← Chapters

အခန်း (၁၀၇၅-၁၀၇၇)

Vol. 72 Ch. 1075-1077

အခန်း (၁၀၇၅-၁၀၇၇)

Vol. 72 Ch. 1075-1077

အခန်း (၁၀၇၅) အနက်ရောင်ကြာနယ်မြေ၏ ထိပ်သီး၌ ရပ်နေခြင်း

ဆိုရလျှင် လုချန်းရှန်းအဖို့ သူ ကိုးကွယ်ယုံကြည်ခဲ့သည့် လူတစ်ယောက်ကို တွေ့ရတာ ထူးဆန်းလွန်းလှပေ၏။

“ဒါက ကျုပ်ရဲ့သွင်ပြင်အစစ်အမှန်ပဲ” လုကျိုးက ပြောလိုက်လေ၏။ သူက ကျောမတ်နေကာ အမူအရာက အမြဲလိုပင် တည်ငြိမ်နေ၏။

လုချန်းရှန်း “...”

စီးဝူယာ့က ပြုံးပြီးပြောလိုက်လေ၏။

“စစ်သူကြီးလု ကျုပ်ရှစ်စွင်းရဲ့အထောက်အထားကို ခင်ဗျားသိပြီးပြီပဲ။ ဘာကြောင့် ကွေ့ဝိုက်ပြောနေတာလဲ”

လုချန်းရှန်းက ထိတ်လန့်အံ့အားသင့်သွား၏။ ထိုစကားများက အဓိပ္ပါယ်ရှိသည်။

လုကျိုးသည် လုချန်းရှန်း၏အနေခက်သောအမူအရာကို မြင်ပြီးမေးလိုက်လေ၏။

“ကျုပ်က ဘယ်သူနဲ့တူတယ်လို့ ပြောတာလဲ”

“ဒါက” လုချန်းရှန်းက တွေဝေနေ၏။ မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်၌ မကောင်းသောရည်ရွယ်ချက် ရှိနေလျှင် လုလီသည် အစောတည်းက သေဆုံးလောက်ပြီးဖြစ်သည်။ ထို့အပြင် လုကျိုး၏ကျင့်ကြံဆင့်ဖြင့် သူတကယ်သာ တိုက်ခိုက်ချင်သည် ဆိုပါက အချိန်ကုန်ခံနေရန် မလိုအပ်ပေ။ နောက်ဆုံး၌ သူက ဝင်ပေါက်ဖက်လှည့်ပြီး ပြောလိုက်တော့၏။

“လောင်ကျန်း ပန်းချီကား ယူလာခဲ့”

“နားလည်ပါပြီ”

မကြာမီ၌ အိမ်တော်ထိန်းကြီးက ပန်းချီကားဖြင့် ခန်းမထဲသို့ ပြန်လာသည်။

လုချန်းရှန်းက ပန်းချီကားကို ယူပြီးနောက် လုကျိုးရှေ့ဖြန့်ပြလိုက်လေ၏။

လုကျိုးနှင့် စီးဝူယာ့သည် ပန်းချီကားကို မြင်သောအခါ နှစ်ယောက်လုံးထိတ်လန့်အံ့အားသင့်သွား၏။

လုကျိုး “...”

စီးဝူယာ့ “...”

သူတို့ တစ်ယောက်နှင့်တစ်ယောက် ဆင်တူနေသည်ဆိုတာ တိုက်ဆိုင်မှုကြီး ဖြစ်သော်ငြား မျိုးရိုးနာမည်ကတောင် ဆင်တူနေ၏။

ဆင်ခြင်တုံတရားရှိသော စီးဝူယာ့က အခြေအနေကို ဝေဖန်ဆန်းစစ်ပြီးဖြစ်သည်။ တစ်စုံတစ်ယောက်က သူ၏ရှစ်စွင်းကို တွေ့ပြီး ပန်းချီကားအတု ရေးဆွဲခဲ့သည်လော။ သို့သော် ပန်းချီ၏မှင်က လတ်ဆတ်နေပုံမရ။ မဟုတ်လျှင် ဤလုမိသားစုသည် သူ၏ရှစ်စွင်း ငယ်ရွယ်စဉ်က မိသားစုပင်လော။ ထိုသို့ဖြစ်ပုံမရ။ ယင်းက အနက်ရောင်ကြာနယ်မြေပဲဖြစ်သည်။ သူ၏ရှစ်စွင်း ငယ်ရွယ်စဉ်က သူ့ကျင့်ကြံဆင့်က အနက်ရောင်ကြာနယ်မြေထဲတွင် ကြာမြင့်စွာရှင်သန်ရန် အချိန်လုံလောက်မှာမဟုတ်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူသည် ဖြစ်နိုင်ချေရှိသော သီအီုရီကို မစဉ်းစားနိုင်သေးပေ။

“သူက”

“သူက လုမျိုးနွယ်ရဲ့ဘိုးဘေးပဲ။ သူ့ရဲ့နာမည်က လုထျန်းထုံ ... သူ့ကို တာအိုဆရာသခင်လုလို့ သိကြတယ်” လုချန်းရှန်းက ပြောလိုက်လေ၏။

“...”

လုကျိုးသည် ဤကိစ္စက ရှုပ်ထွေးလွန်းလှပေသည်ဟု ခံစားမိသွား၏။ နားလည်ရန် ခက်ခဲလွန်းလှပေသည်။ ထို့အပြင် သူ ကူးပြောင်းလာသော ခန္ဓာ၏အမည်က ကျိဖြစ်ပြီး လု မဟုတ်ပေ။ ထိုအခြေအနေက အဘယ်နည်း။ ယခုအချိန်၌ သူသည် သင်္ကေတ၂၆ခုရှိသော မှတ်ဉာဏ်သလင်းကို ပြန်တွေးမိသွား၏။

“ဒါက ဘာလဲ”

စီးဝူယာ့က မေးလိုက်သည်။

“ဒီတော့ ကျုပ်ရဲ့ရှစ်စွင်းက ခင်ဗျားရဲ့ဘိုးဘေးနဲ့ တူနေတာလား”

လုချန်းရှန်းက ပြောလိုက်၏။

"တိတိကျကျ ပြောရရင် သူက ကျုပ်ရဲ့ဘိုးဘေး မဟုတ်ဘူး”

“ကျုပ်ကို ပြောပြ” လုကျိုးတွင် ယခုအချိန်၌ အရေးကြီးကိစ္စမရှိပေ။ သူ သိချင်စိတ်ပြင်းပြနေ၏။

“လုခေါင်းဆောင်က ကမ္ဘာကြီးဖရိုဖရဲကသောင်းကနင်းဖြစ်နေတဲ့အချိန် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀၀ တုန်းက မွေးဖွားခဲ့တာ။ သူက သာမန်မိသားစုက ဆိုပေမဲ့ ကျင့်ကြံခြင်းအရာမှာ ပါရမီထူးတယ်။ နှစ် ၁၀၀၀မပြည့်မီမှာ လောကကို လှုပ်နှိုးခဲ့ပြီး မရေမတွက်နိုင်တဲ့ ရန်သူတွေကို ချေမှုန်းခဲ့တာ။ သူနဲ့အကြံဉာဏ်တူတဲ့ ကျင့်ကြံသူတွေက သူနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကသောင်းကန်းဖြစ်မှု၊ ဖရိုဖရဲဖြစ်မှုတွေကို အဆုံးသတ်လိုက်ပြီး နောက်ပိုင်းမျိုးဆက်တွေရဲ့ ကိုးကွယ်ယုံကြည်မှုရခဲ့တယ်။ သူက ထိပ်မှာရပ်နေတဲ့လူတစ်ယောက်။ ကျုပ် သိတာဒါပဲ။ ကျုပ်ရဲ့ ဘိုးဘေးတွေ ကလေးတွေ မြေးတွေက ဟိုးယခင်ကတည်းကသူ့ကို ကိုးကွယ်ခဲ့ကြတာ။ ကျုပ်ရဲ့မျိုးဆက်မှာလည်း သူက လေးစားခံရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀၀ကစပြီး လောကကြီးက သူ့ရဲ့အောင်မြင်မှုအကြောင်း တဖြည်းဖြည်းမေ့သွားတာ။ တချို့ဆို သူ ချန်ထားတဲ့ပစ္စည်းတွေကိုတောင် တပ်မက်နေကြတယ်။ နောက်မျိုးဆက်ကို ကာကွယ်ဖို့အတွက် ကျုပ်တို့တွေက လုမျိုးရိုးကို ယူလိုက်ပြီး သူ့ကို ကျုပ်တို့ ဘိုးဘေးအနေနဲ့ သတ်မှတ်လိုက်တာ” သူ ပြောပြီးနောက် ရိုသေလေးစားသော သွင်ပြင်ဖြင့် လက်မြှောက်လိုက်၏။ လုကျိုးက မေးလိုက်သည်။

“ဒီတော့ ခင်ဗျားက လုမျိုးနွယ်ရဲ့ မျိုးဆက်အစစ်မဟုတ်ဘူးပေါ့”

