← Chapters

အခန်း (၂၀၈-၂၁၀)

Vol. 14 Ch. 208-210

အခန်း (၂၀၈-၂၁၀)

Vol. 14 Ch. 208-210

အခန်း (၂၀၈) မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ခွင့်၊ စီးဝူယာ့ ဘယ်မှာလဲ

ကျန်းအိုက်ကျန့်က ဝင်ပါရသည်ကို မကြိုက်သော်လည်း အမြဲလိုလို ဖိအားပေးခံနေရသည်။ ဤတစ်ကြိမ်လည်း အတူတူ ဖြစ်၏။ သူ ဝင်ပါပြီးနောက် ချက်ချင်း နောင်တရသွားသည်။

သူက ဘာလို့များ လေလုံးကြီးမိနေတာလဲ … ဘာလို့ ဝင်ပါချင်ရတာလဲ … ဒါက သူနဲ့ မဆိုင်ဘူးလေ။

မိစ္ဆာအိုကြီးက ဒီအကွက်ကို မြင်ပြီးလောက်လေပြီ။ သူ မပါတော့လျှင်ပင် ကိစ္စများက အတူတူ ဖြစ်သွားမည်သာ ဖြစ်၏။ ထို့အပြင် သူ့ရှေ့မှ လူသည် လောကတွင် အကြီးမြတ်ဆုံး မိစ္ဆာကြီး ဖြစ်၏။ ထို့အပြင် မိစ္ဆာလေး သုံးယောက်လည်း ရှိနေသေးသည်။ သူတို့တစ်ယောက်ချင်းစီက သူ့အသက်အား အလွယ်လေး နုတ်ယူသွားနိုင်သည်။

ကျန်းအိုက်ကျန့်က လုကျိုးရှေ့ ရပ်နေရင်း ရယ်မောပြီးနောက် အသာဦးညွှတ်လိုက်သည်။ သူက နှုတ်ခမ်းသပ်ကာ “လောင်ချန်းပေ့ … ကျွန်တော်က ကျန်းအိုက်ကျန့်ပါ။ ကြေးစားလောကရဲ့ ကျန်းအိုက်ကျန့်”

“ မင်းက တကယ်ကို အကြံသမားပဲ” လုကျိုးက စားပွဲရှေ့ မထိုင်ခင် ကျန်းအိုက်ကျန့်udk စိုက်ကြည့်လိုက်သည်။

“လောင်ချန်းပေ့ … ဒီပူးပေါင်းမှု … ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် အလုပ်ဖြစ်မယ် မထင်ဘူးလား” ကျန်းအိုက်ကျန့်က မေးလိုက်သည်။

“ငါတော့ မထင်ဘူး ”

လုကျိုးက မျှော်စင်ဆီ ပြန်ရောက်လာစဉ်က တွက်ချက်မှုအချို့ လုပ်ခဲ့သည်။ သူက လှောင်ချိုင့်သုံးကတ်ဖြင့် ယွင်စန်းအား ဖမ်းဆီးခဲ့၏။ သူတို့က အရင်အဟောင်းများ ဖြစ်သော်လည်း ပစ္စည်းဈေးနှုန်းက မြင့်တက်သွားခဲ့လေပြီ။ ယွင်စန်း၏ ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်မျှသာ ရှိထား၏။

သူ့ကို ဖမ်းဆီးခြင်းက လုကျိုးအား ကုသိုလ်ရမှတ် ထိုက်ထိုက်တန်တန် မရစေပေ။ ကုသိုလ်ရမှတ် ရဖို့ ခက်ခဲသည့် အခြေအနေမျိုးကို တွက်ချက်လိုက်လျှင် သူ့အတွက် အရှုံးကြီး ဖြစ်နေသည်။

ကျန်းအိုက်ကျန့်က အတင်းပြုံးလိုက်ကာ “ ဒီနေ့အဖြစ်အပျက်အတွက် ကျွန်တော်ကို အပြစ်တင်လို့တော့ မရဘူး။ အပြစ်တင်ချင်ရင် ခုနှစ်ယောက်မြောက် တပည့် စီးဝူယာ့ကိုပဲ အပြစ်တင်ရမှာ … နောက်ကွယ်ကနေ စီစဉ်သွားတာ သူပဲ ”

“ ငါ သိတာကတော့ မင်းက ငါ့ကို ဒီခေါ်လိုက်တာပဲ ” လုကျိုးက ပြောလိုက်သည်။

ကျန်းအိုက်ကျန့်က ပြောစရာပင် ရှာမတွေ့တော့ပေ။ ဟုတ်ပေသည်။ သူ မှားယွင်းခဲ့၏။ သူက ကြောက်ကြောက်လန့်လန့်ဖြင့် ရပ်နေသည့် ဟွားယွဲ့ရှင်းအား ကြည့်လိုက်သည်။ သူက ရုတ်ခြည်း အတွေးတစ်ခု ဝင်လာကာ “ကျွန်တော်ဆီမှာ လောင်ချန်းပေ့ ခံစားချက် ပိုကောင်းလာအောင် လုပ်ပေးနိုင်တဲ့ တစ်ခု ရှိတယ် ”

“ဘာလဲ ”

ကျန်းအိုက်ကျန့်က ဟွားယွဲ့ရှင်းဆီ လျှောက်လာကာ ပြောလိုက်သည်။

“ ဟွားယွဲ့ရှင်း … အစကတော့ မင်းကို နန်းတော်ကနေ ခေါ်ထုတ်ပြီး လွတ်လပ်ခွင့် ပေးမလို့ပဲ။ ဒါပေမဲ့ အခုတော့ မင်းကို ပိုကောင်းတဲ့ လမ်းတစ်ခုဆီ ညွှန်းပေးမယ် ”

“ရှင် … ”

“ မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်လိုက် ” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

မင်ရှစ်ရင်က သဘောမတူစွာ ဝင်ထောက်လိုက်သည်။

“ သူ့ကို အထင်သေးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ အရည်အချင်းနဲ့ … သူက မိစ္ဆာဝေဟင်မျှော်နန်းမှာ အထွေထွေ အလုပ်သမားသာသာပဲ ရှိတယ်။ ကျိုးကျစ်ဖုန်းတောင် သူ့ထက် ပိုအားကောင်းသေးတယ် ”

ဟွားယွဲ့ရှင်းက သူမ မရှိသလိုမျိုး ပြောနေသည်ကို ကြည့်ရင်း ရန်စခံရသလို ခံစားမိသည်။ သူမက လော့ဂိုဏ်း၌ ငယ်စဉ်ကတည်းက ကျင့်ကြံခဲ့သည်။ သူမက ဓား၊ ဓားကြီး၊ သို့မဟုတ် လက်သီးကို မနှစ်သက်ခဲ့ပေ။ သူမအနေနှင့် လေးမြားကိုသာ သဘောကျခဲ့၏။ သူမ ရွေးချယ်လိုက်ကတည်းက သူမဘာသာ မရပ်တန့်နိုင်တော့ပေ။ သူမက လော့ဂိုဏ်း၏ နတ်လေးသျှင်တစ်ယောက်အဖြစ် အဆုံးသတ်သွားခဲ့သည်။ သူမ လော့ဂိုဏ်းမှ ထွက်လာပြီးနောက် နန်းတော်ကို ဝင်ကာ အံ့ဖွယ်မြို့တော်ရှိ နတ်လေးသျှင် သုံးယောက်ထဲမှ တစ်ယောက် ဖြစ်လာသည့်အထိ ကြိုးစားခဲ့သည်။ သို့သော်လည်း သူမက ငယ်ရွယ်ကာ ရှေ့တန်း၌ သတ်ဖြတ်သည့် အတွေ့အကြုံများများစားစား မရှိခဲ့ပေ။ ထို့ကြောင့် သူမက အံ့ဖွယ်မြို့တော်ရှိ နတ်လေးသျှင်သုံးယောက်၌ အဆင့် ၃ ဖြစ်နေခြင်း ဖြစ်၏။

“အထွေထွေ အလုပ်သမားတဲ့လား … မဖြစ်နိုင်တာ ..” ဟွားယွဲ့ရှင်းက ပြောလိုက်သည်။

“ ဘာလဲ … ငါနဲ့ လက်ရည်စမ်းချင်နေတာလား။ လာခဲ့စမ်းပါ။ ငါက မိန်းမတွေ၊‌ ယောကျ်ားတွေ ခွဲတာ မဟုတ်ဘူး။ အရိုက်ခံရမှ မငိုနဲ့ ” မင်ရှစ်ရင်က လက်မြောက်လိုက်ပြီး ခွဲခွာချိတ်ကောက်ကို လှည့်ရင်း ပြောလိုက်သည်။

သူမက ကောင်းကင်အဆင့် လက်နက်ကို မြင်လိုက်သည့်အခါ ဟွားယွဲ့ရှင်းက နောက်တစ်လှမ်း ဆုတ်မိလိုက်သည်။ သူမက ထိတ်လန့်သွားမှန်း သိသာလှသည်။ အစောပိုင်း သူမက မင်ရှစ်ရင်နှင့် တိုက်ခိုက်ဖူးလေသည်။ တစ်ခါ ခံရလျှင် တော်လေပြီ။

ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

“ သူ့ကို လျှော့မတွက်နဲ့။ ဟွားယွဲ့ရှင်းက လေးပညာမှာ ထူးချွန်တယ်။ သူမက လူမှားလိုက်တာတော့ နှမြောစရာပဲ ” သူက ဟွားယွဲ့ရှင်းဘက် လှည့်ပြောလိုက်သည်။

“တကယ်လို့ မင်း မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ချင်ရင် သူတို့ကို အကွက်တချို့ ထုတ်ပြလိုက် ”

“ ကျွန်မ မဝင်ဘူး ” ဟွားယွဲ့ရှင်းက တန်းငြင်းလိုက်သည်။

“ဘာလို့လဲ ”

“ မိစ္ဆာလမ်းစဉ်ဆီ ရောက်တာထက် နန်းတော်မှာပဲ အပြစ်ပေးခံလိုက်မယ် ”

ကျန်းအိုက်ကျန့်က သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ ထို့နောက် သူက အစ်ကိုကြီးတစ်ယောက်ဟန်ဖြင့် “ ငါ့ကို ယုံ … နန်းတော်က ပဋိပက္ခတွေက အပြင်လောကထက် ပိုရှုပ်တယ်။ ပြီးတော့ ကျောက်စိမ်း မိန်းမပျိုလေးရဲ့ စုန်းအတတ်လည်း ခြေဖျက်ပြီးပြီ။ မော့လီက အန္တရာယ်များတဲ့လူပဲ။ မင်းက လော့ဂိုဏ်းကို ပြန်သွားဖို့ တွေးနေတယ်လို့တော့ မပြောနဲ့နော် ”

ဟွားယွဲ့ရှင်းက ကျန်းအိုက်ကျန့်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူမက သည်အမျိုးသားသည် အားလုံးကို သိနေသလို ခံစားနေရသည်။

“ ရှင်က ဘယ်သူလဲ ”

“အဲဒါ အရေးမကြီးပါဘူး …” ကျန်းအိုက်ကျန့်က လက်နောက်ပစ်လျက် ရှေ့နောက်လျှောက်လိုက်သည်။

ထိုစဉ် မင်ရှစ်ရင်က မနေနိုင်တော့ဘဲ ကန်ထုတ်လိုက်သည်။

“ ဝေ့ပတ်မနေနဲ့။ မင်းက မင်းသားပဲ။ လိုရင်းသာ တန်ပြောလိုက် ”

“…”

ကျန်းအိုက်ကျန့်က တင်ပါးကို ပွတ်ကာ ပြောလိုက်သည်။ “ငါက မင်းသားပဲ။ ငါ့ကို မျက်နှာသာပေးမယ်မလား။ ကောင်းပြီ .. ဒါကို အခုဖြေရှင်းလိုက်မယ်”

