← Chapters

အခန်း (၂၄၇၁-၂၄၇၅)

Vol. 127 Ch. 2471-2475

အခန်း (၂၄၇၁-၂၄၇၅)

Vol. 127 Ch. 2471-2475

Chapter 2471

နတ်ဆိုးသားရဲတပ်မှူးများသည် ကောင်းကင်ဘုံနယ်မြေမှလူများ ခုခံရန်ကြိုးစားနေသည်ကိုကြည့်ပြီး သူတို့၏မျက်နှာများပေါ်၌ သရော်တော်တော်အပြုံးမျိုး ထင်ဟပ်လာသည်။

"မင်းတို့ရဲ့တိုက်ပွဲအတွေ့အကြုံက အရမ်းညံဖျင်းတယ်...မင်းတိုက ကောင်းကင်ဘုံနယ်မြေက အရင်းအမြစ်ကောင်းတွေကို ဖြုန်းတီးနေကြတာပဲ"

နွားရိုင်းနတ်ဆိုး၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ရှိနေသည်။သူက ရှေ့သို့တဟုန်ထိုးပြေးဝင်ကာ သူ့ရှေ့ရှိ ကျောင်းတော်တပည့်များထံဦးတည်၍ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ဘုန်း...ဘုန်း...ဘုန်း...

နွားရိုင်းနတ်ဆိုးသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးလာခြင်းဖြစ်ကာ သူ ခြေတစ်လှမ်းလှမ်းလိုက်ချိန်တိုင်း မြေပြင်မှနေ၍ တုန်ခါသံကြီးများ ထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်သည် ယခင်ကတည်းက အလွန်ကြီးမားကာ တဟုန်ထိုးပြေးလာသော အရှိန်အဟုန်နှင့်ပေါင်းစပ်လိုက်ချိန်တွင် ကျောင်းတော်တပည့်များသည် တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါကို ခံစားလိုက်ရ၏။

"နက်နဲသိမ်မွေ့ ယင်နတ်ဘုရားကျိန်စာ"

ကျောင်းတော်တပည့်များ အလွန်ထိတ်လန့်တုန်လှုပ်နေသည်။ထိုနောက် သူတို့သည် သူတို့၏လက်ချောင်းများကို ကိုက်ဖောက်ကာ လေထုအတွင်း၌ အဆောင်သင်္ကေတတစ်ခုကို ရေးဆွဲလိုက်ကြသည်။

ထိုအဆောင်သင်္ကေတသည် ရွှေရောင်တောက်ပနေပြီးနောက် ရွှေရောင်အလင်းတန်းများဖြာထွက်လာကာ နွားရိုင်းနတ်ဆိုးထံသို့ ပြင်းပြင်းထန်ထန် တိုးဝင်သွားသည်။

"ဒါက ဘယ်လိုသောက်ရေးမပါတဲ့ မှော်မန္တန်မျိုးလဲ...ငါ ဒါကို ချိုးဖျက်ပြမယ်"

နွားရိုင်းနတ်ဆိုးသည် သူ့ထံသို့ အလင်းတန်းများ ချဥ်းကပ်လာသည်ကို မြင်တွေ့သော်လည်း သူ၏မျက်နှာပေါ်၌ မည်သည့်ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်မျှ ရှိမနေချေ။

သူက ခန္ဓာကိုယ်ကိုညွှတ်ကွေး၍ သူ၏ခွန်အားများကို စုစည်းလိုက်၏။

အကယ်၍ တစ်စုံတစ်ယောက်မှနေ၍ အနီးကပ်ကြည့်ရှုပါက နွားရိုင်းနတ်ဆိုး၏လက်များ အနီရောင်သို့ ပြောင်းလဲသွားခြင်းကို တွေ့မြင်ရပေမည်။သူ၏လက်မောင်းမှကြွက်သားများ ဖောင်းကြွလာကာ အနက်ရောင်သွေးကြောများ ယှက်သိုင်းနေခြင်းကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။

"နွားရိုင်းနတ်ဆိုး အာဏာရှင်လက်သီး"

အဆောင်သင်္ကေတမှအလင်းတန်းများ သူ၏အနီးသို့ ရောက်ရှိလာချိန်တွင် နွားရိုင်းနတ်ဆိုးက ပြင်းထန်သောလက်သီးတစ်ချက်ကို ထိုးနှက်လိုက်သည်။

နွားရိုင်းနတ်ဆိုး၏ရှေ့ရှိလေဟာနယ် ရုတ်တရက် ပြင်းထန်စွာ တွန့်ခေါက်သွားလေ၏။

ဘုန်း...

နောက်ဆုံး၌ နွားရိုင်းနတ်ဆိုး၏လက်သီးချက်က ရွှေရောင်အလင်းတန်းများပေါ်သို ကျရောက်သွားသည်။

ထိုအဆောင်သင်္ကေတသည် အလွန်အစွမ်းထက်ပုံရသော်လည်း နွားရိုင်းနတ်ဆိုး၏လက်သီးချက်မှ ထွက်ပေါ်လာသော အားလှိုင်းအရှိန်၏ ပိတ်ဆို့ဟန့်တားမှုကြောင့် ပျက်ပြယ်သွားကာ သူ့ထံသို့ တစိုးတစိမျှပင် ကျရောက်သွားခြင်း မရှိတော့ချေ။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ကျောင်းတော်တပည့်များ၏မျက်လုံးများ ပြူးကျယ်နေကာ သူတို့ရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်စွာ စူးစိုက်ကြည့်နေကြသည်။

ကျောင်းတော်အတွင်းတွင် စီနီယာတပည့်များ၏တိုက်ခိုက်မှုစွမ်းရည်များအနက် သူတို့၏မှော်မန္တန် အဆောင်သင်္ကေတများသည် အလွန်အစွမ်းထက်သောအဆင့်မျိုး၌ ရှိနေသည်။

သို့ရာတွင် နွားရိုင်းနတ်ဆိုး၏ ခေါင်းအစခြေအဆုံး မာကျောထူထပ်သော သံချပ်ကာနှင့် လွှမ်းခြုံထားပုံရကာ မည်သည့်မှော်မန္တန်စွမ်းအားမဆို သူ၏အနားသိုချဥ်းကပ်နိုင်ရန် လွန်စွာခက်ခဲသည်။

နွားရိုင်းနတ်ဆိုးက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။

"မင်းတို့က ဒီလောက်ညံဖျင်းတဲ့ အရည်အချင်းနဲ့....ငါတို့ရှေ့မှာလာပြီး မောက်မာဝံ့တယ်ပေါ့လေ...မင်းတို့က ကောင်းကင်နဲ့မြေကြီးရဲ့ အတိမ်အနက်ကို မသိတဲ့ကောင်တွေပဲ"

နွားရိုင်းနတ်ဆိုးနှင့် တခြားနတ်ဆိုးသားရဲတပ်မှူးများ ရှေ့သို့လျှောက်လှမ်းလာသည်ကိုမြင်ချိန်တွင် ကျောင်းတော်တပည့်များ ထိတ်လန့်ကြောက်ရွံနေကြကာ ထိတ်ထိတ်ပျာပျာဖြစ်သွားကြသည်။

"မြန်မြန်...ဝင်္ကပါပုံစံဖွဲစည်းကြ...ဝင်္ကပါပုံစံ ဖွဲစည်းကြတော့"

သူတို့အားလုံးက အလျင်စလိုဖြင့် ဓားဝင်္ကပါတစ်ခုကို ဖွဲစည်းလိုက်ကြ၏။

သို့ရာတွင် သူတို့သည် ယခင်က အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖူးခြင်းမရှိချေ။သူတို့သည် အချိန်တိုအတွင်း၌ ဝင်္ကပါတစ်ခုကို ဖွဲစည်းနိုင်ခဲ့သည့်တိုင် ဟာကွက်များ အားနည်းချက်များဖြင့် ပြည့်နှက်နေသည်။

ဘုန်း...ဘုန်း...ဘုန်း...

