အခန်း (၂၄၆၆-၂၄၇၀)
Vol. 127 Ch. 2466-2470
Chapter 2466
ဖူချန်ချင်းက ပျာပျာသလဲ ပြောဆိုသည်။
"ငါက ဘယ်လိုသတ္တိမျိုးနဲ့ သူတော်စင်သံတမန်တွေကို လှည့်စားဝံ့မှာလဲ...ငါ အရင်အောက်ကိုဆင်းသွားပြီးတော့ မင်းတို့အတွက် လမ်းကြောင်းထောက်လှမ်းပေးမယ်"
ထိုသိုပြောဆိုပြီးသည်နှင့် ဖူချန်ချင်းက အောက်သိုခုန်ချသွားတော့သည်။
ထိုအချိန်မှာပင် ချင်းဖုန်တိုလူစု၏တံဆိပ်ပြားများ ရုတ်တရက် အလင်းရောင်တဖျတ်ဖျတ်တောက်ပလာကာ တုန်ခါလာပေ၏။
"တစ်ယောက်ယောက်က ငါတိုကို အသံသတင်းစကား ပေးပိုထားတယ်"
အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော တပည့်တစ်ယောက်က သူ၏တံဆိပ်ပြားကို ထုတ်ကြည့်ပြီးနောက် ပြောဆိုသည်။
ထိုတံဆိပ်ပြားကို ကျောင်းတော်မှတပည့်များ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ရာ၌ အသုံးပြုနိုင်ပြီး မိုင်တစ်ထောင်ပတ်လည်အတွင်း၌ အသံပေးပိုဆက်သွယ်နိုင်သည်။
ချင်းဖုန်သည် တံဆိပ်ပြားကိုထုတ်ယူကာ နားထောင်လိုက်၏။သိုရာတွင် လုယွီ၏အသံဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
ကြည့်ရသည်မှာ ဤနေရာသည် လုယွီရှိနေသောနေရာနှင့် အလွန်ဝေးကွာပုံရသဖြင့် သူ၏အသံကို မပီမပြင်သာ ကြားနေရ၏။
"မသန့်စင်ကြနဲ့...အဲ့ဒီမှော်ရတနာတွေကို...လွှင့်ပစ်လိုက်...အထဲမှာ...ပုန်းအောင်း......."
ပြတ်တောင်းပြတ်တောင်း အသံသတင်းစကားသည် ချင်းဖုန်တိုလူစုကို နားဝေတိမ်တောင် ဖြစ်သွားစေသည်။
"သူက မှော်ရတနာတွေကိုလွှင့်ပစ်ဖို ငါတို့ကို ပြောနေတာပဲ...အဲ့ဒီကောင် လုယွီက သူ့ကိုယ်သူ ဘာကောင်ထင်နေလဲမသိဘူး"
ချင်းဖုန်က ချက်ချင်းဆိုသလိုပင် လှောင်ပြောင်သရော်လိုက်သည်။
သူ၏အမြင်အရ လုယွီသည် ကံကောင်းသောကောင်စုတ်လေးတစ်ကောင်ထက် မပိုချေ။
လုယွီ၏ဦးနှောက် ကောင်းမွန်စွာအလုပ်မလုပ်၍သာ အစောပိုင်းကမှ သူတိုရရှိထားသော မှော်ရတနာများကို လွှင့်ပစ်ခိုင်းခြင်းဖြစ်ပေမည်။ဤသည်က မည်သိုဖြစ်နိုင်မည်နည်း။
တခြားတပည့်များက အကြံပြုလိုက်ကြသည်။
"သူ ပြောတာကို ငါတို နားထောင်ကြရင် ကောင်းမလား"
"သူ့လိုဂျူနီယာတပည့်တစ်ယောက်က ဘာပြောနိုင်မှာမလို့လဲ...တကယ်လို့ သူမှာ အရည်အချင်းတချိုရှိနေရင်တောင် သူ့ရဲ့အတွေ့အကြုံက အရမ်းနည်းသေးတယ်...ဒီကျင်းနက်ကြီးထဲမှာ ရှေးဟောင်းအမွေအနှစ်နယ်မြေရှိနေတယ်...အရင်ဆုံးရောက်သွားတဲ့သူက အကျိုးကျေးဇူးအရင်ရမှာပဲ"
ချင်းဖုန်က အထင်အမြင်သေးစွာပြောဆို၍ ကျင်းနက်ကြီးအတွင်းသို့ ခုန်ဆင်းသွားတော့သည်။
ထျန်းသခင်လေးသည်လည်း လုယွီအပေါ် နာကျည်းမုန်းတီးမှုများနှင့် ပြည့်နှက်နေပေ၏။မည်သည်ကြောင့် သူက လုယွီ၏စကားကို နားထောင်မည်နည်း။သူက ချင်းဖုန်၏နောက်မှနေ၍ ကျင်းနက်ကြီးအတွင်းသို့ ခုန်ချသွားတော့သည်။
တခြားတပည့်များသည် အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေသည်။သို့ရာတွင် သူတို့သည် ရှေးဟောင်းအမွေအနှစ်နယ်မြေအတွင်းမှရတနာများကို ချင်းဖုန်တိုနှစ်ယောက် လက်ဦးသွားမည်ကို စိုးရွံသဖြင့် အလျှင်အမြန်နောက်မှ လိုက်ပါသွားကြသည်။
ကျင်းနက်ကြီးအတွင်း၌ မှောင်မည်းနေကာ အပေါ်ယံမျက်နှာပြင်တွင် မမြင်နိုင်သော အတားအဆီးဝင်္ကပါတစ်ခု ရှိနေပုံရကာ ပတ်ဝန်းကျင်ရှိသဲများ အတွင်းသို့ကျရောက်မလာစေရန် ကာကွယ်တားဆီးထားသည်။
သူတို့အားလုံးသည် ကျင်းနက်ကြီးအတွင်းသို့ ဝင်ရောက်ပြီးနောက် ရုတ်တရက် အရိုးစိမ့်အောင်အေးသော အေးစိမ့်မှုကို ခံစားလိုက်ရ၏။
"ဘာတွေ ဖြစ်နေတာလဲ"
တပည့်တစ်ယောက်က တုန်တုန်ရီရီဖြင့် ညည်းတွားလိုက်သည်။
သို့ရာတွင် ချင်းဖုန်သည် ဆက်လက်၍ သရော်တော်တော် ပြောဆိုနေဆဲပင်။
"ဒါက နည်းနည်းလေးအေးရုံလေးကို....ဘာစိုးရိမ်ပူပန်စရာရှိလိုလဲ"
ကျင်းနက်ကြီး၏အောက်၌ ကြီးမားသော ကျောက်တုံးတံခါးတစ်ချပ်ရှိနေသည်။
ထိုကျောက်တုံးတံခါး၏အတွင်း၌ ကြီးမားသောလေဟာနယ်ကြီးရှိနေကာ ကြည့်ရသည်မှာ အလွန်ကျယ်ပြန့်သောနယ်မြေတစ်ခုကို လွှမ်းခြုံထားသကဲ့သိုပင်။
"မင်း ဘာလုပ်နေတာလဲ...ရှေ့ကနေ မြန်မြန် လမ်းမပြသေးဘူးလား"
ချင်းဖုန်က ဖူချန်ချင်းရပ်တန့်နေသည်ကိုမြင်ချိန်တွင် ကျယ်လောင်စွာ အော်ငေါက်လိုက်၏။
ဖူချန်ချင်းက သူ၏ခေါင်းကိုခါယမ်း၍ ပြောဆိုသည်။
"သူတော်စင်သံတမန်...ငါ အရင်က ဒီနယ်မြေထဲကိုဝင်သွားတဲ့အချိန်မှာ အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရတယ်..တကယ်လို ခုတစ်ကြိမ်ထပ်ဝင်မယ်ဆိုရင် ငါ သေသွားနိုင်တယ်...ငါ အပြင်မှာပဲနေခဲ့တာ ပိုကောင်းလိမ့်မယ်"
