← Chapters

အခန်း (၂၄၄၁-၂၄၄၅)

Vol. 125 Ch. 2441-2445

အခန်း (၂၄၄၁-၂၄၄၅)

Vol. 125 Ch. 2441-2445

Chapter 2441

"နဂါးဘုရင်ရဲ့ဆေးလုံးကို ဒီလိုလူသားတစ်ယောက်ပေါ်မှာ ဖြုန်းတီးမလို့လား...ဒါက ဖြစ်သင့်လို့လား"

နွားရိုင်းနတ်ဆိုးက အနည်းငယ် တွေဝေတုံ့ဆိုင်းသွားသည်။

တခြားနတ်ဆိုးသားရဲတပ်မှူးများသည် 'နဂါးဘုရင်၏ဆေးလုံး'ဟူသော စကားကိုကြားချိန်တွင် ရပ်တန့်လိုက်ကြ၏။

နဂါးဘုရင်ကိုယ်တိုင်သန့်စင်ထားသော ဆေးလုံးသည် သူတို့၏စိတ်နှလုံးသားများအတွင်း၌ အရေးပါသောနေရာ၌ရှိနေခြင်းမှာ သိသာထင်ရှားသည်။

တောင်ပံနဂါးက တည်ငြိမ်စွာ ပြောဆိုသည်။

"ကိစ္စမရှိဘူး...ဒီဆေးလုံးက သူ့ရဲ့အသက်ကို ထိန်းသိမ်းပေးထားနိုင်ရုံသက်သက်ပဲ...သူ့ရဲ့ဒဏ်ရာတွေ ပြန်ကောင်းလာဖို့ကတော့ ငါတို့ရဲ့တာဝန်မဟုတ်ဘူး"

"နဂါးဘုရင်က ဒီလူတွေကို မသတ်ရဘူးလို့ပဲ ငါတို့ကို အမိန့်ပေးထားတာ...ဒါပေမယ့် သူတို့ကို မသန်မစွမ်းဖြစ်အောင် လုပ်လို့မရဘူးလို့ ငါတို့ကိုပြောမထားဘူး...တကယ်လို့ သူ မသန်မစွမ်းဖြစ်သွားရင်တောင် သူ့သေလမ်းကို သူရှာတာပဲ...ငါတို့ကို အပြစ်တင်လို့မရဘူး"

တောင်ပံနဂါး၏စကားကိုကြားချိန်တွင် တခြားနတ်ဆိုးသားရဲတပ်မှူးများ စိတ်သက်သာရာရသွားကြသည်။

ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးသားရဲတပ်မှူးများ၏မျက်လုံးများအတွင်းမှနေ၍ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြာထွက်လာသည်။

ယခုကိစ္စကိုကြည့်ခြင်းဖြင့် အစောပိုင်းက တိုက်ပွဲများအတွင်းတွင် သူတို့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ချိုးနှိမ်ထားရပုံပေါ်လွင်နေသည်။

တောင်ပံနဂါး၏အာမခံစကားကိုကြားချိန်တွင် သူတို့အားလုံး စိတ်သက်သာရာရသွားကြ၏။

သူတို့သည် မသတ်ဖြတ်နိုင်သည့်တိုင် ထိုလူသားကို သေလုမျောပါးအ​ခြေအနေမျိုးသို့ရောက်အောင် တိုက်ခိုက်နိုင်သည်။

"အဲ့ဒီကောင်အတွက်တော့ သနားစရာပဲ...ဒီနတ်ဆိုးသားရဲတွေက ငါ့လိုမျိုး စည်းမျဥ်းတွေကိုလိုက်နာပြီး ညှာညှာတာတာတိုက်ခိုက်မယ်လို့ သူ ထင်နေလားမသိဘူး"

ချင်းဖုန်က သနားသောအကြည့်မျိုးဖြင့် လုယွီကို ကြည့်လိုက်သည်။

ရုတ်တရက် ချင်းဖုန်သည် သူ့ကိုယ်သူ အလွန်ကြင်နာသနားတက်သူတစ်ယောက်ဟု ခံစားမိလေ၏။

သို့ရာတွင် ထိုကောင်လေးသည် သေလမ်းရှာဖွေနေခြင်းဖြစ်ရာ မည်သူကိုမျှ အပြစ်တင်၍မရချေ။

"မင်းတို့ရဲ့ သောက်အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောပြီးပြီလား"

လုယွီက သူ့ရှေ့ရှိနတ်ဆိုးသားရဲများကို ဝေ့ဝိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"မင်းတို့ ပြောပြီးပြီဆိုရင်လည်း စကြစို့"

"ဟား ဟား ဟား...ဒါက သေဖို့အတွက်တောင်းဆိုနေတဲ့ လူသားတစ်ယောက်ကို ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ...မင်းက သေဖို့စိတ်ပိုင်းဖြတ်ထားမှတော့ ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်"

နွားရိုင်းနတ်ဆိုးသည် ကျယ်လောင်စွာအော်ဟစ်ရယ်မော၍ ရက်စက်ကြမ်းကြုတ်သော လက်သီးတစ်ချက်ကို ထိုးနှက်လိုက်၏။ထိုလက်သီးချက်၏အရှိန်ကြောင့် ပတ်ဝန်းကျင်ရှိလေဟာနယ် တုန်ခါသွားသည်။နွားရိုင်းနတ်ဆိုး၏လက်သီးချက်ကြောင့် ပတ်ဝန်းကျင်ရှိလေဟာနယ် ချိုင့်ဝင်သွားခြင်းကို သာမာန်မျက်စိဖြင့်ကြည့်လျှင်ပင် မြင်တွေ့နိုင်သည်။

ထိုလက်သီးချက်သည် တခြားမည်သူကိုမျှ ပစ်မှတ်မထားသော်လည်း သူတို့သည် ထိုလက်သီးချက်ကိုမြင်တွေ့ချိန်၌ တောင်ကြီးတစ်လုံးကဲ့သို့လေးလံသော ဖိအားအရှိန်အဝါကို ခံစားမိသည်။

ကျောင်းတော်မှတပည့်များ၏အခြေအနေ အနည်းငယ်ကောင်းမွန်သော်လည်း ဖူချန်ချင်းသည် ထိုလက်သီးချက်ကို သူကိုယ်တိုင်ရင်ဆိုင်နေရသည့်အလား နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။

ထိုလက်သီးချက်နှင့်ရင်ဆိုင်ရချိန်တွင် လုယွီ၏မျက်နှာသည် တည်ငြိမ်အေးဆေးနေဆဲဖြစ်ကာ သူကလည်း တူညီစွာပင် လက်သီးတစ်ချက် ထိုးနှက်လိုက်၏။

ဤသည်က ရိုးရှင်းသောလက်သီးနည်းစနစ်တစ်ခုဟု ထင်ရသော်လည်း လုယွီက ထိုလက်သီးချက်ကို ထိုးနှက်လိုက်စဥ်တွင် အလွန်ကြီးမားသောခွန်အားမျိုး ရောယှက်နေသည်။

"ငါ့ရဲ့လက်သီးချက်က တောင်တွေကိုတောင် ကွဲအက်စေနိုင်တယ်...မင်းရဲ့သံချပ်ကာဆိုရင် တစစီဖြစ်သွားလိမ့်မယ်...မင်းက ငါ့ကို ဘယ်လိုတိုက်ခိုက်မှာလဲ"

လုယွီ၏လက်သီးချက်ကို မြင်တွေ့ချိန်တွင် နွားရိုင်းနတ်ဆိုးက သရော်တော်တော် ပြောဆိုလိုက်၏။

ဘုန်း...

