အခန်း (၁၇၈-၁၈၀)
Vol. 12 Ch. 178-180
အခန်း (၁၇၈) မတန်တဆဈေး
ကျူးဟုန်ကုန်းက အမိန့်ရရချင်း တောင်ပေါ်မှ ဆင်းလာသည်။ သူက ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းဆီ သွားဖို့ အင်တင်တင် ဖြစ်နေသော်လည်း သူ့ရှစ်စွင်း၏ အမိန့်ကို မနာခံဘဲ မနေရဲပေ။ သူက သဘောတူရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။ ထို့အပြင် ဤသည်က သူ့အတွက် အခွင့်အရေးကောင်း ဖြစ်၏။ သူက သွားနေရင်း ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းနှင့် မည်သို့ဆွေးနွေးညှိနှိုင်းရမည်ကို စတင် တွေးတောလိုက်သည်။
ကျူးဟုန်ကုန်းက အတွေးထဲနစ်မျှောနေစဉ် ဖန်ကျုံးက ပြုံးဖြီးလျက် ရုတ်ခြည်း ပေါ်လာသည်။
“ အဋ္ဌမ သခင်လေး .. ”
“ ဘယ်သူလဲ ”
“ကျွန်တော် ဖန်ကျုံးပါ ” ဖန်ကျုံးက ကျူးဟုန်ကုန်းရှေ့ ပေါ်လာသည်။
ကျူးဟုန်ကုန်းက ဖန်ကျုံးကို မြင်လိုက်သည့်အခါ စိတ်တိုစွာ ပြောလိုက်သည်။
“ ထွက်သွားစမ်း … မင်းနဲ့ အရင်နေ့က ကိစ္စတွေ မပြီးသေးဘူး ”
“ အဋ္ဌမ သခင်လေးက တိုင်းတာလို့မရလောက်အောင် စိတ်သဘောထားကြီးတဲ့သူဆိုတော့ ဒီရန်ငြိုးကို မဖက်တွယ်ထားပါနဲ့တော့။ တစ်ချက်တည်းကြည့်ရုံနဲ့ သခင်လေးနဲ့ အခြားလူတွေနဲ့ မတူဘူးဆိုတာ ပြောနိုင်တယ်။ စကားလေးနည်းနည်းကြောင့် ရန်ငြိုးထားမှာ မဟုတ်ဘူးမလား … ”
ဖန်ကျုံးက ပြောလိုက်သည်။
“မင်းရဲ့ မြှောက်ပင့်နေတဲ့ စကားတွေ သိမ်းထားလိုက် … ငါ ဘယ်တော့မှ မကျရှုံးဘူး ”
ကျူးဟုန်ကုန်းက ပြောလာသည်။
“အဋ္ဌမ သခင်လေးက ကျွန်တော်ကို မှားစွပ်စွဲနေတာပဲ။ တကယ်လို့ အမှန်အတိုင်းပြောတာကို မြှောက်ပင့်စကားလို့ ယူဆနေရင် တွေ့တိုင်း လိမ်ညာနေရမှာပေါ့ ”
“အဲလိုလည်း ဟုတ်သားပဲ။ ပြော … ဘာလုပ်ချင်တာလဲ ”
ဖန်ကျုံးက အပြုံးလေးနှင့် ပြောလိုက်သည်။
“ စတုတ္ထသခင်လေးက မျှော်နန်းသခင်ဆီ သခင်လေးရဲ့ ကောင်းကြောင်း ပြောပေးမယ်လို့ ပြောလိုက်တယ်။ သခင်လေး လုပ်ဖို့လိုတာက ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းဆီ သွားရုံပဲ။ စတုတ္ထသခင်လေးက မိစ္ဆာဝေဟင်မျှော်နန်းထဲကို စောင့်ပေးထားလိမ့်မယ် ”
ကျူးဟုန်ကုန်းက သက်ပြင်းချကာ “ စစ်ရှစ်ရှိုးက ငါ့ကို ကောင်းကောင်းဆက်ဆံပေးတဲ့ တစ်ဦးတည်းသောသူပဲ ”
“ ဟုတ်တာပေါ့ ”
“ အခု ထွက်သွားတော့။ မင်းက ငါ့ဆီ စကားလေးနည်းနည်း လာပြောပေးရုံနဲ့ မင်းကို ခွင့်လွှတ်မယ် ထင်နေလား ”
“ ဟုတ်တာပေါ့ … ”
ကျူးဟုန်ကုန်းက မြေအမြင့်ဆီ လျှောက်သွားပြီးနောက် ဖန်ကျုံးကို ကြည့်လိုက်ကာ “ ငါ မိစ္ဆာဝေဟင်မျှော်နန်းမှာ ကျင့်ကြံနေတုန်းက မင်းတို့လူမျိုးအတွက် နေရာမရှိဘူး ” သူက မောက်မာစွာ ပြောလိုက်သည်။ ထို့နောက် သူက ခြေဖျားတစ်ချက် ထောက်ကာ ရှေ့သို့ လွှားခနဲ ခုန်သွားလိုက်သည်။
ထိုအရာကို မြင်ပြီး ကျူးဟုန်ကုန်းက အံ့လောက်ဖွယ် ကိုယ်ဖော့သိုင်းမျိုး ထုတ်သုံးလိမ့်မည်ဟု တွေးကြလိမ့်မည်။ သို့သော်လည်း သူက စိုက်ကျလာကာ ပြုတ်ကျလာသည်။
ဘုန်း
ကျူးဟုန်ကုန်းက တောင်စောင်းမှ ပြုတ်ကျကာ သူ့ငြီးငြူသံများက တောင်အနှံ့ ပျံ့နှံ့သွားသည်။
ဖန်ကျုံးက မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်သည်။
ကျစ် ငါ လုပ်ရမဲ့ဟာကို မေ့နေတာပဲ … ငါက အဋ္ဌမ သခင်လေးရဲ့ ကျင့်ကြံဆင့်ကို ပြန်ဖြေပေးရမှာလေ …
……………..
