← Chapters

အခန်း (၁၇၅-၁၇၇)

Vol. 12 Ch. 175-177

အခန်း (၁၇၅-၁၇၇)

Vol. 12 Ch. 175-177

အခန်း (၁၇၅) ပြန်ရောက်လာခြင်း၊ ဝိညာဉ်သုံးခုထဲဝင်ရောက်ခြင်း

သူ့အမည်ကိုပြောလိုက်သည့်အချိန်တွင် အသံက ညင်သာကာပေါ့ပါး၏။ သို့သော် ဓားစင်မြင့်တွင် ပဲ့တင်သံထပ်သွားတော့၏။

ဓားစင်မြင့်ထက်တွင်ရှိသော တပည့်များသည် သူတို့၏ဆရာနှင့် ဝတ်ရုံစိမ်းဓားသမားတို့ အပြန် အလှန် နှုတ်ဆက်စကားပြောနေသည့်အောက်၌ အထင်ကြီးနေကြသည်။ သို့သော် ဝတ်ရုံစိမ်းဓားသမား၏အမည်ကို ကြားရသည့်အချိန်၌ သူတို့သည် မိုးကြိုးအပစ်ခံရသည့်ပမာ နေရာတွင်ပင် ကြောင်အစွာ ရပ်နေမိကြ၏။

ယွီရှန်းရုန်ဟူသည် လူတစ်ယောက်၏ သတ္တိအလုံးစုံကို ယူဆောင်သွားနိုင်သော စွမ်းရည်ရှိသည့် အမည်နာမတစ်ခုဖြစ်သည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ ဒုတိယတပည့် ယွီရှန်းရုန်သည် အမျိုးမျိုးသော လက်ရွေးစင်များကို စိန်ခေါ်ရန် နှစ်ခြိုက်သည့် ဓားရေးကျွမ်းကျင်သူ ဖြစ်သည်။ သူက အနည်းငယ်လေး သဘောမတွေ့ဖြစ်သည်နှင့် တစ်ဖက်လူကို သတ်ဖြတ်နိုင်စွမ်းရှိသည့် လူဆိုးဟုလည်း နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သူ့ကို ဓားနတ်ဆိုးဟူ၍လည်း အမည်ပေးထားကြ၏။

ဤမျှယဉ်ကျေးပြီး နှိမ့်ချတတ်သောဓားသမားသည် မိစ္ဆာဝေဟင်မျှော်နန်း၏ ကျော်ကြားသော ဒုတိယတပည့် ယွီရှန်းရုန်ဖြစ်နေလိမ့်မည်ဟု တပည့်များက မထင်ထားပေ။

အငယ်များက လူဆိုးကြီးများအကြောင်း ပုံပြင်များ ကြားနေကျဖြစ်သည်။ လူဆိုးကြီးများအားလုံးက ရက်စက်ကြမ်းကြုတ်ပြီး မိစ္ဆာဆန်မည်ဟု သူတို့က တွေးမိကြတာပဲဖြစ်သည်။ တစ်ယောက်လောက် ကြုံတွေ့ရလျှင်တောင် သူတို့လူဆိုးများကို မှတ်မိကြမည်ဟု ထင်မှတ်ကြသည်။ ဤဝတ်ရုံစိမ်းဖြင့် ဓားသမားကို ဓားနတ်ဆိုးမှန်းမည်သူက သိမည်နည်း။

တပည့်များထဲမှတစ်ဦးက နောက်ဆုံးတွင်တုံ့ပြန်ပြီး အမောတကောလေသံဖြင့်ပြောလိုက်တော့၏။

“အဓိကစင်မြင့်ကို သတင်းစကားပို့လိုက်။ အကြီးအကဲရောက်လာပြီ။ ဓားနတ်ဆိုးကို သတ်ဖို့ပြော လိုက်”

သို့သော် သူပြောပြီးသည့်အချိန်တွင် လော့ရှစ်စန်းက လက်ကိုဝှေ့ယမ်းလျက် လက်ဝါးချိပ်ပိတ်မှု တစ်ခုကို ပို့ဆောင်လိုက်တော့သည်။

ဘန်း

ယင်းက တပည့်၏ပါးပေါ် အညှာအတာမရှိကျရောက်သွားခဲ့သည်။ သူက လေထဲတစ်ပတ်လည်သွား ပြီးနောက် မြေကြီးပေါ်ပြုတ်ကျသွားတော့၏။ မျက်နှာက နီရဲပြီးယောင်ကိုင်းနေတော့သည်။

ဓားစင်မြင့်ထက်၌ တိတ်ဆိတ်မှုတို့က ကြီးစိုးသွားတော့၏။

လော့ရှစ်စန်းက ထူးမခြားနားပြောလိုက်တော့သည်။ “မျှတတဲ့တိုက်ပွဲလိုချင်တယ်လို့ပြောနေတာ”

ယွီရှန်းရုန်သည် သူ၏မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ကို ထိန်းထား၏။ သူ၏မျက်လုံးထဲတွင် လှိုင်းဂယက်ငယ်များကို မတွေ့ရပေ။ သူက ယင်ကောင်လေးများကို ဘယ်တော့မှ သတိပြုမိမှာ မဟုတ်ချေ။

“မင်း အဆင်ပြေတဲ့အချိန်ပေါ့” လော့ရှစ်စန်းက ညာလက်ဖြင့် ညွှန်ပြကာ သူ့လက်ဖဝါးကို ရှေ့သို့ ဦးတည်လိုက်သည်။

ဓားစင်မြင့်၏ အလယ်တွင် အမွှေးနံ့သာအိုးထဲမှ ဖျတ်ခနဲလှုပ်ရှားလာလေ၏။ ဓားတစ်လက်က ပေါ်ထွက်လာပြီး လော့ရှစ်စန်း၏လက်ထဲသို့ ပျံဝင်လာ၏။ ယင်းက အထွတ်အထိပ်မြေကမ္ဘာ အဆင့်လက်နက်ဖြစ်သည်။

ယွီရှန်းရုန်က ထူးမခြားနားရှိနေလေ၏။ ထိုဓားက သူ၏အာရုံစိုက်မှုကို ရရန်မထိုက်တန်ချေ။

လော့ရှစ်စန်းက ယွီရှန်းရုန်၏ အလေးမထားမှုကို အာရုံခံမိ၏။ သူကလည်း ဒေါသထွက်သွား တော့သည်။ လက်ကိုဝှေ့ယမ်းလိုက်လေ၏။ ဓားက ရုတ်တရက် ဆယ်စင်းအဖြစ်ခွဲထွက်သွားသည်။ ထိုဓားဆယ်စင်းက သိပ်သည်းသော စွမ်းအင်များအဖြစ်ရစ်ပတ်လျက် လေထဲ၌ ပျံဝဲနေတော့သည်။

ဓားစင်မြင့်ထက်ရှိ တပည့်များက ထိုအရာကို မြင်သည့်အချိန်၌ စိတ်လှုပ်ရှားသွားပုံပေါ်သည်။ သူတို့အားလုံးက သူတို့ဆရာနှင့် ဓားနတ်ဆိုးကြားရှိတိုက်ပွဲကို မျက်မြင်တွေ့ရတော့မည့်အတွက် တစ်ပန်းသာသည်ဟု ခံစားမိနေကြသည်။

ယင်းက ဓားဆယ့်သုံးလက်နှင့်မတူညီပေ။ စွမ်းအင်ဓားသွားများက ကနဦးချီသိပ်သည်းမှုဖြင့် ဖွဲ့တည် ရုံမျှသာရှိသည်။ ဓားဆယ်လက်ကမူ ရေသွယ်မြောင်းသဖွယ်ဆက်သွယ်ပေး၏။ သူတို့က ဓားဆယ့်သုံးလက်ထက်ပိုပြီး အစွမ်းထက်သည်။ လက်နက်တစ်ခု၏အရေးပါမှုကို ရှင်းရှင်း လင်းလင်းပြသနိုင်ခဲ့၏။ လူတိုင်းက ဓားဆယ်လက်ကို စိုက်ကြည့်နေကြသည်။

ဓားသူတော်စင်လော့ရှစ်စန်းက နှာမှုတ်လိုက်၏။ ဓားဆယ်လက်က သူ၏အမိန့်အတိုင်းပင် ယွီရှန်းရုန်၏ မျက်နှာဆီသို့ မတူညီသော အရပ်မျက်နှာများကနေ ဦးတည်ပြီးဝင်ရောက်သွား၏။ စွမ်းအင် လှိုင်းက သန်မာသောလေပွေလေးတစ်ဖြတ်လေကို ဖွဲ့တည်လျက် ယွီရှန်းရုန်၏ ဆံနွယ်များကို လွင့်သွားစေသည်။ ထိုစဉ် ယွီရှန်းရုန်၏မျက်နှာထက်တွင် သိမ်မွေ့သောအပြုံး ရှိနေသေးဆဲဖြစ်၏။ သူက လက်ပိုက်ထားလျက် လော့ရှစ်စန်းကို ကြည့်လိုက်သည်။ ဓားဆယ်စင်းက သူ့ဆီချက်ချင်း ရောက်ချလာ၏။