လုချန်းရှန်းက ခေါင်းခါပြီးပြောလိုက်သည်။

“သူက လောကကြီးထဲ လှည့်လည်သွားလာနေတဲ့ ကျင့်ကြံသူအဖိုးအိုတစ်ယောက်။ သူ့မှာ ကျုပ်မလိုမျိုး အသုံးမဝင်တဲ့ မျိုးဆက် ဘယ်လိုလုပ် ရှိမှာလဲ။ ဆန့်ကျင်ဖက်ကတော့ ခေါင်းဆောင်က ကျုပ်တို့ကို ကောင်းချီးပေးခဲ့ပြီး ကာကွယ်ပေးခဲ့တာ။ ကျုပ်တို့ခေါင်းပေါ်မှာ အမိုးမရှိမှာ၊ စားစရာ၊ ဝတ်စရာမရှိမှာ မစိုးရိမ်ရဘူး”

ခန်းမထဲ တိတ်ဆိတ်မှုက ကြီးစိုးလာ၏။

ခဏကြာပြီးနောက် လုချန်းရှန်းက လုကျိုးကို ကြည့်ပြီးပြောလိုက်သည်။

“အစောတုန်းက မျှော်နန်းသခင်လုကို တွေ့တဲ့အချိန် တကယ်ထိတ်လန့်သွားခဲ့တာ။ သူနဲ့ဆင်တူတဲ့ နောက်ထပ်လူတစ်ယောက်ရှိနေတာကို တွေ့မိတာကြောင့် သတိလစ်သွားတာပဲ”

“ဟုတ်ပြီ” လုကျိုးက လက်ဝေ့ယမ်းကာပြောလိုက်သည်။ "ဒီလောကမှာ ထူးဆန်းတဲ့ကိစ္စမျိုးစုံရှိတယ်”

လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀၀သည် အလွန်ကြာညောင်းလှသည့်အချိန်ဖြစ်၏။ ယင်းက တကယ်တိုက်ဆိုင်တာ ဖြစ်နိုင်သည်။ ထိုကဲ့သို့သောအရာမျိုးက ပုံတိုပတ်စတစ်ခုအဖြစ်သာ သတ်မှတ်နိုင်လိမ့်မည်။

ထိုစဉ် စီးဝူယာ့က မေးလိုက်၏။

“နောင်မျိုးဆက်ရဲ့ ကာကွယ်ပေးမှုဆိုတာ ဘာကို ဆိုလိုတာလဲ။ ဘာကို ကာကွယ်တာလဲ”

“သစ္စာတရား” လုချန်းရှန်းက တောက်ပသော မျက်ဝန်းများဖြင့် ဖြေလိုက်လေ၏။

“လူတစ်ယောက်ရဲ့ဘဝက သစ္စာတရားမရှိလို့မရဘူး။ လုမျိုးနွယ်ရဲ့ သစ္စာတရားက ခေါင်းဆောင်ပဲ။ သာမန်မိသားစုတွေက သူတို့ရဲ့ သက်ဆိုင်ရာဘိုးဘေးတွေကို ကိုးကွယ်သလိုပေါ့။ အရာရာကတော့ အကျိုးအမြတ်အတွက်မဟုတ်ဘူး။ သစ္စာတရားက ခက်ခဲတဲ့အချိန်မှာ နှစ်သိမ့်ပေးနိုင်တဲ့ အရာတစ်မျိုးပဲ”

သူ ထက်သန်ပြင်းပြလွန်းစွာ ပြောမိမှန်း သဘောပေါက်သွားသောကြောင့် လုချန်းရှန်းက မဝံ့မရဲပြုံးလျက် ပြောလိုက်သည်။

“အပြောများသွားတာ တောင်းပန်ပါတယ်” ပြီးနောက် သူသည် လက်ဝေ့ယမ်းလျက် လောင်ကျန်းကို စာကြည့်ခန်းဆီ ပန်းချီက ပြန်ယူသွားခိုင်းလိုက်၏။

လုကျိုးက ပြောလိုက်သည်။

“သစ္စာရှိတာ၊ ကိုယ့်ရဲ့ဘိုးဘေးကို ကိုးကွယ်ယုံကြည်တာက ဘာမှ မမှားဘူး။ လောကထဲမှာ ဖြေရှင်းပြီးသွားပြီဆိုတော့ အပြာရောင်သလင်းကျောက်က ဘယ်မှာလဲ”

ယခုအခေါက်တွင် လုချန်းရှန်းက အိမ်တော်ထိန်းကြီးကို ထိုအရာသွားမယူခိုင်းခဲ့ပေ။ ထိုအစား သူကိုယ်တိုင်ကမူ လုကျိုးကို ခဏစောင့်ခိုင်းပြီး ထွက်သွား၏။ သူက တောင်နောက်သို့ သွားကာ ထူးခြားသော ပစ္စည်းဖြင့်လုပ်ထားသော ဘရိုကိတ်သေတ္တာကို ထုတ်ယူရန် ရေအိုင်အောက်ခြေထဲ ခုန်ဆင်းသွားသည်။ သူ ခန်းမထဲပြန်ရောက်လာချိန်၌ ရေများ စိုရွှဲနေသေးဆဲဖြစ်သည်။ သူ၏ စိတ်ရင်းစစ်မှန်မှုကို ပြသရန် ကနဦးချီသုံးပြီး ရေခြောက်အောင် မလုပ်ခဲ့ပေ။

ဘရိုကိတ်သေတ္တာကို မြင်သောအခါ လုကျိုးက ခေါင်းညိတ်လိုက်၏။

“ခင်ဗျားက အလွန်သတိရှိတာပဲ။ ဒါကို ဘယ်က ရှာတွေ့ဝာာလဲ”

“လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀တုန်းက မြောက်ပိုင်းကိုသွားတဲ့အချိန် ကံကောင်းပြီး ရခဲ့တာ” လုချန်းရှန်းက ပြောလိုက်သည်။

“ခင်ဗျားက မဟာလေဟာနယ် စူးစမ်းရှာဖွေရေးအဖွဲ့ထဲ ပါခဲ့တာလား”

“မပါဘူး။ အမည်မဲ့မြေကို ကျုပ် မသွားခဲ့ဘူး။ အပြင်ပဲ ရောက်ခဲ့တာ။ အဲ့ဒီတုန်းက ကျင့်ကြံသူတွေက ကြမ်းတမ်းခက်ထန်သားရဲတွေကို ရင်ဆိုင်နေပြီး သေဆုံးနှုန်းက မြင့်တယ်။ ကျုပ်ရဲ့ရည်ရွယ်ချက်က အဲ့လောက်မမြင့်ဘူးလေ။ အသက်ဓာတ်နှလုံးသားပဲလိုချင်တာ။ ဒါမျိုးအရာနဲ့တွေ့မယ်လို့ ဘယ်သူက သိမှာလဲ။ ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်ဆီက အပြာရောင်သလင်းကျောက်ကို ရအောင်ယူနိုင်ခဲ့တယ်။ နောက်ပိုင်း အပြာရောင်သလင်းက မဟာလေဟာနယ်မျိုးစေ့ ပေါက်ရောက်ရာ မြေဆီလွှာ ဖြစ်ခဲ့ဖူးကြောင်း ရှာတွေ့ခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ မဟာလေဟာနယ်စွမ်းအင် လျော့ပါးသွားတော့တာပဲ။ လက်ရှိမှာ တန်ဖိုးမရှိတော့ဘူး” လုချန်းရှန်းက ရှင်းပြလိုက်၏။

“အထဲက မဟာလေဟာနယ်စွမ်းအင်ကို ဘာကြောင့် စုပ်မယူခဲ့တာလဲ” လုကျိုးက မေးလိုက်သည်။

လုချန်းရှန်းက ရယ်မောပြီးပြောလိုက်သည်။

“တကယ်တော့ အစတုန်းက အနက်ရောင်ဧကရာဇ်ကို ဆက်သဖို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ...” သူက ခေါင်းခါပြီးနောက် ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အပြာရောင်သလင်းထဲက စွမ်းအင်ကို စုပ်ယူဖို့က မလွယ်ဘူး။ ဒါကို ချိပ်ပိတ်ဖို့ ဆုံးဖြတ်ခဲ့တာ”

လုကျိုးက စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြီးနောက် သေတ္တာကို ဖွင့်လိုက်သည်။

ကျွီ

အပြာရောင်သလင်းက ဘရိုကိတ်သေတ္တာထဲ၌ ငြိမ်သက်စွာရှိနေသည်။ ယင်းက တိမ်ကင်းစင်သော ကောင်းကင်ကဲ့သို့ ကြည်လင်နေ၏။ သူက အပြာရောင်သလင်းကို ကောက်ယူပြီးနောက် စနစ်ဇယားပေါ်တွင် စာရင်းသွင်းထားသော တာဝန်က ပြောင်းလဲမှုတစ်ခု ချက်ချင်းပေါ်လာသည်။

“ဒုတိယမြောက်စိတ်ဝိညာဉ်သဏ္ဌာန် အပြာရောင်သလင်း အားလုံးကို စုပ်ယူပါ။ ၂/၉”