"အမှိုက်ပဲ...မင်းကဘာတွေ ကြောက်နေတာလဲ"
ချင်းဖုန်က အေးစက်စက်နှာတစ်ချက်မှုတ်၍ သူ၏ခြေထောက်ကိုမြှောက်ကာ ရှေ့သို့လျှောက်လှမ်းလိုက်သည်။
သို့ရာတွင် သူ့အား ထျန်းသခင်လေးက ကြားဖြတ်၍ ဟန့်တားထားလေ၏။
"ခဏနေဦး...ဒီကျောက်တုံးတံခါးရဲ့အနီးမှာ ဝင်္ကပါတစ်ခု ရှိနေပုံရတယ်"
ထိုနောက် ထျန်းသခင်လေးက ကျောက်ခဲတစ်လုံးကိုကောက်ယူ၍ ကျောက်တုံးတံခါးအနီးသို ပစ်လိုက်သည်။
မမျှော်လင့်ဘဲ ထိုကျောက်ခဲသည် တံခါးအနီးသိုရောက်ရှိသွားချိန်တွင် လေဟာနယ်လှုပ်ခတ်မှုလှိင်းများအတွင်းသို့ ကျရောက်သွားသည်။ဘုန်းခနဲအသံနှင့်အတူ ထိုကျောက်ခဲသည် အမှုန်အမွှားအဖြစ်သို ပြောင်းလဲသွားလေ၏။
တခြားတပည့်များအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
အကယ်၍ အစောပိုင်းကသာ သူတို အရင်ဦးအောင်သွားမိပါက ထိုဝင်္ကပါ၏သတ်ဖြတ်ခြင်းကို ခံရပေမည်။
ဖူချန်ချင်းက ထိတ်လန့်ကြောက်ရွံမှုများ ပြည့်နှက်နေသောအသံဖြင့် ပြောဆိုသည်။
"သူတော်စင်သံတမန်တို...ငါ ပြောတာမှန်တယ်မလား....ဒီနေရာမှာ တကယ်ကိုပဲဝင်္ကပါတစ်ခုရှိနေတယ်...ဒါက အရမ်းအန္တရာယ်များတယ်"
"ဒါက ဘယ်လောက်ခက်ခဲနေလိုလဲ...ရိုးရှင်းတဲ့ဝင်္ကပါတစ်ခုကို ငါတို့က ဘာလိုစိုးရိမ်နေရမှာလဲ"
ချင်းဖုန်က ရုတ်တရက်ခေါင်းမော့လိုက်ကာ သူ၏မျက်နှာပေါ်၌ မောက်မာဝံ့ကြွားမှုများဖြင့် ပြည့်နှက်နေသည်။
ထျန်းသခင်လေးက ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် သူ၏မျက်လုံးများ တောက်ပသွားသည်။
"ဟုတ်တာပေါ့...ချင်းဖုန်ရဲ့ဆရာသခင်က ကျောင်းတော်ရဲ့ဝင်္ကပါပညာရှင်တစ်ယောက်လေ...သူက ဒီဝင်္ကပါကို အလွယ်တကူ ချိုးဖျက်နိုင်မှာပဲ"
ထျန်းသခင်လေး၏မြှောက်ပင့်စကားကိုကြားချိန်တွင် ချင်းဖုန်က သူ့ကိုယ်သူ ပို၍ဂုဏ်ယူဝင့်ကြွားနေပေ၏။
"တကယ်တော့...ဒီအဆင့်ဝင်္ကပါမျိုးကို ချိုးဖျက်ဖိုဆိုတာ ငါ့အတွက် အခက်အခဲမရှိဘူး"
Chapter 2467
"မင်းတို့ အားလုံးဘေးကိုဖယ်ကြ...ငါ ဒီဝင်္ကပါကို ဘယ်လိုချိုးဖျက်မလဲဆိုတာ စောင့်ကြည့်နေကြ ကြားလား"
ချင်းဖုန်က အော်ဟစ်လိုက်၏။
တခြားတပည့်များသည် အလျှင်အမြန်ဘေးသိုကပ်၍ ချင်းဖုန် မှော်မန္တန်ရွတ်ဆိုသည်ကို ကြည့်ရှုနေကြသည်။
ချင်းဖုန်က သူ၏လက်ညှိးကိုညွှန်ပြလိုက်ရာ ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ဓားပျံဆယ်စင်းကျော် ထွက်ပေါ်လာသည်။
ချင်းဖုန်က သူ၏ရှေ့ရှိ ကျောက်တုံးတံခါးကို လေ့လာဆန်းစစ်ပြီးနောက် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်၏။ဓားပျံများအားလုံးသည် အရပ်မျက်နှာအဘက်ဘက်မှနေ၍ ကျောက်တုံးတံခါးထံသို့ တိုးဝင်သွားသည်။
ဒေါင်...ဒေါင်...ဒေါင်...
ကျောက်တုံးတံခါးမှနေ၍ ကြည်လင်ပြတ်သားသောအသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
အချိန်အတော်ကြာပြီးနောက် ကျောက်တုံးတံခါး၏နောက်မှနေ၍ မည်သည့်အသံဗလံမျှ မကြားရတော့ချေ။ချင်းဖုန်က သူ၏လက်ဝါးနှစ်ဖက်ကိုပွတ်သပ်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုက်၏။
"ကောင်းပြီလေ...အခု ဝင်္ကပါကို ချိုးဖျက်ပြီးသွားပြီ"
တခြားတပည့်များသည် ချင်းဖုန်က အလွန်ယုံကြည်မှုရှိစွာ ပြောဆိုနေသည်ကိုမြင်ချိန်တွင် သူတို့က တုံဆိုင်းမနေတော့ဘဲ အတွင်းသို့ဝင်ရန် ဟန်ပြင်လိုက်ကြသည်။
ဖူချန်ချင်းက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
"သူတော်စင်သံတမန်...ငါတို့ သတိကြီးကြီးထားတာ ပိုကောင်းလိမ့်မယ်..အထဲကို အလျင်စလို မဝင်သင့်ဘူး"
ချန်ဖုန်းက စိတ်မရှည်သောလေသံဖြင့် တုံပြန်လိုက်၏။
"မင်း လူစကားကိုရော နားလည်ရဲ့လား...ငါက ဒီဝင်္ကပါကို ချိုးဖျက်ပြီးပြီလို ပြောပြီးပြီ...မင်းက ဘာလို ကြွက်တစ်ကောင်လိုမျိုး သူရဲဘောကြောင်နေတာလဲ...တကယ်လို မင်း ဒီထဲကိုဝင်ဖို ဆန္ဒမရှိဘူးဆိုရင်...ဒီနေရာကနေ ထွက်သွားစမ်း"
ဖူချန်ချင်းသည် ဆူပူကြိမ်းမောင်းခံရသဖြင့် သူ၏ခေါင်းကို အောက်သိုငုံထားလေသည်။သို့ရာတွင် သူက သတိထားသည့်အနေဖြင့် ကျောက်ခဲတစ်လုံးကိုကောက်ယူကာ ကျောက်တုံးတံခါးထံသို ပစ်လိုက်သည်။
ထိုကျောက်ခဲသည် ကျောက်တုံးတံခါး၏နံဘေးတစ်နေရာသို ပျံဝဲသွားသည်။မကြာမီမှာပင် နောက်ထပ် လေဟာနယ်လှုပ်ခတ်မှုလှိင်းများ ထွက်ပေါ်လာပေ၏။
လေထုအတွင်း၌ ပျံဝဲနေသော ကျောက်ခဲအား ချက်ချင်းဆိုသလိုပင် လေဟာနယ်လှုပ်ခတ်မှုလှိင်းများက သက်ရောက်သွားသည်။
ဘုန်း...
မသဲမကွဲအသံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ ထိုကျောက်ခဲသည် အမှုန်အမွှားအဖြစ်သို ပြောင်းလဲသွားတော့သည်။
ကျောက်တုံးတံခါးအတွင်းသိုဝင်ရန် ခြေလှမ်းပြင်ျနကြသော တပည့်များသည် သူတို့ရောက်ရှိနေသောနေရာမှာပင် ရပ်တန့်၍ စိတ်ပျက်လက်ပျက်အမူအယာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
ချင်းဖုန်သည် ဝင်္ကပါအား ချိုးဖျက်ပြီးပြီဟု အခိုင်အမာ ပြောဆိုခဲ့သည် မဟုတ်လော...
မည်သည်ကြောင့် ဝင်္ကပါသည် ဆက်လက်၍ တည်ရှိနေသနည်း...
တပည့်များအနက်မှတစ်ယောက်က ဒေါသတကြီး အော်ငေါက်လိုက်သည်။
"ချင်းဖုန်...တကယ်လို မင်း ငါတို့ကို သေစေချင်နေတယ်ဆိုလည်း ပွင့်ပွင့်လင်းလင်းပြောစမ်း...မင်း ဝင်္ကပါကို မချိုးဖျက်နိုင်သေးဘဲနဲ့ ဘာလို အဲ့ဒီလိုမျိုး ပြောခဲ့တာလဲ"
တပည့်များအားလုံးက ချင်းဖုန်ကို စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။
ဤသည်က သေရေးရှင်ရေးကိစ္စပင်။
အကယ်၍ သူတို့ထံတွင် ကြိုတင်ကာကွယ်မှုတချို့သာ ရှိမနေဘဲ ကျောက်တုံးတံခါးအတွင်းသို့ ဝင်သွားပါက ယခုချိန်တွင် အလောင်းများဘဝသို ပြောင်းလဲနေလောက်လေပြီ။
အကယ်၍ သူတို့ သေဆုံးမသွားလျှင်ပင် အပြင်းအထန် ဒဏ်ရာရရှိသွားနိုင်သည်။
ဤနေရာတွင်ရှိနေသောတပည့်များသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ထိပ်သီးပါရမီရှင်များပင်။အကယ်၍သာ သူတိုသည် ဤနေရာ၌ တစ်စုံတစ်ခုဖြစ်ပျက်သွားပါက ကျောင်းတော်အတွက် အနည်းနှင့်အများ ဆုံးရှုံးမှုဖြစ်သွားပေမည်။
"ဒါက ငါ့ရဲ့အမှားမဟုတ်ဘူး...ဒီဝင်္ကပါရဲ့ဖွဲစည်းပုံက တော်တော်လေးထူးဆန်းပြီးတော့ အဆက်မပြတ်ပြောင်းလဲနေတယ်...ငါ ခုဏက ဒီဝင်္ကပါကို ချိုးဖျက်ပြီးပြီ...ဒါပေမယ့် အဲ့ဒါရဲ့နောက်မှာ တားမြစ်ကန့်သတ်ချက်တစ်ခုရှိနေတယ်"
ချင်းဖုန်သည် သူ၏ဓားပျံများကို ထပ်မံ၍ပစ်လွှတ်ကာ ကျောက်တုံးတံခါးနံပေးပတ်လည်ရှိ ဝင်္ကပါအမှတ်များကို တိုက်ခိုက်လိုက်၏။
တဒေါင်ဒေါင်အသံများ ထပ်မံ၍ထွက်ပေါ်လာပြီးနောက် သူတို့ရှေ့ရှိကျောက်တုံးတံခါးသည် နောက်ထပ်အသွင်တစ်မျိုးသို့ ပြောင်းလဲသွားပုံရသည်။
ချင်းဖုန်က စိတ်သက်သာရာရသွားသောလေသံဖြင့် ပြောဆိုသည်။
"ဒီတစ်ကြိမ်တော့ ငါ ဒါကို သေချာပေါက် ချိုးဖျက်ပြီးသွားပြီ"
သို့ရာတွင် တခြားသူများသည် လှုပ်ရှားခြင်းမပြုဘဲ သူ့ကို စိုက်ကြည့်နေကြ၏။
အကယ်၍ ချင်းဖုန်သာ အတွင်းသို့ အရင်ဆုံးမဝင်ရောက်ပါက သူတို့သည်လည်း ခြေလှမ်းစလှမ်းမည်မဟုတ်ချေ။အကြောင်းအရင်းမှာ ဝင်္ကပါ အမှန်တကယ်ပြိုကွဲခြင်းရှိ မရှိကို မသိနိုင်သောကြောင့်ပင်။
"ဘယ်လိုဖြစ်ပြီး မင်းတို့က အောက်ဘုံကအမှိုက်ကောင်တွေလိုမျိုး သူရဲဘောကြောင်နေကြတာလဲ...မင်းတို စောင့်ကြည့်နေကြစမ်း"
ချင်းဖုန်၏မျက်နှာပေါ်၌ စိတ်မရှည်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။သူက ကျောက်တုံးတံခါးဆီသို ဦးတည်၍ လျှောက်လှမ်းသွားလိုက်သည်။
တိကျသေချာစွာပင် ကျောက်တုံးတံခါးအနီးမှဝင်္ကပါ အမှန်တကယ် ပျက်ပြယ်သွားလေပြီ။ထိုနေရာတွင် မည်သည့်တားမြစ်ကန့်သတ်ချက်မျှ ရှိမနေတော့ချေ။
"ဘယ်လိုလဲ...ငါ မင်းတိုကို ပြောပြီးပြီလေ...ငါ ဒီဝင်္ကပါကို ချိုးဖျက်ပြီးပြီဆိုတာ...ဒီနေရာမှာ ဘာပြဿနာမှမရှိတော့ဘူး"
ချင်းဖုန်က စိတ်ကျေနပ်နေသောအပြုံးနှင့် ပြောဆိုသည်။
တခြားတပည့်များသည် ယခင်က ချင်းဖုန်ကို မျက်နှာသာပေးထားပြီးလေပြီ။သိုရာတွင် အစောပိုင်းက ချင်းဖုန်၏လုပ်ရပ်သည် သူတို့အားလုံးကို သူနှင့်အတူ သေတွင်းအတွင်းသို ဆွဲချနေခြင်းပင်။ထိုကြောင့် သူတို့သည် သူ့အားအာရုံစူးစိုက်ရန် အလွန်ပျင်းရိငြီးငွေ့နေသည်။
ထျန်းသခင်လေးတစ်ယောက်တည်းသာလျှင် လက်ခုပ်လက်ဝါးတီး၍ ချီးကျူးစကားပြောဆိုလေ၏။
"မင်းက တကယ့်ကိုပဲ ဝင်္ကပါပညာရှင်ရဲ့တပည့်တစ်ယောက်ဖြစ်ထိုက်တယ်....မင်းရဲ့နာမည်ဂုဏ်သတင်းနဲ့လျော်ညီအောင် မင်းက ထူးချွန်တဲ့လူပဲ"
ချင်းဖုန်၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထင်ဟပ်လာသည်။သူသည် သူ့ကိုယ်သူ အလွန်ဂုဏ်ယူဝင့်ကြွားနေသည်။
