← Chapters

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

အခန်း (၁၅၄) ထင်မှတ်မထားသော

မင်ရှစ်ရင်က ဟွားဝူတောက်နား လျှပ်စီးပမာအလျင်ဖြင့် ပေါ်လာသည်။ သူက လက်ဆန့်ထုတ်ကာ သူ့ချီများကို ဟွားဝူတောက်ထဲ လွှဲပြောင်းပေးလိုက်၏။

“ မင်ရှစ်ရင် .. မင်း … ” ဟွားဝူတောက်က လှည့်မကြည့်ပေ။ ထိုစဉ် သူက မင်ရှစ်ရင်တစ်ယောက် ပဲ့ဆက်ထိန်းနေဖို့သာ မျှော်လင့်မိသည်။

တိမ်ခွင်းရထားလုံး၏ သီးခြားစွမ်းရည်များဖြင့် လျို့ဟယ်စည်းတံဆိပ်ပါ ထည့်ပေါင်းလိုက်လျှင် ပဲ့ထိန်းသူက လုံလုံလောက်လောက် အားကောင်းနေသရွေ့ မဟာဘိုးဘေးအစီအရင်မှ ထွက်သွားဖို့ ပြဿနာ မဟုတ်ပေ။ ထိုစဉ် နတ်ဆရာဆယ်ယောက်၏ ကျင့်ကြံဆင့်က မည်မျှမြင့်မားစေကာမူ သူတို့က အမှောင်ထုကို ကျော်လွန်၍ မရောက်ရှိနိုင်တော့ပေ။

“အကြီးအကဲဟွား စကားမပြောနဲ့။ ကျွန်တော် ဒါလုပ်ပေးနေတာ အကြီးအကဲ ဂုဏ်တောင်ယူသင့်တာ ”မင်ရှစ်ရင်က စိတ်လှုပ်ရှားမှု တစွန်းတစဖြင့် ပြောလိုက်သည်။

“…”

မင်ရှစ်ရင်၏ အထောက်အပံ့ဖြင့် ပထမ သင်္ကေတက ပြန်ပေါ်လာသည်။ တစ်ချိန်တည်းတွင် ဧရာမ သင်္ကေတရှစ်ခုလုံးက ပို၍ တောက်ပလာသည်။ လျို့ဟယ်စည်းတံဆိပ်က ယခုအခါ ပို၍ အားကောင်းသွားလေပြီ။

ဘန်း ဘန်း ဘန်း

ခရမ်းရောင်မိုးကို ပိုအားကောင်းလာသည့် လျို့ဟယ်စည်းတံဆိပ်က တားဆီးပေးထားသည်။

လော့ရှစ်စန်းက ပြောလိုက်သည်။ “မင်းက သေမင်းခံတွင်းဝမှာ ရုန်းကန်နေတာပဲ ”

လုကျိုးက ဝူရှန့်ဆီမှ လော့ရှစ်စန်းဆီ အကြည့်လွဲလိုက်သည်။ သူက မေးလိုက်၏။

“မင်း သေချင်နေတာလား ”

လော့ရှစ်စန်းက ရုတ်တရက် မလှုပ်ရှားတော့ဘဲ လျို့ဟယ်စည်းတံဆိပ်အပြင်ဘက်မှ ဝေ့ဝဲနေသည်။ သူက လုကျိုးသည် လျို့ဟယ်စည်းတံဆိပ်နောက်တွင် ရှိနေကြောင်း တွေ့လိုက်ရ၏။ မိုးကြိုးချက်က သူ့အား သတိလက်လွတ်ဖြစ်သွားစေသည်။ သို့သော်လည်း ထိုရိုက်ချက်ကို ရှောင်လွဲရုံအပြင် သူက ဒဏ်ရာပင် မရသွားချေ။ ထို့ကြောင့် သူက မာန်တက်စွာ ပြောလိုက်သည် “ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဂိုဏ်းချုပ်ကြီးက ဒါပဲ လုပ်နိုင်တာလား။ ကျုပ်ကို လန့်အောင်တောင် မလုပ်နိုင်ဘူး ”

လော့ရှစ်စန်း လက်ထဲမှ ဓားက တုန်ခါလာကာ ပျားတစ်ကောင်လိုမျိုး တဝီဝီအသံများ ထုတ်လွှင့်လာသည်။

ထိုစဉ် နတ်ဆရာဆယ်ယောက် အနေအထားပြောင်းလိုက်ကြသည်။ သူတို့က နှစ်ယောက်တစ်တန်း၊ သုံးယောက်တစ်တန်းနှင့် လေးယောက်တစ်တန်း နေရာယူလိုက်ကြသည်။

ယခု ဝူရှန့်နှင့် ဝူကျိ ဖြစ်နေသည့် ဝူရှန်းနှင့် ဝူကွမ်းတို့က ရှေ့မှ ဦးဆောင်နေသည်။

“နတ်ဆရာဆယ်ယောက်ရဲ့ စွမ်းအားက နောက်ဆုံးတော့ ပြီးမြောက်သွားပြီ။ မိစ္ဆာဝေဟင်မျှော်နန်းတော့ အဆုံးသတ်ပြီ ” ရန်ပုဖင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

နတ်ဆရာအလင်းစက်ဝန်းဆယ်ခုက ပျောက်ကွယ်သွားလေပြီ။ နတ်ဆရာဆယ်ယောက်၏ စွမ်းအားများလည်း ပြန်လည်ရရှိသွားပြီ ဖြစ်၏။ လှိုင်းလုံးနှင့်တူသည့် စုန်းစွမ်းအားက အမှောင်ကောင်းကင်ယံထဲ ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ နှင်းတောင်ပြိုကျလာသလိုမျိုး ကောင်းကင်မှ မည်းနက်နေသည့် ပင်လယ်ရေများနှင့် တူသည်။

အားလုံးက ကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြသည်။

နတ်ဆရာဆယ်ယောက်၏ ယခု စွမ်းအားဖြင့် မင်ရှစ်ရင်၏ စွမ်းအား အကူနှင့်ပင် ဟွားဝူတောက်က ဘာမှလုပ်နိုင်မည် မဟုတ်ချေ။

တိုက်ခိုက်ဖို့ ကြံစည်နေသည့် လော့ရှစ်စန်းလည်း ရပ်လိုက်သည်။ နတ်ဆရာဆယ်ယောက်၏ စွမ်းအားကို ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူပင် ဟန့်တားနိုင်မည် မဟုတ်ချေ။ သူ့အကြည့်များက စိတ်လှုပ်ရှားမှု အပြည့် ဖြစ်လာ၏။

ထိုစဉ် မိစ္ဆာဘုရားကျောင်းမှလူများကလည်း သူတို့ရှေ့မှ မြင်ကွင်းကို မျက်တောင်မခတ် ကြည့်နေကြသည်။

အနီဝတ် ကျင့်ကြံသူများကလည်း မထူးမခြားနား ပေါ်လာကြသည်။ သူတို့က ဒီမြင်ကွင်းကို အသားကျနေသည့်အလား ဖြစ်၏။

ထျန်းကျီမြို့ထဲ မြေကမ္ဘာအဆင့် ကျင့်ကြံသူများက ဧရာမ အမှောင်စက်ဝန်းပြတ်ကြီးကို အဝေးမှသာ ကြည့်နေကြသည်။ သူတို့က တိမ်ခွင်းရထားလုံးပတ်လည် လျို့ဟယ်စည်းတံဆိပ် လင်းလက်နေသည်မှလွဲ၍ တခြားဘာမှမမြင်ရပေ။

တိမ်ခွင်းရထားလုံးက စတင် လှုပ်ယမ်းလာသည်။

ရှောင်ယွမ်အာ၏ မျက်နှာ၌ ချွေးများစို့လာသည်။ ဖန်ကျုံး၊ ကျိုးကျစ်ဖုန်းနှင့် ကျင့်ကြံဆင့် တစ်ဝက်သာ ပြန်ရသေးသည့် ကျောင်းယွဲ့တို့က ကူညီပေးသော်လည်း သူမ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်နှင့်ပင် ရထားလုံးပျံကို ထိန်းဖို့ ခက်ခဲနေသေး၏ “ရှစ်စွင်း တပည့် ကြာကြာထိန်းမထားနိုင်တော့ဘူး ”

လုကျိုးက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

ကြည့်ရတာ ငါ့ကတ်တွေကို ချွေတာလို့ မရတော့ဘူးပဲ ..

သူက ရှေ့ထွက်ကာ လျို့ဟယ်စည်းတံဆိပ်အစွန်းတွင ရပ်လိုက်သည့်အခါ သူ့လက်ဝါး၌ မှိန်ဖျဖျ အလင်းတောက်ပလာသည်။

ထိုစဉ် ဝူရှန့်က ပြောလိုက်၏။ “ ဂိုဏ်းချုပ်နဲ့ သူ့နောက်လိုက်တွေကို ဖမ်းကြ”

ခရမ်းရောင် ကတော့ပုံစွမ်းအားထောင်ချီက ချက်ချင်း ပေါ်လာကာ လုကျိုးဆီ ရွေ့လျားလာကြသည်။

လုကျိုးက မျက်မှောင်အသာကြုတ်လိုက်၏။

ငါ နောက်ထပ် ပြစ်ချက်မဲ့ကတ်ကို သုံးရတော့မှာလား … ဒါက ရှီချောင်းဂမ္ဗီရဉာဏ်ရဲ့ စွမ်းအားလား … လူတစ်ယောက်ရဲ့ နောက်တိုက်ကွက်ကို ကြိုမြင်ရတာမျိုးလေ

တစ်ချိန်တည်းတွင် ကောင်းကင်မှ ဆူညံသံများ ထွက်လာသည်။

ဝူ …

အားလုံးက ခရမ်းရောင်စီးကြောင်းကို ကြည့်လိုက်ကြသည်။

သူတို့က ချီစွမ်းအား ရစ်ပတ်ထားသည့် နတ်ခြင်္သေ့က ခရမ်းလှိုင်းလုံးများကို စီးနင်းလာသည်ကို မြင်လိုက်ရသည်။

“ နတ်ခြင်္သေ့လား ”

