← Chapters

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း (၂၀၅) အံ့ဖွယ်မြို့တော်၏ နတ်လေးသျှင်သုံးဦးထဲမှ တစ်ဦးဖြစ်သော ဟွားယွဲ့ရှင်း (က)

ဘီလုံးငှက်မျှော်စင်အခြေရှိ ကျင့်ကြံသူများ၌ အားနည်းသောကျင့်ကြံဆင့်များ ရှိကြသည်။ သူတို့အားလုံးက အသစ်ရောက်လာသည့်သူက လက်ရွေးစင်မှန်းသိကြသည်။ သူ၏ ကျင့်ကြံဆင့်အမှန်ကို မသိကြတာပဲဖြစ်၏။

ပါးနပ်ပြီး သန်မာသောကျင့်ကြံသူများသည် သူတို့၏အရှိန်အဝါများကို ဖုံးကွယ်နေကျဖြစ်ပြီး သူတို့၏ ကိုယ်ပိုင်ကျင့်ကြံဆင့်ကို အလွယ်တကူမထုတ်ပြပေ။

မည်သည့်နည်းနှင့်မဆို ဤမြင်ကွင်းက ဤနေရာရှိလူများကို ခြိမ်းခြောက်နိုင်ရန်လုံလောက် ပြီးသားဖြစ်သည်။

ရှောင်ယွမ်အာသည် လက်တစ်ဖက်၌ ပန်းထိုးသေတ္တာကိုကိုင်ထားလျက် နောက်ထပ်လက်တစ်ဖက် တွင် နိဗာနခါးစည်းကို ကိုင်ထားလေ၏။ သူမဆီသို့ဖြည်းဖြည်းချင်းလျှောက်လာသည့်ကျင့်ကြံသူကို သိချင်သည့်အမူအရာဖြင့် ကြည့်နေလေသည်။

မင်ရှစ်ရင်က ပြောလိုက်၏။

"ရှစ်စွင်း ရှစ်မေ့ကို ကျွန်တော်သွားကူညီလိုက်မယ်”

“အဲလို လုပ်ဖို့မလိုဘူး” လုကျိုးကပြော၏။ သူ၏အလိုလိုသိစိတ်က ယန်ကျစ်ယွင်စန်း ပေါ်လာတော့မည်ဟုဆိုသည်။ သူက အရိပ်ထဲတွင် ပုန်းနေတာဖြစ်နိုင်ပြီး အဖြစ်အပျက်များကို စောင့်ကြည့်နေတာဖြစ်နိုင်၏။ ကျင့်ကြံသူတစ်စုတည်းတွင်တောင် ရှိနေနိုင်သည်။

ယန်ကျစ်ယွင်စန်း၌ နာမည်အတုသာရှိပြီး သူ၏အမည်အစစ်ကိုမည်သူမျှမသိကြ။ သူ၏ကျင့်ကြံဆင့် မည်မျှနက်နဲကြောင်းမသိကြပေ။ သူသည် ဗြဟ္မာ့ပင်လယ်နယ်ပယ်သို့မဟုတ် နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်တွင် ရှိလောက်သည်။

ဆန်းကြယ်သောကျင့်ကြံသူသည် ဘီလုံးမျှော်စင်အထက်ဆယ့်နှစ်မီတာသို့ရောက်သည့်အချိန်၌ ရပ်တန့်သွားတော့သည်။ သူက အနည်းငယ်အရိုအသေပေးလိုက်၏။ ကျောကိုမတ်ပြီးနောက် လက်ကိုဝှေ့ယမ်းလိုက်၏။

“မွေးနေ့အတွက် ဂုဏ်ပြုပါတယ် နဝမမိန်းကလေး။ ဂိုဏ်းသခင်ရဲ့အမိန့်အတိုင်းလက်ဆောင်ပေးဖို့ ဒီရောက်လာတာပါ”

သိမ်မွေ့သည့် စွမ်းအင်လှိုင်းတစ်ခုက ပန်းထိုးသေတ္တာကိုသယ်လျက် ဘီလုံးငှက်မျှော်စင်ဆီသို့ လျှောက်လာသည်။

ဘီလုံးငှက်မျှော်စင်အောက်ခြေရှိ ကျင့်ကြံသူများက မြင်ကွင်းကို အထိတ်တလန့်ကြည့်နေကြသည်။

‘ဒီမိန်းမငယ်လေးက ဘယ်သူများလဲ။ ဆန်းကြယ်တဲ့ကျင့်ကြံသူက ဘာကြောင့်များ သူ့ကို ဒီလောက်လေးစားနေရတာလဲ’

ကျန်းအိုက်ကျန့်က ခပ်ဖျော့ဖျော့ပြုံးလိုက်၏။ "မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စီးဝူယာ့က သူ့ရဲ့နာမည်အတိုင်းပဲ။ ပန်းထိုးသေတ္တာထဲမှာပါတဲ့ ရတနာက ဧရာမပိုးသားလက်အိတ်ပဲဖြစ်ရမယ်”

လူတိုင်းက ရှောင်ယွမ်အာဆီဖြည်းဖြည်းချင်းမျောလွင့်သွားသော ပန်းထိုးသေတ္တာကိုကြည့်နေကြ သည်။

ရှောင်ယွမ်အာက ပန်းထိုးသေတ္တာသူမဆီသို့ တဖြည်းဖြည်းချင်းရောက်လာစဉ် မျှော်လင့်တကြီးကြည့်နေလေ၏။ သူမ၏တာ့ရှစ်ရှိုးက သူမကို တိမ်ယံခြေလှမ်းဖိနပ်ကိုပေးပြီး အာ့ရှစ်ရှိုးကမူ တိမ်ယံငှက်မွေးဝတ်စုံကိုလက်ဆောင်ပေးခဲ့သည်။ ချီရှစ်ရှိုးက သူမကို မည်သည့်အရာ ပေးမည်နည်း။

ပန်းထိုးသေတ္တာက သူမလက်နားကပ်နေပြီဖြစ်သည်။

ဝှစ်

တေးသံကိုးသွယ်မြစ်ပေါ်ရှိ လှေလေးတစ်စင်းမှ ချိတ်တစ်ခုသည် သေတ္တာဆီသို့ဦးတည်လာ၏။

ချိတ်၏ပုံသဏ္ဌာန်က ငါးမျှားချိတ်နှင့်ဆင်တူပြီး ယင်းသည် ပန်းထိုးသေတ္တာဆီသို့တန်းတန်း မတ်မတ်သွားလေ၏။

ကျန်းအိုက်ကျန့်ကပြုံးကာပြောလိုက်တော့သည်။ “ငါးကတော့ ငါးစာချိတ်မိပြီပဲ” ခြေဖျားထောက်လျက်သူက တေးသံကိုးသွယ်မြစ်ဆီသို့ လျှပ်ပြက်သည့်အရှိန်ဖြင့်သွားလိုက်သည်။

မင်ရှစ်ရင်နှင့်တွမ့်မူရှန်းကလည်း သူ့တို့ကိုယ်သူတို့နောက်ကောက်ကျခွင့်မပြုပေ။

နှစ်ယောက်သားကလည်း ပျံသန်းလိုက်တော့သည်။ ရေမျက်နှာပြင်ပေါ်တွင် ပုစဉ်းရင်ကွဲများပမာ သူတို့က မြစ်ကို ကျော်ဖြတ်လျက် တေးသံကိုးသွယ်မြစ်ပေါ်ရှိလှေလေးဆီသို့ ဦးတည်သွားကြတော့သည်။

လူတိုင်းက အထိတ်တလန့်ပြောမိကြတော့သည်။

“နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူ သုံးယောက်ပဲ”

လုကျိုးက ပန်းထိုးသေတ္တာကို စိတ်မဝင်စားပေ။ ထိုအစား ကျန်းအိုက်ကျန့်ကိုသိချင်စိတ်ဖြင့် ကြည့်လိုက်၏။ သူကျန်းအိုက်ကျန့်နှင့်တွေ့ချိန်မှစပြီး သူတိုက်ခိုက်တာကို တစ်ခါမှမမြင်ဖူးပေ။ ကျန်းအိုက်ကျန့်က မင်ရှစ်ရင်အောက် မနိမ့်ကျမှန်းတွေ့လိုက်သောအခါ အနည်းငယ် အံ့ဩသွားလေ၏။

ဘန်း

ကျန်းအိုက်ကျန့်သည် လှေလေးဆီသို့ပထမဆုံးရောက်သည့်သူဖြစ်သည်။ ချိတ်က ပန်းထိုးသေတ္တာဆီ တန်းတန်းမတ်မတ် ရောက်သွားပြီး ရုတ်တရက် ပြန်ရုပ်လိုက်၏။

ဝှစ် ဝှစ် ဝှစ်

မျှော်စင်မှ ချိတ်ပေါင်းများစွာ ပေါ်ထွက်လာပြီး ဘီလုံးငှက်မျှော်စင်နှင့် တေးသံကိုးသွယ်မြစ်၏ အောက်ခြေမှ ချိတ်ပေါင်းများစွာသည် တပြိုင်နက်တည်း ပန်းထိုးသေတ္တာဆီရောက်လာ၏။

ကျန်သည့်သူများ တုံ့ပြန်ရန်အတွက်မြန်ဆန်လွန်းသည်။

“လှေပေါ်မှာ ဘယ်သူ့မှမရှိဘူး” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

မင်ရှစ်ရင်က အရပ်မျက်နှာများကို ဖွင့်လိုက်၏။ ဒုက္ခရှုကွင်းတစ်ရာ

မင်ရှစ်ရင်သည် တွေဝေမနေဘဲ သူ၏ ဒုက္ခရှုကွင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းတွင် ခမ်းနားခြင်းကျင့်စဉ်ကို ထုတ်ဖော်လျက် သူ၏ ရှောင်ရှစ်မေ့ဆီသို့ သွားလိုက်၏။

ယန်ကျစ်ယွင်စန်းသည် သူသာ ဧရာမပိုးသားလက်အိတ်ကို အမှန်တကယ်ကိုလိုချင်နေလျှင် ရိုးရှင်းသည့်ချိတ်ကို ပြင်ဆင်ထားမှာ မဟုတ်ဟုခံစားမိသည်။ ယန်ကျစ်ယွင်စန်းက သူ၏ရှောင်ရှစ်မေ့ကို ပြစ်မှတ်ထားတာဖြစ်နိုင်သည်။

ထိုစဉ် ကျန်းအိုက်ကျန့်က မျှော်စင်ဆီသို့ပျံသန်းလာ၏။

တွမ့်မူရှန်းကလည်း လက်တစ်ဖက်၌ နယ်ရှင်လှံကိုဝှေ့ယမ်းကာ မြစ်ထဲသို့ဦးတည်သွားလိုက်သည်။

ဘန်း

ချိတ်က ပန်းထိုးသေတ္တာပေါ် ရောက်သွားလေ၏။ ရှောင်ယွမ်အာက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူမက သူမ၏စစ်ရှစ်ရှိုး သူမဆီသို့ပျံသန်းလာတာကို မြင်လိုက်ရသည့်အချိန်တွင် ပြောလိုက်၏။

“ယွင်စန်း ဒီမှာမရှိဘူး”

မင်ရှစ်ရင်က မျက်မှောင်အနည်းငယ်ကျုံ့သွားလေသည်။

“သူက ဘီလုံးငှက်မျှော်စင်မှာမရှိဘူးဆိုရင် ဘယ်မှာများလဲ”

နိဗာနခါးစည်းသည် ပန်းထိုးသေတ္တာဆီသို့ဦးတည်သွား၏။

ရှောင်ယွမ်အာသည် သူမမျက်စိရှေ့မှောက်၌ သူမ၏လက်ဆောင်ကိုခိုးသွားတာ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ပေ။

နိဗာနခါးစည်းက ကောင်းကင်အဆင့်လက်နက်ဖြစ်သည်။ ပန်းထိုးသေတ္တာနားရောက်သွားပြီးနောက် ၎င်းကိုချက်ချင်းရစ်ပတ်လိုက်တော့၏။ ရှောင်ယွမ်အာကလေထဲခုန်တက်လိုက်တော့သည်။ ထိုစဉ် ကျန်သည့်လူများက လူအရွယ်စားခန့်ရှိစွန်က သူမဆီပျံသန်းလာတာကိုမြင်လိုက်ရသည်။

“ယွင်စန်း မင်း အဝေးသွားလို့ရမှာမဟုတ်ဘူး”

ကျန်းအိုက်ကျန့်သည် သူ၏ဓားကိုဆွဲထုတ်လိုက်လေသည်။

ချွင်း

ဓားကို ဆွဲထုတ်လိုက်သည့်အချိန်တွင် ခမ်းနားသည့်နဂါးဟိန်းသံက လေထဲ၌ပေါ်ထွက်လာလေ၏။

နဂါးတေးသံသည် လျှပ်ပြက်သည့်အရှိန်ဖြင့်ရွေ့လျားနေပြီး စွန်ကိုပိုင်းဖြတ်ချလိုက်တော့သည်။

လုကျိုး၏အကြည့်က စွန်ပေါ်တွင်သာရောက်နေလေ၏။

ဘန်း

ဓားက စွန်ကို ထိသွားသည်။ ကြိုးက ထိခိုက်သွားပြီး စွန်ကပြုတ်ကျလာ၏။

“ဘယ်သူမှမရှိဘူးလား”

နဂါးတေးသံသည် ကျန်းအိုက်ကျန့်၏ ထိန်းချုပ်မှုအောက်ပြန်ရောက်လာသည်။

ယွင်စန်း၏သိချင်စိတ်က သူ၏မှန်းဆထားမှုကိုကျော်လွန်နေ၏။

ပန်းထိုးသေတ္တာကမူ နိဗာနခါးစည်းကြောင့် ရှောင်ယွမ်အာ၏လက်ထဲပြန်ဆွဲယူခံလိုက်ရပြီဖြစ်သည်။

ဘီလုံးငှက်မျှော်စင်၏အောက်ခြေရှိကျင့်ကြံသူများကမူ ပါးစပ်အဟောင်းသားဖြင့်ကြည့်နေကြ၏။

ရထားလုံးပျံပေါ်ရှိ ကျင့်ကြံသူများက ဤအရေးကိစ္စထဲဆွဲသွင်းမခံချင်ပေ။ သူတို့ကမြန်ဆန်သည့် လှုပ်ရှားမှုများဖြင့် ရထားလုံးပျံဆီသို့ ပျံသန်းသွားကြ၏။ မျက်တောင်တစ်ခတ်အတွင်း ၎င်းက အားလုံး၏အမြင်အာရုံရှေ့မှပျောက်ကွယ်သွားသည်။

ရှောင်ယွမ်အာက ရထားလုံးပျံထွက်ပြေးသွားတာကို မြင်တွေ့သည့်အချိန်၌ ချီရှစ်ရှိုးသူမကို လက်ဆောင်ပေးတာကို ပျော်ရွှင်ရမည့်အစား ခြေဆောင့်လိုက်၏။ “ဟန့် အခုပြေးလို့ရတယ်ဆိုပေမဲ့ ရှစ်စွင်းရဲ့ကိုယ်စားလိုက်ဖမ်းမှာ”

ဘန်း

စွမ်းအင်များဖြင့် ရစ်ဝဲနေသောနယ်ရှင်လှံသည် တေးသံကိုးသွယ်မြစ်မျက်နှာပြင်ကို ဖြိုခွဲလိုက်၏။ တွမ့်မူရှန်းကလည်း နောက်မှလိုက်ပါလာကာ လေထဲခုန်တက်လျက် လှိုင်းကြီးတစ်ခုကို ဖန်တီး လိုက်တော့သည်။ သူက ရှစ်စွင်းဘေးနား ပြန်လျှောက်သွားပြီးနောက်ပြောလိုက်တော့၏။

“သူရေအောက်မှာ မရှိဘူး”

