အခန်း (၇၃-၇၅)
Vol. 5 Ch. 73-75
အခန်း (၇၃) ကျင့်ကြံဆင့် မြှင့်တင်ခြင်း အပိုင်း ၁
ကျန်းအိုက်ကျန့်က ထိတ်လန့်အံ့အားသင့်သွားသည်။ သူက လုကျိုးကို မယုံသင်္ကာ ကြည့်လိုက်တော့၏။ သူ၏ခြေထောက်များ အားနည်းလာပြီး အပြစ်ရှိစိတ်တို့က သူ့စိတ်ထဲလေးလံစွာ သက်ရောက်လာ၏။ ခဏအကြာတွင် သူက ရယ်မောပြီးပြောလိုက်တော့သည်။
“ဆရာကြီးကျိ ဘာအကြောင်းပြောနေတာလဲ။ နောက်နေတာလား”
လုကျိုးက စကားတစ်ခွန်းချင်းစီကို ဖြည်းဖြည်းချင်း ရှင်းရှင်းလင်းလင်းပြောလိုက်တော့၏။
“မင်းက နန်းတော်ကပဲ”
သူပြောသည့်လေသံက သေချာပေါက်သိနေသည့်အလား အငြင်းပွားဖွယ်မရှိပေ။
ကျန်းအိုက်ကျန့်က နှလုံးတစ်ချက်ခုန်သွား၏။ သူက အားတင်းပြုံးကာ ပြောလိုက်တော့၏။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လုကျိုးက ပြန်ပြောရန် စိတ်အနှောင့်အယှက်ဖြစ်ခံမနေပေ။
ကျန်းအိုက်ကျန့်က ဉာဏ်ထက်ပေ၏။ ဉာဏ်ထက်သည့်သူတစ်ယောက်ကို စကားပြောရာတွင် စကားလုံးများ ဖြုန်းတီးနေရန် မလိုအပ်ပေ။ ကျန်းအိုက်ကျန့်က မဟာနတ္ထိဘုရားကျောင်းမှ ကိုယ်တော်များ၏ အစီအစဉ်အကြောင်း သိခဲ့ပြီးဖြစ်သည်။ သူက ကြီးမြတ်သော အခမ်းနားပွဲ အကြောင်းကိုလည်း သိခဲ့၏။ သူသည် ကျို့ဖင်းသည် နန်းတော်မှ ဖြစ်ကြောင်းလည်းသိသည်။ အရေးကြီးဆုံးက မြင်းလှည်းပေါ် လိုက်လာသည့်အချိန်တွင် နန်းတော်မှ တစ်စုံတစ်ယောက် ရောက်နေပြီဟု ဆိုခဲ့သည်။ အထွတ်အမြတ်ယဇ်ပလ္လင်ရှိအဖြစ်အပျက်နှင့် ထိုမျှရင်းနှီးနေသည့်သူက မည်သူများရှိနိုင်မည်နည်း။ မည်သူကများနန်းတော်၏ အကောက်ကြံမှုများအကြောင်း သိမည်နည်း။
လုကျိုးက မင်ရှစ်ရင်ကို နတ်ခြင်္သေ့နှင့်ထွက်သွားခိုင်းပြီးနောက် သူက နောက်တွင်ကျန်ရစ်၏။ နန်းတော်မှ ပညာရှင်ကလည်း ကျန်နေသည်။ ပညာရှင်သည် လုကျိုး၏နောက်ခံ ပေါ်ထွက်လာပြီ ဖြစ်သောကြောင့် အဆင်အခြင်မဲ့ မလှုပ်ရှားရဲချေ။ တစ်စုံတစ်ယောက်က ကျောင်းယွဲ့အကြောင်း သတင်းအချက်အလက် သူ့ကိုလည်း ပို့ထားခဲ့၏။ ပိုအရေးကြီးသည့်အချက်က ကျန်းအိုက်ကျန့်သည် သူ့ကို မိစ္ဆာဝေဟင်မျှော်နန်း၏ သခင်ဖြစ်ကြောင်းရှာတွေ့သွားသည့် အချိန်၌ သူ ပျာယာခတ်သွားပြီး သူ၏ အစီအစဉ်များ နှောင့်ယှက်ခံလိုက်ရသောကြောင့် စတင်ကြောက်လန့်သွားတော့၏။ ထိုလက္ခဏာရပ်များ အားလုံးက ကျန်းအိုက်ကျန့်သည် နန်းတော်မှဖြစ်ကြောင်းညွှန်ပြနေပေ၏။
“ငါက အမြဲတမ်းစကားကို တဲ့တိုးပြောနေကြ။ မင်းက ဉာဏ်ထက်တော့ငါဘာဆိုလိုမှန်း သိသင့်တယ်” လုကျိုးက တည်ငြိမ်စွာပြော၏။
ကျန်းအိုက်ကျန့်က တိတ်ဆိတ်နေသည်။ သူ၏ တိတ်ဆိတ်မှုက ဝန်ခံမှုဟူ၍ သတ်မှတ်နိုင်ပေ၏။ စကားကို ဝေ့ဝိုက်ပြောခြင်းက လူတိုင်း၏အချိန်ကိုကုန်စေသည်။ သူက သက်ပြင်းချပြီးနောက် ပြောလိုက်တော့သည်။ “ခင်ဗျားက အတော်လျင်တာပဲ ဆရာကြီးကျိ”
လုကျိုးက လက်နောက်ပစ်လျက်ဆိတ်ဆိတ်နေလေ၏။
ကျန်းအိုက်ကျန့်က ဆက်ပြောသည်။
“ခင်ဗျားပြောတာ တစ်ဝက်ပဲမှန်တယ် ဆရာကြီး။ ကျုပ်က တကယ်ပဲနန်းတော်က ဒါပေမဲ့ ဒါအတိတ်တုန်းကပဲလေ။ နန်းတော်ထဲက ထွက်လာခဲ့တာ ကြာနေပြီးပြီ။ နန်းတော်ထဲမှာ အကောက်ကြံမှုတွေ များလွန်းတယ်။ ကျုပ်လို လူတစ်ယောက်က နန်းတော်အတွက် ဘဝကို ဒီလိုမနေနိုင်ဘူး” သက်ပြင်းထပ်ချလိုက်၏။ သူ၏ ပြုံးနေကျမျက်နှာက တည်ကြည်သည့် အမူအရာဖြင့် အစားထိုးသွားခဲ့ပြီဖြစ်သည်။
“နန်းတော်က လူတွေက အချိန်တိုင်းနီးပါး တစ်ယောက်နဲ့တစ်ယောက်အကောက်ကြံ တိုက်ခိုက်နေပြီး တစ်ယောက်နဲ့တစ်ယောက် လိမ်လည်လှည့်ဖြားနေကြတာ။ ကျွန်တော်ဒါကို ပြောပြရင် ဆရာကြီးယုံမှာလား။" ထိုလူဆိုးကြီးသည် သူ့စကားကို ယုံလိုက်မည်ဟု သူမထင်ပေ။
“ငါ့အတွေးနဲ့ငါပဲ ” လုကျိုးက မရေမရာပြောလိုက်သည်။
ကျန်းအိုက်ကျန့်က ကူကယ်ရာမဲ့စွာ ခေါင်းခါပြီးနောက် ပြောလိုက်၏။
“အတွေးကိုယ်စီနဲ့ဆိုတာ ကျွန်တော်ယုံတယ်။ ကျွန်တော် လွတ်လွတ်လပ်လပ်နဲ့ သံခြေကျဉ်းကင်းလွတ်တဲ့ အပြင်လောကကို နှစ်သက်တယ်။ ဒါပေ မဲ့ကျုပ်ရဲ့မိတ်ဆွေတွေက နန်းတော်ထဲမှာ နေရတာ ပိုနှစ်ခြိုက်တယ်လေ။ ကျုပ်တို့သောက်စားဖို့အတွက် တွေ့တဲ့အချိန်တိုင်း သူတို့က နန်းတော်ထဲမှာ သိတဲ့အကြောင်းအရာတွေကို ကျုပ်ဆီ ဖောက်သည်ချတာ”
ကျန်းအိုက်ကျန့်၏ စကားက အဓိပ္ပာယ်ရှိသည်။ မဟုတ်လျှင် သူကဲ့သို့ လှည့်ဖြားတတ်သည့် ကျင့်ကြံသူသည် နန်းတော်၏ အစီအစဉ်များကို သိစရာအကြောင်းမရှိပေ။ ခဏအကြာတွင် သူက နောင်တရစွာ ပြောလိုက်၏။
“အား အခုချိန်မှာ ငါ့ရဲ့မိတ်ဆွေတချို့ နန်းတော်ထဲက ထွက်သွားဖို့ဆိုတာ နောက်ကျသွားပြီ။ သူတို့ထဲက တချို့ဆိုသေတောင်သေကုန်ပြီ”
လုကျိုးကပြော၏။ “သူတို့အသက်က ငါနဲ့ဘာမှ မဆိုင်ဘူး”
ကျန်းအိုက်ကျန့်က ခေါင်းညိတ်လိုက်သည်။ မှန်ပေ၏။ နန်းတော်ထဲရှိ လူသားများ၏ ဆက်ဆံရေးက အပြင်လောကနှင့်စာလျှင် အလွန်ရှုပ်ထွေးပေ၏။ အသက်ပြင်းပြင်းတစ်ချက်ရှုပြီးနောက် သတိထားလျက်မေးလိုက်သည်။
“ဆရာကြီးကျိ ကျွန်တော်ဘယ်သူဘယ်ဝါဆိုတာ သိနေတယ် ဆိုမှတော့ ကျွန်တော်တို့အရင် သဘောတူညီချက်ကို ဖယ်ရှားလိုက်လို့ရလား”
ကျန်းအိုက်ကျန့်သည် သူ၏ဘဝကို အလွန်ချစ်မြတ်နိုးသည်။ ထိုမေးခွန်းကို မေးသည့်အချိန်၌ အမြဲတမ်းတည်ငြိမ်နေကျလုကျိုးက သူ့ကို တိုက်ခိုက်လာမည်ကို သူ သေချာမသိသောကြောင့် သတိအလွန်ထားနေခဲ့၏။
လုကျိုးက ခေါင်းခါပြီးနောက် ထူးမခြားနားပြောလိုက်သည်။ “မင်း ကြိုးစားကြည့်လေ”
“...”
ကျန်းအိုက်ကျန့်က ဆွံ့အသွားသည်။ “ဓားပြလှေပေါ်ကနေ ငါ ဆင်းနိုင်ပါ့မလားတောင်မသိဘူး” သူက ပြောလိုက်သည်။ “တခြားသူတွေ ဒီအကြောင်းကို ရှာတွေ့သွားရင် ကျုပ်လုံခြုံပါ့မလား”
လုကျိုးကပြော၏။ “ငါ အဲဒါကို ဂရုမစိုက်ဘူး” သူ့စိတ်ထဲတွင် တွေးလိုက်၏။
မင်းဘဝကို မင်းဒီလောက် တန်ဖိုးထားနေတယ်ဆိုမှတော့ မင်းရဲ့လုံခြုံရေးအကြောင်း စိုးရိမ်နေဖို့မလိုဘူးလို့ ငါထင်တာပဲ။
လုကျိုးက ကျန်းအိုက်ကျန့်ကို ပြန်ပြောလိုက်သည်။
“မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို မဆန့်ကျင်သရွေ့ မင်းဘာလုပ်လုပ် ငါဝင်မစွက်ဖက်ဘူး” သူက ပါရမီရှိသူများကို သက်ညှာလေ့ရှိ၏။ သူက ထပ်ပြောလိုက်သည်။ “မင်းက နန်းတော်က ဆိုမှတော့ မိစ္ဆာဝေဟင်မျှော်နန်းကို နားလည်ပြီး မင်း ငါတို့ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ မင်းသိမယ်ဆိုတာ သေချာတယ်”
ကျန်းအိုက်ကျန့်က ခေါင်းငြိမ့်ပြီး သက်ပြင်းချကာပြောလိုက်တော့သည်။ “ကောင်းပြီ။ ကျွန်တော့်ကို ကတိပေးထားတဲ့ ဓားတွေကတော့ ဆရာကြီး...”
“မင်းကိုပေးမယ်”
ကျန်းအိုက်ကျန့်က သူ၏ဓားကို ပိုက်ထားလျက်ပြောလိုက်သည်။ “ဒါဆို အပေးအယူဖြစ်ပြီ”
လုကျိုးက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူ၏အင်္ကျီလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီးနောက် ပိအန်းက ရှေ့ကိုရောက်လာတော့သည်။ ပိအန်းပေါ်သူခုန်တက် ပြီးနောက် ပြောလိုက်တော့၏။
“နန်းတော်ရဲ့ အရေးကိစ္စတွေအကြောင်း ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ သူတို့တွေရဲ့ အကောက်ကြံမှု အကြံအစည်တွေထဲ မိစ္ဆာဝေဟင်မျှော်နန်းကို မဆွဲသွင်းတာက ပိုကောင်းလိမ့်မယ်”
ရှောင်ယွမ်အာက တင်းမာသည့်မျက်နှာထားဖြင့် ကျန်းအိုက်ကျန့်ကို ကြည့်ပြီးနောက် ပိအန်းပေါ် ခုန်တက်သွားသည်။ ကျန်းအိုက်ကျန့်က လက်နှစ်ဖက်ကိုဆုပ်လျက် ဘာမှထပ်မပြောတော့ချေ။
ပိအန်းက လေထဲသို့ တက်သွားပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ ဦးတည်ပြီးပျံသန်းသွားတော့ ၏။
လုကျိုးထွက်သွားပြီးသည်နှင့် ကျန်းအိုက်ကျန့်က မြေကြီးပေါ်ဆောင့်နင်းလိုက်သည်။ နန်းတော်ထဲရှိ အရေးကိစ္စများအကြောင်း သူ့ကို လူဆိုးကြီးမမေးခဲ့သည့်အတွက် သူအမှန်တကယ် အံ့ဩမိသည်။ ယင်းက ကောင်းပေ၏။ နန်းတော်အကြောင်း သူ မပြောရဲသည့် ကိစ္စရပ်များစွာရှိပေသည်။
ပိအန်းသည် ဝေဟင်ကို ဖြတ်သန်းသွားသည်နှင့် လုကျိုးက စနစ်မျက်နှာပြင်ကို စစ်ဆေးကြည့်လိုက်သည်။ ယခု အချိန်တွင် သူ၏ ကုသိုလ်အမှတ်များက ၅၀၁၀ ရှိနေပြီဖြစ်သည်။ သူသည် သတင်းပေးတစ်ဦး ရသည့်အချိန်၌ ကုသိုလ်အမှတ် ငါးရာသာရခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ယင်းက အပေးအယူကောင်းတစ်ခုဟု သူတွေးမိသည်။ ကျန်းအိုက်ကျန့်ကဲ့သို့ တစ်စုံတစ်ဦးက ပူးပေါင်းဆောင်ရွက်ရန်အတွက် သင့်တော်ပြီး လက်အောက်ခံအဖြစ်ခေါ်ထားရန် မသင့်တော်ပေ။
ရှောင်ယွမ်အာက အသံတိုးတိုးဖြင့်ပြောလိုက်၏။ “ရှစ်စွင်း တပည့်တို့တွေ နတ်ဘုရားမြို့ကို မသွားဘူးလား”
လုကျိုးက သူမကို ညင်သာစွာပြောလိုက်၏။ “ကောင်မလေး မင်းက ဆော့ဖို့ပဲတစ်ချိန်လုံးတွေးနေတာ”
ရှောင်ယွမ်အာက နှုတ်ခမ်းဆူပြီးပြောလိုက်၏။ “ရှစ်စွင်း ကျန်းအိုက်ကျန့်ကို မယုံသင့်ဘူး“
“ငါ သိတယ်” ရှောင်ယွမ်အာက ဆက်ပြော၏။ “သူက နန်းတော်အတွက် အလုပ်လုပ်ပေးခဲ့တာ။ ရှစ်စွင်းရဲ့ သတင်းပေးဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“တော်လောက်ပြီ” လုကျိုးက ရှောင်ယွမ်အာရဲ့ခေါင်းကို ခေါက်လိုက်၏။ သို့သော် စိတ်ထဲတွင်မူ သူမ ထိုအရေးကိစ္စများ တွေးနေသည့်အတွက်ကျေနပ်နေမိ၏။ ယခင်ကထက်ပိုကောင်းလာတာပဲဖြစ် သည်။
ထိုစဉ် ကျားတောင်ရိုးအဖွဲ့ချုပ်တွင် ပလ္လင်ပေါ်၌ထိုင်နေသည့် သူတစ်ဦးက အကြောက်တရား ဟူသော နာမည်ကို ကိုးကားထားသည်။ မိစ္ဆာဘုရင် ကျူးဟုန်ကုန်း မဟုတ်ပေ။ မဟူရာကွန်ယက်ဂိုဏ်း၏ အဖွဲ့မှူး ဝူယာပင် ဖြစ်၏။
“ချိရှစ်ရှိုး ရှစ်ရှိုးရဲ့ သတင်းကွန်ယက်က နယ်ပယ်ကိုဖြန့်ကျက်နိုင်တယ်။ သတင်းတွေက အမြဲတမ်းအားကိုးရတာ။ ဒါပေမဲ့ အထွတ်အမြတ်ယဇ်ပလ္လင်အဖြစ်အပျက်နဲ့ သက်ဆိုင်တဲ့ အချက်အလက်ကြောင်း တစ်ခုခုမှားနေတယ်လို့ မထင်ဘူးလား။ မဟာနတ္ထိဘုရားကျောင်းက ခုံရွှမ်းက ပွင့်ချပ်လေးလွှာနတ်ဝိညာဉ်ဝဋ်ကြွေးခြေနယ်ပယ်ပဲ ရှိဦးမှာ။ သူက ဖြောင့်မတ်ခြင်းလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်က လူတွေအများကြီးရှိနေချိန် ကျောင်းယွဲ့ကို ခေါ်သွားနိုင်စွမ်းရှိပါ့မလား။ မဖြစ်နိုင်ဘူး” ကျူးဟုန်ကုန်းက ပြောသည်။
စီးဝူယာက ထူးမခြားနားပြောလိုက်၏။
“ခုံရွှမ်းက ကျောင်းယွဲ့ကို မခေါ်သွားခဲ့ဘူး။ သူက ဝါရင့်ဗုဒ္ဓကိုယ်တော်ကြီးသတ်တာခံလိုက်ရတာ”
“ခုံရွှမ်းသေပြီလား။ မဖြစ်နိုင်တာ” ကျူးဟုန်ကုန်းက ထိတ်လန့်သွားသည်။
“ငါ့ရဲ့သတင်းပေးတွေက အမြဲတမ်းစိတ်ချရတယ်။ မဟာနတ္ထိဘုရားကျောင်းက မြည်းကတုံးတွေက ဗြဟ္မာ့သားချော့တေးကို အသက်သွင်းလိုက်ပြီး ငါ့လူတွေကို အရေးနိမ့်အောင်လုပ်ထားတာ။ ဒီတော့ မလှမ်းမကမ်းကနေပဲ လေ့လာနိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့တို့ တွေ့ပုံအရတော့ ဝါရင့်ဗုဒ္ဓကိုယ်တော်က မဟာမိုးကြိုးဘီးအတွက် ချိပ်ပိတ်ခြင်းလက်ကို ရွတ်ဆိုနိုင်စွမ်းရှိတယ်”
“အဲဒီ ခုံရွှမ်းက သူ့ရဲ့လူတွေထဲက တစ်ယောက်သတ်တာခံလိုက်ရတာ ဘယ်လိုဖြစ်သွားပါလိမ့်” ကျူးဟုန်ကုန်းက ခေါင်းကုတ်လိုက်တော့သည်။
နှစ်ယောက်လုံးက ဆက်လက်ဆွေးနွေးနေစဉ် ကျင့်ကြံသူတစ်ဦးက ကမန်းကတန်း ဝင်လာပြီး ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်၏။
“ခေါင်းဆောင်ကို သတင်းပို့ပါတယ်။ ဓားရူးချန်ဝမ်ကျဲက ဓားနတ်ဆိုးသတ်တာခံလိုက်ရပါတယ်”
“ဟုတ်ပြီ” စီးဝူယာက အံ့ဩပုံမရပေ။ သို့သော် ကျူးဟုန်ကုန်းက မှင်သက်သွား၏။
“ဂိုဏ်းခေါင်းဆောင် နောက်ထပ်တင်ပြစရာရှိပါသေးတယ်”
“ပြော”
“မိစ္ဆာဘုရားကျောင်းရဲ့ အကြီးအကဲ ရန်ပုဖင်းက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပါပြီ”
စီးဝူယာက ခြေထောက်ချက်ချင်းကြွလိုက်တော့သည်။ “အဆင့်တက်သွားလား”
“ကျွန်တော် မသိပါဘူး”
“မိစ္ဆာဘုရားကျောင်းက တစ်ခုခုလှုပ်ရှားသေးလား”
“အခုထိတော့ မလှုပ်ရှားသေးဘူး”
“သူတို့ လှုပ်ရှားပြီဆိုရင် ငါ့ကို ချက်ချင်းသတင်းပေး”
“နားလည်ပါပြီ”
…
အခန်း (၇၄) ကျင့်ကြံဆင့် မြင့်တင်ခြင်း အပိုင်း ၂
မိစ္ဆာဘုရားကျောင်း၏ လွှမ်းမိုးမှုက လတ်တလောနှစ်ပိုင်းအတွင်း ကျယ်ပြန့်လာသည်။ ပညာရှင်များစွာလည်း ဂိုဏ်းကို ဝင်သွားကြ၏။ လက်ရှိ တောင်ပံပေါက်လာသည့် ကျားတစ်ကောင်ပမာ ဖြစ်နေသည်။
ယခင်က မိစ္ဆာဘုရားကျောင်း ကျောင်းထိုင် ရန်ပုဖင်းက တံခါးပိတ် ကျင့်ကြံနေကြောင်း စီး၀ူယာ့ ကြားလိုက်ရသည်။ ရန်ပုဖင်း၏ တိုးတက်မှုများအကြောင်း ရံဖန်ရံခါ သတင်းများ ထွက်လာသော်လည်း သူက သတင်းများကို တစ်ခါမှ အတည်မပြုနိုင်ခဲ့ပေ။ မိစ္ဆာဘုရားကျောင်း၏ လွှမ်းမိုးမှု ကြီးထွားလာြခင်းက မဟူရာကွန်ရက်အပေါ် သက်ရောက်မှု ရှိလာသည်။ အထူးသဖြင့် ငရဲဂိုဏ်းပေါ် ဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် သူက ရန်ပုဖင်း၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရန် သူလျှိုတစ်ယောက် ထားခဲ့သည်။
ရန်ပုဖင်း တစ်ယောက်တည်း တံခါးပိတ် လေ့ကျင့်နေခြင်း မဟုတ်ပေ။ မဟာနတ္ထိဘုရားကျောင်း၏ ခုံယွမ်၊ ကောင်းကင်ဓားဂိုဏ်း၏ အရင်ဂိုဏ်းချုပ် လော့ရှင်းခုံနှင့် ယခင်အခေါက်တွင် ရွှေနန်းဥယျာဉ်တောင်ကို ကျဆုံးအောင် လုပ်ရာ၌ ကျရှုံးခဲ့သော ကွန်ဖြူးရှပ်ကျောင်း၏ ပညာရှင် ချန်းရှင်းတို့လည်း ကျင့်ကြံဆင့် မြင့်လိုမြင့်ငြား မျှော်လင့်ချက်ဖြင့် တံခါးပိတ် ကျင့်ကြံနေကြသည်။ သို့သော်လည်း မည်သူကမှ ကျင့်ကြံဆင့် တက်လှမ်းမည့် အရိပ်အယောင် မရှိသေးပေ။
စီးဝူယာ့က သူ့ဘာသာ တွေးလိုက်မိသည်။ ‘ တကယ်လို့ ရန်ပုဖင်းသာ ကျင့်ကြံဆင့် မြင့်သွားရင် သူ ဘာလုပ်မှာလဲ။ မိစ္ဆာဘုရားကျောင်းရဲ့ လွှမ်းမိုးမှုကို ချဲ့ထွင်မှာလား ဒါမှမဟုတ် မိစ္ဆာဝေဟင်မျှော်နန်းကို လက်စားချေမှာလား’
သူက ကျူးဟုန်ကုန်းဘက် လှည့်ကာ မေးလိုက်သည်။
“ လောင်ပါ့ … မင်းရော ဘယ်လိုထင်လဲ”
ကျူးဟုန်ကုန်းက ဖြစ်နိုင်ခြေအားလုံးကို တွေးတောလိုက်ပြီး “ ကျွန်တော် ထင်တာတော့ ဝါရင့်ဗုဒ္ဓကိုယ်တော်ကြီးဆိုတာက ရှစ်စွင်းရဲ့ မဟာမိတ်များလားလို့ ”
“ရှစ်စွင်းက မဟာမိတ်ဖွဲ့ရတာမျိုး မကြိုက်ဘူးလေ။ ဒါပေမဲ့ အခုတော့ အချိန်တွေလဲ ပြောင်းကုန်ပြီဆိုတော့ ရှစ်စွင်း မလုပ်တာမျိုးတော့ မဖြစ်နိုင်တော့ဘူး။ ပြီးတော့ မိစ္ဆာဝေဟင်မျှော်နန်းမှာ အသစ်ထပ်တိုးလာပုံပဲ ”
ကျူးဟုန်ကုန်း၏ မျက်ဝန်းများ တောက်ပလာကာ “ ရှစ်စွင်းက နောက်ထပ် တပည့်တွေ လက်ခံနေပြီလား ”
“တပည့်လို့ မပြောပါဘူး။ သူ့ကြည့်ရတာ … အလုပ်သမားနဲ့တူတယ်။ အဲဒါကလွဲရင် ရွှေနန်းဥယျာဉ်တောင်ရဲ့ အကာအရံက အကြောင်းအရင်း မသိရသေးပေမဲ့ ပြန်ကောင်းသွားပြီ။ တခြားကိစ္စတွေကိုတော့ သူ့သက်တမ်းကုန်တဲ့အထိ စောင့်ကြတာပေါ့ ”
“နောက်ထပ် အလုပ်သမားလား … ချီရှစ်ရှိုး ကျွန်တော်တို့ မိစ္ဆာဝေဟင်မျှော်နန်းဆီ ဘာလို့ မပြန်တာလဲ”
ကျူးဟုန်ကုန်းက အကြံပြုလိုက်သည်။
စီးဝူယာ့က ပြန်မဖြေပေ။ သူက ကျူးဟုန်ကုန်းကို အေးစက်စက် ကြည့်လိုက်သောကြောင့် ကျူးဟုန်ကုန်းတစ်ယောက် ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။
……….…
ရွှေနန်းဥယျာဉ်တောင်ပေါ် မိစ္ဆာဝေဟင်မျှော်နန်းရှိ လျှို့ဝှက်အခန်းအတွင်း …
လုကျိုးက သူ့လက်ရှိကုသိုလ်ရမှတ် ၅၀၁၀ မှတ်ကို တစ်ချက်ကြည့်လိုက်သည်။ သူက အထွတ်အမြတ်စင်မြင့် အဖြစ်အပျက်အပြီးတွင် အမှတ်များများ ရမလာတော့ပေ။ သူက သူ့ကိုယ်သူ အမှတ်ငါးထောင်ဖြင့် ခွန်အားလေးချိုးတစ်ချိုး စိတ်ဝိညာဉ်သဏ္ဌာန်သုံးပြီး သူ့ကျင့်ကြံဆင့် တိုးမြှင့်နိုင်ပြီဟု တွေးခဲ့သော်လည်း စိတ်ဝိညာဉ်သဏ္ဌာန် ဝယ်ယူဖို့ရာအတွက်ဖြင့် အမှတ်အားလုံး သုံးပစ်လိုက်ရမည်လား။
လုကျိုးက စိတ်တွင်း တွက်ချက်လိုက်ရင်း တန်သည်ဟု မထင်ပေ။ သူက ကံစမ်းမဲ စမ်းကြည့်ဖို့ စဉ်းစားလိုက်သေး၏။ သို့သော်လည်း ထိုအတွေးကို ချက်ချင်း ပယ်ချလိုက်ရသည်။ တစ်ခါက သူ ၆၆ မှတ်ဖြင့် ကံစမ်းခဲ့လေရာ အကြောင်းပြန်လှန်ကတ် တစ်ကတ်သာ ရရှိခဲ့၏။ သို့သော်လည်း သူ့အား အချီကြီးမိစေသည့် အခွင့်အရေးတော့ အမြဲရှိနေသေးသည်။ သူ့တွင် အမှတ်ငါးထောင်ကျော်ကျော်လေး ရှိသည်မှာ ကံဆိုးလှပေသည်။ သူက ကံစမ်းမဲ စမ်းကြည့်ဖို့အတွက် အမှတ်ပို ရှိမနေပေ။
‘ ကုသိုလ်ရမှတ် များများရလာတဲ့အထိ စောင့်လိုက်သင့်တယ် ’
ရွှေနန်းဥယျာဉ်တောင်က ဘေးကင်းလုံခြုံသောကြောင့် လုကျိုးက ကုသိုလ်ရမှတ်များ ရဖို့ အချိန်ယူစဉ်းစားနေသည်။ ယခု သူက ကျင့်ကြံဆင့် တိုးမြင့်ဖို့ ဆုံးဖြတ်ထား၏။ အသုံးပြုပစ္စည်းကတ်များက ပြိုင်ဖက်တစ်ယောက်တည်းနှင့်သာ အသုံးတည့်လေသည်။ အထွတ်အမြတ်စင်မြင့် အဖြစ်အပျက်တုန်းက သူက ကံကောင်းသွား၍သာ ဖြစ်သည်။ သာမန်အခြေအနေအောက်၌ အမြဲတမ်း တစ်ယောက်ချင်း ရင်ဆိုင်နေရလိမ့်မည်ဟု အာမခံချက် မရှိချေ။
လုကျိုးက စနစ်ကို စိတ်ဖြင့် ထိန်းချုပ်လိုက်ပြီး ခွန်အားလေးချိုးတစ်ချိုးစိတ်ဝိညာဉ်သဏ္ဌာန်ကို ဝယ်ယူလိုက်သည်။
“ တင်း … ခွန်အားလေးချိုးတစ်ချိုးစိတ်ဝိညာဉ်သဏ္ဌာန်ကို ရရှိပြီးပါပြီ”
စနစ်၏ အသိပေးချက် ထွက်ပေါ်လာပြီး လုကျိုး၏ နဂိုစိတ်ဝိညာဉ်သဏ္ဌာန်ဖြစ်သည့် တြိသိပ်သည်းခြင်း ပန်းပွင့် စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ဆုံးသွားကာ ခွန်အားလေးချိုးတစ်ချိုးက အစားထိုး ဝင်ရောက်လာသည်။ သူ့ချီစွမ်းအားက ခန္ဓာကိုယ်အတွင်း ဒီရေအလား ထိုးထွက်လာသည်ကို ခံစားမိလိုက်၏။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်အသစ်ဖြင့် သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်မှာ အဆင့်တက်သွားတော့သည်။ သူ့ချီစွမ်းအားက မြန်မြန် ကြီးထွားလာကာ အလယ်အလတ် အာရုံခံသိပ်သည်းခြင်းနယ်ပယ်ကို ချိုးဖောက်ကာ အထွတ်အထိပ် အသိအာရုံစုစည်းခြင်း နယ်ပယ်အဆင့်ကို ရောက်ရှိသွားသည်။ သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ကို ချီများ ဖြည့်တင်းဖို့ သိပ်မကြာလိုက်ပေ။
မိုးမြေကြားရှိ လူတစ်ယောက်က အခွံတစ်ခုနှင့် တူပေသည်။ အခွံ၏ ခံနိုင်ရည်က ချီစွမ်းအား မည်မျှဆန့်မည်ကို ဆုံးဖြတ်ပေးသွားလိမ့်မည်။ ချီသွေးကြောနှင့် စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်တို့၏ အရွယ်အစားတို့က ကျင့်ကြံသူတစ်ဦး၏ အင်အားကို ဆုံးဖြတ်ပေးရာ၌ အရေးပါသော အချက်များ ဖြစ်၏။
လုကျိုးက သာမန်ကျင့်ကြံသူ မဟုတ်ပေ။ သူက လောက၌ အားအကောင်းဆုံး မိစ္ဆာဂိုဏ်းချုပ် ဖြစ်၏။ သူ့စွမ်းအင်ဗဟိုချက်နှင့် ချီသွေးကြောတို့က ယခင်ကတည်းက ပုံသွင်းကာ လေ့ကျင့်ပြီးသွားလေပြီ။
ချီစွမ်းအား ဝင်ရောက်လာသည်နှင့် ယန်ကျီမြစ်ရှိ ရေကာတာ ဖောက်ချလိုက်သလို ဖြလာစ်၏။ လုကျိုးက မရပ်တန့်သောကြောင့် သူ့ကျင့်ကြံဆင့်မှာ မြန်မြန်ဆန်ဆန် မြင့်တက်သွားသည်။
လုကျိုးက ခပ်မြန်မြန် ထိုင်ချလိုက်ပြီး စိတ်ကိုသာ အာရုံစိုက်ထားလိုက်သည်။ သူက ပေါ့ပေါ့တန်တန် မတွေးဘဲ ကျင့်ကြံဆင့် တိုးမြင့်လာဖို့သာ အာရုံအပြည့်အဝ စိုက်ထားလိုက်သည်။
ထိုအချက်အပြင် လုကျိုးက တစ်ခုခုကို နားလည်သွားသေးသည်။ အစပိုင်းတွင် သူက စနစ်ကို ရရှိစဉ်အခါက သူ့ကျင့်ကြံဆင့်မှာ ခန္ဓာ တည်ဖွဲ့ခြင်း အဆင့်သာ ရှိခဲ့သည်။ ခန္ဓာ တည်ဖွဲ့ခြင်း အဆင့်မှာ ကြွက်သား၊ အရိုးနှင့် အရည်ပြားကို လေ့ကျင့်ပေးခြင်း ဖြစ်၏။ ကျိထျန်းတောက်က ယခင်ကတည်းက ပြီးမြောက်ခဲ့ပြီ ဖြစ်၍ သူ့အနေနှင့် ထပ်မံကျင့်ကြံစရာ မလိုလိုက်ပေ။ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့်ရှိ ဒွါရငါးပေါက်နှင့် အသိအာရုံဖွဲ့စည်းခြင်း နယ်ပယ်အဆင့်တို့အတွက်မူ သူတို့က စိတ်ဆန္ဒ ကျင့်ကြံခြင်းလို ဖြစ်၏။ တခြားနည်းဖြင့်ဆိုရလျှင် ယခု သူ့ကျင့်ကြံဆင့် တိုးတက်လာခြင်းက စိတ်ဝိညာဉ်သဏ္ဌာန်၏ အဆင့်နှင့် သူ စုပ်ယူလိုက်သော ချီပမာဏအပေါ် မူတည်ပေသည်။ သူ့ချီသွေးကြောရှစ်ခုလုံး ဆက်သွယ်မိသွားပြီး သင့်တော်သည့် စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ချီစွမ်းအားလုံလုံလောက်လောက် ရှိနေလျှင် ချီသွေးကြောရှစ်ခုကို တစ်ခါတည်းဖြင့် ရောက်သွားလိမ့်မည်။
“ ကောင်းကင်ကျမ်း” လုကျိုးက အတွေးတစ်ချက်ဖြင့် ကောင်းကင်ကျမ်းကို ထုတ်ယူလိုက်သည်။ သူ့အနေနှင့် ထိုအရာက စိတ်ဝိညာဉ် တည်ငြိမ်စေပြီး အတွေးမပြန့်ဖို့အတွက် ပိုလွယ်ကူကြောင်း ခံစားမိစေသည်။ ကောင်းကင်ကျမ်း ပေါ်လာသည်နှင့် သူ့အကြည့်တို့က ရှုပ်ထွေးနက်နဲလှသော စာကြောင်းများဆီ ရောက်ရှိသွားသည်။
…………..…
မင်ရှစ်ရင်က ပြန်ရောက်သည်နှင့် ကျောင်းယွဲ့ကို ပြန်လည်သုံးသပ်ရေးဂူထဲ၌ ပိတ်ထားလိုက်သည်။ သူက သူမကို ပိတ်ထားစဉ်ကတည်းက စောင့်ကြပ်ပေးနေ၏။
ကျောင်းယွဲ့သည် ပြန်လည်သုံးသပ်ရေးဂူထဲ ဝင်ရောက်လာသည့်အခါ ဆံပင်ဖြူဖြူ၊ အသားအရေ ဖြူဖျော့နေသည့် ယဲ့ထျန်းရှင်းကို မြင်လိုက်ရ၍ အင်မတန် ထိတ်လန့်မိသွားသည်။
မင်ရှစ်ရင်က ရှင်းပြလိုက်သည်။
“ ရှစ်မေ့ ထျန်းရှင်းရဲ့ ကျင့်ကြံဆင့်ကို ရှစ်စွင်း ဖျက်ဆီးလိုက်တာ … သူမရဲ့ ကျင့်ကြံဆင့် မရှိဘဲ သူမခန္ဓာကိုယ်က တဖြည်းဖြည်း ယိုယွင်းလာမှာပဲ။ ဒီလိုဖြစ်နေတာ မဆန်းပါဘူး ”
ကျောင်းယွဲ့က ထိုစကားကို ကြားလိုက်ရသည့်အခါ အတော်လေး တုန်လှုပ်မိသွားသည်။
‘ဒီလို ကြီးလေးတဲ့ အပြစ်ဒဏ်ခံရအောင် ဘာများလုပ်မိလို့လဲ …’
သူမက ကျင့်ကြံဆင့် ရှိနေသေးသည့်အတွက် ရုတ်တရက် ကျေးဇူးတင်မိသွားသည်။ သူမက ယဲ့ထျန်းရှင်းလောက် ဇွဲမရှိသလို သတ္တိလည်း မကောင်းပေ။ သူမက ကျင့်ကြံဆင့် မရှိခြင်းနှင့် သေဆုံးခြင်းကြားမှ ကွာခြားချက်မရှိဟု ခံယူထားသည်။ သူမဘာသာ စိတ်လှုပ်ရှားစွာ တွေးမိသွားလေ၏။
‘ ရှစ်မေ့လိုမျိုး အပြစ်ကြီးကြီး မကျုးလွန်မိတာ ကံကောင်းသွားတယ် ’
“ရှစ်မေ့ကျောင်းယွဲ့ …. ဒီတစ်ခါ ရှစ်စွင်းက အထိအခိုက်မရှိ ပြန်ခေါ်လာတယ်ဆိုတော့ အတော်လေး ကံကောင်းတာပဲ။ ရှစ်စွင်းက မင်းရဲ့ အပြုအမူတွေကို ပြန်လည်ဆင်ခြင်ဖို့ ဒီမှာ ပိတ်ထားလိုက်ဖို့ မှာထားတယ်။ ရှစ်ရှိုးကို အပြစ်မမြင်နဲ့ ” မင်ရှစ်ရင်က ပြောလိုက်သည်။
ကျောင်းယွဲ့က ခေါင်းညိတ်ကာ “ ညီမ ကျေးဇူးတင်ပါတယ်။ ရှစ်ရှိုးကို အပြစ်မတင်ပါဘူး”
သူမ၏ တမူထူးသောရှစ်စွင်းနှင့် ယှဉ်လိုက်လျှင် စစ်ရှစ်ရှိုးကို ပိုလိုလားပေသည်။ အနည်းဆုံးတော့ သူမက သတိကြီးကြီးထားစရာ မလိုတော့ပေ။ ထို့အပြင် သူမအနေနှင့် အရိုက်ခံရခြင်း၊ စကားမှားယွင်း၍ အပြစ်ပေးခံရခြင်းတို့ကို စိုးရိမ်နေစရာ မလိုတော့ပေ။
ထိုစဉ် ယဲ့ထျန်းရှင်းက ရုတ်ခြည်း မော့ကြည့်လာသည်။ သူမက ကျောင်းယွဲ့ကို ပင်ပန်းနွမ်းလျစွာ ကြည့်လိုက်ရင်း သူမ မျက်ဝန်း၌ အံ့အားသင့်မှုတစ်ခု ဖြတ်ပြေးသွားသည်။
“ စုန်း … စုန်းပညာ ”
မင်ရှစ်ရင်က ခေါင်းညိတ်ကာ “ ဟုတ်တယ် စုန်းပညာပဲ .. ရှစ်မေ့ထျန်းရှင်း အပြင်လောကမှာနေတုန်းက အများကြီးသင်ယူခဲ့တာပဲ”
ယဲ့ထျန်းရှင်းက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး “ စုန်းပညာ ကန့်သတ်ချက်ပဲ … ကျင့်ကြံသူတွေတောင် ဖယ်ရှားဖို့ အခက်ကြုံရတယ်။ ကျင့်ကြံဆင့် ပျက်ပြားသွားတာနဲ့ မထူးဘူး … ဒီလိုကံတရားကို ကျွန်မလည်း ကြုံပြီးပြီ။ အခု ကျောင်းယွဲ့လည်း အတူတူ ခံစားနေရပြီ။ နောက်ထပ်က ဘယ်သူများ ဖြစ်မလဲ … ”
ကျောင်းယွဲ့က နားမလည်နိုင်စွာ မေးလိုက်သည်။
“ ရှစ်မေ့ ဒီအချိန်မှ ရှစ်စွင်းအပေါ် အငြိုးတေး ထားနေလို့ ဘာထူးမှာလဲ”
သူမက စာရွက်တစ်ရွက်လို ဖြူဖျော့နေသည့် ယဲ့ထျန်းရှင်းအား ကြည့်လိုက်သည်။
မင်ရှစ်ရင်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ရင်း “ ရှစ်မေ့ထျန်းရှင်း … တစ်သက်လုံး ဒီဂူထဲမှာပဲ နေချင်နေတာလား”
တကယ်လို့ သူမသာ အတွေးမပြောင်းလျှင် ဤနေရာ၌ ထာဝရနေသွားရနိုင်သည်။
“ ဘာကွာခြားလို့လဲ။ အခုလက်ရှိအနေအထားနဲ့ သေတာနဲ့ ကွာမှမကွာတာ ”
“ ခေါင်းမာလိုက်တာ ”မင်ရှစ်ရင်က ခေါင်းယမ်းလိုက်သည်။
ဝုန်း
အဝေးမှ ချီစွမ်းအား ဟိန်းထွက်လာမှုက သူတို့နားထဲ ရောက်ရှိလာသည်။
မင်ရှစ်ရင်က မျက်မှောင်ကြုတ်ကာ “ မင်းတို့နှစ်ယောက်လုံး ဒီနေရာမှာနေပြီး ပြန်သုံးသပ်နေကြ .. ငါ မင်းတို့ကို နေ့တိုင်းလာတွေ့လှည့်မယ် ”
“ ရှစ်ရှိုး ကျေးဇူးပါ ” ကျောင်းယွဲ့က ခေါင်းတစ်ချက်ညိတ်ကာ ပြောလိုက်သည်။
…………
“တင်း .. ကျောင်းယွဲ့ကို ပဲ့ပြင်ဆုံးမခြင်းအတွက် ကုသိုလ်ရမှတ် တစ်ရာ ရရှိပါမယ်။ သစ္စာရှိမှု + ၅ ရာခိုင်နှုန်း ”
……………
မင်ရှစ်ရင်က အပြင်ထွက်လာသည်။ သူက ဆူညံသံဖြစ်ပေါ်ရာ ဦးတည်ရာသို့ တစ်ချက်ကြည့်လိုက်သည်။ ဤသည်မှာ မိစ္ဆာဝေဟင်မျှော်နန်း ဖြစ်၏။ ချီစွမ်းအား ဟိန်းထွက်မှုက သိမ်မွေ့သော်လည်း သူက ကောင်းကောင်းကြီး အာရုံခံလိုက်မိသည်။
‘တစ်ယောက်ယောက်တော့ မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ ချီသွေးကြော ဆက်နွယ်နေတာလား … ရွှေနန်းဥယျာဉ်တောင်မှာ ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ကျင့်ကြံသူက ဘယ်လိုလုပ် ရောက်နေတာလဲ ’
သူက နားမလည်နိုင် ဖြစ်နေမိသည်။ မိစ္ဆာဝေဟင်မျှော်နန်းသည် ဆူညံခွင့်ပြုသည့် နေရာမျိုး မဟုတ်ပေ။
“ ဒီကိုရောက်လာလောက်အောင် သတ္တိကောင်းနေမှတော့ သင်ခန်းစာပေးရမယ်”
ထိုသို့ပြောပြီး မိုင်သုံးရာအတွင်း သူ့ပုံရိပ်များသာ ချန်ထားရစ်ခဲ့တော့သည်။
…
အခန်း (၇၅) ထူးဆန်းသောစွမ်းအား
တခြားသူတွေက ကြီးမြတ်လှတဲ့ မိစ္ဆာဝေဟင်မျှော်နန်းထဲဝင်နိုင်တယ်လို့ တွေးကုန်ရင် ဘယ်လိုလုပ်မလဲ။ ရှစ်စွင်းက ငါ့ကို ဒီကိစ္စအတွက် အပြစ်တင်ရင် နောက်ဆက်တွဲကို ငါရင်ဆိုင်ရမှာ။
ရွှေနန်းဥယျာဉ်တောင်၏ အရံအတား ကျိုးပေါက်ခဲ့ချိန်က ကျိုးကျစ်ဖုန်းသည် ရှစ်စွမ်းကို လုပ်ကြံရန်အခွင့်အရေးရစဉ်၌ သူ အပြစ်တင်ခြင်းမခံရတိုင်း အင်မတန် ကံကောင်းမှန်း မင်ရှစ်ရင် သိနေပေသည်။ သို့သော် ထိုကဲ့သို့ ထပ်မံဖြစ်ပွားခဲ့လျှင် သူ၏ဆရာက သူ့ကို အပြစ်မတင်လျှင်တောင် သူ့ကိုယ်သူ စိတ်ပျက်မိလောက်သည်။
မင်ရှစ်ရင်က တောင်အနောက်ဖက်ဆီသို့ တိုက်တိုက်ဆိုင်ဆိုင်ဖြတ်သန်းသွားမိသည်။
ကျိုးကျစ်ဖုန်းသည် ကောင်းကင်ဓားဂိုဏ်း၏ တပည့်ကြီးတစ်ဦး ဖြစ်ခဲ့ဖူး၏။ သူက နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကျင့်ကြံသူများကြားထဲ၌ လူသိများပေသည်။ မိစ္ဆာဝေဟင်မျှော်နန်းမှ ထူးဆန်းသော ကြိမ်နှုန်းကို သူလည်းခံစားမိ၏။ မင်ရှစ်ရင် ဖြတ်သွားတာကို မြင်သည့်အချိန်၌ သူက လှမ်းခေါ်လိုက်မိသည်။
“စတုတ္ထသခင်လေး”
“ထွက်သွား။ မင်းပြန်လာရဲရင် ငါရိုက်ပစ်မှာ” မင်ရှစ်ရင်က ကျိန်ဆဲလိုက်တော့၏။
ကျိုးကျစ်ဖုန်းက အထိတ်တလန့်ဖြင့် ထခုန်မိတော့သည်။ ကနဦးချီမှ အသံလှိုင်း၏ကြိမ်နှုန်းကြောင့် သူ၏နားများ ထုံကျဉ်သွားကာ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားစေ၏။ ပြီးနောက်သူသည် သစ်သားကျောက်ရုပ်နှယ်ရပ်နေသေးသည်။
“ငါ မင်းကို ရန်မစခဲ့မိဘူးလေ။ ရန်စမိလို့လား။ မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ သာမန်လူတွေ မရှိဘူးလား”
မင်ရှစ်ရင်သည် မိစ္ဆာဝေဟင်မျှော်နန်းသို့ နောက်ဆုံးတွင် ရောက်လာသည့်အချိန်တွင် ရှောင်ယွမ်အာကို တွေ့လိုက်တော့၏။ သူက သူမနားလျှောက်သွားကာ မေးလိုက်တော့သည်။
“ရှစ်မေ့ မိစ္ဆာဝေဟင်မျှော်နန်းထဲကို အပြင်လူ ခိုးဝင်လာတာတွေ့မိလား”
ရှောင်ယွမ်အာက ဇဝေဇဝါဖြစ်သည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
“မတွေ့မိပါဘူး။ ဘာဖြစ်လို့လဲ”
မင်ရှစ်ရင်သည် မျှော်နန်းတောက်လျှောက် အရှိန်ပြင်းပြင်းဖြင့် ဖြတ်သန်းသွားလာပြီး နောက်ခံပုံရိပ်များစွာ ချန်ထားရစ်ခဲ့သည်မှာ ပုံရိပ်ယောင်တစ်ခုနှယ်တူနေတော့၏။
ရှောင်ယွမ်အာကလည်း တလက်လက်တောက်ပနေသည့်မြင်ကွင်းကို ရှာတွေ့သွား၏။ သူက လက်ခုပ်တီးကာ ပြောလိုက်တော့သည်။ “ရှစ်ရှိုး ရှစ်ရှိုးရဲ့ သစ်သားပြာနှလုံးသားကျင့်စဉ်က တကယ်အံ့ဩဖို့ကောင်းတာပဲ”
ဝှစ်
မင်ရှစ်ရင်က ရှောင်ယွမ်အာရှေ့ထပ်မံပေါ်ပေါက်လာပြီး သူ၏ ပုံရိပ်ယောင်များက ပျောက်ကွယ်သွား ခဲ့ပြီးဖြစ်သည်။ ရှောင်ယွမ်အာ၏ တည်ကြည်သော မျက်နှာထားကိုကြည့်ပြီး သူက မေးလိုက်၏။
“မင်းဘယ်သူ့ကိုမှ မတွေ့မိတာ သေချာလား”
“ညီမ သေချာတယ်” ရှောင်ယွမ်အာက သူမ၏ ဘယ်ဖက်လက်ညှိုးထိပ်နှင့်ညာဖက်လက်ညှိုးထိပ်ကို ထိလျက် မင်ရှစ်ရင်ကို ဇဝေဇဝါဖြစ်ကာ ကြည့်လိုက်၏။
“ရှစ်စွင်း ဘယ်မှာလဲ”
“အနားယူနေတယ်” ရှောင်ယွမ်အာက လျှို့ဝှက်အခန်းဖက်ဆီသို့ လက်ညှိုးထိုးပြလိုက်၏။
လျှို့ဝှက်အခန်းသည် လုကျိုးအနားယူသည့် နေရာဖြစ်သည်။ သို့သော် အချိန်အများစုကို အရှေ့ရှိမျှော်နန်းထဲတွင်သာ ကုန်ဆုံးလေ့ရှိပြီး လျှို့ဝှက်ခန်းထဲသို့ လည်ပတ်ခဲသည်။
“လျှို့ဝှက်အခန်းလား" မင်ရှစ်ရင်သည် ဦးနှောက်ခြောက်သည့်အမူအရာဖြင့် လျှို့ဝှက်ခန်းဆီသို့ ကြည့်ပြီး လျှောက်သွားလိုက်တော့၏။
ရှောင်ယွမ်အာက မင်ရှစ်ရင်၏ လမ်းကိုဟန့်တားကာ ပြောလိုက်သည်။
“ရှစ်ရှိုး ရှစ်စွင်းက နှောင့်ယှက်တာ မလိုချင်ဘူးလို့ ပြောထားတယ်”
မင်ရှစ်ရင်က လက်တစ်ဖက်မြှောက်ပြပြီး ရှောင်ယွမ်အာကို တိတ်တိတ်နေရန် အချက်ပြလိုက်၏။ ပြီးနောက်သူက အသံတိုးတိုးဖြင့်ပြောလိုက်တော့သည်။ “ငါ တစ်ချက်သွားကြည့်ရုံပဲ။ ဒီမှာ ကျုးကျော်သူတစ်ယောက်ရှိနေရင် ဘယ်လိုလုပ်မလဲ”
သူသည် လျှို့ဝှက်အခန်းဆီသို့ ဂရုတစိုက် လျှောက်သွားလိုက်၏။ အစောပိုင်းက အသံအရင်းအမြစ်သည် လျှို့ဝှက်အခန်းမှဖြစ်ကြောင်း သူယုံကြည်နေမိသည်။
မင်ရှစ်ရင်သည် လျှို့ဝှက်အခန်းနှင့်နီးကပ်လာသည်နှင့် သူ့ဖာသာသူတွေးလိုက်တော့သည်။ တစ်ယောက်ယောက်က ရှစ်စွမ်းရဲ့ လျှို့ဝှက်အခန်းထဲက တစ်စုံတစ်ခုကို ခိုးယူဖို့ ကြိုးစားနေတာများလား။ ရှစ်စွမ်းက လျှို့ဝှက်အခန်းထဲမှာ မဟုတ်တာမှန်းဖြစ်နိုင်တယ်။ ဒါဆို နောက်ထပ်အကြောင်းပြချက်ရှိလား။
ထိုစဉ် လုကျိုးက ပေလွှာကိုသာ အာရုံစိုက်နေပြီး အပြင်ဖက်ရှိ အဖြစ်အပျက်ကို ဂရုမပြုမိပေ။
လျှို့ဝှက်အခန်းသည် စာကြည့်တိုက်တစ်ခုနှယ် တိတ်ဆိတ်ပေ၏။ လုကျိုးသည် ကနဦးချီများကို သူ၏ ချီသွေးကြောရှစ်ကြောဆီသို့ သွင်းဆင်းကာ ပေါ်ထွက်လာသည့် အရှိန်အဝါများ ပေါက်ကွဲထွက်လာပေ၏။ ချီသွေးကြောရှစ်ကြောက ယခင်ကနှင့်ယှဉ်လျှင် ကျိထျန်းတောက် သက်ရှိထင်ရှားရှိစဉ်က ဆက်နွယ်ထားသည့်အချိန်နှင့် ယှဉ်လျှင် အစွမ်းမထက်သေးကြောင်း သူသိလိုက်ရသည်။ ရေနုတ်မြောင်းကို တူးထုတ်သော်ငြား ကနဦးချီသည် ရေပုံးတစ်ပုံးစာသာ ရခဲ့ကြောင်း သူခံစားနေမိ၏။
ပုံမှန်ကျင့်ကြံမှုနောက်ဆက်တွဲဆိုလျှင် ပထမဆုံးချီသွေးကြောများက ယန်နှင့်ဒုသွေးကြောများကို ဆက်နွယ်ရမှာပဲဖြစ်ကာ ချုံ၊ ထိုက်၊ ယန်ဝေ့၊ ယင်ဝေ့၊ ယန်ချောင်း၊ ယင်ချောင်း ချီသွေးကြောများက လိုက်ပါလာသည်။ ဤကျင့်ကြံဆင့်သည် အဆင့်တစ်ခုထိရောက်ရမည်ဖြစ်ကာ ချီသွေးကြောရှစ်ကြော အားလုံးကို ဆက်နွယ်နိုင်မှာပဲဖြစ်သည်။ ချီသွေးကြောတိုင်းက ယခင်ထက် ပိုနက်နဲသိမ်မွေ့သည့် ကျင့်ကြံဆင့်တစ်ခုလိုအပ်ပေသည်။
လုကျိုးကလည်း ဆန့်ကျင်ဖက်ဖြစ်နေပေ၏။ သူ၏ စိတ်ဝိညာဉ်အဆင့်က နိမ့်ကျလွန်းနေကာ သူစုပ်ယူနိုင်သည့် ကနဦးချီပမာဏကို ကန့်သတ်ထားသည်။ ဗြဟ္မာ့ပင်လယ်နယ်ပယ်တွင် ချီသွေးကြောနှစ်ကြောဆက်နွယ်ထားလျှင် သူကစွမ်းအင်ငါးမျိုး ကျင့်ကြံစေနိုင်မှာပဲဖြစ်၏။ လေးကြောဆက်ထားလျှင် သူသည် ခြောက်မျိုးပေါင်းစည်းတြိမျဉ်းကို ဆက်နွယ်နိုင်မည်ဖြစ်ကာ ချီသွေးကြောရှစ်ကြောကို ဆက်ထားခဲ့လျှင် အမြင့်ဆုံးအဆင့် သူ့ကိုစိတ်ဝိညာဉ်သဏ္ဌာန် ခုနှစ်စင်ကြယ်ဝိညာဉ်ကို အပ်နှင်းနိုင်မှာပဲဖြစ်သည်။ မဟာနယ်ပယ်၌ စိတ်ဝိညာဉ်သဏ္ဌာန် သုံးမျိုးရှိပြီး သူတို့၏ ခွန်အားကြီးမားချက်က ကွာခြားပေ၏။ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်က ခွန်အား လေးချိုးတစ်ချိုးသာရှိသည်။
လုကျိုးက ကျင့်ကြံတာမရပ်တန့်ပေ။ သူက ကောင်းကင်ကျမ်းစာကို ဆက်လက်ဖတ်ရှုနေ၏။ ပုံမှန်ဆိုသူက ဖတ်ရှုနေစဉ်နောက်ထပ်စာကြောင်းထဲတွင် နက်ရှိုင်းစွာနစ်ဝင်နေပြီးနောက် သူ့ကို ဆွဲထုတ်ရန်ခက်ခဲ၏။ အကြောင်းအရာက ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး ရှင်းရှင်းလင်းလင်း နားမလည်နိုင်သော်ငြား သူက ခံစားချက်ကို နှစ်ခြိုက်နေသေးသည်။
ခဏအကြာတွင် လုကျိုးက အေးမြသည့်အထိအတွေ့တစ်ခုကို ခပ်ရေးရေးခံစားမိလိုက်၏။ ယင်းက သူ့စွမ်းအင် ဗဟိုချက်၏ ချီပင်လယ်မှ ပေါ်ထွက်လာပြီး ချီသွေးကြောရှစ်ကြောဆီသို့ပျံ့နှံ့သွားသည်။ သူ၏နှလုံးသားသည် ရေအိုင်တစ်အိုင်ကဲ့သို့ တည်ငြိမ်နေပြီး စိတ်ကလည်းကြည်လင်ပြီး သတိအနေအထားဖြစ်နေ၏။
ထိုစဉ် လုကျိုးက မင်ရှစ်ရင်၏ အသံကိုကြားလိုက်ရသည်။
“ရှစ် ရှစ်စွင်း”
မင်ရှစ်ရင်က လက်ရှိတွင် လျှို့ဝှက်အခန်းတံခါးဝ၌ ရပ်နေတာပဲဖြစ်သည်။ သူသည် တံခါးအပေါက်ကြားကနေ အတွင်းကိုချောင်းကြည့်ရန် ကြိုးစားခဲ့၏။ သို့သော် လျှို့ဝှက်အခန်းတံခါးကမူ သာမန်တံခါးများနှင့် မတူညီပေ။ အပြည့်အဝချိပ်ပိတ်ထားရာ တစ်ခုမျှမမြင်နိုင်ခဲ့ချေ။ ထိုအကြောင်းပြချက်ကြောင့် သူသည် ဆရာကို လှမ်းခေါ်ရန်သာ ဆုံးဖြတ်ချက်ချခဲ့၏။ မကြာမီ၌ သူသည် နံရံတစ်ဖက်မှ ဝုန်းကနဲ အသံတစ်သံကြားလိုက်ရပြီး ကနဦးချီမှ အစွမ်းထက်သော အသံလှိုင်းဖြင့် သူ့နားဆီသို့ရောက်သည်။
ဘန်း
မင်ရှစ်ရင်သည် သက်ရောက်မှုကြောင့် မြေပြင်ပေါ်လဲကျသွား၏။ အမူအရာက ကြောက်လန့်နေပြီး ကောင်းကင်ကို စိုက်ကြည့်နေမိသည်။ နတ်ဝိညာဉ်ဝဋ်ကြွေးခြေနယ်ပယ်၏ ကျင့်ကြံဆင့်ဖြင့်တောင် သူသည် အသံလှိုင်းကြောင့်လဲကျသွား၏။ တုန့်ပြန်ရန် အချိန်တောင်မရှိခဲ့ပေ။ အမှန်မဖြစ်နိုင်ဘူး။
ရှောင်ယွမ်အာသည် သူမ၏ဆရာတူအစ်ကိုကို အထိတ်တလန့်ကြည့်လိုက်သည်။ သူက မီတာဒါဇင်ကျော်လွှင့်ထွက်သွားပြီးနောက် မြေပြင်ပေါ်ပြုတ်ကျလာ၏။
မင်ရှစ်ရင်သည် သူလဲကျတာကို ဟန့်တားနိုင်သော်ငြား မလုပ်ရဲခဲ့ချေ။ သူက ထိုးနှက်ချက်ကို ခံယူပြီးနောက် ဒူးထောက်ကာတောင်းပန်လိုက်တော့၏။
“ဒီတပည့် မှားပါတယ်။ တစ်ယောက်ယောက်က ရွှေနန်းဥယျာဉ်တောင်ထဲ ဖောက်ဝင်လာတယ်လို့ သံသယဖြစ်မိလို့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ရှစ်စွင်း” မိစ္ဆာဝေဟင်မျှော်နန်း၌ တိတ်ဆိတ်မှုသာ ကြီးစိုးနေပေသည်။
လုကျိုးသည် အသံလှိုင်း၏ ခွန်အားကြောင့် အံ့ဩသွားပေ၏။ ယင်းက လက်တလောတွင်မှာ ဗြဟ္မာ့ပင်လယ်နယ်ပယ်ကို ဝင်ရောက်လာသည့် ကျင့်ကြံသူတစ်ဦးတတ်နိုင်သည့် အရာမဟုတ်တာ သေချာသည်။
ဗြဟ္မာ့ပင်လယ်နယ်ပယ်နှင့် နတ်ဝိညာဉ်ဝဋ်ကြွေးခြေနယ်ပယ်က ကွဲပြားသည့် နယ်ပယ်နှစ်မျိုး ဖြစ်သည်။ သူသည် မင်ရှစ်ရင်ကို မည်ကဲ့သို့ တန်ပြန်တိုက်ခိုက်နိုင်ပါမည်နည်း။
လုကျိုးက ဖြည်းဖြည်းချင်းထရပ်၏။ သူက သံသယဝင်နေသည်။ သူသရုပ်ဆောင်နေတာများလား။
မင်ရှစ်ရင်က ဒူးထောက်လျက် လျှို့ဝှက်ခန်းကို ဆက်တိုက်ကြည့်နေသည်။ သူ့ဆရာ၏ အံ့ဩဖွယ်ခွန်အားကြောင့် အမှန်တကယ် မှင်သက်မိရသည်။ သို့သော် သူ့ဆရာ ထွက်မလာရသည့်အကြောင်းကို သူသိချင်နေသည်။ တချိန်ထဲတွင် ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ ရန်သူနှင့် လှုပ်ရှားနေသည့် လက္ခဏာများကို မတွေ့ရပေ။ ထူးဆန်းလိုက်တာ။ ရုတ်တရက် သူက ယန္တရားရွေ့လျားသည့်အသံကိုကြားလိုက်ရသည်။
ဘီး
လျှို့ဝှက်အခန်း၏ ကျောက်တံခါးက ဖြည်းဖြည်းချင်းဘေးသို့ပွင့်သွားကာ လုကျိုးသည် လက်နောက်ပစ်လျက် လျှောက်လာ၏။ သူ၏ အမူအရာက သူ့စိတ်ခံစားချက်များကို သိုဝှက်ထားသည်။
မင်ရှစ်ရင်က လုကျိုးကို ကမန်းကတမ်းချီးကျူးလိုက်သည်။ “ရှစ်စွင်းရဲ့ ခွန်အားက တကယ်ပြိုင်ဖက်ကင်းတာပဲ။ အသံနည်းစနစ်မှာ ရှစ်စွမ်းအတွက် ကျွန်တော်က ပြိုင်ဖက်မဟုတ်ဘူး”
ထိုစဉ် ရှောင်ယွမ်အာက ပြေးလာပြီးနောက် လုကျိုးကို တွဲကူ၏။ “ရှစ်စွင်း ထွက်လာပြီပဲ”
လုကျိုးက မင်ရှစ်ရင်ကို ကြည့်ပြီးပြောလိုက်တော့သည်။ “လောင်ဆစ်”
“ဟင်”
“ကောင်းမွန်တဲ့ပြပွဲတစ်ခုပဲ” သူက သိနေသည့်ပုံဖြင့်ပြောလိုက်သည်။
မင်ရှစ်ရင်က အံ့ဩကာ ဆွံ့အသွား၏။
“ကောင်းမွန်တဲ့ပြပွဲတဲ့လား"
လုကျိုးက အေးတိအေးစက် ပြောလိုက်တော့သည်။
“မင်းက သရုပ်ဆောင်ရတာကို ဒီလောက်နှစ်ခြိုက်နေတယ်ဆိုမှတော့ ပြန်လည်သုံးသပ်ရေးဂူကို သွားပြီး အဲဒီမှာ သုံးရက်နေလိုက်”
မင်ရှစ်ရင်က အမှန်တကယ် စိတ်ရှုပ်ထွေးသွားသည်။ သူက ရှင်းပြရန် ကြိုးစားလိုက်၏။
“ရှစ်စွင်း တပည့်အမှန်အတိုင်းပြောနေတာပါ။ တပည့် သရုပ်ဆောင်တာမဟုတ်”
လုကျိုး၏အမူအရာက အေးစက်သွားကာ ကြားဖြတ်ပြောလိုက်တော့၏။
“မင်းရဲ့ ဆရာကို အမေးထုတ်နေတာလား။ တပည့်ကို အပြစ်ပေးတဲ့အခါမှာ ဆရာက ဆင်ခြေပေးဖို့လိုသေးလား။ မလိုဘူးပေါ့”
“တပည့်မဝံ့ရဲပါဘူး။ အပြစ်ပေးမှုကို လက်ခံပါမယ်။ အခုပဲ ပြန်လည်သုံးသပ်ရေးဂူကို သွားပါတော့မယ်” မင်ရှစ်ရင်က သူ၏ပြစ်ဒဏ်ကို နာနာခံခံလက်ခံသည်။
လုကျိုးသည် မင်ရှစ်ရင်ကို သွန်သင်ဆုံးမခြင်းဖြင့် ကုသိုလ်မှတ်များရမည်ဟု တွေးခဲ့သည်။ သို့သော် စနစ်မှ အသိပေးသံမကြားရပေ။ သူက သူ့ဖာသာသူတွေးလိုက်၏။ “
မကျေနပ်တာလား။ နောက်တစ်ခါပိုကြီးတဲ့ အပြစ်ဒဏ်ပေးမယ်”
မင်ရှစ်ရင်က ခေါင်းခါပြီးနောက် ရောင်ပြန်ဂူကို ရောက်သွားသည်။ သူက သက်ပြင်းချလိုက်မိ၏။
“ရှစ်စွင်းကို အရင်ကနဲ့မတူတော့ဘူးလို့ထင်နေတာ။ ငါအတွေးလွန်သွားတဲ့ပုံပဲ။ ရှစ်စွင်းက အရင်ကလိုခန့်မှန်းမရသေးတုန်းပဲ” ခေါင်းကုတ်ပြီးနောက် အမှန်တကယ်စိတ်ရှုပ်ထွေးနေသည်။ “ကောင်းမွန်တဲ့ပြပွဲလား” မင်ရှစ်ရင်က ရောင်ပြန်ဂူဆီသို့အမြန်သွားလိုက်၏။ ထိုနေရာက အင်မတန်အေးစက်ပြီး သက်တောင့်သက်သာမရှိပေ။ သူဝင်လာသည်နှင့် ကျောင်းယွဲ့ထောင့်ဖက်တွင် တုန်ယင်နေတာကို မြင်လိုက်ရသည်။
“ကျောင်းယွဲ့ရဲ့ကျင့်ကြံဆင့်က ပိတ်ခံထားရတာ သူက အအေးဒဏ်ကို ဘယ်လိုလုပ်ခုခံနိုင်ပါ့မလဲ”
မင်ရှစ်ရင်က သူ၏မကျေမချမ်းဖြစ်မှုကို ဘေးချိတ်ထားပြီးပြောလိုက်၏။ “ရှစ်မေ့ မင်းကို မကူညီတာအတွက် ငါ့ကို အပြစ်မတင်နဲ့”
“ရှစ်ရှိုး ညီမဆီကို လာလည်တာနဲ့တင် လုံလောက်တာထက်ပိုနေပါပြီ။ ညီမဘာမှ ထပ်မတောင်းဆို တော့ဘူး”
ကျောင်းယွဲ့က ယဲ့ထျန်းရှင်းဖက်ကို လှည့်ကြည့်ပြီးပြောလိုက်၏။ “ရှစ်မေ့ထျန်းရှင်းက ကြာကြာ မထိန်းထားနိုင်တော့မှာကို ညီမ စိုးရိမ်မိတယ်”
…
အခန်း (၇၆) ယဲ့ထျန်းရှင်း၏ ဆန်းကြယ်မှု
ယဲ့ထျန်းရှင်းက ခေါင်းငုံ့လိုက်သည်။ ဂူထဲတွင် အချိန်ကြာမြင့်စွာ နေခဲ့ရသောကြောင့် သူမက နုံးချိနေလေသည်။ အချိန်အများစု၌ သူမက သတိမေ့မြောနေလေ့ ရှိ၏။ သူမ ကျင့်ကြံဆင့်က ဖျက်ဆီးခံထားရသော်လည်း ရုပ်ပိုင်းဆိုင်ရာက ကောင်းနေသေး၏။ ပြန်လည်သုံးသပ်ရေးဂူမှ အအေးဓာတ်က သူမအသက်ကို နုတ်ယူဖို့ မလုံလောက်ပေ။
မင်ရှစ်ရင်က သူမကို ကူမပေးခင် အနားရောက်လာသည်။ သို့သော်လည်း သူမကို ထိလိုက်သည်နှင့် အထိတ်တလန့်ဖြင့် တွန်းထုတ်လုနီးပါး ဖြစ်သွားလေသည်။ သူမအသားအရေက ကျောက်စိမ်းကဲ့သို့ ဖြူဆွတ်နေပြီး ဆံပင်များမှာလည်း ယခင်ထက် များစွာ ဖြူသွားလေသည်။ သူမ၏ ကျင့်ကြံဆင့် မရှိဘဲ ရုပ်ခန္ဓာ ယိုယွင်းလာသည်မှာ မလွဲရှောင်နိုင်သည်မှာ ပုံမှန်သာ ဖြစ်၏။ သို့သော်လည်း ထိုမျှလောက်အထိတော့ မဖြစ်သင့်ပေ။ သူက မျက်မှောင်ကြုတ်ကာ သူ့ဘာသာ တွေးလိုက်မိသည်။
‘ ဘာတွေဖြစ်နေတာလဲ။ ဒီလောက်ဖြစ်နေတာ ပုံမှန်တော့ မဟုတ်ဘူး ’
ကျောင်းယွဲ့က မေးလိုက်သည်။
“စစ်ရှစ်ရှိုး … ရှစ်မေ့ထျန်းရှင်းက ဘာဖြစ်နေတာလဲ ”
“ ငါလည်း မသိဘူး … ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။ သူမက ဒဏ်ရာရနေတာတော့ မတူဘူး။ ကျင့်ကြံဆင့် ဆုံးရှုံးသွားလို့ ဆိုးကျိုးလည်း မဟုတ်ဘူး။ အနီးကပ်ကြည့်ကြည့် …” မင်ရှစ်ရင်က ယဲ့ထျန်းရှင်း၏ အသားအရေကို မျက်လုံးဝေ့ပြလိုက်သည်။ သူမအရည်ပြားပေါ်တွင် ရှုံ့တွနေခြင်းမျိုး မရှိပေ။ ကျောက်စိမ်းဖြူကဲ့သို့ ချောမွတ်နေလေ၏။ သူမ အဘယ်ကြောင့် သတိမေ့သွားမှန်း သူလည်း နားမလည်တော့ပေ။
“ ရှစ်မေ့ ကျောင်းယွဲ့ … သူမကို စောင့်ကြည့်ပေးထားလိုက်။ ရှစ်စွင်းဆီ သက်ညှာပေးဖို့ သွားတောင်းဆိုလာခဲ့မယ် ”
“ရှစ်ရှိုး … ရှစ်မေ့ထျန်းရှင်းက အပြစ်ကြီး ကျူးလွန်မိခဲ့တာဆိုတော့ ရှစ်စွင်းက သူမကို ဂရုမစိုက်တော့ရင် ဘယ်လိုလုပ်မလဲ” ကျောင်းယွဲ့က နည်းနည်း စိတ်ပူမိသည်။ သူမ၏ ကျင့်ကြံဆင့် ဆုံးရှုံးသွားခြင်းအပြင် နောက်ထပ်တခြားအရာလည်း ရှိနေသေးကြောင်း ခံစားနေမိ၏။ သူမက ထိုအရာမှာ အန္တရာယ်များသည်ဟု ခံစားနေမိသည်။
မင်ရှစ်ရင်က အချိန်မဖြုန်းတော့ဘဲ ပြန်လည်သုံးသပ်ရေးဂူမှ ထွက်လာလိုက်သည်။ သူက လရောင်ဆွတ်နန်းဆောင်မှ အမျိုးသမီး ကျင့်ကြံသူတချို့ကို မြင်လိုက်သည့်အခါ တစ်ယောက်ကို လှမ်းခေါ်လိုက်၏။
“ လူနာထမ်းစင် ပြင်ထားလိုက် ”
“ စတုတ္ထသခင်လေး … ဘာလို့ လူနာထမ်းစင် လိုတာလဲ ”
“ သွားပြင်ထားစမ်းပါ။ ဘာလို့ မေးခွန်းတွေအများကြီး လာမေးနေတာလဲ ” မင်ရှစ်ရင်က ရှင်းပြဖို့ အချိန်မရှိပေ။
မင်ရှစ်ရင်၏ စကားက အမျိုးသမီး ကျင့်ကြံသူများကို အထိတ်တလန့် ဖြစ်သွားစေသည်။
နောက်ပိုင်း၌ လရောင်ဆွတ်နန်းဆောင်မှ ကျင့်ကြံသူများက ရွှေနန်းဥယျာဉ်တောင်ကို ဂရုစိုက်ပေးကြသည်။ ပြန်လည် ပြင်ဆင်နေသော အဆောက်အအုံများမှလွဲ၍ သူတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ အနောက်ဘက်မျှော်နန်း၌ နေကြသည်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းရှိ မိစ္ဆာများသည် တမူထူးခြားမှန်း ခံစားမိကြသော်လည်း သူတို့အသက်လေး ထိန်းထားနိုင်သရွေ့ အဆင်ပြေကြောင်းသာ ခံယူထားကြသည်။ သူတို့က မင်ရှစ်ရင်၏ အမိန့်ကို လုပ်ဆောင်ပေးသည်မှာ ပုံမှန်သာ ဖြစ်၏။
………..…
မင်ရှစ်ရင်က မိစ္ဆာဝေဟင်မျှော်နန်း ခန်းမကျယ်ထဲ ရောက်ရှိသွားသည်။ သူက ရှစ်စွင်းနှင့် ရှောင်ယွမ်အာကို မြင်လိုက်သည့်အခါ သူတို့ဆီ မြန်မြန်သွားလိုက်သည်။
လုကျိုးက မျက်မှောင်ကြုတ်ကာ ‘ လောင်စစ်က အခုထိ မကျေနပ်သေးဘူးပဲ ’
မင်ရှစ်ရင်က အခြားကိစ္စများကို တွေးနေဖို့ အချိန်မရှိပေ။ သူက မြန်မြန် ဒူးထောက်လိုက်ကာ “ရှစ်စွင်း … ရှစ်မေ့ထျန်းရှင်း သေတော့မယ်”
ထိုအရာကိုသာ တန်းပြောလိုက်တော့သည်။ သူက သက်ညှာဖို့ တောင်းမခံနေတော့သလို ယဲ့ထျန်းရှင်း၏ အတင်းလည်း ပြောမနေတော့ပေ။ သူက ရှစ်စွင်း၏ ပြန်ဖြေမှုကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။
မင်ရှစ်ရင်က ရှစ်စွင်း၏ အတွေးများကို နားမလည်ပေ။
ရှစ်စွင်းက ယဲ့ထျန်းရှင်းကို နှိပ်စက်ပြီးတော့ ငရဲကျသလိုမျိုး ခံစားရအောင် လုပ်ဖို့ ရည်ရွယ်ထားတာလား ဒါမှမဟုတ် ဒီအခွင့်အရေးကို အသုံးချပြီး ကြမ်းကြမ်းတမ်းတမ်း အပြစ်ပေးချင်တာလား။
အကယ်၍ ပထမတစ်ခုဆိုပါက သူမကိုယ်စား သက်ညှာပေးဖို့ တောင်းဆိုပေးခြင်းက သူ့အတွက် ဘာမှကောင်းလာမည် မဟုတ်ပေ။ အကယ်၍ နောက်တစ်ခုသာ ဖြစ်နေခဲ့လျှင် မျှော်လင့်ချက်လေး ရှိနေသေး၏။ ရှစ်စွင်း၏ ရည်ရွယ်ချက်ကို သေချာမသိ၍ မဆင်မခြင် မလုပ်ရဲပေ။
လုကျိုးက မုတ်ဆိတ်မွေးသပ်ကာ “ လတ်တလော သူမ ပြန်သုံးသပ်နေရဲ့လား ”
“အဲ …” မင်ရှစ်ရင်က ဘာပြန်ပြောရမှန်းမသိ တုံ့ဆိုင်းသွားသည်။ သူက ယဲ့ထျန်းရှင်းရှိရာ ပြန်လည်သုံးသပ်ရေးဂူဆီ မကြာခဏ သွားတွေ့လေ့ရှိသော်လည်း သူမ ခေါင်းမာမှုက သူ မျှော်လင့်ထားသည့်ထက်ပင် ပိုနေသေး၏။ သူမက သူမအပြုအမူတို့အပေါ် တစ်ခါမှ ပြန်လည်မသုံးသပ်ပေ။
ရှောင်ယွမ်အာလည်း ကြည့်သာကြည့်နေပြီး ဝင်မပြောရဲပေ။
လုကျိုးက ခေါင်းခါလိုက်သည်။ သူက ယဲ့ထျန်းရှင်းနှင့် ပတ်သက်သည့် မှတ်ဉာဏ်တချို့ကို ပြန်ရှာလိုက်သော်လည်း ဘာမှမတွေ့ပေ။ သူက ဆုံးဖြတ်ချက် ချက်ချင်းမချသေးပေ။ ထိုအစား သူက လက်နောက်ပစ်လျက် မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်လာလိုက်သည်။
မင်ရှစ်ရင်က ထိုအရာကို မြင်လိုက်သည့်အခါ ပျော်မိသွားသည်။ သူက လုကျိုးနောက်မှ မြန်မြန် လိုက်သွားလိုက်သည်။
………………
တောင်ပေါ်၌ …
လုကျိုးက လရောင်ဆွတ်နန်းဆောင်မှ ကျင့်ကြံသူများ လူနာထမ်းစင် ပြင်ရင်း စုစည်းနေကြသည်ကို မြင်လိုက်ရသည်။ သူတို့က သူ့ကို မြင်လိုက်သည်နှင့် တညီတညွတ်တည်း ဒူးထောက်လိုက်ကြသည်။ သူက သူတို့ကို လျစ်လျူရှုကာ ပြန်လည်သုံးသပ်ရေးဂူဆီသာ သွားလိုက်သည်။
အခြားလူများက လုကျိုးနောက်မှ လိုက်သွားရုံမှအပ ရွေးချယ်စရာ မရှိပေ။
လရောင်ဆွတ်နန်းဆောင်မှ ကျင့်ကြံသူများက လုကျိုးနှင့် အခြားလူများက ပြန်လည်သုံးသပ်ရေးဂူဆီ သွားနေကြောင်း မြင်လိုက်ရသည့်အခါ တဖန် ဒူးထောက်ပြီး သက်ညှာပေးဖို့ တောင်းဆိုလိုက်ကြပြန်သည်။
လုကျိုး အပြောကိုပင် မစောင့်တော့ဘဲ မင်ရှစ်ရင် အသံဩဩဖြင့် ပြောလိုက်သည်။
“ ပြဿနာရှာမနေနဲ့။ မင်းတို့ သုံး၊ လေးယောက်ပဲ နေခဲ့။ ကျန်တဲ့လူတွေ ကိုယ့်အလုပ်ကို ပြန်လုပ်ကြတော့ … ” သူက အာလုံးကို ထွက်သွားဖို့ ပြောချင်သော်လည်း ရှစ်စွင်း ရှိနေသည့်အချိန် ဒေါသထွက်ဖို့ မသင့်တော်ကြောင်း ခံစားမိလိုက်သည်။
………..…
လုကျိုးက ပြန်လည်သုံးသပ်ရေးဂူထဲ လျှောက်လှမ်းလာကာ ရှောင်ယွမ်အာလည်း အနီးမှ လိုက်ပါလာသည်။
“ ရှစ်စွင်းကို ဂါရဝပြုပါတယ် ” ကျောင်းယွဲ့က အအးဒဏ်ကို အံ့တုကာ ဒူးထောက်၍ ဂါရဝပြုလိုက်သည်။
လုကျိုးက ပြန်ဖြေသည့်အနေနှင့် လက်ဝှေ့ပြလိုက်ပြီး ဂူထောင့်တစ်နေရာသို့ သွားလိုက်သည်။ သူက ယဲ့ထျန်းရှင်းသည် နံရံအေးအေးပေါ် အမှီပြုနေပြီး ခေါင်းမှာ နေရခက်သည့် အနေအထားဖြင့် စောင်းထားကြောင်း မြင်လိုက်ရသည်။ သူမဆံပင်များက မျက်နှာကို အုပ်လွှမ်းထားလေ၏။
ယဲ့ထျန်းရှင်း၏ ပခုံးကို ကြည့်ကာ အဖြစ်အပျက်ကို တန်းနားလည်လိုက်သည်။ အသားအရောင်မှာ ကျောက်စိမ်းလို ဖြူဆွတ်နေသည်။ သူမ ဆံပင်များကို ဖယ်လိုက်ပြီး မျက်နှာကို မြင်လိုက်ရသည့်အချိန် လုကျိုးက မျက်မှောင်ကြုတ်မိသွားသည်။
ရှောင်ယွမ်အာက အထိတ်တလန့် ပါးစပ်အုပ်ထားပြီး နောက်ဆုတ်မိလိုက်သည်။ သူမက ဤသို့မျိုး တစ်ခါမှ မမြင်ဖူးပေ။ သူမက နားမလည်စွာ မေးလိုက်၏ “ ရှစ်ကျဲက ဘာဖြစ်သွားတာလဲ ”
လုကျိုးက မျက်မှောင်အသာကြုတ်လိုက်ပြီး အံ့ဩသွားဟန်တော့ မပေါ်ပေ။ သူက ဤနေ့ရက် ရောက်လာမည်ကို မှန်းဆထားသည့်အလား တည်ငြိမ်နေလေ၏။
တကယ်တော့ လုကျိုးက ယဲ့ထျန်းရှင်းကို ပထမဆုံးတွေ့ဆုံစဉ်က ပိုလန့်ခဲ့သည်။ သို့သော်လည်း ထိုစဉ်အခါက အခြေအနေများကြောင့် သူက ကိစ္စကို စုံစမ်းဖို့ အချိန်မရှိခဲ့ပေ။ သူမနှင့် ပထမတွေ့စဉ်အခါက သူမသည် ဖြူစင်သန့်ရှင်းကာ ပြစ်မျိုးမထင်ဟူ၍ ခံစားမိခဲ့သည်။ သူမတွင် ကိုယ်ပိုင် သဘောတရားများ ရှိပြီး ရွှံ့နွံထဲတွင် ကြီးပြင်းခဲ့ရသော်လည်း မပျက်စီးသွားသေးပေ။ ပို၍ အရေးကြီးသည်က စနစ်မှ လုံးဝ မတူကွဲပြားသော သတိပေးချက်ကို ပြသနေသည်။
နာမည်။ ။ ယဲ့ထျန်းရှင်း
မျိုးနွယ်။ ။ ပိုင်
ကျင့်ကြံဆင့်။ ။ နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ( ပျက်စီး)
အမုန်းတရား။ ။ ၄၀ ရာခိုင်နှုန်း
‘သူမရဲ့ အမုန်းတရားက လျော့ကျသွားသားပဲ’
လုကျိုးက သူ့ဘာသာ တွေးလိုက်မိသည်။ အဓိကအချက်မှာ သူမ၏ အမုန်းတရား မဟုတ်ဘဲ မျိုးနွယ် ဖြစ်၏။
လုကျိုးက သူတို့စတွေ့စဉ်ကတည်းက သတိထားမိခဲ့သည်။ ပိုင်တိုင်းပြည်မှ လူများတွင် ဖြူဖျော့နေသော အသားအရောင်နှင့် ဆံပင်ဖြူဖြူ ရှိတတ်ကြောင်း သိထားသည်။ သူတို့က ကျောက်စိမ်းဖြူကဲ့သို့ ဖြစ်၏။ သို့သော်လည်း သူမနှင့် ပတ်သက်သည့် မှတ်ဉာဏ်မရှိသည့်အတွက် ဤမျှလောက်သာ သိခဲ့သည်။ ထို့ကြောင့် သူမကို ပြန်လည်သုံးသပ်ရေးဂူအတွင်း ပိတ်ထားရံမှအပ ရွေးချယ်စရာ မရှိခဲ့ပေ။
“ ရှစ်စွင်း …” မင်ရှစ်ရင်က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။
လုကျိုး၏ အမူအယာက မပြောင်းမလဲ ကျန်ရှိနေကော “ စိုးရိမ်ဖို့ မလိုဘူး။ သူမ မသေပါဘူး။ တောင်မျှော်နန်းမှာ ပို့ထားလိုက် … သူမကို မေးစရာတွေ ရှိသေးတယ် ”
မင်ရှစ်ရင်က ခေါင်းညိတ်ပြလိုက်သည်။ သူက လရောင်ဆွတ်နန်းဆောင်မှ ကျင့်ကြံသူနှစ်ဦးကို ခေါ်ကာ ယဲ့ထျန်းရှင်းအား သယ်ခိုင်းလိုက်သည်။
ဂူထဲ၌ ကျောင်းယွဲ့တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။
လုကျိုးက ရွှေကြာပန်း အမှတ်အသား ရှိနေသေးသည့် ကျောင်းယွဲ့ နဖူးကို ကြည့်ကာ ခေါ်လိုက်သည်။
“ ကျောင်းယွဲ့ ”
“ ဟုတ် ရှစ်စွင်း ”
“ ဒါက မိစ္ဆာဝေဟင်မျှော်နန်းပဲ … ပြီးတော့ ဒါက မင်း အသက်ရှင်နေနိုင်တဲ့ တစ်ခုတည်းသော နေရာပဲ။ စုန်းပညာ ကန့်သတ်ချက်က မင်းရဲ့ ကျင့်ကြံဆင့်ကို စည်းပိတ်ထားလိုက်ရုံတင် မကဘူး။ မင်းရဲ့ နေရာကိုလည်း ဖော်ထုတ်နိုင်တယ် ” လုကျိုးက ပြောလိုက်သည်။
“ ရှစ်စွင်း တပည့်အပေါ် သက်ညှာပြီးတော့ ဒီကန့်သတ်ချက်ကို ဖြေလျော့ပေးပါ ” ကျောင်းယွဲ့က ဒူးထောက်ကာ သနားခံလိုက်သည်။
“ ငါက ကန့်သတ်ချက်ကို ပြန်ဖြေနိုင်မယ် ထင်နေတာလား” လုကျိုးက မေးလိုက်သည်။
ကျောင်းယွဲ့က ခဏစဉ်းစားလိုက်ပြီး “ တပည့် မသိပါဘူး ”
“ မင်းအတွေးတွေကို ရှင်းပြီးသွားရင် ငါတို့စုန်းပညာအကြောင်း ထပ်ပြောကြတာပေါ့ ” လုကျိုးက မထွက်သွားခင် ပြောခဲ့သည်။ သူက ကျောင်းယွဲ့၏ သစ္စာရှိမှုသည် ၃၀ မျှသာ ဖြစ်နေကြောင်း မြင်လိုက်ရသည်။ ဤသည်မှာ လုံလောက်သည်နှင့် ဝေးကွာလွန်းပေသည်။
ထို့အပြင် ဤသည်မှာ လုကျိုးအတွက် စုန်းပညာကို ပထမဆုံးရင်ဆိုင်ဖူးခြင်း ဖြစ်၏။ သူ့အတွက် တစ်ယောက်ယောက်ကို သတ်ရသည်က ပိုလွယ်ပေသည်။ အသေရိုက်ချက်ကတ်က ဖြေရှင်းပေးနိုင်သည် မဟုတ်ပါလော။ သို့သော်လည်း အသုံးပစ္စည်းကတ်များက စုန်းပညာများကို ဖြေလျော့မပေးနိုင်ပေ။ သူက ကျောင်းယွဲ့အကြောင်း မသေချာသေးသောကြောင့် ယခုလက်ရှိ ပြန်လည်သုံးသပ်ရေးဂူထဲ၌ ထားထားသည်ကား အကောင်းဆုံးဖြစ်၏။
ပြန်လည်သုံးသပ်ရေးဂူမှ ထွက်လာပြီးနောက် လုကျိုးက တောင်ပိုင်းမျှော်နန်းဆီ သွားလိုက်သည်။ ဤသည်မှာ တစ်ခါက သူ့တပည့်ကိုးယောက် နေထိုင်ခဲ့သည့် နေရာ ဖြစ်၏။
ရှောင်ယွမ်အာနှင့် မင်ရှစ်ရင်တို့လည်း လုကျိုးအနောက် အမီလိုက်လာကြသည်။
ရှောင်ယွမ်အာက မေးလိုက်သည် “ ရှစ်စွင်း … ရှစ်ကျဲထျန်းရှင်းက ဘယ်လိုလုပ် ဒီလိုအခြေအနေဖြစ်သွားရတာလဲ”
…
အခန်း (၇၇) လှောင်အိမ်
လုကျိုးသည် ရှောင်ယွမ်အာ၏ အမေးကို မဖြေခဲ့ပေ။ ထိုအစား လက်ဝှေ့ယမ်းပြလျက် အခန်းထဲသို့ တစ်ယောက်တည်း ဝင်သွားတော့သည်။ ကျန်သည့်သူများက သူ့နောက်သို့ လိုက်မဝင်သွားရဲသောကြောင့် အပြင်ဘက်တွင် စောင့်ဆိုင်းနေလေ၏။
လရောင်ဆွတ်မျှော်နန်းမှ အမျိုးသမီးကျင့်ကြံသူအချို့ကလည်း တံခါးဝတွင် ဒူးထောက်လျက် စိုးရိမ် ပူပန်နေကြသည်။
ထိုအရေးကိစ္စအကြောင်း ကြားသည့်အချိန်၌ တွမ့်မူရှန်း၊ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ ရောက်လာကြသည်။
တွမ့်မူရှန်းသည် လမ်းတစ်လျှောက် သူ၏ချိန်းကြိုးများကို ဆွဲလာသော်ငြား ထိုချိန်းကြိုးများက သူ၏အရှိန်ကို အဟန့်အတား ဖြစ်စေပုံမရပေ။ သူ၏ဒဏ်ရာကလည်း အပြည့်အဝပျောက်လုနီးပါး ဖြစ်နေပုံရ၏။ သူက မေးလိုက်သည်။ “ရှစ်မေ့ ဘယ်လိုနေလဲ”
မင်ရှစ်ရင်က ခေါင်းခါကာပြောလိုက်တော့သည်။ “ကိစ္စတွေက သိပ်တော့မကောင်းဘူး”
တွမ့်မူရှန်းက မျက်မှောင်ကျုံကာ မေးလိုက်တော့သည်။ “လောင်စစ် ဘာတွေဖြစ်နေတာလဲ”
တစ်နည်းဆိုရလျှင် လုကျိုးနှင့် ယဲ့ထျန်းရှင်ကြား အဖြစ်အပျက်အကြောင်း သူမေးနေတာပဲဖြစ်သည်။
တွမ့်မူရှန်းပြောပြီးသည်နှင့် အားလုံးက မင်ရှစ်ရင်ဖက်ကို လှည့်ကြည့်လိုက်ကြသည်။
မင်ရှစ်ရင်က သက်ပြင်းချပြီးပြောလိုက်၏။
“ရှစ်မေ့ကို တာ့ယွမ်ရဲ့မြစ်တောင်ပိုင်း ယွီလုံရွာကနေ ပြန်ခေါ်လာတာပဲသိတာ။ အဲဒီအချိန်ကစပြီး သူက တောင်ပေါ်မှာပဲ နေနေတယ်”
သူ ဆရာအကြောင်း အချက်အလက်များများစားစား မပေါက်ကြားရဲစေပေ။ သူက စကားများများစားစား ပြောခြင်း၏ နောက်ဆက်တွဲအကြောင်းတွေးမိသည့်အချိန်၌ တုန်ယင်မိသွားသည်။
ဖန်ကျုံးက ပြော၏။ “တာ့ယွမ်ရဲ့မြစ်တောင်ပိုင်း အဲ့ဒါက ယွင်၊ ထျန်းနဲ့လော့ဂိုဏ်းရဲ့ နယ်မြေပဲ”
ဂိုဏ်းသုံးခုအကြောင်းပြောသည်နှင့် တင်းမာနေသောလေထုက ပတ်ဝန်းကျင်ဆီ သက်ရောက်နေပုံရသည်။
သို့သော် ရှောင်ယွမ်အာက ထူးဆန်းသည့်အနေအထားကို သတိမပြုမိတာ သိသာနေ၏။ သူမက ဇဝေဇဝါဖြစ်ကာမေးလိုက်တော့သည်။
“စစ်ရှစ်ရှိုး၊ ရှစ်ကျဲ ညီမ နားမလည်ဘူး”
မင်ရှစ်ရင်က အသံတိုးတိုးဖြင့်ပြောလိုက်သည်။ "မိုးအောက်မြေပြင်က နယ်မြေတွေအားလုံးကို အရှင်မင်းကြီးပိုင်ဆိုင်တယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက တုတျန်းမြစ်နားမှာ တခြားမျိုးနွယ်စုတွေရှိခဲ့တယ်။ သူတို့က ကျင့်ကြံသူတွေနဲ့ အမြဲတမ်း တိုက်ခိုက်နေခဲ့တာ၊ ရှစ်စွင်းက ရှစ်မေ့ကို ပြန်ခေါ်လာပြီး မကြာခင်မှာပဲ ယွီလုံရွာက ပျောက်ကွယ်သွားတော့တာ”
တွမ်မူရှမ်က မျက်မှောင်ကျုံ့လိုက်၏။ “ဒီတော့ဆိုလိုတာက ရှစ်စွင်း”
မင်ရှစ်ရင်က အမြန်ကြားဖြတ်ပြောလိုက်၏။ “ရှူး”
မင်ရှစ်ရင်က တွမ့်မူရှန်းကို အသံတိုးတိုးဖြင့် ဟန့်တားပြီးနောက် အခန်းထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။
“မင်း ပြောတာလုံလောက်ပြီလား”
တွမ့်မူရှန်းနှင့် မင်ရှစ်ရင်က စိတ်လေးသွားသည်။ ငါတို့တော့ သေပြီပဲ။
“တစ်ယောက်ကို အချက်သုံးဆယ်စီရိုက်ပြီး ပြန်လည်သုံးသပ်ရေးဂူထဲမှာ မင်းတို့ရဲ့အပြုအမူကို သုံးရက်တာ ဆင်ခြင်ကြ” လုကျိုးသည် မလေးလွန်း မပေါ့လွန်းသည့် လေသံဖြင့် ပြောလိုက်၏။
တွမ့်မူရှန်းနှင့် မင်ရှစ်ရင်က ငိုချင်သော်ငြား မျက်ရည်က ထွက်မလာခဲ့ပေ။ မင်ရှစ်ရင်က တွမ့်မူရှန်းကို စိုက်ကြည့်နေ၏။ ကျန်သည့်သူများက သူတို့ကိုယ်စား မပြောပေးရဲချေ။ သူတို့က အသက်ပြင်းပြင်းတောင် မရှူရဲကြပေ။
တုံးအသော အသင်းဖော်တစ်ဦးက ဖြုံလောက်သည့်ရန်သူထက်ပိုထိခိုက်စေနိုင်၏။
တွမ့်မူရှန်းနှင့် မင်ရှစ်ရင်က သုန်မှုန်သည့်အမူအရာဖြင့် အခန်းဖက်ကိုလှည့်ကာ အရိုအသေ ပေးပြီးနောက် ပြောလိုက်သည်။ “တပည့်တို့ရဲ့ အပြစ်ဒဏ်ကို လက်ခံပါတယ်”
ကျိုးကျစ်ဖုန်းနှင့် ဖန်းကျုံးကမူ ဂုဏ်ယူဝင့်ကြွားနေကြဖြစ်သည်။ သို့သော် သူတို့ရွှေနန်းဥယျာဉ်တောင်သို့ ရောက်ချိန်မှစပြီး သူတို့သည် နှိမ့်နှိမ့်ချချနေရန် ဖိအားပေးခံခဲ့ရပြီး သိုသိုသိပ်သိပ်သာနေနေရသည်။ ဤနေရာတွင် ဆူညံပူညံပြုခြင်းက နောက်ဆက်တွဲများရှိပေ၏။
အခန်းထဲတွင် ယဲ့ထျန်းရှင်းသည် ပြန်လည်သုံးသပ်ရေးဂူမှ ထွက်လာပြီးနောက် သူမ သတိပြန်ရလာတော့၏။ သူမ၏ ကျင့်ကြံဆင့်ပျက်ဆီးသွားချိန်မှစပြီး ဒဏ်ရာကို မကုသနိုင်တော့ချေ။ ယခုအချိန်ထိ ကောင်းကောင်းထိန်းထားနိုင်ရုံသာရှိသည်။ သူမက မျက်လုံးကို ဖွင့်လိုက်ရာ အခန်းက အတော်လေးလင်းလွန်းနေသည်။ လုကျိုးကို မြင်ပြီး အလိုလိုနောက်ယို့မိသွား၏။
ထိုအချင်းအရာကိုမြင်သောအခါ လုကျိုးက ဆွံ့အသွားသည်။ သူ၏တပည့်ကိုးဦးထဲတွင် ရှောင်ယွမ်အာတစ်ဦးသာလျှင် သူ့ကိုမကြောက်ရွံ့တာဖြစ်သည်။
“ရှစ် ရှစ်စွင်း” ယဲ့ထျန်းရှင်းက ခေါ်လိုက်ပြီး သူမအသံထဲတွင် မယုံနိုင်သည့်အရိပ်အယောင်ကို ကြားနိုင်ပေ၏။ အခန်းတစ်ခန်းဆီသို့ သူမ၏ရှစ်စွင်းသူမကို ပို့ပေးလိမ့်မည်ဟု မယုံနိုင်တာပဲဖြစ်သည်။
လုကျိုး၏ အမူအရာကအေးစက်နေပြီး ခေါင်းခါကာပြောလိုက်တော့သည်။
“ငါ့မှာ မင်းလိုတပည့်မရှိဘူး”
ယဲ့ထျန်းရှင်းသည် လုကျိုးကို အလိုလိုပင် ရှစ်စွင်းဟုခေါ်ခဲ့မိ၏။ သူမသည် လုကျိုး၏စကားများကို ကြားသည်နှင့်မှားပြောမိမှန်းသဘောပေါက်သွားသည်။ သူမက သူ့ကိုကြည့်ကာခေါင်းမာစွာ ပြောလိုက်တော့၏။ “ကျွန်မ ဒီအခြေအနေနဲ့ထိုက်တန်ပါတယ်”
“ဟုတ်တယ်။ မင်းခံသင့်တယ်” လုကျိုးက ပြန်ပြောလိုက်၏။
“...”
ယဲ့ထျန်းရှင်းက ဆွံ့အသွားတော့သည်။ သူမ မည်ကဲ့သို့တုံ့ပြန်သင့်မှန်း မသိတော့ပေ။ ပိုပြင်းထန်သည့်စကားများဖြင့် ပြန်မပက်ရဲချေ။ လရောင်ဆွတ်နန်းတော်ရှိ သူမ၏ညီအစ်မများကို ဤအရေးကိစ္စများအတွင်းဆွဲသွင်းမိမှာ စိုးရိမ်နေသောကြောင့်ဖြစ်သည်။
အခန်းက အလွန်တိတ်ဆိတ်နေပေ၏။
ယဲ့ထျန်းရှင်းသည် ပြန်လည်သုံးသပ်ရေးဂူထဲ၌ သူမ၏စစ်ရှစ်ရှိုးပြောတာကို ပြန်တွေးမိသည့် အချိန်၌ အတန်ငယ် တွေဝေနေကာ မေးလိုက်တော့သည်။
“ရှင်က ယွီလုံရွာတစ်ရွာလုံးကို သုတ်သင်ရှင်းလင်းနိုင်စွမ်းရှိတယ်ဆိုမှတော့ ကျွန်မကို ဘာကြောင့် မသတ်လိုက်တာလဲ” သူမ၏ အသံထဲတွင် ပျက်ရယ်ပြုမှု တစွန်းတစကို ကြားနိုင်ပေသည်။
ထိုစကားကို ကြားသောအခါ လုကျိုးစိတ်ရှုပ်ထွေးသွား၏။ ဆိုရလျှင် ယွီလုံရွာတစ်ရွာလုံးကို သုတ်သင်ရှင်းလင်းဖို့အကြောင်း သူ့တွင်မရှိပေ။ ယဲ့ထျန်းရှင်း စိတ်ခံစားချက်များ ပြင်းလာပြီး ပြောလိုက်တာကိုပဲ သူမြင်နေရသည်။ ထိုစကားကနေ သူ၏အမုန်းတရားတို့က လေးဆယ်ရာခိုင်နှုန်းမှ အနည်းငယ်တိုးလာတော့၏။ သူမ၏ အမုန်းတရားတို့က သူ ရွာကို ဖျက်ဆီးခြင်းကြောင့်ဆိုတာ သိသာနေသည်။ ထိုနောက်ကွယ်က တရားခံက သူဆိုတာ မသေချာပေ။ သို့သော် သူလက်ခံရရှိသည့်မှတ်ဉာဏ်များအရ ကျိထျန်းတောက်သည် ဤလောကထဲ၌ အစွမ်းအထက်ဆုံးလူဆိုးဖြစ်နေလျှင်တောင် အပြစ်ကင်းမဲ့သည့်သူများကို သတ်ဖြတ်တတ်သည့်လူမျိုး မဟုတ်။ သူ၏အပြုအမူများက လွန်ကဲနေပြီး တပည့်များကို စည်းကမ်းကြီးကာ ကြမ်းတမ်းရက်စက်တာပဲရှိသည်။
လုကျိုးက သက်ပြင်းချလိုက်၏။ သူ၏ဆုံးရှုံးနေသောမှတ်ဉာဏ်များက ပြဿနာတစ်ရပ်ဖြစ် နေသည်။ ငါမှတ်ဉာဏ်တွေ ဘာကြောင့်ဆုံးရှုံးသွားတာလဲ။ ကူးပြောင်းလာတာရဲ့ အကျိုးသက်ရောက်မှုလား။
ထိုအရေးကိစ္စကို များများစားစားတွေးနေလျှင် အကျိုးမထူးကြောင်းသိသောကြောင့် အဖြေကို ဖြေးဖြေးချင်းရှာရုံသာရှိသည်။ ခဏအကြာတွင် သူက ယဲ့ထျန်းရှင်းကိုကြည့်ပြီး မေးလိုက်တော့သည်။
“ငါ ရွာကိုဖျက်ဆီးတာ မင်းမြင်ခဲ့လား”
ယဲ့ထျန်းရှင်းက အနည်းငယ်မှင်သက်သွားကာ သူ့အမူအရာက မမှန်တော့ပေ။ နောက်ဆုံးတွင် သူမက ပြန်ပြောလိုက်၏။
“ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ခဲ့တာနဲ့တူတူပဲလေ”
လုကျိုးက ခေါင်းခါပြီးနောက်ပြောလိုက်၏။ “တစ်မိုးအောက်မှာ ငါ့ကို အသိဆုံးက မင်းတို့ ကိုးယောက်ပဲ။ ငါသိုသိုသိပ်သိပ်လှုပ်ရှားလို့လား”
ယဲ့ထျန်းရှင်းက ဆွံ့အသွားသည်။
မှန်ပေ၏။ လုကျိုးသည် ကမ္ဘာလောကထဲ၌ အကြီးမြတ်ဆုံးလူဆိုးဖြစ်သည်။ သူက နာမည်ပျက်စာရင်းထဲ၌ နံပါတ်တစ်ဖြစ်ပေ၏။ သူ၏ အပြုအမူများကို ဖုံးကွယ်ထားရန် သို့မဟုတ် ဖာထေးရန် အမှန်တကယ်လိုအပ်သည်လော။
“ယဲ့ထျန်းရှင်း” လုကျိုးက ညင်သာစွာခေါ်လိုက်ရာ ယဲထျန်းရှင်းကို အလိုလိုတုန်ယင်သွားစေသည်။
“မင်းက ငါ့ကို စွပ်စွဲဖို့ကြိုးစားနေရင်” သူက စကားဆက်မပြောဘဲ ယဲထျန်းရှင်း၏ စိတ်ကူးကိုသာ စစ်ဆေးလိုက်သည်။
လုကျိုး၏အဓိပ္ပာယ်က ရှင်းပေ၏။ သူက ယခင် ကျိထျန်းတောက် မဟုတ်တော့ပေ။ သူအလိုရှိသည့် အရာများကို လုပ်ခဲ့သော်ငြား ကျန်သည့်သူများစွပ်စွဲခွင့်မပေးနိုင်ပေ။
“တင်း ယဲ့ထျန်းရှင်းကို ဆုံးမပဲ့ပြင်ပြီးပါပြီ။ ကုသိုလ်အမှတ် ၁၀၀ ရရှိပါတယ်”
လုကျိုးက အင်္ကျီလက်ကို ဝှေ့ယမ်းလျက် အခန်းထဲမှထွက်လာတော့သည်။ သူက ယဲ့ထျန်းရှင်း၏ မျိုးရိုးက ပိုင်ဖြစ်ကြောင်းမပြောခဲ့သလို သူမကိုလည်းမေးမြန်းခဲ့ခြင်းမရှိပေ။
ယဲ့ထျန်းရှင်းက မှင်သက်နေသည်။ ထိုစဉ် အခန်းအပြင်ဖက်ရှိ လရောင်ဆွတ်နန်းတော်မှ သူမ၏ညီအစ်မများထံမှ အပြစ်ဒဏ်လျှော့ပေါ့ပေးရန် တောင်းဆိုချက်များကို ကြားလိုက်ရ၏။ ကံဆိုးသည်မှာ လုကျိုးက မလှုပ်ရှားခဲ့ပေ။ သူက မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ ပြန်သွားခဲ့၏။
ရှောင်ယွမ်အာက ကြောက်လန့်မှုကြောင့်တုန်လှုပ်နေမိသည်။ သူမက စကားတောင် မပြောရဲချေ။ မိစ္ဆာဝေဟင်မျှော်နန်းထဲ သူတို့ ဝင်လာပြီးနောက် ရှစ်စွင်းကို ချွေးသိပ်ရန်အလို့ငှာ လက်ဖက်ရည်တစ်ခွက်မြန်မြန်ဆန်ဆန်ယူလာပေး၏။ သူမက “ရှစ်စွင်း ကျေးဇူးပြုပြီး ဒေါသမထွက်နဲ့။ တခြားနည်းမရှိရင် အဲ့ဒီသစ္စာဖောက်ကို ရှစ်စွင်းအတွက် တပည့်သတ်ပေးမယ်”
လုကျိုးက ဒေါသမထွက်ပေ။ ဆန့်ကျင်ဖက်အနေဖြင့် သူက တည်ငြိမ်နေ၏။ ပျော်တောင် ပျော်ရွှင်နေသည်။ အနည်းဆုံးတော့ သူသည် အခြေခံအချက်အချို့ရခဲ့တာပဲဖြစ်သည်။ “ယွမ်အာ ကျန်းအိုက်ကျန့်ဆီကို သတင်းပို့”
ရှောင်ယွမ်အာက ခေါင်းညိတ်ပြီးနောက် ပြောလိုက်သည်။ “တပည့် စာရွက်နဲ့ဖောင်တိန် သွားယူလာခဲ့မယ်”
“တုထျန်းမြစ်ရဲ့ ယွီလုံရွာအဖြစ်ပျက်ကြောင်း စုံစမ်းဖို့ပြောလိုက်။ သတင်းတတ်နိုင်သမျှ မြန်မြန်သယ်လာဖို့လည်းပြောလိုက်ဦး" လုကျိုးက ပြောပြီးနောက် လျှို့ဝှက်အခန်းထဲသို့ ပြန်သွားတော့သည်။
အစက လုကျိုးသည် ကောင်းကင်ကျမ်းစာကို ဆက်လက်ဖတ်ရှုရန်ပြင်ဆင်ခဲ့၏။ သို့သော် သူ၏ချီသွေးကြော ရှစ်ကြောကို ဗြဟ္မာ့ပင်လယ်ပွင့်သွားကြောင်းပြန်အမှတ်ရသည့်အချိန်တွင် သူက သဘောထားကွဲလွဲမှုကို ခံစားလာရသည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က သူ၏ ကျင့်ကြံမှုအခြေခံကို ချုပ်နှောင်ထားလိမ့်မည်ဟု မထင်ထားပေ။ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို တိုက်ရိုက်ဝယ်ယူနိုင် ခြင်းက ကောင်းမွန်သည့်အရာတစ်ရပ်ဟုတွေးခဲ့သည်။ ဆိုလိုသည်က ကျင့်ကြံဆင့်၌ သူသည် အဆင့်ပိတ်ဆို့မှုများ ဘယ်တော့မှကြုံတွေ့ရမှာမဟုတ်ပေ။ ရန်သူအများစုက အဆင့်ချိုးဖြတ်တက်ရန် တစ်ဘဝလုံးကြိုးစားပြီး အချည်းနှီးသာဖြစ်ခဲ့ကြရသည်။
လက်ရှိတွင် လုကျိုး၌ ကုသိုလ်မှတ်လုံလုံလောက်လောက်မရှိပေ။
“အမှတ် ၂၁၀”
“ဒီကုသိုလ်မှတ် နဲနဲလေးနဲ့ ငါဘာများလုပ်နိုင်မလဲ”
“ကံစမ်းမဲ”
“တင်း ကုသိုလ်မှတ် ငါးဆယ်သုံးလိုက်ပါပြီ။ ချုပ်နှောင်ခြင်းလှောင်အိမ်သုံးခုရရှိပါတယ်။"
“ချုပ်နှောင်ခြင်းလှောင်အိမ်။ ပစ်မှတ်ကို ချုပ်နှောင်ထားနိုင်ရန် သုံးဆယ်ရာခိုင်နှုန်းအခွင့်အရေး ရှိပါတယ်”
လုကျိုး၏ မျက်လုံးက တောက်ပသွား၏။ စနစ်က ရုတ်တရက်ကြင်နာလာခဲ့ပြီးဖြစ်သည်။ နောက်ဆုံး၌ သူကံကောင်းလာပြီဖြစ်၏။
“ကံစမ်းမဲ”
“တင်း ကုသိုလ်မှတ် ငါးဆယ်သုံးပြီးပါပြီ”
“ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှု အပေါင်းတစ်”
ထင်တဲ့အတိုင်းပဲ။ သူ မကောင်းသလိုခံစားနေရတာ။
သူသည် ကံစမ်းမဲသုံးကြိမ်ဆက်တိုက်နှိုက်ခဲ့သော်ငြား ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ရှိမှုသာ ရခဲ့သည်။ အဆုံးတွင်မူ သူက ကုသိုလ်မှတ်ဆယ်မှတ်နှင့် အပိုဆောင်းကံကောင်းမှတ် သုံးမှတ်ကျန်ခဲ့တော့၏။ ကောင်းပြီ ငါဆက်ဆွဲနေဖို့ မလိုတော့ဘူး။
လုကျိုးက ချုပ်နှောင်ခြင်းလှောင်အိမ်ဆီသို့ အာရုံစိုက်ကြည့်လိုက်တော့၏။ “သုံးဆယ်ရာခိုင်နှုန်း အခွင့်အရေးလား။ နိမ့်လွန်းမနေဘူးလား”
လောက၏အကြီးမြတ်ဆုံးလူဆိုးက သူ၏ပစ်မှတ်ကို ဖမ်းယူရန်ကြိုးစားနေချိန် လွဲချော်သွားခဲ့ပါက မည်မျှအရှက်ကွဲလိမ့်မည်ကို မှန်းဆနိုင်ပေ၏။
…
အခန်း (၇၈) မဟူရာစစ်သည်တော်များ၏ ခေါင်းဆောင်
လုကျိုးက ကောင်းကင်ကျမ်းကို ဖွင့်လိုက်ပြီး ထပ်မံ လေ့လာလိုက်ပြန်သည်။ သူက ဗြဟ္မာပင်လယ်၏ သွေးကြောရှစ်ခုကို ဆက်သွယ်ထားသော်လည်း တကယ့် ဗြဟ္မာပင်လယ်၏ သွေးကြောရှစ်ခု မဟုတ်ချေ။ သူ့တွင် ရှိသမျှကား ရေမြောင်းလိုသာ ဖြစ်ပြီး ရေအရင်းအမြစ် မဟုတ်သေးပေ။ ခွန်အားလေးချိုးတစ်ချိုး သူ့စိတ်ဝိညာဉ်သဏ္ဌာန်က ချီစွမ်းအား စုပ်ယူမှုအား ကန့်သတ်ထားသည်။ ထို့အပြင် သူက ကုသိုလ်ရမှတ် မြန်မြန်ဝင်မည့် နည်းလမ်းလည်း မရှိထားပေ။ သူက ကောင်းကင်ကျမ်းကို လေ့လာရုံမှအပ ရွေးချယ်စရာ မရှိချေ။
ခဏအကြာတွင် ရှောင်ယွမ်အာ၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။
“ ရှစ်စွင်း … ကျန်းအိုက်ကျန့်ဆီ စာရေးလိုက်ပြီ ”
လုကျိုးက ပြန်မဖြေပေ။ သူက ကျန်းအိုက်ကျန့်ဆီ စုံစမ်းစစ်ဆေးမှု အပ်ထားရသည်ကို ယုံကြည်ချက် ရှိ၏။ သူက ကျန်းအိုက်ကျန့်ကို ဓားတစ်လက်၊ နှစ်လက်လောက် လက်ဆောင်ပေးမည်ဟု ပြောထားသည်ကို ရုတ်ခြည်း အမှတ်ရသွားသည်။ ထိုအကြောင်းကို တွေးလိုက်ပြီးနောက် သူက ခေါင်းခါလိုက်မိသည်။ မောင်နှံနှစ်လက်ထက် မနိမ့်ကျသည့် ဓားကို ရှာတွေ့ဖို့ သိပ်မလွယ်လှပေ။
လုကျိုးက ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အမည်မဲ့ ခြစ်ရာထင်ခဲ့သည့် ဓားမော့အပေါ် အကြည့်ရောက်သွားသည်။
“ဟမ် … အပေါက်လား ” လုကျိုးက ဓားမော့ပေါ်တွင် အပေါက်တစ်ခု ရှိနေကြောင်း သတိထားလိုက်မိသည်။ သူက အလန့်တကြား ဖြစ်သွားကာ ‘ ဒါက အမည်မဲ့ကြောင့်လား ’
သူက ဓားမော့ကို ထုတ်လိုက်ပြီး သေချာစစ်ဆေးကြည့်လိုက်သည်။ ဓားမော့၏ အရည်အသွေးက ကောင်းပေသည်။ သာမန်လက်နက်မျှ ဖြစ်သော်လည်း သတ္တုကောင်းကောင်းဖြင့် ထုဆစ်ထားလေသည်။ ထို့ကြောင့် အလွယ်တကူ မကျိုးပျက်နိုင်ပေ။
လုကျိုးက သူ့ဘာသာ မယုံနိုင်စွာ တွေးလိုက်မိသည်။
‘ အမည်မဲ့က ဒီလောက်တောင် အားကောင်းတယ်လား …ကိုယ်တိုင် မြင်တွေ့မှပဲ ယုံတော့တယ် ’
လုကျိုးက ညာဘက်လက်မောင်းကို မြှောက်လိုက်သည်နှင့် သူ့လက်ထဲ အမည်မဲ့ ရောက်လာသည်။ သူက ထိုအရာဖြင့် ဝှေ့ယမ်းကာ ဓားမော့ကို ခုတ်ချလိုက်ပြန်သည်။ ထို့နောက် သူက အမည်မဲ့သည် မပျက်မစီး ရှိနေသေးကြောင်း သိလိုက်ရ၏။ သို့သော် ဓားမော့အတွက်မူ အတူတူ မဟုတ်ခဲ့ပေ။ အမည်မဲ့ ကျသွားသည့် ဓားမော့၏ မျက်နှာပြင်၌ အက်ရာ ဖြစ်သွားစေသည်။
လုကျိုးက အမှန်တကယ် အံ့အားသင့်သွားသည်။ အမည်မဲ့သည် အသုံးမကျကြောင်း မတွေးမိသော်လည်း အားကောင်းလိမ့်မည်ဟုလည်း ထင်မထားပေ။ အမည်မဲ့က အဆင့်မြင့် ဓားမော့တစ်လက်ကိုတောင် ပျက်စီးအောင် လုပ်နိုင်သည်ကို မည်သူက သိမည်နည်း။ သူက ကျေနပ်မိသွားသည်။
‘ဒါက အမှိုက် မဟုတ်ဘဲ ရတနာပဲ’
သူက လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ အမည်မဲ့က ပျောက်ကွယ်သွားပြန်သည်။
အမည်မဲ့က သူ့ကျင့်ကြံဆင့်နှင့် လိုက်ကာ တိုးတက်လာပုံပေါ်၏။ သူ့ဗြဟ္မာပင်လယ်၏ သွေးကြောရှစ်ခုက မည်မျှအားနည်းစေကာမူ သူတို့က အာရုံခံသိပ်သည်းခြင်းအဆင့်ထက် များစွာ အားကောင်းနေဆဲသာ ဖြစ်သည်။
လုကျိုးက နောက်ထပ် ဓားတစ်လက်ကို ဆက်ရှာလိုက်သည်။
စင်ပေါ်ရှိ လက်နက်များမှာ ပစ်ထားသောကြောင့် ဖုန်အလိမ်းလိမ်း ဖြစ်နေသည်။
လုကျိုးက လက်အသာဝှေ့ကာ စွမ်းအားဖြင့် ဖုန်များကို ရှင်းထုတ်လိုက်သည်။
“ ဒါက ဘာလဲ …” လုကျိုးက ထူးထူးဆန်းဆန်းပုံစံများနှင့် လှံတစ်ချောင်းကို တွေ့လိုက်ရသည်။ ထိုအရာက အကြမ်းဖျင်းအားဖြင့် တစ်ဆယ့်သုံးပေခန့် ရှည်လျား၏။ ထိပ်ဖျားနှင့် လုံးပတ်တို့ကို သန့်စင်သော သံမဏိမှ ထုလုပ်ထားပြီး လှံတံ ပတ်လည်တွင် နဂါးတစ်ကောင် ရှိနေသည်။
လုကျိုးက လှံတံကို ဆွဲယူလိုက်သည့်အခါ အလေးချိန်ကြောင့် နည်းနည်း အံ့ဩမိသွားသည်။ အလေးချိန်မှာ ၁၀၀ ကတ်တီလောက် ရှိပေမည်။ ခန္ဓာတည်ဖွဲ့ခြင်း ဖြတ်ကျော်ထားသော ကျင့်ကြံသူတစ်ယောက်အတွက်မူ အလေးချိန်က မပြောပလောက်ပေ။
“ တင်း … ရှာတွေ့သောလက်နက် - နယ်ရှင်လှံ။ ထောက်ခံပေးသည့် ပိုင်ရှင် - တွမ့်မူရှန်း ”
လုကျိုးက သူ့ဘာသာ ရေရွတ်လိုက်သည်။
“တွမ့်မူရှန်းလား ”
နယ်ရှင်လှံသည် အတော်ကြီးကာ လေးလံပေသည်။ ထို့ကြောင့် ခမ်းနားထည်ဝါပြီး အရှိန်အဝါလည်း ကောင်းပေ၏။ လုကျိုး၏ အရိုးအိုအိုများအတွက် မသင့်တော်ပေ။ သူက အမည်မဲ့ကို ပိုကြိုက်၏။ ထို့အပြင် အမည်မဲ့က လက်နက်ပုံစံအမျိုးမျိုးကို ပြောင်းလဲနိုင်သည်။ ထို့ကြောင့် ပိုအသုံးဝင်သည်မှာ မလွဲဧကန်ပင်။
ခဏအကြာတွင် လုကျိုးက ထောင့်တစ်နေရာမှ ဓားတစ်လက်ကို တွေ့လိုက်ရသည်။ ရတနာများက မထင်မရှား ပေါ်လာတတ်သည် မဟုတ်ပါလော။ သူက ဓားကို ကောက်ယူပြီး ဓားအိမ်မှ ဆွဲထုတ်လိုက်သည့်အခါ လေထဲ သတ္တုချင်း ရိုက်ခတ်သံလိုမျိုး ထွက်ပေါ်လာသည်။
“ ဓားကောင်းလေးပဲ ” လုကျိုးက သူ့ဘာသာ ရေရွတ်လိုက်သည်။ သူ့
စကားများက အခန်းထဲ ပဲ့တင်ထွက်နေဆဲသာ …
ချွမ်
ဓားက ကျိုးသွားသည်။
လုကျိုးက မျက်နှာပူစွာ ချောင်းဟန့်လိုက်ပြီး ရတနာကို ဘေးသို့သာ ပစ်ထားလိုက်သည်။ ထိုအရာက ဖန်တစ်စလိုမျိုး ကွဲကြေလွယ်နေသည်။ ထိလိုက်သည်နှင့် တစစီ ကွဲကြေသွားလေသည်။
လျှို့ဝှက်အခန်းထဲမှာ ဒီလိုအပြစ်အနာအဆာရှိတဲ့ လက်နက်မျိုး ဘာလို့ရှိနေတာလဲ …
လုကျိုးက အခန်းအတွင်းရှိ လက်နက်အားလုံးအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးသွားလေသည်။ သူက လက်နက်တစ်ခုချင်းစီ စစ်ဆေးဖို့အတွက် အချိန်မရှိပေ။ သူက တပည့်တချို့အတွက် လက်နက်များ စီစဉ်ပေးရန် ဆုံးဖြတ်လိုက်သည်။ ကျန်းအိုက်ကျန့်၏ ဓားက စောင့်နိုင်သေး၏။
ခဏအကြာတွင် လုကျိုးက သူ့နေရာ ပြန်ရောက်လာပြီး ခြေချိတ်လျက် စတင် ကျင့်ကြံလိုက်သည်။
…………..…
နောက်တစ်ရက် မနက်စောစော၌ …
ရှောင်ယွမ်အာက မိစ္ဆာဝေဟင်မျှော်နန်းဆီ ခုန်ဆွခုန်ဆွဖြင့် ရောက်လာသည်။
“ ရှစ်စွင်း … ဟိုအရှက်မရှိတဲ့လူ ပြန်အကြောင်းပြန်ပြီ ”
လုကျိုးက ရှောင်ယွမ်အာကို မျက်နှာသေဖြင့် ကြည့်လိုက်ပြီး “ ဖတ်လိုက် ”
ရှောင်ယွမ်အာက လည်ချောင်းရှင်းကာ ကျန်းအိုက်ကျန့်၏ လေသံအတိုင်း အတုခိုးကာ ပြောလိုက်သည်။
“အရင်ဆုံး ကျင့်ကြံရေးလောကမှာ အခု တုထျန်းမြစ် ယွီလုံရွာ ဖျက်စီးခံရမှုအကြောင်းကို ဘာမှရှာမတွေ့သေးဘူး။ ဒါပေမဲ့ နန်းတော်နဲ့ နယ်မြေပိုင်တချို့တော့ တစ်ခုခု ရှိနေတယ်။ စုံစမ်းစစ်ဆေးမှုအရတော့ တရားခံက ကျိထျန်းတောက်လို့ ညွှန်ပြနေတယ် …
ဒုတိယအနေနဲ့က မှတ်တမ်းတွေ ခြေဆော့လက်ဆော့လုပ်ထားခံရတဲ့ အရိပ်အယောင်ရှိတယ်။ အဲအချိန် သံသယဝင်စရာ အကောင်းဆုံးလူက မဟူရာစစ်သည်တော်က ဖန်းရှုဝမ်ပဲ။ မဟူရာစစ်သည်တော်တွေက ဧကရာဇ်ရဲ့ အမိန့်အောက်မှာပဲ လှုပ်ရှားကြတာ။ သူတို့က တော်ဝင်အစောင့်တပ်ရဲ့ အထူးအဖွဲ့လေးပဲ … ဒီနေရာမှာ နောက်ထပ် သတင်းနှစ်ခု ထပ်ပြောလိုက်ဦးမယ်။ အရင်ဆုံး ကျောက်ရှောက ခင်ဗျားရဲ့ အကြောင်းမှန် ထုတ်ပြောတာတောင် ဘယ်သူမှ မယုံကြဘူး။ ဒုတိယတစ်ခုက ကျုပ်ဓားကို မေ့မပစ်နဲ့ဦးနော် … ဆရာကြီး ဟားဟား ”
သူမက ရယ်သံကိုတောင် အတုခိုးလိုက်ပြောလိုက်သေး၏။
ကျန်းအိုက်ကျန့်က အမှန်တကယ် အရည်အချင်း ရှိပေသည်။ သူက အချိန်တိုအတွင်း ကိစ္စတစ်ခုလုံး အတွင်းပိုင်းအထိ သိအောင် လုပ်နိုင်ခဲ့သည်။
လုကျိုးက ရေရွတ်လိုက်သည်။
“ မဟူရာစစ်သည်တော် … ဖန်းရှုဝမ်လား”
“ ရှစ်စွင်း … အဲလူက အားကောင်းလား ”
လုကျိုးက ရှောင်ယွမ်အာ၏ မေးခွန်းကို ပြန်မဖြေပေ။ သူက ထိုလူအကြောင်း မှတ်ဉာဏ်မရှိပေ။ သူက ပါးမွှားလေးပဲ ဖြစ်ရမည်။ ခဏအကြာတွင် သူက ပြောလိုက်သည်။
“ လောင်စစ်ကို ဒီခေါ်ခဲ့ ”
“ အိုး ” ရှောင်ယွမ်အာက အနည်းငယ် စိတ်ရှုပ်သွားသော်လည်း ရှစ်စွင်း၏ အမိန့်ကို နာခံနေဆဲ ဖြစ်၏။
ခဏအကြာတွင် မင်ရှစ်ရင်က မျက်နှာချိုသွေးသည့် အပြုံးဖြင့် ပြေးလာသည်။ ပြန်လည်သုံးသပ်ရေးဂူထဲ နေခြင်းထက် ကျန်တာအားလုံးက ပိုကောင်းပေသည်။ သူက ထိုနေရာ၌ တစ်စက္ကန့်ပင် မနေချင်တော့ပေ။ သူက လုကျိုးအား အရိုအသေပေးလိုက်ပြီးနောက် “ ရှစ်စွင်းကို ဂါရဝပြုပါတယ် ”
လုကျိုးက အေးအေးဆေးဆေးသာ ပြောလိုက်သည်။
“ မင်းအတွက် တာဝန်ရှိတယ် ”
မင်ရှစ်ရင်က ထိုအကြောင်းကြားသည့်အခါ ပျော်သွားမိသည်။ သူက မြန်မြန် ပြန်ဖြေလိုက်၏ “ ရှစ်စွင်း ခိုင်းသာခိုင်းလိုက်ပါ ”
လုကျိုးက မေးလိုက်သည် “ မဟူရာစစ်သည်တော်ရဲ့ ခေါင်းဆောင် ဖန်းရှုဝမ်ကို သိလား ”
“ သေချာမသိပါဘူး … သူက အရာရှိမိသားစုထဲက ဖြစ်မယ်ထင်တယ်။ ကျင့်ကြံရေးလောကနဲ့ သိပ်ပတ်သက်မှု မရှိဘူး ”
“ သူ့ကို တွေ့ချင်တယ်လို့ သွားပြောချည် ” လုကျိုး၏ အသံက ပေါ့ပါးနေ၏။
“ နားလည်ပါပြီ ” မင်ရှစ်ရင်က အမိန့်ကို လက်ခံလိုက်သည်။ သူ့ကြည့်ရသည်မှာ ပြန်လည် လန်းဆန်းလာပုံပေါ်၏။
‘ ဒါကို ကြိုက်တယ် … ဒီလိုရိုးရိုးရှင်းရှင်း တာဝန်မျိုးထက် ဘာမှပိုမကောင်းတော့ဘူး’
သူက တောင်ပေါ်မှ ကြိုး လွှတ်လိုက်သည့် မြားတစ်ချောင်းပမာ ပြေးဆင်းသွားလေသည်။
မင်ရှစ်ရင် ထွက်သွားသည်နှင့် ရှောင်ယွမ်အာက မိစ္ဆာဝေဟင်မျှော်နန်းအထက်တွင် သတင်းပို့ငှက်ကို မြင်လိုက်ရသည်။
“ စာ ရောက်လာပြီ ” ရှောင်ယွမ်အာက လက်ဝေ့လိုက်သည့်အခါ ငှက်က စာကို ချပေးလိုက်ပြီးနောက် အံ့မခန်းအမြန်နှုန်းဖြင့် ပျောက်ကွယ်သွားတော့သည်။
ရှောင်ယွမ်အာက ထပ်အော်ပြောလိုက်သည်။
“ ရှစ်စွင်း … ကျန်းအိုက်ကျန့်ဆီက နောက်ထပ် စာရောက်နေပြန်ပြီ ”
“ ဖတ်လိုက် ”
ရှောင်ယွမ်အာက စတင် ဖတ်လိုက်သည်။
“ စာရွက်ကုန်သွားလို့ အားနာပါတယ်။ တကယ်တော့ ဖန်းရှုဝမ်ရဲ့ အမည်ရင်းက လန်လော့တဲ့။ သူ့ကို သေမင်းတမန်လို့လည်း သိကြတယ်။ လွန်ခဲ့တဲ့ နှစ်သုံးရာလောက်တုန်းက ပေနက်လွှာမှာ ထိပ်တန်းအဆင့် ဝင်ဖူးတယ်။ ဆရာကြီးကတော့ ကျုပ်ထက် ဒီလူအကြောင်း ပိုသိမှာဆိုတော့ ထပ်ရှင်းပြစရာ မလိုလောက်တော့ပါဘူး ”
ရှောင်ယွမ်အာက စာရွက်အား လုံးခြေပစ်လိုက်ကာ သူမလက်သီးထဲတွင် အမှုန့်ဖြစ်သွားရရှာသည်။ သူမက ကျန်းအိုက်ကျန့်၏ ဒုတိယစာတွင် ပါဝင်သောအကြောင်းအရာနှင့် ပတ်သက်ပြီး နားမလည်သောကြောင့် ခေါင်းကုတ်လိုက်မိသည်။ သူမက ၁၆ နှစ်ပင် မပြည့်သေးပေ။ သူမအနေနှင့် လွန်ခဲ့သော နှစ် ၃၀၀ က လူအကြောင်း သိစရာအကြောင်း မရှိပေ။ သို့သော်လည်း မဟူရာစစ်သည်တော် ခေါင်းဆောင် မဖြစ်ခင် ဤမျှကြာကြာ နေထိုင်ခဲ့သူ တစ်ဦးဖြစ်နေခဲ့လျှင် သူ့ကျင့်ကြံဆင့်က အတော်မြင့်မားမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
“ လန်လော့ …” လုကျိုး စိတ်ထဲ ထိုလူနှင့် ပတ်သက်သည့် မှတ်ဉာဏ်တချို့ စတင်ပေါ်လာသည်။
“ သူလား ”
“ရှစ်စွင်း … အဲဒီလူက ဘယ်သူလဲ။ ကျန်းအိုက်ကျန့် စကားတွေကို ယုံလို့ မရဘူးနော် ”
လုကျိုးက ခေါင်းခါလိုက်သည်။ ထိုကိစ္စက ကျန်းအိုက်ကျန့်နှင့် ပတ်သက်စရာ မရှိ၍ သူ့အနေနှင့် လိမ်ပြောဖို့ မလိုပေ။
“ အခု လောင်စစ် ဘယ်မှာလဲ ”
“ စစ်ရှုစ်ရှိုးရဲ့ အမြန်နှုန်းနဲ့ဆိုရင် အခုအချိန် အကာအရံအပြင်ဘက် ရောက်သွားလောက်ပြီ … ”
…
အခန်း (၇၉) ဉာဏ်ထက်မြတ်သော မင်ရှစ်ရင်
လုကျိုးက မုတ်ဆိတ်ကိုသပ်လျက်ခေါင်းအနည်းငယ်ခါလိုက်တော့သည်။ လန်လော့က ကျိထျန်းတောက်ထက် အနှစ်နှစ်ရာ ငယ်သည်။ သို့သော် လွန်ခဲ့သည့် အနှစ်သုံးရာ၌ လန်လော့သည် ဆိုးယုတ်သည့် အပြုအမူတိုင်းကို ကျူးလွန်ခဲ့သော လူဆိုးတစ်ဦးဖြစ်ပေ၏။ သူသည် ကျင့်ကြံခြင်းလောကထဲ၌ သူ၏ကောက်ကျစ်မှုအတွက် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သူက လူသတ်၊ မီးရှို့၊ ဓားပြတိုက်ကာ သူသွားသည့်နေရာတိုင်း၌ ကျန်သည့်သူများကို အနိုင်ကျင့်ခဲ့၏။ သို့သော် ထိုလူက တကိုယ်တည်းလှုပ်ရှားနေကြဖြစ်ပြီး ကျန်သည့်သူများနှင့် ပူးပေါင်းဆောင်ရွက် ခြင်းမရှိပေ။ သူကျူးလွန်ခဲ့သည့် မကောင်းမှုများအားလုံးက သူ့လုပ်ရပ်သာဖြစ်ပေ၏။ ကျင့်ကြံသူထောင်ချီက သူ့ကိုဆန့်ကျင်သည့်အချိန်တွင်တောင် သူအသက်ရှင်လျက် လွတ်မြောက် သွားသေးခဲ့သည်။ ယင်းက သူ့ကို အမည်ပျက်စာရင်း၌ ထိပ်ရောက်စေခဲ့တာပဲဖြစ်၏။
ကျိထျန်းတောက်သည် ယခင်က ထိုလူနှင့်တိုက်ခိုက်စဉ်တွင် သရေကျခဲ့၏။ ကျိထျန်းတောက်က လန်လော့ထက် အသက်ပိုကြီးသော်ငြား ထိုစဉ်က သူ့စွမ်းအား၏ အမြင့်ဆုံးအဆင့်သို့ မရောက်သေးပေ။ စွမ်းအားအမြင့်ဆုံးအထိရရှိလာပြီးနောက် ကျိထျန်းတောက်က လက်စားချေမှုဖြင့် တပည့်များကို စတင်လက်ခံခဲ့တော့သည်။ ရွှေနန်းဥယျာဉ်တောင်၏ မိစ္ဆာဝေဟင်မျှော်နန်းက ကြားရုံမျှဖြင့် လောကတစ်ခွင်ကို ထိတ်လန့်တုန်လှုပ်စေခဲ့၏။ မကြာမီ၌ ကျိထျန်းတောက်က အမည်ပျက်စာရင်း၌ ထိပ်ရောက်လာခဲ့သည်။ ထိုစဉ်က လန်လော့သည် ခြေရာလက်ရာမကျန်ပဲပျောက်ကွယ်သွားပုံရ၏။
ဤလောကထဲတွင် အနှစ်သုံးရာထက် ပိုနေနိုင်သည့်ကျင့်ကြံသူများ ရှိပေ၏။ လူငယ်မျိုးဆက်က လန်လော့အကြောင်း ဘယ်တုန်းကမှ မကြားဖူးတာ သဘာဝကျပေသည်။
လွန်ခဲ့သည့် အနှစ်သုံးရာ၌ ထိုလူသည် ပွင့်ချပ်ခြောက်လွှာရွှေကြာ ဒုက္ခတစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ရှိသည့် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်တွင် ရှိခဲ့သူဖြစ်သည်။ ယခုအနှစ်သုံးရာ ကုန်လွန်ပြီးသည့်အချိန်၌ သူ၏ကျင့်ကြံဆင့်က မည်ကဲ့သို့ရှိနေမည်နည်း။ ရာစုနှစ်သုံးစုစာ၌ သူတိုးတက်မှုမရှိခဲ့လျှင်တောင် ဒုက္ခရွှေကွင်းတရာစိတ်ဝိညာဉ်သဏ္ဌာန်ကိုရခါစ မင်ရှစ်ရင်ထက် ပိုသန်မာမှာ သေချာနေပေ၏။ သူက မင်ရှစ်ရင် အနိုင်ယူနိုင်သည့်သူ မဟုတ်ပေ။
လုကျိုးက တည်တည်ကြည်ကြည်ပြောလိုက်၏။ “လောင်စစ်ကို သတင်းပါးလိုက်။ အဲ့ဒီလူက အင်မတန် အန္တရာယ်များတယ်။ ဂရုစိုက်ဖို့ပြောလိုက်ဦး”
“အရမ်းအန္တရာယ်များတာလား”
ထိုစကားကို ရှောင်ယွမ်အာကြားသည့်အချိန်၌ သူမက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလိုက်တော့သည်။
“ရှစ်စွင်း တပည့်တို့တွေ စစ်ရှစ်ရှိုးကို ပြန်ခေါ်သင့်လား”
လုကျိုးက ခေါင်းခါကာပြောလိုက်တော့သည်။
"အဲဒီလိုလုပ်ဖို့မလိုဘူး"
မင်ရှစ်ရင်သည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူတစ်ဦးဖြစ်၏။ ကျိထျန်းတောက်၏ ညှဉ်းပန်းမှုကို နှစ်ပေါင်းများစွာ ခံရပြီးနောက် သူက ယခုဆိုရေချိုငါးတစ်ကောင်၏ အကျင့်စရိုက်မျိုး ရှိနေပြီဖြစ်သည်။
သမာသမတ်ဂိုဏ်းနှင့် ကောင်းကင်ဓားဂိုဏ်းတို့က ရွှေနန်းဥယျာဉ်တောင်ကို ယခင်က ပူးပေါင်းတိုက်ခိုက်စဉ်၌ လုကျိုး၏ တတိယတပည့်တွမ့်မူရှန်းကတောင် အဖမ်းခံခဲ့ရသည်။ သို့သော် မင်ရှစ်ရင်က လွတ်မြောက်အောင် စီမံနိုင်ခဲ့၏။ ထို့အပြင် သူက လန်လော့ကို သတင်းစကားပါးရန်သာ လိုအပ်တာဖြစ်သည်။ ထောင်ချောက်တစ်ခုရှိနေခဲ့လျှင်တောင် မင်ရှစ်ရင်ကဲ့သို့ တပည့်ကို ဖမ်းရန်က ခက်ခဲပေလိမ့်မည်။ လုကျိုး၌ အသုံးပစ္စည်းကတ်များ ရှိမနေခဲ့လျှင် မင်ရှစ်ရင်ကို သူတောင် ထိန်းချုပ်နိုင်မှာမဟုတ်ပေ။
လုကျိုးက သူ့ဖာသာသူတွေးလိုက်၏။
လန်လော့က အခုဆို ပွင့်ချပ်ခုနှစ်လွှာ ဒါမှမဟုတ် ရှစ်လွှာတောင် ရောက်နေလောက်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲ့ထက်ပိုမြင့်နေမှာ စိုးမိပါရဲ့။ သူသည် လန်လော့၏ အရည်အချင်းများနှင့် လျှို့ဝှက်ပရိယာယ်များကို အတော်လေး စိုးရိမ်ပူပန်နေ၏။ သူက အနှစ်သုံးရာကြာပြီးနောက် လက်ရှိတွင် ဖန်းရှုဝမ်ဟူသော အမည်ဖြင့် လူသိနေကြတာပဲဖြစ်သည်။
...
တစ်ရက်ကြာပြီးနောက် အထက်စံပြမြို့ဟုလည်း လူသိများကြသည့် အရှေ့ပိုင်းမြို့တော်တွင်ဖြစ်သည်။
သံချပ်ကာအနက်ဝတ် အနက်ရောင်မျက်နှာဖုံးများဖြင့် စစ်သည်တော်တစ်စုက သူတို့၏မြင်းများကို စီးပြီး လမ်းတစ်လျှောက်သွားနေကြ၏။
ပြည်သူပြည်သားများက ဘေးသို့တကွဲတပြားစီ လူစုခွဲပေးလျက် စစ်သည်တော်များအတွက် လမ်းဖယ်ပေးလိုက်သည်။ သူတို့က စစ်သည်တော်များ၏ လမ်းထဲ ဝင်မရှုပ်ရဲချေ။
ကျင့်ကြံသူအချို့က သူတို့ကို မလှမ်းမကမ်းကနေ တစ်ချက်ကြည့်ပြီးနောက် သူ့တို့အလုပ် ဆက်လုပ်နေကြသည်။
ထိုစီးတော်ယာဉ်များပေါ်ရှိ အနက်ရောင်ဝတ်များကို မည်သူမျှရန်မစရဲချေ။ စစ်သည်တော်များက ထိပ်သီးမြို့၏ဂိတ်ဝ၌ ရပ်တန့်သွားသည်။
တပ်များ၏ရှေ့၌ မဟူရာစစ်သည်တော်သုံးဦးက ဦးဆောင်လာသည်။ သူတို့က ကျန်သည့်သူများနှင့် ကွဲထွက်နေတာ သိသာနေပေ၏။
ထိုလူသုံးဦးက အစွမ်းအထက်ဆုံးမဟူရာစစ်သည်တော်များထဲမှ လေးဦးဖြစ်ရပေမည်။ သူတို့ကို မဟူရာစစ်သည်တော်လေးဦးဟု သိကြသည်။ တစ်ယောက်ချင်းစီက အထူးအရည်အချင်း ကိုယ်စီရှိကြပြီး နက်နဲသိမ်မွေ့သောကျင့်ကြံဆင့်ရှိကြပေ၏။ သူတို့၏ ခွန်အားအတိုင်းအတာကို မည်သူမျှမသိကြပေ။
ပထမဆုံး မဟူရာစစ်သည်တော်က မေးလိုက်သည်။
“လောင်စစ် သွားဖို့ဘယ်လောက်ကြာဦးမလဲ”
“လောင်စစ်ရဲ့လေးအတတ်က တမိုးအောက်မှာပြိုင်ဖက်ကင်းတယ်။ ကံဆိုးပြီးသူ့ရဲ့ရှာဖွေမှုထဲ ရောက်လာတဲ့ ဘယ်ပစ်မှတ်မဆို သေချာပေါက်သေမှာပဲ။ ထိပ်သီးမြို့ရဲ့ သစ္စာဖောက်ကို သတ်ဖို့ သူ့အတွက် မခက်ခဲလောက်ဘူး”
“ထိပ်သီးမြို့ထဲမှာ ငါတို့ရဲ့တာဝန်က ပြီးပြီလို့ သတ်မှတ်လို့ရပြီ။ ငါတို့လေးယောက် အံ့ဖွယ်မြို့တော်ကို ပြန်ရောက်တုန်း အပူအပင်တွေ ဖြေလျော့ဖို့ သောက်သင့်တယ်”
“ခေါင်းဆောင်စိတ်ကျေနပ်ဖို့မျှော်လင့်ရတာပဲ"
ထိုစဉ် မြားတစ်စင်း ဝှီခနဲအသံကို ကြားလိုက်ရ၏။
ဝှစ်
ကျယ်လောင်သည့် အသံတစ်သံဖြင့် မြားက မြို့၏ဂိတ်ဝကို ထိုးစိုက်သွားသည်။ လူခေါင်းတစ်ခေါင်းက မြားနှင့်အတူတွဲပါလာ၏။
မဟူရာစစ်သည်တော်သုံးဦးက အံ့ဩတာ သို့မဟုတ် ကြောက်လန့်တာဖြစ်ပုံမပေါ်ပေ။ သူတို့က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ကြ၏။
“လောင်စစ်က ထင်တဲ့အတိုင်းပဲ”
“သူ့ရဲ့လေးအတတ်က မိုးအောက်မြေပြင်မှာ အမှန်တကယ်ပြိုင်ဘက်ကင်းတယ်"
မဟူရာစစ်သည်တော်များသည် လမ်းအဆုံးသို့ ကြည့်လိုက်၏။ မဟူရာစစ်သည်တော်တစ်ဦးက လေးတစ်စင်းကို ကိုင်လျက် သူ၏နောက်ကျောတွင် မြားတစ်စင်းပါရှိကာ သူတို့ဆီအရှိန်ဖြင့် ရောက်လာနေသည်။ ထိုလူက မဟူရာစစ်သည်တော်လေးဦးထဲမှာ တစ်ဦးဖြစ်ပြီး လေးအတတ်၌ အကျွမ်းကျင်ဆုံးမဟူရာစစ်သည်တော်တစ်ဦးဖြစ်ပေ၏။
မဟူရာစစ်သည်တော်လေးဦး၏ ခေါင်းဆောင်က လေးနက်သည့်အသံဖြင့်ပြောလိုက်သည်။
"အံ့ဖွယ်မြို့ကို သတင်းပြန်ပို့”
“နားလည်ပါပြီ”
မဟူရာစစ်သည်တော်က မြို့ထဲ၏အပြင်ဖက်သို့ ခမ်းခမ်းနားနားချီတက်လာတော့သည်။
လမ်းပေါ်၌ မြင်းခွာသံများပေါ်ထွက်နေပြီး ဖုန်လုံးများက တလိမ့်လိမ့်တက်လာကာ မဟူရာစစ်သည်တော်များက အံ့ဖွယ်မြို့တော်ဆီသို့ အရှိန်ဖြင့်ရှေ့ဆက်ကြတော့သည်။
စစ်သည်တော်တစ်စုက တောအုပ်တစ်ခုကိုဖြတ်သန်းသွားသည့်အချိန်၌ သူတို့၏နားထဲ ကောက်ကျစ်ပြီး ထူးဆန်းသော ရယ်သံတစ်သံကိုကြားလိုက်ရသည်။
ငီး
မဟူရာစစ်သည်တော်လေးဦး၏ ခေါင်းဆောင်က ချက်ချင်းပင် သူ၏မြင်းဇက်ကြိုးကိုဆွဲလိုက်ကာ လက်တစ်ဖက်မြှောက်လိုက်၏။
မဟူရာစစ်သည်တော်များက ကောင်းစွာလေ့ကျင့်ပေးခြင်းခံထားရသည့်သူများဖြစ်သည်။ သူတို့က မြန်မြန်ဆန်ဆန်ပင် ရပ်တန့်လိုက်၏။ သူတို့က အချိန်ကိုက်ရပ်လိုက်တာပဲဖြစ်သည်။ ရယ်သံကိုကြားသည့်အချိန်တွင် လေးအတတ်၌ကျွမ်းကျင်သော လောင်စစ်က ချက်ချင်းပင် လေထဲခုန်တက်လိုက်၏။ သူက လေးကြိုးကို ဆွဲပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့သည်။ ပစ်မှတ်ကိုမြင်လျှင် ထိုမြားကို ထိုလူဆီရောက်အောင်ပစ်လိုက်မှာပဲဖြစ်သည်။ သို့သော် ရယ်သံ လွင့်ပြယ်သွားပြီးသည့်တိုင် မည်သူမျှပေါ်မလာခဲ့ပေ။
“ငါတို့ရဲ့လမ်းကို ဘယ်သူပိတ်ရဲတာလဲ” မဟူရာစစ်သည်တော်များ၏ ခေါင်းဆောင်က လေးနက်သည့်အသံဖြင့် ပြောလိုက်၏။
အချို့သောအမျိုးအမည်မသိ အကြောင်းပြချက်ကြောင့် သူတို့သည် အမှောင်ထဲတွင် စစ်ဆင်ရေးလုပ်နေကြဖြစ်ပြီး ကျန်သည့်သူများ၏ သွေးများ လက်တွင်စွန်းနေပြီးဖြစ်သည့်တိုင် ထိုရယ်သံကြောင့် အနည်းငယ်စိတ်တုန်လှုပ်မိ၏။
ရယ်သံက လေထဲ၌ ထပ်မံပေါ်ထွက်လာပေ၏။
“လောင်စစ်”
“ရှိ”
ရယ်သံရဲ့လာရာကနေ ပစ်မှတ်ကိုရှာရမယ်။
ထန်း
မဟူရာစစ်သည်တော်လေးဦးထဲမှ လောင်စစ်သည် ရယ်သံထွက်ပေါ်ရာဖက်သို့ မြားတစ်စင်းကို ပစ်လိုက်ရာ မြားသည် သိပ်သည်းသော သစ်ရွက်များထဲ၌ ပျောက်ကွယ်သွားသည်။ မြားက ကနဦးချီဖြင့် လွှမ်းနေတာပဲဖြစ်သည်။ အသံမကြားရပေ။
“သူ့ကို မိသွားလား” ထိုမေးခွန်းက လေးသည်တော်လောင်စစ်ကို တိုက်ရိုက်ရည်ရွယ်သည်။
လေးအသုံးပြုသူသာလျှင် မြားကပစ်မှတ်ကို ထိလားဆိုတာ သိတာပဲဖြစ်၏။
လောင်စစ်က မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။ သူက အတန်ငယ်တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ပြန်ပြောလိုက်၏။ “မထိသွားဘူး” လက်ရွေးစင်တစ်ဦးက သူတို့၏ အလိုလိုသိစိတ်ဖြင့်ပြောနိုင်ပေသည်။
“အဲဒီလူက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ပညာရှင်တစ်ဦးပဲဖြစ်ရမယ်”
မဟူရာစစ်သည်တော်လေးဦးနောက်မှ အနက်ရောင်စစ်သည်တော်များသည် စတင်ခင်းကျင်းကြ တော့၏။ လေထဲ၌ ရယ်မောသံထပ်မံပေါ်ထွက်လာသည်။ ယခုအခေါက်တွင် လှောင်ပြောင်သည့် စကားပါ ပါလာတာပဲဖြစ်၏။
“ပစ်ချက်ကောင်းတယ်”
မဟူရာစစ်သည်က အော်မေးလိုက်သည်။
“အဲဒီမှာ ဘယ်သူလဲ”
လေထဲ၌ အသံက ပဲ့တင်သံထွက်လာသည်။
“ငါက ရွှေနန်းဥယျာဉ်တောင်ရဲ့ မိစ္ဆာဝေဟင်မျှော်နန်းက တပည့်ပဲ မဟူရာစစ်သည်တော်တွေရဲ့ ခေါင်းဆောင် ဖန်းရှုဝမ်က ဘယ်မှာလဲ”
မဟူရာစစ်သည်တော်လေးဦးသည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့က မျက်နှာဖုံးများ ဝတ်ထားသော်ငြား အံ့ဩသင့်နေတာကို အချင်းချင်းခံစားမိသည်။
မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း တမိုးအောက်တွင် မသိသည့်သူမရှိပေ။
“ဒီတော့ မိတ်ဆွေက မိစ္ဆာဝေဟင်မျှော်နန်းကပဲ”
ထိုစကားကို ကြားသောအခါ တဖက်လူကရီမောပြီးနောက် ကဲ့ရဲ့ကာပြောလိုက်တော့သည်။
“မိတ်ဆွေတဲ့လား” ထိုအသံသည် အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာပုံရ၏။ ပတ်ဝန်းကျင်ရှိ သစ်ပင်များက စတင်လှုပ်ရှားလာကြသည်။
“ဖုန်းရှုဝမ် ဘယ်မှာလဲ” အသံပိုင်ရှင်က မိစ္ဆာဝေဟင်မျှော်နန်း၏ စတုတ္ထမြောက်တပည့်မင်ရှစ်ရင် ဖြစ်သည်။
မင်ရှစ်ရင်က ဉာဏ်ထက်မြတ်ရုံသာမက အင်မတန် ဉာဏ်နီဉာဏ်နက်များပေ၏။ ယင်းက တောအုပ်ဖြစ်ပြီး ဤနေရာက သူ၏သစ်သားပြာနှလုံးသားကျင့်စဉ်အတွက် တစ်ပန်းသာနေပေသည်။ ပွင့်ချပ်ခြောက်လွှာဖြင့် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူတစ်ဦးကတောင် သူ့ကို ဖမ်းနိုင်မှာမဟုတ်ပေ။ ဤနေရာ၌ သူက ဘုရင်ဖြစ်ပေ၏။
“ခေါင်းဆောင်က အံ့ဖွယ်မြို့တော်မှာ။ မင်းနဲ့ ဘာကိစ္စရှိလို့လဲ”
မင်ရှစ်ရင်က စိတ်မကျေမနပ်ဖြစ်သွားသည်။ သူက စုံစမ်းမှုများစွာပြုလုပ်ပြီးနောက် နောက်ဆုံးတွင် မဟူရာစစ်သည်တော်များက အရှေ့ပိုင်းမြို့တော်၌ တာဝန်တစ်ခုဆောင်ရွက်မည်မှန်း ရှာတွေ့ခဲ့ သည်။ သူက ဤနေရာတွင် တစ်ရက်လုံးစောင့်ဆိုင်းပြီး မဟူရာစစ်သည်တော်များ ဖြတ်သွားမည်မှန်း သေချာပေါက်သိနေ၏။ သူ့ဘာသာသူတွေးလိုက်သည်။
ငါက မဟူရာစစ်သည်တော်လေးယောက်နဲ့ ယင်ကောင်လေးတွေအတွက် တစ်နေ့လုံးစောင့်နေရတာလား။
“နားထောင် မင်းတို့ကို အချိန်သုံးရက်ပေးမယ်။ မိစ္ဆာဝေဟင်မျှော်နန်းက ဖန်းရှုဝမ်ကို တွေ့ချင်နေတယ်။ သူပေါ်မလာခဲ့ရင် မင်းရဲ့ကံကြမ္မာက ဒီသစ်ပင်အတိုင်းပဲဖြစ်လိမ့်မယ်”
မြင့်မားသည့်သစ်ပင်က ရုတ်တရက်လဲပြိုကျသွားပြီး မဟူရာစစ်သည်ဖက်သို့ အိကျသွားသည်။
မဟူရာစစ်သည်တော်များက လက်ရွေးစင်တပ်သားများဖြစ်၏။ သူတို့က အမြန်နောက်ဆုတ် သွားပြီး လူစုခွဲလိုက်ကြသည်။
မဟူရာစစ်သည်တော်လေးဦးသည် သူတို့ကိုသူတို့ စွမ်းအင်ဖြင့်ကာကွယ်လိုက်တော့သည်။
ဘန်း
…
အခန်း (၈၀) ပေနက်လွှာစာရင်း၌ ထိပ်ဆုံး
သူတို့ ထွက်မသွားခင် ဧရာမသစ်ပင်ကြီးက အသံကျယ်ကြီးနှင့်အတူ လဲပြိုလာသည်။
ရှေ့ဆုံးမှ မဟူရာစစ်သည်တော်က မော့ကြည့်လိုက်ပြီးနောက် လေထဲတွင် ရှိနေသည့် လေးသမား လောင်စန်းကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။
လောင်စန်းက ဆင်းလာလိုက်သည်။
“ စကားပါးလိုက်ပါ့မယ် ”
ထို့နောက် မဟူရာစစ်သည်တော်အုပ်စုက အံ့ဖွယ်မြို့တော်ဆီ ဦးတည်နေသည့် လမ်းကြောင်းလေးအတိုင်း မြန်မြန် သွားလိုက်ကြသည်။
ခဏအကြာတွင် တောအုပ်တစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားသည်။ မင်ရှစ်ရင်က သစ်ပင်ကြီးအနောက်မှ ထွက်လာလိုက်၏။ သူက ထွက်သွားသည့် မဟူရာစစ်သည်တော်တို့ကို စိတ်ဝင်တစား ကြည့်နေမိသည်။
“သူတို့လေးယောက်လုံးက ဒီလောက်အားကောင်းနေမှတော့ ဖန်းရှုဝမ်လည်း အားနည်းနေစရာ အကြောင်း မရှိဘူး။ ရှစ်စွင်းရေ ဒီတစ်ခါ ဘယ်သူကို ရန်စချင်ပြန်ပြီလဲ ”
မဟူရာစစ်သည်တော် လေးဦး၏ ကျင့်ကြံဆင့်သည် နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့်နီးပါး ရှိနေပြီး ကျန်ရှိနေသော စစ်သည်တော်များမှာ နတ်ဒေဝါ ဦးတည် နယ်ပယ်အဆင့် ဖြစ်ကြ၏။ မိစ္ဆာဝေဟင်မျှော်နန်း၏ ပထမတပည့်နှင့် ဒုတိယတပည့်တို့ကို ထည့်မစဉ်းစားလျှင် ထိုမဟူရာစစ်သည်တော်တို့က မိစ္ဆာဝေဟင်မျှော်နန်းနှင့် ယှဉ်နိုင်သည်။ ကျင့်ကြံရေးလောက၌ ထိုသို့သော လူများကို အမိန့်ပေးနိုင်သူမှာ ပါတိပါချက် ဖြစ်ဖို့ အကြောင်းမရှိပေ။
မင်ရှစ်ရင်၏ သိချင်စိတ်က ပြင်းထန်လာလေ၏။ သူက အတော်လေး စဉ်းစားခန်းဖွင့်မိသွားသည်။
‘ ဖန်းရှုဝမ် … ခင်ဗျားက ဘယ်သူလဲ’
သူက မြေပြင်ပေါ် ခြေဆောင့်လိုက်ပြီးနောက် သစ်ပင်ထိပ် ပျံသန်းသွားလိုက်သည်။ သူ့သစ်သားပြာကျင့်စဉ်က တောအုပ်အတွင်း စွမ်းရည် အပြည့်အဝ ဖော်ထုတ်နိုင်၏။ သူက လျှပ်စီးနှုန်းဖြင့် ရွေ့လျားသွားကာ အစအနပင် မချန်ထားခဲ့ပေ။
………..…
မဟူရာစစ်သည်တော်များ အံ့ဖွယ်မြို့တော်သို့ ရောက်လာသည့်အခါ မြို့ထဲ တန်းမဝင်ကြသေးပေ။ ထို့အစား သူတို့က မြို့ပတ်လည်ကို လှည့်ပတ်ပြီးနောက် မြောက်ပိုင်းသို့ ဆက်သွားလိုက်သည်။
တော်ဝင်အစောင့်တပ်က မြို့တော်ကို စောင့်ကြပ်သည်။ မဟူရာစစ်သည်တော်များက အမှောင်ထဲမှ လှုပ်ရှားသော အဖွဲ့လေး ဖြစ်ပေသည်။ သူတို့၏ တည်ရှိမှုမှာ အများသိအောင် ထုတ်ဖော်ထားခြင်း မရှိပေ။ သူတို့၏ အခြေစိုက်စခန်းက မြို့တော်အတွင်း မရှိသည်မှာ ပုံမှန်သာ ဖြစ်၏။ လူလက်တစ်ဆုပ်လောက်သာ သူတို့၏ အခြေဆိုက်စခန်းအကြောင်း သိကြသည်။
………
တောင်ကုန်းတစ်ခု၏ တောင်ခြေတစ်နေရာ၌ မဟူရာစစ်သည်တော် ပင်မဌာနချုပ် တည်ရှိသည်။
မဟူရာစစ်သည်တော် လေးဦးတို့က ခန်းမအတွင်း တစ်ချိန်တည်း ဝင်လာကြသည်။
“အရှင် ကျွန်တော်တို့ တာဝန်ပြီးမြောက်ခဲ့ပါပြီ။ မြို့တော်အထက်ပိုင်းရဲ့ သစ္စာဖောက်ကို မဟူရာစစ်သည်တော်တွေက သုတ်သင်ခဲ့ပါပြီ”
လေးယောက်သား ဒူးထောက်လိုက်ပြီး အရိုအသေပြုလိုက်ကြသည်။
သူတို့ရှေ့တွင် ရှည်လျားကာ ဗလာကျင်းနေသော စားပွဲရှည်ကြီးတစ်လုံး ရှိနေသည်။ စားပွဲရှည်အနီးတွင် အနက်ရောင် ချပ်ဝတ် ဝတ်ဆင်ထားသည့် ကြွက်သားများနှင့် အမျိုးသားတစ်ယောက်က နောက်ကျောပေးလျက်သား ထိုင်နေသည်။
“အရမ်းကောင်းတယ်” အသံက ခပ်ဩဩ ဖြစ်၏။
“အရှင် … ကျွန်တော် နောက်ထပ် တင်ပြစရာလေး ရှိပါတယ်”
“ပြောစေ ”
“ကျွန်တော်တို့ ပြန်လာတဲ့လမ်းမှာ မိစ္ဆာဝေဟင်မျှော်နန်းက မိစ္ဆာကောင်နဲ့ တွေ့ခဲ့ပါတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက အရှင့်အတွက် စကားပါးလိုက်ပါတယ် ”
မဟူရာစစ်သည်တော် လေးဦးလုံး တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ ဦးဆောင်သူက ခဏရပ်လိုက်ပြီးနောက် ထပ်ပြောလိုက်သည်။
“ မိစ္ဆာဝေဟင်မျှော်နန်းက အရှင်နဲ့ တွေ့ချင်နေပါတယ်။ သူတို့က ကျွန်တော်တို့ကို အချိန်သုံးရက် ပေးလိုက်ပါတယ် ”
သူက မင်ရှစ်ရင်၏ စကားကြောင့် သူတို့ခေါင်းဆောင် ဒေါသထွက်သွားမည်ကို စိုးကာ အသာလျော့ပြီး ပြန်ပြောပြလိုက်သည်။
ဖန်းရှုဝမ်က ဒေါသမထွက်ပေ။ ထို့အစား သူက ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပြီး စားပွဲဆီ လျှောက်လှမ်းလာကာ ထိုင်လိုက်သည်။ သူက မျက်နှာဖုံးကို ဝတ်ဆင်ထားလေ၏။ သူ့မျက်နှာကို အပြည့်အဝ ဖုံးအုပ်ထားသည်။ မည်သူကမှ သူ့ပုံစံကို မသိကြပေ။
ခဏတာတိတ်ဆိတ်သွားပြီးနောက် ဖန်းရှုဝမ်က ရယ်မောလိုက်ပြီး ခပ်ဩဩအသံဖြင့် ပြောလိုက်သည်။
“ ဒါက ငါ့ဘဝမှာ ရင်ဆိုင်ရမဲ့ စမ်းသပ်ချက်တစ်ခုပဲ”
“အရှင် … မိစ္ဆာဝေဟင်မျှော်နန်းက ကျင့်ကြံရေးလောကမှာ နာမည်ဆိုးနဲ့ ကျော်ကြားတယ်လေ။ အဲဒီကနေ မိစ္ဆာကိုးယောက်ကို မွေးထုတ်လိုက်ပြီးတော့ နယ်မြေအသီးသီးကို အထိတ်တလန့် ဖြစ်စေခဲ့တယ်။ မိစ္ဆာလမ်းစဉ်ရဲ့ ဂိုဏ်းချုပ် ကျိထျန်းတောက်ကလည်း ပြိုင်ဖက်ကင်း ကျင့်ကြံဆင့်မျိုး ပိုင်ဆိုင်ထားသေးတယ်။ အရှင် … ကျွန်တော်တို့ မိစ္ဆာဝေဟင်မျှော်နန်းကို ရှောင်တာ ပိုကောင်းမယ် ထင်တယ် ”
ဖန်းရှုဝမ်က လက်ကို ဖြည်းဖြည်းချင်း မြှောက်ကာ “ နန်းတော်ကနေ အမိန့်တစ်ခု လက်ခံထားတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက နန်းတော်ရဲ့ အကြံအစည်ကို ဝင်ရှုပ်နေတယ်တဲ့ ”
မဟူရာစစ်သည်တော် လေးဦးလုံးက ဖန်းရှုဝမ်၏ စကားကြောင့် ကြောင်အမ်းသွားကြလေသည်။ သူတို့မျက်နှာဖုံးများက သူတို့တအံ့တဩ အမူအရာကို ဖုံးပေးထားလေ၏။
“ အရှင် … အဲဆို ကျွန်တော်တို့ မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ရန်သူ လုပ်တော့မှာလား ”
ဖန်းရှုဝမ်က ခေါင်းခါလိုက်ပြီး “ မိစ္ဆာဝေဟင်မျှော်နန်းက တကယ် ကြောက်စရာကောင်းတယ်။ တပည့်ကိုးယောက်ရဲ့ ကျင့်ကြံဆင့်ကို ငါတို့ မသိထားဘူး။ ပြီးတော့ ကျိထျန်းတောက်က ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် ပိုင်ဆိုင်ထားတယ်လို့ ကြားထားတယ်။ သူ့အနေနဲ့ ဒီလိုပညာရှင်ကိုးယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တာ အံ့ဩစရာတော့ မရှိပါဘူး ”
ဖန်းရှုဝမ်၏ နောက်လိုက်လေးယောက်လုံးက ခေါင်းငုံ့ထားပြီး တိတ်တဆိတ်သာ နားထောင်နေလိုက်သည်။
ဖန်းရှုဝမ်က သူ့ဘာသာ ရေရွတ်နေပြီးနောက် လက်နောက်ပစ်ကာ “ မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ရန်သူလုပ်ဖို့ စိတ်ကူး မရှိဘူး … ငါတို့တွေ ဒီလိုအားကောင်းတဲ့ လူမျိုးကို ရန်သူ မလုပ်မိအောင် ရှောင်တာက ပုံမှန်ပဲ ”
မဟူရာစစ်သည်တော် လေးဦးလည်း စိတ်အတွင်းမှ စိတ်သက်သာရာရသွားကြသည်။ သူတို့ခေါင်းဆောင်ဖြစ်သူက ယုံကြည်ချက်လွန်ကဲနေမည်ကို သူတို့ စိတ်ပူခဲ့ကြသည်။ မဟူရာစစ်သည်တော်များက အားကောင်းသော်လည်း ကျိထျန်းတောက်နှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင် နှစ်ဖက်လုံးမှ ဆုံးရှုံးမှုကြီးပေမည်။ သူတို့အနေနှင့် စိတ်မရှည်စရာ ဖြစ်ရန်လည်း မလိုပေ။ ကျိထျန်းတောက်၏ အချိန်က နီးကပ်လာသည့်အခါ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းကို အလွယ်လေး ဖျက်စီးနိုင်လိမ့်မည်။
သို့သော်လည်း ဖန်းရှုဝမ် ထပ်ပြောလိုက်သည့်အခါ သူ့စကားများက ပြောင်းလဲသွားလေသည်။
“ ဒါပေမဲ့ နန်းတော်က အမိန့်ချမှတ်ပေးထားတော့ ငါတို့ အမိန့်ကို နာခံရမယ်။ မိစ္ဆာဝေဟင်မျှော်နန်းက ငါ့ကို တွေ့ချင်နေမှတော့ သွားတွေ့တာပေါ့ ”
မဟူရာစစ်သည်တော် လေးယောက်လုံး နောက်ဆုတ်လိုက်ကြသည်။ သူတို့က နန်းတော်သည် မဟူရာစစ်သည်တော်များကို မိစ္ဆာဝေဟင်မျှော်နန်းနှင့် ညှိနှိုင်းရန် အမိန့်ပေးလိမ့်မည်ဟု မထင်ထားကြပေ။
ဒါက တိုက်ဆိုင်မှုသပ်သပ်ပဲလား ….
သူတို့က ဖန်းရှုဝမ်၏ အယုံကြည်ရဆုံး နောက်လိုက်များ ဖြစ်ကြသည်။ သူတို့က ဖန်းရှုဝမ်၏ အကြောင်းမှန်ကို သိထားသည်မှာ ပုံမှန်ဖြစ်၏။ ဖန်းရှုဝမ်က ကျိထျန်းတောက်ထက် ငယ်ရွယ်သော်လည်း ကျင့်ကြံရေးလောက၌ တမူထူး ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သည်။ သူ ပေနက်လွှာထိပ်ဆုံးတွင် ရှိစဉ်အခါက မိစ္ဆာဝေဟင်မျှော်နန်းပင် မတည်ရှိသေးပေ။ ကျိထျန်းတောက်နှင့် သူတို့ခေါင်းဆောင် တိုက်ခိုက်သည့်အခါ သရေကျခဲ့၏။ သို့သော်လည်း ကျိထျန်းတောက်က ကျင့်ကြံဆင့် ခုန်တက်သွားကာ မိစ္ဆာဝေဟင်မျှော်နန်းကို ထူထောင်ခဲ့သည်။ သူတို့က ဖန်းရှုဝမ်၏ ကျင့်ကြံဆင့် မည်မျှမြင့်မားသည်ကို မသိကြသော်လည်း ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ထက် မြင့်မားမည် မဟုတ်ကြောင်း သေချာသိနေကြသည်။
“ အရှင် … ကျိထျန်းတောက် အသက်အရွယ်နဲ့ဆိုရင် ဆယ်စုနှစ်အတွင်းမှာ အချိန်ပြည့်သွားလောက်ပါပြီ။ အဲဒီအခါ သူ ပျောက်ကွယ်သွားမှာပဲလေ။ ကျွန်တော်တို့ ဘာကြောင့် အခုအလျင်လိုနေမှာလဲ ”
“ ကျွန်တော်လည်း သဘောတူတယ် ”
“ ကျွန်တော်လည်း သဘောတူတယ် ”
“ ကျွန်တော်လည်း ထောက်ခံတယ် ”
“ ကျွန်တော်ရောပဲ ”
လေးယောက်သား တစ်ချိန်တည်း လက်ယှက်ကာ ပြောလိုက်ကြသည်။
ဖန်းရှုဝမ်က သူတို့လေးယောက်လုံးကို ကြည့်လိုက်သည်။ သူက ဒေါသမထွက်ပေ။ ထိုလေးယောက်လုံးက သူ အယုံကြည်ရဆုံး နောက်လိုက်များ မဟုတ်ပါလော။ သူက ခဏတာ တိတ်ဆိတ်နေပြီးနောက် ထုတ်ပြောလိုက်သည်။
“ ငါက စောင့်နိုင်တယ်။ မဟူရာစစ်သည်တော်လည်း စောင့်နိုင်တယ်။ ဧကရာဇ်တောင် စောင့်ဆိုင်းနိုင်သေးတယ်။ ဒါပေမဲ့ တာ့ယန်က ဆက်မစောင့်နိုင်တော့ဘူး ”
လေးယောက်သား စိတ်ရှုပ်ထွေးသွားဟန် ပေါ်သည်။ သူတို့က ခေါင်းဆောင်ဖြစ်သူ၏ စကားကို နားမလည်ပေ။
ဖန်းရှုဝမ်က သူ့နောက်လိုက်များ စကားပြောတော့မည်ကို မြင်၍ လက်ပြကာ တားလိုက်ပြီး “ သုံးရက်ကြာရင် ငါနဲ့အတူ မိစ္ဆာဝေဟင်မျှော်နန်းဆီ လိုက်ခဲ့ကြ … ဒီကိစ္စ ဒီမှာတင် ပြီးပြီ ”
………….…
“ တင်း မင်ရှစ်ရင်က တာဝန်ပြီးမြောက်ခဲ့ပါပြီ။ ကုသိုလ်ရမှတ် ၃၀၀ ရရှိပါမယ် ”
လုကျိုးက သတိပေးချက် ရရှိလိုက်သည့်အခါ သိပ်မအံ့ဩမိပေ။ သူက ကျေနပ်မိသွား၏။ မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်သွားသော ငမိုက်သားများအပြင် ကျန်ရှိသူများက အတော်လေး ဉာဏ်ကောင်းကြ၏။ သူတို့၏ တစ်ခုတည်းသော လိုအပ်ချက်က ကျိထျန်းတောက်၏ ဖိနှိပ်မှုကို ကြာမြင့်စွာ ခံခဲ့ရ၍ ကျင့်ကြံဆင့် မြင့်တက်လာဖို့ ခက်ခဲနေခြင်းသာ ဖြစ်ကြသည်။ သူက ထိုအခြေအနေကို မြန်မြန် ပြောင်းလဲပစ်ရမည်။
လုကျိုးက ကမ္ဘာကြီးသည် မိစ္ဆာဝေဟင်မျှော်နန်းနှင့် မဆန့်ကျင်ရဲသည်မှာ ကျိထျန်းတောက်၏ ကျင့်ကြံဆင့်ကြောင့် ဖြစ်မှန်း ခံစားနေမိသည်။ သို့သော်လည်း အချိန်ကျော်လွန်လာသည်နှင့် စူးစမ်းလေ့လာ လုပ်ကြံမှုများက တိုးလာသည်။ လူ့ဘဝ၏ ကန့်သတ်ချက်ကို ဆုံးဖြတ်ပေးလာနိုင်သည်။
လုကျိုးက အပြင်ဘက်မှ ရှောင်ယွမ်အာ အသံကို ကြားလိုက်ရသည့်အချိန်အထိ အတွေးနက်နေဆဲ ဖြစ်၏။
“ ရှစ်စွင်း … တပည့် ဒီမှာ တစ်နေ့လုံးလုံးစောင့်နေတာတောင် စစ်ရှစ်ရှိုးက စာလည်း မပို့ဘူး။ တပည့်ရဲ့ စာကို ရရောရရဲ့လား မသိဘူး ” ရှောင်ယွမ်အာက လုကျိုးရှေ့ ပေါ်လာရင်း ဆက်တိုက်ငြီးတွားနေသည်။
“ ကိစ္စမရှိပါဘူး” မင်ရှစ်ရင်က တာဝန် ပြီးမြောက်သွားလေပြီ။ သူသာ ပြဿနာမရှိဘဲ ဘေးကင်းကင်း ပြန်လာသရွေ့ ဘာပြဿနာမှ ရှိမည် မဟုတ်ပေ။
သို့သော်လည်း ရှောင်ယွမ်အာက ပြောလိုက်သည်။
“ ရှစ်စွင်း ရှစ်ရှိုး သေသွားတာများလား။ ငတုံးကောင်ကို မေးကြည့်တော့ မဟူရာစစ်သည်တော်ရဲ့ ဖန်းရှုဝမ်က အရမ်းအန္တရာယ်များတယ်ဆို … သူ ဘယ်သူမှန်း ဘယ်သူမှ မသိကြဘူးတဲ့ ”
“ ငတုံးကောင်တဲ့လား … ”
“ ဖန်ကျုံးလေ … သူက စစ်ရှုစ်ရှိုး သေလိမ့်မယ် ပြောနေတာ။ အဲဒီစကားကို ကြားပြီး သူ့ကို နည်းနည်း ပညာပြခဲ့သေးတယ် ” ရှောင်ယွမ်အာက ဒေါသတကြီး ပြောလိုက်သည်။
“ နည်းနည်း ပညာပြခဲ့တာတဲ့လား” လုကျိုးက ဖန်ကျုံး၏ မျက်နှာ၌ ဖူးယောင်ကာ ဒဏ်ရာဒလပွ ဖြစ်နေသည့်အချိန်ကို အမှတ်ရသွားသည်။
ရှောင်ယွမ်အာက လက်မထောင်ကာ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
“အဲဒါက သူ့ကို မတော်တဆ နည်းနည်းလေး ကုပ်မိသွားတာပါ ”
လုကျိုးက ခေါင်းသာခါလိုက်တော့သည်။
‘ဒီကလေးမ သူ့စိတ်ကြိုက် လူ့တွေ ထုရိုက်နေတဲ့ အကျင့်ကို ဘယ်တော့ပြင်မှာလဲ ’
သူက သူမ၏ ခေါင်းအသာခေါက်လိုက်ပြီး “ မင်း တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာတာပဲ ”
“ဒီတပည့် မှားမှန်း သိပါပြီ ”
ဝုန်း …
တောင်အနောက်မှ ပေါက်ကွဲသံကျယ်ကြီး ထွက်ပေါ်လာသည်။
လုကျိုးက အသာမျက်မှောင်ကြုတ်လိုက်သည်။ ရွှေနန်းဥယျာဉ်တောင်ကို အကာအရံဖြင့် ကာကွယ်ထားလေရာ မည်သူကများ လာနှောင့်ယှက်နေသနည်း။
ထိုစဉ် ဖန်ကျုံးက အပြေးအလွှား ပေါ်လာသည်။ သူက လက်နှစ်ဖက်ယှက်ကာ မြန်မြန် တင်ပြလိုက်သည်။
“ တ..တတိယသခင်လေး အဆင့်တက်သွားပါပြီ ”
တွမ့်မူရှန်းက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ် ရောက်သွားပြီလား။
…
အခန်း (၈၁) အစွမ်းထက်သောကူညီသူ
လုကျိုး၏ အမူအရာက မပြောင်းမလဲ ရှိနေသေးသော်ငြား စိတ်ထဲတွင်မူ ကျေနပ်နေသည်။ သူ၏ တပည့်တွမ့်မူရှန်းက မင်ရှစ်ရင်ကဲ့သို့ တွက်ချက်တတ်သူမဟုတ်။ တရားသေ ယူဆထားတတ်သည့် သူဖြစ်သည်။ ထိပ်သီးဆရာကြီးဆယ်ဦး အဝိုင်းခံထားရသည့်အချိန်တွင်တောင် တွမ့်မူရှန်း၏ သစ္စာရှိမှုက တည်ငြိမ်နေပြီး မယိမ်းယိုင်နိုင်ခဲ့ပေသည်။ မင်ရှစ်ရင်နှင့်ကျောင်းယွဲ့တို့ကဲ့သို့ လူလိမ်လူကောက်များနှင့် ယှဉ်လျှင် သူကတွမ့်မူရှန်းကို ပိုနှစ်သက်ပေ၏။
တွမ့်မူရှန်းနှင့်မင်ရှစ်ရင်က အဆင့်တူတွင်ရှိနေခဲ့သည်လျှင် တွမ့်မူရှန်းက မင်ရှစ်ရင်ကို တိုက်ခိုက်ရာတွင် အလွယ်တကူ အနိုင်ယူနိုင်ပေသည်။ သို့သော် မင်ရှစ်ရင်က ယခင် ရွှေနန်းဥယျာဉ်တောင်ပေါ်ရှိတိုက်ပွဲမှ အကျိုးအမြတ်ရလာခဲ့သည်။ မင်ရှစ်ရင်သည် သစ်သားပြာ နှလုံးသားကျင့်စဉ်ကိုလည်း အဆင့်တက်ခဲ့၏။ တွမ့်မူရှန်း၏ဖြစ်စဉ်က နှေးကွေးနေသည့်တိုင် သူ၏အဆင့်တက်သွားတာ အံ့ဩသင့်ဖွယ်မရှိပေ။
“ကောင်းလိုက်တာ” ရှောင်ယွမ်အာက စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်တော့၏။
လုကျိုးက ရှောင်ယွမ်အာကိုကြည့်ပြီးနောက် သူမကိုအသံတိုးတိုးဖြင့် ရှုံ့ချလိုက်သည်။
“မင်းက ဒီမှာ အပျင်းဆုံးနဲ့အအားဆုံးလူပဲ။ မင်းရဲ့အစ်ကိုကို လိုက်မီအောင်လို့ အလုပ်ကြိုးစားသင့်ပြီ”
ရှောင်ယွမ်အာက လျှာထုတ်ကာပြောလိုက်၏။
“တပည့် သိပါပြီ”
အမှန်တကယ်တွင်မူ လုကျိုးက ရှောင်ယွမ်အာကြောင်း စိုးရိမ်ပူပန်ခြင်းမရှိပေ။ သူမသည် သူ့ဆီနောက်ဆုံးမှ ဝင်လာသူ ဖြစ်ကောင်းဖြစ်နိုင်သော်ငြား သူမ ကျင့်ကြံဆင့်တိုးတက်တာ အမြန်ဆန်ဆုံးဖြစ်သည်။ ကောင်းကင်ဓားဂိုဏ်း၏ အတော်ဆုံးတပည့် ကျိုးကျစ်ဖုန်းကတောင် သူမနှင့်မယှဉ်နိုင်ကြောင်း ဝန်ခံခဲ့၏။
ခဏအကြာတွင် တွမ့်မူရှန်းက ခန်းမဆီသို့လျှောက်လာကာ အလွန်စိတ်တက်ကြွနေပုံပေါ်သည်။ သူ့ကိုယ်ပေါ်ရှိ ချိန်းကြိုးများကလည်း သူလမ်းလျှောက်နေစဉ်တွင် ကပ်ပါလာ၏။
ကျိုးကျစ်ဖုန်းသည် တွမ့်မူရှန်းနောက်မှလိုက်ပါလာကာ သူ့အမူအရာ၌ လေးစားအားကျမှုတို့ ပြည့်နေတော့သည်။
ဖန်းကျုံး၏ မျက်နှာထက်တွင်လည်း တူညီသည့်အမူအရာရှိနေ၏။
သူတို့နှစ်ယောက်သည် ရွှေနန်းဥယျာဉ်တောင်သို့ဝင်ချိန်မှစပြီး တပည့်အချို့ အရွေးခံရသည်မှအပ သူတို့သည် လက်ရှိအခြေအနေကို စိတ်ကျေနပ်နေသည်။ အနည်းဆုံးတော့ သူတို့က ကျင့်ကြံရာ၌ အာရုံစိုက်ပြီး လောကကြီး၏အရေးကိစ္စတွင် ဝင်ပါစရာမလိုတော့ပေ။ ထို့ကြောင့် ကျင့်ကြံခြင်းလမ်းကြောင်းအပေါ်လျှောက်လှမ်းခြင်း၏ သူတို့အကြောင်းပြချက်က ပိုခိုင်မာလာ တော့သည်။
တွမ့်မူရှန်းသည် မိစ္ဆာဝေဟင်မျှော်နန်း၏ မဟာခန်းဆောင်သို့ ဝင်လျှင်ဝင်ချင်း သူက ဒူးထောက်ကာ တလေးတစားပြောလိုက်တော့၏။ “တပည့်က ကံကောင်းထောက်မပြီး နတ်ဝိညာဉ်ဝဋ်ကြွေးခြေ နယ်ပယ်ကို အဆင့်တက်နိုင်ခဲ့ပါတယ်။ ဒုက္ခရှုကွင်းတရာစိတ်ဝိညာဉ်သဏ္ဌာန်ကို အောင်မြင်စွာ ဖွဲ့တည်နိုင်ခဲ့ပါပြီ”
လုကျိုး၏မျက်နှာထက်တွင် စိတ်ကျေနပ်သည့် အမူအရာရှိနေကာ မုတ်ဆိတ်ကို သပ်လိုက်တော့သည်။ သူက ခေါင်းငြိမ့်ပြီး ပြောလိုက်၏။
“မင်း အဆင့်တက်သွားတာကောင်းတယ်။ ကျင့်ကြံခြင်းလမ်းကြောင်းက ရှည်လျားတယ်။ ဒီတော့ ဂုဏ်ယူဝင့်ကြွားလွန်းတာမျိုးမဖြစ်နဲ့။ စိတ်မရှည်လက်မရှည်မဖြစ်ဖို့ မှတ်ထား။ ကောင်းကောင်းဆက်လုပ်နေ” သူက ဆရာတစ်ဦး၊ အကြီးအကဲတစ်ဦး၏ လေသံဖြင့်ပြောလိုက်သည်။
လုကျိုး၏ အမူအကျင့်က ဖန်းကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ သိထားသော မိုးအောက်မြေပြင်၌ အကြီးမြတ်ဆုံးမိစ္ဆာဟူသော အမြင်ကို ဆန့်ကျင်ဘက်ဖြစ်သွားစေသည်။
“ရှစ်စွင်း သင်ကြားပြသပေးတာအတွက် ကျေးဇူးတင်ပါတယ်။ တပည့်မှတ်ထားပါ့မယ်”
တွမ့်မူရှန်းက စိတ်ရင်းမှန်ဖြင့် အရိုအသေပေးလိုက်၏။ သူ၏သစ္စာရှိမှုက တစ်ရာခိုင်နှုန်း တက်သွားတော့သည်။
ရာခိုင်နှုန်းပိုမြင့်လေ တက်ရန်ပိုခက်ခဲလေဆိုတာ သိသာနေပေ၏။
လုကျိုးသည် ရုတ်တရက် နယ်ရှင်လှံကို အမှတ်ရသွားသည်။ လှံ၏ပုံစံက တွမ့်မူရှန်းနှင့်ကိုက်ညီပုံရ၏။ သူက ယုတ္တိရှိကြောင်းတွေ့လိုက်ရသည်။ ဆိုရလျှင်တွမ့်မူရှန်းက နတ်ဒေဝါထိပ်သီးနည်းနိဿယကို ကျင့်ကြံနေသူဖြစ်ပြီး ဓားရေးနှင့် လှံရေးလည်းပါဝင်ပေ၏။ တွမ့်မူရှန်း၏ အကျင့်စရိုက် ထူးဆန်းကာကြမ်းတမ်းပြီး ဓားနှင့်ယှဉ်လျှင် သူ့အတွက်လှံက ပိုမိုသင့်တော်နေပေ၏။ လှံနှင့်ဓားက ကွဲပြားခြားနားသည့် လက်နက်များဖြစ်သည်။ သို့သော် သူတို့က တူညီသည့်ရလဒ်ကို ဦးတည်နေတာဖြစ်သည်။ တွမ့်မူရှန်းပိုသန်မာလာလျှင် သူ့အတွက်အကျိုးအမြတ်ရှိမှာပဲဖြစ်သည်။ ထိုအကြောင်းကို တွေးမိသောအခါ သူက ခြေကြွပြီးနောက်ပြောလိုက်၏။ “ဒီမှာ ခဏစောင့်နေ။ ငါ မကြာခင်ပြန်လာမယ်”
“နားလည်ပါပြီ”
လုကျိုးသည် လျှို့ဝှက်ခန်းသို့ပြန်သွား၏။ သူက လက်မြှောက်လိုက်ရာ နယ်ရှင်လှံက သူ့လက်ထဲသို့ ရောက်လာသည်။
နယ်ရှင်လှံ၌ ရစ်ခွေနေသောနဂါးက ခမ်းနားသည့်အရှိန်အဝါမျိုးပေးစွမ်းသည်။
လုကျိုးသည် နယ်ရှင်လှံကို ယူပြီးနောက် မဟာခန်းမဆီသို့ပြန်လာခဲ့သည်။ သူရောက်လျှင်ရောက်ချင်း နယ်ရှင်လှံကို တွမ့်မူရှန်းအား ပေးလိုက်တော့၏။
ဝှစ်
ကျန်သည့်သူများက ထိတ်လန့်သွားကြသည်။ လုကျိုးက သူ၏တပည့်ကို အပြစ်ပေးတော့မည်ဟု သူတို့ ထင်ခဲ့၏။ ထို့ကြောင့် လှံကို တားရန် မကြိုးစားခဲ့ပေ။
တွမ့်မူရှန်းက ထိတ်လန့်တုန်လှုပ်သွားပြီး သူ့လက်ကို အလိုလိုမြှောက်မိကာ သူ့ကိုယ်သူကာကွယ်ရန် အတွက် ချိန်းကြိုးကို သူ့ရှေ့၌ကာလိုက်တော့သည်။
ထန်း
နယ်ရှင်လှံက တွမ့်မူရှန်း၏ ချိန်းကြိုးများနှင့်ထိမိပြီး မီးပွင့်များလွင့်စဉ်လာတော့၏။ ထိုအရာကိုတွေ့သောအခါ သူက လှံတံကို အမြန်ဖမ်းကိုင်လိုက်၏။ တစ်ချက်ကြည့်ရုံဖြင့် လှံကြောင့် သူအထင်ကြီးပြီးသားဖြစ်သည်။ လက်နက်ကောင်းပဲ။
“မင်းကို နယ်ရှင်လှံပေးမယ်။ ကောင်းကောင်းအသုံးချ ငါ့ကို စိတ်မပျက်ရစေနဲ့” လုကျိုးက ပြောလိုက်၏။
လုကျိုး၏ စကားကိုကြားသောအခါ တွမ့်မူရှန်းက အပျော်လွန်သွားသည်။ သူက နယ်ရှင်လှံကို ဘေးသို့အမြန်ချပြီးနောက် လုကျိုးကို ကြည်ညိုလေးစားစွာ ကန်တော့လိုက်သည်။
“လက်နက်အတွက် ကျေးဇူးတင်ပါတယ် ရှစ်စွင်း"
ထိုစဉ် ရှောင်ယွမ်အာ၊ ကျိုးကျစ်ဖုန်းနှင့် ဖန်းကျုံးတို့က သတိဝင်လာပြီး လုကျိုး၏ရည်ရွယ်ချက်ကို သဘောပေါက်သွားကြသည်။ သူတို့က မနာလိုအားကျနေကြတော့၏။
“တင်း နယ်ရှင်လှံက ပိုင်ရှင်တစ်ယောက်အောင်အောင်မြင်မြင်ရရှိပါပြီ။ အသက်သွင်းထားသောအဆင့််။ ။ ကောင်းကင်အဆင့် ဆုကြေးကုသိုလ်အမှတ်တစ်ထောင်”
လုကျိုးသည် အချို့သောကိစ္စများကို ဖော်ထုတ်နိုင်ခဲ့သည်။ လက်နက်၏အဆင့်သည် အသင့်တော်ဆုံးပိုင်ရှင်ဆီ ပေးသည့်အချိန်တွင်မှ အပြည့်အဝအသက်သွင်းတာဖြစ်ပုံပေါ်၏။ မသင့်တော်သည့်သူကို ပေးမိခဲ့လျှင် အလားအလာအပြည့်အဝကို ထုတ်ဖော်နိုင်မှာမဟုတ်ပေ။ သူ မမှားလျှင် တွမ့်မူရှန်းကကောင်းကင်အဆင့်လက်နက်ဖြင့် အေးစက်သောချိန်းကြိုးများကို ဖျက်ဆီး နိုင်လောက်သည်။ မိုက်လိုက်တဲ့ ဆုလဒ်ပဲ။ ကျိထျန်းတောက် သေပြီးနောက် လက်နက် ဘယ်လောက် များများကျန်ခဲ့သည်ကို သူသိချင်မိသည်။ ဆိုရလျှင် ကျိထျန်းတောက်က တပည့်များအပေါ် ကပ်စေး နဲလွန်းခဲ့သည်။ ထို့ကြောင့်လုကျိုးက ယခုအချိန်တွင် အားလုံးအပေါ်တွင် တရားမျှတရပေမည်။
တွမ့်မူရှန်းက လက်နက်ကိုရသည့်အချိန်တွင် သူ၏ သစ္စာရှိမှုက တစ်ရာခိုင်နှုန်းထပ်တိုးလာ၏။
“ရှစ်စွင်း တပည့်လည်းတစ်ခု လိုချင်တယ်” ရှောင်ယွမ်အာက လုကျိုးဆီပြေးလာပြီး ပြောလိုက်တော့သည်။
ကံကောင်းသည်မှာ လုကျိုးက ပြောရမည့်စကားကို အသင့်ပြင်ပြီးသားဖြစ်၏။
“မင်းရဲ့ကျင့်ကြံဆင့်က နိမ့်လွန်းနေတယ်။ မရှုပ်နဲ့”
ဆိုရိုးစကားရှိသည့်အတိုင်း သာမာန်လူတစ်ယောက်၏ တစ်ခုတည်းသောပြစ်မှုက ကျောက်စိမ်းကို သယ်ဆောင်လာခြင်းဖြစ်သည်။ နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူတစ်ဦးက သူ၏လက်နက်ကို မည်ကဲ့သို့ကာကွယ်နိုင်မည်နည်း။ ကောင်းကင်လက်နက်ကို သန့်စင်ရန်က အင်မတန်ခက်ခဲသည့်တိုင် ဆိုးယုတ်သည့် ရည်ရွယ်ချက်ဖြင့် အစွမ်းထက်သော ကျင့်ကြံသူများက လိုချင်စိတ် ပြင်းပြကြသည်။ ယင်းက တွေ့နေကြအရာဖြစ်၏။
“ကောင်းပါပြီ” ရှောင်ယွမ်အာက စိတ်မပါလက်မပါ ခေါင်းငြိမ့်လိုက်တော့၏။
တွမ့်မူရှန်းက သူ အသစ်စက်စက်ရထားသော လက်နက်ကို လွှတ်မပေးပေ။ သူက ကြည့်မိလေလေ ပိုပြီးနှစ်သက်လေလေဖြစ်၏။ လှည့်ပတ်ကြည့်ပြီးနောက် သူက လက်ရည်ယှဉ်ရမည့် တစ်စုံတစ်ယောက်ကို ရှာချင်နေသည်။ သူ၏ ဆရာကို ဖယ်ထုတ်ထားရမည်က သိသာနေ၏။ ဆိုလိုသည်က ဖန်းကျုံးနှင့် ကျိုးကျစ်ဖုန်းသာ ကျန်ရှိသည်။
“မင်းတို့နှစ်ယောက်”
“တတိယသခင်လေး ဘာများအမိန့်ပေးချင်လို့လဲ”
“ငါနဲ့တိုက်ခိုက်”
ဖန်းကျုံးနှင့် ကျိုးကျစ်ဖုန်းက တွမ့်မူရှန်း၏ စကားကြောင့်မှင်သက်သွားသည်။
တွမ့်မူရှန်းက သူတို့ပြန်ပြောတာစောင့်မနေတော့ဘဲ ပြောလိုက်တော့၏။ “ငါ တောင်အနောက်မှာ စောင့်နေမယ်” သူက ပြောပြီးနောက် လုကျိုးကို လက်သီးနှစ်ဖက်ဆုပ်မိုးလျက် တလေးတစား ပြောလိုက်တော့သည်။
“ရှစ်စွင်း တပည့်ရဲ့ လက်နက်နဲ့သွားလေ့ကျင့်တော့မယ်။ တပည့်သွားပါတော့မယ်”
“သွား”
လုကျိုးက လက်ကာပြလိုက်၏။
ဖန်းကျုံးနှင့် ကျိုးကျစ်ဖုန်း၏ မျက်နှာထက်တွင် ခါးသီးသော အမူအရာရှိနေတော့သည်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းထဲမှ တွန့်တွန့်ဆုတ်ဆုတ် ထွက်သွားတော့သည်။
လူသုံးဦးထွက်သွားပြီးနောက် သတင်းပို့ငှက်က ပျံသန်းလာ၏။
သူမ၏အလုပ်ကို ကောင်းကောင်းမွန်မွန်သိသည့် ရှောင်ယွမ်အာက စာပို့ငှက်ဆီမှစာကို ယူလိုက်သည်။
“ရှစ်စွင်း ဒါက စစ်ရှစ်ရှိုးဆီက စာတစ်စောင်ပဲ။ တပည့်ဖတ်ပြမယ်” သူမက စာလိပ်ကို မြန်မြန်ဖြည်ပြီး ကျယ်လောင်စွာဖတ်လိုက်၏။ “ရှစ်စွင်း ရှစ်စွင်းရဲ့ သတင်းစကားကို မဟူရာစစ်သည်တော်တွေဆီပါးပြီးပါပြီ။ သူတို့က နောက်ရက်အနည်းငယ်အတွင်း မိစ္ဆာဝေဟင်မျှော်နန်းကို ရောက်လာလိမ့်မယ်။ လမ်းတောက်လျှောက် သူတို့ကို တပည့်စောင့်ကြည့်ထားပါ့မယ်”
စာကို ရှောင်ယွမ်အာဖတ်ပြီးနောက် သူမက ထိတ်လန့်သွား၏။ “ဖန်းရှုဝမ်က တကယ်ရဲတင်းတာပဲ။ သူက ဒီကိုလာဖို့ အလွယ်တကူသဘောတူလိုက်တာ။ ရှစ်စွင်း သူ့ကို မသက်ညှာနဲ့။ တစ်ချက်တည်းနဲ့ ရိုက်သတ်”
“...”
ငါ သူ့ကို သတ်ခဲ့ရင် ယွီလုံရွာရဲ့သုတ်သင်ရှင်းလင်းခံရမှု နောက်ကွယ်က အမှန်တရားကို ဘယ်သူက ဖော်ထုတ်ပေးမှာလဲ။
လုကျိုး၏ မျက်နှာထက်ရှိအမူအရာက တည်ငြိမ်နေသေးဆဲဖြစ်သည်။ စိတ်ထဲတွင်မူ သံသယဖြစ်နေမိ၏။ ဖန်းရှုဝမ်ဖြစ်စေ၊ လော့လန်ဖြစ်စေ သူတို့နှစ်ဦးလုံးက အမြဲတမ်းကောက်ကျစ်သူဖြစ်ပြီး အသက်ကိုအလွန်တန်ဖိုးထား၏။ ကျန်းအိုက်ကျန့်နှင့် ဆင်တူပေသည်။ သို့သော် ကျန်းအိုက်ကျန့်က လှုပ်ရှားတက်ကြွသော အကျင့်စရိုက်ရှိသော်ငြား ဖန်းရှုဝမ်ကမူ ကောက်ကျစ်မှုများပြည့်နေသည့်သူတစ်ဦးသာဖြစ်သည်။
ဒီလိုလူတစ်ယောက်က မိစ္ဆာဝေဟင်မျှော်နန်းကိုလာပြီး အလွယ်တကူ ရန်စဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဖန်းရှုဝမ်က ငါ ထိပ်သီးဆရာကြီးဆယ်ယောက်ကို အနိုင်ယူခဲ့တဲ့သတင်းကြားပြီးသားဖြစ်မှာပဲ။ သူမကြောက်ဘူးဆိုတော့ သူ့ရဲ့ယုံကြည်ချက်တွေ ဘယ်ကနေရောက်လာလဲဆိုတာ ငါသိချင်မိတယ်”
လုကျိုးက အထွတ်အထိပ်အသွင်ကတ်ကို အသုံးပြုလျှင် ပွင့်ချပ်ကိုးလွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို ရပြီး ထိုကောလာဟလ ပြန့်သွားသည့်အချိန်တွင် မည်သူက မယုံခဲ့ကြချေ။
“ယွမ်အာ”
“ဟုတ်ကဲ့ ရှစ်စွင်း”
“ဒီရက်ပိုင်း ယဲ့ထျန်းရှင်းဘယ်လိုနေလဲ”
“ထိတ်လန့်ဖွယ်ကောင်းအောင် ဖြူဖျော့နေတာကလွဲရင် အကုန်အဆင်ပြေပါတယ်”
ရှောင်ယွမ်အာက ပြန်ပြော၏။ လုကျိုးက ခေါင်းငြိမ့်လိုက်သည်။ သူက ဖြည်းဖြည်းချင်းထရပ်ကာ လျှို့ဝှက်ခန်းထဲသို့ ပြန်ဝင်သွားပြန်သည်။
“လုံခြုံတဲ့ ခရီးစဉ်ဖြစ်ပါစေ ရှစ်စွင်း”
လုကျိုးက ဖန်းရှုဝမ်၏ရောက်ရှိလာမှုအတွက် သူပြင်ဆင်မှုပြုရန် လိုအပ်နေမှန်းသူသိသည်။ ဖန်းရှုဝမ်ကို ဖိနှိပ်ရန် နည်းလမ်းရှာရပေမည်။ ထို့အပြင် ဖန်းရှုဝမ်က ယွီလုံရွာ၏ဖျက်ဆီးခံရမှု နောက်ကွယ်ရှိ အမှန်တရားနှင့်သက်ဆိုင်နေပုံပေါ်ကာ ထိုအရာက သူ၏ပျောက်ဆုံးနေသော မှတ်ဉာဏ်နှင့် သက်ဆိုင်လောက်သည်။
လုကျိုးက စနစ်မျက်နှာပြင်ကို ဖွင့်ပြီးသည်နှင့် လျှို့ဝှက်ခန်းထဲဝင်လိုက်တော့သည်။ သူ့၌ ကုသိုလ်အမှတ် ၁၃၁၀ ရှိနေပြီဖြစ်သည်။ အကြောင်းပြန်လှန်ကတ်ကို စိတ်မဝင်စားတော့ချေ။ လက်ရှိအခြေအနေက ကျင့်ကြံရန်အတွက် ပိုသင့်တော်နေသည်ဆိုတာ သံသယဖြစ်ဖွယ်မရှိချေ။ ထို့ကြောင့် တစ်ခုတည်းသောရွေးချယ်စရာက ကံစမ်းမဲနှိုက်ရန်သာဖြစ်၏။
“တင်း သင့်ရဲ့တပည့် မင်ရှစ်ရင်က အပြန်လမ်းမှာ မဟူရာစစ်သည်နှစ်ယောက်ကို သတ်ခဲ့ပါတယ်။ ကုသိုလ်အမှတ် နှစ်ရာရပါတယ်”
“တင်း မဟူရာစစ်သည်နှစ်ယောက်ကို သတ်ခဲ့ပါတယ်။ ကုသိုလ်အမှတ် နှစ်ရာရပါတယ်”
…
အခန်း (၈၂) ရှစ်စွင်းပြောပြီ
လုကျိုးက အနည်းငယ် တုန်လှုပ်သွားမိသည်။
“ဒီမင်ရှစ်ရင် စိုးရိမ်အောင် လုပ်နေတုန်းပဲ။ မင်း သတင်းစကားပို့ပြီးသွားရင် အေးအေးဆေးဆေး ပြန်လာပါလား။ အခုလို ဖန်းရှုဝမ်ရဲ့လူတွေနဲ့ ပဋိပက္ခ ဖြစ်လိုက်သေးတယ်။ ဖန်းရှုဝမ်ကို ရန်စမိပြီး အသတ်ခံရရင် မင်းထိုက်နဲ့ မင်းကံပဲ”
မင်ရှစ်ရင်က မိစ္ဆာဝေဟင်မျှော်နန်းသို့ရောက်ဖို့ အနည်းငယ်သာ လှမ်းကွာတော့သည်။ လုကျိုးက သူ့အား အထွတ်အထိပ်သဏ္ဌာန်ကတ်နှင့် ကယ်တင်နိုင်သော်လည်း လုကျိုးအတွက် ပညာရပ်အားလုံး ထုတ်သုံးလျှင်တောင် ထိုနေရာကို ရောက်ဖို့ အချိန်ကြာပေဦးမည်။ အကယ်၍ မင်ရှစ်ရင်သာ မဟူရာစစ်သည်တော်လက်ထဲမှ အထိအခိုက်မရှိ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့လျှင် မင်ရှစ်ရင်သည် နောင်အနာဂတ်၌ တာ့ယန်အတွင်း သူ့ကိုယ်သူ ကောင်းကောင်း ကာကွယ်နိုင်လိမ့်မည်ဟု ယုံကြည်သည်။
ကျင့်ကြံရေးလမ်းစဉ်၌ အန္တရာယ်များနှင့် ပြည့်နှက်နေသည်။ လုကျိုးက မင်ရှစ်ရင်ကို တစ်ခုခု မဖြစ်စေလိုပေ။ သူ့တပည့်က သောင်းကျန်းတတ်သော်လည်း ပညာရေးကောင်းကောင်းနှင့် ကြီးမြတ်သူဖြစ်ရန် အလားအလာရှိသေးသည်။ ထို့အပြင် သူက မင်ရှစ်ရင်ဆီမှ ကုသိုလ်ရမှတ်တချို့ရဖို့ မျှော်လင့်ထားသည်။ လက်ရှိစနစ်မှ ကုသိုလ်ရမှတ် ၁၇၁၀ ရမှတ် ရှိနေကြောင်း ပြသထားသည်။
လုကျိုးက သူ့ဘာသူ တွေးလိုက်မိသည်။
‘ငါ့ဆီမှာ အသေရိုက်ချက်ကတ်နှစ်ခုပဲ ကျန်တော့တယ်။ အသေရိုက်ချက်ကတ်နှစ်ခု ကျန်သေးတယ်ဆိုတော့ လုံလောက်ပါတယ်။ လှောင်အိမ်ရိုက်ချက်နှုန်းက နိမ့်နေသေးတော့ နောက်ထပ်နှစ်ခုလောက် ထပ်ဝယ်သင့်တယ်’
သူက အသုံးပြုပစ္စည်းကတ်များကို ဖွင့်ကြည့်လိုက်သည့်အခါ လှောင်အိမ်သည် ပွင့်လာကြောင်း မြင်လိုက်ရသည်။ ထိုအရာက ကုသိုလ်ရမှတ် ၂၀၀ကျသင့်ပြီး သူက သုံးကတ်ကို တစ်ပြိုင်နက် ဝယ်ယူလိုက်သည်။
‘အခု ငါ့မှာ လှောင်အိမ်ကတ် ခြောက်ကတ်ရှိပြီဆိုတော့ လုံလောက်ပါပြီ။ နောက်တစ်ခေါက်မှ ကံစမ်းကြည့်တော့မယ်။ တကယ်လို့ စိတ်ဝိညာဉ်သဏ္ဌာန်ရခဲ့ရင်လည်း တန်တာပေါ့။ ကံစမ်းမဲနှစ်ခေါက်လောက်ပဲ လုပ်ကြည့်မယ်’
…………………………………………………
နှစ်ရက်ကြာပြီးနောက်…
နောက်ဆုံးတွင် လုကျိုးက ကောင်းကင်ကျမ်း လေ့လာနေတာကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။ အဆက်မပြတ် လေ့လာပြီးနောက် သူ့အခြေအနေ တိုးတက်လာကြောင်း သိလိုက်ရ၏။ သူနားလည်လာလေလေ သူ့စိတ်အခြေအနေက တိုးတက်လာလေလေဖြစ်သည်။ တိုးတက်မှုက မမျှော်လင့်ထားသည့်အချိန် ထွက်ပေါ်လာတတ်ပုံပေါ်သည်။ နမူနာအနေနှင့် သူက ဗြဟ္မာသားချော့တေးနှင့် တွေ့ဆုံချိန်နှင့် မင်ရှစ်ရင်က လျှို့ဝှက်အခန်းနား ချဉ်းကပ်လာစဉ်အခါတို့တွင် ဖြစ်သည်။ သူက ဗြဟ္မာတေးသက်ရောက်မှုကို မခံရသလို မင်ရှစ်ရင်ကိုလည်း တားဆီးနိုင်ခဲ့သည်။ သူက သူ့ဘာသူ ရေရွတ်လိုက်၏ “နားလည်လာရင်း အံ့ဖွယ်စွမ်းအားကို ရရှိစေတာလား”
ဒီလိုဆိုရင်တော့ ဖြစ်နိုင်တာပဲ
လုကျိုးက ကောင်းကင်ကျမ်းကို ပိတ်လိုက်သည်။ သူက အရင်နှစ်ရက်အတွင်း လေ့လာရာ၌သာ အရမ်းအာရုံစိုက်ထားကြောင်း ခံစားမိသည်။ ထိုစဉ် အပြင်ဘက်မှ ရှောင်ယွမ်အာ၏ အသံထွက်ပေါ်လာသည် “ ရှစ်စွင်း…စစ်ရှစ်ရှိုးပြန်ရောက်လာပြီ”
“ကောင်းပြီ” လုကျိုးက လျှို့ဝှက်အခန်းတံခါးမှ ထွက်လာလိုက်ပြီး မျှော်နန်းဆောင်သို့ လျှောက်လှမ်းလာလိုက်သည်။ သူက မင်ရှစ်ရင် ဒူးထောက်နေသည်ကို မြင်လိုက်ရ၏။ မင်ရှစ်ရင်၏ မျက်နှာမှာ ညစ်ပတ်နေပြီး တော်တော်လေး စုတ်ပြတ်နေပုံပေါ်သည်။
လုကျိုး စိတ်သက်သာရာရသွားသည်က မင်ရှစ်ရင်၏ သစ္စာရှိနှုန်းမှာ လျော့ကျမသွားပေ။ တကယ်တော့ ယခင်ကထက် ပိုကောင်းလာသေး၏။ မင်ရှစ်ရင်က တမင် ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။
“ ရှစ်စွင်းကို ဂါရဝပြုပါတယ်”
လုကျိုးက လက်နောက်ပစ်လျက် လမ်းလျှောက်လာကာ ပြောလိုက်သည်။
“ ထပြီးပြော အခု မဟူရာက စစ်သည်တော်တွေက ဘယ်မှာလဲ”
“မဟူရာ စစ်သည်တော်တွေက စောစောက ထွက်လာတာဆိုတော့ ရွှေနန်းဥယျာဉ်တောင်ကို ရောက်ဖို့ ဆယ်မိုင်လောက်ပဲ လိုလောက်တော့တယ်။ အဲလိုဆိုတော့ သူတို့ သိပ်မကြာခင် ရောက်လာလောက်ပါတယ်” မင်ရှစ်ရင်က ပြန်ဖြေလိုက်သည်။
ရှောင်ယွမ်အာက တအံ့တဩ ဝင်ပြောလိုက်သည်။
“ မစောလွန်းဘူးလား”
ထိုစဉ် မင်ရှစ်ရင်၏ မျက်နှာ၌ ပုံမှန်မဟုတ်သော အပြုံးတစ်ပွင့်ဖြစ်ပေါ်လာသည်။ လုကျိုးက မုတ်ဆိတ်သပ်ကာ လျှောက်လှမ်းလာပြီး မင်ရှစ်ရင်ရှေ့ရပ်ကာ သေချာစိုက်ကြည့်ပြီး ပြောလိုက်သည်။
“ငမိုက်သား”
ထိုအရာကို ကြားပြီး မင်ရှစ်ရင်က အလိုလို ဒူးထောက်မိလျက်သား ဖြစ်သွားသည် ‘ငါတော့သေပြီ။ ရှစ်စွင်း ဒေါသထွက်တော့မယ် တူတယ်။’
“ငါတို့က အခုထိ ဖန်းရှုဝမ်ရဲ့အင်အားကို မသိရသေးဘူး။ မင်းက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ရောက်ခါစပဲ ရှိသေးတယ်။ သူ့ကို သွားပြီးရန်စရဲတယ်လား။ မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်” လုကျိုး၏ လေသံ၌ အပြစ်တင်သော အရိပ်အယောင်များ ပါဝင်နေသည်။
“ ကျွန်တော် မလုပ်ရဲပါဘူး။ သူ မလာမှာစိုးတာနဲ့ သူ့လူတချို့ကို နည်းနည်းအနှောင့်အယှက်ပေးခဲ့ရုံပါ။ သူတို့ကို သတ်ဖို့ မကြံရွယ်ထားပေမဲ့ သူတို့က ကျွန်တော်ကို အလွတ်မပေးလို့ တောထဲပုန်းပြီးတော့ သူတို့ကို ရှင်းလိုက်ရရုံအပြင် ရွေးချယ်စရာမရှိခဲ့လို့ပါ” မင်ရှစ်ရင်က ရှင်းပြလိုက်သည်။
“အရူး” လုကျိုးက မင်ရှစ်ရင်အား ပြစ်တင်ကြိမ်းမောင်းလိုက်ပြီး “ဖန်းရှုဝမ်သာ မင်းကို ထိခိုက်အောင် လုပ်ချင်တယ်ဆိုရင် အလွယ်တကူလေး ရှင်းလို့ရတယ်။ မင်းကို အခွင့်အရေးပေးနေစရာ အကြောင်းမရှိဘူး”
မင်ရှစ်ရင်က ထိုအကြောင်းကို ကြားသောအခါ ကြောက်ရွံ့သွားပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ ဖန်းရှုဝမ်က ဒီလောက်တောင် အားကောင်းတာလား”
ထိုစဉ် ရှောင်ယွမ်အာက ဝင်ပြောလိုက်သည်။
“ သူ့နာမည်အရင်းက လန်လော့။ ရှစ်စွင်းပို့တဲ့စာကို မဖတ်ဘူးလား”
“…” မင်ရှစ်ရင်က ကြောင်ကြောင်အမ်းအမ်းဖြင့် ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။ သူက ဖန်းရှုဝမ်နာမည်ကို မကြားဖူးသော်လည်း လန်လော့နာမည်နှင့် မရင်းနှီးခြင်းမဟုတ်ပေ။ ယခင်က လန်လော့၏ ဂုဏ်သတင်းမှာ ပြိုင်ဘက်ကင်းလှသည်။ အကယ်၍ သူ့ဆရာဖြစ်သူသာ တပည့်ကိုးယောက်ကို ပျိုးထောင်ပြီး လောကကို အံ့အားမသင့်စေခဲ့ပါက လန်လော့၏ ဂုဏ်သတင်းက ပိုမိုကြီးကျယ်ပေဦးမည်။
လန်လော့က ကျင့်ကြံဆင့်မြင့်မားပြီး ဉာဏ်များတတ်သည့် ပညာရှင်မျိုးဖြစ်၏။ မင်ရှစ်ရင်က သူ့ရှေ့မှောက်တွင် မဟူရာစစ်သည်တော်များကို သတ်ခဲ့သည် မဟုတ်ပါလော။ အားလုံးက ဖန်းရှုဝမ် မလှုပ်ရှားသည်ကို အံ့အားသင့်နေကြသည်။
ထိုစဉ် လရောင်ဆွတ်နန်းတော်မှ အမျိုးသမီးကျင့်ကြံသူတစ်ဦးက ခန်းမအတွင်းဝင်လာကာ ဦးညွတ်ပြီး ပြောလိုက်သည်။
“ မျှော်နန်းသခင် ဖန်းရှုဝမ်က တွေ့ခွင့်တောင်းနေပါတယ်။ သူ အပြင်ဘက်မှာ စောင့်နေပါတယ်”
လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်းအပြင်ဘက်သို့ ကြည့်လိုက်ရင်း တွေးလိုက်မိသည်။
‘အော်…သူရောက်လာပြီ’
မင်ရှစ်ရင်က နာနာခံခံဖြင့် ပြောလိုက်သည်။
“ ရှစ်စွင်း သူ့ကို အခု မောင်းထုတ်လိုက်ရမလား။ နောက်တစ်ခေါက်လောက်မှ တွေ့ပါလား”
သူ့ဆရာဖြစ်သူက အသက်ကြီးရင့်နေပြီဖြစ်ရာ ဖန်းရှုဝမ်ကို သူ့ကျင့်ကြံစဉ်နှင့် အင်အားဖြင့် အလွယ်တကူဖိနှိပ်ထားနိုင်လျှင်ပင် ထိုသို့ ပညာရှင်မျိုးနှင့် တိုက်ဖို့ လိုလားမည် မဟုတ်လောက်ပေ။
လုကျိုးက လက်ဝှေ့ပြကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ သူ့ကိုခေါ်ခဲ့”
“ကျွန်တော် သူ့ကို ခေါ်ခဲ့ပါ့မယ်” မင်ရှစ်ရင်က သူ့ကိုယ်သူ သန့်ရှင်းရန် အချိန်မရှိဘဲ မိစ္ဆာဝေဟင်မျှော်နန်းအပြင်ဘက်သို့ ထွက်သွားလိုက်သည်။
ရှောင်ယွမ်အာကလည်း ဝင်ပြောလိုက်သည်။
“ ရှစ်စွင်း တပည့်လည်း သွားလိုက်မယ်”
လုကျိုးက သူမကို မတားပေ။ ဖန်းရှုဝမ်က တောင်ခြေသို့ ရောက်နေပြီဖြစ်၏။ ဖန်းရှုဝမ်က ဉာဏ်ကောင်းသူဖြစ်၍ သူ့တပည့်များကို အလျင်စလို တိုက်ခိုက်မည်မဟုတ်ပေ။
…………………………………………………………….
