← Chapters

အခန်း (၆၄၉-၆၅၁)

Vol. 44 Ch. 649-651

အခန်း (၆၄၉-၆၅၁)

Vol. 44 Ch. 649-651

အခန်း (၆၄၉) ပွင့်ချပ်ကိုးလွှာအဆင့်၏စွမ်းဆောင်ရည်

အန်းကွေ့သည် အားတင်းပြုံးလျက်ပြောလိုက်၏။

"ဆရာကြီး ဒါက အကောင်းဆုံးလုပ်ရပ် မဟုတ်လောက်ဘူး။ ပြောရရင် တာ့လော်က လို့လန်ရဲ့ဂုဏ်သတင်းအကြီးဆုံး စစ်သူကြီးတွေထဲက တစ်ယောက်ပါ။ သူသေသွားခဲ့ရင် လို့လန်ဖရိုဖရဲဖြစ်သွားမှာ စိုးရိမ်မိပါရဲ့။ တာ့လော်က မှားယွင်းတာ တစ်ခုခုလုပ်ခဲ့ရင် အဲဒါအတွက် အပြစ်ပြေရာပြေကြောင်းလုပ်ဖို့ အမိန့်ပေးလိုက်ပါ့မယ်။ ဒီလူငယ်လေးက တောင်းဆိုချက်ကို ပြောလို့ရပါတယ်”

တာ့လွတ်သည် ထိုအချက်ကို လက်မခံပေ။ သို့သော်ငြား သူက ပြောလိုက်၏။

"မင်းရဲ့တောင်းဆိုချက်ကို ပြောလိုက် ဘာမဆိုသဘောတူတယ်”

ဖြန်း ...

မင်ရှစ်ရင်သည် စားပွဲကိုလက်ဝါးဖြင့်ရိုက်ချလိုက်ရာ သူ၏သေရည်ကို လွင့်စဉ်သွားစေ၏။ သူက ထရပ်ပြီးနောက် ပြောလိုက်သည်။

“တာ့လော်တဲ့လား”

ကျန်သည့်သူများက သူ့ကို လှည့်ကြည့်လိုက်ကြသည်။

တာ့လော်က သူ့ကိုမျက်မှောင်ကျုံ့ပြီးမေးလိုက်သည်။ “မင်းက...”

“မင်းရဲ့သတ္တိကို လေးစားမိပါရဲ့။ ငါ့ရဲ့တာ့ရှစ်ရှိုးကို ဒီလိုပုံမျိုးနဲ့စကားပြောနိုင်ဖို့ မင်းကို ဘယ်သူကများ သတ္တိပေးလိုက်လဲ”

“တာ့ရှစ်ရှိုးလား” တာ့လော်က ဇဝေဇဝါဖြစ်သွား၏။

မင်ရှစ်ရင်သည် လက်နှစ်ဖက်ဖြန့်လျက် ကူကယ်ရာမဲ့စွာပြောလိုက်သည်။

“မင်းရဲ့တောင်းပန်မှုမှာ စိတ်ရင်းစစ်မှန်မှုကို ဘာမှမတွေ့ရဘူး။ ငါတို့မလာခင် မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း မလေ့လာထားဘူးလား။ မင်း စကားပြောနေတဲ့လူငယ်က မိစ္ဆာလမ်းစဉ်ရဲ့ အကြီးမြတ်ဆုံးဂိုဏ်းရဲ့သခင် ယွီကျန့်ဟိုင်ပဲ”

“…”

ခန်းမကျယ်သည် ယခုဆိုပိုတောင် တိတ်ဆိတ်သွား၏။ အပ်ကျသံကိုတောင် ကြားနိုင်သည်။

လူတိုင်းသည် တစ်မိုးအောက်ရှိ အကြီးမြတ်ဆုံးမိစ္ဆာလမ်းစဉ်၏သခင် ယွီကျန့်ဟိုင်ကို သိကြသည်။ ယွီကျန့်ဟိုင်သည် မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်ကြီးဖြစ်ကြောင်းလည်း သူတို့သိပေ၏။ သို့သော် ကုန်းမြေများကို ထိတ်လန့်ကြောက်ရွံ့စေပြီး ကုန်းမြေများကို ပြားဝပ်သွားစေသည့် ဂိုဏ်းချုပ်နှင့် သူတို့ရှေ့ရှိ လူငယ်ကို မဆက်စပ်နိုင်တာပဲဖြစ်သည်။

တာ့လော်သည် အထိတ်ထိတ်အလန့်လန့် မယုံနိုင်စွာ နောက်သို့ယိုင်သွား၏။

လို့လန်၏ဘုရင် အန်းကွေ့ကလည်း ထိတ်လန့်သွားသည်။

မင်ရှစ်ရင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်လေ၏။ ယင်းက သူတို့တွင်ရှိသင့်သော သဘောထားနှင့် အမူအရာပဲ ဖြစ်သည်။

တာ့လော်က တံတွေးမျိုချပြီးနောက် ပြောလိုက်သည်။ "မင်းက ယွီကျန့်ဟိုင်လား”

မင်ရှစ်ရင်က ပြောလိုက်သည်။ “တယ်...” သူ၏အသံက ကြွပ်ဆတ်ပြီး အားပြင်းကာ မဟာခန်းမထဲ၌ ပဲ့တင်သံထွက်သွား၏။

ထိုစဉ် လုကျိုးက သူ၏သေရည်ခွက်ကိုမြှောက်ပြီးနောက် လို့လန်၏ဘုရင်နှင့် ကမ်းပေ့ ထပ်လုပ်ပြန်သည်။

သူ စိတ်လှုပ်ရှားနေသောကြောင့် ဖြစ်ဟန်တူသည်။ အန်းကွေ့၏ခွက်က လက်ထဲမှ ချော်ကျသွားတော့သည်။

ခွမ်း ...

သေရည်ခွက်သည် ကြမ်းပြင်ပေါ်ကျသွားပြီး ကွဲသွားကာ သေရည်များကစားပွဲမှ ကြမ်းပြင်ဆီသို့ နဂါးတစ်ကောင်သည် တာ့လော်ဆီသို့ လှိမ့်ဆင်းသွားသည့်ပမာ စီးကျသွားတော့သည်။

ယင်းက တာ့လော်၏ကံကြမ္မာနှင့်အချိန်ပဲဖြစ်သည်။

ဘုရင်အန်းကွေ့က ပြောလိုက်၏။ “တာ့လော်နဲ့ သူ့တစ်မိသားစုလုံးကို သေဒဏ်ချမှတ်မယ်”

ထောက်

တာ့လော်သည် ဒူးထောက်ကာ တောင်းပန်တိုးလျှိုးလိုက်သည်။

“အရှင်မင်းကြီး ... လမ်းလွဲခွင့်မပြုမှရမယ်။ တိုင်းပြည်ဆယ့်နှစ်ခုမှာ မဟာမိတ်တစ်ခုရှိတယ်။ အရှင်သာ အမိန့်ပေးလိုက်ရင် တော်ဝင်မြို့ရဲ့ခမ်းနားခြင်းအစီအရင်ကို အသက်သွင်းနိုင်ပြီ။ ကျွန်တော်တို့တွေ တစ်ချက်တည်းနဲ့သူတို့အားလုံးကို သတ်နိုင်မှာကြိမ်းသေတယ်”

အန်းကွေ့က ခေါင်းခါပြီးနောက် လက်ကို ဝေ့ယမ်းလိုက်သည်။ “တစ်ချက်တည်းနဲ့လား။ ဘယ်သူကများ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူမကို ရင်ဆိုင်နိုင်မှာလဲ”

အန်းကွေ့၏ဘယ်ဖက်တွင် ရပ်နေသော နတ်ဆရာသည် အန်းကွေ့၏ရည်ရွယ်ချက်ကို နားလည်၏။ သူက လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ပြီး ဂါထာတစ်ခုရွတ်ဆိုလိုက်သည်။

ကြမ်းပြင်ပေါ်တွင် စီးကျနေသော သေရည်သည် ခရမ်းရောင်နဂါးတစ်ကောင်အသွင် ပြောင်းလဲသွား၏။

တာ့လော်က မတုံ့ပြန်နိုင်ခင် ဧရာမခရမ်းရောင်နဂါးသည် ၎င်း၏လက်သည်းနှင့် အစွယ်များကို ဝှေ့ယမ်းကာ သူ့ကိုရစ်ပတ်ထားလိုက်၏။