“ ရှင်က မင်းသားလား ” ဟွားယွဲ့ရှင်းက မျက်လုံးအပြူးသား ဖြစ်သွားလေသည်။

“ … သိုသိုဝှက်ဝှက် နေတဲ့သူပေါ့” ကျန်းအိုက်ကျန့်က သူမအား ဆွဲကာ တီးတိုးပြောလိုက်သည်။

ဟွားယွဲ့ရှင်းက ငယ်ရွယ်လွန်းသောကြောင့် သူ့စကားနားထောင်ပြီးနောက် ခေါင်းညိတ်ကာ လုကျိုးဆီ သွားလိုက်ပြီး ရိုရိုကျိုးကျိုး ပြောလိုက်သည်။ “ ကျွန်မ ဟွားယွဲ့ရှင်းက မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး လောင်ချန်းပေ့ လက်ခံပေးပါ ”

လုကျိုးက ဟွားယွဲ့ရှင်းကို ကြည့်လိုက်ပြီးနောက် ထရပ်ကာ “ မင်းမှာ ဝင်ပိုင်ခွင့် မရှိသေးဘူး ”

ဟွားယွဲ့ရှင်းက ဘာပြန်ပြောရမှန်း မသိတော့ပေ။ သူမက ညာလက်ကို အသာခါလိုက်ပြီး ဘယ်လက်ကို မြောက်လိုက်သည်။ ထိုစဉ် သူမလက်၌ စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် လေးမြား ပေါ်လာသည်။ စွမ်းအင်မြားက သူမ လက်ညိုးနှင့် လက်ခလယ်ကြား ပေါ်လာသည်။

ဝှစ်

သူမက လှည့်လိုက်ပြီး မျှော်စင်အပြင်ဘက် သစ်ပင်အဖျားတွင် နားနေသည့် ငှက်တစ်ကောင်အား လှမ်းပစ်လိုက်သည်။

ဝှစ်

မြားက လေဟုန်ခွင်းကာ ပစ်မှတ်ကို ထိသွားလေသည်။ ငှက်က တောအုပ်ထဲ ပြုတ်ကျသွားလေ၏။

မင်ရှစ်ရင်၊ တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့က ထိုပြသမှုကြောင့် အနည်းငယ် အံ့အားသင့်သွားကြသည်။

ဤသည်မှာ သူတို့အနေနှင့် စွမ်းအားကို လက်နက်မပါဘဲ ပစ်ခွင်းခြင်းကို ပထမဆုံး မြင်တွေ့ဖူးကြခြင်း ဖြစ်သည်။

လုကျိုးက ဟွားယွဲ့ရှင်းကို ကြည့်ကာ “ အားနည်းလွန်းတယ် ”

ဟွားယွဲ့ရှင်းက လက်လျှော့ဖို့ မလိုလားပေ။ သူမက ဦးညွှတ်ကာ ပြောလိုက်သည်။

“ ကျေးဇူးပြုပြီး လက်နက်တစ်ခုလောက် ငှားပါ ”

လက်နက်မပါဘဲ ချီကို စွမ်းအားအဖြစ် ဖွဲ့စည်းခြင်းက အမြဲတမ်း အားနည်းလေသည်။

လုကျိုးက လက်မြောက်လိုက်သည့်အချိန် ကျောက်စားပွဲပေါ်၌ ကောင်းကင်လေးကိုင်းတစ်ခု ပေါ်လာသည်။

ဟွားယွဲ့ရှင်းက ကောင်းကင်လေးကိုင်းကို ယူကာ မျှော်စင်အဖျားနား လျှောက်လာပြီး ပစ်မှတ်ကို ရှာလိုက်သည်။

သူမက လေးကိုင်းကို ကိုင်လိုက်သည့်အခါ သူမ အကြည့်တို့က တည်ငြိမ်ကာ အမူအရာတို့က လေးနက်နေသည်။ သူမ ယုံကြည်ချက်တို့ ပြန်ရောက်လာသလို ခံစားလိုက်ရသည်။ ဤတစ်ကြိမ် သူမက ညာဘက်လက်ဖြင့် လေးကြိုးကို ဆွဲလိုက်သည်။ သူမက ချီကို စွမ်းအားအဖြစ် ဖွဲ့စည်းလိုက်၏။ စွမ်းအင်မြားက ထက်ရှကာ သေးသွယ်ကြည်လင်သည်။ သူမက အသက်ရှုနှုန်းကိုပါ ချိန်ညှိလိုက်သည်။

နတ်လေးသျှင်တစ်ယောက်အနေနှင့် ချိန်ရွယ်မှုက သူမအတွက် လိုအပ်သည့် အရာအားလုံး မဟုတ်ပေ။ သူမ လိုအပ်သည်က အမြင်ကောင်းကောင်းလည်း ပါဝင်၏။ သူမ မြင်ကွင်းရှိ အရာအားလုံးက ပစ်မှတ်များ ဖြစ်ကြသည်။ သူမက ကြိုးကို လွှတ်လိုက်တော့သည်။

ဝှစ်

ပထမ မြားကို တောအုပ်ထဲ ပစ်လွှတ်လိုက်သည်။ ထိုမြားက ကျယ်လောင်သောကြောင့် တောအုပ်ထဲမှ ငှက်များစွာ လန့်ဖျပ်ပျံပြေးကုန်ကြသည်။

ဟွားယွဲ့ရှင်းက လေးကြိုးကို ထပ်မံဆွဲလိုက်သည်။ စွမ်းအင်မြားများစွာက ပျံသန်းနေသည့် ငှက်များကို ထိကုန်ကြသည်။

“ မိုက်တယ် ” ကျန်းအိုက်ကျန့်က လက်ခုပ်တီးကာ ပြောလိုက်သည်။

ဖြောင်းဖြောင်းဖြောင်း …

ကျန်းအိုက်ကျန့်၏ လက်ခုပ်သံမှလွဲ၍ မျှော်စင်အတွင်း တိတ်ဆိတ်နေလေသည်။ သူ့လက်ခုပ်သံသာ နေရခက်စွာ ထွက်ပေါ်လာ၏။

…

အခန်း (၂၀၈) မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ခွင့်၊ စီးဝူယာ့ ဘယ်မှာလဲ (ခ)

မင်ရှစ်ရင်၊ တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့က သူ့ကို ပြိုင်တူ လှည့်ကြည့်လာသည်။ သူ့အား အရူးတစ်ယောက်ကို မြင်လိုက်ရသလိုမျိုး ကြည့်နေကြ၏။

“ လာစမ်းပါ … ဒါက တကယ်မိုက်တာပဲလေ” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

လုကျိုးက ခေါင်းခါကာ ပြောလိုက်သည်။

“ တကယ့် လေးပညာက တိုက်ပွဲမှာ … မင်းက ပါရမီရှိပေမဲ့ ထက်ရှမှု မရှိဘူး။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ဖို့အတွက် အရည်အချင်းပြည့်မီဖို့ လိုနေသေးတယ် ”

သူ့စကားအဆုံးတွင် လုကျိုးက လက်ဝေ့ကာ ကောင်းကင်လေးမြားကို ပြန်သိမ်းလိုက်သည်။

“ကျန်းအိုက်ကျန့် … မင်းက ကောင်းကင်အပိုင်းအစတစ်ခု ရလာအောင် ကူညီထားတာဆိုတော့ ဒီတစ်ခါ ထည့်မတွက်တော့ဘူး။ ငါတို့ကတိကို မေ့မပစ်နဲ့ ”

“လောင်ချန်းပေ့ ဘေးကင်းတဲ့ ခရီးလေး ဖြစ်ပါစေ ”

ထိုစဉ် သူ့စီးတော်သားရဲ နတ်ခြင်္သေ့က တိမ်ယံကြားမှ ပျံသန်းလာသည်။

လုကျိုးက ကျောပေါ် အသာခုန်တက်လိုက်သည်။ ရှောင်ယွမ်အာလည်း ပြေးလာ၏။

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ကြသည်။ အမြင်နှင့်တင် သူတို့က သူတို့ဘာသာ ပျံသန်းရတော့မည်မှန်း သိလိုက်ကြသည်။

တကယ်ကို ပင်ပန်းလွန်းလှသည်။

နတ်ခြင်္သေ့က လေထဲမှ အန်းယန်မြို့ရှိရာဆီ ပျံသန်းသွားလိုက်သည်။

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့လည်း နောက်မှ လိုက်ပါလာကြ၏။

……………..

ဟွားယွဲ့ရှင်းက ကြောင်သွားလေသည်။ အချိန်တစ်ခုအထိ သူမက ဘယ်လိုတုံ့ပြန်ရမှန်း မသိပေ။

ကျန်းအိုက်ကျန့်က ပြောလိုက်၏။

“သူတို့နောက် လိုက်သွား … မင်းမှာ တခြားသွားစရာ မရှိတော့ဘူး။ ငါ ပြောတာ မှတ်ထား။ နန်းတော်မှာ မင်းအတွက် နေရာ မရှိသလို လော့ဂိုဏ်းမှာလည်း မရှိဘူး။ သမာသမတ်လမ်းစဉ်တွေက မင်းကို လက်ခံမှာ မဟုတ်ဘူး … မင်းက မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ရုံအပြင် တခြားရွေးစရာ မရှိဘူး”

“အိုး ” ဟွားယွဲ့ရှင်းက သူတို့နောက်မှ လိုက်သွားသည်။ သူမက လေးသမားတစ်ဦး ဖြစ်၍ အမြန်နှုန်းနှင့် မစိမ်းလှပေ။ သူမက သူမဘာသာ သက်သေပြချင်သည့်အလား သူတို့နောက်မှ စိတ်အားထက်သန်စွာ လိုက်လာလိုက်သည်။

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က နောက်လှည့်ကြည့်လိုက်သည့်အခါ သူမကို မြင်လိုက်ရသည်။

မင်ရှစ်ရင်က လေထဲ ရပ်လိုက်ရင်း “ ရှစ်စွင်းက မင်းကို မိစ္ဆာဝေဟင်မျှော်နန်း ဝင်ဖို့ အရည်အချင်း မပြည့်မီဘူးလို့ ပြောပြီးပြီ … ”

“ ကျွန်မ သက်သေပြချင်တယ် ” ဟွားယွဲ့ရှင်းက အခိုင်အမာ ပြောလိုက်သည်။

“ ငါ မင်းကို သတ်လိုက်မှာ မကြောက်ဘူးလား” မင်ရှစ်ရင်က ခြိမ်းခြောက်လိုက်သည်။

ဟွားယွဲ့ရှင်းက တုန်လှုပ်သွားလေသည်။ သူမက ထိုအကြောင်းအရင်းကြောင့် အနီးမကပ်ရဲဘဲ ခပ်ခွာခွာမှ လိုက်လာခြင်း ဖြစ်၏။

ထိုစဉ် နတ်ခြင်္သေ့က အံ့မခန်း အရှိန်မြင့်တင်လိုက်သည်။ သူတို့ကို မျက်စိတစ်မှိတ်အတွင်း ဖုန်တောထဲ ချန်ထားခဲ့လေ၏။

လုကျိုးက နတ်ခြင်္သေ့နောက်တွင် စီးနင်းရင်း နယ်မြေများကို ငုံ့ကြည့်နေသည်။

“ ရှစ်စွင်း အဲဒါဘာလဲ” ရှောင်ယွမ်အာက တေးသံကိုးသွယ်မြစ်တစ်ဖက်ရှိ တောအုပ်အပေါ်တွင် ပျံသန်းနေသည့် ရထားလုံးပျံကို လက်ညှိုးထိုးပြလိုက်သည်။

လုကျိုးက နတ်ခြင်္သေ့ကို အရှိန်လျှော့ဖို့ အမိန့်ပေးလိုက်သည်။

ရှောင်ယွမ်အာက ပြောလိုက်သည် “အဲဒါ တပည့်ကို မျှော်စင်တုန်းက လက်ဆောင်ပေးသွားတဲ့ လူရဲ့ ရထားလုံးပျံပဲ ”

