← Chapters

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း (၁၈၄) အနန္တလေးလေးပါး၊ ကိုယ်တော်များ ပေါင်းစည်းခြင်း

နယ်ရှင်လှံက ကောင်းကင်အဆင့် လက်နက် ဖြစ်၏။ ပြောရလျှင် အသုံးပြုသူကို စွမ်းအားထိုးဖောက်နိုင်စေရန် အသုံးပြုနိုင်သည်မှာ ပုံမှန်သာ ဖြစ်သည်။

တွမ့်မူရှန်း၏ လုပ်ဆောင်ပုံက မင်ရှစ်ရင်၏ ယုံကြည်ချက်ကို ပိုတိုးလာစေသည်။ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းကဲ့သို့ သူက ခုံကျစ်နှင့် ခုံကျန့်ဆီ ပြေးဝင်သွားသည်။

“ ငါ သူတို့ကို ဖြေရှင်းလိုက်မယ် ”

တွမ့်မူရှန်းက သူ့ဆိုလိုရင်းကို နားလည်လေသည်။

လူခွဲပြီးတော့ အနိုင်ပိုင်းကြမယ် …

အံ့ဖွယ်ကိုယ်တော်လေးပါးက အတူတူ ပေါင်းစပ်လိုက်ကတည်းက သူတို့အနေနှင့် သူတို့ကို ခွဲခြားပစ်ရမည်သာ ဖြစ်၏။ သူက လက်ကို လှုပ်ရှားကာ နယ်ရှင်လှံဖြင့် စွမ်းအားအကာအကွယ်တစ်ခုကို ဖန်တီးပြီး ခုံဝမ်နှင့် ခုံကျွယ်တို့အား တွန်းလွှတ်လိုက်သည်။

တစ်ချိန်တည်းဆိုသလို လက်ဝါးရာကြီးလည်း ပေါ်လာသည်။ ခုံဝမ်နှင့် ခုံကျွယ်တို့က လေထဲ ကခုန်နေဟန်ပေါ်သည့် လက်ဝါးရာများစွာကို ထုတ်လွှင့်လိုက်ကြသည်။

တကယ်ကို ပြင်းထန်သည့် တိုက်ပွဲ ဖြစ်၏။

ခုံကျစ်နှင့် ခုံကျန့်တို့လည်း ကောင်းကင်အဆင့် လက်နက်မှ ခြိမ်းခြောက်ဖွယ် ထိရောက်မှုမျိုးကြောင့် နောက်ဆုတ်လိုက်ရသည်။

ဗြဟ္မာတေးသံမှ တေးညည်းသံများကို ကျယ်ကျယ်လောင်လောင် ရှင်းရှင်းလင်းလင်း ကြားနေရဆဲ ဖြစ်၏။

တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်နေလေပြီ။

ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်း တပည့်များက မြေပြင်ပေါ် လဲနေကြပြီ ဖြစ်၏။ တစ်ချို့က အသံလှိုင်းကြောင့် လွှင့်ထွက်သွားသည်။ အားနည်းသည့် ကျင့်ကြံဆင့် ရှိသူများက ပါးစပ်မှ အမြှပ်များထွက်ရင်း မေ့လဲသွားကြသည်။

အားကောင်းသည့် အသံတိုက်ကွက်က ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုနှင့် မခြားနားပေ။

နံ့သာအိုးက လက်ဝါးချက်များကြောင့် လွင့်စဉ်သွားလေသည်။ ထို့နောက် မြေပေါ် ပြန်ပြုတ်မကျခင် ကွဲကြေသွားလေ၏။ မြေကြီးလည်း မမှတ်မိနိုင်လောက်အောင် ပျက်စီးသွားသည်။

တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့အတွက်လည်း မလွယ်လှပေ။ သူတို့က ပြိုင်ဖက်နှစ်ယောက်စီနှင့် ရင်ဆိုင်နေရသည် မဟုတ်ပါလော။

အံ့ဖွယ်ကိုယ်တော်လေးပါးက အမှောင်စစ်သည်တော် လေးယောက်နှင့် မတူပေ။ အမှောင်စစ်သည်တော်လေးယောက်က တစ်ယောက်ချင်းစီ တိုက်ခိုက်ရေးသမားများ ဖြစ်သောကြောင့် သူတို့ပူးပေါင်းလိုက်လျှင်ပင် ပူးပေါင်းတိုက်ကွက်များ ထုတ်မလာနိုင်ပေ။

အံ့ဖွယ်ကိုယ်တော်လေးပါးကို တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့က လူခွဲလိုက်သော်လည်း သူတို့က တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့အား တွန်းထုတ်ကာ ပိုမိုကြီးမားသည့် လက်ဝါးရာများကို ထုတ်လွှင့်နိုင်ဆဲ ဖြစ်၏။

တွမ့်မူရှန်း၏ ဒေါသကြီးသည့် သဘာဝက တိုက်ခိုက်နေစဉ်အတွင်း အပြည့်ဝဆုံး ထုတ်ဖော်ပြသလာသည်။ သူ့ပြိုင်ဖက်က အားကောင်းလေလေ သူက အားပိုကောင်းလေလေ ဖြစ်၏။ သူက လက်ဝါးရာများကို ခံယူလိုက်သော်လည်း ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။ သူ့အပေါ် ကျရောက်လာသည့် တိုက်ခိုက်မှုများက သူ့တန်ပြန်တိုက်ခိုက်မှု စည်းချက်အပေါ် သက်ရောက်မှု မရှိပေ။

မင်ရှစ်ရင်၏ သဘာဝက ဉာဏ်များသည့်ဘက်ကို သွား၏။ သူက ဟာကွက်ကို ရှာရင်း ကျရောက်လာသမျှ တိုက်ကွက်များအား ရှောင်ရှားနေသည်။

လေးယောက်သားက လျို့ဝှက်လက်နက်များ ထုတ်ကာ လက်ဝါးရာများလည်း နေရာအနှံ့ ထုတ်လွှင့်နေကြသည်။

မဟာအင်အားခန်းမနှင့် ဆယ်မီတာပတ်လည်အတွင်း ရွှေရောင်လက်ဝါးရာများနှင့် ပြည့်နှက်နေသည်။

တိုက်ပွဲက ပြင်းထန်လာသည်နှင့် အံ့ဖွယ်ကိုယ်တော်လေးပါးလုံး တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့ ပြသသည့် တိုက်ခိုက်စွမ်းကြောင့် အံ့ဩတုန်လှုပ်လာကြသည်။ သူတို့က တွမ့်မူရှန်းနှင့် မင်ရှစ်ရင်သည် သာမန်နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူ မဟုတ်မှန်း ပြောနိုင်ကြ၏။ သူတို့က ကောင်းကင်အဆင့် လက်နက်များပင် ကိုင်ဆောင်ထားကြသေးသည်။

ပုံမှန်အားဖြင့် အံ့ဖွယ်ကိုယ်တော်လေးပါးက ပွင့်ချပ်နှစ်လွှာ၊ ပွင့်ချပ်သုံးလွှာအဆင့် သာမန်ပြိုင်ဘက်များကို ဒီလောက်အချိန်ယူရမည် မဟုတ်ပေ။

ခုံဝမ်က တိုက်ပွဲကို အချိန်ဆက်မဆွဲချင်တော့ပေ။ သူက အသံဩဩဖြင့် ပြောလိုက်သည် “ မုဒြာဝိုင်း ”

ကိုယ်တော်လေးပါးလုံး နောက်ဆုတ်လိုက်ကြပြီး မုဒြာပေါ်ထွက်လာသောကြောင့် သူတို့ခြေထောက်က ချာခနဲလည်ထွက်သွားသည်။

သူတို့က သူတို့ဝန်ရိုးပေါ် လည်နေသည့် ပိုးအိမ်များနှင့် တူသည်။ တစ်ချို့မုဒြာများက စွမ်းအားလှိုင်းနှင့်အတူ ပေါ်ထွက်လာသည်။

တွမ့်မူရှန်းက အော်ပြောလိုက်သည်။ “ ဒီလိပ်ကျင့်စဉ်ကို စောင့်နေတာပဲ ”

သူ့နယ်ရှင်လှံ အရိပ်များလည်း ထပ်မံ ပေါ်ထွက်လာသည်။ သူက ကာကွယ်ရေးကို ဂရုမစိုက်တော့ဘဲ လှံအရိပ်များဖြင့် ထိုးချလိုက်သည်။