ဂျွတ်

တာ့လော်၏လည်ပင်းသည် ဤအတိုင်းကျိုးသွားတော့သည်။

လို့လန်၏အဆင့်မြင့်အရာရှိများက သက်ပြင်းချလိုက်သည်။ သန်မာသူ၏ရှေ့တွင် အားနည်းသူက ရုန်းကန်ရန် အားတောင် မရှိတော့ချေ။ ယင်းက အသက်ရှင်နေထိုင်နိုင်ရန် ကွက်တိအကျဆုံးသော လမ်းပဲဖြစ်၏။ သူတို့သာ ‌ရွေးချယ်နိုင်လျှင် မိမိမျိုးနွယ်ကို ဒဏ်ရာရအောင်လုပ်မည်လော။ အချို့ကဆို စတောင် ငိုလာသည်။

အန်းကွေ့က သူ့အတွက်သူ သေရည်တစ်ခွက် ထပ်မံလောင်းထည့်လိုက်၏။ သူသည် လက်နှစ်ဖက်ဖြင့် ၎င်းကို မြှောက်ကာပြောလိုက်သည်။

"ဆရာကြီး ကျေနပ်ပါရဲ့လား”

လုကျိုးသည် ဘေးတွင်ရပ်နေသော ယွီကျန့်ဟိုင်ကို လက်ညှိုးညွှန်ပြလိုက်၏။ သူ၏ဆိုလိုရင်းက ရှင်းလင်းသည်။ “သူ့ကိုမေး”

လူငယ်ယွီကျန့်ဟိုင်ကို မော့ကြည့်ပြီး ကြည်လင်သောအသံဖြင့်ပြောလိုက်၏။

“လူငယ်... ပထမသခင်လေး ဒါကို ကျေနပ်ပါရဲ့လား” သူသည် လူငယ်လေးဟူသည့် စကားကို မျိုချလိုက်ရသည်။

ယွီကျန့်ဟိုင်သည် ကြမ်းပြင်ပေါ်ရှိတာ့လော်ကို ကြည့်လိုက်၏။ ပြီးနောက် သူသည် ထိတ်လန့်ဖွယ်လှုပ်ရှားမှုကို ဆောင်ရွက်လိုက်သည်။ သူ၏ခါးမှ နဂါးသွဲ့ကျောက်ဓားမော့ကို ဆွဲထုတ်ပြီးနောက် တာ့လော်ဆီသို့လျှောက်သွားကာ ၎င်းကို တာ့လော်၏အလောင်းဆီသို့ ထိုးစိုက်လိုက်သည်။

ဘန်း

စွမ်းအင်ဓားမော့သည် တာ့လော်ကို နှစ်ခြမ်းခြမ်းလိုက်တော့သည်။ ကျန်သည့်သူများက မျက်နှာအုပ်ထားလျက် မကြည့်ချင်ကြပေ။

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“လို့လန်က တိုင်းပြည်ကို စုန်းအတတ်နဲ့အုပ်စိုးတာ။ ဒါနဲ့ဆို သူ တကယ်သေပြီ”

အန်းကွေ့ “...”

လို့လန်၏ကျန်သည့်သူများ “...”

ခန်းဆောင်သည် အချိန်မည်မျှကြာသည်မသိ ထပ်မံတိတ်ဆိတ်သွားသည်။

ယွီကျန့်ဟိုင်သည် သူ၏နဂါးသွဲ့ကျောက်ဓားမော့ကို သိမ်းလျက် ဘာမှမဖြစ်ခဲ့သည့်ပမာ သူ၏ခုံသို့ ပြန်လာသည်။

မင်ရှစ်ရင်က သူ့ပေါင်ကို ရိုက်လိုက်၏။

“ဟမ့် ... ကျုပ် မေ့တော့မလို့။ သူက စုန်းအတတ်နဲ့ အသက်ပြန်ရှင်လာနိုင်တာပဲ။ ခိုးကြောင်ခိုးဝှက်နိုင်လွန်းတယ် ... ရာရာစစ လှည့်ကွက်တွေ လုပ်ရဲတယ်ပေါ့”

အန်းကွေ့က ပြောလိုက်သည်။ သူက ချက်ချင်းပင်ခွက်ကိုချကာပြောလိုက်၏။ "ရဲမက်တို့"

ရဲမက်များက ခန်းဆောင်ထဲသို့ပြေးဝင်လာကြသည်။

“အရှင်မင်းကြီး”

“တာ့လော်ရဲ့မိသားစုကို ချက်ချင်း ကွပ်မျက်ဖို့ အမိန့်ပေးတယ်။ သူတို့ခေါင်းကို နတ်ဆရာတွေအားလုံးကို သတိပေးတဲ့အနေနဲ့ မြင်ရအောင် ချိတ်ဆွဲထားလိုက်”

“အမိန့်အတိုင်းပါ”

လို့လန်၏ စစ်သားများသည် ခန်းမထဲမှ ထွက်ခွာသွားလေ၏။

မင်ရှစ်ရင်က ခေါင်းညိတ်လိုက်သည်။

အန်းကွေ့သည် လှည့်ကွက်များ မသုံးရဲတော့သလို မသုံးတော့ပေ။

ယွီကျန့်ဟိုင်၏ပိုင်းဖြတ်မှုသည် မျောက်ကိုခြောက်ရန် ကြက်ကိုသတ်ပြလိုက်ခြင်းဖြစ်ကာ သူသည် သူ၏ခွန်အားကို တမင်တကာ ပြသလိုက်တာလဲဖြစ်သည်။

အန်းကွေ့သည် သေရည်ခွက်ကို ထပ်မြှောက်လိုက်သည်။ "ဆရာကြီး"

လုကျိုးသည် စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

“ဒီကိစ္စကို ဒီအတိုင်းထားလိုက်တော့မယ်”

အန်းကွေ့က စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်တော့သည်။

သူက “မဟာမိတ်တိုင်းပြည်ဆယ့်နှစ်ခုအတွက်တော့ လို့လန်က သူတို့ထဲဝင်ပါဖို့ တခါမှ မတွေးခဲ့မိဘူး။ ဒီအကြောင်း စိတ်ပူဖို့မလိုပါဘူး ဆရာကြီး”

“ဟုတ်ပြီ” လုကျိုးသည် သူ၏သေရည်ခွက်ကို မြှောက်လိုက်၏။ “ဉာဏ်ရှိတဲ့သူတစ်ယောက်က အခြေအနေနဲ့ လိုက်လျောညီထွေမှု ဖြစ်အောင်နေတယ်။ ငါက ပါးနပ်တဲ့လူတွေကို သဘောအကျဆုံးပဲ”

“ရဲမက်တို့” အန်းကွေ့က ထပ်ရောက်လာ၏။ ရဲမက်အချို့ဝင်လာသည်။ ဘုရင်အန်းကွေ့က အမိန့်ပေးလိုက်သည်။ “ဘွန်အာမိသားစုရဲ့ခေါင်းဆောင် လန်ဟိုင်ကိုဆင့်ခေါ်လိုက်”

“အမိန့်အတိုင်းပါ”

သူတို့လန်ဟိုင်ကို စောင့်နေစဉ် မင်ရှစ်ရင်က ဂရုမစိုက်သော လေသံဖြင့်ပြောလိုက်သည်။

"စားကြရအောင်။ အကြီးအလဲလန်၊ အကြီးအကဲဖန်၊ တာ့ရှစ်ရှိုး၊ ကျန်သည့်သူများသည် သူတို့၏တူများကို လှုပ်လိုက်ကြသည်။

စားသောက်ပွဲ၌ လူများစွာရှိနေသည်။

ဟင်းလျာများအလျှံအပယ်ရှိနေ၏။ ထိုသို့တိုင် လို့လန်၏အရာရှိများအဖို့ သူတို့ပါးစပ်ထဲ ပြာများ စားနေရသည့်ပမာ ဖြစ်နေသည်။ ဤအချိန်အတောအတွင်း သူတို့သည် ဆုတ်လည်းမဆုတ်ခွာရဲဘဲ သူတို့အတွက်ကြောက်လန့်နေ၏။ သည်းခံနိုင်ဖို့ တကယ်ခက်ခဲလှပေသည်။

အချိန်အချို့ကြာပြီးနောက် ဘွန်အာမိသားစု၏ခေါင်းဆောင်လန်ဟိုင်သည် ခန်းမထဲသို့ဝင်လာကာ နတ်ဆရာများစွာစောင့်ကြပ်လိုက်ပါလာ၏။ သူက ဒူးတစ်ဖက်ထောက်လျက် ညာလက်ကို ရင်ဘတ်ပေါ် တင်ထားကာ ပြောလိုက်သည်။

“အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”

