အခန်း (၂၃၉၁-၂၃၉၅)
Vol. 123 Ch. 2391-2395
Chapter 2391
ထိုဖြစ်ရပ်ဆိုးမှလွတ်မြောက်ခဲ့သော တစ်ယောက်တည်းသောသူမှာ ကျွမ်းမိသားစု၏နဝမသခင်မလေး ကျွမ်းယန်းဟန်ပင်
နောက်ပိုင်းတွင် ကျွမ်းယန်းဟန်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ရောက်ခဲ့ကာ သူမ၏နာမည်ကို ပိုင်မင်ဟန်အဖြစ်ပြောင်းလဲ၍ ကျောင်းတော်၏လက်ထောက်ကျောင်းအုပ် ဖြစ်လာခဲ့သည်။
အစိမ်းရောင်ကြာနတ်ဘုရားသည် အစွမ်းထက်သော်လည်း ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်းသို့ ဝင်ရောက်ဝံ့ခြင်းမရှိချေ။
ဤကဲ့သို့ မိသားစုတစ်စုလုံး အမြစ်ပြတ်သုတ်သင်ခံခဲ့ရသည့် နာကျည်းမုန်းတီးမှုများကို မေ့ဖျောက်ရန်မှာ ပိုင်မင်ဘိုးဘေးအတွက် မဖြစ်နိုင်ချေ။
"ငါ မင်းအတွက် ဘယ်လိုကူညီပေးရမှာလဲ"
လုယွီက မေးမြန်းသည်။
"ငါ့ရဲ့အိမ်တော်ဟောင်းကို အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်တွေက သိမ်းပိုက်ထားပြီးတော့ သူတို့ရဲ့ဂိုဏ်းခွဲတစ်ခုကို တည်ထောင်ထားတယ်"
ပိုင်မင်ဘိုးဘေးက နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။
"ငါက အဲ့ဒီဂိုဏ်းခွဲကို ဖျက်ဆီးပြီးတော့ အစိမ်းရောင်ကြာနတ်ဘုရားထွက်လာအောင် မျှားခေါ်လိုက်မယ်...ငါတို့နှစ်ယောက် သူ့ကို ခြုံခိုတိုက်ခိုက်ပြီးတော့ အခွင့်အရေးရတာနဲ့ သူ့ကို သတ်ပစ်ရအောင်"
အတိတ်သို့ပြန်တွေးကြည့်ပါက ကောင်းကင်ဘုံနယ်မြေတွင် နာမည်တစ်လုံးနှင့်နေသူများသည် သနားကြင်နာတက်သူများမဟုတ်ချေ။
အစိမ်းရောင်ကြာနတ်ဘုရားသည် သူ၏မိသားစုကို ဖျက်ဆီးခဲ့သဖြင့် ပိုင်မင်ဘိုးဘေးသည် သူ့အား မည်သည့်နည်းနှင့်မျှ အလွတ်ပေးမည်မဟုတ်ပေ။
"အစိမ်းရောင်ကြာနတ်ဘုရား ထွက်မလာမှာကို ငါ စိုးရိမ်မိတယ်...ခုလတ်တလောက သူ့ရဲ့ခွန်အားကို ပြန်လည်ဖြည့်တင်းနေတဲ့ အရေးကြီးတဲ့အချိန်ပဲ...သူ့ရဲ့အထွတ်အထိပ်အခြေအနေမျိုးကို ပြန်မရောက်သေးသရွေ့ သူ့ရဲ့အစစ်အမှန်ခန္ဓာကိုယ် ထွက်လာမှာမဟုတ်ဘူး"
လုယွီက ပြောဆိုသည်။
ပိုင်မင်ဘိုးဘေးက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"ဒါလည်း အဆင်ပြေတယ်...တကယ်လို့ ငါတို့က သူ့ရဲ့ကိုယ်ပွါးကို သတ်နိုင်ရင်တောင် သူ့ရဲ့အသက်စွမ်းအား အကြီးအကျယ်ယုတ်လျော့သွားလိမ့်မယ်...အဲ့ဒီခွေးမသားက ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးအတွက် မြစ်ပွါးနာတစ်ခုပဲ...ငါတို့ သူ့ကို အမြစ်ပြတ်သုတ်သင်မှရမယ်"
သူက ရုတ်တရက် လုယွီကိုကြည့်ကာ ဂရုတစိုက်ပြောဆိုလေသည်။
"ဒီတစ်ကြိမ်မှာ မင်း ငါ့ကိုကူညီပေးရင် မင်းအတွက် မမျှမတမဖြစ်စေရဘူး....မင်းက မြင့်မြတ်တဲ့မြေအောက်လောကတာအိုသခင်....မင်းရဲ့မျက်လုံးထဲကိုဝင်တဲ့ ပစ္စည်းဆိုလို့ များများစားစားရှိမှာမဟုတ်ဘူး...ငါ့အိမ်တော်ဟောင်းရဲ့မြေအောက်မှာ အမွေအနှစ်တစ်ခုရှိနေတယ်...မင်း ဒါကိုစိတ်ဝင်စားမှာ သေချာတယ်"
"ဘာ အမွေအနှစ်လဲ"
လုယွီက တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းထားဆဲပင်။
အမှန်အားဖြင့် ပိုင်မင်ဘိုးဘေး မည်သို့မျှမပြောဆိုလျှင်ပင် လုယွီက ဝင်ရောက်စွက်ဖက်ရန် ဆုံးဖြတ်ထားပြီးလေပြီ။
အစိမ်းရောင်ကြာနတ်ဘုရားသည် သူ၏လက်အတွင်းမှ နတ်ဆိုးနတ်ဘုရား၏စိတ်ဝိညာဥ်ကို အလစ်သုတ်သွားခဲ့သည်။ထို့ကြောင့် လုယွီသည် အစိမ်းရောင်ကြာနတ်ဘုရားကို အလွတ်ပေးမည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ပိုင်မင်ဘိုးဘေးထံတွင် အထူးသီးသန့်အရည်အချင်းမျိုးရှိနေကာ ရှေးဟောင်းအမွေအနှစ်နယ်မြေများအတွင်း၌ ကံကြမ္မာဆိုးများကိုပင် ကံကြမ္မာကောင်းများအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။
ဤနေရာသည် ပိုင်မင်ဘိုးဘေး၏အိမ်တော်ဟောင်းဖြစ်သဖြင့် သာမာန်ထက်သာလွန်ထူးကဲသောအရာတစ်ခု ရှိနေနိုင်သည်။
လုယွီသည် သူ့ထံသို့ အလိုအလျောက်ရောက်ရှိလာသော အကျိုးအမြတ်ကို ငြင်းဆန်မည်မဟုတ်ချေ။
"ငါတို့ကျွမ်းမိသားစုက ရှေးဟောင်းတာအိုသူတော်စင် ကျွမ်းကျိုးရဲ့အမွေအနှစ်ကို ဆက်ခံထားတာပဲ"
ပိုင်မင်ဘိုးဘေး၏မျက်နှာပေါ်၌ စိတ်ကြီးဝင်မောက်မာသောအမူအယာမျိုး ထင်ဟပ်နေသည်။
