← Chapters

လူမှုရေးညီညွတ်မှုကို အထောက်အကူမပြုခြင်း

Vol. 10 Ch. 141

လူမှုရေးညီညွတ်မှုကို အထောက်အကူမပြုခြင်း

Vol. 10 Ch. 141

ပိုင်ယို့ဝေမှာ စိတ်ဓာတ်ကျနေလေသည်။

သူမသည် နံပါတ် ၃ ဖြစ်၏။ ဆိုလိုသည်မှာ သူမသည် မက်ဆေ့ချ်နှစ်ခုသာ အများဆုံးရနိုင်သည်။

သရဲအဖြစ် ကစားရတာ ကောင်းပုံရပြီး မည်သည့်အဖွဲ့နှင့်မဆို မဟာမိတ်ဖွဲ့နိုင်သော်လည်း တကယ်တမ်းမှာတော့ အန္တရာယ်အရှိဆုံးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စကားလုံးမရှိခြင်းကြောင့် မှားယွင်းသော ဖော်ပြချက်များနှင့် လူထုဆန္ဒဖြင့် ဖယ်ရှားခံရရန် လွယ်ကူလေသည်။

နံပါတ် ၁ သည် ညစ်ပတ်ပေတေနေသော အဖိုးကြီးတစ်ယောက်ဖြစ်သည်။ အလုပ်မလုပ်၊ အိမ်မှုကိစ္စမလုပ်ဘဲ လေကန်ရခြင်းကို သဘောကျပြီး ရှုပ်ရှုပ်ထွေးထွေးနေထိုင်တတ်သည့် အဖိုးကြီးမျိုးဖြစ်၏။

ထိုသို့‌သောလူမျိုးက ပုံမှန်အားဖြင့် ဘာမှမရှိလျှင် အရာရာတိုင်းကို ပြောနိုင်သော်လည်း တစ်ခုခုဖြစ်ပြီဆိုလျှင်တော့ စကားတစ်ခွန်းမှ ပြောမထွက်တတ်ပါ။

ကြီးကြပ်ရေးမှူးက "နံပါတ် ၁ မင်း သူငယ်ချင်းတွေကို ဘယ်လိုဖော်ပြမလဲဆိုတာ စဉ်းစားပြီးပြီလား။"

နံပါတ် ၁ က ထစ်အသွားသည်။ "အာ...ဒါ၊ ဒါ...ကျွန်တော် အိမ်မှာ မကြာခဏ သုံးပါတယ်။"

ကိုက်။

ထို့နောက် ရုတ်တရက် ကြည်လင်သောအသံတစ်သံ ထွက်ပေါ်လာသည်။ Enter key ကို နှိပ်ပြီး input ကို အတည်ပြုလိုက်သကဲ့သို့ နံပါတ် ၁ ဦးလေး၏ခေါင်းပေါ်တွင် စာကြောင်းတစ်ကြောင်း ပေါ်လာသည်။ "ကျွန်တော် အိမ်မှာ မကြာခဏ သုံးပါတယ်။"

လူတိုင်းက မျက်လုံးပြူးပြူးဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။

နံပါတ် ၁ လန့်သွားသည်။ "မင်းတို့ ဘာလို့ ငါ့ကို ကြည့်နေကြတာလဲ?"

သူ အပေါ်သို့ မော့ကြည့်လိုက်ပြီး ခေါင်းကို စမ်းကြည့်သော်လည်း မည်သည့်အရာမျှ မတွေ့ပါချေ။

