အခန်း (၂၄၂၁-၂၄၂၅)
Vol. 124 Ch. 2421-2425
Chapter 2421
"အရှင်ထျန်း...ဒီလောက်မြန်မြန်ကြီး မငြင်းပယ်နဲ့လေ...ငါတို့ရထားတဲ့ သတင်းအချက်အလက်တွေအရ ဒီနေရာကိုရောက်လာမယ့် စုံစမ်းစစ်ဆေးရေးမှူးယန်ကျွင်းက အရမ်းတင်းကြပ်တယ်နော်"
အနက်ရောင်ဝတ်ရုံဝတ်လူက အသံသေးအသံကြောင်ဖြင့် ရယ်မောလိုက်၏။
'စုံစမ်းစစ်ဆေးရေးမှူးယန်ကျွင်း'ဟူသောနာမည်ကိုကြားချိန်တွင် ထျန်းပိုယန်၏လက်ချောင်းများ ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။
ထျန်းပိုယန်သည် တော်ဝင်မြို့တော်၌ ရှိမနေသော်လည်း ထိုလူ၏နာမည်ဂုဏ်သတင်းကို ကြားဖူးလေ၏။
ယေဘုယျကျကျပြောဆိုရလျှင် အကယ်၍ တော်ဝင်နန်းတွင်းမှအရာရှိများသည် တခြားသူများကို ခြိမ်းခြောက်လိုပါက သူတို့၏အခွင့်အာဏာနှင့်ခွန်အားကို အသုံးပြုရန်လိုအပ်သည်။
ယခင်က လော့ရွှေကြယ်မြစ်၏အုပ်ချုပ်သူ လီလုံချင်းသည် ရွှယ်အင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်သည်။သူတော်စင်ပင်လယ်ကြယ်နယ်မြေအတွင်းတွင် မရေမတွက်နိုင်သော နတ်ဆိုးမှော်သားရဲများနှင့် အစွမ်းထက်သောနတ်ဆိုးသားရဲဧကရာဇ်များရှိနေသော်လည်း လီလုံချင်းကဲ့သို့အစွမ်းထက်ကျင့်ကြံသူရှိနေသဖြင့် လူသားမျိုးနွယ်များကို တိုက်ခိုက်ဝံ့ခြင်းမရှိချေ။
သို့ရာတွင် ယန်ကျွင်းသည် ချွင်းချက်တစ်ခုပင်။
သူ၏ပါရမီအရည်အချင်းသည် ကောင်းမွန်ခြင်းမရှိချေ။ကျင့်ကြံခြင်းအရဆိုပါက သူ့အား သစ်ဆွေးတုံးတစ်တုံးဟုပင် ခေါ်ဆိုနိုင်သည်။
တော်ဝင်စုံစမ်းစစ်ဆေးရေးဌာနတွင် အမတ်တစ်ယောက်ဖြစ်လာရန်အတွက် တစ်စုံတစ်ယောက်သည် အနိမ့်ဆုံးအနေဖြင့် လောကီအင်မော်တယ်နယ်ပယ်ခွန်အားမျိုးရှိနေရန် လိုအပ်ပေ၏။
သို့ရာတွင် ယန်ကျွင်းသည် စုံစမ်းစစ်ဆေးရေးမှူးဖြစ်လာခဲ့သော်လည်း သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူသာဖြစ်ကာ လေလွင့်အင်မော်တယ်အဆင့်သို့ပင် ရောက်ရှိခြင်းမရှိချေ။
သူ ဤနယ်ပယ်သို့ရောက်ရှိခြင်းကပင် တော်ဝင်နန်းတွင်းမှ ကံကြမ္မာစွမ်းအားများ၏ကောင်းချီးပေးမှုကို ခံယူရသောကြောင့်ဖြစ်သည်။
သို့ရာတွင် မည်သူကမျှ ယန်ကျွင်းကို အထင်မသေးဝံ့ချေ။
ယန်ကျွန်းသည် စကားကို ဗြောင်ကျကျပြောဆိုတက်သူတစ်ယောက်ပင်။ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် သက်ရှိထင်ရှားရှိနေစဥ်တွင် ယန်ကျွင်းသည် အတင့်ရဲစွာဖြင့် နန်းတွင်းသို့သွား၍ ဧကရာဇ်၏အမှားကိုထောက်ပြကာ ပွင့်ပွင့်လင်းလင်းစိန်ခေါ်ခဲ့သည်။
သို့ရာတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် သူ့အား အပြစ်မပေးခဲ့ချေ။ထိုအစား ယန်ကျွင်းကို ရှန်းဖန့်ရတနာဓားကိုချီးမြှင့်မြှောက်စားကာ ဧကရာဇ်၏ကိုယ်စား နယ်မြေများကို လှည့်လည်စစ်ဆေးခွင့်ပြုခဲ့သည်။
ယန်ကျွင်းသည် နတ်ဆိုးကျင့်ကြံသူများကို အလွန်အမင်းမုန်းတီးသည်။သူသည် သူ့မျက်စိရှေ့တွင် မည်သည့်ကိုးလိုးကန့်လန့်နိုင်မှုမျိုးကိုမျှ ခွင့်မလွှတ်ဘဲ တခြားသူ၏ခံစားချက်ကိုလည်း ထည့်တွက်ခြင်းမရှိချေ။ထို့ကြောင့် သူ သွားရောက်သော မည်သည့်နေရာတွင်မဆို နယ်မြေခံအရာရှိများကို တုန်လှုပ်ချောက်ချားစေသည်။
ယန်ကျွင်း၏လက်အတွင်း၌ ရှန်းဖန့်ဓားအပြင် အလွန်အစွမ်းထက်သော နောက်ခံအင်အားလည်း ရှိနေသည်။ထိုနောက်ခံအင်အားမှာ သူ၏တပည့်များပင်။
ယန်ကျွင်း၏ ပါရမီအရည်အချင်းနှင့်ကျင့်ကြံဆင့်သည် ထူးချွန်ခြင်းမရှိသော်လည်း ကျင့်ကြံနည်းစနစ်နှင့်ဝင်္ကပါပညာရပ်အပေါ် သူ၏ထိုးထွင်းသိမြင်နိုင်မှုမှာ သာမာန်ထက်သာလွန်ထူးကဲပေ၏။
ရွှယ်အင်မော်တယ်များနှင့်နယ်မြေသခင်များပင်လျှင် ယန်ကျွင်း၏လမ်းညွှန်မှုကို လာရောက်၍ခံယူကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ယန်ကျွင်း၏နောက်တွင် တပည့်အမြောက်အများရှိလာသည်။
ယန်ကျွင်းကို သတ်ဖြတ်လိုသောဘယ်သူမဆို သူ၏နောက်ရှိ အလွန်များပြားသောတပည့်အင်အားကို ထည့်သွင်းစဥ်းစားရပေမည်။
"ဘယ်လိုလုပ်ပြီး သူ ဖြစ်နေတာလဲ"
ထျန်းပိုယန်၏စိတ်နှလုံးသား လေးလံသွားသည်။
အကယ်၍ ယန်ကျွင်းသာ ရောက်ရှိလာပါက ဤနေရာရှိကိစ္စရပ်များကို သူ မည်သည့်နည်းလမ်းများကိုအသုံးပြု၍ ဖုံးကွယ်ထားပါစေ တစ်ဖက်လူ၏စုံစမ်းစစ်ဆေးမှုအောက်မှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။
အနက်ရောင်ဝတ်ရုံဝတ်လူက အပြုံးနှင့် ပြောဆိုသည်။
"အရှင်ထျန်း တကယ်တော့ ဘာမှစိုးရိမ်ပူပန်နေစရာမလိုဘူး...ငါတို့ရဲ့အရှင်သခင်က နည်းလမ်းတချို့ကို အသုံးပြုပြီးတော့ ယန်ကျွင်းကို တော်ဝင်နန်းတွင်းမှာပဲ ဆက်ရှိနေအောင် ထိန်းသိမ်းထားတယ်"
