← Chapters

အခန်း (၂၄၆၁-၂၄၆၅)

Vol. 126 Ch. 2461-2465

အခန်း (၂၄၆၁-၂၄၆၅)

Vol. 126 Ch. 2461-2465

Chapter 2461

အခြေအနေကိုသိရှိသွားပြီးနောက် လုယွီက သနားညှာတာမှုကင်းမဲ့စွာဖြင့် စတင်၍တိုက်ခိုက်လိုက်၏။

မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ လက်ဝါးကြီးက ဧကရာဇ်တစ်ဝက်အဆင့်မှော်ရတနာ၁၇ခုထံ တိုးဝင်သွားသည်။ထိုနောက် ပုံရိပ်ယောင်ကြီးသည် သူ၏ကြီးမားသောလက်ကြီးကိုဖြန့်၍ အတွင်း၌ပုန်းအောင်းနေသော စိတ်ဝိညာဥ်များအားလုံးကို ဖမ်းဆုပ်လိုက်သည်။

မြေအောက်လောကနတ်ဘုရားသည် မြေအောက်လောကနယ်မြေအတွင်းတွင် ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းကို ထိန်းချုပ်သူဖြစ်သဖြင့် စိတ်ဝိညာဥ်များကိုဖမ်းဆီးရာ၌ အလွန်ကျွမ်းကျင်သည်။

လက်ဝါးပုံရိပ်ယောင်ကြီး အောက်သိုကျဆင်းသွားကာ ထိုဧကရာဇ်တစ်ဝက်အဆင့်မှော်ရတနာများအတွင်းမှ စိတ်ဝိညာဥ်များအားလုံးကို ဖမ်းဆုပ်လိုက်၏။

ထိုစိတ်ဝိညာဥ်များတွင် လူသားနှင့်နတ်ဆိုးသားရဲနှစ်မျိုးလုံး ပါရှိသည်။သူတို့သည် ရှာဖွေဖော်ထုတ်ခံရပြီးနောက် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ ဖမ်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ရန် ရုန်းကန်နေကြသည်။

"ဟမ့်...မိလ္လာတွင်းထဲပုန်းနေရတဲ့ ကြွက်တစ်စုကများ...ငါ့ကို ဆန့်ကျင်ဖို အကွက်ချဝံ့တယ်ပေါ့လေ"

လုယွီက အေးစက်စက်နှာမှုတ်ကာ သူ၏လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်၏။

မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ ဖမ်းဆီးခြင်းခံထားရသော အနက်ရောင်အရိပ်များအားလုံး ကြေမွှပျက်စီးသွားကာ အမှုန်အမွှားများအဖြစ်သို ပြောင်းလဲသွားတော့သည်။

ထိုအနက်ရောင်အရိပ်များသည် မှော်ရတနာများအတွင်း၌ တစ်ချိန်လုံးပုန်းအောင်းကာ လုယွီ၏ခန္ဓာကိုယ်ကို အပိုင်စီးရန် အခွင့်ကောင်းရှာနေကြခြင်းဖြစ်သည်။

သိုရာတွင် လုယွီ သူတို့အား ရှာဖွေတွေ့ရှိသွားမည်ဟု သူတိုအားလုံး မျှော်လင့်မထားမိကြချေ။

ထိုစိတ်ဝိညာဥ်များ ပျက်စီးသွားပြီးနောက် မှော်ရတနာများ၏တောက်ပမှုများ ပျောက်ကွယ်သွားကာ မှေးမှိန်သွားလေ၏။မှော်ရတနာအများစုသည် မူလအရှိန်အဝါမျိုးမရှိတော့ကာ ဒယိမ်းဒယိုင်ဖြင့် မြေပြင်ပေါ်သို ပြုတ်ကျလာသည်။

"ဒီမှော်ရတနာတွေထဲမှာပုန်းအောင်းနေတဲ့ စိတ်ဝိညာဥ်တွေက နတ်ဘုရားကုန်းမြေရဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေပဲဖြစ်မယ်...ဒီဧကရာဇ်အဆင့်တစ်ဝက်မှော်ရတနာတွေက ဒီနယ်မြေမှာရှိနေတာ အချိန်အတော်ကြာနေပြီ...ဒါကြောင့် အတိတ်တုန်းကလို အရှိန်အဝါမျိုးမရှိတော့ဘူး...ခုဏက ဒီမှော်ရတနာတွေကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါတွေက စိတ်ဝိညာဥ်တွေရဲ့စွမ်းအားကနေ ဖိအားပေးပြီး ထုတ်ယူထားတာပဲ"

လုယွီသည် မှော်ရတနာတချို့ကို စစ်ဆေးပြီးနောက် စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့သည်။

အချိန်များကုန်ဆုံးလာသည်နှင့်အမျှ ထိုဧကရာဇ်တစ်ဝက်အဆင့်မှော်ရတနာများ၏အရှိန်အဝါများ ပျက်ပြယ်သွားလေပြီ။

ထိုမှော်ရတနာများအတွင်း၌ ရှိနေခဲ့သော စိတ်ဝိညာဥ်များလည်း ပျက်စီးသွားပြီးနောက် အပျက်အစီးပုံကြီးအဖြစ်သာ ကျန်ရှိတော့သည်။

လုယွီက ဆေဘာဓားသုံးလက်ကိုဆင့်ခေါ်၍ ထိုမှော်ရတနာများအားလုံးကို ဝါးမြိုစေသည်။

ဧကရာဇ်တစ်ဝက်အဆင့်မှော်ရတနာများ၏ တချိုအစိတ်အပိုင်းများသည် သူ၏ဆေဘာဓားသုံးလက် ပြန်လည်ကောင်းမွန်လာစေရန် အလွန်အထောက်အကူဖြစ်သည်။

"မင်း ပြောတာမှန်တယ်...ဒီမှော်ရတနာတွေထဲမှာ တကယ့်ကိုပဲ ပြဿနာရှိနေတယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

ဟောင်တုနတ်ဘုရားမသည် လုယွီ၏သိုလှောင်အိတ်အတွင်း၌ ဖြစ်ပျက်ခဲ့သောကိစ္စများကို တွေ့မြင်နိုင်ခြင်းမရှိချေ။သို့ရာတွင် သူမသည် လုယွီ၏အနည်းငယ်တောင့်တင်းသွားသော အမူအယာကိုမြင်တွေ့ချိန်တွင် ထိုမှော်ရတနာများမှမှားယွင်းမှုများကို သူ တွေ့ရှိသွားပြီဖြစ်ကြောင်း သိရှိလိုက်၏။

