အခန်း (၂၄၈၁-၂၄၈၅)
Vol. 127 Ch. 2481-2485
Chapter 2481
သို့ရာတွင် ထိုလက်ဝါးရိုက်ချက်မှစွမ်းအားသည် မြေပြိုမှုတစ်ခုအလား ဟန့်တား၍မရချေ။
ခရက်...ခရက်...
ပတ်ဝန်းကျင်နေရာအနှံမှနေ၍ အရိုးကျိုးသံများ ထွက်ပေါ်လာသည်။အလွန်ကြီးမားသောခန္ဓာကိုယ်ရှိသည့် နတ်ဆိုးသားရဲတပ်မှူးများသည် သူတို့၏အစစ်အမှန်သွင်ပြင်သို့ ပြောင်းလဲထားသည့်တိုင် ထိုလက်ဝါးရိုက်ချက်၏စွမ်းအားကို ခုခံကာကွယ်၍မရပေ။
သူတို့သည် မည်သည့်နည်းစနစ်များကို အသုံးပြုနေပါစေ အကြွင်းမဲ့ခွန်အားနှင့်ရင်ဆိုင်ရချိန်တွင် အလွန်အမင်းကျိုးပဲ့လွယ်ပေ၏။
"သူက မိုးကောင်းကင်တာအိုရဲ့တားမြစ်ကန့်သတ်တာကို ခံထားရတယ်မလား...အများဆုံးအနေနဲ့ သူက သိုင်းသူတော်စင်နယ်ပယ်ခွန်အားမျိုးကိုပဲ ထုတ်ဖော်နိုင်မှာ...ဘာလို့ သူက ဒီလောက်ထိတုန်လှုပ်ချောက်ချားဖွယ်ကောင်းတဲ့ စွမ်းအားမျိုးကို အသုံးပြုနိုင်တာလဲ...အဓိပ္ပါယ်မရှိဘူး...ဒါက အဓိပ္ပါယ်မရှိဘူး"
တောင်ပံနဂါး၏စိတ်နှလုံးသားအတွင်း၌ စိတ်ဓာတ်ကျဆင်းမှုများနှင့် ပြည့်နှက်နေသည်။
အောက်ဘုံအတွင်း၌ နတ်ဆိုးမျိုးနွယ်သည် လူသားမျိုးနွယ်ကို အစဥ်အမြဲ ဖိနှိပ်ထားနိုင်ခဲ့ကာ တစ်ကြိမ်တစ်ခါမျှပင် ရှုံးနိမ့်ခဲ့ခြင်းမရှိချေ။
အကယ်၍ သူတို့သည် ကောင်းကင်ဘုံနယ်မြေမှလာသော ကျင့်ကြံသူများကို ရင်ဆိုင်ရာ၌ အနည်းငယ်အခက်အခဲနှင့်ကြုံတွေ့ရလျှင်ပင် ထိုလူများကိုလူစုခွဲ၍ အားနည်းသူကိုရွေးချယ်ကာ သတ်ဖြတ်ခဲ့သည်။သူတို့သည် ကောင်းကင်ဘုံနယ်မြေသို့ ပြန်ရောက်သည့်တိုင် သူတို့၏နံဘေးပတ်ဝန်းကျင်မှလူများသည် ခန္ဓာကိုယ်အပိုင်စီးခြင်းကိုခံယူထားရမည့်သူများဟု သိရှိမည်မဟုတ်ချေ။
သို့ရာတွင် လုယွီကတော့ ချွင်းချက်ပင်။
သူသည် တစ်ယောက်တည်းဖြင့် အောက်ဘုံရှိ နတ်ဆိုးမျိုးနွယ်နှင့်လူသားမျိုးနွယ် နှစ်ဖက်စလုံးကို ဖိနှိပ်ထားခဲ့သည်။
ထိုထက်ပို၍ စိတ်ဓာတ်ကျဆင်းခဲ့ရဆုံးကိစ္စမှာ သူတို့ မျှော်လင့်မထားဘဲ လုယွီသည် အလွန်လျှင်မြန်စွာရောက်ရှိလာခဲ့ခြင်းပင်။
အရာအားလုံးသည် သူတို့၏ထိန်းချုပ်နိုင်မှုထက် ကျော်လွန်သွားလေပြီ။
ဘုန်း...
လုယွီ၏လက်ဝါးပုံရိပ်ယောင်ကြီးက နောက်ဆုံး၌ ကျရောက်လာသည်။
သူတို့၏ခန္ဓာကိုယ်များ တုတ်ခိုင်သန်မာသည်ဟု ကျော်ကြားခဲ့သော နတ်ဆိုးသားရဲများပင်လျှင် ထိုလက်ဝါးရိုက်ချက်ကြောင့် မြေပြင်အတွင်းသို နစ်ဝင်သွားလေ၏။
အမွေအနှစ်နယ်မြေ၏မြေပြင် အောက်သိုသုံးမီတာခန့် ကျွံဝင်သွားသည်။လုယွီရှေ့၌ မတ်တတ်ရပ်နေသော နတ်ဆိုးသားရဲတပ်မှူးများဖြစ်စေ လူသားကျင့်ကြံသူများဖြစ်စေ သူတို့အားလုံး ထိုကျင်းကြီးအတွင်းသို့ နစ်ဝင်သွားသည်။
နတ်ဆိုးသားရဲတပ်မှူးတချိုသည် သူတို့၏အားကောင်းသော အသက်စွမ်းအားကြောင့် သူတို့၏အသက်ကို ထိန်းသိမ်းထားနိုင်ဆဲပင်။သို့ရာတွင် ဖူချန်ချင်း၏နောက်လိုက် ကျင့်ကြံသူများကမူ လုယွီ၏လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သေဆုံးသွားကြ၏။
လုယွီသည် ရှေးဟောင်းသူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။အကယ်၍ သူသည် ရွှယ်အင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် အန္တရာယ်ကြီးကြီးမားမား ရှိမည်မဟုတ်ချေ။ထိုပြင် ဤနေရာမှကျင့်ကြံသူများသည် တာအိုဒုတိယဆင့်တွင်သာ ရှိနေသူများပင်။
"အနိုင်သူက ဘုရင်ဖြစ်ပြီးတော့ ရှုံးနိမ့်တဲ့သူက ပုန်ကန်သူပဲ...ငါ စကားအများကြီးပြောစရာမရှိဘူး...အရာအားလုံးကို ငါ စီစဥ်ခဲ့တာ...နဂါးဘုရင်နဲ့ဘာမှမဆိုင်ဘူး"
တောင်ပံနဂါး၏ခန္ဓာကိုယ်မှ နဂါးကြေးခွံများ အက်ကွဲနေကာ သွေးများက နေရာအနှံအပြားမှ ယိုစီးကျနေသည်။
သူသည် ပြင်းထန်သော အတွင်းဒဏ်ရာကို ရရှိသွားလေ၏။လုယွီ၏လက်ဝါးရိုက်ချက်တွင် သူ၏အသက်စွမ်းအားကို ဖြတ်တောက်နိုင်သော မမြင်နိုင်သည့်အားလှိုင်းတစ်ရပ် ပါဝင်နေသည်။
အမှန်အားဖြင့် ထိုအားလှိုင်းသည် သေစေနိုင်ခြင်းမရှိသော်လည်း တောင်ပံနဂါးသည် သူ၏အသက်စွမ်းအားကိုလောင်ကျွမ်းကာ ခွန်အားများတိုးမြှင့်ပေးသောဆေးလုံးကို ဝါးမြိုထားသည်။
ထိုဆေးလုံး၏ဘေးထွက်ဆိုးကျိုးကိုပါ ထည့်ပေါင်းလိုက်ပါက တောင်ပံနဂါးသည် သေဆုံးသွားရုံမှအပ တခြားရွေးချယ်စရာမရှိတော့ချေ။
ဘဝ၏အဆုံးသတ်ချိန်ကိုရောက်စဥ်တွင် တောင်ပံနဂါးသည် နဂါးဘုရင်၏ကိုယ်စား အပြစ်များအားလုံးကိုခံယူရန် ရည်ရွယ်ခဲ့သည်။