ဘန်း

အစွမ်းထက်သောကနဦးချီများက နံရံတစ်ခုဖွဲ့တည်လိုက်ပြီး ဓားဆယ်လက်ကို ပိတ်ဆို့လိုက်တော့သည်။

ယွီရှန်းရုန်က လက်ပိုက်လျက်သားဖြင့် မူလနေရာတွင် ပျံဝဲနေသေးဆဲဖြစ်သည်။ သူ၏နောက်ကျော ပေါ်ရှိ အနီရောင်ဓားရှည်က သူ၏အမိန့်ကို တိတ်တဆိတ် စောင့်ဆိုင်းနေလျက်ရှိ၏။ သို့သော် ယွီရှန်းရုန်က တိုက်ခိုက်မည့်ပုံမရပေ။

လော့ရှစ်စန်းက လေးနက်သည့်လေသံဖြင့်ပြောလိုက်၏။

“မင်းက သတိမဲ့လွန်းတယ်”

ဓားဆယ်လက်က ထပ်မံကွဲထွက်သွား၏။ ယခုဆို ဓားအလက်နှစ်ဆယ်ဖြစ်သွားသည်။

လော့ရှစ်စန်းသည် စွမ်းအင်ဓားသွားဆယ့်သုံးခုကို ထိန်းချုပ်ရာ အကောင်းဆုံးထိန်းချုပ်နိုင်သည်။ သို့သော် လက်နက်တစ်ခုဖြင့် သူသည်ထိန်းချုပ်နိုင်သောဓားသွားအရေအတွက်ကို တိုးနိုင်ပေ၏။ ဓားနှစ်ဆယ်က နံရံကိုမြေကမ္ဘာတုန်လှုပ်နိုင်သည့်အားဖြင့် ထိုးစိုက်သွားသည်။

ဘန်း ဘန်း ဘန်း

ယွီရှန်းရုန်က မလှုပ်မယှက်ရှိနေသေးသည်။ သူက တောင်တစ်တောင်သဖွယ် တည်မြဲစွာ ရပ်နေလေ၏။

ဓားဆယ်လက်ကို လွှမ်းခြုံနေသော စွမ်းအင်တို့က ဓားစင်မြင့်အထက်၌ ငြိမ်သက်နေသော စီးဆင်းမှု တစ်ခုအဖြစ်ဖွဲ့တည်သွားတော့သည်။ ပိုဆိုးသည်မှာ လော့ရှစ်စန်းမည်မျှတိုက်ခိုက်စေကာမူ ယွီရှန်းရုန်သည် တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးဖြင့်သာ လော့ရှစ်စန်း၏ တိုက်ကွက်များကို ဖြေရှင်းနေသည်။

စွမ်းအင်ဓားသွားတို့က လော့ရှစ်စန်းနား၌ အရေအတွက်တိုးလာသည်။ သူတို့က တစ်ခုနှင့်တစ်ခုသိပ်သည်းလျက် ဓားလှိုင်းနှင့်တူနေတော့သည်။

ဓားတိုက်ပွဲတွင် တိုက်ပွဲ၏ရလဒ်ကို စွမ်းအင်ဓားသွားများကို ထိန်းချုပ်နိုင်သော လူတစ်ယောက်၏ အရည်အချင်းပေါ်မူတည်ပြီး ဆုံးဖြတ်လေ့ရှိကြသည်။ တစ်နည်းဆိုရလျှင် ကနဦးချီကို စွမ်းအင်အဖြစ် သိပ်သည်းနိုင်သည့် စွမ်းရည်ပင်ဖြစ်သည်။

ခွန်အားတူညီသောပြိုင်ဘက်များအတွက် သူတို့၏ကနဦးချီပမာဏက ရှင်းလင်းရေးတိုက်ပွဲတွင် ၎င်းတို့၏ ကျင့်ကြံမှုအခြေခံ နက်နဲမှုကို ထင်ရှားစေသည်။

အဓိကအကြောင်းအရင်းက ရိုးရှင်းပေသည်။ တိုက်ကွက်တစ်ကွက် မည်မျှမြန်ဆန်စေကာမူ ပန်းတိုင်က ရန်သူကိုအနိုင်ယူပြီး သတ်ဖြတ်ရန်ဖြစ်သည်။

နောက်ဆုံးတွင် ယွီရှန်းရုန်၏စွမ်းအင်နံရံက လော့ရှစ်စန်း၏ အဆုံးမရှိတိုက်ကွက်များကြောင့် နောက်သို့ တွန်းပို့ခံလိုက်ရသည်။

ထိုသို့တိုင် ယွီရှန်းရုန်က လက်ပိုက်လျက်သားဖြင့် ပြန်မခုခံဘဲ ရပ်နေသေးသည်။

ဓားသူတော်စင်ဘွဲ့ရထားသည့် သိုင်းပညာရှင်တစ်ဦးအဖို့ ယင်းကအရှက်ကွဲခြင်းသာဖြစ်သည်။

လော့ရှစ်စန်းက ခပ်မြင့်မြင့်ပျံလျက် လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်သည်။ သူ၏ ဓားဆယ်စင်းကို ပြန်ခေါ်လျက် တစ်စင်းတည်းအဖြစ်ပေါင်းစည်းလိုက်တော့သည်။ လက်ဖဝါးကို ကပ်ထားပြီး မြှောက်လိုက်ရာ ဓားက သူ့အထက်၌ ပျံဝဲနေတော့၏။ တစ်ချိန်တည်းတွင် ပတ်ဝန်းကျင်ရှိ ကနဦး ချီများကလည်း လျင်မြန်စွာဆွဲသွင်းခံလိုက်ရပြီး ဓားနားတစ်ဝိုက်ရစ်ဝဲနေတော့သည်။

“ဒါက ရှစ်စွင်းရဲ့ အမြင့်ဆုံးသိုင်းကွက်ပဲ” ဓားစင်မြင့်ပေါ်ရှိ တပည့်များ၏မျက်လုံးက ပြူးကျယ်ကုန်၏။

ယင်းက ဓားသူတော်စင်ဟူသည့် နာမည်ကျော်ကြားရသည့် ဓားနှလုံးသားစုစည်းခြင်း ပင်ဖြစ်သည်။ အမည်အတိုင်းပင် ယင်းက အလယ်တွင် လက်နက်ဖြင့် စွမ်းအင်လှိုင်းတို့ကို ပေါင်းစု လိုက်သည့် သိုင်းပညာဖြစ်သည်။ စုစည်းထားသည့် သိုင်းပညာက ဓားသွားစွမ်းရည်ဖြင့် တိုက်ခိုက် ခံရသည့် လေဟာနယ်အတွင်းရှိရန်သူများအားလုံးကို တသတ်မတ်တည်းမဟုတ်ဘဲ တွန်းကန်နိုင်ရန် စုစည်းထားသည့် စွမ်းအင်ပင်ဖြစ်သည်။ ယင်းက အစွမ်းထက်သည့် ပစ်မှတ်ဦးတည်တိုက်ခိုက်သည့် သိုင်းပညာမျိုးဖြစ်သည်။ သို့သော် သူ၏အစစ်အမှန်အဖျက်စွမ်းအားက စွမ်းအင်ဓားသွားတို့သည် ကြီးမားသည့် ဓားသွားတစ်ခုထဲသို့ ပြောင်းပြန် ဆူးချွန်များအဖြစ်ပေါင်းစည်းထားသည့် အချိန်မှသာ ပေါ်လာတာပဲဖြစ်သည်။ ဤသိုင်းပညာက မိုးနှင့်မြေကို ခွင်းနိုင်သည့်ပမာထင်မှတ်ရသည်။

“ဒုက္ခမိုင်တစ်ရာရှုကွင်း”

ဘီး

စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုပေါ်ထွက်လာ၏။ ကနဦးချီ၏ ပဲ့တင်သံထပ်မှုက ဓားစင်မြင့်နား၌ ပေါ်ထွက်လာတော့သည်။ လော့ရှစ်စန်း၏ တပည့်များသည် ထိုမြင်ကွင်းကြောင့် လှုပ်ရှားကုန်သည်။ သူတို့အားလုံးက စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