နတ်ခြင်္သေ့က သူ့သခင်ဖြစ်သူ အန္တရာယ်ကြား ကျရောက်နေသည်ကို ခံစားမိသည့်အလား ကောင်းကင်မှ ဝေ့ကာ ပေါ်လာသည်။ အတိတ်နမိတ်ကောင်းသည့် ချီများက နှင်းလိုမျိုး ကျဆင်းလာကာ ခရမ်းစီးကြောင်းလည်း ချီ၏ တွန်းကန်မှုကို ခံလိုက်ရပြီး အားပျော့သွားသည်။ ခရမ်းကတော့ပုံစွမ်းအားများက ထိုမှော်ဆန်ဆန် ချီစွမ်းအားကြောင့် ပြန့်ကျဲသွားလေသည်။

အရာအားလုံးတွင် အားနည်းချက်ကိုယ်စီ ရှိကြ၏။

တိမ်ခွင်းရထားလုံးပေါ်မှ လူများသည် နတ်ခြင်္သေ့ အချိန်ကိုက် ထွက်ပေါ်လာမှုကြောင့် အံ့အားသင့်နေကြသည်။

“ ဒဏ္ဍာရီလာ စီးတော်သားရဲတွေက ဒဏ္ဍာရီလာပါပဲ။ သူတို့က တကယ်ကို ထူးခြားတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားကြတာကိုး။ သူတို့ သခင်ဖြစ်သူ လိုအပ်တဲ့အခါ ထူးခြားအံ့ဖွယ် စွမ်းအားမျိုးကို ထုတ်လွှင့်နိုင်ကြတယ်” ဟွားဝူတောက်က မော့ကြည့်ရင်း ပြောလိုက်သည်။

နတ်ဆရာဆယ်ယောက်၏ ခေါင်းဆောင် ဝူရှန့်က မျက်မှောင်ကြုတ်ကာ နတ်ခြင်္သေ့ကို ကြည့်လိုက်သည်။ သူက ဘဝ၌ ကိစ္စများစွာ မြင်ဖူးသည့် နတ်ဆရာဖြစ်သော်လည်း နတ်ခြင်္သေ့ကို မြင်လိုက်ပြီးနောက် သူ့အကြည့်များ တောက်ပလာသည်။

ကြည်လင်ရှင်းလင်းသည့် အသံတစ်သံက နတ်ဆရာဆယ်ယောက်၏ အမွှမ်းတင်သံကို ဖုံးလွှမ်းသွားလေသည်။

ဤသည်မှာ အလုံးစုံ ဖိနှိပ်ခြင်း ဖြစ်၏။

ဝူရှန့်က တုန်တုန်ယင်ယင်ဖြင့် “နတ် … နတ်ခြင်္သေ့လား ”

ဝူကျိက အော်ပြောလိုက်သည် “မဖြစ်နိုင်တာ။ ငါတို့ နတ်ဆရာဆယ်ယောက် ဉာဏ်ပညာကြီးတဲ့ ဘိုးဘေးတွေ။ နတ်ခြင်္သေ့ရဲ့ ဖိနှိပ်တာကို ဘာလို့ခံရမှာလဲ ”

နတ်ခြင်္သေ့က မင်္ဂလာရှိတာကို ကိုယ်စားပြု၏။ သူ ရန်သူအဖြစ် သတ်မှတ်သည့်အရာတိုင်းသည် မိစ္ဆာဖြစ်၏။

နတ်ဆရာဆယ်ယောက်လည်း ကြောင်အမ်းသွားကြသည်။ သူတို့က မိစ္ဆာဟု မထင်ပေ။ သူတို့အမြင်၌ တိမ်ခွင်းရထားလုံးပေါ်မှ လူများသာ မိစ္ဆာများ ဖြစ်ကြသည်။

သူတို့ သေသင့်၏။ သူတို့ကို နတ်ခြင်္သေ့က မကာကွယ်ပေးသင့်ပေ။

ဘာလို့လဲ … ဘယ်နေရာ မှားသွားတာလဲ။

နတ်ခြင်္သေ့ ပေါ်ထွက်လာမှုက လုကျိုးကိုပါ အံ့အားသင့်သွားစေသည်။

ထိုစဉ် နတ်ဆရာဆယ်ယောက်လုံး၏ စွမ်းအားက သိသိသာသာ အားနည်းသွားသည်။

တိမ်ခွင်းရထားလုံးကို မင်္ဂလာရှိသည့် ချီစွမ်းအားများ လွှမ်းခြုံသွားကာ ခမ်းနားတောက်ပလာသည်။

လျို့ဟယ် စည်းတံဆိပ်၏ သင်္ကေတရှစ်ခုတွင်လည်း နောက်ထပ် အသစ်တစ်ခု တိုးလာသည်။

ခွဲခွာခြင်း …

ဟွားဝူတောက်က သူ့မျက်လုံးသူ မယုံနိုင် ဖြစ်နေမိသည်။ သူက လျို့ဟယ်စည်းတံဆိပ်ကို ရာစုနှစ်များစွာ လေ့လာခဲ့ပြီး ကိုးခုမြောက် သင်္ကေတက ဘယ်တော့မှ ပေါ်ထွက်မလာခဲ့ပေ။ နတ်ခြင်္သေ့၏ မင်္ဂလာရှိလှသည့် ချီစွမ်းအားဖြင့် ထိတွေ့လိုက်မှ ပေါ်ထွက်လာ၏။

လူတစ်ယောက်၏ ဆုံးရှုံးမှုက အခြားလူတစ်ယောက်အတွက် အကျိုးမြတ် ဖြစ်သွားသည်။

သင်္ကေတ ကိုးခုနှင့် လျို့ဟယ်စည်းတံဆိပ်က ခရမ်းရောင် လှိုင်းလုံးများကို အသာလေး တွန်းလိုက်နိုင်သည်။

ဝှီ …

နတ်ခြင်္သေ့၏ အသံက အားလုံးစိတ်ထဲ ပဲ့တင်ရိုက်နေသည်။

တကယ်ကို မျှော်လင့်မထားခဲ့ပေ။

လုကျိုးလက်ထဲမှ ပစ္စည်းကတ်လည်း ပျောက်ကွယ်သွား၏။

တွမ့်မူရှန်းက ချီစွမ်းအားများစွာ ရုတ်ခြည်း ပေါက်ထွက်လာသည်။ တွမ့်မူရှန်းဆီမှ ထွက်လာသည့် စွမ်းအားများက ဓားသွားအဖြစ် ပြောင်းကာ နေရာအနှံ့ လွှင့်စင်သွားကြ၏။

ရထားလုံးပျံမှ လူများက တအံ့တဩ ရေရွတ်လိုက်ကြသည်။

“တတိယသခင်လေးက နောက်ထပ် ပွင့်ချပ်တစ်လွှာ ထွက်လာပြီ ”

နတ်ဆရာဆယ်ယောက်က အချိန်အတော်ကြာ ဖိနှိပ်ထားခဲ့သည့် တွမ့်မူရှန်း၏ ဒေါသတို့ နောက်ဆုံးတွင် ပေါက်ထွက်လာသည်။

ပွင့်ချပ်နှစ်လွှာ ရွှေကြာ စိတ်ဝိညာဉ်သဏ္ဍာန် ပေါ်ထွက်လာ၏။

တွမ့်မူရှန်းက တစ်ဖက်တွင် နဂါးခေါင်းကိုကိုင်ကာ တခြားတစ်ဖက်တွင် အမြီးကို ကိုင်ဆောင်ရင်း နတ်ဆရာဆယ်ယောက်ဆီ ပြေးဝင်သွားသည်။

“ သခင်ဝူရှန့်ကို ထိခိုက်အောင် လုပ်ချင်တာလား။ ငါ့ကို အရင်ဖြတ်ကျော်ရမယ် ” ရန်ပုဖင်းက လှုပ်ရှားလိုက်သည်။

“သွမ့်ရှင်း ”

“ ဟုတ် ရှစ်စွင်း ” သွမ့်ရှင်းက ရန်ပုဖင်းသည် တွမ့်မူရှန်းအား မိုင်တစ်ရာအကွာမှ လုပ်ကြံတော့မည်ကို မြင်ကာ တိမ်ခွင်းရထားလုံးဆီ မသွားတော့ပေ။ ထို့နောက် သူက ပျောက်ကွယ်သွားလေ၏။

ရန်ပုဖင်းက သွမ့်ရှင်းကို အမိန့်ပေးလိုက်ပြီးနောက် သူ့အာရုံအလုံးစုံက တွမ့်မူရှန်းဆီသာ ဖြစ်၏။ သူက သွမ့်ရှင်းကို အာရုံမရှိတော့ချေ။

“ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တွမ့်မူရှန်း သေလိုက်စမ်း ”

ရန်ပုဖင်း၏ ပွင့်ချပ်ခုနှစ်လွှာ စိတ်ဝိညာဉ်သဏ္ဍာန်လည်း ပေါ်ထွက်လာသည်။

သူ့ရွှေကြာ ပွင့်ချပ်ခုနှစ်လွှာထဲ ရှစ်ခုမြောက် အဖူးလေးပါ ရှိနေသည်။

လုကျိုးက လက်အသာမြောက်လိုက်ပြီး “ မင်း ဒီနေ့ကျော်ပြီး အသက်ရှင်တော့မှာ မဟုတ်ဘူးလို့‌ ငါ ပြောခဲ့တယ်”

သူက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သည့်သူများကို အရွံ့ရှာဆုံး ဖြစ်၏။ ထို့အပြင် ရန်ပုဖင်းက အနှေးနှင့်အမြန် ဖယ်ရှားပစ်ရမည့် ဆူးတစ်ချောင်း ဖြစ်သည်။ ယခု ရန်ပုဖင်းကို ရှင်းပစ်လိုက်သည်က ပိုကောင်းပေမည်။ သူ့လက်ကို အသာဝေ့လိုက်သည့်အခါ သူ့ညာဘက်လက်ဝါးအတွင်း လေပွေ အသေးစားလေး ပေါ်လာသည်။

နတ်ဆရာဆယ်ယောက်က ထိုအရာကို မြင်သည့်အခါ ရန်ပုဖင်းက လှည့်ကြည့်လိုက်လေသည်။

“မိစ္ဆာအိုကြီး …ကျုပ်က နှစ်များစွာလေ့ကျင့်လာတာ။ ကျုပ်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး” ရန်ပုဖင်းက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်ပြီးနောက် သူ့ပွင့်ချပ်ခုနှစ်လွှာ စိတ်ဝိညာဉ်သဏ္ဍာန်နား အားကောင်းသည့် စွမ်းအားအကာအရံ ပေါ်လာသည်။

ရန်ပုဖင်းက တိုက်ခိုက်မှုကို ခုခံရန် ကြံရွယ်ထား၏။ သူက ဒီအခွင့်အရေးကို အသုံးချကာ တွမ့်မူရှန်းကို တစ်ချက်တည်းဖြင့် သတ်ပစ်ချင်မိသည်။

