← Chapters

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း (၆၇) လိမ်ရဲတယ်ပေါ့

လုကျိုးက တင်းမာနေသည့်မျက်နှာထားဖြင့် အခန်းထဲသို့ ဝင်သွားတော့သည်။

ကျောင်းယွဲ့က နိုးနေပြီဖြစ်သော်ငြား အိပ်ရာထဲတွင် လှဲနေသောကြောင့် အားနည်းနေပုံရသည်။ ယခုအချိန်တွင် လှုပ်ရှားဖို့က သူမအတွက် ခက်ခဲသည့်စမ်းသပ်ချက်ကြီးတစ်ခု ဖြစ်နေပုံရသည်။ သူမ၏ ကျင့်ကြံမှုအခြေခံက ချိပ်ပိတ်ခံလိုက်ရပြီး ဗြဟ္မာ့သားချော့တေး၏ ညှဉ်းပန်းမှုကို ခံခဲ့ရ၏။ သူမအသက်ကို ထိန်းထားနိုင်သည်ကပင် ကောင်းနေပြီဖြစ်သည်။ သူမ၏ ခိုင်မြဲသောအုတ်မြစ်ကြောင့် အသက်ရှင်လျက် ရှိနေနိုင်တာပဲဖြစ်သည်။

လုကျိုးက စားပွဲဆီ လျှောက်သွားပြီးနောက် ဖြည်းဖြည်းချင်းထိုင်ချကာ ကျောင်းယွဲ့ကို ကြည့်လိုက်တော့သည်။

သစ္စာရှိမှု= ၁၀ ရာခိုင်နှုန်း

ထင်တဲ့အတိုင်းပဲ လုကျိုးက သူ့ဘာသာသူ တွေးလိုက်၏။

ကျောင်းယွဲ့သည် သူမဘေးရှိ ဆရာ့ကို မြင်သောအခါ မျက်နှာကချက်ချင်းဖြူရော်သွားသည်။ သူမ၏ သွင်ပြင်နှင့် အခြေအနေကို စိတ်ထဲမထားဘဲ အိပ်ရာပေါ်မှ အမြန် ဆင်းလိုက်ရာ အားနည်းနေသော ခြေထောက်များကြောင့် ကြမ်းပြင်ပေါ် လဲကျလုနီးပါးဖြစ်သွားသည်။ ကံကောင်းသည်မှာ ရှောင်ယွမ်အာက သူမကို အချိန်ကိုက် သွားပွေ့လိုက်၏။

“ရှစ်စွင်း ဒီတပည့်က အမှားလုပ်ခဲ့မိမှန်း သိနေပါပြီ။ တပည့်မှားခဲ့မှန်း သိပါတယ်” ကျောင်းယွဲ့သည် အရိုအသေပေးလျက် ဆင်ခြေဆင်လက် ပေးတော့သည်။

ကျောင်းယွဲ့က ဆက်ပြောနေချိန် လုကျိုးက လက်ကာပြကာ ထူးမခြားနား ပြောလိုက်၏။

“တော်လောက်ပြီ”

ကျောင်းယွဲ့က သူ့ကို နောင်တရိပ်တို့ဖြင့် ကြည့်လိုက်သည်။ အကြောက်တရားအနည်းငယ်လည်း ရောထွေးနေ၏။

ကျောင်းယွဲ့က မရှင်းပြရသေးခင် လုကျိုးက ပြောလိုက်၏။

“မင်းကို ဘယ်သူက အတင်းခေါ်သွားတာလဲ”

ကျောင်းယွဲ့သည် အမှားတစ်ခုလုပ်မိတာကိုသိသည့် ကလေးတစ်ယောက်ပမာ ခေါင်းခါလိုက်၏။ ရွှေနန်းဥယျာဉ်တောင်၏ လူဆိုးဟူသော ဂုဏ်သိက္ခာမျိုးတောင် ရှိမနေပေ။ သူမက ညင်သာစွာ ပြောလိုက်တော့သည်။

“ကျင့်မင်တာအိုဂိုဏ်းက လက်ရွေးစင် တစ်ယောက်ဆိုတာပဲ တပည့်သိတာပါ။ သူ ကျင့်ကြံဆင့်က နက်နဲတယ်။ သူက အဆင့်တူ မဟုတ်ဘူး မဟုတ်ဘူး ရှစ်စွင်းနဲ့ယှဉ်ရင် နည်းနည်းလောက် ပိုအားနည်းပုံပေါ်တယ်”

ကျင့်မင်တာအိုဂိုဏ်းထဲတွင် စစ်မှန်သော လက်ရွေးစင် သုံးဦးရှိသည်။ ပထမတစ်ဦးက ဂိုဏ်းခေါင်းဆောင် မော့ချီဖြစ်၏။ ကောလဟာလများအရ သူ၏ကျင့်ကြံဆင့်သည် ပွင့်ချပ်ခုနစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်၌ရှိနေသည်။ ဒုတိယလက်ရွေးစင်က သူတို့၏ ဘိုးဘေး ဖန်လီထျန်း ဖြစ်သည်။ ထိုလူသည် ခြေရာလက်ရာမကျန်ပျောက်ကွယ်သွားခဲ့ပြီး သူမည်သည့်နေရာသို့ သွားမှန်းမည်သူမျှမသိကြပေ။ ဖန်လီထျန်း၏ ကျင့်ကြံဆင့်က ဂိုဏ်းခေါင်းဆောင်ကို ကျော်လွန်သည်ဟု ဆိုကြပေသည်။ သို့သော် ကောလဟလများကို အတည်ပြုနိုင်ခဲ့ခြင်းမရှိပေ။ တတိယတစ်ယောက်ကမူ ဒုတိယအကြီးအကဲ ယို့ဟုန်ယီ ဖြစ်ကာ ကျင့်မင်တာအိုဂိုဏ်းထဲရှိ အစွမ်းအထက်ဆုံး အမျိုးသမီးကျင့်ကြံသူ တစ်ဦးဖြစ်ပေ၏။

“ကျောင်းယွဲ့ ဂိုဏ်းထဲက သစ္စာဖောက်တွေကို ပေါ့ပေါ့လေးမဖြေရှင်းဘူးလို့ ငါပြောခဲ့ပြီးသား မင်းမှတ်မိလား” ကျောင်းယွဲ့သည် ထိုစကားကို ကြားသည့်အချိန်၌ တုန်တုန်ယင်ယင်ဖြင့် ခေါင်းခါလိုက်သည်။

“ရှစ်စွင်း တပည့်ရဲ့ ဖြေရှင်းချက်ကို နားထောင်မှရမယ်။ တပည့်က ရှစ်စွင်းကို သစ္စာဖောက်လိုစိတ်မရှိပါဘူး။ တာဝန်ပြီးဆုံးတဲ့နေ့မှာ မိဘတွေဆီ ဂါဝရသွားပြုချင်တာကြောင့် တပည့်ရဲ့ မွေးရပ်မြေကိုပြန်ချင်ရုံပဲ။ လမ်းမှာ ကျင့်မင်တာအိုဂိုဏ်းရဲ့ လက်ရွေးစင် နှောင့်ယှက်တာခံလိုက်ရတယ်”

ဖြန်း

လုကျိုးက လက်မြှောက်ပြီး စားပွဲကို ရိုက်ချလိုက်၏။ ကျောင်းယွဲ့က ထိတ်လန့်မှုကြောင့် နှလုံးခုန်နှုန်း မြန်လာတော့သည်။

“ငါ့ကို လိမ်ရဲတယ်ပေါ့” လုကျိုးက ကျောင်းယွဲ့ကို ထိုးဖောက်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

ကျောင်းယွဲ့က လုကျိုး၏ အကြည့်အောက်၌ တုန်ယင်နေတော့သည်။ သူမက ဖြစ်ပျက်ခဲ့ပုံကို စတင်တွေးတောပြီး စနစ်တကျပြောပြလိုက်၏။

“တပည့် လရောင်ဆွတ်နန်းတော်ကို သွားခဲ့ပါတယ်။ ရှစ်မေ့ ထျန်ရှင်းက ရှစ်စွမ်းကို ထိခိုက်အောင် လုပ်ချင်နေတာ။ ဒါပေမဲ့ တပည့် တပည့်က ပူးပေါင်းဖို့ မစီစဉ်ခဲ့ပါဘူး”

လုကျိုးက ဆိတ်ဆိတ်သာနေလျက် ကျောင်းယွဲ့ ထပ်မံ ဝန်ခံလာမှာကို စောင့်ဆိုင်းနေ၏။

ကျောင်းယွဲ့က ဆက်ပြောသည်။

“တပည့်ရဲ့ မွေးရပ်မြေကို ပြန်တာက အမှန်ပါပဲ။ ဒါပေမဲ့”

“မင်း ယိမ်းယိုင်ခဲ့လား” လုကျိုးက အသံမြှင့်လိုက်သည်။

ကျောင်းယွဲ့က ပြန်မပြောရဲချေ။ သူမ၏ အချည်းနှီးဖြစ်မှုကို မျိုသိပ်ရုံသာ တတ်နိုင်သည်။ ရှစ်စွင်းသည် ယခင်ကနှင့် ယှဉ်လျှင် ကွဲပြားခြားနားနေသည်ဟု သူမ ခံစားမိသော်ငြား ကံကောင်းမှုကို အရဲမစွန့်ရဲချေ။