ပွင့်ချပ်ခုနစ်လွှာရွှေကြာက လျင်မြန်စွာလည်ပတ်နေသည်။ လော့ရှစ်စန်းက သူ၏ ခြိမ်းခြောက်နိုင်စွမ်းရှိသော စိတ်ဝိညာဉ်သဏ္ဌာန်၏ ထောက်ပံမှုရှိနေလေရာ ယခုအချိန်တွင် ယွီရှန်းရုန် မည်ကဲ့သို့ ဖြေရှင်းမည်နည်း။ အားလုံး၏အာရုံစိုက်မှုက ယွီရှန်းရုန်ဆီ ရောက်သွားတော့သည်။

ယွီရှန်းရုန်က ခေါင်းအနည်းငယ်မော့လိုက်၏။ သူက ဓားနှလုံးသားစုစည်းခြင်းဖြင့် ဖွဲ့တည်သော စွမ်းအင်ဓားသွားကို ကြည့်လိုက်လေ၏။

လော့ရှစ်စန်းက နက်ရှိုင်းသည့်အသံဖြင့်ပြောလိုက်တော့သည်။ “ခင်ဗျားက ထိုက်တန်တဲ့ ပြိုင်ဘက် တစ်ယောက်ဖြစ်မယ်လို့ မျှော်လင့်တာပဲ" သူ့လက်ကို ဖြည်ချလိုက်တော့၏။

ဓားနှလုံးသားစုစည်းခြင်းက ယွီရှန်းရုန်ဆီ ပိုင်းဖြတ်ဝင်သွားတော့သည်။ ယင်းက မြန်ဆန်လွန်းနေရာ မျက်တောင်တစ်ခတ်အတွင်း ပစ်မှတ်ဆီရောက်သွားသည်ဟု ထင်မှတ်ရသည်။

ယွီရှန်းရုန်သည် ရုတ်တရက်ပျောက်ကွယ်သွားပြီး ပုံရိပ်ယောင်များသာ ချန်ရစ်ခဲ့တော့သည်။ လော့ရှစ်စန်း၏ အမြင့်ဆုံးသိုင်းပညာ ဓားနှလုံးသားစုစည်းခြင်းက လွဲချော်သွားပုံရ၏။

“ဟမ်” လော့ရှစ်စန်းက မျက်မှောင်အနည်းငယ်ကျုံ့သွားလေသည်။ “လွှဲပြောင်းခြင်းဗျူဟာလား” ယွီရှန်းရုန်သည် သူ၏ အာရုံလွှဲပြောင်းခြင်းဗျူဟာကို ဤအခြေနေထိရောက်အောင် ကျင့်ကြံထားပြီး ဓားစွမ်းရည်ကိုလည်း ကျင့်ကြံထားနိုင်မည်ဟု သူမထင်ထားပေ။

ဓားနှလုံးသားစုစည်းခြင်းကြောင့် ဝှေ့တက်လာသောလေပွေတို့ ငြိမ်ကျသွားသည့်အချိန်၌ အမြင် အာရုံပြန်ရရှိလာပြီးဖြစ်သည်။ ယွီရှန်းရုံကမူ လက်ပိုက်လျက်သာ မူလနေရာတွင်ပျံဝဲနေသေးဆဲ ရှိကာ သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့်ရှိနေ၏။ သူက လော့ရှစ်စန်းကို စိုက်ကြည့်လိုက်သည်။

“ဘာဖြစ်သွားတာလဲ” တပည့်များက တုန်လှုပ်သွားကုန်၏။

“မဖြစ်နိုင်တာ”

“ဒါ သူ ဘယ်လိုလုပ်လိုက်တာလဲ”

လော့ရှစ်စန်းက သိချင်စိတ်ပြင်းနေသည်။ သို့သော် သူ၏ တပည့်များထက် သူကပိုတည်ငြိမ်၏။ ယွီရှန်းရုန်ကို ကြည့်ပြီးမေးလိုက်တော့သည်။

“မင်းတစ်သက်လုံး ဒီအတိုင်းနေဖို့ စဉ်းစားနေတာလား”

ယွီရှန်းရုန်၏ မျက်နှာထက်တွင် သိမ်မွေ့သော အပြုံးဖျော့ဖျော့ရှိနေပြီး လေကို မျက်နှာချင်းဆိုင်နေလိုက်သည်။

“ကျုပ် လှုပ်ရှားရင် ခင်ဗျားရပ်နေဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး”

“မောက်မာထောင်လွှားလိုက်တာ”

“ခင်ဗျား ကျုပ်ကို အထင်လွဲနေပြီ”

“ဟမ်”

“ခင်ဗျားသာ ကျုပ်ကို နားလည်ရင် ကျုပ်နှိမ့်ချပေးနေတယ်ဆိုတာ သိမှာပဲ”

လုံလောက်သွားပြီဖြစ်သည်။ လော့ရှစ်စန်းက လျင်မြန်စွာလှုပ်ရှားလိုက်ရာ နေရာအနှံ့ ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့တော့သည်။ သူ၏ ဒုက္ခရှုကွင်းတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်မှအားဖြည့်ပေးမှုဖြင့် သူ၏လှုပ်ရှားမှုများက လျပ်ပြက်သကဲ့သို့ မြန်ဆန်လာသည်။ ထိုလှုပ်ရှားမှုက တောက်ကွယ်ပျောက် ခြင်း ကျင့်စဉ်နှင့်ဆင်တူနေ၏။

တစ်ချိန်တည်းတွင် စွမ်းအင်ဓားသွားများက ပုံရိပ်ယောင်များတစ်ဝိုက်တွင် ဖွဲ့တည်နေပြီး ယွီရှန်းရုန် ဆီသို့ ဦးတည်သွားတော့သည်။ ယွီရှန်းရုန်က မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ဖြင့် ခေါင်းညိတ် လိုက်၏။ သူက စိတ်ကျေနပ်နေပုံရသည်။

ယွီရှန်းရုန်ရှေ့ရှိစွမ်းအင်နံရံက ချက်ချင်းပြိုကွဲသွားပြီး သူက ညာလက်ကိုမြှောက်ကာ ဓားကို လျင်မြန်စွာဆွဲယမ်းလိုက်တော့၏။

ဘေး၊ အလယ်၊ ညာ

ပုံရိပ်သုံးခုက လေထဲ၌ ပေါ်ထွက်လာ၏။ ယင်း၌ ပုံရိပ်များထပ်နေသည့်ပမာဖြစ်နေသည်။ ပြန်ရောက်ခြင်း ဝိညာဉ်သုံးပါးဝင်ရောက်ခြင်း

သူ၏ ကြက်သွေးရောင်သက်တော်ရှည်ဓားက မျက်စိကန်းစေလောက်သည့် အလင်းတန်းဖြင့်ရှေ့သို့ တဟုန်ထိုးရောက်လာပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားတော့သည်။ လေဟာနယ်က လှိုင်းကဲ့သို့ ဂယက်ထသွား၏။ လော့ရှစ်စန်းသည် နားထဲ၌ ဆူညံသံတစ်သံသာကြားလိုက်ရပြီး မျက်လုံးက လှုပ်ရှားမှုကို အမှီမလိုက်နိုင်ပေ။

…

အခန်း (၁၇၆) ခြွင်းချက်

ယွီရှန်းရုန်သည် မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်လာကတည်းက သူ့ဓားတစ်လက်ဖြင့် နောက်ခံအမျိုးမျိုးမှ အဆင့်မြင့် ပညာရှင်များစွာကို စိန်ခေါ်ခဲ့ပြီး တစ်ပွဲမှ မရှုံးနိမ့်ဖူးပေ။

ဓားရူးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး သမာသမတ်လမ်းစဉ်မှ ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံဆင့်ပိုင်ရှင် ချန်းဝမ်ကျဲသည် သူ့ဓားချက်အောက်၌သာ သေဆုံးခဲ့ရသည်။ ထိုအကြောင်းအရင်းကြောင့် သူက ပေနက်လွှာ၌ အဆင့်ငါးနေရာသို့ တက်လှမ်းသွားသည်။ အကယ်၍ သူသာ လွတ်လွတ်လပ်လပ် တစ်ကိုယ်တည်း သီးသန့်နေရတာ ကြိုက်သည့်သူ မဟုတ်လျှင် ပေနက်လွှာ၌ အဆင့်ပိုမြင့်နေပေလိမ့်မည်။

ယွီရှန်းရုန်၏ ကျင့်ကြံဆင့် မည်မျှမြင့်မားကြောင်း မည်သူမှ မသိကြပေ။ ကောလာဟလများအရ သူ့ကျင့်ကြံဆင့်သည် မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးဆုံးတပည့် ယွီကျန့်ဟိုင်နှင့် လက်ရည်တူလိုက်သည်ဟု ဆိုကြသည်။

