← Chapters

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း (၁၅၇) ဖန်းရှုဝမ်၏ရွေးချယ်မှု

ဝေ့တက်လာသောစွမ်းအင်လှိုင်းများက မြေပြင်မှ ဖုန်မှုန့်များ၊ ရွှံ့များကို ရောနှောသွားစေပြီး သဲမုန်တိုင်းက ရုတ်တရက်ဆင်းသက်လာတော့သည်။ တချိန်တည်းတွင် ခရမ်းရင့်စွမ်းအင် အပူလှိုင်းများက အားလုံးဆီတိုးဝင်လာတော့၏။ ရန်သူ၊ မိတ်ဆွေမခွဲခြားတော့ပေ။

စိတ်ဝိညာဉ်သဏ္ဌာန်သုံးခုသည် သက်ရောက်မှုကြောင့် ခဏတာတောင့်ခံပြီးနောက် ပြိုကွဲသွားကြ တော့သည်။

ဝတ်ရုံနီကျင့်ကြံသူများ၏ ကျင့်ကြံဆင့်က အားအနည်းဆုံးဖြစ်၏။ သူတို့က အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းသွားလျှင်တောင် ရထားလုံးပျံကို ကျော်လွန်ဖို့က မဖြစ်နိုင်ပေ။ ချက်ချင်းပင် အညှာအတာမဲ့ သော ခရမ်းရောင်စွမ်းအင်ဖြင့် ဝါးမြိုခံလိုက်ရတော့၏။

“ရှစ်စွင်း စန်းရှစ်ရှိုးနဲ့ စစ်ရှစ်ရှိုး” ရှောင်ယွမ်အာသည် သူတို့ဆီသို့ အရှိန်ဖြင့်လိုက်ပါလာသော တွမ့်မူရှန်းနှင့် မင်ရှစ်ရင်ကို လက်ညှိုးထိုးပြလိုက်၏။

“ရပ်” လုကျိုးက လက်တစ်ဖက်မြှောက်လိုက်သည်။ သူတို့၏ကျင့်ကြံဆင့်အရ ထိုမျှရှည်ကြာစွာ တိုက်ခိုက်ပြီးနောက် သူတို့သည် ခမ်းနားခြင်းကျင့်စဉ်ကို အသုံးပြုလျှင်တောင် သဲမုန်တိုင်းထဲမှ အချိန်မီလွတ်မြောက်ရန်က ခက်ခဲလောက်သည်။ ရထားလုံးပျံက သူတို့ကို စောင့်နေမှရမည်။

လုကျိုးက တည်ငြိမ်ပုံပေါ်နေသော်ငြား စိတ်ထဲတွင်မူ နောင်တရနေလေ၏။ ဆိုရလျှင် ဝတ်ရုံနီကျင့်ကြံသူများက ကုသိုလ်မှတ်အရင်းအမြစ်များဖြစ်သည်။

‘နတ်ဆရာဆယ်ပါးက သေလူပဲ။ ဝူရှန်းတစ်ယောက်ပဲ ငါ့ကို ကုသိုလ်မှတ်နည်းနည်းပိုရအောင် လုပ်ပေးနိုင်တာ။ အားလား ဒီစွမ်းအင်လှိုင်းမှာ သူ အသက်ရှင်မယ်လို့မထင်ဘူး’

‘ဖန်းရှုဝမ်နှင့် မဟူရာစစ်သည်တော်နှစ်ယောက်ကတော့ ကုသိုလ်မှတ်တော်တော်လေး ရလောက်တယ်။ စွမ်းအင်လှိုင်းထဲမှာ သူတို့ကို ဆုံးရှုံးသွားရတာ ငါအတွက် နစ်နာမှုကြီးပဲ’

လုကျိုးက အတွေးနစ်နေစဉ် တွမ့်မူရှန်းနှင့်မင်ရှစ်ရင်တို့က နောက်ဆုံး၌ ရထားလုံးပျံထဲခုန်ဝင် လာကြသည်။

“သွားကြမယ်”

ရထားလုံးပျံကို ထပ်မံအသက်သွင်းလိုက်၏။ ရထားလုံးပျံ ရပ်တန့်သွားသည့်အချိန်တွင် ပျံသန်းရန် အချိန်အနည်းငယ်ယူရပြီး သူ့အရှိန်က လျော့ကျသွားတာ သဘာဝဖြစ်ပေ၏။ ထိုအနည်းငယ် လေးဖင့် သွားမှုကြောင့် အစွမ်းထက်သော ခရမ်းရင့်ရောင်စွမ်းအင်လှိုင်းတို့သည် ယခုဆို လိုက်မှီလာပြီ ဖြစ်သည်။ ကျယ်ဝန်းသောခရမ်းရောင်စွမ်းအင်လှိုင်းက ကြီးမားသော လှိုင်းကြီးတစ်ခုပမာ ဖြစ်နေတော့သည်။ လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့လျက် လှိုင်းကို ကြည့်လိုက်၏။ ငါ ဒီလောက်ထိ နစ်နာနေပြီပဲကို။ နောက်ထပ်ပစ်ချက်မဲ့ကတ်သုံးရမယ်လို့တော့ ငါ့ကို လာမပြောနဲ့နော်။ ထို့အပြင် ပြစ်ချက်မဲ့ကတ်က အသေရိုက်ချက်ကတ်သို့ပင် တစ်ဦးတည်းကိုသာ ကာကွယ်ပေးနိုင်မှာ ဟု သူထင်ခဲ့သည်။

ရုတ်တရက်လှိုင်းများကြားထဲ၌ ပွင့်ချပ်ရှစ်လွှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်က ထွန်းလင်းတောက်ပ လာပြီး လေပြင်းများလိုက်ပါလာလေ၏။ ဖန်းရှုဝမ်က စိတ်ဝိညာဉ်သဏ္ဌာန်အတွင်း၌ပေါ်လာလေ ၏။ သူက ယခုဆို သွေးများစွန်းထင်းနေတာပဲဖြစ်သည်။

“ဖန်းရှုဝမ် မသေသေးဘူးလား” မင်ရှစ်ရင်နဲ့ တွမ့်မူရှန်းက ရှေ့သို့တစ်လှမ်းတိုးလာ၏။ သူတို့က သတိအနေအထားဖြင့် ဖန်းရှုဝမ်ကို ကြည့်လိုက်ကြတော့သည်။

လုကျိုးက အစီအစဉ်ပြောင်းပြီး ထူးမခြားနားပြောလိုက်တော့၏။ “ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကို လှုပ်ခါအောင်ကြိုးစားနေတာပဲ” သူ၏လက်ထဲ၌ အသေရိုက်ချက်ကတ်တစ်ကတ်ပေါ် လာပြီး သူ့ဖာသာသူတွေးလိုက်၏။ နောက်ဆုံးထွက်သက်မတိုင်ခင် ငါ့ကို တိုက်ခိုက်ဖို့ကြိုးစား နေတာလား။

သို့သော် ထင်ထားသည်နှင့် ဆန့်ကျင်ဖက်ဖြစ်လျက် ဖန်းရှုဝမ်ထံမှ ပြင်းထန်သောလေတို့သည် ဆန့်ကျင်ဖက်အရပ်မျက်နှာဆီသို့ တိုးဝင်သွားလေ၏။

“အမ်း သူက ကျွန်တော်တို့ကို ကူညီပေးနေတယ်” မင်ရှစ်ရင်က တအံ့တဩပြောလိုက်သည်။

လုကျိုးက အံ့ဩသွားလေ၏။ ဖန်းရှုဝမ်သည် မိစ္ဆာဝေဟင်မျှော်နန်းပေါ်၌ အငြိုးအတေးရှိပြီးသား ဖြစ်သည်။ ယခုကဲ့သို့အချိန်မျိုး၌ သူက တိမ်ခွင်းရထားလုံးကို ဖြိုခွင်းရန်အတွက် ထိုစွမ်းအင်လှိုင်းကို ထုတ်သုံးသင့်ပေသည်။ သူသည် မိစ္ဆာဝေဟင်မျှော်နန်းကို အဘယ်ကြောင့် ကူညီရသနည်း။

သူဘာတွေလုပ်နေတာလဲ။ လုကျိုးက လက်မြှောက်လိုက်လေ၏။ “နေဦး”