"မင်း ဘာမှအများကြီးပြောနေစရာမလိုဘူး...ဘာတွေဖြစ်နေတာလဲဆိုတာ ငါ အားလုံးသိပြီးသွားပြီ...ငါက ဒီကိစ္စမှာပါဝင်တဲ့သူတွေအားလုံးကို တစ်ယောက်ပြီးတစ်ယောက် ဖြေရှင်းမယ်...ဘယ်သူကိုမှ အလွတ်ပေးမှာမဟုတ်ဘူး"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
တောင်ပံနဂါး၏မျက်လုံးများ ပြူးကျယ်နေကာ လုယွီကို စူးစိုက်၍ကြည့်နေလေ၏။အချိန်တခဏကြာပြီးနောက် သူ၏နောက်ဆုံးကျန်ရှိသောစွမ်းအားအနည်းငယ်ကို အသုံးပြုကာ အော်ဟစ်ကြုံးဝါးလိုက်သည်။
"ငါတို့ မမှားဘူး...ငါတို အရင်းအမြစ်ကောင်းတွေ လိုချင်တယ်...ငါတို့ ထာဝရအသက်ကိုလည်း ရချင်တယ်"
သူတို့သည် ကောင်းကင်ဘုံနယ်မြေတွင် ကျင့်ကြံနိုင်ရန်အတွက် တိုက်ခိုက်ခဲ့ခြင်းပင်။ထိုကိစ္စသည် မည်သည်ကြောင့် မှားယွင်းမှုတစ်ခု ဖြစ်မည်နည်း။
မည်သည်ကြောင့် ကောင်းကင်ဘုံနယ်မြေမှ ကျင့်ကြံသူများထံတွင် အရင်းအမြစ်ကောင်းများစွာ ရှိနေရသနည်း....
မည်သည်ကြောင့် သူတို့သည် အမြဲတစေ ကောင်းကင်ဘုံနယ်မြေမှလူများ၏ အနိုင်ကျင့်အရှက်ခွဲခြင်းကို ခံယူရသနည်း...
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။
"လောကကြီးထဲမှာရှိတဲ့ အရာရာတိုင်းက တန်းတူညီမျှမွေးဖွားလာတာမဟုတ်ဘူး...လောကကြီးထဲမှာ အလုံးစုံတရားမျှတမှုဆိုတဲ့အရာမျိုးလည်း မရှိဘူး...ကောင်းကင်ဘုံနယ်မြေကိုလှည့်စားပြီးတော့ မင်းတို့ရဲ့လက်အောက်ငယ်သားတွေကို အစားထိုးနိုင်ဖိုအတွက်နဲ့ မင်းတို့က အောက်ဘုံကိုရောက်လာတဲ့ ကျောင်းတော်သားအမြောက်အများကို သတ်ဖြတ်ခဲ့တယ်...သူတို့ရဲ့အသက်ရှင်သန်နေတာကိုက အမှားအယွင်းတစ်ခုလိုတော့ ငါ့ကိုမပြောနဲ့...သူတို့က ဘာပြစ်မှုတွေ ကျူးလွန်ခဲ့လို့ မင်းတို့ရဲ့ သနားညှာတာမှုမရှိ သတ်ဖြတ်တာကို ခံရတာလဲ"
"မင်းတိုက ဒီနယ်မြေကိုကယ်တင်ခဲ့တဲ့ သူတော်စင်ရဲ့မျက်နှာကိုတောင် မထောက်ဘူး...မင်းတို့ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒတွေ ဖြည့်ဆည်းဖိုအတွက် ပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်...ပြီးတော့ မင်းရဲ့နောက်မှာ နဂါးဘုရင်ရှိနေတယ်...မင်းက နောက်ကွယ်ကကိစ္စတွေကို ဖုံးကွယ်ထားရုံနဲ့ သူ ဘေးကင်းလုံခြုံသွားပြီလို ထင်နေတာလား"
Chapter 2482
နတ်ဆိုးသားရဲတပ်မှူးများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားပြီးနောက် ပတ်ဝန်းကျင်၌ တုန်လှုပ်ချောက်ချားဖွယ် နတ်ဆိုးအရှိန်အဝါများ မရှိတော့ချေ။
ယခင်က ဝိုင်းရံတိုက်ခိုက်ခြင်းခံနေရသောကျောင်းတော်တပည့်ငါးယောက်သည် ဤအချိန်အခိုက်အတန့်တွင် စိတ်သက်သာရာရသွားကြ၏။
"လုယွီ...လီစစ်...မင်းတိုအချိန်မီရောက်လာတာ တော်သေးတယ်...မဟုတ်ရင် ငါတို့အားလုံး သူတို့သတ်တာကို ခံရလိမ့်မယ်"
ကျောင်းတော်တပည့်ငါးယောက်သည် လုယွီကို အလွန်အမင်း ကျေးဇူးတင်နေကြသည်။
ဤသည် သူတို့၏အသက်ကိုကယ်တင်ခဲ့သော ကြီးမားသည့် သနားကြင်နာမှုပင်။
လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
"ဒါက အသေးအဖွဲကိစ္စလေးပါ...ငါတို့က ကျောင်းတော်တစ်ခုတည်းကလာတဲ့ ညီနောင်တွေပဲလေ...တစ်ယောက်နဲ့တစ်ယောက် ကူညီရမှာပေါ့"
"လုယွီ...မင်းက တကယ့်ကိုသစ္စာရှိတဲ့သူပဲ...တချို့စက်ဆုပ်ဖိုကောင်းတဲ့လူတွေလိုမဟုတ်ဘူး....မင်းက ညှာတာထောက်တားတက်ပြီးတော့ ဖြောင့်မတ်မှန်ကန်မှုနဲ့ပြည့်ဝတယ်...ဒီလိုကျဥ်းတဲ့ကျပ်ထဲအခြေအနေမျိုးမှာတောင် မင်းက အပေါင်းအဖော်တွေကို မစွန့်လွှက်ဘူး"
ကျောင်းတော်တပည့်တစ်ယောက်က သက်ပြင်းတစ်ချက်ရှိက်၍ ပြောဆိုသည်။
လုယွီသည် ရုတ်တရက် ချင်းဖုန်နှင့်ထျန်းသခင်လေးတိုနှစ်ယောက် ဤနေရာ၌ရှိမနေသည်ကို သတိပြုမိသွားသည်။
"ဘာလဲ...သူတိုနှစ်ယောက်က ဘာလို ဒီနေရာမှာမရှိတာလဲ"
လုယွီက မေးမြန်းသည်။
တပည့်တစ်ယောက်က မကျေမချမ်း ပြောဆိုလေ၏။
"အဲ့ဒီကောင်နှစ်ကောင်က ဒီနေရာမှာ အခြေအနေမကောင်းတာကိုမြင်တာနဲ့...ငါတို့ကိုထားပြီး ထွက်ပြေးသွားတယ်...အခု သူတို့ ဘယ်ရောက်သွားလဲဆိုတာ ငါ မသိဘူး"
လုယွီက မျက်မှောင်တစ်ချက်ကြုတ်လိုက်ကာ သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။
သူ၏အာရုံခံမှုအောက်တွင် ချင်းဖုန်၏အငွေ့အသက်ကို ဝိုးတဝါးအာရုံခံမိသော်လည်း ထျန်းသခင်လေးကိုမူ ရှာဖွေတွေ့ရှိခြင်းမရှိချေ။