ရွှေနန်းဥယျာဉ်တောင် အကာအရံ အပြင်ဘက်၌
မဟူရာစစ်သည်တော် ဆယ်ယောက်ကျော်က တစ်တန်းတည်း စောင့်နေကြသည်။ ရှေ့ဆုံးတွင် ရပ်နေသော စစ်သည်တော်မှာ ဖန်းရှုဝမ်ကလွဲ၍ တခြားသူ မဟုတ်ပေ။ သူ ယုံကြည်ရဆုံးနောက်လိုက်များဖြစ်သည့် မဟူရာစစ်သည်တော် လေးဦးကလည်း တစ်တန်းတည်း အလယ်တွင် ရပ်နေကြသည်။
ဖန်းရှုဝမ်က ရွှေရောင်များ လင်းလက်နေသည့် ရွှေနန်းဥယျာဉ်တောင်၏ အကာအရံကိုကြည့်ကာ ခပ်ဩဩအသံဖြင့် ပြောလိုက်သည် “ ရွှေနန်းဥယျာဉ်တောင်ရဲ့ အကာအရံက ဒီလိုပြီးပြည့်စုံတဲ့ အနေအထားမှာ ရှိနေမယ်လို့ ထင်မထားဘူး”
ဖန်းရှုဝမ်နောက်တွင် ရပ်နေသည့် မဟူရာစစ်သည်တော်က ဝင်ပြောလိုက်သည်။
“ကောလာဟလတွေအရတော့ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ပညာရှင်ဆယ်ယောက် တိုက်ခိုက်တာတောင် ဒီရွှေနန်းဥယျာဉ်တောင်ရဲ့ အကာအရံကို မချိုးဖောက်နိုင်ဘူးလို့ ပြောကြတယ်။ ဒီလိုအစီအရင်မျိုးက တော်တော်လေး အံ့ဩဖို့ ကောင်းတာပဲ”
ဖန်းရှုဝမ်က ခေါင်းအသာညိတ်ကာ မထူးမခြားနား ပြောလိုက်သည်။
“ မင်းတို့လေးယောက်က ငါနဲ့အတူ တောင်ပေါ်ကိုလိုက်ခဲ့။ ကျန်တဲ့သူတွေက ဒီမှာစောင့်နေခဲ့”
“နားလည်ပါပြီ”
ထိုစဉ် လှေကားထိပ်တွင် လျှပ်စီးအလျင်နှုန်းဖြင့် ပုံရိပ်တစ်ခုပေါ်လာသည်။ ထိုသူမှာ မင်ရှစ်ရင်ကလွဲ၍ တခြားသူ မဟုတ်ပေ။ သူက အကာအရံနှင့် ခပ်လှမ်းလှမ်းတွင် ရပ်လိုက်ပြီး အကာအရံအပြင်ဘက်မှ လူများကို ကြည့်ကာ သူတို့က တောထဲတွင် တွေ့ခဲ့သော မဟူရာစစ်သည်တော်များဖြစ်ကြောင်း အတည်ပြုလိုက်၏။ ရှေ့ဆုံးတွင် ရပ်နေသည့် အနက်ရောင်ချပ်ဝတ်နှင့် အနက်ရောင် ကျားမျက်နှာဖုံး ဝတ်ဆင်ထားသူမှာ နာမည်ကျော်လန်လော့သာ ဖြစ်ပေမည်။ သူက ထိုလူကိုကြည့်လိုက်ရင်း ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်းထမိသွားသည်။ သူက အလျင်စလို အဆင်အခြင်မဲ့ မပြုမူရဲပေ။ သူက လက်နှစ်ဖက်ယှက်ကာ “ ရှစ်စွင်းက တောင်ပေါ်ကို ဖိတ်ခေါ်လိုက်ပါတယ်”
ဖန်းရှုဝမ်က မင်ရှစ်ရင်အား ကြည့်ကာ ပြောလိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လေးယောက်မြောက်တပည့် မင်ရှစ်ရင်… မင်းက ငါ့လူလေးယောက်ကို သတ်သွားတယ်။ ဒါပေမဲ့ မင်းဆရာဖြစ်သူအပေါ် ထောက်ထားပြီးတော့ မင်းအပေါ် ရန်ကြွေးမထားတော့ဘူး”
“စီနီယာက သဘောထားကြီးပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်ဘာသာကို ကာကွယ်ခဲ့ရုံလေးပါ”
မင်ရှစ်ရင်က ပြောလိုက်သည်။
ဖန်းရှုဝမ်နောက်တွင် ရပ်နေသည့် မဟူရာစစ်သည်တော်တစ်ဦးက အေးစက်စက် ချေပလိုက်၏။
“မဟူရာစစ်သည်တော်ဌာနချုပ်ကို အရင်ဆုံးခိုးဝင်တာ မင်းမဟုတ်ဘူးလား”
“မင်းတို့က မင်းတို့ခေါင်းဆောင်ဆီ သတင်းမပို့ပေးမှာ စိုးရိမ်လို့လေ။ ငါ့တာဝန်ကို ကျရှုံးသွားရင် အကျိုးဆက်ကို မယူနိုင်ဘူး။ ငါ့ရှစ်စွင်းက ဘယ်လိုလူမျိုးလဲဆိုတာ မင်းတို့လည်း သိတာပဲ”
မင်ရှစ်ရင်က မဟူရာ စစ်သည်တော်ကို ပြန်လည်ချေပလိုက်သည်။
ဖန်းရှုဝမ်က လက်တစ်ဖက်မြောက်ကာ သူ့နောက်လိုက်များအား ဝင်မပြောဖို့ တားမြစ်လိုက်သည်။ ထို့နောက် သူက မပြောင်းမလဲပြောလိုက်သည်။
“ မင်း ရှစ်စွင်းဆီက ဖိတ်ကြားချက်ကို ဘယ်တော့မှ မငြင်းဘူး။ ရှေ့ကနေ လမ်းပြ” သူ့စကားများအပေါ် မူတည်ပြီး သူ့က သူ့အင်အားအပေါ် ယုံကြည်ချက်အပြည့်အဝရှိကြောင်း သိသာသည်။
ဖန်းရှုဝမ်နှင့် ယှဉ်လျှင် မင်ရှစ်ရင်က ကျိုးရှစ်ချန်းကို ပိုသဘောကျ၏။ အနည်းဆုံးတော့ ကျိုးရှစ်ချန်းက သူ့ကို စတုတ္ထသခင်လေးလို့ ခေါ်ဝေါ်သေးသည် မဟုတ်ပါလော။ သူက ထိုအသံကို သဘောကျသည်။ သို့သော်လည်း ကျိုးရှစ်ချန်းမှာ သေသွားလေပြီ။
မင်ရှစ်ရင်က အကာအရံဆီလျှောက်ကာ လက်ကို ဝှေ့လိုက်သည်။ ထိုအခါ အကာအရံ၌ ဝင်ပေါက်တစ်ခု ပေါ်လာသည်။
“ရှစ်စွင်းက ကိုယ့်ဘာသာကိုလာဖို့ ပြောလိုက်ပါတယ်”
“စိတ်ဝင်စားစရာပဲ” ဖန်းရှုဝမ်က ခေါင်းညိတ်လိုက်သည်။ သူက မဟူရာစစ်သည်တော် လေးဦးခေါ်ကာ တက်လာလေသည်။ နောက်ဆုံးမဟူရာစစ်သည်တော်က အကာအရံဖြတ်ပြီးသည့်နောက် ခဏရပ်ကာ မင်ရှစ်ရင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လေးယောက်မြောက်တပည့် တကယ်လို့ နောက်မှ အခွင့်အရေးရရင် ငါတို့ တိုက်ကွက်လေး ဖလှယ်ကြည့်ကြတာပေါ့”
မင်ရှစ်ရင်က မျက်တောင်မခတ်ဘဲ အေးအေးဆေးဆေး ပြောလိုက်သည်။
“ ရှစ်စွင်းက အကြောင်းပြချက်မရှိဘဲ မတိုက်ရဘူးတဲ့”
…
အခန်း (၈၃) ဖန်းရှုဝမ်
မဟူရာစစ်သည်တော်က ပြန်မပြောဘဲ ကျန်သည့်သူများနောက် လိုက်သွားသည်။ သူတို့ ငါးဦးလုံးက မျက်နှာဖုံးများ ဝတ်ထားရာ သူတို့၏အမူအရာကို မမြင်နိုင်ချေ။ သူတို့က ကျန်သည့်မဟူရာ စစ်သည်တော်များကို တောင်ခြေ၌ ချန်ထားရစ်ပြီး မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ ဦးတည်သော လှေကားဆီသို့ လျှောက်သွားလိုက်သည်။
လှေကားတစ်ဝက်တွင် ဖန်းရှုဝမ်က ရုတ်တရက်ရပ်တန့်ပြီးနောက် မသိလိုက်မသိဖာသာ မေးလိုက်၏။
“အမှောင်ထဲမှာ ဘယ်သူပုန်းနေတာလဲ”
ညာဖက်ခြမ်းရှိသစ်ပင်များကြား၌ အနက်ရောင်အဝတ်အစားများရှိနေပြီး သစ်ပင်ကိုတစ်ပင်ပြီး တစ်ပင် ခုန်ကူးနေ၏။ ရှောင်ယွမ်အာက သစ်ကိုင်းတစ်ခုပေါ်တွင် ရပ်နေသည်။ သူမက မျက်မှောင်ကျုံ့ကာ ပြောလိုက်[D1] တော့၏။
“ရုပ်ဆိုးလိုက်တာ” သူမသည် သူတို့ကို ရုပ်ဆိုးသည်ဟု ဖော်ပြခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသည်ဟူသော စကားကို မသုံးသွားပေ။
မဟူရာစစ်သည်တော်များထဲမှ တစ်ဦးက ဒေါသတကြီး ပြောလိုက်၏။
“အရှင် မိစ္ဆာဝေဟင်မျှော်နန်းက ကျွန်တော်တို့ကို လေးစားမှုပေးပုံမရဘူး”
ဖန်းရှုဝမ်က သူပြောတာကို တားရန်လက်တစ်ဖက်မြှောက်လိုက်၏။ ပြီးနောက် သူတို့က တောင်ပေါ်သို့ ဆက်တက်သွားတော့သည်။ သူသည် သူ၏သူရဲကောင်းလေးဦးကို မင်ရှစ်ရင် သတ်တာကို လက်ခံလိုက်ပြီး စော်ကားမှုကို သည်းမခံနိုင်ခဲ့လျှင် သူက မဟူရာစစ်သည်တော်များ၏ ခေါင်းဆောင်အနေဖြင့် အမိန့်မည်ကဲ့သို့ ပေးရမည်နည်း။ သူက အမည်ပျက်စာရင်း၏ ထိပ်သို့ ရောက်နေသည့်အချိန်တွင် သူ့ကိုစော်ကားပြောဆိုတာ မပြတ်လပ်ခဲ့ပေ။ ရလဒ်က မည်မျှ ကြောက်စရာကောင်းစေကာမူ သူတို့ကို ရင်ထဲ၌ မည်ကဲ့သို့မထားခဲ့။ ထိုအရေးကိစ္စများကို အမှုမထားမိစေရန် နှစ်ပေါင်းများစွာလေ့ကျင့်မှုက သူ့အတွက်လွယ်ကူစေခဲ့၏။
ရှောင်ယွမ်အာက တည်တင်းသောမျက်နှာထားဖြင့် မင်ရှစ်ရင်ကို ကြည့်ပြီးနောက် တောင်ပေါ်သို့ ပြန်သွားတော့သည်။ သူမသည် သူမဆရာ၏ချစ်မြတ်နိုးခြင်းခံနေရသောကြောင့် သူမတစ်ဦးတည်းသာ တောင်ပေါ်သို့ လွတ်လွတ်လပ်လပ် တက်ဆင်းနိုင်တာဖြစ်သည်။
မင်ရှစ်ရင်က ကူကယ်ရာမဲ့စွာ ခေါင်းခါပြီး ပြောလိုက်၏။
“ကျုပ်ရဲ့ရှစ်မေ့က အမြဲတမ်းဒီလိုပဲ။ ကျေးဇူးပြုပြီး သူ့ကို အလေးမထားပါနဲ့”
ဖန်းရှုဝမ်က ဖာသိဖာသာပြောလိုက်၏။ “ကိစ္စမရှိပါဘူး”
ခဏအကြာတွင် သူတို့က မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ရောက်ပြီး မဟာခန်းမထဲ ဖြည်းဖြည်းချင်း ဝင်သွားတော့သည်။
မင်ရှစ်ရင်က ခန်းမကို ဝေ့ဝိုက်ကြည့်လိုက်၏။ ကျောင်းယွဲ့နှင့် ယဲ့ထျန်းရှင်းတို့ရှိနေတာကို သူသတိပြုမိလိုက်သည်။ သူတို့က ခုံပေါ်တွင်ထိုင်ပြီး အလွန်မောပန်းနေပုံပေါ်နေ၏။ တွမ့်မူရှန်း၊ ဖန်းကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က ဘယ်ဘက်ခြမ်းတွင် ထိုင်နေပေ၏။
ဖန်းရှုဝမ်က လက်တစ်ဖက်နောက်ပစ်လျက် သူ၏နောက်ကျောက လှံတစ်စင်းနှယ် ခပ်မတ်မတ် ရှိနေသည်။ လက်အောက်ငယ်သားလေးဦးကလည်း သူ့တွင် ရပ်နေ၏။
မဟာခန်းမက ယခုအချိန်တွင် တိတ်ဆိတ်နေပေသည်။ အားလုံး၏ အကြည့်က လာရောက်လည်ပတ်သူ ငါးဦးဆီတွင်သာ ရှိနေ၏။
ဖန်းရှုဝမ်သည် ခန်းမ၏အမြင့်ဆုံးနေရာတွင် ထိုင်နေသော အဘိုးကြီးလုကျိုးကိုကြည့်လိုက်၏။ အကြည့်ချင်း ဆုံသွားချိန်၌ သူမှင်သက်သွားမိသည်။ ကောလာဟလများက ကျိထျန်းတောက်၏ နေ့ရက်များရေတွက်ခံရပြီးဖြစ်၏။ ကျိထျန်းတောက်၏ နှစ်တစ်ထောင်ကျင့်ကြံဆင့်က သူအချိန် ကုန်ဆုံးသွားသည်နှင့် သဘာဝတရားကို ပေးအပ်ရတော့မှာပဲဖြစ်သည်။
ဖန်းရှုဝမ်က လူတစ်ယောက်၏အငွေ့အသက်ကို တိုင်းတာနိုင်သည့်ပါရမီတစ်ခုရှိပေသည်။ အမှန်တကယ်၌ ထိုလူက သူထက်သက်တမ်း ဆယ့်ငါးနှစ်ခန့်သာကျန်တော့သည်။ သို့သော် ထိုအဘိုးအို၏ ကျင့်ကြံဆင့်ကို သူမတိုင်းတာနိုင်ပေ။ အဘိုးအို၏ ကျင့်ကြံဆင့်ကို သူက စစ်ဆေးရန် အားသုံးခဲ့လျှင် ယင်းက ပြောင်ပြောင်တင်းတင်းရန်စခြင်းနှင့် တူသွားပေလိမ့်မည်။ လှုပ်ရှားရန်အတွက် အဆင်အခြင်အရှိဆုံး မဟုတ်ပေ။ သူက မရိုကျိုး၊ မထောင်လွှားသော အမူအရာဖြင့်ပြောလိုက်၏။
“ဖန်းရှုဝမ်က လောင်ချန်ပေ့ကို နှုတ်ဆက်ပါတယ်”
တစ်ချိန်ထဲတွင် ဖန်းရှုဝမ်၏ လက်အောက်ငယ်သားလေးဦးကလည်း လက်သီးများဆုပ်လျက် နှုတ်ဆက်တော့သည်။
လုကျိုးက သူတို့မျက်နှာကို မမြင်နိုင်ပေ။ သူ့အမူအရာက တည်ငြိမ်နေ၏။ အမူအရာအရ သူ၏ စိတ်ကိုဖတ်ရန်ခက်ခဲကြောင်း တွေ့သွားမှာပဲဖြစ်သည်။ သူက နှိမ့်ချလျက် ပြောလိုက်တော့သည်။
“ထိုင်ကြ”
သူ၏လေသံက အဆင့်အတန်းမြင့်သည့်သူသည် အဆင့်အတန်းနိမ့်သည့်သူများကို ပြောသည့်အချိန်တွင် အသုံးပြုသောလေသံနှင့် ဆင်တူနေပေ၏။
ဖန်းရှုဝမ်က လက်သီးနှစ်ဖက်ကို ဆုပ်မိုးပြီးနောက်ထိုင်လိုက်တော့သည်။ “ကျုပ်ကို လောင်ချန်ပေ့ တွေ့ချင်နေတယ်လို့ကြားမိတယ်။ ကျုပ်မနှောင့်နှေးရဲတာကြောင့် မရပ်မနားပဲ မဟူရာစစ်သည်တော် တွေကိုခေါ်ပြီး ဒီရောက်လာတာပဲ။ ကျုပ်နဲ့ဘာအရေးကိစ္စများ ဆွေးနွေးချင်တာလဲဆိုတာ သိပါရစေ လောင်ချန်ပေ့”
လုကျိုးက မုတ်ဆိတ်ကို သပ်လိုက်သည်။ သူက ယဲ့ထျန်းရှင်ကို လက်ညှိုးထိုးပြီးနောက် သာမန်ကာလျှံကာ ပြောလိုက်၏။
“မင်း ဒီလူကို မှတ်မိမယ်ဆိုတာသေချာတယ်”
ဖန်းရှုဝမ်သည် သူ၏မျက်နှာဖုံးအောက်ကနေ အကြည့်ကို ရွေ့လိုက်၏။ သူနှင့် မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်တွင် ထိုင်နေသော ယဲ့ထျန်းရှင်းကို မြင်လိုက်ရသည်။ သူမက ပုံမှန်မဟုတ် ဖြူရော်နေပေ၏။ သူက ခေါင်းခါကာ ပြောလိုက်တော့သည်။
“ကျုပ်မမှတ်မိမှာ စိုးပါရဲ့” သူ့အသံက ရိုးသားနေသည်။
ရှောင်ယွမ်အာက ရုတ်တရက် ရယ်မောပြီးနောက် ပြောလိုက်တော့သည်။
“ဒါက ကျွန်မရှစ်စွင်းရဲ့ ဆဋ္ဌမမြောက်တပည့်။ သူက ကျွန်မရဲ့ရှစ်ကျဲ ယဲ့ထျန်းရှင်းပဲ” သူမက တစ်ခွန်းချင်းပြောပြီးနောက် ဆက်ပြောလိုက်သည်။ “သစ္စာဖောက်”
“ဒီတော့ သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဆဋ္ဌမမြောက်တပည့်ကိုး။ ကျုပ်ရဲ့ရိုင်းပျမှုအတွက် တောင်းပန်ပါတယ်” ဖန်းရှုဝမ်က ညင်သာစွာ ပြောလိုက်၏။
လုကျိုးက ခေါင်းငြိမ့်ပြီးနောက် တည်ငြိမ်စွာပြောလိုက်သည်။ “မင်း ယွီလုံရွာအကြောင်းသိလား”
ဖန်းရှုဝမ်၏ ခန္ဓာကိုယ်က ချက်ချင်းတောင့်သွားသည်။ သို့သော် သူ၏သိပ်သည်းပြီးလေးလံသော သံချပ်ကာနှင့်မျက်နှာဖုံးက သူ့အမူအရာကို ဖုံးကွယ်ပေးထားသည်။ သူတွေးနေတာကို မည်သူမျှ မသိကြပေ။ ခဏအကြာ၌ သူက ယွီလုံရွာအကြောင်း သူ မသိကြောင်းညွှန်ပြသည့်အနေဖြင့် ခေါင်းခါလိုက်သည်။ ဆိုရလျှင် ရွာက မထင်မရှားဖြစ်လွန်းသည်။ မဟူရာစစ်သည်တော်များ၏ ခေါင်းဆောင်အနေဖြင့် သေးငယ်သည့်ရွာလေးကို သူအဘယ်ကြောင့် အမှတ်ရနေရမည်နည်း။ သူက မေးလိုက်တော့သည်။
“ယွီလုံရွာအကြောင်း ဘာကြောင့်မေးတာလဲ လောင်ချန်ပေ့(စီနီယာကြီး)”
“ယဲ့ထျန်းရှင်း” လုကျိုးက ပြောလိုက်သည်။
ယဲ့ထျန်းရှင်းက အနည်းငယ်တုန်ယင်သွား၏။ သူမကိုယ်သူမ အားပြုကာ သူမလေသံတွင် အနိမ့်အမြင့်မပါဘဲ ပြောလိုက်သည်။
“ယွီလုံရွာက ရွာသား သုံးရာလေးဆယ့်ငါးယောက်ရှိတဲ့ ရွာတစ်ရွာပဲ။ လွန်ခဲ့သည့် နှစ်တစ်ရာ့ငါးဆယ်တုန်းက အပြည့်အဝဖျက်ဆီးခံခဲ့ရတယ်”
ထိုအကြောင်းကို ပြောပြီးနောက် သူမက ဆက်မပြောတော့ပေ။
ယဲ့ထျန်းရှင်းသည် ရွှေနန်းဥယျာဉ်တောင်မှ ထွက်သွားပြီးနောက် ထိုအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးခဲ့သည်။ ပြဿနာရပ်များစွာကို ဖြတ်ကျော်ပြီးနောက် လက္ခဏာရပ်များအားလုံးက သူမ၏ဆရာ၊ လောကကို တုန်လှုပ်စေသည့် အမည်ပိုင်ရှင် ကျိထျန်းတောက်ကိုသာ ညွှန်ပြနေတာ တွေ့ခဲ့ရသည်။
ဖန်းရှုဝမ်က ခေါင်းညိတ်ကာ ပြောလိုက်တော့၏။ “ကျုပ်သိပြီ။ ယွီလုံရွာ ဖျက်ဆီးခံရတဲ့အကြောင်းကြားရတာ ကျုပ်အမှန်တကယ်စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့”
သူက လုကျိုးဘက် လှည့်ပြီးနောက် မေးလိုက်တော့၏။ “လောင်ချန်ပေ့ ကျုပ်ကို ဒီကိုဆင့်ခေါ်ရတဲ့ အကြောင်းအရင်းက အဲဒါလား”
“ဟုတ်တယ်” လုကျိုးက အေးအေးဆေးဆေးပြောလိုက်သည်။
“ဒါက ကျုပ်နဲ့ဘာဆိုင်လဲ”
“နန်းတော်ရဲ့မှတ်တမ်းတွေနဲ့ ဒေသခံတွေရဲ့ အပြောအရ ယွီလုံရွာကို ဖျက်ဆီးခဲ့တဲ့သူက ငါလို့ ညွှန်ပြ နေတယ်”
လုကျိုးက ဖန်းရှုဝမ်၏ အမူအရာကို မမြင်ရသော်ငြား သူပြောပြီးသည်နှင့် ဖန်းရှုဝမ်၏ ခန္ဓာကိုယ်အနည်းငယ်လှုပ်သွားတာက သူ့မျက်လုံးထဲမှ မလွတ်မြောက်ပေ။ ယင်းက ဖန်းရှုဝမ်၏ အံ့ဩသင့်မှု သို့မဟုတ် စိုးရိမ်ပူပန်မှုကို ညွှန်ပြနေလားဆိုတာ သူသိချင်မိသည်။
“ဒီတော့” ဖန်းရှုဝမ်က မေးလိုက်ကာ သူ၏လေသံထဲတွင် ထိတ်လန့်စိတ်တစွန်းတစပါနေသည်။
လုကျိုးက နောက်ကွယ်မှကြံစည်သူအဖြစ် သူ့ကိုယ်သူပြောသည့်အချိန်တွင် လူတိုင်းက ယဲ့ထျန်းရှင်း၏ မျက်နှာပေါ်မ၌ ပုံမှန်မဟုတ်သော အမူအရာကိုမြင်နိုင်ပေသည်။
“မဟူရာစစ်သည်တော်က တာ့ယန်မိသားစုရဲ့ အထူးတပ်ဖွဲ့ပဲ။ သူတို့တွေက အရိပ်ထဲမှာ လှုပ်ရှားကြတာ။ နန်းတော်ရဲ့ အင်အားစုတွေက နန်းတော်က တပ်ဖွဲ့အကြောင်း ထုတ်မပြောတာ သဘာဝကျတယ်လေ” လုကျိုးက တည်ငြိမ်စွာပြောလိုက်၏။
ဖန်းရှုဝမ်က လက်ကိုဆုပ်မိုးလျက် ပြောလိုက်သည်။
“မဟူရာစစ်သည်တော်တွေက တော်ဝင်မိသားစုရဲ့ အထူးတပ်ဖွဲ့ဆိုတာ ကျင့်ကြံသူတိုင်းသိကြတယ်”
“မဟူရာစစ်သည်တော်တွေက တုထျန်းမြစ်ကို ဘယ်တုန်းကမှ မဖြတ်ခဲ့ဖူးဘူးလား” လုကျိုးက မေးလိုက်သည်။
ဖန်းရှုဝမ်က မေးခွန်းကို ကြားလိုက်ရသည့်အချိန်၌ တွေးထင်ထားသည့်ပုံမျိုး သရုပ်ဆောင် လိုက်သည်။ သူက ဉာဏ်ကောင်းသည့် သူတစ်ဦးဖြစ်၏။ လုကျိုးက ယဲ့ထျန်းရှင်းကို လက်ညှိုးထိုးပြသည်နှင့် လုကျိုးက ထိုအရေးကိစ္စကြောင်းမေးမည်မှန်း သူသိနေခဲ့သည်။
ဖန်းရှုဝမ်က အက်ကွဲကွဲရယ်မောလိုက်ပြီး သူ၏ရီသံက မျှော်စင်ထဲတွင် ပဲ့တင်သံထပ်နေတော့သည်။
“ကောင်းပြီ။ အခုတော့ ယွီလုံရွာအဖြစ်အပျက်ကို ဘေးချိတ်ထားလိုက်ရအောင်။ တကယ်တော့ ကျုပ် ဒီနေ့လာတာက လောင်ချန်ပေ့နဲ့ ကိစ္စတစ်ခုဆွေးနွေးဖို့”
“ပြော” လုကျိုးက တိုတောင်းတောင်းပြောလိုက်သည်။
“နန်းတော်က သတင်းစကားတစ်ခုရှိတယ်” ဖန်းရှုဝမ်၏သဘောထားက ရုတ်တရက်လေးစားမှုသို့ ပြောင်းလဲသွားသည်။
“နန်းတော်က မိစ္ဆာဝေဟင်မျှော်နန်းကို အတိတ်တုန်းက မကောင်းမှုတွေအတွက် စာရင်းရှင်းမှာ မဟုတ်ဘူး။ ဒါက မင်ရှစ်ရင်က မဟူရာစစ်သည်တော်လေးယောက်ကို သတ်တာအပါအဝင်ပေါ့။ နန်းတော်က ပြီးတာတွေကို ပြီးသွားစေဖို့ဆန္ဒရှိတယ်။ ဒါပေမဲ့ အခြေအနေတစ်ခုရှိတယ်” သူက စကားပြောခဏရပ်ပြီးနောက် ဆက်ပြောလိုက်တော့သည်။
“မိစ္ဆာဝေဟင်မျှော်နန်းက တော်ဝင် မိသားစုရဲ့ ကိစ္စကို နောက်ဆယ်နှစ်အတွင်း ဝင်မစွက်ဖက်ရဘူး”
တိတ်ဆိတ်မှုက မဟာခန်းမထဲ၌ကြီးစိုးသွားတော့သည်။ တပည့်အချို့က တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်၏။
ဖန်းရှုဝမ်၏ အယုံကြည်ရဆုံးလက်အောက်ငယ်သားလေးဦးကတောင် ထိုအကြောင်းကို မသိခဲ့ပေ။ သို့သော် နန်းတော်မှ တာဝန်က ထိုအချင်းအရာသာဖြစ်သောကြောင့် သူတို့စိတ်သက်သာရာ ရသွား၏။ တောင်းဆိုချက်က ရိုးရှင်းသည်။ တာ့ယန်တွင် ကျင့်ကြံသူများစွာရှိ၏။ ပညာရှင်အချို့က နန်းတော်အတွင်းတပ်ဖွဲ့များအကြောင်း သတိထားနေပြီး နန်းတော်၏ အမျိုးမျိုးသော အရေးကိစ္စများထဲ ဝင်မပါကြပေ။ အချို့ကမူ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိကြပြီး လွှမ်းမိုးနိုင်စွမ်းရှိသူ အချို့၏ တပ်ဖွဲ့တစိတ်တပိုင်းဖြစ်လာခဲ့သည်။
စကားပြောခဏရပ်ပြီးနောက် ဖန်းရှုဝမ်က ထပ်ပြောလိုက်သည်။
“မဟူရာစစ်သည်တော်တွေက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ရန်သူဖြစ်ဖို့ဆန္ဒမရှိသလို ကျုပ်တို့မှာ ဖြစ်ပိုင်ခွင့်နဲ့ခွန်အားလည်းမရှိဘူး။ မဟူရာစစ်သည်တော်တွေရဲ့ကိုယ်စား ဒီစကားကိုပြောနေတာပါ။ ဒီဆန္ဒကို ဖြည့်ဆည်းပေးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ် လောင်ချန်ပေ့”
ထိုသို့ပြောပြီးနောက် သူက ပြန်မပြောတော့ပေ။ ဆိုရလျှင် သူသည် ဤနေရာကို ရောက်လာခဲ့ခြင်း၏ အကြောင်းပြချက်ကို ဖော်ပြခဲ့ပြီးဖြစ်သည်။
လူတိုင်းက လုကျိုးကို ကြည့်ကာ သူ၏အဖြေကို စောင့်ဆိုင်းနေသည်။
သို့သော် မင်ရှစ်ရင်က ရယ်သံတစ်ချက်ဖြင့် တိတ်ဆိတ်မှုကိုဦးစွာ ဖြိုခွင်းလိုက်သည်။ သူက
“ခန်းမထဲကို နောက်ဆုံးရောက်လာခဲ့တဲ့သူက ဒီလိုမှန်ကန်ဖြောင့်မတ်တဲ့ အပြုအမူမျိုးပဲ။ အနောက်ပိုင်း သုခဘုံဆီ ထွက်သွားလိုက်ရတာပေါ့။ ခင်ဗျားကော သူ့ခြေရာနောက်လိုက်ဖို့ ကြိုးစားချင်နေတာ လား”
ဖန်းရှုဝမ်က သူ၏လက်နှစ်ဖက်ကို ဆုပ်လျက်ပြောလိုက်သည်။
“ကျုပ် မလုပ်ရဲပါဘူး”
လုကျိုးက မုတ်ဆိတ်သပ်ပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။ “လန်လော့” ဖန်းရှုဝမ်က ထိုစကားကို ကြားသည့်အချိန်၌ နှလုံးတစ်ချက်ခုန်သွားသည်။ သူ၏ ခန္ဓာကိုယ်က အလိုလို တောင့်တင်းသွား၏။
လုကျိုးသည် ဖန်းရှုဝမ်ကို ထိုးဖောက်သည့်အကြည့်ဖြင့်ကြည့်ပြီးနောက်ပြောလိုက်တော့၏။ “မင်းက ငါ့ကို ခြိမ်းခြောက်ဖို့ကြိုးစားနေတာလား”
…
အခန်း (၈၄) ထွက်သွားဖို့ မစဉ်းစားနဲ့
ဖန်းရှုဝမ်၏ လေသံက မည်မျှနှိမ့်ချပြီး သူ့ အပြုအမူများက မည်မျှပင် လေးစားမှုရှိစေကာမူ ဦးနှောက်တစ်ဝက်ရှိသည့်သူတိုင်း သူ့စကားနောက်ကွယ်မှ ခြိမ်းခြောက်မှုကို သိနိုင်ပေသည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ စွမ်းအားက လူအများ၏ စိတ်နှလုံးထဲကို အကြောက်တရားများ ရိုက်သွင်းထားနိုင်၏။ လုကျိုးနှင့် သူ့တပည့် ကိုးယောက်ကြောင့်ဖြစ်စေ၊ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို ထည့်မတွက်လျှင်ပင် မည်သည့်အင်အားစုကမှ မိစ္ဆာဝေဟင်မျှော်နန်းကို ပေါ့ပေါ့ပါးပါး မတွေးရဲကြပေ။ ဖန်းရှုဝမ်က မိစ္ဆာဝေဟင်မျှော်နန်းအား တော်ဝင်မိသားစု အရေးအခင်းများ၌ စိတ်ရှိသလို ဝင်မရှုပ်သင့်ကြောင်း ပြောရဲသည့် ယုံကြည်ချက်မျိုးကို မည်သူကများ ပေးလိုက်သနည်း။ ယင်းက မည်သည့်အဓိပ္ပာယ်များဖြစ်မည်နည်း။
ဖန်းရှုဝမ်က မတ်တတ်ထရပ်ကာ လက်နှစ်ဖက်ယှက်လိုက်ရင်း ပြောလိုက်သည်။
“လောင်ချန်ပေ့(စီနီယာကြီး)က ကျုပ်ရဲ့ အကြောင်းမှန်ကို သိနေပြီဆိုတော့ ဘာလို့များ ခက်ခက်ခဲခဲ လုပ်နေဦးမှာလဲ။ လန်လော့က လွန်ခဲ့တဲ့နှစ်၃၀၀ကတည်းက အတိတ်ရဲ့ အငြိုးတွေနဲ့အတူ ပျောက်ကွယ်သွားပြီ။ လောင်ချန်ပေ့က ကျွန်တော်ထက်ကြီးတာဆိုတော့ အစ်ကိုကြီးလို့ပဲ ခေါ်ပါ့မယ်။ အရှင်းဆုံးပြောရရင် ပေနက်လွှာထဲ စာရင်းဝင်တာက ကျုပ်ဂုဏ်ယူရမဲ့ကိစ္စမျိုး မဟုတ်ဘူး။ တကယ်တော့ ကျုပ်ဘဝရဲ့ ဖယ်ရှားမရတဲ့ အစွန်းအထင်းပဲ”
သူက သမာသမတ်ကျဟန်ဖြင့် ပြောလိုက်သည်။
ဒီလူက ပေနက်လွှာစာရင်းဝင်ခဲ့ပြီး ကောင်းကင်ဘုံအောက်၌ မကောင်းမှုအမျိုးမျိုး ကျူးလွန်ခဲ့သည့်သူက အတိတ်ကို ရှက်ရွံ့ပြီး သမာသမတ်လမ်းစဉ်ကို ကူးပြောင်းသွားပြီတဲ့လား။ ရယ်စရာမကောင်းဘူးလား။
ဖန်းရှုဝမ်က ဆက်ပြောလိုက်သည်။
“အစ်ကိုကြီးကို ခြိမ်းခြောက်ဖို့အတွက်ကိုတော့ မဟူရာစစ်သည်တော်တွေ မလုပ်ရဲပါဘူး။ ကျုပ်တို့က နန်းတော်ရဲ့စကားကို ပေးပို့ရုံလေးပါ။ ဒီတောင်းဆိုချက်ကို ငြင်းပယ်မယ်ဆိုလည်း ကျုပ်တို့ လုပ်နိုင်တာ ဘာမှမရှိပါဘူး”
ခန်းမတစ်ခုလုံး တိတ်ဆိတ်မှု ကြီးစိုးသွားလေသည်။
မင်ရှစ်ရင်က တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ပြောလိုက်သည်။
“ တောင်းဆိုမှုက ငြင်းပယ်ခံရမယ်မှန်းသိရင် အစကတည်းက လေကုန်ခံပြီး ပြောနေစရာမလိုဘူး”
တွမ့်မူရှန်းကလည်း ဝင်ပြောလိုက်သည်။
“ခင်ဗျားက မိစ္ဆာဝေဟင်မျှော်နန်းကို နန်းတော်ကိစ္စထဲ ဝင်မရှုပ်ဖို့ ပြောနေတာ။ ခင်ဗျားရဲ့ သဘောတရားအရဆိုရင် ကျုပ်တို့သာ ခင်ဗျားရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်တာနဲ့ နန်းတော်ကလူက ကျုပ်ကို ဓားနဲ့ထိုးသွားရင်တောင်မှ ကျုပ်က ဘာမှမလုပ်ဘဲ တောင့်ခံနေရမယ်ဆိုတဲ့ သဘောလား”
“…”
“ဝူရှစ်မေ့ ကျောင်းယွဲ့ရဲ့ကျင့်ကြံဆင့်ကို နန်းတော်ကလူက စည်းပိတ်ထားခဲ့တာ။ အဲဒီကိစ္စကိုရော ဘယ်သူက ဖြေပေးမှာလဲ။ ပြီးတော့ ယွီလုံရွာရဲ့ ဖျက်ဆီးခံရမှုကိုလည်း ဘယ်သူက ဖြေပေးမှာလဲ”
တွမ့်မူရှန်းက မေးလိုက်သည်။ အားလုံးက တွမ့်မူရှန်း၏ အပြောကောင်းမှုကြောင့် အံ့ဩသွားကြ၏။ သူက အချက်ကျကျ စကားပြောကောင်းသူ ဖြစ်ပေသည်။
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ပြောလိုက်သည်။
“လန်လော့ မင်းကြားတယ်မလား” ကြည့်ရတာ သူက တွမ့်မူရှန်းစကားကို သဘောတူပုံရ၏။
ဤသည်က လုကျိုး၏ တပည့်များအား ယုံကြည်ချက် ဖြစ်သွားစေသည်။ အတိတ်က ဤသို့သော အခြေအနေမျိုးသာ ဖြစ်ခဲ့ပါက သူတို့ ဝင်ပြောလိုက်လျှင် သူတို့ဘာသာသူတို့ ကပ်ဘေးယူဆောင်သလို ဖြစ်သွားပေမည်။
ဖန်းရှုဝမ်က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။
“နန်းတော်ရဲ့အမိန့်ကို ငြင်းပယ်လို့မရဘူး။ လောင်ချန်ပေ့က နန်းတော်ရဲ့အဆင့်နဲ့ လိုက်ပြီးတော့ နှိမ့်ချနေဖို့ မလိုပါဘူး”
“မဟုတ်ဘူး မင်းနားမလည်ဘူး” လုကျိုးက ထရပ်ကာ လက်နောက်ပစ်လျက် လှေကားမှ ဆင်းလာခဲ့သည်။
ဤရိုးရှင်းသော အပြုအမူလေးက ဖန်းရှုဝမ်အား သတိကြီးကြီးဖြင့် မတ်တတ်ထရပ်သွားစေသည်။ ထိုစဉ် ဖန်းရှုဝမ်၏ နောက်လိုက်လေးယောက်လုံးလည်း အနည်းငယ် စိုးရိမ်လာကြ၏။
ကျိထျန်းတောက်က သူ့ဒေါသကြီးမှုနှင့် စိတ်အပြောင်းအလဲမြန်မှုကြောင့် လူသိများသော မိစ္ဆာတစ်ယောက်ဖြစ်၏။ ကျိထျန်းတောက်က သဘောမတူမှုအနည်းငယ်ဖြင့် ဒေါသကြီးလာသည်မှာလည်း အံ့ဩစရာတော့ မဟုတ်ပေ။
လုကျိုးက တစ်ဖန်မေးလိုက်သည်။
“ ယွီလုံရွာ ဖျက်စီးခံရတာက မဟူရာစစ်သည်တော်တွေရဲ့ လက်ချက်လား” သူ၏မျက်ဝန်းများက ဖန်းရှုဝမ်အပေါ်ကျရောက်လာသည်။ သူက လက်ထဲ၌ အသေရိုက်ချက်ကတ်ကို ကိုင်ထားပြီး အဖြေကို တိတ်တဆိတ်စောင့်စားနေလေ၏။
သူ့မေးခွန်းက ခန်းမတစ်ခုလုံး ပျံ့နှံ့သွားသည်။
အားနည်းဖျော့တော့နေသည့် ယဲ့ထျန်းရှင်းက ထိုမေးခွန်းကို ကြားလိုက်သည့်အခါ မျက်လုံးများ ပြူးကျယ်လာမိသည်။ သူမက သူမရှစ်စွင်းဖြစ်သူကို ကြည့်လိုက်ပြီးနောက် သူမရှစ်စွင်းနှင့် မျက်နှာချင်းဆိုင်ရပ်နေသည့် ဖန်းရှုဝမ်ကို ကြည့်လိုက်သည်။ သူမက သူမဘာသာသူမ စဉ်းစားမိရင်း နှလုံးခုန်ပင် မြန်လာမိသည်။ ‘ယွီလုံရွာရဲ့ ဇာတ်ကြောင်းက နောက်ထပ်တစ်မျိုး ရှိနေသေးတာလား’
လေထုက တင်းကြပ်ကာ လေးလံလာလေသည်။
ဖန်းရှုဝမ်က လုကျိုး၏ မေးခွန်းကို တိုက်ရိုက်ပြန်မဖြေပေ။ ထိုအစား သူက ပြောလိုက်၏။
“တာ့ယန်ကုန်းမြေမှာ ဘယ်မျိုးနွယ်စုကိုမှ တည်ရှိဖို့ ခွင့်မပြုဘူး။ တုထျန်းမြစ်မှာ အများကြီးရှိခဲ့တယ်”
သူက ပြောလိုက်ရင်း ယဲ့ထျန်းရှင်းကို တစ်ချက်ကြည့်လိုက်သည်။ ဤသည်မှာ တိုက်ရိုက်ဝန်ခံလိုက်ခြင်းထက် ပိုကောင်းပေသည်။
ဖန်းရှုဝမ်က ဉာဏ်ကြီးမား၏။ သူက ဤအချိန်မျိုး၌ အမှားအမှန် ငြင်းခုံနေခြင်းက အဓိပ္ပာယ်မရှိကြောင်း သိပေသည်။ မိစ္ဆာဝေဟင်မျှော်နန်းက လုံလောက်သော အကြောင်းပြချက်နှင့် သက်သေများ ရှိမထားလျှင် သူ့အား ဆင့်ခေါ်မည် မဟုတ်ပေ။
ဖန်းရှုဝမ်၏ စကားကို ကြားပြီး အားလုံးက အကြည့်ချင်းဖလှယ်လိုက်ကြသည်။
“ နန်းတော်နဲ့ နယ်မြေအာဏာပိုင်ထဲက မှတ်တမ်းတွေကို မင်းပြင်ထားတာလား”
“ ဟုတ်တယ်” ဖန်းရှုဝမ်က မငြင်းပေ။ ထိုအစား သူက ပြောလိုက်သည်။
“နန်းတော်အကြောင်းသိတာ လူသိပ်မရှိဘူးဆိုတော့ လောင်ချန်ပေ့က နန်းတော်မှာ သတင်းပေးသူများ ရှိနေတာလား”
လုကျိုးက ဖန်းရှုဝမ်၏ မေးခွန်းကို လျစ်လျူရှုထားလိုက်ပြီး လှည့်လိုက်သည်။
“ ဆိုတော့ မင်းက ငါ့ကို စွပ်စွဲတဲ့သူပေါ့”
ကျိထျန်းတောက်က မကောင်းမှုများစွာ လုပ်ခဲ့သော်လည်း သူ့တပည့် ၉ ယောက်၏ မကောင်းမှုများပင် သူ့အပေါ် ပုံချခံခဲ့ရသည်။ အချိန်အတော်ကြာလာသည်နှင့်အမျှ သူက ပို၍ပို၍ နာမည်ကြီးလာကာ လူအများကလည်း သူတို့၏ အပြစ်ကြွေးများအား သူ့ဆီ ပုံချလာကြသည်။ သူက မကောင်းမှုများစွာ ကျူးလွန်ထားပြီဖြစ်ရာ အနည်းငယ် ထပ်ပေါင်းလိုက်လျှင်လည်း ဘာများထူးသွားမည်နည်း။ သူ့ပြစ်မှုများက သူ ကျူးလွန်ထားသည်ဖြစ်စေ၊ မကျူးလွန်ထားသည်ဖြစ်စေ သူက ကိုယ်တိုင်ရှင်းပြမနေပေ။ ပြောရလျှင် သူ့နာမည်ကို ရှင်းလင်းဖို့ အချိန်များစွာ လိုအပ်ပေမည်။
သို့သော်လည်း လုကျိုးက ထိုကဲ့သို့သော ကိစ္စရပ်မျိုးကို သည်းမခံနိုင်ပေ။
ဖန်းရှုဝမ်က မြန်မြန်ပြောလိုက်သည်။
“ မဟူရာစစ်သည်တော်က အမိန့်နာခံရုံလေးပါ။ ကျုပ်တို့က နောက်ကွယ်က ကြိုးကိုင်သူ မဟုတ်ဘူး။ ပြီးတော့ ကျုပ်သိသလောက် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ခြောက်ယောက်မြောက်တပည့်က သစ္စာဖောက်လေ။ ဘာကြောင့်များ သစ္စာဖောက်တစ်ယောက်အတွက်နဲ့ နန်းတော်ကို အတိုက်အခံ လုပ်နေမှာလဲ”
ထိုအရာကို ကြားပြီး ယဲ့ထျန်းရှင်းက သူမဘာသာ အားယူပြီးရပ်လိုက်သည်။ သူမ၏ လူသားခန္ဓာကိုယ်ဖြင့် လရောင်ဆွတ်နန်းဆောင်၏ အမျိုးသမီးကျင့်ကြံသူတစ်ယောက်ဆီမှ ဓားကို ဆွဲယူလိုက်သည်။
ချွမ်…
ယဲ့ထျန်းရှင်းက ဓားကို ဖန်းရှုဝမ်ဆီ ထိုးချလိုက်၏။
ဘမ်း…
ဖန်းရှုဝမ်က မလှုပ်ပေ။ သူ့လက်များက နောက်ကျောတွင် လက်နောက်ပစ်ထားပြီး ကျောက်ရုပ်လိုမျိုး ရပ်နေသည်။ ဓားက သူ့အပေါ်ကျရောက်လာသည်နှင့် ကျိုးကြေသွားလေသည်။
အားလုံးက အံ့ဩသွားကြ၏။
ယဲ့ထျန်းရှင်း၏ မျက်လုံးများက နီရဲလာကာ ခါးသီးစွာ ပြောလိုက်သည်။
“နောက်ကွယ်က ဘယ်သူလဲ”
ဝှီး…
ဖန်းရှုဝမ်က စွမ်းအားလွှတ်ကာ ယဲ့ထျန်းရှင်းကို လွင့်စဉ်သွားစေသည်။
“ ကျိချန်ပေ့ မဟူရာစစ်သည်တော်အနေနဲ့ မိစ္ဆာဝေဟင်မျှော်နန်းကို ရန်သူဖြစ်ဖို့ မလိုလားပါဘူး။ အခု မေးခွန်းအားလုံးကိုလည်း ဖြေပြီးသွားပြီ။ နောက်ကွယ်ကသူကို မဖြေနိုင်တာ ခွင့်လွှတ်ပါ။ နန်းတော်ရဲ့ သတင်းစကားကို ပေးပို့ပြီးသွားပြီဆိုတော့ လောင်ချန်ပေ့ဆုံးဖြတ်ဖို့ပဲ ကျန်ပါတော့တယ်”
သူ စကားပြောပြီးသည်နှင့် လှည့်ထွက်သွားလိုက်သည်။ ထိုအရာကိုမြင်ပြီး ဖန်းရှုဝမ်၏ နောက်လိုက်လေးယောက်ကလည်း ထရပ်ကာ လက်နှစ်ဖက်ယှက်ရင်း နှုတ်ဆက်ပြီးနောက် သူတို့ခေါင်းဆောင်နောက်ကို လိုက်ပါသွားသည်။
ဖန်းရှုဝမ်က ခြေနှစ်လှမ်းလောက် လျှောက်ပြီးနောက် ခဏရပ်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ အငယ်တစ်ယောက်အနေနဲ့ အကြံဉာဏ်တစ်ခုလောက်တော့ ပေးချင်တယ်။ အရင်ဆုံး နန်းတော်နဲ့ မဆန့်ကျင်တာ အကောင်းဆုံးပဲ။ ဆယ်နှစ်ဆိုတာက မျက်စိတစ်မှိတ်အတွင်းမှာ ကုန်ဆုံးသွားမှာပါ။ ဒုတိယတစ်ခုက မဟူရာစစ်သည်တော်တွေက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ မယှဉ်နိုင်ပေမဲ့ ကျုပ်တို့က သာမညမဟုတ်ဘူး။ အခုထွက်သွားလိုက်ပါဦးမယ်”
မိစ္ဆာဝေဟင်မျှော်နန်းကို ရောက်ရှိကတည်းက သူတို့သည် လျစ်လျူရှုခံထားရပြီး မလေးမစား ပြုမူခံခဲ့ရသည်။ သူတို့က ဤသို့သော အပြုအမူဖြင့် တစ်ခါမှ မဆက်ဆံခံဖူးပေ။ သူတို့၏ မာနနှင့် ဂုဏ်သိက္ခာအားလုံးကို ဤနေရာတွင် ခဝါချထားရ၏။
ဖန်းရှုဝမ်ကိုယ်တိုင်ပင် နှိမ့်နှိမ့်ချချနေရသည်။ သို့သော်လည်း ဖန်းရှုဝမ်၏ နှုတ်ဆက်စကားကို နားထောင်ပြီးနောက် သူတို့အားလုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ သူတို့နှလုံးသားမှ အစိုင်အခဲလည်း ထိုစကားကြောင့် ပျောက်ကွယ်သွားသည်။ သူတို့က သူ့စကားမှာ သင့်တော်ကြောင်း ခံစားမိ၏။ ထို့အပြင် မဟူရာစစ်သည်တော်များက သာမည မဟုတ်ကြောင်းကလည်း မှန်ကန်နေပေသည်။
ထိုငါးယောက် မျှော်နန်းဆောင်မှ ထွက်မသွားခင် လုကျိုးက မုတ်ဆိတ်အသာသပ်ကာ အေးဆေးတည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။
“မင်းတို့ကို ထွက်သွားဖို့ ငါ ခွင့်ပြုလို့လား”
“ဟမ်” ဖန်းရှုဝမ်က ရပ်လိုက်သည်။ သူ့နှလုံးခုန်ပင် တစ်ချက်မြန်သွားမိ၏။
“ ဒီနေရာကို ခေါ်ခိုင်းလိုက်ကတည်းက မင်းတို့ကို ထွက်သွားစေဖို့ ရည်ရွယ်ချက်မရှိဘူး” လုကျိုးက လက်အသာဝှေ့လိုက်သည်။
တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့က သူတို့ရှစ်စွင်းဖြစ်သူသည် ပဋိပက္ခကို ရှောင်ရှားလိမ့်မည်ဟု ထင်ထားခဲ့ကြသည်။ ထို့အပြင် မဟူရာစစ်သည်တော်များသည် နန်းတော်မှ လွှတ်လိုက်သည် မဟုတ်ပါလော။ တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့က ကောင်းကင်ဘုံ၏ ကျယ်ပြောမှုကို မသိသော ကျို့ရှန်းချန်လိုမျိုး မဟုတ်ပေ။ သူတို့က လူအိုကြီးသည် ဤမျှ တင်းမာနေလိမ့်မည်ဟု မထင်ထားမိကြပေ။
ဝှီး…ဝှီး…
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က ချက်ချင်းထွက်လာကြ၏။
ဖန်းရှုဝမ်က ဖြည်းဖြည်းချင်းလှည့်ကာ “ သစ္စာဖောက်တစ်ယောက်အတွက် ဒီလောက်လုပ်ချင်တာလား”
လုကျိုးက စိတ်ထဲ မထားဟန် ပြန်ပြောလိုက်သည်။
“သစ္စာဖောက်ကို ငါ့ဘာသာငါ အပြစ်ပေးမယ်။ မင်းတို့ ဝင်ပြောနေစရာမလိုဘူး။ မင်းတို့ နောက်ကွယ်ကလူကိုသာ ပြောလိုက်။ မင်းရဲ့ အလောင်းကို ဒီအတိုင်းထားပေးမယ်”
ဖန်းရှုဝမ်က သတိထားမိသွားသည်။ သူက လက်နှစ်ဖက်ယှက်ကာ ခေါ်လိုက်သည်။
“ အမှောင်စစ်သည်တော်လေးယောက်”
“ ဟုတ်ကဲ့သခင်ကြီး” အမှောင်စစ်သည်တော် လေးယောက်က တစ်ပြိုင်နက်ဖြေလိုက်ကြသည်။
“ မိစ္ဆာဝေဟင်မျှော်နန်းက ငါတို့မဟူရာစစ်သည်တော်ရဲ့ အင်အားကို သိချင်နေမှတော့ သူတို့ဆန္ဒကို ဖြည့်စည်းပေးလိုက်ကြတာပေါ့”
ဝှီး…ဝှီး…ဝှီး…ဝှီး…
လေထဲတွင် အသံများမြည်သွားပြီးနောက် ပွင့်ချပ်သုံးလွှာနှင့် ပွင့်ချပ်နှစ်လွှာ ရွှေကြာပန်း စိတ်ဝိညာဉ်သဏ္ဌာန်များ ထွက်ပေါ်လာသည်။ ထိုစိတ်ဝိညာဉ်သဏ္ဌာန်များက ပေသုံးဆယ်မှ လေးဆယ်အထိ ရှည်လျားပြီး စွမ်းအားကြီးသည့် အငွေ့အသက်များ ထုတ်လွှတ်နေလေသည်။
…
အခန်း (၈၅) တပည့်က ကြမ်းတမ်း
ကျန်သည့်သူများက စိတ်ဝိညာဉ်သဏ္ဌာန်လေးခုကို အထိတ်တလ န့်ကြည့်လိုက်ကြသည်။ သို့သော် လုကျိုးကမူ မအံ့ဩခဲ့ပေ။
ပေနတ်လွှာ၏ထိပ်တွင်ရောက်ခဲ့ဖူးသော မဟူရာစစ်သည်တော်များ၏ မဟာခေါင်းဆောင်က လှည့်ကွက် အချို့ရှိတာ သဘာဝကျပေသည်။ သူသည် ဤနေရာသို့လာရန်အတွက် လုံလောက်အောင် ရဲတင်းလွန်း နေသည်ဖြစ်သောကြောင့် သူနှင့် သူ့လူများ၏ ခွန်အားကို ယုံကြည်ချက်ရှိသည်ဟု ဆိုလိုတာပဲဖြစ်သည်။ မဟူရာစစ်သည်တော်လေးဦးက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျွမ်းကျင်သူများဖြစ်ကြပေ၏။
ဖန်းရှုဝမ်က လက်နောက်ပစ်လျက် ပြောလိုက်တော့သည်။
“ကျုပ်ရဲ့စကားအတိုင်းပဲ။ ကျုပ်က မိစ္ဆာဝေဟင် မျှော်နန်းနဲ့ ရန်သူဖြစ်လိုစိတ်မရှိဘူး”
သူ၏ စကားများက နားထောင်သူများ၏နားထဲ ကျွီခနဲ မြည်သွား တော့သည်။ ယင်းက နောက်သို့တစ်လှမ်းဆုတ်ရန်အတွက် ဥပမာကောင်းတစ်ခုသာဖြစ်ပေ၏။ သူက မိစ္ဆာဝေဟင်မျှော်နန်းကို မဆန့်ကျင်ချင်ဟု ဆက်တိုက်ပြောနေသော်ငြား သူ့အပြုအမူက စကားများနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ သစ္စာဖောက် ယဲ့ထျန်းရှင်းကတောင် ဖန်းရှုဝမ်၏စကားကို ကြားသည့်အချိန်တွင် ဒေါသထွက်သွားတော့သည်။
ထိုစဉ် လုကျိုးက သူ၏ရွေးချယ်မှုကို တွေးနေခဲ့သည်။ ရှောင်ယွမ်အာက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ပညာရှင်လေးဦးကို ဘာမှလုပ်နိုင်မှာမဟုတ်ပေ။ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းက စစ်သည်တော်တစ်ဦးစီကို ဖြေရှင်းနိုင်ပေ၏။ ကျန်ရှိသည့် စစ်သည်တော်နှစ်ဦးနှင့် ကျင့်ကြံဆင့်နက်နဲသော မဟူရာစစ်သည်တော်များ၏ ခေါင်းဆောင် ဖန်းရှုဝမ်က သူနှင့်အတူ ကျန်ရစ်မည်။ သူက ဖန်းရှုဝမ်ကို ချက်ချင်းဖယ်ရှားရန်အတွက် အသေရိုက်ချက်ကတ်ကို အသုံးပြုနိုင်သည်။ သို့သော် ယွီလုံရွာ အဖြစ်အပျက်နောက်ကွယ်ရှိ ကြိုးကိုင် ချယ်လှယ်သူ အမှန်ကို သူရှာမတွေ့သေးပေ။ ထို့အပြင် သူက ဖန်းရှုဝမ်ကို တိုက်ခိုက်လျှင် ကျန်ရှိသည့် အသုံးပစ္စည်းကတ်များက စစ်သည်တော်လေးဦးကို ဖြေရှင်းရန် လုံလောက်မှာ မဟုတ်ပေ။ သူက အသေရိုက်ချက်ကတ်များ ပိုမိုရရှိရန်အတွက် ကုသိုလ်အမှတ်များ အသုံးပြုနိုင်သော်ငြား သူသည် ကုသိုလ်အမှတ်များကို သိမ်းထားချင်သည်။ ဆိုရလျှင် ကုသိုလ်အမှတ်များက ရရှိရန် ခက်ခဲပေ၏။
လုကျိုးက အတွေးနက်နေစဉ် မဟူရာစစ်သည်တော်လေးဦးထဲမှ တစ်ဦးက မင်ရှစ်ရင်ကို စတင်ရန်စတော့သည်။ “မင်းက ငါတို့လူကို သတ်ခဲ့တယ်ဆိုမှတော့ အယားပြေအောင် မင်းနဲ့ တိုက်ခိုက်ပေးရမှာပေါ့”
မင်ရှစ်ရင်သည် လတ်တလောကမှ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်သို့ အဆင့်တက်ခဲ့တာဖြစ်၏။ သူသည် ထိုစကားကြောင့် အနည်းငယ် ကပျာကသီဖြစ်သွားကာ အနောက်သို့ အနည်းငယ်ဆုတ်လိုက်မိ၏။ သူ၏ ခြေဖျားထိပ်က မြေပြင်ကို ထိသွားပြီးနောက် ထောင့်ဖက်သို့ အနောက်ပြန်ခုန်လိုက်တော့၏။
ထိုမဟူရာစစ်သည်တော်များက အင်မတန် ယုံကြည်ချက်ရှိနေ၏။ သူသည် မင်ရှစ်ရင်ကို သူ့ဖာသာသူ အနိုင်ယူရန် ရည်ရွယ်ခဲ့သည်။
“နောက်ဆုတ်ကြ။ ငါတို့ မဟူရာစစ်သည်တွေက အရေအတွက်နဲ့ ခွန်အားပြစရာမလိုဘူး”
မဟူရာစစ်သည်တော်များက ထိုဖြစ်ရပ်ကြောင့် ကျေနပ်နေကြသည်။ ထို့အပြင် နှစ်ယောက်တိုက်ခိုက်မှုက ကြမ်းတမ်းမည်ဖြစ်ရာ ခန်းမထဲမှ ထွက်သွားပြီး မလှမ်းမကမ်း၌ ဆက်လက်တိုက်ခိုက်နေတော့၏။
လုကျိုးကလည်းတွေးမိသည်။ မင်ရှစ်ရင်၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပွင့်ချပ်မရှိသေးသော်ငြား သူသည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်သို့ အဆင့်မတက်ခင်က ကာလကြာညောင်းစွာ ဖိနှိပ်ထားခဲ့တာပဲဖြစ်၏။ တွမ့်မူရှန်းနည်းတူ မင်ရှစ်ရင်က ပြင်ဆင်ထားပြီးသားဟူ၌ သတ်မှတ်နိုင်ပေသည်။ ထို့အပြင် ဤကဲ့သို့ တိုက်ပွဲများက သူတို့၏ ကြီးပြင်းမှုကို ကူညီပေးနိုင်သည်။ မင်ရှစ်ရင်၏ပညာဖြင့် သူက ရန်သူကို အနိုင်မယူနိုင်ခဲ့လျှင်တောင် သေချာပေါက်လွတ်အောင် ထွက်ပြေးနိုင်ပေသည်။ မင်ရှစ်ရင်၏ လုံခြုံဘေးကင်းမှုကို သူစိုးရိမ်ပူပန်နေစရာ မလိုပေ။
တစ်ဖက်တွင်မူ တွမ့်မူရှန်းက ကွဲပြားခြားနားစွာ တုန့်ပြန်ပေ၏။ သူက လေးနက်စွာပြောလိုက်သည်။
“တစ်ယောက်ကမလုံလောက်ဘူး။ မင်းတို့နှစ်ယောက်လုံး ငါ့ဆီ တစ်ပြိုင်နက်တည်းတိုက်ခိုက်ကြ”
သူက နယ်ရှင်လှံကို ဝှေ့ယမ်းပြီးနောက် ချိန်းကြိုးများက ကျယ်လောင်စွာပေါ်မြည်လာတော့သည်။
ဖန်းရှုဝမ်က တွမ့်မူရှန်းကို အနည်းငယ်လှည့်ကြည့်လိုက်၏။ “ကောင်းကင်အဆင့်လက်နက်လား”
နယ်ရှင်လှံ ကောင်းကင်အဆင့်လက်နက် နယ်ရှင်လှံက တွမ့်မူရှန်း၏လက်ထဲတွင် ခမ်းနားထည်ဝါ နေပေသည်။ လှံထိပ်မှ လှံရင်းအထိ ရစ်ခွေနေသော နဂါးကရှိနေပေ၏။ တွမ့်မူရှန်းသည် နဂါးအမြီးနှင့် ခေါင်းကို ဆုပ်ကိုင်ထားလျက် လှံကို လှုပ်ခါလိုက်သည်။ အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ကနဦးချီများက နယ်ရှင်လှံထဲမှ ချက်ခြင်းထွက်ပေါ်လာ၏။ သူက ရန်သူများကို စဉ်းစားရန်အချိန်မပေးဘဲ သတိမပေးဘဲဖြင့် မဟူရာစစ်သည်တော်များထဲမှ တစ်ဦးဆီသို့ တဟုန်ထိုးဝင်သွားလိုက်တော့သည်။ မဟူရာစစ်သည်တော်က သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို လှုပ်ရှားပြီး တွမ့်မူရှန်း၏ ထိုးနှက်ချက်ကို တန်ပြန်တိုက်ခိုက်လိုက်တော့သည်။
သို့သော် ကောင်းကင်အဆင့်လက်နက်ကို ပိုင်ဆိုင်ထားသူနှင့် ကောင်းကင်အဆင့်လက်နက်ကို မပိုင်ဆိုင်ထားသူကြား ကွာဟချက်က အတော်ကြီးမားပေသည်။ ယင်းက ကျင့်ကြံခြင်းလောကထဲရှိ အခြေခံဗဟုသုတဖြစ်၏။ ကောင်းကင်အဆင့်လက်နက်မှ စွမ်းအင်သည် တွမ့်မူရှန်း၏ ခွန်အားကို အတော်တိုးတက်စေသည်။ ကျွမ်းကျင်သည့် လက်နက်အသုံးပြုသူသည် ကောင်းကင်အဆင့်လက်နက်ဖြင့် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်၌ အဆင့်ချိုးဖြတ်တက်မှုကိုလည်း ရရှိနိုင်သည်။ သို့သော် စိတ်ဝိညာဉ်သဏ္ဌာန်မရှိဘဲ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်မှ တပန်းသာမှုက ပြီးဆုံးသွားပေလိမ့်မည်။
ဘန်း ဘန်း ဘန်း
တွမ့်မူရှန်းက နယ်ရှင်လှံကို အညှာအတာမရှိထိုးသွင်းလိုက်၏။ ထိုစဉ်လှံက နဂါးတစ်ကောင်ပမာ ဖြစ်နေတော့သည်။ သူ၏ပြိုင်ဘက်ကို လွှမ်းမိုးနိုင်စွမ်းရှိပုံပေါ်နေပေ၏။ သူက ပိုမိုပြင်းထန်စွာ တိုက်ခိုက်နေပြီး တိုက်ပွဲကို ဆွဲထားနိုင်သည်။ သူနှင့်သူ့ပြိုင်ဘက်က မဟာခန်းမအပြင်ဖက်၌ တိုက်ခိုက်ရန် သိပ်မကြာလိုက်ပေ။
“ငါသွားမယ်” တတိယမြောက် မဟူရာစစ်သည်တော်က တစ်စုံတစ်ခုလွဲချော်နေသည်ကို ခံစားမိပြီး တိုက်ပွဲထဲဝင်ရန် ချက်ချင်းဆုံးဖြတ်ကာ နှစ်ယောက်တစ်ယောက်ရင်ဆိုင်တိုက်ခိုက်တော့၏။ ကောင်းကင် အဆင့်လက်နက်ဖြင့် တွမ့်မူရှန်းသည် ပွင့်ချပ်နှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်နှင့် ပွင့်ချပ်သုံးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်စွမ်းရှိ၏။ သူ၏ရန်သူကို အစောတည်းက ရက်ရက်စက်စက် တိုက်ခိုက်နေသည်။ သို့သော် နောက်ထပ်ပြိုင်ဘက်တစ်ဦးဝင်လာသည့် အချိန်တွင် သူ့ပေါ်ရှိဖိအားက တိုးလာတော့၏။
မဟူရာစစ်သည်တော်နှစ်ဦးအတူပူးပေါင်းဆောင်ရွက်ပြီး တွမ့်မူရှန်းဆီသို့စွမ်းအားလှိုင်းများ ပို့ဆောင်တော့ သည်။
တွမ့်မူရှန်းသည် သူ့ရှေ့၌ နယ်ရှင်လှံကို မြှောက်ပြီး ချိန်းကြိုးများထဲတွင် ယင်းကို ရစ်ပတ်လိုက်တော့သည်။
ဘန်း
တွမ့်မူရှန်းက မြန်မြန်ဆန်ဆန်နောက်ဆုတ်ပြီးနောက် မြေပြင်ကို ဖြတ်ကျော်လိုက်၏။ စွမ်းအင်ဖြင့် လွှမ်းခြုံခံထားရကာ သူသည် ရှည်လျားကျဉ်းမြောင်းသော မြောင်းနှစ်ခုကို ဖန်တီးခဲ့ပြီးဖြစ်ရာ မြေပြင်ကို ဖြတ်သန်းသွားတော့သည်။
ကျန်သည့်သူများက ပါးစပ်အဟောင်းသားဖြစ်နေ၏။ ဆိုရလျှင် တွမ့်မူရှန်းသည် နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်သို့ လတ်တလောမှ အဆင့်တက်လာခဲ့သည့် သူတစ်ဦးနှင့်မတူပေ။ သူက ဤနယ်ပယ်တွင် အချိန်ကြာမြင့်စွာရှိနေခဲ့သည့် သူတစ်ဦးနှင့် ပိုတူ၏။ သူက လှံကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်ဆောင်အသုံးပြုနိုင်သည်။ ပူလောင်ခြင်း စက်ကွင်းတစ်ရာရိုက်ချက်နှင့် လှိုင်းအလွှာတစ်ထောင်ကို ထုတ်ဖော်ပြီးနောက် သူ၏နှိုးထမှုအတွင်း၌ လှံပုံရိပ်တစ်ရာကို ချန်ထားရစ်ခဲ့သည်။
ကောင်းကင်အဆင့်လက်နက်တစ်ခု မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း မြင်နိုင်ပေ၏။ ထို့ကြောင့် ကျင့်ကြံသူများစွာသည် ကောင်းကင်အဆင့်လက်နက်ကို လိုချင်စိတ် ပြင်းပြနေကြတာပဲဖြစ်သည်။
ဖန်းရှုဝမ်က လက်ခုပ်တီးပြီး မချီးကျုးဘဲ မနေနိုင်တော့ချေ။
“ကျုပ်ရဲ့ကိုယ်ပိုင်မျက်စိနဲ့သာ မတွေ့ရဘူးဆိုရင် ဘာပွင့်ချပ်မှမရှိတဲ့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်က ရန်သူနှစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မယ်ဆိုတာ ယုံမိမှာမဟုတ်ဘူး”
ထိုစဉ် သူ့ဖက်ရှိကျန်ရှိသော မဟူရာစစ်သည်တော်က ညင်သာစွာပြောလိုက်၏။ “ခေါင်းဆောင် ကျွန်တော် ဝင်တိုက်ခိုက်ချင်ပါတယ်”
ဖန်းရှုဝမ်က လက်တစ်ဖက်မြှောက်လိုက်သော်ငြား ပြန်မပြောချေ။ ထိုအစား တည်ငြိမ်သည့် အမူအရာဖြင့် ရပ်နေသည့် လုကျိုးကို ကြည့်လိုက်တော့၏။
“မဟူရာစစ်သည်တော်လေးယောက်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်မှာပဲ သူတို့ရဲ့ခွန်အားကို ပြသခဲ့တယ်။ မင်ရှစ်ရင်နဲ့ရင်ဆိုင်တိုက်ခိုက်နေတဲ့သူက လောင်တချန်ကျုံးဟယ်ပဲ။ တွမ့်မူရှန်းနဲ့ တိုက်ခိုက်နေတဲ့သူက လောင်အာ့ယွဲ့ကျုံး ပြီးတော့ လောင်စစ် တွမ့်ယန်ဟုတ်ပဲ။ ကျန်ရှိတဲ့စစ်သည်တော်က လောင်စန်းလီချင်း သူ့ရဲ့လေးအတတ်က အင်မတန်တိကျလွန်းတာလေ”
ဖန်းရှုဝမ်က လီချင်း၏ လေးအတတ်ကို တမင်တကာထည့်ပြောခဲ့တာပဲဖြစ်သည်။ တစ်နည်းဆိုရလျှင် လီချင်း ကအနီးကပ် တိုက်ခိုက်ရေးသမားမဟုတ်ပေ။ သူက တိုက်ပွဲတွင် အချိန်မရွေး ဝင်ပါနိုင်၏။
ဖန်းရှုဝမ်က ဆက်ပြောသည်။
“ကောင်းကင်အဆင့်လက်နက်တစ်ခုတွေ့ဖို့ဆိုတာ အင်မတန် ရှားပါးလွန်းတာ။ လီချင်းက ကံမကောင်းဘူး။ သူ့မှာရှိတာက မြေကမ္ဘာအဆင့်ပညာရှင်လေးပဲ။ ဒါပေမယ့် ဒီလေးနဲ့ဆိုရင် သူမြင်နိုင်တဲ့ အကျယ်အဝန်းထဲက အရာအားလုံးကို တစ်ရာ ရာခိုင်နှုန်းထိအောင်ပစ်နိုင်တယ်”
ထိုစဉ် လီချင်း၏ ပညာရှင်လေးက သူ့လက်ထဲသို့ပြန်ဝင်လာတော့သည်။
ဖန်းရှုဝမ်က လုကျိုးရှေ့၌ လက်နှစ်ဖက်ကိုဆုပ်လျက်ပြောလိုက်တော့သည်။ “ကျုပ် ထပ်ပြောမယ်” သို့သော် သူပြောတာ မပြီးသေးခင် မဟာခန်းမအပြင်ဖက်ရှိ ဆူညံသံဖြင့် နှောင့်ယှက်ခံလိုက်ရသည်။ လူတိုင်းက အသံလာရာဖက်သို့ လှည့်ကြည့်လိုက်ကြ၏။
ကျိုးကျစ်ဖုန်းက တအံ့တဩပြောလိုက်သည်။
"စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုက ပွင့်ချပ်တွေ ပေါ်ပေါက်နေပြီ”
စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုသည် ပွင့်ချပ်များပေါက်စဉ်၌ ၎င်းက ချက်ချင်းကြီးထွားလာ၏။ ၎င်း၏အမြင့်က အကွာအဝေးကိုလွှမ်းခြုံထားပြီး သတင်းယူမှုအရှိန်အဝါနှင့် ကနဦးချီတို့ကလည်း ဖြာထွက်မှုတိုးလာတော့ သည်။
“တတိယသခင်လေးက တကယ်ပါရမီရှင်ပဲ။ တိုက်ပွဲအလယ်မှာတောင် ပွင့်ချပ်တစ်ချပ်ပေါ်ပေါက်လာတယ်”
ပွင့်ချပ်တစ်ချပ်ဖူးပွင့်ခြင်းက သူ၏ကျင့်ကြံဆင့် ရုတ်ခြည်းတိုးတက်လာခြင်းကို ဆိုလိုပေ၏။ တစ်ချိန်ထဲတွင် သူတို့က တွမ့်မူရှန်း၏ အော်သံကိုကြားလိုက်ရ၏။ နယ်ရှင်လှံက အထက်သို့တက်သွားသည်။ တွမ့်မူရှန်း၏ အဝတ်အစားများဆုတ်ပြဲကုန်ပြီး သူ၏ အရပ်မြင့်မြင့် ကြံခိုင်ကျစ်လျစ်သည့် ကြွက်သားများဖြင့် ခန္ဓာကိုယ်ကို ထုတ်ဖော်ပြသပြီးဖြစ်နေသည်။ လက်ကိုဆန့်တန်းလိုက်ရာ သူ၏ချိန်းကြိုးများကို တင်းကျပ်အောင် ဆွဲလိုက်သည်။ သူ၏စွမ်းအားတို့က ပတ်ဝန်းကျင်ဆီ ပေါ်ထွက်လာကာ ပွင့်ချပ်တစ်ချပ် ဖူးပွင့်မှုမျိုးရှိသည့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားမျိုးဖြစ်ပေသည်။
မဟူရာစစ်သည်တော်များဖြစ်သည့် လောင်အာ့နှင့် လောင်စစ်တို့က နောက်သို့ အနည်းငယ် ဆုတ်သွားရသည်။ နယ်ရှင်လှံက လျှပ်ပြက်သည့်အရှိန်ဖြင့် အောက်သို့ဆင်းလာပြီးနောက် ချိန်းကြိုး၏ လှံထိပ်ဖျားကို ပိုင်းဖြတ်သွားတော့သည်။
ထန်း ထန်း
ချိန်းကြိုးက ပျက်ဆီးသွားခဲ့ချေပြီ။ ထိုစဉ် တွမ့်မူရှန်းက အင်မတန် အန္တရာယ်များသော သားရဲတိရစ္ဆာန် တစ်ကောင်ကဲ့သို့ပင် နယ်ရှင်လှံကို သူ၏ လက်ချည်းဖြင့်ကိုင်ထား၏။ "ငါ့စွမ်းအားကို ခံစားကြည့်လိုက်”
သုံးယောက်က တိုက်ပွဲထဲ ထပ်ရောက်သွားပြန်သည်။ တိုက်ပွဲသည် ယခင်ကထက် ပိုကြမ်းတမ်းပေ၏။
လုကျိုးက တွမ့်မူရှန်း ယခုအချိန်၌ အဆင့်တက်သွားလိမ့်မည်ဟု မထင်ထားပေ။ သူက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့သည်။ ဖန်းရှုဝမ်က လက်ခါလိုက်သည်။ သူ့အဓိပ္ပာယ်က ရှင်းလင်းနေသည်။
“သိရှိ” ကျွမ်းကျင်သည့်လေးသည်တော် လီချင်းက လက်မြှောက်ပြီးနောက် ပညာရှင်လေးကို အသုံးပြုလိုက်သည်။ သူ၏ကနဦးချီနှင့် စွမ်းအင်တို့က ပေါ်ထွက်လာသည်။
လုကျိုးက မုတ်ဆိတ်သပ်လျက် အေးတိ အေးစက်ပြောလိုက်၏။
“တခြားသူတွေကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တဲ့သူတွေကို ငါ တကယ်အမုန်းဆုံးပဲ” သူက ညာလက်ကို မြှောက်ပြီးနောက် ရှေ့သို့ချိန်ရွယ်လိုက်၏။ သေးငယ်သည့် အပိုင်းအစကတ်လေးဟု ထင်ရသည့်အရာက သူ့လက်ဖဝါးထဲ၌ မုန်တိုင်းတစ်ခုဖွဲ့တည်လိုက်တော့သည်။
ဝှစ်
ပတ်ဝန်းကျင်ထဲရှိ ကနဦးချီက ထိုလေဆင်နှာမောင်းဖြင့် ချက်ချင်းစုပ်ယူခြင်းခံလိုက်ရတော့သည်။
လုကျိုးက သူ့လက်ထဲရှိ ထိုပစ္စည်းကို ညင်သာစွာ လှည့်ပတ်လိုက်တော့သည်။
ပစ်မှတ် ကျွမ်းကျင်လေးသည်တော်လီချင်း
ထိုအခြင်းအရာကို မြင်သောအခါ ဖန်းရှုဝမ်က ထိတ်လန့်သွားကာ အော်လိုက်တော့သည်။
“ရှောင်လိုက်” ယခုအချိန်တွင် လုကျိုးလှုပ်ရှားလိုက်မည်ဟု သူ မထင်ထားပေ။ လုကျိုးသည် တိုက်ပွဲကို ဆက်လက် လေ့လာမည်ဟုသာ သူယူဆခဲ့တာပဲဖြစ်၏။ ထိုစဉ် ကြီးမားသည့် လက်ချိပ်ပိတ်မှုက လေထဲတွင် ပေါ်လာတော့၏။
“မဟာကြောက်ရွံခြင်းမဲ့ တံဆိပ်တော်”
ကြောက်ရွံခြင်းမဲ့တံဆိပ်တော်က မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းကို လုံခြုံစိတ်ချမှုနှင့် အကြောက်တရား ကင်းမဲ့မှုကို ခံစားရစေ၏။
ဖန်းရှုဝမ်သည် ထိုတံဆိပ်တော်မှ အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။ သူက လီချင်းကို လက်ဝါးရိုက်ချက်ဖြင့် အမြန်လွင့်ထွက်သွားစေလိုက်၏။ လီချင်းက လေးကို ကျစ်ကျစ် ဆုပ်ကိုင်ထားကာ မဟာခန်းမအပြင်ဖက်သို့ လွင့်ထွက်သွားတော့သည်။ ကြောက်ရွံခြင်းမဲ့ မဟာတံဆိပ်တော်ကရှေ့သို့ ဆက်လက်ပေါ်ထွက်လာပြီး အရှိန်တိုးနေသည်။ ဖန်းရှုဝမ် ၎င်းကို သူ၏စွမ်းအင်ဖြင့် အတင်းအဓ္ဓမ ပိတ်ဆို့ထားလိုက်ရသည်။
ဘန်း
“အချည်းနှီးပဲ” လုကျိုးက ခေါင်းခါလိုက်သည်။ လူတိုင်းက အာစေးမိသွား၏။ သူတို့က ကြောက်ရွံခြင်းမဲ့မဟာတံဆိပ်တော် လီချင်းဆီသို့ ဝင်သွားတာကို ကြည့်နေခဲ့သည်။
အထွတ်အမြတ်ယဇ်ပလ္လင်၌ ခုံရွှမ်းတစ်ကွက်ထဲဖြင့် အသတ်ခံရသည့်အချိန်နှင့်ဆင်တူနေပေသည်။ ကွာခြားချက်က ခုံရွှမ်းသည် မဟာမိုးကြိုးဘီးလက်ချိပ်ပိတ်ခြင်းဖြင့် အသတ်ခံခဲ့ရတာဖြစ်သည်။ ကြောက်ရွံခြင်းမဲ့မဟာတံဆိပ်တော်က ပိုကြီးရုံသာမက မြန်ဆန်ပေ၏။
…
အခန်း (၈၆) တပည့်များက ကြမ်းတမ်းမြဲ ကြမ်းတမ်းနေခြင်း
လီချင်းက လေထဲ ရပ်တန့်သွားလေသည်။ သူက မြားကို စွမ်းအားဖြင့် မပစ်လွှတ်ခင် ဘယ်ဘက်လက်တွင် လေးကို ကိုင်ထားရင်း ညာဘက်လက်ဖြင့် လေးကြိုးကို ဆွဲလိုက်သည်။ သူ့အပြုအမူများက မည်မျှကျွမ်းကျင်ကြောင်း ပြသနေသည်။ သူ့လှုပ်ရှားမှုများက သဘာဝကျကာ တိကျလွန်းသည်။
ကြောက်ရွံ့ခြင်းမဲ့ တံဆိပ်တော်အား ရပ်တန့်ဖို့ နည်းလမ်း မရှိသည်မှာ ကံမကောင်းလှပေ။
လီချင်း၏ မြားက တံဆိပ်တော်ပေါ် လှိုင်းတွန့်လေးမျှသာ ချန်ထားခဲ့ပြီး ပျောက်ကွယ်သွားသည်။ သူ့မြားတံက တံဆိပ်တော်၏ စုပ်ယူမှုကို ခံလိုက်ရဟန် ပေါ်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ” လီချင်းက မျက်လုံးအပြူးသား ဖြစ်လာသည်။ နဂိုယုံကြည်ချက် ပြည့်ဝနေသော မျက်ဝန်းက အကြောက်တရားတို့ အစားထိုးဝင်ရောက်လာသည်။
တံဆိပ်တော်၏ အားကောင်းသော စွမ်းအားများက သိပ်သည်းလာကာ လီချင်း၏ ခန္ဓာကိုယ်ပေါ် ကျောက်ရည်ပူနှယ် တစ်ရှိန်ထိုး လောင်ကျွမ်းပစ်လိုက်သည်။
မည်သူကမှ လီချင်း ရှုံးနိမ့်သွားပုံကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ကြပေ။ ကြောက်ရွံ့ခြင်းမဲ့ တံဆိပ်တော်က သူတို့၏ အမြင်အာရုံကို ပိတ်ဆို့ထားလေ၏။ သူတို့က ကြောက်ရွံ့ခြင်းမဲ့ တံဆိပ်တော် ပေါ်လာပြီး ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ကြရသည်။
လီချင်း ရပ်နေသည့် နေရာမှာ လက်ရှိ ဗလာကျင်းနေလေပြီ။ သူ့ကို မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ။
ထိုအခိုက်အတန့် လေထုပင် ငြိမ်သက်သွားပုံပေါ်သည်။
ဖန်းရှုဝမ်က သူ့နောက်လိုက်ကို ကယ်တင်ရန် စိတ်ဝိညာဉ်သဏ္ဌာန် အသက်သွင်းချိန်ပင် မရလိုက်ပေ။ လီချင်းက သူ့သစ္စာအရှိဆုံးနှင့် အကူအညီပေးနိုင်ဆုံး နောက်လိုက်တစ်ဦး ဖြစ်၏။ သူ့နောက်လိုက်ကို မည်သို့ အဆုံးရှုံးခံနိုင်မည်နည်း။ သူက တံဆိပ်တော်ကို စွမ်းအားဖြင့် တားဆီးဖို့ ကြိုးစားလိုက်သော်လည်း အရာမထင်ချေ။ တံဆိပ်တော် သူ့နောက်လိုက်ဆီ ဝင်ရောက်သွားသည်ကို သူ ခိုကိုးရာမဲ့ ကြည့်နေရုံသာ တတ်နိုင်လိုက်သည်။ သူက ထိုကူကယ်ရာမဲ့ပြီး ခိုကိုးရာမဲ့သည့် ခံစားချက်ကြောင့် အတော်လေး တုန်လှုပ်သွားသည်။ ကြည့်ရသည်မှာ သူ့ပြိုင်ဘက်ဟောင်း မိစ္ဆာဝေဟင်မျှော်နန်းသခင် ကျိထျန်းတောက်က ပိုအားကောင်းလာပုံရ၏။ သူ့အနေနှင့် လက်ခံဖို့ ခက်ခဲကာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ထိုစဉ် တွမ့်မူရှန်းနှင့် အမှောင်စစ်သည်တော် နှစ်ယောက်၏ တိုက်ပွဲက အားလုံး၏ အာရုံစိုက်မှု ဖမ်းစားသွားပြန်သည်။
‘ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တကယ့် အင်အားအစစ်အမှန်လား။ ဒါပေမဲ့ သူ့သက်တမ်း ကုန်ခါနီးပြီးတော့ သူ့ကျင့်ကြံဆင့် ယိုယွင်းလာ …’
ဖန်းရှုဝမ်က စိတ်ရှုပ်သွားလေသည်။
‘သူက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်ထဲက ပညာရှင် လေးသမားတစ်ဦး လီချင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာ … ကြည့်ရတာ ကျိထျန်းတောက်ရဲ့ အင်အားက ထိပ်ဆုံးမှာ ရှိနေတုန်းပဲ’
“ရှစ်စွင်းရဲ့ စွမ်းအားက ပြိုင်ဘက်ကင်းပြီးတော့ အံ့ဩဖို့ ကောင်းတယ်” ရှောင်ယွမ်အာက ခန်းမအတွင်း တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ကာ လက်ခုပ်တီးရင်း တအံ့တဩ ပြောလိုက်သည်။ သူမက ဖန်းရှုဝမ်ကို လက်ညိုးထိုးကာ “ရှစ်စွင်း … ဒီမှာ တစ်ယောက်ကျန်သေးတယ် ”
ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးတို့လည်း အံ့အားသင့်နေကြသည်။ သူတို့က ယခုလို မယုံနိုင်ဖွယ် မြင်ကွင်းမျိုး ကြုံထားပြီးသား ဖြစ်သောကြောင့် ဖန်းရှုဝမ်လောက် အံ့ဩနေခြင်းတော့ မရှိပေ။ ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျိထျန်းတောက်၏ အဆုံးမဲ့ သိုင်းကွက်များကြောင့် တစ်ဖက်လူကို တစ်ချက်တည်းဖြင့် သတ်နိုင်ခြင်းလေလား၊ သို့တည်းမဟုတ် စွမ်းအား အထွတ်အထိပ်တွင် ရှိနေဆဲလား မသိသော်ငြား ကြောက်ရွံ့ခြင်းမဲ့ တံဆိပ်တော်နှင့် ယှဉ်လိုက်လျှင် ပိုထိတ်လန့်ဖို့ ကောင်းပေသည်။
တစ်ဖက်တွင် ယဲ့ထျန်းရှင်းက နောက်ဆုတ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်ယဲ့ယဲ့လေးက မတ်တတ်ရပ်ဖို့ အနိုင်နိုင် ဖြစ်နေသည့်အတွက် ထိုင်ခုံပေါ်တွင် ထိုင်နေရသည်။ အကယ်၍ သူမနောက်လိုက်များသာ သူမအား ကူမတွဲထားလျှင် မည်သူမှ သူမအနား မသွားချင်ကြသောကြောင့် ကူညီပေးကြမည် မဟုတ်ပေ။
ဖန်းရှုဝမ်၏ အမူအရာက သူ့မျက်နှာဖုံးအောက်တွင် မသိသာပေ။ သို့သော်လည်း သူ့တိတ်ဆိတ်နေမှုနှင့် ရုပ်တည်နေမှုကြောင့် သူက လက်မခံနိုင်ဘဲ ဒေါသထွက်နေပုံပေါ်သည်။ ခဏအကြာတွင် သူက အံ့ကြိတ်ကာ “ ခင်ဗျား တခြားမဟူရာစစ်သည်တော်တွေကို သတ်တာအတွက် ဘာအငြိုးတရားမှ မထားဘူး။ ဒါပေမဲ့ အမှောင်စစ်သည်တော် လေးယောက်ကို ထိတဲ့သူတိုင်း ငါ့ရန်သူပဲ ”
အားလုံးက ဖန်းရှုဝမ်၏ သဘောထား ပြောင်းပြန် ပြောင်းလဲသွားသည်ကို သိသိသာသာ မြင်လိုက်ကြသည်။ သူက စကားပြောသည့်အခါ ရိုကျိုးနေခြင်း မရှိတော့ပေ။ သူက လုကျိုးအား ယခင်ခေါ်သလို လေးလေးစားစား မခေါ်ဝေါ်တော့ဘဲ ခင်ဗျားဟု သုံးနှုန်းလာသည်။ ဤသည်မှာ သူ မည်မျှဒေါသထွက်နေကြောင်း သိသာ၏။
လုကျိုးက ခန်းမအပြင်ဘက်မှ တိုက်ပွဲကို ဆက်ကြည့်လိုက်သည်။
တွမ့်မူရှန်းက တိုက်ပွဲကို ကြိုးစားပမ်းစား တိုက်ခိုက်နေသည်။ ထို့အပြင် သူနှင့် နယ်ရှင်လှံတို့ကြားက ရင်းနှီးကျွမ်းဝင်မှုက ကောင်းကောင်း တိုးတက်လာသည်။ စောစောလေးက အမှောင်စစ်သည်တော် နှစ်ယောက်က အရေးသာနေသော်လည်း ဖြည်းဖြည်းချင်းဖြင့် ကျရှုံးလာသည်။ ထိုစဉ် သူတို့က လက်ရည်တူသဖွယ် ဖြစ်လာ၏။ နောက်ဆုံး၌ တွမ့်မူရှန်းက အနိုင်ရသူအနေနှင့် ပေါ်ထွက်လာမည်မှာ သိသာလှသည်။
မင်ရှစ်ရင်ကိုတော့ လုကျိုး စိတ်မပူပေ။ အမှောင်စစ်သည်တော်လေးယောက်အနက် အခြေအနေအဆိုးဆုံးမှာ လောင်တာ့ ချန်းကျုံးဟယ် ဖြစ်၏။
ရွှေနန်းဥယျာဉ်တောင်က မိစ္ဆာဝေဟင်မျှော်နန်း၏ ပိုင်နက် ဖြစ်သည်။ အကာအရံကိုလည်း အသက်သွင်းထားပြီးလေပြီ။ ရှစ်စွင်းက သူတို့ကို ကန့်သတ်ထားသောကြောင့် တပည့်များက နယ်မြေကို ကျော်လွန်၍ မသွားရဲကြပေ။ ထို့ကြောင့် သူတို့က နေ့တိုင်း တောင်ကိုသာ လှည့်ပတ်သွားလာနေသောကြောင့် သူတို့လက်ဖမိုးကဲ့သို့ ချောက်နက်များ၊ လျိုများအကြောင်း အကုန်သိထားကြသည်။
လုကျိုးက မင်ရှစ်ရင်သည် နယ်မြေကျွမ်းကျင်မှုကို အသုံးချ၍ တစ်ဖက်လူများ ကစားရန် ကြံရွယ်ထားကြောင်း သိလိုက်သည်။ လုကျိုးက မုတ်ဆိတ်မွေး အသာသပ်လိုက်ကာ ဖန်းရှုဝမ်အား ကြည့်လိုက်ပြီး “ လန်လော့ … မင်းက ကိုယ့်ဘာသာ အထင်ကြီးနေတာပဲ ”
ဖန်းရှုဝမ်က လက်နှစ်ဖက်ကို အတူတူ စုထားလိုက်ပြီးနောက် သူ့ချီစွမ်းအားက စတင် ကြီးထွားလာသည်။
အခြားလူများက နောက်ဆုတ်လိုက်ကြ၏။ သူတို့က ဖန်းရှုဝမ်သည် လှုပ်ရှားတော့မည် ဖြစ်ကြောင်း သိလိုက်ကြသည်။
“မိစ္ဆာဝေဟင်မျှော်နန်းက လီချင်းရဲ့ သေဆုံးမှုကို တာဝန်ယူပြီး ဖြေရှင်းချက် မပေးရင် မဟူရာစစ်သည်တော်နဲ့ နန်းတော်က ဒီကိစ္စကို လွှတ်ပေးမှာ မဟုတ်ဘူး” ဖန်းရှုဝမ်က စကားပြောနေစဉ် စွမ်းအားများက ပိုမို များပြားလာသည်။ သူ့စွမ်အားများက ပိုမို သိပ်သည်းကာ အားကောင်းလာသည်။
ထိုစဉ် လုကျိုးက ပုံမှန်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်၏။ သူက ဖန်းရှုဝမ်ကို ချက်ချင်း ပြန်မတိုက်ပေ။ သူက ပေနက်လွှာ ထိပ်ဆုံးသုံးယောက် စာရင်းဝင် ယခင်ပြိုင်ဘက်အနေနှင့် ဘာလုပ်နိုင်လဲ ကြည့်ချင်မိသည်။ သူက ဖန်းရှုဝမ်သည် ဤနေရာကို လာဖို့ရာ အဘယ်ကြောင့် ယုံကြည်ချက်လွန်ကဲနေကြောင်း သိချင်မိသည်။
ထိုအခိုက်အတန့် ဖန်းရှုဝမ်၏ ချီစွမ်းအားက နေရာအနှံ့ ပျံ့နှံ့သွားပြီး ဧရာမ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာသည်။
အကယ်၍ မိစ္ဆာဝေဟင်မျှော်နန်း တည်ဆောက်ပုံသာ မခိုင်မာဘဲ သီးသန့်အစီအရင်များဖြင့် မကာကွယ်ထားခဲ့လျှင် စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ထွက်လာမှုက မျှော်နန်းတစ်ခုလုံး ပြိုကျပျက်စီးသွားနိုင်သည်။
“ပွင့် … ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် …” ကျိုးကျစ်ဖုန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ထိုအရာကြောင့် ထိတ်လန့်သွားမိ၏။
အကယ်၍ သူတို့သာ လုကျိုး၏ ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်အား မမြင်တွေ့ထားခဲ့လျှင် သူတို့ ပိုကြောက်မိလောက်သည်။ ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ထဲတွင်ပင် အင်အားကွဲပြားကြသေး၏။
ကျိထျန်းတောက်က ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် ပိုင်ဆိုင်ထားသည်မှာ ပေနက်လွှာတွင် ထိပ်ဆုံးဖြစ်ခဲ့သည့် လွန်ခဲ့သော နှစ်သုံးရာခန့်က ဖြစ်သည်။ လက်ရှိ သူက ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန် ပိုင်ဆိုင်ထားလေပြီ။
လုကျိုးက မုတ်ဆိတ်မွေးကို သပ်ကာ ဖန်းရှုဝမ်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မတွေးထားပေ။ သူက စိတ်မပါတပါ ပြောလိုက်သည်။
“လန်လော့ ဒါက မင်းတတ်နိုင်တာ အကုန်ပဲလား ”
ဖန်းရှုဝမ်က အသံခပ်ဩဩဖြင့် ပြန်ပြောလိုက်သည်။
“ လွန်ခဲ့တဲ့ ရာစုနှစ်တုန်းက ကျုပ်တို့ လက်ရည်ညီခဲ့တယ် … အခု ခင်ဗျားကို အနိုင်ယူနိုင်မယ်လို့ မထင်ပေမဲ့ သရေကျသွားနိုင်တာပဲ”
သူ့စကားအဆုံးတွင် စတင် လှုပ်ရှားလိုက်သောကြောင့် အခန်းအတွင်း၌ ပုံရိပ်များသာ ချန်ထားခဲ့လေသည်။
အားလုံးက အထိတ်တလန့် နောက်ဆုတ်လိုက်ကြသည်။
ဖန်းရှုဝမ်၏ ပစ်မှတ် ဖြစ်သည့် မိစ္ဆာဝေဟင်မျှော်နန်းသခင် လုကျိုးက သူ့နေရာတွင် ရပ်နေဆဲ ဖြစ်၏။ သူက အင်္ကျီလက်ဖျားကို တစ်ချက် ခါလိုက်သည်။သူ့အင်္ကျီလက်ဖျားမှ ပိုက်ကွန်တစ်ခု ထွက်ပေါ်လာပြီး သူ့အား ကာကွယ်ပေးထားသည်။ သူက မုတ်ဆိတ်မွေးသပ်ရင်း သူ့ဘာသာ တွေးလိုက်မိသည်။
‘တောက်ကွယ်ပျောက်ခြင်းကျင့်စဉ်လား … ’
သူက ပြစ်ချက်ကင်းကတ်ကို အသုံးပြုဖို့ တွေးလိုက်သော်လည်း လှောင်ချိုင့်ကတ်ဖြင့် လုံလောက်နေပေသည်။ အောင်မြင်နှုန်းက ၃၀ ရာခိုင်နှုန်း ဖြစ်၍ သူ့ကို ထိလောက်သည် မဟုတ်ပါလော။
‘ကောင်းပြီလေ … သူ့ကို မထိရင်တောင် အာရုံပြောင်းဖို့တော့ လုံလောက်တယ်မလား ’
ပိုက်ကွန်ကြီးက အရွယ်အစား ကြီးမားလာကာ ရွှေရောင်အလင်းများ တောက်ပလာသည်။
“ဒါက ဘာတိုက်ကွက်တုန်း” အားလုံးက တစ်ခါမှ မမြင်ဖူးသည့် ပုံစံကြောင့် အံ့ဩနေကြသည်။ တာ့ယန်၌ ဤအရာနှင့် ဆင်တူသော တိုက်ကွက်မျိုး မရှိပေ။
ဖန်းရှုဝမ်က အော်ပြောလိုက်သည် “ ခင်ဗျားဘာသာ အထင်မကြီးလွန်းဘူးလား။ ဒါက ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ရဲ့ တောက်ကွယ်ပျောက်ခြင်းကျင့်စဉ်ကို တားဆီးနိုင်မယ် ထင်နေလား ”
ဝှီး ဝှီး ဝှီး …
ဖန်းရှုဝမ်က ပိုက်ကွန်ဆီ လျှပ်စီးအလျင်ဖြင့် ရောက်လာသည်။
ဆယ်မီတာ … သုံးမီတာ … တစ်မီတာ …
ချွမ်
ဖန်းရှုဝမ်က လုကျိုးဆီ မရောက်ခင် ပိုက်ကွန်က မြေပြင်ဆီ ရုတ်ခြည်း လှုပ်ရှားလာကာ ရွှေရောင်အလင်းတန်းများ ပေါ်လာပြီး ခန်းမအတွင်းမှ နေရာအများစုယူသွားသည်။
ဘန်း …
တောက်ကွယ်ပျောက်ခြင်းကျင့်စဉ် သုံးနေသော ဖန်းရှုဝမ်က သူ့အရှိန်ကို မထိန်းနိုင်တော့ဘဲ လှောင်ချိုင့်အတွင်း ပြေးဝင်သွားမိသည်။
“ တင်း … ပွင့်ချပ်ရှစ်လွှာ နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ပညာရှင်ကို ဖမ်းမိပါတယ်။ ကုသိုလ်ရမှတ် ၂၀၀ ရရှိပါမယ် ”
လှောင်ချိုုင့်ကား ဆင်းသက်လာလေသည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်သည်။
‘ လှောင်ချိုင့်ဆိုတဲ့ နာမည်အတိုင်းပါပဲလား။ ရိုးရိုး ပိုက်ကွန်တော့ မဖြစ်နိုင်ဘူးလေ။ ဒီပစ္စည်းက ငါ ထင်ထားတာထက် ပိုအသုံးဝင်သားပဲ’
သူသာ ပွင့်ချပ်ရှစ်လွှာ ပစ်မှတ်ကို သတ်လိုက်လျှင် ကုသိုလ်ရမှတ် မည်မျှရမည်ကို စဉ်းစားနေသည်။ ပစ်မှတ်ကို ဖမ်းမိခြင်းက မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်ကို ဖမ်းခြင်းထက် အမှတ်ပိုနည်းပေသည်။ အကယ်၍ လှောင်ချိုင့်ကတ်သာ ဖန်းရှုဝမ်ကို မဖမ်းမိလျှင် သူ ဆုံးရှုံးရပေဦးမည်။
ဖန်းရှုဝမ်က သီးခြားစွမ်းအားဖြင့် ဖွဲ့စည်းထားသည့် လှောင်ချိုင့်မှ လွတ်မြောက်ဖို့ ကြိုးစားနေသည်။
လုကျိုးက လက်နောက်ပစ်လျက် ရပ်ကာ မေးလိုက်သည်။
“လန်လော့ မင်းကို ထပ်မေးမယ်။ ယွီလုံရွာရဲ့ အဖြစ်အပျက်နောက်ကွယ်က ကြိုးကိုင်သူ ဘယ်သူလဲ”
တစ်ချိန်တည်းတွင် လှောင်ချိုင့်က စတင်ကျုံ့လာသည်။ ထိုမတိုင်ခင် ထိုအရာက ခန်းမကျယ်တစ်ခုလုံးနီးပါး နေရာယူထားလေ၏။ ယခုအခါ အလယ်ခေါင်သို့ စတင်ကျုံ့သွားသည်။
ဖန်းရှုဝမ်က နောက်ဆုတ်လိုက်သော်လည်း လုကျိုး၏ မေးခွန်းကို ပြန်မဖြေပေ။ သူက လှောင်ချိုင့်ပတ်လည်ကို ကြည့်လိုက်ရင်း “ ခင်ဗျား ကျုပ်ကို ဒီမှာ ပိတ်ထားနိုင်မယ် ထင်နေလား ”
…
အခန်း (၈၇) တပည့်က ထပ်မံကြမ်းတမ်း
“ခင်ဗျား ကျုပ်ကို ဒီမှာထိန်းထားနိုင်မယ်လို့ ထင်နေလား” ဖန်းရှုဝမ်၏ စကားက ယုံကြည်ချက်များ ပြည့်နေသည်။ ဆိုရလျှင် ပွင့်ချပ်ရှစ်လွှာနတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူများက သူတို့၏ကိုယ်ပိုင်ခွန်အားကို ယုံကြည်ချက်ရှိကြသည်။
နံရံလေးဖက်လှောင်အိမ်က စတုရန်းပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပြီး ဆက်လက်ကျုံ့ သွားတော့သည်။
ဖန်းရှုဝမ်က နောက်သို့ သုံးလှမ်းဆုတ်သွားသည်။ သူ့ရှေ့၌ လက်နှစ်ဖက်ကို မြှောက်ပြီးနောက် လက်သင်္ကေတများ စတင်ဖွဲ့တည်လိုက်သည်။
လုကျိုးက ခေါင်းငြိမ့်ကာ သူ့ကို ချီးကျူးလိုက်တော့၏။
“တောက်ကွယ်ပျောက်ခြင်း ခမ်းနားသောကျင့်စဉ်လား” ချုပ်နှောင်ခြင်းလှောင်အိမ်၏ အရည်အချင်းကို စမ်းသပ်ရန်အတွက် ယင်းက သူ့အဖို့ အခွင့်အရေးကောင်းတစ်ရပ်ဖြစ်သည်။ လှောင်အိမ်သည် ခမ်းနားခြင်းကျင့်စဉ်ကို ခံနိုင်ရည်ရှိမည်လော။
မျက်တောင်တခတ်အတွင်း ဖန်းရှုဝမ်က လက်ချိပ်ပိတ်မှုများ ပြီးမြောက်သွားသည်။ သူပြုလုပ်ပြီးသည်နှင့် သူ့ထံမှ စွမ်းအင်လှိုင်းတစ်ခုက ပေါ်ထွက်လာတော့၏။
ဘန်း
လှောင်အိမ်က ဆက်လက်ကျုံ့နေသည်။
ဘန်း ဘန်း ဘန်း ဘန်း
မရေမတွက်နိုင်သည့် ပုံရိပ်ယောင်များက လှောင်အိမ်၏အတွင်းနံရံကို ထိမှန်သွားစေသည်။ ယင်းက ထိန်းမနိုင်သိမ်းမရဖြစ်နေသော သားရဲတစ်ကောင်က လှောင်အိမ်ထဲတွင် သောင်းကြမ်းနေသည့်ပမာ ဖြစ်နေတော့သည်။
သာမန်လူ၏အမြင်တွင် ဖန်းရှုဝမ်၏ ပုံရိပ်ယောင်များကို အမှီလိုက်နိုင်မှာ မဟုတ်ပေ။ သူ၏ အရှိန်က မြန်ဆန်လွန်းနေ၏။ သို့သော် ကျင့်ကြံသူများကမူ ပုံရိပ်က အလွန်ရှင်းရှင်းလင်းလင်း ရှိမနေလျှင်တောင် သူ၏ လှုပ်ရှားမှုများကို လိုက်မှီနေသေးဆဲဖြစ်သည်။ ယင်းက ဖန်းရှုဝမ်၏ ခွန်အားက အတိုင်းထက်အလွန်ဖြစ်နေကြောင်းပြနေပေ၏။
တဘန်းဘန်း ဆူညံသံများက မဟာခန်းမထဲ၌ ဆက်လက်ပဲ့တင်သံထွက်ပေါ်နေတော့သည်။ သို့သော် ခမ်းနားခြင်းနည်းစနစ်ဖြင့်တောင် ဖန်းရှုဝမ်က ချုပ်နှောင်ခြင်းလှောင်ချိုင့်ထဲမှ မလွတ်မြောက်နိုင် ခဲ့ပေ။
လုကျိုးက ခေါင်းခါလိုက်၏။ မင်း ကံဆိုးတာအတွက် မင်းကိုယ်မင်းပဲ အပြစ်တင်နိုင်တယ်။ သူ့ရဲ့ဖမ်းဆီးတဲ့နှုန်းက သုံးဆယ်ရာခိုင်နှုန်းပဲရှိတာ။ ဒါတောင် မင်းက အဖမ်းခံရသေးတယ်။
ခဏအကြာတွင် ဆူညံသံက သူ့နားထဲစူးလာတာကို သိလိုက်ရသည်။ သူက အော်ပြောလိုက်၏။
“ကျုံ့စမ်း” ရိုးရှင်းသည့်အမိန့်ဖြင့် ချုပ်နှောင်ခြင်းလှောင်ချိုင့်က အံ့ဩဖွယ်ကောင်းသည့်အရှိန်ဖြင့် ကျုံ့သွားတော့သည်။
ခွပ်
ဖန်းရှုဝမ်၏ သံချပ်ကာနှင့် မျက်နှာဖုံးက ကွဲကြေသွားကာ သူ၏မျက်နှာပေါ်လာတော့၏။ ယခု လှောင်ချိုင့်ကိုယ်တိုင်က ကျုံ့သွားပြီး သူ၏ခန္ဓာကိုယ်နှင့် ချုပ်နှောင်ပြီးသားဖြစ်သွား၏။
လုကျိုးသည် ဖန်းရှုဝမ်ကို ထူးမခြားနားတစ်ချက်ကြည့်ပြီးနောက် သူ၏အကြည့်က မလှမ်းမကမ်းသို့ရောက်သွား၏။
ဖန်းရှုဝမ်၏မျက်နှာက ပုံပျက်နေပြီး သူ့ကိုအလွန်ကြောက်မက်ဖွယ်ကောင်းစေ၏။ ဆိုရိုးစကား ရှိသည့်အတိုင်း မြစ်တလျှောက် ရံဖန်ရံခါ ခရီးသွားခဲ့ရလျှင် လူတစ်ယောက်၏ ဖိနပ်ကို ခြောက်သွေ့အောင်ထိန်းထားနိုင်ရန် ခက်ခဲပေသည်။ ဖန်းရှုဝမ်က လွန်ခဲ့သည့်အနှစ်သုံးရာ၌ မကောင်းမှုမျိုးစုံကို ကျူးလွန်ခဲ့သည်။ ထိုအတွက် အမာရွတ်များစွာ ရရှိခဲ့တာ အံ့ဩသင့်ဖွယ် မရှိပေ။ ထိုသို့ ဖြစ်ပေါ်လာပြီးနောက် သူသည် ကျိထျန်းတောက်နှင့် လုံးဝကွဲပြားခြားနားသော လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းခဲ့သည်။ ဤအခြေအနေတွင် သူ့ကို မြင်တွေ့ရခြင်းက ရွဲ့စောင်းရာရောက်နေသည်။
လုကျိုးက ပြောလိုက်၏။ “အစကနေ အခုထိ အထင်ကြီးလွန်းခဲ့တာ မင်းပဲ”
ယခုအချိန်တွင် ဖန်းရှုဝမ်က ရုန်းကန်တာကို လက်လျှော့လိုက်ပြီဖြစ်သည်။ လှောင်အိမ်က သူ့ကို နေရာတွင်ပင် ချုပ်နှောင်ထားနိုင်ရုံသာမက သူ၏ကျင့်ကြံဆင့်ကိုပါ ထိခိုက်စေကြောင်းအာရုံခံမိ၏။ သူ၏ စွမ်းအင်ဗဟိုချက် ချီပင်လယ်ထဲရှိ ကနဦးချီများကို လှည့်ပတ်ရန်ကြိုးစားခဲ့သော်ငြား အရာမထင်ခဲ့ပေ။ ရုပ်ပိုင်းဆိုင်ရာခွန်အားကို အသုံးပြုပြီး လွတ်မြောက်အောင် အတွေးကိုမူ တွေးတောင် မတွေးနိုင်တော့ချေ။ သူက လုကျိုးကိုကြည့်ပြီး သူ၏ရှုံးနိမ့်မှုကို လက်မခံလိုတာ သိသာနေပေ၏။
လုကျိုးကလည်း အနှောင့်အယှက်ဖြစ်ပုံမပေါ်။ အရာအားလုံးက သူ၏အစီအစဉ်အတိုင်း ဖြစ်သွားနေ၏။
“လောင်... လောင်ချန်ပေ့ ခင်ဗျား ဘာလိုချင်တာလဲ” ဖန်းရှုဝမ်က ဇဝေဇဝါဖြစ်သွား၏။ မိစ္ဆာဝေဟင်မျှော်နန်း၏ ခွန်အားက သူတွေးထင်ထားတာထက် အမှန်တကယ် ကျော်လွန်နေပေသည်။ ယနေ့ဖြစ်ပျက်သွားတာအားလုံးက သူ၏ တွေးထင်ထားမှု အပြင်ဖက်သို့ ရောက်ရှိနေသည်။
လုကျိုးက အေးတိအေးစက်မေးလိုက်သည်။
“ယွီလုံရွာ အဖြစ်အပျက်နောက်ကွယ်က ကြိုးကိုင်တဲ့သူက ဘယ်သူလဲ”
ဖန်းရှုဝမ်သည် ထိုအစွမ်းထက်သော မိစ္ဆာကြီးက မဟူရာစစ်သည်တော်များကို တိုက်ခိုက်ခဲ့ပြီး နန်းတော်ထဲရှိအရေးပါသောလူများကို တိုက်ခိုက်ခဲ့ခြင်းက သစ္စာဖောက်တစ်ယောက်အတွက်ဆိုတာ သူ မယုံနိုင်ဖြစ်နေသည်။ သူက ချောင်းဆိုးပြီးနောက် တစ်ဖက်လှည့်လိုက်၏။
လုကျိုးက စိတ်ထဲမထားဘဲ သူကပြောလိုက်တော့သည်။
“ငါ့မှာ အချိန်ရှိတယ်”
“အချိန်လား” ဖန်းရှုဝမ်က ရယ်မောလိုက်သည်။ “ဆယ့်ငါးနှစ် မင်းကို အလွန်ဆုံးအချိန် ဆယ့်ငါးနှစ်ပေးမယ်။ ပြီးရင် မင်းကို ဘယ်သူက မှတ်မိမှာလဲ”
ရှောင်ယွမ်အာက လက်မြှောက်ပြီး ပြန်ပြောလိုက်၏။ “တပည့်မှတ်မိမှာ"
“...”
ဖန်းရှုဝမ်သည် ထိုမိန်းမငယ်လေးကို ဆွံ့အစွာကြည့်လိုက်တော့သည်။
လုကျိုးက ပြောလိုက်၏။ “ဒါအရေးမကြီးဘူး”
“လောင်ချန်ပေ့ ကျုပ်ကို သတ်လည်းအကျိုးမထူးဘူး။ မဟူရာစစ်သည်တော်ထဲဝင်ခဲ့တဲ့ သူအားလုံးက အသက်ဆုံးရှုံးခံဖို့ ပြင်ထားပြီးသားပဲ။ ကျုပ်တို့အားလုံးကို သတ်ခဲ့ရင်တောင် ကျုပ်တို့ဆီကနေ ဘာမှရမှာမဟုတ်ဘူး”
“ခေါင်းမာလိုက်တာ”
လုကျိုးက ခေါင်းခါလိုက်သည်။ ပြီးနောက် သူသည် ဖန်းရှုဝမ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခံမနေတော့ပေ။ ဆိုရလျှင် ဖန်းရှုဝမ်က မဟူရာစစ်သည်တော်ထဲ၌ အနှစ်သုံးရာ ကုန်ဆုံးခဲ့တာဖြစ်သည်။ ဖိနှပ်မှုကို တင်းခံကာ သူ၏ ပါးစပ်ပိတ်ထားဖို့က သူ့အတွက် အချိန် လုံလောက်တာထက်ပိုသည်။ ဖန်းရှုဝမ်ကဲ့သို့ တစ်စုံတစ်ယောက်ကို အသက်အန္တရာယ်ဖြင့် ခြိမ်းခြောက်၌မရပေ။
မည်သည့်နည်းနှင့်မဆို လုကျိုးက အလျင်မလိုချေ။ ဤမြေရှိလူတိုင်းက သူသည် နောက်ထပ်ဆယ်စုနှစ် တစ်စုသာ အသက်ရှင်ရမည်ဟု တွေးထင်နေသောကြောင့် သူတို့မုန်းတီးသွားစေရန် ကောင်းကောင်းမွန်မွန် အသက်ရှည်ရှည်နေထိုင်သွားရန် အကောင်းဆုံး ကြိုးစားပေမည်ဖြစ်သည်။
မဟာခန်းမ အပြင်ဖက်တွင်ဖြစ်သည်။ တွမ့်မူရှန်းသည် ပွင့်ချပ်တစ်လွှာပေါ်ပေါက်လာပြီးနောက် နောက်ထပ် လူတစ်ဦးအဖြစ်အသွင်ပြောင်းလဲသွားပုံရသည်။ သူ၏ ကနဦးချီများက ရဲတင်းလွန်းပြီး လှုပ်ရှားမှုများက ကြမ်းတမ်းကာ အရိုင်းဆန်၏။ ထို့သို့တိုင်စိတ်ကမူ အကင်းပါးနေသေး၏။ သူက မဟူရာစစ်သည်နှစ်ဦး၏ တိုက်ခိုက်မှုသူ့ဆီရောက်မလာခင်၌ အမြဲတမ်း ရှောင်တိမ်းနိုင်ခဲ့သည်။
သုံးယောက်တိုက်ပွဲက အမှန်တကယ်ပြင်းထန်ပေ၏။ မဟာခန်းမအပြင်ဘက်ရင်ပြင်၏ ထုံးကျောက် များတောင် အပြည့်အဝ ပျက်စီးနေခဲ့ပြီဖြစ်သည်။ သို့သော် ယခုက ထိုကိစ္စရပ်များ အကြောင်း စိုးရိမ်ပူပန်ရမည့်အချိန် မဟုတ်ပေ။
လုကျိုးသည် မုတ်ဆိတ်သပ်လျက် တိုက်ပွဲကို တည်ငြိမ်စွာလေ့လာနေပေ၏။ သုံးယောက်သားက တိုက်ပွဲထဲပိတ်မိနေသည်။ ခဏအကြာတွင် သူက လေးနက်သည့်အသံဖြင့် ပြောလိုက်တော့၏။
“နှေးလွန်းတယ်” သူ၏အသံက ကနဦးချီဖြင့် ရောနှောသွားကာ တွမ့်မူရှန်း၏နားထဲ ရောက်သွား တော့သည်။
တွမ့်မူရှန်းက သူ့ဆရာဆိုလိုတာကို နားလည်ပေသည်။ သူလှုပ်ရှားသည်နှင့် အရှိန်ကရုတ်တရက် တိုးလာတော့၏။ ယခုအချိန်တွင် သူအသုံးပြုနေသည့် နယ်ရှင်လှံကို မမြင်နိုင်တော့ပေ။ ပုံရိပ်ယောင်များသာ နေရာအနှံ့တွေ့နေရ၏။
မဟူရာစစ်သည်တော်နှစ်ဦးက အနည်းငယ်ထိတ်လန့်အံ့ဩသင့်သွားသည်။ အတော်ကြာ တိုက်ခိုက် ပြီးနောက် သူတို့အဖို့သူတို့၏အရှိန်နှင့် ခွန်အားကို ထိန်းသိမ်းနိုင်ရန် ခက်ခဲနေပေလိမ့်မည်။ သို့သော် တွမ့်မူရှန်းက သူ၏အရှိန်နှင့် ခွန်အားကို ထိန်းထားနိုင်ရုံသာမက တိုးတက်လာပုံရ၏။
“မကောင်းဆိုးဝါးတစ်ကောင်ပဲ”
လုကျိုးက တိုက်ပွဲကို လက်ညှိုးထိုးပြီးနောက် ပြောလိုက်တော့၏။
“လန်လော့ မင်းက မင်းကိုယ်မင်း အထင်ကြီးလွန်းရုံတင်မကဘူး။ မိစ္ဆာဝေဟင်မျှော်နန်းကို အမှန်တကယ် လျှော့တွက်ခဲ့တာပဲ”
တွမ့်မူရှန်းက မြန်မြန်ဆန်ဆန်ပင် အသာစီးရသွားတာ သိသာနေပေ၏။
မဟူရာစစ်သည်တော်နှစ်ဦးကလည်း သူတို့အပေါ်ဖိအား ရုတ်တရက်တိုးသွားတာကို ခံစားမိပြီး လှံမှ ပုံရိပ်ယောင်ထောင်ချီက သူတို့ဆီရောက်လာနေသည်။ တိုက်ကွက်များက သူတို့၏စွမ်းအင်ကို ထိခိုက်ပုံမရ။ သူတို့စိတ်ဝိညာဉ်သဏ္ဌာန်မှ ကာကွယ်ပေးမှုကြောင့် အထိအခိုက်မရှိပုံရသည်။ နယ်ရှင်လှံ၏ အလားအလာအပြည့်အဝထုတ်ဖော်ခဲ့လျှင် ယင်းက စိတ်ဝိညာဉ်သဏ္ဌာန်ကိုတောင် ဖြိုခွင်းနိုင်၏။
မဟူရာစစ်သည်တော်နှစ်ဦးက ဖိအားအောက်နှစ်မြုပ်နေစဉ် သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်များဖြင့် ပြန်ဆုတ်လိုက်တော့သည်။
“မဖြစ်နိုင်တာ” ပွင့်ချပ်တစ်လွှာပေါ်ကာစ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူတစ်ဦးက ပွင့်ချပ်နှစ်လွှာနှင့် ပွင့်ချပ်သုံးလွှာနတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူကို တပြိုင်နက်တည်း မည်ကဲ့သို့ တိုက်ခိုက်နိုင်မည်နည်း။
တွမ်မူရှန်း ခုန်ဝင်လာသည့်အချိန်တွင် လုကျိုးက သူ့ကိုပြောလိုက်တော့သည်။ “အခုမသုံးရင် မင်းရဲ့ အသန်မာဆုံးကျင့်စဉ်ကို ဘယ်အချိန်မှသုံးမှာလဲ”
ကျင့်စဉ်တစ်ခု၏ အသန်မာဆုံးနည်းစနစ်က ခမ်းနားခြင်းနည်းစနစ်ဖြစ်သည်။ ခမ်းနားခြင်း နည်းစနစ်က လူတစ်ဦး၏ကနဦးချီများစွာကို ကုန်ခမ်းစေသည်။ ထို့ကြောင့် ကျင့်ကြံသူတစ်ဦးသည် ခမ်းနားခြင်းနည်းစနစ်များကို အဆင်အခြင်မဲ့ မထုတ်ဖော်ကြပေ။
သို့သော် တွမ့်မူရှန်းကမူ အကန့်အသတ်မဲ့ ကနဦးချီများဖြည့်ထားသည့် ယန္တရားတစ်ခုပမာ ဖြစ်နေသည်။ သူက အရှိန်လျော့မည့် လက္ခဏာရပ်မပြခဲ့ပေ။ သူ့ဆရာ၏ စကားကို နားထောင်ပြီးနောက် သူ့တွင် ယုံကြည်ချက်များပြည့်နေတော့၏။ သူက နယ်ရှင်လှံကို ဆွဲထုတ်ပြီးနောက် လုကျိုးခမ်းနားခြင်းကျင့်စဉ်ကို သရုပ်ပြထားသည်ကို သူမှတ်မိသည်။ လှံနှင့်ဓားက အဆုံးသတ်ခြင်း ဆင်တူပေ၏။ သူက အော်ပြောလိုက်သည်။
“မပြည့်စုံသော နတ်ဒေဝါဖျန်ဖြေခြင်း"
ချက်ချင်းပင် မရေမတွက်နိုင်သည့် လှံအရိပ်များပေါ်ပြီးဆင်းသက်လာတော့သည်။
“နောက်ဆုတ်” မဟူရာစစ်သည်တော်နှစ်ဦးက နောက်သို့အမြန်ဆုတ်လိုက်သည်။ ကံဆိုးသည်မှာ နောက်ကျသွားပြီဖြစ်၏။
ဘန်း ဘန်း ဘန်း
မဟူရာစစ်သည်တော်နှစ်ဦး၏ ကာကွယ်ရေးစွမ်းအင်များက နယ်ရှင်လှံ၏ ဖြိုခွင်းခြင်း ခံလိုက်ရသည်။ တစ်ချိန်ထဲတွင် လှံအရိပ်က သူတို့ကို ဘယ်ညာတိုးဝင်လာတော့၏။ လျင်မြန်ဖျတ်လတ်သည့် ထိုးနှက်ချက်နှစ်ခုဖြင့် သူတို့ကိုလွင့်ထွက်သွားစေတော့သည်။
ခွပ်
မဟူရာစစ်သည်တော်နှစ်ဦးက ပျက်စီးနေသောထုံးကျောက်ကြမ်းပြင်ပေါ်ပြုတ်ကျသွားတော့၏။ သူတို့ပခုံးပေါ်ရှိဒဏ်ရာမှသွေးများ စီးကျလာတော့သည်။ သွေးထွက်နေသည့် ပခုံးကို လက်ဖြင့် ဖိနှိပ်ထားပြီး တွမ့်မူရှန်းကို ကြောက်လန့်တကြားကြည့်လိုက်၏။ သူတို့အပြည့်အဝ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ ယင်းက ချုံခိုတိုက်ခိုက်ခြင်း သို့မဟုတ် ချောင်းမြောင်းတိုက်ခိုက်ခြင်းမဟုတ်ပေ။ တွမ့်မူရှန်းက သူတို့ကို မျှမျှတတ အနိုင်ယူခဲ့တာပဲဖြစ်၏။
လုကျိုး၏ အမူအရာက တည်ငြိမ်နေသည်။ သူက မုတ်ဆိတ်သပ်လျက် ခေါင်းညိမ့်လိုက်သည်။
အောင်ပွဲဖြင့် တွမ့်မူရှန်း၏ ယုံကြည်ချက်က မိုးထိအောင်မြင့်တက်လာတော့၏။ သူက ပျော်ရွှင်ကြည်နူးနေသည်။ သူက ဒူးတစ်ဖက်ထောက်ကာ လက်နှစ်ဖက်ကိုဆုပ်လျက် ပြောလိုက်တော့သည်။
“ရှစ်စွင်း လမ်းညွှန်ပေးတာအတွက် ကျေးဇူးတင်ပါတယ်။ ရှစ်စွင်းကို စိတ်မပျက်စေခဲ့မိဘဲ ဒီနှစ်ယောက်ကို အနိုင်ယူနိုင်ခဲ့တာ တပည့် ဝမ်းသာတယ်”
သူက ယွဲ့ကျုံးနှင့် တွမ့်ယန်ဟုန်တို့ကို နယ်ရှင်လှံဖြင့် ရွယ်လိုက်၏။ ရွယ်ထားကာ သူနှာခေါင်းအောက်မှ သူတို့ထွက်ပြေးသွားမှာကို စိုးရိမ်နေသည်။
ဖန်းရှုဝမ်က လှောင်အိမ်တိုင်များကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။ သူ၏ မျက်လုံးထဲ မယုံနိုင်မှုများပြည့်နေတော့၏။
“တစ်ယောက်ရှိသေးတယ်” လုကျိုးက အေးတိအေးစက်ပြောလိုက်သည်။
ဖန်းရှုဝမ်က တံတွေးမျိုချလိုက်မိသည်။ အစပိုင်း ယုံကြည်ချက်များနှင့် သတ္တိတို့သည် ဆက်တိုက်ထိုးနှက်ချက်များကြောင့်လွင့်ပျယ်သွားခဲ့ပြီဖြစ်သည်။
“ဒီလက်အောက်ငယ်သားက အသုံးမကျပါဘူး”
“ဒီလက်အောက်ငယ်သားက အသုံးမကျပါဘူး”
ယွဲ့ကျုံးနှင့် တွမ့်ယန်ဟုန်တို့က တညီတညွတ်တည်းအော်ကာ အလွန်ရှက်နေကြသည်။ ထိုစကားကို ကြားသောအခါ ရှောင်ယွမ်အာက ပြောလိုက်သည်။
“နင်တို့ကို နင်တို့ အသုံးမဝင်ဘူးလို့ ခေါ်နေဖို့ မလိုပါဘူး။ ငါ့ရဲ့ရှစ်စွင်း အနိုင်ယူတာခံလိုက်ရတယ်ဆိုမှတော့ နောင်ကျ ကြွားလို့ရပြီလေ”
တွမ့်မူရှန်းက ခေါင်းကုတ်လိုက်၏။ သူတို့ကို အနိုင်ယူလိုက်တာ ငါမဟုတ်ဘူးလား။
…
အခန်း (၈၈) မရည်ရွယ်ပါဘူး
ရှောင်ယွမ်အာက တခစ်ခစ် ရယ်မောလျက် လုကျိုးဘေးနား ရောက်လာပြီး ပြောလိုက်သည်။
“ စန်းရှစ်ရှိုးက ရှစ်စွင်းကို ကျေးဇူးတင်သင့်တယ်နော်။ ရှစ်စွင်း ပေးထားတဲ့ နယ်ရှင်လှံကြောင့် ပွင့်ချပ်တစ်လွှာ ထွက်လာခဲ့တာ မဟုတ်ဘူးလား ”
ရှောင်ယွမ်အာက နယ်ရှင်လှံအကြောင်း ညွှန်းဆိုသည့်အခါ အခြားလူများက မနာလိုဖြစ်လာကြသည်။ တိုက်ပွဲ၏ အထင်ရှားဆုံးမှာ နယ်ရှင်လှံသာ ဖြစ်၏။
အမှောင်စစ်သည်တော် နှစ်ယောက်ဖြစ်သည့် ယွဲ့ကျုံးနှင့် တွမ့်ယန်ဟုန်တို့က အရှုံးကို လက်ခံလိုက်ကြသည်။ သူတို့က တွမ့်မူရှန်းကဲ့သို့ မကောင်းဆိုးဝါး လက်အောက်တွင် ရိုက်နှက်ခံနေရသည် မဟုတ်ပါလော။ ထို့အပြင် သူ့ဆီတွင် ကောင်းကင်အဆင့် လက်နက်လည်း ရှိနေသေး၏။
တွမ့်မူရှန်းက ခေါင်းညိတ်ကာ “ ရှစ်မေ့ပြောတာ ဟုတ်တယ်။ ကျွန်တော်ရဲ့ မပြည့်စုံသောနတ်ဒေဝါ ဖျန်ဖြေခြင်းက ရှစ်စွင်းကို မီဖို့ အဝေးကြီးလိုပါသေးတယ်။ တကယ်လို့ နယ်ရှင်လှံကြောင့်သာ မဟုတ်ရင် ဒီနှစ်ယောက်ကို အနိုင်ပိုင်းနိုင်မှာ မဟုတ်ဘူး ”
ယွဲ့ကျုံးနှင့် တွမ့်ယန်ဟုန်တို့က ခက်ခက်ခဲခဲ ကြည့်လိုက်ကြသည်။ သူတို့က ချည်နှောင်ခံထားရသည့် ဖန်းရှုဝမ်ကို မြင်လိုက်ရသည့်အခါ တုန်လှုပ်သွားကြသည်။
မဟူရာစစ်သည်တော် ခေါင်းဆောင်၊ ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ပိုင်ရှင်က ပြန်လည် တိုက်ခိုက်ဖို့ အင်အားမဲ့နေသည်တဲ့လား။
အနည်းဆုံးတော့ သူတို့က ရှုံးနိမ့်သွားသော်ငြား ပွင့်ချပ်နှစ်လွှာ၊ ပွင့်ချပ်သုံးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်များဖြင့် စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့သေးသည် မဟုတ်ပါလော။ သူတို့ခေါင်းဆောင်၏ ကျင့်ကြံဆင့်ဖြင့် ကျိထျန်းတောက်နှင့် အနိုင်အရှုံးမကွဲခင်အထိ သုံးရက်သုံးည တိုက်ခိုက်သင့်ပေသည်။ သူတို့က တိုက်ပွဲထဲ အာရုံရောက်နေသောကြောင့် မိစ္ဆာဝေဟင်မျှော်နန်း ခန်းမအတွင်းမှ အဖြစ်အပျက်များကို မသိလိုက်ကြပေ။
ထိုစဉ် လုကျိုးက ပုံမှန်ရက်များကဲ့သို့ ခန်းမအတွင်း မတ်တတ်ရပ်နေဆဲ ဖြစ်သည်။ သူက ယွဲ့ကျုံးနှင့် တွမ့်ယန်ဟုန်တို့အား ကြည့်လိုက်ပြီးနောက် အေးစက်စက် ပြောလိုက်သည်။
“ သူတို့ကျင့်ကြံဆင့်ကို စည်းပိတ်လိုက် ”
“ နားလည်ပါပြီ ” တွမ့်မူရှန်းက လက်နှစ်ဖက်ယှက်ကာ ပြန်ဖြေလိုက်သည်။
ထိုအခိုက်အတန့်၌ ဖန်ကျုံးက ရှေ့ထွက်လာကာ
“ကျွန်တော့်ဆီ အပ်လိုက်ပါ။ ကျွန်တော်က ဒီနယ်ပယ်မှာ ကျွမ်းကျင်တယ် … ကျင့်ကြံသူရဲ့ ကျင့်ကြံဆင့်က စွမ်းအင်ဗဟိုချက်ကနေ သူတို့ချီသွေးကြော ရှစ်ခုကို ဖြတ်လာတဲ့ လှည့်ပတ်မှုပေါ် အခြေခံထားတာပဲ။ စည်းပိတ်တဲ့နည်းလမ်းက ကြည့်သလောက် မလွယ်ဘူး။ ဉာဏ်များကြတဲ့လူတွေက သူတို့သွေးကြော ပြန်ဖွင့်နိုင်အောင်လို့ စွမ်းအင်ဗဟိုချက်ကို ညှိထားတတ်ကြတယ် ”
လုကျိုးက လက်နောက်ပစ်လျက် ရပ်နေရင်း ခေါင်းညိတ်ကာ “ အမှန်ပဲ … ကျင့်မင်တာအိုဂိုဏ်းရဲ့ သွေးကြောပိတ် ပညာရပ်က ထူးခြားပြီး အားသာချက်တွေ ရှိတယ် ”
ဖန်ကျုံးက လုကျိုး၏ ချီးကျူးမှုကို ကြားလိုက်ရသည့်အခါ ပို၍ တက်ကြွလာသည်။
ယွဲ့ကျုံးက ဖန်ကျုံးအား စိုက်ကြည့်ကာ “ကျင့်မင်တာအိုဂိုဏ်းက ဖြောင့်မတ်ခြင်းလမ်းစဉ်က ဂုဏ်သိက္ခာရှိတဲ့ဂိုဏ်းပါ။ မင်းလိုမျိုး သစ္စာဖောက် ဘယ်လိုလုပ် ရှိနေရတာလဲ ”
ထိုစကားများက ဖန်ကျုံး၏ အရှိုက်ကို ထိသွားစေသည်။
“ပါးစပ်ပိတ်ထား …”
သူက ခပ်သွက်သွက် လှုပ်ရှားကာ သွေးကြောပိတ် ပညာရပ်ကို မြန်မြန် အသက်သွင်းလိုက်သည်။
ဘေးတွင် တွမ့်မူရှန်းက နယ်ရှည်လှံကို ကိုင်ရင်း ကြည့်နေသည်။ သူက အမှောင်စစ်သည်တော်နှစ်ယောက်ကို စောင့်ကြည့်နေလေ၏။ အကယ်၍ သူတို့သာ ရုတ်ခြည်း လှုပ်ရှားလာခဲ့လျှင် သူက နှစ်ယောက်လုံးကို အသေကောင်အဖြစ် ချက်ချင်း ပြောင်းလဲပစ်လိုက်မည်။
ဖန်ကျုံးအတွက် ယွဲ့ကျုံးနှင့် တွမ့်ယန်ဟုန်တို့၏ ကျင့်ကြံဆင့်ကို စည်းပိတ်ဖို့ သိပ်မကြာလိုက်ပေ။ သူက နတ်ဒေဝါ ဦးတည် နယ်ပယ်အဆင့်ဖြစ်၍ နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ပညာရှင်နှစ်ဦး၏ ကျင့်ကြံဆင့်ကို ပိတ်ဖို့ရာ သူ့စွမ်းအား အားလုံးနီးပါး ထုတ်သုံးခဲ့ရသည်။ သူက ချီစွမ်းအားပင် မကျန်ရှိတော့ပေ။ သူက နဖူးမှချွေးကို သုတ်လိုက်ပြီးနောက် လက်နှစ်ဖက်ယှက်ကာ “မျှော်နန်းသခင်… ကျွန်တော် အားလုံးကို စည်းပိတ်ထားပြီးပါပြီ။ ကျွန်တော်ကလွဲရင် ဘယ်သူမှ ပြန်ဖွင့်နိုင်မှာ မဟုတ်ပါဘူး ”
လုကျိုးက လက်အသာယမ်းပြလိုက်ပြီးနောက် ဖန်ကျုံးက သူ့နေရာသူ ပြန်သွားလိုက်သည်။
ထို့နောက် လုကျိုးက ပြောလိုက်သည် “ သူတို့ကို ပိတ်ထားပြီး ဆက်တိုက် စောင့်ကြည့်နေ”
သူတို့ကျင့်ကြံဆင့် ပိတ်ထားလျက်ပင် သူက တစ်ချိန်လုံး စောင့်ကြည့်ဖို့ လူထားထားချင်သေး၏။ ဖန်ကျုံးအနေနှင့် ယုံကြည်ချက်ရှိသည်က ကောင်းသော်လည်း ယုံကြည်ချက်လွန်ကဲမှုက ကိုယ့်ဘာသာ အထင်ကြီးလွန်းနေသည်။
“နားလည်ပါပြီ ” ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က ရှေ့ထွက်လာကာ သူတို့နှစ်ယောက်အား ဆွဲခေါ်သွားလိုက်သည်။ သူတို့ကျင့်ကြံဆင့် မရှိဘဲ သူတို့က စဉ်းတီတုံးပေါ်မှ အသားတုံးလို ဖြစ်နေသည်။
လုကျိုးက ခန်းမအတွင်းမှ သူ့ထိုင်ခုံဆီ ပြန်သွားလိုက်သည်။ သူက ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီး လှမ်းခေါ်လိုက်သည်။
“ယဲ့ထျန်းရှင်း ”
ယဲ့ထျန်းရှင်းက တုန်သွားလေသည်။ သူမ၏ အားနည်းလွန်းသော အခြေအနေကြောင့် အင်မတန် နာကျင်နေပုံရသည်။ လုကျိုးက သူမနာမည် ခေါ်လိုက်သည့်အခါ သူမက ထိုင်ခုံပေါ်မှ ပြုတ်ကျသွားပြီး ဒူးထောက်လျက်သား ဖြစ်သွားသည်။ သူမက စိတ်ခံစားချက်အပြည့်ဖြင့် ခေါ်လိုက်သည်။
“ရှစ်… ရှစ်စွင်း … ”
လုကျိုးက မပြောင်းမလဲ အမူအရာဖြင့် ခေါင်းခါလိုက်ပြီး ယဲ့ထျန်းရှင်းအား လျစ်လျူရှုထားလိုက်သည်။ ထိုအစား သူက ဖန်းရှုဝမ်အား ကြည့်ကာ “ လန်လော့ … မင်းကို အခွင့်အရေးအများကြီး ပေးပြီးပြီ။ မင်းက တန်ဖိုးမထားတတ်မှတော့ ငါ့ကို ရက်စက်တဲ့အတွက် အပြစ်မတင်နဲ့ ”
ဖန်းရှုဝမ်က သူ့ဘာသာ အားတင်းကာ ထရပ်လိုက်သည်။ လှောင်ချိုင့်က သူ့အား တင်းကျပ်ရစ်ပတ်ထားစေသည့် မှော်ပညာလိုမျိုး ချုပ်နှောင်ထားသည်။ သူက ပြောလိုက်သည်။
“ လောင်ချန်ပေ့ အချိန်ဖြုန်းနေဖို့ မလိုပါဘူး။ ကျုပ် ရှုံးနိမ့်သွားမှတော့ သေဖို့ တန်ပါတယ် ”
လုကျိုးက ခေါင်းခါကာ
“ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ပိုင်ရှင်က နန်းတော်က လူအတွက် လျှို့ဝှက်ချက်ကို ထိန်းထားပေးနေတယ်။ အဲဒီလူက မင်းအသက် အလကားဖြစ်စေဖို့ ထိုက်တန်လို့လား”
ယခုအချိန်တွင် သူက နောက်ကွယ် ကြိုးကိုင်သူ၏ အကြောင်းမှန်ကို ဖော်ထုတ်နိုင်မည်ဟု မထင်ပေ။ ပွင့်ချပ်ရှစ်လွှာ ပါရမီရှင်က ထိုလျှို့ဝှက်ချက်ကို ငရဲအထိ သူနှင့်တစ်ပါတည်း ယူဆောင်သွားလေမည်။ ထို့ကြောင့် ထိုကိစ္စကို စုံစမ်းဖို့အတွက် နောက်တစ်နည်းကို ရှာရမည်။
ဖန်းရှုဝမ်က ပြောလိုက်သည်။
“ စကားတွေပြောနေလို့ အကျိုးမရှိဘူး ”
လုကျိုးက ခေါင်းယမ်းလိုက်မိသည်။ သူ့အပြုအမူများက ပုံမှန်အတိုင်း အေးစက်နေဆဲ ဖြစ်၏။ ထိုစဉ် စနစ်မှ အချက်ပေးသံ ထွက်ပေါ်လာသည်။
“ တင်း … မင်ရှစ်ရင်က နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ် ပစ်မှတ်ကို သတ်လိုက်ပါပြီ။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် တစ်ထောင် ရရှိပါမယ် ”
လုကျိုးက ထိုအရာကို ကြားသည့်အခါ မည်သည့်ခံစားချက်မှ မပြပေ။ သူက ခေါင်းသာ အသာယမ်းလိုက်ပြီး “ အမှောင်စစ်သည်တော် ချန်းကျုံးဟယ် … သူ အသက်ဆက်ရှင်နေဦးမယ် ထင်လား ”
ဖန်းရှုဝမ်က လုကျိုးသည် သူ့အား စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ဖို့ ကြိုးစားနေသည်ဟု တွေးလိုက်မိသည်။ သူက လှောင်ကာ ပြောလိုက်သည်
“ချန်းကျုံးဟယ်က အရည်အချင်း ရှိတယ်။ မင်ရှစ်ရင်က အရမ်းအားကောင်းနေရင် သူ ခန်းမအတွင်းကနေ ထွက်မသွားသင့်ဘူး။ နေရာကျယ်လေလေ ချန်းကျုံးဟယ်အတွက် ပိုအရေးသာလေလေပဲ … ခင်ဗျားက လီချင်းကို သတ်လိုက်တယ်။ ချန်းကျုံးဟယ်က မင်ရှစ်ရင်ကို သတ်လိမ့်မယ်။ ကျုပ်တို့ မျှတသွားတာပေါ့ ”
ရှောင်ယွမ်အာက ထိုစကားများကို သည်းမခံနိုင်တော့ဘဲ ချက်ချင်း ကျိန်ဆဲတော့သည်။
“ ခွေးစကားတွေ … ”
“လေလုံးကြီးတာလား ” ဖန်းရှုဝမ်က စကားဆက်မပြောခင် အားရပါးရ ရယ်မောလိုက်ပြီးနောက် “ ကောင်မလေး … မိစ္ဆာဝေဟင်မျှော်နန်းက အားကောင်းပေမဲ့ မင်းကို ရေတွင်းထဲက ဖားသူငယ်လို ဖြစ်စေတာပဲ။ ဟိုးအရင်နှစ်တွေတုန်းက ငါ လျှောက်သွားနေတုန်းက မင်းတို့ဆရာတောင် ငါ့ကို မတားနိုင်ဘူး။ ငါ့ကို ဘာလို့ စိုက်ကြည့်နေတာလဲ ”
ရှောင်ယွမ်အာက မှုန်ကုပ်ကုပ်ဖြင့် လှည့်ထွက်သွားပြီး ခန်းမအပြင်ဘက်ကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။
တွမ့်မူရှန်း၊ ယဲ့ထျန်းရှင်းနှင့် လရောင်ဆွတ်နန်းဆောင်မှ ကျင့်ကြံသူများ လှည့်ကြည့်နေကြသည်ကို မြင်လိုက်သည့်အခါ ဖန်းရှုဝမ်ကို လှောင်ချိုင့်က ချုပ်နှောင်ထားသော်လည်း သူ့ခေါင်းလှည့်ကြည့်ခြင်းအား မတားနိုင်ပေ။
မင်ရှစ်ရင်က အဝင်ဝ၌ ပေါ်လာကာ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။ သူက စုတ်ပြတ်သတ်နေပြီး ဝတ်ရုံများကလည်း သွေးများဖြင့် စိုရွဲနေသည်။ သူ့ညာဘက်လက်မှ ဓားမြှောင်ကလည်း သွေးတစက်စက် စီးကျနေဆဲ ဖြစ်၏။
ထိုအရာကို မြင်ကာ ဖန်းရှုဝမ်က မျက်မှောင်ကြုတ်လိုက်ပြီး နှလုံးခုန်မြန်လာမိသည်။ သူက လှုပ်ရှားချင်သော်လည်း နယ်ရှင်လှံထိပ်ဖျားက သူ့မြင်ကွင်း၌ ရုတ်ခြည်း ပေါ်လာသည်။
“ သေချင်ရင် ဒီလှံတစ်ချက်ထိုးလိုက်ရုံပဲ ” တွမ့်မူရှန်းက ခြိမ်းခြောက်လိုက်သည်။
ထိုစဉ် မင်ရှစ်ရင်က အနည်းငယ် ပင်ပန်းနေဟန်ဖြင့် ခန်းမအတွင်း လျှောက်လှမ်းလာသည်။ သို့သော်လည်း သူ့မျက်နှာအထက် ပျော်ရွှင်မှုကို မြင်တွေ့နေရသည်။ သူက အနိုင်ရမှုကို ကျေနပ်နေသည်မှာ သိသာလှ၏။ သူက ဓားမြှောင်ကို ကြမ်းပြင်ပေါ် ချလိုက်ကာ “ ချန်းကျုံးဟယ်ကို တမင်သတ်လိုက်တာ မဟုတ်ပါဘူး … သူက ထိပ်တန်း မြေကမ္ဘာအဆင့် လက်နက်ကို ဝှက်ထားတော့ ကျွန်တော် ရွေးချယ်စရာမရှိဘဲ ကိုယ့်ဘာသာ ကာကွယ်တဲ့အနေနဲ့ သတ်မိသွားတာပါ ”
ဖန်းရှုဝမ်၏ မျက်ဝန်းများက ထိန်းမရလောက်အောင် တုန်လှုပ်သွားသည်။ သူက ချန်းကျုံးဟယ်ကို အနိုင်ရသူအဖြစ် အပိုင်တွက်ထားခဲ့မိသည်။ မင်ရှစ်ရင်တွင် လက်နက် မရှိသလို စိတ်ဝိညာဉ်သဏ္ဌာန်၌လည်း ဘာပွင့်ချပ်မှ ထွက်မလာသေးပေ။ တစ်ဖက်တွင် ချန်းကျုံးဟယ်က အမှောင်စစ်သည်တော်လေးယောက်အနက် အားအကောင်းဆုံး ကျင့်ကြံဆင့် ရှိထား၏။ ချန်းကျုံးဟယ်က ထိပ်တန်းအဆင့် ပွင့်ချပ်သုံးလွှာ စိတ်ဝိညာဉ်သဏ္ဌာန် ပိုင်ဆိုင်ထားသည့်အပြင် ထိပ်တန်းအဆင့် မြေကမ္ဘာလက်နက်လည်း ပိုင်ဆိုင်ထားသေးသည်။ သူက ရလဒ်ကို လက်မခံနိုင်ဘဲ အပြင်းအထန် ချောင်းဆိုးလာသည်။ သူ့ မငြိမ်မသက် ဖြစ်လာသော ချီစွမ်းအားနှင့် သွေးများက မခံမရပ်နိုင်လောက်အောင် နာကျင်လာစေ၏။
လရောင်ဆွတ် နန်းဆောင်မှ အမျိုးသမီး ကျင့်ကြံသူများလည်း အတော်လေး ထိတ်လန့်သွားကြသည်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းသည် ဤမျှလောက် အားကောင်းလိမ့်မည်ဟု မထင်ခဲ့ပေ။ လရောင်ဆွတ်နန်းဆောင်ကား နှိုင်းယှဉ်ကြည့်လိုက်လျှင် အတော်လေး သေးနုပ်သွားလေသည်။
မင်ရှစ်ရင်၏ တင်ပြချက်ကို နားထောင်ပြီးနောက် လုကျိုးက အနည်းငယ်မျှသာ ချီးကျူးလိုက်သည်။
“ မဆိုးဘူး ”
မင်ရှစ်ရင်က ထိုအရာကို ကြားလိုက်သည့်အခါ စိတ်ပေါ့ပါးသွားလေသည်။ သူ့အမူအရာက တောက်ပလာကာ “ရှစ်စွင်း ဒီမြေကမ္ဘာအဆင့် လက်နက်က အရမ်းအဖိုးတန်တယ်။ ကျွန်တော် ပြန်သန့်စင်ချင်ပါတယ် ”
ဖန်းရှုဝမ်က အော်လိုက်သည် “ မင်း လုပ်ရဲလား ”
ရှောင်ယွမ်အာက အလျင်အမြန် ဝင်ပြောလိုက်သည် “ တကယ်လား … ဒီလိုအခြေအနေနဲ့ လာခြိမ်းခြောက်ချင်တာလား ”
သေသွားသော ချန်းကျုံးဟယ်သာ သူ့လက်နက် ပြန်လည် သန့်စင်ခံရမည် ဖြစ်ကြောင်း သိလျှင် ပြန်ထလာပေမည်။
သို့သော်လည်း မင်ရှစ်ရင်က ထိုကိစ္စများကို ဂရုမစိုက်ပေ။
“ ရှစ်စွင်းဆီကနေ ခွင့်တောင်းတာပါ ”
…
အခန်း (၈၉) ပါဝင်ပတ်သက်ခြင်း
ဖန်းရှုဝမ်သည် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေမည်နည်း။ ထိုလူများသည် သူ၏ သေဆုံးပြီးသော လက်အောက်ငယ်သား၏ လက်နက်ကို သန့်စင်ချင်နေသည်။ သို့သော် အရှုံးသမားအနေဖြင့်သူက မပြောနိုင်တော့ချေ။ ဖြောင့်မတ်ခြင်းလမ်းစဉ်မှ လူများကို သူရှုံးနိမ့်ခဲ့လျှင် သူက ထိုလူများကို လှောင်ရယ်နိုင်သေး၏။ သို့သော် ဤနေရာက မိစ္ဆာဝေဟင်မျှော်နန်းဖြစ်သည်။ မင်ရှစ်ရင်က ချူကျုံးထျန်း၏ အရိုးနှင့်အကြောများကို ဆွဲခွာခဲ့လျှင်တောင် သူပြောနိုင်တာ ဘာမှမရှိပေ။ သူက ထိုလူများကို စိန်းစိန်းဝါးဝါးဖြင့် ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်သည်။ သူ၏ ကနဦးချီများကို ထပ်မံလှည့်ပတ်ရန်ကြိုးစားခဲ့၏။ သို့သော် သူ၏စွမ်းအင်ဗဟိုချက်က ရှင်းလင်းနေ တာကိုတွေ့လိုက်ရသည်။
ဖန်းရှုဝမ်က အသိပညာကြွယ်ဝသည့်သူတစ်ဦးဖြစ်၏။ သူက ခရီးများစွာထွက်ခဲ့ပြီး ကျင့်စဉ်မျိုးစုံကို တွေ့ခဲ့ဖူးကာ မတူညီသော ဂိုဏ်းအသီးသီးမှ နည်းစနစ်များကိုလည်းတွေ့ခဲ့ဖူး၏။ သို့သော် ချုပ်နှောင်ခြင်းလှောင်အိမ်နည်းစနစ်နှင့် ရင်ဆိုင်တွေ့ရတာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူက ထိုအရာနှင့် ပိုမိုစိမ်းသက်လေ သူ့ကိုယ်သူ ခုခံကာကွယ်ရန် ပိုခက်ခဲလေဖြစ်၏။
လုကျိုးက သူ၏ပလ္လင်ထက်၌ ခပ်မတ်မတ်ထိုင်နေပြီး ဓားကိုကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက မျက်နှာသေဖြင့်ပြောလိုက်တော့၏။
“ငါ့ဆီယူလာခဲ့”
“ဟုတ်ကဲ့ ရှစ်စွင်း” မင်ရှစ်ရင်က စိတ်ထဲ၌ပျော်ရွှင်သွားတော့သည်။ သူသည် တန်ဖိုးရှိသော ဓားကို လက်နှစ်ဖက်ဖြင့်ကိုင်လျက် လုကျိုးအား ကြည်ညိုလေးစားစွာ ပေးပြီးနောက်ဘေးတစ်ဖက်သို့ နာနာခံခံ ပြန်ဆုတ်သွားသည်။
ကောင်းကင်အဆင့်လက်နက်များက အင်မတန်ရှားပါး၏။ ကျင့်ကြံသူအများစုက သူတို့ တစ်ဘဝလုံး တွင် လက်နက်တစ်မျိုးတောင် မကြုံတွေ့တာလည်းရှိသည်။ ထို့အပြင် သူတို့က ကောင်းကင်အဆင့် လက်နက်ကို ပိုင်ဆိုင်ခဲ့လျှင်တောင် သူတို့၏ကျင့်ကြံဆင့်က အနည်းဆုံးတော့ နတ်ဝိညာဉ် ဝဋ်ကြွေးခြေနယ်ပယ်တွင် မရှိလျှင် လက်နက်ကို မကိုင်ထားနိုင်ချေ။ ဆိုရလျှင် သူတို့အဖို့ ကောင်းကင်အဆင့်လက်နက်ကို လိုချင်တပ်မက်ကြသည်။ ပိုသန်မာသောကျင့်ကြံသူများကို ရင်ဆိုင်ရန်ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ကျင့်ကြံသူအများစုသည် ထိပ်တန်းမြေကမ္ဘာ အဆင့် လက်နက်ကို ပိုင်ဆိုင်လျှင် ရောင့်ရဲနေကြပြီဖြစ်သည်။ နောင်တွင် ကောင်းကင်အဆင့်လက်နက် အဖြစ် ယင်းကို သန့်စင်နိုင်မှာပဲဖြစ်၏။ သို့သော် လက်နက်တစ်ခုကို သန့်စင်ရန်က အင်မတန် ခက်ခဲသည်။ ဆယ်စုနှစ်အချိန်မသုံးဘဲ လက်နက်ကို သန့်စင်ရန်မဖြစ်နိုင်ချေ။ ထိုသို့တိုင် ကျင့်ကြံသူ အများစုက ကောင်းကင်အဆင့်လက်နက်ကို မက်မောစိတ်က ပြင်းထန်လွန်းသောကြောင့် သန့်စင်လိုစိတ် ရှိနေကြဆဲဖြစ်သည်။
လုကျိုးက ဓားကို ကိုင်ပြီးနောက် ယင်းကို အကဲဖြတ်လိုက်တော့သည်။ ဓား၏ဒီဇိုင်းက အကောင်းဆုံးမဟုတ်ပေ။ အမှန်တကယ်တွင် အနည်းငယ်ရုပ်ဆိုးနေပေ၏။ညာ ဖက်လက်ကို မြှောက်လိုက်ရာ အမည်မဲ့ဓားက သူ့လက်ထဲတွင် ပေါ်လာသည်။ ထိုဓားကို ပိုင်းဖြတ်ရန် အမည်မဲ့ဓားကို သုံးလိုက်တော့၏။
လူတိုင်းက လုကျိုး၏ အပြုအမူကြောင့်အံ့ဩမှင်သက်နေကြသည်။ သူတို့၏ အမြင်တွင် လုကျိုးက သူ၏လက်ချောင်းဖြင့်ဓားကို ပိုင်းဖြတ်သည်ဟုသာထင်နေရ၏။ ထိပ်တန်းအဆင့်မြေကမ္ဘာ လက်နက် ဖြစ်ရာ လုကျိုးသည် လက်ဗလာဖြင့် ဓားကို ဖြိုခွဲရန် ကြိုးစားနေသည်ဟု သူတို့က တွေးမိကြတာပဲ ဖြစ်သည်။ သူတို့အားလုံး၌အတွေး တူညီနေသော်ငြား မည်သူကမျှသူတို့၏ အတွေးများကို မထုတ်ဖော် ရဲချေ။
ဖန်းရှုဝမ်က လေးနက်သည့်အသံဖြင့် ပြောလိုက်တော့သည်။ “မိစ္ဆာကောင်က ငါထင်တဲ့အတိုင်းပဲ။ လူသေတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုကို မက်မောနေတာ ခင်ဗျား ညကျ ဘယ်လိုလုပ်အိပ်နိုင်ပါ့မလဲ”
မင်ရှစ်ရင်က စိုက်ကြည့်ပြီးနောက်ပြောလိုက်တော့၏။
“ကျုပ်တို့တွေက ခင်ဗျားပြောသလိုသာဆိုရင် ကျင့်ကြံခြင်းလောကထဲမှာ လက်နက်ကြောင့် တိုက်ခိုက်တဲ့သူတွေက ညဆို အိပ်နိုင်တော့မှာ မဟုတ်ဘူး”
ဖန်းရှုဝမ်က ပြန်မပြောပေ။ အမှန်တကယ်ပင် လက်နက်အတွက် လူအများတိုက်ခိုက်သည်က သာမန်သာဖြစ်သည်။
လုကျိုးက လက်နက်ကို စစ်ဆေးပြီးနောက် ခေါင်းခါလိုက်တော့သည်။ ယခင်က အမည်မဲ့ဓားကို မောင်နှံဓားနှင့် ရိုက်ချရန်အသုံးပြုခဲ့စဉ်က မောင်နှံဓားက အထိခိုက်မရှိခဲ့ပေ။ လက်ရှိတွင် ဤအထွတ်အထိပ်မြေကမ္ဘာ အဆင့်လက်နက်ကလည်း အမည်မဲ့ကြောင့် ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။ ဆိုလိုသည်က အမည်မဲ့သည် မြေကမ္ဘာအဆင့်လက်နက်နှင့်တောင် မကိုက်ညီသည်လော။
လုကျိုးက ဓားကို ပစ်ထုတ်လိုက်ရာ မင်ရှစ်ရင်က ဖမ်းလိုက်ပြီး စိတ်ထဲ၌ ပျော်ရွှင် ကြည်နူးသွားသည်။ သို့သော် ဓားကို ဖမ်းလိုက်မိသည်နှင့် အက်ကွဲသံသဲ့သဲ့ကိုကြားရပြီး ဓားပေါ်၌ အက်ရာတစ်ရာ ပေါ်လာတာကို တွေ့လိုက်ရသည်။ သိပ်မကြာမီ၌ နှစ်ပိုင်းကျိုးပြီး မြေကြီးပေါ် သို့ ပြုတ်ကျသွား၏။
မင်ရှစ်ရင်က သစ်သားကျောက်ရုပ်တစ်ကောင်ကဲ့သို့ လှုပ်ရှားမှုမရှိ။ ကျိုးပဲ့သွားသောဓားကို တွေဝေနေသော အမူရာဖြင့်ကြည့်နေမိသည်။ ဓားက တို့ဖူးကဲ့သို့ ပိုင်းဖြတ်ခံလိုက်ရပေ၏။
ဖန်းရှုဝမ်က မျက်မှောင်ကြုံသွားသည်။ လုကျိုး၏အမူအရာက တည်ငြိမ်နေသည့်တိုင် သူသည် စိတ်ထဲ၌ ထိတ်လန့်သွား၏။ အမည်မဲ့က အထွတ်အထိပ်မြေကမ္ဘာအဆင့်လက်နက်ထက် ပိုသန်မာပုံရသည်။ အမည်မဲ့က ကောင်းကင်အဆင့်လက်နက်ဖြစ်လောက်ပေ၏။ ကွဲပြားခြားနားသည့် အသွင်သဏ္ဌာန်မျိုးစုံပြောင်းလဲနိုင်သော ကောင်းကင်အဆင့်လက်နက်သည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဆိုတာ သေချာပေ၏။
မင်ရှစ်ရင်၏ မှင်သက်နေသော အမူအရာက မြန်မြန်ဆန်ဆန်ပင် ခါးသက်မှုဖြင့် ပြောင်းလဲသွားသည်။ သူသည် ထိုလက်နက်ကို ရရှိရန်အတွက် နာကျင်မှုများစွာကို ဖြတ်ကျော်ခဲ့ရ၏။ သို့သော် သူ၏ဆရာက လက်ဗလာဖြင့် ဖျက်ဆီးခဲ့သည်။ စိတ်ထဲ၌ ရေရွတ်ပြောဆိုမိတော့သည်။ “ရှစ်စွင်းရေ ကျွန်တော်အလုပ်ကြိုးစားတာ မလုံလောက်လို့လား”
နောက်ဆုံးတွင် လုကျိုးက ပြော၏။ “မြေကမ္ဘာအဆင့်လက်နက်က ငါ့ရဲ့ မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ဖို့မကိုက်ညီဘူး”
“...”
မင်ရှစ်ရင်က ဆွံ့အသွားတော့သည်။ မြေကမ္ဘာအဆင့်လက်နက်မျှတဲ့လား။ ဒါဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ ပိုကောင်းတဲ့လက်နက်ရှိနေတာလား။
ရှောင်ယွမ်အာက ခိုးခိုးခစ်ခစ်ရယ်မောပြီးနောက်ပြောလိုက်သည်။
“စစ်ရှစ်ရှိုး(စတုတ္တအစ်ကို) စန်းရှစ်ရှိုးရဲ့လက်ထဲက လက်နက်ကိုကြည့်လိုက်။ အဲ့ဒါက နယ်ရှင်လှံ မမိုက်ဘူးလား။ စန်းရှစ်ရှိုးက အဲဒီလက်နက်နဲ့ ရန်သူနှစ်ယောက်ကို တိုက်ခိုက်ခဲ့တာနော်”
မင်ရှစ်ရင်က တွမ့်မူရှန်း၏ လက်ထဲရှိနယ်ရှင်လှံကို လှည့်ကြည့်လိုက်သည်။
နယ်ရှင်လှံ၏ အရှည်နှင့် လှံတံပေါ်၌ထွင်းထုထားသော နဂါးပုံစံက မွန်းကြပ်စေသောလေထုကို ပေးစွမ်းနေ၏။ ရွှေနန်းဥယျာဉ်တောင်သို့ ထိပ်သီးဆရာကြီးဆယ်ဦးတိုက်ခိုက်လာစဉ်က သူသည် တွမ့်မူရှန်းကို ထွက်သွားရ န်ပြောခဲ့သော်ငြား တွမ့်မူရှန်းသည် နယ်ရှင်လှံက ရွှေနန်းဥယျာဉ်တောင်တွင်ရှိနေ သောကြောင့် မထွက်သွားခဲ့ပေ။ ထိုမျှတန်ဖိုးရှိသောလက်နက်ကို တွမ့်မူရှန်းအား သူ၏ဆရာ ပေးလိုက်မည်ဟု သူမထင်ထားပေ။ ရင်ထဲ၌ လေးလံလာ၏။ မည်မျှမတရားသနည်း။ ကောင်းကင်အဆင့်လက်နက်နှင့်ယှဉ်လျှင် အထွတ်အထိပ် မြေကမ္ဘာအဆင့်လက်နက်က အမှန်တကယ်ပင် အမှိုက်တစ်ခုဖြစ်နေပေတော့၏။
“ရှစ်စွင်း ရှစ်စွင်းရဲ့ ခမ်းနားတဲ့စွမ်းအင်တွေက အကန့်အသတ်မရှိဘူးဆိုတာ သိပါတယ်။ ဒီအမှိုက်က ရှစ်စွင်းဆီက ရိုက်ချက်တစ်ချက်တောင် မခံနိုင်ဘူး။ ကြမ်းတမ်းတဲ့ လက်နက်တစ်ခု ဆိုတာ ရှင်းနေတာပဲ” မင်ရှစ်ရင်က နောက်ဆုံးတွင် ထိုသို့ပြောပြီးနောက် ဓားကျိုးကို ကန်ထုတ်လိုက်၏။ ဓားကို ကန်ထုတ်ပြီးနောက်သူက ပြုံးကာ မေးလိုက်တော့သည်။
“ရှစ်စွင်း တပည့်အတွက် သင့်တော်တဲ့လက်နက်တစ်ခု ဘယ်အချိန်ကျမှာ ပိုင်ဆိုင်မှာလဲ”
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်သည်။ “မင်းရဲ့ တာဝန်တွေကို ကောင်းကောင်းလုပ်”
မင်ရှစ်ရင်သည် ထိုစကားများကြောင့် ပျော်ရွှင်ကြည်နူးသွားတော့သည်။ ယင်းက ကောင်းကင်အဆင့် လက်နက်ကို သူပေးလိမ့်မည်ဟူသော ကတိတစ်ခုနှင့်ဆင်တူပေ၏။ သူ၏ ရှစ်စွင်းသည် မည်သည့်အချိန်တွင် လက်နက်ပေးမည်ဟု မပြောခဲ့သော်ငြား သူ၏ဆရာက စကားတည်သည့် အမျိုးသားတစ်ဦးဖြစ်သည်။ သူက တွေဝေမနေဘဲ ဒူးထောက်ကာ စိတ်ရင်းအမှန်ဖြင့် အရိုအသေပေးလိုက်တော့၏။
“ကျေးဇူးပါ ရှစ်စွင်း။ တပည့် အလုပ်ကြိုးစားပါ့မယ်။ ရှစ်စွင်းကို စိတ်မပျက်စေရပါဘူး”
သစ္စာရှိမှု +၂ နှစ်ရာခိုင်နှုန်း
လုကျိုးက ခေါင်းရွှေ့လိုက်သည်။ သူ၏နေရာသို့ပြောင်းရွေ့လာကာစအချိန်နှင့် စာလျှင် ပိုကောင်းလာ၏။ မင်ရှစ်ရင်၏ သစ္စာရှိမှုက ယခင်ကထက်ပိုတည်ငြိမ်လာပြီဖြစ်သည်။ ထင်သည့်အတိုင်းပင် ခြိမ်းခြောက်ခြင်းနှင့် ကြမ်းတမ်းသော ခွန်အားကိုအားကိုးခြင်းက လူတစ်ယောက်၏ သစ္စာရှိမှုကိုရရန်ခက်ခဲနေပေသည်။
ထိုစဉ် လရောင်ဆွတ်မျှော်နန်းမှ အမျိုးသမီးကျင့်ကြံသူနှစ်ဦးက တပြိုင်နက်တည်းအော်လိုက်၏။
“နန်းတော်သခင်”
“နန်းတော်သခင် အဆင်ပြေပါရဲ့လား”
လရောင်ဆွတ်မျှော်နန်းမှ အမျိုးသမီးကျင့်ကြံသူနှစ်ဦးက သတိလစ်သွားသော ယဲ့ထျန်းရှင်းကို ကူလိုက်သည်။
ရှောင်ယွမ်အာကလည်း အမြန်ပြေးလာပြီးနောက် ယဲ့ထျန်းရှင်ကို စစ်ဆေးပြီးနောက် ပြောလိုက် တော့၏။
“သူ အဆင်ပြေတယ်။ နင်တို့တွေက ရေးကြီးခွင်ကျယ်လုပ်ပြီး ငါ့ရဲ့ရှစ်စွင်းကို လန့်အောင်လုပ်နေတာပဲ”
“...”
မင်ရှစ်ရင်က ဆွံ့အသွားသည်။
ရှစ်မေ့ အခွင့်ရတိုင်း ဆရာ့အကြောင်းထည့်ပြောနေတယ်နော်။ ငါသူနဲ့မယှဉ်နိုင်တာ သေချာတယ်။
လုကျိုးက လက်ကာပြပြီးနောက်ပြောလိုက်တော့သည်။
“သူ့ကို တောင်ပိုင်းမျှော်နန်းမှာ ပိတ်ထားလိုက်။ ဒါမှသူ့ရဲ့အပြုအမူတွေကို ဆက်ဆင်ခြင်သုံးသပ်နိုင်မှာ”
“ဟုတ်ကဲ့ ရှစ်စွင်း” ရှောင်ယွမ်အာက ယဲ့ထျန်းရှင်နှင့် လရောင်ဆွတ်မျှော်နန်းမှ အမျိုးသမီးကျင့်ကြံသူနှစ်ဦးကို မိစ္ဆာဝေဟင်မျှော်နန်း၏ မဟာခန်းဆောင်အပြင်ဖက်သို့ ခေါ်သွား သည်။
တစ်ချိန်ထဲတွင် လုကျိုးက ယဲ့ထျန်းရှင်း၏ အမုန်းတရားများ လျင်မြန်စွာလျော့ကျလာတာကို ရှာတွေ့လိုက်ရသည်။ ယွီလုံရွာ အဖြစ်အပျက်ကြောင့် ပေါ်ပေါက်လာသည့် အမုန်းတရားက ပျောက်ကွယ်သွားပုံပေါ်၏။ အစက သူသည် ဖန်းရှုဝမ်ကို အဖြစ်အပျက်နောက်ကွယ်ရှိ အကြောင်းပြချက်ကို ရှင်းပြခိုင်းစေချင်တာဖြစ်သည်။ သို့သော် ထိုအဖြစ်အပျက်ကို ဖုံးကွယ်လိုသော ဖန်းရှုဝမ်၏ ခေါင်းမာမှုက သူ၏စိတ်ဝင်စားမှုကို အောင့်သက်သက်ဖြစ်သွားစေသည်။ ထို့အပြင် ဤအရေးကိစ္စက သူ၏ပျောက်ဆုံးနေသောမှတ်ဉာဏ်များနှင့် ဆက်စပ်နိုင်ချေလည်းများသည်။ ခဏတာတွေးတောပြီးနောက် သူက ထူးမခြားနားပြောလိုက်တော့၏။
“သူ့ရဲ့ကျင့်ကြံဆင့်ကို ပိတ်ပြီးတော့ သူ့ကို ချုပ်နှောင်ထားလိုက်”
“ဟုတ်ကဲ့ ရှစ်စွင်း”
တွမ့်မူရှန်းက ဖန်းရှုဝမ်၏ ပခုံးကို ဆွဲကိုင်လိုက်သည်။
ဖန်းရှုဝမ်က ချုပ်နှောင်ခြင်းလှောင်ချိုင့်ဖြင့် ချည်နှောင်ခံလိုက်ရပြီးနောက် ကြက်တစ်ကောင်ကဲ့သို့ ဖြစ်သွားတော့သည်။ သူက မဟာခန်းမဆောင်ထဲကနေ တွမ့်မူရှန်း လက်တစ်ဖက်တည်းဖြင့် မ ထုတ် သွားတာခံနေရ၏။
လုကျိုးက ချုပ်နှောင်ခြင်းလှောင်အိမ်ကတ်သည် မည်မျှကြာရှည်ခံမည်မှန်းမသေချာသောကြောင့် သူက ဖန်းရှုဝမ်၏ ကျင့်ကြံဆင့်ကို ပိတ်ရန်အတွက် သူ၏တပည့်ကို အမြန်အမိန့်ပေးခဲ့တာပဲ ဖြစ်သည်။ သူ့လက်ထဲတွင် အချိန်ရှိသေး၏။ ထို့ကြောင့် ဖန်းရှုဝမ်ကို စကားပြောစေရန်အတွက် လှည့်ကွက်မျိုးစုံကို အသုံးပြုရပေမည်။
လုကျိုးက အတွေးနစ်နေစဉ် လရောင်ဆွတ်နန်းတော်မှ အမျိုးသမီးကျင့်ကြံသူတစ်ဦးသည် မဟာခန်းမဆောင်ထဲသို့ ဝင်လာ၏။
“မျှော် မျှော်နန်းသခင် တောင်ခြေက မဟူရာစစ်သည်တော်တွေက ရန်စနေပြီး ထွက်သွားဖို့ ငြင်းဆန်နေပါတယ်”
ဖန်းရှုဝမ်သည် သူတို့၏ခေါင်းဆောင်ဖြစ်ပြီး အဖမ်းခံထားရသောကြောင့် မဟူရာစစ်သည်တော်များ ထွက်သွားရန် ငြင်းဆန်တာက သဘာဝကျသည်။ လုကျိုးက နန်းတော်နှင့် သူတို့၏ အဆက်အသွယ်ကို တွေးမိပြီးနောက် အေးအေးဆေးဆေးပြောလိုက်တော့၏။
“ဖန်းရှုဝမ်က မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ နေနေတာ။ ဒီမှာ ကိစ္စမရှိတဲ့သူတွေ ထွက်သွားဖို့ ပြောလိုက်” သူက နေ ဟူသော စကားကို အသုံးပြုပြီး ဖန်းရှုဝမ် အသက်ရှင်နေသေးကြောင်း ထိုလူများကို ပြောပြလိုက်တော့သည်။
အမျိုးသမီးကျင့်ကြံသူက လုကျိုးကို ကြောက်ရွံ့စွာကြည့်ပြီးနောက် မေးလိုက်သည်။
“ဒါ ဒါပေမဲ့ သူတို့က ထွက်သွားဖို့ငြင်းရင်ကော”
“မင်ရှစ်ရင်ကို လွှဲထားလိုက်”
“နားလည်ပါပြီ။ ဒီအကြောင်း စတုတ္ထသခင်လေးဆီအကြောင်းကြားလိုက်ပါ့မယ်”
ရွှေနန်းဥယျာဉ်တောင်ခြေ၌ အရံအတားရှေ့တွင် အရင်အတိုင်းရှိ မီတာရာချီအကွာ၌ ဖြစ်သည်။
မဟူရာစစ်သည်တော် ဆယ့်နှစ်ယောက်ခန့်က မိစ္ဆာဝေဟင်မျှော်နန်းကို မျှော်ကြည့်နေကြ၏။ အရံအတားကြောင့် သူတို့သည် ဒေါသတကြီး ခြေဆောင့်ရုံသာ တတ်နိုင်၏။
တောအုပ် တစ်နေရာတွင် ကျက်သရေရှိသော လူတစ်ဦးက အစိမ်းရောင်ဝတ်ရုံကို ဝတ်ထားလျက် ထိုအရာကို တိတ်တဆိတ်လေ့လာနေ၏။
အစိမ်းရောင်ဝတ်ရုံဖြင့် အမျိုးသားနောက်၌ အနက်ရောင်ဝတ်ရုံဖြင့်လူတစ်ဦးရှိနေသည်။ အနက်ရောင်ဝတ်စုံ နှင့်လူက တလေးတစားမေးလိုက်တော့၏။
“ချန်ပေ့ အဲဒီလူတွေကို ကျွန်တော်တို့ တိုက်ခိုက်မှာလား”
…
အခန်း (၉၀) ရှစ်ရှိုး သက်ညှာပေးပါ
အစိမ်းဝတ် ဓားသမားက သူ့နောက်တွင် ရပ်နေသည့် အနက်ဝတ် အမျိုးသားကို လှည့်မကြည့်ပေ။ သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ဖြစ်တည်လာပြီးနောက် “မင်းတို့ဂိုဏ်းချုပ်ကို ပြောလိုက် ဒီနေ့ ငါ လူသတ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ … သူ့ကို အားနာတယ်လို့ ပြောလိုက် ”
အကြောင်းအရင်းတချို့ကြောင့် အနက်ဝတ် အမျိုးသားက “ အားနာတယ်” ဆိုသော စကားကို ကြားလိုက်သည့်အချိန် နောက်ဆုတ်လိုက်မိသည်။ သူက နေရခက်စွာ ပြန်ဖြေလိုက်၏။
“ ချန်ပေ့က အရင်တစ်ခါ ဓားရူးကို သတ်ခဲ့တယ်လေ။ နောက်ပစ်မှတ်ကရော ဘယ်သူလဲ ”
အစိမ်းဝတ် ဓားသမားက အနက်ဝတ် အမျိုးသားအား ဘေးတိုက်ကြည့်လိုက်သောကြောင့် အနက်ဝတ် အမျိုးသားက နောက်ပိုဆုတ်သွားလိုက်သည်။ သူက အတော်လေး ကြောက်လန့်နေပြီး အစိမ်းဝတ် ဓားသမားက သူ့ကို နောက်ပစ်မှတ်ဖြစ်ကြောင်း ပြောမည်ကို ထိတ်လန့်နေမိသည်။
“စိတ်မပူပါနဲ့။ ငါက အမြဲတမ်း ယဉ်ကျေးပြီး ညင်သာတဲ့လူပါ။ မင်းတို့ဂိုဏ်းချုပ်လည်း ကောင်းကောင်း သိပါတယ်” အစိမ်းဝတ် ဓားသမားက မပြောင်းမလဲ ပြောလိုက်သည်။
“အာ့ … ချန်ပေ့ရဲ့ အားကောင်းကောင်း အငွေ့အသက်ကြောင့် ဖိအားဖြစ်သွားရုံပါ။ ချန်ပေ့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ် ” ထိုအချိန် အနက်ဝတ် အမျိုးသား၏ ဒူးတို့က တုန်တုန်ယင်ယင် ဖြစ်နေရှာသည်။
“ကိစ္စမရှိပါဘူး” အစိမ်းဝတ် ဓားသမားက ညင်ညင်သာသာ ပြောလိုက်သည်။
“ ဒီရက်ပိုင်း သတင်းပို့ပေးတာ ကျေးဇူးပဲ ”
အနက်ဝတ် အမျိုးသားက သူ့ဘာသာ သက်ပြင်းချလိုက်ရင်း မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်သည်။
အစိမ်းဝတ် ဓားသမားက ဆက်ပြောလိုက်သည်။
“ တကယ်လို့ မင်းကို သတ်ဖို့ ကြံထားရင် အရင်ဆုံး အသိပေးမှာပါ … ရောင်းရင်း ”
သူက “ရောင်းရင်း” ဆိုသော စကားကို ထပ်မပြောခင် တမင်ရပ်လိုက်သေး၏။
“…” အနက်ဝတ် အမျိုးသားက ငိုချင်လုနီးပါး ဖြစ်နေလေပြီ။
‘ မသတ်ခင် သတ်ဖို့ကြံထားတဲ့ အကြောင်း ပြောပြမှာပေါ့လေ’
သူက ဘာမှဆက်မမေးရဲတော့ဘဲ တိတ်တဆိတ်သာ နောက်၌ ရပ်နေလိုက်သည်။
အစိမ်းဝတ် ဓားသမားက မဟူရာစစ်သည်တော်များကို ထပ်လေ့လာနေလေသည်။ သူက ခေါင်းခါပြီး သက်ပြင်းချကာ
“ဖန်းရှုဝမ် … မဟူရာစစ်သည်တော်ရဲ့ခေါင်းဆောင်က ဒီနေရာ ရောက်နေတာ နေ့တစ်ဝက်လောက်ရှိပြီ။ သူ ပြန်ထွက်လာနိုင်ပါ့မလား ”
“ချန်... ချန်ပေ့ ထပ်မစောင့်တော့ဘူးလား ”
“ပျင်းဖို့ကောင်းတယ်” အစိမ်းဝတ် ဓားသမားက လှည့်ထွက်သွားလိုက်သည်။ တောအုပ်ထဲ မီတာတစ်ရာလောက် လျှောက်လှမ်းပြီးနောက် လေထဲ ပျောက်ကွယ်သွားလေသည်။
အနက်ဝတ် အမျိုးသားက ခြေမခိုင်တော့ဘဲ လဲကျလုမတတ် ဖြစ်သွားလေသည်။ သူက သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။
‘ ဒီတာဝန်က ငါ့အဆုံးသတ်ပဲ’
သူက တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် မဟူရာစစ်သည်တော်များကို ဆက်ကြည့်နေလိုက်သည်။ ထိုစဉ် သူက အကာအရံမှ ပျံထွက်လာသူကို မြင်လိုက်ရသည်။ သူက မရပ်ခင် မဟူရာစစ်သည်တော်များကို ဝေ့ပတ်ကြည့်နေသေးသည်။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မင်ရှစ်ရင်လား ”
မဟူရာစစ်သည်တော်များက မည်မျှလေ့ကျင့်ထားစေကာမူ မင်ရှစ်ရင်၏ ကြောက်ခမန်းလိလိ အငွေ့အသက်အောက်တွင် နောက်ဆုတ်ရုံမှအပ ရွေးချယ်စရာမရှိပေ။ အဆုံးသတ်၌ သူတို့က ရွှေနန်းဥယျာဉ်တောင်မှ ကူကယ်ရာမဲ့စွာ ထွက်သွားရတော့သည်။
အနက်ဝတ် အမျိုးသားက ခေါင်းတညိတ်ညိတ်ဖြင့် သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက်
“ချန်ပေ့ဓားနတ်ဆိုး ထွက်သွားတာ မဆန်းတော့ပါဘူး။ ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ပိုင်ရှင် ဖန်းရှုဝမ်တောင် မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ရင်ဆိုင်ရတဲ့အခါ ဘာမှမတတ်နိုင်ပဲကိုး … မိစ္ဆာအိုကြီးက တကယ်အားကောင်းတာပဲ ”
သူ တောအုပ်ထဲမှ ထွက်သွားဖို့ အချိန်သိပ်မကြာလိုက်ပေ။
………….…
မိစ္ဆာဝေဟင်မျှော်နန်း
လုကျိုးက စနစ်မှ ကုသိုလ်ရမှတ်များကို ကြည့်လိုက်သည်။ သူ့တွင် အမှတ်ပေါင်း ၂၂၁၀ ကျန်ရှိနေသေး၏။ ဖန်းရှုဝမ်ကို ဖမ်းဆီးနိုင်သည့် ဆုလာဘ်မှာ နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်အဆင့် တစ်ဦးကို သတ်တာထက် အမှတ်များစွာ ပိုနည်းသည်။
‘ကံကောင်းမှတ် ငါးမှတ်ပဲ ရှိတယ် .. အရင်တစ်ခါ ကံစမ်းမဲ နှစ်ကြိမ် စမ်းတာတောင် ကျေးဇူးတင်ပါတယ်နဲ့ ဆိုးရွားလွန်းတယ် ဆိုတာပဲ ပေါက်တယ်’
လုကျိုးက ခဏတာစဉ်းစားလိုက်ပြီးနောက် ‘ နောက်တစ်ကြိမ် ထပ်စမ်းကြည့်ရမလား … တတိယအကြိမ်ဆိုတော့ ကံများကောင်းမလား ’
“ကံစမ်းမဲ … တင်း … ဒီကံစမ်းမဲက အမှတ် ၅၀ ကုန်ကျပါမယ်။ ကံစမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် တစ်မှတ် ရရှိပါတယ် ”
လုကျိုးက ခေါင်းခါလိုက်မိသည်။ သူက နောက်ထပ် ကံစမ်းကြည့်ဖို့ စိတ်ပြင်းပြမှုကို ချိုးနှိမ်ထားရသည်။
‘ဒါက လက်နက်သန့်စင်တာနဲ့ အတူတူပဲ။ စိတ်ရှည်ရှည်နဲ့ အခွင့်ကောင်းကို စောင့်ရမယ် … စိတ်လွတ်လိုက်လို့ မဖြစ်ဘူး ’
နာမည်။ ။ လုကျိုး
မျိုးနွယ်။ ။ လူသား
ကျင့်ကြံဆင့်။ ။ ဗြဟ္မာပင်လယ် ချီသွေးကြောရှစ်ခုအဆင့်
ကုသိုလ် အမှတ်။ ။ ၂၁၆၀ မှတ်
စိတ်ဝိညာဉ် သဏ္ဍာန်။ ။ ခွန်အားလေးချိုးတစ်ချိုး
ကျန်ရှိသက်တမ်း၊ ။ ၅၈၀၁ ရက်
အသုံးပစ္စည်း။ ။ အသေရိုက်ချက် တစ်ကတ်၊ ပြစ်ချက်မဲ့ကတ် နှစ်ကတ်၊ အတိုက်အခိုက် ဒဏ်ပြင်းကာကွယ်ကတ်( အလိုအလျောက်သုံး) ခုနှစ်ကတ်၊ မှော်နတ်ခြင်္သေ့၊ ပိအန်း
လက်နက်။ ။ အမည်မဲ့၊ မာယာကျော့ကွင်း (ပိုင်ရှင် - ယဲ့ထျန်းရှင်း။ အသုံးမပြုခင် ပြန်လည်သန့်စင်ရန် လိုအပ်)
ကျင့်ကြံခြင်း နည်းစနစ်။ ။ ကောင်းကင်ကျမ်း ပေလွှာသုံးမျိုး
“ စွမ်းအင်ငါးမျိုး စကြဝဠာ စိတ်ဝိညာဉ်သဏ္ဌာန်က ကုသိုလ်ရမှတ် ရှစ်ထောင်တောင် ကုန်မှာပဲ ..” လုကျိုးက သူ့ဘာသာ မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။ သူက ဖန်းရှုဝမ်နှင့် အခြားလူများကို သတ်လျင်ပင် အမှတ်လုံလောက်မည်ဟု မထင်ပေ။
သူက သက်ပြင်းချလိုက်ရင်း ‘ဒါက စွမ်းအင်ငါးမျိုး စကြဝဠာ စိတ်ဝိညာဉ်သဏ္ဌာန်ပဲလေ၊ ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း၊ ခုနစ်စင်ကြယ်ဝိညာဉ်နဲ့ နည်းရှစ်သွယ်ဆက်နွယ်ခြင်းတွေကလည်း စွမ်းအင်ငါးမျိုး စကြဝဠာထက် ဈေးချိုမှာတော့ မဟုတ်ဘူး ’
လုကျိုးက လက်ဝေ့လိုက်သည်နှင့် စနစ်က ပျောက်ကွယ်သွားသည်။ ဤအရာကို ရှက်ရွံ့နေစရာ မလိုပေ။ သူက နှစ်တစ်သန်းလောက် နေထိုင်ခဲ့သည့် ကျိထျန်းတောက်နှင့် နှိုင်းယှဉ်လုမိနီးပါး ဖြစ်သွားသည်။
‘အလောကြီးလွန်းလျှင် ဘယ်အရာမှ ကောင်းကျိုးမရှိပေ’
ထိုစဉ် မင်ရှစ်ရင်က ခန်းမအတွင်း ပြေးဝင်လာကာ ပြောလိုက်သည်။
“ ရှစ်စွင်း … သုံ့ပန်းတွေကို ဖမ်းထားလိုက်ပါပြီ။ ပြဿနာ မရှိတော့ပါဘူး”
သူက လုကျိုးသည် အတွေးနက်နေကြောင်း မြင်လိုက်သည့်အခါ မြန်မြန် ဦးညွတ်လိုက်ပြီး လုကျိုးအား မြှောက်ပင့်နေဖို့ ကြိုးစားနေသည်။
လုကျိုးက အသားကျနေသည့်အလား ဘာမှထူးထူးဆန်းဆန်း မခံစားမိပေ။ သူ ဂရုစိုက်မိသလောက် မင်ရှစ်ရင် သူ့အား ထာဝရမြှောက်ပင့်နေမည်သာ ဖြစ်၏။
‘ဒီကောင်လေးကို ဟယ်ရှန်းများ ဝင်ပူးထားလား မသိဘူး ’
“ ဘာကိစ္စလဲ ” လုကျိုးက မပြောင်းမလဲ မေးလိုက်သည်။
“ရှစ်စွင်း … ဖန်းရှုဝမ်က ယွီလုံရွာရဲ့ အဖြစ်အပျက်နောက်ကွယ်က ကြိုးကိုင်သူကို ထုတ်ဖော်ဖို့ ငြင်းဆန်နေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် အကြံပြုချင်တာက … ” မင်ရှစ်ရင်က အပြုံးတစ်ချက်ဖြင့် ပြောလိုက်သည်။
လုကျိုးက ပြောလိုက်သည် “ဖန်းရှုဝမ်က မဟူရာစစ်သည်တော်ရဲ့ ခေါင်းဆောင်လေ။ သူက အဲဒီနေရာအထိ ရောက်နိုင်မှတော့ မင်း နှိပ်စက်တာက သူ့ကို ဖွင့်ဟပြောစေဖို့ လုံလောက်မယ်များ ထင်နေလား ”
“တကယ်လို့ သူ ထုတ်မပြောခဲ့ရင် ဘယ်လိုလုပ်ရမလဲ …” မင်ရှစ်ရင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
“အလျင်မလိုဘူး” လုကျိုးက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူက လက်နောက်ပစ်လျက် လှေကားမှ ဆင်းလာပြီး ဆက်ပြောလိုက်သည်။
“နောက်ကွယ်က လူက ဖန်းရှုဝမ်ရဲ့အကြောင်းကို သိနေပြီး ထိန်းချုပ်ထားတာပဲ ဖြစ်ရမယ် ”
မင်ရှစ်ရင်က မဝံ့မရဲ ပြောလိုက်သည် “ ရှစ်စွင်း … နန်း … နန်းတော်နဲ့ ထိပ်တိုက်တွေ့ဖို့ ပြင်နေတာလား ”
လုကျိုး၏ အမူအရာက တည်ငြိမ်နေသည်။ သူက မေးခွန်းကို ပြန်မဖြေပေ။ လက်ရှိတွင် သူ့အတွက် နန်းတော်မှ သတင်းရယူပေးနိုင်သည့် တစ်ဦးတည်းသောလူမှာ ကျန်းအိုက်ကျန့်သာ ဖြစ်၏။ သို့သော်လည်း ဤသည်မှာ ကျန်းအိုက်ကျန့် နန်းတော်မှ ထွက်မလာခင်အထိ ဖြစ်၏။ သူ နန်းတော်မှ ထွက်လာပြီးနောက် နန်းတော်မှ သတင်းများ ရယူဖို့ သိပ်မလွယ်လှပေ။ ထို့အပြင် ဤကိစ္စမှာ တင်းတင်းကျပ်ကျပ် တားဆီးပိတ်ပင်ထားသော လျှို့ဝှက်ချက် ဖြစ်နေသေးသည်။
လုကျိုးစိတ်ထဲ ရုတ်ချည်း အတွေးတစ်ခု စဉ်းစားမိသွားသည်။
‘ တကယ်လို့ နန်းတော်က ငါတို့ မိစ္ဆာဝေဟင်မျှော်နန်းနဲ့ မဟူရာစစ်သည်တော်ကို နယ်ရုပ်အဖြစ် အသုံးချလိုက်တာဆိုရင်ရော …’
ထိုအကြောင်းကို တွေးမိပြီး သူက ခေါ်လိုက်သည်။
“မင်ရှစ်ရင် ”
“ ဟုတ် ရှစ်စွင်း ”
“ ဖန်းရှုဝမ်နဲ့ ညှိနှိုင်းဖို့ မင်းဆီ အပ်ထားလိုက်မယ် ” လုကျိုးက လက်ဝေ့ကာ ပြောလိုက်သည်။
မင်ရှစ်ရင်က လေးလေးစားစား ပြန်ဖြေလိုက်သည်။
“ ဟုတ် ရှစ်စွင်း … ကျွန်တော် ဒီလူကို သေချာစစ်ဆေးပြီးတော့ နောက်ကွယ်ကလူကို သေချာပေါက် တတ်နိုင်သမျှ မြန်မြန် ဖော်ထုတ်ပါ့မယ်”
ထိုသို့ပြောပြီးနောက် သူက ခဏတာရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
“ ရှစ်စွင်း … ဖန်းရှုဝမ်က အားကောင်းတယ်လေ။ ကျွန်တော်တို့ ဖမ်းထားတဲ့ အမှောင်စစ်သည်တော် နှစ်ယောက်ကလည်း ပညာရှင်တွေပဲ …. ကျွန်တော်က နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်အဆင့်ကို ရောက်ခါစဆိုပေမဲ့ သင့်တော်တဲ့ လက်နက် မရှိသေးဘူး။ ရှစ်စွင်း … ”
“ ထွက်သွားတော့ ”
“ ဟုတ် ရှစ်စွင်း” မင်ရှစ်ရင်က စကားကို ဆက်မပြောတော့ဘဲ မျိုသိပ်လိုက်ကာ မျှော်နန်းဆောင်မှ ထွက်သွားလိုက်သည်။ သူ့မျက်နှာအထက် ခါးသက်သက် အမူအရာ ပေါ်လာလေ၏။
‘ ကြည့်ရတာ ငါ လိုချင်တဲ့ လက်နက်ရဖို့ ငါ့အောင်မြင်မှုတွေက လိုက်ဖက်ညီနေရမယ်လေ’
သူက ဓားကျိုးလေးကို တွေးမိသွားသည့်အခါ နှလုံးနာလာမိသည်။
“ လောင်စစ် ”
“ ဘယ်သူလဲ ” မင်ရှစ်ရင်က စိတ်အခြေအနေ မကောင်းသည့်အတွက် စိတ်တိုတိုဖြင့် မေးလိုက်သည်။
တွမ့်မူရှန်းက နယ်ရှင်လှံဖြင့် ပေါ်လာလေသည်။
“လောင်စစ် … ငါ့နယ်ရှင်လှံကို ကြည့်စမ်းပါဦး။ ငါနဲ့ တစ်ပွဲလောက် လက်ရည်စမ်းရအောင် ”
“ စန်းရှစ်ရှိုးလား … ကျွန်တော် လုပ်စရာလေး ရှိသေးတယ် … ”
“ မရဘူး။ မိစ္ဆာဝေဟင်မျှော်နန်းမှာ မင်းတစ်ယောက်တည်းကပဲ ငါနဲ့ လက်ရည်စမ်းနိုင်မှာ။ ဖန်ကျုံးနဲ့ ကျိုးကျစ်ဖုန်းတို့က မလုံလောက်ဘူး။ သူတို့ဆီကနေ အကြောင်းပြချက်ကောင်းကောင်းတောင် မရခဲ့ဘူး ” တွမ့်မူရှန်းက လျှောက်လာကာ မင်ရှစ်ရင် ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။
မင်ရှစ်ရင်က ဘယ်ညာကြည့်လိုက်ပြီးနောက် “ ရှစ်စွင်းက ဒီနေ့ ကျွန်တော်ကို ယွီလုံရွာနဲ့ ဆက်စပ်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဖန်းရှုဝမ်ကို စစ်ဆေးဖို့ ပြောထားတယ်။ ရှစ်ရှိုး ရှစ်မေ့နဲ့ လက်ရည်စမ်းလိုက်လေ ”
နတ်ဆိုးအလား ရှောင်ယွမ်အာလေးက လေပေါ်မှ သူတို့ခေါင်းအထက်ရှိ သစ်ကိုင်းပေါ် ရောက်လာသည်။
“ ရှစ်ရှိုးတို့ နှစ်ယောက် ညီမကို အနိုင်ကျင့်နေပါတယ်လို့ ရှစ်စွင်းဆီ သွားပြောလိုက်မယ် ”
သူမစကားအဆုံးတွင် တန်းထွက်သွားလေသည်။
“ …” တွမ့်မူရှန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက သက်ပြင်းချကာ “ မင်း ဖန်းရှုဝမ်ကို နောက်မှ စစ်ဆေးလေကွာ။ ဒါက သိပ်မကြာပါဘူး …”
သူက မင်ရှစ်ရင်၏ ပခုံးကို ပုတ်လိုက်ပြန်သည်။
“ ရှစ် … ရှစ်ရှိုး သက် သက်ညှာပေးပါ ”
...
အခန်း (၉၁) မင်းက ငါ့တပည့် မဟုတ်ဘူး
သိပ်မကြာမီ၌ တောင်အနောက်ဖက်မှ တစ်ဖက်သတ်တိုက်ပွဲသံများကို ကြားနိုင်သည်။ ဆိုရလျှင် တွမ့်မူရှန်းက နယ်ရှင်လှံကို မပိုင်ဆိုင်ခင်ကပင် မင်ရှစ်ရင်ကို ဖိနှိပ်နိုင်စွမ်းရှိနေပြီး ဖြစ်သည်။ ယခုသူက နယ်ရှင်လှံကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ တိုက်ပွဲရလဒ်အကြောင်း အမေးထုတ်စရာ မရှိတော့ပေ။
ထိုစဉ် လုကျိုးက ကောင်းကင်ကျမ်းစာကို ထပ်မံလေ့လာတော့မည့်အချိန်၌ ရှောင်ယွမ်အာက မဟာခန်းမထဲသို့ ပြေးဝင်လာသည်။
“ရှစ်စွင်း ကျန်းအိုက်ကျန့်က စာတစ်စောင်ပို့လာပါတယ်”
“ဖတ်လိုက်”
ရှောင်ယွမ်အာသည် သူမအိတ်ထဲမှာစာကို ထုတ်ပြီးနောက် ကျယ်လောင်စွာ ဖတ်ပြလိုက်သည်။
“နန်းတော်ရဲ့ရည်ရွယ်ချက်က မဟူရာစစ်သည်တော်တွေကို အားနည်းစေဖို့ပဲ။ နန်းတော်က လက်တုံ့ပြန်လာမှာကို ကြောက်နေစရာမလိုဘူး။ လောင်ချန်ပေ့”
လုကျိုးက သံသယဖြစ်လာသည်။ ဧကရာဇ်က အထူးတပ်ဖွဲ့ကို တိုက်ရိုက်အမိန့်ပေးခဲ့၏။ သူသည် သူတို့ကို အဘယ်ကြောင့်အားနည်းစေချင်ရသနည်း။
ရှောင်ယွမ်အာက ဆက်လက်ဖတ်ရှုသည်။
“ဆရာကြီးက ယွီလုံရွာရဲ့အဖြစ်အပျက်နောက်ကွယ်က အမှန်တရားကို စစ်ဆေးချင်တယ်။ ဒါပေမဲ့ ကျွန်တော် အဲ့ဒီအကြောင်း ဘာမှမသိဘူးလို့တော့ပြောရမှာ စိတ်မကောင်းစရာပဲ။ ဒါပေမဲ့ ဧကရာဇ်က နောက်ကွယ်က ကြံစည်တဲ့သူမဟုတ်တာ သေချာတယ်” ထိုစာကြောင်းကို ဖတ်နေချိန်၌ သူမက အံကြိတ်လိုက်၏။
“ထျန်းကျန့်မြစ်ရဲ့ယွီလုံရွာက လျှို့ဝှက်ချက်တွေ အများကြီးထိန်းထားတယ် လို့ပြောကြတယ်။ အရာရှိတွေက အရင်တည်းကရော အခုချိန်ထိ ဧရိယာကို ကင်းလှည့်တာ မြင်နိုင်သေးတာပဲ။ ဒါက ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ပြီး မရနိုင်ဘူး။ ဒါနဲ့ အချက်လက်နှစ်ခုကို အခမဲ့ပေးလိုက်မယ်။ ဓားရူးချန်ဝမ်ကျယ်က ယွီရှန်းရုန် သတ်တာ ခံလိုက်ရတယ်။ သူ့ရဲ့ရပ်တည်ချက်က မရေရာတာကြောင့် စောစောစီးစီးသေလိမ့်မယ်လို့ ကျွန်တော် မပြောခဲ့ဘူးလား။ ဒုတိယအချက်ကတော့ မိစ္ဆာဘုရားကျောင်းရဲ့ ကျောင်းထိုင် ရန်ပုဖင်းက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီ။ သူက သမာသမတ်ဂိုဏ်းနဲ့တွေ့ဖို့အတွက် ကျောက်စိမ်းယဇ်ပလ္လင်ကိုသွားပြီ။ ပြီးတော့ ကျွန်တော့်ကို ကတိပေးထားတဲ့ ဓားအကြောင်း မမေ့လိုက်နဲ့အုံး။ ဟား ဟား ဟား”
လုကျိုးက အခုချိန်တွင် ယွီလုံရွာကိုသာစိတ်ဝင်စား၏။ သူက ကျန်သည့်အရေးကိစ္စများကို ဂရုမစိုက်ပေ။ သူကြားလိုက်ရသည့် အချက်အလက်ကို သံသယဝင်နေမိသည်။
“အမှုထမ်းတွေက အခုချိန်ထိတောင် ထျန်းကျန့်မြစ်ရဲ့ ယွီလုံရွာမှာ ကင်းလှည့်နေသေးတုန်းလား။ ကျန်းအိုက်ကျန့်က ဒီလိုအသေးစိတ်အချက်အလက်ကို ထိပ်တန်းလျှို့ဝှက်ချက်လို့ခေါ်နေတယ် ဆိုရင် အပေါ်ယံမှာ မြင်ရတာထက် ပိုရှုပ်ထွေးမှာ သိသာနေတာပဲ”
“အရာရှိတွေက ကင်းလှည့်တယ်လား” ရှောင်ယွမ်အာက သူမ၏ဆရာအတွေးနက်နေတာကို တွေ့လိုက်ရ၏။ သူမက ပြောချင်သော်ငြား မပြောရဲချေ။
လုကျိုးက မော့ကြည့်လိုက်ရာ ရှောင်ယွမ်အာသည် သူမ၏စကားများကို မျိုသိပ်လိုက်တာကို မြင်လိုက်ရသောကြောင့် မေးလိုက်သည်။ “တခြားကိစ္စရှိသေးလား”
“ရှစ်စွင်း တပည့်ပြောရင် တပည့်ကို အပြစ်မတင်ရဘူးနော်” ရှောင်ယွမ်အာက လုကျိုး၏လက်ကို ဖက်တွယ်ထားပြီး အလိုလိုက်ခံလိုက်ရသော ကလေးတစ်ဦးကဲ့သို့ပြုမူလိုက်သည်။ အတိတ်တုန်းကသာဆိုလျှင် သူမ ဤကဲ့သို့ပြုလုပ်ရဲမှာ မဟုတ်ပေ။
ယင်းက လုကျိုးက ရှောင်ယွမ်အာကို ပြောင်းလဲပေးပြီး ပြောင်းလဲမှုက သူမအပေါ် သက်ရောက်မှုရှိကြောင်း ရှင်းလင်းနေသော လက္ခဏာတစ်ရပ်ဖြစ်ပေ၏။
ငါ သူ့ကို ဖြည်းဖြည်းချင်း သွန်သင်ပြသရမယ်။ နောင်ကျ သူမှားယွင်းတဲ့လမ်းကြောင်း မလျှောက်မိဖို့ ငါမျှော်လင့်ရတာပဲ။
လုကျိုးက ခေါင်းခါလိုက်၏။ ငါ ဘာအကြောင်းတွေးနေတာလဲ။
ရှောင်ယွမ်အာက သူမ၏ရှစ်စွင်း ခေါင်းခါသည်ကို မြင်လိုက်ရသည့်အချိန်၌ စိတ်လှုပ်ရှားစွာ ပြောလိုက်တော့သည်။
“ရှစ်စွင်း တပည့်ကို အပြစ်မတင်ဘူးဆိုတာ သိသားပဲ။ တပည့် ကောင်းကင်အဆင့်လက်နက် လိုချင်တယ်။ နယ်ရှင်လှံလို တစ်ခုခုပေါ့။ ကြီးကြီးမားမားနဲ့ ခံ့ခံ့ညားညားလက်နက်ကြီး တစ်ခုလိုချင်တာ”
လုကျိုးက ရှောင်ယွမ်အာ၏ ခေါင်းကိုခေါက်ပြီးနောက်ပြောလိုက်တော့သည်။ “မင်းရဲ့ကျင့်ကြံဆင့်က ကောင်းကင်အဆင့်လက်နက်ကို ထိန်းထားနိုင်ဖို့အားနည်းလွန်းတယ်လို့ မင်းကို ဘယ်နှစ်ခါပြောရမလဲ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကို ရောက်တဲ့အခါကျမှ ပြောတာပေါ့”
“တကယ်လား”
“ငါက အမြဲကတိတည်တယ်” ရှောင်ယွမ်အာက ခိုးခိုးခစ်ခစ်ရယ်မောပြီးနောက်ပြောလိုက်၏။
“အင်း တပည့် မကြာခင်မှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကို အဆင့်တက်တော့မှာ”
လုကျိုး၏ ကျန်သည့်တပည့်များနှင့် ယှဉ်လျှင် ရှောင်ယွမ်အာ၏ သစ္စာရှိမှုက အမြင့်ဆုံးဖြစ်သည်။ သူမကလည်း သူ့ဘေးတွင် မကြာခဏရှိနေ၏။ သူမ၏ ကျင့်ကြံဆင့်ပိုမြင့်လာစေရန် သူဆန္ဒရှိတာ သဘာဝကျသည်။
သူ၏ ကျင့်ကြံဆင့်အခြေခံ ပြန်မတည်ဆောက်ရသေးခင် ရှောင်ယွမ်အာက သူ၏အကြီးမားဆုံး ခွန်အားဖြစ်သည်။ သူမက လောကရေးရာတွင် အတွေ့အကြုံကင်းမဲ့ပြီး တုံးအနေတာပဲရှိသည်။ ကျန်သည့်တပည့်များနှင့်ယှဉ်ပါက သူမက သွန်သင်ရန် ပိုမိုလွယ်ကူပေ၏။
လုကျိုးက သူ၏တပည့်များအကြောင်း တွေးမိသည့် အချိန်၌ သူက တာဝန်ဘုတ်ပြားပေါ်လာစေရန် ဆန္ဒပြုလိုက်၏။ သူ၏ အဓိကတာဝန်က တပည့်သုံးဦးကို သွန်သင်ဆုံးမရန် ဖြစ်နေသေးသည်။ တွမ့်မူရှန်း၊ မင်ရှစ်ရင်နှင့် ကျောင်းယွဲ့တို့၏ သစ္စာရှိမှုက မဆိုးရွားပေ။ သူတို့ကို သွန်သင်ရန်အခက်အခဲကို သူထိန်းထားနိုင်သေး၏။ ပြဿနာက မိစ္ဆာဝေဟင်မျှော်နန်းမှထွက်သွား သည့် သူများအတွက်ဖြစ်သည်။ ခက်ခဲမှုက ထွက်သွားသည့်သူများအတွက် ကျော်လွှား၍ မရနိုင်ပုံပေါ်သည်။
လောင်ပါ့(ရှစ်ယောက်မြောက်တပည့်)၏ ကျင့်ကြံဆင့်က အနိမ့်ဆုံး ဖြစ်သောကြောင့် စိုးရိမ်ပူပန်စရာသိပ်မရှိပေ။ သူ၏ အမည်ပြောင် မကောင်းဆိုးဝါးဘုရင်ဟူသောအမည်ကိုသာ အားထားပြီး လမ်းပေါ်ရှိလူများကို ခြိမ်းခြောက်နေတာပဲဖြစ်သည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်တစ်ဦးဖြစ်သောကြောင့် ခြိမ်းခြောက်ခြင်းက ကောင်းကောင်းအလုပ်ဖြစ်ပေ၏။
လောင်တာ့ ယွီကျန့်ဟိုင်၊ လောင်အာ့ ယွီရှန်းရုန်နှင့် လောင်ပါ့ စီးဝူယာ့ ထိုသုံးဦးက လုကျိုးကို ခေါင်းကိုက်စေတာပဲဖြစ်သည်။ သူတို့က ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်အဆင့် လက်နက် ပိုင်ဆိုင်ထားရုံသာမက သူတို့၏ ကျင့်ကြံဆင့်က နက်နဲပေ၏။ ထို့အပြင် သူတို့က တစ်ကိုယ်တည်းမဟုတ်ပေ။ မဟူရာစစ်သည်တော်များကဲ့သို့ သန်မာသော ကူညီသူများ ရှိနေသေးသည်။ ထိုအကြောင်းကို တွေးမိသောအခါ ကျိထျန်းတောက်၏ အထွတ်အထိပ် အသွင်ကတ် မရှိတာကို သူသိလိုက်ရ၏။
ငါ့မှာသာ မရေမတွက်နိုင်တဲ့ အထွတ်အထိပ်အသွင်ကတ်တွေ ရှိနေမယ်ဆိုရင် နယ်မြေကို အကြောက်အလန့်မရှိသွားလာနိုင်ပြီ။
“မျှော်နန်းသခင်” ကျိုးကျစ်ဖုန်းက ရောက်လာ၏။ သူက လက်သီးနှစ်ဖက်ကို ဆုပ်လျက်ပြောလိုက်တော့သည်။
“ဆဋ္ဌမသခင်... ကျွန်တော်ဆိုလိုတာက ယဲ့ထျန်းရှင်းက အကြောင်းကြားလာပါတယ်။ သူက ဆရာကြီးကို တွေ့ချင်နေတယ်”
ယဲ့ထျန်းရှင်က တောင်ပိုင်းမျှော်နန်းထဲတွင် ချုပ်နှောင်ခံထားရတာဖြစ်သည်။ လုကျိုး၏ အမိန့်မရှိဘဲ သူမကို မည်သူမျှမထုတ်ပေးရဲချေ။ လရောင်ဆွတ်မျှော်နန်းမှ အမျိုးသမီးကျင့်ကြံသူများကတောင် ထိုကဲ့သို့ မလုပ်ရဲချေ။ ရွှေနန်းဥယျာဉ်တောင်က လက်တစ်ကမ်းတွင် ရှိနေပြီး သူတို့က အလုပ်သမားများအဖြစ် ဆောင်ရွက်ပေးနေတာပဲဖြစ်သည်။ အမျိုးသမီး ကျင့်ကြံသူများက ထိုတာဝန်များကို လိုလိုလားလား ဆောင်ရွက်ပေးနေတာပဲဖြစ်၏။ ယင်းက အေးစက်နေသော ရောင်ပြန်ဂူထဲတွင် နေခြင်းထက်တော့ ပိုကောင်းသည့်ရွေးချယ်မှုဖြစ်သည်။
“ငါ ငြင်းတယ်” လုကျိုးက အေးတိအေးစက်ပြောလိုက်၏။
“နားလည်ပါပြီ” ကျိုးကျစ်ဖုန်းက လက်နှစ်ဖက်ကိုဆုပ်မိုးပြီး အရိုအသေပေးပြီးနောက် ထွက်သွားလိုက်သည်။
သူမဆရာ၏ ကတိပေးမှုဖြင့် ရှောင်ယွမ်အာက အလုပ်ကြိုးစားရန် စိတ်ဓာတ်တက်ကြွမှုတို့ ရုတ်တရက်ရလာသည်။ ထို့ကြောင့် သူမက ကျင့်ကြံရန် ထွက်သွားတော့၏။
လုကျိုးက နောက်ဆုံးတွင် သူတစ်ကိုယ်တည်းဖြစ်သွားတာကို မြင်ချိန်၌ ကောင်းကင်ကျမ်းစာကို ဆင်ခြင်ရန် အာရုံစိုက်လိုက်သည်။
နေဝင်ရီတရော အချိန်၌ ကျိုးကျစ်ဖုန်းက မဟာခန်းဆောင်ထဲ ထပ်ရောက်လာသည်။
“မျှော်စင်သခင် ယဲ့ထျန်းရှင်းက ဆရာကြီး သူ့ကို လာမတွေ့မချင်း ဒူးဆက်ထောက်နေမယ်လို့ ပြောပါတယ်။ တောင်ပိုင်းမျှော်နန်းရဲ့ ထွက်ပေါက်မှာ ဒူးထောက်နေတာပါ”
“ဒါဆိုလည်း သူဒူးထောက်ပါစေ”
“နားလည်ပါပြီ" ကျိုးကျစ်ဖုန်းက ထွက်သွားတော့၏။
လုကျိုးက မဟာခန်းမထဲတွင် မနေတော့ပေ။ သူက လျှို့ဝှက်ခန်းထဲသို့သွားပြီး လေ့လာရန် အာရုံစူးစိုက်တော့၏။
“မင်းရဲ့ ယိမ်းယိုင်နေတဲ့ အတွေးတွေကို ဖယ်ရှား။ နှလုံးသားနဲ့ စိတ်ကို ရှင်းလင်းပစ်”
နံနက်ရောက်ချိန်၌ လုကျိုးက နောက်ဆုံးတွင် လေ့လာတာရပ်နားလိုက်သည်။ သူက လန်းဆန်းမှုကို ခံစားလိုက်ရ၏။ သူတွေ့ကြုံခံစားရသည့် လန်းဆန်းမှုက တညတာကောင်းကောင်း အိပ်စက်ရ ခြင်းထက် ပိုကောင်းနေပေသည်။ သူက မတ်တတ်ထရပ်ပြီး အညောင်းဆန့်လိုက်သော်ငြား အရာအားလုံးက ပုံမှန်ဖြစ်နေပုံရသည်။
“ထူးကဲတဲ့စွမ်းအားက အာနိသင်ပြပေမဲ့ ငါ ဒါကို ရှာမတွေ့သေးတာပဲဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်ကျမ်းစာကို ဆင်ခြင်တာက ပိုမိုရှင်းလင်းပြီးရင်း ရှင်းလင်းတာက ငါ့အတွက် အကျိုးရှိစေတာပဲ”
ထိုစဉ် တံခါးအပြင်ဖက်မှ နူးညံ့သော အသံတစ်သံပေါ်လာ၏။
“မျှော်စင်သခင်”
“ဘာကိစ္စလဲ” လုကျိုးက ပြန်ဖြေပြီးနောက် လျို့ဝှက်အခန်းတံခါးကို ဖွင့်ရန်အတွက် ခလုတ် ဖိနှိပ်လိုက်တော့သည်။
“ယဲ့ထျန်းရှင်းက တစ်ညလုံးဒူးထောက်နေပါတယ်”
လုကျိုးက လက်ကာပြပြီးနောက် ပြောလိုက်တော့သည်။
“ဒူးထောက်ပါစေ။ ငါ့ကို သတင်းလာပို့ဖို့မလိုဘူး” ကျိုးကျစ်ဖုန်းက ထပ်ထွက်သွားပြန်၏။
“တင်း တပည့်ဆိုး ယဲ့ထျန်းရှင်းကို အပြစ်ပေးပြီးပါပြီ။ ကုသိုလ်အမှတ်တစ်ရာ ဆုရရှိပါတယ်”
လုကျိုးက စနစ်အသိပေးသံသည် အပြစ်ပေးဟူသော စကားလုံးကို အသုံးပြုသွားပြီး သွန်သင်ဆုံးမခြင်း ဟူသော စကားလုံးကို မသုံးသွားတာ သတိပြုမိပေ၏။ အမုန်းတရားအမှတ်များ ပျောက်ကွယ်သွားသော်ငြား သစ္စာရှိသည့်အမှတ်များကမူ စိတ်ကျေနပ်စရာ မကောင်းပေ။ အမှန်တကယ် အပြစ်ပေးခြင်းမဟုတ်လျှင် သူက မိစ္ဆာဝေဟင်မျှော်နန်း၏ခေါင်းဆောင်ဟူသော ဘွဲ့အမည်နှင့် အံဝင်ခွင်ကျ ဖြစ်မှာမဟုတ်ပေ။
လုကျိုးက မဟာခန်းမထဲသို့ နောက်ဆုံးဝင်သွားသည့် အချိန်၌ မင်ရှစ်ရင်က ရောက်နေပြီးဖြစ်သည်။ သူက မင်ရှစ်ရင်၏ မျက်နှာယောင်ကိုင်းပြီး ဒဏ်ရာများရှိနေတာကို တွေ့လိုက်ရ၏။ သူက မင်ရှစ်ရင်အား ဖြစ်ပျက်ခဲ့သည်များကို မေးရန်ငြင်းခုန်ရမှာများလွန်းသည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ ထို့ကြောင့် သူက “စစ်မေးတာ ဘယ်လိုဖြစ်သွားပြီလဲ”
မင်ရှစ်ရင်က အရိုအသေပေးလျက်ပြောလိုက်သည်။
“ဖန်းရှုဝမ်က တကယ်ခေါင်းမာတယ်။ ရှစ်စွင်းရဲ့ စကားကိုသာ မမှတ်ထားဘူးဆိုရင် သူ့ကိုသေတဲ့အထိညှဉ်းပန်းမိမှာ”
“မဟူရာစစ်သည်တော်တွေကလည်း ညှင်းပန်းခံရတဲ့နေရာမှာ အတွေ့အကြုံရှိတဲ့သူတွေပဲ။ သူ့ကို စစ်ဆေးလို့ ဘာမှမရဘူးဆိုတာ မှန်းထားပြီးသား” လုကျိုးက ရလဒ်ကြောင့် မအံ့ဩသွားချေ။
“သူ့ကို ကျွန်တော်တို့ သတ်လိုက်သင့်လား။ ဘယ်လိုပဲဖြစ်ဖြစ် သူအသက်ရှင်လည်း ကျွန်တော်တို့အတွက် အသုံးမဝင်ဘူး” မင်ရှစ်ရင်က ပြော၏။
လုကျိုးက လက်ကာပြကာ ပြောလိုက်သည်။
“သူ အသုံးဝင်သေးတယ်” ပွင့်ချပ်ရှစ်လွှာနတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ပညာရှင်တစ်ဦးက သူ့ကို ကုသိုလ်မှတ်များစွာ ပေးပေလိမ့်မည်။ သို့သော် လုကျိုးက ယွီလုံရွာ အဖြစ်အပျက်၏ကြိုးကိုင်သူနှင့် ယွီလုံရွာနောက်ကွယ်ရှိလျှို့ဝှက်ချက်နှစ်ခုကြား ရွေးချယ်ရမည် ဆိုလျှင် ဒုတိယတစ်ခုက ပိုတန်ဖိုးရှိသည်ဟု လုကျိုးခံစားမိနေသည်။
“မင်ရှစ်ရင်”
“ဟုတ်ကဲ့ ရှစ်စွင်း”
“ထျန်းကျန့်မြစ်က ယွီလုံရွာအကြောင်း စစ်ဆေးဖို့အတွက် မင်းကို အမိန့်ပေးမယ်။ အဆင်အခြင်မဲ့ မလှုပ်ရှားဖို့မှတ်ထား” လုကျိုးက ပြောလိုက်၏။ ယခင်ကနှင့်ယှဉ်လျှင် မင်ရှစ်ရင်က ပျော်ရွှင်သွားခြင်း မရှိတော့ချေ။ သူက တလေးတစား ပြောလိုက်တော့သည်။
“ဟုတ်ကဲ့ ရှစ်စွင်း”
အစက လုကျိုးသည် သူ့အား စီးတော်ယာဉ် ငှားပေးချင်ခဲ့သည်။ သို့သော် ယင်းက အာရုံစိုက်မှုများစွာ ရနိုင်သည်ဟု တွေးမိလိုက်၏။ ထိုအကြောင်းပြချက်ကြောင့် အကြံကို ဖယ်ရှားလိုက်တော့သည်။
မင်ရှစ်ရင်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ရွှေနန်းဥယျာဉ်တောင် ကနေ ယွီလုံရွာကို ပျံသန်းသွားရန် အချိန်ရှစ်နာရီသာလို၏။
ယွီလုံရွာက အစောင့်အကြပ်ထူထဲသောကြောင့် ရွှေနန်းဥယျာဉ်တောင်ကနေ ယဲ့ထျန်းရှင်း ထွက်သွားစဉ် ထိုအရေးကိစ္စကို သူမမည်ကဲ့သို့စစ်ဆေးခဲ့သနည်း။
“အဲဒီလူလိမ်ကို ဒီအကြောင်းမေးရမယ်” လုကျိုးက ခေါင်းခါလိုက်သည်။ သူက အောက်သို့ဆင်းပြီးနောက် တောင်ပိုင်းမျှော်နန်းသွားလိုက်သည်။ သူရောက်လာသည့်အချိန်၌ မလှမ်းမကမ်းမြေပြင်၌ ယဲ့ထျန်းရှင်း ဒူးထောက်နေပြီး အင်မတန်ဖြူရော်နေပုံပေါ်တာကို တွေ့လိုက်ရသည်။
ယဲ့ထျန်းရှင်းက မျက်လုံးဖွင့်လိုက်တော့သည်။ လုကျိုးကို မြင်လိုက်ရသည့်အချိန်၌ သူမ၏ ခန္ဓာကိုယ်မှ ခွန်အားအချို့ပေါ်ထွက်လာပုံရသည်။ သူမ၏အနေအထားကို ထိန်းပြီးသူ့ကို နှုတ်ဆက်လိုက်တော့၏။
“ရှစ် ရှစ်စွင်း”
လုကျိုးက သူမကို ထူးမခြားနားကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်တော့သည်။
“မင်းက ငါ့ရဲ့တပည့်မဟုတ်ဘူး”
…
အခန်း (၉၂) မင်ရှစ်ရင် ပြဿနာတက်နေပြီ
လုကျိုးက ယဲ့ထျန်းရှင်း မျက်ဝန်းမှ နောင်တတရားတို့ကို မြင်လိုက်ရသည်။ ကံဆိုးသည်မှာ အလွန်နောက်ကျလွန်းသွားလေပြီ။
ယဲ့ထျန်းရှင်းက လုကျိုးကို မြင်လိုက်လိုက်ချင်း သူက အလျှော့ပေးလိုက်ပြီး သူမအား လာတွေ့သည်ဟု ထင်လိုက်မိသည်။ သို့သော်လည်း လုကျိုးက အေးစက်နေဆဲ ဖြစ်ကာ “ မင်းကို မေးစရာရှိတယ်။ မင်းအနေနဲ့ ဖြေပေးရုံပဲ ”
“ဟုတ်ကဲ့ ရှစ် .. နားလည်ပါပြီ ” ယဲ့ထျန်းရှင်းက လုကျိုးအား ရှစ်စွင်းဟု ခေါ်တော့မည့်ဆဲဆဲတွင် စကားကို အလျင်အမြန် ထိန်းလိုက်ရသည်။
“ယွီလုံရွာအကြောင်း ဘယ်တုန်းက စုံစမ်းခဲ့တာလဲ ”
ယဲ့ထျန်းရှင်းက ထိုမေးခွန်းကြောင့် ကြောင်အသွားသည်။ သူမက ရှစ်စွင်းသည် ဆူပူလိမ့်မည်ဟု တွေးထင်ထားခဲ့၏။ ရှစ်စွင်းက ယွီလုံရွာအကြောင်း ပို၍ စိတ်ဝင်စားနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုအခိုက်အတန့် သူမ စိတ်ထဲမှ ခံစားချက်များ ပွင့်ထွက်လာလေသည်။ ခဏတွေးလိုက်ပြီးနောက် သူမက ရိုးရိုးသားသား ဖြေဖို့ ဆုံးဖြတ်လိုက်သည်။
“ မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်လာပြီးတော့ ၁၀ နှစ်မြောက်လောက်မှာပါ ”
“ နန်းတော်နဲ့ နယ်မြေတွေဆီကနေ ဘယ်လိုသိခဲ့တာလဲ ”
“ လရောင်ဆွတ်နန်းဆောင်က ညီမတချို့က နန်းတော်မှာ အမျိုးသမီးအစောင့် ဖြစ်ဖူးတယ်ဆိုတော့ နန်းတော် စည်းမျည်းတွေ၊ အတွင်းပိုင်းနေရာတွေနဲ့ ပတ်သက်ပြီး ရင်းနှီးကြတယ်။ သူတို့က သတင်းရဖို့ ကူညီပေးတာပါ။ ဒါပေမဲ့ ငါးနှစ်လောက်ကြာခဲ့တယ်” ယဲ့ထျန်းရှင်းက အရေးမပါသည့်အလား ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လုကျိုးက ယဲ့ထျန်းရှင်းသည် အာဏာပိုင်လက်ထဲမှ မှတ်တမ်းများ ရရှိဖို့ ငါးနှစ်တာ အချိန်ကုန်ခဲ့ကြောင်း ကြားသည့်အခါ နည်းနည်း အံ့အားသင့်သွားသည်။ ထိုအရာကြောင့် သူမ မည်မျှဆုံးဖြတ်ထားသည်ကို သိလိုက်ရသည်။
ယဲ့ထျန်းရှင်းက ဆက်ပြောလိုက်သည်။
“ယွီလုံရွာ သုတ်သင်ခံရတာက နန်းတော်ထဲ ဆွေကြီးမျိုးကြီးတွေအမြင်မှာ ကိစ္စအသေးလေးပဲ။ ဒါပေမဲ့ … ရွာသားရာကျော် … ” သူမက စိတ်ခံစားချက်များလွန်းလာကာ ဆက်မပြောနိုင်တော့ပေ။
လုကျိုးက အေးအေးဆေးဆေး မေးလိုက်သည်။
“ အဲဒါကြောင့် ငါ့ကို မုန်းနေတာလား ”
ယဲ့ထျန်းရှင်းက ထိုအကြောင်း ကြားလိုက်သည့်အခါ စိတ်ထဲ ဗလာကျင်းသွားတော့သည်။ သူမက အစောလေးကအထိ လန်းဆန်းနေပုံပေါ်သော်လည်း လုကျိုး၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ ညှိုးနွမ်းလာသည်။
လုကျိုးက သူမအဖြေကို မစောင့်ဘဲ ဆက်မေးလိုက်သည်။
“ လရောင်ဆွတ်နန်းဆောင်က ထျန်းကျန့်မြစ်ဆီ ရောက်ဖူးလား ”
ယဲ့ထျန်းရှင်းက ပြန်ဖြေလိုက်သည်။
“လရောင်ဆွတ်နန်းဆောင်က ထျန်းကျန့်မြစ်ကို အကြိမ်များစွာ ရောက်ခဲ့တယ်။ နန်းတော်က ဒီနေရာမှာ တခြားမျိုးနွယ်တွေလည်း အများကြီးရှိတယ်လို့ ပြောပေမဲ့ လရောင်ဆွတ်နန်းဆောင် စုံစမ်းစစ်ဆေးတဲ့တစ်လျှောက်လုံး တခြားမျိုးနွယ်က မျိုးနွယ်တွေကို မတွေ့ခဲ့ရဘူး ”
ကြည့်ရသည်မှာ ယဲ့ထျန်းရှင်းကိုယ်တိုင်က ပိုင်မျိုးနွယ် ဖြစ်ကြောင်း မသိသေးပုံပင်။ သို့သော်လည်း လုကျိုး၏ မှတ်ဉာဏ်များအရ ပိုင်များသည် အစစ်အမှန်မျိုးနွယ်တော့ မဟုတ်ပေ။ သူတို့က တာ့ယန်၏ လူသားမျိုးနွယ်ကြား ထူးခြားသည့် မျိုးနွယ်စုတစ်ခုသာ ဖြစ်သည်။ မဟုတ်လျှင် ပိုင်များက ထျန်းကျန့်မြစ်နား နေရဲကြမည် မဟုတ်ပေ။ နန်းတော်က တခြားမျိုးနွယ်စုများကို အကြောင်းပြချက်အဖြစ် အသုံးပြုနေသည်မှာ သိသာလှ၏။
ယဲ့ထျန်းရှင်းက သူ့ရှစ်စွင်း မုတ်ဆိတ်သပ်ကာ အတွေးနက်နေသည်ကို မြင်ပြီး ရုတ်ခြည်း ဒူးထောက်ချလိုက်ကာ “ ကျွန်မ ပြစ်ဒဏ်ဘယ်လောက်ပြင်းပြင်း ဘယ်လိုပြစ်ဒဏ်မဆို ခံယူပါ့မယ်။ ရှစ်စွင်း အပြစ်ပေးပေးပါ ”
“ စိတ်မရှည်မဖြစ်နဲ့ဦး ” လုကျိုးက မုတ်ဆိတ်မွေးသပ်ရင်း အသံဩဩဖြင့် ပြောလိုက်သည် “ မင်းက ငါ့ကို လိမ်ညာပြီး စွပ်စွဲတဲ့အတွက် အပြစ်ပေးမှာပါ။ ယွီလုံရွာရဲ့ အဖြစ်အပျက် အမှန်တရားက အခုထိ မဖြေရှင်းရသေးဘူး။ ဖန်းရှုဝမ်က ဒီကိစ္စမှာ နယ်ရုပ်တစ်ခုပဲ။ တကယ်လို့ စုံစမ်းစစ်ဆေးမှုအဆုံးမှာ တရားခံက ငါ ဖြစ်နေခဲ့ရင် မင်း ဘယ်လိုလုပ်မလဲ ”
“ … ” ယဲ့ထျန်းရှင်းက ကြောင်အမ်းသွားလေသည်။ သူမစိတ်ထဲ ကူကယ်ရာမဲ့သည့် ခံစားချက် ကြီးစိုးလာလေ၏။ ထိုစဉ် သူမက မည်သူ့ကို ယုံရမည်မှန်း မသိတော့ပေ။
“ သူမကို တောင်ဘက်မျှော်နန်းဆောင်မှာ ပိတ်ထားလိုက်။ ထွက်သွားခွင့် မရှိဘူး ” လုကျိုးက လက်ခါကာ ပြောလိုက်သည်။
လရောင်ဆွတ်နန်းဆောင်မှ အမျိုးသမီး ကျင့်ကြံသူနှစ်ဦးက ခိုကိုးရာမဲ့စွာ ခေါင်းညိတ်လိုက်ပြီး ယဲ့ထျန်းရှင်းအား ခေါ်သွားလိုက်ကြသည်။
ထို့နောက် လုကျိုးလည်း မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်လာလိုက်သည်။
………..…
ဒုတိယမြောက်ရက်တွင် လုကျိုးက ပုံမှန်အတိုင်း ကောင်းကင်ကျမ်းကိုသာ နားလည်အောင် လုပ်ဖို့ ကြိုးစားလိုက်သည်။ သူက ပေလွှာများကို နားလည်ဖို့ အချိန်များများ ပေးလေလေ လူသားပေလွှာ၏ ပါဝင်အကြောင်းအရာများက တိုးများလာလေလေ ဖြစ်ကြောင်း သတိထားမိလိုက်၏။ သို့သော်လည်း ကောင်းကင်ကျမ်း၏ လူသားပေလွှာက နားလည်ဖို့ ခက်ခဲနေဆဲသာ ဖြစ်သည်။ အချိန်အတော်ကြာ နားလည်သဘောပေါက်ဖို့ ကြိုးစားပြီးနောက် လုကျိုးက သူ့ဘာသာ တွေးလိုက်မိသည်။
“ ဒီနေ့ နေလို့ကောင်းနေတာဆိုတော့ ကံစမ်းမဲလေး စမ်းကြည့်ဦးမှ ထင်တယ်”
“ ကံစမ်းမဲ ”
“တင်း … ကံစမ်းမဲအတွက် ကုသိုလ်ရမှတ် ငါးဆယ် ကျသင့်ပါတယ်။ ပါဝင်ကံစမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် +၁”
“ ကံစမ်းမဲ ”
“တင်း … ကံစမ်းမဲအတွက် ကုသိုလ်ရမှတ် ငါးဆယ် ကျသင့်ပါတယ်။ ပါဝင်ကံစမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် +၁”
လုကျိုးက ခေါင်းခါလိုက်သည်။ သူ့ကံကောင်းမှုများအား ကောင်းကင်ကျမ်း နားလည်အောင် လုပ်ရာ၌ သုံးမိသွားပုံပေါ်သည်။ သူက နောက်တစ်ကြိမ်မှ ထပ်ကံစမ်းဖို့ ဆုံးဖြတ်လိုက်တော့သည်။ သူက လက်ကျန်ကုသိုလ်ရမှတ်များကို လက်လွတ်စပယ် မသုံးနိုင်သေးပေ။ သူက အသေရိုက်ချက်ကတ် တစ်ကတ်သာ ကျန်တော့၏။ သူက အချိန်အခါသင့်မှ နောက်တစ်ကတ် ဝယ်ချင်သည်။
“တင်း … မင်ရှစ်ရင်က ထျန်းကျန့်မြစ်ရဲ့ စုံစမ်းစစ်ဆေးမှုကို ပြီးစီးခဲ့ပါပြီ။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀ ရရှိပါမယ် ”
လုကျိုးက ထိုအကြောင်းကြားချက်ကို မအံ့ဩမိပေ။ အခြားလူများနှင့် ယှဉ်လိုက်လျှင် မင်ရှစ်ရင်က တာဝန်ထမ်းဆောင်ရာ၌ ပိုမို ယုံကြည်စိတ်ချရပေသည်။ သူက မင်ရှစ်ရင်ဆီမှ စုံစမ်းစစ်ဆေးမှုအကြောင်း စာကို မကြာခင် လက်ခံရလိမ့်မည်ဟု မှန်းဆမိလိုက်သည်။
ခြောက်နာရီကြာပြီးသော်လည်း လုကျိုးထံ မည်သည့်စာမှ ရောက်မလာခဲ့ပေ။ မိစ္ဆာဝေဟင်မျှော်နန်းက သတင်းပို့ပေးဖို့အတွက် စာပို့ငှက်များ ရှိပေသည်။ စာပို့ငှက်က ဒဏ္ဌာရီလာ စီးတော်သားရဲများလောက် အလျင်အမြန် မသွားလာနိုင်သော်လည်း ခြောက်နာရီကြာမြင့်ပြီး စာမရောက်လာဖို့ရာ မဖြစ်နိုင်ပေ။
“ယွမ်အာ ”
“ ဟုတ် ရှစ်စွင်း ”
“ကျန်းအိုက်ကျန့်ဆီ စာပို့ပြီးတော့ နန်းတော်ထဲမှာ ယွီလုံရွာရဲ့ အမှန်တရားအကြောင်း စုံစမ်းစစ်ဆေးမှုကို ကူပေးဖို့ ပြောလိုက်။ ပြီးတော့ သူ အမှန်တရား ထုတ်ဖော်နိုင်တာနဲ့ ဓားကောင်းကောင်းတစ်ချောင်း ဆုရမယ်လို့ပါ ထည့်ရေးလိုက် ” လုကျိုးက ပြောလိုက်သည်။
လုကျိုးက မင်ရှစ်ရင်တစ်ယောက် ပြဿနာကြီးကြီးတက်နေကြောင်း ခံစားမိလိုက်၏။
ခဏအကြာတွင် ရှောင်ယွမ်အာလေးက ပြန်လှည့်လာကာ အပြုံးလေးဖြင့် အသာပြောလိုက်သည်။
“ တပည့် စာပို့ပြီးသွားပါပြီ ”
ကျိုးကျစ်ဖုန်းက ခန်းမဆောင်ထဲ အလျှင်အမြန် ပြေးဝင်လာသည်။
“ စတုတ္ထ သခင်လေး .. ဒဏ်ရာရလာတယ် ”
ရှောင်ယွမ်အာက တအံ့တဩ ပြောလိုက်၏။
“ စစ်ရှစ်ရှိုးက ဘာဖြစ်လာတာလဲ ”
လုကျိုးက သူ့သံသယနှင့်သူ ရှိ၏။ မင်ရှစ်ရင်က မဟူရာစစ်သည်တော်များဆီ အကြောင်းသွားကြားစဉ်အခါက ဒဏ်ရာမရှိခဲ့ပေ။ ယွီလုံရွာ အဖြစ်အပျက်ကို စုံစမ်းသည့်အခါမှ ဒဏ်ရာရခဲ့သောကြောင့် ကိစ္စများက မြင်နေရသည့်အထက် ပိုမို ရှုပ်ထွေးမှန်း သိသာလှသည်။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် မုတ်ဆိတ်မွေးကို သပ်ကာ “ အခု သူ ဘယ်မှာလဲ ”
“ သူက တောင်ခြေမှာပါ။ အခု ဖန်ကျုံးက သွားခေါ်လာနေပါပြီ ”
သိပ်မကြာခင် ဖန်ကျုံးက မင်ရှစ်ရင်ကို ခန်းမဆောင်အတွင်း ခေါ်ဆောင်လာသည်။
မင်ရှစ်ရင်၏ လက်ရှိအခြေအနေက အမှောင်စစ်သည်တော် ချန်းကျုံးဟယ်နှင့် အပြင်းအထန် တိုက်ခိုက်စဉ်အခါကလို ဖြစ်နေသည်။ သူက ဒူးထောက်လိုက်ပြီး “ ရှစ်စွင်းကို စိတ်မပျက်စေမိခဲ့လို့ တော်ပါသေးတယ်။ ကျွန်တော် ထျန်းကျန့်မြစ်အကြောင်း သဲလွန်စတချို့ တွေ့ခဲ့တယ် ”
“ ဆက်ပြော ”
“ထျန်းကျန့်မြစ်နားက ယွီလုံရွာဝန်းကျင်မှာ အရာရှိတွေ ကင်းလှည့်နေကြတယ်။ ဒီကိစ္စက ဆယ်စုနှစ်လောက် ရှိနေပြီတဲ့။ အဲဒါနဲ့ ကျွန်တော်လည်း ညဘက် ခိုးဝင်ကြည့်လိုက်တော့ အကြီးကြီး တွေ့ခဲ့ရတယ် ” မင်ရှစ်ရင်က ဆက်မပြောရင် တံတွေးမျိုချလိုက်ရင်း “ သူတို့က မြစ်ထဲကနေ အလောင်းတွေ ဆယ်နေကြတာ ”
“…”
ခန်းမဆောင်အတွင်းရှိ အားလုံးက ထိုစကားများကြောင့် အံ့ဩသွားကြသည်။ ထျန်းကျန့်မြစ်ဘေးတွင် တခြားမျိုးနွယ်စုများ ရှိနေသည့်ကိစ္စကို ဘေးဖယ်ထားလိုက်လျှင် မြစ်ထဲမှ အလောင်းများကို ပြန်ဆယ်နေဖို့ မလိုပေ။ ထိုအပြင် သူတို့က ထိုအရာကို လုပ်နေသည်မှာ ဆယ်စုနှစ်လောက် ရှိနေပြီ ဖြစ်၏။
“ အလောင်းတွေကို ပြန်ဆယ်နေတဲ့ ဘာလို့လဲ ” လုကျိုးက မေးလိုက်သည်။
“ဒီကိစ္စကို ဆက်စုံစမ်းချင်ပေမဲ့ ကျွန်တော် မတော်တဆ ထူးဆန်းတဲ့ ထောင်ချောက်ကို အသက်သွင်းမိသလို ဖြစ်သွားပြီးတော့ ညတွင်းချင်း နောက်ဆုတ်လာလိုက်ရတယ်”
ထိုအခိုက်အတန့် မင်ရှစ်ရင်က အသက်အောင့်လိုက်ထားသလို ဖြစ်သွားသည်။
လုကျိုးက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူက မင်ရှစ်ရင်ရှိသည့် နေရာသို့ လှေကားမှ ဆင်းလာလိုက်သည်။
မင်ရှစ်ရင်က သူ့ဘာသာ အပြစ်တင်လိုက်သည်။
“ဒီတပည့် အသုံးမကျလို့ပါ ”
“ ခေါင်းမော့စမ်း ” လုကျိုး၏ အသံက ခက်ထန်နေကာ အမိန့်ပေးသလို ဖြစ်နေသည်။
မင်ရှစ်ရင်က ပြောသည့်အတိုင်း ခေါင်းမော့လိုက်သည်။
လုကျိုး ထင်ထားသည့်အတိုင်း သူ့မျက်ခုံးစပ်ကြားတွင် အနက်ရောင် ကြာပွင့်သဏ္ဌာန်ကို မြင်လိုက်ရသည်။
“ စုန်းပညာပဲ ”
ဖန်ကျုံးက အနီးဆုံးလူ ဖြစ်၏။ သူက မင်ရှစ်ရင်ကို တောင်ပေါ် ခေါ်လာစဉ်အခါက ထိုအမှတ်အသားကို သတိမထားမိခဲ့ပေ။ ယခု မင်ရှစ်ရင် မျက်ခုံးစပ်မှ စုန်းပညာ အမှတ်အသားကို မြင်လိုက်ရသည့်အချိန် စိတ်ထဲ အကြောက်တရား ကြီးစိုးလာလေ၏။
“စတုတ္ထ သခင်လေး သက်ရောက်မှုခံရတာ မဆန်းတော့ဘူး။ ဒါက စုန်းပညာ ထောင်ချောက်ပဲ။ တာ့ယန်ထဲ စုန်းပညာ ကျင့်ကြံသူများများစားစား မရှိပါဘူး။ ဘယ်သူ့လက်ချက်များလဲ ” ဖန်ကျုံးက အထူးတဆန်း ဝင်ပြောလိုက်သည်။
လုကျိုးက ဖန်ကျုံး မေးခွန်းကို ပြန်မဖြေပေ။ သူက မင်ရှစ်ရင်အား ကြည့်လိုက်ကာ “ အဲဒါက ထျန်းကျန့်မြစ်နားမှာလား ”
“ ကြည့်ရတာ မြစ်ကမ်းပါးတောက်လျှောက် ထောင်ချောက်တွေရှိတယ် ထင်တယ်။ ရှစ်စွင်း ကျွန်တော် အဆင်ပြေပါတယ်။ နည်းနည်းလေး ပင်ပန်းနေရုံလေးပါ … ဒီစုန်းပညာက ကျွန်တော်ရဲ့ ကျင့်ကြံဆင့် ၆၀ ရာခိုင်နှုန်းလောက်ကို ကန့်သတ်ထားလိုက်ရုံလေးဆိုတော့ သိပ်မပြင်းထန် … ”
သူက ကျင့်ကြံဆင့် ၆၀ ရာခိုင်နှုန်း ကန့်သတ်ခံထားရပြီး ထျန်းကျန့်မြစ်မှ ညတွင်းချင်း မြန်မြန် ပြန်လာနိုင်ခဲ့သည်။ ပြောရလျှင် သူ့သက်လုံနှင့် အသက်ရှင်လိုစိတ်တို့က အံ့ဖွယ် ဖြစ်၏။
တစ်ခါတစ်ရံ၌ လုကျိုးက ကျိထျန်းတောက်သည် သူ့တပည့်များကို ကဗျာစာလုံးများအတိုင်း လိုက်ရွှေးထားတာလားဟု တွေးမိသည်။ သူတို့အားလုံးက ပါရမီထူးကြသည့်အပြင် နာမည်များကလည်း ကဗျာနှင့် ကိုက်ညီနေသည်။
တိုက်ဆိုင်လွန်းတာပဲ နေမှာပါလေ …
ဖန်ကျုံးက ဦးညွှတ်ကာ “ ဒါက တကယ်ကို စုန်းပညာပဲ … ကျွန်တော်တို့တွေ မြန်မြန် ဖယ်ရှားပစ်ရမယ်။ မဟုတ်ရင် စတုတ္ထသခင်လေးက ကျင့်ကြံဆင့် လုံးဝ ပျောက်ဆုံးသွားလိမ့်မယ်။ အဲဒီအခါကျ စုန်းပညာ ပြန်ပြေအောင်လုပ်ဖို့ ပိုခက်နိုင်တယ် ”
…
အခန်း (၉၃) စုန်းပညာ၏စွမ်းအား
မင်ရှစ်ရင်သည် ဖန်းကျုံး၏ စကားကြောင့် ထိတ်လန့်အံ့အားသင့်သွားသည်။ သူက မျက်လုံးလှန်ကြည့်ပြီးနောက်ပြောလိုက်တော့၏။
“ဖန်းကျုံး မင်းငါ့ကို ခြောက်ဖို့မကြိုးစားရင် ပိုကောင်းလိမ့်မယ်”
လုကျိုးက လက်မြှောက်ပြလိုက်သည်။ သူက မင်ရှစ်ရင်ကို ဟန့်တားပြီးနောက် ဖန်းကျုံးကို ဆက်ပြောရန် ပြောလိုက်၏။
ဖန်းကျုံးက ယင်းကို သိပြီး ဆက်ပြောတော့သည်။
“ကျွန်တော် ဒါကို လုပ်ကြံပြောနေတာမဟုတ်ဘူး။ ကျင့်မင်တာအိုဂိုဏ်းထဲမှာ ကုန်သွယ်ရေးကို သင်ယူတုန်းက စာကြည့်တိုက်ထဲမှာ စုန်းပညာအကြောင်းမှတ်တမ်းကို ဖတ်ဖူးတယ်။ စုန်းပညာက အဖြူရောင်စုန်းအတတ်နဲ့ အနက်ရောင်စုန်းအတတ်ဆိုပြီး ခွဲထားတယ်။ ကျင့်ကြံသူတစ်ဦးက ရက်စက်တဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင့်ကြံခဲ့မယ်ဆိုရင် မှားယွင်းတဲ့လမ်းကြောင်းကို ရောက်သွားလိမ့်မယ်။ အဲဒီတုန်းက ကျွန်တော်က ငယ်ရွယ်ပြီး မထိလေးစားနိုင်တဲ့လူငယ် တစ်ယောက်ဖြစ်ခဲ့တာလေ။ ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်ကို မြန်မြန်တိုးတက်ဖို့ပဲ စွဲလန်းနေခဲ့တော့ စုန်းအတတ်ပညာကို ကြည့်ခဲ့မိတယ်။ အားလား ကျင့်မင်တာအိုဂိုဏ်းထဲက လူတိုင်းက ဒီလျှို့ဝှက်ချက်ကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတာ။ စုန်းပညာတွေကို သင်ယူဖူးတဲ့ အကြီးအကဲတွေကို ရှာမတွေ့ခဲ့ဘူး။ ဘယ်သူကမှလည်း ကျွန်တော့်ကို သင်ပေးလိုစိတ်မရှိ ကြဘူးလေ”
ကျိုးကျစ်ဖုန်းက သိချင်စိတ်ဖြင့်မေးလိုက်တော့သည်။
“ဒါကြောင့် မင်းက ယင်သုံးပါးပုံစံကို ရွေးချယ်ခဲ့တာလား”
“ကျင့်မင်တာအိုဂိုဏ်းရဲ့အကြီးအကဲ ကျွန်တော့်ကို ပြောတာက ကျွန်တော်က ယင်သုံးပါးပုံစံနဲ့ သင့်တော်တယ်တဲ့။ ဒါပေမဲ့ အဲ့ဒါကို ယန်ခြောက်ပါးနည်းစနစ်နဲ့ တွဲကျင့်ရမယ်လို့ သူမပြောခဲ့ဖူးဘူး။ ဆရာကြီးကျိနဲ့ တွေ့ပြီးနောက်မှ ယင်နဲ့ယန်ကို ဟန်ချက်ညီအောင်လုပ်ရမဲ့ အကြောင်းကိုပဲ သိရှိလာတာ။" ဖန်းကျုံးက ပြောလိုက်သည်။
“ပြီးတော့ကော” ကျိုးကျစ်ဖုန်းက မေး၏။
ဖန်းကျုံးက ဆက်ပြောတော့သည်။
“စုန်းပညာအကြောင်းပြောရရင် စုန်းပညာရဲ့ အစီအရင်တွေက ကျင့်ကြံခြင်းအဆင့်တွေနဲ့အတူတူပဲ။ သူတို့တွေက ကျင့်ကြံသူတစ်ဦးရဲ့ ချီသွေးကြောတွေကို ဖြည်းဖြည်းချင်း ယိုယွင်းစေပြီး သူတို့ကို ပိတ်ဆို့ထားတယ်။ တကယ်တော့ ကျင့်မင်တာအိုဂိုဏ်းရဲ့ စည်းပိတ်ခြင်းနည်းစနစ်က စုန်းပညာအပေါ် အခြေခံထားတာပဲ”
ကျန်သည့်သူများက ခေါင်းညိတ်လိုက်သည်။ ထို့ကြောင့် ဖန်းကျုံးက မဟူရာစစ်သည်တော်များ၏ ကျင့်ကြံဆင့်ကို ပိတ်ရန်အတွက် ထိုမျှယုံကြည်ချက်ရှိပြီး ကူညီပေးချင်ခဲ့တာပဲဖြစ်သည်။
ဖန်းကျုံးက ပြောသည်။ “ဘယ်လိုပဲဖြစ်ဖြစ် စုန်းပညာကို မြန်မြန်ဖြေလေ စတုတ္ထသခင်လေးအတွက်ကောင်းလေပဲ။ ပဉ္စမသခင်မလေးရဲ့ ကိစ္စမှာဆိုရင် သူမရဲ့ကျင့်ကြံဆင့်က အပြည့်အဝအပိတ်ခံလိုက်ရတာ။ မန္တန်ရွတ်ဆိုသူက သေချာပေါက်အနီးကပ်ကနေ ရွတ်ဆိုလိုက်တာပဲဖြစ်မယ်။ ဒါကြောင့် အာနိသင်က ချက်ချင်းပြတာပဲ။ ဒီအကြောင်းပြချက်က ကျွန်တော်တို့တွေ စုန်းပညာကို ဘယ်အချိန်မှာဖြေနိုင်မလဲဆိုတာက ရလဒ်ထွက်လာစေမှာ”
ကျိုးကျစ်ဖုန်းက မေးလိုက်သည်။ “မင်းက စုန်းပညာအကြောင်း အများကြီးသိနေတယ်ဆိုတော့ မန္တန်ကို ပယ်ဖျက်နိုင်တဲ့နည်းကိုမင်းသိလား”
ဖန်းကျုံးက ခေါင်းညိတ်လိုက်သည်။ “မန္တန်ကို ဖယ်ရှားဖို့နည်းလမ်းတစ်ခုအကြောင်း ကျွန်တော် ဖတ်ဖူးသေးတယ်။ အဲဒါက အယုံကြည်ရဆုံးနဲ့ အားအထားရဆုံးနည်းလမ်းပဲ။ မန္တန်ရွတ်ဆိုသူကိုယ်တိုင် မန္တန်ကို ပြန်ဖြည်ပေးဖို့ပဲလိုတယ်။ ဒုတိယနည်းလမ်းကတော့ ဗုဒ္ဓဝါဒအရ ဇန်ကိုကျင့်ကြံတဲ့နည်းလမ်းနဲ့ ဒါမှမဟုတ် တောက်ကျင့်စဉ်တွေကို ကျင့်ကြံတာပဲ။ ခံရသူရဲ့ကျင့်ကြံခြင်းအခြေခံက မန္တန်ရွတ်ဆိုသူရဲ့ ကျင့်စဉ်ကို ကျော်လွှားသွားပြီ ဆိုတာနဲ့ နစ်နာသူက မန္တန်ပယ်ဖြတ်ပြီးသားဖြစ်တာလေ။ ဒါပေမဲ့ ဒီနည်းလမ်းက မဖြစ်နိုင်ဘူး။ ပြောရရင် တစ်စုံတစ်ယောက်ရဲ့ကျင့်ကြံဆင့်က အပိတ်ခံထားရတဲ့ အခြေအနေမှာ ဘယ်လိုများဆက်ကျင့်ကြံ နိုင်မှာလဲ။
“ဒီတော့ ငါတို့က စတုတ္ထသခင်လေးရဲ့ မန္တန်အကြောင်း ဘာမှမလုပ်နိုင်ဘူးလို့ မင်းပြောနေတာလား”
ဖန်းကျုံးက ခေါင်းခါပြီးနောက် သူကလက်သီးနှစ်ဖက်ကို ဆုပ်ကာ လုကျိုးဖက်ကို လှည့်ပြီးပြောလိုက်တော့သည်။ “မျှော်စင်သခင် တစ်ဦးတည်းမှာပဲ ဖြည်ပေးနိုင်တဲ့ အရည်အချင်းရှိမှာ စိုးမိပါရဲ့”
“မျှော်စင်သခင်လား”
ရှောင်ယွမ်အာနှင့် ကျိုးကျစ်ဖုန်းက လုကျိုးဖက်ကို လှည့်ကြည့်လိုက်ကြသည်။
ဖန်းကျုံးက ရှင်းပြလိုက်သည်။
“တတိယကျင့်စဉ်က မန္တန်ရွတ်ဆိုသူထက်ပိုအစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်က မန္တန်ကို အဓမ္မဖယ်ရှားပစ်ဖို့ပဲ။ မဟုတ်ရင် စုန်းပညာနဲ့ ကနဦးချီကြားက ကွဲလွဲမှုက ကျင့်ကြံသူရဲ့ သွေးကြောတွေကို ကွဲထွက်သွားစေနိုင်ပြီး ကျင့်ကြံသူကို ပေါက်ကွဲပြီး သေသွားစေနိုင်တယ်။ ဒါကြောင့် မျှော်စင်သခင်တစ်ယောက်ပဲ အဲ့ဒါကို လုပ်နိုင်မှာ”
ဖန်းကျုံး၏ ရှင်းပြချက်က အဓိပ္ပာယ်ရှိသော်ငြား လုကျိုးကမူ ဆွံ့အသွား၏။ အပြင်ပန်းတွင်မူ သူက ထိုက်တောင်တန်းကဲ့သို့ တည်ငြိမ်နေဆဲဖြစ်သော်ငြား စိတ်ထဲတွင်မူ တွေးလိုက်၏။ ငါ ဘာလုပ်သင့်လဲ။
လူတိုင်း၏ အကြည့်က လုကျိုးဆီသာရောက်နေသည်။
မင်ရှစ်ရင်က အရိုအသေပေးပြီး ပြောလိုက်တော့၏။ “ရှစ်စွင်း တပည့်အတွက် ကျေးဇူးပြုပြီး ကန့်သတ်ချက်ကို ဖယ်ရှားပေးပါ”
လုကျိုးက မုတ်ဆိတ်သပ်လျက် ယင်းကို ဖြေရှင်းနိုင်ရန် နည်းလမ်းတစ်ခုစဉ်းစားရန် ကြိုးစားနေသည်။
ထျန်းကျန်းမြစ်၏ ယွီလုံရွာနား၌ စုန်းပညာထောင်ချောက်ရှိနေသောကြောင့် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို ထိုနေရာသို့ မပို့နိုင်ဟု ဆိုလိုနေတာပဲဖြစ်သည်။ ဆိုရလျှင် မင်ရှစ်ရင်ကဲ့သို့ လူတစ်ဦးတောင် ထောင်ချောက်အတွင်းကျသွားခဲ့လျှင် ကျန်သည့်သူများက ထောင်ချောက်အတွင်း ပိုကျနိုင်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သူက ရွေးချယ်စရာမရှိတော့ပဲ ယွီလုံရွာကို ကိုယ်တိုင်ကိုယ်ကျ သွားစစ်ရောက်ဆေးရမည့်ပုံပေါ်၏။
စုန်းပညာကန့်သတ်ချက် ဖယ်ရှားခြင်းအတွက်မူ လုကျိုးက အင်မတန်စိတ်ရှုပ်ထွေးနေတော့သည်။ ယင်းအတွက် သူ့တွင်ကောင်းမွန်သော ဖြေရှင်းနည်းမရှိတော့ချေ။ ဆိုရလျှင် သူ၏ကျင့်ကြံဆင့်က ဗြဟ္မာ့ပင်လယ်နယ်ပယ်ထဲတွင်သာရှိကြောင်း ထိုလူများကို ပြောပြရန်မဖြစ်နိုင်ပေ။
ထိုစဉ် သတင်းရလာသည့် တွမ့်မူရှန်းက မဟာခန်းဆောင်ထဲသို့ရောက်လာသည်။ အခြေအနေကို လေ့လာသင်ယူပြီးနောက် သူက ချက်ချင်းတောင်းဆိုလိုက်၏။
“ရှစ်စွင်း ရှစ်တိက အမှားတွေ ကြိမ်ဖန်များစွာပြုလုပ်ပြီးခဲ့ပေမဲ့ နောက်ပိုင်းမှာ ကောင်းကောင်းမွန်မွန် လုပ်နေပါပြီ။ ကျေးဇူးပြုပြီး သူ့ကို ကယ်ပေးပါရှစ်စွင်း”
ကျိုးကျစ်ဖုန်းနှင့် ဖန်းကျုံးကလည်း မင်ရှစ်ရင်ကိုယ်စား တောင်းဆိုပေးကြသည်။
အတိတ်တုန်းကဆိုလျှင် ကျိထျန်းတောက်က ဒေါသထွက်ပြီး သူတို့အားလုံးကို ကန်ထုတ်ပစ် လောက်ပေ၏။ သို့သော် မင်ရှစ်ရင်က အခုနောက်ပိုင်း အလုပ်ကောင်းကောင်းလုပ်နေသည်ဆိုတာ ငြင်းဆန်နိုင်ဖွယ်မရှိချေ။ မင်ရှစ်ရင်၏ သစ္စာရှိမှုက တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာကဲ့သို့ မတည်ငြိမ်သော်ငြား သူက တာဝန်များပြီးမြောက်သည့်အချိန်၌ အားကိုးအားထားပြုရသည်။ မင်ရှစ်ရင်က အနည်းငယ်သွန်သင်ပြသရန်သာ လိုအပ်နေတာပဲဖြစ်သည်။
ထိုကိစ္စများအားလုံးကို တစ်ခဏခန့်တွေးပြီးနောက် နောက်ဆုံးတွင် လက်ကာပြလိုက်တော့သည်။
“ငါနဲ့လိုက်ခဲ့”
မင်ရှစ်ရင်က ထိုစကားကိုကြားသောအခါ အပျော်လွန်သွား၏။ သူက ခြေကြွပြီးနောက် လုကျိုးနောက်သို့ စကားနားထောင်သည့် ကလေးတစ်ဦးပမာလိုက်သွားလိုက်တော့သည်။
ထိုစဉ် ကျန်သည့်သူများက လုကျိုး၏ စကားကို ကြားသည့်အချိန်၌ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်တော့သည်။ သူတို့က လုကျိုးနောက်သို့ မင်ရှစ်ရင်လိုက်ပါသွားသည့် လျှို့ဝှက်အခန်းထဲ ဝင်သွားတာကိုကြည့်နေသည်။
ရှောင်ယွမ်အာက ပြုံးပြီး ယုံကြည်ချက်ရှိရှိပြောလိုက်၏။
“ဆရာက စုန်းအတတ်မန္တန်ကို ဖြေရှင်းနေတယ်ဆိုမှတော့ ဘာပြဿနာမှ ရှိတော့မှာမဟုတ်ဘူး”
ကျိုးကျစ်ဖုန်းက ခေါင်းညိတ်ပြီးပြောလိုက်သည်။
“ဟုတ်တယ်။ မျှော်စင်သခင်က နက်နဲတဲ့ကျင့်ကြံဆင့် ရှိပြီးသား။ ဒီအသေးအမွှားမန္တန်လေးက သူ့အတွက် ဘာမှမဟုတ်ဘူး”
ဖန်းကျုံးက ခေါင်းညိတ်လိုက်သော်ငြား သူဘာမှမပြောခဲ့ပေ။
တွမ့်မူရှန်းက သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်ပြီးပြောလိုက်၏။
“လောင်စစ်က စုန်းပညာသက်ရောက်ခံထားရတယ်ဆိုတော့ မင်းတို့နှစ်ယောက်ရတာပဲ”
“ဘာကို ဆိုလိုတာလဲ။ တတိယသခင်လေး” ဖန်းကျုံးနှင့်ကျိုးကျစ်ဖုန်းက ဇဝေဇဝါဖြစ်သွားသည်။
ဝှစ်
တွမ့်မူရှန်းက သူ၏ နယ်ရှင်လှံကိုမြှောက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်တော့၏။ “ငါနဲ့တိုက်ခိုက်”
ဖန်းကျုံး”...”