နှစ်ယောက်သား မိစ္ဆာဝေဟင်မျှော်နန်းဆီ စောစောစီးစီး ဝင်ရောက်ခဲ့ပြီး ကျိထျန်းတောက် တပည့်များ ဖြစ်လာခဲ့ကြသည်။ သူတို့က ကျိထျန်းတောက်၏ ရာထူးကို အမွေဆက်ခံကာ သူတို့ဆရာဖြစ်သူကိုပင် ကျော်လွန်သွားသည်ဟု ဆိုကြသည်။

ယွီရှန်းရုန်က တာ့ယန်၏ ရှန်စုရှုမြို့ တိုက်ပွဲအပြီးတွင် နာမည်ကျော်ကြားလာခြင်း ဖြစ်သည်။

ထိုသိုင်းကွက် ပြန်ရောက်ခြင်း၊ ဝိညာဉ်သုံးပါးဝင်ရောက်ခြင်းသည် သူ ကျော်ကြားရသည့် ဓားသိုင်းဖြစ်သည်။

သူက လျင်လျင်မြန်မြန် လှုပ်ရှားသောကြောင့် စိတ်ကူးနှင့် လက်တွေ့ တစ်သားတည်းအလား ဖြစ်နေသည်။

လော့ရှစ်စန်း၏ အမြင်တို့က ဝေဝါးလာသည်။ သူက အိပ်မက်မက်နေသလို ခံစားနေရ၏။ လော့ရှစ်စန်း၏ ဓားနှလုံးသားစုစည်းခြင်း ဖန်တီးထားသော ပတ်ဝန်းကျင်က သူ့ပြိုင်ဘက်အတွက် အရည်အချင်း ထုတ်ဖော်နိုင်ဖို့ အကောင်းဆုံး အနေအထား ဖြစ်သည်။

အကယ်၍ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်က မလှုပ်ရှားလျှင် အားလုံး အဆင်ပြေနေမည် ဖြစ်၏။ သို့သော် လှုပ်ရှားလိုက်သည်နှင့် ရလဒ်က သိသာလှသည်။

လော့ရှစ်စန်းက မျက်လုံးအပြူးသား ဖြစ်သွားလေသည်။ သူ့ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဍာန်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သို့သော်လည်း ပုံရိပ်သုံးခုက သူ့ဆီ ဘယ်၊ ညာ၊ အလယ်တည့်တည့်မှ ချဉ်းကပ်လာသည်။

အနီရင့်ရင့် ဓားက ဧရာမစွမ်းအားဓားကြီးကို ပိုင်းဖြတ်လိုက်ကာ အရှိန်ဖြင့် ဆက်လက်လှည့်ပတ်နေသည်။

ပုံရိပ်သုံးခုက တစ်သားတည်းအဖြစ် ပေါင်းစပ်သွားကြ၏။

ဧရာမစွမ်းအားဓားကြီးက အနီရင့်ရင့် ဓားအောက် နှစ်ပိုင်းပြတ်သွားသည့်အခါ …

ဘန်း

ထိပ်တန်း မြေကမ္ဘာအဆင့် လက်နက်က သက်တော်ရှည်ဓားအောက်တွင် နှစ်ပိုင်းကျိုးသွားတော့သည်။

ယွီရှန်းရုန်၏ ညာဘက်လက်က ဖြောင့်တန်းနေပြီး ဓားကို ဖျတ်ခနဲ ထိုးချလိုက်သည်။ တစ်ချိန်တည်းတွင် စွမ်းအားဓား အပိုင်းအစများက မကြေမွသွားခင် လေထဲ အေးခဲသွားလေ၏။

တိုက်ပွဲသံများက ရပ်တန့်သွားတော့သည်။

တိုက်ပွဲကြာချိန်က လက်ဖက်ရည်တစ်အိုး အေးရုံလောက်သာ ကြာမြင့်လိုက်၏။ ရလဒ်က သိသာထင်ရှားလှသည်။

ဓားစင်မြင့်ရှိ တပည့်များက အသက်အောင့်ထားလိုက်ကြသည်။ ထိုစဉ် အချိန်က ရပ်နေပုံပေါ်သည်။ တပည့်များက တိုက်ပွဲအဟုန်ကို လိုက်မီဖို့ အခက်တွေ့နေကြသည်။ သူတို့က သူတို့ဆရာဖြစ်သူ လော့ရှစ်စန်းဆီ အကြည့်ပြောင်းလိုက်ကြသည်။

လော့ရှစ်စန်းက သူ့ရှေ့မှ အနီရင့်ရင့် ဓားကို ကြည့်ကာ မျက်လုံးအပြူးသား ဖြစ်နေလေ၏။ ဓားထိပ်ဖျားက သူ့နဖူးပေါ်တွင် ရှိနေသော်လည်း ထိုးဖောက်မသွားပေ။

ဤသည်မှာ ယွီရှန်းရုန်၏ ဓားထိန်းချုပ်မှု ဖြစ်သည်။ အနည်းငယ်သာ အားထည့်လိုက်ရုံဖြင့် ဓားသူတော်စင် လော့ရှစ်စန်း၏ အသက်ကို နုတ်ယူသွားနိုင်သည်။

ယွီရှန်းရုန်က အဘယ်ကြောင့် မလုပ်သည်ကို မည်သူမှ အကြောင်းအရင်း မသိကြပေ။

လော့ရှစ်စန်းက ပြုံးနေသည့် ယွီရှန်းရုန်ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။ သူတို့အင်အားကွာခြားချက်က ကြီးမားလွန်းနေသည်။ သူက ထိုအရာကို နားမလည်ခဲ့သလို နားမလည်နိုင်ခဲ့ပေ။ သူတို့က အဆင့်မတူကြပေ။

ဓားသူတော်စင် လော့ရှစ်စန်းက ဓားနတ်ဆိုး၏ ဓားတစ်ချက်ကိုပင် မခံနိုင်ခဲ့ပေ။ အကယ်၍ ကမ္ဘာကြီးသာ ဒီအကြောင်းကို သိသွားခဲ့လျှင် သူ့အင်အားကို မည်သို့အဆင့်သတ်မှတ်မည်နည်း။

သူတော်စင်ဟု ခေါ်ဝေါ်ခံရခြင်းမှာ သူ/ သူမ၏ စွမ်းဆောင်ရည်က သာမန်လူများထက် သာလွန်နေ၍ ဖြစ်သည်။

တာ့ယန် မိုးကောင်းကင်အောက်တွင် သူတော်စင် ဂုဏ်ပုဒ်ရရှိထားသူများက ခြွင်းချက်မရှိ ဆရာကြီးများ ဖြစ်ကြသည်။

ဓားသူတော်စင်က လော့ရှစ်စန်းအနေနှင့် သူ့ဓားစွမ်းရည်ဖြင့် လက်ခံရရှိနိုင်သည့် အမြင့်ဆုံး ဂုဏ်ပုဒ် ဖြစ်သည်။

ဓားရူးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် သူ့အစ်ကိုကြီး လော့ချန်ချင်းပင် ဒီလိုဂုဏ်ပုဒ်မျိုး မရခဲ့ပေ။

ဓားသူတော်စင်က ဓားနတ်ဆိုး၏ ဓားတိုက်ကွက်အောက် ရှုံးနိမ့်သွားလေရာ လော့ရှစ်စန်းအတွက် အကြီးမားဆုံး ထိနှက်ချက် ဖြစ်နေသည်။

သူက ဒီလိုမျိုး ဘယ်လိုဆက်နေရမှာလဲ …

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လော့ရှစ်စန်းက ထုတ်မေးလိုက်သည်။

“ငါ့ကို ဘာလို့မသတ်တာလဲ ”

အားလုံးက ဓားနတ်ဆိုး၏ အကျင့်ကို သိထားကြသည်။ သူက သတ်မည် ပြောထားပါက သတ်ကိုသတ်လိမ့်မည်။ သူ့ပစ်မှတ်က မည်သည့်နေရာရောက်ရောက် ကိစ္စမရှိပေ။ သူက ကမ္ဘာအဆုံးအထိ လိုက်ရှာလိမ့်မည်။ သို့သော်လည်း ဤတစ်ကြိမ် သူ့ဓားက သွေးမစွန်းရသေးပေ။

ယွီရှန်းရုန်က လက်ဖြေလိုက်သည့်အခါ အသက်ရှည်ဓားက ပျံတက်သွားပြီး ဓားအိမ်ထဲ ပြန်ရောက်သွားသည်။