ယခုအခေါက်တွင် အရာအားလုံးချောမွေ့နေသည်။ အဆင့်မြှင့်တိုးမြှင့် လျော့နည်းခြင်းကတ်ကိုတောင် သူ ပြင်ဆင်ခဲ့သည်။ လုချန်းရှန်းနှင့် လုလီက ထိုမျှ ရင်းနှီးနေလေ၏။ အပြာရောင်သလင်းကို ဖယ်ပြီးနောက် လုကျိုးက မေးလိုက်သည်။

“ခင်ဗျား ကျုပ်ကို ဒါပေးလိုက်ဖို့ ဆန္ဒရှိလား”

“ကျုပ် သုံးစရာမှမရှိတာ။ လုမျိုးနွယ်က အာဏာမရှိတော့ဘူး။ လုမျိုးနွယ်သိမ်းပိုက်ခံရဖို့နေ့ ရောက်လာဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး။ မျှော်နန်းသခင်လုဆီပေးတာက လုလီရဲ့အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးဆပ်တာပါပဲ။ ကျေးဇူးဆပ်တဲ့နည်းလို့ သတ်မှတ်လို့ရတယ်”

“ကျုပ်က ပေါင်းတတ်တဲ့သူတွေကို တန်ဖိုးထားတယ်။ ဘာမှမပေးဘဲတော့ ယူမှာမဟုတ်ဘူး။ ဒါ ကျုပ်ရဲ့စည်းမျဉ်းပဲ။ အနက်ရောင်ဧကရာဇ်နဲ့သက်ဆိုင်တဲ့ကိစ္စ ကျုပ်ဆီလွှဲထားလိုက်”

လုချန်းရှန်းက အပျော်လွန်သွား၏။ သူ ဦးညွှတ်ပြီးပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် မျှော်နန်းသခင်လု”

လုကျိုးက ဆက်ပြောလိုက်သည်။

“တခြားအပြာရောင်သလင်းတွေ ဘယ်မှာလဲ သိလား”

“အပြာရောင်သလင်းက ခြောက်ခုရှိတယ်။ လန်ရှီဟယ်မှာတစ်ခု၊ တာ့မင်ရဲ့တော်ဝင်မိသားစုမှ တစ်ခု၊ ကျန်တဲ့သုံးခုကတော့ အရင်အနက်ရောင်အဖွဲ့အစည်းရဲ့ မျှော်စင်သခင် ရှောင်ယွင်ဟယ်ကို မေးရမယ်”

လုကျိုးက မျက်ခုံးတစ်ဖက်ပင့်ပြီး အနည်းငယ်အံ့ဩသွားလေ၏။

“ကျန်တဲ့သလင်းသုံးခုက သူ့ဆီမှာလား”

လုကျိုးသည် ရှောင်ယွင်ဟယ်ကို တကယ်လျော့တွက်ခဲ့မိသည်ဟု ခံစားမိသွားသည်။ မွေးဖွားဇယားချပ်ငါးခုဆုံးရှုံးပြီးသည့်တိုင် ရှောင်ယွင်ဟယ်က အပြာရောင်သလင်းကျောက်သုံးခု သိမ်းထားနိုင်ဆဲဖြစ်သည်။

“သူက ကျုပ်တွေးမိနိုင်သမျှထဲ တစ်ဦးတည်းသော ကျန်တဲ့သူပဲ။ ပြောရရင် သူက မဟာလေဟာနယ် စူးစမ်းရှာဖွေရေးအဖွဲ့ထဲမှာ အနည်းစုထဲက ရှင်သန်သူတစ်ယောက်ပဲ” လုချန်းရှန်းက ပြန်ပြောလိုက်၏။

…

အခန်း (၁၀၇၆) တော်ဝင်အမိန့်တော်ကို ဖီဆန်ခြင်း

လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်သင့်ပေ။

လုကျိုးက ရှောင်ယွင်ဟယ်နှင့် ပထမဦးဆုံး တွေ့ဆုံစဉ်အခါက ရှောင်ယွင်ဟယ်သည် သာမန်မျှသာ ဖြစ်၏။သို့သော်လည်း ရှောင်ယွင်ဟယ်၏ ယခင် မပျက်စီးသေးသည့် မွေးဖွားဇယားချပ် ၁၂ခုနှင့် သူ့ဆဋ္ဌဂံလက်နက်တို့က သူ့အတိတ်ကို ညွှန်ပြနေလေသည်။

ယခု ပြဿနာက လုကျိုးသည် ရှောင်ယွင်ဟယ် ဘယ်ရောက်သွားမှန်း မသိရပေ။ သူတို့လမ်းခွဲလိုက်ကတည်းက ရှောင်ယွင်ဟယ့် သတင်းအကြောင်း ဘာမှမ‌ကြားရပေ။

“ရှောင်ယွင်ဟယ်ရဲ့ လက်ရှိ နေရာကို သိလား”

လုကျိုးက မေးလိုက်သည်။

လုချန်းရှန်းက ခေါင်းယမ်းလိုက်ပြီး သူ မသိကြောင်း ပြလိုက်သည်။

ထိုစဉ် စီးဝူယာ့က ပြောလိုက်၏။

“ရှစ်စွင်း မျှော်စင်သခင်ရှောင်က အနက်ရောင်အဖွဲ့အစည်းကို အနှေးနဲ့အမြန် ပြန်သွားမှာပဲ”

လုကျိုးက ခေါင်းညိတ်လိုက်သည်။

“ကျန်းကျို့လီဆီ သတင်းပို့ပြီးတော့ အဲ့ကိစ္စကို စောင့်ကြည့်ခိုင်းထားလိုက်”

စီးဝူယာ့က ပြောလိုက်သည်။

“ကျန်းကျို့လီက အကဲဖြတ်သူတစ်ယောက်ဆိုတော့ မျှော်စင်အထက်ပိုင်းမှာ ဘာမှလုပ်ပိုင်ခွင့်ရှိမှာ မဟုတ်ဘူး။ အဲ့ဒါအပြင် အနက်ရောင် မျော်စင်အဖွဲ့အစည်းက ရှစ်စွင်းနဲ့ မျှော်စင်သခင်ရှောင်တို့ရဲ့ ဆက်ဆံရေး ကောင်းတာကိုလဲ သိထားကြတယ်လေ။ ကျွန်တော်တို့တွေ အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ စတုတ္ထအကြီးအကဲ လုစီကို တိုက်ရိုက်ချဉ်းကပ်တာ ကောင်းမယ်ထင်တယ်။

လုစီက အနက်ရောင်မျှော်စင်အဖွဲ့အစည်း ဖျက်ဆီးတုန်းက မထိမခိုက် ကျန်ရှိခဲ့တဲ့သူလေ။ သူက ဉာဏ်များပြီးတော့ နာမည်ဆိုး ရှိတယ်။ သူ့ကို ချုပ်ကိုင်တာ ပိုပြီးတော့ လွယ်ကူလိမ့်မယ် ထင်တယ်”

“ကောင်းပြီ။ အဲ့ကိစ္စကို မင်းဆီ အပ်ထားလိုက်မယ်" လုကျိုးက ပြောလိုက်သည်။

"ဟုတ်ကဲ့"

အနက်ရောင်မျှော်စင်အဖွဲ့အစည်း ပျက်စီးသွားမှုက အထွတ်အထိပ် ဆန်းကြယ်ကတ်ကြောင့်သာ ဖြစ်၏။ ယခု လုကျိုးက ထိုကတ် မရှိသည့်အတွက် အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် ရင်ဆိုင်ဖို့ရာ ဘေးမကင်းသလို ခံစားနေရသည်။ သူ့ခုနှစ်ယောက်မြောက် တပည့်ကို ဆောင်ရွှက်ခိုင်းလိုက်သည်က အကောင်းဆုံး ဖြစ်၏။

လုကျိုးက အပြင်ဘက်မှ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

လုကျိုးက ထရပ်တောမည့်ဆဲဆဲတွင် အိမ်တော်ထိန်းအိုကြီးက ရုတ်တရက် ခန်းမအတွင်း ဝင်ရောက်လာသည်။

"သခင် နန်းတော်ကလူတွေ ရောက်လာတယ်"

လုချန်းရှန်းက ဒေါသတကြီး ထရပ်လိုက်ကာ “သူတို့က လွန်လွန်းသွားပြီ"

လုကျိုးက လုချန်းရှန်းဆီမှ အပြာရောင်သလင်းကျောက်ကို ယူထားကာစ ဖြစ်၏။ ပို၍အရေးကြီးသည်က လုချန်းရှန်းသည် ထိုအရာနှင့် ပတ်သက်ပြီး အတော်လေး ပူးပေါင်းပေးခဲ့သည်။ ထို့ကြောင့် ယခုကိစ္စကို လျစ်လျူရှုထားသည်က သူ့အတွက် ရက်စက်‌လွန်းရာကျပေမည်။ ထို့အပြင် ဤသည်က လုလီ၏ မိသားစု ဖြစ်ပြီး လုမျိုးနွယ် ဘိုးဘေးက သူနှင့် ဆင်တူမှု ရှိနေလေသည်။ ဤသည်က တိုက်ဆိုင်မှုသာ ဖြစ်၏။