ကျယ်လောင်သောမြည်ဟီးသံတစ်သံနှင့်အတူ သူတို့နှစ်ယောက်၏လက်သီးချက်များ ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည်။

မူလက နွားရိုင်းနတ်ဆိုး၏မောက်မာဝံ့ကြွားနေသော မျက်နှာအမူအယာ ရုတ်တရက် အေးခဲသွားလေ၏။သူသည် အစွမ်းထက်ပြီး ခုခံရန်ခက်ခဲသော အားလှိုင်းတစ်ရပ်က သူ၏လက်သီးမှတဆင့် သူ့ထံတိုးဝင်လာခြင်းကို ခံစားမိသည်။

အကယ်၍ သူ၏လက်သီးချက်သည် ရေလှိုင်းတစ်လှိုင်းနှင့် တူညီပါက လုယွီ ထုတ်လွှတ်လိုက်သော လက်သီးချက်သည် ကမ်းခြေကိုဖျက်ဆီးနိုင်သော ဧရာမလှိုင်းလုံးကြီးပင်။

ဘုန်း...ဘုန်း...

နွားရိုင်းနတ်ဆိုး၏ခန္ဓာကိုယ်မှနေ၍ ခပ်အုပ်အုပ်အသံနှစ်သံ ထွက်ပေါ်လာသည်။သူသည် နောက်သို့ခြေလှမ်းအတော်များများ ဆုတ်လိုက်ရသည်။နွားရိုင်းနတ်ဆိုးသည် သူ၏ရင်ဘတ်မှမွန်းကြပ်လာမှုကို ခံစားရကာ သူ ဒဏ်ရာရရှိသွားလေပြီ။

"မဖြစ်နိုင်ဘူး...လူသားတစ်ယောက်မှာ ဘာလို့ ဒီလိုအစွမ်းထက်တဲ့ခွန်အားမျိုး ရှိနေတာလဲ"

ဤအချိန်အခိုက်အတန့်တွင် နွားရိုင်းနတ်ဆိုးသည် သူ ကြုံတွေ့ခဲ့ရသောကိစ္စကို လက်ခံနိုင်ခြင်းမရှိချေ။

တစ်ချိန်က သူသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသောလူသားတစ်ယောက်နှင့် တိုက်ခိုက်ဖူးလေ၏။သို့ရာတွင် ထိုရုပ်ခန္ဓာကိုယ်ကျင့်ကြံသူသည် သာမာန်ကျင့်ကြံသူများထက် သူတို့၏ရုပ်ခန္ဓာကိုယ်များ ပို၍အားကောင်းသည့်တိုင် နတ်ဆိုးသားရဲများထက် အားနည်းသည်။

နွားရိုင်းနတ်ဆိုးသည် တုန်လှုပ်ချောက်ချားနေသော်လည်း လုယွီက ရပ်တန့်ရန်ရည်ရွယ်ထားပုံမရချေ။

ဘုန်း...ဘုန်း...ဘုန်း...

လုယွီက လက်သီးချက်များ တစ်ချက်ပြီးတစ်ချက် ထိုးနှက်လိုက်၏။သူ၏လက်သီးချက်များမှ အားလှိုင်းများ လေဟာနယ်ကိုဖြတ်သန်းလာချိန်တွင် ခပ်အုပ်အုပ်အသံများကို ချန်ရစ်ထားခဲ့သည်။

နွားရိုင်းနတ်ဆိုးသည် ထိပ်တိုက်ရင်ဆိုင်၍မဖြစ်သည်ကို ချက်ချင်းဆိုသလိုပင် သိနားလည်သွားသဖြင့် ခုခံကာကွယ်မှုသို့ ပြောင်းလဲလိုက်သည်။

Chapter 2442

လက်သီးတစ်ချက်ပြီးတစ်ချက် ထိုးနှက်ခံရမှုအောက်တွင် နွားရိုင်းနတ်ဆိုး၏အရှိန်အဝါ တဖြည်းဖြည်း ယုတ်လျော့လာသည်။

သူ၏ခွန်အားများ ခြေမွှဖျက်ဆီးခံရရုံတင်မက သူ၏လက်သီးနည်းစနစ်နှင့်တိုက်ခိုက်မှုစွမ်းအားသည်လည်း ဖရိုဖရဲရှုးနိမ့်စပြုလာလေပြီ။

နွားရိုင်းနတ်ဆိုး၏လက်သီးချက် မည်သည့်နေရာမှ ထွက်ပေါ်လာမည်ကို လုယွီက သိရှိနေသကဲ့သိုပင်။သူ၏တန်ပြန်တိုက်ခိုက်မှုများသည် နွားရိုင်းနတ်ဆိုး၏အားနည်းချက်နှင့်ဟာကွက်နေရာများကို ပစ်မှတ်ထားနေလေ၏။

ဤသည်ကြောင့် နွားရိုင်းနတ်ဆိုးသည် မည်သည့်လက်သီးနည်းစနစ်ကိုအသုံးပြု၍ တိုက်ခိုက်နေပါစေ လုယွီက လွယ်လင့်တကူ အနိုင်ယူနိုင်ခဲ့သည်။

ထိုထက်ပို၍အရေးကြီးသောအချက်မှာ လုယွီ၏လက်သီးချက်မှနေ၍ လျို့ဝှက်အားလှိင်းတစ်ရပ် ပွင့်အံထွက်လာခြင်းပင်။

နွားရိုင်းနတ်ဆိုး၏ခန္ဓာကိုယ်ပေါ်သို ကျရောက်လာသော လက်သီးတစ်ချက်တိုင်းသည် သူ၏ကြွက်သားနှင့်အရိုးများကို နာကျင်စေရုံသာမက ထိုလက်သီးချက်တွင်ပါဝင်သော လျို့ဝှက်စွမ်းအားကလည်း ချက်ချင်းဆိုသလိုပင် ပွင့်ထွက်သွားသည်။

အကြိမ်ရေအနည်းငယ်ခန့် တိုက်ခိုက်မှုခြင်း ဖလှယ်ပြီးနောက် နွားရိုင်းနတ်ဆိုးသည် ပြင်းထန်သောအတွင်းဒဏ်ရာများကို ခံစားနေရလေပြီ။

"မကောင်းတော့ဘူး...တကယ်လို ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ငါ သူ့ရဲ့လက်သီးချက်တွေအောက်မှာ အသက်ရှင်နိုင်မှာမဟုတ်ဘူး"

နွားရိုင်းနတ်ဆိုးသည် သူ၏စိတ်နှလုံးသားအတွင်း၌ မယုံကြည်နိုင်ဖြစ်နေသော်လည်း အဖြစ်မှန်ကို သူ လက်ခံလိုက်၏။

လုယွီသည် သူတွေးတောထားသည်ထက် များစွာပို၍သန်မာအားကောင်းနေသည်။

ထိုအကြောင်းကို တွေးတောမိချိန်တွင် နွားရိုင်းနတ်ဆိုးက ချက်ချင်းဆိုသလိုပင် နောက်ဆုတ်လိုက်၏။

သိုရာတွင် သူသည် မည်သည့်နည်းဖြင့် လုယွီ၏အမြင်အာရုံအောက်မှ လွတ်မြောက်နိုင်မည်နည်း။

လုယွီသည် ချက်ချင်းနောက်မှလိုက်ကာ နွားရိုင်းနတ်ဆိုး၏ဝမ်းဗိုက်ကိုဦးတည်၍ ပြင်းထန်သောလက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ထိုလက်သီးချက်မှလျှိဝှက်အားလှိင်းသည် နွားရိုင်းနတ်ဆိုး၏ခန္ဓာကိုယ်တွင်းအင်္ဂါများနှင့်သူ၏ခြေလက်များမှအရိုးများဆီသို ဖြတ်သန်းသွားသည်။

အား....အား...