အန်းကွေ့သည် လန်ဟိုင်ကို လျစ်လျူရှုထား၏။ သူသည် လန်ဟိုင်သည် တာ့လော်ကဲ့သို့ အဆုံးသတ်သွားနိုင်သောကြောင့် လန်ဟိုင်နှင့်ပြောရမှာ စိုးရိမ်နေသည်။ သူက လုကျိုးဖက်လှည့်ပြီး ပြောလိုက်၏။

“အရှင်မင်းကြီး ... လန်ဟိုင် ဒီကိုရောက်လာပါပြီ”

လုကျိုးသည် သူ၏သေရည်ခွက်ကို စားပွဲပေါ်တင်ထားပြီးနောက် ဘွန်အာမိသားစုကို ထိန်းချုပ်သည် လန်ဟိုင်ကိုကြည့်လိုက်သည်။

လန်ဟိုင်သည် အသက်ခုနစ်ဆယ်ကျော်ရှိပုံပေါ်ကာ သူ့၌ ထူးဆန်းသည့်အရှိန်အဝါရှိပုံပေါ်သည်။ ယင်းက နက်နဲသော ကျင့်ကြံဆင့်ဖြင့် အစစ်အမှန်စုန်းအတတ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

လုကျိုးသည် ကွေ့ဝိုက်ပြောမနေပေ။ “မင်းကို ငါ ဘာကြောင့် တွေ့ချင်ရလဲဆိုတာသိလား”

လန်ဟိုင်သည် လေးနက်တည်ကြည်သောအကြည့်ဖြင့်မော့ကြည့်လိုက်ပြီး ခေါင်းခါလိုက်လေ၏။

“ကျေးဇူးပြုပြီး အလင်းပြပေးပါ”

“ငါ့ရဲ့မှတ်ဉာဏ်သလင်းက မင်းဆီမှာရှိနေတယ်”

လန်ဟိုင်၏အမူအရာက မပြောင်းလဲသွားဘဲ ပြောလိုက်သည်။

"ဒီလိုအရာမျိုး ကျုပ်တခါမှ မကြားဖူးပါဘူး”

လုကျိုးက အလျင်မလိုပေ။ ထိုအစား သူသည် လက်ဝါးတစ်ဖက်ကိုမြှောက်လိုက်၏။ သူ့ဘေးရှိသေရည်ကရားက မျောလွင့်လာပြီး သူ၏ခွက်ထဲသို့ သေရည်ငှဲ့ပေးနေ၏။

သေရည်သည် ခွက်ထဲသို့ တန်းတန်းမတ်မတ်ကျသွားသည်။ ကရားကိုမြှောက်ကိုင်လိုက်ချိန်တွင် သေရည်စီးကြောင်းက စီးဆင်းတာရပ်တန့်သွား၏။

“ဒီသေရည်ရဲ့နာမည်ကို ဘာလို့ထင်လဲ” လုကျိုးသည် လွတ်လပ်ပေါ့ပါးသောအမူအရာဖြင့် မေးလိုက်သည်။

လန်ဟိုင်က စိတ်လွတ်နေပုံရ၏။ သူက ခေါင်းခါပြီးပြောလိုက်တော့သည်။

“ဘွန်အာမိသားစုရဲ့ နာမည်နဲ့တိုင်တည်ပါတယ်။ အရင် ကမှတ်ဉာဏ်သလင်းအကြောင်း တစ်ခါမှ မကြားဖူးပါဘူး” လုကျိုးသည် စားပွဲပေါ် သူ၏လက်ဝါးပေါ်တင်လိုက်၏။

လေထဲတွင် ခွက်မှသေရည်ကမျောလွင့်နေသည်။ ၎င်းသည် လေထဲအရှိန်ပြင်းပြင်းဖြင့် လှည့်ပတ်နေပြီး ရွှေရောင်စွမ်းအင်က ၎င်းကိုလှည့်ပတ်ထား၏။ မကြာမီ၌ စွမ်းအင်ကပေါ်လာသည်။

ဝှစ်

စွမ်းအင်သည် လန်ဟိုင်၏နဖူးဆီသို့ လျှပ်ပြက်သောအရှိန်ဖြင့် ပစ်ခွင်းသွားသည်။ ပြီးနောက် ရပ်တန့်သွားလေ၏။

ကျန်သည့်သူများသည် တိကျသောထိန်းချုပ်မှုကြောင့် ထိတ်လန့်အံ့သွားသင့်သည်။ “ဒါက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ရဲ့ပုံစံလား”

ဖန်လီထန်းနှင့် လန်လော့တောင် မှင်တက်နေပြီ။

မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်နေသေးသော လန်ဟိုင်သည် ယင်းကို မြင်သောအခါ ချွေးစေးများ ချက်ချင်းပြန်လာလေ၏။

…

အခန်း (၆၅၀) ကျန့်ဝမ်ရွှီနှင့် တိုက်ခိုက်ခြင်း

အကယ်၍ ကျင့်ကြံသူတစ်ယောက်က အရည်ကို စွမ်းရည်အဖြစ် ဖွဲ့စည်းနိုင်သည့်အပြင် ထိုအရာကို သတ်ဖြတ်ဖို့ရာအထိ တိကျသည့် ထိန်းချုပ်နိုင်စွမ်း ရှိနေပါက ထိုသူက အဆင့်မြင့်ကျင့်ကြံသူကြားမှ ကျွမ်းကျင်သူသာ ဖြစ်လိမ့်မည်။

ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် လက်နက်ကို ပင်မအနေဖြင့် အသုံးပြုကြပြီး သူတို့က ထိုအရာဖြင့် စွမ်းအားများကို ထုတ်လွှတ်နိုင်ကြသည်။ လက်နက်ဖြင့် သူတို့က စွမ်းအင်စည်းတံဆိပ်များစွာကို ဖန်တီးနိုင်ကြ၏။

ပုံသဏ္ဌာန်မရှိသည့် အရာဖြစ်သည့် သေရည်ကဲ့သို့သော အရာမျိုးက စွမ်းအင်ပုံသဏ္ဌာန်ဖွဲ့စည်းဖို့ ခက်ခဲလှသည်။ ထို့အပြင် ထိုအရာက စွမ်းအင်၏ အင်အားကိုပါ လျော့ကျသွားစေလိမ့်မည်။ တစ်ခုတည်းသော အရေးသာမှုက ထိုကျွမ်းကျင်မှုက စွမ်းအင်ဖွဲ့စည်းရာ၌ ကျွမ်းကျင်လိမ်မာမှုကို မြင့်တင်ရန်သာ ဖြစ်၏။ ပုံမှန်အားဖြင့် ထိုအရည်အချင်းက ကြွားလုံးထုတ်ရာ၌သာ အသုံးပြုလေ့ရှိသည်။

အကယ်၍ ကန်တော့ ပုံသဏ္ဌာန်စွမ်းအားက အနီးကပ် ရွေ့လျားလာပါက ရလဒ်သည် သေနိုင်လောက်၏။

လန်ဟိုင်က ဘွန်အာမိသားစုတွင် အဆင့်မြင့်ပြီး အားအကောင်းဆုံးလူ တစ်ယောက် ဖြစ်သော်လည်း သူက သူ့ရွေးချယ်မှုကို ပြန်လည်စဉ်းစားရုံမှအပ မတတ်နိုင်ပေ။

“ငါက မင်းကို မသတ်ဘူးလို့ ထင်နေတာလား” လုကျိုးက လက်နောက်ပစ်လျက် ထလာကာ လှေကားပေါ်မှ ဆင်းလာသည်။ ထိုအရာကို မြင်ပြီး လို့လန်ဘက်မှ လူများက ဦးညွှတ်လိုက်ကြ၏။

လန်ဟိုင်ကလည်း တုန်လှုပ်သွားကာ

“ဆရာကြီး ကျုပ်က သလင်းကျောက်ကို ပေးဖို့ ငြင်းဆန်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်သာ ဒီသလင်းကျောက်ကို လက်လျှော့လိုက်မယ် ဆိုရင် တော်ဝင်မင်းဆရာက ဘွန်အာမိသားစုကို တန်ကြေး ကြီးကြီးမားမား ပေးဆပ်ခိုင်းမယ်လို့ ပြောထားတယ်”

“တော်ဝင်မင်းဆရာလား..”