ပွင့်ချပ်ရှစ်လွှာကျင့်ကြံဆင့်ရှိသော ဖန်းရှုဝမ်ထိုမျှအစွမ်းထက်တာအံ့ဩစရာမရှိပေ။ သို့သော် သူ သည် နတ်ဆရာဆယ်ပါး၏ အဖျက်စွမ်းအားမှ ရှင်သန်နေတာပဲဖြစ်သည်။ လန့်စရာကောင်းသည်က သူသည် နတ်ဆရာဆယ်ပါး၏ အဖျက်လှိုင်းမှ ရှင်သန်ခဲ့တာပဲဖြစ်၏။ ယင်းက လွယ်ကူသည့်လုပ်ရပ် မဟုတ်ချေ။

မင်ရှစ်ရင်က သက်ပြင်းချလျက်ခေါင်းခါကာ ပြောလိုက်တော့သည်။ “သူ့ကိုယ်ပိုင်စွမ်းအင် ဗဟိုချက်က ချီပင်လယ်ကို စွန့်စားပြီး ဒီကျင့်စဉ်ကို ထုတ်သုံးလိုက်တာ။ ဖန်းရှုဝမ်သေဖို့ စီစဉ်ထားတယ်လို့ထင်တယ်”

ဖန်းရှုဝမ်က သူ့အကန့်အသတ်ကို ရောက်နေပြီဖြစ်သည်။ ဖန်းရှုဝမ်၏ရုန်းကန်မှုကြောင့် ခရမ်းရင့်လှိုင်းတို့က ပြန်ဆွဲယူခံလိုက်ရ၏။

ယခုအချိန်တွင် ဖန်းရှုဝမ်၏ စိတ်ပျက်အားငယ်ဖွယ်အသံက ရောက်လာသည်။ သူ၏အသံက အက်ရှရှဖြစ်နေ၏။ “ငါ လန်လော့က တခြားလူတစ်ယောက်ရဲ့ အကူအညီကို ဘယ်တော့မှ မတောင်းခံဘူး။ ဒီနေရာမှာ နတ်ဆရာဆယ်ပါးကို ထိန်းထားနိုင်အောင် ငါ့အသက်ကို စွန့်စားခဲ့မယ်။ ဒါပေမဲ့ ဆရာကြီး တစ်ခုလောက်တောင်းဆိုပါရစေ။ မော့လီကို သတ်ပေးပါ”

လုကျိုးက မတုံ့ပြန်ရသေးခင် ခရမ်းရင့်ရောင်လှိုင်းတို့က လေနံရံကို ဖြတ်ကျော်လာပြီး စိတ်ဝိညာဉ် သဏ္ဌာန်က ပျောက်ကွယ်သွားတော့သည်။ ပွင့်ချပ်ရှစ်လွှာရွှေကြာက အကြိမ်ရေများစွာ လည်ပတ်ပြီးနောက်ပျောက်ကွယ်သွားတော့သည်။

ကြီးမားသည့်စွမ်းအင်လှိုင်းက ဧရာမမျက်နှာအဖြစ်အသွင်ပြောင်းလဲသွားပုံရကာပြောလိုက်၏။

"ရူးလိုက်လေခြင်း”

ရထားလုံးပျံပေါ်ရှိလူများက သက်ပြင်းချလိုက်၏။ ဖန်းရှုဝမ်သည် လုကျိုးကို ထိုတောင်းဆိုချက် ပြုလုပ်ရန်အတွက် ဤရွေးချယ်မှုပြုလုပ်လိုက်မည်ဟု မည်သူကသိမည်နည်း။

ခရမ်းရင့်ရောင်လှိုင်းတို့က ပျောက်သွားတော့သည်။

မင်ရှစ်ရင်နဲ့တွမ့်မူရှန်းက ရထားလုံးပျံထဲသို့ သူတို့၏စွမ်းအားကနဦးချီများကို သွင်းလိုက်သည်။ စုန်းအတတ်စွမ်းအားမှိန်ဖျော့သွားသော်ငြား သဲမုန်တိုင်းက ရှိနေဆဲဖြစ်သည်။ သူတို့နှစ်ဦးက ရထားလုံးပျံကို ထိန်းလိုက်လေ၏။ သို့မှသာ ယင်းက ပိုမြန်မြန်ပျံသန်းတာပဲဖြစ်သည်။ တိမ်ခွင်း ရထားလုံးက တောက်ပလာပြီး သဲမုန်တိုင်းကို ဖြတ်ကျော်လျက် အလင်းတန်းတစ်စသာ ချန်ထားရစ်ခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း ရထားလုံးပျံက ဧရိယာထဲမှထွက်သွားတော့၏။

ထိုစဉ် ထန်းကျီမြို့ခပ်လှမ်းလှမ်းကနေ တိုက်ပွဲကိုလေ့လာနေကြသော အဆင့်နိမ့်ကျင့်ကြံသူများက မော့ကြည့်လာ၏။

“မိစ္ဆာဝေဟင်မျှော်နန်းနိုင်သွားပြီပဲ”

“အဲ့ဒီ ဝတ်ရုံနီကျင့်ကြံသူတွေက သိပ်အစွမ်းထက်တာ။ ဒါတောင် သူတို့က မိစ္ဆာဝေဟင်မျှော်နန်းကို ရှုံးသွားသေးတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက ဘယ်လောက်တောင်များအစွမ်းထက်တာပါလိမ့်”

တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်လေ၏။ “ဘယ်သူသိမှာလဲ။ ငါတို့အမြင်က အစောတုန်းက ပိတ်ဆို့ခံထားရတာလေ။ ငါတို့ ဘာမှမမြင်ဘူး။ အလင်းတွေနဲ့ဆူညံသံတွေကိုပဲကြားနေရတာ”

“ရလဒ်ကိုကြည့်ရတာနဲ့တင်လုံလောက်နေပါပြီ။ တပည့်ကြီးနဲ့ ဒုတိယတပည့်မရှိဘဲတောင် မိစ္ဆာဝေဟင်မျှော်နန်းက အခုချိန်အထိ ထိမရဖြစ်နေသေးတုန်းပဲနော်”

သက်ပြင်းချသံများဆက်တိုက်ပေါ်လာလေ၏။ အစ၌ ဤနေရာ၌ ကျင့်ကြံသူများစွာမရှိပေ။ နောက်ပိုင်း၌ ခပ်ဝေးဝေးကနေ တိုက်ပွဲကိုကြည့်ရန်အတွက် ကျင့်ကြံသူများတစတစ ပိုစုဝေးလာ တော့သည်။

လူအုပ်ကြားထဲရှိ ဝတ်ရုံစိမ်းဓားသမားတစ်ဦးက ကောင်းကင်ထဲရှိ တိမ်ခွင်းရထားလုံးကို တည်ငြိမ်သည့်အမူရာဖြင့်ကြည့်ကာ လက်ပိုက်ထားလိုက်၏။ သူက ခေါင်းခါလိုက်တော့သည်။

“မင်္ဂလာပါ”

“ညီအစ်ကိုရေ အဲ့ဒီမှာ အန္တရာယ်များတယ်။ မသွားသင့်ဘူး”

“ကျေးဇူးပါ။" ဝတ်ရုံစိမ်းဓားသမားက ဘေးသို့ရပ်လိုက်လေ၏။ သူက တိုက်ပွဲကြောင့် မွစာကျဲလာသော ဖုန်များနှင့်သဲများငြိမ်ကျသွားတာကို ကြည့်နေလိုက်သည်။

“ညီအစ်ကို မင်းနောက်ကျသွားတယ်လို့ထင်တယ်။ အဲ့ဒီတိုက်ပွဲဘယ်လောက်စိတ်လှုပ်ရှားဖို့ ကောင်း လဲဆိုတာ မမြင်လိုက်ရတာနှမျောစရာပဲ။ အဲ့ဒီ ရထားလုံးပျံကို တွေ့လား။ မိစ္ဆာဝေဟင် မျှော်နန်းရဲ့ရထားလုံးပျံလေ” သူ့ဘေးရှိ ကျင့်ကြံသူက အဖြစ်အပျက်ကို အာပေါင်အာရင်းသန်သန် စိတ်လှုပ်ရှားစွာပြောလိုက်လေ၏။

ဝတ်ရုံစိမ်းကျင့်ကြံသူက ရထားလုံးပျံကို ကြည့်ပြီးကျန်သည့်ကျင့်ကြံသူကို လျစ်လျူရှုထားလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းဒီလောက်အစွမ်းထက်လိမ့်မယ်လို့ မထင်ထားဘူး။ ပထမတပည့်နဲ့ ဒုတိယတပည့်သာရှိနေသေးရင် မိစ္ဆာဝေဟင်မျှော်နန်းက ဂုဏ်သတင်းကြီးတဲ့နေ့ရက်တွေမှာ နေထိုင်နိုင်မှာ။ ဒါပေမဲ့ ကြည့်ရတာတစ်ခေတ်တစ်ခါကလို အစွမ်းထက်နေသေးတုန်းပဲ”