ဘန်း

ခုံကြွယ်က မြေပြင်ပေါ် ခုန်ချလိုက်သည့်အခါ မြေပြင်က အက်ကွဲသွားသည်။

မုဒြာဝိုင်းက ချွမ်ခနဲ အသံထွက်လာသည်။ ပြောရလျှင် တောင်တစ်လုံးလိုမျိုး မရွေ့လျားနိုင်သည့်အတွက် လူသိများ၏။ ထို့ကြောင့် အားကောင်းသည့် တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိလေသည်။

ခုံကြွယ်က ဒီတိုက်ကွက်ဖြင့် အရာအားလုံးကို အဆုံးသတ်ပစ်မည်ဟု တွေးထားသည်။ တွမ့်မူရှန်းက ဒီမုဒြာဝိုင်းကို ဆက်လက် ထိုးဖောက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

တစ်ချက် … နှစ်ချက် … သုံးချက်

နယ်ရှင်လှံက လေထဲ ကြောက်မက်ဖွယ် အားများဖြင့် လှုပ်ရှားနေရင်း အရိပ်သဖွယ် ဖြစ်လာသည်။

ဘန်း

နယ်ရှင်လှံအရိပ်များက ပေါင်းစပ်သွားကာ မုဒြာဝိုင်းကို ထိုးဖောက်ပစ်လိုက်သည်။

ခုံကြွယ်က ထိုအရာကြောင့် နောက်ဆုတ်လိုက်ရပြီး သွေးအန်လိုက်ရသည်။

တွမ့်မူရှန်းက မုဒြာဝိုင်းကို ထိုးဖောက်နိုင်တာတဲ့လား …

မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်ရသူများက အဖြစ်အပျက်ကို ယုံကြည်ဖို့ခက်နေကြသည်။ မုဒြာဝိုင်းက ဇင်ဂိုဏ်း၏ အင်မတန် အားကောင်းလှသော ကာကွယ်ရေး ပညာရပ်တစ်ခု ဖြစ်လေသည်။ သို့သော်လည်း မုဒြာဝိုင်းက ဟွားဝူတောက်၏ လျို့ဟယ်စည်းတံဆိပ်နှင့် မယှဉ်နိုင်ပေ။

တွမ့်မူရှန်းက ဟွားဝူတောက်နှင့် အချိန်အကြာကြီး လေ့ကျင့်လာသူ ဖြစ်ရာ တိုးတက်လာမှု မပြနိုင်လျှင် ဟာသကြီးလို ဖြစ်သွားမည် မဟုတ်ပါလော။

မင်ရှစ်ရင်က လှည့်ကြည့်လိုက်ပြီးနောက် လွှားခနဲ နောက်ခုန်လိုက်သည်။

ရှုကျင့်က အားနည်းသော်လည်း သူက မျက်လုံးဖွင့်ထားနိုင်သေး၏။ သူက တုန်တုန်လှုပ်လှုပ် အသံဖြင့် ပြောလိုက်သည် “ သတိထား ”

သတိထားတဲ့လား

လုကျိုးက ဗြဟ္မာတေးသံ သက်ရောက်မှု မခံရပေ။ သူက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။ လက်ရှိအခြေအနေအရ အရာအားလုံးသည် မိစ္ဆာဝေဟင်မျှော်နန်း ထိန်းချုပ်မှုအောက် ကျရောက်နေ၏။ သူ့တပည့်နှစ်ယောက်က သေချာကိုင်တွယ်နိုင်သောကြောင့် သူက အသုံးပြုကတ် ဖြုန်းတီးဖို့ မလိုတော့ပေ။

ခုံဝမ်၊ ခုံကျစ်နှင့် ခုံကျန့်တို့က မျက်မှောင်ကြုတ်လိုက်ကြသည်။

ခုံကြွယ်က မြေပြင်ပေါ် ပြန်ရောက်လာ၏။ သူ့ရင်ဘတ်ပေါ် လက်တစ်ဖက်တင်ကာ ဘယ်ဘက်လက်ဖြင့် ဝေ့ယမ်းရင်း စွမ်းအားအကာအကွယ်ကို ဖန်တီးလိုက်သည်။ သူက နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ကာ ရှေ့ကို ကြည့်ရင်း “ လုပ်လိုက်ကြရအောင် ”

“နားလည်ပါပြီ ” ခုံဝမ်က ပြန်ဖြေလိုက်သည်။

ခုံကျစ်နှင့် ခုံကျန့်လည်း ခေါင်းညိတ်လိုက်ကြသည်။

မင်ရှစ်ရင်က နားမလည်ဖြစ်သွားသည်။

ဘာလုပ်ကြမှာလဲ …

မဟာနတ္ထိဘုရားကျောင်းမှ တပည့် ၂၀ ကလည်း ရုတ်တရက် ထိုင်ချလိုက်ကြသည်။

ဝုန်း …

ဘဲဥပုံ စွမ်းအားလှိုင်းတစ်ခုက နေရာအနှံ့ ပျံ့နှံ့သွားသည်။

“မဟာကရုဏာကျိန်စာလား ”

ဗြဟ္မာတေးသံက လေထဲ ပျောက်လွှင့်သွားကာ မဟာကရုဏာကျိန်စာ ရွတ်ဆိုသံများက ပျံ့လွင့်လာသည်။

သူတို့က သတ်ကြတော့မည် ဖြစ်၏။

လုကျိုးက မဟာနတ္ထိဘုရားကျောင်းမှ လူများသည် မဟာကရုဏာကျိန်စာကို ကျွမ်းကျင်နေလိမ့်မည်ဟု မထင်ထားပေ။ ဗုဒ္ဓအသံလှိုင်း ပညာရပ်အမျိုးအစားများစွာ ရှိလေသည်။ မဟာတရား ကျမ်းစာ သို့မဟုတ် ဗြဟ္မာတေးသံတို့ကား ဖိနှိပ်ထားနိုင်သော အသံလှိုင်းပညာရပ်မျိုး ဖြစ်ကာ ကျယ်ပြန့်သော သက်ရောက်မှုမျိုး ရှိလေသည်။

မဟာကရုဏာကျိန်စာကား မတူညီပေ။ သေစေနိုင်လောက်၏။

“ မိစ္ဆာအားလုံးကို သုတ်သင်ပစ် … မရိုးသားမှုများကို ပယ်ဖျက်ပစ် … သံသယအနည်းငယ်က ကျဆုံးမှုကို ဖြစ်လာစေနိုင်တယ် ”

အံ့ဖွယ်ကိုယ်တော်လေးပါးက မဟာကရုဏာကျိန်စာကြောင့် ပိုအားကောင်းလာဟန်ပေါ်သည်။

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့၏ အရှိန်အဝါက သိသိသာသာ အားပျော့လာသည်။

ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းမှ တပည့်များတွင် မည်သူမှ မတ်တတ်မရပ်နိုင်ကြတော့ပေ။ ဒီလိုသာဆက်ဖြစ်နေပါက သူတို့အားလုံး သေသွားနိုင်သည်။

ထိုစဉ် လုကျိုးလက်ထဲ မှုန်ဝါးဝါးအလင်းရောင်ကို မြင်ရသည်။

မဟာကရုဏာ ကျိန်စာ အသံလှိုင်းပညာရပ်က ဗြဟ္မာတေးသံ၏ သေစေနိုင်လောက်သည့် အသွင်မျိုး ဖြစ်ပေသည်။ ထိုအရာက လူတစ်ယောက်၏ ဒွာရခုနှစ်ပေါက်ကို တိုက်ရိုက် တိုက်ခိုက်သည်။

လုကျိုးက သူ့စိတ်ထဲ အေးစက်စက် ခံစားချက်မျိုးကို ခံစားမိနေသည်။ သူက ယခု ရှုကျင့်သည် သူတို့ကို သတိထားဖို့ပြောမှန်း နားလည်သွားလေပြီ။

အကယ်၍ အံ့ဖွယ်ကိုယ်တော်လေးပါးသာ အမှန်တကယ် ပူးပေါင်းလိုက်လျှင် တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့ ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။ လုကျိုးက ဒီလိုဖြစ်ခွင့် မပြုနိုင်ပေ။

လုကျိုးက ထိပ်တွင် ရပ်နေရင်း မဟာကရုဏာကျိန်စာကို ရွတ်ဆိုနေကြသည့် မဟာနတ္ထိဘုရားကျောင်းမှ တပည့် ၂၀ ကို ငုံ့ကြည့်လိုက်သည်။

