← Chapters

အခန်း (၁၄၁၇-၁၄၁၉)

Vol. 95 Ch. 1417-1419

အခန်း (၁၄၁၇-၁၄၁၉)

Vol. 95 Ch. 1417-1419

အခန်း (၁၄၁၇) ဖျက်ဆီးမှု မရှိဘဲ တည်ဆောက်မှု မရှိနိုင်

ချင်ရန်ယွဲ့သည် လုကျိုးကို အဆင်ခြင်မဲ့ မပြုမူဖို့ ဖျောင်းဖျချင်ခဲ့၏။ သို့သော်ငြား လုကျိုးသည် မဟာဆရာသခင်တစ်ပါးဆိုတာ သူ အမှတ်ရသွားသည်။ လုကျိုးက သူ၏ပြိုင်ဖက်ကို အနိုင်မယူနိုင်လျှင်တောင် ထွက်ပြေးလွတ်မြောက်ရန် ပြဿနာမရှိပေ။ ထို့အပြင် အမည်မသိကုန်းမြေ၏ ကျယ်ပြောမှုကြောင့် မဟာလေဟာနယ်၏လူများကိုလည်း ဖြေရှင်းရန် ပိုလွယ်ကူသည်။ အရေးကြီးဆုံးက အသက်ဓာတ်နှလုံးသားကဲ့သို့ အမည်မသိကုန်းမြေရှိ အရင်းအမြစ်များက အမည်မသိကုန်းမြေထဲတွင် ပိုကောင်းနေတာပဲ ဖြစ်သည်။

“အကြံကောင်းပဲ။ အမည်မသိကုန်းမြေထဲ သွားမယ်ဆိုရင် ဖျက်ဆီးခြင်းဧရိယာနဲ့ ဖျက်ဆီးခြင်းတိုင်လုံးတွေဆီ မသွားဘဲနေရင် အကောင်းဆုံးပဲ” ချင်ရန်ယွဲ့က နောက်ဆုံး၌ ပြောလိုက်လေ၏။

လုကျိုးက မေးလိုက်တော့သည်။ “ပင်မဧရိယာထဲက ကြမ်းတမ်းခက်ထန်သားရဲတွေရဲ့ အသက်ဓာတ်နှလုံးသားက ပိုကောင်းတာလား”

“...”

ချင်ရန်ယွဲ့သည် သူက ပင်မဧရိယာအကြောင်း ထည့်မပြောသင့်ဟု တွေးလိုက်၏။ မည်သို့ပင်ဆိုစေ သူက ပင်မဧရိယာအကြောင်း အမှန်အတိုင်း ပြောလိုက်တော့သည်။ “ဒါပေါ့”

“ကောင်းတယ်” လုကျိုးက ခေါင်းညိတ်လျက် ပြောလိုက်တော့သည်။

“...”

လုကျိုးသည် အပြင်ဖက်ရှိကောင်းကင်ကို မော့ကြည့်ပြီး ပြောလိုက်တော့သည်။ “ငါ ပြန်ဖို့အချိန်တန်ပြီ”

“ကောင်းပါပြီ” ချင်ရန်ယွဲ့သည် ယခုအခေါက်တွင် လုကျိုးကို မတားခဲ့ပေ။ လုကျိုးက လေ့ကျင့်ရေးခန်းမ အပြင်ဖက်သို့ ရောက်သည့်အချိန်တွင် သူက ပြောလိုက်၏။ “အစ်ကိုလု အစ်ကို့ရဲ့ဆုံးရှုံးမှုအတွက် စိတ်မ‌ကောင်းပါဘူး”

လုကျိုးသည် နောက်ပြန်လှည့်မလာသလို ဘာမှလည်းမပြောခဲ့ပေ။ လျှပ်တပြက်အတွင်း သူက မြင်ကွင်းထဲမှာ ပျောက်ကွယ်သွားလေ၏။

မှောင်ရီပျိုးပျအချိန်တွင်ဖြစ်သည်။ ရွှေကြာနယ်မြေထဲတွင်ဖြစ်၏။ တိမ်တိုက်များကြားတွင် သက်တံတစ်စင်း ပေါ်နေပြီး မြေပြင်ပေါ်ဖြာကျနေ၏။ မျှခြေမညီမျှမှုကြောင့် ဖြစ်ပေါ်လာသည့် ရှားပါးသော မြင်ကွင်းတစ်ခုပဲဖြစ်သည်။

လှိုင်းများက ကမ်းစပ်ကို ထပ်ခါတလဲလဲ ရိုက်မိနေကြသည်။ ကြောက်မက်ဖွယ် သွေးသံရဲရဲပင်လယ်ရေကို မတွေ့ရတော့ပေ။ ပင်လယ်သည် မူလသွင်ပြင်ကို ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်သည်။

ထိုစဉ် ကျင့်ကြံသူတစ်ခုက သက်တံကိုရှုစားနေကြစဉ် ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံလာတာကို တွေ့လိုက်မိ၏။ “ပင်လယ်ရေမျက်နှာပြင်ပေါ်မှ မူမမှန်တာ တွေ့မိသေးလား”

“ဟမ် မတွေ့မိပါဘူး”

“အရင်တုန်းက ပင်လယ်ရေမျက်နှာပြင်က နီနေတာ။ ဒါ ထူးဆန်းတာ မဟုတ်ဘူးလား”

ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူက ပြုံးလျက် ပြောလိုက်လေ၏။

“ဒါပေါ့ ထူးဆန်းတာပေါ့။ ဒါ့အပြင် ကျန်တာဘာရှိသေးလဲ”

“အင်း ပင်လယ်သားရဲတွေအများကြီးရဲ့ အသေကောင်တွေလည်းရှိတယ်။ အကြီးဆုံးက တောင်ဖက်ကို ဦးတည်သွားပြီ”

“ကျေးဇူးတင်ပါတယ်” ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူက လက်သီးဆုပ်မိုးလိုက်ပြီး ပြောလိုက်၏။

“ဒီအကြောင်း ဘာလို့မေးတာလဲ”

“ကံစမ်းချင်ရုံပါပဲ။ အသက်ဓာတ်နှလုံးသား ရှာဖို့မျှော်လင့်ချက်နဲ့ ကံစမ်းချင်ရုံပါပဲ” ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူက မေးလိုက်သည်။

လူတိုင်းက ခေါင်းညိတ်လိုက်၏။

ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူက မေးလိုက်ပြန်၏။

“ရွှေကြာနယ်မြေမှာ ကျင့်ကြံဆင့်အမြင့်ဆုံးက ဘယ်သူလဲ”

“မဖြစ်နိုင်တာ ညီအစ်ကို ဒီအကြောင်းကိုတောင် မသိဘူးလား”

ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူက ပြုံးပြီး ပြောလိုက်တော့သည်။ “တကယ်မသိဘူး”

ထိုစကားကို ကြားသောအခါ ကျင့်ကြံသူက သတိထားမိလိုက်ပြီး နောက်တစ်လှမ်း ဆုတ်လိုက်လေ၏။

“မင်း မသိဘူးလား”

ငွေရောင်ချပ်ဝတ်ဖြင့်လူသည် တစ်စုံတစ်ခု လွဲချော်နေသောကြောင့် မေးလိုက်တော့၏။

“ကျုပ် မသိတာ မှားနေတာလား”

“မင်းက နယ်ခြားသားလား”

ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူက ထိုသို့ပြောနေရတာ စိတ်မရှည်ဖြစ်လာသောကြောင့် လက်ကို ဝှေ့ယမ်းလိုက်ကာ ကနဦးချီကို ထုတ်လိုက်သည်။ ကျင့်ကြံသူများက ချက်ချင်း ဒူးထောက်ထိုင်ချလိုက်ပြီး ချွေးစေးများ ပြန်လာလေ၏။

“မေးခွန်းမေးနေတာ မင်းတို့ဖြေဖို့ပဲ လိုတယ်”

“မင်း မင်းက တကယ်နယ်ခြားသားပဲ။ တာ့ရန်ရဲ့အသန်မာဆုံး ကျင့်ကြံသူ ကျိချန်းပေ့ကိုတောင် မသိဘူး”

“ကျိချန်းပေ့လား” ငွေရောင်ချပ်ဝတ်ဖြင့်လူက စဉ်းစားဆင်ခြင်လျက်ပြောလိုက်သည်။ တချိန်တည်းတွင် သူက စိတ်ထဲ၌ ကြုံးဝါးနေမိ၏။ အကြီးအကဲကျန်း ခင်ဗျား ဘာလို့မလာတာလဲ။

အပြင်ဖက်တွင်မူ ငွေရောင်ချပ်ဝတ်ဖြင့်လူက ပြုံးလျက် ဆက်ပြောလိုက်သည်။ “အခု ကျိချန်းပေ့ ဘယ်မှာလဲ”

သူ ပြောပြီးလျှင်ပြောပြီးချင်း တစ်စုံတစ်ခုလွဲချော်နေတာကို သတိပြုမိသွားသည်။ သူ့ရှေ့၌ ဒူးထောက်နေသည့်လူများက ခေါင်းမော့လိုက်၏။ သို့သော် သူတို့၏အကြည့်များက သူ့အပေါ်တွင်မရှိဘဲ သူ့နောက်ရှိ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတယောက်ကို ကြည့်နေကြသည်။

တချိန်တည်းတွင် သူ့နောက်မှ အသံတစ်သံပေါ်ထွက်လာ၏။

“မင်းက ငါ့ရဲ့ရှစ်စွင်းကို ရှာနေတာလား”

ငွေရောင်ချပ်ဝတ်ဖြင့်လူက လှည့်လာကာ တအံ့တဩပြောလိုက်တော့သည်။ “မင်း မသိဘူးလား”

ဒူးထောက်နေသည့် ကျင့်ကြံသူများသည် သူတို့ရှေ့တွင် ရေများစိုရွဲနေသောလူ၏မျက်ဝန်းများက သတ်ဖြတ်လိုစိတ် ဖြာထွက်နေပြီး နဂါးသွဲ့ကျောက်ဓားမော့ကို ကိုင်ဆောင်ထားတာ တွေ့လိုက်ရ၏။ သူက မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်ကြီး ယွီကျန့်ဟိုင်ပဲဖြစ်သည်။

ယွီကျန့်ဟိုင်က မြန်ဆန်သည်။ သူက နဂါးသွဲ့ကျောက်ဓားမော့ကို လွှဲယမ်းပြီး ပေတစ်ထောင်ခန့်ရှည်သော စွမ်းအင်ဓားမော့ကို ထုတ်သုံးလိုက်သည်။

ဘန်း

ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်၏။ “မင်း ဘယ်လောက်ထိန်းထားနိုင်မလဲ ကြည့်ချင်သေးတယ်”

ပြီးနောက် ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူက လက်မြှောက်ပြီး လက်နှစ်ချောင်းဖြင့် စွမ်းအင်ဓားမော့ကို ဖမ်းလိုက်၏။

တိုက်ပွဲ စတင်ဖြစ်ပွားသည်နှင့် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားသည်။

“ပထမသခင်လေးပဲ”

“မိစ္ဆာဝေဟင်မျှော်နန်းက ပထမသခင်လေးပဲ”

“အသက်ကို ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ် ပထမသခင်လေး”

“တင်း ... ၁၅ယောက်၏ ကိုးကွယ်ယုံကြည်မှုခံရပါတယ်။ ဆုလာဘ် ၁၅မှတ်”

ယွီကျန့်ဟိုင်သည် ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူကို ဒေါသတကြီးကြည့်လျက် စွမ်းအင်ဓားမော့ဖြင့် ဖိချလိုက်သည်။

ကျွတ်

ထိုစဉ် ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူက သူ၏ကာကွယ်ရေးစွမ်းအင် ထိုးဖောက်ခံရမှန်း ရှာတွေ့သွား၏။ သူက လက်နှစ်ချောင်းကို အမြန်လှုပ်ရှားကာ အမူအရာကပြောင်းလဲသွားသည်။

ဘန်း

နှစ်ယောက်သား လူကွဲသွားလေ၏။

ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူသည် ပင်လယ်ရေမျက်နှာပြင်ပေါ် ဆင်းသက်လျက် ယွီကျန့်ဟိုင်ကို လေးနက်တည်ကြည်စွာ ကြည့်လိုက်သည်။

“မင်း ပိုသန်မာလာတာလား”

ဝှစ်

ယွီကျန့်ဟိုင်၏ အကြည့်၌ သတ်ဖြတ်လိုစိတ်များ ပိုမိုပြင်းထန်လာတော့သည်။ “အခု မင်းအတွက် နောက်ကျလွန်းသွားပြီ”

ဝှစ်

ယွီကျန့်ဟိုင်သည် ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူရှေ့ရောက်လာကာ မဟာအမှောင် ကောင်းကင်လက်ဝါးကို ထုတ်သုံးလိုက်၏။

ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူက သူ့လက်ကို တွန်းထုတ်လိုက်သည်။

