← Chapters

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အခန်း (၄၄၂) ပွင့်ချပ်အသစ်

နတ်ဒေဝါဦးတည်နယ်ပယ်၏ တာအိုအသွင်ပြောင်းအဆင့်ဖြင့် နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူများက သူ့အား အလေးအနက် မှတ်ယူကြမည် မဟုတ်ပေ။ ကျင့်ကြံရေးတွင် စကားပုံတစ်ခု ရှိသည် မဟုတ်ပါလော။ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အောက်ရှိ လူအားလုံးက ပေါက်ဖတ်များသာ ဖြစ်လေသည်။

နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်သို့ မဝင်ရောက်သည့်လူများသည် အသေးစား ဇာတ်ကောင်များသာ ဖြစ်၏။ မည်သို့ပင် ဆိုစေကာမူ ကျင့်ကြံသူများသည် ရှေးခေတ်အချိန်အခါကတည်းက ကြီးနိုင်ငယ်ညှင်းသဘောတရားကို ဖော်ဆောင်ထားသည် မဟုတ်ပါလော။

နမူနာအားဖြင့် နတ်ဒေဝါဦးတည်နယ်ပယ်ရှိ ကျင့်ကြံသူများသည် ဗြဟ္မာပင်လယ်အဆင့်ရှိ ကျင့်ကြံသူများကို အထင်သေးကြသလို၊ နတ်ဝိညာဉ်ဝဋ်ကြွေးချေအဆင့်ရှိ ကျင့်ကြံသူများက နတ်ဒေဝါဦးတည်အဆင့်ရှိ ကျင့်ကြံသူများကို အထင်သေးကြလေသည်။ ထို့အပြင် ပွင့်ချပ်ငါးလွှာက ပွင့်ချပ်လေးလွှာကို အထင်သေးသလိုမျိုး ဖြစ်၏။

သို့သော်လည်း ယနေ့တွင် မိစ္ဆာဝေဟင်မျှော်နန်းမှ အားလုံးနှင့် ဂိုဏ်းကြီးခုနှစ်ဂိုဏ်းက နတ်ဒေဝါဦးတည် နယ်ပယ်သာ ရှိနေသေးသည့် မိစ္ဆာအိုကြီးကျိအား အထင်မသေးရဲကြတော့ပေ။ လက်ရွေးစင်များစွာက သူ့ကျင့်ကြံဆင့် ယိုယွင်းပျက်စီးသွားလားဟု ဖော်ထုတ်ဖို့ ကြိုးစားနေကြသည်။ သူတို့က သူသည် နတ်ဒေဝါဦးတည်နယ်ပယ်သာ ရှိကြောင်း ကောက်ချက်ချလိုက်ကြ၏။

ထိုစဉ် လုကျိုးက သူ့ဆီ ရောက်လာသည့် ကျင့်ကြံသူများကို သနားစဖွယ် ကြည့်လိုက်သည်။ သူ့ခြေထောက်အောက်ရှိ အပြာရောင်ကြာပွင့်က ဖြည်းဖြည်းချင်း ကြီးမားလာလေ၏။ ထို့နောက်တွင် အပြာရောင်ကြာပန်းက ပွင့်လန်းလာသည်။ ထိုစွမ်းအားက ပတ်ဝန်းကျင်ကို ဒီရေလှိုင်းတဖွယ် ပျံ့နှံ့သွားလေ၏။

အရာအားလုံးကို ဆိတ်ငြိမ်သွားစေမဲ့ စွမ်းအားရရှိဖို့အတွက် သမာဓိကောင်းဖို့ လိုအပ်ပေသည်။ သမာဓိ ကျင့်ကြံရင်း အလင်းနှင့်အမှောင်ကဲ့သို့ နေရာတိုင်းဆီ စိမ့်ဝင်နိုင်ရမည် ဖြစ်၏။

အပြာရောင်ကြာပန်း ပွင့်လန်းလာသည့်အခါ လုကျိုးဆီ ပျံသန်းလာသည့် ကျင့်ကြံသူများသည် လွှင့်ထွက်သွားကြသည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကလည်း မျက်လုံးအပြူးသားဖြင့် ထိုမြင်ကွင်းကို ကြည့်နေကြသည်။ သူတို့က လုကျိုး၏ တိုက်ကွက်ကို မည်မျှပင် မြင်ရစေကာမူ သူတို့၏ အမြင်အာရုံကို အမြဲတမ်း ကျယ်ပြန့်လာစေသည်။

ဟွားဝူတောက်၊ တွမ့်မူရှန်း၊ ကျောင်းယွဲ့နှင့် ရှောင်ယွမ်အာတို့က ထိုမြင်ကွင်းကို သဘောကျနေကြသည်။ ယခင်က လုကျိုးသည် လျှို့ဝှက်ခန်းအတွင်း ကျင့်ကြံနေစဉ် သူတို့က လျှို့ဝှက်ခန်းကို ချိုးဖောက်ဖို့ ကြိုးစားခဲ့ဖူးသည်။ သူတို့ကြုံတွေ့ခဲ့ရသည့်အရာနှင့် ယခုမြင်တွေ့ရသည့်အရာက တူညီလေသည်။ တစ်ခုတည်းသော ကွဲပြားမှုမှာ ပိုင်နက်နှင့် စွမ်းအားသည် ယခင်ထက် ပို၍ ကြီးမားနေခြင်း ဖြစ်၏။

ဝုန်း ဝုန်း ဝုန်း..

ဂိုဏ်းကြီးခုနှစ်ဂိုဏ်းမှ တပည့်များက လွင့်ထွက်သွားကာ သွေးအန်လိုက်ကြသည်။

ရထားလုံးပျံခုနှစ်လုံးအထိ ဒီရေလှိုင်းက ပျံ့နှံ့သွားသောကြောင့် သူတို့လည်း ယိမ်းယိုင်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာကြသည်။

ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့ဝင်များက ထိုစွမ်းအားသည် မိတ်ဆွေနှင့်ရန်သူ မခွဲခြားကြောင်း သဘောပေါက်သွားကြသည်။ အတွေ့အကြုံအများဆုံး ဖြစ်သည့် လန်လော့က အော်ပြောလိုက်သည်။

“နောက်ဆုတ်ကြ”

မိစ္ဆာဝေဟင်မျှော်နန်းရှိ လူများက ဘေးကင်းရာသို့ နောက်ဆုတ်လိုက်ကြပြီး တိုက်ပွဲကို ဆက်လက်ကြည့်နေကြသည်။

“ဒါက ဘယ်လို နည်းစနစ်မျိုးလဲ” ဟွားဝူတောက်က ရေရွတ်လိုက်သည်။

“ငါလည်း မသိဘူး” လန်လော့က တုံ့ပြန်လိုက်သည်။

“ကျွန်တော်လည်း မသိဘူး” ကျူးဟုန်ကုန်းက ဝင်ပြောလိုက်သည်။

“အိုး.. ရှောင်ရှစ်မေ့ ဘာလို့ ငါ့ကို ဆွဲဆိတ်တာလဲ”

ရှောင်ယွမ်အာက သူ့ပါးပြင်သူ ဆွဲဆိတ်ကာ ပြောလိုက်သည်။

“ဒါက အိပ်မက် မဟုတ်ဘူးပဲ”

“…”

ထိုစဉ် လုကျိုးက သူ့ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ်စွမ်းအားကို သုံးစွဲပြီးသွားလေပြီ။ သူ့နားထဲတွင် ကုသိုလ်ရမှတ်ရရှိမှု သတိပေးသံများလည်း ဆက်တိုက်ကြားနေရသည်။

နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူက ကုသိုလ်ရမှတ် ဆယ်မှတ်သာ တန်လေ၏။ သူက အလွန်နည်းပါးလွန်းသည်ဟု ခံစားမိလေသည်။ ခန္ဓာကိုယ်တည်ဖွဲ့ခြင်းအဆင့်နှင့်အောက်ရှိ ကျင့်ကြံသူများကို သတ်၍ ဆုလာဘ် မရပေ။ သူတို့က များပြားလွန်းလှသည်။

နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူများအပါအဝင် ဂိုဏ်းကြီးခုနှစ်ဂိုဏ်းမှ ကျင့်ကြံသူ ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်က ကောင်းကင်ကျမ်း၏ စွမ်းအားကြောင့် ရှုံးနိမ့်သွားကြသည်။ တစ်ဝက်ကျော်လောက်က သေဆုံးသွားကြ၏။

လုကျိုးက လေထဲတွင် ဆက်လက်ပျံသန်းနေကာ တခြားလူများကို အပေါ်စီးမှ ငုံ့ကြည့်နေသည်။ သူက ခေါင်းအသာယမ်းလိုက်၏။ သူက ကောင်းကင်ကျမ်းစွမ်းအားနှင့် ပတ်သတ်၍ အနည်းငယ် မကျေမနပ် ဖြစ်နေမိသည်။ သူက ထိုလူများကို သုံးဆယ်ရာခိုင်နှုန်းသာ သတ်နိုင်သည် မဟုတ်ပါလော။