တိုက်ပွဲစတင်ပြီး မကြာမီမှာပင် ကျောင်းတော်တပည့်များ အရေးနိမ့်စပြုလာသည်။

နတ်ဆိုးသားရဲတပ်မှူးများ၏ ဝိုင်းရံထားခြင်း ခံရသည်ကိုကြည့်ပြီး ချင်းဖုန်၏စိတ်နှလုံးသားအတွင်း၌ သေရေးရှင်ရေးအခြေအနေမျိုးသို့ ကျရောက်နေကြောင်း ခံစားမိလေ၏။

ချင်းဖုန်က ရုတ်တရက် ထျန်းသခင်လေးကို မျက်စပစ်ပြလိုက်သည်။တစ်ဖက်လူကလည်း သူ၏ဆိုလိုရင်းကို ချက်ချင်းနားလည်သဘောပေါက်သွားခဲ့သည်။

"ဂျူနီယာညီလေးတို့...ငါတို့ စစ်ကူသွားရှာအုံးမယ်...မင်းတို့ တောင့်ခံထားကြအုံး"

ချင်းဖုန်က ချာခနဲလှည့်ထွက်ကာ ထွက်ပြေးသွားတော့သည်။

ထျန်သခင်လေးသည် ဤနေရာ၌ ဆက်၍မနေလိုသဖြင့် ချင်းဖုန်၏နောက်မှ အလျှင်အမြန် ကပ်လိုက်သွားလေ၏။

သူတို့နှစ်ယောက်သည် သူတို့၏ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်များကို အဆုံးစွန်ဆုံးအဆင့်ထိ ထုတ်ဖော်အသုံးပြုထားကြသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့နှစ်ယောက်သည် ပုံရိပ်ယောင်များအဖြစ်ဖြင့် ကျောက်တုံးတံခါးထံသို့ တဟုန်ထိုးပြေးထွက်သွားသည်။

ထိုလူနှစ်ယောက်သည် ရုတ်တရက်ဆန်စွာ ပြုမူလှုပ်ရှားသွားခြင်းဖြစ်သဖြင့် ကျောင်းတော်မှတခြားတပည့်များနှင့် နတ်ဆိုးသားရဲတပ်မှူးများ အချိန်မီတုံ့ပြန်နိုင်ခဲ့ခြင်းမရှိချေ။

"သေသင့်တဲ့ကောင်တွေ...ဒီကိစ္စကို ဘယ်တော့မှကြေအေးမပေးဘူးလို့ ငါ ကျိန်ဆိုတယ်"

စွန့်ပစ်ခံခဲ့ရသော ကျောင်းတော်တပည့်များသည် အလွန်အမင်း ဒေါသထွက်နေကြ၏။

ဤသည်က အဆုံးစွန်ဆုံးထိ အရှက်မဲ့သောကိစ္စပင်။

နတ်ဆိုးသားရဲတပ်မှူးများသည် ချင်းဖုန်တို့နှစ်ယောက် ထွက်ပြေးသွားခြင်းကိုမြင်ချိန်တွင် မျက်မှောင်ကြုတ်လိုက်ကြသည်။

နွားရိုင်းနတ်ဆိုးက မေးမြန်းလိုက်သည်။

"ငါတို့ အဲ့ဒီကောင်နှစ်ကောင်ကို ပြန်လိုက်ဖမ်းကြမလား"

Chapter 2472

တောင်ပံနဂါးက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒါက ပြဿနာမရှိဘူး...သူတို့ကို ပြေးခွင့်ပေးလိုက်...တစ်ယောက်ယောက်က သူတို့ကို ဂရုစိုက်လိုက်လိမ့်မယ်"

နွားရိုင်းနတ်ဆိုးသည် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် သရော်ပြုံးပြုံးကာ ကြွင်းကျန်နေသော ကျောင်းတော်တပည့်များနှင့် ဆက်လက်၍ ရင်ဆိုင်တိုက်ခိုက်လိုက်တော့သည်။

တခြားတစ်ဖက်တွင်...

ချင်းဖုန်နှင့်ထျန်းသခင်လေးတို့သည် သွေးရူးသွေးတန်းဖြင့် ကျောက်တုံးတံခါးထံသို့ တဟုန်ထိုးပြေးထွက်ခဲ့ကြ၏။

ပြင်ပတွင် ဖူချန်းချင်းမတ်တတ်ရပ်နေသည်ကိုမြင်ချိန်တွင် သူတို့နှစ်ယောက် အပျော်လွန်သွားသည်။

ဖူချန်ချင်းသည် အားနည်းပြီး အသုံးမဝင်သူဖြစ်နေပါစေ အနည်းဆုံးအနေဖြင့် သူသည် သိုင်းသူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင်။

သူတို့၏နံဘေးတွင် လူသားမျိုးနွယ်ဘက်မှလူတစ်ယောက် ပိုရှိနေသရွေ့ သူတို့အတွက် အနည်းငယ်ဘေးကင်းလုံခြုံသွားပေမည်။

"ဖူချန်ချင်း...ဘာတွေ ဖြစ်နေတာလဲ...ဘာလို့ နတ်ဆိုးသားရဲတွေက ဒီနေရာမှာ ထွက်ပေါ်လာတာလဲ"

ချင်းဖုန်က ဒေါသတကြီး အော်ငေါက်လိုက်၏။

နတ်ဆိုးသားရဲတပ်မှူးများနှင့် ရင်ဆိုင်ရချိန်တွင် ချင်းဖုန်သည် ငြိမ်ကုပ်နေကာ မည်သည့်စကားတစ်ခွန်းမျှ မဆိုဝံ့ချေ။

သို့ရာတွင် သူသည် ဖူချန်ချင်းနှင့်ဆက်ဆံရာ၌ ကွဲပြားခြားနားနေသည်။

သူသည် ကောင်းကင်ဘုံနယ်မြေမှ သူတော်စင်သံတမန်တစ်ယောက်ပင်။အောက်ဘုံမှကျင့်ကြံသူများနှင့် ပြောဆိုဆက်ဆံရာ၌ သူ မောက်မာဝံ့ကြွားသည်မှာ သဘာဝကျသောကိစ္စပင်။

ထိုပြင် ဖူချန်ချင်းသည် ချင်းဖုန်ကို မြင်တွေ့ချိန်တိုင်း အမြဲတစေနာခံရိုကျိုးနေသဖြင့် သူ၏မောက်မာဝံ့ကြွားမှု ပို၍လွန်ကဲလာပေ၏။