ဖုန်း

လှိုင်းများက ကောင်းကင်ထဲ ချက်ချင်းဝေ့တက်လာ၏။

“ကောင်းတယ်။ ငါက အားနည်းတဲ့ပြိုင်ဘက်တွေ စိတ်မဝင်စားဘူး” ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူက ပြောပြီးတိုက်ခိုက်တော့သည်။

နှစ်ယောက်သားက ပင်လယ်‌ပေါ်တွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

ပင်လယ်ရေက ဝေ့တက်လာပြီး ပင်လယ်သားရဲများကလည်း ရေထဲမှ ခုန်တက်လာ၏။

ခဏအကြာတွင် ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူက မယုံနိုင်စွာ ထုတ်ပြောလိုက်သည်။

“မင်းရဲ့ဒုတိယမွေးဖွားစမ်းသပ်မှုကို တကယ်ဖြတ်ကျော်ခဲ့ပြီလား”

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

နှစ်ယောက်သားက ဆက်လက်တိုက်ခိုက်တော့သည်။

ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူက အင်မတန်အံ့ဩသွားလေ၏။ ဒုတိယမြောက်မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်နိုင်သည့်လူတစ်ယောက်၏ တိုက်ခိုက်ရေးခွန်အားက ပထမမွေးဖွားစမ်းသပ်မှုကိုသာ ကျော်ဖြတ်ထားရသည့်လူထက် ပိုသန်မာလာတာပဲဖြစ်သည်။

ခဏတာတိုက်ခိုက်ပြီးတာနောက် ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူက ရယ်မောပြီးပြောလိုက်တော့၏။

“ငါ ကစားလို့ဝပြီ။ မင်းက ဒုတိယမြောက်မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ခဲ့ပြီးပြီဆိုပေမဲ့ ပုရွတ်ဆိတ်တစ်ကောင်နဲ့ မခြားဘူး။ လက်လျှော့လိုက်တော့”

ဘီး

မွေးဖွားဇယား ၁၈ခုဖြင့် တလက်လက်တောက်ပသည့် ကြယ်တာရာဒိုင်ခွက်က ဝေဟင်ထဲတွင် ပေါ်လာ၏။

ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့မိသွားသည်။ “ဆရာသခင်လား”

“ကိစ္စတချို့စုံစမ်းစစ်ဆေးဖို့ ကျင့်ကြံဆင့်ကို ဖိနှိပ်ထားတာ။ ငါ ခွန်အားအပြည့်ထုတ်သုံးရတာ မင်း ဂုဏ်ယူသင့်တယ်” ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူက ပြောပြီး ယွီကျန့်ဟိုင်ဆီ လှစ်ခနဲ ပြေးပြီး သူ၏ကြယ်တာရာဒိုင်ခွက်ကို တွန်းထုတ်လိုက်သည်။

ဖုန်း ဖုန်း ဖုန်း ဖုန်း

ရေတိုင်များက ဝေဟင်ထဲ ချက်ချင်းမြှောက်တက်သွား၏။ ပိုအားနည်းသော ပင်လယ်သားရဲများ ချက်ချင်း အသတ်ခံလိုက်ရသည်။

ယွီကျန့်ဟိုင်က လေထဲလွင့်သွားသည်။ သူတို့၏ ခွန်အားကွာဟချက်က ကြီးမားလွန်း၏။ ပညာရှင်များအဖို့ ကွာဟချက် တစ်မီလီမီတာကတောင် ကြီးမားသည့် ကွာဟချက်တစ်ခု ဖြစ်စေနိုင်လေရာ ဤမျှများပြားသည့် မွေးဖွားဇယားချပ်များ ကွာဟနေဆိုလျှင် ပြောရန် မလိုအပ်တော့ပေ။

ကီလိုမီတာ ၁၀၀အတွင်း လှိုင်းများ ဝေဟင်ထဲ မြင့်တက်သွား၏။

ယွီကျန့်ဟိုင်၏ သွေးနှင့်ချီက ဆန်တက်လာသည်။ သူ၏စိတ်က သူနှင့် သူ့ပြိုင်ဖက်ကြား ခွန်အားကွာဟချက်ကို မည်သို့ကျော်လွှားရမည်ဟု တွေးမိသည်။ ပြီးနောက် သူ နဂါးသွဲ့ကျောက်ဓားမော့ကို ထုတ်လိုက်သည်။

နဂါးသွဲ့ကျောက်ဓားမော့သည် မရေမတွက်နိုင်သော စွမ်းအင်ဓားမော့များဖြင့် ရှေ့သို့တိုးသွားကာ မြို့ရိုးကဲ့သို့ ဧရာမလှိုင်းနှင့် ပေါင်းစည်းလိုက်၏။ ပြီးနောက် သူက တစ်ဖက်လှည့်ကာ ပျံသန်းသွားသည်။

“မင်း ထွက်သွားချင်တာလား”

ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူ၏ကိုယ်က အနက်ရောင်အလင်း လှစ်ခနဲပေါ်လာပြီး သူသည် စွမ်းအင်ဓားမော့နံရံကို ဖြတ်ကျော်လိုက်သည်။ သူ၏လက်ဖဝါးက ယွီကျန့်ဟိုင်၏ကျောပေါ် ကျရောက်တော့မည့် အချိန်တွင် ....

ဂျွတ်

ပင်လယ်ရေက ခဲသွားလေ၏။ ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူသည် ရေခဲရုပ်တုပမာ ခဲသွားတော့သည်။

ယွီကျန့်ဟိုင်၏ခြေထောက်က ရေခဲထဲမြှုပ်သွားသောကြောင့် မလှုပ်နိုင်တော့ပေ။ သို့သော် ရေခဲက သူ့ခြေထောက်ထိကျော်ပြီး မပြန့်သွားပေ။ သူ မော့ကြည့်လိုက်ချိန်တွင် ဝေဟင်ထဲမှ ဧရာမပုံရိပ်တစ်ခု ဆင်းသက်လာတာကို တွေ့လိုက်ရ၏။

လုဝူပေါ်၌ တွမ့်မူရှန်းရပ်နေကာ လက်ထဲတွင် နယ်ရှင်လှံကို ကိုင်ထားသည်။ သူ အောက်ငုံ့ကြည့်လိုက်ချိန် အမူအရာက ဝမ်းနည်းနေ၏။

“လုဝူလား။ စန်းရှစ်တိ” ယွီကျန့်ဟိုင်က တအံ့တဩပြောလိုက်သည်။

လုဝူက ကိုယ်ထည်က ကြီးသော်ငြား အလွန်မြန်ဆန်၏။ သူ ရေခဲနေသော ပင်လယ်ရေမျက်နှာပြင်ပေါ် ဆင်းသက်လျှင် ဆင်းသက်ခြင်း ၎င်းက ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူကို လက်ဖြင့် ရိုက်ချလိုက်၏။

ဖုန်း

ပြီးနောက် လုဝူက ခေါင်းငုံ့ပြီးနောက် နောက်ထပ် အေးခဲစေသော စွမ်းအင်ကို မှုတ်ထုတ်လိုက်၏။

ဂျွတ်

ပင်လယ်ရေက ဆက်လက်ခဲသွားလေ၏။ နောက်ဆုံး၌ လုဝူသည် ဆောင့်နင်းလိုက်သောအခါ ရေခဲကွဲသွားလေသည်။

ဘန်း ဘန်း ဘန်း

ထိုစဉ် ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူက ပင်လယ်ထဲမှ ပျံထွက်လာလျက် သွေးတစ်ပွက် အန်တော့သည်။

လုဝူက ရေခဲပေါ်နင်းလျက် ပျံသန်းသွားကာ ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူကို အစွယ်ပြလိုက်တော့၏။

တွမ့်မူရှန်းက ဒေါသတကြီးပြောလိုက်တော့သည်။ “ငါ့ရဲ့ရှစ်ရှိုးကို အနိုင်ကျင့်ရဲတယ်ပေါ့။ လုဝူ သူ့ကိုသတ်”

ဝေါင်း

လုဝူ၏ ဟိန်းသံသည် မိုးနှင့်မြေကို လှုပ်ခါသွား၏။

ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူက လှည့်လာကာ ဒေါသတကြီးပြောလိုက်တော့သည်။ “ငါ မင်းကို အရင်သတ်မယ်”

ငွေရောင်ချပ်ဝတ်ဖြင့် ကျင့်ကြံသူသည် လုဝူကြောင့် အသတ်ခံရလုနီးပါး အန္တရာယ်များခဲ့သဖြင့် သူသည် တွမ့်မူရှန်းကို ခုန်အုပ်လိုက်တော့သည်။

...

အခန်း (၁၄၁၈) စစ်မှန်သည့် ပါရမီရှင်

ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက လျှပ်စီးလိုမျိုး မြန်ဆန်လှသော်လည်း လုဝူကလည်း မြန်ဆန်ကာ သူ့တိုက်ခိုက်မှုများကလည်း တိကျလှ၏။ လုဝူက သူ့ပေါင်ကို ကိုက်လွှတ်လိုက်သည်။

ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက ရုတ်ချည်းဆိုသလို လှည့်လာကာ လက်ကိုအောက်ချပြီး သူ့ခြေထောက်ကို ဖြတ်ပစ်လိုက်သည်။ ထို့နောက် သူက တွမ့်မူရှန်းဆီ လျှပ်စီးလိုအလျင်ဖြင့် ပြေးဝင်သွားလေ၏။ လက်ဝါးက အနက်ရောင်အလင်းဖြင့် တောက်ပလာကာ မရဏလက်ဝါးသဖွယ် တွမ့်မူရှန်းကို ရိုက်လွှတ်လိုက်သည်။

တွမ့်မူရှန်းက အံ့အားသင့်သွားလေ၏။ သူက နယ်ရှင်လှံကို အလျင်အမြန်ကိုင်ဆွဲကာ ရေပြင်ညီအတိုင်း ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူ့မျက်ဝန်းက ခရမ်းရောင်အလင်းတောက်ပလာကာ ခရမ်းရောင်နဂါးနှစ်ကောင်က ထွက်ပေါ်လာသည်။

ဝုန်း

တွမ့်မူရှန်းက နောက်သို့ လွင့်စဉ်သွားလေ၏။ နယ်ရှင်လှံက သူ့ရင်ဘတ်ကို ထိမှန်သွားသည့်အခါ သူ့ရင်ဘတ်က ထုံထိုင်းနေလေသည်။ တစ်ချိန်တည်းဆိုသလို ခရမ်းရောင်နဂါးနှစ်ကောင်ကလည်း သူ့ခန္ဓာကိုယ်က စုံချည်ဆန်ချည် ကူးခတ်နေပြီး ဖရိုဖရဲဖြစ်နေသည့် အနက်ရောင်စွမ်းအားများကို ဖယ်ရှားပေးနေသည်။

ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက တအံ့တဩရေရွတ်လိုက်၏။

“အမည်မသိကုန်းမြေက တိုက်စားနိုင်စွမ်းရှိတဲ့ စွမ်းအင်လား”

ငွေရောင်ချပ်ဝတ်ကျင့်ကြံသူ၏ နောက်မှ အသံတစ်သံ ထွက်ပေါ်လာလေ၏။

“ကြည့်ရတာ မင်းက သေခြင်းတရားကို မကြောက်တဲ့ပုံပဲ”

ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားပြီး အဆိုးခံစားချက်တို့ ကြီးစိုးလာသည်။ သူက လှည့်ကြည့်လိုက်သည့်အခါ လုဝူက သူ့ကို အပေါ်မှ ငုံ့ကြည့်နေသည်ကို မြင်လိုက်ရသည်။ လျှပ်စီးလိုအလျင်မျိုးဖြင့် လုဝူက သူ့ကျန်ရှိနေသည့် ခြေထောက်ကို ပိုင်းဖြတ်လိုက်သည်။

လုဝူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။

“မဟာလေဟာနယ်က အရသာကို မခံစားရတာတောင် ကြာပြီ”

ဝှစ်

ငွေရောင်ချပ်ဝတ်ကျင့်ကြံသူ၏ ခန္ဓာကိုယ်အနှံ့ အကြောက်တရားတို့ ပျံ့ဝင်လာလေ၏။ သူက လှုပ်ရှားလိုသော်လည်း မလှုပ်ရှားနိုင်တော့ကြောင်း တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် လုဝူ သူ့ကို ကိုက်သည်ကိုသာ ခွင့်ပြုထားရလေသည်။

အဆုံးသတ်၌ ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက လုဝူ၏ ပါးစပ်၌ အဆုံးသတ်သွားသည်။ ထိုအရာက ကျင့်ကြံသူကို ဝါးစားရင်း သူ့မျက်နှာအထက် ပျော်ရွှင်သည့် အရိပ်အယောင်တို့ ပြသနေသည်။

အရသာရှိသော အသားအပိုင်းအစကို စားလိုက်ရသလိုမျိုး ဖြစ်နေလေ၏။ ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှ အသက်ဓာတ်တို့က သူ့ပါးစပ်ထဲ စီးဝင်လာကာ သက်တောင့်သက်သာဖြစ်လာစေသည်။

ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွားသည့်အချိန်တိုင်း သွေးတို့က သူ့ခန္ဓာကိုယ်မှ အပြင်းအထန် ထွက်ပေါ်လာလေသည်။ ဤသည်က လုဝူ သူ့ကို မဝါးမျိုခင်အထိ ဆက်တိုက် ဖြစ်နေခဲ့၏။

လုဝူက ကြီးကျယ်ခမ်းနားစွာ ခေါင်းကိုမော့လိုက်သည်။

သူ့ခန္ဓာကိုယ်၏ အမွေးအမျှင်များက အပ်များသဖွယ်ဖြစ်နေပြီး သက်တံအလင်းအောက်တွင် တောက်ပနေလေသည်။ ထို့နောက် ထိုအရာက ယွီကျန့်ဟိုင်နှင့် တွမ့်မူရှန်းတို့ကို ကြည့်လိုက်၏။

ထို့နောက် သူက ပျင်းရိသည့်အမူအရာဖြင့် နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။

“သူက သွားကြားတောင် မညပ်ဘူး”

သားရဲဧကရာဇ်လုဝူအတွက် လူသားများက အမှန်တကယ် သေးငယ်လွန်းလှသည်။ ထိုအရာက လူသားများကို အစားအစာအဖြစ် မှတ်ယူပါက လူသားများသည် သူ့သွားကြားပင်ညပ်မည် မဟုတ်ပေ။

တွမ့်မူရှန်းက အသက်ပြင်းပြင်းရှူလိုက်သည်။ ခရမ်းရောင်နဂါးများ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် သူက ပြောလိုက်၏။

“မင်း လူသားတွေကို မစားဘူးလို့ ထင်နေတာ”

“အဓိပ္ပာယ်မရှိတာတွေ” လုဝူက ပြောလိုက်သည်။

ယွီကျန့်ဟိုင်က စွမ်းအင်စည်းတံဆိပ်များ သူ့ခန္ဓာကိုယ်အထက် ပေါ်ထွက်လာကာ ခန္ဓာကိုယ်ပေါ်မှ ရေများကို အငွေ့ပျံစေလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

“ကံကောင်းလို့ မင်း အချိန်မီ ရောက်လာတာ”

တွမ့်မူရှန်းက ယွီကျန့်ဟိုင်ကို ကြည့်ကာ မေးလိုက်သည်။

“တာ့ရှစ်ရှိုး ချီရှစ်တိ သေသွားတယ်လို့ ကြားတယ်”

ယွီကျန့်ဟိုင်၏ အမူအရာက အေးခဲသွားလေသည်။ ထို့နောက် သူက သက်ပြင်းချလိုက်သည့်အတွက် တွမ့်မူရှန်း၏ မေးခွန်းကို ဖြေပေးသလိုသာ ဖြစ်နေသည်။

တွမ့်မူရှန်းက အဆုံးမဲ့ပင်လယ်ကို လှမ်းကြည့်လိုက်သည်။ တိုက်ခိုက်လိုစိတ်ကလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။ ထို့နောက် သူက လေထဲ ဒူးထောက်ကာ အပြင်းအထန်ကို ရွေးလိုက်သည်။

ယွီကျန့်ဟိုင်က တွမ့်မူရှန်းကို မတားဆီးခဲ့ပေ။ ထို့နောက် သူက တွမ့်မူရှန်းဘေးနားသွားကာ ပုခုံးကို အသာပုတ်ပေးလိုက်သည်။

နှစ်ဦးသားက အဆုံးမဲ့ပင်လယ်ကို ကြည့်နေပြီး အချိန်အတော်ကြာ ဘာမှမပြောခဲ့ကြပေ။

လူက ထိုသူနှစ်ဦး၏ နောက်တွင် ထိုင်နေပြီး စကားမဆိုဘဲ အရှေ့ဖက်နေရာကိုသာ လှမ်းကြည့်နေလေ၏။

အနောက်ဖက်တွင် နေဝင်လုနီးပါးဖြစ်နေပြီး တိမ်မဲများကြားမှ ထွက်ပေါ်နေသည့် အလင်းတန်းက ပျောက်ကွယ်သွားလေသည်။

……………………………………….

မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဖက်မျှော်နန်းဆောင်

လုကျိုးက သူ ပြန်လာပြီးသည့်နောက်တွင် စနစ်ဆီမှ လက်ခံရရှိသည့် သတင်းအသိပေးချက်ကြောင့် တွေဝေနေမိသည်။ သူက ကျူးဟုန်ကုန်းကို ဘာမှမကောင်းဘူးဟု ထင်မိပြီး အမြင်စွမ်းအားဖြင့် သူ့ကို ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း မည်သူကမှ ကျူးဟုန်ကုန်းကို ကိုးကွယ်နေသည်ကို မတွေ့လိုက်ရပေ။ အဝါရောင်ကြာနယ်မြေက အတော်လေး တည်ငြိမ်နေလေ၏။

ကြည့်ရသည်မှာ ခက်ထန်သားရဲများက ရှိမနေဘဲ ယေဘုယျစွမ်းအားက သိပ်မပြင်းလှပေ။ မျှခြေထိန်းညှိဖို့အတွက် မဟာလေဟာနယ်မှ လူများကမူ အစိမ်းရောင်ကြာနယ်မြေဆီ အလျင်စလို ပြေးသွားကြမည် မဟုတ်ပေ။

ထို့နောက် လုကျိုးက ကျောင်းယွဲ့ကို စစ်ဆေးကြည့်လိုက်သည်။ သူမက နန်းတော်နှင့် အလုပ်များနေပြီး မည်သူကမှလည်း သူမကို ဝပ်တွားနေခြင်း မရှိပေ။

တခြားသောသူများက မိစ္ဆာဝေဟင်မျှော်နန်းအတွင်း ရှိနေကြသည့်အတွက် အသိပေးချက်က သူတို့ဆီမှ ရောက်ရှိလာခြင်း မဖြစ်နိုင်ပေ။

ဤသို့ဖြင့် လုကျိုးက တွမ့်မူရှန်းကို စစ်ဆေးကြည့်လိုက်၏။ သူက ပင်လယ်ထဲ အလောင်းများစွာ ပုံနေသည်ကို မြင်ပြီး သွေးက ကမ်းခြေကို သွေးနီရောင်ပြောင်းလဲသွားစေသည်ကို မြင်သည့်အခါ သူက အဖြစ်အပျက်ကို နားလည်သွားသည်။

ထို့နောက် သူက အမြင်စွမ်းအားကို ဖြတ်တောက်လိုက်၏။ ထို့နောက် သူက မတည်မြဲခြင်းတိုင်လုံးကို ဆင့်ခေါ်ကာ အဆတစ်ထောင် မြန်ဆန်စေလိုက်သည်။ ထို့နောက် သူက ကောင်းကင်ကျမ်းစွမ်းအားကို ဆက်လက် ဆင်ခြင်လိုက်၏။ သူက သက္ကတကျမ်းကို ဆက်လက်မစူးစမ်းတော့ပေ။ ထိုအရာက ထူးဆန်းလွန်းလှပြီး တန်ပြန်သက်ရောက်မှုကြီးကြီးမားမား ဖြစ်လာစေနိုင်သည်။ သူက ဘာမှမဖြစ်ပျက်ခဲ့သည်မှာ ကံကောင်းလွန်းလှပြီဖြစ်၏။

ချန်ဖုပြောတာက ဟုတ်တယ်။ ပြန်လည်အသက်သွင်းရေးစာလိပ်ကို ထိန်းချုပ်ဖို့ဆိုတာက အတော်လေးကို ခက်ခဲတယ်။ တကယ်လို့ ငါသာ ဂရုမစိုက်ဘူးဆိုရင် ကောင်းကင်ဘုံက အပြစ်ပေးခံရနိုင်တယ်…

အတိတ်တုန်းက လုကျိုးသည် အတော်လေး မသိတတ်ခဲ့ပေ။ သို့သော် ယခုတွင် သူက အစပြုလိုက်ရပြီ ဖြစ်၏။ အကယ်၍ သူသာ မဟာလေဟာနယ်နှင့် ထိပ်တိုက်ရင်ဆိုင်လိုပါက လုံလုံလောက်လောက် အင်အားရှိထားရမည်။

“မွေးဖွားဇယားချပ် ၁၈ခုက လုံလောက်တာထက် အလှမ်းဝေးနေသေးတယ်”

သူက သူ့စွမ်းအားနှင့် မိစ္ဆာဝေဟင်မျှော်နန်း၏ စွမ်းအားကို မြှင့်တင်ရလိမ့်မည်။

…………………..

နောက်တစ်ရက် မနက်ခင်း

တွမ့်မူရှန်းနှင့် ယွီကျန့်ဟိုင်တို့က အရှေ့ဖက်မျှော်နန်းဆောင်ရှေ့သို့ ရောက်ရှိလာလေ၏။

“ရှစ်စွင်းကို ဂါရဝပြုပါတယ်”

လုကျိုးက မျက်လုံးဖွင့်ကာ ပြောလိုက်သည်။

“အထဲဝင်ခဲ့ကြ”

နှစ်ဦးသားက ခန်းမထဲ ဝင်ရောက်လိုက်ကြ၏။ သူတို့က သူတို့၏ ရှစ်စွင်း မြေပြင်ပေါ် တင်ပျဉ်ခွေထိုင်နေသည်ကို မြင်သည့်အခါ ဦးညွှတ်လိုက်ကြသည်။

လုကျိုးက နှစ်ဦးသားကို ကြည့်ပြီးသည့်နောက်တွင် သူတို့၏ ကျင့်ကြံဆင့်ကို ခံစားမိပြီး မေးလိုက်သည်။

“မြူခိုးတောအုပ်ရဲ့ အခြေအနေက ဘယ်လိုလဲ”

တွမ့်မူရှန်းက မှုန်မှိုင်းစွာဖြင့် ပြန်ဖြေလိုက်သည်။

“လုဝူရှိနေတော့ ကိစ္စတွေက တည်ငြိမ်နေပါသေးတယ်။ ခက်ထန်သားရဲအရေအတွက်ကတော့ တိုးပွားလာနေတယ်”

လုကျိုးက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံဆင့်ကရော ဘယ်လိုလဲ”

“ကျွန်တော် တိုးတက်လာပါတယ်။ ကျွန်တော် လုဝူရဲ့ တိုက်ကွက်တွေကို နည်းနည်းလောက် တောင့်ခံနိုင်ပြီ” တွမ့်မူရှန်းက ပြန်ပြောလိုက်သည်။

“လုဝူရဲ့ တိုက်ကွက်တွေကို တောင့်ခံနိုင်တယ်ဆိုတော့ မဆိုးဘူးပဲ။ ကျင့်ကြံရေးလမ်းစဉ်က အတော်လေး ထူးကဲတယ်။ မင်းက ပွင့်ချပ်တွေကို ထွက်အောင်လုပ်ရမယ်ဆိုတာလည်း မှတ်ထားဦး” လုကျိုးက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ထို့နောက် လုကျိုးက ယွီကျန့်ဟိုင်ကို ကြည့်ကာ မေးလိုက်သည်။

“မင်းတို့ မဟာလေဟာနယ်က တစ်ယောက်နဲ့ တွေ့ခဲ့တာလား”

ယွီကျန့်ဟိုင်က အံ့အားသင့်သွားလေ၏။ ထို့နောက် သူက အလျင်အမြန် ပြောလိုက်သည်။

“ကျွန်တော်က သူ့အတွက် ပြိုင်ဘက် မဟုတ်ဘူး။ ကံကောင်းတာက စန်းရှစ်တိနဲ့ လုဝူတို့က အချိန်မီရောက်လာခဲ့လို့ပါ”

“ငါ မင်းကို အပြစ်မတင်ပါဘူး” လုကျိုးက ခေါင်းယမ်းကာ ပြောလိုက်သည်။ သူက စီးဝူယာ့အကြောင်းတွေးကာ သက်ပြင်းချလိုက်၏။ ဤကမ္ဘာကြီးကို ကူးပြောင်းလာသူအနေဖြင့် ပစ္စည်းများအပြင် သူ့တွင် တပည့်များသာ ရှိလေသည်။ သူက တစ်ယောက်ကို ဆုံးရှုံးပြီးပြီဖြစ်ကာ နောက်တစ်ယောက်ကို ဆုံးရှုံးခံနိုင်မည်နည်း။

ယွီကျန့်ဟိုင်က အံကြိတ်ကာ ပြောလိုက်သည်။

“ကျွန်တော် မစွန့်စားခဲ့သင့်ဘူး။ ဒါပေမဲ့ ဒီနှစ်ပြီးတဲ့နောက်မှာ ကျွန်တော် အရင်ကထက်ပိုပြီး ကြိုးစားပါ့မယ်။ သွေးကြွေးကို သွေးနဲ့ပဲ ပြန်ဆပ်လို့ရမယ်”