"နံပါတ် ၂ မင်းရဲ့ကတ်ပေါ်က စာသားကို ဖော်ပြပေးပါ" စစ်ဆေးရေးမှူးက ပြောလိုက်သည်။

နံပါတ် ၂ ကတော့ ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ယောက္ခမ၏အနိုင်ကျင့်ခြင်းခံရကာ ခင်ပွန်းဖြစ်သူ၏ အကြမ်းဖက်မှုကို ခံရသော်လည်း ဘယ်သောအခါမှ ပြန်မခုခံရဲသော အမျိုးသမီးမျိုးဖြစ်သည်။ အိမ်နီးနီးချင်းများနှင့်သူငယ်ချင်းများက ကူညီပေးလျှင်တောင် သူတို့ကိုယ်သူတို့ပဲ ပြန်အပြစ်တင်တတ်သည်။ ပြဿနာကို ကြီးကြီးကျယ်ကျယ်လုပ်ပြီး သူ့ကို နာကျင်အောင်လုပ်သည်ဟု အပြစ်တင်တတ်၏။ ထို့နောက်တွင် မိသားစုဆီ ပြန်သွားကာ သူ၏ဆင်းရဲဒုက္ခများကိုဆက်ပြီး ညည်းညူနေတတ်လေသည်။

ဦးလေးကျောက်က တကယ်ပင် အမြင်စူးရှပြီး သူရွေးထုတ်လိုက်သမျှ လူအများစုက လူမှုရေးညီညွတ်မှုကို အထောက်အကူမပြုသော သူတွေချည်းဖြစ်၏။

နံပါတ် ၂ က အရမ်းကြောက်နေပြီး သူ့ခန္ဓာကိုယ် ပိန်ပိန်လေးက တုန်ရီနေလေသည်။ သူက ထစ်အစွာဖြင့် "...နွေရာသီမှာ ပိုသုံးဖြစ်တယ် ဒါက...ဟုတ်တယ် လက်ထဲကိုင်ပြီး ပွတ်လို့ရတယ်..."

အသံသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။

နံပါတ် ၂ မှာ ရုတ်တရက် ပျောက်ကွယ်သွားတော့၏။

လူတိုင်း၏မျက်စိရှေ့တွင် မည်သည့်သတိပေးချက်မှမရှိဘဲ သူသည် ပျောက်ကွယ်သွားသည်။

ကြီးကြပ်ရေးမှူးက "နံပါတ် ၂ က စည်းကမ်းချိုးဖောက်ပြီး စကားလုံးပေါင်းစပ်မှုကို သုံးစွဲခဲ့ပါတယ်။ သင် အလိုအလျောက် ဖယ်ရှားခံရပါပြီ။ အခု စကားလုံးတွေကို ပြန်ပြောင်းရပါမယ်။ ကျေးဇူးပြုပြီး သင့်စကားလုံးအသစ်တွေကို ထပ်မံအတည်ပြုပါ။"

ပိုင်ယို့ဝေက မျက်မှောင်ကြုတ်လိုက်ပြီးနောက် ကတ်ကိုလှန်ကာ တစ်ချက်ထပ်ကြည့်လိုက်၏။

ပိုင်ယို့ဝေ : “…”

တစ်ဖက်လူကတော့ သူ့မျက်နှာပေါ်မှာ အပြုံးအတုကိုပဲ ဆက်လက် ဆင်မြန်းထားဆဲဖြစ်ပြီး သူ့၏အပြာရောင်မျက်လုံးများက မကောင်းဆိုးဝါး အပြုံးများနှင့်ပြည့်နေလေသည်။

သူမ ရုတ်တရက် မေးချင်စိတ် ပေါက်လာသည်။ ဂိမ်းစည်းကမ်းတွေက စစ်ဆေးရေးမှူးကို ဒီလိုကစားသမားတွေကို ပစ်မှတ်ထားခွင့် ပြုပါသလား။

သူမ၏ကတ်တွင် အဘယ်ကြောင့် စကားလုံး မရှိသေးပါသနည်း။ သူမသည် နှစ်ပတ်ဆက်တိုက် သရဲအဖြစ် ရွေးချယ်ခံရသလား။

ကြီးကြပ်ရေးမှူးက "နံပါတ် ၁ မင်းရဲ့စကားလုံးကို ဖော်ပြပေးပါ။"

နံပါတ် ၁ ဦးလေးက စိုးရိမ်သောပုံဖြင့်ပြောလိုက်သည်။"ဒါက စားစရာတစ်မျိုးပါ..."

