← Chapters

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

အခန်း (၁၆၃) ပိုးအိမ်ကိုဖောက်ထွက်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကိုချုပ်နှောင်ခြင်း

မင်ရှစ်ရင်နှင့် ရှောင်ယွမ်အာက ထိုဖက်ကိုတချက်ကြည့်လိုက်သည်။ နှစ်ယောက်လုံးက ထိတ်လန့်သွားကြလေ၏။

တစ်ဝက်ဖောက်ထွင်းမြင်နေရသော ကနဦးချီများက ယဲ့ထျန်းရှင်းနားမှာ ရစ်ပတ်နေလျက် ပတ်ဝန်းကျင်က ကနဦးချီများကို ပိုမိုဆွဲယူလိုက်တော့သည်။ သူမ၏ဆံပင်များက မိနစ်နှင့်အမျှ အနက်ရောင် ပြောင်းလာပြီး အသားအရောင်ကမူ သာမန်လူတစ်ယောက်အဖြစ်ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။ သူမ၏ ထူးခြားသော လက္ခဏာရပ်များက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

“ရှစ်စွင်း ကနဦးချီတွေက စုဝေးနေတုန်းပဲ” ရှောင်ယွမ်အာက သူ့ကို သတိပေးလိုက်သည်။

လုကျိုးက တိတ်ဆိတ်နေ၏။ သူ၏လက်ရှိကျင့်ကြံဆင့်ဖြင့် ကနဦးချီကို အာရုံခံနိုင်ဖို့က မခက်ခဲပေ။

ရွှေနန်းဥယျာဉ်တောင်သည် ကောင်းချီခံမြေ ခုနစ်ဆယ့်နှစ်မျိုးထဲမှ တစ်မျိုးဖြစ်၏။ ယင်း၌ သဘာဝ အားသာချက်ရှိပြီး ကနဦးချီ ကြွယ်ဝသည်။ အရံအတားဖြင့်လည်း ကာကွယ်ပေးထားရာ ထိ၍မရပေ။ ယင်းက ရွှေနန်းဥယျာဉ်တောင်ကို ကျင့်ကြံရန်အတွက် ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်စေသည်။

လုကျိုးက သူတို့နား၌ စုဝေးလာသောကနဦးချီများကို အာရုံခံနိုင်၏။ ထို့အပြင် ယင်းက အရှိန်ပိုတိုးလာပုံရသည်။

ဂျွတ် ဂျွတ် ဂျွတ်

“ရှစ်စွင်း ဘာတွေဖြစ်နေတာလဲ” ရှောင်ယွမ်အာက မေးလျက်အနည်းငယ်စိုးရိမ်ပူပန်နေလေသည်။ မင်ရှစ်ရင်က မြင်ကွင်းကြောင့်အံ့ဩသွားလေ၏။ သူက “ဒါက ပိုင်လူမျိုးတွေရဲ့ ထူးခြားတဲ့လက္ခဏာတွေထဲက တစ်ခုဖြစ်မယ်”

“ရှစ်ကျဲထျန်းရှင်း သေမှာလား” ရှောင်ယွမ်အာသည် လောကီရေးရာများနှင့် အကျွမ်းဝင်ခြင်းမရှိပေ။ ယဲ့ထျန်းရှင်းအပေါ် သူမ၏အမြင်နှင့်ရန်လိုမှုတို့က ဤအဖြစ်အပျက်ပြီးနောက် လျော့ကျသွားချေပြီ။

“ငါတော့မထင်ဘူး”

ဂျွတ်... ဂျွတ် ဂျွတ်

ကနဦးချီက အထူးစွမ်းရည်တစ်ခုဖွဲ့တည်လျက် ယဲ့ထျန်းရှင်းနား၌ ရစ်ပတ်လိုက်တော့သည်။

မင်ရှစ်ရင်က လက်သီးကိုဆုပ်လျက်ပြောလိုက်တော့၏။ “ရှစ်စွင်း ပိုင်လူမျိုးတွေရဲ့ အဲဒီထူးခြားတဲ့ လက္ခဏာအကြောင်းသိလား”

လုကျိုးက မုတ်ဆိတ်သပ်လျက်ခေါင်းညိတ်လိုက်သည်။

“သူသာ ပိုင်လူမျိုးတစ်ယောက်မဟုတ်ရင် ကျင့်ကြံခြင်းအရာမှာ မင်းထက် ဘယ်လိုလုပ်ပါရမီပိုထူးမှာလဲ"

လုကျိုးကို စကားကိုကြားလိုက်ရသည့်အချိန်တွင် မင်ရှစ်ရင်က နားလည်သဘောပေါက်ခြင်းဖြင့် ရိုက်ချခံလိုက်ရသည်။ သူသည် ယဲ့ထျန်းရှင်းထက်စောပြီး မိစ္ဆာဝေဟင်မျှော်နန်းထဲသို့ဝင်ခဲ့သည်။ ဒုက္ခ၊သုတ္ခခံပြီးလည်းကျင့်ခဲ့၏။ သို့သော် ယဲ့ထျန်းရှင်း မိစ္ဆာဝေဟင်မျှော်နန်းသို့ဝင်လာပြီးနောက် သူမ၏ ကျင့်ကြံဆင့်က သူ့ကို ကျော်တက်သွားတော့သည်။ ထိုအကြောင်းပြချက်ကြောင့် သူ့တို့ရှစ်စွင်းသည် သူမအား မာယာကျော့ကွင်းကိုပျော်ရွှင်စွာပေးအပ်ခဲ့၏။ ကောင်းကင်အဆင့် လက်နက်ကို ပိုင်ဆိုင်ထားမှုဖြင့် သူမက ပိုတောင်သန်မာလာတော့သည်။ ပါရမီရှင်တစ်ဦးအဖြစ် သူ့ကိုယ်သူဂုဏ်ယူဝင့်ကြွားခဲ့သည့်သူကမူ ယင်းကြောင့်ထိုးနှက်ခံခဲ့ရတော့သည်။ သူ၏ရှစ်မေ့က မိစ္ဆာဝေဟင်မျှော်နန်းသို့ဝင်လာချိန်တွင် သူအသားကျနေပြီးသားဖြစ်သည်။

ထိုစဉ် ယဲ့ထျန်းရှင်းက သူမအိပ်ရာပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာလေ၏။ ညည်းတွားသံသဲ့သဲ့ဖြင့် မျက်လုံးကို ဖြည်းဖြည်းချင်းကြည့်ရာ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့သည်။ သူမဘေးတွင် ရပ်နေသော လုကျိုးကို မြင်သည့်အခါစိတ်ခံစားချက်များပြင်းလျက် ထရပ်ရန်ကြိုးစားကာ သူမ နားရှိစွမ်းအင်များကို ပျံ့နှံ့သွားစေတော့သည်။

ယဲ့ထျန်းရှင်းက အမြန်ထရပ်ပြီး အိပ်ရာပေါ်တွင် ဒူးထောက်လိုက်တော့၏။

“အဲဒီအဖြစ် အပျက်နောက်ကွယ်က ကြိုးကိုင်သူအစစ်ကိုသိပြီးဆိုတော့ အဲ့ဒီမျိုးမစစ်ကို တပည့်ရဲ့လက်နဲ့ သတ်ခွင့်ပေးပါ ရှစ်စွင်း။ တပည့်ဆန္ဒပြည့်ပြီးသွားတာနဲ့ အသက်နဲ့ အပြစ်ကြွေးဆပ်ပါမယ်”

“မင်းရဲ့အသက်နဲ့ မင်းရဲ့အပြစ်ကို ဆပ်မယ်ပေါ့”

မင်ရှစ်ရင်က သူမဆီအမြန်လျှောက်လာပြီးပြောလိုက်တော့၏။ “အဲဒီ ဝေ့ကျိုးယန်က အတုပဲ။ မင်း လူမှားပြီးသတ်လို့မရဘူး”

“အတုလား” ယဲ့ထျန်းရှင်းက အံ့ဩမှင်သက်သွားတော့သည်။

မင်ရှစ်ရင်က သူမ၏နောက်ဆုံးတွေ့ရှိချက်များကို ဖြည့်ပေးလိုက်သည်။

ထိုစကားကိုကြားသည့်အချိန်၌ ယဲ့ထျန်းရှင်းက သိသိသာသာညှိုးရော်သွားလေ၏။ သူမ၏ အမူ အရာက သုန်မုန်သွားလျက် သွင်ပြင်က ညှိုးကျသွားတော့သည်။ ဒေါသထွက်နေခြင်းကြောင့် သာမဟုတ်လျှင် အချိန်အတော်ကြာ သတိလစ်နေလောက်သေးသည်။