နွားရိုင်းနတ်ဆိုးက ရုတ်တရက် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။

သူ၏ခန္ဓာကိုယ်မှအရိုးများအားလုံး ကြေမွှပျက်စီးလုနီးပါး ဖြစ်သွားခြင်းကို သူ ခံစားမိသည်။

ဤစွမ်းအားလှိုင်းက သူ၏ခန္ဓာကိုယ်အတွင်း ဖြတ်သန်းသွားချိန်တွင် သူအလွန်ဂုဏ်ယူဝင့်ကြွားခဲ့သော သူ၏ရုပ်ခန္ဓာကိုယ်ကြီး ပြိုကွဲစပြုလာလေ၏။

သူ၏မရီးဒါန်းများ စုတ်ပြဲသွားကာ သူ၏အရိုးအရွတ်များအားလုံး ကျိုးပဲ့သွားလေပြီ။

လုယွီက လက်သီးတစ်ချက်ထပ်မံ၍ ထိုးနှက်လိုက်ရာ နွားရိုင်းနတ်ဆိုး မြေပြင်ပေါ်သို ပြင်းပြင်းထန်ထန် လွင့်ထွက်သွားပြီး ငါးမီတာခန့်နက်သော ကျင်းကြီးတစ်ကျင်း ဖြစ်ပေါ်လာတော့သည်။

နွားရိုင်းနတ်ဆိုး၏လက်ရှိအခြေအနေမှာ အလွန်အမင်း ဆိုးရွားလှသည်။

သူ၏ခန္ဓာကိုယ်မှဒဏ်ရာများသည် သာမာန်ကျင့်ကြံသူများ လေးကြိမ် ငါးကြိမ်မက သေဆုံးရန် လုံလောက်ပေ၏။

အကယ်၍ သူသည် ကံကောင်းထောက်မစွာဖြင့် ပြန်လည်ကောင်းမွန်လာလျှင်ပင် သူ၏အသက်စွမ်းအား အကြီးအကျယ်ထိခိုက်သွားကာ သူ၏အထွတ်အထိပ်အခြေအနေမျိုးသို ပြန်လည်ရောက်ရှိရန် အလွန်ခက်ခဲပေမည်။

အစောပိုင်းက နွားရိုင်းနတ်ဆိုးသည် လုယွီကိုသတ်ဖြတ်ရန် စိတ်အားထက်သန်နေခဲ့သည်။

သိုရာတွင် ယခုလက်ရှိချိန်၌ မြေကြီးအတွင်း၌နစ်မြုပ်နေရသည်မှာ သူကိုယ်တိုင် ဖြစ်နေလေပြီ။

ပတ်ဝန်းကျင်တွင် စောင့်ကြည့်နေကြသူများအားလုံး သုသာန်တစပြင်ကဲ့သို တိတ်ဆိတ်ငြိမ်သက်သွားသည်။

အစောပိုင်းက လုယွီအားနောက်ဆုတ်ရန် ဖြောင့်ဖျခဲ့သော ကျောင်းတော်တပည့်များ ကြက်သေသေနေကြ၏။အချိန်တခဏကြာပြီးနောက် သူတိုအနက်မှတစ်ယောက်က ညည်းတွားလိုက်သည်။

"သူက အရမ်းယုံကြည်ချက်ရှိနေတာ အံ့အားသင့်စရာမရှိတော့ဘူး...ခုကြည့်ကြည့်တော့မှ သူ့မှာ ဒီလိုခွန်အားမျိုးရှိနေတာပဲ...ငါတိုကသာ ရေတွင်းအောက်ခြေက ဖားသူငယ်တွေ ဖြစ်နေခဲ့တာ"

သူတိုသည် ကျောင်းတော်၌ သုံးနှစ် လေးနှစ်ကြာ ကျင့်ကြံပြီးသော စီနီယာတပည့်များပင်။

သူတိုသည် ယခုမှကျောင်းတော်သိုဝင်ရောက်လာသော ဂျုနီယာတပည့်များအပေါ် အထင်ကြီးခြင်းမရှိချေ။

သိုရာတွင် ယခုဖြစ်ရပ်သည် သူတိုအား ပါးဖြတ်ရိုက်လိုက်သကဲ့သိုပင်။

လုယွီ၏ခွန်အားသည် သူတိုစိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ သန်မာအားကောင်းနေသည်။

လီစစ်သည် လုယွီထံ၌ ဤကဲ့သိုခွန်အားမျိုးရှိသည်ကို သိရှိနေခြင်းမှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထိုကြောင့် လုယွီ၏လှုပ်ရှားမှုများသည် အလွန်သန်မာအားကောင်းသည်ဟု သူ ခံစားရသော်လည်း အံ့အားသင့်သွားခြင်းမရှိပေ။

သိုရာတွင် ချိုင်လုံရှင်း၏မျက်လုံးအတွင်း၌ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်နေသည်။

"တကယ်လို အခွင့်အရေးသာရှိရင်...ငါ သူနဲ့ တိုက်ခိုက်ချင်တယ်"

ရေခဲဘုရင်၏သားတော်သည် အလွန်နှိမ့်ချ၍ နေထိုင်တက်သူပင်။သူ၏ခွန်အားသည် အားကောင်းသန်မာသော်လည်း သူက အမြဲတစေတံခါးပိတ်ကျင့်ကြံနေလေ့ရှိသည်။သူသည် တခြားစီနီယာတပည့်များကဲ့သို နေရာအနှံ မိတ်ဆွေဖွဲတက်သူတစ်ယောက်မဟုတ်ချေ။

ချိုင်လုံရှင်းသည် တိုက်ပွဲရူးတစ်ယောက်ပင်။သူသည် အလွန်ငယ်ရွယ်စဥ်ကပင် ရေခဲနန်းတော်မှအစောင့်များကို စိန်ခေါ်၍တိုက်ခိုက်ခဲ့သည်။

သူ အနည်းငယ်အရွယ်ရောက်လာစဥ်တွင် ရေခဲကြယ်မြစ်အတွင်း လှည့်ပတ်သွားလာ၍ မြောက်မြားစွာသောပါရမီရှင်လူငယ်များကို စိန်ခေါ်တိုက်ခိုက်ခဲ့လေ၏။