ခြောက်နာရီကြာမြင့်ပြီးနောက်
မိစ္ဆာဝေဟင်မျှော်နန်းရှိ ခန်းမကျယ်ထဲ
“မျှော်နန်းသခင် ယွင်ဂိုဏ်းရဲ့ သံတမန် လီယွင်တောက်က တွေ့ခွင့်တောင်းနေပါတယ် ”
“ သူ့ကို ဝင်ခိုင်းလိုက် ”
လီယွင်တောက်ကို လရောင်ဆွတ် နန်းဆောင်မှ အမျိုးသမိး ကျင့်ကြံသူက ဦးဆောင်ခေါ်လာပြီး ခန်းမကျယ်ထဲ ရောက်လာသည်။
မိစ္ဆာဝေဟင်မျှော်နန်းသို့ လာရောက်ကြသူများအတွက် စိတ်လှုပ်ရှားသလို သိချင်စိတ် ဖြစ်နေသည်မှာ မဆန်းလှပေ။ လီယွင်တောက်က မိစ္ဆာများသည် သူ့ကို တစ်ခုခုလုပ်လိုက်မည်အား စိုးထိတ်နေမိ၏။ သူက စိတ်မသက်မသာ ဖြစ်နေပုံပေါ်သည်။ သူက ခန်းမကျယ်ထဲ စိတ်မသက်မသာ အမူအရာ တောင့်တင်းတင်း လှုပ်ရှားမှုများဖြင့် လျှောက်လှမ်းဝင်လာသည်။
လီယွင်တောက်က လုကျိုးနှင့် အကြည့်ချင်း မဆုံရဲသော်လည်း ဦးညွှတ်ကာ ပြောလိုက်သည်။
“ယွင်ဂိုဏ်းရဲ့ လီယွင်တောက်က လောင်ချန်းပေ့ကို ဂါရဝပြုပါတယ် ”
“ သက်တောင့်သက်သာ ထိုင်ပါ ” လုကျိုးက လက်ဝေ့လိုက်သည်။
လီယွင်တောက်က တဖန် ဦးညွှတ်ကာ “လောင်ချန်းပေ့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ”
သူက တောင့်တင်းတင်း အမူအရာဖြင့် ထိုင်ချလိုက်ပြီးနောက် တစ်မိုးအောက် အကြီးမြတ်ဆုံး မိစ္ဆာကြီးကို ကြည့်လိုက်သည်။ သူက လုကျိုး၏ သွင်ပြင်ကို မြင်လိုက်ရသည့်အခါ အံ့ဩသွားကာ နှလုံးခုန်ပင် မြန်မိသွားသည်။ အားလုံးက ကျိထျန်းတောက်တွင် ဆယ်နှစ်လောက်သာ သက်တမ်းကျန်တော့သည်ဟု ပြောကြသော်လည်း ကောင်းကောင်းမွန်မွန် ရှိနေဟန်ပေါ်သည်။ သူက ဆံပင်နက်တချို့ပင် ရှိနေသေး၏။ အချိန်စေ့ခါနီး လူတစ်ယောက်၏ အရိပ်အယောင်မျိုး မရှိနေချေ။
လီယွင်တောက်က ဟွားဝူတောက်ဆီ အကြည့်ရောက်သွားသည့်အခါ သူ့မျက်နှာထက် စိတ်ပျက်သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ သူက ဟွားဝူတောက်ကို မျက်လုံးထောင့်မှ ကြည့်လိုက်သည်။
ယွင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်က မိစ္ဆာလမ်းစဉ်ဘက် ကူးပြောင်းသွားလေရာ ဘယ်လောက်တောင် ကြေကွဲဖို့ ကောင်းလိုက်သလဲ …
“ လောင်ချန်းပေ့ … ယွင်ဂိုဏ်းချုပ် ညွှန်ကြားတဲ့အတိုင်း ဟေးမုလျန်ကို ပေးဖို့ ရောက်လာတာပါ ”
သူက အညိုရောင် ပိုးသေတ္တာကို ထုတ်လိုက်သည်။ ထိုအခိုက်အတန့် သူက နန်းတော်မှ မိန်းမစိုးနှင့်ပင် တူနေသည်။ သို့သော်လည်း သူက အနီးမကပ်နိုင်ခင် မင်ရှစ်ရင်က သေတ္တာကို လုယူလိုက်ပြီး လုကျိုးအား ရိုရိုကျိုးကျိုး ပေးအပ်လိုက်သည်။
လုကျိုးက လက်အသာဝေ့လိုက်သည့်အခါ သေတ္တာက ပွင့်လာလေသည်။
“တင် … ဟေးမုလျန်ကို ရရှိပါတယ်။ မိုးမြေ ရတနာ၊ ကျင့်ကြံရေး၊ ကုသရေးနဲ့ ချီပင်လယ် ဖွင့်ဖို့အတွက် အသုံးပြုနိုင်ပါတယ် ”
လုကျိုးက ဆုလာဘ်အနေနှင့် ကုသိုလ်ရမှတ် မရရှိသောကြောင့် နည်းနည်း စိတ်ပျက်မိသွားသည်။ သူက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီး “ ကတိတည်တဲ့လူတွေကို သဘောကျတယ်။ တင်းဖန်ချိုးကို ဒီခေါ်ခဲ့ .. ”
“ ဟုတ် ”
သိပ်မကြာခင် ကျိုးကျစ်ဖုန်းက တင်းဖန်ချိုးကို ခန်းမကျယ်ထဲ ခေါ်လာသည်။
တင်းဖန်ချိုးတစ်ယောက် သူ့ကျင့်ကြံဆင့်ကို ပိတ်ဆို့ထားပြီးနောက် အဖမ်းခံထားရပြီး နေရောင်ကို မမြင်ရသလို ကောင်းကင်ပြာကိုလည်း မမြင်တွေ့ရချေ။ ထို့ကြောင့် သူက ရှုပ်ပွနေသော ဆံပင်များနှင့် ပိန်ချုံးချိနေသည့် ခန္ဓာကိုယ်ဖြင့် အရူးတစ်ယောက်လို ပုံစံဖြစ်နေသည်။
လီယွင်တောက်က သူ့အား ကြည့်လိုက်ပြီးနောက် လက်နှစ်ဖက်ယှက်ကာ “ကျေးဇူးတင်ပါတယ်”
“ ဧည့်သည်ကို ပြန်ပို့လိုက်ကြ ”
“ …” လီယွင်တောက်က နည်းနည်း အံ့ဩသွားသည်။ သူက အဝေးကြီး ခရီးထွက်လာရပြီး ထိုင်ခုံပင် ပူနွေးအောင် မထိုင်ရသေးဘဲ နှင်ထုတ်နေပြီလား။ သူက မြန်မြန် ထရပ်ကာ ပြောလိုက်သည်။
“လောင်ချန်းပေ့ … ကျွန်တော် ပြောစရာ တစ်ခု ရှိပါသေးတယ် ”
“ဘာများလဲ ” လုကျိုးက နားမလည်စွာ မေးလိုက်သည်။
“အကြီးအကဲဓားနတ်ဆိုးက လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ဓားစင်မြင့်မှာ ကျွန်တော်တို့ ဓားသူတော်စင် လော့ရှစ်စန်းကို အနိုင်ယူခဲ့ပါတယ်။ ဓားသူတော်စင်က လောင်ချန်းပေ့ကို သတင်းပါးခိုင်းလိုက်လို့ပါခင်ဗျ။ တကယ်လို့ အခွင့်အရေး ထပ်ရှိရင် သူက အကြီးအကဲဓားနတ်ဆိုးနဲ့ ထပ်ယှဉ်ပြိုင်ချင်ပါတယ်တဲ့ ” လီယွင်တောက်က ဦးညွှတ်လျက် ပြောလိုက်သည်။
“ ယွီရှန်းရုန်က ဓားစင်မြင့်ဆီ လာခဲ့တာလား”
“ လောင်ချန်းပေ့ မသိထားဘူးလားခင်ဗျ” လီယွင်တောက်က အံ့ဩသွားသည်။
လုကျိုးက ထိုစကားများကို စဉ်းစားကြည့်နေသည်။
ယွင်ဂိုဏ်းက သူတို့စိတ်ပြောင်းလိုက်တာ မဆန်းတော့ပါဘူး … ယွီရှန်းရုန်က သူတို့ကို ဖိအားပေးခဲ့တာပဲ …
သူက အရင် ယွီရှန်းရုန် လုပ်ခဲ့သည့်အရာများကို အမှတ်ရသွားသည့်အခါ လုကျိုးက ရေရွတ်လိုက်သည် “အဲကောင်စုတ်လေးကတော့ ”