"အမှန်ပဲ...ငါ အဲ့ဒီကိစ္စကိုရှာတွေ့ခဲ့တာ အချိန်အတော်ကြာနေပြီ...ဒီကောင်လေးက ငါနဲ့ မတော်တဆဆုံတွေ့ခဲ့တယ်...ကံဆိုးချင်တော့ သူ့ရဲ့စိတ်နေသဘောထားက စိတ်ရှည်သည်းခံမှုမရှိဘူး...ဒါကြောင့် သူက ငါပြောတဲ့စကားတွေကို မယုံကြည်ခဲ့ဘူး...သူက မှော်ရတနာကိုသန့်စင်တဲ့အချိန်မှာ အထဲမှာရှိတဲ့စိတ်ဝိညာဥ်ရဲ့ ခန္ဓာကိုယ်အပိုင်စီးခြင်းကို ခံလိုက်ရတယ်...ငါ့မှာ ရွေးချယ်စရာမရှိတာကြောင့် အဲ့ဒီစိတ်ဝိညာဥ်ကို သတ်လိုက်တယ်...ဒါကြောင့် ငါ့မှာ နောက်ဆုံးကျန်တဲ့ နတ်ဘုရားစွမ်းအားအမျှင်တန်းလေး ကုန်ခမ်းသွားတော့တာပဲ...အခု ငါ မင်းနဲ့စကားပြောပြီးတဲ့အချိန်ကျရင် ငါက အချိန်အကြာကြီး အိပ်မောကျသွားမှာကို ငါ စိုးရိမ်မိတယ်"

ဟောင်တုနတ်ဘုရားမက ခပ်ယဲ့ယဲ့လေသံဖြင့် ပြောဆိုသည်။

"ထူးဆန်းတဲ့အစွမ်းထက်ကျင့်ကြံသူလေး...အခု ငါ့ဆီမှာ ဘာမှမရှိတော့ဘူး...မင်း ဘာလိုချင်တာလဲ"

လုယွီက သူအလိုရှိသောအရာကို ဗြောင်ကျကျ ပြောဆိုလိုက်၏။

"မင်းမှာ ဘာမှမရှိတော့ဘူး...ဒါပေမယ့် မင်းက ဟောင်တုနတ်ဘုရားမလေ...ငါက မြေကမ္ဘာဒြပ်စင်ချီအမြောက်အများ လိုအပ်နေတယ်...အဲ့ဒီအရာတွေကို မင်း ရှာပေးနိုင်မလား"

ဤသည်က သူ နတ်ဘုရားကုန်းမြေသို လာခဲ့ရခြင်းရည်ရွယ်ချက်ပင်။

ယခုလက်ရှိချိန်တွင် လုယွီ၏ခန္ဓာကိုယ်အတွင်း၌ ဒြပ်စင်ငါးမျိုးချီအနက်မှ မြေဒြပ်စင်ချီတစ်ခုတည်းသာ ကင်းမဲ့နေသည်။အကယ်၍ ထိုအရာကိုသာရရှိပါက သူ ဒြပ်စင်ငါးမျိုးချီများကိုစုစည်းကာ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။

ဤသည်က သူ့အတွက် ထိပ်တန်းဦးစားပေးကိစ္စပင်။

အချိန်တခဏကြာစဥ်းစားတွေးတောပြီးနောက် ဟောင်တုနတ်ဘုရားမက ပြောဆိုသည်။

"အရင်တုန်းက ငါ့ဆီမှာ အဝါရောင်သဲတောင်ဝှေးတစ်ချောင်းရှိတယ်...ဒါပေမယ့် အဲ့ဒါကို နဂါးဘုရင်က ယူဆောင်သွားခဲ့တယ်...အဲ့ဒီအဝါရောင်သဲတောင်ဝှေးထဲမှာ ပတ်ဝန်းကျင်မှာရှိတဲ့ မြေဒြပ်စင်ချီတွေကို လှုဆော်ပေးနိုင်တဲ့ 'မြေကမ္ဘာနှလုံးသား'လိုခေါ်တဲ့ ရတနာကို နှစ်မြှုပ်ထားတယ်...အဲ့ဒီရတနာကိုရဖို ငါ မင်းကို ကူညီပေးမယ်"

လုယွီ၏စိတ်နှလုံးသား လှုပ်ရှားသွားသည်။

"မင်း ပြန်လိုချင်တာက ဘာလဲ"

"ငါ့ရဲ့ဒီအခြေအနေနဲ့ တခြားလိုချင်တဲ့အရာဆိုလို ဘာမှမရှိတော့ဘူး...မင်း ငါ့ကိုကူညီပြီးတော့ ငါ့ရဲ့နတ်ဘုရားပလ္လင်ကို ပြန်တည်ဆောက်ပေးနိုင်ဖိုပဲ ငါ မျှော်လင့်တယ်"

"မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ"

"ဒါက အရမ်းရိုးရှင်းပါတယ်...ငါက တခြားသူရဲ့ခန္ဓာကိုယ်ကို တွယ်ကပ်မှပဲ အသက်ရှင်နိုင်တော့မယ်...ငါ မင်းနောက်ကို လိုက်ခဲ့ချင်တယ်...ဒီနေရာကနေထွက်သွားပြီးတာနဲ့ ငါက သင့်တော်တဲ့ခန္ဓာကိုယ်တစ်ခုကို ရှာလိုက်မယ်"

Chapter 2462

"ကောင်လေး...သူ လိမ်နေတာ"

တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေသော မျောက်က ရုတ်တရက်ပြောဆိုသည်။

လုယွီက အသံပေးပိုလိုက်၏။

"ငါ သိတယ်...ဒါပေမယ့် ဒီအကြောင်းပြချက်က သူ့ကိုအပြင်ထုတ်ပေးဖိုအတွက် လုံလောက်တယ်"

မြေပြင်ပေါ်၌လဲလျောင်းနေသော တပည့်သည် သမားရိုးကျသေဆုံးသွားခြင်းမဟုတ်ချေ။လုယွီက ထိုကိစ္စကို သိရှိထားသည်။

ထိုပြင် ဟောင်တုနတ်ဘုရားမသည် ကောင်းကင်ဘုံနယ်မြေရှိ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှလာသော တပည့်တစ်ယောက်ကို သနားကြင်နာစွာဖြင့် သူ၏ခန္ဓာကိုယ်အား အပိုင်စီးခံရမည့်ကိစ္စကို သတိပေးမည်ဟု လုယွီက တွေးထင်မထားချေ။

ထိုစကားများသည် တခြားသူများ၏ယုံကြည်မှုကိုရရှိရန် ကြိုးစားခြင်းသက်သက်ပင်။

ဟောင်တုနတ်ဘုရားမက သူမရှေ့ရှိလူငယ်သည် အသက်ငယ်ရွယ်သေးသဖြင့် အတွေ့အကြုံရင့်ကျက်အုံးမည်မဟုတ်ဟု တွေးတောထားပုံရသည်။သို့ရာတွင် လုယွီသည် အတွေ့အကြုံကြွယ်ဝပြီး ရင့်ကျက်သူဖြစ်ပေ၏။

"ကောင်းပြီလေ...မင်းပြောသလို လုပ်တာပေါ့"

လုယွီက သဘောတူညီလိုက်သည်။

လုယွီ၏တုံပြန်မှုကိုကြားချိန်တွင် ဟောင်တုနတ်ဘုရားမ၏မျက်လုံးအတွင်း၌ ပျော်ရွှင်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သို့ရာတွင် သူမ၏မျက်နှာပေါ်၌ အလွန်အားနည်းနေသော အမူအယာမျိုး ထင်ဟပ်နေဆဲပင်။သူမ၏စိတ်ဝိညာဥ်သည် ပို၍ပို၍ ဝေဝါးလာပြီး တဖျတ်ဖျတ် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေကာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်ပုံရှိသည်။

"ငါ့ကိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...ငါ့ရဲ့ နတ်ဘုရားပလ္လင်ကိုပြန်ရတဲ့အချိန်ကျရင် ငါ မင်း မျှော်လင့်မထားတဲ့ အကျိုးကျေးဇူးတွေပေးမယ်"

ဟောင်တုနတ်ဘုရားမက လုယွီထံဦးတည်၍ ပျံသန်းလာသည်။

သူတိုနှစ်ယောက်ကြားရှိအကွာအဝေး တစတစ နီးကပ်လာလေပြီ။

နှစ်ဆယ်မီတာ...