ရုတ်တရက် ချင်းဖုန်က ဖူချန်ချင်းသည် နေရာမှာပင်ရပ်နေဆဲဖြစ်သည်ကို သတိပြုမိသွားသဖြင့် မျက်မှောင်ကြုတ်လိုက်၏။
"ဘာလဲ...မင်း အခုထိ အထဲကို မဝင်သေးဘူးလား"
ဖူချန်းချင်းက သူ၏ခေါင်းကို အလျှင်အမြန် ခါယမ်းလိုက်သည်။
"သူတော်စင်သံတမန်တို့ပဲ ဝင်သွားတာ ပိုကောင်းလိမ့်မယ်...ငါ့ရဲ့ကျင့်ကြံမှုက နိမ့်ကျတယ်...ငါ မင်းတို့ကို အပြင်မှာပဲ စောင့်နေတော့မယ်"
"ထားလိုက်တော့...မင်းက ငကြောက်ကောင်တစ်ကောင်ဆိုတာ ငါ သိပြီးပြီ...မင်း အပြင်မှာပဲ စောင့်နေခဲ့တော့"
ချင်းဖုန်က အတင်းအကြပ်ခေါ်ဆောင်ခြင်း မပြုတော့ချေ။လူတစ်ယောက်လျော့နည်းသွားပါက ခွဲတမ်းပေးရမည့်ဝေစု သက်သာသွားပေမည်။
Chapter 2468
ကျောက်တုံးတံခါး၏နောက်၌ တခြားကမ္ဘာလောကတစ်ခုရှိနေသည်။
ဤနေရာသည် သိုလှောင်ရုံတစ်လုံးနှင့် တူညီပေ၏။နံရံများပေါ်တွင် အမျိုးအစားစုံလင်သောပစ္စည်းများနှင့်ပြည့်နှက်နေသည့် စင်များအတန်းလိုက်ရှိနေသည်။
ချင်းဖုန်က ထိုနေရာသို့သွားရောက်၍ စစ်ဆေးကြည့်လိုက်ရာ အများစုသည် သာမာန်ရှေးဟောင်းကြွေထည်ပစ္စည်းများဖြစ်နေကြောင်း မြင်တွေ့လိုက်ရ၏။ထိုပစ္စည်းများအတွင်း၌ မည်သည့်စိတ်ဝိညာဥ်စွမ်းအင်မျှ ကိန်းအောင်းမနေချေ။
"ဖူချန်ချင်းက ငါတို့ကို လှည့်စားသွားတာလား"
ချင်းဖုန်က မျက်မှောင်ကြုတ်လိုက်သည်။
ဤကြွေထည်ပစ္စည်းများကို တချို့လူများကသာ ဝါသနာတစ်ရပ်အနေဖြင့် စုဆောင်းကြပြီး တန်ဖိုးမြင့်မားခြင်းမရှိပေ။
သူတို့လူစု ရှေ့သို့ ဆက်လက်၍လျှောက်လှမ်းခဲ့သည်နှင့်အမျှ ပို၍ပို၍များပြားသော ကြွေထည်ပစ္စည်းများကို တွေ့မြင်ကြရသည်။
လမ်းတလျှောက်လုံး၌ သူတို့သည် ကြွေထည်ပစ္စည်းအမြောက်အများကိုသာတွေ့ရှိရကာ အများစုသည် လက်မှုပစ္စည်းများဖြစ်နေသဖြင့် သူတို့အားလုံး စိတ်ဓာတ်ကျဆင်းနေကြ၏။
ဤကဲ့သို လက်မှုပစ္စည်းများသည် ကျင့်ကြံရာ၌ အသုံးမဝင်ချေ။
"အမှိုက်တွေချည်းပဲ...စိတ်ရှုပ်စရာ ကောင်းလိုက်တာ"
ချင်းဖုန်၏စိတ်ရှည်သည်းခံနိုင်မှု တဖြည်းဖြည်းကုန်ဆုံးသွားသဖြင့် သူ၏ဓားပျံများကို ထုတ်လွှက်ကာ ပတ်ဝန်းကျင်ရှိ ကြွေထည်ပစ္စည်းများကို စတင်၍ဖျက်ဆီးလိုက်သည်။
ခလွမ်...ခလွမ်...ခလွမ်...
ကြွေထည်ပစ္စည်းအမြောက်အများ ကြေမွှပျက်စီးသွားသည်။ချင်းဖုန်သည် သူ၏စိတ်နှလုံးသားအတွင်းရှိ စိတ်မကျေမနပ်ဖြစ်နေမှုကို ပြင်းပြင်းထန်ထန် ချိုးနှိမ်နေရ၏။
သို့ရာတွင် မမျှော်လင့်ဘဲ ချန်းဖုန်သည် ပတ်ဝန်းကျင်ရှိကြွေထည်ပစ္စည်းများကို အစုလိုက်အပြုံလိုက် ဖျက်ဆီးပြီးချိန်တွင် အလွန်ကျယ်ဝန်းသောနေရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုနေရာတွင် သဘာဝအရင်းအမြစ်ရတနာများရှိနေကာ အလင်းရောင်များက တဖျတ်ဖျတ်လင်းလက်၍ တောက်ပနေသည်။
"မီးကျောက်တုံးပါလား"
"အဲ့ဒီနေရာမှာ နက်နဲသိမ်မွေ့စကြာဝဠာသစ်သီးလည်း ရှိနေတယ်...အဲ့ဒီသစ်သီးရဲ့အရောင်ကိုကြည့်တာနဲ့ ဒါက အနည်းဆုံးနှစ်တစ်သောင်းကျော်လောက် သက်တမ်းရှိတယ်ဆိုတာ သိနိုင်တယ်"
ကျောင်းတော်မှတပည့်များသည် သူတို့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် သူတို၏မျက်လုံးများ နီမြန်းသွားကြ၏။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ အမျိုးအစားစုံလင်သော ကျင့်ကြံခြင်းအရင်းအမြစ်များရှိနေသော်လည်း တပည့်များသည် ထိုအရာများကိုအလိုရှိပါက အကျိုးဆောင်ရမှတ်များနှင့်လဲလှယ်ရန် လိုအပ်သည်။
တပည့်အများစုသည် အကျိုးဆောင်ရမှတ်များကို ချွေတာနိုင်ရန်အလို့ငှါ အကယ်၍ သူတို့သည် ကျင့်ကြံခြင်းအရင်းအမြစ်ကောင်းတစ်ခုကို မြင်တွေ့လျှင်ပင် လွယ်လင့်တကူလဲလှယ်ခြင်းမပြုကြချေ။
ဤနေရာသို့ရောက်ရှိလာသူများသည် ကျောင်းတော်မှထိပ်သီးပါရမီရှင်များဖြစ်သော်လည်း သူတို့အနက်မှအများစုသည် ဆင်းရဲမွဲတေသောဘဝမျိုး၌ နေထိုင်နေရဆဲပင်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် အနည်းငယ်မျှပင် စိုးရိမ်ပူပန်ရန် မလိုတော့ချေ။
ဤနေရာရှိပစ္စည်းများအားလုံးတွင် ပိုင်ရှင်မဲ့နေသဖြင့် သူတို့အတွက်လိုအပ်သော အရင်းအမြစ်များကို ရယူနိုင်တော့ပေမည်။