“မင်းရဲ့စွမ်းအင်ဗဟိုချက် ချီပင်လယ်က ပြန်ကောင်းခါစပဲ။ ဒါမျိုးအဟန့်အတားအဖြစ် မခံသင့်ဘူး” မင်ရှစ်ရင်က သူမကိုအကြံပေးလိုက်တော့၏။

“ပြန်ကောင်းလာတာလား” ယဲ့ထျန်းရှင်းက စိတ်လွတ်သွားတော့သည်။ သူမက အမြန်ခေါင်းငုံ့လျက် သူမ၏ခါးအရေပြားကို ကြည့်လိုက်တော့သည်။ ပြီးနောက် သူမဆံပင်ကို ဆွဲကြည့်လိုက်၏။ ခဏအကြာတွင် သူမက ဆွံ့အသွားတော့သည်။

မင်ရှစ်ရင်က ပြောလိုက်သည်။ “မင်းက ပိုင်လူမျိုးပဲ”

“ပိုင်လူမျိုးလား”

“လူသားတွေက သတ္တဝါတွေအားလုံးထဲမှာ ဉာဏ်ရည်အမြင့်ဆုံးဖြစ်တယ်။ ဒါပေမဲ့ ကွဲပြားခြားနားမှု အမျိုးမျိုးရှိနေတာပေါ့။ တချို့က အရပ်ရှည်တယ်။ တချို့က ပုတယ်။ တချို့က ဝတယ်။ တချို့က ပိန်တယ်။ တချို့က တုံးအတယ်။ လူတချို့ကတော့ ပါးနပ်တယ်။ ကျင့်ကြံခြင်းအရာမှာ တချို့က အခြားသူတွေထက်ပိုပြီး ကောင်းချီးပေးခံရတာ” မင်ရှစ်ရင်က သတိထားပြောလိုက်လေ၏။

ယဲ့ထျန်းရှင်းက အံ့ဩထိတ်လန့်သွားသည်။ မင်ရှစ်ရင်က ကိစ္စရပ်များကိုသူမအား ဖြည်းဖြည်းချင်း ရှင်းပြရန် အသင့်ဖြစ်နေပြီဖြစ်သည်။

လုကျိုးက လက်တဖက်မြှောက်လျက် သူ့ကို ကြားဖြတ်ပြောလိုက်တော့သည်။ သူက “ယဲ့ထျန်းရှင်း မင်းကို မေးစရာရှိတယ်”

ယဲ့ထျန်းရှင်းက ချက်ချင်းတုန်ယင်သွားတော့၏။ သူမ သတိအနေအထားပြန်ရလာပြီး လုကျိုးကို ခခယယ ကြည့်လိုက်လေ၏။

“ချန်ဟွမ်းအကြောင်းမင်းသိလား”

“ချန်ဟွမ်းလား” ယဲ့ထျန်းရှင်းက ဇဝေဇဝါဖြစ်နေပုံပေါ်၏။ ပြီးနောက် သူမက လုကျိုး၏စကားများကို တွေးနေပုံပေါ်သည်။ သူမမည်မျှတွေးစေကာမူ ထိုအကြောင်းဘာမှမသိပေ။ ခေါင်းခါပြီးနောက်ပြောလိုက်လေ၏။

“ချန်ဟွမ်း ဘာဆိုတာကျွန်မ မသိပါဘူး”

လုကျိုး၏အကြည့်က ယဲ့ထျန်းရှင်းဆီထပ်ရောက်သွားသည်။

အမည်။ ။ ယဲ့ထျန်းရှင်း

မျိုးနွယ်စု။ ။ ပိုင် (လူသား)

ကျင့်ကြံဆင့်။ ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ပြန်ကောင်းဆဲ

လုကျိုးက လူသားဟူသော အပိုစကားလုံးက ပိုင်လူမျိုး၏စကားလုံးနောက်ကွယ်တွင် ထပ်တိုးရှင်းပြချက်အနေဖြင့် အပိုပါလာတာကို သတိပြုမိလိုက်သည်။ ထို့အပြင် သူမ၏ ကျင့်ကြံဆင့်ကလည်း ပြန်ကောင်းနေဆဲဖြစ်၏။ သို့သော် သူမ၏သစ္စာရှိမှုကမူ အန္တရာယ်မများပေ။ သူမ၏အမုန်းတရားများရှင်းလင်းသွားပြီဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ မျှော်နန်းအပေါ်သူမ၏ သစ္စာတရားများပေါ်ပေါက်လာရန် ပြန်အစပျိုးရန်လိုအပ်နေပြီလော။ သူမက ပိုးအိမ်ကို ဖျက်ပြီး လိပ်ပြာအသွင်ပြောင်းသွားသည်လော။ သို့တည်းမဟုတ် သူမဖာသာ ချည်နှောင်မှုကိုဖြိုခွင်းလိုက် သည်လော။ လုကျိုးက မလောဘဲပြောလိုက်တော့သည်။

“ကိစ္စမရှိဘူး” ပိုင်လူမျိုးတောင် ချန်ဟွမ်းအကြောင်းမသိလျှင် ဤနေရာတွင် မရှိလောက်ပေ။

ထို့အပြင် လုကျိုးက ချန်ဟွမ်းကို စိတ်ဝင်စားခြင်းမရှိပေ။ အကြောင်းပြန်လှန်ကတ်ဖြင့်သူက ထိခိုက်နစ်နာစေသည့်နည်းလမ်းမှ ဝေးဝေးနေကာ တသက်လုံးနေထိုင်နိုင်မည်ဖြစ်သည်။ ချန်ဟွမ်းကို အဘယ်ကြောင့်လိုအပ်မည်နည်း။

လုကျိုး၏ ပိုင်ဆိုင်မှုက ချန်ဟွမ်း၏အသက်ဆွဲဆန့်ပေးသော စွမ်းရည်မျိုး မဟုတ်ပေ။ ချန်ဟွမ်းကို ရှာနိုင်ခဲ့လျှင် သူ၏ပျောက်ဆုံးနေသော မှတ်ဉာဏ်ကိုပြန်ရမည်ဟု ဝေဝါးဝါးခံစားမိ၏။ ထိုအတွေးဖြင့်သူက လှည့်ထွက်သွားတော့သည်။

“ကောင်းကောင်းအနားယူပါရှစ်စွင်း”

“ကောင်းကောင်းအနားယူပါရှစ်စွင်း”

ရှောင်ယွမ်အာက လုကျိုးထွက်သွားချိန်တွင် သူ့နောက်မှ လိုက်သွားပြီး မင်ရှစ်ရင်ကမူ ယဲ့ထျန်းရှင်းအား ရှင်းပြရန်နေရစ်ခဲ့တော့သည်။ သူသည် ပိုင်လူမျိုးမှစတည်လာပြီး သူတို့ရှစ်စွင်း၏ ယွီလုံရွာအဖြစ်အပျက်ကို စစ်ဆေးမှုအရ သူသည် စုန်းအတတ်ထောင်ချောက်ထဲသို့ ကျရောက်ခဲ့ ကြောင်းနှင့် တိမ်ခွင်းရထားလုံးအဖြစ်အပျက်အကြောင်း အားလုံးကို ပြန်ပြောပြခဲ့သည်။

ယဲ့ထျန်းရှင်းက သူ၏စကားများကြောင့် အံ့ဩမှင်သက်နေလေ၏။ ခဏအကြာတွင် သူမက စိတ်အားထက်သန်စွာပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ရှစ်ရှိုးရဲ့ကူညီမှုကို မှတ်ထားမှာပါ စစ်ရှစ်ရှိုး”

“ငါ့ကို ကျေးဇူးမတင်နဲ့။ မင်း ရှစ်စွင်းကိုပဲ ကျေးဇူးတင်သင့်တာ”

“ကျွန်မက သေသင့်တဲ့အမှားကြီးကျူးလွန်ခဲ့တာ။ ရှစ်စွင်းက ကျွန်မကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ဒီလောက် အလွယ်တကူ ပြန်လာခွင့်ပေးမယ်လို့ မထင်ဘူး” ယဲ့ထျန်းရှင်းက ပြောလိုက်၏။

