← Chapters

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း (၁၅၁) နတ်ဆရာဆယ်ပါး၏စွမ်းအား

ဝူရှန်းက လက်သီးနှစ်ဖက်ကိုဆုပ်မိုးလျက်ပြောလိုက်တော့သည်။

“မလိုအပ်ဘူး မျှော်နန်းသခင်။ နတ်ဆရာဆယ်ပါးက ထိပ်သီးဆရာကြီးဆယ်ဦးထက် ပိုအစွမ်းထက်သာပြီးသား။ ခင်ဗျားရဲ့အရံအတား အပြင်ဖက် ရောက်နေတဲ့အချိန် သူတို့ကို ဘယ်လိုလုပ်ရင်ဆိုင်မှာလဲ”

ရန်ပုဖင်းက လက်ဝှေ့ယမ်းလိုက်၏။ သူ၏လက်အောက်ငယ်သားကို ပြောလိုက်တော့၏။

“တတိယကျောင်းထိုင်ဘယ်မှာလဲ”

“တတိယကျောင်းထိုင်က ဓားသူတော်စဉ်လော့ရှစ်စန်းနဲ့ရှိနေပါတယ်။ သူတို့မကြာခင် ဒီကို ရောက်လာပါလိမ့်မယ်” လက်အောက်ငယ်သားက အရိုအသေပေးလျက်ပြောလိုက်တော့သည်။

ဟွားဝူတောက်၏မျက်နှာထက်၌ မျက်မှောင်ကျုံ့သည့် အမူအရာပေါ်လာတော့၏။ သူ့အရှောင်တိမ်း အချင်ဆုံးအခြေအနေက ဖြစ်လာချေပြီ။ သူက ယွင်ဂိုဏ်းမှဖြစ်ပြီး ယခုဆို မိစ္ဆာဝေဟင်မျှော်နန်း သို့ဝင်ခဲ့ပြီးဖြစ်၏။ အနည်းဆုံးတော့ သူမတွေ့ချင်ဆုံးလူများက သူ၏ယခင်တစ်ဖွဲ့တည်းသားများ ဖြစ်ကြသည်။

“အကြီးအကဲဟွား လော့ရှစ်စန်းက ယခုဆို တစ်ယောက်တည်းကျင့်ကြံနေလောက်တယ်။ သူက မိစ္ဆာဘုရားကျောင်းထဲ ဘာလို့ရောက်လာမှာလဲ။ ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ် နေတာကို ဂုဏ်ယူဝံ့ကြွားနေတယ်လို့ ထင်မိတာပဲ” မင်ရှစ်ရင်က လှောင်ပြောင်ပြောဆိုလိုက်သည်။

ဟွားဝူတောက်၏မျက်နှာက ရှက်ရွံ့မှုကြောင့် နီလာသော်ငြား သူက ပြန်မပြောခဲ့ပေ။ ဆိုရလျှင် သူက မိစ္ဆာဝေဟင်မျှော်နန်းထဲဝင်ခဲ့ပြီးဖြစ်သည်။ သူမည်သည်ကိုပြောနိုင်မည်နည်း။

ဖန်ကျုံးကပြောလိုက်တော့သည်။

“ဓားသူတော်စဉ်လော့ရှစ်စန်းက လော့ချန်ချင်းရဲ့ညီ ဓားရူးသုံးယောက်ထဲက တစ်ယောက်ပဲ။ နှစ်ယောက်လုံးက ဓားရေးကျွမ်းကျင်ကြပြီး လမ်းကြောင်းရှာဖွေဖို့ကိုပဲ အာရုံစိုက်ထားတာ။ တစ်ခြားအရေးကိစ္စတွေထဲမှာ ဝင်ပါတာရှားတယ်။ လော့ရှစ်စန်းက နောက်ထပ်လူတစ်ယောက်ရဲ့ နယ်ရုပ်ဖြစ်လာလိမ့်မယ်လို့မထင်ထားဘူး”

ဝူရှန်းက ခေါင်းခါပြီးလက်မခံကြောင်းပြောလိုက်လေ၏။ “မင်းပြောတာမှားတယ် ညီအစ်ကိုဖန်။ မင်းက ဖြောင့်မတ်ခြင်းလမ်းစဉ်ကဖြစ်တဲ့ ကျင့်မင်တာအိုဂိုဏ်းကပဲ။ မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်လိုက်ပြီဆိုတော့ မင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့နယ်ရုပ်ဖြစ်မသွားဘူးလား”

လေတို့ဝှေ့တိုက်သွားလေ၏။ ဝူရှန်းနဲ့ဝူကွမ်း၏ ဝတ်ရုံနီများက လေထဲလွင့်နေသည်။ သူတို့၏ သဘောထားက ယခင်နှင့်ကွဲပြားခြားနားနေပြီး ရင်ဆိုင်သည့်အနေအထားသို့ ပြောင်းလဲသွား၏။ ဖန်ကျုံးက နှာခေါင်းရှုံ့ပြီးပြောလိုက်လေ၏။

“ငါ မိစ္ဆာဝေဟင်မျှော်နန်းထဲဝင်တာကို နောင်တမရဘူး။ မင်းတို့က နာမည်ကျော်ကြားတဲ့ နတ်ဆရာဆယ်ပါးရဲ့ မျိုးဆက်ပဲ။ ဒါတောင် မော့လီရဲ့အစောင့်ခွေးအဖြစ် လျော့ချခံတယ်။ ပြောကြည့်ပါဦး။ မင်းရဲ့ ဘိုးဘေးတွေကိုစိတ်ပျက်စရာမရောက်နိုင်ဘူးလား”

“အပြန်အလှန်လှောင်ပြောင်သရော်နေလည်း အသုံးမဝင်ဘူး။ နေနဲ့လက နန်းတော်အပေါ် ငါ့ရဲ့သစ္စာ တရားကို မျက်မြင်သက်သေပြုပေးနိုင်တယ်” ဝူရှန်းက လက်သီးနှစ်ဖက်ကိုဆုပ်ပြီး ပြောလိုက် လေ၏။

“မင်း-င်ကြီးကိုပဲ သစ္စာပဲရှိ” ဖန်ကျုံးက စိတ်မရှည်တော့ဘဲပြောလိုက်လေ၏။ “မော့လီက ဘယ်လိုလူမျိုးဆိုတာမသိဘူးလို့ မင်းပြောရဲလား”

ဝူရှန်းက ယခင်က ယုံကြည်ချက်ရှိရှိပြောခဲ့၏။ သို့သော် ထိုစကားကိုကြားသည့်အချိန် မျက်မှောင်အနည်းငယ်ရှုံ့သွားတော့သည်။ “မင်း ဘာသိလို့လဲ”

“တိုက်ဆိုင်လိုက်တာ” ဖန်ကျုံးက ပြောလိုက်လေ၏။ “လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါ ကုသနည်းအတွက် ရှာနေတဲ့အချိန် ငါသွားလည်ပတ်ခဲ့တာ ကဝေသမားတော်တွေတင်မကဘူး တော်ဝင်သမားတော်တွေဆီပါ သွားပြီး ကုသမှုရဖို့ နန်းတော်ထဲကိုသွားခဲ့သေးတာ။ အဲ့ဒီတုန်းက တစ်စုံတစ်ခုရှာတွေ့ခဲ့တယ်လေ”

တွမ့်မူရှန်းက ဖန်ကျုံးကို လှည့်ကြည့်ပြီးနောက် ပြောလိုက်တော့၏။ “ပြောလေ မော့လီက ဘယ်လိုလူမျိုးလဲ”

“မော့လီက ဒုတိယမင်းသားရဲ့ လျှို့ဝှက်ချစ်သူပဲ” ဖန်ကျုံးက ခဏတာရပ်လိုက်ပြီးနောက် ထပ်ထည့်ပြီးတော့ပြောလိုက်သည်။ “တိတိကျကျပြောရရင် မော့လီက ဒုတိယမင်းသားရဲ့ချစ်သူကောင်လေးပဲ”

မင်ရှစ်ရင်”...”

တွမ့်မူရှန်း”...”

ရန်ပုဖင်း”...”