“မိုးကြိုးသွား ”

လုကျိုးလက်ထဲ မိုးကြိုးသွား ငါးကတ် ပေါ်လာသည်။ သူတို့က နာရီလက်တံ ပြောင်းပြန်အတိုင်း လှည့်ပတ်ရင်း ဝဲဂယက်များ ဖြစ်လာပြီး ကြီးမားလာသည်။

“ ရှစ်စွင်း လှုပ်ရှားပြီ” မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က နောက်ဆုတ်ကာ မော့ကြည့်လိုက်ကြသည်။

မိုးကြိုး ငါးချက်က ကောင်းကင်မှ ကျဆင်းလာသည်။

ဝုန်း

တစ်ချိန်တည်းဆိုသလို အသံများကလည်း အားပြင်းလာသည်။

လုကျိုး၏ တိုက်ခိုက်မှုက ကိုယ်တော်ငါးယောက်ဆီ ကျရောက်သွားကာ နှစ်ယောက်ကား မြေကြီးထဲ ပေါက်ကွဲသွားပြီး ကျန်သုံးယောက်က လွှင့်စင်သွားလေသည်။ ကျန်ရှိနေသော ကိုယ်တော် ၁၅ ယောက်က ထိတ်လန့်ဖွယ် အမူအရာမျိုးပေါ်လာကြသည်။ သူတို့က မဟာကရုဏာကျိန်စာကို ဆက်လက် မရွတ်နိုင်တော့ပေ။

လုကျိုးက ခေါင်းခါလိုက်သည်။

ကံဆိုးတာပဲ … ၁ ရာခိုင်နှုန်း သတ်ဖြတ်နှုန်းက အသက်ဝင်မလာဘူး

တစ်ချိန်တည်းဆိုသလို သူက မိုးကြိုးသွားကတ်များ၏ ဈေးနှုန်းကို ကြည့်လိုက်သည်။ ဈေးနှုန်းမတိုးမှသာ သက်ပြင်းချနိုင်တော့သည်။

အံ့ဖွယ်ကိုယ်တော်လေးပါးက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ မဟာကရုဏာကျိန်စာ ရွတ်ဖတ်သံမပါဘဲ အံ့ဖွယ်ကိုယ်တော်လေးပါးက ရုတ်ချည်းဆိုသလို ရှုံးနိမ့်လာသည်။

လုကျိုးက လက်နောက်ပစ်လျက် အောက်ဆင်းလာသည်။

အသံတစ်သံမှပင် မကြားရဘဲ တိတ်ဆိတ်လွန်းလှ၏။

ခုံဝမ်က သူတို့ဆီချည်းကပ်လာသည့် ထိုလူအိုကြီးသည် အားမနည်းကြောင်း ခံစားချက်မျိုး ရလာသည်။ သူက အော်ပြောလိုက်၏ “ လက်အောက်ငယ်သားတွေ နိုင်ဖို့ ခေါင်းဆောင်ကို အရင်ချ”

“အနန္တလေးလေးပါး၊ ကိုယ်တော်များ ပေါင်းစည်းခြင်း ”

ဝှီး …

အံ့ဖွယ်ကိုယ်တော်လေးပါး၏ အရှိန်အဝါများ ထွက်ပေါ်လာကာ သူတို့မျက်ဆံများက ပိုနက်သွားပြီး နက်ပြာရောင် အလင်းတန်းဖြင့် တောက်ပလာသည်။

ချီများက စွမ်းအားအဖြစ် စုစည်းသွားကြသည်။

မုဒြာဝိုင်းကလည်း သူတို့ပူးပေါင်းမှုကြောင့် ပြန်လည်ပေါ်ထွက်လာသည်။

ယခင်မုဒြာနှင့် မတူဘဲ ဒီမုဒြာဝိုင်း၏ အရောင်က မင်လိုမျိုး နက်မှောင်နေသည်။

“ မိစ္ဆာဇင်” မင်ရှစ်ရင်က အံ့ဩတကြီး ပြောလိုက်သည် “ သူတို့က သေချာကို ဖုံးကွယ်ထားကြတာပဲ ”

“ အကျင့်ပျက်ဇင် … ”

ထိုစဉ် ကမ္ဘာကြီးက ကျို့ရှင်းချန်သည် မိစ္ဆာဇင်ကို ကျင့်ကြံ၍ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့်အထိ ရောက်ခဲ့သည့် တစ်ဦးတည်းသောကျင့်ကြံသူ ဖြစ်ကြောင်း သိထားကြသည်။ တကယ်တော့ မှားယွင်းနေပုံပေါ်၏။ ကမ္ဘာကြီးထဲ ထူးဆန်းမှုအမျိုးမျိုး ရှိနေသည် မဟုတ်ပါလော။

ထိုစဉ် မုဒြာဝိုင်း ခြုံထားသည့် ပုံရိပ်လေးခုက မင်ရှစ်ရင်နှင့် တွမ့်မူရှန်းဆီ ချည်းကပ်လာကြသည်။ သူတို့က လေးဖက်လေးတန်မှ ဝိုင်းလာကြ၏။

“ ရဟန္တာရွှေခန္ဓာလေးပါး”

“သတိထား“ ရှုကျင့်က နောက်ဆုံးအင်အားဖြင့် အော်ပြောလိုက်သည်။

ရဟန္တာရွှေခန္ဓာလေးပါး ပေါ်လာသည့်အခါ တွမ့်မူရှန်းက နယ်ရှင်လှံကို မြောက်လိုက်သည်။ တစ်ချိန်တည်းဆိုသလို မင်ရှစ်ရင်အနားတွင် မြောက်များစွာသော နွယ်ပင်များ ထွက်ပေါ်လာပြီး ပိုးအိမ်သဖွယ် ရစ်ပတ်ထားလိုက်သည်။

သို့သော်လည်း တခြားလူများကို အံ့ဩသွားစေသည်က ရဟန္တာရွှေခန္ဓာလေးပါးသည် တစ်ခုတည်းအဖြစ် ပေါင်းစည်သွားခြင်း ဖြစ်၏။ အောက်ခြေတွင် ရွှေကြာလည်း ပွင့်လန်းလာသည်။

ပွင့်ချပ်တစ်လွှာ …. ပွင့်ချပ်နှစ်လွှာ … ပွင့်ချပ်သုံးလွှာ … ပွင့်ချပ်လေးလွှာ …

…

အခန်း (၁၈၅) မိသားစုတိုင်းမှာကိုယ်ပိုင်ပြဿနာရှိကြတယ်

လုကျိုးက အန္တရာယ်ကို တုံ့ပြန်ရန်အတွက် တွေးထားပြီးသားဖြစ်သည်။ သူသည် အသေရိုက်ချက် ကတ်လေးကတ်ကိုတောင် ပြင်ဆင်ထား၏။ သူတို့ထဲမှ တစ်ယောက်ကို ဦးစွာသတ်နိုင်သည်။ ကျန်ရှိသည့် ကိုယ်တော်သုံးပါး၏ခွန်အားသည် သူတို့ထဲမှတစ်ယောက်သေသွားသည်နှင့် အားလျော့သွား ပေလိမ့်မည်။ တွမ့်မူရှန်းနှင့် မင်ရှစ်ရင်က သုံးယောက်ကို ဖြေရှင်းနိုင်မည်ဆိုတာ သူ သေချာသည်။ သို့သော် မထင်ထားသည်က ရဟန္တာရွှေကိုယ်ထည်လေးခု ပေါင်းစည်းသွားတာပဲဖြစ်သည်။

ခြေထောက်အောက်ရှိရွှေကြာက ဆက်လက်ဖူးပွင့်နေဆဲဖြစ်သည်။

ပွင့်ချပ်ငါးလွှာ၊ ပွင့်ချပ်ခြောက်လွှာ

ထိုစဉ် လုကျိုးက လှုပ်ရှားရန် အလျင်မလိုတော့ပေ။ ပေါင်းစည်းထားသော ရွှေခန္ဓာများ၌ ပွင့်ချပ်မည်မျှမှ များများပွင့်ကြောင်းမြင်ချင်နေသည်။

ရွှေကြာသည် ဆဌမမြောက်ပွင့်ချပ်ဖူးပွင့်ပြီးချိန်တွင် နောက်ဆုံးရပ်တန့်သွားသောအခါ အံ့ဖွယ်ကိုယ်တော်ကြီးလေးပါးက တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့ကို တိုက်ခိုက်ကြတော့၏။