“ဒီအကြောင်း စိတ်မပူနဲ့။ အရင်တုန်းကဆိုရင် ဒါကခက်ခဲကောင်းခက်ခဲမှာပေါ့ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ရှစ်စွင်းရဲ့အကျင့်စရိုက်နဲ့ သဘောထားက အတော်ပြောင်းလဲသွားပြီ။ မင်းသာ အားစိုက်ထုတ်မှု တချို့နဲ့ စိတ်ရှင်းမှန်ကိုပြသပေးမယ်ဆိုရင် မင်းအတွက် မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်လာဖို့က ပြဿနာမဟုတ်တော့ဘူး” မင်ရှစ်ရင်က ပြော၏။

“ဒါ့အပြင် ငါတို့လည်းရှိနေတာပဲ” သူသည် ရထားလုံးပျံ၏ ပဲ့ကိုင်လုပ်ခဲ့ရသော သူ၏အဆင့်အတန်းကို တွေးမိသောအခါ အနည်းငယ်ရှက်သွားလေသည်။

“စစ်ရှစ်ရှိုး သေ.. သေချာရဲ့လား” ယဲ့ထျန်းရှင်းက မဝံ့မရဲမေးလိုက်လေ၏။

“ဒါပေါ့။ လူသားတွေက အပြန်အလှန်ရှိတာ သဘာဝပဲ။ ရှစ်စွင်းက ငါ့ကို ခွဲခွာချိတ်နဲ့ ဓားအိမ်ပေးခဲ့တယ်။ ဒါတစ်ခုနဲ့ သူ့အကြောင်းဆိုးတာတွေ ငါ ထပ်မပြောတော့ဘူး။ ငါ့ကို အဲလိုမကြည့်နဲ့။ ငါက ပုံမှန်ပဲ”

မင်ရှစ်ရင်၏စကားကို ကြားသည့်အချိန်တွင် ယဲ့ထျန်းရှင်းက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တော့သည်။

လုကျိုးသည် တောင်ပိုင်းမျှော်နန်းဆီမှထွက်လာပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်းဆီ မပြန်သွားပေ။ စနစ်မျက်နှာပြင်ပေါ်ရှိတာဝန်စာရင်းကို စစ်ကြည့်လိုက်လေ၏။

သူ၏တပည့်များကို ညွှန်ကြားသည့်တာဝန်များအပြင် ဝေ့ကျိုးယန်ကို အမှားဝန်ခံလာအောင် ပြုလုပ်သည့် တာဝန်က ရှိနေသေးဆဲဖြစ်သည်။ ဝေ့ကျိုးယန်အတုက အပြစ်ဝန်ခံသော်ငြား ထည့်မတွက်ပေ။

လုကျိုးက စဉ်းစားပြီးနောက်မြောက်ပိုင်းမျှော်နန်းဆီသို့လျှောက်သွားလိုက်တော့၏။

ရှောင်ယွမ်အာက သိချင်စိတ်ဖြင့်မေးလိုက်တော့သည်။ “ရှစ်စွင်း မြောက်ပိုင်းမျှော်နန်းကို ဘာသွားလုပ်မလို့လဲ”

လုကျိုးကရှောင်ယွမ်အာကို တချက်ကြည့်လိုက်သည်။ သူမ စိတ်ထဲတစ်ခုခုရှိနေတာကို ပြောနိုင်၏။ သူက သာမန်ကာလျှံကာမေးလိုက်တော့သည်။ “ဘာကိစ္စရှိလဲ”

“တပည့် အထွတ်အထိပ်ကျောက်စိမ်းကျင့်စဉ်ကို ကျင့်နေပေမဲ့ တခုခုမှားနေတယ်လို့ ခံစားမိတယ်”

ရှောင်ယွမ်အာက အကြံဉာဏ်တောင်းခံလိုစိတ်ရှိခြင်းသည် ကောင်းမွန်သည့် လက္ခဏာရပ်တစ်ခု ဖြစ်သည်။

လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်တော့၏။ “အရင်ဆုံး ဖန်းရှုဝမ်ကို သွားစစ်ဆေးဦးမယ်”

“ကျေးဇူးတင်ပါတယ် ရှစ်စွင်း”

နှစ်ယောက်သားက မြောက်ပိုင်းမျှော်နန်းဆီသို့ရောက်သွားကြသည်။ ဖန်းရှုဝမ်က ကြမ်းပြင်ပေါ်တွင် လဲနေဆဲဖြစ်၏။ သူက သတိအနည်းငယ်ဝင်လာပုံရသည်။ အသက်ရှူနှုန်းက အလွန်ဖျော့နေပြီး အချိန်မရွေးသေသွားတော့မည့်ပုံရ၏။

လုကျိုးက ခေါင်းခါပြီးမေးလိုက်တော့သည်။ “လန်လော့ မော့လီသေတာကို ဒီလောက် မင်း ဆိုးဆိုးဝါးဝါး မြင်ချင်နေတာလား”

ဂျွတ်

ဖန်းရှုဝမ်က မလှုပ်နိုင်ပေ။ သို့သော် လက်သီးတင်းတင်းကြပ်ကြပ်ဆုပ်လိုက်လေ၏။ အရိုးများ တဂျွတ်ဂျွတ်မြည်သံက လေထဲ၌ပေါ်ထွက်လာတော့သည်။

“မော့လီကို သတ်နိုင်အောင်လို့ မင်းကို ငါ ကူညီပေးနိုင်တယ်” လုကျိုးက ဖြည်းဖြည်းချင်း ပြောလိုက်တော့သည်။

ဖန်းရှုဝမ်က မျက်လုံးကိုဖွင့်ရန် ရုန်းကန်လိုက်ရ၏။ လုကျိုးက ဆက်ပြောလိုက်တော့သည်။

“ဒါပေမဲ့ တောင်းဆိုချက်တစ်ခုရှိတယ်”

…

အခန်း (၁၆၄) အားအကောင်းဆုံး လက်အောက်ငယ်သား

လုကျိုးက ဖန်းရှုဝမ် တစ်ယောက် တုန်ယင်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်နေရသည်။

“ အခြေအနေက ရှင်းတယ်။ ဒီနေ့ကစပြီး မင်းက မိစ္ဆာဝေဟင်မျှော်နန်းအပေါ် သစ္စာရှိရမယ် ”

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

ဖန်းရှုဝမ်က မတုန်တော့ဘဲ ပြန်ထိန်းနိုင်သွားဟန်ပေါ်၏။ သူက မပြောသော်လည်း သူ့မျက်နှာအထက် လှောင်ပြောင်သည့် အမူအရာက လက်ရှိအခြေအနေတွင် သူက ဘာများအသုံးဝင်နိုင်ဦးမလဲဟု စဉ်းစားနေဟန်ပေါ်သည်။ သူ့အခြေအနေသူ ကောင်းကောင်း သိထား၏။ မဟူရာစစ်သည်တော်၏ ခေါင်းဆောင်၊ ပေနက်လွှာ၏ ပထမအဆင့် … ထိုအရာအားလုံးက အဓိပ္ပာယ်မရှိတော့ချေ။

ရှောင်ယွမ်အာက ဖန်းရှုဝမ်၏ သွင်ပြင်ကို ကြောက်နေသည့်အလား အကွာအဝေးထိန်းထားလေသည်။

ဖန်းရှုဝမ်က မီးသွေးခဲလို မည်းတူးနေပြီး လူသားတစ်ယောက်ထက် မကောင်းဆိုးဝါးနှင့် ပိုတူနေသည်။ ဒဏ်ရာအပြင်းအထန် ရထားခြင်းမှလွဲ၍ သူ့ကျင့်ကြံဆင့်က ပျက်စီးသွားပုံရ၏။

ကြီးမြတ်တဲ့ မိစ္ဆာဝေဟင်မျှော်နန်းက သူ့လို လူမျိုးကို ဘာကြောင့်များ လိုအပ်မှာလဲ …

ရှောင်ယွမ်အာက သူမရှစ်စွင်း၏ ဆုံးဖြတ်ချက်ကို နားလည်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရသည်။ သူမက မေးခွန်းထုတ်မေးရဲမည် မဟုတ်ပေ။

‘ရှစ်စွင်းက သူ့အကြောင်းအရင်းနဲ့သူ ရှိမှာပါလေ ’

“ မင်း သဘောတူရင် မင်းကို ကယ်နိုင်မဲ့ နည်းလမ်းတွေ ရှိတယ် ”

လုကျိုး၏ စကားကို ကြားကာ ဖန်းရှုဝမ်က တုန်ယင်သွားမိ၏။ သူက အားစုစည်းကာ ခေါင်းမော့ကြည့်လိုက်သည်။ သူက လုကျိုးကို ကြည့်ချင်သော်လည်း သူ့ဒဏ်ရာများက ပြင်းထန်လှသောကြောင့် မြေပေါ်သာ ခွေခွေလေး ပြန်ဖြစ်သွားရသည်။ သူက မြေပေါ် လဲကျလာစဉ် သူ့ပါးစပ်မှ အသံထွက်လာသည်။