လေက ခဲသွားလေ၏။ ပတ်ဝန်းကျင်က အနေရခက်လာတော့သည်။ ဝူရှန်းနှင့်ဝူကွမ်းက ယခုအချိန်တွင် သူတို့မျက်နှာထက်၌ သဘာဝမကျသော အမူအရာရှိနေလေ၏။ လုကျိုးတောင် ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားပေ။

ဒီလိုကိစ္စကြီးနား တဝဲလည်နေပြီးနောက် မော့လီက အမျိုးသားတစ်ယောက်ဖြစ်နေတယ်တဲ့လား။ ဒီတွေ့ရှိချက်ကြီးက ခြောက်ခြားစရာပဲဟေ့။

ရှိနေသည့်သူများက ယုံနိုင်ရန်ခက်ခဲနေလေ၏။ ထိုသို့ဆိုလျှင်

‘မင်းသားလျိုက တုန်ရှန်းတစ်ယောက်များလား (တုန်ရှန်းသည် နှစ်အနည်းငယ်အတွင်း အမှုထမ်းငယ်လေးတစ်ဦးအဖြစ်မှ ဧကရာဇ်အိုက်၏ အတွင်းဆောင် အကြံပေးရေးတွင် အင်အားအကြီးဆုံး အမှုထမ်းတစ်ဦးဖြစ်လာသည့် ဟန်မင်းဆက် အမတ်တစ်ယောက်ဖြစ်သည်။ အရည်အချင်းများကို ပြသခဲ့ခြင်းထက် ဧကရာဇ်အိုက်နှင့် ပုဂ္ဂိုလ်ရေး ပတ်သက်မှု၊ ချစ်ကြည်နူးဖွယ်ဆက်ဆံရေးတို့ကြောင့် တုန်ရှန်း ရာထူးအတက်မြန်သည်ဟု စာသင်သား အများစုက ထောက်ခံကြသည်)

မဟုတ်လောက်ဘူး၊ မော့လီကမှ တုန်ရှန်း ဖြစ်သင့်တာ’

လုကျိုးက ထိုအကြောင်းကို တွေးနေစဉ် မင်းသားနှစ်ကို ပုံပေါ်မိသွားသည်။ ကိုးကားချက် အပိုင်းတစ်ပိုင်းတွင် မြက်ဖြာတစ်ထည်ပေါ်၌ တုန်နှင့် ဧကရာဇ်အိုက်တို့ မကြာခဏလှဲအိပ်ကြောင်း ပါသည်။ တစ်ခုသော မွန်းတည့်ရက်တွင် ဧကရာဇ်အိုက်သည် တစ်ရေးအိပ်ရာမှ နိုးလာစဉ် တုန်က အိပ်ပျော်နေဆဲ ဖြစ်သည်။ ထို့အပြင် ဧကရာဇ်အိုက်၏ ဝတ်ရုံလက်က တုန်ရှန်း၏ ခေါင်းအောက် ဖိမိနေသည်။ တုန်ရှန်းကို နှိုးမည့်အစား ဧကရာဇ်အိုက်က သူ အနှောင့်အယှက်မရှိ ဆက်အိပ်နိုင်စေရန်အတွက် သူ့ဝတ်ရုံလက်ကို ဓားဖြင့် ဖြတ်ခဲ့သည်။ (ယူတို့ တော်တော်များများ သိတဲ့ ဝတ်ရုံလက်ပြတ်ပါပဲ)

“အမ်း” လုကျိုးက ရထားလုံပျံထဲတွင် လှဲနေသော ဖန်းရှုဝမ်ကို လှည့်ကြည့်လိုက်သည်။

ဖန်းရှုဝမ်၏မျက်နှာထက်တွင်လည်း သတ်ဖြတ်လိုသည့်အကြည့်ရှိနေလေ၏။ သူ၏မျက်လုံးများက ပြူးကျယ်နေပြီး ထွက်ကျလုနီးပါးဖြစ်နေသည်။ နှုတ်ခမ်းတို့က တုန်ယင်နေ၏။

လုကျိုးက ဖန်းရှုဝမ်ယခုအချိန်တွင် မည်သို့ခံစားနေရကြောင်းသိချင်မိသည်။ ထိုအတွေးများကို ရှင်းလင်းရန်အတွက် ခေါင်းခါလိုက်ပြီး ဝူရှန်းကိုသာ အာရုံစိုက်လိုက်သည်။

ဝူရှန်းက ဒေါသထွက်နေတာသိသာပေ၏။ သူက ဖန်ကျုံးကို လက်ညှိုးထိုးပြီးပြောလိုက်တော့သည်။ “မင်းက မိစ္ဆာဝေဟင်မျှော်နန်းမှာတုန်းက ငါတို့ရဲ့ ဘိုးဘေးနတ်ဆရာဆယ်ပါးကို စော်ကားခဲ့တယ်။ မျှော်နန်းသခင်ကြောင့် မင်းပြောတာကို ငါအငြိုးအတေးမထားခဲ့ဘူး။ ဒါပေမဲ့အခု အရှင်မော့လီကို စော်ကားနေပြန်ပြီ။ မင်းကို မသတ်ရင် နတ်ဆရာဆယ်ပါးကို ရင်ဆိုင်ဖို့အရှက်ရတော့မှာ” ပြောပြီးသည်နှင့် လက်ဝှေ့ယမ်းလိုက်တော့၏။

ဝတ်ရုံနီအယောက်သုံးဆယ်က ချက်ချင်းစုဝေးလိုက်ကြသည်။ သူတို့၏ မှိန်ဖျော့ဖျော့ကနဦးချီများ က မယုံနိုင်စရာကောင်းလောက်အောင် ရုတ်တရက်အစွမ်းထက်လာတော့၏။ ခပ်ဖျော့ဖျော့ ခရမ်းရောင် အလင်းစက်ဝိုင်း တို့က မြေပြင်ပေါ်တွင် အရှိန်ပြင်းပြင်းဖြင့်တောက်ပလာလေ၏။

“နတ်ဆရာဆယ်ပါးရဲ့စွမ်းအား” ရန်ပုဖင်းက ရယ်မောလိုက်သည်။ “ကြည့်ရတာက ထွက်ပြေးတာ ကပဲ မင်းရဲ့တစ်ခုတည်းသော ရွေးချယ်မှုထင်တယ်။ နတ်ဆရာဆယ်ပါးက ထိပ်သီးဆရာကြီး ဆယ်ယောက်လိုမဟုတ်ဘူး”

အလင်းစက်ဝိုင်းများက ခပ်ဖျော့ဖျော့ခရမ်းရောင်စွမ်းအားတို့ဖြင့် တဖြည်းဖြည်းပြည့်လာပြီး ပြီးပြည့်စုံသွားတော့၏။

လုကျိုးက အလင်းစက်ဝိုင်းဆယ်ခုကို ကြည့်ပြီးမေးလိုက်တော့၏။ “ဒါက နတ်ဆရာဆယ်ပါးရဲ့ စွမ်းအားဆိုတာလား” ဝူရှန်း၏ မျက်လုံးများက နီရဲလာပြီးပြောလိုက်တော့၏။ “ကျူပ်တစ်ခုပဲ တောင်းဆိုစရာရှိတယ်။ ယဲ့ထျန်းရှင်းကို လွဲပေးလိုက်။ ဒီတောင်းဆိုချက်ကို ဖြည့်ဆည်းပေးရင် မိစ္ဆာဝေဟင်မျှော်နန်းကို ချမ်းသာပေးမယ်” သူ၏ဝတ်ရုံက လေထဲလွင့်နေပြီး ကနဦးချီများ ပေါ်ထွက်လာတော့၏။ ယခုအချိန်တွင် ဝူကွမ်း၏မျက်လုံးကလည်းရဲလာလေသည်။ တစ်၊သုံး၊ငါး ဝတ်ရုံနီကျင့်ကြံသူဆယ်ဦး၏မျက်လုံးများကလည်း ရဲလာတော့၏။

“ယဲ့ထျန်းရှင်းက ပိုင်လူမျိုးတွေထဲက တစ်ယောက်ပဲ။ တစ်ခြားသူတွေနဲ့မင်းကိုယ်မင်း အရူးလုပ်နေဖို့မလိုဘူး။ လောင်ချန်းပေ့” ဝူရှန်း၏ အရှိန်အဝါတို့က ပေါက်ကွဲလာ၏။

ရန်ပုဖင်း၏မျက်လုံးထဲတွင် ထိတ်လန့်သည့်အရိပ်အယောင်ပေါ်လာသည်။ သူက အသံမြှင့်ပြောလိုက်တော့၏။ “ကျိထျန်းတောက် မင်းအချည်းနှီး အသက်ရှင်ခဲ့တာလား။ ပိုင်လူမျိုးရဲ့ချန်ဟွမ်းက မင်းရဲ့အသက်ကို နှစ်ထောင်ကျော်အထိ ဆွဲဆန့်ပေးနိုင်တယ်ဆိုတာ မသိဘူးလား”

ဝူရှန်းက ရန်ပုဖင်းဖက်လှည့်ကြည့်လိုက်ရာ ရန်ပုဖင်းကို ချက်ချင်းတိတ်သွားစေတော့သည်။

ရန်ပုဖင်းက ဝူရှန်း၏ ရဲတင်းသောအကြည့်ကိုခံစားမိပြီး ပြောင်းလဲသွားတော့၏။ သူ့အထက်တွင် ရှိနေသူက ဝူရှန်း မဟုတ်တော့ပေ။

ထိုစဉ် မှိန်ဖျော့ဖျော့ခရမ်းရောင်စက်ဝိုင်းများ၏တစ်ခုမှ ကနဦးချီက ပေါ်ထွက်လာပြီး ဝူရှန်းနှင့် ဖြည်းဖြည်းချင်းပေါင်းစည်းသွားတော့သည်။

ဝူရှန်းနားရှိ အတွေ့အကြုံမရှိသော ဝတ်ရုံနီကျင့်ကြံသူများက တညီတညွတ်တည်းပြောလိုက်ကြ၏။

"နှုတ်ဆက်ပါတယ် အရှင်ဝူရှန့်”

