← Chapters

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း (၁၉၉) လူလိမ်များ၏တိုက်ပွဲ

ချည်ထိုးပန်းထိုးဝတ်ရုံဖြင့်အမျိုးသမီးက နူးညံ့ပြီး တိုးလျသောအသံရှိသော်ငြား အင်အားတို့ ပြည့်နေသည်။

မင်ရှစ်ရင်နှင့်တွမ့်မူရှန်းသည် ဝေ့ကျိုးယန်၏ဘေး၌ ထိုကဲ့သို့အစွမ်းထက်သည့်အမျိုးသမီးတစ်ဦး ရှိနေလိမ့်မည်ဟု မထင်ထားပေ။

“ငါတို့ အခုဘာလုပ်ကြမလဲ” တွမ့်မူရှန်းက ခေါင်းကုတ်လျက် တိုက်ပွဲကိုမြင်တွေ့သည့်အချိန်တွင် အမြန်ခုန်ဝင်လာတော့သည်။

“မလှုပ်နဲ့။ ဒါကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ရှစ်စွင်းရဲ့ကျင့်ကြံဆင့်က နက်နဲတယ်။ သူအခုလောက်ဆိုရင် ရုတ်ရုတ်သဲသဲဖြစ်နေတာကို သတိပြုမိမှာပဲ။ သူ ဝင်စွက်ဖက်ချင်တယ်ဆိုရင် အခုချိန်အထိ စောင့်နေမှာမဟုတ်ဘူး”

“မင်း ပြောတာ အဓိပ္ပာယ်ရှိတယ် ရှစ်တိ” လမ်းပေါ်က ဖရိုဖရဲဖြစ်နေလေ၏။

လေထဲတွင် သွေးနံ့များပြည့်နေကာ ယင်ကောင်များ၏ တဝီဝီအသံများလည်း လိုက်ပါလာသည်။ ယင်ကောင်များက စားတော်ပွဲကြီးတစ်ခုရှာတွေ့သွားပုံရသည်။

သို့သော် ထိုညှီနေသော သတ္တဝါများသည် ချည်ထိုးပန်းထိုးဝတ်ရုံဖြင့်အမျိုးသမီး၏ သုံးမီတာအတွင်း မကပ်နိုင်ချေ။ ထိုအမျိုးသမီးက လက်ပိုက်ထားလျက် သူမ၏လှုပ်ရှားမှုများက ကျော့ရှင်းကာသေသပ်သည်။

မျက်နှာဖုံးဖြင့် ကျင့်ကြံသူများကလည်း နောက်သို့ဆက်ဆုတ်နေပြီး ဖြုံလောက်သည့်ရန်သူကို ရင်ဆိုင်နေရသည်။

ရဲမက်များ၏လှံသည် ကျင့်ကြံသူများကြားရှိတိုက်ပွဲတွင် အမြှောက်ဆံမျှသာဖြစ်သည်။ ဤလက်ရွေးစင် ကို မည်သူက ရင်ဆိုင်နိုင်မည်နည်း။

သူမကို မည်သူမှ မဖြေတာကိုမြင်သောအခါ ချည်ထိုးပန်းထိုးဝတ်ရုံဖြင့် အမျိုးသမီးက ရှေ့တိုး လျှောက်လာ၏။ ရဲမက်များအတန်းလိုက်နှင့် သံချပ်ကာဝတ်ကျင့်ကြံသူများက သူမနောက်မှလိုက်ပါလာသည်။

တစ်ဖက်ကရှေ့တိုးပြီး တစ်ဖက်က နောက်ဆုတ်နေ၏။

အောက်ရှိဘေးသင့်ဖွယ်အခြေအနေကို သတိပြုမိပြီး လေထဲတွင်ပျံဝဲနေသော ရထားလုံးကြီးက မြို့တောင်ဖက်ဂိတ်ဆီသို့ ဖြည်းဖြည်းချင်း ဆင်းသက်သွားပြီး အောက်သို့ဆင်းလိုက်၏။

အမျိုးသမီးက ဖြည်းဖြည်းချင်းပေါ်လာလျက် မော့ကြည့်လိုက်သည်။ မျက်နှာထက်တွင် မျက်မှောင်ကျုံ့မှု တွေ့လိုက်ရ၏။

ရထားလုံးပျံကြီးက ကြီးမားလွန်းရာတစ်ချိန်တည်းတွင် အနည်းဆုံးဗြဟ္မာ့ပင်လယ်နယ်ပယ် ကျင့်ကြံသူ အယောက်ငါးဆယ်က သူတို့၏ကနဦးချီများကို ရထားလုံးပျံထဲထည့်ရန်လိုအပ်သည်။ ထို့အပြင် ပျံသန်း နေစဉ် ရထားလုံးကိုထိန်းရန်အတွက် အနည်းဆုံးနတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူ ငါးဦးလိုအပ် သည်။ ဆိုလိုသည်က ရထားလုံးပျံပေါ်၌ ပိုအစွမ်းထက်သည့် ကျန်သည့်ကျင့်ကြံသူများရှိနေတာပဲ ဖြစ်သည်။

ထိုအမျိုးသမီးက သိမ်မွေ့စွာပြောလိုက်၏။ "ရောက်နေပြီဆိုမှတော့ လူကြီးမင်းရယ် မြို့ထဲကတပ်ဖွဲ့တွေကို ပုန်ကန်ဖို့ဘာကြောင့်များသုံးနေရတာလဲ”

သူမ၏အသံက ကနဦးချီများဖြင့်ပြည့်နေလျက်လေထဲကို ခွင်းသွားသည်။ သူမအသံက ရထားလုံးပျံနား ရောက်သည်အထိ ကျယ်လောင်မှန်းသိနေသည်။ ထိုသို့တိုင် ရထားလုံးပျံထဲမှ တုံ့ပြန်မှုမရှိ။ သူမကို တမင်တကာ လျစ်လျူရှုနေသည်။

နှစ်ဖက်လုံးက ယခုရှေ့မတိုးကြပေ။

အမျိုးသမီးက တစ်ဖက်သို့လှည့်လိုက်၏။ သူမနောက်ရှိအရာရှိများ၊ စစ်သည်များက ဘေးသို့ ခွဲထွက်လိုက်ကြသည်။

ဝေ့ကျိုးယန်က မြင့်မားပြီး ဒေါင်ကောင်းသောမြင်းကိုစီးလျက် သူမနားချဉ်းကပ်လာသည်။

လမ်းပေါ်တွင် မြင်းခွာသံများပြည့်နေခြင်းမှအပ အန်းရန်၏လမ်းများကတိတ်ဆိတ်နေသည်။ အားလုံးကိုအကြည့်က စစ်မြင်းပေါ်သို့ရောက်သွားသည်။

ဤကားတပ်ဖွဲ့သုံးဖွဲ့၏ခေါင်းဆောင် ကောလဟလများအရ ပွင့်ချပ်ခုနစ်လွှာအဆင့်သို့ရောက်ပြီးသော ဝေ့ကျိုးယန်ပင်ဖြစ်သည်။

“စစ်သူကြီး” သူ၏တပည့်လေးဦးက တန်းစီလျက် အရိုအသေပေးကာနှုတ်ဆက်လိုက်သည်။

ထိုအမျိုးသမီးက ကျောကို အနည်းငယ်သာညွှတ်ပြီးနောက် အကြည့်က ရထားလုံးပျံဆီ ပြန်ရောက်သွား၏။

ဝေ့ကျိုးယန်သည် ရထားလုံးပျံကိုမကြည့်ဘဲပြောလိုက်တော့၏။

“ကျင်းယီ အရှင်မင်းကြီးက ပုန်ကန်မှုကို ဖြေရှင်းရန်အတွက် ဒီနေရာကို လူငါးထောင်နဲ့စစ်မြင်းတွေပဲ လွှတ်လိုက်ရတဲ့အကြောင်းအရင်းကိုသိလား”

“ကျင့်ကြံသူတွေတိုက်ပွဲမှာ အရည်အသွေးက အရည်အတွက်ကိုလှည့်နိုင်တယ်” လီကျင်းယီဟုခေါ်သော အမျိုးသမီးကပြန်ဖြေသည်။

“အရှင်မင်းကြီးက အရှင့်ရဲ့ခွန်အားကိုလည်းစမ်းသပ်ချင်နေတာ”

“နားလည်တာကောင်းတယ်”

“ကျွန်မ မထိန်းထားသင့်တော့ဘူး” လီကျင်းယီက တောင်းပန်စွာပြောလိုက်၏။

ဝေ့ကျိုးယန်က ခေါင်းညိတ်ပြီးသူ၏ အသံကိုမြှင့်လိုက်သည်။

“တစ်မိုးအောက်က မြေအားလုံးက အရှင်မင်းကြီးပိုင်ဆိုင်တာ။ ပုန်ကန်သူတပ်ဖွဲ့ရဲ့အမည်အောက်မှာ အန်းရန်ရဲ့ငြိမ်းချမ်းမှုကို နှောင့်ယှက်နေတာဘယ်အတွက်ကြောင့်လဲ” လေထဲတွင် ရထားလုံးပျံကြီးက တိတ်တဆိတ်ပျံဝဲနေပြီး၎င်း၏နား၌ ကနဦးချီသိပ်သည်းမှုက လှိုင်းများသဖွယ်ဖြစ်နေတော့သည်။