လောင်ချီ … စီးဝူယာ့ရဲ့ ရထားလုံးပျံ မဟုတ်ဘူးလား။

“ချီရှစ်ရှိုးက ဒီရောက်နေတာလား” ရှောင်ယွမ်အာက သိချင်မိ၏။

လုကျိုးက ဒီရက်ပိုင်း အဖြစ်အပျက်ကို ပြန်အမှတ်ရသွားပြီး အသံဩဩဖြင့် ပြောလိုက်သည်။ “ငမိုက်သား ”

နတ်ခြင်္သေ့က ဦးတည်ရာ ပြောင်းကာ တေးသံကိုးသွယ်မြစ်ဆီ ဦးတည်လိုက်သည်။ ကောင်းချီး အရှိန်အဝါ လွှမ်းခြုံထားသော နတ်ခြင်္သေ့က အံ့မခန်းအရှိန်ဖြင့် ကောင်းကင်ဆီ ပျံသန်းသွားသည်။

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က အဝေးမှ မြင်လိုက်ရသည့်အခါ ရပ်ပြီး ကြည့်လိုက်ကြသည်။

ဟွားယွဲ့ရှင်းလည်း အတူတူ ဖြစ်၏။

နတ်ခြင်္သေ့က တောက်ပလွန်းလှသည်။

အနီးကပ်လာသည့်အခါ ရထားလုံးပျံမှ ကျင့်ကြံသူများက ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။

“သွားပြီ … လောင်ချန်းပေ့က ငါတို့ကို သတိထားမိသွားပြီ ”

“ ပြေးကြ ”

ရထားလုံးပျံကို အလျင်အမြန် ပြန်လှည့်ကြသည်။

သို့သော် ကံဆိုးစွာဖြင့် ….

လုကျိုးက ပြောလိုက်သည်။ “ထွက်ပြေးချင်တာလား”

သူက လက်ဝေ့လိုက်သည့်အခါ မိုးကြိုးကတ် ပေါ်လာသည်။ မိုးကြိုးကတ်ကို ပစ်လွှတ်လိုက်သည်။ သူ့ပစ်မှတ်က ရထားလုံးပျံကြီး ဖြစ်၏။

ဝဲကယက်တစ်ခု ပေါ်လာကာ ရထားလုံးပျံထံ ပြေးဝင်သွားသည်။

ကောင်းကင်မှ မိုးကြိုးချက် ကျဆင်းလာသည်။

ဝုန်း

မိုးကြိုးချက်ကို စွမ်းအားများဖြင့် ရစ်ပတ်ထားပြီး ရထားလုံးပျံဆီ တန်းတန်းမတ်မတ် ကျရောက်လာသည်။ ရထားလုံးပျံ၏ လှုပ်ရှားမှုများက ရပ်တန့်သွားကာ လေထဲ ကျိုးကြေသွားလေ၏။

ဝုန်း

ရထားလုံးပျံက လေထဲ တစစီ ဖြစ်သွားကာ ပြုတ်ကျလာသည်။

ဟွားယွဲ့ရှင်းက ထိုအရာ မြင်လိုက်ရသည့်အခါ နေရာမှာတင် ကြောင်တောင်တောင် ဖြစ်နေမိသည်။ သူမက ယွင်စန်းကို လုကျိုး ဖမ်းစဉ်အခါက မြင်သည့်အခါ သူမအနေနှင့် အတွေ့အကြုံ နည်းလွန်းကြောင်း သိလိုက်မိသည်။ သို့သော် သူမက လုကျိုး ဖမ်းဆီးလာပုံကို ကိုယ်တိုင် မမြင်ခဲ့ရပေ။ လက်ရှိ မိုးမြေ တုန်လှုပ်သွားစေနိုင်သည့် မိုးကြိုးသွားကို ကြည့်နေရင်း သူမ၏ အတွေ့အကြုံနည်းပါးမှုကို သေချာခံစားသိရှိလာသည်။ ထို့အပြင် သူမက အဝေးမှ လှမ်းကြည့်ခဲ့ရခြင်း ဖြစ်၏။ ထိုအရာနှင့် ယှဉ်လိုက်လျှင် သူမ မြားများက သေးနုပ်လွန်းလှသည်။

မင်ရှစ်ရင်က တအံ့တဩ ရေရွတ်လိုက်သည်။ “ရှစ်စွင်း လှုပ်ရှားလိုက်ရင် ဘယ်သူမှ မတားဆီးနိုင်ဘူး။ ချီရှစ်တိတော့ ဒီနေ့အရေးပါတာ ဆုံးရှုံးရတော့မှာပဲ ”

တွမ့်မူရှန်းက လက်ပိုက်ထားလျက် “ တကယ်လို့ ချီရှစ်တိသာ ရထားလုံးပျံပေါ်မှာ ရှိနေရင် သူ လွတ်မြောက်နိုင်မယ် မထင်ဘူး ”

နတ်ခြင်္သေ့ရှိနေ၍ စီးဝူယာ့တွင် တောင်ပံအပိုပါလျှင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။ ဒီလိုအခြေအနေမျိုးအောက်၌ စီးဝူယာ့တွင် ယွင်စန်းလိုမျိုး အခွင့်အရေးရလာမည်ပင် မဟုတ်ပေ။

“လောင်ချီတော့ ဒီတစ်ခါ တော်တော်စွန့်စားထားတာပဲ။ သူက ဒီကနေ မျှော်စင်ကို လှမ်းထိန်းရအောင် သတ္တိကောင်းလွန်းတယ်ဆိုတော့လည်း .. ” မင်ရှစ်ရင်က ပျော်နေဟန်ပေါ်သည်။

နတ်ခြင်္သေ့က လေထဲ ပျံသန်းလာသည်။

ကျင့်ကြံသူအများအပြားက ရထားလုံးပျံမှ ခုန်ထွက်လာကြသည်။ ရိုးရှင်းသည့် စွမ်းအားအကာအကွယ် ထုတ်သုံးနိုင်သည့် အဆင့်နိမ့် ကျင့်ကြံသူများက ပြုတ်ကျလာကြသည်။

ဗြဟ္မာပင်လယ်နယ်ပယ်အဆင့်နှင့်အထက် ကျင့်ကြံသူများက လေထဲ လှုပ်ရှားနိုင်ပြီး သူတို့ ပြုတ်ကျလာမှုကို ထိန်းနိုင်ကြသည်။

“ငမိုက်သား ထွက်ခဲ့စမ်း ” လုကျိုး၏ အသံက ပဲ့တင်ထွက်လာသည်။ သူက မျှော်စင်၌ ကုသိုလ်ရမှတ် မရခဲ့ပေ။ သို့သော်လည်း စီးဝူယာ့ကို ဖမ်းနိုင်ပါက ဆုံးရှုံးမှုများမည် မဟုတ်ပေ။

ကျင့်ကြံသူများက ကြောက်လန့်တကြားဖြင့် နေရာအနှံ့ ထွက်ပြေးကြတော့သည်။ သူတို့ဂိုဏ်းချုပ်က ကျိထျန်းတောက်နှင့် ဝေးဝေးနေရန် သတိအကြိမ်ကြိမ် ပေးထားလေသည်။ သူတို့က ဘာမှမခုခံနေတော့ပေ။ ဤသည်မှာ မဟူရာကွန်ယက်၏ စည်းမျဉ်း ဖြစ်လာခဲ့၏။ လက်ရှိ သူတို့ခေါင်းထဲ အတွေးတစ်ခုသာ ရှိသည်။ သူတို့အသက်လေးအတွက် တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးဖို့ ဖြစ်၏။

မည်သူမှ လုကျိုးကို ပြန်မဖြေကြပေ။

လုကျိုးက ထွက်ပြေးသွားသည့် ကျင့်ကြံသူများကို တစ်ချက်ကြည့်လိုက်သည်။ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်ထက် မြင့်မားသည့် ကျင့်ကြံသူ မပါရှိချေ။

စီးဝူယာ့က ဒေါင်းမြီးယပ်တောင် ရထားပြီး ပြီးပြည့်စုံသည့် မဟာကရုဏာအလင်္ကာကို ကျင့်ကြံထားသည့်အတွက် သူ့ကျင့်ကြံဆင့်က နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ရောက်သင့်နေလေပြီ။ မဟုတ်လျှင် နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်လေးဖြင့် သူ့ရာထူးကို ထိန်းထားဖို့ မဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ ဒီလူများကြား စီးဝူယာ့ မပါရှိပေ။

“ယွမ်အာ ”

“ ဟုတ် ”

ရှောင်ယွမ်အာက ဝင်ပါဖို့ လက်ယားနေလေပြီ။ သူမက နတ်ခြင်္သေ့ပေါ်မှ ခုန်ချကာ သိုးအုပ်ကြား ရောက်သွားသည့် ဝံပုလွေတစ်ကောင်အလား ပြုမူလိုက်၏။ နိဗာနခါးစည်းက လေဟုန်ကြား ခုန်ပေါက်နေလေသည်။

မြန်မြန်ဆန်ဆန် ထွက်မပြေးမိသည့် ကျင့်ကြံသူများက နိဗာနခါးစည်းစာ မိနေကြသည်။

ပြန်လည်တိုက်ခိုက်သူများလည်း ရှိ၏။ ရှောင်ယွမ်အာက သူတို့ကို အသာမှောက်သိပ်လိုက်သည်။ ယခုအချိန်တွင် ကောင်းကင်အဆင့် လက်နက်၏ ကြောက်ခမန်းလိလိ စွမ်းရည်များကို အပြည့်အဝ ပြသထားသည်။

ရှောင်ယွမ်အာက အားနည်းသူများကို အနိုင်ကျင့်ရသည်အား သဘောကျနေသည်။ ထို့အပြင် သူမက ရှစ်စွင်း၏ ထောက်ခံမှုလည်း ရထားသောကြောင့် ချုပ်တည်းမထားတော့ပေ။ သို့သော်လည်း သူမက လူမသတ်ပေ။

လုကျိုးက မုတ်ဆိတ်အသာသပ်ရင်း ခေါင်းညိတ်လိုက်သည်။ သူက အလွန်ကျေနပ်နေမိသည်။

အခု အလားအလာကောင်းတဲ့ တပည့်လေး ရလာပြီ …

အကယ်၍ အတိတ်မှာသာ ဖြစ်ပါက ထိုလူများ ဒီလောက် ကံမကောင်းလောက်ပေ။

ခဏအကြာတွင် မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့လည်း လုကျိုးကို မီလာကြသည်။

မင်ရှစ်ရင်က ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ တံတွေးမျိုချရင်း “ စန်းရှစ်ရှိုး … ရှောင်ရှစ်မေ့က ငါတို့ကို နောင်ကျရင် အဲလိုနှိပ်စက်ပစ်မယ် ထင်လား ”

တွမ့်မူရှန်းက ရှောင်ယွမ်အာတစ်ယောက် နိဗာနခါးစည်း ရရချင်း အချိန်ကို ပြန်လည် အမှတ်ရသွားသည်။ သူက ခေါင်းကုတ်ကာ “ မဟုတ်လောက်ပါဘူး … ရှောင်ရှစ်မေ့က အရွယ်ရောက်လာပါပြီ ”

“ ငါလည်း အဲလိုမျှော်လင့်ရတာပဲ ”

ထိုစဉ် အဘက်ဘက်မှ အသံများ ထွက်ပေါ်လာသည်။ ရှောင်ယွမ်အာထံ ဖမ်းခံထားရသည့် ကျင့်ကြံသူများစွာ ရှိလေသည်။ သူမက ဘေးတွင် ပုံထားလေ၏။ အားလုံးက နိဗာနခါးစည်းဖြင့် ချည်ခံထားရသည်။