တော်ဝင်မင်းဆရာအကြောင်း ပြောသည့်အခါ ဘုရင်အန်းကွေ့က ဝင်ပြောလာသည်။

“သခင် တော်ဝင်မင်းဆရာက လို့လန်ရဲ့ ကျေးဇူးရှင်ပါ။ သူက ဒီမှာ ဂုဏ်သတင်း ကျော်ကြားတယ်။ ကျုပ်တောင် သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရတယ်”

လုကျိုးက ယခုအခါ နားလည်သွားလေပြီ။ ထိုတော်ဝင်မင်းဆရာက ကျန့်ဝမ်ရွှီသာ ဖြစ်လိမ့်မည်။ ထိုလူက သူ သွားသည့်နေရာတိုင်းတွင် ကောင်းကောင်းမွန်မွန် နေထိုင်လျက် ရှိ၏။ သူက ဤကမ္ဘာတွင် အကြီးမြတ်ဆုံး သက်ရှိ ဖြစ်လာချင်ဟန် ပေါ်သည်။

လုကျိုးက ဒူးထောက်နေသည့် လန်ဟိုင်အား ကြည့်ကာ

“မင်းက သူ့ခြိမ်းခြောက်မှုကိုတော့ ကြောက်ပြီးတော့ ငါ ခြိမ်းခြောက်တာကိုတော့ မကြောက်ဘူးပေါ့”

“ကျုပ် ကြောက်ပါတယ်။ ဒါပေမဲ့ ကျုပ် ဘာများ တတ်နိုင်မှာလဲ”

လန်ဟိုင်က တံထွေးမျိုချပြီးနောက် ပြောလိုက်သည်။

“အဲဒါဆို တော်ဝင်မင်းဆရာက အခုဘယ်မှာလဲ”

လုကျိုးက မေးလိုက်သည်။ သူ ဤနေရာသို့ ရောက်လာရသည့် လေးခုမြောက် အကြောင်းအရင်းက ကျန့်ဝမ်ရွှီကြောင့်သာ ဖြစ်၏။ ကျန့်ဝမ်ရွှီက ပွင့်ချပ်ကိုးလွှာအဆင့်ရှိသည့် သူ့အား သတ်ချင်နေသည်။ သူက ထွက်ပေါ်မလာဘဲ မည်သို့ လုပ်ဆောင်နိုင်မည်နည်း။

လန်ဟိုင်က ပြောလိုက်သည်။ “ကျုပ်မသိပါဘူး”

ဘန်း..

သေရည်ဖြင့် ဖွဲ့စည်းထားသည့် စွမ်းအင်စည်းတံဆိပ်က လက်ဝါးချပ်အသွင် ပြောင်းလဲသွားပြီး လန်ဟိုင်၏ ရင်ဘတ်ပေါ် ကျရောက်သွားသည်။ လန်ဟိုင်က အကျိုးဆက်ကြောင့် လွှင့်ထွက်သွားပြီး ခန်းမမှ လွင့်စဉ်သွားကာ မြေပြင်ပေါ် ပြုတ်ကျသွားသည်။

လုကျိုးက လက်နောက်ပစ်လျက် ရှေ့တိုးလာကာ ပြောလိုက်၏။

“ဘွန်အာ မိသားစုက မိစ္ဆာဝေဟင်မျှော်နန်းကို အကြိမ်များစွာ ရန်စခဲ့တယ်။ ငါက အဲဒီအကြောင်းတောင် မပြောရသေးဘူး။ မင်းက ကိုယ့်သေတွင်းကိုယ် တူးချင်နေတာလား။ ဒီလိုဆိုရင်တော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

နတ်ဆရာ လေးယောက်က ထွက်ပေါ်လာပြီး လန်ဟိုင်အား ကူတွဲပေးလိုက်သည်။ ထိုစဉ် ခန်းမ၏ ဘယ်ဘက်ရှိ စုန်းအတတ် ကျင့်ကြံသူက ထရပ်ကာ ပြောလိုက်၏။

“ဆရာကြီး … အရှင်က ဆရာကြီးအတွက် အကြီးမားဆုံး အကူအညီ ဖြစ်တဲ့ စစ်သူကြီးတာ့လော်ကိုတောင် သတ်ပေးလိုက်ပါပြီ။ ဒီဟာက လေးနက်မှုကို ပြသပြီးပြီပဲလေ။ ကျုပ်တို့ လို့လန်က လူအားလုံး သေပြီးမှ ကျုပ်တို့ရဲ့ လေးနက်မှုကို ယုံကြည်မှာလား”

လုကျိုးက ထိုလူအား မျက်လုံးထောင့်မှ ကြည့်ကာ အသာပြောလိုက်၏။

“ငါက လို့လန်က လူတွေအားလုံးကို သတ်ရင်တောင် မင်းက ဘာလုပ်နိုင်မှာလဲ”

သူ့ယုံကြည်ချက်က သိသာလှသည်။ လို့လန်၏ ကျင့်ကြံသူများက တုန်ယင်နေကြ၏။ မည်သူကမှ ဘာမှ မပြောရဲကြချေ။

လေထုက ယခုအခါ အတော်လေး နေရခက်လှသည်။

ဘုရင်အန်းကွေ့က ပြောလိုက်၏။

“လန်ဟိုင် … လို့လန်အတွက် သလင်းကျောက်ကို လက်လျှော့လိုက်..”

လန်ဟိုင်က တွေဝေနေဟန် ပေါ်သည်။ သူက ပြောလိုက်၏။

“အရှင် … ဘွန်အာမိသားစုက တော်ဝင်မြို့တော်ကို ကာကွယ်ဖို့ မျိုးဆက်များစွာ ကျိန်ဆိုခဲ့တာပါ။ ကျုပ်တို့ ဘွန်အာတစ်မိသားစုလုံးကို အရှင်မင်းကြီးက စတေးပစ်ဖို့ စိတ်ကူးနေတာလား”

အန်းကွေ့က သူသည် ရက်စက်ကြောင်း သိထားလေသည်။ သို့သော်လည်း ပွင့်ချပ်ကိုးလွှာအဆင့်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ သူ့အတွင် ရွေးချယ်စရာ မရှိပေ။ သူက အလောင်းအစား မလုပ်နိုင်ပေ။ သူ့အမူအရာက ပြတ်သားနေပြီး ပြောလိုက်၏။

“သလင်းကျောက်ကို လက်လျှော့ဖို့ အမိန့်ပေးတယ်။ ဆရာကြီးဆီ အမြန်ပြန်ပေးလိုက်”

တာ့ယန်၏ ပွင့်ချပ်ကိုးလွှာကို ဘေးဖယ်ထားလျှင်ပင် လို့လန်၏ လက်ရှိအင်အားဖြင့် တာ့ယန်အတွက် ပြိုင်ဘက် မဟုတ်ပေ။ အန်းကွေ့က ပိုမိုကောင်းမွန်သည့်အရာအတွက် တစ်ဦးတစ်ယောက်ကို စတေးရုံမှအပ ရွေးချယ်စရာ မရှိပေ။ တောင်ကုန်းများ ရှိနေသရွေ့ ထင်းမီးအတွက် ပူစရာ မလိုပေ။ သို့သော်လည်း တောင်ကုန်းသာ မရှိတော့လျှင် လို့လန်က အမှန်တကယ် ပြီးဆုံးသွားလိမ့်မည်။

လန်ဟိုင်၏ နှလုံးသားထဲ လေးလံသွားမိ၏။ သူက ဘုရင်အား ကြည့်ကာ ပြောလိုက်သည်။

“အရှင် … လန်နီ၊ ရှစ်အွန်းနဲ့ ဘာစီရာတို့က သေသွားပြီ။ ဘွန်အာမိသားစုက လို့လန်အပေါ် ဘာများ မှားမိလို့လဲ”

နတ်ဆရာလေးယောက်ကလည်း ဘုရင်အန်းကွေ့အား ကြည့်လိုက်ကြသည်။ လန်ဟိုင်ပြောသည်က အမှန်ဖြစ်၏။ ဘွန်အာမိသားစုက လို့လန်အပေါ် ဘယ်အခါက မှားယွင်းခဲ့သနည်း။

“ဘာစီရာက လို့လန်အတွက် ဆယ်စုနှစ်ကြာ နယ်ခြားမှာ စောင့်ကြပ်ပေးခဲ့တယ်။ အားလုံးက စစ်သူကြီးဘာစီရာကို ကြောက်ရွံ့ကြပြီး လေးစားကြတယ်။ လို့လန်က လူတွေအားလုံးက ဘွန်အာမိသားစုက ဘယ်လောက် ကြီးကျယ်တယ် ဆိုတာကို သိတယ်။ အဲဒီလူတွေကို လျစ်လျူရှုလိုက်တော့မှာလား။ သူတို့ကို ဘယ်လို ရှင်းပြမှာလဲ”

လန်ဟိုင်၏ စိတ်ခံစားချက်များက ထွက်ပေါ်လာသည်။

မင်ရှစ်ရင်က ဆွံ့အနေမိ၏။ ခဏအကြာတွင် သူက ဝင်ပြောလိုက်၏။

“အဓိပ္ပာယ်မရှိတာတွေ”

