← Chapters

ယုန်လေးက လှုပ်ရှားနေတယ်

Vol. 8 Ch. 118

ယုန်လေးက လှုပ်ရှားနေတယ်

Vol. 8 Ch. 118

သူမ တဲအပြင်မှာ အကြာကြီး နေနေတာကို ရှန်မိုက သတိထားမိပြီး မေးလိုက်သည်။ “ဘာဖြစ်တာလဲ”

ပိုင်ယို့ဝေက စဉ်းစားပြီး မဖုံးကွယ်ထားတော့ပေ။ သူမသည် တဲလိုက်ကာဘေးက ယုန်ရုပ်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ “ကျွန်မရဲ့ ယုန်လေးက သူ့ဘာသာသူ ရွေ့နေပုံရတယ်”

ရှန်မို: “…”

ပိုင်ယို့ဝေသာ ဒီလောက် အတည်ကြီး ကြည့်နေတာမဟုတ်လျှင် တကယ်ကို သူမက သူ့ကို နောက်ပြောင်ဖို့ တစ်ခုခု ထူးဆန်းတာ လုပ်နေတယ်ဟု သံသယဝင်မိမှာဖြစ်သည်။

ပိုင်ယို့ဝေသည် အမွှေးပွယုန်ကို ကောက်ယူပြီး အကြိမ်ကြိမ် စစ်ဆေးသော်လည်း ဘာမှ မမှားသည်ကို မတွေ့ရသောကြောင့် ရှန်မို၏ရှေ့ တဲထဲသို့ ယုန်ရုပ်ကို ပြန်ပစ်လိုက်သည်။

ကလစ်။

ယုန်လေးသည် ဖျာပေါ် ပြုတ်ကျပြီး နှစ်ကြိမ်ခန့် လှိမ့်ကာ ရပ်သွားသည်။

ပိုင်ယို့ဝေသည် မျက်မှောင်ကြုတ်ပြီး ခဏမျှ ကြည့်‌နေသော်လည်း ယုန်လေးက မရွေ့ပေ။

“မင်းကိုယ်တိုင် ထားခဲ့ပြီး မေ့သွားတာ ဖြစ်နိုင်မလား” ရှန်မိုက လျှောက်လာပြီး မေးသည်။

ပိုင်ယို့ဝေသည် သူ့ကို ဘေးတိုက်ကြည့်ရင်း ပြောသည်။ “ကျွန်မ အိတ်ထဲ ထည့်ခဲ့တာ မှတ်မိတယ်။ နှစ်ခါတောင်”

ပိုင်ယို့ဝေတွင် တစ်ကိုယ်ရေသုံးပစ္စည်းများ၊ တစ်ရှူးများ၊ တစ်ရှူးအစိုများ၊ လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ်၊အရုပ်သေနတ်၊ ဖားရွှံ့နှင့် ချမ်းဟွေးပေးသည့် မှို စသည်တို့အတွက် သီးသန့် အိတ်ကြီးတစ်လုံး ရှိသည်။ သူမသည် အများအားဖြင့် သူမ၏ ယုန်လေးကိုလည်း ထိုအိတ်ထဲတွင် ထည့်ထားသည်။

ရာသီဥတုပူတာကြောင့် အမြဲဖက်ထားဖို့က အနှောင့်အယှက်ဖြစ်တာကြောင့် ပိုင်ယို့ဝေသည် ညဘက်မှ ထုတ်ပြီး ခေါင်းအုံးအဖြစ် အသုံးပြုသည်။

သူမသည် စဉ်းစားပြီး လက်ခုပ် တီးလိုက်သည်။ “အား! ကျွန်မ သိပြီ”

ရှန်မိုက မေးသည်။ “ဘာကို သိတာလဲ”

ပိုင်ယို့ဝေက ပြောသည်။ “’ငါ့ရဲ့ ဆယ်ပုံတစ်ပုံ’ ရဲ့ လုပ်ဆောင်ချက်က အသုံးပြုသူက ၂ မီတာ ပတ်လည်အတွင်း လျှပ်စစ်စွမ်းအင် ထုတ်လွှတ်နိုင်တယ်ဆိုတော့ ကျွန်မနဲ့ ၂ မီတာထက် ပိုမဝေးနိုင်ဘူးလို့ ဆိုလိုတာလား”

