← Chapters

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

အခန်း (၁၈၇) ခုနစ်စင်ကြယ်ဝိညာဉ်

လုကျိုးက လှေကားဆီလျှောက်သွားပြီး မဟာခွန်အားခန်းမထဲသို့ ဝင်သွားတော့၏။

လောင်ပါ့ကျူးဟုန်ကုန်းသည် သူ့ရှစ်စွင်း၏ ဖြုံလောက်သည့်ခွန်အားကို မြင်တွေ့ပြီးနောက် သူ့ရှစ်စွင်းရှေ့သို့ ကမန်းကတမ်းသွားကာ ခြေထောက်နားရှိ အကျိုးအပဲ့ အစအနများကို ရှင်းလင်းပေးလိုက်တော့သည်။ ပြီးနောက် မျက်နှာချိုသွေးသောအမူအရာဖြင့်ပြောလိုက်၏။

“ရှစ်စွင်း ရှစ်စွင်းရဲ့ ရွှေရောင်ဗုဒ္ဓခန္ဓာက ကျွန်တော့်ကို တကယ်မျက်စိပွင့်စေတာပဲ။ ဒါ့အပြင် မိုးနဲ့မြေမှာ ပြိုင်စံရှားတဲ့ ကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ်တော်ရှိသေးတာ။ ရှစ်စွင်းအတွက် ဒီအကျိုးအပဲ့ အစအနတွေကို ဖယ်ပေးပါရစေ”

မိစ္ဆာဝေဟင်မျှော်နန်းမှကျန်သည့်တပည့်များသည် ကျူးဟုန်ကုန်း၏ ကိုးရိုးကားယားဆန်မှုကို မြင် တွေ့သည့်အချိန်၌ အံ့ဩကုန်၏။ သူတို့ဆရာကို ရံဖန်ရံခါမျက်နှာချိုသွေးတတ်သော်ငြား သူတို့သည် ကျူးဟုန်ကုန်းကဲ့သို့ ဘယ်တော့မှ အရှက်မမဲ့ပေ။ ကျူးဟုန်ကုန်းနှင့်ယှဉ်လျှင် သူတို့အရေပြားက ထိုမျှမထူဟု ဝန်ခံရမှာပဲဖြစ်သည်။

လုကျိုးက ကျူးဟုန်ကုန်းကို လျစ်လျူရှုပြီး ဖြည်းဖြည်းချင်း ထိုင်ချလိုက်၏။

ခန်းမအတွင်းစောင့်ဆိုင်းနေသော ပင်မတပည့်အချို့အပြင် ကျန်သည့်မဟာရွေးချယ်ခံဘုရားကျောင်း တပည့်များကလည်း ဧရိယာကို ရှင်းလင်းလိုက်ကြသည်။

ဒဏ်ရာရထားသော ရွှီကျင်းက ခန်းမထဲသို့ပြန်ဝင်လာစဉ် တပည့်နှစ်ဦးက ကူတွဲပေး၏။ သူ၏လက်ထဲ၌ အချိတ်ပိုးထည်သေတ္တာတစ်လုံးကို ကိုင်ဆောင်ထားလျက် ခန်းမထဲသို့ ဖြည်းဖြည်းချင်း ဝင်လာသည်။

“မင်း သေမှာမကြောက်ဘူးလား” လုကျိုးက မုတ်ဆိတ်သပ်လျက်မေးလိုက်တော့သည်။

ရွှီကျင်းက ပြောသည်။

“သေမှာကို ဘာမှကြောက်စရာမရှိဘူး။ အံ့ဖွယ်ကိုယ်တော်ကြီးလေးပါး အရင်တုန်းက ရောက်လာတဲ့အချိန် ရွှီလျောင်နဲ့ ကျန်တဲ့နှစ်ယောက်က လုပ်ဆောင်ချက် သိပ်မကောင်းဘူးလို့ ကိုယ်တော် သံသယဝင်နေခဲ့တာ။ ဒါပေမဲ့ ဒီလောက်ရဲတင်းလိမ့်မယ်လို့ တကယ်မထင်ထားမိဘူး”

“ဒါကြောင့် မင်းဒဏ်ရာရတာကို ဖုံးကွယ်ထားတာလား”

“ဟုတ်တယ်” ရွှီကျင်းသည် အချိတ်ပိုးထည်သေတ္တာကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်ပြီး ပြောလိုက်တော့၏။ “ဒါက ဟေးမုလျန်ပါ”

လုကျိုးက သေတ္တာကိုလက်ခံရယူလိုက်သည်။ ၎င်းကိုဖွင့်ကြည့်လိုက်သောအခါ ကြွယ်ဝသော ဆေးရနံ့က သူ၏နှာခေါင်းဝထဲပြည့်သွားတော့၏။ ရနံ့ကအတော်ပြင်းသည်။

“တင်း ဟေးမုလျန်ကိုရရှိပါတယ်”

“ဟေးမုလျန်ကိုရယူရန် တာဝန်ပြီးမြောက်ခဲ့ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ်တစ်ထောင့်ငါးရာ"

အသံပေါ်ထွက်လာ၏။ အသုံးပစ္စည်း၏အာနိသင်ကိုတောင် ထည့်မပြောပေ။

လုကျိုးသည် သူ့နောက်တွင်ရပ်နေသော ရှောင်ယွမ်အာအား ဟေးမုလျန်ပေးလိုက်၏။

ရှောင်ယွမ်အာသည် ရှားပါးသောရတနာတစ်ခုသဖွယ်မှတ်ယူလျက် ဟေးမုလျန်ကို ဂရုတစိုက် ကိုင်တွယ်ထားသည်။ ထိုအသုံးပစ္စည်းကို သူမထက် ပိုဂရုစိုက်နိုင်မည့်သူရှိမှာမဟုတ်ပေ။ သူမ၏ ရှစ်စွင်းက သူ့ဆီဆောင်ယူလာမည့်ပြဿနာများကို ဂရုမစိုက်ဘဲ ဤဟေးမုလျန်ကို အရယူခဲ့သည်။ သို့မှသာ သူမက ချီပင်လယ်ဖွင့်နိုင်မှာဖြစ်သည်။

မကြာမီ၌ ရွှီကျင်းသည် လက်စုံမိုးလျက် လုကျိုးကို အရိုအသေပေးကာပြောလိုက်သည်။

“ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းကိုယ်စား ကိုယ်တော်တို့ကအခု မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လက်အောက်ခံ ဖြစ်နေပြီဆိုတာ ကြေညာမယ်”

ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းမှ ကျန်သည့်တပည့်များကလည်း ဦးညွှတ်လိုက်တော့သည်။

သို့သော် လုကျိုးက ခေါင်းခါပြီးနောက် ပြောလိုက်၏။

“မိစ္ဆာတစ်ယောက်က ဘယ်တော့မှ ဗုဒ္ဓမဖြစ်နိုင်ဘူး။ ဒီလိုလုပ်နေဖို့မလိုဘူး”

လက်ရှိကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၌ သက်ကြီးရွယ်အိုများနှင့် အားနည်းသည့်သူများသာ ရှိသည်။ ရွှီကျင်းသည် ဒဏ်ရာမှပြန်ကောင်းရန် အချိန်လိုအပ်သည်။ တပည့်လေးများကလည်း အရေးပါသည့် တာဝန်များဆောင်ရွက်ရန်အားနည်းလွန်းနေကာ ရွှီလျောင်၊ ရွှီဖန်းနှင့် ရွှီဟိုင်တို့ကလည်း ဘုရားကျောင်းကို သစ္စာဖောက်သွား၏။ ယင်းက ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ အမိုးပေါ် သို့ နှင်းများသာ ပိုကျစေလိမ့်မည်။ အရေးကြီးသည်က ထိုလူများသည် မိစ္ဆာဝေဟင်မျှော်နန်းအတွက် အသုံးမဝင်ချေ။

ရွှီကျင်းက သက်ပြင်းချပြီးပြောလိုက်တော့၏။

“ဒကာကြီးကျိ လက်ရှိကောင်းကင်ရွေးချယ်ခံဘုရား ကျောင်းက တခြားဘုရားကျောင်းတွေနဲ့ ခက်ခက်ခဲခဲယှဉ်ပြိုင်နိုင်တယ်။ မဟာနတ္ထိဘုရားကျောင်းက ရှုံးနိမ့်ပြီးတော့ ပြန်သွားရတယ်။ ဒါပေမဲ့ နောင်ကျ ပြန်လာမှာပဲ။ အဲ့ဒီအချိန်ကျရင်..” သူက ခေါင်းခါ လိုက်တော့၏။ မဟာနတ္ထိဘုရားကျောင်းသူတို့ကို ပစ်မှတ်ထပ်ထားမှာစိုးရိမ်မိသည်။