“ဒီတပည့်က မှားတာသိပါပြီ။ ယဲ့ထျန်းရှင်းရဲ့ စွပ်စွဲပြစ်တင်တဲ့ စကားတွေကို တပည့် နားမထောင်သင့်ခဲ့ဘူး”

“မင်း ထွက်သွားဖို့ မတွေးခဲ့ရင် ကိစ္စတွေက ဒီအခြေအနေထိရောက်လာမှာ မဟုတ်ဘူး” လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။

ကျောင်းယွဲ့က တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် အမြန်ပြောလိုက်သည်။

“ယဲ့ထျန်းရှင်းက သူရိန်ပြာတောင်တန်းနားမှာ အစီအရင်တစ်ခုချထားတယ်။ အဲ့ဒါကို အသက်သွင်းမယ်လို့ တပည့် သူ့ကို ကတိပေးခဲ့တာ။ ရှစ်စွင်း ရှစ်စွင်းက တပည့်အပေါ်ကောင်းလွန်းတယ်။ ဒါကြောင့် ရှစ်စွင်းကို ထိခိုက်အောင်လုပ်ဖို့ ဘယ်တော့မှ မတွေးခဲ့မိဘူး။ ကိုယ့်ရဲ့ ဆရာကို သတ်တဲ့အပြစ်ဒဏ်ကို တပည့် ကျုးလွန်မှာမဟုတ်ဘူး။ အမှန်အတိုင်းပြောနေတာပါ။ တပည့် စကားတွေထဲမှာ လိမ်ညာမှုပါနေခဲ့ရင် ဘယ်နည်းနဲ့မဆို အပြစ်ပေးခံရဖို့ ဆန္ဒရှိပါတယ်”

လုကျိုးက တိုက်ပွဲထဲသို့ ယဲ့ထျန်းရှင်းသည် ကျင့်ကြံသူများခေါ်လာသည့် မြင်ကွင်းကို ပြန်စဉ်းစားလိုက်၏။ သူ၏ ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ကျောင်းယွဲ့၏ တည်ရှိမှုကို အာရုံမခံခဲ့မိတာ အမှန်ပင်ဖြစ်သည်။

ကျောင်းယွဲ့က ကြမ်းပြင်ပေါ်တွင် ဝပ်တွားလျက် အသက်ကျယ်ကျယ်တောင် မရှူရဲချေ။

အဆုံးတွင် လုကျိုးက ကျောင်းယွဲ့၏ ပြစ်ဒဏ်ကို သူတို့ ရွှေနန်းဥယျာဉ်တောင်သို့ပြန်ရောက်ပြီးမှ ဖြေရှင်းမည်ဟု ဆုံးဖြတ်လိုက်တော့သည်။ ပြီးခဲ့သည့်နှစ်ရက်က အဖြစ်အပျက်များကို တွေးမိသည့်အချိန်၌ သူက မေးလိုက်၏။

“မင်းရဲ့ ကျင့်ကြံဆင့်ကို ဘယ်သူချိပ်ပိတ်ခဲ့တာလဲ”

“တပည့်သိတဲ့ တစ်ခုတည်းသောအရာက သူက နန်းတော်ကပါပဲ။ သူ့ရဲ့မျက်နှာကို မတွေ့ခဲ့ပါဘူး” ကျောင်းယွဲ့က ဖြေလိုက်၏။

“နန်းတော်လား” ထိုအဖြစ်အပျက်များသည် တနည်းနည်းဖြင့် နန်းတော်နှင့် သက်ဆိုင်နေပေသည်။ လုကျိုးသည် စီမိသားစုထဲ၌ ပြန်ပေးဆွဲမှုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန်တောင်ပေါ်မှ ဆင်းလာချိန်မှစပြီး စီအိမ်တော်၏ အိမ်တော်ထိန်း ဝမ်ဖုကွေး၏ အယောင်ဆောင်ခြင်းကိစ္စမှ ပတ်သက်၍ ကျောင်းယွဲ့၏ ကျင့်ကြံဆင့်ကို ချိပ်ပိတ်သည့် နန်းတော်လက်ရွေးစင်အထိ လက္ခဏာရပ်အားလုံးက နန်းတော်သည် မိစ္ဆာဝေဟင်မျှော်နန်းကို စိတ်ဝင်တစားရှိနေကြောင်း ညွှန်ပြနေပေသည်။

ကျောင်းယွဲ့က လုကျိုးကို စိတ်ထိခိုက်သည့် မျက်နှာထားဖြင့်ကြည့်လိုက်သည်။

“ပြန်ပေးဆွဲခံရပြီးတဲ့နောက် ကျင့်မင်တာအိုဂိုဏ်းရဲ့ အထွတ်အမြတ်ယဇ်ပလ္လင်ဆီ ခေါ်သွားတာ ခံလိုက်ရပါတယ်”

“ခေါင်းမော့” လုကျိုး၏ အသံက တင်းမာနေသေးဆဲဖြစ်သည်။

ကျောင်းယွဲ့သည် လုကျိုး၏ စကားကို မနာခံဘဲမနေရဲချေ။ သူမက သတ္တိမွေးပြီး ခေါင်းမော့လိုက်၏။ သူမ ရှစ်စွင်း သူမကို အပြစ်ပေးတော့မည်ဟု ထင်ခဲ့တာပင်။ သို့သော် သူမ၏နဖူးနှစ်ဖက်ကြားကို လေ့လာနေလိမ့်မည်ဟု မထင်ထားချေ။

နေရောင်အောက်၌ ရွှေရောင်ကြာသည် နှစ်လိုဖွယ်ကောင်းပြီး မျက်စိဖမ်းစားနိုင်စွမ်းရှိပုံ ပေါ်နေခဲ့သည်။ သို့သော် အခန်းထဲတွင်မူ မှုန်မှိုင်းမှိုင်း အရိပ်အယောင်သာဖြစ်နေ၏။

“ကဝေအတတ်”

ထိုစကားကို ကြားသောအခါ ကျောင်းယွဲ့နှင့်ရှောင်ယွမ်အာက ထိတ်လန့်အံ့ဩသင့်သွား၏။

တာ့ယန်၏ တစ်မိုးအောက်တွင် ကျင့်ကြံခြင်းနည်းလမ်းများစွာရှိပေ၏။ တောက်အဖွဲ့အစည်းက အကြီးမားဆုံးဖြစ်ပြီး ဗုဒ္ဓအဖွဲ့အစည်းကနောက်မှလိုက်ပါ၏။ ကွန်ဖြူးရှပ်ကျောင်းတော်ကမူ ၎င်း၏ ယခင်ဂုဏ်သတင်းကို ပြန်မရနိုင်ခဲ့ဘဲ ကျန်ရှိသည့် ကျင့်ကြံခြင်းနည်းလမ်းများက ထိန်းထားနိုင်ရန် ခက်ခဲနေသည်။ ကဝေအတတ်သည် ထိုကျင့်ကြံခြင်းနည်းလမ်းများထဲမှ တစ်ခုဖြစ်ပေ၏။

အသုံးအများဆုံး ကဝေအတတ်က ကဝေအတတ်အများစုသည် သဘာဝထဲ၌ မိစ္ဆာဓာတ် ပြင်းထန်ပေသည်။ ကျင့်ကြံသူတစ်ဦးသည် ကဝေအတတ်လေ့ကျင့်ခြင်းမှ ရရှိသည့်အကျိုးအမြတ်သည် တောက်ကျင့်ကြံခြင်းကို လေ့ကျင့်သည့်နည်းလမ်းနှင့်ယှဉ်လျှင် အကျိုးအမြတ် နည်းပေ၏။ အချိန်ကြာလာသည်နှင့်အမျှ ဖြောင့်မတ်ခြင်းလမ်းစဉ်မှ လူများက ကဝေအတတ်ကို ငြင်းပယ်လာကြ၏။ တဖြည်းဖြည်းချင်း ယုတ်လျော့လာကာ ကျင့်ကြံသည့်သူများကလည်း နည်းပါးလာတော့၏။

နန်းတော်ထဲ၌ ကဝေပညာရှင်ရှိနေလိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။

ကျောင်းယွဲ့က အလျင်စလိုအရိုအသေပေးကာ ပြောလိုက်၏။

“ရှစ်စွင်း တပည့်ကို ချုပ်နှောင်ခြင်းကနေ လွတ်အောင်လုပ်ပေးပါ”

လုကျိုးက ကျောင်းယွဲ့ကို သာမန်ကာလျှံကာကြည့်လိုက်၏။ သူမ၏ သစ္စာရှိမှုတိုးလာတာကို မြင်နေပုံရသည်။

“ကျောင်းယွဲ့” ကျောင်းယွဲ့က ကြောက်လန့်တကြားခေါင်းငုံလိုက်၏။ သူမ၏မျက်လုံးတို့က ကြမ်းပြင်ပေါ်တွင်သာစိုက်နေလျက် အသံတစ်သံမှ မထွက်ရဲချေ။