ထိုအငွေ့အသက်မှတဆင့် လုယွီသည် ကျိုးပဲ့နေသောခရားတစ်လုံးအတွင်း၌ ချင်းဖုန်၏ဝေဝါးနေသောစိတ်ဝိညာဥ်ကို မြင်တွေ့မိသည်။
ထိုစိတ်ဝိညာဥ်သည် ယခင်ကတည်းက ပြိုလဲလုဆဲဆဲအခြေအနေသို ရောက်ရှိနေလေပြီ။ထိုစိတ်ဝိညာဥ်သည် လေထုအတွင်းသို မျောလွင့်လာချိန်တွင် မျက်နှာပြင်မှနေ၍ အခိုးအငွေ့များထွက်ပေါ်လာကာ အမှုန်အမွှားအဖြစ်သို ပြောင်းလဲသွားတော့သည်။
"ဒါက ချင်းဖုန်ရဲ့စိတ်ဝိညာဥ်ပဲ...ငါ မျှော်လင့်ထားသလိုပဲ သူက သူ့ဒုက္ခကို သူရှာသွားတာပါလား"
တခြားတပည့်များသည် နံဘေးဘက်တွင် မတ်တတ်ရပ်၍ အေးစက်စက်အကြည့်များဖြင့် ချင်းဖုန်၏စိတ်ဝိညာဥ် ကြေမွှပျက်စီးသွားသည်ကို စောင့်ကြည့်နေကြ၏။
ချင်းဖုန်သည် သေရေးရှင်ရေးအချိန်အခိုက်အတန့်၌ သူတို့ကို စွန့်ပစ်သွားခဲ့သည်။သူတို့နှင့် ချင်းဖုန်တိုနှစ်ယောက်ကြား၌ မကြေနိုင်သောရန်ငြိုးများ ရှိနေခဲ့ပြီဖြစ်သဖြင့် သူတို့က အနည်းငယ်မျှပင် စာနာသနားခြင်းမရှိချေ။
"ထျန်းသခင်လေးအတွက်တော့...မင်း ဘာမှ စိုးရိမ်ပူပန်နေစရာမလိုဘူး...သူ့ဆီမှာ လက်ထောက်ကျောင်းအုပ်ကပေးထားတဲ့ မှော်ရတနာတွေအများကြီးရှိတယ်...တကယ်လို့ သူ အန္တရာယ်နဲ့ရင်ဆိုင်ရရင်တောင် အဲ့ဒီမှော်ရတနာတွေကို အသုံးပြုလိုက်တာနဲ့...သူ့ကိုဘယ်သူကမှ ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်မှာမဟုတ်ဘူး"
တပည့်တစ်ယောက်က ပြောဆိုသည်။
လုယွီက ခေါင်းညိတ်ပြလိုက်၏။ထိုနောက် သူသည် ကျောင်းတော်တပည့်များ၏ခန္ဓာကိုယ်များပေါ်တွင် တခြားစိတ်ဝိညာဥ်များ၏အငွေ့အသက်များရှိနေခြင်းကို သတိပြုမိသွားသည်။
"ဘုရားကျောင်းကနေရလာတဲ့ မှော်ရတနာတွေအားလုံးကိုလွှင့်ပစ်ဖို ငါ မင်းတို့ကို အသံသတင်းစကား ပေးပိုခဲ့တယ်လေ...မင်းတို့ ဘာလို မလုပ်ကြတာလဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ကျောင်းတော်တပည့်ငါးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အလျင်စလို ရှင်းပြလေ၏။
"အဲ့ဒီအချိန်တုန်းက ငါတို့က အမွေအနှစ်နယ်မြေထဲကိုဝင်ဖို အလျင်လိုနေတယ်...ပြီးတော့ မင်းရဲ့အသံကို သဲသဲကွဲကွဲ မကြားရဘူး...ဒါပေမယ့် ဒီမှော်ရတနာတွေရဲ့ အရည်အသွေးက အရမ်းမြင့်မားတယ်...ဒါကြောင့် အခုထိ ငါတို့က ဒီမှော်ရတနာတွေကို မသန့်စင်ရသေးဘူး"
"ဒါက ကောင်းတယ်....ဒီမှော်ရတနာတွေက မင်းတိုတွေးထင်ထားသလို မရိုးရှင်းဘူး"
လုယွီက ဟောင်တုနတ်ဘုရားမထံမှ သူရရှိထားသော သတင်းအချက်အလက်များကို ထိုလူငါးယောက်အား ရှင်းပြလိုက်သည်။
ထိုမှော်ရတနာများအတွင်း၌ သူတို့၏ခန္ဓာကိုယ်ကို အပိုင်စီးရန် ချောင်းမြောင်းနေသော စိတ်ဝိညာဥ်များ ရှိနေသည်ကို သိရှိသွားချိန်တွင် သူတို့အားလုံး၏ခန္ဓာကိုယ်များမှ ချွေးစေးများ ယိုစီးကျလာသည်။
အကယ်၍ သူတို့သာ ထိုမှော်ရတနာများကို သန့်စင်ခဲ့ပါက ယခုချိန်တွင် တစ်ဖက်လူများ၏ အခွံရုပ်သေးများ ဖြစ်နေလောက်လေပြီ။
"အဲ့ဒီချင်းဖုန်ဆိုတဲ့ကောင်က တခြားလူတွေအတွက် ဘေးဒုက္ခတွေကို သယ်ဆောင်လာဖို့သက်သက် ရှိနေတဲ့ကောင်ပဲ...တကယ်လို့ အဲ့ဒီအချိန်တုန်းကသာ သူက ငါတို့ကို အမွေအနှစ်နယ်မြေထဲဝင်ဖို အတင်းအကြပ်တိုက်တွန်းမနေဘူးဆိုရင်...ငါတို့က လုယွီရဲ့သတိပေးမှုကို ကြားမိမှာပဲ...သူက တကယ့်ကိုပဲ သေဖို့ထိုက်တန်တယ်"
တပည့်တစ်ယောက်က ပြောဆိုသည်။
ထိုနောက် သူတိုငါးယောက်သည် ဘုရားကျောင်းအတွင်းမှ ရရှိလာသော မှော်ရတနာများကို လုယွီထံ အလျှင်အမြန် ပေးအပ်လိုက်ကြ၏။
လုယွီသည် ထိုမှော်ရတနာများကို ဆုပ်ကိုင်ပြီးနောက် အတွင်း၌ပုန်းအောင်းနေသော စိတ်ဝိညာဥ်များအားလုံးကို သတ်ဖြတ်လိုက်သည်။ထိုအကြောင်းအရင်းကြောင့် မှော်ရတနာများ၏ ယခင်ကတောက်ပမှုများအားလုံး မှေးမှိန်သွားခဲ့သည်။
သို့ရာတွင် ကျောင်းတော်တပည့်ငါးယောက်သည် အနည်းငယ်မျှပင်ငြူစူခြင်းမရှိချေ။ထိုအစား သူတို့သည် လုယွီကို ပို၍ပင်ကျေးဇူးတင်နေကြ၏။
မည်သို့ပင်ဆိုစေကာမူ သူတို့၏အသက်များနှင့် နှိင်းယှဥ်ပါက ထိုမှော်ရတနာများသည် ပြင်ပအရာဝတ္ထုများသက်သက်ပင်။
"စီနီယာအကိုတို့...ငါက ချိုင်လုံရှင်းကို သွားရှာရအုံးမယ်...မင်းတို့က နေရာတစ်နေရာရှာပြီးတော့ မင်းတိုရဲ့ဒဏ်ရာတွေကို ပြန်ကောင်းလာအောင်လုပ်နေတာ ပိုကောင်းလိမ့်မယ်"
လုယွီက အကြံပြုလိုက်သည်။
ထိုတပည့်များအနက်မှတစ်ယောက်က သူ၏လက်ကိုပူးဆုပ်၍ အလျှင်အမြန် တုံပြန်ပြောဆိုသည်။