ယင်းကတာ့ယန်ထဲတွင် ကျောက်စိမ်းတံခါးဟုခေါ်သောတောင်တစ်လုံးဖြစ်သည်။ နေနှင့်လ၏ လှုပ်ရှားမှုများက ယင်းအပေါ်တွင် အရိပ်အယောင်ရှိနေ၏။ ဝိညာဉ်တောင်တန်းက နတ်ဆရာဆယ်ပါး၏ နေအိမ်ဖြစ်ပြီး ဝူရှန့်၊ ဝူကျိ၊ ဝူပန်း၊ ဝူဖန်း၊ ဝူကု၊ ဝူကျန့် ၊ ဝူလီ၊ ဝူတိ၊ ဝူလော့၊ ဝူရှဲ့တို့ဖြစ်သည်။ နတ်ဆရာဆယ်ပါးက မြေရှိုးမိုးပျံနိုင်စွမ်းရှိ၏။ သူတို့မလုပ်နိုင်သည့် အရာမရှိကြချေ။

ရန်ပုဖင်းက သူကိုယ်သူနှိမ့်ချပြီး လက်သီးနှစ်ဖက်ဆုပ်ကာပြောလိုက်တော့၏။ “ကြိုဆိုပါတယ် အရှင်ဝူရှန့်”

ဝူရှန်းကနေတဆင့် အောင်မြင်စွာကူးပြောင်းနိုင်ခဲ့သော ဝူရှန့်က နတ်ဆရာဆယ်ပါး၏ ခေါင်းဆောင်ဖြစ်သည်။

ဟွားဝူတောက်က အလျင်စလိုလေသံဖြင့်မေးလိုက်တော့၏။

“မျှော်နန်းသခင် ဘာလုပ်ဖို့စီစဉ်ထားလဲ” ဟွားဝူတောက်က ထိုမြင်ကွင်းကြောင့် အနည်းငယ်ထိတ်လန့်သွားသော်ငြား မျက်နှာထက်တွင် မပြပေ။ ခမ်းနားခြင်းအစီအစဉ်က တောင်တန်း၏အရံအတားကို ဖြိုရန် သို့မဟုတ် ခိုးယူရန်ဖြစ်မည်ဟု တွေးခဲ့တာဖြစ်သည်။ ယင်းက နတ်ဆရာဆယ်ပါးကို ဆင့်ခေါ်တာဖြစ်မည်ဟု သူမထင်ထားပေ။ ထိုကဲ့သို့ အစွမ်းထက်သည့်ပြိုင်ဘက်က သူ၏တပည့်များ ဖြေရှင်းနိုင်သည့်သူ မဟုတ်။

ငါ့ရဲ့အထွတ်အထိပ်အသွင်ကတ်ကို သုံးရတော့မှာလား။

လုကျိုးက စိတ်မပြင်ဆင်ရသေးခင် လေထဲ၌ အသံတို့ စတင်ပေါ်ထွက်လာ၏။

“နှုတ်ဆက်ပါတယ်။ အရှင်သခင် ဝူကျိ”

မှိန်ဖျော့ဖျော့ခရမ်းရောင်အလင်းစက်ဝိုင်းက ကနဦးချီကို ထပ်မံထုတ်ဖော်လိုက်ပြန်သည်။

“ကြိုဆိုပါတယ်။ အရှင်သခင် ဝူပန်း”

သူတို့က လွှမ်းမိုးနိုင်စွမ်းရှိသည့် အမူအရာဖြင့်လေထဲတွင် ပျံဝဲနေတော့၏။ မိုက်ရူးရဲဆန်သော တွမ့်မူရှန်းတောင် အံ့ဩဆွံ့အနေလေသည်။

ဝူဖန်း၊ ဝူကု၊ ဝူကျန့်၊ ဝူလီ၊ ဝူတိ ဝူရှဲ့နှင့် ဝူလော့ ကျန်ရှိသည့် နတ်ဆရာဆယ်ပါးက ဝတ်ရုံနီကျင့်ကြံသူများ၏ ခန္ဓာကိုဝင်ပူးသွားခဲ့ပြီဖြစ်သည်။

အစွမ်းထက်သော ခရမ်းရောင်စွမ်းအင်တို့က သူတို့ခန္ဓာကိုယ်တစ်ဝိုက်၌ မီးလျှံများပမာ တောက်လောင်နေတော့သည်။ သူတို့၏ မထင်မရှားရန်သူများက ယခုဆို ဖြုံလောက်သည့်သူများ ဖြစ်သွားခဲ့ချေပြီ။ ဆယ်ယောက်လုံးက တိမ်ခွင်းရထားလုံးရှေ့၌ ပျံဝဲနေကြ၏။

ဝူရှန်း သို့မဟုတ် ဝူရှန့်က လုကျိုးကို ကြည့်ပြီးထူးမခြားနားပြောလိုက်၏။ “ဒီတော့ မင်းက နတ်တစ်ထောင်အကန့်အသတ်ရောက်နေတဲ့ အငယ်တစ်ယောက်ပဲ” ဝူရှန့်သာလျှင် အားလုံးရှိနေသည့်အထဲ၌ ထိုကဲ့သို့ပြောရဲတာဖြစ်သည်။

ထိုစကားကို ရန်ပုဖင်းကြားသည့်အချိန်၌ စိတ်ထဲ တုန်ယင်သွားတော့သည်။ “ဒီလေသံ သူက နတ်ဆရာဆယ်ပါးထဲက တစ်ယောက်ဆိုတာ သံသယဖြစ်ဖွယ်မရှိဘူး”

သူ အမြန်ပြောလိုက်တော့၏။ “အကြီးအကဲဝူ ချန်ဟွမ်းက ယဲ့ထျန်းရှင်းထဲမှာရှိနေပါတယ်။ ကျေးဇူးပြုပြီး မိစ္ဆာဝေဟင်မျှော်နန်းကို ဖယ်ရှားဖို့ ခွန်အားငှားပါ”

…

အခန်း (၁၅၂) ဓားသူတော်စင် လော့ရှစ်စန်း

နတ်ဆရာ ဆယ်ယောက်အနားမှ ခရမ်းမီးတောက်များက ပို၍ တောက်လောင်လာသည်။ သူတို့အရှိန်အဝါများကလည်း ပို၍ အားကောင်းလာသည်။ သူတို့က ချီစွမ်းအား လှည့်ပတ်ထားခြင်း မရှိသော်လည်း သူတို့အနားက ချီများက သာမန်ကျင့်ကြံသူများထက် ပိုအားကောင်းနေသည်။

“မဟာဘိုးဘေး အစီအရင်က တကယ်ကို နာမည်အတိုင်းပဲ ” ဟွားဝူတောက်က ချီးကျူးလိုက်သည်။

“မျှော်နန်းသခင် … ကျုပ်တို့ မင်ရှစ်ရင်ရဲ့ အကြံပြုချက်ကို စဉ်းစားသင့်တယ် ”

ဟွားဝူတောက်က မင်ရှစ်ရင်၏ အကြံပြုချက်ကို အယဉ်ကျေးဆုံးနည်းလမ်းဖြင့် သဘောတူလိုက်ခြင်း ဖြစ်သည်။ အရှင်းဆုံးပြောရလျှင် ထွက်ပြေးဖို့ အကြံပြုလိုက်ခြင်း ဖြစ်၏။

ခရမ်းအလင်းစက်ဝန်းများက ချီများ ထုတ်လွှင့်နေဆဲ ဖြစ်၏။

နတ်ဆရာဆယ်ယောက်လုံးက သူတို့ဘာသာ ထင်ရှားလာသည်။

ရှေ့မှအခြေအနေပေါ် မူတည်၍ လုကျိုးက တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့သည် ဝူရှန်းနှင့် ဝူကွမ်းကိုသာ ကိုင်တွယ်နိုင်လောက်ကြောင်း မှန်းဆမိသည်။ သူက ရန်ပုဖင်းကို အသေရိုက်ချက် ထုတ်သုံးလိုက်ဖို့သာ လိုအပ်သည်။ တခြားလူများကို ကြောက်နေဖို့ မလိုပေ။ သွမ့်ရှင်းနှင့် လော့ရှစ်စန်းတို့ ဒီမှာရှိနေလျှင်ပင် ဟွားဝူတောက်က လော့ရှစ်စန်းကို ကိုင်တွယ်နိုင်လိမ့်မည်။ သူ့ထင်မြင်ချက်အရ သွမ့်ရှင်းသည် ပရိယာယ်ကြွယ်ဝသူ ဖြစ်၍ တိုက်ပွဲတွင် ဝင်မပါလောက်ချေ။ သူ ဝင်ပါခဲ့လျှင်ပင် လုကျိုးအနေနှင့် နောက်ထပ် ကတ်တစ်ကတ် ထုတ်သုံးရုံသာ ဖြစ်၏။ ကတ်၏ တန်ဖိုးကို တွက်ချက်လိုက်ပြီးနောက် သူက အကျိုးမြတ်ရနေသေးကြောင်း တွေ့လိုက်ရသည်။

သို့သော်လည်း အခြေအနေက ရှင်းရှင်းလင်းလင်း ပြောင်းလဲမသွားပေ။ နတ်ဆရာဆယ်ယောက် မဟာဘိုးဘေးအစီအရင်မှ ရုပ်လုံးပေါ်လာသည်။ သူတို့က အဆင့်မြင့် ကျင့်ကြံသူဆယ်ယောက်နှင့် ညီမျှနေသည်။ လုကျိုး၏ တပည့်များက သူတို့နှင့် မည်သို့ယှဉ်နိုင်မည်နည်း။