ကျိုးကျစ်ဖုန်း”...”
လျှို့ဝှက်အခန်းထဲတွင်ဖြစ်သည်။
ယင်းက လျှို့ဝှက်အခန်းထဲသို့ မင်ရှစ်ရင် ပထမဆုံးအကြိမ်ရောက်ဖူးတာဖြစ်သည်။ ဆိုရလျှင် လျှို့ဝှက်အခန်းထဲသို့ မည်သည့်တပည့်မှ ဝင်ခွင့်မရှိပေ။ အတိတ်တုန်းက သူတို့၏ဆရာက ရတနာများကို ဤနေရာတွင် သိုလှောင်ထားသည်ဟုတွေးခဲ့တာပဲဖြစ်သည်။ လျှို့ဝှက်အခန်းထဲတွင် ပြတင်းပေါက်များရှိမနေသောကြောင့် သူတို့၏ ဆရာသည် လျှို့ဝှက်အခန်းထဲ၌ ကျင့်ကြံရန် အချိန်ကုန်လေ့ရှိသောကြောင့် ချောင်းကြည့်ဖို့က မဖြစ်နိုင်ပေ။ သူက ယခုဝင်ခွင့်ရသည့်အတွက် အလွန်စိတ်လှုပ်ရှားနေတာ သဘာဝကျနေသည်။ သူက သိချင်စိတ်ဖြင့် လှည့်ပတ်ကြည့်လိုက်တော့၏။ စားပွဲပေါ်၌ လျှို့ဝှက်စာအုပ်အထူမျိုးစုံနည်းနည်းစီနှင့် လက်နက်မျိုးစုံလည်း ရှိနေပေ၏။ သူတို့က ဓား၊ လှံ၊ လှံရှည်နှင့် ကျိုင်းတို့ဖြစ်သည်။ ထောင့်ဖက်၌ ကျန်သည့်ပုံစံများဖြင့် လက်နက်များတောင်ရှိနေပေ၏။ ထိုမြင်ကွင်းကြောင့် သူအံ့ဩမင်သက်သွားသည်။ သူ၏ဆရာသည် သူမင်းမူစိုးမိုးနိုင်သည့်ကာလအတွင်း ရတနာများစွာ စုဆောင်းခဲ့ပုံပေါ်၏။
“ထိုင်” လုကျိုးက ကြမ်းပြင်ကို လက်ညှိုးထိုးပြလိုက်သည်။
ထိုနည်းဖြင့် မင်ရှစ်ရင်က မြန်မြန်ဆန်ဆန်ပင် အာရုံပြန်ရသွား၏။ သူက အမြန်တင်ပလ္လင်ခွေလိုက်ပြီးနောက် တနေရာထဲကိုသာ အာရုံစူးစိုက်လိုက်တော့သည်။
လုကျိုးက မုတ်ဆိတ်သပ်လျက် မင်ရှစ်ရင်နောက်တွင် ရပ်လိုက်သည်။
“ငါ့ရဲ့ကျင့်ကြံဆင့်က ဗြဟ္မာ့ပင်လယ်ချီသွေးကြောရှစ်ကြောနယ်ပယ်မှာပဲ ရှိနေတာ။ ဒါ့အပြင် စစ်မှန်တဲ့ ဗြဟ္မာ့ပင်လယ်ချီသွေးကြောရှစ်ကြောနယ်ပယ် မဟုတ်သေးဘူး။ ငါ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်က ခွန်အားလေးချိုးတစ်ချိုးပဲရှိတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးဖို့က ငါ့အတွက် ပြဿနာမဟုတ်လောက်ဘူး။ ဒါပေမဲ့ မန္တန်ကို ဖြိုခွင်းနိုင်ဖို့ကတော့ မဖြစ်နိုင်လောက်ဘူး”
ထိုစဉ်တွင် လုကျိုးက မင်ရှစ်ရင် ချွေးစေးများပြန်နေတာကိုတွေ့လိုက်ရသည်။ ကန့်သတ်ချက်က အသက်ဝင်လာသည်ကို တွေ့လိုက်ရ၏။ အခုအခြေအနေအရ ကျင့်ကြံဆင့် ရှစ်ဆယ်ရာခိုင်နှုန်းကို ကန့်သတ်ထားပုံပဲ။ သူက လက်ကိုမြှောက်ပြီး မင်ရှစ်ရင်ကို ညင်သာစွာတွန်းလိုက်၏။ သူ၏ချီစီးဆင်းမှုက လက်ဖဝါးမှတဆင့် မင်ရှစ်ရင်၏ ချီသွေးကြောများထဲ ရောက်သွားတော့သည်။
မင်ရှစ်ရင်က ထိတ်လန့်သွားသည်။
ရှစ်စွင်းရဲ့ ကျင့်ကြံဆင့်က တကယ်နက်နဲတာပဲ။ သူက နတ်ဝိညာဉ်ဝဋ်ကြွေးခြေနယ်ပယ်ရဲ့ ကနဦးချီကို ဒီလို ညင်သာတဲ့အဆင့်အထိ ဖိနှိပ်နိုင်စွမ်းရှိတယ်။
ယင်းက ပိုညင်သာလေ မင်ရှစ်ရင်၏ချီသွေးကြောများကို ထိခိုက်နိုင်ခြေပိုနည်းလေဖြစ်သည်။
လုကျိုးက သူ၏ကနဦးချီကို ထိန်းချုပ်ထားပြီး မင်ရှစ်ရင်၏သွေးကြောများကို စစ်ဆေးလိုက်သည်။ သူက မင်ရှစ်ရင်ကို ကြိမ်ဖန်များစွာပုတ်လိုက်တော့၏။
ထပ် ထပ် ထပ်
လုကျိုးက သူ၏ တွန်းအားကို မြှင့်တင်လိုက်သည်။
မင်ရှစ်ရင်သည် အစောတည်းက သူ၏ချီသွေးကြောရှစ်ကြောကို ဆက်နွယ်ပြီးသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူ၏ကနဦးချီ ပမာဏက သူ၏ချီသွေးကြောကို စီးဆင်းသွားသည်။ ကနဦးချီ ပမာဏက သူ့ကို မထိခိုက်စေပေ။
သို့သော် လုကျိုး၏ကနဦးချီက စုန်းပညာမန္တန်နှင့်ထိမိသွားသည်နှင့် တွန်းကန်အားကို ခံစားလိုက်ရတော့သည်။
မင်ရှစ်ရင်က ချက်ချင်း မျက်မှောင်ကျုံ့သွားပြီးနောက် ချွေးစေးများပြန်လာတော့သည်။
လုကျိုးက သူ့ဖာသာသူတွေးလိုက်သည်။ အား ဒါက စုန်းပညာရဲ့စွမ်းအားကိုး။ သူက မင်ရှစ်ရင်၏ ကျန်သည့်ချီသွေးကြောများကို စစ်ဆေးရန်အတွက် အတားအဆီးကို ဖြတ်ကျော်ရန် ကြိုးစားလိုက်သည်။ သို့သော် သူထိုသို့ပြုလုပ်ရန် ကြိုးစားလိုက်သည်နှင့် စုန်းပညာမန္တန်က ၎င်း၏ကိုယ်ပိုင်ဆန္ဒကို ရယူသွားသည့်အလား ရုတ်တရက်တိုက်ခိုက်တော့သည်။
“အဓိပ္ပာယ်မရှိတာ” လုကျိုးက သူ့လက်ကို ပြန်ရုတ်လိုက်သည်။ သို့သော် စုန်းပညာက မင်ရှစ်ရင်၏နောက်ကျောကနေ စွမ်းအင်လှိုင်းသဖွယ်ပေါ်ပေါက်လာသည်။
လုကျိုးက သူ့လက်ကို အလိုလို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင်ကောင်းကင်ကျမ်းစာကိုနားလည်သဘောပေါက်ပြီးသည့်အခြေအနေထဲသို့ ဝင်ရောက်သွားသည်။ သူ၏ စွမ်းအင်ဗဟိုချက်မှ ချီပင်လယ်အထိ ဦးနှောက်မှ တကိုယ်လုံးအထိ အားဖျော့ဖျော့အလင်းတန်းတစ်ခုပေါ်လာပြီးနောက် စုန်းပညာမန္တန်၏တိုက်ကွက်ကိုပြန်တွန်းကန်လိုက်၏။ ထိုနေရာတွင် မရပ်သွားပေ။ အဟုန်က ဆက်လက်ထွက်ပေါ်လာပြီးနောက် မင်ရှစ်ရင်၏နောက်ကျောကို ဝင်သွားတော့သည်။
ဘန်း
မင်ရှစ်ရင်သည် သက်ရောက်မှုကြောင့်ရှေ့သို့ငိုက်ကျသွား၏။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်ထဲရှိ စုန်းပညာမန္တန်၏ ထူးဆန်းသောစွမ်းအင်ပျောက်ကွယ်သွားတာကို ခံစားလိုက်မိသည်။
…
အခန်း (၉၄) ခွဲခွာချိတ်ကောက်
အစပိုင်းတွင် မင်ရှစ်ရင်အနေနှင့် လုကျိုးက ကြမ်းတော့မည်ဟု တွေးခဲ့မိသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်ပေါ်မှ စုန်းပညာ၏ အတားအဆီး ပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်သည့်အခါ ပျော်ရွှင်မိသွားတော့သည်။ သူက သက်ရောက်မှုကြောင့် ဒယီးဒယိုင် ဖြစ်နေသော်လည်း မကျေမနပ် မခံစားရပေ။
ချွမ် …
မင်ရှစ်ရင်က လက်နက်စင်နှင့် အရှိန်ပြင်းပြင်း ဝင်တိုက်မိသွားသည့်အခါ လက်နက်များက ပြုတ်ကျလာလေ၏။
………………
ထိုစဉ် တာ့ယန်နန်းတော်အတွင်း အမှောင်ခန်းတစ်ခု၌ …
လိုက်ကာဖြင့် ကာဆီးထားသော ဖယောင်းတိုင်၏ အလင်းရောက်အောက်တွင် ထိုအခန်းက မည်မျှရှုပ်ပွနေကြောင်း မြင်တွေ့နိုင်သည်။ ခန်းစီးနောက်တွင် ပိုးထည်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးက မျက်လုံးပိတ်လျက် ကျင့်ကြံနေသည်။ သူမ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။ သူမက ဒေါသတကြီးဖြင့် စားပွဲပေါ်မှ ပစ္စည်းများကို အကုန်ရိုက်ထုတ်ပစ်လိုက်သည်။ သူမက ကြောက်ရွံ့သည့် အရိပ်အယောင်ဖြင့် ရေရွတ်လိုက်သည်။
“ တစ်ယောက်ယောက် ငါ့မန္တန်ကို ဖျက်လိုက်တာလား။ ဘယ်သူလဲ ”
…………..…
လုကျိုးက သူ မင်ရှစ်ရင်ကို လွင့်စဉ်သွားစေသည်ကို ကြည့်ပြီး အံ့ဩမိသွားသည်။ ထိုစဉ် သူက ဗြဟ္မာသားချော့တေးကို ပယ်ဖျက်နိုင်ပြီးနောက် လန်းဆန်းသွားသည့် တူညီသော ခံစားချက်မျိုး ရလိုက်သည်။ သူက ကောင်းကင်ကျမ်းကို နားလည်အောင်လုပ်ရင်း ထူးခြားစွမ်းအားတစ်မျိုး ရလာသည်ကို အသေအချာ သိလိုက်၏။ မည်သို့ပင်ဆိုစေကာမူ ထိုကိစ္စများကို စဉ်းစားနေရမည့်အချိန် မဟုတ်သေးပေ။ သူက မင်ရှစ်ရင်အား မြန်မြန် သွားကြည့်လိုက်သည်။
စုန်းပညာ၏ အတားအဆီး ပယ်ပျောက်သွားပြီးနောက် မင်ရှစ်ရင်က ပိတ်ဆို့ခံထားရသော သူ့ချီသွေးကြောများနှင့် စွမ်းအင်ဗဟိုချက်အတွင်းရှိ ချီပင်လယ်တို့ ပြန်လည် ပွင့်လာသည်ကို အာရုံခံမိလိုက်သည်။ လွှင့်စင်သွားရာမှ နာကျင်မှုသည်လည်း ထိုအရာနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။ သူက ချီစွမ်းအားကို မြန်မြန်လှည့်ပတ်လိုက်ပြီး အခြေတည်အောင် လုပ်လိုက်သည်။ ထို့နောက် သူက ဒူးထောက်ကာ “ ရှစ်စွင်း အတားအဆီးကို ဖယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှစ်စွင်းရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းပဲ ”
လုကျိုးက အမူအရာ အပြောင်းအလဲမရှိ မင်ရှစ်ရင်အား ကြည့်လိုက်သည်။
‘ဒီကောင်းကင်ကျမ်းက တကယ်ကို ထူးခြားပြီး အားကောင်းတပဲ။ စုန်းအတတ်ကိုတောင် ဖိနှိပ်ထားနိုင်စွမ်း ရှိတယ် ’
လုကျိုးက ကောင်းကင်ကျမ်းအကြောင်း အတွေးထဲ နစ်မျှောနေမိစဉ် မင်ရှစ်ရင်၏ အာရုံက သူ့ဘေးရှိ လက်နက်များဆီ ကျရောက်သွားလေသည်။ သူက လက်နက်နှစ်ခုကို ကောက်ကိုင်ကာ ချီးမွမ်းလိုက်၏။
“ ရှစ်စွင်း ဒီလက်နက်တွေက ဘာတွေလဲ ” ထိုအရာက ဓားလည်း မဟုတ်သလို ချိတ်ကောက်လည်း မဟုတ်ပေ။ သို့သော် ပစ္စည်းနှစ်မျိုးလုံးနှင့် ဆင်တူနေလေ၏။ ဓားသွားက လွှသွားပုံ ဖြစ်ကာ အနုစိတ်ပုံဖော်ထားသည်။ နောက်လက်နက်တစ်ခုက ဓားအိမ်တစ်ခုနှင့် တူလေသည်။
လုကျိုးက ထိုလက်နက်နှစ်ခုကို ကြည့်လိုက်သည်။
“ တင်း … ခွဲခွာချိတ်ကောက်နှင့် ဓားအိမ် လက်နက်များ ရရှိခြင်း။ အကြံပြုပေးသည့် ပိုင်ရှင် - မင်ရှစ်ရင် ”
လုကျိုးက မုတ်ဆိတ်မွေးကို အသာသပ်လိုက်သည်။ ဤလျှို့ဝှက်ခန်းအတွင်း အင်အားတချို့ ရှိနေပုံပေါ်သည်။ တိုက်ဆိုင်မှုလေလား ကံတရားလေလား မသိသော်လည်း မင်ရှစ်ရင်က ထိုလက်နက်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့သည်။
လုကျိုးက ဘာမှမပြောခင် မင်ရှစ်ရင်က အပြုံးလေးဖြင့် ပြောလိုက်၏။
“ ရှစ်စွင်း … ဒီလက်နက်တွေက ကျွန်တော်နဲ့ သင့်တော်တယ် တူတယ်။ ဒီဓားသွားနဲ့ ဒီဓားအိမ် … ကျွန်တော်က ဒီလိုမျိုး မလိုက်ဖက်တာတွေကို သဘောကျတယ်။ ဒါက အနည်းဆုံးတော့ မြေကမ္ဘာအဆင့် လက်နက် ဖြစ်လိမ့်မယ် ထင်တယ် ”
သူက ဓားအိမ်ပေါ်မှ ရေးထွင်းထားသည့် စာလုံးအသေးလေးများကို သတိပြုမိသွားပြီး ဖတ်ကြည့်လိုက်သည်။
“ ခွဲခွာ .. ချိတ်ကောက် ”
မင်ရှစ်ရင်က လက်နက်များကို မစမ်းကြည့်သေးဘဲ မျက်လုံးဖြင့်သာ ကြည့်နေသောကြောင့် ထိုအရာများကို မြေကမ္ဘာအဆင့် လက်နက်ဟုသာ တွေးခဲ့မိသည်။ ခွဲခွာချိတ်ကောက်နှင့် ဓားအိမ်တို့က လျှို့ဝှက်ခန်းထဲ ရှိနေသည်မှာ ကြာမြင့်လှလေပြီ။ သူတို့က အိုဟောင်းနေပုံပေါ်၏။ သို့သော်လည်း စနစ်က ပိုင်ရှင်ဖြစ်သူကို မင်ရှစ်ရင်အား အကြံပြုလာသောကြောင့် အသက်သွင်းလိုက်ပြီးနောက် ကောင်းကင်အဆင့် လက်နက်သာ ဖြစ်လိမ့်မည်။
လုကျိုးက မင်ရှစ်ရင်တစ်ယောက် လက်နက်များနှင့် ခွဲခွာဖို့ ဝန်လေးနေမှုနှင့် သူ့မျက်နှာအထက်မှ မျက်နှာချိုအပြုံးကြီးကို မြင်လိုက်ရသည့်အခါ ခေါင်းခါပြီးတော့ ပြောလိုက်သည်။
“ အောက်ချထားစမ်း ”
“ ဗျာ ” မင်ရှစ်ရင်က ခဏတာ ကြောင်သွားလေ၏။ ထို့နောက် သူက လက်နက်များကို ဂရုတစိုက် ကြမ်းပြင်ပေါ် ချထားလိုက်သည်။ သူက ရှစ်စွင်းကို မဆန့်ကျင်ရဲပေ။
လုကျိုးက အကြောင်းပြချက်တစ်ခု မြန်မြန်ရှာကာ “ မင်းက အခုမှ နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ရောက်ခါစပဲ ရှိသေးတော့ မင်းရဲ့ ကျင့်ကြံဆင့်က အခြေမတည်ငြိမ်သေးဘူး။ မင်းအတွက် ကောင်းကင်အဆင့် လက်နက်ကိုင်ဖို့ စောလွန်းနေသေးတယ် ”
မင်ရှစ်ရင်က ထိုစကားများ ကြားလိုက်ရသည့်အခါ စိတ်ပျက်သလို ခံစားလိုက်ရသည်။ သို့သော်လည်း သူ့ရှစ်စွင်း၏ စကားထဲမှ နောက်ကွယ်အဓိပ္ပာယ်ကို ကြားလိုက်သည့်အခါ တဖန် ပျော်ရွှင်လာလေသည်။ သူ့ရှစ်စွင်း စကားအရ ခွဲခွာချိတ်ကောက်က သူ့ဆီ အနှေးနှင့်အမြန် ရောက်လာမည်သာ ဖြစ်ပေသည်။
“ ဟုတ် ရှစ်စွင်း … တပည့် အားကောင်းလာအောင် မြန်မြန်ကြိုးစားပါ့မယ် ” မင်ရှစ်ရင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လုကျိုးက မုတ်ဆိတ်မွေးအသာသပ်လိုက်ပြီးနောက် လက်ခါကာ ထွက်သွားခိုင်းလိုက်တော့သည်။
မင်ရှစ်ရင်က ထွက်သွားရတော့မည် ဖြစ်ကြောင်း နားလည်လိုက်သည်။ သူက လျှို့ဝှက်ခန်း တံခါးအနား ရောက်လာသည့်အခါ ခွဲခွာချိတ်ကောက်ကို လှည့်ကြည့်လိုက်သေးသည်။ သူက မခွဲခွာလိုသည်မှာ သိသာလှသည်။
မင်ရှစ်ရင် ထွက်သွားပြီးနောက် လုကျိုးက လျှို့ဝှက်အခန်းထဲ နေရာအနှံ့ပြန့်ကျဲနေသည့် ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။ လျှို့ဝှက်ခန်းက နေရာကျယ်၍သာ တော်သေးသည်။
‘ ရှုပ်နေတဲ့အတိုင်းပဲ ထားလိုက်တော့မယ်။ ဘာမှ မဖြစ်နိုင်ပါဘူးလေ’
သူက လက်ကို မြှောက်လိုက်သည်နှင့် ခွဲခွာချိတ်ကောက်နှင့် ဓားအိမ် သူ့လက်ထဲ ရောက်ရှိလာသည်။
………….…
ခဏအကြာတွင် လုကျိုးက လျှို့ဝှက်ခန်းမှ ခန်းမဆောင်အတွင်း ထွက်လာလိုက်သည်။ သူက တွမ့်မူရှန်းနှင့် အခြားလူများ ထွက်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ တစ်ချိန်တည်းတွင် မင်ရှစ်ရင်က ရှောင်ယွမ်အာဆီ စိတ်လှုပ်ရှားတကြီး စကားပြောဆိုနေစဉ် ရှောင်ယွမ်အာက တအံ့တဩ ဖြစ်နေပုံပေါ်နေ၏။
လုကျိုးက သူတို့ဆီ လျှောက်လှမ်းသွားလိုက်သည်။ သူ့တပည့်နှစ်ယောက်က သူ့အား မြင်လိုက်သည့်အခါ တန်းဦးညွှတ်၍ နှုတ်ဆက်လိုက်ကြသည် “ ရှစ်စွင်း ”
“ မင်ရှစ်ရင် ”
“ဟုတ် ရှစ်စွင်း ”
“ မန္တန်က ပျယ်သွားပြီဆိုပေမဲ့ သတိလက်လွတ် မနေနဲ့ ”
“ ဟုတ်ကဲ့ ” မင်ရှစ်ရင်က နာနာခံခံ ပြန်ဖြေလိုက်သည်။
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ခေါင်းညိတ်လိုက်သည်။ အစပိုင်းတွင် သူက အချိန်တစ်ခုအထိ ရွှေနန်းဥယျာဉ်တောင်မှ ထွက်သွားဖို့ ရည်ရွယ်ချက် မရှိပေ။ သူ့လက်ရှိ ကျင့်ကြံဆင့်လေးဖြင့် မိစ္ဆာဝေဟင်မျှော်နန်းတွင် နေရင်း သူ့တပည့်များဆီမှ ကုသိုလ်ရမှတ်များ ရဖို့ နည်းလမ်းကို စဉ်းစားကာ အင်အားကို ဖြည်းဖြည်းချင်း တည်ဆောက်ဖို့ စဉ်းစားထားလေသည်။ သို့သော်လည်း ယွီလုံရွာ အဖြစ်အပျက်နောက်ကွယ်မှ အမှန်တရားက အလွန်ရက်စက်လွန်းလှသည်။ နန်းတော်ရှိ စုန်းပညာရှင်တစ်ယောက်နှင့် ပတ်သတ်ဆက်နွယ်နေသည်။ သူသာ အောက်ခြေအထိ တူးဆွနိုင်လျှင် ကျောင်းယွဲ့၏ ကျင့်ကြံဆင့်ကို ပိတ်လှောင်ထားသည့် လူအကြောင်းကိုလည်း နားလည်လာနိုင်လောက်သည်။
လုကျိုးအနေနှင့် ထိုကိစ္စအား အရေးထားသည့် နောက်တစ်ချက်မှာ စနစ်မှ သူ့အား ယွီလုံရွာအဖြစ်အပျက်အကြောင်း စုံစမ်းအောင်မြင်ပြီးစီးပါက ကုသိုလ်ရမှတ် သုံးထောင်ရမည်ဟု အရှင်းအလင်း ဖော်ပြထားသည်။ စနစ်က သူ့ကို တာဝန်တစ်ခုတည်းအတွက် အမှတ်သုံးထောင် တစ်ခါမှ မပေးဖူးပေ။ ဤကိစ္စအရေးပါမှုကား သိသာလှသည်။
နောက်ဆုံးတွင် လုကျိုးက ပြောလိုက်သည်။
“ ငါ မနက်ကျ ယွီလုံရွာအကြောင်း စုံစမ်းဖို့ သွားမယ် ”
မင်ရှစ်ရင်က ထိုအကြောင်းကြားလိုက်မိသည့်အခါ အံ့အားသင့်သွားလေသည်။ ခဏအကြာတွင် သူက သတိပြုမိလိုက်ကာ “ ရှစ်စွင်း ကိုယ်တိုင်သွားရင် အောင်မြင်မှုက အသေအချာပဲ”
လုကျိုးက သူ့ဆီမှ စုန်းပညာ အတားအဆီးကို ဖယ်ရှားပေးနိုင်ခဲ့သောကြောင့် လုကျိုးအပေါ် သူ့ယုံကြည်မှုတို့က လုကျိုးကိုယ်တိုင်ထက်ပင် မြင့်မားနေလေပြီ။
တစ်ဖက်တွင် ရှောင်ယွမ်အာက လုကျိုး အပြင်ထွက်ဖို့ စီစဉ်ထားကြောင်း ကြားလိုက်ရသည့်အခါ ပျော်ရွှင်သွားပြီး လက်ခုပ်တီးလိုက်မိ၏။
“ ရှစ်စွင်း … တပည့်လည်း အတူတူ လိုက်ချင်တယ် ”
လုကျိုးက ရှောင်ယွမ်အာကို လျစ်လျူရှုထားလိုက်ပြီး မင်ရှစ်ရင်အား ကြည့်ကာ “ မဟူရာစစ်သည်တော်တွေကို သေချာစောင့်ကြည့်ထားလိုက် ”
“ ဟုတ် ရှစ်စွင်း ” မင်ရှစ်ရင်က ဦးညွှတ်ကာ “ စန်းရှစ်ရှိုးနဲ့ ကျွန်တော် ရှိနေမှတော့ သူတို့တွေ အတောင်ပေါက်လာရင်တောင် လွယ်လွယ်လေး ထွက်သွားနိုင်မှာ မဟုတ်ပါဘူး ”
ထို့နောက် လုကျိုးက လှည့်ထွက်လိုက်သည်။ သို့သော်လည်း သူက ခြေနှစ်လှမ်းမျှ လှမ်းပြီးနောက် ပြန်လှည့်လာကာ ပြောလိုက်သည်။
“ သစ္စာဖောက်တွေအကြောင်း ဘာကြားထားသေးလဲ”
သစ္စာဖောက်ဆိုသည်မှာ အကြီးဆုံး ယွီကျန့်ဟိုင်၊ လောင်အာ့(ဒုတိယမြောက် တပည့်) ယွီရှန်းရုန်နှင့် အခြားလူများကို ဆိုလိုခြင်း ဖြစ်၏။
မင်ရှစ်ရင်က ခေါင်းခါကာ “ လတ်တလော ကျွန်တော် ရွှေနန်းဥယျာဉ်တောင်ကနေ မထွက်သွားဖြစ်တော့ အပြင်ဘက်က အကြောင်းတွေကို သိပ်မသိပါဘူး ”
လုကျိုးက ခေါင်းအသာညိတ်လိုက်သည်။ သူက ဖြောင့်မတ်ခြင်းလမ်းစဉ်မှ လူများကို နှစ်ကြိမ်တိုင်တိုင် အနိုင်ယူခဲ့သောကြောင့် သစ္စာဖောက်များက သိုသိုသိပ်သိပ်နေနေပုံ ပေါ်သည်။
‘ ယွီလုံရွာအကြောင်း ဖြေရှင်းပြီးတာနဲ့ ဒီသစ္စာဖောက်တွေနဲ့ ရှင်းဖို့ နည်းလမ်းရှာရမယ် ’
……………..
လုကျိုးက ညွှန်ကြားပေးပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်လာကာ ကောင်းကင်ကျမ်းကို နားလည်အောင် ကြိုးစားလိုက်သည်။ သူက မန္တန်ကို ချေဖျက်ပြီးနောက် ကောင်းကင်ကျမ်းအပေါ် သူ့နားလည်နိုင်စွမ်းမှာ နက်ရှိုင်းလာလေသည်။
လုကျိုးက ကောင်းကင်ကျမ်းကို ဖွင့်လိုက်သည်။ လူသားပေလွှာအထက် ပါဝင်သည့် အကြောင်းအရာများက သူ့ရှေ့ ပေါ်လာလေသည်။ ထိုအရာက တောက်ပလင်းလက်နေဟန် ပေါ်နေ၏။ ထိုစဉ် ပုံမှန် အနေခက်ပြီး ခက်ခဲသည့် စာလုံးများက ပို၍ အသက်ဝင်လာပုံရ၏။ ဖတ်ဖို့ ပိုလွယ်လာသလို ပိုသက်သောင့်သက်သာ ရှိလာသည်။
“မူလဇာစ်မြစ်နဲ့ အလင်းရောင်ကို ဉာဏ်အလင်းပွင့်ခြင်း … စွမ်းအားကနေ လမ်းစဉ်တွေ ပွင့်လာတယ်။ အရည်အချင်းတွေ မြင့်တက်လာစေပြီး ခရီးစဉ်ကလည်း ပေါ့ပါးလာတယ် ”
လုကျိုးက ကျယ်ကျယ် ဖတ်လိုက်သည်။ ထို့နောက် သူက ခဏရပ်ကာ သူ့ဘာသာ တီးတိုးရေရွတ်လိုက်၏။
“ဗြဟ္မာ့တေးသံ သက်ရောက်မှု မရှိတာမျိုး၊ စုန်းပညာကို ဖိနှိပ်နိုင်တာမျိုးက ဒီလူသားပေလွှာက စိတ်ကို အနှောင့်အယှက်ပေးတဲ့ ကျင့်ကြံနည်းတွေကို ဆန့်ကျင်နိုင်တာမျိုးလား ”
သူက ဆက်ဖတ်လိုက်သည်။ ထင်ထားသည့်အတိုင်း အကြောင်းအရာအသစ်တို့ အောက်တွင် ပေါ်လာလေသည်။
“အကောင်အထည်မရှိတဲ့ စွမ်းအားကို ရရှိဖို့အတွက် အလှုပ်အရှားမရှိဘဲ နေရာများစွာကို သွားလာခဲ့ပြီး အကျိုးမြတ်များစွာ ရခဲ့တယ်။ အရာအားလုံးကို နှုတ်ဆိတ်စေနိုင်မဲ့ စွမ်းအားတွေ ရရှိဖို့အတွက် တရားထိုင်ရမယ်။ အလင်းနဲ့ အရိပ်လိုမျိုး နေရာတိုင်းမှာ စိမ့်ဝင်ပြီးတော့ ဉာဏ်အလင်းပွင့်လာနိုင်တယ်” လုကျိုးက လေ့လာရင်း အချိန်ကိုပင် မေ့လျော့သွားလေသည်။
………..…
နောက်တစ်ရက် မနက်ခင်း၌ …
လုကျိုးက အတော်လေး လန်းဆန်းနေလေသည်။ သူက ကောင်းကင်ကျမ်းကို ပိတ်လိုက်ပြီးနောက် လျှို့ဝှက်ခန်းမှ ထွက်လာလိုက်သည်။
ခန်းမဆောင်အရှေ့တွင် ရှောင်ယွမ်အာက စောင့်ကြိုနေလေ၏။ သူမ၏ စိတ်အားထက်သန်သည့် အမူအရာများက လုကျိုးအား သူမလည်း လိုက်ချင်ကြောင်း ပြောနေသကဲ့သို့ ဖြစ်နေသည်။ သူမက ရှစ်စွင်းကို မြင်လိုက်သည်နှင့် “ ရှစ်စွင်း … ရှစ်စွင်း နတ်ခြင်္သေ့ စီးရအောင်နော်။ ပိအန်းကြီး မလိုချင်ဘူး ”
လုကျိုးက ခေါင်းခါကာ “ ကလေးဆန်လိုက်တာ ”
သူက သူမအား ဆူချင်သော်လည်း သူမ၏ အလိုကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်လိုက်သည်။ သူက အသက်ကြီးနေပြီ ဖြစ်ရာ ခက်ခဲကြမ်းတမ်းသော ခရီးကို တောင့်ခံနိုင်မည် မဟုတ်ပေ။
နှစ်ယောက်လုံးက မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်လာလိုက်ကြသည်။
ရှောင်ယွမ်အာက ယခုလေးတင် ရောက်လာသည့် မင်ရှစ်ရင်အား ပြုံးဖြီးပြလိုက်သည်။ မင်ရှစ်ရင်လည်း သူတို့နှင့်အတူတူ ခန်းမဆောင်မှ ထွက်လာလိုက်သည်။
သူတို့အပြင်ဘက် ရောက်သည့်အခါ ရွှေနန်းဥယျာဉ်တောင် တောအုပ်ထဲမှ တိမ်တိုက်ပေါ် နတ်ခြင်္သေ့ကြီး ပေါ်ထွက်လာသည်။
မင်ရှစ်ရင်က ဒဏ္ဍာရီလာ စီးတော်သားရဲကို မြင်လိုက်ရသည့်အခါ အားကျလွန်း၍ မျက်လုံးကျွတ်ထွက်မတတ် ဖြစ်နေရှာသည်။ သူ့တွင်သာ ထိုသို့စီးတော်သားရဲမျိုးရှိလျှင် နေ့တိုင်း ရိုက်နှက်ခံနိုင်သည်။
“ရှစ်စွင်း တပည့် ရှေ့မှာ ထိုင်ချင်တယ် ” ရှောင်ယွမ်အာလေးက နတ်ခြင်္သေ့၏ ကျောဘက်အရှေ့နားကို ညွှန်ပြရင်း ပြောလိုက်သည်။
လုကျိုးက ဘာမှမပြောပေ။
နတ်ခြင်္သေ့ကျောဘက်က ကျယ်ဝန်းသောကြောင့် စီးနင်းသူက အရှေ့ပိုင်းမှ မြင်ကွင်းကောင်းကောင်း ပိုမြင်ရသည်။ ထိုစီးတော်သားရဲ၏ ပျံသန်းနှုန်းက တည်ငြိမ်လွန်းသည့်အတွက် မြင်ကွင်း ခံစားဖို့ အနှောင့်အယှက် မဖြစ်ပေ။
သူတို့နှစ်ယောက်သား ကျောဘက် တက်လိုက်ကြပြီးနောက် နတ်ခြင်္သေ့ကြီးက အသာဟိန်းလာပြီး လေထဲ ခုန်ထွက်သွားကာ ပျောက်ကွယ်သွားတော့သည်။
မင်ရှစ်ရင်က သူတို့နောက်မှ လိုက်ကာ မျက်စိတစ်ဆုံး ရှာလိုက်သည်။ သို့သော် နတ်ခြင်္သေ့ကို မမြင်ရတော့ပေ။
………………
နတ်ခြင်္သေ့က ကောင်းကင်ထဲ ပျံသန်းနေစဉ် လုကျိုးက စနစ်ကို စစ်ဆေးကြည့်လိုက်သည်။ သူ့တွင် ကုသိုလ်ရမှတ် ၂၂၁၀ ကျန်သေး၏။ သူက အသုံးအဆောင်ကတ် မဝယ်ထားသေးဘဲ အခြေအနေကို ကြည့်ပြီး လိုအပ်မှ ဝယ်ဖို့ ဆုံးဖြတ်ထားသည်။ နမူနာအားဖြင့် သူသာ မရုန်းထွက်နိုင်သည့် အန္တရာယ်များသော အခြေအနေကြား ကျရောက်နေလျှင် ပြစ်ချက်မဲ့ကတ်ကို သုံးပေမည်။ အကယ်၍ သူ့တွင် အချိန်ရှိလျှင် နတ်ခြင်္သေ့ကျောပေါ်မှ ထွက်သွားလိုက်မည်။
…………..…
နှစ်နာရီကြာမြင့်ပြီးနောက် …
နတ်ခြင်္သေ့ကြီးက ကောင်းကင်ယံမှ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။
“ ရှစ်စွင်း တပည့်တို့ ရောက်ပြီလား ”ရှောင်ယွမ်အာက နတ်ခြင်္သေ့ကျောပေါ်မှ ဆင်းဖို့ အင်တင်တင် လုပ်နေလေသည်။
လုကျိုးက သူမအား လျစ်လျူရှုထားလိုက်ပြီး နတ်ခြင်္သေ့ကို ဆင်းသက်ခိုင်းလိုက်သည်။
ရှောင်ယွမ်အာက ဆင်းရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
လုကျိုးက နတ်ခြင်္သေ့ကို ပြန်သိမ်းကာ ဘေးပတ်လည်ကို လေ့လာကြည့်လိုက်ပြီး ပြောလိုက်သည်။
“ ငါတို့တွေ ထျန်းကျန့်မြစ်နဲ့ နီးနေပြီ။ နတ်ခြင်္သေ့က အာရုံစိုက်စရာ ဖြစ်လွန်းတယ် ”
“ ရှစ်စွင်းက အရမ်းအားကောင်းတော့ သွားပြီး အားလုံးကို သတ်ပစ်လိုက်ရုံပဲ မဟုတ်ဘူးလား”
ရှောင်ယွမ်အာက နားမလည်သလို မေးလိုက်သည်။
“ ရှစ်စွင်းကို ပြန်ပြောနေတာလား ” လုကျိုးက အေးစက်စက် ပြောလိုက်သည်။ ဆရာ့စကားများက ဥပဒေ မဟုတ်ပါလော။
နှစ်ယောက်လုံးက အနားယူခါနီးတွင် ရှောင်ယွမ်အာက ရုတ်ခြည်း ထပြောလိုက်သည်။
“ရှစ်စွင်း တစ်ယောက်ယောက် ချဉ်းကပ်လာပြီ”
ထိုအခိုက်အတန့်မျိုး၌ သူမက အားကောင်းပေသည်။
သိပ်မကြာခင် ကျင့်ကြံသူတချို့က ဓားပျံများ စီးနင်းကာ တောအုပ်အပေါ်မှ ဖြတ်သွားကြသည်။
“ ကျိထျန်းတောက် လာနေပြီ။ ပြေးထားကြ ”
“ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မိစ္ဆာအိုကြီး လာနေပြီ။ မြန်မြန် ပြေးကြ ”
ဝှီး ဝှီး …
ကျင့်ကြံသူများက လုကျိုးနှင့် ရှောင်ယွမ်အာခေါင်းအထက်မှ ဖြတ်ပျံသွားကြသည်။
ဗြဟ္မာ့ပင်လယ် နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြတ်သန်းသွားသည့်အခါ သူတို့ကို အကြံပေးခဲ့သေး၏။
“အဘိုးကြီး မြန်မြန်ပြေးတော့။ မိစ္ဆာအိုကြီး ကျိထျန်းတောက် လာနေပြီ။ အသက်မရှင်ချင်တော့ဘူးလား ”
ဝှီး
ကျင့်ကြံသူများက အမြန်နှုန်းဖြင့် ပျံသန်းလာကြပြီး တောအုပ်ထဲ ပျောက်ကွယ်သွားကြသည်။
ရှောင်ယွမ်အာက နှုတ်ခမ်းစူကာ “ ရှစ်စွင်းက သူတို့ကို ဘယ်တုန်းက လိုက်ဖမ်းလိုက်လို့လဲ ”
…
အခန်း (၉၅) မိစ္ဆာအိုကြီးရဲ့ပုံစံလား
လုကျိုး၏ အမူအရာက မပြောင်းမလဲရှိနေသေး၏။
“ငါက ဘာကြောင့် ဒီလောက် အဓိပ္ပာယ်မရှိတဲ့ အရာကို လုပ်ရမှာလဲ။ သူတို့တွေက ယင်ကောင်တစ်စုလေးပဲကို” သူသည် မုတ်ဆိတ်ကိုသပ်နေလိုက်၏။ သူတို့အကြောင်းကို သူမေ့သွားရန် သိပ်မကြာလိုက်ပေ။
ကျင့်ကြံသူများထွက်သွားပြီးနောက် သူတို့ပတ်ဝန်းကျင်က တိတ်ဆိတ်သွားတော့သည်။ ထိုစဉ် ရှောင်ယွမ်အာက ပြောလိုက်၏။
“ရှစ်စွင်း တပည့်တို့ သူတို့နောက်ကို အမှီလိုက်ပြီး သူတို့ကို သတ်ရအောင်လား”
“ဘာကြောင့်လဲ” လုကျိုးက မေးလိုက်၏။
“သူတို့က ရှစ်စွင်းမလုပ်ခဲ့တဲ့အရာအတွက် ရှစ်စွင်းကို စွပ်စွဲပြီး ကျိန်ဆဲနေကြတာလေ။ တပည့်တို့ သူတို့ကို သွားပြီးသတ်ရမယ်။ အကြောင်းမဲ့မှားယွင်း စွပ်စွဲခံရတာ မဖြစ်သင့်ဘူး” ရှောင်ယွမ်အာက မှန်ကန်ဖြောင့်မတ်စွာပြောလိုက်သည်။
ငါတော့ သူ့ရဲ့သဘောတရားကြောင့် အတော်ဆွံ့အမိတယ်။ လုကျိုးက ရှောင်ယွမ်အာ၏ စကားများကို တွေးလိုက်မိသည်။ သူက ခေါင်းခါကာပြောလိုက်၏။ “သူတို့တွေက တခြားတစ်ယောက်ကို ကျိန်ဆဲနေတာလို့ ငါထင်တယ်”
“ဘယ်သူလဲ” ထိုစဉ် ချဉ်းကပ်လာသောခြေသံများကိုကြားလိုက်ရပြီး မြေပြင်ပေါ်၌ တုန်နှုန်းအနည်းငယ်လိုက်ပါလာတော့သည်။
သူတို့သည် ဆူညံသံလာရာဖက်ကို ကြည့်လိုက်သည့်အချိန်၌ မနှေးလွန်းမမြန်လွန်းသော လူတစ်စုရောက်လာတာကို တွေ့လိုက်ရသည်။ သူတို့က အံ့ဖွယ်စီးတော်ယာဉ်ပေါ် စီးနင်းလိုက်ပါနေကြတာပဲဖြစ်၏။
စီးတော်ယာဉ်များသည် ရထားလုံးပျံများထက်ပိုတန်ဖိုးရှိပေ၏။ ရထားလုံးပျံများက ပြုလုပ်ရန်ခက်ခဲသော်ငြား မှန်ကန်သည့်ကုန်ကြမ်းနှင့် အစီအရင်များရှိပြီး မည်သည့်ကျင့်ကြံသူမဆို ယင်းကို အသက်သွင်းနိုင်ပေသည်။ စီးတော်ယာဉ်များကမူ ရရန်ခက်ခဲ၏။ သူတို့ကို ဖမ်းရန်ခက်ခဲပြီး ယဉ်ပါးအောင်ပြုလုပ်ရန်က ပိုတောင်ခက်ခဲ၏။
တောအုပ်ထဲမှ စွမ်းအင်ပမဏများစွာ ဖြည်းဖြည်းချင်းပေါ်ထွက်လာ၏။ ၎င်း၏ ခန္ဓာကိုယ်က နန်းတော်နံရံကဲ့သို့ ဆင်တူပြီး ၎င်း၏ခြေထောက်များက ကျောက်တိုင်ကဲ့သို့ ဖြစ်နေသည်။ ယင်းက အံ့ဖွယ်စီးတော်ယာဉ် ဆင်ဘုရင်ဖြစ်၏။ သူ့၌ မာကျောပြီး သန်မာသော ခုခံမှုရှိသည်။ ယင်းက တောင်တက်လမ်းကြောင်းကို ချီတက်နိုင်ပြီး စီးဆင်းနေသောမြစ်များကို ဖြတ်ကျော်နိုင်ပေ၏။ သူမလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ပျံသန်းခြင်းပင်ဖြစ်သည်။
ဆင်ဘုရင်က ၎င်း၏နောက်ကျောတွင် ရထားလုံးတစ်စင်းကို သယ်ဆောင်ထား၏။ ရထားလုံးက ကျယ်ဝန်းပြီး ၎င်း၏ပခုံးတမျှ ကျယ်ဝန်းပေ၏။ ရိုးရှင်းသော်ငြား တစ်ချိန်ထဲတွင်မူ ချဲ့ကားရာရောက်နေသည်။
“ဆင်ဘုရင်” ရှောင်ယွမ်အာက ရေရွတ်ပြောလိုက်၏။
ကျင့်ကြံသူ သုံးဦးက ဆင်ဘုရင်၏ဖက်ခြမ်းသို့ ပျံဝဲလာကြသည်။ သူတို့က အမျိုးသမီးတစ်ဦးနှင့် အမျိုးသားကျင့်ကြံသူနှစ်ဦးဖြစ်ပေသည်။ သူတို့က မနှေးလွန်းမမြန်လွန်းသည့်အရှိန်ဖြင့် တောအုပ်ဆီသို့သွားနေ၏။
ဆင်ဘုရင်က မီတာအနည်းငယ်လှမ်းပိုးထားနိုင်သည်။ ၎င်းက တစ်လှမ်းလှမ်းလိုက်တိုင်း ကျယ်လောင်သည့်ခြေသံကို ကြားနေရသည်။
လုကျိုးက ရှောင်ယွမ်အာကို သူနှင့်အတူထွက်သွားရန် အချက်ပြလိုက်သည်။ ဆိုရိုးစကားရှိသည့်အတိုင်း မြစ်ရေကတွင်းရေဖြင့် ဝင်စွက်ဖက်ခြင်းမပြုပေ”
“အိုး” ရှောင်ယွမ်အာက သူမဆရာ၏စကားကို နာခံပြီးလိုက်သွားတော့၏။ သူတို့က ယွီလုံရွာသို့ သူတို့ခရီးလမ်းကြောင်းကို ဆက်တော့သည်။
သို့သော် သူတို့ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည့် အချိန်၌ ဆင်ဘုရင်ဘေးနား၌ ပျံဝဲနေသော မိန်းမငယ်လေးတစ်ဦးက ဓားပျံကိုစီးလျက် သူတို့နားသို့ချဉ်းကပ်လာသည်။ သူမ၏ ဓားပျံပေါ်၌ရပ်ကာ ရိုင်းပြစွာပြောလိုက်တော့၏။
“ဟဲ့”
သူမနှင့်သက်တူရွယ်တူလောက်သာရှိသည့် မိန်းမပျိုလေးကို မြင်တွေ့လိုက်ရပြီး ရှောင်ယွမ်အာက သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့သော မိန်းမပျိုလေး၏ရဲတင်းမှုအတွက် ဒေါသထွက်သွားတော့သည်။ သူမက ညီတူမျှတူရိုင်းပြစွာပြန်ပြောလိုက်သည်။
“ဘာလဲ။ လမ်းဖယ်လိုက်”
လုကျိုးက မုတ်ဆိတ်သပ်လျက် ထိုမိန်းမငယ်လေးကို ထူးမခြားနားကြည့်နေတော့သည်။
“နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူ။ သူကလပါရမီရှိတဲ့ပုံပဲ။ ဒါပေမဲ့ ယွမ်အာအော်လိုက်ရုံနဲ့ လွင့်ထွက်သွားလောက်တယ်။ ဒီအသုံးမဝင်တဲ့ ကျင့်ကြံသူတွေအပေါ် ငါ့ရဲ့ အသုံးပစ္စည်းကတ်တွေ ဖြုန်းတီးဖို့မထိုက်တန်ဘူး”
ဓားပျံပေါ်ရှိ မိန်းကလေးက ခါးထောက်လျက် ရှောင်ယွမ်အာကို လက်ညှိုးထိုးလိုက်တော့သည်။ သူမက မောက်မာထောင်လွှားစွာ ကြေညာလိုက်၏။
“ငါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ နဝမမြောက်တပည့် စီယွမ်အာပဲ။ ငါ့မှာ နင့်ကို မေးစရာရှိတယ်။ ဒီလမ်းအတိုင်းပြေးသွားတဲ့ ကျင့်ကြံသူ ဆယ်ယောက်ကို တွေ့ခဲ့လား”
ရှောင်ယွမ်အာက မှင်သက်သွား၏။ သူမက ဒေါသထွက်သွားတော့သည်။ ထိုမိန်းကလေး၏စကားကို နားထောင်ချင်စိတ်မရှိတော့ချေ။ ရာရာစစ ငါ့အယောင်ဆောင်ရဲတယ်ပေါ့။ ငါသည်းမခံနိုင်ဘူး။
သူမက မြေပြင်ကို အားပြုလျက် ထိုမိန်းကလေးဆီသို့ မီးမြှားတစ်စင်းပမာတိုးဝင်သွားတော့သည်။
ဘန်း ဘန်း ဘန်း
နှစ်ယောက်သား ဒေါသတကြီး စတင်တိုက်ခိုက်ကြတော့သည်။
ရုပ်ပိုင်းဆိုင်ရာ စွမ်းအားအရတွင် ရှောင်ယွမ်အာ၏ သန့်စင်ကျောက်စိမ်းကျင့်စဉ်က ပြိုင်ဘက်ကင်းသည်။ အတုက ရှောင်ယွမ်အာ ရုတ်တရက်တိုက်ခိုက်လိမ့်မည်ဟု မထင်ထားပေ။ ထို့ကြောင့် သူမက အငိုက်ဖမ်းမိသွားပြီး နောက်ဆုတ်ရန် ဖိအားပေးခံလိုက်ရတော့သည်။
ဘန်း ဘန်း ဘန်း
ရှောင်ယွမ်အာသည် သူမ၏လက်သီးနှင့် ခြေထောက်များကို အသုံးပြုခဲ့၏။ လျှပ်စီးပြက်သည့် အရှိန်ဖြင့်လှုပ်ရှားနေတာဖြစ်ကာ ပြိုင်ဖက်ကို ဟန့်တားထားနိုင်သည်။
“ဒီကောင်မလေးရဲ့ စိတ်က ကြမ်းတမ်းနေသေးတုန်းပဲ” လုကျိုးက ဆင်ဘုရင်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုနေရာရှိလူများက လှုပ်ရှားရန် စီစဉ်ထားပုံမပေါ်ပေ။
ရှောင်ယွမ်အာနှင့်တိုက်ခိုက်နေသည့်ကျင့်ကြံသူက နတ်ဒေဝါဦးတည်နယ်ပယ်တွင်ရှိသည်။ ရှောင်ယွမ်အာက ထိုကဲ့သို့ ရန်သူအနည်းငယ်ကို ဖြေရှင်းနိုင်သည့်အရည်အချင်းရှိပေ၏။ သို့သော် ဆင်ဘုရင်ပေါ်ရှိ လူက အနည်းဆုံးတော့ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ရှိ ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားတာ ဖြစ်ရမည်။ ထိုလူလှုပ်ရှားခဲ့လျှင် ရှောင်ယွမ်အာက အနိုင်ရရန် မျှော်လင့်ချက်ရှိမှာ မဟုတ်ချေ။ သို့သော် ထိုလူက လှုပ်ရှားရန်စိတ်ဝင်စားပုံမပေါ်ပေ။ သိချင်စိတ်သာရှိနေ၏။ ထိုလူ၏ အာရုံစိုက်မှုက ရှောင်ယွမ်အာပေါ်တွင်သာရှိနေသည်။
ဘန်း ဘန်း ဘန်း
လုကျိုးက စိတ်ထဲတွင် တွက်ချက်နေစဉ် ရှောင်ယွမ်အာက ဆက်တိုက်ကန်ကျောက်နေပြီး မိန်းမငယ်လေးကို လဲကျသွားစေတော့သည်။
ဘန်း
အတုက မြေကြီးပေါ်လဲကျသွားသည့်အချိန်၌ သူမက ဆက်လက်လှိမ့်သွားတော့သည်။ သူမသည် အဆက်မပြတ်ထုနှက်ခံထားရပုံပေါ်နေ၏။
အတုက နောက်ကြိမ်ဆင်နွှဲတော့မည့်အချိန်တွင် အသံတိုးတိုးက ပေါ်ထွက်လာ၏။
“နောက်ဆုတ်” အသံသည် ဆင်ဘုရင်၏ ကျောပေါ်ရှိလူဆီမှ ရောက်လာတာပဲဖြစ်သည်။
လုကျိုးက ထိုလူကို ကြည့်လိုက်သည်။ ဆံပင်ဖြူများ၊ မုတ်ဆိတ်ဖြူများဖြင့် အဘိုးအိုတစ်ဦးက ဆင်ဘုရင်ကျောပေါ်ရှိ ရထားလုံးထဲမှပေါ်ထွက်လာသည်။ သူ၏ မျက်ဝန်းများက နက်ရှိုင်းကာ မျက်နှာက ရင့်ရော်မှုအရေးအကြောင်းများပြည့်နေတော့၏။ တစ်ချက်ကြည့်ရုံဖြင့် သူက လုကျိုး၏ နေရာသို့ ကူးပြောင်းလာခါစ ကျိထျန်းတောက်နှင့် အမှန်တကယ်ဆင်တူနေပေသည်။ သို့သော် လုကျိုးက သူ၏အကြောင်းပြန်လှန်ကတ်ကို အသုံးပြုခဲ့ပြီးဖြစ်ရာ ပြင်ပသွင်ပြင်က အတော်ပြောင်းလဲသွားခဲ့ပြီ။ ထိုအကြောင်းပြချက်ကြောင့် သူနှင့် ထိုအဘိုးအို၏ ရုပ်ရည်သွင်ပြင်ကြားကွာခြားချက်တစ်ချို့ရှိနေပေသည်။
အမည်။ ။ တင်းဖန်ချိုး
မျိုးနွယ်စု။ ။ လူသား
အဆင့်။ ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်
တင်းဖန်းချိုးက လက်တစ်ဖက်ကို နောက်ပစ်လျက်ရပ်နေသည်။ သူ၏ မျက်နှာထက်တွင် ကျေနပ်သော အမူအရာရှိနေကာ ရှောင်ယွမ်အာကို ကြည့်လိုက်၏။ ပြီးနောက် လုကျိုးကို ကြည့်ကာမေးလိုက်တော့သည်။ “မင်းက ငါ့ကို မကြောက်ဘူးလား”
လုကျိုးက ထူးမခြားနားပြန်ပြောလိုက်သည်။ “ငါက ဘာကြောင့်ကြောက်ရမှာလဲ”
တင်းဖန်ချိုးသည် ရှောင်ယွမ်အာကို လက်ညှိုးထိုးပြီးတော့နောက် ပြောလိုက်တော့သည်။
“ဒီနေ့ ငါစိတ်ကောင်းဝင်နေတယ်။ တခြားရက်သာဆိုရင် ရိုင်းပြတဲ့အတွက် မင်းကိုအပြစ်ပေးမိမှာ”
ရှောင်ယွမ်အာက သူမ၏ ရီချင်စိတ်ကို မထိန်းနိုင်တော့ပေ။ သူမက လေထဲမှ ဆင်းသက်လာပြီးနောက် လုကျိုးဘေးသို့ သွားလိုက်၏။ ဆင်ဘုရင်ပေါ်တွင် ရပ်နေသော တင်းဖန်ချိုးကို လက်ညှိုးထိုးပြီးပြောလိုက်တော့သည်။
“အဘိုးကြီး ဒီလူဘယ်သူလဲဆိုတာသိလား” သူမ၏ အကြည့်က ဒေါသထွက်နေသည်။
သူ့အယောင်ဆောင်တဲ့ နောက်ဆက်တွဲကို ငါ့ရဲ့ရှစ်စွင်းက ရှင့်ကိုပြတော့မှာ။
လုကျိုးပြန်ပြောတာကိုတောင် မစောင့်ဘဲ တင်းဖန်ချိုးက ရှောင်ယွမ်အာကို ထပ်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲ၌ အူမြူးဝမ်းသာရိပ်တို့ တစွန်းတစပေါ်လာပြီး သားကောင်ကို တွေ့ပြီဟုထင်လိုက်သည်။ သို့သော် သူ၏အမူအရာက တည်ငြိမ်နေကာ ပြောလိုက်တော့သည်။
“မိန်းကလေး မင်းက အရည်အချင်းမြင့်မားတယ်။ မင်းလို ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ဒေဝါဦးတည်နယ်ပယ်ရောက်တာက ရှားပါးတယ်”
ရှောင်ယွမ်အာက လုကျိုးနား ပိုကပ်သွားတော့၏။ သူမသည် ရှုံးနိမ့်သွားသော မိန်းကလေးကို လျှာထုတ်ပြလိုက်သည်။
လုကျိုး၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်ကာ ပြန်မပြောခဲ့ပေ။
တင်းဖန်ချိုးက ဒေါသမထွက်ပေ။ ထိုအစား လုကျိုးကို သာမန်ကာလျှံကာပြောလိုက်၏။
“မင်းက ငါ့ရဲ့ အင်အားကြီးခံညားတဲ့ နာမည်ကို ကြားပြီးပြီဆိုတာ သေချာတယ်”
လုကျိုးက မုတ်ဆိတ်သပ်လျက် သူ၏လေသံထဲတွင် မည်သည့်အနိမ့်အမြင့်မှ မပါဘဲပြောလိုက်သည်။
“ကျုပ်က တောင်တန်းထဲမှာ နေတာကြာနေပြီ။ အပြင်လောကအကြောင်း မသိမိမှာ စိုးမိပါရဲ့”
“...”
တင်းဖန်ချိုးနံဘေးတွင် ရှိနေသော ကျန်သည့်ကျင့်ကြံနှစ်ဦးက ထိုစကားကြောင့် ဒေါသထွက်သွားပုံပေါ်သည်။
တင်းဖန်ချိုးက လက်ကာပြပြီးနောက်ပြောလိုက်ဩ၏ “စိတ်ပူနေဖို့မလိုဘူး။ ငါ့အကြောင်း မင်းကို ငါပြောပြမယ်” ထို့သို့ပြောပြီးနောက် သူက ပြောသည်။ “ကျေးဇူးပြုပြီး ရထားလုံးပေါ်ကြွပါ” ယင်းက သူတို့ကို ခြိမ်းခြောက်နေတာ ရှင်းလင်းနေပေ၏။
တင်းဖန်ချိုး၏ တပည့်များ မျက်နှာထက်တွင် ထိတ်လန့်သည့်အမူအရာပေါ်လာတော့သည်။ သူတို့ဆရာ၏ လှုပ်ရှားမှုကို နားမလည်နိုင်ချေ။ သို့သော် သူတို့က တွေဝေမနေဘဲ လုကျိုးနှင့်ရှောင်ယွမ်အာဆီသို့ပျံသွား၏။
လုကျိုးက သူ့ဖာသာသူ တွေးလိုက်တော့သည်။
ထျန်းကျန့်မြစ်နားမှာ သူတို့ဘာလို့ပေါ်လာတာလဲ။ ဒီတင်းဖန်ချိုးရဲ့ ကျင့်ကြံဆင့်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်မှာ သူက ငါ့ရဲ့ နာမည်ကို သုံးနေတာ ဖြောင့်မတ်ခြင်းလမ်းစဉ်က လူတွေ အမဲလိုက်မှာကို မကြောက်ဘူးလား။ ဒီလူနဲ့ အကြည့်ချင်းဆုံတာထက်ပိုရှိရမယ်။ သို့သော် ဤလောကထဲတွင် မည်သူကမျှ လုကျိုးကို ကြောက်လန့်အောင်မခြောက်နိုင်ပေ။ တင်းဖန်ချိုးတောင် မခြောက်နိုင်ချေ။
လုကျိုးက မေးလိုက်တော့၏။
“ခင်ဗျားက ထျန်းကျန့်မြစ်ကို သွားမလို့လား” ထိုသို့ပြောပြီးနောက် သူ၏လက်ထဲတွင် မှိန်ဖျော့ဖျော့လင်းနေသော အသုံးပစ္စည်းကတ်တစ်ကတ်ပေါ်လာ၏။ လူတိုင်းက ယင်းကို သတိမပြုခဲ့မိဘဲ အရှိန်အဝါအတက်အကျကိုတောင် အာရုံမခံမိပေ။
တစ်ချိန်ထဲတွင် တင်းဖန်ချိုးက လေထဲတွင် ရပ်နေသေးဆဲဖြစ်၏။ သူက ယခုအချိန်တွင် ငရဲဂိတ် ရှေ့တွင် ရပ်နေမိပြီဖြစ်ကြောင်းမသိခဲ့ပေ။ တင်းဖန်ချိုးက အပျက်သဘောဆောင်ကာဖြေခဲ့လျှင် လုကျိုးက အသုံးပစ္စည်းကတ်ကို သုံးရန် တွေဝေနေမှာ မဟုတ်ချေ။
“ဟုတ်တယ်။ ထျန်းကျန့်မြစ်ကို ကျုပ်သွားနေတာ။ ဆင်ဘုရင်က အလွယ်တကူချီတက်နိုင်တယ်။ သွားမယ်” တင်းဖန်ချိုးဘေးရှိ တပည့်က ဖိတ်ခေါ်သည့်အမူအရာပြလိုက်သည်။
လုကျိုး၏ လက်ထဲရှိ မှိန်ဖျော့ဖျော့အလင်းက ချက်ချင်းပျောက်ကွယ်သွားတော့သည်။
“ကျုပ်က အသက်ကြီးပြီ ကောင်းကောင်းမွန်မွန် မလှုပ်ရှားနိုင်ဘူး။ ဒါဆိုလည်း ခင်ဗျားရဲ့ ကမ်းလှမ်းမှုကို လက်ခံရမှာပေါ့” လုကျိုးက တည်ငြိမ်စွာပြောလိုက်၏။
“အဘိုးကြီး ခင်ဗျားကကော ထျန်းကျန့်မြစ်ကို သွားနေတာလား” တင်းဖန်ချိုးက မေးလိုက်တော့သည်။
လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်တော့သည်။ “မင်းက ထျန်းကျန့်မြစ်ကို စိတ်ဝင်စားနေတဲ့ပုံပဲ” တင်းဖန်ချိုးက ရယ်မောပြီးနောက် သူ၏အမူအရာက တည်ငြိမ်ကာ အေးစက်သွားတော့၏။ သူ၏လက်ကို ကြွားဝါစွာ ဝှေ့ယမ်းလိုက်၏။
ဆင်ဘုရင်က သူ၏ရှေ့ခြေကိုညွတ်ကာ သူ၏ကျောပေါ်ရှိ ရထားလုံးကိုပိုနှိမ့်ပေးလိုက်တော့သည်။
…
အခန်း (၉၆) အမှန်တရားနှင့် အလိမ်အညာများ
တင်းဖန်ချိုး၏ တပည့်များက လုကျိုးသည် သူတို့ဆရာကို ယဉ်ကျေးမှုမရှိ ခေါ်ဆိုနေသောကြောင့် ဒေါသထွက်လာကြသည်။ သို့သော်လည်း သူတို့ တတ်နိုင်သည့်အရာ မရှိပေ။
တင်းဖန်ချိုးက လက်နောက်ပစ်လျက် ရပ်နေသည်။ သူက လုကျိုး၏ အပြုအမူကို စိတ်ထဲ ထားဟန်မပေါ်ပေ။ ထို့အစား သူ့အာရုံက ရှောင်ယွမ်အာဆီသာ ကျရောက်နေသည်။
ထိုစဉ် လုကျိုးက မုတ်ဆိတ်မွေး သပ်နေလေ၏။ သူက ဘယ်ညာကြည့်လိုက်ပြီးနောက် ဆင်ဘုရင် ကျောပေါ် အသာလေးခုန်တက်လိုက်ပြီး ရထားလုံးထဲ ဝင်လာလိုက်သည်။
ရှောင်ယွမ်အာက ထိုသို့ မလုပ်ချင်ပေ။ သို့သော်လည်း သူမ ရှစ်စွင်းဖြစ်သူ၏ အပြုအမူများကို မြင်လိုက်ပြီးနောက် စီးတော်ယာဉ်အပေါ် တက်ရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
‘ ရှစ်စွင်းက ဒီမှာရှိနေမှတော့ ဒီလူတွေ ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး ’
ရထားလုံးက နေရာကျယ်ဝန်းပေ၏။ လုကျိုးနှင့် ရှောင်ယွမ်အာတို့က တောအုပ်မြင်ရသည့် ဘေးဘက်တွင် ဝင်ထိုင်လိုက်ကြသည်။
သိပ်မကြာခင် တင်းဖန်ချိုးက ရထားလုံးထဲ ပေါ့ပေါ့ပါးပါး ခုန်ဝင်လာကာ တခြားဖက်တွင် ထိုင်လိုက်သည်။ သူက အမိန့်ပေးပြီးနောက် ဆင်ဘုရင်ကြီးက ဆက်သွားလေသည်။ သူ့ခြေလှမ်းလှမ်းလိုက်တိုင်း မြေကြီးပေါ် ခြေရာအနက်ကြီးများ ထင်နေခဲ့သည်။ အမြန်နှုန်းကလည်း လက်သင့်ခံနိုင်ဖွယ် ဖြစ်၏။
လုကျိုးက အတော်လေး ကျေနပ်နေမိကာ ခေါင်းညိတ်လိုက်ပြီး “ ဆင်ဘုရင်ကို နာခံအောင်လုပ်ဖို့ မလွယ်ဘူး ”
တင်းဖန်ချိုးက မထူးမခြားနား ပြောလိုက်သည်။
“ဆင်ဘုရင်က ဘာမှမဟုတ်သေးဘူး။ ရွှေနန်းဥယျာဉ်တောင်ထိပ်မှာ နောက်ထပ် စီးတော်သားရဲ ဆယ်ကောင်လောက် ရှိသေးတယ် ”
ရှောင်ယွမ်အာက ထိုအကြောင်း ကြားလိုက်ရသည့်အခါ မျက်လုံးဝေ့ကြည့်လိုက်သည်။
‘ ဆက်ဖြီးဖြန်းလိုက်စမ်းပါဦး ’
တင်းဖန်ချိုးက ရှောင်ယွမ်အာ၏ မယုံသည့် အမူအရာကို မြင်လိုက်ပြီးနောက် သဘာကောင်းစွာဖြင့် မေးလိုက်သည်။
“ ကလေးမလေး ငါ့ကို မယုံဘူးလား”
ရှောင်ယွမ်အာက ပြန်ဖြေလိုက်သည် “ကျွန်မ ယုံံတဲ့ တစ်ဦးတည်းသောလူက ရှစ် … အဘိုးပဲ ”
တင်းဖန်ချိုးက ရှောင်ယွမ်အာကို အလေးအနက် သဘောထားထားသည်။ ထို့နောက် သူက အပြင်ဘက်ရှိ သူ့တပည့်မ ကို ကြည့်ကာ ခေါင်းအသာခါလိုက်မိ၏။
လုကျိုး၏ အမူအရာများက အစကတည်းက မပြောင်းမလဲ တည်ငြိမ်နေဆဲ ဖြစ်၏။ သူက မုတ်ဆိတ်မွေးသာ သပ်နေလိုက်သည်။
ဆင်ဘုရင်ကြီးက ဆက်လျှောက်နေလေ၏။
“ရှစ်စွင်း အရင်တစ်ခါ ကျွန်မတို့ လက်ကနေ ထွက်ပြေးသွားတဲ့ ကျင့်ကြံသူနှစ်ယောက်က ရှေ့မှာရှိတယ် ” တင်းဖန်ချိုး၏ တပည့်တစ်ယောက် အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။
“ သတ်ပစ်လိုက် ” တင်းဖန်ချိုးက မထူးမခြားနား ပြောလိုက်သည်။
“ နားလည်ပါပြီ ” တင်းဖန်ချိုး၏ တပည့်နှစ်ယောက်က ရှေ့မှ ပျံသန်းသွားကြသည်။ တောအုပ်မှ သတ်ဖြတ်သံများ ကြားရဖို့ သိပ်မကြာလိုက်ပေ။ ခဏအကြာတွင် တပည့်နှစ်ယောက်က ဘာမှမဖြစ်သည့်အလား ပြန်ရောက်လာကြသည်။
တင်းဖန်ချိုးက ရှေ့ကို ညွှန်ပြကာ “ ကြောက်စရာ မလိုပါဘူး။ ကျုပ်က အပြစ်အများကြီး ကျူးလွန်ခဲ့ပေမဲ့ အကျိုးအကြောင်း သင့်တဲ့လူပါ ”
လုကျိုးက ခေါင်းညိတ်ကာ “ ကျုပ်ရောပဲ ”
တင်းဖန်ချိုးက တောက်တောက်ပပ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ လူအိုကြီး … ကျုပ်တို့ စကားပြောရတာ ကောင်းသား ”
ထိုစဉ် ဆင်ဘုရင်ကြီးက ရုတ်တရက် ရပ်သွားလေသည်။
“ထျန်းကျန့်မြစ်က ရှေ့မှာပဲ ” တင်းဖန်ချိုးက ရှေ့ကို စိုက်ကြည့်လိုက်ပြီးနောက် ဆင်ပေါ်မှ ခုန်ဆင်းလိုက်သည်။
လုကျိုးက ကောင်းကင်ကျမ်းကို နားလည်ကတည်းက အရှိန်အဝါ အာရုံခံနိုင်စွမ်းက တိုးတက်လာခဲ့သည်။ တင်းဖန်ချိုး ဆင်းသွားစဉ် သူက တင်းဖန်ချိုးဆီမှ ထုတ်လွှင့်နေသော အရှိန်အဝါများက ထူးခြားနေကြောင်း သိလိုက်ရသည်။ တင်းဖန်ချိုးက သူ့အရှိန်အဝါကို တမင်ထုတ်လွှင့်လိုက်ကြောင်း ပြောဖို့ မခက်ပေ။
ရှောင်ယွမ်အာက အရှိန်အဝါကို ခံစားမိလိုက်သည်နှင့် လုကျိုးလက်မောင်းနား တိုးသွားလိုက်သည်။
လုကျိုးက အမူအရာ အပြောင်းအလဲ မရှိ ပြောလိုက်သည်။
“ သွားကြစို့ ”
လုကျိုးနှင့် ရှောင်ယွမ်အာတို့လည်း ဆင်ဘုရင်၏ ကျောပေါ်မှ ပေါ့ပေါ့ပါးပါး ခုန်ချလိုက်ကြသည်။
တင်းဖန်ချိုးက လက်နောက်ပစ်ကာ “ မိန်းကလေး ကျင့်ကြံတာ ဘယ်လောက်ကြာပြီလဲ”
“ ငါးနှစ်အထက်ပေါ့ ” ရှောင်ယွမ်အာက ဂုဏ်ယူစွာ ပြန်ဖြေလိုက်သည်။
“ငါးနှစ်နဲ့ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် …” တင်းဖန်ချိုး မျက်နှာအထက် အံ့ဩတုန်လှုပ်သွားသည့် အမူအရာတစ်ချက် ဖြတ်ပြေးသွားပြီးနောက် အလျင်အမြန် ပျောက်ကွယ်သွားလေသည်။ သူက သူ့နောက်မှ မိန်းကလေးကို ညွှန်ပြကာ “ သူမကလည်း ပါရမီထူးတယ်။ ဒါပေမဲ့ မင်းနဲ့တော့ မယှဉ်နိုင်သေးဘူး ”
လုကျိုးက မုတ်ဆိတ်မွေးသပ်ကာ တခြားတစ်ဖက်ကို ကြည့်နေလိုက်သည်။
ရှောင်ယွမ်အာက မျက်လုံးဝေ့ကြည့်လိုက်သည်။ သူက အတုကို သူမနှင့် နှိုင်းယှဉ်ဖို့ ထိုက်တန်သည်ဟု မထင်ပေ။ သူမက အခြားကျင့်ကြံသူနှစ်ယောက်ကို လှည့်ကြည့်လိုက်နောက် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ “ နှစ်ယောက်လုံးကလည်း နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်တွေလား ”
ကျင့်ကြံသူနှစ်ယောက်က ဂုဏ်ယူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။
“ အားနည်းနေသေးတာပဲ ” ရှောင်ယွမ်အာက သူမဘာသာ ရေရွတ်လိုက်သည်။
“ကောင်မလေး ငါ့ရှစ်စွင်းကြောင့်သာ မဟုတ်ရင် မိစ္ဆာဝေဟင်မျှော်နန်းကို မလေးမစား လာလုပ်တဲ့အတွက် မင်းကို အပိုင်းပိုင်း ဖြတ်ပစ်မှာ ”
ရှောင်ယွမ်အာက အယောင်ဆောင်သူများအား ပြန်မတုံ့ပြန်ခင် လှောင်လိုက်သည်။
“ ဘယ်သူက အပိုင်းပိုင်းအစစ ဖြစ်မလဲ ကြည့်ရသေးတာပေါ့ ”
လုကျိုးက ခေါင်းခါကာ တင်းဖန်ချိုးကို ကြည့်လိုက်ပြီး “ မြေးမလေးက အမြဲတမ်း အဲလိုပဲ ”
“ ကိစ္စမရှိပါဘူး ”
သူတို့က ခရီးဆက်လိုက်ကြသည်။ သူတို့ လျိုတစ်ခုဆီ ရောက်သွားကြသည့်အခါ ရပ်လိုက်ကြ၏။
လျိုအလွန်တွင် ထျန်းကျန့်မြစ် ရှိသည်။
လုကျိုးက မုတ်ဆိတ်မွေးအသာသပ်ကာ ရှေ့ကို ကြည့်လိုက်သည်။ ကံဆိုးစွာဖြင့် ကိစ္စများက အတူတူ ဖြစ်နေဆဲ ဖြစ်သော်လည်း လူများ ပြောင်းသွားလေပြီ။ ယွီလုံရွာက မတည်ရှိတော့ပေ။ သူ့မှတ်ဉာဏ်အရ ဤနေရာသည် ရွာသားများ၊ ငါးဖမ်းသမားများဖြင့် ပြည့်နှက်နေခဲ့ဖူး၏။ ယခုလို ပျက်စီးနေသည့် မြေကို တွေ့ရလိမ့်မည်ဟု မထင်ထားပေ။ သူက ယွီလုံရွာ အဖြစ်အပျက်အကြောင်း တူးဖောက်ဖို့ မြစ်ထဲမှ အလောင်းများဆယ်နေကြသည့် လူတစ်စုဆီမှ စတင်ဖို့ ဆုံးဖြတ်လိုက်သည်။
လုကျိုးက ရွေးချယ်ပြီးစဉ် လက်နောက်ပစ်လျက် ရပ်နေသည့် တင်းဖန်ချိုးက ပြောလိုက်သည် “ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ဒီထျန်းကျန့်မြစ်ကို လွှမ်းမိုးခဲ့သေးတယ်။ ဒီနေရာမှာ ပညာရှင်အများကြီးနဲ့ တိုက်ခိုက်ပြီးတော့ တိုက်ပွဲက သုံးရက်သုံးညတောင် ကြာမြင့်ခဲ့တယ်။ ကျုပ်တို့ စိတ်ဝိညာဉ်သဏ္ဌာန်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာ … အဲဒီအကြောင်းအရင်းကြောင့် ဒီနေရာက လျိုဖြစ်သွားတာပဲ ”
လုကျိုးက နားမလည်စွာ မေးလိုက်သည်။
“ ဒါက မင်းလက်ချက်ပေါ့ ”
“ ဟုတ်တယ် ”
ထျန်းကျန့်မြစ်၏ ယွီလုံရွာ ဖျက်စဆီးခံရမှုနှင့် ပတ်သတ်၍ မှတ်တမ်းများ၌ တရားခံကို ကျိထျန်းတောက်ဟုသာ ဖော်ပြထားကြသည်။
ရုတ်ခြည်းဆိုသလို တင်းဖန်ချိုး၏ တပည့်တစ်ယောက်က လက်ဝေ့ကာ ပြောလိုက်သည်။
“ ရှစ်စွင်း မိုးပြာနဂါးဂိုဏ်းခွဲက ရှေ့မှာပါ။ သူတို့ကို မောင်းထုတ်လိုက်မယ် ”
“ သွားကြ ”
တင်းဖန်ချိုး၏ တပည့်က ပျံသန်းသွားပြီးနောက် ဘယ်ကွေ့သွားကာ ပျောက်ကွယ်သွားလေသည်။
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ “ မိုးပြာနဂါးဂိုဏ်းလား”
သူ အန်းယန်းတွင် ရှိစဉ်အခါက အန်းယန်းမြို့တွင် ရှိသော မိုးပြာနဂါးဂိုဏ်းခွဲနှင့် ကြုံတွေ့ခဲ့ဖူးသည်။ သူက ထျန်းကျန့်မြစ်၌ နောက်ထပ် ဂိုဏ်းခွဲတစ်ခု ရှိနေမှန်း မသိခဲ့ပေ။ အကယ်၍ မိုးပြာနဂါးဂိုဏ်း၏ လွှမ်းမိုးမှု ကျယ်ပြန့်လျှင် သူတို့၏ နောက်ခံဖြစ်သည့် ငရဲဂိုဏ်းကလည်း သေချာပေါက် အားနည်းမည် မဟုတ်ပေ။
တင်းဖန်ချိုးက မာန်အပြည့်ဖြင့် ပြောလိုက်သည်။
“ မိုးပြာနဂါးရဲ့ နောက်ခံက ငရဲဂိုဏ်းလေ … ငရဲဂိုဏ်းချုပ် ယွီကျန့်ဟိုင်က ကျုပ်တပည့်ကြီးပဲ ”
လုကျိုးက မပြောင်းမလဲ ခေါင်းညိတ်ပြလိုက်သည်။ သူက တင်းဖန်ချိုးအား လွှတ်ထားပေးလိုကမည်။
‘ မိုးပြာနဂါးဂိုဏ်းမှာ ယင်ကောင်လေးတွေပဲ ရှိပေမဲ့ အရှုပ်တွေကို သူတို့ပဲ ရှင်းခိုင်းလိုက်မယ်။ ငါ ကတ်တွေကို စုနိုင်သလောက် စုထားတာပေါ့။ သူတို့က အဘိုးတန်လွန်းတယ် ’
တင်းဖန်ချိုးက ယုံကြည်ချက်အပြည့်ဖြင့် “ ကျုပ် ဒီမှာရောက်နေပြီဆိုတော့ မိုးပြာနဂါးဂိုဏ်းလည်း ပြိုကွဲတော့မှာပါ ”
ခဏအကြာတွင် …
ထိုတပည့် ပြန်ရောက်လာလေ၏။ သူက ဦးညွှတ်ကာ “ ရှစ်စွင်း ထင်ထားတဲ့အတိုင်းပဲ။ မိုးပြာနဂါးဂိုဏ်းသားတွေက ရှစ်စွင်း လာမယ်ကြားတာနဲ့ ကြောက်ကြောက်လန့်လန့်နဲ့ ပြေးကြပြီ ”
“ အရမ်းကောင်းတယ် ” တင်းဖန်ချိုးက လက်ယမ်းပြကာ ဆက်သွားလိုက်သည်။
………………..
ထိုစဉ် ဝပ်တွားနေသောနဂါး၊ မဟူရာကွန်ရက်အဖွဲ့ချုပ်တွင် ...
“ ဂိုဏ်းချုပ် တင်ပြစရာတစ်ခုရှိပါတယ်။ ဆရာကြီးကျိက ထျန်းကျန့်မြစ်နား ပေါ်လာတယ်တဲ့ ”
စီးဝူယာ့က မျက်လုံးပွင့်လာသည်။ သူက ခြေထောက်ကို ဖြည်းဖြည်းချင်း မြောက်ကာ “ ငရဲဂိုဏ်းလည်း ဒီသတင်းကို ရပြီးပြီ။ ငါတို့ ဘာမှလုပ်စရာမလိုဘူး … မိစ္ဆာဝေဟင်မျှော်နန်း အယောင်ဆောင်ရဲတာ သူတိ့အတွက် ကပ်ဘေးကို ခေါ်လိုက်တာနဲ့ အတူတူပဲ ”
“ အယောင်ဆောင်လား ” လက်အောက်ခံက အံ့ဩစွာ မေးလိုက်သည်။
“ မိစ္ဆာဝေဟင်မျှော်နန်းကိုလည်း တစ်ချက်ကြည့်ထား။ ပြီးတော့ အခု မိစ္ဆာဘုရားကျောင်း ကျောင်းအုပ်က ဘယ်မှာလဲ ” စီးဝူယာ့က မေးလိုက်သည်။
“ ဂိုဏ်းချုပ် … ရန်ပုဖင်းက အခု ကျောက်စိမ်းစင်မြင့်မှာရှိပါတယ်။ သူက သမာသမတ်ဂိုဏ်းချုပ် ကျန်းယွမ်ရှန်းရဲ့ ထောက်ပံ့မှု ရှိထားတယ်”
စီးဝူယာ့က ထိုအကြောင်းကို ကြားလိုက်ရသည့်အခါ ရယ်လိုက်သည် “ သမာသမတ်လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်က အတူတူ ပူးပေါင်းနေကြတယ်ပေါ့လေ။ ကောင်းကင်ဘုံအောက်က ရယ်စရာအကောင်းဆုံး ပြက်လုံးပဲ ”
“ ဂိုဏ်းချုပ် နောက်ထပ်တင်ပြစရာ ကျန်ပါသေးတယ် ”
“ဘာလဲ ”
“ မဟူရာစစ်သည်တော် ခေါင်းဆောင် ဖန်းရှုဝမ်က မိစ္ဆာဝေဟင်မျှော်နန်းကို သွားခဲ့ပြီးတော့ အခုလက်ရှိ အခြေအနေကို မသိရသေးပါဘူး။ စီနီယာဓားနတ်ဆိုးက ဖန်းရှုဝမ်ကို မစောင့်တော့ သူ့တည်နေရာလည်း မသိရသေးပါဘူး .. စီနီယာဓားနတ်ဆိုးနောက်ကိုလည်း လိုက်မသွားရဲတာနဲ့ … ”
“ အာ့ရှစ်ရှိုးက နှိမ့်ချပြီးတော့ နူးညံ့တဲ့လူပါ။ သူ့ကို ကြောက်စရာ မလိုဘူး ” စီးဝူယာ့က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဟုတ် ကျွန်တော် နားလည်ပါပြီ” သူက ပြန်ဖြေလိုက်သော်လည်း စိတ်ထဲတော့ ကြောက်နေသေး၏။ သူ့စကားများက ယုံဖို့ မကောင်းလှချေ။
“ ဂိုဏ်းချုပ် အခုနောက်ပိုင်း ထျန်းကျန့်မြစ်နားမှာ လှုပ်လှုပ်ရှားရှားတွေ ဖြစ်နေတယ် …. ကျွန်တော်တို့ အဲဒီနေရာကိုရော စောင့်ကြည့်ဖို့ လိုသေးလား ”
အစပိုင်းတွင် စီးဝူယာ့က ငြင်းဖို့ ကြံထား၏။ သို့သော်လည်း သူ အတော်လေး စဉ်းစားပြီးနောက် သတိထားသည်က ပိုကောင်းကြောင်း ဆုံးဖြတ်လိုက်တော့သည်။ အဆုံးသတ်၌ သူက အသံဩဩဖြင့် ပြောလိုက်သည် “ နန်းတော်ကို ဒီသတင်း လွှင့်လိုက်။ သူတို့အရှုပ်သူတို့ ရှင်းသင့်တယ် ”
“ ဉာဏ်ရှိတဲ့ အကွက်ပဲ .. ကျွန်တော် အခုပဲ လုပ်လိုက်ပါ့မယ် ”
…
အခန်း (၉၇) ချိုင့်ဝင်နေသော အရိုးများ
ထျန်းကျန့်မြစ်တွင် ဖြစ်သည်။
လုကျိုးနှင့်ကျန်သည့်သူများက လျှိုများကို ကျော်လွန်လာသည့်နေရာသို့ ရောက်သွားကြပြီးနောက် ပြိုလဲပျက်စီးနေသောခြံဝင်းတစ်ခုထဲသို့ ဝင်သွားသည်။
တင်းဖန်ချိုး၏တပည့်နှစ်ဦးက လက်မြှောက်လိုက်ပြီးနောက် ခြံဝန်းတံခါးကို ဖွင့်ရန်အတွက် စွမ်းအင်များကို ထုတ်လိုက်၏။ ပြီးနောက် အထဲသို့ ဖြည်းဖြည်းချင်း ဝင်သွားတော့သည်။
တင်းဖန်ချိုး၏ တပည့်များထဲမှ တစ်ဦးကပြောလိုက်သည်။
“ရှစ်စွင်း ဒါက ဆုံနေကြနေရာပဲ။ ဆရာကိုယ်တိုင်လာတယ်ဆိုတော့ သူတို့တွေ နှောင့်နှေးရဲမှာ မဟုတ်ဘူး”
တင်းဖန်ချိုးက ခေါင်းညိတ်လိုက်၏။
တပည့်နှစ်ဦးက ခုံတစ်လုံးကို အမြန်ရှာလိုက်ပြီးနောက် ယိုင်တိယိုင်နဲ့အိမ်ရှေ့တွင် ခုံကို ချထားလိုက်၏။
ရှောင်ယွမ်အာက ယင်းကို မြင်သောအခါ သူမက ပြောလိုက်တော့သည်။
“ကျွန်မလည်း အဘိုးအတွက် ခုံတစ်လုံး သွားရှာပေးမယ်”
ရှောင်ယွမ်အာထွက်သွားပြီးနောက် တင်းဖန်ချိုးက သာမန်ကာလျှံကာမေးလိုက်၏။
“မင်းကို အခက်တွေ့အောင် ငါ ဘာကြောင့်မလုပ်လဲဆိုတာ မင်းသိလား”
“အိုး” လုကျိုးက မုတ်ဆိတ်သပ်ပြီး ဘာမှမပြောပေ။
တင်းဖန်ချိုးက ဆက်ပြောလိုက်၏။ “ငါ အဲဒီလို လုပ်ခဲ့တယ်ဆိုရင် အဲဒီကောင်မလေးက ငါ့ကို ဆန့်ကျင်ဖို့ တေးထားမှာ သေချာတယ်”
ထင်သည့်အတိုင်းပင် တင်းဖန်ချိုးက ရှောင်ယွမ်အာကို လိုချင်နေတာပဲဖြစ်သည်။ သူတို့၏ ပြောကြားချက်က တစ်စုံတစ်ခုပေါ် အခြေခံနေမှန်း လုကျိုးသိသော်ငြား သူက ဆိတ်ဆိတ်သာ နေနေ၏။
ယင်းကို တွေ့သောအခါ တင်းဖန်ချိုးက လှည့်ထွက်သွားသည်။
ကျန်သည့်တပည့်များက လုကျိုးထိတ်လန့်ပြီး ဆွံ့အသွားတာဟု တွေးနေကြသည်။ သူတို့က ခေါင်းခါလိုက်ကြတော့၏။
ရှောင်ယွမ်အာသည် ခုံတစ်လုံးကို ရှာတွေ့ပြီးနောက် သန့်ရှင်းအောင်သုတ်ကာ လုကျိုးနောက်၌ ထားပေးလိုက်သည်။
လုကျိုးထိုင်ပြီး သိပ်မကြာမီ၌ အပြင်ာက်ကနေ သူတို့ဆီ ချဉ်းကပ်လာသောခြေသံများကို ကြားလိုက်ရသည်။ လူတစ်ယောက်ထက်မကပုံပေါ်သည်။
“သူတို့ ဒီမှာပဲ”
တံခါးက တွန်းဖွင့်ခံလိုက်ရပြီး အရာရှိများ၊ ရဲမက်များက ခြံဝန်းထဲတွင် ပြည့်သွားတော့သည်။ အရာရှိများက သေတ္တာတစ်လုံးကို နှစ်ယောက်တွဲသယ်လာတော့၏။ စုစုပေါင်း သေတ္တာခြောက်လုံးရှိသည်။ သေတ္တာများထဲမှ ထူးဆန်းသော ဆိုးရွားသည့်အနံ့များထွက်နေသည်။ ယင်းက အပုပ်နံ့ဖြစ်ပေသည်။
သေတ္တာများကို မြေကြီးပေါ်တွင်ချပြီးနောက် ဦးဆောင်လာသော အရာရှိက လက်နှစ်ဖက်ကို ဆုပ်လျက်ပြောလိုက်သည်။
“ဒါက ကျွန်တော်တို့ပြောထားတဲ့ နေ့ပါ”
“ဒါပဲလား”
“မြစ်ထဲကနေ ကျုပ်တို့တွေ ဆယ်လာတဲ့ အလောင်းတွေကို မရွှေ့ရသေးဘူးလို့ နန်းတော်ကအမိန့်ပေးထားတယ်။ ကျုပ်တို့အပေးအယူက မနက်ဖြန်ပြီးမှာ” ဦးဆောင်လာသော ခေါင်းဆောင်အရာရှိက ပြောသည်။
“အခု အဆုံးသတ်ဖို့သိပ်နောက်ကျသွားပြီ” တင်းဖန်ချိုးက လက်ကို ဝှေ့ယမ်းလိုက်၏။
“မင်းလုပ်ရဲလား”
“မိစ္ဆာဝေဟင်မျှော်နန်း ကြောက်တဲ့အရာ ဘာမှမရှိဘူး”
တင်းဖန်ချိုး၏ တပည့်သုံးဦးက သူတို့၏ဓားကို လျင်မြန်စွာဆွဲထုတ်ပြီးနောက် ရဲမက်များဆီသို့ ရွေ့လျားသွားတော့သည်။
လုကျိုးက တည်တည်ငြိမ်ငြိမ်ပဲ နောက်သို့အနည်းငယ်ဆုတ်လိုက်၏။
နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူ သုံးဦးသည် သိုးအုပ်တစ်အုပ်ထဲသို့ဝင်သွားသည့် ဝံပုလွေများပမာ ဖြစ်နေတော့သည်။
သူတို့၏ဓားများက အလင်းတန်းများဖြင့် တဖျပ်ဖျပ်လက်နေပြီး အရာရှိများ၊ ရဲမက်များက မြေကြီးပေါ် တစ်ယောက်ပြီးတစ်ယောက်လဲကျကုန်၏။ တစ်ယောက်မျှ အသက်ရှင်လျက် မကျန်ခဲ့ပေ။
သတ်ဖြတ်ပြီးနောက် တင်းဖန်ချိုးက လက်နှစ်ဖက်နောက်ပစ်လျက် ဖြည်းဖြည်းချင်း ထရပ်လိုက်တော့သည်။ သူက လုကျိုး၏ တည်ငြိမ်နေသော အမူအရာမြင်သောအခါ ပြောလိုက်တော့၏။
“ခင်ဗျားရဲ့သတ္တိကတော့ ထူးကဲတာပဲ အဘိုးကြီး။ ကြည့်ရတာ ခင်ဗျားကို မှားယွင်းအကဲဖြတ်မိတဲ့ပုံပဲ”
လုကျိုးက မုတ်ဆိတ်သပ်ပြီး သေတ္တာများနှင့် အလောင်းများကို သာမန်ပဲကြည့်နေလိုက်သည်။
ရှောင်ယွမ်အာက သိချင်စိတ်ဖြင့် မေးလိုက်တော့၏။ “သေတ္တာထဲမှာ ဘာတွေလဲ”
“အရိုးတွေ လူ့အရိုးတွေ”
ရှောင်ယွမ်အာက ရွံ့ရှာသည့်အမူအရာဖြင့် နောက်သို့တစ်လှမ်းဆုတ်လိုက်သည်။ သူမက လူသေများကို မကြောက်ပေ။ သို့သော် သူတို့က မြစ်ထဲမှ ဆယ်ထုတ်လာခဲ့တာဖြစ်ကာ ထိုအရာများကို သေတ္တာထဲသို့ ထည့်ထား၏။ သူမအတွက် ရွံရှာမှုကို ခံစားမိစေတာ သဘာဝကျသည်။
တင်းဖန်ချိုးက သေတ္တာများထဲမှ တစ်လုံးဆီလျှောက်သွားလိုက်၏။ သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းပြီး စွမ်းအင်ဖြင့် သေတ္တာအဖုံးကို ဖျက်ဆီးလိုက်တော့သည်။
လုကျိုးက သေတ္တာထဲကို ကြည့်လိုက်၏။
ဒီအရိုးတွေက ထူးဆန်းလိုက်တာ။ သူတို့က ဖန်သားတွေလိုမျိုး အနည်းငယ် ဖောက်ထွင်းမြင်ရတယ်။ ဒါမှမဟုတ် ရွှံ့နဲ့ကျောက်စိမ်းဖြူရောထားသလိုမျိုးပဲ။
မကြာမီ၌ သူသဘောပေါက်သွားတော့သည်။ ပိုင်လူမျိုးတွေလား။
သူ၏မှတ်ဉာဏ်အရ ထိုအရိုးများ၏ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိသွားပြီဖြစ်သည်။ ယင်းက မြစ်ထဲသို့ပစ်ချခံခဲ့ရသော ယွီလုံရွာမှ ရွာသားများဆိုတာ ရှင်းနေပေ၏။ သူတို့က ယဲ့ထျန်းရှင်း၏ လူများဖြစ်သည်။
ဒီလိုဆိုရင် နန်းတော်က အလောင်းတွေကို ဆယ်ထုတ်ဖို့အတွက် လူတွေကို ဘာကြောင့် အမိန့်ပေးထားရတာလဲ။
တင်းဖန်ချိုးနှင့် ကျန်သည့်သူများက သေတ္တာကိုရှာဖွေပြီး ခေါင်းခါလိုက်ကြ၏။ သူတို့လိုချင်တာ မရပုံပေါ်သည်။ ပိုင်လူမျိုးများထံမှ ထိုအရိုးများက သူတို့အတွက်အသုံးမဝင်တာသိသာနေ၏။
လုကျိုးက ထူးမခြားနားမေးလိုက်တော့သည်။
“ဒီအရိုးတွေက ဘာအတွက်လဲ”
“အဘိုးကြီး တချို့ကိစ္စတွေက မသိတာပိုကောင်းတယ်” တင်းဖန်ချိုး၏ တပည့်များထဲမှ တစ်ဦးက ပြောလိုက်သည်။
လုကျိုးက မုတ်ဆိတ်ကို တည်ငြိမ်စွာပွတ်လျက် ပြောလိုက်တော့၏။ “မိစ္ဆာဝေဟင်မျှော်နန်း ကတောင် ဒီအရေးကိစ္စနဲ့သက်ဆိုင်တယ်လား”
“ဒါက ကျုပ်တို့ ကိစ္စတွေကို အမြဲတမ်းလုပ်နေတဲ့ပုံပဲလေ”
ထိုစကားကို ရှောင်ယွမ်အာကြားသောအခါ ရေရွတ်ပြောလိုက်သည်။ “လုပ်ထုံးလုပ်နည်းတွေတော့ ကျွန်မမသိဘူး။ ကျွန်မသိတာက ဒါတွေက မထိရောက်ဘူးဆိုတာပဲ” တပည့်များက ထိုစကားကို ကြားသောအခါ မပျော်မရွှင်ဖြစ်သွားသည်။
တင်းဖန်ချိုးက လက်ကိုအသာဝှေ့လျက် သူ့တပည့်သုံးဦးကို တားလိုက်တော့သည်။
“တော်လောက်ပြီ”
ပြီးနောက် တပည့်သုံးဦးက ရှောင်ယွမ်အာနှင့် စကားမများရဲတော့ချေ။ တင်းဖန်ချိုးက ရှောင်ယွမ်အာဘက်မှ ပြောပေးနေပုံရသောကြောင့် သူတို့စိတ်ရှုပ်ထွေးနေကြသည်။
တင်းဖန်ချိုးက ပြောလိုက်၏။ “သူတို့ရဲ့အမိန့်ပြားတွေကို ဖယ်လိုက်”
“နားလည်ပါပြီ”
လုကျိုးက အမိန့်ပြားများကို မြင်သည့်အချိန်၌ မုတ်ဆိတ်ကို တည်ငြိမ်စွာ သပ်ပြီးပြောလိုက်သည်။
“ကျုပ်ကော အမြင်ကျယ်အောင်လိုက်သင့်လား”
“အဘိုး သမီးလည်း သွားချင်တယ်” ရှောင်ယွမ်အာက စိတ်လှုပ်ရှားစွာပြောသည်။ သူမက ထိုအရေးကိစ္စကို စိတ်ဝင်စားနေလေ၏။
သူနှင့်အတူ ရှောင်ယွမ်အာကို လုကျိုးကခေါ်သွားမှာပဲဖြစ်သည်။ သူမက အခါသမယတွင် နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူများကို ဖြေရှင်းနိုင်သည့် အရည်အချင်းထက်ပိုရှိပေ၏။ တင်းဖန်ချိုးက လုကျိုးကို ကြည့်ပြီးပြောလိုက်သည်။ “အလောင်းတွေကို ဆယ်တဲ့နေရာမှာ စုန်းထောင်ချောက်တွေ အများကြီးရှိတယ်။ ခင်ဗျား မကြောက်ဘူးလား”
သူတို့သည် ဤနေရာသို့ ပထမဆုံးအကြိမ်လာရောက်ခြင်းမဟုတ်တာသိသာနေသည်။ သူတို့က ထိုနေရာနှင့် အလွန်ရင်းနှီးနေပြီးဖြစ်သည်။
“မိုးအောက်မြေပြင်မှာ ကျွန်မရဲ့အဘိုးကြောက်တာ ဘာမှမရှိဘူး” ရှောင်ယွမ်အာက ပြောပြီးလက်သီးဝှေ့ယမ်းလိုက်တော့သည်။
တင်းဖန်ချိုးက ရှောင်ယွမ်အာကို စိတ်ကျေနပ်စွာကြည့်လိုက်၏။
ဒါ ငါကြိုက်တဲ့ပုံစံပဲ။ တစ်ခုခုဖြစ်လာခဲ့ရင် ငါ့ကို ဘယ်သူမှ အပြစ်တင်လို့မရဘူး။ တစ်စုံတစ်ခုဖြစ်လာခဲ့ရင် အကောင်းဆုံးပဲပေါ့။
သူတို့က အမိန့်ပြားများကို ယူလိုက်သည်။ တင်းဖန်ချိုး၏ အမျိုးသားတပည့်နှစ်ဦးက အဝတ်အစားများ လဲပြီးနောက် ယိုင်နဲ့နဲ့ခြံဝင်းထဲမှ ထွက်သွားကာ မြစ်ထဲမှ အလောင်းဆယ်သည့်နေရာစီသို့ ဦးတည်သွားလိုက်တော့သည်။
ဆယ့်ငါးမိနစ်ကြာပြီးနောက် သူတို့သည် ဆိပ်ခံတံတားဆီသို့ရောက်သွား၏။ အလောင်းကို ဆယ်နေသည့်လှေများမှအပ ကျန်သည့်ယာဉ်များရှိမနေပေ။ အရာရှိများနှင့်ရဲမက်များက ထိုဧရိယာ၌တဝိုက်ကင်းလှည့်နေကြ၏။
တင်းဖန်ချိုးက ထိုနေရာနှင့်ရင်းနှီးနေပြီဖြစ်သည်။ သူက တည်ငြိမ်စွာလျှောက်သွားလိုက်၏။
ဝင်ပေါက်တွင် လက်ထဲ၌ လှံတစ်စင်းကိုကိုင်ထားသော အစောင့်က သူတို့လမ်းကို ဟန့်တားလိုက်၏။
“တာဝန်ရှိသူတွေပဲ ဝင်ခွင့်ရမယ်”
တင်းဖန်ချိုး၏ တပည့်များက တံဆိပ်ပြားများကို ထုတ်ပြလိုက်သည်။
“သူ့အနောက်က လူတွေကရော” ရဲမက်များထဲမှ တစ်ဦးက စပြောလိုက်သည်။
“ကျေးဇူးပြုပြီး ခြွင်းချက်ထားပေးပါ”
ငွေကြေးအချို့က ပြောင်းလဲစေ၏။ အရာအားလုံးချောချောမွေ့မွေ့ပြီးမြောက်သွားသည်။
သူတို့က တစ်ရက်တာအတွက် အလောင်းသာဆယ်ယူနေခဲ့လျှင် ထိုကဲ့သို့နည်းလမ်းများကနေ ငွေကြေးရှာနိုင်မှာမဟုတ်ပေ။ သို့သော် ထိုလူက ဆယ်စုနှစ်တစ်စုစာ လှုပ်ရှားလာခဲ့တာဖြစ်၏။ မြစ်ထဲမှ သူတို့သည် မည်သည့်အရာများကိုဆယ်ယူခြင်း သို့မဟုတ် ဆယ်ယူခြင်းအလုပ်က မည်မျှအရေးကြီးကြောင်း သူတို့ သတိမပြုမိပေ။ ကျောက်စကျောက်နများ၊ ပုပ်သိုးနေသော ငါးများ၊ ပုပ်သိုးနေသော ပုစွန်များနှင့် အရာအားလုံးကိုသာ ဆယ်ယူနေရသည်။ နေ့စဉ်နေ့တိုင်း တူညီသည့်အလုပ်ကိုပြုလုပ်ပြီးနောက် သူတို့၏ အလုပ်အပေါ် စိတ်မပါလက်မပါ ဖြစ်လာကြတော့သည်။
ရှောင်ယွမ်အာက တီးတိုးပြောလိုက်တော့၏။ “ကျွန်မတို့တွေ အထဲဝင်ဖို့ သတ်လိုက်ပါတော့လား။ ဒါက ပိုရှုပ်ထွေးနေတယ်”
ရှောင်ယွမ်အာကို ရှုံးနိမ့်ခဲ့သော မိန်းကလေးက လှည့်ကြည့်လာပြီး ပြောလိုက်၏။
“ဒီနားတဝိုက်မှာ အစွမ်းထက်တဲ့စုန်းထောင်ချောက်တွေ ရှိနေတာ။ တစ်ယောက်ယောက်က သူတို့ကို ထိန်းချုပ်နေတာ”
“ဪ” ရှောင်ယွမ်အာက ပြန်ပြောလိုက်၏။ “ငါ သဘောမပေါက်သေးဘူး”
သူတို့သည် လမ်းတစ်လျှောက် မြန်မြန်ဆန်ဆန်အရှိန်ဖြင့် လျှောက်လာခဲ့၏။ သူတို့ ပထမဆုံးလာရောက်လည်ပတ်တာ မဟုတ်တာသိသာနေပေသည်။
“သိုလှောင်ရုံက ဟိုမှာ"
သူတို့သည် အစောင့်အကြပ်များကို အလွယ်တကူရှောင်တိမ်းခဲ့သည်။ အဆောက်အအုံများစွာကို ဖြတ်ကျော်ပြီးနောက် သိုလှောင်ရုံထဲရောက်သွား၏။
တင်းဖန်ချိုးက လက်ကို ရုတ်တရက်မြှောက်လိုက်သည်။ သူ၏ အသံက နက်ရှိုင်းကာ “ရပ်လိုက်” သူသည် တစ်စုံတစ်ခုကို ရှာတွေ့သွားပုံပေါ်၏။ သူက ခါးညွတ်လိုက်ပြီး မြေပြင်ကို ဂရုတစိုက် စစ်ဆေးလိုက်၏။ “အနားမှာ စုန်းကျင့်ကြံသူတစ်ဦးရှိနေတယ်”
လုကျိုးက မြေပြင်ပေါ်ရှိမြေများကို ကြည့်လိုက်သည်။ အမှန်တကယ်ပင် ရွှံ့စေးက လတ်ဆတ်နေ၏။ တစ်စုံတစ်ယောက်က ဤနေရာ၌ ထောင်ချောက်တစ်ခုချထားသည်။
စုန်းအတတ်တွင် ချိန်သားကိုက်မှု၊ တည်နေရာနှင့် ပါဝင်သည့်သူများက အရေးကြီးသည်။ မန္တန်ကို ရွတ်ဆိုသူက ပြင်ပတည်ဆောက်ပုံမှ စွမ်းအားကို ခေါ်ယူပြီး ပစ်မှတ်ကို ထိခိုက်စေတာ သို့မဟုတ် ကောင်းချီး ချီးမြှင့်နိုင်တာ ပြုလုပ်နိုင်သည်။
တင်းဖန်ချိုးက လုကျိုးကို လှည့်ကြည့်ပြီးနောက် ပြောလိုက်၏။
“အိမ်ရှင်ကြီး ခင်ဗျားကိုယ် ခင်ဗျားဂရုစိုက်ဦး။ ” ပြီးနောက် သူက ရှောင်ယွမ်အာကို လှည့်ပြောလိုက်သည်။ “ကောင်မလေး မင်းကြောက်နေတယ်ဆိုရင် ငါ့နားကပ်နေလို့ ရတယ်”
ရှောင်ယွမ်အာက လုကျိုး၏လက်မောင်းကို ဖက်တွယ်ထားလျက်ပြောလိုက်သည်။
“ကျွန်မ မကြောက်ဘူး”
“သွားကြမယ်” သူတို့က ထောင်ချောက်ကို ကွေ့ပတ်သွားပြီး သိုလှောင်ရုံကြီးတစ်ခုကို ရှာတွေ့သွားကြ၏။ သိုလှောင်ရုံတံခါးများက ကျင့်ကြံသူတစ်စုဝင်ရောက်ဖို့ကို ဟန့်တားဖို့ရာ မဖြစ်နိုင်ပေ။
လက်အနည်းငယ်လှုပ်ရှားပြီးနောက် သော့က ပျက်စီးသွားတော့သည်။
သိုလှောင်ရုံတံခါးက ချက်ချင်းပွင့်သွားတော့၏။
လုကျိုးက မျက်မှောင်ကြုံလိုက်သည်။
ဤသိုလှောင်ရုံက ဆယ့်နှစ်မီတာခန့်ရှည်သည်။ သိုလှောင်ရုံထဲတွင် သေတ္တာများ အတန်းလိုက် သေသေသပ်သပ် စီထား၏။ သူတို့က သေတ္တာတစ်လုံးပြီး တစ်လုံးဆင့်ထားဖြစ်သည်။ ကျန်တစ်ဖက်တွင်မူ အရိုးစုပုံရှိနေတော့သည်။
…
အခန်း (၉၈) အမှန်တရားလား
အရိုးများအရ မြေကွက်လပ်တွင် မြင်ခဲ့ရသည့် အရိုးများနှင့် အတော်လေး ကွဲပြားနေသည်။ သူတို့အများစုက သာမန်အရိုးများသာ ဖြစ်ကြ၏။
ယွီလုံရွာက ဖျက်ဆီးခံလိုက်ရပြီးလေပြီ။ ယခင်က ရွာပေါင်း ၃၅၄ ရွာ ရှိခဲ့သည်။ သူတို့အလောင်းအားလုံး ရှိနေလျှင်ပင် ဤမျှလောက် များမည် မဟုတ်ပေ။ ထို့အပြင် အလောင်းများကို ဆယ်နေသည်မှာ ဆယ်စုနှစ်တစ်ခုစာလောက် ရှိနေပြီး ယနေ့အထိ အားသွန်ခွန်စိုက် လုပ်နေဆဲ ဖြစ်သည်။ ရေစီးကြောင်းနှင့် မျောပါလာသော အကြွင်းအကျန် အရေအတွက်အရ မြစ်ထဲ၌ လူမည်မျှ သေဆုံးခဲ့သနည်း။ ပိုင်မျိုးနွယ်အပြင် အခြားလူများလည်း ပါဝင်နေသေး၏။
တင်းဖန်ချိုး၏ အမူအရာက လူသေများကို မြင်ရသည်မှာ ကျင့်သားရနေသည့်အလား မပြောင်းမလဲ ရှိနေသည်။ သူ သိုလှောင်ခန်းထဲ ဝင်လိုက်သည့်အခါ လက်မြှောက်၍ ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားလိုက်ပြီး သူ့တပည့်များကို အမိန့်ပေးလိုက်သည်။
“ ရှာကြစမ်း ”
“ နားလည်ပါပြီ ” တပည့်သုံးယောက်က သေတ္တာများကို စစ်ဆေးကြည့်လိုက်ကြသည်။
လုကျိုးက မြင်လိုက်ရသည့်အခါ သံသယပိုဝင်လာမိသည်။
‘သူတို့ ဘာရှာနေကြတာလဲ ’
သို့သော်လည်း လုကျိုးက မမေးခင် တင်းဖန်ချိုးက ရုတ်တရက် ပြောလိုက်သည်။
“ ဒါတွေက တခြားမျိုးနွယ်ရဲ့ အရိုးတွေလေ … ”
“ တခြားမျိုးနွယ်တွေလား ”
“ တာ့ယန်ကုန်းမြေမှာ တခြားမျိုးနွယ်တွေအတွက် နေရာမရှိဘူး … တာ့ယန်က နယ်မြေတွေကို အုပ်ချုပ်ပြီးတဲ့နောက်မှာ တခြားမျိုးနွယ်တွေက အမြဲတမ်း နှောင့်ယှက်ဖို့ စောင့်နေကြတာလေ။ ထျန်းကျန့်မြစ်လည်း သွေးစွန်းသွားရတယ်” တင်းဖန်ချိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
လုကျိုးက မေးလိုက်သည်။
“ အခြားမျိုးနွယ်ရဲ့ အကြွင်းအကျန်တွေလား ”
တင်းဖန်ချိုးက လုကျိုးအား ကြည့်ကာ လှောင်ရယ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ နန်းတော်က အဲလိုပြောတာပဲ ”
ရှောင်ယွမ်အာက ခေါင်းလေးပြူကြည့်ကာ မေးကြည့်လိုက်သည်။
“ ရှင်တို့က ဘာတွေရှာနေကြတာလဲ ”
“ အရိုး … အတော်လေး ထူးခြားတဲ့ အရိုး ” တင်းဖန်ချိုးက ပြန်ဖြေလိုက်သည်။
“ဘယ်လိုထူးခြားတဲ့ အရိုးလဲ ” ရှောင်ယွမ်အာက ပိုသိချင်လာမိသည်။
တင်းဖန်ချိုးက မေးခွန်းကို တည့်တိုး ပြန်မဖြေပေ။ ထို့အစား သူက “ ကောင်မလေး … မင်းသာ ငါ့တပည့် ဖြစ်လာရင် ငါ သိသမျှ အားလုံးကို သင်ပေးမယ် ”
ရှောင်ယွမ်အာက မျက်မှောင်ကြုတ်လိုက်သည်။ သူမက တင်းဖန်ချိုးအား ကြည့်ကာ “ ရှင်ကလား ”
“ မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ချင်နေတဲ့လူတွေ အများကြီးဆိုပေမဲ့ အခွင့်အရေး မရကြဘူး … မင်း သေချာတွေးကြည့်သင့်တယ်။ ငါ့တပည့်ကိုးယောက်လုံးက ဘယ်နေရာသွားသွား နာမည်ကျော်ကြားတဲ့ ပညာရှင်တွေချည်းပဲ ”
“သူမတော့ မပါဘူး ” ရှောင်ယွမ်အာက သေတ္တာတွေထဲ ရှာနေသည့် ကောင်မလေးအား လက်ညိုးထိုးပြလိုက်သည်။ ထိုကောင်မလေးက ငယ်ရွယ်ပြီး ကလေးမျက်နှာလေးနှင့် ဖြစ်၏။
“ … ” တင်းဖန်ချိုးက ပြန်လည်ချေပဖို့ ပြောစရာပင် ရှာမတွေ့တော့ပေ။
တင်းဖန်ချိုးက သူ့ဉာဏ်နီဉာဏ်နက်များကို ဖော်ပြလာပုံပေါ်၏။ လုကျိုးက မအံ့ဩမိပေ။ ထို့အစား သူက ပြောလိုက်သည်။
“ မင်း သူမကို သင်မပေးနိုင်လောက်ဘူး ”
တင်းဖန်ချိုးက လုကျိုး၏ စကားများကြောင့် မကျေမနပ် ဖြစ်သွားသည်မှာ သိသာလှသည်။ သူက လက်နောက်ပစ်နေဆဲ ဖြစ်ကာ “ ဒီကောင်းကင်အောက်မှာ ကျုပ် မသင်ပေးနိုင်တဲ့လူ မရှိဘူး ”
လုကျိုးက တင်းဖန်ချိုးနှင့် စကားအချေအတင် ပြောပြီး အားမဖြုန်းချင်ပေ။ ဤနေရာသို့ သူ ရောက်လာသည့်အကြောင်းမှာ ယွီလုံရွာ အဖြစ်အပျက်အကြောင်း စုံစမ်းရန်သာ ဖြစ်၏။
‘ကဲ သူ့ကို ငါ့အယောင်ဆောင်ခိုင်းထားလိုက်ပါ့မယ်လေ။ ဘာဖြစ်ဖြစ် သူက တန်ဖိုးတော့ ရှိသေးတာပဲ’
ထိုသို့ပြောလိုက်ပြီးနောက် လုကျိုးက စဉ်းစားမိနေဆဲ ဖြစ်သည်။
တင်းဖန်ချိုးနှင့် သူ့တပည့်သုံးယောက်က ဒီနေရာနဲ့ ဘယ်လိုမျိုး ဆက်သွယ်မှု ဖြစ်နေတာလဲ … ကြည့်ရတာ အချိန်တော်တော်ကြာနေတဲ့ပုံပဲ
တင်းဖန်ချိုးရဲ့ ရည်ရွယ်ချက်က ဘာလဲ … တင်းဖန်ချိုးရဲ့နောက်ကွယ်ကလူက ဘယ်သူလဲ
အချိန်တချို့ ရှာဖွေပြီးနောက် တင်းဖန်ချိုး၏ တပည့်သုံးယောက် ပြန်ရောက်လာသည်။
သိုလှောင်ခန်းလည်း ရှုပ်ပွသွားလေပြီ။ သေတ္တာအများစုက မှောက်လျက်တွေ ဖြစ်နေပြီး ပတ်ဝန်းကျင်ကလည်း ဆိုးရွားလှ၏။ ငါးပုပ်နံ့က လေထဲ လှိုင်လှိုင်သင်းနေသည်။
မိန်းကလေးက ပြောလိုက်သည်။
“ ရှစ်စွင်း ကျွန်မတို့ ဘာမှရှာမတွေ့ခဲ့ဘူး ”
အခြားတပည့်နှစ်ယောက်ကလည်း အသီးသီး ခေါင်းခါလိုက်ကြသည်။
တင်းဖန်ချိုးက မျက်မှောင်ကြုတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။
“နောက်ထပ် သိုလှောင်ခန်း ရှိသေးလား”
တပည့်သုံးယောက်လုံး ခေါင်းခါလိုက်ပြန်သည်။
ဤသိုလှောင်ခန်းက သေတ္တာအားလုံး ထည့်ထားရက်နှင့် နေရာလပ်ကျန်လောက်အောင် ကျယ်ဝန်းပေသည်။
လုကျိုးက နေကို မော့ကြည့်လိုက်ပြီးနောက် နေဝင်နေပြီ ဖြစ်ကြောင်း သတိထားလိုက်မိ၏။ တစ်ချိန်တည်းတွင် သူက စနစ်မှ တာဝန်စာရင်းကို တစ်ချက်ကြည့်လိုက်သည်။
သူတို့ ထွက်သွားခါနီးတွင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရ၏။ ထို့အပြင် ခြေလှမ်းမြန်မြန် လျှောက်လှမ်းသံများက လူတစ်ယောက်ထက် ပိုကြောင်း ညွှန်ပြနေသည်။
“ လုပ်ကြံမှု ” တင်းဖန်ချိုးက အသစ်ရောက်လာသူများအား မကြည့်ဘဲ အေးစက်စက် ပြောလိုက်သည် “ သူတို့ကို သတ်ပစ်လိုက် ”
“ နားလည်ပါပြီ ” တပည့်သုံးယောက်က သိုလှောင်ခန်းမှ ထွက်သွားကြသည်။
အသစ်ရောက်လာသူများက ရဲမက်များ ဖြစ်ကြသည်။ သူတို့က ကျင့်ကြံသူများနှင့် မယှဉ်နိုင်ပေ။
ထိုစဉ် လုကျိုးက မင်ရှစ်ရင်သည် ယခင် ဤနေရာရောက်လာစဉ်အခါက စုန်းအတတ်နှင့် ကြုံတွေ့ခဲ့ရကြောင်း အမှတ်ရသွားသည်။ အရေးကြီးသော နေရာကို လုံခြုံရေးကောင်းကောင်း ထားရမည် မဟုတ်ပါလော။
“ သိချင်မိသား ” လုကျိုးက ရုတ်တရက် ကောက်ပြောလိုက်သည်။
“ ဟမ် … ”
“စောစောက ပြောနေတဲ့ ထူးခြားတယ်ဆိုတဲ့ အရိုးကဘာလဲ ” လုကျိုးက မေးလိုက်သည်။
တင်းဖန်ချိုးက လက်နောက်ပစ်လျက် “ လူအိုကြီး … ထပ်သတိပေးလိုက်မယ်။ ခင်ဗျား များများသိလေလေ ပိုအန္တရာယ်များလေလေပဲ ”
“ ငါ့အသက်အရွယ်နဲ့ သေခြင်းရှင်ခြင်းက အရေးမကြီးတော့ပါဘူး” လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်သည်။ သူက လိမ်ညာနေခြင်း မဟုတ်ပေ။ သူ ကူးပြောင်းမလာခင် တစ်ခါ သေပြီးသွားလေပြီ။ ထို့အပြင် ရွှေနန်းဥယျာဉ်တောင်ကို လာသောင်းကျန်းသည့် အဆင့်မြင့် ကျင့်ကြံသူဆယ်ယောက်နှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။
“ ကောင်းပြီလေ ”တင်းဖန်ချိုးက ခေါင်းခါလိုက်သည်။
တိုက်ခိုက်သံများက ပိုပြင်းထန်လာလေသည်။ လူအရေအတွက်လည်း ပိုများလာသည်။ ခဏအကြာတွင် ကျင့်ကြံသူအုပ်စု ပေါ်လာကြ၏။ ကြည့်ရသည်မှာ သူတို့က သတင်းကို ကြားပြီး ချက်ချင်း အပြေးအလွှားရောက်လာကြပုံပေါ်၏။ ကျင့်ကြံသူအရေအတွက်လည်း ပိုများလာသည်။
ထိုစဉ် တံတားပေါ်ရှိ အသံတစ်သံ ထွက်ပေါ်လာသည်။
“မင်းတို့တွေ ထောင်ချောက်ထဲ ဝင်မိပြီ။ ကျူးကျော်သူတွေအတွက် သေခြင်းတရားပဲ စောင့်နေတယ်”
အသံက မကျယ်လောင်သော်လည်း အားလုံးက ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရသည်။
ကြည့်ရသည်မှာ ကိစ္စများက ပိုမိုရှုပ်ထွေးလာပုံပေါ်သည်။
လုကျိုးက ထိုအကြောင်း မစိုးရိမ်မိပေ။ အကယ်၍ သူသာ ထွက်သွားလိုလျှင် ထိုလူများက သူ့အား တားဆီးနိုင်မည် မဟုတ်ပေ။
တင်းဖန်ချိုးက လုကျိုးကို တစ်ချက်ကြည့်လိုက်ပြီးနောက် အပြင်ထွက်လာလိုက်သည်။
သိုလှောင်ခန်းအပြင်ဘက်တွင် ရဲမက်များစွာ စုစည်းနေကြသည်။ သူတို့က လှံများဖြင့် လမ်းကို တားထားကြသည်။ ကျင့်ကြံသူများစွာက ရဲမက်များအပေါ် လေထဲမှ ပျံသန်းနေကြသည်။
တပည့်သုံးယောက်က သိုလှောင်ခန်း တံခါးနားမှ ရဲမက်များကို သတ်ပြီးနောက် တင်းဖန်ချိုးဘေးနား ရောက်လာကြသည်။
“ ဒီမှာ အဝိုင်းခံရပြီ။ ဒါက ထောင်ချောက်ပဲ ”
တင်းဖန်ချိုးက လက်နောက်ပစ်လျက် တည်တည်ငြိမ်ငြိမ် ရပ်နေကြသည်။ သူက ထိုသတင်းကြောင့် သက်ရောက်မှု ခံလိုက်ရဟန် မပေါ်ပေ။ သူက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ဖြစ်၏။ သူ့အနေနှင့် ကြောက်နေစရာ မလိုပေ။
ရဲမက်အရေအတွက်က လေထဲက ထွက်သွားမည့် နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူကို မတားဆီးနိုင်ပေ။
တင်းဖန်ချိုးက ရဲမက်များအထက် ပျံသန်းနေသည့် ကျင့်ကြံသူများကို ကြည့်လိုက်သည်။ အာရုံခံသိပ်သည်းခြင်းနယ်ပယ်၊ ဗြဟ္မာပင်လယ် နယ်ပယ်နှင့် နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူတချို့သာ ပါရှိ၏။
ဒီလောက်အရေအတွက်လေးနဲ့ ငါ့ကို တားချင်နေတာလား …
“ ကောင်မလေး မျက်တောင်မခတ်တမ်း ကြည့်နေ”
တင်းဖန်ချိုးက လှည့်မပြောသော်လည်း ရှောင်ယွမ်အာကို ရည်ရွယ်ပြောနေမှန်း သိသာလှသည်။
လုကျိုးက ဤအရာအားလုံးကား သူနှင့် မသက်ဆိုင်သည့်အလား မုတ်ဆိတ်သပ်နေလေ၏။
တစ်ချိန်တည်းတွင် တင်းဖန်ချိုးဆီမှ အရှိန်အဝါကြီးတစ်ခု ထွက်ပေါ်လာသည်။ သူက ခြေတစ်လှမ်းတည်းဖြင့် သိုလှောင်ခန်းမှ ထွက်သွားလိုက်၏။
လေထဲ ပေငါးဆယ်မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန် ထွက်ပေါ်လာလေသည်။ စိတ်ဝိညာဉ်သဏ္ဌာန်က အပြာဖျော့ဖျော့ ဖြစ်၏။ ကြည့်ရသည်မှာ ကြောက်စရာကောင်းလွန်းလှလေသည်။ စွမ်းအားများဖြင့် ခြုံလွှမ်းထားသေး၏။ ထိုအောက်တွင် ရွှေကြာပွင့်မှ ပွင့်ချပ်လေးလွှာ ထွက်ပေါ်လာသည်။
ရဲမက်များနှင့် ကျင့်ကြံသူများက ထိုအရာကို မြင်လိုက်ကြသည့်အခါ အမူအရာ ပြောင်းလဲသွားပြီး နောက်ဆုတ်လိုက်ကြသည်။ သို့သော်လည်း သူတို့က ထွက်မပြေးကြပေ။ သူတို့က သူတို့နှင့် စိတ်ဝိညာဉ်သဏ္ဌာန်ကြား အကွာအဝေးချဲလိုက်ရုံသာ ဖြစ်၏။
ရှောင်ယွမ်အာက မကျေမနပ် ရေရွတ်လိုက်သည်။
“ ပွင့်ချပ်လေးလွှာတည်း .. ”
တင်းဖန်ချိုး၏ တပည့်မက မျက်လုံးဝေ့ကာ “ ဘာသိလို့လဲ။ ငါတို့ရှစ်စွင်းရဲ့ အင်အားက ပြိုင်ဖက်ကင်းတယ်။ သူက အင်အားကို ခြွေတာနေရုံပဲ။ ပွင့်ချပ်လေးလွှာလောက်နဲ့ သူတို့ကို ဖြေရှင်းဖို့ လုံလောက်တယ်။ နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်က အလွန်ဆုံး ဆယ်ကမ္ဘာအထိ ရောက်နိုင်တယ်။ ဒုက္ခမိုင်တစ်ရာရှုကွင်းနဲ့ဆိုရင် ဒီနေရာက အားလုံး မှောက်သွားလိမ့်မယ် ”
ထိုစဉ် တင်းဖန်ချိုး၏ ပွင့်ချပ်လေးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်မှ စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။
ဝုန်း ဝုန်း ဝုန်း
တံတားအနီးအနားရှိ အဆောက်အဦးများက လှုပ်ခါလာသည်။
ရဲမက်များလည်း ဝေးဝေးနောက်ဆုတ်လိုက်ကြသည်။ ကျင့်ကြံသူများကလည်း သတိကြီးကြီး ထားလိုက်ကြ၏။
ကျင့်ကြံသူတစ်ယောက် အော်ပြောလိုက်သည် “ အားလုံး စိတ်အေးအေးထားပြီးတော့ ဖြည်းဖြည်းချင်း ပြန်ဆုတ်ကြစို့။ နန်းတော်ရဲ့ သတင်းအရ ဒီလူက တကယ့်ကျိထျန်းတောက် မဟုတ်ဘူးတဲ့ ”
“ ဒီနေရာမှာ မနေ့က မဟာစုန်းအစီအရင်ကို ခင်းကျင်းထားပြီးပြီ။ အစီအရင်ဆီ နောက်ဆုတ်ကြစို့။ နန်းတော်က အဆင့်မြင့်ကျင့်ကြံသူတွေ ရောက်လာရင် ဒီကျူးကျော်သူတွေကို တစ်ချက်တည်းနဲ့ အမှောက်သိပ်လိုက်လိမ့်မယ်။ ဘယ်သူဖြစ်ဖြစ် ကျူးကျော်သူအတွက် သေဒဏ်ပဲ ”
“ ကျူးကျော်သူတွေအတွက် သေဒဏ်ပဲ”
“ ကျူးကျော်သူတွေအတွက် သေဒဏ်ပဲ”
ရဲမက်များက စတင်၍ အော်ရွတ်ကြတော့သည်။
…
အခန်း (၉၉) ကောင်မလေး သိပ်နောက်မကျခင်သွားကြရအောင်
ရဲမက်များသည် ကျင့်ကြံသူများ၏ အားပေးစကားများကြောင့် သတ္တိရှိလာပြီး သူတို့၏မြေပြင်၌ မြဲမြံစွာရပ်နေကြသည်။
လုကျိုးနှင့် ရှောင်ယွမ်အာက သိုလှောင်ရုံဝင်ပေါက်သို့ ထိုအချိန်တွင် ရောက်လာတော့သည်။ သူတို့က သူတို့ရှေ့၌ထောင်ချီသော ရဲမက်များစွာနှင့် ကျင့်ကြံသူရာချီကို မြင်တွေ့သွားသည့် အချိန်၌ အနည်းငယ်အံ့ဩသင့်သွားသည်။
အရာအားလုံးက ထောင်ချောက်တစ်ခုဆိုတာသိသာနေပေ၏။ လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါက ထောင်ချောက်တစ်ခုပဲ”
အစတည်းက ပြင်ဆင်ထားခဲ့ပုံပေါ်သည်။ ထောင်ချောက်မိပြီဖြစ်သောကြောင့် သူတို့က သိုလှောင်ရုံထဲတွင် သူတို့လိုချင်သည့်အရာကို ရှာမတွေ့တာ သဘာဝကျပေ၏။ ထိုအရာက ဝှက်ထားတာ၊ သို့မဟုတ် မြစ်ကြမ်းပြင်တစ်နေရာရာထဲတွင် ရှိနေသေးတာဖြစ်ရမည်။
ရှောင်ယွမ်အာက နူးညံ့သောအသံဖြင့်ပြောလိုက်၏။ “တပည့်တို့ အခု ဘာလုပ်ရမလဲ။ သူတို့အဆင့်ကို ဖြတ်ကျော်ရမလား”
“ဒီလိုလုပ်ဖို့မလိုဘူး” လုကျိုးက မုတ်ဆိတ်သပ်ပြီးပြောလိုက်သည်။
“ဒီလူက နာမည်ကြီးတာ ကြိုက်တယ်ဆိုမှတော့ သူ့ကိုလုပ်ခိုင်းလိုက်တာပေါ့”
ရှောင်ယွမ်အာက နှုတ်ခမ်းစူပြီးပြောလိုက်သည်။
“ပွင့်ချပ်လေးလွှာ စိတ်ဝိညာဉ်သဏ္ဌာန် ဒါက စိတ်ဝင်စားဖို့မကောင်းဘူး”
သူမသည် ပိုမိုကြီးကျယ်ခမ်းနားသည့် ခွန်အားပြသမှုကို အသားကျနေပြီဖြစ်သည်။ ဤအဆင့်ရှိ စိတ်ဝိညာဉ်သဏ္ဌာန်ကို အထင်သေးတာ သဘာဝကျပေ၏။ သူတို့သည် ဒဏ္ဍာရီလာစီးတော်ယာဉ်များကို စီးနေကျ လူတစ်ဦးကို အဆင့်နိမ့်စီးတော်ယာဉ်ပေးလိုက်သည့် ခံစားချက်မျိုးနှင့်ဆင်တူသည်။ သူတို့မည်ကဲ့သို့ အထင်မသေးဘဲ နေမည်နည်း။
သို့သော် ကျန်သည့် ကျင့်ကြံသူများအတွက်မူ ပွင့်ချပ်လေးလွှာစိတ်ဝိညာဉ်သဏ္ဌာန်က လက်ရွေးစင်များကြားထဲရှိ လက်ရွေးစင်တစ်ဦးအဖြစ် သတ်မှတ်နိုင်သေးသည်။
လေထဲတွင်ပျံဝဲနေသော ကျင့်ကြံသူများက တံတွေးမြိုချလိုက်ကြသည်။ သူတို့က စိတ်ဝိညာဉ်သဏ္ဌာန်၏ ခြိမ်းခြောက်နိုင်သောစွမ်းအားကို သတိပြုမိကြ၏။ ယခုအချိန်တွင် မည်သူကမျှ နတ်ဝိညာဉ်ဝဋ်ကြွေးခြေနယ်ပယ်ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်ရန်လှုပ်ရှားရဲခြင်း မရှိကြချေ။
ထိုစဉ် တင်းဖန်ချိုး၏ တပည့်သုံးဦး မျက်နှာထက်၌ ကြည်ညိုလေးစားသည့် အမူအရာတို့ ပေါ်လာသည်။
တပည့်မလေးက ရှောင်ယွမ်အာကို တစ်ချက်ကြည့်ပြီး လှောင်ပြောင်ထေ့ရိစွာ ပြောလိုက်တော့သည်။
“ကောင်မလေး နင်ကံကောင်းပြီး ငါ့ကို အစောတုန်းက အနိုင်ယူသွားနိုင်ခဲ့တာ။ ဒါကြောင့် မောက်မာထောင်လွှားမနေနဲ့။ နင့်ခွန်အားနဲ့ဆိုရင် ငါ့ဆရာနဲ့ ရင်ဆိုင်ရင် တကွက်တောင်ခံနိုင်မှာ မဟုတ်ဘူး”
ရှောင်ယွမ်အာက နှာခေါင်းရှုံ့လိုက်၏။ “အရှုံးသမား”
“နင်” တပည့်မလေးက ပြန်ပြောချင်သော်ငြား ယခုက စကားများရမည့်အချိန်မဟုတ်ပေ။ သူမက ရွေးချယ်စရာမရှိဘဲ ယခုအချိန်အတွက် လွှတ်ထားပေးရုံသာတတ်နိုင်သည်။ ထို့အပြင် သူတို့ ဆက်လက်တိုက်ခိုက်နေပါက အရေးနိမ့်သည့်အခြေအနေထဲ ကျရောက်နေမည်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ ဆိုရလျှင် သူမ၏ဆရာက ယခုအချိန်တွင် သူ၏တပည့်များကို ကာကွယ်ပေးနိုင်သည့် အနေအထားတွင် ရှိမနေပေ။
ပွင့်ချပ်လေးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်နားတဝိုက်တွင် စွမ်းအင်လှိုင်းက ခပ်ဖျော့ဖျော့လင်းနေပြီး စွမ်းအင်စည်းများဖွဲ့တည်နေတော့သည်။ ပြီးနောက် သူတို့ကို ပစ်ထုတ်လိုက်တော့၏။
လုကျိုးက မှတ်ချက်ချလိုက်တော့သည်။
“တောက်မုဒြာတွေ” တင်းဖန်ချိုးသည် တောက်မုဒြာများကို အသုံးပြုလိမ့်မည်ဟု သူမထင်ထားပေ။
တောက်မုဒြာများသည် ဇင်ဂိုဏ်း၏မုဒြာများနှင့်မတူညီပေ။ ဇင်ဂိုဏ်း၏မုဒြာများက ရွှေခန္ဓာ၏ ထောက်ပံ့မှုနှင့် ကျင့်ကြံသူ၏ ကိုယ်ပိုင်ကနဦးချီပေါ်အားထားနေတာပဲဖြစ်သည်။ သူတို့နှစ်ခုကို ပေါင်းစည်းပြီး ဖွဲ့တည်လိုက်သောစွမ်းအားက ကြမ်းတမ်းသော ဗုဒ္ဓစွမ်းအားဖြစ်ပေသည်။ တဖက်တွင်မူ တောက်မုဒြာများသည် ဧရိယာထဲ၌ ကနဦးချီကို အဓိက ထိန်းချုပ်နေတာဖြစ်သည်။ ထို့ကြောင့် ယင်းက ပိုကောင်းမွန်သည့် အကျယ်အဝန်းကိုပေးပေ၏။ မည်သို့ပင်ဆိုစေကာမူ မုဒြာနှစ်ခုကို ဆက်နွယ်ပြီးဖြစ်၏။ သူတို့၏ကွဲပြားခြားနားမှုက မှန်းဆသကဲ့သို့ သိသာထင်ရှားခြင်းမရှိပေ။
သိပ်သည်းသော မုဒြာများက ရဲမက်များနှင့်ကျင့်ကြံသူများဆီသို့ တိုးဝင်သွားတော့သည်။
ဟူး ဟူး ဟူး
မုဒြာများကြောင့် စစ်သည်ရဲမက်များက လွင့်ထွက်ကုန်၏။ ကျင့်ကြံသူတစ်ချို့ကဆို အခြေအနေက အခွင့်မသာသည်ကို မြင်သည့်အချိန်၌ လှည့်ပြေးကြတော့သည်။
“ပြန်ဆုတ်ကြ။ သူနဲ့မတိုက်ခိုက်နဲ့။ ပြန်ဆုတ်ကြဟေ့”
“စုန်းအစီအရင်ကို ပြင်ဆင်လိုက်တော့”
ကျင့်ကြံသူများစွာက ခပ်ဝေးဝေး၌ ရပ်နေသည်။ သူတို့၏ ကျင့်ကြံဆင့်က စိတ်ဝိညာဉ်သဏ္ဌာန်၏ ခြိမ်းခြောက်သည့်အရှိန်အဝါမှ သူတို့ကို ကာကွယ်ရန်လုံလောက်ရုံမျှသာရှိသည်။ ပြန်တိုက်ခိုက်ရန် အပိုခွန်အားမရှိချေ။
တင်းဖန်ချိုးသည် သူ၏မုဒြာများကို ပန်းများကို ကျဲပက်နေသော ကောင်းကင်မိန်းမပျိုတစ်ဦးပမာ ထိန်းချုပ်နေပေ၏။ မျက်တောင်တစ်ခတ်အတွင်း သူက ရဲမက်ရာချီကို ရှင်းထုတ်လိုက်သည်။ ဧရိယာတဝိုက်ကို ဆေးကြောသွားတာပဲဖြစ်သည်။
လေထဲ၌ လူတို့၏အော်သံက ပျံ့လွင့်နေသည်။ ရဲမက်များက ခပ်ဝေးဝေးသို့ဆုတ်သွားသည်။
တင်းဖန်ချိုးက ကျယ်လောင်စွာပြောလိုက်တော့၏။
“ငါ ထွက်သွားမှာကို ဘယ်သူတားရဲလဲ”
သူပထမဆုံးအကြိမ်လာတာမဟုတ်ပေ။ ဤနေရာ၌ စုန်းထောင်ချောက်များရှိနေမှန်း သူသိနေ၏။ တိုက်ပွဲက ဆက်ဖြစ်ပွားနေပြီး နန်းတော်မှ ပညာရှင်များရောက်လာခဲ့လျှင် သူက လွတ်မြောက်နိုင်မှာ မဟုတ်ပေ။
တင်းဖန်ချိုး၏နက်ရှိုင်းသော အသံက အရပ်မျက်နှာအားလုံးပျံ့နှံ့သွားတော့၏။ သူ၏အသံကို နေရာ၏ထောင့်တိုင်းတွင် ရှင်းရှင်းလင်းလင်းကြားနိုင်သည်။ အိမ်များ၊ အဆောက်အအုံများ၊ ငါးဖမ်းလှေများက အသံလှိုင်းကြောင့် လှုပ်ခါကုန်သည်။
ရဲမက်များက နောက်သို့ထပ်ဆုတ်သွားပြန်သည်။
“နောက်ဆုတ်ကြ။ အားလုံးနောက်ဆုတ်”
ဟူး ဟူး ဟူး
ရဲမက်များက မြန်မြန်ဆန်ဆန်ဆုတ်လိုက်ကြသည်။ သူတို့အသက်ကို အချည်းနှီးစွန့်ပစ်ခြင်းထက် နောက်ဆုတ်တာက သူတို့အတွက်ပိုကောင်းသည်။ သူတို့၏ တာဝန်က စုန်းထောင်ချောက်များကို ကာကွယ်ပြီး နန်းတော်မှ ပညာရှင်များရောက်လာတာကို စောင့်ဆိုင်းရုံသာဖြစ်သည်။
တင်းဖန်ချိုး၏ အမူအရာက သုန်မှုန်သွားတော့၏။ သူက ခြေဖျားထောက်ပြီးနောက်လေထဲသို့ ပြန်ဝဲလိုက်သည်။ သူ၏ မီတာငါးဆယ်ခန့်ကြီးမားသည့် စိတ်ဝိညာဉ်သဏ္ဌာန်က သူ့ကို ရစ်ဝဲနေအောင်ထိန်းထားပေးသည်။
ထိုအကြောင်းကြောင့် နတ်ဝိညာဉ်သဏ္ဌာန်ဝဋ်ကြွေးခြေနယ်ပယ်ကျင့်ကြံသူများစွာက ဒုက္ခရှုကွင်းတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို အလွန်ကြောက်ရွံ့ နေကြတာပဲဖြစ်သည်။ စိတ်ဝိညာဉ်သဏ္ဌာန်က ပိုမြင့်လေ ၎င်း၏ ခြိမ်းခြောက်နိုင်သော အရှိန်အဝါက ပိုကြီးမားလေဖြစ်သည်။
တင်းဖန်ချိုးက လေထဲခုန်တက်သွားသည့်အချိန်တွင် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်နားရှိ စွမ်းအင်က လွှမ်းမိုးနိုင်စွမ်းရှိသော ဖိအားဖြင့် အရပ်မျက်နှာတစ်ခွင်သို့ ပြန့်ကားသွားတော့၏။
ဘီး ဘီး
ပန်းပွင့် ပွင့်ချပ်များကဲ့သို့ မုဒြာများက နေရာအနှံ့ လွှင့်စင်သွားသည်။
လုကျိုးက မုတ်ဆိတ်ကိုသပ်ပြီး ခေါင်းအနည်းငယ် ငြိမ့်လိုက်တော့၏။ “သူက မုဒြာတွေမှာ အနည်းငယ်ပြီးအောင်မြင်ထားတာပဲ”
“ဒါက အနည်းငယ်အောင်မြင်တာလား” အထွတ်အထိပ်ကျောက်စိမ်းကျင့်စဉ်က ရှောင်ယွမ်အာ သိသမျှအကုန်ဖြစ်သည်။ သူမက ကျန်သည့်ဂိုဏ်းများ၏ ကျင့်စဉ်များနှင့် မရင်းနှီးပေ။
လုကျိုးက ဖြည်းဖြည်းချင်းပြောပြသည်။
“တောက်မုဒြာတွေက သူတို့ပတ်ဝန်းကျင်ထဲက ကနဦးချီကို အဓိကအားဖြင့် ထိန်းချုပ်ပြီး ချီကို စွမ်းအင်အဖြစ် သိပ်သည်းအောင်လုပ်တာပဲ။ မဟာကျင့်ကြံသူတစ်ယောက်အတွက် စိတ်ဝိညာဉ် သဏ္ဌာန်တစ်ခုကတောင် စွမ်းအင်အဖြစ်ပြောင်းလဲနိုင်တယ်။ ဇင်မုဒြာတွေက သူတို့ကျင့်ကြံသူ ကိုယ်တိုင် အဓိအားဖြင့် ဖန်တီးတာတွေပဲ။ ပုံမှန်ဆိုသူတို့က လက်ဝါးရာပုံစံ ထဲမှာရှိတာ”
“ဒီတော့ ဘယ်သူက ပိုအစွမ်းထက်တာလဲ။ တောက်မုဒြာလား ဇင်မုဒြာလား”
ရှောင်ယွမ်အာက သိချင်စိတ်ဖြင့် မေးလိုက်သည်။
လုကျိုးက ထောက်ခံကြောင်း ခေါင်းညိတ်လိုက်၏။ ယွမ်အာလေးက သင်ယူဖို့အတွက် ပိုစိတ်ဝင်စားလာပြီ။ ဒါကောင်းတဲ့ကိစ္စပဲ။ ငါသာကောင်းကောင်းမွန်မွန် သွန်သင်မယ်ဆိုရင် နောင်ကျ သူက လူကောင်းတစ်ယောက်ဖြစ်လာမှာ သေချာတယ်။
“အရာရာတိုင်းမှာ ကိုယ်ပိုင်အားသာချက်ရှိကြတယ်။ သူတို့ကို နှိုင်းယှဉ်ဖို့ဆိုတာမဖြစ်နိုင်ဘူး”
လုကျိုးက ပြောလိုက်၏။
ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်သည်။
“တင်း စီယွမ်အာကို သင်ကြားပြသပြီးပါပြီ။ ကုသိုလ်အမှတ် တစ်ရာရရှိပါတယ်”
ဘေးတွင် ရပ်နေသော တင်းဖန်ချိုး၏ တပည့်သုံးဦးက လုကျိုး၏စကားများကို ကြားသောအခါ သူတို့က အနည်းငယ်အံ့ဩသင့်သွားသည်။
“အဘိုးကြီး ခင်ဗျားက ဗဟုသုတတော့ အတော်ရှိတာပဲ။ ကျွန်မတို့ဆရာက တောက်မုဒြာတွေကို သုံးနေတာပဲ” တပည့်မက ကောင်းကင်ထဲ၌ လွှမ်းမိုးနေသော မုဒြာများကို ကြည်ညိုလေးစားစွာ ကြည့်လိုက်၏။
“ဒါပေမဲ့ တောက်မုဒြာတိုင်းမှာ လက်စည်းသင်္ကေတရှိကြတယ်။ စုစုပေါင်းတောက်မုဒြာ ဆယ့်နှစ်မျိုးရှိတယ်။ လူတစ်ယောက်ရဲ့ကျင့်ကြံဆင့်က ပိုနက်နဲလေလေ လက်စည်းသင်္ကေတက ပိုအစွမ်းထက်လေပဲ။ ဇင်မုဒြာကို ရှုံးမှာမဟုတ်ဘူး။
လုကျိုးက အမျိုးသမီးကျင့်ကြံသူကို ကြည့်ရန်အရေးတယူလုပ်မနေပေ။
အတွေ့အကြုံမရှိတဲ့ငယ်သူတစ်ယောက်က လမ်းညွှန်ပြသဖို့တောင်းဆိုဖို့ ဝင့်ကြွားလွန်း အားကြီးတယ်။ သူက ရေအိုင်အောက်ခြေကနေ တစ်သက်လုံးကြည့်နေရမှာပဲ”
တစ်ချိန်တည်းတွင် တင်းဖန်ချိုး၏ မုဒြာများက ရဲမက်များဆီ ဝင်ရောက်သွားပြီး လှုပ်ရှားမှု မမြန်ဆန်သည့် ကျင့်ကြံသူများအားလုံးဆီသို့ ဝိညာဉ်လိပ်ပြာများသဖွယ် ရွေ့လျားသွား၏။ သူတို့အားလုံးကို လွင့်ထွက်သွားစေသည်။
အာရုံခံသိပ်သည်းခြင်းနယ်ပယ်အောက်တွင်ရှိသော ကျင့်ကြံသူများက သွေးအန်ပြီး နေရာမှာတွင် သေကုန်၏။ ဗြဟ္မာ့ပင်လယ်ကျင့်ကြံသူများက မြေကြီးပေါ်ပြုတ်ကျပြီး အင်မတန် နာကျင်နေပုံ ပေါ်၏။ နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူများကတောင် လေထဲမှဆင်းသက်လာပြီး သူတို့၏ ကနဦးချီက မုဒြာများကို တွန်းကန်နေရသည်။
တင်းဖန်ချိုးက ပြောလိုက်သည်။ “ဆင်ဘုရင်” လက်တစ်ချက်ဝှေ့ယမ်းမှုဖြင့် ပတ်ဝန်းကျင်၌ ဆူညံသံကြီးပေါ်ထွက်လာတော့သည်။
တောအုပ်ထဲကနေ ဆင်ဘုရင်က ပေါ်ထွက်လာတော့သည်။ ၎င်း၏အရှိန်က မမြန်ဆန်သော်ငြား တင့်ကားတစ်စီးပမာ ရန်သူများကို နင်းခြေသွားတော့သည်။
ရဲမက်များစွာက အချိန်မီမရှောင်နိုင်ဘဲ နေရာတွင် သေကုန်၏။ အချို့ကမူ ဆင်ဘုရင်၏ အစွယ်ဖြင့်အပက်ခံရပြီး ဘေးသို့လွင့်ထွက်ကုန်သည်။
“သွားကြရအောင်” တင်းဖန်ချိုးက လှည့်ပြောလိုက်၏။
ရဲမက်များနှင့် ကျင့်ကြံသူများက စိတ်ဝိညာဉ်သဏ္ဌာန်နားသို့ ကပ်မသွားရဲချေ။ သူတို့က ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်၏။
“ကောင်မလေးငါ့ဖက်ကိုလာခဲ့လိုက်” တင်းဖန်ချိုးက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ဖြည်းဖြည်းချင်း သက်ဆင်းလာ၏။
ဖုန်း
တင်းဖန်ချိုး ဆင်းသက်လာသည်နှင့် မြေပြင်က လှုပ်ခါသွားသည်။ ယင်းက အစွမ်းထက်သော ခြိမ်းခြောက်မှုဖြစ်ပြီး ရဲမက်များနှင့် ကျင့်ကြံသူများအားလုံးကို တိုက်ခိုက်ရန် သတ္တိမဲ့စေ၏။
တင်းဖန်ချိုးက မလှမ်းမကမ်းသို့ကြည့်လိုက်သည်။ ကျင့်ကြံသူအရေအတွက်က တိုးလာနေပုံရ၏။
“နန်းတော်ကလူတွေ ဒီနေရာမှာပဲ”
ဟမ် အဲ့ဒီကောင်မလေးက ဘာကြောင့်မလာတာလဲ။
အစက တင်းဖန်ချိုးသည် ရှောင်ယွမ်အာက ကြောက်လန့်မှုကြောင့် သူ့ဆီကမန်းကတန်း ပြေးလာလိမ့်မည်ဟု တွေးခဲ့သည်။ သို့သော် ရှောင်ယွမ်အာက မကြောက်လန့်ပုံပြရုံသာမက သူမကအရာအားလုံးကို စူးစမ်းချင်စိတ်ဖြင့်လေ့လာနေတာတွေ့လိုက်ရသည်။ ထို့အပြင် ပတ်ဝန်းကျင်ကို ကြည့်နေစဉ် သူမမျက်လုံးထဲ၌ အထင်သေးသည့်အရိပ်အယောင်ပေါ်နေတာကို တွေ့လိုက်ရသည်။
လုကျိုးက တည်ငြိမ်စွာပြောလိုက်တော့သည်။ “ဆင်ဘုရင် မလုပ်နဲ့တော့”
ဆင်ဘုရင်က လုပ်မှာမဟုတ်ဘူး။
ဆင်ဘုရင်က ကောင်းမွန်သည့်သက်ရောက်မှုရှိပြီး အံ့ဩဖွယ်ကောင်းသည့် စစ်ယန္တရားတစ်ခု ဖြစ်သည်။ သို့သော် ယင်းက မပျံနိုင်ပေ။
တင်းဖန်ချိုးက ရှောင်ယွမ်အာကို ကရုဏာသက်စွာကြည့်လိုက်၏။ သူမအတွက်ဘာက ကောင်းမှန်းမသိသည့် သူဖြစ်သည်။ သူသည် သူမကို ထပ်မံဖျောင်းဖျလိုက်၏။
“ကောင်မလေး နောက်မကျလွန်းခင် သွားကြရအောင်”
…
အခန်း (၁၀၀) တင်းဖန်ချိုး၏ စွမ်းအား
တင်းဖန်ချိုးက ရှောင်ယွမ်အာလိုမျိုး ငယ်ငယ်ရွယ်ရွယ်နှင့် ကျင့်ကြံရေး ပါရမီကောင်းရှိသည့်လူကို မတွေ့ခဲ့ဖူးပေ။ သူမက သူ့တပည့်မထက် ပိုကောင်းမှန်း ယုံမှားဖွယ် မရှိပေ။
‘တကယ်လို့ သူသာ ငါ့တပည့် ဖြစ်လာခဲ့ရင် ငါ့အတွက် အထောက်အကူအကြီးကြီး ဖြစ်မှာပဲ။ နှမြောစရာပဲ’
သူက ရှောင်ယွမ်အာကို နှမြောတသဖြစ်စွာ ကြည့်လိုက်ရင်း တွေးလိုက်မိသည်။ ခဏအကြာတွင် သူက လက်မြှောက်လိုက်သည်နှင့် ပေငါးဆယ်အမြင့်ရှိ ပွင့်ချပ်လေးလွှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်လည်း ပျောက်ကွယ်သွားတော့သည်။
ရဲမက်များနှင့် ကျင့်ကြံသူများက ဖိအားပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်ကြသည်။
တင်းဖန်ချိုးက ခြေတစ်လှမ်းထောက်ကာ ဆင်ဘုရင်ပေါ် ကြွကြွရွရွ တက်လှမ်းသွားသည်။ သူ့တပည့်သုံးယောက်က ဆင်ဘုရင်ပေါ်ရှိ အခန်းငယ်နား သူတို့အား တိုက်ခိုက်လာနိုင်သည့် ကျင့်ကြံသူများကို စောင့်ကြပ်နေကြသည်။ သူက အခန်းငယ်ထဲ ဝင်သွားပြီးနောက် ကြော့ရှင်းစွာ ထိုင်ချလိုက်သည်။ သူက လှုပ်ရှားမှုမရှိဘဲ အရှိန်အဝါတစ်ခုတည်းဖြင့် ရဲမက်များအား နောက်ဆုတ်သွားစေသည်။
လုကျိုးက အသာခေါင်းခါလိုက်သည်။ သူက ထိုသို့သောအရာမျိုးကို စိတ်မဝင်စားပေ။ အကယ်၍ သူသာ ထွက်သွားလိုလျှင် နတ်ခြင်္သေ့ကို ဆင့်ခေါ်လိုက်ရုံမျှ ဖြစ်၏။
ဝုန်း ဝုန်း ဝုန်း
ဆင်ဘုရင် ခြေလှမ်းလှမ်းလိုက်တိုင်း မြေကြီးပင် တုန်ခါသွားစေသည်။
တင်းဖန်ချိုး လက်မြှောက်လိုက်သည့်အခါတိုင်း ရဲမက်တစ်ဦး သေဆုံး၏။
တင်းဖန်ချိုးက ရဲမက်များ၏ ခြေထောက်အောက်ရှိ ခရမ်းရောင်ခပ်ဖျော့ဖျော့ စက်ဝန်းပေါ်လာသည့်အခါ ထွက်သွားတော့မလို ဖြစ်သည်။ ထိုစက်ဝန်းက ထူးဆန်းကာ နက်နဲလှသည်။ ထိုစက်ဝန်းများမှ အစိမ်းရောင်အခိုးအငွေ့နှင့်တူသည့် အရာများ စတင်ပျံ့နှံ့လာသည်။
“မဟာစုန်းအတတ် အစီအရင်ပဲ”
ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်သည်။
“ ကျူးကျော်သူတွေကို နှိမ်နင်းကြ။ မင်းတို့တွေ ဆုလာဘ်ကောင်းကောင်း ရလိမ့်မယ်”
ခေါင်းဆောင်ဖြစ်ဟန်ပေါ်သူက ကျင့်ကြံသူများကြားမှ ထွက်လာသည်။
မဟာစုန်းအတတ် အစီအရင် အသက်ဝင်လာသည့်အခါ ခေါင်းဆောင်က ထွက်ပေါ်လာသည်။ သူက ကျောဘက်တွင် ဧရာမဓားကြီးကို သယ်ဆောင်ထားရင်း လေထဲ ဖြည်းဖြည်းချင်း မြင့်တက်လာသည်။
ဆင်ဘုရင်က တိရစ္ဆာန်သာ ဖြစ်၏။ သူက ကျင့်ကြံရေးလောကရှိ ချီစွမ်းအားများကို စုပ်ယူထားသောကြောင့် ကြမ်းတမ်းရက်စက်နေဟန် ပေါ်သော်လည်း အသိဉာဏ်က လူသားများနှင့် မယှဉ်နိုင်ပေ။ ခရမ်းရောင်စက်ဝန်းများကို မြင်လိုက်သည်နှင့် သူက နောက်ဆုတ်လိုက်သည်။
တင်းဖန်ချိုး၏ အမူအရာတို့လည်း မည်းမှောင်သွားသည်။ သူက လက်ကို ဝေ့ကာ ဆင်ဘုရင်အား ရှေ့ဆက်သွားဖို့ ဖိအားပေးလိုက်သည်။
ဝူး …
ဆင်ဘုရင်က တောတောင်များအနှံ့ ပျံ့နှံ့သွားစေသည့် အသံလှိုင်း ထုတ်လွှင့်လာသည်။ သို့သော်လည်း ရှေ့ဆက်မသွားသေးပေ။ ထို့အစား နောက်ဆုတ်လာပုံပေါ်သည်။
“တိရစ္ဆာန်ကောင် ”တင်းဖန်ချိုးက ဆဲဆိုလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှ စွမ်းအားများ ထွက်ပေါ်လာသည်။
“ဒုက္ခမိုင်တစ်ရာရှုကွင်း”
“ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်လား။ ဒါက ပြိုင်ဘက်ကင်း အရည်အချင်းပဲ။ ချီစွမ်းအားလည်း တော်တော်ကုန်တယ်” လုကျိုးက တင်းဖန်ချိုး၏ အပြုအမူများကို နားလည်ဖို့ အခက်တွေ့နေသည်။ ဤအချိန်၌ စွမ်းအားများများ ကုန်ဆုံးခြင်းက သိပ်လက်တွေ့မကျပေ။ ထိုလူများက ပါမွှားများသာ မဟုတ်ပါလော။
‘ နန်းတော်က အဆင့်မြင့် ကျင့်ကြံသူများ ရောက်လာရင် ဘယ်လိုလုပ်မလို့လဲ’
တင်းဖန်ချိုးတွင် သူ့အသက်ဓာတ်ကို အဆုံးမဲ့ ပြန်လည် ဖြည့်တင်းပေးနိုင်သည့် အထွတ်အထိပ်သဏ္ဌာန်ကတ်မျိုး မရှိပေ။
ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ထွက်လာသည့်အခါ တိုက်ခိုက်ဖို့ ပြင်နေသည့် ကျင့်ကြံသူများက နောက်ပြန်ဆုတ်ကုန်ကြသည်။ သူတို့၏ အပြုအမူများနှင့် လှုပ်ရှားပုံများက ကြိုတင်လေ့ကျင့်ထားပုံပေါ်နေသည်။
ထွက်ပေါ်လာသည့် အရာတို့က မီးခိုး မဟုတ်ပေ။ စုန်းအတတ် အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်၏။ တစ်ယောက်ယောက်က ချီစွမ်းအားကို သံထည်ထောင်ချောက်အဖြစ် ပြောင်းလဲထားခြင်း ဖြစ်ပြီး ရဲမက်များနှင့် ကျင့်ကြံသူများအပေါ်တော့ သက်ရောက်မှု မရှိပေ။
“ကောင်းကင် စွမ်းအား စည်းပိတ်စမ်း” ယခင်နှင့်တူညီစွာ လေထဲတွင် ကြာပွင့်များစွာဖြင့် စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ထွက်လာသည်။
ကြာပွင့်များ၏ မဆုတ်မနစ် ကြိုးစားမှုဖြင့်ပင် ခရမ်းရောင် စက်ဝန်းများက နဂိုအတိုင်း ကျန်ရှိနေဆဲ ဖြစ်၏။ အနည်းငယ် နှေးကွေးသွားသည် ထင်ရသော်လည်း နဂိုအတိုင်းသာ ဖြစ်သည်။ ထူးထူးခြားခြား သက်ရောက်မှု မရှိပေ။
ထိုစဉ် စက်ဝန်းများက မြေပြင်ကို ဖုံးလွှမ်းသွားလေသည်။ စက်ဝန်းများ ကြီးမားလာသောကြောင့် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကာ စက်ဝန်းဆက်များ ဖြစ်တည်လာသည်။ မဟာစုန်းအတတ် အစီအရင် အပြည့်အဝ အသက်ဝင်လာပြီ ဖြစ်၍ သူတို့က တောက်တောက်ပပ လင်းလက်လာသည်။
ဆင်ဘုရင်လည်း နောက်ပြန်ဆုတ်လိုက်ရ၏။
ဝူး …
အကယ်၍ သူတို့သာ ကိုယ်တိုင်မျက်လုံးနှင့် မမြင်ရလျှင် တောအုပ်ကို အုပ်စိုးသည့် ဆင်ဘုရင်က ကြောက်နေလိမ့်မည်ဟု ယုံနိုင်မည် မဟုတ်ပေ။ သူ့သခင်က မည်မျှရှေ့တိုးခိုင်းစေကာမူ သူက နောက်ဆုတ်နေဆဲသာ ဖြစ်သည်။
စုန်းအတတ် စက်ဝန်းများက ပျံ့ကာ ကြီးလာသည်။ သူတို့က ဒုက္ခမိုင်တစ်ရာရှုကွင်း၏ အရှိန်အဝါ သက်ရောက်မှု မခံရသည့်အလား ဆက်တိုက်ကြီးထွားလာနေသည်။
ထိုစဉ် တင်းဖန်ချိုး၏ တပည့်သုံးယောက်က စိုးရိမ်လာကြသည်။ ကြည့်ရသည်မှာ မဟာစုန်းအတတ် အစီအရင်က သူတို့ထင်ထားသည်ထက် ပိုကြောက်ဖို့ကောင်းနေသည်။ တင်းဖန်ချိုး၏ ကျင့်ကြံဆင့်က နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့်တွင် ရှိသော်လည်း ထိုစက်ဝန်းများကို ဘာမှမလုပ်နိုင်ပေ။
ဒီမဟာစုန်းအတတ် အစီအရင်ကို ခင်းကျင်းခဲ့တဲ့ နန်းတော်ထဲက ပညာရှင်က ဘယ်သူလဲ …
တင်းဖန်ချိုးက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက မဟာစုန်းအတတ် အစီအရင် ဆက်တိုက် ကြီးထွားလာပြီး သူ့အနားကပ်လာသည်ကိုသာ ကြည့်နေမိ၏။
ရဲမက်များနှင့် ကျင့်ကြံသူများက စက်ဝန်းကြီးထွားလာသည့်အခါ ရှေ့တိုးလာကြသည်။
“မြစ် ” တင်းဖန်ချိုးက သူ့ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ချက်ချင်း ပြန်သိမ်းလိုက်သည်။ သူ့စွမ်းအားကြီး စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိန်းထားဖို့ စွမ်းအားအမြောက်အများ သုံးထားရသည်။ သူ့စွမ်းအားကို ခြွေတာရမည် ဖြစ်၏။ အေးဆေးတည်ငြိမ်သည့် တစ်ခုတည်းသော နေရာမှာ ထျန်းကျန့်မြစ်အပေါ်ယံသာ ဖြစ်၏။ သူက ထိုနေရာမှ ထွက်ပြေးနိုင်လိမ့်မည်။ သူနှင့်သူ့တပည့်များက ဆင်ဘုရင်ကို စွန့်ပစ်ခဲ့ကြတော့သည်။ သူတို့ လှည့်ကြည့်လိုက်သည့်အခါ လုကျိုးနှင့် ရှောင်ယွမ်အာတို့က ပြပွဲတစ်ခု ကြည့်နေရသည့်အလား သူတို့ကို ကြည့်နေကြ၏။
လုကျိုးက မထူးမခြားနား ပြောလိုက်သည်။
“ မြစ်ကိုလည်း စုန်းအတတ် စက်ဝန်း ဖုံးအုပ်သွားပြီ … သူတို့က မြစ်ကြမ်းပြင်အထိ ပျံ့နှံ့လောက်ရောပေါ့ ”
တင်းဖန်ချိုးက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက လေထဲတက်သွားကာ မြစ်ကို ငုံ့ကြည့်လိုက်သည်။ ယခုအခါ မြစ်မျက်နှာပြင်မှာ ခရမ်းဖျော့ စက်ဝန်းများ ဖုံးလွှမ်းသွားရှာပြီ။
သူတို့က စုန်းအတတ် စက်ဝန်းများကို မထိနိုင်ပေ။ မဟုတ်လျှင် သူတို့ ဖမ်းချုပ်ခံရလိမ့်မည်။ ထို့အပြင် ထိုစက်ဝန်းများက သူတို့ကျင့်ကြံဆင့်ကို ဘာမှမကျန်တော့သည့်အထိ ဖျက်ဆီးပစ်နိုင်သည်။ ထိုအချိန် သူတို့က ရန်သူ၏ စဉ့်နီတုံးပေါ်မှ အသားတုံးလို ဖြစ်သွားလိမ့်မည်။
ဆင်ဘုရင်က ဆက်လက် ကျည်နေသည်။ သူ့ခန္ဓာကိုယ်ကြီးက ကြီးမားလွန်းသောကြောင့် အဆောက်အဦးများကို ဖြတ်မသွားနိုင်ပေ။ ထို့ကြောင့် စုန်းအတတ် စက်ဝန်း ရောက်လာဖို့ အချိန်သိပ်မကြာလိုက်ပေ။
စုန်းအတတ် စက်ဝန်းများက မျက်လုံးရှိဟန် ပေါ်သည်။ သူတို့က ဆင်ဘုရင်ကို ချည်နှောင်လိုက်ကာ ယခုအခါ အစိမ်းရောင် အခိုးအငွေ့များသည် နွယ်ပင်များကဲ့သို့ ဖြစ်လာသည်။ သူတို့က အတော်လေး ကြောက်ဖို့ကောင်း၏။
ဆင်ဘုရင်က ခဏတာ ရုန်းကန်နေပြီးနောက် ပြန်လည် တိုက်ခိုက်ဖို့ အင်အား ပျောက်ဆုံးသွားလေသည်။
ထိုစုန်းအတတ် စက်ဝန်းများက မင်ရှစ်ရင် မိခဲ့သည့် ထောင်ချောက်နှင့် ပုံစံတူ ဖြစ်ပြီး မဟာစုန်းအတတ် အစီအရင် ဖြစ်သည်။
ထိုစဉ် လုကျိုးက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက မဟာစုန်းအတတ် အစီအရင် ပြုလုပ်သူ ပေါ်လာဖို့ အခွင့်အကောင်းကို စောင့်နေသည်။ သူတို့က သိုလှောင်ခန်းထဲ ဘာမှမတွေ့သည့်အတွက် နန်းတော်မှ လူအား စုံစမ်းရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
တစ်ဖက်တွင် တင်းဖန်ချိုးက ယခင်ကကဲ့သို့ မိစ္ဆာဝေဟင်မျှော်နန်းသခင်၏ ဟန်ပန်မျိုး မရှိတော့ပေ။ သူက မျက်မှောင်ကြုတ်လျက်ရှိပြီး သူ ဘာတွေးနေသည်ကို မည်သူမှ မသိကြပေ။ သူက သူ့ရှေ့ရှိ လူအိုကြီးတွင် အစီအစဉ်ရှိကြောင်း ခံစားချက်ရနေ၏။ “အဘိုးုကြီး အေးဆေးနေသလိုပဲ။ အကြံအစည်များ ရှိလို့လား ”
လုကျိုးက ခေါင်းခါကာ “ မရှိဘူး ”
“ထားလိုက်ပါတော့ ” တင်းဖန်ချိုးက လက်နောက်ပစ်လျက် နောက်လှည့်လိုက်သည်။ သူက စုန်းအတတ် စက်ဝန်းများကို စူးစိုက်ကြည့်လိုက်၏။
ကျင့်ကြံသူများက ထိုစက်ဝန်းများမှ ထွက်မသွားကြပေ။ သူတို့က ထိုစက်ဝန်းများ တင်းဖန်ချိုးနှင့် အခြားလူများဆီ ရောက်နေသည်ကို စောင့်နေဟန်ပေါ်၏။ ခဏအကြာတွင် စက်ဝန်းများက သူတို့နှင့် မီတာအနည်းငယ်သာ ကွာဝေးတော့သည်။
ထိုစဉ် ကျင့်ကြံသူခေါင်းဆောင်က ရှေ့ထွက်လာကာ အပေါ်မှ ပြောလိုက်သည်။
“ အိုး ဒါက ကောင်းကင်ကိုတောင် တုန်လှုပ်နိုင်စေတဲ့ မိစ္ဆာလမ်းစဉ်ဂိုဏ်းခေါင်းဆောင် မဟုတ်ဘူးလား။ ခင်ဗျားရဲ့ မောက်မာမှုတွေ ဘယ်ရောက်သွားပြီလဲ ”
တင်းဖန်ချိုးက သူ့ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်လွှင့်လိုက်စဉ်အခါက ခေါင်းဆောင်သည် ပုန်းအောင်းနေခဲ့သည်။ မဟာစုန်းအတတ် အစီအရင် အသက်ဝင်လာမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။
“ ခင်ဗျား လာမယ်လို့ ပြောထားတယ်။ နန်းတော်က မဟာစုန်းအတတ် အစီအရင်ကို ခင်းကျင်းဖို့ အမိန့်ပေးထားပြီးသားလေ။ ကျုပ်တို့က ခင်ဗျားငါးစာဟပ်မဲ့အချိန် စောင့်နေတာ ” ခေါင်းဆောင်က ပြောလိုက်သည်။
“ ဒီလိုကြီးကျယ်ခမ်းနားတဲ့ မဟာစုန်းအတတ် အစီအရင်ကို တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ ခင်ဗျားရော ဘယ်လိုထင်လဲ။ ဒါက ရွှေနန်းဥယျာဉ်တောင်ရဲ့ အကာအရံနဲ့ ယှဉ်လို့ရရဲ့လား ”
လူလတ်အရွယ် အမျိုးသား၏ လှောင်ပြောင်စကားများကို ကြားသည့်အခါ တင်းဖန်ချိုးက အသံဩဩဖြင့် ပြောလိုက်သည်။
“ ရယ်စရာကောင်းလိုက်တာ … ဒုက္ခမိုင်တစ်ရာရှုကွင်း”
သူ့ပေငါးဆယ်အမြင့်ရှိ ဒုက္ခမိုင်တစ်ရာရှုကွင်း ပွင့်ချပ်လေးလွှာ စိတ်ဝိညာဉ်သဏ္ဌာန် ထွက်ပေါ်လာပြီးနောက် နောက်ထပ် ပွင့်ချပ်တစ်ခု ထပ်တိုးလာသည်။
ဝုန်း …
စွမ်းအားလှိုင်းများ ထွက်ပေါ်လာလေ၏။ ထိုစဉ် အနိုင်ရဖို့ သေချာနေပြီဟု တွေးနေကြသော ရဲမက်များနှင့် ကျင့်ကြံသူများ လွှင့်စင်သွားကြသည်။
ထိုအခိုက်အတန့် တင်းဖန်ချိုး၏ တပည့်သုံးယောက်လုံးကလည်း သူ့အား လေးလေးစားစား ကြည့်လိုက်ကြသည်။
“ ဒါက ငါ့ဆရာရဲ့ စွမ်းအားအစစ်အမှန်ပဲ ”
လုကျိုးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီးနောက် နဂိုသွင်ပြင် အမူအရာအတိုင်း ပြန်ဖြစ်သွားလေသည်။
…
အခန်း (၁၀၁) နန်းတော်မှ တစ်စုံတစ်ယောက်
လုကျိုးက တင်းဖန်ချိုး ထိန်ချန်ထားမှန်း အစောတည်းက သိပြီးသားဖြစ်သည်။ သို့သော် သူ့အဖို့ တင်းဖန်ချိုးတွင် ပွင့်ချပ် မည်မျှများစွာရှိနေကာမူ သူက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူ တစ်ဦးသာဖြစ်နေသေးသည်။
ပဉ္စမမြောက်ပွင့်ချပ်ပွင့်လာသည့်အချိန်တွင် စုန်းအတတ်စက်ဝိုင်းများက ကြီးထွားတာရပ်တန့် သွား၏။ စွမ်းအင်လှိုင်းများက တင်းဖန်ချိုး၏ ဒုက္ခရှုကွင်းတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်မှ ပေါ်ထွက်လာပြီး လှိုင်းဂယက်များကို ထစေတော့သည်။
ဖုန်း
“ငါ ဒါကိုစောင့်နေခဲ့တာ”
ရဲမက်ရာကျော်က စွမ်းအင်လှိုင်းများကြောင့် လွင့်ထွက်သွား၏။ ကျန်သည့်သူများကလည်း နောက်ဆုတ်ရန် ဖိအားပေးခံလိုက်ရသည်။ သူတို့က ရှေ့မတိုးရဲတော့ချေ။
တင်းဖန်ချိုးက လျှပ်ပြက်သည့်အရှိန်ဖြင့် လှုပ်ရှားလိုက်၏။ သူ၏ ပွင့်ချပ်ငါးလွှာစိတ်ဝိညာဉ် သဏ္ဌာန်၏ စွမ်းအင်က အစောပိုင်းကနှင့်ယှဉ်လျှင် ပိုကျယ်ဝန်းသည့် ဧရိယာကို လွှမ်းခြုံထားသည်။
ကျင့်ကြံသူများစွာက နာကြင်စွာ အော်ညည်းလိုက်ကြပြီး မသေခင်သူတို့က လွင့်ထွက်သွားကြသည်။ အချိန်မီမရှောင်နိုင်ခဲ့သည့် ရဲမက်များက စွမ်းအင်လှိုင်းများကြောင့် ဆွဲချခံလိုက်ရပြီး မြေကြီးပေါ် ပြုတ်ကျကုန်၏။
ပွင့်ချပ်ငါးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်က ရဲမက်များကို အလောင်းများပုံသွားစေတော့၏။
တင်းဖန်ချိုးသည် ရဲမက်ရာချီ၏ အသက်ကို တကွက်တည်းဖြင့် ယူဆောင်သွားတာပဲဖြစ်သည်။
ရဲမက်များနှင့်ကျင့်ကြံသူများက နောက်ထပ်ဆုတ်ပြန်၏။
တစ်စုံတစ်ယောက်က အော်လိုက်၏။
“စိတ်အေးအေးထား။ သူတို့တွေက မဟာစုန်းပညာ အစီအရင်နဲ့ ချုပ်နှောင်ခံထားရပြီးပြီ။ သူတို့ တောင်ပံပေါက်လာရင်တောင် မလွတ်မြောက်နိုင်ဘူး။ ငါတို့တွေက သူတို့ပြန်တိုက်ခိုက်ဖို့ မောပန်းတဲ့အထိ စောင့်နေရုံပဲ”
ရဲမက်များနှင့်ကျင့်ကြံသူများသည် မီတာရာချီအကွာသို့ ဆုတ်သွားပြီးနောက် သားကောင်ကို ကြည့်နေသည့် ကျားများပမာ သူတို့ကို ဆာလောင်စွာကြည့်လိုက်၏။ သူတို့က ငတုံးများ မဟုတ်ပေ။ ယခုအချိန်တွင် တင်းဖန်ချိုးနှင့် တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရန်မလိုချေ။
မဟာစုန်းပညာ အစီအရင်က ပိုမိုသန်မာလာတော့သည်။
“-ီး” တင်းဖန်ချိုး၏ တပည့်များထဲမှ တစ်ဦးက ကျိန်ဆဲလိုက်တော့၏။
တင်းဖန်ချိုးက လူများစွာကို သတ်ဖြတ်နိုင်ခဲ့သည့်တိုင် သူ့သတိကို မလစ်ဟင်းခဲ့ပေ။ နောက်ဆုံးတွင် အောက်သို့ဆင်းသက်ရန် ဆုံးဖြတ်ချက်ချပြီးနောက် စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုတ်သိမ်းလိုက် တော့၏။ ဒုက္ခရှုကွင်းမိုင်တစ်ရာစိတ်ဝိညာဉ်သဏ္ဌာန်က သူ၏ ကနဦးချီများစွာကို ကုန်ဆုံးစေသည်။ သူ၏ ခွန်အားကို ထိန်းသိမ်းထားရမှာဖြစ်သည်။
မဟာစုန်းပညာအစီအရင်က ဆက်လက်ကြီးထွားလာ၏။ ၎င်း၏ အရှိန်က ယခုဆိုအနည်းငယ် ပိုနှေး သွားသည့်တိုင် ထိုသို့ဆက်ဖြစ်ပွားနေလျှင် သူတို့သည် အနှေးနဲ့အမြန် ပေါင်းစည်းသွားမှာပဲ ဖြစ်သည်။
ရှောင်ယွမ်အာက ပိုမိုကြီးထွားပြီးရင်း ကြီးထွားလာကာ သူတို့နှင့်ပိုနီးကပ်လာသော မဟာစုန်းပညာ အစီအရင်ကို ကြည့်ပြီး တုန်တုန်ယင်ယင်အသံဖြင့် မေးလိုက်၏။
“ရှစ်စွင်း အခုဘာလုပ်မလဲ”
ရှစ်စွင်းလား။ တင်းဖန်ချိုးက လုကျိုးနှင့်ရှောင်ယွမ်အာကို လှည့်ကြည့်လိုက်သည်။ သူနားကြားမမှား တာသေချာပေ၏။ သူသည် အရှုပ်အထွေးအလယ်တွင် ရှောင်ယွမ်အာကို အတင်းအဓမ္မခေါ်ဆောင် သွားရန် စီစဉ်ထားခဲ့တာဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူမက ထိုအဘိုးကြီး၏ သေခြင်းရှင်ခြင်းကို ဂရုစိုက်နိုင်မှာမဟုတ်ပေ။ သူက မေးလိုက်၏။
“ဒီအဘိုးကြီးက မင်းရဲ့ဆရာလား”
ရှောင်ယွမ်အာက မျက်စောင်းထိုးကြည့်ပြီးနောက် ပြောလိုက်၏။ “ရှင်က သိပ်စိတ်ပျက်ဖို့ ကောင်းတယ် ဆိုတာ သိရဲ့လား။ ရှင်နဲ့ဘာဆိုင်လဲ။ ရှင်ဆက်ပြီးလှည့်ပတ်ပြောနေမယ် ဆိုရင် ရှင့်ကို သေအောင်ရိုက်သတ်ဖို့ ကျွန်မ ဆရာကို ပြောလိုက်မယ်”
“
အချို့သော အကြောင်းပြချက်ကြောင့် တင်းဖန်ချိုးသည် ရှောင်ယွမ်အာ၏ ရန်စသော စကားများကို ကြားသည့်အချိန်၌ စိတ်မလွတ်သွားပေ။ သူက ဆိတ်ဆိတ်သာနေလျက် သူ့ဖာသာသူ တွေးလိုက် သည်။ သူ့ကို ငါ့တပည့်အဖြစ်မခေါ်နိုင်တာ နှမြောစရာပဲ။
လုကျိုးက မုတ်ဆိတ်သပ်လိုက်၏။ သူ၏ အမူအရာက တည်ငြိမ်နေသည်။ တင်းဖန်ချိုးက ရုတ်တရက် လှုပ်ရှားလာခဲ့လျှင် သူက အသုံးပစ္စည်းကတ်တစ်ကတ်ဖြင့် တင်းဖန်ချိုး၏ အသက်ကို ယူရမည်။ အသုံးပစ္စည်းကတ်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ် နိုင်တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိချေ။
တင်းဖန်ချိုးက လုကျိုးကို ထပ်ကြည့်လိုက်သည်။ လုကျိုးက တည်ငြိမ်နေဆဲဖြစ်ကြောင်း သူ တွေ့လိုက်ရ၏။ သူ့ရင်ထဲ၌ သံသယတို့ပေါက်ဖွားလာကာ လုကျိုး၏အရှိန်အဝါနှင့် ကျင့်ကြံဆင့်ကို ထပ်မံစစ်ဆေးကြည့်လိုက်သည်။
သူ အားနည်းတယ်။ တကယ်အားနည်းတာ။ အလွန်ဆုံးမှ ဗြဟ္မာ့ပင်လယ်နယ်ပယ်ထဲက ချီသွေးကြောသုံးကြောကိုပဲ သူဆက်နွယ်ထားနိုင်မှာ။ သူ့ရဲ့ကျင့်ကြံ ခြင်း အမှန်ကို ဖုံးကွယ်ထားတဲ့ပုံမပေါ်ဘူး။ မဟာစုန်းအတတ်အစီအရင်က သူ့နားရောက်လာပြီး အာနိသင်ပြတာနဲ့ သူ့ရဲ့ကနဦးချီနဲ့ သူ့ကိုယ်သူ ခုခံကာကွယ်ရမှာပဲ။ အဲ့ဒီအချိန်ကျရင် သူ့ရဲ့ခွန်အားကို ဖုံးကွယ်ဖို့နည်းလမ်းရှိတော့မှာမဟုတ်ဘူး။ သူဘယ်သူလဲဆိုတာ ငါသိချင်မိတယ်။ သူက ဘယ်လိုလုပ် အဲဒီမိန်းကလေးရဲ့ဆရာဖြစ်လာတာလဲ။
ထိုစဉ် စုန်းပညာစက်ဝိုင်း၏အရှိန်က တိုးလာသည်။ မျက်တောင်တစ်ခတ်အတွင်း ၎င်းက နယ်မြေ တစ်ခုလုံးလွှမ်းမိုးလာ၏။ ကောင်းကင်ထက်မှကြီးမားသည့် ဖောက်ထွင်းမြင်နေရသော ပန်းကန်လုံး ကြီး ပြုတ်ကျလာသည့်ပမာဖြစ်လာသည်။ စုန်းအတတ်အစီအရင်က ပြီးစီးသွားခဲ့ပြီဖြစ်သည်။
စုန်းအတတ်၏ အလင်းရောင်ဖြင့် ၎င်းကို မြင်ရုံဖြင့်တောင် ကနဦးချီများက ပစ်မှတ်၏ အကဲဖြတ်မှု၊ သတိတို့ကို ထိခိုက်စေမည်ဖြစ်ကာ ပစ်မှတ်၏ကျင့်ကြံဆင့်ကိုတောင် ယိုယွင်းသွားစေနိုင်သည်။
ယခုအချိန်တွင် တလောကလုံးက အမှောင်ထုထဲကျဆင်းသွားပုံရ၏။ “ပြေး” တင်းဖန်ချိုး၏ အမူ အရာက အနည်းငယ်ပြောင်းလဲသွားသည်။ စုန်းမန္တန်က သူ၏ ထူးကဲသော ချီသွေးကြောရှစ် ကြောထဲ အပြည့်အဝ မဝင်ရောက်ခင် သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ကို ပိတ်ဆို့ကာ ဤနေရာမှ တတ်နိုင်သမျှမြန်မြန်ထွက်သွားရပေမည်။ သူက လှည့်ပတ်ကြည့်လိုက်ရာ သူ့တပည့်သုံးဦး ချွေးစေး များပြန်နေတာကို တွေ့လိုက်ရ၏။ သူတစ်ဦးသာလျှင် နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်တွင် ရှိနေ တာဖြစ်သည်။ သူနှင့်အတူထွက်ပြေးရန်အတွက်ထိုမျှ လူများစွာကိုခေါ်သွားနိုင်ခြင်းမရှိချေ။ သူက လုကျိုးကို ထပ်ပြောလိုက်၏။ သူက ပြောသည်။
“အဘိုးကြီး ခင်ဗျားက ဘယ်လိုပညာရှင်မျိုးလဲဆိုတာ ကျုပ်ဂရုမစိုက်ဘူး။ ဒါပေမဲ့ အခု ကျုပ်တို့ထွက်သွားချင်တယ်ဆိုရင် ခင်ဗျားနဲ့ကျုပ် အတူ ပူးပေါင်းရမယ်။ စုန်းပညာအစီအရင်က အချိန်မရွေး ကျုပ်တို့ကို စွမ်းအားကင်းမဲ့သွားစေလိမ့်မယ်”
လုကျိုးက ခေါင်းခါလိုက်၏။ သူ၏လက်ရှိ ကျင့်ကြံဆင့်က ဗြဟ္မာ့ပင်လယ်ချီသွေးကြော ရှစ်ကြော နယ်ပယ်တွင်သာရှိသည်။ သူက ချီသွေးကြောရှစ်ကြောကျွမ်းကျင်သူတစ်ဦးအဖြစ်တောင် သတ်မှတ်၍ မရနိုင်ပေ။ ထို့အပြင်သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်က အဆင့်နိမ့်သော ခွန်အားလေးချိုး တစ်ချိုးသာဖြစ်သည်။ သူကယင်းကို အသုံးပြုခဲ့လျှင် မျောက်တစ်ကောင်ထက် အနည်းငယ် ကြီးရုံသာရှိမှာဖြစ်၏။ အသုံးမဝင်ပေ။ သူက မုတ်ဆိတ်သပ်လျက် ထူးမခြားနား ပြောလိုက်သည်။
“မင်းက မထိုက်တန်ဘူး”
တင်းဖန်ချိုးသည် ထိုစကားကို ကြားသည့်အချိန်တွင် သူက မောက်မာထောင်လွှားစွာပြောလိုက်၏။
“အစောတုန်းက ကျူပ်သာ ဒုက္ခရှုကွင်းမိုင်တစ်ရာစိတ်ဝိညာဉ်သဏ္ဌာန်ကို မဆင့်ခေါ်ခဲ့ရင် ခင်ဗျား အခုလောက်ဆို သေနေလောက်ပြီ။ နန်းတော်က ဒီနေရာကိုစောင့်ကြပ်ဖို့အတွက် မဟာအစီအရင်ကို ချမှတ်ထားတာ။ အခုထောင်ချောက်က ဖွင့်လိုက်ပြီဆိုတော့ ကျုပ်တို့တွေအခု မလှုပ်ရှားရင် ထွက် သွားနိုင်မှာမဟုတ်ဘူး။ လက်ရှိကျူပ်တစ်ယောက်ပဲ ဒီနေရာကနေ ထွက်သွားနိုင်တဲ့ အရည် အချင်း ရှိတာ”
ပြီးနောက် သူက တွေဝေနေပုံရသော ရှောင်ယွမ်အာဖက် လှည့်လိုက်၏။
“ကောင်မလေး မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်။ ငါနဲ့လိုက်ခဲ့။ ဒီအန္တရာယ်များတဲ့ အခြေအနေကနေ မင်းကို ခေါ်သွားမယ်”
“ထွက်သွား” ရှောင်ယွမ်အာက ဒေါသတကြီးပြောလိုက်၏။
တင်းဖန်ချိုး၏ မျက်နှာထက်တွင် နောင်တရသော အမူအရာပေါ်လာ၏။ သူက ခေါင်းခါကာ ပြော လိုက်တော့သည်။
“ဒီလိုဆိုမှတော့ ကျုပ်ဖာသာပဲ ထွက်သွားတော့မယ်။ ခင်ဗျားတို့ ကံကြမ္မာနဲ့ ခင်ဗျားတို့ရှိစေတော့” ထိုသို့ပြောပြီးနောက် သူက လျှပ်ပြက်သည့်အရှိန်ဖြင့် လှုပ်ရှားကာ သူ၏ ခန္ဓာကိုယ်ထဲမှစွမ်းအင်များ ထပ်မံပေါ်ထွက်လာပြန်သည်။ စုန်းပညာက သူ၏သွေးကြောထဲသို့ ကျူးကျော် ဝင်ရောက်နေပြီဖြစ်၏။ ငါအခုမထွက်သွားရင် ဒီနေရာမှ တစ်သက်လုံးပိတ်မိနေလိမ့်မယ်။
အစောပိုင်း၌ တင်းဖန်ချိုးက သူ၏တပည့်များကို ဤနေရာတွင် ထားပြီးထွက်သွားရမည့်အကြောင်း တွေဝေနေသေးသည်။ သို့သော် ယခုအချိန်တွင် တွေဝေခြင်းမရှိတော့ပေ။ တွေဝေရန် အချိန်မရှိ တော့တာဖြစ်သည်။ ယခုအချိန်တွင် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ရှိ သူ၏စွမ်းအားကို အပြည့် အဝထုတ်ဖော်လိုက်၏။ သူက လေထဲကို လွှမ်းမိုးနိုင်စွမ်းရှိစွာပစ်ထုတ်လိုက်ပြီး မဟာစုန်းပညာ အစီအရင် ချုပ်နှောင်မှုမှ လွတ်မြောက်ရန်ဖြိုခွင်းလိုက်၏။
ခရမ်းရောင်စက်ဝိုင်းများထဲမှ ပေါ်ထွက်လာသော အစိမ်းရောင်အဆိပ်ငွေ့များသည် တင်းဖန်ချိုး၏ အမြင်အာရုံကို နှောင့်ယှက်နေပုံရ၏။
“ရှစ်စွင်း ကျွန်တော်တို့ကို ဒီမှာမထားခဲ့ပါနဲ့”
“ရှစ်စွင်း” သူတို့၏ ဆရာက အစီအရင်၏ ကန့်သတ်မှုထဲမှ ထွက်သွားလုနီးပါးဖြစ်နေတာကို မြင်သည့်အချိန်တွင် တင်းဖန်ချိုး၏ တပည့်သုံးဦးကအော်ဟစ်တော့သည်။ သူတို့၏ ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်တွင်သာ ရှိသေး၏။ ထို့အပြင် သူတို့က စုန်းထောင်ချောက်ကြောင့် အားနည်း နေပြီးသားဖြစ်သည်။ မဟာအစီအရင်ထဲမှ သူတို့ မည်ကဲ့သို့ ထွက်သွားနိုင်မည်နည်း။ သူတို့ သုံးဦးပေါင်းရင်တောင် ရှောင်ယွမ်အာကို မယှဉ်နိုင်ပေ။
ရှောင်ယွမ်အာက အာနိသင်အနည်းအကျဉ်းသာ ခံစားရရုံမျှသာရှိသည်။ သန့်စင်ကျောက်စိမ်း ကျင့်စဉ်က ကျန်သည့်ကျင့်စဉ်များထက်ပိုကောင်းပေ၏။
လုကျိုးက သူ၏ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ့နားမည်သူမျှမချဉ်းကပ်လာချေ။ သူက တင်းဖန်ချိုး ကောင်းကင်ထဲသို့ မြင့်တက်သည်ထက်မြင့်တက်သွားတာကို ကြည့်နေမိသည်။
တင်းဖန်ချိုး၏ အမြင်အာရုံက ဝေဝါးနေသော်ငြား သူက နောက်ထပ်စွမ်းအင်လှိုင်းကို ဆက်လက် ထုတ်ဖော်လိုက်သည်။
လုကျိုးက ခေါင်းခါလိုက်၏။
နှမြောစရာပဲ။ သူက လောင်းကြေးထပ်ဖို့ လုံလောက်အောင် ရဲရင့်ခဲ့ မယ်ဆိုရင် သူ့ရဲ့ဒုက္ခရှုကွင်းမိုင်တစ်ရာစိတ်ဝိညာဉ်သဏ္ဌာန်ကို သုံးခဲ့မယ်ဆိုရင် အခွင့်အရေးရှိနိုင် တယ်။ သူမသုံးခဲ့ရင် သေချာပေါက်ကျရှုံးမှာပဲ။
ဤမဟာစုန်းအစီအရင်က သာမန်စုန်းအစီအရင်များနှင့် ယှဉ်လျှင် နောက်ထပ်အဆင့်တစ်ခုတွင် ရှိပေ၏။ မဟာအစီအရင်ကတောင် သူယဲ့ထျန်းရှင်ကို သူရိန်ပြာတောင်တန်းနား၌ ယဲ့ထျန်းရှင်းကို ဖမ်းသည့်အချိန်က မဟာအစီအရင်သည် ဤအစီအရင်နှင့် ယှဉ်နိုင်ခြင်းမရှိပေ။ နတ်ဝိညာဉ်ဝဋ်ကြွေး ခြေနယ်ပယ်ကျင့်ကြံဆင့် တစ်ဦးမျှက သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို အသုံးမပြုဘဲ ဖြိုခွင်းရန် ကြိုးစားနေခြင်းက ကောင်းကင်ထဲ၌ နန်းတော်တည်ဆောက်ရန် ကြိုးစားနေခြင်းနှင့် တူပေ၏။
လုကျိုးက ခေါင်းခါလိုက်တော့သည်။ ဒီလိုအစီအရင်ကို မင်းဘယ်လိုလုပ်များ လျှော့တွက်နိုင်ရတာ လဲ။
ဝှစ်
ရုတ်တရက်တွင် ကောင်းကင်ရှိ စုန်းစက်ဝိုင်းထဲမှ ကွဲပြားခြားနားသော အရောင်ဖြင့် စွမ်းအင်က တင်းဖန်ချိုးဆီသို့ တိုးဝင်လာသည်။ ယင်းက စွမ်းအင်များဖြင့် ရစ်ပတ်လျက်ရှိသော မြားတစ်စင်း ဖြစ်သည်။ ၎င်း၏အရှိန်ကြောင့် လေနှင့်တိုက်မိသည့်အချိန်၌ မီးပွင့်များကို ဖန်တီးပေးနေပုံရသည်။ မြားက စုန်းအစီအရင်၏ အကွာအဝေးနား လျှပ်ပြက်သည့်အရှိန်ဖြင့် ရောက်လာပြီး တင်းဖန်ချိုးကို ထိသွားတော့သည်။
တင်းဖန်ချိုးက အငိုက်မိပြီး ကောင်းကင်မှ လျင်မြန်စွာ ပြုတ်ကျလာတော့၏။ မြားက သူ၏ကာကွယ်ရေးစွမ်းအင်အလွှာကို ထိုးဖောက်သွားသည်မှာ ပူဖောင်းကို ဖောက်လိုက်သည့်ပမာ ဖြစ်နေတော့ သည်။ သူ၏ ကနဦးချီများက ပတ်ဝန်းကျင်ကို ယိုစိမ့်ထွက်သွားပြီး ခမ်းနားသော လှိုင်းတို့က ဧရိယာထဲတွင် ပြန့်ကားသွားကာ လှိုင်းဂယက်များ ချန်ထားရစ်ခဲ့၏။
အံ့ဩဖွယ်ကောင်းလိုက်တဲ့ မြင်ကွင်းပဲ။
ဟူး
တင်းဖန်ချိုးက သွေးအန်တော့သည်။
ဘန်း
တင်းဖန်ချိုးသည် အဆောက်အအုံတစ်ခုနှင့်တိုက်မိသွားပြီး အဆောက်အအုံကို ပျက်စီးသွားစေ တော့သည်။ သူ့နားတစ်ဝိုက်ရှိ စွမ်းအင်များက ချက်ချင်းပြိုကွဲသွားတော့၏။
ဒါက လေးသည်တော်ပဲ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်လေးသည်တော် ပညာရှင်တစ်ယောက် ရောက်လာပြီ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်လေးသည်တော်တစ်ယောက်ကပဲ ဒီလို အခြေအနေအောက်က အကွာအဝေးကနေ တင်းဖန်ချိုးကို ပစ်နိုင်မှာ။ ပြီးတော့ လေးသည်တော်က ကျွမ်းကျင်မှုအဆင့်တစ်ခုရှိရမယ်။ ဒီလူက ဘယ်သူများလဲ။
တာ့ယန်၏ ကောင်းကင်အောက်တွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် လှုပ်ရှားမှုကို လုပ်ဆောင်နိုင်စွမ်းရှိသော လူတစ်ဦး ပွင့်ချပ်ငါးလွှာစိတ်ဝိညာဉ်သဏ္ဌာန်လက်ရွေးစင်၏ ကာကွယ်ရေးစွမ်းအင်အလွှာကို အလွယ်တကူ ထိုးဖောက်နိုင်စွမ်းရှိသည့်သူက တစ်ဦးသာဖြစ်သည်။ ထိုလူက နတ်လေးသည်တော် သုံးဦးထဲမှ အစွမ်းအထက်ဆုံးလူဖြစ်ရပေမည်။ သူ ဤနေရာသို့ ရောက်လာခဲ့ချေပြီ။ ယခုအချိန်တွင် အားလုံး၏ အာရုံစိုက်မှုက မြားပေါ်တွင်သာရှိနေ၏။
…
အခန်း (၁၀၂) နတ်လေးသည်တော် သုံးယောက်ထဲမှ တစ်ယောက်
“ရှစ်စွင်း ” တင်းဖန်ချိုး၏ တပည့်သုံးယောက်က တုန်လှုပ်စွာ ရေရွတ်လိုက်ကြသည်။ သူတို့မျက်နှာအထက် မယုံကြည်နိုင်သည့် အမူအရာ ထွက်ပေါ်လာသည်။ သူတို့လေးစားခဲ့ရသည့် ပွင့်ချပ်ငါးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ပိုင်ရှင် ရှစ်စွင်းဖြစ်သူသည် မြားတစ်ချောင်းဖြင့် ပစ်ချခံခဲ့ရသည်။
‘ အရည်အသွေးမြင့် လေးပစ်စွမ်းရည်ပဲ ’
‘နန်းတော်ထဲက အဆင့်မြင့် ပုဂ္ဂိုလ် ရောက်လာပြီလား ’
အားလုံးက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီး အသစ်ရောက်လာသူ၏ အရိပ်အယောင်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်ကြသည်။
လုကျိုးက မြားထွက်ပေါ်လာရာ နေရာဆီ လှမ်းကြည့်လိုက်သည်။ သူ့မြင်ကွင်းက မရှင်းမလင်း ဖြစ်နေသော်လည်း မိုးကုပ်စက်ဝန်းအစွန်း၌ ရထားလုံးပျံတစ်စင်းကို မြင်လိုက်ရသည်။
အနီတောက်တောက် ရထားလုံးပျံက သိပ်မကြီးပေ။ ဝေါယာဉ်နှင့် တူပေသည်။ ရထားလုံးပျံ၏ ထောင့်တစ်ခုချင်းစီ၌ အနီဝတ်ရုံနှင့် မိန်းကလေးတစ်ယောက်စီ စောင့်ကြပ်နေသည်။ သူတို့၏ မျက်နှာများကို မျက်နှာချေမှုန့် ခပ်ထူထူ လိမ်းချယ်ထားလေ၏။
‘ နန်းတော်က အကူတွေ ရောက်လာပြီပေါ့။ ကြည့်ရတာ တစ်ယောက်မကပုံပဲ။ အသေရိုက်ချက်ကတ် တစ်ကတ်နဲ့ မလောက်ရင် ဘယ်လိုလုပ်ကြမလဲ’
ထိုစဉ် လေးသမားကို ရထားလုံးပျံနောက်တွင် မြင်လိုက်ရသည်။ သူက ဝတ်ရုံရှည် ဝတ်ဆင်ထားသည့်အပြင် ဝါးခမောက်ပါ ဆောင်းထားလေသည်။ ထိုအခိုက်အတန့် သူက မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် အလျင်အမြန် ဆင်းသက်လာလေ၏။
လေးသမားက အနည်းဆုံး ပွင့်ချပ်ခြောက်လွှာ ကျင့်ကြံဆင့် ရှိပေလိမ့်မည်။ သူက အံ့ဖွယ်မြို့တော်၏ အားအကောင်းဆုံး နတ်လေးသည်တော် သုံးယောက်အနက် တစ်ယောက် ဖြစ်၏။
ချန်းကျူကို မြင်ပြီး ရဲမက်များက တညီတညွှတ်တည်း ဒူးထောက်လိုက်ကြသည်။
“ သခင်ချန်းကို ဂါရဝပြုပါတယ် ”
နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် လေးသမားက လုကျိုးနှင့် အခြားလူများကို စိုက်ကြည့်နေပြီး ရဲမက်များကို လျစ်လျူရှုထားလေသည်။ သူက လုကျိုးတို့ဆီ မြန်လည်းမမြန်၊ နှေးလည်း မနှေးသည့် အရှိန်ဖြင့် လျှောက်လှမ်းလာလေသည်။ သူ နီးကပ်လာသည့်အခါ သူ့ပုံရိပ်က ကြည်လင်ပြတ်သားလာလေ၏။ နောက်ဆုံးတွင် သူက သူတို့နှင့် မီတာအနည်းငယ်သာ ကွာဝေးတော့သည်။ ထို့နောက် သူက ဝါးခမောက်ကို ဖယ်လိုက်ပြီး ဘေးပစ်ချလိုက်သည်။ သူ့တစ်ကိုယ်လုံးမှ အေးစက်စက် အငွေ့အသက်များ ထုတ်လွှင့်နေလေ၏။
နာမည်။ ။ ချန်းကျူ
မျိုးနွယ်။ ။ စန်းချုံကျို့
ကျင့်ကြံဆင့်။ ။ နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့်
လုကျိုးက နည်းနည်း အံ့ဩမိသွားသော်လည်း ဒတို့က မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်၏။ သူက မိန်းကလေး လေးယောက် စောင့်ကြပ်နေသည့် အနီတောက်တောက် ရထားလုံးပျံကို တစ်ချက်ကြည့်လိုက်သည်။ သူတို့က အရမ်းဝေးလွန်းနေသည့်အတွက် သူတို့၏ ပုံရိပ်သာ မြင်ရလေသည်။ သို့သော်လည်း သူတို့၏ အငွေ့အသက်များအရ အနည်းဆုံးတော့ နှစ်ယောက်က နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ဖြစ်ကြောင်း သိလိုက်သည်။ သို့သော်လည်း ပွင့်ချပ် မရှိသည့် နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူသည် နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် အစစ် မဟုတ်ချေ။
‘ ငါတော့ အခြေအနေကို လျှော့တွက်မိလိုက်ပုံပဲ။ ပြစ်ချက်မဲ့ကတ်ကို သုံးပြီး ထွက်ပြေးလိုက်ရမလား ’
လုကျိုးက စဉ်းစားနေဆဲ ချန်းကျူ၏ အေးစက်စက် အသံ ထွက်ပေါ်လာသည်။
“ သခင်က မိစ္ဆာဝေဟင်မျှော်နန်းက လူတွေကို ဖမ်းပြီး နန်းတော်ကို ပို့ပေးဖို့ အမိန့်ပေးထားတယ် ”
ရဲမက်များနှင့် ကျင့်ကြံသူများက တညီတညွှတ်တည်း တုံ့ပြန်လိုက်ကြသည်။
“ ကျွန်တော်တို့ နားလည်ပါပြီ ”
တင်းဖန်ချိုး၏ တပည့်သုံးယောက်က ချက်ချင်း ဖြူဖျော့သွားကာ တစ်ယောက်ပြီး တစ်ယောက် အော်ပြောကြလေသည်။
“ ကျုပ်တို့က မိစ္ဆာဝေဟင်မျှော်နန်းက တပည့်တွေ မဟုတ်ပါဘူး။ မှားနေပြီ ”
“ ကျုပ်တို့က အတုတွေပါ ”
သို့သော်လည်း လေးနှင့်မြားကိုင်ဆောင်ထားသည့် ချန်းကျူက မထူးမခြားနား ပြောလိုက်သည်။
“ သူတို့က အတုတွေဆိုမှတော့ ဒီမှာပဲ သတ်ပစ်လိုက် ”
“…”
နန်းတော်က သူတို့သည် မိစ္ဆာဝေဟင်မျှော်နန်းမှ ဖြစ်နေလျှင် ထည့်စဉ်းစားပေးရမည် ဖြစ်သော်လည်း သူတို့က အတုအယောင်များ ဖြစ်နေသောကြောင့် အယောင်ဆောင်သမားများကို ထည့်တွက်နေဖို့ မလိုပေ။
ထိုအရာကို ကြားပြီး တင်းဖန်ချိုး၏ တပည့်များက မြေပြင်ပေါ် လဲကျသွားကြသည်။
ချန်းကျူက မြေကမ္ဘာအဆင့် ဖြစ်ပုံရသော လေးကို လှုပ်ရှားလိုက်သည်။ ဤသည်မှာ လီချင်း၏ လေးနှင့် ဆင်တူသည်။ သူက လေး၌ မြားမတပ်ထားပေ။ ထို့အစား သူက ပြုံးကာ ညာဘက်လက်ဖြင့် လေးကြိုးကို ဆွဲလိုက်သည်။ ထိုစဉ် သူ့ချီစွမ်းအားတို့က စွမ်းအင်မြားသဖွယ် ပြောင်းလဲသွားသည်။
ဝှီး
ချန်းကျူက လေးကြိုးကို ဆွဲလိုက်သောကြောင့် လေထဲ လေးခွင်းသံ ထွက်ပေါ်လာသည်။
ပစ်မှတ်။ ။ တင်းဖန်ချိုး၏ တစ်ဦးတည်းသော တပည့်မလေး
စွပ် …
မြားက ချက်ချင်း ထွက်သွားသည်။ တပည့်မလေးက တောင်းပန်ရန် အချိန်မရလိုက်ဘဲ မြားတံက သူမရင်ဘတ်ထဲ ထိုးစိုက်သွားလေပြီ။ သူမ၏ မျက်လုံးများက ပြူးကျယ်နေပြီး သေဆုံးသွားကာ အရှိန်အဝါများလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။
“ ရှစ်မေ့ ”
“ ရှစ်မေ့ ”
အခြားတပည့်နှစ်ယောက်က မယုံနိုင်သည့်အလား အော်ခေါ်လိုက်ကြသည်။
မဟာစုန်းအတတ် အစီအရင်အောက်တွင် ကန့်သတ်ခံထားရသည့် နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်အနေနှင့် နတ်လေးသည်တော် တစ်ယောက်ဖြစ်သည့် ချန်းကျူဆီမှ သူမကိုယ်သူမ မည်သို့ ကာကွယ်နိုင်မည်နည်း။
တင်းဖန်ချိုး၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး “ ခင်ဗျား … ”
ချန်းကျူက နှာခေါင်းရှုံ့ကာ ညာဘက်လက်ကို တဖန် မြှောက်လိုက်ပြန်သည်။
ဝှီး
လေးကြိုးတွင် စွမ်းအင်မြားတစ်ချောင်း ပေါ်လာပြန်သည်။
အားလုံးက ချန်ကျူး၏ အကြံအစည်ကို နားလည်လိုက်ကြသည်။ သူက သူတို့ တစ်ယောက်ချင်းစီအား မြားတစ်ချောင်းစီဖြင့် သတ်ပစ်မည် ဖြစ်သည်။ သူက တင်းဖန်ချိုးအား အေးစက်စက် စိုက်ကြည့်လိုက်ပြီး “ ကျိထျန်းတောက်လား”
သူ့မြားဖြင့် တင်းဖန်ချိုးအား ချိန်လိုက်သည်။
တင်းဖန်ချိုးက ထထိုင်လိုက်သောကြောင့် ချောင်းအပြင်းအထန် ဆိုးလိုက်မိသည်။ သူက လက်မြှောက်ကာ ခန္ဓာကိုယ်ထဲ နစ်ဝင်နေသည့် မြားတံအား ချိုးပစ်လိုက်သည်။ ထို့နောက် သူက မယုံနိုင်စွာဖြင့် မေးလိုက်သည်။
“ ခင်ဗျားက … ပစ်တိုင်းမလွဲတဲ့ နတ်လေးသည်တော်ထဲက ချန်းကျူလား ”
ချန်းကျူက ဟားတိုက်ရယ်လိုက်ပြီး “ ငါ့ဂုဏ်သတင်းက ငါ့ထက် ရှေ့ပြေးနေတာပဲ”
ထို့နောက် သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ ဟုတ်တယ် ငါက ချန်းကျူပဲ။ မင်းက မရောက်လာသင့်တဲ့နေရာကို ကျူးကျော်မိတာပဲ … ”
တင်းဖန်ချိုးက သူ့ဆံပင်ဖြူဖြူတို့ကို သပ်လိုက်ပြီး “ ဒါက မိစ္ဆာဝေဟင်မျှော်နန်း အမြဲတမ်း လုပ်ခဲ့သလိုမျိုးပဲ ”
ချန်းကျူက ခေါင်းခါကာ “ တော်သင့်ပြီ။ တခြားသူတွေရှေ့ ဟန်ဆောင်အရူးလုပ်လို့ ရပေမဲ့ ငါ့သခင်ရှေ့မှာ ဟန်ဆောင်မနေနဲ့တော့။ မင်းရဲ့ စွမ်းအားနဲ့ ကျင့်ကြံဆင့်က အားနည်းလွန်းတယ် ”
တင်းဖန်ချိုးက ကြောင်သွားလေသည်။ သူက ကောင်းကင်ယံရှိ အနီတောက်တောက် ရထားလုံးကို စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာအထက် အံ့အားသင့်သွားသည့် အမူအရာ ပေါ်လာပြီးနောက် တောင့်တင်းကာ ပုံမှန်မဟုတ်သည့် အမူအရာတို့ အစားထိုးဝင်ရောက်သွားလေသည်။
ချန်းကျူက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ မိစ္ဆာဝေစင်မျှော်နန်းရဲ့ တကယ့် ဂိုဏ်းချုပ်တောင် ဒီနေ့တော့ အရှုံးကို ဝန်ခံရမှာပဲ။ မင်းလို အယောင်ဆောင်သမားတော့ ပြောနေစရာ မလိုဘူး။ ဒီမဟာစုန်းအတတ် အစီအရင်က မင်းလိုမျိုး စိတ်ထဲက မောက်မာပြနေတဲ့ ကျင့်ကြံသူတွေကို ချုပ်နှောင်ဖို့ တမင်ပြင်ထားတာ”
သူက လေးကြိုးကို မလွှတ်လိုက်သေးပေ။ ထို့အစား သူက အခြားပစ်မှတ်ရှာဖို့ ဘယ်ညာကြည့်လိုက်သည်။ သူက တစ်ဖက်လူများက အသတ်ခံရမည်ကို စောင့်ဆိုင်းနေသည့် သိုးများသဖွယ် သဘောထားကာ ပေါ့တန်တန် ပြုမူနေသည်။
ချန်းကျူက ပေါ့ပေါ့တန်တန် သဘောထားခြင်းက ပုံမှန်သာ ဖြစ်၏။ သူက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် နတ်လေးသမားတစ်ဦး မဟုတ်ပါလော။ သူက စွမ်းအင်မြားသုံးချောင်းကို တစ်ပြိုင်နက် ပစ်လွှတ်နိုင်သည်။ သူ့နောက်ပစ်မှတ် မည်သူဖြစ်မည်ကို မည်သူမှ မပြောနိုင်ကြပေ။ နတ်လေးသမားတစ်ဦး လေးပစ်ခွင်းသည့်အခါ သူ့လှုပ်ရှားပုံများကို မျက်စိဖြင့် လိုက်မကြည့်နိုင်ပေ။
ထိုအခိုက်အတန့် နောက်ဆုံးတွင် လုကျိုးက ဝင်ပြောလာသည်။
“ အံ့ဖွယ်မြို့တော်ရဲ့ နတ်လေးသည်တော် သုံးဦးလား ”
သူ့အသံက ခပ်ဩဩဖြစ်ကာ လွှမ်းမိုးနိုင်စွမ်း ရှိ၏။
“ အမ် ” ချန်းကျူ၏ အကြည့်တို့က တင်းဖန်ချိုးဆီမှ လုကျိုးဆီ ရောက်ရှိလာသည်။ သူက မျက်မှောင်အသာကြုတ်လိုက်သည်။ သူက ထိုလူအိုကြီးကို သတိမထားမိခဲ့ပေ။
လုကျိုး၏ အမူအရာတို့က တည်ငြိမ်နေဆဲ ဖြစ်၏။ သူ့ညာဘက်လက်က နောက်ပစ်ထားပြီး ဘယ်လက်ဖြင့် မုတ်ဆိတ်မွေး သပ်နေသည်။ ကြည့်ရသည်မှာ ဤမဟာစုန်းအတတ် အစီအရင်၏ သက်ရောက်မှု မခံရသလို ဖြစ်နေသည်။
ချန်းကျူက အံ့ဩသွားကာ မယုံနိုင်စွာ မေးလိုက်သည်။
“ ခင်ဗျားက မဟာအစီအရင်ရဲ့ သက်ရောက်မှုကို မခံရဘူးလား ”
လုကျိုးက မပြောင်းမလဲ ပြောလိုက်သည်။
“ ငါ့ကို ပြောနေတာလား ”
ချန်းကျူက လေးကိုင်ထားသည့် လက်ဖြင့် လက်ဝေ့လိုက်ကာ “ ခင်ဗျား ဘယ်သူနဲ့ ပြောနေတာရော သိရဲ့လား ”
လုကျိုးက ခေါင်းခါကာ “ မင်းရဲ့ သတ္တိကိုတော့ ချီးကျူးပါတယ် ”
“ လူအိုကြီး … ခင်ဗျားက ဘယ်သူလဲ ” ချန်းကျူက မောက်မောက်မာမာ မေးလိုက်သည်။
ရှောင်ယွမ်အာက ဆက်သည်းမခံနိုင်တော့ပေ။ လုကျိုးက ပြန်မဖြေခင် သူမက ကြည်လင်ပြတ်သားသော အသံဖြင့် ဝင်ချေပလိုက်သည် “ ရှင့်ရှေ့မှာ ရပ်နေတာက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တကယ့် ဂိုဏ်းချုပ်ပဲ ”
သူမ၏ အသံက ချီစွမ်းအားတို့ဖြင့် ရောနှောထားလေသည်။
တင်းဖန်ချိုး “ … ”
တပည့်နှစ်ယောက် “ … ”
ချန်းကျူ “ … ”
တင်းဖန်ချိုးက စိတ်ထဲမှ တုန်လှုပ်မိသွားသည်။ သူက ပဟေဠိအပိုင်းအစများ အဖြေရှာတွေ့သွားသလိုမျိုး သဘောပေါက်သွားလေ၏။ သူ့မျက်နှာအထက် နေရခက်သည့် အမူအရာမျိုး ပေါ်လာသည်။
‘ ဒီမိန်းကလေးက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ကိုးယောက်မြောက် တပည့်နဲ့ တူတယ်လို့ တွေးမိတာ မဆန်းတော့ဘူး’
သူက ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။ သူက အတော်လေး နာကျင်နေမိသည်။ သူက ထိုမိန်းကလေးအား သူ့လက်အောက်ခေါ်ယူရန် အကြိမ်များစွာ ကြိုးစားခဲ့သေး၏။ သူ ခေါ်ဆောင်လာသော လူအိုကြီးက သူ အယောင်ဆောင်နေသည့် မိစ္ဆာအိုကြီး ဖြစ်နေလိမ့်မည်ဟု မည်သူကများ တွေးမိမည်နည်း။
‘ ငါတော့ သေပြီ။ ငါတော့ သေပြီ ’
သို့သော်လည်း ချန်းကျူက ဟားတိုက်ရယ်မောလိုက်သည်။ သူက ရယ်စရာအကောင်းဆုံး ပြက်လုံးကို ကြားလိုက်ရသလိုမျိုး ဆက်တိုက် ရယ်နေသည်။
“ သခင်က ဒီကျိထျန်းတောက်က အတုလို့ ပြောထားပြီးသား ငါ သူ့ကို နေရာမှာတင် သတ်ပစ်လိုက်မယ်”
ချန်းကျူက ညာဘက်လက်ကို မြှောက်ကာ စွမ်းအင်မြားကို စုစည်းလိုက်သည်။
ဤသို့သော အခိုက်အတန့်မျိုး၌ သတိလက်လွှတ်မနေရဲပေ။
လုကျိုးက မုတ်ဆိတ်မွေးအသာသပ်ကာ “ ငါ့မေးခွန်း သုံးခုကို ဖြေပေးမယ်ဆိုရင် ဒီနေ့အဖြစ်အပျက်အတွက် မသိချင်ယောင်ဆောင်ပေးမယ် ”
ချန်းကျူက ဒေါသပေါက်ကွဲလုမတတ် ဖြစ်နေသည်။ သို့သော်လည်း လေထဲတွင် အမိန့်တစ်ခု သယ်ဆောင်လာသလိုမျိုး ခေါင်းလောင်းသံများ စတင်ပျံ့လွှင့်လာသည်။ ထိုအရာကို ကြားပြီး သူက မျက်မှောင်ကြုတ်မိသွားသည်။ ထို့နောက် သူက စိတ်မရှည်ဟန်ဖြင့် မေးလိုက်သည်။
“ မေးခွန်းက ဘာလဲ ”
“အရင်ဆုံး မင်းရဲ့ သခင်က ဘယ်သူလဲ။ ဒုတိယ ဒီမြစ်ထဲကနေ အလောင်းတွေဆယ်နေတဲ့ ရည်ရွယ်ချက်က ဘာလဲ။ တတိယက ယွီလုံရွာ ဖျက်ဆီးခံရတဲ့ နောက်ကွယ်က ကြိုးကိုင်သူ ဘယ်သူလဲ … ဒီမေးခွန်း သုံးခုကို ဖြေပေးမယ်ဆိုရင် ဒီနေ့အတွက် ဘယ်သူမှ သေစရာ မလိုတော့ဘူး ”
…
အခန်း (၁၀၃) တုံးအခြင်း၏တန်ကြေး
လုကျိုး၏ လေသံ၊ သဘောထားနှင့် အမူအရာက လုကျိုးတစ်ကွက်မှ မထုတ်ပြရသေးခင်တွင်တောင် လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်း၏ အရှင်သခင်အစစ်အမှန်၊ ကျိထျန်းတောက် အစစ်ဖြစ်ကြောင်း တင်းဖန်ချိုးကို လက်ခံယုံကြည်စေ၏။ လုကျိုးက တပည့်များအနေဖြင့် တပည့်ဆိုးကိုးယောက်ရှိသည့် မိစ္ဆာလမ်းကြောင်း၏ မိစ္ဆာခေါင်းဆောင်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ မိုးအောက်မြေပြင်တွင် ကျိထျန်းတောက်မှအပ မဟာစုန်းအတတ်အစီအရင်အောက်တွင် မည်သူက အထိအခိုက်မရှိ ရပ်နေနိုင်မည်နည်း။
တင်းဖန်ချိုး၏ ကျန်ရှိသော တပည့်နှစ်ဦးက ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူတို့က အရုပ်တစ်ရုပ်ပမာ လှုပ်ရှားမှု ကင်းမဲ့သွား၏။ သူတို့၏ ခန္ဓာကိုယ်သည် ကြောက်လန့်မှုကြောင့် တုန်ယင်နေတော့သည်။
ထိုစဉ် ချန်းကျူကမူ ထိုမေးခွန်းသုံးခုကို ကြားသည့်အချိန်တွင် မျက်မှောင်ကျုံ့လိုက်မိတော့၏။ သူက ရထားလုံးပျံမှ အမိန့်တစ်ခုကို စောင့်ဆိုင်းနေပုံရသည်။
တိတ်ဆိတ်မှုက နေရာတွင်ကြီးစိုးနေ၏။ ဆိတ်ငြိမ်လွန်းသောကြောင့် တိတ်ဆိတ်မှုကို ထိတွေ့၍ ရသည့်ပမာဖြစ်နေတော့သည်။
ထိုစဉ်မဟာစုန်းအတတ်အစီအရင်က အပြည့်အဝ အသက်သွင်းပြီးသွားပြီဖြစ်သည်။
အစီအရင်အပြင်ဖက်တွင် ရပ်နေကြသော ရဲမက်များက သူတို့၏လှံများကို ကိုင်မြှောက်လျက် အမိန့်ရသည်နှင့် တိုက်ခိုက်ရန်အသင့်ပြင်ထားကြသည်။ ကျင့်ကြံသူများကလည်း သူတို့၏ ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် သူတို့ကိုယ်သူတို့ အသင့်ပြင်ထား၏။
ဒါက သေချာပေါက်နိုင်မယ့်အခြေအနေပဲ။ ကျုပ်ရဲ့အရှင်သခင် ဘာတွေများတွေးနေလဲ။ ချန်းကျူက သူ့ဖာသာသူတွေးလိုက်၏။
ဒင်း ဒေါင်း ဒင်း
ခေါင်းလောင်းသံ ထပ်မြည်လာပြန်၏။ ချန်းကျူသည် အသံကိုကြားသည်နှင့် မျက်မှောင်ကျုံ့တာ ချက်ချင်း ပြေလျော့သွားတော့သည်။ သူ၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်လာသည်။ ဤအပြုအမူဖြင့် သူ့ကို စကားပြောရဲသည့်သူကို သူတစ်ခါမှမတွေ့ခဲ့ဖူးပေ။ သူ့အမူအရာက အေးစက်သွားပြီးပြောလိုက်တော့၏။
“စိတ်မရှိပါနဲ့။ မကြာခင်မှာ သေတော့မယ့်လူတစ်ယောက်အတွက် ဒီမေးခွန်းတွေရဲ့ အဖြေကိုသိတာ အဓိပ္ပာယ်မရှိဘူးလေ”
သေခြင်းတရားက ထိုလူများအတွက် အကောင်းဆုံးရလဒ်ဖြစ်သည်။ ပစ်ထုတ်ပြီးသည့်မြားတစ်စင်း ကို ပြန်ခေါ်၍မရပေ။
ဘီး
ချန်းကျူက လေးကြိုးကိုဆွဲပြီးနောက် သူ၏ချီကို များစွာသောစွမ်းအင်မြားများအဖြစ် ပြောင်းလဲလိုက်၏။ သူ၏မျက်လုံးက အေးတိအေးစက်အလင်းတန်းဖြင့်တောက်လာကာ ပြောလိုက်တော့သည်။
“နောက်ဆုံးစကားရှိသေးလား”
နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်လေးသည်တော်က ချီကို စွမ်းအင်မြားများအဖြစ်ပြောင်းလဲရာ၌ အမှန်တကယ်အရည်အချင်းရှိသည်။ အမှန်တကယ်တွင် နတ်လေးသည်တော်က သူ၏ကိုယ်ပိုင် ပညာရပ်တွင် ကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်၍ရသည်။ အံ့ဖွယ်မြို့တော်၏ နတ်လေးသည်တော်သုံးဦးက ထင်သည့်အတိုင်း သူ၏လှုပ်ရှားမှုသက်သက်ကတွင် ချန်းကျူက မဟူရာစစ်သည်တော်လေးဦးထဲမှ တစ်ဦးဖြစ်သောလီချင်းထက် ပိုအစွမ်းထက်ကြောင်း လုကျိုး ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။
ချန်းကျူက လုကျိုး၏ ထူးမခြားနားအမူအရာကို ကြည့်ပြီး ပြန်မပြောတာတွေ့သည့်အချိန်၌ သူ၏မြားကို ထပ်မံပစ်ထုတ်လိုက်သည်။
ထိုစဉ် လုကျိုးက ညင်သာစွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ခေါင်းခါလိုက်တော့၏။ သူက ပြောသည်။
“တုံးအတာအတွက် ပေးရတဲ့တန်ကြေးတော့ရှိမှာပဲ” သူ၏လက်ထဲတွင် အသုံးပစ္စည်းကတ် ငါးကတ်ပေါ်လာတော့၏။ သူသည် အတွေးတစ်ချက်ဖြင့် ကတ်လေးကတ်ကို အစောတုန်းက ထုတ်ခဲ့ပြီးဖြစ်သည်။
လုကျိုးက လက်ကိုခပ်သာသာ ဝှေ့ယမ်းလိုက်ရာ တောက်ပနေသော လေပွေငါးခုက သူ၏လက်ထဲ၌ ပေါ်လာတော့သည်။ သူတို့က နာရီလက်တံပြောင်းပြန်အတိုင်းလှည့်ပတ်နေ၏။ အချိန်တိုအတွင်း လေပွေငါးခုကို ပစ်ထုတ်လိုက်တော့သည်။
ထွမ်း ထွမ်း ထွမ်း
ချန်းကျူက သူ၏စွမ်းအင်မြားများကို တပြိုင်နက်တည်းပစ်ထုတ်လိုက်တော့သည်။ ကံဆိုးသည်မှာ သူတို့က လေပွေများဝါးမျိုတာခံလိုက်ရ၏။
လေပွေများက စုန်းအတတ်အစီအရင်၏ ခရမ်းရောင်ဖျော့ဖျော့အလင်းတန်းအောက်၌ မှင်သက်ဖွယ် ကောင်းစွာ လှည့်ပတ်ပြီး ပေါ်ပေါက်လာတော့သည်။ သူတို့က ကွင်းငါးကွင်းချိတ်ဆက်ထားသည့် ပမာ ရှေ့သို့ဆက်လက်တိုးနေ၏။
“ဘာ” ချန်းကျူက မျက်ခုံးပင့်လိုက်တော့သည်။
ထိုစဉ် ရွှေရောင်အလင်းတန်းက လူတိုင်းရှေ့၌ ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် အရာအားလုံး လည်ပတ်နေပုံရ၏။
ယင်းက တောက်မုဒြာဖြစ်သည်။ တောက်မုဒြာကို အသုံးပြုသည့်အချိန်၌ အရာအားလုံးက နှိုင်းယှဉ်လျှင် မှိန်ဖျော့သွားပေသည်။
အန္တရာယ်ပဲ။
ချန်းကျူက နောက်သို့ဆုတ်လိုက်သည်။ ထိုကဲ့သို့ ထိုကဲ့သို့ပညာရပ်မျိုးကို ယခင်က တစ်ခါမှ မတွေ့ဖူးပေ။ သူတွေဝေနေစဉ် လေပွေငါးခုက ရုတ်တရက် အရွယ်အစားကြီးမားလာတော့သည်။ ရွှေရောင်အလင်းက သိပ်သည်းလာပြီးနောက် ထိုဧရိယာတဝိုက်ရှိတောက်ပမှုက ပိုကြီးမားလာ၏။ သူတို့က မရေမတွက်နိုင်သည့် ထိုက်ကျိရွှေရောင်ကွင်းများနှင့် ဆင်တူနေတော့သည်။
“တောက်မုဒြာတွေ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ချန်းကျူက အချိန်မှီ မဆုတ်နိုင်ခဲ့ပေ။ သူ၏မျက်လုံးထဲတွင် ထိတ်လန့်မှုများပြည့်နေပြီး လေးကြိုးကို ပြန်ဆွဲပြီးနောက် စွမ်းအင်မြားသုံးစင်း ပစ်ထုတ်လိုက်တော့သည်။
ဘန်း ဘန်း ဘန်း
ချန်းကျူက မရပ်တန့်သွားပဲ နောက်ထပ် မြားသုံးစင်းကို ပစ်ထုတ်လိုက်၏။ သို့သော် ရွှေရောင်ထိုက်ကျိမုဒြာက အထိအခိုက်မရှိဘဲ ချန်းကျူ၏ မြားအားလုံးကို ဝါးမျိုသွားတော့သည်။
ချန်းကျူ၏ မျက်လုံးက ကြောက်လန့်မှုကြောင့် ပြူးကျယ်လာ၏။ သူ၏ မျက်နှာထက်တွင် စိတ်ပူပန်သည့် အရိပ်အယောင်တစ်စွန်းတစကိုလည်း မြင်နိုင်သည်။ လေးကိုကိုင်ထားသော လက်က အနည်းငယ်တုန်ယင်လာပြီးနောက် မြားများစွာကို စတင်ပစ်ထုတ်လိုက်တော့သည်။
ကံဆိုးသည်မှာ မြားများက ရွှေရောင်ထိုက်ကျိကို ရင်ဆိုင်ရာတွင် အာနိသင်မရှိပေ။ တမူထူးခြားသော ရွှေရောင်သင်္ကေတများကို နေရာအနှံ့မြင်နိုင်ပြီး အရာအားလုံးကို အုပ်မိုးထားလေ၏။
ချန်းကျူူက ယခုအချိန်တွင် ရွှေရောင်သင်္ကေတများနှင့် နီးကပ်လွန်းနေရာ သူ့အဖို့ လွတ်မြောက်ရန် နည်းလမ်းမရှိပေ။ သူ့ဖာသာသူတွေးပြီးကြောက်လန့်နေတော့၏။
“ဒီလောက်ကြီးမားတဲ့ မုဒြာက ဘယ်လိုလုပ်ရှိနိုင်ရတာလဲ။ တောက်မုဒြာတွေက အစတည်းက ဒီလိုကြီးတာလား”
ရွှေရောင်စက်ဝိုင်းက လုံးဝန်းသည့်နံရံတစ်ခုကို ဖွဲ့တည်လိုက်ပြီး ယင်းကဆယ်မီတာခန့်မြင့်မားသည်။
ဖုန်း
လေထဲတွင် ပေါက်ကွဲသံတစ်သံကိုကြားလိုက်ရပြီး ရွှေရောင်စက်ဝိုင်းများထဲမှတစ်ခုက သူ့ဖာသာသူ ပေါက်ကွဲသွားပြီး လေနှင့်အတူပျောက်ကွယ်သွား၏။ နေရာတစ်ခုလုံး ထပ်မံ တိတ်ဆိတ်သွားပြန်သည်။ ချန်းကျူရပ်နေသည့်နေရာတွင် ဘာကိုမျှမမြင်ရပေ။ သူ့အရိပ်အယောင် တစ်စက်မှကျန်မနေခဲ့ပေ။
ထိုစဉ် ထိုက်ကျိရွှေရောင်မုဒြာလေးခုက မိုးကုတ်စက်ဝိုင်းဆီသို့ ပျံ့လွင့်သွားတော့၏။ အနီရောင်ရထားလုံးများရှိ အမျိုးသမီးကျင့်ကြံသူများက မှင်သက်သွားသည်။ သူတို့အတွက် သတိဝင်လာရန် အချိန်အနည်းငယ်ကြာသွားပြီးနောက် အရေးနိမ့်သည့်အခြေအနေတွင် ရောက်နေမှန်း သူတို့သိလိုက်ရသည်။
သူတို့မျက်မှောင်ကျုံ့ကာ အော်ပြောလိုက်၏။ “ရဲတင်းလိုက်တာ”
သူတို့လေးယောက်က ချက်ချင်းပင် လက်သင်္ကေတများ ပြုလုပ်ပြီးနောက် ချဉ်းကပ်လာသော ရွှေရောင်စက်ဝန်းလေးခုကို ဖြေရှင်းလိုက်၏။
ချန်းကျူမသေခင်ရပ်နေခဲ့သည့်နေရာကို ဗဟိုထားလျက် ထိုက်ကျိရွှေရောင်သင်္ကေတများက ဆယ်မီတာအကွာအဝေးအတွက် အရပ်မျက်နှာအနှံ့ပျံ့နှံ့သွား၏။ အားလုံး၏ ခြေထောက်အောက်ရှိ စုန်းအစီအရင်ကလည်း ရွှေရောင်အလင်းဖြင့်လွှမ်းမိုးခံလိုက်ရသည်။
တင်းဖန်ချိုး၏ အကြည့်က တည်ငြိမ်သွားတော့၏။ ကျင့်ကြံခြင်းလောကတွင် ကျင့်ကြံသူတစ်ဦးက တောက်မုဒြာများကို ရွတ်ဆိုနိုင်ရန်အတွက် အနည်းဆုံးတော့သူ၏ကျင့်ကြံဆင့်သည် ပွင့်ချပ်ခုနှစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်တွင် ရှိရမည်။ သူတို့က ယခုအချိန်တွင် စုန်းအတတ်အစီအရင်တွင် ချုပ်မိနေတာပဲဖြစ်၏။ ဆိုလိုသည်မှာ ဂါထာ၏ ယိုယွင်းမှုကို ရင်ဆိုင်တိုက်ခိုက်ရမှာပဲဖြစ်သည်။ ကောင်းကင်အောက်တွင် ထိုအသန်မာဆုံးကျွမ်းကျင်သူက မည်မျှအစွမ်းထက်သနည်း။
ရွှေရောင်စွမ်းအင်ချိပ်သင်္ကေတနှင့်ယှဉ်လျှင် တင်းဖန်ချိုး၏ တောက်မုဒြာများက ပုရွက်ဆိတ်ပမာ မထင်မရှားဖြစ်နေလေ၏။ သူသည်ထိုမျှထိတ်လန့်ဖွယ်ကောင်းသော တောက်မုဒြာကို သူ့တစ်ဘဝလုံးတွင် မတွေ့ခဲ့ဖူးပေ။ သူ၏ ဗဟုသုတအရ ထိုကဲ့သို့ တောက်မုဒြာများကို ရွတ်ဆိုနိုင်ရန် စွမ်းရှိသူများသည် တောက်သခင်များသာဖြစ်ကြ၏။ တောက်မဟာပညာရှင်များသာ ဖြစ်ကြ၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးပမာ အယောင်ဆောင်မိသည့်အတွက် သူ့ကိုယ်သူရီချင်မိသွားသည်။
ထိုစဉ် လေထဲတွင်ပျံဝဲနေသော အမျိုးသမီးကျင့်ကြံသူလေးဦးက သူတို့မျက်နှာထက်တွင် ဆုံးဖြတ်ချက် ချထားသည့်အမူအရာတစ်ခုရှိနေသည်။ သူတို့က ထိုရွှေရောင်ထိုက်ကျိမုဒြာများကို ဖယ်ရှားနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ ကံဆိုးသည်မှာ သူတို့စွမ်းအင်လှိုင်းများကို ထုတ်ဖော်သည့်အချိန်တွင် မုဒြာများပေါ်၌ လှိုင်းဂယက်ငယ်ကိုသာ ဖန်တီးနိုင်ခဲ့ပြီး ယင်းမုဒြာများကမူ သမုဒ္ဒရာများပမာ ကျယ်ပြောပုံရ၏။ ယင်းက အချည်းနှီးဖြစ်သွားတော့သည်။
“တောက်မဟာပညာရှင်လား” သူတို့က အထိတ်တလန့်ထုတ်ဖော်ပြောလိုက်ပြီး တောက်ပနေသော ရွှေရောင်ထိုက်ကျိသင်္ကေတ သူတို့ဆီ ပျံ့လွင့်လာတာကို ကြည့်နေရသည်။
ဘန်း ဘန်း ဘန်း
ထိုစဉ် ရွှေရောင်စက်ဝိုင်းလေးခုက သူတို့ကို မိသွားပြီး သူတို့က ပေါက်ကွဲသွားကာ မီးရှူးမီးပန်းများသဖွယ်ပျောက်ကွယ်သွားတော့၏။ တောက်ပမှုကို ပြသပြီးနောက်သူတို့သည် တိမ်ငွေ့အဖြစ်ပြောင်းလဲသွားကာ လေနှင့်အတူပျောက်ကွယ်သွားတော့၏။
“...”