နဂါးတေးသံက ဓားအိမ်ထဲပြန်ရောက်သွားပြီဖြစ်သည်။

ထိုစဉ် မင်ရှစ်ရင်က ဘီလုံးငှက်မျှော်စင်၏အခြေသို့ရောက်လာသည်။

ရှောင်ယွမ်အာအပြင် ဤနေရာ၌ သိုင်းပညာကျွမ်းကျင်သူလေးဦးရှိသည်။ ဘီလုံးငှက်မျှော်စင်၏ ပတ်ဝန်းကျင်က သေလုနီးပါးတိတ်ဆိတ်နေသည်။

ဘာမှမဖြစ်ခဲ့သည့်ပမာ စွန်က မြေကြီးပေါ်လဲကျနေပြီဖြစ်သည်။

ကျန်းအိုက်ကျန့်သည် နဂါးတေးသံကိုသယ်ဆောင်ထားလျက် လုကျိုးဆီသို့ လျှောက်သွားလိုက်လေ၏။ သူက လက်သီးဆုပ်ကာ ပြောလိုက်တော့သည်။

“ကျွန်တော် တောင်းပန်ပါတယ်။ သူ့ကို မဖမ်းလိုက်နိုင်ဘူး”

မင်ရှစ်ရင်လည်း ပြန်ရောက်လာပြီးခေါင်းခါလိုက်၏။

တွမ့်မူရှန်းက တကယ်စိုရွှဲနေပြီးဖြစ်သည်။ သူ၏ဆံပင်များ ရွှဲနေ၏။ သူ၏ကြွက်သားများဖြင့် ပြည့်နေသောခန္ဓာနှင့် နယ်ရှင်လှံက ကျန်သည့်ကျင့်ကြံသူများအားနောက်ဆုတ်သွားစေသည်။ သူက နှာခေါင်းရှုံကာ ကနဦးချီကိုထုတ်ဖော်လိုက်၏။ အပူလှိုင်းများက ချက်ချင်းပင် သူ၏ကိုယ်ပေါ်ရှိ ရေများကို ရေငွေ့ပျံသွားစေသည်။

“သူက တကယ်ကောက်ကျစ်တာပဲ” လုကျိုးကခေါင်းခါလိုက်တော့သည်။

ရှောင်ယွမ်အာက ဘီလုံးငှက်မျှော်စင်ထိပ်ဆီသို့ပျံသွားလိုက်၏။ သူမက ပန်းထိုးသေတ္တာကို စိတ်အားထက်သန်စွာဖွင့်လိုက်လေရာ အနုစိပ်ပြီး အထူးကောင်းမွန်သော ရှေးကျသည့် လက်အိတ်တစ်စုံကိုတွေ့လိုက်ရသည်။

ဘန်း

…

အခန်း (၂၀၅) အံ့ဖွယ်မြို့တော်၏ နတ်လေးသျှင်သုံးဦးထဲမှ တစ်ဦးဖြစ်သော ဟွားယွဲ့ရှင်း (ခ)

တေးသံကိုးသွယ်မြစ်ထဲမှ အနက်ရောင်မြားတစ်စင်းပေါ်ထွက်လာသည်။ မြားထိပ်ဖျားက တောက်ပနေ သည့် ရွှေရောင်စွမ်းအင်ရစ်ဝဲနေ၏။ ထိုပေါ်ရှိစွမ်းအင်ချိတ်က မြားနားတဝိုက်အဋ္ဌဂံများ ဝန်းရံနေသည်နှင့်ဆင်တူပေသည်။

“ကြည့်”

ယင်းက ရုတ်တရက်ဆန်လွန်းသည်။ လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်၏။

“သူ့ရဲ့စွမ်းရည်က ကိရိယာတွေနဲ့လား”

ယန်ကျစ်ယွင်စန်းသည် ကိရိယာများတည်ဆောက်ခြင်း၌ အောင်မြင်ရန် ကျန်သည့်နည်းလမ်း မရှိတာမဟုတ်ပေ။

မင်ရှစ်ရင်၊ တွမ့်မူရှန်း၊ ကျန်းအိုက်ကျန့်တို့၏ကျင့်ကြံဆင့်ဖြင့် သူတို့အဖို့သက်ရှိအရာများ၏ လက္ခဏာများကို လွဲချော်ဖို့မဖြစ်နိုင်ပေ။ တွမ့်မူရှန်းက မြစ်ထဲကိုတောင်စစ်ဆေးခဲ့သည်။

ရှောင်ယွမ်အာကလှည့်ပတ်ကြည့်လိုက်ပြီး သူမကိုယ်သူမ အနီရောင်အရံအတားပမာ နိဗာနခါးစည်းကြိုးဖြင့် ကာထားလိုက်သည်။

လုကျိုးက ရှောင်ယွမ်အာ ထိခိုက်ဒဏ်ရာရသွားမှာကို စိတ်မပူပေ။ နိဗာနခါးစည်း၊ တိမ်ယံငှက်မွှေးဝတ်စုံနှင့် သူမ၏ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံဆင့်တို့ဖြင့် လျှို့ဟယ်တာအိုစည်းကို ရင်ဆိုင်ရလျှင် ချက်ချင်းခုခံနိုင်၏။

သို့သော်မြင်ကွင်းကထိတ်လန့်ဖွယ်ကောင်းလွန်းနေသည်။

ဘီလုံးငှက်မျှော်စင်အခြေရှိကျင့်ကြံသူများက အနက်ရောင်မြားသည် မိန်းမပျိုလေး၏အသက်ကို နှုတ်ယူတော့မည်ဟုတွေးထင်မိကြသည်။ သို့သော် နောက်ထပ်ထိတ်လန့်စရာကိစ္စရပ် ဖြစ်လာလေ၏။

ဝှစ်

မီတာတစ်ရာကျော်အကွာ တောလမ်းထဲမှ ကြက်သွေးရောင်မြားတစ်စင်းက သူမဆီ မြန်ဆန်သည့် အရှိန်ဖြင့်တိုးဝင်လာလေသည်။

ဘန်း

မြားကိုလည်းစွမ်းအင်တို့ရစ်ပတ်ထား၏။

အနက်ရောင်မြားတစ်စင်းနှင့်ဆုံတွေ့မိသည့်အချိန်၌ ပေါက်ကွဲသံကြီးကပေါ်လာ၏။ စွမ်းအင်လှိုင်း နှစ်ခုတိုက်မိပြီး လဲပြိုသွားတော့သည်။ အနက်ရောင်မြားက တဝက်ပြတ်ပြီးပြုတ်ကျသွားတော့၏။

လူတိုင်းက ကြက်သွေးရောင်မြားကြောင့်ဖမ်းစားခံလိုက်ရသည်။ သူတို့က တောလမ်းလေးထဲမှ ပစ်လိုက်သည့်ပုံပေါ်၏။ ကျင့်ကြံသူများက တိတ်ဆိတ်နေပြီး မည်သူမှ အသက်ကျယ်ကျယ် မရှူရဲချေ။

ခွမ်း ခွမ်း ခွမ်း

တကျွိကျွိအသံများကို တောလမ်းထဲမှကြားနေရ၏။ ရှောင်ယွမ်အာသည် အနက်ရောင်မြား၏ သက်ရောက်မှုကို မခံရသောကြောင့် ဇဝေဇဝါဖြစ်နေ၏။ ထို့ကြောင့် သူမက နိဗာနခါးစည်းကို ဖယ်ရှားလိုက်သည်။ ပန်းထိုးသေတ္တာကို ပွေ့ထားလျက်မျှော်စင်အပြင်ဖက်သို့ ခုန်ထွက်လိုက်၏။

“ရှစ်စွင်း ရှစ်စွင်းကို တပည့် စိတ်မပျက်မိစေတဲ့အတွက် ဝမ်းသာပါတယ်။ တပည့် ကောင်းကင်အပိုင်းအစတွေကို အောင်အောင်မြင်မြင် ယူနိုင်ခဲ့ပြီ” ရှောင်ယွမ်အာက ပြောလိုက်၏။

“သိပ်ကောင်းတယ်” လုကျိုးက တည်ငြိမ်စွာပြောလိုက်သည်။ ရှောင်ယွမ်အာက သူ့ရှစ်စွင်းချီးကျူးသံကို ကြားရသည့်အခါ ပျော်ရွှင်သွား၏။

တစ်ဖက်တွင်မူ လုကျိုးက မပျော်ပေ။

“တင်း ကောင်းကင်အပိုင်းအစနှစ်ခုရရှိပါပြီ။ ဆုလာဘ် ကုသိုလ်မှတ်နှစ်ရာ”

သူသည် ကောင်းကင်အပိုင်းအစများရရှိပြီးဖြစ်သော်ငြား ယွင်စန်းကို မဖမ်းနိုင်ခဲ့ပေ။ ကျန်သည့် အပိုင်းအစလေးခုကိုမည်သည့်နေရာတွင် ရှာဖွေရမည်နည်း။

ခွမ်း ခွမ်း

တောလမ်းထဲမှ တကျွိကျွိအသံက ပိုကျယ်လောင်လာသည်။ ပြီးနောက် ခြေသံများပါ ပါလာ၏။

ရုတ်တရက် ပတ်ဝန်းကျင်မှနက်ရှိုင်းပြီး တည်ကြည်သောအသံကပေါ်ထွက်လာ၏။ “ကျောက်စိမ်း မိန်းမပျို ရောက်လာပါပြီ။ ဒီမှာဘာကိစ္စမှ မရှိတဲ့သူတွေ ထွက်သွားနိုင်ပြီ”

တောအုပ်အစွန်း၌ ချဲ့ကားထားပုံပေါ်သော ဝေါယာဉ်က အမြင်အာရုံထဲရောက်လာသည်။ ရွှေရောင်ကားလိပ်များ၊ အဆင်တန်ဆာများ၊ အရောင်ရွေးချယ်မှုတို့က ဖမ်းစားနိုင်လှသည်။ အဖြူရောင် ဝတ်ဆင်ထားသည့် မိန်းမလှလေးတစ်ဦးက ဝေါယာဉ်ဘေးနားရပ်နေ၏။ သူမ၏လက်ထဲတွင် နုနုလှလှလေးတစ်စင်းကိုကိုင်ဆောင်ထားသည်။

ဝေါယာဉ်က တကျွီကျွီမြည်နေဆဲဖြစ်သည်။ စစ်သည်တော်နှစ်တန်းက ရှေ့ကနေစီတန်းပြီး ချီတက်လာနေ၏။ သူတို့က ဘီလုံးငှက်မျှော်စင်ဆီသို့ချီတက်လာပြီး သူတို့၏ တိုက်ပွဲဝင်စစ်ပုဆိန် များကို ကန့်လန့်ဖြတ်လိုက်၏။

“ဒီမှာ ဘာကိစ္စမှမရှိတဲ့သူတွေ ထွက်သွားသင့်ပြီ”

ဘီလုံးငှက်မျှော်စင်အခြေရှိ ကျင့်ကြံသူများကခေါင်းခါပြီး မျှော်စင်၏အရပ်မျက်နှာအနှံ့ ထွက်သွားတော့သည်။ သူတို့က ထိုနေရာ၌စုပြီး မလှမ်းမကမ်းကနေ ကြည့်နေလေ၏။

လုကျိုးနှင့်ကျန်သည့်သူများက မလှုပ်ရှားပေ။ ဘီလုံးငှက်မျှော်စင်ရှေ့ရှိ ဧရိယာက ယခုရှင်းလင်း နေပြီဖြစ်သည်။

စစ်သည်တော်နှစ်စုကလည်း သူတို့၏တိုက်ပွဲဝင်စစ်ပုဆိန်များကိုမြှောက်လိုက်သည်။ တကျွီကျွီ မြည်နေသော ဝေါယာဉ်က မျှော်စင်ရှေ့ရောက်လာပြီဖြစ်သည်။ လုကျိုး၏ အကြည့်က မျှော်စင်ဘေးရှိမိန်းမပျို လေးဆီရောက်သွားသည်။

အမည်။ ။ ဟွားယွဲ့ရှင်း

မျိုးနွယ်စု။ ။ လူသား

ကျင့်ကြံဆင့် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်

“ရပ်”

ဝေါယာဉ်က နိမ့်ဆင်းသွားပြီး ကားလိပ်များ ဘေးသို့ခွဲထွက်သွားသည်။ တင့်တယ်သည့် ရွှေရောင် သရဖူကို ခေါင်းအထက်တွင် ဆင်မြန်းလျက် ကျောက်စိမ်းမိန်းမပျိုက ဖြည်းဖြည်းချင်းထွက် လာ တော့သည်။ လက်ကိုရှေ့တွင်ထားလျက်ကျောမတ်မတ်လျှောက်လာတော့၏။ သူမက တင့်တယ်ကာ ကျက်သရေရှိသည်။ မျက်လုံးပေါ်ရှိ အနက်ရောင်အရာများသည် မျက်လုံးဆိုးဆေး နှင့်တူနေပြီး သူမကို အခြားသောမျိုးနွယ်စုပမာဆင်တူနေစေတော့သည်။

ရံရွေတော်နှစ်ဦးကလည်း သူမဆီအမြန်လျှောက်လာပြီး ဘေးကနေကူတွဲပေးလိုက်သည်။ ကျောက်စိမ်းမိန်းမပျိုက လုကျိုးဆီလျှောက်လာပြီး ပြုံးလျက်ခေါင်းညိတ်ကာပြော လိုက်တော့သည်။

“နှုတ်ဆက်ပါတယ်”

လုကျိုးက သူ၏အပရိကအမြင်အာရုံကနေ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ရာ ကျန်းအိုက်ကျန့် ပျောက်သွားပြီမှန်း သိလိုက်ရသည်။

‘ထားလိုက်တော့။ သူ့အထောက်အထားပေါ်သွားမှာကို စိတ်ပူနေတာဖြစ်ရမယ်။ သွားပါစေ’

“မင်း ငါ့ကို သိလား” လုကျိုးက တည်ငြိမ်စွာပြောလိုက်၏။

ကျောက်စိမ်းမိန်းမပျို၏အရှိန်အဝါနှင့် သူမ၏နောက်လိုက်နောက်ပါများကြောင့် သူက သက်ရောက် မခံရချေ။

သူမ သူ့ကိုနှုတ်ဆက်သည့်အချိန်၌ အိုမင်းသောအသံတစ်သံကို မျှော်စင်အနားကကြားနိုင်ပေသည်။

“ဒီအဖိုးကြီးက ဘယ်သူလဲ။ ကျောက်စိမ်းမိန်းမပျိုကတောင် သူ့ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံ ရတယ်”

ကျောက်စိမ်းမိန်းမပျိုက ပြုံးပြီးပြောလိုက်လေ၏။

“ကျွန်မတို့တွေ မျှော်စင်ထဲမှာစကားပြောကြမလား”

ထိုစဉ် မျှော်ရှိလူက အရိုအသေပေးပြီးပြောလိုက်၏။ "ဒီလမ်းပါ။ ကျေးဇူးပြုပြီးကြွပါ”

လုကျိုးက ဟွားယွဲ့ရှင်းကို တစ်ချက်ကြည့်ပြီးနောက် ဘီလုံးငှက်မျှော်စင်ထဲလျှောက်သွား လိုက်သည်။

အစီအရင်များအားလုံးပြိုကွဲသွားပြီးဖြစ်သောကြောင့် အဖွဲ့သည် မျှော်စင်ထဲဝင်သည့်အချိန် မည်သည့်အဟန့်အတားမှမရှိတော့ချေ။ သူက နဝမအလွှာသို့ အလွယ်တကူတက်သွားနိုင်သည်။ သူတို့က တေးသံကိုးသွယ်မြစ်ကို မျက်နှာမူလျက် တောင်တန်းများကို ကျောပေးထားသည်။ ယင်းက ပြောဆိုရန်အတွက်နေရာကောင်းတစ်ခုဖြစ်၏။

နှစ်ယောက်သားကထိုင်ချလိုက်သည်။ မင်ရှစ်ရင်၊ တွမ့်မူရှန်းနှင့်ရှောင်ယွမ်အာတို့က သူတို့ရှစ်စွင်း နောက်တွင်ထိုင်လိုက်၏။ ကျောက်စိမ်းမိန်းမပျိုဖက်တွင်မူ လက်တစ်ဆုပ်စာ စစ်သည်တော်နှင့် ရံရွေတော်နှစ်ဦး၊ လေးသည်တော်ဟွားယွဲ့ရှင်းတို့ရှိသည်။

