← Chapters

အခန်း (၁၄၃၈-၁၄၄၀)

Vol. 96 Ch. 1438-1440

အခန်း (၁၄၃၈-၁၄၄၀)

Vol. 96 Ch. 1438-1440

အခန်း (၁၄၃၈) လွတ်လပ်သူမှ ဆရာသခင်အဖြစ်သို့

သူ့မွေးဖွားနန်းဆောင်ရှိ ဇုန် ၃၆ခုလုံးကို တိုက်ရိုက်ဖွင့်လှစ်ခြင်းက မျှော်လင့်ထားသည်ထက် ကျော်လွန်နေလေသည်။ သူက ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ရှိ မွေးဖွားနန်းဆောင်ထဲ ဇုန်၃၆ခုလုံးကို မဖွင့်လှစ်ရသေးပေ။

ခဏအကြာတွင် လုကျိုးက သူ အကြည့်မှားနေတာလားဟု တွေးမိသွားလေ၏။ သူက ထပ်မံကြည့်လိုက်သည့်အခါ မွေးဖွားနန်းဆောင်ထဲတွင် အသက်ဓာတ်နှလုံးသား ၃၆ခုကို နေရာယူထားနိုင်သည့် ဇုန် ၃၆ ခု ရှိနေလေသည်။

ထိုစဉ် အသက်ဓာတ်နှလုံးသားက မွေးဖွားနန်းဆောင်ထဲ ဖြည်းဖြည်းချင်း နစ်မြုပ်သွားလေ၏။

ထင်ထားသည့်အတိုင်း သားရဲဘုရင်၏ အသက်ဓာတ်နှလုံးသားဖြင့် ပထမဆုံးမွေးဖွားဇယားချပ်ကို အသက်သွင်းခြင်းက ပြဿနာမရှိပေ။

နောင်အနာဂတ်၌ သူသည် ပိုမိုကောင်းမွန်သည့် အသက်ဓာတ်နှလုံးသားများကို ရယူဖို့ နည်းလမ်းကို တွေးနိုင်သည်။ ထိုနေရာက မွေးဖွားနန်းဆောင်ထဲ ပိုမိုသိသာလာကာ ကျင့်ကြံဆင့်က ကောင်းမွန်စွာ ဖြတ်သန်းနေကြောင်း ညွှန်ပြနေလေသည်။ ထို့နောက် ဝဲကတော့တစ်ခု ပေါ်ထွက်လာကာ သူ့သက်တမ်းကို စုပ်ယူသွားလေ၏။

လုကျိုးက စနစ်ပေါ်မှ သူ့သက်တမ်းကို ကြည့်လိုက်သည်။ ကန့်သတ်ချက်က လုကျိုး၏ မှန်းဆချက်ထက် ကျော်လွန်နေလေ၏။

သူ့ရွှေရောင်ကြာအသက်ဓာတ်နန်းဆောင်က အလားအလာအပြည့်သို့ မရောက်ရှိသေးသော်လည်း အပြာရောင်ဓမ္မခန္ဓာက အပြည့်အဝဖွင့်လှစ်လာပြီဖြစ်၏။

လုကျိုးက အမြင်မှားသည်ဟု ထင်ကာ ထပ်ခါထပ်ခါ စစ်ဆေးကြည့်လိုက်သည်။ အပြာရောင်ကြာပလ္လင်၏ နေရာက ၃၆ခုကို ယူဆောင်ဖို့ လုံလောက်နေပြီ ဖြစ်၏။ ကန့်သတ်ချက်က အကြီးမားဆုံး ဖြစ်နေသည်။

အသက်ဓာတ်ဇယားချပ်နှလုံးသားက ကျောက်တုံးနှင့် ချိုချဉ်အပိုင်းအစလိုမျိုးဖြစ်နေကာ အသက်ဓာတ်နန်းဆောင်အတွင်း ဖြည်းဖြည်းချင်း ပျော်ကျသွားလေသည်။

- တစ်ရာ

- နှစ်ရာ

-သုံးရာ

သူ့သက်တမ်းက ဆက်တိုက်ကျဆင်းလာပြီး ဝဲကတော့၏ အရှိန်နှုန်းနှင့် တူညီလာသည်။

“ဒါက မွေးဖွားဇယားချပ်ကို သာမန်အသက်သွင်းတာနဲ့ အတူတူပဲလား” လုကျိုးက စဉ်းစားလိုက်သည်။ ဤသည်က အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ ပထမဦးဆုံးအကြိမ် ဖြစ်သည့်တွက် သူက အလေးအနက်မှတ်ယူကာ သတိလက်လွတ်မဖြစ်ရဲပေ။

သူက သူ့လျော့ကျလာသည့် သက်တမ်းကိုသာ ဆက်တိုက်စောင့်ကြည့်နေလေ၏။

အမည်မသိကုန်းမြေထဲတွင် နေ့နေ့ညညဟူ၍ ကွဲပြားချက်မရှိပေ။ ဤသို့သော ပတ်ဝန်းကျင်မျိုးတွင် အချိန်ကို မေ့လျော့ဖို့ရာ ပိုမိုလွယ်ကူလှ၏။

ရံဖန်ရံခါ ငှက်များက ကောင်းကင်ယံ၌ ပျံသန်းနေပြီး အားလုံးကို နိုးထသွားစေသည်။

လုကျိုးအတွက်မူ သူက ဇာမဏီငယ်လေး၏ အော်သံကို ကြားသည့်အခါမှ တစ်ရက်တာ စိတ်လွတ်နေမိကြောင်း သဘောပေါက်သွားလေ၏။

သူက သူ့မွေးဖွားနန်းဆောင်ကို ကြည့်လိုက်မိသည်။

တိုက်ဆိုင်တာပဲ…

မွေးဖွားနန်းဆောင်တွင်ရှိနေသည့် သိသာလှသည့် ပုံကားချပ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ အမြင့်က နှစ်ဆဖြစ်လာပြီး အရွယ်အစားကလည်း ပိုမိုကြီးမားလာလေ၏။ ယခုအခါ ကောင်းကင်ပြာတွင် ကြယ်တာရာများအဖြစ် ပြည့်နှက်နေသကဲ့သို့ ဖြစ်လာသည်။

လုကျိုးက သူ့သက်တမ်းကို ကြည့်လိုက်၏။

လက်ကျန်သက်တမ်း - ၂၇၃၉၈နှစ်

သူက နှစ်တစ်သောင်းကို ဆုံးရှုံးလိုက်ရသည်။

လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။

“ငါ့ရဲ့ မွေးဖွားဇယားချပ်ကို အသက်သွင်းတာက သက်တမ်း ထပ်မရဘူးလား”

မွေးဖွားဇယားချပ်ကို ရွှေကြာနှင့် ရွှေရောင်ဝိညာဉ်သဏ္ဌာန်ဖြင့် အသက်သွင်းသည့်အခါ နှစ်များကို ဆုံးရှုံးသွားရမည် ဖြစ်သော်လည်း အသက်သွင်းမှု ပြီးဆုံးသွားသည်နှင့် နှစ်များစွာ ပြန်လည်ရရှိလာနိုင်သည်။

ဆရာသခင်တစ်ယောက် ဖြစ်လာပြီးသည့်နောက်တွင် မွေးဖွားဇယားချပ်ကို အသက်သွင်းသည့်အချိန်တိုင်း နှစ်တစ်သောင်း ရရှိလေ့ရှိ၏။

လုကျိုးက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ မွေးဖွားဇယားချပ် အသက်သွင်းမှုနှင့် ပတ်သက်ပြီး မပျော်ရွှင်တော့ပေ။ ထိုအရာက သူ့သက်တမ်းကို ဆုံးရှုံးသွားရုံသာမကဘဲ သူ့ကို သက်တမ်းလည်း ပေးမလာခဲ့ပေ။

ကျင့်ကြံသူများအတွက် စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုမရှိသည့်အတွက် လုကျိုးက မသေချာပေ။

အကယ်၍ သူသာ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ကျင့်ကြံခဲ့သည်ဆိုပါက ကိုယ့်ကိုယ်ကို သတ်သေသလိုသာ ဖြစ်နေလိမ့်မည်။ ဘုံတစ်ထောင်လေပွေအဆင့်ကိုဆိုမထားနှင့် သူက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကြောင့် ပွင့်ချပ် ဆယ်လွှာမထွက်ခင် သက်တမ်းအားလုံး စုပ်ယူခံနိုင်ချေရှိ၏။

ဒါက သမာသမတ်မကျတဲ့ လမ်းစဉ်လား…

လုကျိုးက ခေါင်းယမ်းလိုက်သည်။

မဟုတ်သေးဘူး။ ဒါက ရှေးရိုးဓလေ့နဲ့ ဆန့်ကျင်နေတာ…

လုကျိုးက သူသည် အနက်ရောင်ကြာနယ်မြေတွင်ရှိရင်း လုချန်းထုံအပေါ် မှားယွင်းခဲ့သည့်အကြောင်းကို ပြန်လည်အမှတ်ရသွားလေ၏။

လုထျန်းထုံ၏ သက္ကတကျမ်းထဲတွင်သမာသမတ်မကျသည့် နည်းလမ်းအကြောင်းကို ကြားခဲ့ရသည်။

အရင်တုန်းက အပြာရောင်ကြာကို ကျင့်ကြံခဲ့တဲ့သူများ ရှိခဲ့တာလား…

“ငါ့ကို လုထျန်းထုံနဲ့ ဘာလို့မှားနေရတာလဲ။ ပြီးတော့ ဆိုးယုတ်သူက ဘယ်သူလဲ”

အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် လုကျိုးက ခေါင်းယမ်းလိုက်သည်။ အမှန်တရားက အဆုံးသတ်တွင် ပေါ်ထွက်လာမည်သာ ဖြစ်၏။ ကိစ္စများကို အလျင်လိုနေဖို့ရာ မလိုအပ်ပေ။ သူက ထိုမေးခွန်းများသည် သူ မဟာလေဟာနယ်သို့ ရောက်ရှိသွားသည်နှင့် ဖြေရှင်းသွားနိုင်မည်ဖြစ်ကြောင်း သိထားလေသည်။

သူက ဖျက်ဆီးခြင်းတိုင်လုံး ၃ခုဆီမှ အသိအမှတ်ပြုမှုကို ရရှိထားလေသည်။ အကယ်၍ အရာအားလုံးသာ ချောမွေ့နေပါက သူ့တပည့်ဆယ်ဦးသည် ပထမတန်းစားများ ဖြစ်လာကြလိမ့်မည်။

မဟာလေဟာနယ်၏ ငွေရောင်ချပ်ဝတ်အစောင့်အရှောက်များကလည်း ပေါ်ထွက်လာမည်ဖြစ်၏။ မိစ္ဆာဝေဟင်မျှော်နန်းက သူတို့၏အဆင့်ကို တတ်နိုင်သမျှ တိုးမြှင့်ဖို့ရာ လိုအပ်နေသည်။

လုကျိုးက အတွေးများကို စုစည်းကာ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကိုကြည့်ရင်း ရေရွတ်လိုက်သည်။

“အခု ဘုံတစ်ထောင်လေပွေအဖြစ် အဆင့်မြှင့်တင်ရမဲ့ အချိန်ပဲ”

လုကျိုးက လက်ကိုဖိချလိုက်သည်။

ကြာပွင့်က လှည့်ပတ်လာလေ၏။ တစ်ချိန်တည်းဆိုသလို အပြာရောင်ကြာပွင့်ကို ဓားသန်းပေါင်းများစွာဖြင့် ဖြတ်တောက်သလိုမျိုး ဖြစ်နေလေသည်။ သိပ်မကြာခင် ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်၏ သွင်ပြင်က ပျောက်ကွယ်သွားလေ၏။

“မြန်လိုက်တာ”

ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းခြင်းက စိတ်ဝိညာဉ်သဏ္ဌာန်၏ သွင်ပြင်ကို လုံးဝ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ဖြစ်စဉ်တစ်ခုလုံးက နာကျင်ကာ ရှည်လျားလှသည်။

အသက်ရှိုက်စာ အနည်းငယ်အတွင်း လုကျိုးက ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်၏ သွင်ပြင်ကို ခပ်ဖျော့ဖျော့မြင်တွေ့နေရပြီဖြစ်၏။ ထို့နောက် ဇုန်၃၆ခုလုံးက တစ်ခုပြီးတစ်ခုဆိုသလို လင်းလက်လာကာ အပြာရောင်ကြယ်တာရာဒိုင်ခွက်က စိတ်ဝိညာဉ်သဏ္ဌာန်၏ အောက်ခြေတွင် ပေါ်ထွက်လာပြီး ကြာပလ္လင်ပါ ပေါ်ထွက်လာလေသည်။

…………………………………………………………

မဟာလေဟာနယ်ရှိ မသေချာသည့်နေရာတစ်ခုအတွင်း

ကျန့်ဝမ်ရွှီက ရှေ့နောက်လျှောက်လှမ်းနေစဉ် လက်အောက်ငယ်သားတစ်ယောက်က အပြင်ဘက်မှ ဝင်ရောက်လာကာ ဦးညွှတ်လိုက်သည်။

“ဆရာ ငွေရောင်ချပ်ဝတ်ကျင့်ကြံသူ သုံးထောင်လုံးကို စုစည်းပြီးသွားပါပြီ။ ဒါပေမဲ့ ငါးယောက်က သေဆုံးသွားတယ်ဆိုတဲ့ အမိန့်ကို ရလိုက်ပါတယ်။ ငါးယောက်လုံးကလည်း ဆရာသခင်တွေပါ။ လူသတ်သမားရဲ့ နေရာကိုတော့ မသိရသေးပါဘူး။ အဲဒါအပြင် အမည်မသိကုန်းမြေဆီ သွားတဲ့ ကျန့်သုံ့ရှန်းဆီကနေ ဘာသတင်းမှ မရသေးပါဘူး”

“ငါးယောက်လား။ နယ်မြေကိုးခုလုံးမှာ ငွေရောင်ချပ်ဝတ်အစောင့်အရှောက်တွေကို သတ်နိုင်တဲ့သူ လူနည်းနည်းပဲ ရှိတယ်။ ငါးယောက်ဆိုတာ ပြောဖို့ မလိုတော့ဘူး” ကျန့်ဝမ်ရွှီက ပြောလိုက်သည်။

“ဆရာ အဲဒါ ဘာကိုပြောတာလဲ”

ကျန့်ဝမ်ရွှီက မေးခွန်းကို ပြန်မဖြေပေ။ ထိုအစား သူက မေးလိုက်သည်။

“လန်ရှီဟယ် အခုနောက်ပိုင်း ဘယ်လိုနေလဲ”

“ကျွန်တော်လည်း သေချာမသိပါဘူး” လက်အောက်ငယ်သားက ခေါင်းယမ်းကာ ပြောလိုက်သည်။

“သူမကို တိတ်တဆိတ်စောင့်ကြည့်ခိုင်းလိုက်။ အိုးရန်အတွက်ကိုတော့ သူက ကစားပွဲတွေဆော့ရတာ ကြိုက်တယ်ဆိုတော့ ငါ သူနဲ့ ကစားမယ်” ကျန့်ဝမ်ရွှီက ပြောလိုက်သည်။

“ဟုတ်ကဲ့ နားလည်ပါပြီ” လက်အောက်ငယ်သားက ပြောပြီးသည့်နောက်တွင် ထွက်ခွာသွားလေ၏။

ဆယ်ရက်ခန့်ကြာမြင့်ပြီးသည့်နောက်

မနက်စောစော

အမည်မသိကုန်းမြေရှိ ရှေးဟောင်းတောအုပ်အတွင်း

လုကျိုးက သူ့ရှေ့တွင်ရှိနေသည့် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ကြယ်တာရာဒိုင်ခွက်ပေါ်တွင်ရှိနေသည့် ပုံစံ၃၆ခုကို ကြည့်လိုက်လေသည်။ သူတို့ထဲက တစ်ခုကသာ လင်းလက်နေလေသည်။

အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ယခုအခါ ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်အဖြစ်သို့ ရောက်ရှိသွားပြီဖြစ်၏။ ဆိုလိုသည်မှာ ယခုအခါ မွေးဖွားဇယားချပ်၏ စွမ်းအားကို ထုတ်သုံးနိုင်ပြီဖြစ်သည်။

ထိုအရာကို ခဏတာ ကြည့်ရှုပြီးသည့်နောက်တွင် လုကျိုးက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို စမ်းသပ်ကြည့်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက လက်ကိုမြှောက်ကာ ကြည်လင်နေသည့် စွမ်းအင်ဓားတစ်ချောင်းကို ဖွဲ့စည်းလိုက်၏။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က စွမ်းအင်ဓားကို ဖွဲ့စည်းဖို့ ရွေ့လျားသွားကာ လှုပ်ရှားမှုများက ချောမွေ့နေသည်။

ထို့နောက် ထိုအရာက စွမ်းအင်ဓားမော့၊ စွမ်းအင်အလံနှင့် အမျိုးမျိုးသော စွမ်းအင်လက်နက်များအဖြစ် ပြောင်းလဲသွားလေ၏။ နောက်ဆုံးတွင် ထိုအရာက လက်ကိုဆန့်ထုတ်လိုက်သည်။

ဘန်း ဘန်း ဘန်း

စွမ်းအင်စည်းတံဆိပ်က ရှေးဟောင်းသစ်ပင်များဆီ ထိုးဖောက်သွားသည့်အလား ကျရောက်လာလေ၏။

လုကျိုးက သူ့ရှေ့တွင် ရှိနေသည့် အပြာရောင်ဓမ္မခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ ကြယ်တာရာဒိုင်ခွက်က ဖွဲ့စည်းလာပြီဖြစ်၏။ နယ်မြေစွမ်းအားတစ်ခုအတွင်း တြိဂံ ၃၆ခုက တစ်ခုနှင့်တစ်ခု ဆက်နွယ်နေကာ မွေးဖွားနန်းဆောင်၏ ပုံရိပ်ကို ဖွဲ့တည်လာသည်။

ထို့နောက် အပြာရောင်စွမ်းအား စည်းတံဆိပ်တစ်ခု ထွက်ပေါ်လာကာ သစ်ပင်တစ်ရာကျော်တွင် အပေါက်များကိုသာ ချန်ထားခဲ့လေ၏။

ဤသည်က အမှန်တကယ်ကို အားကောင်းလွန်းလှသည်။

သူက ဖျတ်ခနဲဖြင့် လေထုထဲပျံသန်းလာကာ ကောင်းကင်ယံထက် ပေါ်ထွက်လာသည်။ သူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

တကယ်တော့ ပတ်ဝန်းကျင်က ကြမ်းတမ်းခက်ခဲသော်လည်း ဤနေရာတွင် သိပ်သည်းလှသည့် ကနဦးချီကြောင့် ကျင့်ကြံခြင်းက အကျိုးကျေးဇူးရှိလှသည်။

လုကျိုးက အဝေးတစ်နေရာရှိ တောင်တန်းကို လှည့်ကြည့်ကာ ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ ငါ မင်းကို ရွေးတယ်”

ထို့နောက် သူက လက်ကို ဆန့်ထုတ်လိုက်သည်။

အပြာရောင်ကြယ်တာရာဒိုင်ခွက်က ထူးကဲလှပြီး အလင်းတန်းများဖြင့် တောက်ပလာလေသည်။

ဝှစ်

ဝုန်း

အလင်းတန်းက တောင်တန်းကို ထိုးဖောက်သွားပြီး တောင်တန်း၌ အပေါက်ကြီးတစ်ခုသာ ချန်ထားခဲ့လေသည်။

“ဒီစွမ်းအားက…”

လုကျိုးက အံ့အားသင့်သွားလေ၏။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ဘုံတစ်ထောင်လေပွေအဆင့်သို့ ရောက်ရှိလာကာစ ဖြစ်သော်လည်း သူ့မွေးဖွားဇယားချပ်နှစ်ဆယ်ရှိသည့် ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်လောက် ကောင်းနေသည်။ သူက မည်သို့ မအံ့ဩဘဲနေမည်နည်း။

လုကျိုးက သူ့အံ့ဖွယ်စွမ်းအားကို စစ်ဆေးကြည့်လိုက်၏။ ထိုအရာက အံ့ဖွယ်စွမ်းအားမြောက်များစွာ ကုန်ဆုံးသွားလေသည်။ သို့သော်လည်း ကောင်းကင်ကျမ်းစွမ်းအား အသုံးပြုခြင်းထက် နည်းပါးနေလေ၏။ ကုန်ဆုံးနှုန်းက ချွေတာ၍ရပေသည်။ ထိုအရာကလွဲ၍ သူ့အံ့ဖွယ်စွမ်းအား၏ ကန့်သတ်ချက်သည်လည်း တိုးမြင့်လာခဲ့သည်။ သူက ယခင်ကကဲ့သို့ ချွေတာနေစရာ မလိုအပ်တော့ပေ။ လုကျိုးက အတော်လေးကို စိတ်ကျေနပ်နေမိသည်။

လျှပ်တစ်ပြက်အတွင်း သူက ရှေးဟောင်းတောအုပ်ဆီ ပြန်လည်ရောက်ရှိလာလေ၏။ နောက်ရက်ပိုင်းအနည်းငယ်အထိ လုကျိုးက မကျင့်ကြံခဲ့ပေ။ ထိုအစား သူက သူ့အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ ဓားထိန်းချုပ်မှုကိုသာ လေ့လာကာ အာရုံစိုက်နေလိုက်သည်။

သူက သစ်ရွက်များနှင့် အပြာရောင်ကြာပွင့်ကို သီးသန့် အသုံးပြုလိုက်သည်။ ယေဘုယျအားဖြင့် သူသည် အတော်လေးကျေနပ်နေမိ၏။

သူ ပြီးဆုံးသွားသည့်အခါ တစ်စုံတစ်ခုကို အမှတ်ရသွားလေသည်။

“ငါ့ရဲ့ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်ကို မေ့သွားတယ်”

သူက အပြာရောင်ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်ကို ဘုံတစ်ထောင်လေပွေအဆင့်သို့ တိုးမြှင့်ဖို့ရာ အာရုံစိုက်နေပြီး မတည်မြဲခြင်းတိုင်လုံး၏ သက်ရောက်မှုအောက်တွင် ဆယ်နှစ်တာ ကုန်ဆုံးခဲ့လေသည်။ ပြောရမည်ဆိုလျှင် ထိုအရာက သူ့ ၂၁ခုမြောက် မွေးဖွားချက်ကို အသက်သွင်းဖို့ရာ အချိန်နှင့် အတူတူနီးပါးဖြစ်၏။

“ငါ ဆုံးဖြတ်ချက်မချခင် တခြားသူတွေနဲ့ ဘယ်လောက်တိုးတက်နေလဲဆိုတာကို ကြည့်ရအောင်”

လုကျိုးက ထရပ်ကာ မြေကြီးကို လက်ညှိုးထိုးလိုက်သည်။

ဘန်း

မတည်မြဲခြင်းတိုင်လုံးက မြေကြီးမှ ထွက်ပေါ်လာကာ သူက တိုင်လုံး၏ သက်ရောက်မှုကို ဖြတ်တောက်လိုက်သည်။

တခြားသူများကလည်း အလိုအလျောက်ဖြတ်တောက်မိကြ၏။ အားလုံးက မျက်လုံးဖွင့်လာကာ အဖက်ဖက်မှ စုဝေးလာကြသည်။ မတည်မြဲခြင်းတိုင်လုံး၏ ဝန်းကျင်တွင် ဆယ်နှစ်တာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေ၏။

ပထမဦးစွာ ပေါ်ထွက်လာသည့်သူက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ ဖြစ်ပေသည်။ ဆယ်နှစ်တာကြာမြင့်ပြီးသည့်နောက်တွင် နှစ်ဦးသားက အနည်းငယ် မုတ်ဆိတ်မွေးများ ရှည်လာကြပြီး သူတို့က ပိုမိုလွှမ်းမိုးမှုအား ကောင်းလာလေသည်။ ယွီရှန်းရုန်က သူ့သွင်ပြင်ကြောင့် လူကြီးလူကောင်းတစ်ယောက်နှင့် တူနေပြီး ယခုအခါ ပိုမိုပင်ရင့်ကျက်လာလေသည်။

“ရှစ်စွင်း”

နှစ်ဦးသားက ဦးညွှတ်လိုက်ကြ၏။

ထို့နောက်

သိပ်မကြာခင် တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ ကျူးဟုန်ကုန်းတို့က တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြသည်။ သူတို့၏ ငယ်ရွယ်မှုကြောင့် သူတို့၏ သွင်ပြင်က များစွာ ပြောင်းလဲသွားခြင်း မရှိပေ။ သို့သော်လည်း သူတို့၏ အရှိန်အဝါက စွမ်းအား ပြည့်နှက်နေလေ၏။ ဖျက်ဆီးခြင်းတိုင်လုံးဆီမှ အသိအမှတ်ပြုမှုကို လက်ခံရရှိပြီးသည့်နောက်တွင် မဟာလေဟာနယ်မျိုးစေ့ကို အသက်သွင်းခြင်းဖြင့် သူတို့၏ တိုးတက်နှုန်းက မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် အမြန်ဆန်ဆုံး ဖြစ်နေသည်မှာ သဘာဝကျပေသည်။

အကြီးအကဲလေးဦး၊ အစောင့်အရှောက်များ၊ ဘယ်သံတမန်၊ ညာသံတမန်၊ လွတ်လပ်သူများနှင့် တခြားသောသူများကလည်း ပေါ်ထွက်လာကြသည်။

နောက်ဆုံးတွင် ရှောင်ယွမ်အာနှင့် ခရုလေးတို့က ရောက်ရှိလာလေ၏။ သူတို့နှစ်ဦးက အရွယ်ရောက်လာကာ ပိုမိုပင်ကျော့ရှင်းကာ လှပလာကြသည်။

“မျှော်နန်းသခင်”

“ရှစ်စွင်း”

အားလုံးက လုကျိုးကို နှုတ်ဆက်ပြီးသည့်နောက်တွင် သူက ကျေနပ်စွာ ခေါင်းညိတ်ပြီး မေးလိုက်သည်။

“လူအားလုံး ရောက်ပြီလား”

ခုံဝမ်က လူရေတွက်လိုက်ပြီးသည့်နောက်တွင် ပြောလိုက်သည်။

“မျှော်နန်းသခင်ကလွဲရင် ၂၈ယောက်ရှိတယ်ဆိုတော့ လူအားလုံး ရောက်ပါပြီ”

လုကျိုးက ခေါင်းညိတ်လိုက်ပြီး အားလုံးကို ကြည့်လိုက်သည်။

“မတည်မြဲခြင်းတိုင်လုံးရဲ့ သက်ရောက်မှုအောက်မှာ ဆယ်နှစ်တာက ကုန်ဆုံးသွားခဲ့ပြီ။ မင်းတို့အားလုံးလည်း သိသိသာသာ တိုးတက်လာလိမ့်မယ်လို့ ထင်တယ်”

လုကျိုးက သူတို့၏ အရှိန်အဝါထဲတွင် အပြောင်းအလဲကို ခံစားမိလိုက်၏။ သူ့တပည့်များအပြင် အပြာရောင်သလင်းကျောက်မှ မဟာလေဟာနယ်စွမ်းအားကို စုပ်ယူထားသည့်သူများက သိသိသာသာတိုးတက်မှုရှိကြ၏။ ပါရမီထူးကဲကာ အတွေ့အကြုံ ကြွယ်ဝကြလေသည်။ အထူးသဖြင့် အကြီးအကဲလေးဦးဖြစ်၏။ ထိုဆယ်နှစ်အတွင်း တစ်ဦးချင်းစီက မွေးဖွားဇယားချပ်နှစ်ခုစီကို အသက်သွင်းထားနိုင်ခဲ့ကြသည်။

ရှန်ရှီ၊ လီရှောင်မော့နှင့် တခြားသူများက အပြာရောင်သလင်းကျောက်ကို မရရှိသေးသည့်အတွက် သူတို့၏ တိုးတက်နှုန်းက အနည်းငယ် နှေးကွေးနေလေ၏။ သူတို့က မွေးဖွားဇယားချပ်တစ်ခုကို အသက်သွင်းထားနိုင်ကြသည်။

လုကျိုးက သူတို့၏ စွမ်းအားကို စမ်းသပ်ဖို့ တွေးလိုက်မိသော်လည်း လူများစွာရှိနေသည့်အတွက် ထိုအတွေးကို ဖယ်ရှားလိုက်ရသည်။ လူတစ်ယောက်၏ ကျင့်ကြံဆင့်က ကိုယ်ပိုင်ကိစ္စဟု မှတ်ယူနိုင်လေသည်။ ထို့ကြောင့် သူက ယေဘုယျအားဖြင့် စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

“ငါ မင်းတို့အားလုံးကို စမ်းသပ်မယ်”

လုကျိုးက လက်ဝှေ့လိုက်ပြီး တွန်းထုတ်လိုက်လေသည်။

ထို့နောက် တောင်တစ်လုံး၏ ခွန်အားလှိုင်းက ချက်ချင်းဆိုသလို ပျံ့နှံ့လာလေ၏။

အားလုံးက သတိလက်လွတ်ဖြစ်သွားကာ လွင့်စင်သွားကြသည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က အရင်ဆုံး တုံ့ပြန်လာသူများဖြစ်၏။ သူတို့က ချက်ချင်းဆိုသလို ကိုယ့်ကိုယ်ကို ထိန်းလိုက်ကြသည်။ တခြားသူများက ဆယ်မီတာခန့်လွင့်စင်သွားပြီး မြေကြီးပေါ်ရောက်ရှိလာကြ၏။

လုကျိုးက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက စွမ်းအားကို တိုးမြှင့်ကာ နောက်ထပ်စွမ်းအားလှိုင်းတစ်ခုကို ထပ်မံထုတ်လွှတ်လိုက်သည်။

ဝှစ်

စွမ်းအားလှိုင်းက ထပ်မံထွက်ပေါ်လာသည်။ ထိုအရာက သူတို့ကို နာကျင်အောင်လုပ်ခြင်းမဟုတ်ဘဲ တွန်းပို့လိုက်ခြင်းသာဖြစ်၏။

ယွီကျန့်ဟိုင်က အလျင်အမြန် တုံ့ပြန်ခဲ့သည်။ သူက သူ့ဓားမော့ကို ကိုင်ဆွဲကာ မြေကြီးကို ထိုးဖောက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်သည်။

ယွီရှန်းရုန်ကလည်း လက်နှစ်ဖက်ဖြင့် ဓားကိုကိုင်ကာ ရှေးဟောင်းသစ်ပင်ထဲ ထိုးစိုက်ပြီး သေချာမြဲမြံအောင် ကိုင်ဆောင်ထားလိုက်၏။

ချင်နိုင်ဟယ်က အတည်ငြိမ်ဆုံးသူ ဖြစ်ပေသည်။ သူက ထိုက်တောင်တန်းလိုမျိုး တည်ငြိမ်နေပြီး သူ့မျက်နှာအထက် ခပ်ယဲ့ယဲ့အပြုံးမျိုး ရှိနေလေ၏။

ဖန်ကျုံး၊ ကျိုးကျစ်ဖုန်း၊ ခုံဝမ်နှင့် သူ့ညီအစ်ကိုများက ကျင့်ကြံဆင့်နိမ့်ကျမှုကြောင့် ပထမဦးဆုံးလွင့်စင်သွားသူများ ဖြစ်ပေသည်။