လုကျိုးက ဖြည်းဖြည်းချင်း ဆင်းလာကာ နတ်ခြင်္သေ့ကို အသာပုတ်ပေးလိုက်သည်။

နတ်ခြင်္သေ့က ဟိန်းလိုက်ပြီးနောက် နေရာမှာ စောင့်ပေးနေသည်။

“ ရှစ်စွင်း တပည့် ထပ်ရိုက်လိုက်ရမလား။ သူတို့ ချီရှစ်ရှိုးရဲ့ နေရာကို ထုတ်ပြောလာမှာ သေချာတယ်”

ရှောင်ယွမ်အာက ပြောလိုက်သည်။

လုကျိုးက လက်အသာဝေ့လိုက်ပြီး သူမအား နောက်ဆုတ်ဖို့ လက်ဟန်ပြလိုက်သည်။

ရှောင်ယွမ်အာက ဘေးဆုတ်ပေးလိုက်သည်။

လုကျိုးက လက်နောက်ပစ်လျက် ပြောလိုက်သည်။

“မေးခွန်း တစ်ခုပဲမေးမယ်။ အဖြေမှားရင် မင်းတို့ တန်ဖိုးပြန်ပေးရမယ် ”

ကျင့်ကြံသူအုပ်စုက တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။ သူတို့က တစ်မိုးအောက် မိစ္ဆာကြီးနှင့် ရင်ဆိုင်နေရလေသည်။ ဒီလူက သူတို့ဂိုဏ်းချုပ်၏ ဆရာ ဖြစ်၏။ ဂိုဏ်းချုပ်က သူတို့အား ဘာမှမခုခံဘဲ ပူးပေါင်းဖို့ ပြောခဲ့သည်။

“ အခု စီးဝူယာ့ ဘယ်မှာလဲ ”

“လောင် … လောင်ချန်းပေ့ … ကျွန်တော်တို့က အမိန့်အရလာတာပါ။ ဂိုဏ်းချုပ်က အမြဲတမ်း လျှို့ဝှက်တတ်တဲ့သူဆိုတော့ အခု သူ ဘယ်မှာရှိနေလဲဆိုတာ ကျွန်တော်တို့ မသိရပါဘူး ”

“ အဲဆို မင်းတို့က ဘာလို့ ဒီမှာပုန်းနေတာလဲ ”

“ဂိုဏ်းချုပ်က နဝမသခင်မလေးကို လက်ဆောင်ပေးပြီးရင် အခြေအနေကို စောင့်ကြည့်ဖို့ မှာထားလို့ပါ ”

လုကျိုးက မုတ်ဆိတ်သပ်ရင်း စဉ်းစားလိုက်သည်။

စီးဝူယာ့က ဒါတွေအားလုံး စီစဉ်ထားသူ ဆိုတော့ သူ့ရည်ရွယ်ချက်အစစ်အမှန်က ဘာလဲ …

မင်ရှစ်ရင်က ဦးညွှတ်ကာ “ ရှစ်စွင်း … လောင်ချီက ဒီတစ်ခါ လွန်လွန်းသွားပြီ။ သူက မိစ္ဆာဝေဟင်မျှော်နန်းကိုတောင် နယ်ရုပ်အဖြစ် အသုံးချရဲတယ်။ ကျွန်တော် ဒီမှာနေပြီး သူ့နောက်ယောင်ခံလိုက်လိုက်ပါ့မယ်။ ကျွန်တော် သူ့ကို ဖမ်းခဲ့ပါ့မယ်လို့ ကျိန်ဆိုပါတယ် ”

“ မင်းက သူ့ပြိုင်ဘက် မဟုတ်မှာကိုပဲ စိုးတယ် ” လုကျိုးက လက်နောက်ပစ်လျက် ပြောလိုက်သည်။

ဤသည်မှာ ကျင့်ကြံဆင့် ပြဿနာမျှ မဟုတ်ပေ။ ဉာဏ်များမှုအရ မင်ရှစ်ရင်က အမြဲတမ်း ထက်မြက်သော်လည်း နုသေး၏။

…

အခန်း (၂၀၉) ဒါကမင်းကောင်းဖို့အတွက်ပဲ

မင်ရှစ်ရင်က အခဲမကြေစွာ ပြောလိုက်သည်။ "ဘယ်သူပိုသန်မာလဲဆိုတာ ကျွန်တော်တို့ မသိရသေးဘူးလေ”

တွမ့်မူရှန်းက ပြောလိုက်၏။ “စစ်ရှစ်တိ မင်းအရင်ကနဲ့ မတူတော့ဘူး။ လတ်တလော လက်ရည်ယှဉ်တဲ့အတောအတွင်း မင်းအရင်ကနဲ့ယှဉ်ရင် ခံနိုင်ရည်ပိုရှိလာတယ်ဆိုတာ သတိပြုမိတယ်”

“…”

မင်ရှစ်ရင်က တွမ့်မူရှန်းကိုလှည့်ကြည့်လိုက်သည်။ “တစ်ခုခုမှားနေသလိုပဲနော်”

လုကျိုးက နှစ်ယောက်ကို လျစ်လျူရှုထားလိုက်သည်။ သူက မဟူရာကွန်ယက်အဖွဲ့ဝင်များကို ကြည့်ပြီး ပြောလိုက်တော့သည်။

“သူအမှားလုပ်ခဲ့တာကိုသိရင် သူကိုယ်တိုင် ငါ့ဆီလာတွေ့ဖို့ မင်းတို့ဂိုဏ်းချုပ်ကို သွားပြောလိုက်”

ပြောပြီးသည်နှင့် သူက နတ်ခြင်္သေ့ပေါ်သို့ ခုန်တက်လိုက်သည်။

မင်ရှစ်ရင်က ယင်းကို ထူးဆန်းသည်ဟုတွေ့လိုက်ရသည်။ သူက အရိုအသေပေးပြီးပြောလိုက်၏။

"ရှစ်စွင်း ဒါပဲလား”

“မင်းမှာ အစီအစဉ်ကောင်းရှိလား”

“သူတို့အားလုံးကို ကြိုးတုပ်ပြီး တောင်ပေါ်ခေါ်သွားတာပိုကောင်းမယ်။ ပြီးရင် တစ်ရက်ကို တစ်ယောက်သတ်မယ်လေ။ ချီရှစ်တိက သူတို့ကို တန်ဖိုးထားတယ်ဆိုရင် သူပေါ်လာမှာပဲ”

မင်ရှစ်ရင်က ပြောလိုက်သည်။

လုကျိုးက သူ့ကိုလျစ်လျူရှုထား၏။ ကိစ္စများက ထိုမျှရိုးရှင်းနေလျှင် အစောတည်းက သူ၏ တပည့်များကို သွန်သင်ပြသခဲ့မှာပဲဖြစ်သည်။ ယနေ့အချိန်အထိ သူ့ကို ဆွဲထားရန် အဘယ်ကြောင့် လိုအပ်မည်နည်း။

မဟူရာကွန်ယက်ဂိုဏ်းသားများက ကြောက်လန့်မှုကြောင့် ဒူးတုန်နေကြပြီး သူတို့မိဘများကို ငိုယိုတမ်းတကြတော့သည်။ မင်ရှစ်ရင်က သူတို့၏ဆူညံသံများကြောင့် စိတ်ပျက်လာတော့သည်။

“သက်ညှာပေးပါ။ ဒီဟာအတွက်အခကြေးငွေပေးခြင်းခံထားရတာပါ။ ဂိုဏ်းချုပ်ရဲ့မျက်နှာကို တစ်ခါမှတောင် မတွေ့ဖူးပါဘူး။ အသက်ချမ်းသာပေးပါ လောင်ချန်းပေ့”

“မင်းကို ပိုက်ဆံပေးတယ်လား” တွမ့်မူရှန်းက ဇဝေဇဝါဖြစ်သွား၏။

မင်ရှစ်ရင်က ခေါင်းညိတ်ပြီးပြောလိုက်သည်။

“အစစ်အမှန်မဟူရာကွန်ယက်က တစ်ယောက်တည်းက တည်ထောင်ထားတဲ့အဖွဲ့ မဟုတ်ဘူးလေ။ လောကကြီးရဲ့ ဂိုဏ်းတိုင်း၊ ထောင့်တိုင်းကို လူတွေ ဖြန့်ကျက်ထားတာ။ သူတို့က တံငါသည်တွေ ဖြစ်နိုင်တယ်။ ထမင်းချက်တွေ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် နန်းတော်ထဲက အရာရှိတချို့ ဖြစ်နိုင်တယ်။ ဒါကိုရှာတွေ့ပြီဆိုတော့ မဟူရာ ကွန်ယက်က လူတော်တော်များများကို ရန်စထားတာပဲ။ တစ်နေရာထဲမှာ အဖွဲ့ဝင်တွေအားလုံးကို မစုထားဘူးလေ။ စုထားရင် သူတို့ရန်သူတွေက သူတို့ကို တစ်ချက်တည်းနဲ့ ရှင်းထုတ်ပစ်ဖို့ လွယ်သွားရုံပဲရှိမှာ”

“ချီရှစ်ရှိုးက တကယ်ပါးနပ်... အမ်း တပည့်ဆိုလိုတာ ကောက်ကျစ်တာပဲ” ရှောင်ယွမ်အာက ထုတ်ဖော်ပြောလိုက်၏။

လုကျိုးက နတ်ခြင်္သေ့၏နောက်ကျောပေါ် ခုန်တက်လိုက်သည်။

ရှောင်ယွမ်အာက ယင်းကိုမြင်သောအခါ နိဗာနခါးစည်းကို ထုတ်လျက် နတ်ခြင်္သေ့၏နောက်ကျောပေါ် ခုန်တက်လိုက်တော့သည်။

“ဒီလိုဆိုရင် မင်းဆီအပ်ထားလိုက်တော့မယ်” လုကျိုးက မင်ရှစ်ရင်ကိုကြည့်လိုက်၏။ သူက နတ်ခြင်္သေ့ကို တောအုပ်ထဲမှ ထွက်ခွာရန်အမိန့်ပေးပြီးနောက် သူတို့ကအန်းယန်ဆီသို့ ဆက်လက်ပျံသန်းခဲ့သည်။

“အမ်း” မင်ရှစ်ရင်က ဝေခွဲမရ ဖြစ်နေ၏။

တွမ့်မူရှန်းကလျှောက်လာပြီး သူ့ပခုံးကိုပုတ်ကာ စိတ်ရင်းအမှန်ဖြင့်ပြောလိုက်တော့သည်။

"လောင်စစ် အားလုံးက အခုမင်းအပေါ်မူတည်သွားပြီ။ မင်းကို ယုံကြည်တယ်" ပြီးနောက်သူသည်လည်း ပျံထွက်သွားတော့၏။

တွမ့်မူရှန်းထွက်သွားသည်နှင့် မင်ရှစ်ရင်က ချက်ချင်းပင် သူ့ကိုယ်သူရိုက်လိုက်သည်။

“ငါနဲ့ ငါ့ပါးစပ်ကြီး”

မင်ရှစ်ရင်က မဟူရာကွန်ယက်ဂိုဏ်းသားများကို ကြည့်လိုက်၏။

“ဒီနေ့ ငါစိတ်အခြေအနေမကောင်းဘူး။ ငါ့ရဲ့ဒေါသတွေကို မင်းတို့ဆီပဲပေါက်ကွဲပစ်နိုင်တယ်”

လှုပ်ရှားမှုများ ဒလဟော ပုံကျလာ၏။ သစ်သားပြာက ကြီးထွားလာပြီး အော်သံများကြားနေရသည်။

မလှမ်းမကမ်းကနေ လေ့လာနေသော ဟွားယဲ့ရှင်းက မျက်မှောင်ကျုံ့ကာပြောလိုက်၏။

"တတိယမင်းသားက ငါ့ကို လိမ်နေတာများလား။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လူဆိုးတွေက ကြောက်ဖို့မကောင်းဘူးဆို” သူမက အနားမကပ်ရဲတော့ချေ။