လုကျိုးက မုတ်ဆိတ်သပ်ကာပြောလိုက်တော့၏။

“မဟာနတ္ထိဘုရားကျောင်းရဲ့ အံ့ဖွယ်ကိုယ်တော်ကြီးလေးပါးက ထပ်မရှိတော့ဘူး။ သူတို့ထဲမှာ တစ်ယောက်ပဲကျန်တယ်။ ခုံယွမ်ပေါ့။ အဲဒီလူက အင်မတန်သတိကြီးတာ အနည်းဆုံးတော့ လတ်တလော ပြန်မလာလောက်ဘူး”

ထို့အပြင် လုကျိုးက သူ၏ခွန်အားကို ပြသခဲ့ပြီးဖြစ်သည်။ ရထားလုံးပျံပေါ်ရှိလူများက သူ၏ရွှေရောင်ဗုဒ္ဓခန္ဓာကို မြင်တွေ့သွားမှာသေချာ၏။

ရွှီကျင်းက ခေါင်းညိတ်ပြီး လုကျိုး၏စကားများကို ထောက်ခံလိုက်သည်။ သူတို့ရန်သူများက မကြာမီ အချိန်အတွင်း ပြန်မလာသရွေ့ ပြဿနာများကိုရှင်းလင်းရန်သူနည်းလမ်းများစွာတွေးရမည်။ နောက်ဆုံးတွင် ပြောလိုက်တော့၏။

“ဉာဏ်အလင်းဖွင့်ပေးတဲ့အတွက် ဒကာကျိ”

လုကျိုးက လက်အသာယမ်းက မတ်တပ်ထရပ်ပြီးပြောလိုက်၏။ “သွားကြမယ်”

“မျှော်နန်းကို ပြန်မယ်”

ကျူးဟုန်ကုန်းက စိတ်အားထက်သန်စွာပြောလိုက်တော့၏။

“လောင်ပါ့ မျက်နှာချိုသွေးတာလေး နားနိုင်မလား။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့် တစ်ယောက်လိုမျိုး ပြုမူမနေဘူး။ ငါတကယ်ရှက်မိတယ်။ ရှစ်စွင်း... ခဏနေပါဦး။ အခုပဲ ရထားလုံးကို ပြင်ဆင်လိုက်မယ်။ အဆင်သင့်ဖြစ်နေစေရမယ်လို့အာမခံတယ်” မင်ရှစ်ရင်သည် မဟာခွန်အားခန်း မထဲမှ ပြေးထွက်သွားတော့၏။

မင်ရှစ်ရင်က သွက်သွက်လေး လှုပ်ရှားလိုက်ပြီး တိမ်ခွင်းရထားလုံးပျံက မဟာခွန်အားခန်းမရှေ့သို့ အချိန်မှီရောက်လာသည်။

လုကျိုးက ပတ်ဝန်းကျင်ကိုကြည့်ပြီးပြောလိုက်တော့၏။

“ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းက ဒီနေ့ ဒူးထောက်ဖို့မလိုအပ်ရင်တောင် ဒီအဖြစ်အပျက် ပြီးတဲ့နောက် အပြင်လောကကဒီအကြောင်းကို ပြောကြမှာသေချာတယ်။ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက ကျင့်ကြံခြင်းလောကထဲမှာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နိုင်တော့မှာမဟုတ်တော့ဘူး။ နောက်ဆက်တွဲကို ခင်ဗျားတွေးပြီးပြီလား”

ရွှီကျင်းကပြောလိုက်၏။

“ဒီအဖြစ်အပျက်ပြီးတဲ့နောက် ဒီအရာတွေက အသုံးမပါဘူးဆိုတာ နောက်ဆုံးတော့ ကိုယ်တော် သဘောပေါက်သွားပြီ။ ဒီနေ့ပြီးရင် ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းက တံခါးပိတ်ကျင့်ကြံ တော့မယ်”

ခန္ဓာကိုယ်သည် နှလုံးသားအလိုရှိသည့်အရာနောက် လိုက်ပါရမည်။

လုကျိုးက ခေါင်းညိတ်ပြီးထပ်မပြောတော့ပေ။ သူက တုံ့နှေးသောလှုပ်ရှားမှုများဖြင့် တိမ်ခွင်း ရထားလုံးပျံပေါ်သို့ခုန်တက်လိုက်သည်။ ဗြဟ္မာ့ပင်လယ်ချီသွေးကြောရှစ်ကြော ကျင့်ကြံသူအဖို့ ထိုသို့ဆောင်ရွက်ရန်မခက်ခဲပေ။

ထိုအရာကို ရွှီကျင်းမြင်သောအခါ လက်အုပ်ချီလျက်ပြောလိုက်တော့သည်။ “အော်မီတော်ဖော် ဗုဒ္ဓ”

တပည့်တစ်ထောင်နီးပါးကလည်း လက်အုပ်ချီလျက်ဂါထာစတင်ရွတ်ဆိုတော့သည်။

ယင်းက တိုက်ကွက်တစ်ကွက်မဟုတ်။ စိတ်ရှုပ်ထွေးစေတတ်သောစွမ်းရည် သို့မဟုတ် ခုခံခြင်း သိုင်းမျိုးမဟုတ်ဘဲ သူတို့က ကျမ်းဂန်များကိုသာ ရွတ်ဖတ်နေခြင်းဖြစ်သည်။

ကျမ်းဂန်သုတ်တော်များသည် မဟာခွန်အားခန်းမတစ်လျှောက်ပဲ့တင်သံထွက်နေလေ၏။ ယင်းက ကြည်လင်ရင်းမြစ်တောင်တန်းတောက်လျှောက်ပျံ့နှံ့နေတော့၏။

သူတို့ဧည့်သည်အတွက် လုပ်ပေးနိုင်သည့်အရာပဲဖြစ်သည်။ မိစ္ဆာဝေဟင်မျှော်နန်းအပေါ် သူတို့ ကျေးဇူးတရားနှင့် လေးစားမှုကို ပြသသည့်လက္ခဏာလည်းဖြစ်ပေ၏။

မင်ရှစ်ရင်၊ တွမ့်မူရှန်းနှင့် ကျန်သည့်သူများက အနေခက်သွားကြ၏။ ဤကဲ့သို့ သူတို့ဆက်ဆံခံရတာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့က ထူးဆန်းသောခံစားချက်မျိုးရလာ၏။

တိမ်ခွင်းရထားလုံးသည်ကောင်းကင်ပေါ်သို့ ခွင်းတက်သွားတော့သည်။

လုကျိုးက အသိပေးသံကို မကြားရပေ။ သူက ထပ်ခါတလဲလဲ ယုံကြည်ကိုးစားခြင်းသည်ခံရက ကုသိုလ်အမှတ်မရတာကို သတိပြုမိလိုက်၏။

တိမ်ခွင်းရထားလုံးသည် ကောင်းကင်ထဲတက်သွားပြီးနောက် မင်ရှစ်ရင်သည် သက်ပြင်းချကာ ခေါင်းခါလိုက်တော့သည်။ သူ၏အသံထဲ၌ စိတ်ခံစားချက်များပြည့်နေကာပြောလိုက်တော့၏။

“အဲဒီမြည်းကတုံးတွေက အသုံးမဝင်ပေမဲ့ သူတို့က တစ်နည်းနည်းနဲ့တော့ ကျင့်မင်တာအိုဂိုဏ်းနဲ့ သမာသမတ်ဂိုဏ်းတွေထက်တော့ ပိုကောင်းသေးတာပဲ”

တွမ့်မူရှန်းက ခေါင်းညိတ်လိုက်၏။ “အနည်းဆုံးတော့ သူတို့ကတိတည်တယ်လေ” တိမ်ခွင်း ရထားလုံးက ဥက္ကာခဲတစ်စင်းပမာ အရှိန်ပြင်းပြင်းဖြင့် မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ ဦးတည်သွားတော့ သည်။

နှစ်နာရီခန့်ကြာပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်း၏ လျှို့ဝှက်ခန်းထဲတွင်ဖြစ်သည်။