လုကျိုးက ဆက်လက် တွေးတောနေဆဲ ဖြစ်သည်။ နတ်ဆရာဆယ်ယောက်လုံးက သေဆုံးပြီးသား ဖြစ်၏။ အကယ်၍ သူ အသေရိုက်ချက်ကို ထုတ်သုံးလျှင်ပင် ကုသိုလ်ရမှတ် ရလာမည် မဟုတ်ပေ။

ဒီလိုဆို ငါ့ဘက်က ရှုံးမနေဘူးလား … အခြေအနေက နည်းနည်းခက်သား

ဝူရှန်းက တိမ်ခွင်းရထားလုံးပျံကို ကြည့်လိုက်ရင်း “ ချန်းဟွမ်လား … အရူးပဲ ”

အခြားလူများက သူ့စကားကြောင့် နားမလည်ဖြစ်သွားကြသည်။

လုကျိုးက နတ်ဆရာဆယ်ယောက်ထဲမှ ဝူရှန့်ကို ကြည့်လိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ မင်းက နတ်ဆရာဆယ်ယောက်ရဲ့ ခေါင်းဆောင် ဝူရှန့်လား … ”

ဝူရှန်းက လုကျိုးကို ကြည့်ကာ “ ခင်ဗျားက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဂိုဏ်းချုပ် ကျိထျန်းတောက်လား ”

သူတို့လေသံက ရင်းနှီးလှသည်။

လုကျိုးက စိတ်ထဲ မထားပေ။ ထို့အစား သူက ပြောလိုက်သည်။

“ မင်းက စွမ်းအားကြီး နတ်ဆရာဆယ်ယောက်ထဲက တစ်ယောက်ဖြစ်ပြီးတော့ မော့လီရဲ့ ခိုင်းဖက် ဘယ်လိုလုပ် ဖြစ်လာရတာလဲ ”

“ဟမ်” ဝူရှန့်၏ လေသံက ခပ်ဩဩဖြင့် “ခင်ဗျားက နတ်ဆရာဆယ်ယောက်ရဲ့ ကိစ္စကို ဝင်စွက်ဖက်ခွင့်မရှိဘူး”

သူက လက်အသာ မြှောက်လိုက်သည်။ ထို့နောက် သူ့လက်ထဲ စက်ဝန်းပုံစံ လှုပ်ရှားလိုက်သည့်အခါ ငါးမီတာအချင်းအတွင်း ခရမ်းဖျော့အလင်းစက်ဝန်း ပေါ်ထွက်လာကာ တိမ်ခွင်းရထားလုံးဆီ ပစ်ခွင်းလိုက်သည်။

လုကျိုးက တောင်တစ်လုံးလိုမျိုး မလှုပ်မယှက်ရှိနေသည်။ အကြောင်းမှာ သူက ဟွားဝူတောက်၏ ချီစွမ်းအား အတက်အကျကို ခံစားမိ၍ ဖြစ်၏။

ဟွားဝူတောက်၏ လျို့ဟယ်စည်းတံဆိပ်က တောက်ပလာသည်။ ထို့နောက် ဟွားဝူတောက်နား ဧရာမ သင်္ကေတခြောက်ခုက ရွှေရောင်တဖြတ်ဖြတ် လင်းလက်လာသည်။ သူ့ခြေထောက်အောက်တွင်လည်း ပါကွား ပေါ်လာကာ ယင်ယန် လှည့်ပတ်နေသည်။

ဝုန်း

လျို့ဟယ်စည်းတံဆိပ်က ချက်ချင်း ပေါ်လာပြီး ခရမ်းဖျော့ အလင်းစက်ဝန်းအား ချက်ချင်း ချေဖျက်လိုက်သည်။

ဝူရှန့်က ဟွားဝူတောက်အား ကြည့်လိုက်ကာ “ လျို့ဟယ် … ”

ဟွားဝူတောက်က လက်နှစ်ဖက်ယှက်ကာ “နတ်ဆရာဆယ်ယောက်က သေဆုံးသွားပြီးတော့ တကယ့်ခန္ဓာကိုယ်အစစ် မရှိဘူး။ မဟာဘိုးဘေးအစီအရင်က ခင်ဗျားတို့ အင်အားရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကိုပဲ ဖြည့်ပေးနိုင်တာ။ အချိန်လည်း အကန့်အသတ်ရှိသေးတယ် … ခင်ဗျားတို့က ဘိုးဘေးတွေဖြစ်ပြီး ဉာဏ်ရှိရက်နဲ့ အမှားနဲ့ အမှန်ကို ဘာလို့မခွဲခြားတတ်ရတာလဲ ”

“ ၈၀ ရာခိုင်နှုန်းဆို လုံလောက်တယ် ” ဝူရှန့်က လက်ဝေ့ကာ ပြောလိုက်သည်။

ဟွားဝူတောက်က ပြောလိုက်သည်။

“စုန်းအတတ်က အနီးကပ် တိုက်ခိုက်မှုအတွက် အသုံးမကျဘူး။ ဂါထာထုတ်သုံးဖို့ အချိန်ကြာလိမ့်မယ်။ တိမ်ခွင်းရထားလုံးက အချိန်မရွေး ဒီကနေ ထွက်သွားနိုင်တယ် ”

“ အဲလိုစွမ်းရည်မျိုး ရှိဦးမှလေ ” နတ်ဆရာဆယ်ယောက်ထဲက အငယ်ဆုံး ဝူရှဲ့က လေထဲ ရောက်လာသည်။

ဝူကု၊ ဝူကျန်း၊ ဝူလီနှင့် ဝူတိလည်း လိုက်ပါလာသည်။

ငါးယောက်လုံးက ရှေ့တွင် နေရာယူလိုက်ကြစဉ် ကျန်ငါးယောက်လုံးကလည်း နောက်တွင် ရပ်လိုက်ကြသည်။

ဝူရှဲ့က ရုတ်ခြည်း လှုပ်ရှားလိုက်သည်။ သူက လေထဲ ဒူးထောက်လိုက်ပြီးနောက် လက်မြောက်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

နောက်ဆုံးတွင် နတ်ဆရာဆယ်ယောက်လုံးလည်း လှုပ်ရှားလိုက်ကြ၏။

အားလုံးက သူ့အား လှည့်ကြည့်လိုက်ကြသည်။

“ဆုတောင်းကြ ”

ခရမ်းမီးတောက်က ပိုမို ပြန့်လာသည်။

အလင်းစက်ဝန်းဆယ်ခုကလည်း ထူးခြားလှသည့် ချီစွမ်းအားများ ထုတ်လွှင့်လာ၏။

ဝူတိက ချီစွမ်းအားဖြင့် ဖုံးလွှမ်းထားသည့် အသံတစ်ချို့ ပြုလုပ်လိုက်သည်။

“ အမွှမ်းတင်ကြ ”

အသံလှိုင်းက ရှေ့နောက်ကူးသန်းနေသည်။

မင်ရှစ်ရင်က လှည့်ပြေးချင်သော်လည်း သူသာ ပြေးလိုက်လျှင် တိမ်ခွင်းရထားလုံးကို မည်သူက မောင်းနှင်မည်နည်း။ သူက မလှုပ်မယှက်ရပ်နေသည့် ရှစ်စွင်းဖြစ်သူအား ကြည့်လိုက်ကာ ရှစ်စွင်းက ထွက်ပြေးဖို့ ရည်ရွယ်ချက်မရှိကြောင်း သိလိုက်ရသည်။

“စုန်းအတတ် ” ဟွားဝူတောက်က ပြောလိုက်သည် “ သူတို့က တစ်ယောက်ချင်းစီ နယ်ပယ်တစ်ခုစီမှာ ထူးချွန်ကြတယ်။ ဒါပေမဲ့ သူတို့ အတူတူတွဲလုပ်လိုက်တဲ့အခါ ရင်ဆိုင်ရခက်လာတယ် ”

“ ငါ ဒီလောက်အကြာကြီး အသက်ရှင်လာပေမဲ့ နတ်ဆရာဆယ်ယောက်ရဲ့ စွမ်းအားကို တစ်ခါမှ မကြုံခဲ့ရဘူး။ သူတို့ ဘယ်လောက်အားကောင်းမလဲ ကြည့်ချင်မိသား ” လုကျိုးက ပြောလိုက်သည်။

အဆိုးဆုံးအခြေအနေဆိုရင် ငါ့ကုသိုလ်ရမှတ်တွေအကုန်သုံးပြီး ရှင်းထုတ်ပစ်လိုက်မယ်။ ငါ ဆုလာဘ်မရှိဘဲ နေနိုင်ပေမဲ့ အသက်ကိုတော့ မစတေးနိုင်ဘူး။

ဝူကျန်း၏ လက်က လှုပ်ရှားလိုက်ပြီးနောက် ဝူရှဲ့၏ လက်ဝဲဘက်နား ကပ်လာသည်။

“ စတေးခံ ”

ကံဆိုးစွာဖြင့် စုန်းအတတ် ကျင့်ကြံသူများသည် သူတို့စိတ်ဝိညာဉ်သဏ္ဍာန်ကို မဖွဲ့စည်းကြပေ။ ထို့ကြောင့် သူတို့ မည်မျှအားကောင်းသည်ကို မျက်မြင်ကိုယ်တွေ့ မတိုင်းတာနိုင်ပေ။

