံးမှာလဲ” ရှန်ရှစ်က အမြင်ကို ထုတ်ပြောလိုက်သည်။
စီးဝူယာ့က ပြုံးကာ
“ကျွန်တော့်ကို ဘယ်လိုထင်လဲ” သူ ဆိုလိုသည်မှာ သူ့ဆီမှာ မဟာလေဟာနယ် စွမ်းအား ရှိလေသည်။ သူတို့အားလုံး ကန်းနေသည်လား ဟူ၍ ဖြစ်သည်။
ရှန်ရှစ်က စီးဝူယာ့အား ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး
“မင်းက ပါရမီ ရှိတာပဲ။ ပါရမီရှိပြီးတော့ ထူးကဲတဲ့ အငွေ့အသက်မျိုး ရှိတယ်။ တကယ်လို့ ငါသာ မမှားရင် မင်းက ကွန်ဖြူးရှပ်ကျင့်စဥ်ကို ကျင့်ကြံထားတာပဲ ဖြစ်ရမယ်”
စီးဝူယာ့ “...”
ထားလိုက်ပါတော့။ အနည်းဆုံးတော့ သူတို့က ငါ့ဆီက မဟာလေဟာနယ် စွမ်းအားကို မခံစားမိဘူးဆိုတာ အတည်ပြုလိုက်နိုင်တယ်။
လုလီ၊ တိကျန်းနှင့် ဝူကွမ်းဖျင်တို့သည် သူ့ဆီက မဟာလေဟာနယ် စွမ်းအားကို ခံစားမိသည့်အတွက် ကျင့်ကြံဆင့် နက်နဲသည့် ကျင့်ကြံသူများနှင့် ထူးခြားသည့် စီးတော်သားရဲများကသာ ထိုစွမ်းအင်ကို အာရုံခံမိတာလားဟု စဥ်းစားနေမိသည်။
ခဏအကြာတွင် စီးဝူယာ့က ပြန်ဖြေလိုက်သည်။
“ကျုပ်က ကွန်ဖြူးရှပ်ကျောင်းတော်က ကျင့်စဥ်တချို့ကို ကျင့်ကြံဖူးပေမဲ့ တာအိုဘာသာနဲ့ ဗုဒ္ဓဘာသာ ကျောင်းတောင်က ကျင့်စဥ်တွေကိုလည်း ကျင့်ကြံဖူးတယ်”
ထို့နောက် သူက ထပ်မေးလိုက်သည်။
“အမည်မသိနေရာကို ဘယ်လိုသွားရမလဲဆိုတာ သိလား”
“မသိဘူး။ ကျုပ် ကြားဖူးတာကတော့ အဲဒီမှာ ခက်ထန်သားရဲတွေ အများကြီးရှိတယ်တဲ့။ သူတို့က အင်မတန် ခက်ထန်ပြီးတော့ အဖွဲ့လိုက်သွားလာကြတယ်တဲ့။ ရှေးဟောင်းစာအုပ်တွေထဲမှာ ပြောထားတာကတော့ ကမ္ဘာကြီးထဲမှာ ခက်ထန်သားရဲ အများကြီးရှိတယ်တဲ့။ ဘယ်သူကမှ အရေအတွက် အတိအကျကို မသိကြဘူး။ သူတို့က ကုန်းပေါ်လမ်းလျှောက်နိုင်သလို ပင်လယ်ထဲ ရေကူးပြီးတော့ ကောင်းကင်မှာလည်း ဝဲပျံနိုင်တယ်။ လူသားတွေထက် အားကောင်းနေရုံတင် မကဘူး။ သူတို့ အရေအတွက်ကလည်း များပြားတယ်”
လုကျိုးက မေးလိုက်သည်။
“အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ၁နှစ်ကို အသက်ဓာတ် နှလုံးသား ဘယ်လောက်ရလဲ”
ရှန်ရှစ်က ပြန်ဖြေလိုက်သည်။
“သိပ်တော့မများဘူး။ ၂ခု ၃ခုဆိုရင် များပြီလို့ ယူဆလို့ရတယ်။ တချို့နှစ်တွေမှာဆိုရင် ဘာမှတောင် မရဘူး”
စီးဝူယာ့က ထိုအရာသည် ထူးဆန်းသည်ဟု ထင်မိ၏။ သူက မေးလိုက်သည်။
“တကယ်လို့ ကျုပ်တို့တွေ ဒီအရေအတွက်ကို တွက်ချက်ကြည့်မယ်ဆိုရင် နှစ် ၁၀၀၀ ပြီးတဲ့နောက်မှာ အနီရောင်ကြာနယ်မြေမှာ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတွေ အများကြီး ရှိသင့်တာပေါ့။ ဘာလို့နည်းနည်းပဲ ရှိနေရတာလဲ။ ပွင့်ချပ်ဆယ်လွှာက အနည်းဆုံးတော့ နှစ် ၃၀၀၀ သက်တမ်း ရှိတယ်လေ”
စီးဝူယာ့က ရွှေကြာနယ်မြေကို အမှတ်ရသွားသည်။ ယခင်က ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းမှုသည် သက်တမ်းကုန်ဆုံးစေသည့်အတွက် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ မရှိခဲ့ဖူးပေ။ အတိတ်တွင် ဖြစ်နေပါက အများစုက အလျင်အမြန် သေဆုံးသွားကြလိမ့်မည်။ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ပွင့်ချပ်ကိုးလွှာအဆင့်သည် ဒဏ္ဍာရီတစ်ခုဖြစ်လာပြီး လူများစွာက အစစ်အမှန်ဟုပင် မယုံကြတော့ပေ။