ဖူချန်ချင်း၏မျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခုရှိနေသည်။

"အမ်...နတ်ဆိုးသားရဲတွေ ရောက်လာကြတာလား"

"မင်း ဘာတွေပြောနေတာလဲ...မင်းရဲ့လူတွေကို မြန်မြန်ခေါ်ပြီး အဲ့ဒီနတ်ဆိုးသားရဲတွေကို မောင်းထုတ်စမ်း"

ချင်ဖုန်းက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

"သူတော်စင်သံတမန်တို့...ဘာမှစိုးရိမ်ပူပန်နေစရာ မလိုပါဘူး...ငါက အစကတည်းက ကြိုပြီးပြင်ဆင်ထားပြီးပြီ"

ဖူချန်ချင်း၏စကားအဆုံးသတ်သွားချိန်တွင် သူ၏နောက်သို့ ကျင့်ကြံသူခုနစ်ယောက် ရှစ်ယောက်ခန့် ရောက်ရှိလာသည်။

ထိုကျင့်ကြံသူတစ်ယောက်ခြင်းစီသည် သိုင်းသူတော်စင်နှောင်းပိုင်းအဆင့်ခွန်အားမျိုးရှိသည်။သူတို့အနက်မှ တချို့ဆိုလျှင် သိုင်းသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။

ဤကျင့်ကြံသူများသည် လူသားမျိုးနွယ်၏အမာခံကျောရိုးများပင်။

သူ့ရှေ့တွင်ရှိနေသော လူသားမျိုးနွယ်ဘက်မှ အစွမ်းထက်ကျင့်ကြံသူများကိုကြည့်ပြီး ချင်းဖုန်က အပျော်လွန်သွားသည်။

"ကောင်းတယ်...မင်းတို့ကောင်တွေ အထဲကိုမြန်မြန်ဝင်ပြီး ကျန်တဲ့သူတွေကို ကယ်ခဲ့ကြတော့...မြန်မြန်သွားကြစမ်း"

ဤလူများ၏ကူညီထောက်ပံမှုနှင့်ဆိုပါက ထိုနတ်ဆိုးသားရဲများ အလွန်အကျူး အတင့်ရဲနိုင်မည်မဟုတ်ချေ။

ချင်းဖုန်၏စကားအဆုံးသတ်သွားသော်လည်း ဖူချန်ချင်းက လှုပ်ရှားခြင်းမရှိပေ။

သူ၏နောက်ရှိ ကျင့်ကြံသူများကလည်း ချင်းဖုန်၏စကားကို မကြားသည့်အလား နေရာမှာပင် မလှုပ်မယှက် မတ်တတ်ရပ်နေကြသည်။

ချင်းဖုန်က ဒေါသတကြီး အော်ဟစ်လိုက်၏။

"မင်းတို့ ငါပြောတာကို မကြားကြဘူးလား"

ထျန်းသခင်လေးက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ဖူချန်ချင်း...တကယ်လို့ မင်းက နတ်ဆိုးမျိုးနွယ်တွေရဲ့လက်ထဲက ငါတို့လူတွေကို ကယ်ထုတ်ပေးနိုင်မယ်ဆိုရင်...ငါတို့ မင်းကို ကောင်းကင်ဘုံနယ်မြေဆီ ခေါ်သွားပေးဖို သဘောတူတယ်"

ဖူချန်ချင်း၏မျက်နှာသည် ယခင်နှင့်မတူဘဲ ပြောင်းလဲနေသည်ကို သူတိုနှစ်ယောက်က သတိပြုမိခြင်းမရှိချေ။

မူလက သူ၏မျက်နှာပေါ်ရှိ အလွန်ရိုသေလေးစားနေသောအမူအယာမှသည် တဖြည်းဖြည်း ရက်စက်ကြမ်းကြုတ်မှုနှင့်ကောက်ကျစ်ယုတ်မာသော အသွင်မျိုးသို့ ပြောင်းလဲသွားခဲ့သည်။

"ကြည့်ရတာတော့ နတ်ဆိုးမျိုးနွယ်က ငါတို့ထက် ခြေတစ်လှမ်းဦးသွားပုံပဲ...ငါတို့ နောက်ကျသွားတယ်"

ထိုနောက် ဖူချန်ချင်းက ချင်းဖုန်နှင့်ထျန်းသခင်လေးတို့ကို စုန်ချည်ဆန်ချည်ကြည့်ကာ ပြောဆိုလေ၏။

"မင်းတို့နှစ်ယောက်နဲ့လည်း အဆင်ပြေပါတယ်...ကြည့်ရတာတော့ မင်းတို့နှစ်ယောက်က ကောင်းကင်ဘုံနယ်မြေမှာ အဆင့်အတန်းမြင့်မားတဲ့ပုံပဲ...ငါတို့က ကံကြမ္မာကောင်းတစ်ခုရသွားတယ်လို ယူဆနိုင်တယ်"

ဝှစ်...ဝှစ်...ဝှစ်...

ဖူချန်ချင်း၏နောက်မှကျင့်ကြံသူများက ရှေ့သိုခုန်ထွက်လာကြသည်။

ဤမြင်ကွင်းကိုမြင်ချိန်တွင် ချင်းဖုန်သည် မည်မျှပင် စိတ်ကြီးဝင်မောက်မာသူဖြစ်ပါစေ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သိနားလည်သွားပေ၏။

"ဖူချန်ချင်း...မင်းတို့က ပုန်ကန်ဝံ့တာလား...ကောင်းကင်ဘုံနယ်မြေက မင်းတို့နယ်မြေကို ဖျက်ဆီးလိုက်မှာကို မင်းတို မကြောက်ဘူးလား"

ချန်းဖုန်က ဒေါသတကြီးအော်ဟစ်၍ ခြိမ်းခြောက်လေသည်။

မမျှော်လင့်ဘဲ ဖူချန်ချင်းက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။

"မင်းလို...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က တပည့်လေးတစ်ယောက်အတွက်နဲ့...ငါတို့ရဲ့နတ်ဘုရားကုန်းမြေကို ဖျက်ဆီးခံရမှာတဲ့လား...ရယ်စရာတွေ မပြောစမ်းနဲ့...ဒီနတ်ဘုရားကုန်းမြေက ငါတို့ကို သူတော်စင်ကိုယ်တိုင် ချီးမြှင့်ပေးထားတာ...တကယ်လို့ မင်းတိုကျောင်းတော်ရဲ့ကျောင်းအုပ်ကြီးကိုယ်တိုင် ရောက်လာရင်တောင် ငါတို့နယ်မြေကိုဖျက်ဆီးဖို အရည်အချင်းမပြည့်မီဘူး...မင်းတို့ အေးအေးဆေးဆေးအသေခံတာ ပိုကောင်းလိမ့်မယ်"

ဘာ....