ထို့ကြောင့် သူက မေးလိုက်သည်။

"ဘာဖြစ်နေတာလဲ"

လုချန်းရှန်းက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"ဟိုးတုန်းက ကျုပ်က တပ်မဟာကို ဦးဆောင်ပြီး အနောက်ပိုင်းကိုသွားပြီး နယ်ခြားတပ်တွေနဲ့ တိုက်ခိုက်ခဲ့ရတယ်။ အဲဒီ့နေ့ရက်တွေတုန်းက ကျုပ်က တောက်လျှောက်သွားလာပြီးတော့ လူရိုင်းတွေကို နှိမ်နင်းခဲ့ရတယ်။ အခုတိုင်းပြည်က ငြိမ်းချမ်းသွားပြီဆိုတော့ ကျုပ်ကို ရှင်းထုတ်ချင်နေတာလေ"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် သူက သက်ပြင်းချကာ ပြောလိုက်၏။

“လုမျိုးနွယ်က မျှော်လင့်ထားသလို မနေနိုင်တာ ကျုပ်အမှားပါပဲ။ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး"

ထိုစဉ် အဖွဲ့က ခန်းမအပြင်ဘက် နေရာလွတ်ဆီ ဝင်ရောက်လာကြသည်။

ကုန်းကုန်း၏ အသံက လေထုထဲ ပျံ့လွင့်လာ၏။

" စစ်သူကြီးလု ထွက်လာပြီးတော့ တော်ဝင်အမိန့်စာကို လက်ခံယူလှည့်ပါ"

လုချန်းရှန်းက ကုန်းကုန်းကို လျစ်လျူရှုထားလေသည်။ သူက လက်နောက်ပစ်ကာ အပြင်ဘက်ကို ကြည့်နေ‌၏။

တခြားတစ်ဖက်တွင် အိမ်တော်ထိန်းအိုကြီးက စိတ်ပူနေကာ မျက်နှာများပင် နီရဲလာလေ၏။ သူက ဘယ်ညာကြည့်နေရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေဟန်ပေါ်သည်။

"စစ်သူကြီးလု ထွက်လာပြီးတော့ တော်ဝင်အမိန့်စာကို လက်ခံလှည့်ပါ"

ဤတစ်ကြိမ် အသံက လုမျိုးနွယ် စံအိမ်တစ်ခုလုံး ပျံ့နှံ့သွားသည်။

ဤသို့ဖြင့် လုမျိုးနွယ်စံအိမ်မှ စစ်သူကြီးကတော် အမျိုးသမီးလုက ရောက်ရှိ လာ၏။ ထို့နောက် လုမျိုးနွယ်ဝင်များကလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။

ကုန်းကုန်းက ကျက်သရေရှိသလှည့် အမျိုးသမီးလုကို မြင်သည့်အခါပြောလိုက်၏။

"အမျိုးသမီးလု စစ်သူကြီးလုက ဘယ်မှာလဲ။ အခု သူ့ကို ထွက်လာခိုင်းပြီးတော့ တော်ဝင်အမိန့်တော်ကို လက်ခံခိုင်းရမဲ့အချိန်ပဲ"

လုချန်းရှန်း၏ ဇနီးက သူမခင်ပွန်းဖြစ်သူကိုယ်စား မပြောရဲပေ။

တစ်ချိန်တည်းဆိုသလို လုမျိုးနွယ်ဝင်များက လုချန်းရှန်း၏ ဇနီးကို ဖျောင်းဖျလိုက်ကြသည်။

"အမျိုးသမီးလု သခင့်ကို ထွက်လာဖို့ ဖျောင်းဖျလိုက်ပါ"

"ကျုပ်တို့လုမျိုးနွယ်က တော်ဝင်မိသားစုကို ရန်စလို့ မရဘူး။ တော်ဝင်အမိန့်တော်ကို လက်ခံဖို့ ငြင်းဆန်တာက ပြစ်မှုကြီးတယ်"

လုမျိုးနွယ်ဝင်များက မျိုးနွယ်၏ အဆင့်အတန်းသည် တစ်ရက်ထပ်တစ်ရက် နိမ့်ကျလာကြောင်း သိထားကြပြီ ဖြစ်၏။ သို့သော်လည်း သူတို့က ဤမျှ စောစောစီးစီး ရောက်ရှိလာလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

အဆုံးသတ်တွင် အမျိုးသမီးလုက လုမျိုးနွယ်၏ အမျိုးသမီးများကို ကြည့်ကာပြောလိုက်၏။

"နင်တို့အားလုံး ငါနဲ့လိုက်ခဲ့"

"ဟုတ်ကဲ့"

ဤသို့ဖြင့် လုမျိုးနွယ်ဝင်မှ အမျိုးသမီးများသည် ခန်းမသို့ လျှောက်လှမ်းလာကြသည်။ သို့သော်လည်း ခန်းမတွင်း မဝင်လိုက်ခင် အထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။

"ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဘူး"

အမျိုးသမီးလုနှင့် တခြားသော အမျိုးသမီးများက ချက်ချင်း ရပ်တန့်လိုက်ကြသည်။ ထို့နောက် လုချန်းရှန်းက ပြောလိုက်၏။

"ကျန်းကုန်းကုန်း တော်ဝင်အမိန့်တော်ကို ထားပြီး ထွက်သွားလို့ရပြီ"

"စစ်သူကြီးလုက ကိုယ်တိုင်လက်ခံတာကို မမြင်ရရင် ကျုပ်ကိုယ်တိုင် ဘယ်လိုရှင်းပြရမှာလဲ။ စစ်သူကြီးလုက ကျုပ်အတွက် ခက်ခဲအောင် မလုပ်ဖို့ မျှော်လင့်ပါတယ်" ကျန်းကုန်းကုန်းက ကုန်းကုန်းတစ်ယောက်မျှသာ ဖြစ်သော်လည်း အသံတွင် အထက်စီးဆန်လှသည်။

ခဏအကြာတွင် လုချန်းရှန်းက ခန်းမထဲမှ ထွက်လာခဲ့၏။ ကျန်းကုန်းကုန်းက တော်ဝင်အမိန့်တော်ကို ဖတ်တောမည့်ဆဲဆဲတွင် သူက အမိန့်တော်ကို ဖမ်းဆွဲကာ ပြောလိုက်သည်။

"ဘာမှဖတ်ဖို့ မလိုဘူး။ ကျုပ်က အမိန့်တော်ကို လက်ခံပြီးပြီဆိုတော့ ခင်ဗျား ထွက်သွားလို့ရပြီ"

ကျန်းကုန်းကုန်းက ဒေါသမထွက်ပေ။ ထိုအစား သူက ရယ်မောကာ ပြောလိုက်၏။

"တော်ဝင်အမိန့်တော်က ဧကရာဇ်ကို ကိုယ်စားပြုတာ။ တကယ်လို့ ကျုပ်တို့က ဆက်ဆံရေးကောင်းရှိတဲ့ အချက်ကြောင့်သာ မဟုတ်ရင် ခင်ဗျားရဲ့ အပြုအမူက သေမိန့်ချလို့ ရတယ်"

လုချန်းရှန်းက ပြောလိုက်သည်။

" ကျန်းကုန်းကုန်း ကျုပ်က ကြောက်မယ်များ ထင်နေလား။ ခင်ဗျားက ကျုပ် ရင်ဆိုင်ခဲ့ရတဲ့ လူရိုင်းတွေထက်ပိုပြီး ခက်ထန်တယ်များ ထင်နေလား"

"..."

"ကျုပ် တိုက်ပွဲနယ်မြေထဲ သွားလာနေတုန်းက ခင်ဗျားက ပြောဆိုခွင့်တောင် မရသေးဘူး"

ကျန်းကုန်းကုန်းက ပြောလိုက်သည်။

"စစ်သူကြီးလု ခင်ဗျားရဲ့ ဒေါသတွေကို ကျုပ်အပေါ်ပုံချနေလို့ ဘာအကျိုးရှိလဲ။ ကောင်းပြီလေ ကျုပ် ထွက်သွားမယ်။ ကျုပ် ဖတ်ဖတ်မဖတ်ဖတ် ကိစ္စမရှိဘူး။ ခင်ဗျား တော်ဝင်အမိန့်စာကို လက်ခံပြီးပြီဆိုတော့ အဆင်ပြေတယ် သွားကြစို့"

ထို့နောက် သူက မြင်းမြီးတုတ်ကို ဝှေ့ယမ်းကာ လှည့်ထွက်လိုက်သည်။

ကျန်းကုန်းကုန်းက ကုန်းကုန်းတစ်ယောက်မျှသာ ဖြစ်သော်လည်း သူ့အောက်တွင်ရှိသည့် လူများကို အနိုင်ကျင့်လေ့ရှိ၏။ သို့သော်လည်း လုမျိုးနွယ်က မည်မျှပင် ကျဆင်းလာစေကာမူ လုမျိုးနွယ်ကို အနိုင်မကျင့်ရဲသေးပေ။