"ငါ့ဆီမှာ တာအိုသူတော်စင်ကျွမ်းကျိုးရဲ့သွေးမျိုးဆက်ရှိတယ်...ငါ့ရဲ့အိမ်တော်မှာရှိနေတာက တာအိုသူတော်စင်ရဲ့အမွေအနှစ်ပဲ"
လုယွီက အံ့အားသင့်သွားသည်။ရှေးဟောင်းမှတ်တမ်းများအတွင်းမှ တာအိုသူတော်စင်ကျွမ်းကျိုးနှင့်ဆိုင်သောအချက်အလက်များက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာပေ၏။
လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်းတွင် ကြုံတွေ့ခဲ့မှုအရ ကျွမ်းကျိုးသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးအတွင်း၌ နာမည်ကျော်ကြားသူဖြစ်သည်။
အတိတ်တွင် ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်သည် အမိန့်တော်များ ဆက်တိုက်ထုတ်ပြန်၍ ကျွမ်းကျိုးကို တော်ဝင်နန်းတွင်းသို့ ဖိတ်ခေါ်ခဲ့သည်။
သို့ရာတွင် ကျွမ်းကျိုးသည် လွတ်လပ်မှုကိုနှစ်ခြိုက်သဖြင့် တော်ဝင်နန်းတော်အတွင်း၌ လှောင်ပိတ်၍နေလိုခြင်းမရှိချေ။ထို့ကြောင့် သူသည် ဧကရာဇ်၏တော်ဝင်အမိန့်တော်ကို ငြင်းပယ်၍ လောကကြီးတခွင်လုံးအနှံ့ လှည့်လည်သွားလာနေခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ အင်မော်တယ်အများစုက ကျွမ်းကျိုး၏ခွန်အားသည် ရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိနေပြီဟု ခန့်မှန်းထားကြ၏။အကယ်၍ ကျွမ်းကျိုးသည် ထိုအဆင့်မဟုတ်လျှင်ပင် များစွာကွဲပြားခြားနားခြင်းမရှိနိုင်ချေ။
အကယ်၍ မိသားစုတစ်စုအတွင်း၌ သူတော်စင်တစ်ယောက် ထွက်ပေါ်လာပါက မိသားစု၏ဂုဏ်သတင်းတောက်ပြောင်သွားစေရုံသာမက မိသားစုတစ်စုလုံး၏သွေးမျိုးဆက်စွမ်းအား အကြီးအကျယ် တိုးတက်သွားပေမည်။
သူတော်စင်များ၏မိသားစုများအတွင်းတွင် ပါရမီရှင်များ အဆက်မပြတ်ထွက်ပေါ်နေကာ ထိုမိသားစုဝင်ကလေးများသည် ကျင့်ကြံရာတွင် သူတို့နှင့်သက်တူရွယ်တူများထက် များစွာပို၍သာလွန်သည်။ဝမ်ရှန့်သူတော်စင်ယီဟန်တက်လှမ်းခဲ့စဥ်တွင် သူ၏နံဘေးနားရှိ အိမ်မွေးခွေးပင်လျှင် သူနှင့်အတူ တက်လှမ်းနိုင်ခဲ့သည်။ဤသည်က သူတော်စင်များသည် သူတို့၏နံဘေးနားရှိ အရာရာတိုင်းကို စွမ်းအားများသက်ရောက်စေသောကြောင့်ပင်။
ပိုင်မင်ဘိုးဘေးတွင် ဤကဲ့သို့သွေးမျိုးဆက်ရှိနေသည်မှာ အမှန်တကယ်ကိုပင် အံ့အားသင့်စရာကောင်းလှ၏။
"ဘယ်လိုသဘောရလဲ...သူတော်စင်ကျွမ်းက ရှေးဟောင်းခေတ်အတွင်းမှာ ထာဝရအသက်နဲ့အနီးစပ်ဆုံးဖြစ်ခဲ့တဲ့ သူတော်စင်တစ်ယောက်ပဲ...မင်းက တာအိုသခင်တစ်ယောက်ဆိုပေမယ့် ဒီအမွေအနှစ်က မင်းအတွက် အသုံးဝင်မှာပါ"
ပိုင်မင်ဘိုးဘေးက ပြောဆိုသည်။
လုယွီက ခေါင်းညိတ်ပြလိုက်၏။
"ဒါက အမှန်ပဲ...ငါက ဒီအမွေအနှစ်ကို ကျေကျေနပ်နပ်ကြီး လက်ခံလိုက်မယ်"
"ကောင်းပြီလေ...ဒါပေမယ့် ငါ မင်းကို ထပ်ပြီးတောင်းဆိုစရာ ကိစ္စတစ်ခုကျန်သေးတယ်"
ပိုင်မင်ဘိုးဘေးက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"ငါ့ရဲ့မိသားစုတစ်စုလုံး အမြစ်ပြတ်သုတ်သင်ခံရလုနီးပါးပဲ...ငါ့ရဲ့မြေးမလေးတစ်ယောက်ပဲ လွတ်မြောက်လာခဲ့တယ်...မင်းက ကျွမ်းမိသားစုရဲ့အမွေအနှစ်ကို ဆက်ခံချင်တယ်ဆိုရင်...အခုချိန်ကနေစပြီး ငါ့ရဲ့မြေးမလေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်မလား"
Chapter 2392
"မိုးကောင်းကင်တာအိုက ချို့ယွင်းချက်တွေရှိနေပြီးတော့ အချိန်ကာလရွေ့လျားမှုက အကန့်အသတ်မရှိဘူး...ငါ သေသင့်နေတာ အချိန်အတော်ကြာနေပြီ...ငါ့ရဲ့စိတ်ဝိညာဥ်က ဒီလောကကြီးအတွင်းကနေ အနှေးနဲ့အမြန် ပျောက်ကွယ်သွားမှာပဲ...ကျေးဇူးပြုပြီးတော့ အနာဂတ်မှာ ငါ့ရဲ့ကိုယ်စား ငါ့မြေးမလေးကိုစောင့်ရှောက်ပေးပါ"
ပိုင်မင်ဘိုးဘေး၏မျက်နှာ ပို၍အိုမင်းရင့်ရော်သွားပေ၏။
ဤလောကကြီးအတွင်းတွင် မည်သူမျှ ထာဝရအသက်မရှင်နိုင်ချေ။
ပိုင်မင်ဘိုးဘေးသည် သူ၏ရုပ်ခန္ဓာကိုယ်ကို ဆုံးရှုံးထားပြီးလေပြီ။ယခုချိန်တွင် သူ၏စိတ်ဝိညာဥ်သည် နဂါးဆူးတောင်ဓား၌ တွယ်ကပ်နေသော်လည်း သေဆုံးခြင်းကံကြမ္မာမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ဤကဲ့သို့အဖိုးတန်အမွေအနှစ်ကို ကျွမ်းမိသားစုအတွင်း၌ပင် အနီးစပ်ဆုံးသွေးမျိုးဆက်ရှိသူသာ ကျင့်ကြံခွင့်ပေးမည်ဖြစ်ကြောင်း လုယွီက ကောင်းစွာသိရှိထားသည်။