တွမ့်မူရှန်းက ဒေါသတကြီး အော်ပြောလိုက်သည်။ “ ဒီလိုရွတ်ဖတ်နေတာတွေက စိတ်ရှုပ်စရာကောင်းလိုက်တာ။ ကျွန်တော် အရင်ဆုံး လှုပ်ရှားလိုက်တော့မယ်”

အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် သူက စိတ်မရှည်တော့ဘဲ သူတို့အင်အားကို ကိုယ်တိုင်စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ထိုစဉ် ကောင်းကင်က မည်းမှောင်လာသည်။ အတိအကျပြောရလျှင် နေရာတစ်ခုလုံး အလင်းစက်ဝန်း ဆယ်ခုက ပိတ်ဆို့လိုက်ပြီးနောက် အမှောင်ထု နေရာကို ဖြစ်လာစေခြင်း ဖြစ်သည်။

ခရမ်းရောင် ဥက္ကာပျံများက ကောင်းကင်မှ ရွာသွန်းလာသည်။

“မပြည့်စုံသောနတ်ဒေဝါ ဖျန်ဖြေခြင်း ” တွမ့်မူရှန်း၏ လှံအရိပ်များစွာက သူတို့တိုက်ကွက်များ ပြင်ဆင်နေဆဲ ဖြစ်သည့် နတ်ဆရာဆယ်ယောက်ဆီ ဝင်ရောက်သွားသည်။

ဤသည်က စုန်းအတတ်၏ လုပ်ဆောင်ပုံ ဖြစ်၏။ သူတို့က သူတို့တိုက်ကွက် အချိန်ယူပြင်ဆင်ရမှန်း သိထားသောကြောင့် သူတို့ဘာသာ မကာမကွယ်ဘဲ မနေကြပေ။

ဝူရှန့်က ပြောလိုက်သည် “သွားစမ်း”

သူ့လက်ကို ဝေ့လိုက်သည့်အခါ ခရမ်းအလင်းစက်ဝန်းက ကြီးလာကာ တွမ့်မူရှန်းဆီ ဝင်ရောက်သွားသည်။

တွမ့်မူရှန်း၏ လှံအရိပ်ထောင်ချီက ထိုစက်ဝန်းအကာအရံ၏ တားဆီးမှုကို ခံလိုက်ရသည်။

ဘန်း ဘန်း ဘန်း

သူ့စွမ်းအားက စုန်းအတတ် အကာအရံပေါ် လှိုင်းတွန့်လေးသာ ဖန်တီးနိုင်လိုက်သည်။

ပွင့်ချပ်တစ်လွှာ ထွက်ထားသည့် တွမ့်မူရှန်းက သာမန် ပွင့်ချပ်သုံးလွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့်နှင့် ရင်ဆိုင်နိုင်သော်လည်း သူ့ပြိုင်ဖက်ကင်း တိုက်ကွက်ကား နတ်ဆရာဆယ်ယောက်၏ ခေါင်းဆောင် ဝူရှန့်၏ တားဆီးမှုကို ခံလိုက်ရသည်။

နတ်ဆရာဆယ်ယောက် အားကောင်းလွန်းလှ၏။

အမျိုးသမီး ကျင့်ကြံသူများကလည်း ထိုမြင်ကွင်းကြောင့် စိုးရိမ်နေကြသည်။

ဟွားဝူတောက်က အားကောင်းသော်လည်း ကာကွယ်ရေး၌သာ ထူးချွန်လေသည်။ သူက တိုက်ခိုက်ရာ၌ တွမ့်မူရှန်းအတွက်ပင် ပြိုင်ဖက် မဟုတ်ပေ။ သူက အလန့်တကြား ပြောလိုက်သည် “သူက အနည်းဆုံး ပွင့်ချပ်ခြောက်လွှာပဲ ”

ဟွားဝူတောက်က တွမ့်မူရှန်းနှင့် ခဏတိုင်း လက်ရည်စမ်းလေ့ရှိသောကြောင့် တွမ့်မူရှန်း မည်မျှအားကောင်းကြောင်း သိထားလေသည်။ သူပင် ဒီတိုက်ကွက်ကို အားအပြည့်ထုတ်သုံးကာ ကာကွယ်ရလိမ့်မည်။ ဝူရှန့်က သူ့အင်အား ၈၀ ရာခိုင်နှုန်းဖြင့်ပင် မယုံနိုင်လောက်အောင် အားကောင်းလွန်းနေသည်။

တွမ့်မူရှန်းက လက်ထဲ ဝေ့ဝဲနေသည်။ သူ့လက်က အနည်းငယ် ထုံနေ၏။

ဝူတိက ဆူဆူညံညံ အသံများ ပြုလုပ်နေဆဲ ဖြစ်သည်။

တိမ်ခွင်းရထားလုံးပေါ် ကျင့်ကြံဆင့် နိမ့်သည့် အမျိုးသမီး ကျင့်ကြံသူများက စတင် တုန်လှုပ်ကာ မသက်မသာ ခံစားလာရသည်။

အသံလှိုင်းက ဗြဟ္မာတေးသံနှင့် သက်ရောက်မှု တူလှသော်လည်း ဗြဟ္မာတေးသံထက် သက်ရောက်မှု ပိုအားနည်းနေလေသည်။

ရန်ပုဖင်းက ထိုအရာကို မြင်သည့်အခါ တက်ကြွလာသည်။ သူက ပြပွဲကောင်း ကြည့်နေရသလိုမျိုး စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

ဆုတောင်းခြင်း၊ အမွှမ်းတင်ခြင်းနှင့် စတေးခြင်းတို့ သုံးခုလည်း ပေါင်းစပ်သွားလေပြီ။

ကျန်ရှိနေသော နတ်ဆရာများက ရေကာတာ ဖွင့်ချလိုက်သည့်အခါ ချီစွမ်းအားများကို ထုတ်လွှင့်လိုက်ကြသည်။

ဒါက ချီစွမ်းအားကို စုဆောင်းပေးတဲ့ စုန်းအတတ်စွမ်းအားလား …

အခြားလူများကလည်း တအံ့တဩ ကြည့်လိုက်ကြသည်။

ခရမ်းရောင် ချီများက စွမ်းအားအဖြစ် ရုတ်ခြည်းဖွဲ့စည်းသွားကာ မုန်တိုင်းသဖွယ် မိုးရွာသွန်းလာသည်။ အပြင်ဘက်၌ ခရမ်းဥက္ကာပျံမိုး ရွာသွန်းနေသလို ဖြစ်နေသည်။

“ သူတို့က ကျုပ်တို့ကို တစ်ခါတည်းနဲ့ ရှင်းပစ်ဖို့ လုပ်နေတာ” ဟွားဝူတောက် လုကျိုးရှေ့သွားကာ “ဟူး မိစ္ဆာဝေဟင်မျှော်နန်းမှာတုန်းက အားအကောင်းဆုံး သိုင်းကွက်ကို သုံးဖို့ အခွင့်အရေး မရခဲ့ဘူး။ ဒီနေ့တော့ ဒီအရိုးအိုကြီးတွေကနေ စွမ်းအားကုန် ထုတ်ကြည့်ရတာပေါ့”

ဟွားဝူတောက်က ရထားလုံးပျံမှ ဆင်းကာ လေထဲ ရပ်လိုက်သည်။

ဒုက္ခမိုင်တစ်ရာရှုကွင်း …

ဟွားဝူ‌တောက် ခြေထောက်အောက်တွင် ရွှေကြာက တောက်တောက်ပပ လင်းလက်လာပြီး ပွင့်ချပ်ခြောက်လွှာ ပွင့်အာလာ၏။

မိုး၊ မြေ၊ သေခြင်း၊ ရှင်ခြင်း၊ ရေ၊ မီး …

တည်ရှိခြင်းနှင့် မတည်မရှိခြင်း …

ဟွားဝူတောက်ကို ဗဟိုထား၍ သင်္ကေတရှစ်ခုက လှည့်ပတ်နေသည်။ သူက ပါကွားပေါ် ရပ်ကာ ယင်ယန်လည်း ပေါင်းစပ်သွားသည်။

ဝူရှန့်က ပြောလိုက်သည်။ “အသုံးမဝင်တဲ့ ကြိုးစားမှုပဲ “

တစ်ချိန်တည်းတွင် လျို့ဟယ်စည်းတံဆိပ်မှ အလင်းတန်းများ ဖြာထွက်လာကာ တိမ်ခွင်းရထားလုံး တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ဘန်း ဘန်း ဘန်း

လျို့ဟယ်စည်းတံဆိပ်ပေါ် ခရမ်းရောင်စွမ်းအားများ ဖြာကျလာသည်။ ကြည့်ရသည်မှာ ရွှေရောင်ဖန်မျက်နှာပြင်ထက် မိုးရွာသွန်းနေသလို ဖြစ်၏။ စွမ်းအားများက နေရာအနှံ့ ပြန့်ကျသွားကာ လှိုင်းတွန့်များသာ ဖြစ်လာသည်။