ထိုအခြင်းအရာအရ ထိုပညာရှင်သည် လီကျင်းယီနှင့်ယှဉ်နိုင်သော အရှိန်အဝါရှိသည်။

ဝေ့ကျိုးယန်၏ အခြေအနေကိုမြင်သောအခါ မင်ရှစ်ရင်က ခေါင်းညိတ်ပြီးလျှာသပ်လိုက်၏။ ဝေ့ကျိုးယန်၏ သရုပ်ဆောင်စွမ်းရည်နှင့် အသွင်ပြောင်းလဲမှုကြောင့်သူ အံ့ဩသွားသည်။

သူသာ ကောင်းကောင်းမသိထားလျှင် မင်ရှစ်ရင်က ထိုလူကို ဝေ့ကျိုးယန်အစစ်ဟု ထင်မိလောက်သည်။

အစစ်နှင့်အတု၊ အမှန်နှင့်အမှား

ဝေ့ကျိုးယန်သည်ပြောင်းလဲမှုကြီးကိုဖြတ်ကျော်ခဲ့၏။ သူတို့ပြောပုံအရ လီကျင်းယီသည် ဝေ့ကျိုးယန်ဘက်ရှိ လက်ရွေးစင်တစ်ယောက်ဖြစ်ကြောင်း မင်ရှစ်ရင်နားလည်လိုက်သည်။ သူမသည် ပွင့်ချပ် ခြောက်လွှာဒုက္ခရှုကွင်းတစ်ရာစိတ်ဝိညာဉ်သဏ္ဌာန်ကို အစောပိုင်းက ထုတ်ဖော်စဉ် ထိန်းချုပ်ထား တာပဲဖြစ်သည်။

‘သူဘယ်လောက်သန်မာတာလဲ’ မင်ရှစ်ရင်က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်၏။ အံ့ဖွယ်မြို့တော် တွင် လက်ရွေးစင်များစွာကို တွေ့ကြုံရတာသာမန်ပင်ဖြစ်သည်။ သို့သော် အန်းရန်ကဲ့သို့နေရာမျိုး၌ တွေ့နိုင်ချေမြင့်မားလိမ့်မည်ဟု မထင်ထားပေ။

‘မြေအောက်ရတနာတွေများရှိနေလား။ လေကချိုလွန်းလို့လား။ မဟုတ်သေးဘူး တကယ်တော့ သူ့အနံ့က...’

မင်ရှစ်ရင်က သည်းမခံနိုင်ဘဲပြောလိုက်၏။ “စန်းရှစ်ရှိုး ကျွန်တော်နဲ့ ဝေးဝေးနေ”

“ဘယ်သူလဲ” လီကျင်းယီ၏အကြည့်များက လျှပ်စီးပမာ ဖျတ်ခနဲလှုပ်သွားပြီး ခေါင်မိုးဆီသို့ကြည့်လိုက် သည်။

သေစမ်း ငါ့ရဲ့အသံကို စိတ်ထဲကနေပို့ဖို့မေ့သွားတယ်။ လီကျင်းယီကဲ့သို့ သိုင်းပညာရှင်တစ်ဦးသည် သူ့ကျယ်လောင်စွာပြောလိုက်သည်နှင့် သူ့အသံကိုချက်ချင်းကျက်မိလောက်သည်။

ပေတစ်ရာခန့်ဝေးသောခေါင်မိုးပေါ်၌ မင်ရှစ်ရင်က အနေခက်စွာ မတ်တပ်ရပ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်၏။

“နေဦး နေဦး ကျုပ်က သာမန်အရပ်သားတစ်ယောက်ပါ။ နေအုံး”

“…”

ထိုစဉ် မင်ရှစ်ရင်က အကြည့်ပေါင်းတစ်ထောင်က သူ့ဆီရောက်လာသည်ဟု ခံစားမိလိုက်သည်။ သူက နေကိုကျောပေးလျက် ရပ်နေလေရာ မင်ရှစ်ရင်နှင့်တွမ့်မူရှန်း၏ သွင်ပြင်ကို မြင်ရန်ခက်ခဲနေ၏။

လီကျင်းယီက သိမ်မွေ့စွာပြောလိုက်သည်။ "မဆိုင်တဲ့သူတွေ ဝေးဝေးနေသင့်တယ်”

“ကျွန်တော် သွားမယ်။ ကျွန်တော် သွားမယ်” မင်ရှစ်ရင်နှင့် တွမ့်မူရှန်းနှစ်ယောက်လုံးက ခေါင်မိုးနှစ်ခုစာ နောက်ဆုတ်လိုက်သည်။ သူတို့နှစ်ဦး အန်းရန်သို့လာသည့်အချိန်တွင် သူတို့အရှိန်အဝါကို ဖုံးကွယ်ထား၏။ ယခုအချိန်တွင် ကျင့်ကြံသူအသစ်များနှင့်မခြားပေ။

နှစ်ဖက်လုံးကလည်း ဆက်လက်ရင်ဆိုင်နေကြသည်။

ရထားလုံးပျံကြီးထဲမှ လှိုင်းငယ်များထလာချိန် အသံတစ်သံကပေါ်ထွက်လာ၏။ “ဝေ့ကျိုးယန် သေရမယ်”

အသံက ဟိန်းနေသည်။ “အဓိပ္ပာယ်မရှိလိုက်တာ”

“သတ်” ဝေ့ကျိုးယန်က အေးတိအေးစက်ပြောလိုက်၏။

သူ၏တပည့်လေးဦးက လက်များကို ဝှေ့ယမ်းလိုက်သည်။ သူ့နောက်ရှိကျင့်ကြံသူ တစ်ဒါဇင်ခန့်က တော်လှန်ရေးတပ်ဖွဲ့ဆီသို့ တဟုန်ထိုးတိုက်ကြတော့၏။

စွမ်းအင်ငါးဖြာစက်ြာဝဠာသည် နည်းလမ်းရှစ်သွယ်နှင့်ပေါင်းစည်းသွားသော စိတ်ဝိညာဉ်သဏ္ဌာန်များ ပေါ်လာလေ၏။

စိတ်ဝိညာဉ်သဏ္ဌာန်က လမ်းပေါ်တွင်လင်းထိန်နေ၏။

တစ်မြို့လုံးသည် ရွှေရောင်သံချပ်ကာစစ်သည်များဖြင့် ပြည့်နေသည်ဟုထင်ရသည်။

နေရာရှိစစ်သည်တော် တစ်ထောင်ကျော်က အထင်ကြီးဖွယ်ကောင်းသော စိတ်ဝိညာဉ်သဏ္ဌာန်များ ရှေ့တွင်

သိသာထင်ရှားနေလေ၏။

မျက်နှာဖုံးဝတ်ကျင့်ကြံသူများနှင့် တော်လှန်ရေးတပ်ဖွဲ့ ရှေ့တိုးလာသည့်အချိန်တွင် ရထားလုံးပျံထဲမှ ဓားကြီးတစ်စင်းက မျောလွင့်လာ၏။ ထိုဓားက ကျယ်ဝန်းပြီးထူထဲသည့် ဓားမောက်တစ်လက်ဖြစ်၏။ ၎င်းက သိပ်သည်းသောစွမ်းအင်များဖြင့်ရစ်ပတ်နေသည်။ ခဏတွင် စတင်လည်ပတ်သွားကာ လေပွေကြီးနှင့်ဆင်တူလာတော့သည်။

လီကျင်းယီက မျက်မှောင်ကျုံ့ပြီးနောက်ဦးစွာပြောလိုက်တော့သည်။

“ငရဲဂိုဏ်းလား နောက်ဆုတ်ကြ”

ဓားကြီးက လှုပ်ရှားတာမြန်ဆန်သည်။ ကျင့်ကြံသူတစ်ဒါဇင်ခန့်က အချိန်မှီမတုံ့ပြန်နိုင်ခဲ့ပေ။ သူတို့သည် လေရဟပ်သဖွယ် လည်ပတ်နေသောဓားမှစွမ်းအင်လှိုင်းများကြောင့်ထိသွားကြသည်။ အားလုံးလွင့်ထွက်ကုန်၏။

မင်ရှစ်ရင်သည် ကောင်းကင်ကို အထိတ်တလန့်ကြည့်လိုက်သည်။

“တာ့ရှစ်ရှိုးရဲ့ မဟူရာကောင်းကင်ကြယ်အလင်းပဲ”

“တာ့ရှစ်ရှိုးလား” တွမ့်မူရှန်းက အမြန်မော့ကြည့်လိုက်သည်။

“ဒါမဟုတ်ဘူး”