ချင်းဖုန်နှင့်ထျန်းသခင်လေးတို့၏ စိတ်နှလုံးသားများ တုန်ရီသွားသည်။

ဖူချန်ချင်းသည် ကောင်းကင်ဘုံနယ်မြေနှင့်ပတ်သတ်သော ကိစ္စများကို သိရှိနေမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

ဖူချန်ချင်းသည် ချင်းဖုန်တို့အား ကျောင်းတော်မှတပည့်များဟူသောအချက်ကို သိနေရုံသာမက သူတို့၏အစစ်အမှန်ခွန်အားကိုလည်း ထုတ်ဖော်ပြသလိုက်လေပြီ။

ဤသည်က အမှန်ပင်။နတ်ဘုရားကုန်းမြေတွင် အကယ်၍ သူတော်စင်၏အမိန့်မရှိပါက သူတို့ထံတွင် ရင်ဆိုင်ဖြေရှင်းနိုင်သော အရည်အချင်းမျိုးမရှိချေ။

Chapter 2473

"မင်းတို့လို ပုပ်ပွနေတဲ့ပုစွန်ဦးနှောက်နဲ့ကောင်တွေက...ငါ့ကို ဟန့်တားချင်တာလား...အိမ်မက်မက်မနေနဲ့"

ချင်းဖုန်က အေးစက်စက်နှာတစ်ချက်မှုတ်၍ သူ၏လက်ကိုမြှောက်လိုက်ရာ ရွှေရောင်ခေါင်းလောင်းကြီးတစ်လုံး ထွက်ပေါ်လာသည်။ကျယ်လောင်သောခေါင်းလောင်းသံက အရပ်မျက်နှာအဘက်ဘက်သို ပဲ့တင်ထပ်ပျံနှံသွားသည်။

ဒေါင်...

ထိုခေါင်းလောင်းသံသည် အနီးရှိ ကျောက်တုံးတံခါးပေါ်သို့ကျရောက်သွားလေ၏။သို့ရာတွင် ပတ်ဝန်းကျင်ရှိလေဟာနယ်တွင် လှိုင်းဂယက်များထလာသည်။သူတို့၏ရှေ့တွင် မမြင်နိုင်သောအတားအဆီးတစ်ရပ်ရှိနေပုံရကာ ထိုခေါင်းလောင်းသံသည် မူလလမ်းကြောင်းမှ သွေဖည်သွားခဲ့သည်။

ဒေါင်...ဒေါင်...ဒေါင်...

ခေါင်းလောင်းသံသည် ပတ်ဝန်းကျင်နေရာတဝိုက်၌ ဆက်လက်၍ပဲ့တင်ထပ်နေသော်လည်း ဖူချန်ချင်းတို့လူစုပေါ်သို့ အနည်းငယ်မျှပင် သက်ရောက်ခြင်းမရှိချေ။

ဤနေရာပတ်ဝန်းကျင်ကို ဝင်္ကပါအလွှာတစ်လွှာက ထပ်မံ၍ လွှမ်းခြုံထားလေပြီ။

ဤဝင်္ကပါရှိနေခြင်းကြောင့် ချင်းဖုန်၏မှော်နည်းစနစ်သည် ဝင်္ကပါအလွှာ၏ပြင်ပသို့ သက်ရောက်နိုင်ခြင်းမရှိချေ။

ချင်းဖုန်က သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။

"ဒါဆိုရင်...ကျောက်တုံးတံခါးရဲ့နံဘေးပတ်လည်က ဝင်္ကပါက မင်းတို့ကောင်တွေရဲ့လက်ချက်ပေါ့...ကံဆိုးချင်တော့ မင်းတို့က ပစ်မှတ်မှားပြီး ရှာမိတာပဲ...ငါက ဝင်္ကပါပညာရှင်ရဲ့တပည့်တစ်ယောက်...ဒီဝင်္ကပါကို အချိန်ခဏလေးနဲ့ ချိုးဖျက်နိုင်တယ်"

ထိုစကားဆုံးသည်နှင့် သူက ဓားပျံတချိုကိုဆင့်ခေါ်ကာ ကျောက်တုံးတံခါး၏နံဘေးပတ်လည်သို့ ပစ်လွှတ်လိုက်၏။

ဒေါင်...ဒေါင်...ဒေါင်...

ခပ်အုပ်အုပ်အသံတချိုထွက်ပေါ်လာသော်လည်း ကျောက်တုံးတံခါးသည် အကောင်းပကတိရှိနေကာ အနည်းငယ်မျှပင် လှုပ်ခတ်သွားခြင်းမရှိချေ။

"ဘာလဲ...မင်းတို့က ဝင်္ကပါကို ပြောင်းလဲလိုက်တာလား"

ချင်းဖုန်က မျက်မှောင်ကြုတ်လိုက်သည်။

အချိန်တခဏကြာ လေ့လာဆန်းစစ်ပြီးနောက် ချင်းဖုန်က ဓားပျံများကို ထပ်မံ၍အသုံးပြုကာ ကျောက်တုံးတံခါး၏နံဘေးပတ်လည်ရှိ နေရာတချိုကို ထိုးစိုက်သွားစေသည်။

ခပ်အုပ်အုပ်အသံများ ထပ်မံ၍ထွက်ပေါ်လာသည့်တိုင် ဤတစ်ကြိမ်တွင်လည်း ကျောက်တုံးတံခါးသည် မည်သည့်လှုပ်ခတ်မှုမျိုးမျှမရှိချေ။

ချင်းဖုန်သည် အချိန်အတော်ကြာ တွက်ချက်၍ လုပ်ဆောင်နေသော်လည်း အဆုံးသတ်၌ သူ့ရှေ့ရှိဝင်္ကပါကို ချိုးဖျက်နိုင်ခြင်းမရှိပေ။

"မင်းက ဝင်္ကပါပညာရှင်ဆီက သင်ယူထားတာမလား...ဒီဝင်္ကပါကို မြန်မြန်ချိုးဖျက်တော့လေ"

ဤအချိန်အခိုက်အတန့်တွင် ထျန်းသခင်လေးသည် အလွန်အမင်း စိုးရိမ်ပူပန်နေသဖြင့် အလျင်စလို ပြောဆိုလိုက်၏။

"ဘာမှ မစိုးရိမ်နဲ့...ဒီတစ်ကြိမ်တော့ ငါ ဝင်္ကပါကို သေချာပေါက် ချိုးဖျက်နိုင်လိမ့်မယ်"

ချင်းဖုန်က ဓားပျံများကိုထပ်မံ၍ ဆင့်ခေါ်ကာ သူ့ကိုယ်သူယုံကြည်ချက်ရှိစွာဖြင့် ကျောက်တုံးတံခါးအနီးရှိ နေရာတချို့သို ထပ်မံ၍ပစ်လွှတ်လိုက်သည်။

ဒေါင်...ဒေါင်...ဒေါင်...