လုယွီ၏လှုပ်ရှားမှုများကို မြင်ချိန်တွင် ချိုင်လုံရှင်း၏စိတ်နှလုံးသားအတွင်း၌ ယှဥ်ပြိုင်တိုက်ခိုက်လိုစိတ်များ တဖွားဖွားထွက်ပေါ်လာခဲ့သည်။

ချင်းဖုန်ကမူ အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။

"ဟမ့်...ဒီလောက်ခွန်အားနဲ့များ...ဒါက အများဆုံးအနေနဲ့ သူက အမှိုက်ကောင်မဟုတ်ဘူးဆိုတာကိုပဲ သက်သေပြနိုင်တယ်...ဒါပေမယ့် သူက ငါ့ကိုမှီဖို အဝေးကြီးလိုသေးတယ်"

Chapter 2443

ချင်းဖုန်က ထိုသိုပြောဆိုလိုက်စဥ်တွင် တိုက်ပွဲကိုနံဘေးမှ စောင့်ကြည့်နေကြသော ကျောင်းတော်တပည့်များသည် ထပ်မံ၍ သည်းမခံနိုင်ကြတော့ချေ။

တပည့်တစ်ယောက်က စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။

"ကျွတ် ကျွတ်...မင်း မလုပ်နိုင်တဲ့ကိစ္စကို သူက လုပ်သွားတာလေ...တကယ်လို မင်းမှာ အရည်အချင်းရှိရင်...မင်းရဲ့အလှည့်တုန်းက နိုင်အောင်တိုက်ပါလား"

"အမှန်ပဲ...လုယွီက လှလှပပ အနိုင်ယူသွားတာ...တကယ်လို မင်းနေရာမှာ ငါသာဆိုရင် သူ့ကိုလှောင်ပြောင်သရော်ခဲ့တဲ့အတွက် မျက်နှာပြစရာတောင် ရှိမှာမဟုတ်ဘူး"

"မင်း တခြားသူတွေကိုပဲ အပြစ်ပြောမနေနဲ့...မင်းကိုယ်မင်းလည်း အရင်ပြန်ကြည့်အုံး...မင်းရဲ့ပြိုင်ဘက်နဲ့မင်း ခွန်အားခြင်းကွာဟတယ် မဟုတ်လား...မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ"

လမ်းတလျှောက်လုံး၌ ချင်းဖုန်၏လှောင်ပြောင်သရော်ခြင်းကို ခံခဲ့ရသူများသည် နောက်ဆုံး၌ သူတို၏ဒေါသများကို လူသူအများရှေ့၌ ဖွင့်ဟပြောဆိုလိုက်၏။

လူတိုင်းက သူ့အားပစ်မှတ်ထားပြောဆိုနေသည်ကိုကြည့်ပြီး ချင်းဖုန်က စိတ်မကျေမနပ်ဖြစ်သွားသည်။

"မင်းတို ဘာလိုတွေးမကြည့်ကြတာလဲ...တောင်ပံနဂါးက နွားရိုင်းနတ်ဆိုးကို နောက်ဆုံးနေရာမှာ ချန်ထားခဲ့တယ်...ဒါက ဒီနတ်ဆိုးသားရဲတပ်မှူးတွေထဲမှာ သူက အားအနည်းဆုံးဆိုတာကို ညွှန်ပြနေတာပဲ...တကယ်လို နွားရိုင်းနတ်ဆိုးကသာ သန်မာအားကောင်းတယ်ဆိုရင် သူက အရင်တိုက်ပွဲတွေမှာကတည်းက ထွက်လာမှာပေါ့...ဟုတ်တယ်မလား"

ချင်းဖုန်သည် မြေပေါ်တွင်လဲကျနေသော နွားရိုင်းနတ်ဆိုးကို လက်ညှိးညွှန်၍ သရော်တော်တော်လေသံဖြင့် ဆက်လက်ပြောဆိုသည်။

"ဒီနွားရိုင်းနတ်ဆိုးက အပြင်ပန်းမှာအားကောင်းပုံရပေမယ့် အတွင်းပိုင်းမှာအားနည်းနေတာလို ငါ ထင်တယ်...သူ့ကိုကြည့်ရတာ အစွမ်းထက်မယ့်ပုံပဲ...တကယ်တမ်းကျ သူ့မှာ အရည်အချင်းအများကြီးမရှိဘူး...ဒါကြောင့် လုယွီက အခွင့်အရေးရသွားတာပဲ"

ထိုစကားကိုပြောဆိုပြီးနောက် ချင်းဖုန်က သက်ပြင်းတစ်ချက် ရှိက်လိုက်သည်။

"ကံဆိုးချင်တော့ ဂျူနီယာညီလေးလုယွီက အမှိုက်ကောင်မဟုတ်ပေမယ့် သူက ဦးနှောက်ကောင်းပုံမရဘူး....သူက တစ်ဖက်ရန်သူတွေအားလုံးကို သူတစ်ယောက်တည်းနဲ့ စိန်ခေါ်ခဲ့တယ်...ဒါက သူ့ကိုယ်သူ ချောက်ထဲတွန်းပိုနေတာ မဟုတ်ဘူးလား....သူ ဘာတွေတွေးနေလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ...သူက ဒီနတ်ဆိုးသားရဲတပ်မှူးတွေအားလုံးကို အနိုင်ယူနိုင်မှာလား...ဒါက စိတ်ကူးယဥ်အိမ်မက်သက်သက်ပဲ"

ချင်းဖုန်၏စကားများကို နားထောင်ပြီးနောက် ကျောင်းတော်တပည့်တချိုသည် သူ့အား အထင်အမြင်သေးနေကြ၏။

သူတိုသည် ချင်းဖုန်ကို စကားတစ်ခွန်းမျှ တုံပြန်ပြောဆိုလိုခြင်းမရှိတော့ချေ။

ထိုကျောင်းတော်တပည့်များ စကားတုံပြန်မပြောဆိုသည်ကိုကြည့်ပြီး ချင်းဖုန်သည် သူ၏စကားများမှန်ကန်နေခြင်းကြောင့်ဟု တွေးထင်လိုက်သည်။တစ်ဖက်လူများ မည်သည့်စကားမျှမဆိုသဖြင့် သူက ပို၍မောက်မာဝံ့ကြွားလာသည်။

"ချင်းဖုန်ပြောတာ အမှန်ပဲ...သူက သူ့ကိုယ်သူအထင်ကြီးပြီးတော့ နတ်ဆိုးသားရဲတပ်မှူးတွေအားလုံးကို စိန်ခေါ်ခဲ့တယ်...ဒါက ငါတိုအတွက် ပိုပြီးစွန့်စားရာကျတယ်...သူ့ရဲ့ဒီလိုအပြုအမူမျိုးကို ရှေ့တန်းတင်တာ ဥာဏ်ရှိတဲ့သူတွေလုပ်တဲ့လုပ်ရပ်မျိုးမဟုတ်ဘူး"