"ငါက စီနီယာအကိုလိုခေါ်ခံရဖို မထိုက်တန်ပါဘူး...ကျင့်ကြံခြင်းလောကမှာ ခွန်အားကောင်းတဲ့သူတွေကပဲ ရိုသေလေးစားမှုနဲ့ထိုက်တန်တာ...မင်းက ငါတို့ထက်ပိုပြီး ခွန်အားကောင်းတယ်...ငါတို့ရဲ့နာမည်တွေကိုပဲခေါ်ပါ"
လီစစ်က ပြောဆိုလေ၏။
"လုယွီ...တကယ်လို့ မင်း နဂါးဘုရင်ကို သွားရှာမယ်ဆိုရင်...ငါ မင်းနဲ့အတူလိုက်မယ်"
"ကောင်းပြီလေ"
လုယွီက ငြင်းဆန်ခြင်း မပြုချေ။
ဤနေရာသို့ရောက်ရှိနေသော စီနီယာတပည့်များအနက် လီစစ်သည် ခွန်အားအကောင်းဆုံးပင်။သူ၏ကူညီမှုဖြင့်ဆိုပါက နဂါးဘုရင်ကို အနည်းငယ်မျှပင် စိုးရိမ်ပူပန်စရာလိုမည်မဟုတ်ချေ။
Chapter 2483
နတ်ဆိုးမျိုးနွယ်၏ပိုင်နက်နယ်မြေသည် လူသားမျိုးနွယ်ထက် များစွာပို၍ကောင်းမွန်သည်။
ဤနယ်မြေတွင် လေထုအရဖြစ်စေ စိတ်ဝိညာဥ်စွမ်းအင်စုစည်းမှုအရဖြစ်စေ ပို၍သင့်လျော်မှုရှိသည်။ဤနယ်မြေမှနေရာအများစု၏ လမ်းဘေးတလျှောက်တွင် အဖိုးတန်ရှားပါးသော ဆေးပင်များကို မြင်တွေ့နိုင်လေ၏။အလွန်အမင်းကြမ်းတမ်းသော ပတ်ဝန်းကျင်မျိုးတွင်သာ ပေါက်ရောက်လေ့ရှိသော အဖိုးတန်ရတနာဆေးပင်တချိုကိုပင် ကြိုကြားကြိုကြား မြင်တွေ့နိုင်သည်။
နဂါးဘုရင်နေထိုင်သောနေရာကို နဂါးနန်းတော်ဟုခေါ်ဆိုသည်။
သို့ရာတွင် ဤသည်ကနန်းတော်တစ်ခုမဟုတ်ဘဲ ကြီးမားသောမြို့ကြီးတစ်မြို့ပင်။
ဤနေရာသည် တစ်ချိန်တုန်းက လူသားမျိုးနွယ်၏ပိုင်နက်နယ်မြေအတွင်း၌ပါဝင်သည်။နောက်ပိုင်းတွင်မူ ဤနေရာကို နတ်ဆိုးများက သိမ်းပိုက်သွားခဲ့သည်။ဤနေရာတွင် အစွမ်းထက်သောနတ်ဆိုးမျိုးနွယ် အမြောက်အများရှိနေသဖြင့် လူသားများအတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်သွားလေ၏။
လုယွီနှင့်လီစစ် ဤနေရာသို့ရောက်ရှိလာသည်နှင့် ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သောနတ်ဆိုးသားရဲများ၏အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
သို့ရာတွင် လီစစ်သည် နတ်ဆိုးသားရဲတပ်မှူးတစ်ယောက်ကို အပြင်းအထန်ဒဏ်ရာရရှိအောင် တိုက်ခိုက်ပြီးနောက် နတ်ဆိုးသားရဲများသည် တိုက်ခိုက်မည့်အကြံအစည်ကို လက်လျှော့အရှုံးပေးကာ သူတို့၏နောက် မလှမ်းမကမ်းအကွာအဝေးမှသာ လိုက်ပါ၍စောင့်ကြည့်နေကြတော့သည်။
လီစစ်၏တိုက်ခိုက်မှုသည် သူတို့အား ထိတ်လန့်ကြောက်ရွံသွားစေသော်လည်း ဤနေရာသို့ လူသားများရောက်ရှိလာသောဖြစ်ရပ်မှာ မကြုံစဖူးကိစ္စရပ်မျိုးပင်။ထိုကြောင့် မရေမတွက်နိုင်သော မျက်လုံးအကြည့်များက လုယွီနှင့်လီစစ်ထံသို့ စူးစိုက်၍ကျရောက်နေသည်။
"ဒီလူသားတွေက ဘယ်နေရာကနေ ရောက်လာတာလဲ...မင်းတို့က နဂါးနန်းတော်ကိုတောင် လာဝံ့တယ်...မင်းတို့ရဲ့အသက်ကို မင်းတို့က မလိုချင်ကြတော့ပုံပဲ"
ရွှေရောင်ခန္ဓာကိုယ်အရေပြားရှိသော လူထွားကြီးတစ်ယောက်က ပျံသန်းလာသည်။သူ၏မျက်လုံးသည် ပယင်းရောင်တောက်ပနေကာ ကြည့်ရသည်မှာ အလွန်အမင်းထူးဆန်းပေ၏။
လုယွီက ချီစောင့်ကြည့်ခြင်းနည်းစနစ်ကို အသုံးပြု၍ကြည့်လိုက်ရာ ထိုလူထွားကြီးသည် ငါးနတ်ဆိုးတစ်ကောင်ဖြစ်နေကြောင်း တွေ့မြင်မိသည်။ထိုပြင် သူ၏နတ်ဆိုးအရှိန်အဝါသည် အလွန်အမင်းအားကောင်းကာ တောင်ပံနဂါးဖြင့်ပင် နှိင်းယှဥ်နိုင်သည်။
"နဂါးဘုရင် ဘယ်မှာလဲ...သူ့ကို ငါတို့ဆီ လာတွေ့ခိုင်းလိုက်စမ်း"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ငါးနတ်ဆိုးက အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏။
"ဖူချန်ချင်းတို့ လူသားမျိုးနွယ်တွေဘက်မှာ ဘာအမှားအယွင်းရှိနေလဲဆိုတာ ငါ သိချင်မိတယ်...သူက မင်းတို့ကို ဂရုမစိုက်ဘူးလား....ဘာလို့ မင်းတို့ကို အရူးတွေလို အပြင်ထွက်ခွင့်ပေးလိုက်တာလဲ....မင်းတို့ကိုမင်းတို့ ဘာကောင်တွေလို့ ထင်နေတာလဲ....နဂါးဘုရင်ဆိုတာ မင်းတို့တွေ့ချင်တိုင်းတွေ့ခွင့်ရမယ့်သူမျိုးလား"
လီစစ်က အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"နိမ့်ကျတဲ့နတ်ဆိုးသားရဲကများ...သောက်အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောစမ်းနဲ့...ငါတို့က ကောင်းကင်ဘုံနယ်မြေကလာတဲ့သံတမန်တွေ...မင်းတိုရဲ့နဂါးဘုရင်ကို မြန်မြန်ထွက်လာပြီးတော့ ငါတို့ဆီလာတွေ့ခိုင်းစမ်း"
ထိုစကားဆုံးသည်နှင့် လီစစ်က အေးစက်ပြီးမှုန်မှိုင်းသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်လိုက်သည်။