“အံ့ဖွယ်မြို့တော်ရဲ့နတ်လေးသျှင်သုံးယောက်ထဲကတစ်ယောက် ဟွားယွဲ့ရှင်း” လုကျိုးကဖာသိဖာသာ ပြောလိုက်၏။

ထိုအရာကို ကြားသည့်အချိန် မင်ရှစ်ရင်နှင့် ကျန်သည့်သူများ၏ မျက်နှာထက်၌ ထိတ်လန့်သည့် အမူအရာပေါ်လာသည်။

တေးသံကိုးသွယ်မြစ်မှ ပစ်လိုက်သည့်အနက်ရောင်မြားကို ဖြိုခွင်းနိုင်သော ထိတ်လန့်ဖွယ်မြားသည် အသက်ရှူမှားလောက်ပေ၏။

ဟွားယွဲ့ရှင်းက လုကျိုး၏စကားကိုကြားသည့်အခါ အနည်းငယ်မှင်သက်သွားသည်။ ထို့နောက် လက်သီးဆုပ်ကာ မြဲမြံစွာရပ်လျက်ပြောလိုက်၏။ "ကျွန်မရဲ့နာမည်ကို သိတဲ့အတွက် အံ့ဩမိပါတယ် ချန်းပေ့”

လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်တော့သည်။ “ငါထင်တာမမှားရင် မင်းက အစတုန်းက လော့ဂိုဏ်းကပဲ”

ဟွားယွဲ့ရှင်း၏ လှပသောမျက်နှာက နီရဲသွားသည်။ သူမက နောက်သို့တစ်လှမ်းဆုတ်လိုက်၏။ ဂိုဏ်းကိုသစ္စာဖောက်ခြင်းသည် ကြွားလုံးထုတ်ရမည့်ကိစ္စမဟုတ်ပေ။

ကျောက်စိမ်းမိန်းမပျိုက မျက်နှာကိုကာထားလျက် ရယ်မောလိုက်သည်။ ပြီးနောက်ပြောလိုက်၏။

"မျှော်နန်းသခင်ကြီး အငယ်တစ်ယောက်ကိုနောက်ပြောင်နေစရာမလိုပါဘူး။ ဟွားယွဲ့ရှင်းက အရည်အချင်းရှိတဲ့လေးသည်တော်တစ်ယောက်။ ပြီးတော့ အမျိုးသမီးတစ်ယောက်လည်း ဟုတ်တယ်။ မြေပေါ်သူ့ဖာသာသူမလျှောက်လှမ်းနိုင်ဘူး။ သူ့ရဲ့စွမ်းရည်နဲ့ တော်ဝင်ရုံးတော်ကို ခစားတာက သူ့ရဲ့ကံကြမ္မာပဲလေ”

လုကျိုးက ခေါင်းညိတ်လိုက်သည်။ လူတိုင်း၌ ကိုယ်ပိုင်ကံကြမ္မာကိုယ်စီရှိကြသည်။ သူ၏လမ်းကြောင်းကို အတင်းအဓ္မဖိအားပေးရန်မလိုပေ။

“ပြောတော့မှ မင်း ဒီကို ဘာကြောင့်ရောက်လာတာလဲ”

“နားလည်မှုလွဲတာတွေကို ဖြေရှင်းပေးဖို့ရောက်လာတာပါ မျှော်နန်းသခင်ကြီး။ အရင်ဆုံး အန်းယန်ဆီကို ပို့လိုက်တဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားရှန်ကျိုး၊ ဝမ်ဖူကွေ့အယောင်ဆောင်သူက ကျွန်မရဲ့လူ မဟုတ်ဘူး။ တစ်ယောက်ယောက်က ကျွန်မကို အပြစ်တင်ခံရအောင်လုပ်ပြီး ကျွန်မတို့ အဆင့်အတန်းကြား သဘောထားကွဲလွဲအောင် လုပ်နေတာပဲ” သူမက အနည်းငယ် ရပ်တန့်လိုက်ပြီးနောက် ဆက်ပြော၏။

“အနောက်ဖက်ဒေသက လူကတော့ ကျွန်မပါပဲ။ ကျွန်မရဲ့ညီအစ်မတွေက ဒုတိယမြောက်လူကြီးမင်းရဲ့ လက်ထဲမှာသေဆုံးသွားခဲ့တယ်။ ဒါပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းကို အာဃာတ မထားဘူး။ လောင်ချန်းပေ့မှာ အကဲဖြတ်နိုင်တဲ့အကျင့် ကောင်းရှိနေတာ မလိမ်ရဲပါဘူး”

လုကျိုးသည် ထိုစဉ်က ဝမ်ဖူကျိုးကို သတ်လိုက်စဉ် တစ်စုံတစ်ယောက်ကများ သွေးထိုးရန် ကြိုးစားခဲ့သလားဟုတွေးခဲ့သေး၏။ သို့သော် သက်သေပြနိုင်သည့်နည်းလမ်းမရှိပေ။ သေသူကို အသက်ပြန်သွင်း၍မရသော်ငြား သူမက အမှန်အတိုင်းပြောနေတာဟုဆိုသောကြောင့် သူမကို သူက မယုံနိုင်ပေ။

ကျောက်စိမ်းမိန်းမပျိုက ဆက်ပြောလိုက်သည်။ "ဒုတိယအချက်ကတော့ ရှန်ယွဲ့သေသွားပြီးတော့ မိစ္ဆာဝေဟင်မျှော်နန်းက နန်းတော်နဲ့အချင်းများတာတွေရှိခဲ့တယ်။ ဒါတွေက ကျွန်မနဲ့ဘာမှ မသက်ဆိုင်ဘူး။ ဒါထက် ဟွားယွဲ့ရှင်းအတွက် ထောက်ခံပေးနိုင်ပါတယ်”

လုကျိုးက မုတ်ဆိတ်သပ်လျက် တည်ငြိမ်စွာပြောလိုက်တော့သည်။

“ဒါက” ကျောက်စိမ်းမိန်းမပျိုက အနေခက်စွာပြောလိုက်၏။

“အမှန်အတိုင်းပြောနေတာပါ။ မျှော်နန်းသခင်ကြီးက အရင်က နန်းတော်ထဲက ပညာရှင်နဲ့ တိုက်ခိုက်ခဲ့ဖူးတာပဲ။ အလိမ်ထဲကနေ အမှန်ကိုပြောဖို့လွယ်ပါတယ်”

ကျောက်စိမ်းမိန်းမပျို၌ စုန်းအတတ်မရှိပေ။ သူမသာ မိစ္ဆာဝေဟင်မျှော်နန်းကို ဆန့်ကျင်ရဲသည်ဆိုပါက ဘီလုံးငှက်မျှော်စင်၌ ပေါ်လာရဲမှာမဟုတ်ပေ။

သို့သော်လုကျိုးက ခေါင်းခါပြီးနောက်ပြောလိုက်သည်။

“ကျုပ် ဒီမှာရှိနေတယ်ဆိုတာ ဘယ်လိုလုပ်သိလဲ” သူဒီကိုရောက်လာကြောင်းသိသည့်သူ သိပ်မများပေ။

ကျောက်စိမ်းမိန်းမပျိုကပြောလိုက်၏။

“အန်းယန်မြို့က ဆူပူအုံကြွမှုအကြောင်း ကျွန်မ ကြားလိုက်တယ်။ အဲ့တာကြောင့် ဆရာကြီးကလွဲရင် ဘယ်သူကများ ငရဲဂိုဏ်းရဲ့ မဟာကာကွယ်စောင့်ရှောက်သူလေးယောက်ကို အလျော့ပေးအောင်လုပ်နိုင်မှာလဲ”

လုကျိုးက ဖြည်းဖြည်းချင်း ထရပ်ပြီးပြောလိုက်၏။ “သူက လက်နောက်ပစ်ထားလျက် မျှော်စင်အဆုံးဆီ လျှောက်သွားကာ မြစ်ကိုငုံ့ကြည့်လိုက်သည်။

ဘီလုံးငှက်မျှော်စင်၏ နဝမအလွှာသည် လက်ရန်းအနိမ့်များဖြင့်ဝိုင်းနေလေ၏။ ဤနေရာရှိ ရှုမျှော်ခင်းက အရံအတားမရှိပေ။

လုကျိုးကပြောလိုက်သည်။ “ဒီတော့ ငါဒီကို ဘာကြောင့်ရောက်လာလဲဆိုတာသိလား”

ကျောက်စိမ်းမိန်းမပျိုက ခေါင်းခါပြီးပြောလိုက်သည်။ “နားလည်မှုလွဲတာတွေကို ရှင်းဖို့ ဒီကို ရောက်လာရုံပဲ။ ဘာအကြောင်းမှ မရှိပါဘူး”

“ယွင်စန်းက ငါ့ဆီကနေ တစ်ခုခုခိုးသွားတယ်”

“ယွင်စန်းလား။ ခါးပိုက်နှိုက်ဂိုဏ်းရဲ့တစ်ဦးတည်းသောဆက်ခံသူ။ တိမ်ကောက်ခြင်း လက်ကျင့်စဉ် အသုံးပြုတဲ့ ယန်ကျစ်ယွင်စန်းလား"

“အမှန်ပဲ”

“သူဉာဏ်များတယ်လို့ကြားထားတယ်။ ဟွားယွဲ့ရှင်း အရင်တုန်းကလာတဲ့လော့ဂိုဏ်းက သူ့ကို မဖမ်းနိုင်ဘူး။ သူ့ကိုဖမ်းဖို့က လွယ်ကူတဲ့တာဝန်တစ်ရပ်မဟုတ်မှာစိုးရိမ်မိတယ် ဆရာကြီး” ကျောက်စိမ်းမိန်းမပျိုက ပြောလိုက်၏။

“သူက အရိပ်ထဲက ကြွက်တစ်ကောင်ပါပဲ။ ငါသာလှုပ်ရှားမယ်ဆိုရင် သူလွတ်မြောက်မှာ မဟုတ်ဘူး”

လုကျိုး၏ နောက်ဆုံးစကားက ဖြည်းဖြည်းချင်း ရှင်းရှင်းလင်းလင်း ပီပီသသ ရွတ်လိုက်သည်။

သူ၏အမူအရာက ထူးမခြားနားရှိနေပြီး လက်တစ်ဖက်မြှောက်လိုက်၏။ သူလက်ထဲ၌ တောက်ပသည့်အသုံးပစ္စည်းကတ်တစ်ခုပေါ်လာသည်။ သူက မျှော်စင်၏ အောက်ခြေရှိ မျှော်နန်းကို ကြည့်လိုက်သည်။ လေပွေက ပေါ်လာပြီး နာရီလက်တံပြောင်းပြန်အရပ်မျက်နှာအတိုင်း ရစ်ဝဲသွား၏။ ရွှေရောင်ရောင်ခြည်တောက်ပနေသည့် စတုရန်းလှောင်ချိုင့်တစ်ခုကပုံပေါ်လာပြီး မျှော်နန်းဆီသို့ပျံသန်းသွား၏။

မင်ရှစ်ရင်၊ တွမ့်မူရှန်း၊ ရှောင်ယွမ်အာတို့က အစွန်းဆီသို့လျှောက်သွားလိုက်သည်။ သူတို့က သူတို့ရှစ်စွင်း၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့်အံ့ဩသွားလေ၏။ တစ်ချိန်တည်းတွင် လက်ဝါးရိုက်ချက်ကို အထိတ်တလန့် ကြည့်လိုက်ကြသည်။

ဟွားယွဲ့ရှင်းနှင့် လက်တစ်ဆုပ်စာသော စစ်သည်တော်များကလည်း ကြက်သေသေသွားသည်။

စတုရန်းလှောင်ချိုင့်သည် ကောင်းကင်ထဲမှသက်ဆင်းလာချိန် ကနဦးချီ၏လှိုင်းများက ဘေးသို့ပြန့်ကားသွား၏။

ဘီး

မျှော်နန်းထဲတွင် အဌမအလွှာဆီသို့တက်လာနေသည့် ကျင့်ကြံသူက မျက်နှာထက်တွင် ထိတ်လန့်သည့်အမူအရာရှိနေကာ အမြန်ရှောင်လိုက်၏။ သေစမ်း ငါ ပေါ်သွားပြီ။

သူက တောအုပ်ဆီသို့ကြည့်လိုက်သည်။ တောအုပ်အတွင်း၌ လှောင်ချိုင့်က အရွယ်အစား ကြီးမားလာ၏။ ထိုလူက ခါးပိုက်နှိုက်ဂိုဏ်း၏ တစ်ဦးတည်းသောဆက်ခံသူ ယန်ကျစ်ယွင်စန်းပင်ဖြစ်သည်။

ယွင်စန်းက ကျယ်လောင်စွာရယ်မောပြီးနောက် ပြေးရင်းပြောလိုက်သည်။

“တောင်းပန်ပါတယ်ဗျို့ လောင်ချန်းပေ့ကျိ ဒီပညာရပ်က ကျုပ်အတွက်ဘာမှမဟုတ်ဘူး။ ဒီနေ့ကစပြီး ယန်ကျစ်ယွင်စန်းရဲ့နာမည်က တာ့ယန်မှာပျံ့နှံ့စေရမယ်”

လောကကြီး၏ အကြီးမြတ်ဆုံးလူဆိုးကြီး၏လက်ထဲမှ လွတ်မြောက်နိုင်ခြင်းက အံ့ဩဖွယ်လက္ခဏာရပ်တစ်ခု ဖြစ်သည်။

…

အခန်း (၂၀၆) ယန်ကျစ်ယွင်စန်း ပြေးစရာမရှိတော့ဘူး

မျှော်စင်ရှိ ကျင့်ကြံသူများက တစ်ကွဲတပြား ဖြစ်သွားကြသည်။ သူတို့က ရောက်လာသည့် လှောင်ချိုင့်ကို ကြည့်ကာ အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။

“ပြေးကြ … ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မိစ္ဆာအိုကြီးပဲ ”

“ မိစ္ဆာဝေဟင်မျှော်နန်းက မိစ္ဆာတွေ ဒီရောက်နေတာလား ”

“ ဘာရပ်နေတာလဲ … ဘာမှအသုံးမကျတဲ့ကောင် ဘောင်းဘီထဲ ပေါက်ချချင်တာလား ”

ထိုစဉ် ကျင့်ကြံသူများက ကိုးလွှာအထိ အလွယ်တကူ တက်နိုင်ခဲ့သည့် မိန်းကလေးက မည်သူမှန်း သေချာသိသွားကြသည်။

ပညာတတ် အနေအထိုင်သိမ်မွေ့သည့် သခင်မလေး … အဓိပ္ပာယ်မရှိတာ … တကယ်တော့ ယဉ်ကျေးတဲ့ မိစ္ဆာထက် ဘယ်အရာမှ ပိုကြောက်ဖို့ မကောင်းပေ။

ကျင့်ကြံသူအုပ်ကြီးက ဒူးတုန်လာကာ လှုပ်ရှားဖို့ ခက်နေကြသည်။

ထိုစဉ် ကျင့်ကြံသူတစ်ဝက်ကျော်လောက်က ပျောက်ကွယ်သွားကြလေပြီ။ ကျန်ရှိနေသည့်သူတစ်ချို့က တိုင်လုံးများနောက် ပုန်းအောင်းနေကြသည်။

ထိုစဉ် ယန်ကျစ်ယွင်စန်းက တောအုပ်ထဲ ထွက်ပြေးသွားသည်။

လုကျိုးက မျှော်စင်ထိပ်တွင် ရပ်လိုက်သည်။ သူ့မြင်ကွင်းက အပေါ်စီးမှ ဖြစ်သောကြောင့် ကျယ်ပြန့်လှသည်။ ထိုသို့ဆိုလျှင်ပင် ယွင်စန်း၏ အမြန်နှုန်းက သူ ခန့်မှန်းထားသည်ထက် ကျော်လွန်နေသည်။ ဘေးကင်းရန်အတွက် သူက လက်ကို အသာဝေ့ယမ်းလိုက်ပြီးနောက် လေထဲ နောက်ထပ် ချုပ်နှောင်ခြင်း လှောင်ချိုင့်ကတ် ၂ ကတ် ပစ်လွှင့်လိုက်သည်။