ထျန်းသခင်လေးက ချင်းဖုန်ဘက်မှကူညီ၍ ပြောဆိုလေသည်။

လုယွီကို ကဲ့ရဲ့ပြစ်တင်နိုင်သော မည်သည့်အခွင့်အရေးကိုမဆို သူ လက်လွတ်ခံမည်မဟုတ်ချေ။

ချင်းဖုန်က သက်ပြင်းတစ်ချက်ရှိက်လိုက်၏။

"ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်လို ကြီးမားတဲ့နေရာမျိုးမှာ ထျန်းသခင်လေးလိုဥာဏ်ရှိတဲ့သူ ရှိနေသေးလိုပဲ...မဟုတ်ရင် လူတိုင်းမူးယစ်ရီဝေနေတဲ့အချိန်မှာ ငါတစ်ယောက်တည်း နိုးကြွားနေသလိုဖြစ်နေမှာ"

တခြားတစ်ဖက်တွင် လုယွီသည် နွားရိုင်းနတ်ဆိုးကို အနိုင်ယူပြီးနောက် တောင်ပံနဂါးကိုကြည့်၍ ပြောဆိုလိုက်သည်။

"မင်းက ငါ့ကို မသန်မစွမ်းဖြစ်အောင် လုပ်ချင်တာမလား...ငါ မင်းကို ဒီအခွင့်အရေး ပေးတယ်"

တောင်ပံနဂါး၏မျက်နှာပေါ်တွင် ယခင်ကဲ့သို မောက်မာဝံ့ကြွားသောအမူအယာမျိုး ရှိမနေတော့ချေ။

ထိုအစား သူ၏မျက်နှာပေါ်တွင် အလွန်အမင်း သိချင်စိတ်ပြင်းပြနေကာ တုန်လှုပ်ချောက်ချားသောအမူအယာမျိုး ထင်ဟပ်နေသည်။

ဤရူးသွပ်မိုက်မဲသောလူသားများသည် နွားရိုင်းနတ်ဆိုးသည် တောင်ပံနဂါးထက် ပို၍အားနည်းသည်ဟု တွေးထင်နေကြ၏။

သိုရာတွင် အမှန်အားဖြင့် နတ်ဆိုးသားရဲတပ်မှူးများကြားတွင် အားအကောင်းဆုံးဟုယူဆထားသော တောင်ပံနဂါးထက် နွားရိုင်းနတ်ဆိုးက ပို၍အားကောင်းသန်မာသည်။

နွားရိုင်းနတ်ဆိုးသည် နှိမ့်ချ၍နေတတ်ကာ တခြားသူများနှင့်ပြောဆိုဆက်ဆံရမည်ကို မနှစ်သက်သောကြောင့်သာ တောင်ပံနဂါးသည် နတ်ဆိုးသားရဲတပ်မှူးများအနက် အားအကောင်းဆုံးဟု သတ်မှတ်ခံရခြင်းဖြစ်သည်။

အတိတ်တွင် တောင်ပံနဂါးသည် နွားရိုင်းနတ်ဆိုးကို သွားရောက်ရှာဖွေ၍ တိုက်ခိုက်ခဲ့သည်။သူတိုသည် လက်ရေတူယှဥ်ပြိုင်နိုင်ခဲ့သည့်အပြင် တောင်ပံနဂါးသည် အနည်းငယ်အရေးမလှသော အခြေအနေမျိုးသို့ ကျရောက်ခဲ့ရသည်။

ဤနှစ်များအတွင်းတွင် နွားရိုင်းနတ်ဆိုးသည် လှုပ်ရှားမှုတစ်ခုတစ်လေကိုမျှ ပြုလုပ်ခြင်းမရှိသော်လည်း သူ၏ခွန်အား ထပ်မံ၍မြင့်တက်နေသည်ကို တောင်ပံနဂါးက ကောင်းစွာသိရှိပေ၏။

နွားရိုင်းနတ်ဆိုးသည် သူ၏လမ်းကြောင်းပေါ်တွင်ရှိသော အရာရာတိုင်းကို ခြေမွှဖျက်ဆီးကာ သူ့ရှေ့ရှိလူသားကို သတ်ဖြတ်ပစ်မည်ဟု သူ တွေးထင်ခဲ့သည်။

သိုရာတွင် လက်တွေ့ထွက်ပေါ်လာသော ဖြစ်ရပ်မှန်မှာ သူ မျှော်လင့်ထားသောအရာနှင့် များစွာအလှမ်းကွာဟနေသည်။

အစွမ်းထက်သော နွားရိုင်းနတ်ဆိုးသည် မြေကြီးအတွင်း၌ နစ်မြုပ်နေသည်။သူ့ကိုကြည့်ရသည်မှာ မတ်တတ်ထရပ်ရန်ပင် ခွန်အားရှိပုံမရချေ။

နွားရိုင်းနတ်ဆိုး အပြင်းအထန် ဒဏ်ရာရရှိသွားလေပြီ။လုယွီနှင့်တိုက်ခိုက်မှုခြင်းဖလှယ်နေစဥ်တွင် သူသည် တန်ပြန်တိုက်ခိုက်ရန်ပင် အခွင့်အရေးမရရှိခဲ့ချေ။တိုက်ခိုက်သည့်အကြိမ်တိုင်း သူသည် လုယွီ၏ဖိနှိပ်ခြင်းကို ခံရလေ၏။

"ကြည့်ရတာတော့ သူတိုတွေအားလုံးက မျက်လုံးကန်းနေပုံပဲ...မင်းက သူတော်စင်သံတမန်တွေကြားမှာ အားအကောင်းဆုံးသူပဲဖြစ်မယ်...မင်းကိုယ်မင်း သေသေချာချာ ဖုံးကွယ်ထားခဲ့တယ်...မင်းက အစပိုင်းမှာတိုက်ခိုက်ဖို ရည်ရွယ်မထားဘူး...ဒါကြောင့် ငါတို့က မင်းကို လျှော့တွက်ခဲ့မိတယ်"

တောင်ပံနဂါးက လုယွီကိုစူးစိုက်၍ ကြည့်လိုက်သည်။နောက်ဆုံး၌ လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်ကို သူ ထွင်းဖောက်မမြင်နိုင်ခဲ့သည့်အကြောင်းအရင်းကို သူ သိရှိသွားလေပြီ။

အကြောင်းအရင်းမှာ လုယွီသည် အလွန်အားနည်းနေခြင်းကြောင့်မဟုတ်ချေ။ဆန့်ကျင်ဘက်အနေဖြင့် လုယွီသည် အလွန်သန်မာအားကောင်းသဖြင့် တစ်ဖက်လူများသည် သူ၏ကျင့်ကြံမှုကို ထွင်းဖောက်မမြင်နိုင်ခြင်းပင်။

Chapter 2444

"နဂါးဘုရင်ရဲ့အမိန့်ကို ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်ရမယ်...နောက်ဆုတ်လိုမရဘူး...မင်းတိုရဲ့ဝှက်ဖဲတွေကို ထုတ်သုံးကြတော့"

တောင်ပံနဂါးက အမိန့်ပေးလိုက်၏။

ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးသားရဲတပ်မှူးများအားလုံးထံမှနေ၍ အလွန်များပြားသောနတ်ဆိုးစွမ်းအားများ ပွင့်အံထွက်လာသည်။