"မင်း ငါတို့အတွက် ကိစ္စတစ်ခုလုပ်ပေးပြီးတာနဲ့...ငါတို့ရဲ့အရှင်သခင်က မင်းကို တော်ဝင်နန်းတွင်းဆီ ပြောင်းရွှေ့ခွင့်ရအောင် လုပ်ပေးနိုင်တယ်...မင်းနေရာမှာတော့ တခြားဓားစာခံတစ်ယောက်ကို အစားထိုးပေးမယ်...မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတိုင်းကို မင်း ရင်ဆိုင်နိုင်ဖို့အတွက် ငါတို့ ကူညီဖြေရှင်းပေးနိုင်တယ်"
"မင်းရဲ့အရှင်သခင်က ဘယ်သူလဲ...သူ့မှာ ဒီလောက်တောင်ကြီးမားတဲ့ အခွင့်အာဏာမျိုး ရှိနေတာလား"
ထျန်းပိုယန်သည် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်ကြောက်ရွံမှုကို ခံစားနေရ၏။
"မင်း ဒါကို သိဖို့မလိုအပ်ဘူး...ငါတို့ရဲ့အရှင်သခင်က မင်းကိုကယ်တင်နိုင်မယ့် တစ်ဦးတည်းသောသူဆိုတာပဲ မင်း သိထားဖို့လိုအပ်တယ်...တကယ်လို့ ယန်ကျွင်းက ရှန်းဖန့်ဓားနဲ့ မင်းကိုသတ်လိုက်မယ်ဆိုရင်တောင် ဘယ်သူကမှ သူ့ကို စုံစမ်းစစ်ဆေးမှာမဟုတ်ဘူး...မင်းရဲ့အသက်ကိုကယ်တင်နိုင်ဖို့အတွက် မင်းမှာ ရွေးချယ်စရာမရှိဘူး"
ထျန်းပိုယန်သည် အချိန်တခဏကြာ တွေဝေစဥ်းစားနေပြီးနောက် အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"မင်းတို့က ငါ့ကို ဘာလုပ်စေချင်တာလဲ"
"အရှင်ထျန်းက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့လက်ထောက်ကျောင်းအုပ်...ငါတို့က ဒီကျောင်းတော်ရဲ့တပည့်တစ်ယောက်ကို မင်း ထုတ်ပယ်ပေးစေချင်တယ်....မင်း အောင်မြင်သွားတာနဲ့...ငါတို့က မင်း လွတ်မြောက်နိုင်မယ့်နည်းလမ်းကို ချက်ချင်းစီစဥ်ပေးမယ်...နဂါးအစောင့်စစ်တပ်ရဲ့လက်ထောက်တပ်မှူးနေရာက မင်းအတွက် အဆင်သင့်ပဲ"
စကားဆုံးသည်နှင့် အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ၏အင်္ကျီလက်မောင်းကြားမှ စာလိပ်တစ်လိပ်ကိုထုတ်ယူကာ ထျန်းပိုယန်ထံ လက်ကမ်းပေးလိုက်၏။
ထျန်းပိုယန်က ထိုစာလိပ်ကိုဖြန့်ကြည့်လိုက်ရာ လူငယ်တစ်ယောက်၏မျက်နှာသွင်ပြင် ထွက်ပေါ်လာသည်။
"သူလား"
ထျန်းပိုယန်က အံ့အားသင့်သွားသည်။
ထိုလူငယ်၏မျက်နှာသည် ချန်းယွဲ့မသေဆုံးမီအချိန်တွင် နောက်ဆုံးမြင်တွေ့ခဲ့ရသောလူ ဖြစ်နေပေ၏။
စာလိပ်အောက်ရှိ သတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက် ထိုလူငယ်သည် လုယွီဖြစ်နေကြောင်း သိရှိလိုက်ရသည်။
"ဒီလူငယ်က ကျောင်းအုပ်ကြီးကိုယ်တိုင် ထောက်ခံပေးထားတဲ့သူမလား"
ထျန်းပိုယန်က တီးတိုးရေရွတ်လိုက်သည်။
Chapter 2422
အစပထမတွင် လုယွီသည် ကျောင်းအုပ်ကြီးနှင့်အဆက်အဆံရှိနေသဖြင့် ထျန်းပိုယန်သည် သဘောထားကြီးစွာဖြင့် သူ့ကို မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းရှိ စာအုပ်များကို ဆန္ဒရှိသလိုဖတ်ရှုခွင့် ပြုခဲ့သည်။
သို့ရာတွင် ထျန်းပိုယန်သည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ အုပ်ချုပ်ရေးရုံးတော်တွင်သာ အနေများပြီး ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် တစ်နှစ်ပတ်လုံး၌ သူနေထိုင်သည့်ရက်မှာ လက်ချိုးရေ၍ပင်ရသည်။ထို့ကြောင့် လုယွီ မိုးကောင်းကင်ကျမ်းစာ၏ထိပ်ဆုံးထပ်သို့ ဝင်ရောက်သွားနိုင်သောကိစ္စကို သူ မသိရှိချေ။
"မင်း ဖူကျစ်ရွှယ်နဲ့ပတ်သတ်ပြီးတော့ ဘာမှစိုးရိမ်ပူပန်နေဖို့ မလိုအပ်ဘူး....တကယ်လို့ မင်းသာ နဂါးအစောင့်တပ်ကို ပြောင်းရွှေ့နိုင်မယ်ဆိုရင်...သူ မင်းကို ဘာမှလုပ်လို့ရမှာမဟုတ်ဘူး...နဂါးစစ်တပ်က ဧကရာဇ်မင်းရဲ့သီးသန့်စစ်တပ်...တော်ဝင်စစ်ရေးဌာနကလူတွေတောင် ဘာမှဝင်ရောက်စွက်ဖက်လို့မရဘူး"
အနက်ရောင်ဝတ်ရုံဝတ်လူက ထျန်းပိုယန်ထံတွင် ကျန်ရှိနေသေးပုံရသော နောက်ဆုံးစိုးရိမ်သောကကို ပျက်ပြယ်သွားစေရန် ဆက်လက်ပြောဆိုသည်။
"မင်း စဥ်းစားကြည့်...တကယ်လို့ မင်းက ဖူကျစ်ရွှယ်ကို မင်းရဲ့စိတ်စေတနာကောင်းကို ပြသမယ်ဆိုရင်တောင်...သူ့ရဲ့အကျင့်စရိုက်နဲ့ သူက မင်းကို ဘာအကျိုးအမြတ်မှပေးမှာမဟုတ်ဘူး...ဆန့်ကျင်ဘက်အနေနဲ့ မင်း ငါတို့နဲ့ပူးပေါင်းမယ်ဆိုရင် အသက်ရှင်သန်နိုင်မယ့်အခွင့်အရေးကို ရလိမ့်မယ်"
ထျန်းပိုယန်က ထိတ်လန့်တုန်လှုပ်နေသည်။သူသည် ထိုပြဿနာ၏အတိမ်အနက်ကို နားလည်သဘောပေါက်ပေ၏။
လက်ထောက်ကျောင်းအုပ်တစ်ယောက်ဖြစ်သဖြင့် သူသည် နည်းလမ်းတချို့ကိုအသုံးပြု၍ လုယွီအား ကျောင်းတော်မှ မောင်းထုတ်နိုင်သည်။သို့ရာတွင် သူ လုယွီကို မောင်းထုတ်လိုက်ပါက သူနှင့်ဖူကျစ်ရွှယ်အကြားတွင် ရန်ငြိုးရန်စတစ်ခု ရှိသွားပေလိမ့်မည်။
"ဒီကိစ္စကို ငါ ခဏလောက်တော့ စဥ်းစားပါရစေအုံး"
ထျန်းပိုယန်က သူထိုင်နေသောထိုင်ခုံ၏လက်ရမ်းကို လက်ဖြင့်တစ်တောက်တောက်ခေါက်၍ စဥ်းစားတွေးတောနေသည်။
အနက်ရောင်ဝတ်ရုံဝတ်လူက ရယ်မောလိုက်၏။
"မင်းအတွက် အချိန်အများကြီးမကျန်ဘူးနော်...အရှင်ထျန်းက ငါ့ကို တက်နိုင်သမျှအမြန်ဆုံး အဖြေပေးစေချင်တယ်"
သုံးရက်ကြာပြီးနောက်...