လီယွင်တောက်က မြန်မြန်ပြောလိုက်သည်။
“စီနီယာဓားနတ်ဆိုးရဲ့ ဓားတိုက်ကွက်တွေက အရမ်းကို အထင်ကြီးစရာကောင်းပါတယ်။ သူ့ ဝိညာဉ်သုံးပါးပြန်လည်ဝင်ရောက်ခြင်း တိုက်ကွက်ကို ဓားသူတော်စင်က ချီးကျူးနေသေးတာ ”
မင်ရှစ်ရင်က ပြောလိုက်သည်။ “ထွက်သွားတော့ ”
“အာ ”
သစ္စာဖောက်တစ်ယောက်ကို ရှစ်စွင်းရှေ့ လာချီးကျူးနေတာလား … မင်း စိတ်မမှန်တော့ဘူးလား …
မင်ရှစ်ရင်က ထပ်အော်လိုက်သည် “ တင်းဖန်ချိုးကို ခေါ်ပြီး ထွက်သွားစမ်း ”
“ သွားပါ့မယ် သွားပါ့မယ် ” လီယွင်တောက်က တင်းဖန်ချိုးကို ခေါ်ကာ ခန်းမကျယ်ကြီးထဲမှ ထွက်ပြေးသွားတော့သည်။ တစ်ချိန်တည်းတွင် သူက ဓားစင်မြင့်ကို ကျိန်ဆဲလိုက်၏။
မိစ္ဆာတွေအတွက် လောကဝတ်ဆိုတာ ဘာမှမဟုတ်ဘူးပဲ … သူတို့ကို ဘယ်တော့မှ ရန်မစတာ အကောင်းဆုံးပဲ
လီယွင်တောက်က တင်းဖန်ချိုးနှင့်အတူ ထွက်သွားလေသည်။
လုကျိုးက သေတ္တာထဲရှိ ဟေးမုလျန်ကို ကြည့်လိုက်သည်။
“ ဒီလို ဟေးမုလျန်အသေးလေးက ဒီလိုမျိုး အစွမ်းသတ္တိတွေ ရှိနေတာကို တွေးကြည့်ရင် …”
ကြည့်လိုက်သည်နှင့် ဟေးမုလျန်သည် အလားအလာကောင်းသော ဆေးဝါး ဖြစ်ကြောင်း သိသာလှသည်။
“ရှစ်စွင်း … ဒီဟေးမုလျန်လေးက တပည့်ရဲ့ ချီပင်လယ်ကို တကယ် ဖွင့်ပေးနိုင်မှာလား”
ရှောင်ယွမ်အာက သိချင်စွာ ကြည့်လိုက်သည်။
မင်ရှစ်ရင်က အပြုံးလေးနှင့် ပြောလာသည်။ “ဟေးမုလျန်က မိုးမြေရတနာလေ။ ဒါကို စားလိုက်ရင် သေမင်းခံတွင်းဝကနေတောင် လွတ်လာနိုင်တယ်။ ချီပင်လယ် ဖွင့်တာလောက်တော့ မပြောနဲ့တော့ ”
ရှောင်ယွမ်အာက ထိုအကြောင်းကြားသည့်အခါ စိတ်လှုပ်ရှားလာပြီး ဒူးထောက်လိုက်ကာ “ ရှစ်စွင်းကို ကျေးဇူးတင်ပါတယ် ”
သစ္စာရှိမှု +၂
လုကျိုးက နံပါတ်ကို ကြည့်လိုက်သည့်အခါ ရှောင်ယွမ်အာ၏ သစ္စာရှိနှုန်းက ၈၅ ရာခိုင်နှုန်းကျော် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူမက တပည့်များကြား သစ္စာအရှိဆုံး ဖြစ်၏။
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်ရင်း “ မင်းကို ပြုစုပျိုးထောင်ခဲ့ရတာ အလကားမဖြစ်ခဲ့ဘူးပဲ ”
“ ရှစ်စွင်းကို စိတ်မပျက်စေရပါဘူး ”
ထိုစဉ် ဖန်ကျုံးက ခန်းမကျယ်ထဲ အပြေးအလွှား ဝင်လာသည်။ သူက ဦးညွှတ်ကာ “မျှော်နန်းသခင် ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက စာပို့လိုက်ပါတယ် ”
“ယူခဲ့လိုက် ”
ဖန်ကျုံးက စာကို လုကျိုးဆီ ပေးလိုက်သည်။
လုကျိုးက ဖွင့်ကာ ဖတ်လိုက်ပြီးနောက် “ ရဲတင်းလိုက်တာ ”
ဖတ် …
လုကျိုးက စာကို စားပွဲပေါ် ပစ်ချလိုက်သည်။
မင်ရှစ်ရင်က လက်ဝေ့လိုက်ပြီး စာကို ယူဖတ်ကြည့်လိုက်သည့်အခါ “ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက မတန်တဆဈေးတွေ တောင်းနေတာပဲ။ သူတို့က ကောင်းကင်အဆင့် လက်နက်သုံးခုနဲ့ ပါ့ရှစ်တိရဲ့ ဇင်အစကို တောင်းနေတယ် ”
“ သူက ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းနဲ့ ဆက်ဆံရေးကောင်းတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား” ဟွားဝူတောက်က နားမလည်နိုင် ဖြစ်နေသည်။
“အဲဒီဝက်ခေါင်းက တစ်ခုခု လျိုထားတာပဲ ဖြစ်ရမယ်” မင်ရှစ်ရင်က ခေါင်းကုတ်ကာ လုကျိုးကို ကြည့်လိုက်ပြီး “ ရှစ်စွင်း … လောင်ပါ့က အခုအဖမ်းခံထားရပြီဆိုတော့ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက မိစ္ဆာဝေဟင်မျှော်နန်းကို အထင်သေးနေတာ သိသာတာပဲ ”
…
အခန်း (၁၇၉) ရွေးချယ်စရာမရှိ
ဟွားဝူတောက်က ဇဝေဇဝါဖြစ်သွားလေ၏။ သူက လက်သီးဆုပ်လျက် မေးလိုက်တော့သည်။
“ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းက ဘယ်နေရာကများ မိစ္ဆာဝေဟင်မျှော်နန်းကို စိန်ခေါ်ဖို့ အတွက် ယုံကြည်ချက်ရလာတာလဲ”
“သူတို့က တုံးအပြီးရူးမိုက်လို့နေမှာပေါ့” မင်ရှစ်ရင်က ဖြေလိုက်သည်။ ရွေးချယ်ခံဘုရားကျောင်း သည် မဟာနတ္ထိဘုရားကျောင်းနှင့်မယှဉ်နိုင်ပေ။ ယင်းသည် လတ်တလောနှစ်တွင် အထူးသဖြင့် မှန်ကန်လာလေပေ၏။ ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းတွင် ဝါကြီးသော ကိုယ်တော် မရှိသေးပေ။ သူတို့က လက်တစ်ဆုပ်စာမျှသော နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် သိုင်းပညာရှင်များနှင့် မျိုးဆက် သစ်အချို့သာလျှင်ရှိသည်။ သူတို့က မဟာနတ္ထိဘုရားကျောင်းနှင့် တူညီသည့်အဆင့်တွင် ရှိမနေကြချေ။ မဟာဗုဒ္ဓဘုရားကျောင်းလေးကျောင်းထဲမှ တစ်ကျောင်းအနေဖြင့် လက်ရှိ ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းက ၎င်း၏ဂုဏ်သတင်းတို့ မှေးမှိန်နေပြီဖြစ်သည်။ ထို့အပြင် ဘုရားကျောင်းက မဟာနတ္ထိဘုရားကျောင်း၏ အခွဲတစ်ခု ဖြစ်လာတော့မည့် လက္ခဏာများ ပြနေပြီဖြစ်သည်။
ထိုအကြောင်းအရင်းကြောင့် သူတို့ဤမျှယုံကြည်ချက်ရှိနေတာကိုမင်ရှစ်ရင်နားမလည်နိုင်တာဘဲ ဖြစ်သည်။ သူတို့အားလုံးတုံးအပြီးရူးမိုက်သည်ဟုသာ သူတွေးမိတာဖြစ်သည်။