သူမသည် လက်များကို ချလိုက်ပြီး ဘီးများကို ကိုင်ကာ နောက်သို့ ဆုတ်သည်။ “...အခု အကွာအဝေးက ၁ မီတာလောက်ပဲ ရှိတယ်။ ကျွန်မ နည်းနည်း ထပ်နောက်ဆုတ်ကြည့်မယ်”

ရှန်မိုသည် မျက်ခုံးပင့်လိုက်သည်။ သို့သော် သူ ဘာမှ မပြောရသေးခင် တဲထဲက အမွှေးပွယုန်လေးက လှုပ်ရှားသည်ကို တွေ့လိုက်သည်။

ပိုင်ယို့ဝေလည်း မြင်လိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်များက မြင့်တက်သွားသည်။ “ဒီဟာက တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်”

သူမ ဆက် နောက်ဆုတ်သည်။

အမွှေးပွယုန်လေးသည် နားရွက်များကို နှစ်ကြိမ်လှုပ်ရှားပြီး ဖြည်းဖြည်းချင်း ထိုင်လိုက်သည်။ ထို့နောက် ၎င်းသည် ပိုင်ယို့ဝေ၏ ဦးတည်ရာသို့ တိကျစွာ ခေါင်းလှည့်လိုက်ပြီး ထရပ်ကာ သူ၏ ခြေတိုလေးများကို ဆန့်ပြီး ထွက်လာရန် စတင် လျှောက်လှမ်းသည်။

ယုန်လေးက တကယ် လှုပ်ရှားနေပြီဖြစ်သည်။

အလွန်ထူးဆန်းသည့် မြင်ကွင်းဖြစ်သင့်သော်လည်း ပိုင်ယို့ဝေက အလွန်ပျော်ရွှင်နေသည်။ အဘယ်ကြောင့်ဆိုသော် ဤလုံးဝိုင်းပြီး ချစ်စရာကောင်းသော အမွှေးပွယုန်လေး၏ လမ်းလျှောက်ပုံက အရမ်းရယ်ရလို့ပဲဖြစ်သည်။

ခြေထောက်တွေက တိုလွန်းတာကြောင့် တဲလိုက်ကာနားရောက်သည့်အခါ ရှေ့ဆက်မတိုးနိုင်တော့ပေ။ ကိုယ်လုံးက တဲ၏အောက်ခြေနှင့် ပိတ်နေသည်။ ခြေတိုလေးများကို အပေါ်ကို မြှောက်ကြည့်သော်လည်း မကျော်နိုင်ပေ။

ပိုင်ယို့ဝေသည် ကျယ်လောင်စွာ ရယ်မောပြီး သူမ၏ ဘီးတပ်ကုလားထိုင်ကို နောက်သို့ လျှောချလိုက်သည်။

ရှန်မိုက လက်လှမ်းဖမ်းလိုက်သည်။

“နောက်ထပ်ဆုတ်ရင် မီးလောင်လိမ့်မယ်” ရှန်မိုက ပြောသည်။

ဘီးတပ်ကုလားထိုင်သည် မီးဘက်သို့ လုံးဝ ဆုတ်သွားတာဖြစ်သည်။

ပိုင်ယို့ဝေ နောက်မဆုတ်တော့ပေ။ သူမသည် တဲသို့ ပြန်သွားပြီး ယုန်ကို ကောက်ယူကာ ပြုံးလျက်ပြောသည်။ “ကျွန်မ အဝေးကို ပစ်လိုက်ရင် ဘယ်လိုနေမလဲ”

ရှန်မိုက သူမကို သတိပေးသည်။ “ညစ်ပတ်သွားလိမ့်မယ်”