နတ်ဘုရားကုန်းမြေကို ဖွင့်လှစ်လိုက်လေပြီ။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် လေ့ကျင့်ရေးနေရာအမြောက်အများရှိသော်လည်း နတ်ဘုရားကုန်းမြေသည် လျှို့ဝှက်ဆန်းကြယ်ဆုံး နေရာတစ်ခုဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ကြသူများအနက် လူတချို့သည် ရှေးဟောင်းမှော်လက်နက်များကိုရရှိခဲ့သည်။တချို့လူများသည် လျှို့ဝှက်နယ်မြေအတွင်း၌ သူတို့၏ကျင့်ကြံဆင့်များ ခုန်ပျံကျော်လွှား၍ တိုးတက်လာကာ တချို့သည် ရှေးဟောင်းခေတ်အချိန်ကာလများမှ လက်ဆင့်ကမ်းလာသော အမွေအနှစ်များကို ရရှိကြလေ၏။
နတ်ဘုရားကုန်းမြေအတွင်းသို့ဝင်ရောက်သော တပည့်တိုင်းသည် သူတို့ကြုံတွေ့ခဲ့ရသော ကိစ္စများကို လူသူအများအား ထုတ်ဖော်ပြောဆိုရန် တားမြစ်ကန့်သတ်ခြင်းခံရသည်။ထို့ကြောင့် လူများသည် မှန်းဆရုံမှအပ နတ်ဘုရားကုန်းမြေသည် မည်ကဲ့သို့နေရာမျိုးဖြစ်သည်ကို အတိအကျမသိကြချေ။
သို့ရာတွင် တိကျသေချာသောကိစ္စတစ်ရပ်မှာ နတ်ဘုရားကုန်းမြေအတွင်းသို့ ဝင်ရောက်နိုင်သော ကျင့်ကြံသူများအားလုံးသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ထိပ်တန်းကျောင်းတော်သားများပင်။
ဤရက်အနည်းငယ်အတွင်းတွင် လုယွီသည် မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းနှင့် မဟာတာအိုသဘောတရားများကို ဆွေးနွေးနေခဲ့သည်။လုယွီသည် နတ်ဘုရားကုန်းမြေအတွင်းသို့ ဝင်ရောက်မည်ဟူသည်ကို ကြားသိချိန်တွင် မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းက သူနှင့်အတူ လိုက်ပါလာခဲ့သည်။
ဤသည်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏အဓိကကိစ္စကြီးတစ်ရပ်ဖြစ်သဖြင့် မဟာကွန်ဖြူးရှပ်ပညာရှင်များလည်း တက်ရောက်၍ ကြည့်ရှုရသည်။
နတ်ဘုရားကုန်းမြေအတွင်း၌ ထိုတပည့်များ၏လုပ်ဆောင်ချက်များကို လေ့လာဆန်းစစ်ပြီးနောက် သူတို့သည် အစစ်အမှန်လက်ရွေးစင်တပည့်များကို ရှာဖွေရသည်။ထို့နောက် သူတို့သည် ထိုတပည့်များကို အာရုံစိုက်၍ ပြုစုပျိုးထောင်ကာ အနာဂတ်တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန်အတွက် လေ့ကျင့်သင်ကြားပေးလေ၏။
သိုလှောင်အိတ်အတွင်းရှိ မျောက်သည် နိုးထနေလေပြီ။ဤတစ်ကြိမ်တွင် သူ၏ရိတ်သိမ်းနိုင်မှုမှာ အလွန်ကြီးမားသည်။
ယခင်က လုယွီနှင့်သူ သဘောတူညီထားမှုအရ သူက နတ်ဘုရားသွေးစက်များကိုသန့်စင်ကာ တစ်ဝက်ဝက်လိုက်သည်။ထို့ကြောင့် လုယွီသည် နောက်ထပ်နတ်ဘုရားသွေးစက်တစ်စက်ကို ထပ်မံ၍ရရှိလေ၏။
ဤနတ်ဘုရားသွေးစက်ဖြင့်ဆိုပါက လုယွီသည် သူ၏အတိတ်ဘဝမှစွမ်းအား၏ ဆယ်ရာခိုင်နှုန်းကို ဖိအားပေး၍ ထုတ်ဖော်အသုံးပြုနိုင်ပေမည်။
ထိုစွမ်းအားဆယ်ရာခိုင်နှုန်းသည် သူ့အတွက် လုံလောက်သည်။
ဤသည်က သူ၏အသက်ကိုကာကွယ်နိုင်မည့် နည်းလမ်းတစ်ခုပင်။အကယ်၍ တစ်စုံတစ်ယောက်သည် သူ၏ဧကရာဇ်အဆင့်မှော်လက်နက်ကို လိုချင်တပ်မက်သဖြင့် လာရောက်တိုက်ခိုက်လျှင်ပင် လုယွီသည် ထိုလူအား တစ်ချက်တည်းဖြင့် အသေရိုက်သတ်နိုင်မည်ဟု အခိုင်အမာယုံကြည်ချက်ရှိသည်။
"တကယ်လို့ မင်း အစိမ်းရောင်ကြာနတ်ဘုရားကို ဖမ်းဆီးနိုင်မယ်ဆိုရင်...မင်း နတ်ဘုရားသွေးစက်တွေ ပိုရလိမ့်မယ်"
မျောက်က အပြုံးနှင့် ပြောဆိုသည်။
လုယွီက မေးမြန်းလိုက်၏။
"ဘယ်လောက်များများရနိုင်မယ်လို့ မင်း ထင်လဲ"
"ဆယ်စက်ထက်တော့ မနည်းဘူး...အဲ့ဒီထက်လည်း ပိုနိုင်တယ်"
"အဲ့ဒီလောက်များလား"
မျောက်က အခိုင်အမာ ပြောဆိုသည်။
"ဘာလို့လဲဆိုတော့ အရင်က ငါတို့ရထားခဲ့တာတွေက ပြီးပြည့်စုံတဲ့နတ်ဘုရားတွေမဟုတ်ဘူး...ရှုရာနတ်ဘုရားရဲ့နှလုံး မီးနတ်ဘုရားရဲ့အကြွင်းအကျန်စိတ်ဝိညာဥ် နတ်ဆိုးနတ်ဘုရားရဲ့စိတ်ဝိညာဥ်တစ်ခြမ်း...အဲ့ဒါတွေအားလုံးက နတ်ဘုရားတွေရဲ့အစိတ်အပိုင်းသက်သက်ပဲ"