ပွင့်ချပ်နှစ်လွှာ တွမ့်မူရှန်းက ချည်းကပ်လာသည့် အန္တရာယ်ကို ခံစားမိလေသည်။ သို့သော်လည်း သူ့ပစ်မှတ်က သူ့ရှေ့တည့်တည့်တွင် ရှိနေသည်။

ထိုစဉ် လုကျိုးက လက်အသာဝေ့လိုက်သည့်အခါ စွမ်းအားအစုအဝေးတစ်ခု ထွက်လာသည်။

လက်စည်းတံဆိပ် ကိုးခုက တစ်တန်းတည်း ချက်ချင်း ပေါ်ထွက်လာသည်။ လက်စည်းတံဆိပ် တစ်ခုချင်းစီက ကွဲပြားနေ၏။

ထိုအရာကို မြင်ပြီး လော့ရှစ်စန်းက အံ့ဩသွားကာ “တောက်ကိုးပါး ဖြတ်တောက်ခြင်းလက်ဟန်လား။ ပထမက ဒဏ္ဍာရီလာ နတ်ခြင်္သေ့ ပေါ်လာတယ်။ အခု တောက်ကိုးပါး ဖြတ်တောက်ခြင်းလက်ဟန်အလှည့်လား”

သူက တအံ့တဩဖြင့် သူ့အလုပ်ပင် မေ့လျော့သွားလေသည်။

…

အခန်း (၁၅၅) ကိုးပါးဖြတ်တောက်ခြင်းလက်ဟန်များ

ကိုးပါးဖြတ်တောက်ခြင်းလက်ဟန်သည် အထွတ်အထိပ် တာအိုသိုင်းတစ်မျိုးဖြစ်သည်။

အသေရိုက်ချက်ကတ်ကို အသုံးပြုသည့်အချိန်၌ လုကျိုးက ယင်းကိုမထင်ထားပေ။ လျို့ဟယ်တာအိုစည်းက ယင်းကို လွှမ်းမိုးနိုင်စွမ်းရှိတာဖြစ်နိုင်၏။

ကိုးပါးဖြတ်တောက်ခြင်းလက်ဟန်၏ သင်္ကေတတိုင်းက အင်မတန်အစွမ်းထက်သည်။ ကိုးပါးဖြတ်တောက်ခြင်းလက်ဟန်က စိန်စည်းတံဆိပ်၊ မဟာရတနာစည်းတံဆိပ်၊ အပြင်စက်ဝန်းဆန်းကြယ် စည်းတံဆိပ်၊ အတွင်းစကားလုံးရှစ်လုံးစည်းတံဆိပ်၊ ခြေကျင်းမဲ့စည်းတံဆိပ်၊ ပန်း စည်းတံဆိပ်၊ အဋ္ဌဂံစည်းတံဆိပ်၊ မှော်ဘူးသီးခြောက်စည်းတံဆိပ်နှင့် နေလစည်းတံဆိပ်တို့ပါဝင်သည်။ လက်ဟန်တိုင်းက စွမ်းအားစွမ်းအင် သဟဇာတဖြစ်မှု၊ ကုသခြင်း၊ အလိုလိုသိစိတ်၊ သတိပြုမှု၊ ထုထည် ဖန်တီးခြင်းနှင့် အကြွင်းမဲ့စသည့် အကြွင်းမဲ့ဟူသည့် ဝိသေသလက္ခဏာကိုးရပ်နှင့် တူညီပေ၏။ ထိုသိပ်သည်းသော သင်္ကေတများက မဟာချိတ်သင်္ကေတနားတဝိုက် ရစ်ဝဲနေ၏။ အက္ခရာကိုးလုံးက တစ်တန်းတည်းရှိနေသည်။

ပွင့်ချပ်ခုနှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်ရှိသော ရန်ပုဖင်းသည် မျက်လုံးထောင့်ကနေ ယင်းကို မြင်သည့်အချိန်၌ သူ့စိတ်လေးသွားတော့သည်။

မလှမ်းမကမ်းက အလင်းတိုင်တစ်ခုသည် ရန်ပုဖင်းကို ထိုးဖောက်ပြီး သူ၏ ဒုက္ခရှုကွင်းမိုင်တစ်ရာ ပွင့်ချပ်ခုနစ်လွှာ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိုးဖောက်သွားသည်ဟု ထင်မှတ်ရသည်။

ရန်ပုဖင်းက ပွင့်ချပ်ခုနစ်လွှာ သိုင်းပညာရှင်တစ်ဦးဖြစ်၏။ တပည့်သောင်းချီရှိသည့်မဟာဂိုဏ်း တစ်ဂိုဏ်းကတောင် သူတို့တပည့်များကို ရာစုနှစ်များစွာ ပျိုးထောင်ပြီးမှ ပွင့်ချပ်ခုနစ်လွှာ သိုင်းပညာရှင်တစ်ဦး မွေးထုတ်ပေးနိုင်တာဖြစ်သည်။ ထိုသို့တိုင် ဤကဲ့သို့လက်ရွေးစင်က လုကျိုး၏ တိုက်ခိုက်မှုဖြင့် ချိုးဖြတ်ခံလိုက်ရသည်။

စိတ်ဝိညာဉ်သဏ္ဌာန်သည် ဖန်ဖြင့်ပြုလုပ်ထားသည့်ပမာ အက်ကွဲသွားတော့၏။

တစ်ချိန်တည်းတွင် နတ်ခြင်္သေ့၏အရှိန်အဝါက အမှောင်ထုအများစုကို တွန်းထုတ်နေလေရာ ကျန်သည့်သူများက ယခုဆိုပိုရှင်းရှင်းလင်းလင်းမြင်နိုင်လာပြီဖြစ်သည်။

ပွင့်ချပ်ခုနစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်က တစစီဖြစ်သွား၏။ ကနဦးချီများက ကောင်းကင်နှင့် မြေကြီးဆီသို့ ပြန်ရောက်လျက် ပတ်ဝန်းကျင်ကို ဖရိုဖရဲဖြစ်သွားစေတော့သည်။

“တင်း နတ်ဒေဝါဦးတည်နယ်ပယ်ပစ်မှတ်တစ်ယောက်ကို သတ်ဖြတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ထောင့်ငါးရာ”

လုကျိုးက အသေရိုက်ချက်ကတ်၏ တန်ကြေးကို တစ်ချက်ကြည့်လိုက်၏။ ယင်းက မတိုးသွားပေ။

မိစ္ဆာဘုရားကျောင်း၏ ကျောင်းထိုင်ရန်ပုဖင်း၏ ကိုယ်က လေထဲတွင် ခဲနေလေလျက် သူ မလှုပ်ရှားနိုင်တော့ဟုထင်မှတ်ရသည်။ သူ၏မျက်လုံး၌ အကြောက်တရားများပြည့်နေ၏။

ဆိုလိုသည်က တွမ့်မူရှန်းသည် ခက်ခဲသည့်အခြေအနေထဲပိတ်မနေတော့ပေ။ နယ်ရှင်နဂါးလှံ၏ အရိပ်များက နတ်ဆရာဆယ်ယောက်ဆီသို့ သည်းကြီးမဲကြီးဝင်ရောက်တိုက်ခိုက်တော့သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

သို့သော် လက်ရှိကြည့်နေသည့်သူများက လုကျိုးထံမှ အရိုက်ခံလိုက်ရသော ရန်ပုဖင်းကိုသာ အာရုံစိုက်နေကြသည်။ ရန်ပုဖင်းသည် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံခဲ့ပြီး သူ၏ကျင့်ကြံမှု အခြေခံ၌ အောင်မြင်မှုကြီးကြီးမားမားကို တွေ့ကြုံခဲ့ရသည်ဟု ဆိုရမှာပဲဖြစ်သည်။ မိစ္ဆာဝေဟင် မျှော်နန်းက မိစ္ဆာဘုရားကျောင်း၏ ဒုတိယကျောင်းထိုင် ကျို့ရှင်းချန်ကို သတ်ဖြတ်ချိန်မှစပြီး ရန်ပုဖင်းသည် လက်စားခြေရန် အခွင့်အရေးတစ်ခုကိုရှာနေတာဖြစ်သည်။ သူက သမာသမတ် ဂိုဏ်း၏ ကျောက်စိမ်းယဇ်ပလ္လင်သို့တောင်သွားပြီး ကျန်းယွမ်ရှန်းနှင့် ပူးပေါင်းရန် ဆောင်ရွက် ခဲ့သည်။ ကံဆိုးသည်မှာ သူ၏လှုပ်ရှားရန်အတွက် သင့်တော်သောအခွင့် အရေးကို မရှာနိုင်ခဲ့တာပဲဖြစ်သည်။

စိတ်ပြင်ဆင်ပြီး နန်းတော်မှ လူများနှင့်အတူရောက်လာသည့်အချိန် နတ်ဆရာဆယ်ပါး၏မျိုးဆက်များ နှင့်အတူ မဟာဘိုးဘေးအစီအရင်ကို ရေးဆွဲလျက် ရန်ပုဖင်းသည် ထိုကဲ့သို့မဟာအခွင့်အရေးကြီးကို သူ၏လက်ကြားကနေ ချော်ထွက်ခွင့် ပေးလိုက်ရသည်။ ယင်းကြောင့် သူသည် မိစ္ဆာဘုရားကျောင်းတစ်ခုလုံးကို လှုပ်ရှားခိုင်းရန် အသင့်ပြင်ခိုင်းထားပြီး ရထားလုံးပျံဖြင့် ဤနေရာသို့ပျံသန်းလာတာ ဖြစ်သည်။

ရန်ပုဖင်းသည် မိစ္ဆာဝေဟင်မျှော်နန်း၏ အားနည်းပုံပေါ်သောဂိုဏ်းချုပ်ကို လျှော့တွက်ခဲ့သည်။ ကျိထျန်းတောက်သည် လက်အနည်းငယ်ဝှေ့ယမ်းရုံဖြင့် သူ့ကို အနိုင်ယူနိုင်ခဲ့၏။ သူ၏ခန္ဓာကိုယ်ထဲရှိ ကနဦးချီများပျံ့နှံ့သွားသည့်အချိန်တွင် သူက နောက်ဆုံးတော့ ကျို့ရှင်းချန်သေရသည့် အကြောင်း အရင်းကို နားလည်သွားပြီဖြစ်သည်။ ထိုကဲ့သို့ ခွန်အားဖြင့် မိစ္ဆာဝေဟင်မျှော်နန်းအဖို့ မိစ္ဆာဘုရား ကျောင်းကို စိတ်ဝင်စားရန်နည်းလမ်းမရှိပေ။ သူသည် ယခုအချိန်တွင် လေလျော့သွားသည့် ပူဖောင်း ပမာဖြစ်နေတော့သည်။ သူ၏ စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်အတွင်းရှိ ကနဦးချီတို့က ဆက်တိုက် ယိုစိမ့်နေလေသည်။ ယင်းက သူ့ကို ကောင်းကင်ထက်မှ ဆက်လက်ပြုတ်ကျနေစေ၏။