လုကျိုးက ပြောလိုက်၏။

“ငါ့ကို သစ္စာဖောက်တဲ့သူတွေကို ပေါ့ပေါ့လေးမဖြေရှင်းဘူးလို့ ပြောပြီးသားပဲ”

ကျောင်းယွဲ့သည် ထိုစကားကို ကြားသည့်အချိန်တွင် လုကျိုးကို မကျေမချမ်းဖြစ်မနေပေ။ ဆန့်ကျင်ဖက်အနေဖြင့် သူမက မျှော်လင့်ချက်ကို စတင်ခံစားမိ၏။ အထွတ်အမြတ်ယဇ်ပလ္လင်ရှိ အဖြစ်အပျက်ကို အမှတ်ရပြီး သူမက အမြန်အရိုအသေပေးလိုက်သည်။

“ဒီတပည့်က ဘယ်လိုအပြစ်ဒဏ်ကိုမဆို လက်ခံဖို့ဆန္ဒရှိပါတယ်”

“အချိန်ကျရင်ရောက်လာမယ်” လုကျိုးက ပြောပြီးနောက် ခြေထောက်ကို ဖြည်းဖြည်းချင်း ကြွလိုက်တော့သည်။

ကျောင်းယွဲ့က အမြန်ပြောလိုက်သည်။

“ရှစ်စွင်းကို တပည့် တရိုတသေပို့ဆောင်ပါတယ်”

လုကျိုးက ကျောင်းယွဲ့ကို တချက်ကြည့်ပြီး ရှောင်ယွမ်အာကို ပြောလိုက်၏။

“ယွမ်အာ မင်းရဲ့ရှစ်ရှိုးဆီကို စာရေး ပြီးရင် ကျောင်းယွဲ့ကို ပြန်လာခေါ်ပြီး သူ့ကို အပြစ်ပေးဖို့ပြောလိုက်”

“ဟုတ်” ရှောင်ယွမ်အာက ကြောက်လန့်မှုနှင့် သောကကြောင့် အနည်းငယ် တုန်ယင်နေသည်။

လုကျိုးအခန်းထဲမှ ထွက်သွားသောအခါ ရှောင်ယွမ်အာက ကျောင်းယွဲ့ကို ထရပ်နိုင်အောင် ကူညီပေးလိုက်၏။ သူမက ပြုံးကာပြောလိုက်သည်။

“ရှစ်ကျဲက ယဲ့ထျန်းရှင်းလို မဟုတ်ဘူးဆိုတာ ညီမသိနေတယ်”

ကျောင်းယွဲ့က ခေါင်းခါပြီး သက်ပြင်းချလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက် ငါ အမှားလုပ်ခဲ့မိတယ်။ ရှစ်စွင်းသာ အထွတ်အမြတ်ယဇ်ပလ္လင်ကနေ ငါ့ကို ခေါ်မလာခဲ့ရင် ငါက...”

ရှောင်ယွမ်အာက ပြော၏။

“ဟုတ်တယ် ရှစ်ကျဲ ဒါကို မသိလောက်ဘူး။ ဒါပေမဲ့ ညီမတို့တွေ အထွတ်အမြတ်ယဇ်ပလ္လင်မှာ ရှိနေတဲ့အချိန် ရှစ်စွမ်းက သူ့ရဲ့ ခမ်းနားတဲ့ ခွန်အားကို ပြသခဲ့တာ။ ဖြောင့်မတ်ခြင်းလမ်းစဉ်က ဂိုဏ်းတွေနဲ့ မိစ္ဆာဘုရားကျောင်းက လူတွေအားလုံး ရှုံးနိမ့်သွားခဲ့တယ်”

“ရှစ်မေ့ ရှစ်မေ့ အဲ့ဒီမှာ ရှိနေခဲ့တာလား”

“ရှိတာပေါ့။ အဲ့ဒီမှာ မြည်းကတုံးတွေလည်း ရှိတယ်လေ။ သူတို့က ယင်ကောင်တွေလိုပဲ တဝီဝီဖြစ်နေတာ။ ဒေါသတွေထွက်မိရောပဲ” ရှောင်ယွမ်အာက အိပ်ပျော်သွားသည့် အပိုင်းကို ချန်ထားရစ်ခဲ့သည်။

ကျောင်းယွဲ့က သက်ပြင်းထပ်ချလိုက်၏။

“ငါ့ကို ဂရုစိုက်တာ နင်တစ်ယောက်ပဲရှိတယ် ရှစ်မေ့”

လုကျိုးသည် ကျောင်းယွဲ့၏ အခန်းထဲမှထွက်လာစဉ် ကျို့ဖင်း၏ သေဆုံးမှုကို စစ်ဆေးသည့် အရာရှိများကို တွေ့လိုက်ရ၏။ သူတို့ထဲမှ အချို့က သူဆီသို့လာရန် လှေကားကို ပြေးတက်လာကြသည်။

“အရှင် အရှင့်ကို နောက်ဆုံးတော့ရှာတွေ့ပြီ”

“မင်းတို့က ငါ့ကို ရှာနေတယ်လား” လုကျိုးက ဇဝေဇဝါဖြစ်နေ၏။ သူက ကျို့ဖင်း၏အမှုနှင့်ဘာမှ မပတ်သက်ပေ။ ထိုအရာရှိများက သူ့ဆီက မည်သည့်အရာကို လိုချင်သနည်း။

“ကြေညာချက်တစ်ခုထုတ်ဖို့အတွက် လူကြီးမင်းကို ယူနန်မြို့က စစ်သူကြီးအိမ်တော်ဆီ ခေါ်သွားဖို့ တာဝန်ပေးခံထားရလို့ပါ” အရာရှိတစ်ဦးက ဒူးတစ်ဖက်ထောက်လျက် ပြောလိုက်သည်။

“ငါ အလုပ်များနေတယ်” လုကျိုးက ထိုစကားကိုပြောပြီးနောက် သူ့အခန်းထဲသို့ပြန်ကာ တံခါးကို စောင့်ပိတ်လိုက်၏။

အရာရှိက ထိုအခြေအနေကို နားလည်ထားပုံရသည်။

စစ်သူကြီးကို တွေ့ဖို့အတွက် ငါက အရှင်သခင်ကို ဘယ်လိုလုပ်သွားခိုင်းရပါ့မလဲ။ သူ့ရဲ့အဆင့်ကို ပေါ့ပေါ့လေးတွေးရာ ရောက်မသွားဘူးလား။

သူက အမြန်တောင်းပန်လိုက်၏။

“လူကြီးမင်း ကျွန် ကျွန်တော်မျိုး စကားပြောတာမှားသွားတာပါ။ အဲ့ဒီကို သွားခိုင်းလိုတဲ့ ဆန္ဒမရှိပါဘူး”

လုကျိုးက သူ့ကို လျစ်လျူရှုထားလိုက်သည်။ တော်ဝင်တံဆိပ်ပြားက ယူနန်မြို့ထဲရှိ စစ်သူကြီး၏အိမ်တော်ဆီသို့ ဦးတည်နေပုံပေါ်၏။ နန်းတော်က နှစ်ဝက်အတွင်း သတင်းပို့ထားတာပဲဖြစ်ရမည်။ ကျောင်းယွဲ့ကို ထိခိုက်အောင်လုပ်ခဲ့သည့် လက်ရွေးစင်က ထွက်လာရန် လုံလောက်အောင် သတ္တိရှိနေပြီလော။

…

အခန်း (၆၈) နန်းတော်မှ ပညာရှင်

အထွတ်အမြတ်ယဇ်ပလ္လင် အဖြစ်အပျက်အပြီးတွင် လုကျိုးက တော်တော် ပင်ပန်းသွားလေပြီ။ သို့သော်လည်း သူ့စိတ်က အချိန်ပို အလုပ်လုပ်နေရဆဲ ဖြစ်၏။ သူက စနစ်ကို တစ်ချက် လှမ်းဖွင့်ကြည့်လိုက်သည်။

နာမည်။ ။ လုကျိုး

မျိုးနွယ်။ ။ လူသား

ကျင့်ကြံဆင့်။ ။ အာရုံခံသိပ်သည်းခြင်းနယ်ပယ်၊ ချီသန့်စင်ခြင်းနှင့် ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်

ကုသိုလ်အမှတ်။ ။ ၄၄၉၀ မှတ်

စိတ်ဝိညာဉ်သဏ္ဌာန်။ ။ တြိသိပ်သည်းခြင်း ပန်းပွင့်

ကျန်ရှိသက်တမ်း။ ။ ၅၈၀၄ ရက်

အသုံးပစ္စည်း။ ။ အသေရိုက်ချက်ကတ် နှစ်ကတ်၊ ပြစ်ချက်မဲ့ကတ် နှစ်ကတ်၊အတိုက်အခိုက် ဒဏ်ပြင်းကာကွယ်ကတ် (အလိုအလျောက်သုံး) ခုနှစ်ကတ်၊ နတ်ခြင်္သေ့၊ ပိအန်း

လက်နက်။ ။ အမည်မဲ့၊ မာယာကြော့ကွင်း( ပိုင်ရှင် - ယဲ့ထျန်းရှင်း၊ အသုံးမပြုခင် ပြန်လည်သန့်စင်ရန် လိုအပ် )