သူသည် ကျောင်းတော်၏စည်းမျဥ်းဥပဒေခန်းမမှ တပည့်ခေါင်းဆောင်တစ်ယောက်ပင်။သူသည် ဖြောင့်မတ်မှန်ကန်သူတစ်ယောက်ဖြစ်ကာ သူ၏အရှိန်အဝါသည် မီးကဲ့သိုပေါက်ကွဲလွယ်သော သဘောသဘာဝရှိသည်။သာမာန်ကျင့်ကြံသူများသည် သူ့အားမြင်တွေ့သည်နှင့် အနည်းငယ်ထိတ်လန့်ကြောက်ရွံကာ သူ့အား စေ့စေ့မကြည့်ဝံ့ကြချေ။
ငါးနတ်ဆိုးသည် ချက်ချင်းဆိုသလိုပင် အနည်းငယ်သတိထားလိုက်သော်လည်း သူ၏မျက်နှာပေါ်ရှိ မောက်မာဝံ့ကြွားသောအမူအယာသည် အနည်းငယ်မျှပင် လျော့ပါးမသွားပေ။သူက ခနဲ့တဲ့တဲ့အပြုံးနှင့် ပြောဆိုသည်။
"နဂါးဘုရင်က ခုလတ်တလောအချိန်မှာ လုပ်ဆောင်စရာကိစ္စတစ်ခုရှိနေတယ်...ဒါကြောင့် အရှင်သခင်က အပြင်ကိုထွက်လာဖို့ မဖြစ်နိုင်သေးဘူး...သူတော်စင်သံတမန်တွေက ငါနဲ့အတူလိုက်ခဲ့ပြီး အရှင်သခင်နဲ့တွေ့ဖို စောင့်ဆိုင်းနေပါလား"
လီစစ်က ခက်ထန်တင်းမာစွာ အော်ငေါက်လိုက်၏။
"မင်း ထပ်ပြီး အပိုစကားတွေ မပြောနဲ့တော့...ငါတို့က နဂါးဘုရင်နဲ့တွေ့ချင်တာ...မင်း ခုချက်ချင်း ဘေးကိုဖယ်နေစမ်း"
ငါးနတ်ဆိုးသည် လီစစ်၏အဆင့်အတန်းကို သိရှိထားသော်လည်း တစိုးတစိမျှပင် ထိတ်လန့်ကြောက်ရွံပုံမရချေ။
နဂါးဘုရင်၏နန်းတော်အနီး၌ နတ်ဆိုးသားရဲအမြောက်အမြား စုဝေးနေကြသည်။
ထိုနတ်ဆိုးသားရဲများသည် သူတို့၏မူလပုံပန်းသွင်ပြင်၌ ရှိနေလေ၏။သူတို့၏ခန္ဓာကိုယ်များသည် အလွန်ကြီးမားသဖြင့် ရွေ့လျားနေသောတောင်ကုန်းကြီးများနှင့် တူညီနေသည်။လုယွီနှင့်လီစစ်ကိုကြည့်ရသည်မှာ ထိုနတ်ဆိုးသားရဲအုပ်စုအကြား၌ အလွန်အမင်း သေးငယ်နေသည်။
သူ့နောက်၌ နတ်ဆိုးသားရဲအမြောက်အများ၏ ထောက်ပံမှုရှိနေသည်ကိုကြည့်ပြီး ငါးနတ်ဆိုးက ပို၍ပို၍ မောက်မာဝံ့ကြွားလာသည်။
"သူတော်စစ်သံတမန်နှစ်ယောက်...အထဲကိုဝင်ချင်တယ်ဆိုရင် မဖြစ်နိုင်တာတော့မဟုတ်ဘူး...မင်းတို့က လူသားမျိုးနွယ်ဆီကနေ ရတနာတွေ တော်တော်များများ ရထားတယ်မလား...အဲ့ဒီထဲက တချို့တစ်ဝက် ငါ့ကိုပေးမယ်ဆိုရင်....ငါက လမ်းဖယ်ပေးရမှာပေါ့"
ငါးနတ်ဆိုးက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။
"တကယ်တော့...ငါ လမ်းဖယ်ပေးမယ်ဆိုတာက ငါတစ်ယောက်တည်းစာအတွက်နော်...တခြားနတ်ဆိုးသားရဲတွေကတော့...ငါနဲ့ဘာမှမဆိုင်ဘူး"
သူက လှောင်ပြောင်ရယ်မောရင်း ဆက်လက်ပြောဆိုလေ၏။
တခြားနတ်ဆိုးသားရဲများ၏မျက်နှာများပေါ်တွင် နားလည်သဘောပေါက်သောအပြုံးမျိုးရှိနေသည်။
သူတို့၏ရည်ရွယ်ချက်မှာ လုယွီနှင့်လီစစ်ကို ဤနေရာ၌ ဟန့်တားထားရန်ပင်။
သူတော်စင်သံတမန်ဟူသော အဆင့်အတန်းသည် ဤနေရာ၌ အသုံးမဝင်ချေ။
"မင်းတို့က လမ်းဖယ်မပေးချင်ကြဘူးဆိုမှတော့...သေကြစမ်း"
လုယွီ၏အသံ အဆုံးသတ်သွားသည်နှင့် ခေါင်းဖြတ်ဓားက သူ၏နောက်ကျောမှ ပျံဝဲသွားသည်။
ထိုခေါင်းဖြတ်ဓားသည် အနက်ရောင်အရိပ်တစ်ခုအလား ဧရာမနတ်ဆိုးသားရဲများထံ ဖြတ်သန်းသွားလေ၏။
ယခင်က ထိုနတ်ဆိုးသားရဲများ၏မျက်နှာများပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုးရှိနေသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့၏မျက်နှာများပေါ်မှ အမူအယာများ တောင့်တင်းသွားကာ သူတို့၏အမြင်အာရုံများ ဝေဝါးသွားကြသည်။
အချိန်တခဏကြာပြီးနောက် မရေမတွက်နိုင်သော ကြီးမားသည့်ဦးခေါင်းပြတ်ကြီးများ ပြုတ်ကျလာသည်။ထိုနောက် ထိုခေါင်းပြတ်သွားသော နတ်ဆိုးသားရဲများ၏ခန္ဓာကိုယ်များ မြေပြင်ပေါ်သို ပြိုလဲကျသွားတော့သည်။
Chapter 2484
ယခင်က လုယွီတိုနှစ်ယောက်ကို လှောင်ပြောင်သရော်ခဲ့သော ငါးနတ်ဆိုး၏အဆုံးသတ်သည် ပို၍ပင်ဆိုးရွားပေ၏။
ခေါင်းဖြတ်ဓားသည် ငါးနတ်ဆိုး၏ခန္ဓာကိုယ်ကို အကြိမ်ရေအနည်းငယ်ခန့် မွှေ့ယမ်းသွားသည်။သူ၏ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားကာ သွေးမြူများက နေရာအနှံ ပြန့်ကျဲသွားသည်။
သူ၏သားရဲအမြူတေပင်လျှင် ကြေမွှပျက်စီးသွားလေပြီ။ငါးနတ်ဆိုး၏နတ်ဆိုးအရှိန်အဝါများအားလုံးလည်း ပျက်ပြယ်သွားကာ သူသည် ပြန်လည်မွေးဖွားခြင်းသံသရာစက်ဝန်းအတွင်းသို့ ဝင်ရောက်ရန်ပင် အရည်အချင်းမပြည့်မီတော့ချေ။
နတ်ဆိုးသားရဲများ၏ပိတ်ဆိုဟန့်တားထားမှုမရှိတော့သဖြင့် သူတို့၏ရှေ့တွင် ယခင်နှင့်မတူသောမြင်ကွင်း ထွက်ပေါ်လာသည်။