“ရှစ်စွင်း စန်းရှစ်ရှိုးနဲ့ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းဆီကို လိုက်သွားပြီး အဲဒီ မြည်းကတုံးတွေကို သတ်ဖြတ်ဖို့ဆန္ဒရှိပါတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက ပေါ့သေးသေးမဟုတ်ဘူးဆိုတာ သူတို့ကိုပြလိုက်မယ်” မင်ရှစ်ရင်က အခဲမကြေစွာ ပြောလိုက်လေ၏။
ဟွားဝူတောက်က ဆွံ့အနေသည်။
တွမ့်မူရှန်းက သူ၏နယ်ရှင်လှံကို ဝှေ့ယမ်းလျက်ပြောလိုက်တော့၏။
“လောင်ပါ့က အဲ့ဒီကို အမိန့်အရသွားတာ။ သူကမိစ္ဆာဝေဟင်မျှော်နန်းကို ကိုယ်စားပြုတယ်။ အခု သူပြဿနာတက်နေပြီဆိုတော့ သူ့ရဲ့ ရှစ်ရှိုးတစ်ယောက်အနေနဲ့ထိုင်ပြီး ဘာမှမလုပ်ဘဲမနေနိုင်ဘူး။ စစ်ရှစ်တိနဲ့အတူ အဲ့ဒီကိုသွားပြီး မြည်းကတုံးတွေရဲ့အရိုးကို ပြာဖြစ်အောင်လုပ်ဖို့ဆန္ဒရှိပါတယ်”
ဟွားဝူတောက်က ပိုတောင်ဆွံ့အသွားသည်။
ကျောင်းယွဲ့ကလည်း အနည်းငယ်အရိုအသေပေးလိုက်၏။
“အရင်တုန်းက ကျွန်မအပြစ်တွေ ကျူးလွန်ခဲ့မိတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီတာဝန်ကို ထမ်းဆောင်ပြီး ကျွန်မရဲ့ရှစ်ရှိုးနှစ်ယောက် နဲ့အတူ တိုက်ခိုက်ဖို့ဆန္ဒရှိပါတယ်။ ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းကို ရှစ်စွင်းရဲ့ဒေါသတွေ ပေါက်ကွဲထုတ်နိုင်ရန်အတွက် သုတ်သင်ရှင်းလင်းပေးမယ်လို့ ကျိန်ဆိုတယ်”
ဟွားဝူတောက် စိတ်ရှုပ်ထွေးသွားလေ၏။ သူက လက်သီးဆုပ်လျက်မေးလိုက်တော့သည်။ ရှောင်ယွမ်အာက သူ၏ဆံနွယ်လေးများကို ဆော့ကစားနေသည်။ သူမက စိတ်လွတ်နေပုံရ၏။
ဟွားဝူတောက်သည် ယခုအချိန်၌ လုကျိုးဘာတွေးနေမှန်းမသိပေ။ သူသည် သူတို့၏တုံ့ပြန်သော အမူအရာများကြောင့်မှင်သက်နေ၏။ မိစ္ဆာဝေဟင်မျှော်နန်းက မိစ္ဆာဝေဟင်မျှော်နန်းဟူသည့်အတိုင်း ပြုမူသည်ဟုသာခံစားမိလိုက်သည်။
ဟွားဝူတောက်သည် သမာသမတ်လမ်းနှင့် ဖြောင့်မတ်ခြင်းလမ်းစဉ်ကြား မခွဲခြားနိုင်သော်ငြား သူသည်အတွေးတစ်ချက်ဖြင့် သတ်ဖြတ်မည့်သူမဟုတ်ပေ။ အနည်းငယ်လေးသောရန်စမှုကြောင့် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခြင်းက ကြမ်းတမ်းလွန်းနေသည် မဟုတ်ပါလော။
ဟွားဝူတောက်ကလုကျိုးကို ကြည့်လိုက်တော့သည်။
လုကျိုးကလည်း အနည်းငယ်ဆွံ့အနေလေ၏။ အရင်တုန်းကသာဆိုလျှင် သူ၏တပည့်များကို ဖျောင်းဖျကောင်း ဖျောင်းဖျနိုင်သည်။ သို့သော် ဤအခြေအနေအောက်တွင် သူ့အဖို့ ယခင် ကျိထျန်းတောက်ကဲ့သို့ပြုမူခြင်းက ပိုသင့်တော်မည့်ပုံရသည်။
သို့သော် ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ ရွေးချယ်မှုဖြစ်နေသောကြောင့် မည်သူမှ မကူနိုင်ပေ။
“ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းနဲ့ မဟာနတ္ထိဘုရားကျောင်းတို့က အတူတူပဲ။ မဟာနတ္ထိ ဘုရားကျောင်းရဲ့ ခုံယွမ်က အခုချိန်မှာ တံခါးပိတ်ကျင့်ကြံနေတာကြာပြီ။ သူ အဆင့်တက်ပြီး ပြီလို့ကြားတယ်။ သူတို့သာ ဝင်ပါလာခဲ့မယ်ဆိုရင် မင်းတို့တွေ ပြန်တောင်လာနိုင်မှာ မဟုတ်ဘူး” လုကျိုးက ပြောလိုက်တော့သည်။
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းက အကြည့်ချင်းဖလှယ်လိုက်၏။
“ရှစ်စွင်း ကျွန်တော်တို့သေရမှာ မကြောက်ဘူး”
“ကျွန်မရောပဲ”
“ကျွန်တော်ရောပဲ”
ကျောင်းယွဲ့နှင့်တွမ့်မူရှန်းတို့က တစ်ပြိုင်နက်တည်းပြောလိုက်ကြသည်။
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်တော့၏။
“ဒီလိုဆိုမှတော့ ငါလည်း ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းကို သွားတာပေါ့”
“ရှစ်စွင်းကောသွားမှာလား” မင်ရှစ်ရင်က ထိတ်လန့်သွားတော့သည်။ သူက ချက်ချင်းပင် သူ၏ ရှစ်စွင်းကို မြှောက်ပင့်တော့သည်။
“အဲဒီကို ရှစ်စွင်းရောက်လာပြီဆိုရင် မြည်းကတုံးတွေက လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ ရိုက်သတ်ခံရမှာပဲ”
သူက လောင်ပါ့မရှိသည့်အချိန်၌ သူ၏ဆရာကို မြှောက်ပင့်သည့်စကားများမပြောခဲ့လျှင် နောင်၌ အခွင့်အရေးရှိမှာမဟုတ်ပေ။
လုကျိုးက မင်ရှစ်ရင်ကို သာမန်ကာလျှံကာသာကြည့်လိုက်လေ၏။ ယခုအချိန်တွင် စနစ်မျက်နှာပြင်ပေါ်၌ တာဝန်သစ်တစ်ခုကို သတိပြုမိလိုက်သည်။ အရာဝတ္ထုက ဟေးမုလျန်ကို ရယူရန်ဖြစ်ပြီး ဆုလာဘ်က ကုသိုလ်မှတ်ထောင့်ငါးရာဖြစ်သည်။ သူ၏လက်ထဲ ဟေးမုလျန်ကို ရအောင်ယူနိုင်ခဲ့လျှင် ခုနစ်စင်ကြယ်ဝိညာဉ်စိတ်ဝိညာဉ်သဏ္ဌာန်ကို ဝယ်ယူနိုင်မှာပဲဖြစ်သည်။
လုကျိုးသည် ဤနေရာသို့ကူးပြောင်းလာခဲ့တာ လအနည်းငယ်ကြာခဲ့ပြီဖြစ်သည်။ အခြေခံထိုက်ကျိအဆင့် မှ ခုနစ်စင်ကြယ်ဝိညာဉ်အဆင့်သို့ တက်မည်ဆိုလျှင် ယခင်ကျိထျန်းတောက်တောင် သူ့လောက်ကျင့် ကြံဆင့်တက်တာ မမြန်ဆန်ဟု သူယုံကြည်သည်။ ထိုအကြောင်းပြချက်ကြောင့် လုကျိုးသည် ဟေးမုလျန်ကို ရအောင်ယူမည်ဟု ဆုံးဖြတ်လိုက်တော့သည်။