လုကျိုးက ပြောလိုက်သည်။

“ကြည့်ရတာ ငါ အဲဒီတုန်းက တပည့်တွေကို လက်မခံခဲ့သင့်ဘူး ထင်တယ်”

ဘန်း ဘန်း ဘန်း

တွမ့်မူရှန်းက လှံကို တုန်လှုပ်စွာဖြင့် လွှတ်ချလိုက်သည်။ ထို့နောက် တပည့်နှစ်ဦးက ဒူးထောက်ကာ ဝပ်တွားလိုက်ကြ၏။

“ဘာလို့ အဲ့လိုပြောရတာလဲ”

နှစ်ဦးသားက သူတို့ တစ်စုံတစ်ခု မှားယွင်းတာ လုပ်မိသည်ဟု တွေးမိခဲ့ကြသည်။

သူ့တပည့်များဆီမှ လေးနက်မှု မြင်သည့်အခါ လုကျိုးက လက်ဝှေ့ပြီး ပြောလိုက်သည်။

“ထကြ”

နှစ်ဦးသားက ထရပ်လိုက်ကြသည်။

သက်ပြင်းချလိုက်၏။

“မင်းတို့အားလုံးက ငါ့ဆီ ဒါမှမဟုတ် မိစ္ဆာဝေဟင်မျှော်နန်းဆီ ရောက်မလာဘူးဆိုရင် ပိုပြီး ကောင်းတဲ့ဘဝမှာ နေရလောက်တယ်။ အခုတော့ မင်းတို့အားလုံးက မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ရောက်လာပြီးတဲ့နောက်မှာ အန္တရာယ်တွေနဲ့ ထပ်ခါထပ်ခါ တွေ့နေရတယ်”

ယွီကျန့်ဟိုင်က ဒူးထောက်ကာ ပြောလိုက်သည်။

“ရှစ်စွင်း ဘယ်လိုပဲပြောပြော ကျွန်တော်က မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်သွားမှာ မဟုတ်ဘူး”

တွမ့်မူရှန်းကလည်း ဒူးထောက်လိုက်သည်။

လုကျိုးကလည်း သက်ပြင်းချလိုက်၏။ ဤကျယ်ပြောလှသည့်ကမ္ဘာထဲ ပြောဆိုနိုင်သည့်သူကို ရှာတွေ့ဖို့ရာခက်ခဲလှသည်။ သူက အတော်လေး ကူကယ်ရာမဲ့နေမိ၏။ နေ့စဉ်နေ့တိုင်း သူ နိုးထလာသည့်အခါ သူ့အပေါ်မှီခိုနေသည့်သူများကိုသာ မြင်နေရသည်။ သူ မှီခိုနိုင်သည့်သူက မည်သည့်နေရာတွင် ရှိမည်နည်း။

သူက လဲကျသွား၍ မရပေ။ သူက ဆက်လက် မတ်မတ်သာ ရပ်ထားရလိမ့်မည်။

စိတ်ငြိမ်အောင်ထိန်းပြီးသည့်နောက်တွင် လုကျိုးက လက်ဝှေ့ကာ ပြောလိုက်သည်။

“မင်းတို့ သွားလို့ရပြီ”

နှစ်ဦးသားက ဦးညွှတ်ကာ ထွက်ခွာသွားကြ၏။ သူတို့က ခန်းမထဲမှ ထွက်ခွာသွားတော့မည့်ဆဲဆဲတွင်

“ယွီကျန့်ဟိုင်” လုကျိုးက ခေါ်လိုက်သည်။

ယွီကျန့်ဟိုင်က ချက်ချင်းရပ်လိုက်၏။

လုကျိုးက ပြောလိုက်သည်။

“မဟာလေဟာနယ်ကို သူတို့လုပ်ခဲ့တဲ့အရာတိုင်းအတွက် အစကနေ ပြန်ပြီး ပေးဆပ်ခိုင်းမှာ”

ထိုအရာကို ကြားကာ ယွီကျန့်ဟိုင်က လက်သီးဆုပ်ပြီး မျက်ဝန်းများက နီရဲလာလေ၏။

…………………………………………….

လဝက်ခန့်ကြာမြင့်ပြီးသည့်နောက် မိစ္ဆာဝေဟင်မျှော်နန်းက ယခင်ထက်ပင် ပိုမိုတိတ်ဆိတ်နေလေသည်။

စီးဝူယာ့၏ သေဆုံးမှုကြောင့် အားလုံးက အတော်လေး အလေးအနက် ဖြစ်နေကြသည်။

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ကလည်း လွတ်လွတ်လပ်လပ် စကားမပြောကြတော့ပေ။

အကြီးအကဲလေးဦးကလည်း ကျင့်ကြံရေးအပေါ်ကိုသာ အာရုံစိုက်နေကြ၏။

တပည့်များအနက် အမြဲလိုလို ကစားနေလေ့ရှိသည့် ရှောင်ယွမ်အာပင် အံ့အားသင့်ဖို့ကောင်းသည့် အာရုံစိုက်မှုတို့ကို ပြသနေလေသည်။ သူက လဝက်ခန့် သူမအခန်းထဲမှ ထွက်လာခြင်း မရှိပေ။

မနက်ခင်း၌

ကောင်းကင်က အလင်းရောင်ဖြာကျနေစဉ် အမျိုးသမီးတပည့်တစ်ဦးက အရှေ့ဖက်မျှော်နန်းဆောင်ဆီ ရောက်ရှိလာလေသည်။ သူမက ပြောလိုက်၏။

“မျှော်နန်းသခင် နဝမသခင်မလေးက သူ ပထမမွေးဖွားစမ်းသပ်ချက်ကို အောင်မြင်သွားတယ်ဆိုတဲ့ သတင်းကို ပါးဖို့ စေလွှတ်လိုက်တာပါ”

“ကောင်းပြီ” လုကျိုး၏ အသံက ခန်းမထဲမှ ပျံ့လွင့်လာသည်။

အမျိုးသမီးကျင့်ကြံသူ ထွက်သွားပြီးသည့်နောက်တွင် သူမက နေ့ခင်းဘက်၌ ထပ်မံပြန်လည်ရောက်ရှိလာသည်။

“ဘာကိစ္စလဲ”

တပည့်က ထပ်မံပြောလိုက်၏။

“နဝမသခင်မလေးက သူမရဲ့ ၇ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးသွားပါပြီ”

“ကောင်းပြီ” လုကျိုးက အံ့အားသင့်ခြင်း မရှိပေ။

သူ့တပည့်များအားလုံးအနက် ရှောင်ယွမ်အာက ပါရမီအထူးကဲဆုံး ဖြစ်၏။ ထို့အပြင် သူမ၏ ငယ်ရွယ်မှုနှင့် မသိတတ်မှုတို့ကြောင့် သူမသည် စိတ်ရှုပ်ထွေးစရာ အတွေးများစွာ မရှိပေ။ သူမသည် သာမန်အကျဆုံးဖြစ်နေဟန်ပေါ်သော်လည်း ကောင်းကင်ဘုံက သူမအား တုန်လှုပ်ဖွယ် ပါရမီနှင့် အလားအလာကို ပေးအပ်ထားလေသည်။ အတိတ်တုန်းက သူမသည် မလှုပ်ရှားခဲ့ပေ။ ယခု သူမက လှုပ်ရှားလာပြီဖြစ်သည့်အတွက် အံ့အားသင့်ဖို့ကောင်းနေသည်။

………………………………

ညနေခင်းဖက်၌

အမျိုးသမီးကျင့်ကြံသူအစား ခရုလေးက အရှေ့ဖက်မျှော်နန်းဆောင်ဆီ အပြေးအလွှား ရောက်ရှိလာသည်။

“ရှစ်စွင်း ကျိုးရှစ်ကျဲကို မြန်မြန်လေး လာကြည့်ပါဦး။ သူမ ရူးသွားပြီ”

ဝုန်း

လုကျိုးက တံခါးဖွင့်လိုက်၏။ သူက လက်နောက်ပစ်ကာ ခရုလေးကို ကြည့်လိုက်သည်။

“ရူးသွားတာလား” ခရုလေးက စိုးရိမ်စွာ ပြောလိုက်သည်။

“ကျိုးရှစ်ကျဲက ပထမမွေးဖွားစမ်းသပ်ချက်ကို မနက်ခင်းကတင် အောင်မြင်သွားတာ။ ဒါပေမဲ့ သူမက ၇ခုမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းခဲ့တယ်လေ။ အဲဒီနောက် သူမက အဆင်ပြေတယ်ဆိုပြီးတော့ ၈ခုမြောက် မွေးဖွားဇယားချပ်ကို ဆက်ပြီးအသက်သွင်းနေခဲ့တာ။ ဒီလိုမျိုးလုပ်နေရင် သူ သေသွားလိမ့်မယ်”

“…”

လုကျိုးက မျက်လုံးအပြူးသားဖြစ်သွားလေသည်။

ဒီကောင်မလေးက တကယ်ကို ရဲတင်းလွန်းနေတာပဲ။ မနက်ခင်းတုန်းက ၆ခု၊ နေ့ခင်းတုန်းက ၇ခု၊ ညနေက ၈ခု။ ကိုယ့်ကိုယ်ကို သတ်သေနေတာနဲ့ ဘာများကွာဦးမှာလဲ…

“ကောင်းပြီ။ ငါသွားကြည့်လိုက်မယ်”

လုကျိုးက ဖျတ်ခနဲဖြင့် မျှော်နန်းဆောင်ဆီ ရောက်ရှိလာကာ အမြင်စွမ်းအားနှင့် အနံ့စွမ်းအားတို့ကို အသက်သွင်းလိုက်သည်။ သူက ရှောင်ယွမ်အာ၏ အခန်းကို တွေ့သွားသည့်အခါ တံခါးကို ချက်ချင်းတွန်းလိုက်၏။

ဘန်း

သူက မီးတောက်ဇာမဏီငယ်လေးသည် ရှေ့နောက်ပျံသန်းနေပြီး မီးတောက်များ ထုတ်လွှတ်နေသည်ကို သိလိုက်ရသည်။ ရှောင်ယွမ်အာက အခန်းအလယ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ဇာမဏီငယ်လေးကို ပျော်ရွှင်စွာ ကြည့်နေလေ၏။ နောက်ဆုံးတွင် သူက သူမ၏ ရှေ့တွင် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကို မြင်လိုက်ရသည်။ သူမ၏ ကြာပလ္လင်ပေါ်၌ မွေးဖွားဇယားချက် ၈ခုက တောက်ပနေလေသည်။ ပို၍ အံ့ဩဖို့ကောင်းသည်က သူမ၏ လက်ထဲ နောက်ထပ် နှလုံးသားတစ်ခုကို ဆုပ်ကိုင်ထားလေ၏။ သိသာစွာ ဤသည်က ၉ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ရာ ဖြစ်သည်။

“…”

လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။ သူက ဤအရာပင် နားမလည်နိုင်တော့ပေ။

“ရှစ်စွင်းလား” ရှောင်ယွမ်အာက သူ့ရှစ်စွင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

လုကျိုးက အခန်းအတွင်း ဝင်ရောက်လာကာ ရှောင်ယွမ်အာ၏ မွေးဖွားနန်းဆောင်ဆီ ကြည့်လိုက်၏။

ဤတစ်ကြိမ် မီးတောက်ဇာမဏီငယ်လေးက ဘေးပတ်လည်ပြန်လာကာ လုကျိုးဆီ မီးတောက်များ ထုတ်လွှတ်လာသည်။

ဝှစ်

လုကျိုးက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် မီးတောက်ဇာမဏီငယ်လေးအား လွင့်စဉ်သွားစေသည်။

ထိုအရာက ပြတင်းပေါ်ကို ဝင်တိုက်ပြီး မြေပြင်ပေါ်ပြုတ်ကျသွားလေ၏။ ထိုအရာက ဆိုးဆိုးရွားရွား ခံစားနေရသည့်အလား စူးစူးရှရှ အော်ဟစ်လိုက်သည်။

လုကျိုးက မီးတောက်ဇာမဏီငယ်လေးကို လျစ်လျူရှုထားပြီး ရှောင်ယွမ်အာကို ပြောလိုက်သည်။

“မလှုပ်နဲ့”

“ရှစ်စွင်း တပည့်အဆင်ပြေပါတယ်”

“ငါက မလှုပ်နဲ့လို့ပြောရင် မလှုပ်နဲ့”

“အိုး”

လုကျိုးက လက်ကို အောက်ချလိုက်သည်။

အံ့ဖွယ်စွမ်းအားဖြင့် ပေါင်းစည်းထားပြီး အပြာရောင်ကြာပွင့်က ရှောင်ယွမ်အာ၏ မွေးဖွားနန်းဆောင်အပေါ် ကျရောက်လာ၏။