ဘီလုံးငှက်မျှော်စင်တွင် သူမ အတွေ့အကြုံရပြီးနောက် မင်ရှစ်ရင်၏ သတိထားစရာ ဖြစ်လာတော့သည်။ သူက စိတ်အပြောင်းအလဲ မြန်ရုံသာမက စိတ်တိုလွယ်သူဖြစ်သည်။ စဉ်းစားပြီးနောက် ဟွားယွဲ့ရှင်းက တွမ့်မူရှန်းနောက်ကျောကိုကြည့်လိုက်သည်။

“တတိယသခင်လေးက ပုံမှန်အဖြစ်ဆုံးပဲ" သူ့နောက်ကို အမြန်လိုက်သွားလိုက်၏။

ထိုစဉ် ဖင်းတုတောင်တန်းရှိ ငရဲဂိုဏ်း၏ အခြေစိုက်စခန်းတွင်ဖြစ်သည်။

“ချီရှစ်တိ ဒီလိုလုပ်လိုက်လို့ ရှစ်စွင်းအမျက်ဒေါသထွက်မှာ မစိုးရိမ်ဘူးလား” ယွီကျန့်ဟိုင်က မေးလိုက်လေ၏။

စီးဝူယာ့က ပလ္လင်ပေါ်တွင်ထိုင်နေသော ယွီကျန့်ဟိုင်ကို လက်သီးနှစ်ဖက်ဆုပ်ကြည့်လျက် ပြောလိုက်သည်။

"တာ့ရှစ်ရှိုး အန်းယန်က အနှောင့်အယှက်တွေက ကျွန်တော်နဲ့ဘာမှမဆိုင်ဘူး။ ကျွန်တော်က သတင်းတစ်ခု ပို့ပေးလိုက်ရုံပဲ။ ရှစ်စွင်းက ဒီအကြောင်း ဒေါသထွက်မယ်ဆိုရင်လည်း ထွက်ပါစေတော့”

ယွီကျန့်ဟိုင်က သူ၏ပလ္လင်မှ ထလိုက်သည်။ လက်နောက်ပစ်ထားလျက် သူကပြောလိုက်၏။

“ငါ သိချင်တာ ဘယ်လိုအသံကျင့်စဉ်မျိုးကများ ငါ့ရဲ့မဟာကာကွယ်စောင့်ရှောက်သူတွေကို တစ်ချက်တည်းနဲ့ နောက်လွင့်ထွက်သွားစေနိုင်တာလဲ”

“တာ့ရှစ်ရှိုးတောင် မသိတဲ့ကိစ္စ ကျွန်တော်ဘယ်လိုလုပ်သိမှာလဲ” စီးဝူယာ့က ခဏရပ်တန့်ပြီးနောက် ပြောလိုက်သည်။

"ဒါပေမဲ့ ရှစ်စွင်းက နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့တာ။ သူ့ဆီမှာ လှည့်ကွက်တစ်ခု၊ နှစ်ခု ရှိနေတာ အံ့ဩစရာမရှိပါဘူး။ ပြောရရင် ထိပ်သီးဆရာကြီးဆယ်ဦးတောင်မှ သူ့ကို နှစ်ကြိမ်ဝိုင်းထားတာ ဘာမှမလုပ်နိုင်ဘူးလေ”

“မင်းပြောတာ အဓိပ္ပာယ်ရှိတယ်” ယွီကျန့်ဟိုင်က ရှေ့လျှောက်နောက်လျှောက် နေ၏။

“တိမ်ခွင်းရထားလုံးက ထပ်ပျံနေပြီလို့ငါကြားတယ်။ ပြီးတော့ နတ်ဆရာဆယ်ပါးရဲ့ ထျန်းကျစ်မြို့က မဟာဘိုးဘေးအစီအရင်ကလည်း ပျက်စီးသွားပြီဆို။ မင်းအမြင်မှာ ရှစ်စွင်းက ဘာကြောင့်လုပ်တယ်လို့ ထင်လဲ”

ယွီကျန့်ဟိုင်၏အမြင်တွင် သူ့ရှစ်စွင်းကဲ့သို့ သက်ကြီးဝါကြီးလူတစ်ဦးသည် မိစ္ဆာဝေဟင်မျှော်နန်းထဲတွင်သာ နေပြီး ခွန်အားကို ချွေတာကာ လက်ကျန်ဘဝကို သက်သောင့်သက်သာ အနားယူနေသင့် သည်။ အာရုံစိုက်မှုများစွာကို ရရှိခြင်းက ယုတ္တိမရှိပေ။

စီးဝူယာ့က မေးစေ့ပွတ်လျက် သူလည်းစဉ်းစားလိုက်လေသည်။ အမှန်တကယ်ပင် သူ၏မဟူရာ ကွန်ယက်က ကုန်းမြေကိုဖြန့်ကျက်ထား၏။ သို့ရာတွင် မိစ္ဆာဝေဟင်မျှော်နန်းက သူမရောက်ရှိနိုင် သည့် တစ်ခုတည်းသောအရာဖြစ်သည်။ သူက လောင်ပါ့ကျူးဟုန်ကုန်းကို သတိရပြီးပြောလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ သတင်းပေးမရှိဘူး။ ဒါကြောင့် ပြောဖို့ခက်တယ်။ ဒါပေမဲ့ စိတ်ပူစရာမလိုတော့ဘူး တာ့ရှစ်ရှိုး။ အန်းယန်မြို့ထဲက ပုန်ကန်မှုကို တမင်တကာ ဝင်နှောင့်ယှက်တာ မဟုတ်ဘူး။ သူ့ရဲ့တကယ့်ပစ်မှတ်က ယွင်စန်းပဲဖြစ်ရမယ်”

ယွီကျန့်ဟိုင်က စီးဝူယာ့၏ စကားကြောင့် အနည်းငယ် ဇဝေဇဝါဖြစ်သွားတော့သည်။

“ရှစ်တိဝူယာ့ ငါ ဝေ့ကျိုးယန်နဲ့ ဆန့်ကျင်ဖက်လုပ်နေတယ်လို့ မင်းထင်လား”

စီးဝူယာ့က ခေါင်းခါပြီးပြောလိုက်တော့သည်။

“ရှစ်ရှိုး ကျွန်တော့်ကို နားလည်မှုလွဲနေပြီ။ ရှစ်ရှိုးက ဝေ့ကျိုးယန်နဲ့ ဆန့်ကျင်ပြီး လှုပ်ရှားတာတော့ အမှန်ပဲ။ ဝေ့ကျိုးယန် သေသွားရင် တာ့ယန်က ရှုပ်ထွေးမှုတွေထဲ မကျရောက်ရင်တောင် တော်ဝင်မိသားစုထဲမှာ ဆူပူလှုပ်ရှားမှုတွေဖြစ်လာပြီး အင်အားစုတွေက ပေါ်ထွက်လာတော့မှာပဲ။ ဒါပေမဲ့ ဧကရာဇ်အနားမှာ ရှိနေရင် မင်းသားငါးပါးက အပြည့်အ၀ လှုပ်ရှားနိုင်မှာ မဟုတ်ဘူး။ တာ့ရှစ်ရှိုးက အမြဲတမ်းသတိကြီးပြီး တည်ငြိမ်တယ်။ ဒီလိုအမှားမျိုးကို လုပ်မှာမဟုတ်ဘူး”

ယွီကျန့်ဟိုင်က ထိုစကားကိုကြားသောအခါ တောက်ပစွာပြုံးလိုက်၏။

"မင်း ပြောတာကို သဘောကျတယ်”

“တာ့ရှစ်ရှိုးက ချီးကျူးနေပါပြီ”

“ရှစ်တိ... ရှစ်စွင်းက ကောင်းကင်အပိုင်းအစတွေအတွက် မိစ္ဆာဝေဟင်မျှော်နန်းကနေထွက်သွားတာ။ သူတို့ဘယ်လောက်ထူးခြားလဲဆိုတာမင်းသိလား” ယွီကျန့်ဟိုင်က မေးလိုက်သည်။

“ကောင်းကင်အပိုင်းအစတွေက စွမ်းအင်အရံအတားတွေကို အလွယ်တကူပိုင်းဖြတ်နိုင်တယ်။ သူတို့က ကောင်းကင်အဆင့်လက်နက်တွေသွန်းလုပ်ဖို့အတွက် အကောင်းဆုံးကုန်ကြမ်းတွေလည်း ဟုတ်တယ်။ ဒါတွေအပြင် သူတို့နဲ့ပတ်သက်ပြီး ထူးခြားတာမရှိဘူး” စီးဝူယာ့က ပြောလိုက်၏။ သို့သော် သူ့အတွက် ယင်းက အဓိပ္ပာယ်မရှိပေ။ အပိုင်းအစများက မထူးခြားလျှင် မိစ္ဆာဝေဟင်မျှော်နန်းက သူတို့ကိုရှာရန်အတွက် အဘယ်ကြောင့်ထိုမျှ အားစိုက်ထုတ်ရသနည်း။ မိစ္ဆာဝေဟင်မျှော်နန်းကနေ သတင်းရနိုင်ရန်နည်းလမ်းမရှိချေ။ သူက ခန့်မှန်းရုံသာခန့်မှန်းနိုင်၏။

ယွီကျန့်ဟိုင်က မိစ္ဆာဝေဟင်မျှော်နန်းဖက်ကိုကြည့်လိုက်၏။ သူက သက်ပြင်းသဲ့သဲ့ချလိုက်သည်။

“ဒါတွေအားလုံး ကျုပ်တို့လုပ်နေတာ မင်းကောင်းဖို့အတွက်ပဲ”

ယခုအချိန်အတွင် သူက တစ်စုံတစ်ခုကို အမှတ်ရသွားပုံပေါ်ပြီး လက်အောက်ငယ်သားကို ဆင့်ခေါ်လိုက်လေ၏။

“ဟုတ်ကဲ့ ဂိုဏ်းချုပ်”

“ဒါက ငါ့အမိန့်ပဲ။ အန်းယန်ပုန်ကန်မှုအတွင်းမှာ စီမိသားစုကို နှောင့်ယှက်ရဲတဲ့သူတွေက ငရဲဂိုဏ်းရဲ့စည်းမျဉ်းတွေအရ ရှင်းထုတ်ခံရမယ်”

“ဟုတ်ကဲ့ ဂိုဏ်းချုပ်”

စီးဝူယာ့က ပြုံးပြီး ပြောလိုက်၏။

“ရှောင်ရှစ်မေ့က တာ့ရှစ်ရှိုးဆီက ဂရုစိုက်မှုကို ရတာ တကယ်ကံကောင်းတာပဲ”

ယွီကျန့်ဟိုင်က ပြုံးလိုက်၏။

“ရှောင်ရှစ်မေ့ရဲ့ ကျင့်ကြံဆင့်က မနက်နဲသေးဘူး။ ဒါတောင် အာ့ရှစ်တိကို တိုက်ခိုက်ဖို့သတ္တိရှိတယ်။ သူက သူ့သတ္တိပြသတဲ့အတွက် ချီးကျူးခံရဖို့ ထိုက်တန်တယ်”

“တာ့ရှစ်ရှိုးပြောတာ အဓိပ္ပာယ်ရှိတယ်”

ထိုစဉ်အပြင်ဘက်မှ အသံတစ်သံထွက်ပေါ်လာ၏။

…

အခန်း (၂၀၉) ဒါကမင်းကောင်းဖို့အတွက်ပဲ(ခ)

“မိုးပြာနဂါးခန်းမရဲ့ ပထမခေါင်းဆောင်က တွေ့ခွင့်တောင်းနေပါတယ်”

“သူ့ကိုဝင်ခိုင်းလိုက်”