သူက လုမျိုးနွယ်ကို အနိုင်ကျင့်သည်ဟု သတင်းများ ပျံ့နှံ့သွားပါက သူ့အတွက် အဆုံးသတ် ဖြစ်သွားနိုင်သည်။

ထိုစဉ် လုကျိုး၏ အသံက ခန်းမထဲမှ ထွက်ပေါ်လာခဲ့၏"

"ခဏနေဦး"

ကျန်းကုန်းကုန်းက ကြောင်အမ်းသွားသည်။ သူက ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အတွက် ထိုအသံသည် သူ့ကို ဦးတည်နေသည့် စွမ်းအားအနည်းငယ် ပါကြောင်း ပြောနိုင်လေ၏။ သူက ချက်ချင်းဆိုသလို လှည့်ကြည့်လိုက်သည်။ သူက ခန်းမထဲမှ ထွက်လာသည့် လူငယ်လေးနှစ်ဦးကို မြင်လိုက်ရ၏။

ဘယ်ဘက်တွင်ရှိနေသည့် လူငယ်လေးက လက်နောက်ပစ်ကာ ထွက်လာစဉ် ညာဘက်တွင် ရှိသည့်လူက ဘေးတွင် ရှိသည့်လူကို ရိုကျိုးနေဟန်ပေါ်သည်။

လုမျိုးနွယ်ဝင်များက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြ၏။

"အဲဒီလူတွေက ဘယ်သူတွေလဲ"

"ငါတို့ဆီ ဧည့်သည် ရောက်နေမှန်း မသိဘူး"

" သူတို့နှစ်ယောက်လုံးက ငယ်သေးတယ်။ တစ်ယောက်က မြို့တော်က ချမ်းသာတဲ့မိသားစုက သခင်လေးများလား"

ကံကောင်းစွာဖြင့် လုမျိုးနွယ်ဝင်များက သူတို့ဘိုးဘေး၏ ပုံကားချပ်ကို မမြင်ဖူးကြသေးပေ။ ထို့ကြောင့် သူတို့သည် ထူးဆန်းသည်ဟု မထင်ကြပေ။

လုချန်းရှန်းက လှည့်ကာ ဦးညွှတ်လိုက်၏။

" မျှော်နန်းသခင်လု"

ကျန်းကုန်းကုန်းက ကြောင်အမ်းသွားလေသည်။ ကမ္ဘာတွင် လုချန်းရှန်းကို ဤသို့ရိုးရိုးကျိုးကျိုး ပြုမူစေနိုင်သည့် လူငယ်လေး ရှိသေးသည်လား။

သူက လုကျိုးကို ကြည့်ကာ လုကျိုး၏ ဇာစ်မြစ်ကို စဉ်းစားနေလေသည်။

ထိုစဉ် လုကျိုးက သူ့လက်ကို အသာမြှောက်လိုက်၏။ လုချန်းရှန်း၏ လက်ထဲမှ တော်ဝင်အမိန့်စာက သူ့လက်ထဲ ကျရောက်လာသည့်။ သူက ဖြန့်ကာ ကြည့်လိုက်သည်။

စကားများက ဖွဲ့နွဲ့ထားသော်လည်း သတင်းစကားက ရိုးရှင်းလှသည်။ အရှင်းဆုံးပြောရလျှင် လုချန်းရှန်းကို အနားယူဖို့ အမိန့်ပေးပြီး မြို့တော်မှထွက်ကာ မွေးရပ်မြေကို ပြန်ဖို့ဖြစ်သည်။ မြို့တော်ရှိ လုမျိုးနွယ်၏ စံအိမ်ကိုလည်း ပြန်ပေးရမည် ဖြစ်၏။ အမှန်အတိုင်းပြောရလျှင် တော်ဝင်မိသားစုမှ သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

တော်ဝင်အမိန့်တော်ကို ဖတ်ပြီးသည့်နောက်တွင် လုက ထိုအရာကို လေထဲသို့ မြှောက်ကာ သူ့ကံမီးတောက်ဖြင့် လောင်ကျွမ်းပစ်လိုက်သည်။

ကျန်းကုန်းကုန်းက တုန်လှုပ်သွားလေ၏။ သူ့ရှေ့တွင် ရှိနေသည့် လူငယ်လေးက တော်ဝင်အမိန့်တော်မှန်း သိလျှက်နှင့် ဖျက်ဆီးနိုင်လောက်အောင် ရဲတင်းနေလေရာ မည်သို့နောက်ခံမျိုး ပိုင်ဆိုင်ထားသလဲဟု တွေးနေမိသည်။ ခဏအကြာတွင် ထိုလူငယ်လေးက အဖြူရောင်ကြာနယ်မြေမှ ဖြစ်နိုင်ကြောင်း စဉ်းစားမိသွားသည်။

ကျန်းကုန်းကုန်းက ဧကရာဇ်အနားနေရသည်မှာ ကြာမြင့်လှပြီဖြစ်၍ ကျင့်ကြံသူများသည် သွင်ပြင်အရ မဆုံးဖြတ်နိုင်ကြောင်း သိထားလေ၏။ သူတို့က ပိုမိုအားကောင်းလေလေ သူတို့အတွက် ရုပ်ဖျက်ဖို့ လွယ်ကူလေလေ ဖြစ်သည်။ ထို့ကြောင့် သူသည် သူ့ရှေ့တွင် ရှိနေသည့် လူငယ်လေးကို လျော့မတွက်ရဲပေ။

လုကျိုးက အရိုးထဲ ကိန်းအောင်းနေသည့် မောက်မာမှုမျိုးဖြင့် ပြောလိုက်၏။

“မင်းရဲ့ ဧကရာဇ်ဆီ သွားပြီးတော့ ဒီလူအိုကြီးက လုချန်းရှန်းကိုယ်စား တော်ဝင်အမိန့်စာကို လက်ခံလိုက်တယ်လို့ သွားပြောချည်”

ဒီလူအိုကြီးတဲ့လား…

ကျန်းကုန်းကုန်းက အနည်းငယ် အံ့အားသင့်သွားလေသည်။

ထိုလူငယ်လေးက လန်ရှီဟယ်လိုမျိုး မကောင်းဆိုးဝါးဆန်ဆန် ကျင့်ကြံသူဖြစ်နေပြီလား

ကျန်းကုန်းကုန်း ဘေးတွင် ရှိနေသည့် ကုန်းကုန်းက ကျန်းကုန်းကုန်းလောက် ဉာဏ်မကြီးပေ။ သူက ပြောလိုက်သည်။

“ လူငယ်လေး မင်းက မိုးမြေရဲ့ ကျယ်ပြောမှုကို မသိသေးဘူးပဲ။ တော်ဝင်အမိန့်စာကို ဒီလိုမျိုး ဆက်ဆံရဲတယ်လား”

လုကျိုးက ထိုကုန်းကုန်းကို ကြည့်ကာ ခေါ်လိုက်သည်။

“လုချန်းရှန်း”

“အမိန့်ရှိပါ”

လုချန်းရှန်းက လုကျိုးနှင့် ရင်ဆိုင်ကာ ကျောမတ်မတ် ရပ်ထားလိုက်သည်။

“သွားရိုက်ချည်” လုကျိုးက သူ့အစစ်အမှန် စကားပြောပုံကို ထုတ်ပေါ်လာ၏။

ရိုက်ရမှာလား ဘာကိုရိုက်ရမှာလဲ…

လုချန်းရှန်းက စိတ်ရှုပ်ထွေးသွားမိသည်။ သူက လုကျိုး၏ ရဲတင်းသည့် အပြုအမှုကို နေသားမကျသေးပေ။ သို့သော်လည်း သူက လုကျိုး၏ အကြည့်ကိုမြင်သည့်အခါ သဘောပေါက်သွားလေ၏။

လုချန်းရှန်းက များများစားစား မပြောဘဲ ကျန်းကုန်းကုန်းဘေးရှိ ကုန်းကုန်းဆီ ရောက်ရှိသွားကာ ရိုက်ချလိုက်သည်။

ဖြောင်း

ထိုကုန်းကုန်းက လွင့်စင်ထွက်သွား၏။ သူ့ပါးပြင်အထက်မှ နာကျင်မှုသည် တောင်မခံနိုင်သည့်အတွက် မြေပြင်ပေါ် လူးလိမ့်နေရသည်။ သူက နာကျင်စွာ မအော်ညည်းနိုင်ခင် မေ့လဲသွား၏။ သို့သော် ထိုရိုက်ချက်က သူ့သက်တမ်းတစ်ဝက်မျှသာ ကုန်ဆုံးသွားစေလေ၏။

လုချန်းရှန်းက သိုင်းပညာရှင်ဖြစ်ပြီး အမတ်တစ်ဦး မဟုတ်ပေ။

သူက ထိုဉာဏ်များသည့် အရာရှိများကို ရိုက်ပစ်ဖို့ အိပ်မက်များပင် မက်ခဲ့ရသည်။ ထို့ကြောင့် သူက ကုန်းကုန်းတစ်‌ယောက်ကို ရိုက်နှက်ပြီးသည့်နောက်တွင် စိတ်လှုပ်ရှားမိသွားသည်။