ဘန်း ဘန်း ဘန်း

တွမ့်မူရှန်း၏ကျင့်ကြံဆင့်က ပွင့်ချပ်နှစ်လွှာတွင်သာ ရှိသေးသည်။ ခုံကျွယ်နှင့် ခုံဝမ်တို့က မုဒြာဝမ်ဖြင့်သူ့ကို တိုက်ခိုက်လိုက်ရာ လွင့်ထွက်သွားစေတော့၏။

မင်ရှစ်ရင်သည် သူ၏သစ်သားပြာဖြင့် တိုက်ခိုက်မှုပထမလှိုင်းကို ပိတ်ဆို့ခဲ့ပြီး ကနဦးချီဖြင့် ကာခဲ့သည်။ သို့သော် မကြာမီ၌ သစ်သားပြာက ဖြိုခွဲခံလိုက်ရသည်။ တွမ့်မူရှန်းကဲ့သို့ တည့်တည့် မတ်မတ်မဟုတ်ဘဲ သစ်သားပြာက ယိုင်နဲ့သွားစဉ် သူ့ကို မည်သည့်နေရာတွင်မှ မမြင်ရတော့ချေ။

အံ့ဖွယ်ကိုယ်တော်ကြီးလေးပါး၏ပစ်မှတ်က တွမ့်မူရှန်းလည်းမဟုတ် မင်ရှစ်ရင်လည်းမဟုတ်တော့ ပေ။ သူတို့သေဆုံးခြင်းက အဓိပ္ပါယ်မရှိပေ။ ထိုအစား မဟာခွန်အားခန်းမ၏လှေကားရင်း၌ လက်နောက်ပစ်ကာ ရပ်နေသော လုကျိုးဆီသို့ အာရုံစိုက်လာကြတော့သည်။

ဆိုရိုးစကားရှိသည့်အတိုင်း မြင်းစီးသူကို ဖယ်ရှားရန်မြင်းကိုသတ်ရမည်။

“ကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ်”

ခုံဝမ်၊ ခုံကျွယ်၊ ခုံကျစ်၊ ခုံကျန့်တို့က တညီတညွတ်တည်းလက်ခုပ်တီးလိုက်သည်။ ကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ်သည် ရဟန္တာရွှေကိုယ်ထည်ကဲ့သို့ပင် တသားတည်းပေါင်းစည်းသွားပြီးနောက် ကြောက်ရွံ့ခြင်းမဲ့စည်းတံဆိပ်က လူကြီးတစ်ဦး၏အရွယ်အစား အမြင့်တစ်ဝက်နီးပါးရှိလာသည်။ ယင်းက ကြောက်ရွံ့ခြင်းမဲ့ခြင်းမဟာတံဆိပ်တော်ကို မယှဉ်နိုင်သေးပေ။ မည်သို့ပင်ဆိုစေကာမူ မန္တန်၏ထောက်ပံ့မှုမရှိသည့်တိုင် ထိုတိုက်ကွက်ကလူများစွာ၏ အသက်ကို နှုတ်နိုင်သေးသည်။

ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ တပည့်များကံကြမ္မာက သတ်မှတ်ခံထားရပြီးဖြစ်ပုံ ပေါ်သည်။

တောက်ပနေသည့် ရွှေရောင်ကြောက်ရွံ့ခြင်းမဲ့တံဆိပ်တော်သည် လောကကြီးထဲရှိ အကြီးမြတ်ဆုံး မိစ္ဆာဆီသို့ ဦးတည်လာတော့သည်။ တိတိကျကျဆိုရလျှင် ထိုရိုက်ချက်က လုကျိုး၏ခေါင်းကို ဦးတည်နေတာပဲဖြစ်သည်။

မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များကမူ စိုးရိမ်ပူပန်ပုံပေါ်မနေချေ။

လုကျိုးက ရွှေရောင်ရဟန္တာခန္ဓာကိုတိုက်ခိုက်ရန် ရည်ရွယ်ပြီးသားဖြစ်၏။ သို့သော် ကြောက်ရွံ့ခြင်းမဲ့ တံဆိပ်တော် သူ့ဆီသို့ဝင်ရောက်လာသည့်အချိန်တွင်မူ

“ရွှီလျောင် မင်းဘာစောင့်နေတာလဲ”

မည်သူမှသတိမပြုလိုက်မိဘဲ ရွှီလျောင်၊ ရွှီဖန်း၊ ရွှီဟိုင်တို့က လုကျိုးဆီတိုးဝင်လာကြ၏။ ရွှီလျောင်၏လက်ထဲတွင် အစိမ်းရောင်အလင်းပေါ်လာတော့၏။

“ခြုံခိုတိုက်ခိုက်တာလား" ရွှီကျင်းဖက်မှလူများသည် ယခုအချိန်၌ ခြုံခိုတိုက်ခိုက်လာလိမ့်မည်ဟု လုကျိုးမထင်ထားပေ။ ရွှီလျောင်၊ ရွှီဖန်းနှင့် ရွှီဟိုင်တို့သည် ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းကို သစ္စာဖောက်ပြီးဖြစ်တာ သိသာနေပြီဖြစ်သည်။ သူ့၌တွေးရန်အချိန်မရှိတော့ဘဲ သူ့လက်ထဲရှိ အသုံး ပစ္စည်းကတ်ကို ချက်ချင်းချေမွလိုက်တော့သည်။

ပေတစ်ရာကျော်ခန့်မြင့်မားသော ရွှေရောင်ဗုဒ္ဓခန္ဓာတော်က ပေါ်လာလေ၏။

စင်းလုံးချောကတ်

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ကြောက်ရွံ့ခြင်းမဲ့တံဆိပ်တော်သည် ပေတစ်ရာခန့်မြင့်မားသော ဗုဒ္ဓခန္ဓာပေါ်အထိခိုက်မရှိ ကျရောက် သွားသည်။

ပြီးနောက် ရွှီလျောင်၊ ရွှီဖန်းနှင့် ရွှီဟိုင်တို့၏လက်နက်များက ရွှေရောင်ဗုဒ္ဓခန္ဓာတော်ကို ထန်းခနဲထိမိတော့သည်။ လက်နက်နှစ်ခုက တစဆီဖြစ်သွားပြီး ရွှီလျောင်၏လက်ထဲရှိ အစိမ်းရောင် အလင်းကမူ ရွှေရောင်ဗုဒ္ဓခန္ဓာတော်ထဲဝင်ရောက်ပြီး ပျောက်ကွယ်သွားတော့၏။

“တင်း ကောင်းကင်အပိုင်းအစတစ်ခုပြန်ရရှိပါတယ်။ ဆုလာဒ်ကုသိုလ်မှတ်တစ်ရာ”

လုကျိုးက ကောင်းကင်အပိုင်းအစကိုစစ်ဆေးရန်အချိန်တောင်မရှိပေ။

“ထွက်သွားစမ်း” လုကျိုးက အော်လိုက်၏။ “မိုးကြိုးသွား”

မိုးကြိုးသွားသုံးခုက ရွှီလျောင်၊ ရွှီဖန်းနှင့် ရွှီဟိုင်တို့ကို လွင့်ထွက်သွားစေသည်။ နှစ်ယောက်ကသွေးအန်ပြီး တစ်ယောက်က ချက်ချင်းသေသွားတော့၏။

လုကျိုးက အံ့ဖွယ်ကိုယ်တော်ကြီးလေးပါးကိုကြည့်လိုက်တော့သည်။

အံ့ဖွယ်တော်ကြီးလေးပါးက မြင့်မားသည့် ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ကိုထိတ်လန့်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလေ၏။

“…” ခုံဝမ်က လည်ချောင်းများခြောက်ကပ်လာ၏။ သူ၏မျက်ခွံများကလည်း ထိန်းချုပ်မရအောင် တွန့်ရှုံ့လာတော့သည်။

စင်းလုံးချောကတ်က ဆယ်စက္ကန့်ခန့်သာခံသည်။ လုကျိုးက သူသုံးလိုက်ရသည့် စက္ကန့်တိုင်းကို တန်ဖိုးထားရမည်။ လက်ကိုမြှောက်လိုက်ရာနောက်ထပ်အသုံးပစ္စည်းကတ်ပေါ်လာတော့၏။ “ကျုံလှီတဲ့ မဟာနတ္ထိဘုရားကျောင်းက ငါ့ကိုရန်စရဲတယ်ပေါ့”