"ငါလိုချင်တာက နတ်ဘုရားတစ်ပါးရဲ့ပြီးပြည့်စုံတဲ့ အမွေအနှစ်ပဲ...မပြည့်စုံတဲ့အရာတွေမဟုတ်ဘူး...မင်းက ငါ့ကို ပြီးပြည့်စုံတဲ့နတ်ဘုရားတစ်ပါးရဲ့ စိတ်ဝိညာဥ်ကို ပေးနိုင်တာနဲ့ ငါ့ရဲ့ခွန်အားအများစု ပြန်ရလာလိမ့်မယ်...အဲ့ဒီအချိန်ကျရင် ငါတို့က ခေါင်းပြောင်တွေနဲ့ ထိပ်တိုက်သွားဖြေရှင်းလို့ရပြီ"
လုယွီက ခေါင်းညိတ်ပြလိုက်သည်။
"အစိမ်းရောင်ကြာနတ်ဘုရားကို အနှေးနဲ့အမြန် ငါ ရှင်းပစ်မှာ....ဒါပေမယ့် အခုချိန်မှာတော့ ငါ့ရဲ့ခွန်အားမပြည့်စုံသေးဘဲ နတ်ဘုရားသွေးစက်အတွက်နဲ့ မစွန့်စားနိုင်ဘူး"
လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူသည် ဤကောင်းကင်ဘုံနယ်မြေအတွင်း၌ အလွန်အဆင့်နိမ့်ပါးပေ၏။
Chapter 2423
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်...သူတော်စင်ခန်းမဆောင်...
ဤနေရာသည် နတ်ဘုရားကုန်းမြေ၏ဝင်ပေါက်ပင်။ထို့ပြင် သူတော်စင်ခန်းမသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ အစောင့်အကြပ် အတင်းကြပ်ဆုံးနေရာလည်းဖြစ်သည်။
သာမာန်နေ့ရက်များတွင် ဤနေရာကိုအထူးသီးသန့်စောင့်ကြပ်သော အစောင့်အမြောက်အများရှိသည်။အခွင့်အာဏာမရှိဘဲ မည်သူမဆို ဝင်ရောက်ခွင့်မပြုချေ။
သူတော်စင်ခန်းမဆောင်ကိုကာရံထားသော နံရံများပေါ်တွင် သူတော်စင်ကျမ်းစာများကို ထူထပ်သိပ်သည်းစွာ ရေးထွင်းထားသည်။ဤသည်က ခန်းမ၏အကာအကွယ်ဝင်္ကပါတစ်ခုပင်။
ယနေ့တွင် သူတော်စင်ခန်းမဆောင်ကို ထျန်းပိုယန်ကိုယ်တိုင် ဖွင့်လှစ်ရသည်။
မဟာကွန်ဖြူးရှပ်ပညာရှင်ငါးယောက်၏ စောင့်ကြပ်မှုအောက်တွင် ထျန်းပိုယန်က ခန်းမတံခါးကို ဖြည်းညှင်းစွာဖွင့်လိုက်၏။ခန်းမအတွင်းမှနေ၍ ကူးပြောင်းရေးအလင်းတန်းများက ချက်ချင်းဆိုသလိုပင် ဖြာထွက်လာသည်။
ပတ်ဝန်းကျင်၌ တပည့်အမြောက်အများစုဝေးကာ ဤမြင်ကွင်းကို စောင့်ကြည့်နေကြ၏။သူတို့သည် နတ်ဘုရားကုန်းမြေအတွင်းသို့ဝင်ရောက်ရန် အရည်အချင်းမပြည့်မီသော်လည်း အတွေ့အကြုံရယူလိုသဖြင့် လာရောက်၍စောင့်ကြည့်နေကြခြင်းပင်။
နတ်ဘုရားကုန်းမြေအတွင်းရှိ အချိန်နှင့်လေဟာနယ်သည် ပြင်ပလောကနှင့် များစွာကွဲပြားခြားနားသည်။ထိုနယ်မြေအတွင်း၌ တစ်ရက်နေထိုင်ခြင်းသည် ပြင်ပလောကရှိ အချိန်တစ်လနှင့် ညီမျှသည်။
ထို့ကြောင့် နတ်ဘုရားကုန်းမြေကို တစ်ရက်သာဖွင့်လှစ်သော်လည်း အတွင်းသို့ဝင်ရောက်သောတပည့်များ ရတနာများကိုစုဆောင်းရန် အချိန်လုံလောက်ပေ၏။
"နတ်ဘုရားကုန်းမြေကို ဒီနေ့ ဖွင့်ပေးမယ်..ငါ နာမည်ခေါ်လိုက်တဲ့တပည့်တွေက နတ်ဘုရားကုန်းမြေထဲကိုဝင်ဖို့ အရည်အချင်းပြည့်မီတယ်"
ထျန်းပိုယန်က စာလိပ်တစ်လိပ်ကို ဖြန့်လိုက်သည်။
"ချင်းဖုန်"
"လော့ထျန်းရှောင်"
"လီစစ်"
……
အလွန်လျှင်မြန်စွာဖြင့်ပင် ငယ်ရွယ်သောလူငယ်ပါရမီရှင်များက စိတ်ဓာတ်တက်ကြွစွာဖြင့် လူအုပ်ကြားမှ ထွက်လာသည်။
ထျန်းသခင်လေး၏နာမည်သည်လည်း ခေါ်ဆိုခံရသဖြင့် သူက ဂုဏ်ယူဝင့်ကြွားသောအပြုံးဖြင့် ရှေ့သို့ထွက်လာလေ၏။
နတ်ဘုရားကုန်းမြေအတွင်းသို့ဝင်ရောက်ရန် လူဆယ်ယောက်သာ အရည်အချင်းပြည့်မီသည်။
"တူကျန့်ထျန်း"
ထျန်းပိုယန်က နောက်ဆုံးကျန်သောနာမည်ကို ခေါ်လိုက်သည်။
တူကျန့်ထျန်းသည် လူအုပ်အကြားမှထွက်လာကာ တခြားသူများ၏နံဘေး၌ မတ်တတ်ရပ်လေသည်။
ပြင်းထန်သောသွေးညှီနံက သူ၏နံဘေးပတ်လည်တွင် ရစ်ဝဲနေသဖြင့် မည်သူကမျှ သူ၏အနီးသို့ မချဥ်းကပ်ဝံ့ချေ။
စာလိပ်ပေါ်တွင်ရှိနေသော နောက်ဆုံးနာမည်ကိုကြားပြီးနောက် လုယွီက မျက်မှောင်ကြုတ်လိုက်၏။
သူ၏နာမည်သည် စာရင်းတွင် မပါဝင်ချေ။
လုယွီ ပြောဆိုသည်ကိုပင် စောင့်ဆိုင်းခြင်းမရှိဘဲ ထန်အာက အရင်ဦးအောင် မေးမြန်းလေသည်။
"လက်ထောက်ကျောင်းအုပ်...ကျွန်မရဲ့ဆရာသခင်က တပည့်သစ်တစ်ယောက်ဖြစ်တဲ့လုယွီကို နတ်ဘုရားကုန်းမြေထဲဝင်ခွင့်ပေးဖို့ ထောက်ခံချက်စာလွှာ ရေးပေးခဲ့တယ်လေ...ဘာလို့ စာရင်းထဲမှာ သူ မပါတာလဲ"
ထိုစကားသံထွက်ပေါ်လာချိန်တွင် လူတိုင်း၏အကြည့်များက ထန်အာထံသို့ ကျရောက်သွားသည်။
လုယွီဟူသည်မှာ မည်သူဖြစ်သနည်း....