“ တကယ်လို့ ကျုပ်သာ သတ်လိုက်ရင် ခင်ဗျားက ကျုပ်ဓားအောက် သေဆုံးသွားရတဲ့ နောက်ထပ် ဝိညာဉ်တစ်ခု ဖြစ်သွားမှာပဲ။ ဒါပေမဲ့ … ” ယွီရှန်းရုန်၏ လေသံက ပျော့ပျောင်းသွားကာ “ ဒီတစ်ခါ ခြွင်းချက်ထားပြီးတော့ အသက်ကို ချမ်းသာပေးလိုက်မယ် ”

ခြွင်းချက်လား …

လော့ရှစ်စန်းက ယွီရှန်းရုန် ဆိုလိုရင်းကို နားမလည်ပေ။

စင်မြင့်ပေါ်ရှိ တပည့်များလည်း ကြောင်အမ်းသွားကြသည်။ သူတို့ လေးစားရသည့် ဆရာက တိုက်ကွက်တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားလေရာ သူတို့ မည်သို့ မတုန်လှုပ်ဘဲနေမည်နည်း။ သူတို့က ဒူးများပျော့ခွေသွားကာ မြေပြင်ပေါ် ထိုင်ချလိုက်ရသည်။

အကွာအဝေးကြောင့် သူတို့က ယွီရှန်းရုန်သည် သူတို့ဆရာဖြစ်သူနှင့် မိတ်ဆွေနှစ်ယောက် စကားစမြည်ပြောနေသလိုမျိုးကိုသာ မြင်လိုက်ကြရသည်။ သူတို့က ဘာပြောနေလဲ မကြားရပေ။

လော့ရှစ်စန်းက နားမလည်စွာ မေးလိုက်သည်။

“ အဲဆို … ”

“ခင်ဗျားမှာ ရွေးချယ်မှုနှစ်ခုရှိတယ် ” ယွီရှန်းရုန်က ပြောလိုက်သည် “ပထမတစ်ချက် ခင်ဗျားအသက်ကို ဟေးမုလျန် နဲ့ လဲလိုက်။ ဒုတိယတစ်ချက် ပထမတစ်ချက်ကို ငြင်းဆန်ရင် ခင်ဗျားကို သုံးရက်အတွင်း လာသတ်လှည့်မယ်။ ကျုပ်က ပြိုင်ဘက်ရဲ့ ရွေးချယ်မှုကို အမြဲတမ်း လေးစားပေးတဲ့သူပါ ”

“…”

ယွီရှန်းရုန်၏ စကားများက အကျိုးအကြောင်း သင့်သော်လည်း လော့ရှစ်စန်းက တစ်ခုခု လွဲမှားနေသလိုသာ ခံစားနေရသည်။ သူက မျက်မှောင်အသာကြုတ်ကာ “ ဟေးမုလျန် က အဖိုးတန်တယ်။ အဲဒါနဲ့ဆိုရင် ချီပင်လယ် ပျက်စီးသွားရင်တောင် ပြန်ပြင်လို့ရတယ်။ ကြီးမြတ်လှတဲ့ ဓားနတ်ဆိုးက ဘာကြောင့်များ လိုအပ်နေတာလဲ”

ယွီရှန်းရုန်၏ ကျင့်ကြံဆင့်နှင့် အင်အားကို သက်သေပြပြီးပြီး ဖြစ်၏။

လော့ရှစ်စန်းက ယွီရှန်းရုန်သည် အင်အားကြီးသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်တုန်း ဒဏ်ရာရသွားခဲ့လျှင် ကိုယ့်ဘာသာ ကုသဖို့အတွက် ကြိုတင်ဆောင်ထားချင်သည်ဟုသာ ထင်နေသည်။

ယွီရှန်းရုန်က ပြုံးကာ “ခင်ဗျား အထင်လွဲနေပြီ ”

“အို ”

“ရှောင်ရှစ်မေ့ ရှိတယ်လေ။ သူမနာမည်က စီယွမ်အာတဲ့ … သူမက တခြားသူတွေအပေါ် ညင်သာပြီးတော့ ဖြူဖြူစင်စင် နူးနူးညံညံ ကောင်မလေးမျိုး။ ဟေးမုလျန်က သူမအတွက်ပါ”

ယွီရှန်းရုန်က မိစ္ဆာဝေဟင်မျှော်နန်း ရှိရာဆီ လှမ်းမျှော်ကြည့်လိုက်သည်။

နေမင်းအလင်းရောင်က မြူခိုးများနှင့် တိမ်ပင်လယ်ကို ထိုးဖောက်လာသည်။ သူတို့က သက်တံရောင် အလင်းတန်းအဖြစ် ကွေးညွတ်သွားပြီး ယွီရှန်းရုန်၏ ဖြောင့်မတ်နေသည့် ကျောပေါ် ဖြာကျလာသည်။

‘ရှောင်ရှစ်မေ့တဲ့လား … စီယွမ်အာက ညင်သာနူးညံ့တယ်တဲ့လား ’

“ ငါ နားမလည်တာ တစ်ခုရှိသေးတယ် ” လော့ရှစ်စန်းက ပြောလိုက်သည်။

“ပြောပါ ” ယွီရှန်းရုန်၏ လေသံက ညင်သာလျက်ရှိ၏။

“မင်းက မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်လာပြီဆိုတော့ တပည့်ထဲက တစ်ယောက် မဟုတ်တော့ဘူးလေ။ ဘာလို့ ကူညီပေးနေရတာလဲ”

“ ကူညီပေးတာတဲ့လား ” ယွီရှန်းရုန်က ခေါင်းအသာစောင်းကာ ခပ်ယဲ့ယဲ့ ပြုံးလျက် “လော့ရှစ်စန်း … ကျုပ်ဘာသာ သူ့ကို ကူညီတာဖြစ်ဖြစ် မကူညီတာဖြစ်ဖြစ် ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ ”

လော့ရှစ်စန်းက ကြောင်သွားလေသည်။ သူက မတုံ့ပြန်နိုင်တော့ပေ။

သူ ပြောတာက အမှန်ဖြစ်၏။

သူ့ဘာသာ ဘာလုပ်လုပ် ငါနဲ့ ဘာဆိုင်လို့လဲ … ပြီးတော့ ငါက သူ့ဆီ ရှုံးထားတာလေ

“ ငါတို့က တစ်ယောက်နဲ့ တစ်ယောက် မသိကြပေမဲ့ ဒီတိုက်ပွဲကနေ မင်းက အကြောင်းအရင်းမရှိဘဲ ပြစ်မှုကျူးလွန်တဲ့ လူစားမျိုး မဟုတ်ဘူးဆိုတာ ပြောနိုင်တယ်။ အားလုံး ကဲ့ရဲ့ကြတဲ့ မိစ္ဆာကြီးဖြစ်ဖို့ ဘာလို့ရွေးချယ်ခဲ့တာလဲ ” လော့ရှစ်စန်းက နားမလည်နိုင်ပေ။

ယွီရှန်းရုန်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်ကာ “ ကျုပ်ကို လာဖျောင်းဖျနေတာလား ”

“အာ …” လော့ရှစ်စန်းက နေရခက်သလို ဖြစ်သွားသည်။

“ ကျုပ်ကို အဲဒီစကားတွေ နောက်ဆုံးပြောခဲ့တဲ့သူက ခုံမင်ပဲ ” ယွီရှန်းရုန်က ပြောလာသည်။

ခုံမင်လား … မဟာနတ္ထိဘုရားကျောင်းရဲ့ ခုံမင်လား

လော့ရှစ်စန်းက အံ့ဩသွားသည်။ မဟာနတ္ထိဘုရားကျောင်း၏ ခုံမင်က မိစ္ဆာဝေဟင်မျှော်နန်း၏ ငါးယောက်မြောက် တပည့် ကျောင်းယွဲ့လက်ချက်ဖြင့် သေဆုံးသွားသည်ဟု ဆိုကြသည်။ တကယ့် တရားခံက ဓားနတ်ဆိုး ယွီရှန်းရုန် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော်လည်း အကျိုးအကြောင်းသင့်လေသည်။ ခုံမင်က မဟာနတ္ထိဘုရားကျောင်း၏ အဆင့်မြင့် ကျင့်ကြံသူဖြစ်လေရာ ကျောင်းယွဲ့၏ ကျင့်ကြံဆင့်လေးဖြင့် ခုံမင်ကို သတ်နိုင်မည် မဟုတ်ချေ။

သို့သော်လည်း ထိုအရာများက အရေးမပါတော့ပေ။

လူသတ်သမားက မည်သူဖြစ်နေစေကာမူ ကမ္ဘာကြီးက မိစ္ဆာဝေဟင်မျှော်နန်းဆီသာ အပြစ်ပုံချကြမည် ဖြစ်၏။

ယွီရှန်းရုန်က ဆက်ပြောလိုက်သည်။

“ ခုံမင် လမ်းစဉ်ကို မလိုက်ချင်ပါနဲ့ ”