ခဏအကြာတွင် မိုးပြာနဂါးခန်းမ၏ပထမခေါင်းဆောင် ဟွားချုံးရန်က ငရဲဂိုဏ်းကမဟာခန်းဆောင် ထဲသို့ ဝင်လာသည်။ စီးဝူယာ့ကိုမြင်တွေ့သည့်အချိန်၌ လက်သီးနှစ်ဖက်ဆုပ်ကာနှုတ်ဆက်လိုက်ပြီးမှ ယွီကျန့်ဟိုင်ဖက်ကိုလှည့်လိုက်၏။ “ဂိုဏ်းချုပ် အန်းယန်မြို့က အဖြစ်အပျက်အကြောင်း သတင်းရထားပါတယ်”

“ဘာတဲ့လဲ”

“ငရဲဂိုဏ်းအယောင်ဆောင်တဲ့သူက ကျင့်မင်တာအိုဂိုဏ်းရဲ့ မော့ချီပါ”

ထိုစကားကို ကြားသောအခါ စီးဝူယာ့က ခြေထောက်ချက်ချင်းကြွလိုက်သည်။ သူက အံ့ဩသွားပုံ မရပေ။ ထိုအစားသူ့မျက်နှာထက်တွင် သိပြီးသားဟူသော အပြုံးမျိုးပေါ်လာလေ၏။ ယွီကျန့်ဟိုင်က တူညီစွာ တုံ့ပြန်သည်။

စီးဝူယာ့က လက်သီးဆုပ်လျက်ပြောလိုက်တော့သည်။

“ဂုဏ်ပြုပါတယ် တာ့ရှစ်ရှိုး။ ဒါက ကောင်းကင်ဘုံက ပေးတဲ့ မဟာအခွင့်အရေးကြီးပဲ”

ယွီကျန့်ဟိုင်က နက်ရှိုင်းစွာပြုံးလိုက်၏။ “ဒါက အမိန့်ပဲ။ ကျင့်မင်တာအိုဂိုဏ်းကို တစ်လအတွင်းဖြေရှင်း”

ဟွားချုံးရန်က ထိုစကားကို ကြားသောအခါ သူကလန်းဆန်းတက်ကြွသွားပြီး ပြောလိုက်တော့၏။

“နားလည်ပါပြီ ဂိုဏ်းချုပ်ကိုစိတ်မပျက်စေရပါဘူး။ ကျင့်မင်တာအိုဂိုဏ်းကို တစ်လအတွင်းဖြေရှင်း လိုက်ပါ့မယ်”

စီးဝူယာ့ကပြောလိုက်၏။

"ကျင့်မင်တာအိုဂိုဏ်းက မော့ချီက ဒဏ်ရာရနေပြီးသား။ ဂိုဏ်းရဲ့ လက်ရွေးစင်ဖန်းလိထျန်းကိုလည်း ဘယ်နေရာမှ ရှာမတွေ့ဘူး။ ကျန်တာက ပွင့်ချပ်ခုနစ်လွှာ လျှို့ဟုန်ယီပဲ။ မဟာကာကွယ်စောင့်ရှောက်သူလေးယောက်ရဲ့ ခွန်အားနဲ့ဆို ကျင့်မင်တာအိုဂိုဏ်းကို ဖြေရှင်းဖို့က အချိန်အတိုင်းအတာတစ်ခုပဲ လိုမှာ”

ယွီကျန့်ဟိုင်က ဤမဟာအခွင့်အရေးကို စောင့်ဆိုင်းနေတာပဲဖြစ်သည်။ ငရဲဂိုဏ်းက ကျင့်မင်တာအို ဂိုဏ်းကို အားသုံးပြီးလျှော့ချနိုင်၏။ သို့သော် ပေးဆပ်ရမည့်တန်ကြေးက ကြီးမားလွန်းသည်။ သူက အစီအစဉ်မရှိဘဲ အဆင်အခြင်မဲ့စွာပြုမူတတ်သည့်သူမဟုတ်ပေ။ သူက “ဖန်းလိထျန်း... သူ ပေါ်လာဖို့ မျှော်လင့်တယ်”

ဖန်းလိထျန်း မည်သည့်နေရာတွင်ရှိမှန်းမည်သူမှမသိပေ။ ဖန်းလိထျန်းက မဟူရာစစ်သည်တော်များ၏ ဖန်းရှုဝမ်နှင့် မျိုးဆက်တူညီသည်ဟု ကောလဟလရှိသည်။ သူသည် အချို့သောအကြောင်းပြ ချက်ကြောင့် ကျင့်မင်တာအိုဂိုဏ်းမှထွက်သွားပြီး လှည့်လည်သွားလာရန် ဆုံးဖြတ်ချက်ချခဲ့၏။ မြူပင်လယ်နှင့် ယုံပေ့တွင် သူ့ကိုမြင်တွေ့တတ်သည်။ ဖန်းလိထျန်းက ကျင့်မင်တာအိုဂိုဏ်း၏ အသက်အကြီးဆုံးလက်ရွေးစင်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။

ယွီကျန့်ဟိုင်က သူ့အတွက်အမည်တစ်ခုတည်ဆောက်ပြီးချိန်မှစပြီး သူ့၌ အာ့ရှစ်တိ ယွီရှန်းရုန်ကဲ့သို့ ထိုက်တန်သည့်ပြိုင်ဖက်တစ်ဦးရှိပြီးသားဖြစ်သည်။ ဖန်းလိထျန်းကလည်း သင့်တော်သောပြိုင်ဖက်တစ်ဦးဖြစ်ရန်မျှော်လင့်မိသည်။ သူ့ရှစ်စွင်းကိုတော့ ဘယ်တော့မှ ထည့်တွက်မည်မဟုတ်ပေ။

လုကျိုးက အန်းယန်တွင် မနေခဲ့ပေ။ သူက သူတို့မိစ္ဆာဝေဟင်မျှော်နန်းသို့မပြန်ခင် အန်းယန်တွင် ဆင်းပြီး စီမိသားစုအားနှုတ်ဆက်ရန် ရှောင်ယွမ်အာကို ခွင့်ပြုခဲ့သည်။

အန်းယန်မြို့ထဲရှိ ပုန်ကန်မှုက ဖြစ်နေပြီးသားဖြစ်၏။ စီမိသားစု မည်သည့်နေရာကို ရွေ့ပြောင်းမည်ဆိုတာက မည်သူမှ မသိပေ။

သူတို့က မွန်းတည့်ချိန်တွင် မိစ္ဆာဝေဟင်မျှော်နန်းသို့ရောက်လာကြသည်။

လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်းထဲ၌ အသေးအမွှားကိစ္စများကိုဖြေရှင်းရန် အချိန်မရှိပေ။ ကောင်းကင်ကျမ်းစာကို ဆင်ခြင်ရန်အတွက် လျှို့ဝှက်အခန်းထဲသို့ တန်းသွားလိုက်သည်။ အန်းယန်တွင်ရှိစဉ်က သူသည်ကောင်းကင်ကျမ်းစာ၏ ထူးကဲစွမ်းအင်အားလုံးကို အသုံးပြုခဲ့သည်။ ထို့ကြောင့် တံခါးပိတ်ကျင့်ကြံရန်ဆုံးဖြတ်လိုက်ပြီး ကောင်းကင်ကျမ်းစာကိုဆင်ခြင်ရန်ဆုံးဖြတ် ထား၏။ လုကျိုးက စနစ်မျက်နှာပြင်ကိုကြည့်လိုက်ရာ ကုသိုလ်မှတ် ၁၄၁၇၀ ကျန်ရှိသည်။

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းက အန်းယန်ထဲ၌ အယောင်ဆောင်သူလေးဦးကို မသတ်ခဲ့လျှင် ယခုအခေါက်ခရီးစဉ်အတွင်း ကုသိုလ်အမှတ်များပိုမိုဆုံးရှုံးလောက်၏။ မိုးကြိုးသွားကတ်ကို ရထားလုံးပျံပေါ်တွင် သုံးခဲ့တာပါ ထည့်တွက်လိုက်လျှင် သူ၏ဆုံးရှုံးမှုကို လက်ခံနိုင်သည်။

ကတ်တချို့ပြန်ဖြည့်ရမယ်။

ကောင်းကင်ကျမ်းစာကို ဆင်ခြင်ပြီးနောက် သူတို့တန်ဖိုးထက်မြင့်သွားလျှင် ဆုံးရှုံးမှုကြီးကို ခံစားရလိမ့်မည်။

လုကျိုးက စနစ်မျက်နှာပြင်ကိုဖွင့်လိုက်၏။ အသေရိုက်ချက်ကတ်သုံးကတ်ကို ဝယ်ယူလိုက်ရာ ကုသိုလ်မှတ် နှစ်ထောင့်လေးရာကျသင့်သည်။ ထင်သည့်အတိုင်းပင် အသေရိုက်ချက်ကတ်များ၏ တန်ကြေးက တစ်ကတ်ကို အမှတ်တစ်ထောင်တိုးသွားတော့သည်။ တနည်းဆိုရလျှင် ပွင့်ချပ်လေးလွှာ ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းဖြင့် သို့မဟုတ် ထိုအောက်အားနည်းသည့်ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းဖြင့် ဘာမှရမှာမဟုတ်ပေ။

သူသည် စင်းလုံးချောကတ်သုံးကတ်ကို ဝယ်ယူလိုက်ရာ ကုသိုလ်မှတ်ထောင့်ရှစ်ရာကျသင့်၏။ ယခုအချိန်တွင် တန်ကြေးက လျော့ပြီးသုံးခဲ့၏။ ထို့ကြောင့် သူတို့၏တန်ကြေးက ယခုအချိန်တွင် တူနေသေးသည်။ ပြီးနောက် သူသည် ချုပ်နှောင်ခြင်းလှောင်ချိုင့်သုံးချိုင့် ဝယ်ယူခဲ့သည်။ သူဝယ်ယူပြီးနောက် တစ်ကတ်ကို အမှတ်ခြောက်ရာစီတိုးသွားတော့၏။ ထူးဆန်းသည့်အရာက ဈေးတက်မှုတွင် သိသာထင်ရှားသည့်ပုံမရှိဖြစ်သည်။ ချုပ်နှောင်ခြင်းလှောင်ချိုင့်၏ ဈေးတက်သွားသည့်နှုန်းက နိမ့်၏။ သူတို့သုံးကတ်ကို ဝယ်တာလုံခြုံစိတ်ချရလောက်သည်။ လုကျိုးက မိုးကြိုးသွားကတ်ကို ကြည့်ပြီးခေါင်းခါလိုက်၏။ မိုးကြိုးသွားကတ်ဝယ်ရန်မစီစဉ် ထားပေ။ သူက အရေးပေါ်ကုသခြင်းကတ်သုံးကတ်ကိုဝယ်ယူခဲ့ရာ ကုသိုလ်မှတ်ထောင့်ငါးရာကုန်ကျသွားပြီး တန်ကြေးက တူညီနေသေးသည်။

ဖြည့်တင်းပြီးနောက် လုကျိုးသည် ကျန်ရှိသည့်ကုသိုလ်မှတ်များကို ကြည့်လိုက်၏။ ၆၉၇၀မှတ်ကျန်သည်။ သူ့အဖို့ လက်တလောတွင် ကုသိုလ်မှတ်နှစ်သောင်းအကုန်ကျခံပြီး ဝယ်ထားသည့် ကျင့်စဉ်ရှစ်ပါးဆက်နွယ်ခြင်းစိတ်ဝိညာဉ်သဏ္ဌာန်ကို ဝယ်ယူရန်တွေးနေမိသည်။

အသုံးပစ္စည်းကတ် အသေရိုက်ချက်ကတ်လေးကတ်၊ ပစ်ချက်မဲ့ကတ်လေးကတ်၊ အတိုက်အခိုက်ဒဏ်ပြင်းကာကွယ်ကတ်ခုနစ်ကတ်၊ အလိုအလျောက်သုံးချုပ်နှောင်ခြင်းလှောင်ချိုင့် ကတ်လေးကတ်၊ သန့်စင်ခြင်းအဆောင်နှစ်ကတ်၊ ကျိထျန်းတောက်၏ အထွတ်အထိပ်ကတ် တစ်ကတ်၊ နတ်ခြင်္သေ့ပိအန်း၊ ကောင်းကင်အပိုင်းအစခုနစ်ခု၊ အရေးပေါ်ကုသခြင်းကတ် သုံးကတ်။