လုကျိုး၏လက်ဖဝါးထဲ၌ လေပွေတစ်ခုပေါ်လာသည်။ ကြောက်ရွံ့ခြင်းမဲ့မဟာစည်းတံဆိပ်တော်၏ အရွယ်အစားက အံ့ဖွယ်ကိုယ်တော်ကြီးလေးပါးနှင့်ယှဉ်လျှင်ပိုကြီးမားလေရာ သူတို့ဆီသို့ပစ်ထုတ် လိုက်တော့သည်။

ဖုန်း

လေးခုကိုတစ်စုတည်းပေါင်းထားသော ရွှေရောင်ရဟန္တာခန္ဓာသည် ကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ် တော်နှင့် တိုက်မိသည့်အချိန်တွင် ကြေမွသွားကာ ပတ်ဝန်းကျင်ရှိ ကနဦးချီများကို လွင့်စင်ထွက်သွား စေသည်။

ခမ်းနားသောအရွယ်အစား ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော်သည် ရွှေရောင်ရဟန္တာခန္ဓာကို ဖျက်ဆီးပြီးသည်နှင့် ခုံဝမ်၊ ခုံကျွယ်၊ ခုံကျန်းနှင့် ခုံကျင့်တို့က သွေးအန်ပြီးလွင့်ထွက်စေ၏။

လုကျိုးက အံ့ဩနေတော့သည်။ ငါ သူတို့ကို တစ်ချက်တည်းနဲ့ဖြေရှင်းနိုင်တာလား။ သူဖြေရှင်းနိုင်လျှင် သူ့အတွက်နိုင်နေပြီဖြစ်သည်။ ကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ်တော် ဦးတည်သွား သည့်နေရာကို သူစိုက်ကြည့်လိုက်၏။

ခုံဝမ်၊ ခုံကျွယ်၊ ခုံကျစ်နှင့် ခုံကျန့်တို့က အရပ်မျက်နှာအနှံ့ထွက်ပြေးနေကြသည်။

ကြောက်ရွံ့ခြင်းမဲ့မဟာစည်းတံဆိပ်တော်က ခုံဝမ်ဆီသို့ ဦးတည်သွားတော့သည်။ ဧရာမလက်ဝါးရာ က ဗုဒ္ဓ၏လက်ဝါးနှင့်ဆင်တူနေပြီး မျောက်ကိုဖမ်းသည့် ဗုဒ္ဓ၏လက်နှင့်ဆင်တူနေလေ၏။

ဒုန်း

လေထဲတွင်အသံကျယ်ကြီးပေါ်လာပြီး ချက်ချင်းပျောက်ကွယ်သွားတော့သည်။

“တင်း နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ပစ်မှတ်တစ်ယောက်ကိုသတ်လိုက်ပါပြီ။ ကုသိုလ်မှတ် တစ်ထောင်ရရှိပါတယ်”

ခုံကျွယ်၊ ခုံကျစ်နှင့် ခုံကျန့်တို့က မြေကြီးပေါ်ဖုတ်ကနဲ ပြုတ်ကျကုန်၏။

လုကျိုးက ခေါင်းခါလိုက်တော့သည်။ အသေရိုက်ချက်ကတ်၏ လုပ်ဆောင်ချက်ကို သူ စိတ်ကျေနပ် ပုံမရပေ။ အသေရိုက်ချက်ကတ်က ပစ်မှတ်တစ်ခုတည်းကိုသာ ဖြေရှင်းနိုင်တာသိသာ၏။ ၎င်း၏ လမ်းကြောင်းတွင်ရပ်နေသော စွမ်းအင်များကို ဖျက်ဆီးနိုင်သော်ငြား ပစ်မှတ်မဟုတ်သည့်သူများကို သတ်ဖြတ်နိုင်သည့်အာနိသင်မရှိပေ။ အသေရိုက်ချက်ကတ်က သူ၏အမည်နှင့် ဆီလျော်ပေ၏။ အ သေရိုက်ချက်ကတ်ဟုခေါ်ရသည့်အကြောင်းရင်းရှိပြီး အသေရိုက်ချက်များကတ်ဟု မခေါ်ထားပေ။

မဟာနတ္ထိဘုရားကျောင်းမှ ကိုယ်တော်များကလည်းအံ့ဩဆွံ့အကုန်၏။ သူတို့က လွင့်ထွက်သွား သော အံ့ဖွယ်ကိုယ်တော်ကြီးလေးပါးကို စိုက်ကြည့်နေသည်မဟုတ်။ ခုံဝမ်က အသတ်ခံလိုက်ရပုံ ပေါ်သည်။ အစကနေအဆုံးထိလုကျိုးသည် သိုင်းကွက်နှစ်ကွက်မျှသာ ထုတ်ဖော်ခဲ့သည်။ တစ်ကွက် က ခုခံခြင်းသိုင်း ရွှေရောင်ဗုဒ္ဓခန္ဓာတော်ဖြစ်ပြီး တစ်မျိုးက တိုက်ခိုက်ရေးသိုင်း ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော်ဖြစ်သည်။ ကောင်းကင်ရွေးချယ်ခံဘုရား ကျောင်း၏ တပည့်များက ကောင်းကင်ကို မော့ကြည့်နေကြသည်။

ရှောင်ယွမ်အာက အသားကျနေရုံရပြီး မအံ့ဩသွားပေ။

ကျောင်းယွဲ့နှင့် အမျိုးသမီးကျင့်ကြံသူများက မဟာခွန်အားခန်းမထဲမှ ရွှေရောင်အလန်းတန်းဖျက်ခနဲ ပေါ်လာတာပဲမြင်လိုက်‌ရသည်။ သူတို့က တိုက်ပွဲအမှန်ကိုမတွေ့ရပေ။

လောင်ပါ့ကျူးဟုန်ကုန်းသည် ထိုမြင်ကွင်းကို ယခင်ကမတွေ့ဖူးပေ။ သူသည် တအံ့တဩဖြင့် မြေကြီးပေါ်မြဲမြံစွာရပ်နေမိသည်။ မြင်လိုက်ရတာကို မယုံနိုင်ဖြစ်နေတော့၏။

“တွမ့်မူရှန်းနှင့် မင်ရှစ်ရင်” လုကျိုးက နက်ရှိုင်းသောအသံဖြင့်ပြောလိုက်လေ၏။

“ဟုတ်ကဲ့ ရှစ်စွင်း”

တွမ့်မူရှန်းသည် နယ်ရှင်လှံကိုကိုင်ထားလျက်ခုန်ဝင်လာ၏။

ဘန်း

မင်ရှစ်ရင်သည် အစောပိုင်းက သူပျောက်ကွယ်သွားသည့် မြေကြီးထဲမှပေါ်လာကာ တလေးတစား ပြောလိုက်တော့သည်။ “ဟုတ်ကဲ့ ရှစ်စွင်း”

လုကျိုးက မင်ရှစ်ရင်ကို တစ်ချက်ကြည့်လိုက်သည်။ သူသိသလောက် သစ်သားပြာနှလုံးသား ကျင့်စဉ်ထဲတွင် မြေတူးသည့်စနစ်မပါပေ။ ဒီကောင် ဘယ်ကနေသင်လာတာလဲ။

သို့သော် ထိုအကြောင်းကိုစဉ်းစားရမည့်အချိန်မဟုတ်ပေ။ သူက “ဒီသုံးယောက်ကို မင်းတို့ဆီ ထားလိုက်မယ်”

“ဟုတ်ကဲ့ ရှစ်စွင်း”

ယခုအချိန်တွင် ခုံကျွယ်၊ ခုံကျစ်နှင့် ခုံကျစ်တို့က မျက်နှာရှုံ့နေ၏။ သူတို့သည် ရွှေရောင်ရဟန္တာခန္ဓာ ဖျက်ဆီးခံလိုက်ရပြီး ဒဏ်ရာရရုံသာရှိသည်။

ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော်က သူတို့ကို သက်ရောက်ခြင်းမရှိပေ။ သူတို့ကမြေကြီးပေါ် လက်ဝါးဖြင့်ရိုက်ချလျက် ထရပ်လိုက်တော့၏။

ခုံကျွယ်က ချောင်းဟန့်လျက်အရိုအသေပေးလျက် ဦးညွတ်ကာပြောလိုက်တော့သည်။

“ခဏ”