“ကျောင်းထိုင်”

“ကျောင်းထိုင်” မိစ္ဆာဘုရားကျောင်း၏ ရထားလုံးပျံက ကြမ်းတမ်းစွာလှုပ်ခါသွား၏။ ဆိုရိုးစကားရှိသည့်အတိုင်း သစ်ပင်ပြိုလဲသည့်အချိန်၌ မျောက်တို့ဖရိုဖရဲဖြစ်ကုန်သည်။

သူတို့ကျောင်းထိုင်သေဆုံးသည့်အခါ မိစ္ဆာဘုရားကျောင်း၏ ကျန်ရှိသော ဂိုဏ်းသားများက ခေါင်းမဲ့သည့်ကြက်များပမာ ဖြစ်သွားတော့သည်။ သူတို့က ကြောက်လန့်ပြီး မသက်မသာဖြစ်ကာ ပျာယာခတ်ကုန်၏။

သွမ့်ရှင်းက ရထားလုံးပျံပေါ်၌ ပေါ်လာ၏။ သူကထိုနေရာတွင် လက်ပိုက်လျက်ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသည်။ “မကြောက်ကြနဲ့။ နောက်ဆုတ်” သူ၏ကျောင်းထိုင်သေဆုံးကြောင်းမြင်လိုက်သည်နှင့် မိစ္ဆာဘုရားကျောင်း၏အစီအစဉ်ကျရှုံးပြီးမှန်း သူသိလိုက်သည်။

ဆိုးရွားလိုက်လေခြင်း။ မိစ္ဆာဘုရားကျောင်းသည် သူတို့၏အစီအစဉ်ကို လှုပ်ရှားရန်အခွင့် အရေးတောင်မရခဲ့ချေ။

လုကျိုးက ရထားလုံးပျံပေါ်တွင် ရပ်နေလျက် မလှမ်းမကမ်းရှိ သွမ့်ရှင်းကိုကြည့်လိုက်သည်။

သွမ့်ရှင်းက တုန်ယင်သွား၏။ သူကအမြန်အရိုအသေပေးလိုက်သည်။

“ဆရာကြီး ဒါတွေအားလုံးက ကျောင်းထိုင်လုပ်သွားတာတွေပါ။ မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ရန်သူမဖွဲ့ရဲပါဘူး။ တတိယကျောင်းထိုင် တစ်ယောက်အနေနဲ့ကျိန်ဆိုပါတယ်။ ဒီနေ့ကစပြီး မိစ္ဆာဘုရားကျောင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ရန်မစတော့ဘူး။ ဒီကျိန်ဆိုချက်ကို ချိုးဖျက်ခဲ့ရင် ကျောင်းထိုင်နည်းတူ တူညီတဲ့ကံကြမ္မာကို ခံစားရပါစေ”

သွမ့်ရှင်းက လျှပ်ပြက်သည့်အရှိန်ဖြင့် လှုပ်ရှားလေ၏။ အနက်ရောင်အရိပ်များက မိစ္ဆာဘုရား ကျောင်း၏ သိုင်းပညာရှင်တစ်ဦးကို ဖြတ်သန်းသွားတော့သည်။

ဝှစ်

မိစ္ဆာဘုရားကျောင်း၏ သိုင်းပညာရှင်တစ်ဦးက နေရာတွင်ပင်သေဆုံးသွားတော့သည်။

“ရက်စက်လိုက်တာ”

“သူက ငါတို့လူတစ်ယောက်ကို သတ်လိုက်တယ်”

မိစ္ဆာဘုရားကျောင်းမှ ကျန်သည့်သူများသည် တုန်ယင်လျက် ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြ သည်။ ကျားကတောင်ပေါ်တွင်မရှိသည့်အချိန်၌ မျောက်များက ဘုရင်ဖြစ်လာတော့သည်။ သွမ့်ရှင်း က လက်ရှိမိစ္ဆာဘုရားကျောင်းထဲ၌ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ဖြစ်နေပြီဖြစ်သည်။ သူ့ကို မည်သူက ရန်စရဲမည်နည်း။

သွမ့်ရှင်းက ကျိန်ဆိုချက်ကိုပြောင်းလဲရန်စိတ်မကူးထားပေ။ သူက ခဲတစ်လုံးဖြင့် ငှက်သုံးကောင်ကို သတ်လိုက်ခြင်းဖြစ်၏။ ထိုသို့ပြုလုပ်ခြင်းဖြင့် မိစ္ဆာဝေဟင်မျှော်နန်းအပေါ် သူ၏ သဘောထားတို့ကို ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ပြီး သူ၏လွှမ်းမိုးမှုကို တည်ဆောက်ကာ ရန်ပုဖင်း၏ ယုံကြည်ရသော လက်အောက်ငယ်သားကို သတ်ဖြတ်နိုင်မှာပဲဖြစ်သည်။ အသတ်ခံလိုက်ရသည့်သူက ရန်ပုဖင်း၏ ယုံကြည်ရသော လက်အောက်ငယ်သားဖြစ်သည်။

လုကျိုးက မိစ္ဆာဘုရားကျောင်း၏ ရထားလုံးပျံကို တစ်ချက်ကြည့်လိုက်၏။

ဒီလူက တကယ်ကိုယ့်ရည်ရွယ်ချက်ကိုသိပြီး လိမ္မာပါးနပ်တဲ့သူပဲ။ ပြီးနောက် သူ၏အာရုံစိုက်မှုကို တွမ့်မူရှန်းဆီပြောင်းလိုက်တော့၏။

ထိုစဉ် သွမ့်ရှင်းက ဆုံးဖြတ်ချက်ပြတ်သားစွာ အမိန့်ပေးလိုက်တော့သည်။

“နောက်ဆုတ်ကြ”

မိစ္ဆာဘုရားကျောင်းမှ ကျန်သည့်သူများသည် ဖြစ်ပျက်ခဲ့တာကို အပြည့်အဝနားမလည်ပေ။ နတ်ဆရာဆယ်ပါးနှင့် အစွမ်းထက်သော မိစ္ဆာဝေဟင်မျှော်နန်း၏တည်ရှိမှုဖြင့် သူတို့သည် ဝိညာဉ်ပျောက်နေသော ရုပ်သေးများပမာဖြစ်နေတော့သည်။ သူတို့က အမြန်အရိုအသေပေးလိုက်တော့၏။

“နားလည်ပါပြီ” မိစ္ဆာဘုရားကျောင်း၏ ရထားလုံးပျံက လှည့်ထွက်သွားတော့သည်။

ဓားသူတော်စင်လော့ရှစ်စန်းကမူ လုကျိုး၏ ထိတ်လန့်ဖွယ်ကိုးပါးဖြတ်တောက်ခြင်း လက်ဟန် ကြောင့် အံ့ဩနေသေးဆဲဖြစ်သည်။ သူမြင်လိုက်ရသည့်အရာကို မယုံနိုင်ဖြစ်နေ၏။ သူက စိတ်ငြိမ်းချမ်းရန် ခက်ခဲနေသေးသည်။ သူ နောက်ဆုတ်သွားတော့၏။

နတ်ဆရာဆယ်ပါးသည် နတ်ခြင်္သေ့၏ကြောက်မက်ဖွယ်စွမ်းအားကြောင့် ဖိနှိပ်ခံထားရသောကြောင့် သူတို့သည် ထိုကိစ္စရပ်များကို အာရုံစိုက်ရန်အချိန်မရှိခဲ့ချေ။

တွမ့်မူရှန်း၏ ကြမ်းတမ်းသော တိုက်ခိုက်မှု မုန်တိုင်းအောက်၌ ဝူရှန့်က ဒေါသထွက်လာတော့သည်။

ဝူကျိက မျက်မှောင်ကျုံ့လျက် မေးလိုက်တော့သည်။ “ဘာကြောင့်လဲ”

ဝူရှန်းက ညာလက်ကိုမြှောက်လျက် လက်ထိပ်ကိုဖြတ်ရန် ဘယ်လက်ကို သုံးလိုက်တော့သည်။ လတ်လတ်ဆတ်ဆတ်သွေးများက ချက်ချင်းထွက်လာတော့၏။ ခရမ်းရောင်ချီဖျော့ဖျော့က သူ၏ လက်ချောင်းထိပ်မှ ထွက်ပေါ်လာပြီး သူ၏ဘယ်မှညာလက်ချောင်းများရေးဆွဲလိုက်တော့သည်။ သူ၏ မျက်လုံးက အရောင်ချက်ချင်းပြောင်းလဲသွား၏။ ယခင်က အနီရောင်ဖြစ်သော်ငြား ယခုဆို အပြာရင့်ရင့်ပြောင်းလဲသွားပြီဖြစ်သည်။

“ဝိညာဉ်စိုက်ကြည့်ခြင်း”

ဝိညာဉ်စိုက်ကြည့်ခြင်းသည် အခြေခံစုန်းအတတ်များထဲမှ တစ်ခုဖြစ်သည်။ ယင်းက တိုက်ခိုက်သည့်စွမ်းရည်မဟုတ်ဘဲ အဓိကအားဖြင့် မန္တန်ရွတ်ဆိုသူ၏ရှေ့ရှိအရာများကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ရန်ဖြစ်သည်။

ဝူရှန်းသည် လေထဲတွင်ပျံသန်းနေသောသူက ဒဏ္ဍာရီလာနတ်ခြင်္သေ့ဆိုတာ မယုံကြည်ပေ။ ထို့အပြင် သူသည် မိစ္ဆာအဖြစ်သတ်မှတ်ခံထားရသည့် အချက်ကို လက်မခံနိုင်ချေ။ သူက နတ်ခြင်္သေ့ကို ကြည့်လိုက်လေ၏။