“...”
လူတိုင်း၏ မျက်နှာထက်တွင် မယုံနိုင်သည့်အမူအရာမျိုးရှိနေသည်။
“တင်း နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ပစ်မှတ်သုံးဦးကို သတ်ခဲ့ပြီး နတ်ဒေဝါဦးတည်နယ်ပယ် နှစ်ယောက်ကို သတ်ခဲ့ပါတယ်။ ကုသိုလ်အမှတ် သုံးထောင့်ခုနစ်ရာ ဆုချီးမြှင့်ခံရပါတယ်”
ငါ မဆုံးရှုံးလို့တော်သေးတယ်။
တွက်ချက်ပြီးနောက် လုကျိုးက ချန်းကျူတစ်ဦးတည်းက အမှတ်ထောင့်ငါးရာတန်ကြောင်း ရှာဖွေတွေ့ရှိလိုက်သည်။ သို့သော် သူက များများစားစားမရခဲ့ပေ။ သူသည် အစောပိုင်းက ကုသိုလ်မှတ်နှစ်ထောင်သုံးခဲ့တာဖြစ်၏။ မုတ်ဆိတ်သပ်ပြီး သူ၏ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်၏။
ငါ သူ့ကို မတိုက်ခိုက်ချင်ဘူး။ ဒါပေမဲ့...။
ချန်းကျူကဲ့သို့ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် လက်ရွေးစင်လေးသည်တော်တစ်ဦးအတွက် တစ်စက္ကန့်လျှင် မြားသုံးစင်းပစ်ထုတ်ရန်က လွယ်ကူပေ၏။ လုကျိုးက အတိုက်အခိုက်ဒဏ်ပြင်း ကာကွယ်သည့်ကတ်အားလုံးဖြင့် မသုံးနိုင်ပေ။ ထို့အပြင် သူ၏ပြစ်ချက်မဲ့ကတ်ကိုလည်း ဖြုန်းတီးရာရောက်သွားနိုင်၏။ တန်ဖိုးရှိသော အရင်းအမြစ်များကို ဖြုန်းတီးမည့်အစား ဤနည်းအတိုင်း ဆောင်ရွက်တာက ပိုလွယ်ကူ၏။ ထိုမှအပ တာ့ယန်၏ ကောင်းကင်အောက်တွင် ကျန်သည့်မျိုးနွယ်စုများအတွက် နေရာမရှိပေ။ စန်းချုံကျို့မျိုးနွယ်စုနှင့်မတူဘဲ ထိုမျိုးနွယ်စုသည် တာ့ယန်ကနေခွဲထွက်လာသည့် တိုင်းပြည်သူပြည်သားများဖြစ်သည်။ နှစ်ပေါင်းသန်းချီ ရှင်သန်နေထိုင်ပြီးနောက် သူတို့၏အုတ်မြစ်ကို ဤနေရာ၌ ချခဲ့တာပဲဖြစ်၏။ သူတို့က ရှေးလူမျိုးများ ဖြစ်ကြသည်။ တစ်ဖက်တွင်မူ ရှီးချန်းကျိုးက ရှေးယခင်တည်းကရှိခဲ့သော ကျန်သည့်မျိုးနွယ်စုတစ်စုဖြစ်၏။
“ချစ်လှစွာသော ဧကရာဇ်အရှင်ရေ... ခင်ဗျားရဲ့နားမှာ ဘယ်လိုလူတွေကို ထားထားတာလဲ။ တစ်ခြားမျိုးနွယ်စုက လူတစ်ယောက်က နန်းတော်ကို ထိုးဖောက်ဝင်ရောက်နေပြီဆိုတာ သိရဲ့လား။ လူတွေပိုများလာဖို့ပဲရှိတော့တယ်” ကံဆိုးသည်မှာ အရည်အချင်းရှိသည့်လက်ရွေးစင်များကို ပျိုးထောင်နေတာမဟုတ်ပေ။ အချို့သော အမျိုးအမည်မသိ အကြောင်းပြချက်များအတွက် ချန်းကျူအသတ်ခံရပြီးနောက် မဟာစုန်းအစီအရင်က စတင်အားနည်းလာတော့သည်။
တောက်ပသည့်အနီရောင်ရထားလုံးပျံက အမျိုးသမီးကျင့်ကြံသူလေးဦး၏ အထောက်အပံ့မရှိဘဲ စတင်ပြိုလဲကျလာတော့၏။ မြေပြင်ရှိအခြေအနေက ဖရိုဖရဲဖြစ်နေပြီး ရဲမက်များက ထွက်ပြေးရန်ကြိုးစားနေကြသည်။
နန်းတော်က ပညာရှင်က ဒီလို အလွယ်တကူ အသတ်ခံလိုက်ရတယ်လား။
ရဲမက်များသည် သူတို့အိမ်မက်မက်နေသည်ဟု တွေးမိလိုက်ပြီး လက်ခံရန်ခက်ခဲနေ၏။
လုကျိုးက ရထားလုံးပျံကို ဆက်ကြည့်နေသည်။ ချန်းကျူကဲ့သို့ နတ်လေးသည်တော်သုံးဦးထဲမှ တစ်ဦးအနေဖြင့် တစ်စုံတစ်ယောက်ကို သူ၏သခင်အဖြစ်အသိအမှတ်ပြုထားခြင်းသည် ထိုသခင်က သေချာပေါက်အားနည်းတာမဖြစ်နိုင်ပေ။
ဖုန်း
ရထားလုံးက မြေကြီးနှင့်ရိုက်မိသွားပြီးနောက် ဖုန်မှုန့်များတက်လာတော့သည်။
မဟာစုန်းအတတ်အစီအရင် အားနည်းသွားပြီးနောက် သူတို့၏ အမြင်အာရုံက ကြည်လင်လာတော့သည်။ ထိုစဉ် အားလုံး၏ အာရုံစိုက်မှုက တောက်ပသော အနီရောင်ရထားလုံးပျံတွင်သာ ရှိနေတော့၏။
…
အခန်း (၁၀၄) ငါက အမြဲတမ်း သက်ညှာပေးပါတယ်
အနီရောင် ရထားလုံးပျံက တစစီ ဖြစ်သွားလေပြီ။ အကယ်၍ အထဲတွင် အဆင့်မြင့် ပညာရှင် ပါရှိလာပါက မြေပြင်ပေါ် ပြုတ်ကျလာမည် မဟုတ်ပေ။ ဆိုလိုသည်မှာ ထိုရထားလုံးပျံထဲ အစကတည်းက မည်သူမှ မပါရှိပေ။ ပညာရှင်ဆိုသူလည်း လုံးဝ မပါရှိချေ။
ခဏတာစောင့်ဆိုင်းလိုက်ပြီးနောက် ထိုအကျိုးအပျက်ပုံထဲမှ မည်သူမှ ထွက်မလာခဲ့ပေ။
လုကျိုးက မုတ်ဆိတ်သပ်လိုက်ရင်း ခေါင်းညိတ်ကာ “ ဗလာကျင်းနေတာလား ”
သူက ကတ်ငါးကတ်လုံးကို အသုံးပြုလိုက်သည့်အခါ ထိုအရာကို မှန်းဆထားပြီးသား ဖြစ်၏။ အခြေအနေက သူ့ထိန်းချုပ်မှုအတွင်း ရှိနေဆဲ ဖြစ်၏။ အကယ်၍ နတ်ဒေဝါဦးတည်နယ်ပယ် အဆင့် ကျင့်ကြံသူအဖွဲ့က သူ့ဆီ ပြေးဝင်လာခဲ့လျှင် သူ့အနေနှင့် ဖြေရှင်းဖို့ အခက်တွေ့ပေဦးမည်။
ရှောင်ယွမ်အာက စိတ်အေးသွားပုံပေါ်သည်။ သူမက တိတ်ဆိတ်မှုကို အရင်ဖြိုခွင်းလိုက်သူ ဖြစ်၏။ သူမက ရယ်မောကာ “ ရှစ်စွင်းက အရမ်းအံ့ဩဖို့ကောင်းတယ်”
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ ဘယ်လိုနေသေးလဲ ”
“တပည့် အဆင်ပြေပါတယ်… စောစောကတော့ နည်းနည်း မူးနောက်နောက် ဖြစ်နေပေမဲ့ အခုနေလို့ကောင်းသွားပါပြီ” ရှောင်ယွမ်အာက လုကျိုးဆီ လျှောက်လာရင်း ပြောလိုက်သည်။
‘အထွတ်အထိပ် သန့်စင်ကျောက်စိမ်း ကျင့်စဉ်က စုန်းအတတ်ကို တွန်းလှန်ပေးနိုင်တာလား’ လုကျိုးက စဉ်းစားလိုက်မိသည်။
စုန်းအတတ် အစီအရင်မှ ခရမ်းရောင်အလင်းတို့က ပျောက်ကွယ်လုမတတ် ဖြစ်နေလေပြီ။ တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေကြသည့် ရဲမက်များနှင့် ကျင့်ကြံသူများက သူတို့အနား ရှိနေဆဲ ဖြစ်၏။
လုကျိုးက မစိုးရိမ်ပေ။ လက်ကျန်လူများက သူ့ကို ထိန်းထားရန် စွမ်းအားမဲ့လွန်းလေသည်။ သူက တင်းဖန်ချိုးအပေါ် အာရုံစိုက်လိုက်သည်။
ထိုစဉ် တင်းဖန်ချိုးက အပြင်းအထန် ချောင်းဆိုးလာတော့သည်။
လုကျိုးက တင်းဖန်ချိုးအား ဆက်လက် စိုက်ကြည့်နေသည်။ အစပိုင်းတွင် သူက တင်းဖန်ချိုးအား ချက်ချင်း ဖြေရှင်းရန် အသေရိုက်ချက်ကတ် ဝယ်ဖို့ ရည်ရွယ်ထားလေသည်။ သို့သော်လည်း တင်းဖန်ချိုးသည် ဒဏ်ရာရထားပြီး ကျင့်ကြံဆင့် အားနည်းစေသည့် စုန်းဂါထာအောက် ကျရောက်နေကြောင်း မြင်လိုက်ရသည့်အခါ စိတ်ပြောင်းသွားသည။ သူက လက်နောက်ပစ်လျက် တင်းဖန်ချိုးဆီ ချည်းကပ်လာသည်။ ချန်းကျူ သေဆုံးသွားပြီ ဖြစ်၍ တင်းဖန်ချိုးဆီမှ သတင်းနှိုက်ရန် ကြိုးစားကြည့်ရုံသာ ရှိတော့သည်။ သူ နှိပ်စက်၍ ဖြစ်စေ ဒါမှမဟုတ် ခြိမ်းခြောက်၍ ဖြစ်စေ တင်းဖန်ချိုးဆီမှ တစ်ခုခုတော့ ရလာနိုင်သည်။
လုကျိုး သူ့ဆီ လျှောက်လှမ်းလာသည်ကို မြင်ကာ တင်းဖန်ချိုးက ခက်ခက်ခဲခဲ ထထိုင်လိုက်သည်။ သူက ရင်ဘတ်မှ မြားဒဏ်ရာ နာကျင်မှုကို အံ့တုကာ ဒူးထောက်လိုက်ပြီး တောင်းပန်လိုက်သည်။
“ချန်ပေ့ ဒီအငယ်က မျက်လုံးပါပေမဲ့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။ ချန်ပေ့ ခွင့်လွှတ်ပေးပါ”
သူ့စကားအဆုံးတွင် အပြင်းအထန် ချောင်းဆိုးလိုက်ပြန်သည်။ ယခင် သူ ကျိထျန်းတောက် အယောင်ဆောင်ခဲ့စဉ်အခါက ဟန်ပန်တို့ကို မမြင်ရတော့ချေ။
‘ ချန်ပေ့တဲ့လား’
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ခေါင်းညိတ်လိုက်သည်။ သူ့အမူအရာတို့က မပြောင်းမလဲ ဖြစ်နေကာ “ မင်းက ငါ့ကို ချန်ပေ့ခေါ်တော့ ထူးဆန်းသလိုပဲ ”
တင်းဖန်ချိုးက ရင်ဘတ်မှ နာကျင်မှုကို အံ့တုကာ ပြောလိုက်သည်။
“ချန်ပေ့ အယောင်ဆောင်တာ ခွင့်မလွှတ်နိုင်စရာဆိုပေမဲ့ ချန်းကျူကို သတ်ပေးပြီး ကျုပ်တပည့်အတွက် လက်စားချေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
သူက စကားအဆုံးတွင် တပည့်နှစ်ယောက်အား အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
ထိုအရာကို မြင်ပြီး တင်းဖန်ချိုး၏ တပည့်နှစ်ယောက်လည်း လုကျိုးရှေ့ အမြန်အဆန် ဒူးထောက်လိုက်ကြသည်။
“ ချန်ပေ့ကို ကျေးဇူးတင်ပါတယ် ”
“ချန်ပေ့ကို ကျေးဇူးတင်ပါတယ် ”
“ တင်း … ကိုးကွယ်ယုံကြည်မှုကို လက်ခံရရှိပါတယ်။ ဆုလာဘ် - ကုသိုလ်ရမှတ် ၂ မှတ် ”
‘ မရိုးမသားနဲ့ ကြောင်သူတော်တွေ’
လုကျိုး၏ မျက်နှာအထက် အမူအရာ ပြောင်းလဲခြင်း မရှိပေ။ သူက ပျော်ရွှင်မနေသလို ဒေါသလည်း မထွက်နေပေ။ သူက မုတ်ဆိတ်မွေးကို အသာသပ်လိုက်ပြီး “ မင်းတို့ကို မေးစရာရှိတယ်။ မင်းတို့ အမှန်အတိုင်း ဖြေရမယ် ”
“ ကျုပ် သိသမျှ အားလုံးကို ပြောပြပါ့မယ် ”
“ ကောင်းပြီ ”လုကျိုးက မပြောခင် တစ်ခုခု စဉ်းစားလိုက်ပြီး “ မင်းရဲ့ တကယ့်ဇာစ်မြစ်ကို ပြော ”
တင်းဖန်ချိုးက ဆက်လက် မဟန်ဆောင်ရဲတော့ပေ။
“ ကျုပ်က တာ့ယန် ယွင်ဂိုဏ်းရဲ့ တင်းဖန်ချိုးပါ။ ဒီသုံးယောက်က ကျုပ်ရဲ့ တပည့်တွေပါပဲ ”
ရှောင်ယွမ်အာက လှောင်လိုက်သည်။
“ရှင်က ဒီလောက်အားနည်းနေတာကို မိစ္ဆာဝေဟင်မျှော်နန်းလို့ အယောင်ဆောင်တာ မရှက်ဘူးလား ”
တင်းဖန်ချိုးက ဘာပြန်ပြောရမှန်း မသိတော့ပေ။ ပွင့်ချပ်ငါးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်က အားမနည်းပေ။
“ မိစ္ဆာဝေဟင်မျှော်နန်း အယောင်ဆောင်တာ ဘာလို့လဲ ” လုကျိုးက ထပ်မေးလိုက်သည်။
တင်းဖန်ချိုးက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် “ချန်ပေ့ရဲ့ မေးခွန်းကို ပြန်ဖြေပါ့မယ်။ ယွင်၊ ထျန်းနဲ့ လော့ဂိုဏ်းရဲ့ တပည့်အများကြီးက မိစ္ဆာဝေဟင်မျှော်နန်း လက်ချက်နဲ့ အသတ်ခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်လောက်က မိစ္ဆာဝေဟင်မျှော်နန်းက ဂိုဏ်းသုံးဂိုဏ်းရဲ့ လက်နက်ထောင်ချီကို ဖျက်ဆီးပစ်ခဲ့ပစ်တော့ ကျုပ်တို့ အခြေခံအုတ်မြစ်အတွက် ထိခိုက်မှုအကြီးကြီး ဖြစ်စေခဲ့တယ်။
အဲဒီအချိန်ကတည်းက ကျုပ်တို့ ပြန်မကောင်းလာခဲ့ကြဘူး။ ကျုပ်ကို … ” ထိုစဉ် သူက ခဏ ရပ်လိုက်သည်။
“ ပြော ” လုကျိုးက ခပ်တန်းတန်း ပြောလိုက်သည်။
“ ကျုပ်ကို မိစ္ဆာဝေဟင်မျှော်နန်း သခင် အယောင်ဆောင်ပြီး နေရာတိုင်းမှာ ပြစ်မှုကျူးလွန်ဖို့ အမိန့်ပေးခဲ့တယ် ” တင်းဖန်ချိုးက ဝန်လေးစွာ ပြန်ဖြေလိုက်သည်။
လုကျိုးက ခေါင်းခါကာ အသာပြောလိုက်သည်။
“ ယွင်ဂိုဏ်းက ဂိုဏ်းသုံးဂိုဏ်းရဲ့ ခေါင်းဆောင်လေ။ သမာသမတ်လမ်းစဉ်ရဲ့ ပင်မဂိုဏ်းက ဒီလိုမျိုး ရွံ့စရာကောင်းတဲ့ နည်းလမ်းမျိုး သုံးတယ်တဲ့လား ”
“ မိစ္ဆာဝေဟင်မျှော်နန်းက မကောင်းမှုအများကြီး ကျူးလွန်ခဲ့တာဆိုတော့ သူတို့ဖော်တဲ့ဆေး သူတို့ ပြန်စားခိုင်းတဲ့ သဘောမျိုးနဲ့ ကျုပ်ကို အမိန့်ပေးခဲ့ရုံပါ ”
ဝှီး
စွမ်းအားလှိုင်းတစ်ခုက တင်းဖန်ချိုးဆီ ကျရောက်လာသည်။
ဖြန်း
တင်းဖန်ချိုး မျက်နှာအား ဖြတ်ရိုက်လိုက်လေသည်။ သူ့ပါးပြင်အထက် လက်ဝါးရာကြီး ပေါ်လာကာ ပူထူသွားစေသည်။
“ချန်ပေ့…” တင်းဖန်ချိုးက ယိုင်တိုင်တိုင် ဖြစ်သွားလေသည်။ သူက ဘာလုပ်ရမှန်း မသိတော့ပေ။ သို့သော်လည်း သူက အခွင့်အရေးပေးလျှင်တောင် ပြန်လည် လက်တုံ့မပြန်ရဲပေ။
“ မင်းကို ထပ်မေးမယ်။ ဒီအရိုးတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ဘာလဲ ”
တင်းဖန်ချိုးက လက်ဝါးချက် ခံယူပြီးနောက် ပိုမို နာခံလာသည်။ သူက ပါးပြင်ကို ပွတ်ကာ “ ဒါက ကျင့်ကြံသူတစ်ယောက်ကို နှစ်တစ်ထောင် ကန့်သတ်ချက်ကို ကျော်လွန်ပေးနိုင်တဲ့ ပိုင်လူမျိုးရဲ့ အရိုးပါ”
သူ့မျက်နှာအထက် စိတ်ရှုပ်ထွေးသည့် အမူအရာဖြစ်လာကာ အသာမေးလိုက်သည်။
“ချန်ပေ့ရဲ့ ဗဟုသုတနဲ့ အတွေ့အကြုံအရ ဒီအကြောင်းကို ကြားဖူးလောက်မှာပါ ”
‘ပိုင်လူမျိုးရဲ့ အရိုးက ကျင့်ကြံရေးလောကရဲ့ အသက်ကန့်သတ်ချက်ကို ကျော်လွန်စေနိုင်တယ်တဲ့လား’
လုကျိုးက သူ့မှတ်ဉာဏ်များထဲ ပြန်လည်ရှာကြည့်လိုက်သည်။ ကျိထျန်းတောက်က နှစ်တစ်ထောင် အသက်ရှင်လာသူ ဖြစ်ပြီး ကုန်းမြေအနှံ့ သွားလာခဲ့သည်။ သူ့အနေနှင့် ထိုကိစ္စကို မသိစရာ အကြောင်းမရှိပေ။ သူက မှတ်ဉာဏ်များထဲ ပြန်လည်ရှာဖွေလိုက်သော်လည်း ဘာမှမတွေ့ပေ။ သူက လက်လျော့လိုက်ပြီး တင်းဖန်ချိုးနှင့် ဆက်လက် ပြောလိုက်သည်။
“ အဲဒါကို တွေ့ပြီလား ”
တင်းဖန်ချိုးက ခေါင်းခါကာ “ နန်းတော်က ရှာနေတာ ဆယ်စုနှစ်လောက် ရှိပြီဆိုပေမဲ့ မတွေ့သေးဘူး။ ကျုပ်တို့ တွေ့နိုင်ခြေလည်း အရမ်းနည်းပါးတယ် ”
ရှောင်ယွမ်အာက နှာခေါင်းရှုံ့ကာ “ အရူးတွေ … ဘယ်သူမှ အသက်ကန့်သတ်ချက်ကို မကျော်လွန်နိုင်ဘူး။ အရိုးပိုင်ရှင်တောင် သေသွားပြီကို အရိုးက အသက်ကန့်သတ်ချက်ကို ကျော်လွန်အောင် ကူညီပေးဖို့ မျှော်လင့်နေကြသေးတယ်။ ရယ်စရာကောင်းလိုက်တာ ”
တင်းဖန်ချိုးက ရှောင်ယွမ်အာ၏ စကားများကြောင့် ဘာပြန်ပြောရမှန်း မသိတော့ပေ။
လုကျိုးက ကမ္ဘာမြေမှ ဧကရာဇ်ချင်ကို အမှတ်ရလိုက်သည်။ ဧကရာဇ်က သူ့သက်တမ်းကို ဆွဲဆန့်ရန် နည်းလမ်းကို ရှာဖွေခဲ့သည်။ ကျင့်ကြံရေးလောကရှိ လူများက ကန့်သတ်ချက်ကျော်လွန်၍ မနေနိုင်ပေ။ သို့သော်လည်း ကံစေရာ ဦးမညွှတ်ဘဲ ကြိုးစားကြည့်ချင်သူများစွာ ရှိနေသေး၏။
‘ တာ့ယန်ရဲ့ ဧကရာဇ်လည်း သူ့သက်တမ်းကို ဆွဲဆန့်ထားချင်တာလား ’
လုကျိုးက အတွေးထဲ နစ်မြောနေစဉ် ရဲမက်များနှင့် အဆင့်နိမ့် ကျင့်ကြံသူများက သူတို့နှင့် တဖန် နီးကပ်လာပြန်သည်။ ရဲမက်ထောင်ချီနှင့် အာရုံခံသိပ်သည်းခြင်းနယ်ပယ်၊ ဗြဟ္မာပင်လယ် နယ်ပယ်နှင့် နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူ ရာချီ၍ ပါဝင်သည်။
“ သူတို့က စုန်းအတတ် အစီအရင်အောက် ကန့်သတ်ခံထားရတယ်။ သူတို့က စွမ်းအားမဲ့နေကြပြီ။ မကြောက်ကြနဲ့ ”
“ ကျူးကျော်သူအားလုံးကို သတ်ပစ်ရမယ် ”
လုကျိုး၏ အမူအရာက ထိုရဲမက်များနှင့် ကျင့်ကြံသူများကို မြင်လိုက်သည့်အခါ မပြောင်းမလဲ ရှိနေဆဲ ဖြစ်သည်။
ရှောင်ယွမ်အာက ဝင်ပြောလိုက်သည်။
“ ရှစ်စွင်း …တပည့် ကိုင်တွယ်လိုက်မယ် ”
လုကျိုးက လက်ခါပြကာ “ မလိုဘူး ”
“ ဟမ် ” ရှောင်ယွမ်အာ မျက်နှာအထက် နားမလည်သည့် အရိပ်အယောင် ဖြတ်ပြေးသွားလေသည်။
“ ပိအန်း ”
လက်သီးနှစ်လုံးက ခြေလက်လေးခုကို မယှဉ်နိုင်ပေ။
ရှောင်ယွမ်အာက အားကောင်းသော်လည်း သူမအတွက် ရဲမက်ထောင်ချီနှင့် ကျင့်ကြံသူရာချီကို အပြတ်ရှင်းဖို့ရာ များပြားလွန်းလေသည်။
လုကျိုးက ပိအန်း နာမည်ခေါ်လိုက်သည်နှင့် ပိအန်းက တောထဲမှ အလျင်အမြန် ထွက်ပေါ်လာသည်။
ရဲမက်များနှင့် ကျင့်ကြံသူများက သူတို့နောက်မှ မာန်ဖီသံကြားလိုက်ရသည့်အခါ နောက်လှည့်ကြည့်လိုက်ကြသည်။
“ ဘာကြီးလဲ ”
“ ကျားလား ”
“ ကျားက ဘယ်လိုလုပ် ဒီမှာရှိမှာလဲ ”
ရဲမက်များနှင့် ကျင့်ကြံသူများစွာက ပိအန်း ချည်းကပ်လာသည်ကို ကြောင်ကြည့်နေကြစဉ် ပုံရိပ်က ပို၍ ရှင်းလင်းပြတ်သားလာသည်။
ထင်ထားသည့်အတိုင်း ပိအန်းအပေါ် စုန်းအတတ် သက်ရောက်မှု မရှိပေ။
“ ဒါက …. ”
“သားရဲလား … ”
ပိအန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သောကြောင့် တောအုပ်အနှံ့ ပျံ့နှံ့သွားလေသည်။
ရဲမက်များက ကြောက်ကြောက်လန့်လန့်ဖြင့် ဒူးထောက်လျက် လဲကြကုန်သည်။ သူတို့ တွေးထားသည့် သာမန်သားရဲသည် အလွန်အားကောင်းသော သားရဲကြီး ဖြစ်နေလေ၏။ အားကောင်းသော လူသားကျင့်ကြံသူသာ ထိုသို့သော ရက်စက်ခက်ထန်သည့် သားရဲမျိုးကို စီးတော်သားရဲအဖြစ် နာခံအောင် လုပ်နိုင်လိမ့်မည်။
ထိုစဉ် ပိအန်းက လူအုပ်ကြား ချီတက်လာသည်။
ခွန်အားနှင့် သိမ်မွေ့မှုတို့က ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်၏။ ခဏကြာပြီးနောက် နေရာအနှံ့ ခြေလက်အပြတ်များ ပျံ့ကျဲကုန်သည်။
“ ပြေးကြ ”
“ နောက်ဆုတ်ကြ ”
“ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူများ တန်းစီကြ ”
ဗြဟ္မာပင်လယ်နယ်ပယ်အဆင့်နှင့်အောက် ကျင့်ကြံသူများက နောက်ဆုတ်ရုံမှအပ ရွေးချယ်စရာ မရှိပေ။ ထိုစဉ် ရဲမက်များက တစ်ချက်ပင် မခုခံနိုင်ကြပေ။ သူတို့အားလုံး လွှင့်စင်သွားကြ၏။
ပိအန်း၏ ကြောက်မက်ဖွယ် တိုက်ခိုက်စွမ်းရည်က ပါးမွှားလူသားများရှေ့ အပြည့်အဝ ပြသလိုက်သည်။
နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူများက သူတို့၏ ကြာပွင့် စိတ်ဝိညာဉ်သဏ္ဌာန်များကို ဖော်ထုတ်ကာ ဓားပျံများ စီးနင်းလိုက်ကြသည်။
ဘန်း ဘန်း ဘန်း
ထိုလူများ၏ တိုက်ခိုက်မှုများက ပိအန်းအပေါ် သက်ရောက်မှု မရှိဘဲ ဒေါသသာ ထွက်လာစေသည်။
ဂါး …
ပိအန်းက ကြမ်းတမ်းလာလေပြီ။ သူက လေထဲမှ ကျင့်ကြံသူများကို ခုန်အုပ်လိုက်သည်။ ဆင်ဘုရင်နှင့် မတူစွာ ပိအန်းက ပျံသန်းနိုင်လေ၏။
“ မဖြစ်နိုင်ဘူး … သားရဲပျံကြီးဟ ”
ဂျွတ်
ပြောလိုက်သော ကျင့်ကြံသူက နောက်ဆုတ်ဖို့ အချိန်မရလိုက်ဘဲ ပိအန်း၏ လက်ချက်အောက် အရိုးများ တစစီ ဖြစ်သွားလေသည်။
ပိအန်းက လူအုပ်ကြား ဆက်လက် သောင်းကြမ်းနေသည်။ ဦးဆောင်သူ မရှိဘဲ ရဲမက်များနှင့် ကျင့်ကြံသူများစွာက ဇကောထဲမှ ဆီးဖြူသီးများကဲ့သို့ ကြောက်ကြောက်လန့်လန့်ဖြင့် နောက်ဆုတ်ကုန်ကြသည်။
“ နောက်ဆုတ်ကြ ”
“ သူ့အပေါ် စုန်းအစီအရင် သက်ရောက်မှု မရှိဘူး။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
ဘန်း ဘန်း ဘန်း
ပိအန်း၏ လက်သည်းချက်အောက်တိုင်းတွင် ရဲမက်များ ကျဆုံးကုန်သည်။ ပိအန်းက အတော်လေး ခက်ထန်လှ၏။
ရဲမက်များက လူသားတစ်ယောက်ကို ဤမျှအထိ မကြောက်ဖူးပေ။ သူတို့က လူသားတစ်ယောက်၏ အင်အားကြောင့် အနည်းငယ်သာ နောက်ဆုတ်နိုင်သည်။ သို့သော်လည်း သူတို့ရင်ဆိုင်နေရသည်မှာ ခက်ထန်ကြမ်းတမ်းသည့် သားရဲကြီး ဖြစ်၏။ ထို့အပြင် ထိုသားရဲကြီးက မောပန်းခြင်းဆိုသည့် အဓိပ္ပာယ်ကို သိသည့်ပုံမပေါ်ပေ။
‘ သေမျိုးတွေက တကယ်ကို သနားစရာပဲ ’
လုကျိုးက ထိုအတွေးဖြင့် ပိအန်းအား ကျင့်ကြံသူများကို တိုက်ဖို့ ညွှန်ပြလိုက်သည်။
“ငါက အမြဲညှာတာတတ်တဲ့လူဆိုတော့ သေမျိုးတွေကို လွှတ်ပေးလိုက်မယ်။ ကျင့်ကြံသူတွေကိုပဲ ကိုင်တွယ်လိုက် ”
တင်းဖန်ချိုး “ … ”
သူ့တပည့်နှစ်ယောက် “ … ”
…
အခန်း (၁၀၅) လာကူကြသော တပည့်များ
လုကျိုး၏ စကားက မရိုးသားပုံပေါ်၏။ သို့သော် အကြီးက ထိုသို့ပြောရာ တင်းဖန်ချိုးက ခေါင်းညိတ်ရုံမှလွဲပြီး ကျန်တာ မလုပ်နိုင်ပေ။
ထိုစဉ် ရှောင်ယွမ်အာက လက်ခုပ်တီးပြီး ချီးကျူးလိုက်၏။ ပိအန်း၏ တိုက်ပွဲဝင် စွမ်းအားက လူတိုင်း ထင်ထားတာထက်ကိုကျော်လွန်နေသည်။
သေမျိုးစစ်သားအားလုံးက မီးမြားများပစ်ချသော်ငြား သူတို့၏ မြားများက ပိအန်းကို ခြစ်ရာမျှသာ ထင်စေသည်။
လုကျိုးအမိန့်ပေးပြီးသည့်နောက် ပိအန်းသည် ရဲမက်များနောက် မလိုက်တော့ချေ။ သူက ကောင်းကင်ထဲသို့ ပျံတက်သွားတော့၏။ ထိုမြင်ကွင်းက မြွေဂိမ်းထဲမှ မှတ်တမ်းတစ်ခုနှင့် တူနေပေတော့သည်။
“တင်း ဗြဟ္မာ့ပင်လယ်နယ်ပယ်ပစ်မှတ်တစ်ယောက်ကို သတ်ပြီးပါပြီ။ ကုသိုလ်မှတ် နှစ်ဆယ်မှတ်ရရှိပါတယ်။
“တင်း အာရုံခံသိပ်သည်းခြင်းနယ်ပယ်ပစ်မှတ်တစ်ယောက်ကို သတ်ပြီးပါပြီ။ ကုသိုလ်မှတ် ငါးမှတ် ရရှိပါတယ်။
“တင်း အစောပိုင်းအဆင့်နတ်ဒေဝါ ဦးတည်နယ်ပယ် ပစ်မှတ်တစ်ယောက်ကို သတ်ပြီးပါပြီ။ ကုသိုလ်အမှတ် တစ်ရာဆုရရှိပါတယ်”
လုကျိုးက ခေါင်းညိတ်ပြီး စိတ်ကျေနပ်သွားသည်။ ပိအန်း၏ တိုက်ပွဲဝင်ခွန်အားက အမှန်တကယ် အထင်ကြီးဖွယ်ကောင်း၏။ ပိအန်း၏ခွန်အားဖြင့် သူ့အဖို့နောင်တွင် ကုသိုလ်မှတ်များ ရရှိရန် ပိုလွယ်ကူမည်မှန်း သေချာနေသည်။
တင်းဖန်ချိုးက ပါးစပ်အဟောင်းသားဖြင့် မြင်ကွင်းကိုစိုက်ကြည့်နေမိသည်။
ဒါ ဒါက ဒဏ္ဍာရီလာ စီးတော်ယာဉ်လား။ ယင်းနှင့် ယှဉ်လျှင် ဆင်ဘုရင်က အမှိုက်ဖြစ်သွားတော့၏။ ယခုအချိန်တွင် ဆင်ဘုရင်က မြေပြင်ပေါ်တွင် အားနည်းစွာ လှဲနေလျက်လှုပ်ရှားရန် ရုန်းကန်နေရသည်။ ပိအန်းနှင့် တူညီသည့်အဆင့်တွင် ရှိမနေချေ။ သူက ကူကယ်ရာမဲ့စွာ ခေါင်းခါရုံသာ တတ်နိုင်၏။
ပိအန်းသည် အချိန်တိုအတွင်း အဆင့်နိမ့်ကျင့်ကြံသူများကို ရှင်းထုတ်ပစ်လိုက်သည်။ ရဲမက်အများစုနှင့် ကျင့်ကြံသူများစွာက နောက်ဆုတ်သွားကြ၏။
ပြီးဆုံးခါနီးပြီဖြစ်တာကို လုကျိုးမြင်သည့်အချိန်တွင် သူက လက်ကိုဝှေ့ယမ်းလျက် ပိအန်းကို ပြန်လာရန် အမိန့်ပေးလိုက်သည်။ သူသည် ထိုအရာမှ ကုသိုလ်မှတ်ရှစ်ရာရလိုက်သည်။ အမှတ်မများပေ။ ဆိုရလျှင် အားနည်းသည့်ကျင့်ကြံသူများသာ ရှိ၏။ ပိအန်းက လုကျိုး၏အမိန့်ကို နာခံသည်။ ဆိပ်ခံတံတားနားသို့ ဖြတ်သွားသည့်အချိန်တွင် သူက ဆင်ဘုရင်ကို မျက်လုံးထောင့် ကနေ အထင်တသေးကြည့်သွားသေးသည်။ ဆင်ဘုရင်က ကြောက်လန့်မှုကြောင့် အနောက်သို့ ဆုတ်သွားပြီး သူ၏ခန္ဓာကိုယ်က တုန်ယင်နေပေ၏။ ပိအန်း၏ရှေ့တွင် ၎င်းက လက်အောက်ငယ်သားမျှသာ ဖြစ်သည်။ ဒဏ္ဍာရီလာစီးတော်ယာဉ်နှင့် အံ့ဖွယ်စီးတော်ယာဉ်ကြား ယင်းက ကွာဟချက်ဖြစ်ပေ၏။ သူတို့ကို မနှိုင်းယှဉ်လျှင်ဆိုးရွားမှာမဟုတ်ပေ။ သို့သော် နှိုင်းယှဉ်မိသည့်နှင့် ကွာဟချက်က မိုးနှင့်မြေပမာ ကြီးမားကြောင်း ရှင်းရှင်းလင်းလင်း မြင်ရမှာပဲဖြစ်သည်။
ပိအန်းက လုကျိုးနှင့်ရှောင်ယွမ်အာတို့ဘေး၌ ခမ်းနားစွာ ထိုင်နေလေ၏။ ၎င်း၏အစွယ်များကို ထုတ်ပြလျက် ကျင့်ကြံသူများအနားကပ်မလာအောင် ဟန့်တားထားသည်။
တစ်ချိန်တည်းတွင် မဟာစုန်းအတတ်အစီအရင်မှ အာနိသင်များက စတင်မှိန်ဖျော့လာခဲ့ပြီဖြစ်သည်။
လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့သွား၏။ ရဲမက်များနှင့်ကျင့်ကြံသူများအနားတွင် အဘယ်ကြောင့်ဝဲနေရမည်မှန်း သူနားမလည်ခဲ့ပေ။ သူတို့သေမှာမကြောက်ဘူးလား။
သူက တင်းဖန်ချိုးကို ဆက်လက်စစ်မေးတော့မည့်အချိန်တွင် လူနှစ်ယောက်က သူ့နောက်သို့ ပျံဝဲလာသည်။ ထိုလူနှစ်ယောက်ထုတ်ဖော်သည့်အရှိန်အဝါက လူတိုင်းကို အာရုံစိုက်မှုကို ရသွားစေ၏။
“နန်းတော်က ဒီလောက်များတဲ့ လက်ရွေးစင်တွေ ပို့လိုက်တာလား”
လုကျိုးက ရုတ်တရက်ပေါ်ပေါက်လာသည့် အခြေအနေကြောင့် ဝေခွဲမရဖြစ်သွားသည်။
ထိုပုံရိပ်နှစ်ခုသည် မြန်ဆန်သည့် အရှိန်ဖြင့်ဆက်လက်ရွေ့လျားနေပြီး သူတို့ဆီသို့ ရောက်မလာခင်၌ မဟာစုန်းအတတ်အစီအရင်အထက်တွင် ပျံဝဲနေသည်။
ရှောင်ယွမ်အာက သူတို့နှစ်ယောက်ကို ရှင်းရှင်းလင်းလင်းမြင်ရသည့်အချိန်တွင် ပျော်ရွှင်မှုဖြင့် ခုန်ပေါက်ကာ အော်ပြောလိုက်တော့၏။
“စန်းရှစ်ရှိုး စစ်ရှစ်ရှိုး”
လုကျိုးကမော့ကြည့်လိုက်၏။ သူတို့က တွမ့်မူရှန်းနှင့် မင်ရှစ်ရင်ပင်ဖြစ်သည်။
တွမ့်မူရှန်းက သူ၏နယ်ရှင်လှံကို ကိုင်ဆောင်ထားသည်။ သူက ကြွက်သားများအပြည့်ဖြင့် ခန္ဓာကိုယ်ဖြင့် ခမ်းခမ်းနားနားပေါ်လာပြီး စူးရှသော မျက်ဝန်းတစ်စုံရှိ၏။ မြေပြင်ပေါ်သို့ သက်ဆင်းလာသည့် နတ်ဘုရားတစ်ပါးပမာ ဖြစ်နေတော့သည်။
ထိုစဉ် မင်ရှစ်ရင်ကမူ မီးခိုးရောင်ဝတ်စုံကို ဝတ်ထားသည်မှာ အနည်းငယ်ထူးဆန်းနေပြီး ယုံကြည်ချက်ရှိပုံပေါ်နေကာ ယခုအချိန်တွင် သူကဝင့်ကြွားစွာပြုံးနေပေ၏။
“ရှစ်စွင်း” သူတို့နှစ်ယောက်က တချိန်တည်းနီးပါးသက်ဆင်းလာသည်။ သူတို့ဆင်းသက်လာပြီး မကြာမီ၌ လှိုင်းတစ်ခုက ပြန့်ကားသွားတော့သည်။
စုန်းအတတ်အစီအရင်၏ အကြွင်းအကျန်များသည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်တွင်ရှိသော တပည့်နှစ်ဦး၏ချက်ချင်းဖယ်ရှားခြင်းကို ခံလိုက်ရသည်။ အစီအရင်ပျောက်ကွယ်သွားသည်နှင့် လေက ရှင်းလင်းသွားကာ သူတို့၏အမြင်အာရုံပြောင်းလာတော့၏။
တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့က ကမန်းကတမ်းရောက်လာပြီး ဒူးထောက်ချကာ လုကျိုးကို နှုတ်ဆက်လိုက်၏။ “ရှစ်စွင်း” တင်းဖန်ချိုးသည်လည်း သူတို့၏အံ့ဩသင့်ဖွယ် ဝင်ရောက်လာမှုကြောင့် ဆွံ့အသွားလေသည်။ သတိတရားတို့ ပြန်ဝင်လာသည့်အချိန်၌ သူ၏တပည့်အတုနှစ်ဦးကို လှည့်ကြည့်လိုက်သည်။
အစစ်နှင့်အတုကြားမှာ ကွာဟချက်ကြီးကြီးမားမားရှိနေတာပဲ။
လုကျိုးက မုတ်ဆိတ်သပ်လျက်မေးလိုက်တော့သည်။
“မင်းတို့နှစ်ယောက်ဘာကြောင့် ရောက်လာ တာလဲ။
မင်ရှစ်ရင်က အရိုအသေပေးပြီးပြောလိုက်၏။ “ရှစ်စွင်း ဖန်ရှုဝမ်ဆီက သတင်းတချို့ရထားလို့။ ဒီမှာ နန်းတော်ကပညာရှင်တွေ တည်ဆောက်ထားတဲ့မဟာစုန်းအတတ်အစီအရင် တစ်ခုရှိတယ်လို့ သူကပြောတယ်။ ဒါကြောင့် စန်းရှစ်ရှိုးနဲ့အတူ ကျွန်တော် ဒီကိုလာပြီး စစ်ကူအနေနဲ့ရောက်လာ တာပါ။
တွမ့်မူရှန်းက ထည့်ပြော၏။
“နန်းတော်အတွင်းမှာ ပညာရှင်တွေအများကြီးရှိတယ်။ ရှစ်စွင်းရဲ့ခွန်အားက ပြိုင်ဖက်ကင်းပြီး အဲ့ဒီလူတွေက ရှစ်စွင်းရဲ့တည်ရှိမှုနဲ့ မထိုက်တန်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဒီလို ယင်ကောင်လေးတွေအတွက် ရှစ်စွင်းရဲ့စွမ်းအားတွေ ဖြုန်းတီးဖို့မလိုအပ်ဘူးလေ”
“တပည့်တို့ဖာသာ ဆုံးဖြတ်မိတဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
မင်ရှစ်ရင်က ပြောလိုက်သည်။
လုကျိုးက မင်ရှစ်ရင်ကို တစ်ချက်ကြည့်လိုက်၏။
ဒီကောင်က ခွဲခွာခြင်းချိတ်ကောက်ရသွားပြီးတာနဲ့ ပိုပြီး စိတ်ဓာတ်တက်ကြွလာတာပဲ။ အရင်ကထက်ယှဉ်ရင်ပိုပြီးလည်း သတိတရားရှိလာတယ်။
သူတို့လာမည်မှန်းသိနေခဲ့လျှင် အသုံးပစ္စည်းကတ် ငါးကတ်ကို ချွေတာထားမှာပဲဖြစ်သည်။ ဖိတ်သွားပြီးသည့် နွားနို့အတွက် ငိုနေ၍ အကျိုးမထူးပေ။ အဆုံးတွင် သူက မုတ်ဆိတ်သပ်ပြီးထူးမခြားနားပြောလိုက်၏။
“ကိစ္စမရှိဘူး”
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းက နောက်ဆုံးတွင်ခြေကြွပြီးနောက် သူတို့၏ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်တော့သည်။
မဟာစုန်းအတတ်အစီအရင်မှ သက်ရာက်မှုများက အပြည့်အဝပျောက်သွားပြီဖြစ်သည်။
ဆိပ်ခံတံတားတိုက်ပွဲနေရာက အလွန်ရှုပ်ထွေးနေသည်။ အလောင်းများက နေရာအနှံ့ပြန့်ကျဲနေ၏။
မင်ရှစ်ရင်က အနေရခက်သွား၏။ ငါတို့လာတာ နောက်ကျသွားတဲ့ပုံပဲ။
ရှောင်ယွမ်အာက ပြေးလာပြီး ရီမောကာပြောလိုက်တော့၏။
“စန်းရှစ်ရှိုး စစ်ရှစ်ရှိုး အဲ့ဒီ အတုနှစ်ကောင်ကို ကြည့်လိုက်ဦး”
”အတုတွေလား” မင်ရှစ်ရင်က စိတ်ရှုပ်ထွေးသွား၏။
ရှောင်ယွမ်အာ ဆိုလိုသည်ကို သဘောပေါက်သွားသည့်အချိန်တွင် သူက မကျေမနပ် ဖြစ်သွားတော့သည်။ သူ့အယောင်ဆောင်နေသည့် လူငယ်ဆီသို့ ပြေးသွားပြီးနောက် ထိုလူကို တွန်းလှဲချလိုက်တော့သည်။
ဘီး
မင်ရှစ်ရင်၏ ဒုက္ခရှုကွင်းတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာ၏။
“...”
လူငယ်က ဆွံ့အသွားလေသည်။
မင်ရှစ်ရင်က ပြောလိုက်သည်။ “ရာရာစစ ငါ့အယောင်ဆောင်ရဲတယ်ပေါ့”
ထိုစဉ် တွမ့်မူရှန်းက လျှောက်လာတော့၏။ သူက ဒုက္ခရှုကွင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်ပြီး မင်ရှစ်ရင်က သူ့ကိုဟန့်တားရန် လက်မြှောက်လိုက်၏။
မင်ရှစ်ရင်က ပြောသည်။ “စန်းရှစ်ရှိုး နယ်ရှင်လှံက လုံလောက်နေပါပြီ။ ရှစ်ရှိုးက ဒါမျိုးထုတ်ဖို့မလို။ သူ၏ရှစ်ရှိုးကသာ ပွင့်ချပ်တစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်ခဲ့လျှင် သူ၏ပွင့်ချပ်မရှိသော စိတ်ဝိညာဉ်သဏ္ဌာန်က ယှဉ်ကြည့်လျှင် မှိန်နေပေလိမ့်မည်။
တင်းဖန်ချိုး၏ တပည့်က တုန်ယင်သွား၏။ သူက သနားညှာတာပေးရန် အလျင်စလို တောင်းပန်တော့သည်။ တွမ့်မူရှန်းအယောင်ဆောင်သည့်သူက ညှာတာဖို့အတွက် တောင်းဆိုရန်တောင် အားနည်းလွန်းနေ၏။ သူက မြေပြင်ပေါ်တွင်မှောက်နေလျက် တစ်ကိုယ်လုံးက တုန်ယင်နေတော့၏။
“တော်လောက်ပြီ” လုကျိုးက တည်ငြိမ်စွာပြောလိုက်တော့သည်။ လုကျိုးပြောပြီးသည်နှင့် မင်ရှစ်ရင်က သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို နာနာခံခံပြန်ရုတ်သိမ်းလိုက်တော့၏။
တင်းဖန်ချိုးက သူစိတ်ထဲတုန်လှုပ်သွားတော့သည်။ အမှန်တကယ်ပင် အတုအယောင်များ၏ အဆင့်ကနိမ့်ပါးလွန်းသည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များတွင် ရှိသော ပါရမီဖြင့် သူတို့သည် အချိန်အတော်ကြာပြီးသည့်တိုင် မည်ကဲ့သို့အဆင့်မတက်ဘဲနေမည်နည်း။
“စိတ်မပူပါနဲ့ ရှစ်စွင်း။ ရွှေနန်းဥယျာဉ်တောင်ကို ရောက်တဲ့အချိန်ကျရင် ဖန်ရှုဝမ်ကို နောက်တလှည့် ရိုက်ပေးမယ်။ သူအခုကစပြီးပူးပေါင်းဆောင်ရွက်မှုရှိလာလိမ့်မယ်ဆိုတာ ကျွန်တော်သေချာတယ်။
“ရွှေနန်းဥယျာဉ်တောင်ကို ဘယ်လိုပဲဖြစ်ဖြစ်အရံအတားနဲ့ ကာကွယ်ထားတာလေ။ လူတွေ အလွယ်တကူ မဝင်ရောက်နိုင်ဘူး။ သူက အလွန်အကျွံလုပ်နေတာပဲ။ သို့သော် လုကျိုးက မင်ရှစ်ရင်ကို ဘာမှပြန်မပြောပေ။
မဟာစုန်းအတတ်အစီအရင်မှ ကြားဝင်စွက်ဖက်မှုမရှိဘဲ ရဲမက်များနှင့်ကျင့်ကြံသူများက လုကျိုးသည် တင်းဖန်ချိုးနားထပ်မံကပ်သွားပြန်၏။
တင်းဖန်ချိုးက လုကျိုးကိုမော့ကြည့်ပြီး မေးလိုက်တော့သည်။ “ဖန်ရှုဝမ်က မိစ္ဆာဝေဟင်မျှော်နန်းမှာလား”
“မင်း အမေးထုတ်ရမဲ့နေရာ မဟုတ်ဘူး”
မင်ရှစ်ရင်က ကြိမ်းဝါးပြီးပြောလိုက်သည်။
တင်းဖန်ချိုး၏ မျက်နှာက နီသွားတော့သည်။
လုကျိုးက လက်နောက်ပစ်ထားလျက်မေးလိုက်၏။ “မင်းက ယွင်ဂိုဏ်းက ဆိုမှတော့ မင်းကို ဘယ်သူကပို့လိုက်တာလဲ။
“အမ်း” တင်းဖန်ချိုးက စကားထစ်သွားတော့သည်။ သူက အမှန်တရားကို ထုတ်ပြောရန် တွန့်ဆုတ်နေပုံရ၏၊
လုကျိုးက မုတ်ဆိတ်သပ်ပြီး ပြောလိုက်သည်။ “ဒီအဖြစ်အပျက်ပြီးသွားရင် မင်းနှုတ်ဆိတ်နေမှု အတွက် အသတ်ခံရနိုင်တယ်။ မင်းအတွက် ကံဆိုးမှုကို မင်းကိုယ်တိုင် ယူလာတာပဲ။
တင်းဖန်ချိုးက ဆွံ့အသွားသည်။ ယခုအချိန်တွင် သူပြန်လမ်းမရှိတော့ပေ။ ထို့အပြင်လုကျိုးက သူ့တပည့်မလေးအတွက် လက်စားချေရန်ကူညီပေးခဲ့သည်။ အဆုံးတွင်မူ သူက “ယွင်ဂိုဏ်းရဲ့ စည်းကမ်းကြပ်မတ်ဆောင်က အကြီးအကဲ ဟွားဝူတောက်ပါ။
“ဟွားဝူတောက်လား” လုကျိုး၏ မျက်လုံးက ပြူးကျယ်သွားပြီးပြောလိုက်၏။ “အဲဒီ အဘိုးကြီးက အသက်ရှင်သေးရဲ့လား”
တင်းဖန်ချိုးက ပြောလိုက်၏။
“အကြီးအကဲဟွားက လောင်ချန်ပေ့ သူ့ကို အနိုင်ယူပြီးတဲ့အချိန်ကစပြီး လောင်ချန်ပေ့ကို အငြိုးအတေးတစ်ခုထားခဲ့တာ။ အဲ့ဒါက စွဲလန်းမှုတစ်ခုလိုဖြစ်လာပြီး သူ့ရင်ထဲမှာ အထုံးတစ်ခု ဖွဲ့တည်လာတယ်။ ပြီးတော့ သူ့ရဲ့ကျင့်ကြံဆင့်မှာ တိုးတက်မှုမဖြစ်စေတော့ဘူး။ ဒါကြောင့်”
“အရှက်မဲ့လိုက်တာ။ သူ့အားနည်းတာအတွက် သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပေါ့။ တစ်ပါးသူကို သူ့ထက်အစွမ်းထက်လွန်းတယ်ဆိုပြီး သူက ရာရာစစ အပြစ်တင်ရဲတယ်လား။ မင်ရှစ်ရင်က ကျိန်ဆဲလိုက်သည်။
“...”
မိစ္ဆာဝေဟင်မျှော်နန်းမှ သူသာလျှင် ထိုကဲ့သို့ပြောပေလိမ့်မည်။ ထိုစဉ် ဟွားဝူတောက်က ပွင့်ချပ်ခြောက်လွှာ နတ်ဝိညာဉ်သဏ္ဌာန်ပညာရှင်ဖြစ်ပြီး သူက ခုခံမှု၌ တော်သည်။ ထိပ်သီးဆရာကြီး ဆယ်ဦးကတောင် သူ့ကို လျှော့မတွက်ရဲချေ။ ခုခံရေးပညာ၌ သူ့ကိုယ်သူဂုဏ်ယူဝင့်ကြွားနေခဲ့တာ ဖြစ်သည်။ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်၌ သူက တမိုးအောက်တွင် အကောင်းဆုံးခုခံနိုင်စွမ်းရှိသူဟူ၌ ကြေငြာခဲ့သည်။ ထိုစဉ်က မိစ္ဆာဝေဟင်မျှော်နန်းမှ မည်သည့်လှုပ်ရှားမှုများ မရှိခဲ့ဘဲ မိစ္ဆာဝေဟင် မျှော်နန်း၏ခွန်အားက နည်းပါးနေသေးပုံရသည်။ သူက အခွင့်အရေးကို အမိယူကာ ကျိထျန်းတောက်ကို အနိုင်ယူပြီး ပွင့်ချပ်ခုနှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို အဆင့်မြှင့်ချင်ခဲ့သည်။
သို့သော် ကျင်းခရိုင်၏လွင်ပြင်တွင် ဟွားဝူတောက်နှင့် ကျိထျန်းတောက်က တိုက်ခိုက်တစ်ကွက်သာ ဖလှယ်ပြီး ဟွားဝူတောက်၏ အရှက်ကွဲဖွယ်ရှုံးနိမ့်မှုကို ဖြစ်စေခဲ့သည်။ ထိုအချိန်တွင် ကျိထျန်းတောက်သည် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ဦးဖြစ်နေပြီးသားပင်။ ထိုအချိန်မှစ၍ ဟွားဝူတောက်က ဖြောင့်မတ်ခြင်းလမ်းတွင်ရှိ လူများကြားထဲ၌ ဟားဖွယ်ရာဖြစ်လာခဲ့သည်။ ယင်းက ဟွားဝူတောက်၏ ရင်ထဲတွင် အထုံးအဖွဲ့တစ်ခုဖြစ်ခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ် ကုန်လွန်သည့်တိုင် သူ၏ ကျင့်ကြံဆင့်ကို တန့်နေစေတာပဲဖြစ်သည်။
လုကျိုးက မေးလိုက်၏။
“အခု ဟွားဝူတောက် ဘယ်မှာလဲ”
“အကြီးအကဲဟွားက ကျောက်စိမ်းယဇ်ပလ္လင်ကို လွန်ခဲ့တဲ့သုံးရက်က သွားတာပဲ။ တင်းဖန်ချိုးက တွေဝေနေပြီးနောက် ဆက်ပြောလိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းကို အနိုင်ယူဖို့အတွက် မဟာမိတ်တစ်ဦးနဲ့ ဆွေးနွေးမယ်လို့လဲ ပြောသွားသေးတယ်။ သူ သူက မြစ်ထဲကနေ နန်းတော်က အရိုးတွေကိုဆယ်နေတဲ့အကြောင်း ကျွန်တော့်ထက်ပိုသိတယ်။
လုကျိုးက ကျန်းအိုက်ကျန့်၏ စာကို အမှတ်ရသွားသည်။ မိစ္ဆာဘုရားကျောင်းသခင်က ကျောက်စိမ်းယဇ်ပလ္လင်ကို သွားပုံရ၏။
ဒီလူတွေက မိစ္ဆာဝေဟင်မျှော်နန်းကို အုပ်စုဖွဲ့တိုက်ခိုက်ဖို့ရည်ရွယ်နေတာလား။
...
အခန်း (၁၀၆) ကျောက်စိမ်းယဇ်ပလ္လင်
မိစ္ဆာကျောင်းတော်၏ ကျို့ရှင်းချန်ကို လုကျိုးက သတ်လိုက်ခြင်း ဖြစ်၏။ ရန်ပုဖင်းအနေနှင့် ကျို့ရှင်းချန်အတွက် လက်စားချေပေးလိုသည်မှာ ပုံမှန်သာ ဖြစ်သည်။ သို့သော်လည်း လုကျိုးက ရန်ပုဖင်းသည် လက်စားချေရန်အတွက် သမာသမတ်ဂိုဏ်းမျာနှင့် တွဲလုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဖြောင့်မတ်ခြင်းနှင့် မိစ္ဆာလမ်းစဉ်တို့က ရှေးအခါကတည်းက ဘယ်သောအခါမှ အတူတွဲမလုပ်ကြပေ။ မိစ္ဆာကျောင်းတော်သည် ပြစ်မှုကျူးလွန်ရာ၌ မိစ္ဆာဝေဟင်မျှော်နန်းနှင့် သိပ်မကွာလှပေ။ ကျို့ရှင်းချန် တစ်ယောက်တည်းဖြင့် ပေနက်လွှာ တတိယအဆင့် မဟုတ်ပါလော။
မိစ္ဆာကျောင်းတော်က နှစ်ပိုင်းအတွင်း အင်အားစုအသေးလေးများကို ဝါးမျိုကာ အင်အားစုကြီးတစ်ခု ဖြစ်လာခဲ့သည်။ သူတို့ ပြုစုပျိုးထောင်ပေးခဲ့ရသော အဆင့်မြင့် ကျင့်ကြံသူက မိစ္ဆာဝေဟင်မျှော်နန်းလက်ထဲ သေဆုံးသွားလေရာ သူတို့အနေနှင့် မကျေနပ်သည်မှာ သဘာဝသာ ဖြစ်သည်။
လုကျိုးက အသံအနိမ့်အမြင့် ပြောင်းလဲခြင်း မရှိဘဲ ပြောလိုက်သည်။
“ သူတို့က ငါနဲ့ ရင်ဆိုင်ချင်မှတော့ ငါ ကျောက်စိမ်းယဇ်ပလ္လင်ဆီ တန်းသွားလိုက်သင့်တယ်”
ထိုစကားကို ကြားကာ မင်ရှစ်ရင်က ယုံကြည်ချက်မဲ့ဟန်ဖြင့် ပြောလိုက်သည် “ ရှစ်စွင်း အဲဒါက သမာသမတ်ဂိုဏ်းရဲ့ ပိုင်နက်ထဲလေ။ ကျွန်တော် စိုးရိမ်တာက … ”
လုကျိုးက မင်ရှစ်ရင်အား စိုက်ကြည့်ကာ “ မင်ရှစ်ရင် ”
“ဟုတ် ရှစ်စွင်း ” မင်ရှစ်ရင်က ရင်ဘတ် တူနှင့်အရိုက်ခံရသလို ခံစားလိုက်ရသည်။ နာမည်အပြည့်အစုံအခေါ်ခံရခြင်းက ပျော်ရွှင်ဖွယ်ကောင်းသည့် ခံစားချက်မျိုးတော့ မဟုတ်ပေ။
“ မင်းကြောက်နေတာလား ”လုကျိုးက မေးလိုက်သည်။
လွန်ခဲ့သည့်နှစ်များစွာ၌ မင်ရှစ်ရင်သည် နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် မရောက်ခင် နယ်မြေအနှံ့လျှောက်သွားကာ ပြဿနာရှာခဲ့စဉ်အခါက သမာသမတ်ဂိုဏ်းမှ အဆင့်မြင့် ကျင့်ကြံသူဖြစ်သည့် ကျန့်ချိုးချီနှင့် တွေ့ဖူးလေသည်။ မင်ရှစ်ရင် ရှုံးနိမ့်ခဲ့ရကာ ထိုအဖြစ်အပျက်ကြောင့် စိတ်ဒဏ်ရာရသွားခဲ့သည်။ သို့သော်လည်း သူ့စိတ်ဒဏ်ရာက ကျင့်ကြံဆင့် တန့်ဆိုင်းကာ နှလုံးသားထဲ အစိုင်အဖွဲ့ ဖြစ်သွားသည့် ယွင်ဂိုဏ်းရှိ ဟွားဝူတောက်၏ စိတ်ဒဏ်ရာလောက် မပြင်းထန်ပေ။
“ ကျွန်တော်က ဘာလို့ကြောက်ရမှာလဲ ” မင်ရှစ်ရင်က ပြန်ဖြေလိုက်သည်။
“ အဲဆို ကောင်းတယ် ” လုကျိုးက မထူးမခြားနား ပြောလိုက်သည်။
ကျင့်ကြံရေးနှင့် ပတ်သက်၍ ထိုးထွင်းဉာဏ်အရ မင်ရှစ်ရင်သည် တွမ့်မူရှန်းထက် အရည်အချင်း ပိုရှိပေသည်။ တွမ့်မူရှန်းသည် မင်ရှစ်ရင်ထက် မျှော်နန်းဆီ ဦးစွာ ဝင်ရောက်လာသော်လည်း လက်ရှိ တွမ့်မူရှန်းသည် မင်ရှစ်ရင်လောက် အားမကောင်းပေ။ မင်ရှစ်ရင်သည် အတွေးများကာ သူ့ရည်ရွယ်ချက်တို့က မသန့်စင်သောကြောင့် နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ရောက်လာသော်လည်း သူ့စိတ်ဝိညာဉ်သဏ္ဌာန်က မည်သည့်ပွင့်ချပ်မှ ထွက်မလာသေးခြင်း ဖြစ်၏။ သူတို့နှစ်ယောက်လုံးက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ပွင့်ချပ် မပါရှိလျှင် နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူအစစ်အမှန်ဟု သတ်မှတ်၍ မရပေ။ ပွင့်ချပ်တိုးလာတိုင်း ကျင့်ကြံသူ၏ အင်အားက သိသိသာသာ တိုးတက်လာလေသည်။
“ ရှစ်တိ ဒါက အခွင့်အရေးကောင်းပဲ။ မင်းရဲ့ ပေနှစ်ဆယ် စိတ်ဝိညာဉ်သဏ္ဌာန်က တကယ်ကို ရှက်ဖို့ကောင်းတယ်” တွမ့်မူရှန်းက မင်ရှစ်ရင်၏ ပခုံးကိုပုတ်ကာ ပြောလိုက်သည်။
မင်ရှစ်ရင်က ချက်ချင်း စိတ်ပျက်လက်ပျက် ဖြစ်သွားကာ တီးတိုးရေရွတ်လိုက်သည် “ ဒါက မတရားဘူး ”
ရှောင်ယွမ်အာက လက်သီးမြောက်ကာ “ ရှစ်စွင်း … အဲဒီမှာ ကျန်းယွမ်ရှန်းလည်း ရှိသေးတယ်။ သူ့ကို သတ်ပစ်သင့်တယ်။ အဲဒီလူကြီးက ရှစ်စွင်းကို နေ့တိုင်းကျိန်ဆဲနေတာ တပည့် သည်းမခံနိုင်ဘူး”
လုကျိုးက ရှောင်ယွမ်အာကို တစ်ချက်ကြည့်ကာ အပြစ်တင်ဆုံးမချင်သော်လည်း ကျန်းယွမ်ရှန်း၏ မျက်နှာကို သတိရသွားသည်နှင့် ရွံ့စရာကောင်းသည်ဟု ခံစားမိလိုက်သည်။
အဆင့်မြင့် အကျော်အမော် ပုဂ္ဂိုလ်ဆယ်ယောက်နှင့် ကျိထျန်းတောက်တို့၏ တိုက်ပွဲက သရေကျသွားကာ သူက မိစ္ဆာဝေဟင်မျှော်နန်းသို့ ဒဏ်ရာရလျက် ပြန်လာခဲ့သည်။ ရွှေနန်းဥယျာဉ်တောင် ဒုတိယတိုက်ခိုက်မှုကို ကျန်းယွမ်ရှန်းက ဦးဆောင်လာခြင်း ဖြစ်၏။ ထိုလူက အင်မတန် ဉာဏ်နီဉာဏ်နက် များလှသည်။ အကယ်၍ ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် လော့ချန်းဖုန်းသာ ထင်ထင်ပေါ်ပေါ် မလုပ်ခဲ့လျှင် သေဆုံးမည့်လူမှာ ကျန်းယွမ်ရှန်း ဖြစ်သွားနိုင်သည်။ လော့ချန်းဖုန်း သေဆုံးသွားစဉ်အခါက ကျန်းယွမ်ရှန်းက ဦးဆုံး ထွက်ပြေးသွားသူ ဖြစ်၏။ အဖြစ်အပျက် ပြီးသွားသည့်အခါ သူက ထွက်လာကာ ကျိထျန်းတောက်ကို လူသိရှင်ကြား စော်ကားခဲ့သေးသည်။
လုကျိုးက ကျန်းယွမ်ရှန်းသည် ဤလျှို့ဝှက်တွေ့ဆုံပွဲ၌ တစ်နည်းနည်းဖြင့် ပါဝင်နေကြောင်း သေချာသိလိုက်၏။ ခဏအကြာတွင် သူက တင်းဖန်ချိုးဘက် လှည့်ကာ “ ယွီလုံရွာ အဖြစ်အပျက်နောက်ကွယ်ကလူကို သိလား ”
တင်းဖန်ချိုးကာ နားမလည်ဖြစ်သွားလေသည်။
‘ချန်ပေ့ပဲ မဟုတ်ဘူးလား’
ထိုသတင်းကို သူ့အား ယွင်ဂိုဏ်းက ပြောပြထားခြင်း ဖြစ်ပြီး သူက နန်းတော်ကို စုံစမ်းဖို့ လူပင် စေလွှတ်ခဲ့သေးသည်။ အဆုံးသတ်၌ ယွီလုံရွာ အဖြစ်အပျက်နောက်ကွယ်ကလူက သူ့ရှေ့ရှိ လူမှ လွဲ၍ တခြားသူ မဟုတ်ကြောင်း အတည်ပြုနိုင်လိုက်သည်။ ထို့ကြောင့် သူက လုကျိုး၏ မေးခွန်းကို ကြားသည့်အခါ တွေဝေသွားခြင်း ဖြစ်၏။ သူက လုကျိုးအား မည်သို့ပြန်ဖြေရမှန်း မသိချေ။
လုကျိုးက မေးလိုက်သည်။
“ မင်းလည်း ငါ့ကို တရားခံလို့ ထင်နေတာမလား ”
“ ကျုပ် …. မထင်ရဲပါဘူး ”
ထိုစဉ် လုကျိုးက တင်းဖန်ချိုးဆီမှ သိစရာဘာမှမကျန်တော့မှန်း သိလိုက်သည်။ တင်းဖန်ချိုးက ထိုအကြံအစည်နောက်ကွယ်မှ လူကို သိသည့်ပုံမပေါ်ချေ။
‘သူတို့က လျှို့ဝှက်ချက်တစ်ခုကို ဆယ်စုနှစ်တစ်ခုအထိ သိမ်းထားနိုင်တယ်ဆိုတော့ အရည်အချင်းရှိသားပဲ။ သူတို့က သာမန်လူတော့ မဖြစ်နိုင်ဘူး’
ခဏအကြာ လုကျိုးက လက်ဝေ့ကာ ပြောလိုက်သည် “ သူ့ကို ခေါ်သွားလိုက် ”
“ဟုတ် ရှစ်စွင်း ” မင်ရှစ်ရင်က အရင်ဦးစွာ ပြန်ဖြေလိုက်သည်။
“ သူတို့ကိုရော ” ရှောင်ယွမ်အာက မြေပြင်ပေါ် လဲနေသည့် အတုနှစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုလူနှစ်ယောက်က တွမ့်မူရှန်းနှင့် မင်ရှစ်ရင် အယောင်ဆောင်ထားသူများ ဖြစ်ကြသည်။ သူမက လက်ညိုးထိုးလိုက်သည့်အခါ သူတို့က ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်သွားကြပြန်သည်။ သူတို့က ချက်ချင်း နောက်ဆုတ်ကာ ကျုံ့ထားမိလိုက်ကြ၏။
မင်ရှစ်ရင်၏ နှုတ်ခမ်းထောင့်စွန်းက အပေါ်ကွေးတက်သွားကာ “ ငါ့အယောင်ဆောင်တာတော့ ဟုတ်ပါပြီ။ ငါ့ရှစ်စွင်းကို အရှက်ခွဲထားတာဆိုတော့ သေခြင်းတရားကနေ လွတ်ဖို့ ခက်မှာပဲ”
“ အဲဆိုတော့ သူတို့ကို သတ်လိုက်ရမလား ”ရှောင်ယွမ်အာက မေးလိုက်သည်။
“ အမ် သူတို့ကို သတ်လိုက်တာကောင်းမယ်။ နှစ်ပိုင်း ဖြတ်ပစ်လိုက် … အဲဒါအကောင်းဆုံးပဲ ”
တွမ့်မူရှန်းက ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်သည်။
“မလုံလောက်သေးဘူး။ ရှစ်ပိုင်း ပိုင်းရအောင်။ တချို့ကျင့်ကြံသူတွေက အတော်လေး ဉာဏ်များတယ်။ သူတို့ကို တစစီလုပ်ပစ်မှ သေကြတာ ”
“ … ”
တင်းဖန်ချိုးက တုန်လှုပ်မှုကြောင့် စကားပင် မပြောနိုင်တော့ပေ။
‘ သူတို့က တကယ်ကို မိစ္ဆာတွေပဲ’
ဤနှစ်တွေမှာ သူတို့က သူတို့သွင်ပြင် အယောင်ဆောင်ခဲ့ကြသော်လည်း မိစ္ဆာများ၏ အဓိကအနှစ်သာရကို ကျွမ်းကျင်ဖို့ ကျရှုံးခဲ့ကြသည်။ နတ်ဆိုးပါးစပ်မှ ထွက်လာသည့် စကားတိုင်းက သူတို့အား ကြောက်ကြောက်လန့်လန့် ဖြစ်သွားစေသည်။
တင်းဖန်ချိုး၏ အမူအရာတို့က မှုန်မှိုင်းလာကာ သတ္တိစုစည်းပြီး ပြောလိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်း အယောင်ဆောင်တာ ကျုပ်အပြစ်တွေပါ။ ကျုပ်တစ်ယောက်တည်း အပြစ်မလို့။ သူတို့ကို လွှတ်ပေးပါ ”
မင်ရှစ်ရင်က အပြုံးလေးဖြင့် ပြောလိုက်သည်
“ခင်ဗျားက ကိုယ့်ဘာသာ အပြစ်ခံချင်နေတာပဲ။ ဟူး ကျုပ်ရှစ်စွင်းက သူတို့ကို ချမ်းသာပေးရင်တောင် သူတို့ ဆက်ရှင်သန်နိုင်မယ် ထင်နေလား။ သူတို့က စုန်းအတတ် ထောင်ချောက်မိပြီးသွားပြီ။ သူတို့ကျင့်ကြံဆင့်က မကြာခင် ပျက်စီးသွားမှာပဲ။ ဒီမှော်မန္တန်က ချိုးဖောက်ဖို့ ခက်တယ်။ ခင်ဗျားက ကျုပ်ရှစ်စွင်းဆီက အကူအညီ မတောင်းသရွေ့ပေါ့ ”
“ အာ …” တင်းဖန်ချိုး စိတ်ထဲ လေးလံသွားတော့သည်။ သူ့အနေနှင့် မိစ္ဆာဂိုဏ်းချုပ်အား အကူအညီတောင်းရန် သတ္တိမရှိပါချေ။
လုကျိုးက ထိုယင်ကောင်နှစ်ကောင်အား ဂရုမစိုက်ပေ။ သူ့လေးယောက်မြောက် တပည့် မင်ရှစ်ရင် ပြောသည်က မှန်ပေသည်။ အတုနှစ်ယောက်က သေဖို့များသည်။ သူက ကောင်းကင်ကြီးဆီ မော့ကြည့်ကာ ‘ အချိန်ရောက်တော့မယ် ’
လုကျိုးက ပိအန်းကို ခေါ်တော့မည့်ဆဲဆဲတွင် မိုးကုပ်စက်ဝန်းဆီမှ သူ့ဆီ ပျံသန်းလာနေသည့် စာပို့ငှက်ကို မြင်လိုက်ရသည်။
ရှောင်ယွမ်အာက ချက်ချင်း မှတ်မိလိုက်၏။ သူမက လက်ကို မြှောက်လိုက်သည့်အခါ စာပို့ငှက်လေးက စာကို နာနာခံခံ ချပေးသွားသည်။
“ ရှစ်စွင်း ဒါက ဟိုအရှက်မဲ့တဲ့လူဆီက စာပဲ ”
လုကျိုးက ရှောင်ယွမ်အာသည် ‘ အရှက်မဲ့တဲ့လူ’ က မည်သူကို ရည်ညွှန်းမှန်း တန်းသိလိုက်သည် “ ဖတ်လိုက် ”
ရှောင်ယွမ်အာက စာကို ဖွင့်ကာ ခပ်ကျယ်ကျယ်ဖတ်လိုက်သည်။
“ ချန်ပေ့က ကျုပ်ကို ယွီလုံရွာအကြောင်း စုံစမ်းဖို့ ပြောထားပေမဲ့ အချိန်တော့ ယူရလိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံးသတင်းကိုတော့ ပေးနိုင်တယ်။ ကျောက်စိမ်းယဇ်ပလ္လင်ဆီ မသွားတာ အကောင်းဆုံးပဲ။ ချန်ပေ့ရဲ့ ရှစ်ယောက်မြောက်တပည့် မကောင်းဆိုးဝါးဘုရင်က ကျောက်စိမ်းယဇ်ပလ္လင် အပြင်ဘက်မှာ စောင့်နေတယ်။ ဒါနဲ့ ကျုပ်ကို ကတိပေးထားတဲ့ ဓားက ဘယ်လောက် ကောင်းလဲ ”
ရှောင်ယွမ်အာက စာကို ဖတ်ပြီးသည့်နောက် မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့၏ အမူအရာက ချဉ်စုတ်စုတ် ဖြစ်လာလေသည်။
“လောင်ပါ့ တစ်ယောက် နောက်ဆုံးအကြိမ်တုန်းက မလုံလောက်သေးဘူး ထင်တယ်။ သူ့ကျင့်ကြံဆင့်လေးနဲ့ ရှစ်စွင်းကို စောင့်ပြီး တိုက်ရဲရတာလဲ ”
“ အဲဒီ ဆရာကို စော်ကားတဲ့ ငမိုက်သားတော့ ကျွန်တော်ကိုယ်တိုင် အရှင်လတ်လတ် အရေသွားခွာခဲ့မယ်”
လုကျိုးက လက်မြှောက်ကာ သူ့တပည့်များ ပြောနေသည့် စကာအား ဖြတ်ပြောလိုက်သည်။
“လောင်ပါ့က အမြဲတမ်း အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်တတ်သူဆိုတော့ သူ့စွမ်းရည်လေးနဲ့ ငါ့ကို လုပ်ကြံရဲလောက်အောင် သတ္တိရှိမှာ မဟုတ်ဘူး ”
မင်ရှစ်ရင်က နားမလည်စွာ မေးလိုက်သည် “ အဲဆို သူက ကျောက်စိမ်းယဇ်ပလ္လင်မှာ ဘာလုပ်ချင်နေတာလဲ ”
“ သမာသမတ်ဂိုဏ်းက ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ အဖွဲ့ဝင်အဖြစ် အမြဲယူဆထားတာလေ။ လောင်ပါ့က မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်သွားပေမဲ့ ဖြောင့်မတ်ခြင်းလမ်းစဉ်က ဒီလိုတွေးမှာ မဟုတ်ဘူး။ ငရဲဂိုဏ်း၊ မဟူရာကွန်ယက် နဲ့ လောင်ပါ့ရဲ့ ကျားတောင်ရိုးဂိုဏ်းက သူတို့ပစ်မှတ်ပဲ။ လောင်ပါ့က ဒီအခွင့်အရေးနဲ့ လက်စားချေဖို့ ကြိုးစားနေတာ ဖြစ်မယ် ” တွမ့်မူရှန်းက အကြောင်းအရာကို ယုံကြည်ချက်ရှိရှိ စစ်ထုတ်ကာ ပြောလိုက်သည်။
“ရှစ်ရှိုးပြောတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ လောင်ပါ့က ဒီလောက်သတ္တိမရှိဘူးလို့ ထင်တုန်းပဲ။ နောက်ကွယ်ကလူက ချီရှစ်တိပဲ ဖြစ်ရမယ်” မင်ရှစ်ရင်က ပြောလိုက်သည်။
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ “လောင်ပါ့ရဲ့ ဂိုဏ်းက ဘယ်လောက်အားကောင်းလဲ ”
မင်ရှစ်ရင်က ခေါင်းညိတ်ပြီး “ လောင်ပါ့ရဲ့ စွမ်းအားက စကားထဲ ထည့်ပြောစရာ မလိုပေမဲ့ သူ့စကားကို နားထောင်တဲ့ လက်အောက်ငယ်သားတွေတော့ ရှိတယ်။ သူတို့က လမ်းပေါ်မှာ နေရာအနှံ့ ရှိတယ်။ ဒီလောကမှာ ကြောက်စရာအကောင်းဆုံးက ကျင့်ကြံဆင့် မြင့်မားတဲ့ ကျင့်ကြံသူတွေ မဟုတ်ဘဲ လူတွေရဲ့ စိတ်ပဲ။ စစ်ပွဲကသာ တကယ်ကြောက်ဖို့ အကောင်းဆုံး ”
ဤသည်မှာ ရှေးခေတ်အခါကတည်းက ဖြစ်၏။ ကျင့်ကြံသူများကြားက တိုက်ပွဲမှာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိသော်လည်း ပြည်သူများပါ ပါလာသည့် စစ်ပွဲက အသက်များဆုံးရှုံးကြသည်။
ရှောင်ယွမ်အာက ဝင်ဖြတ်ပြောလိုက်၏ “ ပါ့ရှစ်ရှိုးက စစ်ပွဲစဖို့ လုပ်နေတာလား ”
လုကျိုးက ခေါင်းခါလိုက်သည်။ ထို့နောက် သူက လက်အသာဝေ့ကာ “ မင်းတို့အားလုံး ကျောက်စိမ်း ယဇ်ပလ္လင်ဆီ ငါနဲ့လိုက်ခဲ့ကြ ”
“ ဟုတ် ရှစ်စွင်း ”တွမ့်မူရှန်း၊ မင်ရှစ်ရင်နှင့် ရှောင်ယွမ်အာက တစ်ပြိုင်နက် ဖြေလိုက်ကြသည်။
…
အခန်း (၁၀၇) လောင်ပါ့ လူလိမ်
လုကျိုးက ပိအန်းကိုအချက်ပြလိုက်သည်။ ရက်စက်ကြမ်းကြုတ်ပြီးကြောက်မက်ဖွယ်ကောင်းသော ပိအန်းက ချက်ချင်းပင် အင်မတန်သိမ်မွေ့ကျိုးနွံသွား၏။ သူ၏အစွယ်များကို ရုပ်ကာ ခန္ဓာကိုယ်ကို နှိမ့်ပေးလိုက်သည်။
လုကျိုးက ပိအန်း၏နောက်ကျောပေါ်အလွယ်တကူ ခုန်တက်လိုက်၏။ “ယွမ်အာ”
“လာပါပြီ” ရှောင်ယွမ်အာက သူမသည် စီးတော်ယာဉ်ပေါ်တက်ခွင့်မရှိဟုတွေးနေခဲ့တာပဲဖြစ်သည်။ သူမက ပိအန်းပေါ်အမြန်ခုန်တက်လိုက်၏။
ထိုစဉ် မင်ရှစ်ရင်က ဒဏ္ဍာရီလာစီးတော်ယာဉ် နတ်ခြင်္သေ့ကို သတိရသွားသည်။ သူက မဝံ့မရဲပြောလိုက်တော့၏။ “ရှစ်စွင်း ကျွန်တော်တို့ကကော”
“သူ့ကို မင်းတို့နဲ့အတူခေါ်လာပြီး မင်းတို့ဘာသာပြန်လာခဲ့” လုကျိုးက ထူးမခြားနားပြောလိုက်ပြီး တင်းဖန်ချိုးကို လက်ညှိုးထိုးပြလိုက်သည်။
“...”
မင်ရှစ်ရင်က သူ့ဆရာ၏အဖြေကြောင့် မှင်သက်နေစဉ် လုကျိုးက ပိအန်းကို ထွက်ခွာရန်အမိန့်ပေး လိုက်ပြီး ပိအန်းက လေထဲသို့ခုန်တက်သွားတော့၏။ သူတို့က မိုးကုတ်စက်ဝိုင်းအတွင်း လေပြင်းတစ်ချက်ပမာ ပျောက်ကွယ်သွားရန် အချိန်သိပ်မကြာလိုက်ပေ။ သူက တစ်ချက်နောက်ကျ သွားပြီးနောက် အရိုအသေပေးကာ ပြန်ပြောလိုက်သည်။ “ဟုတ်ကဲ့ ရှစ်စွင်း။ ကျွန်တော့်ဘာသာ ပြန်လာခဲ့ပါ့မယ်”
တွမ့်မူရှန်းက ခေါင်းခါပြီးနောက်ပြောလိုက်သည်။ “ငါ့ကို မကြည့်နဲ့။ ငါ ငါ့ဘာသာငါပြန်မှာ”
“စန်းရှစ်ရှိုး အဲ့ဒီလို ဆိုလိုတာမဟုတ်ဘူး။ ရှစ်ရှိုးရဲ့ ခွန်အားနဲ့ကျင့်ကြံဆင့်က ကျွန်တော့်ထက် ပိုကောင်းတယ်။ ကျွန်တော့်ထက်ပိုမြန်တာပဲ။ ဒါကြောင့် ဒီလူကို ခေါ်သွားသင့်တယ်။ ဒါဆိုရင် ရှစ်စွင်းအတွက် ကျွန်တော်တို့တွေက ဝန်ထုပ်ဝန်ပိုးဖြစ်တော့မှာ မဟုတ်တော့ဘူး” မင်ရှစ်ရင်က ပြုံးပြီးပြောလိုက်သည်။
တွမ့်မူရှန်းက သူ၏မေးစေ့ကို ပွတ်လျက်ပြောလိုက်၏။
“မင်းပြောတာ အဓိကကျတာပဲ။ ဒီလိုဆိုမှတော့ ငါ့ရဲ့ နယ်ရှင်လှံကို သယ်လာခဲ့”
သူကပြောပြီးသည်နှင့် မင်ရှစ်ရင်အား နယ်ရှင်လှံကို ပေးလိုက်သည်။ ပြီးနောက် တင်းဖန်ချိုးကို ဆွဲခေါ်ကာ လက်တစ်ဖက်ဖြင့် တင်းဖန်ချိုးကို မပြီးနောက် ကောင်းကင်ထဲသို့ ခုန်တက်သွားတော့၏။
“အမ်း ညီလေး မင်းက ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ”
“ဘာမှ မဟုတ်ဘူး။ ကျွန်တော် အခုချက်ချင်းလာပြီ” မင်ရှစ်ရင်သည် သူ၏ကနဦးချီများကို လှည့်ပတ်လျက် လေထဲခုန်တက်လိုက်သည်။ သူက အသက်ရှူနေစဉ် ရေရွတ်ပြောလိုက်၏။
ဒီတုတ်နဲ့ပဲ အဆုံးသတ်သေးတာကိုး။
နယ်ရှင်လှံသည် အနဲဆုံး တစ်ရာကတ္တီခန့်လေးပေ၏။ ယင်းကို ရှစ်စွင်းက အသိအမှတ်ပြုထားပြီး ကောင်းကင်အဆင့်လက်နက်ကို အသက်သွင်းလိုက်ပြီးနောက် သူ၏အရည်အသွေးက တိုးတက်လာ ပြီး အလေးချိန်ကလည်း အဆပေါင်းများစွာတိုးလာတော့၏။
မင်ရှစ်ရင်က သက်ပြင်းချပြီး သူ့ဘာသာသူတွေးလိုက်သည်။
“ငါ တင်းဖန်ချိုးကို သယ်သွားရင် ပိုကောင်းမှာကို”
ထိုစဉ် ဆိပ်ခံတံတားကလည်း အပြည့်အဝ တိတ်ဆိတ်သွားတော့သည်။ ပိအန်းထွက်သွားပြီးမှ ဆင်ဘုရင်သည် ခြေကြွနိုင်တော့တာပဲဖြစ်သည်။ သူက တင်းဖန်ချိုး၏ တပည့်နှစ်ဦးဆီ လျှောက်သွားလိုက်၏။ မကြာမီ၌ ရှေ့သို့ တစ်လှမ်းတိုးသွားစဉ် စုန်းထောင်ချောက်က ထျန်းကျန့်မြစ်၏ မျက်နှာပြင်ပေါ်သို့ ရုတ်တရက် ပေါ်ထွက်လာ၏။ ယင်းက အတန်ကြာ တောင့်ခဲသွားပြီးနောက် အမြီးကုပ်ကာ တောအုပ်ထဲဝင်ပြေးတော့သည်။
ထပ် ထပ် ထပ်
မမှန်းဆနိုင်သော အရှိန်ဖြင့်ပြေးကာ တောအုပ်ထဲတွင် ပျောက်ကွယ်သွားတော့၏။
မြစ်၏အပေါ်ယံရှိစုန်းထောင်ချောက်က အရှိန်တို့တိုးလာလေသည်။ တင်းဖန်ချိုး၏ တပည့်နှစ်ဦး အပါအဝင် ဆိပ်ခံတံတားတစ်ခုလုံးကို လွှမ်းမိုးသွားရန် အချိန်သိပ်မကြာလိုက်ချေ။
ထိုစဉ် လုကျိုးနှင့်ရှောင်ယွမ်အာကမူ ပိအန်း၏ နောက်ကျောပေါ်တွင်ထိုင်လျက် ကျောက်စိမ်း ယဇ်ပလ္လင်ဆီသို့ ခရီးဆက်နေကြပြီဖြစ်သည်။
“ရှစ်စွင်း တပည့်တို့တွေ ရှစ်ရှိုးတို့ကိုစောင့်သင့်လား” ရှောင်ယွမ်အာက မေးလိုက်၏။
“မလိုဘူး” ပိအန်း၏အရှိန်ဖြင့်ဆို အလွန်ဆုံးမှာ ကျောက်စိမ်းယဇ်ပလ္လင်ကို ရောက်ရန် အချိန်လေးနာရီသာ ယူရမှာဖြစ်သည်။ သူ၏အတွေးများကို အစီစဉ်တကျဖြစ်စေရန် အချိန်တချို့ လိုချင်ပြီး ကြိုမမြင်ရသည့် ဖြစ်ရပ်များအတွက် ပြင်ဆင်ထားချင်၏။ သူက စနစ်မျက်နှာပြင်ကို ဖွင့်လိုက်ရာ သူ့တွင်ယခု ကုသိုလ်အမှတ် ၄၈၁၂ ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
“အသုံးပစ္စည်းတွေ” လုကျိုးက စိတ်ထဲခေါ်လိုက်၏။ မျက်နှာပြင်ပေါ်လာချိန်တွင် သူက မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။
အသေရိုက်ချက်ကတ်က ယခု အမှတ်ခြောက်ရာဖြစ်၏။
“လခွမ်း” လုကျိုးသည် ထိုအရာကိုမြင်သောအခါ မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။
“ဘာဖြစ်လို့လဲ ရှစ်စွင်း။ တစ်ယောက်ယောက်က ရှစ်စွင်းကို ဒေါသထွက်အောင်ထပ်လုပ်ပြန်ပြီလား။ သူ့ကို ဖမ်းပြီး ရှစ်ပိုင်းဖြတ်ပစ်မယ်” ရှောင်ယွမ်အာက ပတ်ဝန်းကျင်ကို လှည့်ကြည့်သည့်အချိန်တွင် လုကျိုးဒေါသတကြီး ကျိန်ဆဲတာကို တွေ့လိုက်ရ၏။
လုကျိုးက သူ၏သတိတရားတို့ကို ပြန်ထိန်းလျက် လက်ကိုယမ်းလိုက်တော့သည်။ သူ့ဘာသာသူ ဆက်လက်တွေးနေ၏။
အသေရိုက်ချက်ကတ်ရဲ့တန်ကြေးက မြင့်လာပြီ ဒါပေမဲ့ စင်းလုံးချော ကတ်ရဲ့တန်ကြေးက အမှတ်ငါးရာပဲရှိသေးတယ်။ ဈေးနှုန်းကွာဟချက်က ဝယ်ယူနိုင်တဲ့ အကြိမ် အရေအတွက်နဲ့ သက်ဆိုင်နေတာပဲဖြစ်ရမယ်။ ဖြစ်နိုင်တာက အဲဒီကတ်တွေက သိပ်အစွမ်းထက် လွန်းတာကြောင့် ကန့်သတ်ချက်အနေနဲ့ ဈေးတွေကို တိုးဖို့စနစ်ကတွေးနေတာလား။
ယခင်က လုကျိုးသည် အသေရိုက်ချက်ကတ်ကို မကြာခဏအသုံးမပြုခဲ့ချေ။ ထို့ကြောင့် တန်ကြေး၏ တိုးမြှင့်မှုကို မဖြစ်ပေါ်စေခဲ့ပေ။ ထင်သည့်အတိုင်းပင် ထိုကဲ့သို့ အစွမ်းထက်သော ကတ်များကို လက်ဝယ်ပိုင်ဆိုင်ထားတာပဲဖြစ်သည်။ ဆိုရလျှင် တန်ကြေးက အမှတ်ငါးရာတွင် ရှိနေပါက သူသည် အသေရိုက်ချက်ကတ်တစ်ကတ်ရှိလျှင် သူတစ်ဦးတည်းဖြင့် မိုးအောက်မြေပြင်တွင် နေ့စဉ်နေ့တိုင်း နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်လက်ရွေးစင်များကို သတ်ဖြတ်နိုင်ပေသည်။ ထိုနည်းဖြင့် သူ အသုံးပြုခဲ့သည့် ကုသိုလ်မှတ်အရေအတွက်ကို နှစ်ဆတောင်ရနိုင်ပေ၏။
ထင်တဲ့အတိုင်းပဲစနစ်က ငါ့ကို ဒီဟာကွက်တွေဖြည့်ခွင့်မပေးဘူး။ ကံကောင်းတာက တန်ကြေးက သိပ်မမြင့်လို့ ငါဒါကိုလက်ခံနိုင်သေးတယ်။
လုကျိုးက မှတ်စုချမှတ်ပြီးနောက် အသုံးပစ္စည်းကတ်များ အပေါ်တွင် သိပ်မမှီခိုမိစေရန် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထား၏။ မကြာမီ၌ သူ၏ခွန်အားကို တိုးတက်အောင်လုပ်ရပေမည်။ စိတ်ထဲတွင် ထိုအတွေးဖြင့် လုကျိုးက လိုလိုမယ်မယ်နောက်ထပ် အသေရိုက်ချက်ကတ်တစ်ကတ်ကို ဝယ်လိုက်သေးသည်။
ဒါပြီးရင် အသေရိုက်ချက်ကတ်တွေကို သုံးဖို့စိတ်ထဲမှာပိုသတိထားရတော့မယ်။ ဒီလိုဆိုတော့ နောင်ကျ ခုခံခြင်းအသုံးပစ္စည်းကတ်တွေကို သုံးစသင့်ပြီပဲ။
လုကျိုးကဆွဲချလိုက်၏။ ကတ်အသစ်များက အသုံးပစ္စည်းကတ်နေရာတွင် ပေါ်လာတော့သည်။
“သေရေးရှင်ရေး ကုသခြင်း။ ဒဏ်ရာကို သုံးဆယ်ရာခိုင်နှုန်းကုသပေး၏။ တန်ကြေး ကုသိုလ်အမှတ်သုံးရာ”
“မိုးကြိုးပေါက်ကွဲခြင်း။ မိုးကြိုးစွမ်းအင် ကနဦးချီကို ထုတ်ဖော်ပေးသည်။ ရိုက်ချက်နှုန်း ငါးဆယ် ရာခိုင်နှုန်း။ ထိခိုက်သည့်နှုန်း သုံးဆယ်ရာခိုင်နှုန်း။ သေစေနိုင်သည့်နေရာထိခိုက်သည့်နှုန်း တစ်ဆယ်ရာခိုင်နှုန်း။ သတ်ဖြတ်သောနှုန်း တစ်ရာခိုင်နှုန်း။ တန်ကြေး ကုသိုလ်မှတ်တစ်ရာ”
ဒါတွေက အသုံးမဝင်ဘူးပဲ။ ငါ့ရဲ့လက်ရှိအရည်အချင်းနဲ့ အခုဆို ငါ့ကို ဘယ်သူက ထိခိုက်အောင် လုပ်နိုင်မှာလဲ။ အသုံးမဝင်တဲ့ကတ်တွေပဲ။ ဒုတိယကတ်ကတော့ ပိုတောင် အသုံးမဝင်ဘူး။ သတ်ဖြတ်နိုင်တဲ့နှုန်း တစ် ရာခိုင်နှုန်းပဲကို ကုသိုလ်အမှတ်တစ်ရာနဲ့ရောင်းနေသေးတယ်။ အသေရိုက်ချက်ကတ်နဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ အသုံးမဝင်လိုက်တာ။
အသစ်ပေါ်လာသော အသုံးပစ္စည်းကတ်များက ပိုပိုပြီး အသုံးမဝင်လာတာကို လုကျိုးရှာဖွေတွေ့ရှိလိုက်၏။ သုတေသနပြုလုပ်ပြီးနောက် စိတ်ဝိညာဉ်သဏ္ဌာန်များ ဝယ်ယူသည်မှအပ ကံစမ်းမဲများက ကုသိုလ်မှတ်များကို သုံးရခြင်း၌ ပိုပြီးထိုက်တန်နေပုံရသည်။ သို့သော် ယခုကံစမ်းရန် ကြိုးစားရမည့်အချိန်မဟုတ်ပေ။
“ရှစ်စွင်း ကျွန်မတို့တွေ ကျောက်စိမ်းယဇ်ပလ္လင်ကို ရောက်ခါနီးပြီ” ရှောင်ယွမ်အာက အဆောက်အဦကြီးကို လက်ညှိုးထိုးပြလိုက်၏။ အဆောက်အအုံထက်တွင် လုံးဝန်းသော ကျောက်စိမ်းယဇ်ပလ္လင်ရှိနေသည်။ မိုးနှင့်မြေကြား၌ ရပ်တည်နေသော အမွှေးနံ့သာအိုးနှင့် တူနေပေ၏။
သမာသမတ်ဂိုဏ်းက ကောင်းကင်ကို ကိုးကွယ်ပြီး မြေပြင်ကို အလေးထားသည်။ သူတို့က တပည့်များ၊ သို့မဟုတ် သူတို့ကျင့်စဉ်များ၊ ပညာရပ်များကို သင်ကြားပေးရန် တံခါးဖွင့်ကြိုဆိုသည့် အချိန်တိုင်းတွင် ကျောက်စိမ်းယဇ်ပလ္လင်၌ ပြုလုပ်ကြ၏။ ကျောက်စိမ်းယဇ်ပလ္လင်က ဘေးပတ် ပတ်လည်တွင် သိပ်သည်းသော တောအုပ်ဖြင့် ဝန်းရံခံထားရသည်။
“အရှေ့အရပ်ကိုသွား” လုကျိုးက အမိန့်ပေးလိုက်သည်။
“ရှစ်စွင်း တပည့်တို့တွေ ဘာကြောင့် အရှေ့အရပ်ကို သွားမှာလဲ” ရှောင်ယွမ်အာက သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်၏။
“လူလိမ်ကျူးဟုန်ကုန်းက အဲ့ဒီမှာ စောင့်နေတယ်ဆိုမှတော့ သူ့ကို ဖမ်းဖို့ဒီအခွင့်အရေးကို ငါ သုံးရမှာပေါ့”
ရှောင်ယွမ်အာသည် အစာကောက်နေသည့် ကြက်ပေါက်လေးပမာ ခေါင်းငြိမ့်လိုက်တော့၏။ “အဲ့ဒီ သစ္စာဖောက်ကို သင်ခန်းစာပေးဖို့ ရှစ်စွင်းအတွက်ကူညီမယ်”
ပိအန်းသည် မယုံနိုင်စရာကောင်းသည့် အရှိန်ဖြင့်လှုပ်ရှားလိုက်၏။ မျက်တောင်တစ်ခတ် အတွင်းတွင် သူတို့က ကျောက်စိမ်းယဇ်ပလ္လင်၏ အရှေ့ဖက်ခြမ်းရှိတောအုပ်ထဲသို့ ရောက်လာကြသည်။
လောင်ပါ့၏နောက်လိုက်နောက်ပါများက အဆင့်နိမ့်ကျင့်ကြံသူများနှင့် လူသားများသာဖြစ်သည်။ သူတို့က ကျောက်စိမ်းယဇ်ပလ္လင်ကို ဖြိုလှဲချင်လျှင် သူတို့ဉာဏ်ရည်ကို အသုံးပြုရမည်။ သို့သော် လောင်ပါ့အဖို့ တစ်ပါးသူကို အကောက်ကြံနိုင်ရန်က ပြောဖို့တောင်မြင့်မားလွန်းနေသည်။ ထိုအကြောင်းပြချက်ကြောင့် နောက်ကွယ်ကနေ အမိန့်ပေးညွှန်ကြားနေသည့်သူက စီဝူယာဆိုတာ လုကျိုးသေချာနေသည်။
ကျောက်စိမ်းယဇ်ပလ္လင်သည် မြင့်မားပြီး သီးခြားဆန်၏။
“ဒီလိုဆိုတော့ မီးက လှုပ်ရှားဖို့အကောင်းဆုံးပဲ။ တောအုပ်၏အရှေ့ဖက်ခြမ်းက မီးစတင်ရန် နေရာကောင်းဖြစ်သည်။ လုကျိုးက စိတ်ပြင်ဆင်ပြီးသည်နှင့် ပိအန်းကို အဓိကနေရာဆီ သွားခိုင်းလိုက်သည်။
ဘန်း ဘန်း ဘန်း ဘန်း
ထိုစဉ် တောအုပ်ထဲ၌ ပြင်းထန်သည့် တိုက်ခိုက်သံများကို ကြားနေရ၏။
“ဟမ်” လုကျိုးက ရပ်တန့်လိုက်ကာ သံသယဖြစ်လာသည်။
“ရှစ်စွင်း သူတို့က စတိုက်ခိုက်နေကြပြီ” ရှောင်ယွမ်အာသည် သစ်ပင်များကြားရှိ ကျင့်ကြံသူများကို လက်ညှိုးထိုးပြလိုက်၏။
သူတို့က အဆင့်နိမ့်ကျင့်ကြံသူများဖြစ်ကြသည်။ ထိခိုက်စေရန် သူတို့၏လုပ်နိုင်စွမ်းက အကန့်အသတ်သာရှိသည်။
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်သည်။ “လူလိမ်ရဲ့အစီအစဉ်ကို မြင်နိုင်သလိုပဲ”
ယခုဆို ရှောင်ယွမ်အာက စိတ်မရှည်လက်မရှည်ပုံပေါ်နေပြီး ပြောလိုက်၏။
“ရှစ်စွင်း မြန်မြန်ဆင်းကြရအောင်။ တပည့်သွားတိုက်ခိုက်ချင်တယ်”
“အရိုအသေမဲ့လိုက်တာ” လုကျိုးက အသံမြှင့်လိုက်၏။ ငါ ဒီကောင်မလေးကို နောက်ပိုင်း အလိုလိုက်တာများနေတာပဲဖြစ်ရမယ်။ ပိုပိုပြီး စည်းကမ်းမဲ့လာတယ်။
လုကျိုးက အသံမြှင့်လိုက်ချိန်၌ ရှောင်ယွမ်အာ၏ ပခုံးကကျုံ့သွားကာ နာခံစွာပြောလိုက်၏။
“တပည့်မှားပါတယ်”
ဘန်း ဘန်း ဘန်း
တိုက်ပွဲက ဖရိုဖရဲဖြစ်နေသည်။ တိုက်ပွဲတွင် ကျင့်ကြံသူများစွာ ပိုမိုပါဝင်လာတော့၏။ ကျောက်စိမ်းယဇ်ပလ္လင်၏ တပည့်များက အဖွဲ့ငယ်လေးများထဲတွင် ပေါ်လာပြီး သူတို့က အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ အတိုက်အခိုက်ပြုချိန်က သူတို့သေဆုံးနှုန်းကို တိုးစေသည်။
လုကျိုးက သက်ဆင်းတော့မည့်အချိန်တွင် ဇက်ကျိုးလောက်သည့်အရှိန်ဖြင့် ပုံရိပ်နှစ်ရိပ်က သူ့ကို ကျော်တက်သွားတော့သည်။ ပုံရိပ်တစ်ခုက နောက်ထပ်ပုံရိပ်တစ်ခုထက်မြန်နေပေ၏။
လုကျိုးက ထိုပုံရိပ်များထဲမှ တစ်ခုကို ချက်ချင်းမှတ်မိသွားသည်။ ဦးဆောင်လာသည့်သူက မိစ္ဆာဝေဟင်မျှော်နန်း၏ အဌမမြောက်တပည့် ကျူးဟုန်ကုန်းပင်ဖြစ်သည်။ သူသည် ကျူးဟုန်ကုန်းကို ရှာဖွေရန်အတွက် ဝေးလံစွာသွားရမည်ဟု ထင်ခဲ့သော်ငြား ကျူးဟုန်ကုန်းက သူ့ရှေ့သို့ သူကိုယ်တိုင်အရောက်လာပို့တော့သည်။
“လူလိမ်” လုကျိုးက တွေဝေမနေဘဲ ချုပ်နှောင်ခြင်းလှောင်အိမ်ကတ်ကို အသုံးပြုလိုက်၏။ ရွှေရောင်လှောင်အိမ်ကို သူ၏လက်ဖဝါးထဲမှ ပစ်ထုတ်လိုက်ကာ ချက်ချင်းပြုတ်ကျသွားတော့သည်။
တစ်ချိန်ထဲတွင် လောင်ပါ့ကျူးဟုန်ကုန်းက ထူးဆန်းသည့်အန္တရာယ်ရှိသော စွမ်းအားသူ့နား နီးကပ်လာတာကို ရုတ်တရက်ခံစားမိလိုက်သည်။ အလိုလိုမော့ကြည့်လိုက်ပြီး သူ၏စိတ်က ဗလာကျင်းသွားတော့၏။ “မ မဖြစ်နိုင်တာ။ ရှစ်စွင်း ငါတော့သေပြီပဲ”
…
အခန်း (၁၀၈) ဖမ်းဆီးမှုနှင့် ကံစမ်းမဲ
အကယ်၍ လူတစ်ယောက်က ကံဆိုးနေလျှင် ရေအေးသောက်လျှင်ပင် သွားကြားညှပ်နေမည် ဖြစ်၏။ ကျူးဟုန်ကုန်က ယခု အလွန်ကံဆိုးနေကြောင်း ခံစားမိလာသည်။ သူက ကျောက်စိမ်းယဇ်ပလ္လင်တွင် သူ့ရှစ်စွင်းနှင့် ဆုံရလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် အံ့ဩတုန်လှုပ်သွားသည်မှာ ပုံမှန်သာ ဖြစ်သည်။
တစ်ချိန်တည်းတွင် ကျူးဟုန်ကုန်းနောက် လိုက်ဖမ်းနေသည့် ကျင့်ကြံသူများက ရပ်ကာ ကြည့်လိုက်ကြသည်။
ကျူးဟုန်ကုန်းဆီ လေးထောင့်စက်စက် လှောင့်ချိုင့်တစ်ခု လေထဲမှ ကျရောက်လာလေ၏။
‘ ငါတော့ ထိတော့မယ် တူတယ်။ ငါ့ကံကောင်းနေတယ်’
လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ သူက ရေရွတ်လိုက်သေး၏။
“ ငါ ကံစမ်းမဲ စမ်းကြည့်သင့်တာ ”
“ ရှစ်စွင်း ဘာကံစမ်းကြည့်တာတုံး ”
လုကျိုးက ရှောင်ယွမ်အာကို လျစ်လျူရှုထားလေသည်။ သူက ချုပ်နှောင်လှောင်ချိုင့်ကတ်အပေါ်သာ အပြည့်အဝ အာရုံစိုက်ထားလိုက်သည်။ လှောင်ချိုင့်က ရုတ်တရက် ကြီးမားလာပြီးနောက် စိုက်ဆင်းလာကာ လုံးဝ ပျောက်ကွယ်သွားကြောင်း မြင်လိုက်ရသည့်အခါ သူ မသိမသာ မျက်မှောင်ကြုတ်မိသွားသည်။ ဟုတ်ပေသည်။ အမှန်တကယ် ပျောက်ကွယ်သွားခြင်း ဖြစ်၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ကျင့်ကြံသူတို့လည်း ကြောင်အမ်းသွားကြသည်။
လုကျိုး၏ အမူအရာမှာ မှုန်မှိုင်းလာလေ၏။ ထိုကတ်က ကုသိုလ်ရမှတ် ၂၀၀ ကျသင့်ပြီး ဤအတိုင်း ဆုံးရှုံးသွားလေပြီ။
‘ နောက်တစ်ခု ထပ်သုံးသင့်လား။ ငါ လွဲသွားရင် ဘယ်လိုလုပ်မလဲ။ ဒီကတ်က ထိနိုင်ခြေ ၃၀ ရာခိုင်နှုန်းပဲ ရှိတာဆိုတော့ ခဏတိုင်း ထပ်ကာ ထပ်ကာ လွဲနေရင် ငါ ကုသိုလ်ရမှတ်အများကြီး ဖြုန်းတီးသလို ဖြစ်မသွားဘူးလား ’
လုကျိုးက စဉ်းစားနေစဉ် လောင်ပါ့ ကျူးဟုန်ကုန်းက ပျော်ရွှင်သွားလေသည်။ သူက သူ့ဘာသာ ရေရွတ်လိုက်၏။
“ကြည့်ရတာ ရှစ်စွင်းက ငါ့ကို တမင် လွှတ်ပေးလိုက်တာနေမယ်”
‘ မြန်မြန် ပြေးရမယ်’
ကျူးဟုန်ကုန်းက တောအုပ်အတွင်း လျှပ်စီးအလား ဝင်ရောက်သွားတော့သည်။ သူ့အမြန်နှုန်းက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူနှင့်ပင် ယှဉ်နိုင်လေသည်။
လုကျိုးတွင် ဒဏ္ဍာရီလာ စီးတော်သားရဲ ပိအန်း ရှိသည်။ အကယ်၍ သူသာ လိုက်ဖမ်းပါက ကျူးဟုန်ကုန်းအား အသာလေး ဖမ်းနိုင်သည်။ ပြဿနာမှာ သူက လောင်ပါ့ကို ဖမ်းဆီးလိုလျှင် အသုံးပစ္စည်းကတ် ထုတ်သုံးဖို့ လိုအပ်နေခြင်း ဖြစ်၏။ ရှောင်ယွမ်အာက အားကောင်းသော်လည်း လောင်ပါ့နှင့် ရင်ဆိုင်ဖို့အထိ မသန်စွမ်းသေးပေ။ ထို့အပြင် သူက လက်ရှိ အခြေအနေကို ကောင်းကောင်းဖမ်းဆုပ်မိသည်။ သူက ကာကွယ်မှုအတွက် ရှောင်ယွမ်အာအား ဘေးနားခေါ်ထားဖို့ လိုအပ်နေသည်။ ကံစမ်းမဲက ပေးသည့် စိတ်ဒဏ်ရာမှ ဆိုးဆိုးရွားရွား ခံစားချက်မျိုး ရနေမိသည်။
‘ ထားလိုက်တော့ … နောင်တစ်ခါမှ ဖမ်းတာပေါ့။ ဒီကောင်စုတ် ကံကောင်းသွားတယ်။ နောင်ကျ ငါ့ကံကို မစမ်းခင် သူ့ကို အရင်ဖမ်းရမယ် ’
အကယ်၍ လုကျိုးသာ ကျူးဟုန်ကုန်းကို ဖမ်းလိုလျှင် မခက်ခဲပေ။ သူက လောကတွင် အချိန်နှင့် အခွင့်အရေးများ ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ သူ့တွင် အရေးကြီးကိစ္စ ရှိနေသောကြောင့် ကျူးဟုန်ကုန်းအား ခဏတာ လွှတ်ပေးထားလိုက်မည်။
“ ရှစ်စွင်း ရှစ်စွင်း .. မြန်မြန် သစ္စာဖောက် ထွက်ပြေးသွားပြီ” ရှောင်ယွမ်အာက စအော်တော့သည်။
“ ကိစ္စမရှိဘူး” လုကျိုးက လက်အသာဝှေ့ကာ “ ငါလည်း တခြားလုပ်စရာ ရှိသေးတယ် ”
“အိုး” ရှောင်ယွမ်အာက ကျူးဟုန်ကုန်း ထွက်ပြေးသွားရာ တောအုပ်သို့ နှမြောတသဖြင့် ကြည့်လိုက်သည်။
လုကျိုးက အစိမ်းရောင်ကျောက်စိမ်းယဇ်ပလ္လင်ဆီ သွားတော့မည့်အချိန် ကျူးဟုန်ကုန်းနောက် လိုက်ဖမ်းသော ကျင့်ကြံသူက လှမ်းခေါ်လိုက်သည်။
“ ဆရာကြီး ”
လုကျိုးက လှည့်ကြည့်လိုက်သည် “ မင်းလား ”
ထိုအမျိုးသားက တိုက်ပွဲအနား ရပ်နေလေသည်။ သူ့ဆီမှ မောက်မာသည့် အငွေ့အသက်တို့ ထွက်ပေါ်နေပြီး သူ့ဘေးနား ကမောက်ကမဖြစ်မှုနှင့် မဆိုင်သလို ရပ်နေသည်။ ထိုလူက မိစ္ဆာဘုရားကျောင်း၏ တတိယကျောင်းထိုင် သွမ့်ရှင်းမှလွဲ၍ အခြားလူ မဟုတ်ပေ။ လုကျိုးသည် ယူနန်၏ စင်မြင့်အထက်တွင် တွေ့ဆုံခဲ့ဖူး၏။ မိစ္ဆာလမ်းစဉ်မှ အကြီးအကဲနှစ်ယောက် အစိမ်းရောင်ကျောက်စိမ်းယဇ်ပလ္လင်အထက် ပြန်လည် တွေ့ဆုံကြသည်မှာ အမှန်တကယ် ထူးဆန်းနေသည်။ သူတို့က နေရာနှင့် မသက်ဆိုင်သလို ဖြစ်နေ၏။
“ဆရာကြီးကို ဂါရဝပြုပါတယ်။ ကျုပ်က ရှောင်သွမ့်ရှင်းပါ”(ရှောင်က မျိုးရိုးမဟုတ်၊ ဂျူနီယာဆိုပြီးသုံးနှုန်းပြောဆိုတာ) သွမ့်ရှင်းက ကျူးဟုန်ကုန်းနောက်လိုက်ဖမ်းစဉ် ပိအန်းနှင့် လေထဲ ရွှေရောင်လှောင်ချိုင့်ကြီးကို မြင်လိုက်ရသည်။ သူက ဤလူအိုကြီးအား ချက်ချင်း မှတ်မိလိုက်၏။ ဗုဒ္ဓကိုယ်တော်ကြီး ရှိနေသဖြင့် သူက လိုက်ဖမ်းခြင်းအား လက်လျော့ရုံမှအပ တခြားရွေးချယ်စရာ မရှိပေ။
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ “ မိစ္ဆာဘုရားကျောင်းက သမာသမတ်လမ်းစဉ်နဲ့ ရေနဲ့မီးလို အမြဲတမ်း ဆန့်ကျင်ဘက် ဖြစ်နေတာလေ။ ဒီကို ဘာလာလုပ်တာလဲ ”
သွမ့်ရှင်းက ရိုရိုကျိုးကျိုး ပြန်ဖြေလိုက်သည်။
“ မိစ္ဘာဘုရားကျောင်း ကျောင်းထိုင်က သူနဲ့ ဂိုဏ်းချုပ်ကျန့်တို့ မိစ္ဆာတွေကို ဖြေရှင်းဖို့ ဆွေးနွေးစရာရှိတယ်ဆိုတာနဲ့ ကျုပ်တို့ကို လာဖို့ အမိန့်ပေးလိုက်လို့။ သူ့ကို အဖော်ပြုပေးပြီး လိုက်လာတာ ”
သူ့စကားအဆုံးတွင် ဘယ်ညာကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ ဆရာကြီးကို ဒီမှာတွေ့ရမယ် မထင်ထားမိဘူး ”
လုကျိုးက လက်အသာဝှေ့ကာ တိုက်ပွဲကို ဆက်ကြည့်လိုက်သည်။ ကြည့်ရတာ အပြီးသတ်သွားပုံပေါ်၏။ တစ်ဖက်လူက တွန်းချခံလိုက်ရသည်။
“ ဒီမှာဘာဖြစ်နေတာလဲ ” လုကျိုးက မေးလိုက်သည်။
သွမ့်ရှင်းက ရယ်မောလိုက်သည်။ မိစ္ဆာဘုရားကျောင်းက လူအများကို မသိစေချင်သောကြောင့် လျှို့ဝှက်ချက်အဖြစ် ထားဖို့ ကြိုးစားခဲ့ကြသည်။ သူတို့က ခရီးစဉ်တစ်လျှောက်လုံး သတိထားခဲ့သော်လည်း သူတို့အပြုအမူများကို ရှာတွေ့သွားခဲ့သေး၏။ ကျူးဟုန်ကုန်း၏ တိုက်ခိုက်မှုကြောင့် ကမ္ဘာကြီးဆီ လျှို့ဝှက်ချက်ကို ကြေညာလုနီးပါး ဖြစ်သွားခဲ့ရသည်။
ထိုစဉ် လျှို့ဝှက်ချက်အဖြစ် ထားရှိဖို့ အချည်းနှီးသာ ဖြစ်ရှာသည်။ ထိုအကြောင်းအရင်းကြောင့် သူက ဦးညွှတ်ကာ ပြောလိုက်သည် “ မိစ္ဆာဘုရားကျောင်းရဲ့ အကွက်တွေ ပေါ်သွားပြီး မကောင်းဆိုးဝါးဘုရင်က ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ ကျင့်ကြံသူတွေကို ခေါ်ပြီး မိစ္ဆာဘုရားကျောင်းကို ဖြိုခွင်းဖို့ သဘောထားကွဲလွဲအောင် လုပ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒါကြောင့် အခြေအနေတွေက ရုတ်ရင်းဆန်ခတ်ဖြစ်နေတာ။ ဆုံးရှုံးမှုလည်း တော်တော်များတယ် ”
လုကျိုးက ခေါင်းညိတ်လိုက်သည်။
‘ လောင်ပါ့က ဒီလိုအကြံအစည်မျိုး တွေးမိမှာ မဟုတ်ဘူး။ မှန်းနေဖို့တောင် မလိုတော့ဘူး။ အဲဒါ လောင်ချီ စီးဝူယာ့ လက်ချက်ပဲ ဖြစ်ရမယ် ’
လုကျိုးက တိုက်ခိုက်နေဆဲ ဖြစ်သည့် ကျင့်ကြံသူများကို တစ်ချက်ကြည့်လိုက်သည်။ သူတို့၏ အရှိန်အဝါနှင့် ကျင့်ကြံနည်းစနစ်များအရ သူတို့ကြား ဖြောင့်မတ်ခြင်းလမ်းစဉ်မှ ကျင့်ကြံသူအများအပြား ပါဝင်နေပေသည်။
သွမ့်ရှင်းက ထပ်ပြောလိုက်သည်။
“ မကောင်းဆိုးဝါးဘုရင်ကို ဘာလို့ တစ်ချက်တည်းနဲ့ မနှိမ်နင်းလိုက်တာလဲ ဆရာကြီး … တကယ်လို့ ကျုပ်တို့သာ သူ့ကို ဖမ်းမိရင် ကျုပ်ဘုရားကျောင်းရဲ့ နာမည်လည်း ရှင်းသွားမှာ ”
“နာမည် ရှင်းသွားမှာလား ” လုကျိုးက မပြောင်းမလဲ မေးလိုက်သည်။
“ မိစ္ဆာဘုရားကျောင်းက မိစ္ဆာလမ်းစဉ်ကလေ။ အခု သမာသမတ်ဂိုဏ်းတွေနဲ့ ပတ်သက်နေတော့ အခြားလူတွေအတွက် ရယ်စရာဖြစ်လာတာပေါ့။ တကယ်လို့ ကျုပ်တို့သာ မကောင်းဆိုးဝါးဘုရင်ကို ဖမ်းနိုင်ရင် အောင်မြင်မှုအကြီးကြီးပဲလေ။ အဲဒီအခါကျ ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ အာရုံကလည်း မကောင်းဆိုးဝါးဘုရင်ပေါ် ရောက်သွားမှာပဲ ”
လုကျိုး၏ အမူအရာတို့က မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်သည်။ သူ့အမူအရာတို့က အဓိပ္ပါယ်ဖော်မရပေ။ သူက မုတ်ဆိတ်မွေးသပ်ကာ “ အကြံကောင်းပဲ။ မိစ္ဆာလမ်းစဉ်ဂိုဏ်းသားက နောက်ထပ် မိစ္ဆာဂိုဏ်းသားကို ဖမ်းမိတာဆိုတော့။ သူခိုးက သူခိုးလို့ အော်လိုက်သလိုပေါ့ … စိတ်ဝင်စားစရာပဲ ”
သွမ့်ရှင်းက လုကျိုး၏ စကားကို ကြားပြီး အနည်းငယ် မျက်နှာပူမိသွားသည်။ သူက ခေါင်းကုတ်ကာ “ ဆရာကြီး … မိစ္ဆာဝေဟင်မျှော်နန်းက ကျုပ်တို့ ဒုတိယကျောင်းထိုင်ကို သတ်ပစ်ခဲ့တာ။ ကျုပ်တို့က မကောင်းဆိုးဝါးဘုရင်ကို ဖမ်းနိုင်ရင် မျှတရုံပဲ မဟုတ်ဘူးလား။ သူခိုးက သူခိုးလို့ အော်တာတော့ မဟုတ်ပါဘူး ”
ရှောင်ယွမ်အာက ခါးထောက်လိုက်ပြီး “ ရှင်က သူခိုးပဲ ”
အကယ်၍ တခြားကျင့်ကြံသူသာ သွမ့်ရှင်းအား ဤသို့အပြုအမူမျိုးဖြင့် အရှက်ခွဲလာလျှင် ဒေါသတကြီး တုံ့ပြန်မိမည် ဖြစ်၏။ သို့သော်လည်း ဆရာကြီးရှိနေသောကြောင့် သူ့အနေနှင့် မစဉ်းစားမဆင်ခြင်ဘဲ မပြုမူရဲပေ။ သူက နေရခက်စွာ ရယ်လိုက်ပြီး “မင်း ပြောတာ မှန်တယ်။ မှန်တယ် …”
သူက ထိုကြောင်သူတော်များကဲ့သို့ ရွံ့ရှာမုန်းတီးဖွယ်ကောင်းသူ မဟုတ်သော်လည်း လိမ္မာပါးနပ်သူ ဖြစ်၏။ သူက မေးလိုက်သည်။
“ ဒါနဲ့ ဆရာကြီးကရော ဒီကိုဘာကိစ္စများရှိလို့လဲ ”
“ ဟွားဝူတောက်က ဘယ်မှာလဲ ” လုကျိုးက အေးအေးဆေးဆေး မေးလိုက်သည်။
“ ဟွားဝူတောက်လား … ယွင်ဂိုဏ်းရဲ့ အကြီးအကဲလား။ သူက ဒီရောက်နေတာလား” သွမ့်ရှင်းက အံ့ဩသွားပုံပေါ်သည်။
“ မိစ္ဆာဘုရားကျောင်းက ဒီအကြောင်း မသိထားဘူးလား ”
“ ကျုပ်က ကျောင်းထိုင်ကိုပဲ အဖော်ပြုပေးဖို့ လိုက်လာတာဆိုတော့ ဒီကိစ္စကို မသိထားဘူး” သွမ့်ရှင်းက ပြန်ဖြေလိုက်သည်။
လုကျိုးက အစိမ်းရောင်ကျောက်စိမ်းယဇ်ပလ္လင်ကို ကြည့်ကာ “ သူတို့အားလုံးရှိတာလား ”
သွမ့်ရှင်းက ခေါင်းခါကာ “ မကောင်းဆိုးဝါးဘုရင်က နှောင့်ယှက်လိုက်တော့ ကျုပ်ရဲ့ ကျောင်းထိုင်ဆရာက ထွက်သွားပြီ”
လုကျိုးက ခေါင်းခါလိုက်မိသည်။
‘ ဟိုကောင်စုတ် ငါ့အကြံကို ဝင်ဖျက်ဆီးလိုက်ပြီ’
သူက လက်အသာဝှေ့လိုက်ပြီးနောက် ပိအန်းက ကျောက်စိမ်းယဇ်ပလ္လင်ဆီ ပျံသန်းသွားတော့သည်။
………….
ထိုစဉ် ကျောက်စိမ်းယဇ်ပလ္လင်ဝန်းကျင်ရှိတောအုပ်ထောင့်တစ်နေရာ၌ …
ကျူးဟုန်ကုန်းက မြေပြင်ပေါ် လှဲချလိုက်သည်။ သူက မျက်နှာပေါ်မှ ချွေးများကို သုတ်ပစ်လိုက်၏။ သူ့စိတ်ထဲမှ အကြောက်တရားကြောင့် မောမောပန်းပန်း အသက်ရှုနေရသည်။ သူ တည်ငြိမ်လာပြီးနောက် သူ့မျက်နှာအထက် မှုန်မှိုင်းမှိုင်း အမူအရာကို မြင်တွေ့နိုင်လေသည်။ သူက ခပ်ကျယ်ကျယ် ရေရွတ်လိုက်သည်။
“ ရှစ်စွင်းက ဘာလို့ရောက်နေတာလဲ။ ငါ ဒါကို မတွေးထားဘူးလေ၊ ချီရှစ်ရှိုး ထွက်ခဲ့ ”
လောင်ချီ စီးဝူယာ့က တောအုပ်အတွင်းမှ ဖြည်းဖြည်းချင်း ထွက်လာသည်။ သူက ခေါင်းခါကာ “ ဒါက မထင်မှတ်ထားတဲ့ ကိစ္စပဲ။ ငါလည်း ရှစ်စွင်း ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး ”
“ မသိဘူး … ဒါက မင်းအကြံအစည်ဆိုတော့ လျော်ကြေးလိုချင်တယ်” ကျူးဟုန်ကုန်းက လက်ဖြန့်ကာ တစ်ခုခုပေးဖို့ စောင့်ဆိုင်းနေသည်။
စီးဝူယာ့က ပြုံးလိုက်ပြီး “ ကောင်းပြီ ကောင်းပြီ … ဒါတွေအားလုံး ငါ့အမှားပါ။ မဟူရာကွန်ယက်က ကျားတောင်ရိုးအတွက် တစ်နှစ်ကုန်ကျငွေ ပေးမယ် ”
“ ဒီလိုမှပေါ့ ” ကျူးဟုန်ကုန်တစ်ယောက် ပို၍ နေလို့ကောင်းလာသည်။ သူက ခေါင်းကုတ်ကာ “ ချီရှစ်ရှိုး ကျွန်တော်တို့တွေ ဒီအစီအစဉ်နဲ့ အခက်အခဲအများကြီး ကြုံခဲ့ရတာလေ။ အဲဒါဘာအတွက်လဲ ”
…
အခန်း (၁၀၉) နှမြောစရာပဲ
စီးဝူယာ့က ဖြည်းဖြည်းချင်းပြောလိုက်၏။
“မိစ္ဆာဘုရားကျောင်းက သမာသမတ်ဂိုဏ်းနဲ့ လက်တွဲလုပ်ဖို့ ရည်ရွယ်ထားတာ။ ငါတော့ ဒီလိုဖြစ်ခွင့်မပေးနိုင်ဘူး။ လက်ရှိ ရန်ပုဖင်း ဘယ်လောက်အစွမ်းထက်လဲဆိုတာ ဘယ်သူမှ မသိဘူး။ သူ့ကို အခုဖိနှိပ်နိုင်တဲ့သူက များများစားစားမရှိဘူးလေ။ တာ့ရှစ်ရှိုးက အမြဲတမ်းသိုသိုသိပ်သိပ်နေ နေတာ။ သူ့တောင်ထဲကနေထွက်လာခဲ့တဲ့ အာ့ရှစ်ရှိုးရဲ့တည်နေရာကလည်း မသိရသေးဘူး။ ကျန်တဲ့ပညာရှင်တွေက သူတို့အပေါ် ငါတို့မျှော်လင့်ချက်ထားလို့မရဘူးလေ”
“အာ့ရှစ်ရှိုးက ပညာရှင်တွေကို စိန်ခေါ်ရတာကိုကြိုက်တာပဲ။ သူ့ကို ကျွန်တော်တို့ဘာကြောင့် သွားမပြောတာလဲ” ကျူးဟုန်ကုန်းက အစမ်းသဘောဖြင့်မေးလိုက်၏။
“ငါလွှတ်ခဲ့တဲ့လူတွေက သုံးရက်မပြည့်ခင်မှာပဲ ကြောက်လန့်တကြားထွက်ပြေးလာတာလေ။ အာ့ရှစ်ရှိုးက ဖန်းရှုဝမ်ဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်ပြီး ဒေါသထွက်နေမှာစိုးတယ်” စီးဝူယာ့က ခေါင်းခါပြီးနောက်ပြောလိုက်တော့သည်။
“အာ့ရှစ်ရှိုးက အမြဲတမ်းဖော်ရွေတတ်တဲ့သူ ဖြစ်ခဲ့တာ။ ဒေါသထွက်နေတယ်ဆိုရင် ထားလိုက်ပါ တော့လေ” ကျူးဟုန်ကုန်းက ပခုံးတွန့်ကာ ခေါင်းခါလိုက်တော့သည်။
စီးဝူယာ့က လက်နောက်ပစ်ထားလျက်လျှောက်နေလေ၏။ တောအုပ်ထဲရှိ တစ်နေရာသို့ လျှောက်သွားပြီး သူ၏မြင်ကွင်းက အတော်လေးအတားအဆီးမရှိဖြစ်နေပေသည်။ သူက ကျောက်စိမ်း ယဇ်ပလ္လင်ရှိရာဖက်သို့ကြည့်လိုက်၏။
“ဒီနေရာမှာ ရှစ်... ရှစ်စွင်းပေါ်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အစီအစဉ်က ပြီးခါနီးပြီပဲ။ မင်းရဲ့လူတွေကို နောက်ဆုတ်ဖို့ ပြောလိုက်”
“ကောင်းပြီ”
“ပြီးတော့” စီးဝူယာ့က ပြုံးတာရပ်ပြီး ပြောလိုက်တော့၏။ “ရှစ်စွင်းက မင်းကို တမင်တကာ လွှတ်ပေးတာ”
“ဒါ ငါတွေးနေတာပဲ။ ငါ သေတော့မလို့” ကျူးဟုန်ကုန်းက ခေါင်းခါပြီးပြောလိုက်သည်။ ထိုမှတ်ဉာဏ်ကို သူပြန်မတွေးချင်တော့ပေ။
“ရှစ်စွင်းရဲ့ ပုံမှန်အနေအထားနဲ့ဆိုရင် သူ မင်းကို အကြောင်းပြချက်မရှိ လွှတ်ပေးမယ်လို့ ငါမထင်ဘူး။ သူ့ကို တစ်ယောက်ယောက်က ကူညီပေးနေတယ်လို့ ငါ သံသယဖြစ်မိတယ်”
စီးဝူယာ့က မိစ္ဆာဝေဟင်မျှော်နန်းသည် အဖွဲ့ဝင်အသစ်များစွာ စုဆောင်းထားသည်ကို တွေးမိလိုက်၏။ ထိုလူများထဲတွင် ဉာဏ်ကောင်းတဲ့သူအချို့ရှိတာဖြစ်နိုင်၏။
“အဲဒီမှာ တစ်ခြားသူတွေမရှိဘူး။ ဒါပေမဲ့ ရှောင်ရှစ်မေ့ရှိနေတာ သူက အရင်ကလို ကြမ်းတမ်းနေသေးတုန်းပဲ။ သူကခုန်ဆင်းလာပြီးငါ့ကို ရိုက်တော့မှာ” ကျူးဟုန်ကုန်းက ခါးသက်စွာ ပြောလိုက်၏။
စီးဝူယာ့က သူ့ကို လှည့်ကြည့်လိုက်ပြီး ကျူးဟုန်ကုန်းကို လျစ်လျူရှုထားလိုက်သည်။ ငါတော့ ဒီငတုံးနဲ့ ဆက်သွယ်လို့မရဘူးပဲ။ ထိုသို့ပြောပြီးနောက်သူက ပြောလိုက်သည်။ “သွားကြမယ်”
သူကလက်ကို အနည်းငယ်ကြွလျက် ရွှေရောင်အလင်းတန်းတို့ဖြင့် ဒေါင်းတောင်မွှေးက တောက်ပလာပြီး အဆုံးတွင်မူ ခရမ်းရောင် ရောင်ခြည်တန်းတို့က ပေါ်လာတော့၏။ ယင်းက ရွှေစစ်စစ်မှ သွန်းလုပ်ထားသည့် စလင်ဒါတစ်ခုနှင့်တူနေပေတော့သည်။
စီးဝူယာ့က လှိုင်းသဲ့သဲ့ပေးလိုက်၏။
ဝှစ်
စလင်ဒါထဲရှိလက်နက်ပုန်းများက သစ်ပင်ကြီးတစ်ပင်ထဲသို့ရောက်သွားသည်။ လက်နက်ပုန်းက အင်မတန်တောက်ပနေ၏။ ၎င်းတို့က ဒေါင်းသည် သူ၏အမြီးကို ဖြည်လိုက်သည့်အချိန်တွင် မှင်သက်မိနေသည့်ပမာဖြစ်နေစေတော့သည်။
ဘန်း ဘန်း ဘန်း
လက်နက်ပုန်းများသည် သစ်ပင်ကြီးများဆီသို့ သံများသဖွယ်စိုက်ဝင်သွားသည်။
စီးဝူယာ့နှင့်ကျူးဟုန်ကုန်းက လှည့်တောင်မကြည့်ခဲ့ချေ။ မြန်ဆန်သည့်လှုပ်ရှားမှုများဖြင့် သူတို့က တောအုပ်ထဲတွင် ပျောက်ကွယ်သွား၏။
တလက်လက်တောက်ပနေသော လက်နက်ပုန်းများသည် ကနဦးချီဖြင့် သိပ်သည်းထားသော ရွှေရောင်စွမ်းအင်စည်းများဖြစ်ပေ၏။ သူတို့က ရွှေရောင်ငှက်မွှေးများကဲ့သို့ လှပပေသည်။ သို့သော် ကြည့်နေသူက ထိတ်လန့်ဖွယ်အလှတရားကြောင့် မှင်သက်နေစဉ် အသက်နှုတ်ခံရပြီးသား ဖြစ်နေမှာပင်။
ခွပ်
သစ်ပင်ကြီးလဲပြိုသွားသည်နှင့် ချောင်းကြည့်နေသော ကျင့်ကြံသူ၏မျက်လုံးများက ကြောက်လန့်မှုကြောင့် ပြူးကျယ်သွားပြီး သူ့ရင်ဘတ်ထဲရှိ လက်နက်ပုန်းကို စိုက်ကြည့်နေမိသည်။
ဒေါင်းသည် အတောင်ဖြန့်လိုက်သည့်အချိန်တွင် ကျင့်ကြံသူက နောက်ဆုံးသက်ထွက် ချက်ချင်း ဆုံးရှုံးသွားပြီး မြေကြီးပေါ်သို့ လဲကျသွားတော့၏။
ထိုစဉ် လုကျိုးက ပိအန်းကို စီးနင်းလျက် ကျောက်စိမ်းယဇ်ပလ္လင်ထိပ်သို့သွားလိုက်သည်။ သူက ငုံ့ကြည့်လိုက်သည့်အချိန်၌ ကျောက်စိမ်းယဇ်ပလ္လင်၏ ခမ်းနားသောရင်ပြင်၌ စုဝေးနေကြသော လူများစွာကို တွေ့လိုက်ရသည်။
ကျောက်စိမ်းယဇ်ပလ္လင်က သမာသမတ်ဂိုဏ်း၏ နယ်မြေဖြစ်၏။ သို့သော် ယင်းက သမာသမတ်ဂိုဏ်း၏ အဖွဲ့ဝင်များ ဓားရေးလေ့ကျင့်ပြီး ကျင့်ကြံသည့်နေရာသာဖြစ်သည်။
“ရှစ်စွင်း ဟိုမှာ” ပိအန်းက လုကျိုး၏ အမိန့်အတိုင်းဆင်းသက်လိုက်၏။ ကျောက်စိမ်းယဇ်ပလ္လင်ရှိ ကျင့်ကြံသူများသည် ပိအန်းကို မြင်သည့်အခါတွင် သူတို့မျက်နှာထက်တွင် ထိတ်လန့်သည့် အမူအရာများပေါ်လာကြသည်။
“သူက ဘယ်သူလဲ။ အားလုံးပဲ ဂရုစိုက်ကြ”
“အတင့်ရဲလိုက်တာ။ ကျောက်စိမ်းယဇ်ပလ္လင်ထဲကို တရကြမ်း ဝင်လာတယ်ပေါ့”
ဝတ်ရုံပြာဖြင့်လူတစ်ဒါဇင်ခန့်က သေသပ်စွာရပ်လျက် သူတို့၏ဓားများကိုဆွဲထုတ်လျက် ထိုအသစ်ရောက်လာသူကို ကြိုဆိုလိုက်ကြသည်။
ကောင်းကင်ထဲတွင်ရှိသော ဝတ်ရုံနက်ဖြင့်ကျင့်ကြံသူအချို့ကမူ ဇဝေဇဝါဖြစ်နေကြ၏။
လုကျိုး ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ “ဟွားဝူတောက် ဘယ်မှာလဲ”
“ဟွားဝူတောက်လား”
ကျောက်စိမ်းယဇ်ပလ္လင်တွင် ကျင့်ကြံသူများက အကြည့်ချင်းဖလှယ်လိုက်ကြသည်။
“ကျောက်စိမ်းယဇ်ပလ္လင်က သမာသမတ်ဂိုဏ်းအတွက် ကျင့်ကြံခြင်းအထွတ်အမြတ်မြေပဲ။ မိတ်ဆွေကြီး မဖိတ်ခေါ်ဘဲ မင်းဒီနေရာကိုလာတာ မသင့်တော်ဘူးလို့မထင်ဘူးလား”
ရှောင်ယွမ်အာက ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ လုကျိုးက သူမကို အေးတိအေးစက် ကြည့်လိုက် ရာ သူမက မြန်မြန်ဆန်ဆန် အရီရပ်ပြီးနောက် လေးနက်တည်ကြည်သည့် ပုံစံပြောင်းသွားတော့၏။ သူမက ကျင့်ကြံသူများကို လက်ညှိုးထိုးလိုက်ပြပြီးနောက် ပြောလိုက်သည်။
“ငါတို့ စိတ်ရှိသလို လာမှာပဲ။ ဘာကြောင့်ဖိတ်ကြားတာကို စောင့်ရမှာလဲ။ ရယ်စရာကောင်းလိုက်တာကွာ”
လုကျိူးသည် ချက်ချင်း မဆင်းသက်သွားပေ။ ယင်းက သမာသမတ်ဂိုဏ်း၏ နယ်မြေဖြစ်သည်။ သူက လူဆိုးကြီးမှန်းသူတို့သိသွားခဲ့လျှင် အရပ်မျက်နှာအနှံ့ကနေ အန္တရာယ်သည်သူ့ဆီ ကျရောက် လာနိုင်ပေ၏။
ငါ ဖြစ်နိုင်ရင် အသုံးပစ္စည်းကတ်တစ်ချို့ကို သုံးချင်တယ်။ ကျင့်ကြံခြင်းလမ်းကြောင်းက ရှည်လျားတာ၊ ကတ်တွေကို မကြာခဏသုံးတာက ငါတတ်နိုင်တဲ့နှုန်းကို ကျော်လွန်စေမယ်ဆိုရင် ငါ့ရဲ့ကျင့်ကြံဆင့်က တန့်နေပြီး ငါက သေမှာပဲ။
ထိုစဉ် သွမ့်ရှင်းကပေါ်လာတော့၏။ သူက ကျောက်စိမ်းယဇ်ပလ္လင်ပေါ်သက်ဆင်းကာ အားလုံးကို မျက်နှာမူလျက် လက်သီးဆုပ်လိုက်သည်။ သူက ပြောလိုက်တော့၏။ “ဒါက ကျူပ်အရင်က ပြောခဲ့ဖူးတဲ့ ဝါရင့်ဗုဒ္ဓကိုယ်တော်ကြီးပါ။ ယူနန်ရဲ့အထွတ်အမြတ်ယဇ်ပလ္လင်မှာ သူကအဲ့ဒီဂတုံးခုံရွှမ်း ကို သတ်ခဲ့တဲ့ဝါရင့်ကိုယ်တော်ပဲ။ တစ်ချက်တည်းနဲ့သတ်တာလေ”
သူ၏စကားများကို တဝက်နှင့်အမြန်ပြောင်းပြောလိုက်၏။ ကိုယ်တော်များကို မြည်းဂတုံးများဟူ၍ ရည်ညွှန်းပြောဆိုနေကြဖြစ်သည်။ ဝါရင့်ကိုယ်တော်ရှေ့၌ ထိုအသုံးအနှုန်းက သင့်တော်မှာမဟုတ် ပေ။
“ဝါရင့်ကိုယ်တော်လား”
လူတိုင်းကထိတ်လန့်သွားကြသည်။
သမာသမတ်ဂိုဏ်းမှလူများကလည်း မသက်မသာဖြစ်သွား၏။
တစ်ဖက်တွင်မူ မိစ္ဆာဘုရားကျောင်း၏ တပည့်များက လက်သီးကိုဆုပ်လျက် နှုတ်ဆက်လိုက် တော့သည်။
“ဝါရင့်ကိုယ်တော်ကို နှုတ်ဆက်ပါတယ်”
လုကျိုးသည် ပိအန်းကို ကျောက်စိမ်းယဇ်ပလ္လင်ပေါ်သက်ဆင်းရန် အမိန့်ပေးလိုက်၏။ ဆင်းသက်ပြီးနောက် ယင်းက မထွက်သွားပေ။ ဘေး၌ နာနာခံခံထိုင်နေပြီးနောက် သူ၏အစွယ်များကို ထုတ်ပြလိုက်သေးသည်။
ထိုအချင်းအရာကို မြင်သောအခါ သမာသမတ်ဂိုဏ်း၏ တပည့်များက တံတွေးမြိုချလိုက်မိ၏။ သူတို့က ကြောက်လန့်သင့်သည်လား သို့မဟုတ် အားကျသင့်သည်လား မသိတော့ပေ။
ထိုစဉ် ကျန်းချူက လျှောက်လာပြီးပြောသည်။
“ကျုပ်နာမည်က ကျန်းချူ။ သမာသမတ်ဂိုဏ်းရဲ့ ပဉ္စမအကြီးအကဲ။ နှုတ်ဆက်ပါတယ် ဆရာကြီး”
ကျန်းကျူက ဥပမာအနေဖြင့် ကျန်သည့်တပည့်များကလည်းလက်သီးဆုပ်လျက် လုကျိုးကို လိုက်နှုတ်ဆက်ကြသည်။
လုကျိုးက မုတ်ဆိတ်သာသပ်လျက်ခေါင်းငြိမ့်လိုက်သည်။ သူက သာမန်လေသံဖြင့် ပြောလိုက်၏။
“ကျန်းယွမ်ရှန်း ဘယ်မှာလဲ”
သမာသမတ်ဂိုဏ်း၏ ပဉ္စမအကြီးအကဲကျန်းချူက အရိုအသေပေးပြီးပြောလိုက်သည်။
“ကျုပ်တို့ တွေက ဒီနေ့ ကျောက်စိမ်းယဇ်ပလ္လင်မှာ အရေးကြီးတဲ့ ဧည့်သည်တွေ လက်ခံထားရပါတယ်။ ဒါပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မကောင်းဆိုးဝါးဘုရင်က ပြဿနာလာရှာတာပါ။ ဒါကြောင့် ကျန်းယွမ်ရှန်းက ကျန်တဲ့ဧည့်သည်တွေနဲ့အတူ အရင်ထွက်သွားပါပြီ။ ဆရာကြီးဆန္ဒရှိရင် ကျောက်စိမ်းယဇ်ပလ္လင်ထဲမှာ နေပြီး ဂိုဏ်းခေါင်းဆောင်ပြန်လာတာကို စောင့်လို့ရပါတယ်”
သွမ့်ရှင်းက ပြောလိုက်၏။ “အဲ့ဒီလူဆိုးကောင်ကြောင့် နှမြောစရာပဲကွာ။ ဆရာကြီးသာ အစောတုန်းက မကောင်းဆိုးဝါးဘုရင်ကို ဖမ်းခဲ့မယ်ဆိုရင် ဒီနေ့ကိစ္စတွေက ဖြေရှင်းပြီးသွားဖြစ်သွားမှာ။ နှမြောစရာပဲ”
လုကျိုးသည်လည်း နှမြောစရာကောင်းနေသည်ဟု ခံစားမိနေသည်။ လောင်ပါ့နှင့် လောင်ချီတို့သာ သူ၏အစီအစဉ်ကို မဖျက်ဆီးခဲ့လျှင် သူက ကျန်းယွမ်ရှန်းနဲ့ ဟွားဝူတောက်ကို တွေ့ဆုံနိုင်မှာပဲဖြစ်၏။ သူ၏ ချုပ်နှောင်ခြင်းလှောင်ချိုင့်ကတ်သည် ပစ်မှတ်ကိုလွဲချော်ခဲ့သည့်အတွက် နောင်တရနေသည်။ သို့သော် ကျောက်စိမ်းယဇ်ပလ္လင်က သမာသမတ်ဂိုဏ်း၏ နယ်မြေဖြစ်သည်။ ကျောက်စိမ်း ယဇ်ပလ္လင်နားတဝိုက်တွင် မဟာအစီအရင်တစ်ခုလည်းရှိနေ၏။ လုကျိုးက ကျန်းယွမ်ရှန်းကို ဆန့်ကျင်ချင်ခဲ့မယ်ဆိုလျှင် ကတ်များကို ဝယ်ယူရမှာပဲဖြစ်သည်။ လူတစ်ဦးတည်းအပေါ်၌ ထိုမျှများပြားသည့်ကတ်များကို ဖြုန်းတီးရန် မထိုက်တန်ဟု သူခံစားမိနေသည်။
အခုတော့ လုံလုံခြုံခြုံကစားကြတာပေါ့။ ငါက လွန်သွားရင် ငါ့ရဲ့အသက်ဆုံးရှုံးသွားနိုင်တယ်။ အဲ့ဒီအချိန်ရောက်ရင် ယွီလုံရွာ အဖြစ်အပျက်နောက်ကွယ်က အမှန်တရားကို စစ်ဆေးဖို့အကြောင်း မေ့ရုံပဲတတ်နိုင်မှာ။
လုကျိုးသည် ထိုလူများနှင့်စကားပြောရန် အချိန်မရှိပေ။ သူက ကျောက်စိမ်းယဇ်ပလ္လင်တွင်ရှိသော တပည့်များကို တချက်ကြည့်လိုက်၏။ လူအချို့က ခန္ဓာတည်ဖွဲ့ခြင်းအဆင့်တွင်ရှိနေကြပြီး အချို့ကမူ စိတ်နက်နဲမှုဉာဏ်အလင်းပွင့်မှုအဆင့်သို့ ဝင်ရောက်လာကြတာပဲဖြစ်သည်။ သူတို့ထဲတွင် အနည်းစုက အာရုံခံသိပ်သည်းခြင်းနယ်ပယ်၊ ဗြဟ္မာ့ပင်လယ်နယ်ပယ်တို့ရှိကြပြီး ခေါင်းဆောင်များက နတ်ဒေဝါဦးတည်နယ်ပယ်များဖြစ်ကြသည်။
ဒီလူတွေကို ဆန့်ကျင်ဖို့အတွက် ငါ့ရဲ့အသုံးပစ္စည်းကတ်တွေကို သုံးတာက ဖြုန်းတီးရာရောက်မှာပဲ။
လုကျိုးက မုတ်ဆိတ်သပ်လျက်မေးလိုက်တော့သည်။
“ဟွားဝူတောက်က ယွင်ဂိုဏ်းကို ပြန်လာမှာလား”
“အကြီးအကဲဟွားက ဒီနှစ်တွေအတွင်း ယွင်ဂိုဏ်းမှာ တံခါးပိတ်ကျင့်ကြံနေခဲ့တာပါ။ နောက်ဆုံးတော့ တံခါးပိတ်ကျင့်ကြံရာကနေထွက်လာပါပြီ။ မကြာခင်မှာ ယွင်ဂိုဏ်းကို ပြန်လာလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး” လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ပြောလိုက်သည်။
သွမ့်ရှင်းက လက်သီးဆုပ်လျက်ပြောလိုက်၏။
“ဟွားဝူတောက်က လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်တုန်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ကျိထျန်းတောက်ကို ရှုံးနိမ့်ခဲ့တယ်။ ဒါက သူ့ရင်ထဲမှာ အဖုအထစ်တစ်ခု ဖြစ်လာခဲ့တာပဲ။ သူ့ရင်ထဲက အဖုအထစ်ကို မဖြေရှင်းခဲ့ရင် တိုးတက်ဖို့ခက်ခဲမှာစိုးရတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် မိစ္ဆာဝေဟင်မျှော်နန်းကို သူသွားမယ်ဆိုရင် ကျူပ်အံ့ဩမိမှာမဟုတ်ဘူး”
လူတိုင်းက ထိတ်လန့်သွားခဲ့တယ်။ ထိုအကြောင်းကို သိသည့်တပည့်အချို့က သူတို့ကြားထဲတွင် စတင်ဆွေးနွေးနေကြပြီဖြစ်သည်။
“အကြီးအကဲဟွားရဲ့ကျင့်ကြံဆင့်က နှစ်နှစ်ဆယ် ကျော်ပြီးတဲ့နောက် တိုးတက်တယ်ဆိုရုံပဲ ရှိတာ၊ သူက ပြဿနာရှာနေတာပဲ”
“သူ့စိတ်နဲ့သူပေါ့။ နှစ်နှစ်ဆယ်ရှိသွားပြီ။ အကြီးအကဲဟွားဆီမှာ လှည့်ကွက်တစ်ချို့ ရှိကောင်းရှိမှာပေါ့”
“ရလဒ်ကတော့ ရက်စက်လိမ့်မယ်။ လတ်တလောမှာ အံ့ဖွယ်မြို့တော်က မဟူရာသူရဲကောင်းရဲ့ လျှို့ဝှက်တပ်ဖွဲ့က မိစ္ဆာဝေဟင်မျှော်နန်းကို သွားခဲ့တယ်။ ဒါပေမဲ့ သူတို့ ပြန်မလာခဲ့ဘူး။ မိစ္ဆာကြီးရဲ့ ပုံစံအရ ဘာမှကောင်းတာမဖြစ်နိုင်ဘူး”
“မဟူရာစစ်သည်တော်လေးယောက်လား။ အကြီးအကဲပြောတာက လွန်ခဲ့တဲ့အနှစ်သုံးရာတုန်းက ပေနက်လွှာရဲ့ ထိပ်တန်းမှာစာရင်းဝင်ခဲ့တဲ့ ခေါင်းဆောင်ဖန်းရှုဝမ်လား” သူတို့ဆွေးနွေးလေလေ မသေချာမရေရာမှုကို ခံစားရလေဖြစ်သည်။
ပေနက်လွှာ၏ ထိပ်တွင်ငရှိခဲ့ဖူးသော လူတစ်ဦး၏ ကံကြမ္မာသည် မိစ္ဆာဝေဟင်မျှော်နန်းသို့ သွားရောက်လည်ပတ်ပြီးနောက် အခြေအနေမသိရဖြစ်နေလျှင် လွန်ခဲ့သည့်အနှစ်နှစ်ဆယ်ကကဲ့သို့ကျင့်ကြံဆင့်နှင့်တူနေသည့် ဟွားဝူတောက်က အခွင့်အရေးမည်ကဲ့သို့ ရနိုင်မည်နည်း။
“တိတ်ကြစမ်း” ပဉ္စမအကြီးအကဲက ဟောက်လိုက်၏။ မင်းတို့ကိုကြည့် အရည်အချင်းမရှိတဲ့ အရူးတွေ။ ဆွေးနွေးဖို့စကားတချို့ပဲသုံးနိုင်တယ်။ အခုချိန်မှာ မင်းတို့ရှေ့မှာ လူဆိုးကြီးသာ ရပ်နေမယ်ဆိုရင် မင်းတို့သေးထွက်ကျမှာမဟုတ်ဘူးလား”
…
အခန်း (၁၁၀) ရန်သူဟောင်း
ရှောင်ယွမ်အာက မရယ်ပေ။ သူမ၏ မျက်ကြောတို့က ဤအခြေအနေမျိုး၌ ဘာတုံ့ပြန်မှုမှ မရှိလာချေ။ သူမက လုကျိုးဆီ လျှောက်လာကာ ညင်ညင်သာသာ မေးလိုက်သည်။
“ ရှစ်စွင်း .. သူတို့က ရှစ်စွင်းကို တော်တော်ကြောက်နေကြတာပဲ ”
လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်ပြီးနောက် ထျန်းကျန့်မြစ်ရှိရာဆီ လှမ်းကြည့်လိုက်သည်။ သူ့တွက်ချက်မှုအရ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က ယခု ရောက်လာလောက်လေပြီ။ ဟွားဝူတောက်အတွက်မူ သူ ကြားထားသလောက် မကြာခင် ရောက်လာလောက်၏။ အကယ်၍ ဤသို့သာ ဖြစ်လာခဲ့လျှင် အခြေအနေကောင်းကို စောင့်ဆိုင်းရမည်။ ဟွားဝူတောက်ကို နေရာအနှံ့ လိုက်ရှာနေရန် မလိုတော့ပေ။ အကယ်၍ ဟွားဝူတောက်သာ ယွီလုံရွာအဖြစ်အပျက်နောက်ကွယ်မှ ကြိုးကိုင်သူကို ကောင်းကောင်းသိနေခဲ့လျှင် ပိုကောင်းပေမည်။ ထိုစဉ် သူ့အတွက် သတင်းရနိုင်မည့်လူမှာ ဟွားဝူတောက်သာ ဖြစ်၏။
နန်းတော်မှ စုန်းအတတ် ပညာရှင်က အင်မတန် ဉာဏ်များပေသည်။ သူက ထျန်းကျန့်မြစ်ဝန်းကျင် မဟာစုန်းအတတ် အစီအရင်ကို ခင်းကျင်းထားရုံသာမက လေထဲမှ အနီရောင်ရထားလုံးပျံမှတဆင့် အခြေအနေများကို စောင့်ကြည့်ကာ အမိန့်ပေးနိုင်လေသည်။ သူက စုန်းအတတ် ကျွမ်းကျင်လှကြောင်း သိသာလှသည်။ ထို့အပြင် သူက နတ်လေးသျှင် တစ်ယောက်ဖြစ်သည့် ချန်းကျူကို အမိန့်ပေးလောက်အောင်အထိ အားကောင်းနေသည်။ သူက အဆင့်တန်းမြင့်မားပြီး လွှမ်းမိုးမှု ကြီးကြီးမားမား ရှိပေလိမ့်မည်။
ထျန်းကျန့်မြစ် တိုက်ပွဲအပြီးတွင် ထိုပညာရှင်က အင်မတန် သတိထားကာ ဉာဏ်များလာခဲ့သည်။ ကျန်းအိုက်ကျန့်က နန်းတော်အတွင်း အဆက်အသွယ်များ ရှိသော်လည်း သူပင် ထိုလူအနား မချည်းကပ်နိုင်ပေ။ လုကျိုးလို အပြင်လူတစ်ယောက်ကို ထည့်ပြောနေစရာ မလိုတော့ပေ။
“ ဟွားဝူတောက် ” လုကျိုးက သူ့ဘာသာ ရေရွတ်လိုက်သည်။
“ ကျုပ်တို့ဂိုဏ်းချုပ်က အခု အတွေးနစ်နေပုံပဲ … ဆရာကြီးကို စောင့်ဆိုင်းမိစေတဲ့အတွက် ကျုပ် ခေါင်းဖြတ်ခံသင့်ပါတယ် ” ငါးယောက်မြောက် အကြီးအကဲ ကျန်းချူက ဦးညွတ်ကာ ပြောလိုက်သည်။
လုကျိုးက သူ့အား လျစ်လျူရှုမထားခင် မထူးမခြားနားသာ ကြည့်လိုက်သည်။
‘ သူက နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ဆိုပေမဲ့ အကြီးအကဲတောင် ဖြစ်နေပြီပဲ … ကြည့်ရတာ သမာသမတ်ဂိုဏ်းက အရင်ကလို မဟုတ်တော့ဘူးပဲ ’
သွမ့်ရှင်းက ထွက်လာကာ “ အားလုံး ကျောက်စိမ်းစင်မြင့်အောက်က တိုက်ပွဲ အခုအပြီးသတ်သွားပါပြီ။ ကျုပ်တို့အစီအစဉ်က နှောင့်ယှက်ခံလိုက်ရပေမဲ့ နောင်တစ်ချိန် ဆက်ဆွေးနွေးကြရအောင်လား ”
“ ကောင်းလိုက်တဲ့ အဆိုပြုချက် ” ကျန်းချူက ခေါင်းညိတ်ကာ ထောက်ခံသည်။
“ ကောင်းပြီလေ .. အဲဆို ကျုပ် သွားလိုက်ပါဦးမယ် ” သွမ့်ရှင်းက စင်မြင့်ပေါ်ရှိ အခြားတပည့်အားလုံးကို လျစ်လျူရှုထားလိုက်ပြီး ကျန်းချူကိုသာ လက်နှစ်ဖက်ယှက်ရုံ နှုတ်ဆက်လိုက်သည်။
လုကျိုးက ထိုအမျိုးသားအား နောက်ထပ် ကြည့်လိုက်သည်။
‘ ထူးဆန်းတယ် … သူက ဘာမှထူးခြားတာ မရှိဘူး ’
သွမ့်ရှင်းက လှည့်လာကာ လုကျိုးဆီ လျှောက်လှမ်းလာသည်။ သူက လေးလေးစားစား ပြောလိုက်သည် “ဆရာကြီး … ကျုပ် လုပ်စရာလေးရှိလို့ ခွင့်ပြုပါဦး”
“ ခဏ ” လုကျိုးက အေးအေးဆေးဆေး ပြောလိုက်သည်။
“ ဆရာကြီးက တစ်ခုခု ညွှန်ကြားချင်တာများ ရှိလို့လား ” သွမ့်ရှင်းက လုကျိုးအား အနည်းငယ်ပင် မချေမငံ မပြုမူရဲသောကြောင့် ချက်ချင်း ရပ်လိုက်သည်။
“ ရန်ပုဖင်းအတွက် အကြံပေးစရာရှိလို့ ”
“ ဆရာကြီးရဲ့ စကားတွေကို ကျောင်းထိုင်ဆရာဆီ အတိအကျ ပြန်ပြောပေးပါ့မယ်” သွမ့်ရှင်းက ရိုရိုကျိုးကျိုး နားထောင်နေပုံပေါ်သည်။
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ခေါင်းညိတ်လိုက်ပြီး “ မိစ္ဆာဘုရားကျောင်းကို ကာကွယ်ပြီး ကိုယ့်အလုပ်ကိုလုပ်။ မဟုတ်ရင် ကိုယ့်ကပ်ဘေး ကိုယ့်ဘာသာ သယ်ဆောင်လာလိမ့်မယ် ”
သွမ့်ရှင်းက ထိုစကားများကြောင့် အံ့ဩမိသွားသည်။ သူက ဆရာကြီး၏ ဆိုလိုရင်းကို နားမလည်သော်လည်း မေးခွန်းမထုတ်ရဲပေ။ သူက ဦးညွတ်ကာ “ ဆရာကြီးကို ကျေးဇူးတင်ပါတယ်။ နှုတ်ဆက်ခဲ့ပါတယ် ”
သူက လက်ဝှေ့လိုက်သည့်အခါ မိစ္ဆာဘုရားကျောင်း တပည့်များက တစီတတန်းတည်း စင်မြင့်မှ ထွက်ခွာသွားကြသည်။
လုကျိုးက အချိန်ကို တဖန်ပြန်ကြည့်လိုက်သည်။ သူက ထွက်သွားဖို့ အချိန်ကျရောက်လာကြောင်း ခံစားမိလိုက်၏။ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့၏ အမြန်နှုန်းဖြင့် သူတို့က နောက်ထပ်လူကို သယ်ဆောင်လာရသည့်အတွက်ဖြင့် နောက်ကျနေမည့်လူများ မဟုတ်ပေ။ ထို့အပြင် နှစ်ယောက်လုံးက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ရောက်ခါစ ဖြစ်သောကြောင့် သူတို့အမြန်နှုန်းက ပို၍ တိုးတက်လာသင့်ပေသည်။
လုကျိုးက ထွက်သွားတော့မည့်ဆဲဆဲတွင် စင်မြင့်နောက်မှ အသံတစ်သံ ထွက်ပေါ်လာသည် “ဒီနေရာကို ဘယ်ဆရာကြီးကများ ရောက်လာတာလဲ။ ကျုပ်လည်း တစ်ချက်ကြည့်ပါရစေဦး ”
စင်မြင့်အထက်ရှိ တပည့်များက နောက်ဆုတ်ကာ လမ်းရှင်းပေးလိုက်ကြသည်။
“ ကျန့်ချိုးချီလား ” ကျန်းချူက ပြောလိုက်သူကို မြင်လိုက်ရသည်။ ထိုလူမှာ သမာသမတ်ဂိုဏ်း၏ ကျန့်ချိုးချီမှလွဲ၍ တခြားသူ မဟုတ်ပေ။
လုကျိုးက ထိုလူကို ဝါးတားတားသာ မှတ်မိလေသည်။ သူက မင်ရှစ်ရင်ကို အနိုင်ယူခဲ့ရ၏။ မင်ရှစ်ရင် တစ်ယောက် ထိုအခါက ဒဏ်ရာဆိုးဆိုးရွားရွား ရခဲ့သည်။ မင်ရှစ်ရင်သည် ထိုအကြောင်းအရင်းကြောင့် စိတ်ဓာတ်ကျသွားခဲ့ဖူးသည်။ သူက တောင်တွင် အောင်းကာ အပြင်းအထန် ကျင့်ကြံခဲ့သည်။ ယခုနှစ်တချို့ ကုန်လွန်သွားကာ ကျန့်ချိုးချီ၏ အင်အားနှင့် ကျင့်ကြံဆင့်တို့လည်း သိသိသာသာ တိုးတက်လာခဲ့သည်။
ကျန့်ချိုးချီက ယဉ်ကျေးသည်။ သူက ပိအန်းသည် လုကျိုးအနား ထိုင်နေသည်ကို မြင်လိုက်သည့်အခါ အနည်းငယ် အံ့ဩသွားလေ၏။ သူက မြန်မြန်ဆန်ဆန် အသိပြန်ကပ်လာကာ “ ဆရာကြီးကို ဂါရဝပြုပါတယ် ”
လုကျိုးက သူ့အား လျစ်လျူရှုထားကာ ရှောင်ယွမ်အာအား ကြည့်ပြီး ပြောလိုက်သည်။
“ သွားကြစို့ ”
“ အမ် ”
“ ဆရာကြီး ” ကျန့်ချိုးချီက လုကျိုး၏ အေးစက်စက် တုံ့ပြန်မှုကြောင့် တွေဝေသွားလေသည်။
စင်မြင့်အထက်ရှိ တပည့်များကလည်း တအံ့တဩ ရေရွတ်လိုက်ကြ၏။
“ တစ်ယောက်ယောက် လာနေပြီ ”
ကျန့်ချိုးချီအပါအဝင် အားလုံးက မော့ကြည့်လိုက်ကြသည်။
“ အမ် ”
ကျန့်ချိုးချီက လုကျိုးအား မမှတ်မိသည်မှာ နားလည်နိုင်လေသည်။ လုကျိုး၏ သွင်ပြင်တို့က သိသိသာသာ ပြောင်းလဲသွားခဲ့သည် မဟုတ်ပါလော။ သို့သော်လည်း သူက မိစ္ဆာဝေဟင်မျှော်နန်း၏ လေးယောက်မြောက် တပည့် မင်ရှစ်ရင်အား မေ့စရာအကြောင်း မရှိပေ။ လတ်တလောအတွင်း ကျန့်ချိုးချီ၏ ဂုဏ်သတင်း မြင့်တက်လာစေသည့် အဓိကအချက်မှာ မိစ္ဆာဝေဟင်မျှော်နန်း၏ လေးယောက်မြောက် တပည့် မင်ရှစ်ရင်ကို အနိုင်ပိုင်းနိုင်လိုက်သောကြောင့် ဖြစ်၏။ သူက မင်ရှစ်ရင် သူ့ဆီ ပျံသန်းလာသည်ကို မြင်သည့်အခါ အတော်လေး စိတ်လှုပ်ရှားလာသည်။
“ မင်ရှစ်ရင်လား … သူက ဒီကိုလာနေတာလား ”
“ အဲဒါ မင်ရှစ်ရင်လား ”
“ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လေးယောက်မြောက် မိစ္ဆာ မင်ရှစ်ရင်ပဲ ”
ကျောက်စိမ်းစင်မြင့်အထက်ရှိ တပည့်များက တုန်လှုပ်သွားကြသည်။ သူတို့ကျင့်ကြံဆင့်မှာ နိမ့်ကျနေသောကြောင့် မင်ရှစ်ရင်ဆီ လက်လွတ်စပယ် မသွားရဲကြပေ။ ထို့အပြင် ဂိုဏ်းချုပ်နှင့် အခြားအကြီးအကဲများလည်း ရှိမနေပေ။ သူတို့တွင် မင်ရှစ်ရင် မယှဉ်နိုင်သည့် ကျန့်ချိုးချီ ရှိနေ၍ ကံကောင်းသွားလေသည်။ ကျန့်ချိုးချီက မင်ရှစ်ရင်ကို အနိုင်ယူထားဖူးသူ မဟုတ်ပါလော။ ဤသည်မှာ ကောင်းကင်ဘုံမှ ချပေးလိုက်သည့် ရွှေရောင်အခွင့်အရေးကြီးတစ်ခုသဖွယ် ဖြစ်နေသည်။
လုကျိုးက မင်ရှစ်ရင်ကို မြင်လိုက်ရသည့်အခါ သူ့အမူအရာတို့က မပြောင်းမလဲရှိနေဆဲ ဖြစ်၏။ သို့သော်လည်း သူက တွေးမိသွားသည်။
‘တွမ့်မူရှန်းရော ပါရမှာလေ။ အခု သူက ဘယ်မှာလဲ ’
ထိုစဉ် ကျန့်ချိုးချီက လေထဲ တက်သွားကာ ရယ်လိုက်ပြီး “ ကောင်းကင်ဘုံက ငါ့ဘက်မှာ ရှိနေတာပဲ။ မင်းကို ရှင်ရက် ဖမ်းပြမယ်။ ဒီနေ့ပြီးသွားရင် ဘယ်သူက သမာသမတ်ဂိုဏ်းကို နှိမ့်ချကြည့်ရဲမလဲ ကြည့်ရသေးတာပေါ့ ”
“အကြီးအကဲကျန့် ရှိနေမှတော့ မိစ္ဆာကောင်ကို ဖမ်းဖို့ ဘာပြဿနာမှ မရှိလောက်ပါဘူး ”
“ အကြီးအကဲကို အားပေးနေမယ် ”
ကျန့်ချိုးချီက ခေါင်းညိတ်လိုက်သည်။ သူ့အနောက်ရှိ လုကျိုးအား လှည့်ပြောလိုက်သေး၏။
“ဆရာကြီး သူတို့ကို ကြည့်ရှုပေးပါဦး ”
လုကျိုးက လက်အသာဝေ့ကာ ဘာမှမပြောပေ။
စင်မြင့်အထက်ရှိ တပည့်များစွာကလည်း လေထဲ ရောက်လာကြသည်။ အားနည်းသော ကျင့်ကြံဆင့်နှင့် ကျင့်ကြံသူများသာ စင်မြင့်ပေါ်မှာ နေခဲ့ကြသည်။
ကျန့်ချိုးချီ၏ မျက်ဝန်း၌ စိတ်လှုပ်ရှားမှု အရိပ်အယောင် တွေ့နေရပြီး မင်ရှစ်ရင်ဆီ ပျံသန်းသွားလေသည်။
လုကျိုးက ပိအန်းပေါ် ခုန်တက်လိုက်ပြီး မုတ်ဆိတ်အသာသပ်ကာ “ အရာအားလုံးက ရေစက်ပဲ ”
ရှောင်ယွမ်အာလည်း ပိအန်းပေါ် ခုန်တက်လိုက်သည်။
“ ဘာက ရေစက်လဲဟင်”
“ ကျန့်ယွမ်ရှန်းနဲ့ ဟွားဝူတောက်တို့ရဲ့ ရေစက် … မင်းရဲ့စစ်ရှစ်ရှိုးရဲ့ ရေစက် ”
ပိအန်းက မာန်ဖီကာ လေထဲ ပျံသန်းလိုက်သည်။
တစ်ချိန်တည်းတွင် မင်ရှစ်ရင်လည်း လေဟုန်ဖြတ်ခွင်းလာသည်။
စင်မြင့်ကို မြင်နေရလေပြီ။ ထို့နောက် သူက နောက်တည်နေရာသို့ ချက်ချင်း လှည့်လိုက်၏။ ဤသည်မှာ ဖြောင့်မတ်ခြင်းလမ်းစဉ်ဂိုဏ်း၏ ပိုင်နက် ဖြစ်သည်။
“ ရှစ်စွင်းက ဘယ်မှာလဲ ” မင်ရှစ်ရင်က ခေါင်းကုတ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သူက နှေးလိုက်ပြီး မြေပြင်ပေါ် ဆင်းဖို့ ပြင်လိုက်၏။ ထို့နောက် သူက အနောက်ကို လှည့်ကြည့်ကာ သူ့ဘာသာ ရေရွတ်လိုက်သည်။
“ စန်းရှစ်ရှိုးလည်း မကြာခင် ရောက်လာလောက်ပါတယ်။ သူ့ဆီမှာ နယ်ရှင်လှံ မရှိပေမဲ့ ငါက သူ့ထက် မြန်နေတုန်းပဲ ” သူက ပျော်ပျော်ရွင်ရွင် ရယ်လိုက်သည်။
မင်ရှစ်ရင်က ကျောက်စိမ်းစင်မြင့်အထက်မှ စူးစူးဝါးဝါး အော်သံကို ကြားလိုက်ရသည့်အခါ ပျော်ရွှင်ကြည်နူးသည့် ခံစားချက်ထဲ နစ်မြောနေဆဲ ဖြစ်၏။
“မင်ရှစ်ရင် ”
မင်ရှစ်ရင်က လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူက ထိုလူကို ချက်ချင်း မှတ်မိလိုက်ပြီး ခေါ်လိုက်သည်။
“ ကျန့်ချိုးချီ … ခင်ဗျားလား ”
“ ကောင်းကင်ဘုံမှ လမ်းစဉ်ရှိပြီးသားကို မင်းက သူတို့ကို စွန့်လွှတ်ခဲ့တယ်။ ငရဲအတွက် တံခါးမရှိပေမဲ့ မင်းတော့ ဆင်းသွားရမှာပဲ ” ကျန့်ချိုးချီက လက် နောက်ပစ်လျက် ပြောလိုက်သည်။ သူက မင်ရှစ်ရင်အား သားကောင်ကို ကြည့်သလိုမျိုး လောင်မြိုက်သည့် အကြည့်များဖြင့် စိုက်ကြည့်နေသည်။
မင်ရှစ်ရင်က လက်ဝေ့ကာ “ ကျုပ်က ဒီနေ့ တိုက်ဖို့ စိတ်မပါဘူး … ကျုပ်ဆရာကို မြင်မိသေးလား ”
ကျန့်ချိုးချီက ခဏတာ ကြောင်အမ်းသွားသည်။ ထို့နောက် သူက အသံဩဩဖြင့် ပြောလိုက်သည်။
“မင်ရဲ့ ဆရာနာမည်နဲ့ ခြိမ်းခြောက်လို့ ရမယ် ထင်နေလား။ ဒီနေ့ ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ဆောင်ကျဉ်းပေးရမယ် ”
“ ခဏ ” မင်ရှစ်ရင်က လက်ခါကာ “ တကယ်ကြီး ပြောနေတာ။ ဆရာ့ကို မြင်မိသေးလား ”
ကျန့်ချိုးချီက မင်ရှစ်ရင်၏ အပြုအမူကြောင့် ဒေါသထွက်လာကာ အလျင်စလို ပြောလိုက်သည်။
“ သူ့ကို တွေ့ရင် သူ့ကိုပါ သတ်ပစ်မယ် ”
ဝှီး …
ဘေးပတ်လည်မှ ချီစွမ်းအားများ စုစည်းလာသည်။
ကျန့်ချိုးချီက လက်ဟန်တချို့ ပြုလုပ်လိုက်ပြီးနောက် သူ့ကို လှည့်ပတ်နေသည့် တာအိုကြာပွင့် စတင် ပေါ်ထွက်လာည်။
ချီစွမ်းအားများလည်း ဆက်လက် ထွက်ပေါ်လာသည်။
နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် …
ထိုစဉ် စင်မြင့်မှ တပည့်များက သူ့ကို မီလာကာ သူတို့အား ဝိုင်းထားလိုက်ကြသည်။
မင်ရှစ်ရင်က ကောင်းကင်ကို ကြည့်ကာ သူ့ဆရာကို မတွေ့မိသေးပေ။
ငါတော့ ရှစ်စွင်းရဲ့ လှည့်စားမှုထဲ ထပ်ကျပြန်ပြီ …
…
အခန်း (၁၁၁) ခွဲခွာခြင်းချိတ် မင်းကို ချီးမြှင့်မယ်
လူတိုင်းက ကျန့်ချိုးချီ၏ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံဆင့်ကို တွေ့လိုက်ရ၏။
ကျောက်စိမ်းယဇ်ပလ္လင်ရှိ တပည့်များက ထိုအခြင်းအရာကို မြင်သောအခါ စိတ်လှုပ်ရှားသွား ကြသည်။
မင်ရှစ်ရင်က မျက်မှောင်ကျုံ့လိုက်၏။ သူသည် တောက်မုဒြာများ၏ တိုးပွားလာသော အရေအတွက်ကို မြင်သည့်အချိန်၌ သူ ခေါင်းခါပြီးပြောလိုက်တော့သည်။
“ငါ မတိုက်ခိုက်ချင်ဘူးလို့ မင်းကို ပြောပြီးသားပဲ။ ဒါတောင် မင်းက ငါ့ကို တိုက်ခိုက်ဖို့ဖိအားပေးနေတယ်”
ကျန့်ချိုးချီက နှာခေါင်းရှုံ့ကာ မင်ရှစ်ရင်ဆီသို့ တဟုန်ထိုးဝင်လာသည်။
“မင်းမှာ ဒါမျိုးပြောပိုင်ခွင့် မရှိဘူး။"
မင်ရှစ်ရင်၏ ကိုယ်ထဲမှကနဦးချီများ ပေါ်ထွက်လာပြီး သူ၏ ကာကွယ်ရေးစွမ်းအင်က မုဒြာများနှင့် ယှဉ်နိုင်လာသည်။ မုဒြာများကို တန်ပြန်တိုက်ခိုက်နေ၏။ ပြီးနောက် သူက ပြောလိုက်၏။
“နှစ်အနည်းငယ်ပဲရှိသေးတယ်။ မင်းရဲ့မုဒြာတွေက အားနည်းလာပြီလား”
“မင်းက မင်းရဲ့လျှာကိုပဲ အားကိုးနိုင်တဲ့ အရှုံးသမားပဲ” ကျန့်ချိုးချီက လျှပ်ပြက်သည့်အရှိန်ဖြင့် တိုက်ခိုက်တော့သည်။
ဘန်း ဘန်း ဘန်း
နှစ်ယောက်လုံးကတိုက်ပွဲထဲတွင် ဒေါသတကြီးတိုက်ခိုက်နေကြပြီး လေထဲတွင် ပုံရိပ်ယောင်များ ချန်ရစ်၏။
စွမ်းအင်လှိုင်းများက လိမ်ယှက်ကာ ပြိုလဲကုန်သည်။
မင်ရှစ်ရင်သည် တိုက်ခိုက်နေစဉ် နောက်ဆုတ်နေ၏။ ကျန့်ချိုးချီ၏ တိုက်ကွက်များကို တန်ပြန်တိုက်ခိုက်ဖို့ရာ စွမ်းအင်လှိုင်းများကို ထုတ်ဖော်လိုက်သည်။
ဘန်း ဘန်း ဘန်း
တပည့်အများစု၏ ကျင့်ကြံဆင့်က ဗြဟ္မာ့ပင်လယ်နယ်ပယ်အောက်နိမ့်သည်။ သူတို့အဖို့ နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူများကြားရှိ တိုက်ပွဲတစ်ပွဲကို မျက်မြင်တွေ့ဖို့က ရှားပါးပေ၏။ သူတို့က အထင်ကြီးနေပုံပေါ်သည်။
“အကြီးအကဲရဲ့မုဒြာတွေက အံ့ဩဖို့ကောင်းလိုက်တာ။ အဲဒီလူဆိုးက မကြာခင်မှာ ရှုံးတော့မယ်ဆိုတာသေချာတယ်”
“ရိုးရိုးသားသားပြောရရင် ငါအတော် ဇဝေဇဝါဖြစ်မိတယ်။ ကျိထျန်းတောက်က သူ့ရဲ့ကျန်ရှိတဲ့တပည့်တွေကို တမင်တကာ ဖိနှိပ်ထားတာလို့ပြောတယ်။ ဒါတောင် သူတို့တွေက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်မှာရှိတဲ့ အကြီးအကဲကျန့်နဲ့ယှဉ်နိုင်တာပဲ"
“ဘာမှ မထူးဆန်းပါဘူး။ အကြီးအကဲကျန့်က သူ့ရဲ့ခွန်အားအပြည့်ကို မသုံးသေးဘူးလေ။ နည်းနည်းကြာကြာ ထပ်ကြည့်ကြတာပေါ့”
”အကြီးအကဲကျန်းမရှိရင်တောင် ငါတို့မှာ ဝါရင့်ကိုယ်တော်ကြီးရှိနေသေးတယ်။ စိုးရိမ်နေစရာ မလိုဘူး”
လူအုပ်ကြီးက စိတ်ကျေနပ်စွာ ဆွေးနွေးနေကြသည်။ သူတို့က စိတ်တည်ငြိမ်ပြီး တိုက်ပွဲကို ဆက်ကြည့်နေကြ၏။
တောက်မုဒြာများက ဇင်မုဒြာများနှင့်ဆင်တူသည်။ မင်ရှစ်ရင်က ထိုမုဒြာများကို ဖြေရှင်းရမည့်ပုံစံကို သိ၏။ သူသည် ဝင်လာသည့် မုဒြာများကို တန်ပြန်တိုက်ခိုက်ရန် သူ၏စွမ်းအင်များကို ဆက်တိုက် အသုံးပြုနေ၏။ ထိုနည်းဖြင့် ကျန့်ချိုးချီက တိုက်ခိုက်သူဖြစ်နေစဉ် မင်ရှင်ရင်က အလိုလို ခုခံသူ ဖြစ်သွားတော့၏။
“သက်ကြားအိုကြီး ငါ့ကို သိုင်းကွက်ထုတ်ရအောင် ဖိအားမပေးနဲ့” မင်ရှစ်ရင်က လက်ကို ဝှေ့ယမ်းလိုက်၏။ တိုက်ကွက်ကို ပိတ်ဆို့ရန်အတွက် စွမ်းအင်လှိုင်းများကို ဆက်တိုက်ထုတ်ဖော်နေသည်။
ဘန်း ဘန်း ဘန်း
မင်ရှစ်ရင်က နောက်သို့ဆက်ဆုတ်နေပြီး သူ့ကိုယ်သူ ခုခံလိုက်သည်။
ကျန့်ချိုးချီက အော်ပြောလိုက်သည်။ “အားနည်းလိုက်တာ” သူသည် မင်ရှစ်ရင်ကို မြင့်မြင့်မားမား မတွေးထားချေ။ သူ့နားတဝိုက်ရှိ စွမ်းအင်တို့က ထပ်မံပေါ်ထွက်လာပြန်၏။
မင်ရှစ်ရင်က တစ်စုံတစ်ခုလွဲချော်နေပြီမှန်း ခံစားမိသည်။ သူ့မျက်ဝန်းထဲရှိ အကြည့်တို့က ပြောင်းလဲသွားတော့သည်။
“ဒီသက်ကြားအိုကြီးက အရင်ကထက်ပိုသန်မာလာတဲ့ပုံပဲ” သူ၏ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး နောက် ထိုနေရာအကြောင်း သတိထားနေလိုက်သည်။ ဆိုရလျှင် ဤနေရာက ကျောက်စိမ်းယဇ် ပလ္လင်နှင့်သိပ်မဝေးလွန်းပေ။ ကျန့်ယွမ်ရှန်းနှင့် ကျန်သည့်အကြီးအကဲများက ပေါ်လာလျှင် သူက အရေးနိမ့်သွားမှာပဲဖြစ်၏။
ထိုစဉ် မင်ရှစ်ရင်က ကျန့်ချိုးချီသည် သူ၏လက်ဖဝါးကိုဖြန့်လျက် သူ့ဆီသို့မုဒြာများစွာဖြင့် တဟုန်ထိုးဝင်ရောက်လာတာကို တွေ့လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ကနဦးချီများက ပေါက်ကွဲထွက်လာပြီး သူမြန်မြန်ဆန်ဆန်နောက်ဆုတ်လိုက်လေ၏။
ဘန်း ဘန်း ဘန်း
မင်ရှစ်ရင်က နောက်သို့ဆုတ်ရန် ဆက်တိုက်ဖိအားပေးခံနေရသည်။
ကျန့်ချိုးချီသည် သူအသာစီးရနေသောကြောင့် ပျော်ရွှင်နေပြီး ပြောလိုက်တော့သည်။ “ထင်တဲ့ အတိုင်းပဲ မင်းက အရင်ကလိုအားနည်းတုန်းပဲ” မင်ရှစ်ရင်က လှည့်ထွက်ပြီး ထွက်ပြေးသွား၏။
“သူ တမင်တကာ လုပ်တာလား” ကျန့်ချိုးချီက အံ့ဩသင့်သွားသည်။
မင်ရှစ်ရင်သည် ချက်ချင်းပင် မီတာများစွာအကွာသို့ရောက်သွား၏။ သူက ထွက်ပြေးရန်အတွက် ကျန့်ချိုးချီ၏ တိုက်ကွက်သက်ရောက်မှုကို အားထားခဲ့တာပဲဖြစ်သည်။
“သတ္တိရှိရင် လာဖမ်းလိုက်သည်။ ငါ့ရဲ့စန်းရှစ်ရှိုးနဲ့ ရှစ်စွင်းက မကြာခင်ရောက်လာမှာ”
ကျန့်ချိုးချီက ထိုအကြောင်းကို တွေးမနေပေ။ သူက အေးတိအေးစက်ပြောလိုက်၏။
“ထွက်ပြေးချင် တာလား။ မင်းနောက်ကျသွားပြီ” သူသည် ဒုက္ခရှုကွင်းမိုင်တစ်ရာကို မြန်မြန်ဆန်ဆန် ထုတ်ဖော်လိုက်၏။
“ဒုက္ခရှုကွင်းတစ်ရာ မဟာနည်းစနစ်”
ယင်းက အစွမ်းအထက်ဆုံးသိုင်းကွက်နှစ်ကွက်ဖြစ်ပြီး ကျန့်ချိုးချီက ဇက်ကြိုးလောက်သည့် အရှိန်ဖြင့် လှုပ်ရှားလိုက်တာပဲဖြစ်သည်။ တခဏအတွင်း သူက မင်ရှစ်ရင်ဘေးသို့ရောက်လာပြီး လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
ဖုန်း
“မင်း ဒါမျိုးလုပ်မယ်မှန်း သိနေတယ်” မင်ရှစ်ရင်က ချက်ချင်းပင် သူ၏ဒုက္ခရှုကွင်းတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်ပြီး ကျန့်ချိုးချီ၏အစွမ်းထက်သော တိုက်ကွက်ကို တန်ပြန် တိုက်ခိုက်လိုက်တော့၏။
သို့သော် ကျန့်ချိုးချီ၌ ပွင့်ချပ်နှစ်လွှာရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်ရှိသည်။ မင်ရှစ်ရင်၏ ပွင့်ချပ်မဲ့သော စိတ်ဝိညာဉ်သဏ္ဌာန်ကမူ ပွင့်ချပ်နှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်နှင့်ယှဉ်လျှင် ပိုသေးငယ်နေ၏။ ယင်းက ကလေးငယ်လေးတစ်ယောက်သည် လူကြီးတစ်ယောက်ကို ဆန့်ကျင်နေတာနှင့် ဆင်တူ၏။ သူတို့စိတ်ဝိညာဉ်သဏ္ဌာန်များ တိုက်မိသည့်အချိန်တွင် မင်ရှစ်ရင်က မြေပြင်ပေါ်ပြိုလဲကျ သွားတော့သည်။
ကျောက်စိမ်းယဇ်ပလ္လင်မှ တပည့်များက ပြေးလာပြီးနောက် ထိုခမ်းနားသော မြင်ကွင်းကို မျက်မြင်ကြည့်ကြတော့သည်။
“အကြီးအကဲကျန့်ရဲ့ ပွင့်ချပ်နှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်နဲ့ ဒီမင်ရှစ်ရင်က သေချာပေါက်ရှုံးမှာပဲ”
“ဒါပေမယ့် ငါတို့တွေ မင်ရှစ်ရင်ကို လျော့မတွက်သင့်ဘူး။ သူ့မှာ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုရှိမယ်လို့ ငါမထင်ထားခဲ့ဘူးလေ။ သူက နတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီပဲ”
“သူက ကံကောင်းသွားတာပါကွာ။ အကြီးအကဲကျန့်ပဲဒီမှာရှိတာ ဒါတောင် သူနဲ့တွေ့မိတယ်။ အကြီးအကဲကျန့်က မင်ရှစ်ရင်ရဲ့အသက်ကို နှုတ်ဖို့ ကြမ္မာဖန်ပြီးသားပဲ”
ကျောက်စိမ်းယဇ်ပလ္လင်မှ တပည့်များသည် ထိုမြင်ကွင်းကို မြင်သည့်အချိန်၌ စိတ်လှုပ်ရှားပြီး ဂုဏ်ယူဝင့်ကြွားကုန်၏။
ထိုစဉ် ပိအန်းက မိုးကုတ်စက်ဝိုင်းအတွင်းပျံဝဲနေ၏။ လုကျိုးက ၎င်း၏နောက်ကျောတွင် ထိုင်နေပြီး မုတ်ဆိတ်ကိုသပ်လျက် တည်ငြိမ်စွာကြည့်နေသည်။
“ရှစ်စွင်း တပည့်တို့တွေ စစ်ရှစ်ရှိုးကို သွားမကူဘူးလား” ရှောင်ယွမ်အာက မေးလိုက်၏။
“မင်ရှစ်ရင်က နတ်ဒေဝါဦးတည်နယ်ပယ်ရောက်နေတာ အတော်ကြာပြီ။ သူက တွမ့်မူရှန်းထက် ပါရမီမလျော့ဘူး။ ငါသူ့ကို ကူညီလိုက်ရင် တကယ့်တိုက်ပွဲမှာ သူ့ကိုယ်သူ ဘယ်လိုလေ့ကျင့်နိုင်တော့ မှာလဲ” လုကျိုးက ပြော၏။
“ရှစ်စွင်းက တကယ် အမြော်အမြင်ရှိတာပဲ။ တပည့်လည်း သူတို့နဲ့တိုက်ခိုက်ချင်တယ်” ရှောင်ယွမ်အာက ကျောက်စိမ်းယဇ်ပလ္လင်ရှိ တပည့်များကို လက်ညှိုးထိုးလိုက်၏။
“ကြည့်ရုံပဲကြည့်။ ဝင်မပါနဲ့” လုကျိုးက မာန်မဲလိုက်လေသည်။
“အိုး”
ကျောက်စိမ်းယဇ်ပလ္လင်မှတပည့်များက အဆင့်နိမ့်ကျင့်ကြံသူများဖြစ်သည်။ သူတို့ကို တိုက်ခိုက် ခြင်းက အဓိပ္ပါယ်မရှိချေ။ ကျန့်ချိုးချီ၏ တိုက်ကွက်များက အမှန်တကယ်ကျရောက်လာချိန်တွင် သူက မြေပြင်ကို သုန်မှုန်စွာကြည့်လိုက်၏။ "ဒါနဲ့ မင်ရှစ်ရင်က ဒဏ်ရာရသွားတာ သေချာတယ်။ မသေရင်တောင် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားမှာသေချာတယ်”
မင်ရှစ်ရင်သည် မြေပြင်ပေါ်ကျသွားသည့်အချိန်တွင် ဖုန်တထောင်းထောင်းထကုန်၏။ သူသည် အားလုံး၏မြင်ကွင်းမှ ယာယီပျောက်ကွယ်သွားသည်။
ဖုန်များလွင့်ပြယ်သွားသည့်အချိန်တွင် အက်ကွဲသံကို ကြားလိုက်ရ၏။ ခွပ် ခွပ် ခွပ်
နွယ်ကြိုးများက မြေကြီးထဲမှ စတင်ပေါ်ထွက်လာ၏။ သူတို့က လက်တံများနှင့်ဆင်တူပြီး ကျန့်ချိုးချီ ဆီသို့ တိုးဝင်သွားကြသည်။
“သစ်သားပြာနှလုံးသားကျင့်စဉ်လား" မင်ရှစ်ရင်၏ ယခင်ရန်သူတော်အနေဖြင့် ကျန့်ချိုးချီက ထိုကျင့်စဉ်ကို ချက်ချင်းမှတ်မိသည်။ ယင်းက သစ်သားပြာနှလုံးသားကျင့်စဉ်၏ အနှစ်သာရဖြစ်ပြီး ကနဦးချီကိုသုံးကာ အပင်များကြီးထွားအောင်လုပ်ဆောင်ပေးသည်။ တောအုပ်ထဲတွင် မင်ရှစ်ရင်၏ ကျင့်ကြံဆင့်နှင့် ခွန်အားက ကြီးကြီးမားမားတိုးတက်နေပေလိမ့်မည်။ သူတမင်တကာလုပ်တာလား?