“သဘောတူတယ်”

ဤစကားတစ်ခွန်းတည်းကိုသာ ထုတ်ပြောနိုင်လိုက်သည်။

“တင် … ပွင့်ချပ်ရှစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် လက်အောက်ငယ်သားကို ရရှိပါတယ်။ ဆုလာဘ် - ကုသိုလ်ရမှတ် ၂၀၀၀၊ သီးသန့်အကြံပြုချက် - ဒီလက်အောက်ငယ်သားကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲနှုန်းက ပုံမှန်ထက် ပိုမြင့်ပါတယ်။ ကျေးဇူးပြုပြီး သူ့သစ္စာရှိမှုကို တိုးမြှင့်ပါ”

လုကျိုးက အသိပေးချက်ကို ကြားလိုက်သည့်အခါ ဖန်းရှုဝမ်ကို ကြည့်လိုက်သည်။

နာမည်။ ။ လန်လော့

မျိုးနွယ်။ ။ လူသား

ကျင့်ကြံဆင့်။ ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ( အတော်ပျက်စီး )

သစ္စာရှိမှု။ ။ ၂ ရာခိုင်နှုန်း

သစ္စာရှိနှုန်းက သူ့ကို အသုံးချဖို့ မည်မျှခက်ခဲကြောင်း ပြနေသည်။

မည်သို့ပင်ဆိုစေကာမူ ဖန်းရှုဝမ်က ပေနက်လွှာတွင် ထိပ်ဆုံးနေရာ ရခဲ့ဖူးသူ ဖြစ်၏။ ထို့အပြင် သူက အာဏာများစွာ ဆုပ်ကိုင်ထားနိုင်သည့် မဟူရာစစ်သည်တော်၏ ခေါင်းဆောင်လည်း ဖြစ်ပေသည်။ သူ့တွင် ကြောက်မက်ဖွယ် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံဆင့်လည်း ပိုင်ဆိုင်ထားသေး၏။ သူ့လိုလူမျိုးက မာနကြီးသည်မှာ မထူးဆန်းလှပေ။ တပ်မဟာသုံးခု၏ စစ်သူကြီး ဝေ့ကျိုးယန်ပင် သူ့လိုမျိုး မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ မျှော်နန်းဆီ သူ ရောက်လာသည့်အတွက် ကိစ္စကောင်း ဖြစ်၏။

“အရမ်းကောင်းတယ် ” လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။

“ မင်းက မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်မှတော့ တခြားသခင်ကို ခစားခွင့်မပြုဘူး”

ဖန်းရှုဝမ်က စကားပြောဖို့ ကြိုးစားလိုက်သော်လည်း သူ့လည်ချောင်းမှ ထွက်လာသည့်အသံများက ဝူးဝူးဝါးဝါးသာ ဖြစ်နေသည်။

လုကျိုးက လက်အသာ မြှောက်လိုက်သည့်အချိန် သူ့လက်ဖဝါး၌ အပြာရောင်အလင်းဖျော့ဖျော့ တောက်ပလာ၏။ သူ့လက်ကို အသာဝေ့လိုက်သည့်အခါ အပြာရောင်အလင်းတန်းက ဆင်းသက်လာသည်။

စွမ်းအားလုံးကို မြင်လိုက်သည့်အချိန် ဖန်းရှုဝမ်၏ မျက်လုံးများက အပြူးသား ဖြစ်လာသည်။

ဒါက အရေးပေါ် ကုသရေးကတ်ပဲ …

ဒီလိုအားကောင်းတဲ့ လက်အောက်ငယ်သားအတွက် အမှတ် သုံးရာနဲ့ လဲရတာ တန်ပါတယ်။ ပြီးတော့ စနစ်က လုကျိုးကို အမှတ်နှစ်ထောင် ဆုပေးထားသေးသည် မဟုတ်ပါလော။

လုကျိုးက ဖန်းရှုဝမ်ကို မည်သို့ထိန်းချုပ်ရမည်ကို စဉ်းစားနေသည်။ ဖန်းရှုဝမ်လိုလူမျိုးကို ထိန်းချုပ်ဖို့ အမှန်တကယ် ခက်လှ၏။ အဆုံးသတ်၌ သူက ဒီကိစ္စကို ဖြည်းဖြည်းချင်း ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်သည်။

ဖန်းရှုဝမ်က ဒဏ်ရာအပြင်းအထန် ရထားလေသည်။ အရေးပေါ် ကုသရေးကတ်က သူ့ဒဏ်ရာကို ၃၀ ရာခိုင်နှုန်းအထိသာ ကုသပေးနိုင်၏။ သူ့လက်ရှိအခြေအနေဖြင့် ဘာလှည့်ကွက်မှ လုပ်နိုင်မည် မဟုတ်ပေ။

အပြာရောင်အလင်းက ဖန်းရှုဝမ်၏ မီးသွေးခဲ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီးနောက် သူ့ချီသွေးကြောရှစ်ခုထဲ ရောက်သည့်အထိ စိမ့်ဝင်သွားသည်။ ညင်သာနူးညံ့သည့် စွမ်းအားက သူ့ခန္ဓာကိုယ်ထဲ ဖြတ်စီးသွားလေသည်။

လုကျိုးက ဖန်းရှုဝမ်၏ အပြောင်းအလဲကို ကြည့်ကာ တည်ငြိမ်နေဆဲ ဖြစ်၏။

အရေးပေါ် ကုသရေးကတ် အာနိသင်က သူ့အား ဗုဒ္ဓကုသရေး ပညာရပ်ဖြစ်သည့် ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်း၏ ကရုဏာလှေကို အမှတ်ရသွားစေသည်။ ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်း၏ ကရုဏာလှေ သည် နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့်များသာ သုံးနိုင်သည့် ပညာရပ်မျိုး ဖြစ်၏။ ထို့အပြင် ထိုပညာရပ်ကို ထုတ်သုံးဖို့ တန်ကြေးကြီးလေသည်။ ပြောရလျှင် ကုသသူ၏ စွမ်းအားကို ပစ်မှတ်၏ ချီသွေးကြောရှစ်ခုထဲ ကူးပြောင်းပေးခြင်းနှင့် ညီမျှ၏။ စွမ်းအားက ချီသွေးကြောများကို ကျယ်ပြန့်လာစေမည် ဖြစ်သည်။ ထိုအခါ ပစ်မှတ်၏ ဒဏ်ရာများက ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်း၏ ကရုဏာလှေ အာနိသင်ဖြင့် ပြန်ကောင်းလာလိမ့်မည်။

ဖန်းရှုဝမ် သစ္စာရှိနှုန်း။ ။ + ၂ ရာခိုင်နှုန်း

ဖန်းရှုဝမ်တစ်ယောက် မအံ့ဩဘဲ နေဖို့ မဖြစ်နိင်ပေ။ သူက အရေးပေါ် ကုသရေးကတ်ကြောင့်သာ ပြန်ကောင်းလာခြင်းကို မသိသလို လုကျိုးနှင့် မသက်ဆိုင်မှန်း မသိခဲ့ပေ။

လုကျိုးက ဖန်းရှုဝမ်၏ သစ္စာရှိနှုန်း ၂ ရာခိုင်နှုန်း တိုးလာသည်ကို မြင်လိုက်သည့်အချိန် တည်ငြိမ်နေဆဲ ဖြစ်သည်။

အခု သူ့သစ္စာရှိနှုန်းကို မြှင့်ဖို့ ခက်တယ်ဆိုတော့ နောင်အခါ ဘယ်လောက်တောင် ခက်လိုက်မလဲ ….

