← Chapters

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အခန်း (၁၉၃) သူကလေးတစ်ယောက် မဟုတ်တော့ဘူး

လုကျိုးက ဆွံ့အသွားလေ၏။ ဒူးထောက်ခြင်းသည် ကျိုးကျစ်ဖုန်းအတွက် တုံ့ပြန်မှုတစ်ရပ် အနေဖြင့် စိတ်ထဲအမြစ်တွယ်နေသည့်အရာ ဖြစ်ရပေမည်။ သူက တစ်ချိန်လုံး အနိုင်ကျင့်ခံခဲ့ရတာဖြစ်ပေမည်။ လုကျိုးက အနည်းငယ် သဘောမတွေ့သော လေသံဖြင့်ပြောလိုက်၏။

“ယွမ်အာ ဒူးထောက်”

ရှောင်ယွမ်အာက တုန်ယင်သွားပြီး ဒူးထောက်လိုက်သည်။

ကျိုးကျစ်ဖုန်းသည် အဖြစ်အပျက်ကို သဘောပေါက်သည့်အချိန်တွင် အနေခက်မှုကြောင့် မျက်နှာနီလာတော့သည်။ သူက အမြန်ပင် ဒူးထောက်လျက်သားဖြင့် ဘေးသို့ ရွေ့လိုက်၏။ လုကျိုးက ပြစ်တင်ပြောဆိုလိုက်၏။

“မင်းအခု အသက်ဆယ့်ခြောက်နှစ်ရှိပြီ။ ဒီအရွယ်မှာ ကလေးမဟုတ်တော့ဘူး။ အကြီးတွေကို ဘယ်လိုများ မလေးမစား ဆက်ဆံနိုင်ရတာလဲ”

“ဒူးထောက်” ရှောင်ယွမ်အာက နှုတ်ခမ်းစူနေသည်။

လူတစ်ယောက်ကို သင်ကြားပြသပေးခြင်းသည် ရှေးယခင်ကတည်းက ပြဿနာကြီးတစ်ရပ် အမြဲဖြစ်ခဲ့၏။ ကျိထျန်းတောက်က ၎င်းကို လျစ်လျူရှူထားခဲ့သည်။ ထိုအကြောင်းအရင်းကြောင့် ဤလူလိမ်လူကောက်များအားလုံးကို ဆွဲသွင်းမိတာဖြစ်မည်။ သို့သော် လုကျိုးကမူ ကျိထျန်းတောက်၏ အမှားများကို သူ့ဆီ၌ ထပ်ပြုလုပ်ခွင့် မပေးနိုင်တော့ပေ။ သူက တင်းမာစွာ ပြောလိုက်၏။

“တောင်းပန်လိုက်”

“တောင်းပန်ပါတယ် ရှစ်ရှိုး”

တွမ့်မူရှန်းက သူ၏လက်ကို အသာဝှေ့ယမ်းလိုက်ပြီးနောက်ပြောလိုက်တော့၏။

“ကိစ္စမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ထိခိုက်တာမှ မဟုတ်တာ။ မင်းကို သင်ကြားပြသပေးဖို့က ရှစ်ရှိုးတစ်ယောက်ရဲ့ တာဝန်တွေထဲက တစ်ခုပဲ ရှောင်ရှစ်မေ့”

လောင်ပါ့ကျူးဟုန်ကုန်း၏ မျက်နှာထက်တွင် သဘာဝမကျသောအမူအရာကို မြင်နေရ၏။ သူက

“ရှစ်စွင်း ရှောင်ရှစ်မေ့က မကြမ်းတမ်း...”

မင်ရှစ်ရင်က သူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်၏။ ကျူးဟုန်ကုန်းသည် သူ့ပါးစပ်ကို ချက်ချင်းပိတ် လိုက်တော့သည်။ ‘သူ့စကားတွေက သူ့ရှစ်စွင်းရဲ့စကားကို ဆန့်ကျင်ရာမရောက်ဘူးမလား’

လုကျိုးက စိတ်ထဲမထားပေ။ ဆိုရလျှင် ရှောင်ယွမ်အာ၏ရှစ်ရှိုးများအနေဖြင့် သူမကို သင်ကြားပြသပြီး ဂရုစိုက်ပေးတာကောင်းသည်။

သူမတောင်းပန်ပြီးနောက် လုကျိုးက ထပ်ပြောလိုက်သည်။

“မင်းရဲ့ အပြစ်က မဟာသန့်စင် ကျောက်စိမ်းကျင့်စဉ်ကို အကြိမ်တစ်ရာကူးရေးရမယ်။ ပြီးတော့ ပြန်လည်သုံးသပ်ခြင်းဂူမှာ သုံးရက်တိုင်တိုင် နံရံကို မျက်နှာမူထားရမယ်”

“…”

ကျန်သည့်သူများက ထိတ်လန့်ကုန်၏။

‘ဆရာကတော့ အကုန်သုံးနေပြီ’

‘သူအရင်တုန်းက ရှောင်ရှစ်မေ့ကို တစ်ခါမှ အပြစ်မပေးဖူးဘူး’

‘ဒီနေ့ သူဘာဖြစ်တာပါလိမ့်’

ရှောင်ယွမ်အာကလည်း ထိတ်လန့်သွားသည်။ သူမသည် ငယ်ရွယ်စဉ်တည်းက တစ်ခါမှ အရိုက်မခံရသည့်ကလေးဖြစ်ပြီး ရုတ်တရက် ကြီးလေးသည့်ပြစ်ဒဏ် ခံလိုက်ရသည်။ သူမ မကျေမချမ်း ဖြစ်တာ သဘာဝကျ၏။ သို့သော် သူမက နာခံစွာ ပြောလိုက်တော့သည်။

“တပည့် ပြစ်ဒဏ်ကိုလက်ခံပါတယ်” သူမက ခြေကြွပြီးနောက် တောင်ပိုင်းမျှော်နန်းဆီသို့ ဦးတည်သွားတော့သည်။

လုကျိုးက မော့ကြည့်လိုက်ရာ အားလုံး၏ သဘာဝမကျသော အမူအရာကိုတွေ့လိုက်ရ၏။ သူက

"ပြဿနာရှိလား”

“ရှစ်စွင်း ရှောင်ရှစ်မေ့က ငယ်ပါသေးတယ်”

“သူက ကလေးတစ်ယောက်မဟုတ်တော့ဘူး” လုကျိုးက လက်တစ်ဖက်မြှောက်ပြီး မင်ရှစ်ရင်၏ စကားကို ဖြတ်ချလိုက်၏။

ဆယ့်ခြောက်နှစ်အရွယ်ကို မည်သည့်ခေတ်တွင်မဆို ကလေးဟူ၍ သတ်မှတ်၍မရတော့ပေ။

ကျန်သည့်သူများက လုကျိုး စိတ်ပြင်ဆင်ပြီးတာကို မြင်သောအခါ သူတို့ကရှောင်ယွမ်အာအတွက် မတောင်းပန်ပေးရဲတော့ပေ။

လုကျိုးက သူတို့ကိုကြည့်ပြီးနောက် မေးလိုက်၏။

“အကြီးအကဲဟွား ဘယ်မှာလဲ”

“ကျွန်တော်သူ့ကိုသွားခေါ်လိုက်မယ်” မင်ရှစ်ရင်သည် ခန်းမထဲမှထွက်သွားသည်။ သူသည် ရှောင်ယွမ်အာအတွက် သူတို့၏ပွဲကျင်းပမည့်အစီအစဉ်အကြောင်း ဆွေးနွေးချင်နေခဲ့တာပဲ ဖြစ်သည်။ ကိစ္စများအရ ၎င်းကို မေ့ထားရတော့မည့်ပုံပေါ်သည်။

ခဏအကြာတွင် ဟွားဝူတောက်နှင့် မင်ရှစ်ရင်သည် မဟာခန်းမထဲသို့ ဝင်လာ၏။ ဟွားဝူတောက်က လုကျိုးကို အရိုအသေပေးကာ မေးလိုက်တော့သည်။

“ကျူပ်ကို ဘာအတွက်ဆင့်ခေါ်တာပါလဲ မျှော်နန်းသခင်”