ထိုနတ်ဆိုးစွမ်းအားများသည် မိုးကောင်းကင်ယံအတွင်း၌ စုဝေးသွားကာ နောက်ဆုံး၌ သာမာန်မျက်စေ့ဖြင့်ပင်မြင်တွေ့နိုင်သော အနက်ရောင်မြူခိုးထုကြီးအဖြစ် ဖွဲစည်းသွားသည်။

အစောပိုင်းက ရှုးနိမ့်ခဲ့ကြသော ကျောင်းတော်တပည့်တချိုသည် ကြက်သေသေသွားကြ၏။

ဖြစ်နိုင်သည်မှာ ထိုနတ်ဆိုးသားရဲများသည် ယခင်က သူတိုနှင့်တိုက်ခိုက်ခဲ့စဥ်တွင် ခွန်အားကုန်ထုတ်ဖော်၍ အသုံးမပြုခဲ့ကြပုံပင်။

သိုရာတွင် ယခုလက်ရှိချိန်၌ လုယွီနှင့်တိုက်ခိုက်စဥ်တွင် သူတို၏ခွန်အားအကုန်အစင်ကို ထုတ်ဖော်၍အသုံးပြုကြလေပြီ။

"သူ့ကို သွားတိုက်ကြစမ်း"

တောင်ပံနဂါး၏နောက်တွင် မတ်တတ်ရပ်နေသော ဝံပုလွေနတ်ဆိုးက အရင်ဆုံး ပြေးထွက်လိုက်သည်။

တခြားသူများတိုက်ခိုက်နေသည့်အချိန်ကို အခွင့်ကောင်းယူ၍ ဝံပုလွေနတ်ဆိုးသည် ဆေးလုံးများသောက်သုံးကာ သူ့ကိုယ်သူ အလျှင်အမြန် ပြန်လည်ကုသခဲ့သည်။

ယခုချိန်တွင် သူ၏ဒဏ်ရာများအားလုံး ပျောက်ကင်းစပြုနေလေပြီ။

"ငါ့ရဲ့အမြန်နှုန်းက နွားရိုင်းနတ်ဆိုးထက် ပိုပြီးလျှင်မြန်တယ်...ငါက မင်းကို ခွန်အားအရမယှဥ်ပြိုင်နိုင်ရင်တောင် အမြန်နှုန်းမှာ မင်းက ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်တာ သေချာတယ်"

ဝံပုလွေနတ်ဆိုးသည် စတင်တိုက်ခိုက်စဥ်မှစ၍ အစီအစဥ်ဆွဲထားပြီးဖြစ်သည်။သူသည် အမြန်နှုန်းလျှင်မြန်မှုဖြင့် အခွင့်ကောင်းရှာကာ လုယွီကို တစ်ချက်တည်းဖြင့် ရိုက်သတ်နိုင်ပေမည်။သူ၏ခွန်အားသည် လုယွီထက် နိမ့်ပါးသည့်တိုင် သူ သတ်ဖြတ်နိုင်ပေလိမ့်မည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဝံပုလွေနတ်ဆိုး၏စူးရှချွန်ထက်သော လက်သည်းများသည် လုယွီ၏အနီးသို ချဥ်းကပ်လာပေ၏။သူ၏အရှိန်သည် အလွန်အမင်းလျှင်မြန်ကာ သူ၏ကိုယ်ပိုင်အကန့်အသတ်ကိုပင် ချိုးဖျက်လုနီးပါး အခြေအနေသိုရောက်ရှိနေလေပြီ။နတ်ဘုရားစိတ်အာရုံများဖြင့် အာရုံခံလျှင်ပင် သူ့အားပုံရိပ်ယောင်အဖြစ်ဖြင့်သာ တွေ့မြင်နိုင်ပေမည်။

"အရမ်း နှေးတယ်"

ရုတ်တရက် လုယွီ၏အသံက ဝံပုလွေနတ်ဆိုး၏နားအတွင်း၌ မြည်ဟီးသွားသည်။

သူ မတုံပြန်နိုင်သေးမီမှာပင် လုယွီက သူ့အား ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်၏။

ဘန်း....

မသဲမကွဲအသံတစ်သံ မြည်ဟီးလာခြင်းနှင့်အတူ ဝံပုလွေနတ်ဆိုးသည် သူ၏ခန္ဓာကိုယ်မှအရိုးများ အက်ကွဲသွားသောအသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ထိုမြင်ကွင်းကို ဝံပုလွေနတ်ဆိုး၏နောက်တွင်ရှိနေသော နတ်ဆိုးသားရဲတပ်မှူးများအားလုံး တွေ့မြင်မိကြသည်။လုယွီ၏ပါးရိုက်ချက်ကြောင့် ဝံပုလွေနတ်ဆိုးသည် ကြိုးပြတ်သွားသောစွန်တစ်ခုအလား နောက်သို လွင့်ထွက်သွားလေ၏။

"တကယ်လို မင်းတို့ကောင်တွေက အတူပူးပေါင်းမတိုက်ခိုက်ဘဲနဲ့ တစ်ယောက်ပြီးမှတစ်ယောက်လာနေမယ်ဆိုရင်...ငါ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး"

လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် အစွမ်းထက်သောမှော်စွမ်းအားများ ရစ်သိုင်းလွှမ်းခြုံနေသည်။

သူ၏ခွန်အားကို သိုင်းသူတော်စင်အဆင့်၌ ကန့်သတ်ခံထားရသည့်တိုင် လုယွီသည် ဤအောက်ဘုံအတွင်း၌ သူ ဆန္ဒရှိသမျှ အရာရာတိုင်းကို လုပ်ဆောင်နိုင်ပေ၏။

ယခင်နေ့ရက်များကို ပြန်တွေးကြည့်ပါက လုယွီသည် သိုင်းသူတော်စင်နယ်ပယ်၌ ရှိနေစဥ်တွင် လေလွင့်အင်မော်တယ်တစ်ယောက်ကို လွယ်လင့်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

အချိန်အတော်ကြာစွမ်းအားများစုစည်းခဲ့မှုကြောင့် လုယွီ၏ခွန်အားသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ထက် များစွာပို၍ကျော်လွန်သည်။

သူသည် ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းတွင် ပြိုင်ဘက်ကင်းရုံသာမက သူ့ထက်နယ်ပယ်ကြီးနှစ်ဆင့်ပို၍မြင့်မားသော ကျင့်ကြံသူများဖြင့်ပင် တိုက်ခိုက်နိုင်သည်။

ထိုပြင် လုယွီထံတွင် ရှေးဟောင်းသူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ် ရှိနေလေ၏။မည်သည့်မှော်စွမ်းအားကိုမျှ အသုံးမပြုလျှင်ပင် လုယွီအား ထိုနတ်ဆိုးမှော်သားရဲများ ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ချေ။

ဘန်း...ဘန်း...ဘန်း...