အကြီးအကဲလေးဦး၏ လုပ်ဆောင်ချက်က လုကျိုး၏ မှန်းဆချက်ထက် ကျော်လွန်နေလေ၏။ သူတို့က မွေးဖွားဇယားချပ်နှစ်ခုကို အသက်သွင်းထားလျှင်ပင် သူတို့အတွက် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့လိုမျိုး မြဲမြဲအောင် ရပ်နိုင်ဖို့အတွက် လွယ်ကူလှသည်မဟုတ်ပေ။

“သတိထား” လုကျိုးက အော်ရင်း နောက်ထပ်စွမ်းအားလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

သူ့တပည့်အားလုံးက စွမ်းအားများကို ထုတ်ပြန်လာကြသည်။ သူတို့က စွမ်းအင်လက်နက်များကို ပုံဖော်ကာ မြေကြီးကို မှောင်မှောင်မဲမဲရပ်နိုင်အောင် အသုံးချခဲ့ကြ၏။ သူတို့က စွမ်းအင်စည်းတံဆိပ်များကို အသုံးပြုပြီး သူတို့ဆီ တိုက်ခတ်လာသည့်စွမ်းအားကိုပင် တားဆီးခဲ့သည်။

စွမ်းအားလှိုင်းက လေပြင်းပြင်းနှင့်တူပြီး အားလုံးအား မသက်မသာ ခံစားရစေသည်။

ထိုစဉ် မုံ့ချန်းသုံ၊ လီရှောင်မော့တို့က ခြေခိုင်အောင် မရပ်နိုင်ကြတော့ပေ။

လုကျိုးက ခြေငြိမ်အောင် ရပ်နိုင်သည့်သူများကို ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့တွေက တိုင်လုံးကို တောင့်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”

အလင်းနှင့် အရိပ်ကဲ့သို့ အရာအားလုံးက ထိုးဖောက်ဝင်ရောက်လာလေသည်။

အပြာရောင်ကြာပွင့်က ပွင့်လန်းလာပြီး နောက်ထပ်စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာလေသည်။ ဤတစ်ကြိမ် ဤသည်က အနည်းငယ်ထိခိုက်မှုရှိသေးသည်။ အပျက်အစီးအနည်းငယ်ရှိသော်လည်း ထွက်ပေါ်လာသည့်စွမ်းအားက လူအားလုံး၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေ၏။

ချင်နိုင်ဟယ်က နောက်ခြေလှမ်းအနည်းငယ်ဆုတ်ရင်း အမူအရာ ပြောင်းလဲသွားလေသည်။ သူက စည်းတံဆိပ်များကို အသုံးပြု၍ သူ့ကိုယ်သူခြေငြိမ်အောင် ထိန်းရုံမှအပ ရွေးချယ်စရာမရှိတော့ပေ။

ယွီကျန့်ဟိုင်၏ ဓားမော့ကလည်း လွင့်စင်သွားပြီး သူက ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်ကာ ရှေ့တိုးလိုက်ရသည်။

ယွီရှန်းရုန်က နှစ်ခါဂျွမ်းထိုးရင်း သူ့ဓားကို မြေကြီးထဲ နှစ်ခါထိုးစိုက်လိုက်၏။

ထိုသူများကလည်း လွင့်စင်သွားကြလေသည်။

နောက်ဆုံးတွင် လုကျိုးက သူ့စွမ်းအားကို ရုပ်သိမ်းလိုက်၏။

အားလုံးကမြေကြီးပေါ် တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာကြသည်။

“အမလေးလေး ရှစ်စွင်း ကျွန်တော်တို့က ဘယ်လိုလုပ် ပြိုင်ဘက်ဖြစ်မှာလဲ” ကျူးဟုန်ကုန်းက တင်ပါးကို ခါရင်းပြောလိုက်သည်။

လုကျိုးက ပြောလိုက်၏။

“မင်းက လုံလုံလောက်လောက် အားမကောင်းတာကို ညည်းတွားရဲသေးတယ်လား”

“ကျွန်တော် မှားသွားပါတယ်” ကျူးဟုန်ကုန်းက အမှားကို ချက်ချင်းဝန်ခံလိုက်သည်။

ရှောင်ယွမ်အာက နိဗာနခါးစည်းကို တစ်ချိန်လုံး အသုံးပြုနေခဲ့၏။ ရှေးဟောင်းသစ်ပင်ကို နိဗာနခါးစည်းဖြင့် ချည်နှောင်ထားသည့်အတွက် သူမက အပြီးတိုင် မရုတ်သိမ်းနိုင်သေးပေ။ သူမက ပြောလိုက်သည်။

“ရှစ်စွင်းက အမြန်ကြီး တိုက်ခိုက်လာတာဆိုတော့ တပည့်က ပြင်ဆင်မထားလိုက်ရဘူး”

မည်သူကမှ ဘာမှမပြောကြပေ။ သူတို့အားလုံးက လုကျိုး၏ စွမ်းအားကြောင့် အံ့အားသင့်နေကြ၏။

လုကျိုးက ရှောင်ယွမ်အာကို ကြည့်ကာ မေးလိုက်သည်။

“ရှောင်ယွမ်အာ မင်း ထပ်ပြီး စမ်းကြည့်ချင်သေးလား”

ရှောင်ယွမ်အာက အလျင်အမြန် ခေါင်းရောလက်ပါခါကာ ပြောလိုက်သည်။

“မစမ်းချင်တော့ပါဘူး”

ကျိုးယွီရှုက သူ့ဆီ ရောက်လာကာ တံခါးရစ်ပတ်တောင်ဝှေးကို မြေကြီးပေါ်ထောက်ရင်း ပြောလိုက်သည်။

“ဒီမိန်းကလေးရဲ့ ကျင့်ကြံဆင့်က အများဆုံး တိုးတက်လာတယ်။ သူမက တိုက်ခိုက်ရေးအတွေ့အကြုံ မလုံလောက်လို့ ဒီလိုအခြေအနေဖြစ်သွားတာပဲ”

“အိုး မင်းက မွေးဖွားဇယားချပ်ကို ထပ်ပြီးတော့ အသက်သွင်းပြန်ပြီလား” လုကျိုးက ရှောင်ယွမ်အာကို ကြည့်ကာ ပြောလိုက်သည်။

“မဟုတ်ပါဘူး” ရှောင်ယွမ်ကာ ခေါင်းခါလိုက်သည်။

“မွေးဖွားဇယားချပ် ဘယ်လောက်ရှိပြီလဲ” လုကျိုးက မေးလိုက်သည်။

ရှောင်ယွမ်အာက လက်ကိုမြှောက်ကာ လက်ညှိုးဖြင့် ရေတွက်ရင်း ပြောလိုက်သည်။

“၉ခုထဲပါ”

“ဟမ်” လုကျိုးက ရှောင်ယွမ်အာကို ကြည့်လိုက်သည်။

ရှောင်ယွမ်အာက ကျောကို မတ်မတ်ထားပြီး ခေါင်းငုံ့ထားကာ ထပ်ပြောလိုက်သည်။

“ဆယ်ခုပါ”

လုကျိုးက သူမကို တိတ်တဆိတ် ဆက်ကြည့်လိုက်သည်။

ရှောင်ယွမ်အာက ခေါင်းမော့ကာ သူ့ရှစ်စွင်းကို ချောင်းကြည့်လိုက်သည်။ သူ့ရှစ်စွင်းက ကြည့်နေသည်ကို မြင်သည့်အခါ သူမက အမှန်အတိုင်း ပြောလိုက်ရသည်။

“၁၁ ခုပါ။ တကယ် အမှန်အတိုင်း ပြောနေတာပါ”

“ကြယ်တာရာဒိုင်ခွက်” လုကျိုးက ပြောလိုက်သည်။ သူမ၏ မွေးဖွားနန်းဆောင်ကို လူအများကြီးရှိနေရင်း ကြည့်သည်က မသင့်တော်သည့်အတွက် ကြယ်တာရာဒိုင်ခွက်က ပိုမိုကောင်းမွန်လေသည်။

ရှောင်ယွမ်အာက သူ့ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်လိုက်၏။

တောက်ပနေသည့် ဇုန်များက တစ်ခုပြီး တစ်ခုဆိုသလို လင်းလက်လာသည်။

“တကယ်မွေးဖွားဇယားချပ် ၁၁ခုလား”

“သူမက မွေးဖွားဇယားချပ် ၃ ခုကို တောက်လျှောက် အသက်သွင်းခဲ့တာလား။ မဖြစ်နိုင်ဘူး”

အားလုံးက အားကျနေကြလေသည်။ နှိုင်းယှဉ်ခြင်းက တကယ်စိတ်တိုဖို့ကောင်းလှ၏။

သူတို့က စတင်မကျင့်ကြံခင် ရှောင်ယွမ်အာက မွေးဖွားဇယားချပ် ၈ ခုသာ ရှိခဲ့လေသည်။ သူမက ဆယ်နှစ်အတွင်း မွေးဖွားဇယားချပ် ၃ ခုကို အသက်သွင်းနိုင်လိမ့်မည်ဟု မည်သူကများ သိမည်နည်း။

လုကျိုးက ပြောလိုက်သည်။

“တကယ်လို့ မင်းတတ်နိုင်တယ်ဆိုရင် မွေးဖွားဇယားချပ် ၁၂ ခု ကို ဘာလို့ အသက်မသွင်းရတာလဲ”

ရှောင်ယွမ်အာက ခေါင်းငုံ့ကာ ပြောလိုက်သည်။

“အဲဒါ နာလို့ပါ”

လုကျိုးက ပြောလိုက်သည်။

“မင်းက နာတာကို ဘယ်လို ခံစားရလဲဆိုတာ သိသေးသားပဲ”

“အဲဒါ တပည့်က ဒုတိယမြောက် မွေးဖွားစမ်းသပ်ချက်နဲ့ နီးကပ်လာလို့နေမယ်” ရှောင်ယွမ်အာက ရေရွတ်လိုက်သည်။

“မင်း နာတာ သိတယ်ဆိုတာ့ တော်သေးတာပေါ့။ အနာဂတ်မှာ စိတ်မရှည်မဖြစ်သင့်ဘူး”

“နားလည်ပါပြီ”

“တင်း ရှောင်ယွမ်အာကို သင်ကြားဆုံးမတဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀ ရရှိပါတယ်”

ထိုအသိပေးချက်က လုကျိုး၏ နားထဲ ဝင်ရောက်သွားလေသည်။ ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ဤသည်က အချိန်ကြာမည့်အကြောင်း တွေးလိုက်၏။ သူက ရှားပါးအသုံးအဆောင်ပစ္စည်းကတ် ရရှိနိုင်သောကြောင့် အရေးကြီးသည့်အခိုက်အတန့်ထိ စောင့်ဆိုင်းသည်က သိပ်မဆိုးလှပေ။

ရှောင်ယွမ်အာက သူမ၏ ကတိကို အမှတ်ရနေသေးသည့်အတွက် ပြောလိုက်သည်။

“အာ့ရှစ်ရှိုးကို ငါးနှစ်အတွင်း မှီအောင်လိုက်ချင်တာပါ”

ယွီရှန်းရုန်က ပြောလိုက်သည်။

“ကျိုးရှစ်မေ့က ငါ့ကို ရည်မှန်းချက်အဖြစ် ထားတာ တကယ်ကို ဝမ်းသာတယ်”

ရှောင်ယွမ်အာက ယွီရှန်းရုန်ဘေးနား ပြေးသွားကာ မေးလိုက်သည်။

“အာ့ရှစ်ရှိုးရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်လဲ”

ယွီရှန်းရုန်က ရှောင်ယွမ်အာကို ကြည့်လိုက်သည်။ ရှောင်ယွမ်အာ၏ အမြင်က သူ့နှာခေါင်းဖျားလောက် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမက ကျော့ရှင်းကာ ညင်သာသည့် သံစဉ်လိုမျိုး လှပလှသည်။

ယွီရှန်းရုန်က အပြုံးကို ထိန်းထားရင်း ပြောလိုက်သည်။

“လျှို့ဝှက်ချက်”

ရှောင်ယွမ်အာက စိတ်ဝင်စားမှု ဆုံးရှုံးသွားလေသည်။

ထိုစဉ် ယွီကျန့်ဟိုင်က မေးလိုက်၏။

“ကျိုးရှစ်မေ့က ဘာလို့ အစ်ကိုကို့ မမေးလဲ”

ထိုစကားကို ကြားကာ ရှောင်ယွမ်အာက လှည့်ကာ မေးလိုက်သည်။

“တာ့ရှစ်ရှိုးရဲ့ ကျင့်ကြံဆင့်ကရော ဘယ်လောက်လဲ”

ယွီကျန့်ဟိုင်က ရှေ့တိုးလာကာ ရှောင်ယွမ်အာ၏ နဖူးကို အသာတောက်ရင်း ပြောလိုက်သည်။

“တခြားသူတွေရဲ့ ကျင့်ကြံဆင့်တွေကို မေးတာက မယဉ်ကျေးရာကျတယ်”

ရှောင်ယွမ်အာက ခြေဖျားထောက်ကာ ပြောလိုက်သည်။

“ပျင်းဖို့ကောင်းတယ်”

အားလုံးက ရယ်မောလိုက်ကြ၏။

မိစ္ဆာဝေဟင်မျှော်နန်းတွင် လူများစွာ ရှိလေသည်။ လူတိုင်း၌ မယုံကြည်ရခြင်း မဟုတ်ပေ။ လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို လျှို့ဝှက်ချက်အနေဖြင့် ထိန်းထားခြင်းက အရေးကြီးသည့် အခိုက်အတန့်၌ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အရေးပါလာနိုင်သည်။ လုကျိုးက ချင်နိုင်ဟယ်ကို ကြည့်ကာ မေးလိုက်သည်။

“ဆရာသခင်လား”

ချင်နိုင်ဟယ်က တခြားသူများနှင့် ကွဲပြားနေသည်။ သူက ဂုဏ်ယူစွာ ခေါင်းညိတ်လိုက်၏။

“ဟုတ်ပါတယ်”

ထိုစကားကို ကြားကာ အားလုံးက ချင်နိုင်ဟယ်ကို ဂုဏ်ပြုစကားဆိုလိုက်ကြသည်။

“ဆရာသခင်ချင်ကို ဂုဏ်ပြုပါတယ်”

ချင်နိုင်ဟယ်က လက်ဝှေ့ကာ ပြောလိုက်သည်။

“ကျုပ်ကို အရင်ကလိုမျိုး ခေါ်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ဆရာသခင်ချင် ဒါကို ကြားသွားရင် နေရခက်နေလိမ့်မယ်”

တူညီသည့် အဝတ်များကို ဝတ်ဆင်ခြင်းက နေရခက်နိုင်သော်လည်း တူညီသည့် နာမည်ရှိနေသည်က ပိုနေရခက်လှသည်။

“ကျုပ်တို့ရဲ့ မိစ္ဆာဝေဟင်မျှော်နန်းမှာ ဒုတိယမြောက်ဆရာသခင် မွေးထုတ်နိုင်ခဲ့ပြီပဲ”

အားလုံးက စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ကြသည်။

ချင်နိုင်ဟယ်က ပြောလိုက်၏။

“ချင်နိုင်ဟယ်က မျှော်နန်းသခင်ကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ မျှော်နန်းသခင်ကြောင့်သာ မဟုတ်ရင် ကျုပ် ဒီနေ့လိုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး”

လုကျိုးက ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပြီ”

“မင်းတို့အားလုံးရဲ့ တိုးတက်မှုတွေက မဆိုးဘူး။ ဒီလိုဆိုတော့ မနက်ဖြန် ရှန်းယန်ဆီ သွားမယ်”

“ဟုတ်ကဲ့”