လုကျိုးက စနစ်မျက်နှာပြင်ကိုဖွင့်လိုက်၏။

နာမည်။ ။ လုကျိုး

မျိုးနွယ်။ ။ လူသား

ကျင့်ကြံဆင့်။ ။ ဗြဟ္မာပင်လယ်ချီသွေးကြောရှစ်ကြောအဆင့်

ကုသိုလ် အမှတ်။ ။ ၂၉၃၂၀ မှတ်

စိတ်ဝိညာဉ် သဏ္ဌာန်။ ။ ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း

ကျန်ရှိသက်တမ်း။ ။ ၅၉၅၅ ရက်

အသုံးပစ္စည်း။ ။ အသေရိုက်ချက် တစ်ကတ်၊ ပြစ်ချက်မဲ့ကတ် နှစ်ကတ်၊ အတိုက်အခိုက် ဒဏ်ပြင်းကာကွယ်ကတ်( အလိုအလျောက်သုံး) ခုနှစ်ကတ်၊ ချုပ်နှောင်ခြင်းလှောင်အိမ် လေးကတ်၊ သန့်စင်ခြင်းအဆောင် နှစ်ကတ်၊ ကျိထျန်းတောက် အထွတ်အထိပ်အသွင်ကတ် တစ်ကတ်၊ နတ်ခြင်္သေ့(အပြည့်အ၀ အနားယူနေ)၊ ပိအန်း၊ ကောင်းကင်အပိုင်းအစ တစ်ခု။

လက်နက်။ ။ အမည်မဲ့၊ မာယာကြော့ကွင်း (ပိုင်ရှင် - ယဲ့ထျန်းရှင်း။ အသုံးမပြုခင် ပြန်လည်သန့်စင်ရန် လိုအပ်)၊ အသက်ဓားသွား၊ နိဗာန ခါးစည်း၊ မျက်ရည်စွန်းထင်း သေတ္တာ။

ကျင့်ကြံခြင်း နည်းစနစ်။ ။ ကောင်းကင်ကျမ်း ပေလွှာသုံးမျိုး

လုကျိုးသည် အရေအတွက်ကိုကြည့်လိုက်ရာအလွန်ကျေနပ်သွား၏။

ကုသိုလ်မှတ် ၂၉၃၂၀

ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ တပည့်များထံမှ ယုံကြည်ကိုးစားမှုသည် အံ့ဖွယ်ကိုယ်တော်ကြီးလေးပါးကို သတ်ခြင်းထက် ကုသိုလ်မှတ်ပိုရလိမ့်မည်ဟု မထင်ထားပေ။

ထိုကုသိုလ်မှတ်များက သူအထွတ်အထိပ်အခြေအနေသို့ပြန်ရောက်နိုင်ရန် လုံလောက်ဖို့ရာ ဝေးနေသေးမှန်း သိသည်။ သို့သော် အဆုံးသတ်ခါနီးအချိန်နှင့် ယှဉ်ကြည့်လျှင် သူအခုအလွန် ကြွယ်ဝနေပြီဖြစ်သည်။

ဒါတွေကို ငါဘယ်လိုသုံးသင့်လဲ။ အစက သူသည် စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုဝယ်ဖို့ ရည်ရွယ်ခဲ့၏။

ခုနစ်စင်ကြယ်ဝိညာဉ်ကို ကုသိုလ်မှတ်တစ်သောင်းခွဲနဲ့ရောင်းတာ။ ဝယ်ပြီးရင် ငါ့မှာ ကုသိုလ်မှတ် တစ်သောင်းလေးထောင် ရှိမယ်။ ဒါမှမဟုတ် ကံစမ်းမဲတွေဆက်တိုက်နှိုက်ရမလား။

“ကံစမ်းမဲ”

“…” ခဏအကြာတွင် လုကျိုးက ကူကယ်ရာမဲ့စွာခေါင်းခါပြီးပြောလိုက်တော့သည်။

“အကျိုးအမြတ်ကြီးကြီးရပြီးသွားရင် ဆုံးရှုံးကြတယ်လို့ပြောတာ ဒါကိုး”

သူသည် ကံစမ်းမဲခြောက်ဆယ်နှိုက်ခဲ့ပြီး ကုသိုလ်မှတ်သုံးထောင် ဖြုန်းတီးခဲ့မိ၏။ ဘာမှတောင်မရ ခဲ့ပေ။ ကံစမ်းမဲမှ သူက ကျေးဇူးတင်ရှိခြင်းသာ ဆက်တိုက်ရနေသည်။ ကံကောင်းသည်မှာ ထို ကိုယ်တော်များဆီမှ ယုံကြည်ကိုးစားခြင်းအတွက် ကုသိုလ်မှတ်များရထားသေးသည်။ မဟုတ်လျှင် ဤရလဒ်ကြောင့် သူစိတ်ဓါတ်ကျသွားမှာပဲဖြစ်သည်။

လုကျိုးက ကံဆိုးနေတာဖြစ်နိုင်သည်။ သူကအတော်လေးထုံပေပေဖြစ်နေပြီးသားဖြစ်၏။ သူ၏ကံသည် ကုသိုလ်မှတ် ခြောက်ဆယ့်ခြောက်မှတ်စုဆောင်းပြီးသည့်အချိန်၌ အနိမ့်ဆုံးတွင် ရောက်သွား၏။ ယခုအခေါက်တွင်မူ ကံကောင်းမှတ် ခုနစ်ဆယ့်ကိုးမှတ်ရလာသည်။ ယခင်အခေါက်ကထက် ဆိုးနေ၏။

“စိတ်အေးအေးထား” သူသည် ကံကောင်းမှတ်ခြောက်ဆယ့်ခြောက်မှတ်အတွက် အကြောင်း ပြန်လှန်ကတ်တစ်ကတ်ရခဲ့သည်။

“ဒီတစ်ခေါက်မှာကော ပိုကောင်းလောက်တယ်မလား။ အကြောင်းပြန်လှန်ကတ်တစ်ထောင်တောင် ရလောက်တယ်”

လုကျိုးက စိတ်အေးအေးထားလိုက်သည်။ သူက ကံစမ်းမဲနှိုက်ရန်မကြိုးစားတော့ပေ။ ထိုအစား ဈေးဝယ်ခြင်းကို ဖွင့်ပြီး စိတ်ဝိညာဉ်သဏ္ဌာန် ခုနစ်စင်ကြယ်ဝိညာဉ်ကိုဝယ်ယူလိုက်၏။

“တင်း စိတ်ဝိညာဉ်သဏ္ဌာန်ခုနစ်စင်ကြယ်ဝိညာဉ်ကိုရရှိပါပြီ။ သင်အခုတပ်ဆင်လိုတဲ့ဆန္ဒရှိပါ သလား”

“ဝတ်ဆင်မယ်” ခုနစ်စင်ကြယ်ဝိညာဉ်ဖြင့်လုကျိုးသည် နတ်ဒေဝါဦးတည်နယ်ပယ်သို့ တရားဝင် ခြေလှမ်းနိုင်မည်ဖြစ်သည်။

…

အခန်း (၁၈၈) နောက်ထပ် အမှိုက်လား

လုကျိုးက ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း စိတ်ဝိညာဉ်သဏ္ဌာန်အစား ခုနစ်စင်ကြယ်ဝိညာဉ် အစားနေရာယူသွားသည်ကို မြင်လိုက်ရသည်။ တစ်ချိန်တည်းတွင် သူက ချီသွေးကြောရှစ်ခုလည်း အံ့ဖွယ်စွမ်းအားများနှင့် ပြည့်နှက်သွားသလို ခံစားလိုက်ရသည်။

ဗြဟ္မာပင်လယ် ချီသွေးကြောအဆင့်နှင့်အောက် ကျင့်ကြံသူများက တိုးတက်မှုများနှင့် လေ့ကျင့်မှုများက သူတို့ခန္ဓာကိုယ်နှင့် အသိစိတ်အပေါ်သာ ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းကျ ကျင့်ကြံသူက နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်သို့ ရောက်ရှိသွားလိမ့်မည်။

ပုံမှန်အားဖြင့် ဂိုဏ်းတစ်ဂိုဏ်းအတွင်း ကျင့်ကြံသူရာပေါင်းများစွာကြား နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ရှိတတ်သည်။ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်က သူ/ သူမ ကျင့်ကြံသည့် ကျင့်စဉ်ကို ထိန်းချုပ်နိုင်လိမ့်မည်။ တစ်ချိန်တည်းဆိုသလို ကျင့်ကြံရေးလောက၌ အလေးအနက် မှတ်ယူခံရ၏။ သူတို့က ကျင့်ကြံဆင့်အရရော အင်အားအရပါ ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ကျင့်ကြံသူများထက် သာလွန်သွားလေပြီ။

ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းဝန်းကျင်၌ စွမ်းအားများ ထွက်ပေါ်လာသည်။ တချို့စွမ်းအားများက မိစ္ဆာဝေဟင်မျှော်နန်း၏ ဖွင့်ထားသော တံခါးပေါက်များနှင့် ပြတင်းပေါက်များမှ စီးဝင်သွားလေသည်။

စွမ်းအားလှုပ်ခတ်မှုကို ခံစားမိကြသည့် တပည့်များက မျှော်နန်းရှိရာဆီ ကြည့်လိုက်ကြသည်။

ကျူးဟုန်ကုန်းက သိချင်စွာ ပြောလိုက်သည်။

“ရှစ်ရှိုး … နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်ကို တစ်ယောက်ယောက်များ တက်လှမ်းနေတာလား ”

မင်ရှစ်ရင်က အသားကျနေပြီ ဖြစ်ရာ “ အလန့်တကြားဖြစ်ဖို့ မလိုဘူး။ တစ်ချိန်လုံး ရှစ်စွင်းပဲ လုပ်နေတာ ”

ကျူးဟုန်ကုန်းက ခေါင်းကုတ်လိုက်သည်။ သူက ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းမှ မြင်ကွင်းကို ပြန်လည် တွေးတောလိုက်၏။ သူက သူ့ရှစ်စွင်းဖြစ်သူ၏ ကျင့်ကြံဆင့်နှင့် စွမ်းရည်ကို သံသယမဝင်ရဲပေ။ သူ့ရှစ်စွင်းက ဗုဒ္ဓရွှေခန္ဓာကိုယ်ကိုပင် ဖွဲ့စည်းနိုင်ပြီး မဟာကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ်တော်ကိုပင် ထုတ်လွှင့်နိုင်ကာ အံ့ဖွယ်ကိုယ်တော်လေးပါးကို အနိုင်ပိုင်းခဲ့သည် မဟုတ်ပါလော။ ထိုအချက်များဖြင့် သူက ဘာမှမပြောရဲတော့ပေ။

“စစ်ရှစ်ရှိုး … ရှစ်စွင်းက ရှစ်ရှိုးကို ဘယ်တုန်းက လက်နက်ပေးလိုက်တာလဲ ” ကျူးဟုန်ကုန်းက စပ်စုလိုက်သည်။

မင်ရှစ်ရင်က ညာဘက်လက်ကို မြှောက်လိုက်သည့်အခါ ခွဲခွာချိတ်ကောက်က ပေါ်လာသည်။

ကျူးဟုန်ကုန်းက သွားရည်တများများဖြင့် ကြည့်နေပြီး “ ကျွန်တော်လည်း ဘယ်တော့ ကိုယ်ပိုင်လက်နက်ရမလဲ မသိဘူး ”

“ မင်းဆီမှာ ဇင်အဝတ်ရှိတယ် မဟုတ်ဘူးလား။ ဒါနဲ့ ပါ့ရှစ်တိ သွားကြစို့ ” မင်ရှစ်ရင်က ကျူးဟုန်ကုန်းကို ဆွဲကာ တောင်အနောက်ဆီ သွားလိုက်သည်။

“ဘာကြီးလဲ ”

“ ငါနဲ့ လက်ရည်စမ်းပေး ”

“ဟမ် … စစ်ရှစ်ရှိုး မနောက်ပါနဲ့လား။ ကျွန်တော်က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်ပဲ ရှိသေးတာလေ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ရောက်နေတဲ့ ရှစ်ရှိုးအတွက် ပြိုင်ဘက် မဖြစ်နိုင်ဘူး။ အား ရှစ်ရှိုး အား … အား … ”

…………..…

လျှို့ဝှက်ခန်းအတွင်း

လုကျိုးက နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ဝင်ရောက်ပြီးသည့်နောက် သက်ပြင်းချလိုက်သည်။ သူက သူ့ခန္ဓာကိုယ်အတွင်း စွမ်းအားအပြောင်းအလဲကို ခံစားမိလိုက်သည်။ သူက တာအိုပုံသွင်းအဆင့်သို့ ရောက်နေလေပြီ။ ကံဆိုးသည်မှာ ကျိထျန်းတောက် သည်ခန္ဓာထဲရှိစဉ်အခါက သက်တမ်း ကန့်သတ်ချက်သို့ ရောက်နေခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ယခု သူက သက်တမ်းတိုးမြှင့်မည့်အစား ကျင့်ကြံဆင့်ကို ပြန်လည်ရအောင် လုပ်နေခြင်းသာ ဖြစ်သည်။

“ ၅၉၅၅ ရက်လား” လုကျိုးက ပစ္စည်းဈေးဆိုင်ကို ဖွင့်လိုက်ပြီး အကြောင်းပြန်လှန်ကတ်ကို ဝယ်လိုက်သည်။

“သုံးမယ်”

သူ့အသက်ဓာတ် ပြန်ကောင်းလာပြီး စနစ်ပေါ်မှ နံပါတ်များက ၆၂၅၅ သို့ ပြောင်းသွားလေသည်။ ပြောရလျှင် ၁၇ နှင့်အထက် ညီမျှ၏။

လုကျိုးက ခြေလက်ဆန့်ရင်း မတ်တတ်ရပ်လိုက်သည်။ သူက သိသိသာသာ အပြောင်းအလဲမျိုး မခံစားမိပေ။ သူ ရလိုက်သည်က တစ်နှစ်တာမျှ သက်တမ်းသာ ဖြစ်၏။ နှစ်တစ်သန်းလောက် အသက်ရှင်နိုင်သူအတွက် ၁၇ နှစ်လောက်က မပြောပလောက်ပေ။

နောက်ဆုံးတွင် သူ့အနေနှင့် စနစ်က လူသစ်လေးများအတွက် ကံစမ်းမဲနှင့် သီးသန့် လက်ဆောင်အိတ်များ ကြင်ကြင်နာနာပေးနေခြင်းကို နားလည်သွားလေပြီ။ ကျင့်ကြံဆင့် တိုးတက်လာသည်နှင့် စနစ်မှ ပစ္စည်းကောင်း ရရှိဖို့ ခက်သွားလေသည်။

ကောင်းကင်အပိုင်းအစလား …

အဲဒါ ကျိထျန်းတောက် ပစ်လိုက်တဲ့ အမှိုက် မဟုတ်ဘူးလား …

ရွှီလျောင်က သူ့ကို ကောင်းကင်အပိုင်းအစ သုံးပြီ တိုက်ခိုက်သည့်အကြောင်း အမှတ်ရလိုက်သည်။

ကောင်းကင်အပိုင်းအစများက အင်မတန် ထက်ရှသည့် လက်နက်တစ်ခု၏ အစိတ်အပိုင်းများ ဖြစ်ကြောင်း သိသာလှသည်။ အပိုင်းအစတစ်ခုဖြင့် ကြောက်မက်ဖွယ် ကောင်းနေပြီး ကာကွယ်ရေးစွမ်းအားများကိုပင် ထိုးဖောက်နိုင်နေလေပြီ။ လူတစ်ယောက်ကို သတ်ဖို့ လက်နက်ကောင်း ဖြစ်၏။ လုကျိုးက ထိုအကြောင်းကို သူ့မှတ်ဉာဏ်ထဲမှ ပြန်ရလာခါစ ဖြစ်သည်။

သူ့မှတ်ဉာဏ်များက ဝေဝါးနေပြီး စနစ်နှင့် ပတ်သတ်သမျှ အကုန်ဗလာကျင်းနေသည်။ ကျိထျန်းတောက်က နည်းလမ်းတစ်မျိုးဖြင့် အပိုင်းအစ ရှစ်ခု ရယူခဲ့သည်။ ထို့နောက် သူက ထိုအပိုင်းအစများသည် အသုံးမဝင်ကြောင်း သိသည့်အခါ အမှိုက်လိုမျိုး သဘောထားကာ ချက်ချင်း စွန့်ပစ်ခဲ့သည်။

အပြင်လူများက မိစ္ဆာဝေဟင်မျှော်နန်းကို ရတနာသိုက်သဖွယ် မှတ်ယူကြလေသည်။ မျှော်နန်းမှ ရတနာများ တိတ်တခိုးစုဆောင်းနေသူများပင် ရှိကြသည်။ ကောင်းကင်အပိုင်းအစက သူတို့ထဲမှ တစ်ခု ဖြစ်၏။