ခပ်အုပ်အုပ်အသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ဤတစ်ကြိမ်တွင် ကျောက်တုံးတံခါးနောက်ရှိဝင်္ကပါကြီး ရွေ့လျားသွားခဲ့သည်။

ချင်းဖုန်က ဝမ်းသာအားရ ပြောဆိုလိုက်သည်။

"ဟား ဟား ဟား...ဒါက ဘယ်လိုသောက်သုံးမကျတဲ့ ဝင်္ကပါမျိုးလဲ...ငါက ဒါကို အလွယ်တကူ ချိုးဖျက်နိုင်တယ်"

ဖူချင်းချန်က သရော်တော်တော်အကြည့်ဖြင့် ချင်းဖုန်ကိုကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ငါ မင်းလိုငတုံးငအမျိုး ဘယ်တုန်းကမှ မမြင်တွေ့ဖူးဘူး...ငါက မင်းတို့ကို ဒီနေရာဆီမျှားခေါ်ဖိုအတွက် အရိုးရှင်းဆုံးဝင်္ကပါကို အထူးသီးသန့်ရွေးချယ်ထားခဲ့တာ....မင်းက ဒါကိုတောင် မချိုးဖျက်နိုင်ဘူးဆိုတာကိုတော့ ငါ တကယ်ကို မျှော်လင့်မထားမိဘူး"

"တကယ်လို့ ငါသာ ဒီဝင်္ကပါကို တမင်သက်သက်ဖွင့်မပေးခဲ့ဘူးဆိုရင်...မင်းတို့ကောင်တွေ အထဲကိုဝင်နိုင်မယ်လို ထင်နေတာလား"

ဘာ...

ချင်းဖုန်၏မျက်လုံးများ ပြူးကျယ်သွားကာ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မဖြစ်နိုင်ဘူး...ဒီဝင်္ကပါကို ငါ ချိုးဖျက်ခဲ့တယ်ဆိုတာ အသိသာကြီးလေ"

ယခုလက်ရှိချိန်ထိတိုင် သူသည် ဝင်္ကပါကိုချိုးဖျက်နိုင်ခဲ့သည်ဟု ယုံကြည်နေဆဲပင်။

ဖူချန်ချင်းက စကားထပ်မံပြောဆို၍ အချိန်ဖြုန်းခြင်းမပြုတော့ဘဲ သူ၏လူများနှင့်အတူ ချင်းဖုန်၏ရှေ့သို့ လျှောက်လှမ်းသွားလေသည်။

သူ၏နောက်ရှိ ဝင်္ကပါကြီးက တဖန်ပြန်၍ ပိတ်ဆို့သွားလေပြီ။ထိုနောက် ဝင်္ကပါမှ ထွက်ပေါ်နေသော အလင်းတန်းများက လေဟာနယ်အတွင်း၌ တဖျတ်ဖျတ်တောက်ပနေသည်။

ချင်းဖုန်သည် ဝင်္ကပါကို ချိုးဖျက်နိုင်ခဲ့ခြင်းမရှိဘဲ ဖူချန်ချင်းကိုယ်တိုင် ဖွင့်ခဲ့ခြင်းသာဖြစ်ကြောင်း သိသာထင်ရှားသွားသည်။

"အမှိုက်ကောင်...."

ထျန်းသခင်လေးက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။

သူသည် ယခင်က ချင်းဖုန်ကို ပါရမီရှင်တစ်ယောက်ဟု တွေးထင်ခဲ့သည်။သို့ရာတွင် ချင်းဖုန်သည် စကားကြီးစကားကျယ်သာပြောတတ်သော အရူးတစ်ကောင်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

ယခုလက်ရှိချိန်တွင် သူသည် ချင်းဖုန်၏နောက်သို့လိုက်ခဲ့မိသဖြင့် သေဆုံးရတော့မည့်အချိန်ကို ဤနေရာ၌ စောင့်ဆိုင်းနေရလေပြီ။

"ဘာတွေ ရေးကြီးခွင်ကျယ်လုပ်နေတာလဲ...ဒါက အမှားအယွင်းလေးတစ်ခုလေ...ဝင်္ကပါပညာရှင်တိုင်း အမှားလုပ်ခဲ့ကြတာပဲ"

ချင်းဖုန်က ထိုကိစ္စကို များစွာအလေးအနက်ထားပုံမရချေ။

"ပြီးတော့ သူတို့က ပုရွက်ဆိတ်အဆင့်ပဲရှိတဲ့ကောင်တွေ...ငါတစ်ယောက်တည်းနဲ့ သူတို့အားလုံးကို သတ်ဖြတ်နိုင်တယ်"

ထိုနောက် ချင်းဖုန်က ဖူချန်ချင်းကိုလက်ညှိးညွှန်၍ မောက်မာဝံ့ကြွားစွာ ပြောဆိုလိုက်သည်။

"ငါ တစ်ယောက်တည်းလှုပ်ရှားရင် အချိန်ကြာနေအုံးမယ်...မင်းနဲ့ငါ အတူပူးပေါင်းတိုက်ခိုက်ပြီးတော့ အချိန်ကို ချွေတာကြရအောင်"

ဖူချန်ချင်းက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။ရုတ်တရက် သူ၏လက်အတွင်း၌ ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။

ချင်းဖုန်၏စကား အဆုံးမသတ်သေးမီမှာပင် ဖူချန်ချင်းက သူ၏ဓားရှည်ကို ပျံဝဲသွားစေသည်။

ဝှစ်...

ဖူချန်ချင်းက စတင်၍တိုက်ခိုက်လာသည်ကိုကြည့်ပြီး ချင်းဖုန်သည် ထိတ်လန့်တုန်လှုပ်သွားကာ သူ၏ရွှေရောင်ခေါင်းလောင်းကို အလျှင်အမြန်ဆင့်ခေါ်လိုက်၏။

Chapter 2474

ဒေါင်ခနဲအသံနှင့်အတူ ချင်းဖုန်သည် သူ၏ရွှေရောင်ခေါင်းလောင်းမျက်နှာပြင်မှလာသော မကြုံစဖူး တုန်ခါမှုလှိင်းများကို ရုတ်တရက်ခံစားမိသည်။

ဤစွမ်းအားလှိုင်းမျိုးသည် သူ မျှော်မှန်းထားသည်ထက် များစွာပို၍ ကျော်လွန်နေသဖြင့် သူထံ၌ ကြိုတင်ပြင်ဆင်ထားခြင်းမရှိချေ။

သူ၏လက် ထုံကျင်လာပြီးနောက် ရွှေရောင်ခေါင်းလောင်းကို ကျစ်လစ်သိပ်သည်းအောင် ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ပေ။ထိုအရာ၏မျက်နှာပြင်ပေါ်၌ အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။

တောင်....တောင်....တောင်...