နံနက်စောစော၌ မိစ္ဆာဝေဟင်မျှော်နန်း၏ တိမ်ခွင်းရထားလုံးကို ပြင်ဆင်ပြီးဖြစ်သွားသည်။
မင်ရှစ်ရင်၊ တွမ့်မူရှန်း၊ ကျောင်းယွဲ့နှင့်ရှောင်ယွမ်အာတို့က သူတို့ရှစ်စွင်းကို စောင့်နေလေသည်။
“အကြီးအကဲဟွား ခင်ဗျားက အသက်ကြီးပြီ။ ခင်ဗျား ခြေထောက်တွေကလည်း သိပ်သုံးလို့ အဆင်ပြေမှာမဟုတ်ဘူး။ မိစ္ဆာဝေဟင်မျှော်နန်းထဲမှာနေပြီး အနားယူသင့်တယ်” လုကျိုးက ဟွားဝူတောက်ကိုပြောလိုက်ပြီးနောက် လှည့်ထွက်သွားကာ ရထားလုံးပျံပေါ်သို့တက်သွား၏။
ဟွားဝူတောက်၏မျက်နှာက ထိတ်လန့်သည့်အမူအရာပေါ်လာတော့သည်။ တစ်စုံတစ်ခုလွဲချော် နေသည်ဟု သူခံစားမိလိုက်သည်။
ကျုပ်အသက်ကြီးနေတာမှန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားက ပိုအသက်ကြီးတယ်လို့ ထင်တာပဲ မျှော်နန်းသခင်။
သူက လက်သီးနှစ်ဖက်ဆုပ်လျက်ပြောလိုက်တော့သည်။ “မျှော်နန်းသခင်ရဲ့ သတင်းကောင်းကို စောင့်နေပါ့မယ်”
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းက ပြောလိုက်လေသည်။
“စန်းရှစ်ရှိုး ပဲ့ထိန်းတာက ကောင်းကျိုးတွေအများကြီးရှိတယ်ဆိုတာ သိလား”
“ဟမ်”
“ပဲ့ထိန်းတာက ရှစ်ရှိုးရဲ့ကနဦးချီတွေ သဟဇာတဖြစ်မှုကို သွေးပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပဲ။ ရထားလုံးပျံကို ထိန်းပေးနေတဲ့အချိန်မှာ လူတစ်ယောက်က ပဲ့ပိုင်းကနေပြီး သူ့ရဲ့အရှိန်နဲ့ လမ်း ကြောင်းကိုထိန်းချုပ်ထားတယ်။ အချိန်ကြာမြင့်စွာထိန်းထားနိုင်မယ်ဆိုရင် ခံနိုင်ရည်လေ့ကျင့်မှု အတွက်လည်းကောင်းတယ်။ ဒါ့အပြင် ပဲ့ပိုင်းကမြင်ကွင်းက အကောင်းဆုံးပဲလေ” မင်ရှစ်ရင်က ပြောလိုက်၏။
“ဒီလောက်ကောင်းတယ်လား”
“ဒါပေါ့ စန်းရှစ်ရှိုးကို ကျွန်တော် ဘယ်တော့မှ မလိမ်ပါဘူး။ တာ့ရှစ်ရှိုးက အကြောင်းပြချက်မရှိဘဲနဲ့ အခုလောက်အစွမ်းထက်လာမှာ မဟုတ်ဘူးလေ။ သူက ဘာအတွက်မှမဟုတ်ဘဲ ဆယ်နှစ်လောက် ပဲ့ကိုင်မဲ့သူမျိုးမဟုတ်ဘူး” မင်ရှစ်ရင်က ပြောလိုက်သည်။
“မင်းပြောတာ အဓိပ္ပာယ်ရှိသားပဲ” တွမ့်မူရှန်းကခေါင်းညိတ်ပြီးနောက် မင်ရှစ်ရင်၏ပခုံးကို ပုတ် လိုက်သည်။ သူက လေးနက်တည်ကြည်ပြီး စစ်မှန်သောလေသံဖြင့်ပြောလိုက်တော့၏။ “ရှစ်တိ မင်းရဲ့ကျင့်ကြံဆင့်က ပိုအားနည်းတယ်။ ဒီအကျိုးအမြတ်ကို မင်းအတွက်ထားလိုက်တော့မယ်”
မင်ရှစ်ရင်က ဆွံ့အသွား၏။ ဒါက လေးလံတဲ့ကျောက်တုံးကြီးကို သယ်လာပြီး ခြေထောက်ပေါ် ပြုတ်ကျမိတယ်လို့ ခံစားရတာမျိုးလား။
တပည့်လေးယောက်အပြင် ရထားလုံးပျံ၌ အမျိုးသမီးကျင့်ကြံသူ ဆယ်ယောက်ကျော်လည်း ပါလာ၏။
တစ်နာရီခန့်ကြာပြီးနောက် တိမ်ခွင်းရထားလုံးသည် တာ့ယန်၏ကျင်းခရိုင်ရှိ အနောက်တောင်ဖက် ဧရိယာဆီသို့ မြန်ဆန်သောအရှိန်ဖြင့်ရောက်လာလေ၏။
မင်ရှစ်ရင်က ရထားလုံးပျံကို တည်ငြိမ်စွာထိန်းထားလေသည်။ ခရီးစဉ်တစ်လျှောက် ချောချောမွေ့မွေ့ သွားလာနေ၏။
“ရှစ်စွင်း ကျွန်တော်တို့ ကြည်လင်အရင်းအမြစ်တောင်တန်းကိုရောက်ပြီ။ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက ထိပ်မှာပဲ”
“အရှိန်လျော့”
“ဟေး ဟေး” မင်ရှစ်ရင်က ကျန်သည့်သူများကို လှည့်ကြည့်လိုက်သည်။ “စန်းရှစ်ရှိုး၊ ရှောင်ရှစ်မေ့ ရထားလုံးပျံကို ငါထိန်းတာ ဘယ်လိုနေလဲ” သူ၏အသံ၌ စိတ်ကျေနပ်နေပုံရသည်။
ရှောင်ယွမ်အာက သူ့ကို လက်မထောင်ပြကာပြောလိုက်တော့၏။
“စစ်ရှစ်ရှိုး ရှစ်ရှိုးပဲ့ထိန်းတာက တကယ်ပြီးပြည့်စုံတာပဲ။ ရှစ်ရှိုးက ဆရာတစ်ဆူပဲ။"
“မင်းကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်တာ အံ့ဩစရာပဲ ရှစ်တိ။ ဒုတိယအကြိမ်ကြိုးစားရင် ဒီရထားလုံးပျံကိုလည်း တည်တည်ငြိမ်ငြိမ်ထိန်းနိုင်မှာပဲ။" တွမ့်မူရှန်းက ချီးကျူးလိုက်သည်။
လုကျိုးက မုတ်ဆိတ်သပ်ပြီး မင်ရှစ်ရင်ကို တစ်ချက်ကြည့်လိုက်၏။ “ဒီလိုဆိုတော့ မင်းအခုကစပြီး ထာဝရပဲ့ထိန်းသမားဖြစ်ပြီ”
မင်ရှစ်ရင်က ဆွံ့အသွားတော့သည်။
ထိုစဉ် ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ တောင်တန်းဂိတ်ခန်းမထဲတွင်ဖြစ်သည်။
“ရှစ်စွင်း မိစ္ဆာဝေဟင်မျှော်နန်းရဲ့ရထားလုံးပျံက ဒီရောက်လာပြီ”
ယင်းက ကျောက်တုံးတစ်တုံးသည် လှိုင်းဂယက်တစ်ထောင်ကို ဝေ့တက်စေသည့်ပမာဖြစ်နေသည်။
လက်ထဲတွင် တောင်ဝှေးကိုင်လျက် သင်္ဃန်းဝတ်ထားသည့် ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ ရဟန်းတစ်ပါးသည် ပုတီးစေ့များကို စိပ်နေရာရပ်သွားပြီး ကျမ်းဂန်များရွတ်ဆိုနေတာ ရပ်တန့်သွား တော့၏။
“အထူးဧည့်သည်တွေကို ကြိုဆိုဖို့အတွက် တပည့်တွေကို အကြောင်းကြားလိုက်”
“နားလည်ပါပြီ”
မကြာမီ၌ တောင်ပေါ်၌ ခေါင်းလောင်းသံတို့မြည်သွားပြီး ကြည်လင်ရင်းမြစ်တောင်တန်း၌ ပဲ့တင်သံထွက်သွားတော့၏။
ဒုန်း ဒုန်း ဒုန်း