လုကျိုးက လက်အသာ မြှောက်လိုက်သည့်အခါ အစိမ်းရောင် ကောင်းကင်အပိုင်းအစက သူ့လက်ထဲ ပေါ်လာသည်။ ရှည်လျားကာ သေးသွယ်ပြီး ထောင့်ချိုးများက ပုံမှန်သဏ္ဌာန်မျိုး မဟုတ်ချေ။ အိုးခြမ်းကွဲစနှင့်ပင် တူနေသေးသည်။

လုကျိုးက ချီစွမ်းအားဖြင့် ကောင်းကင်အပိုင်းအစ၏ အရည်အသွေးအား စမ်းသပ်လိုက်၏။

“ဒါက မြေကမ္ဘာအဆင့်လောက်ပဲကိုး ” ဤတစ်ချက်တည်းဖြင့် လုကျိုးက စိတ်ရှုပ်မခံတော့ပေ။ ကျိထျန်းတောက်က လွှင့်ပစ်ခဲ့သည်မှာ အံ့ဩစရာမရှိချေ။

သိပ်မကြာခင် လုကျိုးက စနစ်၏ တာဝန်စာရင်းတွင် နောက်ထပ် တာဝန်အသစ် ရောက်နေကြောင်း သတိထားလိုက်မိသည်။

ကောင်းကင်အပိုင်းအစများကို စုဆောင်းပါ (၁/၈)

လုကျိုးမျက်နှာအထက် တောင့်တင်းတင်း အမူအရာမျိုး ပေါ်လာသည်။ ကမ္ဘာကြီးထဲ ကောင်းကင်အပိုင်းအစ လိုက်ရှာနေခြင်းမှာ ကောက်ရိုးပုံထဲ အပ်ရှာနေသည်နှင့် မခြားပေ။

ဒါကို ဘယ်လိုပြီးအောင် လုပ်ရမလဲ …

လုကျိုးက ခေါင်းခါလိုက်သည်။ သူက စနစ်ကို စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်၏။

သူ လျှို့ဝှက်ခန်းထဲမှ ထွက်လာပြီး ခန်းမကျယ်ထဲ ဝင်လာသည့်အခါ ကျောင်းယွဲ့ အလျင်စလို ပြေးလာသည်ကို မြင်လိုက်ရသည်။

ကျောင်းယွဲ့က ဦးညွှတ်ကာ “ရှစ်စွင်း … ရှောင်ရှစ်မေ့ သူ … ”

“ သူ ပြဿနာထပ်ရှာပြန်ပြီလား ” လုကျိုးက လက်နောက်ပစ်လျက် မေးခွန်းထုတ်လိုက်သည်။ သူက မိစ္ဆာဝေဟင်မျှော်နန်း၌ သူမကို အနိုင်ကျင့်နိုင်သည့်သူအား စဉ်းစားမရပေ။

“မဟုတ်ပါဘူး။ ရှောင်ရှစ်မေ့က ဟေးမုလျန် နှစ်လုံးကို တစ်ခါတည်း သောက်ပစ်လိုက်တယ်။ အခု သူမအခြေအနေက သိပ်မငြိမ်ဘူး” ကျောင်းယွဲ့က ပြောလိုက်သည်။

“…”

“ ရှစ်မေ့ထျန်းရှင်းလည်း သွားကြည့်ပြီးပြီ။ သူ့ အပြာရောင်လှိုင်းကျင့်စဉ်က ဆေးအာနိသင်ကို ငြိမ်အောင် လုပ်ပေးနိုင်တယ်တဲ့ ” ကျောင်းယွဲ့က ထပ်ပြောလိုက်သည်။

လုကျိုးက မျက်မှောင်ကြုတ်ကာ “ အဲဒီကောင်မလေးက ငါ့ကို အနားမပေးဘူးပဲ”

သူက ရှောင်ယွမ်အာ၏ ကျင့်ကြံဆင့် တိုးတက်လိုစိတ်ကို လျှော့တွက်မိခဲ့သည်။

ရှောင်ယွမ်အာက ဟေးမုလျန်များကို လက်ခံရရှိသည်နှင့် တောင်ပိုင်းမျှော်နန်းဆီ ပြန်သွားကာ တစ်ခါတည်း နှစ်လုံးလုံး သောက်ပစ်လိုက်သည်။ ပြဿနာက ဟေးမုလျန်သည် အင်မတန် အလားအလာကောင်းခြင်း ဖြစ်၏။ တခြားကိစ္စများအတွက် အစိတ်အပိုင်းအနည်းငယ်မျှသာ သုံးစွဲနိုင်သည်။ သေရည်သောက်သလိုမျိုး ဖြစ်၏။ ဖြည်းဖြည်းချင်းနှင့် အရသာခံရခြင်း ဖြစ်သည်။ မြန်မြန်သောက်လိုက်ပါက မြန်မြန် မူးသွားနိုင်သည်။

ကိစ္စများက သွေဖည်ကုန်တော့မည်။

……….…

ထိုစဉ် တောင်ပိုင်းမျှော်နန်း၌

တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ ကျူးဟုန်ကုန်းနှင့် အခြားလူများက စိတ်ပူစွာ စောင့်နေကြသည်။

ကျိုးကျစ်ဖုန်း၊ ဖန်ကျုံးနှင့် ဟွားဝူတောက်ပင် ခြံဝန်းထဲ ရှိနေကြသည်။

ဟွားဝူတောက်က ပြောလိုက်သည်။ “ဟေးမုလျန်ရဲ့ အာနိသင်က ပြင်းတယ်။ ဒါပေမဲ့ ဒီကောင်မလေးရဲ့ ပါရမီကိုလည်း လျှော့တွက်လို့ မဖြစ်ဘူး။ သူ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ငါ ယုံတယ် ”

“အကြီးအကဲဟွား ပြောတာ ဟုတ်တယ်။ ဒါပေမဲ့ ကိစ္စတွေက လမ်းမှားသွားတာမျိုး ဖြစ်နိုင်တယ်လေ။ ကျွန်တော်တို့ ဆေးအာနိသင် ဖိနှိပ်နိုင်မဲ့ နည်းလမ်းမျိုး တွေးသင့်တယ်။ သူက ဘဝမှာ အခက်အခဲကြီးကြီးမားမား ရင်ဆိုင်ဖူးတာ မဟုတ်ဘူး။ ဒီလိုမျိုး အားပျော့တဲ့ စိတ်မျိုးနဲ့ သူ မဖြတ်ကျော်နိုင်မှာ စိုးမိတယ် ” မင်ရှစ်ရင်က ပြောလိုက်သည်။

“ ဒါပေမဲ့ ငါတို့ ဘာတတ်နိုင်မှာလဲ ” တွမ့်မူရှန်းက မင်ရှစ်ရင် ပခုံးကို ဆုပ်ကိုင်ထားလိုက်သည်။

“ရှစ်ရှိုး … ကျွန်တော့်ကို ဒီလိုကိုင်ထားဖို့ မလိုပါဘူး” မင်ရှစ်ရင်က အပြစ်ကင်းဟန်ပေါ်၏။

“ ငါ လုပ်မယ်” အမျိုးသမီး ကျင့်ကြံသူနှစ်ယောက်၏ ကူတွဲပေးမှုအောက်တွင် ယဲ့ထျန်းရှင်းက ရှောင်ယွမ်အာ တံခါးဆီ လျှောက်လာသည်။

“မင်းမှာ နည်းလမ်းရှိတယ်လား” မင်ရှစ်ရင်က နားမလည်စွာ မေးလိုက်သည်။

“ငါ့ အပြာရောင်လှိုင်းကျင့်စဉ်က ဆေးအာနိသင်ကို လျှော့ချပေးနိုင်တယ် ” ယဲ့ထျန်းရှင်းက ပြောလိုက်သည်။

နာမည်အတိုင်း အပြာရောင်လှိုင်းကျင့်စဉ်သည် ရေကို အဓိကထား၏။ ရေက အသက် အရင်းအမြစ် ဖြစ်သည်။

“ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံဆင့်က ပြန်ကောင်းနေတုန်း ရှိသေးတာလေ။ ဒီလိုလုပ်ရင် မင်းရဲ့တာအိုအရိုး ထိခိုက်သွားလိမ့်မယ်။ အဲဒီအချိန်ကျ မင်းကျင့်ကြံဆင့်ကို ဘယ်လိုပြန်ရနိုင်တော့မှာလဲ”