နောက်တစ်ရက် မနက်ခင်း

သူတို့၏ စီးတော်သားရဲများအပေါ် တက်ပြီးသည့်နောက်တွင် မိစ္ဆာဝေဟင်မျှော်နန်းရှိ လူများက ရှန်းယန်ဆီ ဦးတည်လိုက်ကြ၏။

နှစ်လခန့် ကြာမြင့်ပြီးသည့်နောက်

အမည်မသိကုန်းမြေရှိ ကန္တာရတစ်ခုအတွင်း

လေပြင်းများက တိုက်ခတ်နေကာ သဲများက မိစ္ဆာဝေဟင်မျှော်နန်း၏ ကာကွယ်ရေးစည်းမျဉ်းအား မိစ္ဆာဝေဟင်မျှော်နန်း၏ လူများ၏ ကာကွယ်ရေးစွမ်းအားအလွှာကို တိုက်ခိုက်လာလေသည်။ သူတို့က မိုးကုတ်စက်ဝန်းတွင် ရပ်တန့်လိုက်ကြသည်။

“ရှန်းယန်က သဲကန္တာရဖြစ်နေတာကိုး” ယန်ကျန်းလော့က ပြောလိုက်သည်။ သူတို့က လဝက်ခန့် သဲကန္တာရထဲ ဖြတ်သန်းခဲ့ရပြီး သဲကန္တာရက အဆုံးသတ်ရှိဟန် မပေါ်ပေ။

ရံဖန်ရံခါ သဲမုန်တိုင်းများ ရှိတတ်လေ၏။

“မျှော်နန်းသခင် ဖျက်ဆီးခြင်းတိုင်လုံးက ရှေ့မှာပါ” ခုံဝမ်က ပြောလိုက်သည်။

လုကျိုးက ခေါင်းညိတ်လိုက်၏။

“ဖျက်ဆီးခြင်းတိုင်လုံးက အန္တရာယ်များတယ်ဆိုတော့ သတိထားကြ”

“ဟုတ်ကဲ့”

လုကျိုးက ရှေ့မှ ဦးဆောင်ပြီး နတ်ခြင်္သေ့ဖြင့် ပျံသန်းသွားလေသည်။

သိပ်မကြာခင် သူတို့က မိုးမြေကြားတွင် မားမားမတ်မတ်ရပ်တည်နေသည့် ဖျက်ဆီးခြင်းတိုင်လုံးကို မြင်လိုက်ရလေ၏။ ထိုအရာက သဲကန္တာရအလယ်တွင် ရှိနေလေသည်။

လေပြင်းပြင်းက ထပ်မံ တိုက်ခတ်လာပြန်သည်။

ဝှစ်

သူတို့က ရပ်တန့်ကာ ငုံ့ကြည့်လိုက်သည်။

သဲအောက်တွင် တစ်စုံတစ်ခု ရှိနေပြီး အလျင်အမြန် ချဉ်းကပ်လာနေဟန်ပေါ်၏။

“ခက်ထန်သားရဲပဲ” ခုံဝမ်က ပြောလိုက်သည်။

“ဘာလဲ”

“သဲထဲမှာ ပုန်းနေတာဆိုတော့ မပြောနိုင်ဘူး”

အားလုံး၏ အလိုလိုသိစိတ်က အန္တရာယ်ခံစားနှုန်းကို တိုးမြှင့်ပေးနိုင်ကြသည်။

ဝှစ် ဝှစ် ဝှစ်

ရုတ်ခြည်းဆိုသလို မြေကြီးထဲတွင် ဖောင်းကြွလာကြသည်။ သူတို့၏ အရေအတွက်က မှန်းဆဖို့ ခက်ခဲလှ၏။

မင်ရှစ်ရင်က ကြက်သီးထသွားကာ ပြောလိုက်သည်။

“အမည်မသိကုန်းမြေဆီ လာရတဲ့ ဒီခရီးစဉ်က အမြင်တော်တော်ပွင့်စေတာပဲ။ ဒါက ဘာတွေတုံး။ တကယ်ကို ရွံစရာကြီး”

ဝုတ် ဝုတ် ဝုတ်

ချုံးချီက ဟောင်ကာ အောက်ကို ဆင်းသွားချင်နေဟန်ပေါ်သည်။

“မင်းက သေချင်လို့လား။ ငါကတော့ မသေချင်ဘူး။ ငါက သစ်သားပြာနည်းစနစ်ကို ကျင့်ကြံတာ။ အဲဒီအောက်မှာ ဘာအပင်မှ ရှိတာ မဟုတ်ဘူး။ ငါ့ကိုယ်ငါ သေတွင်းတူးသလို ဖြစ်နေမှာပေါ့” မင်ရှစ်ရင်က ပုခုံးတွန့်ကာ ပြောလိုက်သည်။

ချင်နိုင်ဟယ်က ကူကယ်ရာမဲ့စွာ ပြောလိုက်၏။

“ကျုပ် သွားပြီး စစ်ဆေးကြည့်လိုက်မယ်”

ထို့နောက် ချင်နိုင်ဟယ်က လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှတ်လိုက်သည်။

သဲများက ပေါ်ထွက်လာပြီး အနီရောင်နှင့် အနက်ရောင် ကင်းမြီးကောက်များကို မြင်တွေ့လိုက်ရသည်။ သူက မြေကြီးအောက်တွင် ပုန်းအောင်းနေပြီး မျက်စိတစ်မှိတ်အတွင်း ပြန်လည် ပျောက်ကွယ်သွားလေ၏။

“နဝမတောင်တန်း ကင်းမြီးကောက်တွေ”

“ဘာ”

“အဲဒီကင်းမြီးကောက်တွေက အရမ်းကို အဆိပ်ပြင်းတယ်။ သူတို့အဆိပ်အတွက် ဖြေဆေးမရှိဘူးလို့ ပြောကြတယ်။ သူတို့က အတော်လေးကို ရက်စက်ပြီးတော့ အဖွဲ့လိုက်နေကြတာ။ ကင်းမြီးကောက်ငယ်တွေလည်း အများကြီးရှိသေးတယ်ဆိုတော့ ကင်းမြီးကောက်ဘုရင်တွေနဲ့ အနီးအနားမှာ ရှိနေနိုင်တယ်”

လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“သူတို့ကို ရှင်းလိုက်”

ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် ချင်နိုင်ဟယ်တို့က ရှေးက ဦးဆောင်လိုက်ကြသည်။

စွမ်းအင်ဓားမော့နှင့် စွမ်းအင်ဓားများက ချက်ချင်းဆိုသလို ပေါ်ထွက်လာပြီး ကင်းမြီးကောက်များကို သတ်ပစ်နေသည်။

လုဝူအတွက်မူ နည်းလမ်းက အတော်လေး ရိုးရှင်းကာ မျက်လှည့်ဆန်လှ၏။ ထိုသူက မြေကြီးကို မကြည့်ဘဲ နင်းလျှောက်သွားလေသည်။ ပြောရမည်ဆိုလျှင် ကင်းမြီးကောက်များကို တက်နင်းလိုက်ခြင်းသာ ဖြစ်၏။

ကင်းမြီးကောက်များကို သတ်ပြီးသည့်နောက်တွင် သူတို့က ဖျက်ဆီးခြင်းတိုင်လုံးဆီ ဦးတည်လိုက်ကြသည်။ သူတို့က တိုင်လုံးနှင့် တစ်ကီလိုမီတာအကွာတွင် မြေကြီးပေါ်တွင်ရှိသည့် အဖုအဖောင်းအား ပိုမိုကြီးမားလာ၏။

“စောစောလေးက အစမ်းသဘော ထင်တယ်။ ဒါကတော့ တကယ့်ပွဲပဲ” ခုံဝမ်က ပြောလိုက်သည်။

“ကံကောင်းတာက ပထမသခင်လေးနဲ့ ဒုတိယသခင်လေးတို့က အားကောင်းတယ်ဆိုတော့ သူတို့ကို ဖြေရှင်းဖို့ ပြဿနာရှိမှာမဟုတ်ဘူး”

အဖွဲ့က ဆက်လက်ရှေ့တိုးလာကြသည်။

သဲကန္တာရမှ ပေတစ်ထောင်ရှည်လျားသည့် အညိုရောင်အမြီးက လုကျိုးဆီ တိုးဝင်လာသည်။

အားလုံးက ဘယ်နှင့်ညာ ရှောင်ရှားလိုက်ကြ၏။

စူးရှသည့် ဆူးချွန်က လုကျိုး၏ နဖူးဆီ ဦးတည်နေသည်။ သို့သော် သူက အလှုပ်မယှက်မရှိ တည်ငြိမ်နေဆဲသာဖြစ်၏။

ထိုဆူးချွန်က လုကျိုး၏ ကာကွယ်ရေးစွမ်းအားဆီ ထိမှန်လာသည်။

ကာကွယ်ရေးစွမ်းအားက သူ့ရွှေရောင်နယ်မြေသဏ္ဌာန်တို့ဖြင့် ပေါင်းစည်းထားခြင်း ဖြစ်၏။

ဆူးချွန်က ဆက်လက်ရှေ့မတိုးနိုင်တော့ဘဲ ရပ်တန့်သွားလေသည်။

“ကင်းမြီးကောက်ဘုရင်ပဲ” ခုံဝမ်က ရေရွတ်လိုက်သည်။

လုကျိုးက လက်ကိုမြှောက်ကာ မိစ္ဆာဘုန်းကြီးလက်ဟန်စည်းတံဆိပ်ကို ထုတ်လွှတ်လိုက်သည်။

လက်ဟန်စည်းတံဆိပ်က ထိုအမြီးအပေါ် ချက်ချင်း ကျရောက်လာလေ၏။

ဝှစ်

ထို့နောက် သူက လက်ဗလာဖြင့် ထိုကင်းမြီးကောက်ဘုရင်ကို ဆွဲထုတ်လိုက်လေသည်။ ဧရာမသတ္တဝါကြီးက တောင်အရွယ်အစားလောက်ရှိပြီး ဆွဲထုတ်လိုက်သည့်အခါ သဲမုန်တိုင်း ဖြစ်ပေါ်လာစေသည်။

…

အခန်း (၁၄၃၉) မဟာတာအိုသူတော်စင်

လုကျိုးသည် မြေကြီးထဲမှ ဧရာမ ကင်းမြီးကောက်ကို ဆွဲထုတ်လိုက်စဉ် လူတိုင်းက ထိတ်လန့်မှုများ မယုံနိုင်မှုများဖြင့် ကြည့်နေလေ၏။ သူတို့က အသေးစိတ် အမြန်ကပ်သွားကာ အရမ်းမျက်နှာ အနံ့ ထွက်ပြေးကြတော့သည်။

ယွီကျန့်ဟိုင်က အမိန့်ပေးလိုက်လေ၏။ "အကောင်သေးတွေ အရင်သတ်"

လုဝူနှင့် ချန်ဟွမ်းတို့သည် အရွယ်အစားကြီး မားသောကြောင့် တစ်ချက်တည်းဖြင့် ကင်းမြီးကောက်လေးများကို အလွယ်တကူ ဖြေရှင်းနိုင်သည်။ ကျန်သည့်သူများက အရှေ့ အနောက်ပျံသန်းရင်း သူတို့ သက်ဆိုင်ရာ စွမ်းရည်များကို ပြသနေ၏။ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်သည် သူတို့၏ စွမ်းအင်ဓားမများနှင့် စွမ်းအင်ဓားများဖြင့် တိုက်ခိုက်မှု စွမ်းအင်ဓားများကို ထိန်းချုပ်နိုင်စွမ်း မြင့်မားပြီး တိုက်ခိုက်နေကြသည်။ ဆရာသခင်တစ်ပါးဖြစ်လာသည့် ချင်နိုင်ဟယ်က... ဆရာသခင်တစ်ပါး ဖြစ်လာသော ချင်နိုင်ဟယ်သည် လူအုပ်ကြီးကြား အနေရာအနှံ့သွားပြီး သတ်ဖြတ်တော့သည်။ လူတိုင်းက လွယ်လွန်းတကူ ဖြေရှင်းနိုင်ကြောင်း အတည်ပြုပြီးနောက် သူလက်ထဲရှိ ကောင်းကင်စွမ်းအားက ပေါ်ထွက်လာပြီး ဧရာမ ကင်းမြီးကောက်ဘုရင်ကို ဆုပ်ကိုင်ကာ ဝေဟင်ထိရောက်အောင် ဆွဲမလိုက်သည်။ သူသည် သူ့လူများကို ကင်မြီးအောက်ဘုရင်က ထိခိုက်စေမှာကို မလိုလားပေ။

ဖောင်း။

ဘုရင် မရှိတော့သောအခါ ကင်းမြီးကောက်များက ချက်ချင်းပင် ဖရိုဖရဲဖြစ်ကုန်၏။ သူတို့တစ်ချက်တောင် ခံနိုင်ရည်မရှိကြတော့ချေ။ မကြာမီတွင် မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် ကင်းမြီးကောက်များအားလုံးကို သတ်လိုက်၏။

ကင်းမြီးကောက်အသေကောင်များက မြေပြင်ပေါ်တွင် ပြည့်နေပြီး ရွံရှာဖွယ်မြင်ကွင်း ဖြစ်နေတော့သည်။ သူတို့သည် ကင်းမြီးကောက်များ၏ အသက်ဓာတ်နှလုံးသားကိုတောင် စိတ်မဝင်စားကြချေ။ အမည်မသိကုန်းမြေထဲ၌ အချိန်ကြာမြင့်စွာ ခရီးနှင်ပြီးနောက် သာမန်အသက်ဓာတ်နှလုံးသားတို့သည် သူတို့အာရုံစိုက်မှုကို မရနိုင်တော့ချေ။ အသက်ဓာတ်နှလုံးသားများအားလုံးကို တောက်ပသည့်မျက်ဝန်းများဖြင့် ကြည့်နေကျဖြစ်သည့် ခုံဝမ်ကတောင် သာမန်အသက်ဓာတ်နှလုံးသားများကို စိတ်ဝင်စားခြင်း မရှိတော့ပေ။ သူ၏အကြိုက်နှင့် အမြင်က တိုးတက်လာခဲ့တာ ကြာပြီဖြစ်သည်။

တိုက်ပွဲကွင်းပြင်၏ တစ်စိတ်တစ်ပိုင်းကို ရှင်းလင်းပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်း၏ လူတို့သည် ဝေဟင်ထဲရှိ တိုက်ပွဲကို မော့ကြည့်ပြီး အပန်းဖြေနေကြသည်။ လေနှင့် သဲတို့က သူတို့အမြင်အာရုံကို တားဆီးထားတာ ဆိုးလှပေ၏။ ထို့အပြင် လေတိုးသံကလည်း သူတို့၏ အကြားအာရုံကို ထိခိုက်စေသည်။ အဆုံးကျ သူတို့သည် တိုက်ပွဲကို ဝေဝါးဝါးသာ တွေ့မြင်ရတော့သည်။ ထိုစဉ် အဖွဲ့ထဲ၌ အမြင်အာရုံအကောင်းဆုံးဖြစ်သော ချင်နိုင်ဟယ်သည် လုကျိုး၏ကိုယ်ပေါ်ရှိ အပြာရောင်အလင်း ဖျော့ဖျော့ကို မြင်သောအခါ တအံ့တဩ ပြောလိုက်၏။

"အဲ့ဒါ ဘာလဲ"

ဝှစ်။

တစ်ဖန် လေပြင်းများက သဲများကို ဝှေ့တက်လာစေပြီး ကောင်းကင်ကို ကာသွားပြန်၏။

ဝေဟင်ထဲတွင် ဖြစ်သည်။

ဧရာမ ကင်းမြီးကောက်ဘုရင်သည် ၎င်း၏ အဆူးပါသည့်အမြီးကို လွှဲရမ်းလျက် တတ်စွမ်းသမျှ ရုန်းကန်ကာ လုကျိုးကို အဆိပ်ဖြင့်ထိုးရန် ကြိုးစားနေသည်။ အဆိပ်ရည်တို့က လေထဲ၌ ပေါ်ထွက်လာသော်ငြား လုကျိုးနား မကပ်နိုင်ဘဲ သူ့ဝတ်ရုံကြောင့် ပိတ်ဆို့ခံလိုက်ရသည်။ လုကျိုးသည် သူ၏ဘယ်လက်ဖြင့် အပြာရောင် ကြယ်တာရာဒိုင်ခွက်ကို ကိုင်ထားလျက် ညာလက်ဖြင့် ရိုက်လိုက်သည်။ ပြီးနောက် အပြာရောင်ကြယ်တာရာဒိုင်ခွက်ထဲမှ အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။