ထိုနေရာရှိ နဂါးနန်းတော်နံဘေးပတ်လည်တွင် နတ်ဆိုးသားရဲတစ်စုရှိနေသည်။အစွမ်းထက်သောနတ်ဆိုးသားရဲများပင်လျှင် ထိုလူသားနှစ်ယောက်ကို ဟန့်တားခြင်းမပြုနိုင်သည်ကိုကြည့်ပြီး သူတို့က ထိတ်လန့်တကြားဖြင့် အဝေးသို ထွက်ပြေးကြတော့သည်။
သို့ရာတွင် အစွမ်းထက်သော နတ်ဆိုးသားရဲတစ်စု ကျန်ရှိနေဆဲပင်။ထိုနတ်ဆိုးသားရဲများသည် သူတို့၏ကိုယ်ပိုင်ခွန်အားအပေါ်မှီခို၍ လုယွီတိုနှစ်ယောက် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်မည်ကို စောင့်ကြည့်နေကြ၏။
"တကယ်လို့ ငါတို့ကို ဟန့်တားဝံ့တဲ့သူရှိရင်...သူတို့နဲ့တူညီတဲ့ အကျိုးဆက်ကို ရင်ဆိုင်ရမယ်"
လုယွီသည် ထိုနတ်ဆိုးသားရဲများ၏ပျက်ယွင်းနေသော မျက်နှာအမူအယာများကို လျစ်လျှူရှုကာ လီစစ်နှင့်အတူ နဂါးနန်းတော်အတွင်းသို ဝင်ရောက်ခဲ့တော့သည်။
သူတို့နှစ်ယောက်သည် နဂါးနန်းတော်၏ဝင်ပေါက်သိုရောက်ရှိသွားချိန်တွင် အဖိုးအိုတစ်ယောက်က မတ်တတ်ရပ်နေသည်။
ထိုအဖိုးအိုသည် လိပ်နတ်ဆိုးသားရဲတစ်ကောင်ပင်။သူ၏နောက်ကျောပေါ်တွင် ထူထပ်လေးလံသောအခွံကြီးရှိနေသော်လည်း သူသည် လူသားအသွင်ယူထားလေ၏။
သူသည် အသက်အလွန်အိုမင်းနေကာ တောင်ဝှေးတစ်ချောင်းကို အားပြု၍ မတ်တတ်ရပ်နေရသည်။သို့ရာတွင် ထိုအဖိုးအို၏ရှေ့တွင် တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါများရှိသော နတ်ဆိုးသားရဲများသည် အနည်းငယ်မျှပင် မဆင်မခြင်မလှုပ်ရှားဝံ့ဘဲ နောက်သိုဆုတ်သွားကြသည်။
"အောက်ဘုံရဲ့နိမ့်ကျတဲ့နတ်ဆိုးသားရဲက သူတော်စင်သံတမန်နှစ်ယောက်ကို ကြိုဆိုပါတယ်"
လိပ်အိုကြီးက ရိုသေလေးစားစွာ ပြောဆိုသည်။
"မင်းကလည်း ငါ့ကို ဟန့်တားချင်တာလား"
လုယွီက လိပ်အိုကြီးကို စေ့စေ့ကြည့်၍ မေးမြန်းလိုက်၏။
ထိုလိပ်အိုကြီးသည် အလွန်အိုမင်းနေပုံရသော်လည်း အမှန်အားဖြင့် ယခုလက်ရှိနေရာတွင်ရှိနေသော နတ်ဆိုးသားရဲများကြားတွင် ခွန်အားအကောင်းဆုံးပင်။
လုယွီ၏အာရုံခံမှုအရ ထိုလိပ်အိုကြီးသည် လေလွင့်အင်မော်တယ်နယ်ပယ်၏အစွန်အဖျားကို ထိတွေ့ပြီးဖြစ်ပေမည်။
ဤနယ်မြေရှိမိုးကောင်းကင်တာအိုသည် လေလွင့်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူများကို ထွက်ပေါ်လာခွင့်မပြုချေ။ထိုသို့မဟုတ်ပါက ထိုလိပ်အိုကြီး လေလွင့်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။
သို့သော် ထိုသို့ဆိုသည့်တိုင် လိပ်အိုကြီးသည် သာမာန်နတ်ဆိုးသားရဲတပ်မှူးများထက် အဆများစွာ ပို၍သန်မာအားကောင်းသည်။
လိပ်အိုကြီးက အလျင်စလိုဦးညွှတ်၍ ရိုသေလေးစားစွာ ပြောဆိုသည်။
"ငါက မလုပ်ဝံ့ပါဘူး...နဂါးဘုရင်က သူတော်စင်သံတမန်နှစ်ယောက်ကို ခဏလောက်ဧည့်ခံထားဖို ငါတို့ကို စေလွှတ်လိုက်တာပါ...အရှင်က အခုချိန်မှာ တခြားဧည့်သည်တစ်ယောက်နဲ့ တွေ့ဆုံနေတယ်...ဒါကြောင့် အခု အရှင်က မင်းတို့နှစ်ယောက်ကို မတွေ့ဆုံနိုင်သေးတာပါ'
လုယွီက ပြောဆိုသည်။
"ဒါက ငါတို့ကျောင်းတော်က ရေခဲနယ်မြေမင်းသားနဲ့ တွေ့နေတာပဲဖြစ်မယ်...အဲ့ဒီကိစ္စကြောင့် ငါတို့က ဒီနေရာကို လာခဲ့တာပဲ"
လိပ်အိုကြီး၏မျက်ခုံး အနည်းငယ်တွန့်ကွေးသွားသည်။
"ဒါက မသင့်တော်ဘူးထင်တယ်"
"မင်း ငါ့ကို ဟန့်တားထားလိုမရဘူးဆိုတာ မင်းသိမှာပါ...နတ်ဆိုးမျိုးနွယ်တွေက ရူးသွပ်မိုက်မဲပေမယ့် ဒီကိစ္စထဲမှာ ပါဝင်ပတ်သတ်နေတာ အနည်းစုပဲရှိတယ်...ငါ သတ်ဖြတ်မှုတွေအများကြီး မလုပ်ချင်ဘူး...မင်းကိုယ်တိုင် ရွေးချယ်နိုင်တယ်...ဒါပေမယ့် ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်"
လုယွီက စကားကုန် ပြောဆိုလိုက်၏။
ထိုစကားကိုကြားချိန်တွင် လိပ်အိုကြီးက သက်ပြင်းတစ်ချက် ရှိက်လိုက်သည်။
"ကိစ္စက ဒီအထိဖြစ်လာမှတော့...သူတော်စင်သံတမန်နှစ်ယောက်...ကျေးဇူးပြုပြီး ငါ့နောက်ကနေလိုက်ခဲ့ပါ"
လိပ်အိုကြီးသည် လုယွီနှင့်လီစစ်ကို နဂါးနန်းတော်အတွင်းသို့ ခေါ်ဆောင်သွားတော့သည်။
သူတို့နှစ်ယောက်သည် နန်းတော်အတွင်းသိုဝင်ရောက်ပြီးနောက် ဤနေရာသည် ပြင်ပလောကနှင့် တသီးတခြားစီတည်ရှိကြောင်း တွေ့မြင်မိလေ၏။
နဂါးဘုရင်သည် နဂါးနန်းတော်ကို ကြီးမားသောဝင်္ကပါကြီးအဖြစ်သို့ အသွင်ပြောင်းထားသည်။ဤသည်က တက်တူတစ်ကောင်ကဲ့သို ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များကို အရူးအမူးဝါးမြိုနေသည်။
ဤနယ်မြေအတွင်းတွင် နဂါးနန်းတော် တည်ရှိနေသောအကြောင်းအရင်းကို လုယွီက ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။