"ငါ မှတ်မိပြီ....သူက တာဝန်ခန်းမမှာ သူ့ရဲ့အားကောင်းတဲ့စွမ်းအားကို ပြသခဲ့ပြီးတော့ ပျောက်ဆုံးနေတဲ့တပည့်တွေကိုရှာရမယ့် တာဝန်ကို အောင်မြင်ခဲ့တဲ့သူပဲ"
"သူ့ကိုကြည့်ရတာ ရင်းနှီးသလိုဖြစ်နေတာ အံ့အားသင့်စရာမရှိတော့ဘူး....ဒါပေမယ့် သူက တပည့်သစ်တစ်ယောက်လေ...တပည့်သစ်တွေကြားမှာတောင် သူက ဝင်ခွင့်စာမေးပွဲကို နောက်ဆုံးအဆင့်ကနေ အောင်မြင်ခဲ့တာ...သူ့မှာ အလားအလာအများကြီး ဘယ်လိုလုပ်ပြီးရှိနိုင်မှာလဲ"
"ငါ ကြားထားတာတော့ သူက အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့ ဓမ္မစောင့်ရှောက်သူတစ်ယောက်ကို သတ်ခဲ့တယ်တဲ့...ဒါကြောင့် လက်ထောက်ကျောင်းအုပ်ပိုင်မင်က သူ့ကို ထောက်ခံပေးတာပဲဖြစ်မယ်"
တချို့လူများသည် လုယွီ၏နာမည်ကို ရင်းနှီးသည်ဟု တွေးတောကာ သူ၏အဆင့်အတန်းကို မှန်းဆနေကြ၏။
မည်သို့ပင်ဆိုစေကာမူ လုယွီ၏လုပ်ဆောင်ချက်များသည် ကောင်းမွန်သော်လည်း လုံလောက်ခြင်းမရှိချေ။
သူသည် လက်ရှိနေရာတွင်ရှိနေသော တခြားထိပ်တန်းတပည့်များကဲ့သို့ နာမည်ကျော်ကြားခြင်းမရှိပေ။
"ငါက အဲ့ဒီထောက်ခံချက်စာလွှာကိုရခဲ့တယ်...ဒါပေမယ့် ငါ အဲ့ဒီကိစ္စကို လက်မခံနိုင်ဘူး...လုယွီရဲ့အရည်အချင်းက ညံဖျင်းနေတာကြောင့် သူက နတ်ဘုရားကုန်းမြေထဲကိုဝင်ဖို့ အရည်အချင်းမမီဘူး...ငါ ဒါကို ငြင်းပယ်တယ်"
ထျန်းပိုယန်က သူ၏အင်္ကျီလက်ကိုခါ၍ အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
ထန်အာက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။
"ဘယ်လိုလုပ်ပြီးတော့ သူ့ရဲ့ကျင့်ကြံမှုက ညံဖျင်းမှာလဲ...လက်ထောက်ကျောင်းအုပ်ရဲ့တူတောင် သူ့ကို ရှုံးနိမ့်ခဲ့တယ်လေ"
ထန်အာသည် အမြဲတစေ ဗြောင်ကျကျစကားပြောဆိုတက်သူပင်။တစ်ဖက်လူသည် လက်ထောက်ကျောင်းအုပ်ဖြစ်နေလျှင်ပင် သူမက မျက်နှာသာပေးမည်မဟုတ်ချေ။
"ပါးစပ်ပိတ်ထားစမ်း"
ထျန်းပိုယန်က ခက်ထန်တင်းမာသောလေသံဖြင့် အော်ငေါက်လိုက်သည်။
"ဒါက သူ မသင့်တော်တဲ့နည်းလမ်းတွေကို အသုံးပြုပြီးတော့ တခြားတပည့်တွေကို အလစ်အငိုက်ဖမ်းပြီးတိုက်ခိုက်ခဲ့လို့ပဲ...နတ်ဘုရားကုန်းမြေထဲက လေ့ကျင့်ရေးပြီးတာနဲ့ ငါ ကိုယ်တိုင် သူ့ကို အပြစ်ပေးမယ်"
"ရှင်..."