လုကျိုးက အေးဆေးသွားသည်။ အနည်းဆုံးတော့ ကတ်များရှိနေသောကြောင့် နောင်တွင် ခြိမ်းခြောက်မှုများကို စိုးရိမ်စရာမလိုတော့ပေ။ ထို့အပြင်ယခုချိန်၌ တန်ကြေးတက်မှာကို စိုးရိမ်စရာမလိုပေ။ လုကျိုးက စနစ်မျက်နှာပြင်ကို ပိတ်ပြီးနောက် ကောင်းကင်ကျမ်းစာကို ဆင်ခြင်သည့်အခြေအနေထဲ ဝင်ရောက်လိုက်၏။

မျက်တောင်တစ်ခတ်အတွင်း နှစ်ရက်တာကုန်ဆုံးသွား၏။ ရွှေနန်းဥယျာဉ်တောင်ခြေတွင်ဖြစ်သည်။

သေရည်ထည့်ထားသည့် ဘူးသီးခြောက်ကို သယ်ထားကာ သူတောင်းစားတစ်ဦးလိုဝတ်ထားသည့် အဖိုးအိုတစ်ဦးရှိနေသည်။ သူက ယိမ်းထိုးလျက် ရွှေနန်းဥယျာဉ်တောင်၏ အရံအတားဆီသို့ လျှောက်လာသည်။ သူက အရံအတားကိုကြည့်ပြီး ရယ်မောလိုက်၏။ မူးနေသည့်ပမာ ရေရွတ်ပြောလိုက်တော့သည်။ “သိပ် သိပ်တောက်ပတာပဲ”

အဖိုးအိုက ဆက်လက်လျှောက်လှမ်းလာပြီး အရံအတားနှင့် ဆယ့်နှစ်မီတာအကွာသို့ရောက်လာ၏။ သူက အရူးတစ်ယောက်ပမာရယ်မောပြီး သူ၏ ဘူးသီးခြောက်ကိုဝှေ့ယမ်းကာ လေချဉ်တက်လိုက် လေ၏။ “အား မိန်းကလေးဘာကြောင့် ဒီမှာဒူးထောက်နေတာလဲ”

ထိုမိန်းမပျိုလေးက အံ့ဖွယ်မြို့တော်၏ နတ်လေးရှင်သုံးဦးထဲမှ တစ်ဦးဖြစ်သော ဟွားယဲ့ရှင်းပင်ဖြစ်သည်။

ဟွားယဲ့ရှင်းက သူ့ကို မျက်နှာသေဖြင့်ကြည့်လိုက်သည်။ “အဖိုးကြီး ဒီနေရာက တောင်းရမဲ့နေရာမဟုတ်ဘူး။ ဒီနေရာက မိစ္ဆာဝေဟင်မျှော်နန်းပဲ။ မင်းရဲ့အသက်ကို တန်ဖိုးထားတယ်ဆိုရင် မြန်မြန်ထွက်သွားသင့်ပြီ”

အဖိုးအိုက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်လေ၏။

“ဒါက မိစ္ဆာဝေဟင်မျှော်နန်းလား။ မင်းက ဘာကြောင့်မကြောက်တာလဲ”

…

အခန်း (၂၁၀) အမည်မဲ့ သူတောင်းစားနှင့် ယွင်စန်း ပြန်ရောက်လာခြင်း

ဟွားယွဲ့ရှင်းက လှည့်သွားလိုက်သည်။ သူမက မြေကြီးကို ကြည့်ရင်း ပြောလိုက်သည်။

“ ကျွန်မ ဘာကြောက်နေရမှာလဲ။ ကျွန်မလည်း သိပ်မကြာခင် အဲအထဲ ဝင်တော့မှာ ”

ထိုအရာကို ကြားပြီး သူတောင်းစားအိုကြီးက အနည်းငယ် အမူးပြေသွားသလို ဖြစ်သွားသည်။ သူက ပြုံးလိုက်ကာ “ တစ်မိုးအောက်က လူတွေက မိစ္ဆာဝေဟင်မျှော်နန်းကို ကြောက်ကြတယ်။ သူတို့က အင်အားရှိသမျှ ဝေးဝေးနေရဖို့ … “ သူက ဆက်မပြောခင် လေချဉ်တက်ကာ “အကုန်လုပ်ကြတယ် … မင်းက‌တော့ သူတို့ဆီ ဝင်ချင်တာတဲ့လား”

“ ကျွန်မအတွက် တာ့ယန်မှာ တခြားနေရာ မရှိဘူး ” ဟွားယွဲ့ရှင်းက ဆက်ပြောလိုက်ပြီး ခေါင်းခါကာ “ ဒါကို ဘာလို့များ သူတောင်းစားတစ်ယောက်ဆီ ပြောပြမိနေပါ့လိမ့်။ ရှင်လည်း ရှင့်လမ်းရှင် သွားပါ … တောင်ပေါ်က လူတွေ ဆင်းလာပြီး ရှင့်ကို သတ်ကြရင် ကျွန်မ အပြစ်တင်မခံချင်ဘူးနော် ”

လူအိုကြီး၏ အမူအရာက မပြောင်းမလဲ ရှိနေဆဲ ဖြစ်၏။ သူက ဟွားယွဲ့ရှင်းနား လျှောက်လာကာ ဘေးတွင် ထိုင်လိုက်သည်။ သူက သေရည်ဘူးကို မကာ သောက်မည် ကြံလိုက်သော်လည်း ဗလာကျင်းနေလေပြီ။ သူက လက်ကျန် သေရည်စက်များကို လှုပ်သောက်လိုက်သည်။ သူက နှုတ်ခမ်းသပ်လိုက်ပြီးနောက် ဟွားယွဲ့ရှင်းကို လှည့်ကြည့်လာသည်။

“ မိန်းကလေး … မင်းက ကြင်နာတတ်တဲ့သူဆိုတော့ မင်းကို အကြံပေးလိုက်မယ်။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ မကိုက်ညီဘူး ”

သူ့စကားအဆုံးတွင် လေချဉ်တက်လိုက်ပြန်သည်။ လေထဲ သေရည်နံ့တို့ ထောင်းခနဲ ထွက်လာ၏။

ဟွားယွဲ့ရှင်းက နှာခေါင်းအုပ်လိုက်ပြီး ဘေးဘက် မျက်နှာလွဲလိုက်သည်။ သူမက သူမဘာသာ တွေးလိုက်မိ၏။

ကျွန်မ မိစ္ဆာဝေဟင်မျှော်နန်း ဝင်တာ ရှင်နဲ့ ဘာဆိုင်လဲ …

သူတောင်းစားအိုကြီးက ပြုံးကာ “ မိန်းကလေး ပြောပါဦး … ”

“ဘာကိုလဲ ”

“ မိစ္ဆာဝေဟင်မျှော်နန်းကို ဘာလို့ ဝင်ချင်ရတာလဲ”

ဟွားယွဲ့ရှင်းက သူတောင်းစားအိုကြီးကို ကြည့်လိုက်သည်။ သူမက လော့ဂိုဏ်းမှ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို သတိရသွားကာ ခေါင်းခါလိုက်သည်။ “ ကျွန်မမှာ ဘယ်မှသွားစရာ မရှိဘူး ”

သူမ စကားထဲ၌ ကူကယ်ရာမဲ့ဖြစ်သည့် အရိပ်အယောင်တို့က သူတောင်းစားအိုကြီးက သူ့ဘာသာ ပြန်မြင်နေရသလို ခံစားရစေသည်။

သူလည်း သွားစရာ နေရာရှိခဲ့လား … မရှိခဲ့ပေ။

ကမ္ဘာလေးဖက်လေးတန်လုံးက သူ့အိမ် ဖြစ်၏။ ကောင်းကင်က သူ့စောင် ဖြစ်ကာ ကမ္ဘာမြေကြီးက သူ့အိပ်ရာ ဖြစ်သည်။ သူက တောင်းစားရင်း နေထိုင်ခဲ့သည်။ သို့သော်လည်း သူမက မိန်းမငယ်လေးတစ်ဦး ဖြစ်၏။ သူ့လိုမျိုး နေဖို့ မဖြစ်နိုင်ပေ။ သူက မိစ္ဆာဝေဟင်မျှော်နန်းကို ကြည့်လိုက်ပြီးနောက် အမူးပြေသွားလေသည်။

ခဏအကြာတွင် သူတောင်းစားအိုကြီးက ချောင်းဟန့်ကာ ငေးမောနေဟန်ဖြင့် မေးလိုက်သည် “ မိန်းကလေး ဒါက ရွှေနန်းဥယျာဉ်တောင်လား ”

ဟွားယွဲ့ရှင်းက အနည်းငယ် စိတ်ရှုပ်လာသည်။

“ လူအိုကြီး ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မကို မနှောင့်ယှက်ပါနဲ့လား။ ကျေးဇူးပြုပြီး တခြားနေရာ သွားလိုက်ပါရှင် ”

“ ငါ ဘယ်မှမသွားဘူး ” သူက သေရည်ဘူးကို မြောက်ကာ ပြောလိုက်သည်။ ထို့နောက် ဗလာကျင်းနေမှန်း သတိရသွားကာ “ဘဝမှာ သေရည်မရှိရင် အရောင်အသွေး မစုံဘူး။ ပျင်းစရာကြီး ”

ဟွားယွဲ့ရှင်းက မျက်လုံးဝေ့ကြည့်လိုက်သည်။

သူက သူတောင်းစားတင် မကဘူး။ မျှော်လင့်ချက်မရှိတဲ့ အရက်သမားပဲ …

သူတောင်းစားအိုကြီးက မိစ္ဆာဝေဟင်မျှော်နန်းကို ကြည့်ကာ ပြောလိုက်သည်။

“ ရွှေနန်းဥယျာဉ်တောင်မှာ သေရည်ကောင်းလေးများ ရှိမလား။ ငါ သွားစစ်လိုက်ဦးမယ်။ သူတို့က ကြင်နာပြီးတော့ ငါ့ကို တစ်ခွက်လောက် တိုက်တာလည်း ဖြစ်နိုင်တာပဲ ” သူတောင်းစားအိုကြီးက သူ့ဘာသာ ဖုန်ခါရင်း ထရပ်လိုက်သည်။

ဤသည်မှာ အဆင်မပြေလှသည့် မြင်ကွင်းမျိုး ဖြစ်၏။

သူတောင်းစားက သူတောင်းစားသာ ဖြစ်သည်။ သူက ညစ်ပတ်ကာ ဂျီးအလိမ်းလိမ်း ဖြစ်နေသော်လည်း ဖုန်ခါနေလေသည်။

သူတောင်းစားအိုကြီးက ရွှေနန်းဥယျာဉ်‌တောင် အကာအရံဆီ လျှောက်သွားလေသည်။ သူက ဖြတ်ကျော်နိုင်မည်ဟု ထင်ထားသော်လည်း အကာအရံနှင့်သာ ဝင်တိုက်မိသွားသည်။ သူက နောက်ပြန်ဆုတ်ကာ လဲကျသွား၏။

ဟွားယွဲ့ရှင်းက မျက်လုံးသာ ကာထားလိုက်သည်။ သူမက သူ့ကို ကြည့်ရင်း နာလာမိ၏။

သူတောင်းစားအိုကြီးက အော်ကာ နှာခေါင်းကို အုပ်ကိုင်ထားရင်း မြေပေါ် လှိမ့်နေသည်။

ဟွားယွဲ့ရှင်းက ခေါင်းခါကာ “ ဘာလို့ လုပ်နေရတာလဲ ”