သူက တတ်နိုင်သည့်အရာ ဘာမှမရှိပေ။ သူ့တိုက်ကွက်တွင် ထူးခြားအံ့ဖွယ်စွမ်းအား၏ ဆယ်ရာခိုင်နှုန်းသာ ပါဝင်နေလေသည်။

ထိုစွမ်းအားပမာဏဖြင့် အနည်းငယ်အားကောင်းသည့် နတ်ဝိညာဉ်ဝဋ်ကြွေးချေ ကျင့်ကြံသူကို သတ်ဖြတ်ဖို့ ခက်ခဲလှသည်။ ထိုအားကောင်းသော နတ်ဝိညာဉ်ဝဋ်ကြွေးချေ ကျင့်ကြံသူအဆင့်ကိုမူ ထည့်ပြောဖို့ မလိုတော့ချေ။

မည်သို့ပင် ဆိုစေကာမူ တိုက်ကွက်က သူ့အကြိုက်ဖြစ်ဖို့ အားနည်းလွန်းသော်လည်း သူက ပြပွဲကောင်းကောင်း လုပ်နိုင်ခဲ့လေသည်။ သူက ကြည့်ကောင်းနေစဉ် တခြားကိစ္စများက အသေးအဖွဲ့ ဖြစ်သွားလေသည်။ ထိုစဉ် အသက်ရှင်ကျန်သူများကလည်း နောက်ဆုတ်ထွက်ပြေးကြသည်။ ယွင်ဂိုဏ်း၏ အကြီးအကဲကိုးယောက်ကလည်း ထွက်ပြေးသူများအကြား ပါရှိလေ၏။ သူတို့က ဒဏ်ရာအပြင်းအထန် ရထားကြသည်။

ထိုစဉ် ဟုန်ချူးအဖွဲ့၏ ဂိုဏ်းချုပ် နဉ်လျန့်၊ ကျန့်ချိုက်အဖွဲ့ဂိုဏ်းချုပ် ဖုန်းချင်းဟယ်၊ ခုနှစ်စင်ကြယ်စံအိမ်၏ စံအိမ်သခင် ကျားယွမ်၊ ကံကြမ္မာကောင်း ဘုရားကျောင်း၏ ကျောင်းထိုင် မြောင်ယင်နှင့် သွမ့်လင်းအဖွဲ့၏ ပထမတပည့် ရှောက်ကျင်းဟန်တို့က ခပ်နိမ့်နိမ့်ဖြင့် ပျံသန်းလာကြသည်။ သူတို့လက်များက ရင်ဘတ်ပေါ် ဖိထားကြပြီး လုကျိုးအား တအံ့တဩဖြင့် ကြည့်နေကြသည်။ သူက အရမ်းအားကောင်းလွန်းလှသည်။ သူတို့ငါးယောက်လုံးက လက်သီးဆုပ်ကာ တံတွေးမျိုချမိလိုက်ကြ၏။ သူတို့၏ ရထားလုံးပျံ အကာအကွယ် မရှိဘဲ အရေးနိမ့်သည့် အခြေအနေသို့ ကျရောက်သွားလေသည်။

ဖုန်းချင်းဟယ်က တံတွေးမျိုချကာ လုကျိုးအား ကြည့်လိုက်ပြီး သူ့ခံစားချက်များကိုပင် မပြောနိုင်တော့ချေ။

အမှန်တော့ သူက လုကျိုး၏ တိုက်ကွက်သည် ထိခိုက်မှု အများအပြား ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့မိချေ။ သူက သတ္တိစုစည်းကာ အသက်ပြင်းပြင်း ရှုလိုက်သည်။ ယခုအချိန်က သူ့ဒဏ်ရာများကို ကုသနေရမည့်အချိန် မဟုတ်ပေ။ သူက တခြားသူများ၏ စိတ်ဓာတ်ကို မြင့်တင်ဖို့ ကြိုးစားလိုက်သည်။

“တည်တည်ငြိမ်ငြိမ်နေကြ။ ဒါက သူရဲ့မူလ ပိုင်နက်ကျယ် စည်းတံဆိပ်ပဲ ဖြစ်ရမယ်။ အဇဋာအကျော်အမော်ဂိုဏ်းနဲ့ ကျန့်ချိုက်အဖွဲ့ရဲ့ စည်းတံဆိပ်ကလည်း အဲလိုလုပ်နိုင်တယ်”

ဂိုဏ်းငါးဂိုဏ်းမှ ဂိုဏ်းချုပ်များက အသက်ရှင်ကျန်ခဲ့ကာ သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်များကို မဆင့်ခေါ်နိုင်သေးသော်လည်း ထိုတိုက်ကွက်ကြောင့် သူတို့၏ခန္ဓာကိုယ်အတွင်း သွေးစီးမှုများက ပြောင်းပြန်ဖြစ်နေလေပြီ။ သူတို့က သွေးအန်လုနီးပါး ဖြစ်နေကြ၏။ ထိုစဉ် ငါးယောက်သား သူတို့၏ ချီစွမ်းအားဖြင့် အသက်ရှုနှုန်းကို ထိန်းဖို့ ကြိုးစားလိုက်ကြသည်။

သွမ့်လင်းဂိုဏ်း၏ ပထမတပည့် ရှောက်ကျင်းဟန်က ပြောလိုက်သည်။

“ချန်းပေ့ဖုန်း ကျုပ်တို့ အောင်မြင်မယ်လို့ ထင်လား”

ဖုန်းချင်းဟယ်က သူ့ကို ကြည့်ကာ “ငါ့ကို ယုံစမ်းပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့မှာ တခြားနည်း မရှိတော့ဘူး။ ဖန်းလီထန်းက အားကောင်းပေမဲ့ ငါတို့ ကျန့်ချိုက်အဖွဲ့လက်အောက်မှာ ရှုံးနိမ့်သွားတာပဲ မဟုတ်ဘူးလား”

တခြားလူများက အချင်းချင်း ကြည့်ကာ ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ ရဲဘော်များ၏ အရိုးပေါ်ရပ်နေသည့် သူရဲကောင်းဖြစ်ဖို့ရန် သဘောတူလိုက်ကြသည်။

ကံကြမ္မာကောင်းဘုရားကျောင်း၏ ကျောင်းထိုင် မြောင်ယင်က ပြောလိုက်သည်။

“ငါမှ မဟုတ်ရင် ဒီငရဲကို ဘယ်သူက ဆင်းနိုင်မှာလဲ။ တပည့်တို့ ငါ့အမိန့်ကို နာခံကြ”

မြောင်ယင်၏ တပည့်များက မြေပြင်ပေါ်မှ လေထဲသို့ ရောက်ရှိလာကြသည်။

ဖုန်းချင်းဟယ်က လက်မထောင်ပြကာ အသံကြည်ကြည်လင်လင်ဖြင့် ပြောလိုက်သည်။

“အားလုံး နားထောင်ကြ။ မိစ္ဆာကြီးက ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး။ စွမ်းအားက ကုန်နေပြီ။ ဘာမှမကြောက်ကြနဲ့”

သူ လုပ်ဖို့ လိုအပ်သည်က ဂိုဏ်းကြီးခုနှစ်ဂိုဏ်းမှ ထိုတပည့်များအား ဆက်လက်တည်ရှိနေဖို့သာ ဖြစ်၏။ သူပြောသည်က အမှန်ဟုတ်၊ မဟုတ် အရေးမပါပေ။

လုကျိုးက လေထဲတွင် ဝဲပျံကာ နောက်တိုက်ကွက်ကို စဉ်းစားလိုက်သည်။

ငါ့ဆီမှာ အသေရိုက်ချက် ကတ်နှစ်ကတ်ပဲ ကျန်တော့တယ်။ ကံကောင်းတာက အထွတ်အထိပ်သဏ္ဌာန်ကတ် ကျန်သေးတယ်။ လက်ရွေးစင်တွေက သူတို့ ပုန်းနေတဲ့ဆီကနေ ထွက်မလာကြတော့ဘူးလား …

ထိုလက်ရွေးစင်များက ဆက်လက် ပုန်းအောင်းနေသောကြောင့် သူက အထွတ်အထိပ် သဏ္ဌာန်ကတ်ကို ထုတ်သုံးမည် မဟုတ်ပေ။ အကယ် သူက စောစောစီးစီး ထုတ်သုံးလိုက်လျှင် ထိုလူများက ထွက်ပြေးသွားနိုင်ခြေ ရှိ၏။

ဂိုဏ်းကြီးခုနှစ်ဂိုဏ်း၏ တပည့်များက ကျိထျန်းတောက်သည် လေထဲတွင် ဝဲပျံရင်း အတွေးများနေသည်ကို တွေ့သောအခါ စိတ်လှုပ်ရှားလာကြသည်။