ဝတ်ရုံစိမ်းဓားသမားက တစ်ခေတ်တစ်ခါကကဲ့သို့ အစွမ်းထက်ဟူသော စကားလုံးကို ကျင့်ကြံသူ အသုံးပြုသွားတာ သတိပြုမိလိုက်၏။ အမှန်တကယ်တွင် လူတိုင်းက မိစ္ဆာဝေဟင်မျှော်နန်းကို မုန်းတီးကြတာမဟုတ်ပေ။ သူတို့ကိုလေးစားပြီးကြည်ညိုကြသည့်လူအချို့ရှိသေးသည်။ ထိုကျင့်ကြံသူက လေးစားသည့်အုပ်စုထဲက ဖြစ်နိုင်သည်။

ဝတ်ရုံစိမ်းကျင့်ကြံသူက ယဉ်ကျေးသမှုဖြင့် ခေါင်းညိတ်လိုက်၏။ “ချီးကျူးပေးတာအတွက် ကျေးဇူးတင်ပါတယ်”

ဘာကျေးဇူးတင်တာလဲ။ ဘာအတွက်လဲ။ သူက ငကြောင်တစ်ယောက်များလား။ ကျင့်ကြံသူက စိတ်ရှုပ်ထွေးသွား၏။

ရုတ်တရက်လူအုပ်ကြီးက အထိတ်တလန့်ဖြစ်လာပြန်သည်။

“တိမ်ခွင်းရထားလုံးပြန်လာနေပြီ”

“သူတို့ထွက်မသွားဘူးလား?”

အဆင့်နိမ့်ကျင့်ကြံသူများက နောက်ဆုတ်သွားကြသည်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းသည် တပည့်ဆိုးတစ်ယောက်ကိုလွှတ်ပြီး သူတို့အား သတ်ခိုင်းလိုက်မှာစိုးရိမ်ပူပန်နေကြ၏။ သို့သော်ထိုကဲ့သို့ ဖြစ်မလာပေ။

တိမ်ခွင်းရထားလုံးသည် မဟာဘိုးဘေးအစီအရင်နားတစ်ဝိုက်သို့ပြန်လာပြီး အရှိန်လျော့လိုက်လေ ၏။

လုကျိုးက ရထားလုံးပျံပေါ်တွင် ရပ်နေလျက် သူ့အောက်ရှိမြေပြင်ကို စစ်ဆေးလိုက်သည်။ “အမြင်အာရုံကို အပြည့်အဝထိန်းထား။ အကြီးအကဲဟွားကို ရှာကြ။"

“နားလည်ပါပြီ။" မင်ရှစ်ရင်နှင့်တွမ့်မူရှန်းက ရထားလုံးပျံထဲမှ ခုန်ထွက်လိုက်ကြသည်။ သူတို့ ရထားလုံးပျံမှထွက်သွားသည်နှင့် ထန်ကျီမြို့ထဲရှိ အဆင့်နိမ့်ကျင့်ကြံသူများက တတ်နိုင်သမျှ လှည့်ပြေးကြတော့သည်။ မင်ရှစ်ရင်က သူတို့အပြုအမူကို မြင်သည့်အချိန်၌ အထင်တသေး ကြည့်လိုက်၏။ “သတ္တိမရှိတဲ့ကောင်တွေ”

“သူတို့မကြောက်ရင် ပုံမှန်မမဟုတ်ဘူးလေ” တွမ့်မူရှန်းက ပြန်ပြောလိုက်၏။

“စန်းရှစ်ရှိုးက တကယ်ဉာဏ်ထက်တာပဲ”

နှစ်ယောက်သားဆင်းသက်လိုက်ရာ သူတို့တိုက်ပွဲကြောင့်အပ်ပေါက်များအပ်ရာများပြည့်နေတော့ သည်။ စုန်းအတတ်အစီအရင်ရှိသည့် တည်နေရာကလည်း တူးခြစ်နေတော့၏။

“အကြီးအကဲဟွား ဒီနဲ့ခပ်ဝေးဝေးရောက်ဦးမယ်မထင်ဘူး” မင်ရှစ်ရင်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

“လော့ရှစ်စန်းက သာမန်ပြိုင်ဖက်တစ်ယောက်မဟုတ်ဘူး။ အကြီးအကဲဟွားက သူ့ကိုမယှဉ်နိုင် လောက်မှာစိုးရိမ်မိရုံပဲ”

“အကြီးအကဲဟွားရဲ့လျို့ဟယ်တာအိုစည်းတံဆိပ်က အခုဆို နဝမမြောက်သင်္ကေတရှိနေပြီးပြီ။ လော့ရှစ်စန်းရဲ့ စွမ်းအင်ဓားသွားဆယ့်သုံးခုက သူ့ကို မရင်ဆိုင်နိုင်လောက်ဘူး”

“သူလုပ်တာတွေက တိုက်ခိုက်ရုံပဲ။ ငါသာ လော့ရှစ်စန်းဆိုရင် အချိန်ဆွဲမှာ” တွမ့်မူရှန်းက တွေးဆပြီးပြောလိုက်တော့၏။

မင်ရှစ်ရင်က ချောင်းဟန့်လိုက်သည်။ သူသည် တွမ့်မူရှန်း၏စကားကို နားမလည်သည့်တိုင် သူက ပြောလိုက်သေး၏။ “ရှစ်ရှိုးပြောတာ အဓိပ္ပါယ်ရှိတယ်။"

ဂျွတ် ဂျွတ်

“အဲဒါဘာအသံလဲ” မင်ရှစ်ရင်က လှည့်ကြည့်လာလေ၏။

ရုတ်တရက် တူးခြစ်နေသောရွှံ့ပြင်ထဲမှ လက်တစ်ဖက်ထွက်လာ၏။ မင်ရှစ်ရင်က အထိတ်တလန့် ထခုန်လိုက်တော့သည်။ သူက မဲတူးနေသောလက်ကိုကြည့်ပြီးပြောလိုက်လေ၏။ “အသက်ဝင် နေတဲ့အလောင်းလား” သို့သော် ခဏအကြာတွင် သူ လွဲချော်ပြီမှန်းသိလိုက်လေ၏။ ဆိုရလျှင် ထိုကဲ့သို့ အင်အားကြီးသည့်ပေါက်ကွဲမှုတွင် မည်သူက ရှင်သန်နိုင်မည်နည်း။ သူက ဉာဏ်ထက်မြက်သည့် သူတစ်ယောက်ဖြစ်၏။ ခဏအကြာစဉ်းစားပြီးနောက် အမည်တစ်ခုက သူ့စိတ်ထဲပေါ်လာတော့သည်။

“မဖြစ်နိုင်တာ ဖန်းရှုဝမ်များလား”

…

အခန်း (၁၅၈) ပျင်းစရာကောင်းလောက်အောင် အားနည်းတာပဲ

မင်ရှစ်ရင် စိတ်ထဲ ပထမဆုံးပေါ်လာသည့်သူမှာ ဖန်းရှုဝမ် ဖြစ်၏။ ပေါက်ကွဲမှုကြား ပါသွားသည့်လူများကြား ဖန်းရှုဝမ် တစ်ယောက်တည်းသာ အသက်ရှင်နိုင်ခြေ ရှိလေသည်။ သူ့လက်အောက်ငယ်သား နှစ်ယောက်ဖြစ်သည့် ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့ပင် ဒီလိုစွမ်းရည်မျိုး မရှိကြပေ။

လုကျိုးက ရထားလုံးပျံထိပ်တွင် ရပ်နေသည်။ သူက မီးကျွမ်းထားသည့် မြေကြီးအား ငုံ့ကြည့်လိုက်သည်။ ထို့နောက် လက်မောင်းတစ်ဖက်ကိုလည်း မြင်လိုက်ရသည်။

“ရှစ်စွင်း ဖန်းရှုဝမ် ဖြစ်နိုင်ခြေရှိတယ်။ သူက တကယ်ကို ဇွဲကြီးတာပဲ။ ရှစ်စွင်းက ကိုယ့်ဘာသာ ဒုက္ခရှာဖို့ မလိုပါဘူး။ ကျွန်တော် သွားသတ်ပေးမယ် ” မင်ရှစ်ရင်က လက်မြောက်ကာ ပြောလိုက်သည်။ သူ့ခွဲခွာချိတ်ကောက်က လက်ထဲ ဝေ့ယမ်းရင်း မှိန်ဖျဖျ တောက်ပလာသည်။