“ဟမ်” ဝူရှန်းက လင်းနေသောပတ်ဝန်းကျင်ကို သတိပြုမိလိုက်သည်။ နတ်ခြင်္သေ့က အင်မတန်သန့်စင်၏။ ဝိညာဉ်စူးစိုက်ကြည့်ခြင်းကျင့်စဉ်ဖြင့် သူသည် ခုနစ်ရောင်စုံတောက်ပနေသော နတ်ခြင်္သ့ကိုမြင်နိုင်၏။

ဝူရှန့်က စိတ်လေးသွားတော့သည်။ သူက အစွမ်းထက်ပြီး နတ်ဆရာဆယ်ပါးထဲမှ တစ်ဦးဖြစ်သော်ငြား ယင်းကို မြင်တွေ့ရသည့်အချိန်၌ သူ၏လက်ချောင်းများတုန်ယင်လာလေ၏။ တွန့်တွန့်ဆုတ်ဆုတ်ဖြင့်အကြည့်လွှဲလျက် လုကျိုးကို ကြည့်လိုက်တော့သည်။

“ဒီလူက အားနည်းတာသိသာနေတာပဲကို။ သူ့နားမှာ ဘာကြောင့်များအန္တရာယ်ရှိတဲ့ အရှိန်အဝါရှိနေရတာလဲ”

ဝူရှန့်သည် နတ်ဆရာဆယ်ပါး၏ခေါင်းဆောင်ဖြစ်သည်။ သူတို့ထဲ၌ သူက အစွမ်းအထက်ဆုံး ဖြစ်သည်။ ရန်သူက အန္တရာယ်ရှိသည်ဟု ခံစားရလျှင် တစ်ဖက်လူက အန္တရာယ်ရှိတာ သံသယဖြစ်ဖွယ်မရှိပေ။

“မယုံနိုင်စရာကောင်းလိုက်တာ။ ရယ်စရာကောင်းလိုက်တာ”

ဘန်း ဘန်း ဘန်း ဘန်း

တွမ့်မူရှန်းက မောပန်းခြင်း၏ အဓိပ္ပါယ်ကို သိပုံမရပေ။ သူ၏လှံအရိပ်များက ပစ်မှတ်များကို ဆက်တိုက်ထိုးစိုက်နေ၏။

ခရမ်းရောင်အရံအတားက အားနည်းလာတော့သည်။

စုန်းအတတ်အားနည်းသွားခြင်းမှာ နတ်ခြင်္သေ့ကြောင့်ဖြစ်သည်။

ဟွားဝူတောက်က မချီးကျူးဘဲမနေနိုင်တော့ချေ။

“နတ်ခြင်္သေ့က သူတို့ရဲ့စုန်းအတတ်ကို အားနည်းစေပြီး ငါတို့ရဲ့ခွန်အားကို တိုးစေတာပဲ။ အားလုံးပဲ မကြောက်ကြနဲ့။"

ဝူး

နတ်ခြင်္သေ့က ကြည်လင်စွာအော်လိုက်လေ၏။

ဖုန်း

နတ်ဆရာဆယ်ပါး၏ ချီးမွမ်းမှုက ရပ်တန့်သွားလေသည်။ တလောကလုံး ရုတ်တရက် တိတ်ဆိတ်သွားပုံရ၏။

အသံတိတ်သွားသည့်အချိန်၌ ဝူရှဲ့၊ ဝူလီ၊ ဝူတိ၊ ဝူကျန်းနှင့် ဝူလော့တို့က နောက်သို့လွင့်သွားသည်။ တစ်ချိန်တည်းတွင် တွမ့်မူရှန်း၏လှံရိပ်က သူတို့၏ခုခံမှုကိုလည်းဖောက်ထွက်သွား၏။ သူက လေထဲနောက်ဆုတ်သွားပြီး ရထားလုံးပျံပေါ်၌ ရပ်နေတော့သည်။

ဝူရှန့်ကလက်မြှောက်လိုက်၏။ သူ့နား၌ ခရမ်းရောင်မီးလျှံများက လက်တံများပေါက်နေပုံပေါ်ပြီး သူတို့ငါးယောက်ကိုဆွဲယူလိုက်သည်။

“အရှင်ဝူရှန့်” ဝတ်ရုံနီကျင့်ကြံသူ ဆယ့်ရှစ်ဦးက သူတို့၏ ကနဦးချီများကို တပြိုင်နက်တည်း စုစည်းလျက် နတ်ဆရာဆယ်ပါးကို တည်ငြိမ်အောင်လုပ်လိုက်တော့သည်။

လေထဲရှိနတ်ခြင်္သေ့ကလည်း ထပ်မံလှည့်ပတ်ပြီးဆင်းသက်လာလေ၏။ ၎င်း၏ ရောင်ခြည်က နောက်ဆုံးတော့ လွင့်ပြယ်သွားပြီဖြစ်သည်။ ပြီးနောက် ပျောက်ကွယ်သွားတော့၏။

“နတ်ခြင်္သေ့ ဘာဖြစ်တာလဲ” ရှောင်ယွမ်အာက ကြည့်ရန်တွန့်ဆုတ်နေပုံရသည်။

“နတ်ခြင်္သေ့က အစွမ်းထက်ပေမဲ့သူ့ရဲ့စွမ်းအားက အကန့်အသတ်ရှိတယ်လေ။ အနားယူဖို့လိုတာ ပေါ့” ဟွားဝူတောက်က ခေါင်းညိတ်လိုက်၏။

လုကျိုးက စနစ်၏မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် နတ်ခြင်္သေ့၏ အမည်နားတွင် မှတ်စုတစ်ခုရှိနေသည်။ အနားယူနေသည်။ အနားယူနေသည့် ကာလကို ညွှန်ပြထားခြင်းမရှိပေ။

အား ဟုတ်သား။ နတ်ခြင်္သေ့ရဲ့စွမ်းအင်က ဘယ်လိုပဲဖြစ်ဖြစ် ငါထင်ထားတာထက် ကျော်လွန်နေတာပဲ။

သူ့ဖာသာသူ တွေးလိုက်မိ၏။ ဆိုလိုတာက ပိအန်းက သူ့ရဲ့လမ်းကြောင်းက ဘယ်သူ့ကိုမဆို ချေမှုန်းနိုင်စွမ်းရှိတာလား။

“အရှင်ဝူရှန့်” ဓားသူတော်စင်လော့ရှစ်စန်းက နတ်ဆရာဆယ်ပါးနား ကပ်လာ၏။ စုန်းအတတ်အားနည်းသွားလေရာ သူက အဆင်အခြင်မဲ့စွာ မတိုက်ခိုက်ရဲတော့ချေ။

ဟွားဝူတောက်က နှာမှုတ်လျက် ပြောလိုက်တော့သည်။ “လော့ရှစ်စန်း မင်းက ငါ့ရဲ့အသက်အိုကြီးကို ဆိုးဆိုးဝါးဝါးလိုချင်နေတယ်ဆိုမှတော့ မင်းကို အခွင့်အရေးတစ်ခုပေးမယ်”

“ခင်ဗျားကော ဒါဆိုရင် ကျုပ်နဲ့တစ်ယောက်ထဲရင်ဆိုင်လိုက်” ဓားသူတော်စင်လော့ရှစ်စန်းသည် ဟွားဝူတောက်ဘေး၌ ရပ်နေသော လုကျိုးကိုကြည့်လိုက်၏။

“မင်းသဘောပဲ” ဟွားဝူတောက်က တဖက်သို့လှည့်ပြီး လက်သီးကို ဆုပ်မိုးလျက်ပြောလိုက်တော့ သည်။ “မျှော်နန်းသခင် ဝင်မစွက်ဖက်ဖို့မျှော်လင့်ပါတယ်။ ကျွန်တော်သေခဲ့ရင် အားနည်းကြောင့်လိုပဲ မှတ်လိုက်ပါ”

“ဒါဆိုသွား”

ဟွားဝူတောက်သည် ယွင်ဂိုဏ်းနှင့်သူ၏ချည်နှောင်မှုကို ဖြတ်တောက်ရမည်မှန်းလုကျိုး သိနေ၏။ မဟုတ်လျှင် ဟွားဝူတောက်၏ရင်ထဲ၌ ဒုတိယအထုံးဖြစ်လာလိမ့်မည်။

နဝမမြောက်သင်္ကေတအသက်ဝင်လာသည်နှင့် ဟွားဝူတောက်က ပိုပြီးတော့တောင် ယုံကြည်ချက်ရှိလာ၏။

“သေပေတော့”

ဓားသူတော်စင်လော့ရှစ်စန်းက ခုန်ထွက်လိုက်သည်။

ဟွားဝူတောက်သည် ခြေဖျားထောက်ဖြင့် ရထားလုံးပျံထိပ်ကိုထွက်သွားလေသည်။ သူ ထွက်သွားသည်နှင့် လျှို့ဟယ်တာအိုစည်းတံဆိပ်ကလည်းပျောက်ကွယ်သွားတော့သည်။ သို့သော် စုန်းအတတ်စွမ်းအင်သည် နတ်ခြင်္သေ့ကြောင့်ပျောက်ကွယ်နေပြီဖြစ်ရာ ယခုအချိန်တွင် ကြောက်စရာမရှိတော့ချေ။

ဟွားဝူတောက်နှင့် လော့ရှစ်စန်းတို့က တိုက်ခိုက်ကြတော့၏။ သူတို့က တိုက်ခိုက်နေပြီး တဖြည်းဖြည်းချင်း ခပ်ဝေးဝေး၌ ပျောက်ကွယ်သွားတော့၏။

လုကျိုးက လက်နောက်ပစ်လျက် ထရပ်ကာ သူ၏မျက်လုံးများက အေးတိအေးစက်နေသည်။

“နတ်ဆရာဆယ်ပါး”

သူတို့အကြည့်ချင်းဆုံသွားကြ၏။

ဝူရှန့်က လုကျိုးကိုသာကြည့်သည်။

“မိစ္ဆာဝေဟင်မျှော်နန်း ကျိထျန်းတောက်”

သူသည် ဝူရှန်း၏မှတ်ဉာဏ်များမှ သတင်းများရထားပြီးသားဖြစ်သည်။ သူသည် ယခင်က အရာအားလုံးကို အထင်သေးခဲ့၏။ ယခုမူ သူ၏သဘောထားကို ပြန်အကဲဖြတ်ရမည်ဟု ခံစားလိုက်ရသည်။

လုကျိုးက ပြောသည်။ “ကျူပ်တကယ်စိတ်ပျက်မိတယ်”

“ဟမ်”