ကျင့်စဉ်။ ။ ကောင်းကင်ကျမ်း ပေလွှာသုံးမျိုး

လုကျိုးက သူ့ကုသိုလ်အမှတ်များက လေးထောင်ကျော်သွားကြောင်း မြင်လိုက်ရသည့်အခါ တအံ့တဩ ဖြစ်မိသွားသည်။ သူက တိုက်ပွဲအတွင်း စိတ်ရောက်နေသည့်အခါ စနစ်မှ အသိပေးချက်အားလုံးကို လျစ်လျူရှုထားမိခဲ့သည်။ ထိုအကြောင်းအရင်းကြောင့် သူ့အနေနှင့် ဘယ်တာဝန်က သူ့လက်ရှိကုသိုလ်အမှတ် ရရှိအောင် ထောက်ပံ့ပေးခဲ့သည်ကို သတိမထားမိပေ။

လုကျိုးက တာဝန်များစွာကို လုပ်ဆောင်ခဲ့ရသည်။ သူ ပြီးမြောက်သွားသော တာဝန်များကို တာဝန်စာရင်းတွင် ပြသထားလေ၏။

လုကျိုးက ကျောင်းယွဲ့ကို ခေါ်ဆောင်လာခြင်းက ကုသိုလ်အမှတ် တစ်ထောင် ရကြောင်း တွေ့လိုက်ရသည်။ နောက်ထပ် အမှတ်တစ်ထောင်မှာ ကိုယ်တော် ခုံရွှမ်းကို သတ်လိုက်ခြင်းမှ ဖြစ်၏။ ကျောင်းယွဲ့ကို ဆုံးမပေးခြင်းကြောင်း အမှတ် နှစ်ရာ ရရှိခဲ့သည်။ ကျန်ရှိနေသော အမှတ်များမှာ ပိအန်းက သူ့လမ်းပိတ်နေသော ကျင့်ကြံသူများကို ရှင်းခဲ့ရာမှ ရခြင်း ဖြစ်၏။

လုကျိုးက ပိအန်းသည် သူ့အမှတ်များ ရလာဖို့ ကူညီပေးနိုင်ကြောင်း အံ့ဩစွာ တွေ့လိုက်ရသည်။ ပြောရလျှင် ကုသိုလ်ရမှတ်များ ရဖို့ မလွယ်လှပေ။ သူက ခွန်အားလေးချိုးတစ်ချိုး စိတ်ဝိညာဉ်သဏ္ဌာန် ဝယ်ရန် အမှတ်ငါးရာလောက် လိုနေသေး၏။

သူက ပြစ်ချက်မဲ့ကတ် တစ်ကတ်နှင့် အသေရိုက်ချက်ကတ် တစ်ကတ်အား ကိုယ်တော်ခုံရွှမ်းအား သတ်ဖို့ သုံးလိုက်ရသည်။ အကယ်၍ သူ့တွက်ချက်မှန်းဆမှုအတွင်း တာဝန်များသာ မပါခဲ့လျှင် ယခုအချိန် မွဲနေလောက်လေပြီ။ ကံကောင်းစွာဖြင့် သူက ကတ်များများ မသုံးခဲ့ပေ။ အကယ်၍ ပြိုင်ဖက်မဟုတ်သူကို ကတ်ဖြင့် သတ်လိုက်ပါက သူ့အနေနှင့် အကြီးကြီး ဆုံးရှုံးသွားပေမည်။ ထိုကတ်များက စွမ်းအားကောင်းသော်လည်း သူ့စိတ်ကြိုက် အသုံးပြု၍ မရပေ။ သူ့တွင် အသေရိုက်ချက် နှစ်ကတ်နှင့် ပြစ်ချက်မဲ့ နှစ်ကတ်သာ ကျန်တော့သောကြောင့် ချွေချွေတာတာ သုံးရမည်။

လုကျိုးက သူ့ကို ဗြဟ္မာတေး တိုက်ခိုက်ခံရစဉ် ကောင်းကင်ကျမ်း အသက်ဝင်လာသည်ကို ပြန်အမှတ်ရမိလိုက်သည်။ ထိုအရာက ဗြဟ္မာတေး၏ သက်ရောက်မှုအားလုံးကို ချေဖျက်ပေးနိုင်သည်။ သူက တကယ်ကို အံ့ဩသွားမိခဲ့သည်၊

‘ ဒါက ပေလွှာထဲမှာ ပြောထားတဲ့ ထူးခြားစွမ်းအားဆိုတာများလား ’

ထိုအရာကို တွေးမိကာ လုကျိုးက အသက်သွင်းဖို့ ပြင်လိုက်သည်။ သူက ကနဦးချီစွမ်းအားကို လှည့်ပတ်လိုက်ရုံမျှသာ လိုအပ်ပေသည်။ ဤသည်မှာ ကျင့်ကြံသူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် နည်းလမ်းလည်း ဖြစ်ပေသည်။ ကြည့်ရသည်မှာ ထူးခြားစွမ်းအားကို မည်သို့အသုံးချရမည်ကို ရှာဖွေဖို့ နည်းလမ်း မရှိပေ။ ထိုထူးခြားစွမ်းအားက ကိုယ်တော်များစွာ ရွတ်ဆိုနေသည့် ဗြဟ္မာတေးကို လုံးဝ လျစ်လျူရှုထားနိုင်သည့်အထိ စွမ်းအားကြီးမား၏။

ခဏအကြာတွင် လုကျိုးက စနစ်ကို တစ်ချက်ကြည့်လိုက်ကာ “ ကုသိုလ်ရမှတ်လား ကောင်းကင်ကျမ်းလား … ဘယ်ဟာကို ရွေးရမလဲ။ နောက်ထပ် ကံစမ်းမဲ ဆွဲလိုက်သင့်လား။ ဒါပေမဲ့ ငါ့ကံက အဲလောက်မကောင်းဘူး … ကံစမ်းမဲမှာ သွားစွန့်စားသင့်တယ် မထင်ဘူး”

လုကျိုးက နောက်ထပ် ကတ်ကို မစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့လက်ရှိ ကျင့်ကြံဆင့်က အရမ်းနိမ့်နေသေး၏။ သူ့ခန္ဓာကိုယ် လုပ်ဆောင်ချက်က ပို၍ အဆင့်မြင့်သော ကျင့်ကြံဆင့်ကို ခံနိုင်ရည် ရှိသင့်ပေသည်။ သူက စိတ်ဝိညာဉ်သဏ္ဌာန်အဆင့်ကို တတ်နိုင်သမျှ မြန်မြန်တိုးဖို့ လိုအပ်နေလေပြီ။ ကတ်များက မည်မျှအားကောင်းစေကာမူ အပိုပစ္စည်းများသာ ဖြစ်၏။ သူက ရေခဲပါးပါးလေးပေါ် လမ်းလျှောက်နေရသည့် ခံစားချက်မျိုးကို တကယ် မကြိုက်ပေ။

လုကျိုးက ကောင်းကင်ကျမ်းကို ဖွင့်ကာ စတင် ဖတ်လိုက်သည်။

‘ ထင်ထားတဲ့အတိုင်းပဲ … ’

လုကျိုးက ပေလွှာအကြောင်းအရာများကို တိုးလာကြောင်း သတိထားမိလိုက်သည်။ ယခု ဖတ်မရသော သင်္ကေတတချို့ ထပ်တိုးလာသည်။ ကြည့်ရသည်မှာ ကောင်းကင်ကျမ်း၏ စကားလုံး အဓိပ္ပာယ် ဖြစ်လိမ့်မည်။

အခု မှတ်ထားပြီးတော့ နောက်မှ နားလည်အောင် လုပ်တော့မယ် …

သူ ငယ်ငယ်တုန်းကနှင့် တူပေသည်။ သူက ထန်ကဗျာကို နားမလည်ဘဲ မှတ်သားထားဖူး၏။ တစ်ရက်ရက်ကျ နားလည်လာလိမ့်မည်ဟု သေချာယုံကြည်ခဲ့သည်။

အထွတ်အမြတ်ယဇ်ပလ္လင် အဖြစ်အပျက်အပြီးတွင် လုကျိုးက ကောင်းကင်ကျမ်းကို ဖတ်ဖို့ အချိန်ပိုပေးသင့်ကြောင်း ဆုံးဖြတ်လိုက်သည်။

အချိန်က ဆက်တိုက် ကုန်ဆုံးလာလေ၏။ နေဝင်ဖျိုးဖျအချိန်တွင် လုကျိုးက အလောတကြီး လျှောက်လှမ်းလာသော ခြေသံများကြောင့် အာရုံပျက်ပြားသွားလေသည်။

သိပ်မကြာခင် တံခါးအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာလေ၏။

“ သခင်ကြီး … စစ်သူကြီးကျောက်က တွေ့ခွင့်တောင်းနေပါတယ်”

လုကျိုးက ကောင်းကင်ကျမ်းကို ပိတ်လိုက်သည်။ သူက တံခါးကို မဖွင့်ဘဲ မထူးမခြားနား ပြောလိုက်သည်။