ထိုစဉ် အမျိုးသမီး ကျင့်ကြံသူက ရွှေနန်းဥယျာဉ်တောင် လှေကားတွင် ပေါ်လာသည်။ သူမက တောင်မှ ဝင်ပေါက်ဆီ မြန်မြန် ဆင်းလာကာ “တတိယသခင်လေးက လောင်ချန်းပေ့ ကျင့်ကြံနေတာမလို့ မတွေ့နိုင်ဘူးလို့ ပြောခိုင်းလိုက်ပါတယ်။ ရှင် ထွက်သွားသင့်ပြီ ”

အမျိုးသမီး ကျင့်ကြံသူ၏ သဘောထားက မဆိုးလှပေ။ ဤသည်က ဟွားယွဲ့ရှင်းက စိတ်အေးသွားစေ၏။ သူမက အမျိုးသမီး ကျင့်ကြံသူကို ဦးညွှတ်ကာ “ အစ်မရေ ..ကျွန်မ စကားကိုလည်း သူတို့ဆီ ပြန်ပြောပေးပါနော်။ ဟွားယွဲ့ရှင်းက မိစ္ဆာဝေဟင်မျှော်နန်းထဲ လက်မခံမချင်း ဘယ်မှထွက်မသွားပါဘူးလို့ … ”

“ ဘာလို့ အဲလိုလုပ်နေရတာလဲ ”

“ အစ်မရယ် ကျေးဇူးပြုပြီးတော့ … ”

အမျိုးသမီး ကျင့်ကြံသူက သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။

“ခဏ” သူတောင်းစားအိုကြီးက ထရပ်ကာ လက်က နှာခေါင်းကို အုပ်ထားဆဲ ဖြစ်၏။ သူက ဖြည်းဖြည်းချင်း လျှောက်လာကာ သေရည်ဘူးကို မြောက်လိုက်ရင်း “ ငါ သောက်ချင်တယ် ”

အမျိုးသမီး ကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်သည်။

ထိုစဉ် အနီရောင် နိဗာနခါးစည်းက ကောင်းကင်ထက် ဝေ့ဝဲလာကာ အကာအရံမှ ထွက်လာသည်။

သူတောင်းစားအိုကြီးက ဖင်ထိုက်လျက်သား လဲကျသွားသည်။

ရှောင်ယွမ်အာက လေထဲ ပေါ်လာ၏။ သူမက သူတောင်းစားအိုကြီးအား လက်ညိုးထိုးကာ “ ဒီမှာ သေရည်မရှိဘူး။ လစ်တော့ ”

“ကြမ်းတမ်းလိုက်တဲ့ ကောင်မလေးပါလား ” သူတောင်းစားအိုကြီးက ထိတ်လန့်နေဟန်ဖြင့် ရေရွတ်လိုက်သည်။

ရှောင်ယွမ်အာက နိဗာနခါးစည်းကို ပြန်သိမ်းလိုက်ပြီး သူမအနား ပြန်ရစ်ပတ်ထားလိုက်သည်။ ကြည့်ရသည်မှာ သူမက ကြွားလုံးထုတ်နေဟန်ပေါ်၏။ “ ပြီးတော့ နင် ဒီမှာဆက်မနေနဲ့တော့။ ရှစ်စွင်းက လက်မခံဘူးလို့ ပြောရင် လက်ခံမှာ မဟုတ်ဘူး ”

“ ကျွန်မ စောင့်နေဖို့ လိုလားပါတယ် ”

သတ္တုနှင့် ကျောက်တုံးတို့ပင် လုံ့လနှင့် ဖြိုခွဲနိုင်သည် မဟုတ်ပါလော။

“ အဲဆိုလည်း စောင့်ပေါ့” ရှောင်ယွမ်အာက မိစ္ဆာဝေဟင်မျှော်နန်းထဲ အမျိုးသမီး ကျင့်ကြံသူနှင့် ပြန်ဝင်သွားလိုက်သည်။

သူတောင်းစားအိုကြီးက ခေါင်းခါလိုက်သည်။ သူက ယောင်ကိုင်းနေသည့် နှာခေါင်းအား ထိကာ မြေပေါ်တွင် လဲလျောင်းနေဖို့ ဆုံးဖြတ်လိုက်သည်။ သူက သမ်းလိုက်ရင်း “ငါတော့ ပင်ပန်းနေပြီ။ မသွားခင် တရေးတမော အိပ်ရဦးမယ်”

သူ လဲလျောင်းပြီးနောက် သိပ်မကြာခင် စတင် ဟောက်တော့သည်။

…………

သုံးရက်ကြာမြင့်ပြီးနောက် …

မိစ္ဆာဝေဟင်မျှော်နန်းအတွင်း

လုကျိုးက မျက်လုံးကို အသာဖွင့်ကြည့်လိုက်သည်။ သူက ကောင်းကင်ကျမ်း၏ အံ့ဖွယ်စွမ်းအားက သူ့ဆီ ပြန်ရောက်လာကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

သူက အန်းယန်မှ လက်ဗလာဖြင့် ပြန်လာခြင်း မဟုတ်ပေ။ အနည်းဆုံးတော့ သူက ကောင်းကင်ကျမ်း အခြေခံနားလည်မှု ရသွားလေပြီ။

ကောင်းကင်ကျမ်း ပေလွှာသုံးမျိုးက အစကတည်းက ကွဲပြားသည့် ကျင့်ကြံခြင်း ဖြစ်ကြောင်း ရှင်းပြထားသည်။

နားလည်အောင် အကြိမ်ပေါင်းများစွာ ကြည့်ပြီးနောက် လုကျိုးက နောက်ဆုံးတော့ ကျင့်စဉ်ကို လက်ဆုပ်လက်ကိုင် မိလာသည်။

ချီအာရုံခံခြင်းနှင့် နားလည်အောင်လုပ်ခြင်းမှာ ဆင်တူပေသည်။ ထူးခြားအံ့ဖွယ် စွမ်းအားရရှိခြင်းမှာ ချီများကို စုပ်ယူပြီး စွမ်းအားအဖြစ် စုစည်းလိုက်ခြင်းနှင့် တူသည်။ သို့သော်လည်း ထူးခြားအံ့ဖွယ် စွမ်းအားက ထိုစွမ်းအားထက် ပိုမိုအားကောင်းလေသည်။ သူက အန်းယန်မြို့၌ ထုတ်သုံးခဲ့သည့် အသံစွမ်းအားကို မှတ်မိကာ ကျေကျေနပ်နပ် ခေါင်းညိတ်မိလိုက်သည်။ သူ ကောင်းကင်ကျမ်းကို ဖတ်ရှုတာ အတော်ကြာလာမှသာ ထုတ်သုံးနိုင်ခြင်းကြောင့် နှမြောစရာတေ့ာ ကောင်းလှသည်။

လုကျိုးက အတွေးများကို ရှင်းထုတ်လိုက်သည်။ ထိုကိစ္စများအား ပြန်တွေးနေလို့ အရေးမပါပေ။ သူက ကောင်းကင်ကျမ်းနှင့်သာ ရင်ဆိုင်ဖြေရှင်းလိုက်မည်။ သူ့တွင် ထိုးထွင်းသိမြင်နိုင်သည့် အတိတ်အတွေ့အကြုံမျိုးလည်း မရှိချေ။

သူက စနစ်ကို ကြည့်လိုက်သည့်အခါ ကုသိုလ်ရမှတ် ၆၉၇၀ ကို တွေ့လိုက်ရသည်။

သူ့လက်ရှိ ကံကောင်းမှတ်မှာ ၈၉ မှတ် ဖြစ်၏။ လုံလောက်ပေသည်။

ပထမတစ်ကြိမ်က ၃၃ မှတ် ဖြစ်ပြီး ဒုတိယအကြိမ်က ၆၆ မှတ် ဖြစ်လေသည်။ ဒီပုံစံသာ အမှန်ဖြစ်လျှင် တတိယအကြိမ်က ၉၉ မှတ် ဖြစ်မနေနိုင်ဘူးလား။

“ကံစမ်းမဲ ”

“တင်း ကုသိုလ်မှတ် ၅၀ ကျသင့်ပါတယ်။ ပါဝင်ကံစမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် +၁”

သူ့ကံကောင်းမှတ် ၉၉ ရောက်အောင်အထိ ၉ ကြိမ် ထပ်ကံစမ်းလိုက်သည်။

လုကျိုးက ရပ်လိုက်သည်။ အရိုးသားဆုံးပြောရလျှင် သူ စိတ်လှုပ်ရှားနေသည်။ သူက ကျိထျန်းတောက် ဖြစ်၍ စိတ်က ယခင်ဘဝနှင့် မတူတော့သော်လည်း ကံစမ်းမဲနှင့် ရင်ဆိုင်ရသည့်အခါ လူငယ်လေး ပြန်ဖြစ်သွားသလို ခံစားလိုက်ရသည်။

လုကျိုးက အသက်ပြင်းပြင်းရှုကာ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

“ကံစမ်းမဲ ”

“တင်း ကုသိုလ်မှတ် ၅၀ ကျသင့်ပါတယ်။ ပါဝင်ကံစမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် +၁”

လုကျိုးက မျက်မှောင်အသာကြုတ်လိုက်သည်။ သူက တည်ငြိမ်နေလေသည်။ ကံကောင်းစွာဖြင့် သူက ဒီအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်။

ကြည့်ရသည်မှာ ဒီနေရာ၌ ပုံစံမှန်ရှိပုံ မပေါ်ပေ။

“ ကံစမ်းမဲ”

“တင်း ကုသိုလ်မှတ် ၅၀ ကျသင့်ပါတယ်။ ကံကောင်းမှတ် ၁၀၀ ရောက်ရှိသွားပါပြီ။ အဆင့်မြင့် ချုပ်နှောင်ခြင်း လှောင်ချိုင့်ကတ် ငါးကတ်၊ အဆင့်မြင့် အရေးပေါ် ကုသရေးကတ် သုံးကတ်၊ အကြောင်းပြန်လှန်ကတ် ငါးကတ် ရရှိပါတယ် ”

“အဆင့်မြင့် ချုပ်နှောင်ခြင်း လှောင့်ချိုင့်ကတ်၊ ထိမှန်နှုန်း ၁၀၀ ရာခိုင်နှုန်း၊ မရောင်းချပါ ”

“အဆင့်မြင့် အရေးပေါ်ကုသရေးကတ်၊ ကုသနှုန်း ၁၀၀ ရာခိုင်နှုန်း၊ မရောင်းချပါ ”

လုကျိုးက စိတ်ထဲ တွက်ချက်လိုက်သည်။ ကံကောင်းမှတ် တစ်ရာသည် ကုသိုလ်မှတ် ငါးထောင်နှင့် ညီမျှ၏။ အကယ်၍ သူသာ သင်္ချာတွက်ကြည့်လျှင် သူက ထီဆုအကြီးကြီးပေါက်သလို မထင်ရပေ။ အနည်းဆုံးတော့ သူက အရှုံးမရှိပေ။ သူက အဆင့်မြင့် ကတ်များကို ကျေနပ်လေသည်။ ပြောရလျှင် သူတို့ကို ဈေးဆိုင်မှာ ဝယ်မရပေ။ သူ့၏ တစ်ခုတည်းသော နောင်တမှာ ကံစမ်းမဲမှ သီးသန့်ပစ္စည်း ရမလာခြင်းသာ ဖြစ်၏။

နောက်တစ်ခေါက်ပေါ့လေ …

ထိုစဉ် အခန်းအပြင်ဘက်မှ ကျောင်းယွဲ့ အသံ ထွက်ပေါ်လာသည် “ ရှစ်စွင်း … ယွင်စန်း ရောက်လာပါတယ် ”

“ အခြေအနေ ဘယ်လိုလဲ ” လုကျိုးက မေးလိုက်သည်။ အကယ်၍ ယွင်စန်းသာ တာဝန်ကျရှုံးလျှင် ယွင်စန်းကို တွေ့နေစရာအကြောင်း မရှိပေ။

…

All Chapters