“ဉာဏ်ပညာကြီးတဲ့နတ်ဆရာဆယ်ပါးက ဒီလောက်အထိအဆင့်နိမ့်နေပြီး တစ်ပါးသူရဲ့ လက်ပါးစေဖြစ်နေပြီ”

ထိုစကားကို ဝူရှန့်ကြားလိုက်အချိန်၌ နက်ရှိုင်းသည့်အသံဖြင့်ပြောလိုက်တော့သည်။

“နတ်ခြင်္သေ့ကြောင့်သာ မဟုတ်ရင် နတ်ဆရာဆယ်ပါးကို စော်ကားတဲ့အတွက် မင်းကို မြန်မြန်သတ်ပစ် လောက်တယ်”

သူတို့က စကားထပ်များကြပြန်သည်။

မင်ရှစ်ရင်က နှာခေါင်းရှုံပြီးပြောလိုက်တော့၏။ “သောက်ကြွားပိုနေတာရပ်လိုက်တော့။ စုန်းအတတ် စွမ်းအင်က ကုန်ခါနီးနေပြီ။ အခု ခင်ဗျားတို့တွေက အလွန်ဆုံးမှ ပွင့်ချပ်ငါးလွှာအဆင့်မှာပဲရှိမှာ။ ခင်ဗျားက နတ်ဆရာဆယ်ပါးရဲ့ခေါင်းဆောင်မလား။ ကျုပ်က ခင်ဗျားကို ဒါဆို ပွင့်ချပ်ခုနစ်လွှာပေးမယ် ကျုပ်ရဲ့ရှစ်စွင်းဆီက လက်ဝါးရိုက်ချက်တစ်ချက်ခံနိုင်လို့လား”

ဝူရှန့်သည် အစတည်းက ဒေါသများပေါက်ကွဲနေပြီးဖြစ်သည်။ သူက သေပြီးသားသူဖြစ်၏။ ဤလောကဆီသို့ သူ၏မျိုးဆက်က ဝင်ပူးရန်ဆင့်ခေါ်ခြင်းခံရရုံသာရှိသည်။ ယခုချိန်၌ အကောင်းအဆိုးဂရုမစိုက်တော့ပေ။

“ရိုင်းလိုက်လေခြင်း” ဝူရှန့်က ခပ်မြင့်မြင့်ပျံတက်သွားသည်။ သူက ခရမ်းရောင်စွမ်းအင်များကို ထုတ်ဖော်လျက် အရပ်မျက်နှာအားလုံးသို့ လက်တံများသဖွယ်ဖြန့်ကျက်လိုက်၏။

ထိုအရာကို ဖန်ကျုံးမြင်သည့်အချိန်တွင် ကမန်းကတန်းသတိပေးလိုက်တော့သည်။

“အားလုံးပဲ ဂရုစိုက်။ စုန်းအတတ်ဖြန့်ကျက်တဲ့နည်းစနစ်က အထွတ်အထိပ်ပွင့်ချပ်ခုနစ်လွှာ ကျင့်ကြံသူတစ်ယောက်နဲ့ ညီမျှတယ်။ ပွင့်ချပ်ရှစ်လွှာမရှိဘဲ သူ့ကို ဖိနှိပ်ဖို့က ခက်မှာ”

“အထွက်အထိပ်ပွင့်ချပ်ခုနစ်လွှာလား ဝူရှဲ့၊ ဝူတိ၊ ဝူကျန်း၊ ဝူလော့နှင့် ဝူလီတို့က တစ်ချိန်တည်းနီးပါး စွမ်းအင်များကို ထုတ်ဖော်လိုက်ကြသည်။

“သေမျိုးက သေမျိုးပဲဖြစ်မှာ။ ပိုးမွှားက ပိုးမွှားပဲပေါ့။ နတ်ဆရာဆယ်ပါးက မင်းတို့တွေးနိုင်တာထက်ကျော်လွန်တယ်”

လုကျိုးက သူ၏လက်ဖြင့် ဆွဲယူသည့်လက်ဟန်ပြုလုပ်လိုက်သည်။ သူက ဖန်းရှုဝမ်ကို သူ့ဆီဆွဲခေါ်လိုက်၏။ သူသည် ဗြဟ္မာ့ပင်လယ်နယ်ပယ်တွင် ရှိနေသောကြောင့် ယင်းက လွယ်ကူသည့် လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။ သူက ဖန်းရှုဝမ်ကို ကြည့်ပြီးပြောလိုက်လေ၏။ “ဖန်းရှုဝမ် မင်း ဒါကို တွေ့လား”

ဖန်းရှုဝမ်၏ အမူအရာက လောကဓံတရားကို ကြံကြံခံသည့်ပမာ တိတ်ဆိတ်မြဲတိတ်ဆိတ်နေလေ၏။

“တစ်ခါတုန်းက ပေနတ်လွှာရဲ့ထိပ်မှာရှိခဲ့ဖူးတဲ့ မဟာစစ်သည်တော်တွေရဲ့ ကြီးမြတ်တဲ့ခေါင်းဆောင် မင်းကို ကြည့်ခွင့်ပေးမယ်” လုကျိုးက ဖန်းရှုဝမ်၏ နောက်ကျောကို ရိုက်ချလိုက်သည်။

“မျှော်နန်းသခင် မလုပ်နဲ့” ကြောက်လန့်မှုကြောင့် ဖန်ကျုံး၏မျက်နှာက ဖြူရော်သွားလေသည်။

သူ၏ ကနဦးချီကို သွင်းပေးလိုက်သည့်အချိန်တွင် လုကျိုးက ကောင်းကင်ကျမ်းစာ၏ ထူးကဲသောစွမ်းအင်ကို ရှင်းရှင်းလင်းလင်းခံစားလိုက်ရပြီး ယင်းက သူ့ကို လန်းဆန်းသွားစေ၏။ သူ၏စိတ်တို့က အင်မတန်ကြည်လင်နေတော့သည်။

သူ၏ကနဦးချီက ကြယ်ပွင့်များသကဲ့သို့တောက်ပနေပြီး ဖန်းရှုဝမ်၏ ထူးကဲချီသွေးကြော ရှစ်ကြောဆီသို့ရောက်သွားတော့သည်။ ဖန်းရှုဝမ်၏ ကျင့်စဉ်ကို ချိတ်ပိတ်ထားသော ချုပ်နှောင်ခြင်းအင်အားက ချက်ချင်းပျောက်ကွယ်သွား၏။

“အား” ဖန်းရှုဝမ်၏ မျက်လုံးတို့က အပြာရောင်လက်လာတော့သည်။ သူ၏မျက်နှာထက်၌ သတ်ဖြတ်လိုသည့်အကြည့်တို့ပေါ်လာလေကာ ညီးတွားပြောလိုက်တော့သည်။ “မင်း ထပ်ပြီး‌တော့”

“မင်းကို အရူးအမူးဖြစ်စေတဲ့မန္တန်က ထွက်သွားပြီ။ မင်း မသွားသေးဘူးလား” လုကျိုးက ဖန်းရှုဝမ်၏ နောက်ကျောကို ထပ်ရိုက်လိုက်ပြန်၏။

ဘန်း

ဖန်းရှုဝမ်သည် သက်ရောက်မှုကြောင့်နောက်ဆုတ်သွားသည်။ တစ်ချိန်ထဲတွင် သတိတရားတို့ ပြန်ရလာ၏။ သူ၏စိတ်က ရှင်းလင်းနေသည်။ ငါ ဘယ်သူလဲ ငါဘယ်မှာလဲ ခဏအကြာတွင် သူ၏မှတ်ဉာဏ်တို့က ဝင်ရောက်လာလေသည်။

“နတ်ဆရာဆယ်ပါးလား မော့လီလား” ဖန်းရှုဝမ်၏ မျက်လုံးတို့က ဒေါသမီးတောက်များ တောက်လောင်လာလေ၏။

ဝှစ်

ဒုက္ခရှုကွင်းတစ်ရာ ပွင့်ချပ်ရှစ်လွှာရွှေကြာတို့က သူ၏ခြေထောက်အောက်၌ ဖူးပွင့်လာလေသည်။

…

အခန်း (၁၅၆) အချင်းချင်း ဖျက်ဆီးနေသည်အား အဆုံးသတ်ရန် ဘိုးဘေးများ၏ ဆုံးဖြတ်ချက်

ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့က သူတို့ခေါင်းဆောင်ကို ယုံရခက်စွာ ကြည့်လိုက်ကြသည်။

“ခေါင်းဆောင်”

“အဖွဲ့ခေါင်းဆောင်”

“ဘာလုပ်လိုက်တာလဲ ” ယွဲ့ချုံးက အော်ပြောလိုက်သည်။

ဖန်ကျုံး သတိပြုမိဖို့ အချိန်တချို့ ကြာမြင့်လိုက်သည်။ သူက ပြောလိုက်၏။

“ ပါးစပ်ပိတ်ထား … ဖန်းရှုဝမ်က စွဲလမ်းအောင် ပြုစားခံထားရတာ။ မျှော်နန်းသခင်က သူ့ကို ပြန်ဖြေပေးနေတာ။ မင်းတို့ ကျေးဇူးတင်သင့်တယ် ”

“ စွဲလမ်းအောင် ပြုစားခံထားရတာလား ” ယွဲ့ချုံးက ကြောင်အမ်းသွားသည်။

“ မင်းတို့ဘာသာ ကြည့်ကြ ” ဖန်ကျုံးက စုန်းအတတ်ကို လေ့လာဖူးလေသည်။ စုန်းအတတ်ကို နားမလည်သူများက ဒီအရာမှ ဘာမှသိမည် မဟုတ်ပေ။ သူလည်း နေရခက်သည့် အခြေအနေကြား ကျရောက်နေလေ၏။ လုကျိုးက ကျင့်မင်တာအိုဂိုဏ်း၏ ကျင့်ကြံဆင့် စည်းပိတ်ခြင်း ပညာရပ်ကို လက်ဝါးချက် တစ်ခါရိုက်ရုံဖြင့် ဖြေရှင်းခဲ့သောကြောင့် သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေလေသည်။

ထိုစဉ် ကြောင်အမ်းအမ်း ဖြစ်နေပြီးနောက် ဖန်းရှုဝမ်က ပုံမှန်ပြန်ဖြစ်သွားသည်။ သူက ရုတ်ခြည်း ဒေါသထွက်လာကာ “ ငါ လန်လော့ကို ရန်စသူတိုင်း သေရမယ် ”