"ဟား ဟား ဟား...ငါတို့ ချမ်းသာပြီ"
"ဒီနေရာရဲ့အနီးပတ်ဝန်းကျင်မှာ ပိုကောင်းတဲ့ရတနာတွေ ရှိနေသေးလားဆိုတာ ငါတို့ မြန်မြန်ရှာကြည့်ကြရအောင်"
တပည့်များသည် ထိုရတနာများထံ အပြေးသွားကာ အလုအယက်ယူရန် ဟန်ပြင်လိုက်ကြ၏။
သို့သော် ထိုအချိန်မှာပင် ချင်းဖုန်က ရုတ်တရက် သူတို့ကို တားဆီးဟန့်တားကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"ခဏနေကြဦး"
တခြားတပည့်များသည် ဇဝေဇဝါဖြစ်သွားကြကာ နေရာမှာပင် မတ်တတ်လိုက်ကြပြီး ချင်းဖုန်ကို စူးစိုက်၍ကြည့်လိုက်ကြသည်။
ချင်းဖုန်က သူ၏ခေါင်းကိုမော့၍ ပြောဆိုသည်။
"ဒီရတနာတွေကို ငါတို့အားလုံး အတူတူရှာတွေ့ခဲ့ကြတာ ....ဒါကြောင့် ဒါတွေကို ဘယ်လိုခွဲဝေယူမလဲဆိုတာ အရင်ဆုံးဆုံးဖြတ်ကြရအောင်"
"မင်းက ဘယ်လိုမျိုး ခွဲဝေချင်တာလဲ"
တပည့်တစ်ယောက်က မေးမြန်းလေ၏။
ချင်းဖုန်က အေးစက်စက်နှာတစ်ချက် မှုတ်လိုက်သည်။
"ဒါက ရိုးရှင်းပါတယ်...ခွန်အားပေါ်ပဲမူတည်ပြီး ခွဲဝေကြတာပေါ့...ဒါက ကျင့်ကြံခြင်းလောကရဲ့ မပြောင်းလဲတဲ့ စည်းမျဥ်းပဲ...ငါတို့က ကျောင်းတော်တစ်ခုတည်းကလာတဲ့ တပည့်တွေဆိုပေမယ့် ဒီစည်းမျဥ်းကို လိုက်နာရမယ်"
ထိုနောက် သူက ထိုမှော်ရတနာများကို လက်ညှိးညွှန်ကာ မောက်မာဝံ့ကြွားသောလေသံဖြင့် ပြောဆိုသည်။
"ငါတို့လူစုမှာ ငါက အစွမ်းထက်ဆုံးသူပဲ...ဒီမှော်ရတနာတွေရဲ့တစ်ဝက်ကို ငါယူမယ်....ကျန်တဲ့တစ်ဝက်ကို မင်းတိုခွဲယူကြ...ဒါက မများပါဘူး...ဟုတ်တယ်မလား"
ချင်းဖုန်သည် ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စရပ်တစ်ခုကို ပြောနေသည့်အလား သူ၏လေသံတွင် ဖြောင့်မတ်မှန်ကန်မှုများနှင့် ပြည့်နှက်နေသည်။
တခြားတပည့်များသည် အလွန်ဒေါသထွက်သွားကာ သူတို့၏မျက်နှာများ နီမြန်းသွားလေ၏။
ချင်းဖုန်သည် မည်ကဲ့သိုလူစားမျိုးဖြစ်သနည်း။သူတို့သည် အရှက်မဲ့ပြီးအရေထူသူများကို ယခင်က မြင်တွေ့ဖူးသော်လည်း ဤမျှထိအရေထူသူမျိုးကိုမူ မမြင်တွေ့ဖူးချေ။
"မင်းတို့ကိုကြည့်ရတာ သဘောမတူချင်ကြတဲ့ပုံပဲ...ဘာလဲ...ငါပြောတာ မှားနေလိုလား...တကယ်လို့ မင်းတို့ကသာ ငါနဲ့ ကျောင်းတော်တစ်ခုတည်းကလာတာကြောင့်မဟုတ်ရင် ငါ မင်းတို့ကို တစ်ဝက်တောင်ပေးမှာမဟုတ်ဘူး"
ချင်းဖုန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူက တစ်စုံတစ်ခုကို ထပ်မံ၍တွေးတောမိသွားပုံရသည်။ရုတ်တရက် သူက ထျန်းသခင်လေးကို လက်ညှိးညွှန်ကာ ပြောဆိုလိုက်၏။
"ငါ့အထင်ကတော့ ကျန်တဲ့တစ်ဝက်ကို ထျန်းသခင်လေးကို ပေးသင့်တယ်....ဒါ့မှ ကျိုးကြောင်းဆီလျော်လိမ့်မယ်"
ဘာ....
ထိုစကားကိုကြားချိန်တွင် တပည့်တစ်ယောက်သည် သည်းမခံနိုင်တော့သဖြင့် ဒေါသတကြီး အော်ငေါက်လိုက်သည်။
"ချင်းဖုန်...ငါ မင်းကိုသည်းခံနေတာ အချိန်အတော်ကြာနေပြီ...မင်းရဲ့အရည်အချင်းက အရမ်းကောင်းတယ်လို မင်း တကယ်ကြီးထင်နေတာလား"
စကားဆုံးသည်နှင့် ထိုတပည့်၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများ ပွင့်အံထွက်လာကာ လှံရှည်တစ်ခုအသွင် ပြောင်းလဲသွားပြီး ချင်းဖုန်ကို ချိန်ရွယ်လိုက်သည်။
ထိုနောက် ပတ်ဝန်းကျင်တွင် သွေးစွမ်းအင်များစုဝေးလာကာ ထိုတပည့်၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ဤနေရာတဝိုက်ရှိလေထုအတွင်း၌ သွေးအငွေ့အသက်များဖြင့် ပြည့်နှက်နေပေ၏။
ထိုတပည့်က လှံရှည်ကိုပစ်လွှက်လိုက်ရာ လေထုအတွင်း၌ ပြိုကွဲသွားပြီး ရာနှင့်ချီသည့် ထက်ရှသောဓားငယ်များအဖြစ် ပြောင်းလဲသွားကာ ချင်းဖုန်ထံသို တန်းတန်းမတ်မတ် တိုးဝင်သွားသည်။
Chapter 2469
ဤကဲ့သို့တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရသည့်တိုင် ချင်းဖုန်သည် အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိချေ။
သူသည် ရွှေရောင်ခေါင်းလောင်းကို ဆင့်ခေါ်၍ သူ၏လက်ဝါးအတွင်း၌ မှော်စွမ်းအားများကိုသိပ်သည်းလိုက်၏။ထိုနောက် သူ၏လက်ဝါးကို ရွှေရောင်ခေါင်းလောင်းထံဦးတည်၍ ရိုက်နှက်လိုက်သည်။
ဒေါင်...