တခြားသူများက ခန်းမမှ ထွက်ပေါ်လာသည့် မင်ရှစ်ရင်အား လှည့်ကြည့်လိုက်ကြသည်။ ယခင်ဖြစ်ခဲ့သည့်အရာများအရ ထိုလူသည် ပြဿနာ မီးမွှေးရှာတတ်သူ ဖြစ်ကြောင်း သိထားလေ၏။ သူက ရင်ဆိုင်ဖို့ လွယ်ကူသည့် လူတော့ မဟုတ်ပေ။ သူတို့၏ အလိုလို သိစိတ်အရ သူသည် ပြဿနာ ထပ်မံ ယူဆောင်လာပြီဟု ပြောပြနေလေ၏။

“လန်နီဘွန်အာက ထျန်းကော်နဲ့ အနီရောင် ခေါင်းတလားကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ယူဆောင်လာပြီးတော့ ငါ့ရှစ်စွင်းကို ရန်စခဲ့တယ်။ ပြီးတော့ ထျန်းကော်ကို ကျင့်ကြံဖို့ မသိသေးတဲ့ ငါ့ရှစ်မေ့ကို တိုက်ခိုက်စေခဲ့တယ်။ ပြောကြည့်ပါအုံး သူ သေသင့်လား”

လန်ဟိုင်က ထိုစကားများကို ပြန်လည်မချေပနိုင်ပေ။

“ရှစ်အွန်းဘွန်အာနဲ့ ဘာစီရာဘွန်အာတို့က စွမ်းဆောင်ရည် မရှိဘဲ ငါ့အာ့ရှစ်ရှိုးကို သတ်ချင်ကြတယ်။ ငါ့ အာ့ရှစ်ရှိုးက သူ့ဘာသာသူ ကာကွယ်တာ မှားလား။ အဲဒီနှစ်ယောက်က သေဖို့ မထိုက်တန်ဘူးလား”

လန်ဟိုင် “…”

“လို့လန်က တာ့ယန်နဲ့ အမြဲတမ်း အခြေအနေကောင်းမှာ ရှိနေခဲ့တာ။ တော်ဝင်မိသားစုတွေကလည်း လက်ထပ်ဖို့နဲ့ ဆက်နွယ်ထားတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ဘွန်အာမိသားစုက တာ့ယန်ထဲကို ခဏတိုင်း ကျူးကျော်လာတယ်။ ကျုပ်တို့က အတွင်းရေးပဋိပက္ခတွေ ကြုံတွေ့နေရတုန်းမှာ ရို့လီနဲ့ ပူးပေါင်းတယ်။ ဒီကိစ္စကို ခင်ဗျားက လို့လန်ဆီ ယူဆောင်လာခဲ့တာပဲ။ ခင်ဗျားက လို့လန်ထဲမှာ အကြီးမားဆုံး အပြစ်သား၊ နှစ်တစ်ထောင် ကျိန်ဆဲခံသင့်တဲ့ အပြစ်သားပဲ”

လန်နာဘွန်အာက မျက်လုံးများ ပြူးကျယ်လျက် နောက်ဆုတ်လိုက်သည်။

အဆင့်မြင့်အမတ်များကလည်း ခေါင်းခါရုံမှအပ မတတ်နိုင်ပေ။ မင်ရှစ်ရင်က ဆက်ပြောလိုက်၏။

“ဘုရင်ဆီက အမိန့်ကိုတောင် နားမထောင်ချင်ဘူးဆိုတော့ ပုန်ကန်ဖို့ ကြိုးစားနေတာလား”

လန်ဟိုင်က တုန်ယင်သွားသည်။ ခဏအကြာတွင် ဘေးဘက်ကို ကြည့်ကာ ပြောလိုက်၏။

“အရှင်မင်းကြီး .. ခင်ဗျားကပဲ ကျုပ်ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တာ ဘွန်အာမိသားစုက ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး။ အစီအရင်ကို အသက်သွင်းလိုက်ကြ”

ဝှစ်..

နန်းဆောင်ခန်းမ၏ အပြင်ဘက်တွင် ခရမ်းရောင် စုန်းအတတ်စက်ဝန်းများက ဝေဟင်အထက် လိုက်ကာတစ်ခုလိုမျိုး ထွက်ပေါ်လာကြသည်။ တခြားအမတ်များကလည်း အံ့အားသင့်သွားကာ သူ့အား ပြောဆိုလိုက်ကြ၏။

“လန်ဟိုင် … မင်း စိတ်လွတ်သွားပြီလား အခုချက်ချင်း ရပ်လိုက်..”

အန်းကွေ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“မင်း ပုန်ကန်နေတာလား”

“တော်ဝင်မင်းဆရာက အဲဒါကို ဘွန်အာမိသားစုရဲ့ အသက်နဲ့လဲပြီး ကာကွယ်ဖို့ မှာထားတယ်”

“တော်ဝင်မင်းဆရာလား…”

တခြားသူများက အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး အံ့အားသင့်နေကြသည်။ တော်ဝင်မင်းဆရာ ပျောက်ကွယ်နေသည်မှာ နှစ်များစွာ ကြာပြီဖြစ်ရာ သူက သူတို့အား မည်သို့ ထောက်ပံ့ပေးမည်နည်း။

ဝှစ်..

နောက်ထပ် ခရမ်းရောင်အလင်းတန်း ထွက်ပေါ်လာသည်။ တခြားသူများက ခန်းမထဲမှ ထွက်လာပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကြ၏။

တစ်ခါမှ အသက်မသွင်းခဲ့ဖူးသည့် မဟာစုန်းအတတ် အစီအရင်က ယနေ့တွင် အသက်ဝင်လာလေပြီ။

“ဒီနေ့ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူလည်း ဒီမှာ သေရလိမ့်မယ်”

လန်ဟိုင်က အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဒေါသထွက်လာသည်။ ကောင်းကင်က ယခုအခါ လုံးဝ လင်းထိန်နေလေပြီ။ စုန်းအတတ်က တော်ဝင်မြို့တော်ထဲ ထိုးဖောက်ဝင်ရောက်လာလေပြီ။

လုကျိုးက လက်နောက်ပစ်လျက် ရှေ့တိုးလာသည်။ လူအုပ်က သူ့အတွက် လမ်းဖယ်ပေးလိုက်ကြ၏။

မင်ရှစ်ရင်က အနောက်တစ်လှမ်း ဆုတ်လိုက်သည်။

လုကျိုးက ခန်းမကျယ်မှ ထွက်လာပြီးနောက် ညာဘက်လက်ကို မြောက်ကာ လက်ဝါးချက်ဖြင့် ရိုက်လွှတ်လိုက်သည်။

ကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်

တောက်ပနေသည့် ရွှေရောင်လက်ဝါးစည်းတံဆိပ်တစ်ခု ထွက်ပေါ်လာသည်။ စုန်းအတတ် ကျင့်ကြံသူ ငါးယောက်က ထိုအရာကို မြင်သည့်အခါ သူတို့က လက်ဝါးကို ပူးကပ်ပြီး ဆန့်ထုတ်လိုက်ကြသည်။

ဘန်း ဘန်း ဘန်း..

တစ်ယောက်က လွင့်စဉ်သွားပြီး ကျန်သုံးယောက်ကိုပါ သူနှင့်အတူ ဆွဲခေါ်သွား၏။ သူတို့အားလုံးက သွေးအန်လိုက်ရသည်။ နောက်ဆုံးသော နတ်ဆရာက တိုက်ကွက်ကို မရပ်တန့်နိုင်ပေ။ သူက လန်ဟိုင်၏ ရင်ဘတ်ဆီ ဝင်တိုက်သွားပြီး နှစ်ယောက်သားအတူတူ လွှင့်ထွက်သွားကြသည်။

ဝုန်း..