လုကျိုးက လက်ကိုဝှေ့ယမ်းလိုက်ရာ ကောင်းကင်အပိုင်းအစပေါ်လာလေ၏။ “မင်း ဒါကို မှတ်မိလား”

“ကောင်းကင်အပိုင်းအစလား” ဟွားဝူတောက်က ပြုံးပြီးပြောလိုက်၏။

"ဒါက အစတည်းက မျှော်နန်းသခင်ဟာပဲလေ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့အရံအတားက အပိုင်းအစတစ်ခု တစ်နေ့မှာ ပျောက်ပျက်သွားတယ်။ ခါးပိုက်နှိုက်ဂိုဏ်းရဲ့ ယန်ကျစ်ယွင်စန်းခိုးသွားတာလို့ပြောတာပဲ။ ဒါပေမဲ့ မှန်လား မှားလားဆိုတာ မသိဘူး” သူ၏မျက်နှာထက်တွင် သိချင်သည့် အမူအရာပေါ် လာလေ၏။ သူသည် ယင်းကို လုကျိုးနှင့် အတည်ပြုချင်ခဲ့တာရှင်းနေ၏။ ထိုသူခိုးသည် မဟာမိစ္ဆာဝေဟင်မျှော်နန်းမှ တစ်စုံတစ်ခု ခိုးယူသွားခဲ့တာ အံ့ဩဖွယ်ကောင်းတာသိသာနေ၏။

လုကျိုးက ရိုးရိုးသားသားပြောလိုက်လေသည်။

“ကျုပ် ဒါကို ဂရုမစိုက်တော့ သိပ်ပြီးတွေးမနေဘဲ ပစ်ထုတ်လိုက်တာ။ အခိုးခံလိုက်ရတာ သဘာဝကျ ပါတယ်”

“…”

ဟွားဝူတောက်က ပါးစပ်ဟလိုက်သော်လိုက်သော်ငြား အဆုံးတွင် ပါးစပ်ပိတ်ထားရန်သာ ရွေးလိုက်တော့သည်။

လူတိုင်းကရယူရန်ယှဉ်ပြိုင်နေကြသော ရတနာများကို သူက တစ်ချက်တောင်မတွေးဘဲ အမှိုက်သဖွယ်ပစ်လိုက်တော့သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်သာလျှင် ထိုသို့ ပြောနိုင်သည့်တစ်ဦးတည်းသောသူဖြစ်မည်။

“ဘာကြောင့် ဒါကိုမေးတာလဲ မျှော်နန်းသခင်။" ဟွားဝူတောက်က သိချင်နေ၏။ “ငါ သူတို့ကို ရှာနေတာ”

“…” ‘ပစ်လိုက်တဲ့ဟာကို သူဘာကြောင့်ရှာနေတာလဲ’ ဟွားဝူတောက်ကလည်း အတွေးကို မထုတ်ဖော်ရဲပေ။ ထိုအစားသူက ပြောလိုက်၏။

“ကောင်းကင်အပိုင်းအစ ရှစ်ခုရှိတယ်လို့ ပြောကြတယ်။ အခုဘယ်မှာရှိလဲဆိုတာ မသေချာတော့ဘူး။ သူတို့ကို ရှာဖို့ ခက်ခဲလိမ့်မယ်”

လုကျိုးက ခေါင်းညိတ်လိုက်၏။ သူက မအံ့ဩသွားပေ။ ထိုအကြောင်းကို ဟွားဝူတောက် မသိတာ သဘာဝကျသည်။

သမုဒ္ဒရာထဲမှာ အပ်တစ်စင်းကို ရှာတာထက် အစတည်းက ခိုးသွားတဲ့ သူခိုးရဲ့ တည်နေရာကို ရှာရတာက ပိုမြန်တယ်။

“ယန်ကျစ်ယွင်စန်းလား”

“ဟုတ်တယ်။ ကောင်းကင်အပိုင်းအစတွေက အပြင်လောကမှာ တန်ဖိုးရှိတဲ့ပစ္စည်းတွေပဲလေ။ ရည်ရွယ်ချက်ကောင်းမဟုတ်ဘဲ ပျောက်သွားမှာ မဟုတ်ဘူး” ဟွားဝူတောက်က ပြောလိုက်၏။

"ဒါပေမဲ့ ခါးပိုက်နှိုက်ဂိုဏ်းက ကျင့်ကြံခြင်းလောကကနေပျောက်သွားပြီ။ ယန်ကျစ်ယွင်စန်းရဲ့ တည်နေရာကိုရှာဖို့က မလွယ်လောက်ဘူး”

ခဏတစ်ဖြုတ်စဉ်းစားနေပြီးနောက် လုကျိုးက ပြောလိုက်သည်။

“မင်ရှစ်ရင်”

“ဟုတ်ကဲ့ ရှစ်စွင်း”

“လောင်ချီရဲ့ သတင်းအချက်အလက်ကွန်ယက်က နေရာအနှံ့မှာရှိတယ်။ ယွင်စန်းကိုရှာဖို့ သူ့ပြောလိုက်” လုကျိုးက ပြောလိုက်သည်။

“အမ်” မင်ရှစ်ရင်က အနည်းငယ်စိတ်ပူပန်သွားသည်။ လောင်ချီစီးဝူယာ့သည် မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်သွားခဲ့ပြီးဖြစ်သည်။ တနည်းဆိုရလျှင်သူက သစ္စာဖောက်တစ်ဦးလည်းဖြစ်၏။ သစ္စာဖောက် တစ်ဦး၏ အကူအညီတောင်းခံခြင်းက မသင့်တော်ရာမရောက်ခဲ့ခြင်းပေလော။

“ရှစ်စွင်း လောင်ချီက မကူညီရင်ရော”

“သူက ဉာဏ်ကောင်းတဲ့သူတစ်ယောက်ပဲ”

“ပြဿနာက ကျွန်တော် သူ့ကိုတောင် မရှာနိုင်တာဘဲ”

ကျူးဟုန်ကုန်းက လက်မြောက်ပြီးပြောလိုက်တော့၏။ “ကျွန်တော်သိတယ်”

“…”

“ချီရှစ်ရှိုးရဲ့ မဟူရာကွန်ယက်က တာ့ယန်ရဲ့ထောင့်တိုင်းကို ဖြန့်ကျက်ထားတာ။ အန်းယန်မှာလည်း အခြေစိုက်စခန်းတစ်ခုရှိတယ်” ကျူးဟုန်ကုန်းကပြောလိုက်သည်။

စီးဝူယာ့က ဉာဏ်များသူဖြစ်၏။ ပြောရန်မလိုပေ။ အခြေစိုက်စခန်းများထဲမှ တစ်ခုအကြောင်းကိုသာ ကျူးဟုန်ကုန်းဆီပြောထားမှန်း ကျန်သည့်သူအားလုံးသိ၏။

မင်ရှစ်ရင်ကပြောလိုက်သည်။ “အခုပဲကျွန်တော် စာပို့လိုက်မယ်” ပြီးနောက် သူက ကျူးဟုန်ကုန်းဆီ လှည့်ပြောလိုက်သည်။

“လောင်ပါ့ မင်း အဲဒီမှာ ဘာရပ်လုပ်နေသေးတာလဲ”

ဟွားဝူတောက်က တောက်ပစွာပြုံးပြီး ပြောလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သတ္တမမြောက်တပည့်က အကြံအစည်များပြီးကောက်ကျစ်... အရင်းအမြစ်ကြွယ်တယ်လို့ကြားထားတယ်။ ကောလာဟလတွေက တကယ်မှန်တာပဲ။ မင်ရှစ်ရင်တောင် သူ့ကို မရှာနိုင်ရင် သူ့ကို ဘယ်သူမှရှာနိုင်မှာမဟုတ်ဘူး။"