ဖောင်း။

၎င်းသည် ကင်းမြီးကောက်ဘုရင်၏ သေကွင်းသေကွက်ကို တိတိကျကျ ထိမှန်သွားတော့သည်။ ကင်းမြီးကောက်ဘုရင်က နာကျင်စွာ ညည်းတွားလိုက်ကာ သူ၏ကိုယ်ပေါ်၌ သွေးပေါက်ကို မြင်နေရပြီဖြစ်သည်။

"သန်မာလိုက်တဲ့ ခုခံမှု" လုကျိုးက ပြောပြီး ချီးကျူးလိုက်၏။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်အဆင့်သို့ ရောက်သွားသည့် မွေးဖွားခြင်းဇယားကွက်တစ်ခုရှိသည်။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်အဆင့်သို့ ရောက်သွားသော အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် ဧရာမ ကင်းမြီးကောက်ဘုရင်ကို တစ်ချက်တည်းဖြင့် ရိုက်ချနိုင်လိမ့်မည်ဟု မထင်ထားပေ။ သူသည် စမ်းသပ်ကြည့်ရင်း အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ခဲ့တာဖြစ်သည်။ ရလဒ်ကို အတော်လေး စိတ်ကျေနပ်နေ၏။ သူ၏ရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်နည်းတူ မွေးဖွားခြင်းဇယားကွက် အရေအတွက် တူညီခဲ့လျှင် ၎င်း၏ခွန်အားသည် မှန်းဆမရ ဖြစ်သွားလိမ်မည်။ ဖောင်း။

ဧရာမကင်းမြီးကောက်ဘုရင်က မြေကြီးပေါ် ပြုတ်ကျသွားလေ၏။

ဝှစ် ဝှစ် ဝှစ်။

ဧရာမ ကင်းမြီးကောက်ဘုရင်သည် ၎င်း၏ရန်သူသည် အလွန်သန်မာကြောင်း သိသွားပုံပေါ်၏။ မြေကြီးထဲသို့ တိုးဝင်သွားကာ သဲများကို သူ၏အမြီးဖြင့် ယက်ထုတ်နေသည်။ မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် လေထဲပျံတက်လျက် ဂရုစိုက်ရန် တစ်ယောက်ကိုတစ်ယောက် သတိပေးလိုက်သည်။

လုကျိုးက လှစ်ခနဲ ပျောက်သွားကာ ပြန်ပေါ်လာ၏။ သူက လက်နောက်ပစ်ထားလျက် အောက်ကို ငုံ့ကြည့်လိုက်သည်။

တာအိုက တစ်ခုကို မွေးဖွားပေးတယ်။ တစ်ခုက နှစ်ခုကို မွေးဖွားပေးပြီး နှစ်ခုက သုံးခုကို မွေးဖွားစေပြီး သုံးခုက အရာရာကို မွေးဖွားစေတယ်။ အရာအားလုံးမှာ ယင်နဲ့ယန်ရှိတယ်။ သဟဇာတဖြစ်မှု ချီကို မွေးဖွားပေးတယ်။

အမည်မဲ့သည် မြေပြင်ပေါ်သို့ စွမ်းအင်စည်းတံဆိပ်အပြည့်ကို တစ်ခုပြီးတစ်ခု ထိုးစိုက်နေလေ၏။ သူတို့က စက်ဝိုင်းသဏ္ဌာန် တိုက်ခိုက်နေကာ ထွက်ပြေးနိုင်သည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားတော့သည်။ လုကျိုးက လေးနက်သောအသံဖြင့် ပြောလိုက်သည်။

"ထွက်လာခဲ့" လူတိုင်း ငုံ့ကြည့်လိုက်ချိန်တွင် အပေါက်ရာများ ပြည့်နေသော ဧရာမကင်းမြီးကောက်ဘုရင်သည် စွမ်းအင်စည်းတံဆိပ်များ အဝိုင်းခံထားရပြီး ဆွဲထုတ်ခံထားရတာကို တွေ့လိုက်ရ၏။ လုကျိုးက လက်ကောက်ဝတ်ကို လှည့်လိုက်သည်။ အမည်မဲ့သည် ပေတစ်သောင်းရှည်သည့် စွမ်းအင်ဓားကို ထုတ်ဖော်လျက် ၎င်းသည် ကောင်းကင်မှ ဆင်းသက်လာကာ ဧရာမကင်းမြီးကောက်ဘုရင်ကို ထိုးဖောက်သွားတော့သည်။

"တင်း။ ပစ်မှတ်ကို သတ်ပြီးပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ငါးထောင်"

တိုက်ပွဲပြီးနောက် အနားယူရမည့်အချိန် ရောက်လာ၏။ လုကျိုးက လက်ဝေ့ယမ်းလိုက်ရာ စွမ်းအင်ဓားများ ပျောက်ကွယ်သွားတော့သည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့ ဆင်းသက်လာပြီး ဧရာမကင်းမြီးကောက်ဘုရင်၏ အလောင်းဘေး၌ ဝိုင်းထားသည်။ ခုံဝမ်က ရှေ့တိုးကာ ပြောလိုက်လေ၏။

"ကျုပ်လုပ်ပေးမယ်" ခုံဝမ်သည် သူ၏ညီနောင်များကို ဦးဆောင်လျက် အသေကောင်ကို ပိုင်းဖြတ်ကာ အသက်ဓာတ်နှလုံးသားများ ယူလိုက်သည်။ အသက်ဓာတ်နှလုံးသား တစ်ခုပြီးတစ်ခု ပေါ်လာ၏။ ခုံဝမ် ကိစ္စပြီးသွားချိန်၌ စိတ်အားထက်သန်စွာ ပြောလာသည်။

"မဆိုးဘူးပဲ လေးခုရတယ်” လုကျိုးသည် ကင်းမြီးကောက်ဘုရင်၏ ခုခံမှုက မဆိုးဟု တွေးမိသောကြောင့် ကျယ်ပြန့်ကောင်းကင်အိတ်ထဲ၌ အသက်ဓာတ်နှလုံးသားတစ်ခုကို သိမ်းထားပြီးနောက် ပြောလိုက်သည်။

"ဒါတွေ ကောင်းကောင်းသိမ်းထား" ခုံဝမ်သည် အသက်ဓာတ်နှလုံးသားများကို ဂရုတစိုက် သိမ်းလိုက်၏။

ဤနေရာသို့ လာနေစဉ်တစ်လျှောက်၌ သူတို့သည် သတ်ဖြတ်မှု မြင်ကွင်းများစွာကို မျက်မြင်တွေ့ခဲ့ပြီးဖြစ်ကာ အနည်းငယ် ထုံနေပြီဖြစ်သည်။ လူတိုင်းသည် ဖျက်ဆီးခြင်းတိုင်လုံးကို အာရုံပြန်စိုက်လိုက်၏။ ၎င်းသည် သဲမုန်တိုင်းအလယ်ရှိ မိုးနှင့်မြေကြား မယိမ်းမယိုင် တည်ရှိနေသည်။

"ရှန်းယန်ရဲ့ ဖျက်ဆီးခြင်းတိုင်လုံးကို စောင့်ကြပ်နေတဲ့ ဖုတ်ကောင်ဘုရင် ရှိသေးလား”

မင်ရှစ်ရင်က မေးလိုက်သည်။ မည်သူကမှ ထိုမေးခွန်းကို မဖြေကြချေ။ လုကျိုးက ပြောလိုက်၏။

"ကပ်လိုက်လာခဲ့ကြ” လူတိုင်းသည် ဝေဟင်ကို ဖြတ်ကျော်လျက် သဲမုန်တိုင်းကို ဖြတ်ကျော်ကာ ဖျက်ဆီးခြင်းတိုင်လုံးနား ချဉ်းကပ်လာသည်။ သူတို့အနားကပ်လာစဉ် ရွှေရောင်ကြယ်တာရာဒိုင်ခွက် ပေါ်ထွက်လာ၏။

"သတိထား ဒီမှာတစ်ယောက်ယောက်ရှိနေတယ်” ယွီကျန့်ဟိုင်က ပြောလိုက်သည်။ လူတိုင်းဆင်းသက်လိုက်လေ၏။ သူတို့က ဝေဟင်ထဲရှိ ရွှေရောင်ကြယ်တာရာဒိုင်ခွက်ကို မော့ကြည့်လိုက်သည်။

"ရွှေကြာကျင့်ကြံသူလား”

"အဲဒါ ကျန့်သုံ့ရှန်းပဲ” တစ်စုံတစ်ယောက်က ပြောလိုက်၏။

လုကျိုးသည် အဝေးကို တစ်ချက်ကြည့်ပြီးနောက် လှည့်ပြောလိုက်သည်။

"ကျောင်းဟုန်ဖူ အနားမှာ သင်္ကေတလမ်းကြောင်းတစ်ခု တည်ဆောက်။ ဒီမှာ လေပြင်းနဲ့ သဲပါ ပေါင်းလာရင် လမ်းကြောင်းကို ဖွက်ထားဖို့ လွယ်တယ်”

"နားလည်ပါပြီ” ရှန်းရှီနှင့် လီချောင်းမော့တို့သည် ကျောင်းဟုန်ဖူကို ကာကွယ်ပေးမှာဖြစ်သည်။ ထို့ကြောင့် သူမသည် သင်္ကေတလမ်းကြောင်းတည်ဆောက်ရန် နေရာတစ်ခု ရှာနိုင်သည်။ လုကျိုးက မြေပြင်ပေါ် ဆင်းသက်လျက် သဲမုန်တိုင်းကို ဖြတ်ကျော်ပြီး ရှေ့ဆက်တိုးသွားသည်။ သူတို့သွားလိုသည့် နေရာနား ရောက်ခါနီးအချိန်၌ ရွှေရောင်ကြယ်တာရာဒိုင်ခွက်က လွင့်ပျံလာသည်။ ကျန့်သုံ့ရှန်းက သနားစရာကောင်းသည့် အခြေအနေဖြစ်နေ၏။ သူက သွေးများလွှမ်းနေတော့သည်။ နောက်ဆုံးအကြိမ် တွေ့ဆုံစဉ်ကနှင့် လုံးဝမတူညီဖြစ်နေသည်။

လုကျိုးက ခေါင်းမော့လိုက်၏။

"ကျန့်သုံ့ရှန်း"

ကျန့်သုံ့ရှန်းက မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ သူ့မျက်လုံး ပြူးကျယ်လာကာ ပြောလိုက်လေ၏။

"သွားကြမယ်”

"ဟမ်" လူတိုင်းက စိတ်ရှုပ်ထွေးသွားကြသည်။ ကျန့်သုံ့ရှန်းက ထိတ်လန့်နေတာ သိသာနေသည့် လေသံဖြင့် ပြောလာသည်။

"မဟာလေဟန်နယ်ရဲ့ ရွှမ်းယိနန်းတော်က ချပ်ဝတ်နက်အစောင့်အရှောက်တွေပဲ။ သွားကြရအောင်”

"ချပ်ဝတ်နက် အစောင့်အရှောက်တွေလား” ကျန့်သုံ့ရှန်းသည် စိုးရိမ်ပူပန်လွန်းသဖြင့် နဖူး၌ ချွေးများရွှဲနေကာ ဆက်ပြောလိုက်သည်။

"သူတို့ကြားထဲမှာ မဟာတာအိုသူတော်စင်တစ်ပါး ရှိလောက်တယ်” ထိုလူများသည် မဟာတာအိုသူတော်စင်ဟူသော စကားလုံးကို ကြားချိန်၌ ထိတ်လန့်သွားတော့သည်။ မဟာတာအိုသူတော်စင် မဆိုထားနှင့် သာမန်သူတော်စင်များကတောင် အစွမ်းထက်နေပြီဖြစ်သည်။

ဗီး

ရှန်းယန် ဖျက်ဆီးခြင်းတိုင်လုံးရှေ့၌ အစိမ်းရောင်ကျောက်စိမ်း စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ပေါ်လာ၏။ ၎င်းက မြင့်မားလွန်းသဖြင့် ထိပ်ကို မမြင်နိုင်ပေ။ တိုင်ရှေ့၌ ဧရာမဗုဒ္ဓကဲ့သို့ ရပ်နေသည်။ ပြီးနောက် လုကျိုးနှင့် ကျန်သည့်သူများဆီသို့ တိုးဝင်လာ၏။

"လာနေပြီ” ကျန့်သုံ့ရှန်းက မြေကြီးပေါ် ပြုတ်ကျသွားတော့သည်။ မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့ကလည်း စိုးရိမ်ပူပန်သွားကြကာ ဖိအားများ ခံစားလိုက်ရသည်။ လုကျိုးသည် သူ၏လက်ကို ထိန်းချုပ်လိုက်လျက် သူ့အကြည့်က ထိုရန်သူများဆီ ရောက်သွားသည်။ သဲနာရီက မြေပြင်ပေါ်ကျသွားပြီးနောက် သူ၏ ကောင်းကင်စွမ်းအား ပေါ်ထွက်လာသည်။

"ရပ်တန့်စေ" လျှပ်စီးတန်းများက အရပ်မျက်နှာအနှံ့ ထွက်လာသည်။ အဝေးတွင်ရောက်နေသော ကျောင်းဟုန်ဖူနှင့် ကျန်သည့်သူများတောင် အချိန်ရပ်တန့်မှုထဲ ပါသွားသည်။

"မိမိ၏ စစ်မှန်သောခန္ဓာနှင့် ဉာဏ်ရည်ဖြင့် ကျယ်ပြောလှသော ခွန်အားကို ဖုံးကွယ်နိုင်သည်။ သိမ်တိုင်းများဖြင့် မိမိသည် မြင်ကွင်းထဲမှ ပုန်းကွယ်နိုင်ကာ အမျိုးအမျိုးသော ပညာရှင်များ ရှာဖွေတွေ့ရှိခံရခြင်းမှ ရှောင်ရှားနိုင်၏။ ယင်းက ဖုံးကွယ်ခြင်းစွမ်းအားပေတည်း”

ဝှစ်။ ကောင်းကင်စွမ်းအားသည် မိစ္ဆာဝေဟင်မျှော်နန်း၏ လူတို့ကို ချက်ချင်းလွှမ်းခြုံသွားလေ၏။

ဧရာမကျောက်စိမ်း စိတ်ဝိညာဉ်သဏ္ဌာန်က ဝေဟင်ထဲ ပျံတက်လာစဉ် ချပ်ဝတ်နက် အစောင့်အရှောက်ရာချီက အနောက်မှ ပျံတက်လာလေ၏။ စိတ်ဝိညာဉ်သဏ္ဌာန် ရပ်တန့်သွားစဉ် ဝေဟင်ထဲ၌ အသံတစ်သံ ပေါ်ထွက်လာတော့သည်။

"ဧရာမတောင်ကိုးလုံး ကင်းမြီးကောက်ဘုရင်လား" လုကျိုးက မော့ကြည့်မိချိန်၌ ကျောက်စိမ်းစိတ်ဝိညာဉ်သဏ္ဌာန်၏ ခေါင်းထိပ်၌ ပျံဝဲနေသော ပုံရိပ်ကို တွေ့လိုက်ရသည်။

