ဝက်အဖွဲ့ဖော်
Vol. 10 Ch. 146
"ဘာလို့ စားလို့မရရမှာလဲ။" နံပါတ် ၉ က ဝူလီလီကို တရားမျှတစွာ မေးလိုက်သည်။ "နံပါတ် ၇ သေချာစဉ်းစားကြည့်ပါ။ ဒါက စားလို့ရလား။ အရသာအများကြီး ရှိလား။ မင်း စမ်းမကြည့်ဖူးဘူးလို့ ငါမယုံဘူး။"
ဝူလီလီက မေးခွန်းကြောင့် ရှုပ်ထွေးသွားပြီး ယုံကြည်မှုမရှိဘဲ အားအင်ချိနဲ့စွာဖြင့်ပြောလိုက်သည်။ "...ဒါက ဒါက... စားလို့မရတာ မဟုတ်ပုံပဲ"
ပိုင်ယို့ဝေသည် မျက်လုံးပြူးသွားပြီး မယုံနိုင်စွာဖြင့် "ဒါကို စားလို့ရတယ်။ ရွံစရာ မကောင်းဘူးလား။"
ဝူလီလီက တွေဝေစွာဖြင့်ပြောလိုက်သည်။ "...ဟုတ်တယ်... တော်တော် ရွံစရာ ကောင်းတယ်..."
"ပြဿနာက ဒါက စားဖို့ မဟုတ်ဘူး။ ဒါက သုံးဖို့ပဲ။" ပိုင်ယို့ဝေသည် ရှန်မို၏ "နောက်ဆုံးစကား" ကို ပြန်မှတ်မိသွားသည်။ ဘယ်လောက်ကြီးနိုင်လဲဆိုသည်မှာ သူ့အားအသုံးပြုသည့်သူပေါ် တွင်မူတည်သည်ပင်။ ထိုကြောင့် ဤစကားလုံးက သုံးဖို့ပဲ ဖြစ်ရမည်။
နံပါတ် ၉ က ထိုအရာကိုကြားသောအခါ ရယ်မောလိုက်ပြီး ပိုင်ယို့ဝေကို လက်ညှိုးထိုးကာ "ကြည့်။ သူ ပေါ်သွားပြီ။ သူ့ရဲ့ စကားလုံးတွေက ငါတို့နဲ့ မတူဘူး။ ဒါက အစားအသောက်အကြောင်းဆိုတာ သိသာနေတာပဲ။"
ဝူလီလီသည် တစ်ဖန် တုန်လှုပ်သွားပြီး နံပါတ် ၉ ကို သံသယဖြင့် ကြည့်လိုက်သည်။
ပိုင်ယို့ဝေက အခွင့်အရေးရှိသည်ကို မြင်ရသည်နှင့်ချက်ချင်းပဲ သံပူတုန်း ရိုက်ခတ်ရမည်ဆိုသည့်အတိုင်း နံပါတ် ၉ ကို မြန်မြန်မေးလိုက်သည်။ "ရှင်က စားလို့ရတယ်လို့ ပြောတာ ကောင်းပြီ။ ဒါဆို ဘယ်လိုစားရလဲ ပြောပြ။ ဘယ်သူတွေ စားလို့ရလဲ။ ရှင်ကိုယ်တိုင်ကော စားဖူးလား။"
"အရင်က စားဖူးတာ ။" နံပါတ် ၉ က မာနကြီးစွာ ပြောလိုက်သည်။ "ကျွန်တော့် မိသားစု တစ်စုလုံး စားဖူးတယ်။ ဝါးပြီး စားတယ် ဆွဲဖြဲပြီး စားတယ် ဆွဲဆန့်ပြီး စားတယ်။ ဘာများမှားလို့လဲ။"
ပိုင်ယို့ဝေ လက်ညှိုးထိုးပြီးပြောလိုက်သည်။"နံပါတ် ၉ ကို မဲပေး။"
ဝူလီလီလည်း လက်ထောင်လိုက်သည်။
နံပါတ် ၉ ၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး သူ ကျိန်ဆဲရန်ပင် အချိန်မရလိုက်ခင် ပျောက်ကွယ်သွားတော့၏။
စစ်ဆေးသူက ပြပွဲကို လုံလုံလောက်လောက် ကြည့်ပြီးနောက် လက်ခုပ်တီးလိုက်သည်။ "သရဲက နံပါတ် ၇ နဲ့ မဟာမိတ်ဖွဲ့ဖို့ ရွေးချယ်လိုက်ပြီ။ နံပါတ် ၇ ရဲ့ အသင်းဖော်အားလုံး ပြန်အသက်ဝင်လာကြပြီ။"
ရှန်မို၊ ကျန်းချီ နှင့် ပထမဆုံး ဖယ်ရှားခံရသော နံပါတ် ၂ အမျိုးသမီးတို့ ပြန်ပေါ်လာကြ၏။
ဝူလီလီသည် အိပ်မက်က နိုးလာသလို ပိုင်ယို့ဝေကို အံ့သြစွာ ကြည့်လိုက်သည်။ "ဒါဆို ရှင်က သရဲပေါ့..."