ပိုင်မင်ဘိုးဘေးသည် ထိုအမွေအနှစ်ကို ရက်ရက်ရောရောထုတ်ပေးရသောအကြောင်းအရင်းမှာ သူ၏မိသားစု ပျက်စီးသွားသောကြောင့်ပင်။
အကယ်၍ လက်ဆင့်ကမ်းပေးခြင်းသာမရှိပါက ထိုအမွေအနှစ် လုံးလုံးလျားလျား ပျောက်ကွယ်သွားပေမည်။
"တကယ်လို့ မင်း ဘာစကားမှမပြောရင်တောင်...ငါ မင်းကို ကူညီပေးမှာပါ...တကယ်တော့ မင်း ဘာမှ စိတ်ဓာတ်ကျနေစရာမလိုဘူး...တကယ်လို့ နောင်တစ်ချိန်မှာ နဂါးဆူးတောင်ဓားကို ထပ်ပြီးတော့ အဆင့်မြှင့်တင်နိုင်မယ်ဆိုရင်...ငါက အခွင့်အရေးရှာပြီးတော့ မင်းရဲ့ဘဝသက်တမ်းကို တိုးမြှင့်ပေးမယ်"
လုယွီသည် ပိုင်မင်ဘိုးဘေးကို နှစ်သိမ့်ပေးရုံသာတက်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်အဆင့်မှော်လက်နက်ကို အဆင့်မြှင့်တင်ရန်မှာ အလွန်အမင်းခက်ခဲလှ၏။
ပိုင်မင်ဘိုးဘေးသည်လည်း ထိုအကြောင်းကို ကောင်းစွာသိရှိထားသည်။သူက သက်ပြင်းတစ်ချက်ရှိုက်ကာ ထိုကိစ္စနှင့်ပတ်သတ်၍ ထပ်မံမပြောတော့ချေ။
"မင်း သဘောတူပြီးပြီဆိုမှတော့ ငါ့ရဲ့အစီအစဥ် မင်းကို ပြောပြမယ်...သူတို့ရဲ့ဂိုဏ်းခွဲက ခုလတ်တလောအချိန်မှာ ယဇ်ပူဇော်ပွဲတစ်ခုလုပ်ဖို့ ပြင်ဆင်နေတယ်...နယ်မြေတွေထဲမှာ လှည့်လည်သွားလာနေတဲ့ ခေါင်းဆောင်တွေအားလုံး ဒီနေရာမှာ စုဝေးနေကြတယ်"
မှောင်မည်းနေသောမိုးကောင်းကင်ကို မော့ကြည့်ပြီး ပိုင်မင်ဘိုးဘေး၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံး ထင်ဟပ်လာသည်။
"အချိန်ကြပြီ...ငါတို့ ခု အထဲကိုဝင်ပြီး သူတို့အားလုံးကို ဖမ်းဆီးကြရအောင်"
မိုးကောင်းကင်ယံသည် မှင်ရောင်တမျှ မှောင်မည်းနေကာ မကြာမီမှာပင် မိုးသည်းထန်စွာ ရွာသွန်းလာလေ၏။
ဤနေရာသည် ယခင်ကတည်းက အဝါရောင်သဲများဖြင့် ပြည့်နှက်နေလေရာ မိုးရွာသွန်းသည်နှင့်တပြိုင်နက် မြေပြင်ပေါ်၌ နက်ရှိုင်းသောရေအိုင်များ ဖြစ်ပေါ်လာသည်။
သဲကန္တရအတွင်း၌ အိမ်တစ်လုံးရှိနေပြီး ယခုလက်ရှိချိန်၌ အလင်းရောင်များဖြင့် တောက်ပနေသည်။
မြောက်မြားစွာသောလူရိပ်များသည် ကောင်းကင်ယံမှဆင်းသက်လာကာ အိမ်အတွင်းသို့ ဝင်ရောက်သွားကြ၏။ထိုအိမ်အတွင်းမှနေ၍ မန္တန်ရွတ်ဆိုသံခပ်သဲ့သဲ့ကလည်း ထွက်ပေါ်နေသည်။
ခြံဝန်း၏ဘေးတစ်ဖက်တစ်ချက်တွင် ကြာပန်းစိမ်းအမှတ်အသားပါသော အလံများကို ချိတ်ဆွဲထားသည်။
ဤသည်က အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုပင်။ဂိုဏ်းခွဲတစ်ခုစီသည် ပတ်ဝန်းကျင်နေရာတဝိုက်ကို ထိန်းချုပ်ရလေ၏။
ဤအနီးပတ်ဝန်းကျင်ရှိ လူရိုင်းမျိုးနွယ်များတွင်ဖြစ်စေ သေမျိုးနိုင်ငံများ သို့မဟုတ် ကျင့်ကြံခြင်းဂိုဏ်းများအတွင်း၌ဖြစ်စေ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏နောက်လိုက်များ စိမ့်ဝင်နေသည်။
ဤအချိန်အတောအတွင်းတွင် ထိုနေရာများမှဂိုဏ်းဝင်များသည် အစိမ်းရောင်ကြာနတ်ဘုရားကို အရိုအသေပြုရန်အတွက် လာရောက်နေကြသည်။
သူတို့သည် ဝတ်ပြုကိုးကွယ်ခြင်းနှင့်ယဇ်ပူဇော်မှုများကို ပြုလုပ်ပြီးနောက် အစိမ်းရောင်ကြာနတ်ဘုရားထံမှ ကောင်းချီးပေးမှုကိုရရှိပေမည်။
"တောင်ပိုင်းကောင်းကင်ဘုံနယ်မြေက ကျွန်တစ်သိန်းနဲ့သက်ရှိသတ္တဝါတစ်သန်းကို ဆက်သပါတယ်"
"နေဓားဂိုဏ်းက ဓားပျံအလက်သုံးထောင်နဲ့ အင်မော်တယ်ကျောက်တုံးသန်းတစ်ရာ ဆက်သပါတယ်
……
တံခါး၏ပြင်ပတွင် ကျင့်ကြံသူတစ်ယောက်က မျက်နှာသေဖြင့် မတ်တတ်ရပ်နေကာ ယဇ်ပူဇော်ရန်ပစ္စည်းများကို လာရောက်ဆက်သသူများ၏နာမည်များကို ရွတ်ဆိုနေလေ၏။
ယဇ်ပူဇော်ရန်လာရောက်ကြသော လူများအားလုံး၏မျက်လုံးများအတွင်းတွင် အယူသည်းသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။တချို့လူများသည် ခြံဝန်းအတွင်းသို့ မဝင်ရောက်ရသေးမီအချိန်မှာပင် ဦးညွှတ်၍ အရိုအသေပြုနေကြသည်။
ထိုအချိန်မှာပင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် လူအမြောက်အများခြံရံ၍ အိမ်တံခါးထံသို့ ဖြည်းညှင်းစွာလျှောက်လှမ်းလာသည်။
ထိုလူငယ်၏လက်အတွင်း၌ ဦးခေါင်းပြတ်တစ်လုံးကိုကိုင်ဆောင်ထားပြီး သူက ခြံဝန်းအရှေ့၌ဒူးထောက်ကာ စိတ်လှုပ်ရှားသောအမူအယာဖြင့် ပြောဆိုလိုက်၏။
