← Chapters

ပျော်ရွှင်ခြင်းများစွာ

Vol. 9 Ch. 135

ပျော်ရွှင်ခြင်းများစွာ

Vol. 9 Ch. 135

သူတို့နှစ်ဦးစလုံး လိုချင်တဲ့ပန်းများကို ခူးပြီးနောက် ပန်းခင်းတစ်ခုလုံးကို မလျှောက်ကြည့်တော့ဘဲ စောစောစီးစီး တောင်ခြေရင်းသို့ ပြန်လာခဲ့ကြသည်။

လမ်းတွင် ရှန်မိုသည် သူ့ပန်းများက မြန်မြန် ညှိုးနွမ်းနေသည်ဟု ထင်ခဲ့သည်။ (အကယ်၍ သူ ထင်ယောင်ထင်မှားဖြစ်ခြင်းမဟုတ်ပါက) သစ်တောကို ဆယ့်ငါးမိနစ်ခန့် လျှောက်ပြီးနောက် အပြင်ဘက်ပွင့်ချပ်များသည် စတင်တွန့်ကြေလာပြီး ခူးစကဲ့သို့ အပွင့်ကားကားနှင့် လှပခြင်း မရှိတော့ပေ။

ဒါက ပုံမှန်မဟုတ်သည်မှာ ထင်ရှားသည်။

လက်တွေ့ကမ္ဘာတွင်ဆိုလျှင် ဤကဲ့သို့သောပန်းသည် ခူးပြီးနောက် အနည်းဆုံး နှစ်နာရီ၊သုံးနာရီခန့် ကြာရှည်ခံမည်မဟုတ်ပါလား။

ရှန်မိုသည် ပိုင်ယို့ဝေ၏ ကြာပန်းကို ကြည့်လိုက်သည်။

ကြာပန်းသည် ကောင်းမွန်စွာ ရှိနေဆဲဖြစ်ပြီး ပန်းပုံသဏ္ဌာန်မှာ ကြီးမားကာ ရေစက်များသည် နှင်းကဲ့သို့ ဖြူစွတ်နေသော ပွင့်ချပ်များပေါ်တွင် လျှောကျနေပြီး ကြည်လင်သော အလင်းရောင်ဖြင့် တောက်ပနေသည်။

ပိုင်ယို့ဝေက ပြောသည်။

“ရှင့်ဟာက အထူမလုံလောက်လို့ပေါ့။”

ရှန်မို:“…”

ပိုင်ယို့ဝေသည် ကြာပန်း၏ ပင်စည်ကို ညွှန်ပြပြီး ပြောသည်။ “ပင်စည်ပိုထူလေလေ ပန်းအတွက် အာဟာရဓာတ်ကို ပိုပေးနိုင်လေလေ။ ပန်းပုံသဏ္ဌာန်ကို ပိုကြာကြာ ထိန်းနိုင်လေပဲ။ ဒါပေမယ့် ပီအိုနီပန်းရဲ့ ပင်စည်ကလည်း ကောင်းပါတယ်။ မြန်မြန်လျှောက်ပြီး ပန်းကို ပန်းအိုးထဲထည့်ရအောင်။”

ထိုအခါ ရှန်မိုက စားပွဲပေါ်ရှိ ဖန်ပန်းအိုးကြည်များတွင် ရေဖြည့်ထားသည်ကို ပြန်မှတ်မိသည်။

သူ့စိတ်အနည်းငယ် လှုပ်ရှားသွားပြီး ပိုင်ယို့ဝေကို မေးသည်။ “မင်း ကြာပန်းကို ရွေးတာက ဒီက ပန်းတွေက ခူးပြီးတာနဲ့ မြန်မြန်ညှိုးသွားမယ်ဆိုတာ အရင်ကတည်းက သိထားလို့လား။”

ပိုင်ယို့ဝေကပြောသည်။ “ကျွန်မက ကြိုသိနေတဲ့သူ ဟုတ်ပါဘူး။ ကျွန်မ ကြာပန်းကို ရွေးတာက ယောက်ျား‌လေးတစ်ယောက်ဆီက ပထမဆုံးရတဲ့ပန်းက ကြာပန်းဖြစ်ပြီး သဘောကျလို့ ခူးတာပါ။”

ရှန်မို: “…”

နောက်ဆုံးတစ်ခေါက်က သူ ကြာစေ့အိမ်တွေ ခူးဖို့ ကူညီပေးတုန်းက တကယ်တော့ ကြာပန်းတစ်ပွင့်ကိုပါ ခူးပြီး သူမ ကစားဖို့အတွက် ပြန်ယူလာခဲ့တာဖြစ်သည်။

ရှန်မိုသည် ပိုင်ယို့ဝေကို ငုံ့ကြည့်ကာ လေသံပျော့ပျော့ဖြင့် ပြောသည်။ “မင်းရဲ့ စိတ်ဓာတ်က တဖြည်းဖြည်း ပိုကောင်းလာပြီ။”

တခြားအချိန်တွေမှာ သူမက ဆိုးသွမ်းသည့် ကောင်မလေးတစ်ယောက်ဆိုလျှင် ကိစ္စမရှိသော်လည်း အခု ဂိမ်းထဲမှာပါ သူမကို လျှောက်ပြောရဲနေပြီဖြစ်သည်။

