← Chapters

ဒေါသထွက်နေသော

Vol. 10 Ch. 145

ဒေါသထွက်နေသော

Vol. 10 Ch. 145

ပိုင်ယို့ဝေက ခေါင်းလှည့်ပြီး ဝူလီလီကို ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ "နံပါတ် ၇ ကျွန်မရဲ့ ဖော်ပြချက်ကို သေချာနားထောင်ပါ။ ဒီပစ္စည်းက... အရမ်းကြီးလာနိုင်တယ်"

ဝူလီလီမှာ ချက်ချင်းပင် နားလည်သွားသည့် ပုံစံပြလေသည်။

ရှန်မိုက ပိုင်ယို့ဝေကို နက်နဲစွာ ကြည့်လိုက်၏။

ပိုင်ယို့ဝေ: "...."

ငါ မှားနေသလား။ ပူဖောင်းပီကေက အမှန်တကယ်ပင်အကြီးကြီး ဖောင်းလို့ရတာပဲဖြစ်သည်။

ကြီးကြပ်ရေးမှူးက ပြောလိုက်၏။ "နံပါတ် ၄ မင်းရဲ့စကားလုံးကို ဖော်ပြပေးပါ"

ရှန်မိုက ပိုင်ယို့ဝေကို ရည်ရွယ်ချက်ရှိရှိ ကြည့်ပြီး ပြောလိုက်သည်။ "ဘယ်လောက်ကြီးနိုင်လဲဆိုတာ သူ့ကို အသုံးပြုတဲ့သူပေါ် မူတည်တယ်"

ပိုင်ယို့ဝေ : "...."

မှန်သည်။ ပူဖောင်းမှုတ်သူက ကျွမ်းကျင်မှု ကောင်းပြီး အဆုတ်လေအိတ်ကြီးလျှင် သူတို့မှုတ်သည့်ပူဖောင်းများက ပိုကြီးလိမ့်မည်။

နောက်တစ်လှည့်က ဝူလီလီ အလှည့်ပင်။

သူမသည် သုံးစရာ နာမဝိသေသန ကုန်သွားပုံရသည်။ ခဏတာ တွေဝေပြီးပြောလိုက်သည်။ "တချို့... အာ တချို့မှာ ပုံစံတွေ ပါပါတယ်"

နံပါတ် ၈ အန်တီက ပြောလိုက်သည်။"ချိုတယ်"

နံပါတ် ၉ က အန်တီနှင့် ပူးပေါင်းထားသော်လည်း သူ့ကို အထင်အမြင်သေးသည့် ပုံစံပြသည်။ " မပြောခင် သေချာစဉ်းစားပါလား။ အမြဲတမ်း ချိုတာ မဟုတ်ဘူး ဟုတ်တယ်မလား။"

စစ်ဆေးရေးမှူးက သူတို့ကို မျှော်လင့်တကြီး ကြည့်ပြီး ပြောလိုက်သည်။ "တတိယအချီ ဖော်ပြချက်တွေ ပြီးသွားပါပြီ။ အခု ဘယ်သူ့ကို မဲပေးချင်လဲဆိုတာ သတ်မှတ်ပေးပါ"

ပိုင်ယို့ဝေနှင့် ဝူလီလီတို့သည် နံပါတ် ၈ ကို မဆိုင်းမတွ မဲပေးကြသည်။

နံပါတ် ၈ နှင့် နံပါတ် ၉ တို့သည်လည်း ရှန်မိုကို မဆိုင်းမတွ မဲပေးကြ၏။

ရှန်မိုက နံပါတ် ၉ ကို မဲပေးသည်။

တစ်ခဏချင်းမှာပင် နံပါတ် ၈ အန်တီနှင့် နံပါတ် ၄ ရှန်မိုတို့ ပျောက်ကွယ်သွားတော့သည်။

ယာယီ ဖယ်ရှားခံရပြီး အသက်ကယ် ပဟေဠိအပိုင်းအစ ရထားသည်ကိုသူမ သိသော်လည်း ပိုင်ယို့ဝေ၏နှလုံးသားသည် တုန်လှုပ်သွားကာ သူမ၏ မျက်နှာလည်းမှောင်မည်းသွားရသည်။