ထိုပုံရိပ်က ကျောက်စိမ်းမြင်းမြီးတောင်ဝှေးကို ကိုင်ဆောင်ထားပြီး အစိမ်းရောင်အလင်း တောက်ပနေ၏။ သူသည် လူ့လောကသို့ ဆင်းသက်လာသည့် မသေမျိုးတစ်ပါးနှင့် တူသည်။

"သူက မဟာတာအိုသူတော်စင်လား။ လန်ရှီဟယ်ထက်တောင် ပိုသန်မာတဲ့ပုံပဲ”

လုကျိုးသည် သဲနာရီကို တစ်ချက်ကြည့်လိုက်၏။ သုံးစက္ကန့် ကုန်လွန်သွားသည်။ ဖုံးကွယ်ခြင်းစွမ်းအားက အနည်းငယ် ထိန်းထားနိုင်သေး၏။ ကျောက်စိမ်းမြင်းမြီးတောင်ဝှေးကို ကိုင်ဆောင်ထားသည့်သူသည် ကင်းမြီးကောက်ဘုရင်၏ အလောင်းကို ကြည့်ပြီးနောက် ခေါင်းခါကာ သက်ပြင်းချလိုက်တော့သည်။

"အထွတ်အမြတ်ခန်းမက လူတွေက ကောက်ကျစ်လွန်းတယ်” ပြီးနောက် သူက မော့ကြည့်ပြီး ပြောလိုက်သည်။ " ငါ့ရဲ့မိတ်ဆွေကြီး အသက်ရှင်လျက် ရှိနေသေးဖို့ မျှော်လင့်ရတာပဲ။ သွားကြမယ်”

ဝှစ်

ထိုအုပ်စုသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေ၏။ လုကျိုးသည် ဖုံးကွယ်ခြင်းစွမ်းအားကို ချက်ချင်း မဖြတ်တောက်ခဲ့ချေ။ ထိုအစား သဲနာရီကို တစ်ချက်ကြည့်လိုက်သည်။ အပြာရောင်သဲများ ကျဆင်းတာ ရပ်တန့်သွား၏။ မကြာမီ၌ နောက်ဆုံးသော သဲမှုန်သည် အောက်ခြေထိ ကျသွားသည်။ သူ၏အပြာရောင် ဘုံတစ်ထောင်လေးပွင့် စိတ်ဝိညာဉ်သဏ္ဌာန်ကြောင့် ဖြစ်ဟန်တူသည်။ သဲများက ပိုနှေးကွေးသည့် အရှိန်အဟုန်ဖြင့် ကျဆင်းသွားတာကို အာရုံခံမိ၏။ ဆိုလိုသည်ကား အချိန်ရပ်တန့်ခြင်းက ပိုကြာမြင့်လာသည်။ နောက်ထပ် သုံးစက္ကန့်လွန်ပြီးနောက် သဲနာရီ၏ အာနိသင် ကုန်ဆုံးသွားကာ လုကျိုးသည် လက်ယမ်းလိုက်လျက် ဖုံးကွယ်ခြင်းစွမ်းအားကို ဖြတ်တောက်လိုက်သည်။

ချင်းနိုင်ဟယ်က ချက်ချင်းပြောလိုက်တော့သည်။

"မျှော်နန်းသခင်က တာအိုရဲ့ သန်မာတဲ့စွမ်းအားကို နားလည်သဘောပေါက်သွားပြီပဲ” လုကျိုးက လှည့်မေးလိုက်သည်။

"မင်း ခံစားမိတယ်လား” ချင်းနိုင်ဟယ်က ခေါင်းညိတ်ပြီး တလေးတစား ပြောလိုက်လေ၏။

"မျှော်နန်းသခင်ရဲ့ နည်းလမ်းတွေက တကယ် အံ့ဩဖို့ကောင်းတယ်” ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။

"ငါ ခံစားမိတယ်” ယွီကျန့်ဟိုင်က ပြောလိုက်သည်။ ယွီရှန်းရုန်က ခေါင်းညိတ်လိုက်၏။

"ကျွန်တော်ရောပဲ” တာအို၏ စွမ်းအားကို ခံစားမိရန် ဆရာသခင်တစ်ပါး ဖြစ်ရမည် သို့မဟုတ် ဆရာသခင်တစ်ပါး ဖြစ်လာဖို့ နီးစပ်ရမည်။ သို့သော် ယခုက ထိုအကြောင်းကို ဆွေးနွေးရမည့်အချိန် မဟုတ်ပေ။ ကျန်သည့်သူများအဖို့ အချိန်က သူတို့ဆီ မဖြတ်သန်းသွားသည်ဟု ထင်ရသည်။ အချိန်မကုန်ဆုံးသွားဟု ထင်ရ၏။ သူတို့ပြောတာကို နားထောင်ပြီး စိတ်ရှုပ်ထွေးသွားတော့သည်။ ဘာတွေဖြစ်ကုန်တာလဲ။ စိတ်ရှုပ်ထွေးဆုံးလူက ကျန့်သုံ့ရှန်းဖြစ်သည်။ သူက ထရပ်လိုက်လျက် ဖျက်ဆီးခြင်းတိုင်လုံးရှေ့ရှိ ရှင်းလင်းနေသော နေရာကို မော့ကြည့်ပြီး စိတ်ရှုပ်ထွေးသွားတော့သည်။

"သူတို့ သွားပြီလား”

"ဘယ်သူတွေလဲ” ကျူးဟုန်ကုန်းက မေးလိုက်၏။

"ချပ်ဝတ်နက် အစောင့်အရှောက်တွေ”

"ငါတို့ အရင်တစ်ခေါက်တွေ့တည်းက မင်းက လူကောင်းတစ်ယောက် မဟုတ်မှန်းသိတယ်။ ငါတို့နောက် လိုက်လာတဲ့အထိ ရဲတင်းလိမ့်မယ်လို့ မထင်ထားဘူး” ကျူးဟုန်ကုန်းက ပြောပြီးနောက် မေးလိုက်သည်။

"မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ”

ကျန့်သုံ့ရှန်းက ခေါင်းခါလိုက်လျက် လက်ဝေ့ယမ်းလိုက်၏။

"နားလည်မှုလွဲတာ နားလည်မှုလွဲတာပါ။ ကျွန်တော် ခင်ဗျားတို့နောက် မလိုက်ခဲ့ပါဘူး။ ဖင်းတန်ကနေ ဒီကို တန်းလာတာ။ ဒီမှာတွေ့လိမ့်မယ်လို့ မထင်ထားဘူး။ တကယ့်ရေစက်ပဲ” ကျန့်သုံ့ရှန်းက ပြောပြီးသည်နှင့် အားတင်းပြုံးလိုက်သည်။ အကြည့်များစွာနှင့် ဆုံတွေ့ချိန်၌ သူက အပြစ်မကင်းသလို ခံစားလိုက်ရ၏။ သူ စိုးရိမ်ပူပန်လွန်ပြီး လုကျိုးက တာအိုစွမ်းအားကို ထိန်းချုပ်နိုင်စွမ်းရှိတာကို ပြန်တွေးမိသွားသည်။ လုကျိုးက ကျန့်သုံ့ရှန်းကို စိုက်ကြည့်လျက် မေးလိုက်သည်။ "ချပ်ဝတ်နက် အစောင့်အရှောက်တွေအကြောင်း ကောင်းကောင်းသိလား”

"အမည်မသိ ကုန်းမြေထဲမှာ နေတုန်း သူတို့နဲ့ နှစ်ခေါက်လောက် တွေ့ဖူးတယ်။ သူတို့က မဟာလေဟာနယ်ထဲက အင်အားစုတွေထဲက တစ်ခုပဲ။ နှစ်ပေါင်းရာချီတိုင်းမှာ တစ်ကြိမ် မိုးနဲ့မြေရဲ့ ရတနာရင်းမြစ်တွေက ဖျက်ဆီးခြင်းတိုင်လုံးနားတစ်ဝိုက် ပေါ်ထွက်လာတတ်တယ်။ မဟာလေဟာနယ်က အင်အားစုတွေက အဲ့ဒီရတနာတွေကို စုဆောင်းဖို့ သူတို့လူတွေကို လွှတ်လိမ့်မယ်။ သူတို့ ဒီကိုရောက်နေတာ အဲ့ဒါကြောင့်ဖြစ်လိမ့်မယ်။ မဟာတာအိုသူတော်စင် ပါလာလိမ့်မယ်လို့ မထင်ထားရုံပဲ” ကျန့်သုံ့ရှန်းက ပြောလိုက်သည်။

"အစိမ်းရောင်ကျောက်စိမ်း စိတ်ဝိညာဉ်သဏ္ဌာန်က မဟာတာအိုသူတော်စင် ဟုတ်လား” လုကျိုးက မေးလိုက်၏။

"အမှန်ပဲ” ကျန့်သုံ့ရှန်းက ပြောလိုက်သည်။ မင်းရှစ်ရင်က ကျန့်သုံ့ရှန်းကို ဘေးကနေ တစ်ချက်ကြည့်လျက် ပြောလိုက်သည်။

"ဒီတော့ ခင်ဗျား ကျုပ်တို့ကို ကယ်လိုက်တယ်လို့ ပြောတာပေါ့”

"အဲလို ဆိုလိုတာမဟုတ်ဘူး” ကျန့်သုံ့ရှန်းက အနေခက်ကာ ပြောလိုက်သည်။ လုကျိုးက မေးလိုက်၏။

"ချပ်ဝတ်နက်အစောင့်နဲ့ ငွေရောင်ချပ်ဝတ်အစောင့်တွေကြား ဘာဆက်နွယ်မှုရှိလဲ” ထိုစဉ် ချင်းနိုင်ဟယ်က ပြောလိုက်သည်။

"မင်းရဲ့ စကားတွေအရ မဟာလေဟာနယ်ထဲမှာ အင်အားစုတစ်ခုထက်မက ရှိနေတာပဲ” လူတိုင်းက ခေါင်းညိတ်လိုက်၏။

"နှစ်ပေါင်းတစ်သိန်း ရှိသွားပြီလေ။ အရင်တုန်းက အသန်မာဆုံးလူတောင် နေရာကို အကြွင်းမဲ့ အုပ်စိုးထားနိုင်မှာ မဟုတ်ဘူး။ အင်အားစုတွေ ကွဲထွက်ကုန်တာ ပုံမှန်ပဲ” မင်းရှစ်ရင်က ပြောလိုက်၏။

လုကျိုးသည် မဟာလေဟာနယ်မှ လူများ ထွက်ခွာသွားရာဘက်ကို တစ်ချက်ကြည့်ပြီးနောက် နတ်ခြင်္သေ့ပေါ်တက်ကာ ရှန်းယန်၏ ဖျက်ဆီးခြင်းတိုင်လုံးဆီ ပျံသန်းသွားသည်။

ဝှစ် ဝှစ် ဝှစ်။

လူတိုင်းက အလျင်စလို ပျံသန်းလိုက်ပါသွားသည်။ ကျန့်သုံ့ရှန်းသည် တုံ့ဆိုင်းမှုအနည်းငယ်ကို တောင်းခံလျက် ကျန်သည့်သူများနောက် အမြန်လိုက်သွား၏။ သူတို့သည် ရှန်းရန်၏ ဖျက်ဆီးခြင်းတိုင်လုံးရှေ့ ရောက်ချိန်၌ လူတိုင်းက အံ့ဩတအံ့ဩ လှည့်ကြည့်လိုက်သည်။ ကြမ်းတမ်းခက်ထန်သားရဲ အသေကောင်များက ဖျက်ဆီးခြင်းတိုင်လုံးရှေ့၌ ပြုတ်ကျနေသည်။ လူအလောင်းများတောင် ရှိနေလေ၏။

"ငွေရောင်ချပ်ဝတ်အစောင့်တွေ”

"သူတို့က ငွေရောင်ချပ်ဝတ်အစောင့်တွေကိုတောင် သတ်တယ်လား”

မင်ရှစ်ရင်က ပြောလိုက်၏။

"ဒါဆို ဘိုးဘေးတွေက မလိမ်ခဲ့ဘူးပဲ။ လူတွေရှိတဲ့နေရာတိုင်း ပဋိပက္ခဖြစ်ပွားကြတာ”

ခုံဝမ်နှင့် ကျန်သည့်သူများသည် ပတ်ဝန်းကျင်ကို စစ်ဆေးရန် လှည့်ပတ်ကြည့်ပြီးနောက် မကြာမီ၌ ပြန်ရောက်လာသည်။ ခုံဝမ်က ဦးညွှတ်လျက် ပြောလိုက်သည်။

"မျှော်နန်းသခင် ငါးမိုင်အတွင်း ကြမ်းတမ်းခက်ထန်သားရဲတွေရဲ့ အလောင်းနဲ့ လူအလောင်းတွေ ပြည့်နေတယ်။ သေဆုံးသွားတဲ့ ငွေရောင်ချပ်ဝတ်အစောင့် ၃၀ နဲ့ အနက်ရောင်ချပ်ဝတ်အစောင့် ၅ ယောက် တွေ့ခဲ့တယ်။ ကြမ်းတမ်းခက်ထန်သားရဲတွေရဲ့ အသက်ဓာတ်နှလုံးသားအားလုံး အယူခံရပြီးပြီ”

မင်းရှစ်ရင်က သိချင်စိတ်ဖြင့် မေးလိုက်၏။

"သူတို့ ဒီမှာ ဘာလုပ်နေတာလဲ။ ဒါက တိုက်ခိုက်တာပဲလေ။ ဒီမှာ ဘာမှမှ မပေါက်တာ” လူတိုင်းက ဖျက်ဆီးခြင်းတိုင်လုံးကို ကြည့်လိုက်သည်။

"မဟာလေဟာနယ်က လူတွေဆီမှာပဲ ဒီမေးခွန်းအတွက် အဖြေရှိလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကောင်းတာပဲ။ သူတို့ကြားထဲ တိုက်ပွဲက ပြင်းထန်လေ ကျုပ်တို့အတွက် ပိုကောင်းလေပဲ” လုလီက သက်ပြင်းချပြီး ပြောလိုက်၏။

သူသည် အတွင်းပိုင်းပဋိပက္ခကြောင့် အနက်ရောင်မျှော်စင်အဖွဲ့အစည်း ကျဆုံးသွားရသည့် အချက်ကို တွေးမိသွားသည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းသည် အနက်ရောင်ကြာပန်းနယ်မြေထဲ၌ အလွန်မြင့်မားစွာ ရပ်တည်နိုင်ခဲ့သော်ငြား ယခင်ကကဲ့သို့ ဂုဏ်သိက္ခာမရှိတော့ပေ။ လုကျိုးက ပြောလိုက်၏။

"အစီအစဉ်အတိုင်း သွားမယ်” "ဟုတ်ကဲ့” လူတိုင်းသည် ဖျက်ဆီးခြင်းတိုင်လုံးထဲသို့ လုကျိုးနောက်မှ လိုက်လာသည်။ ယခင်အတွေ့အကြုံများဖြင့် သူတို့က လမ်းကို ရင်းနှီးနေပြီဖြစ်သည်။ သူတို့ ဝင်သွားသည်နှင့် ဖျက်ဆီးခြင်းတိုင်လုံးမှ အသိအမှတ်ပြုမှု ရအောင်ယူရန် ကြိုးစား၏။ အိပ်မက်များက လှပသော်ငြား လက်တွေ့က ကြမ်းတမ်းသည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ လူအများစုသည် ဖျက်ဆီးခြင်းတိုင်လုံးထဲရှိ အရံအတား ငြင်းဆန်တာ ခံခဲ့ရသည်။

ကျူးဟုန်ကုန်းက အရံအတားရှေ့ လျှောက်သွားပြီး ပြောလိုက်သည်။

"ဖင်းတန်က ဖျက်ဆီးခြင်းတိုင်လုံးဆီကနေ အသိအမှတ်ပြုမှု မရဘူးလို့ ခံစားမိခဲ့တယ်။ ဒါက ကျုပ်အတွက်ဆိုတာ သေချာတယ်” ကျူးဟုန်ကုန်းသည် လွင့်ထွက်သွားပြီး ပင်စည်နှင့် တိုက်မိကာ မြေပြင်ပေါ် ပြုတ်ကျသွားရှာသည်။