ထန်အာက အလွန်ဒေါသထွက်သွားသည်။
လုယွီသည် သူမတို့ဆရာတပည့်နှစ်ယောက်အတွက် နဂါးဆူးတောင်ဓားကို ပြန်လည်ယူဆောင်ပေးခဲ့သည်။ဤသည်က အလွန်ကြီးမားသော ကျေးဇူးတရားပင်။
သို့ရာတွင် အပြန်အလှန်အနေဖြင့် သူမတို့သည် လုယွီတောင်းဆိုသောကိစ္စကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိချေ။
"လက်ထောက်ကျောင်းအုပ်ထျန်း...ဒီကိစ္စကို မင်း ပြန်စဥ်းစားသင့်တယ်လို့ ငါ ထင်တယ်...လုယွီက နတ်ဘုရားကုန်းမြေထဲကိုဝင်ရောက်ဖို့ အရည်အချင်းပြည့်ဝတယ်လို့ ငါ ခံစားမိတယ်"
Chapter 2424
အဖိုးအိုတစ်ယောက်၏အသံ ထွက်ပေါ်လာသည်နှင့် မူလက ရုတ်ရုတ်သဲသဲ တိုင်ပင်ဆွေးနွေးနေသံများအားလုံး ရုတ်တရက် ရပ်တန့်သွားသည်။
ထိုစကားကိုပြောဆိုလိုက်သူသည် ချန်းကျင်းပင်။
တာအိုရှာဖွေခြင်းခန်းမဆောင်တွင် သင်ကြားပေးနေသော မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်ဖြစ်သည့် ချန်းကျင်း၏ကျင့်ကြံဆင့်သည် အလွန်အမင်း နက်နဲသိမ်မွေ့လှ၏။
ကျောင်းတော်သားများ၏စိတ်နှလုံးသားများအတွင်း၌ ချန်းကျင်းသည် အလွန်ဂုဏ်သတင်းကြီးမားသူပင်။
ဤအချိန်အခိုက်အတန့်တွင် ချန်းကျင်းသည် လုယွီအတွက် စကားပြောဆိုပေးနေကာ သူ၏လေသံတွင် အခိုင်အမာယုံကြည်ချက်ရှိသော အရိပ်အယောင်များ ရောယှက်နေသည်။
"ချန်းကျင်း...မင်းက တပည့်တွေအပေါ်မှာ အရမ်းကြင်နာတက်တယ်ဆိုတာ ငါ သိတယ်....ဒါပေမယ့် ဒီကောင်လေးရဲ့နောက်ခံဇစ်မြစ်ကိုတောင် မင်း သိလို့လား...သူ့ကို ဘယ်လိုလုပ်ပြီးတော့ ကျောင်းတော်ရဲ့လျှို့ဝှက်နယ်မြေထဲကို ဝင်ခွင့်ပြုရမှာလဲ"
ထျန်းပိုယန်က အသံနက်ကြီးဖြင့် ပြောဆိုသည်။
သို့ရာတွင် ချန်းကျင်းက ထျန်းပိုယန်၏လှည့်ကွက်အောက်သို့ ကျရောက်သွားခြင်းမရှိချေ။
"အသုံးမဝင်တဲ့ကိစ္စတွေကို မပြောစမ်းနဲ့...မင်းက အမြဲတမ်း မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ အုပ်ချုပ်ရေးရုံးတော်မှာပဲ နေနေတာ...ကျောင်းတော်ထဲမှာ ဖြစ်နေတဲ့ကိစ္စတွေကို မင်း ဘယ်လိုလုပ်ပြီးသိမှာလဲ...ငါ လုယွီအကြောင်းကို မင်းထက် ပိုသိတယ်...မင်းက ကျောင်းတော်ရဲ့လက်ထောက်ကျောင်းအုပ်တစ်ယောက်ဖြစ်ပေမယ့်...တပည့်သစ်တစ်ယောက်ကို အခက်တွေ့အောင်လုပ်ဖို့ ကြိုးစားနေတယ်...မင်းမှာ တခြားရည်ရွယ်ချက်တွေရှိနေမှာကို ငါ စိုးရိမ်မိတယ်"
"ငါ ပြောမယ်...မင်းရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်နေနေ...ငါက မှန်ကန်တဲ့နည်းလမ်းနဲ့ တပည့်တွေကို ကာကွယ်ပေးရမှာပဲ...လုယွီက နတ်ဘုရားကုန်းမြေထဲကိုဝင်ဖို့ အရည်အချင်းပြည့်မီတယ်...မင်း ဒီကိစ္စကို ပယ်ဖျက်လို့မရဘူး"
ချန်းကျင်းသည် လုယွီ၏ အစစ်အမှန်အဆင့်အတန်းကို သိရှိထားပြီးလေပြီ။
လုယွီသည် သူတော်စင်၏တပည့်တစ်ယောက်ပင်။
သူတော်စင်ကပင် လုယွီကို တပည့်အဖြစ်ရွေးချယ်ခဲ့သဖြင့် သူနှင့်ပတ်သတ်၍ မည်သည့်ပြဿနာမျိုးမျှ မရှိနိုင်ချေ။
ချန်းကျင်းသည် အတွေ့အကြုံကြွယ်ဝသူဖြစ်သဖြင့် အကြည့်တစ်ချက်ဖြင့်ပင် ထျန်းပိုယန်သည် လုယွီကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေကြောင်း သတိပြုမိသည်။
တာအိုဆွေးနွေးနေစဥ်အတောအတွင်းတွင် လုယွီသည် သူ၏အံ့အားသင့်ဖွယ်ပါရမီကို ပြသခဲ့ပြီးဖြစ်သည်။ယခုချိန်တွင် လုယွီသည် ထျန်းပိုယန်၏ဆိုးဆိုးရွားရွား ဆက်ဆံခြင်းကို ခံနေရသဖြင့် ချန်းကျင်းက လက်ပိုက်ကြည့်မနေနိုင်ချေ။
ထျန်းပိုယန်၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
ယခုချိန်၌ အနက်ရောင်ဝတ်ရုံဝတ်လူ သူ့အား ပေးအပ်ခဲ့သော လုယွီအား မောင်းထုတ်ရန်ဆိုသောတာဝန်ကို အကောင်အထည်ဖော်ရန် သူ အစပျိုးနေခြင်းပင်။
သို့ရာတွင် ချန်းကျင်း၏ကူညီထောက်ပံမှုရှိနေသဖြင့် အကယ်၍ ထျန်းပိုယန်သည် လုယွီကို မောင်းထုတ်လိုပါက သူ၏ကိုယ်ပိုင်နာမည်ဂုဏ်သတင်းကို ပြန်ချိန်ဆရပေမည်။
သူသည် လက်ထောက်ကျောင်းအုပ်တစ်ယောက်ဖြစ်သော်လည်း ကျောင်းတော်၌အနေနည်းသဖြင့် သူ၏နာမည်ဂုဏ်သတင်းသည် ချန်းကျင်းထက် ပို၍နိမ့်ပါးပေ၏။
သူ၏အကြံအစည်အရ လုယွီကို တိတ်တဆိတ်မောင်းထုတ်ရန် အကောင်းဆုံးတွေးတောထားသော်လည်း ယခုချိန်၌ ထိုအကြံအလုပ်မဖြစ်တော့ခြင်းမှာ သိသာထင်ရှားသည်။
"သူ ဝင်ဖို့ဆိုတာ မဖြစ်နိုင်တာတော့မဟုတ်ဘူး...ဒါပေမယ့် အခုချိန်မှာ ခွဲတမ်းနေရာကပြည့်နေပြီ...တကယ်လို့ သူက အရည်အချင်းပြည့်မီရင်တောင် အထဲကိုဝင်လို့ရမှာမဟုတ်ဘူး"
ထျန်းပိုယန်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
နတ်ဘုရားကုန်းမြေအတွင်းသို့ အများဆုံး လူဆယ်ယောက်သာ ဝင်ရောက်နိုင်သည်။ဤှသည်က သူတော်စင်ယီဟန်ကိုယ်တိုင် ချမှတ်ထားသော သံမဏိစည်းမျဥ်းပင်။
ချန်းကျင်းကိုမဆိုထားနှင့် ဖူကျစ်ရွှယ်ကိုယ်တိုင်ရောက်ရှိလာလျှင်ပင် ထိုစည်းမျဥ်းကို ပြောင်းလဲနိုင်မည်မဟုတ်ချေ။
ချန်းကျင်းက မျက်မှောင်ကြုတ်ကာ ယခုလက်ရှိနေရာတွင် ရှိနေသောတပည့်များကို တစ်ချက်ကြည့်လိုက်၏။
ထိုတပည့်များအားလုံးသည် ထိပ်တန်းပါရမီရှင်လူငယ်များပင်။နတ်ဘုရားကုန်းမြေအတွင်းတွင် အဖိုးတန်ရှားပါးသောရတနာအမြောက်အများ ရှိနေသဖြင့် ထိုတပည့်များသည် အလျှော့ပေးကြမည်မဟုတ်ချေ။
"မင်းတို့ မြင်လား...ဘယ်သူကမှ သူတို့ရဲ့ခွဲတမ်းနေရာကို လက်လျှော့ဖို့ ဆန္ဒမရှိကြဘူး...လုယွီ...မင်း နောက်တစ်ကြိမ်ကိုစောင့်တာ ပိုကောင်းလိမ့်မယ်"
ထျန်းပိုယန်က ပြောဆိုသည်။
ထျန်းပိုယန်သည် အရာအားလုံးကို စည်းမျဥ်းများအရ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။သူ မည်သည့်စည်းမျဥ်းကိုမျှ ချိုးဖောက်ခဲ့ခြင်းမရှိချေ။
ချန်းကျင်းသည် အလွန်စိုးရိမ်တကြီးဖြစ်နေသော်လည်း မည်သည့်စကားကိုမျှ ပြောဆိုနိုင်ခြင်းမရှိချေ။
"ငါ့ရဲ့ခွဲတမ်းနေရာကို လုယွီအတွက်ပေးဖို့ ငါ ဆန္ဒရှိတယ်"
ရုတ်တရက် ကြမ်းရှရှအသံတစ်သံ ထွက်ပေါ်လာသည်။
ထိုလူထံသို့ မရေမတွက်နိုင်သော မျက်လုံးအကြည့်များ ကျရောက်သွားပြီးနောက် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ထိုစကားကိုပြောဆိုလိုက်သူသည် တူကျန့်ထျန်းပင်။
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း...