“ဘာမဟုတ်တာလဲ။ ရှစ်စွင်းကို သတင်းပို့လိုက်မယ်။ သူ့ရဲ့တပည့်ကို ဖမ်းနိုင်မှာ”

တွမ့်မူရှန်းသည် ရထားလုံးပျံကြီးကိုကြည့်ပြီး အနည်းငယ်တုန်လှုပ်သွား၏။ သူကလှည့်သွားကာ ထွက်သွားရန်ပြင်ဆင်နေ၏။

မင်ရှစ်ရင်သည် တွမ့်မူရှန်း၏လက်ကိုဆုပ်ကိုင်ပြီးနောက် ပျံသန်းလာသည့် ကျင့်ကြံသူများကို အကဲဖြတ်လိုက်သည်။

“တာ့ရှစ်ရှိုးက ဓားမော့နဲ့ တစ်ခါမှမခွဲဖူးဘူး။ ဒီဓားကြီးက ဓားမော့နဲ့တူတယ်ဆိုပေမဲ့ မဟူရာကောင်းကင် ကြယ်အလင်းလောက် အစွမ်းမထက်ဘူး။ တာ့ရှစ်ရှိုးရဲ့စွမ်းအင်နဲ့ဆိုရင် တစ်ချက်ထိသွားပြီးတာနဲ့ သူတို့အသက်ရှင်မှာ မဟုတ်တော့ဘူး”

“မင်းပြောတာက တစ်ယောက်ယောက်က တာ့ရှစ်ရှိုးအယောင်ဆောင်နေတာပေါ့”

“ဟုတ်တယ်” မင်ရှစ်ရင်၏စကားကိုကြားသောအခါ တွမ့်မူရှန်းက မြင်ကွင်းကို ဂရုတစိုက်ကြည့်လိုက် ပြန်သည်။

တူတာပဲ။ တွမ့်မူရှန်းက ရေရွတ်ပြောလိုက်၏။

“တာ့ရှစ်ရှိုး ဘာလို့ဒီလောက်အားနည်းလည်းဆိုပြီးတွေးနေတာ အတုဖြစ်နေတာကိုး”

“အတုတစ်ယောက်က ဝေ့ကျိုးယန်အတုနဲ့ရင်ဆိုင်နေတယ်။ စိတ်ဝင်စားဖွယ်ကောင်းတယ်လို့ မထင်ဘူးလား”

သူတို့သာ ဂရုတစိုက်မကြည့်မိလျှင် အစစ်နှင့်ခွဲနိုင်ရန်ခက်ခဲလောက်သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များတောင် ဂရုစိုက်ကြည့်ရလေသည်။ ကျန်သည့်သူများက အတုမဟုတ်ဟု သံသယဝင်နိုင်ရန် နည်းလမ်းမရှိပေ။

“ဒီလူက အားမနည်းဘူး” တွမ့်မူရှန်းက မှတ်ချက်ချ၏။

“သူသာ တာ့ရှစ်ရှိုးရဲ့ မဟူရာကောင်းကင်ကြယ်အလင်းကို ပြန်ဖန်တီးနိုင်မယ်ဆိုရင် အားနည်းနေမှာ မဟုတ်ဘူး”

နှစ်ယောက်သားက တိုက်ပွဲဆက်ကြည့်တော့သည်။

လီကျင်းယီက မဟူရာကောင်းကင်ကြယ်အလင်းကြောင့် လွင့်ထွက်သွားသော သူမလူများကို ကြည့်ပြီး ထိတ်လန့်သွားပုံပေါ်သည်။ အနည်းငယ်ကြည့်ပြီးနောက် ရှတတလေသံဖြင့်ပြောလိုက်၏။

“စစ်သူကြီး နောက်ဆုတ်”

“မင်းရဲ့အရည်အချင်းကို ယုံတယ်” ဝေ့ကျိုးယန်ကပြောသည်။

“အဆင့်မြင့်တိုက်ပွဲမှာ စစ်သူကြီးရဲ့လုံခြုံရေးကို အာမမခံနိုင်မှာစိုးလို့။ ရှင် ပြိုလဲရင် အားလုံးပြိုလဲပြီ” လီကျင်းယီက ပြောလိုက်သည်။ ယခုအချိန်တွင် သူမက ဝေ့ကျိုးယန်ကို ရှင်ဟူ၍ ပြောင်းလဲပြောဆိုလိုက်သည်။

ဝေ့ကျိုးယန်က တိတ်ဆိတ်သွားတော့၏။

…

အခန်း (၂၀၀) တစ်မိုးသားအောက် အကြီးမြတ်ဆုံးဂိုဏ်း

ဝေ့ကျိုးယန်က လီကျင်းယီ၏ အကြံအတိုင်း လိုက်လုပ်ကာ နောက်ဆုတ်လိုက်သည်။ သူ့လက်ထောက်လေးယောက်လုံးလည်း နောက်ဆုတ်လိုက်ကြသည်။ သူက သက်ပြင်းအသာ ချလိုက်ပြီးနောက် လီကျင်းယီ၏ ကျောဘက်ကို ကြည့်လိုက်သည်။

ဝေ့ကျိုးယန်က ယခုလို နေရာရောက်လာဖို့ လီကျင်းယီအပေါ် မှီခိုခဲ့ရတယ်ဆိုတာ ဘယ်သူက တွေးမိမှာလဲ …

သူက ပင်ပန်းနေလေ၏။ သူက အဖြစ်အပျက် အပြောင်းအလဲများကြောင့် ဒီနေရာအထိ ရောက်လာကာ နိုင်ငံတစ်ခုလုံးနှင့် ချည်နှောင်ခံလိုက်ရသည်။

လီကျင်းယီက ဝေဟင်ကို မော့ကြည့်ကာ “ တစ်မိုးသားအောက်က အကြီးမြတ်ဆုံးဂိုဏ်းဖြစ်တဲ့ ငရဲဂိုဏ်းက ဒီအထိရောက်လာတာ ဂုဏ်ယူစရာပါပဲရှင်။ ကျွန်မရဲ့ ရိုင်းပျမှုအတွက် တောင်းပန်ပါတယ် ”

ရထားလုံးပျံမှ အသံက ယုံကြည်ချက်အပြည့် ထွက်ပေါ်လာသည် “ ငါ လိုချင်တာ ဝေ့ကျိုးယန်ရဲ့ အသက်ပဲ”

ထိုစကားများက တည့်တိုးဆန်လှ၏။

“ကျွန်မ နားမလည်ဘူး။ ငရဲဂိုဏ်းက တော်လှန်ရေးတပ်နဲ့ စစ်သူကြီး ကိစ္စတွေမှာ ဘာလို့ဝင်ရှုပ်နေရတာလဲ။ တာ့ယန်ကို ရန်သူဖြစ်စေချင်လို့လား ”

“မင်း သေချင်နေတာလား” ထိုစကားအဆုံးတွင် အားပြင်းပြင်း အသံလှိုင်း ကပ်ပါလာသည်။

နားထောင်သူများ၏ နားက တုန်ဟီးသွားလေ၏။

ထို့နောက် ဧရာမဓားကြီး ပေါ်ထွက်လာသည်။ ယခင်ထက် ပိုမို ကြီးကျယ်လှသည်။

နှစ်ဖက်လုံးက နောက်ဆုတ်လိုက်ကြသည်။

မျက်နှာဖုံးတပ် ကျင့်ကြံသူများပင် မဟူရာကောင်းကင် ကြယ်အလင်းရောင်ကို စိုးထိတ်ကြသည်။

ဝုန်း ..

နှစ်ဖက်ကြား ချောက်နက်ကြီး ပေါ်ထွက်လာသည်။ ထိုနေရာရှိ အိမ်များလည်း ပြိုကျသွားကြ၏။

“ စစ်သူကြီးဝေ့ နောက်ဆုတ်” လီကျင်းယီက ဝေ့ကျိုးယန်ကို သတိပေးလိုက်သည်။

ဝေ့ကျိုးယန်က အခြေအနေ အန္တရာယ်များလာကြောင်း တွေ့သည့်အခါ လှည့်ထွက်သွားလိုက်သည်။ သူ့လက်ထောက်လေးယောက်က အနီးကပ်လိုက်ပါလာပြီး သူ့အား ကာကွယ်ပေးကြ၏။ သူတို့က မြို့မြောက်ဂိတ်ပေါက်ဘက် နောက်ဆုတ်လိုက်ကြသည်။

“ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့” ရထားလုံးပျံထဲမှ သတ်ဖြတ်လှိုင်း ထွက်လာသည်။

လီကျင်းယီက မျက်မှောင်ကြုတ်ကာ “ကျွန်မက ဂိုဏ်းချုပ်အတွက် ပြိုင်ဘက် မဟုတ်မှန်း သိပေမဲ့ နောက်မဆုတ်ဘူး ”

ရထားလုံးပျံပေါ် အားပြင်းသည့် ချီလှိုင်းအတက်အကျ ဖြစ်လာသည်။

မင်ရှစ်ရင်က ထိုမြင်ကွင်းကို မြင်လိုက်သည့်အခါ ခေါင်းခါလိုက်၏။ သူက ပန်းထိုးဝတ်ရုံနှင့် မိန်းကလေးသည် သတ္တိကောင်းလိမ့်မည်ဟု မထင်ထားပေ။ ရထားလုံးပျံမှ လူက အယောင်ဆောင်ဖြစ်နေသော်လည်း အားကောင်းသည့် ကျင့်ကြံဆင့် ရှိမှန်း သိသာလှသည်။

ပန်းထိုးဝတ်ရုံနဲ့ မိန်းကလေးကရော စွမ်းအား ဖုံးကွယ်ထားတာများလား …

သူမဘာသာ တစ်ယောက်တည်း အားကောင်းတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်နိုင်လောက်အောင် စွမ်းအားကြီးနေတာလား …

…………….