ပိုင်ယို့ဝေသည် ကြာပန်းကို မြှောက်ကိုင်ထားပြီး ပြုံးနေသည်။ သူမ၏ မျက်နှာတစ်ခြမ်းသည် ကြာပန်းနောက်တွင် ဖုံးကွယ်နေပြီး ကြည်လင်နေသော မျက်လုံးတစ်စုံသာ ပေါ်လွင်နေသည်။

သူမက ပြုံးပြီး ပြောသည်။ “ပန်းအိုးထဲက ရေကို မြင်တော့ ခန့်မှန်းချက်တချို့တော့ ရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ ပန်းနဲ့ ပန်းသီးက အရမ်းကွာတယ်။ ပန်းသီးက ရက်နည်းနည်းထားရင်တောင် မပုပ်ဘူး။ ဒါပေမယ့် ပန်းတွေ၊ အထူးသဖြင့် အပင်ငယ်လေးတွေ… ဒေစီ၊ ညနေခင်းနှင်းဆီ ၊နှင်းပန်း၊ ဒါတွေက ခူးပြီးတာနဲ့ မိနစ်ပိုင်းအတွင်း ညှိုးသွားလိမ့်မယ်။”

ရှန်မိုက အနည်းငယ် ခေါင်းညိတ်သည်။ “ဒါဆို မင်းသိတာပေါ့။”

သိရုံတင်မကဘဲ တခြားဘယ်သူ့ကိုမှလည်း အသိမပေးခဲ့ပေ။

ဒီလို ပြောလိုက်ပြီးနောက် သူ၏ မျက်ခုံးများ အနည်းငယ် ကြုံ့သွားသည်။

ပိုင်ယို့ဝေက ဒါကို သတိထားမိပြီး သူ့ကို မေးသည်။ “ကျွန်မကို အပြစ်မတင်ဘူးမလား။”

“မတင်ဘူး” ရှန်မိုက ပြန်ဖြေသည်။

လူ ၁၈ ယောက်ထဲက ၁၀ ယောက်ကို ဖယ်ရှားမည်ဖြစ်သည်။။ ဒီစည်းမျဉ်းက ထိပ်တိုက်ရင်ဆိုင်မှု သဘောကိုဆောင်သည်။ ပိုင်ယို့ဝေက အဆင့်ကို ကျော်ဖြတ်ဖို့ လှည့်ကွက်ကို လူတိုင်းကို ပြောပြဖို့လောက်ထိ ကြင်နာပြီး ရက်ရောဖို့ မလိုအပ်ပေ။

ရှန်မိုက သူမကို တကယ် အပြစ်မတင်ခဲ့ပါ။

သူ အခု နည်းနည်း စိတ်မပျော်မရွှင် ဖြစ်နေရသည့် အကြောင်းရင်းကတော့ ဂိမ်းစည်းမျဉ်းတွေကို နာခံရသည့် ခံစားချက်က နေ့စဥ်နှင့်အမျှ ကြီးထွားလာနေလို့ပဲဖြစ်သည်။

“ရှင် ကျွန်မကို အပြစ်မတင်တဲ့အတွက် ဝမ်းသာတယ်။” ပိုင်ယို့ဝေက လေသံပျော့ပျော့ဖြင့် ပြောသည်။ “ဘာလို့လဲဆိုတော့ ကျွန်မက ငယ်သေးတယ်။ မရင့်ကျက်သေးဘူး။ စောစောစီးစီး အမေတစ်ယောက်လို မဖြစ်ချင်သေးဘူး။”

ရှန်မိုက ခဏရပ်ပြီး မျက်မှောင်ကြုတ်ကာ သူမကို ကြည့်သည်။

သူက အသက်ကြီးပြီလား။ နောက်နေတာလား။

ပိုင်ယို့ဝေသည် သူ့အကြည့်ကို နားလည်ပြီး ရှင်းပြသည်။ "သူတော်စင်တစ်ယောက်လိုမျိုး လူတိုင်းရဲ့ အမေလိုပေါ့”

ရှန်မို: “…”

ပိုင်ယို့ဝေ: “ဘာလို့ အဲ့လိုကြည့်နေတာလဲ။”

ရှန်မို: “ဘာမှမဟုတ်ဘူး၊ မင်း ပျော်ပျော်နေသင့်တယ်လို့ ထင်တယ်။”

ပျော်ရွှင်မှုကိုအမြဲရှာဖွေနေတဲ့အတွက် ပျော်ပါတယ်။

ပိုင်ယို့ဝေက ပြုံးပြီး ပြောသည်။ “ပျော်ရွှင်မှုရဲ့ ရင်းမြစ်ကို ရှာတွေ့ထားတယ်”

ရှန်မိုက သူမကို အေးစက်စက် စိုက်ကြည့်ပြီးနောက် အကြည့်ကို ရုတ်သိမ်းကာ ပီအိုနီပန်းများနှင့်အတူ ရှေ့သို့ ဆက်သွားပြီး ပြန်ဖြေသည်။ “ဖြည်းဖြည်းပေါ့၊ နာကျင်မှုရဲ့ ရင်းမြစ် မဖြစ်အောင်သာ သတိထား။”

ပိုင်ယို့ဝေက သူမပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ဘယ်လိုလုပ် နာကျင်ရမှာနည်း။ ဒီဂိမ်းကို အကြိမ်တစ်ရာ ကစားရင်တောင် သူမ မပင်ပန်းပါ။ အနည်းဆုံး သူမအတွက်တော့ လက်တွေ့ကမ္ဘာထက် အများကြီး ပိုပျော်စရာကောင်းပါသည်။

All Chapters