မင်ရှစ်ရင်က မေးလိုက်သည်။

ယဲ့ထျန်းရှင်းက ပြန်မေးလိုက်၏။ “အဲဆို ရှစ်ရှိုးတို့မှာ နည်းလမ်းရှိလား ”

သူတို့မှာ မရှိကြပေ။

တခြားလူများက ယဲ့ထျန်းရှင်းအတွက် လမ်းဖယ်ပေးလိုက်ကြသည်။ သူမက တံခါးကို အမူအရာအပြောင်းအလဲ မရှိ တွန်းဖွင့်လိုက်သည်။ ထို့နောက် သူမ အခန်းထဲမဝင်ကာ တခြားသူတွေဘက် လှည့်ကာ ပြောလိုက်သည်။ “ သူက ငါ့ရှောင်ရှစ်မေ့ဆိုတာ မမေ့နဲ့ဦး ”

ယဲ့ထျန်းရှင်းက အထဲဝင်ပြီး တံခါးပိတ်လိုက်သည်။

အခြားသူများက သက်ပြင်းချကာ ခေါင်းခါလိုက်ကြသည်။ သူတို့က အိုးပူထဲမှ ပုရွက်ဆိတ်များအလား လျှောက်လမ်းတွင် လျှောက်နေကြသည်။

“ ရှစ်စွင်းက ဘာလို့ကြာနေပါ့လိမ့် ” မင်ရှစ်ရင်က အပြင်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

ကျူးဟုန်ကုန်းက ပြောလိုက်၏။ “ ဝူရှစ်ကျဲက ရှစ်စွင်းကို အကြောင်းကြားပြီးလောက်ပါပြီ။ ရှစ်စွင်းက အိုနေပြီဆိုတော့ ခြေထောက်တွေက အားပျော့နေပြီလေ။ ဒါက ပုံမှန်ပါပဲ ”

.....

အခန်း (၁၈၉) နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်

မင်ရှစ်ရင်က လက်ပိုက်ထားလျက်ပြောလိုက်သည်။

“လောင်ပါ့ မင်းက ရှစ်စွင်းကို စော်ကားပြောရဲလောက်တဲ့အထိတကယ်ရှိနေတာပဲ”

ကျူးဟုန်ကုန်းက တုန်ယင်သွားကာပြောလိုက်၏။

“စစ်ရှစ်ရှိုး ကျွန်တော်မပြောရဲပါဘူး။ ရှစ်စွင်းက အထွတ်အထိပ်ကာလမှာရှိပါသေးတယ်။ သူအိုပြီ ဆိုပေမဲ့ ဖျတ်လတ်မှုပြည့်နေသေးတာ”

ထိုစဉ် ဟွားဝူတောက်၊ ကျိုးကျစ်ဖုန်းနှင့်ဖန်ကျုံး တို့က လက်သီးကို ဆုပ်လျက် အရိုအသေပေးလိုက်သည်။

“မျှော်နန်းသခင်”

မင်ရှစ်ရင်၊ တွမ့်မူရှန်းနှင့် ကျူးဟုန်ကုန်းတို့ကလည်းအမြန်လှည့်ကြည့်လိုက်ရာ သူတို့ဆီ ဖြည်းဖြည်းချင်း လျှောက်လာနေသော လုကျိုးကို တွေ့လိုက်ရသည်။

ကျောင်းယွဲ့က သူတို့နောက်မှ ဖြည်းဖြည်းချင်းကပ်ပါလာ၏။

ဝင်းထဲဝင်ပြီးနောက် လုကျိုးက လူတိုင်း ဤနေရာသို့ ရောက်နေကြောင်းတွေ့လိုက်ရသည်။ သူက မေးလိုက်၏။

“အခြေအနေကဘာလဲ”

“ရှစ်မေ့ ထျန်းရှင်း အထဲဝင်သွားပါပြီ။ သူ့အပြာရောင်လှိုင်းကျင့်စဉ်က စိတ်ရဲ့အာနိသင်ကို လျှော့ချပေးနိုင်ပါတယ်။ ရှစ်မေ့ကူညီပေးတော့ ပြဿနာကြီးကြီးမားမားရှိတော့မှာ မဟုတ်တော့ဘူး” မင်ရှစ်ရင်က ပြောလိုက်၏။

လုကျိုးက ခေါင်းညိတ်လိုက်ပြီး ဤနေရာတွင်စုဝေးနေသောလူအားလုံးကို ကြည့်လိုက်သည်။ အဆုံးတွင် သူ၏အကြည့်က ကျူးဟုန်ကုန်းဆီ ရောက်သွားကာမေးလိုက်တော့၏။

“လောင်ပါ့ မင်းဘာကြောင့် ဒီလောက်ကြောက်နေတဲ့ပုံပေါ်နေတာလဲ” သူသည် ကျူးဟုန်ကုန်း၏ ဒူးများတုန်နေတာကို မြင်လိုက်ရ၏။

ကျူးဟုန်ကုန်းသည် မျက်နှာထက်မှချွေးများကိုသုတ်ပြီးပြောလိုက်တော့သည်။

“မဟုတ် မဟုတ်ပါဘူး။ ကျွန် ကျွန်တော်က ရှောင်ရှစ်မေ့အတွက်စိုးရိမ်မိရုံပါပဲ။" စိတ်ထဲတွင်မူ သူက ငိုကြွေးနေသည်။ သူက ငါတော့သေပြီပဲ။

သူ့ရှစ်စွင်း၏ ခွန်အားနှင့် ကျင့်ကြံဆင့်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်တွင်ရှိနေလေရာ သူ့စကားများကို ရှစ်စွင်းမကြားဖို့က မဖြစ်နိုင်ပေ။

“ယဲ့ထျန်းရှင်းက အပြာရောင်လှိုင်းကျင့်စဉ်ကို ကျင့်ကြံနေတာ။ ထူးကဲချီသွေးကြောရှစ်ကြောကို အလွယ်လေးရောက်လောက်တယ်။ စိုးရိမ်စရာမလိုဘူး”

ကျူးဟုန်ကုန်းသည် သူ့ရှစ်စွင်း၏ပြန်ပြောချက်ကြောင့် အံ့ဩသွားလေ၏။ ထိုစဉ် မင်ရှစ်ရင်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး နောက်တစ်လှမ်းဆုတ်လိုက်ကာ ဤအရေးကိစ္စထဲ သူဝင်ပါမိမှာကို စိုးရိမ်နေသည်။

လုကျိုးက သူတို့၏အပြုအမူကြောင့် ဇဝေဇဝါဖြစ်သွားသော်ငြား သူတို့ကို စိတ်ထဲမထားပေ။

ထိုစဉ် ဟွားဝူတောက်က လျှောက်လာ၏။ သူက အရိုအသေပေးပြီးနောက်ပြောလိုက်တော့သည်။ “တကယ်တော့ ယဲ့ထျန်းရှင်းက ဆေးပင်ရဲ့အာနိသင်ကို တည်ငြိမ်အောင်လုပ်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံဆင့်က အားနည်းလွန်းနေတာ။ ဒါကို မဖြေရှင်းနိုင်လောက်မှာစိုးရိမ်ရတယ်”

“ခင်ဗျား အကြံပေးချင်တာများရှိလား”

“ဘေးကင်းဖို့အတွက် မျှော်နန်းသခင်က ဆေးရဲ့အာနိသင်ကို တည်ငြိမ်အောင်လုပ်ပေးဖို့ ကြိုးစားသင့်ပါတယ်”

အားလုံးက လုကျိုးဆီသို့ကြည့်လိုက်ကြသည်။ “ခင်ဗျားက ယဲ့ထျန်းရှင်းရဲ့ဆရာပဲ။ ထျန်းရှင်းက သစ်သားပြာလှိုင်းကျင့်စဉ်ကို သိတယ်ဆိုတော့ ခင်ဗျားကောင်းကောင်းသိမှာ ယုတ္တိရှိတယ်။ ဒါ့အပြင် သူ့ထက်ပိုသန်မာတာ သေချာပေါက် အသင့်တော်ဆုံးလူပဲ”

ယဲ့ထျန်းရှင်းက နလန်ထကာကစ လူနာပဲရှိနေသေးတာ။ သူ့ဆရာထက်ပိုကောင်းအောင် လုပ်နိုင်စရာအကြောင်းမရှိဘူး။