ထိုစဉ် စီအိမ်တော်မှ မှိန်ဖျဖျ အပြာရောင်အလင်း ထွက်လာသည်။

ထူးခြားလှသည့် အငွေ့အသက်က အားလုံး၏ အာရုံကို ဆွဲဆောင်သွားသောကြောင့် လှည့်ကြည့်လိုက်ကြသည်။

သာမန်စစ်သားများက ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ပျံသန်းနေသည့် ကျင့်ကြံသူများက ထိုမြင်ကွင်းကြောင့် အံ့ဩတကြီး ဖြစ်သွားကြသည်။

အပြာရောင်အလင်းများဖြင့် ဖုံးလွှမ်းထားသည့် သေးသေးကွေးကွေး မိန်းကလေးတစ်ယောက်သည် အိမ်ထဲမှ ထွက်လာကာ ခေါင်မိုးပေါ် ရောက်လာသည်။

“ရှောင်ရှစ်မေ့” မင်ရှစ်ရင်က တံတွေးမျိုချလိုက်သည်။

“ဒါက တိမ်ယံငှက်မွေးဝတ်စုံအစွမ်းလား ”

တွမ့်မူရှန်းက ရှောင်ယွမ်အာ၏ ဝတ်စုံကို ကြည့်ကာ တအံ့တဩ ဖြစ်နေပြီး “ အမှန်ပဲ … တကယ်ကို တိမ်ယံငှက်မွေးဝတ်စုံပဲ ”

ရှောင်ယွမ်အာက ကြောင်တစ်ကောင်လို ပေါ့ပေါ့ပါးပါး ခုန်သွားလိုက်သည်။

ရထားလုံးပျံပေါ်မှ လူအများ၏ အာရုံပင် ရှောင်ယွမ်အာပေါ်တွင် ရှိ၏။

မင်ရှစ်ရင်က တီးတိုးပြောလိုက်သည်။

“ရှစ်စွင်း အရမ်းမျက်နှာလိုက်တာပဲ။ သူမကို နိဗာနခါးစည်းပေးထားတာ မလုံလောက်သေးလို့ တိမ်ယံငှက်မွေးဝတ်စုံတောင် ထုတ်ပေးထားတာပဲ ”

ရှောင်ယွမ်အာက မင်ရှစ်ရင်ကို မြင်လိုက်သည့်အခါ အသံပို့လိုက်သည်။ “ ရှစ်စွင်းက လီကျင်းယီနဲ့ ဝေ့ကျိုးယန်ကို မသေစေနဲ့လို့ ပြောလိုက်တယ် ”

မင်ရှစ်ရင်က ကြောင်သွားကာ “ငါတို့က တစ်ခုခုလုပ်ရမှာလား ”

“ကျန်းအိုက်ကျန့်က ရှစ်စွင်းကို လှုပ်ရှားဖို့ စာပို့ပြီး အကူအညီတောင်းထားတယ်” ရှောင်ယွမ်အာက ပြောလိုက်သည်။

“ ရှစ်စွင်းက တကယ်ကြင်နာတတ်တာပဲ။ ကျန်းအိုက်ကျန့်က သူ့တာဝန်ကို အမြဲတမ်း တက်တက်ကြွကြွ လုပ်ဆောင်နေတာဆိုတော့ ငါတို့ထဲက တစ်ယောက် ဖြစ်နေပါပြီလေ ”

ဒါပေမဲ့ ကျန်းအိုက်ကျန့်က လီကျင်းယီကို ဘာလို့ကူညီပေးတာလဲ …

ရှောင်ယွမ်အာက မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့အား ကြည့်လိုက်ပြီးနောက် ပျံသန်းသွားလိုက်သည်။ သူမက မျက်နှာချင်းဆိုင်ဘက်ကို ကြည့်လိုက်သည်။

စစ်သားထောင်ချီနှင့် ကျင့်ကြံသူရာချီတို့က သူတို့အချင်းချင်း အကြည့်ဖလှယ်နေကြ၏။

လီကျင်းယီက ငှက်မွေးဝတ်စုံနှင့် ကောင်မလေးကို မြင်လေသည်။ သည်လိုရတနာမျိုး ပိုင်ဆိုင်သူက သာမန်တော့ မဖြစ်နိုင်ပေ။ သူမက လတ်တလောလေးမှ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ရောက်ခါစ ဖြစ်ပြီး ပွင့်ချပ်ပင် မထွက်သေးသည့် ကောင်မလေး ဖြစ်သော်လည်း လျှော့တွက်၍ မဖြစ်ပေ။

ရထားလုံးပျံမှ အသံတစ်သံ ထွက်ပေါ်လာသည် “ကောင်မလေး … မင်းက ဘယ်သူလဲ ”

ရှောင်ယွမ်အာက ရထားလုံးပျံကို ကြည့်ကာ “ ရှစ်စွင်းက လီကျင်းယီနဲ့ ဝေ့ကျိုးယန်ကို ဘယ်သူမှ မထိရဘူးလို့ ပြောလိုက်တယ်”

ရထားလုံးပျံက တိတ်ဆိတ်သွားလေသည်။ ထိုသူက တစ်ခုခုကို စဉ်းစားနေဟန်ပေါ်၏။

လီကျင်းယီက လက်နှစ်ဖက်ယှက်ကာ “ မိန်းကလေး ပြောပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကနေ ဖယ်နေသင့်တယ်။ မင်း တတ်နိုင်ရင် ကိုယ့်ဘာသာ စောင့်ရှောက်သင့်တယ် ”

ရှောင်ယွမ်အာက လီကျင်းယီကို ကြည့်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မေးလိုက်သည် “ရှင်က လီကျင်းယီလား”

“ အင်း ” လီကျင်းယီက ကြော့ရှင်းစွာ ဦးညွှတ်လိုက်သည် “မိန်းကလေး အဲဒီရထားလုံးပျံက တစ်မိုးသားအောက်မှာ အကြီးမြတ်ဆုံးဂိုဏ်းဖြစ်တဲ့ ငရဲဂိုဏ်းချုပ် ယွီကျန့်ဟိုင်ပဲ … အခု မင်း ထွက်ပြေးသင့်ပြီ ”

ရှောင်ယွမ်အာက ရထားလုံးပျံကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

တာ့ရှစ်ရှိုးက ရထားလုံးပျံပေါ်မှာလား …

အာ့ရှစ်ရှိုး ပေါ်လာသောကြောင့် သူမက တာ့ရှစ်ရှိုးကို မမြင်ဖူးသော်လည်း ယုံသွားလေသည်။

မင်ရှစ်ရင်က အယောင်ဆောင်၏ အလိမ်အညာကို မဖော်ထုတ်ပေ။ ထို့အစား သူက လီကျင်းယီကို စိတ်ဝင်စားနေမိသည်။

ရှောင်ယွမ်အာက ရထားလုံးပျံကို လက်ညှိုးထိုးကာ နားမလည်စွာ မေးလိုက်သည်။ “ ဒါက ငရဲဂိုဏ်းချုပ်လား ”

“ ဟုတ်ပါတယ် ”

လီကျင်းယီက ငယ်ငယ်ရွယ်ရွယ် ကြင်ကြင်နာနာ မိန်းကလေးကို မြင်သည့်အခါ “လောကကြီးမှာ မိစ္ဆာဝေဟင်မျှော်နန်းလို့ ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုရှိတယ်။ မိစ္ဆာလမ်းစဉ် ဂိုဏ်းချုပ်မှာ တပည့်ကိုးယောက် ရှိတယ်လေ။ သူတို့အားလုံး မိစ္ဆာတွေပဲ။ ငရဲဂိုဏ်းချုပ်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်ကြီး … သူက ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်ပြီးတော့ သူ့ပြိုင်ဘက်ကို မတွေ့ရတော့ဘူးလို့ ကြားထားတယ် ”