"နတ်ဘုရားရဲ့နောက်လိုက် ယန်မင်က အပြစ်သားရဲ့ခေါင်းနဲ့အတူ ကျွန်တော်တို့ယန်မိသားစုရဲ့အရာရာတိုင်းကို ဆက်သပါတယ်"
ထိုလူငယ်၏လက်အတွင်း၌ ကိုင်ထားသောဦးခေါင်းပြတ်သည် သူနှင့်ရုပ်ရည်သွင်ပြင်တူညီမှုတချို့ရှိနေသည်။
"ကျွတ်...ကျွတ်...ယန်မိသားစုရဲ့သခင်လေးကတော့ သူ့ရဲ့အဖေကိုတောင် သတ်လိုက်ပြီပဲ"
"ဒါက တကယ့်ကို သစ္စာရှိနောက်လိုက်ပဲ...ဒီတစ်ကြိမ်တော့ မြင့်မြတ်တဲ့နတ်ဘုရားက သူ့ကို ပစ္စည်းကောင်းတွေ အများကြီး ဆုချီးမြှင့်လောက်တယ်"
"ယန်မိသားစုခေါင်းဆောင် ယန်ထိုက်ရှင်းက မြောက်ပိုင်းယန်စီရင်စုနယ်မြေက အရာရှိတစ်ယောက်ပဲ...သူက အရှင်သခင် တည်ထောင်ထားတဲ့ ဘုရားကျောင်းတစ်ခုကို ဖျက်ဆီးလိုက်ကတည်းက နတ်ဘုရားရဲ့မျက်လုံးထဲမှာ ဆူးညှောင့်တစ်ခုဖြစ်သွားခဲ့တယ်...ယန်မိသားစုသခင်လေးက သူ့ကိုသတ်ပစ်လိုက်တာ တကယ့်ကိုကြီးမားတဲ့အကျိုးဆောင်မှုပဲ"
ပတ်ဝန်းကျင်မှ စောင့်ကြည့်နေကြသူများသည် အနည်းငယ်မျှပင် အံ့အားသင့်သွားပုံမရချေ။
ညီအကိုအချင်းချင်းသတ်ဖြတ်ခြင်း သားအဖအချင်းချင်းသတ်ဖြတ်ခြင်းသည် သူတို့အတွက် ပုံမှန်ကိစ္စတစ်ရပ်ပင်။
Chapter 2393
အိမ်တံခါး ရုတ်တရက် ပွင့်လာလေ၏။အိမ်အတွင်းမှနေ၍ လူထွားကြီးတစ်ယောက်ထွက်လာသည်။သူ၏မျက်နှာပေါ်တွင် ဆေးမင်ကြောင်မျိုးစုံဖြင့် ပြည့်နှက်နေသည်။သူ၏မျက်လုံးများသည် မင်တမျှ နက်မှောင်နေကာ အဖြူရောင်တစိုးတစိမျှရှိမနေချေ။ပတ်ဝန်းကျင်ရှိလူများသည် ထိုလူထွားကြီးကို တိုက်ရိုက်မကြည့်ဝံ့ကြချေ။
"မြွေနက်ဓမ္မအစောင့်အရှောက်"
"မြွေနက်ဓမ္မအစောင့်အရှောက်ကို အရိုအသေပြုပါတယ်"
ယခုလက်ရှိနေရာတွင်ရှိနေသော အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များအားလုံးသည် လူထွားကြီးကိုမြင်သည်နှင့် သူတို့၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ အရိုအသေပြုလိုက်ကြ၏။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းအတွင်းတွင် ဓမ္မအစောင့်အရှောက်များ၏အဆင့်အတန်းမှာ အလွန်မြင့်မားသည်။
များသောအားဖြင့် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ဂိုဏ်းခွဲတစ်ခုတွင် ဓမ္မအစောင့်အရှောက်တစ်ယောက်ရှိနေကာ ပတ်ဝန်းကျင်ရှိ နောက်လိုက်များအားလုံးကို ထိန်းချုပ်ရသည်။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းနောက်လိုက်များ၏အမြင်အရ ဓမ္မအစောင့်အရှောက်များ၏အဆင့်အတန်းသည် အလွန်မြင့်မားပြီး သူတို့ပြောဆိုသမျှသည် အနည်းငယ်မျှပင် သံသယဖြစ်ဖွယ်မရှိချေ။
"ယန်မင်...မင်းက အလုပ်ကောင်းကောင်းလုပ်ခဲ့တာပဲ...အဲ့ဒီကောင်က နေရာအနှံ့အပြားမှာရှိတဲ့ ဘုရားကျောင်းတွေကို လိုက်ပြီးဖျက်ဆီးနေတာ...သူ သေသင့်တာ အချိန်အတော်ကြာနေပြီ...မင်းက ဆွေမျိုးသားချင်းကိုတောင် သတ်ဖြတ်ခဲ့ပြီးတော့ အမှောင်ကိုစွန့်ခွါပြီး အလင်းထဲကို ဝင်ရောက်လာခဲ့တယ်...ဒါက မြင့်မြတ်တဲ့နတ်ဘုရားအပေါ် မင်းရဲ့သစ္စာစောင့်သိမှုကို ပြသနေတာပဲ...အထဲကိုဝင်ခဲ့"
မြွေနက်ဓမ္မအစောင့်အရှောက်က နူးညံညင်သာသောလေသံဖြင့် ပြောဆိုသည်။
ယန်မင်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။သူ့ဖခင်၏ခေါင်းပြတ်ကို လက်ကမ်းပေးလိုက်ကာ သူ၏မျက်လုံးများအတွင်း၌ တယူသန်မှုများနှင့် ပြည့်နှက်နေပေ၏။
"မြင့်မြတ်တဲ့နတ်ဘုရားကို ဒီဦးခေါင်းဆက်သပြီးတာနဲ့...မင်းက နတ်ဘုရားရဲ့ကောင်းချီးပေးမှုကို ရရှိလိမ့်မယ်"
မြွေနက်ဓမ္မအစောင့်အရှောက်၏မျက်နှာပေါ်တွင် အလွန်စိတ်ကျေနပ်နေသောအမူအယာမျိုး ထင်ဟပ်နေကာ ယန်မင်ကို ခြံဝန်းအတွင်းသို့ ခေါ်ဆောင်သွားသည်။
ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသော ပတ်ဝန်းကျင်ရှိလူများ၏မျက်လုံးများအတွင်း၌ မနာလိုအားကျသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
ယဇ်ပူဇော်ပွဲကို ဆက်လက်၍ကျင်းပနေဆဲပင်။
နေရာအနှံ့အပြားမှ ယုံကြည်ကိုးကွယ်သူများသည် အပြေးအလွှားလာရောက်ကြကာ ခြံဝန်းအတွင်းသို့မဝင်ရောက်မီ ယဇ်ပူဇော်ရန်အတွက်လက်ဆောင်ပဏ္ဏာများကို ဆက်သကြ၏။
"လေလွင့်ကျင့်ကြံသူလုယွီ ...ဝိုင်တစ်အိုးဆက်သပါတယ်"