“အမ်း ကောက်ကျစ်တဲ့မြေခွေး ဒီလောက်နှစ်တွေကြာပြီးတဲ့နောက် မင်းရဲ့သစ်သားပြာ နှလုံးသားကျင့်စဉ်ကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ငါမတွေးဖူးဘူးလို့ မင်းထင်နေတာလား”
ကျန့်ချိုးချီက အော်ဟစ်ပြီးနောက် သူ၏ဒုက္ခရှုကွင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုတ်တရက် ခေါ်လိုက်သည်။ ပြန်ဆုတ်မည့်အစား သူက သိပ်သည်းသော နွယ်ကြိုးများထဲသို့ တိုးဝင်သွား၏။
“အကြီးအကဲ” ကျောက်စိမ်းယဇ်ပလ္လင်၏ တပည့်များကလည်း ထိတ်လန့်သွားသည်။ ထိုစဉ် စွမ်းအင်တို့က နွယ်ကြိုးထဲမှ စတင်ပေါ်ထွက်လာတော့သည်။
ဘန်း ဘန်း ဘန်း
မီးတို့ တဟုန်းဟုန်းထတောက်လောင်လာပြီး နွယ်ကြိုးများက နောက်သို့ချက်ချင်းကျုံ့သွားသည်။
“သက်ကြားအိုကြီး မေ့လိုက်တော့။ ကျုပ် ခင်ဗျားကို ဒီနေ့ မတိုက်ခိုက်ဘူး” မင်ရှစ်ရင်က ချောင်းအနည်းငယ်ဆိုးပြီးနောက် ထွက်ပြေးရန်ပြင်လိုက်သည်။
“...”
ထိုအခြင်းအရာကို မြင်သောအခါ လုကျိုး၏မျက်နှာထက်တွင် ပြောင်းလဲမှုမရှိပေ။ သို့သော် စိတ်ထဲ တွင်မူ ဆွံ့အနေ၏။ သူ့တပည့် မင်ရှစ်ရင်၏ အသက်ရှင်လိုသော ဆန္ဒက သူထင်ထားသည်ထက် ပိုသန်မာသည်။ သူ၏တပည့်က သူ့အသက်အန္တရာယ်အတွက် ထွက်ပြေးရန်သာတွေးပြီး သူ၏ ရန်သူများကို ရင်ဆိုင်ကာ အနိုင်ယူရမည်ကို မေ့လျော့ထားလိုက်သည်။
မင်ရှစ်ရင်က ဆက်ပြေးနေ၏။
ကျန့်ချိုးချီက အော်လိုက်တော့သည်။ “ဒီတော့ မိစ္ဆာဝေဟင်မျှော်နန်းထဲက တပည့်တွေအားလုံးက ဒီလိုပဲကို” သူ၏ အသံက ဧရိယာတစ်ခုလုံးပဲ့တင်သံထပ်သွားတော့သည်။
ထိုစကားကို ကြားသည့်အချိန်တွင် ကျောက်စိမ်းယဇ်ပလ္လင်မှ တပည့်များက ရီမောကြတော့သည်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များက သူတို့ထင်သကဲ့သို့ ကြောက်မက်ဖွယ် မကောင်းပုံရ သည်။ လူဆိုးတစ်ယောက်က ကြောက်လန့်ပြီး ထွက်ပြေးသွားပုံကို စဉ်းစားကြည့်နိုင်ပေ၏။
ကျန့်ချိုးချီက နက်ရှိုင်းသော အသံဖြင့်ပြောလိုက်၏။
“ငါ့ရဲ့ ပွင့်ချပ်နှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်နဲ့ မင်းရဲ့ ပွင့်ချပ်မဲ့တဲ့စိတ်ဝိညာဉ်သဏ္ဌာန် လွတ်မြောက်ခွင့် ပေးလိုက်မယ်ဆိုရင် ရှက်နေရမှာပဲ”
ဒုက္ခရှုကွင်းတစ်ရာ
ခမ်းနားသောကျင့်စဉ်
ကျန့်ချိုးချီသည် သူ၏စွမ်းအားတို့ကို ထပ်မံထုတ်ဖော်လိုက်ပြန်၏။ သူက မြန်ဆန်စွာ လှုပ်ရှားလာ သည်။ ယခင်က မြင်ကွင်းများကို ပြန်လည်ဖန်တီးနေပုံပေါ်ပြီး မင်ရှစ်ရင်ဘေး၌ ထပ်မံ ပေါ်ပေါက် လာပြန်၏။ စွမ်းအင်လှိုင်းတို့က ကျန့်ချိုးချီ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို အလယ်တွင် ဗဟိုပြုလျက် ပြန့်ကားလာတော့သည်။
ဖုန်း
ယခုအခေါက်တွင် မင်ရှစ်ရင်သည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို အချိန်မီ အသက်မသွင်းနိုင်ခဲ့ပေ။ သူက မိုးသက်မုန်တိုင်းတို့ တိုက်ခတ်နေစဉ်တွင် ပင်လယ်၏ အလယ်တွင်ရှိနေသော အထီးကျန်လှေတစ်စင်းနဲ့တူပြီး လွင့်ထွက်သွားတော့၏။ ရုတ်တရက် လေထဲ လွင့်ထွက်သွားပြီးနောက် မြေပြင်ပေါ်ကျသွားတော့သည်။ ဆူပွက်လာသော ချီနှင့်သွေးများကို ဖိနှိပ်ရန်အတွက်အကောင်းဆုံးကြိုးစားပြီးနောက် သူက ပြောလိုက်တော့၏။
“လာလေ။ မင်းရဲ့ဘိုးဘိုး ငါ့ကို ဒါလေးနဲ့မသတ်နိုင်ပါဘူး”
ကျန့်ချိုးချီက တင်းမာစွာပြောလိုက်သည်။ “ငါ့ရဲ့ခမ်းနားသောကျင့်စဉ်ကို ဆက်မထုတ်နိုင်အောင်လို့ မင်း ငါ့ကို ရန်စနိုင်မယ်များထင်နေလား။ တွေးတာများသွားပြီ။ မင်းရဲ့သေချင်းတရားက နီးကပ်နေ ပြီ” သူပြောပြီးသည်နှင့် ညာလက်ကိုမြှောက်လိုက်တော့သည်။ မီးခိုးရောင်လက်နက်က ပေါ်ထွက် လာပြီး သူ၏လက်ဖဝါးထက်၌ ပျံဝဲနေတော့၏။ ခဏတဖြုတ်လည်ပတ်နေပြီးနောက် သူ့လက်ထဲ ကျလာတော့သည်။ ယင်းက မီးခိုးရောင်တစ်ဝက် ကြေးသွေးရောင်တစ်ဝက် ရောနေသည့် ဓားမော့ တလက်ဖြစ်ပေသည်။ ထိုအမူအရာကို မြင်သောအခါ ကျောက်စိမ်းယဇ်ပလ္လင်၏ အသက် ဖြတ်တောက်ခြင်း။ အကြီးအကဲကျန့်ရဲ့ အသက်ဓားသွားပဲ။
“လွန်ခဲ့တဲ့ သုံးနှစ်တုန်းက အကြီးအကဲကျန့်က ရုန်ပေ့ကနေ ကောင်းကင်အဆင့်လက်နက်ကို သယ်လာတာပဲ”
“ဒါကြောင့် အကြီးအကဲကျန့်က သူ့ရဲ့အစွမ်းအထက်ဆုံး သိုင်းကွက်တွေကို လေးကြိမ်ဆက်တိုက် ထုတ်ဖော်ရဲဖို့ ယုံကြည်ချက်ရှိနေတာကိုး။ သူ့မှာ ကောင်းကင်အဆင့် လက်နက်ရှိနေတာပဲ”
“မင်ရှစ်ရင်တော့ သေပြီပဲ။ ဓားမော့ပေါ်လာတဲ့အချိန်တိုင်းအသက်တစ်သက်ကို သေချာပေါက် နှုတ်သွားမှာ”
ဘီး ဘီး ဘီး
အသက်ဓားသွားက စတင်တုန်လှုပ်လာ၏။ သန့်စင်သော စွမ်းအင်လှိုင်းများ ပေါ်ထွက် လာပြီး ဓားမော့ကို ရစ်ဝဲနေတော့သည်။
“မင်ရှစ်ရင် သေပေတော့”
မင်ရှစ်ရင်သည် ကျန့်ချိုးချီတွင် ကောင်းကင်အဆင့်လက်နက်ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်ထား ပေ။ ကျန့်ချိုးချီသည် မဟူရာစစ်သည်တော်လေးဦးထဲတွင် မပါဝင်ပေ။ သစ်သားပြာနှလုံးသား ကျင့်စဉ်၏ အားနည်းချက်ကို သူသိပေ၏။ သူ့တွင် အသက်ဓားသွားကလည်းရှိသည်။ တစ်ဖက်လူကို အနိုင်ယူနိုင်ရန် နည်းလမ်းမရှိတော့ချေ။
ကျန့်ချိုးချီက သူ၏အသက်ဓားသွားကို မြှောက်လိုက်၏။ ဓားမော့ကို လွှဲမချခင် အသံတစ်သံက ပေါ်ထွက်လာ၏။
“ဖမ်းလိုက်”
ဝှစ်
ခွဲခွာခြင်း ချိတ်ကောက်နှင့်ဓားအိမ်တို့က မင်ရှစ်ရင်ဆီရောက်လာကြသည်။
…
အခန်း (၁၁၂) မင်းက ငါ့ကို မကြောက်ဘူးလား
အားလုံးက လေထဲ မျောလွင့်လာသည့် အရာအပေါ် အာရုံစိုက်ထားကြပြီးနောက် စကားပြောနေသူအား လှည့်ကြည့်လိုက်ကြသည်။
ဆရာကြီးလား။
သူက ဘာလို့ လူဆိုးကောင်ကို ကူညီပေးနေရတာလဲ။
လုကျိုးက ပိအန်းအနားတွင် ရပ်ပြီး စကားပြောနေသူ ဖြစ်၏။ သူက လက်တစ်ဖက်ဖြင့် မုတ်ဆိတ်မွေးသပ်ကာ တစ်ဖက်ကို နောက်ပစ်ထားလိုက်သည်။
တိုက်ပွဲကြည့်နေကြသည့် ကျောက်စိမ်းစင်မြင့်မှ တပည့်များက ကြောင်အမ်းသွားကြသည်။
“ဆရာကြီးလား”
“ဘာဖြစ်သွားတာလဲ ”
“ဆရာကြီးက မိစ္ဆာကို သတ်ပစ်မှာ မဟုတ်ဘူးလား။ သူ့လက်ထဲက လက်နက်က ဘယ်လိုလုပ် မိစ္ဆာလက်ထဲ ရောက်သွားရတာလဲ ”
ထိုစဉ် ခွဲခွာချိတ်ကောက်က ကျန့်ချိုးချီရှေ့ ရောက်လာသည်။
“အသုံးမဝင်တာတွေ လုပ်နေတာပဲ” ကျန့်ချိုးချီက သူ့အသက်ဓားသွားကို မြောက်လိုက်သည်။ သူက ပြိုင်ဘက်ကို သတ်ပြီး နောက်ဆုံးအရာကို ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်သည်။
ဘန်း
ကျန့်ချိုးချီ၏ ဓားမော့က ခွဲခွာချိတ်ကောက် ပေါ် ကျရောက်လာသည်။
ခွဲခွာချိတ်ကောက်က ကောင်းကင်အဆင့် လက်နက်သက်ရောက်မှုကြောင့် အပြင်းအထန် လည်ပတ်လာပြီး ဆက်တိုက် အောက်သို့ ကျဆင်းလာသည်။
ကျန့်ချိုးချီက ထိုအရာကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားသည်။
ဒီပစ္စည်းက အသက်ဓားသွားရဲ့ ရိုက်ချက်ကို ခံနိုင်ရည် ရှိတယ်လား။
သူက ထိုထူးထူးဆန်းဆန်း လက်နက်ကို ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ကျန့်ချိုးချီကြောင့် လွင့်စဉ်သွားခဲ့သည့် လက်နက်က ပိုင်ရှင်ကို ရှာတွေ့သွားသည့်အလား မင်ရှစ်ရင်လက်ထဲ တန်းတန်းမတ်မတ် ကျရောက်လာသည်။
“တင် … ခွဲခွာချိတ်ကောက်နဲ့ ဓားအိမ်က ပိုင်ရှင်အဖြစ် အောင်အောင်မြင်မြင် အသိအမှတ်ပြုလိုက်ပါပြီ။
အဆင့် - ကောင်းကင်အဆင့်၊ ဆုလာဘ် - ကုသိုလ်ရမှတ် တစ်ထောင် ”
လုကျိုးက မုတ်ဆိတ်မွေးကို သပ်ကာ ခေါင်းညိတ်လိုက်သည်။ မင်ရှစ်ရင်တွင် ခွဲခွာချိတ်ကောက် မရှိလျှင် အသက်ဓားသွား ပိုင်ဆိုင်ထားသည့် ကျန့်ချိုးချီအား အနိုင်ယူဖို့ မဖြစ်နိုင်လောက်ပေ။ အစပိုင်းတွင် သူက မင်ရှစ်ရင်အား ခွဲခွာချိတ်ကောက် မပေးခင် သူ့အကျင့်စရိုက်ကို အရင်ပြုပြင်ပေးဖို့ ရည်ရွယ်ထားခဲ့၏။ မင်ရှစ်ရင်က ဆင်ခြင်တုံတရား မရှိဘဲ ကြွားဝါလွန်းလှသည်။ သို့သော်လည်း ဤအရာက အခွင့်ကောင်းဖြစ်သွားပုံပေါ်၏။
လက်နက်က ပိုင်ရှင်အဖြစ် အသိအမှတ်ပြုလိုက်သည်နှင့် မင်ရှစ်ရင်၏ အကြည့်များလည်း စိတ်လှုပ်ရှားမှုအပြည့် ဖြစ်လာရသည်။ သူက သူ့ဆရာကို ကျေးဇူးမတင်ခင် လေထဲ လျှပ်စီးနှုန်းဖြင့် ခုန်ဝင်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူက ခွဲခွာချိတ်ကောက်ကို အစွပ်မှ ဆွဲနှုတ်လိုက်သည်။ သူက တောင်ပံတပ်ထားသည့် ကျားတစ်ကောင်အလား ကျန့်ချိုးချီဆီ ပြေးဝင်သွားသည်။
ဘန်း ဘန်း ဘန်း …
ယခင်ထက် ပိုကြီးကျယ်သော စွမ်းအားလှိုင်းက မင်ရှစ်ရင်၏ ခန္ဓာကိုယ်ဆီမှ ထွက်လာလေသည်။ သူ့အမြန်နှုန်းနှင့် လှုပ်ရှားမှုများက အမြန်ဆုံး ဖြစ်နေလေပြီ။ သူက ခွဲခွာချိတ်ကောက်ကို ဝေ့ယမ်းလိုက်သည့်အခါ ကောင်းကင်ယံတွင် မီးပန်းများ ဖြာထွက်လာသကဲ့သို့ ဖြစ်၏။ ကြည့်ရသည်မှာ ကောင်းကင်တစ်ခွင် သူ့ကစားကွင်း ဖြစ်သွားပုံပေါ်သည်။
ဘန်း ဘန်း ဘန်း
မင်ရှစ်ရင်က ချိတ်ကောက်ကို နောက်လက်ဖြင့် အသုံးပြုကာ ရှေ့လက်ကို ဓားမော့ဖြင့် ကာထားလိုက်သည်။ သူက တိုက်ကွက်နှစ်ခုကြား ပြောင်းလဲနေပြီး သူ့တိုက်ကွက်အားလုံးက ကျန့်ချိုးချီအပေါ် ကျရောက်လာသည်။ ထိုစဉ် ကောင်းကင်ထဲ သူ့အသံထွက်ပေါ်လာလေ၏။
“ကျန့်ချိုးချီ … မင်းရဲ့ ကြီးကျယ်လှတဲ့ တိုက်ကွက်တွေကို တစ်ခါတည်းနဲ့ လေးခေါက် ထုတ်သုံးထားတာပဲ။ အသက်ဓားသွားကြောင့်သာ မဟုတ်ရင် မင်းတော့ ငါ့ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး ”
ကျန့်ချိုးချီလည်း သတိပြုမိသွားသည်။ ဆရာကြီးဆိုသူက မိစ္ဆာဝေဟင်မျှော်နန်း၏ မိစ္ဆာအိုကြီး ဖြစ်နေလေသည်။ ဤရိုက်ချက်က သူ့အပေါ် ဖိအားများစွာ ဖြစ်လာစေသည်။ သူ့စွမ်းအားက ဆက်လက် ကျဆင်းလာစဉ် မင်ရှစ်ရင်က စွမ်းအားကြီးလာလေ၏။ ထို့ကြောင့် မင်ရှစ်ရင် အရေးသာသွားရန် သိပ်မကြာလိုက်ပေ။
ကျန့်ချိုးချီက သူ့အသက်ကို အလကားသပ်သပ်ဖြစ်စေဖို့ စိတ်ကူးမရှိပေ။ စက္ကန့်ပိုင်းလေးအတွင်း သူက ကျောက်စိမ်းစင်မြင့် အစီအရင်ထဲအထိ နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက မင်ရှစ်ရင်ကို ကူးချသည့်အလား အသက်ဓားသွားကို မြန်မြန်မြောက်လိုက်သည်။
သို့သော်လည်း ထိုစဉ် မင်ရှစ်ရင်က အလေးအနက် ပြောလိုက်သည်။
“ ဒုက္ခမိုင်တစ်ရာရှုကွင်း”
သူ့ပေနှစ်ဆယ် မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ထွက်လာကာ သူ့အမြန်နှုန်းလည်း တိုးမြင့်လာသည်။ ခွဲခွာချိတ်ကောက်က ကျန့်ချိုးချီထံ မိုးသက်လေပြင်းအလား ဆက်တိုက် ကျရောက်နေသည်။
“ကျစ်” ကျန့်ချိုးချီက ဆက်တိုက် နောက်ဆုတ်နေရသည်။
ဘန်း ဘန်း ဘန်း
ကောင်းကင်အဆင့် လက်နက်နှစ်ခုကြားက ထိပ်တိုက်တွေ့မှုကြောင့် မီးပွားများ လွှင့်စင်လာသည်။ သို့သော်လည်း မင်ရှစ်ရင်က သူ့ခွဲခွာချိတ်ကောက်အပေါ် ယုံကြည်မှုက ကျန့်ချိုးချီတစ်ယောက် သူ့အသက်ဓားသွားပေါ် ယုံကြည်ချက်ထက် ပိုလွန်နေသည်။
မင်ရှစ်ရင်က ရုတ်ခြည်း ပြောလိုက်သည်။
“နှုတ်ဆက်ပါတယ် ”
“ ဟမ် ” ကျန့်ချိုးချီက မင်ရှစ်ရင် ပြောလိုက်သည်ကို ဝေဝါးဝါးသာ ကြားလိုက်ရပြီးနောက် သူ့အနား မြောက်များစွာသော နွယ်ပင်များ ရစ်သိုင်းလာကာ သူ့လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။
“ဒုက္ခမိုင်တစ်ရာရှုကွင်း ” မင်ရှစ်ရင်က အေးစက်စက် ပြောလိုက်သည်။ ဤတစ်ကြိမ် သူ့စိတ်ဝိညာဉ်သဏ္ဌာန်က ပေနှစ်ဆယ်မျှ မကတော့ပေ။ ပေသုံးဆယ် ဖြစ်လာလေ၏။ ထို့အပြင် စိတ်ဝိညာဉ်သဏ္ဌာန်အောက်ရှိ ရွှေပဒုမ္မာကြာပေါ်တွင် ပွင့်ချပ်တစ်လွှာ မြင်လိုက်ရသည်။
“ ဘာ … ဘယ်တုန်းက မင်း တစ်လွှာရလာတာလဲ ” ကျန့်ချိုးချီက မယုံကြည်နိုင်စွာ မျက်လုံးအပြူးသား ဖြစ်လာသည်။
ဖူး
မင်ရှစ်ရင်က ကျန့်ချိုးချီ၏ ရင်ဘတ်အား ခွဲခွာချိတ်ကောက်ဖြင့် ထိုးဖောက်ပစ်လိုက်သည်။ သူ ကောင်းကင်အဆင့် လက်နက် ရလိုက်ကတည်းက ကျန့်ချိုးချီအပေါ် ဖိအားပေးနိုင်ခဲ့သည်။ သူက တစ်စက္ကန့်လေးပင် မနားဘဲ “ အားနာပါရဲ့ … ငါ့ဆီမှာ ပွင့်ချပ်တစ်လွှာ တစ်လျှောက်လုံး ရှိခဲ့ပြီးသား ”
တိုက်ပွဲက ဒီလိုအဆုံးသတ်သွားလေသည်။
ကျန့်ချိုးချီ၏ လက်ကျန် ရှေးဦးချီက သူ့ခန္ဓာကိုယ်အား လေထဲ ထိန်းပေးထားသည်။
မင်ရှစ်ရင်က နောက်လှည့်ကာ ခွဲခွာချိတ်ကောက်အား အင်္ကျီလက်ဖျားဖြင့် သုတ်လိုက်ပြီးနောက် အစွပ်ထဲ ပြန်သိမ်းလိုက်သည်။
ဝုန်း …
ကျန့်ချိုးချီက နောက်ဆုံးတော့ မြေပေါ်သို့ ကျလာသည်။
“တင်း … နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့်ကို သတ်လိုက်နိုင်တဲ့အတွက် ဆုလာဘ် ကုသိုလ်ရမှတ် တစ်ထောင် ရရှိပါမယ် ”
“တင်း … ကောင်းကင်အဆင့် လက်နက် အသက်ဓားသွားကို ရရှိလိုက်ပါတယ်။ အသုံးမပြုခင် ပြန်လည်သန့်စင်ဖို့ လိုအပ်ပါတယ် ”
လုကျိုးက လက်မြောက်လိုက်သည့်အခါ အသက်ဓားသွားက သူ့လက်ထဲ မျက်စိတစ်မှိတ်အတွင်း ရောက်လာသည်။
မင်ရှစ်ရင်က ပိအန်းဆီ အပြေးအလွှား ရောက်လာသည်။
နွယ်ပင်များစွာက သူတို့အမြင်ကို နှောင့်ယှက်ပိတ်ဆို့ထားသောကြောင့် ကျောက်စိမ်းစင်မြင့်မှ တပည့်များက အဖြစ်အပျက်ကို မသိလိုက်ကြပေ။ သို့သော်လည်း သူတို့က ပိအန်း ကောင်းကင်ထဲ မြင့်တက်သွားသည်ကို မြင်လိုက်ကြရသေး၏။ နွယ်ပင် ပျောက်ကွယ်သွားသည့်အခါ မင်ရှစ်ရင်က ဒူးထောက်ကာ ဂါရဝပြုနေသည့် အနေအထားကို မြင်လိုက်ကြရသည်။
“ ရှစ်စွင်းကို ကျေးဇူတင်ပါတယ်။ ရှစ်စွင်းကို စိတ်မပျက်စေမိခဲ့လို့ တော်သေးတာပေါ့ ”
သစ္စာရှိမှု +၂
လုကျိုးက မုတ်ဆိတ်ကို အသာသပ်လိုက်သည်။ သူက မင်ရှစ်ရင်ကို အသာကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ သူက မင်ရှစ်ရင်သည် သူ့စွမ်းအားကို ဖုံးကွယ်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကြည့်ရသည်မှာ မင်ရှစ်ရင်က အမှောင်စစ်သည်တော် လေးယောက်ထဲမှ တစ်ယောက်နှင့် တိုက်ခိုက်ခဲ့စဉ်အခါက ပွင့်ချပ်တစ်လွှာ တိုးလာခြင်း ဖြစ်ရမည်။
မင်ရှစ်ရင်က မတ်တတ်ရပ်ကာ ရှောင်ယွမ်အာအား ပြောလိုက်သည်။
“ ရှစ်မေ့ ငါ ကျန့်ချိုးချီကို တစ်ချက်တည်းနဲ့ အဆုံးသတ်ပစ်လိုက်တုန်းက အာ့ရှစ်ရှိုးနဲ့ မတူဘူးလား ”
ရှောင်ယွမ်အာက မျက်လုံးဝေ့ကြည့်ကာ “ ညီမက ဘယ်လိုလုပ်သိမှာလဲ ”
အကယ်၍ စိတ်ရှုပ်ထွေးနေသည့် လူများရှိနေသေးလျှင်ပင် သူတို့ကြားက စကားဝိုင်းမှ လူအိုကြီး၏ ဇာစ်မြစ်ကို အတည်ပြုပေးပြီးသား ဖြစ်သွားလေပြီ။
“သူက မိစ္ဆာအိုကြီးလား ”
“ ကျိထျန်းတောက်လား ”
“မဖြစ်နိုင်တာ … သွမ့်ရှင်း မိတ်ဆက်ပေးတဲ့ ဆရာကြီးက မိစ္ဆာဝေဟင်မျှော်နန်းက မိစ္ဆာအိုကြီးတဲ့လား”
“ပြေးကြ”
ကျင့်ကြံဆင့်နိမ့်သည့် ဂိုဏ်းသားများက တုံ့ဆိုင်းမနေရဲကြပေ။ သူတို့အသက်များက တိုက်ပွဲကြည့်ရခြင်းထက် ပိုအရေးပါသည် မဟုတ်ပါလော။ မျက်စိတစ်မှိတ်အတွင်း ကျောက်စိမ်းယဇ်ပလ္လင်အထက် ဂိုဏ်းသားတစ်ဦးတည်းသာ ကျန်ရှိတော့သည်။
ရှောင်ယွမ်အာက လှည့်ကြည့်ကာ ပြောလိုက်၏။
“ အာ … ရှစ်စွင်းကို မကြောက်တဲ့သူ တစ်ယောက်ရှိနေတာပဲ ”
လုကျိုးက ထိုလူကို လှည့်ကြည့်လိုက်သည့်အခါ ဖြောင့်မတ်ခြင်း လမ်းစဉ်ဂိုဏ်းမှ ပဥ္စမအကြီးအကဲ ကျန်းချူ ဖြစ်နေကြောင်း သိလိုက်ရသည်။ သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “မင်းက ငါ့ကို မကြောက်ဘူးလား ”
ကျန်းချူက တိတ်ဆိတ်နေလေ၏။
လုကျိုးက ခေါင်းအသာညိတ်ကာ ကျန်းချူအား ချီးကျူးလိုက်သည် “ဖြောင့်မတ်ခြင်းလမ်းစဉ်းဂိုဏ်းက ငကြောက်တွေချည်း ရှိတယ် ထင်နေတာ”
“ရှစ်စွင်း ကျွန်တော် သွားသတ်လိုက်ရမလား” မင်ရှစ်ရင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ ကျွန်တော် ရုတ်ရုတ်သည်းသည်း မဖြစ်စေရဘူးလို့ ကတိပေးပါတယ်။ သူ့ကို ကျန့်ချိုးချီထက် ခပ်မြန်မြန် သတ်ပေးနိုင်ပါတယ် ”
လုကျိုးက ခေါင်းခါလိုက်သည်။ သူက ကျန်းချူအား ကြည့်လိုက်ကာ “ မလိုဘူး ”
ကျန်းချူအား သတ်လိုက်ခြင်းက အဓိပ္ပာယ်မရှိပေ။ သူက ပါမွှားလေးမျှသာ ဖြစ်၏။ သူ့သေဆုံးခြင်းက ဖြောင့်မတ်ခြင်းလမ်းစဉ်ဂိုဏ်းအတွက် အကျိုးဆက် မရှိချေ။
လုကျိုးက လက်အသာယမ်းကာ “ သတ္တိကောင်းတဲ့လူတွေကို သဘောကျတယ်။ မင်းအသက်ကို ချမ်းသာပေးလိုက်မယ်”
ထို့နောက် သူက သူ့တပည့်ကို ပြောလိုက်သည်။
“ မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ကြစို့ ”
ပိအန်းက တိမ်တိုက်ထဲ ဝင်ရောက်သွားလေသည်။
“ရှစ်စွင်း ဘေးကင်းတဲ့ ခရီးလေး ဖြစ်ပါစေ။ ကျွန်တော် စန်းရှစ်ရှိုးကို သွားရှာလိုက်ဦးမယ်” မင်ရှစ်ရင်က ပြောလိုက်၏။
လုကျိုးက သူ့အား လျစ်လျူရှုထားရင်း ပိအန်းကျောပေါ်တွင် စီးနင်းရင်း ကောင်းကင်ထဲ ရောက်သွားသည်။
မင်ရှစ်ရင်က တောအုပ်ထဲ လျှပ်စီးအလား ဝင်ရောက်သွားလေသည်။
“ရှစ်ရှိုးက သန့်စင်ခန်းသွားတာ ဘာလို့ကြာနေပါ့လိမ့်”
သိပ်မကြာခင် သူလည်း နေရာမှ ပျောက်ကွယ်သွားလေသည်။
ခဏအကြာတွင် ကျန်းချူက မြေပြင်ပေါ် အပုံသားလဲကျသွားလေသည်။ ထိုစဉ် သူ့ခြေထောက်ကြားမှ အရည်ပူပူတို့ စီးကျလာသည်။
သေစမ်း ကြောက်စရာကောင်းလိုက်တာ … ငါ အသေကို ကြောက်သွားတာ။ မိစ္ဆာအိုကြီးက ငါ့ရှေ့မှာ ရပ်နေခဲ့တာတဲ့။
ကျန်းချူက မျက်ရည်ကျလုမတတ် ဖြစ်နေလေသည်။
……….
တိတ်ဆိတ်လှသည့် တောအုပ်အတွင်း
အစိမ်းဝတ် အမျိုးသားက လျှောက်လှမ်းလာသည်။ သူက ပိအန်းထွက်သွားသည့် နေရာကို ကြည့်လိုက်ကာ သူ့ဘာသာ ရေရွတ်လိုက်သည်။
“ရှစ်စွင်း တော်တော်ပြောင်းလဲသွားတဲ့ပုံပဲ … ”
သူက မြေပြင်ပေါ် ထိုင်လျက်သားဖြစ်နေသည့် ကျန်းချူဆီ ဖြည်းဖြည်းချင်း လျှောက်လာလေသည်။
“မင်္ဂလာပါ ”
“မ … မင်္ဂလာပါ ” ကျန်းချူက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ခေါင်းညိတ်လိုက်သည်။
“ သူတို့က ခင်ဗျားကို လန့်အောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိပုံမပေါ်ဘူး”
…
အခန်း (၁၁၃) စွမ်းအင်ငါးဖြာစကြဝဠာ သစ်ပင်ကို ကာကွယ် ဟွားဝူတောက်ကို စောင့်ဆိုင်း
“တမင်တကာ လုပ်တာမဟုတ်ဘူးလား” ကျန်းချူက ငိုမိလုနီးပါးဖြစ်သွား၏။
“ရယ်စရာပဲ။ မိစ္ဆာဘုရား ကျောင်းက ငါ့ရဲ့သမာသမတ်ဂိုဏ်းကို ဖျက်ဆီးဖို့ ကြိုးစားနေတာ”
ဝတ်ရုံစိမ်းဖြင့်ဓားသမားက ပြုံးပြီးပြောလိုက်တော့သည်။ “အဘိုးကြီးက တမင်တကာ လုပ်တယ်လို့တော့ ငါမထင်ဘူး”
“တကယ်လား” ကျန်းချူသည် သူရှက်ဖွယ်ကောင်းသောအခြေနေတွင် ကျရောက်နေမှန်း သဘော ပေါက်သွားသည့်အချိန် သူ၏ဝတ်ရုံကို အမြန်သေသပ်အောင်ပြင်ပြီးနောက် ခြေထောက်ကြွလိုက် တော့၏။
“အင်း” ဝတ်ရုံစိမ်းဓားသမားက ခေါင်းညိမ့်လိုက်သည်။ “ခင်ဗျား စော်ကားခံရတယ်ထင်ရင် သူ့ကိုယ်စား ကျုပ်တောင်းပန်တယ်”
ကျန်းချူ၏မျက်နှာထက်တွင် မျက်မှောင်ကျုံ့သည့် အမူအရာပေါ်လာသည်။ သူက စိတ်တိုတိုဖြင့် ပြောလိုက်၏။
“သူ့ကိုယ်စားတောင်းပန်ရအောင် မင်းတို့က ဘယ်သူတွေလဲ။ မင်းတို့ကိုယ် မင်းတို့ ဘယ်သူလို့ထင်နေတာလဲ”
ဝတ်ရုံစိမ်းဓားသမား၏နောက်ကျောရှိဓားက လှုပ်လာချိန်တွင် ကျန်းချူ၏အသံက ဖျော့သွားသည်။ ဓားက ပြန်ထွက်လာပြီးနောက် မျက်တောင်တစ်ခတ်အတွင်း ဓားအိမ်ထဲသို့ ပြန်ဝင်သွားတော့၏။
အရိပ်ကိုတောင် မြင်နိုင်မှာ မဟုတ်သော်ငြား ကျန်းချူ၏ လက်မကမူ ဒဏ်ရာပြင်းပြင်းထန်ထန်ရ သွားပြီဖြစ်သည်။ ဖြစ်ပျက်သွားတာမြန်ဆန်လွန်းသောကြောင့် သူက နာကျင်မှုကိုတောင် မခံစားရ ပေ။
“ကျုပ်ရဲ့နာမည်က ယွီရှန်းရုံ” ဝတ်ရုံစိမ်းဓားသမားက ဖော်ရွေစွာပြုံးပြီးပြောလိုက်တော့၏။
“ကြောက်နေဖို့မလိုဘူး။ အကြောင်းပြချက်မရှိဘဲ ကျုပ် ဘယ်တော့မှ မသတ်ဘူး”
“...”
“ခင်ဗျားရဲ့ ဧည့်ဝတ်ကျေပွန်မှုကို အနှောင့်အယှက်ပြုမိတဲ့အတွက် ကျူပ်တောင်းပန်ပါတယ်။ ကောင်းကောင်းသွားပါ” ယွီရှန်းရုံက လှည့်ထွက်သွား၏။ သူက မျက်တောင်တခတ်အတွင်း တောအုပ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
ကျန်းချူသည် လက်မကို ဖိမိသည့်အချိန်၌ နာကျင်မှုကို ခံစားလိုက်ရသည်။ တချိန်တည်းတွင် သူ၏ ခြေထောက်ကြားမှ နောက်ထပ် အရည်ပူပူတို့ စီးကျလာလေသည်။
...
လေးနာရီခန့်ကြာသွားပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်း၏ မဟာခန်းဆောင်ထဲတွင် ဖြစ်သည်။
တင်းဖန်ချိုးက တုန်တုန်ယင်ယင်ဖြင့် ကြမ်းပြင်ပေါ်ဒူးထောက်နေပေ၏။ သူ၏ ပတ်ဝန်းကျင်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ ခန်းမဆောင်က အလွန်အထင်ကြီးဖွယ်မကောင်းသော်ငြား ယင်းက မိစ္ဆာဝေဟင်မျှော်နန်းအစစ်ဖြစ်သည်။ သူက ကြောက်လန့်လွန်းသောကြောင့် အသက်တောင် ကျယ်ကျယ် မရှူရဲပေ။
တွမ့်မူရှန်းနှင့် မင်ရှစ်ရင်က ဘေးတစ်ဖက်တွင် အသီးသီးရပ်နေကြ၏။
လုကျိုးက တင်းဖန်ချိုးကို ကြည့်လိုက်သည်။ ထိုလူသည် သူ့အယောင်ဆောင်ခဲ့သော်ငြား သူသည် ယွင်ဂိုဏ်းမှ ပွင့်ချပ်ငါးလွှာနတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူတစ်ဦးဖြစ်၏။ ဟွားဝူတောက်က သွမ့်ရှင်းမှန်းဆထားသကဲ့သို့ ဆောင်ရွက်လာခဲ့မည်ဆိုလျှင် မကြာမီ၌ ဟွားဝူတောက်သည် သူ့ရင်ထဲရှိ အထုံးကို ဖြေရှင်းရန်အတွက် ဤနေရာသို့ ရောက်လာမှာဖြစ်သည်။ ထို့ကြောင့် ယွင်ဂိုဏ်းမှလူတစ်ယောက်အနေဖြင့် တင်းဖန်ချိုးက အသုံးဝင်သေးသည်။ သူက လက်ရမ်းပြလိုက်၏။ “သူ့ကို ချုပ်ထားလိုက်”
“နားလည်ပါပြီ” တွမ့်မူရှန်းက တင်းဖန်ချိုးကို ဆွဲခေါ်ပြီးမဟာခန်းမထဲမှ ထွက်သွားတော့သည်။
“ပြီးတော့ ဟွားဝူတောက်ကို တွေ့ရင် ငါ့ကို လာတွေ့ဖို့ တစ်ခါတည်းပြောလိုက်”
“ဟုတ်ကဲ့ပါ ရှစ်စွင်း”
လုကျိုးသည် ဘေးတွင် ရပ်နေသော လရောင်ဆွတ်မျှော်နန်း၏ အမျိုးသမီးကျင့်ကြံသူကို တစ်ချက် ကြည့်လိုက်သည်။ သူက မုတ်ဆိတ်သပ်လျက် မေးလိုက်တော့၏။ “ဒီရက်တွေမှာ ယဲ့ထျန်းရှင်း ဘယ်လိုလဲ”
အမျိုးသမီးကျင့်ကြံသူက ချက်ချင်းပင် ဒူးထောက်လိုက်တော့သည်။ သူမက ကြောက်လန့်လွန်းသောကြောင့် စကားရှင်းရှင်းလင်းလင်း မပြောနိုင်ဖြစ်နေ၏။
ထိုအရာကို ဖန်ကျုံးမြင်သည့်အချိန်တွင် လက်သီးဆုပ်လျက်ပြောလိုက်တော့သည်။ “မျှော်စင်သခင် ကို ပြန်ဖြေပါတယ်။ အားနည်းနေတာကလွဲရင် သူမက အဆင်ပြေနေတဲ့ပုံပါပဲ”
လုကျိုးက ခေါင်းညိမ့်လိုက်သည်။ ပိုင်လူမျိုးများ၏ တည်ဆောက်ပုံဖြင့် ထိုဖျားနာမှုက ဘာမှ မဟုတ်ပေ။ ယွီလုံရွာ၏ အမှန်တရား မပေါ်ပေါက်ခင် သူက ယဲ့ထျန်းရှင်းကို ဘာမှလုပ်ရန် မစီစဉ်ထားပေ။ နောက်ဆုံးတွင် သူက ပြောလိုက်၏။ “ငါ ပင်ပန်းနေပြီ”
“ကောင်းကောင်းအနားယူပါ သခင်ကြီး”
လုကျိုးက လျှို့ဝှက်ခန်းထဲသို့ ဝင်သွားတော့သည်။ သူသည် ပြီးခဲ့သည့်နှစ်ရက်အတွင်း ကောင်းကင် ကျမ်းစာကို ဖတ်ရှုရန် အချိန်မရခဲ့ပေ။ ယခင်ကနှင့်ယှဉ်လျှင် သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက အနည်းငယ်ဆိုးရွားလာ၏။
နာမည်။ ။ လုကျိုး
မျိုးနွယ်။ ။ လူသား
ကျင့်ကြံဆင့်။ ။ ဗြဟ္မာ့ပင်လယ်ချီသွေးကြောရှစ်ကြောအဆင့်
ကုသိုလ် အမှတ်။ ။ ၆၂၁၂ မှတ်
စိတ်ဝိညာဉ် သဏ္ဍာန်။ ။ ခွန်အားလေးချိုးတစ်ချိုး
ကျန်ရှိသက်တမ်း၊ ။ ၅၈၀၀ရက်
အသုံးပစ္စည်း။ ။ အသေရိုက်ချက် တစ်ကတ်၊ စင်းလုံးချောကတ် နှစ်ကတ်၊ အတိုက်အခိုက် ဒဏ်ပြင်းကာကွယ်ကတ်( အလိုအလျောက်သုံး) ခုနှစ်ကတ်၊ ချုပ်နှောင်ခြင်း လှောင်ချိုင့်ကတ် လေးကတ်၊ မှော်နတ်ခြင်္သေ့၊ ပိအန်း
လက်နက်။ ။ အမည်မဲ့၊ မာယာကျော့ကွင်း (ပိုင်ရှင် - ယဲ့ထျန်းရှင်း။ အသုံးမပြုခင် ပြန်လည်သန့်စင်ရန် လိုအပ်) အသက်ဓားသွား(ပိုင်ရှင်- ကျန့်ချိုးချီ၊ အသုံးပြုရန်အတွက် ပြန်လည်သန့်စင်ရန် လိုအပ်
ကျင့်ကြံခြင်း နည်းစနစ်။ ။ ကောင်းကင်ကျမ်း ပေလွှာသုံးမျိုး
“ခြောက်ထောင်။ ငါ့မှာ တစ်ထောင်လိုသေးတာပဲ” လုကျိုးက မျက်မှောင်ကျုံ့လိုက်သည်။ သူက စိတ်ဝိညာဉ်သဏ္ဌာန် တစ်ခုမတတ်နိုင်သေးချေ။ သူတို့က ဈေးကြီးလွန်းနေ၏။ “ငါ ဒါပြီးရင် ကုသိုလ်မှတ်တွေ ပိုရအောင် နည်းလမ်းတစ်ခု စဉ်းစားရမယ့်ပုံပဲ”
သူသည် ယွီလုံရွာ၏ အဖြစ်အပျက်ကို စစ်ဆေးတာမပြီးဆုံးသောကြောင့် သူ၏ ဆုလာဒ်ကို မရသေးတာ သဘာဝမကျပေ။
“ကံစမ်းမဲ”
“တင်း … ကံစမ်းမဲအတွက် ကုသိုလ်ရမှတ် ငါးဆယ် ကျသင့်ပါတယ်။ ပါဝင်ကံစမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် +၁”
“ငါထပ်ပြီး ကံစမ်းမဲကို ရွေးမိမယ်ဆိုရင် ငါထပ်ပြီးလွဲချော်နေသေးတယ်လို့ မျှော်လင့်ရသေးတာပဲ”
လုကျိုးက နောက်ထပ်ကံစမ်းမဲတစ်ခုကို ဆွဲရန် သူ၏ ကုသိုလ်အမှတ်ကို ဆုံးဖြတ်ချက် ပြတ်သားစွာ သုံးလိုက်၏။
“တင်း ကံစမ်းမဲနှိုက်ရန်အတွက် ကုသိုလ်အမှတ် ငါးဆယ်သုံးလိုက်ပါပြီ။ ကံကောင်းမှုရှစ် စိတ်ဝိညာဉ်သဏ္ဌာန် စွမ်းအင်ငါးဖြာစကြာဝဠာရရှိခြင်း"
“တကယ်လား”
ထိုစိတ်ဝိညာဉ်သဏ္ဌာန်က ကုသိုလ်အမှတ် ရှစ်ထောင်ကျော်တန်ပေ၏။ ထိုသို့တိုင် သူက ကုသိုလ်အမှတ်ငါးဆယ်မျှဖြင့် မည်ကဲ့သို့ ရလာသနည်း။
သို့သော် ငါသာ သိခဲ့ရင် သတ္တမမြောက် ကရားကို သွားရှာမှာပဲ ဟူသော သဘောတရားအတိုင်းပင် ယခင်ကကဲ့သို့ အခြေအနေမျိုးကို မကြုံတွေ့ခဲ့ဖူးလျှင် ယခင်ကများစွာ မသုံးစွဲရလျှင် သူက ထိုကဲ့သို့ ကံကောင်းမှာ မဟုတ်ပေ။
“သုံးမယ်” ခွန်အားလေးချိုးတစ်ချိုးစိတ်ဝိညာဉ်သဏ္ဌာန်တွင် စွမ်းအင်ငါးဖြာ စိတ်ဝိညာဉ်သဏ္ဌာန် ဖြင့် ချက်ချင်းအစားထိုးလိုက်လေ၏။ ယန်နှင့်တု ချီသွေးကြောများကို ဆက်နွယ်ပြီးနောက် သူ၏ စွမ်းအင်ငါးဖြာတို့က စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ဆီသို့ စွမ်းအင်များပြန်ရောက်လာသည့် အခြေအနေဖြစ်သည်။ သို့သော် လုကျိုးသည် ချီသွေးကြောများကို အချိန်အတော်ကြာပြီးကပင် ဆက်နွယ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် စကြာဝဠာစိတ်ဝိညာဉ်သဏ္ဌာန်ကို အသုံးပြုသည့်အချိန်တွင် ကနဦးချီများက သူ၏ကိုယ်ထဲသို့ ဒီရေအလားစီးဝင်လာတော့၏။ အင်မတန် သက်သောင့်သက်သာ ဖြစ်မှုကို ခံစားရသည်။
ပြီးနောက် လုကျိုးသည် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်အသစ်ကို အသုံးပြုရန်အတွက် အချိန်တစ်ချို့ သုံးလိုက်ရ၏။ သူ၏ကျင့်ကြံဆင့်က တိုးတက်လာပြီဟု ခံစားမိနေသည်။ သက်ပြင်းချကာ ခြေလှမ်းများကို ဆန့်လိုက်တော့၏။ “ငါ အကြောင်းပြန်လှန်ကတ်တစ်ချို့လိုတယ်”
“ပါဝင်ခြင်းအတွက် ကျေးဇူးတင်ပါတယ်။ ဟူသည်က သူ၏ ယခင်ကံစမ်းမဲနှိုက်မှ အသုံးပစ္စည်းတစ်ခုရသည်ထက် ပါဝင်ခြင်းအတွက် ကျေးဇူးတင်ပါတယ်။ ဟူသည်ကို ပိုရနေသည်က အမှန်တရားပင်ဖြစ်သည်။ သို့သော် တွက်ကြည့်လျှင် သူအမြတ်ထွက်သေးသည်ဟု ဆိုနိုင်ပေ၏။
“ကံစမ်းမဲ”
“တင်း … ကံစမ်းမဲအတွက် ကုသိုလ်ရမှတ် ငါးဆယ် ကျသင့်ပါတယ်။ ပါဝင်ကံစမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် +၁”
သူသည် ငါးကြိမ်ဆက်တိုက်နှိုက်ခဲ့ရာ ရလဒ်က တူညီနေပေ၏။
စွမ်းအင်ငါးဖြာစိတ်ဝိညာဉ်သဏ္ဌာန်ကို ရရှိပြီးနောက် လုကျိုးသည် ကျရှုံးမှုငါးခုဖြင့် မသက်ရောက် ခံရတော့ပေ။ မည်သည့်နည်းနှင့်မဆို သူ၏ ကုသိုလ်မှတ်က တိုးလာနိုင်သည်။ အသုံးမဝင်သည့် အသုံးပစ္စည်း မဟုတ်သရွေ့ သူ မည်သည့်အရာကို မဆိုလက်ခံနိုင်သည်။
လုကျိုးက ကံစမ်းမဲ မနှိုက်တော့ချေ။ ထိုအစား အသုံးပစ္စည်း၏ ကော်လံကို ဖွင့်လိုက်၏။ အသုံးပစ္စည်းကတ်ထဲတွင် အသစ်ရောက်ရနိုင်သည့်အရာရှိလား ဆိုတာကို မြင်ချင်နေသည်။
“ဒါဘာလဲ” စာရင်း၏အောက်နားတွင် လုကျိုးက အသုံးပစ္စည်းကတ်တစ်ခုကို မြင်ရန် မျှော်လင့်ထားသည့်နေရာတွင် ခရမ်းရောင်သေတ္တာတစ်လုံးကို သတိပြုမိလိုက်သည်။
ထိုနေရာတွင် ဆန်းကြယ်သေတ္တာဟူသော မှတ်စုတစ်ခုရှိနေလေ၏။
ဆန်းကြယ်သေတ္တာလား။
“တန်ကြေးကုသိုလ်အမှတ်နှစ်ထောင်။ တစ်ရက်တာအတွက်သာ အသုံးပြုနိုင်သည်”
“အချိန်အကန့်အသတ်နဲ့လား” လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။ ယင်းက မြေကမ္ဘာပေါ်ရှိ ဂိမ်းများအကြောင်း သူ့ကို သတိရသွားစေသည်။ ယင်းက ကျင့်ဝတ်မရှိသော ကုန်သည်များ၏ ဗျူဟာပင်ဖြစ်သည်။ သို့သော် စနစ်က ထိုကဲ့သို့ အဓိပ္ပာယ်မဲ့ခြင်းရှိသည်လော။
လုကျိုးစိတ်ထဲ ဆန်းကြယ်သော သေတ္တာထဲတွင် တန်ဖိုးကြီးသည့် တစ်စုံတစ်ခုရှိရမည်ဟု ပြောနေသည်။
“ဝယ်မယ်”
အလင်းတန်းက ဖျတ်ခနဲပေါ်လာပြီးနောက် လျှို့ဝှက်အခန်းထဲ၏ အလယ်တွင် သေတ္တာတစ်လုံးပေါ် လာတော့၏။ သေတ္တာ၏အလယ်က စနစ်မျက်နှာပြင်ပေါ်တွင် ပြသထားသော ပုံနှင့် တစ်ထပ်တည်း တူပေ၏။
အချိန်အတော်ကြာအောင်လေ့လာပြီးနောက် သေတ္တာကို ဖွင့်ရန် နည်းလမ်းမရှိကြောင်း လုကျိုး သဘောပေါက်သွားသည်။ အပြည့်အဝချိတ်ပိတ်ထားတာပဲဖြစ်သည်။
ဘန်း
လုကျိုးက သူ၏လက်ကို သာမန်ကာလျှံကာဆွဲရမ်းလိုက်၏။ စွမ်းအင်လှိုင်းက သေတ္တာကို ထိသွားပြီး ဘာမှဖြစ်မလာခဲ့ပေ။
ဘန်း ဘန်း ဘန်း
လုကျိုးသည် သူ၏လက်ကို ဆက်လက်ဝှေ့ယမ်းနေပြီးနောက် ဆန်းကြယ်သေတ္တာကို ဆက်တိုက် တိုက်ခိုက်နေသည်။
လျှို့ဝှက်အခန်းအပြင်ဖက်တွင် ရှောင်ယွမ်အာနှင့် မင်ရှစ်ရင်က လျှို့ဝှက်ခန်းထဲမှ အသံများကို ကြားနေရသည်။
“မသွားနဲ့။ ရှစ်စွင်းက ယွီလုံရွာက အဖြစ်အပျက်ကို စိတ်မကျေနပ်သေးဘူး။ သူအခု ဒေါသထွက် နေတာ” မင်ရှစ်ရင်သည် လျှို့ဝှက်အခန်းထဲဝင်တော့မည့် ရှောင်ယွမ်အာကို အမြန်တားလိုက်လေ၏။
“ဪ”
“ရှစ်မေ့ မင်းအားလား”
“ဘာကြောင့်လဲ"
“ငါနဲ့လက်ရည်ချင်းယှဉ်။ ငါ့ရဲ့ ခွဲခွာချိတ်ကောက်နဲ့ ဓားအိမ်ကို ကြည့်ဦး။ ရှစ်စွင်းပေးထားတာလေ။ အား ရှစ်မေ့ ဘာကြောင့်ငိုနေတာလဲ” မင်ရှစ်ရင်က လက်မြှောက်ပြီးနောက် လေထဲတွင် ခွဲခွာချိတ်ကောက်နှင့် ဓားအိမ်ကို ပစ်တင်လိုက်ပြီး သူ့လက်ထဲ ဖြည်းဖြည်းချင်းကျလာတော့၏။
မင်ရှစ်ရင်က မေးမြန်းတာမပြီးသေးခင် တွမ့်မူရှန်းအသံက ခန်းဆောင်အပြင်ဖက်ကနေ ထွက်ပေါ် လာသည်။
“လောင်စစ် ငါသတင်းကောင်းကြားထားတယ်။ ရှစ်စွင်းက မင်းကို လက်နက်ကောင်းတစ်ခု ပေးထားတယ်မလား။ အခု လာ လာ ဒီကိုလာ ငါစောင့်နိုင်တယ်။ ငါ စောင့်နေတာလေ။ မင်းမှာ လက်နက်ကောင်းရှိနေပြီဆိုတော့ အရင်ကထက်ပိုကြာကြာခံမယ်ဆိုတာ သေချာတယ်။ မြန်မြန်” တွမ့်မူရှန်းက သူ၏ဘယ်လက်တွင် နယ်ရှင်လှံကို ကိုင်ထားလျက် သူက မင်ရှစ်ရင်ကို ညာလက်ဖြင့် ခန်းမထဲကနေ ဆွဲထုတ်သွားတော့၏။
မင်ရှစ်ရင်က ဆွံ့အသွားလေသည်။
ရှောင်ယွမ်အာက နှာခေါင်းရှုံ့လိုက်၏။ “ညီမကို ရွေးတာအတွက် ခံသင့်တယ်”
…
အခန်း (၁၁၄) ငါက အရင်ကလို မဟုတ်တော့ဘူး
လျှို့ဝှက်ခန်းအတွင်းတွင် ဖြစ်သည်။
လုကျိုးက လျှို့ဝှက်ဆန်းကြယ်သေတ္တာအား သူ့စွမ်းအားဖြင့် ဆက်တိုက် ဖွင့်ကြည့်နေဆဲ ဖြစ်သော်လည်း သေတ္တာကား အထိအခိုက်မရှိ နဂိုအတိုင်း ကျန်ရှိနေဆဲ ဖြစ်၏။
‘ဖွင့်မရတဲ့ သေတ္တာ … အဲဒါ ဘာကို ဆိုလိုချင်တာလဲ။ ငါက ဘာမှမဟုတ်တဲ့အရာအပေါ် ကုသိုလ်ရမှတ် နှစ်ထောင် သုံးခဲ့မိတာလား’ လုကျိုးက သေတ္တာကို သေချာလေ့လာကြည့်လိုက်သည်။ သေတ္တာပေါ်မှ မြောင်းရာများအပြင် တခြားဘာမှထူးထူးခြားခြား မရှိပေ။
လုကျိုးက သူ့လက်နက် အမည်မဲ့ကို သတိရလိုက်သည်။
ဒီသေတ္တာကို အမည်မဲ့နဲ့ ဖွင့်ကြည့်လိုက်ရင် ဘာဖြစ်မလဲ …
သူက ညာဘက်ကို အသာမြောက်လိုက်သည့်အခါ အမည်မဲ့က လက်ရာမြောက် ဓားတစ်ချောင်းအနေနှင့် ထွက်ပေါ်လာသည်။ သူက အသာလေး ဝေ့ယမ်းလိုက်သည်။
ဘန်း
အမည်မဲ့က လျှို့ဝှက်ဆန်းကြယ် သေတ္တာနှင့် ထိပ်တိုက်တွေ့သွားကာ မီးပွားများ လွင့်စဉ်လာသည်။
လုကျိုး၏ ဦးဆုံးတုံ့ပြန်မှုက အမည်မဲ့ကို စစ်ဆေးကြည့်ရန် ဖြစ်၏။ ထိုအပေါ်တွင် ခြစ်ရာမရှိမှ သေတ္တာကို ကြည့်လိုက်သည်။ အမည်မဲ့အတိုင်း အထိအခိုက် မရှိပေ။ တစ်ခုတည်းသော ပြောင်းလဲမှုမှာ အပေါ်ယံရှိ ခြစ်ရာလေးတစ်ခု ဖြစ်၏။ လုကျိုးက မျက်တောင်ခတ်လိုက်သည့်အခါ ထိုခြစ်ရာလေးက ပျောက်ကွယ်သွားလေသည်။ အရည်ပျော်ကျသွားသကဲ့သို့ ဖြစ်သည်။ အမည်မဲ့က ပိုအဆင့်မြင့်မှန်း သိသာလှသည်။ သို့သော်လည်း သေတ္တာ၏ ပစ္စည်းကလည်း အတော်လေး ထူးခြားလှသည်။ သူ့ဘာသာ နဂိုအတိုင်း ပြန်လည်ထိန်းသိမ်းနိုင်စွမ်း ရှိ၏။
အမည်မဲ့က အမှောင်စစ်သည်တော်၏ မြေကမ္ဘာအဆင့် လက်နက်ကို ချိုးဖောက်နိုင်လေသည်။ ဆိုလိုသည်မှာ ဤသေတ္တာကလည်း ကောင်းကင်အဆင့် လက်နက်ထက် ပိုမာကြောလေ၏။
လုကျိုးက မတ်တတ်ရပ်လိုက်သည်။ သူက သေတ္တာကို မလေ့လာတော့ဖို့ ဆုံးဖြတ်လိုက်သည်။ စနစ်က သူ့အား သေတ္တာရောင်းချလိုက်သည့်အတွက် အသုံးဝင်မှုတော့ ရှိရပေမည်။ ထိုအကြောင်း သောကရောက်လွန်းနေသည်က အဓိပ္ပာယ်မရှိချေ။ အရာအားလုံးက အဆင်ပြေသွားလိမ့်မည်။ သူလည်း နည်းလမ်းရှာတွေ့မည် ဖြစ်ကြောင်း သေချာယုံကြည်ထား၏။
“ ကောင်းကင်ကျမ်း” လုကျိုးက တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်ကျမ်းကို နားလည်အောင် လုပ်လိုက်သည်။ ထိုအချိန်အတွင်း သူက ကောင်းကင်ကျမ်းကို နားလည်အောင်လုပ်ရာ၌ အင်မတန် လွယ်ကူလာကြောင်း တွေ့လိုက်ရသည်။ ထိုအရာအပြင် သူက ပေလွှာများကို ခေါ်ထုတ်ရန် မလိုတော့ပေ။ သူ တည်ငြိမ်သွားသည်နှင့် သူ့စိတ်ထဲ ကောင်းကင်ကျမ်း စာလုံးများ ပေါ်လာသည်။ စာလုံးများ၊ သင်္ကေတများက အတူတကွ လှုပ်ရှားနေပြီး ဇာတ်ကားတစ်ကား ကြည့်နေရသလိုမျိုး လိုအပ်သည့်နေရာကို ထပ်ခါ ပြနေသည်။
…….…
ထိုစဉ် သမာသမတ်ဂိုဏ်းအတွင်း အစည်းအဝေးခန်းမ၌ …
ပဥ္စမမြောက် အကြီးအကဲ ကျန်းချူက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဂိုဏ်းချုပ် ကျန်းယွမ်ရှန့်ဆီ ပြန်ပြောပြနေသည်။ သူ့မျက်နှာ၌ မျက်ရည်များဖြင့် စိုရွှဲနေပြီး တရှုံ့ရှုံ့ ဖြစ်နေသည်။ အခြားအကြီးအကဲများက သူ့စကားနားထောင်ရင်း ခေါင်းတယမ်းယမ်းသာ ဖြစ်နေကြသည်။
“ဂိုဏ်းချုပ် မိစ္ဆာဘုရားကျောင်းရဲ့ ရန်ပုဖင်းက တမင်လုပ်တာပဲ ဖြစ်ရမယ်။ ဒါက တောင်ကနေ ကျားကို မျှားခေါ်လိုက်သလိုမျိုးပဲ။ ကျိထျန်းတောက်က ဒီအခွင့်အရေးကို အသုံးချပြီး အကြီးအကဲကျန်းကို သတ်သွားတာ … မိစ္ဆာလမ်းစဉ်က လူတွေက ယုံလို့မရပါဘူးလို့ ကျုပ် ပြောပါတယ် ”
ဓကျန်းချူ … မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ကျိထျန်းတောက်နဲ့ ဓားနတ်ဆိုး ယွီရှန်းရုန်ဆိုတာ သေချာလား”
ကျန်းယွမ်ရှန့်က လက်နောက်ပစ်လျက် မေးလိုက်သည်။
“လုံးဝကို သေချာပါတယ် … ကျုပ် ညာနေတယ်ဆိုရင်တောင် အဲအချိန်တုန်းက ကျောက်စိမ်းယဇ်ပလ္လင်မှာ တပည့်တွေအများကြီး ရှိတယ်။ သူတို့အားလုံး အတည်ပြုပေးနိုင်ပါတယ် ”ကျန်းချုက လက်မြှောက်လျက် ပြောလိုက်သည်။
“ကြည့်ပါဦး .. ကျုပ်လက်မက ဓားနတ်ဆိုးကြောင့် ပြတ်သွားတာလေ”
အခြားလူများက တုန်လှုပ်သွားကြသည်။
“ ဓားနတ်ဆိုးနဲ့တွေ့ပြီး ဘယ်လိုလုပ် အသက်ရှင်နေတာလဲ ”
“ကျုပ် … ကျုပ် …”
“တော်သင့်ပြီ” ကျန်းယွမ်ရှန့်က အော်ပြောလိုက်သည့်အခါ ခန်းမတစ်ခုလုံး ငြိမ်ကျသွားသည်။
အခြားသူများက ဘာမှမပြောရဲတော့ဘဲ ဂိုဏ်းချုပ်ကိုသာ ကြည့်လိုက်ကြသည်။
ကျန်းယွမ်ရှန့်က မျက်မှောင်ကြုတ်ကာ ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။
“ဒီကိစ္စမှာ ဟာကွက်တွေအများကြီးရှိတယ်။ ငါတို့တွေ သေချာနားမလည်သေးခင် ကောက်ချက်ချလိုက်လို့ မဖြစ်ဘူး။ ကျန့်ချိုးချီရဲ့ သေဆုံးမှုကို အခုတော့ ဘေးဖယ်ထားလိုက်ကြမယ် ”
“ အကြီးအကဲကျန်းက အလကားသေသွားရတာလား”
“ဘာလဲ။ သူ့အတွက် လက်စားချေပေးမလို့လား” ကျန်းယွမ်ရှန့်က ပြန်ချေပလိုက်သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
မိစ္ဆာဝေဟင်မျှော်နန်းကို ဘယ်သူကများ ရန်စရဲမှာလဲ။ အံ့ဖွယ်မြို့တော်ရဲ့ သီးသန့်အင်အားစုတွေ ဖြစ်တဲ့ အမှောင်စစ်သည်တော်လေးယောက်တောင် မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်သွားကတည်းက ဘယ်ရောက်သွားမှန်း မသိရတော့ဘူးလေ …
လောက၌ တစ်ဦးတည်းသော မိစ္ဆာလမ်းစဉ်ကနေ တဆင့် နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ရောက်သွားသည့် မိစ္ဆာဘုရားကျောင်း၏ ကျို့ရှင်းချန်ပင် မိစ္ဆာဝေဟင်မျှော်နန်းအတွင်း သေဆုံးသွားခဲ့ရသည်။ ယခု ဘယ်သူကများ သွားရဲမည်နည်း။ သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ စောင့်ဖို့ရာသာ ဖြစ်၏။ သူတို့က ကျိထျန်းတောက် အသက်ဓာတ် ကုန်ခမ်းသွားသည့်အထိ စောင့်ဆိုင်းကြရမည်။ ထိုနေ့ရက် ရောက်လာသည့်အခါ မိစ္ဆာဝေဟင်မျှော်နန်းကို အစိတ်စိတ်အမြွာမြွာ ဖြစ်သွားစေရမည်။
……….
ထန်းကျိမြို့၊ ရွှေနန်းဥယျာဉ်တောင်နှင့် မိုင်အနည်းငယ်ခန့်အကွာတွင် …
လူအိုကြီးနှင့် လူလတ်အရွယ် အမျိုးသားတို့က အဖန်ရည်သောက်ရင်း စားပွဲတစ်လုံး၌ ထိုင်နေကြသည်။
လူလတ်အရွယ် အမျိုးသားက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် “ ရှစ်စွင်း ကျွန်တော်တို့ မိစ္ဆာဝေဟင်မျှော်နန်းဆီ တကယ်ကြီး သွားမှာလား။ ကျွန်တော် ကြားသလောက် သူတို့က ရူးသွပ်နေကြတဲ့ မိစ္ဆာတွေတဲ့ … တကယ်လို့ ရှစ်စွင်းသာ တစ်ခုခု ဖြစ်သွားခဲ့ရင် … ”
လူအိုကြီးက သက်ပြင်းအသာချကာ ခေါင်းခါလိုက်ရင်း “ငါလည်း တုံ့ဆိုင်းနေတာ နှစ် ၂၀ ရှိပြီ။ တစ်ခါတစ်လေ ငါ ကြောက်တယ်။ တစ်ခါတရံကျ ယွင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ကျအောင်လုပ်နေမလားလို့ စိုးရိမ်မိတယ်။ ဒါပေမဲ့ ကျိထျန်းတောက်က မတိုက်ခိုက်နိုင်လောက်အောင် အသက်ကြီးလာမှာကိုလည်း စိုးမိတယ်။ အဲလိုဆိုရင် ငါ့နှလုံးသားထဲက အစိုင်အခဲကို အုတ်ဂူအထိ ယူသွားရတော့မယ်။ ဒီလိုသာ ဖြစ်သွားရင် ငါ သေသွားရင်တောင် ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်မှာ မဟုတ်ဘူး ”
“ ဒါပေမဲ့ သမာသမတ်လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်တွေက တစ်ခုနဲ့ တစ်ခု မညှာတာကြဘူးလေ ”
“ တကယ်လို့ ယွင်ဂိုဏ်းရဲ့ အကြီးအကဲအဆင့်အတန်းကြောင့်သာ မဟုတ်ရင် ငါ ဒီကိစ္စကို ဒီနေ့အထိ အချိန်ဆွဲထားပါ့မလား” လူအိုကြီးက လူလတ်အရွယ် အမျိုးသားကို ကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် သူက သက်ပြင်းချလိုက်ကာ “မင်းက ငယ်သေးတယ်။ မင်းအနေနဲ့ ဒီလိုရှုပ်ထွေးတဲ့ ကိစ္စထဲ ဝင်ပါဖို့ မလိုဘူး … မင်း ငါ့အသက်အရွယ် ရောက်လာတဲ့အခါ အားလုံးကို နားလည်လာလိမ့်မယ် ”
“ ကျွန်တော် ဒါဟာကို တကယ် နားမလည်နိုင်ဘူး။ ပြီးတော့ တကယ်လည်း နားလည်ချင်တယ်လို့ မထင်ဘူး ”
“ ငါ ဆုံးဖြတ်ပြီးပြီ။ ဒီကိစ္စကို ထပ်မပြောနဲ့တော့” လူအိုကြီးက ခွက်ကို ချလိုက်ရင်း ပြောလိုက်သည်။
လူလတ်အရွယ် အမျိုးသားက သူ့ဘာသာ အတွေးတွေကို သိမ်းဆည်းထားလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း နှစ်ရက် ကုန်ဆုံးသွားလေသည်။
ထိုအချိန် လုကျိုးက ကောင်းကင်ကျမ်းကို ဆက်နားလည်အောင် ကြိုးစားနေသည်။ ရင်းနှီးကျွမ်းဝင်ပြီးသား သက်တောင့်သက်သာ ဖြစ်သွားသည့် စိတ်အခြေအနေ ပြန်လည် ရရှိလာလေ၏။
သူက မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး စနစ်မှ လက်ကျန်အမှတ်များကို တစ်ချက်ကြည့်လိုက်သည်။ သူ့တွင် ၃၈၆၂ မှတ် ကျန်ရှိနေသေးသည်။
အမှတ်အတွက် တာဝန်တွေပေါ် မှီခိုရတာ တကယ်ကို နည်းတာပဲ …
လုကျိုးက တစ်ယောက်ယောက် သူ့ကို ချီးမွမ်းထောပနာပြုလျှင် ကုသိုလ်ရမှတ် တိုးလာနိုင်ကြောင်း အမှတ်ရလိုက်၏။ သူ့တပည့်များကို လုပ်စရာအလုပ်ပေးဖို့ အချိန်ကျရောက်လာလေပြီ။
လုကျိုးက ထတော့မည့်အချိန် ရှောင်ယွမ်အာ၏ အသံကို ကြားလိုက်ရသည်။
“ရှစ်စွင်း … တောင်ခြေမှာ ရှစ်စွင်းနဲ့ တွေ့ချင်လို့တဲ့ တစ်ယောက် ရောက်နေတယ်”
“ ဘယ်သူလဲ ”
“ ဟွားဝူတောက်”
လုကျိုးက အနည်းငယ် အံ့ဩမိသွားသည်။ သူက ဟွားဝူတောက်သည် မကြာခင် ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူက သူ့ထက် အားကောင်းတဲ့လူတွေကို ကြောက်ပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းအထိ ရောက်လာတယ်ဆိုတော့ သတ္တိရှိသားပဲ။
ကျွီ
လုကျိုးက လျှို့ဝှက်ခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး လက်နောက်ပစ်လျက် ထွက်လာသည်။
“ရှစ်စွင်းက ပိုငယ်သွားသလိုပဲ ” ရှောင်ယွမ်အာက အပြုံးလေးဖြင့် ပြောလိုက်သည်။
လုကျိုးက “ ငါ့ကို မြှောက်ပင့်ဖို့ အချိန်ရှိရင် သွားကျင့်ကြံနေသင့်တယ်။ မင်းတို့ စစ်ရှစ်ရှိုးကို အတုယူကြ ”
“ဟုတ်” ရှောင်ယွမ်အာက နာနာခံခံ ခေါင်းညိတ်လိုက်သည်။
နှစ်ယောက်လုံး မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမကျယ်ထဲ ရောက်လာကြသည်။
ကျိုးကျစ်ဖုန်း၊ ဖန်ကျုံးနှင့် လရောင်ဆွတ်နန်းဆောင်မှ အမျိုးသမီး ကျင့်ကြံသူများလည်း ရှိနေကြသည်။
တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့လည်း ဘေးတွင် ရပ်နေကြလေသည်။
“မျှော်နန်းသခင် ဟွားဝူတောက်က မကြာခင် ရောက်လာပါလိမ့်မယ်” အမျိုးသမီး ကျင့်ကြံသူတစ်ယောက်က ဦးညွှတ်ကာ ပြောလိုက်သည်။
လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်သည်။ သူက ကျောင်းယွဲ့သည် ပြန်လည်သုံးသပ်ရေးဂူအတွင်း ရှိနေသေးကြောင်း ရုတ်ခြည်း အမှတ်ရလိုက်ကာ “ ကျောင်းယွဲ့ရော ဘယ်လိုလဲ ”
မင်ရှစ်ရင်က ဦးညွတ်ကာ “ ဝူရှစ်မေ့က နေ့တိုင်း သူမအတိတ်က အမှားတွေကို ပြန်သုံးသပ်နေပါတယ်”
“စုန်းမန္တန်ရော ပိုဆိုးလာသေးလား” လုကျိုးက ထိုအရာကို ပိုစိတ်ဝင်စားလေသည်။
“အခုအထိတော့ ငြိမ်နေပါသေးတယ် ”
လုကျိုးက ခေါင်းညိတ်လိုက်သည်။ စုန်းအတတ်ကား ထူးခြားလှသည်။ အချိန်တစ်ခုလောက်အထိ ကျောင်းယွဲ့၏ ကျင့်ကြံဆင့်ကိုသာ ဖိနှိပ်ထားချင်ပုံပေါ်၏။ သို့သော်လည်း နန်းတော်မှ ပညာရှင်က တစ်ခြားတစ်ခုကို ကြံစည်နေလောက်သည်။
“ သူမကို သေချာစောင့်ကြည့်ထား”
“ ဟုတ် နားလည်ပါပြီ ”
ထိုစဉ် အမျိုးသမီး ကျင့်ကြံသူတစ်ဦးက လူအိုကြီးတစ်ယောက်နှင့် လူလတ်အရွယ် အမျိုးသားတစ်ယောက်ကို ဦးဆောင်၍ ခန်းမကျယ်ထဲ ဝင်ရောက်လာသောကြောင့် အားလုံး၏ အာရုံကို ဖမ်းစားသွားလေသည်။
လူအိုကြီးက အသက် ၇၀ လောက်နှင့် တူသည်။ သူ့သွင်ပြင်က သာမန်ဖြစ်လွန်း၏။ သူ့အနားတွင် ရပ်နေသည့် အမျိုးသားက သူ့ထက် အနည်းငယ်မျှသာ ငယ်ပြီး ဧရာမဓားကြီး သယ်ဆောင်ထားသည်။
လူလတ်အရွယ် အမျိုးသားက စိတ်လှုပ်ရှားနေကြောင်း သိသာလှသည်။ သူ ခန်းမကျယ်ထဲ ဝင်ရောက်ကတည်းက ဘေးပတ်လည်ကို ဆက်တိုက် ကြည့်ရှုနေသည်။
တစ်ဖက်တွင် လူအိုကြီးက မတုန်မလှုပ် ဖြစ်၏။ သူ့အမူအယာတို့က လေးနက်နေပြီး သူ့လှုပ်ရှားမှုတို့က မနှေးလွန်းသလို မြန်လည်း မမြန်ပေ။
ဒါက ဟိုးအရင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဂိုဏ်းချုပ်ကို တိုက်ခဲ့တဲ့ ဟွားဝူတောက်ဆိုတာလား ။
သူတို့က ခန်းမကျယ်အလယ်သို့ ရောက်လာသည့်အခါ လူအိုကြီးက ဒူးမထောက်ပေ။ ထို့အစား သူက လက်နှစ်ဖက်ယှက်ကာ “ကျုပ်တို့ တွေ့ပြန်ပြီ ”
အခြားတပည့်များက မျက်မှောင်ကြုတ်လိုက်ကြသည်။
လုကျိုးက လူအိုကြီးအား ကြည့်ကာ “ထိုင်ပါ ”
ဟွားဝူတောက်က သူပြောသည့်အတိုင်း ထိုင်ချလိုက်ကာ “ ကျုပ် ခင်ဗျားကို စောစောစီးစီး လာတွေ့သင့်တာ။ ဒါပေမဲ့ အခြားကိစ္စတွေနဲ့ ဒီနေ့အထိ နှောင့်နှေးနေခဲ့တာပဲ ”
လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်သည်။ သူက အလျင်မလိုဘဲ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ ဟွားဝူတောက် … ခင်ဗျားက ယွင်ဂိုဏ်းက။ သမာသမတ်လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်တို့က ဟိုးကတည်းက မတည့်ကြတာ။ ဒီကို ရောက်လာတဲ့အတွက် ခင်ဗျားကို သတ်ပစ်လိုက်မှာ မစိုးရိမ်ဘူးလား”
ဟွားဝူတောက်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“ အတိတ်မှာဆိုရင် ကျုပ် ကြောက်ရင်ကြောက်ခဲ့လိမ့်မယ် …. ဒါပေမဲ့ ကျုပ်က အရင်ကလို မဟုတ်တော့ဘူး။ သေခြင်းရှင်ခြင်းတွေကို အကြိမ်များစွာ ဖြတ်ကျော်လာပြီးပြီ။ ကျုပ်သာ ကြောက်နေရင် ဒီနေ့ ဒီနေရာမှာ ရှိနေမှာ မဟုတ်ဘူး ”
…
အခန်း (၁၁၅) အတိတ်တုန်းက တာ့ယန်မှာ မတူညီတဲ့လမ်းစဉ်မရှိဘူး
ရှောင်ယွမ်အာက ပြုံးပြီးပြောလိုက်၏။ “ရှင်က သတ္တိရှိတာပဲ”
သူမပြောပြီးသည်နှင့် ဟွားဝူတောက်ဘေးရှိ လူရွယ်ကို နှာခေါင်းရှုံ့ကြည့်လိုက်ရာ တစ်ဖက်လူကို ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားစေ၏။
ထိုအခြင်းအရာကို မျက်လုံးထောင့်ကနေ ဟွားဝူတောက်မြင်သောအခါ လူရွယ်ကို ပြစ်တင်ရှုတ်ချလိုက်လေ၏။
“ဘာမှအသုံးမကျဘူး။ မင်းက ငါ့ကို မျက်နှာပျက်စေတာပဲ”
လူရွယ်သည် ရှက်ရွံ့မှုကြောင့် မျက်နှာနီလာတော့သည်။
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်၏။
“ခင်ဗျားရဲ့ သတ္တိအတွက် ချီးကျူးပါတယ်”
ဟွားဝူတောက်က လက်သီးနှစ်ဖက်ကိုဆုပ်လျက်ပြောလိုက်သည်။
“ကျုပ်ရဲ့တောက်ရှာပုံတော်ထဲမှာ ကျင့်စဉ်ကို စွဲလမ်းနေပြီးသား။ မိစ္ဆာလမ်းစဉ်နဲ့ ဖြောင့်မတ်ခြင်းလမ်းစဉ်က အငြင်းပွားမှုတွေက ကျုပ်နဲ့ဘာမှ မသက်ဆိုင်ဘူး”
မင်ရှစ်ရင်က ပြုံးပြီးပြောလိုက်သည်။ “ကောင်းသားပဲ။ ဒါပေမဲ့ ခင်ဗျားက ယွင်ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်လေ”
ဟွားဝူတောက်က လက်ရမ်းပြပြီးနောက်ပြောလိုက်၏။ “ကျုပ် မြောက်ပိုင်းကို မလာခင်မှာ အကြီးအကဲ တစ်ယောက်အနေနဲ့ ကျုပ်ရာထူးကနေ ထွက်ခဲ့ပြီးပြီ”
လူတိုင်းက အံ့ဩသင့်သွား၏။ လူသားများသည် ဂုဏ်သတင်းနှင့် အင်အားကို အမြဲတမ်း အလေးပေးနေကြ ဖြစ်သည်။ ယွင်ဂိုဏ်းက ယွင် ၊ထျန်နှင့် လော့ဂိုဏ်း၏ ဂိုဏ်းသုံးဂိုဏ်းထဲတွင် အစွမ်းထက်သည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ လူများစွာက အကြီးအကဲရာထူးကို မက်မောနေကြသော်ငြား ထိုအဘိုးကြီးကမူ ရာထူးကို လက်လျှော့ခဲ့သည်။
ဟွားဝူတောက်ပြောချိန်တွင် သူ၏အမူအရာက စိတ်အားထက်သန်လာတော့၏။ “အသက်အရွယ် ကလည်း ကြီးပြင်းပြီ။ မကြာခင်မှာ ကျုပ်က ပျောက်ကွယ်သွားတော့မှာ။ ကျုပ်ရင်ထဲက အထုံးကို ဖြေရှင်းဖို့အတွက် ဒီနေ့မိစ္ဆာဝေဟင်မျှော်နန်းကို လာခဲ့တာပဲ”
“ရှင့်ရင်ထဲက အထုံးလား” ရှောင်ယွမ်အာက မေးပြီး သူမ၏ဆံနွယ်အချို့ဖြင့် ဆော့ကစားနေလေသည်။
ဟွားဝူတောက်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက အစ်ကိုကျိကို ကျုပ်ရှုံးနိမ့်ခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျုပ်ရဲ့ကျင့်ကြံဆင့်မတိုးတက်တော့ဘူး။ ဒါက ယွင်၊ ထျန်း နဲ့ လော့ဂိုဏ်းမှာ ကျုပ်ကို ရယ်စရာဖြစ်စေခဲ့တယ်။ သာမန်ကျင့်ကြံသူတွေကတောင် ကျုပ်ကို ဒီကိစ္စအတွက် ပြက်ရယ်ပြုကြတယ်။ ဒါက ကျုပ်ရင်ထဲက အထုံးတစ်ခုကို ဖွဲ့တည်လာစေတာပဲ”
“ခင်ဗျား ရင်ထဲက အထုံးက ကျုပ်ရဲ့ရှစ်စွင်းနဲ့ဘာဆိုင်လဲ” မင်ရှစ်ရင်က ပြောပြီးနောက် မျက်လုံးလှန်ကြည့်လိုက်သည်။
“အထုံးအဖွဲ့က အစ်ကိုကျိကြောင့် ဖြစ်တယ်ဆိုမှတော့ အစ်ကိုကျိတစ်ယောက်ပဲ ဒါကို ဖယ်ရှားပေးမှ သဘာဝကျမှာပေါ့။ အနှစ်နှစ်ဆယ်ကုန်လွန်ပြီးတဲ့နောက် အစ်ကိုကျိအနိုင်ယူခဲ့တဲ့ သိုင်းပညာရပ်တချို့ကို သီးခြားသုံးသပ်လေ့လာခဲ့တယ်” ဟွားဝူတောက်က ပြော၏။
“အဓိပ္ပာယ်မရှိတာ” မင်ရှစ်ရင်က ကျိန်ဆဲလိုက်လေသည်။
“ကျုပ်ရဲ့ရှစ်စွင်းကို အစ်ကိုကျိ ခေါ်ရအောင် ခင်ဗျားက ဘယ်သူလဲ။ ဒါ့အပြင် ခင်ဗျားရဲ့ကျင့်ကြံဆင့်က လွန်ခဲ့တဲ့နှစ်နှစ်ဆယ်မှာ မတိုးတက်ခဲ့ဘူး မလား။ အရိုက်ခံဖို့ တောင်းဆိုနေတာလား”
ဟွားဝူတောက်က အံ့ဩသင့်သွား၏။ ဤနေရာက ကျင့်ကြံသူများကြောက်ရွံ့သည့်နေရာ မိစ္ဆာဝေဟင် မျှော်နန်းပင်ဖြစ်သည်။ ယခုအချိန်တွင် သူက လောကကြီးထဲ၌ အကြီးမြတ်ဆုံး မိစ္ဆာနှင့် ရင်ဆိုင်နေရတာပဲဖြစ်သည်။ အမှန်တကယ်တွင် ထိုကဲ့သို့မဟာလူဆိုးကြီးကို အစ်ကိုကျိဟူ၍ ရည်ညွှန်းပြောဆိုခြင်းက အနည်းငယ် မသင့်တော်ရာရောက်နေသည်။
“ကျုပ် ရိုင်းပြမိပြီ” ဟွားဝူတောက်က စိတ်ရင်းမှန်ဖြင့်ပြောလိုက်၏။
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်တော့သည်။ “ကျုပ်ရဲ့ ဒီတပည့်က အမြဲတမ်းကြမ်းတမ်း တယ်။ ဒါပေမဲ့ ကျုပ်ရဲ့စိတ်ထဲက စကားကိုပဲပြောပေးတာ”
ထိုစကားကို မင်ရှစ်ရင်ကြားသောအခါ စိတ်ထဲအပျော်လွန်သွားသည်။ သူ့ဆရာ၏ စကားကြောင့် ခြိမ်းခြောက်သည့်အပြုအမူတောင် ပြလိုက်သေး၏။
ဟွားဝူတောက်က မင်ရှစ်ရင်၏ သဘောထားကြောင့် မယိမ်းယိုင်သွားပေ။ ထိုအစား သူကပြောလိုက်၏။
“ကျုပ် မိစ္ဆာဝေဟင်မျှော်နန်းကိုလာတာ ကျုပ်စိတ်ထဲပန်းတိုင်တစ်ခုပဲရှိတယ်။ ကျုပ်ရင်ထဲက အထုံးကို ဖြည်ဖို့ပဲ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက ကျုပ်က ခင်ဗျားရဲ့ပြိုင်ဘက်မဟုတ်ခဲ့ဘူး။ ပြီးတော့ ဒီနေ့ ခင်ဗျားကို ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတာ ဝန်ခံတယ်”
“မင်း ရှုံးပြီပဲလေ။ ဒါပဲပေါ့ မင်းရဲ့ကျင့်စဉ်က တန့်နေတာအတော်ကြာပြီ။ မင်းရင်ထဲမှာ အထုံးအဖွဲ့တစ်ခု ရှိနေတယ်။ ငါနဲ့ဘာဆိုင်လို့လဲ။ မိစ္ဆာဝေဟင်မျှော်နန်းကို ကရုဏာတရားတွေနဲ့ပြည့်နေတဲ့ ဗုဒ္ဓများထင်နေ တာလား” လုကျိုးက နက်ရှိုင်းသည့်အသံဖြင့်မေးလိုက်ပြီး မုတ်ဆိတ်သပ်လိုက်၏။ ဟွားဝူတောက်သည် ထိုစကားများကြောင့် ဆွံ့အသွားလေ၏။
မင်ရှစ်ရင်က ထပ်ပြောလိုက်သည်။
“မင်းအရည်အချင်းချို့တဲ့တာအတွက် သူများကို အပြစ်တင်လို့ မရဘူးလေ။ မိစ္ဆာဝေဟင်မျှော်နန်းကို မကျေမချမ်းဖြစ်နေလို့ ဘာမှမပြောင်းလဲသွားဘူး”
ထိုစဉ် တောက်လျှောက်တိတ်ဆိတ်နေသည့် လူရွယ်က အနည်းငယ်ဝင်ပြောလိုက်၏။
“ကျုပ်ရဲ့ဆရာက ဒီကို စိတ်ရင်းနဲ့ရောက်လာတာပဲ။ ဒါတောင် ခင်ဗျားတို့က သူ့ကို မရပ်မနားအရှက်ခွဲနေတယ်။ ခင်ဗျားတို့အားလုံးက မောက်မာထောင်လွှားလွန်းတဲ့ အနိုင်ကျင့်သူတွေပဲ”
“အမှန်ကိုပြောတာက အနိုင်ကျင့်တယ်လို့ သတ်မှတ်လို့ရတာလား” မင်ရှစ်ရင်က ရယ်မောပြီးနောက် ပြောလိုက်တော့သည်။
“မင်း”
“တော်တော့” ဟွားဝူတောက်က လူရွယ်ကို ဟန့်လိုက်၏။ “မင်းကြောင့် ငါတကယ်မျက်နှာပျက်ရတယ်။ ရပ်နေစမ်း”
လူရွယ်သည် ဆန္ဒမရှိသော်ငြား ဟွားဝူတောက်က သူ့ကို ရှုတ်ချသောကြောင့် နာနာခံခံဖြင့် နောက်ပြန်ဆုတ်ပြီး တိတ်သွားတော့၏။
ဟွားဝူတောက်က လက်သီးဆုပ်လျက်ပြောလိုက်၏။ “ကျုပ်ရဲ့ခေါင်းမာလွန်းတဲ့ တပည့်က ရိုင်းပြစွာ ပြုမူမိပါတယ်။ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါ”
“အဓိပ္ပာယ်မရှိပြောနေတာတွေ တော်လောက်ပြီ။ လိုရင်းကိုပြော” မင်ရှစ်ရင်က လောလိုက်၏။
ဟွားဝူတောက်က ပြောလိုက်သည်။
“ကျုပ်ထပ်ပြောမယ်။ ဒီနေ့မိစ္ဆာဝေဟင်မျှော်နန်းကိုလာတာက အကြောင်းအရင်းတစ်ရပ်ပဲရှိတယ်။ ကျုပ်ရင်ထဲက အထုံးအဖွဲ့ကို ဖြည်ဖို့ပဲ။ သုံးကွက် သုံးကွက်ပဲ ကျုပ်တောင်းဆိုတာ”
လုကျိုးက သဘောပေါက်သွားပြီး ခေါင်းညိမ့်ကာ မုတ်ဆိတ်သပ်ပြီးပြောလိုက်တော့၏။
“ငါ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက သုံးခဲ့တဲ့ သိုင်းသုံးကွက်လား” ရိုးရိုးသားသားဆိုရလျှင် သူ၏ မှတ်ဉာဏ်အစိတ် အပိုင်းကို ဆုံးရှုံးမနေခဲ့လျှင် သူမှတ်မိဦးမှာ မဟုတ်ပေ။ သူသည်ဤဒီနှစ်ပိုင်းအတွင်း မရေမတွက်နိုင်သည့် ရန်သူ များစွာကို အနိုင်ယူခဲ့၏။ သူ၏အမည်ကို မှတ်မိနေခြင်းကတောင် ဟွားဝူတောက်ကို တွေးပေးတာ လုံလောက်နေပြီဖြစ်သည်။ သူလွန်ခဲ့သည့် အနှစ်နှစ်ဆယ်တိုက်ပွဲတုန်းက သူသုံးခဲ့တဲ့သော သိုင်းပညာရပ်များကို မှတ်မိရန် နည်းလမ်းမရှိချေ။
“တောက်အဖွဲ့စည်းထဲမှာ အခိုင်မာဆုံးခုခံမှုနဲ့ ကာကွယ်ရေးစွမ်းအင်ရှိပြီးသား ဒါတောင် ခင်ဗျားရဲ့ တိုက်ကွက် ကို မခုခံနိုင်ခဲ့ဘူး။ ဆယ်စုနှစ်များစွာကုန်လွန်ပြီးနောက် ကျုပ်ဒီဟာကို လေးလေးနက်နက် လေ့လာနေပြီး ကျုပ်ကိုကျုပ်တိုးတက်အောင် လုပ်ချင်နေခဲ့တာ။ အစ်ကိုကျိ အစ်ကိုနှစ်သက်ရာ သိုင်းပညာရပ်ကို သုံးလို့ ရပါတယ်။ ကျုပ်ခုပဲခုခံမယ် မတိုက်ခိုက်ဘူး။ ကျုပ်မတတ်နိုင်ရင် ကျုပ်ရဲ့ကျင့်ကြံဆင့်ကို ကိုယ်တိုင်ဖျက်ပြီး သာမန်ဘ၀မှာပဲ နေတော့မယ်”
ဟွားဝူတောက်က ရဲဝံ့စွာပြောသည်။
မင်ရှစ်ရင်က အူလှိုက်သည်းလှိုက်ရယ်မောတော့၏။ သူအရယ်ရပ်သွားသည့်အခါပြောလိုက်တော့သည်။
“အရှက်မရှိတဲ့လူပဲ။ ခင်ဗျားက လိပ်ခွံကျင့်စဉ်ကို နှစ်နှစ်ဆယ်လောက်လေ့လာရုံပင်။ ကျုပ်ရဲ့ဆရာဆီလာပြီး ခင်ဗျားကို ရိုက်ခိုင်းရဲတယ်ပေါ့။ တိုက်ကွက်ကို ခံနိုင်ရည်ရှိမယ်ဆိုရင် ခင်ဗျားရင်ထဲက အထုံးကို ပြေမယ်လို့တောင် ပြောသေးတယ်။ ရိုးရိုးသားသားပြောရရင် ခင်ဗျားက အရှက်မရှိဆုံးလူပဲ”
“...”
လူရွယ်သည် ဒေါသထွက်သွားတော့၏။ သူက ထပ်ပြောတော့မည့်အချိန်တွင် ဟွားဝူတောက်က သူ့ကိုတားလိုက်သည်။
မင်ရှစ်ရင်ပြောတာကို ငြင်းနိုင်စွမ်းမရှိပေ။ ထိုသို့ပြုလုပ်ခြင်းက အဓိပ္ပာယ်မရှိကြောင်း ဟွားဝူတောက်သိပေ၏။ ခုခံရေးကျင့်စဉ်များကို နှစ်နှစ်ဆယ်ကျော်လေ့လာပြီး သူတို့၏ ပြိုင်ဘက်ရှေ့တွင် ပေါ်လာကာ အရိုက်ခံရန် တောင်းဆိုသူ မရှိပေ။
“ဟွားဝူတောက် တကယ်အရှက်မဲ့တာပဲ။ ကျုပ်ကို ဆယ်နှစ်ပေးပါလား။ ခင်ဗျားရဲ့ ခုခံခြင်း ကျင့်စဉ်တွေကို လေ့လာလိုက်မယ်လေ။ ခင်ဗျားကို ဆယ်နှစ်ကြာပြီးနောက် သေအောင် မထိုးနိုင်ဘူးဆိုရင် ကျုပ်ရဲ့နာမည်ကို ပြောင်းပြန်ပေါင်းလိုက်မယ်” တွမ့်မူရှန်းက ပြောပြီး သူ၏နယ်ရှင်လှံကို ဝှေ့ရမ်းလိုက်၏။ နယ်ရှင်လှံက ကနဦးချီ၏ စွမ်းအင်အောက်၌ တုန်လာတော့သည်။ ကောင်းကင်အဆင့်လက်နက်ဆိုတာ ပြနေပေ၏။
ဟွားဝူတောက်က မျက်မှောင်ကျုံ့သွားသည်။ ထိုစကားကိုကြားသည့်အချိန်တွင် တဖြည်းဖြည်းနှင့် သွေးဆုတ်မှုကို ခံစားလိုက်ရသည်။ တွမ့်မူရှန်းက ဆက်ပြောလေ၏။
“ခင်ဗျား နှစ်နှစ်ဆယ်တောင်းဆိုတာ ကျုပ်က ဆယ်နှစ်ပဲတောင်းဆိုတာ။ မဟုတ်ဘူး ငါးနှစ်ဆိုရပြီ”
“...”
လူရွယ်က ဟွားဝူတောက်ကို ပြောလိုက်သည်။
“ရှစ်စွင်း သွားကြရအောင် ။ ဒီလိုလုပ်နေဖို့မလိုဘူး။ မိစ္ဆာဝေဟင်မျှော်နန်းက ရှစ်စွင်းကို အလေးထားမှာမဟုတ်ဘူးဆိုတာပြောသားပဲ”
“တိတ်စမ်း”
ဟွားဝူတောက်က သူ၏တပည့်ကို စိုက်ကြည့်လိုက်သည်။ သူက ရှေ့တစ်လှမ်းတိုးပြီးနောက် ဒူးတစ်ဖက် ထောက်လိုက်၏။ သူက တလေးတစားဖြင့် လက်သီးဆုပ်မိုးကာ ပြောလိုက်တော့သည်။
“ကျုပ်အကြောင်းမဲ့ တောင်းဆိုနေတာမဟုတ်ပါဘူး။ ကျုပ်ကဆရာကြီးရဲ့ပြိုင်ဘက်မဟုတ်မှန်း သိပါတယ်။ ဒါပေမဲ့ ကျုပ်ရင်ထဲက အထုံးအဖွဲ့က မဖြေရှင်းနိုင်ခဲ့ဘူးဆိုရင် တစ်ဘဝလုံး နောင်တတွေနဲ့နေသွားရမှာ။ ကျေးဇူးပြုပြီး ဒီအထုံးအဖွဲ့ဖြည်ဖို့ ကူညီပေးပါ အစ်ကိုကျိ”
သူ၏အသံက တောက်ပကာ ဝင့်ကြွားကာ ဖိအားပါနေ၏။
ကျန်သည့်သူများက အနည်းငယ်အံ့ဩသွားလေသည်။
လာရောက်စော်ကားပြောဆိုသူများ။ တောင်ကို လာရောက်ဝန်းရံသူများနှင့် တောင်ကို ခြုံခိုတိုက်ခိုက်ရန် ကြိုးစားသူများရှိသည်။ သို့သော် တစ်စုံတစ်ယောက်က ဒူးထောက်ပြီးအရိုက်ခံရန် တောင်းဆိုတာတော့ ပထမဆုံးအကြိမ်ပဲ ဖြစ်၏။ ယင်းက ထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ်နေသည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ခန်းမထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားတော့သည်။
ဆိုရလျှင် ယွင်ဂိုဏ်း၏အကြီးအကဲတစ်ဦးဒူးထောက်တာက မြင်တွေ့ရန်ခဲယဉ်းသော မြင်ကွင်းမျိုး ဖြစ်သည်။ ဤအခြေအနေဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။
“ကျေးဇူးပြုပြီး ဆန္ဒကို ဖြည့်ဆည်းပေးပါ မျှော်စင်သခင်” ဟွားဝူတောက်က ကျယ်လောင်စွာ ပြောလိုက်၏။
“သူမလုပ်ဘူး အခုထွက်သွားလိုက်တော့” ရှောင်ယွမ်အာက ခုန်ဆင်းလာသည်။
ထိုစဉ် လုကျိုးက ပြောလိုက်၏။ “ဟွားဝူတောက် မင်းရင်ထဲက အထုံးအဖွဲ့ကို တကယ်ဖြည်ချင်တာလား”
“ဒါပေါ့ ကျုပ်ဘဝရဲ့ ဆန္ဒပါပဲ။ မျှော်စင်သခင်ရဲ့ ခွန်အားကို ထိန်ချန်မထားဖို့မျှော်လင့်ပါတယ်"
ဟွားဝူတောက်က စိတ်အားထက်သန်စွာပြောလိုက်သည်။
“ဖြောင့်မတ်ခြင်းနဲ့ မိစ္ဆာလမ်းစဉ်က တစ်ယောက်နဲ့တစ်ယောက် သည်းညည်းမခံကြဘူး။ ဒါတောင် မင်းက ငါ့ကို တောင်းဆိုနေတယ်။ မင်းကို လူတွေ ပြက်ရယ်ပြုမှာ မကြောက်ဘူးလား” လုကျိုးက ထူးမခြားနားပြောလိုက်၏။
“အတိတ်အတုန်းက တာ့ယန်မှာ ဖြောင့်မတ်ခြင်းနဲ့ မိစ္ဆာလမ်းစဉ်ကြားမှာကွာခြားချက်မရှိခဲ့ဘူး။ မတူညီတဲ့ လမ်းကြောင်းတွေက သူတို့ရဲ့အတွေးအမြင်ပေါ် မူတည်ပြီး ကွဲပြားခြားနားတဲ့လမ်းကြောင်းတွေ ဖွဲ့တည်လိုက်တာကြောင့်ပဲ” ဟွားဝူတောက်က တည်ငြိမ်စွာ ပြန်ပြောသည်။
လုကျိုးက ခေါင်းအနည်းငယ်ညိတ်လိုက်၏။ သူက မုတ်ဆိတ်သပ်ကာပြောလိုက်တော့သည်။
“ဒီလိုဆိုမှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်” ဟွားဝူတောက်သည် ထိုစကားကိုကြားသောအခါ အပျော်လွန်သွားသည်။ သူက လက်သီးဆုပ်လျက်ပြောလိုက်တော့သည်။ “ကူညီပေးတာအတွက် ကျေးဇူးတင်ပါတယ်။"
“ဒါပေမဲ့” လုကျိုးက ရုတ်တရက်လေးနက်သောလေသံဖြင့်ပြောလိုက်သည်။ “အရင်ဆုံး ကျုပ်ရှင်းရှင်းလင်းလင်းပြောထားရမဲ့ ကိစ္စတစ်ခုရှိတယ်”
…
အခန်း (၁၁၆) လျို့ဟယ် တာအိုစည်းတံဆိပ်
“မျှော်နန်းသခင် ကျေးဇူးပြုပြီး ပြောပြပေးပါ” ဟွားဝူတောက်က ရိုရိုကျိုးကျိုး ပြောလိုက်သည်။
လူလတ်အရွယ် အမျိုးသားက ထိုအရာကို မြင်ပြီး နာကျင်မိ၏။ သူ့ဆရာက တစ်ဖက်လူကို တိုက်ခိုက်နိုင်ဖို့အတွက် ဦးညွတ်ကာ ဒူးထောက်နေရလေသည်။ လွန်ခဲ့သော နှစ်များစွာက ဟွားဝူတောက်သည် ယွင်ဂိုဏ်း၌ အာဏာရှိကာ လူများစွာ၏ လေးစားမှုကို ရရှိထားသူ ဖြစ်ပေသည်။ သို့သော်လည်း သူ့ဆရာက မိစ္ဆာဝေဟင်မျှော်နန်း၌ အရှက်ခွဲခံနေရလေသည်။ တပည့်တစ်ယောက်အနေနှင့် သူက ကူကယ်ရာမဲ့နေမိ၏။ သည်လိုအခြေအနေမျိုးကို ချေဖျက်ဖို့ အဆင့်မြင့် ကျင့်ကြံသူများစွာကို မည်သို့ရင်ဆိုင်နိုင်မည်နည်း။ ထိုအခိုက်အတန့် သူက ခေါင်းသာ ငုံ့ထားနိုင်သည်။
လုကျိုးက ဖြည်းဖြည်းချင်း ထလာ၏။ သူက လက်တစ်ဖက်နောက်ပစ်ကာ ကျန်လက်တစ်ဖက်ဖြင့် မုတ်ဆိတ်မွေးအသာသပ်လျက်
“အရင်ဦးဆုံး မင်းက ငါနဲ့ တိုက်ဖို့ အခွင့်အရေး မရှိဘူး။ မင်ရှစ်ရင်နဲ့ တွမ့်မူရှန်းက ငါ့အစား တိုက်ပေးလိမ့်မယ်။ မင်း သူတို့တိုက်ခိုက်မှုကို တားဆီးနိုင်မလား ကြိုးစားကြည့်နိုင်တယ်။ ဒုတိယအချက် ငါ့အချိန်က အဖိုးတန်တယ်။ တကယ်လို့ မင်း ရှုံးသွားရင် ငါ့တောင်းဆိုချက်တစ်ခုကို လိုက်လျောပေးရမယ်”
လူလတ်အရွယ် အမျိုးသား၏ မျက်နှာက နီရဲလာကာ ဒေါသပေါက်ထွက်လာတော့မလို ဖြစ်နေသည်။
လုကျိုး၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။
“ မင်း ငြင်းလို့ရတယ်”
“ ခင်ဗျား …” လူရွယ်က အံကြိတ်ကာ ဒေါသတကြီး ဖြစ်လာသည်။ သူက လူလတ်အရွယ် ဖြစ်နေသော်လည်း
“လူငယ်တွေက အကြောက်တရား မရှိဘူး” ဆိုသည့် စကားပုံအတိုင်း ဖြစ်နေသည်။
ဘန်း
ဟွားဝူတောက်က လူရွယ်ကိုအား တစ်ချက်ကန်လိုက်သည့်အခါ ဒူးထောက်လျက် ကျသွားလေသည်။ သူက ဆူပူလိုက်၏။
“ ငါ မင်းကို ဒီခေါ်လာတာက မင်းအမြင်ကျယ်သွားအောင်လို့ … အခု မင်းကို ကြည့်လိုက်စမ်း။ မင်းက ငါ့ကိစ္စမှာ ဝင်ရှုပ်ဖို့ လုပ်နေတာလား”
“ ကျွန်တော် မလုပ်ရဲပါဘူး”
“နောက်တစ်ခါ ဝင်ရှုပ်ရင် မင်းနဲ့ ဆရာတပည့် ဆက်ဆံရေးကို ဖြတ်တောက်ပစ်မယ်”
လူလတ်အရွယ် အမျိုးသားက သူ့ဆရာ၏ စကားကြောင့် ကြောင်အမ်းသွားကာ ခေါင်းသာညိတ်လိုက်သည်။
“ဟုတ် … ဟုတ် ရှစ်စွင်း ”
ဟွားဝူတောက်က လက်နောက်ပစ်ထားလိုက်သည်။ သူက ယုံကြည်ချက်ရှိလွန်းနေပုံပေါက်နေသည်။ သူက တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့ကို ကြည့်ကာ ပြောလိုက်သည်။
“ ခင်ဗျားရဲ့ တောင်းဆိုချက်ထဲ ယွင်ဂိုဏ်း မပါဝင်သရွေ့ အကုန်သဘောတူနိုင်တယ်”
“ကောင်းပြီ” လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်သည်။
မင်ရှစ်ရင်က ရှေ့တိုးလာသည်။ သူက ဟွားဝူတောက်ကို စိတ်ဝင်တစား ချီးကျူးလိုက်သည်။
“ ကျုပ်ရဲ့ ရှစ်စွင်းကိုယ်စား ခင်ဗျားရဲ့ လိပ်ကျင့်စဉ်က ဘယ်လောက်ကောင်းလဲ ကြည့်ရတာပေါ့”
သူက ကာကွယ်ရေး နည်းစနစ်တစ်ခုအား နှစ် ၂၀ ကြာ လေ့လာခဲ့ကြောင်း ပြောခဲ့စဉ်အခါက လိပ်ကျင့်စဉ်အကြောင်း ပြောနေခြင်းသာ ဖြစ်၏။
ဟွားဝူတောက်က စိတ်အနှောင့်အယှက် မဖြစ်ပေ။ ထို့အစား သူက ညာဘက်လက်ကို အသာမြှောက်ကာ ပြောလိုက်သည်။
“ ဝမ်းမြောက်စရာပါပဲ ”
သူက ထိုစကားပြောလိုက်သည့်အခါ တာအိုစည်းတံဆိပ်များက သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်လာသည်။
မိုး၊ မြေ၊ သေခြင်း၊ ရှင်ခြင်း၊ ရေ နှင့် မီး သင်္ကေတခြောက်ခုက အစီအစဉ်လိုက် ပေါ်လာသည်။ သူတို့က ဟွားဝူတောက်အနား တသမတ်တည်း အရှိန်ဖြင့် လှည့်ပတ်နေသည်။
“ လျို့ဟယ်စည်းတံဆိပ် ”
လျို့ဟယ်စည်းတံဆိပ်က အလွန်ရှုပ်ထွေးသော တာအိုစည်းတံဆိပ်တစ်ခု ဖြစ်သည်။ ထိုတာအိုစည်းတံဆိပ်ကို ထိပ်ဆုံးအနေအထားအထိ ရောက်အောင် ကျင့်ကြံနိုင်သူများက အလွန်ရှားလှသည်။ လျို့ဟယ် အမည်ကား ကျင့်ကြံနည်း ဗန်းစကားတစ်ခု ဖြစ်၏။ အတွင်းပိုင်း သဟဇာတဖြစ်သည့်အဆီအနှစ်၊ ချီနှင့် ဝိညာဉ်တို့ ပါဝင်နေပြီး အပြင်ပိုင်း သဟဇာတဖြစ်သည့် လက်၊ မျက်လုံးနှင့် ခန္ဓာကိုယ်လည်း ပါဝင်နေသည်။
ဟွားဝူတောက်၏ လျို့ဟယ်စည်းတံဆိပ်က ပိုထူးခြားသည်။ နှစ်မီတာအချင်းရှိသည့် စက်ဝိုင်းတစ်ခုက အသက်ဓာတ် ပြည့်ဝနေသည့် ထိုက်ကျိပုံကားချပ်လိုမျိုး သူ့ခြေထောက်အောက်တွင် ပေါ်လာလေသည်။ သူက သူ့စွမ်းအားကို ဤအခြေအနေအထိ ကျင့်ကြံနိုင်စွမ်းရှိလျှင် နှစ် ၂၀ အား အလကားကုန်ဆုံးခံခဲ့မည် မဟုတ်ပေ။ ကျင့်ကြံရေးအပေါ် သူ့စွဲလမ်းမှုက သိသာလှသည်။
မင်ရှစ်ရင်က လျို့ဟယ်စည်းတံဆိပ်ကို မြင်လိုက်ရသည့်အချိန် ဟွားဝူတောက်အပေါ် အထင်မသေးတော့ပေ။ သူက အနေအထားကို ညှိလိုက်ပြီး သူ့ချီများကို စွမ်းအားအဖြစ် ဖွဲ့စည်းလိုက်၏။ စွမ်းအားစည်းတံဆိပ်က သူ့အနီးအနားမှ လေထုအပြည့် ဖြစ်လာသည်။ သူတို့က ကောင်းကင်တခွင် ဖုံးလွှမ်းလုမတတ် ဖြစ်နေလေ၏။
ဟွားဝူတောက်က ထိုအရာကို မြင်လိုက်သည့်အခါ ပြောလိုက်သည်။
“ ဒါက အကုန်ပဲလား။ မင်းတို့နှစ်ယောက်လုံး အတူတူ တိုက်ဖို့ အကြံပေးချင်တယ်”
“ဟမ်” မင်ရှစ်ရင်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ဟွားဝူတောက်ဆီ ခုန်ဝင်လိုက်ရင်း အော်ပြောလိုက်သည်။
“စိတ်ကြီးဝင်နေတာပဲ”
သူ့ပစ်မှတ်ဆီ စွမ်းအားစည်းတံဆိပ်ထောင်ပေါင်းများစွာ ကျရောက်လာသည်။
မျက်စိတစ်မှိတ်အတွင်း သင်္ကေတခြောက်မျိုးက ရုတ်ချည်း ကြီးမားလာသည်။ ဟွားဝူတောက်အောက်မှ အလင်းဝိုင်းက နှစ်ဆမက ကြီးမားလာသည်။
ဝုန်း …
ဟွားဝူတောက်၏ ရှေးဦးချီနှင့် တာအိုစည်းတံဆိပ်တို့က အသံကျယ်ကျယ် ဟိန်းထွက်လာသည်။
ဘန်း …
မင်ရှစ်ရင်၏ စွမ်းအားစည်းတံဆိပ်က လျို့ဟယ်စည်းတံဆိပ်နှင့် ထိပ်တိုက် တွေ့သွားသည်။ သို့သော်လည်း မျှော်လင့်ထားသလို ဖြစ်မလာဘဲ မင်ရှစ်ရင်က လျို့ဟယ် စည်းတံဆိပ်ကို မချိုးဖောက်နိုင်ရုံသာမက သူ့တိုက်ခိုက်မှုများလည်း တန်ပြန်ထွက်လာသည်။
အားလုံးက အံ့ဩသွားကြ၏။
မင်ရှစ်ရင်က လေထဲ ကျွမ်းထိုးလိုက်သည်။ သူက ခြေလှမ်းမထိန်းနိုင်ခင် နောက်သုံးလှမ်းလောက် ဆုတ်လိုက်ရသည်။ သူ့လက်မောင်းက အနည်းငယ် ထုံနေသလို ခံစားနေရသည်။ ဟွားဝူတောက်က လုကျိုး၏ တောင်းဆိုချက်ကို လိုက်လျောဖို့ သဘောတူနေသည်မှာ မထူးဆန်းတော့ပေ။ သူက မင်ရှစ်ရင်နှင့် တွမ့်မူရှန်းအား ပြိုင်ဘက်အဖြစ်ပင် မမှတ်ယူပေ။
ဤတစ်ကြိမ် ကာကွယ်ရေးက အောင်မြင်သွားသောကြောင့် ဟွားဝူတောက် အနိုင်ရသွားလေပြီ။
“နောက်တစ်ခေါက်”မင်ရှစ်ရင်က တစ်ဖက်လူ သတိလက်လွတ်ဖြစ်နေသည့် အချိန်ကို အခွင့်ကောင်းယူတိုက်သည့် နည်းလမ်းကို အသုံးပြုလေ့ရှိသည်။ ဤနည်းလမ်းက သူနှင့် ကိုက်ညီလေသည်။ သို့သော်လည်း သူ့ပုံမှန်နည်းလမ်းက လက်ရှိအခြေအနေအတွက် အသုံးမဝင်ချေ။
“ခွဲခွာချိတ်ကောက်” မင်ရှစ်ရင်က သူ့ကောင်းကင်အဆင့် လက်နက်ကို ဆင့်ခေါ်လိုက်သည်။
အားလုံး၏ အံ့ဩတကြီး အကြည့်အောက်တွင် ခွဲခွာချိတ်ကောက်က လေထဲ ပေါ်လာသည်။
ဟွားဝူတောက်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း လေသံက တည်ငြိမ်နေဆဲ ဖြစ်သည် “ကောင်းကင်အဆင့် လက်နက်”
ကောင်းကင်အဆင့် လက်နက်များ အဖိုးတန်နေသည့် အကြောင်းအရင်းတစ်ချက်မှာ သူတို့က စွမ်းအားကို ချေဖျက်နိုင်၍ ဖြစ်သည်။ သူတို့က စွမ်းအားကို ချိုးဖောက်နိုင်သောကြောင့ ကာကွယ်ရေးစွမ်းအားနှင့် စိတ်ဝိညာဉ်သဏ္ဌာန်များကို ထိုးဖောက်နိုင်စွမ်းရှိသည်မှာ ပုံမှန်သာ ဖြစ်၏။
မင်ရှစ်ရင်က ဝှေ့ယမ်းလိုက်သောကြောင့် လေထဲ ခွဲခွာချိတ်ကောက်၏ ပုံရိပ်များစွာ ချန်ထားခဲ့လေသည်။
ဘန်း ဘန်း ဘန်း
မင်ရှစ်ရင်က သူ့တိုက်ခိုက်မှုကိုသာ အာရုံစိုက်ထားလိုက်သည်။
လျို့ဟယ်စည်းတံဆိပ်က ကောင်းကင်အဆင့် လက်နက် တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အသင့်ဖြစ်နေဟန် ပေါ်သည်။ သင်္ကေတခြောက်ခုက အလင်းများ ပြိုးပြိုးပျက်ပျက် လင်းလက်လာကာ မင်ရှစ်ရင် ပစ်မှတ်ထားသည့် နေရာကို ကာကွယ်ပေးလိုက်သည်။
ဘန်း
စွမ်းအားများက တန်ပြန်ထွက်လာပြန်သည်။
မင်ရှစ်ရင်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လေလေ တန်ပြန်သက်ရောက်မှုက ပိုအားပြင်းလေလေ ဖြစ်၏။ ထိုရိုက်ချက်ဖြင့် သူက ဒူးထောက်ကာ မိစ္ဆာဝေဟင်မျှော်နန်း ခန်းမကျယ်ရှိ တိုင်လုံးနှင့် ဝင်ဆောင့်မိသွားသည်။ သူ့ခြေထောက် ကြမ်းပြင်မထိနိုင်ခင် အသံဩဩဖြင့် ထပ်ပြောလိုက်သည်။
“နောက်တစ်ခါ”
မင်ရှစ်ရင်က ထိုရလဒ်ကို လက်မခံလိုကြောင်း သိသာလှသည်။ သူက လေထဲ ခုန်ဝင်ကာ တိုက်ခိုက်လိုက်ပြန်သည်။ သို့သော်လည်း တွမ့်မူရှန်း၏ အသံက ဘေးမှထွက်လာသည်။
“ ဘေးဖယ်နေ …. ဒီတစ်ခါ ငါသွားမယ်” မင်ရှစ်ရင် ရှေ့ နယ်ရှင်လှံ ထွက်လာပြီး သူ့လမ်းကို တားထားလိုက်သည်။
မင်ရှစ်ရင်က ပေါက်ကွဲလွယ်တတ်သည့်သူ မဟုတ်ပေ။ သူက လျှင်မြန်သွက်လက်ရာ၌ ထူးချွန်၏။ တစ်ဖက်လူက သူ့လျို့ဟယ် စည်းတံဆိပ်နောက် ပုန်းအောင်းနေလျှင် မင်ရှစ်ရင်က အရေးနိမ့်လာလိမ့်မည်။
တွမ့်မူရှန်းက သူ့နယ်ရှင်လှံကို ဝှေ့ယမ်းလိုက်သည်။
ဝုန်း
ဒုက္ခမိုင်တစ်ရာရှုကွင်း
တွမ့်မူရှန်း၏ ပေသုံးဆယ် မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်က ခန်းမကျယ်ရှိ အခြားသူများအထက် မြင့်တက်လာသည်။ သူ့စိတ်ဝိညာဉ်သဏ္ဌာန် ပုံစံကို သေချာထိန်းထားသောကြောင့် ခန်းမကျယ်က အထိအခိုက် မရှိပေ။
တွမ့်မူရှန်းက အားပိုကောင်းမှန်း သိသာလှသည်။
“လှိုင်းလုံးထောင်ချီ”
နယ်ရှင်လှံက ချက်ချင်းဆိုသလို ပုံပွားထောင်ချီ ဖြစ်လာသည်။
ဟွားဝူတောက်က ထိုအရာကို မြင်လိုက်သည့်အခါ အသိအမှတ်ပြုဟန်ပေါ်လိုက်၏ “ မိစ္ဆာဝေဟင်မျှော်နန်းဆိုတဲ့အတိုင်းပဲ။ ဒီမှာ အားလုံးက ကောင်းကင်အဆင့် လက်နက်ကို ပိုင်ထားကြတာပဲ ”
သူက ပြောလိုက်ရင်း သူ့အနီးအနားရှိ သင်္ကေတခြောက်ခုက ထပ်မံ ရစ်ဝိုင်းလာသည်။ သူတို့ဘာသာ ကြီးမားလာကာ စွမ်းအားအကာအရံအဖြစ် ဖြစ်တည်သွားလေ၏။
ဝုန်း ဝုန်း ဝုန်း
နယ်ရှင်လှံ၏ ထောင်ချီပုံပွားများက အကာအရံကို ထိုးစိုက်လိုက်သည်။
လျို့ဟယ်စည်းတံဆိပ်က ခဏတာ မှေးမှိန်သွားလေ၏။ သို့သော်လည်း အလျှင်အမြန် ပြန်လည် တောက်ပလာသည်။
“ လျို့ဟယ်စည်းတံဆိပ်က သဘာဝရဲ့ ကောင်းချီးအားလုံး ပိုင်ဆိုင်ထားတာပဲ။ ဒီလိုမျိုး သုံးတာ တစ်ခါမှ မမြင်ဖူးဘူး” ကျိုးကျစ်ဖုန်းက ချီးကျူးလိုက်သည်။
“ငါရောပဲ … ငါက ကျင့်မင်တာအိုဂိုဏ်းကဆိုတော့ ဒီလျို့ဟယ်စည်းတံဆိပ်အကြောင်း ကြားဖူးတယ်။ ငါတို့က တိုက်ခိုက်ရေးပေါ်ပဲ အာရုံစိုက်ထားပြီးတော့ ကာကွယ်ရေးကို လျစ်လျူရှုထားကြတယ်။ ဒီတိုက်ပွဲက တကယ်ကို အမြင်ကျယ်သွားစေတာပဲ ” ဖန်ကျုံးကလည်း ဝင်ပြောလိုက်သည်။
တွမ့်မူရှန်းက လှောင်လိုက်၏။
“ ဘာမှမလုပ်ဘဲ ကာကွယ်နေရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ နောက်တစ်ခေါက်”
သူက နယ်ရှင်လှံကို ဝှေ့ယမ်းလိုက်သည့်အခါ ယခင်ထက် ပိုမို စွမ်းအားကြီးလာသည်။
လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူက လက်နောက်ပစ်ထားကာ “ မင်းက တစ်ခုတည်းအပေါ် ဘယ်လိုအာရုံစိုက်ရမယ်ဆိုတာ သိထားတော့ အလေးအနက် လုပ်သင့်တယ် ”
လေထဲ တိုက်ခိုက်မှုများက အကောင်းဆုံး ကာကွယ်မှုပေါ်တွင် သက်ရောက်မှု သိပ်မရှိချေ။
တွမ့်မူရှန်းက ခေါင်းညိတ်လိုက်ကာ “ ရှစ်စွင်းရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် ”
ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန် အထောက်အပံ့ဖြင့် လှံပုံပွားများက ဝေဝါးလာသည့်အထိ အလျှင်အမြန် လှုပ်ရှားလာကြသည်။
“ မပြည့်စုံသောနတ်ဒေဝါ ဖျန်ဖြေခြင်း ” ဤသည်မှာ အံ့ဖွယ်တစ်ပါးကျင့်စဉ်၏ အဆုံးမဲ့တိုက်ကွက် ဖြစ်ပေသည်။
ဟွားဝူတောက်က တအံ့တဩ ရေရွတ်လိုက်၏ “ မိစ္ဆာဝေဟင်မျှော်နန်း တပည့်က ဒီလောက် အားကောင်းလိမ့်မယ်လို့ ထင်မထားမိဘူး။ ဒါပေမဲ့ မလုံလောက်သေးဘူး”
သူက ရှေ့တိုးလာသည့်အခါ စက်ဝိုင်းက ပိုကျယ်ပြန့်လာသည်။ ထိုက်ကျိကားချပ် အနားသတ်လည်း ကျယ်ပြန့်လာသည်။ ရှစ်မြောင့်ထောင့် ကားချပ်ကို ယခုအခါ စက်ဝိုင်းဖြင့် ဝန်းရံထားလေသည်။ ရှစ်မြောင့်ထောင့် ကားချပ်က လျို့ဟယ်စည်းတံဆိပ်နှင့် ပေါင်းစပ်သွားလေပြီ။
…
အခန်း (၁၁၇) မိုးကြိုးသွား
လုကျိုးက အံ့ဩသွားသည်။
ဟွားဝူတောက်သည် ရှစ်မြောင့်ထောင့်ကားချပ်နှင့် သူ၏လျို့ဟယ်စည်းတံဆိပ်ကို ပေါင်းစည်းခဲ့ပြီး ဖြစ်သည်။ ယင်းက မည်မျှအစွမ်းထက်စေကာမူ ချီးကျူးထိုက်သည်ထက်ပိုသည်ဟုတောင် ဆိုရမှာ ပဲဖြစ်သည်။ သူ့လျို့ဟယ်စည်းတံဆိပ်၏စွမ်းအားကို မစမ်းသပ်ဘဲ မိစ္ဆာဝေဟင်မျှော်နန်းကို လာမှာ မဟုတ်သောကြောင့် ယင်းက သဘာဝကျသည်။
မပြည့်စုံသော နတ်ဒေဝါဖျန်ဖြေခြင်းက နတ်ဒေဝါထိပ်သည်းနည်းနိဿယ၏ အစွမ်းထက်ဆုံး သိုင်းကွက်ဖြစ်သည်။ တွမ့်မူရှန်းက သူ၏ကောင်းကင်အဆင့်လက်နက်နှင့် ဒုက္ခရှုကွင်းတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်တို့ဖြင့် အစွမ်းအထက်ဆုံးသိုင်းကွက်ကို ထုတ်ဖော်ရန်ပြင်ဆင်ခဲ့သည်။ ထိုအကြောင်းပြချက်ကြောင့် လူတိုင်းသည် တွမ့်မူရှန်း၏ လှုပ်ရှားမှုကို ယုံကြည်ချက်ရှိနေကြ၏။
မရေမတွက်နိုင်သောလှံပုံပွားများက စုပေါင်းလာပြီး လျို့ဟယ်စည်းတံဆိပ်တစ်နေရာတည်းကို တိုက်ခိုက်ကြသည်။
ရှစ်မြောင့်ထောင့်ကားချပ်နှင့်ပေါင်းစည်းထားသော လျို့ဟယ်စည်းတံဆိပ်က စွမ်းအင်အရံအတား တစ်ခုဖွဲ့တည်လိုက်တော့သည်။
သူတို့စွမ်းအင်ကြားတိုက်ခိုက်မှုက လေထဲတွင် ကနဦးချီလှိုင်းများကို ထွက်ပေါ်လာစေပြီး မိစ္ဆာဝေဟင်မျှော်နန်းထဲပြန့်ကားသွားတော့၏။
“လျို့ဟယ်စည်းတံဆိပ်က သိပ်အစွမ်းထက်တာပဲ။ တတိယသခင်လေးက အစွမ်းထက်ဆုံး သိုင်းကွက်ကို မထုတ်ဖော်ရသေးဘူး။ ဒါတောင် သက်ရောက်မခံရတဲ့ပုံပဲ”
“ဟွားဝူတောက်က အတော်အံ့ဩဖို့ကောင်းတာပဲ”
ဖန်ကျုံးသည် ကျင့်မင်တာအိုဂိုဏ်းမှလာတာဖြစ်သည်။ ကျင့်မင်တာအိုဂိုဏ်းက ယွင်ဂိုဏ်းနှင့် တူညီသော အရင်းအမြစ်ကို မျှဝေထားတာဖြစ်သည်။ ထို့ကြောင့် တောက်စည်းတံဆိပ်အကြောင်း တစ်ခု၊ နှစ်ခုသိပေသည်။ သို့သော် ဟွားဝူတောက်၏ လျှို့ဝှက်စည်းတံဆိပ်က သူ၏ ယခင်သိမြင် နားလည်မှုများကို ပြောင်းပြန်လှန်ပစ်လိုက်၏။ ဟွားဝူတောက်သည် ထိုသိုင်းကွက်တစ်ကွက်ထဲကို နှစ်နှစ်ဆယ်ကျော်လေ့လာခဲ့သောကြောင့် ပြီးပြည့်စုံနေတာ သဘာဝကျပေသည်။
ဟွားဝူတောက်က ပြင်ဆင်လာခဲ့သည်။ သူအလိုရှိသည်က မိစ္ဆာဝေဟင်မျှော်နန်းသူ့ကို တိုက်ခိုက် တာပဲဖြစ်သည်။ သူတို့သေသည်အထိတိုက်ခိုက်ရမည်ဆိုလျှင် ဟွားဝူတောက်က တွမ့်မူရှန်းကို အနိုင်ယူနိုင်လောက်မှာ မဟုတ်ပေ။
“မပြီးသေးဘူး” တွမ့်မူရှန်းက ရုတ်တရက်အော်လိုက်၏။ နယ်ရှင်လှံက လျို့ဟယ်စည်းတံဆိပ် ကြောင့် ပြန်ကန်ပြီး နောက်ပြန်ရောက်သွားသည့်အချိန်တွင် သူက တစ်ပတ်လှည့်လိုက်ပြီးနောက် နောက်ထပ် သိုင်းကွက်တစ်ကွက်ထုတ်ဖော်လိုက်သည်။ လှံထိပ်ဖျားက အနီရောင်ရောင်ခြည်များဖြာ ထွက်နေ၏။
ဟွားဝူတောက်က လေးနက်သောအသံဖြင့်ပြောသည်။ “မလုံလောက်သေးဘူး” ကြီးမားသည့် အညွှန်းသင်္ကေတခြောက်ခုက ထပ်လာတော့သည်။ တစ်ချိန်ထဲတွင်ရှစ်မြောင့်ထောင့်ကားချပ်က ပေါ်ထွက်လာပြီးနောက် အညွှန်းခြောက်ပါးနှင့် ထပ်မံပေါင်းစည်းသွား၏။ သူ၏ခုခံမှုကို ဖြိုခွင်းရန်အတွက် သူတို့တိုက်ကွက်ကို တနေရာတည်းပေါင်းစုလိုက်တာရှင်းနေပေသည်။
ဘီး
လေထဲတွင် ဆူညံသံများပေါ်ထွက်လာပြီး နယ်ရှင်လှံက လျို့ဟယ်စည်းတံဆိပ်ပေါ်ကျရောက်လာ သည်။
လူတိုင်းက မျက်မှောင်ကျုံ့သွားတော့သည်။ ယင်းက ကနဦးချီများကြောင့် တိုက်ခိုက်မှုနှင့် တူနေပေသည်။
တွမ့်မူရှန်းနှင့် ဟွားဝူတောက်၏စွမ်းအား တိုက်မိသွားသည့်အချိန်တွင် ကနဦးချီများ၏ ဖရိုဖရဲစီးဆင်းမှုက ဆူညံသံကြီးတစ်သံထွက်ပေါ်လာစေပြီး ပြန့်ကားလာတော့၏။ အသံက တမူထူးခြားပြီး ဆက်ထားသော အသံနည်းစနစ်နှင့် တူနေပေ၏။
လူတိုင်းက သူ့တို့ကိုယ်သူတို့ ထိုအသံလှိုင်းများမှ ခုခံကာကွယ်ရန်အတွက် သူတို့၏ကနဦးချီများကို လျင်မြန်စွာ လှည့်ပတ်လိုက်တော့သည်။
တည်ငြိမ်ပြီးထူးမခြားနားဖြစ်နေသည့်သူက လုကျိုးတစ်ဦးတည်းသာဖြစ်သည်။ သူ၏ရင်ထဲ၌ ဆူပွက်ပြီး ထိန်းမရဖြစ်နေ၏။ တိုက်ပွဲကို ကြည့်နေစဉ် သူ့နှလုံးက လေဟာနယ်ဖြစ်နေပြီး မစွန်းထင်းပေ။ အသံလှိုင်းများကြောင့် သက်ရောက်မခံရပုံပေါ်နေကာ တိုက်ပွဲကို စိတ်အေးလက်အေး ကြည့်နေလေ၏။
ဘန်း
ထူးခြားသော အသံလှိုင်းများက စက္ကန့်ပိုင်းခန့် ကြာပြီးနောက် ပျောက်ကွယ်သွားတော့သည်။
နယ်ရှင်လှံမှ ထိုးနှက်ချက်တစ်ချက်နှင့်အတူ လျို့ဟယ်စည်းတံဆိပ်၏ သင်္ကေတခြောက်မျိုးက ရုတ်တရက် ပေါ်ပေါက်လာတော့သည်။
ဟွားဝူတောက်က နောက်သို့ဆုတ်သွားပြီး သူ၏ခြေထောက်အောက်ရှိအလင်း စက်ဝိုင်းက မှိန်ဖျော့သွားတော့သည်။
တွမ့်မူရှန်းက လှိုင်းကြောင့်နောက်ဆုတ်သွားရ၏။ သူသည်လည်း လေထဲနောက်ပြန်ဆုတ်သွားကာ သုံးလှမ်းခန့် ဆုတ်လိုက်ရပြီးနောက် ပြန်ထိန်းလိုက်နိုင်သည်။ သူက ဟွားဝူတောက်ကို မယုံနိုင်သည့်အမူအရာဖြင့် ကြည့်နေလိုက်၏။ ဟွားဝူတောက်က ထိုရိုက်ချက်ကို ခံနိုင်ရည် ရှိလိမ့်မည်ဟု သူမထင်ထားပေ။ ဟွားဝူတောက်က နောက်သို့ ခြေလှမ်းအနည်းငယ်သာ ဆုတ်ရသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် တိုက်ပွဲ၏အဆုံးတွင် တွမ့်မူရှန်းက ရှုံးနိမ့်မည့်ပုံပေါ်သည်။
သို့သော် ဟွားဝူတောက်ကမူ တွမ့်မူရှန်းနှင့်ယှဉ်လျှင် ပိုအံ့ဩသွားလေ၏။ သူ၏ခုခံမှုကို လူတိုင်း ဖြိုခွင်းနိုင်စွမ်းရှိသည်ဟု သူမထင်ထားပေ။ မိစ္ဆာဝေဟင်မျှော်နန်းသို့မလာခင်၌ သူ၏ ကျင့်စဉ်များကို စမ်းသပ်ခဲ့ပြီး နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူတစ်ဦးထက်မနည်း ရင်ဆိုင်ပြီး စမ်းသပ်ခဲ့သည်။ မည်သူကမှ သူ၏ခုခံမှုကို ဖြိုခွင်းနိုင်ခြင်းမရှိခဲ့ပေ။ တွမ့်မူရှန်းရိုက်တာ ခံလိုက်ရမည်ဟု သူမထင်ထားပေ။ တွမ့်မူရှန်းက အနည်းငယ် ပိုသန်မာခဲ့လျှင် ထိုကျင့်စဉ်ဖြင့် လျို့ဟယ်စည်းတံဆိပ်ကို သူဖြိုခွင်းနိုင်လောက်သည်။ သူက စိတ်ရင်းမှန်ဖြင့်ပြောလိုက်၏။
“အကွက်ကောင်းတယ်”
သို့သော် တွမ့်မူရှန်းကမူ သူ၏ ပြိုင်ဘက်ထံမှ ချီးကျူးမှုကို ကြားလိုစိတ်မရှိပေ။ သူက နယ်ရှင်လှံကို မြှောက်ပြီးနောက် ပြောလိုက်၏။
“နောက်ထပ်သုံးကွက်”
“...”
တွမ့်မူရှန်းသည် တိုက်ပွဲကြာလာသည်နှင့်အမျှ တိုက်ခိုက်ရန် ပိုရဲစွမ်းသတ္တိရှိလာသည့်သူမျိုး ဖြစ်သည်။
ဟွားဝူတောက်က လက်နောက်ပစ်ထားလျက် ပြောလိုက်သည်။
“မင်း အစွမ်းထက်တယ်ဆိုတာ ဝန်ခံတယ်။ ဒါပေမဲ့ မင်းက သိုင်းကွက်သုံးပြီးပြီ။ ငါတို့အရင်သဘောတူညီချက်အရ မျှော်နန်းသခင်က နောက်တစ်ယောက်ဖြစ်သင့်တယ်”
လူတိုင်းက လုကျိုးကို လှည့်ကြည့်လိုက်ကြ၏။ ဆိုရလျှင် သူက တောင်းဆိုချက်များထဲမှ ဘေးထွက်နေသူဖြစ်သည်။
တွမ့်မူရှန်းက ခေါင်းခါပြီးနောက် ပြောလိုက်၏။
“ကျုပ်ရဲ့ခွန်အားအပြည့်ကို မသုံးခဲ့ဘူး။ တစ်ကွက်ပဲ ထပ်သုံးခွင့်ပေး။ ခင်ဗျားရဲ့လျို့ဟယ်စည်းတံဆိပ်ကိုဖြိုခွင်းနိုင်မှာသေချာတယ်”
ဟွားဝူတောက်သည် တွမ့်မူရှန်းကို ထူးမခြားနားကြည့်ပြီးပြောလိုက်၏။
“အစောတုန်းက ကျုပ် ဂရုမစိုက်ခဲ့ဘူးဆိုရင် မင်းက ကျုပ်ကို နောက်ရောက်သွားအောင် တွန်းနိုင်မယ်လို့မထင်ဘူး။ လျို့ဟယ်စည်းတံဆိပ်ပေါ်မှာ ကျုပ်ရဲ့ခွန်အား တစ်ဝက်ပဲသုံးခဲ့တာ”
ထိုစကားကိုကြားသည့်အချိန်တွင် လူတိုင်းက ထိတ်လန့်သွားကြသည်။ သူသည် ဝါကြွားပြောဆိုနေခြင်းလား။ ဒါမှမဟုတ် တွမ့်မူရှန်းကို ပြက်ရယ်ပြုနေခြင်းလားဆိုတာ သူတို့မတွေးဘဲ မနေနိုင်ကြချေ။ မည်သို့ပင်ဆိုစေကာမူ သူ၏အသံက မောက်မာပုံ ပေါ်နေပုံပေါ်၏။
“တစ်ဝက်လား။ လျို့ဟယ်စည်းတံဆိပ်က တတိယသခင်လေးရဲ့ အစွမ်းအထက်ဆုံးသိုင်းကွက်ကို ပိတ်ဆို့နိုင်ခဲ့တယ်။ ဒါတောင် သူ့ခွန်အားရဲ့တစ်ဝက်ပဲပေါ့” ဖန်ကျုံးက ထိတ်လန့်သွားတော့သည်။
"ဒီလို ခုခံမှုတောက်စည်းတံဆိပ်ကို တစ်ခါမှ မတွေ့ဖူးဘူး”
ဟွားဝူတောက်က လုကျိုးကို ဆက်ကြည့်နေ၏။ သူက လုကျိုး၏ အကြောင်းပြန်မှုကို စောင့်ဆိုင်း နေတာပဲဖြစ်သည်။ နောက်ဆုံးတွင် လုကျိုးက ဖြည်းဖြည်းချင်းဆင်းလာတော့၏။ “ဒါက မင်း ကုန်လွန်ခဲ့တဲ့နှစ်နှစ်ဆယ်အတွင်းမှာ ကြိုးကြိုးစားစားကျင့်ကြံနေတဲ့ တောက်စည်းတံဆိပ် ဆိုတာ လား။ လျို့ဟယ်စည်းတံဆိပ်တဲ့လား”
“ဟုတ်ပါတယ်”
“ငါ မင်းကို တိုက်ခိုက်မယ်ဆိုရင် မင်းသေနိုင်တယ်” လုကျိုးက ပြိုလဲသွားစေနိုင်သော လေသံဖြင့် ပြော၏။ ဟွားဝူတောက်က လုကျိုးသည် သူ၏လျို့ဟယ်စည်းတံဆိပ်စွမ်းရည်ကို မျက်မြင်တွေ့ပြီး ချိန်တွင် လုကျိုး၏ပြောကြားချက်ကြောင့် အံ့ဩသွားလေသည်။ သူ မည်မျှ ယုံကြည်ချက်ရှိသနည်း။
အသက်က တန်ဖိုးရှိ၏။ သေခြင်းရှင်ခြင်းကို စွန့်စားလိုသည့်သူ၊ သေခြင်းရှင်ခြင်းကို ပေါ့ပေါ့ပါးပါးတွေးသည့်သူ များများစားစားလေးမရှိပေ။ သူ့ဖာသာသူ ရေရွတ်ပြောဆိုနေပြီးနောက် ဟွားဝူတောက်သည် လက်သီးနှစ်ဖက်ဆုပ်လျက်ပြောလိုက်တော့သည်။ “ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ မျှော်နန်းသခင်။ ကံဆိုးပြီး ကျုပ်အသက်ဆုံးရှုံးခဲ့ရင် ရှိပါစေတော့”
“ကောင်းပြီ” လုကျိုးက မဟာခန်းမ၏အခမ်းနားဆုံးအပိုင်းဆီသို့ ဆက်လျှောက်လာသည်။ တစ်ချိန်ထဲတွင် သူ၏လက်ထဲ၌ အသုံးပစ္စည်းကတ်တစ်ကတ်ပေါ်လာလေ၏။
သူ့လက်ထဲတွင် အသုံးပစ္စည်းကတ်တစ်ကတ်ပေါ်လာတော့သည်။
ဟွားဝူတောက်သည် လုကျိုးထံမှ ကနဦးချီလှုပ်ရှားမှုများ သို့မဟုတ် အရှိန်အဝါအတက်အကျကို အာရုံမခံမိပေ။ သို့သော် သူ၏သတိကိုမလစ်ဟင်းရဲချေ။ ရှေ့သို့ တိုးလိုက်ပြီးနောက် သူ၏လက်ကို ဖြည်းဖြည်းချင်းမြှောက်လိုက်၏။
ရှစ်မြှောင့်ထောင့်ကားချပ် ကောင်းကင်၊ မြေကြီး၊ သေခြင်း၊ ရှင်ခြင်း၊ ရေ နှင့် မီး သင်္ကေတခြောက်မျိုးက ရွှေရောင်ရောင်ခြည်ဖြင့် တောက်ပလာ၏။ သူတို့က သူ့ကို ဝိုင်းနေတော့သည်။ ယခင်ကထက်ပိုအစွမ်းထက်ပြီး အထင်ကြီးဖွယ်ကောင်းလာ၏။ ထိုတွင်မကသေးပေ စကားလုံးများက ဟွားဝူတောက်၏ လက်ဖဝါးထဲတွင် ပေါ်လာ၏။ သူတို့က ရှိခြင်းနှင့် မရှိခြင်းပင်ဖြစ်သည်။ ယင်းကတောက်ပနေသော သင်္ကေတရှစ်ခုဖြစ်သည်။ သူ၏ကနဦးချီပေါင်းစပ်လိုက်ရာ တောက်စည်းတံဆိပ်များက ထိုသင်္ကေတရှစ်ခုထဲ၌ ရစ်ဝဲနေတော့သည်။
ဟွားဝူတောက်က တွမ့်မူရှန်းနှင့်အစောပိုင်းက ရင်ဆိုင်ခဲ့စဉ် သူ၏ခွန်အားကို ဖုံးကွယ်ထားလိမ့်မည်ဟု မထင်ထားပေ။ သူက လျို့ဟယ်စည်းတံဆိပ်ကို ပါ့ဟယ်စည်းတံဆိပ်အဖြစ်ပြောင်းလဲလိုက်သည်။ သူက လေလုံးထွားနေခြင်းမဟုတ်ချေ။ အမှန်တကယ်ပင် အစောတုန်းက သူ၏ ခွန်အားတစ်ဝက်ကိုသာ သုံးခဲ့ခြင်းဖြစ်သည်။
ဟွားဝူတောက်က လုကျိုးကို စိုက်ကြည့်နေ၏။ သူက ဖိတ်ခေါ်သည့်လက်ဟန်ပြုကာ “ကျုပ် အသင့်ဖြစ်ပြီ”
သင်္ကေတရှစ်ခုက လေထဲတွင် ရစ်ဝဲနေပြီး တလက်လက်တောက်ပနေ၏။
အားလုံး၏ အာရုံစိုက်မှုက လုကျိုးဆီရောက်သွားသည်။ လူအုပ်ကြီးက ဟွားဝူတောက်၏ စည်းတံဆိပ်ကို ဖြိုခွင်းနိုင်မလားဆိုတာကို သူတို့အံ့ဩနေကြသည်။ ဟွားဝူတောက်က ကျို့ချင်းရှန်မဟုတ်ပေ။ ကျို့ချင်းရှန်ထက်ပိုအစွမ်းထက်၏။ ထိုကျင့်စဉ်တစ်ခုထဲကို အကဲဖြတ်ခြင်းဖြင့် ဟွားဝူတောက်၏ လျို့ဟယ်စည်းတံဆိပ်က ကျို့ချင်းရှန်၏ ဈာနမုဒြာထက်ပိုအစွမ်းထက်သည်။
လုကျိုးက ဒီသိုင်းကွက်ကို ဖြိုခွင်းနိုင်မှာလား။ လူတိုင်းက အသက်အောင့်ထားမိသည်။
လုကျိုးက ညာလက်ကို မြှောက်လိုက်ရာ သူ့လက်ဖဝါးထဲ၌ အပြာရောင်ဖျော့ဖျော့ကတ်တစ်ကတ် ကြေမွသွားသည်။ ထိုစဉ် လေပွေမရှိပေ။ ထိုအစားလျှပ်စီးလုံးတစ်ခုပေါ်လာတော့၏။ သူ၏ချီကို စွမ်းရည်အဖြစ်သိပ်သည်းလိုက်ပြီးနောက် ရုတ်တရက်တွင် လျှပ်စီးလုံးက ကောင်းကင်ထက်ကနေ ကျလာသော စွမ်းအင်နှင့်တိုက်မိသွားသည်။
“မိုးကြိုးသွားလား၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ကျိုးကျစ်ဖုန်းနှင့်ဖန်ကျုံးတို့က ပါးစပ်အဟောင်းသားဖြင့်စိုက်ကြည့်နေသည်။
တွမ့်မူရှန်း၊ မင်ရှစ်ရင်နှင့် ရှောင်ယွမ်အာတို့ကလည်း ထိုမရင်းနှီးသော ကျင့်စဉ်ကြောင့် ထိတ်လန့်သွားကြသည်။ သူတို့သည် လုကျိုး၏ တပည့်ဖြစ်လာတာ နှစ်အတန်ကြာပြီဖြစ်သော်ငြား သူတို့ဆရာက ထိုသိုင်းကွက်သုံးတာ မတွေ့ဖူးပေ။ ထို့အပြင် သိုင်းကွက်က မိုးကြိုးသွားဖြစ်နေသည်။
ဖုန်း
အားလုံး၏ စောင့်ကြည့်နေသော အကြည့်အောက်တွင် လျှပ်စီးလုံးများက လျှို့ဟယ်စည်းတံဆိပ်နှင့် တိုက်မိသွားတော့၏။
မီးပွင့်များ နေရာအနှံ့လွင့်စဉ်သွားပြီး လေထဲတွင်မီးခိုးများပြည့်သွားတော့သည်။
ဝူး
ဟွားဝူတောက်က စွမ်းအင်သက်ရောက်မှုကြောင့် နောက်သို့လျင်မြန်စွာ တွန်းထုတ်ခံလိုက်ရသည်။
…
အခန်း (၁၁၈) မင်း ရွေးချယ်မှု လုပ်ရမယ်
လျို့ဟယ်စည်းတံဆိပ်၊ ရှစ်မြောင့်ထောင့် ပုံကားချပ်၊ သင်္ကေတရှစ်မျိုး သူတို့အားလုံး အသုံးမဝင်တော့ပေ။ ထိုစဉ် သူတို့က အစအနမရှိ ပျောက်ကွယ်သွားကြ၏။ ပို၍ ကြောက်စရာကောင်းသည်က ဟွားဝူတောက်၏ လိပ်ကျင့်စဉ်သည် လုံးဝကို အသုံးမဝင်တော့ခြင်း ဖြစ်သည်။ မိုးကြိုးက သူ့အား ထိမှန်သွားပြီး လွင့်စဉ်သွားစေသည်။ သူက မျက်လုံးအပြူးသားဖြင့် သူကိုယ်သူ မနည်းထိန်းကာ မတ်တတ်ရပ်နေရ၏။ သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းရင်း သွေးအန်လိုက်ရသည်။
တိုက်ပွဲက အဆုံးသတ်သွားလေပြီ။ ရလဒ်ကား ရှင်းလင်းလှ၏။
လုကျိုးက ခေါင်းခါလိုက်သည်။
မိုးကြိုးသွား ကတ်သည် ၁၀ ရာခိုင်နှုန်း အထိအခိုက်သာ ရှိလေသည်။
‘မင်း ကံကောင်းလား၊ မကောင်းလားတော့ မသိဘူး။ ဘယ်လိုဖြစ်ဖြစ် မင်း ၁ ရာခိုင်နှုန်း သတ်ဖြတ်ကွက်ကို ရှောင်ရှားနိုင်ရန် သေချာပေါက် ကံကောင်းတာပဲ … ထိခိုက်ဒဏ်ရာရတာက သေတာထက်တော့ ကောင်းသေးတယ်လေ’
ခန်းမကျယ်အတွင်း တိတ်ဆိတ်သွားလေသည်။ ထိုစဉ် အပ်ကျသံပင် ကြားရလောက်၏။
တွမ့်မူရှန်းက နယ်ရှင်လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူက စိတ်အေးသွားခြင်းမျိုး မရှိပေ။ ထို့အစား သူက အံ့ဩနေမိသလို သုန်မှုန်နေသည်။ လျို့ဟယ်စည်းတံဆိပ်က သူ့ရှစ်စွင်း၏ တစ်ချက်ကိုတောင် မခံနိုင်ခဲ့သော်လည်း သူက နည်းနည်းလေးမျှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
မင်ရှစ်ရင်၏ အတွေးများက ရိုးရှင်း၏။ သူ့ရှစ်စွင်းက ဤနှစ်တွေတစ်လျှောက်လုံး စွမ်းအားကို ဖုံးကွယ်ထားသည်ဟု ထင်မိသည်။ သူ့ရှစ်စွင်းက အဆင့်မြင့် ကျင့်ကြံသူဆယ်ယောက်ကို မောင်းထုတ်လိုက်ကတည်းက ရှစ်စွင်းတွင် ဝှက်ဖဲများစွာ ရှိနေသေးကြောင်း သိလိုက်ရသည်။ သို့သော်လည်း မည်သူကမှ သူ့စွမ်းအားအစစ်အမှန်ကို မသိကြပေ။
ရှောင်ယွမ်အာ၏ အမူအရာက လွန်လွန်ကဲကဲ ဖြစ်နေလေ၏။
ထိုစဉ် ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးတို့က ရေအိုင်ထဲမှာ ရှိနေသည့် ဖားများသဖွယ် ခံစားနေရသည်။ သူတို့က ဟွားဝူတောက် နောက်ဆုတ်သွားရသည်ကို မယုံကြည်နိုင်စွာ တံတွေးမျိုချရင်း ကြည့်နေမိကြသည်။ သူတို့က ဟွားဝူတောက် ကျရှုံးမှုကြောင့် အံ့ဩသွားခြင်း မဟုတ်ဘဲ လုကျိုး၏ မိုးကြိုးချက်ကို အံ့ဩတုန်လှုပ်သွားခြင်း ဖြစ်သည်။
မိုးကြိုးသွားက ချီစွမ်းအားများ စုစည်းထားရာမှ ထွက်ပေါ်လာသော တိုက်ကွက် ဖြစ်သောကြောင့် စွမ်းအားများ သိပ်သည်းနေလေရာ လျှပ်စီးမိုးကြိုးချက်လောက် အားပြင်းလေသည်။ ထို့အပြင် အင်မတန် ရှားပါးကာ ကြောက်စရာကောင်းသော သိုင်းကွက်လည်း ဖြစ်၏။ မိုးကြိုးသွားက အချိန်အတော်ကြာ ပျောက်ဆုံးနေသည့် ပညာရပ်တစ်ခုဟု ယူဆနိုင်ပြီး သမိုင်းစာအုပ်များ၌သာ မှတ်သားထားလေသည်။ ကျွမ်းကျင်တတ်မြောက်ဖို့ရာ မဆိုထားနှင့် မည်သူကမှ မမြင်ဖူးကြပေ။
“ မိုး … မိုးကြိုးသွား ” ဟွားဝူတောက်က ဆက်လက် တောင့်မခံနိုင်တော့ပေ။ သူက ဒူးတစ်ဖက်ထောက်လျက်သားဖြင့် သူ့ခန္ဓာကိုယ်ကို လက်ဖြင့် ပြန်ထိန်းထားလိုက်ရသည်။ သူက ချိတုံချတုံဖြင့် အရှုံးကို ဝန်ခံဖို့ ဝန်လေးနေသည်။ သူ့ကို မိုးကြိုးသွားဖြင့် အနိုင်ယူသွားမည်ကို မည်သူမှ သိမည်နည်း။ အကယ်၍ ကျိထျန်းတောက်သာ ဒီလိုပညာရပ်မျိုး ကျွမ်းကျင်တတ်မြောက်ထားကြောင်း သိထားခဲ့လျှင် သူ့ကိုယ်သူ အရှက်ခွဲဖို့ မိစ္ဆာဝေဟင်မျှော်နန်းဆီ ရောက်လာမည် မဟုတ်ပေ။
“ ရှစ်စွင်း ” ဟွားဝူတောက်၏ တပည့်က အပြေးအလွှား ရောက်လာကာ ကူပေးဖို့ ပြင်လိုက်သည်။ သို့သော်လည်း ဟွားဝူတောက်က လက်ဟန်ပြကာ မလာဖို့ တားဆီးလိုက်သည်။ သူ့လိုမျိုးလူက ရှုံးနိမ့်မည်ကို မကြောက်ဘဲ ဂုဏ်သိက္ခာမရှိ ရှုံးနိမ့်မည်ကိုသာ စိုးမိသည်။
ဤသည်က အလောင်းအစား တစ်ခု မဟုတ်ပါလော။
လုကျိုးက ခေါင်းခါလိုက်ကာ ‘ အဲဒါကို မိုးကြိုးသွားလို့ ခေါ်ချင်ရင်လည်း ထားလိုက်ပါတော့’
မိုးကြိုးသွားအကြောင်း များများစားစား မသိသလို တစ်ယောက်မှလည်း မမြင်ဖူးသောကြောင့် အားလုံးက လုကျိုးသည် မိုးကြိုးသွား ထုတ်လွှင့်လိုက်သည်ဟုသာ ယုံသွားကြသည်။
ဟွားဝူတောက်က ခက်ခက်ခဲခဲ အားယူထရပ်လိုက်ရင်း ချောင်းဟန့်လိုက်သည်။ သူက လက်နှစ်ဖက်ယှက်ကာ ခေါင်းခါလိုက်ရင်း “ နှစ် ၂၀ ကြာကျင့်ကြံပြီးတော့ ခင်ဗျားရဲ့ တိုက်ကွက်သုံးကွက်ကို ခံနိုင်ပြီလို့ ထင်ခဲ့တာ။ အခုတော့ ကျုပ် မှားသွားတာပဲ။ ကျုပ် အကြီးကြီး မှားသွားတယ် ” သူက ရယ်မောလိုက်သည်။
ဤသည်မှာ မိမိဘာသာ လှောင်ပြောင်ရယ်မောနေဟန်မျိုး ဖြစ်နေ၏။
‘ငါ့အကာအကွယ်က တစ်ချက်တည်းနဲ့ ပျက်စီးသွားတာပဲ။ ငါ သုံးကွက် ခံနိုင်ရည်ရှိမယ်ဆိုပြီး တွေးခဲ့မိတာ ’ ဟွားဝူတောက်က ခါးသက်သက် ပြုံးလိုက်ရင်း သွေးအန်လိုက်ရသည်။
“ရှစ်စွင်း ”
“ငါ အဆင်ပြေတယ် ” ဒါပေမဲ့ ဟွားဝူတောက်က အဆင်မပြေမှန်း သိသာလှသည်။ သူ့အမူအရာများက အခြားလူများအား သူ့စိတ်နှလုံးသားထဲမှ အစိုင်အခဲမှာ ပို၍ ရှုပ်ထွေးလာကြောင်း ပြသနေသည်။ ခဏအကြာတွင် သူက လက်နှစ်ဖက်ယှက်လိုက်ရင်း “ကျုပ် ရှုံးသွားတာကို ဝန်ခံတယ် ”
လုကျိုးက ခေါင်းညိတ်လိုက်သည်။ သူက လှေကားဆီ ပြန်တက်သွားလိုက်ပြီး ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။
ဟွားဝူတောက်က ဆက်ပြောလိုက်သည် “ယွင်ဂိုဏ်းနဲ့ မပတ်သတ်သရွေ့ ကျုပ် ဘယ်တောင်းဆိုချက်မဆို သဘောတူတယ်”
“ မင်းက ပွင့်ပွင့်လင်းလင်းသမားပဲ” လုကျိုးက ပြောလိုက်သည်။
“မင်းကို မေးစရာရှိတယ်။ မင်း လုပ်ဖို့က အရိုးသားဆုံး ဖြေပေးဖို့ပဲ ”
“ကျုပ် နားထောင်နေပါတယ် ”
“ယွီလုံရွာ အဖြစ်အပျက်နောက်ကွယ်ရဲ့ ကြိုးကိုင်တဲ့လူက ဘယ်သူလဲ” လုကျိုးက ကွေ့ပတ်ပြောမနေဘဲ တည့်တိုးသာ ပြောချလိုက်သည်။
ဟွားဝူတောက်က ထိုအကြောင်းကို ကြားလိုက်ရသည့်အချိန် နှလုံးခုန်မြန်မိသွားသည် “ အာ …”
သူက ပြန်ဖြေဖို့ တွန့်ဆုတ်သွားလေ၏။
“ဘာလဲ။ ငါ့မေးခွန်းကို မဖြေချင်ဘူးလား”
ဟွားဝူတောက်က အခက်တွေ့နေဟန်ပေါ်သည်။ သူက ပြောလိုက်၏။
“ကျုပ် မဖြေချင်တာ မဟုတ်ပါဘူး။ အဖြေက အင်အားစုများစွာကို ဆွဲသွင်းမိသလို ဖြစ်နေလောက်တယ်”
“ အဲဒါ ဘာဖြစ်လဲ။ ရှင် ရှုံးသွားမှတော့ နာနာခံခံ လိုက်နာရမှာပေါ့ ” ရှောင်ယွမ်အာက ဟွားဝူတောက်ကို လက်ညိုးထိုးရင်း ပြောလိုက်သည်။
“ဟွားဝူတောက် .. ခင်ဗျားက ယွင်ဂိုဏ်းရဲ့ အကြီးအကဲလေ။ ခင်ဗျားစကားတွေက ရွှေရောင်စည်းမျဉ်း မဟုတ်ရင်တောင် တစ်ခုချင်းစီက န၀လေးမြတ်သုံးသွယ်တော့ ထိုက်တန်သင့်တာပေါ့။ အခု ခင်ဗျားက ဖြောင့်မတ်ခြင်းလမ်းစဉ် ဂိုဏ်းသားတစ်ယောက် ဖြစ်ရက်သားနဲ့ စကားကို ပြန်ရုတ်သိမ်းဖို့ လုပ်ချင်နေတာလား” မင်ရှစ်ရင်က ဝင်ပြောလိုက်သည်။
ကျိုးကျစ်ဖုန်းက ညင်ညင်သာသာ ချဉ်းကပ်လာကာ “ စီနီယာဟွား … ကျွန်တော် အကြံပြုချင်တာလေး ရှိပါတယ်။ ဒီမေးခွန်းရဲ့ အဖြေက စီနီယာအတွက် အရမ်းအရေးကြီးမှန်း သိပါတယ်။ အဲလိုဆိုမှတော့ မျှော်နန်းသခင် တစ်ယောက်တည်းကိုပဲ ဖြေပေးလိုက်ပါ ”
“သူ ပြောတာ မှန်တယ်။ ဒါမှမဟုတ် မျှော်နန်းသခင် သိသွားရင် ကမ္ဘာကြီးက ကမောက်ကမ ဖြစ်သွားနိုင်တယ်လို့ ပြောချင်နေတာလား။ ဒါဆို အခုက ရှင် သိထားရက်နဲ့ ဘာလို့ ပရမ်းပတာ ဖြစ်မနေရတာလဲ ” ရှောင်ယွမ်အာက မီးစာဝိုင်းထည့်လိုက်သည်။
“ အာ …” ဟွားဝူတောက်က ကျောက်တုံးကြားညှပ်နေလို ခံစားနေရသည်။
“ ငကြောက်လုပ်မနေစမ်းပါနဲ့။ တကယ်လို့ မပြောချင်ရင် ဒီမှာ အသက်ကို ထားခဲ့လိုက် ” တွမ့်မူရှန်းက နယ်ရှင်လှံကို မြောက်လိုက်သည့်အခါ အေးစက်စက် အငွေ့အသက်များ ပျံ့နှံ့လာသည်။ အစောပိုင်းလေးက သူ့ရှုံးနိမ့်မှုအပေါ် မကျေနပ်ဘဲ သူ့ဒေါသကို လောင်စာထည့်ပေးသလို ဖြစ်နေသည်။
ခန်းမကျယ်ရှိ အားလုံးက ဟွားဝူတောက်အား ကြည့်လိုက်ကြသည်။
ဟွားဝူတောက်က နောက်တစ်လှမ်းဆုတ်ကာ အလေးအနက် ပြောလိုက်သည် “ ဒီဟာကို လျှို့ဝှက်ချက်အနေနဲ့ ထားပြီး ဘယ်သူကိုမှ ပြန်မပြောဖို့ ကတိပေးထားလို့ပါ။ တကယ်လို့ ဖြစ်နိုင်ရင် နောက်ထပ် တောင်းဆိုချက်ကို ပြောပါ့လား ”
အားလုံးက အကြည့်ချင်းဖလှယ်လိုက်ကြသည်။
မင်ရှစ်ရင်က ဖီခနဲ လုပ်ကာ “ အရေးမပါတာတွေ … ကျုပ်ရှစ်စွင်းအတွက် သဘောတူညီချက်ကိုကျ အလေးမထားဘဲနဲ့ ဒီဟာကို လာတောင်းဆိုရဲသေးတယ်ပေါ့ ”
“ … ” မင်ရှစ်ရင်က အချက်ကျကျ ပြန်ပြောလိုက်သည်။ အကယ်၍ သူသာ ကောင်းကင်အောက်ရှိ အကြီးမားဆုံး မိစ္ဆာနှင့် ကတိစကားကို အလေးမထားလျှင် ဤအရာကို အကြောင်းပြချက်အနေနှင့် သုံးခွင့်မရှိပေ။ သူ့အမူအရာက မလိုလားဟန်ပြောင်းသွားသည်။
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ပြောလိုက်သည် “ကိစ္စမရှိဘူး ”
အခြားလူများလည်း အံ့ဩသွားကြသည်။ သူတို့က လုကျိုးက အံ့ဩတကြီး ကြည့်လိုက်ကြ၏။
“ ရွေးချယ်စရာနှစ်ခု ပေးမယ်။ ပထမက ယွီလုံရွာနောက်ကွယ်က ကြိုးကိုင်သူကို ပြောပြရမယ်။ ဒုတိယတစ်ခုက မိစ္ဆာဝေဟင်မျှော်နန်းကို အကြီးအကဲအဖြစ်နဲ့ ဝင်ရောက်ရမယ်”
လုကျိုးက သူ့ဘာသာ တစ်ချိန်တည်း တွေးလိုက်မိသည်။
‘သူက တွမ့်မူရှန်းနဲ့ မင်ရှစ်ရင်ရဲ့ တိုက်ကွက်တွေကို ကာကွယ်နိုင်တယ်ဆိုတော့ လျို့ဟယ်စည်းတံဆိပ်အပေါ် ကျွမ်းကျင်မှုက အတော်မြင့်တယ်။ ဒါက လိပ်ကျင့်စဉ်ဆိုပေမဲ့ ကောင်းကောင်းအသုံးပြုနိုင်ရင် ကာကွယ်ရေးရော တိုက်ခိုက်ရေးပါ သုံးလို့ရလောက်တယ် ’
အစကနေ အဆုံးအထိ ဟွားဝူတောက်က ဒုက္ခမိုင်တစ်ရာရှုကွင်းကို အသုံးပြုမသွားခဲ့ပေ။ သူက လုကျိုး၏ ဒုတိယတိုက်ကွက်နှင့် တတိယတိုက်ကွက်တို့ကို ရင်ဆိုင်ဖို့ရာအတွက် ချန်ထားခဲ့ချင်ပုံရသည်။ သို့သော်လည်း ပထမတစ်ချက်တည်းနှင့် ရှုံးနိမ့်သွားခဲ့ရသည်။ ပို၍ အရေးကြီးသည်က ဤလူက သမာသမတ်လမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်ကြား ခွဲခြားထားပုံမပေါ်ပေ။
ဟွားဝူတောက်က ရွေးချယ်မှုနှစ်ခုအကြောင်း ကြားလိုက်ရသည့်အခါ မျက်လုံးအပြူးသား ဖြစ်မိသွားသည်။ သူ့ခန္ဓာကိုယ်ပင် တုန်တုန်ယင်ယင် ဖြစ်သွားလေ၏။ သူက ယွင်ဂိုဏ်းမှ ဖြစ်သည်။ အကယ်၍ သူသာ မိစ္ဆာဂိုဏ်းအတွင်း ဝင်ရောက်သွားခဲ့လျှင် သူ့ဂုဏ်သတင်း ပျက်စီးသွားမည်ကို ဂရုမစိုက်သော်လည်း ယွင်ဂိုဏ်းကား ပြက်လုံးသဖွယ် ဖြစ်လာမည်ကို စိုးရိမ်မိသည်။ တစ်ဖက်တွင် သူက လျှို့ဝှက်ချက်ကိုလည်း ထုတ်မပြောနိုင်ပေ။ သူက ထိုအခက်အခဲကြား အကြပ်ရိုက်နေသည်။
“ ဒါက ငါ အလျှော့ပေးနိုင်ဆုံးပဲ ” လုကျိုးက အေးအေးဆေးဆေး ပြောလိုက်သည်။
“…” ဟွားဝူတောက်၏ အမူအရာက ရှစ်ခေါက်ချိုး ဖြစ်လာသည်။
“ ခင်ဗျားက ယွင်ဂိုဏ်းက ထွက်လာပြီးပြီလေ။ ဘာတွေပူစရာ လိုသေးလို့လဲ ”မင်ရှစ်ရင်က မေးလိုက်သည်။
“ငါ …” ဟွားဝူတောက်က ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေမိသည်။ သူက အကျဉ်းအကျပ်ကြား ကျရောက်နေသည်။ ဤသည်မှာ သူ့အသက်ခြွေတာထက်ပင် ဆိုးရွားနေသည်။
လုကျိုးက အလျှင်မလိုပေ။ သူက ဟွားဝူတောက် ဆုံးဖြတ်ချက်ချနိုင်ဖို့ အေးအေးဆေးဆေး စောင့်ဆိုင်းနေ၏။ ဟွားဝူတောက် မည်သို့ရွေးချယ်မှု ပြုလုပ်စေကာမူ မိစ္ဆာဝေဟင်မျှော်နန်းအတွက် အကျိုးရှိမည်သာ ဖြစ်၏။
…
အခန်း (၁၁၉) အစွမ်းအထက်ဆုံးအကြီးအကဲ ဟွားဝူလား ဝူဟွားလား
တွမ့်မူရှန်းနှင့် မင်ရှစ်ရင်က ထိုလေ့ကျင့်စဉ်ကိုအထင်သေးကြသည့်တိုင် သူတို့ဆရာ၏ စကားကို ငြင်းပယ်ကြမှာမဟုတ်ပေ။ ထို့အပြင် မိစ္ဆာဝေဟင်မျှော်နန်းက အင်အားယုတ်လျော့နေလေ၏။ သွေးသစ်လောင်းဖြည့်သွင်းပေးမှုဖြင့် ယခင် ဂုဏ်ကျက်သရေတို့ ပြန်လည်ရရှိလာနိုင်သည်။ မင်ရှစ်ရင်က သူ၏ဆရာကို ခိုးကြည့်လိုက်၏။
‘သူ့အသက်က အကန့်အသတ်နား ရောက်နေသည့်ပုံမပေါ်ဘူး။ တကယ်တော့သူက နေ့စဉ်နှင့်အမျှ ပိုသက်ဝင်လှုပ်ရှားပြီး ခွန်အားတွေပြည့်နေတာပဲ’
ဟွားဝူတောက်က ထိုအကြောင်းကို တွေးလိုက်သော်ငြား သူ့စိတ်ထဲမပြင်ဆင်ရသေးပေ။
လုကျိုးက နက်ရှိုင်းသည့်အသံဖြင့်ပြောလိုက်၏။
“ခင်ဗျားမှာရွေးချယ်စရာနှစ်ခုရှိတယ်။ ခင်ဗျား တစ်ခုပဲရွေးလို့ရမယ်။ တစ်မိုးအောက်မှာ မင်းကို မိစ္ဆာဝေဟင်မျှော်နန်းက ဒီလိုဆက်ဆံပေးတာ မင်းပထမဆုံးပဲ။ ငါ့ရဲ့စိတ်ရှည်သည်းခံမှုက အကန့်အသတ်ရှိတယ်။ တစ်ဆယ်အထိရေပြီးရင် အဖြေတစ်ခုလိုချင်တယ်”
“ကျုပ်က အဖြေတစ်ခုမပေးရင်ရော” ဟွားဝူတောက်၏ နှလုံးခုန်နှုန်းက မြန်သွားလေသည်။
လုကျိုးက ပြန်မပြောရသေးခင် မင်ရှစ်ရင်က ပြောလိုက်လေ၏။ “ဒါဆို ခင်ဗျားက ဖန်းရှုဝမ်နဲ့ တူညီတဲ့ ကံကြမ္မာကို ခံစားရမှာပေါ့။ ခင်ဗျားရဲ့အတွေးတွေ သေချာတွေးပြီးတဲ့အချိန်အထိ မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ ခင်ဗျားအကျဉ်းချခံထားရမယ်။ ဒါပေမဲ့ ခင်ဗျားက သေခြင်း၊ ရှင်ခြင်းကို မြင်တွေ့ပြီးပြီဆိုတော့ ဒါက ခင်ဗျားအတွက် ကိစ္စရှိမှာမဟုတ်ဘူးဆိုတာသေချာတယ်”
“...”
“မိစ္ဆာဝေဟင်မျှော်နန်းမှာလည်း များများစားစားမရှိဘူးဆိုပေမဲ့ ကျုပ်တို့အခန်းတွေ အများကြီး ရှိတယ်။ မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်နဲ့ အနောက်ဘက်မျှော်နန်းတွေရှိပြီးသား။ တောင်ရဲ့တစ်ဝက်မှာ ပြိုလဲပျက်စီးနေတဲ့ နေအိမ်တွေလည်းများတယ်။ တောင်ရဲ့အနောက်ဖက်မှာ ပြန်လည်သုံးသပ်ရေးဂူတစ်ခုရှိပြီး အဲ့ဒီမှာက အေးတယ်။ ပြီးတော့ ခင်ဗျားထွက်ပြေးလို့ရမယ် မထင်နဲ့။ ထိပ်သီးပညာရှင်ဆယ်ယောက်အတူတူ ပေါ်လာခဲ့ရင်တောင် သူတို့တွေက မိစ္ဆာဝေဟင် မျှော်နန်းရဲ့ အရံအတားကို ဖြိုခွင်းနိုင်ကြမှာ မဟုတ်ဘူး” မင်ရှစ်ရင်က ပြုံးပြီးပြောလိုက်သည်။
သူ၏စကားက ကျိုးကျစ်ဖုန်းနှင့် ဖန်းကျုံးတို့ကို နှလုံးခုန်နှုန်းမြန်သွားစေ၏။
“စတုတ္ထသခင်လေးရဲ့စကားတွေက တကယ်စိတ်ပျက်အားငယ်စေနိုင်တာပဲ။ ဒါက လူတစ်ယောက်ကို သတ်တာထက်တောင် ပိုကြောက်ဖို့ကောင်းနေသေးတယ်”
ဟွားဝူတောက်သည် ခွဲခြားသိမြင်တတ်သူဖြစ်ပြီး လူမှုရေးကျမ်းကြေသူဖြစ်ကာ ဘဝကို လက်မှိုင်ချပြီး ဘယ်တော့မှတွယ်ကပ်နေမည့်သူ မဟုတ်ပေ။ မဟုတ်ပါက သူဤနေရာသို့ ပေါ်လာခဲ့မှာမဟုတ်ချေ။ ထိုကဲ့သို့ သူတစ်ဦးက ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်းကို ဂရုစိုက်သည်။
“အဲ့ဒီအချိန်ကျရင် ကျင့်ကြံသူတိုင်းက ယွင်ဂိုဏ်းရဲ့ဟွားဝူတောက်က မယုံကြည်ရတဲ့သူဆိုတာ သိရ အောင် ကျုပ်သေချာပေါက်လုပ်ပေးမယ်။ သူက မိစ္ဆာဝေဟင်မျှော်နန်းကို ရောက်လာပြီး ရှုံးနိမ့်သွား တယ်။ ဒါပေမဲ့ ပြောထားတာကို လက်မခံဘူး”
“...”
ဟွားဝူတောက်က ပိုတောင် ဆွံ့အသွားလေ၏။ မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း သူလာရောက်သည့်အကြောင်းကို သိသည့်သူများလေသည်။ မဟုတ်လျှင် သူက ယွင်ဂိုဏ်း၏ အကြီးအကဲအနေဖြင့် သူ၏ရာထူးမှနှုတ်ထွက်ခဲ့မှာ မဟုတ်ပေ။ အရာအားလုံးက သူ့ရင်ထဲရှိ ထိုအထုံးအဖွဲ့နှင့်သာ စတင်ပြီး အဆုံးသတ်သွားလေ၏။ သူ့တွင်နောင်တမရှိတော့ချေ။
ရှောင်ယွမ်အာက ခိုးခိုးခစ်ခစ်ရယ်မောပြီးနောက်ပြောလိုက်လေ၏။
“ဒါဆိုရင် စရေတော့မယ်” သူမက ဟွားဝူတောက် သူမပြောတာကို မကြားမှာစိုးရိမ်သည့်အလား ထပ်ပြောလိုက်၏။
“ကျွန်မ စရေပြီနော်။ တစ်ဆယ်၊ ကိုး၊ ရှစ်၊ ခုနစ်၊ ခြောက်၊ ငါး၊ လေး၊ သုံး၊ နှစ်၊ တစ် အချိန်စေ့ပြီ။ ရှင့်ရဲ့ ဆုံးဖြတ်ချက်ကဘာလဲ”
“...”
ဘယ်သူက ဒီလို မြန်မြန်ဆန်ဆန်ရေတာလဲ။
ဟွားဝူတောက်က စဉ်းစားရန်အချိန်တောင် မရသေးခင် ရေတွက်တာကပြီးသွားသည်။ လူတိုင်း၏ အကြည့်က ဟွားဝူတောက်ဆီသို့ရောက်သွားတော့သည်။
ခန်းမထဲ၌ တိတ်ဆိတ်မှုက ထပ်မံကြီးစိုးသွားပြန်သည်။
နောက်ဆုံးတွင် ဟွားဝူတောက် ခေါင်းခါပြီးနောက် သက်ပြင်းချလိုက်တော့၏။
“ထားလိုက်တော့”
ထိုအချင်းအရာကို မြင်သောအခါ ဟွားဝူတောက်၏တပည့်က ချက်ချင်းပင် ဒူးထောက်လိုက်သည်။
“ရှစ်စွင်း မလုပ်သင့်”
ဟွားဝူတောက်က သူ၏တပည့်ကို ကြည့်လိုက်သည်။ သို့သော် ယခင်ကကဲ့သို့ သူ့ကိုမငေါက်တော့ပေ။ ထိုအစားသူကပြောလိုက်၏။ “မင်း ယွင်ဂိုဏ်းကိုပြန်သွားသင့်ပြီ”
“ဟမ်”
“ဒီနေ့ကစပြီးမင်းက ငါ့ရဲ့တပည့်မဟုတ်တော့ဘူး။ ယွင်ဂိုဏ်းထဲမှာ အကြီးအကဲတွေ အများကြီးရှိတယ်။ မင်းကို သူတို့ထဲကတစ်ယောက်က သင်ပေးမယ်ဆိုတာသေချာတယ်။ မင်း ပြန်ရောက်တဲ့အချိန် ဟွားဝူတောက် သေပြီလို့ပြောလိုက်”
“ရှစ်စွင်း”
“ထွက်သွားတော့”
လူရွယ်သည် တစ်စုံတစ်ခုပြောချင်သေး၏။ သို့သော် ဟွားဝူတောက်က ခြေထောက်မြှောက်ပြီး သူ့ကို ကန်ထုတ်လိုက်၏။ သူက ထပ်ပြောလိုက်သည်။ “ထွက်သွားလို့ ငါပြောနေတယ်” သူ၏အော်သံက လူရွယ်ကို လွင့်ထွက်သွားစေနိုင်သော အသံလှိုင်းတစ်ခုကို ဖန်တီးလိုက်တော့သည်။
လူရွယ်က ကူကယ်ရာမဲ့ပြီး ဟွားဝူတောက်ကို တလေးတစားအရိုအသေပေးကာ ထွက်သွား ရုံသာတတ်နိုင်သည်။
မင်ရှစ်ရင်က ပြုံးပြီးပြောလိုက်၏။ မင်းကို တောင်ခြေမှာတွေ့မယ်။ ဒါပေမဲ့ မင်းနေချင်တယ်ဆိုရင် ငါ့ရဲ့ဆရာက ငြင်းမှာမဟုတ်မှာ သေချာတယ်။ ပြောရရင် ရွှေနန်းဥယျာဉ်တောင်က အကျယ်ကြီးပဲလေ။ လူတစ်ယောက် ငါတို့ဒီမှာရှိနေလည်းငါတို့ စိတ်မရှိဘူးလေ”
လူရွယ်က တုန်ယင်သွားလေသည်။
“ကျုပ်တောင်ကနေထွက်သွားချင်ပါတယ်။ အခု ထွက်သွားချင်တယ်”
မင်ရှစ်ရင်က လူရွယ်ကို ကြည့်ပြီး သူ့ကိုခေါ်ကာခန်းမထဲမှ ထွက်သွားလိုက်၏။
သူတို့နှစ်ဦးလုံးမဟာခန်းမထဲမှ ထွက်သွားပြီဖြစ်သည်။
ဟွားဝူတောက်က လက်သီးနှစ်ဖက်ကို ဆုပ်လိုက်သည်။ “ကျူပ်ရဲ့တပည့်က နဲနဲတော့ရူးမိုက်တယ်။ သူ့ကို အငြိုးအတေးမထားဖို့မျှော်လင့်မိပါတယ် မျှော်နန်းသခင်။ ကျေးဇူးပြုပြီး သူ့အသက်ကို ချမ်းသာပေးပါ”
လုကျိုးက မုတ်ဆိတ်သပ်လျက် ထိုင်ချပြီးပြောလိုက်တော့သည်။
“ငါတို့တွေက ကွဲပြားခြားနားတဲ့လမ်းကြောင်းကိုလျှောက်လှမ်းဖို့ ရွေးချယ်ပြီးပြီ။ ကျေးဇူးပြုပြီး ထိုင်ပါ”
လုကျိုးက ကျေးဇူးပြုပြီးဟူ၍ ပြောခဲ့သည်။ ယင်းက မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် တစ်ခါမှ မဖြစ်ခဲ့ဘူးပေ။ သူက ဟွားဝူတောက်ကို တန်ဖိုးထားတာတွေ့မြင်နိုင်ပေ၏။
ဟွားဝူတောက်က ထိုင်လိုက်သည်။
လုကျိုးက သူ့ကို သိချင်စိတ်ဖြင့်ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။ “မင်းက ယွီလုံရွာ အဖြစ် အပျက်နောက်ကွယ်က ကြိုးကိုင်ချယ်လှယ်သူကို ပြောမဲ့အစား မိစ္ဆာဝေဟင်မျှော်နန်းကိုပဲ ဝင်မှာ ပေါ့”
“ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ မျှော်နန်းသခင်”
“နောင်ကျ မင်းကို စစ်မေးဖို့အတွက် မင်းကို ညှင်းပန်းနှိပ်စက်စစ်မေးမှာ မစိုးရိမ်ဘူးလား” လုကျိုးက တည်ငြိမ်စွာမေးလိုက်၏။
ဤနေရာသည် မိစ္ဆာဝေဟင်မျှော်နန်းဖြစ်သည်။ သူတို့အားလုံးက ဆိုးရွားသည့် လူဆိုးကြီးများ ဖြစ်သည်။ အပြုအမူတစ်ခု မည်မျှဆိုးရွားစေကာမူ ဤအရာ၌ အံ့ဩဖွယ်ကောင်းနေမှာ မဟုတ်ပေ။
ဟွားဝူတောက်က ခေါင်းခါပြီးနောက် သက်ပြင်းချလိုက်လေ၏။ “အချိန်ရလာတဲ့အခါ ကျူပ်က သေခြင်းတရားကိုပဲတောင်းဆိုမှာပေါ့”
“ခင်ဗျားက ဖန်းရှုဝမ်နဲ့မတူဘူးပဲ။ သူက ထိန်းချုပ်ခံထားရပြီး သေမှာကို မကြောက်ဘူး။ ခင်ဗျားက သူ့ထက်ပိုပြီး ကံကောင်းတယ်” လုကျိုးက ပြောလိုက်လေ၏။
ဟွားဝူတောက်က တိတ်နေသည်။ ယခုအချိန်တွင် ဟွားဝူတောက်၏ ရွေးချယ်မှုက ရှင်းနေပြီဖြစ်သည်။
“တင်း လက်အောက်ငယ်သားတစ်ယောက်စုဆောင်းရရှိပါတယ်။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ဟွားဝူတောက် သစ္စာရှိမှု ငါးရာခိုင်နှုန်း”
ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးက စာနာထောက်ထားတတ်ပြီး ဤသူတို့က ဟွားဝူတောက်ရှေ့သို့သွားကာ လက်သီးနှစ်ဖက်ဆုပ်ပြီး ပြောလိုက်၏။ “နှုတ်ဆက်ပါတယ် အကြီးအကဲဟွား”
ဟွားဝူတောက်၏ အိုမင်းရင့်ရော်သော မျက်နှာက နီသွားတော့သည်။ ထိုနှုတ်ဆက်မှုကို သူတုံ့ပြန်သင့်၊ မသင့် မသိတော့ပေ။ သူအနေရခက်နေလေ၏။
ထိုစဉ် မင်ရှစ်ရင်သည် တောင်ခြေမှ ပြန်လာသည်။ သူက အနေရခက်နေသော ဟွားဝူတောက်ကို မြင်သည့်အချိန်တွင် ပြောလိုက်တော့သည်။
“လောကကြီးက ပျက်ရယ်ပြုမှုအကြောင်း ခင်ဗျား စိုးရိမ်နေပုံပဲ။ ဒါက ဖြေရှင်းဖို့လွယ်ကူတဲ့ ပြဿနာပဲ။ ခင်ဗျားရဲ့နာမည်ကို ပြောင်းလိုက်သင့်တယ်။ အရင် ဟွားဝူတောက်က မိစ္ဆာဝေဟင် မျှော်နန်းထဲမှာသေသွားခဲ့ပြီ”
“...”
ကျန်သည့်သူများက ခေါင်းညိတ်လိုက်ကြသည်။ မင်ရှစ်ရင်ပြောတာ အဓိကကျပေ၏။
“ဟွားဝူ ဒါမှမဟုတ် ဝူဟွားဆိုရင်ကော ဘယ်လိုလဲ” မင်ရှစ်ရင်က ကျီစယ်ကာပြောလိုက်လေ၏။
“...”
ဟွားဝူတောက်၏အမည်က ကျိထျန်းတောက်၏အမည်နှင့် အနည်းငယ်ကွဲလွဲနေ၏။
“ဒါက နာမည်တစ်ခုပဲလေ။ ဘယ်လိုခေါ်ခေါ်စိတ်ထဲမထားဘူး” ဟွားဝူတောက်၏ စိတ်က ယခု အချိန်တွင် ရှုပ်ထွေးနေသည်။ သူက ချောင်တစ်နေရာရာထဲတွင် သူတစ်ယောက်တည်းသာ နေရစ်ချင်နေတာပဲဖြစ်၏။ ယခုအချိန်တွင် ထိုကိစ္စများကို စဉ်းစားချင်စိတ်မရှိပေ။
ရှောင်ယွမ်အာက လျှောက်လာပြီးနောက်ပြောလိုက်၏။ “ရှစ်စွင်း ကျန်းအိုက်ကျန့်ဆီက စာတစ်စောင်ပါ”
“ဒီကို ယူလာခဲ့” လုကျိုးက ထိုစာထဲတွင် ကျယ်ကျယ်လောင်လောင် မဖတ်ပြသင့်သည့် အရေးကြီးသည့် သတင်းစကားပါရှိမည်ဟု ခံစားမိနေသည်။
ရှောင်ယွမ်အာက စာကို တလေးတစားပေးလိုက်သည်။ လုကျိုးက သာမန်ကာလျှံကာဖွင့်ပြီး စာဖတ်လိုက်လေ၏။
“ယွီလုံရွာ အဖြစ်အပျက်နောက်ကွယ်က ကြိုးကိုင်သူက ဒုတိယမင်းသားပဲ။ ထျန်းကျန်းမြစ်က တိုက်ပွဲကို အဓိကကြိုးကိုင်သူက ချန်နဉ်ရဲ့စစ်သူကြီး ဝေကျိုးယန်ပဲ။ ကြံရာပါက မဟူစစ်သည်တော် ခေါင်းဆောင် ဖန်းရှုဝမ်ပဲ လောင်ချန်ပေ့။ ဒီအချက်အလက်ကို ရဖို့အတွက် တန်ကြေးကြီးပေးခဲ့ရတာ။ ရိုးရိုးသားသားပြောရရင် ကျုပ်ကို ဓားကောင်းတစ်လက်နဲ့ အလျော်မပေးနိုင်ဘူးဆိုရင် ကျုပ်အင်မတန်ဝမ်းနည်းမိမှာ”
ထိုသတင်းဖြင့် အရာအားလုံးရှင်းလင်းသွားခဲ့ပြီဖြစ်သည်။ သို့သော် လုကျိုး၏ မျက်နှာထက်တွင် ရင့်ရော်မှုကိုသာမြင်နေရ၏။ အမှန်တကယ်တွင် ဖန်းရှုဝမ်နှင့် ဟွားဝူတောက်တို့မပြောရသည့် အကြောင်းအရာကို ခန့်မှန်းမိပြီးဖြစ်သည်။ ကျန်းအိုက်ကျန့်၏စာက သူ၏သံသယများကို အတည်ပြုပေးရုံမျှသာဖြစ်သည်။ သူက လက်ရမ်းပြလိုက်၏။ စာက ချက်ချင်းပင်ဖုန်မှုန့် ဖြစ်သွားတော့၏။
“ရှစ်စွင်း ဘာရေးထားလဲ” ရှောင်ယွမ်အာက မေးမြန်းလိုက်သည်။
“ထျန်းကျန့်မြစ်က တိုက်ပွဲနောက်ကွယ်က ကြိုးကိုင်သူ” လုကျိုးက ရိုးရိုးသားသားဖြေလိုက်သည်။
ထိုစကားကို ကြားသည့်အချိန်တွင် ဟွားဝူတောက်က ခုံပေါ်မှပြုတ်ကျလာ၏။ သူ၏မျက်နှာက မယုံနိုင်စရာကောင်းလောက်အောင် ဖြူရော်နေပြီး မျက်လုံးတို့ ပြူးကျယ်နေလေသည်။ လုကျိုးက ထူးမခြားနားပြောလိုက်၏။ “အကြီးအကဲဟွားကိုခေါ်သွားပြီး သူ့ကိုအနားယူခိုင်းလိုက်”
“နားလည်ပါပြီ" ရှောင်ယွမ်အာက ဇဝေဇဝါဖြစ်သွား၏။
“ကြိုးကိုင်သူလေးပဲကို ရှင်က ဘာကြောင့် ဒီလောက်ထိတောင်စိတ်လှုပ်ရှားနေတာလဲ။ ရှင် နဲနဲတော့ မလွန်လွန်းဘူးလား”
လုကျိုးက ခေါင်းညိတ်လိုက်သည်။ လူသားတစ်ဦး သို့မဟုတ် ကျင့်ကြံသူတစ်ဦးဖြစ်ခဲ့လျှင် ကိစ္စများက ရိုးရှင်းပေလိမ့်မည်။ သူက ကျင့်ကြံခြင်းလောက၏ စည်းမျဉ်းများအတိုင်း ဖြေရှင်းနိုင် မှာပဲဖြစ်သည်။ သို့သော် မင်းသားတစ်ပါးက ပါဝင်ပတ်သက်နေလိမ့်မည်ဟု သူမထင်ထားချေ။ မင်းသားတစ်ပါး၏အငြင်းပွားချက်က တိုင်းသူပြည်သားများထဲ ဝင်ပါခြင်းမပြုသင့်ပေ။
လုကျိုးက တော်ဝင်မိသားစု၏အင်အားကို လျှော့တွက်ထားတာမဟုတ်ပေ။ ဆိုရလျှင် တော်ဝင် မိသားစုက တာ့ယန်ကို နှစ်ပေါင်းများစွာကြာအောင် တည်ငြိမ်နေအောင်ထိန်းထားနိုင်၏။ အင်ပါယာ ကို စောင့်ကြပ်နေကြသော စစ်သည်၊ ရဲမက်၊ အရာရှိများနှင့် ပွင့်ပွင့်လင်းလင်း စီမံခန့်ခွဲနေသော မဟာကျင့်ကြံသူများ၊ အမှောင်ထဲတွင် တာ့ယန်၏ အုတ်မြစ်ကို အခြေတည်အောင်ဖွဲ့စည်းထားသည့် သူများရှိသည်။ ဟွားဝူတောက်က ထိုအချက်အလက်ကို ပေးရန် တွန့်ဆုတ်နေတာ အံ့ဩစရာမရှိချေ။
လုကျိုးက နောက်ဆုံးတွင်ပြောလိုက်တော့၏။ “ငါ သူ့အတွက် ဓားကောင်းတစ်လက် ပြင်ဆင်ထားတယ်ဆိုတဲ့အကြောင်း ကျန်းအိုက်ကျန့်ကို ပြောလိုက်။ သူ ဒီကိုလာယူဖို့ ပြောလိုက်"
…
အခန်း (၁၂၀) နှလုံးသားစေရာ လိုက်တဲ့သူက သာမန်မဟုတ်ဘူး
ဓားကောင်းအကြောင်း ပြောလိုက်သည့်အခါ ရှောင်ယွမ်အာက မှားယွင်းသွားသလို ခံစားလိုက်ရသည်။ သူမက တီးတိုးပြောလိုက်၏။
“ ရှစ်စွင်းက သူ့ရဲ့ အသုံးမဝင်တဲ့ သတင်းနှစ်ခုအတွက် လက်နက်ကောင်းကို ပေးလိုက်တော့မလို့လား။ ရှစ်စွင်းရဲ့ ဒီတပည့်တောင် ဘာမှမရှိသေးဘူးလေ”
“ လေးစားမှု မရှိလိုက်တာ ” လုကျိုးက အသံမြင့်ပြောလိုက်သည်။ ဤသည်က သူ့အနေနှင့် ပထမဆုံး ထုတ်ပြောခြင်း မဟုတ်ပေ။
“ ဒီတပည့်က မှားမှန်းသိပါပြီ ” ရှောင်ယွမ်အာက ချက်ချင်း ခေါင်းငုံ့လိုက်သည်။
“ ဒီလက်နက်က အစကတည်းက တော်ဝင်မိသားစုအပိုင်ပဲ။ ငါ သိမ်းထားလို့ ဘာမှအကျိုးမရှိဘူး”
လုကျိုးက ပြောလိုက်သည်။
“အာ ” ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်သည်။
လုကျိုးက ခေါင်းအသာညိတ်လိုက်ပြီး လျှို့ဝှက်ခန်းထဲ ဦးတည်လိုက်သည်။
“ရှစ်စွင်း ကောင်းကောင်းနားပါ ”
လုကျိုး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် မင်ရှစ်ရင်က ပြောလိုက်သည်။
“ ရှစ်မေ့က ဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ။ ရှစ်စွင်းက မင်းကို အချစ်ဆုံးလေ။ ငါတောင် လက်နက်ရမှတော့ မင်းကို မေ့နေစရာအကြောင်း မရှိဘူး။ ငါ့ခွဲခွာချိတ်ကောက်က လက်နက်ကောင်းဆိုတော့ မင်းကိုလည်း လက်နက်ကောင်းပေးမှာ သေချာတယ် ”
“လောင်စစ်ပြောတာ ဟုတ်တယ်။ ပြီးတော့ မင်းရဲ့ ပါရမီနဲ့ နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့်ထဲ ရောက်ဖို့ အချိန်တစ်ခုလောက်ပဲ လိုတာလေ။ အချိန်ကျလာရင် ရှစ်စွင်းက ငါ့နယ်ရှင်လှံထက် ပိုကောင်းတဲ့ လက်နက်ပေးမှာ အသေအချာပဲ”
“ ဟင့် တာ့တာ ” ရှောင်ယွမ်အာက လှည့်ထွက်သွားတော့သည်။
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။
ဖန်ကျုံးက လက်နှစ်ဖက်ယှက်ကာ “ နဝမသခင်မလေးက ခွဲခွာချိတ်ကောက်နဲ့ နယ်ရှင်လှံကို မြင်ပြီး ဒေါသထွက်သွားတာ တူတယ်။ တတိယသခင်လေး၊ စတုတ္ထသခင်လေး ကျွန်တော်ရဲ့ ယန်ခြောက်သွယ် ကျင့်စဉ်က မလေ့ကျင့်ရသေးတာ သတိရသွားလို့ ခွင့်ပြုပါဦး ” သူက မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့၏ မူမမှန်မှုကို ခံစားမိလိုက်သည့်အခါ ခန်းမကျယ်ထဲမှ အလျင်စလို ထွက်သွားလိုက်သည်။
ဟွားဝူတောက်ကို သူ့အဆောင်ဆီ အနားယူရန် ခေါ်သွားပေးသည့် ကျိုးကျစ်ဖုန်းက ဤအခြေအနေမှ လွတ်မြောက်သွားလေသည်။
“လောင်စစ် သွားကြစို့ ”
“ … ”
လုကျိုးက လျှို့ဝှက်ခန်းထဲ ဝင်သွားကာ လျှို့ဝှက်ဆန်းကြယ် သေတ္တာကို ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းခါလိုက်၏။
‘ဒီပစ္စည်းက အမည်မဲ့ဆီက ရိုက်ချက်တောင် ခံနိုင်တယ်ဆိုတော့ ကောင်းကင်အဆင့် လက်နက်တွေတောင် အသုံးဝင်မှာ မဟုတ်ဘူး။ ဒီသေတ္တာကို သီးသန့်သော့နဲ့ပဲ ဖွင့်လို့ရလောက်တယ် ’
သူက ခေါင်းညိတ်ကာ ‘လောင်စစ်က အကြံကောင်းတယ်ဆိုတော့ သူ့ဆီ ဒီသေတ္တာ အပ်ထားလိုက်ရမလား ’
လုကျိုးက ဤသေတ္တာကို စနစ်မှ ဝယ်ယူထားသောကြောင့် တခြားလူများ လိုချင်တပ်မက်လာမည်ကို မစိုးရိမ်ပေ။ ခဏအကြာတွင် သူက စနစ်မှ လက်ကျန်အမှတ်များအပေါ် အာရုံစိုက်ထားလိုက်၏။
၄၇၆၂ မှတ် …
လုကျိုးက ကံစမ်းမဲမှတဆင့် စွမ်းအင်ငါးဖြာစကြဝဠာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ရရှိထားလေသည်။ ခြောက်သွယ်ပေါင်းစပ်တြိမျဉ်းကို အမှတ် တစ်သောင်းနှစ်ထောင်နှင့် ရောင်းချထားသည်။ သူက ယခု မတတ်နိုင်သေးပေ။ အကယ်၍ သူသာ သမာရိုးကျနည်းလမ်းများမှ အမှတ်ယူနေလျှင် အချိန်အတော်ကြာ တတ်နိုင်လိမ့်မည်ဟု မထင်ပေ။
လုကျိုးစိတ်ထဲ အတွေးများစွာ ထွက်ပေါ်လာပြီး ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ကျမ်းကို ဖွင့်ကာ စတင် နားလည်အောင် လေ့လာလိုက်သည်။
ခြောက်နာရီကြာမြင့်သွားပြီးနောက် …
လုကျိုးက ကောင်းကင်ကျမ်း လေ့လာတာကို ရပ်တန့်လိုက်သည်။ ယခင်တစ်ခေါက်နှင့်ယှဉ်လိုက်လျှင် လက်ရှိ သူက ဗလာအခြေအနေသို့ ကျရောက်သွားပုံပေါ်သည်။ သူ့စိတ်ထဲ မရင်းနှီးသည့် အက္ခရာများ နှစ်မြှပ်နေသည်။ သူ့အတွေးတစ်ချက်ဖြင့် အက္ခရာများ ပေါ်လာလေ၏။
‘ ခံစားချက် အဆင်ပြေသရွေ့ ငါ့အတွက် နားမလည်လည်း ကိစ္စမရှိဘူး ’
ထိုစဉ် ရှောင်ယွမ်အာ၏ အသံက လျှို့ဝှက်ခန်းအပြင်ဘက်မှ ထွက်လာသည်။
“ရှစ်စွင်း …ကျန်းအိုက်ကျန့်ဆီက ပြန်စာရောက်လာပြီ”
“သူ ဘာပြောထားလဲ ”
“သူက မလာနိုင်တော့ဘူးလို့ ပြောထားတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက လာလည်ဖို့ အန္တရာယ်များလွန်းတယ်တဲ့။ ဓားကောင်းလေးကို သူ့ဆီ ပို့ပေးလိုက်ရင်တော့ အကောင်းဆုံးပါပဲတဲ့”
ရှောင်ယွမ်အာက ပြောလိုက်သည်။
လုကျိုးက ခေါင်းညိတ်လိုက်သည်။ သူက ထိုအရာကို မှန်းဆပြီးသား ဖြစ်၏။
ရှောင်ယွမ်အာက မကျေမနပ်ပြောလိုက်သည်။
“သူက ဘယ်လိုပြုမူရမယ်ဆိုတာကို မသိဘူးပဲ။ တပည့် ယူနန်ဆီ သွားပြီး သူ့ကို ဆွဲခေါ်ခဲ့ရမလား ”
“မလိုဘူး ” လုကျိုးက လျှို့ဝှက်ခန်းထဲမှ လက်နောက်ပစ်လျက် ထွက်လာသည်။
“သူက သူ့အသက်သူ တန်ဖိုးအထားဆုံးပဲ။ သူ ဒီကို မလာချင်တာ ပုံမှန်ပါပဲ”
“သူက သူ့ဘာသာ အထင်ကြီးလွန်းနေတာ ” ရှောင်ယွမ်အာက ပြောလိုက်သည်။
“ကျန်းအိုက်ကျန့်က သာမန်လူ မဟုတ်ဘူး ”
ရှောင်ယွမ်အာက ထိုအကြောင်းကို ကြားလိုက်သည့်အခါ သူမ မျက်နှာ၌ သိလိုသည့် အရိပ်အယောင်တို့ ပေါ်ထွက်လာသည်။
“သာမန်လူ မဟုတ်ဘူးတဲ့လား”
“သူက နန်းတော်ပိုင် ကိစ္စတော်တော်များများကို သိနေမှတော့ သာမန်လူ မဖြစ်နိုင်ဘူး” လုကျိုးက ခပ်တိုးတိုးပြောလိုက်သည်။
“အဲဆို သူက ဘာလဲ ”
“နှလုံးသား စေရာ လိုက်တဲ့သူက သာမန်လူ မဟုတ်ဘူး” လုကျိုးက အသာပြောလိုက်သည်။ ထို့နောက် သူလက်တစ်ချက်အဝှေ့ဖြင့် ခန်းမကျယ်ထဲမှ ထွက်လာကာ အချုပ်သားများ ဖမ်းထားရာ မြောက်ပိုင်းမျှော်နန်းဆောင်သို့ ရောက်လာလေသည်။
ရှောင်ယွမ်အာကလည်း ပုံမှန်အတိုင်း သူမ ရှစ်စွင်းနောက်မှ လိုက်ပါလာသည်။
လုကျိုးက ဖန်းရှုဝမ် ဖမ်းထားသည့် အခန်းရှေ့သို့ ရောက်လာသည်။
အမျိုးသမီး ကျင့်ကြံသူနှစ်ယောက်က တံခါးကို စောင့်ကြပ်ပေးနေကြ၏။ သူတို့ကျင့်ကြံဆင့်က ဘာမှမထူးမခြားသော်လည်း ဟိတ်ကြီးဟန်ကြီးပေါ်နေသည်။
“မျှော်နန်းသခင်” အမျိုးသမီး ကျင့်ကြံသူနှစ်ယောက်က ဦးညွှတ်လိုက်သည်။
“တံခါးဖွင့်လိုက် ”
“ ဟုတ်ကဲ့ ”
တံခါး ပွင့်လာသည်။ ထိုအခါ လုကျိုးက မှုန်မှိုင်းမှိုင်းအခန်းထဲ ဝင်သွားလိုက်သည်။ သူ ကြည့်လိုက်သည့်နေရာအနှံ့ ပစ္စည်းအမျိုးမျိုးဖြင့် ရှုပ်ပွနေလေသည်။ ဤအခန်းက မိစ္ဆာဝေဟင်မျှော်နန်း၏ သိုလှောင်ခန်း ဖြစ်ခဲ့ဖူး၏။ အချုပ်ချထားရာအဖြစ် အမြန်အဆန် ပြောင်းလဲလိုက်သော်လည်း ရည်ရွယ်ချက်နှင့် အံကိုက်ဖြစ်နေသည်။
ဖန်းရှုဝမ်က အခန်းအလယ်တွင် ရှိနေသည်။ သူ့ဆံပင်များက ရှုပ်ထွေးနေပြီး မဟူရာစစ်သည်တော်၏ စွမ်းအားကြီး ခေါင်းဆောင်အသွင် မရှိတော့ပေ။ တံခါးပွင့်လာသည့်အခါ အပြင်ဘက်မှ အလင်းရောင်မှိန်ဖျဖျက သူ့မျက်နှာဆီ ရောက်လာသောကြောင့် လုကျိုး၏ ပုံရိပ်ကို မြင်လိုက်ရသည်။ သူက ဖျော့တော့စွာ ရယ်လိုက်ရင်း ပြောလိုက်သည်။
“ဒါက မိစ္ဆာဝေဟင်မျှော်နန်း တတ်နိုင်တာ အကုန်လား။ ငါ့ကို ဘာမှထုတ်ပြောဖို့ ဖိအားပေးနိုင်မှာ မဟုတ်ဘူး ”
လုကျိုးက လက်နောက်ပစ်လျက် ခေါင်းညိတ်ကာ “ ငါ အမှန်တရားကို သိပြီးပြီ ”
ဖန်းရှုဝမ်က တုန်လှုပ်လာသည်။ သူ့နုံးချိမှုတွေအားလုံး ပျောက်ကွယ်သွားပုံရ၏။ သူက မျက်လုံးအပြူးသားဖြင့် ပြောလိုက်သည်။
“မဖြစ်နိုင်တာ ”
“ ချန်နဉ်ရဲ့ စစ်သူကြီး ” လုကျိုးက ပြောလိုက်သည်။ သူက ဒုတိယမင်းသားအကြောင်း ထည့်မပြောပေ။
ဖန်းရှုဝမ်က ထိုစကားကို ကြားလိုက်သည့်အခါ တုန်လှုပ်သွားသည်။ ထိုစကားများက ဤစွမ်းအားကြီး လူအိုကြီးသည် အမှန်တရားကို ရှာတွေ့သွားကြောင်း သက်သေပြနေသည်။ ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ မှတ်လောက်စရာပဲ ”
လုကျိုးက ခေါင်းခါကာ “ဝေကျိုးယန်က မင်းကို ဦးညွတ်စေဖို့ မလုံလောက်သေးဘူး။ ဒုတိယမင်းသားက မင်းရဲ့ သစ္စာရှိမှုကို လက်ခံနိုင်ဖို့လည်း မဖြစ်နိုင်ဘူး။ မဟူရာစစ်သည်တော်ခေါင်းဆောင်ကို ကြိုးဆွဲနိုင်လောက်အောင် အားကောင်းတဲ့ တခြားတစ်ယောက် ရှိကိုရှိရမယ် ”
“ခင်ဗျား …” ပြန်လည်တည်ငြိမ်လာပြီဖြစ်သည့် ဖန်းရှုဝမ်က တဖန် တုန်လှုပ်လာသည်။ သူက မျက်နှာများပါ နီရဲလာ၏။ သူ့အသံက တုန်တုန်ယင်ယင်ဖြင့် “ ဒါက ဘယ်လိုလုပ်သိတာလဲ”
မဟူရာစစ်သည်တော် ခေါင်းဆောင်အနေနှင့် သူ့ဂုဏ်သိက္ခာကို နှိမ့်ချရုံမှအပ ရွေးချယ်စရာ မရှိချေ။
“ ငါ ဒီလိုစွမ်းဆောင်မှုမျိုး ရလာတဲ့အကြောင်းကို ငါ့အကျဉ်းသားဆီ ပြောပြဖို့ လိုလို့လား ”
“ … ”
လုကျိုးက လက်နောက်ပစ်လျက် ဖန်းရှုဝမ်အား စိုက်ကြည့်လိုက်သည်။
“ မင်း ဘယ်သူအမိန့်နာခံနေတာလဲဆိုတာ သိချင်တယ် ”
“ ကျုပ် မသိဘူး” ဖန်းရှုဝမ်က ပြန်ဖြေလိုက်သည်။
“မင်း မပြောတာနဲ့ ငါ မသိတော့ဘူးများ ထင်နေလား” လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ဆက်ပြောလိုက်သည်။
“ဘယ်သူဖြစ်ဖြစ် ဒုတိယမင်းသားရဲ့ ယုံကြည်ရတဲ့ အကူပဲ ဖြစ်လိမ့်မယ် ”
ဖန်းရှုဝမ်က မျက်လုံးအပြူးသား ဖြစ်လာသည်။
လုကျိုးက ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။
“အဲဒါ အမျိုးသမီးတစ်ယောက်မလား”
“ … ”
“ စုန်းအတတ်ကျွမ်းကျင်တဲ့ အမျိုးသမီးတစ်ယောက်ပဲ ” လုကျိုးက ထပ်ပြောလိုက်သည်။
“တော်တော့” ဖန်းရှုဝမ်၏ စိတ်အခြေအနေ အကာအကွယ်က လုံးဝ ကျိုးပျက်သွားလေပြီ။ သူ့မျက်နှာအထက် ဒေါသတကြီး အမူအရာပေါ်လာလေသည်။ သို့သော်လည်း နောက်အခိုက်အတန့်လေး၌ သူက တောင်းဆိုလာ၏။
“ ကျေးဇူးပြုပြီး သူမကို ခွင့်လွှတ်ပေးပါ … ကျုပ်တောင်းဆိုပါတယ် ”
လုကျိုးက စိတ်ရှုပ်ထွေးနေသည့် အမူအရာနှင့် ဖန်းရှုဝမ်ကို လျစ်လျူရှုထားလိုက်သည်။ ပေနက်လွှာစာရင်း၌ ယခင်နံပါတ်တစ် ဖြစ်ဖူးသူက အမျိုးသမီးတစ်ယောက်ကြောင့် အားလုံးကို အောင့်အီးသည်းခံကာ သေခြင်းတရားကို မကြောက်မရွံ့ တော်ဝင်နန်းတော်အတွက် အစောင့်ခွေး ဖြစ်နေလိမ့်မည်ဟု တွေးမိမည်နည်း။
လုကျိုးက ခေါင်းခါကာ “ဖန်းရှုဝမ် … သူမက ဘယ်သူလဲ ငါ့ကိုပြော”
ဖန်းရှုဝမ်က ခေါင်းတသွင်သွင်ယမ်းလိုက်သည်။ သူ့မျက်နှာအထက် ဆုံးဖြတ်ချက် ပြတ်သားနေသည်။
“ပြောမပြနိုင်ဘူး။ ကျုပ် သေရမယ်ဆိုရင်တောင် ပြောမပြနိုင်ဘူး ”
လုကျိုးက ထူးဆန်းကြောင်း ထင်မိသည်။ အမှန်တော့ ပစ်မှတ်၏ ဇာစ်မြစ်မှာ ရှင်းလင်းသွားလေပြီ။ ဖန်းရှုဝမ်က သူမနာမည် ပြောပြော၊ မပြောပြော ဘာမှမထူးပေ။ ဖန်းရှုဝမ်က ဒီလျှို့ဝှက်ချက်ကို ဘဝနှင့် အဘယ်ကြောင့် ကာကွယ်ပေးချင်နေရသနည်း။
ဖန်းရှုဝမ်၏ မျက်ဝန်း၌ အပြာဖျော့ဖျော့ လင်းခနဲ ဖြစ်သွားပြီးနောက် ပုံမှန်ပြန်ဖြစ်သွားကြောင်းကို သတိထားမိလိုက်သည်။
ရုတ်ခြည်းဆိုသလို အပြင်ဘက်မှ လရောင်ဆွတ်နန်းဆောင် အမျိုးသမီး ကျင့်ကြံသူများ၏ အသံကို ကြားလိုက်ရသည်။
မျှော်နန်းသခင် ပဥ္စမသခင်မလေးတော့ တစ်ခုခု ဖြစ်နေပြီ …
...