“ ကျွန်တော်တို့ အားကောင်းတဲ့ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အချိန် ဂရုစိုက်သင့်တယ် ”

တွမ့်မူရှန်းက ပြောစရာပင် ရှာမတွေ့တော့ချေ။

လောင်စစ် အားနည်းသူကို အနိုင်ကျင့်တဲ့နေရာ တော်သားပဲ …

မင်ရှစ်ရင်က မီးတူးနေသည့် လက်မောင်းဆီ လျှောက်လာလေသည်။

“တူးလိုက်”

“ဟင် ”

တွမ့်မူရှန်းက ရှင်းပြလိုက်၏။

“ ရှစ်စွင်းက မင်းကို လက်မောင်းနားက မြေကြီးကို တူးခိုင်းနေတာ။ ဘယ်သူလဲ ကြည့်ရအောင်လို့”

“အိုး” မင်ရှစ်ရင်က သူ့ခွဲခွာချိတ်ကောက်ကို ပြန်ခေါ်လိုက်ပြီးနောက် အနည်းငယ် တွေဝေနေသည်။

နှမြောစရာကောင်းလိုက်တာ … ငါသာ ဒီလိုအားကောင်းတဲ့ ရန်သူမျိုးကို သတ်နိုင်ခဲ့ရင် ဘယ်သူမှ မင်ရှစ်ရင်နာမည်ကို အထင်သေးရဲမှာ မဟုတ်တော့ဘူး …

သူက လက်အသာဝှေ့လိုက်သည့်အခါ စွမ်းအားတချို့က လက်မောင်းအနားမှ မြေကြီးကို ပြေလျော့သွားစေသည်။

မင်ရှစ်ရင်က လျှာသပ်ကာ “ ရှစ်စွင်း တကယ်ကြီး ဖန်းရှုဝမ်ပဲ။ သူ ဒီလိုမျိုး အသက်ရှင်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒါက အံ့ဖွယ်ပဲ ”

လုကျိုးက ပြောလိုက်သည် “ သွေးလွတ်မြောက်ရေး ပညာရပ်လို့ခေါ်တဲ့ တာအိုကျင့်စဉ်တစ်ခုရှိတယ်။ အဲဒါက လူတစ်ယောက်ရဲ့ အသက်နဲ့ အဆီအနှစ်။ ချီပင်လယ်ထဲက စွမ်းအားတွေကို သုံးပြီး ခန္ဓာကိုယ်ပေါ်မှ ကာကွယ်ရေးအလွှာတစ်ခု ဖြစ်ပေါ်လာစေတာမျိုးပဲ ”

ရထားလုံးပျံရှိ အခြားလူများက ထိုအကြောင်းကြားသည့်အခါ အံ့ဩသွားကြသည်။

ဖန်ကျုံးက ခေါင်းညိတ်ကာ ပြောလိုက်၏ “ ဒါပေမဲ့ အဲဒီပညာရပ်ကို ထုတ်သုံးဖို့ ပေးရမဲ့တန်ဖိုးက ကြီးတယ်။ တကယ်လို့ ချီပင်လယ်သာ ပျက်စီးသွားရင် ကျင့်ကြံဆင့် ဆုံးရှုံးသွားနိုင်တယ်။ သူက ဘာလို့ ဒီလောက်အထိ လုပ်ရတာလဲ ”

ကျင့်ကြံသူတစ်ယောက်အတွက်‌ သွေးလွတ်မြောက်ရေး ပညာရပ် ထုတ်သုံးခြင်းက သူတို့အသက်ကို ကယ်နိုင်သော်လည်း ကျင့်ကြံဆင့် ပျက်စီးသွားလျှင် အသက်ဆက်ရှင်ဖို့ မည်သည့်အကြောင်းအရင်း ရှိတော့မည်နည်း။ သူတို့ သေဆုံးသွားသည်က ပိုကောင်းလေသည်။ ဖန်းရှုဝမ်၏ ရွေးချယ်မှုက အခြားလူများကို နားမလည်ဖြစ်စေ၏။

မင်ရှစ်ရင်က ဖန်းရှုဝမ်ကို သေချာစစ်ဆေးလိုက်ပြီးနောက် သူ့မျက်နှာအထက် အံ့အားသင့်သည့် အမူအယာ ပေါ်ထွက်လာကာ “ရှစ်စွင်း သူ အသက်ရှင်နေသေးပေမဲ့ အရမ်းအားနည်းနေတယ်။ အခုက ကျွန်တော်တို့ သူ့ကို သတ်လိုက်ဖို့ အကောင်းဆုံးအချိန်ပဲ။ ကျွန်တော်က သူတို့အားနည်းနေတဲ့အချိန် အခွင့်ကောင်းယူတဲ့နေရာမှာ ဆရာကြီးပဲ ”

တွမ့်မူရှန်းက ပြောစရာပင် ရှာမတွေ့တော့ချေ။

ကျိုးကျစ်ဖုန်းလည်း အံ့ဩနေမိသည်။

တွမ့်မူရှန်းက မင်ရှစ်ရင်ကို အနည်းငယ် မကြည်မသာ ဖြစ်မိပြီး သူက သူတစ်ပါး အားနည်းနေချိန် အခွင့်ကောင်းယူတတ်သည့်သူနှင့် မတူပေ။

ကျိုးကျစ်ဖုန်းက ကောင်းကင်ဓားဂိုဏ်း၏ တပည့်ကြီး ဖြစ်၏။ သူ့အပြုအမူတို့က ဖြောင့်မတ်ခြင်းလမ်းစဉ်ဂိုဏ်း၏ သဘောတရားများနှင့် ကိုက်ညီနေဆဲ ဖြစ်သည်။ သူက တိတ်တဆိတ် လုပ်လိုလျှင်ပင် သူ့ကိုယ်သူ ဘယ်သောအခါမှ ခွင့်ပြုနိုင်မည် မဟုတ်ချေ။

မင်ရှစ်ရင်က သူ့ခွဲခွာချိတ်ကောက်ကို ယူလိုက်သည်။

လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်၏။ သူက ဖန်းရှုဝမ်အား မထူးမခြားနား ကြည့်လိုက်ကာ “ဖန်းရှုဝမ်က သူ့တစ်ဘဝလုံး ပြစ်မှုများစွာ ကျူးလွန်ခဲ့တာ။ သူ ဒီလိုရလဒ်ကို ထင်ထားမိမှာ မဟုတ်ဘူး။ သူ ဒီရွေးချယ်မှုကို လုပ်တာက နောင်တတရားနဲ့ မသေချင်လို့ပဲ ဖြစ်ရမယ် ”

ဖန်ကျုံးက ပြောလိုက်သည်။

“ ဖန်းရှုဝမ်ရဲ့ အသက်ရှင်လိုစိတ်က မော့လီရဲ့ သေခြင်းတရားကို မျက်မြင်ကိုယ်တွေ့ ကြုံချင်တာပဲ ဖြစ်ရမယ် ”

“ဟူး … သူ့ဆန္ဒကို ဘာလို့ဖြည့်ဆည်းပေးရမှာလဲ။ ရယ်စရာကောင်းလိုက်တာ။ ကျွန်တော်တို့ မိစ္ဆာဝေဟင်မျှော်နန်းကို ပရဟိတအဖွဲ့များ ထင်နေလား။ အချိန်မရှိတော့ဘူး။ သူ့နောက်ဆုံးအသက်မထွက်ခင် ဓားနဲ့ အဆုံးသတ်ပေးလိုက်တော့မယ် ” မင်ရှစ်ရင်က အနည်းငယ် စိတ်သောကရောက်နေမိသည်။

တွမ့်မူရှန်းက ဘေးကနေ ရပ်မကြည့်နိုင်တော့ဘဲ မင်ရှစ်ရင်အား ဆွဲလိုက်ကာ “ လောင်စစ် … ငါတို့လက်ရှိ ဦးစားပေးက အကြီးအကဲဟွားကို ရှာဖို့ပဲ ”

“စန်းရှစ်ရှိုးပြောတာ မှန်တယ် ” မင်ရှစ်ရင်က ခေါင်းညိတ်လိုက်သည်။

နှစ်ယောက်လုံးက ဘေးပတ်လည်ကို ကြည့်လိုက်ကြသည်။ နောက်တွင် သတ္တိရှိရှိ နေရဲသူတချို့မှလွဲ၍ ဘာမှ မမြင်မိပေ။