“တကယ်ပဲ။ လောင်ချီက ကောက်ကျစ်တယ်” လုကျိုးက ပြုံးပြီးပြောလိုက်၏။

“ကျုပ် အမြဲတမ်း သိချင်နေတာ ရှိတယ်၊ ကျုပ် လေ့လာထားပုံအရ မျှော်နန်းသခင်က

မကောင်းမှုတွေအားလုံးကို ကျူးလွန်ခဲ့တာ မဟုတ်လောက်ဘူး။ ကောလာဟလတွေနဲ့ ဆန့်ကျင်ဘက်ပဲ။ ကျွန်တော် လက်မခံနိုင်တဲ့ကိစ္စတွေရှိနေပေမဲ့ ရှင်းလင်းတဲ့ အသိစိတ်နဲ့ စိတ်ရောကိုယ်ပါ ထောက်ပံ့နိုင် ပါသေးတယ်။ ဘာကြောင့်များ အစတည်းက မိစ္ဆာဝေဟင်မျှော်နန်းထဲကတပည့်တွေကို မောင်းထုတ်လိုက်ရတာလဲ” ဟွားဝူတောက် မေးလိုက်သည်။

လုကျိုး၏ အမူအရာက တည်ငြိမ်နေသည်။

ဟွားဝူတောက် ပြောပြီးသည်နှင့် ကျန်သည့်သူများ၏အာရုံက လုကျိုးဆီသို့ ရောက်လာသည်။

တွမ့်မူရှန်းနှင့် ကျောင်းယွဲ့ကလည်း အဖြေကို ကြားရန် စိတ်အားထက်သန်နေ၏။

“အကြီးအကဲဟွား ဒီနေ့ ခင်ဗျားအတော်စကားများနေတာပဲ” လုကျိုးက မှတ်ချက်ချလိုက်သည်။

ဟွားဝူတောက်က သူအဆင့်ကျော်သွားပြီမှန်း သူက သတိပြုမိလိုက်၏။ သူက လက်သီးဆုပ်ကာ နောက်တစ်လှမ်း ဆုတ်လိုက်သည်။

လုကျိုးက မဟာခန်းမထဲမှ ဟွားဝူတောက်ထွက်သွားတာကို မြင်သောအခါ သူကပြောလိုက်၏။

“ကျန်းအိုက်ကျန့်ဆီကို သတင်းပို့လိုက်။ ယွင်စန်းရှိနေတဲ့နေရာကို စုံစမ်းဖို့သူ့ကိုပြော”

“ရှစ်စွင်း ကျန်းအိုက်ကျန့်ဆီက စာပါ”

မင်ရှစ်ရင်နှင့် ကျူးဟုန်ကုန်းက ပြန်ရောက်လာသည်။

လုကျိုးက သံသယဝင်သွား၏။ အဲ့ကောင်လေးက အမြဲတမ်း အချိန်ကိုက် ဘယ်လိုလုပ် ပေါ်လာရတာတုံး။

“ဖတ်လိုက်”

မင်ရှစ်ရင်က စာလိပ်ကိုဖြည်ပြီးနောက်ဖတ်လိုက်သည်။

“ဆရာကြီးကျိ ကျွန်တော်တို့ နောက်ဆုံးအကြိမ်ခွဲခွာခဲ့ရတဲ့ အချိန်ကစပြီး ဆရာကြီးကို သတိရနေ ပါတယ်။ အမိုးကိုခိုးယူပြီး တိုင်နဲ့အစားထိုးလိုက်ရတဲ့ ဆရာကြီးရဲ့နည်းလမ်းတွေကို ကျွန်တော် အထင်ကြီးနေတာပါ။ ဆရာကြီးလုပ်ခဲ့တာတွေအတွက် လက်ခုပ်တီးလိုက်ပါတယ်။

ဖြောင်း ဖြောင်း ဖြောင်း

မင်ရှစ်ရင်သည် စာကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီးနောက် ကျန်လက်တစ်ဖက်ဖြင့်တီးလိုက်တော့သည်။

ကျန်သည့်သူများက သူ့ကို အရူးသဖွယ်ကြည့်နေကြတော့သည်။

‘စာကို ဖတ်ဖို့ပဲလေ။ ဘယ်သူကများ မင်းကို လက်ခုပ်တီးဖို့ သတ္တိပေးလိုက်လို့လဲ’

လုကျိုးက စိတ်ထဲမထားပေ။ ထိုအစားသူကဆက်ဖတ်လိုက်၏။ "လွန်ခဲ့တဲ့သုံးရက်တုန်းက ဝေ့ကျိုးယန်က အန်းယန်မှာ အနှောင့်အယှက်တွေကို နှိမ်နင်းဖို့အတွက် အမိန့်ပေးထားတယ်။ မော့လီနဲ့ ကိုယ်လုပ်တော်ယီတို့က သူတို့လွှမ်းမိုးမှုကို သုံးပြီး ဒီအရေးကိစ္စကို ဝင်ရှုပ်ချင်နေတာ။ ကြယ်တွေက စီတန်းပြီး ရေးရင်တောင် ထုတ်ဖော်နိုင်မှာမဟုတ်တဲ့ ကိစ္စရပ်တွေများတယ်။ ဆရာကြီးကို တွေ့ချင်နေပါတယ်။ ဆရာကြီးရဲ့အကြောင်းပြန်မှုကို စောင့်မျှော်နေမယ်။

မင်ရှစ်ရင်က ပြောလိုက်သည်။ “ဒီကျန်းအိုက်ကျန့်က သူ့ကိုယ်သူ မြင့်မြင့်မားမားတွေးနေတာပဲ။ ရှစ်စွင်းက သူတွေ့ချင်တိုင်း တွေ့လို့ရတဲ့သူမှ မဟုတ်တာ"

…

အခန်း (၁၉၄) ပူးပေါင်းခြင်း

ကျူးဟုန်ကုန်းက ဦးနှောက်ခြောက်လာဟန်ပေါ်သည်။ သူက အသံတိုးတိုးဖြင့် မေးလိုက်၏။

“စစ်ရှစ်ရှိုး … ကျန်းအိုက်ကျန့်က ဘယ်သူလဲ ”

“တာ့ယန် တော်ဝင်မိသားစုရဲ့ တတိယမင်းသား လျူချန်ပဲ ” မင်ရှစ်ရင်က ပြန်ဖြေလိုက်သည်။

ကျန်းအိုက်ကျန်း၏ နာမည်အရင်းက လျူချန် ဖြစ်၏။

ကျူးဟုန်ကုန်းက ပြောစရာပင် ရှာမတွေ့တော့ပေ။

သူက တကယ့်ဇာတ်ကောင်ပဲ …

“ ဝေ့ကျိုးယန်အကြောင်း အမှန်သိသွားကြပြီလား” တွမ့်မူရှန်းက မေးလိုက်သည်။

မင်ရှစ်ရင်က ပြောလိုက်သည်။

“ အရင်တစ်ခါ ကျန်းအိုက်ကျန့်က တကယ့်ဝေကျိုးယန်ရဲ့ နေရာကို ပြောပြဖူးတယ်။ အဲတုန်းက သူက ဝေ့ကျိုးယန်ကို အတုမှန်းသိနေပုံပဲ … ကြည့်ရတာ သူလည်း ဝေ့ကျိုးယန်ကို စောင့်ကြည့်နေတာ ဖြစ်ရမယ် ”

လုကျိုးက အတွေးနက်နေသည်။

မင်ရှစ်ရင်၏ အပြောက အဓိပ္ပာယ်ရှိလှ၏။

နန်းတော်ရှိ အထက်ပိုင်း အရာရှိများက ဝေ့ကျိုးယန်ကို အတုမှန်း သိထားလျှင်ပင် သူတို့က ဘယ်တော့မှ တရားဝင် အသိအမှတ်ပြုမည် မဟုတ်ပေ။ တပ်မဟာသုံးခု၏ ခေါင်းဆောင်ကို ဘယ်တော့မှ ထိ၍ မဖြစ်ပေ။ သူတို့က အနာဂတ်ကို ခပ်ကြီးကြီး ပုံဖော်ထားရမည်။ ဝေ့ကျိုးယန်အကြောင်း ထုတ်ဖော်လိုသူများက ဖျက်လိုဖျက်ဆီး လုပ်လိုသူများသာ ဖြစ်ကြသည်။