အခန်း (၁၂၁) ကျောင်းယွဲ့ကို ထုတ်ပေးခြင်း
လုကျိုးက ဖန်းရှုဝမ်ကို ဆက်ကြည့်နေလိုက်သည်။ သတင်းကိုကြားသည့်အချိန်၌ သူက တည်ငြိမ်စွာ ပြောလိုက်လေ၏။
“ကံဆိုးလိုက်တာ” သူပြောပြီးနောက် လှည့်ထွက်သွားလေ၏။
အခန်းတံခါးက ထပ်ပိတ်သွားကာ အခန်းက အမှောင်ထုထဲကျရောက်သွားလေ၏။
မှောင်မည်းနေသော အခန်းထဲတွင် ဖန်းရှုဝမ်၏မျက်လုံးက ပြာလဲ့လဲ့အလင်းတို့ဖြင့် ထပ်မံတောက်ပလာပြန်သည်။ သို့သော် ယင်းက တစ်စက္ကန့်ခန့်သာကြာပြီးနောက် ပျောက်ကွယ်သွားသည်။
လုကျိုးသည် မြောက်ပိုင်းမျှော်နန်းဆီသို့ လျှောက်သွားချိန်၌ ပျာယာခတ်နေသော ရှောင်ယွမ်အာကို မြင်လိုက်ရ၏။
“ရှစ်စွင်း မြန်မြန် မြန်မြန် မြန်မြန် ဝူရှစ်ကျဲက ရူးနေပြီ” လုကျိုးက ခေါင်းခါလိုက်၏။ သူ၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်ကာပြောလိုက်သည်။
“ကြောက်နေဖို့မလိုဘူး”
သူတို့နှစ်ဦးက တောင်၏အနောက်ဖက်တွင်တည်ရှိသော ပြန်လည်သုံးသပ်ရေးဂူသို့ လျှောက်သွားလိုက်သည်။ ပြန်လည်သုံးသပ်ရေးဂူသို့ရောက်သည့်အချိန်တွင် လရောင်ဆွတ်မျှော်နန်းမှ အမျိုးသမီးကျင့်ကြံသူများစွာက ထိုနေရာတွင် စုဝေးနေပြီးဖြစ်သည်။ အနားတွင် ဟွားဝူတောက်က ကြည့်နေလေ၏။
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က အစောင့်အရှောက်နတ်မင်းများသဖွယ် ဝင်ပေါက်၌ ရပ်နေလေသည်။
ဟွားဝူတောက်ကသက်ပြင်းချပြီးပြောလိုက်လေသည်။
“ဒီလောကထဲမှာ ဒီလိုမိစ္ဆာကျင့်စဉ်မျိုး ရှိနေလိမ့်မယ်လို့ မထင်ဘူး။ ဒါက စုန်းအတတ်လို့ထင်တယ်”
မင်ရှစ်ရင်က မေးလိုက်လေ၏။ “အကြီးအကဲဟွား သူ့ကို ကူညီပေးနိုင်မလား”
ဟွားဝူတောက်က ခေါင်းခါပြီးပြောလိုက်သည်။ "ဒီမန္တန်ကို ဖြေပေးနိုင်မဲ့သူက မျှော်နန်းသခင်တစ်ယောက်ပဲ ရှိမှာ စိုးရိမ်မိပါရဲ့”
ဟွားဝူတောက်ပြောပြီးသည်နှင့် လရောင်ဆွတ်မျှော်နန်းမှ အမျိုးသမီးကျင့်ကြံသူများက တညီတညွတ်တည်း အရိုအသေပေးလိုက်ကြသည်။
“မျှော်နန်းသခင်”
ဟွားဝူတောက်က ကမန်းကတမ်း လှည့်ကြည့်လိုက်သည်။ သူ၏ဂုဏ်သိက္ခာကို ဘေးချိတ်ထားကာ ပြောလိုက်လေ၏။ “မျှော်နန်းသခင်”
“ဟန်ကြီးပန်ကြီး လုပ်နေဖို့မလိုဘူး” လုကျိုးက လက်ဝှေ့ပြပြီးနောက် လက်နောက်ပစ်လျက် ပြန်လည်သုံးသပ်ရေးဂူထဲ လျှောက်သွားလိုက်သည်။
ကျောင်းယွဲ့သည် ယခုအချိန်၌ အရူးမတစ်ဦးသဖွယ်ပြုမူနေလေ၏။ သူမက ဂူ၏နံရံများဆီသို့ ထပ်ခါထပ်ခါပြေးဝင်နေသည်။ မင်ရှစ်ရင်နှင့်တွမ့်မူရှန်းတို့က သူမကိုယ်သူမ ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်စေရန်အတွက် သိမ်မွေ့သောစွမ်းအင်တို့ဖြင့် နံရံကို ကာရန်ထားလေသည်။ သို့သော် သူတို့မရောက်ခင် ကျောင်းယွဲ့ကသူမ၏မျက်နှာကို ယောင်ကိုင်းအောင်ဒဏ်ရာရအောင် လုပ်ပြီးဖြစ်ကာ ဆံပင်များလည်း ရှုပ်ပွနေပြီဖြစ်သည်။ သူမ၏မျက်လုံးနှစ်ဖက်ကြားထဲ၌ ကြက်သွေးရောင်ကြာပွင့်က တောက်ပမှုတို့ တိုးလာလေ၏။
“ရှစ်စွင်း ဝူရှစ်မေ့က စုန်းအတတ်မန္တန်နဲ့ထိန်းချုပ်ခံထားရတာပါ။ မြန်မြန်တစ်ခုခုလုပ်ပေးပါဦး ရှစ်စွင်း”
“ရှစ်မေ့ကျောင်းယွဲ့ရဲ့အပြစ်က အသက်ဆုံးရှုံးဖို့မတန်ပါဘူး။ ကျေးဇူးပြုပြီး သက်ညှာပေးပါရှစ်စွင်း”
လုကျိုးက သူ့နားတစ်ဝိုက်ကို လှည့်ကြည့်ပြီးနောက်ပြောလိုက်၏။ “ဒီကိစ္စကို သူ့ဖာသာသူ သယ်လာတာပဲ”
သူမသည် ရွှေနန်းဥယျာဉ်တောင်ထဲ၌ လိမ်လိမ်မာမာနေခဲ့လျှင် စုန်းအတတ်မန္တန်ဖြင့် ထိခိုက်မှာ မဟုတ်ပေ။
ကျောင်းယွဲ့က ကယောင်ကတမ်း ဖြစ်နေလေသည်။ သူမ၏မျက်နှာထက်တွင် သတ်ဖြတ်လိုသည့် အကြည့်တို့ရှိနေပြီး မြင်သမျှသူတိုင်းကို အဓိပ္ပါယ်မရှိသည့်စကားများ အော်ဟစ်ပြောဆိုနေလေ၏။
“ငါ နင့်ကို သတ်တော့မှာ”
“ငါ နင့်ကို သတ်မယ်"
“သတ် သတ် သတ်” ကျောင်းယွဲ့က လုကျိုးဆီဆတ်ခနဲတိုးဝင်လာ၏။ သူမ၏ ကျင့်ကြံဆင့်က ချိတ်ပိတ်ခံထားရသော်ငြား မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က သူတို့ဆရာအား သူမ ဘာမှလုပ်ခွင့်မပေးနိုင်သေးပေ။
နွယ်ကြိုးနှစ်ကြိုးက မြေပြင်ပေါ်မှ ပေါ်ထွက်လာလျက် ကျောင်းယွဲ့ကို ချည်နှောင်လိုက်လေ၏။ မင်ရှစ်ရင်က အရိုအသေပေးပြီးပြောလိုက်သည်။
“ဝူရှစ်မေ့က စိတ်ခြောက်ခြားနေတာပါ။ သူပြောတဲ့စကားတွေက သူ့စကားတွေမဟုတ်ဘူး။ စုန်းမန္တန်ရဲ့လွှမ်းမိုးမှုအောက်ရောက်နေတာပဲဖြစ်ရမယ်။ ဖန်ကျုံးကို မေးပြီးပြီ ဒီဂါထာကို ရွတ်ဆိုတဲ့သူတစ်ယောက်ပဲ ဒီမန္တန်ကို ဖြိုခွင်းနိုင်မှာလို့ပြောတယ်” သူက သက်ပြင်းချပြီးနောက် ပြောလိုက်၏။
“မဟုတ်ရင် ဘယ်လိုပဲဖြစ်ဖြစ်လေ ကျွန်တော်တော့မယုံပါဘူး။ ရှစ်စွင်း ကျေးဇူးပြုပြီး တစ်ခုခုလုပ်ပေးပါဦး”
“ဖန်ကျုံးက ဘယ်မှာလဲ”
“သူက တောင်ပိုင်းမျှော်နန်းထဲမှာ။ စာအုပ်တွေထဲ တစ်ခုခုကိုရှာနေတယ်” ဂူအပြင်မှ အမျိုးသမီးကျင့်ကြံသူတစ်ဦးက လှမ်းဖြေသည်။
ဟွားဝူတောက်ကပြောလေ၏။
“ဖန်ကျုံးပြောတာမမှားဘူး။ ဒီမန္တန်က အင်မတန်မိစ္ဆာဓာတ် များတယ်။ ရင်ထဲကို လှိုင်းထစေပြီး သူမကို ရုပ်သေးတစ်ရုပ်အဖြစ်ပြောင်းနိုင်စွမ်းရှိတယ်။ ကံကောင်းတာက ကျောင်းယွဲ့မှာ အံ့ဩဖို့ကောင်းတဲ့ အုတ်မြစ်နဲ့ တည်ငြိမ်တဲ့ကျင့်ကြံဆင့်တို့ ရှိနေတာပဲ။ မဟုတ်ရင် အခုချိန်ထိ ထိန်းထားဖို့လွယ်မှာ မဟုတ်ဘူး”
လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့လိုက်သည်။ သူက သွေးရူးသွေးတန်းဖြစ်နေသော ကျောင်းယွဲ့ကို ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းများက ဗလာကျင်းနေလေ၏။ သူက ငေါက်ငမ်းလိုက်သည်။
“ရဲတင်းလိုက်တာ”
သူက ကျောင်းယွဲ့၏ ပခုံးကို သူ့လက်ဝါးဖြင့်ရိုက်ချလိုက်သည်။ သူ၏ ဗြဟ္မာ့ပင်လယ်ချီသွေးကြော ရှစ်ကြောကျင့်ကြံဆင့်ဖြင့် သူကနဦးချီ ထုတ်ဖော်လိုက်သည့်အချိန်တွင် ကျန်သည့်သူများက ဘာကိုမှ သံသယ မရှိကြပေ။ ထိုအစား သူတို့၏ အာရုံစိုက်မှုက ကျောင်းယွဲ့ပေါ်တွင်သာ ရှိနေလေ၏။ သူတို့က စိတ်လှုပ်ရှားနေကာ သူမကို စိုးရိမ်ပူပန်နေတာ သိသာနေလေ၏။
လုကျိုးသည် သူ၏ကနဦးချီအချို့ကို ကျောင်းယွဲ့၏ချီသွေးကြောထဲသို့ သွင်းပြီးခဲ့ပြီးဖြစ်သည်။ သူမ၏ထူးကဲသော သွေးကြောရှစ်ကြောက စုန်းအတတ်စွမ်းအား၏ အပြည့်အဝထိန်းချုပ်မှု အောက်တွင် ရှိနေပြီဖြစ်သည်။ မင်ရှစ်ရင်နှင့်မတူဘဲ ကျောင်းယွဲ့၏ တစ်ကိုယ်လုံးက စုန်းအတတ်စွမ်းအားများဖြင့် ပြည့်နေလေ၏။ လုကျိုး၏ချီကို အစပိုင်းတွင် တွန်းကန်နေလေသည်။
“ဟမ်” လုကျိုး၏ ဗြဟ္မာ့ပင်လယ်ချီသွေးကြောရှစ်ကြော ကျင့်ကြံမှုအခြေခံက ယခုအဆင့်တွင် အင်မတန်အားနည်းနေပုံရ၏။ သူထုတ်ဖော်ခဲ့သောကနဦးချီများက စုန်းပညာစွမ်းအားဖြင့် အပြည့်အဝ ဝါးမျိုခံလိုက်ရသည်။ စုန်းပညာစွမ်းအားက သူမ၏ချီသွေးကြောများ တောက်လျှောက် စီးဆင်းနေပြီး လုကျိုး၏လက်ဝါးကို တွန်းကန်နေလေ၏။
ကျောင်းယွဲ့က မျက်လုံးရုတ်တရက်ဖွင့်လိုက်လေသည်။ သူမ၏မျက်နှာထက်တွင် တစ်မူထူးခြားသော အပြုံးတစ်ပွင့်ရှိနေပြီးနောက် ပြောလိုက်လေ၏။
“ကျွန်မ နောက်ဆုံးတော့ ရှင့်ကို ရှာတွေ့ပြီ အဘိုးကြီး”
“ဖြိုခွင်းစမ်း” လုကျိုးက ဟိန်းဟောက်ပြီးနောက် တွန်းထုတ်လိုက်သည်။ ယင်းက သူ၏စိတ်စွမ်းအား သို့မဟုတ် အန္တရာယ်ကြောင့်လားတော့မသိ။ သူကောင်းကင်ကျမ်းစာကို လေ့လာနေသည့်အချိန်တွင် နားလည်သဘောပေါက်နေသည့် အခြေအနေထဲ၌ သူ့ကိုယ်သူ ရှာတွေ့ခဲ့သည်။ သူ၏ စိတ်က ကြည်လင်နေပြီး စိတ်နှလုံးက တည်ငြိမ်နေ၏။ ကောင်းကင်ကျမ်းစာ၏ အတိုင်းထက်အလွန် စွမ်းအင်တို့က သက်ဝင်လာပုံရကာ သူ၏လက်ဝါးထဲ၌ လျင်မြန်စွာ စုဝေးလာတော့သည်။ သူက ရေခဲတုံးတစ်တုံးကို ဆုပ်ကိုင်ထားရသည့်ပမာ ခံစားမိနေ၏။
ဘန်း
ကျောင်းယွဲ့သည် သက်ရောက်မှုကြောင့် နောက်သို့လွင့်ထွက်သွားသည်။
မင်ရှစ်ရင်၏ စွမ်းအင်တို့က သူမနံရံနှင့်တိုက်မိသည့်အချိန်တွင် ကာထားပေးလိုက်သည်။
ကျောင်းယွဲ့က သွေးတစ်ပွက် အန်လေ၏။ တစ်ချိန်ထဲတွင် သူမနဖူးပေါ်ရှိကြာက ပျောက်ကွယ်သွားပြီဖြစ်သည်။ သူမဒူးထောက်ပြီးနောက် သူမလက်ဖြင့် သူမအလေးချိန်ကိုသူ ထိန်းထားရသည်။ ခေါင်းမော့ရန် ရုန်းကန်ပြီးနောက် မျက်နှာထက်တွင် ထူးဆန်းသော အပြုံးတစ်ပွင့် ရှိနေလျက် လုကျိုးကို ပြောလိုက်တော့သည်။
“ရှင် ဒီတစ်ခေါက်နိုင်တယ် အဘိုးကြီး”
ထပ်
ကျောင်းယွဲ့က မြေကြီးပေါ် ချက်ချင်းပြုတ်ကျသွားသည်။
ပြန်လည်သုံးသပ်ရေးဂူတစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားလေ၏။
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က ကျောင်းယွဲ့ကို ကူညီသင့်သလားဟူ၍ တွေးနေကြသည်။ ဆိုရလျှင် သူမက သူတို့၏ဆရာကို ကျိန်ဆဲနေပုံပေါ်၏။ အဘိုးကြီး ဒေါသထွက်သွားမှာကို သူတို့စိုးရိမ်ပူပန်နေကြတာပဲဖြစ်သည်။
လုကျိုးက သာမန်ကာလျှံကာပြောလိုက်လေ၏။ “သူ့ကို တောင်ပိုင်းမျှော်နန်းဆီခေါ်လာခဲ့”
“နားလည်ပါပြီ” မင်ရှစ်ရင်ကကျောင်းယွဲ့ကို ကပျာကယာသယ်လိုက်၏။
ကျောင်းယွဲ့၏ နဖူးပေါ်ရှိကြာပွင့်က အမှန်တကယ် မှိန်ဖျော့သွားပြီဖြစ်သည်။ တစ်ချိန်ထဲတွင် သူမ၏ကနဦးချီများက သူ့ဖာသာသူလှည့်ပတ်နေလေ၏။
မင်ရှစ်ရင်က အပျော်လွန်သွားတော့သည်။
“ရှစ်စွင်း ရှစ်မေ့ဆီက မန္တန်က ပြယ်သွားပြီထင်တယ်”
ရောင်ပြန်ဂူအပြင်ဖက်တွင် လူတိုင်းက ပျော်ရွှင်စွာအော်ဟစ်နေကြလေ၏။
အမျိုးသမီးကျင့်ကြံသူတို့ မျက်နှာထက်တွင် အံ့ဩပျော်ရွှင်နေသည့်အမူအရာတို့ရှိနေလေသည်။
ဟွားဝူတောက်က ထိတ်လန့်နေသောအမူအရာဖြင့်ပြောလိုက်သည်။
“မျှော်နန်းသခင်က ဒီလို မိစ္ဆာမန္တန်ကိုတောင် ဖြိုခွင်းနိုင်စွမ်းရှိတယ်။ ကျုပ်ရဲ့အမြင်တွေ တကယ်ကျယ်သွားပြီ”
ထိုစဉ် ဖန်ကျုံးက သူ့လက်ထဲတွင် စာအုပ်တစ်ပုံကို သယ်ပြီးပြေးလာကာ အော်ဟစ်ပြောဆိုလိုက်သည်။
“ကျုပ်တွေ့ပြီ။ ရှာတွေ့ပြီ။ ဒီမှာ မန္တန်နဲ့သက်ဆိုင်တဲ့အရာအားလုံး ရှိနေတယ်”
“...”
ဖန်ကျုံးက ဇဝေဇဝါ ဖြစ်သွားပြီးနောက် သူ့အနားကို လှည့်ကြည့်လိုက်သည်။
“အမ်း သူအခုအဆင်ပြေဖြစ်သွားပြီလား”
အားလုံးက မျက်လုံးလှန်ကြည့်လိုက်သည်။
“မင်းကိုသာ စောင့်နေခဲ့မယ်ဆိုရင် နေဝင်တာကြာရောပေါ့”
ကျောင်းယွဲ့ကို အမျိုးသမီးကျင့်ကြံသူနှစ်ဦးက တောင်ပိုင်းမျှော်နန်းဆီသို့ခေါ်သွားပေးသည်။
မင်ရှစ်ရင်နှင့်တွမ့်မူရှန်းတို့က လုကျိုးဆီ လျှောက်လာ၏။
“ရှစ်စွင်း ရှစ်မေ့ကျောင်းယွဲ့က အစောတုန်းက ထိန်းချုပ်ခံလိုက်ရတာလား” မင်ရှစ်ရင်က ကြောက်လန့်နေသည့် လေသံဖြင့်မေးလိုက်လေ၏။
“သူမရဲ့နှလုံးသားက စုန်းပညာဖြင့် ထိန်းချုပ်ခံလိုက်ရတာပဲ။"
ဟွားဝူတောက်က သူတို့ဆီ ဖြည်းဖြည်းချင်းလျှောက်လာသည်။ သူက လုကျိုးကို ကြည့်လျက် လက်သီးအနည်းငယ် ဆုပ်လိုက်သည်။
လုကျိုးက တည်ငြိမ်စွာ မေးလိုက်တော့၏။ “ခင်ဗျားမှာ တစ်ခုခုပြောစရာရှိလား အကြီးအကဲဟွား”
“ကျောင်းယွဲ့ရဲ့မန္တန်က မြှင့်တင်ခံလိုက်ရတာ။ နောင်ကျ အဲ့ဒီလူက ဘာမှလုပ်ဦးမှာမဟုတ်ဘူးလို့ ထင်မိတယ်။ မန္တန်ပြိုကွဲသွားတဲ့အချိန် မန္တန်ကို ထိန်းချုပ်သူကလည်း ပစ်မှတ်ကို ထိန်းချုပ်ဖို့အတွက်ကြိုးစားရဦးမှာ။ ဒါပေမဲ့ သူတို့တွေက တန်ပြန်သက်ရောက်မှုခံရမှာပဲ”
လုကျိုးက မုတ်ဆိတ်သပ်ပြီးပြောလိုက်၏။ “အကြီးအကဲဟွား အဲ့ဒီလူအကြောင်းသိလား”
ဟွားဝူတောက်က သက်ပြင်းချပြီးပြောလိုက်လေ၏။
“အဲဒီလူအကြောင်း ပုံပြင်တချို့ပဲ ကြားဖူးတယ်"
“ကျုပ် တကယ်သိချင်မိပါရဲ့။ ဒုတိယမင်းသားအကြောင်းပြောမဲ့အစား ခင်ဗျားက ဒီမှာနေဖို့ ရွေးတယ်။ ဒီလိုလုပ်ရင် တာ့ယန်မှာ ငြိမ်းချမ်းမှုကို ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ထင်နေလား”
လုကျိုးက ဟွားဝူတောက်ကို စူးစိုက်စွာကြည့်ပြီး မေးလိုက်လေ၏။
“အမ်း” ဟွားဝူတောက်၏ အမူအရာက ခဲသွားကာ ခေါင်းခါပြီးနောက်ပြောလိုက်သည်။
“မျှော်နန်းသခင်နဲ့ ဒုတိယမင်းသားတို့ပဲ ဒီအကြောင်းကို သိမှာ စိုးရိမ်မိတယ်”
လုကျိုးက သူ့ကို ဖျက်ခနဲကြည့်လိုက်သည်။
“ဒီတော့ ယွင်ဂိုဏ်းက တော်ဝင်မိသားစုနဲ့ ညစ်ပတ်တဲ့အပေးအယူတစ်ခု တကယ်ရှိနေတာပဲ”
“...”
ဟွားဝူတောက်က ရှက်ရွံ့မှုကြောင့် မျက်နှာနီသွားတော့သည်။ လုကျိုးက ရှောင်ယွမ်အာကို ပြောလိုက်၏။ “ကျန်းအိုက်ကျန့်ကို ပြော။ သူ ဒီကို လာရင် ကြုံရမဲ့ပြဿနာနဲ့ ငါသူ့ကို ပေးမဲ့ဓားက တန်တယ်လို့ ပြောလိုက်”
“ကျန်းအိုက်ကျန့်လား” ဟွားဝူတောက်က အမည်ကို ရင်းနှီးနေသည်။ ကျန်းအိုက်ကျန့်က ဓားသိုင်းကျွမ်းကျင်သည့် ဓားသမားဖြစ်သည်။ ထိုသို့တိုင်သူက ကျင့်ကြံခြင်းလောကထဲတွင် တတိယအဆင့်လူတစ်ဦးသာ ဖြစ်လေ၏။ သူ့ကို မိစ္ဆာမျှော်နန်းက အဘယ်ကြောင့် တန်ဖိုးထားသနည်း။
…
အခန်း (၁၂၂) ကျန်းအိုက်ကျန့်နှင့် ထပ်မံ တွေ့ဆုံခြင်း
“တပည့် … ကျန်းအိုက်ကျန့်ကို ချက်ချင်း ဆက်သွယ်လိုက်မယ်” ရှောင်ယွမ်အာက ပြောလိုက်သည်။
လုကျိုးက လက်နောက်ပစ်လျက် မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်လာလိုက်သည်။
တောင်ဘက်မျှော်နန်းဆောင်ဆီ ခေါ်ဆောင်လာပြီးနောက် ကျောင်းယွဲ့က ပြန်လည်အသိဝင်လာသည်။ ရင်းနှီးပြီးသား ပတ်ဝန်းကျင်နှင့် မှတ်ဉာဏ်တို့က သူမဆီ ချက်ချင်း ဝင်ရောက်လာ၏။
“ပဥ္စမသခင်မလေး နိုးလာပြီပဲ ” အမျိုးသမီး ကျင့်ကြံသူတစ်ဦးက တအံ့တဩ ရေရွတ်လိုက်သည်။
“ငါ … ဘာဖြစ်သွားတာလဲ။ ငါက ပြန်လည်သုံးသပ်ရေးဂူထဲမှာ မဟုတ်ဘူးလား” ကျောင်းယွဲ့က ထထိုင်လိုက်ရင်း စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
လရောင်ဆွတ်နန်းဆောင်၏ အမျိုးသမီး ကျင့်ကြံသူက ကျောင်းယွဲ့နား ရောက်လာကာ အစောလေးက အဖြစ်အပျက်အား ပြန်လည်ပြောပြလိုက်သည်။ ထိုအကြောင်းကို ကြားပြီး သူမက မယုံနိုင်ဘဲ မေးလိုက်သည်။
“ရှစ်စွင်းက ငါ့အတွက် စုန်းအတတ်ကို ဖျက်ဆီးပေးလိုက်တာလို့ ပြောနေတာလား ”
“ဟုတ်ပါတယ်။ မျှော်နန်းသခင်က လက်ဝါးတစ်ချက်တည်းနဲ့ စုန်းအတတ်ကို ဖယ်ရှားပေးလိုက်တာပါ”
လရောင်ဆွတ်နန်းဆောင်၏ အမျိုးသမီး ကျင့်ကြံသူက ရေနွေးလေး ပြင်ပေးကာ ပြောလိုက်သည်။
“စုန်းအတတ်က ကြောက်ဖို့ကောင်းတယ်။ တတိယသခင်လေးနဲ့ စတုတ္ထသခင်လေးတို့က အချိန်မီရောက်လာလို့ ကံကောင်းသွားတယ် ”
ကျောင်းယွဲ့က သက်ပြင်းအသာချလိုက်သည်။ သူမက စွမ်းအင်ဗဟိုချက် ချီပင်လယ်ထဲမှ ချီစွမ်းအားကို လှည့်ပတ်ကြည့်ရန် ကြိုးစားလိုက်သည်။ သူမ ကြိုးစားလိုက်သည်နှင့် နာကျင်မှုက ပျံ့နှံ့ဝင်ရောက်လာသည်။
“ပဥ္စမသခင်မလေး … စုန်းအတတ်ကို ဖယ်ရှားလိုက်ပြီဆိုပေမဲ့ အခုတလော နားနေတာ အကောင်းဆုံးပါပဲ။ ကျင့်ကြံရေးကို အလျင်လိုဖို့ မလိုပါဘူး။ သိပ်မကြာခင် ပြန်ကောင်းလာမှာပါ ”
ကျောင်းယွဲ့က ခေါင်းညိတ်ကာ အိပ်ယာပေါ် ပြန်လှဲလိုက်သည်။
………………..
နေ့တစ်ဝက်ကြာမြင့်သွားပြီးနောက် …
မိစ္ဆာဝေဟင်မျှော်နန်း၌
လုကျိုးက အသိပေးချက် နှစ်ခုကို ကြားလိုက်ရသည်။
“တင် …. ကျောင်းယွဲ့ရဲ့ စုန်းအတတ်ကို ဖယ်ရှားပေးတဲ့အတွက် ဆုလာဘ် ကုသိုလ်ရမှတ် တစ်ထောင်ရရှိပါမယ် ”
“တင် … ယွီလုံရွာ အဖြစ်အပျက်ကို စုံစမ်းပြီးစီးသွားပြီး အမှန်တရားကို တွေ့ရှိသွားသည့်အတွက် ဆုလာဘ် ကုသိုလ်ရမှတ် သုံးထောင် ရရှိပါမယ်”
လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ ယခု သူက ကုသိုလ်ရမှတ် ရဖို့ နောက်ထပ် နည်းလမ်း ရှာရမည်။
လုကျိုးက ဤကိစ္စအား စဉ်းစားနေစဉ် လရောင်ဆွတ်နန်းဆောင်၏ အမျိုးသမီး ကျင့်ကြံသူတစ်ယောက်က ခန်းမကျယ်ထဲ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။
“မျှော်နန်းသခင် … ကျန်းအိုက်ကျန့်က တွေ့ခွင့်တောင်းနေပါတယ်။ သူက တောင်ခြေမှာ ရောက်နေပါပြီရှင့် ”
“သူ့ကို ခေါ်ခဲ့လိုက်”
“ဟုတ်ကဲ့”
ရှောင်ယွမ်အာ၊ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့လည်း ထိုအကြောင်းကြားသည်နှင့် ချက်ချင်း ရောက်လာကြသည်။
ခဏအကြာတွင် လရောင်ဆွတ်နန်းဆောင်၏ အမျိုးသမီး ကျင့်ကြံသူတစ်ယောက်က ဦးဆောင်ခေါ်လာသောကြောင့် ကျန်းအိုက်ကျန့်က မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမကျယ်အပြင်ဘက်သို့ ရောက်လာသည်။ သူ ဒီကို လာနေစဉ်အတွင်း ခေါင်းဘယ်ညာယိမ်းရင်း ဘေးပတ်လည်ကို လိုက်လည်ကြည့်ရှုနေမိသည်။ သူ့နှုတ်ခမ်းနှစ်လွှာကြား မြက်ပင်လေးကို မြင်နိုင်လေသည်။ သူက မေးလိုက်၏။
“ဟေးဟေး မင်းက ဘယ်တုန်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်တာလဲ။ ဒီမှာ ကြောက်စရာကောင်းလား။ ဒါက မိစ္ဆာရဲ့ အခြေစိုက်ဌာနချုပ်ဆိုတော့ မင်း မကြောက်ဘူးလား ”
ကျန်းအိုက်ကျန့်က ခန်းမကျယ်ဆီ လျှောက်လာရင် မေးခွန်းဆက်တိုက် မေးလာသည်။
“ မိစ္ဆာဝေဟင်မျှော်နန်းမှာ အမျိုးသမီးတွေအများကြီး မြင်ရလိမ့်မယ်လို့ မထင်ထားမိဘူး ..”
သူက ထပ်ပြောလိုက်သည်။
“ဒီသစ်ပင်ကြီးက မိုက်တယ်။ အစိမ်းရောင်ကျောက် ကြမ်းပြင်လည်း ကောင်းတယ် ”
“…”
ကျန်းအိုက်ကျန့်၏ သိချင်စိတ် များပြားနေသည့် အမူအရာက သူ့မျက်နှာပေါ် အထင်းသား ဖြစ်နေဆဲ ဖြစ်၏။ ထို့နောက် သူက ခန်းမကျယ်ထဲ ဖြည်းဖြည်းချင်း လျှောက်ဝင်လာလိုက်သည်။
မင်ရှစ်ရင်က မေးလိုက်သည်။
“ဒါက ကျန်းအိုက်ကျန့်လား ”
ရှောင်ယွမ်အာက ပြန်ဖြေလိုက်သည်။
“အဲဒါသူပဲ။ သူ့အရည်ထူပုံကို ကြည့်ပြီး တန်းပြောနိုင်တယ်”
“ရှစ်စွင်းက သူ့ကို ခပ်မြင့်မြင့် ယူဆထားတာဆိုတော့ သူ့မှာ ထူးချွန်တာတစ်ခုခုတော့ ရှိရမယ်”
ကျန်းအိုက်ကျန့်က ခန်းမထဲရှိ လူများဆီ လျှောက်လှမ်းလာရင်း လက်ကို မလုံမလဲအနေအထားဖြင့် ယမ်းလိုက်ရင်း “ လောင်ချန်ပေ့ … ကျွန်တော်က ဒီလိုကြီးကြီးကျယ်ကျယ် ကြိုဆိုတာမျိုး အသားမကျဘူး။ ကျွန်တော်ကို ဓားကောင်းလေးသာ မြန်မြန် ထုတ်ပေးလိုက်တော့။ ကျွန်တော် မြန်မြန် ပြန်တော့မယ် ”
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ “ကျန်းအိုက်ကျန့် ”
“လောင်ချန်ပေ့ တစ်ခုခုများရှိလို့လား”
“ထိုင်ပြီး ပြော ”
“ မလိုပါဘူးဗျာ။ ကျွန်တော်တို့က မိတ်ဆွေဟောင်းတွေပဲ။ ဓားကောင်းလေးသာ ပေးလိုက် ကျွန်တော် ချက်ချင်း ထွက်သွားပေးမယ်” ကျန်းအိုက်ကျန့်က မိနစ်နှင့်အမျှ ယုံကြည်ချက်လျော့နည်းလာရသည်။
လုကျိုးက လက်အသာဝေ့လိုက်သည်။
ဘေးရှိ လရောင်ဆွတ်နန်းဆောင်၏ အမျိုးသမီး ကျင့်ကြံသူက ကျန်းအိုက်ကျန့်အား ဓားတစ်လက် ပေးလိုက်သည်။
ကျန်းအိုက်ကျန့်က ဓားကို ညာဘက်လက်ဖြင့် ယူလိုက်သည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်း
ချွမ် …
ဓားက ကျိုးသွားလေသည်။
“မဖြစ်နိုင်ဘူး။ လောင်ချန်ပေ့ ပြောတော့ ဓားကောင်းဆို … ဒါက ကျွန်တော်ကိုယ်တိုင် လာယူရအောင် ထိုက်တန်တဲ့ ဓားကောင်းဆိုတာလား။” ကျန်းအိုက်ကျန့်က ဓားကျိုးကို တအံ့တဩ ကြည့်လိုက်သည်။
တွမ့်မူရှန်းက ပြောလိုက်သည်။
“အဲဒါ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကောင်းဆုံးဓားပဲ။ နှစ်တစ်ထောင် သစ်ပင်ကနေ လုပ်ထားပြီးတော့ လက်နက်ဖန်တီးတဲ့ ဆရာကြီးကိုယ်တိုင် ထွင်းထုပေးထားတာ ”
“…”
တွမ့်မူရှန်းက ဆက်ပြောလိုက်သည်။
“ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်တွေက ဒီဓားနဲ့ပဲ သင်ယူလေ့ကျင့်ကြတာ။ ဓားနတ်ဆိုး ယွီရှန်းရုန်လည်း ဒီဓားနဲ့ ရန်သူတစ်ထောင်ကို သတ်ခဲ့ဖူးတယ်” တွမ့်မူရှန်း၏ စကားများက အားပြင်းလွန်းလှပြီး ခန်းမကျယ်ထဲ ပဲ့တင်ထွက်နေသည်။
“ … ”
ကျန်းအိုက်ကျန့်က ပြောစရာပင် ရှာမတွေ့တော့ချေ။
လခွမ်း … ဒါက သစ်သားဓားလေးပဲကို ဒီလောက် အံ့ဩဖို့ကောင်းအောင် ပြောနေတာလဲ။ ဒီနေရာမှာ ငါ့ဘက်က လူရော ရှိသေးရဲ့လား …
ကျန်းအိုက်ကျန့်က လုကျိုးကို ကြည့်ကာ “လောင်ချန်ပေ့ ကျွန်တော်နှလုံးသားက အခု နည်းနည်း အေးစက်စက် ခံစားနေမိတယ် ”
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ “ဒါက တကယ်ကို ဓားကောင်းပဲလေ။ မင်းက မလိုချင်ဘူးလား ”
“လောင်ချန်ပေ့ပြောတော့ စကားမတည်တဲ့ လူတွေကို မုန်းတီးတယ်ဆို။ ဒီသစ်သားဓားကို ဘယ်လောက်မြှောက်ပြောပြော ရတနာမှ ဖြစ်မလာနိုင်တာ။ ကျွန်တော်က ဓားစွဲလမ်းသူဆိုပေမဲ့ စဉ်းစားဆင်ခြင်ဉာဏ် ရှိပါသေးတယ်။ ကျွန်တော် ဒီဓားကို မလိုချင်ဘူး ” ကျန်းအိုက်ကျန့်က စိတ်ထိခိုက်စွာ ပြောလိုက်သည်။
“သေချာလား ”
“သေချာတယ်”
“အဲဆို မင်း ပြန်လျော်ရမယ် ”
“…”
လုကျိုးက မထူးမခြားနား ပြောလိုက်သည်။
“ ဒီဓားက မိစ္ဆာဝေဟင်မျှော်နန်းအတွက် အရမ်းအဖိုးတန်တယ်။ အဲဒါကို မင်းက ချိုးပစ်လိုက်တော့ မင်းသာ ပြန်မလျော်ရင် ငါ စိုးရိမ်မိတာက … ” သူက စကားကို တစ်ဝက်တပျက်သာ ပြောလိုက်သည်။
မင်ရှစ်ရင်၏ ခွဲခွာချိတ်ကောက်နှင့် တွမ့်မူရှန်း၏ နယ်ရှင်လှံက တောက်ပလာသည်။
ကျန်းအိုက်ကျန့်က တံတွေးမျိုချလိုက်သည်။ သူက နောက်တစ်လှမ်းဆုတ်လိုက်ရင်း လက်ဝှေ့ကာ “မဟုတ်ဘူး။ မဟုတ်ပါဘူး။ ကျွန်တော် ပြန်လျော်ပေးပါ့မယ်။ ဘယ်လောက်လဲ ”
မင်ရှစ်ရင်က ခပ်ယဲ့ယဲ့ပြုံးကာ “အဲဒါကို ငွေကြေးနဲ့ တိုင်းတာလို့ ရတယ်များ ထင်နေလား ”
“အဲဆို ဘာလုပ်ပေးရမလဲ။ လက်နက်ဖန်တီးဆရာကို ခေါ်ပြီး နောက်တစ်ချောင်း ထပ်လုပ်ခိုင်းရမလား”
“အဲလိုလည်း မရဘူး။ ငါတို့က နဂိုသစ်သားဓားကိုပဲ လိုချင်တာ” မင်ရှစ်ရင်က ပြောလိုက်သည်။
ကျန်းအိုက်ကျန့်က သစ်သားဓားကျိုးကို လွှင့်ပစ်လိုက်သည်။ သူက လက်ကို ခါလိုက်ပြီးနောက် ပြောလိုက်သည်။
“သိသွားပြီ။ လောင်ချန်ပေ့ ကျွန်တော်ကို လာလှည့်ဖျားနေတာပဲ။ တည့်တိုးပဲ ပြောကြတာပေါ့ ဟုတ်ပြီလား”
လုကျိုးက မတ်တတ်ရပ်ကာ လှေကားမှ ဆင်းလာလေသည်။ သူက ကျန်းအိုက်ကျန့်ဆီ လျှောက်လှမ်းလာရင်း “ အဲဒါကြောင့် ဉာဏ်ကောင်းတဲ့သူတွေနဲ့ ပြောရတာကို ကြိုက်တာ ”
“ကျွန်တော်သာ ဉာဏ်ကောင်းရင် လောင်ချန်ပေ့ရဲ့ လှည့်စားတာကို ခံခဲ့ရမှာ မဟုတ်ဘူး”
ကျန်းအိုက်ကျန့်က တီးတိုးပြောလိုက်သည်။
“ကျန်းအိုက်ကျန့် မင်းက နန်းတော်က အတားအဆီးတွေ ဖယ်ရှားဖို့ ငါ့ကို အကြိမ်အများကြီး အသုံးချခဲ့တယ်။ မင်းက ငါ့ကို အဲလိုလုပ်ရဲတဲ့ ပထမဆုံးလူပဲ ”
“…” ကျန်းအိုက်ကျန့်၏ အမူအရာ ပြောင်းလဲသွားလေသည်။ သူက ခြေလှမ်းများစွာ နောက်ဆုတ်လိုက်၏။
ထိုစဉ် လရောင်ဆွတ်နန်းဆောင်၏ အမျိုးသမီး ကျင့်ကြံသူများက မိစ္ဆာဝေဟင်မျှော်နန်း ဝင်ပေါက်အား ပိတ်ကာ တန်းစီရပ်လိုက်ကြသည်။
တစ်ချိန်တည်းတွင် ခန်းမကျယ်အပြင်ဘက်မှ ဆံပင်ရော၊ မုတ်ဆိတ်မွေးပါ ဖြူဆွတ်နေသည့် လူအိုကြီးတစ်ယောက် ရောက်လာသည်။ သူ လှုပ်ရှားလိုက်သည့်အခါ ပါ့ကွားက သူ့ခြေထောက်အောက်တွင် အသက်ဝင်လာသည်။ ထို့နောက် သူ့အား ဝန်းရံထားသည့် သင်္ကေတခြောက်ခု ပေါ်ထွက်လာသည်။
“ယွင်ဂိုဏ်းရဲ့ ဟွားဝူတောက်လား” ကျန်းအိုက်ကျန့်က မျက်ရည်ဝဲလုမတတ် ဖြစ်နေရှာသည်။ သူက မြန်မြန်ဆန်ဆန် လက်ယမ်းကာ “လောင်ချန်ပေ့ ဒါတွေအားလုံးက နားလည်မှုလွဲတာပါ ”
ရှောင်ယွမ်အာက ထိုအရာကို မြင်လိုက်သည့်အခါ သူမက လက်ခုပ်လက်ဝါးတီးလိုက်ရင်း “ မြန်မြန် တံခါးကို ပိတ်လိုက်။ သူ ဘယ်ပြေးမလဲ ကြည့်ချင်သေးတယ်။ ရှစ်ရှိုး သူ့ကို ဖမ်းပြီး ဖူးယောင်နေတဲ့အထိ ချပစ် ”
“အမလေး ဒေါ်လေးရယ် ငါက မင်းနဲ့ ဘာပြဿနာမှလည်း မရှိဘဲနဲ့ ဘာလို့များ လိုက်မဲနေရတာလဲ။ ဓားတွေ သုံးစရာ လိုလို့လား” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။
လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“အားလုံး နောက်ဆုတ်ကြ ”
“နားလည်ပါပြီ ”လရောင်ဆွတ်နန်းဆောင်၏ အမျိုးသမီး ကျင့်ကြံသူများက နဂိုနေရာသို့ ပြန်ရောက်သွားကြသည်။
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းက သူ့တို့ကောင်းကင်အဆင့် လက်နက်များကို သိမ်းဆည်းလိုက်ကြသည်။
ဟွားဝူတောက် ခန္ဓာကိုယ်ရှိ အလင်းကွင်းလည်း ချက်ချင်း ပျောက်ကွယ်သွားလေသည်။ သူက လက်နှစ်ဖက်ယှက်ကာ လုကျိုးအား “ဒါက ဓားကို အရိုးထိအောင် ချစ်ပြီး အသက်လောက် တန်ဖိုးထားတယ်ဆိုတဲ့ ကျင့်ကြံသူ … ကျန်းအိုက်ကျန့်လား ”
ကျန်းအိုက်ကျန့်က ခေါင်းကုတ်ကာ “အဲဒါတွေက အပိုချဲ့ကားထားတာပါ။ ချဲ့ကားထားတာပါ ”
လုကျိုးက ခေါင်းခါကာ “အဲဒီနာမည် ကျန်းအိုက်ကျန့်က သူ့ကိုယ်ပိုင်အကြောင်းမှန်ကို ဖုံးကွယ်ဖို့အတွက်ပဲ။ ဒီလိုမျိုး ဣန္ဒြေသိက္ခာမရှိတဲ့လူမျိုးက တာ့ယန်ရဲ့ တတိယမြောက် မင်းသားလို့ ဘယ်သူကများ တွေးမိမှာလဲ ”
…
အခန်း (၁၂၃) နန်းတော်၏ ပဋိပက္ခများနှင့် ပိုင်လူမျိုးတို့၏ အရိုးများ
တိတ်ဆိတ်မှုက မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမကျယ်ထဲတွင် ကြီးစိုးသွားတော့၏။
လုကျိုး၏ စကားက လူတိုင်းကို ထိတ်လန့်သွားစေသည်။
‘ဒီလို သတ္တိနည်းပြီး စကားကို ရွှန်းရွှန်းဝေအောင်ပြောတတ်တဲ့ တစ်မူထူးခြားတဲ့သူက တာ့ယန်ရဲ့တတိယမင်းသား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’
‘နန်းတော်က လူတစ်ယောက်နဲ့သူက ဘာမှမတူဘူး’
‘ဆရာက စိတ်လွတ်သွားတာလား’
တပည့်များက အတွေးများယောက်ယက်ခတ်နေပြီး မတူညီသည့် အတွေးများရှိနေသည်။ သူတို့၏ အတွေးများကို ထုတ်မပြောရဲပေ။
ကျန်းအိုက်ကျန့်က မှင်သက်သွား၏။ သူသတိပြန်ဝင်လာသည့်အချိန်တွင် ပြောလိုက်တော့သည်။
“ဆရာကြီးက ဟာသပဲ။ ကျုပ်က တတိယမင်းသား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လုကျိုးက ကျန်းအိုက်ကျန့် ချက်ချင်း ဝန်ခံရန်ကို မမျှော်လင့်ထားပေ။ သူက တည်ငြိမ်စွာ ပြောလိုက်၏။
“ကျုပ်ရဲ့တပည့် အဲ့ဒီလူလိမ်လူကောက်ယဲ့ထျန်းရှင်းက နန်းတော်ရဲ့အရေးကိစ္စတွေကို တူးဖော်ဖို့ အချိန် ငါးနှစ် ကုန်ဆုံးခဲ့တယ်။ နောက်ဆုံး ယွီလုံရွာအဖြစ်အပျက်နောက်ကွယ်က ကျုပ်ဆိုပြီး ကောက်ချက်ချတဲ့နေရာဆီ ရောက်လာတာ။ ဒါတောင် မင်းလိုမျိုး ရမ်းကားတဲ့ ကျင့်ကြံသူတစ်ယောက်က အမှန်တရားကို ရှာတွေ့ခဲ့တယ်။ ဒါကို ဘယ်လိုများရခဲ့လဲ”
ကျန်းအိုက်ကျန့်က ပြောလေသည်။ “ဆရာကြီးကို ပြောပြီးသားပဲ။ နန်းတော်ထဲမှာ ကျုပ်ရဲ့မိတ်ဆွေတွေရှိတယ်”
ခန်းမကျယ်ထဲဝင်လာတဲ့ ဟွားဝူတောက်က မေးလိုက်လေ၏။
“ဘယ်လိုမိတ်ဆွေမျိုးက ဒီလိုထိပ်တန်းလျှို့ဝှက်ချက်ပေးမှာလဲ”
“...”
ကျန်းအိုက်ကျန့်က ဆွံ့အသွားလေ၏။
ဟွားဝူတောက်က ဆက်ပြောလေသည်။ “နှုတ်ဆက်ပါတယ် အရှင်မင်းသား” သူသည် ယွင်ဂိုဏ်းမှ ဖြစ်၏။ သူသည် ရှုပ်ထွေးပွေလီပြီး အလွန်အကျွံပြုမူသော ကျင့်ဝတ်ထုံးစံတို့ကို ဘယ်တော့မှထုတ်ဖော်ပြသမှာမဟုတ်ပေ။
ထိုအရာကိုမြင်သောအခါ အမူအကျင့်ကြောင့်လားမသိ။ လျှာချော်သွားသည့်ကြောင့်လားမသိ ကျန်းအိုက်ကျန့်က တည်ကြည်စွာပြောလိုက်လေ၏။
“ခမ်းခမ်းနားနားနှုတ်ဆက်စရာမလိုတော့ဘူး” သူ့အမှားကို သဘောပေါက်သွားသည်နှင့် ပါးစပ်ကို လက်ဖြင့်ရိုက်လိုက်လေ၏။ သူက ကပျာကသီပြောလိုက်သည်။
“နားလည်မှုလွဲတာ။ တကယ်နားလည်မှုလွဲတာပဲ။ အားလုံးက နားလည်မှုလွဲ"
သူသည်သက်ပြင်းချပြီးနောက် နောက်ဆုံးတွင်ပြောလိုက်လေ၏။
“ကောင်းပြီ”
ဟွားဝူတောက်က ရိုသေလေးစားမှုဖြင့် ပြန်မတ်လိုက်သည်။ လုကျိုးက ခေါင်းညိတ်ပြီး ပြောလိုက်၏။ “ကျုပ်လက်ထဲမှာ အချိန်တွေအများကြီးရှိတယ်။ မင်း မဝန်ခံမှာကို ငါမစိုးရိမ်ဘူး” ကျန်းအိုက်ကျန့်က သက်ပြင်းချပြီးပြောလိုက်လေသည်။
“မိစ္ဆာဝေဟင်မျှော်နန်းဆီ သတင်းပို့ဖို့အတွက် ကျုပ်ပြဿနာတွေအများကြီးကြုံခဲ့ရတာ ဆရာကြီး။ ဒီဆက်ဆံမှုကြောင့် ကျုပ်ပြဿနာတက်ပြီပဲ”
မင်ရှစ်ရင်က ဖြတ်ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတာတွေတော်လိုက်တော့။ မင်းက မင်းသားတစ်ပါးဆိုမှတော့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အတားအဆီးအနှောင့်အယှက်က မင်းရဲ့အတားအဆီးအနှောင့်အယှက်ပဲ”
ကျန်းအိုက်ကျန့်က မိစ္ဆာဝေဟင်မျှော်နန်းကို အသုံးချနေတာရှင်းနေပေ၏။ ထိုသို့ပြုလုပ်ရန် မည်သူက သတ္တိရှိမည်နည်း။ ငရဲဂိုဏ်းခေါင်းဆောင် ယွီကျန်းဟိုင်ကတောင် သူ၏အင်အားစုကို ချဲ့ထွင်ရန်ကြိုးစားနေသည့်အချိန်တွင် မိစ္ဆာဝေဟင်မျှော်နန်းကို အသုံးမပြုရဲခဲ့ချေ။
ကျန်းအိုက်ကျန့်က ကပျာကယာဖြင့်လက်ကာပြပြီးပြောလိုက်၏။
“ဆိုးရွားတယ်။ ကျုပ် ဆိုးဆိုးရွားရွားငိုနေပါပြီ။ နန်းတော်ထဲက အကောက်ကြံမှုတွေ၊ အကွက်ချမှုတွေကို မုန်းတီးတယ်လို့ ဆရာကြီးကို ပြောပြီးသားပဲ။ ဒါကြောင့် နန်းတော်ထဲက ထွက်လာတာ။ အရာအားလုံးက အဓိပ္ပာယ်မရှိငြင်းနေကြတာ။ အတားအဆီးတွေကို ဘယ်လောက်ပဲဖယ်ရှားဖယ်ရှား ဆရာကြီး ကျုပ်က မင်းသားတစ်ပါးဖြစ်ဖို့ ပြန်မသွားနိုင်တော့ဘူး”
ဟွားဝူတောက်က ပြော၏။ “အရှင်မင်းသား ဒါဆိုရင် နန်းတော်နဲ့ဆက်သွယ်မှုတစ်ခုကို ဘာကြောင့် ထိန်းသိမ်းထားတာလဲ”
ကျန်းအိုက်ကျန့်က ဟွားဝူတောက်၏မေးခွန်းကို ကြားသည့်အချိန်တွင် သက်ပြင်းထပ်ချလိုက်လေ ၏။
“ကျုပ်က မင်းသားတစ်ပါးဆိုပေမဲ့ မိတ်ဆွေကောင်းက နည်းပါးလွန်းတယ်လေ။ ခင်ဗျား ရယ်ချင်ရင်ရယ်လို့ရတယ်။ ဒါပေမဲ့ ကျုပ်က သာမန်ပြည်သူပြည်သားတွေရဲ့ဘဝကို သဘောကျတယ်။ ဒါပေမဲ့ တာ့ယန်ရဲ့ကောင်းကင်အောက်မှာ ကိုယ်ကိုယ်တိုင်အကြောင်းကိုပဲ ဂရုစိုက်ဖို့ဆိုတာ ခက်ခဲတယ်လေ။ ရွေးချယ်စရာမရှိဘူး။ ဒါပေမဲ့ ကျန်းအိုက်ကျန့်ရဲ့ နာမည်ပွားကို သုံးပြီး လွတ်လွတ်လပ်လပ်နဲ့ အနှောင်အဖွဲ့မရှိတဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်လာတာပဲ”
“ဓားရူးသုံးယောက်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားတယ်။ အရှင်မင်းသားက ကျင့်ကြံသူတစ်ယောက်အနေနဲ့ဒါတွေကိုကြိုးပမ်းရရှိခဲ့တာ တကယ်အထင်ကြီးဖို့ ကောင်းတာပဲ” ဟွားဝူတောက်က တလေးတစားပြောလိုက်လေ၏။
“ဒါတွေက အတုအယောင် ဂုဏ်သတင်းတစ်ခုပဲ” ကျန်းအိုက်ကျန့်က ပြောလေ၏။
“ပြောတာကောင်းတယ်” လုကျိုးကပြောသည်။ “မင်း ဒါကို စိတ်မဝင်စားဘူးဆိုရင် မင်းရဲ့အစ်ကိုရင်းကို ဘာကြောင့်သစ္စာဖောက်တာလဲ”
ကျန်းအိုက်ကျန့်က အံ့ဩမှင်သက်သွားသည်။
“ယွီလုံရွာနောက်ကွယ်က ကြိုးကိုင်ချယ်လှယ်သူက ဒုတိယမင်းသားပဲ။ မင်းရဲ့အစ်ကိုကို မင်းမကာကွယ်ရုံတင်မကပဲ နောက်ကျောကိုတောင် ဓားနဲ့ထိုးခဲ့သေးတယ်။ ပုဂ္ဂိုလ်ရေးအကျိုး အမြတ်မပါဘူးလို့ပြောရင် ဘယ်သူကယုံမှာလဲ။"
ထိုစဉ် အားလုံး၏အကြည့်က ကျန်းအိုက်ကျန့်ဆီရောက်သွားတော့သည်။ လက်ရှိအခြေအနေက တရားရုံတွင် ပြစ်မှုတစ်ခု စစ်ဆေးဖော်ထုတ်နေသည်နှင့် ဆင်တူနေ၏။ ကျန်းအိုက်ကျန့်ကမူ ထိုကြားနာမှု၏အဓိက ဇာတ်ကောင်ပင်ဖြစ်သည်။
ကျန်းအိုက်ကျန့်က သက်ပြင်းချပြီးပြောလိုက်၏။
“တစ်မိုးအောက်မှာ စိတ်ပြောင်းအလွယ်ဆုံးလူတွေက မင်းသားတွေပဲ”
နန်းတော်နံရံထဲတွင် သံခင်းတမန်ကျင့်ဝတ်နှင့်စည်းမျဉ်းများမှအပ အာဏာနှင့်အဆင့်အတန်းကိုသာ ဆုပ်ကိုင်ထားသည်။ မိသားစုဆက်ဆံရေးအတွက် နေရာမရှိပေ။
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်သည်။
“အကြောင်းအရာကို ပြန်ပြောရရင် ငါက ယွီလုံရွာအဖြစ်အပျက်အကြောင်း ဘာကြောင့်စုံစမ်းနေလဲ ဆိုတာ မင်းသိလား”
“ဆရာကြီးရဲ့ ဆဋ္ဌမတပည့်အတွက်မလား။" ကျန်းအိုက်ကျန့်က ဇဝေဇဝါမေးလိုက်သည်။
လုကျိုးက ခေါင်းခါပြီးပြောလိုက်၏။
“ဒါအကုန်မဟုတ်သေးဘူး။ မင်း တင်းဖန်ချိုးကို သိလား”
ဟွားဝူတောက်က တင်းဖန်ချိုး၏အမည်ကို ကြားလိုက်ရသည့်အချိန်တွင် မျက်မှောင်အနည်းငယ် ကျုံ့သွားလေ၏။ သူက
“တင်းဖန်ချိုးက ယွင်ဂိုဏ်းသားတစ်ယောက်ပဲ”
မင်ရှစ်ရင်က ပြန်ပြောလိုက်သည်။
“အကြီးအကဲဟွား ခင်ဗျားရဲ့လက်ရှိရာထူးနဲ့သဘောထားကို သတိထားပါဦး။ တင်းဖန်ချိုးက ကျုပ်ရဲ့ ဆရာအတုအယောင်အဖြစ်ဟန်ဆောင်ခဲ့ပြီး သူသွားတဲ့နေရာတိုင်းမှာ ပြစ်မှုတွေကျုးလွန်ခဲ့တယ်။ ကျုပ်ရဲ့ရှစ်စွင်းနဲ့ မိစ္ဆာဝေဟင်မျှော်နန်းကို အသေရေဖျက်ခဲ့တယ်။ စည်းမျဉ်းတွေအရ သူ့ကို ရှစ်ပိုင်းပိုင်းဖြတ်ပြီး တောရိုင်းသတ္တဝါတွေကို အစာကျွေးဖို့အတွက်တောင်နောက်ကို ပစ်ထားသင့်တာ”
“...”
ဟွားဝူတောက်၏ မျက်နှာအိုကြီးက နီရဲလာတော့သည်။ သူမိစ္ဆာဝေဟင်မျှော်နန်း သို့ရောက် သည့် အချိန်၌ သူက ယွင်ဂိုဏ်း၏ အကြီးအကဲအနေဖြင့် သူ၏ရာထူးမှ နှုတ်ထွက်ခဲ့ပြီးဖြစ်သည်။
“ကျုပ် သူ့အကြောင်းကြားတယ်" ကျန်းအိုက်ကျန့်က သုန်သုန်မှုန်မှုန် ပြန်ပြောလေ၏။
“တင်းဖန်ချိုးပြောပြတာက ထျန်းကျန်းမြစ်ရဲ့ယွီလုံရွာထဲမှာ အုတ်အော်သောင်းတင်းဖြစ်တာက အထူးအရိုးတစ်ခုကို ရှာဖို့တဲ့”
လုကျိုးက ပြော၏။
“ဒီတော့ရော” ကျန်းအိုက်ကျန့်က ခေါင်းကုတ်လိုက်သည်။
“ကျန်းအိုက်ကျန့် ငါက အယုံလွယ်တယ်လို့များ မင်းထင်နေလား” လုကျိုးက သုန်သုန်မှုန်မှုန် မျက်ဝန်းတို့က ကျန်းအိုက်ကျန့်ဆီ စူးရှစွာကြည့်လိုက်လေ၏။
ကျန်းအိုက်ကျန့်သည် ထိုအရာကြောင့်စိတ်ရှုပ်ထွေးသွားကာ မည်သို့တုန့်ပြန်ရမှန်းမသိ ဖြစ်သွားသည်။ နောက်ဆုံးတွင် သူက
“ဆရာကြီး ဒီအကြောင်းကို သိနေပြီဆိုတော့ ဘာကြောင့်မေးသေးလဲ” ယင်းက ဝန်ခံမှုတစ်ခုအဖြစ် ကောင်းပေ၏။
လုကျိုးကမေးလိုက်၏။ “နန်းတော်က မြစ်ထဲကအလောင်းတွေဆယ်နေတာ ဆယ်စုနှစ်တစ်စု ကြာနေပြီ။ မင်းအမြင်မှာ နန်းတော်က ဘာအကျိုးအမြတ် မရဘူးလား”
“မရဘူး”
“အထူးအရိုးက ဘာလဲ” လုကျိုးကထပ်မေးပြန်၏။
“အမ်း” ကျန်းအိုက်ကျန့်က သူ့နားကိုကြည့်လိုက်သည်။ သူက ဤနေရာတွင် နားများစွာရှိနေတာကို စိတ်ထဲထားနေပုံရ၏။
လုကျိုးက စိတ်ထဲမထားဘဲပြောလိုက်လေ၏။
“ငါ့ဆီကနေ ဒီကိစ္စတွေကို ဖုံးကွယ်နေလို့လည်းအကျိုးမထူးဘူးဆိုတာ မင်းနားလည်သင့်တယ်”
ကျန်းအိုက်ကျန့်က လုကျိုးရှေ့လက်သီးဆုပ်လျက်ပြောလိုက်တော့သည်။ ယခင် အချိန်တွင်သူ၏ ပေါ့ပေါ့တန်တန်သဘောထားပျောက်ကွယ်သွားပုံရကာ ပြောလိုက်တော့၏။
“လောင်ချန်ပေ့ကို ကျုပ်လိမ်ဖို့မလိုဘူး။ ရိုးရိုးသားသားပြောရရင် နန်းတော်ထဲကနေ ထွက်လာတာနှစ်ပေါင်းများစွာကြာပြီဆိုတော့ နန်းတော်ထဲက မင်းသားတစ်ပါးဆိုတာ အများစုက မေ့နေလောက်ပြီလို့ထင်တယ်။ နန်းတော်ထဲကမိတ်ဆွေလည်း များများစားစားမရှိဘူး။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ဒီလောကထဲက တတိယမင်းသားတစ်ပါးရှိတော့မှာ မဟုတ်တော့ဘူး” သူက ဆက်ပြော၏။ “ထျန်းကျန့်မြစ်အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေတုန်းက လူနှစ်ယောက်အသတ်ခံလိုက်ရတယ်။ သူတို့ရဲ့အရည်အချင်းချို့တဲ့တာအတွက်တော့ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး”
ခန်းမကျယ်က ယခုဆိုတိတ်ဆိတ်သွားပြီဖြစ်သည်။
ကျန်းအိုက်ကျန့်က ဆက်ပြောလေ၏။
“ကျုပ်ရဲ့အစ်ကိုက ရက်စက်တဲ့သူတစ်ယောက်ပဲ။ သူက ဒီတိုင်းပြည်ရဲ့အုပ်စိုးသူဖြစ်ဖို့ မကိုက်ညီ ဘူး”
“မင်းပြောတာယုံတယ်” လုကျိုးကပြော၏။
“ကျေးဇူးတင်ပါတယ် လောင်ချန်ပေ့”
“ကျန်းအိုက်ကျန့် မင်းရဲ့အမြင်မှာ အဲ့ဒီအရိုးက ပိုင်လူမျိုးနွယ်ရဲ့အရိုးဆိုတာဖြစ်နိုင်လား” လုကျိုးက တည်ငြိမ်စွာမေးလိုက်၏။
“ပိုင်လူမျိုး” ကျန်းအိုက်ကျန့်က ခေါင်းခါလိုက်သည်။
“ပိုင်လူမျိုးတွေရဲ့အရိုးက လူတစ်ယောက်ရဲ့အသက်ကို ဆွဲဆန့်ပေးနိုင်တယ်ဆိုတဲ့ ကောလဟလ တစ်ခု နန်းတော်ထဲမှာရှိတယ်။ ဒီလိုဆိုရင် ကုန်လွန်ခဲ့တဲ့ဆယ်နှစ်တာအတွင်း မြစ်ထဲမှာ အရိုးတွေ ဆယ်တာ ဘာများအကျိုးထူးတော့မလဲ”
ဆယ်စုနှစ်တစ်စုကြာ မြစ်ကြမ်းပြင်မှ ပိုင်လူမျိုးများ၏အရိုးများကို ဆယ်ပြီးသည့်နောက် ရတနာဟု ခေါ်သည့်အရာကို မည်သူမှရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် ဤစစ်ဆင်ရေးမှ ဆယ်နှစ်တာအတောအတွင်းမှ ပိုင်လူမျိုးမှ ကျန်သည့်အရာအဖြစ်ပြောင်းလဲသွားတာဖြစ်နိုင်သည်။
“ဆရာကြီး ကျုပ်ပြောရမဲ့ဟာပြောပြီးပြီ။ ကျုပ် ဒီအရေးကိစ္စကို စိတ်ဝင်စားတယ်ဆိုတာ ရိုးရိုးသားသားဝန်ခံတယ်။ ခင်ဗျားက ကျုပ်ကို ဓားကောင်းတစ်လက်မပေးလည်းအဆင်ပြေတယ်” ကျန်းအိုက်ကျန့်ကပြော၏။
လုကျိုးက ခေါင်းခါပြီးပြောလိုက်တော့သည်။
“ငါက ကတိမတည်တဲ့သိမ်ဖျင်းတဲ့လူတွေကို အထင်သေးတယ်လို့ မင်းကို ပြောပြီးသားပဲ။ မင်းကို ဓားတစ်လက်ပေးမယ်လို့ ကတိပေးပြီးပြီဆိုတော့ သေချာပေါက် ငါ့ရဲ့ကတိကိုတည်မှာပါ” သူပြောပြီးသည့်နောက် လုကျိုးသည် လက်မြှောက်ကာ ဖြည်းဖြည်းချင်းဝှေ့ယမ်းလိုက်၏။ ကျန်ုးအိုက်ကျန့်ရှေ့တွင် အနက်ရောင်ပစ္စည်းတစ်ခုပေါ်လာတော့သည်။
ယခုအချိန်တွင် အားလုံး၏အာရုံစိုက်မှုက ထိုအနက်ရောင်ပစ္စည်းပေါ်တွင်သာ ရှိနေ၏။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်က ကျန်းအိုက်ကျန့်ကို မည်သည့်ရတနာပေးမည်ဆိုတာ သိချင်နေကြ၏ယ
…
အခန်း (၁၂၄) ဓားကောင်းလေး
ကျန်းအိုက်ကျန့်လက်ထဲ အနက်ရောင် ပစ္စည်းတစ်ခု ကျရောက်လာသည်။ ထိုအရာနှင့် ဓားနှင့် မတူပေ။ ပါဆယ်ထုပ်လေးနှင့် ပိုတူ၏။ သို့သော်လည်း ကျန်းအိုက်ကျန့်၏ မျက်ဝန်းများက တအံ့တဩ ဖြစ်သွားကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“တော်ဝင်တံဆိပ်တော်လား ”
“ဟုတ်တယ်။ မင်းကို ပေးမဲ့ ဓားကောင်းလေးက ဒီတော်ဝင်တံဆိပ်တော်ပဲ” လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
တော်ဝင်တံဆိပ်တော်က ဓားကောင်းလား။ အခြားလူတွေက ထိုအရာကြောင့် ဦးနှောက်ခြောက်သွားကြသည်။
ကျန်းအိုက်ကျန်က ခေါင်းကုတ်ကာ “တကယ်လို့ ဒီတံဆိပ်ပြားကို တခြားသူဆီ ပေးရင် လောင်ချန်ပေ့အတွက် အရမ်းအသုံးဝင်လောက်တယ်။ ကျွန်တော်ကို ပေးလိုက်တာ ဖြုန်းတီးသလို ဖြစ်မနေဘူးလား။ ကျွန်တော်က ကြောက်တတ်တယ်။ လူတွေကို အမိန့်ပေးဖို့ သတ္တိမရှိဘူး ”
လုကျိုးက မုတ်ဆိတ်မွေးသပ်ကာ “ဒီပစ္စည်းက တော်ဝင်တံဆိပ်တော်ပဲ။ ဒါပေမဲ့ ဒါက တော်ဝင်သိုလှောင်ခန်းရဲ့ သော့လည်း ဟုတ်တယ်။ မဟုတ်ရင် တော်ဝင်မိသားစုတွေက ဒီဟာကို ဘာလို့ လိုက်ရှာနေကြမှာလဲ ”
ကျန်းအိုက်ကျန့်က လုကျိုး၏ စကားများကြောင့် တအံ့တဩဖြစ်သွားလေသည်။ သူ တစ်ယောက်တည်း မဟုတ်ပေ။ အခြားသူများက တော်ဝင်တံဆိပ်တော်အတွက် နောက်ထပ် အသုံးဝင်မှုရှိမှန်း မသိကြပေ။
“ ဒီလိုဆိုတော့ လောင်ချန်ပေ့က ကျွန်တော်ကို ထိခိုက်အောင်လုပ်ချင်နေတာလား။ ဒီဟာကိုသာ ကျွန်တော် လက်ဝယ်ပိုင်ထားရင် ပြဿနာတက်တော့မှာပေါ့။ နန်းတော်က လူတွေသာ ဒီဟာအကြောင်း သိသွားခဲ့ရင် သူတို့က ကျွန်တော်ကို အမဲလိုက်ကြတော့မှာ မဟုတ်ဘူးလား” ကျန်းအိုက်ကျန့်က မေးလိုက်သည်။
“မင်းက ဒီဟာကို သိမ်းထားဖို့ အသင့်တော်ဆုံးလူပဲ။ မင်းက မင်းသားတစ်ယောက်.. ဓားကိုလည်း ချစ်တယ်။ မင်းတစ်ယောက်တည်းပဲ သိုလှောင်ခန်းဆီ သွားနိုင်မှာ။ ဒီဟာကို အလျင်စလို မငြင်းပစ်နဲ့အုံး၊ ငါ ပြောချင်တာက ဓားကောင်းတစ်လက် အဲဒီထဲမှာ သိမ်းထားတယ်။ အဲဓားနာမည်က နဂါးတေးသံတဲ့ ”
လုကျိုးက ပြောလိုက်သည်။
“ဓားလား။ နဂါးတေးသံတဲ့လား ” ကျန်းအိုက်ကျန့်၏ အသံက အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်သွားလေသည်။ သူက မယုံကြည်နိုင် ဖြစ်နေလေ၏။
ဟွားဝူတောက်က တအံ့တဩဖြင့် “နဂါးတေးသံက လွန်ခဲ့တဲ့ နှစ်တစ်ရာကျော် နာမည်ကျော်ကြားခဲ့တဲ့ ကောင်းကင်အဆင့် လက်နက်မလား။ ဓားသွားရဲ့ ထက်ရှမှုက ပြိုင်ဖက်ကင်းပဲ။ ကျင့်ကြံရေးလောကမှာ လူအများကြီး လိုက်ရှာနေကြတာလေ။ နန်းတော်ထဲမှာ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး ”
ရှောင်ယွမ်အာက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အကြီးအကဲဟွား အဲဒီဓားက အဲလောက်တောင် ကောင်းတယ်လား”
ဟွားဝူတောက်က ပြန်ဖြေလိုက်သည် “ဒါပေါ့။ ကောင်းကင်အဆင့် လက်နက်တွေကြားမှာ နတ်ဘုရားလက်နက်လို့တောင် ယူဆနိုင်တယ်။ ကောင်းကင်အဆင့် လက်နက်က စွမ်းအားအပြည့်အဝ ထုတ်သုံးနိုင်ဖို့ ပိုင်ရှင်အသိအမှတ်ပြုမှု လိုအပ်တယ်။ ဒါပေမဲ့ နဂါးတေးသံက မတူဘူး။ လက်နက်ပိုင်ရှင်ကို ဘယ်တော့မှ ရှာမတွေ့ခဲ့ဘူး။ အရင်အသုံးပြုခဲ့တဲ့သူတိုင်းက ပိုင်ရှင်အဖြစ် အသိအမှတ်ပြု မခံခဲ့ရဘူး ”
အားလုံးက အံ့ဩသွားကြသည်။ တခြာနည်းဖြင့်ဆိုရလျှင် နဂါးတေးသံက တစ်ခါမှ စွမ်းအားအပြည့် မထုတ်လွှင့်ဖူးပေ။
“အဲဒီလက်နက်က ကောင်းကင်အဆင့် လက်နက်ထက်တောင် ပိုအဆင့်မြင့်နိုင်တယ်လို့ ပြောနေတာလား” ရှောင်ယွမ်အာက မေးလိုက်သည်။
“ ကောင်းကင်အဆင့်အထက် ပိုမြင့်မားတဲ့ လက်နက်မရှိဖူးဘူး … ငါ ပြောနိုင်တာက သူက သာမာန်ကောင်းကင်အဆင့် လက်နက်ထက် ပိုသာတယ်ဆိုတာပဲ ” ဟွားဝူတောက်က ပြောလိုက်သည်။
ရှောင်ယွမ်အာက ထိုအကြောင်းကို ကြားလိုက်ရသည့်အခါ သူမဘာသာ မထိန်းနိုင်တော့ဘဲ လုကျိုးဆီ အပြေးအလွှားသွားကာ “ရှစ်စွင်း သူ့ကို အဲဒီလက်နက် ပေးလိုက်လို့ မဖြစ်ဘူး။ သူ့အတွက် အရမ်းကောင်းလွန်းနေတယ် ”
ကျန်းအိုက်ကျန့်က တော်ဝင်တံဆိပ်တော်ကို မြန်မြန် သိမ်းဆည်းလိုက်သည်။ သူက အရှက်မရှိစွာ ဆိုလိုက်၏။
“မဟုတ်ဘူး။ မဟုတ်ဘူး။ ကျွန်တော် ဒီဟာကို အများကြီးကြိုက်ပါတယ်။ စိတ်မပူပါနဲ့။ ကျွန်တော် အရင်ကလည်း ဒီထက်ခက်ခဲတာတွေ လုပ်ခဲ့ဖူးတာပဲ။ ဒီပစ္စည်းကို အရမ်းကျေနပ်ပါတယ်။ ဒီခရီးက အရမ်းတန်တယ် ” သူက လက်ဝေ့ကာ ပြောလိုက်ပြီးနောက် ဝင်ပေါက်ဆီ သွားလိုက်တော့သည်။
“အားလုံး ကျွန်တော် လုပ်စရာလေးရှိလို့ အရင်သွားလိုက်ပါဦးမယ်။ နှုတ်ဆက်ခဲ့ပါတယ်၊ ကောင်မလေး ငါ့ကို စိုက်ကြည့်မနေနဲ့တော့ ”
“ကျန်းအိုက်ကျန့် ” လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ကျွန်တော်ကို လိုက်မပို့နဲ့တော့နော်။ လောင်ချန်ပေ့ ကျွန်တော် ပြန်တဲ့လမ်းကို သိတယ်”
ကျန်းအိုက်ကျန့်က တော်ဝင်တံဆိပ်တော်ကို သိမ်းပြီး နောက်ဆုတ်သွားတော့သည်။ သူက ရှောင်ယွမ်အာ နောက်မှ လိုက်လာမည်ကို စိုးရိမ်နေလေ၏။
“ငါ့အတွက် သတင်းစကားတစ်ခုပါးပေး”
ကျန်းအိုက်ကျန့်က ရပ်လိုက်ကာ မေးလိုက်သည်။
“လောင်ချန်ပေ့ ဘာသတင်းပါးချင်လို့လဲ ”
“ဝေ့ကျိုးယန်က ထျန်းကျန့်မြစ်ကိစ္စရဲ့ အဓိကတရားခံပဲ … သူ နောက်ဆုတ်ပြီးတော့ ပြစ်ကြွေးကို ဝန်ခံဖို့ မျှော်လင့်တယ် ” လုကျိုးက အေးစက်စက် ပြောလိုက်သည်။ သူ့စကားများက ခန်းမကျယ်တစ်ခုလုံး တိတ်ဆိတ်သွားစေသည်။ အပ်ပြုတ်ကျသံပင် ကြားရလောက်သည်။
“ လောင် … လောင်ချန်ပေ့ နောက်နေတာလား။ ဝေ့ကျိုးယန်က တပ်မကြီးရဲ့ ခေါင်းဆောင်လေ။ သူက နိုင်ငံရဲ့ အရေးပါတဲ့ အရာရှိပဲ။ သူ့ပြစ်ကြွေး ဝန်ခံလိုက်ရင် အုတ်အော်သောင်းနင်း ဖြစ်သွားမှာပေါ့ ”
ကျန်းအိုက်ကျန့်က ပြောလိုက်သည် “ပြီးတော့ သူက ကျင့်ကြံဆင့်လည်း ကောင်းတယ်။ သူ့စွမ်းအားက ဖန်ရှုဝမ်နဲ့တောင် ယှဉ်နိုင်တယ်လို့တောင် သတင်းထွက်နေတာ။ သူ့ဆီမှာ နန်းတော်ထဲ လူအများကြီးရှိသေးတယ် … သူ့ပြစ်ကြွေးကို ဝန်ခံတာထက် ကောင်းကင်ဘုံတက်လှမ်းတာကမှ ပိုလွယ်ဦးမယ် ”
လုကျိုးက လက်နောက်ပစ်ကာ “ လူတစ်ယောက်က အဆင့်အတန်းတစ်ခုအထိ ရောက်သွားရင် သူ အမှားလုပ်သွားရင် အပြစ်ကြွေးကို ဝန်ခံမှာ မဟုတ်ဘူး။ ငါ ဒီသဘောတရားကို နားလည်တယ်။ ဒါပေမဲ့ ငါ နားလည်ရုံနဲ သဘောကျတယ်တော့ မဆိုလိုဘူး ”
ကျန်းအိုက်ကျန့်က မေးလိုက်သည်။
“ ဒုတိယမင်းသားကို ရန်စမိမှာ မစိုးဘူးလား။ ရွှေနန်းဥယျာဉ်တောင်အတွက် ရန်သူအများကြီးရှိတာ အကျိုးမယုတ်ဘူးလား။ မိစ္ဆာဝေဟင်မျှော်နန်းက စွမ်းအားကြီးမှန်း သိပေမဲ့ အင်ပါယာပိုင်တဲ့ ကုန်းမြေပေါ်မှာဆိုတော့ … ဒီနှစ်တစ်လျှောက် တော်ဝင်မိသားစုက ကျင့်ကြံရေးလောကမှာ နေရာတစ်ခု ရပ်တည်နိုင်တာက လှည့်ကွက်တွေ မရှိဖို့ မဖြစ်နိင်ဘူး ”
လုကျိုးက ခေါင်းခါကာ “ မင်း မှားနေပြီ”
“ဟမ် ”
“ဝေ့ကျိုးယန်က မကြာခင် သေလိမ့်မယ်။ သူ ဘယ်လိုသေမလဲဆိုတာပဲ ရွေးရမှာ ” လုကျိုးက အေးစက်စက် ပြောလိုက်သည်။
“အာ ” ကျန်းအိုက်ကျန့်က မေးပွတ်ကာ ခဏတာ စဉ်းစားလိုက်၏။
“ကျွန်တော် သတင်းပါးလိုက်ပါ့မယ် ”
လုကျိုးက ခေါင်းညိတ်ကာ “ ဧည့်သည်ကို ပြန်လိုက်ပို့လိုက်ကြ ”
“ဟုတ်”
ကျန်းအိုက်ကျန့်က “ကျွန်တော် ထွက်မသွားခင် ကျွန်တော်ရဲ့ အကြောင်းတွေကို ဘယ်လိုသိတာလဲ သိချင်မိတယ်။ ကျွန်တော်ရဲ့ သတင်းအချက်အလက်ရတဲ့ အရည်အချင်းနဲ့ စွန့်လွတ်ဖို့ လုံလောက်တယ် မထင်ဘူး ”
လုကျိုးက လက်ဝေ့လိုက်သည်။ သူက ကျန်းအိုက်ကျန့်ကို ပြန်မဖြေပေ။ သူက လရောင်ဆွတ်နန်းဆောင်၏ ကျင့်ကြံသူများအား ဧည့်သည် လိုက်ပို့ဖို့ စေခိုင်းလိုက်သည်။
ကျန်းအိုက်ကျန့်က လုကျိုး သူ့မေးခွန်းကို လျစ်လျူရှုသည်ကို မြင်ရသည့်အခါ ထပ်မံ မမေးတော့ပေ။ သူက ခေါင်းခါလိုက်သည်။
“လောင်ချန်ပေ့က နန်းတော်ထဲ အရင်က ရောက်ခဲ့ဖူးတယ်လို့ ထင်တယ်။ မဟုတ်ရင် ဒီတော်ဝင်တံဆိပ်တော် ပိုင်ထားမှာ မဟုတ်ဘူး” သူက ရယ်မောလိုက်သည်။
“ထားလိုက်ပါတော့ အရေးမကြီးပါဘူးလေ … ”
မင်ရှစ်ရင်က မျက်မှောင်ကြုတ်ကာ “ရှစ်စွင်း … အဲဒီလူက မင်းသားနဲ့လည်း မတူဘူး။ သူက ပါရမီကောင်းတယ်ဆိုပေမဲ့ ကျွန်တော်တို့ သူ့ကို ဖမ်းထားလိုက်သင့်လား”
“မလိုဘူး။ သူ့ကို တခြားအသုံးချစရာတွေ ရှိသေးတယ်” လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
ဟွားဝူတောက်က ဦးညွှတ်ကာ ပြောလိုက်သည်။
“မျှော်နန်းသခင် … ကျုပ် တစ်ခုပြောစရာရှိပေမဲ့ ပြောသင့်လားတော့ မသိဘူး”
“ဟွားဝူတောက်” လုကျိုး၏ အသံက ခက်ထန်လှသည်။
“မင်းနေရာ မင်းသိ … ငါ့စိတ်ရှည်မှုကို လာမစမ်းနဲ့ ”
ဟွားဝူတောက်က အသံနိမ့်လိုက်သည်။ သူက ရိုရိုကျိုးကျိုး ခေါင်းညိတ်လိုက်ပြီးနောက် ဘာမှဆက်မပြောတော့ပေ။
မင်ရှစ်ရင်က အပြုံးလေးဖြင့် ပြောလိုက်သည်။
“ အကြီးအကဲဟွားက ယွင်ဂိုဏ်းသား မဟုတ်တော့ဘူးလေ။ အခု မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကြီးအကဲ ဖြစ်နေပြီလေ။ ခင်ဗျားနေရာ လိုချင်တဲ့သူတွေအများကြီးပဲ။ ဒီဆုံးဖြတ်ချက်ကို နောင်တရရင် အချိန်မရွေး ထွက်သွားနိုင်တယ်။ ဒါပေမဲ့ ခင်ဗျား မိတ်ဆွေနဲ့ ရန်သူကို မရွေးချယ်ခင် သေချာစဉ်းစားဖို့ လိုတယ်”
တွမ့်မူရှန်းက နယ်ရှင်လှံကို မြောက်ကာ ကြမ်းပြင်ပေါ် အားပြင်းပြင်း စိုက်ချလိုက်သည်။
ချွမ်
အသစ်ခင်းထားသည့် အစိမ်းရောင်ကျောက်ပြားများက ထပ်မံ ပျက်စီးသွားလေသည်။
“သစ္စာဖောက်တဲ့သူတွေ သေရမယ်”
“…”
လုကျိုးက ဟွားဝူတောက်ကို မထူးမခြားနား ကြည့်လိုက်သည်။ အကယ်၍ ဟွားဝူတောက်၏ ၅ ရာခိုင်နှုန်း သစ္စာရှိမှုကြောင့်သာ မဟုတ်လျှင် တင်းဖန်ချွေ့အတွက် ဝင်ပြောပေးသည့်အတွက် ရိုက်မိလောက်သည်။
ဟွားဝူတောက်က သူ့သဘောထားနှင့် ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိနေမှန်း သိသွားပြီးနောက် “ ကျုပ် ရိုင်းပျမိသွားပါတယ်”
လုကျိုးက ဟွားဝူတောက်၏ ခပ်တောင့်တောင့် အမူအရာကို မြင်လိုက်ရသည့်အခါ “လျိုဟယ်စည်းတံဆိပ်က အားကောင်းပေမဲ့ ပြည့်စုံနေတာတော့ မဟုတ်ဘူး ”
ကျင့်ကြံရေးရူး တစ်ယောက် ဖြစ်သည့် ဟွားဝူတောက်က ထိုအကြောင်းကြားလိုက်ရသည့်အခါ ချက်ချင်း တက်ကြွလာသည်။ သူက လက်နှစ်ဖက်ယှက်လိုက်ပြီး “ မျှော်နန်းသခင် သင်ပြပေးပါဦး ”
“မင်းရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်က ပွင့်ချပ်လွှာ ဘယ်လောက်ရောက်နေပြီလဲ”
“ ကျုပ် နှစ် ၂၀ အတွင်း မတိုးတက်လာခဲ့ဘူး။ ပွင့်ချပ်ခြောက်လွှာပဲ ရှိပါသေးတယ် ”
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က အံ့ဩသွားကြသည်။ သူတို့က ဟွားဝူတောက်၏ ကာကွယ်ရေးကို မချိုးဖောက်နိုင်ခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။ ဤအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ဖို့ရာ သူက လျို့ဟယ်စည်းတံဆိပ် မထုတ်သုံးထားဘဲ ကာကွယ်ရေးစွမ်းအားမျှ ထုတ်သုံးထားလျှင်ပင် သူတို့က အကာအကွယ်ကို ချိုးဖောက်နိုင်မည် မဟုတ်ချေ။
“လျို့ဟယ်စည်းတံဆိပ်နဲ့ ပွင့်ချပ်ခြောက်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်အကြောင်း ဒီမှာ ကျမ်းဂန်စာအုပ်တွေရှိတယ်။ အကြီးအကဲဟွား အားတဲ့အချိန် သွားဖတ်နိုင်ပါတယ် ” လုကျိုးက မုတ်ဆိတ်မွေးသပ်လိုက်ရင်း ပြောလိုက်သည်။
ဟွားဝူတောက်က အကြည့်များ တောက်ပလာသည်။ သူက လေးလေးစားစား ပြောလိုက်၏။
“ မျှော်နန်းသခင် ကျေးဇူးပါ”
မိစ္ဆာဝေဟင်မျှော်နန်းအပေါ် အများအမြင်တွင် ရတနာများစွာ၊ ကျမ်းဂန်များစွာနှင့် လက်နက်များ ပိုင်ဆိုင်ထားသည်ဟု ထင်ကြသည်။ ကျင့်ကြံသူတိုင်းက ထိုအရာများ ရရှိနိုင်ဖို့ အိပ်မက်မက်နေကြသည်။ အကာအရံ ကျိုးပေါက်သွားစဉ်အခါက သမာသမတ်ဂိုဏ်းနှင့် ကျင့်မင်တာအိုဂိုဏ်းသားများက ထိုရတနာများကို လိုက်လံရှာဖွေခဲ့ကြသည်။ သူက ထိုအရာများကို ရရှိနိုင်လေရာ မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။
ခန်းမကျယ်ကြီးက တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။
လရောင်ဆွတ်နန်းဆောင်၏ အမျိုးသမီး ကျင့်ကြံသူတစ်ယောက် ဖြည်းဖြည်းချင်း ဝင်လာကာ ပြောလိုက်သည်။
“မျှော်နန်းသခင် နန်းတော်အရှင်မ … ”
“ဒီမှာ နန်းတော်အရှင်မ မရှိဘူး ” တွမ့်မူရှန်းက အမျိုးသမီး ကျင့်ကြံသူစကားကို ချက်ချင်း တုံ့ပြန်လိုက်သည်။
ထိုအမျိုးသမီး ကျင့်ကြံသူများက ယဲ့ထျန်းရှင်းအား သူတို့ခေါင်းဆောင်အဖြစ် မှတ်ယူထားကြသည်။ သို့သော် သူတို့က မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ရောက်လာပြီဖြစ်၍ တွမ့်မူရှန်းသည် ယခင်ကတည်းက သင်ခန်းစာ ပေးချင်နေသည်။
အမျိုးသမီး ကျင့်ကြံသူက ထိတ်လန့်သွားကာ ပြောလိုက်သည်။
“ယဲ့ … ယဲ့ထျန်းရှင်းက တွေ့ခွင့်တောင်းပါတယ် ”
“ဘာကိစ္စလဲ ” လုကျိုးက အေးစက်စက် မေးလိုက်၏။
“ယဲ့ထျန်းရှင်းက သတိမေ့သွားပါတယ်။ ကျွန်မတို့ စိုးရိမ်တာက သူမ မဖြတ်ကျော်နိုင်လောက်တော့ဘူး ”
…
အခန်း (၁၂၅) ယဲ့ထျန်းရှင်း၏ သေခြင်းတရား
လုကျိုးက လက်ကိုဝှေ့ယမ်းပြလိုက်၏။ သူသည် လက်နောက်ပစ်လျက် ခန်းဆောင်ထဲမှ ထွက်လာသည့်အချိန်တွင် အမျိုးသမီးကျင့်ကြံသူကိုတောင်မကြည့်ပေ။
ရှောင်ယွမ်အာ၊ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က သူ့နောက်မှာ နီးကပ်စွာလိုက်ပါလာကြ၏။
ခဏအကြာတွင် လုကျိုးက တောင်ပိုင်းမျှော်နန်းသို့ရောက်သွားတော့သည်။
ကျင့်ကြံသူအမျိုးသမီးအချို့ကမူ တောင်ပိုင်းမျှော်နန်း၏ဝင်ပေါက်တွင် သူ့ကို စောင့်ဆိုင်းနေပြီး ဖြစ်သည်။ လုကျိုးကို မြင်သည့်အချိန်၌ သူတို့ဒူးထောက်လိုက်ကြတော့သည်။
“နှုတ်ဆက်ပါတယ် မျှော်နန်းသခင်”
လုကျိုးက သူတို့ကို လျစ်လျူရှုလျက် ယဲ့ထျန်းရှင်းကိုသာ ထိန်းသိမ်းထားသည့်နေရာဆီသို့သာ တန်းသွားလိုက်သည်။ သူက လက်တစ်ချက်ရမ်းလိုက်ရာ စွမ်းအင်လှိုင်းတို့က တံခါးကို တွန်းဖွင့်လိုက်၏။
ယခုအချိန်တွင် ယဲ့ထျန်းရှင်းက အိပ်ရာပေါ်တွင်လှဲနေသည်။ သူမမျက်နှာက အင်မတန် ဖြူရော်နေကာ အသားအရည်နှင့် ဆံပင်တို့ကလည်း အဖြူအတိဖြစ်နေလေ၏။
အခန်းထဲရှိ အမျိုးသမီးကျင့်ကြံသူနှစ်ဦးက ထွက်မသွားခင် ဒူးထောက်လိုက်သည်။
ယဲ့ထျန်းရှင်းက ခက်ခက်ခဲခဲ မော့ကြည့်လေ၏။ သူမ၏ဆရာကို မြင်သည့်အချိန်တွင် ထရပ်ရန်ကြိုးစားသော်ငြား အဆုံးတွင်မူ အိပ်ရာပေါ်သာ ပြန်ကျသွား၏။
“ရှစ် ရှစ်စွင်း”
လုကျိုး၏အမူအရာက ထူးမခြားနားဖြစ်နေကာ သူက ပြောလိုက်သည်။ “မင်းကြားလား”
“ကျွန်မက သေသင့်တယ်။ ခွင့်လွှတ်မရနိုင်တဲ့အပြစ်တွေကိုကျူးလွန်ခဲ့တာသိပါတယ်"
ယဲ့ထျန်းရှင်းက ပြောပြီး ချောင်းများဆက်တိုက်ဆိုးကာ သွေးအန်တော့သည်။
အမျိုးသမီးကျင့်ကြံသူတစ်ဦးက ချက်ချင်းရှေ့သို့တိုးလာပြီး သူမကို ကူလိုက်သည်။
“ဒီတပည့်မှာ တောင်းဆိုစရာတစ်ခုရှိပါတယ်”
ယဲ့ထျန်းရှင်းက လုကျိုးတိတ်ဆိတ်နေတာကို မြင်သည့်အချိန်တွင် သူမ သတ္တိမွေးပြီး ဆက်ပြောလိုက်၏။
“ယွီလုံရွာအတွက် လက်စားချေဖို့ တပည့်ရဲ့လက်နဲ့ ဝေကျိုးယန်ကို သတ်ချင်ပါတယ်။ ပြီးရင် တပည့်ရဲ့အသက်နဲ့ အပြစ်အတွက် ချေပါ့မယ်”
ထိုစကားကို လုကျိုးကြားသည့်အချိန်တွင် သူက မုတ်ဆိတ်သပ်လိုက်လေ၏။ သူက အတတ်အကျမပါသောလေသံဖြင့်ပြောလိုက်သည်။
“မင်းရဲ့ကျင့်ကြံဆင့်က ပျက်စီးသွားပြီ။ ဝေကျိုးယန်ကို မင်း ဘယ်လိုသတ်မှာလဲ”
“အမ်း”
ယဲ့ထျန်းရှင်း၏ အမူအရာကသုန်မှုန်သွားလေ၏။ သူမ၏လက်ရှိအခြေအနေတွင် သေမျိုးတစ်ဦးကိုတောင် အနိုင်ယူနိုင်မှာမဟုတ်ပေ။ နက်နဲသောကျင့်ကြံဆင့်ရှိသည့် ဝေကျိုးယန်ဆိုလျှင် ပိုဆိုးမှာပဲဖြစ်၏။ လရောင်ဆွတ်မျှော်နန်း၏အမျိုးသမီးကျင့်ကြံသူများက သူမကို ကောင်းကောင်း ဂရုမစိုက်ထားလျှင် သူမ၏အခြေအနေက ပိုတောင်ဆိုးနေမှာပဲဖြစ်သည်။
“ယဲ့ထျန်းရှင်း” စိတ်မပါလက်မပါပြောလိုက်၏။
“မင်းရဲ့ဆရာကို သစ္စာဖောက်ခဲ့ပြီး ဂိုဏ်းချုပ်ကိုအသရေဖျက် မိစ္ဆာဝေဟင်မျှော်နန်းကို အားနည်းစေပြီး ပြစ်မှုတွေအများကြီးကျူးလွန်ခဲ့တယ်။ ငါ့ရဲ့ဂုဏ်သတင်းကို ဖျက်ဆီးခဲ့တာ မင်းဘာပြောချင်လဲ”
မင်ရှစ်ရင်က ထိုစကားကိုကြားသည့်အချိန်၌ ခေါင်းကုတ်လိုက်၏။ ရှစ်စွင်း ဘယ်ဂုဏ်သတင်းအကြောင်း ပြောနေတာလဲ။
ဆိုရလျှင် အပြင်လောက၌ ယဲ့ထျန်းရှင်းတစ်ဦးတည်းသာလျှင် မိစ္ဆာဝေဟင်မျှော်နန်း၏ ဂုဏ်သတင်းကို ဖျက်ဆီးသည့်သူမဟုတ်ပေ။ ဤနှစ်ပိုင်းအတွင်း ငရဲဂိုဏ်း၊ မဟူရာကွန်ယက်နှင့် လောင်ပါ့၏ကျားတောင်ရိုးဂိုဏ်းကတောင် သူတို့၏အပြုအမူများအားလုံးအတွက် မိစ္ဆာဝေဟင် မျှော်နန်းကို အပြစ်တင်ခဲ့သည်။
ယဲ့ထျန်းရှင်းက တလေးတစားပြောလိုက်၏။ “တပည့်ဘာမှပြောစရာမရှိပါဘူး။"
“ဒီလိုဆိုမှတော့ မင်းကို သေခွင့်ပေးမယ်”
“ဟမ်” လုကျိုးက လက်တစ်ဖက် ရုတ်တရက်မြှောက်ပြီး ယဲ့ထျန်းရှင်းကို ရိုက်ချလိုက်၏။
ထိုရုတ်တရက်ပေါ်ပေါက်လာသော အခြေအနေက အားလုံးကို မှင်သက်သွားစေ၏။
သိမ်မွေ့သောစွမ်းအင်လှိုင်းက ယဲ့ထျန်းရှင်းကို ရိုက်မိသွားသည်။ သူမ၏ကျင့်ကြံဆင့်ရှိနေခဲ့ သေးလျှင် ထိုစွမ်းအင်လှိုင်းက သူမကို ထိခိုက်စေမှာမဟုတ်ပေ။ သို့သော် ယခုအချိန်တွင် သူမ၌ ကျင့်ကြံဆင့်တို့ ရှိမနေတော့ချေ။ ထိုရိုက်ချက်က သူမအတွက်သေစေနိုင်၏။
ဘန်း
“ရှစ်စွင်း”
“ရှစ်စွင်း မလုပ်နဲ့”
ရှောင်ယွမ်အာ၊ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က သူတို့ဆရာရုတ်တရက် လှုပ်ရှားလိုက်မည်ဟု မထင်ထားပေ။ သူတို့က အင်မတန်ထိတ်လန့်သွားကြ၏။ သူတို့က သက်ညှာပေးရန်အော်ဟစ်တောင်းဆိုကြသော်ငြား နောက်ကျလွန်းသွားပြီဖြစ်သည်။
ယဲ့ထျန်းရှင်းက စွမ်းအင်လှိုင်း၏ သက်ရောက်မှုကြောင့်လွင့်ထွက်သွားတော့သည်။ ပြီးနောက် မြေကြီးပေါ်ဖုတ်ခနဲ ပြုတ်ကျသွားလေ၏။
“သူ့ကို ခေါ်လာခဲ့” လုကျိုးက မသိလိုက်မသိဖာသာ ပြောလိုက်၏။
“ဟုတ် ဟုတ်ကဲ့” အမျိုးသမီးကျင့်ကြံသူနှစ်ဦးက ကြောက်ကြောက်လန့်လန့်ဖြစ်နေကြ၏။ သူတို့က ယဲ့ထျန်းရှင်းကို အိပ်ရာပေါ်သို့ ကပျာကသီကူတွဲလိုက်၏။
လုကျိုးက လက်ရမ်းပြီးနောက် အိပ်ရာဆီသို့လျှောက်သွားကာ ယဲ့ထျန်းရှင်းကို ကြည့်လိုက်သည်။
တကယ်ပဲ သူ့ရဲ့စွမ်းအင်ဗဟိုချက်နဲ့ချီပင်လယ်ထဲမှာ ကနဦးချီတွေမရှိတော့ဘူး။
သူကလက်မြှောက်ပြီးနောက် ယဲ့ထျန်းရှင်း၏ နဖူးပေါ်တွင် လက်ဝါးကို တင်လိုက်သည်။
ထိုအရာကိုမြင်သောအခါ မင်ရှစ်ရင်နှင့်တွမ့်မူရှန်းတို့က ချက်ချင်းဒူးထောက်လိုက်၏။
“ရှစ်စွင်း”
လုကျိုးက လက်ကိုနှိပ်လိုက်လေ၏။ သို့သော် ယဲ့ထျန်းရှင်းကို အပြစ်ပေးရဦးမည်ဖြစ်သည်။ သူ၏လက်ဖဝါးကို နဖူးပေါ်ညင်သာစွာထားလိုက်၏။ ကနဦးချီတစ်စက သူမနားတွင် ရစ်ဝဲလာပြီးနောက် ထူးဆန်းသည့်အရာတစ်ခုဖြစ်သွားသည်။
ယဲ့ထျန်းရှင်း၏ အသားအရောင်က ထပ်မံပြောင်းလဲသွားသည်။ ယခုအချိန်တွင် သူမ၏အသားအရေက နဂါးသွေးကျောက်ပမာ တောက်ပနေလေ၏။ တစ်ချိန်တည်းတွင် သူမ၏ဆံပင်၊ လက်နှင့် တစ်ကိုယ်လုံးကကလေထဲတွင် ဖောက်ထွင်းမြင်ရသည့်ပမာ ပြောင်းလဲလာသည်။
“ဒါက” တွမ့်မူရှန်းက ထိတ်လန့်သွားသည်။
“အမှန်ပဲ။ ပိုင်” မင်ရှစ်ရင်က ခေါင်းညိမ့်လိုက်သည်။
“ဆရာက ဘာကြောင့်ဒါမျိုးလုပ်တာလဲ"
မင်ရှစ်ရင်သည် အခန်းထဲရှိအခြေအနေကို ထပ်ကြည့်ပြီးနောက် တွမ့်မူရှန်းနှင့်ရှောင်ယွမ်အာကို ဆွဲခေါ်သွားတော့သည်။ အပြင်သို့ရောက်သည့်အချိန်၌ သူက သက်ပြင်းချပြီးပြောလိုက်လေ၏။
“ရှစ်မေ့ထျန်းရှင်းမှာ ကြမ်းတမ်းတဲ့ဘဝတွေရှိခဲ့တယ်။ သူလွန်ခဲ့တဲ့နှစ်တွေတုန်းက မိစ္ဆာဝေဟင် မျှော်နန်းကို အကြောက်အလန့်ကင်းမဲ့ပြီး ဝင်ခဲ့တဲ့အချိန်တုန်းက သူမရဲ့ပါရမီက ထူးထူးခြားခြား မရှိခဲ့ဘူး။ ဒါပေမဲ့ သူမရဲ့ကျင့်စဉ်ကတော့ အစပေါင်းများစွာ တိုးတက်သွားတာ။ ယွီလုံရွာရဲ့ သတ်ဖြတ်ခံရမှုက သူမကို စိတ်အားတက်စေတာဖြစ်နိုင်တယ်။ ရှစ်မေ့ထျန်းရှင်းက အေးစက်ပြီး နှလုံးသားမဲ့တယ်။ ဒါပေမဲ့ ရှစ်စွင်းရဲ့မူတွေနဲ့ သဘောထားကို ဘယ်တော့မှ စောဒကမတက်ခဲ့ဘူး။ ဒါကြောင့် ရှစ်စွင်းက သူ့ကို မာယာကျော့ကွင်းချီးမြှင့်ခဲ့တာပဲ။ မာယာကျော့ကွင်းက တကယ်တော့ မာယာမဟုတ်ဘူး။ အဲ့ဒီအစား မုန်းတီးခြင်းရဲ့သင်္ကေတပဲ”
“ညီမ နားမလည်သေးဘူး” ရှောင်ယွမ်အာက ရေရွတ်ပြောလိုက်၏။
“ရှစ်မေ့ထျန်းရှင်းရဲ့ ကျင့်စဉ် မြန်မြန်ဆန်ဆန်တိုးတက်လာရခြင်းအကြောင်းအရင်းက သူမက ပိုင်လူမျိုးဖြစ်လို့ပဲ။ ရှေးယခင်တည်းက ပိုင်လူမျိုးတွေက ကျင့်ကြံဆင့်မှာ ပါရမီထူးခြားတယ်။ ရှစ်စွင်းရဲ့လက်ဝါးက သူ့အတွက် ထိခိုက်စေမှာ စိုးရိမ်ရတယ်”
“သူ့အတွက် ထိခိုက်စေမှာလား”
“ဒီလိုမဟုတ်လောက်ဘူး။ ရှစ်စွင်းသူ့ကိုသတ်ချင်တယ်ဆိုရင် ကျွန်တော်တို့တွေ သူ့ကိုဖမ်းပြီးတဲ့ အချိန်တည်းက သတ်လို့ရတာပဲ။ ဒီအချိန်ထိဘာလို့စောင့်မှာလဲ”
တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့က ဇဝေဇဝါဖြစ်သွားလေ၏။
မင်ရှစ်ရင်က ဆက်ပြောသည်။ “ရှစ်မေ့ထျန်းရှင်း သေသွားခဲ့ရင် သူ့ကိုယ်သူပဲ အပြစ်တင်ရမှာ။ ဒါက ဆရာ့ကိုသစ္စာဖောက်၊ ဂိုဏ်းချုပ်ကို အသရေဖျက်၊ မိစ္ဆာဝေဟင်မျှော်နန်းကနေထွက်သွားတာရဲ့ အကျိုးဆက်ပဲ။ အသက်ရှင်နေခဲ့ရင်တော့ သူမရဲ့ကံက မကုန်သေးဘူးလို့ ဆိုလိုတာပေါ့”
“ပိုင်လူမျိုးတွေက သူတို့ရဲ့အသက်ကို ထိန်းထားနိုင်တဲ့ အထူးစွမ်းရည်ရှိတာဖြစ်နိုင်တယ် လို့ပြောတာလား” တွမ့်မူရှန်းက ဇဝေဇဝါဖြင့်မေးလိုက်၏။
“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပိုင်လူမျိုးတွေအကြောင်း ကျွန်တော်များများစားစားမသိဘူး” မင်ရှစ်ရင်က ပြောလေ၏။
ရှောင်ယွမ်အာက နှုတ်ခမ်းစူလိုက်၏။
“ရှစ်ရှိုး ရှစ်ရှိုးရဲ့ စကားအရ ရှစ်ကျဲထျန်းရှင်းရဲ့ဘဝက ခက်ခဲခဲ့တဲ့ပုံပဲ”
ထိုစဉ် လုကျိုးသည် နောက်ဆုံး၌ အခန်းထဲမှ ထွက်လာတော့၏။ သူ၏အမူအရာက ခါတိုင်းကဲ့သို့ ထူးမခြားနားဖြစ်နေသေးဆဲပင်။
“ရှစ်စွင်း” တပည့်သုံးဦးသည် လုကျိုးကို မြင်သည့်အချိန်၌ တညီတညွတ်တည်း အရိုအသေပေး လိုက်သည်။
လုကျိုးက သူတို့သုံးဦးကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။
“သေခြင်း၊ ရှင်ခြင်းကို ကောင်းကင်ဘုံက ဆုံးဖြတ်တယ်” သူပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။
မင်ရှစ်ရင်က မစိုးရိမ်ပဲ မနေနိုင်ချေ။ သူသည် အခန်းထဲသို့ ချက်ချင်းဝင်သွားလိုက်၏။ အိပ်ရာပေါ်တွင် လှဲနေသော ယဲ့ထျန်းရှင်းကို မြင်ပြီး သူက ကမန်းကတန်းစစ်ဆေးလိုက်၏။ အရှိန်အဝါမရှိ၊ အငွေ့အသက်မရှိ၊ နှလုံးခုန်နှုန်းမရှိပေ။ သူ၏မျက်လုံးသည် အံ့ဩမှုကြောင့် ပြူးကျယ်သွားကာ နောက်ဆုတ်မိသွားသည်။
လရောင်ဆွတ်မျှော်နန်း၏ အမျိုးသမီးကျင့်ကြံသူနှစ်ဦးကလည်း မထိန်းချုပ်နိုင်တော့ပဲ ဒူးထောက်ကာ အိပ်ရာဘေးတွင် ငိုနေလေ၏။
မင်ရှစ်ရင်က ဒါကို မယုံကြည်နိုင်ချေ။ သူ၏ကနဦးချီကို လှည့်ပတ်ပြီး ယဲ့ထျန်းရှင်းသွေးကြောထဲသို့ သွင်းပေးလိုက်၏။
“ဟမ် ဒါကဘာလဲ” သူသည် ကနဦးချီများကို မည်မျှသွင်းစေကာမူ ယဲ့ထျန်းရှင်းက ကျောက်တုံးတစ်တုံးပမာ မလှုပ်ရှားဖြစ်နေသေးဆဲဖြစ်သည်။ သူ၏ကနဦးချီများက သူမ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ခြင်းမှ အပြည့်အဝပိတ်ဆို့ခံထားရသည်။
“ထူးကဲချီသွေးကြောရှစ်ကြောလုံးအပိတ်ခံထားရတယ်”
“ပိုင်လူမျိုးလား?” မင်ရှစ်ရင်သည် ကပျာကသီခေါင်းငုံ့ပြီး အမျိုးသမီးကျင့်ကြံသူနှစ်ဦးကို လှည့်ကြည့်လိုက်၏။ သူက နက်ရှိုင်းသောအသံဖြင့်မေးလိုက်လေသည်။
“ရှစ်စွင်း မထွက်သွားခင်တုန်းက တစ်ခုခုပြောသွားသေးလား?”
“မျှော်နန်းသခင် မျှော်နန်းသခင်ပြောတာက သေခြင်း ရှင်ခြင်းကို ကောင်းကင်ဘုံက ဆုံးဖြတ်တယ်။ နန်းတော်သခင်မ အသက်ရှင်မရှင်က သူ့ရဲ့ကံကြမ္မာပေါ်ပဲမူတည်တယ်”
မင်ရှစ်ရင်က သူ့ဖာသာသူရေရွတ်ပြောလိုက်သည်။
“ထင်တဲ့အတိုင်းပဲ”
ထိုစဉ် ချန်နဉ်ရှိ စစ်သူကြီးအိမ်တော်ထဲတွင်ဖြစ်သည်။
“စစ်သူကြီး နန်းတော်က စာတစ်စောင်ရောက်လာပါတယ်။ သတင်းပေးပို့သူ ပြောတာက ကိုယ်တိုင် ဖွင့်ကြည့်သင့်တယ်တဲ့"
ဝေကျိုးယန်က စာကို လက်ခံလိုက်၏။ သူက ဖွင့်ပြီးဂရုတစိုက်ဖတ်လိုက်သည်။ အကြောင်းအရာများကို ဖတ်ပြီးနောက် စားပွဲပေါ်ကို စာကိုရိုက်ချလိုက်၏။
ဘန်း
စာနှင့်စားပွဲက ချက်ချင်းပျက်စီးသွားသည်။
“အတင့်ရဲလိုက်တာ” ဝေကျိုးယန်၏မျက်လုံးက ဒေါသမီးများ တောက်လောင်နေတော့သည်။
ဝေကျိုးယန်၏ လက်အောက်ငယ်သားက ဂရုတစိုက်မေးလေ၏။ “စစ်သူကြီး ဘာက ဒေါသထွက်စေတာလဲ”
“အသေးအမွှားလေးပါပဲ” ဝေကျိုးယန်က လက်ယမ်းပြပြီးနောက် ပြောလိုက်၏။
“ငါ့အတွက် အကြောင်းပြန်ပေး။ ငါအကြောင်းကြားမယ်လို့ပြောလိုက်”
“နားလည်ပါပြီ” လက်အောက်ငယ်သားက ထွက်သွားတော့သည်။
ဝေကျိုးယန်က နှာမှုတ်ကာပြောလိုက်တော့သည်။
“စုန်းပညာရှင်တစ်ယောက်ကများ ငါ့ကို အမိန့်ပေးရဲတယ်။ ရယ်စရာကောင်းလိုက်လေခြင်း”
ပြီးနောက် သူက ဟိန်းဟောက်လိုက်၏။
“ရဲမက်တို့”
“ဟုတ်ကဲ့ စစ်သူကြီး”
“ငါ နေလို့မကောင်းဘူး။ စားသောက်ပွဲကို တက်ရောက်တော့မှာမဟုတ်ဘူး” ဝေကျိုးယန်က ပြောသည်။
“ဒါဆိုရင် အရှင်မင်းသားဘက်ကိုရော”
“ငါ မသွားဘူး”
“နားလည်ပါပြီ”
…
အခန်း (၁၂၆) အကြွေးဆပ်ရန်
လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်ရောက်သည့်အခါ လျှို့ဝှက်အခန်းသို့ သွားလိုက်ပြီး ကောင်းကင်ကျမ်းကို စတင်လေ့လာလိုက်သည်။ နေ့ဝက်တာ လေ့လာပြီးနောက် သူ့စိတ်အခြေအနေက ပြန်လည်တက်ကြွလာလေ၏။
ထို့နောက် သူက လျှို့ဝှက်ဆန်းကြယ်သေတ္တာကို ပြန်လည်အာရုံစိုက်လိုက်သည်။ သူက ညာဘက်လက်ကို မြှောက်လိုက်သည့်အခါ အမည်မဲ့က သူ့လက်ထဲတွင် ပေါ်လာသည်။
ဘန်း…ဘန်း…ဘန်း….
လုကျိုးက အမည်မဲ့ကို အကြိမ်များစွာ ဝှေ့ယမ်းလိုက်သည်။ သို့သော်လည်း လျှို့ဝှက်ဆန်းကြယ် သေတ္တာပေါ်၌ အမှတ်အရာ အနည်းငယ်သာ ထင်ချန်ထားခဲ့သည်။ ထိုသို့ဆိုလျှင်ပင် ထိုအမှတ်ရာက ခဏမျှသာ ကြာရှည်ခံပြီးနောက် တန်း၍ ပျောက်ကွယ်သွားကာ လျှို့ဝှက်ဆန်းကြယ်သေတ္တာသည် နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။ သေတ္တာက သူ ထင်ထားသည်ထက် ပိုမိုမာကြောနေလေသည်။
“ ငါ သော့များ လိုတာလား”
လုကျိုးက လျှို့ဝှက်ဆန်းကြယ်သေတ္တာပေါ်က မြောင်းရာကို မြင်လိုက်သည့်အခါ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ထိုပုံစံက အတော်လေး ထူးခြားနေသည်။ သူက သေတ္တာပေါ်မှ မြောင်းရာအတိုင်း အမည်မဲ့ကို အသွင်ပြောင်းကာ ထိုးထည့်ကြည့်လိုက်သည်။ သို့သော်လည်း ထိုမြောင်းရာသဏ္ဌာန်က ချက်ချင်း ပြောင်းလဲသွားလေ၏။
အမည်မဲ့က တွန်းဖယ်ခံလိုက်ရသည်။
လုကျိုးက လက်ကိုမြှောက်ကာ အမည်မဲ့ကို ပြန်ခေါ်လိုက်၏။ ဒါက လေထဲတွင် ပျောက်ကွယ်သွားလေသည်။ ထို့နောက် သူက သေတ္တာထဲ စွမ်းအားလှိုင်းအချို့ကို ပို့လွှတ်လိုက်သည်။
ဘန်း…ဘန်း…ဘန်း…
သေတ္တာစုတ်
ထိုစဉ် လျှို့ဝှက်ခန်းအပြင်ဘက်တွင်…
လျှို့ဝှက်အခန်းနားရောက်လာသည့် မင်ရှစ်ရင်နှင့် အခြားလူများက အထဲရှိ အသံများကို ကြားလိုက်ရသည်။
“ ရှစ်စွင်းက ထပ်ပြီး ဒေါသထွက်နေပြန်ပြီပဲ” ရှောင်ယွမ်အာက ရေရွတ်လိုက်သည်။
“ အခုတစ်လော အများကြီးဖြစ်ထားတာဆိုတော့ ရှစ်စွင်း ဒေါသထွက်တာ ပုံမှန်ပါပဲ”
“ ရှစ်ရှိုး ရှစ်မေ့ထျန်းရှင်းရော အဆင်ပြေပါ့မလား” ရှောင်ယွမ်အာက အသာမေးလိုက်သည်။
“ ငါလည်း သေချာမသိဘူး။ ရှစ်စွင်းကတော့ ကံအပေါ်မူတည်တယ်လို့တော့ ပြောတာပဲ”
သူတို့သုံးယောက်လုံးက ခေါင်းခါလိုက်ကြသည်။ ထို့နောက် လျှို့ဝှက်ခန်း ကျောက်တံခါးက ဖြည်းဖြည်းချင်း ပွင့်လာသည်။ သုံးယောက်လုံး ပြိုင်တူ အသက်ရှူ အောင့်လိုက်မိကြ၏။ သူတို့က ဆက်လက်မဆွေးနွေးကြတော့ပေ။ သူတို့က ရှစ်စွင်းသည် လျှို့ဝှက်ဆန်းကြယ် သေတ္တာတစ်ခုကို ကိုင်ဆောင်၍ ခန်းမကျယ်ထဲ ဝင်လာသည်ကို မြင်လိုက်ရ၏။
လုကျိုးက လက်နောက်ပစ်လျက် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။
“ ရှစ်စွင်း” သုံးယောက်သားက ပြိုင်တူ ခေါ်လိုက်ကြသည်။
“ မင်ရှစ်ရင်”
“ဟုတ် ရှစ်စွင်း”
“မင်းက အမြဲတမ်း အတွေးကောင်းတဲ့သူ။ ဒီသေတ္တာမှာ ထူးခြားမှုတွေရှိတယ်။ မင်းဆီ အပ်ထားလိုက်မယ်။ ဖွင့်ဖို့ နည်းလမ်းရှာလိုက်” လုကျိုးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ ဟုတ် ရှစ်စွင်း” မင်ရှစ်ရင်က သေတ္တာကို မြင်သည့်အခါ ပြုံးဖြီးလာ၏။
ဒီလိုမျိုး လွယ်ကူတဲ့ ကိစ္စတွေကို အကြိုက်ဆုံးပဲ။
လုကျိုးက လှေကားပေါ်တက်သွားလိုက်ရင်း ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ သူ ထိုင်ချလိုက်ပြီးနောက် သူ့တပည့်သုံးယောက်လုံးက ချက်ချင်း မတ်မတ်ရပ်လိုက်ကြသည်။ သူတို့က မဆင်မခြင်မပြုမူရဲပေ။ သို့သော်လည်း သူက သူတို့ကို မကြည့်ဘဲ သူ့အတွေးထဲတွင် ဆက်လက်နစ်မြောနေလေသည်။
အခု ငါ့ဆီမှာ ကုသိုလ်ရမှတ် ၈၇၆၂ ဆိုတော့ အတော်လေးတော့ များတယ် ဒါပေမဲ့ ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း မဝယ်နိုင်သေးဘူး။
အစတုန်းက လိုတဲ့အခါ ပစ္စည်းကတ်တွေဝယ်ဖို့ စီစဉ်ထားပေမဲ့ မဆင်မခြင်ဝယ်လိုက်ရင် ဈေးနှုန်းက တက်သွားဦးမယ်။ ငါ့ကျင့်ကြံစဉ်ကို တိုးတက်အောင်လုပ်ဖို့ ရွေးချယ်စရာ မရှိတော့ဘူးပဲ။ ကျင့်ကြံစဉ်က ကောင်းတယ်ဆိုပေမဲ့ ဝေ့ကျိုးရန်ကို သတ်ဖို့ တာဝန်မျိုးကတော့ မဖြစ်နိုင်သေးဘူး။
လုကျိုးက သူ့တပည့်များအကြောင်း တွေးမိလိုက်ပြီးနောက် ထုတ်ပြောလိုက်သည်။
“ မင်းတို့ကျင့်စဉ်တွေရော ဘယ်လိုလဲ”
တွမ့်မူရှန်းက အလျင်စလို ဦးညွှတ်ကာ ပြောလိုက်သည်။
“ ကျွန်တော်က နတ်ဒေဝါထိပ်သီးကျင့်စဉ်မှာ အဆင့်တက်လာပါပြီ။ ကြည့်ရတာ တစ်လအတွင်း ပွင့်ချပ်နှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် ရောက်မယ်လို့ ထင်ပါတယ်”
မင်ရှစ်ရင်ကလည်း ပြောလိုက်သည်။
“ ကျွန်တော်ရဲ့ ကျင့်ကြံစဉ်ကလည်း ပွင့်ချပ်တစ်လွှာအဆင့် ရောက်နေပါပြီ”
“ မင်းက မင်းစွမ်းအားကို မဖုံးကွယ်ထားဘူးလား” လုကျိုးက မင်ရှစ်ရင်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ဤကောင်လေးသည် ကျန်းချွေ့ချီနှင့် တိုက်ခိုက်စဉ်အခါက သူ့အင်အားကို တမင်ဖုံးကွယ်ထားကြောင်း သိသွားလေသည်။
မင်ရှစ်ရင်က ပြောလိုက်သည်။
“ ရှစ်စွင်း ကျွန်တော် အမှန်ကို ပြောနေတာပါ။ ကျွန်တော် ဘာမှ မလျှို့ဝှက်ထားရဲပါဘူး”
လုကျိုးက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ဘေးတွင် ရပ်နေသော ရှောင်ယွမ်အာကို ကြည့်ကာ
“ယွမ်အာ မင်းရောဘယ်လိုလဲ”
ရှောင်ယွမ်အာက မျက်နှာနီလာကာ ပြောလိုက်၏။ “ နတ်ဒေဝါ ဦးတည် နယ်ပယ်အဆင့်မှာပါ”
သူမစကားအဆုံးတွင် သူမက ဒူးထောက်ကာ ပြောလိုက်သည်။
“ တပည့်လည်း တတ်နိုင်သမျှ မြန်မြန် နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်ကို တက်နိုင်အောင် ကြိုးစားပါမယ်”
လုကျိုး၏ တပည့်ကိုးယောက်အနက် လောင်ပါ့နှင့် လောင်ဝူမှလွဲ၍ ရှောင်ယွမ်အာသည် နတ်ဒေဝါ ဦးတည်နယ်ပယ်အဆင့်တွင် ရှိနေသော တစ်ဦးတည်းသောသူ ဖြစ်လေရာ ရှောင်ယွမ်အာက အနည်းငယ် ရှက်ရွံ့မိ၏။
လုကျိုးက စိတ်ထဲ များများစားစား မတွေးပေ။ သို့သော်လည်း သူက သူတို့၏ အင်အားမှာ အနည်းငယ် အားနည်းနေသည့်အကြောင်း ခံစားမိသည်။ အကယ်၍ သူတို့သာ ကျင့်ကြံရေးလောက၌ ရပ်တည်လိုလျှင် အနည်းဆုံး ပွင့်ချပ်ငါးလွှာ သို့မဟုတ် ပွင့်ချပ်ခြောက်လွှာအဆင့် ရှိသင့်ပေသည်။
အားအကောင်းဆုံး တပည့်မှာ ပွင့်ချပ်နှစ်လွှာ ရခါနီးဖြစ်သည့် တွမ့်မူရှန်း ဖြစ်၏။ သူတို့က အမှန်တကယ် အားနည်နေလာသည်။ တင်ဖုန်းချွေ့တွင် ပွင့်ချပ်ငါးလွှာ ကျင့်ကြံဆင့် ရှိခဲ့သော်လည်း ဖန်းရှုဝမ်တွင် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံဆင့် ရှိလေသည်။ ဟွားဝူတောက်တွင် ပွင့်ချပ်ခြောက်လွှာ ကျင့်ကြံဆင့် ရှိ၏။ သူတို့နှင့် နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ သူ့တပည့်များက ပြောဖို့ရာပင် မလုံလောက်သေးပေ။
ထို့ကြောင့် သူတို့အား ပြောလိုက်သည်။
“ မင်းတို့ ကောင်းကောင်း ကြိုးစားသင့်တယ်”
“ ဟုတ် ရှစ်စွင်း” သူတို့ တစ်ပြိုင်တည်း ဖြေလိုက်ကြသည့်အခါ သူတို့လည်း အံ့ဩမိ၏။ သူတို့ကို ရှစ်စွင်းက ယခင်က ဒီလိုမျိုး ဂရုမစိုက်ပေးခဲ့ဖူးပေ။ ရှစ်စွင်းသာ သူတို့ဆီက ဘာမှ မသိုဝှက်ထားသရွေ့ ကိစ္စကောင်းဟုပင် ယူဆနိုင်လေသည်။
ထိုစဉ် ခန်းမကျယ်အပြင်ဘက်မှ အမျိုးသမီးကျင့်ကြံသူတစ်ဦး၏ အသံ ပျံ့လွင့်လာသည်။
“ ကျောင်းယွဲ့က တွေ့ခွင့်တောင်းပါတယ်”
လုကျိုး၏ တပည့်သုံးယောက်လုံးက ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
လုကျိုးကလည်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“သူမကို ဝင်ခိုင်းလိုက်”
ကျောင်းယွဲ့က အမျိုးသမီး ကျင့်ကြံသူနှစ်ယောက် ခြံရံလျက် ခန်းမကျယ်ထဲ ရောက်ရှိလာသည်။
“ ဒီတပည့်မိုက်က ရှစ်စွင်းကို ဂါရဝပြုပါတယ်” ကျောင်းယွဲ့က လေးလေးစားစား မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်သည်။
“ မင်း ခေါင်းကိုမော့လိုက်” လုကျိုးက မထူးမခြားနား ပြောလိုက်သည်။ ကျောင်းယွဲ့က ဖြည်းဖြည်းချင်း ခေါင်းကို မော့လိုက်သည်။ သူမက လုကျိုး၏ အကြည့်များနှင့် တွေ့သွားသည့်အခါ အနည်းငယ် တုန်လှုပ်မိသွားသည်။
ကျောင်းယွဲ့၏ နဖူးထက်ရှိ ရွှေကြာအမှတ်အသားက ပျောက်ကွယ်သွားလေသည်။
“ ရှစ်စွင်းရဲ့ သက်ညှာမှုအတွက် ကျေးဇူးတင်ပါတယ်။ စုန်းအတတ်လည်း ပယ်ပျက်သွားပါပြီ”
ကျောင်းယွဲ့က အနည်းငယ် တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။
“ မင်းရဲ့ ကျင့်ကြံဆင့်ကရော ဘယ်လိုလဲ”
“ တပည့်ငါးပုံပုံ တစ်ပုံအထိတော့ ပြန်ကောင်းလာပါပြီ။ အပြည့်အဝ ပြန်ကောင်းဖို့အတွက် တစ်လလောက်တော့ အချိန်ယူရပါဦးမယ်”
ကျောင်းယွဲ့က ရိုးရိုးသားသား ဖြေလိုက်သည်။ သူမ စကားအဆုံးတွင် သူမက ဦးညွှတ်ကာ “ တပည့်အမှားကျူးလွန်မိတာ သိပါတယ်။ တပည့်အမှားကို ခွင့်လွှတ်ပေးဖို့အတွက် တောင်းဆိုပါတယ်”
ထိုအရာကို ကြားပြီး မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့လည်း ဒူးထောက်လိုက်ကြသည်။ ရှောင်ယွမ်အာက အနည်းငယ် နှေးကွေးသော်လည်း သူမလည်း ထိုနည်းတူ လိုက်လုပ်လိုက်၏။ သို့သော်လည်း သူမက တွေဝေကာ နားမလည်ချေ။
လုကျိုးက တခြားသုံးယောက်ကို ကြည့်ကာ ပြောလိုက်သည်။
“ ကျောင်းယွဲ့”
“ ဟုတ် ရှစ်စွင်း”
“ မင်းဘာသာမင်း အပြစ်ဆပ်ဖို့ အခွင့်အရေးပေးမယ်” လုကျိုးက ပြောလိုက်သည်။
“ ရှစ်စွင်းကို ကျေးဇူးတင်ပါတယ်။ ရှစ်စွင်းကို စိတ်မပျက်စေရပါဘူး” ကျောင်းယွဲ့က ပျော်ရွှင်မိသွားသည်။
လုကျိုးက ကျောင်းယွဲ့၏ သစ္စာရှိမှုမှာ ၁၅ ရာခိုင်နှုန်း တိုးတက်သွားကြောင်း သတိပြုမိလိုက်သည်။ လက်ရှိ မိစ္ဆာဝေဟင်မျှော်နန်းသည် အလွန်တရာ အားနည်းနေပြီး သူက သူ့တပည့်များ၏ သစ္စာရှိမှုနှင့် ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့အတွက် အာရုံစိုက်ထားရသည်။ တစ်ချိန်တည်းတွင် သူက ကုသိုလ်ရမှတ်များကိုလည်း ရအောင် လုပ်ရပေဦးမည်။
ယွီလုံရွာ၏ နောက်ကွယ်မှ အမှန်တရားလည်း ပေါ်ပေါက်လာပြီဖြစ်ရာ ဝေကျိုးယန်ဘက်သို့ အလျင်စလို မပြုမူသေးပေ။ သူက ထိုအကြောင်းကို တွေးမိလိုက်သည့်အခါ ပြောလိုက်သည်။
“ ဒီရက်ပိုင်းအတွင်း မင်းတို့ ကျင့်ကြံနည်းအားလုံးကို ချရေးပြီး ငါ့ဆီပို့ကြ”
“ ဟမ်…ဟင်… တပည့်တို့ ကျင့်စဉ်တွေကို ရေးရမှာလား” တပည့်များ ကြောင်အသွားကြသည်။
“ အဲလိုလုပ်ကြ နောက်ထပ်မေးခွန်းထုတ်မနေနဲ့” လုကျိုးက ခိုင်ခိုင်မာမာ ပြောလိုက်သည်။
“ ဟုတ် ရှစ်စွင်း”
လုကျိုးက သူ့တပည့်များအား ထိုကဲ့သို့ လုပ်ခိုင်းသည့် ရည်ရွယ်ချက်မှာ သူ့တပည့်များသည် ကျင့်ကြံစဉ်အမှန်ကို ကျင့်ကြံနေသည်လားဆိုတာကို မသေချာ၍ ဖြစ်သည်။ သူ့မှတ်ဉာဏ် ပျောက်ဆုံးနေချိန်က သူ့တပည့်များနှင့် အများဆုံး သက်ဆိုင်နေလေသည်။ အကယ်၍ သူတို့ ကျင့်ကြံထားသော ကျင့်စဉ်များက မှားယွင်းနေလျှင် သူတို့၏ တိုးတက်မှုအတွက် အနှောင့်အယှက်ကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။ ခဏအကြာတွင် သူက လက်ဝှေ့လိုက်ပြီးနောက် ထွက်သွားလိုက်သည်။
လေးယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
“လောင်စစ် မင်းက ဉာဏ်ကောင်းတဲ့သူဆိုတော့ ရှစ်စွင်းက ဘာတွေလုပ်ချင်နေတာလဲ” တွမ့်မူရှန်းက ခေါင်းကုတ်ကာ မေးလိုက်သည်။
“ ငါလည်း ဘယ်လိုလုပ် သိမှာလဲ” မင်ရှစ်ရင်က လျှို့ဝှက်ဆန်းကြယ် သေတ္တာကို ကိုင်ကာ စတင်လေ့လာလိုက်သည်။ သူ့ကျင့်စဉ်ကို ချရေးစဉ်နှင့် နှိုင်းယှဉ်ပါက သေတ္တာကို လေ့လာရခြင်းက သူ့ကို ပိုပြီး စိတ်ဝင်စားဖို့ကောင်းလေသည်။
ကျောင်းယွဲ့ကလည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ ဒီလိုဆိုရင်တော့ ရှစ်စွင်း ပြောင်းလဲသွားတာ သံသယဖြစ်စရာ မလိုတော့ဘူးပဲ”
“ဝူရှစ်မေ့ မင်းက လျှိုရှစ်မေ့ထက် ကံကောင်းတာပဲ။ သူမရဲ့ ကံတရားကတော့ သူမ အပေါ်ပဲ မူတည်နေပြီ။ အခု သူမ ဖြတ်ကျော် နိုင်ပါ့မလား မသေချာဘူး” မင်ရှစ်ရင်က ပြောလိုက်သည်။
ကျောင်းယွဲ့က မင်ရှစ်ရင် စကားများကိုကြားကာ တအံ့တဩဖြစ်သွားပြီး မေးလိုက်သည်။
“ လျှိုရှစ်မေ့က ဘာဖြစ်သွားလို့လဲ”
မင်ရှစ်ရင်က သက်ပြင်းချကာ ပြောလိုက်သည် “ သူမက အခု အတော်လေး ဆိုးဝါးနေတယ်။ ထပ်ပြီး မမေးတာ အကောင်းဆုံးပဲ။ ငါတို့လည်း ရှစ်စွင်းရဲ့ ရည်ရွယ်ချက်ကို မမှန်းဆချင်ဘူး”
“ ရှစ်စွင်းရဲ့ စိတ်သဘောထားက ရိုးရှင်းလွန်းလို့ မမှန်းဆချင်ဘူးလို့ ပြောလိုက်တာလား” တွမ့်မူရှန်းက မေးလိုက်သည်။
မင်ရှစ်ရင်၏ မျက်လုံးများက ပြူးကျယ်သွားကာ ပြောလိုက်သည်။
“ရှူး … စန်းရှစ်ရှိုး ငါ အဲလိုမျိုး မပြောဘူးနော်။ ရှစ်စွင်းက အရမ်းကို ဉာဏ်ကောင်းတယ်”
“…”
ရှောင်ယွမ်အာက အကြည့်များတောက်လာကာ ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်
“ အော် သိပြီ သိပြီ သိပြီ။ ရှစ်စွင်းကို ဉာဏ်တုံးတယ်လို့ ပြောနေတာပဲ”
မင်ရှစ်ရင်က လျှို့ဝှက်ဆန်းကြယ် သေတ္တာကို သယ်ကာ လေထဲ ပျောက်ကွယ်သွားလေသည်။ ဉာဏ်တုံးတုံး အဖွဲ့သားက စွမ်းအားကြီး ပြိုင်ဘက်ထက် ပိုမို ထိခိုက်အောင် လုပ်နိုင်သည်။ သူက တောင်နောက်၌ တိတ်ဆိတ်သည့်နေရာကို ရှာဖို့ ထွက်သွားလေသည်။
မင်ရှစ်ရင် ရောက်လာသည့်အခါ သူက ကျောက်တုံးပေါ် သေတ္တာကို တင်လိုက်သည်။ ထို့နောက် သူက မေးထောက်ကာ သေတ္တာကို စိတ်ဝင်တစား လေ့လာလိုက်၏။ သေတ္တာက သူမြင်ဖူးသည့်အရာများနှင့် မတူပေ။ ကွာဟနေမှုလည်း မရှိသလို အဖုံးကလည်း မရှိပေ။
ဤသည်က လုံးဝ ပြီးပြည့်စုံနေသည့် ကုဗတုံး တစ်ခုဖြစ်၏။
“မင်းက ဘယ်လိုသေတ္တာပဲဖြစ်ဖြစ် ကောင်းကင်အဆင့်လက်နက်နဲ့ သေချာပေါက် ဖွင့်ပြမယ်”
မင်ရှစ်ရင်က သူ့လက်ကို မြှောက်လိုက်သည့်အခါ ခွဲခွာချိတ်ကောက်က သူ့လက်ထဲတွင် ပေါ်လာသည်။ သူက ဝှေ့ယမ်းလိုက်၏။
ဘန်း…
မီးပွားများ လွင့်စင်သွားလေသည်။ သူ့လက်နက်နှင့် သေတ္တာနှစ်ခုလုံးက မထိမခိုက်ဘဲ ရှိနေလေ၏။
အိုး မိုက်တယ်
မင်ရှစ်ရင်၏ မျက်လုံးများ ပြူးကျယ်သွားကာ “ အာ…ငါ ဒီမှာ တုံးနေတာပဲ။ ရှစ်စွင်းက ဒီလို လွယ်လွယ်ကူကူ ဖြေရှင်းလို့ရတဲ့ဟာမျိုးကို ငါ့ကို ပေးပါ့မလား”
မင်ရှစ်ရင်က သေတ္တာပေါ်က မြောင်းရာကို မြင်လိုက်ရသည်။ ထိုအပေါ် နေရောင်က ထိုးကျနေပြီးနောက် သူက ထူးထူးခြားခြားပုံစံကို မြင်လိုက်ရသည်။
“ဟင် ဒါက ငါ့ခွဲခွာချိတ်ကောက်နဲ့ ဘယ်လိုလုပ်ပြီး ပုံတူနေပါလိမ့်”
…
အခန်း (၁၂၇) သေတ္တာကို ဖွင့်ရန်နည်းလမ်း
ပုံသဏ္ဌာန်က နေရောင်ကြောင့်ရှင်းလင်းနေပေ၏။ မင်ရှစ်ရင်က စိတ်ဝင်စားသွားတော့သည်။ သူ၏ ခွဲခွာချိတ်ကောက်နှင့်ဓားအိမ်ကို မြောင်းရာထဲထည့်လိုက်လေ၏။
ခွပ်
သေတ္တာ၏အပေါ်ပိုင်းကပွင့်လာသည်။ ဘေးတစ်ဖက်တစ်ချက်ဆီ၌ ယခုဆို အက်ကွဲရာများ ရှိလာပြီ ဖြစ်သည်။ ပြီးနောက် နောက်ထပ်အသံတစ်သံပေါ်လာကာ အက်ကွဲရာများ ပျောက်သွားပြီး မူလပုံစံ အဖြစ်ပြောင်းလဲသွား၏။
“အမ်း ငါ့ရဲ့ခွဲခွာချိတ်ကောက်နှင့် ဓားအိမ်” မင်ရှစ်ရင်က အင်မတန်ထိတ်လန့်သွား၏။ သူက ကမန်းကတန်းလက်နက်ကို ဆုပ်ကိုင်လိုက်သည်။
“ညပ်နေတာလား။ မဟုတ်ဘူး။ ခွဲခွာချိတ်ကောက် နှင့် ဓားအိမ်က သူ၏နှလုံးသားပမာဖြစ်သည်။ ထိုအရာများမရှိဘဲ သူဘာမှမလုပ်နိုင်ပေ။ သူက တတ်စွမ်းနိုင်သလောက် ခွဲခွာချိတ်ကောက်နှင့် ဓားအိမ်ကို ဆုပ်ကိုင်ထား၏၊”
ဘန်း ဘန်း ဘန်း
မင်ရှစ်ရင်က လက်ကိုကြမ်းတမ်းစွာ လွှဲယမ်းလိုက်သည်။ သူ၏ ပတ်ဝန်းကျင်ရှိ ကျောက်စကျောက်နများ အားလုံးနီးပါးပျက်စီးသွားသော်ငြား ခွဲခွာချိတ်ကောက်နှင့် ဓားအိမ်တို့က သေတ္တာထဲမှ ထွက်မလာပေ။ ယင်းက မြောင်းရာထဲတွင် ညပ်နေလေ၏။
“မဟုတ်ဘူး” မင်ရှစ်ရင်က ငိုချင်သွားသည်။
“ရှစ်စွင်းက ငါ့ကို ဒီလက်နက်ပေးတာ နောင်တရသွားတာကြောင့် ဒါကို ပြန်ယူဖို့ ဒီနည်းလမ်းကို သုံးလိုက်တာလား” သူ့ဖာသာသူ ဆက်စဉ်းစားလိုက်၏။
“ဒါမဟုတ်သေးဘူး။ ရှစ်စွင်းက ငါ့ကို လက်နက်ပြန်ပေးစေချင်တယ် ဆိုရင်တောင် ဒီလို အသေးစိပ်နည်းလမ်းမျိုးကို သုံးနေဖို့မလိုဘူး”
ထိုစဉ် တွမ့်မူရှန်းက သူ၏ နယ်ရှင်လှံနှင့်ပေါ်လာတော့သည်။
“ရှစ်တိ မင်းဘာဖြစ်နေတာလဲ။ ငါမင်းကို နေရာအနှံ့လိုက်ရှာနေတာ”
“ရှစ်ရှိုးရေ ကျွန်တော်တော့ ခင်ဗျားနဲ့လက်ရည်မယှဉ်နိုင်မှာစိုးမိတယ်။ ကျွန်တော့်ရဲ့ ခွဲခွာချိတ် ကောက်နဲ့ ဓားအိမ်က ညပ်နေပြီ” မင်ရှစ်ရင်က သေတ္တာပေါ်ရှိ မြောင်းရာကို လက်ညှိုးထိုးပြ လိုက်သည်။
တွမ့်မူရှန်းက လက်မခံသည့်လေသံဖြင့်ပြောလိုက်လေ၏။
“ဒါက သေတ္တာအဆွေးအမြည့်ပါပဲ။ နောက်ဆုတ်လိုက်”
“ဘာလုပ်မလို့လဲ”
“ဝေးဝေးနေ”
“...”
ဘန်း
တွမ့်မူရှန်းက ဆန်းကြယ်သေတ္တာကို ထိုးစိုက်လိုက်၏။ သေတ္တာက သက်ရောက်မှုကြောင့် နောက်သို့ လွင့်ထွက်သွားပြီး ကျောက်နံရံပေါ်ကျသွားကာ ချန်ထားရစ်ခဲ့ပြီးနောက် မြေကြီးပေါ်ပြုတ်ကျ လာလေ၏။
တွမ့်မူရှန်းက သူ၏နယ်ရှင်လှံကို ကြည့်လိုက်သည်။ ယင်းက ပြီးပြည့်စုံစွာကောင်းနေသေး၏။ သူက သေတ္တာကို ကြည့်လိုက်တော့၏။ အကောင်းပကတိဖြစ်သည်။ သူက ချီးကျုးလိုက်တော့သည်။
“မာတာပဲ”
“ရှစ်ရှိုး ကြည့်ဦး” မင်ရှစ်ရင်က ခွဲခွာချိတ်ကောက်နှင့် ဓားအိမ်၏မြောင်းရာကို လက်ညှိုးထိုးပြ လိုက်သည်။ နောက်ထပ်မြောင်းရာတစ်ခုတိုးလာသည်။
“ဒါဘာလဲ” တွမ့်မူရှန်းက မေးလိုက်၏။
“ရှစ်ရှိုး ရှစ်ရှိုးရဲ့နယ်ရှင်လှံနဲ့ထိုးကြည့်ပါလား” မင်ရှစ်ရင်က ထိုသေတ္တာသည် ကောင်းကင်အဆင့် လက်နက်များကို နှစ်သက်သည်ဟူသော ခံစားချက်တစ်ခုရနေလေ၏။
တွမ့်မူရှန်းက မင်ရှစ်ရင်၏ အကြံပြုချက်ကို နာခံတော့သည်။ သူ၏ နယ်ရှင်လှံကို မြှောက်လိုက် ပြီးနောက် မင်ရှစ်ရင်၏ ခွဲခွာချိတ်ကောက်နှင့် ဓားအိမ်ဘေးရှိလျှိုမြောင်းရာထဲသို့ ထိုးလိုက်သည်။
ခွပ်
နယ်ရှင်လှံသည် နောက်ထပ်လျှိုမြောင်းထဲ ညှပ်သွားတော့သည်။
အချို့သော ယန္တရားများဖွင့်လိုက်သည့်ပမာဖြစ်နေတော့သည်။ သေတ္တာ၏မျက်နှာပြင်ပေါ်၌ တစ်ခုပွင့်လာတော့၏။
ဘန်း
“ငါ့ရဲ့ လက်နက်” တွမ့်မူရှန်းက အော်ဟစ်ပြီး မှင်သက်သွားတော့သည်။
လက်နက်တစ်ခုက လေထဲဗြုန်းခနဲ မြောက်တက်လာ၏။ မင်ရှစ်ရင်က သူ၏ ကနဦးချီကို အသုံးပြုပြီး ညာလက်ဖြင့် ဖမ်းဆုပ်သည့်လက်ဟန်ပြုလုပ်လိုက်သည်။ ခွဲခွာချိတ်ကောက်နှင့် ဓားအိမ်က သူ၏ဖမ်းဆုပ်မှုအတွင်း ပြန်ရောက်လာသည်။
နယ်ရှင်လှံက လေထဲသို့ လွင့်တက်သွားပြီး အောက်စိုက်ကျလာတော့သည်။ မင်ရှစ်ရင်သည် လက်ကိုင်တုတ်နားရှိ နဂါးအဆင်တန်ဆာကြောင့် အလွယ်တကူဖမ်းမိလေ၏။
“ဒီသေတ္တာက ထူးခြားတာပဲ။" တွမ့်မူရှန်းက ထိတ်လန့်နေသော အမူအရာဖြင့် သေတ္တာကို ကြည့်လိုက်၏။ ယခုအချိန်တွင် သေတ္တာ၏ဖက်ခြောက်ဖက်ထဲမှ တစ်ဖက်က အနည်းငယ် ပွင့်နေပြီဖြစ်သည်။
မင်ရှစ်ရင် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီးနောက် စိတ်လှုပ်ရှားစွာပြောလိုက်၏။
“သိသွားပြီ။ ကျွန်တော်တို့ရဲ့ လက်နက်တွေကို မြောင်းရာအသီးသီးမှာထည့်လိုက်မယ်ဆိုရင် ရှစ်စွင်းရဲ့ သေတ္တာကို ဖွင့်လို့ရပြီ”
နေရောင်အောက်တွင် သေတ္တာပေါ်ရှိမြောင်းရာပုံစံက ချွင်းချက်မရှိကြည်လင်နေပေ၏။
မင်ရှစ်ရင်သည် သေတ္တာပေါ်တွင် ပေါ်လာသော မြောင်းရာများစွာကို လက်ညှိုးထိုးပြလိုက်၏။
“ဒါက နဂါးသွဲ့ကျောက်ဓားမော့။ ဒါက သက်တော်ရှည်ဓား။ ဒါက မာယာကျော့ကွင်း။ ဒါက ဒေါင်းမြီး”
တွမ့်မူရှန်းက အံ့ဩမှင်တက်သွား၏။
"ဒီထူးကဲတဲ့ သေတ္တာကို ဘယ်သူဖန်တီးခဲ့လဲဆိုတာ သိချင်မိတယ်”
“ကျွန်တော် ဘယ်လိုလုပ်သိမှာလဲ” မင်ရှစ်ရင်က ပခုံးတွန့်ကာပြောလိုက်လေသည်။
“ကံကောင်းတာက သေတ္တာကိုဖွင့်ဖို့လျှို့ဝှက်ချက်ကို ကျွန်တော်တို့ရှာတွေ့ခဲ့တာပဲ”
“ငါတို့တွက် ဘာကောင်းလို့လဲ။ ဒေါင်းမြီးက ချီရှစ်တိရဲ့လက်ထဲမှာ။ နဂါးသွဲ့ကျောက်ဓားမော့နဲ့ သက်တော်ရှည်ဓားက တာ့ရှစ်ရှိုးရဲ့လက်ထဲမှာပဲ။ တစ်မိုးအောက်မှာ သူတို့တွေရဲ့လက်နက်တွေကို အလျော့ပေးအောင်လုပ်နိုင်မဲ့သူရှိလိမ့်မယ်လို့ ငါမထင်မိဘူး” တွမ့်မူရှန်းက ပြော၏။ သူက ထပ်ထည့်ပြောချင်သေးသည်။ ရှစ်စွင်းတောင် လုပ်နိုင်မှာမဟုတ်ဟူ၍ ဖြစ်သည်။ သို့သော် သူ့ဘာသာသူပြဿနာသယ်လာမိမှာ စိုးရိမ်မိသည်။ ထို့ကြောင့် စကားများကို မျိုချကာ အခြားစကားများကို အစားထိုးလိုက်၏။
မင်ရှစ်ရင်က ခေါင်းညိတ်လိုက်သည်။ “ကျွန်တော်လည်း တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးကို သွားမရှာရဲဘူး။ ဒီကိစ္စကို ရှစ်စွင်းဆီ သတင်းသွားပို့လိုက်မယ်”
“ရှစ်စွင်းက အခုအနားယူနေပြီ။ ဒီအချိန်မှာ ငါတို့ လက်ရည်ယှဉ်ရအောင်”
“...”
မင်ရှစ်ရင်က မျက်ရည်များကျချင်လာတော့သည်။ “စန်းရှစ်ရှိုး ကျွန်တော့်အစား အကြီးအကဲဟွားကို ထောက်ခံချက်ပေးပါတယ်။ သူက ထိန်းချုပ်ထားတာတောင်မှ သူ့ရဲ့လိပ်ကျင့်စဉ်ကို ရှစ်ရှိုးမဖြိုခွင်း နိုင်ဘူးလေ။ ဒါနဲ့ ဘယ်လိုများနေမှာလဲ။ ဒါ့အပြင့် သူက ပွင့်ချပ်ခြောက်လွှာလက်ရွေးစင်နော်။ ရှစ်ရှိုးရဲ့ လေ့ကျင့်ဖော်အဖြစ် သူကပိုပြီးသင့်တော်တယ်”
တွမ့်မူရှန်းက ရွှင်လန်းသွားပြီးပြောလိုက်တော့၏။
“မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ ငါအခုပဲ အကြီးအကဲဟွားကို သွားရှာတော့မယ်”
တွမ့်မူရှန်းထွက်သွားပြီးနောက် မင်ရှစ်ရင်သည် သေတ္တာကို အတန်ကြာဆက်လက် လေ့လာပြီး တောင်နောက်သို့ ထွက်သွား၏။ သူသည် မွန်းတည့်ချိန်မှ ပြန်လာကာ သေတ္တာကို မိစ္ဆာဝေဟင်မျှော်နန်း၏ မဟာခန်းမကျယ်ထဲသို့သယ်လာတော့သည်။
မင်ရှစ်ရင်သည် ခန်းမထဲသို့ရောက်သည်နှင့် သူ၏ရှစ်စွင်း၊ ရှောင်ယွမ်အာ၊ ကျောင်းယွဲ့၊ ကျိုးကျစ်ဖုန်းနှင့် ကျန်သည့်သူများ ဤနေရာတွင်စုဝေးနေတာကို သတိပြုမိလိုက်သည်။ သူတို့က တစ်စုံတစ်ခုကို ဆွေးနွေးနေပုံရ၏။
လုကျိုးက ကျန်သည့်သူများအထက်တွင် ထိုင်နေလေသည်။ မင်ရှစ်ရင် ဝင်လာတာကို မြင်သည့်အချိန်တွင် သူကပြောလိုက်တော့၏။ “အချိန်ကိုက်ပဲ”
မင်ရှစ်ရင်က သေတ္တာကို ကြမ်းပြင်ပေါ်ချပြီးနောက် လုကျိုးကို အရိုအသေပေးကာ ပြောလိုက်တော့သည်။
“ရှစ်စွင်း ဒီသေတ္တာကို ဖွင့်နိုင်မဲ့လျှို့ဝှက်ချက်ကို ကျွန်တော်သိပြီ”
“ဪ” လုကျိုးက အနည်းငယ်စိတ်လှုပ်ရှားသွားသော်ငြား သူ၏အမူအရာကမူ ပုံမှန်အတိုင်း မပြောင်းလဲသေးဆဲရှိနေတော့သည်။ သူ၏ ဤတပည့်က ထိန်းချုပ်ရန်ခက်ခဲသော်ငြား တာဝန်များဖြေရှင်းရာတွင် အလွန်အရည်အချင်းရှိပေ၏။
“ဒီသေတ္တာကို ဖွင့်ဖို့အတွက် သူ့ရဲ့အရာအသီးသီးမှာ အံဝင်ခွင်ကျဖြစ်မဲ့ လက်နက်ခြောက်မျိုး ရှိရမယ်။ တစ်ချက်ကြည့်ကြည့် ရှစ်စွင်း” မင်ရှစ်ရင်က လက်ယမ်းပြလိုက်ပြီး သေတ္တာက လေပေါ်တွင် ဝဲနေတော့သည်။
“ဒါက နဂါးသွဲ့ကျောက်ဓားမော့နဲ့ သက်တော်ရှည်ဓား။ ဒါက ဒေါင်းမြီး၊ ဒါက မာယာကျော့ကွင်း”
မင်ရှစ်ရင်သည် သေတ္တာကို ထောင့်ကနေကိုင်ထား၏။ ထို့ကြောင့် ခန်းမအပြင်ဘက်မှ နေရောင်သည် အရာများကို လင်းထိန်နေစေ၏။
မင်ရှစ်ရင်ပြောသည့်အတိုင်းပင် သေတ္တာ၏မျက်နှာပြင်ပေါ်ရှိပုံသဏ္ဌာန်များက သူ့တပည့်ခြောက်ဦး ၏ လက်နက်ပုံသဏ္ဌာန်များဖြစ်ပေ၏။
“ရှစ်စွင်း စန်းရှစ်ရှိုးနဲ့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့လက်နက်တွေကို ဒီအရာထဲအစောတုန်းက ထည့်ခဲ့မိပြီး ဒီအပေါက်က ပေါ်လာတာပဲ။ ကျွန်တော်တို့တွေ သေတ္တာကို မဖွင့်နိုင်ခင်မှာ နောက်ထပ်နှစ်ခုဖွင့်ဖို့လိုတယ်လို့ ထင်တာပဲ” မင်ရှစ်ရင်က ဂုဏ်ယူဝင့်ကြွားသည့်လေသံ တစ်စွန်းတစဖြင့် ပြောလိုက်၏။
လုကျိုးက ခေါင်းညိတ်လိုက်သည်။ "လုပ်တာကောင်းတယ်”
မင်ရှစ်ရင်သည် သူ၏ရှစ်စွင်း သူ့ကို ချီးကျူးသောအချိန်တွင် ပျော်ရွှင်မှုကြောင့် မိုးပေါ်ပျံတော့မည်ဟု ခံစားလိုက်ရသည်။ သူက အရိုအသေပေးပြီးပြောလိုက်၏။
“ရှစ်စွင်းရဲ့ ကြင်နာတဲ့စကားတွေအတွက် ကျေးဇူးတင်ပါတယ်”
လုကျိုးကလည်းစဉ်းစားလိုက်သည်။ သူသည် မြောင်းရာကို အံကိုက်ဖြစ်စေရန် အမည်မဲ့၏ ပုံသဏ္ဌာန်ကိုတောင် ပြောင်းလဲခဲ့သည်။ သို့သော် သူ၏ကြိုးပမ်းမှုက မအောင်မြင်ခဲ့ချေ။ စနစ်က လုကျိုးကို ထိုကဲ့သို့ဟာကွက် သုံးခွင့်မပေးထားမှန်းသိသာနေပေ၏။ သူသည် နဂါးသွဲ့ကျောက် ဓားမော့၊ သက်တော်ရှည်ဓားနှင့် ထိုသေတ္တာကို ဖွင့်ရန်အတွက် ကျန်သည့်လက်နက်များ လိုအပ်နေသည်။ သို့ရာတွင်မူ တပည့်ဆိုးများက မိစ္ဆာဝေဟင်မျှော်နန်းမှထွက်သွားရာ သူတို့ကို အားထားဖို့က အနည်းငယ်လက်တွေ့မကျပေ။
ကျောင်းယွဲ့က အရိုအသေပေးပြီးပြောလိုက်သည်။
“ရှစ်စွင်း စန်းရှစ်ရှိုးက ဒီဆန်းကြယ်သေတ္တာကို ဖွင့်ဖို့အတွက်အကောင်းဆုံးလူလို့ထင်တယ်"
မင်ရှစ်ရင်သည် ထိုအကြံပြုချက်ကြောင့် ထိတ်လန့်အံ့ဩသင့်သွားတော့သည်။
“ဘယ်လိုလဲ” လုကျိုးက မေးလိုက်သည်။
“ဒေါင်းမြီး ချိရှစ်တိရဲ့လက်ထဲမှာလေ။ ချိရှစ်တိက ပါ့ရှစ်တိနဲ့ဆက်ဆံရေးကောင်းတယ်။ ချိရှစ်တိကို ရှာတွေ့ပြီဆိုတာနဲ့ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့ကို ဆက်သွယ်ဖို့က မခက်တော့ဘူး။ သူတို့က ဒီသေတ္တာရဲ့အကြောင်းကိစ္စကို သိချင်စိတ်ရှိမယ်လို့ တပည့်ထင်တယ်။ သူတို့တွေက ဒါကို ဖွင့်ဖို့နည်းလမ်းတစ်ခုကို သေချာပေါက်စဉ်းစားကြမှာပဲ”
မင်ရှစ်ရင်က အံ့ဩမှင်သက်နေသေးသည်။
လုကျိုးက တည်တည်ငြိမ်ငြိမ်မုတ်ဆိတ်သပ်လျက် ပြောလိုက်တော့သည်။
“အကြံကောင်းပဲ”
မင်ရှစ်ရင်က ကပျာကယာပြောလိုက်တော့သည်။
“ရှစ်စွင်း ဆုံးဖြတ်ချက်မချခင် ဒါကို အချိန်ယူသင့်တယ်။ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးရဲ့ကျင့်စဉ်က နက်နဲလွန်းတာ။ သူတို့က ကျွန်တော့်ကို သတ်ဖို့ဆုံးဖြတ်ပြီး သေတ္တာကို ယူသွားရင်ကော ဘယ်လိုလုပ်မလဲ”
ထိုစကားကို ကျန်သည့်သူများကြားသည့်အချိန်၌ သူတို့ ခေါင်းညိတ်လိုက်ကြသည်။ မင်ရှစ်ရင် ပြောတာမှန်သည်ဟု သူတို့ခံစားမိ၏။
သို့သော် လုကျိုးက ခေါင်းခါပြီး မုတ်ဆိတ်သပ်ကာပြောလိုက်တော့သည်။
“ယွီကျန့်ဟိုင်နဲ့ ယွီရှန်းရုန်တို့က လူလိမ်တွေဆိုပေမဲ့ သူတို့ရဲ့ ဆရာတူတပည့်တွေကိုတော့ သက်ညှာတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက တပည့်တွေ စခေါ်ချိန်ကစပြီး တပည့်တွေကြားမှာ အတွင်းရန် တစ်ခါမှမဖြစ်ဖူးဘူး။ သူတို့မင်းကို ထိခိုက်အောင်မလုပ်ဘူးဆိုတာ ငါယုံတယ်”
မင်ရှစ်ရင်က ငိုချင်သွားသည်။ “ဒါပေမဲ့ ကျွန် ကျွန်တော်က မယုံဘူးလေ”
…
အခန်း (၁၂၈) ရှစ်ယောက်မြောက် တပည့်ကို ဆုံးမခြင်း
“ ဆွေးနွေးမှုပြီးပြီ။ ငါ့ကို စိတ်မပျက်စေနဲ့” လုကျိုးက မင်ရှစ်ရင်အား ကြည့်ပြီး ပြောလိုက်သည်။
မင်ရှစ်ရင်က လုကျိုးစကားများ ကြားသည့်အခါ ကြက်သီးပင် ထသွားမိ၏။ သူက လျှို့ဝှက်ဆန်းကြယ် သေတ္တာကို သယ်ဆောင်ရင်း ခိုင်မာစွာ ပြောလိုက်သည်
“ ဟုတ် ရှစ်စွင်း”
“ အားလုံး ထွက်သွားလို့ရပြီ”
“ ဟုတ် နားလည်ပါပြီ”
လုကျိုးက စနစ်ကို တစ်ချက်ကြည့်လိုက်သည်။ လျှို့ဝှက်ဆန်းကြယ် လုပ်ငန်းစဉ်မှာ မစ်ရှင်စာရင်းတွင် ပေါ်လာလေ၏။ သူက ဤအလုပ်သည် မင်ရှစ်ရင်မှလွဲ၍ သင့်တော်မည့်သူ မရှိကြောင်း စဉ်းစားမိလိုက်သည်။
မင်ရှစ်ရင်ကဲ့သို့ အရှက်မဲ့သည့်သူမျိုးသာ ဤအလုပ်ကို ပြီးမြောက်နိုင်လိမ့်မည်။ ထို့အပြင် သူ့မှတ်ဉာဏ်များအရ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က သူတို့၏ အငယ်များအား ဆိုးဆိုးရွားရွား ဆက်ဆံခြင်း မရှိပေ။ ထို့ကြောင့် သူက မျက်မှောင်ကျုံ့ကာ တွေးလိုက်မိ၏။
ဒီလိုဆိုမှတော့ သူတို့ မိစ္ဆာဝေဟင်မျှော်နန်းကို ဘာကြောင့်များ ပစ်သွားသေးတာလဲ။ ငါ ခေါင်းကိုက်အောင် လုပ်နေတာပဲ။
မင်ရှစ်ရင် လျှို့ဝှက်ဆန်းကြယ် သေတ္တာကိုကိုင်ဆောင်ပြီး ခန်းမကျယ်ထဲမှ ထွက်လာပြီးနောက် အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ဝင်လာကာ ဦးညွှတ်ပြီး ပြောလိုက်သည်။
“ မျှော်နန်းသခင် … ယဲ့ထျန်းရှင်းက ဒီနေ့လည်း အပြောင်းအလဲ မရှိပါဘူး”
“ ကောင်းပြီ” လုကျိုးက မထူးမခြားနား ပြန်ဖြေလိုက်သည်။ ယဲ့ထျန်းရှင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်သွားပြီး သူမ၏ ကံတရားအပေါ်သာ မူတည်တော့သည်။
“ ရှစ်စွင်း ရှစ်မေ့ထျန်းရှင်းက မသေလောက်ဘူးမလား” ရှောင်ယွမ်အာက အသာမေးလိုက်သည်။
“ ငါလည်း မသိဘူး” လုကျိုးက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
“ တကယ်လို့ သူ သေသွားရင် ရှစ်စွင်း ပျော်မှာလား” ရှောင်ယွမ်အာက မေးလိုက်သည်။
ရှောင်ယွမ်အာ စကားအဆုံးတွင် လုကျိုးက သူမ၏ ခေါင်းကို ခေါက်ကာ ပြောလိုက်သည်။
“ ငါ ခိုင်းထားတဲ့ အလုပ်တွေ ပြီးသွားပြီလား”
ရှောင်ယွမ်အာက ခေါင်းကိုပွတ်ကာ နှုတ်ခမ်းလေးစူရင်း ပြောလိုက်သည်
“ မပြီးသေးဘူး”
“ အဲဒါဆို ဒီမှာ ဘာရပ်လုပ်နေတာလဲ”
“ စာရေးရမှာလား” ရှောင်ယွမ်အာက လျှပ်စီးလိုအလျင်ဖြင့် ခုန်ထွက်သွားတော့သည်။ ခဏအကြာတွင် သူမက စာတစ်စောင်နှင့် ပြန်ရောက်လာလေ၏။
လုကျိုးက သူမကို မဆူတော့ဘဲ ပြောလိုက်သည်
“ ဖတ်ပြ”
“ ဒါက ကျန်းအိုက်ကျန့်ဆီက …”
ရှောင်ယွမ်အာက ကျယ်ကျယ်လောင်လောင် ဆက်မဖတ်ခင် ပြောလိုက်သည်
“ လောင်ချန်ပေ့ရဲ့ ဝေကျိုးယန်ဆီ သတင်းစကား ပို့ပြီးသွားပါပြီ။ ထင်ထားတဲ့အတိုင်းပဲ သူက အများကြီး စဉ်းစားမထားဘူး။ ပြီးတော့ လောင်ချန်ပေ့ ပြောတာ မှန်တယ်။ နန်းတော်ထဲက အဆင့်မြင့် တဲ့ တစ်ယောက်ယောက်က ဝေကျိုးယန်နဲ့ သိပ်အဆင်မပြေဘူး”
လုကျိုးအာက ငြင်းလိုက်သည်။ သူ မျှော်မှန်းထားသည့်အတိုင်းသာ ဖြစ်၏။ ဝေကျိုးယန်က အခု လက်ရှိ အနေအထားကို ရောက်ဖို့ များစွာ ကြိုးစားခဲ့ရသည်။ သူက ယခု တာ့ယန်၏ အရေးကြီးအရာရှိတစ်ယောက်ဖြစ်ကာ စွမ်းအားကြီး စစ်တပ်ကိုလည်း အမိန့်ပေးနိုင်လေသည်။ အကယ်၍ တစ်ယောက်ယောက်သာ ပေါ်လာပြီး သူ့ကို လက်လျှော့ဖို့ ပြောပါက သူ သဘောတူမည် မဟုတ်ပေ။
“ ကျန်းအိုက်ကျန့်ဆီ စာပို့လိုက်။ ဒီအကြောင်းကို ငါသိပြီလို့ ပြောလိုက်” လုကျိုးက မုတ်ဆိတ်မွေးကို အသာသပ်လိုက်သည်။
ရှောင်ယွမ်အာက ဒေါသစွက်ကာ ပြောလိုက်သည်
“ ရှစ်စွင်း အဲဒီဝေကျိုးယန်က အတော်လေး စိတ်ရှုပ်စရာ ကောင်းတာပဲ။ ဒီတပည့် တောင်ပေါ်က ဆင်းပြီး သွားသတ်လိုက်ရမလား”
“ နတ်ဒေဝါဦးတည် နယ်ပယ်အဆင့်က ခုနစ်ပွင့် ရှစ်ပွင့် အဆင့်မြင့်ကျင့်ကြံသူကို သတ်နိုင်မယ်များ ထင်နေတာလား” လုကျိုးက မေးလိုက်သည်။
ရှောင်ယွမ်အာက လက်ချောင်းများလိမ်ကာ ခေါင်းလေး ငုံ့ထားလိုက်သည်။
“ ဒီလိုမျိုး တပ်မသုံးခုရဲ့ ခေါင်းဆောင်ဖြစ်လာဖို့ သူ့ကျင့်ကြံဆင့်တစ်ခုတည်းပေါ်မှာ မူတည်မှီခိုခဲ့တာ မဟုတ်ဘူး။ သူက ဖန်းရှုဝမ်နဲ့ မတူဘူး။ ဖန်းရှုဝမ်ဆိုတာက တစ်ချိန်က ပေနှစ်လွှာရဲ့ ထိပ်တန်းတစ်ယောက် … သူက ဒီလျှို့ဝှက်အဖွဲ့အစည်းမှာ နယ်ရုပ်သာသာပဲ။ တာ့ယန်ရဲ့ တော်ဝင်မိသားစုက သူ သေသွားလည်း ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဝေကျိုးယန်ကတော့ မတူဘူး။ သူ့ကို သေစေချင်တဲ့သူတွေ အများကြီးရှိသလို သူ့ကို မသေစေချင်တဲ့သူလည်း ရှိတာပဲ”
“ အဲဒါဆို တပည့်တို့ ဘာလုပ်ကြမလဲ” ရှောင်ယွမ်အာက မေးလိုက်သည်။
“ စိုးရိမ်နေဖို့ မလိုဘူး။ ငါက ဝေကျိုးယန် အသက်ထက် လိုချင်တာရှိတယ်” လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
နေ့တစ်ဝက် ကြာပြီးနောက်…
မင်ရှစ်ရင်က လျှို့ဝှက်ဆန်းကြယ် သေတ္တာနှင့်အတူ မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်လာလိုက်ပြီး လောင်ပါ့ ကျူးဟုန်ကုန်း၏ တည်နေရာသို့ ရောက်ရှိလာသည်။
မင်ရှစ်ရင် ရောက်ရှိလာသည့်အခါ လောင်ပါ့ ကျူးဟုန်ကုန်းက သစ်သားထိုင်ခုံတွင် အိပ်စက်အနားယူနေလေသည်။
ကျူးဟုန်ကုန်း၏ နောက်လိုက်တစ်ယောက်က အလျင်အမြန် ပြေးလာကာ အော်ပြောလိုက်သည်။
“ အဖွဲ့ခေါင်းဆောင် အဖွဲ့ခေါင်းဆောင် ကျွန်တော်တို့ ပြဿနာတတ်နေပြီ။ အခု ကျွန်တော်တို့နေရာထဲ တစ်ယောက်ယောက် ကျူးကျော်လာပြီ”
ကျူးဟုန်ကုန်းက တုန်လှုပ်တကြီး ခုန်ချလိုက်သည်။ သူက မြန်မြန်ထကာ ပြောလိုက်သည်
“ ဘာတွေလာပူနေတာလဲ။ ငါ့နေရာကို ဘယ်သူက လာပြီး ကျူးကျော်ရဲတာလဲ”
ကျူးဟုန်ကုန်း စကားအဆုံးတွင် မင်ရှစ်ရင်၏ အသံက အပြင်မှ ပျံ့လွင့်လာသည်။
“ ဟေး… နောက်ဆုံးတစ်ခေါက် တွေ့တာထက် ပိုပြီး မောက်မာနေပါ့ရော”
မင်ရှစ်ရင်၏ ပုံရိပ်က ကျူးဟုန်ကုန်းရှေ့ ပေါ်လာသည်။ သူက ပေသုံးထောင်ကို တစ်ခါတည်းဖြင့် ခုန်လာသလိုမျိုး ကျူးဟုန်ကုန်းရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့သည်။
ဘုန်း…
ကျူးဟုန်ကုန်းက နာနာခံခံ ဒူးထောက်ချလိုက်၏။ သူ၏ မောက်မာသော အပြုအမူများလည်း လုံးဝ ပျောက်ကွယ်သွားလေသည်။ သူက မေးလိုက်၏
“ ရှစ်ရှိုး ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
“ ဘာလဲ ငါ့ကို မကြိုဆိုဘူးလား”
ကျူးဟုန်ကုန်းက ပြောလိုက်သည်
“ ရှစ်ရှိုး ကျွန်တော်ရဲ့ ကျားတောင်ရိုးအဖွဲ့ဆီဝင်ဖို့ ဆုံးဖြတ်လိုက်ပြီလား။ ကောင်းတယ် ကောင်းတယ်။ ဒီနေ့ကစပြီးတော့ ရှစ်ရှိုးက ကျားတောင်ရိုးအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ။ ရှစ်ရှိုးက မိစ္ဆာဘုရင်ဆိုတဲ့ ဘွဲ့ကိုယူလိုက်။ ကျွန်တော်က ဒုတိယဖြစ်လည်း စိတ်ထဲ မထားပါဘူး”
“ လျှောက်ပြောမနေစမ်းနဲ့” မင်ရှစ်ရင်က သေတ္တာကို အနီးရှိ စားပွဲပေါ်တွင် တင်လိုက်သည်။ သူက ဖိတ်ကြားခြင်း မရှိလည်း ထိုင်ချကာ ပြောလိုက်သည်
“ ငါက မိစ္ဆာဝေဟင်မျှော်နန်းကနေ ဘယ်တော့မှ ထွက်လာမှာ မဟုတ်ဘူး”
“ ဟင်”
“ ငါက တာဝန်အရ လာတာ”
“ ဘယ်လိုတာဝန်မျိုးလဲ။ ကျွန်တော်ကို သတ်ဖို့ ရောက်လာတာလား” ကျူးဟုန်ကုန်းက စိတ်ထဲတွင် တုန်တုန်ယင်ယင် ဖြစ်လာလေ၏။ သူက ရှစ်စွင်းသည် ကျောက်စိမ်းယဇ်ပလ္လင်မှာ ရှိသည့်အကြောင်းကို ပြန်စဉ်းစားမိလိုက်သည့်အခါ နဖူးမှ ချွေးစေးများ ထွက်လာမိသည်။
“ မင်းလို လူကြောက်မျိုးက မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်သွားဖို့ သတ္တိရှိမယ်လို့ ထင်မထားဘူး။ မင်းရဲ့ ကျင့်ကြံဆင့်ကလည်း တာ့ရှစ်ရှိုးလောက် မနက်နဲဘူး။ အာ့ရှစ်ရှိုးလောက်လည်း သတ္တိမရှိဘူး။ ချီရှစ်တိလောက်လည်း ဉာဏ်မကောင်းဘဲနဲ့ မင်းက ရုပ်ခန္ဓာတစ်ခုထဲ ပေါ်မှာပဲ မှီခိုနေတာလား”
မင်ရှစ်ရင်က လှောင်လိုက်သည်။
“ ရှစ်ရှိုး ကျွန်တော်ကို ဒီလိုမျိုး မစွပ်စွဲပါနဲ့။ ကျွန်တော်က တကယ်တော့ ဉာဏ်ကောင်းပါတယ်”
ကျူးဟုန်ကုန်းက အရှက်မရှိ ပြောလိုက်သည်။
“မင်းကလား”
“ဟုတ်တယ် ကျွန်တော်သာ ဉာဏ်မကောင်းရင် ကျောက်စိမ်းယဇ်ပလ္လင်နားမှာ ရှစ်စွင်းဆီ အဖမ်းခံရပြီးလောက်ရောပေါ့” ကျူးဟုန်ကုန်းက ယုံကြည်ချက် ရှိရှိဖြင့် ပြောလိုက်သည်။
“ ပါးစပ်ပိတ်ထား” မင်ရှစ်ရင်က မျက်လုံးဝှေ့ကြည့်ကာ “ အဲဒီအချိန်တုန်းက ရှစ်စွင်းက မင်းကို တောင်ပေါ်ပြန်ခေါ်ဖို့ အရေးမကြီးဘူးလို့ ထင်ခဲ့ရုံပဲ။ သူသာ လောင်ချီကို မြင်မယ်ဆိုရင် သက်ညှာပေးမလား ကြည့်ရသေးတာပေါ့”
“…”
ကျူးဟုန်ကုန်းက အနည်းငယ် ဆွံ့အမိသွားသည်။ ခဏအကြာတွင် သူက လျှို့ဝှက်ဆန်းကြယ်သေတ္တာကို ကြည့်ကာ အပြုံးလေးဖြင့် ပြောလိုက်၏။
“ စစ်ရှစ်ရှိုးက ဒီမှာ ကျွန်တော်ကို လာဖမ်းတာ မဟုတ်ဘူးဆိုတော့ ဘာအတွက် ရောက်လာတာလဲ။ ကျွန်တော် ကူညီနိုင်တာ မှန်သမျှ ကူညီပေးပါမယ်”
မင်ရှစ်ရင်က သေတ္တာကို ညွှန်ပြကာ ပြောလိုက်သည်
“ ဒီသေတ္တာက ရှစ်စွင်းရဲ့အပိုင်ပဲ။ ဒါပေမဲ့ ရှစ်ရှစ်ရှိုး၊ ချီရှစ်တိ၊ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးရဲ့ လက်နက်တွေနဲ့မှ ဖွင့်လို့ရမှာ။ ချီရှစ်တိက ရှာရခက်တယ်ဆိုတော့ မင်းပဲ လာရှာရတာပဲ”
“စစ်ရှစ်ရှိုး ဒီဟာက သေတ္တာတစ်ခုပဲလေ။ ဒီအတိုင်း ဓားနဲ့ပဲ ဖွင့်လိုက်ပါလား။ ကောင်းကင်လက်နက်တွေ ထုတ်သုံးနေစရာ မလိုပါဘူး” ကျူးဟုန်ကုန်းက အနီးအနားမှ ဂိုဏ်းသား၏ ဓားကို ယူကာ ပြောလိုက်သည်။
မင်ရှစ်ရင်က ကျူးဟုန်ကုန်းကို မတားပေ။ သူက သစ်သားခုံတွင် ထိုင်နေရင် ပြပွဲကောင်းကို စောင့်ကြည့်နေလေ၏။ လောင်ပါ့က ဓားဖြင့် ဝှေ့ယမ်းခုတ်ချပစ်လိုက်သည်။
ဘန်း…
မီးပွားများ လွင့်စင်သွားကာ ဓားက နှစ်ပိုင်း ကျိုးသွားလေသည်။
ကျူးဟုန်ကုန်းက မျက်လုံးပြူး မျက်ဆံပြူး ဖြစ်လာလေ၏။ သူက လျှို့ဝှက်ဆန်းကြယ် သေတ္တာကို ကြည့်ကာတံတွေးမျိုချလိုက်သည်။
“အမလေးလေး ဒီသေတ္တာက ဘာလို့ ဒီလောက်တောင် မာကြောနေရတာလဲ”
“ ငါသာ အဖြေသိရင် ဒီရောက်နေပါ့မလား” မင်ရှစ်ရင်ကလည်း သူ့အနီးအနားရှိ စပျစ်သီးကို ဆွဲကာ စားလိုက်သည်။ သူက အခွံတွေပါ ထွေးထုတ်နေလေ၏။
“စန်းရှစ်ရှိုး မိစ္ဆာဝေဟင်မျှော်နန်းက အန္တရာယ်ကြား ရောက်နေပြီ။ ကျင့်ကြံရေးလောကတစ်ခုလုံးက ရှစ်စွင်းအသက်ဓာတ် ကွယ်ပျောက်သွားမှာကို စောင့်နေကြတာလေ။ အဲလိုအချိန် ရောက်လာမယ်ဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရတနာတွေအကုန်လုံး ပြောင်သွားလိမ့်မယ်။ ကျွန်တော်တို့ ဒီအခွင့်အရေးကို အသုံးချပြီးတော့…”
“ ပါးစပ်ပိတ်ထား” မင်ရှစ်ရင်က အော်ပြောလိုက်သည်။ ကျူးဟုန်ကုန်းက ဒူးထောက်လျက်သာ ဖြစ်သွားလေ၏။
“ ဆရာ့ကို သစ္စာဖောက်တဲ့ကောင်။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းကလည်း ထွက်သွားသေးတယ်။ ရှစ်စွင်းကိုလည်း လာပြီး ကျိန်ဆဲရဲသေးတယ်လား။ ရှစ်စွင်း မင်းကို ဘာလုပ်ဖူးသေးလို့လဲ” မင်ရှစ်ရင်က ပြောလိုက်သည်
“ ဟင်” ကျူးဟုန်ကုန်းက ခေါင်းကုတ်ကာ ပြောလိုက်သည်။
“ကျွန်တော် ခဏတိုင်း အရိုက်ခံရတယ်လေ။ ပြီးတော့ ကျွန်တော်တို့ကြားမှာ တကယ့်ရန်ကြွေးရယ်တော့ မရှိပါဘူး”
“ မင်း လျှိုရှစ်မေ့ ဘာဖြစ်သွားတုန်း သိလား”
“ လျှိုရှစ်ကျဲ ထျန်းရှင်းလား”
“ သူ့ ကျင့်ကြံဆင့် ဖျက်ဆီးခံရပြီးတော့ သူ့ ကံတရားက သူ့ ကံအပေါ်မှာပဲ မူတည်တော့တယ်။ ငါ့ စကားကို နားထောင်။ မင်း ရှစ်စွင်းနဲ့ လာပြီးတော့ မဆန့်ကျင်နဲ့။ မင်းမိစ္ဆာဝေဟင်မျှော်နန်းက ထွက်သွားချင်တာ နားလည်တယ်။ ဒါပေမဲ့ သူ့ နောက်မှာ ဘာမှမဟုတ်တာ မလုပ်မိစေနဲ့” မင်ရှစ်ရင်က အေးစက်စွာ ပြောလိုက်သည်။
“ ရှစ်ရှိုး… ရှစ်ရှိုးက မှားပြီးစွပ်စွဲနေတာပါ။ ကျွန်တော် အဲလိုအရာမျိုး တစ်ခါမှ မလုပ်ဖူးပါဘူး”
ကျူးဟုန်ကုန်းက လက်သုံးချောင်းထောင်ကာ ကောင်းကင်ကို တိုင်တည်လိုက်သည်။
…
အခန်း (၁၂၉) သတ္တမမြောက်တပည့်၏အတွေးများ
ကျူးဟုန်ကုန်းက ရှေ့ကို ခြေလှမ်းဝက်ခန့်တိုးပြီး ဆက်ပြောလိုက်၏။
“ကျွန်တော်မိစ္ဆာဝေဟင်မျှော်နန်းထဲက ထွက်လာတဲ့အချိန်ကစပြီး ရှစ်စွင်းနဲ့မထိုက်တန်တာ ဘာမှမလုပ်ခဲ့ဘူး။ စီမိသားစုထဲက ပြန်ပေးဆွဲမှုကို စုံစမ်းဖို့ ကျွန်တော့်ကိုခိုင်းတဲ့အချိန် ကျွန်တော်စုံစမ်းစစ်ဆေးခဲ့တယ်။ ကျားတောင်ရိုးရဲ့ နာမည်ကို သုံးပြီးတစ်စုံတစ်ယောက်က ပြစ်မှုကျူးလွန်ခဲ့တာပဲ။ ကျွန်တော်တို့စွပ်စွဲခံရတာ”
“မင်းရှစ်မေ့ရဲ့ဆွေမျိုးသားချင်းအကြောင်းမေးနေတာ မဟုတ်ဘူး။ သာမန်မှတ်ချက်တစ်ခုကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုအဖြစ် ဘာကြောင့်မှတ်ယူနေတာလဲ” မင်ရှစ်ရင်က မေးလိုက်သည်။
“” ကျူးဟုန်ကုန်းက မျက်နှာသေဖြစ်သွားကာ ပြောလိုက်လေ၏။
“ယန်စီမြစ်ထဲမှာ ကျုပ်ကိုကျုပ်ဆေးကြောနိုင်ရင်တောင် ကျုပ်ရဲ့နာမည်ကို ရှင်းလင်းနိုင်မှာမဟုတ် ဘူး”
“တော်လောက်ပြီ။ စီမိသားစု ပြန်ပေးဆွဲမှုနောက်ကွယ်က လူက မင်းမဟုတ်ဘူးဆိုတာ ငါသိတယ်။ မင်း ဒီလောက်ထိသတ္တိမရှိဘူး” မင်ရှစ်ရင်က လှည့်ကြည့်လိုက်သည်။
ထိုစကားကို ကျူးဟုန်ကုန်းကြားသည့်အချိန်တွင် အပျော်လွန်သွားသည်။ သူက မင်ရှစ်ရင်ကို မျက်နှာချိုသွေးကာ ပြောလိုက်လေ၏။
“ရှစ်ရှိုးက အတွေးတတ်ဆုံးပဲဆိုတာ ကျွန်တော်သိတယ်။ ရှစ်စွင်းက ဘာမှမပြောဘူးမလား။ ပြောသေးလား”
“ရှစ်စွင်းက မင်းအကြောင်းများများစားစားတောင် မတွေးဘူး။ သူ့ကို မင်းဒီလောက်ထိ မမြင်သင့်ဘူး” ထိုစဉ် မင်ရှစ်ရင်က တင်းမာသည့်အမူအရာဖြင့်ဆက်ပြော၏။
“ခုနတုန်းက အကြောင်းပြန်ပြောကြမယ်။ မင်းက သေတ္တာကို တွေ့ပြီးပြီ။ အခု လောင်ချိဘယ်နားမှာ ရှိလဲဆိုတာ မင်းသိလား”
ကျူးဟုန်ကုန်းက ရယ်မောပြီးပြောလိုက်လေ၏။
“ရယ်စရာပဲ စစ်ရှစ်ရှိုး။ ချိရှစ်ရှိုးရှိမဲ့နေရာကို ကျွန်တော်က ဘယ်လိုလုပ်သိပါမလဲ။ ဒါပေမဲ့ နဂါးဝပ်ကျင်းမှာ သွားရှာလို့ရတယ်။ မဟူရာကွန်ယက်ရဲ့အဖွဲ့ချုပ်က အဲ့ဒီမှာရှိတယ်လို့ကြားထား တာ”
“လောင်ပါ့ မင်းငါ့ကို ထိခိုက်အောင်လုပ်ဖို့ကြိုးစားနေတာလား” မင်ရှစ်ရင်က အသံကို ရုတ်တရက်တိုးလိုက်လေ၏။
မင်ရှစ်ရင်ပြောပြီးသည်နှင့် နောက်ကွယ်မှ လက်ခုပ်တီးသံတစ်သံထွက်ပေါ်လာသည်။ ချောမော ခံ့ညားသော စီးဝူယာ့က သူတို့ရှေ့သို့ ကျက်သရေရှိရှိပေါ်လာလေ၏။
“လောင်ချိ” မင်ရှစ်ရင်က လောင်ပါ့ ကျူးဟုန်ကုန်းကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်၏။
“သူဘယ်မှာမှန်း မင်းမသိဘူးလို့ မပြောခဲ့ဘူးလား”
စီးဝူယာ့က ဖြည်းဖြည်းချင်းလျှောက်လာသည်။ သူက အရိုအသေပေးပြီးနောက် နှုတ်ဆက်လိုက်၏။
“နှုတ်ဆက်ပါတယ် စစ်ရှစ်ရှိုး”
စီးဝူယာ့က မင်ရှစ်ရင်၏ အငယ်ဖြစ်သော်ငြား စီးဝူယာ၏ လွှမ်းမိုးနိုင်စွမ်းရှိသော သွင်ပြင်က သူ့ကို မသက်မသာဖြစ်စေသည်။ သူက ကျူးဟုန်ကုန်းနှင့် ပိုအဆင်ပြေပေ၏။ ဉာဏ်ကောင်းသည့်သူ တစ်ဦးကို ထိန်းချုပ်ရန် ခက်ခဲကြောင်း သူသိနေသောကြောင့်ဖြစ်ဟန်တူသည်။ သို့သော် သူက အကြီးဖြစ်သောကြောင့် သူ့ဆရာ၏အမိန့်အတိုင်း ဤနေရာသို့ရောက်လာရာ ဘာမှစိုးရိမ်ပူပန်စရာ မရှိပေ။ နောက်ဆုံးတွင် သူက ပြောလိုက်၏။
“လောင်ပါ့ ချောင်းနားထောင်တာထက် ပိုကောင်းတာများမရှိဘူးလား”
“စစ်ရှစ်ရှိုးက နောက်နေပြန်ပါပြီ။ ကျွန်တော်က တစ်ချိန်လုံး ကျားတောင်ရိုးထဲမှာ ရှိနေခဲ့တာ။ အစ်ကိုတစ်ယောက်က ညီငယ်တစ်ယောက်ဆီကို လာလည်တာက ပုံမှန်ပဲလေ မဟုတ်ဘူးလား။ စစ်ရှစ်ရှိုးလာလည်လိမ့်မယ်လို့ မထင်ထားတာ” စီးဝူယာ့က အခန်း၏ဘယ်ဖက်ခြမ်းကနေ လျှောက်လာလေသည်။ သူက လက်နှစ်ဖက်ဖြင့် ဝတ်ရုံကို မြှောက်ပြီးနောက်ထိုင်ချလိုက်၏။
“မင်း ငါတို့ပြောတာကြားပြီဆိုမှတော့ ငါကွေ့ဝိုက်ပြီးပြောမနေတော့ဘူး။ မင်းရဲ့ဒေါင်းမြီးကို ခဏငှား” မင်ရှစ်ရင်က ပြောလိုက်သည်။
စီးဝူယာ့၏အကြည့်က ဆန်းကြယ်သေတ္တာဆီသို့ရောက်သွားပြီး အကဲဖြတ်နေလေ၏။ သူ၏ အမူအရာက သူ၏ခံစားချက်ကို သစ္စာမဖောက်သည့်တိုင် စိတ်ထဲတွင်မူ ထိတ်လန့်နေ၏။ ထိုကဲ့သို့ ထူးခြားဆန်းကြယ်သေတ္တာကို တွေ့ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် သူတို့ဆရာ၏ ပိုင်ဆိုင်မှုထဲတွင် ရတနာများစွာရှိနေသောကြောင့် ထူးဆန်းသည်ဟု မထင်မိပေ။ သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်တော့၏။
“ရှစ်ရှိုးကို ကျွန်တော့်ရဲ့ ဒေါင်းမြီးငှားနိုင်ပါတယ်။ ဒါပေမဲ့ စကားတချို့ရိုးရိုးသားသားပြောပါရစေ စစ်ရှစ်ရှိုး”
“မလိုအပ်ဘူး။ ငါက မင်းတို့နဲ့မတူဘူး။ မင်းတို့ရဲ့လက်နက်ငှားတာအကောင်းဆုံးပဲ။ လာလိုက်။ ဒီမြောင်းရာမှာ မင်းရဲ့ ဒေါင်းမြီးကိုထားလိုက်” မင်ရှစ်ရင်က အင်မတန်သတိထားနေ၏။ သူသည် လောင်ပါ့၏ သွေးဆောင်သောစကားများကို နားမထောင်ချင်ပေ။
စီးဝူယာ့၏ရင်ထဲ အနည်းငယ်ရှုပ်ထွေးသွားသော်ငြား သူ၏အမူအရာက တည်ငြိမ်နေသေးဆဲ ဖြစ်သည်။ သူက
“စစ်ရှစ်ရှိုး။ ရှစ်ရှိုးက ကျွန်တော်တို့နောက်ဆုံးတစ်ခေါက်ကတွေ့တာနဲ့ယှဉ်ရင် ပိုသတိထားလာတာပဲ”
သူက ပြောပြီးနောက် ညာလက်ကိုမြှောက်လိုက်၏။ သူ့လက်ဖဝါးအထက်တွင် ဒေါင်းမြီး ပေါ်လာလေသည်။
ကျူးဟုန်ကုန်း၏ မျက်လုံးက အားကျမှုကြောင့် အစိမ်းရောင်တောက်သွားတော့သည်။ သူက တိုးတိုးတိတ်တိတ်ရေရွတ်ပြောလိုက်၏။
“တစ်နေ့ကျရင် ကျုပ်လည်း ကောင်းကင်အဆင့်လက်နက်တစ်ခုရချင်တယ်။ ကျုပ်လည်း ရဖို့မျှော်လင့်ရတာပဲ” စီးဝူယာ့သည် ဒေါင်းမြီးကို ယူပြီး ဆန်းကြယ်သေတ္တာဆီ လျှောက်သွားလိုက်၏။ သူက ပြော၏။ “ဒီသေတ္တာထဲမှာ ကျွန်တော်တို့ကို ထိန်းချုပ်နိုင်မဲ့ အိုင်တမ်တစ်ခုပါနေမယ်ဆိုရင် ဒါကို ဖွင့်ဦးမှာလား”
မင်ရှစ်ရင်က မှင်သက်သွားလေသည်။
စီးဝူယာ့က မင်ရှစ်ရင်၏ အမူအရာထဲရှိပြောင်းလဲမှုကို သတိပြုမိပြီး သူ၏လှုပ်ရှားမှုများကို တမင်တကာနှေးလိုက်၏။
မင်ရှစ်ရင်က လက်မြှောက်ပြီးနောက်ပြောလိုက်တော့သည်။
“နေဦး”
“တစ်ခုခုပြောစရာရှိနေတာလား။ စစ်ရှစ်ရှိုး”
“ငါက အမြဲတမ်းသတိထားတတ်တာပဲ။ အဲဒီတုန်းက မင်း၊ လောင်ပါ့ အာ့ရှစ်ရှိုးနဲ့ တာ့ရှစ်ရှိုးတို့က မိစ္ဆာဝေဟင်မျှော်နန်းကနေ ရုတ်တရက်ကြီး ဘာကြောင့်ထွက်သွားရတာလဲ” မင်ရှစ်ရင်က မေးသည်။
စီးဝူယာ့သည် ထိုမေးခွန်းကိုကြားရသည့်အချိန်တွင် အံ့ဩသွားပုံမရပေ။ သူ၏ ဒေါင်းမြီးကို ဘေးဖယ်လျက် လက်နောက်ပစ်လိုက်တော့သည်။ သူက
“စစ်ရှစ်ရှိုး တစ်စုံတစ်ယောက်က ရှစ်ရှိုးရဲ့လည်ဂုတ်ပေါ်ဓားတင်ထားပြီး ပြန်တိုက်ခိုက်ဖို့နည်းလမ်းမရှိဘူးဆိုရင် တစ်ခုတည်းသောရွေးချယ်စရာက ထွက်ပြေးဖို့ပဲ။ အစ်ကို ပြေးမှာလား”
မင်ရှစ်ရင်သည် ထိုစကားကြောင့် အံဩသွားလေ၏။ မေးခွန်းကို သူမဖြေခဲ့ပေ။
စီးဝူယာ့က သူ့နေရာသို့ ပြန်သွားပြီး ဖြည်းဖြည်းချင်းထိုင်လိုက်သည်။ သူက ရွှင်မြူးစွာပြောလိုက်တော့၏။
“မိစ္ဆာဝေဟင်မျှော်နန်းမှာ ရန်သူတွေများလွန်းတယ်။ ထိပ်သီးပညာရှင်ဆယ်ယောက်က ရွှေနန်း ဥယျာဉ်တောင်ကို တိုက်ခိုက်တဲ့အချိန်ကစပြီး လူတိုင်းက ရှစ်စွင်းရဲ့အသတ်ကုန်ခန်းသွားဖို့ မျှော်လင့်နေကြတာ။ အချိန်ရောက်လာတဲ့အခါ တာ့ရှစ်ရှိုးနဲ့အာ့ရှစ်ရှိုးတို့ ထွက်မသွားခဲ့ရင်တောင် ကျိုင်းကောင်ကပ်ဘေးကို ရှောင်ရှားဖို့ ကျွန်တော်တို့အတွက် ခက်ခဲနေတုန်းပဲလေ”
မင်ရှစ်ရင်က နှာခေါင်းရှုံကာပြောလိုက်လေ၏။ “သူတို့တွေက ကျိုင်းကောင်တွေလောက် အထင်ကြီးဖို့မကောင်းပါဘူး”
“ရှစ်ရှိုးက ရှစ်စွင်းကို ဒီလောက်ယုံကြည်သလား?” စီးဝူယာ့က တည်တည်ငြိမ်ငြိမ်မေးလိုက်သည်။
“ပါးစပ်ပိတ်ထား” မင်ရှစ်ရင်က သူ့အသံကို ရုတ်တရက်မြှင့်လိုက်သည်။ သူက စီးဝူယာကို စေ့စေ့ကြည့်ပြီး ပြန်ပြောလိုက်၏။
“လောင်ချိ မင်း စကားရဲ့အရင်းအမြစ်တွေကို မမေ့လိုက်နဲ့။ မင်းလိမ်လည်လှည့်ဖျားတာခံရတဲ့ အတွက် လောင်ပါ့ကို ငါအပြစ်မတင်ဘူး။ ဒါပေမဲ့ မင်းက အမှားနဲ့အမှန်၊ အမှောင်နဲ့အလင်းကြား ကွဲပြားခြားနားချက်ကို ဘယ်လိုလုပ်မပြောနိုင်ရတာလဲ”
အကြီးတစ်ယောက်က အငယ်တစ်ယောက်ကို သွန်သင်ပြသခြင်းက ပုံမှန်ပဲဖြစ်သည်။ သို့သော် စီးဝူယာ့သည် ထိုစကားကို ကြားသည့်အချိန်၌ သူ့အမူအရာက တည်ငြိမ်နေ၏။ အမူအရာအပြောင်း အလဲမရှိပေ။
“စစ်ရှစ်ရှိုး ကျွန်တော်က အမှောင်နဲ့အလင်း ခွဲခြားနိုင်စွမ်းရှိကြောင်း ရှစ်ရှိုးသိတယ်ဆိုမှတော့ ကျွန်တော်အခုရပ်နေတဲ့နေရာက လင်းတဲ့ဖက်ဆိုတာကို ဘယ်လိုလုပ်မသိရတာလဲ”
“မင်း” မင်ရှစ်ရင်က လက်ဝှေ့ယမ်းလျက်ပြောလိုက်လေသည်။
“မင်းကတကယ်စကားပြော ကောင်းနေတာပဲ”
“ချီးကျူးလွန်းနေပါပြီ စစ်ရှစ်ရှိုး”
“ဘယ်လိုပဲဖြစ်ဖြစ် ရှစ်စွင်းက မင်းကို တစ်ခါသင်ပြခဲ့ဖူးတယ်။ ဒါက ငြင်းပယ်လို့မရတဲ့အချက်ပဲ” မင်ရှစ်ရင်က ပြောလိုက်သည်။
စီးဝူယာ့က ခပ်ဖျော့ဖျော့ပြုံးကာ လက်သီးဆုပ်လျက်ပြောလိုက်လေ၏။
“ကျွန်တော်တို့အချိန်တိုအတွင်းလေးပဲ ခွဲခွာပြီးပေမဲ့ ရှစ်စွင်းကို ဒီလောက်အထိ ခုခံပေးနေမယ် ဆိုတာ ယုံရခက်တာပဲ” ယခင်မင်ရှစ်ရင်နှင့်ယှဉ်လျှင် ဤအတိုင်းအတာက သူမှန်းဆထားတာထက် ကျော်လွန်နေပေ၏။
“ငါက မင်းနဲ့မတူဘူး” မင်ရှစ်ရင်က ထိုင်ချပြီးနောက် စားပွဲပေါ်ရှိကျန်ရှိသည့် စပျစ်သီးများကို ဆွဲယူလိုက်သည်။ သူက တမင်တကာဖြင့် စပျစ်သီးအခွံများကို စီးဝူယာ့၏ခြေထောက်ဖက် ထွေးထုတ်လိုက်တော့သည်။
စီးဝူယာ့က ထိုဆန်းကြယ်သော သေတ္တာကို ကြည့်ပြီးပြောလိုက်သည်။
“စစ်ရှစ်ရှိုး ဒီသေတ္တာကို ရှစ်ရှိုးတစ်ယောက်အနေနဲ့ဖွင့်ဖို့ကျွန်တော့်ကိုပြောတာဆိုရင် ကျွန်တော် ငြင်းမှာမဟုတ်ဘူး။ အစ်ကို ပြောသလိုလုပ်မှာပဲ။ ဒါပေမဲ့ တခြားအရာဆိုရင်တော့ ကျွန်တော် မပူးပေါင်းနိုင်မှာ စိုးရိမ်မိတယ်”
တည်ငြိမ်သွားကာစ မင်ရှစ်ရင်သည် သူ၏ စကားကြောင့် ဒေါသထပ်ထွက်လာပြန်သည်။
ဘန်း
မင်ရှစ်ရင်၏ လက်ဝါးမှ ရိုက်ချက်တစ်ချက်ဖြင့် သူ့ဘေးရှိစားပွဲက လဲပြိုသွားသည်။ လျှပ်ပြက် သကဲ့သို့ မြန်ဆန်သည့်လှုပ်ရှားမှုဖြင့် သူသည်စွမ်းအင်ထုတ်ဖော်ကာ စီးဝူယာ့ကို တိုက်ခိုက်တော့ သည်။
ဘန်း ဘန်း ဘန်း
စီးဝူယာ့က မြေပြင်ပေါ်ခြေထောက်ဖြင့်အသာထိလျက် အလွယ်တကူနောက်ဆုတ်လိုက်၏။ သူက လက်တစ်ဖက်ကို နောက်ပစ်ထားလျက် စီးဝူယာ့၏ စွမ်းအင်တိုက်ကွက်များကို ပိတ်ဆို့လိုက်တော့သည်။
ဘန်း ဘန်း ဘန်း
မျက်တောင်တစ်ခတ်အတွင်း ကျားတောင်ရိုးအတွင်းပိုင်း၌ စွမ်းအင်လှိုင်းများဖြင့်ပြည့်နေတော့၏။ မင်ရှစ်ရင်က တိုက်ခိုက်နေစဉ် စီးဝူယာ့က နောက်ဆုတ်သွား၏။ သူတို့ကြား တစ်လက်မမျှမကပ်သွားပေ။ ကျူးဟုန်ကုန်းက အံ့ဩမှင်သက်နေ၏။ သူက အမြန်ခြေကြွကာ အော်လိုက်လေ၏။
“ရှစ်ရှိုးတို့ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ရပ်ကြပါဦး။ ဆက်တိုက်ခိုက်နေမယ်ဆိုရင် ကျွန်တော့်ရဲ့ကျားတောင်ရိုးလေး ပျက်စီးကုန်တော့မယ်”
ကျားတောင်ရိုးရှိလူများကလည်း ဆက်တိုက်နောက်ဆုတ်နေ၏။ သူတို့သည် ခပ်ဝေးဝေးမှသာ ကြည့်နိုင်သည်။ ဝင်မစွက်ဖက်ရဲချေ။
ဘန်း ဘန်း ဘန်း
မင်ရှစ်ရင်သည် စီးဝူယာ၏ ကာကွယ်ရေးစွမ်းအင်ကို သုံးချက်ထပ်ရိုက်လိုက်သည်။ စီးဝူယာ့က နောက်သို့ဆုတ်လျက် ပြုံးကာပြောလိုက်တော့သည်။
“စစ်ရှစ်ရှိုး နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကို ဝင်ရောက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”
“မင်းက တကယ်သိက္ခာမဲ့တာပဲ။ မင်းရဲ့အစ်ကို တစ်ယောက်အနေနဲ့ မင်းကို ငါ သွန်သင်ဖို့တာဝန်ရှိတယ်” မင်ရှစ်ရင်သည် မြေပြင်ပေါ်ခြေတစ်ဖက်ဆောင့်နင်းလိုက်၏။
ဖုန်း
သူ၏ခြေဖဝါးရာသည် မြေပြင်ပေါ်၌ ကျန်ရစ်တော့သည်။ မီးမြားတစ်စင်းပမာ မင်ရှစ်ရင်က စီးဝူယာ့ဆီ တိုးဝင်သွားတော့၏။
…
အခန်း (၁၃၀) အမြင်မတူခြင်းနှင့် မပြောဘဲ သိသော သဘောတူညီချက်
စီးဝူယာ့က ထိုအရာကို မြင်လိုက်သည့်အခါ ပျံလွှားငှက်လေးအလား ပေါ့ပါးစွာ နောက်ဆုတ်လိုက်သည်။ သူက မင်ရှစ်ရင်၏ စွမ်းအားတိုက်ခိုက်မှုများကို လက်တစ်ဖက်တည်းဖြင့် ပြန်လည်ပုတ်ထုတ်နေသေး၏။
ဘန်း ဘန်း ဘန်း
သူတို့စွမ်းအားများက ဘေးနားရှိ အဆောက်အဦးများကို ထည့်မတွက်ဘဲ ထိပ်တိုက်တွေ့ကုန်ကြသည်။
ကျူးဟုန်ကုန်းက ရင်တမမ ဖြစ်လာသည်။ သူက မြန်မြန် ဝင်ညှိနှိုင်းလိုက်၏။
“ရှစ်ရှိုးတို့ ရပ်ပါဦး။ ငါတို့က ညီအစ်ကိုတွေလေ။ တစ်ယောက်နဲ့ တစ်ယောက် ဘာလို့ တိုက်ခိုက်နေမှာလဲ”
စီးဝူယာ့က လောင်ပါ့၏ စကားများကို ကြားလိုက်ရသည့်အခါ ပြောလိုက်သည်။
“စစ်ရှစ်ရှိုး မင်းက တောင်ပေါ်နေလာတာပဲ ကြာလှပြီ။ မင်းက နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်ကို ကံကောင်းလို့ ရောက်လာပေမဲ့ ဒီလောက်အကြာကြီး ဖိနှိပ်ခံထားရတာ။ မင်း ငါ့ကို ဘာမှမလုပ်နိုင်ပါဘူး”
ဘန်း ဘန်း ဘန်း
“ မှားနေပြီ ” မင်ရှစ်ရင်၏ ခန္ဓာကိုယ်ဆီမှ စွမ်းအားများ ပိုထွက်လာသလို သူ့ခွဲခွာချိတ်ကောက်လည်း စီးဝူယာ့ဆီ ပျံသန်းလာသည်။
ဝုန်း
တစ်ချိန်တည်းတွင် ဒေါင်းမြီး လည်း ထွက်လာသည်။ လျှို့ဝှက်လက်နက်များက စွမ်းအင်ဓားသဏ္ဌာန် ဖြစ်လာကာ ရွှေရောင်အလင်းများဖြင့် တလက်လက် ဖြစ်လာပြီး သခင်ကို ကာကွယ်ပေးထား၏။
ခွဲခွာချိတ်ကောက်ကလည်း ချိတ်ကောက်အစွန်းဖြင့် ထိုစွမ်းအင်ဓားများကို ရိုက်ထုတ်လိုက်သည်။
ဘန်း ဘန်း ဘန်း
ဒေါင်းမြီးက ဖြန့်ကျက်လာသော်လည်း မင်ရှစ်ရင်က အလွန်နီးကပ်လွန်းသောကြောင့် ဒေါင်းမြီးက များစွာ မဖြန့်ကျက်နိုင်လိုက်ပေ။ ထို့ကြောင့် ခွဲခွာချိတ်ကောက်သည် အနည်းငယ် အရေးသာနေသည်။ ပြောရလျှင် မင်ရှစ်ရင်၏ လျှပ်တစ်ပြက် တိုက်ကွက်ကြောင့်လည်း ပါလေ၏။
သူတို့ကောင်းကင်အဆင့် လက်နက်များ ထိပ်တိုက်တွေ့သွားလေရာ နှစ်ယောက်လုံး နောက်ဆုတ်လိုက်ရသည်။ သူတို့က တိုက်ခိုက်မှုကို ရပ်လိုက်ပြီး တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြ၏။
လေထဲတွင် စွမ်းအားများ ပျောက်လွှင့်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည် တိတ်ဆိတ်လာလေသည်။
စီးဝူယာ့က မင်ရှစ်ရင်၏ ခွဲခွာချိတ်ကောက်ကို ကြည့်ရင်း အံ့အားသင့်သည့် မျက်နှာထားဖြစ်နေသည်။ သူက ချီးကျူးလိုက်၏ “စစ်ရှစ်ရှိုးက နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်ထဲ ရောက်သွားရုံတင် မကဘဲ ကောင်းကင်အဆင့် လက်နက်ကိုတောင် ပိုင်ထားပြီကိုး ”
“ဒါပေမဲ့ ရှစ်တိရဲ့ ဒေါင်းမြီးကိုတော့ မမီသေးပါဘူး ” မင်ရှစ်ရင်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဝါစဉ်ကြီးသူက ငယ်သူကို ဆုံးမတာ ဖြစ်သင့်ပါတယ်။ ကျွန်တော် ရိုင်းပျမိသွားပါတယ်။ စစ်ရှစ်ရှိုးကို လာတောင်းပန်တာပါ ”စီးဝူယာ့က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။
“မင်း တောင်းပန်တာ မလိုဘူး။ ဒီသေတ္တာက ရှစ်စွင်းအပိုင်ပဲ။ မင်းရဲ့ လက်နက်ရယ်၊ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့ရဲ့ လက်နက်တွေနဲ့ ဖွင့်ဖို့ လိုတယ်။ ဒါပေမဲ့ မင်း ကူညီချင်တာ မကူညီချင်တာ မင်းသဘာပဲ”
မင်ရှစ်ရင်က ပြောလိုက်သည်။
“ သတ်ေတာထဲက ဘာလဲ”
“ငါလည်း မသိဘူး။ ဒါပေမဲ့ ရှစ်စွင်းက တန်ဖိုးထားတယ်ဆိုတော့ ထူးခြားတာပဲ ဖြစ်ရမယ် ” မင်ရှစ်ရင်က ပြန်ဖြေလိုက်သည်။
“ ငါတို့တွေ ဒါဖွင့်ပြီးတာနဲ့ အထဲက ရတနာကို ယူမှာ မစိုးဘူးလား” စီးဝူယာ့က အပြုံးလေးဖြင့် မေးလိုက်သည်။
“ရှစ်စွင်းလည်း အဲအကြောင်းကို ထည့်တွက်ထားလောက်ပြီးပြီ။ နောက်ဆုံးသော့က မာယာကျော့ကွင်းပဲ။ ရှစ်မေး ထျန်းရှင်းက ရှစ်စွင်းဆီမှာ အဖမ်းခံထားရတယ်။ သူမရဲ့ လက်နက် မာယာကျော့ကွင်းကလည်း ရှစ်စွင်းလက်ထဲမှာပဲ ” မင်ရှစ်ရင်က ပြောလိုက်သည်။
စီးဝူယာ့က သက်ပြင်းချကာ “ အာ့ရှစ်ရှိုးပြောတော့ ရှစ်စွင်းက တော်တော်ပြောင်းလဲသွားပြီဆို … သူ့လုပ်ပုံကိုင်ပုံရော၊ ဒေါသရော ပြောင်းလဲသွားပြီတဲ့။ ကြည့်ရတာ အမှန်ဖြစ်နေပုံပဲ”
သူ့စကားအဆုံးတွင် သူ့ဒေါင်းမြီး လက်နက်ကို လျှို့ဝှက်ဆန်းကြယ် သေတ္တာဆီ ယူလာလိုက်သည်။
ကျူးဟုန်ကုန်က သူတို့နှစ်ယောက် ဆက်မတိုက်တော့သည်ကို မြင်လိုက်ရသည့်အခါ စိတ်အေးမိသွားသည်။ သူက သူတို့ဆီ လျှောက်သွားလိုက်ပြီး “ ချီရှစ်ရှိုးက ဒီဟာကို ချီးကျူးမှတော့ အဖိုးတန်တာပဲ ဖြစ်ရမယ် ”
စီးဝူယာ့က တုံးအအ လောင်ပါ့ခေါင်းကို ရိုက်လိုက်ပြီးနောက် “ ငွေရူး … ဒီပစ္စည်းရဲ့ တန်ဖိုးက ပိုက်ဆံနဲ့ အကဲဖြတ်လို့ မရဘူး”
သူက သေတ္တာပေါ်ရှိ ပုံစံများကို လေ့လာလိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း ဒေါင်းမြီးအတွက် မြောင်းရာကို တွေ့လိုက်ရသည်။ သူက သတိကြီးကြီးထားကာ ဒေါင်းမြီးကို တန်းမထည့်လိုက်ပေ။ သူက သေတ္တာကို ခြုံငုံကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ ရှစ်စွင်းဆီမှာ ဒီလိုလျှို့ဝှက်ဆန်းကြယ် သေတ္တာရှိနေတာ မထူးဆန်းတော့ဘူး။ ဒီမြောင်းရာတွေက အထဲမှာဆက်နွယ်နေတယ်။ ငါတို့သာ ဂရုမစိုက်ရင် ငါတို့လက်နက်တွေ ညှပ်သွားနိုင်တယ်”
ထိုသို့ပြောလိုက်ပြီးနောက် ဒေါင်းမြီးကို ထည့်လိုက်သည်။
ကလစ်
သေတ္တာမှ အသံတစ်သံ ထွက်လာပြီး ဒေါင်းမြီးက ပြန်ထွက်လာသည်။ နောက်ထပ် မြောင်းရာတစ်ခု ပေါ်မလာသော်လည်း ဒေါင်းမြီးနှင့် ဆင်သည့် မြောင်းရာက ပျောက်သွားလေပြီ။ ဆိုလိုသည်မှာ ဒေါင်းမြီးက သူ့အပိုင်းသူ ကျေပွန်စွာ ဆောင်ရွက်ပြီးသွားလေပြီ။
စီးဝူယာ့က ညာဘက်လက်မြောက်လိုက်သည့်အခါ ဒေါင်းမြီးက ပျောက်ကွယ်သွားသည်။
“စစ်ရှစ်ရှိုး ကျေနပ်ရဲ့လား ”
မင်ရှစ်ရင်က ဘာသဘောတူညီချက်မှ မပြပေ။ ထို့အစား သူက ပြောလိုက်၏။
“ အဲဒါ မင်းလုပ်သင့်တာပဲ။ ပြီးတော့ မင်းက တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့ကို ဆက်သွယ်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူပဲ။ ဒီသေတ္တာကို အခု မင်းလက်ထဲ ထားခဲ့မယ်။ နောက်ခုနှစ်ရက်နေရင် လောင်ပါ့ရဲ့ နေရာမှာ သေတ္တာကို ပြန်လာယူမယ် ”
စီးဝူယာ့က ထိုအကြောင်း ကြားလိုက်သည့်အခါ “ ကျွန်တော်က တာ့ရှစ်ရှိုးတို့ အာ့ရှစ်ရှိုးတို့နဲ့ ဆက်သွယ်နိုင်တာ အမှန်ပဲ။ မဟူရာကွန်ယက်က မရောက်နိုင်တာ နေရာ မရှိဘူးလေ။ ပြဿနာက အာ့ရှစ်ရှိုးနဲ့ တာ့ရှစ်ရှိုးတို့က ကျွန်တော်လိုမျိုး ဗွင်းဗွင်းသမားတွေ မဟုတ်ဘူး။ သူတို့တွေ ဒီသေတ္တာကို ဖွင့်ပေးပါ့မလားဆိုတာ မပြောနိုင်ဘူး ”
“ ဒီသေတ္တာထဲမှာ မင်းတို့ရတနာတွေ အဆုံးသတ်သွားစေမဲ့ ဂါထာမျိုး ပါနေမှာကို စိုးနေတာလား”
မင်ရှစ်ရင်က လှောင်လိုက်သည်။
“ စိုးရိမ်တယ်တဲ့လား ” စီးဝူယာ့က ရယ်မောလိုက်သည်။
“ အမှန်အတိုင်းပြောရရင် စစ်ရှစ်ရှိုး … ကျွန်တော် စိုးရိမ်နေရင် စောစောလေးက ဒေါင်းမြီးကို အဲထဲ ထည့်လိုက်မှာ မဟုတ်ဘူး ”
“အဲလိုဆို အကောင်းဆုံးပဲ။ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးလည်း နားလည်ကြမှာပါ ” မင်ရှစ်ရင်က လက်ဝှေ့လိုက်သည့်အခါ သေတ္တာက လေထဲ လွင့်သွားပြီး မြေပေါ် ချိုင့်ရာထင်သွားစေသည်။
“အနည်းဆုံးတော့ ရှစ်စွင်းက သန်သန်မာမာ အသက်ရှင်လျက်ရှိနေသေးတယ် ”
အခြားနည်းဖြင့်ဆိုရလျှင် ‘ရှစ်စွင်းက အသက်ရှင်လျက်ရှိနေသေးတယ်။ မင်းတို့က မိစ္ဆာဝေဟင်မျှော်နန်းမှာ မရှိတော့ရင်တောင် သူက မင်းတို့ရှစ်စွင်းပဲ။ ရှစ်စွင်း ဒေါသထွက်ရင် သူ့အသက်ဓာတ် ကုန်ခမ်းခါနီးနေရင်တောင် မင်းတို့ကို အဝါရောင်စမ်းချောင်းအထိ ဆွဲခေါ်သွားလိမ့်မယ်’
“စိတ်မပူပါနဲ့။ ကျွန်တော် တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့ကို လှမ်းပြောထားလိုက်ပါ့မယ် ” စီးဝူယာ့က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။
မင်ရှစ်ရင်က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ စီးဝူယာ့က တုံ့ဆိုင်းမနေပေ။ ထို့အစား သူက ပူးပေါင်းပေး၏။ ထိုအရာက သူ့အား များစွာ အံ့အားသင့်စေသည်။ သူ ထွက်သွားတော့မည့်အချိန်တွင် မေးလိုက်၏။
“လောင်ချီ စီမိသားစု ပြန်ပေးဆွဲခံရတဲ့ ကိစ္စမှာ ပါခဲ့သေးလား ”
စီးဝူယာ့က ခေါင်းခါကာ “ မပါဘူး ”
“မင်းကို ယုံတယ်” မင်ရှစ်ရင်က ပြောလိုက်သည်။
“ကျွန်တော်တို့က ရလဒ်ကို အလေးထားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့ကို ရှိတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက တပည့်တွေစခေါ်ကတည်းက ဘယ်တော့မှ အတွင်းရေး ပဋိပက္ခမဖြစ်ဖူးဘူး။ အရင်ကလည်း မဖြစ်ဖူးဘူး။ နောက်မှာလည်း ဖြစ်လာမှာ မဟုတ်ဘူး” စီးဝူယာ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ငါလည်း အဲလိုပဲ မျှော်လင့်ပါတယ်” မင်ရှစ်ရင်က လက်နောက်ပစ်လျက် ထွက်သွားတော့သည်။
ကျုးဟုန်ကုန်းကလည်း မြေပြင်ပေါ် ထိုင်ချကာ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။ သူက သူ့အနီးအနားမှ အပျက်အစီးများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
စီးဝူယာ့က မတုန်မလှုပ် ကျန်ရှိနေဆဲ ဖြစ်၏။ သူက သစ်သားထိုင်ခုံဆီသွားကာ ထိုင်ချလိုက်ပြီး “ လောင်ပါ့ … မြားတံက လွှတ်လိုက်ပြီးရင် ဘယ်တော့မှ ပြန်သိမ်းလို့ မရဘူး။ ဒီလိုဖြစ်လာမှတော့ ငါတို့အတွက် ရွေးချယ်စရာတစ်ခုပဲ ရှိတော့တယ်”
သူက ပြောလိုက်ပြီးနောက် လျှို့ဝှက်ဆန်းကြယ် သေတ္တာကို တစ်ချက်ကြည့်လိုက်သည် “ရှစ်စွင်းက ကောင်းကင်အောက်မှာ မားမားမတ်မတ် ရပ်တည်ခဲ့တာ နှစ်တွေအကြာကြီးပဲ။ သူ့ဆီမှာ ဘယ်သူကိုမှ မပြရသေးတဲ့ ရတနာတွေလည်း အများကြီးရှိမှာပဲ။ ဒီသေတ္တာက အတော်လေး ထူးဆန်းတယ် ”
ကျူးဟုန်ကုန်းက သေတ္တာကို အနီးကပ်ကြည့်လိုက်သည် “ဒါက လက်နက်များလား ”
“အဲဒီဖြစ်နိုင်ခြေလည်း ရှိတာပဲ … ”
“ဒီသေတ္တာကို ဘာကြောင့် ဖွင့်ပေးဖို့ ကတိပေးလိုက်တာလဲ” ကျူးဟုန်ကုန်က နားမလည်နိုင် ဖြစ်နေမိသည်။
“ ဒီသေတ္တာက အတော်လေး ထူးခြားတယ်။ ပိတ်ထားရက်ရှိနေရင် ရတနာလည်း ပိတ်လှောင်ထားသလို ဖြစ်နေမှာ။ ရှစ်စွင်းရဲ့ သက်တမ်းက ကုန်ခါနီးပြီ။ သူက ဒီရတနာကို ဘယ်လောက်ကြာကြာ ပိုင်ဆိုင်နိုင်မှာလဲ။ ဒီသေတ္တာကို ဖွင့်ပြီး ရတနာကို ထုတ်လာတာမှ ပိုကောင်းဦးမယ်”
စီးဝူယာ့က ပြောလိုက်ပြီးနောက် ထရပ်လိုက်ပြီး လက်နောက်ပစ်ကာ “ ငါ စစ်ရှစ်ရှိုးနဲ့ တိုက်ခိုက်တုန်းက သူ့လက်နက်ကို မြင်လား ”
“ မြင်တယ်။ ကျွန်တော်လည်း သိချင်နေတာ။ စစ်ရှစ်ရှိုးက မိစ္ဆာဝေဟင်မျှော်နန်းမှာ နေလာတာ ကြာလှပေမဲ့ သစ်ပြာကျင့်စဉ်ရဲ့ အနှစ်သာရကို မဖမ်းဆုပ်မိသေးဘူး။ ပြီးတော့ သူ့ကျင့်ကြံဆင့်ကလည်း နိမ့်တယ်။ ဒါပေမဲ့ ရှစ်ရှိုးနဲ့တောင် ပြိုင်တိုက်နိုင်တယ်။ သူ့လက်နက်က ကောင်းကင်အဆင့် လက်နက်ပဲလား ” ကျူးဟုန်ကုန်းက မေးလိုက်သည်။
“ဟုတ်တယ်”
“…”
စီးဝူယာ့က ညာဘက်လက် ဝေ့ယမ်းလိုက်သည်။ လျှို့ဝှက်ဆန်းကြယ် သေတ္တာက အလေးချိန်မရှိပုံပေါ်သည်။ ထိုအနား စွမ်းအားရစ်ပတ်လာပြီးနောက် သူ့လက်ထဲ တန်းရောက်လာသည်။
…
အခန်း (၁၃၁) ဒုတိယမြောက်တပည့်၏ ရွေးချယ်မှု
စီးဝူယာ့က လက်နှစ်ဖက်ဖြင့် သေတ္တာကို ကိုင်ထားပြီးပြောလိုက်သည်။
“သူတို့တွေ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရတနာတွေကို လိုချင်စိတ်မရှိစေဖို့အတွက် ငါတို့တွေ ဒီအကြောင်း ဘယ်သူ့ကိုမှ ပြောလို့မရဘူး”
လောင်ပါ့ကျူးဟုန်ကုန်းက သာမန်ကာလျှံကာပြောလိုက်လေ၏။ “ချီရှစ်ရှိုး မိစ္ဆာဝေဟင်မျှော်နန်းကို ခေါင်းပုံဖြတ်တဲ့သူလိုမျိုး မျက်စိကျ ဆာလောင်နေတဲ့သူတွေ အများကြီးရှိတယ်။ နောက်ထပ် လူတစ်ယောက် တိုးလာလို့ ဘာမှမကွာခြားသွားဘူး”
“မဟုတ်ဘူး။ ငါက ဒီသေတ္တာအကြောင်းပြောနေတာ” ယင်းက ထူးကဲသောရတနာဖြစ်နေခဲ့လျှင် ထိုအကြောင်းကိုသိသွားပါက ရုတ်ရုတ်သဲသဲဖြစ်သွားမှာသေချာ၏။ ဒါကို ကျားတောင်ရိုးဆီ ပြန်သယ်လာပြီး ကျူးဟုန်ကုန်းက သူ့နောက် တရွတ်တိုက်ပါလာလေ၏။
သင်္ဘောနှင့်တူနေသော ရထားလုံးပျံက မြေပြင်ပေါ်ဆင်းသက်လာ၏။ အရောင်ဖျော့ဖျော့ဝတ်ရုံများ ဝတ်ဆင်ထားသော ကျင့်ကြံသူ တစ်ဒါဇင်ခန့်က ထိုနေရာတွင် ရပ်နေကြသည်။ စီးဝူယာ့ပေါ်လာသော အခါ သူတို့က တညီတညွတ်တည်းအရိုအသေပေးလိုက်၏။
“ဂိုဏ်းချုပ်”
စီးဝူယာ့က ရထားလုံးပျံထဲသို့ ဆန်းကြယ်သေတ္တာကို ပစ်ထုတ်ပြီး သူသည်လည်း ရထားလုံးပျံထဲသို့ ဝင်လိုက်သည်။ “အန်းယန်ကို သွားမယ်”
“နားလည်ပါပြီ”
ဝှစ်
ကျင့်ကြံသူများတစ်ဒါဇင်ခန့်က သူတို့၏ကနဦးချီများကို တပြိုင်နက်တည်းထုတ်ဖော်လိုက်၏။ အစီအရင်သွေးကြောများနှင့် ကနဦးချီများဖြင့် အစွမ်းဖြည့်ထားသော ရထားလုံးပျံကြီးက လေထဲသို့ ဖြည်းဖြည်းချင်းတက်သွားလေ၏။ ယင်းက အဝေးသို့မပျံသွားခင် ခဏတာရပ်တန့်သည်။
စီးဝူယာ့က တည်ငြိမ်စွာ ပြောလိုက်လေ၏။
“လောင်ပါ့ အခုတော့မင်းကို အာရုံစိုက်မိမဲ့အရာတွေ ဘာမှမလုပ်နဲ့ဦး။ မိစ္ဆာဘုရားကျောင်းနဲ့ သမာသမတ်ဂိုဏ်းကြားက ကတိကဝတ်က ပျက်သွားပြီးပြီ။ သူတို့တွေ မိစ္ဆာဝေဟင်မျှော်နန်းကို စိန်ခေါ်မှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့က မင်းဆီကိုရောက်လာလိမ့်မယ်”
ထိုစကားကို ကျူးဟုန်ကုန်းကြားသည့်အချိန်တွင် သူက တုန်ယင်သွားပြီးနောက် မကျေချမ်းသည့် လေသံဖြင့် ပြောလိုက်သည်။
“ရှစ်ရှိုး ဒါတွေအားလုံးက ရှစ်ရှိးရဲ့အကြံဉာဏ်တွေပဲလေ။ ကျွန်တော်က ဘာကြောင့် အပြစ်တင်ခံရ မှာလဲ”
စီးဝူယာ့က အန်းယန်ဖက်ဆီ တည်ငြိမ်စွာကြည့်ပြီးပြောလိုက်လေသည်။
“ကျန့်ယွမ်ရှန်းက မိစ္ဆာဝေဟင်မျှော်နန်းကို အကြိမ်ပေါင်းများစွာ ပွင့်ပွင့်လင်းလင်းစော်ကားခဲ့တယ် ဆိုပေမဲ့ အဲဒီလူက တကယ်တော့ သတ္တိမရှိတဲ့သူပဲ။ သူက သေမှာကို ကြောက်တယ်။ မဟုတ်ရင် မင်းနဲ့ရှစ်စွင်း ပေါ်လာတဲ့အချိန် သူက ကျောက်စိမ်းယဇ်ပလ္လင်ဆီကို ကမန်းကတန်းလာမှာပဲ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် သူ့ကျင့်ကြံဆင့်နဲ့ဆိုရင် သူ အဲလိုလုပ်နိုင်တာထက်ပိုတယ်”
“ဒါတောင် ငါက အပြစ်တင်ခံနေရသေးတာ မတရားဘူးလေ”
“သူလိုလူက တွေ့နေကျ စရိုက်ပဲ၊ သူတို့က သန်မာသူကို ကြောက်ပေမဲ့ အားနည်းတာကို ရွေးတယ်"
စီးဝူယာ့ပြောပြီးသည်နှင့် ရထားလုံးပျံက အဝေးသို့ ပျံတက်သွားတော့၏။
ကျူးဟုန်ကုန်းက မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။ တနည်းဆိုရလျှင် ကျွမ့်ယွမ်ရှန်းက ကျားတောင်ရိုးဂိုဏ်းကို လွယ်တယ်လို့တွေးနေတာလား။ သူက သေးသည်ထက်သေးသွားကာ ခပ်ဝေးဝေးသို့ရောက်သွားသည့် ရထားလုံးပျံကို အနည်းငယ်အရိုအသေပေးလိုက်၏။
“လမ်းခရီးချောမွေ့ပါစေ ရှစ်ရှိုး” သူ၏ခန္ဓာကိုယ်ကိုပြန်မတ်လိုက်သည်နှင့် နှာခေါင်းရှုံကာ ပြောလိုက်သည်။ “ကျုပ်က လွယ်ကူတဲ့သူမဟုတ်ဘူး"
နှစ်နာရီခန့်ကြာပြီးနောက် ရထားလုံးပျံသည် အန်းယန်နား၌ ဖြည်းဖြည်းချင်း ဆင်းသက်သွားတော့၏။ စီးဝူယာ့က ရထားလုံးပျံထဲမှပေါ်ထွက်လာပြီး မြို့ကိုမော့ကြည့်လိုက်သည်။
စီးဝူယာ့၏လက်အောက်ငယ်သားများထဲမှ တစ်ဦးက လျှောက်လာပြီးပြောလိုက်သည်။
“ဂိုဏ်းချုပ်... ကျွန်တော်တို့တွေ ပတ်ဝန်းကျင်ကို ရှင်းလင်းပြီးပါပြီ။ ခေါင်းဆောင်ရဲ့လှုပ်ရှားမှု အကြောင်း ဘယ်သူမှဖော်ထုတ်မှာ မဟုတ်ပါဘူး”
စီးဝူယာ့က ခေါင်းညိတ်လိုက်သည်။
“ဒီမှာစောင့်နေ ငါမကြာခင်ပြန်လာခဲ့မယ်”
“ဂိုဏ်းချုပ်... အကြီးအကဲဓားနတ်ဆိုးက လတ်တလောမြို့ထဲမှာ အချိန်ဖြုန်းလေ့ရှိတယ်။ အကြီးအကဲဓားနတ်ဆိုးက ခေါင်းဆောင်ရုတ်တရက်လာရောက်လည်ပတ်လို့ ဒေါသထွက်သွားရင် ဘယ်လိုလုပ်မလဲ”
စီးဝူယာ့က သူ့ကို တစ်ချက်ကြည့်ပြီးနောက်ပြောလိုက်လေ၏။
“မင်းက အာ့ရှစ်ရှိုးအကြောင်း မှားယွင်းအကဲဖြတ်မိတာပဲ။ ငါ့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိတယ်”
“နားလည်ပါပြီ”
စီးဝူယာ့က လက်တစ်ဖက်မြှောက်လိုက်လေ၏။ ရထားလုံပျံထဲရှိ ဆန်းကြယ်သေတ္တာက သူ့လက်ဖဝါးထဲရောက်လာသည်။
ထိုစဉ် အန်းယန်မြို့ထဲရှိ စားသောက်ဆိုင်၏တတိယအလွှာတွင်ဖြစ်သည်။ ပြတင်းပေါက်မှ ကြည့်လျှင် အန်းယန်တစ်မြို့လုံးကို မြင်နိုင်ပေ၏။
အစိမ်းရောင်ဝတ်ရုံဖြင့် ဓားသမားက သူ့အတွက်သူသေရည်တချို့ငှဲ့နေလေ၏။
စားသောက်ဆိုင်တစ်ဆိုင်လုံးရှင်းလင်းနေပြီး ကျန်သည့်ဧည့်သည်များမရှိပေ။ ဘေးတွင်ရပ်နေသော စားပွဲထိုးက တုန်ယင်နေ၏။ သူသည် အစိမ်းရောင်ဝတ်ရုံဖြင့် ဓားသမားကို ရံဖန်ရံခါ မရဲတရဲချောင်းကြည့်နေ၏။
ဝတ်ရုံစိမ်းဖြင့်ဓားသမားက မေးလိုက်လေသည်။ “ဘယ်လောက်ကြာမှာလဲ”
“သူရိန်ပြာကနေ အန်းယန်ကိုဆို တစ်နာရီလောက်ကြာမှာပါ။ သူ သူအခုလောက်ဆို ရောက်သင့်နေပါပြီ” စားပွဲထိုးသည် စကားပြောနေစဉ်၌ ထစ်နေလေ၏။
“ကြောက်နေဖို့မလိုဘူး။ ဒီမှာ သေရည်နဲ့ဟင်းအချို့ရှိနေပြီ။ ထိုင်ပြီးငါနဲ့သောက်” ဝတ်ရုံစိမ်းဖြင့် ဓားသမားက တည်ငြိမ်စွာပြောလိုက်လေ၏။
“မဟုတ် မဟုတ် မဟုတ်ဘူး။ ကျွန်တော်မသောက်ရဲပါဘူး။ ဒီနေရာမှာပဲ ရပ်နေပါ့မယ်။ ဒီနေရာမှာ ရပ်နေတာကောင်းမယ်” ဝတ်ရုံစိမ်းဖြင့် ဓားသမား၏စကားကို ကြားသည့်အချိန်တွင် စားပွဲထိုးက ကျောစိမ့်သွားသည်။
ထပ် ထပ် ထပ်
တစ်စုံတစ်ယောက်က အပေါ်တက်လာသည်။ တတိယအလွှာသို့ ကျင့်ကြံသူ အချို့ရောက်လာ၏။ နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူတစ်ဦး၊ ဗြဟ္မာ့ပင်လယ်ဦးတည်ကျင့်ကြံသူနှစ်ဦး၊ အာရုံခံ သိပ်သည်းခြင်းနယ်ပယ်ခြောက်ဦးနှင့် စိတ်နက်နဲမှု အလင်းပွင့်နယ်ပယ်သုံးဦးဖြစ်သည်။
ဝတ်ရုံစိမ်းဖြင့်ဓားသမားနှင့် စားပွဲထိုးမှအပ ထိုနေရာတွင် စားပွဲတစ်လုံး၊ ခုံတစ်လုံးသာရှိပြီး စားသောက်ဆိုင်၏ တတိယအလွှာတွင် လူတစ်ယောက်အတွက်သာ လုံလောက်သည့်စားစရာနှင့် သေရည်သာရှိသည်။
ဝတ်ရုံစိမ်းဖြင့်ဓားသမားက ထိုကျင့်ကြံသူများကို တစ်ချက်ကြည့်ပြီးနောက် သူ့အတွက် သေရည်အချို့ဆက်ငှဲ့ကာ တည်ငြိမ်စွာပြောလိုက်လေ၏။
“ဒီနေရာမှာ သူရိန်ပြာတောင်တန်းကို ဝိုင်းထားတဲ့ တောပုန်းဓားပြတွေ နေခဲ့၊ ကျန်တဲ့သူတွေ ထွက်သွားလို့ရပြီ”
စားပွဲထိုးက သင့်တော်စွာ ပြုမူပြီးနောက် သေခြင်းတရားပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရသွားသည်။ သူက အမြန် အရိုအသေ ပေးပြီးနောက် ပြောလိုက်လေ၏။
“ကျေးဇူးပါ ဆရာကြီး။ ကျေးဇူးပါ” သူက တောယုန်တစ်ကောင်ထက် ပိုမြန်မြန်ဆန်ဆန် ပြေးထွက်သွားပြီးနောက် လှေကားတွင် ပျောက်ကွယ်သွားတော့သည်။
ကျင့်ကြံသူများက ဝတ်ရုံစိမ်းဖြင့် ဓားသမားကို ဇဝေဇဝါကြည့်လိုက်ကြ၏။
အဖွဲ့ခေါင်းဆောင်ဖြစ်ဟန်တူသော လူရွယ်က ဝတ်ရုံစိမ်းဖြင့် ဓားသမား၏အရှိန်အဝါကို အာရုံခံမိသည်။ သူက လက်နှစ်ဖက်ကို ဆုပ်လျက်မေးလိုက်လေ၏။
“ဆရာကြီးက ဘယ်သူပါလဲ”
ဝတ်ရုံစိမ်းဖြင့်ဓားသမားက လူရွယ်၏အမေးကိုမဖြေခဲ့ပေ။ ထိုအစားသူက မေးလိုက်လေ၏။
“မင်းတို့တွေက သူရိန်ပြာတောင်တန်းက တောပုန်းဓားပြတွေလား”
“ကျုပ်တို့ကို တောပုန်းဓားပြတွေလို့ခေါ်တာက ဆိုးလွန်းပါတယ်။ ကျုပ်တို့တွေက နေထိုင်စားသောက်ဖို့အတွက် ကြိုးစားနေရုံပါပဲ။ ဒီစားသောက်ဆိုင်ကိုထိန်းထားပြီး ဦးစီးဖို့ဆိုတာ မလွယ်ကူဘူးလေ။ ကျုပ်တို့ကို ဘာပြဿနာမှမပေးဖို့ မျှော်လင့်မိပါတယ် ဆရာကြီး”
“ဒီလိုဆိုမှတော့ လွယ်တာပဲ” ဝတ်ရုံစိမ်းဖြင့်ဓားသမားက သူ၏သေရည်ခွက်ကိုမြှောက်ပြီးနောက် တစ်ကျိုက်တည်း အပြီးသတ်လိုက်၏။ သူသည်အစက တည်ငြိမ်စွာပြောပဲနေခဲ့တာပဲဖြစ်၏။ သို့သော် ချက်ချင်းပင် သူ၏လေသံက ပြောင်းလဲသွား၏။
“ကျုပ်စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့အသက်ကို ကိုယ့်ဘာသာ စီရင်နိုင်မလား၊ ကျုပ်ရဲ့ဓားက အဆင့်နိမ့်ကျင့်ကြံသူရဲ့သွေးမစွန်းချင်ဘူးလေ”
“ဆရာကြီးက ဘယ်သူများလဲ” အစိမ်းရောင်ဝတ်ရုံဖြင့် ဓားသမားက သူ၏သေရည်ခွက်ကို ချလိုက်လေ၏။ သူက ခပ်ဖျော့ဖျော့ပြုံးကာပြောလိုက်တော့သည်။
“ငါက ယွီရှန်းရုန်ပဲ”
“...”