လုကျိုးက ရှောင်ယွမ်အာ၏ မွေးဖွားနန်းဆောင်သည် မည်မျှမာကြောကြောင်း တွေ့သွားသည့်အခါ အံ့အားသင့်သွားလေ၏။ ပထမမွေးဖွားဇယားချပ်၏ ရည်ရွယ်ချက်က မွေးဖွားနန်းဆောင်ကို လေ့ကျင့်ပေးပြီး အားကောင်းစေဖို့ရာသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူက သူမ၏ မွေးဖွားနန်းဆောင် မည်မျှအားကောင်းသည့်အချက်ကြောင့် အံ့အားသင့်သွားရသည်။ မွေးဖွားနန်းဆောင်အားဖြင့် သူမအနေဖြင့် မွေးဖွားစမ်းသပ်ချက်ကို အောင်မြင်ဖို့ရာ မလိုအပ်ပေ။ သူမက ပထမမွေးဖွားစမ်းသပ်ချက်စွမ်းရည်ကို အလိုအလျောက် ဖွဲ့စည်းနိုင်လိမ့်မည်။

လုကျိုး၏ အမူအရာကို မြင်သည့်အခါ ရှောင်ယွမ်အာက တည်ငြိမ်စွာ မေးလိုက်၏။

“ရှစ်စွင်း တပည့် ဘာများဖြစ်နေလို့လဲ”

လုကျိုးက ချက်ချင်းပြန်မဖြေပေ။ ထိုအစား သူက လက်ကောက်ဝတ်ကို ဆွဲကာ သွေးကြောကို စမ်းသပ်လိုက်သည်။ သူတို့က သူမ၏ စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ထဲ တိုးဝင်သွားလေ၏။ သူမ၏ ချီပင်လယ်က မွေးဖွားနန်းဆောင်လိုမျိုး အားကောင်းနေသည်ကို တွေ့ရှိသွားလေသည်။

ဒါက တကယ်ကို ထူးဆန်းတယ်…

အဆင့်တက်လှမ်းသည့်အချိန်တိုင်း စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်က ကျယ်ပြန့်လာလေ့ရှိသည်။ တစ်ချိန်တည်းဆိုသလို ချီပင်လယ်၏ နံရံကလည်း ပိုမိုအားကောင်းလာပြီး ချိုးဖောက်ဖို့ ပိုမိုခက်ခဲစေသည်။ သို့သော်လည်း ရှောင်ယွမ်အာက သူမ၏ ကျင့်ကြံဆင့်ကို မွေးဖွားဇယားချပ် ၈ခုကျင့်ကြံသူအဖြစ်ထိ အလွယ်တကူ တိုးမြင့်နိုင်ခဲ့သည်။

“၈ခုမြောက် မွေးဖွားဇယားချပ်ကို ဘယ်တုန်းက အသက်သွင်းလိုက်တာလဲ” လုကျိုးက မေးလိုက်သည်။

“လွန်ခဲ့တဲ့ တစ်နာရီလောက်ပါ” ရှောင်ယွမ်အာက ပြန်ဖြေလိုက်သည်။

လုကျိုး၏ အမူအရာက အနည်းငယ် ပျက်ယွင်းနေပြီး ထပ်မံမေးလိုက်သည်။

“မင်းရဲ့ ၇ခုမြောက်မွေးဖွားဇယားချပ်ကို ဘယ်တုန်းက အသက်သွင်းခဲ့တာလဲ”

ရှောင်ယွမ်အာက ခေတ္တစဉ်းစားကြည့်ပြီးသည့်နောက်တွင် ပြောလိုက်သည်။

“လွန်ခဲ့တဲ့ တစ်နာရီခွဲခန့်လောက်က ဖြစ်မယ်”

ကမ္ဘာကြီးထဲတွင် တရားမျှတသေးသည်လား။

လုကျိုးက ရှောင်ယွမ်အာ၏ သွေးကြောကို ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ ဤတစ်ကြိမ် သူမက အံ့ဖွယ်စွမ်းအားဖြင့် သူမ၏ ချီပင်လယ်ကို စစ်ဆေးကြည့်လိုက်၏။

“ဟမ်”

သိပ်မကြာခင် သူက ရှောင်ယွမ်အာ၏ မဟာလေဟာနယ်မျိုးစေ့ကို ကိုယ်တိုင်ထွက်ပေါ်လာအောင် ဖိအားမပေးနိုင်ကြောင်း တွေ့ရှိသွားသည်။

ရှောင်ယွမ်အာက စိတ်အားထက်သန်စွာ ပြောလိုက်၏။

“ရှစ်စွင်း တပည့်အဆင်ပြေပါတယ်။ တပည့် မွေးဖွားဇယားချပ်တွေ အသက်သွင်းနိုင်ဦးမယ်လို့ ခံစားမိနေတယ်”

ဤတစ်ကြိမ် ခရုလေးက အခန်းတံခါးဝတွင် ပေါ်ထွက်လာကာ ပြောလိုက်သည်။

“ရှစ်စွင်း ကြည့်လိုက်ပါဦး။ ကျိုးရှစ်ကျဲက ဒီလို ပြောတယ်မလား”

ထို့နောက် လုကျိုးက ရှောင်ယွမ်အာ၏ လက်ကိုလွှတ်ကာ အံ့ဖွယ်စွမ်းအားဖြင့် ပေါင်းစည်းထားသည့် ရွှေရောင်ထိုက်ရွှီကြေးမုံက ရှောင်ယွမ်အာအပေါ် အလင်းဖြာကျလာလေ၏။

ဤသို့ဖြင့် သူက ရှောင်ယွမ်အာ၏ ထူးကဲချီသွေးကြော၈ခုနှင့် စွမ်းအင်ဗဟိုချက်တို့၏ ချီပင်လယ်တို့ကို မြင်လိုက်ရသည်။ သူမ၏ ချီသွေးကြောအားလုံးက မဟာလေဟာနယ်စွမ်းအား အားလုံးဖြင့် တောက်ပနေလေ၏။

ထိုအရာကို မြင်ကာ ခရုလေးက ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ လက်ဖြင့် ပါးစပ်ကို အုပ်လိုက်ရသည်။

“ မဟာလေဟာနယ်မျိုးစေ့နဲ့ အပြီးတိုင် ပေါင်းစည်းသွားပြီးပြီ” လုကျိုးက ပြောလိုက်သည်။

ထို့နောက် ရွှေရောင်ထိုက်ရွှီကြေးမုံကို ခရုလေးဆီ ညွှန်ပြလိုက်သည်။ ခရုလေး၏ ဝမ်းဗိုက်၌ အပြာရောင်အလင်းလုံးကို မြင်တွေ့နေရသေး၏။ မဟာလေဟာနယ်မျိုးစေ့က ရှိနေဆဲဖြစ်ကာ သူမနှင့် အပြီးတိုင် မပေါင်းစည်းသေးပေ။ ဤသို့အနေအထားဖြင့် မဟာလေဟာနယ်မျိုးစေ့ကို စားသောက်သူများက အလွယ်တကူ ယူသွားနိုင်ခြေရှိသည်။

ရှောင်ယွမ်အာက အနည်းငယ် စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။

“အဲဒါဆိုတော့ တပည့် ဆက်ပြီး ကျင့်ကြံလို့ရသေးလား”

“မင်း ကျင့်ကြံရုံတင်မကဘူး။ အခုကစပြီး မင်းကျင့်ကြံနှုန်းက တခြားသူတွေထက် ပိုပြီး မြန်ဆန်လာလိမ့်မယ်” လုကျိုးက ပြောလိုက်သည်။ သူက မွေးဖွားဇယားချပ်ကို အသက်သွင်းစဉ်အခါက သူသည် နှစ်ရက်တာမျှအချိန်ယူခဲ့ရကြောင်း မှတ်မိသွားလေသည်။ ရှောင်ယွမ်အာကမူ လေဟာနယ်မျိုးစေ့ ရှိထားသည့်အတွက် သူမအတွက် တစ်ရက်တည်းနှင့် သုံးခုအသက်သွင်းနိုင်သည်က သာမန်သာဖြစ်ပေသည်။

ရှေးဟောင်းစာအုပ်များတွင် မှတ်တမ်းတင်ခံရသည့် ပါရမီထူးကဲသူအများစုကမူ တစ်ရက်တည်း အသက်ဓာတ်နှလုံးသားနှစ်ခုကို အသက်သွင်းလိုက်ကြလေသည်။

စကားကို ကြားကာ ရှောင်ယွမ်အာက ပြောလိုက်သည်။

“အဲဒါဆို တပည့် နောက်ထပ် မွေးဖွားဇယားချပ်တစ်ခုကို အသက်သွင်းလိုက်မယ်”

ထို့နောက် သူမက အသက်ဓာတ်နှလုံးသားကို သူမ၏ မွေးဖွားနန်းဆောင်ထဲ ထားလိုက်သည်။ လုကျိုးက မျက်မှောင်ကြုတ်ကာ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။

ဝှစ်

အသက်ဓာတ်နှလုံးသားက မွေးဖွားနန်းဆောင်ကို မထိခင် စွမ်းအားလှိုင်းကြောင့် လွင့်စဉ်သွားလေသည်။

“အဓိပ္ပာယ်မရှိတာတွေ”

“ရှစ်စွင်း” ရှောင်ယွမ်အာက နှုတ်ခမ်းဆူကာ သူ ဘာအမှားလုပ်မိမှန်း မသိတော့ပေ။

...

အခန်း (၁၄၁၉) မဟာလေဟာနယ်သို့ ပြန်သွားခြင်း

ရှောင်ယွမ်အာ၏ကျင့်ကြံမှုကို စစ်ဆေးပြီးနောက် လုကျိုးက ပြောလိုက်၏။ “တစ်ရက်တည်းနဲ့ မွေးဖွားဇယားချပ် ၃ခု အသက်သွင်းတာ အင်မတန်အန္တရာယ်များတယ်။ အောင်မြင်မှုနောက်လိုက်ဖို့ ဒီလောက်စိတ်အားထက်သန်လို့ မရဘူး”

ရှောင်ယွမ်အာက မေးလိုက်၏။ “ရှစ်စွင်း ပထမမွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ပြီးရင် ပိုလွယ်ကူသွားပြီး နောက်ထပ်မွေးဖွားစမ်းသပ်မှုက ပိုလွယ်ကူသွားပြီး နာကျင်မှုလျော့ပြီမလား”

“ဒါမှန်တယ်” လုကျိုးက ပြောလိုက်၏။

“ဒါပေမဲ့ တပည့်က နာကျင်မှုကို ဘယ်လိုလုပ် မခံစားရတာလဲ”

“...”

ဒီစကားက တော်တော်လေး ဒေါသထွက်ဖို့ကောင်းလိုက်တာ။

ယင်းသည် ကမ္ဘာမြေပေါ်ရှိ လုကျိုး၏မှတ်ဉာဏ်ဆိုးတချို့ကို အမှတ်ရသွားစေသည်။ သူသည် တတ်စွမ်းသမျှစာလေ့လာခဲ့သော်ငြား စာမေးပွဲအောင်ရုံမျှသာ အောင်ခဲ့သော်ငြား လူတချို့သည် တနေ့လုံးအလေလိုက်နေပြီး အမှတ်ပြည့်ရသေး၏။ အားလုံးက ပါရမီပဲဖြစ်သည်။

မဟာလေဟာနယ်မျိုးစေ့ဖြင့်တောင် ရှောင်ယွမ်အာ၏ပါရမီသည် သူမလျင်မြန်စွာ တိုးတက်နိုင်သည်အထိ လုံလောက်နေပြီးဖြစ်သည်။ မဟာလေဟာနယ်မျိုးစေ့ဖြင့် သူသည် တောင်ပံရှိ ကျားတစ်ကောင်၊ ရေထဲရှိ ငါးတစ်ကောင်ပမာ ဖြစ်နေ၏။ ထို့အပြင် သူမသည် အထွတ်အထိပ် သန့်စင်ကျောက်စိမ်းကျင့်စဉ်ကို ကျင့်ကြံထား၏။ ဤကျင့်ကြံမှုသည် ကြည်လင်သည့်လမ်းကြောင်း ရှိပုံမပေါ်သော်ငြား နက်နဲပြီး တိုးတက်မှုက တဖြည်းဖြည်းချင်း ပေါ်ထွက်လာတာပဲဖြစ်သည်။ ဤနှစ်များလွန်ပြီးနောက် မတည်မြဲခြင်းတိုင်လုံး၏အောက်၌ သူမအချိန်ကို ထည့်မတွက်လျှင် သူမတစ်ရက်အတွင်း မွေးဖွားဇယားချပ်၃ခု အသက်သွင်းနိုင်တာ အံ့ဩစရာမရှိပေ။ လုကျိုးသည် တစ်ရက်အတွင်း မွေးဖွားဇယားချပ်၄ခု အသက်သွင်းခဲ့ဖူးသည်။