“မနေဘူး” အစောတုန်းက ဖိနှိပ်ခံထားရသောမင်ရှစ်ရင်သည် ဒေါသများ၊ မကျေမချမ်းဖြစ်မှုများ လောင်ကျွမ်းနေသည်။ သူက တွမ့်မူရှန်းနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် နှစ်ယောက်လုံးသည် အစာငတ်မွတ်နေသော ဝံပုလွေများသဖွယ်ရှေ့ကိုခုန်အုပ်လိုက်၏။

ကောင်းကင်ထဲရှိရထားလုံးပျံက အရေးနိမ့်နေတာကိုမြင်လိုက်ရသောအခါ တွေဝေမနေဘဲ အမြီးကုပ်ပြေးတော့သည်။ ချက်ချင်းပင်မိုးကုပ်စက်ဝိုင်းအတွင်းပျောက်ကွယ်သွားတော့၏။

မြေပြင်ပေါ်ရှိ ကိုယ်တော်အပါးနှစ်ဆယ်ကလည်း ဖြူဆုတ်ကုန်၏။ သူတို့က သဲမြေပမာဖြစ်နေ တော့သည်။

ခုံဝမ်ရှိနေသေးလျှင် တွမ့်မူရှန်းနှင့်မင်ရှစ်ရင်တို့က သူတို့နေရာတွင်သာ ရပ်နေဦးမှာပဲဖြစ်၏။ ယခုခုံဝမ်သေပြီဖြစ်သောကြောင့် သူတို့အခြေအနေပိုကောင်းမှာသေချာနေသည်။

နှစ်ဖက်လုံးက ကြမ်းတမ်းစွာထပ်မံတိုက်ခိုက်ကြ၏။

လုကျိုးသည် စစ်မြေပြင်ကနေအကြည့်ကိုလွှဲပြီးခေါ်လိုက်တော့သည်။ “ရှောင်ယွမ်အာ၊ ကျောင်းယွဲ့"

“ဟုတ်ကဲ့ ရှစ်စွင်း” တပည့်နှစ်ဦးက ရှေ့တက်လာသည်။

“ဒါတွေရှင်းလိုက်”

“ဟုတ်ကဲ့ ရှစ်စွင်း” ကျောင်းယွဲ့က အရိုအသေပေးလိုက်သည်။ ယခုအချိန်တွင် ကျူးဟုန်ကုန်း လောင်ပါ့က သတိဝင်လာပုံရသည်။ သူက အမြန်သစ္စာရှိမှုကိုပြရန်လုပ်တော့၏။ “ရှစ်စွင်း ရှစ်စွင်း ကျွန်တော်ကကော ကျွန်တော်လောင်ပါ့က ရှစ်စွင်းရဲ့ဝန်ထုပ်ဝန်ပိုးတွေကို ပေါ့အောင်ကူညီပေးဖို့ အံ့မခန်းခွန်အားတွေ ထုတ်ပြပါ့မယ်”

ရှောင်ယွမ်အာက အစောပိုင်းက မဟာဂရုဏာကျိန်စာကိုရွတ်ဆိုနေကြသော ရဟန်းများကို လက်ညှိုးထိုးပြီး အစွယ်တစ်ငေါငေါဖြင့်ပြောလိုက်တော့သည်။

“နင်တို့တွေ အားလုံးအတွက် လုံလောက်သွားပြီ။ တစ်ဘဝတာအတွက် ရိုက်ပေးမယ်”

ရှောင်ယွမ်အာနှင့်ကျောင်းယွဲ့က ထိုရဟန်းများကို ဖြေရှင်းရာ၌ ပြဿနာမရှိပေ။

လုကျိုးက ဒဏ်ရာရနေသော ရွှီလျောင်နှင့် ရွှီဖန်းကိုကြည့်လိုက်၏။ သူက ထူးမခြားနား မေးလိုက်တော့သည်။ “မင်းတို့ ငါ့ကို ဘာကြောင့်တိုက်ခိုက်တာလဲ"

နှစ်ယောက်သားက တုန်ယင်နေကြတော့သည်။

ထိုစဉ် ရွှီကျင်းကလည်း ထိတ်လန့်နေ၏။ ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းအတွင်းရှိ ရွှီမျိုးဆက် အဖြစ်ကျန်ရှိသော ရဟန်းသုံးပါးက လောကကြီး၏အကြီးမြတ်ဆုံးလူဆိုးကို ခြုံခိုတိုက်ခိုက် လိမ့်မည်ဟု သူမထင်ထားပေ။ သူက ချောင်းဆိုးလိုက်ပြီးသွေးအန်လေရာ ယင်းကို လက်မခံနိုင်ပေ။ “ဘာကြောင့်လဲ။"

“မင်း ဒီလိုဖြောင့်မတ်ချင်ယောင်ဆောင်နေတာတော်လိုက်တော့ ရွှီကျင်း။ မင်းက ငါတို့ဆီပေးဖို့ထက် ဟေးမုလျန်ကို အဲ့ဒီလူဆိုးဆီပဲပေးချင်နေတာ။ ပြီးတော့ ငါတို့ကို ဘာကြောင့်လို့မေးတယ်ပေါ့”

ရွှီလျောင်က နှာခေါင်းရှုံကာပြောလိုက်သည်။ သူကကြောက်သော်ငြား ယခုအချိန်တွင် ဟန်ဆောင် နေစရာအကြောင်းမရှိတော့ပေ။ မခံမရပ်နိုင်အောင် ဒေါသထွက်လျက်ပြောလိုက်တော့၏။

“မင်းတို့ မိစ္ဆာကောင်တွေ မဟာနတ္ထိဘုရားကျောင်းရဲ့ အလိမ်အညာထဲဘယ်လိုရောက်သွားရတာလဲ”

သူ ဒဏ်ရာရနေတာကို လူတိုင်းကိုမဖုံးကွယ်ထားရင် ဒီနှစ်ယောက်က အစောတည်းက သူကိုဆန့်ကျင်ပြီးပြီ အခုချိန်အထိစောင့်နေမှာတောင်မဟုတ်ဘူး။

…

အခန်း (၁၈၆) ကောင်းကင်အပိုင်းအစ

“မိစ္ဆာလမ်းစဉ်က မိစ္ဆာလမ်းစဉ်ပဲ … ရွှီကျင့် မင်း ရူးသွားပြီ။ တကယ်လို့ မင်းဆီမှာ အသိစိတ်အနည်းငယ်ရှိနေရင် မင်းဘာသာ အဆုံးသတ်ပြီး ဗုဒ္ဓရှေ့ အပြစ်ကြွေးဝန်ခံလိုက်”

ရွှီလျောင်က ပြောလိုက်သည်။

ရွှီကျင့်က စိတ်အခြေအနေ အပြောင်းအလဲကြောင့် ဆက်ချောင်းဆိုးနေသည်။ သူက အစကတည်းက ဒဏ်ရာရထားသူ ဖြစ်သည့်အပြင် ထိနှက်မှုများ ဆက်တိုက်ခံယူထားရလေရာ သူ့အတွက် တောင့်ခံနိုင်ဖို့ ခက်လှသည်။

လုကျိုးက ခေါင်းခါလိုက်သည်။

မိသားစုတိုင်းမှာ ပြဿနာရှိကြတာပဲ …

အဆုံးသတ်၌ သူက ဝင်ပြောလိုက်သည်။

“ရွှီလျောင် … မင်းဆီမှာ ကောင်းကင်အပိုင်းအစ ရှိနေတယ်ဆိုရင် ငါ့ကို တိုက်ခိုက်မဲ့အစား ရွှီကျင့်ကို ဘာလို့တိုက်ရတာလဲ ”

လုကျိုးက ကောင်းကင်အပိုင်းအစအကြောင်း ထုတ်ပြောလိုက်သည်နှင့် ရွှီလျောင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

ရွှီကျင့်က ရွှီလျောင်ကို ကြည့်ကာ “ မိစ္ဆာကောင် … မဟာနတ္ထိဘုရားကျောင်းက မင်းကို ကောင်းကင်အပိုင်းအစ ပေးပြီး ငါ့ကို သတ်ခိုင်းထားတာလား”