ဆယ်မီတာ...

ငါးမီတာ...

……

သူတိုနှစ်ယောက်ကြား၌ တစ်မီတာခန့်သာ ကွာဝေးတော့ချိန်တွင် မူလကအားနည်းပြီး တောက်ပမှုမရှိသော ဟောင်တုနတ်ဘုရားမ၏မျက်လုံးအတွင်းတွင် ရုတ်တရက် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာသည်။

ဟောင်တုနတ်ဘုရားမက သူမ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ဖြန့်ကျက်လိုက်ချိန်တွင် လုယွီက အလျှင်အမြန်တုံပြန်လိုက်၏။

"မင်းက ငါ့ရဲ့ရှေ့မှာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ထုတ်ဖော်ဝံ့တာလား...ငါ့ကို မင်း လွယ်လွယ်သတ်လိုရမယ့် အရူးတစ်ကောင်လို မင်း ထင်နေပုံပဲ"

လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်၍ နတ်ဘုရားနဂါးဟိန်းသံကို ထုတ်ဖော်အသုံးပြုလိုက်သည်။

မြင့်မြတ်သောနဂါးဟိန်းသံက မြေအောက်တခွင်လုံးအနှံ ပဲ့တင်ထပ်ပျံ့နှံသွားသည်။

ဟောင်တုနတ်ဘုရားမသည် နတ်ဘုရားတစ်ပါးဖြစ်သော်လည်း ကျယ်လောင်သောနဂါးဟိန်းသံကြောင့် ကြက်သေသေသွားလေ၏။

သိုရာတွင် မည်သို့ပင်ဆိုစေကာမူ သူမသည် နယ်မြေတစ်ခုလုံးကိုထိန်းချုပ်ခဲ့သော နတ်ဘုရားတစ်ပါးဖြစ်သဖြင့် အလျှင်အမြန် သတိပြန်ဝင်လာသည်။

"မင်း ရှာတွေ့သွားပြီဆိုမှတော့ ငါ ဖုံးကွယ်ထားဖိုမလိုတော့ဘူး...မင်းရဲ့ခန္ဓာကိုယ်ကို အဲ့ဒီကောင်၁၇ကောင် လောဘတက်နေကြတာမပြောနဲ့...ငါတောင်မှ သဘောကျမိတယ်....ဒါကို မင်း ဖြုန်းတီးပစ်မယ့်အစား ငါ့ကိုပေးလိုက်တာ ပိုမကောင်းဘူးလား"

ဟောင်တုနတ်ဘုရားမသည် လုယွီ၏အခြေအနေကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ခဲ့သည်။

ကျင့်ကြံသူအများစုသည် လုယွီ၏အစစ်အမှန်ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်မြင်နိုင်ခြင်းမရှိချေ။အကြောင်းအရင်းမှာ လုယွီသည် သူ၏ခန္ဓာကိုယ်ရှိ မှော်စွမ်းအားများကို အလွန်ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်သောကြောင့်ပင်။

သို့ရာတွင် စိတ်ဝိညာဥ်သက်ရှိများမှာမူ ကွဲပြားခြားနားလှ၏။

ထိုစိတ်ဝိညာဥ်များသည် တစ်ဖက်လူအားရွေးချယ်ရာတွင် ပထမဆုံးအနေဖြင့် ထိုလူ၏ပုံပန်းသွင်ပြင်ကိုကြည့်ကာ ဒုတိယအနေဖြင့် သူ၏သွေးချီများကို ကြည့်ရှုသည်။

ပထမဆုံးအနေဖြင့် ထိုလူ၏ပုံပန်းသွင်ပြင်ကို ကြည့်ရခြင်းမှာ သူ၏စရိုက်သဘာဝကို နားလည်သဘောပေါက်ရန်ပင်။တစ်စုံတစ်ယောက်၏ စိတ်ဆန္ဒများသည် သူ၏စိတ်နှလုံးသားမှ ပေါက်ဖွားလာသဖြင့် ယုတ်မာကောက်ကျစ်ပြီး ဒေါသကြီးသူများအား သရဲတစ္ဆေစိတ်ဝိညာဥ်များမှ ခန္ဓာကိုယ်အပိုင်စီးရန် အလွယ်ကူဆုံးဖြစ်သည်။

ဒုတိယအနေဖြင့် သွေးချီများကိုကြည့်ခြင်းမှာ ထိုလူ၏ အနာဂတ်ကံကြမ္မာကို မှန်းဆနိုင်ရန် ဖြစ်ပေ၏။

လုယွီသည် ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်၏အမွေအနှစ်ကို ဆက်ခံထားသည့်အပြင် ထိုထက်ပို၍ အရေးကြီးသည်မှာ သူသည် ရှေးဟောင်းသူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းပင်။

သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ပိုင်ဆိုင်သော ကျင့်ကြံသူများ၏သွေးချီများသည် ဆူပွက်ပြီး အကန့်အသတ်မရှိ စီးဆင်းနေသည်။ထိုအရာသည် စိတ်ဝိညာဥ်များ၏မှေးမှိန်နေသော မျက်လုံးများအတွင်း၌ ကောင်းကင်ယံရှိ နေမင်းကြီးကဲ့သို ထွန်းလင်းတောက်ပနေပေ၏။

ဤသည်က သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ပိုင်ရှင်များ၏ ကျင့်ကြံမှုသည် အဆုံးစွန်ဆုံးအဆင့်ထိ ရောက်ရှိသွားပါက သူတို့ တစ်ချက်အော်ငေါက်လိုက်ရုံဖြင့် အားနည်းသောစိတ်ဝိညာဥ်များ ချက်ချင်းကြေမွှပျက်စီးသွားမည်ဟု ဆိုလိုခြင်းပင်။

အကယ်၍ ဟောင်တုနတ်ဘုရားမကသာ လုယွီ၏ခန္ဓာကိုယ်ကို အပိုင်စီးနိုင်ပါက သူမ၏စွမ်းအားများ အဆမတန် မြင့်တက်သွားပေမည်။သူမသည် အားနည်းသောအခြေအနေမျိုးမှ ရုန်းထွက်နိုင်ကာ ယခင်ထက်ပို၍ သန်မာအားကောင်းသွားလိမ့်မည်။

ဤသည်က လုယွီသည် ဧကရာဇ်တစ်ဝက်အဆင့်မှော်တနာများကို တပြိုင်နက်တည်း လွယ်လင့်တကူရရှိခဲ့သော အကြောင်းအရင်းပင်။

ဟောင်တုနတ်ဘုရားမသည် လုယွီ၏တုံပြန်မှုကိုမြင်တွေ့ချိန်တွင် သူမက ရှေးဟောင်းမှော်မန္တန်တစ်ပုဒ်ကို အလျှင်အမြန်မန်းမှုတ်လိုက်၏။

ဘုန်း...