"အာ့” ကျူးဟုန်ကုန်းက နာကျင်စွာ အော်လိုက်၏။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ခင်ဗျားတို့အားလုံး အဆင်ပြေနေပြီး ကျုပ်ကျမှ ဘာလို့ အဲ့လောက်နာရတာလဲ” မင်းရှစ်ရင်က စိတ်လှုပ်ရှားသွားသည်။

"မင်းက ဖင်းတန်ရဲ့ ဖျက်ဆီးခြင်းတိုင်လုံးဆီက အသိအမှတ်ပြုမှု ရပြီးသားကြောင့်လေ”

လုကျိုးသည် အရံအတားအဆုံးသို့ လျှောက်သွားပြီး ညင်သာစွာ ထိလိုက်သည်။ လေထဲ၌ ဆူညံသံတစ်သံ ချက်ချင်း ပေါ်ထွက်လာ၏။ သူသည် ကောင်းကင်စွမ်းအားကို ထုတ်သုံးလိုက်ချိန် ဆူညံသံ ပျောက်သွားသည်။ ပြီးနောက် အရံအတားထဲ အလွယ်တကူ ဝင်သွားပြန်သည်။ ကျန့်သုံ့ရှန်းက အထိတ်တလန့် ဖြစ်သွားလေ၏။ "ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” လူတိုင်းက ကျန့်သုံ့ရှန်းကို အထင်တသေး ကြည့်လိုက်သည်။ ဘာမှ အံ့ဩစရာ မရှိပေ။ လုကျိုးသည် မဟာလေဟာနယ်မြေမျိုးစေ့များကို လေ့လာလိုက်၏။ ၎င်းက ကြမ်းတမ်းသန်စွမ်းပုံပေါ်ပြီး မြေဆီလွှာ မထိရသေးပေ။ ပြီးနောက် သူသည် လေးခုကို ယူပြီး ထုတ်လိုက်၏။

"ခုံဝမ် ဒါက မင်းနဲ့ မင်းညီအစ်ကိုတွေအတွက်” ခုံဝမ်က အပျော်လွန်သွား၏။ "နောက်ဆုံးတော့ ကျုပ်တို့အလှည့် ရောက်ပြီ” ကျန့်သုံ့ရှန်းက တံတွေးမျိုချပြီးနောက် ပြောလိုက်သည်။

"မဟာလေဟာနယ်မျိုးစေ့အတွက် လာတာလား”

"မင်း ဘယ်လိုထင်လဲ” လုကျိုးသည် နောက်ထပ်မျိုးစေ့တစ်ခုကို ယူကာ ကျောင်းဟုန်ဖူအတွက် သိမ်းထားလိုက်သည်။ ပြီးနောက် သူသည် အရံအတားထဲမှ ထွက်လာပြီး ကျန်သည့်သူများကို ပြောလိုက်၏။

"အချိန်မဖြုန်းကြနဲ့။ အသိအမှတ်ပြုမှုကို မြန်မြန်ရအောင်ယူ”

"ဟုတ်ကဲ့” လူတိုင်းက ခေါင်းညိတ်လိုက်၏။ ကျန့်သုံ့ရှန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

"အသိအမှတ်ပြုမှု ရချင်သေးတာလား”

"ပြဿနာရှိလို့လား” ကျူးဟုန်ကုန်းက မေးလိုက်၏။ "ပြတ်.. ပြဿနာ မရှိပါဘူး” ကျန့်သုံ့ရှန်းက ပြောလိုက်သည်။ သူ ကျူးဟုန်ကုန်းကို မှတ်မိပေ၏။ သူ့၏ဆရာက ကျူးဟုန်ကုန်းကို လေ့လာခိုင်းထားသည်။ သူက ထန်ခမ်းကို စီးတော်သားရဲအဖြစ် ရထားရုံသာမက ဖင်းတန်၏ ဖျက်ဆီးခြင်းတိုင်လုံးမှ အသိအမှတ်ပြုမှုလည်း ရထားသည်။ ထို့ကြောင့် ကျူးဟုန်ကုန်းသည် နောင်ကျ အောင်မြင်မှုတွေများစွာ ရမှာ သေချာသည်။ ထိုသို့သော လူအား ကပ်ရန် ကြိုးစားသင့်၏။ သူဘာသာသူ စဉ်းစားလိုက်သည်။ တိုင်လုံးဆီက အသိအမှတ်ပြုမှု ရနိုင်ဖို့ဆို သူက လူတစ်သောင်းမှာ တစ်ယောက်ပဲ။ သူက အထွတ်အထိပ်သက်ရှိ မဖြစ်လာရင်တောင် သူတော်စင်ဖြစ်လာဦးမှာ။

ဗီး

ကျောင်းယွီက အရံအတားထဲ ဝင်သွားပြီး သူမမျက်နှာထက်တွင် အံ့ဩပျော်ရွှင်သည့် အမူအရာ ပေါ်လာတော့သည်။

ကျန့်သုံ့ရှန်း “…”

…

အခန်း (၁၄၄၀) ကျစ်ရွှီ၏ ဖျက်ဆီးခြင်းတိုင်လုံး

ကျန့်သုံ့ရှန်းအနေနှင့် အတားအဆီးအလွှာထဲသို့ ဝင်ရောက်သွားသော ကျောင်းယွဲ့ကို မြင်ပြီးနောက် အလွန်အံ့သြသွားလေသည်။ သူ့မျက်နှာအထက် အံ့သြသွားသည့် အမူအရာများ ပေါ်လွင်နေသည်။ သူ ထိုအတားအဆီးအလွှာသည် အတုအယောင် ဖြစ်နေသလား သို့မဟုတ် မည်သူမဆို ဝင်နိုင်သလားဟု ချက်ချင်း တွေးမိသွားသည်။ ဖျက်ဆီးခြင်းတိုင်လုံးမှ အသိအမှတ်ပြုမှုကို ရယူနိုင်ဖို့ဆိုသည်မှာ မရှိနိုင်ကြောင်း သူ ခံစားလိုက်ရသည်။ သူသည် အမြင်မှားနေသည်ဟု ထင်လိုက်မိပြီး မျက်လုံးများကို ပွတ်သပ်ကာ ထပ်မံကြည့်လိုက်သည်။

ကျောင်းယွဲ့လည်း အံ့အားသင့်နေသည်။ သူမက အတားအဆီးအလွှာထဲမှ ထွက်လိုက်ပြီးနောက် ထပ်မံဝင်ကြည့်သည်။

ကျန့်သုံ့ရှန်းသည် မဆင်ခြင်ဘဲ အတားအဆီးအနီးသို့ လျှောက်သွားသည်။ သူ ထိလိုက်သည်နှင့် လျှပ်စစ်စီးကြောင်းများက သူ့ကို တိုက်ခိုက်လာသည်။ သူ ဝင်မရသည့်အတွက် အတားအဆီးအလွှာသည် အတုအယောင် မဟုတ်ပေ။

ထိုအခိုက်တွင် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက ကျောင်းယွဲ့ကို တစ်ဦးပြီး တစ်ဦး ဂုဏ်ပြုလာကြသည်။

“ဂုဏ်ယူပါတယ် ရှစ်မေ့”

“ဂုဏ်ယူပါတယ် ရှစ်ကျဲ … ”

“ဂုဏ်ယူပါတယ် ပဉ္စမမြောက် သခင်မလေး”

ကျောင်းယွဲ့၏ မျက်နှာအထက် ပျော်ရွှင်မှုများ ပေါ်လွင်နေပြီး သူမ ပတ်ဝန်းကျင်မှလူများကို ကျေးဇူးတင်စကား ပြောလိုက်သည်။ ကျုးဟုန်ကုန်းကဲ့သို့ပင် ဖျက်ဆီးခြင်းတိုင်လုံးမှ အသိအမှတ်ပြုမှု ရရှိသောအခါ သိသာသည့် လှုပ်ရှားမှုများစွာ မရှိပေ။ သူမ၏ မဟာလေဟာနယ်မျိုးစေ့ ပေါ်ထွက်မလာပေ။ အတားအဆီးအလွှာအတွင်းရှိ စွမ်းအင်သည် သူမကို လွှမ်းခြုံထားသည်ကိုသာ မှုန်ဝါးဝါး မြင်နိုင်သည်။

လူကျိုးက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ဖြစ်နိုင်သည်မှာ မဟာလေဟာနယ်မျိုးစေ့များ ပိုမိုသက်ဝင်လာသည်နှင့်အမျှ လှုပ်ရှားသက်ဝင်မှုသည် ယခင်ကလောက် မကြီးမားတော့ပေ။ သူ မျှော်လင့်ထားသည့်အတိုင်း အတားအဆီးအလွှာထဲရှိ မျိုးစေ့၏ စွမ်းအင် ပြောင်းလဲသွားသည်ကို သူ မြင်လိုက်ရသည်။ ဤအရာကို သူ တစ်ဦးတည်းသာ သတိထားမိသည်။ အမြင်စွမ်းအားကို အသက်သွင်းပြီးနောက်တွင် မျိုးစေ့၏ စွမ်းအင်သည် ကျောင်းယွဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကို သူ မြင်လိုက်ရသည်။ သူမ၏ စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်တွင် မဟာလေဟာနယ်မျိုးစေ့သည် လပြည့်ဝန်းကဲ့သို့ တောက်ပနေပြီး အတားအဆီးအလွှာအတွင်းရှိ စွမ်းအင်ကို စုပ်ယူကာ သူမ၏ မူလချီသွေးကြော ရှစ်ခုလုံးတွင် လည်ပတ်နေသည်။

“မျိုးစေ့က အသက်ဝင်သွားပြီ…”

လူကျိုးက သူ့တပည့်များကို ကြည့်လိုက်သည်။ အသက်ဝင်သွားသော မဟာလေဟာနယ်မျိုးစေ့များသည် လကဲ့သို့ တောက်ပနေသော်လည်း ၎င်းတို့၏ အရောင်များသည် အနည်းငယ် ကွဲပြားသည်။ သူသည် အရည်အသွေး ကွာခြားမှုကို ဖော်ပြခြင်း ဟုတ်၊ မဟုတ် တွေးမိသွားသည်။

အတားအဆီးအလွှာထဲရှိ အဆုံးမဲ့စွမ်းအင်များကို ကြည့်ပြီး လူကျိုးက သက်ပြင်းချလိုက်သည်။ လူသားများသည် စိတ်ခံစားမှုနှင့် ဆန္ဒများဖြင့် မွေးဖွားလာကြသည်။ သူတို့သည် ချစ်ခြင်းနှင့် မုန်းတီးခြင်း၊ မှန်ကန်ခြင်းနှင့် မှားယွင်းခြင်း၊ အဖြူနှင့် အမည်း၊ မိတ်ဆွေနှင့် ရန်သူတို့ကို ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်ကြသည်။ ဖျက်ဆီးခြင်းတိုင်လုံးများ၏ အဓိပ္ပာယ်ကား အဘယ်နည်း။

အချိန်သည် အလွန်မြန်ဆန်စွာ ကုန်ဆုံးသွားသည်။

ကျောင်းယွဲ့ အတားအဆီးအလွှာထဲမှ ထွက်လာသောအခါ လူကျိုးသည်လည်း သတိပြန်ဝင်လာသည်။ သူ အပေါ်သို့ ကြည့်လိုက်သော်လည်း မည်သည့် လှုပ်ရှားမှုကိုမှ မမြင်ရပေ။ ထို့နောက် သူက ပြောလိုက်လေသည်။

“သွားကြမယ်”

လူကျိုးသည် လှည့်ပြီး ထွက်သွားလေသည်။

အခြားသူများသည် သူ့နောက်သို့ အလျင်အမြန် လိုက်သွားကြ၏။

ဤသဲကန္တာရသည် တကယ်တော့ ကျင့်ကြံဖို့နှင့် အကြာကြီးနေထိုင်ရန် မသင့်တော်ပါ။ သို့သော်လည်း ရှန့်ယန်၏ ဖျက်ဆီးခြင်းတိုင်လုံးမှ ထွက်ခွာပြီးနောက် သူတို့သည် နောက်ထပ် သုံးရက်ကြာအောင် နေထိုင်ခဲ့ပြီး ကျောင်းဟုန်ဖု သင်္ကေတလမ်းကြောင်းကို ဆောက်လုပ်ပြီးမှသာ ထွက်ခွာခဲ့ကြသည်။

ထိုစဉ် သူတို့သည် အိုအေစစ်တစ်ခုကို ရှာတွေ့ပြီး အနားယူရန် အခြေချနေထိုင်ခဲ့ကြသည်။

ခုံဝမ်ကမူ မြေပုံကို ထောက်ပြပြီး ပြောလိုက်သည်။

“အပြင်ဘက်နယ်ပယ်မှာရှိတဲ့ ဖျက်ဆီးခြင်းတိုင်လုံးတွေ အားလုံးကို ကျွန်တော်တို့ သွားခဲ့ပြီးပြီ။ နောက်ထပ် ခြောက်ခု ကျန်သေးတယ်၊ အတွင်းပိုင်းနယ်ပယ်မှာ ငါးခု၊ အဓိကနယ်ပယ်မှာ တစ်ခုဖြစ်တဲ့ မဟာကမ်းလှမ်းချောက်နက်ကြီး။ အတွင်းပိုင်းနယ်ပယ်မှာ အနီးဆုံးတိုင်လုံးကတော့ ကျစ်ရွှီမှာ ရှိတယ်။ ကျစ်ရွှီကို သွားဖို့အတွက် ယွီကျုံးကို ပြန်သွားရမယ်”

ဤစကားကို ကြားသောအခါ မင်ရှစ်ရင်က မေးလိုက်သည်။

“ယွီကျုံးကို ပြန်သွားရမှာလား”

“ဟုတ်တယ်”

ခုံဝမ်က ခေါင်းညိတ်လိုက်သည်။

“ဒီလို အသွားအပြန်၊ ပတ်ပတ်လည် လည်နေရတာနဲ့ ဖျက်ဆီးခြင်းတိုင်လုံး ဆယ်ခုလုံးကို သွားဖို့ ဘယ်လောက်ကြာမလဲ” မင်ရှစ်ရင်က မေးလိုက်သည်။

သူတို့သည် အုပ်စုခွဲသွားမည်ဆိုလျှင် အချိန်များစွာ သက်သာမည်ဖြစ်သော်လည်း အလွန်အန္တရာယ်များသည်။ ထို့အပြင် သူတို့သည် မည်သူသည် မည်သည့် ဖျက်ဆီးခြင်းတိုင်လုံးမှ အသိအမှတ်ပြုမှု ရလိမ့်မည်ကို မသိကြပေ။ အကောင်းဆုံးနည်းလမ်းမှာ သူတို့ လက်ရှိလုပ်နေသည့်အတိုင်း အတူတကွ ခရီးသွားခြင်းပင် ဖြစ်သည်။

ထိုအချိန်တွင် ကျန့်သုံ့ရှန်းသည် လျှောက်လာပြီး မေးလိုက်သည်။

“ချန်းပေ့ ဖျက်ဆီးခြင်းတိုင်လုံးတိုင်းကို သွားတော့မယ်လို့ မပြောနဲ့နော်”