ထိုစဉ် ထွက်ပြေးသွားကြသော ထန်းကျီမြို့ထဲမှ ကျင့်ကြံသူတွေကအပြင် တချို့က မျက်လုံးတလက်လက်ဖြင့် မြေပေါ်ဒူးထောက်နေကြသည်။ သူတို့ကြည့်ရသည်မှာ စိတ်လှုပ်ရှားပုံပေါ်နေ၏။ သူတို့ကျင့်ကြံဆင့်က အရမ်းနိမ့်နေသေး၍ ကံဆိုးနေရှာသည်။ မဟုတ်ပါက သူတို့သည် မိစ္ဆာဝေဟင်မျှော်နန်း၌ ခိုင်းဖက်တချို့ ဖြစ်လာနိုင်၏။

ရုတ်ချည်းဆိုသလို လုကျိုးက ထပြောလိုက်သည် “ သူ့ကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ခေါ်ခဲ့လိုက်”

“ သူ့ကို ခေါ်ခဲ့ရမှာလား ”

“ ဖန်းရှုဝမ်က ပွင့်ချပ်ရှစ်လွှာအဆင့်ပဲ။ သူက မော့လီကို ဒီလောက်မုန်းနေမှတော့ ငါတို့ သူ့ကို ခေါ်ထားသင့်တယ်” လုကျိုးက ပြောလိုက်သည်။

“ ဟုတ် ရှစ်စွင်း” မင်ရှစ်ရင်က ဖန်းရှုဝမ်ကို မကြိုက်သော်လည်း သူက ရှစ်စွင်း၏ အမိန့်ကို နာခံရမည်။ သူက လက်တစ်ဖက်မြောက်လိုက်သည့်အခါ စွမ်းအားလှိုင်းဖြင့် ဖန်းရှုဝမ်ကို မလိုက်သည်။ သူက ဖန်းရှုဝမ်၏ နှလုံးသားနှင့် ချီသွေးကြောများကို ချီစွမ်းအားဖြင့် အကာအကွယ်ပေးထားပြီး အသက်ရှင်လျက် ထိန်းထားသည်။

သစ်သားစိမ်း နှလုံးကျင့်စဉ်၏ သီးသန့်စွမ်းရည်ကို ထုတ်ဖော်လိုက်သည်နှင့် ဖန်းရှုဝမ်၏ အငွေ့အသက်တို့က တည်ငြိမ်စပြုလာသည်။

မင်ရှစ်ရင်က ဖန်းရှုဝမ်ကို သယ်လာပြီနောက် ရထားလုံးပျံထဲ ပြန်ရောက်လာသည်။

“အကြီးအကဲဟွား ” ကျိုးကျစ်ဖုန်းက အရှေ့ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။ သူက အမြင့်ဆုံးတွင် ရပ်နေသောကြောင့် အဝေးကို ပိုမြင်နိုင်လေသည်။

ထိုစဉ် ဟွားဝူတောက်က သူ့ပင်ပန်းနွမ်းလျနေသည့် ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ လာနေသည်။ သူ့အဝတ်များက စုတ်ပြဲနေပြီး မျက်နှာ၌လည်း ဒဏ်ရာအပြည့် ဖြစ်နေသည်။ သူက လေးလံသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာနေ၏။

တွမ့်မူရှန်းက မြန်မြန်သွားကာ ဟွားဝူတောက်အား ဖေးမလိုက်သည်။ သူက ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ “လော့ရှစ်စန်းရော ဘယ်မှာလဲ ”

ဟွားဝူတောက်က သက်ပြင်းချပြီးနောက် ခေါင်းခါလိုက်သည်။ ထို့နောက် သူက တွမ့်မူရှန်းကို ကြည့်လိုက်ပြီးနောက် ရထားလုံးပျံပေါ် ရှိနေသည့် လုကျိုးအား ကြည့်ကာ ပြောလိုက်သည်။

“ သူ့ဓားတိုက်ကွက်တွေက အားကောင်းလွန်းတယ်။ ကျုပ် ဘာမှမလုပ်နိုင်လိုက်ဘူး ”

လုကျိုးက ဟွားဝူတောက်အား ကြည့်လိုက်ပြီး “သူလည်း မင်းကို ဘာမှမလုပ်နိုင်လိုက်ပါဘူး”

ဟွားဝူတောက်တွင် သင်္ကေတကိုးခုနှင့် လျို့ဟယ်စည်းတံဆိပ် ရှိထားသည်။ သူတို့ တိုက်ခိုက်လျှင်ပင် လော့ရှစ်စန်းလည်း တောင့်ခံရမည် ဖြစ်၏။

ဟွားဝူတောက် ခေါင်းညိတ်ကာ “သရေပဲ ”

“ အဲဆိုတော့ လော့ရှစ်စန်းက ဘယ်ရောက်သွားလဲ ” မင်ရှစ်ရင်က မေးလိုက်သည်။

“ သူ ထွက်သွားတယ် … ”

“ ခင်ဗျား …” မင်ရှစ်ရင်က လက်ကိုယမ်းကာ အနည်းငယ် စိတ်တိုနေသည် “ မိစ္ဆာဝေဟင်မျှော်နန်းကို သတ်ချင်တဲ့လူကို လွှတ်ပေးလိုက်ရလား ”

အားလုံးက ဟွားဝူတောက်ကို ကြည့်လိုက်ကြ၏။

ဟွားဝူတောက်သည် ယွင်ဂိုဏ်းမှ ဖြစ်ပြီး သူတို့တိုက်ပွဲက သရေ မဟုတ်ကောင်း ဖြစ်နိုင်သည်။ သူက သူ့အရင်အသိအား လွတ်ပေးလိုက်နိုင်ခြေ ရှိသည်။ မည်သူကမှ မျက်မြင်ကိုယ်တွေ့ မမြင်ရသောကြောင့် အမှန်ကို မသိနိုင်ပေ။

ဟွားဝူတောက်က ချက်ချင်း လက်နှစ်ဖက်ယှက်ကာ “ ကျုပ်စကားတွေအားလုံး အမှန်တွေပါ။ မျှော်နန်းသခင် မယုံရင် ကျုပ် အပြစ်ဒဏ်ခံယူဖို့ အသင့်ပါပဲ ”

“ လှည့်စားမနေနဲ့။ ရှစ်စွင်းက ဒီလိုမျိုး ယုံမှာမဟုတ်ဘူး ” မင်ရှစ်ရင်က မျက်လုံးဝေ့ကြည့်ကာ ပြောလိုက်သည်။

လုကျိုးက လက်အသာမြော်ကလိုက်ပြီး “ ငါ မင်းကို ယုံတယ် ”

ဟွားဝူတောက်က တအံ့တဩ ဖြစ်သွားပြီး ချက်ချင်း လက်ကိုမြောက်ကာ “ကျေးဇူးပါ”

တစ်ချိန်တည်းတွင် လုကျိုးက ဟွားဝူတောက်၏ သစ္စာရှိနှုန်းသည် ၅ ရာခိုင်နှုန်း တိုးသွားကြောင်း တွေ့လိုက်ရ၏။

တွမ့်မူရှန်းက ဟွားဝူတောက်ကို တိမ်ခွင်းရထားလုံးပျံဆီ ခေါ်ဆောင်လာသည်။

“မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ကြစို့ ”

“ဟုတ်”

…………….…

ထိုစဉ် ပေါက်ကွဲရာနှင့် သုံးမိုင်အကွာတွင် …

လော့ရှစ်စန်းက ဓားကို မြေကြီးထဲ စိုက်ကာ သူ့ဘာသာ ထိန်းနေရသည်။ သူက သူ့ဘာသာ ရေရွတ်လိုက်၏။

“အဲဒီအဘိုးကြီး သူက တကယ်ကို အားကောင်းတာပဲ”

သူက ချီစွမ်းအား အားလုံးကို တိုက်ခိုက်ရာ၌ သုံးစွဲခဲ့ပြီ ဖြစ်၏။ သူ့လိုမျိုး ဓားသူတော်စင်ဟု လူသိများသည့်လူက ဒီလိုမျိုး အခြေအနေနှင့် အဆုံးသတ်သွားရသည်လား။

“ထားလိုက်တော့ ” လော့ရှစ်စန်းက ခေါင်းသာ ယမ်းလိုက်တော့သည်။

သို့သော်လည်း လော့ရှစ်စန်းက ထွက်သွားတော့မည့်ဆဲဆဲတွင် အစိမ်းဝတ် ဓားသမားတစ်ယောက်က မီတာငါးဆယ်အကွာတွင် ပေါ်လာသည်။

အစိမ်းဝတ် ဓားသမားက သူ့နောက်ကျောတွင် ဓားရှည်တစ်ချောင်း သယ်ဆောင်ထားပြီး “ မင်္ဂလာပါ ”