ကိုယ်လုပ်တော်ယီက တာ့ယန်ကို အရှုပ်အထွေးကြား ကျရောက်စေချင်နေတာလား …

သူမက အနောက်ပိုင်းမှ ဖြစ်သောကြောင့် သည်လိုလုပ်ရန် ရည်ရွယ်ချက်အရှိနိုင်ဆုံးသူ ဖြစ်သည်။ မော့လီနှင့် ဝေ့ကျိုးယန်တို့က မည်မျှအံ့ဝင်ခွင်ကျ မဖြစ်စေကာမူ သူတို့က ဒုတိယမင်းသားလက်အောက်မှ ဖြစ်ကြ၏။ သူတို့က တစ်ယောက်နှင့် တစ်ယောက် ဆန့်ကျင်စရာ အကြောင်း မရှိပေ။

ဒီလိုဆိုတော့ ဝေ့ကျိုးယန်ကို ဘယ်သူက သေစေချင်တာလဲ။

လုကျိုးက မည်မျှတွေးစေကာမူ အဖြေ ထွက်မလာပေ။

မျက်စိစုံမှိတ် ခန့်မှန်းနေမည့်အစား ကိုယ်တိုင်တွေ့ကာ တိုက်ရိုက်မေးလိုက်တာက ပိုကောင်း၏။

ထိုစဉ် အမျိုးသမီး တပည့်တစ်ယောက်က ခန်းမကျယ်ထဲ ဝင်လာကာ ပြောလိုက်သည်။

“တောင်အောက်မှာ စီအန်းက တွေ့ခွင့်တောင်းနေပါတယ်”

စီအန်းက ဘယ်သူလဲ …

မင်ရှစ်ရင်က ခေါင်းကုတ်စဉ်းစားလိုက်သည်။ ထို့နောက် သူ့နဖူးသူ ပြန်ရိုက်ကာ ပြောလိုက်၏ ။

“ရှစ်စွင်း … အဲဒါ ရှောင်ရှစ်မေ့ရဲ့ ဆွေမျိုးပဲ။ သူ အရင်က လာဖူးတယ်”

တွမ့်မူရှန်းက မျက်မှောင်ကြုတ်ကာ “တစ်ခုခုများ ထပ်ဖြစ်လို့လား ”

“ သူ့ကို အထဲဝင်ခိုင်းလိုက် ” လုကျိုးက လက်ဝေ့လိုက်သည်။

“ ဟုတ်ကဲ့ပါ ”

သိပ်မကြာခင် စိတ်လှုပ်ရှားနေမှန်း သိသာသည့် စီအန်းတစ်ယောက် ခန်းမကျယ်ထဲ ရောက်လာသည်။ ဗီလိန်က သူ့ကို ခုန်အုပ်ကာ ကန်လိမ့်မည်ဟု တွေးထားသလိုမျိုး သူ့အကြည့်များက စိုးရိမ်ပူပင်ရောက်နေသည်။ သူက တီးတိုးပြောလိုက်သည်။

“လောင် .. ချန်းပေ့ကို ဂါရဝပြုပါတယ် ”

မင်ရှစ်ရင်က မေးလိုက်သည်။ “ဘာဖြစ်လို့လဲ … တစ်ယောက်ယောက် ပြန်ပေးဆွဲခံရပြန်ပြီလား ”

ရှစ်စွင်းက မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ရောက်သူများကို သူတို့အတိတ်ရှိ ဆက်နွယ်မှုအားလုံး ဖြတ်တောက်ခိုင်းသည်မှာ မဆန်းတော့ပေ။ ရှောင်ရှစ်မေ့၏ ဆွေမျိုးများဖြင့်ပင် ပြဿနာအကြိမ်ကြိမ် တက်ခဲ့ရသည်။ သာမန်လူများက သည်းခံနိုင်မည် မဟုတ်ပေ။ သူတို့က တပည့်များကို ခြိမ်းခြောက်ဖို့ ဓားစာခံအဖြစ် အသုံးချကြလိမ့်မည်။

ဖန်ကျုံးလည်း အတူတူ ဖြစ်၏။ သူ ပြန်ရောက်လာသည့်အခါ ဒဏ်ရာအပြင်းအထန် ရထားနိုင်သည်။

စီအန်းက လက်အသာယမ်းကာ “ မဟုတ်ပါဘူး မဟုတ်ပါဘူး … ပြန်ပေးဆွဲခံရတာ မဟုတ်ပါဘူး”

“ အဲဆို ဘာကိစ္စလဲ” မင်ရှစ်ရင်က မေးလိုက်သည်။

စီအန်းက သက်ပြင်းချကာ “ သခင်ကြီးနဲ့ သခင်မတို့က အန်းယန်းကနေ ထွက်သွားဖို့ စီစဉ်နေလို့ပါ။ သူတို့က သခင်မလေးကို လွမ်းနေပြီး ထွက်မသွားခင် နောက်ဆုံးအနေနဲ့ တစ်ခါလောက် တွေ့ချင်ကြလို့ပါ”

“ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စည်းမျဉ်းကို မသိဘူးလား” မင်ရှစ်ရင်က ထပ်မေးလိုက်ပြန်သည်။

“သိ … သိပါတယ် ”

“ အဲဆို ဘယ်လိုများ လာရဲတာလဲ ”

“ချင်းယန်တောင် အဖြစ်အပျက်ပြီးကတည်းက သခင်ကြီးနဲ့ သခင်မတို့က သခင်မလေးကို လွမ်းနေကြတာပါ။ အခု သခင်မလေးက ၁၆ နှစ်ပြည့်ပြီဆိုတော့ သခင်ကြီးတို့က သခင်မလေးကို အရမ်းကို တွေ့ချင်နေလို့ပါ။ ဒီတွေ့ဆုံမှုပြီးရင် နောက်ထပ် ထပ်မတွေ့ကြတော့ပါဘူး။ မျှော်နန်းသခင် ကျေးဇူးပြုပြီး သဘောထားကြီးပေးပါ” စီအန်းက ပြောရင်း ဒူးထောက်လိုက်သည်။

လုကျိုးက သိချင်နေမိသည်။ သေမျိုးများက မိစ္ဆာဝေဟင်မျှော်နန်းဆီ မဆက်သွယ်ရဲကြပေ။ ထပ်ခါထပ်ခါ ဆက်သွယ်မည့်အကြောင်း မဆိုထားနှင့်။ ဤသည်မှာ တကယ် ထူးဆန်းလှသည်။ စီမိသားစု၏ သခင်ကြီးက ပြန်ပေးဆွဲခံရတုန်း သတိမေ့နေသောကြောင့် ရှောင်ယွမ်အာနှင့် တွေ့ရန် အခွင့်အရေး မရလိုက်ပေ။ သို့သော်လည်း မိစ္ဆာဝေဟင်မျှော်နန်း၏ စည်းမျဉ်းအရ တပည့်က ဂိုဏ်းထဲဝင်သည်နှင့် အတိတ်ဆက်နွယ်မှုများနှင့် အကုန်ဖြတ်တောက်ရမည် ဖြစ်၏။

သူတို့က သွေးသားတော်စပ်ရုံမျှကြောင့် ခြွင်းချက် မလုပ်ပေ။ အကယ်၍ သူ့တပည့်အားလုံးက အတိတ်ဆက်နွယ်မှုများ ပတ်သက်နေသေးလျှင် မိစ္ဆာဝေဟင်မျှော်နန်းအတွက် ခက်ခဲသွားနိုင်သည်။ သို့သော်လည်း စီအန်းကို အမြန်အဆန် မငြင်းလိုက်ပေ။

“ သူတို့က ဘာလို့ ရွေ့ပြောင်းတာလဲ” လုကျိုးက မေးလိုက်သည်။

စီအန်းက ပြန်ဖြေလိုက်၏။

“အန်းယန်းက အခုနောက်ပိုင်း မအေးချမ်းတော့ဘူး။ သတ်ဖြတ်မှုတွေက နေရာတိုင်း ဖြစ်နေတာဆိုတော့ တခြားမျိုးနွယ်စုတွေကလည်း အဲဒီအတွက် တာဝန်ရှိတယ် ပြောရမယ်။ အရင် စီမိသားစုက အရာရှိတွေရဲ့ အကာအကွယ်ရပေမဲ့ အခု အဲဒီလူတွေလည်း ထွက်ပြေးသွားကြပြီ ”