ပိုင်ယို့ဝေက သူ့ကို ဂရုမစိုက်ချင်တော့ပေ။ သူမ အလွန်ပင် ပင်ပန်းနေသည်ဟု ခံစားရသည်။ နံပါတ် ၉ ကို အော်ဟစ်လိုက်သောကြောင့် သူမ၏ လည်ချောင်းပင် နာကျင်သွားသည်။
ရှန်မိုနောက်လိုက်စဉ်က သူမ မခံစားခဲ့ရပေ။ သို့သော် ယခုတစ်ကြိမ်တွင် သူမသည် အဖွဲ့ဖော် အူကြောင်ကြောင်တစ်ယောက်ရှိခြင်းက မည်မျှ ကြောက်စရာကောင်းသည်ကို အပြည့်အဝ နားလည်သွားသည်။
ထိုဝူလီလီက လမ်းတစ်ဝက်မှာပင် သစ္စာဖောက်ဖို့ စီစဉ်နေခဲ့သည်။
သူမ အသံကုန်အော်ပြီး အခြေအနေကို မပြောင်းလဲနိုင်ခဲ့ပါက ယခု ဝူလီလီနှင့် နံပါတ် ၉ တို့ကြား တစ်ယောက်တစ်ယောက်ချင်း တိုက်ပွဲဖြစ်နေပေမည်။
ဤဂိမ်း၏ သဘောသဘာဝအရ တစ်ယောက်တစ်ယောက်ချင်း ကစားသမားများ သည်မဲပေးရန် နည်းလမ်းမရှိဘဲ နောက်ဆုံးတွင် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ကြရသည်။ ဝူလီလီက အစောကမှ အနိုင်ယူခံထားရသည်။ သူမ နံပါတ် ၉ ကို အနိုင်ယူနိုင်မည်တဲ့လား။
ပိုင်ယို့ဝေက ရှန်မို၏လက်မောင်းကို ကိုင်လျက် သူမ၏နဖူးကို သူ၏နဖူးနှင့် ဖိထားကာ ပင်ပန်းနွမ်းနယ်စွာ မေးလိုက်သည်။ "ရှင့်ရဲ့ကတ်မှာ ဘာစကားလုံးလဲ။ ကျွန်မသေချင်စော်တောင်နံသွားပြီ..."
ရှန်မိုက သူမ၏ ခေါင်းကို ပွတ်သပ်ရင်း နူးညံ့စွာ ပြောလိုက်သည်။ "အရေးမကြီးတော့ဘူး"
ပိုင်ယို့ဝေသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ညင်သာစွာ ပြုံးလိုက်သည်။ "အာ... ဘာလို့ ခုနကကျွန်မ မတွေးမိတာလဲ။ အဲဒါက တကယ်တော့ အဲဒီပစ္စည်းပဲ။"
ရှန်မိုက သူမကို ကြည့်လိုက်သည်။ "ဘာလဲ။"
ပိုင်ယို့ဝေသည် မျက်နှာကိုမော့လိုက်ပြီး ကူရာမဲ့စွာ ပြုံးလိုက်သည်။ "Slime (စလိုင်းမ်) ပဲ။"
၎င်းသည် စေးကပ်သည်၊ စိုစွတ်သည်၊ ချောမွတ်သည်၊ နူးညံ့သည်၊ အလွန်ဆွဲဆန့်နိုင်ပြီး ပိုကြီးလာခြင်း သို့မဟုတ် သေးငယ်သွားခြင်းတို့ ပြုလုပ်နိုင်သည်။ ကျန်းချီ၏ဖော်ပြချက်သည် အလွန်ကိုက်ညီသည်။ ပုံတူကူးချထားသော စလိုင်းမ်ရုပ်များမှာ ဈေးပေါသော်လည်း အစစ်အမှန် စလိုင်းမ်ရုပ်များမှာ အလွန်ဈေးကြီးသည်။
စူပါမားကတ်များတွင် ရောင်းချခြင်း ရှိ၊ မရှိကိုတော့ သူမ သေချာမသိပေ။
မည်သို့ပင်ဖြစ်စေ သူမကဲ့သို့ အိမ်အပြင် မထွက်ဘဲနေတတ်သည့် သူဌေးသမီးတစ်ယောက်က စူပါမားကတ်သွားရန် အခွင့်အရေး နည်းပါးလှသည်။
"စလိုင်းမ် ဟုတ်လား။" ပိုင်ယို့ဝေက ရှန်မို၏လက်ကိုကိုင်လျက် ကလေးဆန်ဆန် မာနဖြင့် ပြုံးလိုက်သည်။ "ကျွန်မ တော်လား။ ကတ်ဗလာနဲ့တောင် အနိုင်ရနိုင်သေးတယ်"
ရှန်မို၏ ပါးလျားသော နှုတ်ခမ်းများက အနည်းငယ် ကွေးညွှတ်သွားသည်။ "ဟုတ်တယ် မင်း တော်တယ်"
သူမ၏ မျက်လုံးများက ပို၍ ကွေးညွှတ်သွားပြီး တောက်ပသော လခြမ်းသဏ္ဌာန်လို ဖြစ်နေလေသည်။
ရှန်မိုက သူမကို ကြည့်လိုက်ပြီး ဘာကြောင့်မှန်းမသိ သူ၏နှလုံးသားတွင် နွေးထွေးမှုကို ခံစားရသည်။ ဖော်ပြရန် ခက်ခဲသော ခံစားချက်တစ်ခု၊ မာကျောသော နှလုံးသားတစ်ခုက ဖြည်းညှင်းစွာ နူးညံ့လာပြီး နွေးထွေးသော လေစီးကြောင်းဖြင့် ညင်သာစွာ ဖုံးအုပ်ခံထားရသလို နူးညံ့ပြီး နွေးထွေးမှုကို ခံစားလိုက်ရ၏။
သူ ဘာမှမပြောဘဲ သူမ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပြီးနောက် ဘီးတပ်ကုလားထိုင်ကို အခန်းငယ်လေးဆီသို့ တွန်းသွားသည်။
ထိုနေရာတွင် သူငယ်ချင်းများ၏အစစ်အမှန် စုဝေးပွဲတစ်ခုက သူတို့ကို စောင့်ကြိုနေ၏။