လော့ရှစ်စန်းက အင်အားမရှိတော့သော်လည်း လုံးဝ သတိလက်လွတ်နေနေခြင်း မဟုတ်ပေ။ သူက အစိမ်းဝတ် ဓားသမား ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် အံ့အားသင့်သွားရသည်။

“ မင်းက … ”

“ ကျုပ်နာမည် ယွီရှန်းရုန် ”

“ …”

လော့ရှစ်စန်းက မျက်လုံးအပြူးသား ဖြစ်သွားလေသည်။ သူက ဓားကို တင်းတင်းဆုပ်ထားလိုက်၏။ သူက ယခုအခြေအနေတွင် ယွီရှန်းရုန်နှင့် ရင်ဆိုင်နိုင်မည့် အနေအထား မဟုတ်ပေ။

“ဓားနတ်ဆိုးလား”

“ ဒါက နာမည်တစ်ခုပါပဲ။ ပြောဖို့ မကြီးကျယ်ပါဘူး ” ယွီရှန်းရုန်က လော့ရှစ်စန်းအား လေ့လာလိုက်သည်။

လော့ရှစ်စန်းက နောက်တစ်လှမ်းဆုတ်လိုက်ပြီး “ ငါက ငါ့ဂိုဏ်းချုပ်အမိန့်အတိုင်း ဂိုဏ်းက အညစ်အကြေးကို ရှင်းဖို့ရောက်နေတာ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရန်သူ ဖြစ်လာဖို့ ရည်ရွယ်ချက် မရှိဘူး”

“ခင်ဗျား ကြောက်နေတာပဲ ” ယွီရှန်းရုန်က ပြောလိုက်သည်။

“ ငါ မကြောက် … ”

“မဟုတ်ဘူး။ ခင်ဗျား ကြောက်နေတယ်” ယွီရှန်းရုန်က ခေါင်းအသာယမ်းလိုက်ပြီးနောက် ခပ်ယဲ့ယဲ့ ပြုံးကာ “ စိုးရိမ်နေဖို့ မလိုပါဘူး။ ကျုပ်က လူတစ်ယောက် အားနည်းနေတဲ့အချိန် မတိုက်ဘူး ”

“ …” လော့ရှစ်စန်းက သူ့အား မယုံပေ။

“ ခင်ဗျားက အားနည်းလွန်းတယ်။ ပျင်းစရာကောင်းလောက်အောင်ကို အားနည်းလွန်းတယ် ”

…

အခန်း (၁၅၉) ချန်ဟွမ်းလား ယဲ့ထျန်းရှင်း အသက်ရှင်လာပြီ။

ယွင်ဂိုဏ်း၏ ဓားသူတော်စင်လော့ရှစ်စန်းသည် ယခင်က ထိုကဲ့သို့စော်ကားမှုမျိုးကို မကြုံခဲ့ရဖူးပေ။ သူက

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ကြီးကျယ်တဲ့ တပည့်တစ်ယောက်က လူတစ်ယောက်နိမ့်ပါးနေတဲ့အချိန်မှာ မတိုက်ခိုက်ဘူးမလား”

ယွီရှန်းရုန်က ခေါင်းခါပြီးနောက်ပြောလိုက်လေ၏။ “ဆရာ ကျွန်တော့်ကို အထင်လွဲနေပြီ”

“အို”

“ခင်ဗျားက လက်ရှိအင်မတန်အားနည်းနေတာ။ ပျင်းရိဖို့ကောင်းလောက်အောင်ပဲလေ။ ဒီတော့ ကျုပ် ခင်ဗျားကို သတ်လို့ရတယ်။ ဒါပေမဲ့ တစ်လအတွင်းမှာ” ယွီရှန်းရုန်က ပြောလိုက်လေ၏။

“…” လော့ရှစ်စန်းက ယွီရှန်းရုန်ကို စိတ်ရှုပ်ထွေးသောအကြည့်ဖြင့်ကြည့်လိုက်လေ၏။

သူဘာအကွက်တွေချနေတာလဲ လူဆိုးတစ်ယောက်ရဲ့တွေးတဲ့ပုံက ဘယ်လိုတောင်မနှစ်မြို့ဖို့ ကောင်းနေတာလဲ သူကပြောလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်တွေက မျက်တောင်မခတ်ဘဲ လူသတ်တယ်လို့ တစ်လောကလုံးက ပြောကြတာ အမှန်ဖြစ်နေပုံပဲ။ ဆိုလိုတာက ကျုပ်က နောက်ထပ်တစ်လအသက်ရှင်ရတာလား”

ယွီရှန်းရုန်က သိမ်မွေ့သည့်လေသံဖြင့်ပြောလိုက်လေ၏။

“ကျုပ်ရဲ့မွေးရပ်မြေမှာ ရွှင်းရိချောင်လို့ အပင်တစ်မျိုးရှိတယ်။ သက်တမ်းက အင်မတန်တိုတာ။ မနက်မှာပဲပွင့်ပြီး ညအချိန်ကျရင် ညှိုးခြောက်သွားတာ။ ခင်ဗျားက အဲ့ဒီရွှင်းရိချောင်ထက် ပိုကံကောင်းပါတယ်”

“မင်း” လော့ရှစ်စန်းသည် ထိုစကားကိုကြားသည့်အချိန်၌ စိတ်ပျက်သွားသော်ငြားသူက ထုတ်မပြရဲချေ။

“ကျေးဇူးပြုပြီး” ယွီရှန်းရုန်က သူ၏လက်ဖြင့် သိမ်းကျုံးသည့်လက်ဟန်တစ်ခုပြုလုပ်လိုက်ပြီး လော့ရှစ်စန်းကို ထွက်သွားခွင့်ပေးကြောင်းဖော်ပြလိုက်၏။

“မင်း ငါ့ကိုနောက်ကနေတိုက်ခိုက်မှာမဟုတ်ဘူးလား” လော့ရှစ်စန်းက ယင်းကို ယုံနိုင်ရန်ခက်ခဲ နေသည်။ ယွီရှန်းရုန်က ဘာမှမပြောဘဲ ထိုအစား လော့ရှစ်စန်းကို တည်ငြိမ်စွာကြည့်လိုက်လေ၏။

လော့ရှစ်စန်းက အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်၏။ သူက ရှေ့သို့တစ်လှမ်းမျှသာလှမ်းပြီး မျက်နှာက မြေကြီးပေါ်အပ်ကျသွားတော့သည်။ ယွီရှန်းရုန်က ခေါင်းခါပြီး ထပ်ပြောလိုက်၏။

"မကြောက်နဲ့လေ”

“ငါ မကြောက်ဘူး။ ငါ ကျင့်ကြံလာတဲ့နှစ်တောက်လျှောက် ဘယ်သူ့ကိုမှ မကြောက်ဖူးဘူး။ ဟွားဝူတောက်နဲ့ အချိန်အတော်ကြာ တိုက်ခိုက်ရင်း မောပန်းလာတာကြောင့် ဒီလို ဖြစ်သွားတာပဲ" လော့ရှစ်စန်းက ပြောလိုက်လေ၏။

ယွီရှန်းရုန်ကတိတ်ဆိတ်မြဲတိတ်ဆိတ်နေသည်။

လော့ရှစ်စန်းက ယွီရှန်းရုန်ကို တစ်ချက်ကြည့်လိုက်၏။ ယွီရှန်းရုန် ယဉ်ကျေးစွာပြုံးပြလာသည်ကို မြင်သည့်အချိန်၌ သူအနည်းငယ်စိတ်အေးသွားတော့သည်။ အတွေးများကိုရှင်းလျက် နောက်ထပ် တစ်လှမ်း လှမ်းလိုက်တော့သည်။ “ကျုပ်တို့ သဘောတူညီချက်ကို မမေ့လိုက်နဲ့ဦးနော် ဆရာ”

“ဘာ သဘောတူညီချက်လဲ” “တစ်လကြာပြီးရင် ကျွန်တော် ခင်ဗျားကို သတ်မှာ” ယွီရှန်းရုန်က ဖြည်းဖြည်းချင်းလှည့်ထွက်သွားပြီးနောက် မနှေးလွန်းမမြန်လွန်းသည့်အရှိန်ဖြင့် လမ်းလျှောက် ထွက်သွားတော့သည်။

“…” လော့ရှစ်စန်း၏ အမူအရာက အနည်းငယ်ချဉ်တူးသွားတော့၏။ သူက ဓားနတ်ဆိုး၏ နောက်ကျောကိုကြည့်နေစဉ် အထင်သေးစွာပြောလိုက်တော့၏။