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ခေါင်းညိတ်လိုက်သည်။ ကျန်းအိုက်ကျန့်၏ သတင်းအချက်အလက်အရ ဝေ့ကျိုးယန်သည် အန်းယန်းမှ အနှောင့်အယှက်များကို ချေမှုန်းပစ်ရန် အမိန့်ပေးခံရလေသည်။ ထို့ကြောင့် စီအန်းက အမှန်အတိုင်းပြောနေခြင်းသာ ဖြစ်လိမ့်မည်။

စီအန်းက ခေါင်းငုံ့ထားပြီး တုန်တုန်ယင်ယင် ဖြစ်နေသည်။

ခန်းမကျယ်တစ်ခုလုံး တိတ်ဆိတ်နေလေ၏။

စီအန်းက ကမ္ဘာပေါ်ရှိ အကြီးမြတ်ဆုံး မိစ္ဆာအိုကြီးကို ကြည့်လိုက်ပြီးနောက် တဖန် ပြန်ခေါင်းငုံ့သွားသည်။ သူက လုကျိုး၏ စိတ်ကို မသိသောကြေင့် တိတ်တိတ်သာ နေလိုက်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လုကျိုးက လက်အသာဝေ့ကာ “ ဧည့်သည်ကို ပြန်ပို့လိုက်တော့ ”

မင်ရှစ်ရင်က လုကျိုးထံ လက်နှစ်ဖက်ယှက်ပြီးနောက် စီအန်းထံ လက်ဟန်ပြကာ “ဒီဘက် … ”

“ မျှော် … မျှော်နန်းသခင် ” စီအန်းက သူ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးမည်လား မဖြည့်ဆည်းပေးမည်လား ကြားလိုက်ရပုံမပေါ်ပေ။ သူ့ကို ပြန်ပို့ရန် လုကျိုး အမိန့်ပေးလိုက်သည်ကို ကြားသည့်အခါ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားလေ၏။

မင်ရှစ်ရင် အသံထဲ အနည်းငယ် စိတ်တိုသည့် အရိပ်အယောင် ပါဝင်လာကာ “ ထွက်မသွားဘူးလား ”

စီအန်းက မြန်မြန် ထကာ မင်ရှစ်ရင်နောက် လိုက်သွားလိုက်ရသည်။

အခြားလူများလည်း ဦးညွှတ်ကာ ထွက်သွားကြ၏။

………….…

ထိုစဉ် မဟူရာကွန်ယက် ဌာနချုပ် ခန်းမကျယ်အတွင်း …

“ ဂိုဏ်းချုပ် … မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထသခင်လေးက စာပို့လာပါတယ် ”

“ဘာတဲ့လဲ” စီးဝူယာ့က ဖြည်းဖြည်းချင်း ထလာသည်။ သူက နည်းနည်းသိချင်မိ၏။ သူက မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်လာသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ မျှော်နန်းက သူ့ကို တစ်ခါမှ မဆက်သွယ်ဖူးပေ။

“ အန်းယန်းရဲ့ ဆက်သွယ်ရေး အမှတ်ကို ပို့ထားတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက ဂိုဏ်းချုပ်ကို ယွင်စန်းရဲ့ နေရာအကြောင်း စုံစမ်းခိုင်းစေချင်နေတယ်”

“ယွင်စန်းလား ”

“ ဟုတ်ပါတယ်။ ခါးပိုက်နှိုက်ဂိုဏ်းရဲ့ တစ်ဦးတည်းသော ဆက်ခံသူ ယန်ကျစ်ယွင်စန်းပါ ”

“ခါးပိုက်နှိုက်ဂိုဏ်းက မရှိတော့ဘူးလေ။ ယွင်စန်း တစ်ဦးတည်းကျန်ခဲ့တာ … ရှစ်စွင်းက သူနဲ့ ဘာကိစ္စများရှိနေပါ့လိမ့်” စီးဝူယာ့က ထူးဆန်းသည်ဟု ထင်မှတ်သည်။

“ကျွန်တော်လည်း သေချာမသိပါဘူး ”

ယွင်စန်းကို ခါးပိုက်နှိုက်ဂိုဏ်း၏ မျိုးဆက်လို့ ခေါ်တာက သင့်တော်အောင် ခေါ်ထားခြင်း ဖြစ်၏။ အရှင်းဆုံးပြောရလျှင် သူက သူခိုးတစ်ယောက်သာ ဖြစ်သည်။

ကျိထျန်းတောက်လို လူမျိုးက စီးဝူယာ့ကို သူခိုးတစ်ယောက်အတွက် ဆက်သွယ်လာသည်ကို တွေးလိုက်လျှင် စီးဝူယာ့က အတွေးမများဘဲ မနေနိုင်တော့ပေ။

ဘေးနားတွင် ရပ်နေသည့် သူ့လက်အောက်ငယ်သားတစ်ယောက်က ပြောလိုက်သည် “ ကျွန်တော် ကြားတာတော့ အဲဒီယွင်စန်းက မျှော်နန်းကနေ တစ်ခုခု ခိုးသွားခဲ့ဖူးတယ်တဲ့။ အဲကိစ္စနဲ့များ ပတ်သက်နေမလား မသိဘူး ”

စီးဝူယာ့က အပြုံးလေးနှင့် ခေါင်းညိတ်ကာ “ အိုး ရှစ်စွင်း … နောက်ပိုင်း ပိုပိုနှမြောလာတတ်တာပဲ”

“ အာ … ဂိုဏ်းချုပ် ကျွန်တော်တို့ ယွင်စန်းကို စုံစမ်းလိုက်ရမလား ”

အဆုံးသတ်၌ မဟူရာကွန်ယက်သည် မိစ္ဆာဝေဟင်မျှော်နန်း အပိုင် မဟုတ်ချေ။ သူတို့က ထိုတောင်းဆိုချက်ကို ငြင်းပယ်နိုင်လေ၏။

“သူ့ဆန္ဒဖြည့်ပေးလိုက်ကြတာပေါ့” စီးဝူယာ့က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ သူ အသက်ရလာပြီဆိုတော့ နောက်ဆုံးနေ့ရက်တွေကို အေးအေးချမ်းချမ်း နေခိုင်းလိုက်ပါ့မယ် ”

“နားလည်ပါပြီ ”

လက်အောက်ငယ်သားက လှည့်ထွက်သွားတော့မည့်ဆဲဆဲတွင်

“ခဏနေဦး ”

“ ဟုတ် ဂိုဏ်းချုပ် .. ဘာများအမိန့်ပေးစရာရှိသေးလဲ ”

“ကျင့်မင်တာအိုဂိုဏ်းနဲ့ သမာသမတ်ဂိုဏ်းက အခုနောက်ပိုင်း လှုပ်ရှားမှုရှိသေးလား” စီးဝူယာ့က လက်နောက်ပစ်လျက် မေးလိုက်သည်။

“ ကျင့်မင်တာအိုဂိုဏ်းက ကျားတောင်ရိုးဆီ သွားခဲ့ပေမဲ့ ဘာမှမတွေ့ခဲ့ရဘူး။ သူတို့က မနေ့က ပြန်ရောက်လာကြတယ်။ အခုတော့ သူတို့တွေ ဒေါသထွက်နေလောက်ပြီ ”

“အရမ်းကောင်းတယ်” စီးဝူယာ့က ဒေါင်းယပ်တောင်ကို လှည့်လိုက်ရင်း “ နန်းတော်ကရော ဘာထူးသေးလဲ ”

“ဝေ့ကျိုးယန်က အံ့ဖွယ်မြို့တော်ကနေ ထွက်သွားပြီး အနှောင့်အယှက်တွေ ချေမှုန်းဖို့ အန်းယန်းဆီ ဦးတည်သွားနေပါပြီ ”

စီးဝူယာ့က ထိုအကြောင်းကြားသည့်အခါ ရယ်မောလိုက်သည်။

“အယောင်ဆောင်သမားက သတ္တိကောင်းသားပဲ ”

“ ဂိုဏ်းချုပ် ကျွန်တော်တို့ တစ်ခုခု လုပ်လိုက်သင့်လား ”

“ မလိုဘူး”

“ဟုတ်”

“ ကမ္ဘာကြီးဆီ ဧရာမပိုးသားလက်အိတ်ကို အန်းယန်းမှာ တွေ့တယ်လို့ သတင်းဖြန့်လိုက် ”