လုယွီနှင့်တူကျန့်ထျန်းကြားတွင် ရန်ငြိုးရန်စရှိနေသည်ဟု ကောလဟာလထွက်ပေါ်ထားသည် မဟုတ်လော....
ထိုလူနှစ်ယောက်သည် ရန်ငြိုးမပြေနိုင်သော ရန်သူတော်များပင်။မည်သည်ကြောင့် တူကျန့်ထျန်းသည် ဤမျှထိ အလွန်ကြင်နာသွားရသနည်း။
တူကျန့်ထျန်းက လုယွီကိုကြည့်၍ ပြောဆိုလိုက်၏။
"ရန်ငြိုးကို ပြေငြိမ်းလိုက်တာက ရန်သူတစ်ယောက်ရှိနေတာထက် ပိုကောင်းတယ်...အရင်တုန်းက ငါ အမှားတွေအများကြီး ကျူးလွန်ခဲ့မိတယ်...အခု ငါ မင်းနဲ့ ပြန်ပြီးသင့်မြတ်နိုင်ဖို့ မျှော်လင့်တယ်"
အမှန်အားဖြင့် အစစ်အမှန်တူကျန့်ထျန်းသည် သေဆုံးသွားလေပြီ။
ယခုချိန်၌ လုယွီရှေ့၌ ထွက်ပေါ်လာသူမှာ တူကျန့်ထျန်း၏ထိန်းချုပ်မှုကို ခံခဲ့ရသောဓားကျွန်ပင်။
လုယွီ၏ကယ်တင်ခြင်းကိုခံယူရပြီးနောက် ထိုဓားကျွန်သည် သူ၏ကူညီပေးမှုအတွက် အလွန်ကျေးဇူးတင်နေသဖြင့် ပြန်ပေးဆပ်ခြင်းဖြစ်သည်။
"ကောင်းပြီလေ...ငါ ဒီနေရာကို ယူလိုက်မယ်"
လုယွီသည် တူကျန့်ထျန်း၏ပခုံးကိုပုတ်၍ လူငယ်ဆယ်ယောက်အုပ်စုအတွင်းသို့ ဝင်လိုက်၏။
Chapter 2425
လူများအားလုံး၏မျက်နှာများပေါ်၌ မယုံကြည်နိုင်သောမျက်နှာအမူအယာများ ရှိနေသည်။
မောက်မာဝံ့ကြွားပြီး အထက်စီးဆန်သော တူကျန့်ထျန်းသည် အလွန်ရို့ကျိုးသောအမူအယာဖြင့် လုယွီကို ဦးညွှတ်အရိုအသေပြုနေသည်ကို သူတို့အားလုံး မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရ၏။
မည်သည့်အချိန်ကစ၍ တူကျန့်ထျန်း ပြောင်းလဲသွားရသနည်း...
"တူကျန့်ထျန်း ပြောင်းလဲသွားတာ မဖြစ်နိုင်ဘူး...ဖြစ်နိုင်ချေအရှိဆုံး အကြောင်းပြချက်က လုယွီ သူ့ကို အနိုင်ယူထားတာပဲ"
တစ်စုံတစ်ယောက်က လေသံနှိမ့်၍ ပြောဆိုသည်။
ပတ်ဝန်းကျင်ရှိ တပည့်များအားလုံး လုယွီကို ထပ်မံ၍ ကြည့်လိုက်ကြသည်။လုယွီကိုကြည့်ရသည်မှာ အနည်းငယ်လျှို့ဝှက်ဆန်းကြယ်နေသည်ဟု သူတို့အားလုံး ခံစားမိကြ၏။
"ကျွန်တော် အခု အထဲကိုဝင်လို့ရပြီလား"
လုယွီက ထျန်းပိုယန်ကိုကြည့်၍ မေးမြန်းလိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် ထျန်းပိုယန်၏မျက်နှာအမူအယာ ပျက်ယွင်းနေသည်။
တူကျန့်ထျန်းသည် သူ၏ခွဲတမ်းနေရာကို လက်လျှော့၍ လုယွီကို ပေးအပ်မည်ဟု သူ အနည်းငယ်မျှပင် စဥ်းစားတွေးတောထားမိခြင်းမရှိချေ။
ဤသည်က သာမာန်အားဖြင့် စိတ်ကူးယဥ်ပုံဖော်ကြည့်ရန်ပင် မရနိုင်သောကိစ္စမျိုးဖြစ်သော်လည်း ယခုချိန်၌ အမှန်တကယ် ဖြစ်ပွါးသွားလေပြီ။
"မင်းရဲ့ခွဲတမ်းနေရာကို လက်လွှတ်ချင်တာ သေချာလား...ဒါက ကြီးမားတဲ့အခွင့်အရေးနော်...မင်း အခုချိန်မှာ လက်လွှတ်လိုက်ရင် နောင်တစ်ချိန်မှာ ဒီအခွင့်အရေးမျိုး ထပ်ရတော့မှာမဟုတ်ဘူး"
ထျန်းပိုယန်က တူကျန့်ထျန်းကိုစူးစိုက်ကြည့်၍ ပြောဆိုသည်။
သို့ရာတွင် ထျန်းပိုယန်၏မျက်နှာအမူအယာ အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိချေ။သူက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ကျွန်တော် တကယ့်ကို လက်လွှတ်လိုက်တာပါ...ကျွန်တော် ပြောပြီးတဲ့စကားကို ဘယ်တော့မှ ပြန်မရုတ်သိမ်းဘူး"
ချန်းကျင်းက အေးစက်စက်လေသံဖြင့် အော်ငေါက်လေသည်။
"လက်ထောက်ကျောင်းအုပ်...အခု ခွဲတမ်းနေရာရပြီဆိုမှတော့ ထပ်ပြီးငြင်းဆန်နေစရာ အကြောင်းမရှိဘူးထင်တယ်"
ယခုလက်ရှိချိန်၌ ထျန်းပိုယန်သည် ကျဥ်းထဲကျပ်ထဲအခြေအနေမျိုးသို့ ကျရောက်နေလေပြီ။သူက အေးစက်စက်နှာတစ်ချက်မှုတ်ကာ ပြောဆိုသည်။
"ကောင်းပြီလေ...လုယွီ...မင်းက ဒီနယ်မြေထဲကိုဝင်ဖို့ အရည်အချင်းပြည့်မီတယ်ပဲထားလိုက်တော့...ဒါပေမယ့် မင်းရဲ့ခွန်အားက ကောင်းတာမဟုတ်ဘူး...တကယ်လို့ တခြားတပည့်တွေရဲ့လေ့ကျင့်မှုမှာ မင်း အနှောက်အယှက်ဖြစ်စေတယ်ဆိုရင်...ငါ မင်းကို ခွင့်မလွှတ်ဘူး"
လုယွီက မျက်မှောင်ကြုတ်လိုက်၏။သူ ဤလက်ထောက်ကျောင်းအုပ်ကို မည်ကဲ့သို့ရန်စစော်ကားထားခြင်းမျိုးရှိနေကြောင်း သူ မသိရှိချေ။