ပထမတစ်ခုအပြင် စုစုပေါင်း အသက်ဝင်လာသည့် ချုပ်နှောင်ခြင်း လှောင်ချိုင့်ကတ် သုံးကတ် ရှိသွားလေပြီ။

ကျောက်စိမ်း မိန်းမပျိုလေးနှင့် ဟွားယွဲ့ရှင်းတို့က ကြောင်အမ်းသွားကြသည်။

ဒါက ဘယ်လိုနည်းစနစ်မျိုးလဲ … ဒီလောက်အဝေးကြီး တိုက်ခိုက်နိုင်တယ်လား … စုန်းပညာလား .. လျှို့ဝှက်ဆန်းကြယ် ပညာရပ်မျိုးလား …

ဒါက နတ်လေးသျှင်တွေပဲ သိတဲ့ ပညာရပ်မျိုးလား …

ဟွားယွဲ့ရှင်းက နတ်လေးသျှင်ထဲမှ တစ်ယောက် ဖြစ်ပြီး သူမဦးနှောက်ကို ညှစ်ထုတ်စဉ်းစားသော်လည်း ဒီလိုမျိုးဖြစ်သည့် နတ်လေးသျှင်၏ အရည်အချင်းကို မစဉ်းစားနိုင်ပေ။ သူမ မကျွမ်းကျင်သေးသည့် နည်းစနစ်များစွာ ရှိသော်လည်း လော့ဂိုဏ်းမှာကတည်းက စာအုပ်များစွာ ဖတ်ရှုလေ့လာခဲ့ဖူး၍ နတ်လေးသျှင်များ၏ နည်းစနစ်များကို အတွင်းသိနေလေသည်။ ဤသည်မှာ တစ်ခါမှ မမြင်တွေ့ဖူးသော နည်းစနစ်မျိုး ဖြစ်၏။

မင်ရှစ်ရင်က ဟွားယွဲ့ရှင်း၏ စိတ်ကို ဖတ်လိုက်ဟန်ပေါ်သည်။ သူက ပြောပြလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းနဲ့ နားလည်မှုလွဲတာ ဖြေရှင်းချင်တယ်ဆိုမှတော့ စောစောလေးက ဘာလို့ ဝင်မပါရတာလဲ”

ထိုအရာကို ကြားပြီး ဟွားယွဲ့ရှင်းက နှလုံးခုန်မြန်သွားမိသည်။ ကျောက်စိမ်း မိန်းမပျိုလေးလည်း အံ့အားသင့်သွားလေ၏။

ဟွားယွဲ့ရှင်းက အလျင်စလို ဦးညွှတ်ကာ “ ကျွန်မ စိတ်လွတ်သွားလို့ပါ။ ချန်းပေ့ ခွင့်လွှတ်ပေးပါ ”

လုကျိုးက လက်ဝေ့ကာ “ ထားလိုက်ပါ ”

ဟွားယွဲ့ရှင်းက လှုပ်ရှားလျှင်ပင် သူမက ယွင်စန်းကို ထိအောင် ပစ်နိုင်မည် မဟုတ်ပေ။ ယွင်စန်း၏ ဉာဏ်များမှုက သူ့ခန့်မှန်းချက်ထက် ကျော်လွန်နေလေပြီ။

ချုပ်နှောင်ခြင်း လှောင်ချိုင့်ကတ်က ပစ်မှတ်ကို မှတ်ထားလိုက်သည်။ သူတို့ တကယ် ထိမည်လားဆိုတာတော့ ကံပေါ် မူတည်လေသည်။

လုကျိုးက ချုပ်နှောင်ခြင်း လှောင်ချိုင့် အဝေးရောက်သွားသည်ကို ကြည့်ကာ မထူးမခြားနား ပြောလိုက်သည်။ “ မင်း လွတ်နိုင်မလား ”

သူက လက်ဝှေ့လိုက်သည့်အခါ မျှော်နန်းအထက်မှ ဟိန်းသံ ထွက်ပေါ်လာသည်။

ထို့နောက် ပိအန်းက တိမ်တိုက်ကြားမှ သူ့ဆီ ရောက်ရှိလာ၏။

“ ဒဏ္ဍာရီလာ စီးတော်သားရဲပဲ ” ကျောက်စိမ်း မိန်းမပျိုလေး၊ ဟွားယွဲ့ရှင်းနှင့် မျှော်စင်အောက်ရှိ စစ်သားများက ပိအန်းကို ပါးစပ်ဟောင်းလောင်း ကြည့်လိုက်ကြသည်။ ပိအန်း ထွက်ပေါ်လာပုံနှင့် အရှိန်က သူတို့ မြင်ဖူးသည့်အရာမျိုး မဟုတ်ပေ။

သို့သော် လုကျိုး၏ တပည့်များက အသားကျနေလေပြီ။

လုကျိုးက ဘေးဘက် ခုန်တက်လိုက်သည့်အခါ ပိအန်းက နာနာခံခံဖြင့် ကျောဖြင့် ဖမ်းလိုက်ပြီးနောက် ယွင်စန်းနောက် လိုက်တော့သည်။

“ ရှစ်စွင်းဆီက သတင်းကောင်းစောင့်နေပါ့မယ် ” လုကျိုး၏ တပည့်သုံးယောက်က ပြိုင်တူ အော်လိုက်ကြသည်။

ချုပ်နှောင်ခြင်း လှောင်ချိုင့်ကတ်ဖြင့်ပင် လုကျိုးက ယွင်စန်းကို ထိမှန်လိမ့်မည်ဟု မသေချာပေ။ ဖြစ်နိုင်ခြေက ကံအဆိုးဆုံးလူ၏ ကံကြမ္မာနှင့် အတွေ့အကြုံတို့အား မရှင်းပြထားပေ။ အစပိုင်းတွင် သူက လှောင်ချိုင့်ကတ်သာ ယွင်စန်းအား မထိလျှင် လွှတ်ပေးဖို့ စဉ်းစားထားသော်လည်း ယွင်စန်း စကားများ ကြားပြီးနောက် စိတ်ပြောင်းသွားတော့သည်။

လောက၌ အကြီးမြတ်ဆုံး မိစ္ဆာဖြစ်သည့် မိစ္ဆာဝေဟင်မျှော်နန်း၏ အရှင်သခင်က ယွင်စန်းကို ဘယ်တော့မှ လွှတ်ပေးမည် မဟုတ်ပေ။

ပိအန်း ရှိနေသောကြောင့် သည်ကိစ္စကို ဖြေရှင်းဖို့ လွယ်ကူပေသည်။ လုကျိုး လုပ်ဖို့လိုသည်ကား လှောင်ချိုင့်နောက် လိုက်ရုံသာ ဖြစ်၏။ သူတို့က ယွင်စန်းကို မှတ်ထားပြီးပြီ မဟုတ်ပါလော။ ယွင်စန်းက ဉာဏ်များကောင်း ဉာဏ်များနိုင်သော်လည်း ပိအန်းလက်မှ မည်သို့လွတ်မြောက်နိုင်မည်နည်း။

လုကျိုးက ပိအန်းကို စီးနင်းရင်း လှောင်ချိုင့်သုံးခုနောက် လိုက်လာလိုက်သည်။

ပထမ လှောင်ချိုင့်က ယခု ဆယ်မီတာ ကျယ်ဝန်းပြီး ဆက်လက် ကျယ်ပြန့်နေသည်။ လှောင်ချိုင့်များက သူတို့ပစ်မှတ်ဆီ ဆက်တိုက် ပျံသန်းနေသည်။

ပိအန်းက အလျင်အမြန် ရောက်လာသောကြောင့် မျက်စိတစ်မှိတ်အတွင်း လှောင်ချိုင့်များအား မီသွားလေပြီ။

လုကျိုးက တောင်နယ်နမိတ်ကို သေချာကြည့်လိုက်ပြီးနောက် ပိအန်းထိပ် ထိုင်ချလိုက်သည်။ တောအုပ်မှာ ထူထပ်လွန်းလှသည်။ သူ့မြင်ကွင်းကို ပိတ်ဆို့ထားသလို ဖြစ်နေ၏။

ကံကောင်းစွာဖြင့် လုကျိုးက ယခု နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ရောက်နေလေပြီ။ ပိအန်း၏ အရိုင်းဆန်ဆန် ခံစားနိုင်စွမ်းအပေါ် မပြောပလောက်သောကြောင့် သူ့အပေါ် များစွာသက်ရောက်မှု ရှိပုံမပေါ်ပေ။

လုကျိုးက သူ့အနေအထားကို နိမ့်လိုက်သည်။

……………

ထိုစဉ် လှောင်ချိုင့်သုံးခုကို မျှော်စင်မှ မမြင်ရတော့ပေ။

အားလုံးက တိတ်တဆိတ် စောင့်ဆိုင်းနေကြ၏။

………………

ထိုစဉ် ယွင်စန်းက သစ်ပင်တွေကြားမှ ထွက်လာကာ ရယ်မောလိုက်ရင်း “ လော့၊ ထျန်းနဲ့ ယွင်ဂိုဏ်းတို့ ပေါင်းဖမ်းတာတောင် ငါ့ကို မမိတာ … အဲဒီအကွာအဝေးကနေ ငါ့ကို ဖမ်းနိုင်တယ်များ ထင်နေလား ”

ယွင်စန်း၏ အရှိန်က ကြောက်ခမန်းလိလိဟု ဆိုနိုင်ပေသည်။

မိုင် နှစ်ဆယ်လောက် ပြေးလွှားပြီးနောက် ယွင်စန်းက ငြိမ်ကျသွားသည်။ သူ့ကျင့်ကြံဆင့်မှာ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်သာ ရှိသေး၏။ သို့သော်လည်း အမြန်နှုန်းအားဖြင့် နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့်နှင့် ယှဉ်နိုင်ပေသည်။ သူက လမ်းတစ်လျှောက် မရပ်နားခဲ့ပေ။ လိုက်ဖမ်းသူက သူ့ကို မိဖို့အတွက် မဟာနည်းစနစ်တစ်ခုခု ထုတ်သုံးဖို့ လိုအပ်လိမ့်မည်။

တောအုပ်အနက်ပိုင်းက မြောက်ဘက်တွင် တည်ရှိ၏။ သူအနေနှင့် ပုန်းစရာရှာဖို့ ပိုလွယ်လိမ့်မည်။ ခဏအကြာတွင် သူက စိတ်ငြိမ်သွားပြီး ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်၏။

“ မိစ္ဆာဝေဟင်မျှော်နန်း … မိစ္ဆာလမ်းစဉ်ရဲ့ ခေါင်းဆောင် … ခဏ … ဘာ … ” သူက အောင်ပွဲခံနေစဉ် အပေါ်မှ တစ်ခုခု ပြုတ်ကျလာသည်ကို ခံစားမိလိုက်ရသည်။ သူက မော့ကြည့်လိုက်သည့်အခါ ကောင်းကင်၌ လေးထောင့်စက်စက် လှောင်ချိုင့် ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။

ကျင့်ကြံဆင့် မည်မျှနက်နဲနေစေကာမူ သူတို့က ထိုမြင်ကွင်းကြောင့် တုန်လှုပ်အံ့ဩသွားကြလိမ့်မည်။

ယွင်စန်းလည်း ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ဘန်း …

လှောင်ချိုင့်က ယွင်စန်းဆီ ကျရောက်တော့မည့်ဆဲဆဲတွင် ရုတ်ခြည်း လှိုင်းထသွားကာ လေထဲ ပျောက်ကွယ်သွားသည်။

ယွင်စန်းက နားမလည်နိုင် ဖြစ်သွားသည်။

ပျောက်သွားတာလား …

သူက လှောင်ချိုင့် ပျောက်ကွယ်သွားမှုကို တွေးနေရင်း ရွှေရောင်တလက်လက်နှင့် ဒုတိယမြောက် လှောင်ချိုင့် ပေါ်လာသည်။

ယွင်စန်းက ထပ်မလှုပ်ရှားခင် တုန်တုန်ယင်ယင် ဖြစ်လာမိသည်။ တကယ်ကို ထူးဆန်းလွန်းလှသည်။ သူက မျှော်စင်မှ မြင်ကွင်းကို ပြန်တွေးမိလိုက်၏။ ထိုအခါက မိစ္ဆာဝေဟင်မျှော်နန်းသခင်သည် ဒီလိုရွှေရောင်လှောင်ချိုင့်နှင့် တူသည့် နည်းစနစ်တစ်ခုကို ထုတ်လွှင့်ခဲ့သည်။

“ ယွင်စန်း …” ယွင်စန်းနောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ သူက လှည့်ကြည့်လိုက်သည့်အခါ အစွယ်ဖြဲကာ လက်သည်းဖြင့် ချိန်ရွယ်ထားသည့် ပိအန်းကို မြင်လိုက်ရ၏။

လုကျိုးက ပိအန်းကျောပေါ်တွင် ရပ်နေသည်။

“သောက်ခွေးနဲ့မှ ” ယွင်စန်း ခန္ဓာကိုယ်မှ ချီများ ထွက်လာကာ စတင်ပြေးတော့သည်။

ပိအန်းကလည်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

ဘန်း ဘန်း ဘန်း

ပိအန်းက လမ်းတစ်လျှောက် သစ်ပင်များစွာ ဝင်တိုက်ခဲ့သည်။ စက္ကန့်ပိုင်းလေးအတွင်း သူက ယွင်စန်းကျောကို တွန်းချလိုက်သည်။

ဘုန်း

ယွင်စန်းက နာကျင်စွာ ညည်းညူလိုက်ပြီး‌ ရှေ့မှောက်ကျသွားကာ သွေးတစ်ပွက် အန်လိုက်ရသည်။ ထို့နောက် သူက ရုတ်ခြည်းဆိုသလို လေထဲ ပျောက်သွားလေ၏။

“ မြေလွတ်မြောက်ရေး နည်းစနစ်လား ” လုကျိုးက ပိအန်းအား ရပ်ဖို့ အမိန့်ပေးလိုက်သည်။ သူက အလျင်မလိုပေ။

ဒုတိယ လှောင်ချိုင့်နှင့် တတိယလှောင်ချိုင့်တို့က ယွင်စန်းဆီ ရောက်သွားလေပြီ။

လုကျိုးက မြေလွတ်မြောက်ရေး နည်းစနစ်ကို ကောင်းကောင်းနားလည်လေသည်။ ကျင့်ကြံသူက မြေအောက်ထဲ ရောက်နေသည့်အခါ သူ့အရှိန်က သိသိသာသာ လျော့ကျသွားပြီး ချီကုန်ဆုံးမှုလည်း တိုးလာလိမ့်မည်။

ပိအန်း ရှိနေ၍ ယွင်စန်းက တောင်ပံပေါက်လာလျှင်ပင် ထွက်ပြေးလွတ်မြောက်ဖို့ ခက်ပေမည်။

ဒုတိယလှောင်ချိုင့်က လုကျိုးရှေ့ မီတာနှစ်ဆယ်အကွာတွင် ဆင်းသက်လာသည်။ ထို့နောက် ပျောက်ကွယ်သွား၏။ ပစ်မှတ်ကို မမိခဲ့ပေ။

တတိယ လှောင်ချိုင့် ကျရောက်လာသည်။ ဤသည်က မိုးမြေတခွင် ဖုံးလွှမ်းသွားသည့် ပိုက်ကွန်တစ်ခုလို ဖြစ်၏။ ထို့နောက် မြေကြီးပေါ်တွင် ပင့်ကူအိမ်သဖွယ် လိုင်းများ ပေါ်ထွက်လာကာ ပစ်မှတ်ကို နေရာအသီးအသီးမှ လွှမ်းခြုံထားလိုက်သည်။ သည်တစ်ခါ ထိမှန်နှုန်း အသက်ဝင်လာကြောင်း သိသာလှသည်။