“ ဘာကိစ်စလဲ ”

ဤတစ်ကြိမ် စစ်သူကြီးကျောက်က ပြန်ဖြေသူ ဖြစ်၏။ သူ့အသံက ခပ်ဩဩ ဖြစ်ကာ “ ယူနန်မြို့ရဲ့ ကျောက်ရှောက ဆရာကြီးနဲ့ တွေ့ချင်လို့ပါ။ အချိန်များ ရမလားခင်ဗျ ”

လုကျိုး ပြန်မဖြေခင် ရှောင်ယွမ်အာ ပေါ်လာကာ စင်္ကြံလမ်းမှ အော်ပြောလိုက်သည်။

“ မရဘူး … သူ့မှာ အချိန်မရှိဘူး”

စစ်သူကြီးကျောက်က နှုတ်ဆက်သည့်ဟန်ဖြင့် လက်နှစ်ဖက်ယှက်ကာ “ မင်းက .. ”

ရှောင်ယွမ်အာက ခါးထောက်ကာ ပြောလိုက်သည်။

“အဘိုးက ပင်ပန်းနေပြီ။ ဒီလိုအချိန်မျိုးမှာ တွေ့ခွင့်တောင်းတယ်ဆိုတော့ ကိုယ့်ဘာသာ ဘယ်သူများ ထင်နေလဲ ”

“…”

တည်းခိုဆောင်ပိုင်ရှင်က ထိုမိန်းမငယ်လေးသည် နတ်ဒေဝါ ဦးတည် နယ်ပယ်အဆင့်မှန်း သိထားသောကြောင့် ဘာမှမချေပရဲဘဲ “ မိန်းကလေး … ဒါက ယူနန်မြို့ရဲ့ စစ်သူကြီးကျောက် … ”

“ စစ်သူကြီးကျောက်က ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူး … တကယ်လို့ စစ်သူကြီးလီ ဒါမှမဟုတ် စစ်သူကြီးဝမ် ရောက်လာရင်တောင် သဘောမတူဘူး ” ရှောင်ယွမ်အာက အထက်စီးမှ ပြောလိုက်သည်။

ကျောက်ရှောပင် ကြောင်အမ်းသွားလေ၏။

‘ ဒီကောင်မလေးက ဒေါသကြီးလိုက်တာ … မိုးမြေကျယ်ပြန့်မှုကို မသိသေးဘူးပဲ။ ထားပါတော့လေ … လူငယ်တွေက အကြောက်တရား မရှိဘူးဆိုသလိုမျိုးပေါ့ ’

ထိုစဉ် လုကျိုးက ပြန်ဖြေလိုက်သည်။

“ သူ့ကို အထဲဝင်ခိုင်းလိုက်”

အစတုန်းက ထိုလူနှင့် တွေ့ဆုံဖို့ မရည်ရွယ်ထားပေ။ သို့သော်လည်း သူက တော်ဝင်တံဆိပ်တော်နှင့် အဖြစ်အပျက်များတွင် နန်းတော် ပါဝင်ပတ်သက်နေကြောင်း ပြန်လည်စဉ်းစားလိုက်ပြီးနောက် ထိုလူဆီမှ တချို့သတင်းအချက်အလက် နှိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

“ အို ” တံခါးဖွင့်လာသည့်အခါ ရှောင်ယွမ်အာလေးက လုကျိုးနောက်ဝင်လိုက်ရင်း နာနာခံခံ အမူအရာဖြင့် ရပ်နေသည်။

ကျောက်ရှောက လုကျိုး၏ သွင်ပြင်ကို မြင်လိုက်ရသည့်အချိန် နောက်ဆုတ်လိုက်မိသည်။ သို့သော်လည်း သူက မျက်နှာအထက်၌ အပြုံးတစ်ပွင့် ဆက်လက် ဆင်မြန်းထားပြီး ဦးညွတ်ကာ “ဆရာကြီးကို ဂါရဝပြုပါတယ်။ ကျုပ်က ယူနန်မြို့က ကျောက်ရှောပါ ”

လုကျိုး၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်၏။

ကျောက်ရှောက လုကျိုး၏ တုံ့ပြန်မှုကြောင့် နေရခက်လာမိသည်။ သို့သော်လည်း သူက အားတင်းကာ “ဆရာကြီး စောစောက ကျုပ်ရဲ့ ရိုင်းစိုင်းမှုအတွက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

“ လိုရင်းသာ ပြော ” လုကျိုးက တုံးတိသာ ပြောလိုက်သည်။

“ …”

ကျောက်ရှောက ပြီးပြည့်စုံသည့် မိတ်ဆက်မှုမျိုး ပြင်ထားခဲ့သော်လည်း လုကျိုး၏ စကားတစ်ခွန်းကြောင့် အားလုံး အသုံးမဝင်တော့ပေ။

“ဆရာကြီးလက်ထဲမှာ တော်ဝင်တံဆိပ်တော်ရှိတယ်လို့ ကြားလို့ပါ ” ကျောက်ရှောက ပြောလိုက်သည်။

လုကျိုးက မေးခွန်းကို ပြန်မဖြေပေ။ ဤမေးခွန်းမှာ အဓိပ္ပာယ်မရှိပေ။

ကျောက်ရှောက ဆက်ပြောလိုက်သည် “ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက တံဆိပ်တော်က အရှင်မင်းကြီးရဲ့ လက်ထဲမှာ ရှိခဲ့တာပါ။ သူက မြို့တော်ရဲ့ တော်ဝင်အစောင့်တပ်ကို အမိန့်ပေးနိုင်တယ်လေ။ ဒီတံဆိပ်တော်က အရှင်ဘုရင်ရဲ့ ကိုယ်စားပြုမှုပါပဲ။ အဲဒီနောက်ပိုင်းကျ ဒီတံဆိပ်တော်က ပျောက်ဆုံးသွား … ”

“ ငါ ထပ်ပြောမယ် … လိုရင်းကို ပြော ” လုကျိုးက ပြောလိုက်သည်။ တခြားနည်းဖြင့်ဆိုရလျှင် ထိုစကားများက အဓိပ္ပာယ်မရှိသော စကားများသာ ဖြစ်၏။

ကျောက်ရှောက ပို၍ နေရခက်လာမိသည်။ သူက လက်နှစ်ဖက် ယှက်ကာ “ ဒီလိုဆိုမှတော့ ကျုပ် လိုရင်းပဲ ဖြတ်ပြောလိုက်ပါ့မယ် …” သူက ခဏတာရပ်လိုက်ပြီးနောက် “ ဆရာကြီး တံဆိပ်တော်ကို ပြန်အပ်ပေးပါ ”

ကျောက်ရှောစကားအဆုံးတွင် လုကျိုးကို တစ်ချက်ခိုးကြည့်လိုက်သည်။ သူက လုကျိုး စိတ်မကျေမနပ် ဖြစ်သွားမည်ကို စိုးရိမ်နေမိ၏။

လုကျိုးက မေးလိုက်သည်။

“ မင်းက တံဆိပ်တော်ကို လိုချင်တာလား ”

“ ကျုပ် မတောင်းဆိုရဲပါဘူး။ ဆရာကြီးမှာ တော်ဝင်တံဆိပ်တော်တောင် ရှိတာဆိုတော့ သာမန်လူ မဟုတ်တာ သေချာပါတယ်။ ကျုပ်က ဒီနေရာကို အမိန့်အရရောက်နေတာပါ ” ကျောက်ရှောက ပြောလိုက်သည်။

“ ဘယ်သူ့အမိန့်လဲ ”လုကျိုးက တုံးတိဖြတ်မေးလိုက်သည်။

“ အဲဒါက …” ကျောက်ရှောက ခဏတာတုံ့ဆိုင်းသွားပြီး “ အဲဒါကို သေချာမသိပေမဲ့ အဲဒီလူက ကျင့်ကြံဆင့် မြင့်မားတဲ့ နန်းတော်က ပညာရှင်ဆိုတာပဲ သိပါတယ်။ သူက အမိန့်တော်နဲ့ ရောက်လာတာဆိုတော့ ကျုပ်အနေနဲ့ နာခံရုံကလွဲပြီး တခြားရွေးစရာ မရှိပါဘူး ”

လုကျိုးက အခြေအနေကို သေချာသုံးသပ်မိနေသည်။ ထို့နောက် သူက အေးတိအေးစက်ဖြင့် “ တကယ်လို့ သူက တော်ဝင်တံဆိပ်တော်ကို လိုချင်ရင် ကိုယ်တိုင်လာယူဖို့ ပြောလိုက် ”

“ ဆရာကြီး အဲလိုဘာလို့ လိုမှာလဲ။ ဆရာကြီးက ထူးခြားတဲ့ ကျင့်ကြံဆင့်မျိုး ရှိမှန်း သိပေမဲ့ နန်းတော်က အဆင့်မြင့်လူကို သွားရန်စတာက … ”

လုကျိုးက ကျောက်ရှောအား စကားဆုံးအောင် ပြောခွင့် မပေးပေ။ သူက ခြေထောက်ကို အသာမြှောက်လိုက်ပြီး လက်တစ်ဖက်ကို နောက်ပစ်ကာ ကျန်လက်တစ်ဖက်ဖြင့် မုတ်ဆိတ်မွေးကို အသာသပ်လိုက်သည်။