ရှန်ရှစ်က သက်ပြင်းချကာ ပြောလိုက်၏။
“တချို့က အသတ်ခံရပြီးတော့ တချို့ကတော့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ အကျဉ်းထောင်မှာ အပိတ်ခံထားရတာ။ ဒီနေရာမှာရှိတဲ့ မွေးဖွားဇယားချပ် သားရဲတွေကို သိမ်းပိုက်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဒီနေ့ နမူနာပဲကြည့်။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတွေ အများကြီး ရှိနေတာပဲ။ တကယ်လို့ အတိတ်တုန်းကသာဆိုရင် အနက်ရောင် အစောင့်အရှောက်တွေက ကျောက်တောအုပ် အစီအရင်ကို ကြိုတင်စောင့်ဆိုင်းနေလိမ့်မယ်”
စီးဝူယာ့က ယုံကြည်ချက်ရှိရှိ မေးလိုက်သည်။
“ကျုပ် ခန့်မှန်းကြည့်ပါရစေအုံး။ ခင်ဗျားက အနီရောင်ကြာနယ်မြေထဲက လူတစ်ယောက်ကို ဆက်သွယ်ပြီး ဒီမှာ ထိန်းချုပ်မှုကို တင်းကြပ်အောင် လုပ်ဖို့ တာဝန်ချခံထားရတာမလား”
ရှန်ရှစ်နှင့် တခြားအနက်ရောင် အစောင့်အရှောက်များက တစ်ဦးနှင့် တစ်ဦး နေရခက်စွာ ကြည့်လိုက်ကြသည်။ သူတို့က ထိုအရာကို မငြင်းဆန်နိုင်ပေ။
လုကျိုးက မေးလိုက်၏။
“ဒီကို လာဖို့ အဲဒီလမ်းကြာင်းကို အသုံးပြုခဲ့တာလား”
“ဒါက ... “ ရှန်ရှစ်က တုံ့ဆိုင်းမိသွားသည်။
လုကျိုးက ပြောလိုက်၏။
“မင်းကို သတ်ချင်တယ်ဆိုရင် စောစောစီးစီးကတည်းက လုပ်ပြီးသွားပြီ။ ဝူကွမ်းဖျင်က သေသွားပြီဆိုတော့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းထဲက အတွင်းရေး ပဋိပက္ခတွေက ပိုပြီး ပြင်းထန်လာမှာပဲ။ မင်း ကာကွယ်စောင့်ရှောက်နေတဲ့ လျှို့ဝှက်ချက်က အနှေးနဲ့ အမြန် သိလာမှာပဲ။ မင်း မပြောရင်တောင် ဘယ်သူမှ ငါ့ကို မပြောတော့ဘူးလို့ ထင်နေလား”
ရှန်ရှစ်က တုန်လှုပ်သွားသည်။ အကယ်၍ အနက်ရောင်ကြာနယ်မြေမှ ဘယ်သူကမှ သူ့ရှေ့ရှိ လူအိုကြီးကို မပြောခဲ့ဖူးလျှင် ထိုလူအိုကြီးသည် မွေးဖွားဇယားချပ် မည်သို့အသက်သွင်းရမည်ကို မည်သည့်နေရာက သင်ယူထားသနည်း။ မွေးဖွားဇယားချပ်စွမ်းအားကို မည်သို့ ထိန်းချုပ်နိုင်သနည်း။ သူက ယီယောင်ကို မည်သို့ သတ်ခဲ့သနည်း။
“အနက်ရောင် အစောင့်အရှောက်လေး … မင်းကိုယ်မင်း အထင်ကြီးမနေနဲ့။ မင်း တန်ဖိုးထားရအောင် ငါမင်းကို အခွင့်ရေးပေးပြီးသား” လုကျိုးက လက်နောက်ပစ်ရင်း ပြောလိုက်သည်။
ဂတ်
ထိုစဥ် တိကျန်းက ဝူကွမ်းဖျင် ပျောက်ကွယ်သွားသည့် နေရာကို စက်ဝိုင်းပတ်ကာ အော်မြည်နေသည်။
အကဲဖြတ်သူ ၄ယောက်ထဲမှ ဝူကွမ်းဖျင် သေဆုံးသွားပြီ ဖြစ်၏။ အနက်ရောင် အစောင့်အရှောက်က သူ့ရှေ့တွင် ရှိနေသည့်လူနှင့် မည်သို့များ ညှိနှိုင်းနိုင်မည်နည်း။
အဆုံးသတ်တွင် ရှန်ရှစ်က ခေါင်းညိတ်လိုက်ပြီး
“ဟုတ်ပါတယ်။ ကျုပ်တို့တွေက အဲဒီသင်္ကေတလမ်းကြောင်းကနေ လာခဲ့တာပါ”
လုကျိုးက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ပြောလိုက်သည်။
“ငါက အမြဲတမ်း စကားတည်တယ်။ အဲဒီလမ်းကြောင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ပေး။ မင်းတို့ကို လွှတ်ပေးမယ်”