ကြီးကြပ်ရေးမှူးက ပြုံးပြီးပြောလိုက်သည်။ "ကစားသမား သုံးဦးပဲ ကျန်တော့တယ်။ စကားပြောရမယ့် အစဉ်လိုက် မရှိတော့ဘူး။ အခု မင်းတို့မှာ သုံးမိနစ် အခမဲ့ စကားပြောချိန် ရှိတယ်။ သုံးမိနစ်ပြည့်ရင် နောက်ဆုံး လူထုဆန္ဒခံယူပွဲကို ကျင်းပမယ်"

ဒီလိုပြောပြီးနောက် သူက ဘာမှထပ်မပြောဘဲ ပုံမှန်အတိုင်း အေးအေးဆေးဆေးပဲ ရပ်ကြည့်နေလေသည်။

ပိုင်ယို့ဝေက သူ့ကို ခပ်အေးအေးလေး ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ဝူလီလီ နံပါတ် ၉ ကို မဲပေးကြရအောင်။ ဂိမ်းကို အဆုံးသတ်လိုက်မယ်"

"ဖာ့ခ်" နံပါတ် ၉ က စားပွဲတစ်ဖက်ကနေ ပြေးလာပြီး ပိုင်ယို့ဝေကို ဆွဲဖြဲချင်စိတ် ပေါက်လာသည်။ "မင်း အသုံးမကျတဲ့ ဒုက္ခိတမ။ စကားမပြောတတ်ရင် ပါးစပ်ပိတ်ထား။ မင်းက အစကတည်းက အဆုံးအထိ ဘာမှမဟုတ်တာတွေ လျှောက်ပြောနေတာ။ ငါသာ သိခဲ့ရင် မင်းကို ပစ်သတ်ခဲ့ရမှာ။"

ထိုလူက ထိုကဲ့သို့သောလူမျိုးပင်... အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်။ ငယ်ငယ်ကတည်းက ကျောင်းထွက်ခဲ့ပြီး လူမှုအသိုင်းအဝိုင်းမှာ အလုပ်လက်မဲ့ဖြစ်ကာ လူတိုင်းကို မကျေမနပ်ဖြစ်နေ၏။ သူ့ကိုယ်သူ ကမ္ဘာ့ဘုရင်ပင်။ မည်သူကမှ မနိုင်ဘူးဟု ထင်နေပြီး သူ့ခန္ဓာကိုယ်က အလယ်တန်းကျောင်းသားပုံစံနှင့် လူမိုက်တစ်ယောက်၏ရိုင်းစိုင်းကြမ်းတမ်းမှုများကို ပေါင်းစပ်ထားသည်။

ပိုင်ယို့ဝေက ဝူလီလီကို တည်ငြိမ်စွာပြောလိုက်သည်။ "နံပါတ် ၉ ပြီးခဲ့တဲ့အချီမှာ ဘာပြောခဲ့လဲ ရှင်မှတ်မိလား။ တီဗီမှာ ဒီပစ္စည်းရဲ့ ကြော်ငြာတွေ ရှိတယ်လို့ သူပြောခဲ့တယ်။ ဟား ကျွန်မတစ်ခါမှ မမြင်ဖူးဘူး။ ရှိခဲ့ရင်တောင် ရှားမှာ သေချာတယ်"