တွမ့်မူရှန်းက လျို့ဟယ်စည်းတံဆိပ်အား တအံ့တဩ ကြည့်လိုက်ပြီးနောက် “ ငါနဲ့ တိုက်တုန်းက အကြီးအကဲဟွားက အားကုန်ထုတ်မတိုက်ခဲ့ဘူးလား ”

ဟွားဝူတောက်၏ မျက်နှာက လေးနက်စွာဖြင့် “ ဒီအရိုးအိုကြီးတွေက သိပ်မခံနိုင်လောက်ဘူး။ တစ်ဖက်လူက နတ်ဆရာဆယ်ယောက် … မျှော်နန်းသခင် ဒီအခွင့်အရေးကို ယူပြီး ထွက်ပြေးလိုက်ပါ ”

အမှောင်ထုအလွန်တွင် …

အမျိုးသားတစ်ယောက် လက်ဆန့်ထုတ်လိုက်သည့်အခါ ငွေရောင်ဓားတစ်လက်က တောက်တောက်ပပ ပျံသန်းလာသည်။ ထို့နောက် ခရမ်းထုကို ဖြတ်ကာ လျို့ဟယ်စည်းတံဆိပ်ထဲ စိုက်ဝင်သွားသည်။

“ဓားသူတော်စင် လော့ရှစ်စန်း ”

…

အခန်း (၁၅၃) နတ်ဆရာဆယ်ပါးရောက်လာပြီ။ ခံတပ်ကိုထိန်းထား

မိစ္ဆာဘုရားကျောင်း၏ ရန်ပုဖင်းသည် ထိုအရာကိုမြင်သည့်အချိန်၌ အင်မတန်ထိတ်လန့် သွားတော့ သည်။

“လော့ရှစ်စန်းက နတ်ဆရာဆယ်ပါးရဲ့ အစီအရင်ကို ဖြိုခွင်းနိုင်တယ်လား” ထိုစဉ် မိစ္ဆာဘုရားကျောင်း၏ တတိယကျောင်းထိုင်က သူ သတိမပြုမိဘဲ ရောက်လာတော့သည်။

“ကျောင်းထိုင်”

“သွမ့်ရှင်းလား၊ မင်း အချိန်မီရောက်လာတာပဲ” ရန်ပုဖင်းက ပျော်ရွှင်စွာ ပြောလိုက်လေ၏။

“ကျွန်တော်က အကြီးအကဲဓားသူတော်စင်နဲ့ စီးတော်တစ်စီးတည်း လိုက်ပါလာတာ။ ကံကောင်း လို့ အချိန်မှီရောက်တာပဲ။ အရင်က ဝူရှန်းနဲ့ ပူးပေါင်းထားတာ ဒီအစီအရင်က မိစ္ဆာဘုရားကျောင်းက ဘယ်သူ့ကိုမှ ဟန့်တားနိုင်စွမ်းမရှိဘူး။" သွမ့်ရှင်းက ပြော၏။

“အံ့ဩဖို့ကောင်းတာပဲ” ရန်ပုဖင်းက စိတ်အေးသွားတော့သည်။ သူက ဓားသူတော်စင် လော့ရှစ်စန်း၏ ထိတ်လန့်ဖွယ်ဓားချက်ကို စိုက်ကြည့်နေသည်။

လော့ရှစ်စန်းက မဟာဓားရူးသုံးဦးထဲမှ တစ်ဦးဖြစ်သော လော့ချန်ချင်း၏ ညီအစ်ကိုဖြစ်သည်။ သို့သော် လော့ရှစ်စန်းက ဂုဏ်သတင်း စောစီးစွာ တက်လာပြီးနောက် ဓားသူတော်စင်ဘွဲ့ကို ရလာခဲ့ ၏။ ဤနှစ်များအတွင်း၌ သူ၏ကျင့်ကြံမှုကိုသာ အားစိုက်ထားခဲ့သည်။ လော့ချန်ချင်း၏ ဂုဏ်သတင်း က သူ့ဂုဏ်သတင်းကို လွှမ်းမိုးထားသည့်တိုင် ခွန်အားကို သံသယဖြစ်ဖွယ်မလိုပေ။ ထိုရုတ်ချည်း ပြောင်းလဲမှုက အားလုံးကို ထိတ်လန့်သွားစေ၏။

မင်ရှစ်ရင်က ပဲ့ကိုင်ရမည့်လူဖြစ်သောကြောင့် ထွက်သွား၍မရပေ။ သူလှုပ်ရှားခဲ့လျှင် တိမ်ခွင်း ရထားလုံးက ပြုတ်ကျသွားမှာသေချာ၏။ ရှောင်ယွမ်အာက နတ်ဒေဝါဦးတည်နယ်ပယ်တွင်သာ ရှိသေးသည်။ သူမက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်လက်ရွေးစင်တစ်ဦးကို မတိုက်ခိုက်နိုင်ပေ။ ဖန်ကျုံးနှင့်ကျိုးကျစ်ဖုန်းတို့အတွက်လည်းတူညီပေ၏။ ကျန်သည့်အမျိုးသမီးကျင့်ကြံသူများဆို ပြောရန်မလိုတော့ပေ။ တွမ့်မူရှန်းက နတ်ဆရာဆယ်ပါးကို ကြည့်နေလေ၏။ သူက အချိန် အတိုင်းအတာတစ်ခုအထိ တောင့်ခံထားနေရာ သူ့ကို ကူညီနိုင်ရန်လှည့်မလာနိုင်ပေ။

“အကြီးအကဲဟွား”

ဟွားဝူတောက်ကို ကယ်တင်နိုင်သည့်လူက တစ်ဦးတည်းသာရှိသည်။ ထိုလူက လုကျိုးဖြစ်၏။

“ရှစ်စွင်း” မင်ရှစ်ရင်က ဟွားဝူတောက်ကို သိပ်သဘောမကျသည့်တိုင် သူက မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းသားတစ်ဦးဖြစ်နေသေးသည်။ သူတစ်စုံတစ်ခုဖြစ်လာခဲ့လျှင် မိစ္ဆာဝေဟင်မျှော်နန်း၏ မျက်နှာ ကို ဖြတ်ရိုက်ခြင်းနှင့်တူနေပေ၏။

လုကျိုးက လက်နောက်ပစ်ထားဆဲဖြစ်သည်။ သူ၏လက်၌ အလင်းရောင်ဖျော့ဖျော့ တောက်ပလာ လေသည်။ အသုံးပစ္စည်းကတ်တစ်ကတ်ပေါ်လာ၏။ လှုပ်ရှားတော့မည့်အချိန်၌ ဟွားဝူတောက်က ပြောလိုက်သည်။

“ကျေးဇူးပြုပြီး နောက်ဆုတ်နေပေးပါ မျှော်နန်းသခင်”

သူခံနိုင်ရည်ရှိသေးတယ်လား။

ကြီးမားသည့် အက္ခရာရှစ်လုံးက ရုတ်တရက် သူတို့အရွယ်အစားနှစ်ဆပိုကြီးမားသွားတော့သည်။ တစ်ချိန်တည်းနီးပါး

ဘန်း

ဒါက လျို့ဟယ်တာအိုစည်းတံဆိပ်ကို ထိုးစိုက်သွားတော့သည်။

ဘီး

ဟွားဝူတောက်၏ မျက်လုံးက ဒေါသဖြင့်တောက်လောင်လာတော့၏။ “လော့ရှစ်စန်း”

“သစ္စာဖောက်” လော့ရှစ်စန်း၏မျက်လုံးကလည်း ဒေါသမီးလျှံများတောက်လောင်လေ၏။

အကြည့်ချင်းဆုံသွားသည့်အချိန်တွင် သူတို့က ရန်သူတော်ကြီးများကို ဆုံတွေ့မိသည့်ပမာ ထင်ရသည်။ ကျန်သည့်သူများက ထိတ်လန့်သွားတော့၏။

လျှို့ဟယ်စည်းတံဆိပ်က အလွန်အစွမ်းထက်သည်။ နတ်ဆရာဆယ်ပါး၏ ခရမ်းရောင်မိုးမှ တိုက်ခိုက်မှုကို ခုခံနိုင်စဉ် ယင်းက ဓားသူတော်စင်၏ ရုတ်တရက်တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ရှိသေးသည်။ ဟွားဝူတောက် မည်မျှစွမ်းအားကြီးသနည်း။

လော့ရှစ်စန်း၏ ညှိုးရော်နေသောခန္ဓာကိုယ်ပေါ်ရှိ ငွေရောင်အမျှင်က လေတိုက်ခတ်လာတော့၏။ သူက လျှို့ဟယ်တာအိုစည်းအပြင်သို့ ထွက်ရပ်လိုက်တော့သည်။

လုကျိုး၏ လက်ဖဝါးထဲရှိ အသုံးပစ္စည်းကတ်က ပျောက်ကွယ်သွားပြီးဖြစ်သည်။ သူက လော့ရှစ်စန်း ကို ထူးမခြားနားကြည့်လိုက်လေ၏။ လှုပ်ရှားရန်အလျင်မလိုပေ။ အသင့်တော်ဆုံးအခွင့်အရေးကို သူ စောင့်ဆိုင်းနေပေသည်။ အသေရိုက်ချက်ကတ်က လော့ရှစ်စန်းကို အသေသတ်နိုင်သော်ငြား သူ့အသုံးပြုမှုကို ဂရုစိုက်ရမည်ဖြစ်ကာ တတ်နိုင်သမျှကတ်များစွာ ထိန်းသိမ်းထားရပေမည်။ အထွတ်အထိပ်အသွင်ကတ်အတွက်ဆိုလျှင် ပိုတောင်မှန်နေပေ၏။