ရှောင်ယွမ်အာက အနည်းငယ် ကြောင်အမ်းသွားလေသည်။

ရထားလုံးပျံမှ အသံ ထွက်လာသည်။ “ ငါ ဘယ်သူလဲ သိနေမှတော့ ဘာလို့ ဆက်တိုက်နေသေးတာလဲ”

လီကျင်းယီက ပြန်ဖြေလိုက်သည်။ “ အဖြေကို သိနေပြီးသားပဲမလား။ ကျွန်မ နောက်မဆုတ်ဘူး ”

အန်းယန်မြို့၏‌ ဘေးကင်းမှု၊ ဖြစ်နိုင်တာက တာ့ယန်ကိုယ်တိုင်ပင် ထိုအမျိုးသမီးနှင့် ချည်နှောင်ထားပုံပေါ်သည်။

မင်ရှစ်ရင်က သူရဲကောင်း မဟုတ်သလို သမာသမတ်ကျသူ မဟုတ်မှန်းလည်း သိထားသည်။ သို့သော်လည်း သူက ထိုအမျိုးသမီးကို အားကိုး ၍ ရသည်ဟု ခံစားနေရသည်။

“အဲဆို သေလိုက်တော့ … ”

ဧရာမဓားကြီးက ရထားလုံးပျံမှ ဆင်းသက်လာသည်။ ဧရာမဓားကြီးက လှည့်ပတ်ရင်း မြို့ဆီ ကျရောက်လာသည်။

လီကျင်းယီက မြေပြင်ကို ကန်ကာ မိုးကုတ်စက်ဝိုင်းဆီ ပြေးဝင်သွားလိုက်သည်။ သူမက ညာဘက်လက်ကို မြောက်လိုက်သည့်အခါ ထီးပုံသဏ္ဍာန် ကာကွယ်ရေးစွမ်းအားက သူမပေါ် ပေါ်ထွက်လာသည်။ စွမ်းအားလှိုင်းများက အသက်ဝင်နေသည့်အလား တောက်ပနေလေ၏။

ထိုစဉ် မျက်နှာဖုံးတပ် ကျင့်ကြံသူလေးယောက်ကလည်း ရထားလုံးပျံမှ ခုန်ဆင်းလာကြသည်။

ကာကွယ်သူလေးယောက်လုံးပင် အယောင်ဆောင်များ ဖြစ်ကြ၏။ သူတို့၏ ကျင့်ကြံဆင်က တကယ့်အစစ်အမှန်နှင့် နည်းနည်းလေးမှ မနီးစပ်ပေ။

မင်ရှစ်ရင်က ပြောလိုက်သည် “ ရှစ်စွင်းက လီကျင်းယီကို သေလို့မဖြစ်ဘူးလို့ ပြောထားတယ်”

ဘန်း

မင်ရှစ်ရင်က မျက်နှာဖုံးတပ် ကျင့်ကြံသူတစ်ယောက်ဆီ ပြေးဝင်သွားလိုက်သည်။ သူ့လက်ထဲ ခွဲခွာချိတ်ကောက်လည်း ပေါ်လာ၏။

တွမ့်မူရှန်းက ထိုအရာကို မြင်သည့်အခါ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းအလား ထွက်လာကာ အခြားမျက်နှာဖုံးတပ် ကျင့်ကြံသူဆီ ဝင်လာသည်။ သူက နယ်ရှင်လှံဖြင့် ကာဆီးရင်း ပစ်မှတ်၏ မျက်နှာကို တိမ်ခွင်းအင်အားဖြင့် ထိုးချလိုက်သည်။

“ အဲမိန်းကလေးကို ခေါ်သွား ”

“ဟုတ်”

ဝုန်း

မဟူရာကောင်းကင် ကြယ်အလင်းက လီကျင်းယီ၏ အကာအကွယ်နှင့် တွေ့သွားသည်။

စွမ်းအားများက ပေါင်းစပ်ကာ နေရာအနှံ့ ပျံ့ကျဲသွားလေ၏။ ထို့နောက် မီတာတစ်ရာပတ်လည် လှိုင်းလုံးနှင့်တူသည့် စွမ်းအားလှိုင်းတွန့် ထွက်ပေါ်လာသည်။

လီကျင်းယီက ကောင်းကင်ထဲ ဆက်တက်လိုက်၏။ သူမက အောက်ကို ငုံ့ကြည့်ကာ “ကောင်မလေး ပြေးတော့ … ”

သူမက လက်မြောက်လိုက်သည့်အခါ ကတော့ပုံစံ စွမ်းအားလှိုင်းက မျက်နှာဖုံးတပ် ကျင့်ကြံသူများဆီ ဝင်ရောက်သွားသည်။ သူမက ရှောင်ယွမ်အာ ထွက်ပြေးဖို့ အချိန်ဆွဲပေးနေခြင်းသာ ဖြစ်၏။

သို့သော်လည်း ရှောင်ယွမ်အာက နားမလည်နိုင် ဖြစ်နေသည်။

ငါက ငကြောက်နဲ့ တူလို့လား …

တိမ်ယံငှက်မွေးဝတ်စုံက တောက်ပလာသည်။ စွမ်းအားလှိုင်းများက သူမဆီ ရောက်လာသည့်အခါ ဗလာဖြစ်သွားလေ၏။

ရုတ်ခြည်းဆိုသလို နိဗာနခါးစည်း ပေါ်ထွက်လာပြီး “ ခုနှစ်စင်ကြယ် တိမ်ယံကိုယ်ဖော့သိုင်း ”

မျက်နှာဖုံးတပ် ကျင့်ကြံသူနှစ်ယောက်အနား အနီရောင်အဝတ်စ တစ်ခု ရစ်ပတ်သွားလေသည်။

အားလုံးက ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ အထူးသဖြင့် စောင့်ကြည့်နေကြသည့် ကျင့်ကြံသူများအတွက် ဖြစ်သည်။

ဒီကောင်မလေးက နောက်ခံ တကယ် ထူးခြားတာပဲ … သူမဆီမှာ ရတနာတွေအများကြီး ရှိတာပဲ

တိမ်ယံငှက်မွေးဝတ်စုံက လက်နက် မဟုတ်သော်လည်း အဆင့်အားဖြင့် သတ်မှတ်ရလျှင် ကောင်းကင်အဆင့် လက်နက်ကို မရှုံးပေ။

“ဒါက ရှင်တို့ လုပ်နိုင်တာ အကုန်ပဲလား ” ရှောင်ယွမ်အာ၏ နိဗာနခါးစည်းက ပစ်မှတ်များကို ရိုက်လိုက်သည်။

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့လည်း အရေးသာနေကြ၏။

လီကျင်းယီက အနည်းငယ် အံ့ဩသွားကာ “ ဒီမိန်းကလေးက …”

တစ်ချိန်တည်းဆိုသလို သူမက မင်ရှစ်ရင်နှင့် တွမ့်မူရှန်းကို ကြည့်လိုက်မိသည်။

ရုတ်ခြည်းဆိုသလို ရထားလုံးပျံမှ ခရမ်းရောင်စွမ်းအား ထွက်ပေါ်လာသည်။ ထိုအရာက စွမ်းအားပေါက်ကွဲခြင်းနှင့် ဆင်တူသော်လည်း လုံးလုံးတူနေခြင်း မဟုတ်ပေ။

လီကျင်းယီက လက်မြောက်ကာ စွမ်းအားကို ပစ်ခတ်လိုက်သည်။ “ သက်ရောက်မှု မရှိဘူးလား”

ထိုစဉ် သူက ထူးခြားနေသည့် ခရမ်းအလင်းတန်းမှာ စုန်းပညာ ဖြစ်ကြောင်း သဘောပေါက်သွားသည်။ ထို့အပြင် ထိုအရာက ယွမ်အာဆီ ဦးတည်နေလေ၏။

အရာအားလုံးက အမြန်အဆန် ဖြစ်ပျက်သွားသည်။ ရှောင်ယွမ်အာ ဝင်ပါပြီး တိုက်ခိုက်သည့်နောက် စက္ကန့်ပိုင်းလေးအတွင်း ဖြစ်၏။

“ဟူး မိန်းကလေးရေ ငါလည်း အကောင်းဆုံး ကြိုးစားခဲ့ပါတယ်” လီကျင်းယီက မော့ကြည့်လိုက်ပြီးနောက် ရထားလုံးပျံဆီ ပျံသန်းသွားလိုက်သည်။

သူခိုးကို ဖမ်းဖို့ ခေါင်းဆောင်ကို အရင်ဖမ်းဖို့ လိုအပ်၏။

…

အခန်း (၂၀၁) ခမ်းနားခြင်းကျင့်စဉ်? ထွက်သွား

တိမ်ယံငှက်မွှေးဝတ်စုံသည် ရုတ်တရက် အပြာနုရောင် ရောင်ခြည်တို့ဖြင့် ပေါက်ကွဲလာသည်။ စွမ်းအင်လှိုင်းက ရှောင်ယွမ်အာနားရောက်သည့်အချိန်တွင် မိုးပြာရောင်ရောင်ခြည်ကြောင့် အပြည့်အဝဟန့်တားခံလိုက်ရသည်။