အသံများက ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ မဟာခွန်အားခန်းမအပြင်ဖက်တွင်ရှိသည့် တပည့်များကို စုဝေးသွားစေတော့သည်။
သူတို့ထဲမှ အချို့က တုတ်ချောင်းများကိုင်ဆောင်ထားပြီး အချို့က လက်ဗလာဖြင့်ရောက်လာသည်။ သူတို့အားလုံးက သင်္ဃန်းများဝတ်ဆင်ထားလေ၏။
သင်္ဃန်းဝတ်ဖြင့်ကိုယ်တော်အချို့ကလည်းရောက်လာ၏။
တပည့်များကမော့ကြည့်လိုက်ပြီး သူတို့ဆီသို့ တဖြည်းဖြည်းချင်းရွေ့လာနေသော တိမ်ခွင်းရထားလုံး ပျံကို မြင်သောအခါ အံ့ဩကုန်ကြသည်။
ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းသည် ထိုအရာမျိုးကို မပိုင်ဆိုင်ထားပေ။ ယခုအချိန်၌ ကျောင်းထိုင် မဟာကိုယ်တော် ရွှီကျင်းက မဟာခွန်အားခန်းမဆောင်ရှေ့၌ ပေါ်လာတော့သည်။
“ဆရာတော်”
“ကျောင်းထိုင်”
“ဆရာတော်”
“ဖန်ကျုံး”
ရဟန်းများ၌ မတူညီသည့်အဆင့်အတန်းများရှိကြသည်။ ထို့ကြောင့်သူတို့က ကျောင်းထိုင်ကို ခေါ်ဝေါ်သည့်အမည်က ကွဲပြားနေသော်ငြား အားလုံးက တညီတညွတ်တည်းနှုတ်ဆက်ကြသည်။
ရွှီကျင်းကမော့ကြည့်ပြီးနောက် ပြောလိုက်တော့သည်။
“ထင်တဲ့အတိုင်းပဲ”
“ရှစ်စွင်း မိစ္ဆာဝေဟင်မျှော်နန်းက ရန်ပြုတော့မဲ့ပုံပဲ။ တပည့်တော်တို့ ဘာလုပ်သင့်လဲ”
ရွှီကျင်း၏အကြည့်က သူ့ရှေ့ရှိလူလေးယောက်ဆီသို့ရောက်သွားသည်။ “ငါတို့ဆီ လာလည်ပတ်တဲ့ သူက လောကကြီးထဲက အကြီးမြတ်ဆုံးလူဆိုးပဲ။ ရွှီရှန်း၊ ရွှီဖန်း၊ ရွှီဟိုင်တို့က လွဲရင် ကျန်တဲ့သူတွေ ဆိတ်ဆိတ်နေရမယ်”
တပည့်များက ခေါင်းညိတ်လိုက်သည်။ တိမ်ခွင်းရထားလုံးက ဆင်းသက်လာ၏။ ရထားလုံးနား တဝိုက်တွင် စီးဆင်းနေသောသိပ်သည်းသည့်စွမ်းအင်က ဘုရားကျောင်း၏တပည့်များကို အံ့ဩစေသည်။
ရထားလုံးပျံအပြည့်အဝရပ်တန့်မှာကို မစောင့်ဘဲ ရွှီကျင်းက လက်တစ်ဖက်ကိုမြှောက်လျက် အသံလှိုင်းပို့လိုက်တော့သည်။ “ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းရဲ့ ရွှီကျင်းက ဒကာတို့ကိုကြိုဆိုပါတယ်” သူ၏ အသံက ဟိန်းနေကာ ထိုးဖောက်နိုင်စွမ်းရှိသည်။ ယင်းက ရထားလုံးထိပ်သို့ရောက်လာလေ၏။
မင်ရှစ်ရင်က မျက်မှောင်ကျုံ့ကာပြောလိုက်တော့သည်။ “ရှစ်စွင်း ဒီမြည်းကတုံးတွေက ကြောင်သူတော်တွေပဲ။ ရာရာစစ မိစ္ဆာဝေဟင်မျှော်နန်းကို သူတို့ဒီလို ပြက်ရယ်ပြုရဲတယ်ပေါ့”
လောင်ပါ့ကို ပြန်ပေးဆွဲပြီးနောက် တန်ကြေးကြီးကြီးတောင်းဆိုပြီး သူတို့ ယခုလိုကြိုဆိုသည်က သူတို့သူတော်ကောင်းယောင်ဆောင်သည်ဟုသာ သူခံစားမိသည်။
…
အခန်း (၁၈၀) ငါက အမြဲတမ်း အကျိုးအကြောင်းသင့်တဲ့သူပါ
မင်ရှစ်ရင်က ပဲ့ထိန်းသမား ဖြစ်သည်။ ဆိုလိုသည်မှာ ရထားလုံးပျံပေါ်တွင် သူက အကောင်းဆုံး ရှုထောင့်မှ ကြည့်ပိုင်ခွင့် ရှိထားသည်။ သူ့နေရာမှ ကြည့်လိုက်လျှင် ကောင်းကင်ဝတ်ပြုစင်မြင့်နှင့် တုတ်ကိုင်ထားသည့် ဘုန်းကြီးများအပြည့် ဖြစ်နေသည့် ရင်ပြင်ကို မြင်လိုက်ရသည်။
သူတို့က အလေးအနက် အမူအရာများ ရှိနေကြသည်။ သူတို့အကြည့်များက မီးတောက်လုမတတ် ဖြစ်နေပြီး သေသည့်အထိ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပုံပေါ်သည်။
မင်ရှစ်ရင်က သူတို့ကို ဘာမှမပြောတော့ဘဲ လှည့်လိုက်ကာ “ရှစ်စွင်း … သူတို့က ကျွန်တော်တို့ ဆင်းမဲ့နေရာကို ထောင်ချောက် ထားထားတယ် တူတယ်။ ကျွန်တော်တို့ တခြားနေရာမှာ ဆင်းကြမလား”
သူတို့အင်အားနှင့် ကျင့်ကြံဆင့်ဖြင့် ထောင်ချောက်ဆိုလျှင်ပင် ထွက်သွားဖို့ရာ ပြဿနာ မဟုတ်ချေ။ သို့သော်လည်း တိမ်ခွင်းရထားလုံးက သူတို့အတွက် အဖိုးတန်လွန်းသောကြောင့် ပျက်စီးသွားလျှင် နှမြောစရာ ဖြစ်သွားလိမ့်မည်။
လုကျိုးက လက်နောက်ပစ်လျက် ရထားလုံးပျံအစွန်းအထိ လျှောက်လာကာ ငုံ့ကြည့်လိုက်သည်။ သူက ကောင်းကင်ဝတ်ပြုစင်မြင့်နှင့် တုတ်ကိုင်ထားကြသည့် ဘုန်းကြီးများကို ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ “ရွှီကျင်း … မတွေ့တာ ကြာပြီပဲ ”
ရွှီကျင်းက ရထားလုံးပျံတွင် မားမားမတ်မတ်ရပ်နေသည့် လုကျိုးကို လှမ်းကြည့်လိုက်ပြီးနောက် သူ့အကြည့်ထဲ အံ့ဩတုန်လှုပ်သည့် အရိပ်အယောင် ဖြတ်ပြေးသွားကာ “ မိစ္ဆာဝေဟင်မျှော်နန်းသခင်က ဒီလိုသေးနုပ်တဲ့ ဘုရားကျောင်းဆီ လာလည်တယ်ဆိုတော့ ကိုယ်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ ”
“ ဆင်းလိုက် ” လုကျိုးက အမိန့်ပေးလိုက်သည်။
“ ဟုတ် ရှစ်စွင်း ” မင်ရှစ်ရင်က တိမ်ခွင်းရထားလုံးပျံကို နိမ့်ကာ ကောင်းကင်ဝတ်ပြုစင်မြင့်အထက် ဆင်းသက်လိုက်သည်။ သူက တမင် ဒီနေရာကို ရွေးလိုက်ခြင်း ဖြစ်၏။ ကောင်းကင်ဝတ်ပြုစင်မြင့်သည် ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းမှ တပည့်များ အမြဲတမ်း ဝတ်ပြုလေ့ရှိသည့် နေရာ ဖြစ်သောကြောင့် သူတို့ကို ဆန့်ကျင်လိုက်သည့် အပြုအမူသာ ဖြစ်သည်။
ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်း၏ တပည့်များက ငယ်ရွယ်ကာ တက်ကြွမှုအပြည့် ဖြစ်ကြသည်။ ထိုအပြုအမူကြောင့် ရန်စခံလိုက်ရသလို ခံစားမိကာ ရထားလုံးပျံဆီ တိုက်ခိုက်ဖို့ ပြေးဝင်လာရန် စိတ်အားထက်သန်နေကြသည်။
သို့သော်လည်း သူတို့ မလှုပ်ရှားခင် ရွှီမျိုးရိုး အမည်ရှိ အကြီးလေးယောက်က တားဆီးလိုက်သည်။
လူငယ်တပည့်များက အတွေ့အကြုံ မရှိကြပေ။ ထို့အပြင် ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက သမာသမတ်လမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်ကြား ပဋိပက္ခများအား ဝင်မပါဖူးပေ။ ထို့ကြောင့် တပည့်အများစုက ကျင့်ကြံရေးလောကအတွင်း နာမည်ကျော် မိစ္ဆာအိုကြီးအကြောင်း ဘာမှမသိထားကြပေ။
လူငယ်များက အကြောက်အလန့် မရှိသော်လည်း မဆင်မခြင် မလုပ်ခင် တစ်ဖက်လူကို နားလည်ရန် လိုကြောင်း နားလည်ကြသည်။ မဟုတ်ပါက ကိုယ့်သေတွင်းကို တူးနေသည်နှင့် မခြားလှပေ။
ရထားလုံးပျံက ငြိမ်သက်စွာ ဆင်းသက်လာသည်။
လုကျိုးက အခြားလူများကို ဦးဆောင်ကာ ရထားလုံးပျံမှ ထွက်လာလိုက်၏။
သူတို့ မျှော်လင့်ထားသည်နှင့် မတူဘဲ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းရှိ ဘုန်းတော်ကြီးများက သူတို့ဆီ ရောက်မလာပေ။
ဘုန်းတော်ကြီးများက အဆင့်လိုက် ညီညီညာညာ မတ်တတ်ရပ်နေကြသည်။
ရွှီကျင်းက ကောင်းကင်ဝတ်ပြုစင်မြင့်ဆီ တက်လာကာ နှုတ်ဆက်လိုက်သည်။
“အောမိသောဖော … ကိုယ်တော်တို့ရဲ့ ဘုရားကျောင်းကနေ ကြိုဆိုပါတယ် ဒကာတို့ … ”
ရွှီကျင်း၏ အပြုအမူက တခြားသူများကို နားမလည် ဖြစ်စေသည်။ သူတို့က သူ ဘာလုပ်ချင်နေမှန်း မပြောနိုင်ကြပေ။
လုကျိုးက စိတ်ထဲထည့်ပုံမပေါ်ပေ။ သူက လက်နောက်ပစ်လျက် ရွှီကျင်းဘေးနား သွားလိုက်သည်။ သူက ရွှီကျင်းနှင့် မီတာအနည်းငယ် ကွာဝေးတော့သည့်အချိန် ရွှီကျင်းကို ကြည့်လိုက်သည်။
ရွှီကျင်းက ထပ်ပြောလာ၏။
“ ကိုယ်တော်မှာ ရွေးချယ်စရာ မရှိလို့ပါ။ ဒကာတစ်ယောက်ကို ဓားစာခံ ခေါ်ထားရုံအပြင် မတတ်နိုင်လို့ပါ။ ကျေးဇူးပြုပြီး မဟာခွန်အား ခန်းမဆီ ကြွကြပါ။ အဲဒီမှာ ပြောကြတာပေါ့ ”
“ ကတုံးပြောင်မြည်း … အခုချက်ချင်း ပါ့ရှစ်တိကို လွှတ်လိုက်။ ခင်ဗျားတို့က ကောင်းကင်အဆင့် လက်နက်သုံးခုတောင် လာတောင်းရဲနေသေးတယ်။ ဘယ်သူကများ သတ္တိတွေပေးလိုက်တာလဲ ” မင်ရှစ်ရင်က အော်ပြောလိုက်သည်။
“ …” ရွှီကျင်းက အဆင်မပြေဖြစ်သွားကာ “ ကိုယ်တော် အဲလိုမပြောရင် မိစ္ဆာဝေဟင်မျှော်နန်းကို ရန်စနိုင်မှာ မဟုတ်ဘူးလေ ”
“တမင်လုပ်တာလား ”
“ဒကာတို့ ဒီဘက်လာကြပါ ” ရွှီကျင်းက ဘေးကပ်ကာ လမ်းဖယ်ပေးလိုက်သည်။
အခြားတပည့်များကလည်း လိုက်ပါလာကြ၏။
“မဟာခွန်အားခန်းမက ပိတ်လှောင်ရေး ထောင်ချောက်တော့ မဟုတ်ဘူးမလား” မင်ရှစ်ရင်က အဝေးမှ မဟာခွန်အားခန်းမကို တစ်ချက်ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။ သူ့သံသယများကို မဖယ်ချနိင်သေးပေ။ တိုက်ပွဲများစွာ ကြုံတွေ့ခဲ့ပြီးနောက် ကျင့်ကြံသူများစွာက ဝင်္ကပါအစီအရင်လိုမျိုး အရာများကို ကျွမ်းကျင်လာကြသည်။
ရွှေနန်းဥယျာဉ်တောင်ရှိ အကာအရံဖြစ်စေ၊ ကျောက်စိမ်းယဇ်ပလ္လင်ရှိ အကာအရံ ဖြစ်စေ သာမန်ကျင့်ကြံသူများအနေနှင့် ဖြိုလဲရန် မတတ်နိုင်ကြပေ။
ထျန်းကျန့်မြစ်ရှိ မဟာစုန်းအတတ် အစီအရင်နှင့် ထန်းကျီမြို့ရှိ မဟာဘိုးဘေး အစီအရင်တို့လည်း ကြုံခဲ့ရသည်။
မဟာခွန်အားခန်းမအောက်တွင် အစီအရင်ကြီး ရှိနေနိုင်ခြေ ရှိလေသည်။ အကြောင်းမှာ ဤသည်က ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းအတွက် အရေးပါသည့် နေရာ မဟုတ်ပါလော။
ရွှီကျင်းက ပြောလိုက်သည်။
“ဒကာလေး အထင်မှားနေပါပြီ။ အဲဒီမှာ ထောင်ချောက်အစီအရင် ရှိနေရင်တောင် အသက်သွင်းဖို့အတွက် အားကောင်းတဲ့ ကျင့်ကြံသူတွေ လိုအပ်ပါတယ်။ အခုလက်ရှိ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက ဒီလိုမျိုး အားကောင်းတဲ့ အစီအရင်မျိုး ထုတ်မသုံးနိုင်ပါဘူး။ ပြီးတော့ အားလုံးလည်း မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အင်အားကို သိထားကြတာပဲလေ။ ကိုယ်တော်က တုံးအတယ် ဆိုရင်တောင် ကြက်ဥနဲ့ ကျောက်တောင်ကို မပေါက်ပါဘူး ”
မင်ရှစ်ရင်က ရွှီကျင်းကို ကြည့်ကာ “ဒီလိုဆိုရင် ခင်ဗျားက ကျုပ်တို့ ရှစ်စွင်းကို တခြားကိစ္စကြောင့် မျှားခေါ်လာတယ် ပြောတာလား ”
“ ဟုတ်ပါတယ် ”
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ “ အဲလိုဖြစ်ပါစေပဲ မျှော်လင့်ပါတယ် ”
“ဒီဘက်ပါ ” ရွှီကျင်းက ဖိတ်ခေါ်သည် လက်ဟန်ပြလိုက်သည်။
လုကျိုးနှင့် အခြားလူများက ရွှီကျင်းနောက်လိုက်ကာ မဟာခွန်အားခန်းမထဲ ရောက်သွားကြ၏။ အခြားတုတ်ကိုင်ထားသည့် ဘုန်းတော်ကြီးများက အပြင်ဘက်တွင် စောင့်နေကြသည်။
မဟာခွန်အားခန်းမထဲ ပင်မတပည့်တချို့သာ ကျန်ရှိခဲ့သည်။