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏နံဘေးပတ်လည်ရှိလေဟာနယ် ရုတ်တရက် ကျစ်လစ်သိပ်သည်းသွားသည်။

လုယွီသည် လေဟာနယ်အတွင်း၌ လှောင်ပိတ်ခံလိုက်ရလေပြီ။

"ဒါက ဘယ်လိုမှော်မန္တန်မျိုးလဲ"

လုယွီ၏စိတ်နှလုံးသားလှုပ်ရှားသွားကာ သူက ချက်ချင်းဆိုသလိုပင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ဆင့်ခေါ်လိုက်၏။

လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ အနည်းငယ်တုန်ခါသွားသည်။ထိုနောက် ကြီးမားကျယ်ပြန့်ပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားလှိုင်းတစ်ရပ် ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ ကျစ်လစ်သိပ်သည်းနေသော လေဟာနယ်စွမ်းအားများကို ပျော်ဝင်သွားစေသည်။

Chapter 2463

လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် လုယွီကို ရွေးချယ်ပြီးနောက် များသောအားဖြင့် မည်သည့်လှုပ်ရှားမှုမျိုးမျှမရှိချေ။

နောက်ဆုံးတစ်ကြိမ် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ အသက်ဝင်လာခဲ့သည်မှာ နတ်ဆိုးနတ်ဘုရား သူ့အပေါ်၌ ကျိန်စာစွမ်းအားကိုအသုံးပြုခဲ့စဥ်တွင်ဖြစ်သည်။ထိုကျမ်းစာသည် ကျိန်စာစွမ်းအားကို ပျက်ပြယ်သွားစေခဲ့သည်။

ဤတစ်ကြိမ်တွင် ဟောင်တုနတ်ဘုရား၏ထူးဆန်းသောမှော်မန္တန်က လုယွီပေါ်သို သက်ရောက်လာသဖြင့် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာက ထပ်မံ၍သက်ဝင်လှုပ်ရှားလာခဲ့သည်။

"ဖြစ်နိုင်တာတော့ နတ်ဘုရားတွေရဲ့စွမ်းအားက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို လှုဆော်ပေးနိုင်တာပဲ"

လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ မှန်းဆလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ကူညီထောက်ပံမှုရှိနေသဖြင့် လုယွီသည် ကျားကိုအတောင်ပံတပ်ပေးလိုက်သကဲ့သိုပင်။

သူသည် ပတ်ဝန်းကျင်ရှိလေဟာနယ်ချုပ်နှောင်ထားမှုမှ ချက်ချင်းရုန်းထွက်နိုင်ခဲ့သည်။သူ၏နောက်၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာကာ လက်တစ်ဖက်ကိုဆန့်ထုတ်၍ ဟောင်တုနတ်ဘုရားမထံဦးတည်ကာ ရိုက်နှက်လိုက်သည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ဟောင်တုနတ်ဘုရားမက ထိတ်လန့်တုန်လှုပ်သွားသည်။ရုတ်ချည်းဆိုသလိုပင် ကြီးမားကျယ်ပြန့်ပြီးအစွမ်းထက်သော အားလှိုင်းတစ်ရပ်က ပြင်းထန်သောအရှိန်အဟုန်နှင့်အတူ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ပွင့်အံထွက်လာသည်။

ရုတ်တရက် သူမ၏နတ်ဘုရားစွမ်းအားများဖြင့် ဖွဲစည်းထားသော ဧရာမသဲလူဘီလူးကြီးထွက်ပေါ်လာကာ လုယွီ၏တိုက်ခိုက်မှုကို ပိတ်ဆိုဟန့်တားလိုက်၏။

"တကယ်လို မင်းကသာ ငါနဲ့ရိုးရိုးသားသား ပူးပေါင်းမယ်ဆိုရင်...မင်းရဲ့နတ်ဘုရားပလ္လင်ကို ပြန်တည်ဆောက်နိုင်ဖို ဘာအခက်အခဲမှမရှိဘူး...ဒါပေမယ့် မင်းက ငါ့ကိုအကွက်ချကြံစည်ခဲ့တယ်...မင်းက သေလမ်းရှာနေတာပဲ"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ တောက်ပနေသည်။မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်အတွင်း၌ အနက်ရောင်ဓားတစ်လက်ထွက်ပေါ်ကာ သဲလူဘီလူးကြီးထံဦးတည်၍ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။

ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံက မြေပြင်မှနေ၍ ထွက်ပေါ်လာသည်။

သဲလူဘီလူးကြီးက သူ၏လက်ကိုဆန့်ထုတ်၍ သူရှေ့၌ကာဆီးကာ လေထုအတွင်းရှိ ဓားသွားကို ပိတ်ဆိုဟန့်တားရန် ကြိုးပမ်းလိုက်၏။

သို့ရာတွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ဓားချက်အရှိန်သည် နှေးကွေးသွားခြင်းမရှိချေ။ထိုဓားချက်သည် သဲလူဘီလူးကြီး၏လက်ကိုဖြတ်တောက်ကာ သူ၏ခန္ဓာကိုယ်ကို အလယ်မှနေ၍ ဆုတ်ဖြဲလိုက်သည်။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ဟောင်တုနတ်ဘုရားမက ပျာပျာသလဲ အော်ဟစ်လေသည်။

"မတိုက်ခိုက်နဲ့တော့...ငါတို့ ပူးပေါင်းကြရအောင်"

"ငါ မင်းကိုသတ်လိုက်ရင်လည်း...ငါ သိချင်တာကို သိရမှာပဲ"

လုယွီသည် ဟောင်တုနတ်ဘုရားမကို အသက်ရှင်ခွင့်ပေးရန် ရည်ရွယ်မထားချေ။

ဤနတ်ဘုရားကုန်းမြေသည် လျှို့ဝှက်ဆန်းကြယ်သောအရာများဖြင့် ပြည့်နှက်နေလေ၏။

ဟောင်တုနတ်ဘုရားမကဲ့သို့နတ်ဘုရားမျိုးသည် သူနှင့် ရိုးရိုးသားသားပူးပေါင်းရန် အနည်းငယ်မျှပင် ရည်ရွယ်ချက်မရှိနိုင်ချေ။သူမသည် တစ်ကြိမ်လိမ်လည်ပြီးချိန်တွင် နောက်ထပ်နှစ်ကြိမ် သုံးကြိမ် အကြိမ်များစွာအထိလိမ်လည်ရန် ဝန်လေးနေမည်မဟုတ်ပေ။

မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ ပြင်းထန်သောဓားချက်များအောက်တွင် ဟောင်တုနတ်ဘုရားမ၏စိတ်ဝိညာဥ် တစတစပို၍ဝေဝါးလာသည်။

ကျယ်လောင်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ဟောင်တုနတ်ဘုရားမ၏စိတ်ဝိညာဥ်သည် ပြိုလဲလုဆဲဆဲအခြေအနေသို ရောက်ရှိနေလေပြီ။