ထိုစဉ် ရွှီလျောင်က ဘာမှဖုံးကွယ်စရာ မလိုတော့ပေ။ သူက ပြောလိုက်သည်။

“အဲဒီတော့ ဘာဖြစ်လဲ။ ငါတို့သုံးယောက်က ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းအတွက် အများကြီးစွန့်လွှတ်အနစ်နာခံခဲ့ပေမဲ့ မင်းက မိစ္ဆာဝေဟင်မျှော်နန်းကိုဆီပဲ အရှုံးပေးချင်နေတာလေ။ ”

ရွှီကျင့်က လက်မြောက်ကာ စွမ်းအားစုစည်းပြီး ရွှီလျောင် ပါးပြင်ဆီ ပစ်ထည့်လိုက်သည်။

ဘန်း

“ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းမှာ တပည့်တစ်ထောင်ကျော်ရှိတယ်။ သူတို့အသက်ကရော တန်ဖိုးမရှိဘူးလား” ရွှီကျင့်က မေးခွန်းထုတ်လိုက်သည်။

“ တကယ်လို့ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက မဟာနတ္ထိဘုရားကျောင်းနဲ့ ပေါင်းလိုက်ရင် ငါတို့အတွက် ဘာမှစိုးရိမ်စရာ မလိုတော့ဘူး” ရွှီလျောင်က ပြန်ချေပသည်။

ဖြန်း

ဤတစ်ကြိမ် ရွှီကျင့်က စွမ်းအားနှင့် မဟုတ်ဘဲ လူကိုယ်တိုင် ရိုက်လိုက်သည်။

ရွှီလျောင်၏ အမူအရာက မည်းမှောင်လာသည်။ သူ့မျက်နှာတစ်ဝက်ကား နီရဲကာ ယောင်ကိုင်းနေလေပြီ။

“မဟာနတ္ထိဘုရားကျောင်းက ရည်ရွယ်ချက်ကောင်းပဲ ရှိတယ် ထင်နေလား” ရွှီကျင့်က မေးခွန်းထုတ်လိုက်သည်။

“ သူတို့ကျောင်းထိုင် ခုံယွမ်က မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံပြီးတော့ ဟိုးကတည်းက စာရိတ္တပျက်ပြားနေတာ ကြာလှပြီ။ ဒီနှစ်တွေမှာ သူက သူတော်ကောင်းယောင်ဆန်ပြီး ဟိတ်ဟန်ထုတ်နေပေမဲ့ အမှောင်ထဲမှာ သူ မလုပ်ဖူးတဲ့ မကောင်းမှု ဘယ်ရှိမလဲ။ သူက တခြားလူတွေရဲ့ ချီစွမ်းအားနဲ့ ကျင့်ကြံဆင့်တွေကို စားသုံးနေတာ … ”

ရွှီလျောင်က ထိုစကားကို ကြားသည့်အခါ ပါးစပ်ဟောင်းလောင်းဖြစ်သွားလေသည်။

“ညာနေတာပဲ … ဆရာတော်ခုံယွမ်ရဲ့ ရွှေခန္ဓာကိုယ်ကို ကိုယ်တိုင်မြင်ဖူးတယ်။ အဲဒါက လုံးဝကို သန့်စင်နေတာ … အတုဖြစ်စရာအကြောင်း မရှိဘူး ”

“ ခေါင်းကြောမာမနေနဲ့” ရွှီကျင့်က ရွှီလျောင်ကို ကန်လိုက်သည်။

ဘန်း

ရွှီလျောင်က ကြမ်းပြင်တစ်လျှောက် လွင့်ထွက်သွားသည်။

ရွှီကျင့်က ဒဏ်ရာရနေသော်လည်း သူက ချီကို လှည့်ပတ်နိုင်သေး၏။

မိုးကြိုးချက် ထိမှန်ထားသည့် ရွှီလျောင်က အတော်လေး အားနည်းနေပြီ ဖြစ်၏။ သူက ရွှီကျင့်ဆီမှ ကန်ချက်ကို ခံနိုင်ရည် မရှိပေ။ သူက မြေပေါ်သာ အားမရှိစွာ ထိုင်နေသည်။

သုံးယောက်သားက ကောင်းကင်အပိုင်းအစဖြင့် သူတို့အခွင့်အရေး မြင့်တက်လာမည့် အခွင့်အရေးကို စောင့်မျှော်ခဲ့ကြသည်။ ကံဆိုးစွာဖြင့် အခွင့်အရေး မရခဲ့ကြပေ။ ဒီတစ်ခေါက် သူတို့က အံ့ဖွယ်ကိုယ်တော်လေးပါးကို ကူညီကာ ရွှီကျင့်၏ အကူအညီများကို ရှင်းထုတ်ပြီး အခြေအနေကို ထိန်းချုပ်နိုင်လိမ့်မည်ဟု တွေးခဲ့ကြသည်။ သို့သော် တစ်ဖက်လူက အရမ်းအားကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ရွှီကျင့်၏ မျက်နှာက နာကျင်မှုကို အံ့တုရင်း လုကျိုးကို ပြောလိုက်သည်။

“ ဒကာကို ဒီနေ့ ဒီကိစ္စတွေ ပြသမိတဲ့အတွက် အားနာပါတယ်။ ကိုယ်တော်တို့ ဘုရားကျောင်းရဲ့ အရှုပ်တွေ ပေါ်ပေါက်သွားရတယ်။ ဒီအဖြစ်အပျက်ကို သေချာရှင်းပြီးတာနဲ့ ဒကာကို ကျေနပ်လောက်တဲ့ ရှင်းပြချက်မျိုး ပေးပါ့မယ်”

လုကျိုးက ခေါင်းညိတ်လိုက်သည်။

ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်း၌ ရွှီကျင့် တစ်ယောက်တည်းသာ အကျိုးအကြောင့်သင့်သူ ဖြစ်လိမ့်မည်။

လုကျိုးက ရွှီလျောင်အား ကြည့်လိုက်ကာ “ မဟာနတ္ထိဘုရားကျောင်းက မင်းကို ကောင်းကင်အပိုင်းအစ ပေးထားတာလား”

“ ဟုတ်ပါတယ် ” ရွှီလျောင်က ယခု ကြောက်လန့်မိနေပြီ ဖြစ်၏။

လုကျိုးက ထပ်မေးလိုက်သည်။ “တခြားအပိုင်းအစတွေရော ဘယ်မှာလဲ သိလား ”

“ မ .. မသိပါဘူး ” ရွှီလျောင်က ခေါင်းခါလိုက်သည်။

“တကယ်လား ”

ရွှီလျောင်က အဆက်မပြတ် ခေါင်းညိတ်လိုက်သည်။

ဒီလိုဖြစ်နိုင်ပါတယ် .. သူက ပါးမွှားလေးပဲ ရှိသေးတာကိုး …

သူ့အနေနဲ့ တခြားအပိုင်းအစတွေ ရှိနေတဲ့ နေရာကို သိနေစရာအကြောင်း မရှိဘူး …

လုကျိုးက ကောင်းကင်အပိုင်းအစများအကြောင်း ထပ်မမေးတော့ပေ။ သူက မဟာခွန်အားခန်းမဘက်သာ ကြည့်လိုက်သည်။

ရှောင်ယွမ်အာနှင့် ကျောင်းယွဲ့တို့၏ တိုက်ပွဲက ပိုလွယ်ကူသည်။ သူတို့လည်း တစ်ဖက်လူကို ရှင်းထုတ်ပြီးလုနီးပါး ဖြစ်နေလေပြီ။ မဟာကရုဏာကျိန်စာကို ရွတ်ဖတ်နေကြသည့် ကိုယ်တော်များက ကျင့်ကြံဆင့် နိမ့်ကျသည့် ပါးမွှားလေးမျှသာ ဖြစ်ကြသည်။ သူတို့က ကုသိုလ်ရမှတ်များများ မတန်သည့် အသေးစား ဇာတ်ကောင်လေးများသာ ဖြစ်ကြသည်။

ထိုစဉ် တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့က အရေးသာနေလေပြီ။

အံ့ဖွယ်ကိုယ်တော်လေးပါးအနက် တစ်ပါး လျော့သွားသောကြောင့် ကျန်သုံးယောက်က အတော်အတန် အားပျော့သွားသည်။ သူတို့က အကောင်းဆုံး ကြိုးစား၍ တိုက်ခိုက်နေသော်လည်း သူတို့ မကျရှုံးခင် အချိန်တစ်ခုမျှသာ လိုအပ်တော့သည်။