နဂါးဘုရင်သည် ဤနတ်ဘုရားကုန်းမြေကို လုံးလုံးလျားလျား စွန့်လွှတ်ရန် ပြင်ဆင်ထားပုံပင်။
ကောင်းကင်ဘုံနယ်မြေသို တက်လှမ်းနိုင်ရန် အဆင်သင့်ပြင်ဆင်ထားသည့်အနေဖြင့် နတ်ဆိုးသားရဲမျိုးနွယ်များ၏ခွန်အားကို အင်အားများစွာစိုက်ထုတ်၍ မြှင့်တင်ထားခဲ့သည်။
ကောင်းကင်ဘုံနယ်မြေအတွင်း၌ တခြားလူများ၏ခန္ဓာကိုယ်များကို အပိုင်စီးထားသော အစွမ်းထက်နတ်ဆိုးသားရဲများ ခြေကုပ်ရသွားချိန်တွင် သူတို့၏နည်းလမ်းကို ထပ်မံ၍အသုံးပြု၍ နတ်ဆိုးသားရဲများကို ထပ်မံ၍တက်လှမ်းစေပေမည်။
ထိုမှတဆင့် အချိန်ကျလာပါက သူတိုသည် ကောင်းကင်ဘုံနယ်မြေကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အင်အားစုကြီး ဖြစ်သွားပေလိမ့်မည်။
"ဒီလိုမျိုး ပေါကြွယ်ဝတဲ့ စိတ်ဝိညာဥ်စွမ်းအား...ဒီလိုမျိုး ပြင်းထန်တဲ့ နတ်ဆိုးအရှိန်အဝါတွေနဲ့ဆိုရင်...ဒီနန်းတော်ထဲမှာ အနည်းဆုံးတော့ နတ်ဆိုးသားရဲတပ်မှူးရာနဲ့ချီပြီး ရှိနေနိုင်တယ်"
လီစစ်က ညည်းတွားလိုက်သည်။
ဤနယ်မြေ၌ သိုင်းသူတော်စင်နယ်ပယ်သည် အမြင့်ဆုံးကျင့်ကြံဆင့်နယ်ပယ်ပင်။
ယခုလက်ရှိချိန်တွင် နဂါးဘုရင်ပိုင်ဆိုင်ထားသော အင်အားသည် နတ်ဘုရားကုန်းမြေတစ်ခုလုံး၏အခြေအနေကို ပြောင်းလဲနိုင်စွမ်းရှိသည်။
လူသားမျိုးနွယ်သည် တိုက်ခိုက်မှုတစ်ခုကိုပင် ခုခံနိုင်မည်မဟုတ်ချေ။
Chapter 2485
ဝေါင်း....
ပတ်ဝန်းကျင်ရှိလမ်းများပေါ်မှနေ၍ နတ်ဆိုးသားရဲများ၏ဟိန်းဟောက်သံများကို အဆက်မပြတ်ကြားနေရသည်။
နတ်ဆိုးသားရဲများသည် တစ်ကောင်ပြီးတစ်ကောင် သူတို့၏အိမ်များအတွင်းမှ ထွက်လာကြပြီး လုယွီနှင့်လီစစ်ကို စူးစိုက်၍ကြည့်နေကြ၏။
လိပ်အိုကြီးရှိနေသောကြောင့်သာ ထိုနတ်ဆိုးသားရဲများသည် ပျားအုံများအလား ရှေ့သို့တရကြမ်းတိုးဝင်မလာကြခြင်းပင်။
သို့ရာတွင် ထိုသိုဆိုသည့်တိုင် နတ်ဆိုးသားရဲအမြောက်အများ၏စိုက်ကြည့်ခြင်းကိုခံရသော မည်သူမဆို သူတို့၏နောက်ကျောကို အပ်များဖြင့်ထိုးစိုက်ခံရသကဲ့သို့ ခံစားရပေမည်။
"မင်း အခု ဘာလုပ်ဖို စီစဥ်ထားလဲ...ငါတို့ တိုက်ခိုက်ခံရရင် ဘယ်လိုလုပ်မလဲ...အဲ့ဒီကောင်တွေအားလုံးကို မင်း သတ်ပစ်မယ်လိုတော့ ငါ့ကိုမပြောနဲ့"
လီစစ်က မေးမြန်းသည်။
လုယွီက သူ၏ခေါင်းကို ခါယမ်းပြလိုက်၏။
"ဒါက အကောင်းဆုံးနည်းလမ်းမဟုတ်ဘူး...သူခိုးတွေကိုဖမ်းချင်ရင် သူတို့ရဲ့ခေါင်းဆောင်ကို အရင်ဆုံးဖမ်းရမယ်...ငါက နဂါးဘုရင်ရဲ့အပြုအမူကို အရင်ဆုံးကြည့်ချင်သေးတယ်"
လီစစ်သည် ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ်ထိတ်လန့်ကြောက်ရွံနေသည်။
ဤနေရာသည် ကောင်းကင်ဘုံနယ်မြေမဟုတ်ချေ။ထိုကြောင့် သူတို့၏ခွန်အား အကုန်အစင်ကို ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိဘဲ သူတို့၏မှော်စွမ်းအားကိုလည်း ချိပ်ပိတ်ခံထားရသည်။အများဆုံးအနေဖြင့် သူတို့သည် သိုင်းသူတော်စင်နယ်ပယ် ကျင့်ကြံဆင့်ခွန်အားကိုသာ ထုတ်ဖော်အသုံးပြုနိုင်သည်။
အကယ်၍ သူတို့သည် ကောင်းကင်ဘုံနယ်မြေ၌ရှိနေပါက သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူအမြောက်အများကို လွယ်လင့်တကူ တိုက်ခိုက်အနိုင်ယူနိုင်စွမ်းရှိသည်။သို့ရာတွင် ယခုလက်ရှိချိန်တွင် သူတို့အား ဤနယ်မြေရှိမိုးကောင်းကင်တာအိုမှ ဖိနှိပ်ခြင်းခံထားရသည်။ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် အလွန်များပြားသော နတ်ဆိုးသားရဲများဖြင့်သာ တပြိုင်နက်တည်းရင်ဆိုင်တိုက်ခိုက်ရပါက သူတို့သည် အရိပ်အယောင်ပင်မကျန်ရှိဘဲ သေဆုံးသွားနိုင်သည်။
သို့ရာတွင် လုယွီ၏အဖြေသည် သူ မမျှော်လင့်ထားသော ထိုထက်ပို၍ သူ မစွမ်းဆောင်နိုင်သောအရာပင်။
လုယွီသည် ထိုနတ်ဆိုးသားရဲများအားလုံးကို သတ်ဖြတ်နိုင်သော အရည်အချင်းရှိသော်လည်း သူ မလုပ်လိုဟု ပြောဆိုခြင်းဖြစ်သည်။
"ဝင်ခွင့်စာမေးပွဲမှာတုန်းက သူ နတ်ဆိုးသားရဲဘုရင်တွေအများကြီးကို သတ်ဖြတ်ခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး...သူက မှော်ဆန်တဲ့ဆေးလုံးတချိုကို ဝါးမြိုပြီးတော့ သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က အရမ်းမြင့်မားနေတာလို့ ငါ အရင်က တွေးထင်ထားခဲ့တယ်....အခုကြည့်ရသလောက်တော့ သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က တားမြစ်ကန့်သတ်ခံထားရတာတောင် သူ့ရဲ့ခွန်အားက တုန်လှုပ်ချောက်ချားဖွယ်ကောင်းအောင် မြင့်မားနေတုန်းပဲ...သူက ဒီကျင့်ကြံဆင့်နယ်ပယ်ကိုရောက်အောင် တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာတာပဲဖြစ်မယ်"