ပြီးတော့ သူ့လက်အောက်ငယ်သား နှစ်ယောက်ကလည်း မိစ္ဆာဝေဟင်မျှော်နန်းထဲ သေသွားတာဆိုတော့ သူ့သစ္စာရှိမှုကို ရဖို့ အတားအဆီးကြီး ဖြစ်နေမျာပဲ …

သူ့သစ္စာရှိနှုန်းက ၇၀ - ၈၀ ရာခိုင်နှုန်းလောက်အထိ ရောက်ဖို့ တစ်ရက်နှစ်ရက်နဲ့တော့ မဖြစ်လောက်ဘူး …

အရေးပေါ် ကုသရေးကတ်၏ အာနိသင်က နာရီဝက် ကြာမြင့်လေသည်။

လုကျိုးက ဖန်းရှုဝမ်ကို တစ်ချိန်လုံး လေ့လာနေ၏။ သူက အရေးပေါ် ကုသရေးကတ် အလုပ်လုပ်ပုံကို မစိုးရိမ်ပေ။

နာရီဝက်ကြာမြင့်ပြီးနောက် အပြာရောင်အလင်းတန်းက စတင် ပျောက်ကွယ်လာသည်။

ရှောင်ယွမ်အာက တစ်ချိန်လုံး အံ့ဩတကြီး ဖြစ်နေခဲ့၏။ သူမက ဘေးတွင် နာနာခံခံရပ်ကာ ရှစ်စွင်းဖြစ်သူကို မနှောင့်ယှက်ရဲပေ။

နောက်ဆုံးတွင် အပြာရောင်အလင်း လုံးဝ ပျောက်ကွယ်သွားလေပြီ။

ဖန်းရှုဝမ်ဆီမှ သွေးခြောက်များ ကွာကျသွားသည်။ သူက လှုပ်ရှားဖို့ ကြိုးစားလိုက်၏။ သူက မြေကြီးကို လက်ဖြင့်ထောက်ကာ ထဖို့ ကြိုးစားလိုက်သည်။ သူက အင်အားတချို့ ပြန်ရလာဟန်ပေါ်သော်လည်း သူ့ဒဏ်ရာများက ပျောက်ကင်းဖို့နှင့် အလှမ်းကွာနေသေးသည်။

ဖန်းရှုဝမ်က ဘေးဘက်ဆုတ်လိုက်ပြီး နံရံကို မှီလိုက်သည်။ အစောလေးကထက် အခြေအနေ ပိုကောင်းသွားသည်။ သူက အသက်လုရှုရင်း “ ဒီနေ့ကစပြီး …ဖန်းရှုဝမ် မရှိတော့ဘူး …လန်လော့ … ပဲ ရှိတော့တယ် ”

သူ့စကားအဆုံးတွင် ချောင်းဆိုးလာ၏။ သူ့ဒဏ်ရာ သုံးဆယ်ရာခိုင်နှုန်းသာ ပြန်ကောင်းသေးလေသည်။

လုကျိုးက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူက မုတ်ဆိတ်သပ်လိုက်ကာ “ လန်လော့ မင်းကို မိစ္ဆာဝေဟင်မျှော်နန်းက စည်းမျဉ်းတွေကို အတင်းအကျပ် မလိုက်နာခိုင်းဘူး ”

လန်လော့က ခေါင်းညိတ်လိုက်သည်။ သူ့အမူအရာက တောင့်တင်းနေဆဲ ဖြစ်၏။ သူ့လည်ပင်းက နည်းနည်းတောင့်တင်းနေပြီး လက်အောက်ငယ်သား ဖြစ်တာ အသားမကျသေးပေ။

“မျှော် … မျှော်နန်းသခင် ”

“မင်း ကြိုက်သလို ခေါ်လို့ရတယ် ”

“ ကျုပ်က ကတိတွေကို အမြဲအလေးအနက်ထားပါတယ်။ ဒါပေမဲ့ အကြောင်းအရင်းကိုတော့ မေးကြည့်ချင်တယ်”

လန်လော့က မသိပေ။ သူ့ကျင့်ကြံဆင့်သည် လက်ရှိ အမှိုက်နှင့် မခြားပေ။ မိစ္ဆာဝေဟင်မျှော်နန်းက သူ့အား သတ်လိုလျှင်ပင် သူက အံ့ဩမိမည် မဟုတ်ချေ။

လုကျိုးက မထူးမခြားနား ပြောလိုက်သည် “ဘာလို့လဲဆိုတော့ မင်းက လန်လော့ ဖြစ်နေလို့ပဲ ”

သူက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံဆင့် ပိုင်ရှင် လန်လော့ ဖြစ်၏။

သူ့လိုလူမျိုးက ဘယ်လိုလုပ် အဖိုးမတန်ဘဲ နေမှာလဲ …

လန်လော့က ခေါင်းညိတ်လိုက်စဉ် လုကျိုးက ထပ်ပြောလိုက်သည် “ မင်း မော့လီကို သတ်ချင်လား ”

“ဟုတ်”

“ မင်း သူနဲ့ ဘယ်တုန်းက တွေ့တာလဲ ”

“ မမှတ်မိတော့ဘူး။ မှတ်မိတာ တစ်ခုတည်းက သူမက ကျင့်မင်တာအိုဂိုဏ်းနဲ့ ရင်းနှီးပုံပဲ ” လန်လော့က ပြောလိုက်သည်။

ကျင့်မင်တာအိုဂိုဏ်းလား …

လုကျိုးက ဆက်ပြောလိုက်သည်။

“မော့လီက ကျင့်မင်တာအိုဂိုဏ်းကလား ”

“ ဟုတ်ပါတယ်-”

ဖန်ကျုံးလည်း ယခင်က စုန်းအတတ်ကို လေ့လာဖူးလေသည်။ သူက ဂိုဏ်းထဲရှိ အကြီးအကဲများက စုန်းအတတ်ကို ဆွေးနွေးဖို့ ငြင်းပယ်ကြကြောင်း ပြောခဲ့ဖူးသည်။

“မော့လီ … မော့ချီ …” လုကျိုးက လက်နောက်ပစ်လျက် နာမည်နှစ်ခုကို ရေရွတ်လိုက်သည်။

လုကျိုးသာ ထိုနာမည်များကို မညွှန်းဆိုလျှင် အဆင်ပြေဦးမည် ဖြစ်၏။

ယခု ထိုနာမည်များကို ကြားပြီးနောက် လန်လော့၏ အမူအရာက ချက်ချင်း ပြောင်းသွားသည်။ သူက အထင်သေးစက်ဆုပ်မှန်း သိသာလှ၏။

လုကျိုးက သူ့ကို ကြည့်ကာ မေးလိုက်သည် “ မင်းက မဟူရာစစ်သည်တော်အဖြစ် ဦးဆောင်လာတာ ကြာလှပြီဆိုတော့ သူမကျင့်ကြံဆင့်ကိုရော သိထားလား ”

လန်လော့က ခေါင်းခါကာ “ သူမ လှုပ်ရှားတာ တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ သူမက ဝူရှန့် မဟာဘိုးဘေးအစီအရင်ထဲမှာ ရှိနေတုန်းကထက် အားနည်းတယ်တော့ မထင်ဘူး ”

မဟာဘိုးဘေးအစီအရင်အတွင်း ဝူရှန့်သည် သူ့အင်အာ ၇၀ - ၈၀ ရာခိုင်နှုန်းလောက်သာ ပိုင်ဆိုင်ထားသည်။ လုကျိုးက မော့လီ၏ ကျင့်ကြံဆင့်မှာ ပွင့်ချပ်ခုနှစ်လွှာ သို့မဟုတ် ရှစ်လွှာအဆင့်လောက် ရှိမည်မှန်း မှန်းဆမိလိုက်သည်။

ကျင့်မင်တာအိုဂိုဏ်းက ကျားတွေ၊ နဂါးတွေ ပုန်းအောင်းနေတဲ့ နေရာ ဖြစ်နေပုံပဲ …

သူတို့နှင့် ယှဉ်လိုက်လျှင် သမာသမတ်ဂိုဏ်းက မှေးမှိန်သွားလေသည်။ နှစ်ဂိုဏ်းလုံးက တူညီသည့် လမ်းကြောင်းကို လျှောက်လှမ်းနေကြသော်လည်း အင်အားက ကွာခြားလွန်းလှသည်။

ထိုစဉ် တွမ့်မူရှန်း၏ အသံက ရုတ်ခြည်း ပျံ့နှံ့လာသည်။

“ရှစ်စွင်း … ဝေ့ကျိုးရန်ကို ဖမ်းထားလိုက်ပါပြီ။ သူ့ကျင့်ကြံဆင့်အမှန်က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်ထဲပဲ ရှိသေးတယ်။ သူ့ကို တောင်ပံတပ်ပေးရင်တောင် လွတ်မြောက်ဖို့ ခက်လိမ့်မယ်”

လုကျိုးက ခေါင်းညိတ်လိုက်သည်။

တွမ့်မူရှန်းက ဆက်ပြောလိုက်၏ “ပြီးတော့ လောင်ချီက စာပို့လာတယ် ”

“ ဘာပြောထားလဲ ”