အစိမ်းရောင်ကြာနယ်မြေအတွင်းရှိ ပါရမီရှင်အချို့ကလည်း တစ်ရက်အတွင်းမွေးဖွားဇယားချပ် ၂ခု၊ ၃ခု အသက်သွင်းခဲ့သည်။ သူတို့အသက်ကို ဂရုမစိုက်ဘဲ တစ်ရက်အတွင်း မွေးဖွားဇယားချပ် ၃ခု အသက်သွင်းသည့် စွန့်စားမှုမျိုးယူရဲသည့်သူ မပြတ်လပ်ချေ။

“နာလား” လုကျိုးသည် ရှောင်ယွမ်အာ၏မွေးဖွားဇယားချပ်အပေါ် လက်ဖိချလျက် ဖိအားအနည်းငယ် တိုးလိုက်၏။ အမူအရာပြောင်းလဲမှုမရှိတာကို မြင်သောအခါ ဖိအားအနည်းငယ်တိုးလိုက်ပြန်သည်။ ဤနည်းဖြင့် သူမအမူအရာက အနည်းငယ်ပြောင်းလဲသွားတော့သည်။

လုကျိုးက လက် မလျက်ပြောလိုက်ပြန်၏။ “ဒါက မင်းရဲ့နှစ်ပေါင်းများစွာ ကျင့်ကြံမှုရလဒ်ပဲ။ စွမ်းအင်နဲ့ အတွေ့အကြုံတွေကို စုဆောင်းထားတာကြောင့် တစ်ရက်အတွင်း မွေးဖွားဇယားချပ် ၃ခုအသက်သွင်းနိုင်တာ။ ငါ တွေးထားတာကို ကြည့်ရင် နောက်ထပ်မွေးဖွားဇယားချပ်အသစ်တစ်ခုကို အသက်သွင်းနိုင်မှာ။ ဒါပေမဲ့ စောင့်ဖို့အကြံပေးမယ်”

“ဟုတ် ဒါဆို ရှစ်စွင်းပြောတာနားထောင်မယ်” ရှောင်ယွမ်အာက ခေါင်းညိတ်လျက် ပြောလိုက်သည်။

ပြီးနောက် လုကျိုးသည် အသက်ဓာတ်နှလုံးသားတစ်ခုကို ထုတ်လာပြီးပြောလိုက်၏။ “ဒါက လက်သည်းကိုးခုနဂါးနက်ရဲ့ အသက်ဓာတ်နလုံးသားပဲ။ နောက်ထပ်မွေးဖွားဇယားချပ်တွေ အသက်သွင်းတဲ့အချိန်မှာ သုံးလို့ရတယ်”

ရှောင်ယွမ်အာသည် အသက်ဓာတ်နှလုံးသားကို ယူလိုက်ပြီး ပုလဲနက်နှင့်ဆင်တူပြီး ဆန်းကြယ်သော အလင်းတန်းတစ်ခုဖြာထွက်နေသည့် အသက်ဓာတ်နှလုံးသားကို ကြည့်လိုက်၏။ ပြီးနောက် သူမက အပျော်လွန်နေတော့သည်။ “ကျေးဇူးပါ ရှစ်စွင်း”

“ကောင်းကောင်းကျင့်ကြံ မင်းရဲ့မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ လောနေစရာမလိုဘူး” လုကျိုးက ပြောလိုက်၏။

“ဟုတ် ဒါဆို မနက်ဖြန်မှ အသက်သွင်းလိုက်မယ်” ရှောင်ယွမ်အာက ပြောလိုက်လေ၏။

“...”

လုကျိုးက လှည့်ထွက်သွားလေ၏။ အဝင်ဝ၌ ရပ်နေသည့် ခရုလေးက လှမ်းခေါ်လိုက်သည်။ “ရှစ်စွင်း”

“မင်းလည်း ကောင်းကောင်းကျင့်ကြံ။ အသက်ဓာတ်နှလုံးသားကို စိတ်မပူနဲ့” လုကျိုးက ပြောလိုက်လေ၏။

“နားလည်ပါပြီ”

လုကျိုးက မျက်လုံးထောင့်ကနေ မီးဇာမဏီလေးကို တစ်ချက်ကြည့်လိုက်၏။ သူ့၌နတ်သားရဲ၏ အသက်ဓာတ်နှလုံးသားတစ်ခု ရှိနေသေးသည်။ လက်ရှိ၌ သူ့တွင် သားရဲဧကရာဇ်၏ အသက်ဓာတ်နှလုံးသား မပြတ်လပ်ပေ။

အရှေ့ဖက်မျှော်နန်းတွင်ဖြစ်သည်။ လုကျိုးက အမည်မသိကုန်းမြေသို့ ထပ်ဝင်ရန်ဆုံးဖြတ်လိုက်၏။

အမည်မသိကုန်းမြေနှင့်ယှဉ်လျှင် မိစ္ဆာဝေဟင်မျှော်နန်းက ယခုဆို ပိုမျက်စိဖမ်းစားနိုင်ဖွယ်ရှိသည်။

စီးဝူယာ့၏သေခြင်းတရားက သူ့ကို သတိပေးလိုက်တာပဲဖြစ်သည်။

ယွီကျန့်ဟိုင်က ဝူချီအန်းမဟုတ်လျှင် သူ အသက်အန္တရာယ်မှ မလွတ်မြောက်လောက်ပေ။ သူ့လေ့လာမှုအရ ယွီကျန့်ဟိုင် ရထားသည့်ဒဏ်ရာများက ပေါ့သေးသေးမဟုတ်ပေ။

အမည်မသိကုန်းမြေက ကျယ်ပြောလှပေ၏။ ခရီးနှင်ရန်၊ အရင်းအမြစ်များစုဆောင်းရန်၊ ကျင့်ကြံဆင့်တိုးစေရန် လွယ်ကူသည်။ အရေးကြီးဆုံးအရာက သူ၏တပည့်များ မဟာလေဟာနယ်မျိုးစေ့အသက်သွင်းနိုင်အောင် ကူညီပေး၏။

မင်ရှစ်ရင်၏မဟာလေဟာနယ်မျိုးစေ့ကိုလည်း အသက်သွင်းနိုင်ပုံရ၏။ သူ ခန့်မှန်းထားတာမှန်လျှင် သူ့တပည့်များသည် မဟာလေဟာနယ်မျိုးစေ့အသက်သွင်းနိုင်ရန် ဖျက်ဆီးခြင်းတိုင်လုံး၏ ခွင့်ပြုချက် ရယူရန် လိုအပ်သည်။

ထို့ကြောင့် အားလုံးကို စဉ်းစားကြည့်လျှင် အမည်မသိကုန်းမြေထဲရှိ ဖျက်ဆီးခြင်းတိုင်လုံးဆီ သွားနိုင်ရန် အင်မတန်အရေးပါ၏။

ပြီးနောက် လုကျိုးသည် ခရမ်းရောင်တောက်ပသံကျောက်ကို သုံးလျက် ကနဦးချီကို သုံးလိုက်သည်။ ထင်သည့်အတိုင်းပင် ၎င်းက ပိုအားကောင်းလာ၏။

“ဖျက်ဆီးခြင်းတိုင်လုံးမှာရှိတဲ့ခရမ်းရောင်တောက်ပသံကျောက်တွေက ထူးကဲတဲ့ဇာစ်မြစ်တွေ ရှိတာပဲ”

လုကျိုးသည် သူ့ဖာသာသူ ရေရွတ်ပြောလိုက်သည်။

သူ ယဲ့ကျန်းဆီမှ ခရမ်းရောင်တောက်ပသံကျောက်ကို ရစဉ်က ခရမ်းရောင်တောက်ပသံကျောက်သည် မရိုးရှင်းဟု ခံစားမိသည်။ သူ့သံသယကို အတည်ပြုနိုင်ခဲ့ပြီဖြစ်၏။ ဤနည်းဖြင့် ဖျက်ဆီးခြင်းတိုင်လုံး၌ ပိုတောင် သတိထားရမည်မှန်း သိလိုက်သည်။

နောက်ဆုံး၌ လုကျိုးသည် အတွေးများကိုဖယ်ရှားလျက် ခရမ်းရောင်တောက်ပသံကျောက်ကို အသက်သွင်းကာ စတင်ကျင့်ကြံတော့သည်။

မိစ္ဆာဝေဟင်မျှော်နန်းသည် အံ့ဖွယ်မြို့တော်ရှိ ကျောင်းယွဲ့နှင့်ဟွားယွဲ့ရှင်း၊ အဝါရောင်ကြာနယ်မြေရှိ ကျူးဟုန်ကုန်းနှင့် ကျောင်းဟုန်ဖုတို့ကို သတင်းပို့ခဲ့သည်။

နန်းတော်ရှိအရေးကိစ္စများကို စီမံပြီးနောက် ကျောင်းယွဲ့သည် နန်းတော်ရှိ မယ်တော်ကြီးကို သွားရှာခဲ့၏။ မယ်တော်ကြီးက ကျောင်းယွဲ့ထွက်သွားတော့မည်ဟု ကြားသောအခါ သူမက ကျောင်းယွဲ့လက်ကို ဆုပ်ကိုင်ကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။

“မြေး မြေးလေး” အိုမင်းလာသောကြောင့် ဖြစ်ဟန်တူသည်။ သူမစိတ်က နောက်ကျိလာ၏။ ရလဒ်အနေဖြင့် သူမက လူတို့ကိုမှတ်မိရန်ခက်ခဲနေပြီး စကားပြောတာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေတော့သည်။

ကျောင်းယွဲ့က ရှေ့တိုးလျက် မယ်တော်ကြီး၏နားနားကပ် တီးတိုးပြောလိုက်သည်။ “အဖွားတော် သမီးပြန်လာမှာပါ”

“ချန်အာ” မယ်တော်ကြီးသည် ထပ်တလဲလဲရေရွတ်လျက် ကျောင်းယွဲ့၏လက်ကိုကိုင်ထားသည်။

ကျောင်းယွဲ့က သက်ပြင်းချလျက် ကျောပြန်မတ်သွား၏။ မယ်တော်ကြီးဘေးရှိ အထိန်းတော်လီယွင်ကျောက်က ပြောလိုက်၏။ “အရှင်မင်းသမီး မယ်‌တော်ကြီးက ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ကောင်းကောင်းအိပ်မပျော်ပါဘူး။ ကျေးဇူးပြုပြီး သည်းခံပေးပါ”

“အဆင်ပြေပါတယ်။ ကျွန်းသခင်ဟွမ်ဆီ စာပို့လိုက်။ ဖြစ်နိုင်မယ်ဆိုရင် မင်းသားကို သူ့ဆီ လာတွေ့ခိုင်းလိုက်”

“နားလည်ပါပြီ”

ဤသို့ပြောပြီး ကျောင်းယွဲ့က အခန်းထဲမှ လှည့်ထွက်သွား၏။ သူမနောက်က လိုက်ပါလာသော လီယွင်ကျောက်ကို မြင်သောအခါ ပြောလိုက်တော့သည်။ “အဖွားက မနက်ခင်းမှာ နေပူဆာလှုံရတာကြိုက်ပြီး နေ့လည်မှာ လက်ဖက်ရည်သောက်ရတာကြိုက်တယ်။ ဒါကို နေ့တိုင်းလုပ်ပေးပါ”

“နားလည်ပါပြီ”

“သူက ဂီတနားဆင်ရတာလည်း သဘောကျတယ်။ ဒါပေမဲ့ နာခံခြင်းနွေဦးဆောင်မှာ နားထောင်ဖို့တော့ မလိုအပ်ဘူး။ ကျင့်ဟယ်နန်းဆောင်မှာ နားထောင်လို့ရတယ်”

“နားလည်ပါပြီ”

ကျောင်းယွဲ့က ရုတ်တရက်ရပ်လိုက်၏။ တကယ်တော့ ထိုစကားများကိုပြောတာ အသုံးမဝင်ပေ။ လီယွင်ကျောက်သည် မယ်တော်ကြီးကို နှစ်ပေါင်းများစွာ ခစားလာတာဖြစ်သောကြောင့် မယ်တော်ကြီးနှင့် ပတ်သက်ပြီး သူမထက်ပိုသိ၏။ သူမ ဤမျှစိုးရိမ်ပူပန်နေရန် မလိုအပ်ချေ။

ဤနည်းဖြင့် သူမ နန်းတော်ထဲမှ ထွက်သွားတော့သည်။

လီယွင်ကျောက်က အင်္ကျီလက်ကိုခါလျက် ဒူးထောက်အရိုအသေပေးပြီး လက်ဖမိုးပေါ် လက်ဝါး ကပ်ထားကာ သမီးတော်ကို တလေးတစား ပို့ဆောင်လိုက်၏။

အဝါရောင်ကြာနယ်မြေထဲတွင် ဖြစ်သည်။ နန်းတော်ထဲတွင် ကျူးဟုန်ကုန်းသည် ဧကရာဇ်ကျိုက်ဟုန်နှင့် ရယ်ရယ်မောမော စကားပြောနေလေ၏။

ထိုစဉ် ကျောင်းဟုန်ဖုက အထဲဝင်လာသည်။ “အဋ္ဌမသခင်လေး၊ အရှင်မင်းကြီး”