ကြီးမားကျယ်ပြန့်ပြီး ကျယ်လောင်သော ခေါင်းလောင်းသံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံသွားသည်။
လှံရှည်မှထွက်ပေါ်လာသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒပြင်းထန်သည့် ဓားငယ်များသည် အဆက်မပြတ်ပဲ့တင်ထပ်နေသော ခေါင်းလောင်းသံ၏ သက်ရောက်မှုကိုခံရပြီးနောက် ကြေမွှပျက်စီးသွားတော့သည်။
တလိမ့်လိမ့်လူးလွန့်နေသော ခေါင်းလောင်းသံသည် လေထုအားဖြတ်သန်းလာကာ ထိုတပည့်၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားလေ၏။
ထိုတပည့်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။သူ၏မျက်နှာသည် စက္ကူဖြုတစ်ချပ်ကဲ့သို့ ဖြူရော်သွားကာ သူက ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။
ဤလက်ရည်စမ်းပွဲ၏ရလဒ်သည် အကြည့်တစ်ချက်ဖြင့်ပင် သိသာထင်ရှားလှ၏။
ချင်းဖုန်သည် မောက်မာဝံ့ကြွားသူဖြစ်သော်လည်း ယခုလက်ရှိနေရာတွင်ရှိနေသော တပည့်များနှင့်နှိင်းယှဥ်ပါက သူ့ထံတွင် မောက်မာဝံ့ကြွားနိုင်သော အရည်အချင်းမျိုးရှိသည်။
တစ်ဖက်လူကို လွယ်လင့်တကူအနိုင်ယူပြီးနောက် ချင်းဖုန်၏မျက်နှာပေါ်ရှိ သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေသောအမူအယာ ပို၍ပီပြင်ထင်ရှားလာသည်။
"တခြားသူတွေကို မေးခွန်းမထုတ်ခင်...မင်း ကိုယ့်အတိုင်းအတာကို ကိုယ်သိတာ ပိုကောင်းလိမ့်မယ်...မင်း ကျောင်းတော်ကနေ အပြင်ကိုထွက်လာတဲ့အချိန်မှာ... ကျောင်းတော်ရဲ့ဂုဏ်သတင်းကို မပျက်စေနဲ့"
ချင်းဖုန်က သရော်တော်တော် ပြောဆိုသည်။
အစောပိုင်းက တိုက်ခိုက်မှု၌ ရှုံးနိမ့်သွားသောတပည့်သည် ထိုစကားလုံးများကိုကြားချိန်တွင် သူ၏ရင်ဘတ်မှ မွန်းကြပ်လာမှုကိုခံစားရပြီး သူက သွေးတစ်လုတ်အန်ထုတ်လိုက်ရ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ထျန်းသခင်လေးက သက်ပြင်းတစ်ချက်ရှိက်လိုက်သည်။
"ချင်းဖုန်...ကြည့်ရတာတော့ ဒီနေရာက ရတနာတွေကိုယူဖို့ မင်းနဲ့ငါပဲ အရည်အချင်းပြည့်မီပုံရတယ်"
ချင်းဖုန်က ပြောဆိုသည်။
"သေချာတာပေါ့...ငါ့ရဲ့အမြင်အရ...ဒီနေရာကိုရောက်နေတဲ့လူတွေထဲမှာ ထျန်းသခင်လေးကပဲ ငါ့ကို ယှဥ်ပြိုင်နိုင်လိမ့်မယ်"
"မင်းတို့နှစ်ယောက်...တအားလွန်မလာကြနဲ့"
တခြားတပည့်ငါးယောက်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
မည်သူ့မတွက်မဆို ဤရတနာများသည် အလွန်အဖိုးတန်ရှားပါးသော ကျင့်ကြံခြင်းအရင်းအမြစ်များပင်။
မည်သည်ကြောင့် ထိုလူနှစ်ယောက်ကို ရတနာများအားလုံး အပိုင်စီးခွင့် ပေးရမည်နည်း။
"ဘာလဲ...မင်းတို့က မကျေနပ်ဘူးလား...တကယ်လို့ မင်းတို့ လက်မခံနိုင်ဘူးဆိုရင် ငါ့ကို လာတိုက်ခိုက်လေ...မင်းတို့က ငါ့နဲ့ ကျောင်းတော်တစ်ခုတည်းကလာတဲ့ တပည့်တွေဖြစ်နေတာကိုထောက်ပြီး...အရင်ကတော့ ငါ မင်းတို့ကို ရတနာတချို့ပေးမလို့ပဲ...ဒါပေမယ့် မင်းတို့က အကောင်းအဆိုးကို နားမလည်မှတော့ ငါတို့နှစ်ယောက်ကို အပြစ်မတင်နဲ့"
ချင်းဖုန်က အေးစက်စက်နှာတစ်ချက်မှုတ်ကာ ရတနာများကို စတင်၍သိမ်းယူလိုက်တော့သည်။
ထျန်းသခင်လေးကလည်း အနည်းငယ်မျှပင် နှောင့်နှေး၍မနေဝံ့ချေ။သူသည် မြေပြင်ပေါ်ရှိရတနာများကို တစ်ခုပြီးတစ်ခုကောက်ယူကာ သူ၏သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလိုက်၏။
ဤကဲ့သို့ အဖိုးတန်ရှားပါးသောရတနာများကို ချင်းဖုန်တို့နှစ်ယောက် ကောက်ယူသိမ်းဆည်းနေသည်ကိုကြည့်ပြီး တခြားတပည့်ငါးယောက်၏မျက်လုံးများ နီမြန်းလာသည်။
"သူတို့က နှစ်ယောက်တည်း...ငါတို့က ငါးယောက်တောင်ရှိတာ...ငါတို့ သူတို့ဆီကနေ သွားလုရအောင်"
နောက်ဆုံး၌ တပည့်တစ်ယောက်က အကြံပြုလေသည်။
ထိုတပည့်ငါးယောက်သည် အလျှင်အမြန် ဆုံးဖြတ်ချက်ချလိုက်သည်။ထိုနောက် သူတို့၏မှော်မန္တန်များကိုရွတ်ဆိုကာ ချင်းဖုန်နှင့်ထျန်းသခင်လေးထံ တဟုန်ထိုးတိုးဝင်၍ တိုက်ခိုက်ကြလေ၏။
ထိုတပည့်များ ဤကဲ့သိုလှုပ်ရှားလာမည်ဟု ချင်းဖုန်က မျှော်လင့်ထားမိခြင်းမရှိချေ။သူက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မင်းတို့ကောင်တွေက မိုးကောင်းကင်ကြီးကို ဆန့်ကျင်တိုက်ခိုက်ချင်တာလား"
"သောက်ချေးပဲ...မင်းက ဟောင်ဖွာဟောင်ဖွာပြောတာကလွဲပြီး တခြားဘာအရည်အချင်းရှိလို့လဲ"
"အရင်က နတ်ဆိုးသားရဲတပ်မှူးရဲ့ ရိုက်နှက်တာကို ခံခဲ့ရတဲ့သူက မင်း မဟုတ်ဘူးလား...ဒီနေရာမှာလာပြီး ဘာတွေဟန်ဆောင်နေတာလဲ...မင်းကိုယ်မင်း ပါရမီရှင်တစ်ယောက်လို့ တကယ်ကြီးထင်နေတာလား"
"အမှန်ပဲ...တကယ်လို့ မင်း ကံကောင်းပြီးရထားတဲ့ ရှေးဟောင်းအမွေအနှစ် အသံနည်းစနစ်သာမရှိရင်...မင်းက ဘာကောင်မှမဟုတ်ဘူး"