သူတို့က မြေပြင်ပေါ် ပြုတ်ကျလာ၏။

လုကျိုးက ထိုလက်ဝါးရိုက်ချက်ဖြင့် ပက်သတ်ပြီး မကျေနပ်ပေ။ သူက တစ်ဖက်လူကို လက်ဝါးရိုက်ချက်ဖြင့် သုတ်သင်နေရသည်မှာ အသားကျနေလေပြီ။ ယခု သူက ကျင့်ကြံဆင့်၏ စွမ်းအားကို အသုံးပြုသည့်အခါ စွမ်းအားကင်းမဲ့နေသလို ခံစားရ၏။

အမှန်အတိုင်း ပြောရလျှင် လူငါးယောက်ကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်ထုတ်လိုက်ပြီး ဒဏ်ရာပေးနိုင်ခြင်းက ကြောက်မက်ဖွယ် ကောင်းနေလေပြီ။

အားလုံးက လွှင့်ထွက်သွားသည့် လူငါးယောက်အား ကြည့်လိုက်ကြသည်။ သူတို့က အမှန်တကယ် အံ့အားသင့်နေကြ၏။ ဒဏ္ဍာရီလာ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူက အမှန်တကယ် ကြောက်ဖို့ ကောင်းလှသည်။

လူများက သွင်ပြင်ကြောင့် အမြဲလိုလို အထင်မှားလေ့ ရှိသည်။ လုကျိုးက ပွင့်ချပ်နှစ်လွှာ လက်ဝါးစည်းတံဆိပ်ကို ထုတ်ဖော်လျှင်ပင် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ ဟူသည့် ဇစ်မြစ်ကြောင့် လက်ဝါးစည်းတံဆိပ်က ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု ထင်မြင်ကြလိမ့်မည်။

လူငါးယောက်က အံ့အားသင့်သွားပြီး လုကျိုးအား မဟာရန်သူကဲ့သို့ ကြည့်လိုက်ကြသည်။

လုကျိုးက လက်နောက်ပစ်ကာ မထူးမခြားနား ပြောလိုက်၏။

“ဘွန်အာမိသားစုက ရွေးချယ်ပြီးပြီ ဆိုတော့ မင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်”

သူက ညာဘက်လက်ကို ထပ်မြောက်လိုက်သည်။ ထိုစဉ် ကောင်းကင်အထက် စုန်းအတတ် ကျင့်ကြံသူ မြောက်များစွာ ထွက်ပေါ်လာပြီး ဝေဟင်ရှိ ခရမ်းရောင်လိုက်ကာကို ဆက်လက် ထိန်းသိမ်းထားသည်။

ကျင့်ကြံသူများက ပိုမိုများပြားလာ၏။

ဘုရင်အန်းကွေ့က မော့ကြည့်ပြီး အလျင်စလို ရှင်းပြလိုက်သည်။

“တော်ဝင်အစောင့်တပ်ကို ဘယ်သူ အမိန့်ပေးတာလဲ”

ထိုဝေဟင်လိုက်ကာ၏ အလယ်တွင် ပုံရိပ်တစ်ခုက စုန်းအတတ် အစီအရင်ထဲ အလျင်အမြန် ရွေ့လျားလာသည်။ သူက ခရမ်းရောင်အရှိန်အဝါဖြင့် တောက်ပနေပြီး သူ့ခန္ဓာကိုယ်က ခရမ်းရောင်ဝတ်ရုံဖြင့် ဖုံးကွယ်ထားသည်။ သူ့မျက်ဝန်းက အနီရောင်တောက်ပနေပြီး သူ့မျက်နှာအမူအရာက မြူခိုးများဖြင့် ဖုံးကွယ်ထားဟန် ပေါ်သည်။ ထိုလျှို့ဝှက်ဆန်းကြယ် နတ်ဆရာက ဆင်းလာပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“တာ့ယန်ရဲ့ အကြီးမြတ်ဆုံး ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ တကယ်ကို အံ့ဩစရာပဲ”

ထိုလျှို့ဝှက်ဆန်းကြယ် နတ်ဆရာက စကားပြောလိုက်သည့်အခါ လို့လန်၏ အဆင့်မြင့် အမတ်များနှင့် သူ့လက်အောက်ခံ လေးယောက်က ဒူးတစ်ဖက် ထောက်ကာ ညီတူညီမျှ ပြောလိုက်ကြသည်။

“တော်ဝင်မင်းဆရာ အသက်ရှည်ပါစေ”

လုကျိုးက မော့ကြည့်လိုက်ပြီး ကောင်းကင်မှ ထိုပုံရိပ်ကို လေ့လာကြည့်လိုက်သည်။ သူက လေသံအတက်အကျ မရှိ‌ ပြောလိုက်၏။

“ကျန့်ဝမ်ရွှီ … မင်း နောက်ဆုံးတော့ ထွက်လာပြီပဲ”

…

အခန်း (၆၅၁) မဟာမိတ်တိုင်းပြည်ဆယ့်နှစ်ခု

လုကျိုးသည် ဤအတွက် စောင့်ဆိုင်းနေတာဖြစ်သည်။

မင်ရှစ်ရင်၊ လန်လော့၊ ဖန်လီထန်းနှင့် ယွီကျန့်ဟိုင်တို့က လုကျိုးနောက်တွင်ရပ်နေ၏။ သူတို့က သူတို့၏ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်နေသည်။

အန်းကွေ့က အက်ကွဲသံဖြင့်ပြောလိုက်၏။ "တော်ဝင်မင်းဆရာ ဒါက ခင်ဗျားလား”

ဤဆန်းကြယ်သော ပုံရိပ်ပေါ်ပေါက်လာမှုသည် အန်းကွေ့ကို တုန်လှုပ်သွားစေ၏။ သူသည် ၎င်းကို ယုံနိုင်ရန်ခက်ခဲနေသည်။

တော်ဝင်မင်းဆရာ၏အကျိုးဆောင်မှုက လို့လန်ယနေ့အထိရှင်သန်နေထိုင်ရခြင်းအကြောင်းအရင်း ဆိုသည်ကို မငြင်းနိုင်ပေ။

တစ်ဖက်လူက ခေါင်းအနည်းငယ်ညိတ်လိုက်၏။

“သူတို့ရဲ့အသက်နဲ့သလင်းကို ကာကွယ်ဖို့ ဘွန်အာမိသားစုကို အမိန့်ပေးခဲ့တဲ့သူက ကျုပ်ပဲ။ အရှင်မင်းကြီး ဒီအတွက် ကျုပ်ကို အပြစ်မတင်ဘူးမလား”

အန်းကွေ့က အနေခက်စွာပြုံးလိုက်၏။ “ဒီလိုလုပ်ရတာအတွက် အကြောင်းအရင်းရှိမှန်း သေချာသိတာပေါ့ တော်ဝင်မင်းဆရာ ... ဆရာ့ကို ဘယ်လိုလုပ် အပြစ်တင်နိုင်ပါ့မလဲ”

မင်ရှစ်ရင်က ဆွံ့အသွား၏။ သူ့ရဲ့စကားကို ဘယ်လိုလုပ် ဒီလောက်မြန်မြန်ပြောင်းနိုင်ရတာလဲ။

ခဏအကြာတွင် သူက ပြောလိုက်၏။ “အရှင်မင်းကြီး ကျုပ်ရဲ့ရှစ်စွင်းကို ခင်ဗျားရဲ့ကတိက ...”

“ကတိဖြည့်ပေးချင်တာပေါ့။ ဒါပေမဲ့ တော်ဝင်မင်းဆရာက လို့လန်ရဲ့အရေးကိစ္စတွေနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ လူတစ်ယောက်ဖြစ်ခဲ့တာလေ”

မျက်နှာနှစ်ဖက်နဲ့လူပဲ။

အန်းကွေ့သည် သူ၏အနေအထားကို လျင်မြန်စွာပြောင်းလဲလိုက်၏။

လန်လော့၊ ဖန်လီထန်းနှင့် လုကျိုးက အသားကျနေပြီဖြစ်သည်။ သမိုင်းမတင်မီခေတ်ကာလတည်းက လူသားများ၏စည်းမျဉ်းသည် အာဏာရှိသည့်အပေါ် မူတည်ပြီး ပြောင်းလဲ၏။ ငြင်းဆန်နေ၍အကျိုးမထူးပေ။

အန်းကွေ့၏ သဘောထားပြောင်းလဲမှုသည် လုကျိုး၏တွေးထင်ထားမှု စိတ်ထဲတွင်ရှိသည်။ သူသည် ၎င်းအတွက် ပြင်ဆင်ထားပြီးဖြစ်၏။

လုကျိုးသည် လေထဲရှိတစ္ဆေကိုကြည့်ပြီးပြောလိုက်၏။ "ကျန့်ဝမ်ရွှီ မင်းကို စောင့်နေတာ”

“ငါလည်း မင်းကိုစောင့်နေတာ”

“ရွှေကြာဖြတ်တောက်တဲ့ခေတ်က ကျရောက်လာပြီ။ ပွင့်ချပ်ကိုးလွှာအဆင့်ရဲ့ ဒီရေကို မင်းဖာသာမင်း တားနိုင်မှာလား” လုကျိုးက မေးလိုက်၏။

ကျန့်ဝမ်ရွှီက စကားပြောချိန်တွင် လေသံကအက်ကွဲနေ၏။ “တိုင်းပြည်ကိုးခုရဲ့ကျင့်ကြံသူတွေကို ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတွေ မွေးမထုတ်နိုင်အောင် ဟန့်တားဖို့ ရာစုနှစ်ပေါင်းများစွာသုံးခဲ့တယ်။ ဒါက ဒီလိုဖြစ်ခဲ့သလို အမြဲတမ်း ဒီလိုဖြစ်နေဦးမှာပဲ”