လော့ရှစ်စန်းက တစ်ခုခုပြောချင်သော်လည်း ပိုကောင်းသည့်အရာကို စဉ်းစားမိလိုက်သည်။

သူက ဒီအမျိုးသားကို ဖျောင်းဖျဖို့ ကြိုးစားနေတာလား … မဟာနတ္ထိဘုရားကျောင်းရဲ့ ခုံမင်တောင် ဖျောင်းဖျဖို့ ကြိုးစားရင်း ကျဆုံးသွားခဲ့တာလေ။ သူ့စကားတွေက ယွီရှန်းရုန်အပေါ် သက်ရောက်မှု ရှိမှာတဲ့လား …

လော့ရှစ်စန်းက သူ့ရှေ့မှ အမျိုးသားကို ကြည့်လိုက်သည်။ သူက ဓားနတ်ဆိုးမှန်း စိတ်ကူးကြည့်ဖို့ ခက်လှသည်။

ယွီရှန်းရုန်က လက်ပိုက်လျက် လေထဲ လမ်းလျှောက်ထွက်သွားလေသည်။ သူက မြန်လည်း မမြန်သလို နှေးလည်း မနှေးပေ။ “ ကျုပ်က ကိုယ့်နိယာမကို အမြဲလိုက်နာတယ်။ ဘယ်တော့မှ ခြွင်းချက် မလုပ်ဖူးဘူး။ အခု လုပ်ပေးလိုက်ပြီဆို‌တော့ ခင်ဗျား တန်ဖိုးထားသင့်တယ် ”

…

အခန်း (၁၇၇) အညံ့ခံမလား။ အရိုက်ခံမလား

“နှုတ်ဆက်ပါတယ်” ယွီရှန်းရုန်သည် ဓားစင်မြင့်ထက်ရှိတပည့်များကို တစ်ချက်ကြည့်ပြီး သူ၏ မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ဖြင့် ပြီးစလွယ်သဘောခေါင်းညိတ်ပြလိုက်သည်။ သူ၏ ခန္ဓာ ကိုယ်က ဖျတ်ခနဲလှုပ်ရှားသွားပြီး မျက်တောင်တစ်ခတ်အတွင်း ပေတစ်ရာအကွာသို့ ရောက်သွားပြီ ဖြစ်သည်။ နောက်တစ်စက္ကန့်၌ စင်မြင့်၏အရံအတားများကို ဖြတ်ကျော်လျက်ပျောက်ကွယ်သွား တော့သည်။

လော့ရှစ်စန်းသည် သူ၏ပခုံးပေါ်မှ ဖိအားများပေါ့သွားတာကို ခံစားမိလိုက်သည်။ သူက လျင်မြန်စွာ ဆင်းသက်လာ၏။ သူဆင်းသက်လာသည်နှင့် အနည်းငယ်ယိမ်းယိုင်သွားတော့သည်။

“ရှစ်စွင်း” လော့ရှစ်စန်း၏တပည့်နှစ်ဦးက သူ့ကို ကူရန်အမြန်ပြေးလာကြတော့သည်။

လော့ရှစ်စန်းက သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ပြီးနောက်ပြောလိုက်တော့သည်။

“ငါ စိတ်ပြောင်း သွားပြီလို့ အကြီးအကဲတွေကို အကြောင်းကြားလိုက်။ တင်းဖန်ချိုးက ယွင်ဂိုဏ်းရဲ့ ပင်မတပည့် တစ်ယောက်ပဲ။ ဟေးမုလျန်က အရာဝတ္ထုတစ်ခုသာသာပဲ။ လူတစ်ယောက်ရဲ့ အသက်က ပိုတန်ဖိုးရှိတယ်။ လဲလှယ်ဖို့သဘောတူလိုက်”

“နားလည်ပါပြီ”

ဓားစင်မြင့်နှင့် မိုင်ပေါင်းများစွာဝေးကွာသော တောင်တန်းများကြားထဲ၌ မျှော်နန်းတစ်ခုရှိသည်။

စီးဝူယာ့သည် စင်မြင့်ဘက် သို့ ကြည့်ပြီး ပြုံးလျက်ပြောလိုက်လေ၏။ “အာ့ရှစ်ရှိုး ရှစ်ရှိုးက ရှောင်ရှစ်မေ့အတွက် ခြွင်းချက်တစ်ခုလုပ်ပေးခဲ့တာ အံ့ဩစရာကောင်းလိုက်တာ”

ယွီရှန်းရုန်က မျှော်နန်း၏ထောက်တိုင်များထဲမှ တစ်ခုကိုမှီလျက်ပြောလိုက်တော့သည်။ “ရှောင် ရှစ်မေ့မှာ ထူးကဲတဲ့ပါရမီတွေရှိတယ်။ သူ့ရဲ့ချီပင်လယ်ကို မဖွင့်နိုင်ခဲ့ရင် နှမြောစရာပဲ။ စည်းမျဉ်းတွေ ဆိုတာ လူသားတွေလုပ်ထားတာ။ လူတွေရဲ့ဆုံးဖြတ်ချက်က ကောင်းကင်ကို အနိုင်ယူနိုင်တယ်”

“ယွင်ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ဟေးမုလျန်လဲလှယ်ဖို့ ငြင်းခဲ့တာလို့ ကျွန်တော်ကြားထားတယ်။ အခုမီးထဲဆီထည့်လိုက်ပြီဆိုတော့ တာ့ရှစ်ရှိုး ရလဒ်က နှစ်မျိုးပဲရှိတယ်” စီးဝူယာ့က ယုံကြည်ချက်ရှိရှိပြောလိုက်သည်။

“တစ်ခုကတော့ ယွင်ဂိုဏ်းက အဆုံးထိ တွန်းပို့ခံရပြီး မိစ္ဆာဝေဟင်မျှော်နန်းနဲ့ စတိုက်ခိုက်မှာ။ ဒုတိယ တစ်ချက်ကတော့ ယွင်ဂိုဏ်းက အညံ့ခံပြီး လဲလှယ်ဖို့သဘောတူလိမ့်မယ်။ အာ့ရှစ်ရှိုး ယွင်ဂိုဏ်းက ပထမတစ်ချက်ကို ရွေးချယ်သွားမှာ မစိုးရိမ်ဘူးလား”

“လောင်ချီ မင်း ဉာဏ်ထက်မှန်းငါသိတယ်။ မင်း ဒီလောကထဲက အခြေခံအကျဆုံးအကြောင်း အရင်းကို နားလည်ထားသင့်တယ်” ယွီရှန်းရုန်က ပြုံးပြီးပြောလိုက်တော့သည်။

“အလင်းပြပေးပါဦး အာ့ရှစ်ရှိုး”

“သူတို့ အညံ့မခံချင်ဘူးဆိုရင် သူတို့ကို ရိုက်လိုက်ရုံပေါ့” ယွီရှန်းရုန်က ထိုသို့ပြောပြီးနောက် ခေါင်းခါလိုက်လေ၏။ “ဒါပေမဲ့ ငါ ဒီလို အကြမ်းဖက်တဲ့နည်းလမ်းကို တကယ်သဘောမကျဘူး”

စီးဝူယာ့က ထိုစကားကို ကြားသည့်အချိန်၌ လက်သီးဆုပ်မိုးလျက်ပြောလိုက်တော့သည်။ “ရှစ်ရှိုးဆီက စကားတစ်ခွန်းက ဆယ်နှစ်ကျော်လေ့လာရတာထက်ပိုကောင်းပါတယ် အာ့ရှစ်ရှိုး”

“ငါ့အတွက် ယွင်ဂိုဏ်းကို စောင့်ကြည့်ပေးထား” ယွီရှန်းရုန်က ပြောလိုက်တော့သည်။

“စိတ်မပူပါနဲ့ အာ့ရှစ်ရှိုး”

“ဒါဆိုမင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ”

“အာ့ရှစ်ရှိုးက အားနာလွန်းနေပါပြီ” စီးဝူယာ့က အရိုအသေပေးလျက်လက်သီးဆုပ်လိုက်တော့ သည်။ သူမော့ကြည့်လိုက်ချိန်၌ ယွီရှန်းရုန်၏ စကားများက သူ၏နားထဲတွင် ကြားနေသေးသော်ငြား ယွီရှန်းရုန်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီဖြစ်သည်။ သူက ပြုံးပြီးပြောလိုက်တော့၏။ “ရှောင်ရှစ်မေ့က ရှစ်ရှိုးတို့တွေးသလိုမျိုး အပြစ်ကင်းပြီးသန့်စင်ဖို့မျှော်လင့်မိတယ်။ မဟုတ်ရင် ရှစ်ရှိုးတို့ အားစိုက်ထုတ်မှုက အချည်းနှီးဖြစ်သွားမှာ”

...