စီးဝူယာ့က သူတို့ကို စာပို့လာခြင်းမှာ …

“သမာသမတ်ဂိုဏ်းရဲ့ ကျန့်ချွန်းလိုင်က လူတစ်စုကို ဦးဆောင်ပြီး လောင်ပါ့ကို တိုက်ခိုက်ခဲ့တယ်။ အဆုံးသတ်မှာ သူတို့အားထုတ်မှုအားလုံး ကျရှုံးသွားခဲ့ရတယ် ”

လုကျိုးက နားမလည်စွာဖြင့် “လောင်ပါ့ရဲ့ စွမ်းအားနဲ့ဆိုရင် ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ ”

“လောင်ချီက အဲဒါနဲ့ ပတ်သက်လို့တော့ ဘာမှမပြောထားဘူး။ သူ ပြောထားတာက ကျန့်ယွင်ရှန်းက ကျင့်မင်တာအိုဂိုဏ်းဆီ သွားတယ်တဲ့။ သူတို့က နဂို ဂိုဏ်းအတူတူပဲလို့ ပြောထားတယ်။ ကျင့်မင်တာအိုဂိုဏ်းက ကျန့်ချွန်းလိုင်အတွက် လောင်ပါ့ရဲ့ ကျားတောင်ရိုးဂိုဏ်းကို သွေးလွှမ်းပြီး လက်စားချေဖို့ ကျိန်ဆိုထားကြတယ် ”

လုကျိုးက အရေးမပါသည့် သတင်းလေးကို ကြားလိုက်ရသည့်အလား ဘာအမူအရာမှ မပြောင်းလဲသွားပေ။

“ သူ့ဘာသာ ပြဿနာရှာပြီး ဖြစ်လာတာဆိုတော့ ဒီအတွက် ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး ”

…

အခန်း (၁၆၅) မင်းရဲ့ ဆယ်နှစ်အကန့်အသတ်

တွမ့်မူရှန်းက ဆက်မပြောပေ။ သူ့ရှစ်စွင်း၏ စိတ်သဘောထားကို နားမလည်။ လောင်ပါ့အကြောင်း သူ၏ရှစ်စွင်းခံစားရပုံကိုလည်း မသိချေ။ သူက လောင်ချီ၏ သတင်းစကားကို သူ၏ရှစ်စွင်းဆီ သစ္စာရှိရှိ ပါးပေးပြီး သူ့အပိုင်း တာဝန်ကျေပြီဖြစ်သည်။

ရှောင်ယွမ်အာက ပြောလိုက်လေ၏။ “ရှစ်စွင်း ပါ့ရှစ်ရှိုးရဲ့ကျင့်ကြံဆင့်က တပည့်နဲ့တူတူလောက်ပဲ။ ကျင့်မင်တာအိုဂိုဏ်းက လှုပ်ရှားမယ်ဆိုရင် သူအပိုင်းပိုင်းခုတ်ဖြတ်ခံရမယ်ထင်တယ်”

ရှောင်ယွမ်အာ စကားလုံးရွေးချယ်မှုက လုကျိုးကို အနည်းငယ်ဆွံ့အသွားစေသည်။

တွမ့်မူရှန်းက ပြောလိုက်တော့၏။

“သူ ဒီလောက်အလွယ်တကူမသေဘူး”

ကျူးဟုန်ကုန်းက မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်ဖြစ်သည်။ သူ၏ကျင့်ကြံဆင့်ဖြင့် သူအလွယ်တကူ အသတ်ခံရမည်ဆိုလျှင် အစောကတည်းက သေနေလောက်ပြီဖြစ်သည်။ ယခုအချိန်ထိအသက်ရှင် နေမှာ မဟုတ်ပေ။

ယင်းက စီးဝူယာ့သည် ဤစာကိုပို့ခြင်းအားဖြင့် မိစ္ဆာဝေဟင်မျှော်နန်းကိုသုံးကာ သူ၏ရန်သူကို ဖယ်ရှားရန်ကြိုးပမ်းနေတာ ဖြစ်နိုင်ချေလည်းရှိသည်။ သူမည်သို့ပင် လှုပ်ရှားစေကာမူ လုကျိုးက အနှောင့်အယှက် ဖြစ်မခံလျှင် စီးဝူယာ့ဘာမှ လုပ်နိုင်မှာမဟုတ်ပေ။

တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာက ထိုအရေးကိစ္စအပေါ် သူတို့ရှစ်စွင်း၏သဘောထားကို မြင်သည့် အချိန်၌ ပါးနပ်စွာနေရစ်သည်။ သူတို့က ထိုအရေးကိစ္စအကြောင်းဘာမှထပ်မပြောတော့ဘဲ လိမ်လိမ်မာမာ ရိုရိုကျိုးကျိုးဖြင့် ဘေးတွင်ရပ်နေသည်။

လုကျိုးက ထောင့်ဖက်တွင် နံရံကိုမှီလျက် အနားယူနေသောလန်လော့ကို ကြည့်လိုက်၏။ သူက

“လန်လော့ မော့လီက ကောက်ကျစ်ပြီး အကြံအစည်များတယ်။ သူက နန်းတော်ထဲမှာပုန်းနေတာ။ မင်းသူ့ကိုမုန်းရင် မင်းရဲ့လက်နဲ့သတ်သင့်တယ်” ပြောပြီးသည်နှင့် မြောက်ပိုင်းမျှော်နန်းမှ ထွက်သွားတော့သည်။

သူတို့က မြောက်ပိုင်းမျှော်နန်းနှင့် မဟာခန်းမသွားသို့သည့်လမ်းတဝက်၌ တွမ့်မူရှန်းက ပြောသည်။

“ရှစ်စွင်း လန်လော့က အရင်တုန်းက မော့လီရဲ့အမိန့်အောက်မှာရှိခဲ့ဖူးတာ။ ကျွန်တော်တို့က သူ့ရဲ့လက်အောက်ငယ်သားနှစ်ယောက်ကိုလည်း သတ်ခဲ့တာ။ ဒီလိုလုပ်တာက ကျားကိုမွေးမြူပြီး ကပ်ဘေးကို ဖိတ်ခေါ်နေတာမဟုတ်ဘူးလား”

ဆိုရလျှင် လန်လော့က ပွင့်ချပ်ရှစ်လွှာသိုင်းပညာရှင်တစ်ဦးဖြစ်၏။ နောင်တွင် သူ၏ခွန်အား ပြန်ရလာခဲ့လျှင် ထိုနေ့အတွက် သူတို့ပြင်ဆင်ထားရပေမည်။

လုကျိုးက ရပ်တန့်လိုက်၏။ သူက ခေါင်းခါကာပြောလိုက်တော့သည်။

“လန်လော့က ဒဏ်ရာပြင်း ပြင်းထန်ထန်ရနေသေးတယ်။ သူပြဿနာများများစားစား မဖန်တီးနိုင်သေးဘူး။ သူ့ရဲ့ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံဆင့် တကယ်ကောင်းသွားခဲ့ရင် သူ့ပထမဆုံးပစ်မှတ်က မိစ္ဆာဝေဟင်မျှော်နန်း ဖြစ်မှာ မဟုတ်ဘူး"

ထိုစကားကို တွမ့်မူရှန်းကြားသည့်အချိန်တွင် သူက ရုတ်တရက်သဘောပေါက်သွားလေသည်။ သူ၏ခေါင်းကို ရိုက်လျက်ပြောလိုက်တော့၏။ “တပည့်အခုနားလည်ပါပြီ”

ယခုအချိန်၌ လန်လော့အမုန်းတီးဆုံးလူက နန်းတော်အတွင်းပုန်းခိုနေသော မော့လီပင်ဖြစ်သည်။ မော့လီက လန်လော့ကို နှစ်ပေါင်းများစွာထိန်းချုပ်ထားခဲ့၏။ မော့လီအကူအညီမပါဘဲ ဤအခြေအနေဖြစ်စေသည်ဟု ဆိုနိုင်ပေသည်။

“သူ့ကို စောင့်ကြည့်ဖို့ ဖန်းကျုံးကို ခိုင်းလိုက်”

“ဟုတ်ကဲ့ ရှစ်စွင်း” သူတို့က မဟာခန်းမဆီသို့ ပြန်လာတော့သည်။

လုကျိုးက စနစ်မျက်နှာပြင်ဆီသို့ကြည့်လိုက်တော့သည်။

ကုသိုလ်အမှတ်= ၁၂၁၁၂

လန်လော့ကို ယဉ်ပါးအောင်ပြုလုပ်ခဲ့ခြင်းကြောင့် အန်ဒရီနလင်များ တဟုန်ထိုးပေါ်လာပုံ ပေါ်ကာ လုကျိုးက တစ်စပ်တည်း ကံစမ်းမဲခြောက်ခုနှိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။ ယခင်ရလဒ်များအရ ကုန်ကျစရိတ်နှင့် ရလဒ်ကို တွေးပြီးနောက် သူက အမြတ်ထွက်နိုင်သေးသည်။