“အားလုံးက မင်းရဲ့တစ်ကိုယ်ကောင်းဆန်တဲ့အကြောင်းပြချက်ကြောင့်လား”

“ငါ့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့အကြောင်းပြချက်တဲ့လား” ကျန့်ဝမ်ရွှီက လေသံမြှင့်လျက် ပြောလိုက်သည်။

“ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် ပေါ်လာရင် ကပ်ဘေးရှိမှာသေချာတယ်။ အဲဒီအချိန်ရောက်လာရင် လူသားတွေ ရှင်းထုတ်ခံရလိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ကိုယ်ပိုင် ပွင့်ချပ်ကိုးလွှာကို ရောက်အောင်လာခဲ့တာ ဘယ်သူက တစ်ကိုယ်ကောင်းဆန်တဲ့သူလဲ”

“ကပ်ဘေးလား” လုကျိုးသည် ဝေဟင်တွင်ပျံဝဲနေသော ကျန့်ဝမ်ရွှီကိုကြည့်လိုက်၏။

“လူသားတွေ မွေးဖွားချိန်က စပြီး ကပ်ဘေးတွေက အမြဲတမ်းရှိပြီးသားပဲ။ လူသားတွေက လိုက်လျောညီထွေပြောင်းလဲလာပြီး ကပ်ဘေးကြောင့် ပြောင်းလဲလာတယ်။ အကြီးမားဆုံးကပ်ဘေးက အနီရောင်ကြာပွင့်ကမ္ဘာမှာ ပွင့်ချပ်ကိုးလွှာနဲ့ ပွင့်ချပ်ဆယ်လွှာအဆင့် တည်ရှိနေတာပဲ”

ထိုစကာကို ကြားသောအခါ ကျန့်ဝမ်ရွှီ၏မျက်လုံးများက ဖျတ်ခနဲလက်သွားပြီး ပြောလိုက်တော့၏။

“မင်းအနီရောင်ကြာအကြောင်း သိတယ်လား။ ဒါပေမဲ့ မင်း အဲဒါရဲ့ တစ်စိတ်တစ်ပိုင်းအကြောင်းပဲသိတာ။ ပွင့်ချပ်ကိုးလွှာနဲ့ ပွင့်ချပ်ဆယ်လွှာအဆင့်ကြောင့် ပေးဆပ်ရမဲ့တန်ကြေး ဘယ်လောက်လဲဆိုတာ မင်း သိလား။ သူတို့ကြောင့် မရေမတွက်နိုင်တဲ့လူတွေ နှစ်စဉ်နှစ်တိုင်း အသက်ဆုံးရှုံးနေတယ်။ အဲဒါကို မင်း မျက်ကွယ်ပြုတော့မှာလား”

“မင်းလိုလူတွေကြောင့် လူသားတွေက လုံလုံလောက်လောက် အစွမ်းမထက်တာပဲ”

လုကျိုးက ခပ်ပြတ်ပြတ် ပြောလိုက်၏။ တစ်နည်းအားဖြင့် သူတို့သာ သန်မာနေလျှင် ထိုသားရဲများကို အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။

“ဟမ်” ကျန့်ဝမ်ရွှီသည် ထိတ်လန့်အံ့ဩသင့်သွားပြီး ဇဝေဇဝါဖြစ်သွား၏။ သူသည် ယခင်က ကျိထျန်းတောက်ကို သုံးကြိမ်တွေ့ခဲ့ဖူးသည်။ သူသည် မည်သည့်အချိန်မှစပြီး ထိုမျှ စကားပြောကောင်းသွားသနည်း။ ထို့အပြင် ကျိထျန်းတောက်သိထားသည့်အရာများက သူ၏မှန်းဆချက်ထက် ကျော်လွန်နေသည်။

“ကောင်းပြီ။ ငါတို့အမြင်မတူတဲ့အချိန် ဆက်လက်ဆွေးနွေးနေတာ အချည်းနှီးပဲ”

ယခုအချိန်၌ သူတို့နားတွင် ကျင့်ကြံသူများပိုမိုစုဝေးလာ၏။ သူတို့ထဲတွင် အစွမ်းထက်သည့် ကျင့်ကြံသူများက ကျန့်ဝမ်ရွှီဆီပျံသန်းလာ၏။

“ရှန်မူတိုင်းပြည် ဒီရောက်လာပါပြီ”

“ဝူချန်းတိုင်းပြည် ရောက်လာပါပြီ”

“နျဲအာတိုင်းပြည် ဒီရောက်လာပါပြီ”

“ချန်ကိုက်တိုင်းပြည် ရောက်လာပါပြီ”

“အမိန့်ပေးပါ တော်ဝင်မင်းဆရာ” ကျင့်ကြံသူလေးဦး အရိုအသေပေးခိုက် ဘွန်အာမိသားစုခေါင်းဆောင် လန်ဟိုင်သည် တုန်ယင်သွား၏။ သူသည် ချက်ချင်းဒူးထောက်ကာ ပြောလိုက်တော့သည်။

“အရှင်မင်းဆရာ ... ကျေးဇူးပြုပြီး ဘွန်အာမိသားစုကိုကယ်တင်ပေးပါ”

လန်ဟိုင်၏လက်အောက်ငယ်သားလေးယောက်သည် ချက်ချင်းဒူးထောက်လိုက်သည်။

“အရှင်မင်းဆရာ ... ကျေးဇူးပြုပြီး ဘွန်အာမိသားစုကို ကူညီပေးပါ”

ကျန့်ဝမ်ရွှီသည် လန်ဟိုင်ကို ထူးမခြားနားကြည့်ပြီးပြောလိုက်၏။ "ကောင်းပြီ”

လန်ဟိုင်က အပျော်လွန်သွားသည်။

"ကျေးဇူးပါ အရှင်မင်းဆရာ ... ဘွန်အာမိသားစုက အရှင့်အမိန့်ကို မျိုးဆက်အားလုံးလိုက်နာပါ့မယ်။ သလင်းရဲ့လျှို့ဝှက်ချက်ကို သေသည်အထိ ခုခံကာကွယ်ပါ့မယ်”

ကျန့်ဝမ်ရွှီသည် ကျန်သည့်သူများကို ငုံ့ကြည့်ပြီးပြောလိုက်သည်။

“ကျိထျန်းတောက် ... အဲ့ဒီတုန်းက မင်း ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်ဖို့မကြိုးပမ်းဘူးလို့ ကတိပေးခဲ့တယ်။ မင်းရဲ့ကတိကို ထပ်တလဲလဲ ချိုးဖြတ်ခဲ့တယ်ဆိုမှတော့ မင်းကို သတ်ရမှာပေါ့။ ကျန်တဲ့တိုင်းပြည် ခုနစ်ခုက တာ့ယန်ဆီသွားနေပြီးပြီ။ ကျန်တဲ့တိုင်းပြည်လေးခုက လို့လန်ရဲ့ရှေးဟောင်းမြို့ကို ဝိုင်းထားတာ။ မင်း သေသွားပြီးရင် ဒီနေရာကို ချိတ်ပိတ်လိုက်မယ်။ မင်းရဲ့ နာမည်က မှတ်တမ်းထဲမှာပေါ်လာမှာမဟုတ်ဘူး” သူ ပြောပြီးသည်နှင့်လက်ကို ဝေ့ယမ်းလိုက်၏။

အန်းကွေ့သည် လုကျိုးဖက်လှည့်ကာ အလျင်စလိုပြောလိုက်၏။

"ကျုပ်မှာ ရွေးချယ်စရာမရှိဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

ကျန်သည့် အရာရှိများသည် ယင်းကိုမြင်သောအခါ ပြောလိုက်သည်။

“အရှင်မင်းကြီး မင်းဆရာပြောတာက အဓိကကျတယ်လို့ထင်ပါတယ်”

“အရှင်မင်းဆရာ ကျေးဇူးပြုပြီး လို့လန်ကို ကူညီပေးပါ”

ဤနည်းဖြင့် သူတို့၏ရပ်တည်ချက်က ရှင်းလင်းသွား၏။

ကောင်းကင်ထဲတွင် ကားလိပ်ကဲ့သို့အရံအတားနား၌ ကျင့်ကြံသူများက အရေအတွက် ဆက်လက်တိုးလာနေ၏။