“ငါ ဒီလိုလုပ်ဖို့တောင် သဘောမတူထားဘူးလေ။ ဒါကို သဘောတူညီချက်လို့ ဘယ်လိုလုပ် ခေါ်နိုင်ရတာလဲ”

လော့ရှစ်စန်းသည် သူ၏ထူးချွန်ပြောင်မြောက်သော ဓားစွမ်းရည်ကြောင့် သူ့ကိုယ်သူဂုဏ်ယူသည်။ လတ်တလော၌ သူ့အတွက် အမည်တစ်ခုတောင် တည်ဆောက်နိုင်ခဲ့သည်။ သူနှင့်တိုက်ခိုက်သည့် သူများထဲ၌ ဓားအရာတွင် သူရင်မဆိုင်ချင်ဆုံးလူက သူ၏အစ်ကို လော့ချန်ချင်းဖြစ်သည်။ သူ၏ အစ်ကိုကို တစ်ခါမေးခဲ့ဖူးသည်။ ရင်မဆိုင်ချင်ဆုံးလူအား မေးချိန်တွင် သူ့အစ်ကိုက ဓားနတ်ဆိုး၏ အမည်ကိုပြောခဲ့သည်။ သို့သော် သူ့အစ်ကိုသည် ဓားနတ်ဆိုးယွီရှန်းရုန်နှင့် ဓားရေးယှဉ်ဖူးလား ဆိုတာ သူ မမှတ်မိတော့ပေ။ သူ့အစ်ကို လော့ချန်ချင်းက အမြဲတမ်းသတိထားတတ်သည့် လူဖြစ်သည်။ သူ၏အစ်ကိုက ယွီရှန်းရုန်ကို သတိထားနေခဲ့လျှင် ဆိုလိုသည်က ယွီရှန်းရုန်က သူ့အစ်ကိုထက်မနိမ့်ပေ။ ထိုအကြောင်းပြချက်ကြောင့် သူသည် ယွီရှန်းရုန်နှင့် ရင်မဆိုင် ချင်တာပဲဖြစ်သည်။

“ငါ မင်းကို သတ်ချင်တယ်ဆိုရင် မင်း ဘာလုပ်နိုင်သေးလို့လဲ” ယွီရှန်းရုန်ပြောပြီးသည်နှင့် ခန္ဓာကိုယ်က ဝေဝါးသွားတော့၏။ မျက်တောင်တစ်ခတ်အတွင်း မီတာရာချီအကွာသို့ ရောက်သွား သည်။ နောက်ထပ်မျက်တောင်တစ်ခတ်စာ၌ သူက လေထဲသို့ အပြည့်အဝရောက်သွားတော့၏။

လော့ရှစ်စန်းက ယွီရှန်းရုန်ပျောက်သွားသည့်ဖက်ဆီသို့ကြည့်လိုက်သည်။ ယခုအချိန်တွင် ခံစားချက်များ ရောထွေးနေလေ၏။

...

တာ့ယန်၏နန်းတော်ထဲတွင်ဖြစ်သည်။

ငြိမ်သက်အေးချမ်းသော နန်းတော်အတွင်း၌ အမျိုးသမီးအဆောင်များထဲမှ တစ်ဆောင်က ရှုပ်ထွေးနေလေသည်။

ဘောင်ခြောက်ကွက်နောက်၌ စွဲဆောင်မှုရှိသောအမျိုးသမီးက တုန်ယင်နေကာ သူမ၏အမူအရာကို မမြင်ရပေ။ ကြေးမုံမှန်ရှေ့၌ရပ်နေပြီး သူမ၏မျက်နှာအင်မတန် ဖြူလျောနေတာမြင်နိုင်ပေ၏။

“ဒေါသကိုထိန်းပါ သခင်မ။ အရှင်မင်းသားက မိစ္ဆာဝေဟင်မျှော်နန်းကို ထပ်ဆန့်ကျင်လို့မရဘူးလို့ ပြောထားတယ်” ဖန်သားပြင်တစ်ဖက်မှ အမျိုးသမီးကျင့်ကြံသူက ပြောလာလေ၏။

“ပြီးတော့ကော အရှင်မင်းသားဘာပြောသေးလဲ”

“အရှင်မင်းသားက အရှင်ချန်းကျူရဲ့သေဆုံးခြင်းအကြောင်းကို မစစ်ဆေးတော့ဘူးတဲ့။ သူက အရှင်မ တန်ပြန်သက်ရောက်ခံရတာကို သုံးသပ်မယ်လို့မျှော်လင့်နေတယ်”

ဆွဲဆောင်မှုရှိသော အမျိုးသမီးက တိတ်ဆိတ်သွားပြီး သူမ၏အမူအရာက ပိုတောင်သုန်မှုန်လာလေ ၏။ သတိမပေးဘဲသူမက လက်သီးဆုပ်ကာ ကြေးနီမှန်ကို ရိုက်ချလိုက်တော့၏။

ဘန်း

သူမ၏ သိမ်မွေ့ပုံပေါ်သော လှုပ်ရှားမှုက ကြေးနီမှန်ကို ကွဲသွားစေလျက် သူမ၏လက်သီးက ကတ်သီးတစ်ထောင်ခန့်လေးသော တူပမာဖြစ်နေတော့သည်။ ပြီးနောက် သူမ၏ ဒေါသများ လျော့သွားပုံရကာ သတိတရားတို့ ပြန်ထိန်းလိုက်နိုင်သည်။ “ကျင့်မင်တာအိုဂိုဏ်းက အကြောင်းပြန်ပြီလား”

“အရှင်မကို လျှောက်တင်ပါတယ်။ ဖန်းလီထျန်းတည်ရှိတဲ့နေရာကို မသိရသေးပါဘူး။ အခုချိန်ထိ သူ့ကို ဘယ်သူ့မှမရှာနိုင်ဘူး”

“ငါတို့ သူ့ကို မရှာနိုင်ဘူးဆိုတော့ သူ့ဖာသာကို ပေါ်လာအောင်လုပ်ရမှာပေါ့။ ဖန်းကျုံးအကြောင်း သတင်းဖြန့်လိုက်” ထိုအမျိုးသမီးက ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။

“ဖန်းကျုံးက ဂိုဏ်းထဲကနေ နှင်ထုတ်ခံရတာ နှစ်တွေအတော်ကြာပြီ။ အခုသူက မိစ္ဆာဝေဟင်မျှော်နန်း မှာရှိနေတာ။ ဖန်းလီထျန်းသူ့ကို ရှာလောက်သေးလား”

“ငါ ခိုင်းသလိုလုပ်”

အမျိုးသမီးအသံက စကားပြောသည့်အချိန်တွင် တည်ငြိမ်နေသော်ငြား ကျင့်ကြံသူ အမျိုးသမီးကမူ အမြန်ခေါင်းငုံ့လိုက်ပြီး ထပ်မပြောရဲတော့ချေ။ သူမက “နားလည်ပါပြီ” ဟုသာပြောလိုက်၏။

...

ထိုစဉ် တိမ်ခွင်းရထားလုံးပျံက မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ပြန်သွားသည်။ လုကျိုးက တကိုယ်လုံး တူးခြစ်နေသော ဖန်းရှုဝမ်ကို ကြည့်ပြီးပြောလိုက်တော့၏။ “သူ့ကို အကျဉ်းချထားပြီး အသက်ရှင်လျက်ထားလိုက်”

“နားလည်ပါပြီ” မင်ရှစ်ရင်က ဖန်းရှုဝမ်ကို ခေါ်သွားတော့သည်။

“အကြီးအကဲဟွား ဒီတစ်ခေါက်အတော်ဆောင်ရွက်ခဲ့တယ်။ မြန်မြန်အနားသွားယူဦး” လုကျိုးက ညွှန်ကြားလိုက်လေ၏။

“ကျေးဇူးပါ” ဟွားဝူတောက်က လက်သီးဆုပ်လျက် လှည့်ထွက်သွားတော့သည်။ ယခုကဲ့သို့ အခြေ အနေတွင် အားလုံး၏ရှေ့မှောက်၌ သူ့အနေအထားကို ထိန်းသိမ်းထားနိုင်သည်က သူ့အတွက် ခက်ခဲ နေပြီဖြစ်သည်။

ရှောင်ယွမ်အာက လုကျိုးဆီပြေးထွက်လာလျက် မေးလိုက်တော့၏။ “ရှစ်စွင်း ရှစ်စွင်းပင်ပန်း နေမှာပဲ။ အနားယူဖို့အတွက် ရှစ်စွင်းရဲ့အဆောင်ဆီ ခေါ်သွားပေးရမလား”