“တိမ်ယံငှက်မွှေးဝတ်စုံလား”

၎င်းသည် စွမ်းအင်တစ်ဝက်ကျော်ကို ဟန့်တားပေးသော်ငြား ရှောင်ယွမ်အာကို နောက်သို့လွင့်သွား စေသေး၏။ သူမက နောက်သို့အနည်းငယ်ဆုတ်လိုက်ပြီးနောက် ခေါင်မိုးပေါ်မြဲမြံစွာရပ်ကာ ထိန်းထားလိုက်၏။

မူလက လီကျင်းယီသည် ထိုစွမ်းအင်လှိုင်းသည် မိန်းမငယ်လေးကို ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေမည်ဟု ထင်ခဲ့သည်။ သို့သော် တိမ်ယံငှက်မွှေးဝတ်စုံက ထိုမျှဆန်းကြယ်လိမ့်မည်ဟု သူမ မထင်ထားပေ။ ဒီ မိန်းကလေးက ဘယ်သူလဲ။

ထိုစဉ် ကောင်းကင်ကို မော့ကြည့်နေကြသည့် စီအိမ်တော်၏ ခြံဝန်းထဲရှိအစေခံများက အော်လိုက်၏။ “သခင်မလေး”

ရှောင်ယွမ်အာက ပြန်လှည့်လာသည့်အချိန်တွင် နိဗာနခါးစည်းကို လွှတ်လိုက်၏။ သူမက အလွန်ထိတ်လန့်သည့် အမူအရာဖြင့် ကောင်းကင်ကိုကြည့်နေသည်။

“ငါ အဆင်ပြေတယ်”

စီယွမ်သည် အခြေအနေက အလွန်အန္တရာယ်များတာကို တွေ့သောအခါ လုကျိုး၏အခန်းထဲသို့ သွားလိုက်၏။

သူက အတော်သတ္တိမွေးထားသော်ငြား မြင်လိုက်ရသည်တွင် ထိတ်လန့်နေသေးသည်။

“ယွမ်အာ အန္တရာယ်များနေပြီ။ ကျေးဇူးပြုပြီး တစ်ခုခုလုပ်ပါဦး ဆရာကြီး” သူက တံခါးကို မျှော်လင့်တကြီး မှီထားလျက် အကြောင်းပြန်လာမှာကိုစောင့်နေသည်။

လုကျိုးက မျက်လုံးမှိတ်ထားပြီး အခန်းထဲတွင် တင်ပလင်ခွေချိတ်ထိုင်နေသေး၏။ အမှန်တကယ် တွင် အပြင်ဖက်ရှိ ရုတ်ရုတ်သဲသဲအသံကို သူကြားသည်။ သို့သော် သူအကြောင်းမပြန်ခဲ့ပေ။ သူ၏ စိတ်ထဲတွင် စွမ်းအင်တစ်စက လှုပ်ရှားချင်နေပုံရ၏။ ၎င်းက ပိုသန်မာနေသည်။ လုကျိုးသည် ထိုကဲ့သို့ ယခင်က တစ်ခါမှ မခံစားဖူးပေ။ အတိတ်တုန်းက ကောင်းကင်ကျမ်းစာကို ဆင်ခြင်နေသည့် အချိန်တွင် သူ၏ခံစားမှုက စိတ်အခြေအနေ ပိုကြည်လင် လာတာကိုပဲဖြစ်သည်။ သူသည် ဗြဟ္မာ့သားချော့တေးနှင့် စုန်းအတတ်များကို ရင်ဆိုင်ရသည့်အချိန်၌ ထူးကဲသောစွမ်းအားက အလိုလို အသက်ဝင်လာ၏။

ယခုအခေါက်တွင်မူ မတူပေ။ ဆန်းကြယ်သောအထိအတွေ့က သူသည် ထိုအံ့ဖွယ် စွမ်းအင်ကို ထိန်းချုပ်နိုင်သည့်ပမာ ခံစားရ၏။ သူမရပ်တန့်နိုင်ကြောင်း အာရုံခံမိသည်။ ရပ်တန့်လိုက်လျှင် ဤအခြေအနေထဲ ထပ်မံဝင်ရောက်နိုင်ရန်ခက်ခဲသွားမှာပဲဖြစ်သည်။

ထိုစဉ် လီကျင်းယီက ရထားလုံးပျံနှင့်ပျံသန်းလာတော့သည်။ သူက လက်ကို တဖျတ်ဖျတ်လှုပ်ရှားလိုက်၏။ စွမ်းအင်သင်္ကေတထောင်ချီက ဖွဲ့တည်လာတော့သည်။

“သိပ်နောက်ကျသွားပြီ” မိုးကြိုးသံပမာအသံက ရထားလုံးပျံထဲမှ ပေါ်ထွက်လာ၏။

စွမ်းအင်သင်္ကေတများကို ကြောက်မက်ဖွယ်ကောင်းသည့် ကျင့်စဉ်က ခြေမွလိုက်ပြီးနောက် သူတို့က ပုံသဏ္ဌာန်တောင် မဖွဲ့နိုင်ခဲ့ကြပေ။ လေထဲတွင် အမြုပ်များသဖွယ်ပျောက်ကွယ်သွား၏။

ဘန်း

လီကျင်းယီက အရိုက်ခံရပြီးလဲကျသွားသည်။

မင်ရှစ်ရင်က တွမ့်မူရှန်းကိုအော်ပြောလိုက်သည်။ "စန်းရှစ်ရှိုး ထပ်ပြီးထိန်းမနေနဲ့တော့”

“စိတ်ဝိညာဉ်သဏ္ဌာန်”

ဒုက္ခရှုကွင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုက လေထဲတွင်ပေါ်လာ၏။

ခွဲခွာချိတ်ကောက်နှင့် နယ်ရှင်လှံတို့သည် တစ်ချိန်ထဲတွင် မျက်နှာဖုံးဝတ်ကျင့်ကြံသူများ၏ ရင်ဘတ်ကို ထိုးဖောက်တော့မည့်ပမာထင်ရသည်။

ရှောင်ယွမ်အာက ခေါင်မိုးပေါ်တွင်ပြေးလွှားနေပြီး သူမကိုယ်သူမထိန်းနေ၏။ နိဗာနခါးစည်းသည် ကျင့်ကြံသူနှစ်ဦးဆီရောက်သွားပြီး ကျင့်ကြံသူနှစ်ဦးကို ချန်ထားလျက် ရှောင်ယွမ်အာဆီသို့ နဂါးတစ်ကောင်သဖွယ်ဝင်လာသည်။ သူမက လီကျင်းယီဆီရွေ့သွားလိုက်၏။ “ရှစ်ရှိုး”

ရှောင်ယွမ်အာ၏ ခုနစ်စင်ကြယ် တိမ်ယံခြေလှမ်းက နိဗာနခါးစည်းအတွက် ပြီးပြည့်စုံသော တွဲဖက်ဖြစ်သည်။

“လာလော့ရော့” မင်ရှစ်ရင်နှင့် တွမ့်မူရှန်း၏ စိတ်ဝိညာဉ်သဏ္ဌာန်က လျင်မြန်စွာ ရွေ့လျားနေသည်။ သူတို့က ကျန်ရှိသည့် မျက်နှာဖုံးဖြင့် ကျင့်ကြံသူများဆီသွားရန် ရည်ရွယ်နေလေ၏။

ထိုသူနှစ်ယောက်က ကျင့်ကြံဆင့်ပိုအားနည်းသည်။ အရင်နှစ်ယောက်ထံမှအော်သံကို ကြားရသေး၏။ သူတို့က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်တွင်တောင် မဟုတ်ပေ။ ရှောင်ယွမ်အာက သူတို့ကို သူမ ဘာသာ အနိုင်ယူနိုင်သော်ငြား အချိန်ကတိုတောင်းသည်။

နိဗာနခါးစည်းက ဆန့်တန်းသွားပြီး လီကျင်းယီ၏အောက်ဆီသို့ ပွင့်ချပ်ပမာရောက်သွားသည်။ ယင်းက လီကျင်းယီ လဲကျတာကို ထိန်းကူနိုင်သည်။

ရှောင်ယွမ်အာသည် လီကျင်းယီနား ချဉ်းကပ်လာ၏။ နိဗာနခါးစည်းသည် သူတို့နှစ်ယောက်ကို ရစ်ပတ်လျက် ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။

“ငါလိုချင်တဲ့အရာပဲ” ကောင်းကင်ထဲတွင် ဧရာမဓားကြီးက ထပ်မံပေါ်ပေါက်လာ၏။

မဟာမဟူရာကောင်းကင်အောက်မေ့ရာလား။

ဓားက ပိုကြီးမားလာတော့သည်။ လီကျင်းယီက မျက်နှာထက်တွင် ကြောက်လန့်နေသော အမူအရာ ဖြင့် မော့ကြည့်လိုက်၏။ “ထွက်သွား” သူမသည် ရှောင်ယွမ်အာကို ဘေးသို့အမြန်တွန်းထုတ် လိုက်သည်။ နိဗာနခါးစည်းထံမှ ဖြည်ပြေးပြီးနောက်လေထဲသို့ လှည့်ထွက်သွားသည်။