တိုက်ခိုက်မှုများ စတင်၍ဖလှယ်ကြချိန်တွင် ယခင်က တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါမျိုးရှိပြီး သာမာန်ထက်အားကောင်းသန်မာသော နတ်ဆိုးမှော်သားရဲများသည် လုယွီ၏လက်သီးချက်များကြောင့် လွင့်ထွက်သွားကာ ပြန်လည်တိုက်ခိုက်ရန်ပင် အခွင့်အရေးမရရှိကြပေ။

လုယွီ၏ရိုက်ချက်များကိုခံရပြီးနောက် နတ်ဆိုးသားရဲတပ်မှူးတချို့၏အရိုးများ ကျိုးပဲ့သွားကာ သူတိုသည် ပြင်းထန်သောအတွင်းဒဏ်ရာများရရှိသွားကြ၏။

လေထုအတွင်း၌ လုယွီက လက်နောက်ပစ်လျက်အနေအထားဖြင့် မတ်တတ်ရပ်နေသည်။သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်မှုနှင့်အတူ လေပြည်လေညှင်းတစ်ချက်က ဖြတ်သန်းတိုက်ခတ်သွားသည်။ဤအချိန်အခိုက်အတန့်တွင် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးမှော်သားရဲများ သွေးအန်နေကြကာ အဆက်မပြတ်နောက်ဆုတ်နေကြပြီး သူတို၏ခန္ဓာကိုယ်များမှလည်း သွေးများယိုစီးကျနေပေ၏။

အစမှအဆုံးထိတိုင် လုယွီသည် မည်သည့်မှော်နည်းစနစ် မှော်ရတနာကိုမျှ အသုံးပြုခဲ့ခြင်းမရှိချေ။

သူသည် ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ကိုသာ အသုံးပြု၍ ခွန်အားသန်မာအားကောင်းသည်ဟု နာမည်ကျော်ကြားသော နတ်ဆိုးမှော်သားရဲများကို ဖိနှိပ်နိုင်ခဲ့သည်။

"ဘာလို့လဲ...မင်းမှာ ဘယ်လိုလုပ်ပြီးတော့ ဒီလိုခွန်အားမျိုးရှိနေတာလဲ..ဒါက ငါတိုနတ်ဆိုးမှော်သားရဲတွေပဲ ပိုင်ဆိုင်နိုင်တဲ့ ခွန်အားမျိုးလေ...မင်းက လူသားတစ်ယောက်ဖြစ်နေပြီးတော့...ဘာလို့လဲ"

သွေးထွက်သံယိုဖြစ်သည့်အထိ ရိုက်နှက်ခံထားရသော နတ်ဆိုးမှော်သားရဲတစ်ကောင်သည် မလိုလားစွာဖြင့် အော်ဟစ်ကြုံးဝါးလိုက်၏။

သိုရာတွင် သူ ရင်ဆိုင်လိုက်ရသည်မှာ လုယွီ၏လက်သီးချက်ပင်။

ဘန်း...ဘန်း...ဘန်း...

လုယွီသည် မည်သည့်မှော်သားရဲကိုမျှ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးမပေးချေ။

လက်သီးချက်များ မိုးရွာသွန်းသကဲ့သိုကျရောက်လာမှုနှင့်အတူ နတ်ဆိုးမှော်သားရဲများ၏ခေါင်းများမှ သွေးများယိုစီးကျလာသည်။မည်သည့်နတ်ဆိုးမှော်သားရဲကမျှ လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

Chapter 2445

"ဘာလိုလဲဆိုတော့ မင်းတို့က လုံလောက်အောင် အားမကောင်းလိုပဲ"

လုယွီက သူ၏လက်ကိုဖြေလျော့လိုက်ခြင်းနှင့်အတူ နတ်ဆိုးသားရဲတပ်မှူးတစ်ကောင်သည် သူ၏ခြေထောက်ရှေ့၌ ပြိုလဲကျသွားပေ၏။

ပတ်ဝန်းကျင်ရှိ မြေပြင်ပေါ်တွင်လည်း နတ်ဆိုးသားရဲတပ်မှူးများက နေရာအနှံအပြား၌ လဲကျနေသည်။အစောပိုင်းက မောက်မာဝံ့ကြွားနေခဲ့သော နတ်ဆိုးသားရဲတပ်မှူးများသည် သူတို၏ခန္ဓာကိုယ်အရေပြားများ ကွဲထွက်ကုန်သည်အထိ ရိုက်နှက်ခံထားရကာ နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် လဲလျောင်း၍ ညည်းတွားနေကြသည်။

ယခုချိန်ထိ လှုပ်ရှားမှုမလုပ်သေးသည့် တစ်ကောင်းတည်းသော နတ်ဆိုးသားရဲတပ်မှူးမှာ တောင်ပံနဂါးပင်။

လုယွီ အလွန်သန်မာအားကောင်းသည်ကို တောင်ပံနဂါးက ကောင်းစွာသိရှိထားသည်။သိုရာတွင် သူသည် လုယွီကို ထပ်မံ၍လျှော့တွက်နေလေ၏။

လုယွီ၏လက်ရှိလုပ်ဆောင်ချက်များအရ သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် သိုင်းသူတော်စင်နယ်ပယ်ထက် ကျော်လွန်နေကာ လေလွင့်အင်မော်တယ်နယ်ပယ်နှင့် နှိင်းယှဥ်နိုင်လုနီးပါးပင်။

နတ်ဘုရားကုန်းမြေပေါ်တွင် မည်သည့်လူသားမျိုးနွယ် လေလွင့်အင်မော်တယ်မျှမရှိချေ။အကြောင်းအရင်းမှာ ဤနယ်မြေရှိမိုးကောင်းကင်တာအိုသည် လေလွင့်အင်မော်တယ်နယ်ပယ်စွမ်းအားကို တောင့်မခံနိုင်သောကြောင့်ဖြစ်သည်။

"မင်းရဲ့ခွန်အားက တကယ့်ကို အရမ်းသန်မာတယ်...ဒါပေမယ့် ဒီနေရာက နတ်ဘုရားကုန်းမြေဆိုတာ မင်း မမေ့လိုက်နဲ့"

တောင်ပံနဂါး၏မျက်လုံးအတွင်း၌ ဆုံးဖြတ်ချက်ချလိုက်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။သူသည် သူ၏အင်္ကျီလက်မောင်းကြားမှ ပုလင်းငယ်တစ်ခုကိုထုတ်ယူကာ အတွင်းရှိဆေးလုံးကို ဖြည်းညှင်းစွာ သောက်လိုက်၏။

ထိုဆေးလုံးကိုဝါးမျိုပြီးနောက် တောင်ပံနတ်ဆိုး၏မျက်နှာပေါ်တွင် ပုံမှန်မဟုတ်သောရက်စက်ကြမ်းကြုတ်မှုအမူအယာမျိုး ထင်ဟပ်လာခဲ့သည်။

"မင်းရဲ့ကျင့်ကြံဆင့်ကို ယာယီမြှင့်တင်ပေးနိုင်တဲ့ဆေးလုံးလား...တကယ်လို မင်းက ဒီဆေးလုံးရဲ့အကူအညီနဲ့ဆိုရင်တောင် ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

ယခုလက်ရှိချိန်တွင် မည်သူကမျှ လုယွီကို မေးခွန်းမထုတ်ဝံ့တော့ချေ။

တောင်ပံနဂါးက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။

"ငါ မကြိုးစားကြည့်ဘဲနဲ့ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ"