နောက်တစ်နေ့တွင် မိစ္ဆာမျှော်နန်း၏မဟာခန်းမထဲတွင် ဖြစ်သည်။

တပည့်များက ဘေးချင်းယှဉ် တစ်တန်းတည်းရပ်နေလေ၏။ လုကျိုးသည် ယွင်ဂိုဏ်းနှင့် ဆွေးနွေး ညှိနှိုင်းရမည့် နည်းလမ်းတစ်ခုကို တွေးနေဆဲဖြစ်ကာ ဟေးမုလျန်ရအောင် ယူနိုင်မည့် နည်းလမ်းကို စဉ်းစားနေ၏။ ယွင်ဂိုဏ်း၏စင်မြင့်ရှစ်ခု၌ သိုင်းပညာရှင်များပြည့်နေလေသည်။

လက်ရှိမိစ္ဆာဝေဟင်မျှော်နန်းက ယခင်ကကဲ့သို့ မဟုတ်ပေ။ တပည့်ကြီးနှင့် ဒုတိယတပည့်သာရှိနေခဲ့လျှင် တာ့ယန်၏နေရာတိုင်းကို အတားအဆီးမရှိသွားနိုင်ပေ၏။

လက်ရှိတွင် ဟွားဝူတောက်ကအသန်မာဆုံးအဖွဲ့ဝင်ဖြစ်‌နေပြီး ဖန်းရှုဝမ်ကမူ ပြန်လည်ကုစားနေဆဲ ဖြစ်သည်။ ယဲ့ထျန်းရှင်းက သူ၏စွမ်းအင်ဗဟိုချက်ချီပင်လယ် ဖွဲ့တည်နေပြီး မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်အဖြစ်တောင် မတွက်ထားပေ။ ကျောင်းယွဲ့က သူမကျင့်ကြံဆင့်တစ်ဝက်သာ ပြန်ကောင်း သေးပြီး သူမကနတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်သို့ မရောက်သေးချေ။ ထိုကြောင့် အားသုံးပြီး ယွင်ဂိုဏ်းကို ဝင်တာက ဉာဏ်ရှိသည့်လုပ်ရပ်မဟုတ်ချေ။

ခိုးရင်ရော...။ လက်တွေ့မကျသည့်အကြံက လုကျိုးစိတ်ထဲပေါ်လာသည်။

ထိုစဉ်အပြင်ဖက်မှ အသံတစ်သံပေါ်ထွက်လာ၏။

“အကြီးအကဲဟွား ဒီရောက်နေပါပြီ” မဟာခန်းမအပြင်ဘက်တွင် ဟွားဝူတောက်က ဖျတ်လတ် တက်ကြွနေပုံရသည်။ သူလမ်းလျှောက်ဝင်လာသည့်တိုင်တောင် ခြေလှမ်းများ၌ နွေဦးများ ပြည့်နေပုံ တောင်ရသည်။ လုကျိုးက လက်သီးနှစ်ဖက်ဆုပ်မိုးပြီး ပြောလိုက်တော့သည်။

“မျှော်နန်းသခင် ယွင်ဂိုဏ်းက အကြောင်းပြန်လာပါပြီ။ သူတို့က တင်းဖန်ချိုးအတွက် ဟေးမုလျန်ကို လဲလှယ်ဖို့ သဘောတူနေပါပြီ။ သူတို့အထူးတမန်တော်က ဒီကိုရောက်လာပါလိမ့်မယ်” သူကပြောလိုက်၏။

လုကျိုးရင်ထဲပျော်ရွှင်သွားလေ၏။ သို့သော် သူ၏မျက်နှာထားက တည်ငြိမ်နေဆဲဖြစ်ကာပြောလိုက် တော့၏။ “သူတို့ စိတ်ပြောင်းသွားတာလား”

“ဒါက” ဟွားဝူတောက်သည် ယွင်ဂိုဏ်းက ရုတ်တရက်ကြီးစိတ်ပြောင်းသွားရသည့်အကြောင်း အရင်းကို သူမသိပေ။ သူသည် တစ်ခါတုန်းက ယွင်ဂိုဏ်းတွင်ရှိခဲ့ဖူးသည်။ ထို့ကြောင့် စင်မြင့်ကို ကူးသည့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ရန် မည်မျှခက်ခဲကြောင်းသိနေပေ၏။ ဟေးမုလျန်အတွက် မိစ္ဆာဝေဟင်မျှော်နန်း၏တောင်းဆိုချက်ကို ငြင်းပယ်တာယုတ္တိရှိသည်။ ရုတ်တရက်ပြောင်းလဲမှုက အမှန်တကယ်အံ့ဩစရာကောင်းပေ၏။

သို့သော် ယင်းက အရေးမကြီးပေ။ သူတို့လဲလှယ်ရန် သဘောတူပြီးဖြစ်သောကြောင့် ယင်းက အကောင်းဆုံးဖြစ်သည်။

“မျှော်နန်းသခင် ယွင်ဂိုဏ်းက တောင်းဆိုချက်ကို သဘောတူလိုက်ပြီဆိုမှတော့ ဒီအခွင့်အရေးကို ဖမ်းဆုပ်ပြီး ကျွန်တော်တို့ရဲ့ စကြာယာဉ်ကို တိုးတက်အောင်လုပ်ရအောင်လား။ မိစ္ဆာဝေဟင်မျှော် နန်းက အစွမ်းထက်တယ်ဆိုပေမဲ့ ရန်သူတွေများနေတာ။ နောင်ကျ မျှော်နန်းသခင်”

ဟွားဝူတောက်က ပြောလိုက်လေ၏။ သူက ဆယ်နှစ်သက်တမ်းကိုပြောချင်သော်ငြား ထိုစကားလုံးကမသင့်တော်ဟု ခံစားမိ၏။ သူက ဆက်ပြောလိုက်သည်။ “နောက်ထပ်မဟာမိတ်ရှိ တာက ရန်သူတစ်ယောက်တစ်ယောက်ရှိနေတာထက်တော့ အမြဲတမ်းပိုကောင်းတယ်လေ”

လုကျိုးက သူ့ကို ဖျတ်ခနဲကြည့်လိုက်လေ၏။

“အကြီးအကဲဟွား ခင်ဗျားဒီလိုသံယောဇဉ်ကြီး တာတော့ ကောင်းပါရဲ့။ ဒါပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းက ဒီလိုမဟာမိတ်ကို မလိုအပ်ဘူး” သူက ထူးမခြားနားပြောလိုက်သည်။

“နောင်ကျ...”

“မနက်ဖြန်အတွက် ဒုက္ခတွေကို မနက်ဖြန်အတွက်ထားလိုက်မယ်” လုကျိုးက ယုံကြည်ချက်ရှိရှိ ပြောလိုက်လေ၏။ “ငါ့လက်ထဲမှာ အချိန်ရှိပါသေးတယ်”

ဟွားဝူတောက်က ဘာမှ ထပ်မပြောရဲတော့ချေ။ သူက မိစ္ဆာဝေဟင်မျှော်နန်းအတွက် အသင့်ဖြစ်နေသေး ပုံရသည်။ သူ၏ပုံစံက မိစ္ဆာဝေဟင်မျှော်နန်း၏ပုံစံနှင့် သဟဇာတမဖြစ်သေးပေ။ သို့သော်ငြား လောနေစရာမလိုချေ။ သူက ဖြည်းဖြည်းချင်းသွားရန်ဆုံးဖြတ်ထား၏။ အနည်းဆုံး တော့ မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် ယခုအချိန်ထိလုပ်ခဲ့သောကိစ္စရပ်များက သူလက်ခံနိုင်သော အရာများသာ ဖြစ်သည်။

“မျှော်နန်းသခင် ယွင်ဂိုဏ်းက သူတို့ဟေးမုလျန်ကို လဲလှယ်ဖို့ဆန္ဒရှိရင်တောင် ဟေးမုလျန်တစ်ခုက လူတစ်ယောက်ရဲ့ချီပင်လယ်ကို ဖွင့်ဖို့မလုံလောက်သေးဘူးလေ” ဟွားဝူတောက်က ပြောလိုက်၏။

လုကျိုးက ခေါင်းညိတ်ကာပြောလိုက်တော့သည်။ “ဟေးမုလျန်ဘယ်နှစ်ခုရှိလဲဆိုတာ မင်းသိလား”