ရှောင်ယွမ်အာက မျက်ခုံးပင့်လိုက်၏။ "ရှင် ဘာလုပ်နေတာလဲ” သူတို့အတွက် သူမရှစ်စွင်း၏ တာဝန်ကိုမ ကျရှုံးစေရန်ဆုံးဖြတ်ထားသည်။

“ရှစ်စွင်းခိုင်းတဲ့အတိုင်းပြီးအောင်လုပ်ရမယ်”

နိဗာနခါးစည်းက ထပ်မံပြေသွားပြန်သည်။

“အထွတ်အထိပ်သန့်စင်ကျောက်စိမ်းကျင့်စဉ်"

ထုံထိုင်းသောလှုပ်ရှားမှုများနှင့် ပွင့်ချပ်မရှိသည့်ဒုက္ခရှုကွင်းမိုင်တစ်ရာဖြင့် ရှောင်ယွမ်အာသည် လီကျင်းယီဘေး၌ ပေါ်လာသည်။ နိဗာနခါးစည်းက သူတို့အထက်မှ သူတို့ကို မိုးထားပေးသည်။

“မိန်းကလေး” လီကျင်းယီ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်စွမ်းအင်တစ်ခုပေါ်ထွက်လာသည်။

ဖုန်း

စွမ်းအင်များက သူတို့အထက်ကို တိုက်မိသွား၏။ ရှောင်ယွမ်အာနှင့်လီကျင်းယီက နောက်ဆုတ်လိုက်သည်။

“ကျွန်မ အဆင်ပြေတယ်” ရှောင်ယွမ်အာက သူမ၏နိဗာနခါးစည်းကိုပြန်ဆွဲယူလိုက်သည်။

မင်ရှစ်ရင်နှင့်တွမ့်မူရှန်းက ယခုအချိန်တွင် သူ၏ရန်သူကိုဖြေရှင်းနေ၏။ နှစ်ယောက်သားက အမြန်ကူရန်ပြင်ဆင်နေကြသည်။

ဝှစ်

ထိုစဉ် အန်းရန်၏အနောက်မြောက်အရပ်ကနေ သူတို့ဆီ မီးခိုးရောင်တိမ်တိုက်များရောက်လာသည်။ သူတို့က မြန်ဆန်သည့်အရှိန်ဖြင့် ရွေ့လျားနေတာဖြစ်သည်။

လီကျင်းယီက ရှောင်ယွမ်အာ၏လက်ကို ကိုင်ပြီးဆင်းသက်လိုက်၏။

"နောက်ဆုတ်ဖို့ပြင်တော့ အစွမ်းထက်တဲ့ရန်သူရောက်လာပြီ”

ကောင်းကင်ထဲရှိရထားလုံးပျံကြီးက ပိုသန်မာသောရန်သူရောက်လာတာကို အာရုံခံမိသည်။ မင်ရှစ်ရင်က လေထဲတွင် ပျံဝဲနေစဉ် မီးခိုးရောင်တိမ်ကိုကြည့်လိုက်၏။ တိမ်များသည် ဝေဝါးနေ သည်။ အနီးကပ်လိုက်သောအခါ တိမ်တိုက်များမဟုတ် အညိုရောင်ရထားလုံးဖြစ်ကြောင်း တွေ့လိုက်ရသည်။

ကြီးမားသည့် ရထားလုံးပျံပေါ်၌ အလံကြီးတစ်ခုကိုပြသထား၏။ နဂါးသွဲ့ကျောက်ဓားမော့ကို အလံ ပေါ်တွင်မြင်ရသည်။ ငရဲဂိုဏ်းဟူသော စကားလုံးကြီးများကိုလည်း အလံပေါ်တွင်ရေးထားလေ၏။

“ရှစ်စွင်း ငရဲဂိုဏ်းခေါင်းဆောင် ယွီကျန့်ဟိုင်က ဒီရောက်နေပါပြီ”

အတုအယောင်၏ ရထားလုံးပျံထဲရှိ ကနဦးချီသည် သိသာသည့် အတက်အကျဖြစ်သွားသည်။ ရထားလုံးပျံထဲတွင် ထိုင်နေသော ဝတ်ရုံနက်ဖြင့်ကျင့်ကြံသူက မျက်လုံးဖွင့်လိုက်၏။

ယွီကျန့်ဟိုင်က ဒီမှာလား။ သူ့ရင်ဘတ်ပေါ်လက်တင်ထားရာ ယခုအချိန်တွင် သိသိသာသာ တုန်လှုပ် နေသည်။ ကနဦးချီများက စတင်လည်ပတ်လာ၏။ သူ၏ချီကို စွမ်းအင်အဖြစ်ထပ်မံ သိပ်သည်း ချင်သည်။ သို့သော် မလုပ်နိုင်ပေ။ ငရဲဂိုဏ်း၏ရထားလုံးပျံက ပိုမိုနီးကပ်လာသည်နှင့် သူ၏လက်က ပိုတောင်တုန်ယင်လာ၏။ “နောက်ဆုတ်ဖို့ပြင်ကြ”

“နားလည်ပါပြီ”

သူသည် တိမ်ယံငှက်မွှေးဝတ်ရုံဖြင့်မိန်းမပျိုလေးကိုကြည့်ပြီး နက်ရှိုင်းသည့်လေသံဖြင့် ပြောလိုက်၏။

“မိန်းကလေး မင်းငါ့ရဲ့ အစီအစဉ်ကိုဖျက်ဆီးခဲ့တာ။ မင်းမလွတ်ဘူး”

ရထားလုံးပျံထဲမှ စွမ်းအင်လှိုင်းတို့ပေါ်ထွက်လာပြန်သည်။ ရှောင်ယွမ်အာဆီသို့ ဧရာမလက်သည်းကြီးတစ်ခုက တိုးဝင်သွားတော့သည်။

“ငါ့ရဲ့ရှစ်မေ့ကို တိုက်ခိုက်ဖို့ကြိုးစားနေတာလား။ ငါ့ကို အရင်ရှင်း” မင်ရှစ်ရင်၏ ခွဲခွာချိတ်ကောက် နှင့် ဓားအိမ်တို့ကလည်ပတ်သွားပြီးနောက် စွမ်းအင်လှိုင်းဆီရောက်သွားသည်။

နယ်ရှင်လှံကလည်းလှုပ်ရှားလာ၏။ လှိုင်းလုံးထောင်ချီ

ဝှစ်

သို့သော် ခွဲခွာချိတ်ကောက်နှင့်ဓားအိမ်၊ နယ်ရှင်လှံတို့က ဧရာမခရမ်းရောင်လက်သည်းကို ဖြတ်ကျော်သွားသည်။

“အသုံးမဝင်ဘူး။ အဲဒါစုန်းအတတ်” လီကျင်းယီသည် ရှောင်ယွမ်အာကို ဆွဲပြေးတော့သည်။

လက်သည်းကြီးက သူတို့နောက်သို့လိုက်လာ၏။ ငရဲဂိုဏ်း၏ရထားလုံးပျံထဲမှ သိပ်သည်းသော စွမ်းအင်တစ်စပေါ်ထွက်လာပြီး ရှောင်ယွမ်အာကိုရည်ရွယ်လိုက်သည်။

တစ်ချိန်တည်းတွင် ရထားလုံးပျံထဲမှလေးယောက်ခုန်ထွက်လာ၏။ သူတို့ကလျှပ်ပြက်သည့် အရှိန်ဖြင့်လှုပ်ရှားကြတော့သည်။

လီကျင်းယီနှင့်ဝေ့ကျိုးယန်က အတုအယောင်များကို သတိမပြုမိသေးပေ။ ရောက်လာသည့် ရထားလုံးပျံက ငရဲဂိုဏ်းမှတပ်ကူဟုသာတွေးမိကြသည်။ ယင်းက အမှန်တကယ်စိတ်ရှုပ်ထွေးစေ သော အခြေအနေဖြစ်သည်။

လီကျင်းယီက သက်ပြင်းချပြီးပြောလိုက်၏။ "မိန်းကလေး နင်ငါ့ကို တကြိမ်ကယ်တယ်ဆိုတော့ အခု မျက်နှာသာပြန်ပေးမယ်။ ဝေ့ကျိုးယန်ကို နင်နဲ့ခေါ်ပြီးထွက်သွားလိုက်” သူမက ခမ်းနားခြင်း ကျင့်စဉ်ထုတ်ဖော်မည့်အချိန်တွင် လုကျိုးရှိနေသည့် စီအိမ်တော်၏ခေါင်မိုးအထက်၌ အသံလှိုင်းက လေပွေတစ်ခုဖွဲ့တည်ပြီးဝေဝါးဝါးရောင်ခြည်တစ်ခုပေါ်ထွက်လာ၏။ ယင်းက လေထဲတွင် ခေါင်မိုးကို ဖောက်ထွက်သွားသည်။