"မင်း ငါ့ကို သတ်ရင်...ဒီလျှို့ဝှက်နယ်မြေထဲမှာ မင်းအတွက် နေစရာနေရာမရှိစေရဘူး"

ဟောင်တုနတ်ဘုရားမသည် အက်ရှရှအသံဖြင့် လုယွီကို စတင်၍ ကျိန်စာတိုက်လိုက်၏။

"ဟီး ဟီး...သူ့ကို ငါ့အတွက်ချန်ထားလိုက်"

မျောက်က သူ၏လက်ကိုဆန့်ထုတ်ကာ ဟောင်တုနတ်ဘုရားမကို ဖမ်းဆုပ်လိုက်သည်။

ဟောင်တုနတ်ဘုရားမသည် သိုလှောင်အိတ်အတွင်းရှိ ကမ္ဘာငယ်လေးအတွင်း၌ မူးနောက်နေသောအမူအယာနှင့် ထွက်ပေါ်လာခဲ့သည်။

သူမသည် မျောက်ကိုမြင်တွေ့လိုက်ချိန်တွင် အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော တည်ရှိမှုကြီးတစ်ခုကို မြင်တွေ့ရသည့်အလား သူမ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

"ဘယ်လိုလုပ်ပြီး ရှင် ဖြစ်နေတာလဲ"

ဟောင်တုနတ်ဘုရားမ၏မျက်နှာပေါ်တွင် ယခင်ကဲ့သို တည်ငြိမ်အေးဆေးမှုမျိုးမရှိတော့ဘဲ သူမ၏အသံသည် တုန်ရီနေကာ တုန်လှုပ်ချောက်ချားမှုများနှင့် ပြည့်နှက်နေသည်။

မျောက်၏မျက်နှာပေါ်တွင် ဆိုးညစ်သောအပြုံးတစ်ခု ရှိနေလေ၏။

"မင်းက ကံအရမ်းကောင်းပြီးတော့ နတ်ဘုရားပလ္လင်ဖွဲစည်းနိုင်ခဲ့တဲ့ နတ်ဘုရားမရဲ့စိတ်ဆန္ဒအမျှင်တန်းတစ်ခုပဲ...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ဟောင်တုယောင်ဆောင်ဝံ့တာလဲ"

ထိုသိုပြောဆိုပြီးသည်နှင့် မျောက်က သူ၏ပါးစပ်ကိုဟကာ ဟောင်တုနတ်ဘုရားမကို ဝါးမြိုလိုက်တော့သည်။

ဟောင်တုနတ်ဘုရားမ၏တည်ရှိမှု အပြည့်အဝ ပျောက်ကွယ်သွားသည့်အလား သူမ၏အရှိန်အဝါ ချက်ချင်းဆိုသလိုပင် ပျက်ပြယ်သွားတော့သည်။

"စိတ်ပျက်ဖိုကောင်းတာတစ်ခုက...ဒီစိတ်ဆန္ဒအမျှင်တန်းသက်သက်နဲ့ နတ်ဘုရားသွေးစက်ကို သိပ်သည်းလိုမရဘူး"

မျောက်က စိတ်မကျေမနပ်ဖြစ်နေသည့်အလား ညည်းတွားလိုက်၏။

လုယွီက မေးမြန်းသည်။

"မင်း သူ့ကို သိလား"

ဟူး ...

ရှည်လျားသောသက်ပြင်းချသံတစ်သံနှင့်အတူ မျောက်၏မျက်လုံးအတွင်း၌ အတိတ်ကိုပြန်လည်တွေးတောနေမှုများ ထင်ဟပ်လာသည်။

"ပြန်တွေးကြည့်ရင် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေမှာ...ဟောင်တုက ကောင်းကင်ဘုံဧကရာဇ်ပြီးရင် အဆင့်မြင့်ဆုံးနတ်ဘုရားပဲ...သူက ဘယ်လိုလုပ်ပြီးတော့ ဒီလိုနေရာငယ်လေးမှာ ပုန်းအောင်းနေမှာလဲ"

လုယွီက မျက်မှောင်ကြုတ်လိုက်၏။လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ သူ ဖတ်ရှုခဲ့ရသော ရှေးဟောင်းမှတ်တမ်းများအတွင်းတွင် ထိုနတ်ဘုရားမ၏အရိပ်အယောင်ကိုပင် ဖော်ပြထားခြင်းမရှိချေ။

သိုရာတွင် သူ ထိုကိစ္စကို ရှင်းရှင်းလင်းလင်း မပြောဆိုနိုင်ပေ။လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် မျောက် သိရှိထားသောကိစ္စများကို မသိရှိသည်မှာလည်း ဖြစ်နိုင်သည်။

ထိုနောက် လုယွီ၏မျက်လုံးအကြည့်က စင်မြင့်အစွန်းရှိ အလောင်းထံသို ကျရောက်သွားသည်။

ထိုအလောင်း၏မျက်နှာပြင်တစ်ခုလုံးကို ထူထပ်သိပ်သည်းသောဖုန်မှုန့်များ ဖုံးလွှမ်းနေသည်။ထိုလူ သေဆုံးသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကြောင်း သိသာထင်ရှားလှ၏။

အလောင်း၏ဝတ်စုံထောင့်နားတွင် အရောင်မှေးမှိန်နေသော တံဆိပ်ပြားတစ်ခုရှိနေသည်။

Chapter 2464

"စီနီယာတပည့်...ကျန်းမင်ဖုန်း"

တံဆိပ်ပြားပေါ်ရှိနာမည်ကိုမြင်တွေ့ချိန်တွင် လုယွီသည် ရင်းနှီးနေသကဲ့သို ခံစားလိုက်ရ၏။

အချိန်တခဏကြာစဥ်းစားတွေးတောပြီးနောက် ရင်းနှီးကျွမ်းဝင်သော မျက်နှာတစ်ခုက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။

ချန်းကျင်းတွင် တပည့်အနည်းစုသာရှိပြီး ကျန်းမင်ဖုန်းသည် ထိုသူများအနက်မှတစ်ယောက်ပင်။

ပြောရလျှင် ကျန်မင်ဖုန်း၏ခွန်အားသည် ကောင်းမွန်သော်လည်း သူသည် တော်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေဆိုရန် ဆန္ဒမရှိဘဲ ချန်းကျင်း၏နောက်၌လိုက်ပါ၍သာ ကျင့်ကြံနေခဲ့သည်။

ကျန်းမင်ဖုန်း၏စိတ်နေသဘောထားကြောင့် ချန်းကျင်းသည် သူ့အား အကြီးအကျယ်အလေးပေးခြင်းကိုခံရကာ ယခုလက်ရှိချိန်၌ သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ဟောပြောသူတစ်ယောက် ဖြစ်နေလေပြီ။

နတ်ဘုရားကုန်းမြေ၏ပြင်ပတွင်ရှိနေသော ကျန်းမင်ဖုန်းသည် ကျောင်းတော်တပည့်များကို သင်ခန်းစာများ သင်ကြားပိုချနေဆဲပင်။

"ဒါဆိုရင် အပြင်မှာရှိနေတဲ့ကျန်းမင်ဖုန်းက အတုအယောင်ပေါ့"

လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။

ကျန်းမင်ဖုန်းသည် အလွန်အောင်မြင်သော ဟောပြောသူဖြစ်ကာ နောက်တစ်ချိန်တွင် မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်ဖြစ်လာမည်ဟု ထင်ကြေးပေးထားကြ၏။အကယ်၍ သူပင်လျှင် အောက်ဘုံမှအတုအယောင်ဖြစ်နေပါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်းတွင် သူလျှိုများ မည်မျှထိရှိနေသနည်း။

"ဒီကိစ္စကို ငါ ဘေးထွက်ကြည့်နေလိုမရဘူး"

လုယွီက ချက်ချင်းဆိုသလိုပင် မြေအောက်မှနေ၍ တိုးထွက်လိုက်သည်။

ဖူကျစ်ရွှယ်က သူ့အား တာဝန်သုံးခု ပေးအပ်ခဲ့သည်။ပျောက်ဆုံးနေသောတပည့်များအား ရှာဖွေရမည့်တာဝန်ကို သူ ဆောင်ရွက်ပြီးလေပြီ။ကြွင်းကျန်နေသောအရာများမှာ မြေဒြပ်စင်ချီများရရှိရန်နှင့် တော်ဝင်စာမေးပွဲတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏အဆင့်ကို မြှင့်တင်ရန်ပင်။

သိုရာတွင် ယခုလက်ရှိချိန်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ဖရိုဖရဲအခြေအနေအတွင်းသို ကျရောက်နေကာ ကျောင်းတော်၏အခြေခံအုတ်မြစ်ပင် ပြိုလဲလုဆဲဆဲဖြစ်နေလေပြီ။

လုယွီသည် တံဆိပ်ပြားမှတဆင့် တခြားတပည့်များထံ သတင်းစကားပေးပိုလိုက်၏။သူသည် သူတို၏လက်အတွင်းသိုရောက်ရှိနေသော မှော်ရတနာများကို သန့်စင်ခြင်းမပြုရန်ပြောဆိုပြီး မတော်တဆကိစ္စရပ်၏ဖြစ်စဥ်ကိုအကျဥ်းချုပ်၍ သူတို့အား သတိပေးလိုက်သည်။

ထိုသတင်းစကားပေးပိုပြီးနောက် အချိန်တစ်နာရီမပြည့်မီမှာပင် လီစစ် ပြန်လည်ရောက်ရှိလာသည်။

"ဘာတွေ ဖြစ်နေတာလဲ"

လီစစ်က လုယွီကိုမြင်တွေ့သည်နှင့် ချက်ချင်းမေးမြန်းလိုက်၏။

လုယွီက ထိုမှော်ရတနာများ၏အတွင်း၌ စိတ်ဝိညာဥ်တစ်ကောင်စီ ပုန်းအောင်းနေကြောင်း လီစစ်အား ပြောပြလိုက်သည်။ထိုပြင် ဟောင်တုနတ်ဘုရားမ သူ့အား ပြောဆိုခဲ့သောကိစ္စရပ်များကိုလည်း လီစစ်ကို ရှင်းပြခဲ့သည်။

လီစစ်သည် သာမာန်ကိစ္စရပ်များတွင် ထိတ်လန့်တုန်လှုပ်လေ့ရှိသူ မဟုတ်သော်လည်း ယခုကိစ္စကိုကြားချိန်တွင် သူက အလွန်တုန်လှုပ်ချောက်ချားသွားသည်။

"ပြန်တွေးကြည့်ရင် နတ်ဘုရားကုန်းမြေထဲကိုဝင်ပြီးတော့ ပြန်ထွက်လာတဲ့ တပည့်အများစုက တော်ဝင်စာမေးပွဲကို ဝင်မဖြေကြတာ အံ့အားသင့်စရာမရှိတော့ဘူး...အကျိုးဆက်ကတော့ ငါတိုကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က တော်ဝင်စာမေးပွဲမှာ အမြဲတမ်း အဆိုးရွားဆုံးအခြေအနေမှာ ရှိနေတော့တာပဲ...ခုကြည့်ကြည့်တော့မှ ဒါက သူတိုရဲ့အကြံအစည် ဖြစ်နေတာကိုး"

လီစစ်၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။

စည်းမျဥ်းဥပဒေခန်းမ၏တပည့်ခေါင်းဆောင်ဖြစ်သော လီစစ်သည် ကျောင်းတော်၏အရေးကိစ္စများကို အစဥ်အမြဲစိတ်ဝင်တစားဖြင့် အာရုံစူးစိုက်ခဲ့လေ၏။

နဂါးဘုရင်၏လှည့်ကွက်သည် သူ၏အာရုံစိုက်မှုအောက်၌ ဖြစ်ပျက်သွားခြင်းပင်။

"မင်း ဘာလုပ်ဖို စဥ်းစားထားလဲ"

လီစစ်က မေးမြန်းသည်။

လုယွီက ပြောဆိုသည်။

"ငါတို့ တခြားသူတွေကို အရင်ဆုံးရှာရမယ်...ငါတိုလူတွေရဲ့ခန္ဓာကိုယ်တွေကို သူတို အပိုင်စီးသွားလို့မဖြစ်ဘူး"

လီစစ်က မျက်မှောင်ကြုတ်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။

"ငါတို ဟောင်တုဘုရားကျောင်းကနေ ထွက်လာခဲ့ပြီးချိန်မှာ...ချင်းဖုန်နဲ့တခြားသူတွေကို ဖူချန်ချင်းက ဖိတ်ခေါ်သွားတယ်...ငါကြားရသလောက်တော့ သူတို့က ရှေးဟောင်းအမွေအနှစ်နယ်မြေတစ်ခုထဲကိုဝင်ပြီး ရတနာတွေသွားရှာကြမလိုပဲ"

"ငါ့မှာက တခြားရတနာတွေရဲ့တည်နေရာကိုအာရုံခံနိုင်တဲ့ အထူးသီးသန့်မှော်ရတနာတစ်ခုရှိတယ်...ဒါကြောင့် ငါက သူတို့နဲ့ လိုက်မသွားခဲ့ဘူး"

လုယွီက သက်ပြင်းတစ်ချက် ရှိက်လိုက်သည်။

"သူတို့က ဒါကို တကယ်ပဲယုံနေကြတာလား...တကယ်လို အဲ့ဒီနေရာမှာ ရတနာရှိတယ်ဆိုရင် အဲ့ဒီလူတွေ ယူပြီးလောက်ပြီပေါ့...ဘာလို ငါတို့လာတဲ့အချိန်ထိ စောင့်နေတော့မှာလဲ...သူတိုက ရတနာကိုယူပြီးရင် သူတိုရဲ့စိတ်စေတနာကိုပြသတဲ့အနေနဲ့ သူတော်စင်သံတမန်တွေကို ဆက်သလိုရတယ်...အဲ့ဒီရှေးဟောင်းအမွေအနှစ်နယ်မြေက ရိုးရှင်းမှုမရှိမှာကို ငါ စိုးရိမ်မိတယ်"