သူတို့က ထိုလူ၏ အတွေးများကို မသိကြပေ။

ထိုစဉ် ကံကြမ္မာကောင်း ဘုရားကျောင်းမှ တပည့်များက နေရာဝင်ယူလိုက်ကြသည်။ ထို့နောက် ရှိုးနွီများက လက်ဝါးကို ပူးကပ်လိုက်ကြသည်။ သူတို့ ရွတ်ဖတ်နေသောကြောင့် အသံများက မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ်လာသည်။

လုကျိုးက ခေါင်းအသာခါကာ

“ဘယ်လောက်တောင် ညံ့ဖျင်းလိုက်သလဲ”

အထွတ်အထိပ် စွမ်းအားနှင့် ရင်ဆိုင်ရသောအခါ ထိုစွမ်းရည်များက အသုံးမဝင်တော့ပေ။ သူက ညာဘက်လက်ကို အသာဝေ့ယမ်းလိုက်၏။ ထိုစဉ် သူ့လက်ထဲတွင် အသုံးပစ္စည်းကတ် တစ်ကတ် ပေါ်ထွက်လာသည်။ ထိုသည်က အထွတ်အထိပ် သဏ္ဌာန်ကတ် ဖြစ်၏။

ထိုစဉ် တောအုပ်၏ အရှေ့တောင်ဘက် ထောင့်ခြေတွင် ဖြတ်ခနဲ လှုပ်ရှားမှုတစ်ခု ရှိသွားလေသည်။ ထိုပုံရိပ်တစ်ခုက လက်ဝါးပူးကပ်ကာ အဆောင်ကို ကိုင်ထားလိုက်သည်။ ထို့နောက် သူက လေထဲသို့ ပစ်ခွင်းလာသည့် မြားတစ်စင်းအလား ခုန်ဝင်လာလေသည်။

“မိစ္ဆာအိုကြီးကျိ ငါ့တပည့်တွေကို ထိမယ်မကြံနဲ့”

သွမ့်လင်းဂိုဏ်း၏ တပည့်များက တအံ့တဩ ရေရွတ်လိုက်ကြသည်။

“ခေါင်းဆောင်”

ဖုန်းချင်းဟယ်လည်း ပျော်ရွှင်သွားလေသည်။

“ကောင်းတယ် သွမ့်လင်းဂိုဏ်းရဲ့ ခေါင်းဆောင်တောင် လှုပ်ရှားပြီပဲ”

ချန်းယန်၏ မျက်နှာက နီရဲနေပြီး မျက်လုံးများက သွေးနီရောင်ပြောင်းနေလေသည်။ သူက ကန့်သတ်ချက်အနား နီးနေပြီဖြစ်သော်လည်း သူ့သွင်ပြင်က ပုံမှန်မဟုတ် ဖြစ်နေသည်။ ကြည့်ရသည်မှာ ကမ္ဘာဦးမိစ္ဆာ ဆေးရည်ကို သုံးခဲ့ဟန် တူသည်။ ထိုဆေးရည် လှုံ့ဆော်မှုဖြင့် သူက သူ့ကျင့်ကြံဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်၏။

အားလုံးက ချန်းယန် တိုက်ခိုက်သည်ကို ကြည့်နေလိုက်ကြသည်။ သူတို့အမြင်၌ လုကျိုး မသေဆုံးခဲ့လျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည်။

ဂိုဏ်းကြီးခုနှစ်ဂိုဏ်းမှ တပည့်များကလည်း မျှော်လင့်တကြီး စောင့်စားနေကြသည်။

ဝှစ်..

ချန်းယန်၏ လက်ဝါးရှေ့တွင် ကတော့သဏ္ဌာန် စွမ်းအင်စက်ကွင်းတစ်ခု ပေါ်ထွက်လာပြီးနောက် လုကျိုးဆီ ဝင်ရောက်သွားလေသည်။ လုကျိုးက ချန်းယန်အား ခဏကြည့်လိုက်ပြီးနောက် ခေါင်းအသာယမ်းကာ ပြောလိုက်သည်။

“ကောင်းတယ်”

သူက အထွတ်အထိပ် သဏ္ဌာန်ကတ်ကို ချေမွပစ်လိုက်သည်။

အထွတ်အထိပ်သဏ္ဌာန်ကတ် ကြေမွသွားသည်နှင့် သူ့လက်ဖဝါးမှ ကြယ်တာရာ အလင်းများ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့သွားလေသည်။ အားနည်းလွန်းလှသည့် နတ်ဒေဝါဦးတည် နယ်ပယ်၏ ချီပင်လယ်က ချက်ချင်းဆိုသလို ပြည့်နှက်လာသည်။ သူ့ချီသွေးကြောရှစ်ခုကလည်း စွမ်းအားအပြည့် ဖြစ်လာ၏။ သူက လက်ရွေးစင်များသည် မဆင်မခြင် သူတို့ဘာသာ သူတို့ ထွက်လာမည် မဟုတ်ကြောင်း သိလေသည်။

အဆုံးသတ်၌ သူကသာ ထိုလူများကို ရှင်းဖို့ အထွတ်အထိပ်သဏ္ဌာန်ကတ်ကို သုံးဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေ၏။

သွမ့်လင်းဂိုဏ်းချုပ် ချန်ယန် ပေါ်ထွက်လာမှုက မမျှော်လင့်ထားသည့် ဖြစ်ရပ် ဖြစ်သည်။ ကျိထျန်းတောက်၏ အထွတ်အထိပ်စွမ်းအားက လုကျိုးဆီ ရောက်ရှိသွားလေသည်။ တကယ်တော့ သူ့စွမ်းအားက ကျိထျန်းတောက်ကိုပင် ကျော်လွန်သွားဟန်ပေါ်သည်။

“မင်းက သေချင်တာလား။ ဒါဆိုရင်တော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

လုကျိုးက အမူအရာ မပြောင်းမလဲ ကျန်ရှိနေပြီး ညာဘက်လက်ကို အသာဝေ့ယမ်းလိုက်သည့်အခါ ချန်းယန်၏ နေရာသို့ ရွှေရောင်အလင်းတန်းတစ်ခု ပြေးဝင်သွားလေသည်။

ဘန်း..

...

အခန်း (၄၄၃) မိစ္ဆာအိုကြီးကျိက ဘာကြောင့်ဒီလောက်အစွမ်းထက်ရတာလဲ

လုကျိုးသည် ချန်းယန်၏တိုက်ကွက်ကို လက်ဗလာဖြင့် ပိတ်ဆို့လိုက်လေ၏။

အရာအားလုံးက ယခုအချိန်တွင် ရပ်တန့်သွားပုံရသည်။

လူတိုင်း၏မျက်လုံးက အပြူးသားဖြစ်နေ၏။ သူတို့၏ မျက်တောင်မခတ်ရဲပေ။ ထိုခမ်းနားသော အခိုက်အတန့်ကို လွဲချော်သွားမှာကို စိုးရိမ်မိ၏။ လူတိုင်းက ကြက်သေသေနေစဉ် မိစ္ဆာကြီးကျိက တိုက်ကွက်ကို ပိတ်ဆို့ခဲ့သည်။ အပြန်အလှန်အနေဖြင့် သူသည် လူတိုင်း၏အထက်၌ ရပ်နေနိုင်သေးပြီး သူ၏ကျင့်ကြံဆင့်က မယိုယွင်းသွားပေ။ ကမ္ဘာဦးမိစ္ဆာဆေးရည်ကို သုံးထားသည့် ချန်းယန်သည် လက်တစ်ဖက်တည်းဖြင့် အနိုင်ယူခံလိုက်ရသည်လော။ လူတိုင်းသည် ထိုအရာကို မြင်တွေ့ချိန်၌ ထိတ်လန့်တုန်ယင်သွား၏။

“မိစ္ဆာအိုကြီးကျိ မင်း..”

ချန်းယန်၏မျက်လုံးက အပြူးသား ဖြစ်နေလေ၏။

“အတူသေကြရအောင်”

“မင်းအိပ်မက်မက်နေတာပဲ”

လုကျိုးက လက်သီးကျစ်ကျစ် ဆုပ်လိုက်၏။ ဧရာမဖန်ယူကျင်းလက်စည်းတံဆိပ်သည် သူ၏လက်ကနေ ပေါ်ထွက်လာ၏။ ယင်းက အရွယ်အစား ကြီးမားလာချိန်၌ ဗုဒ္ဓလက်စည်းတံဆိပ်နှင့် ဆင်တူသည်။

ဖုန်း..