ထိုတပည့်များသည် ချင်းဖုန်ကို သည်းခံခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယခုချိန်တွင် သူတို့အား အဆုံးစွန်ဆုံးထိဖိအားပေးခံရသဖြင့် နောက်ဆုံး၌ သူတို့၏ဒေါသများ ပွင့်အံထွက်လာသည်။
မြောက်မြားစွာသောမှော်မန္တန်များ သူ့ထံချဥ်းကပ်လာသည်ကိုကြည့်ပြီး ချင်းဖုန်က ရွှေရောင်ခေါင်းလောင်းကို ထပ်မံ၍ဆင့်ခေါ်လိုက်၏။
ထိုနောက် သူ၏လက်ဝါးဖြင့် ရွှေရောင်ခေါင်းလောင်းကို ရိုက်နှက်လိုက်သည်။ကျယ်လောင်သောဘန်းခနဲအသံနှင့်အတူ ရွှေရောင်ခေါင်းလောင်း ပြင်းပြင်းထန်ထန်တုန်ခါသွားကာ ခေါင်းလောင်းသံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံသွားသည်။
ထိုခေါင်းလောင်းသံသည် လေထုအတွင်း၌ ပဲ့တင်ထပ်နေပြီးနောက် ပတ်ဝန်းကျင်ရှိလေဟာနယ်တွင် လှိုင်းဂယက်များ ထလာလေ၏။
တခြားတပည့်များ၏မှော်မန္တန်များသည် ထိုအသံလှိုင်းများနှင့် ထိတွေ့မိချိန်၌ သိသိသာသာ အားပျော့သွားသည်။
ဤသည်က ချင်းဖုန်အသုံးပြုသော မှော်နည်းစနစ်၏ထူးခြားဆန်းကြယ်မှုပင်။
အနီးကပ်တိုက်ခိုက်ရာ၌ကျွမ်းကျင်သော တောင်ပံနဂါးကဲ့သို့ကျင့်ကြံသူမျိုးနှင့် ရင်ဆိုင်ရချိန်တွင် ချင်းဖုန် အလွန်သတိကြီးစွာထားရန်လိုအပ်သည်။သို့ရာတွင် ကျင့်ကြံဆင့်နယ်ပယ်တူအတွင်း၌ သူ၏အသံနည်းစနစ်သည် အရာအားလုံးကို ပျက်ပြယ်သွားစေနိုင်သော တည်ရှိမှုကြီးပင်။
နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပြီးနောက် သူတို့အားလုံး ဒဏ်ရာများရရှိသွားကြသည်။
အစပိုင်းတွင် ချင်းဖုန်နှင့်ထျန်းသခင်လေးသည် အပေါ်စီးမှတိုက်ခိုက်နေသော်လည်း မကြာမီမှာပင် သူတို့နှစ်ယောက်၏ခွန်အားများ လျော့နည်းလာကြသည်။မည်သို့ပင်ဆိုစေကာမူ တခြားတပည့်များသည် သူတို့ထက် လူအရေအတွက်ပိုသာနေသည်။
သူတို့နှစ်ဖက်လုံး ပြင်းထန်စွာတိုက်ခိုက်နေသော အချိန်အခိုက်အတန့်တွင် ရုတ်တရက် တစ်ဖက်ခြမ်းရှိတောင်နံရံပေါ်၌ အပေါက်တစ်ပေါက် ထွက်ပေါ်လာသည်။
Chapter 2470
ဘုန်း...
ကျစ်လစ်မာကျောသောကျောက်နံရံသည် အစိတ်စိတ်အမွှာမွှာပေါက်ကွဲသွားကာ ဖုန်ဖုန့်များနှင့်ကျောက်စကျောက်နများက နေရာအနှံအပြားသို့ လွင့်စင်သွားသည်။
အရပ်မြင့်မားပြီးတုတ်ခိုင်ထွားကျိုင်းသော ပုံရိပ်တချို့က ထိုနေရာမှနေ၍ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
ကျောင်းတော်မှတပည့်များသည် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကြပြီး ထိုပုံရိပ်များကို တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ကြ၏။
မည်သို ဖြစ်ပျက်သွားသနည်း...
ဤနေရာသည် ရှေးဟောင်းအမွေအနှစ်နယ်မြေ မဟုတ်လော....
ဤအမွေအနှစ်နယ်မြေအတွင်း၌ သူတို့လူစုသာလျှင် ရှိနေသင့်သည်။မည်သည်ကြောင့် တခြားသူများ ရုတ်တရက် ထွက်ပေါ်လာရသနည်း။
အချိန်တခဏကြာပြီးနောက် တလိမ့်လိမ့်ထနေသောဖုန်မှုန့်များ တဖြည်းဖြည်းပျက်ပြယ်သွားသည်။ထိုနောက် ရုတ်တရက်ရောက်ရှိလာသောပုံရိပ်များ၏ အစစ်အမှန်ပုံပန်းသွင်ပြင် ထွက်ပေါ်လာခဲ့သည်။
ရှေ့ဆုံးမှဦးဆောင်လာသူသည် နဂါးဦးခေါင်းနှင့်လူခန္ဓာကိုယ်ရှိကာ သူ၏နောက်ကျော၌ တောင်ပံတစ်စုံရှိနေသည်။ဤသည်က တောင်ပံနဂါးပင်။
သူ၏နောက်၌ နွားရိုင်းနတ်ဆိုး ဝံပုလွေနတ်ဆိုးတို့နှင့် တခြားနတ်ဆိုးသားရဲတပ်မှူးများ ရှိနေလေ၏။
"ငါတို့တောင် မလှုပ်ရှားရသေးဘဲနဲ့ မင်းတို့က အချင်းချင်း တိုက်ခိုက်နေကြမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"ကောင်းကင်ဘုံနယ်မြေက သူတော်စင်သံတမန်တွေက အရမ်းကိုရူးသွပ်မိုက်မဲတာပါလား...သူတို့က ပစ္စည်းကောင်းလေးတချို့ကိုမြင်ရုံနဲ့ အချင်းချင်း တိုက်ခိုက်နေကြတယ်...သူတို့ကလည်း ဒီနယ်မြေကလူသားတွေနဲ့ ဘာမှမကွာခြားဘူး"
ချင်းဖုန်နှင့်တခြားတပည့်များသည် အချင်းချင်းတိုက်ခိုက်နေကြကာ အလွန်ဆိုးဆိုးရွားရွားအခြေအနေမျိုးသို့ ရောက်ရှိနေသည်ကိုမြင်ချိန်တွင် ဝံပုလွေနတ်ဆိုးက သရော်တော်တော် ပြောဆိုသည်။
တုန်လှုပ်ချောက်ချားဖွယ် နတ်ဆိုးသားရဲတပ်မှူးများသည် ကျောင်းတော်တပည့်များ၏ရှေ့၌ မတ်တတ်ရပ်ကာ အလွန်အမင်းပြင်းထန်သော ဖိအားအရှိန်အဝါကို ထုတ်လွှတ်ထားသည်။
ဤသည်က နောက်ထပ်အချိန်အခိုက်အတန့်အတွင်းတွင် နတ်ဆိုးသားရဲတပ်မှူးများသည် ကျောင်းတော်တပည့်များကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲတော့မည့်အလားပင်။
ချင်းဖုန်က အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏ဝတ်စုံကိုသပ်ရပ်အောင်ပြုပြင်ပြီးနောက် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။
"မင်းတို့ ဘာလုပ်နေကြတာလဲ...ဒီနေရာက ထွက်သွားကြစမ်း"