အစပိုင်းတွင် သူ ကျောင်းတော်သို့ ဝင်ရောက်လာစဥ်၌ ထိုလက်ထောက်ကျောင်းအုပ်သည် သူ့အား မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းမှ စာအုပ်များကို ဆန္ဒရှိသလိုဖတ်ရှုခွင့်ကိုပင် ပေးအပ်ခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်မှသာ လုယွီသည် ထျန်းပိုယန်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းပင်။ထျန်းပိုယန်ထံတွင် ဤကဲ့သို့ စိတ်နေစိတ်ထားမျိုးရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။
လူတစ်ယောက်၏စိတ်နေစိတ်ထားသည် ဤကဲ့သို့ အလွန်လျှင်မြန်စွာဖြင့် ပြောင်းလဲမသွားနိုင်ပေ။
ခန့်မှန်းမှုတချို့ပြုလုပ်ပြီးနောက် လုယွီသည် ဤကိစ္စ၏နောက်ကွယ်တွင် ရှမိသားစုရှိနေကြောင်း သိရှိလိုက်၏။
"ရှဖုန်းက ငါ့ကို ကျောင်းတော်မှာ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံစေချင်တဲ့ပုံမရဘူး...ငါ့ရဲ့လက်ထဲမှာ ဧကရာဇ်အဆင့်မှော်လက်နက်ရှိနေတာကို သူ သိထားတာမလို့ ငါ့ကို ကျောင်းတော်ကနေ မောင်းထုတ်ချင်နေတာပဲ"
လုယွီသည် အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် မည်သို့ဖြစ်ပျက်နေသည်ကို အကြမ်းဖျင်း ကောက်ချက်ချနိုင်ခဲ့သည်။
သို့ရာတွင် ရှဖုန်းသည် သူ့အား အကွက်ချစီစဥ်နေရန် မလိုအပ်ချေ။လုယွီသည် ကျင့်ကြံဆင့်နယ်ပယ် ချိုးဖျက်ပြီးသည်နှင့် ရှဖုန်းကို သွားရောက်ရှာဖွေရန် ဆုံးဖြတ်ထားပြီးလေပြီ။
လုယွီ ရောက်ရှိလာချိန်ကိုမြင်တွေ့ချိန်တွင် ထျန်းသခင်လေး၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
ယခင်က တာဝန်ခန်းမအတွင်းတွင် ထျန်းသခင်လေးသည် လုယွီကြောင့် အရှက်ရခဲ့ရကာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ လှောင်ပြောင်ရယ်မောစရာပြက်လုံးကြီးတစ်ခု ဖြစ်ခဲ့ရသည်။
"သူက ဘယ်သူလဲ...ဘာလို့ တူကျန့်ထျန်းက သူ့ကို အရမ်းကြောက်နေတာလဲ"
လူငယ်ဆယ်ယောက်အနက်မှ ရုပ်ရည်ချောမောခန့်ညားသောလူငယ်တစ်ယောက်က အေးစက်စက်လေသံဖြင့် မေးမြန်းသည်။
ထိုလူငယ်၏နာမည်မှာ ချင်းဖုန်ပင်။
သူသည် အဆင့်မြင့်တပည့်များအကြားတွင် ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်သဖြင့် အလွန်မောက်မာဝံ့ကြွားသော စိတ်နေသဘောထားရှိသည်။
မူလက သူ နတ်ဘုရားကုန်းမြေအတွင်းသို့ ဝင်ရောက်စဥ်တွင် လူများအားလုံးက သူ့ကိုစောင့်ကြည့်နေကြမည်ဟု တွေးထင်ထားပေ၏။သို့ရာတွင် ယခုလက်ရှိချိန်၌ လူများအားလုံး၏အာရုံစူးစိုက်မှုမှာ လုယွီထံတွင်သာ ရောက်ရှိနေသည်။
ထျန်းသခင်လေးက သရော်တော်တော် ပြောဆိုသည်။
"သူက ခုလတ်တလောကမှကျောင်းတော်ကိုဝင်လာတဲ့ တပည့်သစ်တစ်ယောက်...ပြီးတော့ သူက ကျောင်းတော်ဝင်ခွင့်စာမေးပွဲမှာ နောက်ဆုံးအဆင့်ပဲ...ငါ့ရဲ့ဦးလေးက သူ့ကို မိုးကောင်းကင်ကျမ်းစာဆောင်ထဲက စာအုပ်တွေကို ဆန္ဒရှိသလိုဖတ်ရှုခွင့် ပေးထားတယ်လို့ ငါ ကြားထားတယ်...အကျိုးဆက်ကတော့ သူက ငါ့ဦးလေးရဲ့နာမည်ဂုဏ်သတင်းကိုမှီပြီး ဟိတ်ဟန်ထုတ်တော့တာပဲ...မဟုတ်ရင် ငါ့ရဲ့ဦးလေးက ဘယ်လိုလုပ်ပြီးတော့ သူ့ကို ခုလိုမျိုး ဆက်ဆံမှာလဲ"
အမှန်အားဖြင့် ထိုစကားများကို ထျန်းသခင်လေးက လုပ်ကြံပြောဆိုနေခြင်းပင်။
သူ၏ဦးလေးသည် မည်သည်ကြောင့် လုယွီကို ပစ်မှတ်ထားနေသည်အား သူ မသိရှိချေ။
မည်သို့ပင်ဆိုစေကာမူ ထျန်းသခင်လေးသည် လုယွီ၏ဂုဏ်သတင်း ကျဆင်းအောင်လုပ်နိုင်မည့်အခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ချေ။
"အဲ့ဒီလိုလား...အမှိုက်ကောင်တစ်ကောင်က ငါတို့နဲ့အတူ နတ်ဘုရားကုန်းမြေထဲကို ဝင်ခွင့်ရတာက ငါတို့အတွက် အရှက်ရစရာပဲ"
ချင်းဖုန်က မကျေမချမ်း ဖြစ်နေလေ၏။
ဤလူဆယ်ယောက်တွင် မူလက တပည့်သစ်များအကြားမှ ချိုင်လုံရှင်းနှင့်တူကျန့်ထျန်းသာ ပါဝင်သည်။
ချိုင်လုံရှင်းသည် ရေခဲဘုရင်၏သားတော်တစ်ပါးဖြစ်ကာ အလွန်အမင်း အစွမ်းထက်သည်။သူ့အား စီနီယာတပည့်များအနက်မှ အနည်းစုကသာ ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသည်။
Thank For Reading.