ပြာများ လွင့်စဉ်သွားပြီး မီးခိုးများ ပျောက်ကွယ်သွား၏။

ချန်းယန်သည် သွမ့်လင်းအခွဲ၏ ဂိုဏ်းချုပ်ကြီးဖြစ်လျှင်ရော မည်သည့်အရေးနည်း။ ကမ္ဘာဦးမိစ္ဆာဆေးရည်ကို သောက်သုံးထားရင်ရော ဘာရေးလဲ။ သူ့ခွန်အားက ပွင့်ချပ်ရှစ်လွှာ အထွတ်အထိပ်မှာ ရှိတော့ရော ဘာဖြစ်သေးလဲ။ သူ့ကို သတ်ဖို့ လုကျိုးဆီက တစ်ကွက်ပဲ လိုတာလေ။ လုကျိုးသည် အချိန်ကုန်သက်သာစေရန် ထိုအကွက်ကို သုံးခဲ့တာ ဖြစ်သည်။ ဆိုရလျှင် သူ၏ကနဦးချီကုန်ဆုံးမှုကို စိုးရိမ်ပူပန်စရာမလိုပေ။ သူသည် စိတ်ရှိသလို အစွမ်းအထက်ဆုံး တိုက်ကွက်များကို အသုံးပြုနိုင်၏။

မဟာဂိုဏ်းခုနှစ်ဂိုဏ်း၏ အဖွဲ့ဝင်များက ကြက်သေသေနေလေ၏။

“ဒါက..”

“မိစ္ဆာကြီးကျိက ဘာကြောင့် ဒီလောက်အစွမ်းထက်ရတာလဲ”

“မဟုတ်ဘူး မဖြစ်နိုင်တာ”

လူတိုင်း၏ အထောက်အပံ့ ရှိပင်လျှင် ထိုသို့ လက်ရွေးစင်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်၌ အကြောက်အလန့်မရှိ နေနိုင်မည်လော။ ငတုံးတစ်ယောက်တောင် ယင်းကို မျက်မြင်တွေ့ပြီးနောက် ကျိထျန်းတောက်က သေခါနီးပြီဟု ခေါင်းမာစွာ ပြောရဲတော့မှာ မဟုတ်ပေ။ မဟာဂိုဏ်းခုနှစ်ဂိုဏ်းမှ လူများက ကြောက်လန့်နေကြတော့သည်။

“ငါတို့ ပြေးသင့်ပြီ”

လုကျိုးက လျင်မြန်စွာ လှုပ်ရှားလိုက်၏။ ခမ်းနားသောကျင့်စဉ် ဝိညာဉ်ဖမ်းခြင်း။

ဘန်း..

လုကျိုး၏လက်ဝါးသည် လှည့်ပြေးသွားသည့် သွမ့်လင်းအခွဲ၏ တပည့်ကြီးဆီ ရောက်သွားသည်။

ရှောက်ကျင်းဟန်က ချက်ချင်းသေသွားပြီး သူ၏ခန္ဓာကိုယ်က ကောင်းကင်ထက်ကနေ ပြုတ်ကျလာသည်။

လုကျိုးက အချိန်ဖြုန်းမနေဘဲ နောက်ထပ် ကျင့်စဉ်တစ်ခုကို ရွတ်ဆိုလိုက်၏။ စွမ်းအင်ဓားများက သူ၏ရန်သူများကို ဒီရေလှိုင်းပမာ ဖျက်ဆီးနေတော့သည်။

လေထဲတွင် ကျန်ရှိသော ကောင်းကင်ကံကြမ္မာဘုရားကျောင်း တပည့်များကမူ ရွတ်နေသေးဆဲ ဖြစ်၏။ သူတို၏အသံများသည် ပြောပလောက်အောင် သိသာထင်ရှားခြင်း မရှိတော့ပေ။ မကြာမီ၌ စွမ်းအင်ဓားသွားလှိုင်းကြောင့် လွှမ်းမိုးခံလိုက်ရပြီး ဖျက်ဆီးခံရကာ ကောင်းကင်ကနေ ပြုတ်ကျလာ၏။

“ဒါ.. ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ကောင်းကင်ကံကြမ္မာဘုရားကျောင်း၏ ကျောင်းထိုင် မြောင်ယင်က မျက်လုံးပြူးကျယ်နေလေ၏။ သူမ၏လက်ဝါးက တုန်ယင်နေတော့သည်။ သူမမော့ကြည့်လိုက်ချိန်တွင် ရွှေရောင်ရောင်ခြည်တစ်ခုဖြင့် ထွန်းလင်းတောက်ပနေသော အဘိုးအိုက သူမရှေ့တွင် ပျံဝဲနေပြီဆိုတာကို ရုတ်တရက် ရှာတွေ့သွား၏။

“မိ.. မိစ္ဆာအိုကြီးကျိ..”

လုကျိုးက လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

“ငမိုက်သား မင်းတို့ရဲ့ပြစ်မှုတွေအားလုံးကို မင်းတို့ ဖြေရှင်းရမယ်။ ဗုဒ္ဓကိုယ်စား မင်းရဲ့လမ်းပေါ် ငါ မင်းကို ပို့ပေးမယ်”

သူ၏နဝဖြတ်တောက်ခြင်း လက်စည်းတံဆိပ်ကို ဆက်တိုက်သုံးလိုက်၏။ သူတို့က မျဉ်းတစ်ကြောင်းဖွဲ့တည်ပြီး မြောင်ယင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။

လုကျိုးက သူမကို ကြည့်တောင်မကြည့်ပေ။ သူ၏ခမ်းနားသော ကျင့်စဉ်ကို ထုတ်သုံးပြီးနောက် ပျောက်သွား၏။

မြောင်ယင်သည် ကူကယ်ရာမဲ့မှုနှင့် သူမရင်ထဲ စိတ်ပျက်အားငယ်မှုတို့ကို ခံစားလိုက်ရသည်။ သူမရင်ဘတ်ရှိ အပေါက်ကနေ သွေးများ ပန်းထွက်လာ၏။ သွေးတိတ်စေရန် ကနဦးချီကို လှည့်ပတ်ရန် ကြိုးစားခဲ့သော်ငြား သူမစွမ်းအင်ဗဟိုချက်၏ ချီပင်လယ်သည် ထိုအကြွင်းမဲ့ဖိအားကြောင့် ဖျက်ဆီးခံရပြီဆိုတာ သိလိုက်သည်။ သွေးထွက်တာကို တားဖို့ သူမလက်ကို မြှောက်ရန် ကြိုးစားလိုက်သည်။ သို့သော်ငြား ခွန်အားမရှိသောကြောင့် ကျရှုံးသွားလေ၏။ သူမသည် မိစ္ဆာဝေဟင်မျှော်နန်းကို သနားကရုဏာအမူအရာဖြင့် ကြည့်လိုက်သည်။

ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များက တိုက်ပွဲထဲ ခုန်ဝင်လာလျက် သူတို့က စွမ်းအင်များ သွင်းပေးကြတော့သည်။ မြောင်ယင်သည် ကြည့်ရုံသာ ကြည့်နေ၏။ ကောင်းကင်ထဲတွင် ပြည့်နေသော စွမ်းအင်ဓားသွားများသည် သူမကို ဘာမှမလုပ်နိုင်တော့ပေ။ သူမအသက်က လျင်မြန်စွာ ခမ်းခြောက်နေပြီး ကနဦးချီ ကုန်ဆုံးသွားသည်နှင့် အသက်အဆုံးသတ်သွားလိမ့်မည်။ သူမက လှည့်ကြည့်လိုက်ပြီး သူမကို သေတွင်းဆီ ဆောင်ယူသွားမည့် မြင်ကွင်းကို မျက်မြင်တွေ့နေရသည်။

ဝှစ်..

ကနဦးချီ၏ အစွမ်းထက်သော ပဲ့တင်သံထွက်မှုသည် စစ်မြေပြင်ပေါ်၌ ပေါ်ထွက်လာ၏။

လုကျိုးသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။ လေထဲရှိ အရာအားလုံးထက်တွင် တောက်ပနေသော ရွှေရောင်ဒုက္ခမိုင်တစ်ရာရှုခင်း စိတ်ဝိညာဉ်သဏ္ဌာန်သည် ပေါ်လာလေ၏။ ထိုစိတ်ဝိညာဉ်သဏ္ဌာန်က မြင့်မားပြီး ကြီးမားလွန်း၏။ ပေတစ်ရာ့ငါးဆယ်ခန့် မြင့်သည်။

မြောက်ယင်သည် စိတ်ဝိညာဉ်သဏ္ဌာန်ခြေထောက်အောက်ရှိ ရွှေကြာကို အလိုလို ကြည့်လိုက်မိ၏။ သူမ သက်တမ်းလက်ကျန် အသိစိတ်တို့ဖြင့် သူမ ရေတွက်လိုက်သည်။

“ပွင့်ချပ်တစ်လွှာ၊ ပွင့်ချပ်နှစ်လွှာ.. ပွင့်ချပ်သုံးလွှာ.. ပွင့်ချပ်ခုနှစ်လွှာ.. ပွင့်ချပ်ရှစ်လွှာ.. ပွင့်ချပ်ကိုး.. ကိုးလွှာလား..”