ကျောင်းဟုန်ဖုက ပြုံးလျက်ပြောလိုက်၏။ “မိန်းကလေးကျောက် တခမ်းတနားလုပ်မနေပါနဲ့။ အဆင်ပြေတဲ့နေရာ ထိုင်လို့ရတယ်”

ကျောင်းဟုန်ဖုက ဒူးတစ်ဖက်ထောက်လျက် ပြောလိုက်သည်။ “မျှော်နန်းသခင်က အဋ္ဌမသခင်လေးကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ဆင့်ခေါ်နေပါတယ်”

ကျူးဟုန်ကုန်းနှင့် ကျိုက်ဟုန်က မှင်တက်သွားတော့သည်။

ကျိုက်ဟုန်က ထရပ်လျက်မေးလိုက်၏။ “ငါတို့ရဲ့ကာကွယ်သူစောင့်ရှောက်သူရဲ့ဆရာက သူ့ကို ပြန်ဆင့်ခေါ်နေတယ်လို့ ပြောတာလား”

ကျောင်းဟုန်ဖု၏ ပုံမှန်အတိုင်းအပြုံးက ပျောက်ကွယ်သွားပြီး လေးနက်တည်ကြည်စွာ ပြောလိုက်တော့၏။ “ဟုတ်ပါတယ်”

ကျိုက်ဟုန်က ကျူးဟုန်ကုန်းဖက် လှည့်လာကာ မေးလိုက်သည်။ “မင်းရဲ့ဂုဏ်သရေရှိဆရာကို ဘာလို့ ဒီကိုခေါ်မလာတာလဲ။ သူ့ကို ပလ္လင်ပေးလိုက်မယ်လေ။ ဘယ်လိုထင်လဲ”

ကျောင်းဟုန်ဖုက ဖြတ်ပြောလိုက်၏။ “အရှင်မင်းကြီး ဒါက ပလ္လင်နဲ့ဘာမှမသက်ဆိုင်ပါဘူး။ ဒါ့အပြင် မျှော်နန်းသခင်က ဒီကိစ္စတွေ ဂရုမစိုက်ဘူး”

ကျူးဟုန်ကုန်းက လက်ထဲရှိသစ်သီးကို တစ်ကိုက်ကိုက်ကာ မေးလိုက်၏။ “ရှစ်စွင်းက ငါ့ကိုဘာလို့ ဆင့်ခေါ်သွားတာလဲ”

ကျောင်းဟုန်ဖုက မျက်မှောင်ကျုံ့မိသွားသည်။ သူမ မျက်နှာထက်တွင် ဝမ်းနည်းမှုတစွန်းတစကို တွေ့နေရ၏။ သူမက ပြောလိုက်သည်။ “သတ္တမသခင်လေး ကွယ်လွန်သွားပါပြီ”

ထောက်

ကျူးဟုန်ကုန်းလက်ထဲရှိ သစ်တော်သီးက မြေပြင်ပေါ်လိမ့်ကျသွားလေ၏။ ပြီးနောက် ထိုင်ခုံပေါ် ခြေပစ်လက်ပစ် ပြုတ်ကျသွားကာ သတိလစ်သွားလေ၏။

ကျူးဟုန်ကုန်းသည် နေ့လယ်ခင်း၌ ဖြည်းဖြည်းချင်း သတိပြန်ရလာသည်။ ကျိုက်ဟုန်က ရင်ဘတ်ကို အသာဖိလျက် ပြောလိုက်၏။ “အစ်ကို နောက်ဆုံးတော့ နိုးလာပြီပဲ”

ကျူးဟုန်ကုန်းသည် သမားတော်ကို တွန်းဖယ်ပြီး သူ့နားရှိအမျိုးသမီးရံရွေတော်များကို တွန်းဖယ်ပြီး အော်ပြောလိုက်၏။ “ဟုန်ဖု ဟုန်ဖု ပြန်သွားမယ်။ အခုချက်ချင်း မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်သွားမယ်”

ကျိုက်ဟုန်က သက်ပြင်းချလိုက်၏။ “တကယ်သွားမလို့လား”

ကျိုက်ဟုန် ပြောပြီးသည်နှင့် ကျူးဟုန်ကုန်းက ကျယ်လောင်စွာ အော်ဟစ်ရေရွတ်နေကာ ဆက်တိုက်ရေရွတ်နေ၏။ “ချီရှစ်ရှိုး”

နောက်နေ့နံနက်တွင် ဖြစ်သည်။

ကျူးဟုန်ကုန်းနှင့် ကျောင်းဟုန်ဖုတို့သည် ဆန်းကြယ်ကျောက်တုံးငယ်များစွာ သယ်ဆောင်လျက် ကျောင်းဟုန်ဖု တည်ဆောက်ထားသည့် သင်္ကေတလမ်းကြောင်းဆီ ဝင်လိုက်၏။

ကျူးဟုန်ကုန်းနှင့် ကျောင်းဟုန်ဖုတို့က မိစ္ဆာဝေဟင်မျှော်နန်းရှိ သင်္ကေတလမ်းကြောင်းထဲ ပေါ်လာချိန်တွင် မိစ္ဆာဝေဟင်မျှော်နန်း ဂိုဏ်းသားအများစုက ရှိနေကြပြီးဖြစ်သည်။

ခုံဝမ်က ဦးစွာထွက်လာပြီး ပြောလိုက်၏။ “နှုတ်ခွန်းဆက်ပါတယ် အဋ္ဌမသခင်လေး” ကျူးဟုန်ကုန်းသည် မူလက လေးနက်တည်ကြည်နေသော အမူအရာသည် ရုတ်တရက်အေးခဲသွား၏။ ပြီးနောက် သူ၏မျက်နှာက ရှုံ့မဲ့သွားကာ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလျက် သင်္ကေတလမ်းကြောင်းထဲမှ ခုန်ထွက်လာ၏။ သူက ကျယ်လောင်စွာ အော်ဟစ်ကာ မျက်ရည်များကြားကနေ ပြောလိုက်၏။

“ချီရှစ်ရှိုး ဆိုးဆိုးရွားရွား သေသွားရတာ ငါ့ရဲ့ချီရှစ်ရှိုးရယ်”

“...”

ကျူးဟုန်ကုန်း၏ မျက်ရည်နှင့်နှာရည်များက စစ်မှန်ပေ၏။ ရုတ်တရက် ပွင့်ထွက်လာခြင်းက လူတိုင်းကို မှင်တက်သွားစေသည်။

ဤနေရာရှိ လူတိုင်းသည် စီးဝူယာ့သေဆုံးခြင်းကို လက်ခံထားပြီးတာ ကြာပြီးသောကြောင့် ဖြစ်ဟန်တူ၏။ အများစုက အနည်းငယ်တည်ငြိမ်နေကြသည်။ ဆိုရလျှင် သူတို့က ဝမ်းနည်းပန်းနည်း ဖြစ်မနေကြ။ အဆုံးကြ သူတို့သည် ကျူးဟုန်ကုန်း ငိုနေတာကြည့်ပြီး သက်ပြင်းချလျက် ခေါင်းတခါခါဖြစ်နေလေ၏။

ကျူးဟုန်ကုန်းက မျက်ရည်သုတ်လျက် ပြောလိုက်သည်။ “ရှစ်စွင်းကို တွေ့ချင်တယ်”

ပြီးနောက် နောက်ထပ်စကားတစ်ခွန်းမှ မပြောဘဲ ကျူးဟုန်ကုန်းသည် အရှေ့ဖက်မျှော်နန်းဆီ သွားလိုက်၏။

ထိုစဉ် ခုံဝမ်က ဆန်းကြယ်ကျောက်တုံးငယ်များစွာ ပြည့်နေသော သင်္ကေတလမ်းကြောင်းကို ကြည့်ကာပြောလိုက်၏။ “ဒါတွေက ဆန်းကြယ်ကျောက်တုံးငယ်တွေလား”

ကျောင်းဟုန်ဖုက ပြောလိုက်၏။ “ပြီးခဲ့တဲ့နှစ်တွေတုန်းက အဋ္ဌမသခင်လေးက လူတွေကို အပါးမခိုခိုင်းဘူး။ သူက လူတွေကို နေ့တိုင်းဆန်းကြယ်ကျောက်တုံး တူးထုတ်ခိုင်းနေတာ။ အဝါရောင်ကြာနယ်မြေထဲက ဆန်းကြယ်ကျောက်တုံးငယ်အများစုက ဒီမှာရှိနေပြီ”

ထိုသို့ပြောပြီးနောက် ကျောင်းဟုန်ဖုက သက်ပြင်းချမိသွား၏။ ဤကိစ္စများကို စီမံရာ၌ အတော်ဆုံးဦးနှောက်က မရှိတော့တာ နှမြောစရာကောင်းလှသည်။

မည်မျှကြီးမားသည့် ရတနာဖြစ်စေကာမူ လူတို့၏စိတ်ဝင်စားမှုကို မနှိုးဆွနိုင်တော့ပေ။

ဝှစ်

ထိုစဉ် ယွီရှန်းရုန်က သက်တော်ရှည်ဓားဖြင့် လေထဲပျံသန်းလျက်ပြောလိုက်သည်။

“ဆန်းကြယ်ကျောက်တုံးငယ်တွေကို ကောင်းကင်သိုင်းကျောင်းတော်ဆီ ပို့လိုက်”

“နားလည်ပါပြီ”

ပြီးနောက် ယွီရှန်းရုန်က ယန်ကျန်းလော့နှင့်လုလီကို ကြည့်ကာ မေးလိုက်တော့သည်။ “နှစ်ယောက်လုံး အဆင်သင့်ဖြစ်ပြီလား”

ယန်ကျန်းလော့က ပြန်ပြောလိုက်သည်။ “အဆင်သင့်ဖြစ်ပါပြီ။ အချိန်မရွေးသွားနိုင်တယ်”

“မနက်ဖြန်မနက် ပင်မခန်းဆောင်ရှေ့မှာ စုဝေးမယ်”

“နားလည်ပါပြီ”

လူတိုင်း ဦးညွှတ်လိုက်လေ၏။

ကျူးဟုန်ကုန်းသည် အရှေ့ဖက်မျှော်နန်း၌ မငိုရဲချေ။ ထိုအစား သူသည် တောင်နောက်သို့ တစ်ယောက်တည်း သွားကာ တစ်ညလုံး ပြန်လည်သုံးသပ်ရေးဂူထဲတွင် နေခဲ့သည်။ နောက်နေ့၌ အမျိုးသမီးကျင့်ကြံသူတစ်ယောက် ရောက်လာ၏။ “အဋ္ဌမသခင်လေး... မျှော်နန်းသခင်က စောင့်နေပါတယ်”

ပြီးတော့မှ ကျူးဟုန်ကုန်းသည် ပြန်လည်သုံးသပ်ရေးဂူမှ ထွက်သွားလေ၏။ သူ ရောက်လာသည့်အချိန်တွင် မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းစုဝေးနေတာကို တွေ့လိုက်ရသည်။ ချီရှစ်ရှိုးမှအပ လူတိုင်းရှိ‌နေ၏။ ဝမ်းနည်းရိပ်တို့ မြင့်တက်လာကာ သူ စတင်ငိုယိုပြန်၏။

လူတိုင်း “...”