“လုချန်းရှန်း ခင်ဗျား …” ကျန်းကုန်းကုန်းက လုကျိုးကို မပြောရဲပေ။ သို့သော်လည်း သူက လုချန်းရှန်းကို ကောင်းကောင်းသိထားလေ၏။ သူက လုချန်းရှန်းကို ဒေါသတကြီး ပြန်ပြောလိုက်သည်။

“လုချန်းရှန်း ဒါက အရှင်မင်းကြီးရဲ့ အမိန့်တော်။ ငါတို့အားလုံးကို သတ်လိုက်ရင်တောင် ရလဒ်က ဘာမှမပြောင်းလဲဘူး”

လုချန်းရှန်းက သူသည် ရေခဲပုံးနှင့် လောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။ ထိုစဉ် လုကျိုးက ပြောလိုက်၏။

“ငါ ပြောင်းလဲနိုင်တယ်”

“ဘာ”

လုကျိုးက ပြောလိုက်သည်။

“မင်းက နန်းတော်ကို ပြန်မှာမလား”

“အခု ကျုပ်က တော်ဝင်အမိန့်စာကို ပေးပြီးပြီဆိုတော့ ပြန်ရမှာပါ”ကျန်းကုန်းကုန်းက ပြောလိုက်သည်။

“အတူတူ သွားကြတာပေါ့”

လုချန်းရှန်းနှင့် ကျန်းကုန်းကုန်း “ … ”

သူတို့နှစ်ဦးလုံးက တွေးလိုက်ကြသည်။

တကယ့်ကို တဲ့တိုးဆန်တဲ့သူပဲ…

“လုချန်းရှန်း ငါနဲ့လိုက်ခဲ့” လုကျိုးက ပြောလိုက်သည်။

လုချန်းရှန်းက ကြောင်အမ်းသွားလေ၏။

လုကျိုးက လုချန်းရှန်း တုံ့ဆိုင်းနေသည်ကို မြင်သည့်အခါမေးလိုက်၏။

“ခင်ဗျား ကြောက်နေတာလား”

ထိုစကားများကို ကြားကာ လုချန်းရှန်းက ပြောလိုက်၏။

“ဘယ်သူက ကြောက်မှာလဲ သွားကြတာပေါ့”

…

အခန်း (၁၀၇၇) တာ့ယွမ်၏တော်ဝင်နန်းတော်ထဲရှိ အသန်မာဆုံးပညာရှင်

အစက လုကျိုးသည် မွေးဖွားဇယားချပ် ၇ခု ၈ခု ရရှိပြီးမှ တာ့ယွမ်၏တော်ဝင်နန်းတော်သို့သွားရန် စီစဉ်ခဲ့တာဖြစ်သည်။ သို့သော် ယနေ့အဖြစ်အပျက်က အစီအစဉ်ကို ပြောင်းလဲသွားစေခဲ့၏။ လက်ရှိ၌ သူ့တွင် မွေးဖွားဇယားချပ် ၆ခု အသက်သွင်းပြီးဖြစ်၏။ သူ၏အသေရိုက်ချက်ကတ်၊ လျှော့ချရေးကတ်တို့နှင့်ပေါင်းလိုက်လျှင် မွေးဖွားဇယားချပ် ၁၂ခုပညာရှင်တောင် သူ့ကို ယှဉ်နိုင်မှာမဟုတ်။ ထိုအရာအပြင် သူ့၌ ကုသိုလ်မှတ်များစွာရှိသေးသည်။ သူက ကုသိုလ်မှတ်များစွာ ရှိသေး၏။ အဆုံးကျ မွေးဖွားဇယားချပ်ပညာရှင်က များများစားစားရှိမှာမဟုတ်။ ထိုအကြောင်းအရင်းများကြောင့် သူသည် ယနေ့တာ့ယွမ်၏ တော်ဝင်နန်းတော်သို့သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် လုချန်းရှန်း၏သွေးများ ဆူပွက်နေပြီး တိုက်ခိုက်လိုစိတ်များ ပြန်လည်ဖြစ်ထွန်းလာ၏။

ဆန့်ကျင်ဖက်အနေဖြင့် ကျန်းကုန်းကုန်းက အံ့ဩဆွံ့အသွားတော့သည်။ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။

“မဟုတ် ... မဟုတ် လူတိုင်းမရ။ အရှင်မင်းကြီးကို လူတိုင်း တွေ့ခွင့်မရှိဘူး"

လုချန်းရှန်းက မောက်မာထောင်လွှားသောအသံဖြင့် ပြောလိုက်သည်။

“အရှင်မင်းကြီးက ငါ စစ်သူကြီးလုကို တွေ့ဖို့ ငြင်းဆန်မှာလား”

“ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်” ကျန်းကုန်းကုန်းက ပျာယာခတ်နေပြီး မောက်မာထောင်လွှားခြင်း မရှိတော့ပေ။ လုချန်းရှန်း စိတ်လွတ်သွားမှန်း သူ သိနေ၏။ အရူးတစ်ယောက်ကို ရန်မစတာ အကောင်းဆုံးဖြစ်သည်။ လုချန်းရှန်းသာ အဆင်အခြင်မဲ့လှုပ်ရှားခဲ့ပါက သူ ကိစ္စလျောသွားမှာဖြစ်၏။

လုချန်းရှန်းက လှည့်လာပြီး သူ့မျိုးနွယ်စု ဝင်များကို ပြောလိုက်၏။

“ဝင်းထဲမှာပဲ နေကြ။ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှထွက်မလာနဲ့”

လုမျိုးနွယ်စု ခြံဝင်းမှ ထွက်လာပြီးနောက် လုကျိုး၊ စီးဝူယာ့နှင့် လုချန်းရှန်းတို့က ကျန်းကုန်းကုန်း၏ မြင်းလှည်းထဲကို ဝင်ကာ တော်ဝင်နန်းတော်ဆီပြန်သွားကြ၏။

ထိုစဉ် အိမ်တော်ဝင်ပေါက်၌ စုဝေးနေသော လုမျိုးနွယ်တို့က သူတို့ဖာသာဆွေးနွေးနေကြလေ၏။

ကိုယ်လုပ်တော်များထဲမှ တစ်ယောက်က အသံတိုးတိုးဖြင့်မေးလိုက်သည်။

“လောင်ကျန်း အဲ့ဒီလူက ဘယ်သူလဲ”

“မေးခွန်းအများကြီး မမေးတာ အကောင်းဆုံးပဲ”

လုသခင်မက ပြောလိုက်၏။

“အခုအချိန်မှာ မင်းက ဒီလောက်သိုသိပ်နေတုန်းပဲ။ သူက ချောမောခံ့ညားပြီး ထူးကဲသာလွန်တဲ့ အမူအရာကို ပိုင်ဆိုင်ထားတာ။ သူ သာမန်မိသားစုက မဟုတ်တာ သေချာတယ်။ သခင်ကြီးတောင် သူ့ကို ဒီလောက်လေးစားနေတာ။ သူနဲ့လက်ထပ်ပြီး မဟာမိတ်ဖွဲ့လို့ရသေးတယ်။ ယွီအာက အသက် ၂၈နှစ်ပဲ ရှိသေးတယ်။ သူနဲ့လိုက်ဖက်တယ်”

“...”

လုသခင်မ၏ အတွေးရထားများက အထင်ကြီးစရာကောင်းလှပေ၏။ ယခုအချိန်တွင်တောင် သူမက အဓိကအချက်ကို လွဲချော်နေ၏။

လုမျိုးနွယ်၏ အိမ်တော်ထိန်းကြီးက ဤလူငယ်သည် လုမျိုးနွယ်၏ဘိုးဘေးဖြစ်ကြောင်း ဤလူများကို ပြောပြချင်၏။ သို့သော်ငြား သူ့သခင်ကြီး၏စကားကို သတိရသွားကာ ဦးညွှတ်လျက် ပြောလိုက်သည်။

“လုသခင်မ ဒါ မသင့်တော်မှာ စိုးရတယ်”

“ဘာကြောင့် မသင့်တော်ရမှာလဲ။ လုမျိုးနွယ်ရဲ့သခင်မလေးက သူနဲ့မထိုက်တန်လို့လား”

“အမ်”

အိမ်တော်ထိန်းက အခက်တွေ့နေ၏။ သူက အသံထိန်းလျက် လုသခင်မကို ဒေါသထွက်မှာစိုး၍ ပြောလိုက်၏။

“တကယ်တော့ တကယ်တော့ ကိစ္စက ဒီလို”

သူက ထိုစကားများပြောရန် အားတင်းလိုက်ရသည်။ အချို့သောကိစ္စများက ပြဿနာမတက်ခင် ဖယ်ရှားရပေမည်။

လုသခင်မသည် ထိုစကားများကြောင့် အံ့အားထိတ်လန့်သွားလေ၏။ ခဏအကြာ၌ သူမ သဘောပေါက်သွားတော့သည်။ သူမက ဝေးသထက်ဝေးသွားသော မြင်းလှည်းကိုကြည့်ပြီး ပြောလိုက်တော့သည်။