လက်ဆောင်ပဏ္ဌာများကို ရွတ်ဖတ်နေသော ကျင့်ကြံသူသည် သူ့ရှေ့သို့ရောက်ရှိလာသူကို တစ်ချက်ကြည့်လိုက်သည်။
ထိုလူသည် လူငယ်တစ်ယောက်ဖြစ်ပြီး လက်တစ်ဖက်တွင် အနီရောင်ထီးတစ်ချောင်းကိုကိုင်ဆောင်ထားသည်။ထိုလူငယ်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏နောက်ကျော၌ဓားတစ်ချောင်းကိုလွယ်ထားက သူ၏ကျန်လက်တစ်ဖက်အတွင်း၌ ဝိုင်တစ်အိုးရှိနေသည်။
ဤဝိုင်ကို သေမျိုးလောကမှ ချက်လုပ်ထားခြင်းဖြစ်ပြီး အထူးဆေးဖက်ဝင်ပစ္စည်းများပါဝင်သော စိတ်ဝိညာဥ်ဝိုင်မဟုတ်ချေ။
"ဒီအရူးက ဘယ်ကရောက်လာတာလဲ ..သူက ဒီနေရာကို ပြဿနာလာရှာတာများလား"
"ဆက်သတဲ့ပစ္စည်းကောင်းမွန်လေလေ နတ်ဘုရားရဲ့ကောင်းချီးပေးမှုပိုရလေလေဆိုတာ သူ မသိဘူးလား"
ခြံတံခါးဝရှိကျင့်ကြံသူက သုန်မှုန်နေသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"မင်း ဝိုင်တစ်အိုးပဲဆက်သမယ်ဆိုတာ သေချာလား"
လုယွီက တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုလေ၏။
"ဘာလို့လဲ....မရဘူးလား"
"ထားလိုက်တော့...ဒီနေ့ ငါ့မှာ အရေးတကြီးလုပ်စရာတွေရှိနေတယ်...မင်း အထဲကို ဝင်လို့ရပြီ"
ထိုကျင့်ကြံသူသည် လုယွီနှင့် ဆက်လက်၍မငြင်းခုန်လိုသဖြင့် ဝင်ခွင့်ပြုလိုက်သည်။၊
လုယွီ၏လက်အတွင်းရှိ ဝိုင်အိုးကိုမူ ထိုကျင့်ကြံသူသည် ထိတွေ့ခြင်းပင်မပြုချေ။ဤကဲ့သို့စျေးပေါသောပစ္စည်းမျိုးကို ယူဆောင်ရခြင်းသည် သူ့အတွက် အလွန်အရှက်ရစေသောကိစ္စပင်။
လုယွီ၏နောက်ကျောကိုကြည့်ပြီး လူအများစု၏မျက်နှာပေါ်တွင် သရော်တော်တော်အပြုံး ထင်ဟပ်လာသည်။
ဤကဲ့သို့လေလွင့်ကျင့်ကြံသူများတွင် မည်သည့်နောက်ခံအင်အားမျှရှိမနေချေ။ထို့ကြောင့် သူ ယူဆောင်လာသောအရာမှာ သေးနုပ်ညံဖျင်းသောပစ္စည်းသာဖြစ်ပေမည်။
ပတ်ဝန်းကျင်၌ လူများ တစတစပို၍ စုဝေးလာကြသည်။ကံကောင်းထောက်မစွာဖြင့် ထိုခြံဝန်းအတွင်းတွင် လူအမြောက်အများဝင်ဆန့်သော မြေကွက်လပ်တစ်ခု ရှိနေလေ၏။
ဤနေရာတွင် လုယွီကဲ့သို့ လေလွင့်ကျင့်ကြံသူများလည်းရှိနေသည်။သူတို့သည် နတ်ဘုရားအားဆက်သရန်အတွက် ပစ္စည်းများကိုယူဆောင်လာခဲ့သော်လည်း တန်ဖိုးနည်းပါးသောအရာများဖြစ်သဖြင့် အာရုံစိုက်ခြင်းမခံရချေ။သူတို့သည် မြေကွက်လပ်၏အစွန်ကျသောနေရာများတွင်သာ မတ်တတ်ရပ်နေကြရ၏။
နောက်ဆုံး၌ ကျွမ်းမိသားစုအိမ်တော်ဟောင်း၏ခြံဝန်းအတွင်းတွင် ထောင်သောင်းချီသောကျင့်ကြံသူများ စုဝေးမိနေသည်။
ခြံဝန်း၏အထက်ကောင်းကင်ယံကို ဝင်္ကပါတစ်ခု၏အလင်းလွှာတစ်လွှာက လွှမ်းခြုံထားပြီး ပြင်ပမှမိုးရေများ ဝင်ရောက်လာခြင်းမရှိစေရန် တားဆီးဟန့်တားထားသည်။
မြေကွက်လပ်အတွင်း၌ ထောင်နှင့်ချီသောစားပွဲများကို နေရာချထားကာ ထိုအရာများပေါ်၌ စားကောင်းသောက်ဖွယ်များကို တည်ခင်းထားသည်။ဟင်းပွဲတစ်ခုစီတိုင်းမှနေ၍ ပေါကြွယ်ဝသော စိတ်ဝိညာဥ်စွမ်းအင်အငွေ့အသက်များ ထွက်ပေါ်နေသည်။
ဤနေရာရှိဟင်းပွဲတိုင်းကို အဖိုးတန်ရှားပါးသောပါဝင်ပစ္စည်းများဖြင့် ချက်ပြုတ်ထားသဖြင့် ဆေးလုံးများကိုသောက်သုံးရာမှရရှိသော ဆေးအာနိသင်များနှင့် ညီမျှသည်။
အဆင့်နိမ့်ကျင့်ကြံသူများသည် ထိုဟင်းပွဲများကိုတစ်လုတ်စားပြီးသည်နှင့် သူတို့၏ကျင့်ကြံမှုများ ခုန်ပျံကျော်လွှား၍ မြင့်တက်သွားသည်။ကျင့်ကြံဆင့်မြင့်မားသူများအတွက်ပင်လျှင် အင်အားပို၍ဖြည့်တင်းပေးနိုင်သော အကျိုးကျေးဇူးမျိုး ရရှိလေ၏။
လူတိုင်းက အစီအစဥ်အလိုက် ထိုင်ခုံများပေါ်တွင် နေရာယူလိုက်ကြသည်။လုယွီကလည်း နေရာတစ်နေရာရှာကာ ထိုင်ရန်ဟန်ပြင်လိုက်သည်။
"မင်း...ခဏနေဦး"
ထိုအချိန်မှာပင် မျက်စိတစ်ဖက်လပ်ကျင့်ကြံသူတစ်ယောက်ရောက်လာကာ အသံနက်ကြီးဖြင့်ပြောဆိုသည်။
"ဒီနေရာမှာ လူပြည့်နေပြီ...မင်း တခြားနေရာကို သွားထိုင်စမ်း"
ထို့နောက် မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် လုယွီရှေ့ရှိထိုင်ခုံလွတ်ကို နံဘေးဘက်သို့ ကန်ထုတ်လိုက်၏။
Chapter 2394
"လေလွင့်ကျင့်ကြံသူတစ်ယောက်က လက်ဆောင်ပစ္စည်း မဆက်သဘဲ ငါနဲ့အတူ စားပွဲတစ်လုံးတည်းထိုင်ဖို့ ပြင်ဆင်နေသေးတယ်"