ဟွားဝူတောက်၏ အကြံပြုချက်က ယုတ္တိရှိပုံရသည်။ လူတိုင်းက သူ၏စကားများကိုထောက်ခံ၏။

သို့သော် လုကျိုးက မုတ်ဆိတ်သပ်လျက်ခေါင်းခါတော့သည်။

“ယဲ့ထျန်းရှင်းက လုံလောက်ပြီ”

လုကျိုးသည် နတ်ဒေဝါဦးတည်နယ်ပယ်သို့ ခြေချကာစဖြစ်ပြီး အစောပိုင်း တာအိုပုံသွင်းအဆင့်တွင်သာ ရှိသေးသည်။ သူ၏ကိုယ်ပိုင်ကျင့်ကြံဆင့်ကိုတောင်တည်မြဲအောင် မလုပ်နိုင်သေးရာ ဆေးပင်၏အာနိသင်များကို တည်ငြိမ်အောင်မည်ကဲ့သို့ပြုလုပ်ရမည်နည်း။

ဖုန်း

အပြင်ဘက်တွင်စောင့်ဆိုင်းနေသည့်သူများက စိုးရိမ်ပူပန်နေကြစဉ် အခန်းထဲမှစွမ်းလှိုင်းက ပြန့်ကား လာပြီး နေရာအနှံ့လှိုင်းထသွား၏။ လေထဲတွင် တာအိုကနဦးစွမ်းအင်အချို့ကိုတောင် ရှင်းရှင်းလင်း လင်းမြင်နေရသည်။ တာအိုကနဦးစွမ်းအင်က နတ်ဒေဝါဝဋ်ကြွေးချေနယ်ပယ်၏ လက္ခဏာတစ်ရပ် ဖြစ်သည်။ ယင်းက ဒုက္ခရှုကွင်းမိုင်တစ်ရာစိတ်ဝိညာဉ်သဏ္ဌာန်ကျင့်ကြံခြင်းအတွက် အုတ်မြစ်လည်း ဖြစ်ပေသည်။ စွမ်းအင်ရွှေရောင်မျှင်များက တာအိုကနဦးစွမ်းအင်ပင်ဖြစ်သည်။

နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကို နယ်ပယ်လေးသုံးခု ပိုင်းခြားနိုင်၏။ တောက်မူလဗီဇ၊ သောင်းပြောင်းမူလဗီဇနှင့် တောက်ပေါင်းစပ်ခြင်းပင်ဖြစ်သည်။ တောက်မူလဗီဇသည် နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်၏ ပထမဆုံးနယ်ပယ်ခွဲဖြစ်၏။

ထိုအရာကို အခြေခံရလျှင် တစ်စုံတစ်ယောက်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ထဲဝင်ရောက် သွားပုံပေါ်၏။ ရှောင်ယွမ်အာသည် အောင်မြင်စွာအဆင့်ချိုးဖြတ်တက်နိုင်ခဲ့တာ ရှင်းနေသည်။

ပတ်ဝန်းကျင်တွင်စွမ်းအင်လှိုင်းများပြည့်သွားစဉ် တောင်ပိုင်းမျှော်နန်းအထက်က ကောင်းကင်က စွမ်းအင်များစွာ၏ ပြင်းထန်မှုကြောင့်အနှောင့်အယှက်ခံရသည်။

လူတိုင်းက ပျော်ရွှင်သွားကြည်နူးသွားပုံပေါ်လာ၏။

“ရှောင်ရှစ်မေ့က အဆင့်တက်သွားပြီ”

“အခုငါတို့ အဆင့်သတ်မှတ်ချက်ကြားမှာ နောက်ထပ်တိုက်ခိုက်ရေးသမားကောင်းတစ်ယောက် ပေါ်လာတော့မယ်”

“နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ဘယ်အချိန်ကျမှများတက်လှမ်းနိုင်မှာလဲ”

အချို့ကမူ ဝမ်းနည်းနေကြ၏။

သူ့ကိုယ်သူ ပါရမီရှင်ဟူ၍ ဝင့်ကြွားသော ကျိုးကျစ်ဖုန်းကမူ ပတ်ဝန်းကျင်သို့ ပျံ့နှံ့နေသော စွမ်းအင်များကိုကြည့်ပြီး အနည်းငယ်မှင်တက်နေတော့သည်။ ရှောင်ယွမ်အာနှင့် ယှဉ်လျှင် သူက အမှိုက်မျှသာဖြစ်သည်။

ရှောင်ယွမ်အာသည် မိစ္ဆာဝေဟင်မျှော်နန်းထဲသို့ဝင်ပြီး ငါးနှစ်အကြာ၌ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ သူမကထိုအရာကိုရရှိနိုင်သည့် ပြိုင်စံရှားပါရမီရှင်တစ်ဦး ဖြစ်ရမည်။

တံခါးက ပွင့်မလာပေ။ စွမ်းအင်တို့က ဆက်တိုက်ပျံ့နှံ့လာပုံရ၏။

ဘန်း ရုတ်တရက် ယဲ့ထျန်းရှင်းက တံခါးကိုချိုးဖြတ်သွားကာ နောက်သို့လွင့်ထွက်သွားသည်။

စွမ်းအင်လှိုင်းတစ်ခု ရှိသည်။ လုကျိုးသည် ယခင်က ယဲ့ထျန်းရှင်းကို ထူးမခြားနားကြည့်နေရာ အခန်းဆီသို့ တဟုန်ထိုးဝင်သွားလိုက်၏။ အခန်းထဲသို့ ဝင်သွားလိုက်သည်နှင့် ရှောင်ယွမ်အာက ရွှေရောင်ရောင်ခြည်များ တောက်ပနေတာကို မြင်လိုက်ရသည်။ ထို့အပြင် သူမက ထူးဆန်းသော စွမ်းအင်လှိုင်း များထဲနှစ်မြုပ်နေသေးဆဲရှိသည်။ အပြာရောင်လှိုင်းကျင့်စဉ်၏အကြွင်းအကျန်များက သူမ၏ ခြေထောက်အောက်တွင် ရှိနေပုံရသည်။ စွမ်းအင်နှစ်ခုက သဟဇာတဖြစ်နေပုံရ၏။

အိပ်ရာပေါ်၌ တင်ပလင်ခွေချိတ်ထိုင်နေသော ရှောင်ယွမ်အာက တဖြည်းဖြည်းချင်း တည်ငြိမ် သွားသည်။ စွမ်းအင်များက ယခင်ကနှင့်ယှဉ်လျှင် ပိုပြီးအရှိန်အဝါများလာ၏။ ခဏအကြာတွင် နောက်ဆုံး မျက်လုံးဖွင့်လိုက်တော့သည်။

“ရှစ်စွင်း” ရှောင်ယွမ်အာက ဇဝေဇဝါဖြစ်ပုံပေါ်နေလျက် အိပ်ရာမှနိုးလာသည်ဟု တွေးမိလိုက်သည်။ သူမနား၌ ကနဦးချီများက ပျောက်ကွယ်သွားပြီဖြစ်သည်။

“ဂုဏ်ယူပါတယ် ရှောင်ရှစ်မေ့”

“ဂုဏ်ပြုပါတယ် ရှောင်ရှစ်မေ့။ နတ်ဒေဝါဦးတည်နယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့ပြီ”

“ဂုဏ်ပြုပါတယ် ရှောင်ရှစ်မေ့”

ဂုဏ်ပြုချီးကျူးသံများက သူမ၏ရှစ်ရှိုးများဆီမှ သူမနားရောက်လာသည်။ ရှောင်ယွမ်အာက သူမလက်နှစ်ဖက်ကိုကြည့်ပြီး ကနဦးချီအချို့လှည့်ပတ်ရန်ကြိုးစားလိုက်သည်။ ညာဖက်လက်ကို မြှောက်ပြီး ကနဦးချီအချို့ ထပ်မံလှည့်ပတ်လိုက်တော့သည်။ ဒုက္ခရှုကွင်းတစ်ရာစိတ်ဝိညာဉ် သဏ္ဌာန်က သူမအရပ်နီးပါး မြင့်နေ၏။ စိတ်ဝိညာဉ်သဏ္ဌာန်အောက်၌ ရွှေကြာမရှိဘဲ ရွှေရောင် လူတစ်ယောက်နှင့် ဆင်တူသည်။ သူမလက်သီးကျစ်ကျစ်ဆုပ်လိုက်ရာ စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားတော့သည်။

ရှောင်ယွမ်အာက အိပ်ရာပေါ်မှခုန်ဆင်းပြီးနောက်ပြောလိုက်၏။

“ရှစ်စွင်း တပည့်အခုအဆင့်တက်သွားပြီး။ တပည့်အခု နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အဆင့် ရောက်သွားပြီ”