“နှမြောစရာပဲ”

ထိုစဉ် အနီရောင်ကြာနယ်မြေရှိ တောအုပ်ထဲတွင် ဖြစ်သည်။

ယွီရှန်းရုန်သည် ၁၁ခုမြောက် ပွင့်ချပ်ဖူးပွင့်ပြီးနောက် သူ့ စိတ်ဝိညာဉ်သဏ္ဌာန်၏ အမြင့်နှင့် အကန့်အသက်ကို ရက်တချို့ကြာ စမ်းသပ်နေရ၏။ သူသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ပေ ၄၅၀ဆ မြင့်လာခဲ့ပြီး ယင်းက မွေးဖွားဇယားချပ်လေးခု ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ညီမျှသည်။

သူသည် သူ့စိတ်ဝိညာဉ်သဏ္ဌာန်၏အမြင့်ကို ပေ ၅၀၀အထိ တိုးသွားစေသောအခါ မွေးဖွားဇယားချပ် ငါးခု ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူတစ်ယောက်၏ ခွန်အားမျိုးရှိကြောင်း ရှာဖွေတွေ့ရှိခဲ့၏။

ယင်းက ပေ၅၅၀အထိ ကြီးလာသောအခါ သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိန်းချုပ်ရန်ခက်ခဲလာတော့သည်။ တစ်နည်းအားဖြင့် ၁၁ခုမြောက်ပွင့်ချပ်ဖူးပွင့်ပြီးနောက် သူ၏ခွန်အားသည် မွေးဖွားဇယားချပ် ၄ခု ကျင့်ကြံသူမှ မွေးဖွားဇယားချပ် ၆ခုကျင့်ကြံသူနှင့် ညီမျှနေပြီဖြစ်သည်။

ယွီရှန်းရုန်က ပြုံးလိုက်လေ၏။ ဤရလဒ်ကို အလွန်ကျေနပ်နေသည်။ သူ့ဖာသာသူရေရွတ်ပြောလိုက်၏။

“ပြဿနာတွေက အချိန်နဲ့ တဖြည်းဖြည်းဖြေရှင်းသွားနိုင်တာပဲ”

ယွီရှန်းရုန်၌ မွေးဖွားဇယားချပ် ရှိမရှိက ကိစ္စမရှိပေ။ ဆိုရလျှင် အသက်ဓာတ်နှလုံးသားမှ စွမ်းအားများသည် သူ၏အရိုးထဲထိအောင် နက်ရှိုင်းစွာစွဲထင်နေပြီး သူ၏ထူးကဲချီသွေးကြောရှစ်ခုဆီ စီးဆင်းသွား၏။ ထို့အပြင် လူသတ်ရန် သူ၏ဓားကို သုံးဖို့ လိုလားနေသေးဆဲဖြစ်သည်။ အဝေးကနေ လူသတ်ရတာ သူ၏ပုံစံမဟုတ်။ ဆိုရလျှင် သူ၏လက်ရှိအခြေအနေကို အလွန်ကျေနပ်နေ၏။

တွေးမိသွားသည်။

“ငါ အသက်ဓာတ်နှလုံးသားတွေကို ဆက်လက်စုပ်ယူနေရင် ဘာဖြစ်မလဲ သိချင်လိုက်တာ။ ၁၂ခုမြောက် ပွင့်ချပ် ဖူးပွင့်လာနိုင်မှာလား”

ဝှစ်

ထိုစဉ် ကျီလျန့်က တောအုပ်ထဲ ဆင်းသက်လာ၏။

ယွီရှန်းရုန်က ပြုံးလိုက်တော့သည်။

“မိတ်ဆွေဟောင်းကြီး မင်း ရောက်လာမှန်းသိတယ်။ ငါနဲ့တော်ဝင်နန်းတော်ဆီပြန်ဖို့ ဘာတွေးထားလဲ”

ကျီလျန့်က ဟီလိုက်၏။

“ရှစ်စွင်းအကြောင်း ဘာမှစိတ်မပူနဲ့။ သွားကြမယ်” ယွီရှန်းရုန်က ပြောပြီး ကျီလျန့်၏ကျောပေါ် ခုန်တက်လိုက်တော့သည်။ တာ့ယွမ်၏တော်ဝင်နန်းတော်ထဲရှိ ဖျက်ဆီး၍မရသော နန်းဆောင်ထဲတွင်ဖြစ်သည်။

“အရှင်မင်းကြီး လုစစ်သူကြီးက တွေ့ခွင့်တောင်းနေပါတယ်” ကုန်းကုန်းတစ်ယောက်က လျှောက်တင်လိုက်သည်။

သာမန်ဆန်ပြီး ကောင်းမွန်သည့်ဝတ်စုံကို ဝတ်ဆင်ထားသည့်လူငယ်က သူ့လက်ထဲရှိ တစ်စုံတစ်ခုကို ဆော့ကစားနေသည်။ သူက တာ့ယွမ်၏ဧကရာဇ်မူအာ့ထျဲ့ပဲဖြစ်သည်။ တစ်နည်းအားဖြင့် အနက်ရောင်ဧကရာဇ်ဟု ကျန်သည့်သူများက သိကြသည်။

“လုချန်းရှန်းလား” မူအာ့ထျဲ့က ဇဝေဇဝါဖြစ်သွားလေ၏။

“အမိန့်တော် ပေးပြီးမဟုတ်လား။ ကျန်းကို ဘာလို့လာရှာတာလဲ”

“ကျန်းကုန်းကုန်းရဲ့လူတွေက အကြောင်းကြားထားပါတယ်။ လုချန်းရှန်းက အမိန့်ဖိဆန်ပြီး မင်း အမိန့်တော်ကို ဖျက်ဆီးခဲ့ကြောင်းပြောပါတယ်” ကုန်းကုန်းက လျှောက်တင်လိုက်၏။

မူအာ့ထျဲသည် ထိုစကားများကို ကြားသောအခါ တည်ငြိမ်မနေတော့ပေ။ ခဏအကြာတွင် သူက ဖြည်းဖြည်းလှည့်ကြည့်ပြီး မြေပြင်ပေါ် ဝပ်တွားနေသော ကုန်းကုန်းကို ကြည့်လိုက်၏။ သူက နဂါးပလ္လင်ဆီလျှောက်သွားလျက် ထိုင်ပြီးနောက် ပြောလိုက်တော့သည်။

“ကျန်း အမိန့်တော်ကို ပေးလိုက်။ အမိန့်ဖီဆန်တဲ့အတွက် လုချန်းရှန်းကို အပြစ်ပေးမယ်။ အတိတ်တုန်းက သူကောင်းကျိုးဆောင်ရွက်ခဲ့တာကြောင့် သူ့ကို သေဒဏ်မပေးတော့ဘူး။ အဲ့ဒီအစား သူ့ကို မဟူရာပင်လယ်ကို နယ်နှင်ဒဏ်ပေးခံရပြီး တစ်သက်လုံးမြို့တော် ပြန်လာခွင့်မရှိဘူး”

“နားလည်ပါပြီ” ကုန်းကုန်းက တလေးတစားအရိုအသေပေးပြီးနောက် ခန်းမထဲမှ ထွက်သွားသည်။

ထိုစဉ် ကျန်းကုန်းကုန်းက လမ်းပြပေးနေ၏။ တော်ဝင်နန်းတော်က အတော်ကျယ်သည်။ သို့သော် မီတာအနည်းငယ်အတွင်း အစောင့်တချို့၊ အထိန်းတော်တချို့နှင့် နန်းတွင်းသူများသာ တွေ့ရ၏။

လုချန်းရှန်းက ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

“ကျန်းကုန်းကုန်း ဒီနေ့ ခင်ဗျား လမ်းလျှောက်တာက နှေးလွန်းနေပါလား။ ခင်ဗျား အချိန်ဆွဲနေတာလား”

“ခင်ဗျားအတွေးလွန်နေပါပြီ။ ကျုပ်တို့က တော်ဝင်နန်းတော်ထဲ ရောက်နေပြီပဲ။ အချိန်ဆွဲနေလို့ ဘာအကျိုးထူးမှာလဲ”

ကျန်းကုန်းကုန်းပြောပြီးသည်နှင့် မျက်စိတစ်မှိတ်အတွင်း အဝေးမှ ပုံရိပ်လေးခု ရောက်လာသည်။

“အရှင်မင်းကြီး မိန့်တော်မူလိုက်တယ်။ လုချန်းရှန်းက တော်ဝင်အမိန့်ကို ဖီဆန်ပြီး မလိုက်နာတဲ့အတွက် သေဒဏ်ပေးခံရမယ်”

အထက်ကနေ အောက်ဆီ လက်ဆင့်ကမ်းတဲ့အချိန် အမိန့်ပြောင်းလဲသွားတာ ပုံမှန်ပဲဖြစ်သည်။

လုချန်းရှန်းက မျက်မှောင်ကျုံ့လျက်ပြောလိုက်၏။

“အရှင်မင်းကြီးကို ငါ တွေ့ချင်တယ်”