"ဟား ဟား ဟား...ဒါကိုကြည့်ရင် ဒီလေလွင့်ကျင့်ကြံသူက နတ်ဘုရားရဲ့စွန့်ပစ်မှုကို ခံထားရတဲ့ကောင်ပဲ....သူက ဒီထဲကိုဝင်ခွင့်ရပြီးတော့ လောကကြီးကိုမြင်ခွင့်ရတာပဲ ကံအတော်ကောင်းနေပြီ...ဒါတောင် အရှက်မရှိ ဝင်ထိုင်ရဲသေးတယ်"
ပတ်ဝန်းကျင်ရှိလူများသည် လုယွီကိုကြည့်ပြီး ပြက်ရယ်ပြုရယ်မောနေကြ၏။
ဤယဇ်ပူဇော်ပွဲကို ကျင်းပနိုင်ရန်အတွက် သူတို့အားလုံးသည် အစိမ်းရောင်ကြာနတ်ဘုရားကို အလွန်ကြီးမားသော လက်ဆောင်ပဏ္ဌာများ ဆက်သခဲ့သည်။
လုယွီကဲ့သို့ မည်သည့်လက်ဆောင်ပဏ္ဌာမှ မဆက်သသူ ခြေရာခြင်းလာတိုင်းသည်ကို မည်သည့်နည်းဖြင့် သူတို့ သည်းခံနိုင်မည်နည်း။
မျက်စိတစ်ဖက်လပ်လူက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။
"ဒီနေရာကထွက်သွား ဒါမှမဟုတ် တခြားနေရာကိုသွားထိုင်...ငါနဲ့အတူ လာမထိုင်နဲ့"
ဤှစားပွဲရှိထိုင်ခုံလွတ်ကို မျက်စိတစ်ဖက်လပ်လူက နံဘေးဘက်သို့ ကန်ထုတ်ပြီးလေပြီ။ကြည့်ရသည်မှာ ထိုထိုင်ခုံကို ရည်ရွယ်ချက်ရှိရှိဖြင့် ရေအိုင်အတွင်းသို့ ကန်ထုတ်လိုက်ပုံပင်။
အကယ်၍ လုယွီသည် ထိုင်ခုံကိုအလိုရှိပါက ရေအိုင်အတွင်းသို့ဆင်း၍ယူရန် လိုအပ်သည်။
လုယွီက အပြုံးနှင့်အတူ မျက်စိတစ်ဖက်လပ်လူထံသို့ လျှောက်လှမ်းသွားလိုက်သည်။
"ဘာလဲ...မင်းက တိုက်ခိုက်ချင်လို့လား"
မျက်စိတစ်ဖက်လပ်လူသည် အေးစက်စက်နှာမှုတ်ပြီးနောက် သူ၏ခန္ဓာကိုယ်မှနေ၍ အစွမ်းထက်သောအရှိန်အဝါများ ပွင့်အံထွက်လာသည်။
သို့ရာတွင်...
လုယွီသည် ထိုအရှိန်အဝါကို အနည်းငယ်မျှပင် ခံစားမိပုံမရချေ။
"တကယ်လို့ ငါ မင်းကို သတ်လိုက်ရင်...ထိုင်ခုံတစ်ခုံ လွတ်သွားပြီမဟုတ်လား"
လုယွီက သူ၏လက်ကိုဆန့်တန်းကာ မျက်စိတစ်ဖက်လပ်လူ၏ခေါင်းပေါ်သို့ ဖိနှိပ်လိုက်၏။
ဂျွတ်...ဂျွတ်...ဂျွတ်...
မျက်စိတစ်ဖက်လပ်လူ၏မျက်လုံးပြူကျယ်နေကာ သူ၏လည်ပင်းရိုး ကျိုးသွားလေပြီ။သူ၏မျက်နှာပေါ်တွင် မောက်မာဝံ့ကြွားသောအမူအယာက ယခင်အတိုင်းရှိနေဆဲပင်။
လုယွီက လျှပ်တပြက်တိုက်ခိုက်မည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။
ထို့ပြင် လုယွီ၏တိုက်ခိုက်မှုသည် သူ အသက်ရှင်ရန် အနည်းငယ်မျှပင် အခွင့်အရေးမပေးသဖြင့် သူ သေဆုံးသွားတော့သည်။
စားပွဲတွင်ထိုင်နေသူများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မတ်တတ်ထရပ်ကာ လုယွီကို လက်ညှိုးညွှန်၍ ကြက်သေသေနေကြ၏။
"မင်းတို့အားလုံး...ပြန်ထိုင်စမ်း"
လုယွီသည် နတ်ဆိုးမွန်းစတားကြီးတစ်ကောင်အလား လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါမျိုးဖြင့် ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။
ပတ်ဝန်းကျင်တွင် ဆူညံသံများက အဆက်မပြတ်ထွက်ပေါ်နေသည်။ဤကဲ့သို့ မတော်တဆကိစ္စရပ်မျိုး ဖြစ်ပွါးသွားသည့်တိုင် မည်သူကမျှ အာရုံစူးစိုက်ခြင်းမရှိချေ။
မတ်တတ်ရပ်နေသော လူတချို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နောက်ဆုံးတွင် သူတို့၏ထိုင်ခုံများပေါ်၌ ပြန်ထိုင်လိုက်ကြ၏။
"အဲ့ဒီကောင်က တကယ့်ကို သေလမ်းရှာတာပဲ...ငါတို့အားလုံးက မြင့်မြတ်တဲ့ဘုရားကျောင်းတွေရဲ့နောက်လိုက်ညီအကိုတွေပဲ...သူက မင်းကို တမင်တကာရန်စလာမှတော့ သေသင့်တယ်"
စားပွဲ၌ရှိနေသူများက လုယွီအား ပြောဆိုလိုက်သည်။
သူတို့သည် မျက်စိတစ်ဖက်လပ်လူ၏စကားအတိုင်း သံယောင်လိုက်ခဲ့ကြသည်။
ယခုချိန်တွင် သူတို့သည် မျက်စိတစ်ဖက်လပ်လူကို ဆန့်ကျင်၍ ပြောဆိုနေကြ၏။
လုယွီသည် ထိုကဲ့သို့မျက်နှာအမျိုးမျိုးရှိသူများကို အာရုံစိုက်လိုခြင်းမရှိချေ။သူက ခွက်အတွင်းသို့ ဝိုင်ငှဲ့ကာ သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ငါက စိတ်စေတနာကောင်းနဲ့ ဒီနေရာကို ဝိုင်လာပို့တာ...ဒါပေမယ့် နတ်ဘုရားက မလိုချင်ဘူး...ငါ့ရဲ့ဝိုင်အိုးလေးကိုပဲ သနားမိတယ်"
တခြားသူများသည် လုယွီ၏နောက်ခံဇစ်မြစ်ကို မသိသဖြင့် မည်သည့်ပြဿနာမျှ ထပ်မရှိတော့ချေ။
"နတ်ဘုရားရဲ့ကောင်းချီးပေးခြင်းအခမ်းအနား စတင်နေပြီ"
တစ်စုံတစ်ယောက်သည် မလှမ်းမကမ်းအကွာအဝေး၌ ထွက်ပေါ်နေသော အလင်းရောင်ကို သတိပြုမိသွားသဖြင့် ရုတ်တရက် ပြောဆိုလေသည်။