မိစ္ဆာဝေဟင်မျှော်နန်းတွင် လှောင်ချိုင့်ဖြင့် ဖန်းရှုဝမ်ကို ဖမ်းစဉ်အခါကို ပြန်လည် အမှတ်ရစေသည်။ ဤသည်မှာ အံ့ဩဖွယ်ကောင်းလွန်းလှသည်။

မိစ္ဆာဝေဟင်မျှော်နန်းက ကျယ်ဝန်းသော်လည်း သဘာဝတရားနှင့် မယှဉ်နိုင်ပေ။

တတိယလှောင်ချိုင့် ဆင်းသက်ရာ တည်နေရာသည် ဒုတိယ လှောင်ချိုင့်နှင့် ကွဲပြားသော်လည်း သိပ်တော့ မကွာပေ။ ဆင်းသက်မလာခင် မီတာနှစ်ဆယ်လောက် ရှေ့ရောက်သွားခြင်း ဖြစ်၏။

ကောင်းကင်မှ တောအုပ်ထဲ ပိုက်ကွန်သဖွယ် ပြုတ်ကျလာသည်။ သစ်ပင်ရာချီက ထိုပိုက်ကွန်ကြောင့် ချက်ချင်း လဲကျကုန်သည်။ လဲကျသွားသော သစ်ပင်များနှင့် အပျက်အစီးအားလုံးက ပိုက်ကွန်ထဲ ရောက်သွားကာ လေးထောင့် လှောင်ချိုင့် ပြောင်းပြီးနောက် အားလုံးကို ဖယ်ထုတ်ပစ်လိုက်သည်။

သိပ်မကြာခင် လေးထောင့် မြေကြီးတစ်ခု တောအုပ်အလယ်တွင် ဖြစ်တည်လာသည်။

ရွှေရောင်တောက်ပနေသည့် လှောင်ချိုင့်က မြေကြီးထဲ နစ်ဝင်သွားဟန်ပေါ်၏။

“ အား ” မြေအောက်မှ အသံကျယ်ကြီး ထွက်ပေါ်လာသည်။

…

အခန်း (၂၀၆) ယန်ကျစ်ယွင်စန်း ပြေးစရာမရှိတော့ဘူး (ခ)

လှောင်ချိုင့်က ပစ်မှတ်ကို ဖမ်းမိသွားလေပြီ။

လုကျိုးက ပိအန်းကို ဆင်းသက်ဖို့ အမိန့်ပေးလိုက်သည်။ သူ ဆင်းလာပြီးနောက် ပိအန်းက ဘေးနား၌ အသာလေး ထိုင်ချလိုက်သည်။

လုကျိုးက လှောင်ချိုင့်ရှိရာဆီ လက်နောက်ပစ်လျက် လျှောက်လာသည်။

လှောင်ချိုင့်ဖြင့် အဖမ်းခံရသည့် ကျင့်ကြံသူများက သူတို့ကျင့်ကြံဆင့် ပိတ်ဆို့ခံလိုက်ရသည်။ ဖန်းရှုဝမ်အတွက်လည်း အတူတူ ဖြစ်၏။ ထို့ကြောင့် လုကျိုးက ယွင်စန်း ထွက်ပြေးမည်ကို မစိုးရိမ်ပေ။ သူက မုတ်ဆိတ်အသာသပ်ရင်း စိတ်ရှည်လက်ရှည် စောင့်လိုက်၏။

မြေအောက်မှ ယွင်စန်း၏ အော်သံများ ထွက်လာဖို့ သိပ်မကြာလိုက်ပေ။ သူ့ကြည့်ရသည်မှာ ငိုနေဟန် ပေါ်၏။

လုကျိုးက အသံမြင့်ကာ “ ယွင်စန်း … မင်း ထွက်ပြေးဖို့ ကြိုးစားနေတုန်းလား ”

ယွင်စန်းက ငိုကြွေးရုံမှအပ စကားပြောနိုင်ဟန်မပေါ်ပေ။

လုကျိုးက လက်ဝှေ့လိုက်သည်။ ပိအန်းက စိတ်လှုပ်ရှားနေသည့်အလား ဟိန်းလိုက်သည်။ ထို့နောက် ပြေးလာကာ မြေကြီးကို စတင်တူးတော့သည်။

သိပ်မကြာခင် ပိအန်းက ယွင်စန်းကို မြေကြီးထဲမှ တူးလာသည်။

ယွင်စန်းက ထိတ်လန့်လွန်း၍ ပိအန်း၏ လက်သည်းကို မြင်သည့်အခါ အမေ ပြန်တမိသွားသည်။

“ မဟုတ် မဟုတ် လောင်ချန်းပေ့ ချမ်းသာပေးပါ။ ကျွန်တော်ကို သက်ညှာပေးပါ ” ယွင်စန်းက ဆက်တိုက်ဆိုသလို သက်ညှာပေးဖို့ ပြောနေသည်။ သူက မိစ္ဆာအိုကြီးကို မြင်လိုက်ရသည့်အခါ မထိတ်လန့်ဘဲ မနေနိုင်တော့ပေ။ သူက ဘဝမှာ သည်လောက် မကြောက်ခဲ့ဖူးပေ။ သူက လှုပ်ရှားချင်သော်လည်း မလှုပ်ရှားနိုင်ပေ။ သူ့ခန္ဓာကိုယ်ကို ပုံသွင်းထားသည့်အလား ချိန်းကြိုးဖြင့် ခိုင်ခိုင်မာမာ ချည်နှောင်ခံထားရသည်။

“ သူ့ကို ခေါ်သွား ” ထိုသို့ပြောလိုက်ပြီးနောက် ပိအန်းက ယွင်စန်းအား ပါးစပ်ဖြင့် ကိုက်ချီလိုက်သည်။

………………

ထိုစဉ် မင်ရှစ်ရင်၊ တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့မှလွဲ၍ အားလုံးက မျှော်စင်၌ စိုးရိမ်တကြီး စောင့်နေကြသည်။

ကျောက်စိမ်း မိန်းမပျိုလေးက ပြောလိုက်သည်။

“လောင်ချန်းပေ့က အသက်အရွယ် ရနေပြီဆိုတော့ ယွင်စန်းကို ကိုယ်တိုင်လိုက်ဖမ်းတာ နည်းနည်းများလွန်းသွားမလား ”

မင်ရှစ်ရင်က ယုံကြည်ချက်ရှိရှိ ပြောလာသည်။

“ စိုးရိမ်ဖို့ မလိုပါဘူး။ ရှစ်စွင်းရဲ့ စွမ်းရည်က ကောင်းကင်ကိုတောင် ကိုင်လှုပ်နိုင်တယ်။ ယွင်စန်းသာ ဒီကနေ လွတ်မြောက်သွားရင် ငါတို့ မျက်နှာပျက်ရမှာပေါ့ ”

“ ကျွန်မ အဲလိုဆိုလိုချင်တာ မဟုတ်ပါဘူး။ ခွင့်လွှတ်ပေးပါ ”

………..…

လုကျိုးက ပိအန်းကို စီးနင်းကာ မြောက်ဘက်မှ မျှော်စင်ဆီ ပြန်လာခဲ့သည်။

ပိအန်း ပါးစပ်၌ လူတစ်ယောက် ကိုက်ချီလာသည်ကို မြင်တွေ့နိုင်သည်။ ဤသည်မှာ ခါးပိုက်နှိုက်ဂိုဏ်း၏ တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်ပြီး စောစောလေးက ထွက်ပြေးသွားခဲ့သည့် ယန်ကျစ်ယွင်စန်း ဖြစ်၏။

ထွက်ပြေးမသွားသည့် ကျင့်ကြံသူများက ထိုမြင်ကွင်းကို မြင်လိုက်ကြရသည်။

“ ယွင်စန်းကို ဖမ်းမိသွားပြီ ”

“ခါးပိုက်နှိုက်က်ဂိုဏ်းရဲ့ အမွေဆက်ခံသူ အဖမ်းခံလိုက်ရပြီ“

မိစ္ဆာဝေဟင်မျှော်နန်းက ထိုကျင့်ကြံသူများ၏ လေးစားမှုကို ရလိုက်သလို ဖြစ်သွားသည်။ ခါးပိုက်နှိုက်ဂိုဏ်း၏ အမွေဆက်ခံသူက ဉာဏ်များသည့်အတွက် လူသိများလေသည်။ သူက ယွင်၊ ထျန်းနှင့် လော့ဂိုဏ်းတို့ ပူးပေါင်းဖမ်းဆီးမှုအောက်တွင်ပင် လွတ်မြောက်အောင် ထွက်ပြေးသွားနိုင်သူ ဖြစ်၏။

ဉာဏ်များမှုအရ သူက မဟူရာစစ်သည်တော် ဖန်းရှုဝမ်ထက်ပင် ပိုဉာဏ်များသူ ဖြစ်၏။ ဖန်းရှုဝမ်က အင်အားကြီးသောကြောင့် အခြေအနေအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်လေသည်။ တစ်ဖက်တွင် ယွင်စန်းက နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်သာ ရှိသေး၏။ သူက သည်လောက်ရရှိသည်ကိုက ပြိုင်ဘက်ကင်းနေပြီဟု ယူဆနိုင်လေသည်။

ကျောက်စိမ်း မိန်းမပျိုလေးက ရုတ်ခြည်း ထရပ်လိုက်သည်။

ဟွားယွဲ့ရှင်းကလည်း လေးတံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

ပိအန်းက မျှော်စင်အထက် ပျံသန်းသွားကာ ယွင်စန်းကို ထွေးထုတ်လိုက်သည်။ သူက ယွင်စန်း အသက်ကို ဂရုမစိုက်ပေ။

ကျောက်စိမ်း မိန်းမပျိုလေးက အံ့အားသင့်နေမိသည်။

“လောင်ချန်းပေ့က အသက်အရွယ် ကန့်သတ်ချက်မရှိ စွမ်းအားကြီးနေတုန်းပါပဲ ”

ပြောရလျှင် သူ့စွမ်းအားက အကန့်အသတ် မရှိပေ။

သူတို့ မျှော်စင်ပေါ် စောင့်ဆိုင်းနေစဉ် ကျောက်စိမ်း မိန်းမပျိုလေးက တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့သည် ပုံမှန်ဖြစ်ကြောင်း ခံစားမိ၏။ သို့သော် ပက်ပက်စက်စက် ပြောတတ်သည့် မင်ရှစ်ရင်အား မခန့်မှန်းနိုင်ပေ။

တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာက ဦးညွှတ်ရုံမျှ ဦးညွှတ်လိုက်ကြသည်။

ကျောက်စိမ်း မိန်းမပျိုလေးက ဦးညွှတ်ကာ ပြောလိုက်သည်။ “ လောင်ချန်းပေ့ရဲ့ အံ့အားသင့်လောက်ဖွယ် စွမ်းအားပါပဲ။ တကယ်ကို ရင်သပ်ရှုမောစရာ ကောင်းလှပါတယ်”

ဟွားယွဲ့ရှင်းက လက်နှစ်ဖက်ယှက်လိုက်ပြီး ဘာမှမပြောပေ။

လုကျိုးက ကျောက်စားပွဲဆီ လျှောက်လာပြီး မုတ်ဆိတ်သပ်ရင်း ထိုင်ချလိုက်သည်။ သူက ကြမ်းပြင်ပေါ် လဲကျနေသည့် ယွင်စန်းကို ကြည့်ကာ “ယွင်စန်း မင်းကို မေးစရာရှိတယ်။ မင်းအနေနဲ့ အားလုံးကို ဖြေပေးရုံပဲ ”

“ ဟုတ် .. ဟုတ် ” ယွင်စန်းက ခက်ခက်ခဲခဲ ထကာ ကြမ်းပေါ် ဒူးထောက်လိုက်သည်။ သူက အသက်ပြင်းပြင်းပင် မရှုရဲပေ။

“ ကျန်ရှိနေတဲ့ ကောင်းကင်အပိုင်းအစတွေက ဘယ်မှာလဲ” လုကျိုးက မေးလိုက်သည်။

ယွင်စန်းက တံတွေးမျိုချလိုက်၏။ သူက ခေါင်းငုံ့ထားပြီး ဖြေလိုက်သည်။

“ သုံးခုက နန်းတော်မှာပါ။ ဒါပေမဲ့ အဲထဲက နှစ်ခုကို ဒီမျှော်စင်ထဲမှာ ထားထားပြီးတော့ ကျန်တစ်ခုက ကျင့်မင်တာအိုဂိုဏ်းရဲ့ မော့ချီလက်ထဲမှာပါ။ အခြားတစ်ခုက မဟာနတ္ထိဘုရားကျောင်း … ”

မဟာနတ္ထိဘုရားကျောင်း၏ ကောင်းကင်အပိုင်းအစက ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်း ရွှီလျောင်ကို ပေးထားသည့် တစ်ခု ဖြစ်လိမ့်မည်။ နန်းတော်ရှိ ကျန်သုံးခုကိုတော့ ရှောင်ယွမ်အာက နှစ်ခု ရထားပြီးပြီ ဖြစ်ရာ ကျန်းအိုက်ကျန့်ကလည်း သိုလှောင်ခန်းမှ တစ်ခု ရလာခဲ့သည်။ ထည့်မတွက်ရသေးသည့် သုံးခု ကျန်နေသေးသည်။

လုကျိုးက တိတ်ဆိတ်နေသည်။ သူက ယွင်စန်း စကားကို ဆက်စောင့်နေသည်။

ယွင်စန်းက မော့ကြည့်လိုက်ပြီးနောက် ဘေးတွင် ထိုင်နေသည့် ကျောက်စိမ်း မိန်းမပျိုလေးကို ခိုးကြည့်လိုက်သည်။

ထို့နောက် သူက ဆက်ပြောလိုက်သည်။ “ ကျန်သုံးခုက … ”

သူက စကားကို အပြည့်အစုံ မပြောနိုင်ပေ။

မင်ရှစ်ရင်က သူ့ကို ကန်ချလိုက်ပြီး “ တုံ့နှေးမနေနဲ့။ ထုတ်ပြောလိုက် ”

ယွင်စန်းက ရေရွတ်လိုက်သည်။ “ ကျွန်တော် ပြောသင့်လား မသိဘူး … ”

သူက ထုတ်ပြောရမည်လား သေချာမသိပေ။

ထိုစဉ် ဘေးတွင်ထိုင်နေသည့် ကျောက်စိမ်း မိန်းမပျိုလေးက အေးစက်စက် ပြောလာသည်။ “ မင်းက ပြောသင့် မပြောသင့်ကိုတောင် သိလို့လား ”

လုကျိုးက ယွင်စန်းဆီမှ ကျောက်စိမ်း မိန်းမပျိုလေးဆီ အကြည့်လွှဲလိုက်ပြီး “သူက ယွင်စန်းမှန်း ငါ ဘယ်လိုလုပ်သိလဲ သိလား ”

ကျောက်စိမ်း မိန်းမပျိုလေးက နှလုံးခုန် တစ်ချက်မြန်သွားသည်။ သို့သော်လည်း သူမ မျက်နှာအထက် အပြုံးက ပျောက်ကွယ်မသွားဘဲ “ ကျွန်မက ကျင့်ကြံခြင်းအကြောင်း ဘာမှမသိတဲ့ အမျိုးသမီးတစ်ယောက်ဆိုတော့ မပြောတတ်ဘူးလေ ”

ထိုစဉ် မင်ရှစ်ရင်က ရုတ်ခြည်း သဘောပေါက်သွားသည်။ သူက ပြုံးကာ “ ကျွန်တော် သိပြီ ”

“ သူတို့ကို ရှင်းပြလိုက် ” လုကျိုးက ပြောပြဖို့ကို ပျင်းရိနေသည်။

“ မြစ်ထဲက ချိတ်တွေ၊ စွန်တွေနဲ့ ချည်ဖို့ကို ကြိုတင်ပြင်ဆင်ထားမှ ဖြစ်မယ်။ မျှော်စင်အရှင်က အံ့ဖွယ်မြို့တော်ကဆိုတော့ နန်းတော်က လူတွေနဲ့ ပတ်သက်နိုင်တယ်။ ဒါပေမဲ့ ယွင်စန်း တစ်ယောက်တည်း လုပ်တာတော့ မဖြစ်နိုင်ဘူး။ ဆိုလိုတာက သူမှာ နောက်ခံရှိတယ် ” မင်ရှစ်ရင်က ပြောလိုက်သည်။