ပညာရှင်လေးဦးက ဆင်းလာတော့သည်။ သူတို့ထဲမှ တစ်ဦးက ပြောလိုက်တော့၏။ “အခုမင်းက အမိန့်ဖီဆန်နေတာပဲ။ ငါနဲ့လိုက်ခဲ့”

လုချန်းရှန်း မလှုပ်ရှားရသေးခင် လုကျိုးက ဘယ်ဖက်လက်ကို မြှောက်ကာ လုချန်းရှန်းကို တားလိုက်၏။ ပြီးနောက် သူ၏ညာဖက်လက်ကို တွန်းထုတ်လိုက်သည်။ အချိန်ချွေတာဖို့ သူ တိုက်ရိုက် လှုပ်ရှားလိုက်တော့သည်။

သူက ဘယ်လက်ကို မြှောက်လက် သူ့ရှေ့တွင်ထားလိုက်၏။ ညာလက်ကိုပါ မြှောက်လိုက်သည်။

ကိုးပါးဖြတ်တောက်ခြင်း လက်ဝါးစည်းတံဆိပ်

ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် သိုင်းပညာရှင်လေးဦးကို လေထဲလွင့်ထွက်သွားစေ၏။ လုချန်းရှန်းက ယခုအချိန်တွင် အတော်လေးငြိမ်နေသည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်ဆီမှ အကူအညီဖြင့် အရာအားလုံး အဆင်ပြေသွားလိမ့်မည်။

မြဲမြံစွာရပ်ပြီးနောက် ပညာရှင်လေးဦးက လေထဲရပ်ကာ ပြောလိုက်တော့သည်။

“ဒါက တော်ဝင်နန်းတော်ပါ။ ကြုံရာကျပန်းလူတွေ စိတ်တိုင်းကျပြုမူနိုင်တဲ့နေရာ မဟုတ်ဘူး။ ချန်းပေ့ နေရာမှားလာခဲ့ပြီ”

လုကျိုးက ပြောလိုက်သည်။

“အနက်ရောင်ဧကရာဇ်ကို ရောက်လာတာ”

“ခင်ဗျားက အရှင်မင်းကြီးကို တွေ့ချင်တာလား”

ပညာရှင်လေးဦးက ဘာမေးခွန်းမှ ထပ်မမေးတော့ဘဲ လုကျိုးကို တိုက်ခိုက်တော့၏။

လုကျိုးက ခေါင်းခါပြီး သက်ပြင်းချလိုက်၏။

“မင်းတို့အတွက် ဘာကောင်းမှန်း မသိဘူးပဲကိုး”

လုကျိုးသည် လုချန်းရှန်း၏အဆင့်အတန်းဖြင့် ဧကရာဇ်ကို တွေ့ဖို့မခက်ခဲဟု ထင်ခဲ့သည်။ ထိုမျှ ဒုက္ခများမည်ဆိုတာ မည်သူက သိမည်နည်း။ အဆုံးကျ သူက အားသုံးရသေး၏။ သူက ရှေ့သို့ တဟုန်ထိုးတက်သွားပြီးနောက် အပြာရောင်လက်ဝါးစည်းတံဆိပ်ကို တွန်းထုတ်လိုက်သည်။ တိကျန်း၏ အသက်ဓာတ်နှလုံးသားဖြင့် မြှင့်တင်ထားသော သူ၏အရှိန်က မြန်လွန်းသဖြင့် ပညာရှင်လေးဦးသည် သူ၏ပုံရိပ်ယောင်ကိုသာ မြင်တွေ့ရ၏။

တကယ်တော့ လုကျိုးက ကွဲပြားသည့်လက်ဝါးစည်းတံဆိပ်လေးခု ထုတ်သုံးလိုက်တာဖြစ်သည်။ သို့သော် သူ၏အရှိန်ကြောင့် လက်ဝါးစည်းတံဆိပ်တစ်ခုတည်း ထုတ်သုံးသည်ဟု ထင်ရသည်။

ဘန်း ဘန်း ဘန်း ဘန်း

လက်ဝါးစည်းတံဆိပ်လေးခုသည် သိုင်းပညာရှင်လေးယောက်အပေါ် အသီးသီးကျရောက်သွားကာ သူတို့၏ ကာကွယ်ရေးစွမ်းအင်ကို ဖြိုခွဲလျက် သူတို့၏နံရိုးများကို ချိုးကာ သူတို့ကို လွင့်ထွက်သွားစေသည်။

လုချန်းရှန်းနှင့် ကျန်းကုန်းကုန်း “...”

ထိုမြင်ကွင်းကို အသားကျနေပြီဖြစ်သည့် စီးဝူယာ့က ပြောလိုက်သည်။

“ကျုပ်ရဲ့ရှစ်စွင်းက တော်ဝင်နန်းတော်ထဲ ဝင်ရဲတယ်ဆိုမှတော့ သာမန်ညောင်ည ကျင့်ကြံသူတွေကို သူ ကြောက်နေမယ်များထင်လား”

“သာမန်ညောင်ည ကျင့်ကြံသူတွေလား။ ဒီလေးယောက်က ပညာရှင်အစောင့်တွေ။ ... ကျန်းကုန်းကုန်း၏မျက်နှာက ချွေးဆို့သွားလေ၏။ သူက အလျင်စလိုပြောလိုက်သည်။

“ကျေး ကျေးဇူးပြုပြီး ကျုပ်နောက်က လိုက်ခဲ့ပါ။ အရှင်မင်းကြီးက ခိုင်မြဲခြင်းခန်းမထဲမှာ စောင့်နေပါတယ်”

လုကျိုးသည် ကျင့်ကြံသူလေးဦးကို လျစ်လျူရှုလိုက်၏။ သူက လက်နောက်ပစ်ထားပြီး ကျန်းကုန်းကုန်းနောက်လိုက်ကာ ခိုင်မြဲရေးခန်းမထဲသို့ ဝင်သွားသည်။

ခိုင်မြဲရေးခန်းမအပြင် မီတာတစ်ရာသို့ ရောက်ကာစ၌ လူတိုင်းရုတ်တရက် ရပ်တန့်သွားတော့သည်။

အညိုရောင်ချပ်ဝတ်ကို ဝတ်ဆင်လျက် ဓားရှည်ကို ကိုင်ဆောင်ထားကာ မြေပြင်အထက် မီတာတစ်ရာတွင် ပျံဝဲနေသည့် လူတစ်ယောက်ရှိသည်။ သူက မျက်လုံးမှိတ်ထားလျက် ခေါင်းငုံ့ထား၏။

လုချန်းရှန်းက ပြောလိုက်သည်။ “သူက တော်ဝင်နန်းတော်ထဲက အသန်မာဆုံးပညာရှင် အန်းဆယ်”

“အသန်မာဆုံးပညာရှင်လား”

လုကျိုးသည် လေထဲ၌ လှုပ်ရှားခြင်းကင်းစွာ ပျံဝဲနေသော ဓားသမားကို ကြည့်လိုက်၏။

“သူက မြို့တော်မှာ ဓားကိုင်ဆောင်ခွင့်ရှိတဲ့ တစ်ဦးတည်းသော ပညာရှင်ပဲ။ အစောတုန်းက လေးယောက်က အန်းဆယ်နဲ့မယှဉ်နိုင်ဘူး။ ကျုပ် အထွတ်အထိပ်ကာလမှာတောင် သူ့ရဲ့ပြိုင်ဖက်မဟုတ်ဘူး” လုချန်းရှန်းက ပြောလိုက်၏။

လုကျိုးက မေးလိုက်သည်။ “သူ အထွတ်အထိပ်ကာလမှာ ဘယ်လောက်သန်မာလဲ”

“သူ အအောင်မြင်ဆုံးအချိန်မှာ သူ့ရဲ့ခွန်အားက အနည်းဆုံးမွေးဖွားဇယားချပ် ၁၀ခု သိုင်းပညာရှင်အဆင့်လောက်ဖြစ်လောက်တယ်”

လုချန်းရှန်းက ပြောလိုက်၏။ "ဒါက ကြောက်စရာကောင်းတဲ့အရာမဟုတ်ဘူး။ ကြောက်စရာကောင်းတာက အန်းဆယ်က နှစ်ပေါင်း ၃၀၀ မပြည့်ခင်မှာ မွေးဖွားဇယားချပ်တစ်ခု ကျင့်ကြံသူကနေ မွေးဖွားဇယားချပ် ၁၀ခု ကျင့်ကြံသူဖြစ်လာတာ။ သူက အနက်ရောင်ကြာနယ်မြေထဲ အလားအလာအရှိဆုံးကျင့်ကြံသူ တစ်ယောက်လို့ လူသိများတယ်။ နောက်ထပ် နှစ်ပေါင်း ၃၀၀ ကြာရင် သူက အနက်ရေ

ာင်မျှော်စင်အဖွဲ့အစည်းရဲ့ရှားကျန်းလုံထက် သာသွားလိမ့်မယ်လို့ လူအများစုက ခန့်မှန်းကြတယ်”

All Chapters