လက်အောက်ငယ်သားက ထိုအကြောင်းကြားသည့်အခါ ကြောင်သွားပြီး “ ဂိုဏ်းချုပ် ယွင်စန်းကို အဲဒီနည်းလမ်းနဲ့ မျှားတာက နည်းနည်း … ”

“ယွင်စန်းက ခိုးတဲ့နေရာမှာ အရည်အချင်းရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ သူက အဲဒါကို ဂုဏ်ယူလွန်းတယ်။ ငါ့ရှစ်စွင်းက ယွင်စန်းကို တွေ့ချင်မှတော့ သူ့တပည့်အနေနဲ့ ငါက ဘာမှမလုပ်ပေးဘဲနေလို့ မဖြစ်ဘူးလေ။ ဧရာမပိုးသားလက်အိတ်က အကောင်းဆုံး ငါးစာပဲ … ”

“ နားလည်ပါပြီ … ကျွန်တော် အခုချက်ချင်း လုပ်လိုက်ပါ့မယ် ”

…

အခန်း (၁၉၅) ဆယ့်ခြောက်နှစ်တွင်

ဤသုံးရက်အတွင်း ရှောင်ယွမ်အာက အထွတ်အထိပ်ကျောက်စိမ်းကျင့်စဉ်ကို ကူးပြီးသွားသည်။ သူမသည် တနေ့ခင်းလုံး၎င်းကို ကူးရေးနေ၏။ ကျောများနာနေပြီး လက်များထုန်ကျဉ်နေပြီး ဖြစ်သည်။ ထို့အပြင် ပြန်လည်သုံးသပ်ရေးဂူ၌ နေရန်အပြစ်ပေးခံထားရသည်။ ကံကောင်းသည်မှာ သူမက လိမ္မာပြီး အပြစ်ဒဏ်များအားလုံးကို ပြီးစီးအောင်ဆောင်ရွက်ခဲ့သည်။ ကျန်သည့်သူများက သူ့ကို ကူညီ၍မရပေ။ သူမသည် ရှစ်ကျဲကျောင်းယွဲ့သာလျှင် ဘေးကနေ နှစ်သိမ့်ပေးရန် စကားအချို့လာပြောသည့် တစ်ဦးတည်းသောသူဖြစ်သည်။

“ရှစ်ကျဲ ရှစ်စွင်းက ညီမကို တကယ်ဒေါသထွက်နေတာလား”

ရှောင်ယွမ်အာသည် အထွတ်အထိပ်သန့်စင်ကျောက်စိမ်းကျင့်စဉ်၏ ကူးရေးခြင်း တစ်ရာမြောက်ကို အပြီးသတ်ပြီးနောက်မေးလိုက်၏။

“ရှစ်စွင်းက နင်ကောင်းဖို့အတွက်လုပ်ပေးတာ။ ဒါမှ နောင်ကျတူညီတဲ့အမှားမျိုးထပ်မလုပ်မိမှာ”

ရှောင်ယွမ်အာက ခေါင်းညိတ်ပြီးရေရွတ်ပြောလိုက်၏။ “အခုကစပြီး နိဗာနခါးစည်းနဲ့ ညီမဘယ်လို လေ့ကျင့်ရတော့မှာလဲ”

“နင် လေ့ကျင့်လို့ရသေးတယ်။ ဒါပေမဲ့ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိသင့်တယ်။ ကျိုးကျစ်ဖုန်းနဲ့ ဖန်ကျုံးတို့က အရိုက်ခံရရင် ငါ့အတွက် စိတ်အနှောင့်အယှက်ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ နင်ရဲ့ရှစ်ရှိုးတွေကိုတောင် တိုက်ခိုက်ရဲတယ်ဆိုတော့ ရှစ်စွင်းဒေါသထွက်တာ အံ့ဩစရာမရှိဘူးပဲ”

“ရှစ်ကျဲပြောတာမှန်တယ်။ ဒါကြောင့် ညီမနောက်တစ်ကြိမ်ကျ လျှော့သင့်တယ်"

“…”

ရှောင်ယွမ်အာသည် အထွတ်အထိပ်သန့်စင်ကျောက်စိမ်းကျင့်စဉ်ကို ဘေးသို့ချထားပြီးနောက် ကျောင်းယွဲ့ကပြောလိုက်သည်။ “လာ”

“အင်း ခဏနေဦး ရှစ်ကျဲ။ အခုညီမရဲ့နိဗာနခါးစည်းက အတော်လေးကောင်းလာပြီ”

“…” ကျောင်းယွဲ့သည် ထသွားရန်အတွက် သူမကို အမူအရာပြလိုက်သည်။

ရှောင်ယွမ်အာသည် အထွတ်အထိပ်ကျောက်စိမ်းကျင့်စဉ်ကူးရေးထားသည့် စာရွက်တစ်ရာဖြင့် မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ လျှောက်လာတော့၏။ သူမသည် လမ်းကျဉ်းလေးများ၊ စင်္ကြန်များနှင့် မျှော်နန်းကို ဖြတ်ကျော်ပြီးနောက် ခန်းမကျယ်ရှေ့သို့ရောက်လာ၏။

ရှောင်ယွမ်အာက အတွေးနက်နေပုံရသော ရှစ်စွင်းကို မြင်တွေ့လိုက်ရသည်။ သူမက ပြုံးပြီးလျှောက်သွားလိုက်၏။ “နှုတ်ဆက်ပါတယ် ရှစ်စွင်း”

သူမခေါင်းအထက်တွင် သန့်စင်ကျောက်စိမ်းကျင့်စဉ် ကူးရေးထားသည့် စာရွက်တစ်ရာကို နောင်တရသည့်အပြုအမူနှင့်လက်သေးသေးလေးများဖြင့် မြှောက်ထားလိုက်သည်။

လုကျိုးက သူမကို တစ်ချက်ကြည့်ပြီးမေးလိုက်၏။ “မင်း တွေးပြီးပြီလား”

ရှောင်ယွမ်အာက ကြေညာလိုက်သည်။ “တပည့်က ရှစ်ရှိုးနဲ့ရှစ်ကျဲတို့ကို လေးစားသမှုရှိပြီး ရှစ်စွင်းကို လေးစားမှုရှိမှာသေချာပါတယ်”

“တွေးတတ်တာကောင်းတယ်။ နောက်ထပ် ဒါမျိုးထပ်ပြီးစော်ကားမယ်ဆိုရင် မင်းကို သက်ညှာပေးမှာ မဟုတ်တော့ဘူး” လုကျိုးက ပြောလိုက်၏။

“တပည့်နားလည်ပါပြီ”

သူမသည် မိစ္ဆာဝေဟင်မျှော်နန်းထဲ၌ မလေးမစားပြုမူလျှင် သူမ၏ ရှစ်ရှိုးတို့က သူမအတွက် ကာပေးဦးပေမည်။ သို့သော် ကောက်ကျစ်သည့်သူများပြည့်နေသော ကျင့်ကြံခြင်းလောကသို့ ထွက်သွားခဲ့လျှင် မည်သူကမှ သူ့ကို ကာကွယ်ပေးမှာမဟုတ်ပေ။

ဆယ်နှစ်၊ နှစ်တစ်ရာ၊ နှစ်တစ်ထောင်လော

စနစ်၏ဟာကွက်ကိုရှာတွေ့ပြီး သူထင်ထားသကဲ့သို့ တစ်ဘဝလုံး ရှင်သန်နေနိုင်မည်ဆိုတာ မသေချာပေ။ အသုံးပစ္စည်းကတ်များ၏ တန်ကြေးမြင့်တက်လာတာကိုတွေ့လိုက်ရသောကြောင့် သူက အင်မတန်သတိထားနေပြီး ၎င်းတို့ကို ချွေတာသုံးရုံသာ တတ်နိုင်သည်။

ဆယ့်ခြောက်နှစ်တွင် ရှောင်ယွမ်အာ၏ ကျင့်ကြံဆင့်လမ်းကြောင်းက စတင်ရုံသာရှိသေးသည်။ လမ်းညွှန်ပြသပေးပြီး စိတ်ရှုပ်ထွေးခြင်းကို ဖြေရှင်းပေးခြင်းက ဆရာတစ်ဦး၏တာဝန်ဖြစ်သည်။ ညွှန်ကြားချက်များကလည်း အကြောင်းအရင်းတစ်ရပ်ရှိပေ၏။