ထိုစဉ် လူအုပ်‌ရှေ့တွင် လက်နောက်ပစ်လျက် ရပ်နေသော လုကျိုးက အပြစ်တင်လိုက်၏။ “ငိုနေတာ အကျိုးရှိလို့လား”

ကျူးဟုန်ကုန်းက ချက်ချင်းပင် မျက်ရည်သုတ်လျက် အငိုရပ်သွားတော့သည်။ ပြီးနောက် သူက ဇဝေဇဝါဖြင့် မေးလိုက်တော့၏။ “ရှစ်စွင်း ကျွန်တော်တို့ ဘယ်သွားမလို့လဲ”

ထိုစဉ် မင်ရှစ်ရင်က ကျူးဟုန်ကုန်းဘေး ရောက်လာကာ ကျူးဟုန်ကုန်းကို တံတောင်ဖြင့်တွတ်လျက် တီးတိုး ပြောလိုက်တော့၏။ “အရူး ချီရှစ်တိအကြောင်း ရှစ်စွင်းရှေ့မှာ မပြောနဲ့။ ရှစ်စွင်းက မင်းထက်ပိုဝမ်းနည်းတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက ဘေးကင်းမှုမရှိတော့ဘူး။ ငါတို့တွေက ဒီမှာဆက်ထိုင်နေမယ်ဆိုရင် မဟာလေဟာနယ်အတွက် ပစ်မှတ်တစ်ခုဖြစ်လာမှာ။ ဒါကြောင့် အမည်မသိကုန်းမြေကို သွားမယ်”

“ဪ” ကျူးဟုန်ကုန်းက ‌ခေါင်းညိတ်လိုက်၏။ “ဟုတ်” ကျူးဟုန်ကုန်းက ခေါင်းညိတ်လိုက်၏။

ထိုစဉ် ယွီကျန့်ဟိုင်က ကျူးဟုန်ကုန်းဖက်လျှောက်လာ၏။ သူက ကျူးဟုန်ကုန်း ကျောကိုပုတ်ကာ ပြောလိုက်၏။ “မင်းရဲ့ချီရှစ်တိက မင်းရဲ့ဒီလိုပုံ မြင်ချင်မှာမဟုတ်ဘူး”

“နားလည်ပါပြီ တာ့ရှစ်ရှိုး”

ယခု လူတိုင်းစုဝေးပြီးဖြစ်သည်။ လုကျိုးက မျက်နှာချင်းဆိုင်ကာ ပြောလိုက်၏။ “မင်းတို့ကို ငါ ဆင့်ခေါ်ရတဲ့အကြောင်းအရင်း အားလုံးသတိပြုမိမယ်ထင်တယ်။ ဒါကြောင့် ထပ်မပြောတော့ဘူး”

လူတိုင်းက လုကျိုးကို တိတ်ဆိတ်စွာကြည့်နေစဉ် သူက ဆက်ပြောလိုက်၏။ “အဲ့ဒီတုန်းက မိစ္ဆာဝေဟင်မျှော်နန်းထဲ မင်းတို့ကို လက်ခံခဲ့တာက မင်းတို့ကို တန်ဖိုးထားလို့ပဲ။ အမည်မသိကုန်းမြေက အင်မတန် အန္တရာယ်များတယ်။ အချိန်မ‌ရွေးအသက်ဆုံးရှုံးသွားနိုင်တယ်။ အခု မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်။ မိစ္ဆာဝေဟင်မျှော်နန်းမှာ နေမလား ထွက်သွားမလား ရွေးလို့ရတယ်။ ငါ မင်းတို့ကို မတားဘူး။ ဖိအားမပေးဘူး။ အပြစ်မတင်ဘူး”

ထိုသို့ပြောပြီးနောက် လုကျိုးသည် လက်နောက်ပစ်လျက် တဖက်လှည့်သွားသည်။

ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ တွမ့်မူရှန်းနှင့် မိစ္ဆာဝေဟင်မျှော်နန်း၏ကျန်သည့်တပည့်များက ရှေ့သို့ချက်ချင်းတိုးလာ၏။ သူတို့အဖြေက သိသာသည်။

ဒုတိယတန်းတွင်ရှိသည့် အကြီးအကဲလေးယောက်အနေဖြင့် လန်လော့က မေးလိုက်သည်။ “ဒါက ဘယ်လိုရွေးချယ်စရာမေးခွန်းမျိုးလဲ” ပြီးနောက် လန်လော့နှင့်ကျန်သည့် အကြီးအကဲသုံးယောက်က ယွီကျန့်ဟိုင်နှင့် ကျန်သည့်သူများဆီ တုံ့ဆိုင်းခြင်းမရှိ လျှောက်သွား၏။ ပြီးနောက် လက်ဝဲတမန်တော်၊ လက်ယာတမန်တော်၊ အစောင့်အရှောက်သုံးဦး၊ ဖန်ကျုံး၊ ကျိုးကျစ်ဖုန်း၊ ဟွားယွဲ့ရှင်းနှင့် ကျောင်းဟုန်ဖုတို့က ပြုံးလျက် လိုက်လာ၏။ ပြီးနောက် ခုံဝမ်နှင့်ကျန်သည့်ညီနောင်များကလည်း ရှေ့တိုးလာသည်။

ပြီးနောက် ခုံဝမ်က ပြုံးလျက်ပြောလိုက်သည်။

“မျှော်နန်းသခင် အမည်မသိကုန်းမြေကို ဒီမှာကျွန်တော့်ထပ် ပိုရင်းနှီးနဲ့သူမရှိဘူး။ ကျွန်တော်ကြိုးစားဖို့ ဆန္ဒရှိပါတယ်”

“ကောင်းပြီ” လုကျိုးက လှည့်လာ၏။

ထိုစဉ် အဝေးမှပျံသန်းလာသည့် လွတ်လပ်သူချင်နိုင်ဟယ်က ပြောလိုက်၏။ “ကျွန်တော့်ကို မမေ့နဲ့”

လရောင်ဆွတ်မျှော်နန်းမှ အမျိုးသမီးကျင့်ကြံသူများက အသင်းထဲသို့ ဝင်ချင်သော်ငြား လုကျိုးက လက်ဝှေ့ယမ်းလိုက်၏။ “မင်းတို့ကို ခေါ်မသွားချင်တာမဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့ရဲ့ကျင့်ကြံဆင့်နဲ့ဆို အမည်မသိကုန်းမြေထဲ ဝင်တာနဲ့သေလောက်တယ်”

“မျှော်နန်းသခင်”

အမျိုးသမီးတပည့်များက ဝမ်းနည်းသောအမူအရာဖြင့် ဒူးထောက်လိုက်၏။ တချို့ကဆို ငိုကြွေးနေကြပြီဖြစ်သည်။

လုကျိုးသည် သူတို့ မထိခိုက်စေလိုသောကြောင့် အမည်မသိကုန်းမြေသို့ သူတို့ကို မခေါ်သွားတာပဲဖြစ်သည်။ လုကျိုးသည် အမည်မသိကုန်းမြေထဲသို့ သူတို့ကိုခေါ်သွားခြင်းက သူ့ကို ထိခိုက်စေမှာ မဟုတ်မှန်း သိသည်။ ဆန့်ကျင်ဖက်အနေဖြင့် ၎င်းက သူတို့ကို ထိခိုက်စေလိမ့်မည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ ပင်မခန်းဆောင်ကို တချက်ကြည့်ပြီးနောက် တောက်ပသောအရံအတားကို တချက်ကြည့်လိုက်သည်။ “ငါက ခဏပဲထွက်သွားမယ်။ ပြန်ရောက်လာတဲ့အချိန် မိစ္ဆာဝေဟင်မျှော်နန်းက အထွတ်အထိပ်ရောက်နေလိမ့်မယ်”

ထိုစဉ် ယဲ့ထျန်းရှင်းက ဝင်ပြောလိုက်၏။ “ညီအစ်မတို့ လရောင်ဆွတ်မျှော်နန်းကို ပြန်သွားပါလား။ ကျွန်မ သေချာပေါက်ပြန်လာပြီး အားလုံးကို ဒီနေရာကို ပြန်ခေါ်လာမယ်လို့ ကတိပေးတယ်”

ဤနည်းဖြင့် အမျိုးသမီးကျင့်ကြံသူများကလည်း ပြုံးလိုက်ကြပြီး ထရပ်လိုက်ကြသည်။

လုကျိုးက ပြောလိုက်၏။ “ယွီကျန့်ဟိုင် ပိအန်းကို မင်းနဲ့ခေါ်သွား”

“ဟုတ်ကဲ့” ယွီကျန့်ဟိုင်က ပြောလိုက်၏။

“ကျောင်းယွဲ့ ယင်ကျောက်ကို မင်းနဲ့ခေါ်”

“ဟုတ်ကဲ့”

“အင်း တိကျန်းအတွက်တော့ ခရုလေး မင်းနဲ့ခေါ်သွား”

ခရုလေးသည် သူ၏ရှစ်စွင်းက အခုအတွက်တော့ဟူသော စကားလုံးသုံးသွားတာ သတိပြုမိ၏။ သူမ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်ကဲ့”

ကျန်သည့်စီးတော်သားရဲများက ပိုင်ရှင်ရှိပြီးသားဖြစ်သောကြောင့် စီမံရန် မလိုအပ်ချေ။ လုကျိုးက နတ်ခြင်္သေ့ကို ခေါ်ပြီးပြောလိုက်၏။ “သွားကြမယ်”

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများဦးညွှတ်ပြီး တညီတညွတ်တည်း ပြောလိုက်ကြသည်။ “ဟုတ်ကဲ့”

ယင်းသည် သမိုင်းကြောင်းထဲတွင် မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးမားဆုံးနှင့်အစီအစဉ်အကျဆုံး စုဝေးမှုဖြစ်၏။

မိစ္ဆာဝေဟင်မျှော်နန်းထွက်ခွာသွားသည့်သတင်းက တာ့ရန်တွင် လျင်မြန်စွာ ပြန့်သွားတော့သည်။

ယွင်၊ ထျန်း နှင့်လော့ ဂိုဏ်းတို့၏ ဂိုဏ်းချုပ်များ ရောက်လာချိန်တွင် မိစ္ဆာဝေဟင်မျှော်နန်းမရှိတော့ပေ။

ထျန်းဂိုဏ်း၏ ဂိုဏ်းချုပ် လျန်ကုံးဝေက ကျင့်ကြံခြင်းလောကကို သတိပေးထား၏။ မိစ္ဆာဝေဟင်မျှော်နန်းရှိ ရတနာများကို မည်သူမှ ထိခွင့်မရှိပေ။ ဤနည်းဖြင့် တာ့ရန်တွင် မပြဌာန်းထားသည့် စည်းမျဉ်းတစ်ရပ်ဖြစ်လာသည်။

လူများစွာ ရွှေနန်းဥယျာဉ်တောင်တွင် စုဝေးနေသည်။ တခါတုန်းက မိစ္ဆာ‌ဝေဟင်မျှော်နန်း၏ ရန်သူဖြစ်ခဲ့ဖူးသည့် ထိပ်သီးဂိုဏ်း၁၀ဂိုဏ်းမှ လူများနှင့် ခုနစ်စင်ကြယ်ကျောင်းတော်မှလူများ၊ ထိုက်ရွှီကျောင်းတော်မှ လူများစုဝေးနေသည်။ သူတို့က မိစ္ဆာအိုကြီးကျိ၏ပရိသတ်များပဲဖြစ်သည်။

လူတိုင်းက သဘောတူညီချက်တစ်ခုယူထားပုံ‌ပေါ်ကာ မိစ္ဆာဝေဟင်မျှော်နန်း၏ ရတနာများကို ထိရဲသူမရှိပေ။ ထို့ကြောင့် မကောင်းသည့်ရည်ရွယ်ချက် ရှိသည့်သူများကတောင် မလှုပ်ရှားရဲကြချေ။ၑ

ရွှေနန်းဥယျာဉ်တောင်ခြေတွင်ဖြစ်၏။

လူငယ်တစ်ယောက်က‌ မြေပြင်ပေါ်ဒူးထောက်လျက် သုံးကြိမ်ကန်တော့ကာ မိစ္ဆာဝေဟင်မျှော်နန်းဖက် လှည့်ပြီး နောက်ထပ်ကိုးကြိမ် ကန်တော့လိုက်၏။ သူက ဟန်ပြလုပ်နေပုံမပေါ်‌ပေ။ ထိုစဉ် ကျင့်ကြံသူတစ်ယောက်က သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။ “မင်း ဘယ်သူလဲ။ လေးစားတာ လက်ခံပေမဲ့ ဒူးထောက်ကန်တော့ဖို့ မလိုဘူးလေ”

လူငယ်က ပြန်ပြောလိုက်၏။ “တစ်ရက်ဆရာက တစ်သက်တာအဖပဲ။ ယောက်ျားတစ်ယောက်က မိုး၊ မြေနဲ့ မိဘတွေကို ဒူးထောက်ကန်တော့သင့်တယ်”

“...”

“ကျုပ်ရဲ့နာမည်က လီယွင်ကျန်း။ ကျုပ်ရဲ့ရှစ်စွင်းကို ပို့ဖို့ဒီလာတာ”

လီယွင်ကျန်း၏ စကားကို မည်သူမှနားမလည်ပေ။ သူတို့ခေါင်းခါလျက် နောက်ထပ် ပရိသတ်တစ်ယောက်ဟုသာ တွေးမိသည်။ ထိုစဉ် ကျင့်ကြံသူတစ်ယောက်က လေထဲပျံသန်းလာလျက် ကြည်လင်သောစကားပြောလိုက်၏။ “ဒါက သတ္တမသခင်လေးက တာ့ရန်ရဲ့ကျင့်ကြံသူတွေဆီ ပေးချင်တဲ့စကားပဲ”

ဝှစ် ဝှစ် ဝှစ်

ဝေဟင်မှစာရွက်များ ကျလာ၏။ ကျန်သည့်ကျင့်ကြံသူများ စုဝေးနေကာ စာရွက်ကိုကောက်ကိုင်ပြီး သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

ကျင့်ကြံသူက မိစ္ဆာဝေဟင်မျှော်နန်းဖက် လှည့်ကြည့်ပြီး ရေရွတ်ပြောလိုက်လေ၏။ “သတ္တမသခင်လေး အလာနောက်ကျပြီး မျှော်နန်းသခင်ကို မပေးနိုင်ခဲ့တာ နှမြောစရာပဲ။ ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် သခင်လေးရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးတယ်လို့သတ်မှတ်လို့ရပါတယ်”

All Chapters