ယခုအချိန်တွင် နတ်ဆရာဆယ်ပါး၊ ရန်ပုဖင်း၊ လော့ရှစ်စန်း၊ သွမ့်ရှင်းနှင့် မော့လီက တိတ်တဆိတ် ကြည့်နေလောက်သည်။ ခေါ်လာသည့်အင်အားစုများစွာလည်းရှိ၏။ အလားအလာ ကောင်းသော ရန်သူက များပြားလွန်းနေသည်။ အဆင်မခြင်ဘဲ သူ၏အသုံးကတ်များကို အသုံးပြုခဲ့ လျှင် တိုက်ပွဲကို တိုက်ပွဲကို ခံစစ်အနေအထားဖြင့်သာ တုံ့ပြန်နိုင်မှာဖြစ်၏။

ကံကောင်းသည်မှာ ဟွားဝူတောက်က လုံလောက်အောင် အစွမ်းထက်၏။ လေထဲ၌ သူ၏ အသံက ကြည်လင်စွာ ထွက်ပေါ်လာတော့သည်။

“လော့ရှစ်စန်း ငါ အကြီးအကဲ ရာထူးကနေ နှုတ်ထွက်ခဲ့တာအတော်ကြာပြီ။ ငါ့ကို ဘယ်လိုလုပ် သစ္စာဖောက်တစ်ယောက်လို့ ခေါ်ရဲရတာလဲ”

“ခင်ဗျားက ဂိုဏ်းကနေ ထွက်ခါစမှာပဲ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်သွားခဲ့တယ်။ ဟွားဝူတောက် သစ္စာဖောက်တစ်ယောက်ဖြစ်တာနဲ့ ဘာများကွာသေးလို့လဲ”

လော့ရှစ်စန်းက လျှို့ဟယ်တာအိုဆီကို ခုခံနေသော ရထားလုံးပျံကိုကြည့်ပြီး ဒေါသတို့ တောက်လောင်လာ၏။ သူက နက်ရှိုင်းသောအသံဖြင့်ပြောလိုက်တော့သည်။ “စကားတွေပြောပြီး အချိန်ဖြုန်းနေဖို့မလိုဘူး။ အရှုပ်အထွေးတွေကို ရှင်းလင်းဖို့အတွက် ဂိုဏ်းချုပ်ရဲ့အမိန့်နဲ့ ဒီကိုရောက်လာတာပဲ”

ဘီး...

ဓားကလှုပ်ခါသွား၏။ ယခုဆို ကနဦးချီများလွှမ်းခြုံနေပြီဖြစ်သည်။

နတ်ဆရာဆယ်ပါး၏ ခေါင်းဆောင်ဝူရှန့်က လော့ရှစ်စန်းကို မြင်လိုက်သည်။ သူသည် ဝူရှန်းကို ဝင်ပူးနေသောကြောင့် လော့ရှစ်စန်းက ရန်သူမဟုတ်မှန်း အလိုလိုသိတာဖြစ်နိုင်၏။

ဝူရှန့်က မြေပြင်ပေါ်ရှိ အလင်းစက်ဝိုင်းဆယ်ခုကို ဖြတ်ခနဲကြည့်လိုက်သည်။ စွမ်းအင်စုပ်ယူမှုက ပြီးခါနီးပြီဖြစ်သည်။ နတ်ဆရာဆယ်ပါး၏ စွမ်းအင်သည် သူတို့၏အကန့်အသတ်သို့ ရောက်ခါနီးပြီ ဖြစ်သည်။ အဆုံးဖြတ်တိုက်ပွဲအတွက် အချိန်ရောက်တော့မည်။

ဝူရှန့်က လက်မြှောက်လိုက်ရာ သူ၏ ဝတ်ရုံနီက လေထဲ၌ လွှင့်နေလေ၏။ ဆံပင်များကလည်း လေတိုက်ခတ်သောကြောင့် ရှုပ်ပွနေလေသည်။ “ရှီချောင်းဂမ္ဗီရဉာဏ်”

ဆုတောင်း၊ ချီးကျူးခြင်း၊ စတေးခြင်းနှင့် ရှီချောင်းဂမ္ဗီရဉာဏ်

မည်းမှောင်နေသော ဧရိယာက ပိုတောင်မှောင်လာတော့သည်။ တလောကလုံးက အမှောင်အတိကျသွား တော့၏။

“အားလုံးနောက်ဆုတ်ကြ” ဟွားဝူတောက်က သူ့ကိုယ်ပေါ်ကျလာသောဖိအားကို ခံစားမိသည်။ ခရမ်းမိုးဖြင့်လျှို့ဟယ်တာအိုစည်းကို ရိုက်ခတ်လာသော ပြင်းထန်သည့်လေပြင်းဖြစ်၏။

လုကျိုးက မလှုပ်ရှားပေ။ ပိုရှုပ်ထွေးလေ သူကပိုတည်ငြိမ်လေဖြစ်ရပေမည်။

လော့ရှစ်စန်း၏ အသံက သူတို့ဆီရောက်လာတော့သည်။ “ဓားဆယ့်သုံးပါး” သူ၏ဓားများက ဓားသွားဆယ့်သုံးခုအဖြစ်ခွဲထွက်သွားတော့သည်။ ယင်းက သူကျော်ကြားလာသည့် သိုင်းကွက်ဖြစ် ၏။ ဓားသူတော်စင်လော့ရှစ်စန်းဟူသော ဘွဲ့အမည်ကို ရလာခဲ့ပုံပဲဖြစ်သည်။

ဝှစ်

ဓားသွားစွမ်းအင် ဆယ့်သုံးခုက ဟွားဝူတောက်ဆီ တိုးဝင်သွားတော့၏။

လျှို့ဟယ်တာအိုစည်းတံဆိပ်က အလွန်အစွမ်းထက်သည်။ သို့သော် ယင်းက ခုခံသည့်အကွက်သာ ရှိနေသေး၏။ လက်ဝှေ့ထိုးအိတ်ပမာ တသက်လုံးဖြစ်နေတော့သည်။

ဘန်း

မီးစာလုံးက ပထမဆုံးပြိုကွဲသွား၏။ ဟွားဝူတောက်၏ အမူအရာက ပြောင်းလဲသွားတော့သည်။

နတ်ဆရာဆယ်ပါး၏ တိုက်စားခြင်းစွမ်းအားကအစွမ်းထက်လွန်း၏။ ကံကောင်းသည်မှာ သူတို့က တွမ့်မူရှန်းကဲ့သို့ အနီးကပ်တိုက်ပွဲဝင်ရာ၌ မကျွမ်းကျင်ကြပေ။ တစ်ဝက်ခန့်က မှော်အတတ်ကို အရမ်းကူညီပေးနေရသည်။ ထိုသို့မဟုတ်လျှင် ဟွားဝူတောက်က ယခုအချိန်ထိတောင့်ခံနိုင်မှာ မဟုတ်ပေ။ သူက ဝင်ရောက်လာသော စွမ်းအင်ဓားသွားဆယ့်သုံးခုကို ကြည့်ပြီး ကူကယ်ရာမဲ့နေ လေ၏။

လုကျိုးက လက်ဝှေ့ယမ်းလျက် နက်ရှိုင်းသည့်အသံဖြင့်ပြောလိုက်သည်။

“တစ်ယောက်တည်းကို အုပ်စုဖွဲ့တိုက်ခိုက်နေတယ်။ လက်မခံနိုင်စရာပဲ” သူ၏ လက်ဖဝါးထဲမှ အပြာရင့်ရင့်အလင်းတန်းပေါ်ထွက်လာ၏။

အားလုံး၏အာရုံစိုက်မှုက လုကျိုးဆီချက်ချင်းရောက်သွားတော့သည်။

သူတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ အကျော်အမော်ကြီး၏ လှုပ်ရှားမှုကို မည့်ကဲ့သို့ စိတ်မဝင်စားပဲ နေမည်နည်း။

လော့ရှစ်စန်းက သူအမှားလုပ်မိမှန်း ရုတ်တရက် သဘောပေါက်သွား၏။ နတ်ဆရာဆယ်ပါး၏ ထောက်ပံ့မှုဖြင့် ဟွားဝူတောက်ကို အနိုင်ရရန် ယုံကြည်ပြီးသားဖြစ်သည်။ သူက ဟွားဝူတောက်ကို အာရုံစိုက်နေပြီးအားနည်းသော ကနဦးချီဖြင့် ဟန်မဆောင်တတ်သော အဘိုးကြီးကို လှမ်းကြည့် လိုက်၏။ ထိုအဘိုးအိုက ကျိထျန်းတောက် မိစ္ဆာဝေဟင်မျှော်နန်း၏ခေါင်းဆောင်တဲ့လား။

ဝေဝါးဝါးအလင်းတန်းတို့က လော့ရှစ်စန်းဆီတိုးဝင်လာလျက် အမှောင်ထုကို ဖြတ်ကျော်သွားသည်။

“မိုးကြိုးသွားလား”