ရှေးဟောင်းတိုင်းပြည်တိုင်းထဲတွင် မဟာမိတ်၏ကျန်သည့်တိုင်းပြည်လေးခုရှိနေပြီဖြစ်သည်။

လုကျိုးသည် တစ္ဆေကိုမော့ကြည့်လိုက်၏။ သူကလက်ဝါးတစ်ဖက်မြှောက်ကာ ပြောလိုက်တော့သည်။

“မင်း ဘယ်လောက်အရည်အချင်းရှိလဲဆိုတာ ကြည့်တာပေါ့”

သူ၏လက်ချောင်းများက အပြာရောင်တောက်ပလာသည်။ သူ၏လက်ချောင်းများကြားထဲတွင် အက္ခရာများစွာပေါ်လာ၏။

ဝှစ်

မကြာမီ၌ စွန့်ပစ်ခံဉာဏ်ပညာသည် ကျန့်ဝမ်ရွှီဆီရောက်သွား၏။ လက်ဝါးစည်းတံဆိပ်သည် ကျန့်ဝမ်ရွှီကို ဖြတ်ကျော်သွားလျက် ကောင်းကင်ကားလိပ်နှင့်တိုက်မိသွားသည်။

ဖုန်း

ကောင်းကင်ကားလိပ်၌ လှိုင်းဂယက်တစ်ခုပြန့်လာသည်။ လုကျိုးထင်သည့်အတိုင်းပေ ယင်းက ကျန့်ဝမ်ရွှီ၏ရုပ်ပုံလွှာတစ်ခုမျှသာ ဖြစ်သည်။ ယင်းက ကောင်းကျိုးကော ဆိုးကျိုးပါရှိသည်။ ဆိုးကျိူးက သူသည် ကျန့်ဝမ်ရွှီကို မသတ်နိုင်ပေ။ ကောင်းကျိုးက ကျန်သည့်သူများ စိုးရိမ်ပူပန်ရန်တောင် မတတ်နိုင်ပေ။

ကျန့်ဝမ်ရွှီသည် လက်ဝါးစည်းတံဆိပ်ကို သူ့ကိုယ်အောက်ဖြတ်ကျော်ခွင့်ပေးပြီးနောက် အင်္ကျီလက်ဝေ့ယမ်းကာ ပြောလိုက်၏။

“ခေါ်လာခဲ့”

ကောင်းကင်ကားလိပ်တဝိုက်တွင် နတ်ဆရာများက သူတို့၏လက်ကိုမြှောက်လိုက်၏။ ခရမ်းရောင်အလင်းစက်လုံးများသည် သူတို့၏လက်ဖဝါးထဲတွင် ချက်ချင်းပေါ်လာတော့သည်။

ပတ်ဝန်းကျင်တွင် များစွာသော စိတ်ဝိညာဉ်သဏ္ဌာန်များပေါ်လာ၏။ ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်များ၊ ကျားသစ်ဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်များ၊ ကျားဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်များ ရှိသည်။ အားလုံးက တပြိုင်နက်တည်း ခုန်အုပ်လာသည်။

ခရမ်းရောင်အလင်းစက်လုံးသည် ခမ်းနားသော အစီအရင်၏အလယ်တွင် စုဝေးလာ၏။ ဤနည်းဖြင့် စုန်းအတတ်မှ လျှော့ချခြင်းအာနိသင်သည် အသက်ဝင်လာတော့သည်။

လုကျိုးသည် မဟာစုန်းအတတ်အစီအရင်ကို ဖြေရှင်းခဲ့ဖူး၏။ ထို့ကြောင့် ခမ်းနားသော အစီအရင်ကို မည်သို့ချိုးဖြတ်ရမည်မှန်းသိသည်။ သူကမြေပြင်ပေါ်ကနေ ခုန်တက်လျက် လေထဲရောက်လာသည်။

အလင်းစက်လုံးများက လုကျိုးဆီချက်ချင်းရောက်လာတော့သည်။

သူ၏စိတ်ထဲတွင် ကောင်းကင်ကျမ်းစာ၏ဂါထာကို ရွတ်ဆိုလိုက်၏။

အရာအားလုံးကို တိတ်ဆိတ်စေသော စွမ်းအားကို ထိန်းသိမ်းရန် သမာဓိ တည်ဆောက်ရမည်။ အလင်းနှင့် အရိပ်ကဲ့သို့ အရာအားလုံးစိမ့်ဝင်ပျံ့နှံ့နေစဉ် သမာဓိရှိရှိနေရမည်။

အပြာရောင်ကြာပွင့်သည် လုကျိုး၏ခြေထောက်အောက်၌ ဖူးပွင့်လာ၏။

ကြီးမြတ်လှသော ထူးခြားအံ့ဖွယ်စွမ်းအားသည် ပတ်ဝန်းကျင်တွင် ပြည့်သွားပြီး ကောင်းကင်ရှိ အလင်းကွင်းများကို ဖျက်ဆီးလိုက်သည်။

ခရမ်းရောင်စွမ်းအင်များက ချက်ချင်းလွှမ်းမိုးခံလိုက်ရသည်။

လုကျိုးဆီသို့ ခုန်အုပ်နေသော ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်များက နောက်ကို လွင့်ထွက်သွား၏။

ကောင်းကင်ကားလိပ်နားတွင် ပျံဝဲနေသော စုန်းအတတ်ကျင့်ကြံသူများသည် လုကျိုး၏ စွမ်းအားဒီရေလှိုင်း၏ သက်ရောက်မှုကြောင့် သွေးအန်လိုက်ရသည်။

လတ်တလောမှ အသက်သွင်းထားသော မဟာစုန်းအတတ်အစီအရင်သည် ချက်ချင်း တစစီဖြစ်သွားလေ၏။

အဆောက်အဦများ၏ အုတ်ပုံများ၊ အုတ်စအုတ်နများသည်လည်း ဖယ်ရှားခံလိုက်ရပုံပေါ်သည်။

လုကျိုး၏စွမ်းအားသည် ပွင့်ချပ်ကိုးလွှာအဆင့်ကို သက်သေပြလိုက်သည်။

တိတ်ဆိတ်ခြင်းစွမ်းအားသည် လုကျိုး၏ရန်သူများကို အလွယ်တကူ ချေမှုန်းလိုက်သည်။ သူ့နားရှိ ကျင့်ကြံသူတစ်ဝက်ကျော်ကို သတ်ခဲ့လိုက်သည်။ ကျန်ရှိသည့်သူများက ဒဏ်ရာပြင်းပြင်းထန်ထန် ရသွား၏။

“တင်း ... ပစ်မှတ်၁၅၀ သတ်လိုက်ပါပြီ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူအတွက် ဆုလာဘ် ကုသိုလ်မှတ် ၁၅၀၀၀၊ နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူအတွက် ဆုလာဘ် ကုသိုလ်မှတ် ၁၂၀၀၊ ကျန်သည့်သူများကို ထည့်မတွက်ပါ”

လုကျိုးတိုက်ခိုက်ပြီးနောက် နေရာတစ်ခုလုံးတိတ်ဆိတ်သွားလေ၏။

ကောင်းကင်က ကြည်လင်နေပြီး မိုးကရွာသွန်းလာတော့သည်။

လို့လန်၏ဘုရင်အန်းကွေ့က နောက်သို့ယိုင်သွားသည်။ ယင်းကိုမြင်ပြီး သူသည် လေထဲတွင် ပျံဝဲနေသော လုကျိုးကို မော့ကြည့်ပြီး တုန်ယင်နေ၏။ သူ၏သစ္စာအရှိဆုံးအစောင့်များသည် တစ်ချက်တည်း ချေမှုန်းခံလိုက်ရ၏။

မဟာစုန်းအတတ်အစီအရင်ပျောက်ကွယ်သွားလေပြီ။

ဘွန်အာမိသားစုခေါင်းဆောင်လန်ဟိုင်သည် ကောင်းကင်ကိုကြောင်အစွာကြည့်နေ၏။ ထိုစဉ် လုကျိုးကမူ ဘာမှမဖြစ်ခဲ့သည့်ပမာ မုတ်ဆိတ်သပ်နေသည်။ သူ့ရှေ့ရှိ ကျန့်ဝမ်ရွှီကိုကြည့်လိုက်၏။

ကျန့်ဝမ်ရွှီကလည်း ထိတ်လန့်နေသည်။ သူက လုကျိုးကို စိတ်ရှုပ်ထွေးနေသောအကြည့်များဖြင့် စေ့စေ့စပ်စပ်ကြည့်ကာပြောလိုက်တော့သည်။ “မဖြစ်နိုင်တာ”

“ဒါ အစပဲရှိသေးတယ်” လုကျိုးက ပြောလိုက်၏။

“တကယ်အစပဲရှိသေးတယ်”

All Chapters