← Chapters

သရဲစည်းမျဉ်းများ

Vol. 10 Ch. 140

သရဲစည်းမျဉ်းများ

Vol. 10 Ch. 140

စစ်ဆေးရေးမှူးသည် လေထဲကို လက်ညှိုးနှင့် ပုတ်လိုက်သောအခါ အဖြူရောင်ဇာပဝါ ခင်းထားသည့် စားပွဲရှည်ကြီးတစ်လုံး ခြံဝင်းထဲမှာ ပေါ်လာသည်။

သူ့လက်ချောင်းတွေက စားပွဲကို ထပ်ပုတ်လိုက်သောအခါ အနက်ရောင်ကတ်ဆယ်ခုသည် ခေါ်ထုတ်လိုက်သလို ပျံ့နှံ့သွားသည်။

ပိုင်ယို့ဝေသည် ကတ်နံပါတ် ၃ ကို ရသည်။

ရှန်မိုသည် ကတ်နံပါတ် ၄ ကို ရသည်။

ဝူလီလီနှင့် ကျန်းချီတို့သည် နံပါတ် ၇ နှင့် ၁၀ အသီးသီးရသည်။

ကတ်ပေါ်က နံပါတ်တွေသည် စကားပြောသည့် အစီအစဉ်အတွက်ပဲ သုံးတာဖြစ်ပြီး အခြားတန်ဖိုး မရှိပေ။

အခြားလူတွေ၏ စကားလုံးတွေ ဘာတွေလဲဆိုတာ မည်သူမှ မသိပေ။

ပိုင်ယို့ဝေက သူမ၏ကတ်ကို ကြည့်လိုက်သောအခါ ဘာစကားလုံးမှ မပါဘဲ လွတ်နေသည်ကို တွေ့လိုက်ရသည်။

လျှို့ဝှက်ချက် ထိန်းသိမ်းဖို့အတွက်လားတော့ မသိပေ။ စကားလုံးတွေကို ဂိမ်းစမှပဲ ဖော်ပြလိမ့်မည်။

ဒီအချိန်တွင် စစ်ဆေးရေးမှူးက စည်းမျဉ်းတွေကို ကြေညာစပြုပြီဖြစ်သည်။

“သူငယ်ချင်းဆယ်ယောက်ကို မတူညီတဲ့ စကားလုံးနှစ်ခုစီ ပေးထားပါတယ်။ လူတိုင်း ကိုယ်ရထားတဲ့ စကားလုံးတွေကို အလှည့်ကျ ဖော်ပြရပါမယ်။ တစ်လှည့်ပြီးတဲ့အခါ လူဆယ်ယောက်က သူတို့နဲ့ စကားလုံးမတူတဲ့သူကို မဲပေးပြီး မဲအများဆုံးရတဲ့ လူနှစ်ယောက်ကို ဖယ်ရှားပါမယ်။”

လူတိုင်းသည် အသက်အောင့်ပြီး နားထောင်နေကြသည်။ အသေးစိတ်လေးကိုတောင် မလွတ်စေချင်ကြပေ။

ပိန်ပါးသည့် စစ်ဆေးရေးမှူးက စားပွဲရှည်ကြီး၏ ရှေ့မှာ ရပ်နေပြီး ရှည်လျားသည့် အရိပ်က ကျနေသည်။ သူ့ရှေ့က မျက်နှာများကို ကြည့်ပြီး အမြဲတမ်း ယဉ်ကျေးသည့် အပြုံးကို ထိန်းထားသည်။

“ခင်ဗျားတို့ သတိထားရမယ့် စည်းမျဉ်းသုံးခု ရှိပါတယ်။

ပထမ။ ဖော်ပြတဲ့ အချိန်မှာ စကားလုံးထဲမှာ ပါဝင်တဲ့ စကားလုံးတွေကို မပြောရပါဘူး။

ဒုတိယ၊၊ နိုင်ငံခြားဘာသာစကား။ ဒေသန္တရစကားနဲ့ လျှို့ဝှက်ကုဒ် စတာတွေကို သတင်းပို့ဖို့ သုံးလို့ မရပါဘူး။

တတိယ။ စကားလုံးတူတဲ့ ကစားသမားတွေပဲ ကျန်တော့မှ ဂိမ်းပြီးဆုံးပါမယ်။

စတုတ္ထ။ နောက်ဆုံးအနေနဲ့ အနိုင်ရတဲ့ ကစားသမားက ပါတီကို ပါဝင်ဖို့ အိမ်ထဲကို ဝင်ရောက်ပါမယ်။”

ရှန်မိုသည် မျက်ခုံးကျုတ်လိုက်သည်။ “နေရာ ၅ နေရာရှိတာ။ ဂိမ်းအဆုံးမှာ ကစားသမား မလုံလောက်ရင် ဘာလုပ်ရမလဲ။”

“အသင်းတူ ကစားသမားတွေက အလိုအလျောက် ပြန်ရှင်လာပါမယ်။” စစ်ဆေးရေးမှူးက ပြုံးပြီး ပြောသည်။ “ဂိမ်းထဲမှာ ဖယ်ရှားခံရတဲ့ ကစားသမားတွေက ယာယီဖယ်ရှားခံရတာပဲ။ အသင်းဖော်တွေ နောက်ဆုံးအောင်ပွဲရတာနဲ့ အသင်းတူ ကစားသမားတွေလည်း ပါတီကို ပါဝင်ခွင့် ရပါမယ်။”