ရန်ပုဖင်းက ထိုအရာကိုမြင်လိုက်သည်။ သူက အထိတ်တလန့်ဖြင့်ပြောလိုက်တော့၏။

“မိစ္ဆာဝေဟင် မျှော်နန်းရဲ့အဋ္ဌမမြောက်တပည့် ကျူးဟုန်ကုန်းက ပျက်သုဉ်းခြင်းကိုးပါးမိုးကြိုးကို ကျွမ်းတာပဲ၊ တကယ့် မိုးကြိုးသွားတော့မဟုတ်ဘူး။ ကျိထျန်းတောက်က ဒီလိုမိုးကြိုးသွားစစ်စစ်ကို ဘယ်လိုများ သင်ယူထားတာလဲ”

သွမ့်ရှင်းက မျက်မှောင်ကျုံ့သွားသည်။

“သူက တကယ်ပဲ ဗုဒ္ဓဝါရင့်ကိုယ်တော်ကြီးအဖြစ်အယောင်ဆောင်ထားတာလား”

ကျောက်စိမ်းယဇ်ပလ္လင်အဖြစ်အပျက်ပြီးနောက် သမာသမတ်ဂိုဏ်းသည် သူတို့ ရရှိခဲ့သည့်အခွင့်အရေးအတွက် ထိုအကြောင်းကို မိစ္ဆာဘုရားကျောင်းကို စောဒကတက်ခဲ့၏။ ထိုကျရှုံးမှုကြောင့် သမာသမတ်ဂိုဏ်းနှင့် မိစ္ဆာဘုရားကျောင်းတို့သည် အဆက်အဆံမရှိတော့ချေ။ အစက သူ မယုံကြည်ခဲ့သော်ငြား ယခုကိုယ်ပိုင်မျက်လုံးဖြင့် မျက်မြင်တွေ့ပြီဖြစ်ရာ ထိတ်လန့်သွားတော့၏။

မိုးကြိုးသွားက လျှပ်စီးတို့ဖြင့် ရုတ်တရက်ပေါက်ကွဲလာလေသည်။ ကောင်းကင်မှ မိုးကြိုးများ ကျဆင်းလာသည့်သဖွယ်ဖြစ်နေတော့၏။

ဖုန်း

ယင်းက လော့ရှစ်စန်းကို ပစ်သွားသည်။ ဓားသွားစွမ်းအင် ဆယ့်သုံးခုကပျောက်ကွယ်သွား၏။ လော့ရှစ်စန်းက တိုက်ကွက်မှ အရုတ်ခံလိုက်ရသည်။ လုကျိုးက ခေါင်းခါလိုက်တော့၏။

ဆိုးလိုက်တဲ့ကံ။ ပြန်ကန်နိုင်ချေက ခံလိုက်ရပြီး။ ဒီတိုက်ကွက်က သူ့ကို ဘာမှမထိခိုက်စေဘူး။ ကုသိုလ်မှတ်တရာဖြုန်းတီးရာရောက်တာပဲ။ ငါပိုသုံးသင့်သလား။ အဆုံးတွင်မူ သူက ဆုံးဖြတ်ချက်ချလိုက်၏။ ရှေ့ဆက်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။ ဟွားဝူတောက်က လုကျိုး လှုပ်ရှားတာကိုမြင်သည့်အချိန်၌ သက်ပြင်းချလိုက်တော့သည်။ သူက ယခုပိုယုံကြည်ချက်ရှိလာပြီ ဖြစ်သည်။

“ကျေးဇူးပါ မျှော်နန်းသခင်”

“ဘာမှမဟုတ်ဘူး”

တွမ့်မူရှန်းက ရပ်မနေနိုင်တော့ချေ။ နယ်ရှင်လှံနားတဝိုက်စွမ်းအင်တို့က ပြိုကွဲသွားပြီး သူက နတ်ဆရာဆယ်ပါးဆီ တိုးဝင်သွားတော့၏။ သူ၏လက်ကို တစ်ရာ့ရှစ်ဆယ်ဒီဂရီလှည့်ပတ်လိုက်ရာ လှံအရိပ်များစွာ ပေါ်ထွက်လာလျက် နတ်ဆရာဆယ်ပါးဆီသို့ ယပ်တောင်သဖွယ်တိုးဝင်သွားတော့ သည်။

ဝူရှန့်က အေးတိအေးစက်ပြောလိုက်သည်။ “ထွက်သွား”

နတ်ဆရာဆယ်ပါးက တစ်ချိန်တည်းနီးပါး ခရမ်းချီများကို ထုတ်လွှတ်တော့သည်။ ထိုချီများက ကနဦးချီကိုရစ်ပတ်လျက် နယ်ရှင်လှံကို အဝေးသို့လွင့်သွားစေနိုင်သည့် စွမ်းအင်အဖြစ်သိပ်သည်း သွားတော့သည်။

ဘန်း

တွမ့်မူရှန်းနောက်ဆုတ်လိုက်ရ၏။ သူက သူတို့အတွက် ပြိုင်ဖက်မဟုတ်ချေ။ နတ်ဆရာဆယ်ပါးက အစွမ်းထက်လွန်းနေ၏။

မြေပြင်ပေါ်ရှိအလင်းစက်ဝိုင်းဆယ်ခုက နတ်ဆရာဆယ်ပါးကို စွမ်းအားဖြင့် ဆက်တိုက်ထောက်ပံ့ ပေးနေသည်။ နတ်ဆရာဆယ်ပါး၏ ခွန်အားက ကြီးထွားနေသေးဆဲဆိုတာ ရှင်းနေပေ၏။

ထိုအရာကို ရန်ပုဖင်းမြင်သောအခါ သူအံ့ဩပျော်ရွှင်မှုများပြည့်သွားလေ၏။ သူက ကမန်းကတန်း သတိပေးလိုက်တော့သည်။ “အရှင်ဝူရှန့် မသက်ညှာပေးနဲ့။ အချိန်က အဓိကပဲ။ သူတို့ကို ဘာအခွင့်အရေးမှ မပေးနဲ့”

နတ်ဆရာဆယ်ပါးက ယင်းကို သတိပြုမိသည်။ မဟာဘိုးဘေးအစီအရင်သည် အလွန်ဆုံး နာရီဝက်ခန့်သာကြာနိုင်၏။ ပြဿနာက စုန်းမန္တန်များကို ရွတ်ဆိုရန်အချိန်ယူရတာပဲဖြစ်သည်။

ဆုတောင်းခြင်း၊ ချီးကျူးခြင်း၊ စတေးခြင်းအားလုံးက အချိန်လိုအပ်သည်။

လျှို့ဟယ်တာအိုစည်းက ခရမ်းမိုး၏တိုက်ခိုက်မှုအောက်တွင်ဆက်တိုက်ပေါ်ထွက်လာ၏။

နတ်ဆရာဆယ်ပါး၏ စုန်းမန္တန်ဖွဲ့တည်သည့်အချိန်၌ လျှို့ဟယ်တာအိုစည်းက ယင်းကို ခံနိုင်မည့် နည်းလမ်းမရှိချေ။

ထိုစဉ် ရှောင်ယွမ်အာက မင်ရှစ်ရင်နား အမြန်ချဉ်းကပ်လာ၏။

“စစ်ရှစ်ရှိုး ညီမ ပဲ့ထိန်းထားမယ်။ သွားသင့်တယ်”

“ကောင်းပြီလေ” မင်ရှစ်ရင်က ထွက်သွား၏။ ရှောင်ယွမ်အာသည် သာမန်နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူမဟုတ်ပေ။ မင်ရှစ်ရင်ထွက်သွားပြီးနောက် ရထားလုံးပျံကို ဆက်လက်ပျံသန်းနေနိုင်ရန်အတွက် သူမ၏ ကနဦးချီကို ထည့်သွင်းလိုက်တော့ သည်။ လိုအပ်လာသည့်အချိန်တွင် သူမက ရထားလုံးပျံကို ဦးတည်လျက် မဟာအစီအရင်ထဲမှထွက်သွားမှာပဲဖြစ်သည်။

ရွှီး ရွှီး ရွှီး

ခရမ်းရောင်မိုးစက်သံများက ပြောင်းလဲသွား၏။

“သူတို့ရဲ့မန္တန်က ပြီးတော့မယ်” လော့ရှစ်စန်း ပြန်ကန်ခံရပြီးနောက် ရထားလုံးပျံပေါ်တွင် ရပ်နေသော လုကျိုးကို အထိတ်တလန့်ကြည့်လိုက်သည်။ သူက ဝူရှန့်ကိုကြည့်လိုက်သည်။ “အရှင်ဝူရှန့် ကျူပ်ကိုကူပါ” ဝူရှန့်က မျက်နှာသေဖြင့် လက်ရမ်းပြလိုက်သည်။ ကောင်းကင်ထဲရှိ ခရမ်းရောင်မိုးစက်တို့ စုဝေးသွားလျက် လျှို့ဟယ်တာအိုစည်းဆီသို့ တိုးဝင်သွားသည်။

“ကြည့်နေ။ သတိထား။ ကူညီပေးမယ်” မင်ရှစ်ရင်က လျှပ်ပြက်သည့်အရှိန်ဖြင့် လှုပ်ရှားလာတော့သည်။

…

All Chapters