လီစစ်က သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ တွေးတောနေသည်။
လမ်းတလျှောက်လုံး၌ သူတို့သည် မည်သည့်အနှောက်အယှက်မျိုးနှင့်မျှ မကြုံတွေ့ခဲ့ရချေ။လိပ်အိုကြီးသည် သူတို့နှစ်ယောက်ကို ရှေးဟောင်းနန်းတော်တစ်ခုထံသို ခေါ်ဆောင်သွားခဲ့လေ၏။
ဤနန်းတော်သည် ဟောင်တုဘုရားကျောင်းကဲ့သို့ ကြီးကျယ်ခမ်းနားပြီး လက်ရာမြောက်ခြင်းမရှိချေ။နန်းတော်၏ အုတ်ချပ်များနှင့်ကျောက်တုံးများအားလုံးနီးပါးပေါ်တွင် အစွန်းအထင်းများရှိနေသည်။ထိုအစွန်းအထင်းများကို အထူးသီးသန့်တိုက်ချွတ်ထားခြင်းမျိုးမရှိသဖြင့် ထိုနန်းတော်အား ပို၍ရှေးဟောင်းဆန်သောအငွေ့အသက်မျိုး ရှိနေစေသည်။
သို့ရာတွင် ဤနေရာသည် စိတ်ဝိညာဥ်စွမ်းအင်များ ပေါကြွယ်ဝဆုံးနေရာပင်။
ဤနေရာသည် နဂါးနန်းတော်အတွင်း၌ စိတ်ဝိညာဥ်စွမ်းအင်များစုဝေးနေခြင်း၏ ဗဟိုချက်ဖြစ်သည်။ပတ်ဝန်းကျင်နေရာအနှံမှ စိတ်ဝိညာဥ်စွမ်းအင်များသည် ဤနေရာ၌စုဝေးနေပြီးမှ နဂါးနန်းတော်၏နေရာအနှံအပြားသို ပျံ့နှံသွားသည်။
"နဂါးဘုရင်...ကျွန်တော်က သူတို့ကို ခေါ်လာပြီးပြီ"
လိပ်အိုကြီးက နန်းတော်ပြင်ပ၌ရပ်တန့်၍ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းလိုက်သည်။
လုယွီနှင့်လီစစ်က နန်းတော်အတွင်းသို့ ခြေလှမ်းချလိုက်၏။ခန်းမကျယ်ကြီးတစ်ခု၏အလယ်ဗဟိုတွင် နဂါးပလ္လင်တစ်လုံးကို စိုက်ထူထားသည်။အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော လူဘီလူးကြီးတစ်ကောင်က နဂါးပလ္လင်ပေါ်တွင် သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် ထိုင်နေသည်။
ထိုလူဘီလူးကြီးသည် သုံးမီတာခန့်အရပ်မြင့်မားပြီး အလွန်တုတ်ခိုင်ထွားကျိုင်းသည်။အထင်ရှားဆုံးအရာမှာ သူ၏နဖူးပေါ်တွင် သန္တာကျောက်တန်းနှင့်တူညီသော နဂါးဦးချိုနှစ်ချောင်းရှိနေခြင်းပင်။ထိုဦးချိုများပေါ်တွင် မိုးကြိုးလျှပ်စီးများက တဖျတ်ဖျတ်တောက်ပနေသည်။
ဤသည်က နဂါးဘုရင်ပင်။
ယခုလက်ရှိအချိန်၌ နဂါးဘုရင်သည် ရွှေရောင်ဓားတစ်လက်ကိုကိုင်ဆောင်ထားကာ နဂါးပလ္လင်ပေါ်၌ထိုင်နေသည်။ပတ်ဝန်းကျင်ရှိမြေပြင်ပေါ်၌ တိုက်ခိုက်ရာမှ ကြွင်းကျန်သော ကလိုင်ပေါက်များက နေရာအနှံအပြား၌ရှိနေကာ တချို့ ကလိုင်ပေါက်များသည် ဆယ်မီတာခန့်နက်ပေ၏။
နဂါးဘုရင်၏ရှေ့၌ လူငယ်တစ်ယောက်ထိုင်နေကာ သူ၏ခွန်အားများကို ပြန်လည်ဖြည့်တင်းနေသည်။
ထိုလူငယ်သည် ဒဏ်ရာအပြင်းအထန် ရရှိထားသည်။သူ၏ ကျစ်လစ်မာကြောသောကြွက်သားများပေါ်တွင် အရိုးကိုပင်မြင်နေရသည့် နက်ရှိင်းသောဒဏ်ရာများရှိနေရာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှ၏။
"အရှင့်သား..."
လီစစ်က ထိုလူငယ်၏နံဘေးသို အလျှင်အမြန်အပြေးသွားလိုက်သည်။တစ်ချိန်တည်းမှာပင် သူ၏မှော်စွမ်းအားများဖြင့် လူငယ်ကို ကုသပေးလိုက်၏။
ချိုင်လုံရှင်းက သူ၏မျက်လုံးကို ဖြည်းညှင်းစွာဖွင့်ကာ နဂါးဘုရင်ကိုကြည့်လိုက်သည်။
"ဒီအောက်ဘုံမှာ ငါ့ကို ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းမှာ ဖိနှိပ်နိုင််မယ့် ပါရမီရှင်တစ်ယောက်ရှိနေမယ်လို ငါ မျှော်လင့်မထားမိဘူး...ငါက ဒီနယ်မြေရဲ့ပါရမီရှင်တွေကို လျှော့တွက်ခဲ့မိတယ်"
ချိုင်လုံရှင်း၏နှုတ်ခမ်းထောင့်မှနေ၍ သွေးများ ထပ်မံ၍ယိုစီးကျလာသည်။
ချိုင်လုံရှင်းသည် နဂါးဘုရင်နှင့် ယှဥ်ပြိုင်တိုက်ခိုက်ရန်သွားသည်ဟု လီစစ်က လုယွီကို ပြောဆိုခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ချိုင်လုံရှင်းသည် အရေးနိမ့်သွားကာ ပြင်းထန်သောအတွင်းဒဏ်ကို ခံစားခဲ့ရကြောင်း သိသာထင်ရှားနေသည်။
ချိုင်လုံရှင်းသည် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်၏။ရုတ်ချည်းဆိုသလိုပင် ဆေးအငွေ့အသက်များက အရပ်မျက်နှာအဘက်ဘက်သို ပျံ့နှံသွားကာ ထူးဆန်းသော သဘာဝလွန်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ဤသည်က ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးပင်။
Thank For Reading.