ရှောင်ယွမ်အာက ပျော်ရွင်စွာ လက်ခုပ်တီးလိုက်ပြီးနောက် ပြန်ပြေးလာကာ “ရှစ်စွင်း … အဲဒီကိုယ်တော်တွေက ငပျော့တွေပဲ။ တပည့် အားအပြည့်တောင် မသုံးလိုက်ရဘူး။ သူတို့အားလုံး မေ့လဲကုန်ပြီ ”

လုကျိုးက ခေါင်းခါကာ “ သူတို့က ဗြဟ္မာပင်လယ်အဆင့်ပဲ ရှိသေးတာလေ ”

သူက တစ်ခုခုပြောချင်သော်လည်း သူကိုယ်တိုင်က ဗြဟ္မာပင်လယ် ချီသွေးကြောရှစ်ခုအဆင့်သာ ရှိသေးကြောင်း သတိရလိုက်၍ ပြန်ထိန်းလိုက်သည်။

“ တင်း … နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် တစ်ယောက်ကို သတ်နိုင်တဲ့အတွက် ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် တစ်ထောင် ရရှိပါမယ်”

တူညီသည့် အသိပေးချက်များက တစ်ခုပြီး တစ်ခုတက်လာသည်။

လုကျိုးက လှမ်းကြည့်လိုက်သည့်အခါ ခုံကြွယ်၊ ခုံကျန့်နှင့် ခုံကျစ်တို့ ကျရှုံးသွားသည်ကို မြင်လိုက်ရသည်။

မင်ရှစ်ရင်၏ အကြည့်များက တောက်ပနေပြီး ခွဲခွာချိတ်ကောက်ကို ကိုင်ထားရင်း ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။

ထိုစဉ် တွမ့်မူရှန်းက နယ်ရှင်လှံမှ ဖုန်များကို သုတ်နေလေသည်။

သူတို့ အနည်းငယ် စုတ်နေသော အဝတ်မှလွဲ၍ သူတို့က မထိမခိုက်ရှိဟန်ပေါ်သည်။

မင်ရှစ်ရင်က လုကျိုးဘေးနား ပြန်ရောက်လာကာ “ ရှစ်စွင်း စိတ်မပျက်ရအောင် ကျွန်တော် ပစ်မှတ်အားလုံးကို သတ်ခဲ့ပါပြီ ”

“အရမ်းကောင်းတယ်” လုကျိုးက မင်ရှစ်ရင်ကို ကြည့်လိုက်ပြီး “ဒါပေမဲ့ … ”

မင်ရှစ်ရင်က နှလုံးခုန်မြန်လာသလို ခံစားလာရသည်။ သူ့ရှစ်စွင်းက ချီးကျူးလိမ့်မည်ဟု ထင်ထားခဲ့လေသည်။ သူ့စကားနောက်တွင် “ဒါပေမဲ့” ဆက်ပြောလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

လုကျိုးက ပြတ်ပြတ်သားသား ပြောလိုက်သည် “ဒါပေမဲ့ သစ်သားပြာကျင့်စဉ်ကို ကျင့်ကြံတဲ့အခါ နောက်ထပ် ကျင့်စဉ်ကို ကျင့်ကြံဖို့ တားမြစ်ထားတယ် ”

“ ရှစ်စွင်း … ကျွန်တော်က သိချင်လို့ ကိုယ့်ဘာသာ မထိန်းနိုင်လိုက်တာပါ။ အဲဒါကြောင့် ဥမင်အတတ်ကို လေ့လာဖြစ်ခဲ့တာပါ။ တခြားရည်ရွယ်ချက် မရှိရပါဘူး” မင်ရှစ်ရင်က ပြောလိုက်သည်။

လုကျိုးက ထပ်ပြောလိုက်သည်။ “ မင်း အခုကစပြီး သစ်သားပြာ ကျင့်စဉ်ကိုပဲ သေချာအာရုံစိုက်ထား … မသွေဖည်သွားစေနဲ့ ”

“ဟုတ် ရှစ်စွင်း ” မင်ရှစ်ရင် ပျော်သွားလေသည်။ သူက အပြစ်ပေးမခံရရုံသာမက သူ့ရှစ်စွင်းက အကြံပင် ပေးလာသည်။

ထိုစဉ် မဟာခွန်အားခန်းမရှေ့ တိတ်ဆိတ်သွားလေ၏။

မဟာကရုဏာ ကျိန်စာကြောင့် နှိပ်စက်ခံခဲ့ရသည့် ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်း၏ တပည့်များက အနားယူပြီးနောက် ပြန်ကောင်းလာကြသည်။ သူတို့က ထကာ ခန်းမရှေ့ ပျက်စီးနေသော မြေပြင်ကို ကြည့်လိုက်ပြီးနောက် နံ့သာအိုးဘက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က မိစ္ဆာဝေဟင်မျှော်နန်း တပည့်များကြောင့် အရှုံးပေးလိုက်ရသည့် မဟာနတ္ထိဘုရားကျောင်းမှ ကိုယ်တော်များကို ကြည့်လိုက်ကြသည်။

ဤသည်မှာ မိစ္ဆာဝေဟင်မျှော်နန်း၏ အင်အား ဖြစ်၏။

ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းမှ တပည့်များက တံတွေးမျိုချလိုက်ကြသည်။ သူတို့က ကြောက်ရွံ့သော်လည်း စိတ်အေးသွားမိသည်။ သူတို့က လုကျိုး၏ ဗုဒ္ဓရွှေခန္ဓာကို သူတို့ကိုယ်တိုင် မြင်ခဲ့ရသည် မဟုတ်ပါလော။

နတ်ဆိုးက ဗုဒ္ဓဖြစ်မလာနိုင်ဘူးလို့ ဘယ်သူက ပြောလဲ … နတ်ဆိုးတွေက ဆိုးသွမ်းနေရမယ်လို့ ဘယ်သူက ပြောလဲ

လုကျိုးက ဗုဒ္ဓ ဖြစ်မလာချင်ပေ။

ထိုစဉ် ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းမှ တပည့်များသည် တိုက်ပွဲ မဖြစ်ခင်ကကဲ့သို့ နံ့သာအိုးရှေ့ စုစည်းနေကြသည်။ သိပ်မကြာခင် မဟာခွန်အားခန်းမရှေ့ သူတို့နှင့် ပြည့်လာသည်။ သူတို့က ပင်ပန်းနွမ်းလျကာ အင်အားမရှိဘဲ သူတို့အပေါင်းအပါများသာ တွဲမထားလျှင် မတ်မတ်ပင် မရပ်နိုင်ကြပေ။ သို့သော်လည်း သူတို့ အယောက်တစ်ထောင်လုံး အတူတကွ ရပ်နေသည့်အခါ ထိုသို့မတူတော့ပေ။ သူတို့က တစ်ချိန်တည်းဆိုသလို လက်အုပ်ချီလိုက်ကြသည်။

ရွှီကျင့်လည်း ရုတ်ချည်းဆိုသလို အားတိုးလာသည့်နှယ် ပေါ်လာသည်။ သူက ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းမှ တပည့်များကို ကြည့်ကာ “ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက အခုဘေးကင်းသွားပြီ”

ထို့နောက် သူက လုကျိုးဘက် လှည့်ကာ ချောင်းအသာဟန့်လိုက်ရင်း “ဒကာကျိရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် ”

ထိုစဉ် ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်း တပည့်များလည်း သံပြိုင် ပြောလိုက်ကြသည်။ “ဒကာကျိရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် ”

တချို့အသံများက အားပျော့သော်လည်း အသံအများကြီးက ရှင်းရှင်းလင်းလင်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ ထိုအထဲတွင် ဘဝအသစ် ပေးလိုက်သည့်အလား မပြောပြတတ်သည့် အငွေ့အသက်တစ်မျိုး ပါဝင်နေ၏။

“တင်း …. လူဦးရေ ၉၈၂ ယောက်ဆီမှ ကြည်ညိုကိုင်းရှိုင်းသည့် သဘောထားမျိုး လက်ခံရရှိသည့်အတွက် ဆုလာဘ် ကုသိုလ်ရမှတ် ၉၈၂၀ ရရှိပါတယ် ”

လုကျိုးက ကျေနပ်သွားသည်။ သူ့ရွေးချယ်မှုက အမှန်ဖြစ်ပုံပေါ်သည်။ “ အခု ဟေးမုလျန် ယူတော့မယ် ”

…

All Chapters