“ဒူးထောက်”

လုကျိုး၏အသံက ပေါ့ပါးနူးညံ့ပြီးတည်တင်းသည်။

ရှောင်ယွမ်အာက မှင်သက်သွား၏။ အို ဟု အသံမြည်လျက် နာခံစွာဒူးထောက်လိုက်သည်။ “မင်းရဲ့အမှားဘာလဲဆိုတာသိလား”

“တပည့်သိပါတယ်” ရှောင်ယွမ်အာက ရိုးရိုးသားသားဖြေသည်။

“ဘာလဲ”

“တ တပည့်မသိပါဘူး”

“…” လုကျိုးက ဆွံ့အသွားသည်။

အပြင်ဖက်ကနေ မင်ရှစ်ရင်ကပြောလိုက်၏။ “ရှောင်ရှစ်မေ့ မင်းက စိတ်မရှည်လက်မရှည်ဘဲ ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲနဲ့ ဟေးမုလျန်တွေသောက်လိုက်တာ။ ရှစ်မေ့ထျန်းရှင်းက ဆေးရဲ့အာနိသင် ကို တည်ငြိမ်ပြီးလျော့ချပေးနိုင်ဖို့ အသက်ကိုသာ မစွန့်စားဘူးဆိုရင် အောင်မြင်စွာနဲ့ မင်းအဆင့်တက်မှာတောင် မဟုတ်ဘူး”

“ရှစ်ကျဲထျန်းရှင်းလား”

“သူဒဏ်ရာရသွားတယ်။ ဒါပေမဲ့ မပြင်းထန်ဘူး။ ရက်နဲနဲလောက်အနားယူလိုက်လျှင် သက်သာသွား လိမ့်မယ်” မင်ရှစ်ရင်ကပြော၏။

ထိုစကားကိုကြားသောအခါ ရှောင်ယွမ်အာက သူ၏အပြုအမူကြောင့်နောင်တရသွားသည်။ ခေါင်းငုံ့ထားလျက်ပြောလိုက်သည်။ ”

"တပည့်အမှားလုပ်မိမှန်းသိပါတယ်။ ကျေးဇူးပြုပြီး ပြင်းပြင်းထန်ထန်အပြစ်ပေးပါ ရှစ်စွင်း”

“အရေးကြီးဆုံးအရာက မင်းအမှားကိုသိပြီးအပြစ်ကြွေးချေလိုစိတ်ရှိတာပဲ။ ထလာပြီးစကားပြော” လုကျိုးက ပြောလိုက်ပြီး မုတ်ဆိတ်သပ်လိုက်၏။

ထောက်

ကျူးဟုန်ကုန်းကမြေကြီးပေါ်ထိုင်ချမိသွားသည်။ မင်ရှစ်ရင်က မျက်မှောင်ကျုံ့ကာပြောလိုက်၏။ "လောင်ပါ့ ဘာလုပ်နေတာလဲ”

“ဘာမှ မဟုတ်ပါဘူး။ ကျွန် ကျွန်တော် ဒါကို အသားကျဖို့အရှိန်ယူနေရုံပါပဲ” ကျူးဟုန်ကုန်းသည် သူ၏ရှစ်စွင်း ထိုကဲ့သို့ပြောတာကို ယခင်ကတစ်ခါမျှမကြားဖူးပေ။

“မင်းကို သတိပေးလိုက်မယ်။ ငါနဲ့ဝေးဝေးနေတာပဲကောင်းမယ်” မင်ရှစ်ရင်သည် ကျူးဟုန်ကုန်းနှင့် ခပ်ဝေးဝေးနေလျက် ကျူးဟုန်ကုန်းသူ့ကိုဆွဲချသွားမှာစိုးရိမ်မိသည်။

လုကျိုးက မုတ်ဆိတ်သပ်ကာရှောင်ယွမ်အာကိုကြည့်ပြီးပြောလိုက်တော့သည်။

“မင်းက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကို ဝင်ကာစပဲ။ ဒီတော့ တည်ငြိမ်အောင်လုပ်သင့်တယ်။ ပြီးတော့ ငါမင်းကိုပေးထားတဲ့ ပြီးပြည့်စုံတဲ့ ကျင့်စဉ်အတိုင်း အထွတ်အထိပ်‌ကျောက်စိမ်းကျင့်စဉ်ကို အစကနေကျင့်ကြံ”

ရှောင်ယွမ်အာက တက်ကြွဖျတ်လတ်စွာ ခေါင်းညိတ်ပြီးပြောလိုက်သည်။

“ရှစ်စွင်းကို စိတ်မပျက်စေရပါဘူး” သူမက ခိုးခိုးခစ်ခစ်ရယ်မောပြီးပြောလိုက်သည်။ “ရှစ်စွင်းက အတော်ဆုံးပဲ”

လုကျိုးက မျက်မှောင်ကျုံ့ကာ သူမကိုပုတ်လိုက်၏။ “တစ်ခါမှ လေးနက်တာလည်းမရှိဘူး”

ရှောင်ယွမ်အာက တင်ပလင်ခွေချိတ်ထိုင်ကာ သူမကျင့်ကြံဆင့်ကို တည်ငြိမ်အောင်ကြိုးစားသည်။

လုကျိုးက လက်နောက်ပစ်လျက် အခန်းအပြင်သို့ထွက်သွားသည်။

လူတိုင်းက သူရောက်လာတာကို မြင်သောအခါ နောက်ဆုတ်သွားကြသည်။

လုကျိုးသည် နှုတ်ခမ်းထောင့်၌ သွေးများစွန်းထင်နေသော ယဲ့ထျန်းရှင်းဆီလျှောက်သွားသည်။

ယခုအချိန်တွင် ယဲ့ထျန်းရှင်းကို အမျိုးသမီးကျင့်ကြံသူနှစ်ဦးက ကူတွဲပေးထားသည်။ အခြေအနေကောင်းပုံမရပေ။ အင်မတန်မောပန်းနေပုံပေါ်ပြီး သူမ၏ အရောင်အဝါကလည်း အားနည်းပြီးဖျော့တော့နေသည်။

ယဲ့ထျန်းရှင်းက အမြန်ဒူးထောက်ပြီးပြောလိုက်၏။ "ကျွန်မ အမှားလုပ်ခဲ့မိမှန်း သိပါတယ်။ ကျွန်မရဲ့အလိုအတိုင်း မလုပ်သင့်ပါဘူး”

“ရှစ်စွင်း ရှစ်မေ့ထျန်းရှင်းက ရှောင်ရှစ်မေ့ကို ကူညီဖို့ကြိုးစားရုံပါပဲ။ ဒါကြောင့် မမေးဘဲပြုမူ လိုက်တာပါ” မင်ရှစ်ရင်သည် ယဲ့ထျန်းရှင်းအတွက် အမြန်ဒူးထောက်ပြီး တောင်းပန်ပေးတော့သည်။

အနားတွင်ရပ်နေသော ကျူးဟုန်ကုန်းကလည်း ချက်ချင်းဒူးထောက်လိုက်သည်။

တွမ့်မူရှန်းက လက်သီးဆုပ်လျက် ပြောလိုက်၏။

“စစ်ရှစ်တိပြောသလိုပါပဲ။ ကျေးဇူးပြုပြီးစဉ်းစားပေးပါ ရှစ်စွင်း”

ကျောင်းယွဲ့က ဘာမှမပြောပေ။ ဒူးထောက်ရုံမျှသာထောက်နေသည်။

ယခုအချိန်တွင် လုကျိုး၏တပည့်အားလုံး ဒူးထောက်နေ၏။

ယဲ့ထျန်းရှင်း၏ ရင်ထဲ အနည်းငယ် ဆူပွက်သွားသည်။ သူမ၏ ရင်ထဲ ပေါ်ထွက်လာသော ခံစားချက်များနှင့် မရင်းနှီးပေ။ သတ္တိမွေးလျက်ပြောလိုက်တော့၏။

“ရှစ် ရှစ်စွင်း တပည့် မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်လာချင်ပါတယ်။ တပည့်ဆန္ဒကိုဖြည့်ပေးပါ ရှစ်စွင်း”

ခြံဝန်းက တိတ်ဆိတ်သွားတော့၏။ လုကျိုး၏အကြည့်က ယဲ့ထျန်းရှင်းဆီရောက်သွားတော့သည်။

…

All Chapters