“ဓားနတ်ဆိုးလား”
ကျင့်ကြံသူများက အမှန်ဟုတ်မဟုတ် အတည်ပြုရန်တောင်မကြိုးစားကြတော့ဘဲ သူတို့က အမြီးကုပ်ပြီး ချက်ချင်း လှည့်ပြေးတော့သည်။
ဘန်း ဘန်း ဘန်း
လှေကား၌ စွမ်းအင်နံရံတစ်ခုက သူတို့လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ဝတ်ရုံစိမ်းဖြင့်ဓားသမားသည် သူ့အတွက် သေရည်အချို့ဆက်ငှဲ့ပြီးနောက် သောက်လိုက်လေ၏။ သူက မည်သည်ကိုမျှမမြင်သည့်အလားဖြစ်နေသည်။ ကျင့်ကြံသူတစ်ဒါဇင်ကျော်က စတင် ကြောက်လန့်လာတော့သည်။
အသိပေးချက်မရှိပဲ စားသောက်ဆိုင်အပြင်ဖက်မှ လက်နက်ပုန်းများစွာသည် သူတို့ဆီ တိုးဝင်လာသည်။ ယင်းတို့က ဒေါင်းမြီးသဖွယ် ရွှေရောင်တလက်လက်များက သူတို့ဆီ တိုးဝင်လာတာပဲဖြစ်သည်။
ဝူး ဝူး ဝူး
လက်နက်က အဆင့်နိမ့်ကျင့်ကြံသူများ၏ရင်ဘတ်ကို ထိုးဖောက်သွားပြီး အချို့ကဆို ဖြူကောင်များနှင့်တောင် တူသွားပေတော့သည်။
ဝတ်ရုံစိမ်းဖြင့်ဓားသမားက မော့ကြည့်ခြင်းတောင်မရှိပေ။ သူကခေါင်းသာ အနည်းငယ် ခါလိုက်လေ၏။ သူ၏သေရည်ခွက်ကိုချပြီး အနည်းငယ်ကျီစယ်သည့်လေသံဖြင့် ပြောလိုက်တော့သည်။
“ရှစ်တိ မင်းက ငါ့ရဲ့စိတ်အခြေအနေကို ဖျက်ဆီးလိုက်တာပဲ။ ငါ ဒီမှာ ကောင်းကောင်းမွန်မွန် သောက်နေတာပဲကို။ ငါတကယ် သွေးနံ့တွေကို သဘောမကျဘူး”
ထန်း ထပ် ထပ်
စီးဝူယာ့သည် လက်နောက်ပစ်လျက် လှေကားပေါ်တက်လာလေ၏။ ဆန်းကြယ်သေတ္တာက သူ့နားတွင် ပျံဝဲနေသည်။ မျက်နှာထက်တွင် အပြုံးကိုဆင်ထားလျက် သူက စားပွဲရှေ့တွင်ထိုင်ကာ ပြောလိုက်တော့သည်။
“ရှစ်ရှိုးရဲ့ စိတ်အခြေအနေကို ဖျက်ဆီးမိတဲ့အတွက် နောက်တစ်ကြိမ်မှ စားသောက်ဖွယ်နဲ့ တည်ခင်းဧည့်ခံပါ့မယ်”
ယွီရှန်းရုန်က ခေါင်းအနည်းငယ်ခါကာပြောလိုက်တော့သည်။
“မင်း ဒီလိုတွေးတာနဲ့တင် လုံလောက်နေပါပြီ။ ဒါပေမဲ့ တကယ်နှမြောစရာပဲ။ သူတို့အသက်ကို သူတို့ဘာသာ အဆုံးသတ်ခွင့်ပေးမလို့ ငါကတိပေးထားတာ”
“ဒါတွေအားလုံးကျွန်တော့်အမှားတွေပါပဲ။ ကျွန်တော် ဝင်မနှောင့်ယှက်သင့်ဘူး” စီးဝူယာ့က ပြောလိုက်လေ၏။ “ရှစ်ရှိုး ရှစ်ရှိုးက ကောင်းကောင်းနားလည်တဲ့သူပဲ။ ဘာကြောင့် ဒီလိုနုံဖျင်းတဲ့ တောပုန်းဓားပြတွေကို ဖြေရှင်းတဲ့အထိ ကိုယ့်ကိုယ်ကိုယ်ဘာကြောင့် နိမ့်ကျခံနေမှာလဲ”
“ရှောင်ရှစ်မေ့က တုံးအပြီး သန့်စင်တယ်။ သူ့ရဲ့ပြဿနာတွေက ငါ့ရဲ့ ပြဿနာပဲပေါ့” ယွီရှန်းရုန်က ပြောလိုက်လေ၏။
စီးဝူယာ့က အံ့ဩသွားကာပြောလိုက်တော့သည်။ “ရှစ်ရှိုးက ရှစ်မေ့ကို တကယ်ချစ်တာပဲ”
“ဒါကို အချစ်လို့မပြောဘူး” ယွီရှန်းရုန်က ညင်သာစွာပြောလိုက်၏။
“တာ့ရှစ်ရှိုးနဲ့ငါ မိစ္ဆာဝေဟင်မျှော်နန်းထဲက ထွက်သွားတဲ့အချိန် ရှောင်ရှစ်မေ့က မိစ္ဆာဝေဟင် မျှော်နန်းကို ဝင်တောင်မဝင်ရသေးဘူး”
“ဒါဆို ဘာကြောင့်လဲ” စီးဝူယာ့၏အကြည့်က တောပုန်းဓားပြများ၏ အလောင်းဆီရောက်သွား တော့သည်။
ယွီရှန်းရုန်က ခပ်ဖျော့ဖျော့ပြုံးလိုက်လေ၏။ သူက လက်နောက်ပစ်ထားလျက် မတ်တပ်ထရပ်လိုက် သည်။ အပြင်ဖက်ရှိမြင်ကွင်းကို ကြည့်ပြီး သူက ပြောလိုက်တော့၏။
“ငါ ရှောင်ရှစ်မေ့နဲ့ အကြိမ်ရေအနည်းငယ် တွေ့ဖူးတယ်။ သူက ငါ့လိုပဲ ကျန်တဲ့သူတွေကို စိတ်ရင်းမှန်နဲ့ ဆက်ဆံတဲ့သူ”
“...”
စီးဝူယာ့က ချောင်းအနည်းငယ်ဟန့်လျက်ပြောလိုက်လေ၏။
“အာ့ရှစ်ရှိုး အလုပ်ကိစ္စလေးပြောရအောင်” သူက လက်ဝှေ့ယမ်းလျက် စားပွဲပေါ်တွင် ဆန်းကြယ်သေတ္တာက ကျလာတော့သည်။
…
အခန်း (၁၃၂) မင်းက ငါ့ကို ကောင်းကောင်းသိတာပဲ … ရှစ်တိ ဝူယာ့
ယွီရှန်းရုန်က လျှို့ဝှက်ဆန်းကြယ် သေတ္တာကို ကြည့်လိုက်သည်။ ထို့နောက် သူ ယူမသွားခင် အကဲဖြတ်လိုက်သေး၏။
စီးဝူယာ့က ပြောလိုက်သည်။
“ ဒါက ရှစ်စွင်းရဲ့ သေတ္တာ … ဖွင့်ဖို့အတွက် ရှစ်ရှိုးရဲ့ လက်နက်ကို လိုတယ် ”
“ရှစ်စွင်းက စိတ်ဝင်စားဖို့ကောင်းတဲ့လူပဲ။ သူ တောင်ပေါ်မှာ နေတုန်းကတောင် ငါတို့ကို ဘယ်တော့မှ လုပ်စရာနဲ့ လက်နဲ့ ပြတ်တယ်လို့ မရှိအောင် ခိုင်းတတ်တယ်”
ယွီရှန်းရုန်က အပြုံးလေးနှင့် ပြောလိုက်သည်။
“ သူက ငါတို့ကို စမ်းသပ်ချင်နေတာ နေမယ် ”
“ချီရှစ်တိ … မင်းက လူသားတွေရဲ့ စိတ်နှလုံးအကြောင်း ကောင်းကောင်းသိရက်နဲ့ ရှစ်စွင်းရဲ့ အတွေးတွေကို မမြင်နိုင်ဘူးလား ”
စီးဝူယာ့က ခေါင်းခါကာ သက်ပြင်းအရှည်ကြီးချလိုက်သည်။ သူက လက်နောက်ပစ်လျက် ယွီရှန်းရုန်နား သွားလိုက်သည်။ သူက အန်ယန်း လမ်းမအထက်ကို ငုံ့ကြည့်လိုက်ရင်း “ ဒါတွေသာ အတိတ်မှာဆိုရင် သူ့အတွေးတွေကို အတွင်းသိတယ်လို့ ယုံကြည်ချက်ရှိရှိ ပြောရဲတယ်။ ဒါပေမဲ့ နောက်ပိုင်းကျ မသေချာတော့ဘူး ”
ယွီရှန်းရုန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ ငါ ဂရုမစိုက်ဘူး။ တကယ်တော့ သူ့အကြောင်းများများ မတွေးဘူး။ သူသာ ဘေးထွက်နေရင် ငါ စိတ်အေးရတယ် ”
“ ကိစ္စတွေက ရှစ်ရှိုး ဖြစ်ချင်သလို ဖြစ်လာမှာ မဟုတ်ဘူး ” စီးဝူယာ့က အပြုံးလေးနှင့် ပြောလိုက်သည်။
“ ရှစ်စွင်းက ပြောင်းပြန်လုပ်နေတာ။ အရင်ဆုံး သူက မိစ္ဆာကျောင်းတော်ရဲ့ ဒုတိယကျောင်းထိုင် ကျို့ရှင်းချန်ကို သတ်လိုက်တယ်။ အဲဒီနောက် မဟူရာစစ်သည်ရဲ့ ခေါင်းဆောင် ဖန်းရှုဝမ်ကို ဖမ်းတယ်။ သူ့ကို ဝါရင့်ကိုယ်တော်ကြီး တစ်ပါးကလဲ ကူညီပေးနေသေးတယ်။ ပြီးတော့ သူက ကျင့်မင်တာအိုဂိုဏ်းရဲ့ တပည့် ဖန်ကျုံးနဲ့ ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့် ကျိုးကျစ်ဖုန်းတို့ကိုလည်း ခေါ်လိုက်သေးတယ်၊ ယွင်ဂိုဏ်းရဲ့ အကြီးအကဲ ဟွားဝူတောက်လည်း တောင်ပေါ် ရောက်သွားကတည်းက ဘာသတင်းမှ မကြားရတော့ဘူး ”
“ကြည့်ရတာ လောင်ချီရဲ့ ယုံကြည်ချက်တွေ တစတစ ကုန်သွားပုံပဲ။ မင်းအသံက တုံ့ဆိုင်းနေတယ်”
ယွီရှန်းရုန်က ပြောလိုက်သည်။
စီးဝူယာ့က ခေါင်းညိတ်လိုက်ပြီး မငြင်းဆန်ပေ။ ထို့နောက် သူက “ ဒီသတင်းက မဟူရာကွန်ယက်ကနေ ရထားတာ။ ဒါပေမဲ့ တင်ပြချက်ထဲမှာ အထင်မြင်ကွဲစရာတွေ ရှိနေတယ်။ ဝါရင့်ဗုဒ္ဓကိုယ်တော် အကြောင်းက ယုံလို့ မရဘူး။ အထွတ်အမြတ် ယဇ်ပလ္လင်မှာ ဗုဒ္ဓဂိုဏ်းက ဝင်ပါခဲ့ပေမဲ့ အဲဒီဝါစဉ်ကြီး ဗုဒ္ဓဘုန်းတော်ကြီးက ရှစ်စွင်း ကိုယ်တိုင် ဖြစ်နေနိုင်ခြေရှိတယ် … ”
ယွီရှန်းရုန်က အနည်းငယ် အံ့အားသင့်သွားပြီး “ရှစ်စွင်းက ကျင့်စဉ်အများအပြားကို ကျွမ်းကျင်တာဆိုတော့ မင်းရဲ့ ခန့်မှန်းချက်က မဖြစ်နိုင်တာတော့ မဟုတ်ဘူး ”
“အမှန်သာဆိုရင် ရှစ်စွင်းက တခြားဂိုဏ်းရဲ့ ကျင့်စဉ်ကို ကျွမ်းကျင်တတ်မြောက်ဖို့ နည်းလမ်း တွေ့သွားနိုင်ခြေရှိတယ်။ ဟုတ်တယ် အဲလို ဖြစ်နိုင်တယ်” စီးဝူယာ့က ပြောလိုက်သည်။
ယွီရှန်းရုန်က ပြန်မဖြေပေ။ သူက တိတ်တဆိတ်သာ နေနေပြီး အန်ယန်းမြို့ အဝေးတစ်နေရာဆီ လှမ်းကြည့်နေသည်။
လမ်းပေါ်ရှိ လူအုပ်ကြီးက ဖြည်းဖြည်းချင်း ကျဲလာပြီး နေလည်း ဝင်သွားလေပြီ။
နောက်ဆုံးတွင် စီးဝူယာ့က သေတ္တာကို လှည့်ကြည့်လိုက်ပြီး “အာ့ရှစ်ရှိုး ဒီသေတ္တာကို ဖွင့်၊ မဖွင့်က ရှစ်ရှိုးအပေါ်မှာ မူတည်တယ် ”
“မင်းက ရွေးချယ်ပြီးသွားပြီလား ”
“ရှစ်စွင်း အချိန်က စေ့လုပြီ။ တကယ်လို့ သူက နည်းလမ်းအသစ်ရှာတွေ့ရင် ကျွန်တော် သေချာကို စောင့်ကြည့်နေဦးမှာ” စီးဝူယာ့က ပြောလိုက်သည်။
“ ငါက ဦးနှောက်သုံးရတာ မကြိုက်ဘူး …” ယွီရှန်းရုန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ ငါ မင်းနည်းလမ်းတွေကို သဘောမကျတဲ့အခါမျိုးတွေ ရှိပေမဲ့ ဒီကိစ္စမှာတော့ မင်းမှန်တယ်” သူက ဓားကို မယူလိုက်သော်လည်း သူ့နောက်ရှိ ဓားရှည်က အနီရောင်ဖျော့ဖျော့ လင်းလက်လာကာ သူ့ဘာသာ လှုပ်ရှားလာသည်။ ထို့နောက် သေတ္တာမြောင်းထဲ ဝင်သွားလိုက်သည်။
ကလစ်
အသံတစ်သံ ထွက်လာသည်။
သေတ္တာဘေးဘက်တွင် ဖွင့်ရာတစ်ခု ပေါ်လာလေ၏။
သက်ရှည်ဓားက ပြန်ထွက်လာပြီး ယွီရှန်းရုန် နောက်ကျော်ဘက် ပြန်ရောက်သွားသည်။ သူက မေးလိုက်၏ “ သေတ္တာက ပွင့်မလာဘူးလား ”
စီးဝူယာ့က ပြန်ဖြေလိုက်သည် “ တာ့ရှစ်ရှိုးရဲ့ နဂါးသွဲ့ကျောက်ဓားရှည် လိုသေးတယ် ”
“ချီရှစ်တိ မင်းက တခြားလူတွေထက် ဉာဏ်ကောင်းတယ်။ ဒီသေတ္တာထဲမှာ ဘာပါမယ် ထင်လဲ”
“ အရမ်းမလေးတော့ ရွှေတို့ ကျောက်တို့တော့ မဖြစ်နိုင်ဘူး။ ကောင်းကင်အဆင့် လက်နက်လည်း မဖြစ်နိုင်လောက်ဘူး။ ဒီလိုသေတ္တာမျိုးထဲမှာ ရတနာမြေပုံပဲ ဖြစ်လိမ့်မယ်တူတယ် ” စီးဝူယာ့က စစနောက်နောက် ပြောလိုက်သည်။
“ ရတနာမြေပုံလား။ အဲဒါ ငါတို့ကို ပိုင်လူမျိုးရဲ့ အရိုးတွေလိုမျိုး အဖိုးတန်အရာတစ်ခုခုဆီ ခေါ်သွားပေးနိုင်တာမျိုးလား ” ယွီရှန်းရုန်က အနည်းငယ် စဉ်းစားရခက်နေသော်လည်း သူ့အမူအယာများက မပြောင်းမလဲ ဖြစ်၏။
“ပိုင်လူမျိုးတွေရဲ့ အရိုးက တကယ့် ရတနာ မဟုတ်ပေမဲ့ အဲလိုရတနာမျိုးဆိုတာတော့ သေချာတယ်။ မတွေ့သေးတာပဲ ရှိတာ။ နန်းတော်ကလည်း မြစ်ထဲကနေ အလောင်းတွေဆယ်နေတော ဆယ်စုနှစ်ရှိနေပြီ။ ဒါပေမဲ့ ဘာမှမတွေ့ရသေးဘူး။ ကျွန်တော်တို့တွေ ပိုင်လူမျိုးတွေရဲ့ အရိုးဖြစ်နိုင်ခြေကို ပယ်လိုက်လို့ ရတယ် ”
ယွီရှန်းရုန်က အသာပြောလိုက်သည် “လျိုရှစ်မေ့လည်း ဒီကိစ္စကနေ လွတ်မြောက်ပါစေပဲ မျှော်လင့်မိတယ်”
“ ဒီကိစ္စကို ဘေးဖယ်ထားလိုက်ဦး။ ကျွန်တော် ကြောက်တာက အခု သူမ သေရေးရှင်ရေး ဖြစ်နေလောက်ပြီ။ ရှစ်စွင်းသဘောအရဆို သူမ ရဲ့ အခြေအနေ သိပ်ကောင်းမှာတော့ မဟုတ်ဘူး ”
ယွီရှန်းရုန်လည်း ခေါင်းညိတ်လိုက်သည်။ သူက ယဲ့ထျန်းရှင်းအကြောင်း ဆက်မပြောတော့ပေ။ ထို့အစား သူက သေတ္တာကို တစ်ချက်ကြည့်ကာ ပြောလိုက်သည် “ တာ့ရှစ်ရှိုးက သူ့ဘာသာ အခန်းပိတ်နေတဲ့သူဆိုတော့ မင်း သူ့ကို ရှာတွေ့မယ်တော့ မထင်ဘူး ”
“ ကျွန်တော် ကြိုးစားကြည့်ပါ့မယ်။ သူလည်း ကျွန်တော်တို့လိုမျိုး အမြင်တူနေတာလည်း ဖြစ်နိုင်ပါတယ်”
စီးဝူယာ့က ပြောလိုက်သည်။
ယွီရှန်းရုန်က အံ့ဖွယ်မြို့တော်ရှိရာဆီ လက်ညှိုးထိုးလိုက်ကာ “တာ့ရှစ်ရှိုးက ပင်းတုတောင်မှာ မဟုတ်ဘူး။ သူ အံ့ဖွယ်မြို့တော်ထဲမှာ ရှိလိမ့်မယ် ”
စီးဝူယာ့က ထိုအကြောင်းကြားလိုက်သည့်အခါ အနည်းငယ် အံ့ဩသွားလေသည် “တာ့ရှစ်ရှိုးက ဒီတစ်ချိန်လုံး အခန်းအောင်းလေ့ကျင့်နေတာပဲ။ သူ့တာဝန်အများစုကို လက်အောက်ငယ်သားတွေပဲ ကိုင်တွယ်ဖြေရှင်းနေကြတာ။ နဂါးသိုက်၊ ကျားသိုက်လိုမျိုး အံ့ဖွယ်မြို့တော်ဆီ ဘာလို့များသွားပါလိမ့် ”
ယွီရှန်းရုန်က ပြောလိုက်သည်။
“ငါ တာ့ရှစ်ရှိုး ကိုင်တွယ်ဖြေရှင်းပုံတွေကို မကြိုက်ဘူး ”
“ အမ် ”
“အဲဒါကြောင့် ငါ ချန်းဝမ်ကျဲကို သတ်ပစ်လိုက်တာ ”
“…”
“တာ့ရှစ်ရှိုးနဲ့ ချန်းဝမ်ကျဲကို သတိကြိုပေးထားပြီးသား။ ငါ ဓားပါလိမ့်မယ်လို့ ပြောထားတယ်။ တကယ်လို့ သူတို့ လည်ပင်းဆန့်ထုတ်ထားရင်တော့ခေါင်းပြတ်သွားမှာပေါ့ ” ယွီရှန်းရုန်က ဖြည်းဖြည်း ပြောလိုက်သည်။
စီးဝူယာ့က ပြောစရာပင် ရှာမတွေ့တော့ချေ။ နောက်ဆုံးတွင် သူက သက်ပြင်းချကာ “ ရှစ်ရှိုးနဲ့ တာ့ရှစ်ရှိုးတို့က ကိုယ်ပိုင်အမြင်တွေရှိကြတာပဲလေ။ မှားတယ် မှန်တယ် မရှိပါဘူး ”
“ချီရှစ်တိ … မင်းက အဝေးကို လှမ်းမြင်တတ်တဲ့လူမျိုးပဲ။ တာ့ရှစ်ရှိုး လုပ်တာက အမှန်လို့ ထင်လား” ယွီရှန်းရုန်က မေးလိုက်သည်။
“ အာ …” စီးဝူယာ့က အပြုံးလေးနှင့် ဆက်ပြောလိုက်သည်။
“တာ့ရှစ်ရှိုးက မှားနေတာပေါ့ ”
ယွီရှန်းရုန်က ကျေနပ်စွာ ပြုံးလိုက်ရင်း “ မင်းကလည်း ထူးခြားတာပဲ ”
ထိုစဉ် အန်းယန်မြို့ လမ်းမအထက် စစ်သားအုပ်စုလိုက် ပေါ်လာသည်။ အယောက် ၃၀ မှ ၅၀ အုပ်စုများကြား အနီဝတ် ကျင့်ကြံသူ သုံးယောက်မှ ငါးယောက်အထိ ပါနေသည်။
ယွီရှန်းရုန်က အုပ်စုကို လက်ညိုးထိုးပြလိုက်ပြီး “ မင်း ပြောတာ မှန်တယ်။ ဝေ့ကျိုးယန်က တစ်ယောက်ယောက်ကို လွှတ်လိုက်ပြီ ”
စီးဝူယာ့က လက်နောက်ပစ်လျက် “ ဝေ့ကျိုးယန်က တစ်ယောက်ယောက်နဲ့ အုပ်ချုပ်ရေးကိစ္စပေါ် အမြင်ကွဲလွဲခဲ့ပေမဲ့ သူတို့က ကြိုးတန်းပေါ် အတူတူလျှောက်နေတဲ့လူတွေပဲလေ။ ပြီးတော့ အဲဒီဝေ့ကျိုးယန်က အရမ်းရုပ်ဆိုးတယ် .. ”
“ရုပ်ဆိုးတယ်တဲ့လား ”
“ ကိစ္စမရှိပါဘူး။ ဘယ်လိုဖြစ်ဖြစ် ဝေ့ကျိုးယန်ရဲ့ လက်ရှိလှုပ်ရှားမှုက နိမ့်လွန်းတယ် ” စီးဝူယာ့က အပြုံးလေးနှင့် ပြောလိုက်သည်။
“ချီရှစ်တိ ဝင်ပါမှာလား” ယွီရှန်းရုန်က မေးလိုက်သည်။
စီးဝူယာ့က ခေါင်းခါကာ “ အရင်ကလိုမျိုးပဲ အခြေအနေကို အရင်လေ့လာမယ်။ လိုအပ်လာမှ ဆုံးဖြတ်မယ်။ အာ့ရှစ်ရှိုးလည်း ဒီလိုလုပ်တာမျိုး သဘောကျတာမလား ”
“မင်းက ငါ့ကို ကောင်းကောင်းသိတာပဲ”
အုပ်စုများက လမ်းမအထက် စီတန်းလျှောက်လှမ်းနေကြသည်။ အနီဝတ် ကျင့်ကြံသူများက စစ်သားများနှင့်အတူ အန်းယန်းမြို့မှ ထွက်သွားကြ၏။
နောက်ဆုံးတွင် စီးဝူယာ့က လက်နှစ်ဖက်ယှက်ကာ “ အာ့ရှစ်ရှိုး … ကျွန်တော်လည်း အံ့ဖွယ်မြို့တော်ဆီ သွားလိုက်ဦးမယ် ”
“ကောင်းပြီ” ယွီရှန်းရုန်က လက်ဝေ့ကာ ပြောလိုက်သည်။
“ သူ့ကို တစ်ခု ပြောပေးပါဦး။ သူ့ကိစ္စတွေမှာ ငါ ဝင်မပါချင်ဘူး။ ငါ့ကိစ္စတွေမှာလည်း သူ ဝင်မရှုပ်နဲ့လို့ ”
“ ကျွန်တော် သေချာပြောလိုက်ပါ့မယ် ” စီးဝူယာ့က လက်ဝှေ့လိုက်သည့်အခါ သေတ္တာက ချက်ချင်း ပျောက်ကွယ်သွားသည်။
ယွီရှန်းရုန်က ကြမ်းပြင်ရှိ အလောင်းများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်ကာ “ မင်းတို့ကို သတ်ဖို့ မရည်ရွယ်ပါဘူး။ အပြစ်ကြွေးတိုင်းအတွက် တစ်ယောက်ယောက်မှာ တာဝန်ရှိသလို အကြွေးတိုင်းအတွက် အကြွေးရှင်ဆိုတာ ရှိတယ်။ နှုတ်ဆက်ပါတယ်”
သူက လေထဲ ခုန်ဝင်လိုက်ပြီးနောက် ပန်းခြံထဲ အေးအေးလူလူ လမ်းလျှောက်နေသလိုမျိုး လျှောက်သွားလေသည်။
သူက အနီဝတ်ကျင့်ကြံသူများနှင့် စစ်သားအုပ်စုနောက် လိုက်သွားသည်။
……………
ထိုစဉ် စီးဝူယာ့က သူ့ရထားလုံးပျံဆီ ပြန်ရောက်နေလေပြီ။
“ ဂိုဏ်းချုပ် … ဓားနတ်ဆိုးအရှင်က ရွှေနန်းဥယျာဉ်တောင်ဆီ ဦးတည်သွားနေတာကို တွေ့ခဲ့ရတယ် ”
“ဘာမှစိတ်ပူဖို့ မလိုဘူး။ အာ့ရှစ်ရှိုးက သူ ဘာလုပ်နေတယ်ဆိုတာ သိတယ်။ ဒါနဲ့ ယွင်၊ ထျန်းနဲ့ လော့ဂိုဏ်းရဲ့ ဓားသူတော်စင် လော့ရှစ်စန်းအကြောင်း သတင်းရသေးလား”
“ ဂိုဏ်းချုပ် … ဓားသူတော်စင် လော့ရှစ်စန်းက အခုထိ ဘာမှမလှုပ်ရှားသေးပါဘူး ”
“ သူ တစ်ခုခု လုပ်တာနဲ့ ငါ့ကို ချက်ချင်း သတင်းပို့ … အာ့ရှစ်ရှိုးက သူ့လို ပြိုင်ဘက်မျိုးကို သဘောကျမှာ သေချာတယ်”
“ဟုတ် ဂိုဏ်းချုပ် ”
…
အခန်း (၁၃၃) ကျင့်စဉ်များပြီးစီးခြင်း
စီးဝူယာ့က လက်အသာဝှေ့လျက်ပြောလိုက်၏။
“အံ့ဖွယ်မြို့တော်ကို သွားမယ်”
“ဂိုဏ်းခေါင်းဆောင် အံ့ဖွယ်မြို့တော်ကို တော်ဝင်အစောင့်တပ်တွေက ဝန်းရံထားပါတယ်။ သာမန် ရထားလုံးပျံတွေ ဝင်ခွင့်မရှိဘူး။ ကျွန်တော်တို့ပြဿနာတက်မှာစိုးတယ်”
တာ့ယန်၏စည်းမျဉ်းအရ တော်ဝင်အစောင့်တပ်သည် အံ့ဖွယ်မြို့တော်နား ကပ်လာသော အမည်မဖော်သည့် ရထားလုံးပျံများကို သုတ်သင်ရှင်းလင်းပိုင်ခွင့်ရှိသည်။ ပြင်းထန်သည့်တိုက်ပွဲ ဖြစ်ခဲ့လျှင် မဟူရာ ကွန်ယက်က အရေးနိမ့်ပေလိမ့်မည်။ သူတို့က တိုက်ပွဲဝင်ရာ၌ ကျွမ်းကျင်သည့်သူများ မဟုတ်ကြချေ။
“ကိစ္စမရှိဘူး။ ငါ အရှင်မင်းသားဆီက အမိန့်ပြားတစ်ခုရထားတယ်။ ငါတို့ အကန့်အသတ်မရှိ ဝင်လို့ရတယ်” စီးဝူယာ့က ယုံကြည်ချက်ရှိရှိပြောလိုက်လေ၏။
“ဂိုဏ်းခေါင်းဆောင် ခေါင်းဆောင်ရဲ့ဉာဏ်ရည်ကတော့ အကန့်အသတ်မရှိဘူး။ ကျွန်တော်တို့ အခု ထွက်ခွာပါ့မယ်”
ထိုစဉ် လုကျိုးက ဆဌမမြောက်တပည့်ကျူးဟုန်ကုန်းကို သွန်သင်ဆုံးမခြင်းအတွက် ဆုလာဒ်အမှတ် နှစ်ရာ ရရှိခဲ့သည်။ သူက မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး စနစ်မျက်နှာပြင်ရှိ ကုသိုလ်အမှတ် များကို တစ်ချက်ကြည့်လိုက်၏။ ၈၉၆၂မှတ် ရှိနေသည်။
“ငါ ခြောက်သွယ်ပေါင်းစည်းတြိမျဉ်းကိုဝယ်ဖို့အတွက် အမှတ်သုံးထောင်ကျော် လိုနေသေးတာပဲ”
လုကျိုးက သယအခုအချိန်တွင် ကံစမ်းမဲနှိုက်ခဲ့လျှင် ချက်ကောင်းကိုထိမည်သေချာသည်ဟု ထင်ယောင်ထင်မှားဖြစ်နေလေ၏။
“ကံစမ်းမဲ”
ပါဝင်မှုအတွက် ကျေးဇူးတင်ပါသည်။ ထိုသုံးကြိမ်ဆက်တိုက်က လုကျိုး၏ ထင်ယောင်ထင်မှားဖြစ်မှုကို ရက်ရက်စက်စက် ဖြိုခွဲသွားလေကာ သူက ချက်ချင်းပင် သုန်မှုန်သွားလေ၏။ သူက ကံကောင်းမှတ်ရှစ်မှတ် စုဆောင်းပြီးဖြစ်သည်။
မေ့လိုက်တော့။ ငါ ဒီကံစမ်းမဲနှိုက်တာကို လက်လျှော့လိုက်တော့မယ်။ ဆိုးလိုက်တဲ့မင်ရှစ်ရင်။ လောင်ပါ့ကို သွန်သင်ဆုံးမတာကနေ ငါ့အတွက် သူရလာတဲ့ကုသိုလ်အမှတ်တွေက ငါ သုံးလို့ကုန်တော့မယ်။
ထိုစဉ် ရှောင်ယွမ်အာက အပြင်ကနေပြေးဝင်လာလေ၏။
“ရှစ်စွင်း”
တွမ့်မူရှန်းနှင့် ကျောင်းယွဲ့ကလည်း သူမနောက်မှ ဖြည်းဖြည်းချင်းလိုက်ပါလာသည်။
လုကျိုးက စနစ်မျက်နှာပြင်ကို ပိတ်လိုက်ပြီး တည်ငြိမ်စွာမေးလိုက်သည်။ “ဘာကိစ္စလဲ”
“ကျွန်မတို့တောင်ဆီကို ဝေ့ကျိုးယန်က လူသုံးထောင်စေလွှတ်လိုက်တဲ့ အကြောင်း ကျန်းအိုက်ကျန့်က သတင်းပို့လာပါတယ်။ သူတို့က အန်းယန်ကို ကျော်လာပါပြီ” ရှောင်ယွမ်အာက ပြောလိုက်၏။
တွမ့်မူရှန်းက နှာခေါင်းရှုံကာပြောလိုက်တော့သည်။ “အဲ့ဒီ ဝေ့ကျိုးယန်က အကောင်းအဆိုးမပြောနိုင် ဘူး။ သူ့အပြစ်ကို ဝန်ခံလိုစိတ်မရှိတာကပဲ ဆိုးနေပြီ။ ဒီနေရာကို ရဲမက်တွေတောင်ပို့ရဲသေးတယ်။ ရှစ်စွင်း တောင်အောက်ဆင်းပြီး သူတို့နဲ့တိုက်ခိုက်ခွင့်ပေးပါ။ သူတို့တွေကို သတ်ပစ်ချင်တယ်။"
ကျောင်းယွဲ့ကလည်းပြောလိုက်၏။
“ကျွန်မ သဘောတူတယ်”
ရှောင်ယွမ်အာသည် သူမ၏အကြီးများဆုံးဖြတ်ချက်ပြတ်သားနေပုံကို မြင်သည့်အချိန်တွင် သူမက အမြန်ပြောလိုက်၏။ "တပည့်လည်း တောင်အောက်ဆင်းချင်ပါတယ်”
လုကျိုးကလက်အသာရမ်းလျက်ပြောလိုက်လေသည်။
“သူက ရွှေနန်းဥယျာဉ်တောင်ကို လူတွေဒီလောက်များများပို့ရလောက်အောင် သတ္တိရှိနေပြီဆိုတော့ ဝေ့ကျိုးယန်က ဒီကိစ္စကို သင့်တော်အောင် စဉ်းစားထားမယ်လို့ ငါထင်တယ်”
“ရှစ်စွင်း ဝေ့ကျိုးယန်က ထိပ်သီးဆရာကြီးဆယ်ယောက်ထက် ပိုသန်မာတာများလား”
ရှောင်ယွမ်အာက ဆင်ခြင်တုံတရားရှိရှိမေးလိုက်လေ၏။
လုကျိုးက ထူးမခြားနားပြောသည်။
“ဒါက သူတို့ခွန်အားနဲ့မဆိုင်ဘူး။ သူတို့က ဒီကို လူအယောက်သုံးထောင်မပြောနဲ့ အယောက် တစ်သောင်းပို့ရင်တောင် သူတို့ကို ပြိုင်ဘက်လိုတွေးဖို့မတန်ဘူး”
ကျောင်းယွဲ့က အရိုအသေပေးပြီးမေးလိုက်လေသည်။ “ရှစ်စွင်း အဲ့ဒီလူတွေက တိုက်ခိုက်ဖို့ ဒီရောက်လာတာမဟုတ်ဘူးလို့ ပြောနေတာလား”
တွမ့်မူရှန်းက ခေါင်းညိတ်ပြီးပြောလိုက်သည်။ “တကယ်ပဲ ဖြစ်နိုင်ချေရှိတယ်”
ထိုစဉ် အမျိုးသမီးကျင့်ကြံသူတစ်ဦးက ဖြည်းဖြည်းချင်းဝင်လာပြီးနောက် အရိုအသေပေးကာ ပြောလိုက်တော့သည်။
“မျှော်နန်းသခင် စတုတ္ထသခင်လေးက ပြန်လာပါပြီ”
“သူ့ကို ဝင်ခိုင်းလိုက်”
ခဏအကြာတွင် မင်ရှစ်ရင်က ခန်းမဆောင်ထဲသို့ ဝင်လာလေ၏။ “ရှစ်စွင်း ကျားတောင်ရိုးသွားပြီး အဲ့ဒီကျူးဟုန်ကုန်းဆီကို သေချာနားသွင်းခဲ့ပါတယ်။ ကျားတောင်ရိုးမှာ လောင်ချီကိုလည်း တွေ့ခဲ့တယ်။ သူက သေတ္တာကို ဖွင့်ပေးမယ်လို့ ကတိပေးထားခဲ့တာ။ ခုနစ်ရက်အတွင်း ပြန်သွားယူမှာပါ”
“ကောင်းပြီ” လုကျိုးက တည်ငြိမ်စွာပြောလိုက်လေ၏။
မင်ရှစ်ရင်က ဆက်ပြောသည်။ “ရှစ်စွင်း နောက်တစ်ကြိမ်ကျ လောင်ပါ့ကို ပြန်ခေါ်လာစေချင်လား”
လုကျိုးက ခေါင်းခါပြီးပြောလိုက်၏။ “လောင်ပါ့နဲ့ လောင်ချီက ရင်းနှီးကြတာ။ ငါတို့လောင်ပါ့ကို ဖမ်းဆီးခဲ့မယ်ဆိုရင် လောင်ချီနဲ့ ငါတို့အဆက်အသွယ်ကို ငါတို့ဆုံးရှုံးသွားလိမ့်မယ်။ လောင်ချီက ကောက်ကျစ်တဲ့အကျင့်စရိုက်ရှိတယ်။ အခုတော့ လောင်ပါ့ကိုလွှတ်ထားသင့်တယ်"
“ပြောင်မြောက်ပါပေ့ ရှစ်စွင်း” မင်ရှစ်ရင်က အရိုအသေပေးပြီးပြောလိုက်လေ၏။
လုကျိုးက မင်ရှစ်ရင်ကို ကြည့်ပြီးမေးလိုက်သည်။ “လောင်ချီနဲ့မင်း တွေ့ခဲ့တာလား”
မင်ရှစ်ရင်က ခေါင်းညိတ်လိုက်၏။ “လောင်ချီရဲ့ အကြံဉာဏ်တွေက နက်ရှိုင်းလွန်းတယ်။ သူ့ကို နားမလည်နိုင်ဘူး။ သူ့က မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ မရှိတော့ပေမယ့် ကျွန်တော်က သူ့ရဲ့အစ်ကို ဖြစ်နေတုန်းပဲလေ။ သူ့ရဲ့ဒေါင်းမြီးကို အသုံးပြုဖို့ပြောခဲ့တာ အခု ကျွန်တော်တို့ လိုတာက တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့ရဲ့လက်နက်ပဲ။ လောင်ချီရဲ့နည်းလမ်းနဲ့ဆို ပြဿနာမရှိဘူးဆိုတာ သေချာတယ်”
လုကျိုးက ခေါင်းအနည်းငယ်ခါလိုက်၏။
“အဲဒီလူလိမ်လူကောက်တွေက သေတ္တာထဲက ရတနာကိုပဲ တပ်မက်နေကြတာ။ အဲဒီသေတ္တာက အလွန်ဆန်းကြယ်ပြီး အားသုံးပြီးဖွင့်လို့မရနိုင်ဘူး။ နောက်ဆုံးသော့ချက် မာယာကျော့ကွင်းက ရှစ်စွင်းရဲ့လက်ထဲမှာပဲ။ သူတို့တွေက သေတ္တာထဲမှာ ဘာပဲရှိရှိရနိုင်မှာ မဟုတ်ဘူး”
လုကျိုးက ထိုအကြောင်းကို တွေးထားပြီးသားဖြစ်သည်။ လောင်ချီစီးဝူယာ့ပုံစံအရ သေတ္တာထဲမှရတနာကို ထားခဲ့မှာမဟုတ်ပေ။ မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ ရတနာများအကြောင်း လူများစွာ သိကြပေ၏။ ကောင်းကင်အောက်ရှိကျင့်ကြံသူများက နောက်ထပ်ရတနာတစ်ခု တိုးလာလျှင် သို့မဟုတ် ရတနာတစ်ခုလျှော့သွားလျှင် ဘယ်တော့မှ သတိပြုကြမှာမဟုတ်ပေ။ သေတ္တာထဲတွင် ရတနာကို တစ်သက်လုံးထားမည့်အစားဖွင့်ကြည့်တာက ပိုကောင်းပေမည်။ အသေးစိတ်အစီအစဉ်မရှိဘဲ တပည့်ကိုးဦး ရတနာများပိုင်ဆိုင်လိုစိတ်ကို မည်သူမျှတားနိုင်မှာ မဟုတ်ပေ။
“အခု အဲ့ဒီသေတ္တာကိစ္စကို ဘေးချိတ်ထားလိုက်ဦး” လုကျိုးက လက်ဝှေ့ရမ်းလျက်ပြောလိုက်လေ ၏။
“ရှစ်စွင်း ဒါတပည့်ရေးထားတဲ့ တပည့်ရဲ့ကျင့်စဉ်ပါ။ ကျေးဇူးပြုပြီး စစ်ဆေးပေးပါ”
ရှောင်ယွမ်အာသည် သူမရေးသားထားသည့်စာရွက်ကို စားပွဲပေါ်အမြန်ထားပေးလိုက်၏။
ထိုအခြေအနေက လုကျိုးကို ကိုယ်ပိုင်ကျောင်းက နည်းပြကြီးတစ်ဦးနှင့်တူသွားစေသည်။ ရှောင်ယွမ်အာသည် သူ၏ခွင့်ပြုချက်ကို စောင့်ဆိုင်းနေသောကျောင်းသားများထဲမှ တစ်ဦးသဖွယ် ဖြစ်နေလေ၏။ လုကျိုးက ထိုစာအုပ်ငယ်လေးကို ဖွင့်ကြည့်လိုက်သည်။
အထွတ်အထိပ်ကျောက်စိမ်းကျင့်စဉ်က ခန္ဓာကိုယ်၏လှုပ်ရှားမှုများကို လူတစ်ယောက်၏ လက်သီး ဖြင့်ဆက်နွယ်ပေးထားတာပဲဖြစ်သည်။ ကျင့်ကြံသူက သူ၏မဆုတ်မနစ်ကြိုးစားအားထုတ်မှုမှ ပတ်ဝန်းကျင်ရှိ ကနဦးချီများကို ကိုယ်ပိုင်ခန္ဓာကိုယ်ထဲသွင်းလျက် ကျင့်စဉ်ဖြစ်စဉ်များကနေ ကျင့်ကြံမှု တိုးတက်အောင် လုပ်ဆောင်ရတာပဲဖြစ်သည်။ ထိုကျင့်စဉ်က သဘာဝတရား၏ မျက်နှာသာပေးခြင်းခံရသည့် ယင်းကအနက်နဲဆုံး ကျင့်စဉ်တစ်မျိုးဖြစ်ပေ၏။ ကံကောင်းသည်မှာ လုကျိုး၏မှတ်ဉာဏ်ထဲတွင် မှတ်ဉာဏ်ဂါထာများနှင့် ထိုကျင့်စဉ်၏ချီဆက်နွယ်ခြင်း နည်းစနစ်များ ပါဝင်နေပေ၏။ သူကအားလုံးနှင့်လည်းအလွန်ရင်းနှီးလေသည်။ သူက တစ်ချက်ကြည့်ရန်သာလိုပြီး ဘယ်နေရာတွင် မှားယွင်းနေမှန်းမြင်နိုင်ပေ၏။
“ဟင်” လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့လိုက်လေ၏။ “စုတ်တံတစ်ချောင်းသွားယူလာခဲ့”
“ဟုတ်ကဲ့ ရှစ်စွင်း” ရှောင်ယွမ်အာသည် စာကြည့်ဆောင်၏ ရတနာလေးပါးကို အမြန်ပြင်ဆင်ကာ လုကျိုးရှေ့သို့ ထုတ်လာလေ၏။
လုကျိုးက စုတ်တံကိုမှင်ထဲနှစ်ပြီးနောက် စတင်ရေးသားတော့သည်။
“အထွတ်အထိပ်ကျောက်စိမ်း ကျင့်စဉ်ထဲရှိ ချို့ယွင်းချက်များကို ပြန်ဖြည့်ပေးနေ၏။
သူ၏တပည့်များက အလွန်စိတ်လှုပ်ရှားနေပုံပေါ်သည်။ သူတို့က ဘာမှမပြောရဲချေ။ သူတို့က ဘေးကနေ တိတ်တဆိတ်ကြည့်နေ၏။
လုကျိုးက ကျင့်စဉ်ထဲရှိ လွဲချော်နေသည့်စာကြောင်းဆယ်ကြောင်းခန့်ကို တွေ့လိုက်ရသည်။ ထိုပျောက်နေသည့်အပိုင်းများကို ဖြည့်နေချိန်၌ ပိုတောင်အံ့ဩသွားရ၏။ အကြောင်းမှာ ရှောင်ယွမ်အာသည် ထိုပျောက်နေသည့်အပိုင်းများကို သူမ၏ကိုယ်ပိုင်ပါရမီဖြင့် အမှန်တကယ် ကျင့်ကြံနိုင်ခဲ့သောကြောင့်ဖြစ်သည်။ ထိုပျောက်နေသောအပိုင်းများကြောင့်သူမသည် သွေဖွယ်မှုထဲ မကျရောက်သွားတာပဲဖြစ်သည်။
“ယွမ်အာ”
“ဟုတ်ကဲ့ ရှစ်စွင်း”
“မင်းရဲ့ ကျင့်စဉ်ကို ပြီးစီးအောင် ငါရေးပြီးပြီ။ အခုကစပြီး ဒီကညွှန်ကြားချက်အတိုင်း မင်းကျင့်ကြံရုံပဲ” လုကျိုးက တည်ငြိမ်စွာပြောလိုက်၏။
ရှောင်ယွမ်အာသည် ထိုစကားကိုကြားသည့်အချိန်တွင် အပျော်လွန်သွားတော့သည်။ “ကျေးဇူးပါရှစ်စွင်း။ စိတ်မပျက်စေရပါဘူး။ တပည့် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ထဲကို မြန်နိုင်သမျှ မြန်မြန်ဝင်အောင် ကြိုးစားမှာပါ” သူမသည် ပြီးပြည့်စုံသည့် အထွတ်အထိပ်ကျောက်စိမ်းကျင့်စဉ်ကို တလေးတစားလက်ခံရယူပြီးနောက် ဘေးသို့ အမြန်ထွက်သွားကာ အကြောင်းအရာကို စတင်ဖတ်ရှုတော့သည်။
ထိုအရာကို မင်ရှစ်ရင်မြင်သည့်အချိန်တွင် သူက ကမန်းကတန်းပြောလိုက်၏။ “ကျွန်တော်လည်း အခုပဲ ကျွန်တော့်ရဲ့ကျင့်စဉ်ကို သွားချရေးလိုက်မယ်” သူက အခွင့်အရေးကိုလွဲချော်ခံမှာမဟုတ်ပေ။ သူ၊ တွမ့်မူရှန်းနဲ့ကျောင်းယွဲ့တို့ မိစ္ဆာဝေဟင်မျှော်နန်းထဲမှ မထွက်သွားရသည့် အကြီးမားဆုံး အကြောင်းရင်းများထဲမှ တစ်ရပ်မှာ သူတို့၏ကျင့်စဉ်များက ကန့်သတ်ခံထားရသောကြောင့် ဖြစ်သည်။ အခုသူ၏ဆရာကကျင့်စဉ်က တိုးတက်အောင် ကူညီပေးချင်နေသောကြောင့် စိတ်လှုပ်ရှားတာ သဘာဝကျသည်။
“ဒါက ကျွန်တော့်ရဲ့ နတ်ဒေဝါထိပ်သီးကျင့်စဉ်ပါ”
တွမ့်မူရှန်းသည် လက်နှစ်ဖက်ဖြင့် သူ၏ကျင့်စဉ်ကို ကမ်းပေးလိုက်၏။ “ဒါက ကျွန်မရဲ့ ထူးကဲကျောက်စိမ်းကျင့်စဉ်ပါ” ကျောင်းယွဲ့သည်လည်း စားပွဲပေါ်သို့ စာရွက်တင်ပေးလိုက်သည်။
“နတ်ဒေဝါထိပ်သီးကျင့်စဉ်မှာ လွဲချော်တာတွေ သိပ်မရှိဘူး။ ချို့ယွင်းနေရုံပဲ” လုကျိုးသည် တွေးတောပြီးနောက် လိုအပ်သည်များကို ဖြည့်ပေးလိုက်သည်။
သို့သော် ထူးချွန်ကျောက်စိမ်းကျင့်စဉ်ကမူ အရေးကြီးဆုံးအပိုင်းများ မပါရှိပေ။ ထူးချွန်ကျောက်စိမ်း ကျင့်စဉ်က သင့်တော်သည့် အမြင်အထွတ်အထိပ်နှလုံးသားကျင့်စဉ်ဖြစ်သည်။ ယင်းက နက်နဲ သိမ်မွေ့သောစွမ်းအားဖြင့် ကျင့်စဉ်တစ်မျိုးလည်းဖြစ်ပေ၏။ ၎င်းကိုအသုံးပြုသည့်အချိန်တွင် ကျင့်ကြံသူ၏ အရေပြားက ကျောက်စိမ်းကဲ့သို့ဖောက်ထွင်းမြင်နိုင်လာမည်ဖြစ်သည်။ သူ၏ စွမ်းအားက အပြင်ဘက်တွင် ထွက်ပေါ်လာမှာမဟုတ်ဘဲ သူက အတွင်း၌ စုစည်းထားပြီသား ဖြစ်မှာပင်။ အသုံးပြုသည့်အချိန်၌ ကျင့်ကြံသူသည် ကိုယ်ပိုင်အတွင်းအားကို ချဲ့ထွင်ရန် မလိုအပ်သော်ငြား သူတို့၏ စွမ်းအားကို တိုးစေမှာပဲဖြစ်သည်။ ဤနည်းဖြင့် သူတို့သည် အနားယူစရာမလိုဘဲ ကျင့်စဉ်ကိုအသုံးပြုနိုင်ပေမည်။ သူတို့ခွန်အားအရင်းအမြစ်က အဆုံးမရှိ လက်တွေ့ကျပေလိမ့်မည်။
သူရေရွတ်ပြောဆိုလိုက်ပြီးနောက် ထူးကဲကျောက်စိမ်းကျင့်စဉ်ကို ပြီးပြည့်စုံအောင် ဖြည့်ပေးလိုက်၏။
“တစ်ခုရဲ့သဘောတရားနဲ့ နောက်တစ်ခုကို ဖယ်ရှားလိုက်။ အပြင်လောကနဲ့ပေါင်းစည်း။ မင်း အပြည့်အဝနှစ်မြှုပ်သွားတဲ့အချိန်မှာ ကွေးညွတ်လွယ်တဲ့ နိုးထမှုကို ရရှိလိမ့်မယ်။ ဒါက ထူးချွန်ကျောက်စိမ်းကျင့်စဉ်ရဲ့ နောက်ဆုံးသုတ်ပဲ ကျောင်းယွဲ့”
“ဟုတ်ကဲ့ ရှစ်စွင်း”
“မင်းက အပြည့်အဝမပျောက်ကင်းသေးဘူး။ အခု ဒါကို ကျင့်ကြံဖို့ဘေးချိတ်ထားလိုက်” လုကျိုးက တည်ငြိမ်စွာပြောသည်။
“ဟုတ်ကဲ့ ရှစ်စွင်း”
“တင်း အထွတ်အထိပ်ကျောက်စိမ်းကျင့်စဉ်ကို ပြီးစီးအောင်ရေးပြီးပါပြီ။ ဆုလာဘ်ကုသိုလ်အမှတ် နှစ်ရာ”
“တင်း နတ်ဒေဝါထိပ်သီးကျင့်စဉ်ကို ပြီးစီးအောင်ရေးပြီးပါပြီ။ ဆုလာဘ်ကုသိုလ်အမှတ်နှစ်ရာ”
“တင်း ထူးချွန်ကျောက်စိမ်းကျင့်စဉ်ကို ပြီးစီးအောင်ရေးပြီးပါပြီ။ ဆုလာဘ်ကုသိုလ်အမှတ်နှစ်ရာ”
…
အခန်း (၁၃၄) တာ့ရှစ်ရှိုးရဲ့ မိတ်ဆွေရင်း
လုကျိုးက စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသည့်အခါ အနည်းငယ် အံ့အားသင့်သွားမိ၏။ ကျိထျန်းတောက်က သူ့တပည့်များကို သူတို့ကျင့်စဉ်များ သင်ကြားပေးခဲ့စဉ်အခါက အချက်အလက်များစွာ ထိန်ချန်ထားခဲ့သည်။ သူတို့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားသည့်အပြင် လက်နက်ပိုင်ဆိုင်မှုကိုလည်း ကန့်သတ်ထားခဲ့၏။
လုကျိုး၏ တပည့်များက သူ့အနေနှင့် သူတို့ ကျင့်ကြံရေး တိုးတက်မှုကို ဆက်လက်ဖိနှိပ်ထားခြင်း မရှိတော့သည်ကို မြင်လိုက်ရသည့်အခါ ပုံမှန်အားဖြင့် အံ့ဩသွားကြသည်။
ကျင့်စဉ်များကို ပြီးပြည့်စုံအောင် ပြင်ဆင်ပေးပြီးနောက် လုကျိုးက စုတ်တံကို ချလိုက်သည်။ သူက မုတ်ဆိတ်မွေးကို သပ်ကာ “မင်းတို့ ကျင့်စဉ်တွေကို ပြင်ဆင်ပေးထားတယ်။ ငါ့ကို စိတ်မပျက်စေနဲ့ ”
တပည့်သုံးယောက်က ပြိုင်တူ ဒူးထောက်ကာ “ရှစ်စွင်းကို စိတ်မပျက်စေရပါဘူး ”
ထိုစဉ် အံ့ဖွယ်မြို့တော်၌ …
တော်ဝင်မိသားစု၏ ရထားလုံးပျံက အံ့ဖွယ်မြို့တော်၏ မင်းသားချီအိမ်တော်မှ ဖြည်းဖြည်းချင်း မြင့်တက်လာသည်။ ရထားလုံးပျံကို ကျင့်ကြံသူများစွာ ခြံရံထားသည်။ သူတို့က ဘေးပတ်လည်တွင် အစီအရင်တစ်ခု ခင်းကျင်းထားလေ၏။ ရထားလုံးပျံက ပျံသန်းသွားသောကြောင့် မင်းသားချီ အိမ်တော်၏ အလံက လေထဲ တလွှင့်လွှင့် ဖြစ်နေလေသည်။
စီးဝူယာ့က ထိုအရာကို မြင်လိုက်သည့်အခါ ခပ်ယဲ့ယဲ့ ပြုံးကာ “တာ့ရှစ်ရှိုးက တကယ်ကို သတ္တိကောင်းပြီးတော့ အရည်အချင်းရှိတာပဲ။ သူက မင်းသားချီ အိမ်တော်ဆီ သွားမယ်လို့ တွေးမထားမိဘူး ”
“ ဂိုဏ်းချုပ် ကျွန်တော်တို့ လိုက်ဖမ်းလိုက်ရမလား”
“ မလိုဘူး။ ဒီမှာပဲ စောင့်နေ”
“နားလည်ပါပြီ”
စီးဝူယာ့က လျှောက်လှမ်းလာသည်။ သူက လျှို့ဝှက်ဆန်းကြယ် သေတ္တာကို လက်တွင် ကိုင်ဆောင်ရင်း ရထားလုံးပျံအထိ ပျံသန်းလာလေ၏။
ရထားလုံးပျံက ကြီးမားလှသည်။ ပုံမှန်အားဖြင့် ရထားလုံးပျံများကို ခမ်းနားကြီးကျယ်မှုနှင့် သက်သောင့်သက်သာဖြစ်မှု၊ အမြန်နှုန်းစသည်တို့ကို အလေးပေးကြသည်။
စီးဝူယာ့က လိုက်မီဖို့ သိပ်မခက်ခဲပေ။
အံ့ဖွယ်မြို့တော်ရှိ လူများက တော်ဝင်မိသားစု ရထားလုံးပျံကို မြင်တွေ့နေကျ ဖြစ်နေလေပြီ။
အနက်ရောင်ဝတ်ရုံနှင့် လူလတ်အရွယ် အမျိုးသားက ရထားလုံးပျံရှေ့ ရပ်နေသည်။ သူက သူ့အောက်ရှိ ကုန်းမြေအား လေ့လာစောင့်ကြည့်နေလေ၏။
သူ့နောက်ရှိ အမျိုးသမီး ကျင့်ကြံသူတစ်ဦးက ဦးညွှတ်ကာ ပြောလိုက်သည်
“ဂိုဏ်းချုပ် ကျွန်မတို့ အံ့ဖွယ်မြို့တော်ကနေ ပင်းတုတောင်ဆီ ရောက်ဖို့ ခြောက်နာရီလောက် ကြာပါလိမ့်မယ်။ သွားအနားယူနေသင့်ပါတယ် ”
လူလတ်အရွယ် အမျိုးသားက အံ့ဖွယ်မြို့တော်အား လက်ညိုးထိုးကာ “ ငါ ပင်းတုတောင်ကနေ ထွက်လာတာတောင် နည်းနည်းကြာသွားပြီ။ မြစ်နဲ့ တောင်တန်း သဘာဝအလှကို ခံစားပါရစေဦး ”
“ နားလည်ပါပြီ ”
“ မင်း ဒီရထားလုံးပျံပေါ်မှာ ရှိနေတဲ့အခါ အရာအားလုံးကို အတင်းကျပ်ယူထားသလို ခံစားရလိမ့်မယ်။ ထိပ်မှာရပ်နေရင် အံ့ဖွယ်မြို့တော်ကနေ မင်းခြေရင်းမှာ ရောက်နေလိမ့်မယ် ” လူလတ်အရွယ် အမျိုးသားက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဂိုဏ်းချုပ်ပြောတာ အမှန်ပါပဲ ”
“ ထားပါတော့။ မင်းက ပျင်းစရာကောင်းတယ်” သူက ပြောလိုက်ပြီးနောက် သူ့ဘာသာ တွေးလိုက်သည်။
‘ငါ ဘာပြောပြော သူတို့က ဦးညွတ်ပြီး သဘောတူပါတယ် ပြောမှာပဲ။ ဘယ်သူကမှ ကိုယ်ပိုင်အမြင် မရှိကြဘူး။ ပျင်းစရာကြီး’
“ဂိုဏ်းချုပ် တစ်ယောက်ယောက် ချဉ်းကပ်လာပါတယ် ” အနီးအနားမှ အသံတစ်သံ ထွက်ပေါ်လာသည်။
လူလတ်အရွယ် အမျိုးသားက မထူးမခြားနား ခေါင်းခါကာ “ သတ်လိုက်”
“အဲဒီလူက အရမ်းအားကောင်းတယ်။ ပြီးတော့ ဂိုဏ်းချုပ်နဲ့ တွေ့ကိုတွေ့ရမယ်လို့ ပြောနေပါတယ် ”
“စိတ်ဝင်စားစရာပဲ ” လူလတ်အရွယ် အမျိုးသားက ရထားလုံးပျံဘေးဘက်သို့ လက်နောက်ပစ်လျက် လျှောက်လာလိုက်သည်။ သူက အစောင့်တွေ ဝိုင်းထားကာ လျှို့ဝှက်ဆန်းကြယ် သေတ္တာကိုင်ဆောင်ထားသည့် အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသည်။
လူလတ်အရွယ် အမျိုးသား၏ အစောင့်ငါးယောက်က ရထားလုံးပျံပတ်လည် လျှောက်ကာ အသစ်ရောက်လာသူအား စောင့်ကြပ်နေကြသည်။
“ တာ့ရှစ်ရှိုး မတွေ့ရတာ ကြာပြီ” စီးဝူယာ့က ပြောလိုက်သည်။
“ သူ့ကို ဝင်ခိုင်းလိုက် ”
“ နားလည်ပါပြီ ” ကာကွယ်သူငါးယောက်က ဘေးဖယ်ပေးလိုက်ကြသည်။
စီးဝူယာ့က လျှပ်တစ်ပြက်အတွင်း ရထားလုံးပျံအတွင်း ဘေးကင်းကင်း ရောက်သွားလေပြီ။
“ တာ့ရှစ်ရှိုးကို ဂါရဝပြုပါတယ် ” စီးဝူယာ့က လက်ဝေ့လိုက်သည့်အခါ လျှို့ဝှက်ဆန်းကြယ် သေတ္တာက ရထားလုံးပျံထဲ ဖြည်းဖြည်းချင်း ကျလာသည်။ သူက လူလတ်အရွယ် အမျိုးသားအား ဦးညွှတ်လိုက်၏။
ဤလူလတ်အရွယ်အမျိုးသားက မိစ္ဆာဝေဟင်မျှော်နန်း၏ ပထမတပည့် ယွီကျန့်ဟိုင်သာ ဖြစ်၏။ သူက ငရဲဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ဖြစ်ပေသည်။
ယွီကျန့်ဟိုင်က စီးဝူယာ့ကို ကြည့်ကာ “ မင်းက အမြဲအလုပ်ရှုပ်နေတာမလား။ ဒီနေ့ အံ့ဖွယ်မြို့တော်အထိ ငါ့ဆီ ရောက်လာဖို့ ဘယ်လိုများ အချိန်ရလာတာလဲ ”
“တာ့ရှစ်ရှိုးက နောက်နေတာပဲ။ မဟူရာကွန်ယက်က အလုပ်အများကြီးရှိတယ်လို့ မပြောနိုင်ပါဘူး။ တာ့ရှစ်ရှိုးကသာ အဝေးကြီး ခရီးသွားနေရတာပဲ။ ပင်းတုတောင်ကနေ ထွက်လာပြီး မင်းသားချီအိမ်တော်ကို ကိုယ်တိုင်ကိုယ်ကျ လာတွေ့တာပဲ ”စီးဝူယာ့က ပြောလိုက်သည်။
လက်အောက်ခံနှစ်ယောက်က ရထားလုံးပျံ ကုန်းပတ်ပေါ်၌ ထိုင်ခုံနှစ်လုံး မြန်မြန် ပြင်ဆင်ပေးသည်။ ယွီကျန့်ဟိုင်က စီးဝူယာ့ကို ထိုင်ဖို့ ညွှန်ပြလိုက်သည်။
“မင်းရဲ့ အာ့ရှစ်ရှိုးက ငါ့လူတစ်ယောက်ကို သတ်သွားတယ်လေ။ ငါသာ ကိုယ်တိုင်မလာရင် သူ့ဒေါသအရ ငါ့လူတွေ ထပ်ဆုံးရှုံးရလောက်တယ်” ယွီကျန့်ဟိုင်က ယွီရှန်းရုန်အကြောင်း ပြောသည့်အခါ အသံက တစ်မျိုးဖြစ်နေလေသည်။
“တာ့ရှစ်ရှိုး စိတ်အေးအေးထားပါ။ သူက ဓားရူး ချန်းဝမ်ကျဲကို သတ်လိုက်တာက သူက ငရဲဂိုဏ်းနဲ့ အပေါ်ယံ ပူးပေါင်းနေသလိုလိုနဲ့ နောက်ကွယ်မှာ ယွင်၊ ထျန်းနဲ့ လော့ဂိုဏ်းတို့နဲ့ တိတ်တဆိတ် ဆက်သွယ်နေလို့ပါ။ အာ့ရှစ်ရှိုးက တာ့ရှစ်ရှိုးကို အမှိုက်ကူရှင်းပေးလိုက်တာပါ။ ကိစ္စကောင်းတစ်ခုပါ ”
စီးဝူယာ့က ပြောလိုက်သည်။
ယွီကျန့်ဟိုင်က မထူးမခြားနားပြောလိုက်သည်။
“ငါလည်း ချန်းဝမ်ကျဲအကြောင်း သိထားတယ်။ သူက နယ်ရုပ်တစ်ခုပဲ။ အနည်းဆုံးတော့ ငါက ကျင့်မင်တာအိုဂိုဏ်းရဲ့ ပညာရှင်တွေကို လူသိရှင်ကြား ကန့်သတ်ထားနိုင်တာပေါ့။ မင်းရဲ့ အာ့ရှစ်ရှိုးက ခင်ဖို့ကောင်းတဲ့လူဆိုပေမဲ့ တုံးတယ်။ သူ့စိတ်က ရိုးရှင်းလွန်းတယ်။ ငါ့အတွေးတွေကို ဘယ်တော့မှ ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး ”
“ တာ့ရှစ်ရှိုးပြောတာ မှန်ပါတယ် ” စီးဝူယာ့က အပြုံးလေးနှင့် ပြောလိုက်သည်။
“လောင်ချီ … မင်းကို တစ်ခုမေးဦးမယ် ”
“ တာ့ရှစ်ရှိုး ကြိုက်တာမေးပါ။ ကျွန်တော် သိထားသမျှ ပြောပြပါ့မယ် ” စီးဝူယာ့က သဘာဝအတိုင်း ပြောလိုက်သည်။
“မင်း အမြဲတမ်း အမြော်အမြင်ရှိတဲ့လူဆိုတော့ မင်းရဲ့ အာ့ရှစ်ရှိုးကို မှန်တယ် ထင်လား” ယွီကျန့်ဟိုင်က မေးလိုက်သည်။
“အာ့ရှစ်ရှိုးက မှားနေတာပါ ” စီးဝူယာ့က ခပ်တည်တည်သာ ပြန်ဖြေလိုက်သည်။
“ မင်းက မင်းဘာသာ ထူးခြားတာပဲ ” ယွီကျန့်ဟိုင် မျက်နှာအထက် ရှားရှားပါးပါး ဝမ်းမြောက်နေသည့် အမူအရာမျိုး ရှိနေသည်။ သူက ဆက်ပြောလိုက်၏။
“ ငါ အံ့ဖွယ်မြို့တော်ကို ပြားပြားဝပ်သွားအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်ရင် မင်း ဘာလုပ်မလဲ ”
“ ကျွန်တော် အပြည့်အဝ ထောက်ခံပေးပါ့မယ်”
ယွီကျန့်ဟိုင်က အားရပါးရ ရယ်မောကာ “မင်းက ငါ့ကို ကောင်းကောင်းသိတာပဲ ”
“ အာ့ရှစ်ရှိုးက တာ့ရှစ်ရှိုးကို သတင်းစကားပါးခိုင်းလိုက်ပါတယ်။ သူက တာ့ရှစ်ရှိုးကိစ္စတွေမှာ ဝင်ပါဖို့ စိတ်ကူးမရှိပေမဲ့ တာ့ရှစ်ရှိုးလည်း သူ့ကိစ္စတွေမှာ ဝင်မပါရင် အကောင်းဆုံးပါတဲ့ ပြောခိုင်းလိုက်ပါတယ်”
စီးဝူယာ့က စကားကို အပြည့်အဝ ပြောလိုက်သည်။
“သူက အရင်လိုပဲ …” ယွီကျန့်ဟိုင်က ခေါင်းခါကာ “ သူ့အကြောင်း ထားလိုက်ပါတော့။ အခု ရှစ်တိဝူယာ့က ဒီအထိ ရောက်လာတာဆိုတော့ ကျန်တာတွေ ဘေးဖယ်ထားလိုက်။ ဒီကို သေရည်ယူခဲ့ကြ ”
သူ့နောက်ရှိ လက်အောက်ခံနှစ်ယောက်က သေရည်မြန်မြန် သွားယူကာ စားပွဲပြင်ပေးလိုက်သည်။
စီးဝူယာ့က ပြောစရာပင် မဲ့နေလေပြီ။ သူ့တာ့ရှစ်ရှိုးက သောက်ရသည်ကို ကြိုက်နှစ်သက်ကြောင်း သိထားလေသည်။ တာ့ရှစ်ရှိုးကို ငြင်းဆန်ဖို့ သိပ်မကောင်းလှပေ။
သေရည်သုံးခွက်လောက် သောက်ပြီးနောက် ယွီကျန့်ဟိုင်က မေးလိုက်သည်။
“ချီရှစ်တိ ဒီကို ဘယ်လိုကြောင့် ရောက်လာတာလဲ”
စီးဝူယာ့က သေရည်ခွက်ကို ချကာ သေတ္တာကို လက်ညိုးထိုးပြလိုက်ရင်း “ရှစ်စွင်းရဲ့ သေတ္တာ ”
ယွီကျန့်ဟိုင်က ထိုအကြောင်းကြားလိုက်သည့်အခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
“ ငါ ကျင့်ကြံပြီး ထွက်လာတော့ ရှစ်စွင်းက အဆင့်မြင့် ကျင့်ကြံသူဆယ်ယောက်ကို တစ်ယောက်တည်း မောင်းထုတ်လိုက်တယ်လို့ ကြားတယ်။ သူက မိစ္ဆာဝေဟင်မျှော်နန်းမှာ နေနေတာမလား။ ဒီသေတ္တာနဲ့ ဘာကိစ္စရှိလို့လဲ ”
“ ဒီသေတ္တာက အရမ်းထူးဆန်းတယ်။ ကောင်းကင်အဆင့် လက်နက်တွေတောင် မယှဉ်နိုင်ဘူး … ဖွင့်ဖို့အတွက် လက်နက်ခြောက်ခု လိုတယ်။ အခု လိုတာဆိုလို့ ရှစ်စွင်းရဲ့ နဂါးသွဲ့ကျောက်ဓားနဲ့ လျိုရှစ်ကျဲရဲ့ မာယာကျော့ကွင်းပဲ။ မာယာကျော့ကွင်းက လက်ရှိ ရှစ်စွင်းဆီမှာ … ”
ယွီကျန့်ဟိုင်က ပြောလိုက်သည် “ ရှစ်စွင်းဆီမှာ ရတနာတွေအများကြီး ရှိရက်သားနဲ့ ဒီထူးခြားတာမျိုးကို လာပတ်သက်နေသေးတယ်။ အထဲမှာ ဘာပါလဲ သိလား ”
စီးဝူယာ့က ခေါင်းခါကာ “ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ အဖိုးတန်လေလေ ကျွန်တော်တို့ ဖွင့်ကြည့်ဖို့ ကောင်းလေလေပဲ။ ရတနာတွေကို ပိတ်လှောင်မထားသင့်ဘူး။ တကယ်လို့ တာ့ရှစ်ရှိုး အံ့ဖွယ်မြို့တော်ကို ဖျက်စီးပစ်ချင်ရင် ရတနာတွေ တတ်နိုင်သမျှ များများရှိထားတာ အကောင်းဆုံးပဲ ”
“ မင်းပြောတာ မှန်တယ်” ယွီကျန့်ဟိုင်က ညာဘက်လက်ကို အသာမြောက်လိုက်သည့်အခါ ရထားလုံးပျံအတွင်း အလင်းတစ်ချက် လက်သွားသည်။ နဂါးသွဲ့ကျောက်ဓားက သူ့လက်ထဲပေါ်လာသည်။
“မြောင်းရာထဲ ထည့်လိုက်ပါ။ အလိုလို လုပ်ဆောင်သွားပါလိမ့်မယ် ” စီးဝူယာ့က မြောင်းရာတစ်ခုကို ညွှန်ပြလိုက်သည်။
သို့သော်လည်း ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ဓားကို မထည့်ဘဲ သေတ္တာပေါ်ရှိ သင်္ကေတများကို ကြည့်လိုက်သည်။
“ အာ့ရှစ်ရှိုးလည်း ရွေးချယ်ပြီးသွားပြီပဲ။ မင်းလည်း လုပ်ပြီးသွားပြီ။ တကယ်လို့ ငါ မဖွင့်ဘူးပြောရင် မင်း ဘာလုပ်မလဲ ”
စီးဝူယာ့က မျှော်မှန်းထားပြီးသား ကိစ္စကဲ့သို့ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ သူက ဖြေလိုက်၏။
“ဒီသေတ္တာကို စစ်ရှစ်ရှိုး တောင်အောက်ကို ယူလာတာပါ။ သူ့ဆီမှာ ချိတ်ကောက်နဲ့ တူတဲ့ ကောင်းကင်အဆင့် လက်နက်တစ်ခုရှိတယ်။ ပြီးတော့ စစ်ရှစ်ရှိုးက ကျွန်တော်ကို ခုနှစ်ရက် အချိန်ပေးလိုက်တယ်။ တကယ်လို့ သေတ္တာ ပိတ်လျက်သားရှိနေတယ်ဆိုရင်တော့ ရှစ်စွင်း ဒေါသထွက်လောက်မယ် တူတယ် ”
“ လူတစ်ယောက် အသက်ကြီးလာတဲ့အခါ ရူးလာတာပဲ ” ယွီကျန့်ဟိုင်က လက်ချောင်းအသာခါရင်း ပြောလိုက်သည်။
တင်
နဂါးသွဲ့ကျောက်ဓားက လေထဲ ဝေ့ယမ်းနေသည်။ သို့သော်လည်း သေတ္တာ၏ မြောင်းရာထဲ မဝင်ပေ။ ထို့အစား ရထားလုံးပျံအောက် စုစည်းနေကြသည့် ကျင့်ကြံသူအုပ်စုဆီ ပျံသန်းသွားသည်။
စီးဝူယာ့က တအံ့တဩဖြင့် ငုံ့ကြည့်လိုက်ကာ “ မိုးပြာနဂါးရဲ့ ဌာနချုပ်လား ”
…
အခန်း (၁၃၅) မဟာအမှောင်ကောင်းကင်အောက်မေ့ရာ
နဂါးသွဲ့ကျောက်ဓားမော့သည် ရထားလုံးပျံထဲမှပေါ်ထွက်လာချိန်၌ လေထဲတွင် လည်ပတ်သွား တော့သည်။ ဓားသွားစွမ်းအင်များအားလုံးက နဂါးသွဲ့ကျောက်ဆီပေါင်းစည်းသွားတော့၏။ အစစ်အမှန်နဂါးသွဲ့ကျောက်က သိပ်သည်းသော စွမ်းအင်ကိုယ်ထည်ထဲ ရှိနေတော့၏။ ယင်းက ကြီးမားသည့် ကနဦးချီဖြင့်လည်ပတ်နေသည့်ပမာဖြစ်နေ၏။ ကနဦးချီက ပေါ်ထွက်လာပြီးနောက် စွမ်းအင်ကို နဂါးသွဲ့ကျောက်ဓားလေးများအဖြစ် ဖွဲ့တည်လိုက်တော့သည်။
“မဟာအမှောင်ကောင်းကင်အောက်မေ့ရာ အမှောင်ယံကောင်းကင်ကြယ်အလင်း” စီးဝူယာ့က ခေါင်းညိတ်ပြီးပြောလိုက်လေ၏။
မဟာအမှောင်ကောင်းကင်အောက်မေ့ရာသည် ယွီကျန့်ဟိုင် အသုံးပြုသည့်ကျင့်စဉ်ဖြစ်ပြီး ကျော်ကြားပေ၏။ သူသည် နဂါးသွဲ့ကျောက်ကို ရရှိချိန်မှစပြီး မဟာအမှောင်ကောင်းကင်ကျင့်စဉ်နှင့် သူ၏ ဓားသိုင်းစွမ်းရည်တို့ကို အမြင်အာရုံကြိုးစားအားထုတ်မှုတို့ဖြင့်ပေါင်းစည်းနိုင်ခဲ့သည်။ သူနှင့်သက်တူရွယ်တူများတောင် ထိုစွမ်းရည်၏ ဖိအားကို လျော့တွက်ကြမှာမဟုတ်ပေ။ ပြောရန်မလိုပဲ မိုးပြာနဂါးအဖွဲ့အစည်းမှ ကျင့်ကြံသူများသည် တစ်ချက်တောင် ခံနိုင်ရည်မရှိတာ စိတ်မကောင်းစရာကောင်းလှပေ၏။ သူတို့က မော့ကြည့်ပြီး ဓားမိုးများကို ရှာတွေ့ လိုက်သည့် အချိန်၌ နောက်ကျသွားပြီဖြစ်သည်။ လေပွေတစ်ဝှေ့တွင် သွေးစများလိုက်ပါလာတော့၏။
နဂါးသွဲ့ကျောက်ဓားက အစတည်းက ကောင်းကင်အဆင့်လက်နက်များကြားတွင် ထက်မြက်သောလက်နက်တစ်မျိုးဖြစ်၏။
ယင်းက ကျင့်ကြံသူများ၏ကိုယ်တစ်ဝိုက်ရှိကာကွယ်ရေးအလွှာကို အလွယ်တကူ ဖြိုခွင်းနိုင်သည်။ လူတစ်ဦး၏အရပ်တဝက်သာရှိသော အချို့သော စိတ်ဝိညာဉ်သဏ္ဌာန်များသည် ချက်ချင်းပေါ်လာ ပြီးနောက် မဟာအမှောင်ကောင်းကင်အောက်မေ့ရာ၏ ဓားသွားမိုးဖြင့် ဖျက်ဆီးခံလိုက်ရတော့သည်။
သူတို့က အသက်ရှူနေသည့်အချိန်တွင် နဂါးသွဲ့ကျောက်ဓားက ယွီကျန့်ဟိုင်၏ လက်ထဲပြန်ရောက် သွားပြီဖြစ်သည်။ ထိုဓားမော့သည်ယခင်ကနှင့် ကွဲပြားခြားနားပုံမပေါ် သာမန်အတိုင်း သိသာထင်ရှားခြင်းမရှိပေ။ ပန်းပဲဖိုတိုင်းတွင်ရှာတွေ့နိုင်သည့် အရာဟုသာတွေးမိကြလောက်သည်။
“မဟာကာကွယ်စောင့်ရှောက်သူလေးပါး” ယွီကျန့်ဟိုင်က ထူးမခြားနားပြောလိုက်လေ၏။
“ရှင်းလိုက်တော့”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်” မဟာကာကွယ်စောင့်ရှောက်သူလေးဦးသည် ရထားလုံးပျံထဲမှ တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်လာလေ၏။ သူတို့လေးဦးသည် ရထားလုံးပျံထဲမှ ထွက်သွားပြီးနောက် အလွန်ကြီးမားသည့် ဒုက္ခရာရှုကွင်းတစ်ရာစိတ်ဝိညာဉ်လေးခုက တစ်တန်းထဲပေါ်လာလေ၏။ သူတို့၏ခြေထောက်အောက်ရှိ ရွှေရောင်ကြာပွင့်များက အနဲဆုံးပွင့်ချပ်ခြောက်ခုရှိကြပေသည်။
ငရဲဂိုဏ်းက အစွမ်းထက်မှန်း စီးဝူယာ့သိထားသော်ငြား ထိုအထိတော့ မထင်ထားပေ။ ယင်းက သူထင်ထားတာကို အမှန်တကယ်ကျော်လွန်နေပေ၏။ မဟာကာကွယ်စောင့်ရှောက်သူလေးဦး အပြင် ယွီကျန့်ဟိုင်၌ ဂိုဏ်းသားထောင်ချီရှိနေပြီး အစွမ်းထက်သည့်ကျင့်ကြံသူများက မြေအနှံ့ ရှိပေ၏။ သူ၏ တာ့ရှစ်ရှိုးသည် ထိုမျှများပြားသည့် ကျွမ်းကျင်သူများကို သူ၏ကိုယ်ပိုင် အရည်အချင်းဖြင့် ငရဲဂိုဏ်းတွင်းသို့ရောက်အောင် စုဆောင်းနိုင်သည့်နည်းလမ်းက ထိတ်လန့်ဖွယ် ကောင်းလှပေ၏။ သူက ယွီကျန့်ဟိုင်ကို လှည့်ကြည့်လိုက်သည်။
ယွီကျန့်ဟိုင်က မိုးပြာနဂါး၏ဌာနချုပ်ကို ကြည့်တောင်မကြည့်ပေ။ ထိုအစားသူက ခပ်ဝေးဝေးရှိ မြင်ကွင်းကိုသာကြည့်နေ၏။
“ရှစ်တိ ဝူယာ့ အံ့ဩနေဖို့မလိုဘူး။ မိုးပြာနဂါးအဖွဲ့အစည်းက အပေါ်ယံမှာ ငါ့ဂိုဏ်းနဲ့ မဟာမိတ်ပဲ။ ဒါပေမဲ့သူတို့က ကျွေးတဲ့လက်ကို ပြန်ကိုက်နေကြပြီ။ သူတို့ဒါမျိုးပဲဖြစ်မှာ” ယွီကျန့်ဟိုင်က အေးအေးလူလူပြောလိုက်လေ၏။
စီးဝူယာ့က မထိတ်လန့်ပေ။ သူသည် ငရဲဂိုဏ်း၏အင်အားကို ယခင်က ချီးကျူးခဲ့ဖူး၏။ ငရဲဂိုဏ်းက ခွန်အားအစစ်အမှန် မပိုင်ဆိုင်ခဲ့လျှင် မိုးအောက်မြေပြင်တွင် အကြီးမြတ်ဆုံးဂိုဏ်းတစ်ခု ဖြစ်လာမှာ မဟုတ်ပေ။ သူက ခပ်ရေးရေးပြုံးပြီးနောက် ပြောလိုက်လေ၏။
“လှုပ်ရှားတာကောင်းတယ် တာ့ရှစ်ရှိုး”
“မင်း ငါ့ကို ချီးကျူးနေပါပြီ ရှစ်တိ။ လာ နောက်တစ်ခွက်လောက် ကမ်းပေ့လုပ်ရအောင်”
ယွီကျန့်ဟိုင်က လက်မြှောက်ပြီး စားပွဲပေါ်ရှိသေရည်ဆီ လက်လှမ်းလိုက်လေ၏။ သူ၏ ကျင့်ကြံဆင့်ဖြင့် ယင်းက သူ့အဖို့ ဒုတိယသဘာဝဖြစ်နေသည့်ပမာ စွမ်းအင်ဖြင့် အရာဝတ္ထုများကို ရွေ့လျားနိုင်၏။ စီးဝူယာ့က စိတ်အားထက်သန်စွာပြန်ပြောလိုက်သည်။ “ဒါပေါ့”
သူတို့ခွက်များကို အပြောင်ရှင်းပြီးနောက် မဟာကာကွယ်စောင့်ရှောက်သူလေးဦးသည် ရထားလုံးပျံထဲ တစ်ယောက်ပြီးတစ်ယောက်ဝင်သွားတော့သည်။
“ဂိုဏ်းချုပ် ရှင်းလင်းပြီးပါပြီ”
“သိပ်ကောင်းတယ်” ယွီကျန့်ဟိုင်က သူ၏သေရည်ခွက်ကို ချလိုက်တော့၏။ မဟာကာကွယ်စောင့်ရှောက်သူလေးဦးက သူ့နောက်သို့ တလေးတစားပြန်ဆုတ်သွားသည်။
စီးဝူယာ့က ခွက်ကိုချပြီးနောက်ပြောလိုက်တော့၏။
“ကျွန်တော် ပြသတာကို မြင်လည်းမြင်ပြီးပြီ။ သောက်လည်းသောက်ပြီးပြီ။ ရှစ်ရှိုး သေတ္တာအကြောင်းက”
ယွီကျန့်ဟိုင်က သူ့ကို ဖြတ်ပြောရန်လက်တစ်ဖက်မြှောက်လိုက်လေ၏။
“မင်း မလာခဲ့ရင်။ တခြားတစ်ယောက်ဖြစ်နေခဲ့ရင် ဒီသေတ္တာကို ဖွင့်ဖို့ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက မေးတယ်ဆိုတော့ မင်းကို မျက်နှာသာမပေးစရာအကြောင်းမရှိဘူး။ ငါသေတ္တာကို ဖွင့်ပေးမယ်။ ဒါပေမဲ့” သူက ခဏတစ်ဖြုတ်ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။ “ဒီနေ့တော့ မဟုတ်ဘူး”
“ဘာကြောင့်လဲ” စီးဝူယာ့က ဇဝေဇဝါဖြစ်ကာမေးလိုက်တော့သည်။
“ခုနစ်ရက်ကြာပြီးရင် လောင်ပါ့ရဲ့ ကျားတောင်ရိုးဆီကို ဒီသေတ္တာကို ကိုယ်တိုင်ကိုယ်ကျ ငါလာပို့ပေးမယ်။ သူ့ဆီကို သွားလည်ပတ်ဖို့ ဒီအခွင့်အရေးယူတာပေါ့။ ငါ အတိတ်ကိုလည်း သတိရနေပုံပါပဲ” ယွီကျန့်ဟိုင်က ပြောလိုက်၏။
စီးဝူယာ့ကခေါင်းညိတ်လိုက်တော့သည်။ “ဒါကောင်းတဲ့အကြံပါပဲ”
“လောင်ပါ့ ငါဒီဆင်ခြေမင်းကို ဘာကြောင့်ပေးနေလဲဆိုတာ မမေးတော့ဘူးလား”
“တာ့ရှစ်ရှိုး ကိစ္စရပ်တွေကို ဆောင်ရွက်နေတဲ့အချိန်မှာ တာ့ရှစ်ရှိုးကို သံသယဖြစ်စရာမလိုဘူးလို့ အမြဲတမ်းခံစားမိတယ်” စီးဝူယာ့က တည်ငြိမ်စွာပြောလိုက်လေ၏။
ယွီကျန့်ဟိုင်က တသိမ့်သိမ့်ရယ်မောလိုက်သည်။
“ငါ အလေးစားဆုံးလူက မင်းပဲ ချီရှစ်တိ”
“တာ့ရှစ်ရှိုးက ကျွန်တော့်ကို ချီုးကျူးနေပါပြီ” စီးဝူယာ့က ပြုံးပြီးပြောလိုက်လေ၏။ ပြောပြီးသည်နှင့် သူကထရပ်လိုက်တော့သည်။
ရထားလုံးပျံက ဖင်းတုတောင်တန်းဆီသို့ ဆက်လက်ရွေ့လျားနေသည်။
စီးဝူယာ့က ရထားလုံးပျံကို ကြည့်ပြီးပြောလိုက်လေ၏။
“တာ့ရှစ်ရှိုး ကျွန်တော် လုပ်စရာကိစ္စရှိသေးတယ်။ ဒါဆိုရင် သေတ္တာအတွက် ရှစ်ရှိုးကို ဒုက္ခပေးရတော့မှာပဲ”
“အသေးအမွှားလေးပဲ” ယွီကျန့်ဟိုင်က တည်ငြိမ်စွာခေါင်းညိတ်လိုက်၏။
“မင်း အာ့ရှစ်ရှိုးကိုတွေ့ရင် သူ့ကို ပြောလိုက်။ သူအားတဲ့အချိန်ငါ သူနဲ့လက်ရည်ယှဉ်ချင်တယ်”
“အမ်း”
“မင်း ဓားရဲ့ထက်မြိမှုကို မင်းသိမ်းထားချင်တယ်ဆိုရင် မကြာခဏသုံးပေးရမယ်လေ။ အာ့ရှစ်ရှိုးရဲ့ ဓားအတွက်လည်း အတူတူပဲလို့ ငါထင်တယ်” ယွီကျန့်ဟိုင်က ဖြည်းဖြည်းချင်းပြောလိုက်၏။
“တာ့ရှစ်ရှိုးပြောတာ အဓိပ္ပာယ်ရှိတယ်။ ဆိုရိုးစကားအတိုင်းပဲ ဒါမျိုးက စစ်တုရင်မှာ ဖြုံလောက်တဲ့ ပြိုင်ဘက်တစ်ယောက်တွေ့တာမျိုး၊ ဒါမှမဟုတ် စစ်သူကြီး ရွေးနေတုန်း ပါရမီရှိတဲ့လူကို ကြုံတွေ့ရတာမျိုးပေါ့၊ ထိုက်တန်တဲ့ ပြိုင်ဘက် မရှိဘဲ တစ်ချိန်လုံး တတိယအဆင့် ပြိုင်ဘက်တွေနဲ့ပဲ တိုက်ခိုက်နေတဲ့ လူတစ်ယောက်ရဲ့ တိုက်ပွဲဝင်စွမ်းရည်ကို ထိန်းထားဖို့ ခက်တယ်”
ထိုသို့ ပြောပြီးနောက် စီးဝူယာ့သည် လက်နှစ်ဖက်ကို ဆုပ်လိုက်လေ၏။
“အာ့ရှစ်ရှိုးကို သတင်းစကားပါးပေးyghမယ်”
“ဒါဆိုသွားတော့” ယွီကျန့်ဟိုင်က လက်အသာဝှေ့ပြလျက် သေရည်အချို့ကိုသောက်လိုက်လေ၏။
စီးဝူယာ့သည် ရထားလုံးပျံထဲမှ ခုန်ထွက်သွား၏။ သူက အောက်သို့ဆင်းသက်သွားပြီး မျက်တောင်တစ်ခတ်အတွင်းပျောက်ကွယ်သွားသည်။
သူ့နောက်တွင်ရပ်နေသောယွီကျန့်ဟိုင်၏ မဟာကာကွယ်စောင့်ရှောက်သူလေးဦးက ရထားလုံးပျံနား တစ်ဝိုက်တွင် နေရာယူလိုက်သည်။ သူတို့က တစ်ထောင့်စီ၌ နေရာယူထား၏။ မဟာကာကွယ်စောင့်ရှောက်သူများထဲက တစ်ဦးကပြောလိုက်သည်။
“ဂိုဏ်းချုပ် ဒီလူက သူတော်ကောင်းယောင်ဆောင်တယ်။ သူ့ကိုယ်သူမျက်နှာချိုသွေးပြီး ဂိုဏ်းချုပ်ကို ဖားနေတာပဲ။ သူ့ကို သတိထားသင့်တယ်”
ယွီကျန့်ဟိုင်က သူ့ကို စူးရှစွာကြည့်လိုက်သည့်အချိန်တွင် ကာကွယ်စောင့်ရှောက်သူ၏ အသံက တိုးသွားတော့သည်။ မဟာအမှောင်ကောင်းကင်လက်ဝါးရာက ကာကွယ်စောင့်ရှောက်သူ၏ ရင်ဘတ်ကို ထိသွားလေ၏။
ကာကွယ်စောင့်ရှောက်သူသည် ပြန်မတိုက်ခိုက်ရဲချေ။ သူက ထိုးနှက်ချက်ကို ခံယူလိုက်သည်။ ပြီးနောက်သူက နှစ်ချက်ခန့်ငြီးတွားလိုက်၏။ သူ၏ချီနှင့်သွေးတို့ ဆူပွက်လာသည်။ ဒူးတစ်ဖက်ထောက်ပြီးနောက် ပြောလိုက်တော့၏။
“ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ဂိုဏ်းချုပ်။ ကျွန်တော်အပြောမှားသွားပါတယ်”
“ဒီရိုက်ချက်က အသေးအမွှားအပြစ်ပေးတာပဲရှိတယ်။ ချီရှစ်တိက မင်းလိုလူ အကဲဖြတ်လို့ရတဲ့လူ မဟုတ်ဘူး”
ကာကွယ်စောင့်ရှောက်သူက ခေါင်းငုံထားပြီး ဘာမှ မပြောရဲတော့ချေ။
“မင်းတို့လေးယောက်က ငါ့ရဲ့အယုံကြည်ရဆုံး လက်အောက်ငယ်သားတွေပဲ။ နောက်ကွယ်မှာ ချီရှစ်တိရဲ့ အားထုတ်မှုတွေကြောင့်သာမဟုတ်ရင် ငရဲဂိုဏ်းက လက်ရှိအောင်မြင်မှုမျိုး ထိန်းထားနိုင်မယ်လို့ ထင်နေလား”
ကာကွယ်စောင့်ရှောက်သူ၏ မျက်လုံးက ပြူးကျယ်သွားသည်။ သူတစ်ခွန်းမှ မပြောရဲချေ။
ယွီကျန့်ဟိုင်က ခေါင်းခါလိုက်၏။ သူ၏လေသံကနူးညံ့သွားသည်။
“ဒီရိုက်ချက်က အပြစ်ပေးရုံတင်မကဘူး သတိပေးရာလည်း ရောက်တယ်။ ဘယ်သူ့ကိုမှ လျှော့မတွက်နဲ့”
“ဂိုဏ်းချုပ်ပြောတာမှန်ပါတယ်”
စီးဝူယာ့က မြေပြင်ပေါ်သို့ဆင်းသက်ပြီးနောက် အံ့ဖွယ်မြို့၏ ရထားလုံးပျံက မြို့၏တစ်ဖက်ခြမ်းမှ လျင်မြန်စွာရွေ့လျားလာတော့သည်။ သူက တော်ဝင်အစောင့်များ၏ခုခံမှုကို ရှောင်ရှားပြီး ခပ်နိမ့်နိမ့်လမ်းကြောင်းကနေ ပျံသန်းလာ၏။ ရထားလုံးပျံသည် စီးဝူယာ့ ဘေးနားရပ်တန့်လိုက် တော့သည်။
ရထားလုံးပျံထဲမှ ကျင့်ကြံသူဆယ်ယောက်ကျော်က ထွက်လာပြီး စီးဝူယာ့ဘေးသို့ ရောက်လာ၏။ သူတို့က တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်တော့၏။
“ဂိုဏ်းခေါင်းဆောင် ငရဲဂိုဏ်းက လတ်တလောမှာ ဆန့်ကျင်ဖက်အင်အားစုတွေနဲ့ ရှိနေပါတယ်။ အံ့ဖွယ်မြို့နဲ့ ဖင်းတုတောင်တန်းကအရာအားလုံးက ငရဲဂိုဏ်းအပိုင်ဖြစ်သွားပြီ။ ငရဲဂိုဏ်းနဲ့ နက်ရှိုင်းစွာ ချည်နှောင်ထားတယ်ဆိုတော့”
စီးဝူယာ့က လက်တစ်ဖက်မြှောက်လိုက်၏။
“စိတ်ပူနေဖို့မလိုဘူး။ တစ်ခါတစ်ရံ တိုက်ပွဲရလဒ်က ဖိအားရဲ့အရွယ်အစားနဲ့ ဆုံးဖြတ်လို့မရဘူး။ စကားတစ်ခွန်း၊ လူတစ်ယောက် ဒါမှမဟုတ် ပစ္စည်းတစ်မျိုးက စစ်မြေပြင်ရလဒ်ကို ပြောင်းလဲပေးနိုင်တယ်။ တာ့ရှစ်ရှိုးက ဒါကိုနားလည်မယ်ဆိုတာ ငါသေချာသိတယ်။ သူက ဘာမှမသိဘဲနဲ့ အခုရောက်နေတဲ့နေရာကို မရောက်နိုင်ဘူး”
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သေတ္တာကကော”
“တာ့ရှစ်ရှိုးက အဲ့ဒါကို သိမ်းထားမယ်လို့ ငါမျှော်လင့်တယ်။ ကျင့်မင်တာအိုဂိုဏ်းဆီ သတင်းပေါက်ကြားစေပြီးပြီလား” စီးဝူယာ့ကမေးလိုက်၏။
“ပြောပြီးပါပြီ”
“သိပ်ကောင်းတယ်။ အခုတော့ကိစ္စတွေကို သူ့အတိုင်းဖြစ်စေတော့ ဝင်ရှုပ်ဖို့မလိုတော့ဘူး”
“နားလည်ပါပြီ” အချို့သောကိစ္စရပ်များက ခပ်သာသာတစ်ချက်တွန်းရန်သာ လိုအပ်သည်။ ကိစ္စရပ်များက သဘာဝဆန်ဆန်ဖြစ်လေ အစစ်အမှန်ဟု ပိုထင်ရလေဖြစ်သည်။
“ဂိုဏ်းခေါင်းဆောင် မဟူရာကွန်ယက်က သတင်းတစ်ခုရလာပါတယ်။ ဝေ့ကျိုးယန်ရဲ့လူတွေက ချန်းကျစ်မြို့ကို ရောက်နေပါပြီ”
“သူတို့ကို ဆက်ထောက်လှမ်းထား”
“နားလည်ပါပြီ”
စီးဝူယာ့က သူ့ရထားလုံးပျံကို တစ်ချက်ကြည့်ပြီးပြောလိုက်၏။
“ဒီတစ်ခေါက် ရထားလုံးပျံမလိုတော့ဘူး။ ငါ အံ့ဖွယ်မြို့နားတစ်ဝိုက် အရေးတကြီး လုပ်စရာရှိသေးတယ်”
...
အခန်း (၁၃၆) ဝတ်ရုံနီ၏ လာရောက်တွေ့ဆုံမှု
သူ့လက်အောက်ငယ်သားများက ထိုအကြောင်းကြားလိုက်သည့်အခါ ဦးညွတ်လိုက်ကြပြီး တိတ်တဆိတ် နောက်ဆုတ်လိုက်ကြသည်။
စီးဝူယာ့က အံ့ဖွယ်မြို့တော်ဆီ လက်နောက်ပစ်လျက် လျှောက်သွားလိုက်၏။
အံ့ဖွယ်မြို့တော် …
ချန်နဉ်ဗိုလ်ချုပ် စံအိမ်တော်အတွင်း …
ဝေ့ကျိုးယန်က အေးဆေးထိုင်ရင်း နေရောင်၏ နွေးထွေးမှုကို ခံစားနေသည်။
“ စစ်သူကြီး ကျွန်မတို့လူတွေ ထန်ကျီမြို့ကို ရောက်ပါပြီ ” အစေခံတစ်ယောက်က လာပြောလိုက်သည်။
ဝေ့ကျိုးယန်က ခေါင်းညိတ်လိုက်ပြီး “ ဒါက သမာရိုးကျပါပဲ။ ငါတို့လုပ်ဖို့လိုတာက သူတို့နဲ့ အတူတူ လိုက်သွားပေးရုံပဲ။ မိစ္ဆာဝေဟင်မျှော်နန်းကို လူနဲ့ ကျင့်ကြံသူအရေအတွက်နည်းနည်း ပို့လိုက်တာက သူတို့ကို သေခိုင်းလိုက်တာနဲ့ မထူးဘူး။ တကယ်လို့ သူမက ကျောက်ဆောင်ကို ကြက်ဥနဲ့ ပေါက်ချင်သပဆိုလည်း လုပ်ခိုင်းလိုက် ”
“စစ်သူကြီး ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ မိန်းကလေးက အခု အရှင့်သားရဲ့ အမြတ်နိုးရဆုံး ဖြစ်နေပြီလေ။ ကျွန်မတို့ ရန်စလို့ မဖြစ်ဘူး ”
ဝေ့ကျိုးယန်က သရော်လိုက်ပြီး “ သူမ ဘယ်လောက်ကြာကြာ မြတ်နိုးခံရမလဲ သိချင်မိသား။ သူမလက်အောက်ခံ ချန်ကျူးက အံ့ဖွယ်မြို့တော် နတ်လေးသျှင်ထဲက တစ်ယောက်မလား။ ဒါပေမဲ့ သူက မဟာစုန်းအတတ်ကြောင့် အသက်ပျောက်သွားရပြီ။ သူမက ကြိုးစားဖုံးကွယ်ထားရုံနဲ့ ငါ မသိတော့ဘူးများ ထင်နေလား ”
“အရှင်ချန်ကျူးက သေသွားပြီလား ”
“ ဟုတ်တယ်။ သူ့လို မောက်မာတတ်တဲ့ဟာမျိုးကို သနားတယ်။ သူ့ကိုယ်သူ မြားလေးနည်းနည်း ပစ်နိုင်တာနဲ့ ဟုတ်လှပြီ ထင်နေတာ” ဝေ့ကျိုးယန်က ပြောလိုက်သည်။
“ စစ်သူကြီးက ကောင်းတယ် ထင်ရင် ကောင်းတာပါပဲ ”
“နန်းတော်ထဲက ဘယ်သူမှ ဒီအကြောင်းကို မသိကြသေးဘူး။ ဒီသတင်းကို အရှင့်သားဆီ ရောက်အောင် သတင်းလွှင့်လိုက် ”
“ နားလည်ပါပြီ ”
ခဏအကြာတွင် အစေခံလေးက တုံ့ဆိုင်းစွာ ပြောလိုက်သည်။
“ ဒါပေမဲ့ ကျွန်မ သိချင်မိတာက ချန်ကျူးက ပွင့်ချပ်ခြောက်လွှာ နတ်လေးသျှင်လေ။ တစ်ခါမှတောင် ပစ်မှတ်မလွဲဖူးဘူး။ သူ့ကို ဘယ်သူများ သတ်လိုက်တာလဲ ”
ဝေ့ကျိုးယန်က ခေါင်းခါလိုက်ပြီး “ငါလည်း အဲအကြောင်း တွေးကြည့်ဖူးတယ်။ ပြီးတော့ ထျန်းကျန့်မြစ်မှာ ဖြစ်သွားတဲ့ တိုက်ပွဲအရ သဲလွန်စတွေက နည်းလွန်းတယ်။ မဟာစုန်းအတတ် အစီအရင် အသက်ဝင်လာတာက သက်သေတွေအားလုံး ဖျက်ဆီးပစ်လိုက်သလိုပဲ။ ငါတို့ အမှန်တရားကို မသိနိုင်တော့ဘူး။ ဒါပေမဲ့ အဲဒီလူက ချန်ကျူးကို သတ်နိုင်တယ်ဆိုတော့ အဆင့်မြင့် ပညာရှင်ပဲ ဖြစ်ရမယ်။ သူက ငါ့ရန်သူ မဟုတ်ဖို့ပဲ မျှော်လင့်တယ် ”
“ အရှင်က နန်းတော်ကဖြစ်ပြီး အရေးပါတဲ့ စစ်တပ်အင်အား ပိုင်ဆိုင်ထားတဲ့ အရာရှိ စစ်သူကြီးပါ။ ဘယ်သူကများ အရှင်နဲ့ ရန်သူဖြစ်ရဲမှာလဲ” အစေခံက ဝင့်ကြွားစွာ ပြောလိုက်သည်။
ကံဆိုးသည်မှာ ဝေ့ကျိုးယန်သည် သူမ၏ ချီးမြောက်မှုများကြား မျောပါမသွားပေ။ သူ့အနေအထားအရ အမျိုးမျိုးသော ချီးကျူးမြောက်ပင့်မှုမျိုးကို ကြုံတွေ့ပြီးလေပြီ။ သူက ရယ်သာရယ်လိုက်ပြီး “မိစ္ဆာဝေဟင်မျှော်နန်းက အရမ်းအားကောင်းတယ်။ သူတို့ကို အလွယ်လေး လျှော့တွက်လို့ မရဘူး ”
“စစ်သူကြီး … မိစ္ဆာဝေဟင်မျှော်နန်းက အရှင့်ရဲ့ အပြစ်ကြွေးတွေကို ဝန်ခံဖို့ စာပို့လိုက်ပါတယ်။ သူတို့က ကျွန်မတို့ကို လျှော့တွက်နေတာပဲ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်ကိုးယောက်မှာ ပထမဆုံးတပည့်ကြီး ငရဲဂိုဏ်းချုပ် ယွီကျန့်ဟိုင်က တော်တော်အားကောင်းတယ်။ ကျွန်မတို့တွေ ငရဲဂိုဏ်းနဲ့ အတူတူတွဲလုပ်ရင်ရော … ” အစေခံလေးက နူးနူးညံ့ညံ့ ပြောလိုက်သည်။
ဝေ့ကျိုးယန်က အနည်းငယ် အံ့အားသင့်သွားသော်လည်း ဒေါသမထွက်ပေ။ သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏ ။
“ သမာသမတ်လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်က ဘယ်တော့မှ အတူတွဲလို့ မရဘူး။ ထပ်မပြောနဲ့ ”
“ နားလည်ပါပြီ ”
……………
ထိုစဉ် ဝေ့ကျိုးယန်၏ လူများနှင့် အနီဝတ် ကျင့်ကြံသူများက ထန်ကျီမြို့၌ စုဝေးနေကြသည်။
“အရှင် ထန်ကျီမြို့က ရွှေနန်းဥယျာဉ်တောင်နဲ့ သိပ်မလှမ်းဘူ။ ဒီနေ့လောက် တောင်ဆီ ရောက်မှာပါ ”
စစ်သားတစ်ဦးက အနီဝတ် ကျင့်ကြံသူများကို ပြောလိုက်သည်။
“ အလျင်လိုစရာ မလိုဘူး” အနီဝတ် ကျင့်ကြံသူတစ်ဦးက လက်ဝေ့ကာ ပြောလိုက်သည်။ သူက ထန်ကျီမြို့အနီးသို့ သွားကာ ပတ်ဝန်းကျင်ကို လေ့လာခဲ့သည်။
ထူထပ်လွန်းသည့် တောအုပ်က ရွှေနန်းဥယျာဉ်တောင်ကို ဖုံးကွယ်ပေးထားသည်။ မြေပြန့်ပြန့်ကို ထန်ကျီမြို့ရှိ လူများ၏ လယ်ကွက်အဖြစ် ပြောင်းလဲခံထားရ၏။
“ ငါတို့တွေ ရောင်နီရောက်တာနဲ့ ရွှေနန်းဥယျာဉ်တောင်ပေါ် တက်ကြမယ် ” အနီဝတ် ကျင့်ကြံသူက ပြောလိုက်သည်။
“နားလည်ပါပြီ”
စကားပြောလိုက်သည့် အနီဝတ် ကျင့်ကြံသူက တခြားအနီဝတ် ကျင့်ကြံသူများကို လက်ဝေ့ပြလိုက်သည်။ သူတို့က အယောက်သုံးဆယ်လောက် ရှိပြီး သုံးတန်းစီထားကြသည်။
သူတို့နောက်တွင် စစ်သားသုံးထောင်က တန်းစီလျက် ပါရှိ၏။
သို့သော်လည်း အနီဝတ် ကျင့်ကြံသူများက မြို့ထဲ ဝင်မသွားကြဘဲ လယ်ကွင်းဘေးမှ လျှောက်သွားကြသည်။ စစ်သားသုံးထောင်လည်း ကျင့်ကြံသူများ၏ အပြုအမူကြောင့် အံ့ဩနေကြသည်။
အနီဝတ် ကျင့်ကြံသူများက ခြေလှမ်းခပ်သွက်သွက် လှမ်းလိုက်ကြသည်။ သိပ်မကြာခင် သူတို့ခြေထောက်များက မြေကြီးနှင့် မထိတော့ဘဲ လယ်ကွင်းများထဲ လျှောက်သွားနေသည့် တစ္ဆေလိုမျိုး ဖြစ်လာသည်။
ထိုစဉ် အနီဝတ် ကျင့်ကြံသူများက သူတို့ခန္ဓာကိုယ်ဆီမှ ထူးထူးဆန်းဆန်း စွမ်းအားများ ထုတ်လွှင့်လာကြပြီး ပုန်းအောင်းနေသည့် ငှက်များနှင့် သားရဲများကိုပါ လန့်သွားစေသည်။
အနီဝတ် ကျင့်ကြံသူများက ပုံစံပြောင်းလိုက်ကြပြီး ယခင် သုံးတန်းမှ တစ်တန်းအဖြစ် လူစီလိုက်ပြီးနောက် စက်ဝိုင်းခြမ်းပုံစံဖြင့် ရွှေနန်းဥယျာဉ်တောင်ဆီ ချီတက်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်း အနီဝတ် ကျင့်ကြံသူ သုံးဆယ်က ပျောက်ကွယ်သွားလေသည်။
စစ်သားသုံးထောင်လည်း အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့က ထန်ကျီမြို့အနား စခန်းချရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
ညဉ့်လယ်၌ …
လေတိုက်သံ၊ အဆက်မပြတ် အော်သံတို့နှင့် မီးတခြစ်ခြစ်တောက်လောင်သံတို့က ရွှေနန်းဥယျာဉ်တောင်ဘက်မှ ပျံ့လွှင့်လာသည်။ ဆူညံသံများက တစ်ညတာ ကြာရှည်၏။
မနက်စောစော၌ အနီဝတ် ကျင့်ကြံသူ သုံးဆယ်တို့က စခန်းအပြင်ဘက် စီတန်းလျက် ထိုင်နေကြသည်။ သူတို့က တစ်ညတာလုံး စောင့်ကြပ်နေသလိုမျိုး ဖြစ်၏။
“အ ….အရှင် …” စစ်သားများထဲမှ အရာရှိတစ်ဦးက နိုးလာသည့်အခါ အနီဝတ် ကျင့်ကြံသူများ၏ တည်ရှိမှုကြောင့် လန့်ဖြတ်သွားလေသည်။
အနီဝတ် ကျင့်ကြံသူတစ်ယောက်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “သွားကြစို့ ”
…………….
မိစ္ဆာဝိညာဉ်မျှော်နန်း …
လုကျိုးက တာဝန်အောက်မှ သေတ္တာဖွင့်ဟမှု လုပ်ငန်းစဉ်ကို ကြည့်လိုက်သည်။ ထိုအရာက ခြောက်ပုံလေးပုံ ပြသနေလေ၏။ တခြားနည်းဖြင့်ဆိုရလျှင် သေတ္တာမဖွင့်ရသေးသည့် လက်နက်နှစ်ခု ကျန်ရှိနေသေးသည်။ တစ်ခုက မာယာကျော့ကွင်း ဖြစ်ပြီး သူ့ဆီ ရှိလေသည်။ မင်ရှစ်ရင် ပြောစကားအရ ကျန်ရှိနေသူမှာ ပထမဆုံးတပည့် ယွီကျန့်ဟိုင်၏ နဂါးသွဲ့ကျောက်ဓားသာ ဖြစ်၏။ သူက ဖြည်းဖြည်းချင်း ထကာ စနစ်ကို ပိတ်လိုက်သည်။
“ယွမ်အာ ”
ရှောင်ယွမ်အာက အပြင်ဘက်မှ ပြေးလာကာ “ရှစ်စွင်း ခေါ်လိုက်လား ”
“ ကျန်းအိုက်ကျန့်ဆီက သတင်းရသေးလား”
“ မလာပါဘူး” ရှောင်ယွမ်အာက ခေါင်းခါရင်း ပြောလိုက်သည်။
“ ကြည့်ရတာ သူ့နဂါးတေးသံကို ရအောင်လုပ်ရင်း အလုပ်ရှုပ်နေပုံပဲ” လုကျိုးက လက်နောက်ပစ်လျက် လှေကားမှ ဆင်းလာလိုက်သည်။
ရှောင်ယွမ်အာက လုကျိုးဘေးနား လျှောက်လာလိုက်၏။
ထိုစဉ် အမျိုးသမီး ကျင့်ကြံသူတစ်ဦးက ခန်းမကျယ်ထဲ ဝင်လာကာ “ မျှော်နန်းသခင် … နန်းတော်ကနေ လူတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ် ”
“ ဘယ်သူလဲ ” လုကျိုးက အေးအေးဆေးဆေး မေးလိုက်သည်။
ရှောင်ယွမ်အာက ထပ်ပြောလိုက်၏။
“ ရှစ်စွင်းကို တွေ့ခွင့်တောင်းတိုင်း တွေ့ပေးရရင် ရှစ်စွင်း သေလောက်အောင် ပင်ပန်းသွားမှာပေါ့ ”
အမျိုးသမီး ကျင့်ကြံသူက ပြောလိုက်သည် “ သူ့ကို ဝေ့ကျိုးယန်က လွှတ်လိုက်တာပါတဲ့ ”
“ဝေ့ကျိုးယန်က ဘယ်မှာလဲ ”
“ သူ … သူက ဒီမှာပါမလာပါဘူး။ ဒါပေမဲ့ အနီဝတ် ကျင့်ကြံသူတွေက ကျင့်ကြံဆင့် မြင့်တဲ့ပုံပါပဲ ”
ရှောင်ယွမ်အာက ပြောလိုက်သည်။
“ရှစ်စွင်း ဒီတပည့် အောက်ဆင်းသွားပြီး သွားတိုက်လိုက်ရမလား ”
လုကျိုးက လက်ဝေ့ကာ ရှောင်ယွမ်အာ၏ အကြံကို ငြင်းပယ်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောလိုက်၏။
“သူတို့ကို ဝင်ခိုင်းလိုက်။ ဒါကို မင်ရှစ်ရင်လက်ထဲ အပ်ခဲ့မယ်။ ငါ ပင်ပန်းနေပြီ ”
“ နားလည်ပါပြီ ”
မင်ရှစ်ရင်၊ ကျောင်းယွဲ့နှင့် တွမ့်မူရှန်းတို့လည်း သတင်းကြားသည်နှင့် ခန်းမကျယ်ထဲ တန်းရောက်လာကြသည်။
ဧည့်သည်များက မရောက်သေးသော်လည်း တွမ့်မူရှန်းက ဦးညွတ်ကာ “ ရှစ်စွင်း … အဲဒီဝေ့ကျိုးယန်က သူ့ဘာသာ အထင်ကြီးလွန်းနေတာပဲ။ သူက ကျွန်တော်တို့ မိစ္ဆာဝေဟင်မျှော်နန်းကိုတောင် အထင်သေးရဲတယ်။ ကျွန်တော် အဲဒီအယုတ်တမာကောင်ကို သတ်ဖို့ အံ့ဖွယ်မြို့တော်ဆီ သွားဖို့ ခွင့်တောင်းပါတယ် ”
“ …”
မင်ရှစ်ရင်က သူ့စန်းရှစ်ရှုန်းကို ကြည့်လိုက်သည်။
လုကျိုးက ဘာမှမပြောခင် အနည်းငယ် နောက်ကျမှ ရောက်လာသည့် ဟွားဝူတောက်က ပြောလိုက်သည်။
“မင်းရဲ့ ရဲစွမ်းသတ္တိအတွက် ချီးကျူးချင်ပါတယ်။ ဒါပေမဲ့ အံ့ဖွယ်မြို့တော်ကို အဆင့်မြင့် ပညာရှင်တွေနဲ့ သေချာစောင့်ကြပ်ထားတာ။ ဝေ့ကျိုးယန်ရဲ့ ကျင့်ကြံဆင့်က ပွင့်ချပ်ခြောက်လွှာလို့ ကြားထားတယ်။ လောင်စန်းရဲ့ နတ်ဒေဝါထိပ်သီးကျင့်စဉ်က အားကောင်းလွန်းတယ်ဆိုပေမဲ့ လက်သီးတစ်စုံက လက်သီးနှစ်စုံကို နိုင်မှာ မဟုတ်ဘူး။ အခု အလျှင်မလိုတာ ကောင်းပါတယ် ”
လုကျိုးက မုတ်ဆိတ်သပ်လိုက်ရင်း “အကြီးအကဲဟွား ပြောတာ မှန်တယ်။ လောင်စန်း … မင်းက အကြီးအကဲဟွားနဲ့ လတ်တလော လေ့ကျင့်နေတယ်ဆို ”
တွမ့်မူရှန်းက ဦးညွတ်ကာ “ ဟုတ်ပါတယ် ”
“ကောင်းတယ်။ အကြီးအကဲဟွားရဲ့ လျို့ဟယ်စည်းတံဆိပ်က ပြိုင်ဘက်ကင်းတယ်။ မင်းသာ ချိုးဖောက်နိုင်ရင် မင်းအင်အား အဆများစွာ တိုးတက်လာလိမ့်မယ် ”
“ကျွန်တော် ကြိုးစားပါ့မယ် ”
အကြီးအကဲဟွားက ချောင်းဟန့်ကာ “ အငယ်လေးတွေကို သင်ပြပေးတာ ကောင်းပေမဲ့ ကျုပ်က အသက်အရွယ်ရလာတော့ အများကြီးတော့ လေ့ကျင့်မပေးနိုင်ဘူး ”
တွမ့်မူရှန်းက အကြီးအကဲဟွားထံ လက်နှစ်ဖက်ယှက်ကာ “ ဒီလိုဆိုရင် ကျွန်တော်တို့ လေ့ကျင့်တဲ့အကြိမ်အရေအတွက်ကို တစ်ရက် သုံးကြိမ်ကနေ နှစ်ကြိမ် လျှော့ချလိုက်ရင်ရော ”
“ အာ…” အကြီးအကဲဟွား၏ မျက်နှာအိုအိုက ရှုံ့တွသွားလေသည်။ ဟွားဝူတောက်က သူ့ခံစားချက်များကို ထုတ်ပြောဖို့ နည်းလမ်းမတွေ့ပေ။ သူက ရှုံးသည့်အကြိမ်တိုင်း ပိုမိုတက်ကြွစွာ တိုက်ခိုက်တတ်သည့် လူတစ်ယောက်နှင့် နေ့စဉ်နေ့တိုင်း လက်ရည်စမ်းရတော့မည်။
လုကျိုးက လက်နောက်ပစ်လျက် “ သုံးရက်တစ်ကြိမ်လောက်ဆို အကောင်းဆုံးပဲ။ ခဏတိုင်းဆို ဘယ်လိုလုပ် ကိုင်တွယ်နိုင်ပါ့မလဲ ”
“ ဟုတ် ရှစ်စွင်း ”
“မျှော်နန်းသခင် ကျေးဇူးပါ ”
ထိုစဉ် အနီဝတ် ကျင့်ကြံသူနှစ်ဦးက ခန်းမကျယ်ထဲ ဝင်ရောက်လာသည်။ သူတို့ဝတ်ရုံများက ခေါင်းမှခြေအဆုံး ကာထား၏။ သူတို့ခြေလှမ်းများက တည်ငြိမ်လှသည်။ သူတို့လက်များကို ယှက်ထားပြီး သူတို့နောက်မှ စစ်သားအနည်းငယ်မှ သေတ္တာများ ကိုင်ဆောင်လျက် ပါလာကြသည်။
“ မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်။ ကျုပ်က ဝူရှန်းပါ ”
“ မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်။ ကျုပ်က ဝူကွမ်းပါ ”
…
အခန်း (၁၃၇) လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုတာက မဟာကံခေမှုကြီးပဲ
လုကျိုးက တည်ငြိမ်စွာထိုင်နေ၏။ သူက သူတို့ကို လျစ်လျူရှုထားပြီး အခြားကိစ္စကို တွေးနေပုံရသည်။
မင်ရှစ်ရင်သည် သူ့ကိုယ်သူကြွားလုံးထုတ်ရန်အခွင့်အရေးကို ဘယ်တော့မှ ဖြုန်းတီးခံမှာမဟုတ်ပေ။ သူ၏လက်ထဲ၌ သူ၏ရှစ်စွင်းက အပ်ထားခဲ့ပြီးဖြစ်သောကြောင့် သူ့ဆရာသည် သူ့ကို တန်ဖိုးထားသည်ဟု ဆိုလိုတာပဲဖြစ်သည်။
“ဝူရှန်း နဲ့ ဝူကွမ်းလား” မင်ရှစ်ရင်၏ အကြည့်က သူတို့နှစ်ယောက်ဆီရောက်သွားလေ၏။
“မင်းတို့က နတ်ဆရာဆယ်ပါးရဲ့ မျိူးဆက်လား”
ဘယ်ဖက်ခြမ်းရှိ ဝူရှန်းက အရိုအသေပေးပြီး ပြောလိုက်လေ၏။
“ကျုပ်တို့ညီအစ်ကိုတွေက နတ်ဆရာဆယ်ပါးရဲ့ မျိူးဆက်ဆိုတာ အမှန်ပါပဲ”
မင်ရှစ်ရင်က ပြောလိုက်၏။
“မင်းတို့ က ငါ့ရှစ်မေ့ရဲ့ကျင့်ကြံဆင့်ကို ချိတ်ပိတ်ခဲ့တဲ့သူ ဟုတ်တယ်မလား”
ဝူရှန်းက ပြောလိုက်၏။
“ဒါ နား လည်မှုလွဲတာပါ။ ကျွန်တော်တို့ ဒီရောက်လာတဲ့အကြောင်းအရင်း က နားလည်မှုလွဲတာကို ဖြေရှင်းဖို့ပဲ”
“ငါ နားထောင်နေတယ်” မင်ရှစ်ရင်က ပြုံးပြီးပြောကာထိုင်လိုက်လေ၏။
ဝူရှန်းက ဖြည်းဖြည်းချင်းပြောသည်။
“ကျွန်တော်တို့က နတ်ဆရာဆယ်ပါးရဲ့ မျိုးဆက်ဆိုပေမယ့် တာ့ယန်ရဲ့တော်ဝင်ရုံးတော်ကို သစ္စာရှိပါတယ်။ လတ်တလော မိစ္ဆာဝေဟင်မျှော်နန်းနဲ့ အနည်းအကျဉ်းအချင်းများမှုနဲ့ နားလည်မှုလွဲမှုဖြစ်ခဲ့တာ။ ကျွန်တော့်ရဲ့သခင်မလေးက ကျွန်တော့်ကို မိစ္ဆာဝေဟင်မျှော်နန်းဆီသွားပြီး မျှော်နန်းသခင်ကို သွားတောင်းပန်ခိုင်းလိုက်ပါတယ်”
“ဒါပဲလား” မင်ရှစ်ရင်က စဉ်းစားကာမေးလိုက်လေ၏။
“သိပ်မကြာခင်တုန်းက ကျုပ်ရဲ့သခင်မလေးက ကျင့်မင်တာအိုဂိုဏ်းကို သွားရောက်လည်ပတ်တဲ့အချိန် ကျင့်မင်တာအိုဂိုဏ်းရဲ့ လက်ရွေးစင်တွေက ပဉ္စမသခင်မလေးကျောင်းယွဲ့ကို တိုက်တိုက်ဆိုင်ဆိုင် ဖမ်းမိခဲ့ပါတယ်။ ဒါကြောင့် ကျုပ်ရဲ့အရှင်က ပဉ္စမသခင်မလေးရဲ့ ကျင့်ကြံဆင့်ကို ချိတ်ပိတ်ခဲ့တာပဲ။ ဒီလုပ်ရပ်အတွက် ကျုပ်ရဲ့သခင်မက လျော်ကြေးအနေနဲ့ ဆန်းကြယ်အဆင့် လက်နက်ငါးမျိုးနဲ့ ရွှေပြားနှစ်သောင်းကို ပေးဖို့ဆန္ဒရှိပါတယ်”
ပြောပြီးသည်နှင့်သူ့နောက်မှ စစ်သည်တော်နှစ်ဦးသည် သူတို့သယ်လာသည့် သေတ္တာများကို ဖွင့် ပြလိုက်၏။ ထိုနေရာတွင် လက်နက်ငါးမျိုးနှင့် တလက်လက်တောက်ပနေသည့် ရွှေတို့ရှိနေလေ ၏။
မင်ရှစ်ရင်သည် ထိုစကားကိုကြားသည်အချိန်တွင် ပြုံးပြီးပြောလိုက်တော့သည်။
“ဆန်းကြယ်အဆင့်လက်နက်တွေလား ကျုပ်အထင်ကြီးသွားပြီ။ ကြည့်ရအောင် ဒါဘာလဲ”
သူ၏ ညာဖက်လက်ဖဝါးအထက်တွင် ခွဲခွာချိတ်ကောက်နှင့် ဓားအိမ်တို့က ပျံဝဲလာ၏။ သူ့လက်နက်၏ အဆင့်ကို ပြသနေသော စွမ်းအင်အလွှာပါးလေးလည်း ရစ်ဝဲနေလေသည်။
တွမ့်မူရှန်းက ဝင်ပြောလေ၏။
“ဒီမှာ ကျုပ်ရဲ့နယ်ရှင်လှံလည်းရှိတယ်” သူက ညာဖက်လက်ကိုမြှောက်ပြပြီး နယ်ရှင်လှံကို လည့်ပတ်ပြလိုက်၏။ သူ၏စွမ်းအင်က လှံဖျားမှ လှံရိုးအထိ ကူးလူးသွားတော့သည်။ ယင်းက လက်ကိုင်ရိုးပေါ် ထွင်းထုထားသော နဂါးပုံကို ပိုတောင်ခမ်းနားသွားစေသည်။
တပည့်နှစ်ဦး၏ ကောင်းကင်အဆင့်လက်နက်ကို အပြည့်အဝပြသနေတာပဲဖြစ်သည်။
ဝူရှန်းနှင့် ဝူကွမ်းက အကြည့်ချင်းဖလှယ်လိုက်တော့၏။ သူတို့မျက်လုံးထဲတွင် ထိတ်လန့်သည့်အရိပ် အယောင်ပေါ်လာပြီး မြန်မြန်ဆန်ဆန်ပင်ပျောက်ကွယ်သွားတော့သည်။
“ကျွန်တော်တို့က မိစ္ဆာဝေဟင်မျှော်နန်းအတွက် လေးစားမှုရှိပါတယ်။ ကောင်းကင်အဆင့်လက်နက် တွေက ဒီနေရာမှာ သိပ်သာမန်ကျနေပုံပဲ” ဝူရှန်းက မျက်နှာချိုသွေးကာပြောလိုက်တော့သည်။
“အခု ကျုပ်တို့တောင်ဆီကို ငြင်းပယ်မှုတွေသယ်လာဖို့ ယုံကြည်ချက်ဘယ်လိုများရှိတာလဲ”
“ကျွန်တော်တို့ရိုင်းပြမိပါတယ်” ဝူရှန်းကပြောပြီး လက်သီးနှစ်ဖက်ကိုဆုပ်လိုက်လေ၏။
မင်ရှစ်ရင်က မေးတော့သည်။ “မင်းရဲ့သခင်မက ဘယ်သူလဲ”
အမှန်တကယ်တွင် ထိုအကြောင်းရှာဖွေဖော်ထုတ်ရန် လွယ်ကူပေ၏။ အဖြစ်အပျက်များစွာ ပြီးနောက် ထိုလက်ရွေးစင်သည် ဒုတိယမင်းသား၏ဘက်မှ နာမည်ကျော်ကြားသူ ဆိုတာသေချာနေပေ၏။
“ကျွန်တော့်သခင်မရဲ့နာမည်က မော့လီပါ။ သူက တာ့ရန်ထဲမှာ အစွမ်းအထက်ဆုံးစုန်းအတတ် ကျင့်ကြံသူပဲ” ဝူရှန်းကပြောပြီး သူ၏လေသံထဲတွင် ဂုဏ်ယူဝင့်ကြွားရိပ်ကို ကြားနိုင်ပေ၏။
ထိုစကားကိုကြားသောအခါ ရှောင်ယွမ်အာက ရန်စပြီးပြောလိုက်လေ၏။
“အစွမ်းအထက်ဆုံးစုန်းပညာကျင့်ကြံသူတဲ့လား။ ရှင်တို့ကြိုက်သလို ကြွားလို့ရတာပဲ။ ဒါပေမဲ့ကျွန်မ တော့ မယုံဘူး” ဝူရှန်းနှင့်ဝူကွမ်းတို့က ရှောင်ယွမ်အာကို ဖျတ်ခနဲကြည့်လိုက်လေ၏။
“ဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက မျှော်နန်းသခင်ရဲ့အတွေးပဲ” ဝူရှန်းက လက်သီးနှစ်ဖက် ကို ထပ်မံဆုပ်လိုက်လေ၏။
မင်ရှစ်ရင်က ခေါင်းခါပြီးပြောလိုက်တော့သည်။
“သူကိုယ်တိုင်လာတယ်ဆိုရင် အခွင့်အရေးရှိ ကောင်းရှိဦးမယ်။ မင်းတို့နှစ်ယောက်က ကျုပ်ရဲ့ရှစ်စွင်းကို စကားပြောဖို့အရည်အချင်းမမှီဘူး”
“အမ်း” ဝူရှန်းသည် ထိတ်လန့်အံ့ဩမသင့်ပဲ မနေနိုင်တော့ချေ။ သူ့ရင်ထဲ၌ မကောင်းတာတစ်ခုခု ခံစားမိနေသည်။ အမြန်ရှင်းပြလိုက်တော့၏။ “သခင်မ မော့လီက နေ့စဉ်နေ့တိုင်းသွားရောက် ဆောင်ရွက်စရာကိစ္စရပ်တွေ များလွန်းပါတယ်။ အမှန်အတိုင်းပြောရရင် လွန်ခဲ့တဲ့ရက် အနည်းငယ်ကပဲ သခင်ချန်ကျုးက ကွယ်လွန်သွားခဲ့တာ။ သခင်မမော့လီက ဒီအကြောင်းအရင်း ကြောင့် ဝမ်းနည်းကြေကွဲနေပါတယ်။ အံ့ဖွယ်မြို့ကနေထွက်မသွားနိုင်ပါဘူး”
ဝူကွမ်းက ထပ်ထည့်ပြောလိုက်သည်။ “သခင်မမော့လီက နေ့ရောညပါ အရိုးထဲထိအလုပ်လုပ်ပြီး လူသတ်သမားကိုရှာဖွေနေတာပါ။ လူသတ်သမားကိုရှာတွေ့တဲ့အချိန်ကျရင် သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မှာ သေချာတယ်။ ဒီအရေးကိစ္စကို ဖြေရှင်းပြီးတဲ့အချိန်ကျရင် သခင်မမော့လီက မိစ္ဆာ ဝေဟင်မျှော်နန်းကို လာမှာသေချာပါတယ်” သူသည် အသက်တစ်ချက်ရှူပြီးနောက် ဆက်ပြောလေ ၏။
“ပြီးတော့ ထျန်းကျန်းမြစ်နားမှာ မိစ္ဆာဝေဟင်မျှော်နန်းအယောင်ဆောင်နေတဲ့သူက နန်းတော်ကဆိုတဲ့ သတင်းလည်းရထားပါသေးတယ်။ အဲ့ဒီလူတွေက ရဲတင်းလွန်းပါတယ်။ သခင်မမော့လီက မိစ္ဆာ ဝေဟင်မျှော်နန်းနဲ့ အချင်းများမှုကို ဖြေရှင်းသွားဖို့အတွက် သူလျှိုတွေကိုလည်းဖြေရှင်း သွားမှာပါ”
ထိုစကားကို ကြားသောအခါ မင်ရှစ်ရင်နှင့်တွမ့်မူရှန်းက အနည်းငယ်အံ့ဩသွားလေ၏။ ထျန်းကျန်း မြစ်နားတွင် မဟာစုန်းအတတ်အစီအရင်တစ်ခုရှိပြီး နတ်လေးရှင်သုံးဦးထဲမှ တစ်ဦးဖြစ်သော ချန်းကျူက မိစ္ဆာဝေဟင်မျှော်နန်းသတ်တာခံလိုက်ရသည်။ ထိုစဉ်က စုန်းပညာအစီအရင်ကိုလည်း အပြည့်အဝအသက်သွင်းထားပြီးဖြစ်ကာ လူတိုင်း၏အမြင်အာရုံကို ဟန့်တားထားလေ၏။ တင်းဖန်းချိုး၏ မိစ္ဆာဝေဟင်အယောင်ဆောင်မှုသည် နန်းတော်၏အာရုံစိုက်မှုကို လွဲပြောင်းယူလိုက် ၏။ တစ်နည်းဆိုရလျှင် ချန်းကျူကို သတ်ခဲ့သူက မိစ္ဆာဝေဟင်မျှော်နန်းဆိုတာ နန်းတော်ကမသိပေ။
ထိုစဉ် တစ်ချိန်လုံးတိတ်ဆိတ်နေသည့် လုကျိုးက ရုတ်တရက်စကားပြောလိုက်လေ၏။
“ငါ ကျောင်းယွဲ့နဲ့သက်ဆိုင်တဲ့ကိစ္စကို မြှုပ်နှံထားလိုက်နိုင်တယ်”
လုကျိုး၏တပည့်များက အကြည့်ချင်းဖလှယ်လိုက်သည်။ သူတို့က အံ့ဩသင့်သွားတော့၏။ သူတို့ရှစ်စွင်း ထိုမျှသဘောထားကြီးလိမ့်မည်ဟု မည်သူကသိမည်နည်း။ အတိတ်ကနှင့်ယှဉ်လျှင် ယခုဆိုမိုးနှင့်မြေပမာကွဲပြားခြားနေပြီဖြစ်သည်။
“ကျေးဇူးတင်ပါတယ် မျှော်နန်းသခင်” ဝူရှန်းနှင့်ဝူကွမ်းက တညီတညွတ်တည်းအရိုအသေ ပေးလိုက်၏။ ဝူရှန်းက သူ့ကိုယ်ကိုမတ်ပြီးနောက်ပြောလိုက်တော့သည်။
“မိစ္ဆာဝေဟင်မျှော်နန်းကို ကျွန်တော်တို့လာရောက်လည်ပတ်ရတာ နောက်ထပ်အကြောင်းအရင်း တစ်ရပ်ရှိပါသေးတယ်”
“ပြော”
“မိစ္ဆာဝေဟင်မျှော်နန်းက မိစ္ဆာလမ်းကြောင်းပေါ်မှာပါ။ ထိပ်သည်းဆရာကြီးဆယ်ယောက်က သားကောင်ကိုကြည့်သလိုမျိုး မျက်စိဒေါက်ထောက်ကြည့်နေတယ်။ သခင်မမော့လီက မိစ္ဆာ ဝေဟင်မျှော်နန်းရဲ့ခွန်အားကို အမှန်တကယ် အထင်ကြီးမိပါတယ်။ လက်ရှိတာ့ယန်ရဲ့ မိသားစုက အထောက်အပံ့လိုနေတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက တော်ဝင်ရုံးတော်ဆီခစားပြီး တိုင်းသူပြည်သား တွေအတွက် ပျော်ရွှင်မှုရယူလိုပါသလား” ဝူရှန်းက ဖြည်းဖြည်းချင်း မေးလိုက်လေ၏။
“မင်းတို့အဆင့်ဆီငါတို့ကိုခေါ်ပြီး ငါတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ကြိုးစားနေတာလား”
“ဒါက လူစုဆောင်းတာမဟုတ်ပါဘူး။ သခင်မမော့လီက မိစ္ဆာဝေဟင်မျှော်နန်းကို အမှန်တကယ် အထင်ကြီးလေးစားပါတယ်။ ဒါက ခင်မင်ရင်းနှီးတဲ့ကမ်းလှမ်းမှုတစ်ခုပါ။ ဒါ့အပြင် ဒါနဲ့သာဆို မိစ္ဆာဝေဟင်မျှော်နန်းက ဖြောင့်မတ်ခြင်းလမ်းကြောင်းပေါ် ပထမဆုံး ခြေချနိုင်ပြီ။ အားလုံးက လေးစားမှာ သေချာတယ်”
တွမ့်မူရှန်းက သူ၏နယ်ရှင်လှံကို မြှောက်ပြီးကြမ်းပြင်ကို ဆောင့်ချလိုက်လေ၏။
ထန်း
“ဒီစကားတွေကို ဘယ်သူမဆို ပြောလို့ရတယ်။ ဒါပေမဲ့မင်းတို့တော့ ပြောလို့မရဘူး။ စုန်းအတတ်ကြောင့် လူဘယ်လောက်များများ ထိခိုက်သွားတယ်လို့ မင်းတို့ထင်လဲ။ မင်းတို့ရှင်းရှင်းလင်းလင်း သိမယ်ဆိုတာ ငါသေချာတယ်။ ပြီးတော့ ဒါတောင်မှ မင်းတို့တွေက ဖြောင့်မတ်ခြင်းလမ်းစဉ် အကြောင်း တရားဟောသေးတယ်ပေါ့”
ဝူရှန်းနှင့် ဝူကွမ်းက ဆွံ့အသွားလေ၏။
မင်ရှစ်ရင်က ထပ်ပြောတော့သည်။
“မင်းတို့သာ လူတွေအတွက် ပျော်ရွှင်မှုကို အမှန်တကယ်ဆောင်ယူပေးချင်တယ်ဆိုရင် ထျန်းကျန်း မြစ်ထဲက အပြစ်ကင်းတဲ့လူတွေ အစုလိုက်အပုံလိုက်သတ်ဖြတ်ခံရတဲ့အကြောင်း ရှင်းပြပေးနိုင် မလား”
ဝူရှန်းက မျက်မှောင်ကျုံ့သွားသည်။ သူ့ရင်ထဲရှိမကောင်းသော ခံစားချက်က ပိုတောင်တိုးလာ လေ၏။ လူတိုင်း၏အကြည့်က သူနှင့်ဝူကွမ်းဆီသာရောက်နေသည်ဟု ခံစားမိသည်။ နောက်ဆုံးတွင် သူက မေးလိုက်တော့သည်။
“မိစ္ဆာဝေဟင်မျှော်နန်းက ထျန်းကျန်းမြစ်ရဲ့အဖြစ်အပျက်အကြောင်း ကောင်းကောင်းသိလား”
မင်ရှစ်ရင်က ပြောသည်။ “ချန်းကျူက ရဲတင်းလွန်းတယ်လေ။ ဒါကြောင့် ကျုပ်ရဲ့ဆရာက သူ့ကို နောက်ဘဝပို့လိုက်ပြီးပြီ”
“...” ဝူရှန်းနှင့် ဝူကွမ်းတို့က နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ကြသည်။ သူတို့က မင်ရှစ်ရင်ကို မယုံနိုင်စွာ ကြည့်လိုက်လေ၏။
ဝူရှန်းက သူ့ကိုယ်သူစိတ်အေးအောင် ဖိအားပေးပြီးမေးလိုက်တော့သည်။ “မိစ္ဆာဝေဟင်မျှော်နန်းက အရှင်သခင်ချန်းကျူကို သတ်ခဲ့တာလား”
“မင်း နားကန်းနေလား” မင်ရှစ်ရင်က ပြုံးပြီးမေးလိုက်သည်။
ဝူရှန်းက အဖြစ်အပျက်ကို သူ့ဖာသာသူ အမြန်စီစစ်ပြီးနောက် ပြောလိုက်တော့သည်။
“ပြောနေရင်းနဲ့ ဒါကနောက်ထပ်နားလည်မှုတစ်ခုဆိုတာ သေချာပါတယ်။ အရှင်သခင် ချန်းကျူက မိစ္ဆာဝေဟင်မျှော်နန်းနားက လူတွေက အယောင်ဆောင်တွေပဲလို့ ပြောတယ်။ အရှင်သခင် ချန်းကျူက အယောင်ဆောင်သူတွေနဲ့ မျှော်နန်းသခင်ကို မှားတာပဲဖြစ်ရမယ်။ အရှင်သခင် ချန်းကျူက နတ်လေးရှင်တစ်ယောက်ဆိုပေမဲ့ စိတ်မြန်လက်မြန် ကမူးရှူးထိုးလုပ်တတ်တဲ့သူပဲ။ သူက မျှော်နန်းသခင်ကို ရန်စခဲ့ရင် သူ့သေခြင်းတရားအတွက် သူ့ကိုယ်သူပဲ အပြစ်တင်နိုင်တယ်”
“မင်းတို့တွေ့က အရေထူပြီး အရှက်မဲ့တယ်ဆိုတာ အမှန်ပဲကို။ မင်းတို့သခင်မက ချန်းကျူးကို သတ်တဲ့သူကို အပိုင်းအပိုင်းအစစ ဖြတ်ပစ်ချင်နေတာလို့ပြောတာမဟုတ်ဘူးလား။ ကြည့် ငါ့ရဲ့ရှစ်စွင်း ဒီမှာရှိနေတယ်လေ။ မင်းတို့ လှုပ်ရှားရလောက်အောင် သတ္တိရှိလား” မင်ရှစ်ရင်က လှောင်ပြောင်ထေ့ရိလိုက်လေ၏။ သို့သော် သူက တောင့်ခဲသွားပြီး တစ်စုံတစ်ခုမှားယွင်းနေတာကို သဘောပေါက်သွားတော့သည်။ သူက ခေါင်းငုံထားပြီးနောက် သူ့မျက်နှာသူရိုက်လိုက်တော့၏။
“အပြောမှားသွားတာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ရှစ်စွင်း”
လုကျိုးက စိတ်အနှောင့်အယှက်မဖြစ်ပေ။ သူ၏အမူအရာက တည်ငြိမ်နေလေ၏။
ဝူရှန်းက အနေရခက်စွာမေးလိုက်တော့သည်။ “အားလုံးက နားလည်မှုလွဲတာပဲ။ အရှင်သခင် ချန်းကျူက မျှော်နန်းသခင်ရဲ့လက်ထဲမှာ သေတယ်ဆိုတာ မသိခဲ့ဘူး။ သဘောထားကြီးတဲ့ မျှော်နန်းသခင်က ဒါကိုတေးမထားဖို့မျှော်လင့်ပါတယ်”
“မင်း မှားတယ်” မင်ရှစ်ရင်က ခေါင်းခါလိုက်၏။
“...”
“ချန်းကျူတစ်ယောက်က မိစ္ဆာဝေဟင်မျှော်နန်းကို ဘယ်တော့မှစိတ်ကျေနပ်စေမှာမဟုတ်ဘူး” မင်ရှစ်ရင်က လက်ဝှေ့ယမ်းလိုက်သည်။ သူ့နောက်ရှိ အမျိုးသမီးကျင့်ကြံသူနှစ်ဦးက သူ့ကို အရို အသေပေးလိုက်၏။ ခဏအကြာတွင် အမျိုးသမီးကျင့်ကြံသူနှစ်ဦးသည် သစ်သားကုလားထိုင် ပေါ်တွင် သတိလစ်နေသော ယဲ့ထျန်းရှင်းကို သယ်လာလေ၏။
အားလုံး၏အကြည့်က ယဲ့ထျန်းရှင်းဆီရောက်နေတော့သည်။ ဝူရှန်းက ဇဝေဇဝါဖြစ်သွား၏။ “ဒါက”
“ဒါက ကျုပ်ရှစ်စွင်းရဲ့ ဆဋ္ဌမမြောက်တပည့် ယဲ့ထျန်းရှင်းပဲ။ သူက ထျန်းကျန်းမြစ် ယွီလုံရွာကလေ” ကျောင်းယွဲ့ကပြောသည်။
ဝူရှန်းက မျက်မှောင်အနည်းငယ်ကျုံ့သွား၏။
မိစ္ဆာဝေဟင်မျှော်နန်းသည် ထိုကဲ့သို့ သဘောထားရှိနေရသည့်အကြောင်းအရင်းကို သူရုတ်တရက် သဘောပေါက်သွားတော့၏။
“ကျွန်တော်သိပြီ”
ဝူရှန်း၏ယုံကြည်ချက်တို့က တဖြည်းဖြည်းလျော့ပါးသွားပြီးနောက် သူက လက်နှစ်ဖက်ကို ဆုပ်လျက်ပြောလိုက်တော့သည်။
“အမှန်အတိုင်းပြောရရင် ချန်နင်ရဲ့ စစ်သူကြီးဝေ့ကျိုးယန်က ယွီလုံရွာကို သတ်ဖြတ်ခဲ့တဲ့သူပဲ။ သခင်မလေးမော့လီနဲ့ဘာမှ မဆိုင်ဘူး”
တွမ့်မူရှန်းက နှာခေါင်းရှုံလိုက်လေ၏။ “ဒီတော့ မင်းရဲ့စကားကို ငါတို့က ယုံရမှာလား”
ဝူရှန်းနှင့် ဝူကွမ်း၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ ပြီးနောက် တပြိုင်နက်တည်း ဒူးထောက်ကာပြောလိုက်တော့၏။ “ကျွန်တော်တို့ ဒါကိုမသိပါဘူး။ သခင်မက ဒီအရေးကိစ္စမှာ ပါဝင်နေရင် ဒါအတွက် ပြေရာပြေကြောင်းလုပ်ပေးဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ မျှော်နန်းသခင်”
…
အခန်း (၁၃၈) ဈေးနှုန်းမြင့်မြင့်ဖြင့် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း
မင်ရှစ်ရင်က ပြောလိုက်သည်။
“ မင်းတို့ သခင်မလေးနဲ့ ဝေ့ကျိုးယန်တို့ကြားက ဆက်ဆံရေးက ဘာလဲ”
ဝူရှန်းနှင့် ဝူကွမ်းတို့၏ လေသံအရ ဝေ့ကျိုးယန်နှင့် မော့လီတို့သည် ရင်းနှီးသည့်ပုံစံမျိုး မဟုတ်ကြောင်း ပြောနိုင်လေသည်။
“ အာ …” ဝူရှန်းက တုံ့ဆိုင်းသွားပြီး ဘာမှဆက်မပြောတော့ပေ။
“ ထျန်းကျန့်မြစ်ကိစ္စက မင်းသခင်မလေးနဲ့ ဘာမှမပတ်သက်ဘူးဆို … သူတို့ အလောင်းတွေ ဆယ်နေတဲ့နေရာမှာ စုန်းအတတ်အစီအရင် တွေ့တယ်တဲ့လား။ အဲနေရာကို ချန်ကျူးကိုယ်တိုင် စောင့်ကြပ်ပေးနေတာ။ ငါ့ကို ငတုံးများထင်နေလား”
ဝူရှန်းနှင့် ဝူကွမ်းတို့က တုံ့ဆိုင်းခြင်းမရှိ ဒူးထောက်လိုက်ကြသည်။ သူတို့နဖူးမှ ချွေးများစီးကျလာကာ “သခင်မလေးမော့လီက အမိန့်အရ လုပ်ရတာပါ။ အဲဒီကမ်းပါးကိစ္စက အစီအရင် မလုပ်ခင်ကတည်းက ဖြစ်နေတာပါ။ ယွီလုံရွာ အဖြစ်အပျက်က သခင်မလေးနဲ့ ဘာမှမဆိုင်ပါဘူး။ တကယ်လို့ ကျုပ်စကားမှာ အလိမ်အညာပါခဲ့ရင် ဆိုးဆိုးရွားရွား သေပါစေ ”
သူတို့ ဘာပြောပါစေကာမူ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က မယုံဖို့ ဆုံးဖြတ်ထားကြသည်။
လေထုက တင်းကျပ်လာသည်။
နှစ်ယောက်လုံးက ထတော့မည့်ဆဲဆဲတွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ဖန်ကျုံးက ဝင်ပြောလိုက်သည်။
“ နတ်ဆရာဆယ်ပါး မျိုးဆက်ရဲ့ သခင်မလေးက မော့လီ နာမည် ဘာလို့ ဖြစ်နေရတာလဲ ”
ဝူရှန်းနှင့် ဝူကွမ်းတို့က အနည်းငယ် ကြောင်အမ်းသွားကြသည်။ သူတို့က ဖန်ကျုံးကို လှည့်ကြည့်လိုက်ကြသည်။ တခြားအခြေအနေမှာ မဟုတ်ပါက ဖန်ကျုံးအနေနှင့် မော့လီကို နာမည်တပ်ခေါ်ခြင်းက ရန်စမှုအကြီးကြီး ဖြစ်သည်။ သို့သော်လည်း ဤသည်မှာ မိစ္ဆာဝေဟင်မျှော်နန်း ဖြစ်၏။ သူတို့ စကားများကို ပစ်ပစ်ခါခါ ဝေဖန်ခံရစေကာမူ သည်းခံရုံသာ တတ်နိုင်သည်။
“စုန်းအတတ် လေ့ကျင့်ထားတဲ့သူအနေနဲ့ သခင်မလေးမော့လီရဲ့ ကျင့်ကြံဆင့်က အရမ်းအားကောင်းတော့ ကျုပ်တို့က သူမနောက် လိုက်ချင်ကြတာပါ”
ဖန်ကျုံးက ထပ်ပြောလိုက်သည်။
“ ဟိုးကတည်းက နတ်ဆရာဆယ်ပါးလုံးက လေးစားခံရပြီးတော့ အားလုံးက ကြောက်ရွံ့ကြတယ်။ သူတို့က ဆေးပညာရော၊ ဂမ္ဘီရပညာမှာရော ကျွမ်းကျင်တယ်။ သူတို့က အဖြူရောင်စုန်းအတတ်နဲ့ မြင့်မားတဲ့ အခြေအနေအထိ ရောက်ခဲ့ကြတယ်။ ခင်ဗျားတို့က နတ်ဆရာတွေရဲ့ မျိုးဆက်တွေ ဖြစ်ပြီးတော့ ကိုယ့်ဘာသာ နှိမ့်ချပြီး တခြားလူရဲ့ ခိုင်းဖက်လုပ်နေတယ်တဲ့လား ”
‘ခိုင်းဖက်တဲ့လား’
ဝူရှန်းနှင့် ဝူကွမ်းတို့၏ အမူအရာက ပြောင်းလဲသွားလေသည်။ သူတို့က ဖန်ကျုံးအကြောင်း ခဏ လေ့လာလိုက်ကြသည်။ သူတို့ မိစ္ဆာဝေဟင်မျှော်နန်းဆီ ရောက်မလာခင် ဒီလိုလူမျိုးက ဒီမှာရှိနေလိမ့်မည်ဟု မထင်ထားကြပေ။
“ဆရာက … ”
ဖန်ကျုံးက ပြောလိုက်သည်။
“ အမျိုးသားကောင်းဆိုတာ သူ့ဘာသာ ဂုဏ်ယူရပြီးတော့ အပြုအမူတွေကလည်း ကိုက်ညီနေရမယ်။ ငါက ကျင့်မင်တာအိုဂိုဏ်းက ဆိုပေမဲ့ အခု မိစ္ဆာဝေဟင်မျှော်နန်းကပဲ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပြဿနာ ငါ့ပြဿနာပဲ ”
ဝူရှန်းက လက်နှစ်ဖက်ယှက်ကာ “ အစ်ကိုဖန် တွေ့ရတာ ဝမ်းသာပါတယ် … နတ်ဆရာမျိုးဆက်ဆိုတာက ဝင့်ကြွားရမဲ့အရာတော့ မဟုတ်ပါဘူး။ ကျုပ်တို့သာ တော်ဝင်နန်းတော်ကို ခစားနိုင်သရွေ့ သာမန်လူတွေအတွက် ပျော်ရွှင်မှုတွေ ဆောင်ကျဉ်းပေးနိုင်တယ်လေ ”
“အပြောကောင်းတယ်” ဖန်ကျုံးက ပြောလိုက်ရင်း လက်နှစ်ဖက်ယှက်ကာ “ စတုတ္ထသခင်လေးအကြောင်း ထည့်ပြောရဦးမယ်။ ကြည့်ရတာ ထျန်းကျန့်မြစ်နားမှာ စုန်းအတတ် တစ်ခုတည်းတော့ မဟုတ်ဘူး။ မြစ်နဲ့ မိုင်တစ်ရာအကွာမှာ စုန်းထောင်ချောက်တွေ ရှိနေသေးတယ်။ သာမန်လူတွေကို မပြောနဲ့တော့ … စတုတ္ထသခင်လေးလို ပညာရှင်မျိုးတောင် ထောင်ချောက်ထဲ ကျရောက်လုနီးပါး ဖြစ်ခဲ့ရတယ်။ ငါ ကျင့်မင်တာအိုဂိုဏ်းမှာရှိတုန်းက မြစ်နားမှာ သေဆုံးမှုတွေအကြောင်း ခဏတိုင်း ကြားခဲ့ရတယ်။ ဒါတွေကိုရော ဘယ်လိုရှင်းပြမှာလဲ ”
ဝူရှန်း၏ အမူအရာက အနည်းငယ် ပျက်ယွင်းသွားကာ ဖန်ကျုံး၏ ပြန်လည်ချေပမှုကို ပြန်မပြောနိုင်တော့ပေ။
ထိုစဉ် လုကျိုးက သူနှင့် ဘာမှမဆိုင်သည့်အလား တိတ်တဆိတ်သာ ကြည့်နေလေသည်။
ဝူရှန်းက လေးလေးစားစား ပြောလိုက်သည်။
“ကျင့်ကြံသူတွေက ထျန်းကျန့်မြစ်နား မကြာခဏ သွားပြီး နယ်ခံလူတွေကို သွားအနိုင်ကျင့်တတ်ကြလို့ပါ။ စုန်းအတတ် အစီအရင်နဲ့ဆိုရင် အဲလိုအဖြစ်အပျက်တွေကို လျှော့ချပြီးသား ဖြစ်သွားပါတယ်။ ဇာတ်ကြောင်းတိုင်းမှာ နှစ်ဦးနှစ်ဖက် ရှိတယ်မလား။ အစ်ကိုဖန်ရဲ့ စကားတွေက နည်းနည်းတော့ မတရားသလိုပဲ ”
“ဒီလိုဆိုရင်တောင် … စုန်းအတတ် အစီအရင်ထဲမှာ အလောင်းတွေကို သိုလှောင်ခန်းထဲ အပုံလိုက် ထည့်ထားတယ်။ သေတဲ့လူကို လေးစားသင့်တယ် မဟုတ်ဘူးလား။ မင်းတို့လုပ်ပုံက သူတို့ကို မလေးစားလိုက်သလိုပဲ။ အပြင်ထွက်တဲ့အခါ မိုးကြိုးအပစ်ခံရမှာကို မစိုးရိမ်ဘူးလား ”
ဝူရှန်းနှင့် ဝူကွမ်းတို့က အံ့အားသင့်သွားကြသည်။ ဖန်ကျုံး၏ စကားများက သူတို့ကို တုန်လှုပ်သွားစေ၏။
“ အဲဒီနောက်ကျ ကျုပ်တို့ ဗုဒ္ဓကိုယ်တော်ကြီးကို ဖိတ်ကြားပြီးတော့ သွားလေသူတွေအတွက် ငြိမ်းချမ်းမှုရဖို့ ဆုတောင်းပွဲ လုပ်ပေးမှာပါ” ဝူရှန်းက ဖျော့တော့စွာ ပြောလိုက်သည်။ သူ့စကားများတွင် ယုံကြည်ချက် ရှိမနေပေ။ သူ မသက်မသာ ဖြစ်နေမှန်း သိသာလှ၏။
ဖန်ကျုံးက ရယ်လိုက်ကာ “ စုန်းအတတ် ကျင့်ကြံသူက ဗုဒ္ဓကိုယ်တော်ကြီးကိုတောင် ကျမ်းတွေရွတ်ဖတ်ပေးဖို့ ဖိတ်ကြားချင်နေတာတဲ့လား။ နတ်ဆရာဆယ်ပါးသာ ကြားရင် သူတို့ဒေါသထွက်လွန်းလို့ အသက်ပြန်ရှင်လာလောက်တယ် ”
“ ခင်ဗျား … ”
လူတစ်ယောက်ကို မျက်နှာမဟုတ်ဘဲ ဖြတ်ရိုက်လိုက်ခြင်း ဖြစ်သည်။ ဖန်ကျုံးက နည်းနည်းတော့ လွန်သွားလေပြီ။
ဝူရှန်းနှင့် ဝူကွမ်းတို့က နတ်ဆရာများကို လေးစားကြသည်။ သူတို့လေးစားသည့် ပုဂ္ဂိုလ်များအား စော်ကားနေသည်ကို မည်သို့ငြိမ်ခံနိုင်မည်နည်း။
ဝူကွမ်းက ရှေ့တိုးလာသော်လည်း ဝူရှန်း၏ တားဆီးခြင်းကို ခံလိုက်ရသည်။
ဝူရှန်းက ပြောလိုက်၏။
“အစ်ကိုဖန် ကျုပ်တို့က ဒီကို ငြိမ်းချမ်းရေးအတွက် ရောက်လာတာပါ။ ရန်သူဖြစ်အောင် လုပ်ဖို့ စိတ်ကူးမရှိပါဘူး။ တကယ်လို့ ကျုပ်တို့ မိစ္ဆာဝေဟင်မျှော်နန်းကို စော်ကားမိခဲ့ရင် ပြန်လျော်ပေးပါ့မယ်” သူက ဉာဏ်ကောင်းလေသည်။
သူက လုကျိုးထံ ဦးညွှတ်လိုက်၏။
ငြိမ်းချမ်းရေးနှင့် အမှန်တရား ဆွေးနွေးမှုကို ဘေးဖယ်ထားလိုက်လျှင် ညီအစ်ကိုနှစ်ယောက်လုံးနှင့် သူတို့သခင်မ မော့လီတို့က မိစ္ဆာဝေဟင်မျှော်နန်းသည် ချန်ကျူးကို သတ်လိုက်သည့်သူ ဖြစ်မည်ဟု မထင်ထားကြပေ။ ချန်ကျူးက မော့လီ၏ ယုံကြည်ရသော လူတစ်ယောက် ဖြစ်လေရာ မော့လီက မည်သို့ လက်ခံနိုင်မည်နည်း။
ခန်းမကျယ်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
ဂျွတ်
ယဲ့ထျန်းရှင်းဆီမှ အသံထွက်လာ၏။
ဝူရှန်းနှင့် ဝူကွမ်းတို့လည်း ယဲ့ထျန်းရှင်းကို ကြည့်လိုက်ကြသည်။ သူတို့မျက်ဝန်း၌ အံ့အားသင့်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
မင်ရှစ်ရင်က အတွေးနက်နေဆဲ ဖြစ်သည့် သူ့ရှစ်စွင်းဖြစ်သူကို ကြည့်လိုက်ပြီး “သူမကို ပြန်ခေါ်သွားကြ”
“ ဟုတ်ကဲ့ ”
ယဲ့ထျန်းရှင်းက သတိမေ့နေဆဲ ဖြစ်သည်။ သူမကို သည်မှာထားနေ၍ အကျိုးမရှိပေ။
အမျိုးသမီး ကျင့်ကြံသူများက ယဲ့ထျန်းရှင်းကို ပြန်ခေါ်သွားကြသည်။
လုကျိုးက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး လှေကားမှ ဆင်းလာကာ “ငြိမ်းချမ်းဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး ”
“ ကျုပ်တို့ မျှော်နန်းသခင်ရဲ့ စိတ်ထားကြီးမြတ်မှုအတွက် ကျေးဇူးတင်ပါတယ် ” ဝူရှန်းက ရိုရိုကျိုးကျိုး ဦးညွှတ်လိုက်သည်။
“ သိချင်တာက … ပိုင်လူမျိုး အရိုးက လူတစ်ယောက်ရဲ့ သက်တမ်းကို ဆွဲဆန့်ပေးထားနိုင်တယ်လား ”
လုကျိုးက ရုတ်ခြည်း မေးလိုက်သည်။
“ အာ …” ဝူရှန်းက ရုတ်တရက်ဆန်သော မေးခွန်းကြောင့် အကျပ်ရိုက်သွားလေသည်။ သူက တုံ့ဆိုင်းနေပြီးနောက် “အခုထိတော့ မဖြစ်နိုင်သေးပါဘူး ”
“အဲဆို မြစ်ထဲကနေ အလောင်းတွေကို ဘာလို့ဆယ်နေကြတာလဲ ”
“ အဲဒါ နန်းတော်ရဲ့ လျှို့ဝှက်ချက်ပါ ”
“ငါ့ရှစ်စွင်းက မင်းတို့ကို ထွက်လမ်းပေးနေတာကို မယူတတ်မှတော့ … မင်းတို့ လျှို့ဝှက်ချက်အကြောင်း မေ့ထားလိုက်။ အခုထုတ်သာပြောလိုက်” ရှောင်ယွမ်အာက လက်သီးဝေ့ကာ ပြောလိုက်သည်။
လုကျိုးက မထူးမခြားနား ပြောလိုက်သည် “ မင်းဘာသာ ပါးစပ်ပိတ်နေမလား။ ဒီကနေ ဘေးကင်းကင်း ထွက်သွားမလား ရွေးချယ်နိုင်တယ်။ ငါက ဘယ်သူကိုမှ ဆန္ဒမပါတာကို အတင်းကျပ် မလုပ်ခိုင်းဘူး ”
ဝူရှန်းက ခေါင်းခါလိုက်သည်။ သူက လက်နှစ်ဖက်ယှက်လိုက်ရင်း “ ဒါက လျှို့ဝှက်ချက်ဆိုပေမဲ့ ဆယ်နှစ်အတွင်း တိုးတက်မှု မရှိခဲ့ဘူး။ ထားလိုက်ပါတော့ … ပိုင်လူမျိုးတွေရဲ့ အရိုးက အသက်ရှည်မှုကို ရယူပေးနိုင်တယ်လို့ သတင်းတွေ ထွက်ဖူးတယ်။ အမှန်တော့ မဟုတ်ပေမဲ့ နန်းတော်က ဒါကို ရှာမတွေ့ခင်အထိ ဆယ်နှစ်အချိန်ဖြုန်းခဲ့ရတယ်။ ပိုင်လူမျိုးရဲ့ ချန်းဟွမ်ကမှ လူတစ်ယောက်ရဲ့ သက်တမ်းကို တိုးပေးနိုင်တာ ”
“ပိုင်လူမျိုးရဲ့ ချန်းဟွမ်တဲ့လား ”
“ချန်းဟွမ်က မြေခွေးတစ်ကောင်သွင်ပြင်လိုမျိုးကို ကျောဘက်မှာ ဦးချိုပါတယ်။ အဲဒါကို စီးတဲ့သူတိုင်း နှစ်နှစ်ထောင်ကြာ နေနိုင်လိမ့်မယ်တဲ့ ” ဝူရှန်းက ပြောလိုက်သည်။
အားလုံးက ထိုအကြောင်းကို ကြားလိုက်ရသည့်အခါ အံ့ဩသွားကြသည်။
မင်ရှစ်ရင်က မျက်မှောင်ကြုတ်ကာ “အဲဒါ သားရဲနာမည်လား ”
“ ဟုတ်ပါတယ် ” ဝူရှန်းက သက်ပြင်းချကာ “ လွန်ခဲ့တဲ့ နှစ်များစွာတုန်းက ထျန်းကျန့်မြစ်မှာ ဝေ့ကျိုးယန်နဲ့ မဟူရာစစ်သည်တော် ဖန်းရှုဝမ်တို့က မြစ်အနားက တခြားမျိုးနွယ်တွေကို ရှင်းထုတ်ခဲ့ကြတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က ပိုင်လူမျိုးတွေရဲ့ အရိုးကို ရှာဖို့ပဲ။ အဲဒီနောက်ကျ ပစ်မှတ်က ချန်းဟွမ် ဖြစ်သွားတယ်။ ဝေ့ကျိုးယန်နဲ့ ဖန်းရှုဝမ်တို့ ကိုယ်တိုင်တောင် မသိကြဘူး။ နန်းတော်က ချန်းဟွမ်က ပိုင်လူမျိုးအရိုးတွေနဲ့အတူ မြစ်ထဲ နစ်မြုပ်သွားတယ်ပဲ ထင်နေတာ ”
“ အဲလိုဆိုတော့ နန်းတော်က ချန်းဟွမ်ကို ဆယ်နေတာပေါ့။ အခုအချိန်အထိ မတွေ့သေးဘူးပေါ့”
ဖန်ကျုံးက ဝင်မေးလိုက်သည်။
ဝူရှန်း ခေါင်းခါကာ “ တကယ်လို့ တွေ့ထားရင် ဒီနေ့လို နားလည်မှုလွဲတာမျိုး ဖြစ်လာမှာ မဟုတ်ဘူး”
သူ့စကားအဆုံးတွင် ဘာမှမထူးခြားသည့် လုကျိုးကို ကြည့်ကာ ဦးညွှတ်လိုက်ပြီး “ ဒီနေ့ ပြောခဲ့တာတွေက ကျုပ် သိခဲ့သမျှကို အမှန်တိုင်း ပြောခဲ့တာပါ။ မျှော်နန်းသခင်ရဲ့ ကမ်းလှမ်းမှု အကျုံးဝင်သေးရဲ့လား”
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ “ငါ့စကား ငါတည်တယ် ”
“ မျှော်နန်းသခင် ကျေးဇူးပါ ” နှစ်ယောက်သား အလျင်စလို ဦးညွှတ်လိုက်ကြသည်။
“ဧည့်သည်တွေကို ပြန်ပို့လိုက် ”
“နားလည်ပါပြီ ”
လုကျိုးက ပြောလိုက်၍ တခြားသူများလည်း ဝင်မကန့်ကွက်ကြပေ။
သူတို့က ဝူရှန်းနှင့် ဝူကွမ်း မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်သွားသည်ကို ကြည့်နေကြရသည်။
ခဏအကြာတွင် ဝူရှန်းနှင့် ဝူကွမ်းတို့က ရွှေနန်းဥယျာဉ်တောင် အကာအကွယ်မှ ထွက်လာသည်။ သူတို့ အကာအရံမှ ထွက်လာသည့်အခါ စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။
“ အစ်ကိုကြီး မိစ္ဆာဝေဟင်မျှော်နန်းက ချန်ကျူးကို သတ်လိုက်ကြတာပဲ။ ငါတို့ ဘာလုပ်ကြမလဲ။ သခင်မမော့လီကို ဘယ်လိုပြောပြကြမလဲ” ဝူကွမ်းက စိုးရိမ်စွာ ပြောလိုက်သည်။
“ ငါ ဘာလုပ်ရမယ်ဆိုတာ သိတယ်။ ငါတို့သာ တန်ကြေးကြီးကြီး ပြန်မပေးရင် မိစ္ဆာဝေဟင်မျှော်နန်းကို သတိလျော့ချအောင် လုပ်ဖို့ မဖြစ်နိုင်ဘူး။ ချန်းဟွမ် လျှို့ဝှက်ချက်က သက်ရောက်မှုပြင်းလောက်တယ်။ အားလုံးက ကျိထျန်းတောက်ရဲ့ အချိန်စေ့ခါနီးပြီမှန်း သိထားကြတာပဲလေ။ အခု သူက ဒီအကြောင်းသိသွားပြီဆိုတော့ သူ ဘာလုပ်မယ် ထင်လဲ ” ဝူရှန်းက ပြောလိုက်၏။
“ အစ်ကိုကြီးက တော်လိုက်တာ ” ဝူကွမ်းက ရုတ်ခြည်း သဘောပေါက်သွားသည်။
“ အဲဆို သခင်မမော့လီကို ဒီလိုရှင်းပြလိုက်ပါ့မယ် ”
“ဖန်ကျုံးကိုရော ဘာလုပ်ကြမလဲ။ အဲဒီကောင်က မိစ္ဆာဝေဟင်မျှော်နန်းထဲ ရောက်သွားလိမ့်မယ်လို့ မထင်ထားမိဘူး။ သူက ရိုင်းရိုင်းစိုင်းစိုင်းပြောပြီး နတ်ဆရာတွေကိုတောင် စော်ကားနေသေးတယ်။ ဒါက သည်းမခံနိုင်စရာပဲ ”
…
အခန်း (၁၃၉) ခြင်္သေ့သားရဲတွင်းသို့သွားပြီး ခြင်္သေ့မုတ်ဆိတ်မွေးကို ဆွဲခြင်း
“ဖန်ကျုံးက ကျင့်မင်တာအိုဂိုဏ်းကပဲ။ သူက ယင်သုံးပါးပုံစံကိုပဲသင်ယူထားတာ။ တောက်အဖွဲ့ အစည်းကနေသူ ကန်ထုတ်ခံခဲ့ရတဲ့အချိန် အအေးဓာတ်သက်ရောက်ခံခဲ့ရတယ်။ သူက ကုသမှု အတွက်ရှာနေတာပဲ။ အဖြူရောင်စုန်းအတတ်က သူ့ရဲ့ အအေးဓာတ်ကိုကုသပေးနိုင်တယ်။ ဒါပေမဲ့ သူက ကုသမှုကိုငြင်းခဲ့တာ။ အဲ့ဒီအချိန်ကစပြီး စုန်းအတတ်ကို သူအငြိုးအတေးထားခဲ့တာပဲ။ ဒါပေမဲ့ သူ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်သွားလိမ့်မယ်လို့ ငါမထင်ထားဘူး” ဝူရှန်းက ပြော၏။
“ဒီလူကို ငါမသတ်ရရင် ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်မယ်လို့ ငါမထင်ဘူး”
“ဒီကိစ္စကို အရင်သတင်းပို့ကြတာပေါ့။ ဖန်ကျုံးက အချိန်ရောက်ရင်သေမှာပဲ” ဝူရှန်းက မိစ္ဆာဝေဟင် မျှော်နန်းကို ထပ်မံလှည့်ကြည့်လိုက်၏။ သူက အမိန့်ပေးလိုက်သည်နှင့် ဝတ်ရုံနီကျင့်ကြံသူ တစ်ဒါဇင် ခန့်က ထန်ကျီမြို့ဆီသို့ ဦးတည်သွားတော့သည်။
သုံးထောင်သောစစ်သည်ရဲမက်တို့သည် ခေါင်းမပါသောယင်ကောင်များပမာ ခံစားလိုက်ရပြီး ကျင့်ကြံသူများနောက် လိုက်သွားလေ၏။ သူတို့က ကောင်းစွာလေ့ကျင့်ပေးခြင်းခံထားရသည့် စစ်သည်တော်များဖြစ်သည့်တိုင် သူတို့က ထိုကျင့်ကြံသူများနှင့်ယှဉ်လျှင် တတိယအဆင့် တိုက်ခိုက်ရေးသမားများသာ ဖြစ်သေးသည်။
ဝေ့ကျိုးယန်က သူတို့ကို အဖြစ်မျှသာ ထည့်ပေးလိုက်မှန်း ဝူရှန်းသိနေပေ၏။ ထို့ကြောင့် ထိုသူများက တိုက်ပွဲဝင်အရည်အချင်း အမှန်တကယ်ရှိနေလျှင် သူ ဂရုမစိုက်ပေ။ သူတို့ခရီးတစ်ဝက်၌ ဝူရှန်းနှင့် ဝူကွမ်းဦးဆောင်သော ကျင့်ကြံသူများက မြေပြန့်ဆီသို့ပြန်သွားလိုက်၏။
“ဒီမှာစောင့်နေ” သုံးထောင်သောစစ်သည်ရဲမက်တို့က ဤနေရာတွင် ရပ်စောင့်ရတော့သည်။ သူတို့ကို အရာရှိက သံသယဖြင့်ကြည့်နေလေ၏။
“သူတို့ ဘာလုပ်နေတာလဲ”
“ဘယ်သူသိမှာလဲ။ သူတို့က ဆန်းကြယ်တဲ့လူတစ်စုပဲ။ ငါတို့တွေ မိစ္ဆာဝေဟင်မျှော်နန်းကို သွားစရာ မလိုသရွေ့ ဘာမှလုပ်မှာမဟုတ်ဘူး”
“ဟုတ်တယ်။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ဖို့သတ္တိရှိနိုင်တယ်။ ဒါပေမဲ့ အကောင်းအတိုင်း ပြန်ထွက်လာလို့ရနိုင်မှာ မဟုတ်ဘူး”
သူတို့ပြောနေစဉ်၌ ဝတ်ရုံနီကျင့်ကြံသူအယောက်သုံးဆယ်က ပျောက်ကွယ်သွားတော့သည်။ ထိုစဉ် သူတို့အားလုံးက ကျယ်ဝန်းသည့်နေရာတစ်ခု၌ စုဝေးနေကြ၏။ သူတို့သည် ကောက်ကွေ့သော လမ်းများကို ပိုရွေ့သွားနေ၏။ နှစ်နာရီခန့်သွားပြီးနောက် ဝူရှန်းက သူတို့ကို လက်ပြပြီးပြောလိုက် တော့သည်။ “တန်းစီကြ”
“အစ်ကိုကြီး ဆက်သွယ်ခြင်းအစီအရင် တည်ဆောက်ပြီးပါပြီ”
“အင်း စလိုက်ရအောင်”
“နားလည်ပါပြီ”
ထိုစဉ် ခရမ်းရောင်ဖျော့ဖျော့စက်ဝန်းက ဝူရှန်း၏ ခြေထောက်အောက်တွင် ပေါ်လာလေသည်။ ကျန်သည့် ဝတ်ရုံနီများက ဝူရှန်းကို ဝိုင်းလိုက်ကြသည်။
ဘီး
စုန်းအတတ်အစီအရင်တစ်ခုပေါ်လာတော့၏။
အယောက်သုံးဆယ်သောကျင့်ကြံသူများ၏ အားဖြည့်ပေးမှုအောက်တွင် အစီအရင်က ချက်ချင်းအသက်ဝင်လာပုံရသည်။
ဝူရှန်းက စုန်းအတတ်စက်ဝိုင်းကိုကြည့်လိုက်၏။ ယင်းက လေထဲသို့ လျင်မြန်စွာ ပျံတက်လာပြီးနောက် ရှိနေသည့်သူများအားလုံးကို မိုးနိုင်သော အမိုးခုံးတစ်ခု ဖွဲ့တည်လိုက်တော့သည်။
ဝူရှန်းက ဒူးတစ်ဖက်ထောက်ချလိုက်၏။ “သခင်မလေးမော့”
စုန်းအတတ်စက်ဝိုင်းထဲမှ အသံတစ်သံပေါ်ထွက်လာသည်။
“အခြေအနေက ဘယ်လိုလဲ?”
“ကိစ္စနှစ်ရပ် သတင်းပို့စရာရှိပါတယ်။ ပထမအချက်က အရှင်ချန်းကျူကို မိစ္စာဝေဟင်မျှော်နန်းက သတ်သွားတာပါ”
“ဘာပြောလိုက်တာ”
စုန်းအတတ်စက်ဝိုင်းက ခါသွားလေ၏။
“ကျိထျန်းတောက်ကိုယ်တိုင် ဝန်ခံခဲ့တာပါ။ အမှန်ပါပဲ” ဝူရှန်းက တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်တော့သည်။
စုန်းအတတ်စက်ဝန်းထဲမှ ရယ်သံကိုကြားလိုက်ရတော့သည်။ ထိုလူသည် ပျော်ရွှင်၍ရယ်မောခြင်း ပေလော။ သို့မဟုတ် ဒေါသထွက်၍ ရယ်မောခြင်းပေလော မပြောနိုင်ပေ။
ဝူရှန်းက အံ့ဩပုံမရပေ။ သခင်မလေးမော့လီ၏ စိတ်ခံစားချက်အပြောင်းအလဲကို အသားကျနေပုံ ပေါ်၏။ ထိုအစားသူက ဆက်ပြောလိုက်၏။
“ဒုတိယအချက်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဆဋ္ဌမမြောက်တပည့် ယဲ့ထျန်းရှင်းက ပိုင်လူမျိုးဆိုတာ ကျွန်တော်ရှာတွေ့ခဲ့ပါတယ်”
“သိပ်ကောင်းတယ်”
“တတိယအချက်က မိစ္ဆာဝေဟင်မျှော်နန်းကို ချန်ဝှမ်းရဲ့လျှို့ဝှက်ချက်အကြောင်း ငြိမ်းချမ်းမှု ကမ်းလှမ်းချက်အနေနဲ့ပြောခဲ့ပါတယ်”
ယင်းက ဒေါသထွက်စရာမရှိပေ။ ထိုအစား အသံက ထူးမခြားနားပြောလိုက်၏။ “မင်းက အမြဲတမ်း သတိထားတတ်တာပဲ။ ဆက်ပြော”
“ကျိထျန်းတောက်ရဲ့အသက်က ကုန်ခါနီးပါပြီ။ ချန်ဟွမ်းအကြောင်းသူသိသွားရင် သူက သွားရှာမှာ သေချာတယ်။ ဒီအချက်အလက်က သူ့အတွက်အင်မတန် တန်ဖိုးရှိတာကို ကျိထျန်းတောက်က သခင်မလေးက စိတ်ရင်းအမှန်နဲ့ ငြိမ်းချမ်းအောင်နေချင်ကြောင်း ကျိထျန်းတောက် ယုံမယ်ဆိုတာသေချာပါတယ်” ဝူရှန်းကပြော၏။
“ထင်တဲ့အတိုင်းပဲ မင်းက ငါ့ကို စိတ်မပျက်စေဘူး”
“ထန်ကျီမြို့ရဲ့ မြောက်ဘက်ငါးမိုင်မှာ မဟာအစီအရင်တစ်ခုကို ကျွန်တော်တို့ တည်ဆောက်ထားပါပြီ။ မကြာခင်မှာ ပြီးမြောက်တော့မှာ” ဝူရှန်းက ပြော၏။
“ဒီလိုဆိုတော့ မူလအစီအစဉ်အတိုင်းလုပ်တာပေါ့”
“နားလည်ပါပြီ”
“ငါတို့ ချန်းကျူအတွက် လက်စားချေရမယ်”
“နားလည်ပါပြီ”
“ပြီးတော့ ဝေ့ကျိုးယန်က ဓားစာခံဖြစ်နိုင်ဖို့မျှော်လင့်တယ်”
“နားလည်ပါပြီ”
ဝူရှန်းက အမိန့်အတိုင်း ဆောင်ရွက်၏။ အမိန့်သုံးခုပေးပြီးနောက် စုန်းအတတ်စက်ဝန်းက ပျောက်ကွယ်သွားတော့သည်။
ဝတ်ရုံနီကျင့်ကြံသူ အယောက်သုံးဆယ်၏ခြေထောက်က လေပေါ်တွင်ပျံဝဲနေတော့သည်။
ဝူရှန်းက လူသူကင်းမဲ့နေသော ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။
“အစီအရင်ကို ဆက်ခင်းကြမယ်”
“နားလည်ပါပြီ”
ထိုစဉ် ဝေ့ကျိုးယန်၏ စစ်သည်တော်သုံးထောင်က အံ့ဖွယ်မြို့သို့ ဝတ်ရုံနီကျင့်ကြံသူများ ပြန်သွားတာကိုမသိပေ။ သူတို့က နေရာတွင်ပင် ရှေ့လျှောက်နောက်လျှောက်ဖြင့် စောင့်နေလေ၏။ ဤနေရာတွင် တစ်သက်လုံးနေရတော့မည်ဟု ခံစားနေရ၏။
ဝေးလံသောတောအုပ်ထဲတွင် ဝတ်ရုံစိမ်းဖြင့် ဓားသမားယွီရှန်းရုန်က ခပ်ဖျော့ဖျော့ပြုံးပြီး သူ့ဖာသာသူ ရေရွတ်ပြောလိုက်၏။ “စိတ်ဝင်စားစရာပဲ” ပြီးနောက် သူ ပျောက်ကွယ်သွားတော့သည်။
မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် ဖြစ်သည်။ လုကျိုး၏အမူအရာက ထူးမခြားနားဖြစ်နေ၏။
“ရှစ်စွင်း သူတို့က နတ်ဆရာဆယ်ပါးရဲ့ မျိုးဆက်တွေပဲ။ သူတို့လှုပ်ရှားလာမှာစိုးရိမ်ရတယ်” မင်ရှစ်ရင်က ပြော၏။
ဖန်ကျုံးက ခေါင်းညိတ်ပြီးပြောတော့သည်။ “သူတို့တွေက ခြင်္သေ့ဂူထဲဝင်ပြီး ခြင်္သေ့မုတ်ဆိတ်မွေးကို တကယ်ဆွဲရဲကြတာကို”
“စစ်ရှစ်တိ ပြောတာမှန်တယ်” တွမ့်မူရှန်းက ပြောလိုက်လေ၏။
ရှောင်ယွမ်အာသည် သူမ၏ဆရာ အတွေးနက်နေတာကို မြင်သည့်အချိန်တွင် ပြောလိုက်၏။
“ရှစ်စွင်း သူတို့ကို တပည့်တို့မလွှတ်ထားသင့်ဘူး။ သူတို့ကိုဖမ်းပြီး ဖန်းရှုဝမ်ကို လုပ်ခဲ့သလိုမျိုး ညှင်းပန်းပြီးစစ်မေးသင့်တယ်။ အဲ့ဒီအချိန်ကျ သူတို့ ပါးစပ်ပိတ်ထားနိုင်မယ်လို့ မထင်ဘူး”
“...”
“အားလုံးက ဘာလို့ ညီမကိုကြည့်နေကြတာလဲ။ ညီမ ပြောတာမှားလို့လား” ရှောင်ယွမ်အာက အပြစ်ကင်းစွာမေးလိုက်လေ၏။
“မှန်တယ် ပဉ္စမသခင်မလေး” ဖန်ကျုံးနှင့်ကျိုးကျစ်ဖုန်းတို့က တပြိုင်နက်နီးပါး ခေါင်းညိတ်လိုက်၏။
“ရှစ်စွင်း တပည့်မတိုးတက်လာဘူးလား”
လုကျိုးကရှောင်ယွမ်အာကို တည်ငြိမ်စွာကြည့်ပြီးပြောလိုက်လေ၏။
“ဒါပေါ့ ဒီသတင်းကို တမင်တကာ ထုတ်ပြောလိုက်တာပဲ။ ချန်းကျူက အံ့ဖွယ်မြို့တော်ရဲ့နတ်လေးရှင် သုံးယောက်ထဲက တစ်ယောက် သူက ပွင့်ချပ်ခြောက်လွှာ လက်ရွေးစင်လည်းဟုတ်တယ်။ ချန်းကျူရဲ့ သေခြင်းတရားက မော့လီကို ထိုးနှက်ချက်ပြင်းမှာပဲ။ ဒီကိစ္စကို လွှတ်ထားမှာမဟုတ်ဘူး။ ဒါ့အပြင် ကျောင်းယွဲ့ဖြစ်ခဲ့တာကိုလည်း ငါတို့က အမုန်းတရားရှိနေပြီးသား” သူတို့သည် ယခင်တိုက်ခိုက်မှုမှ လူချင်းမတွေ့ခဲ့ဖူးသော်ငြား ရန်သူ၏နည်းလမ်းများအရ သူမသည် အငြိုးအတေးကို မြှုပ်နှံထားကာ ငြိမ်းငြိမ်းချမ်းချမ်းနေလိုသည့်စိတ်သဘောထားကြီးမြတ်သူမဟုတ်ကြောင်း ပြောနိုင်ပေ၏။
“ဒီလိုဆိုမှတော့ ဘာကြောင့် သူတို့ကို လွှတ်ပေးလိုက်တာလဲ ရှစ်စွင်း”
“အနားမှာ သူတို့ရှိနေရင် ဝေ့ကျိုးယန်က စိတ်အေးမှာမဟုတ်ဘူး။ သူတို့တွေက သခင်တစ်ယောက်ထဲကို ခစားနေတာဆိုပေမဲ့ ကိစ္စရပ်တွေကို ကြည့်ခြင်းအားဖြင့် သူတို့က အခုမီးနဲ့ရေလိုပဲဆိုတာ ငါယုံတယ်။ ဘိုစားငှက်က ကမာနဲ့တိုက်ခိုက်တယ်။ တံငါသည်ကတော့ နှစ်ကောင်စလုံးကို ဖမ်းလိုက်တာပဲ” လုကျိုးကပြော၏။
“ပြောင်မြောက်ပါပေတယ် ရှစ်စွင်း” တွမ့်မူရှန်းက စိတ်အားထက်သန်စွာပြောလိုက်လေ၏။
ကျောင်းယွဲ့က ဘေးထွက်နေရန် ဆုံးဖြတ်လိုက်သည်။ ဆိုရလျှင် သူမ ယခင်က အမှားလုပ်ခဲ့ဖူး၏။ မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့ အဆင့်နိမ့်သော မျက်နှာချိုသွေးသည့် အခြေအနေထိ သူမကိုယ်သူမနှိမ့်ချမှာ မဟုတ်ပေ။
လုကျိုးက လှည့်ပတ်ကြည့်လိုက်ရာ ဟွားဝူတောက်ပျောက်နေတာကို သတိပြုမိလိုက်၏။ လက်ရှိမိစ္ဆာဝေဟင်မျှော်နန်းထဲတွင် အသုံးဝင်သောအကြံတစ်ချို့ပေးရန်အတွက် ဟွားဝူတောက်ကဲ့သို့ ထူးချွန်သည့်လူတစ်ယောက်ကို လိုအပ်သည်။
“အကြီးအကဲဟွား ဘယ်မှာလဲ”
“အကြီးအကဲဟွားက လတ်တလောမောပန်းနေလို့ အနောက်ဖက်မျှော်နန်းထဲမှာ အနားယူနေပါတယ်” တွမ့်မူရှန်းက ပြော၏။
“သိပ်ကောင်းတယ်” လုကျိုးက လက်ဝှေ့ယမ်းလျက် မတ်တပ်ထရပ်လိုက်၏။ “မင်ရှစ်ရင်”
“ဟုတ်ကဲ့ ရှစ်စွင်း”
“သေတ္တာကို အချိန်မီသွားပြန်ယူဖို့ သတိရ” လုကျိုးက တည်ငြိမ်စွာပြောလိုက်သည်။
“ရှစ်စွင်း သေတ္တာက အခုလောင်ချီရဲ့လက်ထဲမှာရှိလောက်တယ်။ အားလုံးအဆင်ပြေနေရင် လောင်ချီက တာ့ရှစ်ရှိုးနဲ့အာ့ရှစ်ရှိုးတို့ကို သွားရှာမှာပဲ။ ကျွန်တော်ရဲ့ ခွန်အားနဲ့ကျင့်ကြံဆင့်အရ ကျွန်တော်က သူတို့နဲ့ယှဉ်နိုင်ရင်တောင် သူတို့က သေတ္တာဖွင့်ပေးဖို့ ဆန္ဒရှိမှာ မဟုတ်လောက်ဘူး” မင်ရှစ်ရင်က အနေရခက်စွာခေါင်းကုတ်လိုက်၏။
လုကျိုးက ပြော၏။
“လောင်ချီက ဉာဏ်ထက်မြက်တဲ့သူတစ်ယောက်”
“ဉာဏ်ထက်မြတ်တဲ့သူတစ်ယောက်က သေတ္တာကိုဖွင့်နိုင်မှာလား?”