ကျောက်စိမ်း မိန်းမပျိုလေးက ချီးကျူးကာ “ အဓိပ္ပာယ်ရှိတယ်။ အဲဆို ဘယ်သူများ ဖြစ်နေနိုင်မလဲ ”

“ မိစ္ဆဝေဟင်မျှော်နန်းကို အငြိုးထားပြီးတော့ ဒီမျှော်စင်ကို ကောင်းကောင်းသိတဲ့လူ ” မင်ရှစ်ရင်က ပြောလိုက်သည်။

ထိုစဉ် ယွင်စန်းက ပြတင်းပေါက်မှ ရုတ်ခြည်း ခုန်ချသွားလေသည်။

မျှော်စင်အောက်ခြေမှ အလန့်တကြား အော်သံများ ထွက်ပေါ်လာလေ၏။

ဟွားယွဲ့ရှင်းက ဒေါသတကြီး ပြောလာသည်။ “ ထွက်ပြေးသွားတာလား … သိပ်မမြန်နေဘူး”

သူမက လေးကြိုးကို ဆွဲလိုက်သည်။ ထို့နောက် ရွှေရောင်လေးပေါ်၌ စွမ်းအားများ ထွက်ပေါ်လာသည်။

ဝှစ်

ဟွားယွဲ့ရှင်းက အသက်တစ်ရှိုက်စာအတွင်း အကုန်လုပ်ခဲ့သည်။

နယ်ရှင်လှံ၏ အရိပ်ထောင်ချီက မြားကို တားလိုက်သည်။ တွမ့်မူရှန်းက လေထဲမှ ဟွားယွဲ့ရှင်း၏ မြားကို ကြေမွသွားအောင် လုပ်လိုက်သည်။

ထိုစဉ် အနီတောက်တောက် နိဗာနခါးစည်း ထွက်လာကာ လေထဲမှ ယွင်စန်းကို ဖမ်းထားလိုက်၏။

ရှောင်ယွမ်အာက ယွင်စန်းအား သူမ လွင့်နေသည့် စွန်တစ်ခုသဖွယ် ပြန်ဆွဲလာသည်။ သူမက အပြုံးလေးဖြင့် ပြောလာ။၏ “ ရှစ်စွင်း … ဒါက မမိုက်ဘူးလား ”

ယွင်စန်း၏ ကျင့်ကြံဆင့်ကို ပိတ်ဆို့ထားလေရာ ပြတင်းပေါက်မှ ခုန်ချလျှင်ပင် မလွတ်မြောက်နိုင်ပေ။ ထို့သို့ဆိုလျှင် သူက အဘယ်ကြောင့် ထွက်ပြေးဖို့ ကြိုးစားရသနည်း။

လုကျိုးက ဟွားယွဲ့ရှင်းကို ကြည့်လိုက်ကာ “ သူ့ကို နှုတ်ပိတ်ဖို့ ကြိုးစားနေတာလား”

ဟွားယွဲ့ရှင်းက အံ့အားသင့်သွားပြီး တုန်ယင်လျက် “ ကျွန်မ မလုပ်ရဲပါဘူး။ ကျွန်မက လောင်ချန်းပေ့ကို ကူညီပေးချင်ရုံပါ ”

သူမက နတ်လေးသျှင် ဖြစ်သော်လည်း အနီးတိုက်ခိုက်မှု၌ တွမ့်မူရှန်းက သူမအသက်ကို အချိန်မရွေး နှုတ်ယူသွားနိုင်သည်။

မျှော်စင်က ယခုအခါ တိတ်ဆိတ်သွားပြီး လေထုက တင်းကျပ်လာသည်။

ကျောက်စိမ်း မိန်းမပျိုလေးပင် အသက်ရှုဖို့ ခက်လာသည်။ သူမက သည်လိုဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လုကျိုးက ထကာ မျှော်စင်အစွန်းနား လက်နောက်ပစ်လျက် လျှောက်လာသည်။ သူက လေထဲ ချိတ်ဆွဲခံထားရသည့် ယွင်စန်းကို ကြည့်ကာ “ မင်း မပြောတာနဲ့ ငါ မသိတော့ဘူး ထင်နေလား ”

လုကျိုး စကားအဆုံးတွင် သူ့လက်ဝါး၌ စွမ်းအားများ စုစည်းလာသည်။

ထိုစဉ် ဟွားယွဲ့ရှင်း၏ လေးက စတင် တုန်ခါလာ၏။

“လောင်ချန်းပေ့ ” ဟွားယွဲ့ရှင်းက ထိတ်လန့်သွားသည်။

ဘန်း

ဟွားယွဲ့ရှင်းရှေ့တွင် အစိမ်းရောင် ပုံရိပ်တစ်ခု ပေါ်လာပြီး မင်ရှစ်ရင်၏ လက်ဝါးက သူမအပေါ် ကျရောက်သွားသည်။

ဟွားယွဲ့ရှင်းက သူမ၏ လေးကိုင်းသည် လုကျိုးဆီ ပျံသန်းသွားသောကြောင့် နောက်လဲကျလုမတတ် ဖြစ်သွားသည်။

…

အခန်း (၂၀၇) ခုနစ်ရက်လား၊ ကျောက်စိမ်းမိန်းမပျိုလေး ထိခိုက်သွားတာလား

ထိုပေါ်ပေါက်လာသည့်အခြေအနေက လူတိုင်း၏မှန်းဆထားမှုကို ကျော်လွန်နေသည်။ ရံရွေတော်နှစ်ဦးက ကြောက်လန့်လွန်းသောကြောင့် မြေကြီးပေါ်ပြုတ်ကျသွားပြီး တုန်ယင်နေ၏။ ထိုစဉ်စစ်သားများကလည်း ပျာယာခတ်ကုန်ပြီး သူတို့ရှေ့တိုးသွားသင့်လား မသေချာတော့ပေ။

ဟွားယွဲ့ရှင်းက အံ့ဖွယ်မြို့တော်၏ နတ်လေးသျှင်သုံးဦးထဲမှ တစ်ဦးဖြစ်သည်။ သူမက မော့ချီ၏လက် အောက်ငယ်သားချန်းကျူနှင့် မဟူရာသူရဲကောင်း လီချင်းနှင့် အဆင့်အတန်းတူပေသည်။

လီချင်းနှင့်အဆင့်တန်းတူနှစ်ဦးလုံးသေပြီဖြစ်ရာ ဟွားယွဲ့ရှင်းတစ်ဦးတည်းသာ ကျန်ခဲ့သည်။ သို့သော် သူမသည် မင်ရှစ်ရင်၏ အနီးကပ်ရိုက်ချက်ကို ခံလိုက်ရ၏။

မင်ရှစ်ရင်က ပြုံးကာပြောလိုက်တော့သည်။

“မင်းက လှည့်စားရဲတယ်ပေါ့။ ဒါအတွက် မင်းအသက်ကို နုတ်မယ်” ခွဲခွာချိပ်ကောက်နှင့် ဓားအိမ်တို့က သူ၏လက်ထဲတွင် ပေါ်လာလျက် အေးတိအေးစက် ပြောလိုက်တော့သည်။

ကျောက်စိမ်းမိန်းမပျိုလေးက ယခုအချိန်တွင် ဖြူရော်နေလေ၏။ သူမကအမြန်အရိုအသေပေးကာ ပြောလိုက်သည်။ “လောင်ချန်းပေ့ ခဏ”

လုကျိုးသည် ဟွားယွဲ့ရှင်း၏လေးကို ကျောက်တုံးစားပွဲပေါ်တင်လိုက်ပြီးနောက် ထူးမခြားနား ပြောလိုက်သည်။ "သူ့ကို သွားခွင့်ပေးလိုက်”

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းသည် နာခံလျက် ဘေးသို့ နောက်ဆုတ်လိုက်၏။

ဟွားယွဲ့ရှင်းက ထိတ်လန့်သွားသည်။ သူမက ထိုရိုက်ချက်ကြောင့် ဒဏ်ရာရလုနီးပါးဖြစ်သွားသည်။ ကံကောင်းသည်မှာ မင်ရှစ်ရင်က ထိန်းထားခဲ့၏။ ကျောက်စိမ်းမိန်းမပျိုလေး၏အသံက လေထဲတွင် ပေါ်ထွက်လာသည်။

“ဒီကိုလာခဲ့”

ဟွားယွဲ့ရှင်းက အနည်းငယ် တုံ့ဆိုင်းနေသော်ငြား သူမက ပျံသန်းလာပြီး စေတီဆီသို့ ပြန်ရောက်လာ၏။ လုကျိုး၊ မင်ရှစ်ရင်နှင့် ကျန်သည့်သူများကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်တော့သည်။

ကျောက်စိမ်းမိန်းမပျိုလေးက လုကျိုးရှေ့၌ ရပ်လိုက်၏။ သူမက အရိုအသေထပ်ပေးကာ ပြောလိုက် တော့သည်။

“ကျွန်မမှာ ရွေးချယ်စရာမရှိဘူး။ ဒါပေမဲ့ ကျွန်မလုပ်ရမဲ့အရာကို လုပ်တာပဲ”

“ဪ မင်း ဝန်ခံတယ်ပေါ့” လုကျိုးကမေးလိုက်သည်။

ကျောက်စိမ်းမိန်းမပျိုလေးက သက်ပြင်းချပြီးပြောလိုက်တော့သည်။

“ဟုတ်တယ်။ ယွင်စန်းက ကျွန်မလူတွေထဲက တစ်ယောက်”

သူမ၏ဝန်ခံချက်ဖြင့်အရာအားလုံးက ရှင်းလင်းသွားခဲ့ပြီ။

ယွင်စန်းသည် ကျောက်စိမ်းမိန်းမပျိုလေး၏ လက်အောက်ငယ်သား ဖြစ်သောကြောင့် သူသည် ဘာမှမပြောရဲတာ သဘာဝကျ၏။ ထို့အပြင် ဟွားယွဲ့ရှင်းက သူ့ကို နှုတ်ပိတ်ရန်စီစဉ်ထားတာ ရှင်းလင်းနေသည်။ လုကျိုးက ရှောင်ယွမ်အာကို အချက်ပြလိုက်လေ၏။

ရှောင်ယွမ်အာက လက်ကိုဝှေ့ယမ်းလိုက်ပြီး နိဗာနခါးစည်းကိုဝှေ့ယမ်းလိုက်ရာပြီး အားစိုက်၌ ဆွဲလိုက်ရာ ယွင်စန်းကို မျှော်စင်ပေါ်သို့ပြန်ရောက်လာစေသည်။ သူမက ပြုံးပြီးပြောလိုက်၏။

"ရှစ်စွင်း သူထပ်မပြေးနိုင်အောင် သူ့ခြေထောက်ကို ချိုးလိုက်သင့်လား"

ယွင်စန်းက တုန်ယင်သွားလေ၏။

ရှောင်ယွမ်အာက လုကျိုးတိတ်ဆိတ်မြဲတိတ်ဆိတ်နေတာကို မြင်သောအခါ ထပ်မပြောတော့ပေ။ သူမကို ယွင်စန်းကို မျက်နှာထိမျက်နှာထားဖြင့်ကြည့်လိုက်ပြီးနောက် ဘေးသို့ရွှေ့လိုက်သည်။ လုကျိုး၏အကြည့်က ယွင်စန်းဆီ ထပ်ရောက်လာပြီးပြောလိုက်၏။ "ပြော”

ယွင်စန်းက တုန်ယင်နေသည်။ သူက ကျောက်စိမ်းမိန်းမပျိုလေးကို အရိုအသေပေးပြီးနောက် ပြောလိုက်တော့၏။

“ကျန်တဲ့အပိုင်းအစသုံးခုက ကျောက်စိမ်းမိန်းမပျိုနဲ့ရှိနေပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ကျောက်စိမ်းမိန်းမပျို။ ခွင့်လွှတ်ပေးပါ သခင်မ”

သူတို့တွက်ချက်ထားသည့်အတိုင်းဆိုလျှင် နန်းတော်ထဲ၌ကောင်းကင်အပိုင်းအစလေးခုရှိသည်။ လုကျိုးက သိုလှောင်ရုံထဲကနေ ကျန်းအိုက်ကျန့်ယူလာသော အပိုင်းအစကို ရထားပြီးဖြစ်ရာ ထိုအရာကို ထည့်တွက်စရာမလိုတော့ပေ။

ကျောက်စိမ်းမိန်းမပျိုက သက်ပြင်းချပြီးပြောလိုက်လေ၏။

“လောင်ချန်းပေ့... ဟွားယွဲ့ရှင်းရဲ့လေးက ကောင်းကင်အပိုင်းအစတွေနဲ့သွန်းလုပ်ထားတာ။ ဒါကို လျှို့ဝှက်ထားတယ်ဆိုတာက ကျွန်မတို့ကြားမှာနားလည်မှုလွဲတာကို မဆိုးစေချင်လို့ပဲ။ ဧရာမ ပိုးသားလက်အိတ်ကို လက်ဝယ်ရဖို့အတွက် ယွင်စန်းက သူ့အဖွဲ့အစည်းနဲ့စွန့်စားပြီး ပတ်ဝန်းကျင်မှာ ကိရိယာတွေမျိုးစုံ တည်ဆောက်ထားလိမ့်မယ်လို့ ကျွန်မသတိမပြုခဲ့မိဘူး”

တပည့်များက ကျောက်စားပွဲပေါ်ရှိလေးကိုကြည့်ပြီး အနည်းငယ်ထိတ်လန့်သွားလေ၏။ ယခုအချိန်တွင် ဟွားယွဲ့ရှင်းကို သူတို့ရှစ်စွင်း တိုက်ခိုက်ရသည့်အကြောင်းကို နားလည်သွားပြီ ဖြစ်၏။ သူသည် အစတည်းက သတိပြုမိတာဖြစ်ရမည်။ သူက တိတ်ဆိတ်နေသည်။

ကျောက်စိမ်းမိန်းမပျိုလေးက အမြန်ဆက်ပြောလိုက်၏။

“ကျွန်မသာ မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ရန်သူဖွဲ့ ချင်တယ်ဆိုရင် ဘာကြောင့်များ ဘီလုံးငှက်မျှော်စင်ကို လာမှာလဲ။ ဒါက သေဖို့ရှာနေတာနဲ့ မတူသွားဘူးလား”

ဘီလုံးငှက်မျှော်စင်က ထပ်မံတိတ်ဆိတ်သွားပြန်၏။

အသက်ရှူခြင်းကဲ့သို့ ရိုးရှင်းသည့်အပြုအမူကတောင် ခက်ခဲနေပုံရသည်။

ဟွားယွဲ့ရှင်းက လက်သီးဆုပ်ထားလျက်ပြောလိုက်၏။ “ကိစ္စကသာ ဒီလိုမဟုတ်ခဲ့ရင် ယွင်စန်းကို ဆန့်ကျင်ပြီး ဆောင်ရွက်ခဲ့မှာ မဟုတ်ပါဘူး”

သူတို့ရောက်လာချိန်၌ စွမ်းအင်များဖြင့်ရစ်ပတ်နေသော ကြီးမားသည့် မြားတစ်စင်းက ရှောင်ယွမ်အာဆီသို့ ဦးတည်နေတာမြင်လိုက်ရသည်။ ဟွားယဲ့ရှင်း၏မြားက တိုက်ခိုက်မှုကို တားလိုက်တာပဲ ဖြစ်၏။ ဟွားယွဲ့ရှင်းက ထပ်ပြောလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းဆီ လေးကို ချက်ချင်း ပြန်ပေးပါ့မယ်”

မင်ရှစ်ရင်က ရေရွတ်ပြောလိုက်သည်။

“ဒါကမှ ဟုတ်သေးတယ်”