“စကားကို ဆင်ခြင်ပြော” မင်ရှစ်ရင်က သူ့ကို စိုက်ကြည့်လိုက်သည်။

ကျန့်သုံ့ရှန်းသည် ရှက်ရွံ့သော အမူအရာကို ပြသလာပြီး ပြောလိုက်သည်။

“ကျုပ် ပြောချင်တာကတော့ အတွင်းပိုင်းနယ်ပယ်က အလွန်အန္တရာယ်များတယ်။ အဲဒီက ဖျက်ဆီးခြင်းတိုင်လုံးတွေက ပိုတောင် အန္တရာယ်များသေးတယ်။ မဟာလေဟာနယ်က သူတော်စင်အဆင့်တွေနဲ့ ဖုတ်ကောင်ဘုရင်တွေကို လွယ်လွယ်တွက်လို့ မရဘူး”

လူကျိုးက ကျန့်သုံ့ရှန်းကို ကြည့်ပြီး မေးလိုက်သည်။

“ဖျက်ဆီးခြင်းတိုင်လုံးတွေအကြောင်း မင်း အများကြီး သိလား”

“နည်းနည်းပါပဲ” ကျန့်သုံ့ရှန်းက ပြန်ဖြေသည်။

“ငါတို့က အတွင်းပိုင်းနယ်ပယ်က တိုင်လုံးတွေဆီ သွားမလို့။ အကြံပေးစရာရှိလား” လူကျိုးက မေးလိုက်သည်။

“ကျုပ် အကြံကတော့ အဲဒီကို မသွားတာ အကောင်းဆုံးပါပဲ”

ကျန့်သုံ့ရှန်းက ပြောလိုက်သည်။

“ချန်းပေ့ရဲ့ ကျင့်ကြံမှုက နက်ရှိုင်းပြီး မဟာဆရာသခင်တစ်ယောက် ဖြစ်တယ်ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ အတွင်းပိုင်းနယ်ပယ်မှာ သူတော်စင်အဆင့်တွေမှသာ အသက်ရှင်နိုင်မှာပါ”

မင်ရှစ်ရင်က ခေါင်းခါပြီး ပြောလိုက်သည်။

“အစိမ်းရောင်ကြာနယ်မြေက ဆရာသခင်ဖြစ်တဲ့ ဖန်ကျုံးတောင် အမည်မသိကုန်းမြေကို ဖြတ်ပြီး အဓိကနယ်မြေကိုတောင် ဖြတ်သွားခဲ့သေးတယ်”

ကျန့်သုံ့ရှန်းက ပြောလိုက်သည်။

“သူက ကံကောင်းလို့ပါ။ ချန်းပေ့ရဲ့ တပည့်နှစ်ယောက်က ဖျက်ဆီးခြင်းတိုင်လုံးတွေက အသိအမှတ်ပြုခြင်းကို ရခဲ့ပြီးပြီဆိုတော့ သူတို့ရဲ့ အလားအလာက အကန့်အသတ် မရှိပါဘူး။ သူတို့ အထွတ်အထိပ်သက်ရှိ မဖြစ်နိုင်ရင်တောင် သူတော်စင်အဆင့်တွေ ဒါမှမဟုတ် မဟာ တာအိုသူတော်စင်အဆင့်တွေ ဖြစ်ဖို့အတွက် ဘာပြဿနာမှ မရှိပါဘူး။ အဲဒီအချိန်ကျမှ အတွင်းပိုင်းနယ်ပယ်ကို သွားရင် မနောက်ကျသေးပါဘူး”

“ငါက ဖျက်ဆီးခြင်းတိုင်လုံးတွေကို ချဉ်းကပ်ဖို့ ကောင်းတဲ့ နည်းဗျူဟာကို မေးနေတာပါ။ ငါ့ကို တားဆီးဖို့ ပြောနေတာမဟုတ်ဘူး”

လူကျိုးက ပြောလိုက်သည်။

ကျန့်သုံ့ရှန်း “ … ”

ကျုးဟုန်ကုန်းသည်လည်း ကျန့်သုံ့ရှန်းက အဓိပ္ပာယ်မရှိသော စကားများ ပြောနေသည်ဟု ခံစားရပြီး ဝင်ပြောလိုက်သည်။

“တကယ်လို့ အန္တရာယ်ရှိရင် လူတိုင်း ဘယ်လို ရှောင်ပြေးရမလဲဆိုတာ သိတယ်။ ကျွန်တော်တို့ကို သင်ပေးနေဖို့ မလိုဘူ”

ကျန့်သုံ့ရှန်းသည် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

“ချန်းပေ့တို့ အတင်းအကျပ် သွားမယ်ဆိုရင်တော့ ကျုပ် တစ်ခုတောင်းဆိုစရာ ရှိပါတယ်”

“ပြော”

“ကျုပ်က ချန်းပေ့တို့ကို သင်္ကေတလမ်းကြောင်းကနေ ခေါ်သွားနိုင်ပါတယ်။ ဒါပေမဲ့ မဟူရာမင်းသားက ကျုပ်အပိုင် ဖြစ်ရမယ်”

ကျန့်သုံ့ရှန်းက ပြောလိုက်သည်။

“မဟူရာမင်းသားလား”

ကျန့်သုံ့ရှန်းက ရှင်းပြလိုက်သည်။

“မဟူရာမင်းသားရဲ့ နာမည်က ဝမ်ဟိုင်ပါ။ သူက ဖုတ်ကောင်ဘုရင် ဆယ်ပါးထဲက တစ်ဦးပါ”

လူကျိုးက သံသယဖြင့် မေးလိုက်၏။

“ဖုတ်ကောင်ဘုရင်ကို ဘာလို့ လိုချင်တာလဲ”

မိစ္ဆာဝေဟင်မျှော်နန်းသည် ထိုသို့သော အရာများကို စိတ်မဝင်စားဘဲ အနည်းငယ် ရွံရှာကြသည်။

ကျန့်သုံ့ရှန်းက သက်ပြင်းချပြီး ပြောလိုက်သည်။

“အမည်မသိကုန်းမြေက အရမ်းအန္တရာယ်များတယ်။ အရေးကြီးတဲ့အချိန်မှာ အသက်ကယ်ဖို့ နည်းလမ်းတစ်ခု ရှိချင်ရုံပါပဲ”

လူတိုင်း၏ မျက်နှာတွင် သံသယနှင့် စိတ်ရှုပ်ထွေးမှုများ ရှိနေသည်ကို မြင်သောအခါ ကျန့်သုံ့ရှန်းက ဆက်လက်ပြောသည်။

“ဖုတ်ကောင်ဘုရင်ကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခု ကျုပ်မှာ ရှိပါတယ်။ ချန်းပေ့ စိတ်ပူစရာမလိုပါဘူး။ မဟူရာမင်းသားကို ကျုပ် ကိုင်တွယ်မယ်၊ ပြီးတော့ ချန်းပေ့တို့က ကြမ်းတမ်းတဲ့ သားရဲတွေကို ကိုင်တွယ်နိုင်ပါတယ်။ ချန်းပေ့တို့ သဘောတူမယ်ဆိုရင် ကျုပ် ခေါ်သွားပေးပါ့မယ်”

လူတိုင်းသည် လူကျိုးကို ကြည့်ပြီး သူ၏ ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။

ခဏတာ တိတ်ဆိတ်ပြီးနောက် လူကျိုးက ကျန့်သုံ့ရှန်းကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ကောင်းပြီ”

ကျန့်သုံ့ရှန်းက ခေါင်းညိတ်ပြီး သွားများကို တင်းတင်းကြိတ်ကာ ပြောလိုက်၏။

“ဒါဆို ကျုပ် ချန်းပေ့တို့နဲ့အတူ အသက်ကို ရင်းပြီး အဆုံးထိ လိုက်ပါမယ်။ ကျစ်ရွှီကို တန်းတန်းမတ်မတ် ဦးတည်တဲ့ သင်္ကေတလမ်းကြောင်းတစ်ခုကို သိထားပါတယ်”

မင်ရှစ်ရင်သည် ရှေ့သို့ ခုန်သွားပြီး ကျန့်သုံ့ရှန်း၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ ပြောလိုက်သည်။

“ကောင်စုတ် … ဒီလိုအရာတစ်ခုကို သိတယ်ဆိုတာ ဘာလို့ စောစောက မပြောတာလဲ”

ကျန့်သုံ့ရှန်း “ …. ”

ကျုးဟုန်ကုန်းသည် မင်ရှစ်ရင်ဘေးသို့ ရောက်လာသည်။ ထို့နောက် သူသည် လည်ချောင်းကို ရှင်းပြီး တံတောင်နှင့် မင်ရှစ်ရင်ကို တွန်းကာ တိုးတိုးလေးဖြင့် ပြောလိုက်သည်။

“သူက ဆရာသခင်နော်”

မင်ရှစ်ရင်က သူ၏လက်ကို လွှတ်လိုက်ပြီး ကျန့်သုံ့ရှန်း၏ အင်္ကျီပေါ်မှ ဖုန်များကို အမြန်ခါပေးရင်း ပြောလိုက်သည်။

“ညီအစ်ကို … ဒါက ကျွန်တော်တို့ ခင်မင်မှုကို ဖော်ပြတဲ့ နည်းလမ်းပဲ”

ကျန့်သုံ့ရှန်းက စိတ်မပါစွာ ရယ်မောပြီး ပြောသည်။

“ရပါတယ်၊ ရပါတယ် … ဘေးနည်းနည်းဖယ်ပေးလို့ ရမလား။ ဒီညီလေးကို မြင်မြင်ချင်းပဲ ကျုပ် တကယ် ခင်ချင်မိသွားတယ်။ ကျုပ်တို့ စကားပြောလို့ ရမလား”

ကျန့်သုံ့ရှန်းက ပြုံးကာ မင်ရှစ်ရင်ဘေးမှ ကျုးဟုန်ကုန်းဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။

ကျုးဟုန်ကုန်းသည် တုန်လှုပ်သွားပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်လေ၏။

“ဝေးဝေးသွား”

ကျန့်သုံ့ရှန်းသည် အကူအညီမဲ့စွာ ခေါင်းခါလိုက်သည်။ ထို့နောက် သူသည် လှည့်ပြီး ကျောင်းယွဲ့ဆီသို့ လျှောက်သွားသည်။ သူက သူမကို နှုတ်ဆက်ပြီး မေးလိုက်သည်။

“မိန်းကလေးကို ဘယ်လို ခေါ်ရမလဲ”

“အခု ကျုပ် နားလည်ပြီ .. ခင်ဗျားက ခေါင်းပုံဖြတ်သမားပဲ။ ဖျက်ဆီးခြင်းတိုင်လုံးတွေက အသိအမှတ်ပြုခြင်းခံရတဲ့သူတွေနဲ့ပဲ ရင်းနှီးချင်တာကိုး”

ခုံဝမ်က တိုက်ရိုက်ပြောလိုက်သည်။

ကျန့်သုံ့ရှန်းသည် ရှက်ရွံ့သော အမူအရာကို မျက်နှာပေါ်တွင် ပြသလိုက်သည်။

ခုံဝမ်က ရယ်မောပြီး ပြောလိုက်သည်။

“လျှို့ဝှက်ချက်တစ်ခု ပြောရမလား။ စတုတ္ထသခင်လေးကလည်း ဖျက်ဆီးခြင်းတိုင်လုံးကနေ အသိအမှတ်ပြုခြင်း ခံရတယ်”

“စတုတ္ထသခင်လေးလား”

ကျန့်သုံ့ရှန်းသည် လှည့်ပြီး မင်ရှစ်ရင်ကို ကြည့်လိုက်သည်။ မင်ရှစ်ရင်သည် သူ့ကို ကောက်ကျစ်သော အပြုံးနှင့်အတူ မကြိုက်သော အမူအရာတစ်ချို့နှင့် စိုက်ကြည့်နေသည်။

ခုံဝမ်သည် ဆက်လက်ကြွားဝါတော့မည့်အချိန်တွင် လုကျိုးသည် ထရပ်ပြီး လက်လှုပ်ကာ ပြောလိုက်သည်။

“တော်လောက်ပြီ … ရှေ့ကနေ လမ်းပြပါ”

ကျန့်သုံ့ရှန်းသည် အလျင်အမြန် ဦးညွှတ်လိုက်သည်။

“ဟုတ်ကဲ့”

ခဏတာ အနားယူပြီးနောက် ကျန့်သုံ့ရှန်းသည် အခြားသူများကို အရှေ့တောင်ဘက်သို့ ဦးဆောင်သွားသည်။

မိုင် ၃၀၀ ခန့် ခရီးသွားပြီးနောက် သူတို့သည် ရေဝပ်ဒေသတစ်ခုတွင် ဆင်းသက်လိုက်ကြသည်။ ထိုရေဝပ်ဒေသတွင် သင်္ကေတလမ်းကြောင်းတစ်ခု ပုန်းကွယ်နေသည်။

“ဝိုး၊ ဒီသင်္ကေတလမ်းကြောင်းက အရမ်းနက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေတာပဲ” မင်ရှစ်ရင်က မေးလိုက်သည်။

ကျန့်သုံ့ရှန်းက ရှင်းပြလိုက်သည်။

“မြေပြင်က ကွဲထွက်သွားပြီး မဟာလေဟာနယ် ပျောက်ကွယ်သွားတဲ့အခါ နယ်မြေကိုးခု မဖွဲ့စည်းမီက လူသားတွေဟာ အမည်မသိကုန်းမြေမှာ နေထိုင်ခဲ့ကြတယ်။ ဒါကြောင့် အဲဒီမှာ ကျန်ခဲ့တဲ့ အစီအရင်တွေနဲ့ သင်္ကေတလမ်းကြောင်းတွေ အများကြီး ရှိတယ်”

ကျန့်သုံ့ရှန်းသည် စကားပြောနေရင်း သင်္ကေတလမ်းကြောင်းအတွင်းနှင့် ပတ်ဝန်းကျင်မှ အမှိုက်များကို ရှင်းလင်းလိုက်သည်။

ကျောင်းဟုန်ဖုသည် ထိုအရာကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဒါက လူဆယ်ယောက်ကိုပဲ တစ်ကြိမ် ပို့ဆောင်နိုင်တယ်။ ဆိုလိုတာက ကျွန်မတို့ အုပ်စုသုံးစု ခွဲပြီး သွားရလိမ့်မယ်”

ကျန့်သုံ့ရှန်းက ကျောင်းဟုန်ဖုကို အံ့သြစွာဖြင့် ကြည့်လိုက်သည်။

“မင်းက သင်္ကေတလမ်းကြောင်းတွေအကြောင်း သိလား”

“နည်းနည်းပါပဲ”

လူကျိုးက ပြောလိုက်သည်။

“သွားကြစို့”

ကံကောင်းစွာဖြင့် မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့ဝင်များသည် ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သည် သင်္ကေတလမ်းကြောင်းများနှင့် ရင်းနှီးကြပြီး မည်သည့်ပြဿနာမှ မရှိခဲ့ပေ။

သုံးကြိမ် ကူးသန်းသွားလာပြီးသည့်နောက် လူတိုင်းသည် ကျစ်ရွှီသို့ ရောက်ရှိလာကြသည်။

သူတို့သည် ကျောက်ကမ်းပါးတစ်ခုအနီးတွင် ရပ်နေကြပြီး သူတို့မျက်စိရှေ့မှ မြင်ကွင်းသည် သူတို့ကို အံ့အားသင့်စေသည်။

ကျောက်ကမ်းပါးရှေ့တွင် ပျံသန်းနေသော သားရဲများနှင့် ကြမ်းတမ်းသော သားရဲမျိုးစုံ ရှိနေသည်။ လင်းယုန်၊ လွမ့်ငှက်၊ မြွေကြီးများ၊ မြင်းပျံများနှင့် အခြားသားရဲများစွာ ရှိသည်။

သားရဲများ စုဝေးရာ အဝေးတစ်နေရာတွင် နွယ်ပင်များ ရေတွက်မရနိုင်လောက်အောင် ကောင်းကင်ယံသို့ တိုးတက်နေပြီး ဖျက်ဆီးခြင်းတိုင်လုံးကို ဖုံးအုပ်ထားသည်ကို သူတို့ မြင်လိုက်ရသည်။

…

All Chapters