ထိုအရာကို မြင်ပြီး ကျောက်ရှောက လုကျိုးသည် သူ့စကားများကို လက်ခံကြောင်း ယူဆလိုက်၏။ ကျေနပ်အားရသည့် အမူအရာက သူ့မျက်နှာပေါ် အတိုင်းသာ ပေါ်လာလေသည်။

လုကျိုးက လက် ဝှေ့ပြကာ “ သူတို့ကို လိုက်ပို့လိုက်တော့ ”

“…” ကျောက်ရှောက လုကျိုးကို ဖျောင်းဖျဖို့ တစ်ခုခု ပြောချင်မိသည်။ သို့သော်လည်း ဘေးတွင် ရပ်နေသည့် ရှောင်ယွမ်အာက လက်သီးလေးဖြင့် ဝှေ့ယမ်းကာ ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်သည် “ ထွက်သွား ”

‘ ဒီကောင်မလေးက တကယ်ကြီး တက်ကြွတာပဲ … သူမ အဘိုးနဲ့ ဘာလို့များ ကွာခြားနေပါ့လိမ့်။ ဒါက မိန်းမငယ်လေးတစ်ဦး ပြုမူနေထိုင်တာမျိုး မဟုတ်သေးပါဘူး … ခဏ ဆရာကြီးကလည်း တမူထူးတာပဲ ’ ကျောက်ရှောက ခေါင်းသာယမ်းလိုက်မိသည်။ သူက အခန်းမှ ထွက်လာရုံမှအပ တခြားရွေးစရာ မရှိပေ။

ကျောက်ရှောက အခန်းအပြင် ထွက်လိုက်သည့်အချိန် လုကျိုးက ရုတ်တရက် မေးခွန်းတစ်ခု ထမေးလိုက်သည်။ “ကျို့ဖင်းကို ဘယ်သူလွှတ်လိုက်တာလဲ ”

ကျောက်ရှောက အံ့အားသင့်သွားမိသည်။ သူက အပြင်ဘက်တွင် စောင့်နေသည့် ဆိုင်ပိုင်ရှင်ကို တစ်ချက်ကြည့်လိုက်သော်လည်း ပြန်မဖြေပေ။

ထိုစဉ် လှေကားအောက်မှ ဓားရှည်နှင့် အမျိုးသားတစ်ယောက်က အပြုံးလေးဖြင့် “ နန်းတော်က တစ်ယောက်ယောက်ပဲနေမယ် … ဆရာကြီး ကျုပ်တို့ ထပ်တွေ့ပြန်ပြီ ”

လုကျိုးက စကားပြောသည့်သူကို မမြင်သော်လည်း အသံမှ တန်းမှတ်မိလိုက်သည်။ ထိုသူမှာ ဓားကို အရိုးထိ‌အာင် မြတ်နိုးပြီး ဓားများကို အသက်လောက် တန်ဖိုးထားသည့် ကျန်းအိုက်ကျန့် ဖြစ်နေ၏။

…

အခန်း (၆၉) တပည့်ဆိုးက ပြဿနာထပ်တက်ပြန်ပြီ

ယင်းက လုကျိုး၏ တွေးထင်မှုအတွင်းတွင် ရှိသည်။

ကျန်းအိုက်ကျန့်က အားလုံး၏ရှေ့ ၌ သူ၏ဓားရှည်နှင့်အတူ ပေါ်လာပြီး မျက်နှာထက်တွင် အပြုံးတစ်ပွင့်ရှိနေ၏။

ဗြဟ္မာ့သားချော့တေး၏ သက်ရောက်သည့် ဧရိယာထဲမှ ကျန်းအိုက်ကျန့်လွတ်မြောက်လာပုံကို လုကျိုး အံ့ဩနေမိသည်။ ထို့အပြင် ဤနေရာကို ကျန်းအိုက်ကျန့် ရှာတွေ့ပုံလည်း သူသိချင်နေ၏။ ကျန်းအိုက်ကျန့်က စိတ်ပျက်စရာကောင်းလောက်အောင် ဇွဲရှိသူ ဖြစ်သော်ငြား စိတ်ဝင်စားဖွယ် ကောင်းလှပေ၏။ ကျန်းအိုက်ကျန့်နှင့် အကြည့်ချင်းဆုံရန်ထက် ပိုသည့်အရာများ ရှိမှာသေချာသည်။

ကျန်းအိုက်ကျန့်သည် စစ်သူကြီးကျောက်ရှောကို တစ်ချက်ကြည့်ပြီးနောက် သူ့ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်တော့သည်။

“စစ်သူကြီးကျောက် နှုတ်ဆက်ပါတယ်”

ကျောက်ရှောက တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ရုံသာ ငြိမ့်သည်။ သူသည် စိတ်ရှုပ်ထွေးမှုကြောင့် ဒေါသထွက်နေဆဲဖြစ်ပြီး သူစိမ်းများကို ဖော်ရွေလိုစိတ်မရှိပေ။

ကျန်းအိုက်ကျန့်၏ အမူအရာက လေးနက်တည်ကြည်သွားကာ လုကျိုးနားချဉ်းကပ်လိုက်တော့၏။

“အိုက်ကျန့်က ဆရာ့ကို အရိုအသေပေးပါတယ်”

ရှောင်ယွမ်အာက သူ့ကို လှည့်ကြည့်လိုက်ပြီးနောက် ပြောလိုက်တော့သည်။

“အရှက်မဲ့လိုက်တာ”

ကျန်းအိုက်ကျန့်က ရယ်မောပြီးနောက်ပြောလိုက်သည်။ “အရှက်မမဲ့ရင် အသက်ရှင်မှာ မဟုတ်ဘူး”

ရုတ်တရက် ကျောက်ရှောက ကျန်းအိုက်ကျန့်ကို လှမ်းဖမ်းရန် တစ်ချက်လှုပ်ရှားလိုက်တော့သည်။ သူ၏လက်ကို မတင်းကြပ်ရသေးခင် ကျန်းအိုက်ကျန့်က သူ့လက်ကို ရှောင်ပြီးသားဖြစ်၏။ ကျန်းအိုက်ကျန့်က ပြောလိုက်၏။ “စစ်သူကြီးကျောက် ကျုပ်ကို ဒီလိုဖမ်းဖို့ကြိုးစားတာ ခင်ဗျားအတွက် မသင့်တော်ဘူးနော်”

ကျောက်ရှော၏ အမူအရာက သုန်မှုန်သွားကာ မေးလိုက်တော့သည်။ “ကျုပ်ရဲ့မိတ်ဆွေ ... အစောပိုင်းက ဒီဆရာကြီးကို ဘယ်လိုခေါ်လိုက်တာလဲ”

“ဆရာကြီးလေ ဘာဖြစ်လို့လဲ” ကျန်းအိုက်ကျန့်က ပြောင်ချော်ချော်ပြောလိုက်တော့သည်။

“ဆရာကြီးလား”

ကျန်းအိုက်ကျန့်က ကျောက်ရှောကို အကဲဖြတ်သည့်အကြည့်ဖြင့်ကြည့်လိုက်၏။ သူက လျှာနှုတ်ခမ်းသပ်ကာ ပြောလိုက်တော့သည်။

“ခင်ဗျားရဲ့ ဝတ်စားပုံအရ အရာရှိတစ်ယောက်ရဲ့ အိမ်တော်က လူတစ်ယောက်ပဲဖြစ်ရမယ်။ ဆရာကြီးကို ဒီလောက်အကြာကြီး စကားပြောနေတာ သူက ဝါရင့်ကိုယ်တော်တစ်ပါးဆိုတာ မသိဘူးလား” သူက တည်ငြိမ်စွာပြောနေ၏။ သူ၏ စကားထဲတွင် ထေ့ရိသည့် အရိပ်အယောင်မရှိချေ။ ထိုအရာရှိက တုံးအကြောင်း သူသိလိုက်ရသော်ငြား သူ့ကို ရန်စရန် မလိုအပ်ချေ။ ကျောက်ရှောကို ရိုးရိုးသားသား ပြောဆိုရန်သာ သူ ဆုံးဖြတ်ခဲ့၏။

လုကျိုးက မုတ်ဆိတ်မွေးကို သပ်ကာပြောလိုက်တော့သည်။

“ကျန်းအိုက်ကျန့် မင်းရောက်လာတာနဲ့အတော်ပဲ။ မင်းကို မေးစရာတွေရှိတယ်”

ကျန်းအိုက်ကျန့်က ပြုံးပြီးပြောလိုက်သည်။ “ကြိုက်တာမေးပါ ဆရာကြီး ကျွန်တော်သိသမျှ အားလုံး ပြောပြပါ့မယ်”

ထိုစဉ် တော်ဝင်အစောင့်က ကျောက်ရှောဆီသို့ ရောက်လာပြီးနောက် နားနားကပ်ကာ တီးတိုးပြောလိုက်သည်။ အမူအရာကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်ငြား တော်ဝင်သက်တော်စောင့် ၏ စကားကို ကြားသောအခါ မထိန်းနိုင်ခဲ့ပေ။ လုကျိုးအပေါ်သူ၏ သဘောထားက ပိုတောင်နူးညံ့ သွားကာ လုကျိုးကို အရိုအသေပေးပြီးပြောလိုက်၏။