“မလိုဘူး” လုကျိုးက လက်ကာပြလိုက်၏။ နတ်ဆရာဆယ်ပါးကို သူတို့ရင်ဆိုင်သည့်အချိန်၌ ရန်ပုဖင်းပြောတာကို မှတ်မိသည်။ ချန်ဟွမ်းက ယဲ့ထျန်းရှင်းထဲ၌ ရှိနေသည်။ ယင်းက မဖြစ်နိုင်တာမဟုတ်ပေ။

ဝူရှန်းက မဟာဘိုးဘေးအစီအရင်ကို ယဲ့ထျန်းရှင်းအတွက်တည်ဆောက်ခဲ့သည်။ နန်းတော်က ပိုင် လူမျိုးများ၏ အရိုးများကို ဆယ်နေတာ ဆယ်စုနှစ်တစ်စုစာကြာသွားခဲ့ပြီဖြစ်၏။ ပိုင်လူမျိုးထံမှ ချန် ဟွမ်းသည် လူတစ်ဦး၏အသက်ကို အနှစ်တစ်ထောင်ကျော်ခန့် ဆွဲဆန့်နိုင်၏။ ယင်းက အမှန်ပေ လော။

လုကျိုးက ထိုအကြောင်းကို တွေးပြီးခေါင်းခါလိုက်တော့သည်။

“အမှန်သာဆိုရင် ကျိထျန်းတောက်က အရင်ဆုံးသွားမယ့်သူပဲ။ သူ့ရဲ့ဗဟုသုတ၊ အကျင့်စရိုက်အရ ကျိထျန်းတောက်က အရင်ဆုံးသွားမယ့်သူပဲ။ မျှော်နန်းက လရောင်ကို ခံစားဖို့ရေနဲ့အနီးဆုံးပဲလေ။ သူက နန်းတော်ကို အမြတ်ထုတ်ခွင့်ပေးမှာမဟုတ်ဘူး”

သူပြောလိုက်တော့၏။ “ယဲ့ထျန်းရှင်းဆီ သွားမယ်။"

“ဟုတ် ရှစ်စွင်းကို လိုက်ပို့ပေးမယ်”

နှစ်ယောက်သားက တောင်ပိုင်းမျှော်နန်းဆီသို့သွားလိုက်ကြသည်။

အမျိုးသမီးကျင့်ကြံသူတစ်စုက သူတို့ ယဲ့ထျန်းရှင်းဆီသွားလည်မည်ကို ကြားသည့်အချိန်တွင် နောက်မှ လိုက်ပါလာလေ၏။

ထိုအမျိုးသမီးကျင့်ကြံသူအများစုက ယဲ့ထျန်းရှင်းကို ခစားကြသည်။ လရောင်ဆွတ်မျှော်နန်း မရှိတော့သော်ငြား သူတို့က ယဲ့ထျန်းရှင်း၏ လက်အောက်ငယ်သားများ ဖြစ်နေသေး၏။

မကြာမီ၌ သူတို့က တောင်ပိုင်းမျှော်နန်းဆီသို့ရောက်လာကြတော့သည်။

သူတို့က ယဲ့ထျန်းရှင်း တံခါးအပြင်ဖက်၌ရပ်နေစဉ် လုကျိုးက တံခါးကို စောင့်ကြပ်နေသော အမျိုး သမီးကျင့်ကြံသူကို တစ်ချက်ကြည့်ပြီးမေးလိုက်လေ၏။ “ဒီနေ့ ယဲ့ထျန်းရှင်း တစ်ခုခုထူးသေးလား”

“အကြောင်းပြန်ပါတယ် မျှော်နန်းသခင်။ ပြောင်းလဲမှုမရှိပါဘူး။"

“တံခါးဖွင့်လိုက်”

“နားလည်ပါပြီ”

လုကျိုးက အခန်းထဲဝင်လိုက်သည်။ ယဲ့ထျန်းရှင်းက တပုံစံတည်းပြောင်းလဲမှုမရှိပေ။ သူမက အိပ်ရာပေါ်တွင် လှဲနေကာ သတိလစ်နေဆဲဖြစ်၏။

လုကျိုးက အိပ်ရာတစ်ဖက်ဆီသို့ လျှောက်သွားပြီး ယဲ့ထျန်းရှင်းကို လေ့လာလိုက်တော့သည်။ ချန်ဟွမ်းက သားရဲတစ်ကောင်ဖြစ်သည်။ ယဲ့ထျန်းရှင်းကိုယ်ထဲ မည်ကဲ့သို့ရှိနိုင်မည်နည်း။ လုကျိုးက သူ၏လက်ကို ညင်သာစွာဝှေ့ယမ်းလိုက်၏။ ယဲ့ထျန်းရှင်းက ထထိုင်လာတော့သည်။

“ဟမ် သူ အသက်ရှူနေတာလား” လုကျိုးက သူမအသက်ရှူနေတာကို စစ်ဆေးဖို့အတွက် လက်မြှောက်လိုက်သည်။ အသက်ရှူနှုန်းက အလွန်ဖျော့ပြီး ညင်သာသောလေသာရှိနေလေ၏။

မယုံနိုင်စရာကောင်းလိုက်တာ။

လုကျိုး၏အမူအရာက မပြောင်းလဲဘဲ ရှိနေပြီး သူ့ကို လက်ဝါးဖြင့်ကပ်လိုက်တော့သည်။ သူ၏ ကနဦးချီများက ထူးကဲချီသွေးကြောရှစ်ကြောထဲသို့ စီးဝင်သွားသည်။ အကြမ်းဖျင်းစစ်ဆေးပြီး နောက် သူ ခေါင်းခါလိုက်၏။ ချန်ဟွမ်း၏လက္ခဏာမရှိပေ။ သူက လက်ကို သာမန်ကာလျှံကာ ထပ် ဝှေ့ယမ်းလိုက်ရာ သူမက အိပ်ရာပေါ်ပြန်လှဲလျက်သားဖြစ်သွားတော့သည်။ ပြီးနောက်ခေါင်းခါပြီး အခန်းထဲမှ ထွက်သွား၏။ ဤကဲ့သို့အခြေအနေအောက်တွင် သူမအသက်ရှုနေသေးမည်ဟု သူ တကယ်မထင်ထားပေ။ သူမသတိလစ်နေသေးတာ ကံဆိုးပေ၏။ မဟုတ်လျှင် ချန်ဟွမ်းအကြောင်း တန်းမေးနိုင်လောက်သည်။

“ရှစ်စွင်း သူ ဘယ်လိုနေလဲ” ရှောင်ယွမ်အာက မေးလိုက်တော့သည်။

“သူအသက်ရှိသေးတယ်”

“အသက်ရှင်တယ်လား” ရှောင်ယွမ်အာ၏ မျက်လုံးက ပြူးကျယ်သွားတော့၏။

ရှောင်ယွမ်အာ၏ စကားကို ကြားသည့်အချိန်တွင် လရောင်ဆွတ်မျှော်နန်း၏ အမျိုးသမီး ကျင့်ကြံသူ များက စိတ်လှုပ်ရှားကုန်သည်။

လုကျိုးက ထွက်သွားရန် အသင့်ပြင်နေချိန်၌ မင်ရှစ်ရင်က မြောက်ပိုင်းမျှော်နန်းကနေ သူ့ဆီ ကမန်းကတန်းရောက်လာလေ၏။

မင်ရှစ်ရင်က အရိုအသေပေးကာ ပြောလိုက်တော့သည်။ “ရှစ်စွင်း တပည့်ဖန်းရှုဝမ်ကို ချုပ်ထားပြီး ပါပြီ။ သူက အချိန်အတိုင်းအတာတစ်ခုအထိ သေမယ့်ပုံတော့မပေါ်ပါဘူး။ ဒါပေမဲ့ နောင်ကျသူ မသေဘူးလို့တော့ တပည့်အာမမခံနိုင်ဘူး”

“သိပ်ကောင်းတယ်”

“ပြီးတော့ မိစ္ဆာဝေဟင်မျှော်နန်းအတွက် စာတစ်စောင်ရှိသေးတယ်။ အပြင်လူတစ်ယောက်က ကျွန်တော်တို့နဲ့ ဆက်သွယ်ဖို့ကြိုးစားနေတဲ့ပုံပဲ။ ရှစ်စွင်းရဲ့ ခွင့်ပြုချက်မတောင်းခံဘဲ ယူလာခဲ့မိတယ်”

“ဘယ်သူပို့တာလဲ”

“ဝေ့ကျိုးယန်”

“ငါ့ဆီယူလာခဲ့"

…

All Chapters