လုကျိုးသည် ကျေးဇူးတင်ပါသည် ဟူသော စာခြောက်ခု နှုတ်ဆက်တာ ခံလိုက်ရတော့၏။ လက်ရှိ တွင် သူ့၌ ကံကောင်းမှတ် ဆယ့်လေးမှတ် ရှိနေပြီဖြစ်သည်။ ခေါင်းခါလျက် စနစ်မျက်နှာပြင်ကို ဖယ်ရှားကာ ယခုအချိန်အတွက် ကံစမ်းမဲကို လက်လျှော့လိုက်တော့သည်။

ပြီးနောက် လုကျိုးက မဟာခန်းမကျယ်ထဲ၌ လိမ်လိမ်မာမာရပ်နေသော ရှောင်ယွမ်အာကို ကြည့်ပြီးပြောလိုက်တော့သည်။

“ဒီလာခဲ့”

“အင်း” ရှောင်ယွမ်အာသည် ဆန်ကို ဆိတ်စားနေသောကြက်ပေါက်လေးပမာ လုကျိုးဖက်ဆီသို့ သွားလိုက်တော့၏။

“မင်းရဲ့ကျင့်ကြံမှုမှာ ပြဿနာတစ်ခုခုရှိတာလား”

ရှောင်ယွမ်အာက ခေါင်းညိတ်ပြီးပြောလိုက်တော့သည်။ “တပည့်လတ်တလောမှာ အထွတ်အထိပ် သန့်စင် ကျောက်စိမ်းကျင့်စဉ်ကို ကျင့်နေတာလေ။ တပည့်ရဲ့ကျင့်စဉ်က မတိုးတက်တော့သလို ခံစားမိနေတာ။ ရှေ့မဆက်နိုင်တော့ဘူး”

“ရှေ့မဆက်နိုင်တော့ဘူးလား” လုကျိုးက ဇဝေဇဝါဖြစ်သွားလေ၏။ ပြီးပြည့်စုံသောအထွတ်အထိပ် ကျောက်စိမ်းကျင့်စဉ်၌ ပြဿနာရပ်များများစားစားမရှိသင့်ပေ။ ရှောင်ယွမ်အာ၏ ပါရမီသည် သူ၏ကျန်သည့်တပည့်ရှစ်ယောက်ကို ကျော်လွန်လေရာ သူမ ရှေ့မဆက်နိုင်တာက မဖြစ်နိုင်ပေ။

“မင်းရဲ့လက်ပေး”

“ဟုတ်” လုကျိုးက ရှောင်ယွမ်အာ၏ ထူးကဲချီသွေးကြောရှစ်ကြောထဲသို့ သူ၏ကနဦးချီကို ပေါင်းထည့်လိုက်တော့သည်။ ကနဦးချီက သူမကိုယ်တွင်း၌ လှည့်ပတ်နေတော့၏။ တစ်ပတ်လည်ပြီးနောက် သူမ စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ဆီသို့ရောက်သွားတော့သည်။

လုကျိုးက မျက်မှောင်ကျုံ့သွား၏။ “ချီပင်လယ်တစ်ခုပဲရှိတာလား”

ကျင့်ကြံသူတစ်ဦးသည် ခန္ဓာတည်ဖွဲ့ခြင်းမှ စိတ်နက်နဲမှု၊ ဉာဏ်အလင်းပွင့်ခြင်း ပြီးနောက် အာရုံခံ သိပ်သည်းခြင်းမှ ဗြဟ္မာ့ပင်လယ်သို့ ပုံမှန်ဖြတ်သွားနေကြဖြစ်သည်။ ဗြဟ္မာ့ပင်လယ် ကျင့်ကြံသူတစ်ဦးက ချီသွေးကြောရှစ်ကြောလုံးဆက်နွယ်ပြီးလျှင် ကျင့်ကြံသူက သူတို့၏စွမ်းအင် ဗဟိုချက်ထဲ၌ ချီပင်လယ်တစ်ခုပိုဖွင့်နိုင်မှာပဲဖြစ်သည်။ ယင်းက ဗြဟ္မာ့ပင်လယ်ဟူသော အမည် ရောက်လာသည့်နေရာလည်းဖြစ်သည်။

ချီပင်လယ်၏ ဝိညာဉ်ချီက စိတ်ဝိညာဉ်သဏ္ဌာန်၏ခြေဖဝါးအောက်ရှိ ရွှေကြာ၏ပုံစံဖြစ်သည်။ စွမ်းအင်ဗဟိုချက်သည် ချီပင်လယ်ရှိသည့် ရွှေကြာဖြစ်ပြီး ကြာ၏အရွက်များနှင့်အလင်းက အရပ်မျက်နှာအနှံ့ပျံ့သွား၏။

ချီပင်လယ်မရှိဘဲ ရှောင်ယွမ်အာအဖို့ သူမ၏ကျင့်ကြံဆင့်တိုးတက်ရန် ခက်ခဲနေမှာပင်။ သူမ၏စွမ်းအင်ဗဟိုချက်ကြောင့် ကန့်သတ်ခံထားရမှာပဲဖြစ်သည်။

“ရှစ်စွင်း ဘာဖြစ်လို့လဲ”

လုကျိုးက လက်မြှောက်လိုက်လေ၏။ သူ၏ စိတ်ထဲထိတ်လန့်သွားတော့သည်။

ရှောင်ယွမ်အာသည် နတ်ဒေဝါဦးတည်နယ်ပယ်သို့ ချီပင်လယ်မရှိဘဲရောက်အောင် ကျင့်ကြံနိုင်ခဲ့ သည်။ ယင်းက ချီးကျူးလောက်ဖွယ် လက္ခာဏာရပ်ဖြစ်၏။ ကံကောင်းသည်မှာ အချိန်မှီရှာတွေ့ခဲ့သည်။ မဟုတ်လျှင် ဤအခြေအနေအတိုင်းဆက်လက် ကျင့်ကြံနေပါက ကနဦးချီစွမ်းအား၏ဖိအားမှ သူမ၏စွမ်းအင်ဗဟိုချက်ပေါက်ကွဲပြီး သူမသေလောက်သည်။

“အခု အထွတ်အထိပ်သန့်စင်ကျောက်စိမ်းကျင့်စဉ်ကို ဘေးဖယ်ထားလိုက်ဦး”

“အိုး” “မင်းက မင်းရဲ့ချီပင်လယ်ကို မဖွင့်ရသေးဘူး။ အတင်းအဓ္မကျင့်ကြံမယ်ဆိုရင် ကောင်းတာထက်ဆိုးတာပဲဖြစ်စေမှာ”

ထိုစကားကို ကြားသည့်အချိန်၌ ရှောင်ယွမ်အာက အထိတ်တလန့်အော်လိုက်၏။ “တပည့်ရဲ့ချီပင်လယ်ကို မဖွင့်ရသေးဘူးတဲ့လား”

လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်တော့သည်။ “ဒါအသေးအမွှားလေးပါပဲ။ စိတ်ပူနေဖို့မလိုဘူး” ယင်းက အသေးအမွှားလေးဟု ပြောခဲ့သော်ငြား အလွယ်တကူဖြေရှင်း နိုင်သည့်အရာမဟုတ်ပေ။ လုကျိုးကို ဇဝေဇဝါဖြစ်စေတာက ရှောင်ယွမ်အာ၏ ချီပင်လယ် ပိတ်နေတာပဲဖြစ်သည်။ ကျိထျန်းတောက်၏အရည်အချင်းဖြင့် ထိုအရာကို သတိမပြုမိဖို့က မဖြစ် နိုင်ပေ။ ထိုအကြောင်းပြချက်ကြောင့် ကျိထျန်းတောက်က ကြိုးကိုင်သူဖြစ်သည်ဟု ယူဆမိသည်။

လုကျိုးက ကူကယ်ရာမဲ့စွာခေါင်းချလိုက်တော့သည်။

“ရှစ်စွင်း စာတစ်စောင်” ရှောင်ယွမ်အာသည် မဟာခန်းမအပြင်ဖက်ရှိ စာပို့ငှက်လေးကို ရုတ်တရက်လက်ညှိုးထိုးပြီး ငှက်ဆီခုန်ဝင်သွားတော့၏။ လျှပ်ပြက်သည့်ပမာ မြန်ဆန်သည့် လှုပ်ရှားမှုဖြင့် ငှက်ကိုဖမ်းလိုက်တော့သည်။