ဖန်းရှုဝမ်က သူ့တာအိုကိုယ်ပျောက် အစွမ်းထက်ဆုံး တိုက်ကွက်ဖြင့် စလိုက်သည်။ သူ့ ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဍာန်အောက်တွင် ဖန်းရှုဝမ်၏ အရိပ်က ကောင်းကင်အပြည့် ဖြစ်လာသည်။

ယခင် ပေနက်လွှာ ထိပ်ဆုံးတွင်ရှိသည့်သူ ပြန်ရောက်လာလေပြီ။

ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့လည်း မြင်ကာ အံ့ဩသွားကြသည်။

အခြားသော နတ်ဆရာကိုးယောက်ကလည်း ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဍာန် ပေါ်ထွက်လာမှုကို မြင်ကာ အံ့ဩကုန်ကြသည်။

ဘန်း ဘန်း ဘန်း

ဝူရှန့်အနားတွင် အရိပ်များစွာ ဖျတ်ခနဲပေါ်လာကာ တိုက်ခိုက်လိုက်သည်။ သူ့ဆီ စွမ်းအားများက မြားမိုးသဖွယ် ကျဆင်းလာသည်။

ဖန်ကျုံးက အတော် အံ့အားသင့်သွားကာ “ဒါက လန်လော့ရဲ့ တကယ့်အင်အားအစစ်အမှန်ပဲ ဖြစ်ရမယ်။ သူက ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဍာန်ပိုင်ရှင်ပဲလေ … သူက ရာစုနှစ်များစွာ သီးသန့်နေလာတာ။ မော့လီက ဘယ်သူလဲ။ သူက ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဍာန်ပိုင်ရှင် ဖန်းရှုဝမ်ကို ဘယ်လိုများ ထိန်းချုပ်နိုင်သွားတာလဲ ”

ဖန်းရှုဝမ်၏ တိုက်ခိုက်မှုများက ကောင်းကင်ရော မြေပြင်ပါ လွှမ်းခြုံထားလေသည်။ နတ်ဆရာဆယ်ယောက်၏ ခေါင်းဆောင်ဖြစ်သူ ဝူရှန့်ပင် အရေးနိမ့်နေလေသည်။

“သခင်ဝူရှန့်” အခြားနတ်ဆရာများက လှမ်းအော်လိုက်ကြသည်။

“ မင်းတို့က ငါ့ကို ကြည့်နေသင့်တယ် ” တွမ့်မူရှန်းက နယ်ရှင်လှံဖြင့် ပေါ်လာကာ တခြားသူများကို တိုက်ခိုက်လိုက်သည်။

“ငါ့ကိုလည်း မေ့မထားကြနဲ့” မင်ရှစ်ရင်လည်း လေထဲမှ လျှောက်လှမ်းလာကာ ခွဲခွာချိတ်ကောက်ကို ကိုင်ဆွဲလာသည်။

သူတို့နှစ်ယောက်လုံးတွင် ကောင်းကင်အဆင့် လက်နက်များ ပိုင်ဆိုင်ထားကြ၏။ ပွင့်ချပ်သုံးလွှာ သို့မဟုတ် လေးလွှာမျှ ကျင့်ကြံဆင့်ရှိသည့် နတ်ဆရာကိုးယောက်နှင့် ရင်ဆိုင်ရာတွင် သူတို့က ထိန်းထားနိုင်သည်။ ပြဿနာက သူတို့တွင် ပြိုင်ဖက်ကိုးယောက် ရှိနေခြင်း ဖြစ်၏။

သူတို့က စုန်းအတတ် ကျင့်ကြံသူများ ဖြစ်ပြီး ဂါထာရွတ်ဖတ်ဖို့ အချိန်လိုလျှင်ပင် တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့က အရေအတွက်အားဖြင့် အရေးနိမ့်နေသေး၏။ သူတို့အနေနှင့် နတ်ဆရာဆယ်ယောက်ထဲက ဖြစ်သည့် စုန်းအတတ် ပညာရှင် ကိုးယောက်ကို မည်သို့ရင်ဆိုင်နိုင်မည်နည်း။

“ခေါင်းဆောင် ” ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့၏ အကြည့်များက ပြင်းပြလာကြသည်။ သူတို့က ဖန်းရှုဝမ်အတွက် အသက်ကိုပင် စတေးနိုင်၏။ သူတို့က အချင်းချင်း ကောင်းကောင်းသိကြပြီး တစ်ယောက်နှင့် တစ်ယောက် အပြည့်အဝ ယုံကြည်ကြသည်။

သူတို့က ဖန်းရှုဝမ်သည် အသက်ကို စတေး၍ အားကောင်းသည့် ရန်သူနှင့် ရင်ဆိုင်နေသည်ကို မြင်သည့်အခါ အေးဆေးထိုင်ကြည့်မနေနိုင်ပေ။

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ “အခု မြင်ပြီမလား ”

ဖန်ကျုံးက ရှင်းပြလိုက်သည် “လန်လော့က ထိန်းချုပ်ခံထားရတာပဲ။ မင်းတို့ ညီအစ်ကိုလေးယောက်လုံးက ဒီကစားပွဲအတွက် နယ်ရုပ်သာသာပဲ။ အခု မင်းကို ထိန်းချုပ်ထားတဲ့သူက မင်းရှေ့တည့်တည့်ရောက်နေပြီ ”

“နတ်ဆရာဆယ်ယောက် …” ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့က ဖန်းရှုဝမ်နှင့် တစ်လှေတည်းစီးသူ ဖြစ်ရာ သူတို့ ရထားလုံးပျံပေါ် ရှိကတည်းက အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်။ သူတို့ ဒေါသမထွက်စရာ အကြောင်းမရှိပေ။

ဖန်ကျုံးက သူတို့ဆီ လျှောက်လာကာ လက်ကို မြောက်လျက် အသာထိလိုက်သည်။

ဘတ် ဘတ် …

သူတို့ကျင့်ကြံဆင့်များအပေါ် အဟန့်အတားအားလုံးကို ဖြေလျော့ပေးလိုက်သည်။ သူတို့ခန္ဓာကိုယ်မှ ချီစွမ်းအားများက ရေပူစမ်းလိုမျိုး ထွက်လာသည်။ သူတို့က သူတို့အထဲ စီးဆင်းနေသည့် ရင်းနှီးကျွမ်းဝင်ပြီးသား ခံစားချက်မျိုးကို ပြန်ခံစားမိလိုက်ကြသည်။

လုကျိုးက သူတို့အား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်၏။

ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့က အားကောင်းသည့် မိစ္ဆာဝေဟင်မျှော်နန်းသခင်နှင့် ထိပ်တိုက် မရင်ဆိုင်ရဲပေ။ ကိုးပါး ဖြတ်တောက်ခြင်းလက်ဟန်က ပွင့်ချပ်ခုနှစ်လွှာ စိတ်ဝိညာဉ်သဏ္ဍာန်ပိုင်ရှင် ရန်ပုဖင်းကိုပင် ချက်ချင်း အနိုင်ပိုင်းပစ်လိုက်သည် မဟုတ်ပါလော။ သူတို့က ထိုအကြောင်းကို ပြန်တွေးမိတိုင်း စိတ်ထဲ အကြောက်တရားရှိနေသေးသည်။ ထို့အပြင် မိစ္ဆာဝေဟင်မျှော်နန်း၏ အမှားလည်း မဟုတ်ချေ။ တကယ့် တရားခံက သူတို့ရှေ့တွင် ရှိနေသည်။

ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့က အကြည့်ချင်း ဖလှယ်လိုက်ပြီး လေထဲ ခုန်ဝင်ကာ “ငါတို့ကိုပါ ထည့်တွက်လိုက် ”

အပိုနှစ်ယောက် တိုးလာခြင်းက နတ်ဆရာကိုးယောက်အပေါ် ဖိအားတိုးလာစေသည်။

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က ပြိုင်ဘက်နှစ်ယောက်စီ တာဝန်ယူလိုက်၏။

ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့က တစ်ယောက်စီ ရင်ဆိုင်လိုက်ကြသည်။ ထို့အပြင် နောက်ထပ် နတ်ဆရာသုံးယောက် ကျန်နေသေး၏။

လုကျိုးက ဝူကျိ၊ ဝူဖင်းနှင့် ဝူကျန်းတို့အား ကြည့်လိုက်သည်။ ဝူရှန့်အပြင် သူတို့သုံးယောက်က နတ်ဆရာများကြား အားအကောင်းဆုံး ဖြစ်ကြသည်။

ဝူရှန့်က ကောင်းကင်ထဲ ရှိနေပြီး တိမ်ခွင်းရထားလုံးပေါ် ဝေ့ဝဲနေရင်း ဖန်းရှုဝမ်နှင့် ရင်ဆိုင်နေသည်။ သူ့အသံက ကောင်းကင်အထက် ပျံ့လွင့်လာသည်။ “ မင်းတို့တွေ နတ်ဆရာဆယ်ယောက်ကို အနိုင်မယူနိုင်ဘူး ”

လုကျိုးလည်း အသံထွက်လာသည်။

“မင်းက ငါ့ကို မေ့ထားတာကိုး ”

လုကျိုးက အချိန်ဆက်မဖြုန်းတော့ဘဲ သူ့လက်ထဲမှ နောက်ထပ် မိုးကြိုးကတ်သုံးကတ်ကို ဝူကျိ၊ ဝူဖင်းနှင့် ဝူကျန်းဆီ ပစ်လွှတ်လိုက်သည်။ အားပြင်းပြင်း မိုးကြိုးချက်များက သူတို့ဆီ ပြေးဝင်လာ၏။

အခြားလူများလည်း အံ့ဩတုန်လှုပ်သွားကြသည်။

လုကျိုးက ကတ်သုံးကတ် ပစ်လွှတ်ပြီးနောက် လက်နောက်ပစ်လျက် အေးဆေးရပ်နေသည်။ သူက တိုက်ပွဲကို အေးအေးလူလူ ရှုစားနေ၏။

တိမ်များက စုစည်းလာကာ မိုးခြိမ်းသံများလည်း တဂျိန်းဂျိန်း ထွက်လာသည်။ စွမ်းအားနှင့် ရောနေသည့် မိုးကြိုးချက်က ချက်ချင်း ပေါ်လာသည်။

နတ်ဆရာသုံးယောက်က ချက်ချင်း အကာအကွယ်များ ထုတ်လိုက်ကြသည်။ ထွက်ပြေးဖို့ အချိန်မရှိချေ။ မိုးကြိုးချက်များက အချင်းအားဖြင့် မီတာများစွာရှိ၏။ သူတို့ မြင်ဖူးသည့်အရာများနှင့် မတူပေ။