ယခုလက်ရှိချိန်ထိတိုင် သူသည် ကောင်းကင်ဘုံနယ်မြေမှ သူတော်စင်သံတမန်ဟူသော ပုံပန်းသွင်ပြင်ကို ထိန်းသိမ်းထားဆဲပင်။
ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီးနောက် တောင်ပံနဂါးက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။
"ဘာလဲ...ဟိုကောင်လေးက မင်းတိုနဲ့အတူ ရှိမနေဘူးမလား...မင်းတို့လိုအမှိုက်တစ်သိုက်က ငါတို့ကို ဟန့်တားနိုင်မှာလား"
ဤနေရာတွင် လုယွီ ရှိမနေသရွေ့ အရာအားလုံး အဆင်ပြေချောမွေ့သွားလေပြီ။
ချင်းဖုန်က မျက်မှောင်ကြုတ်လိုက်သည်။
"မင်းတို့ ကိုယ့်အဆင့်ကို ကိုယ်သိတာ ပိုကောင်းလိမ့်မယ်...ငါတို့က ကောင်းကင်ဘုံနယ်မြေကလာတဲ့ သူတော်စင်သံတမန်တွေ...တကယ်လို့ မင်းတို့ ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်မယ်ဆိုရင်...မင်းတိုရဲ့နဂါးဘုရင်က ဒီအောက်ဘုံမှာပဲ သူ့ရဲ့ဘဝသက်တမ်းတလျှောက်လုံး နေရမယ်ဆိုတာ မှတ်ထားကြစမ်း"
"ဟား ဟား ဟား...မျှော်လင့်ချက်မဲ့နေတဲ့ သောက်ရူးတွေပဲ...ဒီအခြေအနေထိတောင် ရောက်နေပြီ...ငါတို့က ဖူချန်ချင်းလိုမျိုး မင်းတို့ကို ဝပ်တွားခယနေမယ်လို့ မင်းတို့ ထင်နေကြတာလား"
တောင်ပံနဂါးက လှောင်ပြောင်ရယ်မောလိုက်၏။
ထိုနောက် တောင်ပံနဂါးက သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ ချက်ချင်းဆိုသလိုပင် နတ်ဆိုးသားရဲတပ်မှူးများက ကျောင်းတော်တပည့်များကို ဝိုင်းရံလိုက်ကြသည်။
ထိုမြင်ကွင်းကိုမြင်ချိန်တွင် ကျောင်းတော်တပည့်များက ဆိုးရွားသောခံစားချက်မျိုး ရရှိလာခဲ့သည်။
သို့ရာတွင် ချင်းဖုန်က သူ၏တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"မင်းတို့က ဘာလိုချင်တာလဲ...ငါ မင်းတို့ကို ပြောလိုက်မယ်...အခုချိန်မှာ မင်းတို့က မီးထဲကို လောင်စာထည့်နေတာပဲ...ကောင်းကင်ဘုံနယ်မြေကိုလိုက်ပါခွင့် ခွဲတမ်းနေရာကို မင်းတိုက တကယ်ကြီး လက်လွတ်ခံတော့မလိုလား"
"ဟား ဟား ဟား...ငါတို့က ကောင်းကင်ဘုံနယ်မြေကိုဝင်ဖို အရမ်းခက်ခဲနေတယ်လို မင်း ထင်နေတာလား"
တောင်ပံနဂါး၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးမျိုး ထင်ဟပ်လာသည်။
"သူတို့ကို သတိလစ်မေ့မျောသွားအောင် ရိုက်လိုက်ကြစမ်း...သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဆိုးဆိုးရွားရွား မကျန်ခဲ့အောင်တော့ ဂရုစိုက်ကြ...မဟုတ်ရင် ပြန်ကောင်းအောင်ကုဖို ခက်ခဲနိုင်တယ်"
"ဟုတ်ကဲ့"
ပတ်ဝန်းကျင်ရှိ နတ်ဆိုးသားရဲတပ်မှူးများက မြေပြင်တစ်ခုလုံး တုန်ခါသွားလုမတက် အော်ဟစ်လိုက်ကြသည်။
ရုတ်ချည်းဆိုသလိုပင် အလွန်ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒက ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ပျံ့နှံသွားသည်။
"သူတို့နဲ့သေတဲ့အထိ တိုက်ခိုက်ကြရအောင်...တိုက်ပွဲဝင်ဝင်္ကပါ ဖွဲစည်းမယ်"
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကျောင်းတော်တပည့်များသည် သူတို့၏မှော်လက်နက်များကိုထုတ်ယူ၍ နတ်ဆိုးသားရဲတပ်မှူးများကို ချိန်ရွယ်လိုက်ကြ၏။
သူတို့အချင်းချင်းတိုက်ခိုက်နေစဥ်တွင် ရှုံးနိမ့်သွားပါက အများဆုံးအနေဖြင့် ရတနာများကို လက်လွတ်ဆုံးရှုးခံလိုက်ရုံသာရှိသည်။
သို့ရာတွင် သူတို့သည် နတ်ဆိုးသားရဲတပ်မှူးများနှင့် တိုက်ခိုက်ရာတွင် ရှုံးနိမ့်သွားပါက သူတို့၏အသက်များ သေဆုံးသွားနိုင်သည်။
ယခင်က အောက်ဘုံသို့ဝင်ရောက်ခဲ့သော ကျောင်းတော်တပည့်များ ပြန်လည်ရောက်ရှိလာချိန်၌ သူတို့သည် ရတနာအမြောက်အများ ရရှိခဲ့သည့်အပြင် သူတို့၏ကျင့်ကြံမှုများ အဆမတန်မြင့်တက်လာခဲ့သည်။
ဤအကြောင်းအရင်းကြောင့် နတ်ဘုရားကုန်းမြေဖွင့်လှစ်သည့်အချိန်တိုင်း မြောက်မြားစွာသောပါရမီရှင်များကို ဆွဲဆောင်နိုင်ခြင်းပင်။
သို့ရာတွင် သူတို့သည် အောက်ဘုံ၌ တော်လှန်ပုန်ကန်မှုများရှိနေသည်ဟု တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဘူးချေ။
အောက်ဘုံမှနတ်ဆိုးသားရဲများသည် မည်သည့်အရာကိုအခြေခံ၍ ဤမျှထိ ယုံကြည်ချက်ပြင်းပြစွာ လုပ်ဆောင်နေကြသနည်း....
ဤအချိန်အခိုက်အတန့်တွင် ကျောင်းတော်တပည့်များသည် အလွန်ကြီးမားသော ဖိအားအရှိန်အဝါကို ခံစားနေရ၏။
ဤဖိအားအရှိန်အဝါသည် သူတို့၏ရှေ့ရှိ နတ်ဆိုးသားရဲများထံမှ မြစ်ဖျားခံ၍လာခြင်းမဟုတ်ဘဲ နတ်ဘုရားကုန်းမြေတစ်ခုလုံး၏ခြိမ်းခြောက်နိုင်မှုမှ ထွက်ပေါ်လာခြင်းပင်။
သူတို့ရှေ့ရှိနယ်မြေသည် ယခင်က သူတို့ အထက်ဆီးဆန်စွာဆက်ဆံခဲ့ကာ နင်းခြေ၍ရခဲ့သော နတ်ဘုရားကုန်းမြေမျိုးမဟုတ်တော့ဘဲ ပြောင်းပြန်လှန်လိုက်သည့်အလား ပြောင်းလဲသွားသည်ဟု သူတို့ ခံစားမိသည်။