ရွှီကျင်းက ထိုင်ခုံပေါ်တွင် ထိုင်ကာ ခေါ်လိုက်သည် “တပည့်တို့ ”
“ဟုတ် ”
“ဒကာကို ဒီခေါ်ခဲ့လိုက်ပါ ”
“ နားလည်ပါပြီ ”
သိပ်မကြာခင် ကျူးဟုန်ကုန်းကို ဘုန်းတော်ကြီး နှစ်ပါးက ခေါ်ဆောင်လာသည်။
ကျူးဟုန်ကုန်းက ရင်ခံနေမိသည်။ သူ့လက်များနှင့် ခြေထောက်များကို တင်းတင်း တုပ်နှောင်ခံထားရသည်။
ဘုန်းတော်ကြီးများက ခန်းမအဝင်ပေါက်တွင် ကြိုးအားလုံး ဖြေလျော့ပေးလိုက်သည်။
“ဒါကို လုပ်ရုံအပြင် ရွေးချယ်စရာ မရှိလို့ပါ။ ဒကာကျိ ခွင့်လွတ်ပေးပါ … ကိုယ်တော် ဒီကိစ္စကို အပြည့်အဝ တာဝန်ယူပါ့မယ် ”
ကျူးဟုန်ကုန်းက ထိုစကားများကြားလိုက်ရပြီးနောက် ခန်းမထဲ ရောက်လာသည်။ သူက ခန်းမကို ဝေ့ဝဲကြည့်လိုက်သည့်အခါ လုကျိုးသည် တပည့်များဝန်းရံလျက် ထိုင်နေသည်ကို မြင်လိုက်ရသည်။
“ရှစ်စွင်း ရောက်လာပြီပဲ။ ကျွန်တော် ဒီမှာနှိပ်စက်ခံနေရတာ။ အခု ဒဏ်ရာအပြင်းအထန် ရထားတယ် … တကယ်ကို ငရဲလို အတွေ့အကြုံမျိုးပဲ။ ရှစ်စွင်း ကျွန်တော်အတွက် လက်စားချေပေးရမယ်နော်” ကျူးဟုန်ကုန်းက ဒူးထောက်ကာ ပြောလိုက်သည်။ သူ့မျက်နှာအထက် မျက်ရည်၊ နှာရည်များဖြင့် ရွဲနေသည်။
မင်ရှစ်ရင်က ပြောစရာစကားပင် ရှာမတွေ့တော့ပေ။
တကယ်ကို သရုပ်ဆောင်ပဲ
ရွှီကျင်းက အံ့အားသင့်သွားပုံပေါ်သည်။ သူက ကျူးဟုန်ကုန်းကို ကြည့်လိုက်ပြီး “ ကိုယ်တော်က ဒီကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းရဲ့ ကျောင်းထိုင်ပါ။ ဒါက ဗုဒ္ဓနိယာမကို အလေးထားတဲ့နေရာဖြစ်ပြီးတော့ ဒကာလေးကို ဘယ်တုန်းကမှ မနှိပ်စက်ခဲ့ပါဘူး ”
“ အခု ငြင်းဖို့ကြိုးစားနေတာလေ။ ကျုပ်က အတွင်းဒဏ်ရာရထားတာ။ ကျုပ်ခန္ဓာကိုယ် အကောင်းတိုင်း ရှိတယ် ထင်လို့လား ” ကျူးဟုန်ကုန်းက ရွှီကျင်းကို ကြည့်ကာ ပြောလိုက်သည်။
ကျူးဟုန်ကုန်းက ကျိထျန်းတောက်ကို ကောင်းကောင်းသိလေသည်။ သူက လက်စားချေရာ၌ ဆရာတစ်ဆူ ဖြစ်၏။
“မတ်မတ်ရပ်ပြော ” လုကျိုးက ပြောလိုက်သည်။
“အာ ”
“မင်း ပြောသမျှအမှန်ဆိုရင် မင်းအတွက် တရားမျှတမှု ရှာပေးမယ် ”
“ ဟုတ် ရှစ်စွင်း ” ကျူးဟုန်ကုန်းက ရုတ်ခြည်းဆိုသလို မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်လာရတာ ကောင်းသည်ဟု ခံစားလိုက်ရသည်။
ရွှီကျင်းက ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။ သို့သော်လည်း သူ့အဆင့်အတန်းနှင့် အနေအထားကြောင့် သူ့ကိုယ်သူ ကာကွယ်ပြောဖို့ မသင့်တော်လှပေ။ သူက ပြောလိုက်သည်။
“ ဒကာကျိ ဒီကိစ္စကို သေချာဆုံးဖြတ်ပေးပါ ”
“ ငါတို့ကိစ္စ ပြောကြတာပေါ့ ” လုကျိုးက ရပ်လိုက်ပြီးနောက် လေသံပြောင်းလိုက်ကာ “တကယ်လို့ အကျိုးအကြောင်း ဆီလျော်တဲ့ ရှင်းပြချက်မျိုး မပေးနိုင်ခဲ့ရင် ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက သေချာပြန်ပေးဆပ်ရမယ် ”
ရွှီကျင်း နဖူးအထက်တွင် ချွေးများစို့လာလေ၏။ သို့သော်လည်း သူက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
“ ဒကာကျိက ဟေးမုလျန်ကို လိုချင်နေတာ သိထားပါတယ်။ အဲဒါကို မိစ္ဆာဝေဟင်မျှော်နန်းဆီ လွှဲပေးနိုင်ပါတယ် ”
ထိုအရာကို ကြားပြီး မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များက ဒေါသပြေသွားကာ ခေါင်းညိတ်လိုက်ကြသည်။
အဲလိုမှပေါ့ …
လုကျိုးက ရွှီကျင်းသည် ဒီလောက်ရက်ရောလိမ့်မည်ဟု မထင်ထားပေ။
ဒီလိုဆိုရင် သူတို့က ဘာလို့များ လှည့်ကွက်တွေသုံးနေဦးမှာလဲ …
“ ငါက အမြဲတမ်း အကျိုးအကြောင်းသင့်တဲ့သူပါ။ ကျူးဟုန်ကုန်းကို ဖမ်းထားတဲ့ကိစ္စကို မေ့ပစ်ပေးနိုင်တယ်” လုကျိုးက မည်မျှကြည့်စေကာမူ လောင်ပါ့၏ ကံဆိုးမှုက ဟေးမုလျန်အတွက် ထိုက်တန်ပေသည်။
ကျူးဟုန်ကုန်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။
ရှစ်စွင်းပြောတော့ တရားမျှတမှု ရှာပေးမယ်ဆို …
ရွှီကျင်းက ထပ်ပြောလိုက်သည်။ “ဒကာက ဒီလိုဆိုတော့ ကိုယ်တော်တို့ ကံကောင်းတာပါ။ အဲဒါအပြင် ကိုယ်တော်မှာ တခြားတောင်းဆိုစရာ တစ်ခုရှိပါတယ် ”
မင်ရှစ်ရင်က ကျိန်ဆဲလိုက်၏။ “ကတုံး … အဲလိုဖြစ်မယ်ဆိုတာ ကျုပ် သိနေတယ်။ တောင်းဆိုနေလည်း အလကားပဲ။ မိစ္ဆာဝေဟင်မျှော်နန်းက သဘောမတူဘူး ”
ရွှီကျင်းက ရုတ်ခြည်း ထရပ်ကာ လုကျိုးဆီ လျှောက်လာလိုက်၏။ ထို့နောက် သူက လေးလေးစားစား ပြောလိုက်သည် “ ဟုတ်ပါတယ်။ ကိုယ်တော်က ဒီအဖြစ်အပျက်နဲ့ ပတ်သတ်ပြီး အဆုံးထိ မတွေးထားတာ မဟုတ်ပါဘူး။ ဟေးမုလျန်အပြင် ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက ဇင်အဝတ်ကိုလည်း လက်လျှော့နိုင်ပါတယ် ”
ကျူးဟုန်ကုန်းက မြန်မြန် ခေါင်းငုံ့လိုက်ပြီး အဝတ်ကို ခပ်တင်းတင်း ဆွဲစေ့လိုက်သည်။
“ ဒီလိုမျိုး ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက ဦးညွှတ်တောင်းဆိုရလောက်အောင် ဘာကိစ္စများလဲလို့ သိချင်မိသား ” လုကျိုးက ပြောလာသည်။
…