“ဉာဏ်ကောင်းတဲ့သူတွေ လုပ်တာတစ်ခုပဲရှိတယ်။ သူတို့က အမှားအယွင်းကင်းတယ်လို့ ယုံကြည်နေကြတာပဲ” လုကျိုးကပြောသည်။
မင်ရှစ်ရင်က တံတွေးမြိုချပြီးခေါင်းငုံလိုက်၏။ လုကျိုး၏စကားများကို ခွဲခြမ်းစိတ်ဖြာပြီးသည့် အခြေအနေတွင် သူ့ကိုယ်သူတွေးလိုက်မိသည်။ ရှစ်စွင်းက ငါ့ကို သတိပေးဖို့အတွက် သူ့ခွန်အားကို တမင်တကာပြနေတာလား။
တွမ့်မူရှန်းက ပြော၏။ “ရှစ်စွင်းပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော်လည်းအဲ့ဒီလိုပဲထင်တယ်”
မင်ရှစ်ရင်ကဝင်ပြောသည်။ “ရှစ်စွင်းပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ခုနစ်ရက်ကြာပြီးတာနဲ့ လောင်ပါ့ဆီကိုသွားလည်ပြီး သေတ္တာ ယူခဲ့ပါ့မယ်”
မျက်တောင်တစ်ခတ်အတွင်း နှစ်ရက်တာကုန်လွန်သွား၏။ ကျားတောင်ရိုးရှိတောင်တန်း အထက်တွင် ရထားလုံးပျံတစ်စီးက တဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။
…
အခန်း (၁၄၀) ပါ့ရှစ်တိ မတွေ့ရတာကြာပြီ
ရထားလုံးပျံပေါ်တွင် ကျင့်ကြံသူများစွာ ရှိနေလေသည်။ ဖြည်းဖြည်းချင်း ရွေ့နေသော်လည်း မျက်စိတစ်မှိတ်အတွင်း ကျားတောင်ရိုးအပေါ် ရောက်ရှိသွားခဲ့လေပြီ။
ရထားလုံးပျံပေါ်တွင် အလံကို လွှင့်ထူထားသည်။ အလံပေါ်ရှိ စာလုံးများက “ ငရဲဂိုဏ်း ” ဟု ရေးသားထားလေသည်။ ထိုစာလုံးအောက်တွင် နဂါးသွဲ့ကျောက်ဓားနှင့် မဟူရာကောင်းကင် ကြယ်တာရာအလင်း ပုံသဏ္ဌာန်တို့ ပါရှိ၏။
တရေးတမော အိပ်နေသည့် ကျူးဟုန်ကုန်း တစ်ယောက် သူ့လက်အောက်ငယ်သားများ၏ အော်သံကြောင့် လန့်နိုးလာရသည်။
“ ခေါင်းဆောင် … အမည်မသိ ရထားလုံးပျံတစ်စီး ကျားတောင်ရိုးနား ချည်းကပ်လာနေတယ် ”
ကျူးဟုန်ကုန်းက ထခုန်လိုက်ပြီးနောက် သူ့ချီရှစ်ရှိုး စကားများကို အမှတ်ရသွားသည်။ သူက ခပ်ကျယ်ကျယ် ပြောလိုက်မိသည်။
“ သမာသမတ်ဂိုဏ်းက လူတွေ လက်စားလာချေတာလား ”
“ခေါင်းဆောင် … တကယ်လို့သမာသမတ်ဂိုဏ်းသာဆိုရင် ကျွန်တော်တို့ ထွက်ပြေးသင့်တယ် ထင်တယ်”
“ ထွက်ပြေးရမှာလား။ မရူးစမ်းပါနဲ့။ ငါက မိစ္ဆာဘုရင်ကြီးပါကွာ … ဒီလိုသမာသမတ်ဂိုဏ်းတွေကို ကြောက်နေရမှာလား ” ကျူးဟုန်ကုန်းက နောက်ပြန်ထိုင်ချလိုက်သည်။ သူက တည်ငြိမ်နေပုံ ပေါ်သော်လည်း သူ့စိတ်ထဲ ယောက်ယက်ခတ်နေလေပြီ။
“ ပြောကြတာတော့ သမာသမတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျန့်ယွမ်ရှန်းက ရွှေကြာ ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံဆင့် ရောက်နေပြီတဲ့ ”
“ သူက ပွင့်ချပ်ခုနှစ်လွှာပဲ ရှိပါသေးတယ်။ ငါ့အတွက် ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ အကြံပြုချက်ကို စဉ်းစားကြည့်ရင် ငါတို့ ဘယ်လမ်းက ထွက်ပြေးရင် အမြန်ဆုံးလဲ” ကျူးဟုန်ကုန်းက မေးလိုက်သည်။
“တောင်နောက်ကနေပါ ”
“သွားကြစို့” ကျူးဟုန်ကုန်းက သူ့လက်အောက်ငယ်သားများနှင့်အတူ တောင်အနောက်ဘက်သို့ အလျင်အမြန် သွားလိုက်သည်။
သို့သော်လည်း သူတို့ နေရာမှ ထွက်သွားသည့်အခါ စိတ်ဝိညာဉ်သဏ္ဌာန်လေးခုက သူတို့ဆီ ကျရောက်လာသည်။ စိတ်ဝိညာဉ်သဏ္ဌာန်များက တောအုပ်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ဧရာမ စိတ်ဝိညာဉ်သဏ္ဌာန်များနှင့် သူတို့ခြေထောက်အောက်ရှိ ရွှေကြာများက အသက်ဓာတ်ဖြင့် ပြည့်ဝနေသည်။ ပွင့်ချပ်ခုနှစ်လွှာ ရွှေကြာအဆင့် နှစ်ယောက်နှင့် ပွင့်ချပ်ခြောက်လွှာ အဆင့် နှစ်ယောက်တို့ ဖြစ်ကြသည်။ သူတို့က အားလုံးကို အုပ်လွှမ်းထားလေသည်။
“ခေါင်းဆောင် အခုဘာလုပ်ကြမလဲ ”
“ခေါင်းဆောင် ခဏလေး အောင့်ထားဦး … ကျွန်တော် ဘောင်းဘီအပို မယူခဲ့ရဘူး”
သူ့လက်အောက်ငယ်သား နှစ်ယောက်က တုန်တုန်ယင်ယင် ဖြစ်နေသည့် ကျူးဟုန်ကုန်းကို ဖေးမထားလိုက်သည်။
ထိုစဉ် စိတ်ဝိညာဉ်သဏ္ဌာန်လေးခု အပေါ်ဘက်မှ ခပ်ယဲ့ယဲ့ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
“ပါ့ရှစ်တိ မတွေ့ရတာကြာပြီနော် ”
ကျူးဟုန်ကုန်က အလန့်တကြား ဖြစ်သွားလေသည်။
ဧရာမ ရထားလုံးပျံကြီးက စိတ်ဝိညာဉ်သဏ္ဌာန်လေးခုအပေါ်တွင် ရပ်ထားကာ ပုံရိပ်တစ်ခု ထွက်လာပြီးနောက် သူ့နောက်တွင် နောက်ထပ်လူလေးယောက် လိုက်ပါလာသည်။ ငါးယောက်လုံးက ပန်းခြံထဲ အေးအေးလူလူ လမ်းလျှောက်နေသည့်အလား လေထဲမှ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။
ကျားတောင်ရိုးဂိုဏ်းသားများက ဒီလိုမြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးပေ။ အများစုက ဘဝတစ်လျှောက်လုံး ပွင့်ချပ်ခြောက်လွှာအဆင့်ကို တစ်ခါမှ မမြင်ဖူးကြပေ။ သို့သော် သူတို့ရှေ့ လူလေးယောက် ရုတ်ခြည်း ပေါ်လာလေရာ မည်သို့ မကြောက်လန့်ဘဲ နေမည်နည်း။
“ တာ့ .. တာ့ရှစ်ရှိုး ” ကျူးဟုန်ကုန်က နဖူးမှ ချွေးများကို အလျှင်အမြန် သုတ်လိုက်သည်။ သူက ချောင်းဟန့်ကာ လည်ချောင်းရှင်းလိုက်ရင်း သူ့လက်အောက်ငယ်သားများကို ပြောလိုက်သည် “ ငါ့ကို လွှတ်စမ်း။ မင်းတို့ကို ကြည့်စမ်းပါဦး။ ဒါကြောင့် ကြောက်နေတာလား ”
ကျူးဟုန်ကုန်း စကားအဆုံးတွင် စိတ်ဝိညာဉ်သဏ္ဌာန် လေးခုလုံး ပျောက်ကွယ်သွားသည်။
ကျူးဟုန်ကုန်ရှေ့ လူငါးယောက် ရောက်လာသည်။
ယောကျ်ားဆန်ဆန် အငွေ့အသက်အပြည့်ဖြင့် ယွီကျန့်ဟိုင်က ကျန်လေးယောက်ရှေ့မှ ရပ်နေသည်။ သူက လက်နောက်ပစ်ထားပြီး “ပါ့ရှစ်တိ ”
“ တာ့ရှစ်ရှိုး ”
ကျူးဟုန်ကုန်းက ပြုံးကာ မျက်နှာချိုသွေးရင်း ပြောလိုက်သည်။
“ တာ့ရှစ်ရှိုး ရောက်လာတာကိုး။ ကျွန်တော်တို့ ကျားတောင်ရိုးဂိုဏ်းကို ရောက်လာတာ ဂုဏ်ယူစရာပါပဲ။ ကျွန်တော်က တစ်ယောက်ယောက် သေတွင်းလာတူးတယ် ထင်နေတာ။ ကျွန်တော် အားကုန်ထုတ်ပြီး တိုက်တော့မလို့ ”
“ ထားလိုက်တော့။ မင်းရဲ့ အရည်အချင်းက တခြားသူတွေကို ခြောက်လန့်ကောင်း ခြောက်လန့်နိုင်ပေမဲ့ ဒီလောက်ပဲမလား ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
ကျူးဟုန်ကုန်းက ရယ်မောလိုက်ပြီး “ တာ့ရှစ်ရှိုးလို အလုပ်များတဲ့လူက ဒီကို ဘာကိစ္စကြောင့်များ ရောက်လာတာလဲ ”
ထို့နောက် သူက ဘယ်ညာရှိ သူ့လက်အောက်ခံများကို ကြည့်လိုက်ရင်း ဆူလိုက်သည်။
“ နောက်ဆုတ်နေ …ဒီပုဂ္ဂိုလ်က ငါ့တာ့ရှစ်ရှိုးမှန်း မသိဘူးလား ”
“နားလည်ပါပြီ ” လက်အောက်ငယ်သားများက တပြိုင်နက် ပြောလိုက်ကြသည်။
ထို့နောက် ကျူးဟုန်ကုန်း၏ လက်အောက်ငယ်သား တစ်ယောက်က ပြောလိုက်သည်။
“ အာ … ခေါင်းဆောင် ဘောင်းဘီလဲချင်သေးလား ”
ဝုန်း
ကျူးဟုန်ကုန်းက သူ့လက်အောက်ငယ်သားကို ကန်ချလိုက်ပြီးနောက် အမူအရာ ပြောင်းလဲသွားလေသည်။
ယွီကျန့်ဟိုင်က သူ့မေးခွန်းကို မဖြေဘဲ သူ့ကာကွယ်သူလေးယောက်ကို ကြည့်လိုက်ပြီး ညွှန်ကြားလိုက်သည်။
“ သေတ္တာကို ဒီမှာထားခဲ့။ ရထားလုံးပျံဆီ ပြန်သွားကြတော့ ”
“ ဂိုဏ်းချုပ်က ပင်းတုတောင်ဆီ မပြန်သေးဘူးလား ”
“ ပါ့ရှစ်တိနဲ့ မတွေ့ရတာကြာပြီဆိုတော့ သူနဲ့ စကားလေး ပြောလိုက်ဦးမယ်။ ငါ ရက်ပိုင်းလောက် ဒီမှာပဲ နေဦးမယ် ” ယွီကျန့်ဟိုင်က ဒီနေရာနှင့် ပတ်သက်၍ မကျေနပ်ချက် မရှိဘဲ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ နားလည်ပါပြီ ” ကာကွယ်သူလေးယောက်လုံး သေတ္တာကို ချလိုက်ပြီးနောက် ရထားလုံးပျံဆီ ပြန်သွားကြသည်။
ခဏအကြာတွင် ရထားလုံးပျံက ကျားတောင်ရိုးမှ ထွက်သွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
ယွီကျန့်ဟိုင်က သူ့ဘေးရှိ သေတ္တာကို လက်ညိုးထိုးလိုက်ရင်း “မင်းရဲ့ ချီရှစ်ရှိုး ပေးလိုက်တဲ့ တာဝန်လေ”
ကျူးဟုန်ကုန်းက လျို့ဝှက်ဆန်းကြယ် သေတ္တာကို ကြည့်လိုက်ရင်း အပြုံးလေးဖြင့် ပြောလိုက်သည်။
“ အဲဆိုတော့ ချီရှစ်ရှိုးက တကယ်ကြီး တာ့ရှစ်ရှိုးကို လာရှာခဲ့တာပေါ့။ တာ့ရှစ်ရှိုး … ကျွန်တော့အမြင်ကို မေးရင်တော့ ဒီသေတ္တာကို မဖွင့်သင့်ဘူး ထင်တာပဲ။ ဘာလို့ ဖွင့်မှာတုံး။ ကျွန်တော်တို့ နောင်ကျ ဒီဟာကြောင့် ပါဝင်ပတ်သက်ရပြီး သွေးစွန်းရရင် ရှက်စရာကောင်းတယ်လေ … ”
“အထဲက ပစ္စည်းက ငါ့ကို မဆွဲဆောင်နိုင်ဘူး။ ငါ့ကို ဆွဲဆောင်နိုင်တဲ့ တစ်ခုတည်းသောအရာက ဒီမြစ်တွေနဲ့ တောင်တန်းတွေပဲ”
ယွီကျန့်ဟိုင်က နေရာ မဝင်ပေ။ ထို့အစား သူက တောင်စွန်းမှ လျှောက်ကာ ငုံ့ကြည့်ရတာကို ကြိုက်၏။ သူက အောက်ရှိ သက်ရှိများကို မြင်သည့်အခါ သူတို့က သူ့အမြင်၌ မထင်မရှား ပါမွှားများသာ ဖြစ်နေသည်။
“ တာ့ရှစ်ရှိုးလောက် ကျွန်တော်က ရည်မှန်းချက် မကြီးဘူး။ ကျွန်တော်က ကောင်းကောင်းနေချင်တာ တစ်ခုပဲရှိတာ” ကျူးဟုန်ကုန်းက ညည်းတွားရင်း ပြောလိုက်သည်။
“ပါ့ရှစ်တိ … ဒီသေတ္တာထဲမှာ ကောင်းကင်အဆင့် လက်နက် ပါနေရင် ဘယ်လိုလက်နက်မျိုး ဖြစ်စေချင်လဲ။ ဘာလုပ်ချင်လဲ ”
“ကောင်းကင်အဆင့် လက်နက်လား ” ကျူးဟုန်ကုန်၏ အကြည့်များက တောက်ပလာသည်။ သူက ခေါင်းကုတ်လိုက်ရင်း သေတ္တာဆီ လျှောက်လှမ်းလာလိုက်၏။ သူက ထောင့်အမျိုးမျိုးမှ ကြည့်ကာ “ အဲဆိုတော့ ဒီသေတ္တာထဲမှာ ကောင်းကင်အဆင့် လက်နက်ရှိနေတာပေါ့။ အဲဆို ဖွင့်သင့်တယ်။ ကောင်းကင်အဆင့် လက်နက်ကို ပိတ်မထားသင့်ဘူး ”
“ မင်းက ချီရှစ်တိ စကားတွေကို လိုက်ပြောနေတာပဲ …” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ မင်း အားနေတဲ့အချိန် ကျင့်ကြံရေးမှာ အားစိုက်ထုတ်သင့်တယ်။ မင်းလက်ရှိ ကျင့်ကြံဆင့်က ကောင်းကင်အဆင့် လက်နက် ကိုင်ဖို့ အလှမ်းဝေးနေသေးတယ်။ နတ်ဝိညာဉ် ဝဋ်ကြွေးခြေနယ်ပယ်ထဲက လူတွေသာ ကောင်းကင်အဆင့် လက်နက်ကိုင်နိုင်တာ ”
“တာ့ရှစ်ရှိုး ပြောချင်တာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ရှစ်စွင်း သင်ပေးထားတဲ့ ပျက်သုဉ်းခြင်းကိုးပါးမိုးကြိုး ကျင့်စဉ်က ၇ ဆင့်အထိပဲ ပါတာ။ ကျန်နှစ်ဆင့်က ပျောက်နေတော့ ကျွန်တော် လက်ရှိအဆင့်နဲ့ ကျင့်ကြံနိုင်လိမ့်မယ်လို့ မထင်ဘူး ”
ယွီကျန့်ဟိုင်က ခေါင်းညိတ်ကာ “ ပျက်သုဉ်းခြင်းကိုးပါးမိုးကြိုး ကျင့်စဉ်ကို ဘေးဖယ်ထားလိုက်ဦး။ အခု ဂိုဏ်းအမျိုးမျိုးက ကျင့်ကြံရေးကျမ်းတွေ အများကြီးရှိတာဆိုတော့ အချိန်မရွေး ကျင့်ကြံလို့ ရပါတယ် ”
“ ကျွန်တော် အသုံးပြုလို့ မဖြစ်ဘူး။ အဲဒီကျမ်းတွေက ကျွန်တော် စတင် ကျင့်ကြံလိုက်တာနဲ့ ထူးဆန်းတဲ့ ခံစားချက်ကို ပေးတယ်။ သူတို့က ကျွန်တော်အတွက် မသင့်တော်ဘူး။ ဒီပျက်သုဉ်းခြင်းကိုးပါးမိုးကြိုး ကျင့်စဉ်ကို အကြိုက်ဆုံးပဲ ” ကျူးဟုန်ကုန်းက သနားစဖွယ် ပြောလိုက်သည်။
ယွီကျန့်ဟိုင်က ကျူးဟုန်ကုန်းနှင့် မျက်နှာချင်းဆိုင်လိုက်ပြီး “ ထားလိုက်ပါတော့ ”
ယွီကျန့်ဟိုင်က သူတို့ဂိုဏ်း အဆောက်အဦးထဲ ဝင်သွားလိုက်သည်။
“ တာ့ရှစ်ရှိုး ဒီသေတ္တာက ဘာကြီးလဲ ”
ကံဆိုးစွာဖြင့် ယွီကျန့်ဟိုင်က သူ့အား လျစ်လျူရှုထားလေသည်။
ကျူးဟုန်ကုန်က ညာလက်လက်ဝေ့လိုက်သည့်အခါ သေတ္တာက သူ့ဆီ ရောက်လာသည်။ သူက သေတ္တာကို သယ်ကာ ယွီကျန့်ဟိုင်နောက်မှ ပြေးလိုက်သွားတော့သည်။
ယွီကျန့်ဟိုင်က သူ့အိမ်လို ပြုမူနေလေသည်။
“ ပါ့ရှစ်တိ … မင်း ဒီတစ်ချိန်လုံး ချီရှစ်တိရဲ့ အမိန့်ကို လိုက်နာနေတာလား ”
“ မဟုတ်ပါဘူး။ ကျွန်တော်တို့က ညီအစ်ကိုတွေအနေနဲ့ အချင်းချင်း ကူညီပေးနေတာပါ ”
“ မင်းလည်း မိစ္ဆာဝေဟင်မျှော်နန်း တပည့်တစ်ယောက်ပဲလေ။ ဒီအင်အားစုလေးက မိစ္ဆာဘုရင်ဆိုတဲ့ ဘွဲ့နဲ့ မကိုက်ဘူး” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ တာ့ရှစ်ရှိုး အဲဒါ ကျွန်တော် လိုချင်တာ မဟုတ်ပါဘူး။ ကျွန်တော်က ကြောက်ကြောက်လန့်လန့် နေနေရတာပါ။ အရင်တစ်ခါ ကျောက်စိမ်းယဇ်ပလ္လင်မှာ ရှစ်စွင်းနဲ့ တည့်တည့်တိုးခဲ့သေးတယ်။ ကျွန်တော်သာ မမြန်ရင် ဒီနေ့ ကျွန်တော်တို့ တွေ့ရမယ်တောင် မထင်ဘူး ”
“ ရှစ်စွင်းက အသက်အရွယ် ရနေပြီ။ ဘယ်လိုလုပ် ကျောက်စိမ်းယဇ်ပလ္လင်ကို ရောက်နေမှာလဲ ”
“ ကျွန်တော်လည်း ဘယ်လိုလုပ် သိမှာလဲ ”
“ ကျောက်စိမ်းယဇ်ပလ္လင်က သမာသမတ်ဂိုဏ်းရဲ့ ပိုင်နက်ပဲ။ ကျန့်ယွမ်ရှန်း မင်းကို သတ်လိုက်မှာ မကြောက်ဘူးလား ”ယွီကျန့်ဟိုင်က အပြုံးလေးနှင့် ပြောလိုက်သည်။
“ ကျွန်တော်က သူ့ကို ကြောက်ရမှာလား ”
ကျူးဟုန်ကုန်း စကားပြောလိုက်သည့်အချိန် သူ့လက်အောက်ငယ်သားတစ်ယောက်က ပြေးဝင်လာကာ “ ခေါင်းဆောင် နောက်ထပ် ရထားလုံးပျံတစ်စီး ရောက်လာပြန်ပြီ။ ဒီတစ်ခေါက်က အရင်ထက် နည်းနည်းသေးတယ်။ ကြည့်ရတာ သမာသမတ်ဂိုဏ်းက ထင်တယ် ”
ကျူးဟုန်ကုန်းက ခြေမခိုင်တော့လုနီးပါး ဖြစ်သွားလေသည်။
ယွီကျန့်ဟိုင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ပါ့ရှစ်တိ မင်းက ဒီနှစ်တွေ ဘယ်လောက်တိုးတက်လာတယ်ဆိုတာ ပြချင်နေတာမလား။ ငါ ဝင်မရှုပ်တော့ဘူး ”
“… “ ကျူးဟုန်ကုန်းက ငိုချင်နေလေပြီ။
တာ့ရှစ်ရှိုးသာ ဒီမှာမရှိရင် ကျွန်တော် ထွက်ပြေးပြီးလောက်ပြီ။ အခုတော့ ဘာလုပ်ကြမလဲ …
…
အခန်း (၁၄၁) ငါက အလွယ်တကူအနိုင်ယူလို့ရတဲ့လူမဟုတ်ဘူး
ကျူးဟုန်ကုန်းက ရပ်နေစဉ် ဂနာမငြိမ်ဖြစ်နေတော့၏။ သူက တွေဝေနေပြီး အပြင်ထွက်ကာ သူ၏ ရန်သူကိုတွေ့ဆုံရန်အတွက် အမှန်တကယ်တွန့်ဆုတ်နေသည်။
တစ်ဖက်တွင်မူ ယွီကျန့်ဟိုင်က တည်ငြိမ်နေပုံရပြီး ပွဲကောင်းတစ်ပွဲကိုကြည့်ရန်အတွက် စောင့်ဆိုင်းနေ၏။
ငိုတာက ပြဿနာကို မဖြေရှင်းနိုင်ဘူး။ သူတို့ကို ငါအနိုင်မယူနိုင်ရင် ငါအမြဲတမ်း ထွက်ပြေးနိုင်တာပဲ။ စိတ်ထဲတွင် ထိုအတွေးများဖြင့် ကျူးဟုန်ကုန်းက ချောင်းနှစ်ချက်ခန့် ဟန့်လိုက်လေ၏။ သူ့ဘေးရှိ လက်အောက်ငယ်သားကို ကြည့်ကာပြောလိုက်သည်။
“ငါ့ဘေးမှာ လာတိုက်ခိုက်”
ကျူးဟုန်ကုန်း၏ လက်အောက်ငယ်သားက ကျူးဟုန်ကုန်း၏စကားကို အမှတ်မထားတာ ဖြစ်ဟန်တူသည်။ သို့တည်းမဟုတ် သူ၏စိတ်ထဲရှိ နက်ရှိုင်းစွာ စွဲမြဲနေသော အလေ့အကျင့်ကြောင့် ဖြစ်ဟန်တူ၏။ သူက အမြန်ပြောလိုက်တော့သည်။
“ဂိုဏ်းချုပ် မြန်မြန် တောင်ကို ပြန်ရအောင်”
“တောင်ကို ပြန်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ငါတို့တိုက်ခိုက်တော့မှာ” ကျူးဟုန်ကုန်းက ပြောပြီး သူ၏လက်အောက်ငယ်သားကို ကန်ကျောက်လိုက်တော့သည်။
နှစ်ယောက်သားက ခိုလှုံနေသည့် နေရာထဲမှ ထွက်သွားလိုက်သည်။
ယွီကျန့်ဟိုင်က တည်ငြိမ်စွာထရပ်လိုက်ပြီး လက်နောက်ပစ်လျက် သူတို့နောက်မှလိုက်သွားတော့ သည်။ အတွင်း၌ မည်သူမျှမရှိရာ သူက ပျင်းရိလာ၏။ သူ့အဖို့အပြင်ထွက်ပြီး အပြင်ဘက်ရှိ အဖြစ်အပျက်များကို ကြည့်တာက ပိုကောင်းပေမည်။
ကျူးဟုန်ကုန်း၏လက်အောက်ငယ်သားက သတင်းလာပို့စဉ် သမာသမတ်ဂိုဏ်း၏ ရထားလုံးပျံက ကျားတောင်ရိုးအပြင်ဖက် လေထဲရှိမီတာများစွာအကွာ၌ ပျံဝဲနေလေသည်။
ကျန်သည့်ဂိုဏ်းသားများက ရထားလုံးပျံကြောင့် အံ့ဩသွားပုံမရပေ။ ငရဲဂိုဏ်း၏ ရထားလုံးပျံကို မြင်ပြီးဖြစ်သောကြောင့် ဖြစ်ဟန်တူသောကြောင့်ဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် သမာသမတ်ဂိုဏ်း မှ ရထားလုံးပျံက အမှန်တကယ်ချို့တဲ့နေလေ၏။ သူတို့က အပြည့်အဝကွဲပြားခြားနားနေတော့ သည်။
ကျူးဟုန်ကုန်းက မော့ကြည့်ပြီး အမိန့်သံဖြင့်အော်လိုက်၏။
“ညီနောင်တို့ မင်းတို့ရဲ့သတ္တိတွေကို စု ထားကြ။ ကျင့်ကြံဆင့်မရှိတဲ့သူတွေက ခိုလှုံဖို့ရှာသင့်တယ်။ စိတ်နက်နဲမှုဉာဏ်အလင်းပွင့်ခြင်း နယ်ပယ်နဲ့ အာရုံခံသိပ်သည်းခြင်းနယ်ပယ်က သူတွေ ထောင်ချောက်တွေ ပြင်ဆင်ထား။ ဗြဟ္မာ့ပင်လယ်နယ်ပယ်နဲ့ အဲ့အထက်ကလူတွေက တန်းစီထားကြ”
ထိုနည်းဖြင့် ကျားတောင်ရိုးဂိုဏ်းသားများက အမိန့်အတိုင်းဆောင်ရွက်ကြတော့သည်။
ယွီကျန့်ဟိုင်က ခေါင်းအနည်းငယ်ညိတ်ကာ ဧရိယာကိုစစ်ဆေးလိုက်၏။ ထိုကဲ့သို့ ဂိုဏ်းသေးလေးက ဤကဲ့သို့တန်ပြန်တိုက်ခိုက်နိုင်ခြင်းသည် ချီးကျူးထိုက်ပေ၏။
ဝုန်း ဝုန်း ဝုန်း
တောအုပ်ထဲရှိ ကျူပင်များက ယိမ်းယိုင်သွားပြီး ဧရာမလောက်လွှဲများစွာ ပေါ်လာတော့သည်။
လောက်လွှဲကို မြင်သည့်အချိန်၌ ယွီကျန့်ဟိုင်က လက်နောက်ပစ်လျက် ကျူးဟုန်ကုန်းဆီ လျှောက်လာက တည်ငြိမ်စွာပြောလိုက်လေ၏။
“လောင်ပါ့ မင်းကို လျှော့တွက်ခဲ့မိတာပဲ”
ကျူးဟုန်ကုန်းက ရယ်မောလိုက်တော့သည်။ “တာ့ရှစ်ရှိုး ဒါက ကျွန်တော်တို့ရဲ့အခြေစိုက် စခန်းပဲလေ။ လှည့်ကွက်တွေမရှိဘဲ ဘယ်နေပါ့မလဲ။ မဟုတ်ရင် ကျွန်တော်တို့တတွေ အရင်တည်းက ရှင်းထုတ်ခံရပြီးပြီပေါ့”
လောက်လွှဲက အသင့်ပြင်ထားပြီးဖြစ်သည်။
ကျူးဟုန်ကုန်းသည် ကောင်းကင်ထဲရှိ ရထားလုံးပျံကို မော့ကြည့်ပြီး စိတ်အားတက်ကြွစွာပြောလိုက် တော့၏။ “ရထားလုံးပျံကို ချုပ်နှောင်ထားဖို့ လောက်လွှဲတွေကိုသုံး။ မီးညှိ”
သမာသမတ်ဂိုဏ်းသည် ကောင်းကင်ထဲသို့ လောက်လွှဲများရောက်မလာခင် စကားပြောရန် အချိန်တောင်မရခဲ့ချေ။
ဝူး ဝူး ဝူး
လောက်စာလုံးများသည် လေထဲကြမ်းတမ်းစွာ တက်လာ၏။
ကျင့်ကြံသူများသည် ပစ်လွှတ်ထားသည့် လက်နက်များမှ ကာကွယ်ရန် ရထားလုံးပျံများတဝိုက်၌ သိပ်သည်းသည့်စွမ်းအင်တစ်လွှာကို ထုတ်ဖော်ရန်လိုအပ်သည်။ မဟုတ်လျှင် ထိုလက်နက်များက ကာကွယ်ခြင်းအရံအတားကို ထိမိသွားသည်နှင့် ရထားလုံးပျံက မြှုပ်သွားပေလိမ့်မည်။
လူ့လက်မောင်းခန့်ထူသော လျှပ်စီးလုံးများက သူတို့၏ပစ်မှတ်ဆီသို့ ဦးတည်လာသည်။
လောက်လွှဲဆယ်ခုမှအသံများက တောအုပ်တောက်လျှောက် ပဲ့တင်သံထပ်နေတော့သည်။
ရထားလုံးပျံနားရှိ ကျင့်ကြံသူများ၏အမူအရာကလည်း ရုတ်ခြည်းပြောင်းလဲသွားကာ သူတို့က ကာကွယ်ရေးအရံအတားကို ဆက်လက်ထိန်းသိမ်းနေ၏။
ဖုန်း ဖုန်း ဖုန်း
ကျင့်ကြံသူများ၏ ကာကွယ်ရေးအရံအတားသည် ကျရောက်လာသည့် တိုက်ခိုက်မှုများကို ဖယ်ရှားနေတော့သည်။
ကျူးဟုန်ကုန်းက မျက်မှောင်ရှုံလိုက်၏။ “သူတို့တွေ အားစိုက်ထည့်နေတာသေချာတယ်”
လောက်လွှဲများသည် သာမန်ရထားလုံးပျံများကို ရင်ဆိုင်ရာ၌ အသုံးတည့်နေကြဖြစ်သည်။ သူတို့သည် ကျင့်ကြံသူများကို မသတ်နိုင်ခဲ့လျှင်တောင် ရန်သူ၏အစီအရင်များကို တကွဲတပြား ဖြစ်စေပြီး ရထားလုံးပျံကို ပြုတ်ကျစေမှာပဲဖြစ်သည်။ သို့သော် ကျင့်ကြံဆင့်နက်နဲသည့် ကျင့်ကြံသူများကို ရင်ဆိုင်ရာတွင်မူ ပိုခက်ခဲသည်။
“ထပ်သုံး” ကျူးဟုန်ကုန်းက အမိန့်ပေးလိုက်၏။ သူတို့ရဲ့ကနဦးချီကို ကုန်ခန်းအောင်လုပ်ရမယ်။
သဘာဝကျကျပင် မီးလုံးများပိုပြီး မီးညှိလာတော့သည်။
ထိုစဉ် ရထားလုံးပျံက ကျားတောင်ရိုးနားရောက်နေပြီဖြစ်သည်။
ဝှစ် ဝှစ် ဝှစ်
နောက်ထပ်မီးလုံးများက ရထားလုံးပျံဆီသို့ ဦးတည်သွားတော့သည်။ ရထားလုံးပျံနားရှိ ကျင့်ကြံသူ များက သူတို့၏ကာကွယ်ရေးစွမ်းအင်ကို ထပ်မံထုတ်ဖော်လိုက်ပြန်၏။ မိုးကြိုးလုံးများက ပြန်ကန် ထွက်လာပြီး လေထဲရှိ ကာကွယ်ရေးစွမ်းအင်နား၌ ရောင်ခြည်များထွက်လာတော့၏။
ရထားလုံးပျံထဲကနေ နက်ရှိုင်းသော အသံတစ်သံက ကျားတောင်ရိုး၌ ပဲ့တင်သံထပ်နေတော့၏။
“ကျူးဟုန်ကုန်း မင်းက ဒီမှာပုန်းနေတာပဲ။ အရင်တုန်းက ကျောက်စိမ်းယဇ်ပလ္လင်ကနေ မင်း ထွက်ပြေးနိုင်ခဲ့တယ်။ ဒီတစ်ခေါက်ဘယ်ပြေးမလဲ ဆိုတာကြည့်ကြသေးတာပေါ့”
ကျင့်ကြံသူတစ်ဒါဇင်ကျော်က ရထားလုံးပျံထဲမှ ထွက်လာပြီး လေထဲလျှောက်လာတော့သည်။
“ဂိုဏ်းခေါင်းဆောင် လောက်လွှဲတွေ အလုပ်မဖြစ်ပါဘူး။ ကျွန်တော်တို့နောက်ဆုတ်သင့်ပြီလား”
“ပါးစပ်ပိတ်ထား” ကျူးဟုန်ကုန်းက ဟိန်းဟောက်လိုက်လေ၏။ သူ၏တာ့ရှစ်ရှိုးက ဘေးတွင်ရှိနေ၏။ သူ၏တာ့ရှစ်ရှိုးရှေ့၌ သူ့ကိုယ်သူ မည်ကဲ့သို့အရှက်ကွဲခံနိုင်မည်နည်း။ သူကလှည့်ကြည့်ပြီး ယွီကျန့်ဟိုင်ကိုကြည့်ကာ မလုံမလဲအပြုံးဖြင့်ပြောလိုက်လေ၏။
“ရှစ်ရှိုး ရှစ်တိက အရည်အချင်းမမှီပါဘူး”
ပြီးနောက် ကျူးဟုန်ကုန်းသည် လက်ဝှေ့ယမ်းပြကာ ကျယ်လောင်စွာအော်လိုက်လေ၏။ “အဋ္ဌဂံအစီအရင်” ကျန်သည့်ဂိုဏ်းသားများကလည်း တညီတညွတ်တည်းအော်လိုက်လေ၏။
“ကောင်းကင်၊ မြေကြီး၊ လေ၊ တိမ်၊ နဂါး၊ ကျား၊ ငှက်၊ မြွေ”
“အားလုံးနေရာယူပြီးပြီ”
“အသက်သွင်း”
ကျားတောင်ရိုးအလယ်တွင် တစ်ဝက်မှောင်တစ်ဝက်လင်းသည့် စက်ဝိုင်းတစ်ခုက ပေါ်လာလေ၏။ စက်ဝိုင်းအပြင်ဖက်၌ ကွဲပြားခြားနားသည့် အစီအရင်ရှစ်မျိုးက လင်းထိန်လာတော့သည်။
ယွီကျန့်ဟိုင်က ဖြည်းဖြည်းချင်းခေါင်းညိတ်ပြီး ချီးကျူးလိုက်လေ၏။ “ပါ့ရှစ်တိက သိပ်မတုံးအတဲ့ ပုံပဲ။ ကျားတောင်ရိုးရဲ့ ပထဝီဝင်အနေအထားက အဋ္ဌဂံအစီအရင် တည်ဆောက်ဖို့အတွက် လိုက်ဖက်နေတာပဲ”
“ချီးကျူးနေပါပြီ တာ့ရှစ်ရှိုး” တာ့ရှစ်ရှိုးချီးကျူးတာခံလိုက်ရသည့် ကျူးဟုန်ကုန်းက လေထဲ လမ်းလျှောက်နေသည့်ပမာခံစားလိုက်ရသည်။ ဆိုရလျှင် သူတစ်ဘဝလုံး၌ ချီးကျူးခံရတာ ရှားသည်။
ယွီကျန့်ဟိုင်က လက်နောက်ပစ်ထားလျက်ပြောလိုက်၏။
“ဒီအစီအရင်က တောက်အစီအရင်တစ်မျိုးပဲ။ ပတ်ဝန်းကျင်က ကနဦးချီကို မွှေနှောက်နိုင်တဲ့ အရည်အချင်းရှိပြီး အလယ်မှာစုလိုက်ပြီး စီးကြောင်းတစ်ခုဖွဲ့တည်လိုက်တယ်။ အနားကပ်လာတဲ့ ဘယ်ရထားလုံးပျံမဆို ဆွဲချခံလိုက်ရမှာပဲ”
“တာ့ရှစ်ရှိုးရဲ့ ဗဟုသုတကြီးမားမှုကို အမြဲတမ်းအထင်ကြီးနေတာပါ” ကျူးဟုန်ကုန်းက ပြောလိုက်သည်။
ဝှစ်
ထိုစဉ်ရထားလုံးပျံက ကျားတောင်ရိုးအထက်တွင် ရှိလာတော့၏။ အဋ္ဌဂံအစီအရင်ကလည်း ပြီးမြောက်သွားသည်။ သူတို့နားရှိကနဦးချီများက ရုတ်တရက်တိုးဝှေ့လာတော့၏။ လေပြင်းများစွာက တိမ်များကို မွှေနှောက်သွားတော့သည်။ အဋ္ဌဂံအစီအရင်၏ အာနိသင်အောက်တွင် ကနဦးချီက စွမ်းအင်အဖြစ်သိပ်သည်းသွားတော့၏။ လေပွေကြီးတစ်ခုက ကျားတောင်ရိုးအထက်တွင်ပေါ်လာတော့သည်။ သမာသမတ်ဂိုဏ်းမှ အကြီးအကဲတစ်ဦးက ယင်းကိုမြင်သည့်အချိန်တွင် သတိပေးကာအမြန်အော်လိုက်တော့၏။ “မကောင်းတော့ဘူး။ အဋ္ဌဂံအစီအရင်ပဲ။ ရှောင်ကြ။ အခုရှောင်ကြတော့ဟေ့”
အနားရှိကျင့်ကြံသူများကလည်း သူတို့၏ကနဦးချီများကို သုံးလျက် ရထားလုံးပျံကို တတ်နိုင်သမျှ ရွေ့ကြတော့သည်။
ယွီကျန့်ဟိုင်က ခေါင်းညိတ်ပြီးပြောလိုက်တော့၏။ သူတို့က သိပ်မတုံးဘူးပဲ။ ဘယ်ချိန်ပြေးရမလဲ ဆိုတာ သိတယ်”
“တာ့ရှစ်ရှိုး ရှစ်ရှိုးက သူတို့ဘက်ကလို့ဘာကြောင့်ထင်နေရတာလဲ”
ယွီကျန့်ဟိုင်က ပြုံးပြီးပြောလိုက်သည်။
“မင်း အချိန်ဆွဲနေမယ်ဆိုရင် ရထားလုံးပျံက မင်းရဲ့ အဋ္ဌဂံအစီအရင် အကျယ်အဝန်းအပြင်ကို ရောက်သွားလိမ့်မယ်။ နှစ်ပေါင်းများစွာ စုစည်းထားတဲ့ မင်းရဲ့ ကနဦးချီအစီအရင်ကို ဖြုန်းတီးရာရောက်တော့မှာ”
ကျူးဟုန်ကုန်းက ယွီကျန့်ဟိုင်ဆိုလိုတာကို နားလည်သည်။ သူကခြေဆောင့်နင်းလိုက်ပြီး လျှပ်ပြက်သည့်အရှိန်ဖြင့် အဋ္ဌဂံအစီအရင် အထက်ရှိလေဆီသို့ခုန်တက်သွားလိုက်သည်။
“ပါ့ရှစ်တိ မင်း နတ်ဒေဝါဦးတည်နယ်ပယ်မှာဆိုတာငါသိတယ်။ မင်းရဲ့ခွန်အားကို ထိန်ချန်မထားနဲ့” ယွီကျန့်ဟိုင်က လက်နောက်ပစ်လျက် ကျူးဟုန်ကုန်းကို သတိပေးလိုက်တော့သည်။
ယွီကျန့်ဟိုင်၏စောင့်ကြည့်အကြည့်အောက်၌ ကျူးဟုန်ကုန်းက လေကိုလေထဲတွင်ဖမ်းဆုပ်လျက် စွမ်းအင်ကို ဆုပ်ကိုင်နေပုံပေါ်သည်။
စွမ်းအင်တို့က လေပွေကြီးနား၌ ရစ်ဝဲနေတော့သည်။
ကျူးဟုန်ကုန်းသည် အဋ္ဌဂံအစီအရင် ရှိ ကနဦးချီအားလုံးကို အောင်မြင်စွာ ဖမ်းဆုပ်လိုက်နိုင်၏။
“ပျက်သုဉ်းသုံးခြင်းကိုးပါးမိုးကြိုး" စွမ်းအင်တို့က လျှပ်စီးအလင်းဖြင့်ပေါင်းစည်းသွားသည်။
လုကျိုး၏မိုးကြိုးသွားဖြင့်မတူပဲ ကျူးဟုန်ကုန်း၏ ပျက်သုဉ်းခြင်းသုံးပါးမိုးကြိုးက ကနဦးချီများကို သိပ်သည်းပြီး စွမ်းအင်အဖြစ်ဖွဲ့တည်ကာ စွမ်းအင်များ လျှင်မြန်စွာ ပွတ်တိုက်မှုမှ ထင်ယောင်ထင်မှား လျှပ်စီးတစ်ခုကို ဖန်တီးပေးတာပဲဖြစ်သည်။
“စိတ်ဝင်စားစရာပဲ။ ပါ့ရှစ်တိ အဋ္ဌဂံအစီအရင်ကို သုံးပြီး ပျက်သုဉ်းခြင်းသုံးပါးမိုးကြိုးကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်”
ကျူးဟုန်ကုန်းက စွမ်းအင်များ နဂါးတစ်ကောင်ပမာဆုပ်ကိုင်ထားလေသည်။ သူက အော်လိုက်၏။
“ဖြိုခွင်းစမ်း”
ရထားလုံးပျံက လေပွေထဲမှ လွတ်မြောက်ရန် ရုန်းကန်နေရသည်။ ကံဆိုးသည်မှာ ကျူးဟုန်ကုန်း၏ တိုက်ကွက်ကရောက်နှင့်ပြီးဖြစ်သည်။
“လူစုခွဲကြ” ရစ်ဝဲနေသောကျင့်ကြံသူများက ရွေးချယ်စရာမရှိတော့ဘဲ လူစုခွဲကာ အဋ္ဌဂံအစီအရင် အတွင်း တိုက်ကွက်ကိုရှောင်တိမ်းကြတော့သည်။
ဖုန်း
ကျူးဟုန်ကုန်းက ရထားလုံးပျံကို တိုက်ခိုက်လိုက်တော့သည်။ စွမ်းအင်များက ရထားလုံးပျံကို ဖရိုဖရဲစီးဆင်းလာပြီးနောက် နှင်းပွင့်ချပ်များကြွေကျလာသည့်နှယ် လေထဲတစစီကြွေကျ သွားတော်သည်။
နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံဆင့်သာရှိသည့် မိစ္ဆာဝေဟင်မျှော်နန်းတပည့်က သူကိုယ်တိုင် လူဆိုးတစ်ယောက်မည်ကဲ့သို့ ဖြစ်နိုင်သနည်း။ ယင်းက အဖြေပင်ဖြစ်သည်။
ကျားတောင်ရိုးဂိုဏ်းသားထောင်ချီက ထိုထိတ်လန့်ဖွယ်တိုက်ကွက်ကို မော့ကြည့်လိုက်ကြ၏။ သူတို့သည် တောက်ပမှုနှင့် ခမ်းနားစွာပြသမှုကြောင့် အံ့ဩသင့်နေကြ၏။
ကျင့်ကြံသူများ၏စွမ်းအင် ကာကွယ်မှုမရှိဘဲ ထိုတိုက်ကွက်က ရထားလုံးပျံ၏ရှေ့ အစီအရင်မျဉ်းကို ထပ်ဖျက်ဆီးသွားတော့သည်။
ဂျွတ်
ပြိုကွဲသွားသည့် ရထားလုံးပျံက လေထဲတွင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဒယိမ်းဒယိုင်လှုပ်ရှား နေ၏။ သို့သော် ရွေ့လျားနိုင်စွမ်း ဆုံးရှုံးသွားပြီဖြစ်သည်။
ထိုစဉ် ကျားတောင်ရိုးဂိုဏ်းသားများက တညီတညွတ်တည်းအော်လိုက်တော့၏။ “အစွမ်းထက် လိုက်တဲ့ ဂိုဏ်းချုပ်” သူတို့သည် ထိုကဲ့သို့ အထင်ကြီးဖွယ်ကောင်းသည့် အင်အားကို ကျူးဟုန်ကုန်း ပြတာမမြင်ဖူးပေ။ ထိုတိုက်ကွက်က ကျားတောင်ရိုးဂိုဏ်းသားများ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးလိုက်သည်။
အဋ္ဌဂံအစီအရင် အတွင်းရှိ ကျူးဟုန်ကုန်းက ပြောလိုက်သည်။ “မပြီးသေးဘူး။ ငါက အလွယ်တကူအနိုင်ယူလို့ရတဲ့သူ မဟုတ်ဘူးလို့ပြောခဲ့တာပဲ”
ထိုစဉ် သမာသမတ်ဂိုဏ်း၏ကျင့်ကြံသူများက ရထားလုံးကို မြန်မြန်ဆန်ဆန်ခွာသည့်အချိန်၌ သူတို့လှုပ်ရှားနိုင်စွမ်းမရှိတော့တာကို သဘောပေါက်သွားသည်။
…
အခန်း (၁၄၂) ရှစ်တိ မကြောက်နဲ့
အဋ္ဌဂံ အစီအရင်မှ စုဆောင်းပေးသည့် ချီစွမ်းအားတို့က နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ ချီစွမ်းအင်ထက် မနိမ့်ကျပေ။
အခြားနည်းဖြင့်ဆိုရလျှင် ကျူးဟုန်ကုန်းက နတ်ဒေဝါဦးတည်နယ်ပယ်ထဲ ရှိနေသော်လည်း ဒီ အဋ္ဌဂံ အစီအရင်အတွင်း သူက နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူနှင့် ယှဉ်နိုင်လေသည်။
ကျူးဟုန်ကုန်၏ ရှစ်ရှိုးဖြစ်သူ ယွီကျန့်ဟိုင်ပင် နည်းနည်း အံ့အားသင့်မိသွားသည်။
“ ပျက်သုန်းခြင်းခုနစ်ပါးဖြစ်စဉ်” ကျူးဟုန်ကုန်းက အော်ပြောလိုက်သည်။ သူက ချီစွမ်းအားများဖြင့် အဋ္ဌဂံ အစီအရင်ကို ရွေ့လိုက်သည်။ သူ့လျှပ်စီးလို စွမ်းအားက ကောင်းကင်အထိ မြင့်တက်လာကာ ကျင့်ကြံသူများဆီ ပြေးဝင်သွားသည်။
ပျက်သုန်းခြင်း ခုနှစ်ပါးဖြစ်စဉ်က ပျက်သုန်းခြင်းကိုးပါး ကျင့်စဉ်ထဲမှ ဖြစ်ပြီး ကျူးဟုန်ကုန်း၏ အားအကောင်းဆုံး တိုက်ကွက်လည်း ဖြစ်သည်။
ထိုစဉ် သမာသမတ်ဂိုဏ်း၏ ကျင့်ကြံသူများက ကာကွယ်ရေးစွမ်းအား အသက်သွင်းလိုက်ကြသည်။ အားနည်းသူများက ဆက်လက် လဲကျသွားပြီး သူတို့ဗြဟ္မာပင်လယ် ချီသွေးကြောရှစ်ခု ဖွင့်ထားသူများက စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်လွှင့်လိုက်ကြသည်။ ခြောက်သွယ်ပေါင်းစည်းတြိမျဉ်းနှင့် ခုနှစ်စင်ကြယ်ဝိညာဉ်တို့က ညင်ညင်သာသာ ထွက်ပေါ်လာသည်။
ပျက်သုန်းခြင်းကိုးပါး မိုးကြိုးက သက်ရောက်မှု ရှိလာသည်။ အဋ္ဌဂံ အစီအရင်က ချီများကို စွမ်းအားအဖြစ် စုစည်းပေးပြီး ကျင့်ကြံသူဆီ ပို့လွှတ်ပေးသည်။
“ကျစ်” သမာသမတ်ဂိုဏ်းသားများက အားကုန်သုံးခုခံနေကြသည်။
“ ဒုက္ခမိုင်တစ်ရာရှုကွင်း ”
နောက်ဆုံးတွင် ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်လာလေသည်။ ပွင့်ချပ်လေးလွှာ ရွှေကြာက လေထဲတွင် ငွားငွားစွင့်စွင့် ပွင့်လန်းနေသည်။
ကျူးဟုန်ကုန်းက တအံ့တဩဖြင့် “ သောက်ခွေးနဲ့မှ မတရားဘူး”
သူက ချီများကို စုဆောင်းဖို့ ဒုက္ခအမျိုးမျိုးဖြတ်ကျော်ကာ အဋ္ဌဂံ အစီအရင်ကို အသက်သွင်းခဲ့ပြီး သူ့အားအကောင်းဆုံး တိုက်ကွက် ထုတ်တိုက်တော့မည့်ဆဲဆဲတွင် ဒုက္ခမိုင်တစ်ရာရှုကွင်းဖြင့် တားဆီးခံလိုက်ရလေသည်။
“ နောက်တစ်ခေါက် ” ကျူးဟုန်ကုန်းက အရှုံးကို ဝန်မခံပေ။
ဒုက္ခမိုင်တစ်ရာရှုကွင်းက ရုတ်ခြည်း ပြန်ပျောက်သွားကာ လေထဲ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်က လူအိုကြီးတစ်ယောက် ဖြစ်နေ၏။
သမာသမတ်ဂိုဏ်း၏ ကျန့်ချွန်းလိုင်လား … ဂိုဏ်းချုပ် ကျန့်ယွမ်ရှန်း မဟုတ်ဘဲနဲ့လေ
ကျန့်ချွန်းလိုင်က ဒေါသထွက်နေသည်။ သူ့မျက်ဝန်းထဲ မီးတောက်များ တောက်လောင်နေသလိုမျိုး ပြင်းပြနေသည်။ သူက လက်ဝါးဖြင့် ရွယ်ကာ ကျူးဟုန်ကုန်းအား ပြေးဝင်လာသည်။
“သေစမ်း ”
ကျူးဟုန်ကုန်းဆီ မရောက်ခင် လက်ဝါးရာများက အတန်းလိုက် ပေါ်ထွက်လာ၏။
“မိုးကြိုး” ကျူးဟုန်ကုန်းက အဋ္ဌဂံ အစီအရင်မှ ချီများကို စုစည်းကာ စွမ်းအားအဖြစ် ဖွဲ့စည်းလိုက်သည်။ ထို့နောက် မိုးကြိုးလက်ဝါးဖြင့် ကျန့်ချွန်းလိုင်ကို ပြန်တိုက်လိုက်သည်။
ဘန်း ဘန်း ဘန်း
လက်ဝါးမှ စွမ်းအားနှင့် အဋ္ဌဂံ အစီအရင်မှ စွမ်းအားတို့ ထိပ်တိုက်တွေ့သွားသည့်အခါ အံ့လောက်ဖွဘ် စွမ်းအားလှိုင်းကြီး ဖြစ်လာစေသည်။
ကျားတောင်ရိုးရှိ သစ်ပင်များပင် ပျက်စီးကုန်သည်။
ကျန့်ချွန်းလိုင်က တအံ့တဩ ပြောလိုက်သည် “မင်းက နတ်ဒေဝါဦးတည်နယ်ပယ်လေးနဲ့ ဒီလောက် လုပ်နိုင်တယ်ဆိုတော့ မိစ္ဆာဝေဟင် မျှော်နန်းရဲ့ တပည့် ပီသသားပဲ ”
“ မဟုတ်တာတွေ လျှောက်ပြောမနေနဲ့။ ကျန့်ချွန်းလိုင် … မင်းကို ကျောက်စိမ်းယဇ်ပလ္လင်မှာ ရှာမတွေ့ခဲ့လို့။ အခု မင်းကိုယ်တိုင် လာရှာတာပဲ ” ကျူးဟုန်ကုန်းက လက်ညှိုးထိုးကာ ပြောလိုက်သည်။
“နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူက နတ်ဒေဝါဦးတည်နယ်ပယ်ပဲ။ ငါ့ကို အဋ္ဌဂံအစီအရင်လောက်နဲ့ အနိုင်ရမယ် ထင်နေလား ”
“ ငါ့ကို လာတားလို့ မရဘူး ” ကျူးဟုန်ကုန်းက ပြောလိုက်သည့်အခါ နေရာတစ်ခုလုံး အလင်းစက်ဝန်းက လွှမ်းခြုံသွားပြီး အလင်းတစ်ဝက် အမှောင်တစ်ဝက် လိပ်ခုံးက ပေါင်းစပ်သွားကာ အဋ္ဌဂံအစီအရင်က ပိုမို တောက်ပလာသည်။
ကျန့်ချွန်းလိုင်က မျက်မှောင်ကြုတ်လိုက်သည်။ ကျားတောင်ရိုးဂိုဏ်းလေးက ဒီလိုမျိုး အားကောင်းတဲ့ အစီအရင် ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ သူက ဘေးပတ်လည်ကြည့်လိုက်ပြီး အားကောင်းသည့် ပစ်မှတ်ကို လိုက်ရှာလိုက်သော်လည်း ဘယ်သူ့ကိုမှ မမြင်မိပေ။
ယွီကျန့်ဟိုင်က အဋ္ဌဂံအစီအရင်ထဲ ရပ်နေရင်း တိုက်ပွဲကို တည်တည်ငြိမ်ငြိမ် လေ့လာသုံးသပ်နေသည်။ သူက ခေါင်းအသာညိတ်လိုက်၏။ သမာသမတ်ဂိုဏ်းမှ လူအိုကြီးက မတုံးအပေ။ လောင်ပါ့၏ ကျင့်ကြံဆင့်က အနည်းငယ် အားနည်းနေသေး၏။ မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်တစ်ယောက်အနေနှင့် သူ့အသက်ကို လိုချင်သူအမြောက်အများ ရှိခဲ့သော်လည်း မည်သူမှ မအောင်မြင်ခဲ့ပေ။ လောင်ပါ့က လှည့်ကွက်တချို့ ရှိမနေလျှင် ဒီတစ်လျှောက်လုံး ရှင်သန်ိနုင်ခဲ့မည် မဟုတ်ပေ။ ထို့အပြင် သူ့တွင် စီးဝူယာ့၏ ထောက်ပံ့မှုလည်း ရှိနေသေး၏။
ယွီကျန့်ဟိုင်က ပြပွဲကောင်းကို ဆက်ကြည့်နေပြီး သူ့အရှိန်အဝါကို ဖုံးကွယ်ထားသည်။
ထိုစဉ် ကျူးဟုန်ကုန်းက စွမ်းအားအလုံအလောက် စုစည်းပြီးသွားလေပြီ။ အဋ္ဌဂံအစီအရင် အကူအညီဖြင့် သူ့အရှိန်အဝါနှင့် စွမ်းအားတို့က နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်ထဲ ရောက်နေလေပြီ။
နေရာအနှံ့ ပြန့်ကျဲနေသည့် သမာသမတ်ဂိုဏ်းသားများက ယုံရခက်သည့် အမူအရာများ ဖြစ်နေကြသည်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ ရှစ်ယောက်မြောက် တပည့်ကို လျော့တွက်မိသလို ဖြစ်သွားပုံပေါ်သည်။
စွမ်းအားလှိုင်းတစ်ခုက သူတို့ဆီ ကျရောက်လာသည်။
“ တားကြ ”
အာရုံခံသိပ်သည်းခြင်းနယ်ပယ် ကျင့်ကြံသူများကို ထည့်ပြောစရာ မလိုပေ။ ရထားလုံးပျံ ပျက်စီးသွားပြီးနောက် သူတို့က သူတို့ဘာသာ မနည်းကာကွယ်နေရသည်။ ဗြဟ္မာပင်လယ်နယ်ပယ် ကျင့်ကြံသူများက အတော်လေး ရုန်းကန်နေရ၏။ သူတို့ အောက်ဆင်းလာစဉ် အဋ္ဌဂံအစီအရင်၏ ဖိအားကို ဖယ်ရှားနိုင်မည့် နည်းလမ်းကို ဦးနှောက်ခြောက်အောင် စဉ်းစားနေကြသည်။
ကျန့်ချွန်းလိုင်က အော်ပြောလိုက်သည် “မင်းကို ပြောထားပြီးသားပဲ။ နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူက ဒီလောက်ပဲ တတ်နိုင်မှာပဲ”
သူ့ဒုက္ခမိုင်တစ်ရာရှုကွင်းက ထပ်မံ ပေါ်ထွက်လာသည်။ ယခင်နှင့်မတူညီသည်က ရွှေကြာပေါ် ပွင့်ချပ်ငါးလွှာ ပါရှိနေသည်။
“ အိုး။ သူက ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတာပဲ” ယွီကျန့်ဟိုင်က စိတ်ဝင်တစား ကြည့်နေရင်း ဝင်ပါဖို့ စိတ်ကူးမရှိပေ။
ကျူးဟုန်ကုန်းက ရွှေကြာကို မြင်လိုက်သည့်အချိန် ခေါင်းကျိန်းလာမိသည်။ သူက စိတ်ထဲမှ ငြီးတွားလိုက်၏။
‘ငါ ဒါကြုံရအောင် ဘာတွေလုပ်မိခဲ့လို့လဲ ’
ပွင့်ချပ်ငါးလွှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ကျန့်ချွန်းလိုင်က အဋ္ဌဂံအစီအရင်ထဲ ဝင်လာသည်။
“ဟမ့် ” ယွီကျန့်ဟိုင်က ချီးကျူးလိုက်သည်။
“ သူက အရည်အချင်းတော့ ရှိသားပဲ။ သူက ကျင့်ကြံဆင့် ကွာခြားချက်ကို အခွင့်ကောင်းယူပြီး အဋ္ဌဂံအစီအရင်ကို အတင်းချိုးဖောက်လာတာပဲ ”
စိတ်ဝိညာဉ်သဏ္ဌာန်၏ အဓိကလုပ်ဆောင်ချက်သည် တစ်ဖက်လူအား ခြိမ်းခြောက်နေစဉ်အတွင်း လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို တိုးမြင့်ပေးပြီး ကာကွယ်မှုအနေနှင့် အသုံးပြုကြသည်။ သို့သော်လည်း ကျင့်ကြံသူများက တိုးတက်လာမှုသာ အာရုံစိုက်ထားကြသည်။ သူတို့စိတ်ဝိညာဉ်သဏ္ဌာန် ဖျက်ဆီးခံရသည်နှင့် ဒီအရေးသာမှု ပျောက်ဆုံးသွားလိမ့်မည်။ သို့သော်လည်း အကယ်၍ ကျင့်ကြံသူက ကျင့်ကြံဆင့် ကွာဟချက်ကို အသုံးပြုကာ စိတ်ဝိညာဉ်သဏ္ဌာန်သုံး၍ တစ်ဖက်လူကို ဖိနှိပ်လိုလျှင် သူတို့ကြိုးပမ်းမှု အောင်မြင်သွားနိုင်သည်။
ကျန့်ချွန်းလိုင်၏ လှုပ်ရှားမှုက မြန်ဆန်တိကျလှသည်။ သူက သူ့ကိုယ်သူ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်နှင့် ရစ်ပတ်ထားကာ အဋ္ဌဂံအစီအရင်အတွင်း ပြေးဝင်လာသည်။ သူ့စိတ်ဝိညာည်သဏ္ဌာန်က အဋ္ဌဂံအစီအရင်၏ စွမ်းအားကို ဟန့်တားပေးထားသည်။
“ မြည်းကြည့်စမ်း ” ကျန့်ချွန်းလိုင်က သူ့စိတ်ဝိညာဉ်သဏ္ဌာန် ထုတ်ဖော်လိုက်ရင်း ရုတ်ခြည်း အော်ပြောလိုက်သည်။ ထို့နောက် သူက ကျူးဟုန်ကုန်းနှင့် ဆယ်မီတာအကွာတွင် ရုတ်ခြည်း ပြန်ပေါ်လာပြီး လက်ဝါးဖြင့် ရိုက်ဖို့ ပြင်လိုက်သည်။
“တာအိုလက်ဝါးချက်လား ” ကျူးဟုန်ကုန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက ချီစွမ်းအားစုစည်းကာ တိုက်ခိုက်မှုကို တားဆီးလိုက်၏။
ဝုန်း …
ထိုသို့ဆိုလျှင်ပင် ပွင့်ချပ်ငါးလွှာ နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူက နတ်ဒေဝါဦးတည်နယ်ပယ်နှင့် ယှဉ်လိုက်လျှင် အရမ်းအားကာင်းလွန်းနေသည်။
အဋ္ဌဂံအစီအရင်၏ ချီစွမ်းအားများကို စိတ်ဝိညာဉ်သဏ္ဌာန်က တားဆီးထားဟန်ပေါ်သည်။ ကျူးဟုန်ကုန်းက ချီများကို ဆက်လက် မစုဆောင်းနိုင်တော့ကြောင်း သိလိုက်ရသည်။ လက်ဝါးချက်က ကျူးဟုန်ကုန်းဆီ တိုက်ရိုက်ကျဆင်းလာတော့မည် ဖြစ်၏။
“ခေါင်းဆောင်”
“ ခေါင်းဆောင် ”
ကျူးဟုန်ကုန်း၏ အဖွဲ့သားများက ထိုအရာကို မြင်သည့်အခါ တစ်ပြိုင်နက် အော်လိုက်ကြသည်။
အဋ္ဌဂံအစီအရင် ပျောက်ဆုံးသွားပြီး ချီများလည်း ကွယ်ပျောက်သွားသည်။
ကျူးဟုန်ကုန်းက လေထဲ လိမ့်လိုက်ပြီး သူ့ဘာသာ ပြန်ထိန်းထားလိုက်ရသည်။ သူ့ချီနှင့် သွေးများက အပြင်းအထန် ထွက်ပေါ်နေသည်။ သူ့လက်မောင်းတစ်ခုလုံး ထုံနေလေ၏။ သူက သွေးအန်လုမတတ် ဖြစ်နေလေပြီ။
“ ဟမ့် ” ကျန့်ချွန်းလိုင်၏ မျက်နှာအထက် အံ့အားသင့်သွားသည့် အမူအရာ ပေါ်လာကာ “ မင်း အသက်ရှင်တုန်းလား ”
ကျင့်ကြံဆင့် ကွာခြားချက်ကြီးမားလေရာ ကျူးဟုန်ကုန်းက အသက်ရှင်လျက် လွတ်မြောက်လာလျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားမှာ အသေအချာ ဖြစ်၏။
သူက ဘာမှအထိအခိုက် မရှိဘူးလား …
ကျူးဟုန်ကုန်းက အံ့ကြိတ်ကာ ရယ်လိုက်သည်။
“ မင်းက လေလုံးကြီးနေတာပဲ။ ဒီကို မထင်ထားဘူးမလား ”
“ ဇင်ဝတ်ရုံလား ” ကျန့်ချွန်းလိုင်က အင်္ကျီစကို မြင်လိုက်ပြီးနောက် သူ့အမူအရာများက ချဉ်တင်တင် ဖြစ်လာသည်။
ထိုအဝတ်က အကြီးမြတ်ဆုံး ဗုဒ္ဓဂိုဏ်းလေးဂိုဏ်းမှ တစ်ဂိုဏ်းဖြစ်သည့် ကောင်းကင်ရွေးချယ်မှု ကျောင်းဆောင်၏ အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်လေသည်။
ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့် လက်ထဲ ဘယ်လိုလုပ် ရောက်နေရတာလဲ …
သေမျိုးတစ်ယောက်အတွက် ဒီအဝတ်သည် လှံများ၊ ဓားများ မထိုးဖောက်စေပေ။ ကျင့်ကြံသူအတွက်မူ စွမ်းအားတိုက်ခိုက်မှုများကို ပယ်ဖျက်ပေးနိုင်စွမ်း ရှိ၏။
“ ငါ ဒီကိုရောက်လာမှတော့ မင်းအသက်ကို နုတ်ယူဖို့ ကျိန်ဆိုထားပြီးသား ” ကျန့်ချွန်းလိုင်က လက်ဝေ့ကာ ပြောလိုက်သည်။
ပြန့်ကျဲနေသည့် ကျင့်ကြံသူများက တစ်ဖန်စုဝေးလာကြသည်။
“အကောင်ငယ်လေးတွေကို ထားလိုက်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရှစ်ယောက်မြောက် တပည့်က ထွက်ပြေးတာမှာ ကျွမ်းကျင်တယ်တဲ့။ သူ့ကို ဝိုင်းထားကြ။ ဒီဇင်ဝတ်ရုံက ဘယ်လောက်ခံမလဲ ကြည့်ရသေးတာပေါ့ ”
နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူနှစ်ဦးက ဗြဟ္မာပင်လယ်နယ်ပယ် ကျင့်ကြံသူများစွာကို ဦးဆောင်ရင်း ရောက်လာသည်။
ကျူးဟုန်ကုန်းက မြေပေါ် ပြန်ရောက်နေပြီ ဖြစ်၏။ သူက ခပ်တည်တည်ဖြင့် “ တာ့ရှစ်ရှိုး ကျွန်တော် ထပ်မလုပ်နိုင်တော့ဘူး ”
ယွီကျန့်ဟိုင်က ခပ်ယဲ့ယဲ့ပြုံးလိုက်ကာ “ မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်ကို အစီအရင်သုံးပြီး တိုက်ရလောက်တောင် ဉာဏ်ကောင်းတယ်။ မဆိုးဘူး ”
ထိုစဉ် ကျန့်ချွန်းလိုင်က တစ်ခုခု လွဲမှားနေကြောင်း ခံစားလာရသည်။
မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်က လူလတ်အရွယ် အမျိုးသားကို ဘာလို့ ဦးညွတ်နေတာလဲ …
“ တာ့ရှစ်ရှိုး မြန်မြန်လေး။ ဒါသာ အချိန်ဆက်ဆွဲထားရင် ကျွန်တော့်နေရာလေး ဒီလူအိုကြီးတွေကြောင့် ပျက်စီးသွားလိမ့်မယ်”
အစီအရင်၏ ထောက်ပံ့မှုမရှိဘဲ ကျူးဟုန်ကုန်းက ဇင်အဝတ်ရှိနေလျှင်ပင် သင်္ကန်းမှ ထိုးအိတ် ဖြစ်လာလိမ့်မည်။ သူ့အတွက် ကျန့်ချွန်းလိုင်နှင့် ရင်ဆိုင်ဖို့ မလုံလောက်ပေ။
“ ရှစ်တိ မကြောက်နဲ့” ယွီကျန့်ဟိုင်က လက်နောက်ပစ်လျက် ရှေ့ထွက်လပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကျန့်ချွန်းလိုင်က သူတို့အား မထူးမခြားနား ကြည့်လိုက်ပြီး “ ဒါက ဘာမှမဟုတ်ဘူး။ ငါ မင်းတို့လှည့်ကွက်ထဲ နောက်တစ်ခါ အကျမခံဘူး။ သူတို့ကို နှိမ်နင်းကြ ”
“ဟုတ် ”
ယွီကျန့်ဟိုင်က ကျန့်ချွန်းလိုင်သည် နောက်တစ်ခါဆိုသော အသုံးအနှုန်း သုံးသွားကြောင်း သတိထားမိလိုက်သည်။ သူက လှည့်ကြည့်လိုက်သည့်အခါ ကျူးဟုန်ကုန်းက တစ်ခုခု အမှားလုပ်ထားသည့် ကလေးတစ်ယောက်လိုမျိုး ခေါင်းငုံ့ထားလိုက်သည်။
ကျင့်ကြံသူများစွာက ဝိုင်းထားကြ၏။
ကျန့်ချွန်းလိုင်သည် ဆက်အချိန်မဖြုန်းတော့ဘဲ နောက်ထပ် လက်ဝါးချက် ထုတ်ဖော်လိုက်သည်။ ထို့နောက် လက်ဝါးချက်များစွာက တောင်တစ်လုံးကဲ့သို့ ကျဆင်းလာသည်။
ယွီကျန့်ဟိုင်က လက်နောက်ပစ်လျက် ရပ်နေဆဲ ဖြစ်၏။ သူက အလျှင်လိုခြင်း မရှိသလို ထိတ်လန့်ခြင်းလည်း မရှိချေ။
လက်ဝါးချက်များ သူ့ဆီ ရောက်လာတော့မည့်ဆဲဆဲတွင် ယွီကျန့်ဟိုင်က ညာဘက်လက်ကို အသာလှုပ်ရှားလိုက်သည်။ သူ့လက်ဝါးချက်ဖြင့် လေထဲ တားဆီးလိုက်၏။
…
အခန်း (၁၄၃) သေတ္တာ၏ လျှို့ဝှက်ချက်
ယွီကျန့်ဟိုင်၏ လက်ဝါးထဲမှ ထွက်ပေါ်လာသော အန္တရာယ်ကင်းပုံရသည့် လက်ဝါးရာနှင့် တိုက်မိသွားတော့သည်။
ဖုန်း
လှိုင်းများက လေထဲ၌ဂယက်ထသွားပြီး တိုက်ခိုက်မှု၏ရလဒ်တစ်ခု ဖြစ်ပေါ်လာတော့သည်။
ဖုန်း ဖုန်း ဖုန်း
ပတ်ဝန်းကျင်ရှိသစ်ပင်များက အမြစ်ကနေ တညီတညွတ်တည်းလဲပြီး ထက်ခြမ်း ပိုင်းခံလိုက်ရတော့သည်။ ထူးဆန်းဖွယ်ကောင်းသည်မှာ လှိုင်းများက မပျော်ဝင်သွားပေ။ ဆန်းကြယ်သော စွမ်းအင်တစ်ခုက အင်အားဖြည့်ပေးနေပုံရ၏။
ကျူးဟုန်ကုန်း၏အမူအရာက အားကျမှုနှင့်အံ့ဩမှုတို့ ပြည့်နေသည်။ ထိုတိုက်ကွက်က သူ၏ တာ့ရှစ်ရှိုးယွီကျန့်ဟိုင်၏ မဟာအမှောင်ကောင်းကင်အောက်မေ့ရာနှင့်လက်ဝါးတိုက်ကွက် မဟာအမှောင်ကောင်းကင်လက်ဝါးတို့ကို ပေါင်းစည်းထားခြင်းဖြစ်ပေ၏။
လက်ဝါးရိုက်ချက်တစ်ချက်က ရန်သူပေါင်းများစွာကို ဖယ်ရှားနိုင်ပြီး ယင်းက ကနဦးချီ၏ မှန်ကန်မှုတစ်ခုဖြစ်ပေသည်။ ကျူးဟုန်ကုန်းက ယင်းကို လုံလောက်အောင်မရခဲ့ပေ။
“နောက်ဆုတ်”
ကျန့်ချွန်းလိုင်က ထိတ်လန့်သွားပြီး လူတိုင်းကို နောက်ဆုတ်ရန် သတိပေးလိုက်တော့၏။ လူရွယ်က ပြိုင်စံရှားလက်ရွေးစင်တစ်ဦးဖြစ်မှန်း ချက်ချင်းသိလိုက်သည်။
ယွီကျန့်ဟိုင်က မော့ကြည့်ပြီးပြောလိုက်တော့၏။
“နောက်ကျသွားပြီ” သူ၏အသံကလေထဲ၌ ပေါ်ထွက်လာပြီး အင်အားတစ်ခုကို သယ်ဆောင်လာပုံရ သည်။
ဘန်း ဘန်း ဘန်း
ဗြဟ္မာ့ပင်လယ်နယ်ပယ်ကျင့်ကြံသူများက တစ်ချက်တောင် ခံနိုင်ရည်မရှိကြချေ။ သူတို့က ယင်ကောင်များသဖွယ် ချက်ချင်းပြုတ်ကျလာတော့၏။ တစ်ဖက်တွင် နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူများက ကောင်းကင်ထဲ ပိုမြင့်မြင့်ပျံသန်းနိုင်ခဲ့သော်ငြား သူတို့၏အဆုံးသတ်က ကြေကွဲဖွယ်ကောင်းပေ၏။
ကျန်ရှိသည့် တစ်ဦးတည်းသောသူက နတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူ ကျန့်ချွန်းလိုင်ပင်ဖြစ်သည်။ သူက ယွီကျန့်ဟိုင်ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ပြီးနောက် နောက်ဆုတ်သွားသည်။ ခဏအကြာတွင် သူ၏ အစွမ်းအထက်ဆုံးသိုင်းကို ထပ်မံထုတ်ဖော်တော့ပြန်သည်။ “ဒုက္ခတစ်ရာရှုကွင်း”
ယွီကျန့်ဟိုင်က ခပ်ဖျော့ဖျော့ပြုံးပြီးပြောလိုက်လေ၏။
“ခင်ဗျားရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကိုကျုပ် စောင့်နေတာ” ညာလက်ကို ဝှေ့ယမ်းလျက် နဂါးသွဲ့ကျောက်ဓားက ပေါ်လာလေတော့သည်။ ကောင်းကင်အဆင့်လက်နက်များက စိတ်ဝိညာဉ်သဏ္ဌာန်၏ အာခိလိခြေဖဝါးပင်ဖြစ်သည်။ ယင်းက စိတ်ဝိညာဉ်သဏ္ဌာန်၏ ခုခံမှုကို အလွယ်တကူဖြိုခွင်းနိုင်စွမ်းရှိသည်။ ဒုက္ခတစ်ရာရှုကွင်းစိတ်ဝိညာဉ် သဏ္ဌာန်က ကျင့်ကြံသူ၏စိတ်ဝိညာဉ်များစွာကို ချဲ့ထွင်ပေးနိုင်သည့် အစွမ်းထက် သိုင်းကွက် တစ်ကွက်ဖြစ်ပေသည်။ စိတ်ဝိညာဉ်သဏ္ဌာန်ဖျက်ဆီးခံခဲ့ရလျှင် ကျင့်ကြံသူကို ကြီးစွာသော ထိုးနှက်ချက်တစ်ခု ဖြစ်စေ၏။
“တာ့ရှစ်ရှိုး ခမ်းနားခြင်းကျင့်စဉ်နဲ့ထွက်ပြေးဖို့ သူက ရည်ရွယ်နေတာ” ကျူးဟုန်ကုန်းက အော်ပြောလိုက်၏။
ကျန့်ချွန်းလိုင်နှင့် သူ၏ဒုက္ခတစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်က မျက်တောင်တစ်ခတ်အတွင်း မီတာ တစ်ထောင်အကွာသို့ ရောက်သွားတော့သည်။ စက္ကန့်ပိုင်းအတွင်း၌ သူက ကျားတောင်ရိုး၏ နယ်မြေ အပြင်ဖက်သို့ ရောက်နေပြီးဖြစ်သည်။ လေထဲတွင် လက်နောက်ပစ်လျက် ပျံဝဲနေသော ယွီကျန့်ဟိုင်ကို မြင်သည့်အချိန်၌ သူက စိတ်သက်သာရာရသွားတော့သည်။ သူသည် ယွီကျန့်ဟိုင်က သူ၏ ဒုက္ခတစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်၏လမ်းကြောင်းတွင် ရပ်နေတာဖြစ်သည်။
အနက်ရောင်အဝတ်အစားတိတိရိရိ မျက်နှာထားဖြင့် ယွီကျန့်ဟိုင်က နေရောင်ခြည်အောက်တွင် ခွန်အားကြီးမားပုံပေါ်ကာ အင်မတန်ခမ်းနားနေပေ၏။
ကျန့်ချွန်းလိုင်က အထက်မှအသံတစ်သံ ကြားချိန်တွင် မော့ကြည့်လိုက်တော့၏။
ယင်းက သိပ်သည်းသော စွမ်းအင်ထဲရစ်ပတ်ခံထားရသည့် နဂါးသွဲ့ကျောက်ပင်ဖြစ်ပေသည်။ ယင်းက ချက်ချင်းလည်ပတ်လာပြီး ဘီးတစ်ဘီးအရွယ်အစားထက် ပိုကြီးမားပုံပေါ်၏။ ယင်းက အမှောင်ကောင်းကင် ကြယ်အလင်းကျင့်စဉ်ပင်ဖြစ်သည်။
“မင်းက ပွင့်ချပ်ငါးလွှာပဲရှိတာလား?” ယွီကျန့်ဟိုင်က အမေးထုတ်လိုက်သည်။ တစ်နည်းဆိုရလျှင် ပွင့်ချပ်ငါးလွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူတစ်ဦးသည် ထိုမျှအကွာအဝေးထိ မည်ကဲ့သို့သာပြေးနိုင်မည်နည်း။ ထိုလူအိုကြီးက ထိုက်တန်သောပြိုင်ဘက်တစ်ဦးဖြစ်ရန် ဝေးကွာလွန်းနေ၏။ ထိုကဲ့သို့ပြိုင်ဖက်ကို လေးစားရန် အကြောင်းပြချက်ရှာမတွေ့ပေ။ ကျန့်ချွန်းလိုင်က သူ၏မဟာကာကွယ်စောင့်ရှောက်သူလေးပါး၏အဆင့်ကိုတောင် မမှီချေ။
“မင်း မင်း” ကျန့်ချွန်းလိုင်သည် သူ၏ခမ်းနားခြင်းကျင့်စဉ်ကို ထပ်မံထုတ်ဖော်ရန် ကြိုးစားလိုက်တော့၏။
ယွီကျန့်ဟိုင်က လက်နောက်ပစ်ထားလျက်ပြောလိုက်တော့သည်။ “သမာသမတ်ဂိုဏ်းက တတ်စွမ်းတာ ဒါအကုန်ပဲဆိုရင် မင်းတို့က ငါ့ပါ့ရှစ်တိရဲ့ကျားတောင်ရိုးကို လာတာက မောက်မာထောင်လွှားလွန်းရာကျနေတာပဲ”
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်ကြီးလား”
ထိုစဉ် အမှောင်ကောင်းကင်၏ကြယ်အလင်းက ဒုက္ခတစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်ပေါ် ကျရောက်သွားတော့သည်။
ဖုန်း
စိတ်ဝိညာဉ်သဏ္ဌာန်က တိုဖူးကဲ့သို့ နူးညံ့နေပုံရသည့် နဂါးသွဲ့ကျောက်ဓားဖြင့် ချက်ချင်းဖျက်ဆီး ခံလိုက်ရတော့ ၏။
လေထဲတွင်စွမ်းအင်တို့က ပရမ်းပတာဖြစ်သွားပြီး မိုးသက်မုန်တိုင်းတို့ကို သယ်ဆောင်လာ၏။ ယင်းကတောအုပ်ကို ဖြတ်သွားလျက် သစ်ပင်များကို လဲကျစေကာ ငှက်များနှင့်တောရိုင်း တိရိစ္ဆာန်များကို သတ်ဖြတ်ကုန်၏။
သက်ရောက်မှုမရှိသည့်တစ်ဦးတည်းသောသူက ယွီကျန့်ဟိုင်ဖြစ်သည်။ သူက ဖရိုဖရဲဖြစ်နေသော စွမ်းအင်များကြားထဲတည်ငြိမ်ပုံပေါ်၏။
ကျန့်ချွန်းလိုင်က စိတ်ပျက်အားငယ်သွားတော့သည်။ ငါထွက်ပြေးရတော့မလား။ ခမ်းနားခြင်း ကျင့်စဉ်သုံးတာက ငါ့ကို ကံဆိုးမိုးမှောင်ကျစေမှာပဲ။ လက်ဖဝါးကို ကောင်းကင်ထက်မြှောက်လျက် သူ၏ ကနဦးချီတို့က တဟုန်ထိုးပေါ်ထွက်လာတော့သည်။ ယခုချိန်တွင် သူ၏စွမ်းအင်များ အားလုံးနီးပါး ယုတ်လျော့သွားပြီဖြစ်သည်။
လက်ဝါးရာများက လည်နေသောကောင်းကင်အဆင့်လက်နက်ကို ဆန့်ကျင်ပြီးတွန်းနေလေ၏။ ကံဆိုးသည်မှာ သူတို့အဆင့်ကွာခြားချက်က ကြီးမားလွန်းနေသည်။ ထို့အပြင် နဂါးသွဲ့ကျောက်ဓားက ကောင်းကင်အဆင့်လက်နက်များထဲတွင်တောင် ရတနာတစ်ပါးဖြစ်နေ၏။
ဘန်း
နဂါးသွဲ့ကျောက်က ကျန့်ချွန်းလိုင်ကို ပိုင်းဖြတ်သွားသည့်အချိန်တွင် ယွီကျန့်ဟိုင်က လှည့်ထွက်သွားပြီး ဖြစ်နေသည်။ သူက ကျားတောင်ရိုးဆီသို့ပြန်သွား၏။ နဂါးသွဲ့ကျောက်သည် သူ၏တာဝန်ပြီးဆုံးသည့်အချိန်တွင် သူ၏ပိုင်ရှင်ဆီသို့ပြန်သွား၏။ မျက်တောင်တစ်ခတ်အတွင်း နေရာတစ်ခုလုံးတိတ်ဆိတ်သွားသည်။ ဆူပွက်နေသောစွမ်းအင်တို့ကလည်း ငြိမ်ကျသွားလေ၏။
ကျားတောင်ရိုးဂိုဏ်းသားတို့ကလည်း အံ့ဩဆွံ့အနေကြတော့သည်။ ယင်းက လက်ဝါးရိုက်ချက် တစ်ချက်နှင့် ဓားသွားတစ်ကွက်သာဖြစ်ပြီး တိုက်ပွဲက ပြီးဆုံးသွားသည်။ သူတို့က ထိတ်လန့်နေကြပြီး အမြစ် လန်နေသော သစ်ပင်များနှင့် ဖရိုဖရဲဖြစ်နေသော နယ်ပယ်ကိုကြည့်လိုက်ကြ၏။ သူတို့မျက်လုံးဖြင့် သာမျက်မြင်မတွေ့ခဲ့လျှင် မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်ကြီးလုပ်သွားသည်ဟု ယုံကြမှာ မဟုတ်ပေ။ သူတို့ကျူးဟုန်ကုန်းနောက်လိုက်ခဲ့သည်မှာ မိစ္ဆာဝေဟင်မျှော်နန်းနှင့် သူ၏ဆက်နွယ်မှု ကြောင့်ဖြစ်ပေသည်။ သူ၏လုပ်ဆောင်ချက်က သူတို့ထင်ထားတာထက်ကျော်လွန်နေ၏။ မိစ္ဆာ ဝေဟင်မျှော်နန်း၏ တပည့်ကြီးထိုမျှအစွမ်းထက်မည်ဟု မည်သူကထင်မည်နည်း။ ပွင့်ချပ်ငါးလွှာ ကျင့်ကြံဆင့်ရှိသည့် သူတစ်ဦးကိုရင်ဆိုင်ရာတွင် သူက မြန်မြန်ဆန်ဆန်ဖြင့်တိုက်ပွဲကို အဆုံးသတ်ခဲ့ ၏။
ယွီကျန့်ဟိုင်က ကျားတောင်ရိုးသို့ပြန်လာပြီး ကျူးဟုန်ကုန်းရှေ့သို့ဆင်းလာတော့သည်။ သူက လက်တစ်ဖက်မြှောက်ကာ ကျူးဟုန်ကုန်း၏ ပခုံးကို ပုတ်လိုက်လေ၏။ “သူက ပွင့်ချပ်ငါးလွှာပဲရှိ တဲ့ကျင့်ကြံသူဖြစ်နေတာ မင်း ကံကောင်းသွားတယ်။ သူ့မှာ နောက်ထပ်ပွင့်ချပ်တစ်လွှာ ရှိနေခဲ့မယ်ဆိုရင် မင်းအစောတုန်းက ပြဿနာတက်ပြီပဲ”
ကျူးဟုန်ကုန်းက မှင်သက်နေဆဲဖြစ်သည်။ သူကကြောက်လန့်သည့်အမူအရာဖြစ်နေလေ၏။ ယွီကျန့်ဟိုင် သူ့ပခုံးကို ပုတ်လိုက်သည့်အချိန်၌ သတိပြန်ဝင်လာကာ တံတွေးမြိုချလိုက်တော့သည်။
“တာ့ တာ့ရှစ်ရှိုး” ကျူးဟုန်ကုန်းသည် ရုတ်တရက်ကြီးပိုမိုနာခံလာပုံပေါ်၏။ “တာ့ရှစ်ရှိုးက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးတော့ ပိုအစွမ်းထက်လာတာပဲ”
“ငါက အခွံမာသီးကို ထုဖို့အတွက် တူတစ်လက်ကို သုံးနေရုံပဲ။ ထည့်ပြောဖို့မတန်ဘူး”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ပြောဖို့ထိုက်တန်ပါတယ်။ တာ့ရှစ်ရှိုးရဲ့ မဟာအမှောင်ကောင်းကင်လက်ဝါးလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ တကယ်အံ့ဩဖို့ကောင်းလိုက်တာ။ ရှစ်ရှိုးကို ကျွန်တော့်ရဲ့လေးစားမှုတွေက စီးဆင်းနေတဲ့မြစ် လိုမျိုးအဆုံးမရှိ”
“တော်လောက်ပြီ” ယွီကျန့်ဟိုင်က အထဲသို့ဝင်သွားကာထိုင်လိုက်တော့သည်။ “မင်းက လောင်ချီနဲ့ အလုပ်တွဲလုပ်နေတာ အတော်ကြာပြီ။ ဒီမျက်နှာချိုသွေးတာတွေကို ဘယ်ကနေသင်ယူလာတာလဲ”
ကျူးဟုန်ကုန်းက အနေရခက်စွာရယ်မောပြီးနောက်ပြောလိုက်တော့သည်။ “တာ့ရှစ်ရှိုး ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ရှစ်ရှိုးသာရှိမနေရင် ကျွန်တော်ဒီနေ့ သေတွင်းထဲရောက်လောက် တယ်”
ယွီကျန့်ဟိုင်က သူ့ကိုပြန်မပြောဘဲ မေးလိုက်လေ၏။ “မင်းရဲ့ အဋ္ဌဂံအစီအရင်အတွက် လောင်ချီက တာဝန်ယူထားတာလား”
“အမ်း တာ့ရှစ်ရှိုးကအမြင်ရှိတာပဲ။ ရှစ်ရှိုးဆီက ဘာကိုမှဖုံးကွယ်ထားလို့မရဘူး”
“လောင်ချီက မင်းကို ဇင်ဝတ်ရုံပေးခဲ့တာလား?” ယွီကျန့်ဟိုင်က မေးလိုက်သည်။
ကျူးဟုန်ကုန်းက သူ့ရင်ဘတ်သူ ချက်ချင်းပုတ်ပြီးပြောလိုက်လေ၏။
“တာ့ရှစ်ရှိုး ကျေးဇူးပြုပြီး ဒါ ကျွန်တော့်မှာ ရှိတဲ့တစ်ခုတည်းသောရတနာပါ” ယွီကျန့်ဟိုင်က သက်ပြင်းချပြီး ခေါင်းခါ လိုက်တော့သည်။
ကျူးဟုန်ကုန်းက ရယ်မောပြီးပြောလိုက်လေ၏။ “တာ့ရှစ်ရှိုးက အံ့ဩဖို့ကောင်းလွန်းပါတယ်။ ဒီဇင်ဝတ်ရုံကို စိတ်ဝင်စားဖို့အကြောင်းမရှိဘူး။ ရှစ်ရှိုးရဲ့ကာကွယ်ရေးစွမ်းအင်တစ်ခုတည်းကတင် ကျွန်တော့်ရဲ့ဝတ်ရုံထက်သာလွန်နေပါပြီ” ပြောနေစဉ် သူ၏အသံက အားလျော့သွားပြီးနောက် နောက်ဆုံးတွင် ပြောလိုက်လေ၏။
“ဟုတ်တယ်။ အဲ့ဒါက ကောင်းကင်ရွေးချယ်မှုဖိအားကျောက်ကနေ ချီရှစ်ရှိုးယူလာတာပဲ” ယွီကျန့်ဟိုင်က ပြောလိုက်၏။ "လောင်ချီရဲ့ရည်ရွယ်ချက်တွေကို အချည်းနှီးမဖြစ်စေနဲ့။ ဇင်ဝတ်ရုံကြောင့်မဟုတ်ရင် မင်း သေနေတာကြာပြီ”
“တာ့ရှစ်ရှိုး ပြောတာမှန်ပါတယ်”
“သမာသမတ်ဂိုဏ်းက သူ့ရဲ့စစ်သည်တွေနဲ့ စစ်သူကြီးကို ဆုံးရှုံးသွားခဲ့ပြီးပြီ။ ကျန့်ယွမ်ရှန်းသာ သိသွားရင် သူဒီကို အချိန်မရွေးရောက်လာမလားမသိဘူး” ယွီကျန့်ဟိုင်က ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။ “ဒါပေမဲ့ မင်းသတိထားရမယ်”
“ဟုတ်ကဲ့ တာ့ရှစ်ရှိုး” ကျူးဟုန်ကုန်းက နာခံစွာပြန်ပြောလိုက်လေ၏။
ယွီကျန့်ဟိုင်က သူ့ဘေးရှိ သေတ္တာကို တစ်ချက်ကြည့်ပြီးမေးလိုက်လေ၏။ “စစ်ရှစ်တိက သေတ္တာအတွက် ဘယ်အချိန်လာမယ်ဆိုတာ ပြောသွားသေးလား”
ကျူးဟုန်ကုန်းက လက်ချောင်းများဖြင့်ရေတွက်ပြီးပြောလိုက်တော့သည်။ “သူ သုံးရက်အတွင်း ရောက်လာလိမ့်မယ်”
“ဒီလိုဆိုမှတော့ ငါ သုံးရက်နေတာပေါ့”
“တာ့ရှစ်ရှိုး ဒီမှာကြိုက်သလောက်နေလို့ရပါတယ်” ကျူးဟုန်ကုန်းက မျက်နှာလိုမျက်နှာရ ပြောလိုက်လေ၏။
ယွီကျန့်ဟိုင်က ရယ်မောပြီးခေါင်းခါလိုက်တော့သည်။ “မင်းနဲ့စကားပြောရတာက ငါ့ကို မပျင်းစေဘူးပဲ။ လောင်ချီ ဒီမှာရှိနေဖို့မျှော်လင့်တယ်" ပြောပြီးနောက် သူက ခြေကြွကာ လက်ကိုဝှေ့ယမ်းလိုက်တော့၏။ ဆန်းကြယ်သော သေတ္တာက သူ့ရှေ့သို့ချက်ချင်းမျောလွင့်လာ တော့သည်။ မကြာမီ၌ နဂါးသွဲ့ကျောက်ဓားလည်းပေါ်လာပေတော့သည်။
ဓားကိုမြင်သည့်အချိန်တွင် ကျူးဟုန်ကုန်း၏မျက်နှာထက်၌ အားကျသည့်အမူအရာပေါ်လာလေ၏။ ထိုဆန်းကြယ်သေတ္တာထဲ၌ ကောင်းကင်အဆင့်လက်နက်ရှိနေရန်မျှော်လင့်မိသည်။ "တာ့ရှစ်ရှိုး သေတ္တာကို ဖွင့်တော့မလို့လား”
နဂါးသွဲ့ကျောက်က မြောင်းရာထဲဝင်သွားတော့သည်။
ကလစ်
အသံတစ်သံက လေထဲ၌ပျံ့လွင့်လာတော့သည်။
နဂါးသွဲ့ကျောက်သည် ၎င်း၏သော့များထဲမှ သော့တစ်ခုအနေဖြင့် ရည်ရွယ်ချက်ကိုဖြည့်ဆည်းပေး လိုက်ပြီဖြစ်သည်။ မကြာမီ၌ နဂါးသွဲ့ကျောက်ထည့်သွင်းပြီး ယင်းက ပျောက်ကွယ်သွားတော့သည်။
“ကျုပ်ရဲ့ချစ်လှစွာသော ရှစ်စွင်းရေ ခင်ဗျားမှာ ရတနာတွေ ဘယ်လောက်များများရှိနေတာလဲ”
…
အခန်း (၁၄၄) သဘောထားကြီးသည့် တာ့ရှစ်ရှိုး
ကျူးဟုန်ကုန်းက အပြုံးလေးဖြင့် “ တာ့ရှစ်ရှိုးရဲ့ အင်အားနဲ့ဆိုရင် ဒီသေတ္တာကို ဖွင့်နိုင်မဲ့ နည်းလမ်းရှာနိုင်မှာပါ။ ဒီထဲမှာ ဝှက်ထားတဲ့ အံ့ဩဖွယ် ရတနာမျိုးကို တွေ့ရင် တွေ့ရမှာလေ ”
ယွီကျန့်ဟိုင်က ခေါင်းခါလိုက်သည်။ သူက သေတ္တာထဲ သူ့အာရုံဖမ်းဆုပ်နိုင်မည့် တစ်စုံတစ်ခု ရှိနေလိမ့်မည်ဟု မထင်ပေ။
“ မိစ္ဆာဝေဟင်မျှော်နန်းက တပည့်တွေ စလက်ခံကတည်းက ရှစ်စွင်းက အားလုံးကို ကျင့်စဉ်နဲ့ လက်နက်တွေ ပေးခဲ့တယ်။ အဲဒီကတည်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ နာမည်က စတင် မြင့်တက်လာတာပဲ။ ဒီအထဲ ရတနာပါနေရင်တောင် အံ့ဩစရာတော့ မဟုတ်ဘူး ”
“ ဟုတ်တယ်။ တာ့ရှစ်ရှိုးက မဟာအမှောင်ကောင်းကင် အောက်မေ့ရာကို နဂါးသွဲ့ကျောက်ဓားနဲ့သုံးပြီး အဆင့်မြင့် ကျင့်ကြံသူအများကြီးကို အနိုင်ပိုင်းပစ်ခဲ့တာပဲ။ အဲဒီနောက်ပိုင်း ငရဲဂိုဏ်းကို တည်ထောင်ပြီး တာ့ယန်မှာ အကြီးမားဆုံးဂိုဏ်း ဖြစ်လာခဲ့တယ်။ အဲဒါအပြင် အာ့ရှစ်ရှိုးရဲ့ ကွေ့ယွမ်ဓားကျင့်စဉ်ကလည်း ပြီးပြည့်စုံတဲ့အဆင့်အထိ ရောက်သွားတယ်။ ဒီအထက်ပိုင်းမြို့ထဲ ဘယ်သူမှ သူ့ကို မထိနိုင်ဘူး။ သူက အဖိုးတန်ရတနာများစွာကိုလည်း ဖျက်စီးပစ်ခဲ့တယ် ” ကျူးဟုန်ကုန်း၏ စကားထဲ ချီးကျူးမှုများနှင့် ပြည့်နှက်နေသည်။
ယွီကျန့်ဟိုင်က ကျူးဟုန်ကုန်းအား လှည့်ကြည့်လိုက်သည်။
ကျူးဟုန်ကုန်းက နှလုံးခုန်မြန်သွားကာ မြန်မြန် ထပ်ပြောလိုက်၏ “ အာ … အာ့ရှစ်ရှိုးရဲ့ ဓားကျင့်စဉ်က အားကောင်းပေမဲ့ တာ့ရှစ်ရှိုးရဲ့ မဟာအမှောင်ကောင်းကင်အောက်မေ့ရာနဲ့ ယှဉ်လိုက်ရင်တော့ မှေးမှိန်သွားရတာပဲ ”
ယွီကျန့်ဟိုင်က ပြောလိုက်သည် “ အာ့ရှစ်တိက ငါနဲ့ အမြဲလိုက်ဆန့်ကျင်နေတာ။ ဒါပေမဲ့ ငါက သူ့ရဲ့ တာ့ရှစ်ရှိုး ဖြစ်နေတုန်းလေ ”
“ဟုတ်တာပေါ့ ဟုတ်တာပေါ့။ တာ့ရှစ်ရှိုးရဲ့ သဘောထားကြီးမြတ်မှုက တခြားလူတွေ လိုက်တုနိုင်တဲ့အရာ မဟုတ်ဘူးလေ ” ကျူးဟုန်ကုန်းက ယွီရှန်းရုန်သည် ယွီကျန့်ဟိုင်လက်အောက်မှ ချန်းဝမ်ကျဲကို သတ်ခဲ့ကြောင်း သိထားလေသည်။ ချန်းဝမ်ကျဲသည် ဓားရူးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး ဓားကျွမ်းကျင်သူ ဖြစ်၏။ ချန်းဝမ်ကျဲက ယွီကျန့်ဟိုင်၏ လက်ထောက်တစ်ယောက်အဖြစ် မှတ်ယူနိင်လေသည်။ သို့သော်လည်း ယွီကျန့်ဟိုင်က ယွီရှန်းရုန်ကို ဘာမှမလုပ်ခဲ့ပေ။ အကယ်၍ ဒါက သဘောထားကြီးမှု မဟုတ်လျှင် သူလည်း ဘာမှန်း မသိတော့ပေ။
သူ့အနေအထားဖြင့် ယွီကျန့်ဟိုင်က ချီးကျူးစကားများကို နှစ်များစွာကြားလာရသူ ဖြစ်ရာ ထုံထိုင်းနေလေပြီ “ မင်းလူတွေကို ဒီနေရာ သန့်ရှင်းရေးလုပ်ဖို့ ပြောလိုက်ဦး ”
ကျူးဟုန်ကုန်းက သူ့လက်အောက်ငယ်သားများကို ချက်ချင်း လှမ်းပြောလိုက်သည် “ ဒီနေရာရှင်းလိုက်ကြ။ ငါ့တာ့ရှစ်ရှိုးက အနားယူချင်ပြီ ”
ဤလူမှာ မိစ္ဆာဝေဟင်မျှော်နန်း၏ ပထမတပည့် ယွီကျန့်ဟိုင် ဖြစ်ပြီး သမာသမတ်ဂိုဏ်းကို နှစ်ကွက်တည်းဖြင့် ဖယ်ရှားခဲ့သူလည်း ဖြစ်သည်။ သူက ကျင့်ကြံဆင့် မြင့်မားသည့် ငရဲဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ဖြစ်ပေသည်။
ပုံမှန်အားဖြင့် မည်သူမှ နှေးကွေးမနေရဲကြပေ။ သူတို့က မြန်မြန်ဆန်ဆန် ခေါင်းညိတ်ကာ ခပ်သွက်သွက် ရှင်းလိုက်ကြသည်။
……….…
သုံးရက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။
ကျားတောင်ရိုးထဲ နေမင်းကြီး ထွန်းတောက်လာပြီ ဖြစ်၏။
ယခု နေရာတစ်ခုလုံးကို တိုက်ပွဲပြီးသွားကတည်းက ရှင်းလင်းထားသည့်အတွက် ပိုမို စနစ်ကျနေသည်။ သို့သော်လည်း အမြစ်ကျွတ်သွားသည့် သစ်ပင်များကြောင့် ကျတ်တီးမြေလို ဖြစ်နေလေ၏။
သူတို့နေရာနှင့် တစ်ကီလိုမီတာအဝေးတွင် မင်ရှစ်ရင်က ပေါ်လာသည်။ အစပိုင်းတွင် သူက ကျားတောင်ရိုးဆီ တန်းတန်းသွားမလို ပြင်ထားလေ၏။ သို့သော်လည်း သူက ဘေးပတ်ဝန်းကျင်သည် ထူးဆန်းနေ၍ စုံစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ရေရွတ်လိုက်သည်။
“အဆင့်မြင့် ကျင့်ကြံသူတွေ တိုက်ပွဲ ဖြစ်သွားတာလား ”
မင်ရှစ်ရင်က မတုံးပေ။ သူက တိုက်ပွဲအပြီး အနေအထားက အားကောင်းသည့် ကျင့်ကြံသူနှစ်ယောက်ကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း သိသည်။ သူက ကျားတောင်ရိုးအပေါ် သံသယဝင်လာမိ၏။
“လောင်ပါ့ အဲဒီငတုံးကတော့ အဆင်ပြေလောက်ကောင်းပါရဲ့” မင်ရှစ်ရင်က အနည်းငယ် စိုးရိမ်လာမိ၏။ သူက ခြေဖျားဖြင့် မြေကြီးကို အသာထိလိုက်သည့်ခါ လျှပ်စီးအလား ကျားတောင်ရိုးဆီ အလျှင်အမြန် ရောက်ရှိသွားသည်။ သူ ရောက်လာသည့်အခါ ကျားတောင်ရိုး၏ အခြေအနေကြောင့် ပိုအံ့အားသင့်သွားရသည်။ သစ်ပင်အားလုံးက အမြစ်ကျွတ်ထားနေကြ၏။
“ဟမ်။ သမာသမတ်ဂိုဏ်းရဲ့ ရထားလုံးပျံလား” ရထားလုံးပျံတစ်စီးကို မင်ရှစ်ရင် သတိထားမိလိုက်သည်။ သမာသမတ်ဂိုဏ်း၏ နာမည်ကို ရထားလုံးပျံတွင် ပြထားလေသည်။ သူက ကျားတောင်ရိုးဂိုဏ်းသား နှစ်ယောက်ပေါ်လာသည့်အထိ စဉ်းစားနေဆဲ ဖြစ်သည်။
ကျားတောင်ရိုးဂိုဏ်းသား နှစ်ယောက်က ဦးညွှတ်ကာ “ စတုတ္ထသခင်လေး … ခေါင်းဆောင်က အကြာကြီး စောင့်နေတာပါ ”
မင်ရှစ်ရင်က အနည်းငယ် အံ့အားသင့်သွားမိသည်။ သူက မေးမြန်းလိုက်၏။
“ သူက ငါ့ကို စောင့်နေတာကြာပြီတဲ့လား ”
ထိုအရာမှလွဲ၍ အဆင့်နိမ့် ကျင့်ကြံသူနှစ်ယောက်က သူ့အား သတိထားမိသောကြောင့် နည်းနည်း အံ့ဩမိသည်။
မင်ရှစ်ရင်က မေးဖျားကိုင်ကာ ခဏတာ စဉ်းစားလိုက်၏။ သူ့ဂုဏ်သတင်းသည် ကျယ်ကျယ်ပြန့်ပြန့် စတင် ပျံ့နှံ့လာသည်သာ ဖြစ်ရမည်။
သူနောက်ဆုံး တစ်ခေါက်လာတုန်းက သူတို့အပေါ် အမြင်ကောင်းတွေ ချန်ထားနိုင်ခဲ့တဲ့ပုံပဲ …
လောင်ပါ့က ငါ ဒီအချိန်ရောက်လာမယ်ဆိုတာ ဘယ်လိုလုပ်သိနေတာလဲ …
“ ဟုတ်ပါတယ်။ ပထမသခင်လေးက လာကြိုခိုင်းလိုက်လို့ပါ ”
“ပထမသခင်လေးလား ” မင်ရှစ်ရင်က ထိုအကြောင်းကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။
“ ငရဲဂိုဏ်းချုပ် ယွီကျန့်ဟိုင်လည်း ဒီရောက်နေတာလား ”
“ဟုတ်ပါတယ်”
“ …”
မင်ရှစ်ရင်က တည်ငြိမ်မှု ပျောက်ဆုံးသွားလေသည်။ သူက ခေါင်းကုတ်ကာ လက်ဝေ့လိုက်ပြီး “ အာ … ငါ လုပ်စရာလေးရှိတာ အခုမှသတိရတယ်။ သေတ္တာကို နောက်ရက်မှ လာယူလိုက်မယ် ”
“အာ … စတုတ္ထသခင်လေး သခင်လေး … ”
“ ရတယ်။ ငါ ထွက်လမ်းကို သိတယ်”မင်ရှစ်ရင်က လက်ကိုဝေ့ကာ မြန်မြန် နောက်ဆုတ်လိုက်သည်။ သူက ထွက်သွားတော့မည့်ဆဲဆဲတွင် ကျားတောင်ရိုးဘက်မှ အသံတစ်သံ ထွက်လာလေ၏။
“လောင်စစ် … မင်း ဒီရောက်နေမှတော့ ဘာလို့အလျင်လိုနေရတာလဲ။ ငါတို့တွေ မတွေ့ရတာကြာလှပြီ။ အရင်အကြောင်းတွေ ပြန်ပြောရအောင်လေ။ ငါ သေရည်နဲ့ အစားအစာတွေ ပြင်ထားတယ်။ မင်းက အခုထွက်သွားပြီးတော့ ငါ့ခံစားချက်တွေကို နာကျင်အောင်လုပ်ချင်နေတာလား ”
ယွီကျန့်ဟိုင်၏ အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည့် မင်ရှစ်ရင်က ဘာပြောရမှန်း မသိတော့ပေ။ သူ့မျက်နှာအထက် သဘာဝမကျသည့် အမူအယာမျိုးဖြင့် သူ့ဘာသာ တွေးလိုက်မိသည်။
‘ဆိုးလိုက်တဲ့ ကံ ’
“ စတုတ္ထသခင်လေး ဒီဘက်ကို ကြွပါ ”
မင်ရှစ်ရင်က ကူကယ်ရာမဲ့နေသည်။ သူက ကျားတောင်ရိုးဂိုဏ်းအတွင်းအထိသာ လိုက်သွားလိုက်ရသည်။
ယွီကျန့်ဟိုင် ပြောခဲ့သလိုမျိုး စားပွဲပေါ်တွင် သေရည်နှင့် အစားအစာအပြည့် ဖြစ်နေသည်။ မင်ရှစ်ရင်က သူ့တာ့ရှစ်ရှိုးသည် စားပွဲထိပ်၌ ထိုင်နေသည်ကို မြင်လိုက်ရသည့်အခါ နှလုံးခုန်မြန်လာမိ၏။ သို့သော် သူက သတ္တိစုစည်းလိုက်သည်။
ငါ ဘာမှမကြောက်ဘူး။ ငါက ရှစ်စွင်းအနားရှိပေမဲ့ တစ်ချိန်လုံး အဆင်ပြေခဲ့တာပဲ။ တာ့ရှစ်ရှိုးကို ဘာလို့ ကြောက်ရမှာလဲ …
မင်ရှစ်ရင်က လက်နှစ်ဖက်ယှက်ကာ “ တာ့ရှစ်ရှိုးကို ဂါရဝပြုပါတယ် ”
ရှစ်ယောက်မြောက် တပည့် ကျူးဟုန်ကုန်းက မြန်မြန်ထရပ်ကာ “စစ်ရှစ်ရှိုး ”
ယွီကျန့်ဟိုင်က ချိုချိုသာသာ ပြောလိုက်သည် “စစ်ရှစ်တိ လာထိုင်ပါဦး။ လာလာ သေရည်လေး ထည့်ပေးဦး။ ငါတို့တွေ မမူးမချင်း ဘယ်သူမှ ထွက်မသွားရဘူး”
“ ….” မင်ရှစ်ရင်က လက်ဝေ့ကာ “တာ့ရှစ်ရှိုးရဲ့ ခံနိုင်ရည်နဲ့ဆိုရင် ပင်လယ်ကြီးလောက် သောက်နိုင်နေတာလေ။ ကျွန်တော် ယှဉ်နိုင်မယ် မထင်ပါဘူး။ ပြီးတော့ ကျွန်တော်က သေတ္တာကို လာယူတာ။ ရှစ်စွင်းဆီ မြန်မြန် ပြန်ပို့ရဦးမှာရယ်။ ဒါနဲ့ လောင်ပါ့ သေတ္တာက ဘယ်မှာလဲ ”
ယွီကျန့်ဟိုင် “ အလျင်လိုမနေစမ်းပါနဲ့ကွာ။ သေတ္တာက ငါ့နောက်မှာ။ လာလာထိုင်လှည့် ”
“ ….” မင်ရှစ်ရင်ဆီ ရွေးချယ်စရာ ရှိဦးပါ့မလား။ သူက ထိုင်ချလိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။ သူ့အနေနှင့် တာ့ရှစ်ရှိုးကို မဆန့်ကျင်နိုင်ပေ။ ရလဒ်က ရိုက်နှက်ခံရတာနှင့် အဆုံးသတ်သွားနိုင်သည်။ သူ ထိုင်ချလိုက်သည့်အခါ ခွက်ကို အပြည့်ဖြည့်ပေးလိုက်လေသည်။
အကြောင်းအရင်းမရှိ စည်းချက်မရှိ ယွီကျန့်ဟိုင်က ရုတ်ခြည်း ထပြောလိုက်သည်။
“ မင်း ရှစ်စွင်းရှေ့မှာ ငါ့မကောင်းကြောင်း ခဏတိုင်းပြောတယ်လို့ ကြားထားတယ် ”
“ မဖြစ်နိုင်တာ။ ဘယ်သူက သတင်းမှားပေးလိုက်တာလဲ” မင်ရှစ်ရင်က မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ထိတ်ထိတ်ပျာပျာ ပြောလိုက်သည်။
“ စိတ်လှုပ်ရှားမနေပါနဲ့။ ငါ ဒီလိုအသေးအမွှားကိစ္စမျိုးကို မကိုင်တွယ်နိုင်ရင် မင်းတာ့ရှစ်ရှိုး ဖြစ်ဖို့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ ” ယွီကျန့်ဟိုင်၏ လေသံက ညင်သာလှသည်။
အစမှယခုအထိ ကျူးဟုန်ကုန်းက အစားမပြတ်ပေ။ သို့သော် ထိုစဉ် သူက ဝင်ပြောလိုက်သည်။
“ ဟုတ်တယ်။ တာ့ရှစ်ရှိုးက အဲလောက် မတွက်ကပ်ပါဘူး ”
ယွီကျန့်ဟိုင် “ လောင်စစ် အခုတလော တောင်ပေါ်မှာ အခြေအနေဘယ်လိုလဲ ”
မင်ရှစ်ရင်က သက်ပြင်းချကာ “ ကိစ္စတွေက အရင်ထက်တော့ ပိုကောင်းလာပါတယ်။ ရှစ်စွင်းက အသက်ကြီးလာပြီဆိုတော့ မိစ္ဆာဝေဟင်မျှော်နန်းကို လိုချင်နေတဲ့လူတွေက ပြဿနာတော့ လာရှာကြတယ် ”
ယွီကျန့်ဟိုင်က သက်ပြင်းချကာ “ ရှစ်စွင်းရော ဘယ်လိုလဲ။ သူ့ဒေါသက အရင်လိုပဲလား ”
သူက ထိုအရာကို ကြားလိုက်သည့်အခါ ကျူးဟုန်ကုန်းက စားတာရပ်ပြီး မင်ရှစ်ရင်ကို ကြည့်လိုက်သည်။
“ခန္ဓာကိုယ်ကတော့ အဆင်ပြေပါတယ်။ တစ်ယောက်ယောက်ကို အကြမ်းပတမ်း ကိုင်တွယ်ရင်တောင် ပြဿနာမရှိဘူး ” မင်ရှစ်ရင်က ထပ်ပြောလိုက်သည်။
“သူ့ဒေါသကတော့ အခြေအနေ တိုးတက်လာတယ် ”
“အဲဆို ငါကြားထားတဲ့အတိုင်းပဲ ” ယွီကျန့်ဟိုင်က သေရည်ခွက်မြောက်ကာ အကုန်သောက်ပစ်လိုက်သည်။ ထို့နောက် သူက ပြုံးကာ “ ရှစ်စွင်းက မင်းကို ကောင်းကင်အဆင့် လက်နက် ခွဲခွာချိတ်ကောက် ပေးထားတယ်ဆို ”
မင်ရှစ်ရင်က အနည်းငယ် အံ့အားသင့်သွားပြီး “တာ့ရှစ်ရှိုးက တကယ်ကို သတင်းစုံတာပဲ ”
“ငါက မိစ္ဆာဝေဟင်မျှော်နန်းက ထွက်လာတာ ကြာပြီဆိုပေမဲ့ စိတ်ထဲအမြဲထည့်ထားပါတယ်”
ယွီကျ့န်ဟိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ အရှင်းဆုံးပြောရရင် ကျွန်တော် တာ့ရှစ်ရှိုးကို မေးကြည့်ချင်တာရှိတယ် ”
“ငါတို့က ညီအစ်ကိုတွေပဲ စိတ်ထဲရှိတာ ထုတ်သာပြောလိုက်။ ဘာမှထိန်ချန်ထားမနေနဲ့ ”
“မိစ္ဆာဝေဟင်မျှော်နန်းမှာ ရှိတုန်းက မိစ္ဆာဝေဟင်မျှော်နန်းက ရွှေရောင်နေ့ရက်တွေ ရှိခဲ့တာလေ။ ဘယ်သူကမှ ပြဿနာ လာမရှာရဲကြဘူး။ အဲဒါကို တာ့ရှစ်ရှိုးက ဘာလို့ ထွက်သွားဖို့ ရွေးချယ်လိုက်တာလဲဆိုတာ သိချင်နေတာ“ မင်ရှစ်ရင်က အလေးအနက် မေးလိုက်သည်။ သူက စီးဝူယာ့ကို မေးကြည့်ဖူးသော်လည်း စီးဝူယာ့က ဝေဝါးဝါး အဖြေသာ ပြန်ပေးခဲ့သည်။
သူ့တာ့ရှစ်ရှိုးက တဲ့တိုးအဖြေပေးလာမလားဆိုတာ ဘယ်သူသိမလဲ။
…
အခန်း(၁၄၅) သေတ္တာကိုဖွင့်ဖို့အတွက် အနီရောင်လက်တစ်ဖက်လိုအပ်
ယွီကျန့်ဟိုင်က သေရည်သုံးခွက်ဆက်တိုက်သောက်လိုက်လေ၏။ အကြိမ်တိုင်းတွင် ကျားတောင်ရိုးဂိုဏ်းသားက သူ့ခွက်ကို ဖြည့်ပေးတော့သည်။
“ငါ မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်မလာခဲ့ရင် ငါသေလောက်တယ်”
မင်ရှင်ရင်နှင့် ကျူးဟုန်ကုန်းက မှင်တက်သွားလေသည်။
“ဒီလောက်ဆိုးတယ်လား”
ယွီကျန့်ဟိုင်က တည်ငြိမ်စွာခေါင်းညိတ်ပြီးနောက်ပြောလိုက်တော့သည်။ “ထားလိုက်တော့။ ဒီအကြောင်းမပြောရအောင်။ လာ သောက်ကြရအောင်”
“...” မင်ရှစ်ရင်က စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် နောက်တစ်ခွက်ကို ရှင်းလိုက်တော့သည်။
“နောက်တစ်ခွက်”
“အမ်း” မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ လူတိုင်းက ယွီကျန့်ဟိုင်သောက်ရတာကို နှစ်သက်မှန်း သိသည်။ သူသည် ကျန်သည့်အရေးကိစ္စများကိုမူ ဂရုစိုက်တာ နည်းပေ၏။ သို့သော်ငြား သေရည်နှင့် ပတ်သက်လာလျှင် သူ၏ နှလုံးသားဆန္ဒအတိုင်းသောက်ပေ၏။
မင်ရှစ်ရင်သည် သေရည်ပြင်းပြင်းခွက်အချို့သောက်ပြီးနောက် စတင်ပြီး မသက်မသာဖြစ်လာ တော့၏။
“တာ့ရှစ်ရှိုး ကျွန်တော်တို့တွေ အတိတ်ကိုလည်း သတိရပြီး၊ သောက်လဲ သောက်ပြီးပြီ။ ဒီသေတ္တာက”
“လောင်စစ် ငါက ဒီသေတ္တာကို ငါ့ဖာသာငါသိမ်းထားချင်တယ်လို့ပြောရင် မင်း ဘာလုပ်မှာလဲ”
” ယွီကျန့်ဟိုင်က သူ၏ သေရည်ခွက်ကို ချပြီး မင်ရှစ်ရင်ကို လေးနက်စွာကြည့်လိုက်လေ၏။
“ကျွန်တော် ရှစ်စွင်းရဲ့အမိန့်ကို မနာခံရဲဘဲမနေနိုင်ဘူး။ သူ့ရဲ့စိတ်ကို တာ့ရှစ်ရှိုး သိသင့်တယ်။ အမိန့်အတိုင်းဆောင်ရွက်နေရုံပဲ။ သေတ္တာနဲ့ ပြန်မလာခဲ့ရင် ရှစ်စွင်းက ကျွန်တော့်ကို အပြစ်ပေးမှာ သေချာတယ်” မင်ရှစ်ရင်က ပြန်ပြောလိုက်၏။
ယွီကျန့်ဟိုင်က ပေါ့ပေါ့ပါးပါး ရယ်မောကာ ပြောလိုက်တော့သည်။
“မင်း အရင်တုန်းက ဒီလိုမျိုးမဟုတ်ဘူး။ ရှစ်တိဝူယာ့က စာထဲမှာ မင်းရဲ့ပြောင်းလဲမှုတွေအကြောင်း ပြောခဲ့တယ်။ မင်းက အခုဆိုပိုပြီး ယဉ်ကျေးမှုရှိလာပြီတဲ့။ သူမှန်နေတဲ့ပုံပဲ”
“လောင်ချီက အတင်းပြောရတာကြိုက်တာကို” မင်ရှစ်ရင်က ရေရွတ်ပြောလိုက်တော့၏။
“သူက မင်းကို ချီးကျူးနေတာ။ မကောင်းပြောတာမဟုတ်ဘူး။ စိတ်ထဲထားဖို့မလိုဘူးလေ”
“ဒါဆိုကောင်းပြီ”
ယွီကျန့်ဟိုင်က လောင်ပါ့ကျူးဟုန်ကုန်းကို တစ်ချက်ကြည့်ပြီးနောက် သူ့အကြည့်က မင်ရှစ်ရင်ဆီ ပြန်ရောက်သွား၏။ ပြီးနောက် သူက “ရှစ်စွင်းက အသက်ကြီးလာပြီ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဂုဏ်သတင်းတွေကလည်း ပပျောက်နေပြီ။ ရှစ်စွင်းက ဒီနှစ်ထိန်းထားကောင်းထိန်းထား နိုင်တယ်ဆိုပေမဲ့ နောက်နှစ်ရော။ ပြီးရင်နောက်နှစ်... ဆယ်နှစ်ကြာပြီးရင်ရော”
“တာ့ရှစ်ရှိုး ဘာကိုဆိုလိုမှန်း သိတယ်။ ရှစ်စွင်းက အသက်ကြီးလာပြီမှန်း ကျွန်တော်သိတယ်။ သူ့အသက်အကန့်အသတ်ကို ကျော်နိုင်မှာမဟုတ်ဘူး၊ ဒီအကြောင်းကို ကျွန်တော်တွေးပြီးသား" မင်ရှစ်ရင်က ပြောလိုက်၏။
“ဒါပေမဲ့ ရှစ်စွင်းက အခု အသက်ရှင်လျက်ရှိနေသေးပြီး ကောင်းကောင်းမွန်မွန်ရှိနေတယ်။ ဖြစ်မလာသေးတဲ့ကိစ္စတွေ အကြောင်း မပြောသင့်ဘူး။ မနက်ဖြန်အတွက် စိုးရိမ်ပူပန်စရာတွေကို မနက်ဖြန်အတွက် ထားလိုက်ရုံပဲ”
“ပြောတာကောင်းတယ်” မင်ရှစ်ရင်၏ပြောသည့်အသံကို ကြားသည့်အချိန်၌ ယွီကျန့်ဟိုင်က လက်ခုပ်တီးလိုက်တော့သည်။
ကျူးဟုန်ကုန်းက ထောက်ခံပေ၏။
“ပြောတာကောင်းတယ် စစ်ရှစ်ရှိုး”
မင်ရှစ်ရင်က ကျူးဟုန်ကုန်းကိုကြည့်ပြီးနောက်အပစ်တင်ပြောဆိုလိုက်တော့သည်။
“စားသာစားစမ်းပါ”
ကျူးဟုန်ကုန်းက ပန်းကန်လုံးနှင့်တူတို့ဖြင့် အလုပ်ဆက်လုပ်တော့သည်။ သူက သူတို့ကို တစ်ချက်ခိုးကြည့်လိုက်၏။
‘ငါရန်စလို့မရတဲ့ ခေါင်းဆောင်ကြီးနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် စကားပြောနေကြတာ။ သူတို့ပြောနေတာကို ငါဘာကြောင့်ဝင်ပါရမှာလဲ’
ယွီကျန့်ဟိုင်က ချီးကျူးပြီးနောက် သူက တည်ကြည်သွားတော့၏။
“လောင်စစ် နောင်ကျ မင်းသွားစရာနေရာမရှိဘူးဆိုရင် ငရဲဂိုဏ်းထဲမှာ နေရာတစ်နေရာ ရှိတယ်ဆိုတာ မင်းသိထားလိုက်”
မင်ရှစ်ရင်က လက်သီးဆုပ်မိုးလျက် ပြောလိုက်တော့သည်။
“တာ့ရှစ်ရှိုးရဲ့ကြင်နာတဲ့ ကမ်းလှမ်းမှု အတွက် ကျေးဇူးတင်ပါတယ်။ ငရဲဂိုဏ်းရဲ့ မဟာကာကွယ်စောင့်ရှောက်သူလေးယောက်က ပွင့်ချပ်ခြောက်လွှာနဲ့အထက် ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားတယ်ဆိုတာတောင် ကျွန်တော်ကြားမိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ဆက်နွယ်မှုကြောင့် တာ့ရှစ်ရှိုးရဲ့ဂိုဏ်းထဲကို ဝင်ခဲ့မယ်ဆိုရင် လူတွေရဲ့ မုန်းတီးမှုကို ရမှာ သေချာတယ်”
“ငရဲဂိုဏ်းထဲမှာ ငါက အာဏာရှိတဲ့လူပဲ” ယွီကျန့်ဟိုင်၏ စကား၌ ယုံကြည်ချက်များပြည့်နေသည်။ မင်ရှစ်ရင် တစ်စုံတစ်ခုထပ်ပြောတော့မှာကို မြင်သည့်အချိန်၌ သူက ဆက်ပြောလေ၏။
“ငါ ကမ်းလှမ်းတာကို ငြင်းဖို့မလောနဲ့။ အနာဂတ်က မသေချာမရေရာဘူး။ သေတာထက် မင်းလွတ်မြောက်ဖို့လမ်းကြောင်းတစ်ခု ချန်ထားတာက ပိုကောင်းတယ်လို့မထင်ဘူးလား”
မင်ရှစ်ရင်က တိတ်သွားလေ၏။ သူက လက်သီးနှစ်ဖက်ကို ဆုပ်မိုးလျက်ပြောလိုက်တော့သည်။ ပြီးနောက် သေရည်ခွက်ကိုမြှောက်ကာ ရှင်းလိုက်တော့၏။
ကျူးဟုန်ကုန်းက အရှက်မရှိမေးလိုက်၏။ “တာ့ရှစ်ရှိုး ကျွန်တော့်ရဲ့ ကျားတောင်ရိုးကိုကော ငရဲဂိုဏ်းထဲမခေါ်ဘူးလား”
ယွီကျန့်ဟိုင်က လက်ဝှေ့ယမ်းပြလျက်ပြောလိုက်တော့သည်။ “မင်းရဲ့ဂိုဏ်းကို ကောင်းကောင်းစီမံ”
“...” ကျူးဟုန်ကုန်းက မထီမဲ့မြင်အကြည့်တစ်ချက်ကို ခံစားမိလိုက်သည်။ အတန်ကြာတိတ်ဆိတ် သွားတော့၏။ ပြီးနောက် မင်ရှစ်ရင်က ခြေထောက်ဖြည်းဖြည်းချင်း ကြွလိုက်တော့သည်။ သူက ယွီကျန့်ဟိုင်ရှေ့၌ လက်သီးနှစ်ဖက်ကိုဆုပ်မိုးလျက်ပြောလိုက်လေ၏။
“ရှစ်စွင်းက သေတ္တာပြန် ယူလာဖို့ ကျွန်တော့်ကို အမိန့်ပေးလိုက်တယ်။ ကျေးဇူးပြုပြီး သေတ္တာပြန်ပေးပါ တာ့ရှစ်ရှိုး”
ကျူးဟုန်ကုန်း၏ တူတစ်စုံက စားပွဲပေါ်ကျသွားလေ၏။
‘စစ်ရှစ်ရှိုး ရှစ်ရှိုးက မထီလေးစား နိုင်လွန်းတယ်။ တာ့ရှစ်ရှိုးကို ဒီလိုလေသံနဲ့ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ’ စိတ်ထဲတွင်မူ သူ့ဖာသာသူတွေးလိုက်၏။ ‘ဆိုးတာပဲ။ တာ့ရှစ်ရှိုးက စိတ်လွတ်သွားရင် ငါ့ရဲ့နေရာလေးကတော့ သွားပြီပဲ’ သူက ယွီကျန့်ဟိုင်ကို မျက်လုံးထောင့်ကနေခိုးကြည့်နေလေ၏။
ယွီကျန့်ဟိုင်က ဒေါသမထွက်သွားပေ။ ထိုအစား တည်ငြိမ်နေပုံပေါ်နေ၏။ သူ့အတွက် သေရည်တစ်ခွက် ထည့်ပြီးနောက် သောက်လိုက်တော့သည်။ ပြီးနောက် သေရည်ခွက်ကိုချကာ ခေါင်းအနည်းငယ်ညိတ်လိုက်၏။ သူက "မင်း သေတ္တာကိုယူသွားလို့ရတယ်။ ပြီးတော့ ရှစ်စွင်းကို ပြောလိုက်။ ယွီကျန့်ဟိုင်ရဲ့ခန္ဓာကိုယ်က တိုက်ကိုးခုနဲ့ ပင်လယ်လေးစင်းထဲမှာရှိတာဆိုပေမဲ့ယွီကျန့်ဟိုင်ရဲ့နှလုံးသားကတော့ မိစ္ဆာဝေဟင်မျှော်နန်းထဲရှိနေတယ်လို့ပြောလိုက်”
မင်ရှစ်ရင်က ပြန်ပြောလိုက်သည်။
“ကျေးဇူးပါ တာ့ရှစ်ရှိုး။ ရှစ်ရှိုးရဲ့စကားကို ကျွန်တော်ပါးပေးပါ့မယ်” ယွီကျန့်ဟိုင်က လက်ဝှေ့ယမ်းလိုက်၏။ ထောင့်ဖက်တွင် ဆန်းကြယ်သောသေတ္တာသည် မင်ရှစ်ရင်ဆီမျောလွင့်လာ၏။ မင်ရှစ်ရင်က ယင်းကို လက်တစ်ဖက်ဖြင့်ဖမ်းလိုက်သည်။ ယင်းက ငှက်မွှေးတစ်ခုသဖွယ်ပေါ့ပါ့းနေပုံပေါ်၏။
“လောင်ပါ့ ငါ မိစ္ဆာဝေဟင်မျှော်နန်းဆီပြန်မှာ။ အချိန်ရရင် မင်းဆီ မကြာခဏ လာလည်မယ်”
“ဟမ်း လာလည်စရာမလိုပါဘူး။ ဒီလောက်အထိ ယဉ်ကျေးပျူငှာနေစရာမလိုပါဘူး။ အချိန်မရွေး ကြိုဆိုပါတယ်” ကျူးဟုန်ကုန်းက ပြောလိုက်၏။
မင်ရှစ်ရင်က ခေါင်းညိတ်လိုက်သည်။ ပြီးနောက်သူက လှည့်ထွက်သွားတော့၏။
“လုံခြုံတဲ့ခရီးစဉ်ဖြစ်ပါစေ စစ်ရှစ်ရှိုး” ကျူးဟုန်ကုန်းကပြောသည်။ မျက်တောင်တစ်ခတ်အတွင်း မင်ရှစ်ရင်ပျောက်ကွယ်သွားလေ၏။
ကျူးဟုန်ကုန်းသည် နဖူးမှချွေးကိုသုတ်ပြီးနောက်ပြောလိုက်တော့သည်။
“တာ့ရှစ်ရှိုး စစ်ရှစ်ရှိုးက ရှစ်ရှိုးကို ဒီလိုပြောတာ ရိုင်းပျတာပဲ။ သူဒီလောက်အထိ အရိုးပေါ်အရေတင် ဖြစ်မနေရင် သူ့ကို ကျွန်တော်ကောင်းကောင်းရိုက်ပစ်မှာ”
“ဟမ်း”
“ဒီလိုအသေးအမွှားကိစ္စတွေအတွက် တာ့ရှစ်ရှိုးဒုက္ခခံစရာမလိုဘူးလေ။ ဒါပေမဲ့ သေတ္တာကတော့ နှမြောစရာပဲ" ကျူးဟုန်ကုန်းကပြောလိုက်လေ၏။
“အဲ့ဒီသေတ္တာက ထူးခြားတဲ့သတ္တုတစ်မျိုးနဲ့လုပ်ထားတာ။ မဟာကာကွယ်စောင့်ရှောက်သူ လေးပါးတောင် အဲဒါကို မဖြိုခွဲနိုင်ဘူး။ အဲ့တာကို ဖွင့်ဖို့နောက်ဆုံးရဲ့သော့က ရှစ်ရှိုးရဲ့လက်ထဲမှာ ရှိနေတယ်။ ငါတို့သေတ္တာကိုသိမ်းထားလည်း အသုံးမဝင်ဘူး”
“တကယ်လား။ သေတ္တာက အဲ့လောက်ထိမာနေရင် အဲ့ဒါကို ကျွန်တော်တို့ လက်နက်အဖြစ်သုံးလို့ရတာပဲ" ကျူးဟုန်ကုန်းက ပြောင်ချော်ချော်ပြောလိုက်လေ၏။
ယွီကျန့်ဟိုင်က ကျူးဟုန်ကုန်းကို ထပ်ကြည့်လိုက်သည်။
“တာ့ တာ့ရှစ်ရှိုး ကျွန်တော်မှားပြောမိတာပါ”
“မဟုတ်ဘူး။ ဒီတစ်ခေါက်မင်းပြောတာ အဓိပ္ပါယ်ရှိတယ်”
“...” ကောင်းကင်အဆင့်လက်နက်ဖြင့်ဖြိုခွဲ၌မရနိုင်သည့် သေတ္တာက ဖျက်ဆီး၍မရနိုင်သော ရတနာတစ်ပါးဖြစ်ပေသည်။
ကျူးဟုန်ကုန်းက သူ့ပေါင်သူဆိတ်လိုက်၏။ သူ့၌နောင်တများပြည့်နေပြီဖြစ်သည်။ အားလုံး၏အာရုံစိုက်မှုက သေတ္တာ၏အကြောင်းအရာသာဖြစ်ပြီး အခြေခံအချက်ကို မေ့သွားသည်။
ထိုစဉ်မင်ရှစ်ရင်က မိစ္ဆာဝေဟင်မျှော်နန်းသို့ပြန်လာ၏။ သူက ခန်းမကျယ်ဆီသို့ ချက်ချင်းရောက်လာ တော့သည်။
“ရှစ်မေ့ ရှစ်စွင်းဘယ်မှာလဲ” မင်ရှစ်ရင်က သေတ္တာကိုသယ်လာလေ၏။
“စစ်ရှစ်ရှိုးပြန်လာပြီပဲ။ ရှစ်စွင်းက ရှစ်ရှိုးစောစောစီးစီး ပြန်လာမယ်လို့မထင်လို့ လျှို့ဝှက်အခန်းထဲ ဝင်သွားပြီ”
မင်ရှစ်ရင်က ခေါင်းညိတ်ပြီးပြောလိုက်သည်။ “ငါ ကံဆိုးတာပဲ။ တာ့ရှစ်ရှိုးနဲ့တွေ့ခဲ့တယ်လေ။ ကံကောင်းချင်တော့ ငါက စိတ်ခိုင်မာပြီးသား။ သူ့ကို ကောင်းကောင်းပြောလိုက်တယ်လေ။ သူမှားမှန်းသိနေတော့ ဘာမှမပြောရဲဘူး။ ပြီးတော့ သေတ္တာပေးလာတာပဲ”
ရှောင်ယွမ်အာက လက်ခုပ်တီးပြီးပြောလိုက်လေ၏။ “စစ်ရှစ်ရှိုးကို ညီမတို့တွေ အမြဲအားကိုးလို့ရနေတာပဲ။ စိတ်ချထားလို့ရနေတာပဲ”
မင်ရှစ်ရင်က ခေါင်းညိတ်လိုက်သည်။ နှစ်ဦးသားက မဟာခန်းမဘေးမှ ဖြတ်သန်းသွားပြီး လျှို့ဝှက်ခန်းဆီသို့ လျှောက်သွားလိုက်၏။
လျှို့ဝှက်ခန်းအပြင်ဖက်သို့ သူတို့ရောက်သည့်အချိန်၌ မင်ရှစ်ရင်က အရိုအသေပေးကာ ပြောလိုက်တော့သည်။ “ရှစ်စွင်း ကျွန်တော်တာဝန်ပြီးမြောက်ခဲ့ကြောင်း သတင်းပို့ပါတယ်။ သေတ္တာနဲ့အတူပြန်လာပါပြီ”
လုကျိုးက မင်ရှစ်ရင်၏အသံကိုကြားလိုက်သည့်အချိန်တွင် မျက်လုံးဖွင့်လိုက်၏။ သူက ကုတင်ပေါ်၌ တင်ပလ္လင်ခွေချိတ်ထိုင်နေပြီး မေးလိုက်တော့၏။ “သေတ္တာရဲ့ အခြေအနေကကော”
“ရှစ်ရှိုးတို့နဲ့ ချီရှစ်တိက ကျွန်တော့်ကို အခက်တွေ့အောင်မလုပ်ခဲ့ဘူး။ သူတို့ရဲ့လက်နက်တွေနဲ့ သေတ္တာကိုဖွင့်ပြီးပြီ။ ကျန်တာက မာယာကျော့ကွင်းပဲ။ ပြီးရင်သေတ္တာပွင့်သွားတော့မှာ။ မင်ရှစ်ရင်က ပြောလိုက်၏။
ဝှီး လျှို့ဝှက်ခန်းတံခါးက ဖြည်းဖြည်းချင်းပွင့်လာလေ၏။ လုကျိုးက လက်နောက်ပစ်ထားသည်။ သူ၏အကြည့်က မင်ရှစ်ရင်လက်ထဲရှိ သေတ္တာဆီသို့ချက်ချင်းရောက်သွားတော့သည်။
မင်ရှစ်ရင်က ကြိတ်ပျော်သွားသည်။ ဒီတစ်ခေါက်ငါက အံ့ဩဖို့ကောင်းတဲ့ တာဝန်တစ်ခုပြီးမြောက်ခဲ့တာ ရှစ်စွင်းက ငါ့ကို ဆုတစ်ချို့မပေးသင့်ဘူးလား။
လုကျိုးက မင်ရှစ်ရင်ကို လျစ်လျူရှုပြီး သေတ္တာကို စစ်ဆေးလိုက်၏။ အမှန်တကယ်ပင် မာယာကျော့ကွင်း၏ပုံသဏ္ဌာန်သာ မပြောင်းလဲသေးတာဖြစ်သည်။ ဒီသေတ္တာထဲကဟာက အသုံးမဝင်တာ မဖြစ်ဖို့မျှော်လင့်ရတာပဲ။ သူ့ဖာသာသူ ရေရွတ်ပြောလိုက်၏။
“သေတ္တာကို ဖွင့်ဖို့အနီရောင်လက်တစ်ဖက်လိုတယ်”
…
အခန်း (၁၄၆) အလဲအလှယ်ကောင်း
‘ အနီရောင်လက်လား ’
မင်ရှစ်ရင်နှင့် ရှောင်ယွမ်အာတို့လည်း နားမလည်နိုင် ဖြစ်သွားကြပြီး အတွေးနက်နေသည့် သူတို့ရှစ်စွင်းဖြစ်သူကို ကြည့်လိုက်ကြသည်။
လုကျိုးက ခေါင်းညိတ်လိုက် ခေါင်းခါလိုက် လုပ်နေသည်။ ခဏတာ စဉ်းစားနေပြီးနောက် သူက ပြောလာသည်။
“ မင်းတို့ ထွက်သွားကြတော့ ”
“ ဟုတ် ရှစ်စွင်း”
“ ဟုတ်ကဲ့ ”
နှစ်ယောက်လုံး နာနာခံခံ ထွက်သွားကြသည်။
လုကျိုးက သူတို့ရှိနေလျှင် သင့်တော်လှသည်ဟု မထင်ပေ။ ပြောရလျှင် သေတ္တာထဲ ဘာပါနေမှန်း မသိရသေးချေ။ အကယ်၍ ထူးခြားအံ့ဖွယ် ဖြစ်နေခဲ့လျှင် သူတို့ မြင်သွားသည့်အခါ နေရခက်လာလိမ့်မည်။ သူက သေတ္တာကို လျှို့ဝှက်ခန်းထဲ ယူဆောင်သွားလိုက်၏။
လျှို့ဝှက်ခန်းအတွင်း
လုကျိုးက လက်အသာဝေ့လိုက်သည့်အခါ သေတ္တာက ကြမ်းပြင်ပေါ် ရောက်လာသည်။ သူက စနစ်ကို တစ်ချက်ကြည့်လိုက်၏။
“မာယာကျော့ကွင်း ”
ယဲ့ထျန်းရှင်း၏ မာယာကျော့ကွင်းသည် သူ့ရှေ့ ပေါ်လာသည်။ ထိုအရာက မှိန်ဖျဖျ တောက်ပနေလေ၏။
သခင်အဖြစ် အသိအမှတ်ပြုထားသော အဆင့်မြင့် လက်နက်တစ်ခုက အသက်သွင်းဖို့ ချီစွမ်းအားမရှိလျှင်ပင် ထူးခြားနေဆဲ ဖြစ်သည်။
လုကျိုးက မာယာကျော့ကွင်းကို သူ့စွမ်းအားဖြင့် ရစ်ပတ်လွမ်းခြုံလိုက်သည်။ ထို့နောက် သေတ္တာမှ မြောင်းရာထဲ ထည့်လိုက်၏။
ကလစ်
တစ်ခုခု ပွင့်သွားသည့် အသံမျိုး ထွက်ပေါ်လာသည်။
သေတ္တာက နှစ်ခြမ်းကွဲသွားပြီး မြောင်းရာတစ်ခု ပေါ်လာသည်။ နှစ်ဖက်လုံးက ဘေးကပ်သွားလေ၏။
“တင် … လျှို့ဝှက်ဆန်းကြယ်သေတ္တာကို အောင်အောင်မြင်မြင် ဖွင့်နိုင်ခဲ့ပါပြီ။ ဆုလာဘ် - ကုသိုလ်ရမှတ် တစ်ထောင် ”
“ရရှိသည့် ပစ္စည်း - ကျိထျန်းတောက်၏ အထွတ်အထိပ် သဏ္ဌာန်ကတ် တစ်ကတ်၊ နိဗာန ခါးစည်း၊ သန့်စင်ရေး အဆောင်သုံးခု၊ ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း ”
လုကျိုးက အံ့အားသင့်သွားမိသည်။ သူ ဒီကို ပြောင်းလာကတည်းက သူ့စိတ်ခံစားချက်များက ထုံထိုင်းလာခဲ့သည်။ သို့သော်လည်း ယခုအခိုက်အတန့် သူ့အနေနှင့် ပျော်ရွှင်မှုကို ခံစားနေရလေသည်။
ကျိထျန်းတောက်ရဲ့ အထွတ်အထိတ် သဏ္ဌာန်ကတ်က နာရီဝက်လောက်ပဲ ခံတယ်ဆိုရင်တောင် ဝှက်ဖဲအကြီးစား ဖြစ်နေတုန်းပဲ …
ဒီလောက်ကံဆိုးလာတာ နောက်ဆုံးတော့ ငါ ချက်ကောင်းထိခဲ့ပြီပဲ
ဤသည်မှာ World of Warcraft ထဲ double Warglaive of Azzinoth ရသည်ထက် ပိုစိတ်လှုပ်ရှားရသည်။ လုကျိုးက သူ့ကိုယ်သူ ဒီဇာတ်ကောင်ထဲ နစ်မျောသွားပြီး ယခင်ဘဝမှ ရရှိခဲ့သည့် အရာများနှင့်ပင် နှိုင်းယှဉ်လိုက်လျှင် ပို၍ စိတ်လှုပ်ရှားစရာကောင်းနေသည်။
လုကျိုးက ကျိထျန်းတောက်၏ အထွတ်အထိပ် သဏ္ဌာန်ကတ်ကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်သည်။ သူ တည်ငြိမ်သွားသည့်အခါ သူ့ဘာသာ ရေရွတ်လိုက်သည်။
င့ါ အမှားကနေ သင်ယူပြီးတော့ ဒါကို လုံးဝ မလိုအပ်လာသရွေ့ မသုံးဘူး
ထို့နောက် သူက တခြားပစ္စည်းများ ပြောင်းကြည့်လိုက်ပြီး “ နိဗာန ခါးစည်းလား”
“ တိမ်မြုပ်နေသော လက်နက် - နိဗာန ခါးစည်း၊ အကြံပြုသည့် ပိုင်ရှင် - စီယွမ်အာ ”
သူက သည်လိုလက်နက်မျိုးကို မမြင်ဖူးပေ။ ထို့ကြောင့် သူက နိဗာနခါးစည်းအကြောင်း မသိချေ။ သို့သော်လည်း သူ့တပည့်အပိုင် ဖြစ်သောကြောင့် သူ့အနေနှင့် သိမ်းထားမနေတော့ပေ။ ဤသည်မှာ အဝတ်စလေးသာ ဖြစ်၍ နည်းနည်းနေရခက်လှသည်။ ယောကျ်ားသားတစ်ယောက်၏ လက်နက်က ပို၍ ခက်ထန်သင့်သည်။ သူက ရှောင်ယွမ်အာအတွက် လက်နက်သီးသန့် စဉ်းစားပေးနေဖို့ မလိုတော၍ ကောင်းလှသည်။
“ သန့်စင်ရေး အဆောင် … သခင်အဖြစ် အသိအမှတ်ပြုပြီးသား မိုး၊ မြေ၊ ဆန်းကြယ်အဆင့်နဲ့ အဝါရောင်အဆင့် လက်နက်တို့ကို ပြန်လည် သန့်စင်နိုင်တယ် ”
လက်နက်သန့်စင်ခြင်းက ကျင့်ကြံရေးလောကတွင် အမြဲတမ်း ခက်ခဲသည့် အလုပ်တစ်ခု ဖြစ်၏။ လက်နက်များအတွက် သတ်ဖြတ်သူများကလည်း သခင်အဖြစ် အသိအမှတ်ပြုပြီးသား လက်နက်များကို ရလာခဲ့လျှင် ပြဿနာများပေသည်။ သခင်အဖြစ် အသိအမှတ်ပြုပြီးသား လက်နက်များတွင် နဂိုမူလပိုင်ရှင်နှင့် လိုက်လျောညီထွေပိုဖြစ်ကြပြီး နောက်ထပ် ကျင့်ကြံသူက ထိုဆက်နွယ်မှုကို ဖြတ်တောက်၍ ဆက်နွယ်မှုအသစ် ဖွဲ့စည်းလိုလျှင် လက်နက်ကို ပြန်လည်သန့်စင်ရသည်။
သန့်စင်ရာ၌ လိုအပ်ချက်တို့မှာ တင်းကျပ်လှပြီး ကျင့်ကြံသူ၏ ချီစွမ်းအားကိုလည်း လိုအပ်လေသည်။ အကြောင်းမှာ လက်နက်ကို ပြန်လည်ပြုပြင်ပြီး လက်နက်သန့်စင်ရာ၌ သီးသန့်အသုံးပြုသည့် စွမ်းအင်ကျောက်တုံးကိုလည်း အသုံးပြုရ၍ ဖြစ်သည်။ စွမ်းအင်ကျောက်တုံးက လက်နက်အရည်အသွေးကို တိုးမြင့်ပေးသောကြောင့် ရှားပါးကာ အဖိုးတန်လှသည်။
“ မဆိုးဘူး ”
လုကျိုးက မင်ရှစ်ရင်တစ်ယောက် ကျန့်ချိုးချီကို သတ်လိုက်ပြီးနောက် ရလာသည့် ကောင်းကင်အဆင့် လက်နက်ဖြစ်သည့် အသက်ဓားသွားကို အမှတ်ရလိုက်သည်။ အကယ်၍ သူ့တွင် သန့်စင်ရေးအဆောင် မရှိပါက အသက်ဓားသွားသည် ဆန်းကြယ်အဆင့်သာ ဖြစ်နေလိမ့်မည်။ အကယ်၍ တဖန်ပြန်လည်သန့်စင်ပြီး သခင်အသစ်ကို အသိအမှတ်ပြုလိုက်လျှင် ကောင်းကင်အဆင့် လက်နက် ဖြစ်လာနိုင်သည်။
“ အသက်ဓားသွား ”
အသက်ဓားသွားသည် လုကျိုးရှေ့ ပေါ်လာလေ၏။ တစ်ချိန်တည်းတွင် သန့်စင်ရေး အဆောင်တစ်ရွက်ကလည်း သူ့လက်ထဲ ပေါ်လာသည်။ သူ့အတွေးတစ်ချက်ဖြင့် သန့်စင်ရေးအဆောင်မှ မီတာဝက်ဝန်းကျင် မှိန်ဖျဖျ အနီရောင်တောက်ပလာသည်။ အသက်ဓားသွားကို ရစ်သိုင်းထားသည့် မီးတောက်များအလား ထင်မှတ်ရ၏။ ဤထူးထူးခြားခြား မီးတောက်များသည် အသက်ဓားသွားကို နီရဲပူကျစ်လာသည့်အထိ လောင်ကျွမ်းပစ်လိုက်၏။
လုကျိုးက နည်းနည်း အံ့ဩမိသွားသည်။ သူက ကျိထျန်းတောက် မှတ်ဉာဏ်ပိုင်ထားသောကြောင့် ဗဟုသုတ ကြွယ်ဝလှသည်။ သို့သော်လည်း သူ့မှတ်ဉာဏ်ထဲ ဒီလိုမျိုး မီးတောက်မျိုးဖြင့် ပြုလုပ်သည့် သန့်စင်ရေးနည်းလမ်းကို တစ်ခါမှ မမြင်ဖူးပေ။
ခြစ် ခြစ် ခြစ် …
အသက်ဓားသွားက အရည်ပျော်ကျတော့မည့်အလား ဖြစ်နေသည်။ သန့်စင်ရေးအဆောင်သည် မီးတောက်များကြားမှ အသက်ဓားသွား၏ ပုံသဏ္ဌာန်ထိန်းထားဖို့ စွမ်းအားတချို့ ထုတ်လွှင့်လာသည်။
လုကျိုးက ဒီဖြစ်စဉ် ဘယ်လောက်ကြာမလဲ သိချင်နေမိ၏။
“ တင် … သန့်စင်ခြင်းလုပ်ငန်း ပြီးမြောက်သွားပါပြီ။ လက်နက် အသက်ဓားသွား ရလာပါပြီ ”
“ ပြီးသွားပြီလား ”
သန့်စင်နှုန်းက လုကျိုး မျှော်လင့်ထားသည်ထက် ပိုနေသည်။ ပုံမှန်အားဖြင့် ကောင်းကင်အဆင့် လက်နက်တစ်ခု သန့်စင်ဖို့ နှစ်တစ်ဝက်မှ ငါးနှစ်တာ အချိန်ယူရလေသည်။ ဤသည်မှာ လိုအပ်သည့် ပစ္စည်းများအားလုံး ပြင်ဆင်ဖို့ အချိန်ကို ထည့်မတွက်ထားသေးပေ။ သို့သော်လည်း သူက သန့်စင်ရေးအဆောင်ဖြင့် လက်နက်တစ်ခု အလွယ်လေး သန့်စင်နိုင်လိုက်သည်။ ဤသည်မှာ သူ့အနေနှင့် အံ့ဩဖို့ လုံလောက်ပေသည်။
အသက်ဓားသွားက လေထဲ မျှောနေဆဲ ဖြစ်သည်။ ယခုအခါ လုံးဝကို အနီအရဲ ဖြစ်နေလေပြီ။ သို့သော်လည်း အေးလာသည်နှင့်အမျှ အနီမျှင်မျှင်လေးသာ ကျန်ရှိတော့သည်။ ကြည့်ရသည်မှာ ရေပုံးထဲ ထည့်စိမ်ဖို့ မလိုလောက်ချေ။
“အခုတော့ ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့ ” လုကျိုးက အမည်မဲ့သည် သူ ကြိုက်သည့် လက်နက်ပုံစံ ပြောင်းနိုင်သောကြောင့် တခြားလက်နက်များကို စိတ်မဝင်စားပေ။ သူက လက်ဝေ့ကာ အသက်ဓားသွားကို ပြန်သိမ်းလိုက်သည်။
လုကျိုးက အဆောင်တစ်ရွက် သုံးလိုက်ပြီဖြစ်၍ နှစ်ခုသာ ကျန်တော့သည်။
လုကျိုးက နောက်ဆုံးဆုလာဘ်ဖြစ်သည့် ရတနာသေတ္တာကို အာရုံစိုက်ထားလိုက်သည်။
“ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း ”
ဤစိတ်ဝိညာဉ်သဏ္ဌာန်က ကုသိုလ်ရမှတ် တစ်သောင်းနှစ်ထောင် ကျသင့်၏။ သို့သော်လည်း သူက လျှို့ဝှက်ဆန်းကြယ်သေတ္တာကို ကုသိုလ်ရမှတ် နှစ်ထောင်ဖြင့် ဝယ်ခဲ့သည်။ ဤသည်မှာ အလဲအလှယ်ကောင်း ဖြစ်၏။
လုကျိုးက ခြောက်သွယ်ပေါင်းစည်းတြိမျဉ်းကို တုံ့ဆိုင်းမနေဘဲ ပြောင်းလဲလိုက်သည်။
ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း စိတ်ဝိညာဉ်သဏ္ဌာန်က ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံဆင့်အတွက် အရေးပါသော အမှတ်အသားတစ်ခု ဖြစ်၏။ ဤသည်မှာ ကျင့်ကြံသူက သူတို့ကျင့်ကြံဆင့်ကို အခြေတည်အောင် လုပ်နိုင်သည့် လက္ခဏာတစ်ခုလည်း ဖြစ်ပေသည်။
ဆိုလိုသည်မှာ လုကျိုးက သူ့ချီစွမ်းအားကို ချီသွေးကြောရှစ်ခုလုံး ဖြတ်စီးဆင်းပြီးပြီ ဖြစ်၏။
လုကျိုး၏ ချီသွေးကြောရှစ်ခုလုံးက ဆက်သွားလေပြီ။ ထို့ကြောင့် ခြောက်သွယ်ပေါင်းစည်းတြိမျဉ်းက စွမ်းအားထုတ်လွှင့်လာသည့်အခါ သူ့ကျင့်ကြံဆင့်ကို သက်ဆိုင်ရာအဆင့်အထိ တိုးမြင့်သွားစေခြင်း ဖြစ်သည်။ ယခင် သူက ဗြဟ္မာပင်လယ် ချီသွေးကြောရှစ်ခု အကြိုအဆင့် ဖြစ်သော်လည်း ယခု သူက ဗြဟ္မာပင်လယ် ချီသွေးကြောရှစ်ခုလုံး ဆက်သွားသည့် တကယ့်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားခဲ့လေပြီ။
…
လုကျိုးက သူ့ကျင့်ကြံဆင့် တိုးမြင့်နေစဉ် မိစ္ဆာဝေဟင်မျှော်နန်း၌ အနှောင့်အယှက်အသေးစားလေး ရှိလာသည်။
ရှောင်ယွမ်အာနှင့် မင်ရှစ်ရင်တို့က လျှို့ဝှက်ခန်းထဲမှ ချီစွမ်းအားကို ခံစားမိကြသည်။
မင်ရှစ်ရင်က ပိုဉာဏ်ရှိသွားလေပြီ။ သူက ခပ်ယဲ့ယဲ့ပြုံးကာ “ ရှောင်ရှစ်မေ့ သွားစစ်နေဖို့ မလိုဘူး။ ရှစ်စွင်းက တခြားဂိုဏ်းက ကျင့်စဉ်တစ်ခုခု စမ်းနေတာ နေမယ်”
ရှောင်ယွမ်အာက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မေးလိုက်သည် “ တခြားဂိုဏ်းက ကျင့်စဉ်လား ”
“ အစပိုင်း တစ်ယောက်ယောက် ချီသွေးကြော ဆက်နေခဲ့တုန်းက ကျူးကျော်သူလို့ ထင်ခဲ့တာ။ ကံကောင်းတာက ငါ့ပြစ်ဒဏ်က ပြန်လည်သုံးသပ်ရေးဂူထဲ အပို့ခံရတာနဲ့ ပြီးသွားလို့ … ရှစ်စွင်းက တခြားဂိုဏ်းက ကျင့်စဉ်တွေကို ကျင့်ကြံနေခဲ့တာ။ ဒါက အလွန်ဆုံး ဗြဟ္မာပင်လယ်နယ်ပယ်အဆင့်ပဲ ရှိဦးမယ် ”
“ အဲလိုလား ” ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်သည်။
“မမေ့နဲ့ဦး။ ကျို့ရှင်းချန်ကို ရှစ်စွင်းရဲ့ ဗုဒ္ဓကျင့်စဉ်နဲ့ အနိုင်ပိုင်းလိုက်တာလေ” မင်ရှစ်ရင်က ပြောလိုက်သည်။
“ ရှစ်ရှိုးပြောတာ ဟုတ်တယ်။ ညီမလည်း သွားလေ့ကျင့်တော့မယ် ” ရှောင်ယွမ်အာက ရံဖန်ရံခါ အပျင်းတစ်နေကြောင်း ခံစားမိသည်။ သူမ၏ ရှစ်စွင်းဖြစ်သူက အသက်အရွယ်ကြီးရင့်နေသော်လည်း ကြိုးစားလေကျင့်နေလေရာ သူမကတော့ အေးအေးဆေးဆေး သက်သက်သာသာ နေနေမိလေသည်။
“ ရှောင်ရှစ်မေ့ … ကျင့်ကြံရေးလမ်းကြောင်းက အရှည်ကြီးပဲ။ မင်း အလျင်စလို မလုပ်သင့်ဘူး။ မင်းက ပါရမီထူးတယ်။ နောင်ကျ မင်းရဲ့ အစ်ကိုတွေ၊ အစ်မတွေက မင်းအကူအညီလိုလာနိုင်တယ်ဆိုတာ ဘယ်သူသိမှာလဲ ”မင်ရှစ်ရင်က စနောက်ကာ ပြောလိုက်သည်။
ရှောင်ယွမ်အာက ထိုချီးကျူးမှုကို ကျေနပ်နေမှန်း သိသာလှသည်။ သို့သော်လည်း သူမ မျက်နှာက အလေးအနက် ဖြစ်လာကာ “ အားလုံးကို ကာကွယ်မပေးပါဘူး ”
သူမစကားအဆုံးတွင် လှည့်ထွက်သွားလေသည်။
မင်ရှစ်ရင်က ခေါင်းကုတ်ကာ သူ့ဘာသာ စဉ်းစားလိုက်၏။ သူက ရှစ်မေ့ကို နည်းနည်းစနောက်လိုက်ပြီး ရန်စဖို့ မရည်ရွယ်ထားပေ။
သူမက ဒီလိုဘာလို့ ဖြစ်သွားရတာလဲ …
ထိုစဉ် ကျောင်းယွဲ့က ခန်းမကျယ်ထဲ မြန်မြန် ဝင်လာသည်။
“ စစ်ရှစ်ရှိုး … ဒီထန်းကျီမြို့ထဲ အနှောင့်အယှက်ရှိပုံပဲ။ တစ်ယောက်ယောက်က ကျွန်မတို့ကို ရန်စဖို့ လုပ်နေတယ် ”
...
အခန်း (၁၄၇) လျစ်လျူရှုထားသောရတနာ
“တစ်ယောက်ယောက်က ငါတို့ကို ရန်စနေတာလား” မင်ရှစ်ရင်က ဇဝေဇဝါဖြစ်သွားသည်။
“ဒီအကြောင်းကို မင်း ဘယ်လိုသိတာလဲ”
ထန်းကျီမြို့သည် မိစ္ဆာဝေဟင်မျှော်နန်းနားတွင် တည်ရှိသော်ငြား နှစ်နေရာကြား၌ အတော်လှမ်းနေသေး၏။
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် အကြောင်းအရင်းမရှိဘဲ ရွှေနန်းဥယျာဉ်တောင်မှ ထွက်ခွာခြင်း မပြုကြချေ။ သူတို့၏ ရှစ်စွင်းက အပြင်လောကအကြောင်း သတင်းလိုချင်သည့်အချိန်၌ ထန်းကျီမြို့၏ နားနေစခန်းဆီသို့ ရှောင်ယွမ်အာကို ပို့လေ့ရှိသည်။ ရှောင်ယွမ်အာက နောက်ပိုင်းတွင် မထွက်ဖြစ်တော့ပေ။ ကျောင်းယွဲ့သည်လည်း ဒဏ်ရာကို ကုသနေပြီး နောက်ပိုင်း၌ သူမ၏ကျင့်စဉ်ကို ပြန်လည်တည်ဆောက်နေသောကြောင့် ကျောင်းယွဲ့ကို ထည့်တွက်ရန်မလိုချေ။
“ညီမကို တစ်ယောက်ယောက်က သတင်းပေးတာ”
“ဘယ်သူလဲ”
“သေမျိုးတစ်ယောက်ပဲ။ ဒါပေမဲ့ သူ့ကို တစ်ယောက်ယောက်က လွှတ်လိုက်တာလို့ထင်တယ်။ ဒီအရေးကိစ္စကို အသွင်ယူစစ်ဆေးဖို့အတွက် ထန်းကျီမြို့ဆီ တပည့်မလေးတွေကို စေလွှတ်ခဲ့တယ်။ ထန်းကျီမြို့မှာ တစ်ခုခုလွဲချော်နေပြီဆိုတာကို သူတို့ အတည်ပြုပေးလိုက်တာ”
ကျောင်းယွဲ့က မပြောခင် ရပ်တန့်လိုက်လေ၏။
“ထန်းကျီမြို့နားမှာ စစ်သားသုံးထောင် စခန်းချ နေတယ်။ ဒါပေမဲ့ ဘာကိုမှ စိုးရိမ်စရာမလိုဘူး။ အဲ့ဒါထက် ထန်းကျီမြို့နားတစ်ဝိုက်မှာ ဝတ်ရုံနီကျင့်ကြံသူ သုံးဆယ်ကျော်ရှိနေတာပဲ”
မင်ရှစ်ရင်က အနည်းငယ်ဆွံ့အသွားလေ၏။
“ငါသာ ပိုကောင်းကောင်းမသိထားရင် မင်း ပျောက်ဆုံးသွားတဲ့ ဝိညာဉ်တွေနဲ့ နာနာဘာဝတွေအကြောင်းပြောတာလို့ ငါ ထင်မိမှာ”
“အမ်း စစ်ရှစ်ရှိး ဒါက အဓိကအချက်မဟုတ်ဘူးလေ”
“ဆက်ပြော”
“အဲဒီ ဝတ်ရုံနီကျင့်ကြံသူအဖွဲ့က နတ်ဆရာဆယ်ပါးရဲ့ မျိုးဆက်လို့ ညီမ သံသယဖြစ်မိတယ်။ သူတို့ထဲက နှစ်ယောက်က ဟိုတစ်ရက်ကပဲ ဒီကိုလာသွားတာလေ” ကျောင်းယွဲ့က ပြော၏။
မင်ရှစ်ရင်၏ မျက်နှာထက်တွင် အထင်အမြင်သေးသည့် အမူအရာပေါ်လာလေ၏။ “ဘာတွေဇာချဲ့ နေတာလဲ။ ရှစ်စွင်းက သူတို့ကို ခက်ခဲအောင်တောင်မလုပ်ခဲ့ဘူး”
“ပြောရရင် သူတို့က နန်းတော်ကပဲလေ။ သူတို့က အရိပ်သခင်တွေ။ အပေါ်ယံမှာတော့ မိစ္ဆာဝေဟင် မျှော်နန်းရဲ့အင်အားကို ကြောက်သယောင်ယောင်ပြပေမဲ့ နောက်ကွယ်မှာအကောက်ကြံနေတာ ဖြစ်နိုင်တယ်” ကျောင်းယွဲ့က ပြော၏။
မင်ရှစ်ရင်က ခေါင်းညိတ်လိုက်သည်။ သူက ကျောင်းယွဲ့ကို အတန်ငယ်လေ့လာပြီးနောက် ပြောလိုက်တော့သည်။
“အင်း ဒီကိစ္စ ငါ့ကို လွှဲထားလိုက်”
“ကျေးဇူးပါ စစ်ရှစ်ရှိုး”
“မင်းရဲ့အခြေအနေကော ဘယ်လိုလဲ” မင်ရှစ်ရင်က “ညီမ တစ်ဝက်လောက်တော့ပြန်ကောင်းနေပြီ။ ညီမရဲ့ ပြောင်မြောက်ခြင်း ကျောက်စိမ်းကျင့်စဉ်က သဘာဝအတိုင်းကုသနိုင်တဲ့ အားသာချက် ရှိတယ်။ ရှစ်စွင်းက ကျင့်စဉ်ကို ပြီးပြည့်စုံအောင်လုပ်ပေးလိုက်တဲ့အချိန် ကျင့်ကြံဆင့်မှာ အတော်လေး ကူညီပေးရာရောက်သွားတာ” ကျောင်းယွဲ့က ပြန်ပြောသည်။
“ဒါ ကောင်းတာပဲ” မင်ရှစ်ရင်က ခေါင်းညိတ်လိုက်သည်။
ဝှစ်
လျှို့ဝှက်ခန်းဖက်ဆီမှ ရွေ့လျားသည့် အသံတစ်သံပေါ်ထွက်လာ၏။
လုကျိုးက ထွက်လာလေ၏။ စင်္ကြန်ကိုဖြတ်ကျော်လာပြီးနောက် လက်နောက်ပစ်လျက် ခန်းမကျယ်ဆီသို့ရောက်လာတော့သည်။
“ရှစ်စွင်းကို နှုတ်ဆက်ပါတယ်”
“ရှစ်စွင်းကို နှုတ်ဆက်ပါတယ်”
လုကျိုးက သူတို့နှစ်ယောက်ကိုကြည့်လိုက်လေ၏။
သေတ္တာကို ဖွင့်ပြီးသည့်နောက် မင်ရှစ်ရင်၏သစ္စာရှိမှု၌ အတက်အကျမရှိပေ။ ယင်းက လုကျိုးကို အနည်းငယ်အံ့ဩသွားစေ၏။ စီးဝူယာ့နှင့် ယွီကျန့်ဟိုင်တို့က တစ်ပါးသူကို အောင်နိုင်နေကြဖြစ်၏။ ထိုသို့တိုင် မင်ရှစ်ရင်က မယိမ်းယိုင်ခဲ့ပေ။ ဆိုလိုသည်က လုကျိုး၏အမျိုးမျိုးသောအပြုအမူများက သူတို့၏အစိတ်အပိုင်းအလိုက် ပါဝင်နေတာပဲဖြစ်သည်။
ကျောင်းယွဲ့၏ သစ္စာရှိမှုက အများအပြားတိုးလာလေ၏။ ခုနစ်ဆယ်ရာခိုင်းနှုန်းမရောက်သေး သော်ငြား တိုးလာတာသိသာသည်။
လုကျိုးကပြောလိုက်၏။ “မင်းတို့ပြောတာကြားတယ်”
မင်ရှစ်ရင်က အရိုအသေပေးပြီးပြောလိုက်၏။ “ရှစ်စွင်း အဲ့ဒီလူတွေက သိက္ခာမရှိကြဘူး။ သူတို့က အပေါ်ယံမှာတော့ မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ငြိမ်းချမ်းချင်တယ်ဆိုပြီးတော့ပြောနေတယ်။ ဒါပေမဲ့ သူတို့က အမှောင်ထဲမှာတော့ ကျွန်တော်တို့ကို အကောက်ကြံနေတာ။ တောင်အောက်ဆင်းပြီး သူတို့ကို သင်ခန်းစာပေးချင်တယ်”
လုကျိုးက ခေါင်းခါပြီးပြောလိုက်လေ၏။
“ဒီလောက်ရိုးရှင်းမယ်လို့မထင်ဘူး။ မော့လီက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ခွန်အားကို သိတယ်ဆိုတော့ ပြင်ဆင်ပြီးသား ဖြစ်မှာပဲ”
“ဘာကိုဆိုလိုတာလဲ ရှစ်စွင်း”
“နတ်ဆရာဆယ်ပါးက အစီအရင်ပညာရှင်တွေပဲ။ ဝူရှန်းနဲ့ဝူကွမ်းတို့က သူတို့ရဲ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ သူတို့က ပွင့်ချပ်လေးလွှာအောက် အားမလျော့ဘူးဆိုတာ ငါ သိတယ်”
မင်ရှစ်ရင်နှင့်ကျောင်းယွဲ့က ထိုစကားကိုကြားသည့်အခါ မှင်သက်သွား၏။
ကျင့်ကြံခြင်းလောကထဲ၌ အဆင့်နိမ့်သည့် ကျင့်ကြံသူများစွာရှိသည်။ ဗြဟ္မာ့ပင်လယ်နယ်ပယ်သို့ ဝင်ရောက်ပြီးလေထဲပျံသန်းနိုင်သည်နှင့် စတင်ကာစ ကျင့်ကြံသူအသစ်ဟူ၍ သတ်မှတ်၍ရတာဖြစ် သည်။ ကျင့်ကြံသူတစ်ဦးသည် နတ်ဒေဝါဦးတည်နယ်ပယ်သို့ ဝင်သည့်အချိန်၌ အသေးအမွှား အောင်မြင်မှုတစ်ခုရရှိသည်ဟု သတ်မှတ်နိုင်သည်။ ကျင့်ကြံသူတစ်ဦးက နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်ထဲသို့ ဝင်ရောက်မှသာ ပညာရှင်တစ်ဦးအဖြစ်သတ်မှတ်၍ ရပြီး ကျင့်ကြံခြင်းလောကထဲတွင် သူ၏အမည်ကို တည်ဆောက်နိုင်မှာပဲဖြစ်သည်။
ပွင့်ချပ်တစ်လွှာနှင့် ပွင့်ချပ်သုံးလွှာကြား ခွန်အားကွာခြားချက်က ထိုမျှမကြီးမားပေ။ သို့သော် ပွင့်ချပ်လေးလွှာနှင့်အထက်ကမူ ပွင့်ချပ်တစ်လွှာထပ်တိုးပိုလာခြင်းက စွမ်းအင်အစများစွာ ခုန်တက်လာခြင်းကို ဆိုလိုပေ၏။
ဝူရှန်းနှင့်ဝူကွမ်းက သာမန်ပုံသာပေါ်သော်ငြား သူတို့အဖို့အံ့ဩသင့်သွားသေးရာ သူတို့သည် ပွင့်ချပ်လေးလွှာကျင့်ကြံဆင့်ရှိနေကြ၏။
“ရှစ်စွင်း ကျွန်တော်တို့ရှေ့မှောက်မှာပဲ သူတို့စိတ်ကြိုက်လုပ်ခွင့်ပေးထားရမယ်လို့ ပြောတာလား” မင်ရှစ်ရင်က မေးလိုက်၏။
လုကျိုးက ခေါင်းခါလိုက်သည်။ အထွတ်အထိပ်သဏ္ဌာန်ကတ်က အင်မတန် တန်ဖိုးကြီးမနေခဲ့လျှင် သူက ကတ်ကိုသုံးပြီးသူ့လက်ဖြင့် သူတို့အားလုံးကို ခြေမှုန်းပစ်မှာပဲဖြစ်သည်။ သူက စဉ်းစားနေပြီးနောက် ပြောလိုက်၏။
“ငါတို့ရဲ့ ရထားလုံးပျံဘယ်မှာလဲ”
မင်ရှစ်ရင်က ပြောသည်။ “တိမ်ခွင်းရထားလုံးပျံကို မြောက်ပိုင်းမျှော်နန်းမှာ ထား ထားပါတယ်။ အသုံးမပြုဖြစ်တာတော်တော်ကြာနေပြီ” သူက ခဏတာစဉ်းစားပြီးနောက် ပြောလိုက်လေ၏။
“ရှစ်စွင်း ရှစ်စွင်းမှာ စီးတော်ယာဉ်ရှိတယ်မလား။ ရထားလုံးပျံကို စီးတာက ရှစ်စွင်းရဲ့အဆင့်အတန်းနဲ့ မကိုက်ညီဘူး”
“ငါ့ရဲ့ စီးတော်ယာဉ်က လူများများ မခေါ်သွားနိုင်ဘူး။ သူတို့က အခင်းဖြစ်ချင်တယ်ဆိုမှတော့ လူတချို့ခေါ်ပြီးသူတို့နဲ့ ဆော့ကစားပေးရတာပေါ့”
လုကျိုး၏စကားကို ကြားသည့်အချိန်တွင် မင်ရှစ်ရင်၏စိတ်ထဲ၌ အတွေးတစ်ချက်ပေါ်လာ၏။ ရှစ်စွင်းက လူသတ်ပွဲကြီးကျင်းပဖို့အတွက် သူ့တပည့်တွေကို ခေါ်သွားတော့မယ်။ ငါတို့ ဒါမျိုးမလုပ်ခဲ့တာ တော်တော်တောင်ကြာသွားပြီ။ တွေးရုံနဲ့ ကြက်သီးထနေပြီကွ။
မင်ရှစ်ရင်က အမြန်အရိုအသေပေးပြီးပြောလိုက်လေ၏။
“ရှစ်စွင်း ကျွန်တော်တစ်ခါတည်း ရထားလုံးပျံကို သန့်ရှင်းရေးသွားလုပ်လိုက်မယ်။ အချိန်မီ အသင့်ဖြစ်စေရမယ်”
“ကောင်းပြီသွား”
မင်ရှစ်ရင်က စိတ်လှုပ်ရှားစွာ ပြေးထွက်သွား၏။ လုကျိုးက ကျောင်းယွဲ့ကို ကြည့်လိုက်သည်။ သူမသည် မျှော်နန်းသို့ စောစောစီးစီး ဝင်လာခဲ့တာဖြစ်၏။ သို့သော် သူမ၏ကျင့်ကြံဆင့်က ယဲ့ထျန်းရှင်း၏ ကျင့်ကြံဆင့်ထက်တစ်ဆင့်နိမ့်နေသည်။ သူမက နတ်ဒေဝါဦးတည်နယ်ပယ်အထွတ် အထိပ်တွင်သာရှိသေး၏။
ပြောင်မြောက်ခြင်းကျောက်စိမ်းကျင့်စဉ်ထဲရှိ ချွတ်ယွင်းချက်များက သူမကို ထိခိုက်စေတာ သိသာ၏။ သူမ၏ အသုံးပြုနိုင်သည့်လက်နက်က မရှိချေ။ သူမ သူ့ကိုဘာမှကူညီနိုင်မှာမဟုတ်။ ထိုအကြောင်းကို တွေးနေအချိန်၌ ကျောင်းယွဲ့နှင့် ရှောင်ယွမ်အာတို့နှစ်ယောက်လုံး လက်နက်တစ်ခုလိုအပ်ကြောင်း သူသဘောပေါက်သွားသည်။
ထိုသို့ပြောနေစဉ် သူက ရှောင်ယွမ်အာမှာ နိဗာနခါးစည်းရှိတယ်။ ကျောင်းယွဲ့ကို ဘယ်လက်နက်ပေးသင့်လဲ၊ အသက်ဓားသွားလား လုကျိုးက သူ့စိတ်ထဲ၌ အသက်ဓားသွားကို ပုံဖော်လိုက်၏။ ဓားက ကြီးပြီးလေးလံတယ်။ နုနုနယ်နယ်မိန်းမပျိုလေးတစ်ယောက်က အမြင်ဆိုးနေမှာပဲ”
လုကျိုးက မေးလိုက်၏။
“မင်းရဲ့ထူးချွန်ကျင့်စဉ်က ဘယ်လိုလဲ”
“ရှစ်စွင်း မေးခွန်းကို အကြောင်းပြန်ပါတယ်။ တပည့်အတော်လေးတိုးတက်လာပါပြီ။ ရှစ်စွင်းက တပည့်ရဲ့ကျင့်စဉ်ကို ပြီးပြည့်စုံအောင်လုပ်ပေးချိန်ကစပြီး ကျင့်ကြံဆင့် တိုးတက်လာပါတယ်။ ရှစ်စွင်းကို စိတ်မပျက်စေရပါဘူး” ကျောင်းယွဲ့က စိတ်အားထက်သန်စွာပြောလိုက်လေ၏။
လုကျိုးက ခေါင်းညိတ်ကာပြောလိုက်တော့သည်။
“အာ... မင်းက ထူးချွန်ကျောက်စိမ်း ကျင့်စဉ်ကို ကျင့်ကြံနေတာပဲ။ အခုချိန်မှာ မင်းအတွက် သင့်တော်တဲ့လက်နက် မရှိသေးဘူး”
ကျောင်းယွဲ့က ဒူးထောက်ပြီးနောက် ခေါင်းငုံ့ထားလိုက်သည်။
“တပည့်မှာ ရှိတာနဲ့ပဲ တင်းတိမ်ပါတယ်။ တပည့်ဘာကိုမှ ထပ်မတောင်းဆိုပါဘူး။ လက်နက်တစ်ခု ချီးမြှင့်ဖို့ မတောင်းဆိုပါဘူး”
လုကျိုးက သူမ၏ သစ္စာရှိမှု နှစ်ရာခိုင်နှုန်းတက်လာကြောင်း သတိပြုမိလိုက်သည်။ သူလက်တန်း ပြောဆိုလိုက်ခြင်းက ထိုသို့ဖြစ်လာသောကြောင့် အံ့ဩသွား၏။ ထိုအချက်ကြောင့် ကျိထျန်းတောက် သည် ယခင်က သူ့တပည့်များကို မည်မျှကြမ်းတမ်းကြောင်းမြင်နိုင်ပေ၏။ နောက်ဆုံးတွင် သူက လက်ဝှေ့ယမ်းကာ ပြောလိုက်တော့သည်။
“မင်းထွက်သွားတော့”
“ဟုတ်ကဲ့ ရှစ်စွင်း” ကျောင်းယွဲ့က ထရပ်ပြီး မိစ္ဆာမျှော်နန်းထဲမှ ထွက်သွားသည်။
လုကျိုးက လက်နက်အကြောင်းစဉ်းစားနေသေးဆဲဖြစ်၏။ သေတ္တာလား
လျှို့ဝှက်ခန်းထဲပြန်သွားပြီးနောက် ပွင့်နေသော သေတ္တာကိုကြည့်လိုက်သည်။
“ဒီသေတ္တာက အမည်မဲ့ဆီက ထိုးနှက်ချက်တစ်ချက်ကို ခံနိုင်ရည်ရှိတယ်။ သေချာပေါက် သာမန်မဟုတ်လောက်ဘူး” လုကျိုးက စိတ်ထဲအတွေးများပေါ်လာ၏။
စီးဝူယာ့၊ ယွီရှန်းရုန်၊ ယွီကျန့်ဟိုင်တို့က သေတ္တာထဲမှာဘာရှိလဲမြင်ချင်ကြမှာပဲ။ သူတို့လာကြည့်နိုင်မှာ မဟုတ်ဘူး။
လုကျိုးက သေတ္တာ၏ခြောက်ဖက်လုံး၌ မြောင်းရာကို သတိပြုမိလိုက်၏။ ဘယ်ဖက်တွင် သုံးခု၊ ညာဖက်တွင်သုံးခုရှိသည်။
လုကျိုးက ဝှေ့ယမ်းလိုက်လေ၏။
ခွပ် ခွပ် ခွပ်
ဘယ်ဖက်ရှိမြောင်းရာများဆက်သွားပြီး ထူးဆန်းသည့်ပုံသဏ္ဌာန်အဖြစ်ဆက်သွားတော့သည်။ သူ၏ လက်ကိုဝှေ့ယမ်းလိုက်ပြန်၏။ ညာဖက်ခြမ်းရှိ မြောင်းရာများကလည်းဆက်သွားတော့၏။ သူတို့က ပုံစံပြောင်းပြီးနောက် ဘယ်ဖက်ခြမ်းရှိ မြောင်းကဲ့သို့ဖြစ်သွားတော့သည်။
“ဒါဘာလဲ” လုကျိုးက ယင်းကို မသိပေ။ လက်နက်ဆယ့်ရှစ်မျိုးထဲတွင် ထိုကဲ့သို့အသွင်သဏ္ဌာန် ရှိပုံမပေါ်။ သူက လုံးဝိုင်းသည်လည်းမဟုတ်။ စတုရန်းလည်းမကျ။ ထောင့်မမှန်ပုံစံသာရှိသည်။
“တင်း လက်နက်ပြန်ပြင်ပြီးပါပြီ။ မျက်ရည်စွန်းထင်းသေတ္တာ။ ပြောင်းလဲနိုင်သောပုံစံ လက်ဝှေ့အိတ်”
သေတ္တာက တကယ်လက်နက်ပဲ။
အနီးကပ်ကြည့်မိလိုက်ရာ လုကျိုးက အတွင်းရှိ ပစ္စည်းနှစ်မျိုးကို သတိပြုမိလိုက်သည်။ အမှန်တကယ်ပင် လက်ဝှေ့အိတ်နှင့် ဆင်တူ၏။ လက်ဝှေ့အိတ်တစ်စုံက ကောင်းကင်အဆင့်လက်နက်များထံမှ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်။ ယင်းက ကောင်းကင်အဆင့်လက်နက်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ အစတည်းက သူ လျစ်လျူရှုထားမိသော သေတ္တာသည် အစတည်းက ရတနာဖြစ်ပုံပေါ်၏။
…
အခန်း (၁၄၈) တိမ်ခွင်းရထားလုံး
သို့သော်လည်း လုကျိုးက ပိုင်ရှင်အဖြစ် မှတ်ယူထားသည့် ထောက်ခံမှုမျိုး မမြင်မိပေ။ သူ ယခင် ရထားသည့် လက်နက်များက သက်ဆိုင်ရာ ပိုင်ရှင်ရှိသော်လည်း သည်သေတ္တာကမူ မရှိပေ။
ဒါက ကျောင်းယွဲ့ကို အကြံမပြုသင့်ဘူးလား ..
လုကျိုးစိတ်ထဲ ကျောင်းယွဲ့က သံတူ ကိုင်ထားသည့် ပုံရိပ်ကို မြင်ယောင်ကြည့်မိသည်။
အာ … သဘာဝမဆန်ဘူးပဲ … ဒီလိုဆိုမှတော့ ဒီရတနာက အသက်ဓားသွားထက် အဆင့်မနိမ့်မှန်း သိသာတယ်။
လုကျိုးက လက်နက်ကို ပြန်သိမ်းလိုက်ပြီးနောက် လျှို့ဝှက်ခန်းမှ ထွက်လာလိုက်သည်။ သူ ခန်းမကျယ်ထဲ ရောက်လာသည့်အခါ ရှောင်ယွမ်အာနှင့် ကျောင်းယွဲ့ ရောက်နေကြောင်း သတိပြုမိလိုက်၏။
ကျောင်းယွဲ့က ပြန်မကျင့်ကြံဘူးလား …
ကျောင်းယွဲ့က ရှစ်စွင်းဖြစ်သူ ထွက်လာသည်ကို မြင်လိုက်သည့်အခါ ဦးညွတ်လိုက်ပြီး “ရှစ်စွင်းကို ဂါရဝပြုပါတယ် ”
“ ဘာကိစ္စရှိလို့လဲ ”
“ ချီရှစ်တိက မိစ္ဆာဘုရားကျောင်းရဲ့ ကျောင်းထိုင် ရန်ပုဖင်းလည်း ထန်းကျီမြို့ထဲ ရောက်နေတယ်ဆိုပြီး သတင်းပို့လာတယ်။ ပြီးတော့ … ”
“ ဆက်ပြော ”
“ပြီးတော့ နတ်ဆရာဆယ်ပါးရဲ့ မျိုးဆက်က အစီအရင် ခင်းနေကြတယ်တဲ့။ သူတို့က ရွှေနန်းဥယျာဉ်တောင်ရဲ့ အကာအကွယ်ကို ဖျက်ဆီးဖို့ ကြံနေကြတယ် ” ကျောင်းယွဲ့က ပြောလိုက်သည်။
လုကျိုးက စိတ်ထဲ အနည်းငယ် အံ့အားသင့်မိသွားသော်လည်း သူ့အမူအရာက မပြောင်းလဲပေ။ သူက ပြောလိုက်၏။
“ လောင်ချီရဲ့ သတင်းက ယုံရရဲ့လား”
ရှောင်ယွမ်အာက စိတ်ညစ်စွာ ပြောလိုက်သည်။
“ချီရှစ်ရှိုး တစ်ယောက်တည်း ပို့လိုက်တာ မဟုတ်ဘူး။ ကျန်းအိုက်ကျန့်လည်း ပို့ထားသေးတယ်။ ရှစ်စွင်း ဒီမှာကြည့်ပါဦး။ သူတို့က ငြိမ်းချမ်းရေးအတွက်ဆိုပြီး အယောင်ဆောင်နေပြီးတော့ တကယ်တမ်းကျ တပည့်တို့ကို အကွက်ချနေတာပဲ။ တပည့်တို့ ဟိုနေ့က သူတို့ကို ရှစ်ပိုင်းလောက် ပိုင်းပစ်ခဲ့သင့်တာ”
သူမက ကျန်းအိုက်ကျန့်စာကို ထုတ်လိုက်ရင်း ကျိန်ဆဲလိုက်သည်။
စီးဝူယာ့နှင့် ကျန်းအိုက်ကျန့်တို့ နှစ်ယောက်လုံးက တူညီသော ကိစ္စကို တစ်ပြိုင်နက် အကြောင်းကြားလာသည်။ လုကျိုးက မုတ်ဆိတ်အသာသပ်ကာ စဉ်းစားလိုက်၏။ အားလုံးက ရွှေနန်းဥယျာဉ်တောင်၏ အကာအရံသည် မည်မျှအားကောင်းကြောင်း သိထားကြလေသည်။ အဆင့်မြင့် ကျင့်ကြံသူဆယ်ယောက် ကျူးကျော်ခဲ့စဉ်အခါက အကာအရံနှင့် တွေ့သည့်အခါ အချိန်အတော်ကြာ ကူကယ်ရာမဲ့ဖြစ်ခဲ့ရသည်။ သို့သော်လည်း အကယ်၍ သူတို့သာ အားကောင်းသည့် အစီအရင်နှင့် ဖျက်ဆီးမည်ဆိုလျှင် ကိစ္စတစ်ခု ဖြစ်သွားလေပြီ။
ထို့အပြင် အစီအရင်ကို နတ်ဆရာဆယ်ပါး၏ မျိုးဆက်များကိုယ်တိုင် ခင်းကျင်းနေခြင်း ဖြစ်ပြီး စုန်းအတတ် ကျွမ်းကျင်သူ မော့လီလည်း ပါရှိသေး၏။ သူတို့ကျွမ်းကျင်မှုအရ တောင်အကာအရံကို မည်သူမှမသိခင် ဖျက်ဆီးဖို့ ပြဿနာမဟုတ်ပေ။
လုကျိုးက ဒီကိစ္စကို သေချာစဉ်းစားနေသည်။
သူက သူတို့ကို ဘယ်လိုအကြောင်းပြချက်နဲ့ ရင်ဆိုင်လိုက်ရမလဲ ။
သူက အကာအရံ ဖြိုပြီးသည့်အထိ စောင့်နေ၍ မဖြစ်ပေ။ သူက ခေါင်းခါလိုက်ပြီး ‘ မဟုတ်သေးဘူး။ ငါတို့က မိစ္ဆာဝေဟင်မျှော်နန်းကလေ။ ငါတို့ ဘာလုပ်လုပ် အကျိုးအကြောင်းသင့်ဖို့ လိုလို့လား ’
လုကျိုးက ပြောလိုက်သည်။
“ မင်ရှစ်ရင်ကို မြန်မြန်လာခဲ့ဖို့ ပြောလိုက်။ ဖန်းရှုဝမ်နဲ့ အမှောင်စစ်သည်တော်တွေကိုရော ခေါ်ခဲ့ ”
‘ ဒီလိုဆိုမှတော့ ငါတို့ အရင်သွားတိုက်လိုက်တာပေါ့ ’
“ဟုတ် ရှစ်စွင်း ”
………..
မိစ္ဆာဝေဟင်မျှော်နန်း၏ မြောက်ဘက်မျှော်နန်းအတွင်း …
မင်ရှစ်ရင်က အမျိုးသမီး တပည့်များစွာကို ဦးဆောင်၍ ရထားလုံးပျံကို သန့်ရှင်းရေးလုပ်နေသည်။
ဤသည်မှာ မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးမားဆုံး ရထားလုံးပျံဖြစ်သည့် တိမ်ခွင်းရထားလုံး ဖြစ်၏။ ဘဲဥပုံသဏ္ဍာန်ဖြစ်ပြီး အပေါ်ပိုင်းတွင် ပြေပြစ်သွက်လက်သည့် ပုံစံမျိုး ဖြစ်သည်။ ရှားပါးသည့် ပစ္စည်းများစွာဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်ပြီး ရထားလုံးက ပေတစ်ရာကျော် ရှည်ပြီး ပေသုံးရာကျယ်ဝန်းပေသည်။ ထို့အပြင် အပြင်ဘက်တွင် ရှုပ်ထွေးကာ ခမ်းနားသည့် သင်္ကေတများစွာဖြင့် ဖုံးလွှမ်းထားလေသည်။
အရောင်က အနည်းငယ် မှိုင်းပြီး ကြည့်လိုက်လျှင် သာမန်ဟု ထင်မှတ်ရစေသည်။ သို့သော်လည်း အနီးကပ်ကြည့်လိုက်ပါက သင်္ကေတများနှင့် တည်ဆောက်ပုံတို့က စနစ်တကျ စီစဉ်ထားသည်ကို တွေ့မြင်နိုင်သည်။ ချီစွမ်းအား ထည့်သွင်းလိုက်သည့်အခါ အံ့လောက်ဖွယ် သက်ရောက်မှုမျိုး ထုတ်ပေးလိမ့်မည်။ ရထားလုံးပျံက ညကောင်းကင်ယံထက် ပျံသန်းလာသည့်အခါ ကြယ်တာရာတစ်စင်းနှင့် တူနေလိမ့်မည်။
ရထားလုံးပျံ အငယ်လေးများကို သားရဲများဖြင့် ဆွဲနိုင်သော်လည်း လူဦးရေအကန့်အသတ် ရှိလေသည်။ သည်လိုမျိုး ရထားလုံးပျံကြီးက အိမ်တစ်လုံး ရွေ့လျားလာသည်နှင့် ပိုတူသည်။
မင်ရှစ်ရင်က အနီးအနားတွင် ရပ်ကာ လက်နောက်ပစ်လျက် စစ်ဆေးနေသည်။ သူက မေးထောက်ပြီးနောက် ခေါင်းကုတ်ကာ ရေရွတ်လိုက်သည်။
“ ငါတို့ လူအလုံအလောက်မရှိတဲ့အခါ ရထားလုံးပျံက ဘယ်လိုပျံသန်းမှာလဲ ”
ထိုဧရာမ ရထားလုံးပျံကြီးကို ရွေ့လျားနိုင်ရန်အတွက် ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ကျင့်ကြံသူ အယောက်သုံးဆယ်နှင့် နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ငါးယောက် အနည်းဆုံး လိုလိမ့်မည်။ သူတို့က တခြားသူများနှင့် လှည့်ပတ်နိုင်ဖို့ နောက်ထပ် ဗြဟ္မာပင်လယ် နယ်ပယ်အဆင့် အယောက် ၂၀ ကျော် လိုအပ်ပေဦးမည်။
သာမန်ဂိုဏ်းအသေးလေးများအတွက် နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် တစ်ယောက် ရှိနေခြင်းကပင် အံ့ဩဖို့ကောင်းနေလေပြီ။ ဗြဟ္မာပင်လယ် ချီသွေးကြောရှစ်ခု ကျင့်ကြံသူများက ထိုဂိုဏ်းများအတွက် အဓိက ဖြစ်၏။
ယွင်၊ ထျန်းနှင့် လော့ဂိုဏ်းတို့က အစပိုင်းတွင် အင်အားချင်းပူးပေါင်းထားစဉ်အခါက သူတို့က ယဲ့ထျန်းရှင်းနှင့် တွဲ၍ လုကျိုးကို ရင်ဆိုင်ဖို့ သူတို့တပည့်သောင်းချီကြား နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ၁၀ ယောက်ကျော်ကို ရွေးချယ်ခဲ့သည်။ သို့သော်လည်း သူတို့က တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရ၏။ ထိုဂိုဏ်းသုံးဂိုဏ်းက ဆုံးရှုံးမှုအကြီးကြီး ဖြစ်သွားလေရာ မိစ္ဆာဝေဟင်မျှော်နန်းကို ရန်ငြိုးမထားဘဲနေဖို့ မဖြစ်နိုင်ပေ။
“ မင်းတို့ ဒီလာဦး ” မင်ရှစ်ရင်က အမျိုးသမီး တပည့်များထဲမှ တစ်ယောက်ကို ခေါ်လိုက်သည်။
“ စတုတ္ထသခင်လေး အမိန့်ရှိပါ ”
“ လရောင်ဆွတ်နန်းဆောင်မှာ ကျင့်ကြံသူဘယ်နှယောက်ရှိလဲ။ ကျင့်ကြံဆင့် အမြင့်ဆုံးကရော ”
“ကျွန်မတို့မှာ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့် ဆယ်ယောက်၊ အသိအာရုံစုစည်းခြင်း နယ်ပယ်အဆင့် ဆယ်ယောက်နဲ့ ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် အယောက်နှစ်ဆယ် ရှိပါတယ် ”
“ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်ရော မရှိကြဘူးလား ”
အမျိုးသမီးက ခေါင်းခါလိုက်သည်။
“အစတုန်းက နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူ သုံးယောက်ရှိပေမဲ့ နန်းဆောင်သခင်မ အခြေအနေမကောင်းတော့တဲ့နောက် တစ်ယောက်က စွန့်ခွာသွားပြီးတော့ နှစ်ယောက်က မိစ္ဆာဘုရားကျောင်း လက်ထဲ သေဆုံးသွားပါတယ် ”
မင်ရှစ်ရင်က နေရခက်စွာဖြင့် “ အဲဆိုရင် ရှစ်မေ့ထျန်းရှင်းရဲ့ လရောင်ဆွတ်နန်းဆောင်မှာတောင် ထွက်ပြေးတဲ့သူရှိတယ်ဆိုတော့ သူမက နောက်လိုက်တွေကို ကောင်းကောင်း မကိုင်တွယ်နိုင်သေးဘူးပဲ ”
“ အဲဒါကြောင့် နန်းဆောင်သခင်မက လရောင်ဆွတ်နန်းဆောင်ကို ဝင်တဲ့သူတွေက အဗြဟ္မစိရိယကို ရှောင်ကြဉ်ရမယ်လို့ စည်းကမ်းထုတ်ထားတာပါ ”
“ဒါ ခက်တာပဲ ” မင်ရှစ်ရင်၏ အကြည့်တို့က တခြားတပည့်မလေးကို ကြည့်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးလာလေသည်။
အမျိုးသမီး တပည့်လေးက ဦးညွတ်ပြီးနောက် သူမ လုပ်လိုက်စကိုသာ ပြန်လုပ်လိုက်သည်။
မင်ရှစ်ရင်က ခေါင်းကုတ်လိုက်သည်။
ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် အယောက်နှစ်ဆယ်တည်းဆိုတော့ လိုနေသေးတယ်။ ကိစ္စတွေက ခက်ခဲနေတာပဲ …
ရထားလုံးပျံတချို့က အပြင်ဘက်မှ စွမ်းအားပေး၍ ရလေသည်။ ထိုအတွက် ကျင့်ကြံသူများက လေထဲလမ်းလျှောက်နိုင်စွမ်း ရှိရ၏။ တိမ်ခွင်းရထားလုံးက အတွင်းမှ စွမ်းအားပေးရသော်လည်း ပြဿနာက သူတို့တွင် လူအင်အားပြတ်လပ်နေလေသည်။
“စတုတ္ထသခင်လေး ခေါ်တယ်ဆိုလို့ ” ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က မင်ရှစ်ရင်ကို နှုတ်ဆက်လိုက်ကြသည်။
“နှစ်ယောက်လုံး အချိန်မီရောက်လာတာပဲ … ဒီရထားလုံးပျံကို တစ်ချက်ကြည့်ပါဦး။ ဘယ်လိုထင်လဲ ”
“ တိမ်ခွင်းရထားလုံး … နာမည်ကျော် ရထားလုံးပဲ။ ဟိုးတုန်းက မျှော်နန်းသခင်က ဒီရထားလုံးပျံကို စီးနင်းပြီး တာ့ယန်နဲ့ ရုန်ပေတို့မှာ စိတ်ကြိုက်သွားလာခဲ့တာလေ။ အဲဒီတုန်းက သူ့နာမည်က အားလုံးကို အံ့အားသင့်စေခဲ့တာပဲ ”
“ ဟုတ်တာပေါ့။ မင်းတို့ စီးကြည့်ချင်လား။ မင်းတို့ တက်ကြည့်ချင်နေတာ ငါ သိပါတယ်။ ဟုတ်ပြီ။ မင်းတို့လုပ်ရမှာက နောက်ပိုင်းကျ ကူညီပေးဖို့ပဲ။ ရထားလုံးက ဘယ်လောက်ကောင်းကောင်း မြေပြင်ပေါ်မှာပဲ နေရင် အလကားဖြစ်မယ် မလား” မင်ရှစ်ရင်က ပြောလိုက်သည်။
“ အာ ”
“ ဘာပြောစရာရှိလို့လဲ ”
“ မရှိပါဘူး။ ကျွန်တော်တို့က လုပ်ချင်ပါတယ် ” ကျိုးကျစ်ဖုန်းနဲ့ ဖန်ကျုံးတို့က အလျင်စလို ခေါင်းညိတ်လိုက်ကြသည်။
ကျိုးကျစ်ဖုန်းက ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းသား ဖြစ်ပြီး သူ့ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ဖြစ်၏။ တစ်ဖက်တွင် ဖန်ကျုံးက ကျင့်မင်တာအိုဂိုဏ်းမှ ဖြစ်၏။ ထိုနှစ်ယောက်လုံးက သာမန်နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်ထက် အားကောင်းသော်လည်း သူတို့အနေနှင့် လူလိုအပ်နေသေးသည်။
‘ ရှောင်ရှစ်မေ့ … ထားလိုက်ပါတော့။ ရှောင်ရှစ်မေ့က အခုတလော စိတ်အခြေအနေကောင်းတာ မဟုတ်ဘူး ’
‘ဟွားဝူတောက် … သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကြီးအကဲ ဖြစ်နေပြီ။ သူက ပွင့်ချပ်ခြောက်လွှာ ကျင့်ကြံဆင့်ဆိုတော့ ရထားလုံးပျံထဲ စွမ်းအားဖြည့်တဲ့နေရာမှာ သုံးရင် စော်ကားသလို ဖြစ်လိမ့်မယ် ’
“စစ်ရှစ်ရှိုး” ကျောင်းယွဲ့က မင်ရှစ်ရင်ဆီ ရောက်လာသည်။
“ဘာဖြစ်လို့လဲ ”
“ ရှစ်စွင်းက ရှစ်ရှိုးကို သူ့ဆီ မြန်မြန်လာခဲ့ပါတဲ့ ” ကျောင်းယွဲ့က ပြောလိုက်သည်။
“ဝူရှစ်မေ့ … အဟမ်း ငါတို့က ဒီမှာလူလိုနေတာ။ မင်းနဲ့ဆိုရင် နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် သုံးယောက်ရှိသွားပြီ။ ဒါပေမဲ့ နည်းနည်း လိုနေတုန်းပဲ ” မင်ရှစ်ရင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
သူတို့ ဒီကိစ္စကို ဆွေးနွေးနေစဉ် လုကျိုးက မြောက်ဘက်မျှော်နန်းသို့ ရောက်လာသည်။
လုကျိုးအပြင် ဖန်းရှုဝမ်နှင့် အမှောင်စစ်သည်တော်များဖြစ်သည့် ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့လည်း ရှိနေသည်။ သူတို့သုံးယောက်လုံးကို သေချာစောင့်ကြပ်ထားလေ၏။ ရှောင်ယွမ်အာ၊ တွမ့်မူရှန်းနှင့် ဟွားဝူတောက်တို့က သူတို့အား တစ်ဖက်တစ်ချက်မှ ဝိုင်းထားကြသည်။ သူတို့က လုကျိုးနှင့်အတူ လျှောက်လှမ်းလာကြ၏။
အခြားလူများက ဦးညွှတ်လိုက်ကြသည်။
“ရှစ်စွင်း”
“ မျှော်နန်းသခင်”
လုကျိုးက တိမ်ခွင်းရထားလုံးကို ကြည့်လိုက်ပြီးနောက် ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။
“တက်ကြ”
မင်ရှစ်ရင်က ဝင်ပြောလိုက်သည်။ “ရှစ်စွင်း ထန်းကျီမြို့က ဒီနဲ့ သိပ်မဝေးပါဘူး။ ကျွန်တော်တို့ လမ်းလျှောက်မသွားဘူးလား။ အဲဒီကို ရထားလုံးပျံနဲ့ သွားရင် အာရုံစိုက်မှုကို ဆွဲဆောင်သလို ဖြစ်လိမ့်မယ် ”
ရှောင်ယွမ်အာက ပါးစပ်အုပ်ကာ ရယ်လိုက်ပြီး “ စစ်ရှစ်ရှိုးက ရှစ်စွင်းကို လမ်းလျှောက်သွားစေချင်နေတာလား ”
ဟွားဝူတောက်က လက်နောက်ပစ်လျက် ပြောလိုက်သည်။ “ တိမ်ခွင်းရထားလုံးက အမြန်နှုန်းမှာ နာမည်ကြီးတယ်။ အခု နတ်ဆရာဆယ်ပါးရဲ့ မျိုးဆက်က ထန်းကျီမြို့ထဲ ရောက်နေပြီလို့ ကြားတယ်။ သူတို့က စုန်းအတတ် အစီအရင်တွေမှာ ကျွမ်းကျင်ကြတယ်။ ဒီရထားလုံးက အစီအရင်ရဲ့ သက်ရောက်မှုကို ရှောင်လွဲနိုင်လောက်တယ်။ ပြီးတော့ ငါတို့ရန်သူတွေကို လိုက်ဖမ်းလို့လည်း ရတယ်။ ငါတို့တွေ ရထားလုံးပျံ ရှိနေမှတော့ ကောင်းကောင်း အသုံးချရမှာပေါ့ ”
“ အာ …” မင်ရှစ်ရင်က အနည်းငယ် တွန့်ဆုတ်နေလေ၏။
အခြားလူများက ရထားလုံးပျံထဲ ခုန်ဝင်သွားကြလေပြီ။
အမျိုးသမီး ကျင့်ကြံသူများကလည်း ဖန်းရှုဝမ်နှင့် အခြားနှစ်ယောက်ကို ရထားလုံးပျံထဲ ပစ်ထည့်လိုက်ကြသည်။
ဖန်းရှုဝမ်က ချဉ်တူးတူး အမူအရာဖြင့် ပြောလိုက်သည်။ “ ငါ့ကို ခေါ်သွားလို့လည်း အသုံးမဝင်ဘူး။ သူမက ခင်ဗျား ခြိမ်းခြောက်တာ ခံမှာ မဟုတ်ဘူး။ ငါက မဟူရာစစ်သည်တော် ခေါင်းဆောင်ဆိုပေမဲ့ သေခြင်းတရားက ဘာမှမထူးဘူး ”
“ပါးစပ်ပိတ်ထား … အကျည်းသားက လေပေါနေခွင့် မရှိဘူး ” ရှောင်ယွမ်အာက ဖြတ်ပြောလိုက်သည်။
ခဏအကြာတွင် အားလုံးက ရထားလုံးပျံပေါ် ရောက်သွားကြလေပြီ။
“ ဘာလို့မသွားသေးတာလဲ။ လာလေ .. တိမ်ခွင်းရထားလုံးပျံ မစီးရတာ ကြာနေပါပြီဆိုမှ ”
ရှောင်ယွမ်အာက ဆော်ဩလိုက်သည်။
မင်ရှစ်ရင်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။ သူက ရွေးချယ်စရာမရှိဘဲ ပြောလိုက်သည် “ကျွန်တော်တို့ ဒီရထားလုံး ပျံသန်းဖို့အတွက် နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ယောက် လိုနေလို့ပါ ”
လုကျိုးက လက်အသာဝေ့ကာ “မင်ရှစ်ရင် ”
“ဟုတ် ရှစ်စွင်း ”
“မင်းက ပဲ့ကိုင်လိုက်။ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် တစ်ယောက်က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ဆယ်ယောက်စာ နေရာယူပေးနိုင်တယ် ” လုကျိုးက ပြောလိုက်သည်။
“ အာ …” မင်ရှစ်ရင်က စိတ်ထဲမှ ငြီးတွားမိနေသည်။
မဖြစ်နိုင်တာ ငါပဲလား …
သူက အလျင်စလို ပြောလိုက်သည်။
“ရှစ်စွင်း ကျွန်တော်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အဓိကအင်အားစုထဲကလေ။ ကျွန်တော့်ကို ရထားလုံးပျံ မောင်းခိုင်းတာက နည်းနည်း … ”
လုကျိုးက မင်ရှစ်ရင်ကို စိုက်ကြည့်လိုက်သည်။
“ယွီကျန့်ဟိုင်က ပဲ့ထိန်းလာတာ ဆယ်နှစ်ကျော် … သူ တစ်ခါမှ မငြီးဖူးဘူး။ မင်းက သူ့ထက် အဖိုးတန်နေလို့လား” လုကျိုးက မထူးမခြားနား ပြောလိုက်သည်။
“အဲလိုမပြောရဲပါဘူး။ ကျွန်တော် အခုပဲ ပဲ့ထိန်းလိုက်ပါ့မယ်။ ကျွန်တော်က မောင်းနှင်တာကျွမ်းကျင်ပါတယ် ” မင်ရှစ်ရင်က သူ့သဘောထားကို ချက်ချင်းပြင်လိုက်သည်။ တစ်ချိန်တည်းတွင် သူက ရထားလုံးပျံပေါ် ခုန်တက်လိုက်ပြီး ပဲ့ကိုင်လိုက်သည်။
တွမ့်မူရှန်းလည်း ရထားလုံးပျံပေါ် ခုန်တက်လာသည်။ သူက မင်ရှစ်ရင် ပခုံးကို အသာပုတ်ကာ “ဟေး ငါ့ကို လာမကြည့်နဲ့။ ရှစ်စွင်းက ငါ့ကို အကျည်းသားတွေကို စောင့်ကြည့်ခိုင်းထားတာ။ အမှားလုပ်လို့ မဖြစ်ဘူး။ ဒီရထားလုံးပျံကို သေချာထိန်း ဟုတ်ပြီလား”
“ …. ”
‘စန်းရှစ်ရှိုးက ရိုးသားတဲ့ပုံဆိုပေမဲ့ အတွင်းပုတ်နေတာပဲ’ မင်ရှစ်ရင်က တွေးလိုက်သည်။ သူက တိမ်ခွင်းရထားလုံးပျံ၏ ပဲ့ထိန်းကိုသာ ကိုင်လိုက်သည်။
အခြားလူများလည်း နေရာကိုယ်စီ ယူလိုက်ကြ၏။
ချီစွမ်းအားများကို ထည့်သွင်းလိုက်ကြသည်။
အချိန်အတော်ကြာ ရပ်နားထားသောကြောင့် အသံက ယခင်ထက် ပိုအံ့ဩဖို့ကောင်းနေသည်။
အစီအရင်သွေးကြောနှင့် သင်္ကေတများကို အသက်သွင်းပေးလိုက်သည်နှင့် ရထားလုံးပျံက ချက်ချင်း ပျံတက်သွားသည်။
အစီအရင်သွေးကြောမှ ချီများက စွမ်းအားအဖြစ် ဖွဲ့စည်းသွားကာ အပြင်ဘက် လေထုကို တွန်းကန်ရင်း တွန်းအားဖြစ်လာစေသည်။
မြောက်ဘက်မျှော်နန်းအပေါ်ရှိ ကောင်းကင်ထဲ အုတ်အောင်းသောင်းနင်း ဖြစ်လာ၏။ ဧရာမ လှေကြီးက လေထဲ ဖြည်းဖြည်းချင်း မြောက်တက်လာနေသည်။
…
အခန်း (၁၄၉) ရွှေနန်းဥယျာဉ်တောင်ကို ရာရာစစ အကွက်ချရဲတယ်ပေါ့
တိမ်ခွင်းရထားလုံးက လေကိုခွင်းလျက် အတန်ကြာ ပျံဝဲနေလေ၏။
ရထားလုံးစီးရန် အခွင့်အရေးမရှိကြသော အမျိုးသမီးကျင့်ကြံသူများသည် ကောင်းကင်ကို မော့မကြည့်ဘဲ မနေနိုင်ကြတော့ချေ။ သူတို့၏အမြင်မှာ ရထားလုံးပျံက တောက်ပနေသော လှေတစ်စင်းနှင့် တူနေတော့သည်။
မင်ရှစ်ရင်က ပဲ့ကိုင်ရသည့်သူဖြစ်တာက ကံကောင်းသည်ဟု ရုတ်တရက်ခံစားမိလာသည်။ သူက ရွှေနန်းဥယျာဉ်တောင်တစ်ခုလုံးကိုမြင်နိုင်၏။ ပြောလိုက်တော့သည်။ “သွားကြမယ်”
ရထားလုံးပျံက ရှေ့သို့ရွေ့သွားတော့သည်။
“ထန်းကျီမြို့က သိပ်မဝေးဘူး။ အနှေးဆုံးအရှိန်နဲ့သွား” လုကျိုးက အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ ရှစ်စွင်း”
ရထားလုံးက အရှိန်လျော့သွား၏။ ကျန်သည့်သူများက ရထားလုံးပျံဘေးမှလျှောက်နေပြီး မြေများ၊ တောင်တန်းများ၊ တောအုပ်နှင့်မြစ်များကို မော့ကြည့်လိုက်သည်။ အချို့သော ထူးခြားသတ္တဝါများက တိမ်ထဲလူးလွန့်သွားလာတာ မြင်နေရ၏။ နေရောင်ခြည်က တိမ်အလွှာများကို ဖြတ်လျက် ရထားလုံးပျံကို တောက်ပနေစေတော့သည်။ မြင်ကွင်းက အလွန်မျက်စိပသာဒဖြစ်စေတော့၏။
လုကျိုးက လက်ပြကာ ပြော၏။ “ကျူပ်တို့တွေ...”
ဟွားဝူတောက်သည် ထိုမျက်နှာပေးမှုကြောင့် လွှမ်းမိုးခံလိုက်ရ၏။ သူက အမြန်ဖိတ်ခေါ်သည့် လက်ဟန်ပြုလိုက်ပြီးနောက် လုကျိုးကို သူ့ထက်အရင်သွားခွင့်ပေးလိုက်၏။ နှစ်ယောက်သားက ရထားလုံးပျံ၏ဦးပိုင်းဆီသို့ ဘေးချင်းယှဉ်လျှောက်သွားလိုက်သည်။ သူတို့က အကောင်းဆုံးနေရာ၌ ရပ်ပြီး မြင်ကွင်းကို ခံစားနေလေ၏။
“ယွင်ဂိုဏ်းမှာ ရထားလုံးပျံနှစ်စင်းရှိတယ်။ တစ်စင်းကို ဂိုဏ်းခေါင်းဆောင်က အသုံးပြုပြီး နောက်တစ်စင်းကို ဂိုဏ်းခေါင်းဆောင်ရဲ့သမီးသုံးတယ်။ သူတို့နှစ်ယောက်လုံးပေါင်းလိုက်တာတောင် ဒီတိမ်ခွင်းရထားလုံးနဲ့ယှဉ်ရင် မှိန်နေသေးတယ်” ဟွားဝူတောက်က စိတ်ရင်းဖြင့်ပြောလိုက်လေ၏။
လုကျိုးက ဖြည်းဖြည်းချင်းပြောသည်။ “ဒါက ပို့ဆောင်ရေးနည်းလမ်းတစ်ခုပဲ။ ထည့်ပြောဖို့ မတန်ဘူး”
“သယ်ယူပို့ဆောင်ရေးတစ်ခုတဲ့လား၊ မျှော်နန်းသခင်ပြောလိုက်တဲ့ပုံစံက လတ်ဆတ်တဲ့ လေလိုမျိုး ပဲ” ဟွားဝူတောက်က ခေါင်းညိတ်လိုက်သည်။
တိမ်ခွင်းရထားလုံးက ရှေ့သို့ဆက်လက်ရွေ့လျားနေ၏။
ဟွားဝူတောက်က စဉ်းစားပြီးနောက် သူ့စိတ်ထဲရှိစကားကိုပြောရန် ဆုံးဖြတ်ချက်ချလိုက်၏။
“ဖန်းရှုဝမ်က အဆင့်နိမ့်တဲ့အကျဉ်းသားတစ်ယောက်ပဲ။ သူ့ရဲ့ ကျင့်ကြံဆင့်ကလည်း ချိတ်ပိတ် ခံထားရတယ်။ ကျုပ်တို့က ရှင်းပြချက်တစ်ခု တောင်းဆိုဖို့အတွက် နတ်ဆရာဆယ်ပါးရဲ့မျိုးဆက်ကို ရင်ဆိုင်မှာဆိုတော့ သူ့ကို ဘာကြောင့်ခေါ်လာမှာလဲ”
“ဖန်းရှုဝမ်က မဟူရာစစ်သည်တော်ခေါင်းဆောင်ပဲ။ သူ့မှာ နက်နဲတဲ့ကျင့်ကြံဆင့်ရှိတယ်။ ဒါပေမဲ့ သူက မော့လီအတွက် ငါ့ကို ဒူးထောက်လိုစိတ်ရှိတာ” လုကျိုးက ပြော၏။
“မော့လီက ဖန်းရှုဝမ်အတွက် အလျှော့ပေးနိုင်တယ်လို့ ပြောနေတာလား”
“သေချာပေါက် မဟုတ်ဘူးပေါ့” လုကျိုးက မုတ်ဆိတ်သပ်လျက် ဆက်ပြောတော့သည်။
“ဖန်းရှုဝမ်ရဲ့ ဗဟုသုတ၊ စိတ်သဘောထားအရ ဘယ်လိုမိန်းမမျိုးကမှန်း သူ့ကို ဒီလိုကျိုးနွံ့နာခံစေပြီး သေခြင်းတရားကိုတောင် မကြောက်မရွံ့ဖြစ်စေတာလဲဆိုတာ ငါသိချင်မိတယ်” ဖန်းရှုဝမ်သည် သူ့ကို အချစ်ရူးဟူသော ပုံစံမျိုးမပြသခဲ့ပေ။
ဟွားဝူတောက်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်လေ၏။ “စုန်းအတတ်လား?”
“ဖြစ်နိုင်တယ်”
“ထင်တဲ့အတိုင်းပဲ” ဟွားဝူတောက်က အနည်းငယ်ထိတ်လန့်သွားပုံပေါ်၏။
“မိစ္ဆာထိန်းချုပ်ခြင်း ကျင့်စဉ်တွေ ပျောက်ဆုံးသွားတာကြာပြီလို့ ထင်နေတာ။ ဒီခေတ် ဒီအချိန်ကြီးမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး”
“ကျယ်ဝန်းလှတဲ့လောကကြီးထဲမှာ ထူးဆန်းတဲ့ ကိစ္စတွေအများကြီးရှိတာပဲ” လုကျိုးကပြောသည်။
ရထားလုံးပျံက ဆက်လက်ပျံသန်းသွား၏။
ထန်းကျီမြို့နား ရောက်လာသည့်အချိန်တွင် ပျံသန်းနေသောကျင့်ကြံသူအချို့က ရထားလုံးပျံကို မြင်တွေ့သွားကြ၏။
“ရထားလုံးပျံပဲ။ ရထားလုံးပျံတစ်စင်းပဲ”
“ဘယ်မဟာဂိုဏ်းရဲ့ ရထားလုံးပျံများလဲ”
“ငါ အလံမတွေ့ရဘူး။ အညွှန်းတွေ ဘာတွေလည်းမတွေ့ဘူး”
“စာလုံးထွင်းထားတာတွေလည်းမတွေ့ဘူး”
လူငယ်မျိုးဆက်သစ်အဖို့ တိမ်ခွင်းရထားလုံးကို မမှတ်မိတာ သဘာဝကျသည်။
အသက်ပိုကြီးသောကျင့်ကြံသူများက ယင်းကို မြင်သည့်အချိန်တွင် မျက်လုံးများပြူးကျယ်သွားကာ လူငယ်များကို စိတ်ပူပန်စွာ သတိပေးလိုက်လေ၏။ “အဲ့ဒါက တိမ်ခွင်းရထားလုံး။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ကျိထျန်းတောက်ပိုင်တာပဲ”
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ရထားလုံးလား”
ကျင့်ကြံသူများက အောက်သို့ဆင်းသက်သွား၏။ အချို့ကဆို တိမ်ခွင်းရထားလုံးဖြတ်သန်း သွားတာကိုကြည့်ပြီး ခေါင်းများငုံ့လျက် ကြောက်လန့်နေကြသည်။ ပိုသတ္တိမဲ့သည့် သူများကမူ စဉ်းတောင်မစဉ်းစားဘဲ ထွက်ပြေးကြတော့၏။
“အရင်တုန်းက ကျိထျန်းတောက်က ဒီရထားလုံးကို စီးနင်းပြီး နယ်ပယ်တစ်ခွင်လှည့်လည် သွားလာခဲ့ တာလေ”
“ကျိထျန်းတောက်က ရွှေနန်းဥယျာဉ်တောင်ကို စောင့်ကြပ်နေပြီး သူ့သက်တမ်းကုန်ခါနီး နောက်ဆုံး နှစ်တွေကို နှစ်ခြိုက်ခံစားနေတာ မဟုတ်ဘူးလား”
“အရိုးပေါ်အရေတင်နေတဲ့ ကုလားအုတ်တစ်ကောင်တောင် မြင်းတစ်ကောင်ထက်ကြီးသေးတယ်။ မမေ့လိုက်နဲ့။ ထိပ်သီးဆရာကြီးဆယ်ယောက်က အရင်တုန်းက ရွှေနန်းဥယျာဉ်တောင်ကို ဝိုင်းထားတဲ့အချိန် သူတို့ရှုံးနိမ့်သွားကြတာ။"
ထန်းကျီမြို့နားရှိ ကျင့်ကြံသူများက ရထားလုံးကိုကြည့်လိုက်သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ ခေါင်းဆောင်ကြီးအကြောင်းပြောသည့်အချိန်၌ မည်သူကမျှ အမူအရာပြောင်းလဲမှုကို မထိန်းထား နိုင်ပေ။
မကြာမီ၌ တိမ်ခွင်းရထားလုံးက တောင်တန်းများကို ဖြတ်ကျော်သွားပြီး ထန်းကျီမြို့ကို ကျော်ဖြတ်လုနီးပါးဖြစ်သွား၏။
ဖန်းကျုံးက မြူများကို ငုံကြည့်လိုက်သည်။ သူက မျက်မှောင်ကျုံ့ကာ ဆိုလိုက်တော့၏။
“မျှော်နန်းသခင်ကြည့်ပါဦး။ ဟိုနားမှာ မြူတွေသိပ်သည်းနေတယ်။ အညှီနံ့တော့ရတယ်နော်”
“မင်းပြောတာမှန်တယ်။ ဒီနေ့က နေသာတဲ့တစ်နေ့ပဲ။ ဘာကြောင့်မြူတွေရှိနေရတာလဲ” ကျိုးကျစ်ဖုန်းက ဇဝေဇဝါပြောလိုက်လေ၏။
“မဟာစုန်းအတတ်အစီအရင်များလား?” ရှောင်ယွမ်အာက ဝင်ပြောသည်။ ဆိုရလျှင် သူမက လုကျိုး နှင့်အတူ ထျန်းကျန်းမြစ်သို့ သွားခဲ့ဖူးသည်။ အရောင်အသွေးအပြင် မြေပြင်ပေါ်ရှိ သိပ်သည်းသော မြူများက သူမ ထိုနေ့က မျက်မြင်တွေ့ခဲ့သော မဟာစုန်းအတတ်နှင့် တစ်ထပ်တည်းတူနေသည်။
“သွင်ပြင်ကို အကဲဖြတ်ကြည့်ရင် ခုနစ်ရက်အတွင်းပြီးမြောက်မဲ့ပုံမပေါ်ဘူး” ဖန်ကျုံးက မျက်မှောင်ကျုံ့ကာပြောလိုက်တော့သည်။
မင်ရှစ်ရင်က ဖန်ကျုံးကို တစ်ချက်ကြည့်ပြီးပြောလိုက်လေ၏။
“ဆိုလိုတာက သူတို့မိစ္ဆာဝေဟင်မျှော်နန်းကို မလာခင်ကတည်းက ဒီခမ်းနားခြင်းအစီအရင်ကို ပြင်ဆင်နေတာကြာပြီပေါ့”
ကျန်သည့်သူများက အံ့ဩသွားကြသည်။ ဟွားဝူတောက်က လုကျိုးကို ကြည့်လိုက်လေ၏။ လုကျိုးက တည်ငြိမ်နေကာ အမူအရာမပြောင်းလဲသွားချေ။
“ကြည့်ရတာ နန်းတော်ထဲက လူက အစတည်းက ငြိမ်းချမ်းချင်တဲ့ရည်ရွယ်ချက်ရှိပုံမပေါ်ဘူး” ဟွားဝူတောက်ကပြောလိုက်တော့သည်။
“ထင်ထားပြီးသားပါ” လုကျိုးက မအံ့ဩသွားပေ။ သူက သိပ်သည်းနေသောမြူကို မြင်တွေ့သည့် အချိန်၌ ယင်းက သာမန်ခမ်းနားခြင်းအစီအရင် မဟုတ်မှန်းသိလိုက်သည်။ သူတို့သည် ယင်းကို ပြင်ဆင်ခဲ့တာအတော်ကြာပြီဖြစ်ပုံပေါ်၏။ သူက တိမ်ခွင်းရထားလုံးကို သယ်လာတာက မှန်သည်။
“မင်ရှစ်ရင်”
“ဟုတ်ကဲ့ ရှစ်စွင်း”
“ရွှေနန်းဥယျာဉ်တောင်ကို ပြန်လှည့်”
“ဟုတ်” ထိုအချိန်တွင် မင်ရှစ်ရင်က တက်ကြွနေပုံပေါ်၏။
ဟွားဝူတောက်က ခေါင်းညိတ်လိုက်သည်။ “ပါးနပ်တဲ့လှုပ်ရှားမှုပဲ မျှော်နန်းသခင်”
“မင်းကိုမင်းသိ။ ရန်သူကိုသိရင် တိုက်ပွဲတစ်ရာကိုအောင်မြင်နိုင်လိမ့်မယ်” လုကျိုးက ပြော၏။
တိမ်ခွင်းရထားလုံးက ရုတ်တရက်အရှိန်တင်လိုက်သည်။ ယခင်ကထက် အဆပေါင်းများစွာ မြန်ဆန် သည့်အရှိန်ဖြင့်ရွေ့လျားနေတာဖြစ်သည်။ မြေပြင်ပေါ်ရှိအဆောက်အဦးများနှင့် ရှုခင်းများက ဝိုးတဝါးကျန်ရစ်ခဲ့လေ၏။
ဖန်ကျုံးက မြေပြင်ပေါ်ရှိလှုပ်ရှားမှုကို လေးနက်စွာလေ့လာနေသည်။
မိစ္ဆာဝေဟင်မျှော်နန်းသည် တစ်လောကလုံးရှိလူများ ကြောက်ရွံ့ပြီးလေးစားရသည့် နေရာ ဖြစ်သည်။ ထို့ကြောင့် ထန်းကျီမြို့အပြင် အနား၌ စခန်းချသည့်လူများမရှိပေ။ ကျင့်ကြံသူများကလည်း ဤနေရာ၌ မြင်တွေ့ခဲသည်။
ကောင်းကင်ထဲ၌ ရထားလုံးပျံ ပျံသန်းနေစဉ် တည်နေရာတော်တော်များရှိ မြေပြင်ထက်မှ သိပ်သည်းသောမြူတက်လာတာကို မြင်တွေ့နိုင်၏။ မြူများက ရွှေနန်းဥယျာဉ်တောင်ဆီသို့ ဖြည်းဖြည်းချင်းရွေ့လျားနေပုံရသည်။ အချို့ကဆို အရံအတားနှင့်ထိနေပြီဖြစ်သည်။
အစီအရင်ပညာများကို နားမလည်သည့်သူက ယင်းကို သဘာဝဖြစ်စဉ်များသာဟု တွေးမိလောက်သည်။
တိမ်ခွင်းရထားလုံးက ပိုတောင်မြန်ဆန်သည့်အရှိန်ဖြင့် ရွေ့လျားနေ၏။
မင်ရှစ်ရင်၏ လမ်းညွှန်မှုအောက်တွင် ကျောင်းယွဲ့၊ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က ကနဦးချီများကို အပြင်ဖက်သို့တွန်းတင်လိုက်၏။ အာနိသင်က ချက်ချင်းပေါ်လာတော့သည်။
ရွှေနန်းဥယျာဉ်တောင်ကကြီးမားသည်။ ယင်းတဝိုက်ကို လှည့်လည်သွားလာရခြင်းက အကွာအဝေးတစ်ဝိုက်ကို လှည့်လည်သွားလာရခြင်းဖြစ်၏။ သို့သော် တိမ်ခွင်းရထားလုံးအတွက်မူ ဘာမျှမဟုတ်ပေ။
ခဏအကြာတွင် မင်ရှစ်ရင်က ကျယ်လောင်စွာကြေညာလိုက်တော့သည်။ “ကျွန်တော်တို့တွေ ထန်းကျီမြို့ကို ထပ်ရောက်လာပြန်ပြီ” သူက တမင်တကာပင် တိမ်ခွင်းရထားလုံးကို မြို့တစ်ဝိုက် သွားနေပြီဆိုသည့်အကြောင်း ပြောရန်အတွက် “ထပ်”ဟူသော စကားလုံးကို တမင်တကာ ပြောလိုက်ခြင်းဖြစ်သည်။
ဖန်ကျုံးက ပြော၏။
“မျှော်နန်းသခင် ရွှေနန်းဥယျာဉ်တောင်ရဲ့ သုံးမိုင်အကွာမှာ အစီအရင်တွေက စက်ဝိုင်းခြမ်းသဏ္ဌာန်ရှိနေတယ်ဆိုတာ ရှင်းနေပြီ။ တခြားနေရာတွေမှာ အစီအရင်မရှိဘူး”
လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်တော့သည်။
“နတ်ဆရာဆယ်ပါးရဲ့မျိုးဆက်က နတ်ဆရာဆယ်ပါး မဟုတ်ဘူးလေ။ သူတို့က နတ်ဆရာဆယ်ပါးလုပ်နိုင်တာမျိုးကို မလုပ်နိုင်ဘူး”
ဟွားဝူတောက်ကပြောလိုက်၏။
“နတ်ဆရာဆယ်ပါးက စုန်းအတတ်ပညာမှာ မြင့်မြင့်မားမား အောင်မြင်မှုရထားတဲ့ ကျင့်ကြံသူတွေပဲ။ ဒါပေမဲ့ နတ်ဆရာဆယ်ပါးရဲ့မျိုးဆက်က သုံးမိုင်ကို ဖြန့်ကျက်နိုင်တဲ့ အစီအရင်တစ်ခု တည်ဆောက်နိုင်တာက ချီးကျူးထိုက်တဲ့ လုပ်ဆောင်ချက် ဖြစ်နေပါပြီ”
တိမ်ခွင်းရထားလုံးက ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။ တောက်ပနေသော အမြီးတန်းကလည်း ဖြည်းဖြည်းချင်း မှိန်ဖျော့သွားတော့သည်။ ထန်းကျီမြို့နားတစ်ဝိုက် ခမ်းနားခြင်းအစီအရင်ကို ပြင်ဆင် နေကြသော ဝတ်ရုံနီတစ်စုက သူတို့လုပ်နေတာကိုရပ်တန့်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကြ၏။ ကြီးမားသော တိမ်ခွင်းရထားလုံးက သူတို့၏အာရုံစိုက်မှုကို ရသွားသည်။
ဝတ်ရုံနီကျင့်ကြံသူ အယောက်သုံးဆယ်က မြန်မြန်ဆန်ဆန်ပင် သုံးတန်းစုစည်းလိုက်တော့၏။ ဝူရှန်းနှင့်ဝူကွမ်းက ရထားလုံးကို မော့ကြည့်လိုက်ကြသည်။
“အဲ့ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရထားလုံးပျံပဲ။"
ဝူကွမ်း၏မျက်နှာထက်တွင် ထူးဆန်းသောအပြုံးပေါ်လာတော့သည်။ “ဒီတော့ သူတို့က အဆုံးထိမစောင့်နိုင်ဘူးပဲ”
“မိစ္ဆာဘုရားကျောင်းက ငါတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့သဘောတူထားတာ။ သူတို့ဘယ်အချိန် ရောက်လာမလဲဆိုတာ သိချင်မိတယ်” ဝတ်ရုံနီကျင့်ကြံသူတစ်ဦးက မေးလိုက်သည်။ သို့သော် သူ အဖြေမရသေးခင်
ဝှစ်
တိမ်ခွင်းရထားလုံး၏အသံက မိုးကုပ်စက်ဝိုင်းဆီကနေ သူတို့ဆီရောက်လာတော့၏။
ထိုစဉ် ရထားလုံးပျံက ဖြည်းဖြည်းချင်းဆင်းသက်လာပြီးဖြစ်သည်။ ကနဦးချီများရုတ်သိမ်း လိုက်သည့်အချိန်တွင် တိမ်ခွင်းရထားလုံးမှ တောက်ပမှုများလျော့ကျသွားတော့၏။ အပြင်ဖက် ရောင်ခြည်ဖြာထွက်မှုမရှိဘဲ ယင်းကပျံသန်းနေသောရွက်လှေတစ်စင်းနှင့်ဆင်တူနေသည်။
ရထားလုံးပျံက သစ်ပင်များနှင့်တစ်တန်းထဲပျံသန်းလာပြီး ထိုနေရာတွင်နေရစ်သည်။
ဝူရှန်းနှင့်ဝူကွမ်းတို့က မြင်ကွင်းကိုမြင်သောအခါ သူတို့မျက်ဝန်းများက တွန့်ရှုံ့သွားသည်။
ရထားလုံးပျံပေါ်တွင် လုကျိုးနှင့်ဟွားဝူတောက်တို့က ပဲ့ထိန်းနေရာတွင်ရပ်လျက် သူတို့ကို အထက်ကနေငုံ့ကြည့်လိုက်၏။
ဝတ်ရုံနီကျင့်ကြံသူများက ထွက်မသွားပေ။ ထိုအစားသူတို့က ရထားလုံးပျံဆီသို့ပျံသန်းလာ ကြသည်။ သူတို့က ရထားလုံးပျံ၏အမြင့်အထိပျံသန်းလာကာ တညီတညွတ်တည်းအရိုအသေ ပေးလိုက်သည်။
“ဝူရှန်းက ဆရာကြီးကျိကို နှုတ်ဆက်ပါတယ်”
လုကျိုးက လက်နောက်ပစ်ထားလျက် ဝတ်ရုံနီအယောက်သုံးဆယ်ကို လေ့လာလိုက်သည်။ သူက ပွင့်ပွင့်လင်းလင်းပြောလိုက်တော့၏။ “ခမ်းနားခြင်းအစီအရင်က ဘယ်လိုလဲ”
ဝူရှန်းက စိတ်ထဲ၌ တုန်လှုပ်သွားတော့၏။ မိစ္ဆာဝေဟင်မျှော်နန်းက သူတို့အစီအရင်ကို သတိပြုမိတာသိသာ၏။ သို့သော် ယင်းက အရေးမကြီးပေ။ သူကအမြန်ပြောလိုက်တော့သည်။
“ဘာအကြောင်းကိုများပြောနေတာလဲ မျှော်နန်းသခင်။ ကျွန်တော်တို့က ထန်းကျီမြို့မှာ ရက်နည်းနည်းပဲနေမှာပါ”
ထိုသို့ပြောလိုက်သည်က အချိန်ဆွဲလိုသောရည်ရွယ်ချက်မှတစ်ပါး အခြားမရှိပေ။
လုကျိုးက မေးလိုက်၏။ “မော့လီ ဘယ်မှာလဲ?”
“သခင်မလေးက အံ့ဖွယ်မြို့တော်မှာရှိပါတယ်။ သခင်မလေးနဲ့ ဘာအရေးကိစ္စများရှိပါသလဲဆိုတာ သိပါရစေ မျှော်နန်းသခင်။ သခင်မလေးဆီကို အကြောင်းကြားပေးနိုင်ပါတယ်” ဝူရှန်းက ထပ်ပြောလိုက်၏။
လုကျိုးက ဝတ်ရုံနီကျင့်ကြံသူများကို ထူးမခြားနားကြည့်လိုက်တော့သည်။ သူတို့က ကြောက်လန့် ခြင်းမရှိဘဲ မိစ္ဆာဝေဟင်မျှော်နန်းကို တိတ်တဆိတ်အကောက်ကြံကာ တောင်၏အရံအတားများကို ဆွဲချရန်ကြိုးစားနေ၏။ ထိုသို့တိုင် သူတို့က တုံးအချင်ယောင်ဆောင်နေသည်။ အမှန်တကယ်တွင် သူတို့က အရှက်မဲ့သည့်လူတစ်စုသာဖြစ်သည်။ သူက တည်ငြိမ်စွာပြောလိုက်တော့၏။ “မင်းရဲ့ သတ္တိ အတွက်လာဂုဏ်ပြုတာပဲ”
ဝတ်ရုံနီကျင့်ကြံသူတစ်စုက အံ့ဩထိတ်လန့်သွား၏။ သူတို့က လုကျိုး၏စကားကို နားလည်ရန်ခက်ခဲနေသည်။
မင်ရှစ်ရင်က အေးတိအေးစက်အော်ပြောလိုက်သည်။
“ရွှေနန်းဥယျာဉ်တောင်ကို ရာရာစစအကောက်ကြံဝံ့တယ်ပေါ့။ မင်းတို့ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။ အစီအရင်ကို ဖျက်ဆီးပြီး ဒူးထောက်အညံ့ခံလိုက်ရင် ပိုကောင်းမယ်။ ဒီလိုဆိုရင် ငါ့ရဲ့ရှစ်စွင်းက မင်းတို့ကို အသက်ချမ်းသာပေးကောင်း ချမ်းသာပေးမှာပဲ”
....
အခန်း (၁၅၀) တမင်တကာ
ဝူရှန်းက ပဲ့ထိန်းကိုင်ထားသည့် မင်ရှစ်ရင်ကို ကြည့်လိုက်သည်။ သူ့မျက်နှာအထက် ရိုးရိုးသားသား အမူအရာမျိုးဖြင့် ပြောလိုက်သည် “ အစီအရင်တဲ့လား။ ကျုပ်တော့ နားမလည်ဘူး ”
လုကျိုးက ခေါင်းခါကာ သက်ပြင်းချလိုက်ရင်း “တွမ့်မူရှန်း … သူတို့က ငါတို့ဘာပြောနေမှန်း မသိမှတော့ ဉာဏ်အလင်းဖွင့်ပေးလိုက်ကြ ”
“ဟုတ် ရှစ်စွင်း” တွမ့်မူရှန်းက ပျော်ရွှင်နေလေသည်။ သူက နယ်ရှင်လှံကို ကိုင်ဆွဲပြီး ရထားလုံးပျံမှ ခုန်ဆင်းသွားသည်။
လုကျိုးက သူ့တပည့်များ ပြင်ပေးထားသည့် ထိုင်ခုံကို မြင်လိုက်သည့်အခါ ဟွားဝူတောက်ကို လက်ဟန်ပြရင်း “ထိုင်ပါဦး ”
“ကျေးဇူးပါ ”
နှစ်ယောက်လုံးက ကုန်းပတ်ပေါ်တွင် ထိုင်ကာ တိုက်ပွဲကို ရှုစားနေကြသည်။
ဝူရှန်းက မိစ္ဆာဝေဟင်မျှော်နန်းသည် သတိမပေးဘဲ လုပ်လိမ့်မည်ဟု မထင်ထားပေ။ ထိုစဉ် သူက ရှမန်မျိုးဆက်များ၏ အကြံအစည်သည် ပေါက်ကြားသွားပြီမှန်း သိလိုက်၍ မြန်မြန် ပြောလိုက်သည်။ “နောက်ဆုတ်ကြ ”
အနီဝတ် ကျင့်ကြံသူသုံးဆယ်က လေထဲ နောက်ဆုတ်လိုက်ကြသောကြောင့် သူတို့အနေအထားက ပြန့်ကျဲသွားလေသည်။
နယ်ရှင်လှံကို ကိုင်ဆွဲထားသည့် တွမ့်မူရှန်းက ဝူရှန်းနှင့် ဝူကွမ်းဆီ တန်းတန်းမတ်မတ် သွားလိုက်သည်။
လှိုင်းလုံးထောင်ချီ …
ဝူရှန်းက မျက်မှောင်အသာကြုတ်လိုက်ပြီး လက်မြောက်လိုက်သည်။
ဝုန်း
ဝူရှန်းရှေ့တွင် ခရမ်းရောင်ခပ်ဖျော့ဖျော့ အလင်းကွင်း ပေါ်လာပြီး လှံအရိပ်များကို ပုတ်ထုတ်လိုက်သည်။
နှစ်ဖက်လုံးက ပထမဆုံတိုက်ကွက်နှင့် အနေအထားပျက်သွားကြသည်။
‘ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် စုန်းအတတ် ကျင့်ကြံသူဆိုတဲ့အတိုင်းပဲ ’
ဝူရှန်းနှင့် ဝူကွမ်းလည်း ရှေ့တိုးလာစဉ် အနီဝတ် ကျင့်ကြံသူ ၂၈ ယောက်တို့ကလည်း အကွာအဝေးထိန်းထားကြသည်။ လက်ရှိ နှစ်ဖက်လုံးက မိစ္ဆာဝေဟင်မျှော်နန်းမှာရှိစဉ်အခါက ပြောင်းပြန်ဖြစ်နေလေပြီ။
ဝူရှန်းက ခါးမတ်မတ်ထားကာ “ မိစ္ဆာဝေဟင်မျှော်နန်းကို လာတွေ့တုန်းက စိတ်ရင်းနဲ့ပါ။ မိစ္ဆာဝေဟင်မျှော်နန်းက အကျိုးအကြောင်း မသင့်မှတော့ ကျုပ်လည်း ကိုယ့်ဘာသာ ခုခံဖို့ ရွေးချယ်ရုံအပြင် မရှိတော့ဘူး ”
ရထားလုံးပျံအစွန်းတွင် ရပ်နေသည့် ရှောင်ယွမ်အာက ထိုအကြောင်းကြားလိုက်သည်နှင့် ပြောလိုက်သည် “အရှက်မဲ့ချက်။ စန်းရှစ်ရှိုး သူ့ကို ရိုက်ပစ် ”
တွမ့်မူရှန်းက စကားဆက်ပြောမနေတော့ဘဲ ဒေါသထွက်လာသည်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းကို အကွက်ချစီစဉ်ခဲ့သော်လည်း သူတို့က ဖြောင့်မတ်ဟန်ဆောင်နေကြသေးသည်။ သူက နယ်ရှင်လှံကို ဝေ့ယမ်းလိုက်သည့်အခါ ချီများ စုဝေးလာသည်။ နယ်ရှင်လှံကို စွမ်းအားများဖြင့် ရစ်ပတ်ကာ အလျှင်အမြန် တိုက်ခိုက်လိုက်သည်။
နတ်ဒေဝါထိပ်သီး လှံကျင့်စဉ် - လှိုင်းလုံးထောင်ချီ
လှံအရိပ်ထောင်ပေါင်များစွာက သူ့ပစ်မှတ်ဆီ ပြေးဝင်သွားသည်။
ဝူရှန်းနှင့် ဝူကွမ်းတို့က တစ်ပြိုင်နက် လက်ဟန်များ လုပ်လိုက်ကြသည်။ ခရမ်းဖျော့ အလင်းကွင်းက သူတို့ရှေ့ပေါ်လာကာ တွမ့်မူရှန်း၏ တိုက်ခိုက်မှုကို ကာကွယ်ပေးထားသည့် အကာအကွယ်နှင့် ပေါင်းစပ်သွားလေသည်။
ဝုန်း
နှစ်ဖက်လုံးက နောက်တစ်ကြိမ် အနေအထားပျက်သွားကြသည်။
သို့သော်လည်း တွမ့်မူရှန်းက မရပ်ပေ။
သူတို့တိုက်ပွဲက ပြင်းထန်လာသည်။
ထန်းကျီမြို့နား အဆင့်နိမ့် ကျင့်ကြံသူများက မလာရဲကြတော့ဘဲ အဝေးမှသာ ကြည့်နေကြ၏။
ဟွားဝူတောက်က ချီးကျူးလိုက်သည် “တွမ့်မူရှန်းက ကောင်းကင်အဆင့် လက်နက်နဲ့ ပြိုင်ဘက်နှစ်ယောက်ကို တစ်ပြိုင်နက် တိုက်နိုင်တာပဲ။ သူက တကယ်ကို ရဲရင့်တယ် ”
လုကျိုးက ခေါင်းခါလိုက်သည်။ သူက မကျေနပ်ပေ။ တွမ့်မူရှန်း၏ ကျင့်ကြံဆင့်က ပွင့်ချပ်တစ်လွှာ ထွက်လာခါစ ဖြစ်ပြီး ဒီတိုက်ပွဲသာ အချိန်ဆက်ဆွဲနေပါက ဘယ်လိုဖြစ်လာမည်ကို မည်သူများ သိမည်နည်း။ သို့သော်လည်း ဤတိုက်ပွဲက တွမ့်မူရှန်းအား လေ့ကျင့်ပေးသလို ဖြစ်ပြီး မြန်မြန်ဆန်ဆန် တိုးတက်လာစေလိမ့်မည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
တိုက်ပွဲကြီးက ဆက်လက် ဖြစ်ပွားနေသည်။
ထိုစဉ် ထန်းကျီမြို့ဘက်မှ အသံတဝီဝီ ထွက်လာသည်။
တိမ်ခွင်းရထားလုံးပေါ်မှ လူများက အသံကြားရာ လှည့်ကြည့်လိုက်ကြသည်။
ထန်းကျီမြို့နောက်တွင် တိမ်ခွင်းရထားလုံးထက် အနည်းငယ်သေးသည့် နဂါးနက်ရထားလုံးတစ်စီးက ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်။
တိမ်များကြားမှ ထန်းကျီမြို့ဆီ ပျံသန်းလာနေသည်။ မမြန်သလို နှေးလည်း မနှေးပေ။ အရမ်းအမြင့်ကြီး ပျံသန်းနေတာမျိုးလည်း မဟုတ်ချေ။
သို့သော်လည်း ကြည့်ရှုသူတို့ စိတ်နှလုံးသားထဲ ကြောက်ရွံ့လာစေသည်က နဂါးနက် ရထားလုံးပျံကို တစ်ဖက်တစ်ချက်စီ ဝန်းရံထားသည့် ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် အယောက် ၄၀၀ နီးပါး ပါလာခြင်း ဖြစ်သည်။
“မိစ္ဆာဘုရားကျောင်း”
မြို့သားတွေက အိမ်ထဲတွင် ပြေးဝင်ကာ တံခါးပိတ်လိုက်ကြသည်။ ဤသည်မှာ ပြန်လည်ပြုပြင်လို့ မရလောက်အောင် ဆိုးရွားနေသည့် မိစ္ဆာများ ဖြစ်ကြသည်။ အပြင်ဘက်၌ မည်သူများ နေရဲမည်နည်း။ ထို့အပြင် အဆင့်နိမ့် ကျင့်ကြံသူများစွာလည်း မြို့မှ ထွက်ပြေးကြတော့သည်။
လုကျိုး၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။ မိစ္ဆာဘုရားကျောင်း၏ နဂါးနက်ရထားလုံးပျံသည် သူ့တိမ်ခွင်း ရထားလုံးပျံလောက် အံဩဖို့မကောင်းပေ။ ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် အယောက် ၄၀၀ နှင့် နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်များစွာ၏ ချီစွမ်းအားထည့်သွင်းသံက လက်ရှိလူများကို နားညီးလာစေသည်။
ဤသည်မှာ မြို့သားများ၏ တုံ့ပြန်ချက်ကို ကြည့်ရုံဖြင့် သိသာလေသည်။
နဂါးနက်ရထားလုံးပျံက သူ့မြင်ကွင်းထဲ ဝင်လာသည့်အခါ တွမ့်မူရှန်းက နောက်ဆုတ်လိုက်သည်။ သူ့ထိန်းချုပ်မှုအောက် နယ်ရှင်လှံက ဝူရှန်းနှင့် ဝူကွမ်းကို ဒဏ်ရာမပေးနိုင်လိုက်သော်လည်း လွှင့်စင်သွားစေခဲ့သည်။
နဂါးနက်ရထားလုံးပျံက ဖြည်းဖြည်းချင်း ရပ်တန့်သွားပြီးနောက် အတွင်းမှ အသံနက်နက်ကြီး ထွက်လာသည်။
“လောင်ချန်းပေ့ မတွေ့ရတာကြာပြီနော်” ရန်ပုဖင်းက ထွက်လာသည်။ သူ့အမူအရာတို့က အလေးမထားဟန်ဖြင့် ဆံပင်တို့ပင် အနည်းငယ် ဖရိုဖရဲ ဖြစ်နေလေသည်။ ဤလူက မိစ္ဆာဘုရားကျောင်းတွင် အမြင့်မားဆုံးအာဏာရှိသည့် မိစ္ဆာဘုရားကျောင်းထိုင် ဖြစ်ပေသည်။
သူတို့အကြည့်ချင်း ဆုံသွားကြသည်။
လုကျိုးက ရန်ပုဖင်း၏ အရင်ပုံစံကို သတိရမိပြီးနောက် ပြောလိုက်သည်။
“ မင်း အသက်အရွယ်ရလာတာပဲ ”
ရန်ပုဖင်းက ဦးညွှတ်ကာ “ လောင်ချန်းပေ့နဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ပါဘူး။ ကျုပ်အတွက် နောက်ထပ် ရာစုနှစ်လောက် ထပ်နေဖို့ ပြဿနာမရှိပါဘူး ”
“ငါတော့ သဘောမတူဘူး။ မင်း ဒီနေ့ကျော်ပြီး အသက်ရှင်မှာ မဟုတ်ဘူး” လုကျိုးအမြင်၌ ရန်ပုဖင်းသည် သေလူသာ ဖြစ်၏။ မိစ္ဆာဘုရားကျောင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ခဏတိုင်း ရန်စနေလေရာ ရန်ပုဖင်း၏ ကံကြမ္မာကို သတ်မှတ်ပြီးသား ဖြစ်သည်။
ရန်ပုဖင်းက ရယ်ကာ “လောင်ချန်းပေ့က တကယ်အိုလာပြီပဲ။ ဒီနေရာမှာ ထူးဆန်းနေတယ် မထင်မိဘူးလား ”
လုကျိုးက အလျင်မလိုပေ။ သူက တည်တည်ငြိမ်ငြိမ်သာ ပြောလိုက်၏။
“အလင်းပြပါဦး ”
ဝူရှန်းက လေထဲ ခုန်တက်လာပြီး လုကျိုးနှင့် အနေအထားတူ ရောက်သည့်အခါ “ကျုပ် မိစ္ဆာဝေဟင်မျှော်နန်းကို လာတွေ့တုန်းက တကယ်ကို စိတ်ရင်းနဲ့ပါ။ ဒါပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းက လွန်လွန်းတယ်။ ခင်ဗျားတို့အားလုံးကို ဒီနေရာရောက်လာဖို့ မျှားခေါ်ရုံအပြင် တခြားနည်းလမ်း မရှိတော့ဘူး ”
တွမ့်မူရှန်းက နယ်ရှင်လှံဖြင့် ဝူရှန်းကို အဝေးမှ လှမ်းညွှန်းလိုက်ပြီး “ ဒါက တမင်တကာလို့ ပြောတာလား”
ဝူရှန်းက ခေါင်းညိတ်ကာ “ အမှန်ပဲ ”
သူက တွမ့်မူရှန်းဆီမှ လုကျိုးဆီ အကြည့်ပြောင်းလိုက်ကာ “ လောင်ချန်းပေ့ ကျုပ်က ငြိမ်းချမ်းရေး လုပ်ချင်ပေမဲ့ လမ်းတစ်ဝက်မှာ စိတ်ပြောင်းသွားပြီ။ အခု ကျုပ်ဆီမှာ တောင်းဆိုချက်တစ်ခုပဲ ရှိတယ် ”
“ဟမ် ”
“ သစ္စာဖောက် ယဲ့ထျန်းရှင်းကို နန်းတော်ဆီ လွှဲပေးပါ ” ဝူရှန်းက ပြောလိုက်သည်.
ယဲ့ထျန်းရှင်းအတွက် သူတို့က မိစ္ဆာဝေဟင်မျှော်နန်းကိုတောင် တမင် မျှားခေါ်ရဲတာလား
တိမ်ခွင်းရထားလုံးပေါ်မှ လူများက အကြည့်ချင်းဖလှယ်လိုက်ကြသည်။-
ကျောင်းယွဲ့က ထိုအကြောင်းကြားလိုက်သည့်အခါ ခေါင်းငုံ့ထားလိုက်မိသည် “ဒါက ထောင်ချောက်မှန်း မသိခဲ့ဘူး။ ရှစ်စွင်း ခွင့်လွတ်ပေးပါ ”
လုကျိုးက လက်ဝှေ့ကာ “ ကိစ္စမရှိဘူး ”
ကျောင်းယွဲ့က ဘာမှမပြောလျှင်ပင် ကိစ္စများက ဆင်တူထပ်ဖြစ်နေဦးမည်သာ ဖြစ်၏။
နတ်ဆရာဆယ်ပါး၏ မျိုးဆက်များက ရွှေနန်းဥယျာဉ်တောင်၏ အကာအရံကို ဖျက်ဆီးသည့်အခါ မိစ္ဆာဝေဟင်မျှော်နန်းက ဒီအတိုင်းနေနေနိုင်မည် မဟုတ်ပေ။
မင်ရှစ်ရင်က နှာခေါင်းရှုံ့ကာ “ မင်းတို့ကို ဘယ်သူကများ ယုံကြည်ချက်တွေ ပေးလိုက်တုံး။ ရန်ပုဖင်းလား။ ငါတို့ကို ဒီမှာထောင်ဖမ်းနိုင်မယ် ထင်နေတယ်ပေါ့ ”
လက်ရှိ တစ်ယောက်ချင်းစီတွင် သူတို့ပြိုင်ဘက်အဖြစ် သတ်မှတ်နိုင်သူမှာ ရန်ပုဖင်း၊ ဝူရှန်းနှင့် ဝူကွမ်းတို့သာ ဖြစ်၏။
မိစ္ဆာဝေဟင်မျှော်နန်းဖက်တွင် ဟွားဝူတောက်၊ တွမ့်မူရှန်းနှင့် ကျင့်ကြံဆင့် မြင့်မားလွန်းသည့် ခေါင်းဆောင်ကိုယ်တိုင် ရှိနေသေးသည်။
ဝူရှန်းက ပြုံးလိုက်ပြီးနောက် ရန်ပုဖင်းဘက် လှည့်ကြည့်ကာ “ ယုံကြည်ချက်လား ”
သူက လက်အသာဖြန့်လိုက်ပြီးနောက် အောက်ကို ငုံ့ကြည့်လိုက်သည် “ ငါတို့ ဒီကိုလာရဲမှတော့ ယုံကြည်ချက်ရှိတာပေါ့ ”
ရန်ပုဖင်းက အနီဝတ် ကျင့်ကြံသူများစွာ လက်ချင်းတွဲလိုက်သည်ကို မြင်လိုက်ရသည်။ သူတို့ဆီမှ ချီစွမ်းအားလှိုင်းများ ထုတ်လွှင့်နေလေ၏။
“ဒါက … ”
ဝူရှန်းနှင့် ဝူကွမ်းလည်း လက်ချင်းတွဲလိုက်ကြသည်။
သုံးမိုင်ပတ်လည်အတွင်း မြူခိုးများ ပျောက်ကွယ်သွားလေသည်။
အနီဝတ် ကျင့်ကြံသူများကို ဗဟိုထားကာ ခရမ်းဖျော့ အလင်းကွင်း ဆယ်ခုက စက်ဝိုင်းတစ်ပြတ်အတွင်း ပေါ်ထွက်လာသည်။
“ ငါတို့ ပြင်ထားတဲ့ မဟာအစီအရင်က ရွှေနန်းဥယျာဉ်တောင်ရဲ့ အကာအရံကို ဖြိုချဖို့ မဟုတ်ဘူး။ ဒါက ငါတို့တမင်လွင့်ထားတဲ့ သတင်းအတုပဲ ” ဝူရှန်းက ခပ်ယဲ့ယဲ့ပြုံးကာ “ ဒီအစီအရင်ကို မဟာဘိုးဘေး အစီအရင်ပဲ ”
“မဟာဘိုးဘေး အစီအရင်တဲ့လား” ဟွားဝူတောက်က မျက်လုံးအပြူးသားဖြင့် ချက်ချင်း ခုန်ထွက်လာသည်။
လုကျိုးက မလှုပ်မယှက် ကျန်ရှိနေဆဲ ဖြစ်၏။
ရှောင်ယွမ်အာက ဘေးကနေ ပြောလိုက်သည် “ရှင်တို့ဘာသာ ပေါ့ပေါ့ငန်ငန်၊ ဘိုးဘေးဖြစ်ဖြစ် ဆက်ခံသူဖြစ်ဖြစ် ဂရုမစိုက်ဘူး။ သွားကျွတ်အောင် ရိုက်ပစ်မယ် ”
ဟွားဝူတောက်က ခေါင်းခါကာ “နတ်ဆရာဆယ်ပါးက သူတို့ဘိုးဘေးပဲ။ ဒီအစီအရင်က နတ်ဆရာဆယ်ပါးကို သူတို့ဝင်ပူးနိုင်အောင် ခွင့်ပြုပေးလိမ့်မယ်။ တခြားစကားနဲ့ပြောရရင် ငါတို့တွေ နတ်ဆရာဆယ်ပါးနဲ့ ရင်ဆိုင်ရမှာ ”
“...” မင်ရှစ်ရင်က အနည်းငယ် ကြောင်သွားလေသည်။ သူက သတိမထားမိဘဲ ပဲ့ထိန်းချော်သွားလေသည် “ ရှစ်စွင်း … ကျွန်တော်တို့ ထွက်လာတဲ့အထိ စောင့်နေမှာလား ”
သူတို့ တိမ်ခွင်းရထားလုံးပျံ စီးနင်းလာသည့် အကြောင်းအရင်းမှာ မဟာအစီအရင် စက်ဝန်းအတွင်းမှ အချိန်မရွေးထွက်သွားနိုင်ရန် ဖြစ်၏။
လုကျိုးက ခေါင်းခါကာ “ ထားလိုက်ပါ ”
သူက သူ့ဘာသာ တွေးလိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စွမ်းအားကြီး မိစ္ဆာအိုကြီးက ထွက်ပြေးမှာတဲ့လား …
လုကျိုးက လက်နောက်ပစ်လျက် အသာလျှောက်လှမ်းလာကာ “ နတ်ဆရာဆယ်ပါးက ဘယ်လောက်အားကောင်းလဲ ကြည့်ရတာပေါ့ ”
...