ပန်းပဲသွန်းလုပ်ခြင်းက မှန်မှန်ကန်ကန် ပြီးသွားလျှင် ကောင်းကင်အပိုင်းအစနှစ်ခုဖြင့် ကောင်းကင် အဆင့် လက်နက်တစ်ခုကို ဖွဲ့တည်နိုင်သည်။ သို့သော် လိုအပ်သည့်ကုန်ကြမ်းများက အလွန်ရှားပါးသည်။

လုကျိုးက ကောင်းကင်အပိုင်းအစသုံးခုသည် မြေကမ္ဘာအဆင့်လေးမြားသာ ထုတ်လုပ်နိုင်လိမ့် မည်ဟုမထင်ထားပေ။ ယင်းက အမှန်တကယ်ဖြုန်းတီးရာရောက်နေ၏။ သူက လက်ကိုဝှေ့ယမ်းကာ လေးကိုလွှဲယူလိုက်သည်။

“တင်း ပြန်ပြင်နေသောကောင်းကင်လေး ပြန်လည်သန့်စင်ရန်လိုအပ်သည်။ ကောင်းကင်အပိုင်းအစ သုံးခုရလိုက်”

ထိုစဉ် လုကျိုးက ဤတာဝန်၏ဖြစ်စဉ်များကို တစ်ချက်ကြည့်လိုက်သည်။

ကောင်းကင်အပိုင်းအစပြန်ရရှိခြင်း ၇/၈။

ယင်းက သူထင်ထားတာထက်ပိုချောမွေ့နေသည်။ အစက ကောင်းကင်အပိုင်း အစများသည် လောကကြီးအနှံ့ တစ်ကွဲတစ်ပြားစီရှိနေပြီး သူ့အဖို့ ဒုက္ခခံကာ ရှာဖွေရလိမ့်မည်ဟု ထင်ခဲ့သည်။ အပြင်လောကကြီးကို အများက ရှားပါးသောရတနာများအဖြစ် သတ်မှတ်ထား လမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ကျန်သည့်သူများက ယင်းကို အမှိုက်အဖြစ်တွေးပြီး ပစ်ထုတ်ခဲ့လျှင် သူ့အဖို့ ရှာရန်ခက်ခဲသွားမှာပဲဖြစ်သည်။

နောက်ဆုံးကောင်းကင်အပိုင်းအစတစ်ခုသာ ကျန်တော့သည်။ လုကျိုးက ယွင်စန်းကို ကြည့်ပြီး ပြောလိုက်၏။

"ယွင်စန်း မင်းကို အသက်ရှင်ဖို့အခွင့်အရေးတစ်ခုပေးမယ်”

ယွင်စန်းသည် သူအသက်ရှင်ရန် အခွင့်အရေးတစ်ခုရှိကြောင်း ကြားလိုက်ရသည့်အချိန်၌ လုကျိုးကို ကမန်းကတမ်းအရိုအသေပေးလိုက်သည်။ သူ၏နဖူးက ကြမ်းပြင်ပေါ် ကျယ်လောင်စွာထိသွားလျက် ပြောလိုက်၏။

“အမိန့်သာပေးလိုက်ပါ လောင်ချန်းပေ့။ အသက်ရှင်ဖို့အတွက် ဘာမဆိုလုပ်ပါ့မယ်”

“စာနာထောက်ထားတတ်တဲ့သူတွေကို ငါ အလေးစားဆုံးပဲ” လုကျိုးက ဖြည်းဖြည်းချင်း ပြောလိုက်၏။ "မင်းက ကျင့်မင်တာအိုဂိုဏ်းဆီ ကောင်းကင်အပိုင်းအစပေးခဲ့တာ ဆိုတော့ မင်းပဲပြန်ယူရမှာပေါ့”

ယွင်စန်းက ထိတ်လန့်အံ့အားသင့်သွားသည်။

သူက ယွင်စန်းကြက်သေသေနေတာကို မြင်တွေ့သည့်အချိန်၌ မင်ရှစ်ရင်က ပြောလိုက်သည်။

"မင်း မသွားရင်ရတာပဲ။ ငါ သွေးလတ်ဆတ်ဆတ်မရတာ အတော်ကြာနေပြီ” ပြောပြီးသည်နှင့် လက်များကို ဆန့်ထုတ်လိုက်၏။

ထိုအရာကို မြင်သောအခါ ယွင်စန်းက တုန်ယင်သွားတော့သည်။ သူကမငြင်းရဲသောကြောင့် ပြောလိုက်၏။

"ကျွန်တော် သွားမယ်။ သွားမယ်”

ကျင့်မင်ဂိုဏ်းထဲတွင် လက်ရွေးစင်များစွာရှိ၏။ ဂိုဏ်းထဲကနေ နောက်ဆုံးကောင်းကင်အပိုင်းအစကို ရယူဖို့က မလွယ်ကူချေ။ ယွင်စန်းက ခိုးရာ၌ကျွမ်းကျင်သည်။ ၎င်းကိုသူမပြောလျှင်တောင် သူ၎င်းကို ခိုးယူနိုင်ပြီး ပြန်ယူလာနိုင်၏။ ချုပ်နှောင်ခြင်းလှောင်ချိုင့်ကတ်ကြောင့်သာ မဟုတ်လျှင် လုကျိုးက ယွင်စန်းကဲ့သို့ ပညာရှင်သူခိုးကို ဖမ်းရန်အတွက် အားစိုက်ထုတ်မှုများနှင့် အချိန်များ ပိုလိုအပ်ပေမည်။

ယွင်စန်းက ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်၏။

"လောင် လောင်ချန်းပေ့။ ကျွန်တော် ကျင့်မင်တာအိုဂိုဏ်းကို သွားနိုင်ပါတယ်။ ဒါပေမဲ့ အမ်း ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်ကို ပြန်ဖွင့်ပေးနိုင်မလား”

မင်ရှစ်ရင်က ကမန်းကတမ်းပြောလိုက်၏။ "ရှစ်စွင်း ကျွန်တော် တစ်ခုပြောစရာရှိပါတယ်"

ယခုအချိန်သည် သူကြွားလုံးထုတ်ရမည့်အချိန်မဟုတ်ပါလော။

“ပြော”

“ယွင်စန်းက ခိုးယူတာကျွမ်းတယ်။ ကျွန်တော်တို့သာ သူ့ကျင့်စဉ်ကိုပြန်ဖွင့်ပေးလိုက်မယ်ဆို သူ့ကို ထပ်ဖမ်းဖို့လွယ်မှာမဟုတ်ဘူး။ ရှစ်စွင်းရှေ့မှာတောင်ကြွားတဲ့အထိ သူကရဲတင်းနေတာ။ သူလိုယုတ်မာကောက်ကျစ်တဲ့သူက ဘာမဆိုလုပ်နိုင်တယ်” မင်ရှစ်ရင်ကပြောလိုက်၏။ "ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံဆင့်ချိပ်ပိတ်ခံထားရရင် သူ့ရဲ့စွမ်းရည်တွေကို သုံးလို့ရမှာမဟုတ်ဘူး။ သူ့ကိုယ်ပေါ်မှာ ကနဦးချီချိပ်ပိတ်မှုတစ်ခု ထားလိုက်မယ်ဆိုရင် သူထွက်ပြေးလို့ရမှာမဟုတ်တော့ဘူး”

လုကျိုးက ခေါင်းညိတ်လိုက်သည်။ ယင်းက မင်ရှစ်ရင်၏အကြံပြုချက်ကို ခွင့်ပြုလိုက်တာပဲ ဖြစ်သည်။

မင်ရှစ်ရင်က လုကျိုးဘက်လှည့်ပြီး လက်သီးဆုပ်လျက် ယွင်စန်းဘေးသို့သွားလိုက်သည်။ လက်တစ်ဖက် မြှောက်ကာ ကနဦးချီအလင်းတန်းကပေါ်လာ၏။ အစိမ်းရောင်ကနဦးချီက ထူးခြားသော ချိပ်သင်္ကေတတစ်ခု ဖွဲ့တည်လိုက်သည်။

ဘန်း

သူက ၎င်းကို ယွင်စန်း၏ခန္ဓာကိုယ်ထဲရိုက်ထည့်လိုက်သည်။

ဟူး

ယွင်စန်းက သွေးတစ်ပွက်အန်တော့သည်။ ထိုချိပ်သင်္ကေတသည် သာမန်ချိပ်များနှင့် မတူပေ။ သာမန်ချိပ်များကို ချိပ်အသုံးပြုသူထက် ပိုသန်မာသူများက အားသုံးပြီး ဖြိုခွင်းနိုင်သည်။ သို့သော် မင်ရှစ်ရင်၏ချိပ်သင်္ကေတသည် ပစ်မှတ်၏ရိုးတွင်းခြင်ဆီနှင့် သွေးကြောပေါ်၌ကပ်ထားတာ ဖြစ်သည်။ ၎င်းကို ဖယ်ရှားရန် မဖြစ်နိုင်ပေ။ သို့သော် ထိုတမူထူးကဲသော ချိပ်၏အာနိသင်က အချိန်အကန့်အသတ်ရှိသည်။ ယင်းက ၎င်း၏ဟာကွက်ဖြစ်၏။

ကျောက်စိမ်းမိန်းမပျိုလေးသည် ယွင်စန်းအပေါ်၌ မင်ရှစ်ရင်က ထူးခြားသော ချိပ်သင်္ကေတ သုံးလိုက်တာကို မြင်လိုက်ရသည့်အချိန်တွင် အံ့ဩသင့်သွားတော့၏။ ယွင်စန်းအတွက် တစ်ချိန်လုံး အသုံးမပြုနိုင်ဟု ဆိုလိုတာပဲဖြစ်သည်။ ချိပ်သင်္ကေတရှိနေသရွေ့ ယွင်စန်းက မိစ္ဆာဝေဟင်မျှော်နန်း၏ နယ်ရုပ်ဖြစ်နေမည်။ သို့သော် ထိုအခြင်းအရာကို သူမ ဘာမှမလုပ်နိုင်ပေ။ လက်ရှိဦးစားပေးက မိစ္ဆာဝေဟင်မျှော်နန်းနှင့် အထင်လွဲနေတာကိုဖြေရှင်းရန်ဖြစ်သည်။ လိုအပ်ပါက သူမ ယွင်စန်းကို စတေးမှာပဲဖြစ်သည်။ ထို့ကြောင့်တစ်လျှောက်လုံး၌ သူမ၏အမူအရာသည် မပြောင်းမလဲရှိနေပေ သည်။

“ရှစ်စွင်း ပြီးသွားပြီ။ ဒါပေမဲ့ ဒီချိပ်သင်္ကေတက သုံးလလောက်ပဲခံမှာ” မင်ရှစ်ရင်က ပြောလိုက်သည်။

လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်၏။ သူက ယွင်စန်းကို ကြည့်ကာပြောလိုက်၏။

"မင်းကို အချိန်ခုနစ်ရက်ပေးမယ်”

ယွင်စန်းသည်လည်း ထိတ်လန့်အံ့ဩသင့်သွား၏။ သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် “သုံးလ သုံးလ မဟုတ်ဘူးလား။ ခု... ခုနစ်ရက်လား။ မနည်းလွန်းဘူးလား”

“မင်းမှာ ဈေးဆစ်ပိုင်ခွင့်မရှိဘူး။ ခုနစ်ရက်အတွင်း ကောင်းကင်အပိုင်းအစကို ပြန်မယူလာခဲ့ရင် မင်းကို လိုက်ရှာမယ်။ ဘယ်နေရာပဲရှိရှိမင်းကိုရှာမှာ။ သုံးပေနက်တဲ့တွင်းတစ်ခုတူးပြီး မင်းကို အသက်ရှင်လျက်မြေမြှုပ်မယ်။ မင်းကို ရှစ်ပိုင်းမပိုင်းခင် အရိုးအကြောတွေကို ဆွဲထုတ်ပစ်မယ်”

“…”

…

အခန်း (၂၀၇) ခုနစ်ရက်လား၊ ကျောက်စိမ်းမိန်းမပျိုလေး ထိခိုက်သွားတာလား(ခ)

ယွင်စန်းသည် ယခင်က တစ်ခါမှ အဖမ်းမခံဘူးပေ။ ယခုမိစ္ဆာဝေဟင်မျှော်နန်း၏ အဖမ်းခံလိုက်ရ သောကြောင့် သူ၏ ယုံကြည်ချက်ကအမှန်တကယ် ထိခိုက်သွားတော့သည်။ ယခုအချိန်တွင် စိတ်ခံစားချက်တစ်မျိုးသာကျန်တော့၏။ အကြောက်တရားပင်ဖြစ်သည်။ သူကပြောလိုက်သည်။ "ခုနစ်ရက် အဆင်ပြေပါတယ်။ ခုနစ်ရက်ကပြေတယ်” လုကျိုးက လက်ဝှေ့ယမ်းလိုက်သည်။

ချုပ်နှောင်ခြင်းလှောင်ချိုင့်၏ကြိုးများက နေရာတွင်ပင် ပိုးစုန်းကြူးများပမာ အလင်းစက်များအဖြစ် ပျော်ဝင်သွားပြီး တဖြည်းဖြည်းချင်းပျောက်ကွယ်သွား၏။

ကျောက်စိမ်းမိန်းမပျိုလေးက တစ်မူထူးကဲသောကျင့်စဉ်ကို ကြည့်ပြီး တအံ့တဩထုတ်ဖော်ပြော လိုက်၏။ "ဆရာကြီးက တကယ်အံ့ဩဖို့ကောင်းတဲ့ အရည်အချင်းရှိတာပဲ။ မိစ္ဆာဝေဟင်မျှော်နန်းက ဒီနေ့အထိရပ်တည်နိုင်တာ အံ့ဩစရာမရှိဘူးပဲ”

လုကျိုးက မလှုပ်ရှားသွားပေ။ ချီးကျူးစကားများကို နားထောင်တာများပြီးနောက် သူက ချီးကျူးတာကို‌ သိပ်မခံစားရတော့ပေ။

ချုပ်နှောင်ခြင်းလှောင်ချိုင့်ပျောက်ကွယ်သွားသည်နှင့် ယွင်စန်းသည် သူ၏ကနဦးချီများ သူ့ဆီ ပြန်ရောက်လာတာကို သိလိုက်ရချိန်၌ ပျော်ရွှင်သွားတော့၏။ သူက ကမန်းကတမ်းအရို အသေပေးကာပြောလိုက်တော့သည်။ “ကျွန်တော် အခုပဲ ကျင့်မင်တာအိုဂိုဏ်းကို သွားလိုက်မယ်။"

အချိန်ကတိုတောင်းသည်။ ယွင်စန်းက နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူတစ်ဦးတစ်ယောက်သာ ရှိသေးသည်။ သူ့အဖို့ အစီအစဉ်မရှိဘဲ ကျင့်မင်တာအိုဂိုဏ်းမှ ပစ္စည်းတစ်ခုထုတ်လာဖို့က မဖြစ်နိုင်လုနီးပါးပင်ဖြစ်သည်။

“ဒါဆိုထွက်သွားတော့” မင်ရှစ်ရင်က လက်ကာပြလိုက်၏။

ယွင်စန်းသည် ဘီလုံးငှက်မျှော်စင်ထဲမှ ခုန်ထွက်သွားပြီးနောက် တောအုပ်ထဲသို့ အရှိန်ဖြင့်ပြေးသွားတော့သည်။ မကြာမီ၌ သူက မြင်ကွင်းထဲမှပျောက်ကွယ်သွား၏။

ကျောက်စိမ်းမိန်းမပျိုလေးက မျက်နှာထက်တွင် အားတင်းပြုံးလျက်ပြောလိုက်တော့၏။

“လောင်ချန်းပေ့ ကျွန်မ သွားစရာကိစ္စတစ်ခုရှိသေးလို့ အခုသွားပါတော့မယ်”