“ဆရာကြီးက ဝါရင့် ဗုဒ္ဓကိုယ်တော်တစ်ပါးကိုး ကျွန်တော် မသိခဲ့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော် မသိတတ်တာအတွက် ခွင့်လွှတ်ပေးပါ ဆရာကြီး”

ကောင်းတယ် ငါဘယ်သူဘယ်ဝါဆိုတာက နည်းနည်းလေး လွဲချော်သွားတဲ့ပုံပဲ။

လုကျိုးသည် ဝါရင့်ဗုဒ္ဓကိုယ်တော်တစ်ပါး မဖြစ်ချင်ပေ။ သို့သော် ဝါရင့်ဗုဒ္ဓကိုယ်တော်တစ်ပါး ဖြစ်စေခြင်းက သူ့ကို မည့်သည့်နည်းနှင့်မဆို မထိခိုက်စေသောကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခံပြီး ရှင်းပြမနေတော့ချေ။

“ဒီ ဆရာကြီးက သူ့ဘာသာသူ အထွတ်အမြတ်ယဇ်ပလ္လင်က အရေးကိစ္စနဲ့ မဟာနတ္ထိ ဘုရားကျောင်းက ခုံရွှမ်းကို ဖြေရှင်းခဲ့တယ်။ ဆရာကြီးပေါ် ကျွန်တော် ကျေးဇူးကြွေး တင်မိပါပြီ” ဆိုရလျှင် ယူနန်မြို့က ကျောက်ရှော၏ တရားစီရင်ပိုင်ခွင့်အောက် တွင်ရှိသည်။ ထိုနေရာ၌ တစ်စုံတစ်ခုဖြစ်ပွားခဲ့ပါက နောက်ဆက်တွဲကို ရင်ဆိုင်ရမှာပဲ ဖြစ်၏။ ယခင်က အထွတ်အမြတ်ယဇ်ပလ္လင်ရှိ အဖြစ်အပျက်အကြောင်း သူ ကြားခဲ့သည်။ ယင်းက နှစ်ဖက်ကြားရှိ အငြင်းပွားမှုကို ဖြေရှင်းရသည့် ပွဲတစ်ပွဲဟုထင်ခဲ့သောကြောင့် မည်သည့်အတွေးမှ တွေးမနေခဲ့ပေ။ တွေးမိသည့်အချိန်၌ သူတုန်ယင်မိသွား၏။ ထိုအခမ်းအနားလေး၌ လက်ရွေးစင် ထိုမျှ များစွာရှိနေလိမ့်မည်ဟု မည်သူက သိမည်နည်း။

လုကျိုးက ကျောက်ရှောကို ပြန်မပြောတော့ပဲ ကျန်းအိုက်ကျန့်ကို ကြည့်ပြီးနောက် ပြောလိုက်၏။

“မင်းက လှည့်ဖျားတတ်တဲ့သူပဲ”

ကျန်းအိုက်ကျန့်က ရယ်မောပြီးပြောလိုက်၏။ “ကျွန်တော်က ရှင်သန်ဖို့အတွက် ကြိုးစားရုံပါပဲ။ ဒီအတွက် ကျွန်တော့်ကို မလှောင်ပါနဲ့ ဆရာကြီး” သူက တန်ဖိုးရှိသည့် ဓားအကြောင်းကို ထပ်မပြောရဲတော့ချေ။

လုကျိုးက မေးလိုက်သည်။

“ကျို့ဖင်းက နန်းတော်ကပဲလား”

ကျန်းအိုက်ကျန့်က ကျောက်ရှောကို တစ်ချက်မျက်စပစ်ပြပြီးနောက် ပြောလိုက်တော့သည်။

“အမှန်ပဲ။ ဒီမှာ စစ်သူကြီးကျောက်ရှိနေတာ သူ့ရဲ့အဆင့်နဲ့ဆို နန်းတော်က လူတစ်ချို့ကို တွေ့ဖူးမှာ သေချာတယ်။ ကျွန်တော်ပြောတာ မှန်တယ်မလား စစ်သူကြီး”

မင်းကပဲ အချက်အလက်ပေးတာလေ။ ဒါတောင် မင်းအတွက် သူတို့ကို သက်သေခံခိုင်းချင်တယ် ပေါ့။ နောက်ဆုံးတွင် သူက ပြောလိုက်တော့၏။

“တိတိကျကျပြောရရင် ကျို့ဖင်းက နန်းတော်ထဲက ရာထူးမြင့်တဲ့လူတစ်ယောက်ရဲ့ လက်အောက်ငယ်သားပါ”

လုကျိုးက ခေါင်းညိတ်လိုက်၏။ ထိုအရာများအားလုံးက အရေးမကြီးတော့ချေ။ နန်းတော်ထဲရှိ တစ်စုံတစ်ဦးက မိစ္ဆာဝေဟင်မျှော်နန်းကို ရန်စရန်ကြိုးစားနေတာသေချာနေပေ၏။

အနောက်ပိုင်းဒေသမှ ကျောက်စိမ်းမိန်းမပျိုက သံသယဖြစ်စရာအကောင်းဆုံးဖြစ်သည်။ သို့သော် သူတို့ကြားထဲ၌ သဘောထားကွဲလွဲမှုဖြစ်စေရန်အတွက် သူမကို တစ်စုံတစ်ယောက်က အသုံးချ နေတာလည်းဖြစ်နိုင်ပေသည်။

လုကျိုးက ထိုအရေးကိစ္စကို နောက်မှဖြေရှင်းရန် ဆုံးဖြတ်လိုက်တော့၏။ နန်းတော်ထဲ၌ ပညာရှင်များစွာရှိပေသည်။ စုန်းအတတ်ကန့်သတ်ချက်တစ်ခုကြောင့် သူ့ကိုယ်သူစွန့်စားမှာ မဟုတ်ပေ။ ယခုအချိန်တွင် သူရရှိထားသည့် အချက်အလက်ကို ကျေနပ်နေ၏။ သူမလှုပ်ရှားခင် သူ့အတွက် ကုသိုလ်အမှတ်များစွာစုဆောင်းပြီး ကျင့်ကြံဆင့်ကို တိုးတက်အောင်လုပ်တာက ပိုကောင်းပေမည်။ ခဏအကြာ၌ သူက မေးလိုက်တော့၏။

“ကျန်းအိုက်ကျန့် မင်းက ထွက်ပြေးခြင်းကျင့်စဉ်ကို ကျင့်နေတာလား”

ကျန်းအိုက်ကျန့်၏ အမူအရာက တောင့်ခဲသွားသည်။ သူက အနေရခက်စွာပြုံးလိုက်၏။ သူ့လျှို့ဝှက်ချက်က ထုတ်ဖော်ခံလိုက်ရချေပြီ။

“ဆရာကြီးရဲ့ ကြီးမားကျယ်ပြန့်တဲ့ ဗဟုသုတကြောင့် ကျွန်တော် အထင်ကြီးမိပါတယ်”

ထိုစဉ် လှေကားကနေ အရေးတကြီးသတင်းပို့ချက်ရောက်လာ၏။

“စစ်သူကြီးကျောက် အရှေ့ပိုင်းကနေ တင်ပြချက်တစ်ခုရောက်လာပါတယ်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထတပည့်က ရွှေနန်းဥယျာဉ်တောင်ကနေထွက်သွားပြီး ယွီခရိုင်ကို သွားနေပါပြီ”

ကျောက်ရှောသည် ထိုသတင်းကိုကြားသည့်အချိန်၌ မျက်မှောင်ကျုံ့သွား၏။

“မင်း အသုံးမကျတဲ့ကောင်။ အားလုံးကို ဒီအကြောင်းသိစေချင်နေတာလား”

“... ”

ကျန်းအိုက်ကျန့်က ခေါင်းညိတ်ပြီးပြောလိုက်သည်။

“ကျုပ်ထင်ထားပြီးသားပါ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထတပည့် မင်ရှစ်ရင် သူက ကောက်ကျစ်ပြီး ထိခိုက်နစ်နာစေလိုစိတ်ရှိတယ်။ စိတ်ကူးတစ်ခုနဲ့သူ့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲနိုင်တဲ့သူပဲ။ သူတော်ကောင်းယောင်ဆောင်တာက သူ့ရဲ့ ဒုတိယသဘာဝပဲလေ”

ရှောင်ယွမ်အာက ထိုစကားကို ကြားသည့်အချိန်တွင် မေးလိုက်၏။

“သူက ဆိုးတယ်လား။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ နဝမမြောက်တပည့်ကကော။ သူ သူမက ဘယ်လိုပုံတဲ့လဲ”

ကျန်းအိုက်ကျန့်က မေးကိုပွတ်လိုက်သည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း အတော်သိပုံပေါ်၏။