"ချိုင်လုံရှင်းကတော့...သူက နဂါးဘုရင်ဆီ သွားပုံရတယ်...သူ့ရဲ့ရေခဲဘုရင်နန်းတော်မှာ အဖိုးတန်ရှားပါးတဲ့ရတနာတွေ အများကြီးရှိတယ်...ဒါကြောင့် သူက ရတနာတွေကို နည်းနည်းလေးတောင်စိတ်မဝင်စားဘူး...သူ့ရဲ့ကိုယ်ပိုင်ခွန်အားတိုးတက်ဖို့ကိုပဲ အာရုံစိုက်တယ်"

နဂါးဘုရင်ဟု ဆိုလိုက်သလော။

လုယွီ၏စိတ်နှလုံးသား လှုပ်ရှားသွားသည်။ဤသည်က ဟောင်တုနတ်ဘုရားမ သူ့အားပြောဆိုခဲ့သော နဂါးမျိုးနွယ်မှပါရမီရှင်ပင်။

နဂါးဘုရင်၏တည်ရှိမှုကြောင့် ဟောင်တုနတ်ဘုရားမသည် သူမ၏အဆင့်အတန်းဆုံးရှုးကာ နောက်ဆုံးတွင် နတ်ဘုရားပလ္လင် ပျောက်ကွယ်သွားခဲ့ရသည်။

ထိုပြင် နဂါးဘုရင်သည် လူအမြောက်အများကို သတ်ဖြတ်ခဲ့ကာ ကောင်းကင်ဘုံနယ်မြေသို ပြန်လည်ရောက်ရှိသွားခဲ့သော ကျောင်းတော်မှတပည့်များကိုပင် ထိန်းချုပ်ထားသည်။

ဤနဂါးဘုရင်သည် သေချာပေါက် ရိုးရှင်းခြင်းမရှိချေ။

သို့ရာတွင် ချိုင်လုံရှင်းသည် ရေခဲဘုရင်၏သားတော်ဖြစ်သဖြင့် သူ၏အသက်ကိုကာကွယ်နိုင်သော နည်းလမ်းများစွာ ရှိနေနိုင်လေရာ အချိန်အတိုင်းအတာတစ်ခုထိ သူ့အားစိုးရိမ်ပူပန်ရန် မလိုအပ်ချေ။

လုယွီသည် လီစစ်နှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ချင်းဖုန်တို့လူစုကိုရှာဖွေရန် စတင်ထွက်ခွါခဲ့တော့သည်။

Chapter 2465

နတ်ဘုရားကုန်းမြေ...လူသားမျိုးနွယ်၏ပိုင်နက်နယ်မြေ၌...

နတ်ဆိုးသားရဲများ ဆုတ်ခွါသွားသဖြင့် လူသားမျိုးနွယ်သည် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိသွားကာ ဂိုဏ်းကြီးတချို့သည် သူတို၏အင်အားစုများကို နယ်စပ်မှနေ၍ ပြန်ရုတ်သိမ်းလိုက်၏။

ချင်းဖုန်နှင့်တခြားတပည့်များသည် ဖူချန်ချင်း၏ဦးဆောင်လမ်းပြမှုအောက်တွင် လူသားမျိုးနွယ်ပိုင်နက်နယ် မြေကိုဖြတ်သန်း၍ အလွန်နက်ရှိင်းသော တောင်ကြီးတစ်လုံးထံသို ရောက်ရှိလာခဲ့သည်။

လူသားမျိုးနွယ်များ၏ပိုင်နက်နယ်မြေသည် အကြမ်းဖျင်းအားဖြင့် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ၏တစ်ဝက်ခန့်ရှိသည်။ဤနယ်မြေအတွင်းတွင် ဂိုဏ်းကြီးဂိုဏ်းငယ် အမြောက်အများ စုဝေးနေလေရာ ကျင့်ကြံခြင်းအရင်းအမြစ်များကို အလုအယက်ရှာဖွေနေကြရ၏။

ကျင့်ကြံသူများပင်လျှင် ဆိုးရွားသောဘဝနှင့်ရှင်သန်နေကြရသဖြင့် သေမျိုးများဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။

ဤနေရာရှိ သေမျိုးတိုင်းပြည်များအတွင်း၌ နေရာအများစုတွင် တစ်နှစ်ပတ်လုံးမိုးခေါင်ရေရှားနေလေရာ ကောက်ပဲသီးနှံများကို စိုက်ပျိုးနိုင်ခြင်းမရှိပေ။

ယခုလက်ရှိ သူတိုရောက်ရှိနေသောနေရာသည် နတ်ဘုရားကုန်းမြေအတွင်းတွင် အဆိုးရွားဆုံးနေရာဖြစ်သည်။ဤနေရာရှိလူများသည် စုတ်ပြတ်သတ်နေသော အဝတ်အစားများကိုဝတ်ဆင်ထားကြကာ သူတောင်းစားများအလား လျှောက်လှမ်းသွားနေသော ကျင့်ကြံသူတစ်စုကို မြင်တွေ့ကြရသည်။

"ဒီနေရာမှာ ပစ္စည်းကောင်းတစ်ခုရှိနေတယ်ဆိုတာ သေချာလို့လား"

ချင်းဖုန်က သံသယဝင်နေခဲ့သည်။

သူတိုသည် ဘုရားကျောင်းအတွင်းမှ ထွက်လာခဲ့ပြီးနောက် ဖူချန်ချင်း၏ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့သည်။

ဖူချန်ချင်း၏အဆိုအရ လူသားမျိုးနွယ်သည် ရှေးဟောင်းအမွေအနှစ်နယ်မြေတစ်ခုကို တွေ့ရှိခဲ့ကာ တစ်စုံတစ်ယောက်သည် နယ်မြေအတွင်း၌ ရှေးဟောင်းရတနာပစ္စည်းများကို တွေ့မြင်ခဲ့သည်။ထိုကြောင့် ဖူချန်ချင်းသည် ချက်ချင်းဆိုသလိုပင် ကျောင်းတော်တပည့်များအား ဤနေရာသို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ကံအကြောင်းမလှစွာဖြင့် ဤအမွေအနှစ်နယ်မြေသည် အလွန်ရှေးကျသော်လည်း အတွင်းရှိ တားမြစ်ကန့်သတ်ချက်များနှင့် ဝင်္ကပါများသည် အနည်းငယ်မျှပင် ပျက်စီးချိုယွင်းနေခြင်းမရှိချေ။

ဖူချန်ချင်းနှင့် သူ၏နောက်လိုက်ကျင့်ကြံသူများသည် စိတ်ဓာတ်တက်ကြွစွာဖြင့် ထိုနယ်မြေအတွင်းသိုဝင်ရောက်ခဲ့သော်လည်း ဝင်္ကပါများနှင့်တားမြစ်ကန့်သတ်ချက်များကြောင့် အလွန်ဆိုးဆိုးရွားရွား အခြေအနေမျိုးနှင့် ဆုတ်ခွါလာကြရ၏။

"အဲ့ဒီနယ်မြေထဲမှာ အဖိုးတန်ရှားပါးတဲ့ရတနာတွေရှိနေတယ်လို ငါ သေချာပြောနိုင်တယ်...နတ်ဘုရားကုန်းမြေအကြောင်းကိုမှတ်တမ်းတင်ထားတဲ့ ရှေးဟောင်းစာအုပ်တချိုထဲမှာ ငါ ဒါကိုဖတ်ဖူးတယ်...သူတော်စင်သံတမန်တို...ငါ ပြောခဲ့သမျှအရာအားလုံးက အကြွင်းမဲ့မှန်ကန်ပါတယ်"