ဒါ မိုးကြိုးသွား မဖြစ်နိုင်ဘူး … ကောင်းကင်လျှပ်စီးချက်ပဲ ဖြစ်ရမယ်

ဝူကျိက အကာအကွယ် ထုတ်လိုက်သည့်အချိန် သူ့အကြည့်ထဲ မျှော်လင့်ချက်ကုန်ဆုံးသည့် အရိပ်အယောင်တချို့ ပေါ်လာသည်။ တစ်ချိန်တည်းတွင် သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်လာပြီး ‘နတ်ဆရာဆယ်ယောက် လုပ်တာ မှားနေတာများလား။ မဟုတ်ရင် ကောင်းကင်လျှပ်စီးက ငါတို့ဆီ ဘယ်လိုလုပ်ကျရောက်လာမှာလဲ ’

ဝုန်း ဝုန်း ဝုန်း

မိုးကြိုးသုံးချက်က သက်ဆို်ရာ ပစ်မှတ်များကို ထိသွားကြသည်။ သုံးယောက်လုံး တစ်ပြိုင်နက် လွှင့်စင်သွားကြ၏။

ဝူကျိက သွေးတစ်ပွက်အန်လိုက်ရသည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ ခရမ်းအလင်းစက်ဝန်း ပေါ်လာပြီးနောက် လေထဲ ပြန့်ကျဲသွားလေသည်။

လုကျိုးက နှလုံးခုန် တစ်ချက်မြန်သွားသည်။ တစ်ချိန်တည်းတွင် သူက စနစ်မှ အသိပေးချက်ကို ကြားလိုက်ရသည်။

“ တင်း … ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ဆုလာဘ် ကုသိုလ်ရမှတ် တစ်ရာ ရပါမယ် ”

၁ ရာခိုင်နှုန်း သတ်ဖြတ်နိုင်ခြေပဲ ရှိတာကို အခု မင်းရဲ့ ကံဆိုးမှုကိုသာ အပြစ်တင်လိုက်တော့ …

လုကျိုးက ခေါင်းယမ်းလိုက်သည်။

တော်သေးတာက ငါ အသေရိုက်ချက် မသုံးခဲ့လို့ မဟုတ်ရင် ငါတော့ ဒီအလောင်းအစားမှာ ဘောင်းဘီတောင် ချွတ်ပေးနေရလောက်ပြီ။

လုကျိုးက သက်ရှိလူကို ပူးကပ်ထားသည့် လူသေကို သတ်လိုက်သည့်အခါ သူ ရရှိလိုက်သည့် ကုသိုလ်ရမှတ်က သက်ရှိလူအတွက်သာ ဖြစ်၏။ မိုးကြိုးချက်နှစ်ချက်မှ အခြားလူနှစ်ယောက်က ဒဏ်ရာရတာနှင့် ဒဏ်ရာအပြင်းအထန် အသီးသီးရသွားကြသည်။

နောက်ဆုံးတော့ ငါလေး ကံတက်လာပုံပဲ… သေတ္တာဖွင့်တာဖြစ်ဖြစ်၊ နတ်ခြင်္သေ့ပေါ်လာတာနဲ့ ၁ ရာခိုင်နှုန်း သတ်ဖြတ်နိုင်ခြေတို့အားလုံးက လုကျိုးအား အံ့အားသင့်သွားစေသည်။

လုကျိုးက အတွေးနက်နေစဉ် ဝူရှန့်၏ အသံကို ကြားလိုက်ရသည်။

“ အချိန်မကျန်တော့ဘူး။ ငါ့ဆီ လာခဲ့” ဝူရှန့်က ဖန်းရှုဝမ်သည် သူ့အား အခက်အခဲများစွာ ပေးနေ၍ အံ့ဩနေမိသည်။ သူ့စိတ်ထဲမှ ဒေါသက မြန်မြန်သာ အဆုံးသတ်မိချင်၏။ သူ့မျက်နှာအထက် သတ်ဖြတ်လိုသည့် အမူအယာ ပေါ်လာစဉ် သူ့စိတ်ထဲ အသံတစ်သံကို ကြားလိုက်ရသည် “သခင်ဝူရှန့် ကျေးဇူးပြုပြီး ကိုယ့်ဘာသာ မဖောက်ခွဲပစ်လိုက်ပါနဲ့ ”

ဝူရှန့်က ဖန်းရှုဝမ်၏ တိုက်ခိုက်မှုကို ကာကွယ်နေစဉ် “ နတ်ဆရာဆယ်ယောက်က မင်းတို့ကြောင့် သိက္ခာကျကုန်ပြီ။ ဒါကို နတ်ဆရာမျိုးဆက်အတွက် သတိပေးချက်ကို မှတ်ယူလိုက်ကြ ”

“ ကျွန်တော်တို့ သခင်ဝူရှန့်နောက် သေတဲ့အထိ လိုက်ပါ့မယ် ” နတ်ဆရာရှစ်ယောက် က တစ်ပြိုင်နက် အော်လိုက်ကြသည်။

လုကျိုးက အမိန့်ပေးလိုက်သည်။

“ပျံသန်းလိုက်တော့ ”

“ဟုတ်” ရှောင်ယွမ်အာနှင့် ကျောင်းယွဲ့တို့က ချက်ချင်း သူတို့ချီများကို တိမ်ခွင်းရထားလုံးထဲ ထည့်ကာ အသက်သွင်းလိုက်ကြသည်။

ဝူရှန့်ကို ဖန်းရှုဝမ်က ထိန်းထားစဉ် မဟာအစီအရင်ကလည်း အထွတ်အထိပ်အခြေအနေတွင် ရှိမနေပေ။ ထို့ကြောင့် တိမ်ခွင်းရထားလုံးက အေးအေးဆေးဆေး ထွက်သွားနိုင်၏။

တိမ်ခွင်းရထားလုံးက တောက်ပလာသည်။

ဝှစ်

ထို့နောက် မဟာအစီအရင် အစွန်းအဖျားဆီ ပျံသန်းသွားလိုက်သည်။

“စန်းရှစ်ရှိုး .. စစ်ရှစ်ရှိုး … ”

မင်ရှစ်ရင်က သူ့ခွဲခွာချိတ်ကောက်ကို ပြန်သိမ်းကာ အပြုံးလေးဖြင့် “ မင်းတို့နှစ်ယောက်ကို အနိုင်မယူနိုင်ဘူးပဲ။ နတ်ဆရာဆယ်ယောက်ဆိုတဲ့အတိုင်းပဲ”

သူက လေထဲမှ နောက်ပြန်ဆုတ်လိုက်သည်။

တွမ့်မူရှန်းလည်း အတူတူ ဖြစ်၏။ သူလည်း နယ်ရှင်လှံကို ပြန်သိမ်းကာ “ တကယ့် ယောကျ်ားစစ်က သွက်လက်ရတယ်။ ငါတို့ တစ်ရက်ကျ ထပ်တိုက်ကြတာပေါ့ ”

ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်လည်း ထိုဇာတ်ကြောင်းကြောင့် အံ့အားသင့်သွားလေသည်။

ဖန်းရှုဝမ်က ဒေါသတကြီးဖြင့် “ မော့လီ ငါ သေရင်တောင် မင်းကို အေးအေးဆေးဆေး မနေစေရဘူး “

“ခေါင်းဆောင်”

“ယွဲ့ချုံး၊ တွမ့်ယန်ဟုန် မင်းတို့သေရမှာကြောက်ရင် အခုထွက်သွားကြ။ ငါ လန်လော့ သူတို့ကို ထိန်းထားမယ် ”

လန်လော့က ဝူရှန့်နှင့် အနီးကပ်ဆုံး ဖြစ်၏။ သူ့စိတ်ဝိညာဉ်သဏ္ဍာန်က ဝူရှန့်၏ လက်တံများကြောင့် ချုပ်နှောင်ခံထားရသည်။

နှစ်ယောက်လုံးက အခြေအနေတူ ဖြစ်နေသည်။ သူတို့က မည်သူနောက်ဆုံးကျန်ရစ်မလဲ စောင့်ကြည့်ချင်နေကြသည်။ ဝူရှန့်တွင် အချိန်အကန့်အသတ်ရှိပြီး သူတို့တိုက်ပွဲသာ ဆက်ဖြစ်နေလျှင် ဖန်းရှုဝမ်ကို အနိုင်ပိုင်းနိုင်မည် မဟုတ်ချေ။ ဤသို့ဖြစ်၍ ကိုယ့်ဘာသာ ဖောက်ခွဲပစ်လိုက်ခြင်းက အကောင်းဆုံး ဖြစ်၏။ အားလုံးက အင်အားအပြည့်ဖြင့် ဖောက်ခွဲကာ ရန်သူကိုပါ အပါခေါ်သွားကြသည်။ သူတို့က သေဆုံးပြီးသားဖြစ်၍ သေခြင်းတရားကို အဘယ်ကြောင့် ကြောက်နေရမည်နည်း။

အနီဝတ် ကျင့်ကြံသူများက မြန်မြန် နောက်ဆုတ်ကုန်ကြသည်။

နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူများက သူတို့အကျွမ်းကျင်ဆုံးနည်းလမ်းဖြင့် ထွက်ပြေးကုန်ကြသည်။ သို့သော်လည်း အနီဝတ် ကျင့်ကြံသူများက နှေးကွေးလွန်းလှသည်။

“ ကျွန်တော်တို့က တစ်ရက်တည်း မွေးဖွားလာတာ မဟုတ်ပေမဲ့ တစ်ရက်တည်း သေကြမယ်” ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့က ထွက်မသွားကြပေ။ ထို့အစား သူတို့က ဝူရှန့်ဆီ ပျံသန်းလာကြ၏။

စိတ်ဝိညာဉ်သဏ္ဍာန်သုံးခု ထွက်ပေါ်လာသည်။

တိမ်ခွင်းရထားလုံးက မဟာအစီအရင်ထဲမှ ထွက်သွားတော့မည့်ဆဲဆဲတွင် အစီအရင်အတွင်းရှိ နေရာတစ်ခုလုံး ပေါက်ကွဲသွား၏။

ဝူရှန့်ကို ဗဟိုပြု၍ နတ်ဆရာရှစ်ယောက်၏ စွမ်းအားများလည်း ဘေးပတ်လည်၌ ပေါက်ကွဲထွက်သွားကြသည်။

…

All Chapters