လူများအားလုံး၏မျက်လုံးအကြည့်များသည် မြေကွက်လပ်၏အလယ်ဗဟိုသို့ အာရုံစူးစိုက်လိုက်ကြ၏။
ထိုနေရာတွင် မြင့်မားသောယဇ်ပလ္လင်ကြီးတစ်ခုကို တည်ဆောက်ထားသည်။ထိုယဇ်ပလ္လင်၏အလယ်ဗဟိုတွင် ခုနစ်ကျန်းခန့်မြင့်မားသော အစိမ်းရောင်ကြာနတ်ဘုရားရုပ်ထုကြီးရှိနေသည်။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ဖော်ပြချက်များအရ သူတို့၏နတ်ဘုရားကို လိင်ခွဲခြားထားခြင်းမရှိချေ။တစ်ခါတစ်ရံတွင် နတ်ဘုရားသည် ယောက်ျားအသွင်ယူဆောင်၍ တစ်ခါတစ်ရံတွင် မိန်းမအသွင်သို့ ပြောင်းလဲထားသည်။ထို့ပြင် နတ်ဘုရားတွင် ထောင်နှင့်ချီသော မျက်နှာသွင်ပြင်များရှိနေကာ စဥ်ဆက်မပြတ်ပြောင်းလဲနေသည်။
ထို့ကြောင့် အစိမ်းရောင်ကြာနတ်ဘုရား၏ရုပ်ထုကြီးတွင် မည်သည့်မျက်နှာအင်္ဂါရပ်မျှရှိမနေချေ။ပြောင်ရှင်းနေသောမျက်နှာကြီးကိုသာ လူတိုင်း တွေ့မြင်ကြရ၏။
သူ၏ဖခင်ဖြစ်သူကို သတ်ဖြတ်ခဲ့သောယန်မင်သည် ရုပ်ထုကြီး၏ရှေ့၌ ဒူးထောက်နေကာ သူ၏နှုတ်မှနေ၍ မန္တန်များရွတ်ဆိုနေသည်။
"နတ်ဘုရားကိုဆန့်ကျင်ခဲ့သူရဲ့ခေါင်းကို မင်းကိုယ်တိုင်ဆက်သလိုက်...မင်းက နတ်ဘုရားရဲ့ကောင်းချီးပေးမှုကို ရလိမ့်မယ်"
မြွေနက်ဓမ္မအစောင့်အရှောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ယန်မင်သည် အလွန်စိတ်လှုပ်ရှားစွာဖြင့် သူ့ဖခင်၏ဦးခေါင်းပြတ်ကို ရုပ်ထုကြီး၏ရှေ့၌ ရိုသေလေးစားစွာထားလိုက်၏။
ထိုဦးခေါင်းခွံသည် ရုပ်ထုကြီး၏ရှေ့သို့ တင်ထားခံရပြီးသည်နှင့် အတွင်းမှနေ၍ စူးရှနာကျင်သောအော်သံများ ထွက်ပေါ်လာသည်။
ယန်မိသားစုခေါင်းဆောင်၏စိတ်ဝိညာဥ်သည် ဦးခေါင်းပြတ်မှ ဆွဲထုတ်ခြင်းခံရကာ ချက်ချင်းဆိုသလိုပင် ရုပ်ထုကြီး၏ဝါးမျိုခြင်းကို ခံလိုက်ရသည်။
Chapter 2395
ထို့နောက်မှနေ၍ ယန်မိသားစုခေါင်းဆောင်၏ငိုကြွေးမြည်တမ်းနေသံများ ရုပ်ထုကြီးအတွင်းမှ ထွက်ပေါ်လာသည်။
ထိုစိတ်ဝိညာဥ်သည် အလွန်ရက်စက်သောနည်းလမ်းများနှင့် နှိပ်စက်ညှင်းပန်းခံနေရသည်မှာ သိသာထင်ရှားလှ၏။
သို့ရာတွင် သူ၏သားဖြစ်သူသည် အယူသည်းသောမျက်နှာအမူအယာမျိုးဖြင့် ရုပ်ထုကြီး၏ရှေ့၌ ဒူးထောက်နေသည်။သူ့ဖခင်၏နာကျင်နေမှုအတွက် တစိုးတစိမျှပင် ခံစားရပုံမပေါ်ချေ။
အချိန်တခဏကြာပြီးနောက် သွေးပျက်ဖွယ် ငိုကြွေးမြည်တမ်းသံ တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။လေထုအတွင်း၌ ပြင်းထန်သောသွေးညှီနံများ ပျံ့လွင့်လာသည်။
"ယန်မင်...မင်းလုပ်ခဲ့တာ ကောင်းတယ်"
ထူဆန်းသောအသံတစ်သံက ရုပ်ထုကြီးအတွင်းမှ ထွက်ပေါ်လာသည်။
ထိုအသံတွင် ယော်ကျားသံနှင့်မိန်းမသံ ရောယှက်နေကာ လူနှစ်ယောက် တပြိုင်နက်တည်း စကားပြောနေသကဲ့သို့ပင်။
ယန်မင်က စိတ်လှုပ်ရှားသောအမူအယာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"မြင့်မြတ်တဲ့နတ်ဘုရားအတွက်...ကျွန်တော်က အရာရာတိုင်းကိုစွန့်လွှက်ဖို့ ဆန္ဒရှိပါတယ်"
"မင်းက ငါ့ရဲ့ကောင်းချီးပေးမှုကိုခံယူဖို့ ထိုက်တန်တယ်"
"တကယ်လို့ မင်းက ငါ့ရဲနောက်ကို သစ္စာရှိရှိလိုက်မယ်ဆိုရင်...နောင်အနာဂတ်မှာ ထာဝရအသက်ကိုရလိမ့်မယ်"
အစိမ်းရောင်ကြာနတ်ဘုရားရုပ်ထုကြီး၏လက်မှနေ၍ နတ်ဘုရားအလင်းတန်း ရုတ်တရက်ထွက်ပေါ်လာကာ ယန်မင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ထိုနတ်ဘုရားအလင်းတန်း၏လွှမ်းခြုံမှုအောက်တွင် ယန်မင်၏အရှိန်အဝါ ရုတ်တရက် ပြောင်းလဲသွားသည်။
မူလက သူသည် အတားအဆီးတွင်တစ်ဆို့နေကာ သူ၏ကျင့်ကြံမှု ထပ်မံ၍မြင့်တက်လာခြင်း မရှိတော့ချေ။
သို့ရာတွင် နတ်ဘုရားအလင်းတန်း၏လွှမ်းခြုံမှုအောက်တွင် ယန်မင်သည် အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ရုံသာမက သူ၏ကျင့်ကြံမှု အလျှင်အမြန်မြင့်တက်လာပေ၏။
ထို့ပြင် သူ၏ကောင်းမွန်ခြင်းမရှိသော ပါရမီအရည်အချင်းသည်လည်း တစတစ တိုးတက်လာခဲ့သည်။
သူ၏မရီးဒါန်းအမြောက်အများ ပွင့်သွားကာ သူ၏ပါရမီအရည်အချင်း ထိပ်တန်းအဆင့်သို့ ရောက်ရှိသွားသည်။အကယ်၍ သူ ဆက်လက်၍ကျင့်ကြံပါက ယခင်ကဲ့သို့မဟုတ်တော့ဘဲ လွယ်ကူချောမွေ့နေမည်ဖြစ်ကာ တစ်ဝက်ခန့်အင်အားစိုက်ထုတ်ရုံဖြင့် အကျိုးကျေးဇူးနှစ်ဆ ရရှိပေမည်။