ဖူချန်ချင်းက ပျာပျာသလဲ ပြောဆိုသည်။

ချင်းဖုန်က စိတ်မရှည်သောလေသံဖြင့် ပြောဆိုလိုက်၏။

"ငါတို့ကို အထဲခေါ်သွားပေး...ငါ တစ်ချက်ကြည့်ကြည့်မယ်...အဲ့ဒီနေရာမှာ ဘာအန္တရာယ်ရှိနေမှာမလို့လဲ...ငါတို့ရဲ့ရှေ့မှာ ဘာဝင်္ကပါပဲဖြစ်ဖြစ် ဘာတားမြစ်ကန့်သတ်ချက်ပဲဖြစ်ဖြစ် အဓိပ္ပါယ်မရှိတဲ့ဟာတွေပဲ"

ဖူချန်ချင်းက အလျင်စလို သတိပေးလေသည်။

"သူတော်စင်သံတမန်...အဲ့ဒီထဲမှာ အရမ်းအန္တရာယ်များတယ်...ငါထင်တာတော့ မင်းတို့ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်...ပြီးတော့ အဲ့ဒီနေရာက နတ်ဆိုးသားရဲတွေရဲ့နယ်မြေနဲ့ နီးကပ်နေတယ်...ငါတို့က နတ်ဆိုးသားရဲတွေနဲ့ ရင်ဆိုင်တွေ့မှာကို ငါ စိုးရိမ်နေမိတယ်"

"ဘာလဲ ..ငါ့ရဲ့ခွန်အားက လုံလောက်အောင် အားမကောင်းဘူးလို မင်း ထင်နေတာလား"

ချင်းဖုန်၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။

အစောပိုင်းက နတ်ဆိုးသားရဲတပ်မှူးများနှင့်တိုက်ပွဲတွင် သူ အရေးနိမ့်ခဲ့ရသည်။

ချင်းဖုန်သည် သူ့ကိုယ်သူ ပါရမီရှင်တစ်ယောက်ဟု အမြဲတစေ ဂုဏ်ယူဝင့်ကြွားခဲ့သော်လည်း ထိုတိုက်ပွဲအတွင်း၌ ရှုးနိမ့်ခဲ့သည်။ဤသည်က သူ့အတွက် အရှက်ရစရာ ကိစ္စတစ်ရပ်ပင်။

ထိုပြင် သူသည် ယခင်က လုယွီအား လူသူအများ၏ရှေ့တွင် အမြဲတစေ လှောင်ပြောင်သရော်နေခဲ့သည်။သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်မှာ လုယွီသည် တိုက်ပွဲတွင် အနိုင်ရရှိသွားသဖြင့် သူ့အား ပါးဖြတ်ရိုက်လိုက်သကဲ့သို ခံစားခဲ့ရ၏။

ဤသည်က သူ၏မာန်မာနကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်။

ချင်းဖုန်သည် သူ့အား ကျောင်းတော်မှတခြားတပည့်များ၏လှောင်ပြောင်သရော်မှုကို သည်းခံ၍နေနေရသည်။

သို့ရာတွင် အကယ်၍ ဖူချန်းချင်းကဲ့သို အောက်ဘုံမှပုရွက်ဆိတ်တစ်ကောင်မှနေ၍ သူ့အား လှောင်ပြောင်သရော်လာပါက ချင်းဖုန် သည်းခံမည်မဟုတ်ချေ။

ဖူချန်ချင်းသည် သူ စကားမှားသွားသည်ကို နားလည်သဘောပေါက်သွားသဖြင့် ပျာပျာသလဲ ရှင်းပြလေ၏။

"ငါပြောတာက တခြားအဓိပ္ပါယ်မရှိပါဘူး...ခုဏက ငါတို့တွေ ဒီနေရာမှာ ဆိုးဆိုးရွားရွားခံစားခဲ့ရလို သတိပေးရုံလေးတင်ပါ...ဒါက ငါတို့မှာ အရည်အချင်းမရှိလို့လဲ ဖြစ်နိုင်တယ်...သူတော်စင်သံတမန်တွေ ရောက်လာမှတော့ အရာအားလုံး ဘေးကင်းလုံခြုံမှာပါ"

ဖူချန်ချင်းသည် ထပ်မံ၍ စကားမပြောဆိုဝံ့တော့သဖြင့် ချင်းဖုန်တို့လူစုကို အမွေအနှစ်နယ်မြေထံသို့ အလျှင်အမြန်ခေါ်ဆောင်သွားခဲ့သည်။

ဤရှေးဟောင်းအမွေအနှစ်နယ်မြေသည် ခြောက်ကပ်သောသဲကန္တရတစ်ခုအတွင်း၌ တည်ရှိသည်။

ဤနေရာတွင် သဲများက နေရာအနှံဖုံးလွှမ်းနေကာ မည်သည့်သစ်ပင်တစ်ပင်မျှ ပေါက်ရောက်နေခြင်းမရှိချေ။

ပတ်ဝန်းကျင်ရှိလေထုသည် ခြောက်သွေ့ပြီးပူပြင်းသောအခိုးအငွေ့များနှင့် ပြည့်နှက်နေကာ ဖရိုဖရဲဆန်ပြီးပြင်းထန်သော စိတ်ဝိညာဥ်စွမ်းအားများလည်း ရောယှက်နေသည်။ဤနေရာသည် ကျင့်ကြံရန်အတွက် သင့်တော်ခြင်းမရှိပေ။ထိုသို့မဟုတ်ဘဲ အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာ၌ ကျင့်ကြံပါက သူ၏မှော်စွမ်းအားများဖောက်လွဲဖောက်ပြန်ဖြစ်ရန် အလွန်လွယ်ကူသည်။

ဖူချန်ချင်းက ရိုသေလေးစားစွာဖြင့် ပြောဆိုလိုက်၏။

"သူတော်စင်သံတမန်တို့...ဒါက အမွေအနှစ်နယ်မြေရှိတဲ့နေရာပဲ"

သဲကန္တာရအတွင်း၌ နက်ရှိင်းသော ကျင်းကြီးတစ်ကျင်းရှိနေသည်။ထိုကျင်းကြီး၏အတွင်း၌ အလွန်မှောင်မည်းနေသဖြင့် တစ်စုံတစ်ယောက်သည် အောက်ခြေကို တွေ့မြင်နိုင်မည်မဟုတ်ချေ။ထိုကြောင့် ကျင်းကြီးအတွင်း၌ ရှိနေသောအရာများကို မြင်တွေ့နိုင်ရန် အလွန်ခက်ခဲပေမည်။

"မင်းပြောတဲ့ အမွေအနှစ်နယ်မြေဆိုတာက ဒါလား...ငါ ဘာလို ဘာကိုမှမတွေ့ရတာလဲ...ဖူချန်ချင်း...တကယ်လို မင်း ငါတို့ကိုလှည့်စားရင် ဘာတွေဖြစ်မလဲဆိုတာ မင်း သိတယ်မလား"

ချင်းဖုန်က ခက်ထန်တင်းမာစွာ ပြောဆိုသည်။

Thank For Reading.

All Chapters