ချင်းဖုန်၏မှော်စွမ်းအားများမှ အပြည့်အဝထိန်းချုပ်နိုင်ခြင်း မရှိတော့သဖြင့် ခေါင်းလောင်းသံသည် ယခင်ကဲ့သို့ ကျယ်လောင်ခြင်းမရှိတော့ချေ။ထိုအစား ခေါင်းလောင်းသံသည် သာမာန်တူရိယာပစ္စည်းတစ်ခုကို တီးခတ်လိုက်သည့်အလား မသဲမကွဲအသံတစ်သံသာ ထွက်ပေါ်လာတော့သည်။

ရုတ်ချည်းဆိုသလိုပင် ချင်းဖုန်၏အားအကောင်းဆုံးမှော်နည်းစနစ်မှစွမ်းအားများ ဆုံးရှုံးသွားလေပြီ။

"ဒါက မင်း အရမ်းအစွမ်းထက်တယ်ဆိုပြီး အမွှန်းတင်နေတဲ့ မှော်နည်းစနစ်လား...ဒါပေမယ့် ထင်သလောက်လည်း မဟုတ်ပါဘူး...မင်းရဲ့မောက်မာမှုတွေက ဘယ်နေရာကနေ ထွက်ပေါ်လာတယ်ဆိုတာ ငါ တကယ်ကို မသိတော့ဘူး"

ဖူချန်ချင်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

ဖူချန်ချင်းသည် ပထမဆုံးအကြိမ် သူတို့နှင့်တွေ့ဆုံခဲ့စဥ်က အလွန်နာခံရိုကျိုးစွာ ပြောဆိုဆက်ဆံခဲ့သည်။

ကျောင်းတော်မှတပည့်များ၏အမြင်တွင် ဤသည်က အောက်ဘုံမှလူများသည် ကောင်းကင်ဘုံနယ်မြေမှလူများကို ဆက်ဆံရာ၌ရှိရမည့် အခြေခံရိုသေလေးစားမှုပင်။

သို့ရာတွင် ကျောင်းတော်တပည့်များသည် အချက်တစ်ချက်ကို လျစ်လျှူရှုထားမိလေ၏။အောက်ဘုံအတွင်း၌ နိမ့်ပါးသောအ ခြေအနေမျိုးနှင့် နေထိုင်နေရသည့်တိုင် ဖူချန်ချင်းသည် ထျန်းသီမဟာမိတ်အဖွဲ၏ခေါင်းဆောင်ပင်။ဤကဲ့သို့အဆင့်အတန်းရှိသူတစ်ယောက်သည် မည်သည့်နည်းဖြင့် တခြားလူများကို လွယ်လင့်တကူဦးညွှတ်ကာ ရိုသေလေးစားနေမည်နည်း။

အကယ်၍ ထိုကိစ္စများကို ကောင်းကင်ဘုံနယ်မြေသို့တက်လှမ်းနိုင်ရန်အလိုငှါ လုပ်ဆောင်ခဲ့သည်ဆိုလျှင်ပင် သူ့ထံ၌ ကျင့်ကြံသူတစ်ယောက်၏ဂုဏ်ကျက်သရေ ဆုံးရှုံးသွားလေပြီ။ဤသည်က သူ၏တာအိုနှလုံးသားကို သက်ရောက်စေပြီး သူသည် အနာဂတ်၌ အောင်မြင်မှုများစွာ ရတော့မည်မဟုတ်ချေ။

ဖြစ်နိုင်ချေရှိသောတစ်ခုတည်းသော အကြောင်းအရင်းမှာ ဖူချန်ချင်းသည် အကြံအစည်တစ်ခုဖြင့် သည်းခံနေခဲ့ခြင်းပင်။

သူသည် ကောင်းကင်ဘုံနယ်မြေမှလူများကို မောက်မာဝံ့ကြွားခွင့်ပြုကာ သူတို့၏ဆင်ခြင်တွေးတောနိုင်မှုများ လျော့နည်းသွားချိန်ထိ စောင့်ဆိုင်းနေခဲ့သည်။ထိုနောက်မှသာ သူတို့သည် တစ်ချက်တည်းဖြင့် သူတော်စင်သံတမန်များကို ထိခိုက်ဒဏ်ရာရအောင် လုပ်ဆောင်နိုင်ပေမည်။

ယခုလက်ရှိချိန်၌ သူ၏အကြံအစည် အောင်မြင်သွားလေပြီ။

ချင်းဖုန်သည် သူ၏ရွှေရောင်ခေါင်းလောင်း အက်ကွဲသွားသည်ကို မြင်တွေ့ချိန်တွင် သူက ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။

သို့ရာတွင် သူက အလျှင်အမြန် အသိပြန်ဝင်လာကာ အပြုံးနှင့် ပြောဆိုလိုက်၏။

"အောက်ဘုံက ပုရွက်ဆိတ်တစ်စုကများ....ဒါက ငါ့မှာရှိတဲ့အရာအားလုံးလို မင်းတို့ ထင်နေကြတာလား"

နောက်ထပ်အချိန်အခိုက်အတန့်အတွင်းမှာပင် သူ၏လက်ဖဝါးအတွင်း၌ သွေးနီရောင်အဆောင်လက်ဖွဲ့တစ်ခု ထွက်ပေါ်လာသည်။

ထိုအဆောင်လက်ဖွဲ့ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်နေရာတဝိုက်လုံး၌ ထူထပ်သိပ်သည်းသော သွေးအငွေ့အသက်များနှင့် ပြည့်နှက်သွားသည်။ထို့နောက် ထိုသွေးအငွေ့အသက်များစုဝေးသွားကာ ချင်းဖုန်၏လက်အတွင်း၌ မှော်ခရုသင်းတစ်ခု အဖြစ် သိပ်သည်းသွားသည်။ထိုမှော်ခရုသင်း၏ထိပ်၌ အလွန်အမင်းထင်ရှားသော သွေးနီရောင်အစင်းကြောင်းများ ရှိနေသည်။

ပူ....

ချင်းဖုန်က မှော်ခရုသင်းကို မှုတ်လိုက်ရာ ပတ်ဝန်းကျင်ရှိလေဟာနယ် လှုပ်ခတ်စပြုလာပေ၏။

ဖူချန်ချင်းသည် သူ့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် သူ၏မျက်လုံးသူငယ်အိမ်ကျုံသွားကာ အသံလှိုင်းများကို ရှောင်ရှားနိုင်ရန် နံဘေးတစ်ဖက်သို့ တိမ်းရှောင်လိုက်သည်။

ထိုအသံလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံသွားကာ ပတ်ဝန်းကျင်ရှိ ဝင်္ကပါကြီးကိုပင် သက်ရောက်သွားပုံရသည်။

ဤသည်က ဖူချန်ချင်း အနည်းငယ်မျှပင် မျှော်လင့်မထားသော ကိစ္စတစ်ရပ်ပင်။

ချင်းဖုန်သည် အမှန်တကယ်ကိုပင် ဝှက်ဖဲတစ်ခု ချန်လှပ်ထားလေ၏။

"ဟား ဟား ဟား...အောက်ဘုံက ငနုံငအတွေ...မင်းတို့က ဒီလိုနယ်မြေကျဥ်းကျဥ်းလေးထဲမှာပဲ အသက်ရှင်ရုန်းကန်နေဖို ထိုက်တန်တယ်....အမြင်ကျဥ်းတဲ့ကောင်တစ်သိုက်ပဲ"

ချင်းဖုန်က အော်ဟစ်ရယ်မောကာ သရော်တော်တော် ပြောဆိုသည်။

ဖူချန်ချင်း၏မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။သိုသော် မကြာမီမှာပင် သူသည် ချင်းဖုန်၏ဟာကွက်ကို ရှာဖွေတွေ့ရှိသွားလေ၏။

အဆောင်လက်ဖွဲမှဖြစ်တည်လာသော မှော်ခရုသင်းသည် ရွှေရောင်ခေါင်းလောင်းထက် ပို၍အစွမ်းထက်ပုံရသော်လည်း ချင်းဖုန်သည် အပြည့်အဝ ကျွမ်းကျင်ပုံမရသေးချေ။