“နေဦး” လုကျိုးက ဖြည်းဖြည်းချင်းထရပ်လိုက်သည်။

ကျောက်စိမ်းမိန်းမပျိုလေးက အနည်းငယ်အံ့ဩသင့်သွားတော့၏။ သူမက အားတင်းပြုံးကာပြော လိုက်တော့သည်။ “တစ်ခုခုများ ရှိလို့လားလောင်ချန်းပေ့”

“မင်းရဲ့ စိတ်က မစစ်မှန်တဲ့ပုံပဲ” အစောတုန်းက လုကျိုးသည် သူနှင့် ကျောက်စိမ်းမိန်းမပျိုပြောတာကို အခြေခံပြီး တစ်ခုခုလွဲချော်နေတာကို ခံစားမိလိုက်သည်။ သို့သော် သူစိတ်ထဲမထားမိပေ။

“မစစ်မှန်တာလား” ကျောက်စိမ်းမိန်းမပျိုလေးက ဇဝေဇဝါဖြစ်ပုံပေါ်လာ၏။ သူမက သူဘာကိုဆိုလိုမှန်းမသိပေ။

“မော့လီကို မင်းအရင်ကတွေ့ဖူးလား” လုကျိုးကမေးလိုက်၏။

“ဒုတိယမင်းသားရဲ့ ကိုယ်လုပ်တော်နဲ့တွေ့ဖူးတာပေါ့။ ဒါပေမဲ့ မော့လီက သူ့ဘာသာသူအမြဲနေနေတာ။ တခြားလူတွေနဲ့ ပြောဆိုဆက်ဆံတာရှားတယ်” ကျောက်စိမ်းမိန်းမပျိုလေးက တစ်ခုခုကို သတိပြုမိပုံရပြီးထပ်ပြောလိုက်၏။

“စိတ်မပူနဲ့ လောင်ချန်းပေ့။ ကျွန်မရဲ့နှလုံးသားက ဧကရာဇ်နဲ့ပဲရှိနေတာ။ သူတို့ကို ကြိုက်နှစ်သက်တာမျိုး မရှိဘူး”

လုကျိုးက ဆိတ်ဆိတ်နေလျက် တေးသံကိုးသွယ်မြစ်ကို ကြည့်လျက် လက်နောက်ပစ်ထားသည်။ သူမစကားများက ရှင်းလင်း၏။ သို့သော် သူမ၏စိတ်ရင်းကတော့အမှန်မဟုတ်ပေ။ ထိုစဉ် မျှော်စင်၏အဋ္ဌမအလွှာမှ တစ်စုံတစ်ယောက်လှောင်ပြောင်ပြောဆိုတာကြားလိုက်ရ၏။

"ဟိုက်ရှားဘား ကျောက်စိမ်းမိန်းမပျိုလေး ဒီလောက်အထိ နှိမ့်ချနေမဲ့နေ့ ရောက်လာလိမ့်မယ်လို့ တစ်ခါမှမတွေးထားဘူး”

ကျန်းအိုက်ကျန့်၏ အသံက လွဲချော်ဖို့ရာထူးခြားလွန်းနေသည်။ သူ၏အသံက ကျန်သည့်သူများကို ကောင်းကောင်း ရိုက်မိစေလောက်၏။ ကံဆိုးသည်မှာ သူတို့က အလွှာကိုမမြင်နိုင်ချေ။

“ဆရာကြီး ယွင်စန်းက ကျောက်စိမ်းမိန်းမပျိုလေးရဲ့ လက်အောက်ငယ်သားတွေထဲက တစ်ယောက်ပဲ။ ကျောက်စိမ်းမိန်းမပျိုက သူ့ကို မပံ့ပိုးပေးရင် သူက ဧရာမပိုးသားလက်အိတ်ကို တပ်မက်ရဲမှာ မဟုတ်ဘူး။ သူ့ကိုအပြစ်မပေးခဲ့ရင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဂုဏ်သိက္ခာ စွန်းထင်းသွားမှာ စိုးရိမ်မိပါရဲ့”

လုကျိုးက တည်ငြိမ်နေသည်။

ထိုစကားကိုကြားသောအခါ မင်ရှစ်ရင်က ခေါင်းညိတ်ပြီးပြောလိုက်၏။

“ဒီလိုအဓိပ္ပာယ်ရှိတဲ့ စကားတွေ မင်းပြောနိုင်တယ်ဆိုတာ ငါ အံ့ဩမိသွားပြီ။ မိစ္ဆာဝေဟင်မျှော်နန်းက အမြဲတမ်း အကြွေးကိုရှင်းပြီးသား။ ငါဆိုလိုတာက ကျေးဇူးတရားနဲ့ အညှိုးအတေးကြား ကွာဟချက်ကို အမြဲတမ်းရှင်းလင်းအောင်လုပ်တယ်”

ကျောက်စိမ်းမိန်းမပျိုက သူဆိုလိုတာကိုနားလည်လိုက်သည်။ သူက နောက်တစ်လှမ်းဆုတ်လိုက်၏။ သူမ၏ ရံရွေတော်များနှင့်စစ်သည်များက သူမရှေ့သို့တိုးလာကြသည်။ ဟွားယွဲ့ရှင်းက သူမဘေးသို့ တိုးလာ၏။

သက်သောင့်သက်သာဖြစ်နေသော ပတ်ဝန်းကျင်သည် ထပ်မံတင်းမာလာပြန်သည်။

ကျန်းအိုက်ကျန့်က ဆက်ပြောသည်။ “လောင်ချန်းပေ့က မင်း ဟန်ဆောင်နေတာကို မြင်ပြီးပြီ။ မင်း ဒီတိုင်း ဆက်ထိန်းထားမှာလား” ကျန်သည့်သူများသည်လည်း ထိုပြောဆိုချက်ကြောင့် ဇဝေဇဝါ ဖြစ်သွား၏။

ရုတ်တရက် ကျောက်စိမ်းမိန်းမပျို၏အမူအရာက သုန်မှုန်သွားသည်။ သူမက ခရမ်းရောင်မီးခိုးငွေ့ကို စတင်ထုတ်ဖော်လိုက်၏။ သူမ၏နဖူးထက်တွင် ရင်းနှီးနေသော အနီရောင်ကြာပွင့်တစ်ပွင့်က ပေါ်လာသည်။ သို့သော် သူမက မတိုက်ခိုက်ခဲ့ပေ။ သူမ၏ မျက်နှာထက်၌ သတ်ဖြတ်လိုသည့် အမူအရာရှိနေရုံမျှသာ ဖြစ်သည်။

ခရမ်းရောင်မီးခိုးများက ပတ်ဝန်းကျင်ကို ပြန့်သွားလေ၏။

ကျောက်စိမ်းမိန်းမပျို။

ကျန်သည့်သူများက ခရမ်းရောင် မီးခိုးငွေ့ကိုတားရန် သူတို့၏ကာကွယ်ခြင်းစွမ်းအင်များကို ထုတ်ဖော်လိုက်သည်။ ယင်းက အဆိပ်ငွေ့ဖြစ်နေမှာကို သူတို့စိုးရိမ်၏။

ခရမ်းရောင်မီးခိုးငွေ့များ ပြန့်သွားသည်နှင့် ကျောက်စိမ်းမိန်းမပျို၏ နဖူးပေါ်ရှိ ရွှေကြာက အရောင်ဖျော့သွားသည်။ သူမ၏ သတ်ဖြတ်လိုသည့် အမူအရာကလည်းလျော့ကျသွားတော့သည်။

ဟွားယွဲ့ရှင်းက ဦးနှောက်ခြောက်သွားတော့၏။ “ဒါက”

ထိုစဉ် အဋ္ဌမအလွှာကနေ ကျန်းအိုက်ကျန့်က ပြုံးပြီးတက်လာတော့သည်။

ခရမ်းရောင်မီးခိုးငွေ့များ လေထဲပျော်ဝင်သွားသည်နှင့် ကျောက်စိမ်းမိန်းမပျိုက လဲကျသွားတော့ သည်။

ရံရွှေတော်နှစ်ဦးက သူမကိုအမြန်ဖမ်းလိုက်၏။ လုကျိုးကတည်ငြိမ်နေသည်။ တစ်ဖက်တွင်မူ သူ၏တပည့်များက ထိတ်လန့်နေသည်။

ခရမ်းရောင်မီးခိုးငွေ့ပေါ်လာချိန်တွင် သူမက အစွမ်းစုန်းအတတ်ပညာရှင်ဟူ၍တွေးထင်ခဲ့ကြပြီး ပြင်းထန်သောတိုက်ပွဲအတွက် ပြင်ဆင်ထားခဲ့သည်။ ကျောက်စိမ်းမိန်းမပျိုက နဖူးပေါ်ရှိ အနီရောင်ကြာပွင့်မှိန်ဖျော့သွားသည်နှင့် သတိလစ်သွားလိမ့်မည်ဟု သူတို့မထင်ထားကြပေ။

“ကျန်းအိုက်ကျန့် သူတစ်ချိန်လုံးထိန်းချုပ်ခံနေရတယ်ဆိုတာ မင်းသိလား” မင်ရှစ်ရင်က မေးပြီး အနည်းငယ် ဆွံ့အသလိုခံစားနေရသည်။

“ဒါပေါ့ ကျူပ်က သိုသိုသိပ်သိပ်နေရမယ်လေ။ ကျောက်စိမ်းမိန်းမပျိုရဲ့မျက်လုံးကနေ အရာအားလုံး ကို မြင်နိုင်တာ” ကျန်းအိုက်ကျန့်က ဆံပင်ကိုသပ်ပြီးပြောလိုက်၏။

"ပြောရရင် ကျုပ်ထွက်ရပ်လိုက်တာပဲ။ ကျူပ်ကို မမှတ်မိလောက်ဘူး” သူ တတိယမင်းသား ဖြစ်ခြင်းအကြောင်း ဘာမှမပြောခဲ့ပေ။

ရံရွေတော်များ၊ စစ်သည်တော်များနှင့် ဟွားယွဲ့ရှင်းက ကျန်းအိုက်ကျန့်ကို မမှတ်မိပေ။ သူတို့က သူ့ကို ထူးမခြားနားကြည့်လိုက်၏။ အသစ်ရောက်လာသည့်သူက မိစ္ဆာဝေဟင်မျှော်နန်းမှ လူဖြစ်ရမည်ဟုသာ တွေးမိကြသည်။ သူ၏အရှက်မဲ့မှုကို ရှင်းပြနေတာသေချာ၏။

ဟွားယွဲ့ရှင်းက အထိတ်တလန့်ပြောလိုက်၏။

"ကျောက်စိမ်းမိန်းမပျိုက ထိန်းချုပ်ခံထား ရတယ်လို့ ပြောတာလား”

“ဟုတ်တယ်” ကျန်းအိုက်ကျန့်က သူမကိုကြည့်လိုက်သည်။ “ကျောက်စိမ်းမိန်းမပျိုက ကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူး။ သူက သေမျိုးတစ်ယောက်သာသာပဲ။ ကောင်းကင်အောက်က အစွမ်းထက်ဆုံးလူကို ခစားပြီး နန်းတော်ထဲ အဟန့်အတားမရှိ ဝင်ထွက်သွားလာနိုင်တယ်။ ငါသာ မော့လီဆိုရင် ငါ့လက်ချောင်းအောက်က ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး”

ဟွားယွဲ့ရှင်းက အထိတ်တလန့်ဖြင့်နောက်ဆုတ်မိသွားသည်။ သူမ၏မျက်နှာနှင့် ဆံပင်ကို အမြန်ထိလိုက်၏။ သူမသည်လည်း အထိန်းချုပ်ခံရမှာကို စိုးရိမ်ပူပန်နေသည်။

မင်ရှစ်ရင်က ပြောလိုက်၏။ "သူထိန်းချုပ်ခံထားရတယ်ဆိုတော့ ကျောက်စိမ်းမိန်းမပျိုကနေ တဆင့် ငါတို့ကို ဘာကြောင့်မတိုက်ခိုက်တာလဲ။ ပြောရရင် သူက ရုပ်သေးတစ်ရုပ်ပဲလေ”

ကျန်းအိုက်ကျန့်က လက်မြှောက်ပြီးပြောလိုက်သည်။

"အရင်ဦးဆုံး... မော့လီ ဒဏ်ရာရနေတယ်လို့ ကျွန်တော်ထင်တယ်။ ဒုတိယအချက်ကတော့ စုန်းအတတ်က ရုပ်သေးကနေ သုံးမယ်ဆိုရင် အာနိသင် ခြောက်ဆယ်ရာခိုင်နှုန်းပဲရှိတာ။ လောင်ချန်းပေ့လို ဆရာကြီးနဲ့ ရင်ဆိုင်ရတဲ့အချိန် ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်ရတာပေါ့။ ဒါကြောင့် ပြန်လည်ကုစားဖို့ အချိန်ဆွဲဖို့အတွက် ကျောက်စိမ်းမိန်းမပျိုကနေ ယာယီစစ်ပြေငြိမ်းဖို့ ပြောခဲ့တာပဲ။ ဒီနည်းနဲ့ကျောက်စိမ်းမိန်းမပျို ကလည်း နစ်နာသူဖြစ်သွားမယ်။ ကရုဏာမဲ့မှုနဲ့ဆိုရင် မော့လီက မိစ္ဆာဝေဟင်မျှော်နန်းထဲမဝင်တာ နှမျောစရာပဲ”

အကြည့်ပေါင်းများစွာက ကျန်းအိုက်ကျန့်ဆီရောက်လာသည်။

ပြင်းထန်လိုက်တဲ့သတ်ဖြတ်ခြင်း ဆန္ဒပဲ။ ကျန်းအိုက်ကျန့်က အမြန်ပြောလိုက်သည်။ "အမ်း သူက မဟာလမ်းကြောင်းရဲ့ လမ်းကြောင်းကို ခြေချနေတာက မိစ္ဆာဆန်တဲ့လမ်းကြောင်းပဲလို့ပြောတာပါ” ယင်းကမှ ပိုအဆင်ပြေသည်။

မိစ္ဆာဝေဟင်မျှော်နန်းက မိစ္ဆာလမ်းစဉ်ဖြစ်သော်ငြား သူတို့သည် ထိုကဲ့သို့ယုတ်မာသော လုပ်ရပ်မျိုး မလုပ်ခဲ့ပေ။

ကျန်းအိုက်ကျန့်ကို သတိလစ်နေသော ကျောက်စိမ်းမိန်းမပျိုကိုတစ်ချက်ကြည့်ပြီးပြောလိုက်၏။

“ဒီမှာ ဘာရပ်လုပ်နေတာလဲ။ မင်းတို့သခင်မကို ခေါ်ပြီးထွက်သွားတော့”

ရံရွေတော်နှစ်ဦးက ကျောက်စိမ်းမိန်းမပျိုကို ခေါ်လျက်အောက်သို့ဆင်းသွားသည်။ လုကျိုးက သူတို့ကို မတားပေ။ ထိုအစား ဖြည်းဖြည်းချင်း ထိုင်ချလျက် ကျောက်စိမ်းမိန်းမပျိုကို သယ်သွားသည့် ရံရွေတော်များကို ကြည့်နေသည်။ ဟွားယွဲ့ရှင်းက ထွက်သွားချင်၏။ သို့သော် ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

“မင်းထွက်သွားလို့မရဘူး”

“ဟမ်”

“ဘာလဲ။ မင်းက မော့လီဆီပြန်သွားပြီး သူ့ရဲ့ခြေလက်ဖြစ်ချင်လို့လား” ကျန်းအိုက်ကျန့်က မေးလိုက်သည်။

ဟွားယွဲ့ရှင်းက ကြက်သေသေနေ၏။

လုကျိုးသည် ကျန်းအိုက်ကျန့်ကို သူက သားကောင်ကိုကြည့်နေသည့်ပမာစိုက်ကြည့်နေသည်။ ဖြည်းဖြည်းချင်းပြောလိုက်တော့သည်။

“လျိုချန်း” ကျန်းအိုက်ကျန့်က တုန်ယင်သွား၏။ သူ့အမည်ရင်းကို လုကျိုးခေါ်လိုက်သည့်အချိန်တွင် သူက ထိတ်လန့်သွား၏။

…

All Chapters