“နဝမမြောက်တပည့်က အံ့ဩဖို့ကောင်းတယ်။ သူမက မျှော်စင်ကို နောက်ဆုံးမှဝင်လာခဲ့တာ။ ဒါတောင် သူမရဲ့ကျင့်ကြံဆင့်က တိုးတက်တာအမြန်ဆုံးပဲ။ သူက အလွန်ဆိုးတဲ့ သိုင်းပါရမီရှင် တစ်ဦး။ အာလာ.... သူက”

“ဘာလဲပြောလေ” ရှောင်ယွမ်အာက သူ့ကို လောလိုက်သည်။

ကျန်းအိုက်ကျန့်က ပြန်ပြော၏။

“အဲဒီလူဆိုးလေးက အပြင်လောကထဲမှာ အတွေ့အကြုံချို့တဲ့နေတယ်။ အများနှင့်မတူ တမူ ထူးခြားပြီး ကိုယ်ကျင့်သိက္ခာအကြောင်း မသိဘဲ မိစ္ဆာဝေဟင်မျှော်နန်းထဲဝင်သွားတာ နှမြောဖို့ကောင်းတယ်။ ကမ္ဘာလောကကြီးဆီ ကပ်ဘေးဆောင်ယူလာမဲ့ အကြီးဆုံးလူဆိုးကြီး တစ်ဦးဖြစ်လာမှာတော့ သေချာတယ်။ အား မိန်းကလေး ငါ့ကို ဘာကြောင့် အဲ့လိုမျိုးကြည့်နေတာလဲ”

လုကျိုးက ရှောင်ယွမ်အာဒေါသပေါက်ကွဲတော့မည့်အချိန်ကို မြင်လိုက်ရသည့်အချိန်၌ သူက သာမန်ကာလျှံကာ ပြောလိုက်သည်။

“ဒီနေ့ တော်လိုက်ရအောင်” တနေကုန် အလုပ်လုပ်ပြီးနောက် သူတကယ် ပင်ပန်းနေပြီဖြစ်သည်။

ရှောင်ယွမ်အာက နှာခေါင်းရှုံ့လိုက်၏။ သူမက ရွေးချယ်စရာမရှိတော့ဘဲ သူမဆရာ၏ ဆန္ဒကို နာခံရပေမည်။

ကျောက်ရှောက လုကျိုးရှေ့တွင် လက်သီးနှစ်ဖက်ဆုပ်လျက်ပြောလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်က တောင်ပေါ်ကဆင်းလာပြီဆိုမှတော့ ဘာမှ ကောင်းတာ ရှိမှာမဟုတ်ဘူး။ ဒီအကြောင်းကို ဖြောင့်မတ်ခြင်းလမ်းစဉ်ဆီက ကျင့်ကြံသူတွေဆီ သတင်းသွား ပေးလိုက်ဦးမယ်”

ကျောက်ရှောက ပြောပြီးချိန်၌ စစ်သည်တော်တစ်ဦးက ပြေးတက်လာပြီးပြောလိုက်၏။ “

စစ်သူကြီး လူ... လူဆိုးက ချင်ခရိုင်ကနေ ဖြတ်သွားတဲ့အချိန်မှာ မိန်းကလေးတွေ အများကြီးကို ဖမ်းသွားခဲ့တယ်”

“... ”

ကျောက်ရှောက နှုတ်ခမ်းမဲ့သွားသည်။ “မျိုးမစစ်ကောင် ငါ သွားရတော့မှာပဲ” ချင်ခရိုင်တွင် ဖြစ်သွားသောကြောင့် သူကြိတ်ပြီး စိတ်သက်သာရာ ရသွား၏။ ယူနန်ခရိုင်တွင် ဖြစ်တာမဟုတ်ပေ။ သို့သော် ထိုလူဆိုးက ယူနန်မြို့သို့ ရောက်လာလျှင် မည်ကဲ့သို့ဖြစ်မည်နည်း။

လုကျိုးက မျက်မှောင်ကျုံ့လိုက်သည်။ သူက ဇဝေဇဝါဖြစ်သွား၏။ မင်ရှစ်ယင်းက လိုက်လျော ညီထွေရှိတတ်သူဖြစ်သည်။ ထိုဆိုးယုတ်သော အပြုအမူ၏နောက်ကွယ်၌ သူအမှန်တကယ် ရှိနေသည်လော။

“တင်း တောပုန်းဓားပြတစ်ယောက်ကိုသတ်လိုက်ပါပြီ။ ကုသိုလ်အမှတ် ဆယ်မှတ်ရပါပြီ”

“တင်း တောပုန်းဓားပြတစ်ယောက်ကိုသတ်လိုက်ပါပြီ။ ကုသိုလ်အမှတ် ဆယ်မှတ်ရပါပြီ”

တောပုန်းဓားပြတွေတဲ့လား။ မိန်းကလေးတွေ မဟုတ်ဘူးလား။

ကျန်းအိုက်ကျန့်က ပြုံးပြီးပြောလိုက်သည်။ “စစ်သူကြီးကျောက် စောင့်လိုက်ဦး”

“မင်း ငါနဲ့ ဘာကိစ္စရှိလို့လဲ” ကျောက်ရှောက ဇဝေဇဝါဖြင့်မေးလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထတပည့်က ယွီခရိုင်ကို လာတာရှင်းနေတာပဲ။ ယူနန်မြို့ကို သူလာတာ ဖြစ်နိုင်တယ်”

ကျောက်ရှောက မျက်လုံးပြူးကျယ်သွားကာ ပြောလိုက်တော့သည်။ “မင်း ဘယ်လိုလုပ်သိတာလဲ”

ကျန်းအိုက်ကျန့်က သူ့ခေါင်းကို လက်ညှိုးထိုးပြပြီးနောက် ပြုံးကာပြောလိုက်သည်။

“အထွတ်အမြတ်ယဇ်ပလ္လင်ရဲ့ အခမ်းအနားပွဲမှာ ရှိတဲ့ သူတော်စင်သမီးတော်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပဉ္စမတပည့်ပဲလေ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အဖွဲ့ဝင်တစ်ယောက် ခေါ်သွားခံရတာ လူဆိုးကြီးက သူမကိုခေါ်ဖို့ တစ်စုံတစ်ယောက်ပို့မှာ သေချာတယ်။ ဒါကို ရှာဖွေဖော်ထုတ်ဖို့ ခက်ခဲတာမှ မဟုတ်တာ”

“အာ”

“စစ်သူကြီးကျောက် စတုတ္ထတပည့်က နက်နဲတဲ့ကျင့်ကြံဆင့်ရှိတယ်။ သူ တောင်ပေါ်ကနေ အရင်တစ်ခေါက်ထွက်လာတဲ့အချိန်မှာ နတ်ဝိညာဉ်ဝဋ်ကြွေးခြေနယ်ပယ်ကို ခြေတစ်ဖက်ချပြီးပြီ။ ဒါက ကြာသွားပြီးပြီနော်။ သူ အခုလောက်ဆို ဒုက္ခတစ်ရာရှုကွင်းကို ပိုင်ဆိုင်ထားပြီးဖြစ်နေမှာပဲ။ သူ့ကိုဘယ်သူက တားနိုင်မှာတဲ့လဲ” ကျန်းအိုက်ကျန့်က ပြုံးပြီး ဓားကို ကိုင်ထားလိုက်သည်။

ကျောက်ရှောက မျက်မှောင်ကျုံ့သွားပြန်သည်။ “ပြဿနာများလိုက်တာ။ ပြဿနာတွေ ဘာကြောင့် တစ်ခုပြီးတစ်ခု ရောက်လာတာလဲ။ အရင်ထက် ပြဿနာကပိုများလာရတာလဲ”

ကျန်းအိုက်ကျန့်က ဆက်ပြောလိုက်သည်။

“ဒီမှာ ဆရာကြီးရှိနေတယ်ဆိုမှတော့ တပ်ကူအတွက် တောင်းဆိုဖို့ နန်းတော်ဆီ ခရီးထွက်မဲ့အစား သူ့ရဲ့ အကူအညီကို ယဉ်ယဉ်ကျေးကျေးတောင်းပါတော့လား”

ကျောက်ရှောက ကျန်းအိုက်ကျန့်၏ စကားကိုကြားသည့်အချိန်၌ မျက်လုံးများ တောက်ပသွားတော့ သည်။

“ညီငယ်လေး ဒါတွေက ဉာဏ်ရှိတဲ့စကားတွေပဲ” သူက လုကျိုးကို အမြန်လှည့်ကြည့်ပြီးနောက် လက်သီးနှစ်ဖက်ဆုပ်လိုက်၏။ သူက ကြည်ညိုလေးစားမှု စိတ်ရင်းမှန်တို့ဖြင့်ပြောလိုက်သည်။

“ဆရာကြီး အဲ့ဒီလူဆိုးကို ဖမ်းပြီး ယူနန်ပြည်သူပြည်သားတွေအတွက် ငြိမ်းချမ်းမှုကို ဆောင်ယူပေးဖို့ အကူအညီတောင်းပါရစေ”

ရှောင်ယွမ်အာသည် ထိုစကားကိုကြားသည့်အချိန်၌ အမှန်တကယ်ဆွံ့အသွားတော့သည်။

…

All Chapters