မြောင်ယင်က သဘောပေါက်သွားလေ၏။ ယခုအရာအားလုံး ရှင်းလင်းသွားပြီဖြစ်သည်။ သူမက ဖျော့တော့စွာ ရယ်မောလိုက်လေ၏။

“ငါ့သေခြင်းတရားက အမှားတစ်ခု မဟုတ်ဘူးပဲ။ အော်မီတော်ဖော်..”

ဖုန်ကဖုန်.. အညစ်အကြေးက အညစ်အကြေး..

စွမ်းအင်လှိုင်းပေါက်ကွဲပြီးနောက် မြောင်ယင်သည်လည်း လေထဲ ပျော်ဝင်ပျောက်ကွယ်သွားကာ လေကြောင့် ပတ်ဝန်းကျင်နှင့် တကွဲတပြားစီ ဖြစ်သွားတော့၏။

စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်လာသောအခါ ၎င်းက ပြန့်ကားသွားပြီး ကနဦးချီကို ထုတ်ဖော်လျက် နေရာပိုယူလာတော့သည်။

ကျင့်ကြံသူရာချီက ခဏအတွင်း ပြုတ်ကျလာလေ၏။

လုကျိုးသည် သူ၏ခမ်းနားသော ကျင့်စဉ်ကို ထုတ်ဖော်လျက် ရန်သူများကို ဖြေရှင်းနေသည်။ ယင်းက ကိုယ်ပျောက်တာအို၏ စွမ်းအားမြင့်ဗားရှင်းတစ်မျိုးပဲ ဖြစ်သည်။ ၎င်းကို မြင်သည့် လန်လော့က နှလုံးခုန်နှုန်း မြန်နေတော့၏။ သူ့ထိပ်တန်းအရှိန်ဖြင့် လှုပ်ရှားချိန်တွင် သူ၏စွမ်းရည်က ဒုတိယမဖြစ်နိုင်ဟု တွေးထင်ခဲ့လေကာ ဖန်ဝမ်ရှန်းကို မသတ်ခင် သူ နိုးထလာချိန် ပုံရိပ်ယောင်များ ချန်ထားရစ်ခဲ့၏။ သို့သော် တောင်ခြေတစ်ခုလုံးကို သိမ်းပိုက်ထားသော လုကျိုး၏ စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ယှဉ်လျှင် သူက ဘာမှမဟုတ်ပေ။

လေထဲတွင် အော်သံများ ပေါ်ထွက်လာ၏။

မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များက တိုက်ပွဲထဲ ဝင်ပါလာပြီး မိစ္ဆာဝေဟင်မျှော်နန်းသည် ချေမှုန်းနိုင်သောအဟုန်ဖြင့် ရှေ့တိုးလာ၏။

ခုခံမှုလုံးဝမရှိချေ။

ဟွားဝူတောက်က ရေရွတ်ပြောလိုက်၏။

“အခု ငါ နားလည်သွားပြီထင်တယ်။ မျှော်နန်းသခင်က တမင်တကာ လုပ်တာပဲ ဖြစ်ရမယ်။ သူက လျို့ဟယ်တာအိုစည်းတံဆိပ် သင်္ကေတဆယ်ခုကို အလွယ်တကူ ထုတ်ပြတာ အံ့ဩစရာ မရှိဘူးပဲ။ အခု ငါ နေထိုင်ရ ပိုကောင်းသွားပြီ”

လန်လော့သည် စိတ်ဝိညာဉ်သဏ္ဌာန်ကြီးကို ကြည်ပြီး ဝင်ပြောလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်တာက ငါ့ဘဝမှာ ပြုလုပ်ခဲ့တဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေထဲ အကောင်းဆုံး ဖြစ်နိုင်တယ်”

ကျူးဟုန်ကုန်းက ခုန်ထွက်လာပြီး ရူးကြောင်ကြောင် ရယ်မောပြီးနောက် ပြောလိုက်၏။

“လုပ်ထားကွ ညီအစ်ကိုတို့ တိုက်ခိုက်ကြ.. ငါ့နေရာ တစ်ပန်းသာနေတဲ့အချိန် တခြားသူတွေကို ဖိအားပေးရတဲ့ ခံစားချက်ကို သဘောကျတယ်။ တက်ကြ..”

ဟွားဝူတောက်နှင့် လန်လော့က ဇဝေဇဝါ ဖြစ်သွား၏။ သူတို့သက်ပြင်းချမိသွားသည်။ မျှော်နန်းသခင်လိုမျိုး ပြောင်မြောင်တဲ့လူတစ်ယောက်က ဒီလိုတတိယအဆင့်ကို ဘယ်လိုမျိုး မွေးထုတ်ခဲ့တာလဲ။ သူက ဂိုဏ်းခေါင်းဆောင်တစ်ယောက်လိုမျိုး ဖြစ်မနေဘူးလား။

လုကျိုးသည် အထွတ်အထိပ်အသွင်ကတ်၏ ကျန်ရှိသောအချိန်ကို ကြည့်နေပြီး သူ၏ခမ်းနားသော ကျင့်စဉ်ကို ထပ်မံထုတ်သုံးလိုက်၏။

“ပြေးကြ.. မြန်မြန်”

မဟာဂိုဏ်းခုနှစ်ဂိုဏ်းမှ လူများ၏ ယုံကြည်ချက်နှင့် စိတ်ဓာတ်ခွန်အားတို့သည် ယခုအချိန်၌ အပြည့်အဝ ချေမှုန်းခံလိုက်ရ၏။ လုကျိုး၏ မဟာအကန့်အသတ်၊ သူတို့၏အသေးစိတ် ပြင်ဆင်မှု အစီအစဉ်များသည် လုကျိုး၏ အကြွင်းမဲ့ခွန်အားရှေ့၌ အရာအားလုံး အချည်းနှီးဖြစ်သွား၏။

“ခမ်းနားခြင်းအစီအရင်.. ခမ်းနားခြင်းအစီအရင်ဆီ နောက်ပြန်ဆုတ်ကြ..”

တိုက်ပွဲက တောအုပ်ဆီ ရွေ့ပြောင်းသွား၏။

လုကျိုး၏ ပွင့်ချပ်ကိုးခု ရွှေကြာသည် မြက်ရိတ်စက်ပမာ သစ်ပင်များကို ပိုင်းဖြတ်သွားတော့၏။

ခုနှစ်စင်ကြယ်စွမ်းအင်သခင် ကျားယွမ်သည် လေအနှင်ပမာ ပြေးနေတော့သည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လျက် ရူးသွပ်စွာ ပြေးကာ ချီပင်လယ်ကို လောင်ကျွမ်းနေစေတော့သည်။

ဖုန်း..

ကျားယွမ်သည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က တစ်စုံတစ်ခုနှင့် တိုက်မိသွးမှန်း သတိပြုမိသွားသည်။ သူက မော့ကြည့်လိုက်ရာ ဧရာမစိတ်ဝိညာဉ်သဏ္ဌာန်ကြီးက သူ၏လမ်းကြောင်းကို ပိတ်ဆို့နေတာ တွေ့လိုက်ရ၏။

လုကျိုးသည် ပေတစ်ရာ့ငါးဆယ် စိတ်ဝိညာဉ်သဏ္ဌာန်ထဲ၌ ပျံဝဲနေ၏။

“နှေးလိုက်တာ”

စိတ်ဝိညာဉ်သဏ္ဌာန်သည် လက်တစ်ဖက်မြောက်လျက် ၎င်းကို ရိုက်ချလိုက်တော့သည်။

“မဟုတ်ဘူး”

ကျားယွမ်၏ စိတ်ဝိညာဉ်သဏ္ဌာန်သည် လက်စည်းတံဆိပ်ကြောင့် ဖန်ပမာ ကွဲကြေသွားတော့သည်။ လူကိုယ်တိုင်ကလည်း ရုပ်မမှတ်မိလောက်အောင် အသားပုံအဖြစ် ဖိချေခံလိုက်ရ၏။ လုကျိုးသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ထပ်မံ ပျောက်သွားပြန်သည်။

တိုက်ပွဲ၏ မီတာတစ်ထောင်အတွင်းရှိ တောအုပ်က ညတွင်းချင်း ဖျက်ဆီးခံလိုက်ရသည်။

မဟာဂိုဏ်းခုနှစ်ဂိုဏ်း၏ တပည့်အားလုံးနီးပါး ယခုသေသွားပြီဖြစ်သည်။

ဟုန်ချူအခွဲခေါင်းဆောင် နဉ်လင်က သူ၏ချီပင်လယ်ကို လောင်ကျွမ်းပစ်ကာ သူ၏တန်ဖိုးကြီး ကောင်းကင်စွမ်းအင်ကို အချိန်အတော်ကြာ ထိန်းသိမ်းထားခဲ့၏။ ယခုအချိန်တွင် သူ၏စိတ်ပိုင်းဆိုင်ရာ ကျိုးပျက်သွားပြီဖြစ်သည်။ သူက နဖူးကို ထပ်ခါတလဲလဲ ရိုက်လျက် အော်ဟစ်ပြောလိုက်၏။

“ငါတို့သေပြီ ငါတို့သေပြီ။ ဘာကြောင့်လဲ ဘာကြောင့်များလဲ”

အဆုံးမရှိ အကြောက်တရားအောက်တွင် သေလုနီးပါးညှင်းပန်းခံမည့်အစား သူ့အသက်ကို အဆုံးသတ်လိုက်တာ ပိုကောင်းမည်။

“မင်းကိုယ်မင်း သတ်သေဖို့ ကြိုးစားနေတာလား။ ငါ့ကို ကျော်ဖြတ်ရအုံးမယ်”

ဝှစ်..