မှော်ခရုသင်း၏အသံသည် တစ်ခါတစ်ရံ ကျယ်လောင်ပြီး တစ်ခါတစ်ရံ တိုးညှင်းသွားသည်။ထိုအသံလှိုင်းများသည် ကြိုတင်ပြင်ဆင်ထားခြင်းမရှိသူများကို သတ်ဖြတ်နိုင်မည်ဖြစ်သော်လည်း သေစေနိုင်သောစွမ်းအား အမြောက်အများ မပါဝင်ချေ။

အစောပိုင်းက တိုက်ခိုက်ခံရမှုတွင် ဖူချန်ချင်းသည် သူ၏ရင်ဘတ်မှ မွန်းကြပ်လာမှုကို ခံစားရသော်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ခြင်းမရှိချေ။

"သူက စကားကြီးစကားကျယ်ပြောဖို့ပဲသိတဲ့ ငကြွားတစ်ကောင်ပဲ"

ဖူချန်ချင်းသည် ချင်းဖုန်ကို အပြည့်အဝ ထွင်းဖောက်မြင်နိုင်သွားခဲ့သည်။

ဤကိစ္စရပ်ကိုကြည့်ခြင်းအားဖြင့် သူ့ရှေ့ရှိ ချင်းဖုန်၏နည်းစနစ်များသည် အနည်းငယ်တောက်ပမှုရှိရုံမှအပ တစိုးတစိမျှပင် ထိတ်လန့်ကြောက်ရွံစရာမရှိချေ။

"ဘယ်လိုလဲ....ငါက အရမ်းအစွမ်းထက်တဲ့သူဆိုတာ မင်း အခု သိသွားပြီမလား...ငါ့အတွက် ဝင်္ကပါကို မြန်မြန်ဖွင့်ပေးစမ်း"

ချင်းဖုန်က မောက်မာဝံ့ကြွားသောလေသံဖြင့် ပြောဆိုသည်။

သူသည် ဖူချန်ချင်း၏မျက်နှာအမူအယာ ပြောင်းလဲနေသည်ကို သတိပြုမိခြင်းမရှိချေ။

ချင်းဖုန်က အနိုင်ရလဒ်ကို သူ ဆုပ်ကိုင်မိပြီဟု တွေးတောနေခဲ့သည်။ထိုအချိန်မှာပင် ဖူချန်ချင်းက ရုတ်တရက် ဓားပျံတစ်လက်ကို ပစ်လွှက်လိုက်၏။

ထိုဓားပျံသည် အပ်တစ်စင်းအလား မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လေဟာနယ်ကိုထွင်းဖောက်ကာ ချင်းဖုန်ထံသိုရောက်ရှိလာသည်။

Chapter 2475

ဒုတ်....

ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ ချင်းဖုန်၏ခန္ဓာကိုယ် ရုတ်တရက်တုန်ရီသွားကာ သူ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ထိုဓားပျံသည် သူ၏လည်မြိုကိုထိုးစိုက်မိကာ အရိုးများထိတိုင် ဖောက်ဝင်သွားလေ၏။

"အတူတူ တိုက်ခိုက်ကြစို...သူ့ဆီမှာ နည်းလမ်းတွေအများကြီးရှိနေတယ်...သူ့ကို အခွင့်အရေး မပေးနဲ့တော့"

ဖူချန်ချင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ တစ်ချိန်တည်းမှာပင် သူ၏လက်ကိုဝှေ့ယမ်း၍ ဓားပျံများကို ဆင့်ခေါ်လိုက်သည်။

သူ၏နံဘေးပတ်ဝန်းကျင်၌ ဓားပျံဆယ်လက်ကျော် ထွက်ပေါ်လာသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုဓားပျံများသည် ချင်းဖုန်ထံသိုဦးတည်၍ ပျံဝဲသွားလေ၏။

ဒုတ်...ဒုတ်...ဒုတ်....ဒုတ်...

ဓားပျံများက ချင်းဖုန်၏ခန္ဓာကိုယ်ကို ထိုးစိုက်မိသွားသောအသံများ ဆက်တိုက်ထွက်ပေါ်လာသည်။သူ၏ခန္ဓာကိုယ်ပေါ်တွင် ချက်ချင်းဆိုသလိုပင် ဒဏ်ရာများက ဇကာပေါက်များကဲ့သို ဖြစ်ပေါ်လာကာ သေဆုံးသွားတော့သည်။

"ဟီး ဟီး...ငါက စိတ်ဝိညာဥ်တွေကိုသန့်စင်တဲ့နေရာမှာ ကျွမ်းကျင်တယ်...ငါက ကောင်းကင်ဘုံနယ်မြေက သူတော်စင်သံတမန်တွေနဲ့ အောက်ဘုံကလူတွေရဲ့ စိတ်ဝိညာဥ်တွေ ဘယ်လိုကွာခြားလဲဆိုတာ သိချင်တယ်"

ဖူချန်ချင်းအနောက်ရှိ ကျင့်ကြံသူများကြားမှနေ၍ ခနော်နီခနော်နဲ့အမူအယာမျိုးဖြင့် ပိန်လှီလှီအဖိုးအိုတစ်ယောက် ထွက်လာသည်။

ထိုပိန်လှီလှီအဖိုးအို၏မျက်နှာသည် အလွန်အမင်းယုတ်မာကောက်ကျစ်သောပုံစံမျိုးရှိသည်။မည်သူမဆို ထိုအဖိုးအိုကို တစ်ချက်ကြည့်မိရုံဖြင့် သူတို့၏စိတ်နှလုံးသားအတွင်း၌ မသက်မသာဖြစ်မှုကို ခံစားရပေမည်။

ထိုအဖိုးအိုထံမှနေ၍ နတ်ဆိုးအငွေ့အသက်များကလည်း ပြင်းထန်စွာထွက်ပေါ်နေပေ၏။အဖိုးအိုက သူ၏လက်ကိုဆန့်တန်းကာ သူ၏နက်မှောင်သောလက်ညှိုးဖြင့် ချင်းဖုန်၏ရုပ်အလောင်းကို အသာအယာ မတင်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ချင်းဖုန်၏ရုပ်အလောင်းမှပါးစပ်ပွင့်ဟလာကာ အတွင်းမှနေ၍ ကျောက်စိမ်းရောင်စိတ်ဝိညာဥ်အမျှင်တန်းတစ်ခု ထွက်ပေါ်လာသည်။

ထိုစိတ်ဝိညာဥ်၏ပုံပန်းသွင်ပြင်သည် ချင်းဖုန်နှင့် တူညီပေ၏။သို့ရာတွင် သူ၏မျက်နှာပေါ်၌ အလွန်အမင်းနာကျင်မှုကို ခံစားနေရသော အမူအယာမျိုးရှိနေသည်။သူသည် ပိန်လှီလှီအဖိုးအိုကိုမြင်တွေ့ချိန်တွင် ရက်စက်ကြမ်းကြုတ်သောကျားတစ်ကောင်ကို မြင်တွေ့ရသည့်အလား ချက်ချင်းဆိုသလိုပင် ထွက်ပြေးရန်ဟန်ပြင်လိုက်သည်။

"ငါ့ရဲ့လက်ထဲကို စိတ်ဝိညာဥ်တစ်ကောင် ရောက်လာပြီးမှတော့...ဘယ်လိုလုပ်ပြီး ငါက အလွတ်ပေးနိုင်မှာလဲ"

ပိန်လှီလှီအဖိုးအိုက တီးတိုးရေရွတ်ကာ ချင်းဖုန်၏စိတ်ဝိညာဥ်မှထွက်ပေါ်လာသော ဗလုံးဗထွေးစကားများကို လျစ်လျှူရှုထားသည်။ထိုနောက် သူက ချင်းဖုန်၏စိတ်ဝိညာဥ်ကို အနက်ရောင်ခရားတစ်လုံးအတွင်းသို့ ထည့်သွင်းလိုက်၏။

ဘုန်း...ဘုန်း..ဘုန်း...