ဝူလီလီက သေသေချာချာ ခေါင်းညိတ်လိုက်သည်။

"ဖာ့ခ် နံပါတ် ၇ မင်း ရူးနေတာလား။ငါ မင်းအဖွဲ့ကပဲ။ " နံပါတ် ၉ က ရူးသွပ်စွာ အော်လိုက်သည်။ "စေးကပ်တယ်၊ စိုစွတ်တယ်၊ ပုံစံတွေ ပါတယ်၊ ပြီးတော့ ချိန်းတွေ့တဲ့အခါ လူတွေ မကြာခဏ သုံးကြတယ်။ဟုတ်တယ်မလား။"

ဝူလီလီသည် ခဏတာ ကြောင်သွားပြီးနောက် ပိုင်ယို့ဝေကို သံသယဖြင့် ကြည့်လိုက်သည်။

ပိုင်ယို့ဝေမှာ ရုတ်တရက် စိတ်ထဲကနေ ဆဲလိုက်၏။

ဘာတွေလုပ်နေတာလဲ။

ပီကေက စေးကပ်ပြီး စိုစွတ်သည့် အရသာရှိသည်။ အချို့အမှတ်တံဆိပ်များတွင် ပုံစံများ ပါခြင်းလည်း ရှိသည်။ ချိန်းတွေ့သောအခါ လူများက သုံးကြ၏။ အဘယ်ကြောင့်ဆိုသော် အနံ့အသက်မကောင်းခြင်းကို ဖယ်ရှားပေးနိုင်ပြီး နမ်းသောအခါ အဆင်မပြေမှုနည်းပါးအောင် လုပ်ပေးနိုင်သောကြောင့်ပင်။

နံပါတ် ၉ က ဆက်လက်အော်နေသည်။ "နံပါတ် ၇ နံပါတ် ၃ ပြောနေတဲ့ အူကြောင်ကြောင်စကားတွေကို စဉ်းစားကြည့်။ သူ့ကို အလိမ်မခံနဲ့။ ငါနဲ့အတူ နံပါတ် ၃ ကို မဲပေးကြရအောင် ငါတို့ နိုင်လိမ့်မယ်။"

ဝူလီလီက နံပါတ် ၉ ကို ကြည့်ပြီးမှ ပိုင်ယို့ဝေကို ကြည့်သည်။ သူမ၏ မျက်နှာမှာ တွန့်ဆုတ်နေသော အမူအရာ ပေါ်လာလေသည်။

ထိုအခါ ပိုင်ယို့ဝေက ဒေါသထွက်လုနီးပါး ဖြစ်နေ၏။

သူမက မှားယွင်းသောစကားလုံးကို မှန်းဆမိခြင်းလားဟုမနေနိုင်ဘဲ တွေးမိသည်။ သို့သော် ထိုသို့ အရေးပါသော အခြေအနေတွင် ချက်ချင်း စကားလုံးအသစ်တစ်ခုကို မစဉ်းစားနိုင်သေးပေ။ သူမ သေချာနိုင်သည့် တစ်ခုတည်းသော အရာက ရှန်မို ပေးခဲ့သည့် အရိပ်အမြွက်ပဲဖြစ်သည်။ မစားနဲ့။

ပူဖောင်းလား။ ဆန့်နိုင်တဲ့ ကော်လား။

သူမ အံကြိတ်ပြီး ဝူလီလီကို ကြည့်ကာပြောလိုက်သည်။ "မိုက်မဲမနေနဲ့ပြန်စဉ်းစားကြည့်။ ခုနက နံပါတ် ၈ က ဒီပစ္စည်းက ချိုတယ်လို့ ပြောခဲ့ပြီး နံပါတ် ၉ က ချက်ချင်းပဲ မချိုလောက်ဘူးလို့ ပြောခဲ့တယ်..."

"ဖာ့ခ် အရသာတစ်ခုထက် ပိုတယ်ကွ။" နံပါတ် ၉ က အော်လိုက်သည်။

ပိုင်ယို့ဝေက သည်းမခံနိုင်တော့ဘဲအော်လိုက်သည်။ "ဒီပစ္စည်းက စားလို့ရလား။”

All Chapters