သူမှ ထိုသို့ ပြောလိုက်သည့်အခါ လူအများအပြား သက်ပြင်းချလိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဒီစည်းမျဉ်းသည် ဖယ်ရှားခံရရင်တောင်မှ အမြဲတမ်း မရှုံးနိမ့်ဘူးဆိုသည့် အဓိပ္ပာယ်ကို ဆောင်နေသည့်အတွက်ဖြစ်သည်။

စစ်ဆေးရေးမှူး၏ မျက်လုံးပြာများသည် လူတိုင်း၏ မျက်နှာများကို တစ်ယောက်ပြီးတစ်ယောက် ဝေ့ကြည့်ပြီး‌ပြောလိုက်သည်။ “အခု စည်းမျဉ်းတွေကို လူတိုင်း ရှင်းရှင်းလင်းလင်း သိပြီလား။ မေးစရာရှိရင် မေးပါ”

မည်သူမှ စကားမပြောပေ။

လူတိုင်းက ရရှိခဲ့သည့် အချက်အလက်များကို ပြန်သုံးသပ်နေကြတုန်းပင်။

စစ်ဆေးရေးမှူးသည် နှုတ်ခမ်းကို ပင့်ပြီး ပြောသည်။ “ဒါဆို တရားဝင် စလိုက်ရအောင်။”

လူတိုင်းက သူတို့၏ကတ်များကို ငုံ့ကြည့်ကြသည်။

ပိုင်ယို့ဝေသည် မျက်ခုံးများကျုတ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမကတ်က ယခုထိ ဗလာကျင်းနေတုန်းပင်။

“ဪ ဟုတ်သားပဲ။” စစ်ဆေးရေးမှူးက ရုတ်တရက် ထပ်ပြောသည်။ “ဂိမ်းမစခင် သရဲစည်းမျဉ်းတွေကို ရှင်းပြဖို့ မေ့သွားတယ်။”

လူတိုင်းသည် သူ့ကို ကြောင်တောင်တောင်နှင့် မော့ကြည့်လာကြသည်။

“မင်းတို့ထဲကနှစ်ယောက်မှာ စကားလုံးမပါတဲ့ ကတ်တွေ ရမယ်။” စစ်ဆေးရေးမှူးက ရယ်သည်။ “စကားလုံးမပါတဲ့ ကတ်တွေ ရတဲ့သူတွေက သရဲတွေပဲ။ သရဲတွေက ဘယ်အဖွဲ့နဲ့မဆို မဟာမိတ်ဖွဲ့လို့ ရတယ်။ ဒါပေမယ့် သရဲနှစ်ကောင်ထဲက တစ်ကောင်ပဲ အသက်ရှင်နိုင်တယ်။ ပထမဆုံး ဖယ်ရှားခံရတဲ့ သရဲကတော့ ပြန်ရှင်လာဖို့ အရည်အချင်း မရှိဘူး။”

ပိုင်ယို့ဝေ: “…”

“ကောင်းပြီ။ အခု မေးစရာရှိသေးလား။” စစ်ဆေးရေးမှူးက မေးသည်။

ပိုင်ယို့ဝေသည် စိတ်ထဲမှ ဆဲဆိုချင်နေပြီဖြစ်သည်။

ယခုပဲ မေးခွန်းမေးလျှင် ငါက သရဲဆိုတာ ထင်ရှားနေမှာပင်။

သူမသည် နှုတ်ခမ်းအောက်ပိုင်းကို ကိုက်ပြီး ရှန်မိုကို လှည့်ကြည့်လိုက်သည်။ ဘာမှမပြောဘဲ စိတ်ဆိုးစွာနှင့် သူ့ကို စိုက်ကြည့်နေသည်။

ရှန်မိုသည် မျက်ခုံးကိုအနည်းငယ် မြှင့်လိုက်သည်။ သူမမျက်လုံးထဲက အဓိပ္ပာယ်ကို နားလည်သွားသည့်ပုံနှင့် မင်းက သရဲလား။

ဂိမ်းက သီးသန့်မက်ဆေ့ခ်ျပို့တာ မလုပ်ရပေ။ လျှို့ဝှက်ကုဒ်တောင် မရပေ။ ထို့ကြောင့် ပိုင်ယို့ဝေသည် ဘာမှမပြောဘဲ ခေါင်းပြန်လှည့်ပြီး သုန်သုန်မှုန်မှုန်နှင့် နှုတ်ခမ်းဆူနေသည်။

ရှန်မိုသည် ဘာဖြစ်နေလဲဆိုတာ သိလိုက်သည်။ သူမက သရဲပဲ။

သူ့ကတ်ကို ငုံ့ကြည့်လိုက်ကာ စိတ်ထဲကနေ တိတ်ဆိတ်စွာ စဉ်းစား‌မိသည်။ သူမကို သူ့အသင်းနှင့် ဘယ်လို မဟာမိတ်ဖွဲ့ခိုင်းရမလဲဆိုတာပင်။

“ဂိမ်း အခု စပါပြီ။”

စစ်ဆေးရေးမှူးက ပြုံးပြီး ညာဘက်ကို ကြည့်သည်။ “နံပါတ် ၁။ စပြီး ပြောပါ။”

………..

All Chapters