သူ ခဏရပ်ပြီးနောက် စိုးရိမ်တကြီး ထပ်ဖြည့်ပြောလိုက်သည်။ "တကယ်တော့ စားလို့လည်း မရပါဘူး။"

ကိုက်။

နံပါတ် ၁ ၏ ခေါင်းပေါ်တွင် စာကြောင်းနှစ်ကြောင်း ပေါ်လာသည်။

"ဒါက စားစရာတစ်ခုပါ။"

"တကယ်တော့ စားလို့လည်း မရပါဘူး။"

ပိုင်ယို့ဝေ : ”...”

ထို့နောက် စစ်ဆေးရေးမှူးကပိုင်ယို့ဝေကို လှမ်းကြည့်လိုက်ပြီး တက်ကြွတဲ့လေသံဖြင့် "နံပါတ် ၃ မင်းရဲ့စကားလုံးကို ဖော်ပြပေးပါ။"

နံပါတ် ၂ ဖယ်ရှားခံလိုက်ရသောကြောင့် နံပါတ် ၁ ပြီးနောက် ပိုင်ယို့ဝေ၏အလှည့်ဖြစ်သည်။

ပိုင်ယို့ဝေက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။

နံပါတ် ၁ ၏ ပထမစာကြောင်းက "စားစရာ" ဖြစ်ပြီး ထိုစကားလုံးက သူ့ကို အရင်ဆုံး စားစရာကို သတိရစေသည်ဟု ဆိုလိုသည်။ နောက်တစ်ကြောင်းကတော့ အထင်အမြင်လွဲမှားမှုများကို ကာကွယ်ရန်အတွက် လိုအပ်သည်ကို ဖြည့်စွက်ခြင်းဖြစ်သင့်၏။

ဥပမာအားဖြင့် အုန်းသီးစားသောအခါတွင် အမှန်တကယ်က သောက်ခြင်းဖြစ်ပြီး ကွမ်းသီးစားသောအခါ အမှန်တကယ်က ဝါးခြင်းဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ ၎င်းတို့အားလုံးတွင် တူညီသောအချက်တစ်ခုရှိသည်။

ထို့နောက် ပိုင်ယို့ဝေက တည်ငြိမ်စွာပြောလိုက်သည်။ "စူပါမားကတ်အများစုမှာ ဝယ်လို့ရပါတယ်။"

ကိုက်။

ပိုင်ယို့ဝေရဲ့ ခေါင်းပေါ်တွင် စာကြောင်းတစ်ကြောင်း ပေါ်လာသည်။

"စူပါမားကတ်အများစုမှာ ဝယ်လို့ရပါတယ်။"

သူမကတော့ ထိုစာလုံးများကို မမြင်ရပါ။

သူမက လူတိုင်း၏တုံ့ပြန်မှုကို စောင့်ကြည့်နေသည်။

သူမ ဖော်ပြချက်ကို ကြားပြီးနောက် လူများ၏မျက်နှာတွင် ထူးထူးခြားခြား တုံ့ပြန်မှု မရှိသည်ကို သတိပြုမိသောအခါ သူမ၏မှန်းဆချက် မှန်ကန်ကြောင်း သူမ စိတ်ထဲက သိလိုက်လေ၏။

တော်လိုက်တာ...

နောက်ပြီး ကျန်ရှိသော ဖော်ပြချက် ခုနစ်ခုကို သေချာနားထောင်ဖို့ပဲ လိုတော့သည်။ သူမ၏ ဉာဏ်ရည်နှင့်ဆိုလျှင် စကားလုံးများကို မှန်းလို့မရစရာ အကြောင်းမရှိပေ။

မည်သို့ပင်ဖြစ်စေ သူမက အရင်ကတည်းက ယခုလိုဂိမ်းများကိုကစားဖူးခဲ့သည်။

All Chapters