ပတ်ဝန်းကျင်ရှိ ကနဦးချီတို့က ခဲသွားပုံပေါ်သည်။

နဉ်လင်က မော့ကြည့်လိုက်ချိန်တွင် သူ့ပေါ်သို့ ကျရောက်လာသော လက်ဝါးစည်းတံဆိပ်ကြီးကို မြင်လိုက်ရ၏။ သူက လုကျိုးကို မြင်တောင်မမြင်လိုက်ရသေးခင် ထိုလက်ဝါးစည်းတံဆိပ်ကြောင့် ချေမှုန်းခံလိုက်ရသည်။ သူက ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံသူတစ်ယောက်သာ ဖြစ်၏။ ယင်းက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ဦးနှင့် အင်မတန် ဝေးကွာလွန်းလှသည်။

“အစီအရင်လား”

လုကျိုး၏ စိတ်ဝိညာဉ်သဏ္ဌာန်သည် အစီအရင်ကို သိမ်းကြုံးဖြတ်တိုက်သွားသည်။ အစီအရင်သွေးကြောများသည် ထိုစိတ်ဝိညာဉ်သဏ္ဌာန်ကြီးကြောင့် ဖျက်ဆီးခံလိုက်ရချိန်တွင် အသက်ဝင်ကာစဖြစ်သည်။

မဟာဂိုဏ်းခုနှစ်ဂိုဏ်း၏ ကျန်ရှိသော ဂိုဏ်းသားများသည်လည်း ထွက်ပြေးလိုစိတ် ကင်းမဲ့သွား၏။ အဆင့်နိမ့်ကျင့်ကြံသူများက ထပ်မခံစားနိုင်တော့ချေ။ သူတို့က ကြောက်လန့်လွန်းသောကြောင့် မြေပြင်ပေါ် တုန်တုန်ယင်ယင် လဲကျကုန်၏။

“အစီအရင်က ရယ်စရာပဲ။ အဆင့်နိမ့်အစီအရင်တစ်ခုက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ကို ထိန်းချုပ်နိုင်မှာတဲ့လား”

လုကျိုးက စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် လေထဲ ပျံဝဲနေ၏။ သူသည် စစ်မြေပြင်ကို သေချာလေ့လာလိုက်သည်။

“နောက်ထပ် ဘယ်သူလဲ”

လုကျိုးသည် အထွတ်အထိပ်အသွင်ကတ်ကို သုံးလိုက်စဉ်က မည်သူ့ကိုမျှ ချမ်းသာပေးဖို့ မရည်ရွယ်ထားပေ။ သူက လှည့်ကြည့်လိုက်ပြီး လွှတ်သွားသူ ရှိမရှိ ကြည့်လိုက်သည်။ သူက အနောက်တောင်ထောင့်ရှိ တိုက်ပွဲကို လှည့်ကြည့်လိုက်ချိန် စွမ်းရည်ဒီရေအိုင်ကြားထဲ၌ အရိပ်ဖြူသည် မဟာဂိုဏ်းခုနှစ်ဂိုဏ်းမှ ကျင့်ကြံသူများစွာကို သတ်ဖြတ်နေတာကို တွေ့လိုက်ရ၏။

သစ်သားပြာလှိုင်းကျင့်စဉ်.. ယဲ့ထျန်းရှင်းလား..။

...

အခန်း (၄၄၄) အိပ်မက်မဟုတ်ဘူး

လုကျိုး၏ ပေ ၁၅၀ မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကြီးက လေထဲတွင် မျောလွင့်ကာ အရာအားလုံးကို လွှမ်းမိုးထားလေသည်။ သူက ယဲ့ထျန်းရှင်း ပေါ်ထွက်လာမှုကို မအံ့ဩဘဲ တည်ငြိမ်နေပုံပေါ်သည်။ သူက ယွီရှန်းရုန်သည် ယဲ့ထျန်းရှင်းအား ပို့လိုက်ကြောင်း စာကို ဖတ်လိုက်ပြီးကတည်းက ယဲ့ထျန်းရှင်းသည် အနီးအနားတွင် ရှိနေကြောင်း သိခဲ့သည်။ သို့သော်လည်း သူက သူမသည် ဤအခိုက်အတန့်တွင် ပေါ်ထွက်လာကာ ရန်သူများကို သတ်လိမ့်မည်ဟု မထင်ထားမိပေ။ မည်သို့ပင် ဆိုစေကာမူ အချိန်ကိုက် ဖြစ်နေ၏။

သူက ထိုအသေးအဖွဲ့ကိစ္စများအား မတွေးတော့ပေ။ သူက ပွင့်ချပ်ခြောက်လွှာ ကျင့်ကြံသူ၏ အကူအညီကို မလိုအပ်ပေ။ သူမကို ဂိုဏ်းမှ နှင်ထုတ်ထားသော်လည်း အနည်းဆုံးတော့ သူမတွင် အသိတရား ရှိသေးလေသည်။

မည်သို့ပင် ဆိုစေကာမူ သူ့အနေနှင့် သူမက အဆင့်နိမ့် ကျင့်ကြံသူများကို သတ်ဖြတ်နေသည့်အတွက် ဆုလာဘ်ဆုံးရှုံးခြင်း မရှိပေ။

“ထားလိုက်တော့ သူမကို ဒီတိုင်းပဲ လွှတ်ထားလိုက်မယ်”

ဂိုဏ်းကြီးခုနှစ်ဂိုဏ်းမှ တပည့်များကလည်း မိစ္ဆာဝေဟင်မျှော်နန်း၏ အင်အားစုအောက် လွှမ်းမိုးခံနေရလေသည်။ ယွင်ဂိုဏ်း၏ အကြီးအကဲ ကိုးဦးကလည်း သူတို့၏ ချီပင်လယ်များကို လောင်မြိုက်ကာ သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်များကို အသက်သွင်းလိုက်ကြသည်။ သူတို့က သစ်ပင်ကြီးကို လှုပ်ဖို့ ကြိုးစားနေသော ပုရွက်ဆိတ်များနှင့် တူလေသည်။

ပွင့်ချပ်ကိုးလွှာ ရွှေကြာ ဖြတ်သွားသည့်နေရာတိုင်း အရာအားလုံးက အမှုန့် ဖြစ်သွားလေသည်။

လုကျိုးက သူ့မဟာနည်းစနစ်အား ထုတ်ကာ တခြားဖက်သို့ ပစ်လွှတ်လိုက်၏။ သူက တခြားဂိုဏ်းမှ ခေါင်းဆောင်များ ရောက်ရှိနေသည်လားဟု အတည်ပြုချင်နေသည်။ သူ့အထွတ်အထိပ် သဏ္ဌာန်ကတ်၏ အာနိသင် ပျောက်ကွယ်သွားမှ ထိုသူများ ပေါ်ထွက်လာလျှင် သူ့အနေနှင့် ခေါင်းကိုက်ရလိမ့်မည်။

ပေ ၁၅၀ မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်က နေရာတိုင်းသို့ ရောက်ရှိသွားလေသည်။

လုကျိုးက ပို၍အားကောင်းသည့် ကျင့်ကြံသူများနှင့် တွေ့ဆုံသည့်အခါ သူတို့၏အသက်ကို သက်ညှာခြင်းမရှိ ချက်ချင်း နုတ်ယူခဲ့သည်။

ထိုစဉ် ယဲ့ထျန်းရှင်းက သူမ၏ ရန်သူများကို သေခြင်းတရားသို့ ပို့ဆောင်နေလေ၏။ သူမက တိုက်ခိုက်နေရင်း စိတ်ဝိညာဉ်သဏ္ဌာန်ကြီးကို တအံ့တဩဖြင့် ကြည့်လိုက်သည်။ သူမအနေနှင့် သူမရှစ်စွင်းသည် သူမအား ရွှေနန်းဥယျာဉ်တောင်သို့ ပြန်လည်ဖမ်းဆီးကာ ခေါ်ဆောင်လာသည့် အခိုက်အတန့်ကို ရုတ်ခြည်း အမှတ်ရသွားလေသည်။ ထိုစဉ်အချိန်က မိစ္ဆာဝေဟင်မျှော်နန်းတွင် တူညီသော မြင်ကွင်းကို မြင်တွေ့ခဲ့ရသည်ကို အမှတ်ရနေလေ၏။ သူမက အိပ်မက်မက်နေသည်ဟုသာ ထင်ခဲ့မိသည်။ ကျင့်ကြံသူများ ရရှိနိုင်သည့် ကန့်သတ်ချက်မှာ ပွင့်ချပ်ရှစ်လွှာအဆင့်သာ မဟုတ်ပါလော။ သို့သော်လည်း ဤတစ်ကြိမ် သူမ၏ အမြင်အာရုံက မလှည့်စားနေကြောင်း သေချာလေသည်။

“ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်နေပြီပဲ။ သူက ဘယ်လိုလုပ် ရောက်သွားတာလဲ။ ကြည့်ရတာ တာ့ရှစ်ရှိုး ပြောတာ မှန်နေပုံပဲ။ ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာအဆင့်ရဲ့ လျှို့ဝှက်ချက်နောက်ကို အမြဲတမ်း လိုက်နေခဲ့တာလား”

သူမက ကျဆုံးသွားသည့် အဆင့်နိမ့် ကျင့်ကြံသူများကို ကြည့်ရင်း မိစ္ဆာဝေဟင်မျှော်နန်းကို ကူညီမည့် သူမ၏ ရည်ရွယ်ချက်က အသုံးမဝင်ကြောင်း သဘောပေါက်သွားလေသည်။ သူမက ဤအခြေအနေတွင် သူမကို လိုအပ်မနေပေ။

တိုက်ပွဲကွင်းပြင်၏ အရှေ့တောင်ဘက်ထောင့်တွင် ကျန်ရှိနေသော အကြီးအကဲများက သူတို့၏ ချီပင်လယ်ကို တစ်ပြိုင်နက် လောင်ကျွမ်းလိုက်ကြ၏။ သူတို့က ပြန့်ကျဲသွားရင်း မီးတောက်များဖြင့် လွှမ်းခြုံသွားပုံပေါ်သည်။

လုကျိုးက သူ့စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ကောင်းကင်အထက် ခုန်ဝင်လိုက်သည်။ ဝေဟင်ထဲတွင် ပွင့်ချပ်ကိုးလွှာ ဒုက္ခမိုင်တစ်ရာရှုခင်း စိတ်ဝိညာဉ်သဏ္ဌာန်က မိုင်တစ်ရာပတ်လည်ကို အလင်းပေးနေသည့် လူသားအသွင် နေမင်းကြီးတဖွယ် ဖြစ်လာလေသည်။

မိုင်တစ်ရာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ရွှေနန်းဥယျာဉ်တောင် ရှိရာဆီ လှမ်းကြည့်လိုက်ကြသည်။

သူတို့က တုန်လှုပ်နေကြသလို တအံ့တဩလည်း ဖြစ်နေကြလေသည်။ အဝေးမှာ ရှိနေသူများက ထိုအလင်းရောင်ကို မြင်နိုင်ရုံမှ ဖြစ်ပြီး မည်သို့ အဖြစ်အပျက်မျိုး ဖြစ်နေသည်ကို မသိကြပေ။ လုကျိုးက အမည်မဲ့ကို ဆင့်ခေါ်လိုက်ပြီးနောက် လေးအဖြစ် ပြောင်းလဲလိုက်သည်။ သူက ပေါ့ပါးသွက်လက်စွာ လှုပ်ရှားလိုက်ပြီး ဘယ်ဘက်တွင် လေးကိုကိုင်ကာ ညာဘက်ဖြင့် လေးကြိုးကို ဆွဲလိုက်သည်။

ဝှစ် ဝှစ် ဝှစ်..

မြားများက ဆက်တိုက် ထွက်ပေါ်လာလေ၏။

“ပွင့်ချပ်ကိုးလွှာ နတ်လေးသျှင်ပဲ”

ဟွားယွဲ့ရှင်းက လုကျိုးအား မမှိတ်မသုန် စိုက်ကြည့်နေလေသည်။

အားလုံးက ပွင့်ချပ်ကိုးလွှာ၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်လိုကြသည်မှာ ပုံမှန်သာ ဖြစ်၏။ ဟွားယွဲ့ရှင်းက ပါရမီရှိသည့် နတ်လေးသျှင် တစ်ဦး ဖြစ်ပြီး နားလည်နိုင်စွမ်း မြင့်မားလေသည်။ ထို့ကြောင့် ဆရာ မရှိဘဲ သူမက ပွင့်ချပ်သုံးလွှာအဆင့်သို့ သူမဘာသာသူမ ရောက်ရှိခဲ့လေသည်။ သူမလိုမျိုး ပါရမီရှင် တစ်ယောက်အတွက် အကယ်၍ ဆရာတစ်ယောက်သာ ရှိလျှင် သို့မဟုတ် သူမကို လမ်းညွှန်ပေးမည့် လမ်းညွှန်ချက်သာ ရှိမည်ဆိုလျှင် သူမအတွက် အကူအညီကြီးကြီး ဖြစ်စေလိမ့်မည်။

လက်ရှိ သူမက ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။ သူမက စိတ်ထဲတွင် လှုပ်ရှားမှုတိုင်းကို မှတ်သားဖို့ ကြိုးစားနေသည်။ ဤအရာက နောင်တွင် သူမအနာဂတ်၏ ရည်မှန်းချက် ဖြစ်လာလိမ့်မည်။

စွမ်းအင်မြားများက သူတို့၏ အသိစိတ်ပင်လယ်ထဲကို လောင်ကျွမ်းထားသည့် အကြီးအကဲများဆီ တိုက်ရိုက်ထိုးဖောက် ဝင်ရောက်သွားသည်။

“ဒါ ဒါ ဒါက.. ပွင့်ချပ်ကိုးလွှာ ကျင့်ကြံဆင့်လား”

ကျင့်ကြံသူအများစုက နောက်ဆုံးထွက်သက်ကို မရှုရှိုက်ခင် ထိုအတွေးကို တွေးလိုက်မိကြသည်။

ရွှေရောင်တောက်ပနေသည့် ကြာပွင့်ကိုးချပ်နှင့် စိတ်ဝိညာဉ်သဏ္ဌာန်ကြီးက တိုက်ပွဲကွင်းပြင်ထဲ ဖြတ်သန်းသွားလေသည်။

လုကျိုးက သူ့အထွတ်အထိပ် အခြေအနေဖြင့် ကမ္ဘာဦးချီများကို အကန့်အသတ်မဲ့ သုံးစွဲနိုင်လေသည်။ သူက ဆက်တိုက် ရွေ့လျားနေပြီး သူ့မဟာနည်းစနစ်များအား ဆက်တိုက် ထုတ်သုံးနေလေသည်။ သူ့တွင် အချိန်ကန့်သတ်ချက်၏ တစ်ဝက်သာ ကျန်ရှိတော့၏။

ပွင့်ချပ်ကိုးလွှာအဆင့်၏ စွမ်းအားက လုကျိုးထင်ထားသည်ထက် ကျော်လွန်နေလေသည်။ သူက ထိုဂိုဏ်းကြီးခုနှစ်ဂိုဏ်းကို အချိန်တိုအတွင်း ချေမှုန်းပစ်နိုင်သည်မှာ အံ့ဩစရာ မရှိချေ။ သို့သော်လည်း သူက အရိပ်ထဲတွင် ကြွက်များပုန်းအောင်းနေသည်ဟူသော ခံစားချက်ကို မဖယ်ထုတ်နိုင်သေးပေ။

“ပွင့်ချပ်ကိုးလွှာအဆင့်က အရမ်းကို မျက်စိစူးလွန်းမနေဘူးလား”

လုကျိုးက လက်ကို ဝေ့ယမ်းလိုက်ပြီး ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက ကောင်းကင်ထက်မှ ငှက်မွေးလေးတဖွယ် ကျဆင်းလာလေသည်။ သူက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် စွမ်းအားကို ခံစားမိနေဆဲ ဖြစ်၏။ ကုန်ဆုံးသွားသည့် စွမ်းအားများက ချက်ချင်း ပြန်လည်အားပြည့်လာသည်။

…

ထိုစဉ် ရွှေနန်းဥယျာဉ်တောင်၏ အနောက်ဘက်ခြမ်း မိုင်တစ်ရာဝန်းကျင်အဝေးရှိ တောင်ကြားတစ်ခုတွင် …

ကျန့်ချိုက်အဖွဲ့ခွဲ၏ ဂိုဏ်းချုပ် ဖုန်းချင်းဟယ်က အမြန်ဆုံးနှုန်းဖြင့် ပျံသန်းနေပြီး ဝမ်းဗိုက်ကို လက်တစ်ဖက်ဖြင့် ဖိနှိပ်ထားလေသည်။ ဂိုဏ်းကြီးခုနှစ်ဂိုဏ်းမှ လူများအနက် သူတစ်ဦးတည်းသာ အသက်ရှင်ကျန်တော့ပုံပေါ်သည်။ မည်သို့ပင် ဆိုစေကာမူ တခြားကျင့်ကြံသူများ ရှိလားဟု စစ်ဆေးနေဖို့ အချိန်မရှိပေ။ သူ့အနေနှင့် ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို တွေးမိလိုက်တိုင်း သူ့စိတ်ထဲ အကြောက်တရား ကြီးစိုးလာသည်။