“ထွက်သွား”

ထွက်သွားဟူသော စကားသည် လေပွေက အရွယ်အစားကြီးသော လော်စပီကာဖြစ်နေသည့်ပမာ အတက်သို့ တက်သွားသည်။

မင်ရှစ်ရင်က ဆင်းသက်လာ၏။ တွမ့်မူရှန်းဆင်းသက်လာသည်။ လီကျင်းယီဆင်းသက်လာပြီး ရှောင်ယွမ်အာသည်လည်း လီကျင်းယီဆွဲခေါ်ခံရပြီးနောက် ဆင်းသက်လာ၏။

အသံလှိုင်းက အထက်သို့တက်နေလေရာ မြေပြင်နှင့်ကပ်နေတာက အကောင်းဆုံးဖြစ်သည်။

ကောင်းကင်ထဲတွင် ရှိနေသည့်သူများက အခြေနေမဟန်ပေ။

"အပြောစွမ်းရည်ကို ရရှိလျှင် စကားဖြင့်မဖော်ပြနိုင်သော အမှန်တရားများအကြောင်းနှင့် ကွဲပြားသောလောကများရှိ တည်ရှိမှုများ၏ လျှာဖြင့်ပြောဆိုသည့် စကားကိုတောင် နားလည်နိုင်ချေသည်'

ဒါက ကောင်းကင်ကျမ်းစာရဲ့လူ့စာလိပ်ထဲက အပြောစွမ်းအင်ပဲ။

လုကျိုးသည် သူ့ဆီသို့ ရောက်လာသောအန္တရာယ်အငွေ့အသက်ကို ခံစားမိပြီး သူ၏ထူးကဲသော စွမ်းအင်များက ပေါ်ထွက်လာ၏။ ထွက်သွားဟူသော စကားက ကျင့်ကြံသူတိုင်း၏နားထဲ မိုးခြိမ်းသံ ပမာကြားနေရတော့သည်။ ခရမ်းရောင်လက်သည်းက မှိန်ဖျော့သွား၏။ ငရဲဂိုဏ်း၏ရထားလုံးပျံမှ စွမ်းအင်တိုက်ကွက်ကလည်း ပျောက်ကွယ်သွားကာ ပျော်ဝင်သွားပြီးနောက် ပုံစံဖွဲ့တည်သွားတော့သည်။

ကျင့်ကြံသူများသည် အသံလှိုင်းကြောင့် ယင်ကောင်များသဖွယ်ပြုတ်ကျလာတော့၏။ ငရဲဂိုဏ်း၏ မဟာကာကွယ်စောင့်ရှောက်သူလေးဦးကလည်း လေထဲတွင်နောက်ဆုတ်ကြပြီး သူတို့၏ မျက်နှာထက်တွင် ကြောက်လန့်ရိပ်များရှိနေ၏။ မြေပြင်ပေါ်တွင် ဖြစ်သည်။

အသံလှိုင်းသည် စီအိမ်တော်ကိုဗဟိုပြုလျက် မိုင်ပေါင်းများစွာပြန့်ကားသွား၏။ အန်းရန်မြို့သား တိုင်းက ထွက်သွားဟူသော စကားကိုကြားနေရသည်။ တော်လှန်ရေးတပ်နှင့် အံ့ဖွယ်မြို့က စစ်သည် ရဲမက်များကလည်း ထိုစကားကို ကြားရသည်။

လီကျင်းယီနှင့်ကျန်သည့်သူများက ချက်ချင်းပင်မော့ကြည့်လိုက်ကြသည်။

တောင်ဖက်ဂိတ်ထက်ရှိ ရထားလုံးပျံက ယိမ်းယိုင်လှုပ်ရှားပြီး အက်ကွဲလာတော့သည်။

အနောက်မြောက်အရပ်ရှိ ရထားလုံးပျံကမူ မဟာကာကွယ်စောင့်ရှောက်သူလေးပါးက အသံလှိုင်းကို ကာကွယ်ပေးထားသောကြောင့် သူ့ကိုယ်သူကာကွယ်နိုင်၏။ သို့သော် သူတို့၏မျက်နှာထက်တွင်မူ ကြောက်လန့်သည့်အမူအရာရှိနေသေးဆဲဖြစ်သည်။

ဝှစ်

တောင်ဘက်ဂိတ်ထက်ရှိရထားလုံးပျံက ပြင်းထန်သည့်ထိုးနှက်ချက်ကို ခံစားလိုက်ရဟန်တူသည်။ နေရာမှထွက်ပြေးတော့သည်။ အတော်ကြာရပ်တန့်ပြီးနောက် အန်းရန်၏လမ်းများက နောက်ဆုံးတွင် တိတ်ဆိတ်သွားတော့၏။

နေက ထွန်းလင်းတောက်ပနေသည်။ မည်သူမျှမလှုပ်ရှား။ မည်သူမျှ အသံတစ်သံမထွက်။ အားလုံးက ပတ်ဝန်းကျင်ကိုကြည့်နေသည့်အချိန် အချို့က ဇဝေဇဝါဖြစ်ကာ အချို့ကကြောက်လန့် နေလျက် အချို့က စိုးရိမ်ပူပန်နေကြသည်။

ခွပ်

စီအိမ်တော်၏ပင်မတံခါးများထိုစဉ်တွင် ဖြည်းဖြည်းချင်းပွင့်သွား၏။ လုကျိုးက လက်နောက်ပစ်ထားလျက်ထွက်လာတော့သည်။

“ရှစ်စွင်း”

“ရှစ်စွင်းကိုနှုတ်ဆက်ပါတယ်”

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းက ဒူးထောက်လိုက်တော့သည်။ ရှောင်ယွမ်အာက ဒူးထောက်ပြီး ပြောလိုက်၏။

“ရှစ်စွင်း”

လုကျိုးသည် လှစ်ကနဲပေါ်လာချင်တာမဟုတ်ပေ။ ထိုအစားသူ့၌ ကနဦးချီမကျန်တော့တာပဲ ဖြစ်သည်။ အမှန်တကယ်တွင် ထိုကဲ့သို့စွမ်းအားကိုမည်ကဲ့သို့ ထုတ်ဖော်ရမည်မှန်းမသိရချေ။ သူ၏ နတ်ဒေဝါဦးတည်နယ်ပယ်၏ကနဦးချီများက လျော့ပါးသွားတော့သည်။ သူ၏စိတ်ကလည်း အနား မရနိုင်ဖြစ်နေ၏။ ကောင်းကင်ကျမ်းစာကို နားလည်ပြီးနောက် ဤကဲ့သို့ဖြစ်လာသည်။ ထိုအကြောင်းပြချက်ကြောင့် သူဖြည်းဖြည်းချင်းသာ လျှောက်နိုင်သည်။ လျှောက်နေစဉ် ထူးကဲစွမ်းအားကို အသုံးပြုနိုင်သည့်နည်းလမ်းများကို တွေးနေ၏။

ထိုသို့တိုင် မည်သူကမှ ထိုအဘိုးအိုကို လျှော့မတွက်ရဲကြချေ။ ဆိုရလျှင် သူက လက်ရွေးစင်သုံးဦး၏ ဆရာဖြစ်သည်။ တပည့်များက ဒူးထောက်နေသေးဆဲဖြစ်၏။

လုကျိုးသည် သူ့အတွက်စိတ်ကူးရနေသောကြားကာလဖြစ်၏။ အရပ်လေးမျက်နှာကိုကြည့်လိုက် သည်။ တော်လှန်ရေးတပ်က သူ၏ဘယ်ဖက်၊ ညာဖက်တွင် ဝေ့ကျိုးယန်နှင့် လီကျင်းယီ အကြည့်အားလုံးက လုကျိုးဆီ တပြိုင်နက်တည်းရောက်လာ၏။

လီကျင်းယီက ဒူးတစ်ဖက်ထောက်လျက် လက်သီးဆုပ်ကာပြောလိုက်တော့သည်။ “ငရဲဂိုဏ်းရဲ့ မဟာကာကွယ်စောင့်ရှောက်သူလေးယောက်ကိုဖယ်ရှားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး”

ကောင်းကင်ထဲတွင် အစစ်အမှန်ငရဲဂိုဏ်း၏ မဟာကာကွယ်စောင့်ရှောက်သူလေးဦးက လေထဲတွင် ဝဲလျက် မြေပြင်ကိုကြောက်လန့်တကြားကြည့်လိုက်သည်။

“လီကျင်းယီလား” လုကျိုးသည် ရှောင်ယွမ်အာဘေးရှိ လီကျင်းယီကိုကြည့်လိုက်တော့သည်။

…

All Chapters