"ဒါကိုကြည့်ရတာ နတ်ဘုရားရဲ့ကောင်းချီးပေးမှု ဟုတ်ပုံမရဘူး"
လုယွီက အရာအားလုံးကို တွေ့မြင်နိုင်ခဲ့သည်။
နတ်ဘုရား၏ကောင်းချီးပေးမှုဟူသည်မှာ နတ်ဘုရားတစ်ပါးမှနေ၍ သူ့အားယုံကြည်သက်ဝင်သူများကို ချီးမြှင့်သောဆုလာဘ်ပင်။ထိုအရာသည် သူ၏နောက်လိုက်များ ကျင့်ကြံဆင့်ကိုချိုးဖျက်ရန်နှင့်ခွန်အားမြှင့်တင်ရန် ကူညီထောက်ပံပေးနိုင်သည်။ထိုသို့မဟုတ်လျှင်ပင် နတ်ဘုရား၏ကောင်းချီးပေးမှုသည် ကျင့်ကြံနည်းစနစ်တစ်ခု သို့မဟုတ် နားလည်သဘောပေါက်မှုတချို့လည်း ဖြစ်နိုင်ပေ၏။
နတ်ဘုရား၏ကောင်းချီးပေးမှုသည် မည်သည့်အရာဖြစ်နေပါစေ နတ်ဘုရားမှနေ၍ နောက်လိုက်များကို ချီးမြှင့်သော တစ်စုံတစ်ခုပင်။
သို့ရာတွင် ဤနတ်ဘုရားအလင်းတန်းသည် ယန်မင်၏ဘဝသက်တမ်းကို စုပ်ယူ၍ သူ၏မွေးရာပါပါရမီနှင့်ကျင့်ကြံမှုကို အတင်းအကြပ်မြှင့်တင်ပေးနေသည်။
လက်ရှိအခြေအနေအရ အကယ်၍ ယန်မင်၏ကျင့်ကြံမှုသည် ယခင်ထက်နှစ်ဆမြင့်တက်လာလျှင်ပင် သူ အချိန်ကြာမြင့်စွာ အသက်ရှင်နိုင်မည်မဟုတ်ချေ။
ဤသည်က လျှို့ဝှက်နည်းစနစ်တစ်ခုနှင့်တူညီသည်။အစိမ်းရောင်ကြာနတ်ဘုရားသည် မည်သည့်တန်ကြေးမျှမပေးဆပ်ဘဲ သူ့အားယုံကြည်သက်ဝင်သူများထံမှ လက်ဆောင်ပဏ္ဌာများကို ရယူနေခြင်းပင်။
"ကြည့်ရတာတော့ ဒီလူတွေအားလုံးက ယင်ကောင်ငယ်လေးတွေပဲ...သူတို့က သတ္တမအကြီးအကဲလိုမျိုး သစ္စာရှိနောက်လိုက်တစ်ယောက်ဖြစ်ဖို့တောင် အဝေးကြီးလိုသေးတယ်...ဘယ်လိုလုပ်ပြီး သူတို့က အစိမ်းရောင်ကြာနတ်ဘုရားရဲ့စိတ်အာရုံကို ဆွဲဆောင်နိုင်မှာလဲ"
လုယွီက ညည်းတွားလိုက်၏။
ခြံဝန်းတစ်ခုလုံးအနှံ့ အယူသည်းသောအငွေ့အသက်များနှင့် ပြည့်နှက်နေသည်။
တခြားယုံကြည်သက်ဝင်သူများသည် ယန်မင် ယခုကဲ့သို့ကံကြမ္မာကောင်းမျိုး ရရှိသွားသည်ကိုမြင်ချိန်တွင် သူတို့၏မျက်လုံးများ နီမြန်းလာကြသည်။
ကျင့်ကြံဆင့်နယ်ပယ်ကိုမြှင့်တင်ပေးနိုင်သော ဤကဲ့သို့ကောင်းချီးပေးမှုသည် ကျင့်ကြံသူတိုင်းအတွက် သေလုမတက်လိုချင်ကြသော ဆွဲဆောင်မှုကြီးပင်။
"ဒီခွေးမသားက အရာရှိဖခင်တစ်ယောက်ရှိနေတော့ ကံကောင်းသွားပြီ...ကံဆိုးချင်တော့ ငါ့ရဲ့မိသားစုဝင်တွေအားလုံးက သေမျိုးတွေချည်းပဲ...တကယ်လို့ ငါ သူတို့ကိုသတ်လိုက်ရင်တောင် နတ်ဘုရားရဲ့စိတ်အာရုံကို ဆွဲဆောင်နိုင်မှာမဟုတ်ဘူး"
လူအမြောက်အများ၏မျက်နှာများပေါ်၌ ဒေါသထွက်နေသော အရိပ်အယောင်များရှိနေသည်။
အစိမ်းရောင်ကြာနတ်ဘုရား၏ကောင်းချီးပေးမှုကို ရရှိနိုင်ရန်အလို့ငှါ သူတို့သည် သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ အရာရာတိုင်းကိုစွန့်လွှက်ရန် အဆင်သင့်ဖြစ်နေကြ၏။
"ငါက ဂိုဏ်းရဲ့အမျိုးသမီးတပည့်တွေအားလုံးကို ဓမ္မအစောင့်အရှောက်ကို ဆက်သထားတယ်...တကယ်လို့အခွင့်အရေးရရင် နတ်ဘုရားရဲ့ကောင်းချီးပေးမှုကိုရဖို့ ငါ့ကိုထောက်ခံပေးမယ်လို့ ဓမ္မအစောင့်အရှောက်က ကတိပေးထားတယ်"
လုယွီ၏နံဘေးနားတွင်ထိုင်နေသော ကျင့်ကြံသူက ဂုဏ်ယူဝင့်ကြွားသောအပြုံးနှင့် ပြောဆိုသည်။
"ဒါက တကယ်ကို အကျိုးရှိလို့လား"
တခြားကျင့်ကြံသူများက ထိတ်လန့်တုန်လှုပ်သွားသည်။
ထိုကျင့်ကြံသူက အပြုံးနှင့် ပြောဆိုလိုက်၏။
"မင်းတို့ မသိကြဘူးမလား...မြွေနက်ဓမ္မအစောင့်အရှောက်က နှစ်မြွှာကျင့်စဥ်ကိုကျင့်ကြံတယ်...တကယ်လို့ မင်းတို့က သူ့ကို အင်မော်တယ်ကျောက်တုံးတွေ ဆက်သရင်တောင် သူ ပျော်ရွှင်မှာမဟုတ်ဘူး...ဒါပေမယ့် သူ့ကို ထိပ်တန်းအဆင့်လူသားဆေးပြင်းဖိုတွေ ဆက်သရင်တော့ သူ အရမ်းပျော်သွားလိမ့်မယ်"
"ဒီလိုဆက်နွယ်မှုမျိုးရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...မင်းက အမျိုးသမီးဂိုဏ်းဝင်တွေ အသည်းအသန်လိုချင်နေတာ အံ့အားသင့်စရာမရှိတော့ဘူး"
တခြားကျင့်ကြံသူများသည် အံ့အားသင့်နေကြကာ သူတို့၏စကားလုံးများသည် ထိုကျင့်ကြံသူကို မနာလိုအားကျမှုများနှင့် ပြည့်နှက်နေသည်။
"သွေးအဆိပ်ဓမ္မအစောင့်အရှောက်က သေမျိုးအမြောက်အများကို လိုချင်နေတယ်လို့ ငါ ကြားထားတယ်...အဲ့ဒီသေမျိုးတွေကို ဆက်သနိုင်တဲ့ ဘယ့်သူကိုမဆို နတ်ဘုရားရဲ့ကောင်းချီးပေးမှုကိုရဖို့ သူက ထောက်ခံပေးလိမ့်မယ်"