ထိုနောက် သူ၏ခန္ဓာကိုယ်အတွင်းမှ ဆေးစွမ်းအားများ ပွင့်အံထွက်လာတော့သည်။ဆေးစွမ်းအားများသည် ရေ တာတမံတစ်ခုဖွင့်လှစ်လိုက်သည့်အလား သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများအတွင်းသို စီးဆင်းသွားသည်။တောင်ပံနဂါး၏ခန္ဓာကိုယ်တစ်ခုလုံးမှ မရီးဒါန်းများ ဖောင်းကားလာကာ ယခင်က သူ၏တုတ်ခိုင်ထွားကျိုင်းသောခန္ဓာကိုယ်ကြီး ပို၍ပင်ကြီးထွားလာပေ၏။

သူ၏ခန္ဓာကိုယ်မှ သွေးကြောတိုင်းသည် နဂါးနှုတ်ခမ်းမွှေးများအလား ထင်းခနဲဖြစ်နေကာ အတွင်း၌ ပွက်ပွက်ဆူသောအနက်ရောင်သွေးများ စီးဆင်းနေသည်။ထိုအနက်ရောင်သွေးကြောများကို တောင်ပံနဂါး၏မျက်နှာပေါ်တွင်ပင် ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်လေရာ သူ၏မျက်နှာသည် ယခင်ထက်ပို၍ ရက်စက်ကြမ်းကြုတ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းပုံ ပေါ်လွင်နေလေ၏။

"ဒါက နဂါးဘုရင်ကိုယ်တိုင် ငါ့ကိုချီးမြှင့်ထားတဲ့ ဆေးလုံးပဲ...နဂါးဘုရင်ရဲ့လက်အောက်က ရဲရင့်မှုအရှိဆုံးစစ်သည်တော်တွေကပဲ ဒီဆေးလုံးမျိုးရနိုင်တယ်...ကောင်းကင်ဘုံနယ်မြေကလူသား...မင်း ဘယ်လောက်ထိသန်မာအားကောင်းလဲဆိုတာ ငါ ကြည့်ကြည့်မယ်"

တောင်ပံနဂါးသည် သူ၏ပါးစပ်ကြီးကို ကျယ်လောင်စွာဖွင့်ဟထားသဖြင့် ထက်ရှသောသွားနှစ်တန်းက အထင်းသားမြင်နေရသည်။

သူ၏နောက်ရှိ အနက်ရောင်တောင်ပံတစ်စုံက ဖြည်းညှင်းစွာ ပြန့်ကားလာသည်။

ထိုအစွမ်းထက်သောအရှိန်အဝါကြောင့် လီစစ်က အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

"ဒီမှော်သားရဲကိုကြည့်ရတာ မိုးကောင်းကင်တာအိုရဲ့သက်ရောက်မှုကို မခံရသလိုပဲ...ဒါက ဒီနယ်မြေရဲ့တားမြစ်ကန့်သတ်ချက်ကို လိမ်လည်လှည့်ဖျားပြီးတော့ သိုင်းသူတော်စင်နယ်ပယ်ကနေ လေလွင့်အင်မော်တယ်နယ်ပယ်ကို ယာယီချိုးဖျက်ဝင်ရောက်တာပဲ"

လီစစ်၏မျက်နှာပေါ်၌ တည်ကြည်လေးနက်သောအမူအယာမျိုး ထင်ဟပ်နေသည်။

သိုင်းသူတော်စင်နယ်ပယ်နှင့်လေလွင့်အင်မော်တယ်နယ်ပယ်သည် မတူညီသော အခန်းကဏ္ဍနှစ်ခုဖြစ်ပြီး သေးငယ်သောကွာဟချက်မဟုတ်ချေ။

သိုင်းသူတော်စင်နယ်ပယ်သည် အစွမ်းထက်သည်ဟုဆိုနိုင်သော်လည်း တာအိုဒုတိယအဆင့်တွင်သာရှိနေသဖြင့် မဟာတာအိုအပေါ် အကြိုသဘောခန့်သာ နားလည်သဘောပေါက်မှုမျိုးရှိသည်။

လေလွင့်အင်မော်တယ်နယ်ပယ်တွင်မူ ကောင်းကင်နှင့်မြေပြင်အကြားရှိ မဟာတာအိုသဘောတရားများကို အနည်းငယ်ထိတွေ့နိုင်လေပြီ။

အကယ်၍ လေလွင့်အင်မော်တယ်တစ်ယောက်သည် သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူဆယ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ရလျှင်ပင် ရှုးနိမ့်မည်မဟုတ်ချေ။အကြောင်းအရင်းမှာ မဟာတာအိုအပေါ် နားလည်သဘောပေါက်မှုများ မတူညီသဖြင့် သူတိုအသုံးပြုသောနည်းလမ်းများမှာ အလွန်ကွဲပြားခြားနားသွားသောကြောင့်ပင်။

ဤသည်က အရက်ဆိုင်အတွင်း၌ မူးယစ်ရမ်းကားနေသော လူမိုက်တစ်စုကို သိုင်းပညာရှင်တစ်ယောက်က ဆယ်ယောက်တစ်ယောက်ရင်ဆိုင်နိုင်သည်နှင့် တူညီပေ၏။

လေလွင့်အင်မော်တယ်သည် ထိုသိုင်းပညာရှင်နှင့်တူညီပြီး သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူများသည် လှည့်ကွက်တချိုကိုသာ အသုံးပြုတက်သော လူရမ်းကားများပမာပင်။

ယခုချိန်တွင် တောင်ပံနဂါးသည် ဆေးလုံးကိုဝါးမျိုပြီးနောက် လေလွင့်အင်မော်တယ်နယ်ပယ်စွမ်းအားမျိုး ယာယီရရှိသွားလေပြီ။

"သေစမ်း"

တောင်ပံနဂါး၏တောင်ပံများ တဖျပ်ဖျပ်ခတ်လိုက်မှုနှင့်အတူ သူ၏ရှေ့၌ လေပြင်းမုန်တိုင်းတစ်ခုက သိပ်သည်းသွားသည်။

ထိုလေပြင်းမုန်တိုင်းသည် ပတ်ဝန်းကျင်နေရာအနှံကို ဖြတ်သန်းတိုက်ခတ်သွားသည်။ဤအချိန်အခိုက်အတန့်တွင် တောင်ပံနဂါးသည် ကောင်းကင်ယံမှနေ၍ မြေပြင်သို့ဆင်းသက်လာသော လေနတ်ဘုရားတစ်ပါးနှင့် တူညီနေသည်။သူသည် လေပြင်းမုန်တိုင်းကိုထိန်းချုပ်၍ လုယွီထံဦးတည်ကာ တိုက်ခတ်သွားစေ၏။

နတ်ဆိုးသားရဲများဖြစ်စေ လူသားများဖြစ်စေ မည်သူမဆို နောက်သို့ခြေလှမ်းအတော်များများ ဆုတ်လိုက်ကြရသည်။

ကျောင်းတော်မှတပည့်များသည်လည်း ယခုလက်ရှိချိန်တွင် သူတို၏ကျင့်ကြံဆင့်နယ်ပယ်ကို သိုင်းသူတော်စင်နယ်ပယ်တွင်သာ ကန့်သတ်ခံထားရသည်။မည်သူတစ်ဦးတစ်ယောက်ကမျှ လေလွင့်အင်မော်တယ်တစ်ယောက်၏ အင်အားပြည့်တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ချေ။

Thank For Reading.

All Chapters