ထိုအနက်ရောင်ခရားအတွင်းမှနေ၍ ပြင်းထန်သောရိုက်ခတ်သံများ အဆက်မပြတ်ထွက်ပေါ်လာပြီးနောက် မကြာခင်မှာပင် တဖြည်းဖြည်းတိတ်ဆိတ်ငြိမ်သက်သွားသည်။

ပိန်လှီလှီအဖိုးအိုက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။

"မင်းက အချိန်ခဏလေးပဲ တောင့်ခံနိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...ကောင်းကင်ဘုံနယ်မြေရဲ့သူတော်စင်သံတမန်တွေက အောက်ဘုံကလူတွေနဲ့ နည်းနည်းတော့ကွာခြားချက်ရှိမယ်လို့ ငါ ထင်ထားခဲ့တာ ..အခုကြည့်ကြည့်တော့မှ အားလုံးအတူတူပါပဲလား"

ပတ်ဝန်းကျင်နေရာတစ်ဝိုက်၌ ချင်းဖုန်၏အရှိန်အဝါကို အနည်းငယ်မျှပင် အာရုံခံ၍မရတော့ချေ။

ကျောင်းတော်မှ ထိပ်သီးပါရမီရှင်တစ်ယောက် ဤနေရာတွင် သေဆုံးသွားရလေပြီ။

ဤကိစ္စများအားလုံးသည် ထျန်းသခင်လေး၏ရှေ့၌ ဖြစ်ပွါးခဲ့ခြင်းပင်။

သူသည် ကူညီပေးရန် ဆန္ဒရှိခဲ့သော်လည်း ချင်းဖုန်သည် အလွန်လျှင်မြန်စွာ ရှုးနိမ့်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။

အဓိကအကြောင်းအရင်းမှာ ချင်းဖုန်သည် သူ မည်မျှထိအစွမ်းထက်ကြောင်း အမြဲတစေ ကြွားဝါပြောဆိုနေခဲ့ခြင်းကြောင့်ပင်။အချိန်များကုန်လွန်လာသည်နှင့်အမျှ ထျန်းသခင်လေးက ချင်းဖုန်ကို ယုံကြည်လာခဲ့သည်။

ချင်းဖုန်သည် သူ့ထံတွင် အမှန်တကယ်ကိုပင် အရည်အချင်းတချို့ရှိနေသည့်အလား သူ့ကိုယ်သူ အစဥ်အမြဲ အမွှန်းတင်နေခဲ့သည်။

သို့ရာတွင် သူ အံ့အားသင့်ခဲ့ရသည်မှာ ချင်းဖုန်သည် အမှိုက်ကောင်တစ်ကောင် ဖြစ်နေခြင်းကြောင့်ပင်။

ချင်းဖုန်သည် အောက်ဘုံမှကျင့်ကြံသူများ၏ ပြိုင်ဘက်ပင်မဟုတ်ခဲ့ချေ။ဆန့်ကျင်ဘက်အနေဖြင့် သူသည် လွယ်လင့်တကူ ရှုံးနိမ့်ခဲ့ကာ သူ၏အသက်ကိုပင် ပေးဆပ်ခဲ့ရသည်။

"အမှိုက်...တကယ့်ကို သောက်သုံးမကျတဲ့ အမှိုက်ကောင်ပဲ...ငါ ဘာလို ဒီအမှိုက်ကောင်ကိုယုံကြည်ပြီးတော့ ငါ့ကိုယ်ငါ အန္တရာယ်တွင်းထဲ ဆွဲခေါ်ခဲ့မိပါလိမ့်"

ထျန်းသခင်လေး၏စိတ်နှလုံးသားအတွင်း၌ နောင်တများဖြင့် ပြည့်နှက်နေသည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ၏အသက်ကို ဆုံးရှုံးခံလိုခြင်း မရှိချေ။

"အဆောင်လက်ဖွဲ...."

ထျန်းသခင်လေးက အဆောင်လက်ဖွဲ့တစ်ခုကို ဆင့်ခေါ်လိုက်၏။

ထိုအဆောင်လက်ဖွဲ့ ထွက်ပေါ်လာချိန်တွင် ခပ်သဲ့သဲ့နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။

ဤှသည်က မှော်သားရဲအဆောင်လက်ဖွဲတစ်ခုပင်။

ထိုအရာအတွင်း၌ ချိပ်ပိတ်ထားသည်မှာ သာမာန်မှော်သားရဲတစ်ကောင်၏စိတ်ဝိညာဥ်မဟုတ်ဘဲ နဂါးတစ်ကောင်၏သန့်စင်သောသွေးစက်များပင်။

ထိုအဆောင်လက်ဖွဲ့ကို နဂါးတစ်ကောင်၏သွေးအနှစ်သာရကိုအသုံးပြုပြီး ရေးဆွဲထားသဖြင့် တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားများ ပါဝင်သည်။သူသည် ထိုနဂါး သက်ရှိထင်ရှားရှိနေစဥ်က နဂါး၏စိတ်ဝိညာဥ်မှစွမ်းအားအရှိန်အဝါကိုပင် ဝိုးတဝါးခံစားမိသည်။

ဤအရှိန်အဝါကြောင့် အဆောင်လက်ဖွဲ၏စွမ်းအားကို အဆများစွာ မြင့်တက်စေခဲ့လေ၏။

"မကောင်းတော့ဘူး...သူ့မှာ ဝှက်ဖဲတချို့ရှိနေတယ်"

အောက်ဘုံမှကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ထိတ်လန့်တုန်လှုပ်သွားကာ သူတို့အားလုံးက ထျန်းသခင်လေးကိုဟန့်တားရန်အတွက် ရှေ့သို့တိုးလာကြသည်။

သို့ရာတွင် ဤသည်က ထျန်းပိုယန်သည် ထျန်းသခင်လေးအား ပေးအပ်ခဲ့သော အသက်ကယ်မှော်ရတနာပင်။မည်သည့်နည်းဖြင့် လွယ်လင့်တကူ ကျိုးပျက်နိုင်မည်နည်း။

ရုတ်ချည်းဆိုသလိုပင် ထိုအဆောင်လက်ဖွဲ့မှနေ၍ သွေးနီရောင်နဂါးတစ်ကောင်၏စိတ်ဝိညာဥ်ထွက်ပေါ်လာကာ ဝင်္ကပါအလွှာကို ချိုးဖောက်သွားလေ၏။

All Chapters