သူမသည် မဟာခန်းမသို့ရောက်သည့်အချိန်၌ စာကိုဖွင့်လိုက်တော့၏။ နှုတ်ခမ်းစူလျက် ပြောလိုက်တော့သည်။ “အဲဒီအရှက်မရှိတဲ့သူ ဖြစ်နေပြန်ပြီ”

“ကျန်းအိုက်ကျန့်လား” တိတိကျကျဆိုရလျှင် တာ့ယန်၏တတိယမင်းသား လျှို့ချန်းပေလော။

ရှောင်ယွမ်အာက စာကိုကျယ်လောင်စွာဖတ်ပြတော့သည်။

“လောင်ချန်ပေ့ရဲ့ ဓားလက်ဆောင် အတွက် ကျေးဇူးတင်ပါတယ်။ တကယ် ပြိုင်ဘက်ကင်းဓားတလက်ပဲ။ ဒါကို ကျွန်တော် စိတ်ကျေနပ် တယ်။ ဆရာကြီးအပေါ် ကျွန်တော့်ရဲ့ လေးစာမှုနဲ့ကျေးဇူးတရားတွေကို ဖော်ပြဖို့အတွက် ဒီမှာ သတင်းတချို့ပါ”

လုကျိုးက မုတ်ဆိတ်သပ်လျက်ခေါင်းညိတ်လိုက်တော့သည်။

ကျန်းအိုက်ကျန့်၏ အဆင့်အတန်းဉာဏ်ရည်တို့ဖြင့် သိုလှောင်ရုံကိုဖွင့်ပြီး ဓားတလက်ယူတာက အံ့ဩစရာမကောင်းပေ။

“ဆက်ပြော”

“အရင်ဦးဆုံး ဆရာကြီးရဲ့ သတ္တမမြောက်တပည့်ကို သတိထားပါ။ သူက ပြဿနာရှာတာမှာ ကျွမ်းကျင်နေတာပဲ။ လောကကြီးကို ဖရိုဖရဲဖြစ်အောင်များလုပ်ဖို့ ကြိုးစားနေတာလား။ ဒုတိယအချက် မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်သွားတဲ့ ဝေ့ကျိုးယန်က အတုပဲ။ ဝေ့ကျိုးယန်အစစ်က သူရိန်ပြာရေအိုင်ကို သွားနေပြီးပြီ။ သူက ဆရာကြီးရဲ့အသက်အကန့်အသတ်က ဆယ်နှစ်ဆိုတော့ သူရှစ်နှစ်ကနေ ဆယ်နှစ်လောက်အထိပုန်းနေဖို့ပြင်ဆင်ထားပြီးသား။ အဲ့ဒီဝေ့ကျိုးယန်က တကယ်ကောက်ကျစ်တာပဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့ပူးပေါင်းမှုအတွက် အချိန်တစ်ခု သတ်မှတ်တာက ကျွန်တော်တို့အတွက်ကောမကောင်းဘူးလား။ ကျွန်တော်တစ်ဘဝလုံးကို ဓားကောင်းတစ်လက်နဲ့ လဲလှယ်ရမှာတော့ နဲနဲတွန့်တိုမိတယ်လို့တွေးမိတယ်”

ဆယ်နှစ်အကန့်အသတ်

လုကျိုးက မုတ်ဆိတ်သပ်လျက်ခေါင်းခါလိုက်တော့သည်။

“လူတိုင်းက ငါသေမှာကို စောင့်နေကြတာပဲ”

“ရှစ်စွင်း တပည့်ဒီလိုအတွေးမျိုးမတွေးရဲပါဘူး” ရှောင်ယွမ်အာက ပြောလိုက်လေ၏။

“ကျန်းအိုက်ကျန့်ကို ပြောလိုက်။ ဆယ်နှစ်အကန့်အသတ်ဆိုမှတော့ ငါသေတာနဲ့ ပူးပေါင်းမှုက ပယ်ဖျက်ပြီးသားဖြစ်သွားမယ်”

“အင်း အခုချက်ချင်း သူ့ဆီစာရေးလိုက်ပါ့မယ်” ရှောင်ယွမ်အာက လုကျိုး၏ သတင်းစကားကို အချိန်မှီပို့လိုက်သည်။

သို့သော် သူတို့အဖို့အံ့ဩသွားရတာက ကျန်းအိုက်ကျန့်က သူတို့ကို ချက်ချင်း စာပြန်လာတာပဲဖြစ်သည်။

“ကောင်းပြီ။ ဆရာကြီးကျိ ဆယ်နှစ်လောက်ပဲဖြစ်သွားမယ်လို့မထင်ဘူး။ ဒါပေမဲ့ ဆယ့်ငါးနှစ် အထိဖြစ်သွားရင်တောင် ဒီဓားကောင်းတလက်အတွက် ထိုက်တန်တဲ့အပေးအယူ တစ်ခုလို့ တွေးမိ ဦးမှာ” စာကိုဖတ်ပြီးနောက် ရှောင်ယွမ်အာသည် ထိုလူ၏အရှက်မဲ့မှုအတွက် ကျိန်ဆဲမိသွား၏။

သို့သော် လုကျိုးက အနှောင့်အယှက်ဖြစ်ပုံမပေါ်ပေ။ သူက မုတ်ဆိတ်သပ်လျက်ပြောလိုက်၏။

“ငါက အမြဲတမ်း ကတိတည်တယ်။ ငါက စကားမတည်တဲ့သူတွေကို အမုန်းဆုံးပဲလို့ သူ့ကိုပြောလိုက်”

“ဟုတ်ကဲ့ ရှစ်စွင်း”

ရှောင်ယွမ်အာသည် စာပို့ပြီးနောက် လုကျိုးက ကျန်းအိုက်ကျန့်၏ စာပါ အကြောင်းအရာများကို တွေးနေလေသည်။.

“မင်းရဲ့ စန်းရှစ်ရှိုးနဲ့ စစ်ရှစ်ရှိုးကို ပြောလိုက်။ ဝေ့ကျိုးရန်ကို သူတို့နဲ့အတူ ခေါ်သွားရမယ်”

“ဒီတစ်ခေါက်ဘာလုပ်ဖို့စီစဉ်နေတာလဲ ရှစ်စွင်း” ရှောင်ယွမ်အာက မေးလိုက်လေသည်။

“တစ်စုံတစ်ယောက်ကတော့ ပြန်မွေးဖွားဖို့အလျင်လိုနေပြီလေ။ ငါက သူ့ရဲ့ ဆန္ဒကိုဖြည့်ပေးဖို့ ဆန္ဒရှိတာထက်ပိုတာပေါ့”

ရှောင်ယွမ်အာသည် ထိုစကားကို နားမလည်သော်ငြားချက်ချင်းပြေးထွက်သွားတော့သည်။

ထိုစဉ် သူရိန်ပြာတောင်တန်းအလယ်ရှိ တထပ်တိုက်အိမ်ငယ်လေးထဲတွင်ဖြစ်သည်။ အိမ်ငယ်လေး က သန့်ရှင်းသပ်ရပ်၏။ ရေအိုင်အလယ်ဆီသို့ ပေါင်းကူးတံတားလေးလည်းရှိပြီး ရေများဝိုင်း နေတော့သည်။

ကျက်သရေရှိသောမိန်းမပျိုလေးတစ်ဦးက ဝေ့ကျိုးယန်ဘေးမှ မေးလိုက်တော့၏။ “စစ်သူကြီး ဝေ့ကျိုးယန်က အဲ့ဒီလူဆိုးကို အရူးလုပ်နိုင်ပါ့မလား”

ဝေ့ကျိုးယန်သည် သစ်သားကုလားထိုင်ပေါ်၌ မှီလျက် ရှေ့နောက်လွှဲနေသည်။ သူက နေရောင်ကို ခံစားလျက်ပြောလိုက်တော့သည်။ “ဝေ့ကျိုးယန်က သေချင်နေပြီး မင်းသူ့ကို ကောင်းကောင်း လေ့ကျင့်ပေးထားတယ်ဆိုမှတော့ ပြဿနာရှိမှာမဟုတ်ဘူး။ ဝေ့ကျိုးယန်က အဲဒီမိစ္ဆာကြီးကို အရူး မလုပ်နိုင်ခဲ့တောင် ငါ ဘာမှဆုံးရှုံးစရာမရှိဘူးလေ”

…

All Chapters