“ယွမ်အာ မင်းအခု အသက်ဆယ့်ခြောက်နှစ်ပြည့်ပြီ။ ဘာများဆန္ဒရှိသေးလဲ” လုကျိုးက မေးပြီး မုတ်ဆိတ်သပ်လိုက်၏။

“တပည့်မှာ ဆန္ဒတစ်ခုပဲရှိပါတယ်။ ရှစ်စွင်း အသက်ရှည်ရှည်နေဖို့မျှော်လင့်တာပါ”

ထိုအဖြေက လုကျိုးကို အံ့ဩသွားစေ၏။ “ဘာကြောင့်လဲ”

“လူတိုင်းက ရှစ်စွင်းရဲ့သက်တမ်းစေ့ခါနီးပြီလို့ပြောကြတယ်။ အလွန်ဆုံးမှ နောက်ထပ်ဆယ်နှစ်ပဲ နေနိုင်တော့မှာတဲ့။ သူတို့ပြောတာကို တပည့်မယုံဘူး။ အဲ့ဒီလူတွေအားလုံး အိုမင်းရင့်ရော်ပြီး သေသွားတဲ့အချိန်အထိ ရှစ်စွင်းကရှိနေသေးဦးမှာ” ရှောင်ယွမ်အာက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။

ထိုမိန်းကလေး၌ ဆိုးယုတ်သည့်အကျင့်စရိုက်မရှိတာ သိသာသည်။ ထို့အပြင် သူ၏ တပည့်ငယ် လေးသည် ယခုအခေါက်တွင် သူ့ကိုအတော်ကူညီပေးခဲ့သည်။ ယခုသူက နတ်ဝိညာဉ် ဝဋ်ကြွေး ချေနယ်ပယ်သို့ ဝင်ရောက်ပြီး နိဗာနခါးစည်းကို ပိုင်ဆိုင်မည်ဖြစ်ကာ သူမကို မှားယွင်းသော လမ်းကြောင်းထဲ သွားခွင့်မပြုနိုင်ပေ။ သူမကို သင်ကြားပြသပေးလျှင် မျှော်တွေးကြည့်ရန် ထိုက်တန်သောအနာဂတ်တစ်ခုရှိလာလိမ့်မည်။

“ယွမ်အာ မင်းရဲ့မိသားစုဝင်တွေအကြောင်းတွေးထားသေးလား” လုကျိုးက မေးလိုက်၏။

ရှောင်ယွမ်အာကခေါင်းခါလိုက်သည်။ သူမက အထွတ်အထိပ်သန့်စင်ကျောက်စိမ်းကျင့်စဉ် ကူးရေးထားသည့် တစ်ရာကို အောက်သို့ချလိုက်၏။ သူမသည် အိမ်ကို ဘယ်တုန်းကမှ မလွမ်းပုံ ရသည်။ ငယ်ရွယ်စဉ်ထဲက အိမ်မှထွက်လာသောကြောင့် မိစ္ဆာဝေဟင်မျှော်နန်းရှိဘဝနှင့် ကျင့်သားရ နေတာဖြစ်နိုင်သည်။ အိမ်အပေါ် သူမ၏မြင်သည့်သဘောတရားက ကွဲပြားခြားနားနိုင်၏။

“ရှစ်စွင်း တပည့်မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်သည့်အချိန်မှစပြီး စည်းမျဉ်းတွေက ဘာဆိုတာ တပည့်သိပါတယ်” ရှောင်ယွမ်အာကပြောလိုက်၏။

လုကျိုးကသက်ပြင်းသဲ့သဲ့ချလိုက်သည်။ “မင်းက ဆရာတူ အစ်ကို အစ်မတွေနဲ့မတူဘူး။ သူတို့တွေက တစ်ကိုယ်ထဲပဲ။ ငယ်ရွယ်စဉ်ထဲက အားကိုးရမဲ့သူမရှိဘူး။ သူတို့က လောကကြီးနဲ့ ချည်နှောင်ထားစရာဘာမှမရှိဘူးလေ”

ဆရာတပည့်က ပြောနေကြစဉ် မင်ရှစ်ရင်နှင့် ကျူးဟုန်ကုန်းက ဝင်လာ၏။

သူတို့က လုကျိုးကို အရိုအသေပေးပြီးနောက် နှုတ်ဆက်လိုက်သည်။

“ရှစ်စွင်း ရှစ်စွင်းပြောတဲ့အတိုင်းပဲ လောင်ချီက အကြောင်းပြန်ပါတယ်။ ယွင်စန်းကို ရှာဖို့ ကျွန်တော်တို့ကို ကူညီပေးဖို့သဘောတူလိုက်တယ်” မင်ရှစ်ရင်က သတင်းပို့သည်။

“ကောင်းတယ်” လုကျိုးက တည်ငြိမ်စွာပြောလေ၏။

မင်ရှစ်ရင်က ရှောင်ယွမ်အာကို တစ်ချက်ကြည့်ပြီးပြောလိုက်တော့သည်။

“ရှစ်စွင်း ရှောင်ရှစ်မေ့အကြောင်း”

လုကျိုးက လက်တစ်ဖက်မြှောက်ကာ ဖြတ်ပြောလိုက်၏။ “ကျန်းအိုက်ကျန့်ဆီကို စာပို့လိုက်”

မင်ရှစ်ရင်က အမြန်အရိုအသေပေးလိုက်သည်။

လုကျိုးက ဆက်ပြောလိုက်၏။ "အန်းရန်မြို့မှာ ငါ့ကို လာတွေ့ဖို့ သူ့ကိုပြောလိုက်” မင်ရှစ်ရင်က ပျော်ရွှင်သွားပုံပြောနေ၏။ သူက အမြန်ပြောလိုက်တော့သည်။

“ရှောင်ရှစ်မေ့ ဘာလို့ရပ်နေတာလဲ။ ရှစ်စွင်းကို အမြန်ကျေးဇူးတင်လိုက်လေ”

ရှောင်ယွမ်အာက စိတ်ရှုပ်ထွေးသွားသည်။ သို့သော် သူမကပြောလိုက်သေး၏။

“ကျေးဇူးတင်ပါတယ် ရှစ်စွင်း”

လုကျိုးက လက်ဝှေ့ယမ်းလျက်လှည့်ထွက်သွားကာ လျှို့ဝှက်ခန်းဆီသို့ ပြန်သွားတော့သည်။ လက်ရှိတွင် ကောင်းကင်ကျမ်းစာကို သဘောပေါက်အောင်ဆင်ခြင်ခြင်းအပြင် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ကံစမ်းမဲများနှိုက်ပြီး ကံကိုစမ်းကြည့်တာပဲဖြစ်သည်။

ခဏအကြာတွင် စနစ်ဖြင့် သူ၏အဆိုးရွားဆုံးကံက အဆုံးမရှိကြောင်း သဘောပေါက်သွား၏။ သူ၏ကံကောင်းမှတ်များက ယခုဆို ရှစ်ဆယ့်ကိုးရောက်နေပြီဖြစ်သည်။ ထိုသို့တိုင် ဘာကိုမှ မရသေးပေ။ ကောင်းကင်ကျမ်းစာကို နားလည်သဘောပေါက်အောင် ဆင်ခြင်သည်က သူ့အတွက် ပိုပြီးလက်တွေ့ကျ၏။

လုကျိုးက စနစ်မျက်နှာပြင်ကိုပိတ်လိုက်ပြီး နားလည်သဘောပေါက်အောင် ဆင်ခြင်သည့် ဖြစ်စဉ်ကိုစတင်လိုက်သည်။

ရုပ်ပုံစာနှင့်သင်္ကေတများကပေါ်ထွက်လာသည့် အချိန်က ဖြတ်ကနဲကုန်ဆုံးသွား၏။

သူမသိလိုက်ခင် တညတာကုန်ဆုံးသွားခဲ့သည်။

“တင်း သင်သည် လူသားစာလိပ်၏ ကောင်းကင်ကျမ်းစာကို အကြိမ်တစ်ရာကိုဖတ်ရှုပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်တစ်ရာ”