ဟွားဝူတောက်ကပြောလိုက်သည်။

"ကျွန်တော်သိသလောက်တော့ ငါးခု။ တစ်ခုက ယွင်ဂိုဏ်းမှာ ဒုတိယတစ်ခုက တာ့ယန်ရဲ့အနောက်တောင်အခွဲ တွမ့်လင်းရဲ့လက်ထဲမှာ။ တတိယတစ်ခုက ရုန်ပေ့မှာ။ စတုတ္ထတစ်ခုက ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းမှာပဲ။ ပဉ္စမတစ်ခုကတော့ ကျွန်တော် ဘယ်မှာလဲမသိဘူး”

ဟွားဝူတောက်၏ စကားများက လုကျိုး၏ ဗဟုသုတများနှင့်တူနေလေသည်။

လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်တော့သည်။ “ခင်ဗျားရဲ့ အမြင်မှာ ဒုတိယမြောက် ဟေးမုလျန်ကို ဘယ်နေရာကနေယူသင့်လဲ”

“တွမ့်လင်းအခွဲက အနောက်တောင်ပိုင်းနဲ့ဝေးကွားလွန်းတယ်။ ရုန်ပေ့က တာ့ယန်ကိုကျော်တယ်။ ဒီတော့ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းတစ်ခုပဲ ကျန်တော့တာ” ဟွားဝူတောက်က ပြောလိုက်တော့၏။

“ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းက မဟာနတ္ထိဘုရားကျောင်းနဲ့ ဆက်ဆံရေးကောင်းတယ်။ သူတို့နှစ်ယောက်လုံးက ဗုဒ္ဓကျောင်းတော်တွေပဲ။ ဗုဒ္ဓကျောင်းတော်တွေက သမာသမတ်ဂိုဏ်းနဲ့ မိစ္ဆာ လမ်းကြားက အငြင်းပွါးမှုတွေထဲ တစ်ခါမှ ဝင်မပါခဲ့ဘူး။ သူတို့က ဆွေးနွေးညှိနှိုင်းခွင့်ပေးမယ်ဆိုရင် သူတို့တွေနဲ့ကျွန်တော်တို့တွေ ဆွေးနွေးလို့ရလောက်တယ်” ဟွားဝူတောက်၏ စကားများက ယုတ္တိရှိပုံရသည်။

ထိုစဉ် တိတ်ဆိတ်နေသော မင်ရှစ်ရင်က ပြောလိုက်လေ၏။

“ရှစ်စွင်း ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်”

“ဘာလဲ”

“လောင်ပါ့က ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းနဲ့ ဆက်ဆံရေးကောင်းနေတာ။ ညှိနှိုင်းဖို့အတွက် သူ့ကို ပို့လိုက်လို့ရတယ်” မင်ရှစ်ရင်က ပြောလိုက်တော့သည်။

“ဆက်ဆံရေးကောင်းတယ်လား”

“လောင်ပါ့က မိစ္ဆာဝေဟင်မျှော်နန်းထဲက ထွက်သွားပြီးတဲ့နောက် သူ့အသက်ကို ကယ်တင်ဖို့ကျင့်စဉ် တစ်ခုရဖို့အတွက် ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းက စာအုပ်ကောင်းတွေရအောင် အားစိုက် ထုတ်နိုင်ခဲ့တယ်လေ။ သူဝတ်ထားတဲ့ ဇင်ဝတ်ရုံက ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းကပဲ” မင်ရှစ်ရင်ကပြောလိုက်သည်။

“သူ့ကို ဒီခေါ်လာခဲ့” လုကျိုးကပြောလိုက်လေ၏။

“ဟုတ်ကဲ့ ရှစ်စွင်း” မင်ရှစ်ရင်က ကျူးဟုန်ကုန်းကို ခေါ်ရန်အမြန်ပြေးသွားတော့သည်။

မင်ရှစ်ရင်က ဇဝေဇဝါဖြစ်နေသော ကျူးဟုန်ကုန်းကို မဟာခန်းမထဲခေါ်လာတော့သည်။

ကျူးဟုန်ကုန်းသည် တလကျော်အကြာ၌ အလေးချိန်ကျသွားတော့သည်။ သူသည် မဟာခန်းမသို့ ပြန်ရောက်လာချိန်၌ စိတ်ပူပန်နေသေးဆဲဖြစ်သည်။ သူသည် လူသစ်တစ်ဦးထက်တောင် ပိုဆိုးရွား နေလေ၏။ သူ၏အကြည့်များက တောင်စဉ်ရေမရဖြစ်နေသည်။ ဒူးထောက်ပြီးနောက် ရိုကျိုးစွာ ပြောလိုက်တော့၏။ “နှုတ်ဆက်ပါတယ် ရှစ်စွင်း။ နွေဦးတစ်ထောင် မျိုးဆက်တစ်သောင်း မြင်တွေ့ခွင့်ရပါစေ။ တစ်သက်လုံးအသက်ရှည်နိုင်ပါစေ” မင်ရှစ်ရင်က မျက်မှောင်ကျုံ့လိုက်သည်။ ဒီဝက်က ငါ့ရဲ့ရေပန်းစားမှုကို တကယ်ခိုးနေတာပဲ။

လုကျိုးကပြောလိုက်တော့၏။ “လောင်ပါ့ မင်း အပြစ်ကျူးလွန်မိအောင် လှည့်စားခံခဲ့ရတယ် ဆိုတော့ မင်းကိုယ်မင်းပြန်အဖတ်ဆယ်နိုင်မယ့် အခွင့်အရေးတစ်ခုပေးမယ်”

ကျူးဟုန်ကုန်းက ထိုစကားကို ကြားသည့်အချိန်၌ အပျော်လွန်သွားသည်။ သူက “ကျွန်တော် အဖတ်ဆယ်ဖို့ ဆန္ဒရှိပါတယ်။ ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ကိုဖြတ်ရမယ်ဆိုရင်တောင် ဓားတွေပေါ် နင်းဖြတ်ရမယ်ဆိုရင်တောင် ကျွန်တော်မျက်မှောင်တစ်ချက်မကျုံ့ပါဘူး”

“သိပ်ကောင်းတယ်” လုကျိုးက ပြောလိုက်၏။

“ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းကနေ ဟေးမုလျန်ယူလာဖို့ မင်းကို ရွေးတယ်”

ကျူးဟုန်ကုန်းက ဇဝေဇဝါဖြစ်သွားလေ၏။

ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းလား။ သူက မှင်သက်သွားလေသည်။ မျက်နှာထက်တွင် ခါးသက်သော အမူအရာပေါ်လာသော်ငြား သူ၏ရှစ်စွင်းကို မငြင်းဆန်ရဲပေ။

လုကျိုးက ကျူးဟုန်ကုန်း၏မျက်နှာထက်ရှိ တွန့်ဆုတ်နေသောအမူအရာကို မြင်တွေ့သောအခါ မေးလိုက်လေ၏။ “ဘာလဲ။ မင်းဆန္ဒမရှိဘူးလား”

“မဟုတ် မဟုတ် မဟုတ်ဘူး။ ကျွန်တော် ဆန္ဒရှိပါတယ်။ ဟေးမုလျန်နဲ့အတူ သေချာပေါက် ပြန်လာခဲ့ပါ့မယ်” ကျူးဟုန်ကုန်းက တည်တင်းသောမျက်နှာထားဖြင့် စိတ်ရင်းစစ်မှန်မှု မပါဘဲပြောလိုက်လေသည်။

မင်ရှစ်ရင်က ပြုံးပြီးပြောလိုက်တော့၏။ “ဒါဆို မြန်မြန်လုပ်။ မင်းနဲ့ သူတို့ရဲ့ဆက်ဆံရေးအရ ဒါက မင်းအတွက် ပြဿနာမဟုတ်လောက်ဘူး။ ငါ့ကိုယုံ။ ငါတို့က မင်းကို ထိခိုက်မယ့်လမ်းထဲ ပို့နေတာမဟုတ်ဘူး။ မှတ်ထား မင်းက ညှိနှိုင်းဖို့အတွက် အဲ့ဒီကိုသွားတာ။ တစ်ခုခုဖြစ်လာရင် ငါတို့ဆီ သတင်းပို့လိုက်”

“ကျွန်တော်အခုချက်ချင်း သွားလိုက်ပါ့မယ်” ကျူးဟုန်ကုန်းက ခေါင်းညိတ်ပြီး အရိုအသေပေး လိုက်တော့သည်။ သူက ခန်းမထဲမှနောက်ပြန်ထွက်သွားတော့၏။

လုကျိုးက ကျူးဟုန်ကုန်းထွက်သွားသည့် အချိန်ထိစောင့်ပြီးနောက်မေးလိုက်လေသည်။

“ယွင်ဂိုဏ်းရဲ့ အထူးတမန်တော်တွေက ဘယ်အချိန်ရောက်မှာလဲ”

“ခြောက်နာရီမှာ”

…

All Chapters