ဘာလို့ သူက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ဖြစ်နေရတာလဲ။ ဘာလို့များ ပွင့်ချပ်ကိုးလွှာလဲ…

အကယ်သူ သူသာ ကမောက်ကမဖြစ်မှုကြောင့် အခွင့်အရေးကို မရယူနိုင်ခဲ့လျှင် သူ့အနေနှင့် ယခု အလောင်းသာ ဖြစ်နေလောက်ပေပြီ။ သူက တောင်ကြားကို ကြည့်လိုက်ရင်း။

“နောက်ထပ် သွားဖို့ လိုသေးတယ်”

သူက နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်ရင်း ရှေ့ဆက်တိုးသွားလိုက်သည်။ ဤသို့ကပ်ဘေးတွင် အသက်ရှင်ကျန်ရစ်သည်မှာ ကံကြမ္မာကောင်း တစ်ခုသာ ဖြစ်၏။

ထိုစဉ် နောက်ကွယ်မှ တစ်ယောက်ယောက် လှမ်းခေါ်သံကို ကြားလိုက်ရသည်။

“ဂိုဏ်းချုပ် ခဏနေပါအုံး”

ဖုန်းချင်းဟယ်က အလန့်တကြား ခုန်လုမတတ် ဖြစ်သွားလေသည်။ သူက ဘေးပတ်လည်ကို ကြည့်လိုက်သည့်အခါ သူ့ဆီ ပြေးလာနေသည့် တပည့်တစ်ဦးကို မြင်လိုက်ရ၍ မျက်လုံးအပြူးသား ဖြစ်သွားလေသည်။

“မဖြစ်နိုင်ဘူး။ ကျန့်ချိုက်အဖွဲ့မှာ ငါ့လိုမျိုး ဉာဏ်ကောင်းပြီးတော့ အသက်ရှင်နိုင်တဲ့သူ ရှိသေးတယ်လား”

ဖုန်းချင်းဟယ်က တံတွေးမျိုချလိုက်ပြီးနောက် ကျန့်ချိုက်အဖွဲ့ခွဲ၏ တူညီဝတ်စုံကို ဝတ်ဆင်ထားသည့် တပည့်တစ်ဦးက သူ့ဆီပြေးလာသည်ကိုသာ ကြည့်နေမိ၏။ သူက စိတ်အေးအေးထားကာ မေးလိုက်သည်။

“မင်းက ဘယ်လိုလုပ် လွတ်လာတာလဲ”

“ကျွန်တော်.. ကျွန်တော်က သေချင်ယောင်ဆောင်နေခဲ့တာ”

“သေချင်ယောင်ဆောင်နေတာတဲ့လား။ ဒါဆို မင်းက ကိုယ်တွင်း အသက်ရှုမှုနည်းစနစ်ကို သိတယ်ဆိုတာပေါ့။ ဒါဆို မင်းက အနည်းဆုံး နတ်ဒေဝါဦးတည် နယ်ပယ်အဆင့်ပဲ မဆိုးဘူးပဲ”

ဖုန်းချင်းဟယ်က ချီးကျူးလိုက်သည်။ သူ့တွင် တပည့်၏ ကျင့်ကြံဆင့်ကို အကဲဖြတ်ဖို့အတွက် စွမ်းအင် မရှိတော့ပေ။

“ဂိုဏ်းချုပ်.. ကျွန်တော်တို့အခု ဘယ်သွားမလို့လဲ”

“ရှေ့က တောင်ကြားဆီ သွားမယ်။ ငါ အဲဒီမှာ တစ်ခုခု ပြင်ထားတာ ရှိတယ်”

ဖုန်းချင်းဟယ်က ခေါင်းအသာခါသာ သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့ အသုံးဝင်တော့မှာ မဟုတ်ဘူး။ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူနဲ့ ရင်ဆိုင်ရရင် ငါတို့ရဲ့အကြံအစည်တွေက ဘာများ အသုံးဝင်အုံးမှာလဲ”

“ဒါဆိုရင် ကျန့်ချိုက်အဖွဲ့ခွဲက ပြီးဆုံးသွားပြီလား”

“မင်း စကားကို ကြည့်ပြောစမ်း”

ဖုန်းချင်းဟယ်က မျက်မှောင်ကြုတ်လိုက်သည်။

“ကျွန်တော် တောင်းပန်ပါတယ်”

“ဒီအဖြစ်အပျက်ပြီးသွားရင် မင်းက ကျန့်ချိုက်အဖွဲ့ခွဲရဲ့ အဓိကဖြစ်လာလိမ့်မယ်။ မင်းက မဟာအကြီးအကဲပဲ။ အခု ငါ့ကို ကူအုံး”

ဖုန်းချင်းဟယ်က ပြောလိုက်သည်။

“ဟာ.. ကျွန်တော်က ဂိုဏ်းချုပ်ပဲ ဖြစ်ချင်တာ”

တပည့်က ပြန်ဖြေလေ၏။

“ဟမ်”

ဖုန်းချင်းဟယ်က မျက်မှောင်အသာကြုတ်လိုက်သည်။ လူတစ်ဦး၏ ကံဆိုးမှုကို အခွင့်အရေးယူတတ်ကြသည့် လူများစွာ ရှိလေသည်။ သူ့ရာထူးကို အချိန်ကြာကြာ ကိုင်ဆွဲထားပြီးသည့်နောက်တွင် ထိုသို့အခြေအနေမျိုးကို မအံ့ဩမိတော့ပေ။

သူက သူ့ရှေ့မှ တပည့်ကို သေချာလေ့လာလိုက်သည်။ ထိုလူက မည်သူမှန်း မမှတ်မိပေ။ ကျန့်ချိုက်အဖွဲ့ခွဲသည် ယွင်၊ ထန်းနှင့် လော့ဂိုဏ်းတို့ဖြင့် မယှဉ်နိုင်သော်လည်း အဖွဲ့သားထောင်ချီ ရှိနေသေးသည်။ ထို့ကြောင့် သူ့အနေနှင့် လူတစ်ဦးချင်းစီအား မှတ်မိရန်မှာ မဖြစ်နိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူ အဖွဲ့ဝင်များစွာ ဆုံးရှုံးလိုက်ရသည့်အတွက် သူပုံမှန်လုပ်နေသလိုမျိုး သည်တပည့်ကို မဆူပူမကြိမ်းမောင်းနိုင်တော့ပေ။

“မင်းက ဂိုဏ်းချုပ် ဖြစ်ချင်တယ် ဆိုရင် အခွင့်အရေးကို ရယူပြီးတော့ ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအား ရှိဖို့ လိုတယ်”

ဖုန်းချင်းဟယ်က တပည့်ကို စမ်းသပ်လိုက်သည်။

“ငါ့ကို ကူအုံး”

“ကောင်းပါပြီ”

တပည့်က သူ့အား ကူပေးလိုက်သည်။

“မင်းနာမည်က ဘယ်သူလဲ”

“ကျွန်တော်က ရီ … ရီ…”

သူက ခေါင်းကုပ်ကာ “ကျွန်တော် နာမည်ကောင်းကောင်းကို စဉ်းစားလို့ မရဘူး”

သူက ဘာကို ပြောချင်တာလဲ …

ဖုန်းချင်းဟယ်က စိတ်ရှုပ်ထွေးသွားသည်။

ထိုစဉ် အလင်းတန်းတစ်ချက်က ဝှီးခနဲ ဖြတ်ပြေးသွားလေ၏။

ဖုန်းချင်းဟယ်က အသိဝင်လာသည့်အခါ ခွဲခွာချိတ်ကောက်က သူ့ရင်ဘတ်ကို ဖြတ်တောက်သွားလေသည်။

ဘုန်း..

ဖုန်းချင်းဟယ်က ထိုခိုးကြောင်ခိုးဝှက် တိုက်ကွက်ကြောင့် လွှင့်စင်သွားလေသည်။ သူက လေထဲတွင် ဂျွမ်းထိုးလိုက်ပြီး မြေပြင်ပေါ် ပြန်ရောက်လာသည့်အခါ သွေးအန်လိုက်ရသည်။ သူက မျက်လုံးအပြူးသားဖြင့် ခွဲခွာချိတ်ကောက်ကို ကြည့်ကာ ထိုလက်နက်၏ အဆင့်ကို တန်းမြင်လိုက်သည်။

သူက အပြင်းအထန် ချောင်းဆိုးကာ မေးလိုက်သည်။

“မင်းက ကျန့်ချိုက်အဖွဲ့သား မဟုတ်ဘူး။ မင်းက ဘယ်သူလဲ”

All Chapters