လုကျိုးက မျက်လုံးဖွင့်လိုက်၏။ သူတွက်ထားသည့်အချိန်ကာလထက်ကြာစွာ စာလိပ်များကို အကြိမ်ပေါင်းများစွာ ဖတ်ရှုခဲ့၏။ ထိုသို့တိုင် သူက လူသားစာလိပ်ကို ဖတ်ရှုခြင်းပြီးစီးရုံမျှသာ ရှိသေးသည်လော။ ၎င်းကို နားလည်သဘောပေါက်ရန်ခက်ခဲနေသည်။ သို့သော် သူ၏စိတ်ပိုင်း ဆိုင်ရာအခြေအနေသည် ယခင်ကနှင့်ယှဉ်လျှင် ပိုကြည်လင်လာကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိ၏။ သူပိုငယ်ရွယ်သွားသည့်အချိန်သို့ပြန်ရောက်သွားသည့်အချိန်နှင့်တူသည်။ မုတ်ဆိတ်ကို ထိပြီး အရေပြားကိုထိကြည့်လိုက်၏။ သူအသက်ကြီးသည့်ပုံပေါ်နေသည်။

လုကျိုးက ဖြည်းဖြည်းချင်းထရပ်က ခြေလက်များကိုဆန့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို တစ်ချက် စစ်ဆေးကြည့်လိုက်၏။ တစ်စုံတစ်ရာပြောင်းလဲမှုမရပေ။ တနည်းဆိုရလျှင် ကောင်းကင်ကျမ်းစာကို ဆင်ခြင်ခြင်းက သူ၏စိတ်ပိုင်းဆိုင်ရာအခြေအနေကို တိုးတက်စေရုံမျှသာဖြစ်သည်။

ကောင်းကင်ကျမ်းစာသည် စုန်းအတတ်နှင့် ဗြဟ္မာသားချော့တေးကဲ့သို့အရာများကို ဆန့်ကျင်ရာ၌ ထိရောက်မှုရှိကြောင်းသူအမှတ်ရသွားသည်။ ကောင်းကင်ကျမ်းစာ၏ စွမ်းအားက သူ၏ စိတ်စွမ်းအင် အခြေအနေနှင့် သက်ဆိုင်နေတာဖြစ်နိုင်သည်။

လုကျိုးက စနစ်မျက်နှာပြင်ကိုကြည့်လိုက်၏။ အရာအားလုံးက ပုံမှန်ဖြစ်နေသည်။

“ဟမ်” လုကျိုးသည် အသုံးပစ္စည်းကတ်၏နေရာကို တစ်ချက်ကြည့်လိုက်ရာ သတိပြုပေးချက် အတိုလေးတွေ့လိုက်သည်။ အသုံးပစ္စည်းကတ်များ၏ တန်ကြေးသည် အသုံးပြုသူ၏တန်ကြေး အလိုက် ထိန်းညှိပြီးဖြစ်သွားကာ ဝယ်နိုင်သည့်အကြိမ်ရေကိုလည်း ထိန်းထား၏။ တန်ကြေးကို ကြည့်လိုက်ရာ ထင်သည့်အတိုင်း သူတို့ထပ်တက်သွားသည်။

အသေရိုက်ချက်ကတ်ကို အမှတ်ရှစ်ရာ၊ ပစ်ချက်မှတ်ကတ်ကို အမှတ်ခြောက်ရာ၊ မိုးကြိုးသွားကတ်ကို အမှတ်လေးရာဖြင့်တောင် ရောင်းနေ၏။

လုကျိုး၏ရင်ကို ကုလားအုတ်အကောင်တစ်သောင်း တက်နင်းသွားတော့သည်။

သောက်ဂွပဲ။

အသုံးပစ္စည်းကတ်များ၏ တန်ကြေးသည် ဝယ်ယူသည့်အကြိမ်အရေအတွက်နှင့်သာမက သူ၏ ခွန်အားနှင့်လည်း သက်ဆိုင်နေကြောင်းသိသာသွားသည်။ သူဝယ်ယူသည့်အကြိမ်အရေအတွက်နှင့် သာ သက်ဆိုင်သည်ဟုထင်ခဲ့သည်။ ယင်းက သူ၏ဉာဏ်ရှိသည့်လုပ်ရပ်ဆိုတာသိသာနေ၏။

အခြေအနေနှစ်ရပ်ပေါင်းစည်းလိုက်ခြင်းက အသုံးပြုသူကို စည်းကမ်းများအလွန်အကျွံ အသုံးပြုခြင်းမှ ဟန့်တားနိုင်၏။ အသုံးပြုသူအတွက် ခွန်အားကို လျင်မြန်စွာတိုးတက်ရန် အားပေးအားမြှောက်ပြုသည့် တစ်ရပ်လည်း ဖြစ်ပေသည်။ အသုံးပြုသူက အားနည်းနေသည့်အချိန် ရောက်မှ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပေးခြင်းဟူသည့် အဓိပ္ပါယ်ကို ထောက်ပံ့ပေးမှာပဲဖြစ်သည်။

စနစ်က ငါ့ကို နောက်ထပ်ဟာကွက်တွေ ရှာခွင့်တောင်မပေးတော့ဘူးပဲ။

လုကျိုးသည် အကြောင်းပြန်လှန်ကတ်၏ တန်ကြေးကို အလိုအလျောက်ကြည့်လိုက်၏။ သူက ဖတ်လိုက်တော့သည်။ အမှတ်ငါးရာ။ ကံကောင်းတာက ဒါမသွားသေးဘူး။ သူသည် အသက်ရှင်ရန် ၎င်းကို အားထားနိုင်သေးသည်။ တန်ကြေးတက်သွားလျှင် သူအသုံးပြုနိုင်ရန်ခက်ခဲသွားလိမ့်မည်။

ကောင်းကင်ကျမ်းစာကို သဘောပေါက်ရန်ဆင်ခြင်သည့်အခြေအနေက သူ့ဖက်ခြမ်းတွင် ဆုံးရှုံးမှု ဖြစ်စေသည်။ ကျုံးထဲသို့ပြုတ်ကျလျှင် ဉာဏ်ပိုရှိလာ၏။ သူသည် ကောင်းကင်ကျမ်းစာကို နားလည် သဘောပေါက်ခြင်းမရှိမီအကြိမ်တိုင်း၌ အသုံးပစ္စည်းကတ်များကို ဝယ်ယူရန်ဆုံးဖြတ်ခဲ့ သည်။

ယခုအချိန်တွင် မင်ရှစ်ရင်၏အသံက အပြင်ဖက်မှထွက်ပေါ်လာတော့၏။ “ရှစ်စွင်း ရထားလုံးပျံက အဆင်သင့်ဖြစ်ပါပြီ”

“ကောင်းပြီ”

လုကျိုးက လက်ဝှေ့ယမ်းပြလိုက်သည်။ စနစ်မျက်နှာပြင်က ပျောက်ကွယ်သွားတော့၏။

သူသည် လျှို့ဝှက်ခန်းထဲမှ ထွက်ပြီးခန်းမကျယ်ထဲသို့သွားလိုက်သည်။

“မင်္ဂလာပါ ရှစ်စွင်း”

“မင်္ဂလာပါ မျှော်နန်းသခင်”

လုကျိုးက အားလုံးကိုကြည့်ပြီးပြောလိုက်၏။ "ငါတို့ ဒီတစ်ခေါက်အန်းရန်ကိုသွားတဲ့အချိန် သိုသိုသိပ်သိပ် နေရမယ်။ ရထားလုံးပျံမလိုဘူး”

မင်ရှစ်ရင်က အနည်းငယ်အံ့ဩသွားကာပြောလိုက်၏။ “ရှစ်စွင်း ကျွန်တော်တို့အရေအတွက်က”

“ဒါကြောင့် ငါတို့ဒီလိုအဖွဲ့ကြီးနဲ့ မသွားသင့်တာပဲ” လုကျိုးက သူတို့အရေအတွက်များလွန်းလျှင် အာရုံစိုက်မှုရနိုင်သည်ဟုခံစားမိသည်။ ဆိုရလျှင် ကျန်းအိုက်ကျန့်သည် လူချင်းတွေ့ပြီး ဆွေးနွေးချင်ရုံတာပဲဖြစ်သည်။

…

All Chapters