ညဘက်မှာ ခေါင်းအုံးအဖြစ် သုံးလို့မရနိုင်တော့ပေ။

ပိုင်ယို့ဝေ: “ဒါဆို ရှင် ကျွန်မကို ဖမ်းပေးနိုင်မလား”

ရှန်မို: “…”

ပိုင်ယို့ဝေသည် သူသဘောတူသည်ဟု မှတ်ယူကာ သူ့ကို လက်ဝှေ့ယမ်းပြသည်။ “ဝေးဝေးနေ”

ရှန်မိုသည် ခဏမျှ တိတ်ဆိတ်နေပြီး အနည်းငယ် အားကိုးရာမဲ့သလို ခံစားရလိုက်သည်။ သူသည် လှည့်ကြည့်ပြီး ဆယ်လှမ်းခန့် လျှောက်ကာ သူမကို ပြန်ကြည့်သည်။

ပိုင်ယို့ဝေသည် ဆက် လက်ဝှေ့ယမ်းပြသည်။ “နည်းနည်း ပိုဝေးဝေး”

“...” ရှန်မို နောက်ထပ် ဆယ်လှမ်း လျှောက်သည်။

ပိုင်ယို့ဝေ: “ကျွန်မ ပစ်တော့မယ်”

ရှန်မို၏ မျက်နှာက အနည်းငယ် မပျော်မရွှင် ဖြစ်နေပုံရသည်။ သူ အလွန်အကျွံ တွေးနေမိသလား မသိပေ။ သူသည် ခွေးအရိုးဖမ်းသည့်ဂိမ်းကို ကစားနေရသည်ဟု ခံစားရသည်။

“မဖမ်းဘူးဆိုရင် ကျွန်မအတွက် ကောက်ပေးရမယ်နော်” ပိုင်ယို့ဝေက အဝေးမှ အော်ပြောသည်။

ရှန်မို: “…”

ရှန်မို လုံးဝ စိတ်တိုမလာသေးခင်မှာပဲ ပိုင်ယို့ဝေက သူမလက်ကို လှည့်ပြီး အမွှေးပွယုန်ကို ပစ်ချလိုက်သည်။

ယုန်သည် လေထဲတွင် အဖြူရောင် မျဥ်း‌ကွေးတစ်ခု ဖန်တီးလိုက်ပြီး ရှန်မိုက ဖမ်းမိလိုက်သည်။

သူသည် သူ့လက်ထဲမှ အမွှေးလုံးလေး ရုန်းကန်နေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

ထိုအရာ၏ လက်တိုခြေတိုများ အားလုံး လှုပ်ရှားနေပြီး သူ ဖမ်းဆုပ်ထား၍ မရပေ။ သူသည် မျက်မှောင်ကြုတ်ပြီး ပို၍ တင်းတင်းညှစ်လိုက်သော်လည်း ရုတ်တရက် သူ့လက်ဖဝါးတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ မသိစိတ်ကပင် လွှတ်ချလိုက်သည်။

ယုန်လေးသည် မြေပေါ် ပြုတ်ကျပြီး ပိုင်ယို့ဝေဆီသို့ ပြေးသွားသည်။

“ဘာဖြစ်တာလဲ” ပိုင်ယို့ဝေက သူမ၏ ဘီးတပ်ကုလားထိုင်ဖြင့် လာပြီး ၂ မီတာ အကွာအဝေးအတွင်း ရောက်သည်နှင့် ယုန်လေးက ချက်ချင်း ရွေ့လျားခြင်း ရပ်သွားသည်။

သူမက ယုန်ကို ကောက်ယူပြီး ရှန်မိုဆီ ပိုနီးကပ်စွာ သွားကာ သူ့လက်ဖဝါးတွင် အနည်းငယ် နီနေသည်ကိုတွေ့လိုက်ရသည်။

ပိုင်ယို့ဝေ: “သူ ကိုက်တာလား”

ရှန်မိုသည် သူ့ကို ခက်ခဲစွာ ကြည့်ပြီးပြောလိုက်သည်။ “သူ ငါ့ကို လျှပ်စစ်ရှော့ခ်တိုက်တာ”

………….

All Chapters